Burmese

Translation: mya-alinuyin

Author: Alin U Yin

အဖွင့်မုရ်စုရ်

Surah 1

[1] အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ (ဖြစ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်၊ နာမတော်ဖြင့်။

[2] (ကမ္ဘာဦးမှစ၍ တမလွန်ဘဝအထိ မည်သူမဆိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သူ့ကိုပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ချီးမွမ်းနိုင်ခြင်းနှင့်ကျေးဇူးတင် နိုင်ခြင်းသည် ထိုကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

[3] (ထိုအရှင်သည်) အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)

[4] (ထိုအရှင်သည် ကောင်းကျိုး၊ ဆိုးကျိုးအတွက် အစားပေးမည့် တမလွန်ဘဝ) တရားစီရင်တော်မည့်နေ့၏အရှင်သခင် ဖြစ်တော်မူ၏။

[5] ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော) အသင်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြပြီး အသင်အရှင်မြတ်၏ကူညီစောင်မမှုကိုသာလျှင် မျှော်ကိုး တောင်းခံပါ၏။

[6] (အို ၊ အလ္လာဟ်အရှင်မြတ်) ကျွန်ုပ်တို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ။ (အရှင့်လမ်းစဉ်တော်အတိုင်းသာ လျှောက်လမ်းစေတော်မူပါ။)

[7] ထိုလမ်းစဉ်သည် အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာ၊ သုခချမ်းသာတို့ဖြင့်) ဂုဏ်ပေးခြင်းခံရသော သူတို့၏လမ်းစဉ်ဖြစ်၍ အရှင့်အမျက်တော် (ပြစ်ဒဏ်နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံရသူများနှင့်လမ်းမှားသူတို့၏အဖြစ်မှ ကင်းဝေးစေတော်မူလိုပါ၏။ (အာမိန်းလက်ခံတော်မူပါစေ)။

နွားမ

Surah 2

[1] အလိဖ်၊ လာမ်၊ မီမ်၊

[2] (အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူပြီး သင်တို့လက်ဝယ်၌ ရှိနေသော) ထိုကျမ်းတော်သည် (ဂုဏ်အရှိဆုံးနှင့်အနှိုင်းမဲ့ဆုံးဖြစ်သည့်အပြင် ယင်းကို ချမှတ်ပေးအပ်တော်မူသောအရှင်နှင့်ကျမ်းတော်အဖြစ် စုစည်းစေလျက် မူရင်းအတိုင်း ထိမ်းသိမ်းထားတော်မူသော အရှင်မှာလည်း အလ္လာဟ်အရှင်မြတ်သာ ဖြစ်တော်မူကြောင်းနှင့်စပ်လျဉ်း၍) ဒွိဟသံသယဝင်ဖွယ်ရာ အလျှင်း မရှိသော ကျမ်းတော်ဖြစ်ပြီး ယင်း၌ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာသူ) တို့အတွက် ပြီးပြည့်စုံသော လမ်းညွှန်တော်ရှိ၏။

[3] ထို (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကြသော) သူတို့သည် (ကုရ် အာန်ကျမ်းတော်လာ) အကွယ်၌တည်ရှိနေသောအရာများ အမှန်ပင် တည်ရှိကြောင်း ယုံကြည်ကြပြီး ဆွလာသ်ကို (ယင်း၏စည်းမျဉ်းများနှင့်အညီမြဲမြံစွာ) ဝတ်ပြုဆောက်တည်ကြသည့်အပြင် သူတို့အား ငါအရှင်မြတ်ပေးအပ် တော်မူထားသော ရိက္ခာ (ဥစ္စာဓန၊ ဉာဏ်ပညာ၊ စွမ်းရည် စသည်တို့) မှ (သူတစ်ပါးအတွက် ဝန်ထုပ်မဖြစ်စေဘဲ အရှင်မြတ်၏ကျေနပ်နှစ်သက်မှုအတွက်သာ ဆင်းရဲနွမ်းပါးသူများနှင့်အရှင်မြတ်နှစ်သက်တော်မူသည့်ကိစ္စရပ်များ အတွက်) ပေးကမ်းစွန့်လှူကြသည်။

[4] ထို့ပြင် ထို (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်နာခံလိုက်နာ) သူတို့သည် အသင့်ထံ ထုတ်ပြန်ချမှတ်ပေးအပ်ရာ (ကုရ်အာန်) ၊ သင့်အလျှင်က ထုတ်ပြန်ချမှတ်ပေးအပ်ရာ (တောင်ရဟ်၊ အိန်ဂျီလ်၊ ဇဗူရ် စသည်တို့) နှင့်တမလွန်ဘဝတည်ရှိကြောင်း တို့ကိုလည်း ခြွင်းချက်မရှိ ယုံကြည်ကြ၏။

[5] (အထက်ဖော်ပြပါပုဂ္ဂိုလ်များဖြစ်သော) ထိုသူတို့သည် (ကုန်အာန်ကျမ်းလာ) အရှင်မြတ်၏စစ်မှန်သောလမ်း ညွှန်တော်အတိုင်း (ပြုမူကျင့်ကြံလိုက်နာကြလျက် ဘဝတည်ဆောက်ခြင်းဖြင့်) ရပ်တည်သူများဖြစ်ကြပြီး ထိုသူတို့သည်ပင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြသည်။

[6] အသင် (တမန်တော်) က (သူတို့ယုံကြည်လာရန် စွမ်းရည်စွမ်းပကားနှင့်အနစ်နာခံမှုတို့ဖြင့် အစွမ်းကုန်ကြိုး ပမ်းသော်လည်း) မယုံကြည်မှု၌သာ ကြံ့ကြံ့ခံရပ်တည်ရန် စိတ်အားတက်သန်ကြသည့် ထိုမယုံကြည်သူ (နှင့်အမှန်တရားကိုငြင်းဆန်ဖုံးကွယ်သူ) တို့အား (ယုံကြည်လာမည်ဟုမျှော်လင့်လျက်) သတိပေးနှိုးဆော်သည်ဖြစ်စေ၊ သတိမပေး နှိုးဆော်သည်ဖြစ်စေ၊ အတူတူပင် ဖြစ်၏။ (သင့်တာဝန်မှာ သတိပေးရန်သာဖြစ်သည့်အလျောက် မည်သူ့ကိုမျှ ဥပေက္ခာပြုထားခြင်းမရှိဘဲ သတိပေးနှိုးဆော်နေသော်လည်း) သူတို့သည်ကား ယုံကြည်သည် မဟုတ်ပေ။

[7] အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏နှလုံးသားများနှင့်သူတို့၏ကြားနာမှုများကို ချိပ်တံဆိပ်ခတ်နှိပ်၍ အဆုံးသတ်တော်မူသည့်အပြင် ထိုသူတို့၏အမြင်၌လည်း အဖုံးအကာတစ်ခု ရှိနေ၏။ သူတို့အတွက် (တမလွန်ဘဝ၌ အရေးယူခံစားစေမည့်) ကြီးလေးသော အပြစ်ဒဏ်လည်းအဆင်သင့် ရှိနေ၏။

[8] လူသားတို့အနက်မှ အချို့က “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကို ယုံကြည်ပါ၏။” ဟု ပြောဆိုကြသော်လည်း သူတို့သည်ကား ယုံကြည်သူများ မဟုတ်ကြချေ။

[9] အလ္လာဟ်အရှင်မြတ်နှင့်ယုံကြည်သူတို့ကို လှည့်စားလိုကြသော ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုအတိုင်း အသုံးချ၍ သူတို့ကိုယ်သူတို့သာ (အစွဲအလန်းများဖြင့်) လှည့်စားနေကြ၏၊ သို့သော် သူတို့သည်ကား သတိမမူနိုင်ကြပေ။

[10] (မနာလိုမှုနှင့်ရန်လိုမုန်းတီးမှုကို ထိရောက်စွာအသုံးချလျက် လှည့်စားခြင်းနှင့်အကျင့်ပျက်ခြစားမှုတို့ ကြောင့် ကိုယ်ကျင့်တရားပျက်ပြားပြီး နားလည်မှုချုပ်ငြိမ်းကာ သူတို့၏နာမ်ဘဝဆိုင်ရာ အရင်းအမြစ်များခန့်ခြောက်လာသောကြောင့်) သူတို့၏နှလုံးသား အလယ်၌ရောဂါရှိနေရုံသာမက အလ္လာဟ်အရှင်မြတ်က ထိုသူတို့၏ထိုရောဂါကို ပိုမို၍ပင် တိုးစေတော်မူ၏။ အလေ့အထဖြစ်နေသည့် လိမ်လည်လှည့်စားမှု (နှင့်အရှင့်အမိန့်တော်များကို ငြင်းဆန် မှုတို့) ကြောင့် သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်ရှိနေ၏။

[11] (သူတို့၏လိမ်လည်ငြင်းဆန်မှုနှင့်အဖျက်အမှောင့်ပြုရန် ဆွပေးလိုသော ဆန္ဒကြောင့်) သူတို့အား (ကောင်းမှု ပြုရန် တိုက်တွန်းခြင်းနှင့်မကောင်းမှုအား တားမြစ်ခြင်းသည် ယုံကြည်သူတို့၏တာဝန်များအနက်မှ ဖြစ်ကြောင်း လမ်းညွှန်တော်မူသည့်အတိုင်း) “မြေကမ္ဘာပေါ်တွင် အဖျက်အမှောင့် (နှင့်မတည်မငြိမ်မှုများ) မပြုကြလေနှင့်။”ဟု ပြောသည့်အခါတိုင်း သူတို့က “ကျွန်တော်တို့သည် (အေးချမ်းသာယာအောင် ရင်ကြားစေ့လျက်) ပြုပြင်လိုကြ သူများသာ ဖြစ်ကြ၏။” ဟု ပြောဆိုကြလေ၏။

[12] သတိပြုကြလော့။ ထိုသူတို့သာလျှင် အဖျက်အမှောင့် (နှင့်မတည်မငြိမ်မှုများကို) ပြုသူများဖြစ်ကြသော်လည်း (အဖျက်အမှောင့်၊ မတည်မငြိမ်မှုနှင့်စည်းမဲ့ကမ်းမဲ့ဖြစ်နေရခြင်း၏အကြောင်းရင်းနှင့်ပြုပြင်ရေး မည်သို့ လုပ်ရသည်ကို နားမလည်သောကြောင့်ယင်းကို) သူတို့က သတိမမူနိုင်ကြပေ။

[13] ထို့ပြင် (ယုံကြည်မှုသစ္စာတရားဘက်ဖိတ်ခေါ်ရန် တာဝန်ရှိသည့်အလျောက်) သူတို့အား ""ယုံကြည်သူများ ကဲ့သို့ ယုံကြည်ကြလော့။"" ဟု ပြောသည့်အခါတိုင်း သူတို့က (လူတို့အား မတရားသဖြင့်နှိပ်ကွပ်နိုင်ရန်နှင့်သူတို့၏ မာန်မာနကို ပြသနိုင်ရန်အတွက်) ""ကျွန်ုပ်တို့သည် တုံးအသူများကဲ့သို့ ယုံကြည်ရမည်လော့။"" ဟု ပြောဆိုကြပြန်၏။ သတိပြုကြလော့။ သူတို့သည်သာ တုံးအသူများ ဖြစ်ကြချေပြီ။ သို့သော် သူတို့သည် (လမ်းမှန်နှင့်လမ်းမှား၊ အမှားနှင့်အမှန်၊ ဖြူစင်သည့်သစ္စာတရားနှင့်သီလကြောင်မှုတို့ကို့ခွဲခြားစွာ သိမြင်လိုစိတ် မရှိကြသဖြင့်) သိနားလည်နိုင် စွမ်းမရှိကြပေ။

[14] သူတို့သည် ယုံကြည်သူများနှင့်တွေ့ဆုံသည့်အခါ (သူတော်ကောင်းဟန်ဆောင်လျက်) ""ကျွန်ုပ်တို့လည်း ယုံကြည်ကြပါ၏။"" ဟု ပြောဆိုကြသော်လည်း (အပြင်ပန်းအားဖြင့်လူဖြစ်နေသည့်) စေတန်မကောင်းဆိုးဝါးတို့နှင့် လျှို့ဝှက်တွေ့ဆုံသည့်အခါ (အဆိုပါမကောင်းဆိုးဝါးတို့၏အထောက်အပံ့များ ဆုံးရှုံးခံရမည်ကို စိုးရိမ်သောကြောင့် သူတို့၏ရင်းနှီးမှုနှင့်မယုံကြည်မှုတို့ကို ပေါ်လွင်စေလို၍) ""ကျွန်ုပ်တို့သည် အသင်တို့နှင့်အတူတူရှိကြပြီး (ယုံကြည် သူတို့အား) လှောင်ပြောင်နေခြင်းသာဖြစ်သည်။"" ဟု ပြောဆိုကြ၏။

[15] (သူတို့သည် လမ်းလွှဲမှုနှင့်လှောင်ပြောင်မှုကိုသာ ရည်ရွယ်သည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် သူတို့အား လှောင်ပြောင်မှု၌ပင် (ဇက်ကြိုးရှည်ရှည်ဖြင့်လွှတ်ထားလျက်) ဆက်လက်ရှိစေတော်မူပြီး သူတို့အား ချိုးဖောက်ကျူးလွန်မှုနှင့်တရားလွန်မှု၌ (အကန်းလမ်းပျောက်သကဲ့သို့) ဦးတည်စေတော်မူ၏။

[16] ထိုသို့သောပုဂ္ဂိုလ်များမှာ လမ်းညွှန်မှန်ကို (အမှန်တရားမှလွှဲချော်စေပြီး ပြစ်ဒဏ်ထိုက်သော လမ်းစဉ်ဖြစ်သည့်) လမ်းမှားဖြင့် လဲလှယ်ဝယ်ယူကြသော်လည်း ထိုသူတို့၏ကုန်သွယ်လဲလှယ်မှု၌ အကျိုးအမြတ် မရှိသည့်အပြင် တရားလမ်းမှန် ညွှန်ပြတော်မူခြင်းခံကြရသည်လည်း မဟုတ်ချေ။

[17] သူတို့၏ပမာကား (သဲကန္တာရထဲ၌ အပေါင်းအဖော်များနှင့်အတူခရီးသွားပြီး ညအချိန် ရပ်နားသည့်အခါဝယ် အလင်း၊ အနွေးဓါတ်နှင့်လုံခြုံမှုပေးရန်အတွက် မီးမွှေးလေ့ရှိသော) ယင်းမီး‌မွှေးသူကဲ့သို့ပင် ဖြစ်၏။ သူ၏ပတ်ပတ်လည်၌ မီးရောင်တောက်ပနေစဉ် (သူ့အပေါင်းအဖော်များက သက်တောင့်သက်သာဖြင့် အနားယူနေစဉ် မီးမွှေး ခြင်း၏အကျိုးကို မခံစားနိုင်ရန် လေတိုက်၍ မီးငြိမ်းစေသကဲ့သို့) အလ္လာဟ်အရှင်မြတ်က (သူတို့၏) အလင်းကို သုတ်ယူလိုက်ပြီး သူတို့အား အမှောင်ထဲ၌ပင် ချန်ထားလိုက်သောကြောင့် သူတို့ (လမ်းမှန်ကို) မမြင်နိုင်ကြပေ။

[18] သူတို့သည် နားပင်းသူ၊ ဆွံ့အသူနှင့်အကန်းများပင်ဖြစ်၍ အမှန်တရားဘက်သို့ ဦးလှည့်ပြန်လာကြမည် မဟုတ်ပေ။

[19] သို့တည်းမဟုတ် ကောင်းကင်ယံမှ မိုးသက်မုန်တိုင်းသည် သည်းထန်စွာရွာသွန်းလျက် အမှောင်စီး၍ (ခပ်အုပ်အုပ်မြည်ဟည်းသည့်) မိုးခြိမ်းသံနှင့်အတူ လျှပ်စီးပါလက်ခြင်းကြောင့် (ကြောက်လန့်ပြီးမိုးကြိုးပစ်ခံရမည့်အလား) သေရမည့်ဘေးမှ စိုးရိမ်ပူပန်ပြီး သူတို့၏နားပေါက်များကို လက်ချောင်းများဖြင့် ပိတ်ဆို့ထားကြသူများ နှင့်အလားသဏ္ဍန်တူ၏။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုမယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား ဘက်ပေါင်းစုံမှ လွှမ်းခြုံဝိုင်းဝန်းထားတော်မူ၏။

[20] လျှပ်စီးလက်ခြင်းက သူတို့၏အမြင်အာရုံများကို သုတ်ယူလုနီးပါးပင် ဖြစ်၏။ သူတို့သည် ယင်း (လျှပ်စီး လက်ခြင်း) က သူတို့ကို အလင်းပေးသည့်အခါတိုင်း ခြေလှမ်း အနည်းငယ် လျှောက်လှမ်းကြပြီးနောက် တစ်ဖန် သူတို့အပေါ်တွင် အမှောင်စီးပြန်သောအခါ သူတို့ ရပ်နေကြ၏။ အလ္လာဟ်အရှင်မြတ်က (အရှင့်ဆန္ဒတော်၏ စည်မျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် မုချဧကန်၊ ထိုသူတို့၏အကြားနှင့်အမြင်အာရုံများကိုပါ ရုပ်သိမ်းတော်မူနိုင်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် အရှင့်စည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။

[21] အို၊ လူသားအပေါင်းတို့၊ သင်တို့နှင့်သင်တို့၏အလျင် ရှေးခေတ်လူသားတို့အား (လူ့သဘောသဘာဝနှင့် လူ့သက်သေခံများ ချီးမြှင့်ပေးအပ်လျှက်) ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော သင်တို့၏အရှင်သခင် (အလ္လာဟ်အရှင်မြတ်) ကို ခဝပ်နာခံကိုးကွယ်ကြလော့။ သို့မှသာ (အရှင့်လမ်းစဉ်နှင့်အရှင့်အကာအကွယ်ကို ရရှိစေမည့်) မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာသူ) များ ဖြစ်ရာ၏။ (သို့ဖြစ်၍ ဤလောကနှင့်တမလွန်တွင် ဆိုးကျိုးဖြစ်စေသည့် သွေဖည်မှုဟူသမျှကို ရှောင်ကြဉ်ကြလော့။)

[22] ထိုအရှင်မြတ်သည် သင်တို့အတွက် ဤကမ္ဘာဂြိုလ်ကို (သာယာဖြောင့်ဖြူးသော) နားခိုရာအခင်းနှင့်မိုးကောင်းကင်ကို အမိုးအကာအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ကောင်းကင်ယံမှ သွန်းချသော မိုးရေအားဖြင့် ပေါက်ပွားလာစေသည့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို သင်တို့အတွက် ရိက္ခာအထောက်အပံ့များအဖြစ် ပေါက်ရောက်ဖြစ်ထွန်းစေတော်မူသည်ကို သိလျက်နှင့် (သက်ရှိသက်မဲ့များကို) အရှင်မြတ်၏ဂုဏ်တော်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ရာများအဖြစ် (သင်တို့ကိုယ်တိုင်ဖန်တီးလျက်) ကိုးကွယ်ခြင်း အလျှင်း မပြုကြလေနှင့်။

[23] အကယ်၍ သင်တို့သည် ငါအရှင်မြတ်၏အစေတော် (ရစူလ်တမန်တော်မုဟမ္မဒ်) ထံသို့ ငါအရှင်မြတ်ကပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ကုရ်အာန်ကျမ်းမြတ်၌ သံသယဖြစ်ကြလျှင် (သို့မဟုတ် အရေးအဖတ် မသင်ဖူးခဲ့သော လူသားတစ်ဦးဖြစ်သူ မုဟမ္မဒ်က ဤကျမ်းကို ရေးသားကြောင်း စွပ်စွဲလိုလျှင်) ယင်း (ကျမ်းတော်) ၏စူရာဟ်တစ်ခုကဲ့သို့ ကဏ္ဍတစ်ခုသာ ဖန်တီးယူလာ၍ ပေးအပ်ကြလော့။ သင်တို့သည် ဖြောင့်မှန်သူများဖြစ် (သည် ဟုထင်၍ သင်တို့၏သံသယနှင့်စွပ်စွဲမှုများကိုလည်း မှန်ကန်သည်ဟုမှတ်ယူ) ကြလျှင် အရှင်မြတ်ကို တုပြိုင်၍ သင်တို့ကို ထောက်ခံသည့် သင်တို့၏သက်သေများကိုပါ အကူအညီအတွက် ခေါ်ကြလော့။

[24] ထို့ကြောင့် အကယ်၍ သင်တို့သည် ထိုသို့ မပြုလုပ်နိုင်ခဲ့လျှင် (နောင်တွင်လည်း) အလျှင်း ပြုလုပ်နိုင်ကြမည် မဟုတ်ချေ၊။ သို့ဖြစ်၍ (သင်တို့က ကိုးကွယ်ရာ အဖြစ်ပုံဖော်ထားသော) လူသားနှင့်ကျောက်တုံးများကို လောင်စာလုပ်လျှက် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ယ်သူ) တို့အတွက် ပြင်ဆင်ထားသော ငရဲမီးမှ ကင်းဝေးရန် စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။

[25] ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုလုပ်ရပ်များဖြင့် ဘဝတည်ဆောက်ကြသူများအတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ ရှိကြောင်း သတင်းကောင်းပါးလော့။ အဆိုပါ သုခဥယျာဉ်များတွင် အချိန်တိုင်း (အရောင်၊ အဆင်း၊ အနံ့အရသာအမျိုး မျိုးတို့ဖြင့် စဉ်ဆက်မပြတ် သစ်လွင် လန်းဆန်းနေသော) သစ်သီးဝလံမျိုးစုံကို ရိက္ခာအဖြစ် တည်ခင်းဧည့်ခံခြင်း ခံကြရမည်။ ထိုစဉ် လောကီနှင့်ဆင်တူသည့် ရိက္ခာမျိုးပေးခံရသောကြောင့် သူတို့က ""ကျွန်ုပ်တို့သည် ယခင်ကလည်း အလားတူရိက္ခာ မျိုးရခဲ့ဖူးပါ၏။"" ဟု ပြောကြမည်။ (လောကီဘဝနှင့်တမလွန်၏သုခဥယျာဉ်တို့၌ ရရှိမည့် စားနပ်ရိက္ခာတို့မှာ အရောင်၊ အဆင်း၊ အနံ့၊ အရသာ၊ ဆင်တူ၍ မမြင်ဖူးသည့်အရာများ မဟုတ်သောကြောင့် စွဲမက်ဖွယ်ရာအတိ ဖြစ်လာ၏။) ထို့ပြင် သူတို့အတွက် သန့်စင်သည့်ဘဝဖော်များလည်းရှိပြီး ထိုသုခဥယျာဉ်များတွင် ကာလအကန့်အသတ်မဲ့နေ ကြရလိမ့်မည်။

[26] မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်ကို ဖြစ်စေ၊ ထိုထက်မက (ကြီး၊ ငယ်သောအရာနှင့်) ဖြစ်စေ၊ မည်သည့် ပမာဆောင်မှုကိုမျှ ရှက်ဖွယ်ရာအဖြစ် သတ်မှတ်တော်မမူပေ။ ယုံကြည်သူများသည် ယင်းကိုပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (လူသားအကျိုးအတွက်ချီးမြှင့်တော်မူသည့်) မှန်ကန်သော သစ္စာတရား ဟု သိမြင် နားလည်ကြ၏။ နှလုံးသား၌ မယုံကြည်မှု အခိုင်အမာအမြစ်တွယ်နေသူများကမူ “အလ္လာဟ်အရှင်မြတ်သည် ယင်း (ကျမ်းတော်) ဖြင့် များစွာသော သူတို့အား လမ်းလွှဲစေတော်မူ၍ ယင်းဖြင့်ပင် များစွာသောသူတို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သောလမ်းစဉ်ကို ညွှန်ပြတော်မူ၏” ဟူသော အာယသ်တော်လာ) ဤဥပမာသည်ကား မည်သည်ကို ဆိုလိုသနည်း။” ဟု မေးမြန်းကြ၏။ (အရှင့်အမိန့်ပညတ်ချက်များကို) အာခံဖီဆန်သော ယုတ်မာသူများမှအပ မည်သူ့ကိုမျှ ယင်းအားဖြင့် လမ်းလွှဲစေတော်မူမည် မဟုတ်ပေ။

[27] ထို (ယုတ်မာသော) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ခိုင်မာသော ကတိသစ္စာပဋိညာဉ်ထားကြပြီးနောက်တွင်မှ ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြရုံသာမက (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာခြင်းမရှိဘဲ အဆက်ဖြတ်ကြ၏။ ထို့ပြင် ကမ္ဘာအဝှန်း၌လည်း အဖျက်အမှောင့် (မတည်မငြိမ်မှုများ) ပြုလုပ်ကြ၏။ ထိုသူတို့သည် (လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံးတွင်) ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြကုန်၏။

[28] သင်တို့အား သက်မဲ့ (ဖြစ်သည့်သုက်ရည်အဆင့်) မှ သက်ရှိ (လူသားအဆင့်သို့) ဖြစ်စေတော်မူကြောင်း သိမြင်ကြပါလျက်နှင့်အလ္လာဟ်အရှင်မြတ်အား မည်သို့ မယုံကြည်ငြင်းပယ်နိုင်ကြအံ့နည်း။ သင်တို့အား သေစေတော်မူခြင်း (ကို “ကွယ်လွန်လျှင် မြေမြှပ်သဂြိုဟ်၍ မြေကြီးဖြစ်သွားမည်။” သို့မဟုတ်၊ “မီးရှို့သဂြိုဟ်၍ ဖြာဖြစ် သွားမည်။”ဟုသာ မှတ်ယူနေခြင်း) မှတစ်ဖန် ရှင်ပြန်ထမြောက်စေတော်မူပြီးနောက် အရှင့်ထံတော်သို့ပင် သင်တို့အားလုံး လှည့်ပြန်စေတော်မူခြင်းခံကြရလိမ့်မည်။

[29] (လူသား၏ဖွဲ့စည်းဖြစ်တည်စေမှုကို စတင်ဖြစ်စေတော်မမူမီ ကမ္ဘာဂြိုဟ်၌ လူသားတို့ အသက်ရှင်ရပ်တည် နိုင်ရေးအတွက် သင့်တော်သော ပြင်ဆင်မှုများဖြင့် စနစ်တကျ ဖြစ်တည်စေတော်မူ၏) ။ ထိုအရှင်မြတ်သည် ကမ္ဘာအဝှန်း၌ သင်တို့အကျိုးအတွက် လိုအပ်သမျှ အလုံးစုံကို ဖြစ်တည်စေတော်မူပြီးနောက် ကောင်းကင်ယံဘက်သို့ (အရှင့်ဉာဏ်တော်၊ ဆန္ဒတော်၊ တန်ခိုးတော်နှင့်ကျေးဇူးတော်ဖြင့်) လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားတကျ ပြုလုပ်တော်မူ၏၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[30] (သတိရလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က မလာအီကာ စေတမန်များအား ""ဧကန်အမှန်၊ ငါအရှင်သည် မြေကမ္ဘာ၌ (အရှင့်ဂုဏ်တော်များဖြစ်သော သနားကြင်နာခြင်း၊ မေတ္တာထားခြင်း၊ ကူညီစောင်မခြင်း စသည်တို့ကို ထင်ရှားစေမည့်) ကိုယ်စားလှယ်တော်တစ်ဦးကို (ဖွဲ့စည်းဖြစ် တည်စေတော်မူ၍) ခန့်အပ်မည်။""ဟု မိန့်တော်မူသော် သူတို့က ""အဖျက်အမှောင့်နှင့်သွေးထွက်သံယိုမှု ပြုမည့်သူ အား ခန့်အပ်တော်မူပါမည်လော။ ကျွန်ုပ်တို့က အရှင်မြတ်သည်သာ တုနှိုင်းမဲ့ မြင့်မြတ်တော်မူကြောင်းကို အရှင့် အနှိုင်းမဲ့ ချီးကျူးထိုက်တော်မူသော ပကတိဂုဏ်တော် (များဖြစ်သည့် ချို့တဲ့မှု ကင်းတော်မူသောအရှင်၊ ချီးမွှမ်းမှုဟူသမျှနှင့်ထိုက်ထန်တော်သူသောအရှင်၊ စသော ဂုဏ်တော်) များဖြင့် ဂုဏ်တင်ပြီး အရှင်မြတ်တစ်ပါးတည်း သာလျှင် အမြင့်မြတ်ဆုံးနှင့်ကိုးကွယ်ရန် အထိုက်ထန်ဆုံးသောအရှင် ဖြစ်တော်မူကြောင်း ""လျှောက်တင်ပန်ကြားကြ၏။ ထိုအခါ အရှင်မြတ်က အသင်တို့ မသိသည်ကို ငါအရှင်မြတ်သာ မုချပင်၊ သိနေတော်မူ၏။""ဟု မိန့်တော်မူ၏။

[31] (အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဉီးလူသားအာဒမ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး) အဒမ်အား (လူ့ဘဝ ခရီးစဉ်သမိုင်းတစ်လျှောက် လူသားတို့ အသက်ရှင်ရပ်တည်ရေးတွင် အသုံးချနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး စသော နယ်ပယ်အသီးသီးအတွက် နည်းစနစ်များ၊ အသုံးအနှုံးများနှင့်) အမည်အခေါ်အဝေါ် အားလုံးကို သင်ကြားပေးတော်မူ၍ (လူသားကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် ကမ္ဘာဂြိုဟ်ပေါ်သို့ ကိုယ်စားလှယ်တော်အဖြစ်စေလွှတ်ခြင်း၌ အရှင့်အမြော်အမြင်ရှိကြောင်းနှင့်လူသားတို့အား သက်ရှိအားလုံးထက် သာလွန် မြင့်မြတ်စေတော်မူကြောင်းကို နားလည်နိုင်ရန်) မလာအီကာစေတမန်များ၏ရှေ့သို့ခေါ်ဆောင်၍ ""အကယ်၍ အသင်တို့သည် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် ဤအရာများ၏အမည်များကို သတင်းပေး ပြောပြကြလော့။""ဟု မိန့်တော်မူ၏။

[32] (သူတို့၏မပြည့်စုံမှု၊ အသိဉာဏ်မကြွယ်မှုနှင့်လူသားအား ဖွဲ့စည်းဖြစ်တည်စေရခြင်း၌ မြှုပ်ကွယ်နေသော အရှင့်အမြော်အမြင်ဆိုင်ရာ အမှန်တရားများကို နားမလည်ကြောင်း ဝန်ခံသည့်အနေဖြင့် မလာအီကာ စေတမန် များဖြစ်ကြသော) သူတို့က ""အရှင်မြတ်သည် ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော် မူခြင်း၊ (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်း၊ ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူကြောင်းကို) ကျွန်ုပ်တို့ ဂုဏ်တင်ကြပါ၏။ ကျွန်ုပ်အား အသိပေးခံရသည်မှအပ ကျွန်တော်မျိုးတို့မှာ အခြားအသိတရားဟူ၍ အလျှင်း မရှိပါ။ ဧကန်မုချ၊ အရှင်မြတ်သည် သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အရေးကိစ္စတို့ကို စီရင်ဆုံးဖြတ်တော်မူရာ၌) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။"" ဟု လျှောက်တင်ကြ၏။

[33] (လူသား၏သာလွန်မြင့်မြတ်မှုကို ပိုမို၍ ထင်ရှားပေါ်လွင်အောင် ထုတ်ဖော်ပြသတော်မူရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်က ""အို၊ အာဒမ်၊ သူတို့အား ယင်းတို့၏အမည်များကို သတင်းပေးထုတ်ပြန်လော့။"" ဟု မိန့်တော်မူ၏။ အာဒမ်သည် ထိုအမည်များကို သူတို့အား သတင်းပေးထုတ်ပြန်သောအခါ အရှင်မြတ်က (မလာအီကာ စေတမန်များအား) ""မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော မျက်ကွယ်ရာများကို ငါအရှင်မြတ် အကြွင်းမဲ့ သိနေတော်မူကြောင်း၊ သင်တို့က ဖွင့်ဟထုတ်ဖော်သည့် အရာများနှင့်သင်တို့က ထိန်ဝှက်ဖုံးကွယ်သည့်အရာ အားလုံးကိုလည်း အကြွင်းမဲ့ သိနေတော်မူကြောင်း သင်တို့အား ငါအရှင် ပြောတော်မူခဲ့ပြီ မဟုတ်လော့။""ဟု မိန့်ဆိုလေ၏။

[34] (သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချကြလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီးစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံး ဦးချကြကုန်၏။ စေတန်မိစ္ဆာကောင်မူကား ဦးချရန် ငြင်းပယ်၍ သူ၏မောက်မာမှုကို တိုးပွားစေသောကြောင့် သူသည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ တစ်ဦးဖြစ်ခဲ့ကြောင်းကို ထင်ရှားစေတော်မူ၏။

[35] ငါအရှင်မြတ်က ""အို၊ အာဒမ်၊ သင်နှင့်သင့်ကြင်ဖက်တို့ သုခဥယျာဉ်၌ အခြေချနေထိုင်၍ ဆန္ဒရှိသောနေရာ တိုင်း၌ အားရကျေနပ်သည်အထိ (စားသောက်ဖွယ်ရာများနှင့်သစ်သီးဝလံများကို) စားသုံးကြလော့။ သို့သော် (“ထာဝရရှင်သန် လိုစိတ်ဖြင့် လောဘတကြီး ကိုယ်ကျိုးရှာလျက် သဘောထားကွဲလွဲမှု ဖြစ်ပေါ်စေခြင်း” ကို ကိုယ်စားပြုသော) ဤအပင်နားသို့ မချဉ်းကပ်ကြလေနှင့်၊ ထို့သို့ချဉ်းကပ်ပါမူ သင်တို့သည် စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ အနက်မှ ဖြစ်ချေမည်။

[36] သို့သော် စေတန်မကောင်းဆိုးဝါးသည် (အရှင်မြတ်က ကြိုတင်သတိပေးထားသော တားမြစ်တော်မူထား သည့် အပင်ဘက်သို့ သွေးဆောင်လျက်) သူတို့အား ယင်း (သုခဥယျာဉ်) မှ လွဲချော်သွားစေပြီး (ပျော်ရွှင်စွာ) အခြေချနေထိုင်သည့် အနေအထားမှ သူတို့ကို ထုတ်ပယ်စေခဲ့၏။ ထို့ကြောင့် ငါအရှင်မြတ်က “(ဤအချိန်မှစ၍ သင်တို့အချင်းချင်းကြား) အချို့သည် အချို့၏ရန်ဘက်များဖြစ်ရန်အလို့ငှာ (အားလုံး) ဆင်းသွားကြလော့။ သင်တို့အတွက် မြေကမ္ဘာ၌ နေထိုင်ရာနှင့်ရိက္ခာသတ်မှတ်ပေးထားပြီဖြစ်၍ ပြဌာန်းထားသည့် အချိန်ကာလအထိသာ နေ ထိုင်ခွင့်နှင့်အကျိုးခံစားခွင့် ရှိ၏။"" ဟု မိန့်တော်မူ၏။

[37] (အာဒမ်က ဆင်ခြေပေးရမည့်အစား အမှားကို ပြင်ဆင်လိုသော မျှော်လင့်ချက်ဖြင့် အမှားဘက်သို့ ယိမ်းယိုင် ခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ခဲ့၏။) ထို့နောက် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေ၍ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏ထံတော်မှ လှုံ့ဆော်၍ သိနားလည်စေသည့် မုက္ခပါတ်တော်ကို လက်ခံရရှိ၏။ (သူသည် နောင်တရ မဆုံးဖြစ်ပြီး အသနားခံတောင်းပန်လျှက်) နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ပြန်ခြင်းကို အရှင်မြတ်က လက်ခံတော်မူခဲ့၏။ အမှန်စင်စစ်၊ ထိုအရှင်သည်သာလျှင် နောင်တဖြင့် အရှင့်ဘက်လှည့်ပြန်ခြင်း (အထူးသဖြင့် ယုံကြည်သူတို့၏ဝန်ချတောင်းပန်ခြင်း) ကို လက်ခံတော်မူသောအရှင်၊ အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူပေသတည်း။

[38] ငါအရှင်မိန့်တော်မူသည်မှာ အသင်တို့အားလုံးသည် ယင်း (သုခဥယျာဉ်) မှ (အရှင့်အမိန့်စီမံချက်အတိုင်း) ဆင်းသွားကြလော့။ အကယ်၍ (တမန်တော်မှ တစ်ဆင့် ချမှတ်ပေးအပ်တော်မူသော) ငါအရှင်မြတ်ထံမှဖြစ်သော လမ်းညွှန်တော်အား သင်တို့ထံသို့ ရောက်ရှိစေတော်မူခဲ့လျှင် ငါ့လမ်းညွှန်တော်ကို လိုက်နာသူ၊ (နှင့်ယုံကြည်မှု အပြည့်ဖြင့် နာခံလိုက်နာလျက် အရှင့်ဘက်လှည့်သူ) တို့အတွက် (ငါအရှင်၏ကူညီစောင်မမှုအား အစဉ်အမြဲ တွေ့ရမည် ဖြစ်သောကြောင့်) သူတို့အပေါ် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိစေတော်မူမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ပူဆွေးသောကလည်း ရောက်ကြရမည်လည်း မဟုတ်ချေ။

[39] သို့ရာတွင် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်ငါအရှင့်အာယသ်သက်သေ လက္ခဏာတော်များ (၌ဖော်ပြထားသည့် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ခြင်း၊ အရှင့်ထံသို့သာ စုရုံးစေတော်မူမည်ဖြစ်ခြင်း၊ အခြားယုံကြည်မှုသစ္စာတရားမဏ္ဌိုင်များကို ယုံကြည်ခြင်း စသည်တို့ကို သူတို့၏အတွင်း အပြင်လောက နှစ်ခုစလုံး၌ ထင်ရှားစေရုံသာမက အရှင့်လမ်းညွှန်ဖြစ်သည်ကိုလည်း ထင်ရှားစွာ ရှင်းလင်းဖော် ပြတော်မူသည့်တိုင်အောင် ယင်းတို့) ကို ဖီဆန်ငြင်းပယ်သည့်သူများသည် ငရဲမီး၏အဖော်များ ဖြစ်ကြပြီး ယင်း (ငရဲဘုံ) တွင် ကာလအကန့်အသတ်မဲ့ နေကြရမည့်သူများပင် ဖြစ်ကြသည်။

