Back to Languages

Burmese - Chapter 64 - At-Taghabun

Translation by Alin U Yin — Permalink

Verse 14 — Surah At-Taghabun 64:14

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ သင်တို့၏ဘဝဖော်အမျိုးသမီးများနှင့်သင်တို့၏သား သမီးရတနာများအနက်မှပင် သင်တို့အတွက် ရန်သူများဖြစ်လာနိုင်သောကြောင့် သူတို့အား သတိထား ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် (သူတို့အား) စိတ်ရှည်သည်းခံ၍ (အမှားပြုပြင်နိုင်ရန် အခွင့်အလမ်းပေးလျက်) ခွင့်လွှတ်ကြလျှင်ဖြစ်စေ၊ (သူတို့အပြစ်များ၏အကျိုးဆက်ကို သူတို့ခံစားကြရန်) သတိမမူ၊ ဥပေက္ခာပြုကြလျှင် လည်းကောင်း၊ (လောကီအရေးကိစ္စများ၌ သင်တို့အား ဆန့်ကျင်၍ ပြစ်မှားခဲ့သည်ကို ဗွေမယူဘဲ လုံးလုံးလျား လျား) လွတ်လွှတ်လျှင်ဖြစ်စေ၊ (နှလုံးသွင်းသင့်သည်မှာ) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။