Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 64 - At-Taghabun
Translation by Alin U Yin — Permalink
Verse 16 — Surah At-Taghabun 64:16
သို့ဖြစ်ပေရာ သင်တို့သည် (အစွမ်းကုန်) တတ်စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် သင်တို့သည် (အရှင်မြတ်၏အမိန့်တော်များကို ဂရုတစိုက်) ကြားနာပြီး (တသွေမတိမ်း) နာခံလိုက်နာကြလော့။ ထို့ပြင် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)များ၏အကျိုးအတွက် ကောင်းမှုကုသိုလ် အလှူဒါနများကို စွန့်ကြဲပေးကမ်းသုံးစွဲလှူဒါန်းကြလော့။ စင်စစ်သော်ကား မည်သူမဆို သူ၏နဖ်စ်အား မတော်လောဘ (အလိုရမ္မက်နှင့်စေးနှဲခြင်း) မှ ထိန်းချုပ်ကာကွယ်နိုင်လျှင် ထိုသူတို့သည် ပေါက်မြောက်အောင် မြင်သူများပင် ဖြစ်ကြပေသည်။