[40] အို၊ အစ္စရေးမျိုးနွယ်ဝင်တို့၊ သင်တို့သည် ငါအရှင်မြတ်က ကျေးဇူးတော်ဖြင့် ဂုဏ်ပေးချီးမြှောက်ခဲ့သည့် အရှင့်ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။ (တမန်တော်များမှတစ်ဆင့်) ငါအရှင်မြတ်ထံ ကတိပေးခဲ့သည့် ပဋိညာဉ်ကတိဝန်ခံချက်ကို ဖြည့်ဆီးကြလော့။ ငါအရှင်သည်လည်း သင်တို့အပေါ် အစဉ် ကတိတည်စေတော်မူခဲ့ပြီ။ (ငါအရှင်၏တန်ခိုးအာဏာကြီးကျယ် မြင့်မြတ်ပြီး အသင်တို့က အရှင့်အစေခံများ ဖြစ်သည်ကို နှလုံးသွင်းကြလျက်) ငါအရှင့်အားသာလျှင် သတိမူ စိုးရိမ်ကြောက်ရွံ့ (၍ အရှင့်အားဖီဆန်လိုစိတ်ကို စွန့်လွှတ်) ကြလော့။

[41] သင်တို့လက်ဝယ်၌ ရှိသောကျမ်းစာကို မှန်၊ မမှန်အတည်ပြုတည့်မတ်စေသည့် ငါအရှင်မြတ်က ပို့ချပေးအပ်ရာ (ကုရ်အာန်) ကို ယုံကြည်ကြလော့၊ ယင်းအား ရှေ့ဆုံးမှနေ၍ မယုံကြည်ခြင်း၊ ဖီဆန်ငြင်းပယ်ခြင်း မပြုကြလေနှင့်၊ ငါအရှင်၏အာယသ်သက်သေလက္ခဏာတော်များကို (လောကီဥစ္စာဓနနှင့်ဂုဏ်ပကာသနအတွက်) တန်ဖိုးမဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ခြင်း မပြုကြလေနှင့်။ ငါအရှင်ကိုသာလျှင် စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[42] အမှန်ကို အမှားဖြင့် (ရှုပ်ထွေးစေပြီး တွေဝေစရာဖြစ်စေရန်) မရောနှောကြလေနှင့်။ သင်တို့ သိနေပါလျက် အမှန်ကို မဖုံးကွယ် မထိန်ဝှက်ကြလေနှင့်။ (တမန်တော်မုဟမ္မဒ်သည် သင်တို့ ကြိုတင် မျှော်လင့်စောင့်ဆိုင်းနေခဲ့သည့် ရစူလ်တမန်တော်ဖြစ်ကြောင်းနှင့်သင်တို့ဖုံးကွယ်ရန် ကြိုးစားသည့်အရာများမှာ အမှန်တရားဖြစ်ကြောင်း သိနေပါလျက် သင်တို့၏ရည်ရွယ်ချက်နှင့်ဖြစ်စေလိုသည့်ဆန္ဒအမှန်တို့ကို ဖုံးကွယ်ထား၍ လူ့အတွေးအခေါ်ဖြင့် အရှင့်အမှန်တရားအား ချေဖျက်ရန် မကြိုးစားကြလေနှင့်။)

[43] ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြလော့။ ဇကာသ် (ခေါ်တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသည့် လူမှုဖူလုံကြေးကို) ပေးဆောင်ကြလော့။ (ဆွလာသ်ဝတ်ပြုမှုတွင် ဂိုဏ်းဂနကွဲရန် မရည်ရွယ်ဘဲ) ဦးညွှတ်သူများနှင့်အတူ ဦးညွှတ်ကြလော့။

[44] (သင်တို့သည်) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ သင့်သည့် သင်တို့၏တာဝန်ကို မေ့ပစ်ထားကြပြီး လူသားတို့အား ကောင်းမှုပြုရန် ဆုံးမသြဝါဒပေးလျက် လမ်းညွှန်လိုကြသလော။ သင်တို့သည် ကျမ်းတော်ကို ရွတ်ဖတ်ကြပြီး (အရှင့်အမိန့်ပညတ်ချက်များ၊ တားမြစ်ချက်များ၊ တိုက်တွန်းနှိုးဆော်ချက်များနှင့်သတိပေးချက်များကို သိမြင်ပါလျှက် စဉ်းစားဆင်ခြင်ရန်) အတွေးအခေါ်များ မရှိ ကြလေသလော။

[45] (ဆွီယာမ်ဥပုသ်ဆောက်တည်စဉ် ရှိသင့်သည့် သည်းခံကြံ့ခိုင်မှုကဲ့သို့) ခန္တီသည်းခံကြံ့ခိုင်မှုနှင့်ဆွလာသ် ဝတ်ပြုဆောက်တည်မှုတို့ဖြင့် အရှင့်ကူညီစောင်မမှုကို (အရှင့်ထံအသနားတောင်းဆို၍ ရှာမှီး) ရယူကြလော့။ မုချဧကန်၊ ယင်း (ဆွလာသ်ဝတ်ပြုဆောက်တည်ခြင်း) သည် အရှင်မြတ်ကို ချစ်ကြောက်ရိုသေလျှက် ကျိုးနွံ ကြို့ငဲ့သူများ မှလွဲ၍ (အခြားသူများအတွက်သာ) အလွန်ပင် ဝန်ကြီးလှပေ၏။

[46] သူတို့သည် အစဉ်အမြဲ သူတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်သို့ ရောက်နေသကဲ့သို့ ခံစားကြပြီး (တမလွန်တွင်) အရှင်မြတ်နှင့်ပေါင်းဆုံရမည်၊ အရှင့်ထံသို့သာ မုချဧကန်၊ ဦးလှည့်ရမည်ကိုလည်း (ဖြူစင်စွာ) ယုံကြည်ကိုးစား၍ စောင့်စားကြ၏။

[47] အို၊ အစ္စရေးမျိုးနွယ်ဝင်တို့၊ သင်တို့အား ငါအရှင်က ဂုဏ်ပေးချီးမြှောက်ခဲ့သည့် ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။ ငါအရှင်သည် သင်တို့ကို လောကခပ်သိမ်း (လူအားလုံး) ထက် သိက္ခာပေး မြင့်တင်စေတော်မူခဲ့၏။

[48] မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်မျှ အခြားနဖ်စ်အတွက် စိုးစဉ်းမျှ အကျိုးမပေးနိုင်သော (လူ တိုင်းက သူ့ကယ်ဆယ်ရေးအတွက်သာ အာရုံစိုက်နေရပြီး အခြားသူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သော၊ လောကီ၌ရခဲ့သော်လည်း ထိုနေ့တွင် အရှင့်ခွင့်ပြုချက်မရှိဘဲ မရနိုင်သော)၊ ကိုယ်စားအသနား ခံပေးခြင်း၊ အလျှော်အစားပေးခြင်းကို လက်မခံသော၊ ကူညီစောင်မမှုခံရမည် မဟုတ်သော ထို (ရှင်ပြန်ထရမည့်) နေ့ကို စိုးရွံ့ ထိတ်လန့် (လျှက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။

[49] (သတိရကြလော့။) သင်တို့၏သားယောကျ်ားများကို သတ်ဖြတ်သုတ်သင်ပြီး အမျိုးသမီးများကိုသာ (နှိမ့်ချဖိ နှိပ်ရန်) ဆက်လက်အသက်ရှင်ခွင့်ပေးသည့် ဖါရိုမင်းဆက်၏ (ဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနှင့်လယ်ယာလုပ်ငန်းများတွင် ကျွန်ပြုစေ၍ မတရားခိုင်းစေခဲ့သော) ဖိနှိပ်မှုနှင့်ရက်စက်ကြမ်းကြုတ်မှုတို့မှ သင်တို့အား ငါအရှင်က ကယ်တော်မူခဲ့ပြီ။ ထိုဖြစ်စဉ်၌ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏စမ်းသပ်မှုကြီး ရှိနေ၏။

[50] (ပြန်သတိရကြလော့) ငါအရှင်သည် သင်တို့အတွက် (အီဂျစ်မှလွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရုန်း ကန်စေခဲ့တော်မူပြီး ပင်လယ်အရောက်တွင် ဖါရိုစစ်တပ်က အမှီလိုက်လာခဲ့သောအခါ) ပင်လယ်ပြင်ကို ခွဲခဲ့ပြီး နောက် (သင်တို့၏ဝေစုမပါသော အရှင့်ကျေးဇူးတော်သက်သက်ဖြင့်) သင်တို့အား ကယ်တော်မူ၍ သင်တို့၏ရှေ့မှောက်တွင် ဖါရိုမင်းဆက်အား ရေနစ်စေတော်မူခဲ့စဉ် (ထိုအဖြစ်အပျက်ကို) သင်တို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြပြီ ဖြစ်၏။

[51] နောက်ထပ်တစ်ကြိမ် ငါအရှင်မြတ်သည် တမန်တော်မူဆာအား ညပေါင်းလေးဆယ် (တရားအားထုတ်ရန်) ကတိတော်နှင့်အညီ တာဝန်ပေးအပ်ခဲ့စဉ် သူ့နောက်ကွယ်၌ သင်တို့က (ရွှေဖြင့်ထုလုပ်သော) နွားငယ်ကို အယူထားကိုးကွယ်၍ သင်တို့ကိုယ်ကိုသင်တို့ ကြီးလေးသောအမှားများကို ကျူးလွန်ပြီး အရှင့်စည်းမျဉ်းတော်ကို ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်ခဲ့ကြ၏။

[52] ထို့နောက် (အရှင်မြတ်နှင့်တုပြိုင်၍ အခြားအရာတစ်ခုကို ယုံကြည်ကိုးကွယ်ခြင်းသည် ခွင့်မလွှတ်နိုင်သော ပြစ်မှုဖြစ်သော်လည်း) သင်တို့က ကျေးဇူးသိတတ်ရန်အလို့ငှာ (ငါအရှင်က ချီးမြှင့်တော်မူသည့် ကျေးဇူးတော်နှင့်အခြားမြောက်များစွာသော အခွင့်အရေးများကို သင်တို့မှ အသိအမှတ်ပြုလျက် ကျေးဇူးတင်နိုင်ရန်) သင်တို့အား (ထပ်မံ၍) လွှတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခဲ့၏။

[53] (သတိရကြလော့။) ငါအရှင်မြတ်သည် (သိနတောင်၌ ညပေါင်းလေးဆယ် သီတင်းသုံးနေသော တမန်တော်) မူဆာအား ကျမ်းတော်နှင့် (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး အသိပညာကို တိရောက်စွာအသုံးချခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားစေသည့်) မှတ်ကျောက်စံချိန်ကို ပေးအပ်တော်မူခြင်းမှာ သင်တို့က တရားလမ်းညွှန်ကို ရပြီးနောက် ယင်းနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရန်ပင် ဖြစ်၏။

[54] (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် (ရွှေဖြင့်ထုလုပ်ထားသော) ထိုနွားငယ်အား ကိုးကွယ်ရာအဖြစ် အယူထားခြင်းသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော် အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းလိုက်လျှက် အမှန်ပင် မတော်မတရား မမှန်မကန်လုပ်ခဲ့ခြင်း ဖြစ်၏။ သို့ဖြစ်ရာ သင်တို့၏ချို့ တဲ့မှုအပေါင်း လုံးဝ ကင်းစင်တော်မူသောအရှင်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့ နောင်တကြီးစွာရလျှက် ဦးလှည့်ကြလော့။ ထို့နောက် သင်တို့၏ (စိတ်အလိုနောက်ကိုသာ တကောက်ကောက်လိုက်နေသည့်) နဖ်စ်တို့ကို ချိုးနှိမ်သုတ်သင်ကြလော့။ (ထိုသို့လုပ်လျှင်) ယင်းသည် သင်တို့၏ချို့တဲ့မှု အပေါင်းလုံးဝ ကင်းစင်တော်မူသောအရှင်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်ထံတော်၌ သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။ မုချဧကန်၊ အရှင်မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်လှည့်၍ အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ် မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[55] (အရှင်မြတ်၏သက်သေလက္ခဏာတော်များနှင့်ဖြစ်ရပ်မှန်များကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားပြီးနောက်) သင်တို့က “အို၊ မူဆာ၊ အလ္လာဟ်အရှင်မြတ်အား (အသင်နှင့်စကားပြောနေသည်ကို) ထင်ထင်ရှားရှား မမြင်တွေ့ ရသရွေ့ သင့်ကို ကျွန်ုပ်တို့က အလျှင်း မယုံကြည်နိုင်ပါ။”ဟု ပြောဆိုသောအခါ သင်တို့အပေါ် (မမျှော်လင့်ဘဲ လာရောက်သော ခပ်အုပ်အုပ် မြည်ဟည်းသည့်) တော်လည်းမိုးခြိမ်းသံ ထိမှန်စေတော်မူခဲ့စဉ် သင်တို့သည် သက်မဲ့များပမာ မလှုပ်မရှား ငေးကြည့်နေကြ၏။

[56] ထို့နောက် သင်တို့ ကျေးဇူးသိတတ်ကြရန်အလို့ငှာ (လူသေပမာ) ဘဝသေနေသည့်အနေအထား၊ (သို့မဟုတ် နာမ်ရေးရာအချုပ်ငြိမ်းခြင်း) မှ သတိပြန်ဝင် (လာသည့်အနေအထားရောက်စေတော်မူ၍ ရှင်သန်လန်းဆန်း) စေတော်မူ၏။

[57] (ခိုလှုံစရာနှင့်အစားအသောက်မပါဘဲ သဲကန္တာရထဲ၌ အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်နိုင်သောကြောင့်) ငါအရှင်မြတ်သည် (မိုးတိမ်များကို သင်တို့အပေါ်တွင် အရိပ်အာဝါသပေးရန် တာဝန်ပေးခဲ့ကြောင်း သင်တို့ရှင်း လင်းထင်ရှားစွာ တွေ့မြင်ခဲ့ကြပြီဖြစ်သည့်အတိုင်း) သင်တို့အား မိုးတိမ်များဖြင့် အရိပ်ပေးတော်မူပြီး မန္နမည်သော စားဖွယ်ရာနှင့်ငုံးငှက်များကိုချပေးတော်မူခဲ့၏။ ငါအရှင်မြတ်က ထောက်ပံ့ပေးတော်မူသည့် ရိက္ခာမှ (ကျန်းမာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစား အသောက်) ကို စားသုံးကြလော့။ ယင်းပြင် (အစားအသောက်ဆိုင်ရာ အမိန့်ညွန်ကြားချက်များကို မနာခံငြင်း ဆန်လျက် ဥပဒေချိုးဖောက်ခြင်းဖြင့်) သူတို့က ငါအရှင်မြတ်ကို နစ်နာစေနိုင်မည် မဟုတ်ပေ။ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တို့ကို အလွဲသုံးစားလုပ်၍ မမှန်မကန် လုပ်ဆောင်နိုင်ကြမည်သာ ဖြစ်၏။

[58] (ထိုအချိန်ကို သတိရကြလော့) ငါအရှင်မြတ်က “ဤမြို့ရွာ (နယ်မြေဒေသ) သို့ ဝင်ရောက်၍ ဆန္ဒရှိသော နေရာတိုင်း၌ အားရကျေနပ်သည်အထိ (သစ်သီးဝလံများကို ဖော့ဖော့သီသီ) စားသုံးကြလော့။ (ကွဲပြားသော လမ်းကြောင်းများမှ မြို့နေလူတို့အား လုယက်ယူငင်၊ ချေမုန်းသုတ်သင်လိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ တရားဝင်) မြို့တံခါးပေါက်မှ အရှင်မြတ်ကို နာခံမှုအပြည့်ဖြင့် ကျိုးနွံစွာ (ဦးချလျက်) ဝင်ကြလော့။ အရှင့်ပေါ် သစ္စာရှိစွာဖြင့် (ကျွန်ုပ်တို့၏အပြစ်ဝန်ထုပ်ကြီးကို ဖယ်ရှားပေးတော်မူပါ။""ဟု) သင်တို့၏အပြစ်များအတွက် လွှတ်ငြိမ်း ချမ်းသာခွင့်ကို အသနားခံ လျှောက်တင်ကြလော့။ ငါအရှင်မြတ်သည် သင်တို့၏မှားယွင်းချွတ်ချော်မှုများကို ခွင့် လွှတ်တော်မူမည်။ (ကောင်းမှုပြုရန် မြုပ်နှံလျက် အရှင်မြတ်မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးပြုမူဆောင်ရွက်သူတို့၏အကျိုးဆုလဒ်ကို ဆထက်ထမ်းပိုးတိုး၍ ပေးတော်မူမည်။” ဟု မိန့်တော်မူခဲ့၏။

[59] သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ဖောက်ဖျက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသူ တို့သည် သူတို့အား မိန့်ဆိုထားသည်ကို လွှဲပြောင်းပြောဆိုကြ၏။ (ကျိုးနွံစွာ နာခံရန်၊ သစ္စာရှိရန်နှင့်ပြစ်မှားမှုအတွက် ဝန်ချတောင်ပန်းရန် မိန့်တော်မူသည်ကို ယင်းတို့နှင့်ဆန့်ကျင်ဘက်လုပ်ကြ၏)။ ထိုသို့ အရှင့်စည်းမျဉ်း တော်များကို ဖောက်ဖျက်ကျူးလွန်၍ မမှန်မကန်လုပ်သူတို့အတွက် ကောင်းကင်ယံမှ ကျူးလွန်မှု၏အကျိုးဆက်အဖြစ် ကပ်ဘေးချပေးတော်မူ၏။

[60] (သတိရကြလော့။ တမန်တော်) မူဆာက သူ့လူမျိုးများအတွက် (သဲကန္တာရ၌ ရေမရှိဘဲ ဆာလောင်နေစဉ်) သောက်သုံးရေရရှိရန် ဆုတောင်းသည့်အခါ ငါအရှင်မြတ်က “သင့်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်လော့။” ဟု မိန့်တော်မူ၍ (ရိုက်သည်နှင့်တစ်ပြိုင်နက်တည်း) စိမ့်စမ်းရေ ဆယ့်နှစ်သွယ်သည် စီးထွက်လာခဲ့၏။ အုပ်စုတိုင်းက သူတို့ သောက်သုံးရမည့်နေရာကို သိထားခဲ့ကြပြီ။ အလ္လာဟ်အရှင်မြတ်၏ရိက္ခာများမှ စားကြ၊ သောက်ကြလော့။ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းရေးပျက်ပြားစေမည့်လုပ်ရပ်များဖြင့် သွားလာလှုပ်ရှားလျက် အဖျက်အမှောင့် မပြုလုပ်ကြလေနှင့်။” (ဟု မိန့်တော်မူခဲ့၏။)

[61] (ပြန်သတိရကြလော့။) သင်တို့က “အို၊ မူဆာ၊ ကျွန်ုပ်တို့သည် အစာတစ်မျိုးတည်းဖြင့် သည်းမခံ၊ မရပ်တည် နိုင်ပါ၊ ကျွန်ုပ်တို့အတွက် မြေမှထွက်သော ဟင်းသီး၊ သခွား၊ ဂျုံ ၊ ပဲ၊ ကြက်သွန်များ ပေါက်ရောက်စေရန် အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ဆုတောင်းပါလော့။” ဟု ပြောခဲ့သည့် အခါ (တမန်​တော်) မူဆာက “သင်တို့သည် ပိုကောင်းသောအရာကို ပိုညံ့သည့်အရာဖြင့် လှဲလှယ်ကြမည်လော။ သို့ဆိုလျှင် (တစ်မြို့မြို့ သို့မဟုတ်) မြို့တော်ဘက်သို့ ဆင်းသွားကြလော့။ သို့မှသာ သင်တို့ တောင်းဆိုသည်ကို (ယင်းမြို့၌) မုချပင် ရနိုင်လိမ့်မည်။” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့နောက်တွင်မှ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော (ကတိကဝတ်ဆိုင်ရာ) နှောင်ကြိုးနှင့်လူတို့ကြား၌ထားရှိသော နှောင်ကြိုးများမှအပ သူတို့အား တွေ့မြင်ခြင်းခံရသည့်နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အပေါ် အမျက်တော်၊ (ပြစ်ဒဏ် နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံကြရပြီး (လူပုံအလယ်တွင်) အရှက်ကွဲခံရခြင်း၊ (ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်သွားလာလှုပ်ရှားမှု ပိတ်ပင်တားဆီးခြင်းခံရခြင်း တို့ကြောင့်) ဒုက္ခအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း (စသောစိတ် ဆင်းရဲမှု) တို့ စုပြုံကျရောက်စေတော်မူလျက် သိက္ခာချခြင်းခံခဲ့ရကြောင်းကိုသာ တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ရခြင်း (၏အကြောင်းရင်း) မှာ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်ခြင်း နှင့်နဗီတမန်တော်များအား (တမန်တော်တို့၏အခွင့်အရေးနှင့်အမှန်တရားအားလုံးကို ဆန့်ကျင်လျက် သစ္စာမဲ့စွာ ဖြင့်) မတရားသတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏အာခံဖီဆန်မှုနှင့်စည်းမျဉ်း ချိုးဖောက်မှုတို့ကြောင့်ပင် ဖြစ်၏။

[62] (အမှန်တရားက ဂျူးတို့ အခိုင်အမာပြောဆိုနေသကဲ့သို့မဟုတ်) ယုံကြည်သူများ (မွတ်စလင်အဖြစ်နှင့်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူများ) ၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြားယုံကြည်မှုအယူဝါဒများကို ယုံကြည်ခဲ့ကြသော) ဆွာဗအီန်များ၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ပြီး မှန်ကန်သည့်ပြုမူကျင့်ကြံမှုများလုပ်ဆောင်၍ ဘဝဆောက်တည်ကြလျှင် သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များ ရှိ၏။ သူတို့သည် စိုးရိမ်ကြောင့်ကြရမည်မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ထို့ပြင် ပူဆွေးသောကလည်း ရောက်ကြရမည် မဟုတ်ချေ။

[63] (သတိရကြလော့။) ငါအရှင်မြတ်သည် သင်တို့ထံမှ (အမိန့်ပညတ်ချက်နှင့်အညီလိုက်နာမည်ဟူသော) ကတိ ခံဝန်ချက်ကိုရယူတော်မူ၍ (သိန) တောင်တော်ကို (မျှော်စင် ဖြစ်စေလျက်) သင်တို့အပေါ်သို့ (ဗျာဒိတ်တော်ပေးအပ်၍ ဂုဏ်ပေးခြင်းဖြင့်) မြှောက်ပင့်တော်မူပြီး၊ “ငါအရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်ရာကို မြဲမြံစွာဆုပ်ကိုင်ကြလော့။ ယင်း (ကျမ်းတော်) ၌ ပါရှိသော အမိန့်ပညတ်ချက်များနှင့်လမ်းညွှန်ချက်များကို (သတိရ ကျင့်သုံးနိုင်ရန်) သင်ယူလေ့လာကြလော့။ သို့မှသာ (အရှင့်လမ်းစဉ်နှင့်အရှင့်အကာအကွယ်ကို ရစေမည့်) မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်နာခံလိုက်နာကြသူ) များဖြစ်ကြမည်။” (ဟု မိန့်တော်မူ၏။ လောကီနှင့်တမလွန်၌ အကျိုးဆက်အဖြစ် ခံစားရမည့် ပြစ်ဒဏ်မှ လွတ်မြောက်ရန် သွေဖည်မှု အားလုံးကို ရှောင်ကြဉ်ရန်ဖြစ်၏။)

[64] သင်တို့သည် ထို့သို့ ကတိကဝတ်ပြုပြီးနောက် (သင်တို့၏ယခင်အယူအဆများဘက်သို့ပင်) နောက်ပြန်လှည့်ခဲ့ကြကုန်၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို ဥပေက္ခာပြုလျက် ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက်ခြင်း မရှိခဲ့လျှင် သင်တို့သည် (ကတိကဝတ်များအား ချိုးဖောက်ခြင်းနှင့်ကျမ်းတော်ပါ အမိန့်ပညတ်ချက်များအတိုင်း မလိုက်နာဘဲ ဖီဆန်ခဲ့ခြင်းကြောင့်) အမှန်ပင် (လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံး၌) ဆုံးရှုံးနစ်နာပျက်စီးသူများအနက်မှ ဖြစ် ခဲ့ကြမည်။

[65] ထို့ပြင် သင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့်စပ်လျဉ်း၍ စည်းဘောင်ချိုးဖောက်သူများအား ငါအရှင်မြတ်က “သင်တို့ အပယ်ခံယုတ်ညံ့သိမ်ဖျင်းသော မျောက်စရိုက်ရှိသည့်သူများ ဖြစ်ကြလော့။” ဟု မိန့်တော်မူခဲ့သည်ကို သင်တို့သည် မုချပင် သိခဲ့ကြပြီဖြစ်၏။

[66] ငါအရှင်မြတ်သည် သူတို့၏မျိုးဆက်များနှင့်သူတို့၏နောက်လိုက်များ (နောင်လာနောင်သားများ) အတွက် အလွန်သံဝေဂရဖွယ် (ဘေးဒုက္ခ) စံနမူနာတစ်ခု အဖြစ်လည်းကောင်း၊ မွတ္တကီ (ခေါ်အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကျင့်သုံးသူ) တို့အတွက် အမိန့်ညွှန်ကြားချက်နှင့် (ဆုံးမဩဝါဒ) လမ်းညွှန်တော်အဖြစ်လည်းကောင်း၊ ပြုလုပ်တော်မူ၏။

[67] (သတိရကြလော့။ တမန်တော်) မူဆာက သူ့လူမျိုးများအား “အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် နွားမတစ်ကောင်ကို စွန့်လှူလှီးဖြတ်ရန် အမိန့်ပေးတော်မူ၏။” ဟု ပြောခဲ့စဉ် သူတို့က “ကျွန်ုပ်တို့ကို နောက်ပြောင်နေသလော။” ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။ (တမန်တော်) မူဆာက “ကျွန်ုပ်သည် (တစ်ဦးတစ်ယောက်ကို နောက်ပြောင်ခြင်းဖြင့် မသိနားမလည်သော) ပညာမဲ့တို့အနက်မှ ဖြစ်မည်စိုး၍ အလ္လာဟ်အရှင်မြတ်ထံတော်ပါး ၌ ခိုလှုံပါ၏။” ဟု တုံ့ပြန်ဖြေခဲ့လေသည်။

[68] သူတို့က “အဘယ်ကဲ့သို့သောနွားမဖြစ်မည်ကို ကျွန်ုပ်တို့အတွက် အသေအချာ ရှင်းလင်းပေးရန် သင့်အား ဖွဲ့ စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ဆုတောင်းပန်ကြားလော့။” ဟု ပြောခဲ့ကြ၏။ တမန်တော်မူဆာက အရှင်မြတ်မိန့်တော်မူသည်မှာ အိုလွန်း၊ ပျိုလွန်းခြင်းမရှိဘဲ ယင်းနှစ်မျိုးကြား အရွယ်ရှိသော နွားမမျိုး၊ အမိန့်ပေးတော်မူသည့်အတိုင်းသာ လိုက်နာဆောင်ရွက်ကြလော့။” ဟု ဖြေခဲ့၏။

[69] (ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်ပြဿနာဖန်တီးလိုသည့် သဘောဖြင့်) “အဘယ်အရောင်မျိုးဖြစ်သည် ကို ကျွန်ုပ်တို့အတွက် အသေအချာ ရှင်းလင်းပေးရန် သင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဆုတောင်းပန်ကြားလော့။” ဟု တုံ့ပြန်ပြောခဲ့ကြ၏။ “အရှင်မြတ်မိန့်တော်မူသည်မှာ ကြည့်ရှူသူတို့အား အားရကျေနပ်စေသည့် အဝါရင့်ရောင် ဖြစ်ရမည်။”ဟုဖြေခဲ့သည်။

[70] သူတို့က နွားမများသည် ကျွန်ုပ်တို့၏အမြင်၌ (ရုပ်ဆင်းသဏ္ဌာန်အားဖြင့်) ပုံစံတူများဖြစ်ကြပြီး အဘယ်ကဲ့သို့သော နွားမမျိုးဖြစ်သည်ကို ကျွန်ုပ်တို့အတွက် အသေအချာ ရှင်းလင်းပေးရန် သင့်အား ဖွဲ့စည်းဖြစ်တော်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ဆုတောင်းလော့။ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့သည် (အရှင်မြတ်မိန့်တော်မူသည့် နွားမအမျိုးအစားနှင့်နွားမမျိုး ကို အတိအကျ ရှာတွေ့၍) အမှန်ပင် လမ်းညွှန်ပေးခံရသူများ ဖြစ်ကြမည်။” ဟု ဖြေခဲ့ကြသည်။

[71] အရှင်မြတ်မိန့်တော်မူသည်မှာ ယင်းနွားမသည် ထမ်းပိုးတပ်ခြင်း၊ လယ်ထွန်ခြင်း၊ ထွန်ယက်ထားသော လယ် မြေအတွက် ရေသွင်းခြင်းတို့၌ မခိုင်းစေထားသော၊ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းပြီး ကျန်းမာသော နွားမမျိုးကောင်းသာ ဖြစ်ရမည်။” ဟု ပြောခဲ့သည်။ သူတို့က “ယခုမှ သင်က အမှန်တရားကို ယူဆောင်လာခဲ့ ပြီ။”ဟု ဖြေကြလျက် (ဖြူစင်စွာ) ဆောင်ရွက်လိုစိတ်မရှိဘဲ (တာဝန်ကျေ ရုံမျှသာ) ယင်းကို စွန့်လှူလှီးဖြတ်ခဲ့ ကြသည်။

[72] (ထပ်မံ၍ သတိရကြလော့။) သင်တို့သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်ရှင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ယင်းနှင့်စပ်လျဉ်း၍ သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်စွပ်စွဲခဲ့ကြစဉ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ထိမ်ချန်ဖုံး ကွယ်ထားသည်ကို ဖွင့်ချထုတ်ဖော်ပေးတော်မူခဲ့သည်။

[73] ထို့နောက် ငါအရှင်မြတ်က “ယင်း (အသတ်ခံရသူ၏အလောင်း) ကို ထို (စွန့်လှူခဲ့သည့်နွားမ) ၏အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြလော့။” ဟု မိန့်တော်မူခဲ့၏။ (ထိုသို့လုပ်သော် အသတ်ခံရသူ ပြန်ရှင်လာပြီး တရားခံကို ထုတ်ဖော်ခဲ့၏)။ ထိုကဲ့သို့ပင်၊ အလ္လာဟ်အရှင်မြတ်သည် သေသူကို ပြန်ရှင်စေတော်မူပြီး သင်တို့ တွေးခေါ် နားလည်ကြ ရန်အလို့ငှာ အရှင့်အာယသ်အမိန့်ပညတ်ချက်ဆိုင်ရာ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။

[74] ထို့နောက်၊ နောက်ပိုင်းတွင် သင်တို့၏နှလုံးသားများသည် ခက်ထန် မာကျောလာလေ၏။ ယင်းသည် ကျောက်တုံးပမာ သို့မဟုတ် ထိုထက်မက ခက်ထန်မာကျောလေ၏။ အမှန်ပင် ကျောက်တုံးများအနက် စမ်း ချောင်းရေများ စီးထွက်သည်လည်း ရှိ၏။ ယင်းတို့အနက် အက်ကွဲ၍ ရေများ စိမ့်ယိုသည်လည်း မုချပင် ရှိသည့်အပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ ပြိုဆင်းကျသည်လည်း ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင် ရွက်သမျှကို သတိမမူ မေ့လျော့ထားသည်လည်း မဟုတ်ပေ။

[75] (အို၊ ယုံကြည်သူအပေါင်းတို့၊ သူတို့၏နှလုံးသားများ ခက်ထန်မာကျောပြီး အရှင့်အပေါ် သစ္စာမဲ့ခြင်းကြောင့်) သင်တို့ (၏ကျမ်းတော်၊ တမန်တော်နှင့်အစ္စလာမ်) ကို ယုံကြည်လိမ့်မည်ဟု သင်တို့ မျှော်လင့် နေကြသလော။ သူတို့အနက်မှ အုပ်စုတစ်စုသည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဌ်တော် (စကားတော်) များကို ကြားနာပြီးနောက် အတွေးအခေါ်ရှိပါလျှက်၊ (သိနားလည်ပါလျှက်) ယင်းကို (လိုရာ ဆွဲ၍) လွှဲပြောင်း ပြောဆိုခဲ့ကြ၏။

[76] သူတို့သည် ယုံကြည်သူများနှင့်တွေ့ဆုံလျှင် (သူတော်ကောင်းဟန်ဆောင်လျှက်) “ကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့) ယုံကြည်ပါသည်။” ဟု ပြောဆိုကြပြီး သူတို့အချင်းချင်း သီးသန့်စုမိသောအခါ “သင်တို့အား အလ္လာဟ်အရှင်မြတ်က ထုတ်ဖော်ထားတော်မူသည်ကို ဆင့်ပြန်လိုက်သလော။ သူတို့က (တမလွန်တရားစီရင် မည့်နေ့တွင်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် သင်တို့နှင့်ဆန့်ကျင်၍ ယင်းအား ချေပချက်အဖြစ် အသုံးပြုနိုင်သည်” ဟုပြောကြသည်။ သင်တို့ အတွေးအခေါ် မရှိကြသလော။

[77] အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ဖုံးကွယ်ထားကြသော အကြောင်းအရာများနှင့်အထင်အရှား ထုတ်ဖော်ပြောဆိုကြသည့် အကြောင်းအရာများကို အကြွင်းမဲ့ သိတော်မူနေကြာင်း သူတို့ မသိကြလေသလော။

[78] သူတို့ထဲတွင် ထင်မြင်ယူဆချက်နောက်ကိုသာလိုက်ပြီး ကောလဟလများကို ကြိုက်နှစ်သက်ခြင်းမှအပ ကျမ်းတော်မြတ်ကို လုံးဝ မသိသော စာမတတ်သူများလည်း ရှိကြသည်။

[79] (လောကီအကျိုးအမြတ်၊ ဂုဏ်ပကာသန၊ ကျော်ကြားမှုအတွက်) တန်ဖိုးမဖြစ်စလောက်ဖြင့် လဲလှယ်ရောင်း ဝယ်ရန်အလို့ငှာ သူတို့၏လက်ဖြင့်ရေးသားထားသော ကျမ်းစာကို “ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်သည်။” ဟု ပြောဆိုကြသူတို့သည် ပျက်စီးကြလတ္တံ့။ သူတို့လက်ဖြင့် ရေးသားထားသော အရေးအသားများနှင့်ထိုသို့ ရေးသားခြင်းဖြင့် ရှာမှီးထားသော (ဝင်ငွေ၊ ဂုဏ်သိက္ခာ စသည့်) အရာများလည်း (နှစ်ဘဝစလုံး၌) ပျက်စီး ရလတ္တံ့။

[80] (ထိုသို့ သတိပေးသော်ငြားလည်း) ငရဲမီးသည် ကျွန်ုပ်အား ရေတွက်လို့ရသည့် အချိန်ကာလ အနည်းငယ်မှအပ ထိကပ်နိုင်မည်မဟုတ်ဟု ပြောဆိုကြသည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပဋိညာဉ်လုပ်ပြီး ကတိတော်ကို ရယူထားကြသလော။ သို့ဖြစ်လျှင် “အလ္လာဟ်အရှင်မြတ်သည် ကတိတော်ကို အလျှင်း ဖျက်တော်မူလေ့ မရှိပေ။ သို့တည်းမဟုတ် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သင်တို့ မသိနားမလည်သည်ကို ပြောနေကြသလော။” ဟု (သူတို့ကို) မေးမြန်းလော့။

[81] (သူတို့က ပညာမဲ့စွာ ပြောနေကြခြင်းသာ ဖြစ်၏။) စင်စစ်မှာ မကောင်းမှုကို ရှာဖွေဆည်းပူးကျင့်ဆောင်သူများကို သူတို့၏ပြစ်မှုဒုစရိုက်များက ဝိုင်းထားလျက်ရှိကြပြီး သူတို့သည်ကား ငရဲမီး၏အဖော်များပင် ဖြစ်ကြ၏၊ ထို (ငရဲဘုံ) ထဲ၌ ကာလအကန့်အသတ်မဲ့ နေထိုင်ကြရလိမ့်မည်။

[82] (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့်ကောင်းမှုလုပ်ရပ်ကို (မြဲမြံစွာ) လုပ်ဆောင်သူများသည် သုခဘုံ၏အဖော်များဖြစ်ကြပြီး ထို (သုခဘုံ) ထဲ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရလိမ့်မည်။

[83] ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်များထံမှ အလ္လာဟ်အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်နာခံကိုးကွယ်ခြင်းမပြုရန်၊ မိဘအရင်းများအား အကောင်းဆုံးပြုမူပြောဆို ဆက်ဆံရန်၊ သွေးချင်းနီးစပ်သော ဆွေမျိုးများ၊ မိဘမဲ့များနှင့်နွမ်းပါးသော ခိုကိုးရာမဲ့များအပေါ် ကြင်နာစွာ ပြောဆိုဆက်ဆံရန်၊ လူသားအပေါင်းအား ကောင်းမွန်စွာ ပြောဆိုဆက်ဆံရန်၊ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရန်နှင့်ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသည့် လူမှုဖူလုံကြေးကို) ပေးဆောင်ကြရန် ကတိရယူတော်မူခဲ့၏။ ထို့နောက် သင်တို့အနက် အနည်းငယ်မှအပ (ကျန်အား လုံးသည်) သွေဖယ်လှည့်သွားကြလေ၏။ သင်တို့သည် သင်တို့၏တာဝန်ဝတ္တရားများနှင့်တရားဝင် ကတိကဝတ် များကို အမှန်ပင် အစဉ်အမြဲ ရှောင်ကြဉ်ပျက်ကွက်သူများ ဖြစ်ကြသည်။

