Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 84 - Al-Inshiqaq
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Inshiqaq 84:1
မိုးကောင်းကင်သည် (အစိတ်စိတ်အမြွှာမြွှာ) အက်ကွဲစေတော်မူခြင်းခံရသောအခါ။
Verse 2 — Surah Al-Inshiqaq 84:2
ထို့ပြင် ယင်း (မိုးကောင်းကင်) သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိန်းသိမ်းတော်မူသော အရှင်မြတ်၏ (ခွင့်ပြုမိန့်ဖြစ်သော စည်းမျဉ်းနိယာမတော်နှင့်အညီ) အမိန့်တော်ကို (အစဥ်အမြဲ) နာခံလိုက်နာသည့်အတိုင်းပင် (အရှင်မြတ်ပေးအပ်တော်မူသော တာဝန်ကို) အမှန်တရားအဖြစ် အကောင်အထည်ဖော် နာခံဆောင်ရွက်မည်သာ ဖြစ်၏။
Verse 3 — Surah Al-Inshiqaq 84:3
ထို့ပြင် မြေကမ္ဘာသည် ဆွဲဖြန့်ပြန့်ကားစေခြင်းခံရသောအခါ။
Verse 4 — Surah Al-Inshiqaq 84:4
ထို့ပြင် ထိုမြေကမ္ဘာသည် ယင်းအတွင်း၌ ရှိသောအရာဟူသမျှကို (အပြင်သို့) ထုတ်လွှတ်ပြီး ဟာလာဟင်းလင်း ဖြစ်လာသောအခါ။
Verse 5 — Surah Al-Inshiqaq 84:5
ထို့ပြင် ယင်း (မြေကမ္ဘာ) သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိန်းသိမ်းတော်မူသော အရှင်မြတ်၏ (ခွင့်ပြုမိန့်ဖြစ်သော စည်းမျဉ်းနိယာမတော်နှင့်အညီ) အမိန့်တော်ကို (အစဉ်အမြဲ) နာခံလိုက်နာသည့်အတိုင်းပင် (အရှင်မြတ်ပေးအပ်တော်မူသော တာဝန်ကို) အမှန်တရားအဖြစ် အကောင်အထည်ဖော် နာခံဆောင်ရွက်မည်သာ ဖြစ်၏။
Verse 6 — Surah Al-Inshiqaq 84:6
အို၊ လူသား၊ ဧကန်စင်စစ်၊ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်တော်သို့ အားသွန်ခွန်စိုက် အားထုတ်လျက် ကြိုးပန်းလျက် (အရှင့်ရှေ့တော်မှောက်၌ တရားစီရင်ခံရရန်) နဖူးတွေ့ဒူးတွေ့ ပက်ပင်းတွေ့ဆုံရမည်။
Verse 7 — Surah Al-Inshiqaq 84:7
မည်သို့ပင်ဖြစ်စေ မှတ်တမ်းစာအုပ်ကို သူ၏လက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည်ကား။
Verse 8 — Surah Al-Inshiqaq 84:8
မကြာမီ စာရင်းရှင်တမ်းကို အမှန်ပင် လွယ်ကူချောမောစွာဖြင့် အစစ်ဆေးခံမည့်သူပင် ဖြစ်၏။
Verse 9 — Surah Al-Inshiqaq 84:9
ထို့ပြင် ထိုသူသည် သူ့မိသားစုအသိုင်းအဝိုင်းများထံ (သူ့အတွက် အသင့်ပြင်ဆင်ထားသော သုခဥယျာဉ်ကြောင့်) ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်သွားလိမ့်မည်။
Verse 10 — Surah Al-Inshiqaq 84:10
သို့ရာတွင် မှတ်တမ်းစာအုပ်ကို သူ၏နောက်ကျောဘက်မှ (လက်ဝဲလက်တွင်) ပေးအပ်ခြင်းခံရသောသူသည်ကား။
Verse 11 — Surah Al-Inshiqaq 84:11
မကြာမီ ထိုသူသည် လုံးဝ ဖျက်ဆီးခံရခြင်းကို အမှန်ပင် ဟစ်ခေါ်တောင့်တလိမ့်မည်။
Verse 12 — Surah Al-Inshiqaq 84:12
ထို့ပြင် ထိုသူသည် (အရှိန်ပြင်းစွာ လောင်နေသော ငရဲဘုံ၏) မီးတောက်မီးလျှံထဲသို့ ဝင်ရပေလိမ့်မည်။
Verse 13 — Surah Al-Inshiqaq 84:13
