Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 66 - At-Tahrim
Translation by Alin U Yin — Permalink
Verse 4 — Surah At-Tahrim 66:4
အကယ်၍ အသင်မတို့ (ကြင်ရာတော်) နှစ်ဦးသည် အသင်မတို့၏စိတ်နှလုံးများကို (မမှန်ကန်သော မနှစ် သက်ဖွယ်ရာဘက်သို့) တိမ်းညွတ်ခဲ့သောကြောင့် နောင်တရလျက် ဝန်ချတောင်းပန်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့ ဦးတည်လှည့်ကြလျှင် (အသင်မတို့အတွက် အကောင်းဆုံး ဖြစ်မည်)။ သို့ရာတွင် အကယ်၍ အသင်မတို့နှစ်ဦးသည် တမန်တော်မြတ်နှင့်ဆန့်ကျင်၍ အချင်းချင်း ထောက်ခံကူညီလျက် ရှိကြလျှင် (နှလုံးသွင်းသင့် သည်မှာ) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်အား) ကာကွယ်စောင့်ရှောက်တော်မူမည့် (ယုံကြည်စိတ်ချရသော) အရှင်မြတ်ဖြစ်တော်မူပြီး အရှင့်သတင်းတော်ဆောင်ကောင်းကင်စေတမန် ဂျစ်ဗ်ရီလ်သည်လည်းကောင်း၊ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ကြသော စစ်မှန်သည့် သစ္စာရှင် ယုံကြည်သူများသည်လည်းကောင်း၊ တမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော ယုံကြည်စိတ်ချရသည့် မဟာမိတ်များဖြစ်ကြ၏။