[84] ထို့ပြင် (သတိရကြလော့၊) ငါအရှင်မြတ်သည် သင်တို့ထံမှ အချင်းချင်းကြား သွေးထွက်သံယိုမပြုကြရန်နှင့် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အလွဲသုံးစားပြုလျက် တစ်ဦးကိုတစ်ဦး သင်တို့၏နေထိုင်ရာ အိုးအိမ်မြို့ရွာ ဒေသများမှ နှင်ထုတ်ခြင်းမပြုကြရန် ကတိပဋိညာဉ်ကို ယူခဲ့စဉ် သင်တို့က (ကတိတည်မည် ဟု) ဝန်ခံအတည် ပြုခဲ့ကြပြီး (ယနေ့အထိ) သင်တို့ကိုယ်တိုင် အသိသက်သေများ ဖြစ်ကြလေသည်။

[85] ထို့နောက် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သင်တို့၏အလိုရမ္မက်အတွက် အသုံးချ၍ အချင်းချင်း သတ်ဖြတ်ကြပြီး သင်တို့အနက်မှ လူတစ်စုကိုလည်း သူတို့၏အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ခဲ့ကြ၏။ သူတို့နှင့်ဆန့်ကျင်၍ မတရားမှုနှင့်ရန်လိုမုန်းတီးမှုတို့တွင် ပူးပေါင်းကြံစည်ခဲ့ကြ၏။ သင်တို့ထံ သုံ့ပန်း အဖြစ် (အဖမ်းခံလျက်) ရောက်လာကြလျှင်လည်း (ထိုသုံ့ပန်းများဖြစ်သော) သူတို့ထံမှ လျော်ကြေး (မည်ရွေ့ မည်မျှပေးမှ ပြန်လွှတ်မည်ဟု) တောင်းဆိုခဲ့ကြ၏။ သူတို့အား နှင်ထုတ်ခြင်းမှာ တရားတော်အရ သင်တို့အတွက် တရားမဝင်ပေ။ သင်တို့သည် (အသိတရားမဲ့သူများပမာ) ကျမ်းတော်မှ တစ်ချို့ကို ယုံကြည်၍ တစ်ချို့ကို ဖီဆန်ငြင်းပယ်ဖုံးကွယ်ကြလေသလော။ သင်တို့အနက်မှ ထိုသို့ ပြုမူကျင့်ကြံဆောင်ရွက်သူတို့၏ အကျိုးဆုလဒ်မှာ ဤလောကီသက်တမ်း၌ အရှက်သိက္ခာမဲ့ခြင်းမှအပ အခြား အဘယ်တုံ့ပြန်မှုမျိုး ဖြစ်နိုင် အံ့နည်း။ နောင်တမလွန် တရားစီရင်မည့်နေ့တွင်လည်း ပိုမို၍ ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားကြရဦးမည်။ စင်စစ်၊ အလ္လာဟ်အရှင် မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှမှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

[86] ဤပုဂ္ဂိုလ်များသည် လောကီသက်တမ်းအား နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းဝယ်သူများ (တမလွန် တွင်ရရှိမည့် အကျိုးဆုလဒ်များအစား လောကီအလိုဆန္ဒနှင့်ရည်မှန်းချက်များကို ဦးစားပေးသူများ) ဖြစ်ကြပြီး အကျိုးဆက်အနေဖြင့် သူတို့နှင့်စပ်လျဉ်း၍ ပြစ်ဒဏ်များမှာ ပေါ့ပါးသက်သာစေမည် မဟုတ်ပေ။ ကယ်တင် ကူညီခြင်းလည်းခံကြရမည်မဟုတ်ပေ။ (လောကီဘဝ၌ မမှန်မကန်ကြားဝင်စေ့စပ်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ဩဇာအာဏာကို အလွှဲသုံးစားပြုခြင်း စသည့်နည်းများဖြင့် ပြစ်ဒဏ်မှ ကင်းလွှတ်နိုင်သော်လည်း တမလွန်တွင်မူ ထိုသို့သောနည်းများကို အသုံးမချနိုင်ပေ။)

[87] မုချဧကန်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ကျမ်းတော်ကို ချမှတ်ပေးအပ်တော်မူခဲ့၏။ သူ့ နောက်တွင်လည်း ရစူလ်တမန်တော်များကို စဉ်ဆက်မပြတ် စေလွှတ်တော်မူခဲ့သည်။ (တမန်တော်မူဆာ၏လမ်း စဉ်အတိုင်း ဖဝါးခြေထပ် ထပ်ကြပ်မကွာ လိုက်နာလျက် ကျမ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်ကြပြီး သူ့ကိုဆက်ခံ သော တမန်တော်များအား လမ်းညွှန်နှင့်လမ်းပြမရှိဘဲ သူတို့ကို လုံးဝ ပစ်ထားခြင်းလည်း မရှိခဲ့ပေ)။ ထို့ပြင် မရ်ယမ်၏သား (တမန်တော်) အီစာ (ယေရှု) အားလည်း အမှန်တရားကို သိမြင်စေမည့် ထင်ရှားသော သက်သေလက္ခဏာတော်များ ပေးအပ်တော်မူ၍ မြင့်မြတ်သော ဝိညာဉ်တော်ဖြင့် အားဖြည်းစေတော်မူခဲ့၏။ ရစူလ်တမန် တော်တစ်ပါးပါး သင်တို့ထံရောက်လာသည့်အခါတိုင်း သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထား သော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သင်တို့၏စိတ်အလိုရမ္မက်များနှင့်အညီ အသုံးချ၍ သင်တို့မာနတက်ခဲ့ကြသည် မဟုတ်လော။ အချို့ (တမန်တော်များ) ကို လိမ်လည်သူဟု စွပ်စွဲလျက် ငြင်းဆန်၍ အချို့ကိုမူ သတ်ခဲ့ကြပြီ မဟုတ်လော။

[88] (အရှင့်ထံတော်မှ ကျေးဇူးတော်များ၊ လမ်းညွှန်တော်များ၊ ကရုဏာတော်၊ အကြင်နာတော်နှင့်အမှန်တရားများကို သိမြင်လျှက် ရရှိခံစားခဲ့ကြသော်လည်း ယုံကြည်ရန်ငြင်းဆန်ပြီး အသင်တမန်တော်၏လမ်းညွှန်မှုသည် ကျွန်ုပ်တို့အတွက် လိုအပ်မည်လော့။” ဟု လှောင်ပြောင်ကာ မေးခွန်းထုတ်ခဲ့ကြ၏။ တမန်တော်၏လမ်းညွှန်မှုများ သည် သူတို့အပေါ် အကျိုးမသက်ရောက်ကြောင်း သိသာစေရန်) သူတို့က “ကျွန်ုပ်တို့၏နှလုံးသားများကို ပိတ်ထားပြီးပြီ။”ဟု ပြောဆိုကြ၏။ (စာနာစိတ်ကင်းမဲ့သူများဖြစ်၍ ယုံကြည်နိုင်စွမ်း မရှိကြပေ)။ အမှန်မှာ သူတို့၏မယုံကြည်မှု (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်း ဆန်ဖုံးကွယ်မှု) ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင့်မေတ္တာ၊ ကရုဏာနှင့်အကြင်နာတော်မှ ဝေးကွာစေတော်မူခြင်းသာ ဖြစ်၏။ (သူတို့၏နှလုံးသား၊ အကြား အမြင်နှင့်အတွေးအခေါ်များကို အမှောင်ချခံထားလိုက်ရပြီး) သူတို့၏ယုံကြည်မှုမှာလည်း မပြောပလောက်သော အနည်းငယ်မျှသာ ရှိသည်။ (အမှန်တရားများအနက် အနည်းအကျဉ်းကိုသာ သူတို့လက်ခံကြသည်။)

[89] ယခင်က (ဂျူးလူမျိုးဖြစ်ကြသော) သူတို့သည် မယုံကြည်သူများအပေါ် အနိုင်ရရှိရန်ဆုတောင်းခဲ့ပြီး (ကျွန်ုပ် တို့၏နောက်ဆုံးတမန်တော် ရောက်လာသည့်အခါတွင် သူ့ဦးဆောင်မှုအောက်၌ ကျွန်ုပ်တို့က အနိုင်ရရှိလိမ့်မည်။” ဟု မျှော်လင့်ခဲ့သော်လည်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ သူတို့နှင့်အတူရှိသောအရာ (ကျမ်းစာ) အား မှန်၊ မမှန် အတည်ပြုပေးသည့် ကျမ်းတော်တစ်စောင်သည် သူတို့ထံ ရောက်ရှိစေခြင်းခံရသောအခါ၊ သူတို့သည် သူတို့ထံ ရောက်လာသည့်အရာ (အရှင့် အာယသ်သက်သေလက္ခဏာတော်များ) ကို (သူတို့၏သားသမီးအရင်းအ ချာများအား သိသကဲ့သို့ သိနားလည်၍) အသိအမှတ်ပြုသော်ငြားလည်း ယင်း (ကျမ်းတော်) ကို မယုံကြည်သွေ ဖည်ငြင်းဆန်ခဲ့ကြသည်။ သို့ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အား အရှင့်မေတ္တာ၊ ကရုဏာနှင့်အကြင်နာတော်တို့မှ ဝေးကွာစေတော်မူ၏။

[90] အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံများအနက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအပေါ်၌သာ အရှင့်ကျေးဇူးတော်အဖြစ် ထုတ်ပြန်ချပေးအပ်တော်မူသောအရာ (ကျမ်းတော်) ကို အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောကြောင့် မနာလိုဝန်တိုလက် မယုံကြည် (ငြင်းဆန်ဖုံးကွယ်ကြ) ရန်၊ သူတို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အလွဲသုံးစားပြု၍ လဲလှယ်ဝယ်ယူလိုက်သောအရာသည် အလွန်ပင် ယုတ်ညံ့ရွံ့ရှာဖွယ်ရာ မကောင်းမှုဖြစ်၏။ အရှင့်အမျက်တော်အပေါ် အမျက်တော်ထပ်၍ သူတို့အပေါ် စူးရှခြင်းခံရအောင် သူတို့ကိုယ်တိုင် ဆွဲဆောင်ဖန်တီးကြ၏။ သို့ဖြစ်ရာ၊ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် သိက္ခာမဲ့စေသည့် (ပြစ်တင်ရှုံ့ချမှုနှင့်) ပြစ်ဒဏ် ရှိပေ၏။

[91] အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချပေးအပ်တော်မူသောအရာ (တမန်တော်မုဟမ္မဒ်အပေါ်ချပေးသော ကျမ်း မြတ်ကုရ်အာန်) ၌ ယုံကြည်ကြရန် ပြောဆိုခဲ့စဉ် သူတို့က “ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသော အရာ၌သာ ယုံကြည်၏။ ထိုထက်ပို၍ (အခြားမည်သည့်အရာကိုမျှ) မယုံကြည်ကြပါ။” ဟု တုံ့ပြန်ပြောခဲ့ကြပြီး သူတို့ လက်ဝယ်၌ ရှိနေသောအရာ (ကျမ်းစာ) အား မှန်၊ မမှန်အတည်ပြုပေးသည့် အမှန်တရားသစ္စာ (ကုန်အာန်ကျမ်း တော်) ကို ငြင်းဆန်ဖုံးကွယ်ကြလေသည်။ “သင်တို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ယခင်နဗီတမန်တော်များကို အဘယ်ကြောင့် သတ်ခဲ့ကြသနည်း။” ဟု (သူတို့အား) မေးမြန်းလော့။

[92] (တမန်တော်) မူဆာသည် အမှန်တရားကို သိမြင်စေသည့် ထင်ရှားသော သက်သေခံလက္ခဏာများနှင့်အတူ သူတို့ထံသို့ မုချပင် ရောက်လာခဲ့၏။ သို့သော် မကြာမီမှာပင် သူ့နောက်ကွယ်၌ သင်တို့က နွားငယ်ကို အယူထား ကိုးကွယ်ကြသောကြောင့် သင်တို့သည် အရှင့်စည်းမျဉ်းတော်များကို ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်လာကြ၏။

[93] ငါအရှင်မြတ်သည် သင်တို့ထံမှ (အမိန့်ပညတ်ချက်နှင့်အညီလိုက်နာပါမည်ဟူသော) ကတိခံဝန်ချက် ကိုရယူ တော်မူ၍ သင်တို့အပေါ်သို့ (သိန) တောင်တော်အား (တာဝါမျှော်စင်ပမာ ဖြစ်စေလျှက်) ဂုဏ်ပေးခဲ့ပြီး၊ “ငါအရှင် မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်ရာကို မြဲမြံစွာ ဆုပ်ကိုင်ကြလော့၊ နာယူကြလော့။”ဟု မိန့်တော်မူခဲ့စဉ် သူတို့က “ကျွန်ုပ်တို့ ကြားနာပါ၏၊ သို့သော် မနာခံနိုင်ပါ။” ဟု ပြောဆိုခဲ့ကြ၏။ သို့ဖြစ်ရာ သူတို့၏မယုံကြည်ငြင်းပယ်မှု ကြောင့် နွားငယ်အား သူတို့၏နှလုံးသား (ဆင်ခြင်တုံတရားနှင့်တွေးတော်ဆင်ခြင်ဉာဏ်) များထဲတွင် တည့်သွင်း နေရာပေးလျက် နှလုံးသွေးကို သောက်စေခဲ့၏။ (ထိုအခါ သူတို့၏မေတ္တာ၊ အကြင်နာ၊ ကရုဏာ၊ စေတနာ၊ တွေး ခေါ်ဆင်ခြင် နားလည်နိုင်စွမ်း၊ အမှန်တရားကို ယုံကြည်လက်ခံ နိုင်စွမ်း အားလုံး၌ သူတို့ လက်ဖြင့်လုပ်ထားသော နွားငယ်၏အယူအဆများ လွှမ်းမိုးသွားလေ၏။) သင်တို့သည် စစ်မှန်သောယုံကြည်သူများ ဖြစ်ကြလျှင် သင်တို့၏ ယုံကြည်မှုက ယင်း (နွားငယ်) ကို ယုံကြည်ရန် အမိန့်ပေးတိုက်တွန်းခြင်းသည် အလွန်ပင် ယုတ်ညံ့ရွံ့ရှာဖွယ်ရာ မကောင်းမှု ဖြစ်ကြောင်း” ဟောပြောလော့။

[94] (သင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်မှုအပြည့်အဝရှိပြီး ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို လိုက်နာသူများ ဖြစ်ကြလျှင်) “အခြားလူတို့မှအပ သင်တို့အတွက် သီးသန့်ဖြစ်သော တမလွန်ဘဝ၏အိမ်ဗိမာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိကြောင်း၊ အကယ်၍ သင်တို့သည် မှန်ကန်သူများ (ယုံကြည်မှု၊ အပြောအဆိုနှင့်လုပ်ရပ်တို့တွင် ဖြူစင်သူများ) ဖြစ်ကြလျှင် သေခြင်းတရားကို မျှော်လင့်တောင့်တကြမည်သာ ဖြစ်ကြောင်း” ဟောပြောလော့။

[95] သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (တမလွန်အတွက်) ကြိုတင်ပို့ထားသည့် (မကောင်းသော) လုပ်ရပ်များ၏အကျိုးဆက်ကြောင့် မည်သည့်အခါမျှ သေခြင်းတရားကို မျှော်လင့်တောင့်တကြမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်ပြုသူများအား အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[96] လူသားတို့အနက်မှ သူတို့သည် အသက်ရှင်သန်ရပ်တည်ရန် လောဘအကြီးဆုံးဖြစ်ကြောင်း၊ မယုံကြည် သူများထက်ပင် ပိုမို၍ လောဘကြီးနေကြောင်း အသင် မုချပင် တွေ့ရလိမ့်မည်။ သူတို့အထဲ၌ တစ်ဦးချင်းစီက သက်တမ်းမှာ နှစ်ပေါင်းတစ်ထောင်စီရှည်ရန် လိုလားနှစ်သက်ကြသည်။ ထိုသို့အသက်ရှည်စွာ ရှင်သန်ခွင့်ရသည့် တိုင်အောင် (သူတို့သည်) ပြစ်ဒဏ်မှ ကင်းလွှတ်ညှာတာခွင့်ခံရမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ပြုမူဆောင်ရွက်မှုမှန်သမျှကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[97] သူတို့၏ရန်လို မုန်းတီးမှုသည်လည်း ထိုထက်မကပင် ပြင်းထန်လာလေ၏၊ အရှင်မြတ်မှ ကျမ်းမြတ်ကုန်အာန်အားဖြင့် လမ်းညွှန်ရန် ရွေးချယ်တော်မူခြင်းခံရသော တမန်တော်သည် သူတို့အနက်မှ မဟုတ်သောကြောင့် ဘဝင်မကျ ဖြစ်နေလေ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား ဟောပြောလော့။ (ကျမ်းတော်မြတ်ကုရ်အာန်သည်) ယုံကြည်သူတို့အတွက် လမ်းညွှန်တော်နှင့်သတင်းကောင်းဖြစ်ပြီး သူတို့လက်ဝယ်ရှိ ယခင်ချမှတ်ပေးအပ်ခြင်း ခံရသောအရာ (ကျမ်းစာ) ကိုလည်း မှန်၊ မမှန်အတည်ပြုပေးသည့်အရာ (ကုရ်အာန်) လည်းဖြစ်ရာ အလ္လာဟ် အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် ယင်းကို အသင် (တမန်တော်မုဟမ္မဒ်) ၏နှလုံးသားထဲသို့ အသေအချာ ပို့ချပေးအပ်ခဲ့သော ဂျီဗ်ရီလ်အား ရန်မူသူမှာ မည်သူနည်း။

[98] မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ရစူလ်တမန်တော်များ၊ ဂျီဗ်ရီလ်နှင့်မီကာအီလ်တို့၏ရန်သူဖြစ်လျှင် (သို့မဟုတ် သူတို့ကို ရန်မူလျှင် သိထားသင့်သည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်လည်း မယုံကြည်သူ (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် ရန်သူပင် ဖြစ်တော်မူ၏။

[99] မုချဧကန်၊ ငါအရှင်မြတ်သည် အသင့်ထံ အမှန်တရားအား သိမြင်စေတော်မူသော ထင်ရှားသည့် သက်သေလက္ခဏာများကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့ပြီ။ (သင့်ကို တမန်တော်အဖြစ်ရွေးချယ်တော်မူသောအရှင်နှင့်ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူသူမှာ အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ​ကြောင်း နေမင်းပမာ ထင်ရှားပေါ်လွင်နေ၏။) အာခံဖီဆန် (ပြီး ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်၊ ယုံကြည်မှု၊ အတွေးအခေါ်နှင့်မှန်ကန်သော အပြုအမူတို့မှ လမ်းလွှဲကြ) သူများမှအပ မည်သူကမျှ မယုံကြည် (သွေဖည်ငြင်းဆန်) ကြမည် မဟုတ်ချေ။

[100] ပဋိညာဉ် ကတိဝန်ခံချက်တစ်ခုကို အပြန်အလှန် သဘောတူ ကတိပြုပြီးသည့်အခါတိုင်း သူတို့အနက်မှ အုပ်စုတစ်စုက ယင်းကို ဘေးဖယ်ပစ်ထားကြသည် မဟုတ်လော။ (အမှန်ပင် ကတိချိုးဖောက်ကြပြီး ကျူးလွန် သည့်အပြစ်ကလည်း မသေးလှပေ။) အမှန်မှာ သူတို့အနက်အများစုက (ယုံကြည်လျှင် ကတိအတိုင်း ပြုမူဆောင် ရွက်ရမည်ဖြစ်သည့်အတွက်) မယုံကြည်ကြပေ။

[101] သူတို့၏လက်ဝယ်၌ရှိသည်ကို မှန်၊ မမှန်အတည်ပြုပေးရန် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ရစူလ်တမန်တော်တစ်ပါးသည် သူတို့ထံ ရောက်ရှိလာသည့်အခါတိုင်း ယခင်က ကျမ်းတော်ချမှတ်ပေးအပ်ခြင်း ခံရသော အုပ်စုတစ်စုသည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို သူတို့က မသိကြသကဲ့သို့ သူတို့၏နောက်​ကျော၌ ပစ်ပယ်ထားကြလေ၏။ (သူတို့မျှော်လင့်တောင့်တနေသော နောက်ဆုံးတမန်တော်နှင့်အလ္လာဟ်အရှင်မြတ်ထံတော်မှဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို မသိကျိုးကျွန်ပြုနေကြ၏။)

[102] ထို့ပြင် (သူတို့၏ဘိုးဘေးဘီဘင်များလုပ်သကဲ့သို့) သူတို့က တမန်တော်စုလိုင်မာန်၏အုပ်ချုပ်ရေးလက်ထက်၌ စေတန်မကောင်းဆိုးဝါးတို့က တီထွင်ဖန်တီးထားသော စိတ်ကူးယဉ်စာပေအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။ တမန်တော်စုလိုင်မာန်သည် မည်သည့်အခါမျှ (အရှင့်စည်းမျဉ်းတော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် စေတန်မကောင်းဆိုးဝါးများကသာ မယုံမကြည်၊ ငြင်းဆန်ဖုံးကွယ်ခဲ့ကြ၏။ (တမန်တော်စုလိုင်မာန်သည် အရှင်မြတ်၏အကောင်းဆုံး အစေခံများအနက်မှဖြစ်ပြီး ပယောဂပညာသည် မယုံကြည်မှု တစ်မျိုးသာ ဖြစ်ကြောင်း သူသိခဲ့သည်။) အမှန်မှာ၊ ဘေဘီလုံမြို့၌ ဟာရူသ်နှင့်မာရူသ်မည်သော စေတမန်နှစ်ပါးအပေါ်၌ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသောအရာ (အသိပညာ) ကို (စေတန် မကောင်းဆိုးဝါးများ ဖြစ်ကြသော) သူတို့က (သင်ယူပြီး) လူတို့အား မှော်ဝိဇ္ဇာပယောဂအတတ်ပညာကို သင်ပေးခဲ့ကြသည်။ သူတို့နှစ်ဦး (ဟာရူသ်နှင့်မာရူသ်) သည် (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) “ကျွန်ုပ်တို့သည် စမ်းသပ်မှုအတွက်သာလျှင် ဖြစ်၏။ သို့ဖြစ်ရာ အရှင့်စည်းမျဉ်းတော်များကို မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မပြုကြလေနှင့်။” ဟု (သတိပေး) ပြောခဲ့ခြင်းမရှိဘဲ သင်ပေးလေ့ မရှိခဲ့ကြပေ။ (မကောင်းဆိုးဝါးများဖြစ်သော) သူတို့သည် သူတို့ စေတမန်နှစ်ဦးထံမှ လူတစ်ဦးနှင့်သူ့ဘဝဖော်တို့အား ကွာရှင်းခွဲခွာစေသည့်ပညာကို သင်ယူခဲ့ကြသော်လည်း သူတို့သည် ယင်း (ပညာ) ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ ထိခိုက် နစ်နာစေရန်နှင့်အကျိုးပေးရန် စွမ်းဆောင်နိုင်သူများ မဟုတ်ကြပေ။ ထို့ပြင် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများအနက်မှ တမလွန်ဘဝ၌ အကျိုးမရှိသောအရာကို သူ့အတွက် လဲလှယ်ဝယ်ယူသူ မည် သူမဆိုသည် အလွန်ယုတ်ညံ့ရွံရှာဖွယ်ကောင်းသော လဲလှယ်ရောင်းဝယ်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း သူတို့ အမှန်ပင် သိထားခဲ့ကြပြီ ဖြစ်၏။ သူတို့၏ပြုမူဆောင်ရွက်ချက်များကို သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ်) များအား သူတို့၏အလိုရမ္မက်အတွက်သာ အသုံးချ၍ လဲလှယ်ဝယ်ယူခြင်းဖြစ်ကြောင်း အကယ်၍ သူတို့ သိနားလည်ခဲ့ကြလျှင် ကောင်းလေစွ။

[103] အကယ်၍ သူတို့သည် (အရှင်မြတ်ကို) ယုံကြည်ပြီး အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံ စွာဖြင့်လိုက်နာကျင့်သုံးကြလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ သူတို့အတွက် အကောင်းဆုံး ဆုလဒ်ရှိကြောင်း သူတို့ သိကြပါလေစွ။ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူများအတွက် သူတို့က မတွေ့မမြင်ဖူးသော ဆုလဒ်များရှိနေ၏။)

[104] အို၊ ယုံကြည်သူအပေါင်းတို့၊ “ရာအိနာ”ဟု မပြောဆိုကြလေနှင့်။ (“ကျွန်ုပ်တို့အာရုံစိုက်ကြ၏။” ဆိုသည့် အနက်အဓိပ္ပာယ်ရသော အာရဗီစကားလုံးအား ဒွိဟသံသယဖြစ်စေပြီး တမန်တော်မြတ်၇ကို မထီမဲ့မြင်ပြုရာရောက်သော စကားလုံးဖြင့် အစားတိုးရန် ရှင်းလင်းပြတ်သားပြီး အရိုအသေပေးရာရောက်သည့်စကားလုံး) “အွန် ဇူးရ်နာ” (ကျွန်ုပ်တို့ အာရုံစိုက်ကြပါသည်) ဟုပြော ဆိုသုံးစွဲပြီး နာယူကြလော့။ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် ပြင်းထန်သော နာကျင်ဖွယ်ရာ ပြစ်တင်ရှုံ့ချမှုနှင့်ပြစ်ဒဏ်များ ရှိ၏။

[105] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သင်တို့ထံသို့ အရှင့်ကောင်းမြတ်မှု တစ်စုံတစ်ရာချမှတ်ပေးအပ်ခြင်းခံရသူအား မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) များ၊ ယခင်ကျမ်းရ ပုဂ္ဂိုလ်များအပြင် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍အခြား အရာအား ကိုးကွယ်ကြသူတို့က မလိုလားမနှစ်သက်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်များအရ အလိုရှိတော်မူသောသူကို အရှင့်ကရုဏာတော်အတွက် သီးသန့်ရွေးချယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်ကြီးကျယ်သော ကျေးဇူးတော်နှင့်ရက်ရောမှု အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[106] (ယခင်ကရှိခဲ့သော အမိန့်တော်တစ်ချို့အား ခေတ်ကာလ အခြေအနေပေါ်မူတည်ပြီး ပိုမို၍ လိုက်ဖက်မျှတသော စည်းမျဉ်းတော်များဖြင့် အစားတိုးလျက် ချမှတ်ပေးအပ်တော်မူခြင်းဖြင့် အပြောင်းအလဲလုပ်ခြင်းမှ အမြတ်ထုတ်လို သူအချို့ရှိသော်လည်း အမှန်တရားမှာ) အာယသ်အမိန့်သက်သေလက္ခဏာတော်တစ်ခုကို အလားတူ အာယသ်အမိန့်သက်သေလက္ခဏာတော်တစ်ခုဖြင့် (သို့မဟုတ်) ထိုထက်ကောင်းသော အာယသ်တော်တစ်ခုခုဖြင့် အစားထိုးခြင်းမှအပ မည်သည့်အာယသ်တော်ကိုမျှ ငါအရှင်မြတ် ပယ်ဖျက်တော်မူလေ့ မရှိပေ။ (သို့မဟုတ်) ယင်းကို မေ့လျော့စေတော်မူလေ့မရှိပေ။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်တွင် နိယာမစည်းမျဉ်းဩဇာတော်များဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူကြောင်း သင်တို့ မသိကြလေသလော။

[107] သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှအပ (အခြား) ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူ မည့်သူမျှ မရှိကြောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အား စိုးမိုးအုပ်ချုပ်ခြင်းသည် (ယင်းတို့၏အရှင်သခင် ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မုချပင် ထိုက်ထန်ကြောင်း အသင်တို့ မသိကြလေသလော။

[108] (အရှင်မြတ်က အရှင့်စည်းမျဉ်းတော်များအား ခေတ်နှင့်အညီပြောင်းလဲပေးတော်မူရာ အရှင့်အမြော်အမြင်တော်ကို နားမလည်၍ ယခင်ကျမ်းရပုဂ္ဂိုလ်များထဲမှ မယုံကြည်သူတို့က ပြောင်းလဲမှုကို ထောက်ပြလျှက် မေးခွန်းများကို မေးခဲ့ကြသည်။) ယခင်က တမန်တော်မူဆာအား (“အလ္လာဟ်အရှင်မြတ်ကို မြင်လိုပါ၏။” ဟူသော မေးခွန်းပမာ ထပ်တလဲလဲ နှောင့်ယှက်လိုသည့် ဆန္ဒဖြင့် အဓိပ္ပါယ်မဲ့မေးခွန်းများ) မေးသကဲ့သို့ သင်တို့၏ရစူလ်တမန်တော်ကိုလည်း မေးကြရန် ဆန္ဒရှိကြသလော။ သို့ဖြစ်လျှင် ယုံကြည်မှုကို မယုံကြည်ငြင်းဆန်ဖုံးကွယ်မှုဖြင့် အလဲအလှယ်လုပ်သူ မည်သူမဆိုသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ လွဲချော်၍ လမ်းမှားရောက်ခဲ့သည်မှာ သေချာနေပြီ ဖြစ်၏။

[109] ယခင် ကျမ်းရပုဂ္ဂိုလ်များအနက်မှ အများစုသည် သူတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းထင်ရှားသော အမှန်တရားသစ္စာကို ထုတ်ဖော်ပေးအပ်တော်မူပြီးနောက်၊ သင်တို့၏ယုံကြည်ချက် ပိုမို၍ပင် ခိုင်မာလာသော်လည်း၊ (သူတို့၏နှလုံးသားထဲ၌ တစ်ကိုယ်ကောင်းဆန်သော မနာလိုစိတ်များ အမြစ်တွယ်နေသောကြောင့် သူတို့သည်) သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒနှင့်အညီအသုံးချ၍ မနာလိုဝန်တိုလျက် သင်တို့၏ ယုံကြည်မှုအား နောက်ပြန်လှည့်စေရန် ဆန္ဒရှိကြ၏။ ထိုသို့ ဆန္ဒရှိသော်ငြားလည်း (သူတို့၏မတရားမှုနှင့်ပတ်သက်၍) အရှင့်စီရင်ချက် အမိန့်တော်ကို (သင်တို့ထံ) အလ္လာဟ်အရှင်မြတ်က ရောက်စေတော်မူသည့်အချိန်အထိ သူတို့ကို ဥပေက္ခာပြုလျက် ခွင့်လွှတ်ကြလော့။ (စောဒကတက်၊ ငြင်းခုံဆွေးနွေးခြင်းကို ရှောင်ကြဉ်၍ သည်းခံခွင့်လွှတ်ကြလော့)။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် အရှင့်နိယာမ၊ စည်းမျဉ်း၊ ဩဇာတော်များဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။

[110] ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီမြဲမြံစွာ) ဆောက်တည်ကြလော့။ ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေးကိုလည်း) ပေးကြလော့။ သင်တို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုသုံး၍ သင်တို့လက်ဖြင့်လုပ်လျှက် ကြိုတင်ပို့ထားသည့် ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တွေ့မြင်ရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[111] (ဂျူးနှင့်ခရစ်ယာန်များဖြစ်ကြသော) သူတို့က “မည်သူတစ်ဦးတစ်ယောက်မျှ ဂျူး သို့မဟုတ် ခရစ်ယာန် မဖြစ်ခဲ့လျှင် သုခဘုံထဲသို့ အလျှင်း ဝင်ခွင့်ရလိမ့်မည်မဟုတ်” ဟု ပြောဆိုခဲ့ကြ၏။ ယင်းသည် သူတို့၏ (စိတ်ကြီး ဝင်မောက်မာသော ထင်မြင်ယူဆချက်နှင့်) ဆန္ဒသာဖြစ်၏။ “သင်တို့သည် မှန်ကန်သူများ (ယုံကြည်မှု၊ အပြောအဆိုနှင့်လုပ်ရပ်တို့တွင်ဖြူစင်သူများ) ဖြစ်ကြလျှင် ခိုင်လုံသောသက်သေ အထောက်အထားများအား ထုတ်ပြကြလော့။” ဟု မိန့်လော့။

[112] အမှန်မှာ မည်သူမဆို သူ၏မျက်နှာ (ဦးတည်ချက်၊ ရည်မှန်းချက်၊ တည်ရှိမှုနှင့်ရှင်သန်ရပ်တည်မှုများ) အား အလ္လာဟ်အရှင်မြတ်ထံ နာခံအပ်နှံလျှင် သူသည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်းဆုံးလုပ်ဆောင်သူ) ဖြစ်ပြီး သူ့အတွက် သူအား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ် ရှိနေ၏။ (ထိုသို့ဘဝဆောက်တည်သော) သူတို့အတွက် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်၍) သူတို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ကြပေ။

[113] အုပ်စုနှစ်စုစလုံးသည် ကျမ်းစာများကို ရွတ်ဖတ်ကြသော်လည်း ဂျူးတို့က “ခရစ်ယာန်တို့သည် (အရှင့်ထံ တော်မှရသော) မည်သည့် အခြေခံတရားပေါ်၌မျှ ရပ်တည်ကြသည်မဟုတ် ဟု ပြောဆိုကြပြီး ခရစ်ယာန်တို့က လည်း “ဂျူးတို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ ရပ်တည်ကြသည်မဟုတ်” ဟု ပြောကြ၏။ (တစ်စုကိုတစ်စု “အချည်းနှီးသာ” ဖြစ်ကြောင်း စွပ်စွဲကြသည်)။ သူတို့က ထိုသို့ (အလားတူစွပ်စွဲချက်မျိုးဖြင့် အပြန်အလှန် ပြစ်တင်) ပြောဆိုကြခြင်းသည် (အလ္လာဟ်အရှင်မြတ်ထံမှရထားသော) အသိပညာ မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ငြင်းခုံနေသော ကွဲလွဲချက်နှင့်ပတ်သက်၍ ရှင်ပြန်ထမည့်နေ့၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။

[114] အရှင့်နာမတော်ဂုဏ်တော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရန် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ် မြို့မှုအတွက် (ဆောက်လုပ်ထားသော) ဝတ်ပြုရာဗလီဝတ်ကျောင်းတော်များမှ (ဝတ်ပြုရန်ရောက်လာသူများကို နှင်ထုတ်) တားဆီးပိတ်ပင်ပြီး ယင်း (ဝတ်ကျောင်းတော်) ကို ပြိုကွဲဖျက်ဆီးရန် ရုန်းကန်ကြိုးပမ်းသူတို့ထက် အဘယ်သူက စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သူများ ဖြစ်မည်နည်း။ ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ယင်းဝတ်ကျောင်းတော်များထဲသို့ စိုးရိမ်ကြောင့်ကြသူများအဖြစ်နှင့်သာ ဝင်ကြလိမ့်မည်။ (ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား ဖျက်ဆီးခြင်းသည် အလွန်ရွံ့ရှာဖွယ်ကောင်းပြီး (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ကို ရန်လိုမုန်းတီးခြင်းဖြစ်၍) သူတို့အတွက် ဤလောက၌ သိက္ခာမဲ့မှုနှင့်အရှက်ရစရာများ ရှိရုံသာမက နောင်တမလွန်ဘဝတွင်လည်း ပြစ်တင်ရှုတ်ချမှုများနှင့်ပြစ်ဒဏ်များ ရှိ၏။

[115] (ဆွလာသ်ဝတ်ပြုမှုအတွက် ကမ္ဘာအနှံ့မှ မွတ်စလင်များက တစ်ခုတည်းသော ကအ်ဗဟ်ဝတ်ကျောင်း တော်ဘက်သို့ ရှေးရူဦးတည်သည်ကို ဆင်ခြေပေး၍ အရှင့်ဂုဏ်တော်နာမတော်တို့အား ထုတ်ဖော်တသခြင်းမှ ပိတ်ပင်တားဆီးရန် သူတို့က ကြိုးပမ်းကြ၏။) နေထွက်ရာအရှေ့အရပ်နှင့်နေဝင်ရာအနောက်အရပ်တို့သည် အလ္လာဟ်အရှင်မြတ်က ဖြစ်တည်စေတော်မူသည့် အရှင့်ပိုင်များသာ ဖြစ်၏။ သင်တို့က မည်သည့် အရပ်ဘက်သို့ လှည့်ပြောင်း၍ မျက်နှာမူ ဦးတည်ဖြစ်စေ ယင်း၌ အလ္လာဟ်အရှင်မြတ်၏”မျက်နှာတော်”သာရှိ၏။ (နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေသော မိုးမြေ၊ နေ၊ လ၊ ဂြိုဟ်နက္ခတ်တာရာ သဘာဝနိယာမတရားနှင့် သက်ရှိသက်မဲ့များကို မြင်တွေ့ရပြီး အရှင့်မျက်တော်မှောက်မှ ထွက်သွားနိုင်မည်မဟုတ်ကြောင်းကို “မျက်နှာတော်” ဟု တင်စားခြင်းဖြစ်သည်)။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အရှင့်ကရုဏာတော်ဖြင့် လွှမ်းခြုံထားတော်မူသောအရှင်၊ ခပ်သိမ်းကုန်တို့အား အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[116] (အရှင့် ကိုယ်ပွား၊ အရှင့်ကို တုပြိုင်နိုင်သည့်အရာဟူ၍ လုံးဝမရှိကြောင်း၊ အရှင်မြတ်သည်သာ အနန္တ ဖြစ်ကြောင်း သိပါလျက်) သူတို့က အလ္လာဟ်အရှင်မြတ်၌ သားတော်ရှိကြောင်း လုပ်ကြံဖန်တီး ပြောဆိုကြ၏။ အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းစင်ပြီး အနှိုင်းမဲ့၊ ပြိုင်ဘက်မဲ့၊ ကိုယ်ပွားမဲ့သော အရှင်ဖြစ်တော်မူ၏။ (မျိုးပွားဖြစ်စဉ်ရှိသော သက်ရှိအားလုံးကို ထိုအရှင်မြတ်ကပင် ဖွဲ့စည်းဖြစ်တည်ပျိုးထောင်စေတော်မူ၏)။ ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၌ရှိသော အရာခပ်သိမ်းအားလုံးကို အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ အားလုံးက အရှင့်နိယာမတရားများကို ကျိုးနွံစွာ နာခံနေကြရပြီ။

[117] (အလ္လာဟ်အရှင်မြတ်သည်) ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင် ဖြစ်တော်မူ၏။ (ယင်းတို့ကို ဖြစ်တည်စေခြင်းနှင့်ပတ်သက်၍ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်နိုင်မည့် သက်ရှိသက်မဲ့ဟူ၍ လုံးဝ မရှိပေ) ။ (အရှင်မြတ်က) စီမံချက်တစ်ခုကို စီရင်ပြဌာန်း လိုတော်မူသည့်အခါ “ဖြစ်စေ” ဟု မိန့်တော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာရ၏။

