Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 64 - At-Taghabun
Translation by Alin U Yin — Permalink
Verse 17 — Surah At-Taghabun 64:17
အကယ်၍ သင်တို့သည် (အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်း ရည်စွမ်းပကားနှင့်နည်းပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည်ချေးငှား (ဆက်ကပ်) လျှင် ထိုအရှင်မြတ်သည် ယင်း (ချေးငှားခဲ့သည့်အရာ) ကို (ဤလောကီ၌) မြောက်များစွာ ဆထက်တိုး၍ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) သင်တို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူလိမ့်မည်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (ကျေးဇူးသိတတ်သူတို့အား) အလွန်ရက်ရောစွာ ကျေးဇူးတုံ့ပြန်စေတော်မူသောအရှင်၊ လူသားတို့အား အခွင့်အလမ်းပေးရန်လမ်းညွှန်တော်မူပြီး အားလုံးအပေါ် စာနာထောက်ထားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။