Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 66 - At-Tahrim
Translation by Alin U Yin — Permalink
Verse 1 — Surah At-Tahrim 66:1
အို၊ နဗီတမန်တော်၊ အသင်သည် သင့်အတွက် အလ္လာဟ်အရှင်မြတ်က (ဟလာလ်) ခွင့်ပြုတော်မူသောအရာကို အသင့်ဘဝဖော်ကြင်ရာတော် (တစ်ဦးဦး) ၏နှစ်သက်မှုကို ရှာမှီးသောအားဖြင့် (သင့်အပေါ်စည်းကြပ်စေလျက်) အဘယ်ကြောင့် တားမြစ်လေသနည်း။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။