Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 64 - At-Taghabun
Translation by Alin U Yin — Permalink
Verse 1 — Surah At-Taghabun 64:1
မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည် (ထိုအရှင်မြတ်၏စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စိုးမိုးအုပ်ချုပ်မှုနှင့်အချုပ် အခြာအာဏာဟူသမျှသည် ထိုအရှင်မြတ် (၏ပကတိ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်တွင်သာရှိပြီး အရှင့်စည်းမျဥ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်သည့်အပြင် ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု ဟူသမျှသည်လည်း (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်နှင့်သာ ထိုက်တန် အပ်စပ်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စည်းမျဉ်းနိယာမတော်များဖြင့် ဩဇာလွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။