Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 64 - At-Taghabun
Translation by Alin U Yin — Permalink
Verse 9 — Surah At-Taghabun 64:9
(သတိရကြလော့။ နောင်တမလွန်၌ တရားစီရင်တော်မူမည့်) ထိုနေ့တွင် အရှင်မြတ်သည် သင်တို့အားလုံးကို ထိုစုရုံးစေတော်မူနေ့အတွက် ဧကန်မုချပင်၊ စုရုံးစေတော်မူပေမည်။ ထိုနေ့သည်ကား (ယုံကြည်သူ တို့အတွက် ဆုလဒ်များချီးမြှင့်မှုခံရမည့်နေ့ဖြစ်၍ မယုံကြည်သူတို့အတွက် အရေးယူခံရမည့်နေ့) ချီးမြှင့်နှင့်ပေးဆပ်မှုဒွန်တွဲနေသည့်နေ့ပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန် ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် ထိုအရှင်မြတ်သည် သူ၏မှားယွင်းမှုနှင့်အပြစ်များကို သူ့ထံမှ ဖုံးကွယ်ဖယ်ရှားစေတော်မူမည့်အပြင် သူ့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဥ်ထဲသို့ ဝင်ရောက်စေတော်မူရုံမက ထို (သုခဥယျာဥ်ထဲ) ၌ ထာဝစဉ်နေထိုင်စံစားခွင့်ကိုလည်း ပေးတော်မူလိမ့်မည်။ ထိုသို့ချီးမြှင့်တော်မူခြင်းသည် ကြီးကျယ်လှစွာသော မဟာအောင်မြင်မှုပင် ဖြစ်၏။