Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 72 - Al-Jinn
Translation by Alin U Yin — Permalink
Verse 23 — Surah Al-Jinn 72:23
(အမှန်စင်စစ်၊ ကျွန်ုပ်လုပ်နိုင်သည့်အရာနှင့်မဖြစ်မနေ လုပ်ရန်တာဝန်ရှိသည်မှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ (ကျွန်ုပ်အား ချမှတ်ပေးအပ်တော်မူသည့်အမိန့်တော်များနှင့်ယခင်တမန်တော်များထံ ချမှတ်ပေးအပ်တော်သော) အရှင်မြတ်၏အမိန့်တော်ပညတ်ချက်များကို လူသားတို့ထံအရောက် ပို့ဆောင်ရန်သာဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်အမှုတော်တော်ဆောင် ရစူလ်တမန်တော်ကို အာခံဖီဆန်လျှင် ဧကန်ပင်၊ ထိုသူအတွက် ငရဲမီးသာရှိပြီး ယင်း (ငရဲဘုံ) ၌ အစဉ်ထာဝရ နေထိုင်ခံစားရမည်သာ ဖြစ်၏။