Back to Languages

Burmese - Chapter 72 - Al-Jinn

Translation by Alin U Yin — Permalink

Verse 28 — Surah Al-Jinn 72:28

(ယင်းသို့ စီမံဖြစ်စေတော်မူခြင်းမှာ ရစူလ်တမန်တော်များနှင့်ကောင်းကင်စေတမန်သည်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ထုတ်ပြန်ချက်များ (ကျမ်းစာ များ) ကို ဧကန်မုချပင် လူသားတို့ထံအရောက် ပို့ဆောင်သွန်သင်ရမည်ကို သိနားလည်စေတော်မူရန်အလို့ငှာပင် ဖြစ်ပြီး သူတို့လက်ဝယ်၌ရှိသောအရာ (အမိန့်ထုတ်ပြန်ချက်) အားလုံးနှင့်စပ်လျဉ်း၍ လွမ်းခြုံထိန်းသိမ်းထားစေတော်မူကာ အရာခပ်သိမ်းတို့ကို တစ်ခုပြီးတစ်ခု (အစီစဉ်အတိုင်း အတိအကျ တွက်ချက်စေတော်မူလျက်) မှတ်တမ်းတင်စေတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့်ကောင်းကင်တမန်) တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။