Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 90 - Al-Balad
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Balad 90:1
ထိုမျှမက၊ ငါအရှင်မြတ်သည် ဤ (အထွတ်အမြတ်ဖြစ်သောမက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။
Verse 2 — Surah Al-Balad 90:2
ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် ဤ (အထွတ်အမြတ်ဖြစ်သောမက္ကဟ်) မြို့တော်၌ (မည်သည့် အတားအဆီးမျှမရှိဘဲ လွတ်လပ်စွာ) အခြေချနေထိုင်ခွင့်ရသူ ဖြစ်၏။
Verse 3 — Surah Al-Balad 90:3
ထို့ပြင် (ငါအရှင်မြတ်သည်) ဖခင်ကြီးဖြစ်ခဲ့သူ (တမန်တော်အီဗ်ရာဟီးမ်) နှင့် (ယင်းဖခင်မှ) ဆင်းသက် လာသောသား (ဖြစ်သူ တမန်တော်မုဟမ္မဒ်) ကို သက်သေထူတော်မူ၏။
Verse 4 — Surah Al-Balad 90:4
မုချဧကန်၊ ငါအရှင်မြတ်သည် လူသားကို (ကြီးကျယ်သော) ခက်ခဲမှုနှင့်စမ်းသပ်မှုကြား၌ပင် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
Verse 5 — Surah Al-Balad 90:5
လူသားသည် သူ့အပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် (စည်းမျဉ်းနိယာမတော်များ သတ်မှတ်ပြဌာန်းလျက်) သြဇာအာဏာရှိနိုင်လိမ့်မည် မဟုတ်ဟု တွက်ချက်ထင်မှတ်လေသလော။
Verse 6 — Surah Al-Balad 90:6
လူသားက “ကျွန်ုပ်သည် မြောက်မြားစွာသော ဥစ္စာဓနပိုင်ဆိုင်မှု အလျှံပယ်ကို သုံးဖြုန်းခဲ့ပြီ။” ဟု (ဂုဏ်ယူ စွာကား) ပြောဆိုလေ့ရှိ၏။
Verse 7 — Surah Al-Balad 90:7
လူသားသည် သူ့အား မည်သူတစ်ဦးတစ်ယောက်မျှ (မည်သည့်အခါမျှပင်) စောင့်ကြည့် တွေ့မြင်နေလိမ့် မည်မဟုတ်ပေ။ “ဟု တွက်ချက်ထင်မှတ်လေသလော။
Verse 8 — Surah Al-Balad 90:8
ငါအရှင်မြတ်သည် လူသားအတွက် သူ့မျက်စိနှစ်လုံးကို စီမံဖြစ်စေတော်မူသည် မဟုတ်လော။
Verse 9 — Surah Al-Balad 90:9
ထို့ပြင် လျှာတစ်ခုနှင့်နှုတ်ခမ်း တစ်စုံကိုလည်း စီမံဖြစ်စေတော်မူသည် မဟုတ်လော။
Verse 10 — Surah Al-Balad 90:10
ထို့ပြင် ငါအရှင်မြတ်သည် လူသားအား (နာခံလိုက်နာစရာနှင့်ရှောင်ကြဥ်စရာ) လမ်းစဉ်နှစ်သွယ်ကို ညွှန်ပြတော်မူ၏။
Verse 11 — Surah Al-Balad 90:11
သို့ပါလျက် လူသားသည် (တိုးတက်မှုလမ်းစဉ် ဖြစ်သော) တက်လမ်းအတွက် ရုန်းကန်အားထုတ်သည် မဟုတ်ပေ။
Verse 12 — Surah Al-Balad 90:12
(တိုးတက်မှုလမ်းစဉ် ဖြစ်သော) တက်လမ်းမှာ အဘယ်နည်း။ “ဟူသည်ကို သင့်အား မည်သည့်အရာက သိနားလည်စေမည်နည်း။
Verse 13 — Surah Al-Balad 90:13
(တိုးတက်မှုလမ်းစဉ်ဖြစ်သော တက်လမ်းသည်) တစ်ဦးတစ်ယောက်အား (အဖိနှိပ်အချုပ်အနှောင်ခံ ထားရသောဘဝ၊ ကျွန်ဘဝမှ) လွတ်မြောက်စေခြင်းပင် ဖြစ်၏။
Verse 14 — Surah Al-Balad 90:14
သို့တည်းမဟုတ် (စားဝတ်နေရေး လွန်စွာ ခက်ခဲကျပ်တည်းလျက်) ဆင်းရဲငတ်မွတ်သောနေ့ကာလတွင် အစားအသောက်၊ ကျွေးမွေးစရာများဖြင့် ထောက်ပံ့ခြင်းပင် ဖြစ်၏။
Verse 15 — Surah Al-Balad 90:15
မိဘမဲ့များနှင့်နီးစပ်သောဆွေမျိုးအသိုင်းအဝိုင်းများကိုလည်း (ထောက်ပံ့ခြင်းပင် ဖြစ်၏။)
Verse 16 — Surah Al-Balad 90:16
သို့တည်းမဟုတ် မြေကြီးပေါ်၌ စိတ်ပျက်စရာကောင်းလောက်အောင် လူးလိမ့်နေသော ဒုက္ခိတများ၊ ဆင်းရဲကျပ်တည်းမှု၏ဝေဒနာကို ခံစားနေရသူများအား ထောက်ပံ့ခြင်းပင် ဖြစ်၏။
Verse 17 — Surah Al-Balad 90:17
ထို့ပြင် သက်ဝင်ယုံကြည်သူတို့သည် ယုံကြည်ခြင်းအတူနှင့်အတူ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံနှင့်စပ်လျဥ်း၍ အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အလေးအနက် တိုက်တွန်းနှိုးဆော်ဆုံးကြ၏။ ထိုနည်းတူစွာ ကရုဏာတရား၊ အကြင်နာတရား ထားရှိကြရန်လည်း အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အလေးအနက် တိုက်တွန်းနှိုးဆော်ဆုံးကြ၏။
Verse 18 — Surah Al-Balad 90:18
ထိုသူတို့သည်ကား (ပေါက်မြောက်အောင်မြင်သူများဖြစ်ရုံသာမက ထာဝရပျော်ရွှင်သုခကို ရစေနိုင်သည့် စာရင်းရှင်းတမ်းအားလည်း လက်ယာလက်၌ရရှိမည့်) လက်ယာဘက်၏အပေါင်းအဖော်များပင် ဖြစ်ကြ၏။
Verse 19 — Surah Al-Balad 90:19
(သို့ရာတွင် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြသော မယုံကြည်သူတို့မှာမူ စိတ်ပျက်ဖွယ်ရာ ပြစ်ဒဏ်များကို ခံစားစေရန် စာရင်းရှင်းတမ်းအား လက်ဝဲဘက်၌ ရရှိမည့်) လက်ဝဲဘက်၏အပေါင်းအဖော်များပင် ဖြစ်ကြ၏။
Verse 20 — Surah Al-Balad 90:20
ငရဲမီးသည် သူတို့အပေါ်၌ (သိမ်းကျုံးပိတ်လှောင်ထားသကဲ့သို့) ဝိုင်းပတ်လွှမ်းခြုံလျက်ပင် ရှိ၏။