[118] (ဖွဲ့စည်းဖြစ်တည်စေတော်မူသောရှင်နှင့်ဖွဲ့စည်းဖြစ်တည်စေခြင်းခံရသူတို့၏အရည်အသွေးကို ခွဲခြားမသိ မြင်ကြသော) ပညာမဲ့များက “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် စကား မပြောပါသနည်း။ သို့တည်းမဟုတ် ကျွန်ုပ်တို့အား ထင်ရှားသော သက်သေလက္ခဏာတစ်ခုခုကို အဘယ်ကြောင့် ပေးအပ်တော် မမူသနည်း။” ဟု တောင်းဆိုမေးမြန်းခဲ့ကြသည်။ သူတို့ခေတ်မတိုင်မီ ရှိခဲ့ကြသောသူတို့ကလည်း ထိုနည်းအတိုင်းပင် မေးမြန်းခဲ့ကြသည်။ သူတို့၏အပြောအဆိုနှင့်နှလုံးသားများမှာ အတူတူပင် ဖြစ်၏။ (သူတို့သည် လူမှုဆက်ဆံ ရေး၌ မောက်မာပြီး လူသားဆန်မှုကင်းမဲ့ရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်ကို ဖီဆန်ရာ၌လည်း အတူအတူပင် ဖြစ်လေသည်)။ သို့ဖြစ်သော်ငြားလည်း ငါအရှင်မြတ်သည် စိတ်ရင်းဖြူစင်စွာဖြင့် ယုံကြည်ကြသည့် လူမျိုးများအတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ထင်ရှားမြင်သာစွာ ရှင်းလင်း ဖော်ပြထားတော်မူပြီး ဖြစ်၏။

[119] (သူတို့၏မမှန်မကန်သော ကြွေးကြော်မှုနှင့်စပ်လျဉ်း၍ ဝမ်းနည်းစရာမလိုပေ။) မုချဧကန်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်မုဟမ္မဒ်) ကို အမှန်တရားသစ္စာနှင့်အတူ သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူ၏။ မီးရှိန်ပြင်းသည့်ငရဲဘုံ၏အဖော်များနှင့်စပ်လျဉ်း၍ အသင်မေးမြန်း စစ်ကြောခြင်းခံရမည် အလျှင်း မဟုတ်ပေ။ (ယုံကြည်သူတို့သာ ပေါက်မြောက်အောင်မြင်မည့်အကြောင်း သတင်းကောင်းပါးခြင်းနှင့်မယုံကြည်သူ၊ အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သူတို့အတွက် ဆိုးသွမ်းသော အကျိုးဆက်ရှိကြောင်း သတိပေးနှိုးဆော်ရန်သာ တာဝန်ရှိပြီး မယုံကြည်သူတို့အတွက် စိုးရိမ်ပူပင်စရာမလိုပေ။)

[120] သူတို့၏ဘာသာအယူဝါဒကို အသင် မလိုက်နာသရွေ့ ဂျူးနှင့်ခရစ်ယာန်တို့အား နှစ်သိမ့်ကျေနပ်စေနိုင်မည် အလျဉ်း မဟုတ်ပေ။ “အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်မှုသာလျှင် စစ်မှန်သောလမ်းညွှန်မှု ဖြစ်၏။”ဟု ဟောလော့။ အသင့်ထံ အသိပညာ (ကုရ်အာန်) ရောက်ရှိပြီးမှ သူတို့၏စိတ်အလိုဆန္ဒများ အတိုင်းလိုက်နာလျှင် အသင့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။

[121] ငါအရှင်မြတ်က ကျမ်းပေးအပ်တော်မူသောသူများသည် ယင်းကို (စိတ်ရင်းစေတနာဖြူစင်စွာ) မှန်မှန်ကန်ကန် ဖတ်သင့်ဖတ်ထိုက်သည့်ပုံစံဖြင့် ဖတ်ရွတ်လျှင် သူတို့သည် ယင်းကို ယုံကြည်ကျင့်သုံးကြမည်။ မည်သူမဆို ယင်းကို မယုံကြည်ငြင်းဆန်ဖုံးကွယ်လျှင် ထိုသူတို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြ၏။ (မယုံကြည်သူသည် လောကီနှင့်တမလွန် နှစ်ဘဝစလုံး၌ ဆုံးရှုံးနစ်နာမည်။)

[122] အို၊ အစ္စရေးမျိုးနွယ်ဝင်တို့၊ သင်တို့အား ငါအရှင်မြတ်က ဂုဏ်ပေးချီးမြှောက်သည့် ကျေးဇူးတော်များကို သတိရကြလော့။ ငါအရှင်သည် သင်တို့ကို လောကအားလုံး (လူအားလုံး) ထက်ပင် သိက္ခာပေး မြင့်တင်ခဲ့၏။

[123] (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေးနှင့်အစွမ်းအစများ ပေးအပ်ခြင်းခံရသော မည်သည့် လူ့မျိုးရိုး ဗီဇကမျှ သို့မဟုတ်) မည်သူတစ်ဦးတစ်ယောက်ကိုမျှ အခြားသူတစ်ယောက်အတွက် စိုးစဉ်းမျှ အကျိုးမပေးသော (လူတိုင်းက မိမိတို့၏ကယ်တင်ရေးအတွက်အာရုံစိုက်ပြီး မည်သူတစ်ဦးတစ်ယောက်၏လိုအပ်ချက်ကိုမျှ ဖြည့် ဆည်း မပေးနိုင်သော) ကိုယ်စားအသနားခံပေးခြင်းကို လက်မခံသော (လောကီ၌ရသော်လည်း ထိုနေ့တွင် အရှင့် ခွင့်ပြု ချက်မရှိဘဲ မရနိုင်သော)၊ အလျော်အစားကို လက်မခံသော၊ ကူညီစောင်မမှုခံရမည် မဟုတ်သော ထို (ရှင် ပြန်ထမြောက်ရမည့်) နေ့ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။ (ထိုသို့လိုက်နာခြင်းဖြင့် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် ရုန်းကန်ကြလော့။)

[124] (အို၊ သင်တို့က တမန်တော်မြတ်ကို ယုံကြည်ပြီး ကိုယ်တော်၏လမ်းစဉ်အတိုင်း လိုက်နာရန် ငြင်းဆန်ခြင်း သည် တမန်တော်မြတ်က သင်တို့အနက်မှ တစ်ဦးမဟုတ်သောကြောင့်ပင် ဖြစ်ပေ၏။ သင်တို့အနက်မှဖြစ်သော အီဗ်ရာဟီးမ်၏တမန်တော်ဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သင်တို့၏ဆန္ဒသည်ကား မည်သို့နည်း။) တမန်တော်အီဗ်ရာဟီးမ်ကို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အမိန့်တော်များဖြင့် စမ်းသပ်တော်မူသည့်အခါ (တမန်တော်) အီဗ်ရာဟီးမ်းက ယင်းတို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ အရှင်မြတ် က “ငါအရှင်မြတ်သည် သင့်အား လူသားတို့၏အီမာမ် (ရှေ့ဆောင်ဦးစီးခေါင်းဆောင်) အဖြစ် ခန့်အပ်တော်မူ ခဲ့ပြီ။” ဟု မိန့်ဆိုသော် (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်တော်၏သားစဉ်မြေးဆက်များကိုလည်း (ရှေ့ဆောင်များ၊ ဦးစီးခေါင်းဆောင်များအဖြစ် ဖြစ်စေတော်မူပါ။)” ဟု လျှောက်တင်ခဲ့၏။ အရှင်မြတ်က “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ကတိတော်နှင့်အလှမ်းဝေး၏။” ဟု မိန့် တော်မူ၏။ (ကတိတော်၌ သူတို့မပါဝင်သည့်အတွက် ငါအရှင်မြတ်၏ဂုဏ်ပေးမှုသည် သူတို့အထိ ရောက်မည် မဟုတ်ပေ။)

[125] ငါအရှင်မြတ်သည် အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်) အား လူသားတို့အတွက် သွားရောက်ဆုံဆည်းရာဌာနနှင့်ဘေးကင်းလုံခြုံသော ခိုကိုးရာအဖြစ် စီမံဖြစ်စေတော်မူပြီး (သင်တို့က) “အီဗ်ရာဟီးမ်၏ရပ်တည်ရာစခန်းကို ဆွလာသ်ဝတ်ပြုရာနေရာအဖြစ် မှတ်ယူသတ်မှတ်ကြလော့။” (ဟု မိန့်တော်မူခဲ့၏)။ ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့အား ငါအရှင်မြတ်၏အိမ်တော်ကို တဝါဖ်လှည့်လည်၍ ဝတ်ပြုသူများ၊ အိအ်တိကာဖ်တရားထိုင်သူများ၊ (ဝတ်ပြုစဉ်) ဦးညွတ်သူများနှင့်ဦးချသူများအတွက် သန့်စင်စေကြလော့။” ဟု တာဝန်အဖြစ် ပြဌာန်းတော်မူ၏။

[126] (ထို့ပြင် သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤမြို့ဤဒေသကို ဘေးကင်းလုံခြုံရာဒေသအဖြစ် စီမံဖြစ်စေတော်မူပါ။ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ကို ယုံကြည်သူဟူသမျှ (မည်သူမဆို) အား သီးနှံရိက္ခာများ ထောက်ပံ့ကျွေးမွေးတော်မူပါ။” ဟု ဆုတောင်းလျှောက်တင်စဉ် ငါအရှင်မြတ်က (ယုံကြည်သူများ သာမက) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကိုလည်း (ဤလောကီအတွက်) အနည်းငယ် ထောက်ပံ့ပေး၍ ခံစားစေတော်မူပြီးနောက် ပြစ်ဒဏ်ဆိုင်ရာငရဲမီးထဲသို့ မောင်းနှင်တွန်းပို့တော်မူလိမ့်မည်။ ထိုပန်းတိုင်သည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှပေတကား။” ဟု မိန့်တော်မူ၏။

[127] (တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့က အိမ်တော်၏အခြေခံအုတ်မြစ်ကို ဆောက်တည်၍ မြှင့် တင်နေစဉ် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ဤကောင်းမှုကို သဘောတူ လက်ခံတော်မူပါ၊ ဧကန်မုချ၊ အသင် (အရှင်မြတ်သည်) သာ အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။” (ဟု ဆုတောင်းခဲ့ကြသည်။)

[128] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ကို အရှင့်ထံတော်၌ မွတ်စလင် (ခေါ် ကိုယ်စိတ်ဆန္ဒနှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံသူ) နှစ်ဦးအဖြစ် ဖြစ်စေတော်မူပါ၊ ကျွန်ုပ်တို့၏သားစဉ်မြေးဆက်မှလည်း အရှင့်ထံတော်၌ (အရှင်မြတ်က လက်ခံတော်မူဖွယ်ရာ) မွတ်စလင်လူထု အသိုင်းအဝိုင်းတစ်ခု ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့၏စိတ်ဆန္ဒကို အရှင့်ထံ နာခံအပ်နှံလျက် အရှင့်ဘက်သို့ လှည့်ထားပြီဖြစ်၍) အရှင့်ကရုဏာတော်ကိုလည်း ကျွန်ုပ်တို့ဘက်လှည့်စေတော်မူပါ။ မုချဧကန်၊ အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ခြင်းကို လက်ခံတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[129] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့ (၏သား စဉ်မြေးဆက်များ) အနက်မှ အာယသ် အရှင့်အမိန့်ပညတ်ချက်ဆိုင်ရာသက်သေလက္ခဏာတော်များကို သူတို့ (၏နောင်လာနောင်သားများ) အား ဖတ်ပြရန်၊ ကျမ်းတော်နှင့် (ဓမ္မသတ်၏အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်အားဖြင့် သွန်သင်ညွှန်ကြားပေးရန်နှင့်သူတို့ကို (မယုံကြည်မှုနှင့်မကောင်းမှုဟူသမျှမှ) သန့်ရှင်းစင်ကြည်စေမည့် ရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်စေတော်မူပါ။ မုချဧကန်၊ အရှင်မြတ်သည် အနန္တတန်ခိုးအာနုဘော်နှင့်ပြည့်စုံ တော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာတွင် ဉာဏ်အမြော်အမြင်အနန္တနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[130] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒနှင့်အညီအသုံးချ၍ မိမိကိုယ်ကို ငတုံးငအကဲ့သို့ လှည့်စားသူမှအပ အဘယ်သူက တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်မှ လှည့်ပြောင်း တိမ်းရှောင်သွားမည်နည်း။ ငါအရှင်မြတ်သည် သူ့ကို ငါအရှင်မြတ်၏ရင်းနှီးသော “မိတ်ဆွေအီဗ်ရာဟီးမ်” ဟု တင်စားခေါ်ဆို၍) ဤလောက ၌ ဖြူစင်ထူးကဲသူအဖြစ် ရွေးချယ်တော်မူခဲ့ပြီး နောင်တမလွန်၌လည်း ဖြောင့်မတ်မှန်ကန်သူများ၏စာရင်းဝင် တစ်ဦး ဧကန်မုချပင် ဖြစ်စေတော်မူလိမ့်မည်။

[131] သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ဖြစ်သူငါအရှင်မြတ်) က သူ့ကို “(သင့်စိတ်အလိုဆန္ဒကို ငါအရှင်ထံ) နာခံအပ်နှံလော့။”ဟု မိန့်တော်မူသောအခါ သူက “ကျွန်ုပ်သည် လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်အား ဖြူစင်စွာ ယုံကြည်ကိုးကွယ်လျှက် ကျွန်ုပ်၏ကိုယ်စိတ်နှလုံးတို့ကို) အရှင်မြတ်ထံ နာခံအပ်နှံပါ၏။” ဟု လျှောက်ထားခဲ့၏။ (အစ္စလာမ်၏အဓိပ္ပါယ်မှာ စိတ်အလိုဆန္ဒကို အရှင်မြတ်ထံ နာခံအပ်နှံခြင်းနှင့်လောကခပ်သိမ်းကို ငြိမ်းချမ်းသာယာစေခြင်းဟု အဓိပ္ပါယ်ရ၏။)

[132] တမန်တော် အီဗ်ရာဟီးမ်သည် ယင်း (စိတ်အလိုဆန္ဒအား အရှင့်ထံ နာခံအပ်နှံသည့် အစဉ်အလာ) ကို သူ့သား စဉ်မြေးဆက်တို့အား (လက်ဆင့်ကမ်းလွှဲပြောင်းပေး၍) သွန်သင်လမ်းညွှန်ခဲ့ပြီး (သူ့မြေးတော်စပ်သူ) (တမန် တော်) ယာကုဗ်ကလည်း “အို၊ ကျွန်ုပ်၏သားမြေးတို့၊ (ယုံကြည်မှုနှင့်ဘဝတည်ဆောက်ရေးဆိုင်ရာ လမ်းစဉ်များ အနက်မှ) မုချဧကန်၊ ဤ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကိုသာ အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် (စစ်မှန်သော ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ၊ (သင်တို့၏စိတ်အလိုဆန္ဒကို အရှင့်ထံ နာခံအပ်နှံကြလော့။ အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားမည်သည့်လမ်းစဉ်ကိုမျှ မလိုက်ကြလေနှင့်။ သို့မှသာ မွတ်စလင် ဖြစ်ကြမည်။) သင်တို့က မွတ်စလင် မဖြစ်သေးသရွေ့ တမလွန်ဘဝသို့ မကူးပြောင်း သင့်ပေ။ (စိတ်အလိုဆန္ဒကို အရှင့်ထံ နာခံ အပ်နှံ၍ အခြားသူတို့အား မိမိ၏လက်နှင့်နှုတ်လျှာတို့ဖြင့် ငြိမ်းချမ်းမှုနှင့်လုံခြုံမှု ပေးသူသည်သာလျှင် “စစ်မှန်သော မွတ်စလင်” ဖြစ်သည်။)

[133] သို့တည်းမဟုတ် (တမန်တော်ယာကုဗ်၏မျိုးဆက်မှဖြစ်သော) သင်တို့ (ဂျူးများ) သည် (တမန်တော်) ယာကုဗ်ဘဝ၏နောက်ဆုံးခရီး (ကွယ်လွန်ခါနီး၌ သင်တို့အား ဆုံးမခဲ့သည်) ကို မျက်မြင်တွေ့ခဲ့ကြပြီ ဖြစ်၏။ ထိုစဉ် သူက သားမြေးတို့အား “ကျွန်ုပ် မရှိသည့်နောက်ပိုင်းတွင် သင်တို့က မည်သည့်အရာကို ကိုးကွယ်ကြမည် နည်း။” ဟု မေးသော် သူတို့က “ကျွန်ုပ်တို့သည် သင့်အရှင်သခင်နှင့်သင့်ဘိုးဘေးများဖြစ်ကြသော (တမန်တော်) အီဗ်ရာဟီးမ်၊ အစ္စမာအီလ်၊ အီစ္စဟာက်တို့၏အရှင်သခင်၊ တစ်ဆူတည်းတည်ရှိတော်မူသော အရှင်မြတ်ကိုသာ ကိုး ကွယ်ကြပါမည်။ ကျွန်ုပ်တို့သည် ထိုအရှင်ထံ နာခံအပ်နှံကြသော မွတ်စလင်များ ဖြစ်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။

[134] ထိုလူ့ဘောင်အုပ်စုအသိုင်းအဝိုင်းသည် (ကွယ်လွန်) ကျော်လွှားသွားခဲ့လေပြီ။ သူတို့ပြုမူလုပ်ဆောင် ကျင့်ကြံ၍ ရယူပိုင်ဆိုင်ခဲ့သမျှသည် သူတို့အတွက်ဖြစ်ပြီး သင်တို့ပြုမူလုပ်ဆောင်ကျင့်ကြံ၍ ရယူပိုင်ဆိုင်သမျှသည် သင်တို့အတွက်ပင် ဖြစ်၏။ သူတို့ပြုမူလုပ်ဆောင်ကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သင်တို့က စစ်ဆေးမေးမြန်း (ခြင်း၊ အရေးယူခြင်း) ခံကြရမည် မဟုတ်ပေ။

[135] (ဂျူးလူမျိုးဖြစ်သော) သူတို့က လမ်းညွှန်မှန်ရလိုလျှင် “ဂျူးဖြစ်ကြလော့။” သို့တည်းမဟုတ် (ခရစ်ယာန် တို့က) “ခရစ်ယာန်ဖြစ်ကြလော့။” ဟု ပြောဆိုခဲ့ကြသည်။ (တမန်တော်) “အီဗ်ရာဟီးမ်၏ဘာသာရေးလမ်းစဉ်သာလျှင် အမှန်ပင် ဖြူစင်ဖြောင့်မတ်သောလမ်းစဉ် ဖြစ်ကြောင်းနှင့်သူသည် တစ်ပါးတည်းသော အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ကိုးကွယ်ကြသူတို့အနက်မှ မဟုတ်ကြောင်းကို” ဟောပြောလော့။

[136] (အို၊ မွတ်စလင်တို့၊ အစ္စလာမ့်ဘောင်အတွင်းသို့ အပြည့်အဝ ဝင်လိုလျှင်) “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (နှင့်အလ္လာဟ်အရှင်မြတ်ထံတော်မှ) ကျွန်ုပ်တို့ထံ ထုတ်ပြန်ချမှတ်ပေးအပ်ခံရသောအရာ (ကုရ်အာန်၊ တမန်တော်) အီဗ်ရာဟီမ်၊ အစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ် တို့အပေါ်နှင့်အခြားလူမျိုးစုများထံသို့ စေလွှတ်တော်မူခဲ့သောတမန်တော်တို့အပေါ်တွင် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းဂန်) များ၊ (တမန်တော်) မူဆာ နှင့်အီစာတို့အပေါ်တွင် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံသောအရာ (ကျမ်းဂန်) များ၊ သူတို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံမှ အခြားနဗီတမန်တော်များအပေါ် ထုတ်ပြန်ချမှတ် ပေးအပ်တော်မူသောအရာ (ကျမ်းငယ်များအားလုံး) ကို ယုံကြည်ကြပါပြီ။ သူတို့ (အားလုံးသည် အရှင့်တမန် တော်များဖြစ်ကြောင်းကိုလည်း ဖြူစင်စွာ ယုံကြည်ပြီး သူတို့အချင်းချင်း) ကြားဝယ် တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု လုံးဝ မပြုကြပါ။ ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များ ဖြစ်ကြပါသည်။” ဟု ကြွေးကြော်ကြေညာကြလော့။

[137] သူတို့သည် ယင်း (ကျမ်းမြတ်ကုရ်အာန်) ကို သင်တို့ယုံကြည်သကဲ့သို့ပင် ယုံကြည်ကြလျှင် မုချဧကန် သူတို့သည်လည်း တရားလမ်းမှန် ညွှန်ပြတော်မူခြင်းခံရလိမ့်မည်။ အကယ်၍ သူတို့သည် ကျောခိုင်း၍ လှည့်သွားကြလျှင် သူတို့သည် သဘောထားကွဲစေသည့် ဂိုဏ်းခွဲမှု၌သာ ရှိကြမည်၊ (ဂိုဏ်းခွဲသူများသာ ဖြစ်ကြလိမ့်မည်။ သူတို့ ကျမ်းတော်ကို လက်မခံသည့်အတွက်ဝမ်းနည်းစရာမလိုပေ) ။ သူတို့နှင့်ရင်ဆိုင်ရာတွင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ လုံလောက်တော်မူ၏။ ထိုအရှင်မြတ်သာလျှင် အလုံးစုံကို ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[138] (အို၊ မွတ်စလင်တို့၊ ကျမ်းတော်၌ တင်ပြတော်မူသည့်အတိုင်း အရှင့်အမိန့်ပညတ်များကို စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် နာခံလိုက်နာခြင်းဖြင့်) “အလ္လာဟ်အရှင်မြတ်၏အရောင် (ကိုသာ ဆိုးခြယ်ကြလော့။) အလ္လာဟ်အ ရှင်မြတ်ထက် ပိုမိုကောင်းမွန်သော အရောင်ခြယ်မှုကို ပြုနိုင်သူ မည်သူရှိအံ့နည်း။ ကျွန်ုပ်တို့သည် တစ်ပါးတည်း တည်ရှိတော်မူသောအရှင်မြတ်ကို (ကျိုးနွံစွာနာခံကိုးကွယ်နေကြသော) အစေခံများ ဖြစ်ကြသည်။” (ဟု ကြွေးကြော်လော့)။ (စကြဝဠာများနှင်အရာခပ်သိမ်းအားလုံးကို အရှင်မြတ်က ကြည်နူးဖွယ်ကောင်းအောင်၊ တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်အောင် လိုအပ်သည့် အရည်အသွေးများနှင့်အညီ မျှတလိုက်ဖက်စွာ ချိန်ညှိလျှက် အရောင်ခြယ်ထားတော်မူ၏။ လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူ့ဘဝတည်ဆောက် ရေးစနစ်ကိုလည်း အလ္လာဟ်အရှင်မြတ်ညွှန်ပြတော်မူသည့် အမိန့်တော်ဆိုင်ရာ အရောင်များနှင့်အညီ ခြယ်မှုန်း ခြင်းဖြင့်သာလျှင် အရှင့်သဘာဝတရား၌ အရာခပ်သိမ်းတို့သည် သဟဇာတဖြစ်သကဲ့သို့ လူသားတို့၏ဘဝသည်လည်း သာယာလှပပြီး ကြည်နူးဖွယ်ရာ ကောင်းပေလိမ့်မည်။)

[139] “ကျွန်ုပ်တို့နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဖြစ်သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ (အရှင်မြတ်ထံတော်၌ ဂျူးနှင့်ခရစ်ယာန်တို့အတွက် သုခဘုံ ရှိဟန်ဖြင့်) ကျွန်ုပ်တို့နှင့်အခြေအတင် ပြောဆိုငြင်းခုံကြလေသလော။ (ထိုအရှင်က ကျွန်ုပ်တို့အား အမိန့်တော်များ ညွှန်ကြားတော်မူသည့်အတိုင်းပင် သင်တို့ကိုလည်း ညွှန်ကြားခဲ့ပြီး ယင်းတို့ကို ယုံကြည်ရန်နှင့်လိုက်နာရန် မိန့်တော်မူခဲ့၏။ သို့သော် သင်တို့သည်သာလျှင် အားလုံးထက် မြင့်မြတ်ကြောင်းကို တစိုက်မတ်မတ် ကြွေးကြော်နေသည့်အတွက် ကျွန်ုပ်တို့ ပြောလိုသည်မှာ) ကျွန်ုပ်တို့၏ပြုမူကျင့်ကြံလုပ်ဆောင်မှုအတွက်သာ ကျွန်ုပ်တို့တွင် တာဝန်ရှိပြီး သင်တို့ ၏ပြုမူကျင့်ကြံလုပ်ဆောင်မှုများအတွက်သာ သင်တို့မှာ တာဝန်ရှိ၏။ ကျွန်ုပ်တို့သည် ထိုအရှင် (၏ကျေနပ်နှစ် သက်မှုရရန်) အတွက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ပြုမူကျင့်ကြံလုပ်ဆောင်သူများ ဖြစ်ကြသည်။” ဟု အသိပေး ကြေညာလော့။

[140] သို့တည်းမဟုတ် (တမန်တော်) “အီးဗ်ရာဟီးမ်၊ အစ္စမာအီးလ်၊ အစ္စဟာ့က်၊ ယအ်ကူဗ်နှင့်လူမျိုးစုများထံ စေ လွှတ်တော်မူသော တမန်တော်များသည် ဂျူး၊ သို့မဟုတ် ခရစ်ယာန်များ၊ ဖြစ်ခဲ့ကြသည်။”ဟု အခိုင်အမာ ပြောဆို ကြလေသလော။ “သင်တို့သည် ပိုမို၍ သိကြမည်လော့။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အသိဆုံး ဖြစ်သလော)။” ဟု မေးမြန်းကြလော့။ “သူနှင့်အတူရှိပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ (ဖြစ်ပြီး ထင်ရှားပေါ်လွင်သောကြောင့် မည်သူမျှ မည်သည့်အခါမျှ ဖုံးဖိထားနိုင်မည် မဟုတ်သော အရှင့်) သက်သေတော်တစ်ခုအား ထိမ်ချန်ဖုံးဖိထားသူထက် “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်လုပ်သူ” မည်သူဖြစ်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို သတိမမူ၊ မေ့လျော့ထားတော်မူသည်လည်း မဟုတ်ပေ။

[141] ထိုလူ့အသိုင်းအဝိုင်းရှိ အုပ်စုတစ်စုသည် (ကွယ်လွန်သေဆုံး) ကျော်လွှားသွားခဲ့လေပြီ။ သူတို့ပြုမူလုပ်ဆောင်ကျင့်ကြံ၍ ရယူပိုင်ဆိုင်ခဲ့သမျှသည် သူတို့အတွက်သာဖြစ်ပြီး သင်တို့ပြုမူလုပ်ဆောင်ကျင့်ကြံ၍ ရယူပိုင်ဆိုင်သမျှသည် သင်တို့အတွက်ပင် ဖြစ်၏။ သူတို့ ပြုမူလုပ်ဆောင်ကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သင်တို့သည် စစ် ဆေးမေးမြန်းခြင်း (အရေးယူခြင်း) ခံကြရမည် မဟုတ်ပေ။

[142] လူတို့အနက်မှ (အယောင်ဆောင်) ငတုံးငအ လူ့ဗာလတို့က “အဘယ်အရာက သူတို့အား ယခင်ကရှိခဲ့ သော သူတို့၏ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို လှည့်ပြောင်းစေသနည်း။” ဟု မကြာခင် မေးကြလိမ့်မည်။ “နေထွက်ရာအရှေ့အရပ်နှင့်နေဝင်ရာအနောက်အရပ်တို့သည် အလ္လာဟ်အရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသည့် အရှင့်ပိုင်များသာဖြ​စ်၏။ (အရှင်မြတ်မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ ပြောင်းခဲ့၏)”ဟု (အသင် တမန်တော်) အသိပေးဖြေကြားလော့။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူသော သူကိုသာ (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်အား ညွှန်ပြတော်မူ၏။

[143] (အို၊ တမန်တော်မုဟမ္မဒ်၏နောက်လိုက်အသိုင်းအဝိုင်းတို့၊ အခြားလူတို့က ဖြောင့်မတ်မှန်ကန်သောလမ်း စဉ်မှ လွှဲချော်၍ အခြားကွဲပြားခြားနားသောလမ်းစဉ်များနောက်ကို လိုက်ခြင်းဖြင့် ယုံကြည်မှုနှင့်အတွေးအခေါ်တို့ တွင် အစွန်းရောက်မှုဘက်သို့ ယိမ်းယိုင်နေချိန်တွင်) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (အရှင့်အမြင့်မြတ်ဆုံး) ရစူလ်တမန်တော်တစ်ပါးအား (အရှင့်အမိန့်တော်များကို လက်တွေ့ကျင့်သုံးပြ၍) သင်တို့အတွက် သက်သေ ဖြစ်စေတော်မူပြီး သင်တို့က တစ်ဖန် လူသားထုတစ်ရပ်လုံးအပေါ် (အရှင့်အမိန့်တော်များကို တမန်တော်မြတ်၏ လမ်းစဉ်နှင့်အညီ လိုက်နာပြခြင်းဖြင့် အတုယူဖွယ်စံပြ) သက်သေများဖြစ်နိုင်ရန်အလို့ငှာ သင်တို့အား အလယ်အ လတ်လမ်းစဉ်အတိုင်း ဘဝဆောက်တည်သော လူ့အသိုင်းအဝိုင်းအဖြစ် ဖြစ်စေတော်မူ၏။ ငါအရှင်မြတ်သည် (သူတို့) ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူ ဦးတည်ရာအဖြစ် ယခင်ကရှိခဲ့သော ဦးတည်ရာ (ဗိုလ်တုလ်မုကဒ္ဒီစ်) ကို ဖြစ်စေတော်မူခဲ့ခြင်းမှာ (သူတို့အနက်မှ) မည်သူက ရစူလ်တမန်တော်ကို (တစ်သဝေမတိမ်း ဖြူစင်စွာ) လိုက်နာ ပြီး မည်သူက (သူ့စိတ်အလိုဆန္ဒနောက် လိုက်လျက်) သူ့ခြေဖဝါးပေါ် ရပ်တည်၍ (တမန်တော်၏လမ်းစဉ်အား သူတို့၏လိုအင်ဆန္ဒနှင့်မကိုက်ညီဟုဆိုကာ အကျိုးမရှိသော အခြားလမ်းစဉ်များ၏နောက်သို့ လိုက်ခြင်းဖြင့်) နောက်ပြန်လှည့်သွားမည်ကို ခွဲခြားသိစေခြင်းမှအပ အခြား (မည်သည့်အကြောင်းရင်းမျှ) မရှိပေ။ စင်စစ် (ဤစမ်း သပ်မှုသည်) အလ္လာဟ်အရှင်မြတ်က လမ်းညွှန်တော်မူခဲ့သော (ယုံကြည်မှုခိုင်မြဲသည့်) သူတို့မှအပ (ကျန်လူ အားလုံးတို့ အပေါ်တွင်) အလွန်ကြီးလေးသော ဝန်ထုပ်ကြီး ဖြစ်စေ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ယုံကြည်မှုကို မည်သည့်အခါမျှ အချည်းနှီး၊ အကျိုးမဲ့ ဖြစ်စေတော်မူမည် မဟုတ်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့နှင့်စပ်လျဉ်း၍ အခက်အခဲများအား ဖယ်ရှားပေးတော်မူရာတွင် နူးညံ့သိမ်မွေ့သော၊ အကြင်နာထားတော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[144] (အို၊ ရစူလ်တမန်တော်) သင်သည် သင်၏မျက်နှာကို ကောင်းကင်ယံဘက်သို့ မျက်နှာမူရှေးရှု၍ ငါအရှင်ထံတော်မှ ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို ပြောင်းပေးတော်မူရန် အရှင့်အမိန့်အတွက် မျှော်ကိုးလျက် မကြာမခဏကြည့်နေသည်ကို ငါအရှင်မြတ်သည် မုချပင် တွေ့တော်မူ၏။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သင့်အား ကျေနပ်နှစ်သက်စေမည့် ဦးတည်ရာဘက်သို့ သင့်ကို မျက်နှာမူဦးတည်စေတော်မူလိမ့်မည်။ (ယခုအချိန်မှစ၍) သင်၏မျက်နှာကို အလေးအမြတ်အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာ မူဦးတည်လော့။ (အို၊ ယုံကြည်သူအပေါင်းတို့) သင်တို့က မည်သည့် အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ (ဝတ်ပြုစဉ် မျက်မူဦးတည်ရာကို ယင်း (ဝတ်ကျောင်းတော်) ဘက်သို့ မျက်နှာမူဦးတည်ကြလော့။ မုချဧကန်၊ ကျမ်းစာပေးခံရသူ (ဂျူးနှင့်ခရစ်ယာန်) တို့က ယင်း “(တမန်တော်အား ဆွလာသ်ဝတ်ပြုစဉ် ဦးတည်ရာ လှည့်စေတော်မူခြင်း)” သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံမှ (အမိန့်တော်) အမှန်တရားသစ္စာ ဖြစ်ကြောင်း အမှန်ပင် သိနေကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို သတိမမူ၊ မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

[145] သင်သည် ကျမ်းစာပေးခံရသူတို့၏ရှေ့ဝယ်တွင် ရှိသမျှ အာယာသ်သက်သေလက္ခဏာတော်များကို ယူ ဆောင်တင်ပြခဲ့လျှင်လည်း သူတို့သည် သင်၏မျက်နှာမူဦးတည်ရာကို လိုက်နာကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်သည် သူတို့မျက်နှာမူဦးတည်ရာ၏နောက်လိုက်တစ်ဦးလည်း အလျှင်း မဟုတ်ပေ။ ထိုမျှမက သူတို့သည် လည်း သူတို့အချင်းချင်း တစ်ဦး၏ဦးတည်ရာကို နောက်တစ်ဦးက လိုက်နာသူလည်း မဟုတ်ပေ။ (စိတ်ကူးယဉ် အထင်ဖြင့်သာ သူတို့က ဦးတည်ရာနောက်ကို လိုက်ကြသည်ဟု ယူဆနေကြ၏)။ (အရှင့်ဉာဏ်တော်အနန္တမှ) သင့်ထံသို့ အသိတရား (ကျမ်းတော်) ရောက်စေတော်မူပြီးနောက်တွင်မှ အကယ်၍ သင်သည် သူတို့၏စိတ်အလို ဆန္ဒတပ်မက်မှုများအတိုင်း လိုက်နာခဲ့လျှင် (အကျိုးဆက်အဖြစ်) သင်သည် အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်၍ မတော်မတရား မမှန်မကန် လုပ်သူများအနက်မှပင် မုချ ဖြစ်ခဲ့လိမ့်မည်။

[146] ကျမ်းစာပေးခံရသူတို့သည် သူတို့၏သားမြေးများအား သိကြသကဲ့သို့ ဤ (ကျမ်းတော်ကုန်အာန်အား အရှင်မြတ်က တမန်တော်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူ) သည်ကိုလည်း ကောင်းစွာ သိခဲ့ကြသည်။ (သူတို့၏သားမြေးအရင်းအချာများကို တခြားသူတို့ထက် သူတို့အသိဆုံးဖြစ်သကဲ့သို့ တမန်တော်မြတ်သည်လည်း အရှင်မြတ်ရွေးချယ်တော်မူသည့် တမန်တော်ဖြစ်ကြောင်း၊ ကုရ်အာန်သည် အရှင်မြတ်ထံတော်မှ ချမှတ်ပေးအပ်တော်မူသော လမ်းညွှန်တော်ဖြစ်ကြောင်းနှင့်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာအရပ်ကို အရှင်မြတ်ကိုယ်တိုင် ပြောင်းပေးတော်မူခဲ့ကြောင်းကိုလည်း ကောင်းစွာ သိခဲ့ကြသည်။) သို့သော်လည်း သူတို့အနက်မှ အုပ်စုတစ်စုသည် အမှန်တရားကို သိနေပါလျက် ထိမ်ချန်ဖုံးကွယ်ထားကြသည်။

[147] အမှန်တရားသည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ဖြစ်သောကြောင့် ဒွိဟသံသယမကင်းသူတို့တွင် (သင်လည်းအပါအဝင်) မဖြစ်ကြလေနှင့်။

[148] လူတိုင်းအတွက် သူ၏မျက်နှာမူဦးတည်ရာအရပ် ကိုယ်စီရှိ၏။ (လူတိုင်း၌ သူတို့၏ဘဝခရီးအတွက် ဦး တည်ချက် ပန်းတိုင်ကိုယ်စီရှိကြပြီး ယုံကြည်သူတို့၏ပန်းတိုင်မှာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ညွှန်ကြားတော်မူသည့် လမ်းညွှန်တော်နှင့်အညီသာ ရှိကြ၏။) သို့ဖြစ်ပေရာ ကောင်းမှုအတွက် (သူ့ထက်ငါသာအောင်) အပြိုင်အဆိုင် အပြေးအလွှား ရုန်းကန်ကြိုးပမ်း ကြလော့။ (သင်တို့၏အဓိကပန်းတိုင်မှာ အရှင်မြတ်ညွှန်ကြားသည့်အတိုင်း ကောင်းမှုကုသိုလ်လုပ်၍သာ အရှင့်ထံ ရောက်ရန်ပင် ဖြစ်၏။) သင်တို့သည် မည်သည့်နေရာ၌ ရှိကြသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်က သင်တို့အားလုံးကို (အရှင့်ထံ သို့သာ) စုရုံးရောက်ရှိစေလိမ့်မည်။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အရှင့်နိယာမတရား၊ စည်းမျဉ်းဩဇာတို့ဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။

