Back to Languages

    Burmese - Chapter 94

    Translation by Alin U Yin

    Verse 1

    (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်သည် သင့်အတွက် သင်၏ရင်ကို ကျယ်ပြန့်ဖွင့်ပေးစေတော်မူခဲ့သည် မဟုတ်လော။

    Verse 2

    ထို့ပြင် ငါအရှင်မြတ်သည် သင့်အပေါ်မှ အသင့်ဝန်ထုပ်ကို ဖယ်ရှားလွယ်ကူစေတော်မူခဲ့သည် (မဟုတ်လော)။

    Verse 3

    ထိုဝန်ထုပ်သည် အသင့်ကျောပေါ်တွင် အလွန်ပင် လေးလံလျက် (အောင့်သက်သက်ဖြစ်သည်အထိ) ဝန်ပိနေခဲ့၏။

    Verse 4

    ထို့ပြင် ငါအရှင်မြတ်သည် အသင့်ဂုဏ်သတင်းကျော်ကြားစေတော်မူ၍ အသင့်အား မြတ်နိုးလေးစား စေမှုကို မြှင့်တင်၊ မြင့်မားစေတော်မူခဲ့သည် (မဟုတ်လော)။

    Verse 5

    သို့ဖြစ်ပေရာ ဧကန်မလွဲ၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

    Verse 6

    ဧကန်ပင်၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

    Verse 7

    သို့ဖြစ်ပေရာ အသင်သည် (တာဝန်တစ်ခုကို ကျေပွန်စွာဆောင်ရွက်ပြီးနောက်) အားလပ်သောအခါ (နောက်တာဝန်တစ်ခုအတွက် ကြံ့ခိုင်မြဲမြံစွာ) ရပ်တည်အားထုတ်လော့။

    Verse 8

    ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်တော်သို့ (စိတ်ပါလက်ပါ အာရုံစိုက်လျက် အရှင့်ကျေနပ်နှစ်မြို့မှုကို ရှာကြံရန်) ရုန်းကန်လှည့်ပြန်လော့။