Back to Languages

Burmese - Chapter 83 - Al-Mutaffifin

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Mutaffifin 83:26

ယင်း (အဖျော်ယမကာ) ၏အမှတ်တံဆိပ်သည် ကတိုးအနံ့အရသာပင် ဖြစ်၏။ အမှန်စင်စစ်၊ (မြင့်မြတ်သောတန်ဖိုးများအတွက် အပြိုင်အဆိုင်ရုန်းကန်လျက်) ရည်ရွယ်ချက်ကြီးမားစွာထားရှိသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချ နိုင်သော စိတ်ဝိဉာဉ်) များသည် အပြိုင်အဆိုင် ရည်ရွယ်ချက်ကြီးမားစွာ ထားရှိနိုင်ကြစေ။