[149] သင်တို့မည်သည့်နေရာသို့ ထွက်ခွာရောက်ရှိသည် ဖြစ်စေသင်တို့၏မျက်နှာမူရှေ့ရူဉီးတည်ရာကို အလေးအမြတ် အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာမူဦးတည်လျှက် မျက်နှာ လှည့်ကြလော့။ (ယုံကြည်သူတို့သည် သူတို့၏အဓိကပန်းတိုင်ဖြစ်သော အရှင်မြတ်ထံ ကောင်မှုနှင့်အတူ ရောက် ရှိခြင်းကို တစ်နေ့ငါးကြိမ် ဝတ်ပြု၍ အရှင့်ကူညီစောင်မမှုကို ရရှိနိုင်ရန် အသနားခံ လျှောက်တင်ခြင်းဖြင့် ဘဝခရီး နှင်ကြသည်)။ မုချဧကန်၊ ဤသည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ (ရောက်ရှိလာသော) အမှန်တရားသစ္စာပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှမှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

[150] သင်တို့သည် မည်သည့်နေရာသို့ ထွက်ခွာရောက်ရှိသည်ဖြစ်စေ၊ သင်တို့၏မျက်နှာမူရှေ့ရူဦးတည်ရာကို အလေးအမြတ်အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာမူ ဦးတည်လှည့်ကြလော့။ စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန်လုပ်သူများမှအပ လူသားဖြစ်သည့် သင်တို့အပေါ် မည်သည့် ငြင်းချက်မျှ မထုတ်နိုင်ရန်အလို့ငှာ သင်တို့က မည်သည့် အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ (ဝတ်ပြုစဉ် မျက်မူဦးတည်ရာကို) ယင်း (ဝတ်ကျောင်းတော်) ဘက်သို့ မျက်နှာမူဦးတည် လှည့်ကြလော့။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သင်တို့အပေါ်တွင် အရှင့်ကျေးဇူးတော်များဖြင့် ဂုဏ်ပေးချီးမြှောက်ခြင်းအား ပြည့်စုံစေတော်မူရန်နှင့်သင်တို့က တရားလမ်းမှန် ညွှန်ပြတော်မူခြင်းခံရရန်အလို့ငှာ သင်တို့သည် သူတို့ကို မကြောက်ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ စိုးရွံ့ထိတ်လန့်ကြလော့။ (ကမ္ဘာအနှံ့တွင် နေထိုင်သည့် မွတ်စလင်ထုတစ်ရပ်လုံးသည် တစ်ခုတည်းသော ဦးတည်ရာဘက်ကို မျက်နှာမူရှေ့ရှုဦးတည်၍ တစ်နေ့ ငါးကြိမ်ဝတ်ပြုလျှင် ကမ္ဘာ့မိသားစုကြီး အတွက် “စံ” တစ်ခုဖြစ်လာမည်။)

[151] ငါအရှင်မြတ်သည် အာယသ်အရှင့်အမိန့်ပညတ်ချက်ဆိုင်ရာ သက်သေလက္ခဏာတော်များကို သင်တို့အား ဖတ်ပြစေရန်၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်အားဖြင့် သင်တို့ကို သွန်သင်ညွှန်ကြားစေရန်နှင့်သင်တို့ကို (မယုံကြည်မှုနှင့်မကောင်းမှုဟူသမျှမှ) သန့်ရှင်းစင်ကြည်စေရန် သင်တို့အနက်မှ ရစူလ်တမန်တော် တစ်ပါးကို သင်တို့အကျိုးအတွက်သာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်၏။

[152] သို့ဖြစ်ပေရာ (အစဉ်အမြဲ) ငါအရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟကြလော့၊ (အရှင်မြတ်သာ အနှိုင်းမဲ့ ကြီးကျယ်တော်မူကြောင်းနှင့်အရှင်မြတ်ပြဌာန်းတော်မူသည့် စည်းမျဉ်းတော်များသည် လူသားတို့ အကျိုးအတွက်သာ ဖြစ်ကြောင်း ကြွေးကြော်လော့။) ငါအရှင်မြတ်သည် သင်တို့ကိုလည်း သတိရတော်မူလိမ့်မည်။ (အရှင်မြတ်သည် သင်တို့လုပ်နေသော ကောင်းမှုကုသိုလ်များ၏အကြောင်းကို ကောင်းကင်တမန်တို့ရှေ့မှောက်၌ ထုတ်ဖော်တော်မူလိမ့်မည်။) ထို့ပြင် (အရှင့်ကျေးဇူးတော်ကို သိတတ်သူများပီပီ) ငါအရှင်မြတ်ကို ကျေးဇူးတင်ကြလော့။ ကျေးဇူးမကန်းကြလေနှင့်။ (အရှင်မြတ်၏အမိန့်တော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မလုပ်ကြလေနှင့်။

[153] အို၊ ယုံကြည်သူအပေါင်းတို့၊ (ဒုက္ခအခက်အခဲဟူသမျှအတွက် အရှင်မြတ်၏) ကူညီစောင်မမှုကို ကြံ့ခိုင်သည်းခံမှု မြဲမြံခြင်းနှင့်အတူ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ခြင်းဖြင့် ရှာမှီးတောင်းခံကြလော့။

[154] အို၊ ယုံကြည်သူအပေါင်းတို့၊ “အလ္လာဟ်အရှင်မြတ်၏ (အရေးဖြစ်သော ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းမှုနှင့် မတရားမှုပပျောက်ရေး၊ လူတို့၏အသက်အိုးအိမ်ကာကွယ်ရေးနှင့်လူ့အခွင့်အရေးတို့အတွက် ကိုယ်စိတ်နှလုံးအား စွန့်လှူရန် ထွက်ရသည့် အရှင့်) လမ်းတော်၌ လုပ်ကြံသတ်ဖြတ်ခံရသူများကို (လှုပ်ရှားမှု၊ လုပ်ဆောင်မှုရပ် တည့်သွားသည့်) ကွယ်လွန်သေဆုံးသွားသူများဟု မပြောကြလေနှင့်။ အမှန်မှာ (သူတို့သည် သူတို့လုပ်ဆောင်ခဲ့သမျှ၏အကျိုးဆက်ကို ဆက်လက်ရှင်သန်စေလျက်) အသက်ရှင်နေသူများ ဖြစ်ကြသော်လည်း သင်တို့သည် သတိမမူနိုင်ကြပေ။”

[155] ငါအရှင်မြတ်သည် သင်တို့အား ကြောက်ရွံ့မှု၊ ငတ်မွတ်မှု၊ (ဝင်ငွေရှာသည့်နည်းလမ်းများ၊ အစာရိက္ခာဖြစ်သော ကောက်ပဲသီးနှံနှင့်) သစ်သီးဝလံများ ဆုံးရှုံးပျက်စီးမှု ၊ဆွေမျိုးရင်းချာနှင့်အသိုင်းအဝိုင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးနစ်နာမှု စသည်တို့ဖြင့် မုချဧကန် စမ်းသပ်တော်မူမည်ဖြစ်၍ (ထိုသို့ အစမ်းသပ်ခံရသည့်အခါ) ခန္တီသည်းခံကြံခိုင်မှုမြဲမြံသူတို့အား သတင်းကောင်းပါးလော့။

[156] (အဆိုပါသည်းခံကြံ့ခိုင်မှုမြဲမြံသော) ထိုသူတို့သည် (ထိုသို့ပျက်စီးဆုံးရှုံးနစ်နာခံစေသည့်) ဘေးဒုက္ခတစ်စုံ တစ်ခုနှင့်ရင်ဆိုင်ကြုံတွေ့စဉ် “မုချဧကန်၊ ကျွန်ုပ်တို့သည် (အရှင်မြတ်၏အစေခံများဖြစ်သည့်အပြင် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများသည်လည်း အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေခြင်းခံရသည့်အရာများဖြစ်သောကြောင့်) အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပြီး ထိုအရှင်ထံသို့သာ ဦးတည်လှည့်သွားကြရမည့်သူများ ဖြစ်ကြ၏။” ဟု ပြောဆိုကြသည်။

[157] ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ခွင့်လွှတ်မှု၊ မေတ္တာကရုဏာတော်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုစသော) ကောင်းချီးမင်္ဂလာများနှင့် အရှင့်ကရုဏာသက်စေတော်မူပြီး (လောကီနှင့်တမလွန်၌ စိတ်မကူးနိုင်သည့် ကူညီစောင်မမှုများ ရစေမည့်) ထိုသူတို့သည်ပင် လမ်းညွှန်မှန် ညွှန်ပြခြင်းခံရသူများ ဖြစ်ကြ၏။

[158] ဧကန်ပင်၊ ဆွဖာနှင့်မရ်ဝါတို့သည် (အစ္စလာမ်နှင့်မွတ်စလင်ထုအတွက် အရှင်မြတ်သတ်မှတ်ထားသည့်) အလ္လာဟ်အရှင်မြတ်ပိုင် သင်္ကေတအမှတ်အသားများအနက်မှ ဖြစ်၏။ မည်သူမဆို အရှင့်အိမ်တော်သို့ ဟဂျ်ပြုရန် ရောက်သည်ဖြစ်စေ သို့မဟုတ် အွမ်ရဟ်ပြုရန် ရောက်သည်ဖြစ်စေ ယင်း (ဆွဖာနှင့်မရ်ဝါ) တို့အား လှည့်လည် (၍ ယင်းတို့ကြားပြေးလွှား) သွားလာခြင်း၌ သူ့အပေါ်တွင် အပြစ်မထိုက်ပေ။ မည်သူမဆို စိတ်စေတနာအလျှောက် (အရှင်မြတ်နှင့်တမန်တော် မိန့်ကြားသည်ကို လိုက်နာ၍) ကောင်းမှုတစ်ခုအား ဖြူစင်စွာပြုလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိတတ်သူများကို အသိအမှတ်ပြုတော်မူ၍ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[159] ကျမ်းတော် (ကုရ်အာန်) ၌ လူသားတို့အတွက် (တမန်တော်မှတစ်ဆင့် ရှင်းလင်းချက်များကို) ထင်ရှားပြတ် သားစွာ ထုတ်ဖော် တင်ပြစေတော်မူပြီးနောက် ထိုထင်ရှားပြတ်သားသော ရှင်းလင်းချက်များနှင့်လမ်းညွှန်တော်မှ (အာယာသ်သက်သေလက္ခဏာတော်အချို့နှင့်တမန်တော်မြတ်၏အမိန့်ဩဝါဒတော်များကို ငြင်းဆိုလို၍) ငါအရှင် မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော မည်သည့်အရာကိုဖြစ်စေ၊ ထိန်ချန်ဖုံးကွယ်ထားကြသူတို့သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာ၊ အကြင်နာနှင့်ခွင့်လွှတ်တော်မူခြင်းတို့မှ ဝေးကွာစေလျက်) ကျိန် ဆဲခံရသူများဖြစ်ကြရုံသာမက ထိုသူတို့သည် (အခြားသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းနှင့်) ကျိန်ဆဲသူတို့ ၏ကျိန်ဆဲမှုကိုလည်း ခံစားကြရမည့်သူများပင် ဖြစ်ကြ၏။

[160] သို့သော် နောင်တဖြင့် လမ်းမှန်ဘက်သို့ ပြန်လှည့်ကြသူများ၊ (သူတို့၏မူဝါဒလမ်းစဉ်များနှင့်အတွေးအခေါ် အယူအဆများကို ဖြောင့်မှန်စေလျက်ကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်) ပြုပြင်ပြောင်းလဲလာသူများနှင့် (အရှင်မြတ်နှင့်တမန်တော်မြတ်၏ရှင်းလင်းချက်များကို) ပွင့်လင်းဖြူစင်စွာ ထုတ်ဖော်တင်ပြကြသူများသည် (ကျိန်ဆဲမှုတွင်) မပါဝင်ကြချေ။ အကြောင်းမှာ ထိုသို့ (နောင်တဖြင့် လမ်းမှန်ဘက်သို့ လှည့်သည့်အတွက်) ငါအရှင်မြတ်ကလည်း (သူတို့ဘက်သို့ အရှင့်ခွင့်လွှတ်တော်မူမှုနှင့်ကရုဏာသက်တော်မူမှုဖြင့်) လှည့်တော်မူမည်။ မုချဧကန်၊ ငါအရှင်မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်သို့လှည့်ခြင်း (ဖြင့်အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[161] မုချဧကန်၊ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် (သူတို့၏ဖီဆန်ငြင်းပယ်ယ်မှု၌ ဇွဲရှိရှိ မြဲမြံစွာ ရပ်တည်လျှက်) မယုံကြည်သူအဖြစ်ပင် ကွယ်လွန်သွားလျှင် သူတို့သည် မယုံကြည်သူ (နှင့်ဖီဆန်ငြင်းပယ်သူ) များဖြစ်ကြပြီး ထိုသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၊ မလာအီကာစေတမန်များနှင့် လူသားတို့အားလုံး၏ (မေတ္တာ၊ ကရုဏာ၊ အကြင်နာနှင့်ခွင့်လွှတ်ခြင်းတို့မှ ဝေးကွာစေသည့်) ကျိန်ဆဲမှုသာ သက်ရောက်စေတော်မူမည်။

[162] ထို (ကျိန်ဆဲမှု) ၌ပင် ကာလအကန့်အသတ်မဲ့ နေကြရမည်ဖြစ်ပြီး သူတို့၏ပြစ်ဒဏ်နှင့်ပြစ်တင်ရှုတ်ချခံရမှုများကို ပေါ့ပါးလျော့ပေါ့ခြင်း၊ ကင်းလွှတ်ခွင့်ပေးခြင်း ခံကြရမည်မဟုတ်သည့်အပြင် (ပြစ်ဒဏ်ကျခံရမည့် အချိန်နှင့်ပေးခံရမည့်ပြစ်ဒဏ်ကိုလည်း ရွှေ့ဆိုင်းပြောင်းလဲခြင်းမပြုဘဲ ကိုယ်တွေ့ခံစားစေရန်) ဆိုင်းငံ့ခွင့်ရကြလိမ့်မည်လည်း မဟုတ်ချေ။

[163] (သို့ဖြစ်ပါ၍ အရှင့်အမိန့်တော်များနှင့်အမှန်တရားများကို မယုံကြည်ဖီဆန်ငြင်းပယ်ခြင်းမှ ရှောင်ကြဉ်လျှက် သင်တို့ကိုယ်သင်တို့ ကယ်တင်နိုင်ရန် အရှင့်ထံ ခိုလှုံကြလော့၊) ထိုအရှင်မှအပ အခြား မည်သည့်အရာမျှ (အဖြစ် လုံးဝ မရှိကြောင်းကို မြင်သာထင်ရှားစေသည့် သက်သေလက္ခဏာတော်များဖြင့် လမ်းညွှန်တော်မူသော ကြောင့် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာ) အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည်ပင် သင်တို့အား အစဉ် ကရုဏာထားတော်မူသော ကရုဏာရှင်၊ တစ်ဆူတည်းတည်ရှိတော်မူပြီး အားလုံးအပေါ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[164] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၊ နေ့နှင့်ညကို အလှည့်ကျစီ ပြောင်း လဲ ဖြစ်စေတော်မူခြင်း၊ လူသားတို့အား အကျိုးပြုစေတော်မူရန်အလို့ငှာ ရေပေါ်ခုတ်မောင်းသွားလာသော လှေသင်္ဘောများကို ပင်လယ်ရေမျက်နှာပြင်တစ်လျောက်၌ ပြေးလွှားစီးသွား (နိုင်အောင် ရေ၏သိပ်သည်းမှုနှင့် သဟဇတဖြစ်) စေတော်မူခြင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာမြေကြားဝယ် (အရှင်မြတ်က သတ်မှတ်ထားသည့် နိယာမများ၊ စည်းမျဉ်းဘောင်များတည်ရှိစေတော်မူခြင်းဖြင့်) မိုးတိမ်များနှင့်လေများကို (အရှင်မြတ် သတ်မှတ် ထားသည့် လမ်းကြောင်းအတိုင်း) ပြောင်းလဲတိုက်ခတ်စေတော်မူခြင်းနှင့်ကောင်းကင်ယံမှ အလ္လာဟ်အရှင်မြတ်က ရွာသွန်းချစေတော်မူသော မိုးရေဖြင့် မြေသေများ (ခန့်ခြောက်သွားသည့်မြေ၊ မြေရိုင်း၊ မြေဟောင်း၊ မြေသရောင်း များ) ကို ပြန်လည်ရှင်သန်စေတော်မူပြီး ထိုမြေပြင်ပေါ်၌ သွားလာလှုပ်ရှားသည့် သက်ရှိမျိုးစုံကို ပေါက်ပွား ဖွံ့ဖြိုး၊ ပျံ့နှံ့စေတော်မူခြင်းတို့၌ စဉ်းစား၊ ဆင်ခြင်တွေးခေါ်ကြသော လူမျိုးများအတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိ၏။

[165] (ထိုသို့ပင် အရှင်မြတ်က ပြဌာန်းထားတော်မူပြီး “သဘာဝနိယာမ” ဟု လူတို့က အမည်ပေးထားသည့် အရှင့်စည်းမျဉ်းတော်များအတိုင်း မိုး၊ လေ၊ ရေ၊ နေ့ညအပြောင်းအလဲများ ဖြစ်နေသည်ကို နေ့စဉ်ကြုံတွေ့နေရသော်လည်း) လူသားတို့အနက်မှ အချိူ့သည် အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို (အလ္လာဟ်အရှင်မြတ်နှင့်တစ်တန်းတည်းထားလျက်) အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးသကဲ့သို့ပင် ယင်းတို့ကို ချစ်မြတ်နိုးကြ၏။ ယုံကြည်သူတို့သည်ကား (အရာအားလုံးထက်) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် အလွန် ကြည်ဖြူခိုင်မြဲစွာ ချစ်မြတ်နိုးကြသည်။ စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူတို့သည် (နောင်တမလွန်ဘဝ၌) ပြစ်ဒဏ်များကို မျက်ဝါးထင်ထင်တွေ့မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးဩဇာအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌သာလျှင် တည်ရှိတော်မူကြောင်း၊ အလ္လာဟ်အရှင် မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်နိုင်စွမ်းရှိတော်မူကြောင်း မြင်တွေ့ကြလိမ့်မည်။ အကယ်၍ ထိုနေ့မတိုင်မီ (ဤဘဝ၌ပင်) မြင်တွေ့ ခဲ့ကြလျှင် ကောင်းလေစွ။

[166] (တမလွန်တရားစီရင်မည့်နေ့တွင်) မြှောက်စားခံရသော (ကိုးကွယ်ရာ၊ ခေါင်းဆောင်၊ အားကိုးစရာ၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြိုင်ဘက်အဖြစ် အယူထားကိုးကွယ်ခြင်းခံရသော) သူတို့က သူတို့၏နောက်လိုက်တို့အား စွန့်ပစ် ကြလိမ့်မည်၊ ထို့နောက် သူတို့ (အားလုံး) က ပြစ်ဒဏ်များကို (မျက်ဝါးထင်ထင်) တွေ့မြင်ကြလိမ့်မည်။ ထိုစဉ် သူတို့၏ဆက်နွယ်မှုနောင်ကြိုးလည်း ပြတ်တောက်သွားလိမ့်မည်။

[167] ထို့နောက်၊ ယင်းနောက်လိုက်တပည့်များက “အကယ်၍သာ ကျွန်ုပ်တို့သည် (လောကီကမ္ဘာသို့) နောက်တစ်ကြိမ် ပြန်ခွင့်ရခဲ့ကြလျှင် ကျွန်ုပ်တို့အား စွန့်ပစ်သွားကြသကဲ့သို့ ကျွန်ုပ်တို့လည်း သူတို့ကို စွန့်ပစ်ကြမည်။”ဟု ပြောဆိုကြမည်။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နောင်တရ ကြေကွဲဖွယ်ရာ ပြုမူကျင့်ကြံလုပ် ဆောင်သမျှကို သူတို့အားပြသ (၍ မြင်တွေ့စေ) တော်မူမည်။ သူတို့သည် ငရဲမီးတွင်းမှ မည်သည့်အခါမှ ထွက်ကြရမည့်သူများ မဟုတ်ကြပေ။

[168] အို၊ လူသားအပေါင်းတို့၊ သင်တို့သည် (သင်တို့အား ကမ္ဘာဂြိုဟ်ပေါ်နေခွင့်ပေးတော်မူသည့် အရှင်မြတ်၏အမိန့်ညွှန်ကြားချက်များကို အသေအချာ စူးစမ်းလေ့လာဆည်းပူး၍) ကမ္ဘာမြေပေါ်၌ရှိသော အရာများအနက်မှ (ကျန်းမာရေးနှင့်ညီညွတ်ပြီးကောင်းကျိုးပေးရုံသာမက တရားတော်နှင့်လည်းအညီဖြစ်သော) သန့်ရှင်းစင်ကြယ်ရာ (အစားအသောက်များ) ကို စားသုံးကြလော့။ စေတန်မကောင်းဆိုးဝါး၏ခြေရာများနောက်သို့ မလိုက်ကြလေနှင့်။ (မြှောက်စားခံရသူနှင့်နောက်လိုက်တို့ကိုပါ သူက လှည့်စားနေခြင်းဖြစ်၏)။ ဧကန်ပင်၊ သူသည် သင်တို့၏ထင်ရှားသော ရန်သူပင် ဖြစ်သည်။

[169] (အကြောင်းမှာ စေတန်မကောင်းဆိုးဝါးဖြစ်သော) သူသည် သင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သင်တို့ မသိနားမလည်သည်ကို ပြောဆိုစေပြီး မကောင်းမှုဒုစရိုက်များနှင့်ယုတ်ညံ့သော ရှက်ဖွယ်ရာများ (ကို ပြုမူလုပ်ဆောင်ရန်) အတွက်သာ အမိန့်ပေးတိုက်တွန်း နှိုးဆော်လိမ့်မည်။

[170] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သူတို့၏ဖခင်များ (ဖြစ်သောဘိုး၊ဘေး၊ဘီ၊ဘင်များ) က မည်သည့် တစ်စုံတစ်ရာကိုမျှ မတွေးခေါ်၊ မဆင်ခြင်နိုင်ကြသည့်အပြင် လမ်းညွှန်မှန် ရရှိသူများလည်း မဟုတ် (သည်ကို သိနေကြ) သော်ငြားလည်း (စေတန်မကောင်းဆိုးဝါး၏ခြေရာနောက်လိုက်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်ရာကို လိုက်နာကြလော့။” ဟု အပြောခံရသည့်အခါတိုင်း “(ကျွန်ုပ်တို့ မလိုက်နာ နိုင်ပါ၊) အမှန်မှာ ကျွန်ုပ်တို့၏ဖခင်များ (ဖြစ်သောဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်ကြသည့် မိရိုးဖလာလမ်းစဉ်) ၌ တွေ့ခဲ့ရသည့်အတိုင်းသာ လိုက်နာကြပါမည်။” ဟု ဖြေဆိုခဲ့ကြသည်။

[171] မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ဖုံးငြင်းပယ်သူ) ၏ဥပမာသည်ကား ခေါ်သံနှင့်အော်သံမှအပ မည်သည့်အရာကိုမျှ (နားလည်အောင်) မကြားနိုင်သော အော်ဟစ်နေသူနှင့်တူပေ၏။ နားပင်းသူ၊ ဆွံ့အသူနှင့်ကန်းသူများပင် ဖြစ်ကြပြီး သူတို့သည် စဉ်းစားတွေးခေါ်ဆင်ခြင်နိုင်ကြသည် မဟုတ်ကြပေ။

[172] အို၊ ယုံကြည်သူအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်ပေးထားတော်မူသော စားနပ်ရိက္ခာများမှ (ကျန်း မာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံသာမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစားအသောက်များ) ကို စားသုံးကြလော့။ ထို့ပြင် အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ခဝပ်နာခံကိုးကွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးသိတတ်ကြလော့။

[173] အရှင်မြတ်က သင်တို့အတွက် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ သွေး၊ ဝက်သားနှင့်အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်နာမများဖြင့် တိုင်တည်၍ စွန့်လှူလှီးသတ်သော သားကောင်များ ဖြစ်၏။ သို့သော် မည်သူမဆို (လိုအပ်ချက်ကြောင့် သေရေးရှင်ရေးတမျှ) အကျပ်အတည်းနှင့်ကြုံတွေ့နေသူ ဖြစ်၍ (အစားအသောက်နှင့်စပ်လျဉ်း၍ အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းများအား) မနာခံလိုသော ဆန္ဒရှိသူ (သို့မဟုတ် အစားမက်သူ) နှင့်စည်းမျဉ်းတော်များကို ချိုးဖောက်သူ မဟုတ်လျှင် (အသက်ရှင်ရုံမျှ အတွက်သာ ထိုတားမြစ်ထားသောအရာကို စားခြင်း၌) ထိုသူအတွက် အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ် ( လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[174] အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်မှ မည်သည့် (အမှန်တရား နှင့်အမိန့် တော်ဆိုင်ရာ အချက်အလက်၊ အကြာင်း) အရာကိုဖြစ်စေ ထိမ်ချန်ဖုံးကွယ်၍ ယင်းအား (သူတို့၏အကျိုးစီးပွား အတွက်) တန်ဖိုး မဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ကြလျှင် ထိုသူတို့သည် သူတို့၏ဝမ်းဗိုက်ထဲသို့ ငရဲမီးမှအပ အခြားမည်သည့်အရာကိုမျှ စားမျိုကြသည် မဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့ (သူတို့က လွှတ်ငြိမ်းချမ်းသာခွင့်အတွက် ဆန္ဒပြင်းပြချိန်) တွင် သူတို့နှင့်စကားပြောတော်မမူသည့်အပြင် သူတို့ကို သန့် ရှင်းစင်ကြယ်စေတော်မူမည်လည်း မဟုတ်ပေ၊ သူတို့အတွက် ပြင်းထန်သောနာကျင်ဖွယ်ရာ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်လည်း ရှိ၏။

[175] ထိုသူတို့သည် (အမှန်တရားမှလွှဲချော်ပြီး ပြစ်ဒဏ်ထိုက်သော လမ်းစဉ်ဖြစ်သည့်) လမ်းမှားကို လမ်းမှန်ဖြင့်လည်းကောင်း၊ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လည်းကောင်း၊ လဲလှယ်ဝယ်ယူနေကြသောကြောင့် ထိုသူတို့သည် ငရဲမီး၏ဒဏ်ကို မည်သို့မည်ပုံ သည်းခံကြံ့ခိုင်နိုင်စွမ်းရှိကြအံ့နည်း။

[176] ထိုသို့ ပြစ်ဒဏ်ပေးခံရခြင်း၏အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်ကို အမှန်တရား သစ္စာနှင့်တကွ အမှန်ပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူပြီးနောက် သူတို့က (အရှင့်အမိန့်တော် တစ်ချို့ကို ယုံကြည်ပြီး တစ်ချို့ကိုမူ သူတို့၏စိတ်ဆန္ဒအလိုကြောင့် ဖီဆန်ငြင်းပယ်ခြင်းဖြင့် အစွန်းရောက်လျှက် အမှန်တရားမှ) အလွန်ဝေးကွာလှသည့် ဂိုဏ်းဂဏကွဲမှု၌ ရှိနေသောကြောင့်တည်း။

[177] ကောင်းမြတ်သော အကျင့်သီလဟူသည် သူတို့၏မျက်နှာများကို အရှေ့နှင့်အနောက်အရပ်သို့ မျက်နှာမူ၊ ရှေ့ရှုဦးတည် (၍ ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်) ခြင်း မဟုတ်ဘဲ ကောင်းမြတ်သောအကျင့် သီလ (ရှိသူ အစစ်အမှန်တို့) မှာ အလ္လာဟ်အရှင်မြတ်၊ နောက်ဆုံးနေ့၊ မလာအီကာ (စေတမန်များ၊ အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော) ကျမ်းတော်များနှင့်နဗီတမန်တော်များကို (စိတ်ရင်းစေတနာဖြူစင်မြဲမြံ စွာဖြင့်) ယုံကြည်ကြ၍ သူတို့နှစ်သက် မက်မောသော ဥစ္စာဓနများမှ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူများ၊ ခရီးသည်များနှင့် (အဖိနှိပ်ခံ) ကျွန်ဘဝမှ လွတ်မြောက်လိုသူတို့အား ထောက်ပံ့ပေးကမ်းကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ခြင်းနှင့်ဇကာသ် (ခေါ်တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းစွန့်လှူရသော လူမှုဖူလုံကြေးကိုလည်း) ပေးဆောင် ကြရုံသာမက ကတိပြုတိုင်းလည်း သူတို့၏ကတိဝန်ခံချက်နှင့်အညီ ကတိတည်ကြသည့်အပြင် ရောဂါဒဏ်၊ ဆင်းရဲဒုက္ခ အခက်အခဲနှင့်စိတ်ဖိစီးမှုဒဏ်တို့ကို ရင်ဆိုင်ကြုံတွေ့ခံစားရသည့်အခါတိုင်းလည်း သည်းခံကြံ့ခိုင်မှု မြဲမြံကြသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြပြီး ထိုသူတို့သည်ပင် မွတ္တကီ (ခေါ်အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) များ ဖြစ်ကြသည်။

[178] အို၊ ယုံကြည်သူအပေါင်းတို့၊ (မတရား) သတ်ဖြတ်ခြင်းအတွက် (ခွင့်တူညီမျှသော ဥပဒေပြဌာန်း၍) ဒဏ်ခတ်အရေးယူရာတွင် (ပြစ်မှုကျူးလွန်သူနှင့်ဆက်နွယ်ပတ်သက်သူများကို ကျူးလွန်သည့်ပြစ်မှုနှင့်အညီသာ မျှတစွာ အရေးယူခွင့်ရှိပြီး) လွတ်လပ်သောသူအစား လွတ်လပ်သူ၊ အစေခံအစား အစေခံနှင့်အမျိုးသမီးအစား အမျိုးသမီးကိုသာ ဒဏ်ခတ်အရေးယူရန် သင်တို့အပေါ်၌ အတည်ပြု ပြဋ္ဌာန်းတော်မူလေပြီ။ ကျူးလွန်ခံရသူနှင့် ဆက်နွယ်ပတ်သက်သူများအနက်မှ အကယ်၍ ညီအစ်ကို တစ်ဦးဦးက သင့်တော်ထိုက်ထန်သော အ (လျော်အစား တစ်စုံတစ်) ရာဖြင့် ခွင့်လွှတ်ကျေအေးရန် တောင်းဆိုခဲ့ပါလျှင် ယင်းအတွက် သူ့ကို (လိုက်လျော၍ ယဉ်ကျေးပျူငှာစွာ လက်ခံပြီးနောက် ကျေအေးကြေးကိုလည်း တောင်းဆိုသည်ထက်) အကောင်းဆုံးနှင့်အကျေနပ်ဆုံးဖြစ်အောင် မျှတစွာ ပေးဆပ်ရမည်။ ဤသည်မှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (အလျော့ပေး) လိုက်လျောစေခြင်းနှင့်သနားကြင်နာတော်မူခြင်းပင် ဖြစ်၏။ (ထိုသို့ ကျေအေးပြီးနောက်တွင်) မည်သူမဆို စည်းမျဉ်းကျူးလွန် ချိုးဖောက်ပါက ထိုသူအတွက် ပြင်းပြ နာကျင်ဖွယ်ရာ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ် ရှိလေ၏။

[179] အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့၊ (ခွင့်တူညီမျှသော ဥပဒေပြဌာန်း၍) ဒဏ်ခတ်အရေးယူခြင်း၌ (အဖိနှိပ်ခံရသူတို့အား မတရားမှုမှ လွတ်မြောက်စေမည်ဖြစ်ရာ သူတို့နှင့်) သင်တို့အတွက် အသက်ဆက်ခွင့်ရှိပြီး (ထိုသို့အရေးယူမှသာလျှင်) သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူများ ဖြစ်နိုင်ကြပေမည်။

[180] သင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ဘဝကူးပြောင်းချိန်သို့ရောက်သည့်အခါ အကယ်၍ ကောင်းသည့်အရာ (များဖြစ်သည့် ဥစ္စာဓန၊ အိုးအိမ်ခြံမြေ၊ မပြီးဆုံးသေးသောလုပ်ငန်းစဉ် အစရှိသော အရာ) တစ်ခုခုကို လည်းထားခဲ့ရသော် သူ၏မိဘနှစ်ပါးနှင့်ဆွေမျိုးရင်းချာတို့အတွက် (တရားတော်နှင့်ညီပြီး အစဉ်အလာကို မဆန့်ကျင်သည့်အပြင် မိသားစုအတွက်လည်းအကျိုးရှိသော သေတမ်းစာ သို့မဟုတ်) မှာကြားချက် တစ်ခုခုကို ညွှန်ကြားထားရန် ပြဋ္ဌာန်းတော်မူပြီး (ယင်းသည်) အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူတို့အပေါ်၌ တာဝန်တစ်ရပ် ဖြစ်၏။

[181] ထို့နောက် တစ်ဦးတစ်ယောက်သည် (အဘယ်အရာအား မှာကြားခဲ့သည်ကို) ကြားခဲ့၍ ယင်း (မှာကြားချက်) ကို (သူလိုချင်သည့်ပုံစံဖြင့်) ပြောင်းလဲလျှင် ယင်းကို (ပြောင်းလဲသူနှင့်ပြောင်းလဲရာတွင် ပါဝင်ပတ်သက်လျှက်) ပြောင်းလဲစေခဲ့သူများတွင် အပြစ်ရှိ၏။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[182] သို့သော် (အကယ်၍ အဆိုပါမှာကြားချက်ကို အသေးစိတ်စစ်ဆေးသူသည် တရားတော်နှင့်အညီ မျှတစွာ စစ်ဆေး၍ ယင်း၌ တရားမမျှတသော) လွှဲချော်မှားယွင်းမှုတစ်စုံတစ်ရာ သို့မဟုတ် (မှာကြားချက်ပါအတိုင်း ဆောင်ရွက်လျှင်) အပြစ်တစ်စုံတစ်ခုကို (ကျူးလွန်ခဲ့ဖွယ်ရာ) ရှိကြောင်း စိုးရိမ်ကြောင့်ကြရသော် ထိုသူသည် ယင်း တို့ကြားတွင် (တရားတော်နှင့်အညီ မျှတစွာ ချင့်ချိန်၍ လိုအပ်သော အပြောင်းအလဲများအတွက်) စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းမှာ အပြစ်မရှိပေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[183] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူ) များဖြစ်လာကြရန်အလို့ငှာ သင်တို့မတိုင်မီ ရှိနှင့်ခဲ့ကြသူများအတွက် ချမှတ်ပြဌာန်းသကဲ့သို့ သင်တို့အတွက်လည်း (မဖြစ်မနေစောင့်ထိန်းရမည့် စည်းမျဉ်းတစ်ခုအဖြစ်) ဆွီယာမ် (ဥပုသ်ဆောက် တည်ခြင်း) ကို ပြဋ္ဌာန်းတော်မူခဲ့ပြီ။

[184] ပုံသေတွက်ချက်ရေတွက်နိုင်သည့် နေ့ရက်များဖြစ်သော်လည်း သင်တို့အနက်မှ (ကျန်းမာရေး ချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ ရှိနေသူဖြစ်စေ (ပျက်ကွက်ခဲ့သည့်နေ့ရက်များကို တွက်ချက်၍) သတ်မှတ်ပြဋ္ဌာန်းသော ရက်များနှင့်အညီ အခြား (အဆင်ပြေသည့်) နေ့ရက်များတွင် ဖြည့်စွက် (ဆောက်တည်) ရန်၊ (ထိုသို့ဖြည့်စွက် ရန်လည်း မစွမ်းဆောင်နိုင်သော) သူတို့အတွက် (သူတို့ တတ်နိုင်သည့်) ဖြည့်စွက် ပေးဆပ်မှုအဖြစ် ခိုကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူတစ်ဦးကို ကျွေးမွေးရန်ဖြစ်ပြီး မည်သူမဆို သူ၏စိတ်ဆန္ဒအရ (စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ကောင်းမြတ်သော) ကောင်းမှုတစ်ခုကို လုပ်ခဲ့သော် ယင်းသည် သူ့အတွက် ကောင်းပြီး အကယ်၍ သင်တို့သည် သိနားလည်သူများဖြစ်ကြလျှင် ဆွီယာမ်ဥပုသ် ဆောက်တည်ခြင်းမှာ သင်တို့အတွက် အကောင်းဆုံးဖြစ်၏။

[185] (ဆွီယာမ်ဥပုသ်ဆောက်တည်ရန် ပြဋ္ဌာန်းသည့်) လမြတ်ရမဒွါန်တွင် (လူ့ဘဝ သက်တမ်းတစ်လျှောက် ကြုံသမျှ အကြောင်းအရာများအနက်မှ) အမှားအမှန်ကို ခွဲခြားသိစေသည့် ”စံ” တစ်ခုနှင့်လမ်းညွှန်ရရှိစေမည့် ကျမ်းတော်မြတ်ကုရ်အာန်အား လမ်းညွှန်တော်အဖြစ် မြင်သာထင်ရှားသော (သက်သေလက္ခဏာတော်များနှင့်) ရှင်းလင်းချက်များ ပါဝင်စေလျှက် လူသားတို့အတွက် ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့သော လမြတ်ဖြစ်သည့်အတွက် သင်တို့အနက်မှ မည်သူမဆို ထိုလမြတ်နှင့်ကြုံကြိုက်ပါလျှင် (ထိုသူသည် ယင်းလ၌) ဆွီယာမ် (ဥပုသ်သီလ) ဆောက်တည်သင့်၏။ မည်သူမဆို (ကျန်းမာရေးချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ ရှိနေသူဖြစ်စေ (ပျက်ကွက်ခဲ့ သည့်နေ့ရက်များကို တွက်ချက်၍) သတ်မှတ်ပြဋ္ဌာန်းသောရက်များနှင့်အညီ အခြား (အဆင်ပြေသည့်) နေ့ရက်များတွင် ဖြည့်စွက် (ဆောက်တည်) ရန် (ပြဌာန်းထားခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် လွယ်ကူမှုကို ရည်ရွယ်တော်မူပြီး ခက်ခဲမှုကို ရည်ရွယ်တော်မမူကြောင်း၊ သင်တို့ကို လမ်းညွှန်သည့်အတိုင်း ဖြည့်စွက်မှုကို အပြီးသတ်လုပ်လျှက် အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မြတ်တော်မူကြောင်း ဂုဏ်တင်မှသာလျှင် သင်တို့သည် ကျေးဇူးသိတတ်ကြလိမ့်မည်။

