Back to Languages

Burmese - Chapter 64 - At-Taghabun

Translation by Alin U Yin — Permalink

Verse 7 — Surah At-Taghabun 64:7

မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က သူတို့သည် မည်သည့်အခါမျှ အလျှင်း ရှင်ပြန် ထစေခြင်းခံကြရမည် မဟုတ်ဟု အခိုင်အမာကြွေးကြော်ကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အမှန်ပင် ရှင်ပြန်ထစေခြင်းခံကြရမည်။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို တိုင်တည်၍ ပြောပါရစေ။ ဧကန်မလွဲ၊ သင်တို့သည် ရှင်ပြန်ထစေခြင်းခံကြရပေမည်။ ထို့နောက် ဧကန်မုချပင်၊ သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့သမျှတို့နှင့်စပ်လျဥ်း၍ (တရားစီရင်တော်မူရန်) အကြောင်း ကြား အသိပေး (လျက်ဆင့်ခေါ်) ခြင်းခံကြရမည်။ ထိုသို့ဖြစ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် (အပန်းကြီးသည်မဟုတ်ဘဲ) အလွန်ပင် လွယ်ကူလှပေ၏။