ဧကန်စင်စစ်၊ ထိုသူသည် (တချိန်က လောကီဘဝ၌) သူ့မိသားစုအသိုင်းအဝိုင်းများကြားတွင် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရှိခဲ့ဖူးသူ ဖြစ်ပေ၏။
Verse 14 — Surah Al-Inshiqaq 84:14
ဧကန်ပင်၊ ထိုသူသည် (တရားစွဲဆိုခြင်းခံရရန် အရှင်မြတ်ထံတော်သို့) မည်သည့်အခါမျှ အလျှင်း ပြန်သွားရမည်မဟုတ်ဟု ထင်မှတ်နေခဲ့၏။
Verse 15 — Surah Al-Inshiqaq 84:15
(သူထင်မြင်ယူဆထားသကဲ့သို့) အလျှင်း မဟုတ်ပေ။ ဧကန်မုချပင် ပြန်ရလိမ့်မည်။ ဧကန်မလွဲ၊ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူနှင့်ပတ်သက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
Verse 16 — Surah Al-Inshiqaq 84:16
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နေဝင်ပြီးနောက်ရောင်နီသန်းသော) နေဝင်ဆည်းဆာအလင်းကို သက်သေထူတော်မူ၏။
Verse 17 — Surah Al-Inshiqaq 84:17
ထို့ပြင် (ငါအရှင်မြတ်သည်) ညကိုလည်းကောင်း၊ (ညကြောင့်) ဖုံးလွှမ်းသောအရာများ (အမှောင်ထု အဆင့်ဆင့်) ကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။
Verse 18 — Surah Al-Inshiqaq 84:18
ထို့ပြင် (ငါအရှင်မြတ်သည်) ပြည့်ဝန်းလာသော လစန္ဒာ (လပြည့်ဝန်း) ကို (သက်သေထူတော်မူ၏) ။
Verse 19 — Surah Al-Inshiqaq 84:19
(အို၊ လူသားတို့) သင်တို့သည် အမှန်ပင် တစ်ဆင့်မှတစ်ဆင့်သို့ ကျော်ဖြတ်ပြောင်းလဲ (၍ တွေ့ကြုံခံစားရန် သတ်မှတ်ပြဌာန်းတော်မူသည့်အတိုင်း) တက်ကြရပေမည်။
Verse 20 — Surah Al-Inshiqaq 84:20
သို့ပါလျက် သူတို့သည် သူတို့အတွက် မည်သည့် (ဟန့်အတားရှိနေ၍ မည်သည့်) အကြောင်းကြောင့် မယုံကြည်ကြသနည်း။
Verse 21 — Surah Al-Inshiqaq 84:21
ထို့ပြင် သူတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ကြားသောအခါဝယ် သူတို့သည် (မည်သည့် အကြောင်းကြောင့် နာခံလိုက်နာလျက် ရိုကျိုးစွဖြင့်) ပျပ်ဝပ်ဦးချခြင်းမပြုကြသနည်း။
Verse 22 — Surah Al-Inshiqaq 84:22
ထိုမျှမကသေးပေ။ အမှန်စင်စစ်၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် (တမလွန်တရားစီရင်မည့်အကြောင်းပါရှိသော ကုရ်အာန်ကျမ်းတော်မြတ်အား) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ (ရည်ရွယ်ချက်ရှိရှိ) ငြင်းပယ်နေကြ၏။
Verse 23 — Surah Al-Inshiqaq 84:23
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့က (သူတို့၏နှလုံးသားများ၌) မည်သည်တို့အား ဖုံးဖိထားလျက် လျှို့ဝှက်မျိုသိပ်ထားကြသည်ကို သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
Verse 24 — Surah Al-Inshiqaq 84:24
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားလော့။
Verse 25 — Surah Al-Inshiqaq 84:25
သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့မူကား သူတို့အတွက် မည်သည့်အခါမျှ မပြီးဆုံးနိုင်သော (တသမတ်တည်း အတိုင်းအဆမဲ့သော) ဆုလဒ်သည် ဧကန်မုချပင် ရှိနေ၏။