[186] ထို့ပြင် (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်၏အစေခံများသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ သင့်ကို မေးမြန်းခဲ့လျှင် ငါအရှင်မြတ်သည် (သူတို့နှင့်) မုချပင်၊ နီးနီးကပ်ကပ်ရှိတော်မူပြီး သတိရ တသ၍ ဖွင့်ဟဆုတောင်းသူ၏ဆုတောင်းမှုကို ငါအရှင်မြတ် ဖြေကြားပြည့်စေတော်မူ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်က ပြဋ္ဌာန်းပေးတော်မူသည်ကို (ကျေပွန်စွာ) ဆောင်ရွက်၍ နာခံကြောင်း လျှောက်တင်လျှက် ငါအရှင်မြတ်အပေါ် (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ကြမှသာလျှင် (ကိုယ်ကျင့်တရားရေးရာ၊ နာမ်ရေးရာနှင့်ဉာဏ်ရည်ဆိုင်ရာ) လမ်းညွှန်မှုများ ရရှိကြလိမ့်မည်။

[187] ဥပုသ်နေ့၏ည၌ သင်တို့၏ (တရားဝင်လက်ထပ်ထားသော) အမျိုးသမီးများထံ ချဉ်းကပ်ခြင်းအား ခွင့်ပြုတော်မူခြင်းခံရပြီး သူမတို့သည် (သင်တို့အား အခြား တရားမဝင်သွားလာ ဆက်ဆံခြင်းမှ ကယ်တင်၍ ကိုယ်ကျင့်တရားကို သန့်ရှင်းစင်ကြယ်စေသော) အဝတ်အစားဖြစ်ပြီး သင်တို့သည်လည်း အလားတူပင် သူမတို့၏အဝတ်အစား ဖြစ်၏။ (ဥပုသ်နေ့၏ည၌ သူမတို့ထံ ချဉ်းကပ်မိ၍ တားမြစ်ချက်တစ်ခုကို ကျူးလွန်သည်ဟု မှတ်ယူပြီး) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသောစိတ်ဝိဉာဉ်) ကို အလွဲသုံးစားပြုလျှက် လှည့်စားနေကြောင်း အလ္လာဟ်အရှင်မြတ် သိတော်မူ၍ သင်တို့ (၏ထိုအရေးကိစ္စ) အတွက် အရှင့်ထံ အသနားခံတောင်းဆိုမှုကို လက်ခံတော်မူခဲ့ပြီ၊ သင်တို့ဘက်သို့ (ကရုဏာတော်ဖြင့်) လှည့်တော်မူလျှက် သင်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီ။ ယခုအချိန်မှစ၍ (ဥပုသ်နေ့၏ည၌) သူမတို့နှင့်ချဉ်းကပ်ဆက်ဆံနိုင်ကြပြီ။ သို့သော် အလ္လာဟ်အရှင်မြတ်ချမှတ်ပြဋ္ဌာန်းထားသော (အရှင့်စည်း မျဉ်း ဥပဒေများနှင့်နာယူဖွယ်ရာ) ရှောင်ကြဉ်စရာများကို ရှာဖွေဆည်းပူးကြလော့၊ (ဥပုသ်နေ့တွင် မနက် နေမ ထွက်မီ ည၏) အမှောင်အမျှင်တန်းမှ အလင်းအမျှင်တန်း (စတင်သည်) အထိ စားသောက်ကြလော့။ တစ်ဖန် (ည၏အမှောင်အမျှင်တန်း ပြန်ရောက်လာသည့်) ညအထိ (မစားမသောက်ရုံသာမက ကိုယ်စိတ်နှလုံးကိုပါ အရှင့်စည်းမျဉ်းတော်နှင့်အညီ ထိန်းသိမ်းလျှက်) ဆွီယာမ်ဥပုသ်ကို တစ်နေကုန် (နေ့တာပြည့်သည်အထိ) ဆောက်တည်ကြလော့။ ဗလီဝတ်ကျောင်းတော်များ၌ (တရားတော်နှင့်အညီမှအပ အခြားမလိုလားအပ်သော ပြုမူပြောဆိုမှုများကို ရှောင်ကြဉ်လျှက် အရှင်မြတ်အား ခဝပ်နာခံရန်အတွက်သာ ရည်စူး၍) အီတီကာ့ဖ် တရားကျင့်နေစဉ် သူမတို့နှင့်ချဉ်းကပ်ဆက်ဆံခြင်း မပြုကြလေနှင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များ ဖြစ်ပြီး (ထိုစည်းဘောင်များကို ကျူးလွန်ကျော်ဖြတ်ရန် ရည်ရွယ်လျှက် ယင်းတို့အနားသို့ပင်) မချဉ်းကပ်ကြလေနှင့်။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် အာယာသ်သက်သေလက္ခဏာတော်များကို ထင်ရှားပေါ်လွင်အောင် ရှင်းလင်းဖော်ပြတော်မူခြင်းမှာ သူတို့သည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) များဖြစ်လာကြစေရန် အတွက်ပင် ဖြစ်လေ၏။

[188] သင်တို့အချင်းချင်းကြားတွင် သင်တို့၏ဥစ္စာပစ္စည်း (နှင့်ပိုင်ဆိုင်မှု) များကို မတရားသောနည်းလမ်း (များဖြစ်သည့် အကြံအစည်၊ လိမ်လည်လှည့်စားမှု) များဖြင့် မစားသုံးကြလေနှင့်။ (ထိုသို့စားသုံးခြင်းမှာ အပြစ်ရှိ ကြောင်းကို) သင်တို့သိနေကြလျှက်နှင့်လူတို့၏ဥစ္စာပစ္စည်း (နှင့်ပိုင်ဆိုင်မှု) များအနက်မှ အစိတ်အပိုင်း တစ်ခုခုကို စားသုံးရန်အလို့ငှာ (လူကြီး၊ တရားသူကြီးနှင့်အာဏာပိုင်အဖွဲ့အစည်းစသော) စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူတို့အား လာဘ်လာဘများ မထိုးကြလေနှင့်။

[189] (အို၊ ရစူလ်တမန်တော်) သူတို့သည် ဆန်းဦးစ၊ လများနှင့်စပ်လျဉ်း၍ အသင်တမန်တော် ကိုမေးကြ၏။ ယင်းတို့သည် လူတို့အတွက် (လမြတ်ရမ်ဒွါန်သာမက) ဟဂျ် (ဝတ်ပြုရသည့်အချိန်ကိုပါ တွက်ချက်နိုင်ရန်) အချိန် ကာလကို ညွှန့်ဆိုသည့် အရာဖြစ်၏။ (နေကြတ်ခြင်း၊ လကြတ်ခြင်းနှင့်အိမ်များကို နောက်ပေါက်မှ ဝင်ခြင်းတို့ တွင် အယူရှိခြင်းနှင့်အစွဲအလမ်းရှိခြင်းသည် အယူသည်းမှုသာဖြစ်၍ သင်တို့၏) အိမ်များကို နောက်ပေါက်မှ ဝင်ခြင်းသည် ကောင်းမှုသီလ မမည်ပေ။ (ကောင်းမှုသီလပြုသူ) အစစ်အမှန်မှာ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးသူ) ပင်ဖြစ်သည်။ အိမ်များကို (ပုံမှန် အဝင်အထွက်လုပ်ရန် သတ်မှတ်ထားသော အိမ်ရှေ့) တံခါးပေါက်မှ ဝင်ရောက်ကြလော့။ သင်တို့သည် ပေါက်မြောက်အောင်မြင်သူများဖြစ်ကြရန်အတွက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာ) ကြလော့။

[190] (အရှင့်ဂုဏ်တော်၊ ဂုဏ်ပုဒ်များကို သတိရ တသ၍ ဂုဏ်တင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ သင်တို့အား တိုက်ခိုက်ကြသူတို့ကို (တန်ပြန်) တိုက်ခိုက်ကြလော့၊ သို့သော် အရှင့်စည်းမျဉ်းတော်များကို မချိုးဖောက်ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်သူတို့အား နှစ်သက်တော်မမူပေ။

[191] (လူ့ဘဝသာယာဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးအပ်တော်မူသော အရှင့်စည်းမျဉ်းတော်များကို ဆန့်ကျင်၍ သင်တို့အား လာရောက်တိုက်ခိုက်ပါက) သူတို့အား ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ သတ်ကြလော့။ သင်တို့အား နှင်ထုတ်ခဲ့သောနေရာတိုင်းမှ သူတို့ကို နှင်ထုတ်ကြလော့။ အကြောင်းမှာ ဖိနှိပ်ချုပ်ချယ်နှိပ်စက်ညှင်းပန်း ခြင်းသည် သတ်ဖြတ်ခြင်းထက် ပိုမို၍ ပြင်းထန်ဆိုးဝါးလှပေ၏။ အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော်တစ်ဝိုက်တွင် သင်တို့ကို မတိုက်ခိုက်သရွေ့ သူတို့ကိုလည်း မတိုက်ခိုက်ကြလေနှင့်။ အကယ်၍ သူတို့သည် လာရောက် တိုက်ခိုက်ကြလျှင် သူတို့ကိုလည်း တန်ပြန်တိုက်ခိုက်ကြလော့။ ဤသည်မှာ မယုံကြည်သူတို့ (နှင့်ဖီဆန်ကျူးလွန်သူတို့၏ယုတ်ညံ့သော လုပ်ရပ်များအတွက် အစားပေးထိုက်သည့် မကောင်းမှု) ၏အကျိုးဆက်ပင် ဖြစ်၏။

[192] အကယ်၍ သူတို့က (သူတို့၏မတရားဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်ညှင်းပန်းမှုများနှင့်တိုက်ခိုက်မှုများကို) ရပ်စဲကြလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူ သောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[193] (မတရားဖိနှိပ်ချုပ်ချယ်မှု၊ မတည်မငြိမ်ဖြစ်စေမှုနှင့်) ညှင်းပန်းမှု လုံးဝ ပပျောက် သန့်စင်သွားသည်အထိ (မတရားကျူးလွန်သူများကို) တော်လှန်တိုက်ခိုက်ပြီး ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုရရန် အတွက်သာ ဖြစ်စေကြလော့။ အကယ်၍ သူတို့သည် မတရား ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှင်းပန်းမှုကို ရပ်စဲကြလျှင် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်လုပ်သူများမှအပ မည်သူ့ကိုမျှ ကျူးကျော် ရန်စစရာ အကြောင်းမရှိပေ။

[194] (ယခင်ကရှိခဲ့သော) ထူးမြတ်သည့်လကို (ယခုသတ်မှတ်သော) ထူးမြတ်သည့်လဖြင့် (လည်းကောင်း) တား မြစ်ထားသောအရာများ (ဖြစ်သည့် အစ္စလာမ့်စံနှုန်းနှင့်တန်ဖိုးများအား မလိုက်နာဘဲ ချိုးဖောက်သူတို့အတွက် ကျူးလွန်သည့် ပြစ်မှုနှင့်အညီ အရေးယူခြင်း) ကို ဒဏ်ခတ်အရေးယူမှုဖြင့် (လည်းကောင်း အစားထိုးတော်မူပြီး) မည်သူမဆို (အရှင်မြတ်၏တားမြစ်ချက်များနှင့်စည်းမျဉ်းများကို) ကျူးလွန်ဖောက်ဖျက်၍ သင်တို့အား (ထိခိုက် နစ်နာစေရန်) တိုက်ခိုက်ပါက သင်တို့အား ထိခိုက်နစ်နာစေသည့် ကျူးလွန်မှုနှင့်အညီ (ဒဏ်ခတ်အရေးယူသည့်အနေဖြင့်) သူ့ကိုလည်း တန်ပြန်တိုက်ခိုက်ကြလော့။ ထို့နောက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးသူ) များနှင့်အတူ ရှိတော်မူကြောင်း နှလုံးသွင်း သိထားကြကုန်လော့။

[195] (ဒဏ်ခတ်အရေးယူရန်၊ တန်ပြန်တိုက်ခိုက်ရန်နှင့် ခံစစ်အတွက် စီစဉ်ရာတွင်ဘဏ္ဍာငွေ မရှိမဖြစ် လိုအပ်သည်ဖြစ်၍) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အသင်တို့၏အသက်၊ နည်းပညာ၊ ဥစ္စာဓနများကို) စွန့်လှူပေးကမ်းသုံးစွဲကြလော့။ (ထိုသို့ စွန့်လှူသုံးစွဲရန် ပျက်ကွက်လျှက်) သင်တို့၏လက်များဖြင့် ပျက်စီးတိမ်ကောမှုကို ဖက်တွယ် (ထားပြီး သင်တို့ကိုယ်သင်တို့ ပျက်စီးမှုနယ်ပယ်ထဲသို့ လွှင့်ပစ်) မထားကြလေနှင့်။ ထို့ပြင် (ကောင်း မှုနှင့်တကွ သင်တို့၏ကိစ္စဟူသမျှကို တာဝန်သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် လုပ်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးလုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။

[196] ဟဂျ်နှင့်အွမ်ရဟ်ကို အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်သက်မှု) အတွက်သာ (စိတ်ရင်းစေတနာ ဖြူစင်စွာ ဖြင့်) ပြီးပြည့်စုံအောင် ပြုကြလော့။ အကယ်၍ (လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သင်တို့စွန့်လှူရန် ရည်ရွယ်ထားသည့်) သားကောင် ရောက်လာရန် ကြန့်ကြာခဲ့လျှင် အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူကြလော့။ သို့သော် သားကောင်မှာ (သတ်ဖြတ်စွန့်လှူရန် သတ်မှတ်ထားသည့်နေရာ သို့မဟုတ် ပန်းတိုင်) သို့ မရောက်သရွေ့ သင်တို့၏ဦးခေါင်းဆံပင်ကို မရိတ်ကြလေနှင့်။ မည်သူမဆို (ဦးခေါင်းဆံပင်ရိတ်လျှင် ရောဂါပို ဆိုးစေနိုင်သည့်) ကျန်းမာရေးချို့တဲ့သူ သို့မဟုတ် ဦးခေါင်း၌ အနာရောဂါတစ်ခုခုရှိနေသူဖြစ်ပါက ထိုသူသည် (ဆံပင်ရိတ်ခြင်းအား) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း သို့မဟုတ်၊ အလှူပေးခြင်း သို့မဟုတ် သားကောင်စွန့်လှူခြင်း တစ်ခုခုဖြင့် အစားထိုးနိုင်၏။ မည်သူမဆို အွမ်ရဟ်ကို ဟဂျ်နှင့်တွဲ၍ပြုလုပ် (ရန် ရည်ရွယ်ပြီးထိုသို့ လုပ်ဆောင်ရန် အခွင့်အရေးရ) လျှင် တတ်စွမ်းသော အလွယ်တကူရနိုင်သည့် သားကောင်ကို စွန့်လှူသတ်ဖြတ် နိုင်၏။ အကယ်၍ (သားကောင်ဝယ်ယူရန် မတတ်စွမ်းနိုင်လျှင် သို့မဟုတ် လွယ်ကူစွာ) ရှာမတွေ့လျှင် သူသည် ဟဂျ်အတွင်း သုံးရက် ဟဂျ်ခရီးစဉ်မှ သူ၏နေရပ်သို့ ပြန်ရောက်သည့်အခါ ခုနှစ်ရက် စုစုပေါင်း ဆယ်ရက်အပြည့် ထိုနည်းအတိုင်း ဆွီယာမ်ဥပုသ်ဆောက်တည်ရမည်။ ဤ (စည်းမျဉ်းတော်) သည် အထွတ်မြတ်ဆုံး ဗလီဝတ် ကျောင်းတော် အနီးတဝိုက်၌ မိသားစုဖြင့် အတည်တကျ နေထိုင်သူ မဟုတ်သောသူတို့အတွက်သာ ဖြစ်၏။

[197] ဟဂျ်ပြုရမည့်လသည် လူသိများသော လများအနက်မှ ဖြစ်၏။ မည်သူမဆို ယင်းလ၌ ဟဂျ်တာဝန်ကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားလျှင် ထိုသူသည် ဟဂျ်ကာလအတွင်း ကာမဂုဏ်ခံစားသော စိတ်၏အလိုလိုက်မှု၊ သိက္ခာမဲ့သော ယုတ်ညံ့သည့်အပြုအမူနှင့်စကားများ၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကို အလျှင်း မပြုလုပ်ရပေ။ (အရှင် မြတ်နှင့်တမန်တော်မြတ်မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ပြီး အခြားလူတို့အား ကူညီခြင်းကိုလည်း စေတနာ့ ဝန်ထမ်းအဖြစ်ဆောင်ရွက်သင့်သည်)။ သင်တို့က ကောင်းမှုအဖြစ် ပြုမူဆောင်ရွက်သမျှကို အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။ (ဟဂျ်ပြုလုပ်ရန် စိတ်ဆုံးဖြတ်ထားသူများသည် ခရီးစဉ်တစ်လျှောက်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန်လို၏။) (ဟဂျ်) ခရီးစဉ် တစ်ခုလုံး၌ လိုအပ်သော) စားနပ်ရိက္ခာအတွက် အစီအစဉ် ရေးဆွဲ၍ (သို့မဟုတ် ခရီးစရိတ် အလုံအလောက်ကို ကြိုတင်ပြင်ဆင်လျှက်) ယူဆောင်ကြလော့။ မုချဧကန်၊ အကောင်းဆုံးစားနပ်ရိက္ခာမှာ သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ပင် ဖြစ်၏။ အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့၊ ငါအရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။

[198] (ဟဂျ်အချိန်ကာလတွင်) ဟဂျ်ကျင့်စဉ်များကို မထိခိုက်စေဘဲ စီးပွားရှာခြင်းဖြင့်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ဆုလဒ်ရှာဖွေခြင်း၌ အပြစ်မထိုက်ပေ။ အာရဖါသ်မှ စု၍ ပြန်လာကြသောအခါ အထွတ်အမြတ်ဆုံး အမှတ်အသား (ရှိသော မုဇ်ဒလီဖာ) ၌ အလ္လာဟ် အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟကြလော့။ သင်တို့အား လမ်းညွှန်တော်မူသည့်အတိုင်း အရှင်မြတ်အား သတိရဖွင့်ဟကြလော့။ အကြောင်းမှာ သင်တို့သည် ရှေးယခင်က လမ်းလွဲသူများအနက်မှ ဖြစ်ခဲ့ကြသော ကြောင့် တည်း။

[199] ထို့နောက် (မာနကြောင့် အခြားလူတို့နှင့်ပေါင်းစည်းရန် အာရဖါသ်သွားခြင်းမှ ရှောင်၍ မုဇ်ဒလီဖာ၌ပင် မနေသင့်ပေ။) လူအများစုပြန်လာသည့်နေရာ (အာရဖါသ်) သို့ပြန်၍ (အာရဖါသ်၌) ပြန်လည် စုစည်းလျှက် အလ္လာဟ်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆုတောင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

[200] ထိုသို့ (ဟဂျ်ဆိုင်ရာ) ကျင့်စဉ်များကို အပြီးအစီး စုံလင်စွာ ဆောင်ရွက်ပြီးသည့်အခါ သင်တို့၏ဘိုးဘေး များ (ဖြစ်ကြသော တမန်တော် အာဒမ်၊ အီဗ်ရာဟီးမ်၊ အီစ္စမာအီလ်စသည်တို့) သည် အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟ (လျှက် အရှင့်အမိန့်တော်နှင့်အညီ အရှင့်ကူညီစောင်မမှုကို တောင်းခံခဲ့) သကဲ့သို့ သင်တို့လည်း သတိရ တသ၍ ဖွင့်ဟကြလော့။ သို့တည်းမဟုတ် (သင်တို့၏ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ် သည့် အရင်းအမြစ်များရရှိရန်အလို့ငှာ) သူတို့ထက်ပို၍ပင် သတိရ တသ၍ ဖွင့်ဟကြလော့။ လူသားတို့ အနက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ အား (လောကီဘဝ၌ ဖွံ့ဖြိုးတိုးတက်ပြီး ပျော်မြူးနိုင်ရန် လိုအပ်သမျှကို) ဤလောကီ၌သာ ပေးသနား တော်မူပါ။” ဟု မျှော်ကိုးတောင်းခံသူများ အတွက် တမလွန်ဘဝ၌ မည်သည့်ဝေစုမျှ ရှိမည် မဟုတ်ပေ။

[201] ထို့ပြင် သူတို့အနက်မှ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား (ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတွင် အထောက်အကူပြုမည့်) ကောင်းမြတ်သည့် အရာများနှင့်တမလွန်ဘဝ၌ (အရှင့်တရားစီရင်မည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ရလျှက် သုခဥယျာဉ်ထဲတွင် ပျော်ရွှင်စွာ ဝင်ရောက်နိုင်ရန်အတွက်) လည်း ကောင်းမွန်မှုများကို ပေးသနားတော်မူပြီး ငရဲမီး၏ပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။” ဟု ဆုတောင်းသူများလည်း ရှိကြသည်။

[202] ထိုသူတို့သည် သူတို့၏ပြုမူကျင့်ကြံဆောင်မှုများမှ ရှာဖွေစုဆောင်းဆည်းပူး ရှာမှီးခဲ့သည်တို့ကိုသာ သူတို့၏ဝေစုအဖြစ် ရရှိကြမည်။ (လူသားကို အရှင်မြတ်အပ်နှင်းတော်မူထားသည့် အသက်အိုးအိမ်စည်းစိမ်နှင့်ကျမ်းတော်မြတ်ကို သူတို့က မည်သို့အသုံးချ၍ သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်မှုများမှာ မည်သို့ရှိခဲ့သည်ကို စစ်ဆေးမေးမြန်းပြီး တရားစီရင်ရာတွင်) အလ္လာဟ်အရှင်မြတ်သည် အလွန်ပင် မြန်မြန်ဆန်ဆန် စာရင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။

[203] (ဟဂျ်အတွက်) တွက်ချက်သတ်မှတ်ထားသောရက်များ၌ အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ မည်သူမဆို (ယင်းရက်များထက်) နှစ်ရက်စော၍ပြန်လိုလျှင် (အီးဒ်ဝတ်ပြုမှုအပြီး) အလျင်စလို ထွက်ခွာသွားသည်ဖြစ်စေ၊ နှစ်ရက်နောက်ကျ၍ ပြန်သည်ဖြစ်စေ အပြစ်မထိုက်ပေ။ ဤသည် (အရှင့်စည်းမျဉ်းဘောင်များကို ဂရုစိုက်လျှက် အလ္လာဟ်အရှင်မြတ်ကို) စိုးရွံ့ထိတ်လန့်သူ တို့အတွက်ပင် ဖြစ်၏။ သို့ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို (တမလွန်တရားစီရင်မည့်နေ့၌) အရှင့်ရှေ့ တော်မှောက်တွင် စုရုံးရောက်ရှိစေတော်မူမည်ဖြစ်ကြောင်း နှလုံးသွင်း၍ သိထားကြလော့။

[204] လူတို့အနက်မှ လောကီဘဝ၌ (လောကီအရေးကိစ္စနှင့်ပတ်သက်၍) သူ့နှလုံးသားထဲ၌ရှိသောအရာကိုသာ ပြောနေကြောင်း အလ္လာဟ်အရှင်မြတ်ကို သက်သေထားလျှက် ကျိန်ဆိုတိုင်တည်၍ သူ့စကားဖြင့် သင့်ကို အံ့ဩတွေဝေသွားအောင် ဆွဲဆောင်နှစ်သိမ့်စေမည့်သူလည်းရှိပြီး ထိုသူမှာ ရန်အမူဆုံးသော ရန်ဘက်ပင် ဖြစ်၏။

[205] (ထိုသို့ ပရိယာယ်သုံး ပြောဆို၍ အယုံသွင်းပြီးနောက်) ထိုသူသည် (သူ့အသိုင်းအဝိုင်းထဲတွင်) လှည့်ပြန်သွားသည့်အခါ ကမ္ဘာဂြိုဟ်၌ အဖျက်အမှောင့်များ ပျံ့နှံ့စေရန် (အားသွန်ခွန်စိုက်) ရုန်းကန်လှုပ်ရှားပြီး သင်၏ကောက်ပဲသီးနှံ (အကျိုးစီးပွား၊ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အရင်းအမြစ်များ) နှင့်သင့်မျိုးဆက်တို့ကို ဖျက်ဆီးသုတ်သင်ရန် ကြိုးစားလေ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အဖျက်အမှောင့်ပြုခြင်းကို နှစ်သက်တော် မမူပေ။

[206] သူက “အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းများအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကြလော့၊ ကမ္ဘာဂြိုဟ်ပေါ်တွင် အဖျက်အမှောင့် မပြုကြနှင့်၊ လူတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကို မဖျက်ဆီးကြလေနှင့်။)” ဟု အပြောခံရသည့်အခါ (သူ့ဘဝင်မြင့်မှုက သူ့ကို လှုံ့ဆော်သောကြောင့်) သူ့ဂုဏ်သိက္ခာ၊ (အာဏာနှင့်စွမ်းရည်ကို) မကောင်းမှုဒုစရိုက်အတွက် အသုံးချခြင်းဖြင့် ဖမ်းဆုပ်စေပြီး သူ့အတွက် (အမှန်ပင် အလွန်ဆိုးဝါးလှသည့် နားနေစရာ ပုခက်ဖြစ်သော) ငရဲမီးနှင့်သာ ထိုက်တန် (၍ ဒဏ်ခတ်အရေးယူရန် လုံလောက်သော ပြစ်မှုဖြစ်) ၏။

[207] (တစ်ဖန် အဖျက်အမှောင့်လုပ်သူနှင့်ဆန့်ကျင်ဘက် ပုဂ္ဂိုလ်လည်းရှိ၏။) လူသားတို့တွင် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုရရှိရန် လဲလှယ်ရောင်းချသူလည်း ရှိ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ လူသားများနှင့်စပ်လျဉ်း၍ အရှင့် အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ) အရှင့်အစေခံတို့အပေါ် သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားပေး၍ လွယ်ကူစေတော်မူရာတွင် အလွန်ပင် ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[208] အို၊ ယုံကြည်သူအပေါင်းတို့၊ (သင်တို့၏စိတ်ဆန္ဒကို အရှင့်ထံအပ်နှံ၍) အစ္စလာမ့်ဘောင်အတွင်းသို့ ယတိ ပြတ် လုံးလုံးလျားလျား ဝင်ကြလော့၊ ယုံကြည်မှုကို ခိုင်မြဲစေလော့။ စေတန်မကောင်းဆိုးဝါး၏ ခြေရာများအတိုင်း မလိုက်ကြလေနှင့်။ မုချဧကန်၊ သူသည် သင်တို့အတွက် ထင်ရှားသော ရန်သူပင်ဖြစ်၏။

[209] (တမန်တော်မှတစ်ဆင့်) ထင်ရှားပြတ်သားသော သက်သေအထောက်အထားများ သင်တို့ထံ ရောက်ရှိခဲ့ပြီးနောက် အကယ်၍ (ယင်းတို့မှ ယိမ်းယိုင်လွဲချော်) သွားခဲ့သော် “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေ၏။

[210] (သူတို့သည် မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော အရှင့်အမိန့်တော်များကို နာခံလိုက်နာရန် ပျက်ကွက်လျှက် အရှင့်အမိန့်ညွှန်ကြားချက်များနှင့်) လုပ်ငန်းတာဝန်များကို (အရှင်မြတ်သာ လုပ်ပေးတော်မူလိမ့်မည်ဟု ပြောဆို၍ သူတို့၏တာဝန်တိုင်းကို) အလ္လာဟ်အရှင်မြတ်ဘက်သို့ ပြန်လှည့်စေပြီး (သူတို့၏ကိုယ်စိတ်နှလုံးများကို အရှင့်ထံသို့ မအပ်နှံဘဲ) အလ္လာဟ်အရှင်မြတ်နှင့်အတူ မလာအီကာစေတမန်များကိုပါ မိုးတိမ်များ၏အရိပ်များ၌ (စီးနင်းစေလျှက်) ကြွရောက်လာ၍ အမိန့်တော်များကို သူတို့ထံ စီရင်ပြဋ္ဌာန်း (ပေးပြီး သူတို့ကိုယ်စားဆောင်ရွက်) ရန်အတွက်သာ တွေးတောမျှော်လင့်နေကြသလော။ နှလုံးသွင်းသင့်သည်မှာ စီမံချက်များနှင့်အရေးကိစ္စဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ဦးလှည့်၍ရောက်ရှိစေခြင်း ခံကြရလိမ့်မည်။

[211] အစ္စရေးမျိုးနွယ်ဝင်တို့အား “အရှင်မြတ်က သူတို့ထံ အဘယ်မျှ များပြားသည့် အရှင့်ရှင်းလင်းထင် ရှားသော အမိန့်တော်ဆိုင်ရာ သက်သေလက္ခဏာများ (နှင့်ရှင်းလင်းချက်များ) ကို ပေးအပ်တော်မူခဲ့သနည်း။” ဟု မေးလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ်က ပေးအပ်ချီးမြှင့်တော်မူသော (အမိန့်တော်ဆိုင်ရာ) ကျေးဇူးတော်များကို သူ့ထံရောက်ရှိခဲ့ပြီးနောက် (သူက ယင်းတို့ကို သူ့အလိုကျ အခြားအချက်အလက်များဖြင့် အစားထိုး၍) ပြောင်း လဲစေသော် (သူ မှတ်ထားသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျူးလွန်သည့် ပြစ်မှုနှင့်အညီ ပြင်း ထန် ပြတ်သားသော ဒဏ်ခတ်မှုဖြင့် တန်ပြန်စေတော်မူသော အရှင်ဖြစ်တော်မူကြောင်းပင်။

[212] (အလ္လာဟ်အရှင်မြတ်က လူသားတို့၏လိုအပ်ချက်နှင့်အညီ အလှတန်ဆာဆင်ထားသော ဤလောကီ ကမ္ဘာကြီး၌) လောကီဘဝသက်တမ်းကိုသာ (ဆွဲဆောင်မက်မောဖွယ်အဖြစ် မှတ်ယူပြီး စည်းစိမ်ဥစ္စာဓနနှင့်ဩဇာဂုဏ်ပကာသနတို့ကို လောဘတကြီး) အလှဆင်နေသည့် မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က ယုံကြည်သူတို့အနက်မှ သက္ကဝါရှင် (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံသူ) တို့အား လှောင်ပြောင် ပျက်ရယ်ပြုကြသော်လည်း ရှင်ပြန်ထမည့်နေ့တွင်မူ ထိုသက္ကဝါရှင်တို့သည် ထိုသူတို့ထက် သာပိုမြင့်မြတ်၍ အသာစီးရစေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့အား အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်စားနပ်ရိက္ခာများ အတိုင်းအဆမဲ့ ထောက်ပံ့ပေးတော်မူ၏။

[213] (ကမ္ဘာဦးမှ ယနေ့အထိ ကမ္ဘာဂြိုဟ်ပေါ်ဝယ် အသက်ရှင်နေထိုင်ခဲ့ကြသော၊ နေထိုင်နေကြသော လူတို့ သည်) တစ်ခုတည်းသော လူသားမျိုးနွယ်သာဖြစ်ပြီး (တမန်တော်မြတ်မုဟမ္မဒ်မတိုင်မီ ခေတ်တိုင်း၌) နဗီတမန်တော်များကို သတင်းကောင်းပါးသူနှင့်သတိပေးတိုက်တွန်းနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူပြီး သူတို့နှင့်အတူ လူသားတို့အချင်းချင်းကြားဝယ်ရှိ ကွဲလွဲမှုများအား (ဥပဒေနှင့်နည်းစနစ်များပါဝင်စေကာ) စီရင်ဆုံးဖြတ်စေ လျှက် အမှန်တရားသစ္စာပေါ် အခြေခံသည့် ကျမ်းတော်ကိုလည်း ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီ။ ထိုကျမ်းတော်၌ မည်သည့် ကွဲလွဲချက်မျှ မရှိသော်လည်း ကျမ်းတော်ထုတ်ပြန် ချမှတ်ပေးခြင်းအပ်ခံရသူတို့သည် ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော်များနှင့်ရှင်းလင်းချက်များ သူတို့ထံရောက်ရှိလာခဲ့ပြီးနောက် သူတို့ထဲမှ မနာလို ဖီဆန်လိုမှုကြောင့် (ကျမ်းတော်၌ ကွဲလွဲမှုရှိဟန်ဖြင့် ဝါဒဖြန့်၍) အချင်းချင်းကြားဝယ် ကွဲလွဲစေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်နှင့်အရှင့်တမန်တော်ကို) ယုံကြည်သူတို့အား အမှန်တရားသစ္စာ (ကုရ်အာန်) မှ မည်သည့်အချက်အား အဘယ်ကြောင့် (သူတို့) ကွဲလွဲစေခဲ့ကြောင်းနှင့်စပ်လျဉ်း၍ အရှင့်အမိန့်တော် ခွင့်ပြုချက် ဖြင့် (တမန်တော်မြတ်မှတစ်ဆင့်) လမ်းညွှန်တော်မူခဲ့ပြီ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒ တော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူတို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေသော လမ်းစဉ်ကို ညွှန်ပြတော်မူ၏။

[214] သို့တည်းမဟုတ် (လူ့သမိုင်းတစ်လျှောက်၌ သင်တို့ထံ သူတို့အကြောင်း လက်ဆင့်ကမ်းခဲ့သည့်) သင်တို့အလျှင် သင်တို့ကဲ့သို့သောလူများ ကွယ်လွန်သွားခဲ့ကြပြီ။ သူတို့ထံ အရှင်မြတ်က စေလွှတ်တော်မူခဲ့သည့် ရစူလ်တမန်တော်အပြင် သူနှင့်အတူရှိခဲ့ကြသော ယုံကြည်သူ (နောက်လိုက်) များသည်ပင် တုန်လှုပ်ချောက်ချား၍ “အလ္လာဟ်အရှင်မြတ်ထံတော်မှ အထောက်အပံ့များ၊ အကူအညီများ မည်သည့်အချိန်၌ ရောက်လာမည်နည်း။” ဟု (ငိုကြွေး) တောင်းခံရသည်အထိ ရောဂါဒဏ်၊ ဆင်းရဲဒုက္ခ အခက်အခဲနှင့်စိတ်ဖိစီးမှုဒဏ်တို့ကို သူတို့ကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ခံစားခဲ့ကြရ၏။ သင်တို့ထံ ထိုသို့သော ဘေးဒုက္ခ အကျပ်အတည်းများ မရောက်လာသေးဘဲနှင့် အလွယ်တကူ သုခဘုံထဲသို့ ဝင်ရောက်ရန် စိတ်ကူးယဉ် တွေးတောနေကြသလော။ (မပြောလောက်သည့် အခက်အခဲကိုပင် ရင်မဆိုင်ဝံ့ဘဲ မျှော်လင့်ချက်ကင်း နေကြသလော။) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏အကူအညီ၊ အထောက်အပံ့များသည် (အစဉ်အမြဲ သင်တို့နှင့်အတူ) နီးကပ်လျက်ပင် ရှိနေကြောင်း နှလုံးသွင်းမှတ်ထားကြလော့။

[215] သူတို့က “မည်သည့်အရာအား မည်သို့ စွန့်လှူပေးကမ်းသုံးစွဲကြရမည်နည်း။” ဟု သင့်ကို မေးခဲ့ကြ၏။ (အသင်တို့ကို အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် ဥစ္စာဓန၊ ဉာဏစွမ်းရည် နည်းပညာများမှ အကျိုးပြုသည့်) ကောင်းသော အရာဟူသမျှကို မိဘများ၊ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ခိုကိုးရာမဲ့နေသော ဆင်းရဲ နွမ်းပါးသူများ၊ ခရီးသည်များနှင့်ကျွန်ဘဝမှလွတ်မြောက်လိုသူများအတွက် (တတ်စွမ်းနိုင်သလောက်) စွန့်လှူပေး ကမ်းသုံးစွဲကြလော့။ (လူသားအကျိုးပြုလုပ်ငန်းများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နာမ်ရေးရာ မြှင့်တင်ရေးလုပ်ငန်းများ စသော) ကောင်းမြတ်သည့် ပြုမူဆောင်ရွက်ချက်ဟူသမျှကိုလည်း လုပ်ဆောင်ကြလော့။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ယင်း (ကောင်းမှုဟူသမျှ) ကို အကြွင်းမဲ့ သိနေတော်မူ၏။

[216] တန်ပြန်တိုက်ခိုက်ခြင်း (စစ်တိုက်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများ) အား သင်တို့မကြိုက်သော်လည်း ယင်းကို သင်တို့အတွက် ပြဋ္ဌာန်းတော်မူခဲ့ပြီ။ သင်တို့ မကြိုက်သော အရာတစ်ခုတွင် (ယင်း၌) သင်တို့အတွက် ကောင်းကျိုးရှိနိုင်ပြီး သင်တို့ ကြိုက်နှစ်သက်သည့်အရာတစ်ခုတွင်လည်း ယင်း၌ သင်တို့အတွက် ဆိုးကျိုးရှိနိုင် ခြေရှိ၏။ (မည်သည့်အရာက သင်တို့အား ကောင်းကျိုးပေးပြီး မည်သည့်အရာက သင်တို့ကို အကျိုးယုတ်စေ နိုင် ကြောင်း) သင်တို့ သိနားလည်ကြသည်မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်က အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူ၏။

