Back to Languages

Burmese - Chapter 64 - At-Taghabun

Translation by Alin U Yin — Permalink

Verse 6 — Surah At-Taghabun 64:6

ထိုသို့အရေးယူခံရခြင်းအကြောင်းရင်းမှာ သူတို့အတွက် (ခန့်အပ်တော်မူသော) ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များနှင့်အတူ သူတို့ထံသို့ ရောက်ရှိလာကြသောအခါ သူတို့က “(သေမျိုးဖြစ်သော) လူသားသည်ပင် ကျွန်ုပ်တို့အား တရားလမ်းမှန် ညွှန်ပြမည်လော။” ဟု စောဒကတက်ပြောဆိုခဲ့ကြ၏။ ထို့နောက် သူတို့သည် မယုံကြည်သွေဖည် ငြင်းပယ်၍ မျက်နှာလွဲလျက် ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလိုရှိတော်မမူဘဲ ကုံလုံပြည့်စုံတော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံသောအရှင်၊ အလွန်တရာ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။