Back to Languages

Burmese - Chapter 72 - Al-Jinn

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Jinn 72:13

တစ်ဖန် ဧကန်မလွဲ၊ ကျွန်ုပ်တို့ထဲတွင် အချို့သည် (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့် တော်များကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ကြပြီး အချို့မှာမူ အရှင့်အမိန့် တော်များကို မတရားအာခံဖီဆန်လျက် (တရားလမ်းမှန်မှ) လမ်းလွဲသွေဖည်ကြသူများ ဖြစ်ကြ၏။ မည်သူမဆို (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့်တော်များကို) နာခံလိုက်နာလျက် ငြိမ်းချမ်း ရေးလိုလားလျှင် ထိုသူတို့သည် (သူတို့၏ယုံကြည်မှုနှင့်လုပ်ရပ်များဖြင့်) တရားလမ်းမှန်ကို ရှာဖွေ ရရှိကြသူများပင် ဖြစ်ကြ၏။