[217] ထူးမြတ်သောလ၌ တန်ပြန်တိုက်ခိုက်ခြင်းနှင့်စပ်လျဉ်း၍ သူတို့က အသင့်ကို မေးနေကြ၏။ “ယင်းလ၌ စစ် တိုက်ခြင်းသည် ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်ကြောင်း ဟောလော့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့ကို) တားဆီးပိတ်ပင်ခြင်း၊ အရှင်မြတ်ကို မယုံကြည်ခြင်းနှင့်အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော် (၌လာရောက်ဝတ်ပြုသူတို့) ကို ဟန့်တား၍ (ယင်းထဲတွင် ဝတ်ပြုနေသူများအား) ယင်းနေရာမှ နှင်ထုတ်ခြင်းတို့သည်” အကြီးလေးဆုံးသော ပြစ်မှုပင် ဖြစ်၏။ အမှန်မှာ ဖိနှိပ်ချုပ်ချယ် ညှင်းပန်းခြင်းသည် (ထိုဖိနှိပ်ချုပ်ချယ်ညှင်းပန်းမှုများ ချုပ်ငြိမ်းရန် ဆင်နွှဲရသော) စစ်ပွဲထက် အလွန်ပင် (စက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်) ကြီးလေးသော ပြစ်မှုကြီးဖြစ်၏။ အကယ်၍ သူတို့တတ်စွမ်းနိုင်လျှင် သင်တို့ကို သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သော ဘဝတည်ဆောက်မှု လမ်းစဉ်) မှဖယ်ထုတ်ပြီး သူတို့၏လမ်းစဉ်များနှင့်ဘာသာဘက်သို့ လှည့်ပြန်သွားသည်အထိ (ဆက်လက်တိုက်ခိုက်ရန် ရည် ရွယ်သည့်အတွက်) သူတို့က သင်တို့နှင့်စစ်ရပ်စဲရေးလုပ်ကြလိမ့်မည် မဟုတ်ပေ။ သင်တို့အနက်မှ မည်သူမဆို အရှင်မြတ်၏ဒီန်လမ်းစဥ်တော်မှ ထိုသို့ဖောက်ပြန်၍ လှည့်သွားပြီး (သူတို့လမ်းစဉ်၏နောက်လိုက်များ ဖြစ်လျှက်) ကွယ်လွန်သေဆုံးသွားလျှင် ထိုသူသည် မယုံကြည်သူ တစ်ဦးဖြစ်ရုံသာမက သူ၏ပြုမူကျင့်ကြံဆောင်ရွက်သမျှသည် ဤလောကီသက်တမ်း (တွင် မည်သူ့ကိုမျှ အကျိုးမပြုဘဲ သူ့လုပ်ရပ်များ) နှင့် (လူတို့အား လှည့်စားရာ၌ အသုံးချသည့် မူဝါဒလမ်းစဉ်ဖြင့် ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ငရဲမီးသာ ထိုက်တန်သည့်အတွက်) တမလွန် ဘဝတွင်လည်း အချည်းနှီးအကျိုးမဲ့မည်သာဖြစ်သည့်အပြင် ထိုအခြေအနေ၌ပင် ကာလအကန့်အသတ်မဲ့နေ ကြရလိမ့်မည်။

[218] မုချဧကန်၊ ယုံကြည်သူများ၊ (ဖိနှိပ်ချုပ်ချယ်ညှင်းပန်းခံရမှုကြောင့်) မွေးရပ်မြေကို စွန့်ခွာရသူများ၊ (အရှင့် အမိန့်တော်များကို တစ်သဝေမတိမ်းလိုက်နာလျှက်) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ ရုန်းကန်ကြိုးပမ်းသူများ၊ (အစရှိသည့်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်ကို မျှော်လင့်တောင့်တနေ ကြသူများ ဖြစ်ကြသည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

[219] သူတို့က “မူးယစ်စေသော အစားအသောက်နှင့် (အလွယ်တကူ ဝင်ငွေရှာခွင့်ရသည့်) လောင်းကစားခြင်း တို့နှင့်စပ်လျဉ်း၍ အသင့်ကို မေးနေကြ၏။ ထိုလုပ်ရပ်နှစ်ခုစလုံး၌ လူသားတို့အတွက် (မပြောပလောက်သည့် အတိုင်းအတာအထိသာ) အကျိုးရှိပြီး ယင်းတို့၌ရှိသော ဆိုးကျိုးနှင့်ပြစ်မှုမှာမူ ကောင်းကျိုးထက် အဆမတန်ကြီး လေး၏။” ဟု ဖြေဆိုလော့။ ထို့ပြင် သူတို့က “မည်သည့်အတိုင်းအတာအထိ စွန့်လှူပေးကမ်းသုံးစွဲရမည်နည်း။” ဟု အသင် (တမန်တော်) ကို မေးနေကြ၏။ “(လိုအပ်ချက်များကို ဖြည့်ဆည်းစေပြီးနောက်) ပိုလျှံသမျှ (ကို စွန့်လှူပေးကမ်းသုံးစွဲကြလော့။)” ဟု ဖြေဆိုလော့။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့ စဉ်းစားဆင် ခြင်သုံးသပ်နိုင် ရန်အလို့ငှာ အာယာသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ထင်ရှားရှင်းလင်းစွာ ချမှတ်ပေးအပ်တော်မူ၏။

[220] လောကီဘဝနှင့်တမလွန်ဘဝ၌ (သူတို့အတွက် အကျိုးရှိသောအရာမှာ အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော လူသားတို့အား သူတို့၏နာမ်ရေးရာနှင့်အသက်ရှင်ရပ်တည်နိုင်ရေးတို့တွင် ကူညီပံ့ပိုးခြင်းပင် ဖြစ်သည့်အလျောက်) မိဘမဲ့များအရေးနှင့်စပ်လျဉ်း၍ သူတို့က အသင့်ကို မေးနေကြ၏။ “ထိုမိဘမဲ့များအတွက် အကောင်းဆုံးဖြစ်အောင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာကြလော့။” ဟု ဟောလော့။ အကယ်၍ မိဘမဲ့များ (၌ သူတို့ မိဘက ထားခဲ့သည့် ဥစ္စာဓနများရှိနေပြီး သူတို့အရွယ်မရောက်သေး၍ ယင်းတို့ကို မစီမံနိုင်သဖြင့် သူတို့) နှင့်ပူးပေါင်းဆောင်ရွက်လိုသော် (နှလုံးသွင်းထားရမည်မှာ သူတို့လည်း သင်တို့ကဲ့သို့ လူသား) ညီနောင်များ ဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် စေ့စပ်ညှိနှိုင်း၍ အဖြေရှာသူတို့အနက်မှ (မည်သူက) ကောက်ကျစ် ဖောက်ပြန်၍ အဖျက်အမှောင့်ပြုသူဖြစ်သည်ကို အကြွင်းမဲ့သိ နေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ရှိခဲ့လျှင် (မိဘမဲ့များအရေးနှင့်စပ်လျဉ်း၍ တင်းကြပ်ပြင်းထန်သည့် ဥပဒေများ ချမှတ်ပြဋ္ဌာန်းပေးလျှက်) သင်တို့အား ဒုက္ခအခက်အခဲ ပေးစေတော်မူခဲ့လိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်း မိုးတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[221] ကျွန်မတစ်ဦး (အစေခံတစ်ဦး) သည် အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသက်ရှိသက်မဲ့များကို အယူထားယုံကြည် ကိုးကွယ်သောအမျိုးသမီးတစ်ဦးသည် အခြားအမျိုးသမီးထက် သာလွန်ကောင်းမြတ်သောကြောင့်) အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားအရာများကို ကိုးကွယ်ကြသည့် အမျိုးသမီးများအား သူမတို့သည် ယုံကြည်သူများ မဖြစ်ကြသရွေ့ (သူမတို့၏အဆင်းရူပ၊ ဥစ္စာဓနနှင့်ဂုဏ်အရည်အချင်းများမှာ သင်တို့အတွက် မည်သို့ပင် မက်မောဆွဲဆောင်ဖွယ်ရာဖြစ်ပါစေ) မထိမ်းမြားကြလေနှင့်။ အလားတူ အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသောအရာများကို ဆည်းကပ်ကိုးကွယ်သော ကျွန်တစ်ဦး (အစေခံတစ်ဦး) သည် အခြားအမျိုးသားတစ်ဦးထက် သာလွန်ကောင်းမြတ်သောကြောင့် အရှင်မြတ်နှင့်တုပြိုင်တွဲဘက်၍ အခြားသော အရာများကို ဆည်းကပ်ကိုးကွယ်ကြသည့် အမျိုးသားများအား သူတို့သည် ယုံကြည်သူများ မဖြစ်ကြသရွေ့ (သူတို့၏ရုပ်ရည်အဆင့်အတန်း၊ စည်းစိမ်ဥစ္စာဓနနှင့်ဂုဏ်ဩဇာတို့မှာ) သင်မတို့အတွက် မည်မျှပင် မက်မောဆွဲ ဆောင်ဖွယ်ရာဖြစ်နေပါစေ၊ မထိမ်းမြားကြလေနှင့်။ (မထိမ်းမြားရန်တားမြစ်ရသည့် အကြောင်းရင်းမှာ) သူတို့သည် အသင်တို့အား ငရဲမီးဘက်သို့ (ဘဝခရီးဆက်ရန်) ဖိတ်ခေါ်နေကြပြီး အလ္လာဟ်အရှင်မြတ်သည် လူသားအတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထင်ရှားပြတ်သားစွာ ရှင်းလင်းစေတော်မူလျှက် သူတို့က သတိရဆင်ခြင်ကြရန်အလို့ငှာ အရှင့်ခွင့်ပြုချက်ဖြင့် သုခဘုံနှင့်လွတ် ငြိမ်းချမ်းသာခွင့် (ပေးတော်မူရန်အရှင့် လမ်းညွှန်တော်) ဘက်သို့ ဖိတ်ခေါ်နေတော်မူ၏။

[222] သူတို့သည် ရာသီပန်းအကြောင်းနှင့်စပ်လျဉ်း၍လည်း အသင့်ကို မေးခဲ့ကြ၏။ “ယင်းသည် အနည်းငယ် (နာကျင်မှုနှင့်ညစ်ပေမှုကို ခံစားရသည့်) နာမကျန်းမှုပင် ဖြစ်၏။ ရာသီပန်းပွင့်ချိန်တွင် (သူမတို့) ပြန်လည် သန့်စင်သည်အထိ (သင်တို့၏တရားဝင်လက်ထပ်ထားသော) အမျိုးသမီးများထံ မချဉ်းကပ်ကြလေနှင့်။ သူမတို့သည် သန့်စင်လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်က သင်တို့အား မိန့်တော်မူသည့်အတိုင်း (အရှင့် စည်းမျဉ်းတော် များနှင့်အညီပြုမူကျင့်ကြံ၍ ဆက်ဆံ) ချဉ်းကပ်ကြလော့။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်လှည့်သူများနှင့်အတူ သန့်ရှင်းစင်ကြယ်သူများကိုလည်း အလွန်ပင် ကြိုက်နှစ်သက်တော်မူ၏။

[223] သင်တို့၏ (တရားဝင်ထိမ်းမြားထားသော) အမျိုးသမီးများသည် (မျိုးစေ့ချ၍ စိုက်ပျိုးနိုင်ရန် ထွန်ယက်ထားသည့်) တမန်းတစ်ခုပမာဖြစ်ပြီး သင်တို့၏တမန်းကို သင်တို့ဆန္ဒအလျှောက်သွားလာပြီး သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို သင်တို့ကိုယ်တိုင် (ကောင်းမြတ်သော ပြုမူကျင့်ကြံဆောင်ရွက်မှုများတွင် အသုံးချ၍ သင်တို့၏အနာဂတ်တမလွန်အတွက်) ကြိုတင်ပို့ထားကြလော့။ (မျိုးဆက်မွန်၊ မျိုးဆက်ကောင်းများ ထွန်းကားရန် မျိုးစေ့ချကြလော့)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ သင်တို့ (အားလုံး) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ ကြရမည်ကို နှလုံးသွင်းထားကြလော့။ ထို့ပြင် ယုံကြည်သူများကိုလည်း သူတို့အတွက် သုခဥယျာဉ်ရှိနေကြောင်း သတင်းကောင်းပေးလော့။

[224] လူသားတို့ အချင်းချင်းကြားတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ကြရန်၊ အရှင့်စည်းမျဉ်းတော်များကို လိုက်နာကျင့်သုံးကြရန်နှင့်ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်း၍ အဖြေရှာမှုများ ပြုလုပ်ကြရန်အတွက် သင်တို့ကိုယ်တိုင် ကတိကဝတ်များဖြင့် တိုင်တည်သစ္စာဆိုမှုများ ပြုလုပ်ကြပြီးနောက် (သင်တို့၏ကတိကဝတ်များအတိုင်း တာဝန်ကျေပွန်ရန်နှင့် (ထိုလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်လျှက်) အလ္လာဟ်အရှင်မြတ်ကို (ပြစ်တင်လို၍ အရှင့်အလိုတော် မရှိကြောင်းကို) ဆင်ခြေတစ်ခုအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[225] အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ကတိကဝတ်များ၌ (မရည်ရွယ်ဘဲ ပါဝင်လာသော) အဓိပ္ပါယ်မဲ့ (သည့် အချက်အလက်များနှင့်ချွတ်ချော်မှားယွင်းမှုများ) အတွက် အရေးယူ ပြစ်တင်တော်မူမည် မဟုတ်ပေ။ သို့သော် သင်တို့၏နှလုံးသားများဖြင့် သင်တို့က လိုလိုလားလားနှင့်ရည်ရွယ်ချက်ရှိရှိ ပြုမူကျင့်ကြံလုပ်ဆောင်လျှက် ဆည်း ပူးရှာမှီးခဲ့သမျှအတွက်သာ သင်တို့အရေးယူ ပြစ်တင်ခြင်းခံကြရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ပြုလုပ်သည့် ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်းပေးတော်မူသောအရှင် စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[226] သူတို့၏ (တရားဝင်ထိမ်းမြားထားသော) အမျိုးသမီးများထံ မချဉ်းကပ်ရန် သန္နိဋ္ဌာန်ချ ကျိန်ဆိုကြသူတို့အတွက် လေးလစောင့်ဆိုင်းကြရန် သတ်မှတ်တော်မူပြီး အကယ်၍ ထိုအချိန်ကာလအတွင်း (အပြစ်အမှားကို ပြေလေရာပြေလည်ကြောင်းပြုလုပ်၍) နဂိုအတိုင်းပြန်လည်ဖြစ်စေလိုပါက (နှလုံးသွင်းထားသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်း တို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[227] (သို့သော် ထိုလေးလကုန်ဆုံးအပြီးတွင်) အကယ်၍ တရားဝင်ကွာရှင်းမှုအတွက် (အခိုင်အမာ) စိတ်ပိုင်း ဖြတ်ကြလျှင် ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[228] ကွာရှင်းခြင်းခံရသော အမျိုးသမီးများသည် ရာသီဓမ္မတာသုံးကြိမ်အထိ သူမတို့၏နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူမတို့ (၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော နောက်အိမ်ထောင်အတွက် စိတ်ပိုင်းဖြတ်ခြင်းမှ ရှောင်ကြဉ်လျှက်) စောင့်ဆိုင်းရမည်ဖြစ်ပြီး အကယ်၍ သူမတို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်ကြလျှင် သူမတို့၏သားအိမ်များ၌ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့် အရာ (ပဋိ သေန္ဓ တည်နိုင်ခြေ) တို့ကို ထိန်ချန်ဖုံးကွယ်ထားခြင်းမှာ တရားမဝင်ပေ။ (သူမတို့၏ခင်ပွန်းသည်များအား ပွင့်လင်းစွာ အသိပေးရန်လိုအပ်ပြီး) အကယ်၍ ထိုစောင့်ဆိုင်းကာလအတွင်း၌ပင် သူမတို့၏ခင်ပွန်းသည်များက စေ့စပ်ညှိနှိုင်း၍ အဖြေရှာလျှက် ပြန်လည်သင့်မြတ်ပေါင်းသင်းလိုသော ဆန္ဒရှိကြလျှင် (ထိုသို့ လုပ်ဆောင်ရန်) သူတို့မှာ အခွင့်အရေး ပိုရှိ၏။ သူမတို့အတွက်လည်း မျှတပြီး တရားတော်နှင့်အညီ ထိုက်တန်သော အလားတူ အခွင့်အရေးများ ရှိ၏။ သို့သော် (သူမတို့၏ခင်ပွန်းသည်များက မိသားစု၏စားဝတ်နေ ရေးတာဝန်ထုပ်ကြီးကို ထမ်းနေရသည့်အတွက်) အမျိုးသားများအတွက် သူမတို့ထက် အဆင့်တစ်ခု ပိုပေ၏။ မုချဧကန်၊ အလ္လာဟ် အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[229] သို့ဖြစ်ရာ (ခင်ပွန်းသည်က ဇနီးသည်အား သူမ၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားလိုသော် သို့မဟုတ် (သူမ၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံးလိုက်လျော၍ အေးချမ်းစွာနှင့်) ကောင်းမွန်စွာဖြင့် (ထိမ်းမြားမှုမှ) လွတ်မြောက်စေလိုသော် ကွာရှင်းမှု (ဖြစ်စဉ်) နှစ်ကြိမ် (ခွင့်ပြုတော်မူ၏)။ ဒုတိယမြောက်ဖြစ်စဉ်အပြီးတွင် အပြီးသတ်ကွာရှင်းလိုသည့် ဇနီးမောင်နှံတို့အား အသင်တို့နှစ်ဦးစလုံးသည် အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များကို စောင့်ထိန်းလျှက် ရပ်တည်နိုင်ကြမည် မဟုတ်ကြောင်း စိုးရိမ်ကြောင့်ကြခြင်းမှအပ သူမတို့အား (လက်ဆောင်အဖြစ်) ပေးခဲ့ပြီဖြစ်သော အရာများမှ တစ်စုံတစ်ရာကို ပြန်ယူခြင်းသည် သင်တို့အတွက် (တရားတော်အရ) တရားမဝင်ပေ။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်ကို စောင့်ထိန်းလျှက် ရပ်တည်နိုင်ကြမည် မဟုတ်ကြောင်း သင်တို့နှစ်ဦး စိုးရိမ်ကြောင့်ကြလျှင် (ဇနီးသည်က သူမ၏လွတ်မြောက်မှုအတွက် သို့မဟုတ်) ယင်းနှင့်စပ်လျဉ်း၍ (ကွာရှင်းကြေးအဖြစ်) ပေးဆပ်မှု တစ်ခုခု ပေးလိုသော် သူတို့နှစ်ဦးစလုံး၌ အပြစ်မထိုက်ပေ။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဘောင်များ ဖြစ်သောကြောင့် ယင်းတို့ကို ချိုးဖောက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များကို (အထူးသဖြင့် ခင်ပွန်း သည် မနှစ်သက်သည့် တရားမဝင်သော လုပ်ရပ်များလုပ်၍) ချိုးဖောက်မိပါက ထိုသူတို့သည် စည်းမျဉ်းချိုး ဖောက်၍ မတော်မတရား မမှန်မကန် ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။

[230] တဖန်အကယ်၍ သူသည် သူမကို ကွာရှင်းခဲ့ပြီးဖြစ်လေသော် သူမကလည်း နောက်ဘဝဖော်သစ် တစ်ဦး နှင့်ထိမ်းမြား၍ (ထိုအိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်လျှက်) ကွာရှင်းခံရသည်အထိ သူမသည် သူ့အတွက် တရားမဝင်ပေ။ အကယ်၍ (သူမ၏ဒုတိယခင်ပွန်းသည်ကလည်း) သူမကို ကွာရှင်းခဲ့အပြီး (သူမနှင့် သူမ၏ပထမ ခင်ပွန်းသည်တို့) နှစ်ဦးစလုံးသည် အရှင်မြတ်၏စည်းမျဉ်းဘောင်အတိုင်း လိုက်နာ၍ ရပ်တည်ရန် အလို့ငှာ တစ်ဦးကိုတစ်ဦး နားလည်လက်ခံပြီး မူလထိမ်းမြားမှုကို ပြန်စလိုခြင်း၌ သူတို့နှစ်ဦးစလုံး၌ အပြစ် မထိုက်ပေ။ ဤသည် သိနားလည်နိုင်စွမ်းရှိသော ပညာရှင်အသိုင်းအဝိုင်းတို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထင်ရှားပြတ် သားစွာ ရှင်းလင်းစေတော်မူသော အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင်များပင် ဖြစ်၏။

[231] သို့ဖြစ်ရာ အမျိုးသမီးများအား (ပထမနှင့်ဒုတိယအကြိမ်မြောက်) ကွာရှင်းမှုဖြစ်စဉ်အတွင်း စောင့်ဆိုင်း ကာလပြည့်သောအခါ (သူမတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ) တရားတော်နှင့်အညီ မျှတသည့်ပုံစံဖြင့် ထိမ်းမြားမှုအား ဆက်လက်ထိန်းထားကြလော့။ သို့မဟုတ် (သူမတို့၏တောင်းဆိုချက်များကို အတတ်နိုင်ဆုံး လိုက်လျော၍ အေးချမ်းစွာနှင့်) ကောင်းမွန်စွာဖြင့် (ထိမ်းမြားမှုမှ) လွတ်မြောက်စေကြလော့။ သို့သော် စည်း မျဉ်းချိုး ဖောက်၍ သူမတို့အား စော်ကားနစ်နာစေလိုသည့် စေတနာယုတ်ဖြင့် ထိမ်းမြားမှုကို ဆက်လက် မထိန်းထား ကြလေနှင့်။ မည်သူမဆို ထိုသို့လုပ်ဆောင်ပါက ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့စိတ်အလိုကျအသုံးချ၍ သူ့ကိုယ်သူ သစ္စာဖောက်လျှက် မတော်မတရား မမှန်မကန်လုပ်ခဲ့ပြီ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို လှောင်ပြောင်၍ မထီလေးစား မပြုကြလေနှင့်။ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ (ဂုဏ်ပေးချီးမြှောက်တော်မူသည့် အခွင့်အရေး၊ အသက်ရှင် ရပ်တည်ရေးဆိုင်ရာ နည်းစနစ်နှင့်) ကျေးဇူးတော်များ၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်တော်အားဖြင့် သင်တို့အား သွန်သင်လမ်းညွှန်တော်မူရန် ထုတ်ပြန်ချမှတ်ပေးအပ်သည်များကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟပြောကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ထားကြလော့။

[232] (ပထမနှင့်ဒုတိယအကြိမ်မြောက် ကွာရှင်းမှုဖြစ်စဉ်အပြီး) အမျိုးသမီးများ၏စောင့်ဆိုင်းကာလပြီးသည့်အခါ သူတို့အချင်းချင်းကြားဝယ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦး သဘောတူလက်ခံ၍ သူမတို့၏ (ယခင်) ဘဝဖော်များနှင့် (ပြန်လည်) ထိမ်းမြားခြင်းကို (အရှင်မြတ်က သွန်သင်သည့်အတိုင်းသာ ဆောင်ရွက်သင့်ပြီး) ဟန့်တားနှောက်ယှက်ပိတ်ပင်ခြင်း မပြုကြလေနှင့်။ သင်တို့အနက် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူတို့အား ထိုသို့လုပ်ဆောင်ရန် ကျမ်းတော်အားဖြင့် သွန်သင်ထားတော်မူခဲ့ပြီ။ ယင်းသည် သင်တို့အတွက် အသန့်ရှင်းဆုံးဖြစ်ရုံသာမက သင်တို့ကိုလည်း အစင်ကြည်ဆုံးဖြစ်စေကြောင်း အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိနေတော်မူပြီး သင်တို့ သိနားလည်ကြမည် မဟုတ်ပေ။

[233] (သတ်မှတ်ထားသည့်) အချိန်ကာလအပြည့် မိခင်နို့ချိုတိုက်ကျွေးလိုသည့် မိခင်များသည် သူမတို့၏ ရင်သွေးငယ်များကို နှစ်နှစ်ပြည့်သည်အထိ မိခင်နို့ချိုတိုက်ကျွေးနိုင်၏။ ဖခင်ဖြစ်သူကလည်း သူမတို့၏စားဝတ်နေရေးနှင့်အခြားလိုအပ်ချက်များကို တရားတော်နှင့်အညီ မျှတကောင်းမွန်စွာ ဖြည့်ဆည်းပေးရန် တာဝန်ရှိလေ၏။ (အရှင်မြတ်ချီးမြှင့်တော်မူသည့် စွမ်းရည်နှင့်အညီ) တတ်စွမ်းသလောက်မှအပ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား မနိုင်ဝန်ထမ်းရွက်ရန် တာဝန်မရှိပေ။ ရင်သွေးအတွက်ကြောင့် မိခင်ကိုဖြစ်စေ၊ ဖခင်ကိုဖြစ်စေ (ပြုမူပြော ဆိုဆက်ဆံ၍) စိတ်မပင်ပန်း စေသင့်ပေ။ (ဖခင်ကွယ်လွန်၍) အမွေစားအမွေခံအဖြစ် ထားခဲ့သော ရင်သွေးများအတွက်လည်း အလားတူ (နို့ချိုတိုက်ကျွေးရန် မိခင်တို့၌) တာဝန်ရှိ၏။ အကယ်၍ (မိခင်နှင့်ဖခင်) နှစ်ဦးစလုံးက အပြန်အလှန်ဆွေးနွေးတိုင်ပင်၍ နှစ်ဦးစလုံး၏သဘောတူညီချက်ဖြင့် (သူတို့၏ရင် သွေးကို) နို့ဖြတ်လိုသည့်ဆန္ဒရှိလျှင် သူတို့နှစ်ဦးစလုံးအပေါ်၌ အပြစ် မထိုက်ပေ။ အကယ်၍ သင်တို့က (သင်တို့ ၏ရင်သွေးများကို မိခင်များကိုယ်တိုင် နို့ချိုတိုက်ကျွေးနိုင်သည့် အခြေအနေမရှိသည့်အတွက်) သင်တို့ကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်တော် မူထားသည့် (ဓနစည်းစိမ်၊ ရိက္ခာစသော) အရာများမှ တရားတော်နှင့်အညီ မျှတထိုက် တန်ပြီး ကျေနပ်စေသော အခကြေးငွေဖြင့် နို့ထိန်းသည် တစ်ဦးဦးထံ အပ်နှံလိုသော ဆန္ဒရှိလျှင်လည်း သင်တို့အပေါ်၌ အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူကြောင်း နှလုံးသွင်းသိထားလျှက် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာ) ကြလော့။

[234] အသင်တို့အနက်မှ ဇနီးသည်များ ကျန်ရစ်ထား၍ ကွယ်လွန်သွားသူများရှိခဲ့လျှင် (မုဆိုးမဖြစ်သွား သည့် ထိုအမျိုးသမီးများက ခင်ပွန်းသည်များဆုံးသည့်နေ့မှစ၍) လေးလနှင့်ဆယ်ရက်ထိထိ သူမတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို (သူမတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သော နောက်အိမ်ထောင်အတွက် စိတ်ပိုင်းဖြတ်ခြင်းမှ ရှောင်ကြဉ်လျှက်) စောင့်ဆိုင်းရမည်ဖြစ်၏။ အကယ်၍ ထိုစောင့်ဆိုင်းကာလပြည့်ပြီးနောက် သူမတို့၏အနာဂတ် ကောင်းစားရေးအတွက် တရားတော်နှင့်အညီ ကောင်းမွန်ရာကို ဆောင်ရွက်လိုလျှင် သင်တို့အပေါ်၌ အပြစ် မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ်သတင်းရယူထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[235] (ထိုစောင့်ဆိုင်းကာလအတွင်း၌) သင်တို့က ထိုအမျိုးသမီးများကို ထိမ်းမြားရန် ကမ်းလှမ်းခြင်း သို့မဟုတ် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (သူတို့ကို ထိမ်းမြားမည့်အကြောင်း) လျှို့ဝှက်မျိုသိပ်ထား ခြင်းအတွက် သင်တို့အပေါ် အပြစ်မထိုက်ပေ။ မကြာခင် သင်တို့သည် (စိတ်နှလုံးသားများထဲ၌ အဘယ်မျှ မျိုသိပ်ထားသည်ကို) သူမတို့အား ဖွင့်ပြောလိမ့်မည်ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိနေတော်မူ၏။ သို့သော် သူမတို့နှင့်တရားတော်အရ ခွင့်ပြုထားသော ကောင်းမြတ်သည့် အပြောအဆိုများမှအပ (တိတ်တိတ်ပုန်း လျှို့ဝှက်တွေ့ဆုံ၍) ကတိကဝတ်နှင့်မက်လုံးများပေး၍ မနှောင်ဖွဲ့ကြလေနှင့်။ ကျမ်းတော်က သတ်မှတ်ပြဌာန်းထားသည့် စောင့်ဆိုင်းကာလကို အပြီးသတ်စောင့်နိုင်ပြီးသည်အထိ ထိမ်းမြားမှု၏အနှောင်အဖွဲ့ကို အတည်မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နှလုံးသားများထဲ၌ ရှိနေသည့် (အတွေး၊ အကြံအစည်၊ ကြိုတင်စီစဉ်မှု၊ စီမံကိန်း စသော) အရာဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသောကြောင့် (အရှင်မြတ်အရေးယူတော်မူနိုင်ကြောင်း အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ) သတိထား၍ တွေးတောလျှက် (အရှင့်ထံ ခွင့်လွတ်ခွင့်တောင်းခံကြ) လျှင် “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်း ပေးတော်မူပြီး စာနာထောက်ထားတော်မူသောအရှင်ဖြစ်ကြောင်း” ကို နှလုံးသွင်းသိထားကြလော့။

[236] (ထိမ်းမြားမင်္ဂလာစာချုပ် သို့မဟုတ် ထိမ်းမြားမှုအတွက် ကမ်းလှမ်းစေ့စပ်မှုအပြီးတွင်) သူမတို့နှင့် မထိတွေ့၊ မချဉ်းကပ်မီ သို့မဟုတ် သတိုးသမီးအား ပေးရန်ရှိသော အဓိကမင်္ဂလာလက်ဆောင်ကို အတည်ပြု မသတ်မှတ်မီ အမျိုးသမီးများကို ကွာရှင်းလမ်းခွဲလိုကြလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ (ထိုသို့ လမ်းခွဲစဉ် သတိုးသမီးများဖြစ်သော) သူမတို့၏ရရှိခံစားပိုင်ခွင့်အဖြစ် ကြွယ်ဝချမ်းသာသူတို့သည် သူတို့၏ဂုဏ်သိက္ခာနှင့်အညီလည်းကောင်း၊ ချို့တဲ့သူတို့သည် သူတို့၏စွမ်းပကာအလျောက်လည်းကောင်း၊ တရားတော်နှင့်အညီ မျှတကောင်းမွန်စွာဖြင့် ထောက်ပံ့ပေးခြင်းသည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှအား အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) တို့အပေါ်တွင် တာဝန်တစ်ရပ်ဖြစ်ပေ၏။

[237] (အကယ်၍ သတို့သမိးများအား မင်္ဂလာလက်ဆောင်အဖြစ်ပေးရန် အဓိကပစ္စည်းများကို အတိအကျ သတ်မှတ်လျှက် နှစ်ဦးနှစ်ဘက် သဘောတူညီမှုကို အတည်ပြုခဲ့ပြီးမှ) သူမတို့နှင့်မထိတွေ့ မချဉ်းကပ်မီ ကွာရှင်း လမ်းခွဲလိုသော် သူမတို့အား ပေးရန်တာဝန်ရှိသော အတည်ပြုသတ်မှတ်ခဲ့သည့် အဓိကပစ္စည်းများအနက်မှ ထက်ဝက်ကို ပေးချေရန် (သူမတို့အား ထိမ်းမြားမည့် အမျိုးသားများ၌) တာဝန်ရှိ၏။ သို့သော် ကာယကံရှင် အမျိုးသမီးများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိမ်းမြားမင်္ဂလာ နှောင်ကြိုးချည်ပေးစဥ် တာဝန်ယူထားသူများသည် ထိုပေးချေမှုကို ကင်းလွတ်ခွင့်ပေး၍ စွန့်လွတ်သည်ဖြစ်စေ၊ ထိုသို့ ခွင့်လွတ်ပေးခြင်းသည် သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) နှင့်အနီးစပ်ဆုံးဖြစ်ပြီး သင်တို့အချင်းချင်းကြားတွင် (အရှင်မြတ်က ချီးမြှင့်တော်မူသည့် အရှင့် ကျေးဇူးတော်များကို အသိအမှတ်ပြုလျှက်) စိတ်သဘောထားမြင့်မြတ်ကြရန် မမေ့ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[238] သတ်မှတ်ပြဌာန်းထားသော ဆွလာသ်ဝတ်ပြုမှုများနှင့်ဗဟိုမဏ္ဍိုင်ဖြစ်သောဝတ်ပြုမှုကို သတိ ဝိရိယဖြင့် စောင့်ထိန်းပြီး အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ အရှင့်ရှေ့တော်မှောက်၌ (ကိုယ်စိတ်နှလုံးများ အပ်နှံ၍) နာခံရိုကျိုးမှု မြဲမြံသူများအဖြစ် ရပ်တည်ကြလော့။

[239] အကယ်၍ သင်တို့ (ဘေးအန္တရာယ်နှင့်လုံခြုံရေးကင်းမဲ့မှုကို ကြုံတွေ့၍ ပုံမှန်အနေအထားဖြင့် ဝတ်ပြုနိုင် မည် မဟုတ်ကြောင်း) စိုးရိမ်ကြောင့်ကြလျှင် ခြေလျှင်ခရီးတွင် ဟန်ပြင်၍ ဖြစ်စေ၊ သို့မဟုတ် အစီးအနင်းပေါ်တွင်ဖြစ်စေ၊ ဘေးကင်းလုံခြုံသည့်အခါတွင် ပုံမှန်အနေအထားဖြင့်ဖြစ်စေ၊ (တတ်နိုင်သည့်နည်းကို သုံး၍ ဝတ်ပြုကြလော့။) သင်တို့သည် ယခင်က (ယုံကြည်မှု၊ ကျမ်းတော်နှင့်ဝတ်ပြုမှုတို့နှင့်စပ်လျဉ်း၍) မသိနားမ လည်ခဲ့ကြသော်လည်း (ယခုအခါ ကျမ်းတော်နှင့်တမန်တော်၏လက်တွေ့လုပ်ပြခဲ့သောကျင့်စဉ်၌) သင်တို့ကို သင်ကြားပေးခဲ့သည့်အတိုင်း ဝတ်ပြုကြပြီး အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟကြလော့။

[240] သင်တို့အနက်မှ ကွယ်လွန်ချိန်ရောက်သူတို့သည် (သူတို့၏သက်ရှိထင်ရှားရှိနေသည့်) ဇနီးသည်များ အတွက် စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တစ်နှစ်စာ ထောက်ပံ့ပေးရန်နှင့်သူမတို့အား နှင်ထုတ်ခြင်း မပြုရန် သေတမ်းစာ သို့မဟုတ် မှာကြားချက် တစ်ခုခု ထားပေးသင့်သည်။ အကယ်၍ သူမတို့သည် တရားတော်နှင့်အညီ သူမတို့အတွက် သင့်တော်သည်ကို သူမတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် (သူမတို့၏ဆန္ဒအလျောက်) ပြုလုပ်ကြလျှင် သင်တို့အပေါ်၌ အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[241] (အလားတူ) ကွာရှင်းခြင်းခံရသော အမျိုးသမီးများအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တရား တော်နှင့်အညီ မျှတသင့်တော်စွာ ခံစားခွင့်ပေးခြင်းသည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်၏။

[242] ထိုနည်းအတိုင်းပင်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏တွေးခေါ်ဆင်ခြင်ဉာဏ်ကို အသုံးချ၍) သိနား လည်နိုင်ရန်အလို့ငှာ သင်တို့အတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေလျှက် ရှင်းလင်းစေတော်မူ၏။

[243] ထောင်နှင့်ချီသောလူတို့သည် သေဘေးကို ကြောက်ရွံ့၍ သူတို့နေထိုင်ရာ နယ်မြေအိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းအပေါ်တွင် သင်တို့သည် မသုံးသပ် မတွေးတောကြလေသလော။ ထိုစဉ် အလ္လာဟ်အရှင်မြတ် သည် သူတို့အား “သင်တို့ သေကြလော့။” ဟု မိန့်တော်မူပြီးနောက် သူတို့ကို (ပြန်လည်) ရှင်သန်စေတော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာနှင့်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူပြီး လူသားအပေါ် ရက်ရောစွာ ပေးအပ်တော်မူသော်ငြားလည်း လူသားအနက်မှ အများစုမှာမူ ကျေးဇူးမသိတတ်ကြပေ။

[244] (အရှင့်ဂုဏ်တော်၊ ဂုဏ်ပုဒ်များကို သတိရ တသ၍ ဂုဏ်တင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ တိုက်ပွဲဝင်ကြလော့။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူကြောင်းကို နှလုံးသွင်းသိထားကြလော့။

[245] (အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်း ပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည် ချေးငှားလိုသူ မည်သူရှိအံ့နည်း။ ထိုသို့ ချေးငှားလျှင် အလ္လာဟ်အရှင်မြတ်သည် သူချေးငှားခဲ့သည်ကို (ဤလောကီ၌) အဆမတန် မြောက်များစွာ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) ယင်း (၏အကျိုးဆက်) ကို အဆမတန်တိုးပွားစေတော်မူလျှက် လူသားတို့အတွက် ဧကန်မုချပင်၊ သိမ်းထားတော်မူသောအရှင်၊ အလျှံပယ် ချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူပြီး အရှင့်ထံသို့သာ အသင်တို့အားလုံးကို လှည့်ပြန်စေတော်မူလိမ့်မည်။

[246] တမန်တော်မူဆာနောက်ပိုင်းတွင်ရောက်ရှိလာခဲ့သော အစ္စရေးမျိုးနွယ်မှ အတိုင်အပင်ခံခေါင်းဆောင်အ ကြီးအကဲတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အသင်တို့ မသုံးသပ်၊ မတွေးမြင်ကြလေသလော။ သူတို့သည် ငါအရှင်မြတ်၏နဗီတမန်တော်အား “(ငါအရှင်မြတ်၏ကျေနပ်နှစ်မြို့မှု ရရှိရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တိုက်ခိုက်လို၍ (ထိုသို့ တိုက်ခိုက်နိုင်ရန်) ကျွန်ုပ်တို့အတွက် (တိုက်ရည်ခိုက်ရည်ကျွမ်းကျင်ပြီး စစ်ဦးစီးချုပ် တာဝန်ကိုပါယူနိုင်မည့်) ဘုရင်တစ်ပါးခန့်အပ်ပေးတော်မူပါ” ဟု တောင်းဆိုသည့်အခါ နဗီတမန်တော်က “အကယ်၍ သင်တို့အပေါ် စစ်မက်တိုက်ခိုက်ခြင်းကို (တာဝန်အဖြစ်) အတည်ပြုပြဌာန်းလျှင် သင်တို့က အပြန်အလှန် တိုက် ခိုက်ခြင်းမှ ရှောင်ပြေးကောင်းရှောင်ပြေးကြမည်လော။” ဟု မေးခဲ့ရာ သူတို့က ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သား သမီးများသည်ပင် ကျွန်ုပ်တို့၏အိုးအိမ်နယ်မြေများမှ နှင်ထုတ်ခြင်းခံခဲ့ရပါလျှက် အဘယ်ကြောင့် မတိုက်ခိုက် ရမည်နည်း။”ဟု ဖြေဆိုခဲ့ကြ၏။ သို့သော် သူတို့အပေါ်၌ စစ်မက်တိုက်ခိုက်ခြင်းကို (မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ်) အတည်ပြု ပြဌာန်းသည့်အခါ သူတို့အနက် လူအနည်းစုမှအပ (ကျန်) အားလုံးမှာ မျက်နှာလွှဲ ကျောခိုင်း၍ ရှောင်ပြေးခဲ့ကြသည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍ မတော်မတရား မမှန်မကန်ပြုလုပ်သူတို့၏အကြံအစည်များနှင့်လုပ်ရပ်ဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[247] သူတို့၏နဗီတမန်တော်သည် သူတို့အား “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (စစ်ရေး၌သာမက အုပ်ချုပ်ရေး စွမ်းရည်ပါ ပြည့်ဝသော) တွာလူသ်အား သင်တို့အတွက် ဘုရင်အဖြစ် ပေါ်ထွန်းစေလျှက် ခန့်အပ်တော်မူခဲ့ပြီ။” ဟု ပြောခဲ့သောအခါ သူတို့က “တွာလူသ်မှာ ဥစ္စာဓနကြွယ်ဝမှု အလျှံပယ် (ပေးခံရပြီး ရယူပိုင်ဆိုင်ထား) ရှိသူ မဟုတ်သည့်အပြင် (အုပ်ချုပ်မှုအခွင့်အရေးလည်း ကျွန်ုပ်တို့မှာသာ ပိုမို၍ များပြားစွာ ရှိနေသောကြောင့်) သူ့ထက် ကျွန်ုပ်တို့သည် ဘုရင်ဖြစ်လာရန် ပို၍ ထိုက်ထန်ပါလျှက် သူက ကျွန်ုပ်တို့အပေါ် မည်သို့ (အုပ်ချုပ်ရေး တာဝန်ယူသည့်) ဘုရင် ဖြစ်နိုင်မည်နည်း။” ဟု စောဒကတက် ပြောဆိုခဲ့ကြ၏။ (နဗီတမန်တော်က) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်က သူ့ကို (နာမ်ရေးရာ၊ နိုင်ငံရေးရာနှင့်အုပ်ချုပ်ရေးရာ) ဉာဏဗလနှင့် (စစ်ရေးစွမ်းရည် ဆိုင်ရာ) ကာယဗလများ အလျှံပယ် ချီးမြှင်းပေးတော်မူလျှက် (သင်တို့အပေါ် အုပ်ချုပ်ခွင့် အာဏာရှိသူ အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ။” ဟု မိန့်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) ခွင့်ပြုလိုတော်မူသောသူကိုသာ (အရှင့်နယ်မြေ၌) ဩဇာအာဏာချီးမြှင့်တော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူသောအရှင်၊ အရာခပ် သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[248] သူတို့၏နဗီတမန်တော်က သူတို့အား “တွာလူသ်၏ဘုရင်ဖြစ်ခြင်းဆိုင်ရာ နိမိတ်သက်သေလက္ခဏာမှာ (တမန်တော်) မူဆာနှင့်ဟာရွန်တို့၏အိမ်တော်သူအိမ်တော်သားများက သိမ်းဆည်းထားခဲ့သော အရေးပါသည့် မှတ်စုမှတ်တမ်းများပါရှိသော သေတ္တာကို မလာအီကာစေတမန်များက သင်တို့ထံ ယူဆောင်လာခြင်းနှင့် (ထို သေတ္တာ၌ ပါဝင်သည့်မှတ်တမ်းသည် အရှင်မြတ်၏အမိန့်တော် (ညွှန်ကြားချက်) များဖြစ်၍) ယင်းမှာ (သင်တို့၏စိတ်နှလုံးများကို) ငြိမ်သက်အေးချမ်းစေမည့်အရာဖြစ်ခြင်းပင် ဖြစ်၏။ အကယ်၍ သင်တို့သည် (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံ အပ်နှံ၍) မြဲမြံစွာ ယုံကြည်ကြသူများဖြစ်ကြလျှင် မုချဧကန်၊ ယင်းတွင် သင်တို့အတွက် အရှင့်သက်သေလက္ခဏာတော်များ အမှန်ပင် ရှိ၏။” ဟု ဟောပြောခဲ့၏။

[249] ထို့နောက် တွာလူသ်ဘုရင်သည် သူ့စစ်တပ်နှင့်တကွ စစ်ချီထွက်သည့်အခါ သူက စစ်သားတို့အား “(ဂရုတ စိုက်နားထောင်ကြလော့) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မြစ်တစ်ခုဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်ဖြစ်ရာ မည်သူမဆို လက်တစ်ခုပ်စာလောက်ရေကို ခပ်ယူခြင်းမှအပ ထိုမြစ်ရေကို သောက်သုံးသည်ရှိသော် ထိုသူသည် ကျွန်ုပ်၏အပေါင်းအဖော် မဖြစ်နိုင်ပေ။ ထိုမြစ်ရေအား မသောက်သုံးသောသူသည်သာလျှင် ကျွန်ုပ်၏အသိုင်းအဝိုင်းမှ ဖြစ်၏။” ဟု မိန့်ခဲ့၏။ သို့ရာတွင် မပြောပလောက်သည့်လူနည်းစုမှအပ (ကျန်လူ) အားလုံးသည် ထိုမြစ်ရေကို သောက်သုံးကြလေ၏။ တွာလူသ်နှင့်သူ့နောက်လိုက်များဖြစ်သော ယုံကြည်သူတို့က ယင်းမြစ်ကို ဖြတ်ကူးအပြီးတွင် (နောက်လိုက်များအနက်မှ ယုံကြည်မှု မခိုင်မာသူတို့က) ''ယနေ့ ကျွန်ုပ်တို့မှာ ဂျာလူတ်နှင့် သူ့စစ်တပ်ကို နှိမ်နင်းရန် အင်အားမရှိပါ။” ဟု ပြောဆိုခဲ့ကြသော်လည်း တစ်နေ့တွင် အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ကို တွေးတောဆင်ခြင်သူတို့ကမူ ''အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် လူနည်းစုများစွာက လူများ စုပေါင်းများစွာကို အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့ (သော သာဓကလည်း ရှိ) ကြောင်း” ပြောဆိုခဲ့ကြ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတို့နှင့်အတူ ရှိတော်မူ၏။

[250] သူတို့သည် ဂျာလူသ်နှင့်သူ့စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရှေ့တိုး၍ချီတက်ခဲ့ကြစဉ် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား ခန္တီသည်းခံကြံ့ ခိုင်ရည် သွန်းလောင်း၍ (ဇွဲသတ္တိမြဲမြံအောင်) အားဖြည်းပေးတော်မူပါ။ ကျွန်ုပ်တို့၏ (ရပ်တည်ချက်များနှင့်) ခြေထောက်များကို ခိုင်မြဲစေတော်မူပါ။ မယုံကြည်သူ (အရှင့်အမိန့်တော်များအား ဖီဆန်ငြင်းပယ်သူ) တို့အပေါ်၌ လွှမ်းမိုးအောင်နိုင်အောင် ကူညီတော်မူပါ။” ဟု အရှင့်ထံ ဆုတောင်းပန်ကြားခဲ့ကြသည်။

[251] အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် သူတို့သည် (ဂျာလူသ်နှင့်သူ့စစ်တပ်ကို) အပြတ်အသတ် တွန်းလှန်ချေမှုန်းနိုင်ခဲ့ပြီး ဒါဝူဒ်က ဂျာလူသ်ကို ကွပ်မျက်ခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်အား (အုပ်ချုပ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ) ဩဇာအာဏာနှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်များ ချီးမြှင့်ပေးအပ်တော်မူပြီး အရှင်မြတ်၏ဆန္ဒတော်အရ လိုအပ်သမျှကို သွန်သင် လမ်းညွှန်တော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အချင်းချင်းကြားတွင် အချို့ကိုအချို့အားဖြင့် ထိန်းချုပ်တွန်းလှန်စေတော်မမူခဲ့လျှင် ကမ္ဘာဂြိုဟ်၌ အဖျက်အမှောင့် (နှင့်သွေးထွက်သံယိုမှုများ) ဖြင့် ပြည့်နက်နေမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍ ဂုဏ်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[252] ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏အယာသ် သက်သေလက္ခဏာတော်များဖြစ်ပြီး ယင်းတို့ကို အသင် (မုဟမ္မဒ်) အား အမှန်တရားသစ္စာအဖြစ်ဖြင့် ရွတ်ဖတ်စေတော်မူခြင်းမှာ အသင်သည် ငါအရှင်မြတ် (ရွေးချယ်တော်မူသည့် သတင်းကောင်းပါးသူ) ရစူလ်တမန်တော်များအနက်မှ မုချပင် တစ်ဦးအပါအဝင် ဖြစ်သောကြောင့် တည်း။

[253] ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအနက်မှ အချို့ကို ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်တင်ပေးတော်မူ၍လည်းကောင်း၊ အချို့ကို အလ္လာဟ်အရှင်မြတ်နှင့်တိုက်ရိုက်စကားပြောတော်မူ၍ လည်း ကောင်း၊ အချို့ကို အချို့ထက် ဂုဏ်သိက္ခာဖြင့် မြင့်မြတ်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် မရ်ယမ်၏သားဖြစ်သူ တမန်တော်အီစာ (ယေရှု) အား မြင်သာထင်ရှားသော သက်သေလက္ခဏာတော်နှင့်ရှင်းလင်းချက်များ ပေးအပ်တော်မူပြီး မြင့်မြတ်သောရူဟ် (ခေါ် ကောင်းကင်စေတမန်ဂျီဗ်ရီလ်) အားဖြင့်လည်း ကူညီတော်မူလျှက် အင်အားတောင့်တင်း စေတော်မူခဲ့ပြီ။ (အကယ်၍ အရှင်မြတ်က လူသားအား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မပေးဘဲ အခြားသက်ရှိ သက်မဲ့များကဲ့သို့ အရှင့်နိယာမတရားများကို မဖြစ်မနေ လိုက်နာစေရန်) အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ရှိခဲ့လျှင် အရှင့်မြင်သာ ထင်ရှားသော သက်သေလက္ခဏာတော်နှင့်ရှင်းလင်းချက်များ သူတို့ထံရောက် ပြီးနောက် အချို့က (ဖြူစင်စွာ အပြည့်အဝ) ယုံကြည်ကြသော်လည်း အချို့က မယုံကြည် (ဖီဆန်ငြင်းပယ်) ၍ သဘောထား ကွဲလွဲလျှက် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့ကြမည် မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (ထိုသို့) အချင်းချင်း တိုက်ခိုက်ကြမည် မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်က) ရည်ရွယ်တော်မူသည်ကိုသာ စီမံပြုလုပ်ဖြစ်တည်စေတော်မူ၏။

[254] အို၊ ယုံကြည်သူအပေါင်းတို့၊ (အရှင့်စည်းမျဉ်းတော်များကို တသွေမတိမ်း လိုက်နာလျှက် စည်းလုံးညီညွတ် စွာဖြင့် ငြိမ်းချမ်းသော လူ့အသိုင်းအဝိုင်းတည်ဆောက်ရာတွင်) အလ္လာဟ်အရှင်မြတ်က သင်တို့ကို ပေးအပ်တော်မူသည့် စားနပ်ရိက္ခာ (ဥစ္စာဓန၊ ဩဇာအာဏာ၊ စွမ်းရည်နှင့်နည်းပညာများ) မှ (အလ္လာဟ်အရှင်မြတ်၏ကျေနပ် နှစ်မြို့မှုရရှိရန်အတွက် ရည်စူး၍) မည်သည့် အပေးအယူ၊ အရောင်းအဝယ်၊ ကူညီသူမိတ်ဆွေ အပေါင်းအ သင်းနှင့်ကိုယ်စားအသနားခံပေးမည့်သူမျှမရှိ (သော ကိုယ့်အပြစ်၏အကျိုးဆက်ကို မိမိကိုယ်တိုင်သာ အစစ်ဆေးခံရ၍ ခံစားရမည်ဖြစ်) သော တမလွန်တရားစီရင်မည့်နေ့ ရောက်မလာမီ အချိန်အထိ (ချို့တဲ့သူများအား) စွန့်လှူပေးကမ်းလှူဒါန်းကြလော့။

[255] အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံးကို ဖြစ်တည်ရှင်သန်လှုပ်ရှားစေတော်မူပြီး ယင်းတို့၏ သက် တမ်းတစ်လျှောက်၌ ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များ ကိုလည်း ဖွံဖြိုးစေတော်မူသောအရှင်)၊ အစဉ်အမြဲ ရှင်နေတော်မူသောအရှင်မြတ်၊ (အရာခပ်သိမ်းတို့က ထိုအရှင်ကိုသာ မှီခိုနေရပြီး) ထိုအရှင်မြတ်သည် မည်သည့် အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိ ရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျဉ်းမရှိပေ။ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိတို့အတွက်သာ ဖြစ်သော) ငိုက်မျဉ်းခြင်းနှင့်အိပ်စက်အနားယူခြင်း (ဆိုင်ရာနိယာမ) တို့က (ယင်းတို့၏ အရှင်သခင်ဖြစ်တော်မူသော) ထိုအရှင်အပေါ်၌ မဖိစီး၊ မလွှမ်းမိုး၊ မအပ်စပ်နိုင်ကြချေ။ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အတွင်း၌ ရှိသမျှတို့သည် အရှင့်အချုပ်အခြာအာဏာ၌သာ တည်ရှိနေကြပြီး ထိုအရှင်မြတ်က ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်သည်။ ထိုအရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ (အရှင်မြတ်နှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူများကြားတွင်) အရှင်မြတ်ထံ အဘယ်သူက အခြားသူတို့အတွက် အသနားခံ တောင်းပန်ပေးနိုင်အံ့နည်း။ (အချိန်နှင့်အာကာသစည်းဘောင်ကို ဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် (အချိန်နှင့်အာကာသစည်းဘောင်းအတွင်း၌ နေထိုင်ရသော) သူတို့၏ရှေ့မှောက်နှင့်နောက်ကွယ်တွင်ရှိသော (အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်ဆိုင်ရာ) ထင်ရှားပေါ်လွင်သော အဖြစ်အပျက်အကြောင်းအရာများနှင့်မျက်ကွယ်ရာ၌ရှိသော ကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။ အရှင်မြတ်၏ခွင့်ပြုအမိန့်မရှိလျှင် အရှင့်ဉာဏ်တော် အနန္တမှ မည်သည့်အရာကိုမျှ (အရှင့်အစေခံများဖြစ်ကြသော လူသားတို့က) လွှမ်းခြုံသိနားလည် နိုင်ကြမည် မဟုတ်ပေ။ အရှင့် (ဘုန်းတန်ခိုး၊ ဩဇာအာဏာ၊ နိယာမတော်များနှင့်စည်းစနစ်များဆိုင်ရာ) အာဏာစက်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဝန်းခြုံလွှမ်းမိုးလျှက် ရှိနေလေ၏။ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် အရှင်မြတ်အတွက် အပန်းမကြီး၊ မရိုးမအီပေ။ စင်စစ် ထိုအရှင်မြတ်သည် (တုနှိုင်းမဲ့ ပကတိ ဇာတိတော်အားဖြင့်) အမြင့်မြတ်ဆုံးနှင့်ကြီးကဲမှု အထွဋ်အထိပ်ဆုံး ဖြစ်တော်မူ၏။

[256] ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ၌ အတင်းအကျပ်လုပ်စေသည့်နည်းစနစ် (မှိုင်းတိုက်သန့်စင်စေသည့်နည်းစနစ်ဟူ၍) လုံးဝမရှိပေ။ (အရှင်မြတ်ကို အာခံဖီဆန်စေသည့်) လမ်းမှားမှ (အရှင့်လမ်းညွှန်ရရှိမည့်) လမ်းမှန်ကို (သိသိသာသာ ကွဲပြားခြားနားစွာ သိမြင်နိုင်ရန်) ရှင်းလင်းထင်ရှားစွာ ရပ်တည်စေတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ၊ မည်သူမဆို (အရှင့် အစေခံ လူသားများအား ကိုးကွယ်ခြင်းနှင့်လူသားများက တီထွင်ဖန်တီးထားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်စရာအားလုံးကို မယုံကြည် (ငြင်းဆန်) ရုံမျှသာမက အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို သာလျှင် (ဖြူ စင်မြဲမြံစွာ) ယုံကြည်ကြလျှင် ထိုသူသည် (ဘဝတက်လမ်းမှ ပြုတ်မကျရအောင်) အလွန်ခိုင်မြဲပြီး စိတ်ချရသည့်အပြင် မည်သည့်အခါမျှ ကျိုးပျက်မည်မဟုတ်သော လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့လေပြီ။ ဧကန်မုချ၊ အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[257] အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့၏ (စိတ်အချရဆုံးနှင့်အားအကိုးရဆုံး) အုပ်ထိန်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူပြီး သူတို့ကို (အတွေးအခေါ်၊ ဉာဏ်ပညာ၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်နာမ်ရေးရာ လမ်းမှားရောက်မှုနှင့်) အမှောင်ထုများမှ (လောကီနှင့်တမလွန်ဘဝတို့၌ အောင်မြင်မှုအဖြာဖြာ ရရှိစေမည့်အရှင့်လမ်းစဉ်၏) အလင်းရောင်သို့ ဆွဲထုတ်ခေါ်ဆောင်တော်မူ၏။ မယုံကြည် (သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့၏အုပ်ထိန်းသူ (နှင့်အားထားရာ) များမှာ အလင်းရောင်မှ (မိစ္ဆာဒိဌိဆိုင်ရာ) အမှောင်ထုသို့ ဆွဲထုတ်ခေါ်ဆောင်မည့်သူများ (လူသားများက တီထွင်ဖန်တီးထားသော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်စရာများ) ပင် ဖြစ်ကြပြီး ထိုသူတို့သည် ငရဲမီး၏အဖော်များ ဖြစ်ကြသည့်အလျှောက် ငရဲဘုံ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည်။

[258] အလ္လာဟ်အရှင်မြတ်သည် (လူသားအား) အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာပေးအပ်ခဲ့တော်မူသည့်အတွက် (ဘဝင်မြင့်လျှက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်စပ်လျဉ်း၍ (တမန်တော်) အီဗ်ရာဟီးမ်အား အတိုက်အခံလုပ်ပြီး အာခံငြင်းခုံခဲ့သူအကြောင်းကို အသင်တို့ မတွေးမြင် မဆင်ခြင် မသုံးသပ်ကြသလော။ (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ သက်ရှိအားလုံး၏ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေတော်မူသော အရှင်ပင်ဖြစ်၏” ဟု ပြောသည့်အခါ (ဘုရင်ဖြစ်) သူက “ကျွန်ုပ်မှာလည်း ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေနိုင်သော အခွင့်အာဏာရှိ၏။” ဟု တုံ့ပြန်ပြောခဲ့၏။ (တမန်တော်) အီဗ်ရာဟီးမ်က “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူရိယနေမင်းကို အရှေ့ဘက်မှ ထွက်စေတော်မူ၏။ အသင်သည် ယင်းကို အနောက်ဘက်မှ ထွက်စေလော။” ဟု မိန့်ဆို၍ မယုံကြည် (သူ၊ အမှန်တရားကိုငြင်းဆန်) သူအား အငိုက်မိစေလျှက် အရေးနိမ့်စေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန်ပင်၊ စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသည့် လူမျိုးကို လမ်းညွှန်တော် မမူချေ။

[259] သို့တည်းမဟုတ် (အလ္လာဟ်အရှင်မြတ်သည်သာလျှင် သေခြင်း၊ ရှင်ခြင်းကို ဖြစ်စေတော်မူကြောင်းနှင့်စပ် လျဉ်းသည့် နောက်ထပ် သက်သေတစ်ခုကို သိတရ ကြလော့၊ ယင်းမှာ) မြေလှန်၍အိမ်အောက်ကြမ်းပြင်များ အား အိမ်ခေါင်မိုးများပေါ်သို့ ပြိုကျစေလျှက် အိမ်များကို လုံးလုံးလျားလျား ဖြိုပစ်ထားသော မြို့ရွာတစ်ခုကို ကျော်ဖြတ်ခဲ့သူကဲ့သို့ပင် ဖြစ်၏။ သူက “အလ္လာဟ်အရှင်မြတ်သည် (နှစ်ပေါင်းများစွာ) ဤသို့ ပြိုကျပျက်စီးနေသော မြို့ရွာနှင့်ယင်းတို့ထဲတွင် သေကြေဆွေးမြည့်နေသူတို့ကို မည်သို့ ပြန်လည်ထူထောင် ရှင်သန်စေတော်မူမည်နည်း။” ဟု (သူ့ကိုယ်သူ) မေးခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့အား သေစေတော်မူပြီး နှစ်ပေါင်းတစ်ရာ အကြာတွင် ပြန်လည်၍ ရှင်ပြန်ထစေတော်မူခဲ့၏။ (အရှင်မြတ်က သူ့အား) “အသင်သည် (ဤအခြေအနေ၌) မည်မျှကြာမြင့်စွာ နေခဲ့သနည်း။” ဟု မေးတော်မူရာ သူက “တစ်နေ့ သို့မဟုတ် တစ်နေ့၏တစ်စိတ် တစ်ပိုင်းသာ” ဟု ဖြေခဲ့၏။ အရှင်မြတ်က “အမှန်မှာ သင်သည် (ထိုအခြေအနေ၌) နှစ်ပေါင်းတစ်ရာ နေခဲ့ပြီ၊ သို့သော် သင်၏အစားအသောက်များကို လေ့လာကြည့်လော့။ ယင်းတို့သည် (နှစ်ပေါင်းတစ်ရာကြ ခဲ့သည့်တိုင်) ပြောင်းလဲခြင်း မရှိချေ။ သင်၏မြည်းကို စူးစမ်းလေ့လာကြည့်လော့။ မုချဧကန်၊ ငါအရှင်မြတ်သည် သင့်အား လူသားတို့ (၏သမိုင်းတစ်လျှောက်၌ ဖြစ်ပျက်ခဲ့သမျှအပေါ်တွင် စူးစမ်းလေ့လာ၍ သက်ရှိတို့၏ သေခြင်းရှင်ခြင်းသည် အရှင့်စည်းမျဉ်းအမိန့်တော်တစ်ခုသာ ဖြစ်ကြောင်းနှင့်လူသန်းပေါင်းများစွာ ကွယ်လွန် သွားခဲ့ကြောင်းကို သိနားလည်ပြီး တွေးတောနိုင်ရန်) အတွက် သက်သေလက္ခဏာတစ်ခုအဖြစ် ပြုလုပ်ပေးတော်မူ၏။ (သင်တို့၏ခန္ဓာကိုယ်အတွင်းရှိ) အရိုးများကို ငါအရှင်မြတ်က မည်သို့ ချိတ်ဆက်၍ ဖွံ့ဖြိုးစေတော်မူကြောင်း၊ တစ်ဖန် ယင်းတို့ကို အသားအရေဖြင့် မည်သို့ ဆင်ယင်ဖုံးအုပ်စေတော်မူကြောင်း (စသည်တို့ကို) စူးစမ်းလေ့လာ သုံးသပ်တွေးကြည့်ကြလော့။” ဟု မိန့်တော်မူခဲ့၏။ သူ့ကို ထိုသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းပြသည့်အခါ သူက “ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်း ဩဇာများဖြင့် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူကြောင်းကို ကျွန်ုပ်သိနားလည်ပါပြီ” ဟု လျှောက်ထားလေ၏။

[260] (သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် သက်မဲ့တို့အား မည်သို့ အသက်ဝင်လာအောင် လုပ်တော် မူသည်ကို (ကျွန်ုပ် မြင်တွေ့လို၍) ပြသတော်မူပါ” ဟု လျှောက်ထားသည့်အခါ အရှင်မြတ်က “အသင် မယုံကြည်သလော။” ဟု မေးတော်မူခဲ့၏။ သူက “ကျွန်ုပ် အပြည့်အဝ ယုံကြည်ပါ၏၊ သို့သော် ကျွန်ုပ်၏စိတ်နှလုံး၌ ဘဝင်ကျ နှစ်သိမ့်မှု ရရှိနိုင်ရန်အတွက်သာ“ ဟု လျှောက်ထားခြင်း ဖြစ်ပါ၏။” ဟု ဖြေဆိုခဲ့စဉ် အရှင်မြတ်က “ငှက်တို့အနက်မှ ငှက်လေးကောင်ကို ယူ၍ ယင်းတို့ကို (ယဉ်ပါးအောင် လေ့ကျင့်ပေးပြီးမှ) အပိုင်းပိုင်းဖြတ် တောက်လျှက် (ထိုအပိုင်းအစများအား တစ်ခုနှင့်တစ်ခုရောထွေးစေကာ) အပိုင်းအစတစ်ခုစီကို တောင်တစ်တောင်နှင့်တစ်ကောင် သီးခြားစီ၌ ချထားလော့။ ထို့နောက် ယင်းတို့အား (ယင်းတို့ကို ပေးထားသည့် အမည် နာမများဖြင့်) ခေါ် လော့။ ယင်းတို့က လျှင်မြန်စွာ (ပျံသန်းလျှက်) သင့်ထံ ရောက်လာလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ ကြောင်းကို နှလုံး သွင်းသိထားကြလော့။

[261] (အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးရယူရန် အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏ ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာ) များကို စွန့်လှူပေးကမ်းလှူဒါန်းသူတို့၏ပုံဆောင်ဥပမာမှာ “အစေ့အဆံတစ်ခုမှ အစို့အညှောက်ထွက်၍ ကောက်နှံခုနှစ်နှံ ပေါက်ပွားလျှက် ထိုကောက်နှံတစ်ခုစီမှ တစ်ဖန် အစေ့အဆံအခု တစ်ရာစီအထိ တိုးပွားလာစေသည့် မျိုးစေ့မျိုးကောင်းကဲ့သို့ပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသူတို့အား အဆမတန် တိုးပွားဖွံ့ဖြိုးစေတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်သောမူအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[262] အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာ) များကို ပေးကမ်းစွန့်လှူပြီးနောက် (အမှတ်ယူကြွားဝါခြင်းနှင့်မကြေမလည်ဖြစ်ခြင်းဖြင့်) ပေးကမ်းလှူဒါန်းခဲ့သည့် အရာနောက်ကို လိုက်လျှက် ရက်ရောမှု၏ဂုဏ်ကျေးဇူးကို ဖော်ထုတ်၍ (အလှူလက်ခံရယူသူတို့အား) မခံချိမခံသာဖြစ်အောင် ပြုမူ ပြောဆိုဆက်ဆံခြင်း မပြုကြသူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော (အရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်ရှိသောကြောင့်) သူတို့အတွက် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်သောကြောင့်) သူတို့သည် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ပေ။

[263] အလှူဒါနတွင် (တရားတော်နှင့်အညီ) မျှတစွာပြုမူပြောဆိုဆက်ဆံခြင်းနှင့် (အရှင်မြတ်၏ကျေနပ်နှစ်မြို့ မှုကို ရယူရှာမှီး၍) လူတို့အား စာနာခွင့်လွှတ်ခြင်းတို့သည် ပေးကမ်းစွန့်လှူပြီးနောက် (အမှတ်ယူကြွားဝါခြင်းနှင့်မကြေမလည်ဖြစ်ခြင်းတို့ဖြင့်) ပေးကမ်းလှူဒါန်းခဲ့သည့်အရာနောက်ကို လိုက်လျှက် ရက်ရောမှု၏ဂုဏ်ကျေးဇူးကို ဖော်ထုတ်၍ (အလှူလက်ခံရယူသူတို့အား) မခံချိမခံသာဖြစ်အောင် ပြုမူပြောဆိုဆက်ဆံလှူဒါန်းခြင်းတို့ထက် အမြတ်ဆုံးပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ လိုလားတောင့်တမှုများကို ဖြည့် ဆည်းပေးတော်မူသည့် ကုံလုံပြည့်စုံတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်းပေးတော်မူ၍ စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[264] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့ ပေးကမ်းလှူဒါန်းခဲ့သည့်အလှူဒါနများအပေါ်တွင် (အမှတ်ယူ ကြွားဝါ၍) ရက်ရောမှု၏ဂုဏ်ကျေးဇူးကိုဖော်ထုတ်လျှက် (အလှူလက်ခံရယူသူတို့အား) မခံချိမခံသာဖြစ်အောင် ပြုမူပြောဆိုဆက်ဆံခြင်းဖြင့် သင်တို့၏အလှူဒါနများကို အချည်းနှီး၊ အလဟသ မဖြစ်စေကြလေနှင့်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ဥစ္စာဓနကို လှူဒါန်းသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့အပေါ်တွင် အယုံအကြည် မရှိသူ ဖြစ်ပြီး လူတို့အား (လူမြင်ကောင်းအောင်) ပြစားရန်အတွက်သာ လှူဒါန်းရာရောက်၏။ သူ၏ပုံဆောင် ဥပမာမှာ မြေမှုန့်များချန်ထားသည့် မာကျောပြောင်လက်နေသော ကျောက်တုံးချောပေါ်ဝယ် သည်းထန်စွာ ရွာသွန်းပချသည့် မိုးရေကြောင့် မြေမှုန့်တစ်စက်ပင် မကျန်ရစ်အောင် ပွတ်တိုက်စားခြင်းခံခဲ့ရသည့် ထိုကျောက် တုံးချောကဲ့သို့ပင် ဖြစ်ပြီး (အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းတော်နှင့်မကိုက်သည့်) သူ့ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သမျှသည် မည်သည့်တစ်စုံတစ်ရာကိုမျှ (တမလွန်ဘဝ၌ အကျိုးဆက်အဖြစ် ရရှိရန်) ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား လမ်းညွှန်တော် မမူချေ။

[265] (တိကျသေချာ ပြတ်သားသော ယုံကြည်မှုကို) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ စွဲမြဲစွာ အခိုင်အမာ အမြစ်တွယ်စေလျှက် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးရယူရန်အလို့ငှာ (စိတ်ရင်းစေတ နာဖြူစင်စွာဖြင့်) ပေးကမ်းလှူဒါန်းစွန့်လှူသူတို့၏ဥပမာသည်ကား မြေဩဇာပေါကြွယ်ဝသည့် တောင်စောင်းတွင် မိုးကောင်းလျှင်ကောင်းသည့်အလျောက် အသီးအနှံများကို နှစ်ဆရိတ်သိမ်းနိုင်သော၊ မိုးနည်းလျှင် နည်းသည့်အလျောက် ရိက္ခာလုံလောက်စွာ ရရှိနိုင်သော ဥယျာဉ်ခြံကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ သိနေမြင်နေပတော်မူ၏။

[266] အောက်ခြေ၌ အလျဉ်းမပြတ် တသွင်သွင်စီးဆင်းနေသော စိမ့်စမ်းရေနှင့်အတူ စွန်ပလွံ၊ စပျစ်နှင့်အခြား သစ်သီးဝလံမျိုးစုံ တလှိုင်လှိုင်သီးနေသည့် ဥယျာဉ်ခြံကြီးကို ပိုင်ဆိုင်ထားသော်လည်း အသက်အရွယ် အိုမင်းရင့်ရော်ကာ ဇရာထောင်းပြီး အားနည်းချို့တဲ့သောသူသည် ရင်းသွေးများရသည့်အချိန်ကျမှ မီးမုန်တိုင်းကျရောက်လာ၍ ထိုဥယျာဉ်ခြံကြီးအား လောင်းကျွမ်းပျက်စီးခံလိုက်ရသူ၏အဖြစ်ဆိုးမျိုးကဲ့သို့ သင်တို့အနက်မှ မည်သူက ထိုအဖြစ်မျိုးကို လိုချင်နှစ်သက် မည်နည်း။ သင်တို့က စဉ်းစားဆင်ခြင်တွေးတောနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ထိုကဲ့သို့ပင် အာယာသ်သက်သေလက္ခဏာတော်များကို ထင်ရှားမြင်သာအောင် ရှင်းလင်းဖော်ပြတော်မူ၏။

[267] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့ပြုမူလုပ်ဆောင်ကျင့်ကြံ၍ ရယူပိုင်ဆိုင်သည့်အရာများနှင့်ငါအရှင်မြတ်က သင်တို့အတွက် မြေကမ္ဘာမှ ထုတ်ပေးတော်မူသောအရာများမှ သန့်ရှင်းကောင်းမွန်သည့်အရာများကို (ဆင်းရဲနွမ်းပါးသော လူသားတို့၏အကျိုးအတွက်) ပေးကမ်းစွန့်လှူကြလော့။ အဖက်မတန်ဟု သဘောထားလျှက် သင်တို့ကိုယ်တိုင် မတတ်သာ၍ မျက်စိစုံမိတ်ပြီးယူရခြင်းမှအပ လက်မခံချင်သောအရာများအား စိတ်ကူးဖြင့်ပင် မရည်ရွယ်၊ မလှူဒါန်းကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏လိုလားတောင့်တမှုများကို ဖြည့်ဆည်းပေးတော်မူသည့် ကုံလုံပြည့်စုံတော်မူသောအရှင်၊ လောကခပ်သိမ်းကို မျှတလိုက်ဖက်စေပြီး ချီးမွမ်း မြတ်နိုးဖွယ်ကောင်းအောင် ဖြစ်တည်စေတော်မူသော ချီးမွမ်းမှုအလုံးစုံနှင့်ထိုက်တန်တော်မူသည့်အရှင် ဖြစ်တော်မူ၏။

[268] စေတန်မကောင်းဆိုးဝါးသည် (အလှူဒါနလုပ်လျှင် မကြာခင်ဆင်းရဲသွားမည်ဖြစ်ကြောင်း) သင်တို့အား အခိုင်အမာ ကတိပေး ပြောဆိုပြီး (အရှင့်စည်းမျဉ်းဘောင်ကို လွန်ကျူးစေသည့်) မဖွယ်မရာ၊ စက်ဆုပ်ရွံရှာဖွယ်ရာ မလုပ်သင့်မလုပ်ထိုက်သော ပြုမူဆောင်ရွက်မှုများအတွက် အမိန့်ပေးညွှန်ကြားနေ၏။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် ချမှတ်ပေးတော်မူသည့် စည်းမျဉ်းတော်များကို မတော်တဆ ချိုးဖောက်မိ၍ ပြစ်ဒဏ်ချခံရခြင်းမှ ခွင့်လွတ်တော်မူရန်) သင်တို့အား အရှင့်ထံတော်မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့်အရှင့်ကျေးဇူးတော်ဖြစ်သော အသက်ရှင်ရပ်တည်ရေးလိုအပ်ချက်တို့အတွက် ကတိပေးတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဘုန်းတန်ခိုး၊ ဩဇာ၊ နိယာမများနှင့်စည်းစနစ်များဖြင့်) အရာခပ်သိမ်းကို ဝန်းခြုံထားတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့၏ကောင်းကျိုးဆိုးကျိုးတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[269] အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းစည်းကမ်းနှင့်အညီ) အလိုရှိတော်မူသောသူအား (အကြောင်းကိစ္စဟူသမျှကို မျှတစွာ စီရင်ဆုံးဖြတ်နိုင်ရန်အလို့ငှာ ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင် ပေးအပ်တော်မူပြီး ထိုသို့ အမြော်အမြင်ပေးအပ်ခြင်းခံရသူသည် ကောင်းမှုအကျိုးကျေးဇူးများစွာကို ပေးအပ်ခံရသူ မုချပင် ဖြစ်ကြောင်း မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်တို့မှအပ မည်သူမျှ သတိထား၍ အလေးအနက် ဆင်ခြင်ကြမည် မဟုတ်ပေ။

[270] (အရှင့်လမ်းတော်နှင့်စေတန်မကောင်းဆိုးဝါးတို့၏လမ်းစဉ်များ၌ သုံးစွဲသော အကောင်းအဆိုး၊ အနည်း၊ အများ၊ အားလုံးမှ) မည်သည့် ပေးကမ်းစွန့်လှူမှုမျိုးကိုမှ ပေးဝေလှူဒါန်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သည့် အဓိဌာန်အတွက် သန္နိဌာန်ချသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် (ယင်းတို့ကို) အကြွင်းမဲ့ သိနေတော်မူ၏။ စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍မတော်မတရား မမှန်မကန်လုပ်သူများကလည်း (သူတို့၏အနာဂတ် လုံခြုံစိတ်ချရပြီ။"" ဟု မှတ်ယူသည့်တိုင်) သူတို့အတွက် မည်သည့် ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ပေ။

[271] အကယ်၍ ပေးကမ်းစွန့်လှူမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြလျှင် (သင်တို့ လှူဒါန်းခွင့်ရသည့် အရာများသည် အရှင်မြတ်ထောက်ပံ့ထားတော်မူသော အရာများဖြစ်၍ ယင်းသည်) ကောင်း၏။ သို့သော် အကယ်၍ ချို့တဲ့နွမ်းပါးသူတို့အား သိုသိုသိပ်သိပ် (ညာလက်မှ ပေးလှူသည်ကို ဘယ်လက်ဖြင့် မသိစေဘဲ) ပေးကမ်းစွန့်လှူလျှင် သင်တို့အတွက် အကောင်းဆုံးပင်ဖြစ်ပြီး (ယင်းကိုအကြောင်းပြု၍) အရှင်မြတ်က သင်တို့၏မကောင်းမှုများမှ အချို့ကို ဖယ်ရှားဖုံးကွယ်တော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံ ဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ်ရယူထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[272] (အို၊ ရစူလ်တမန်တော် အသင်၏တာဝန်မှာ အရှင့်အမိန့်တော်များကို လူသားထံ သယ်ပို့ပေး၍ အသိပေး ရန်သာ ဖြစ်၏။ ကိစ္စရပ်တိုင်း၌ သူတို့အား အရှင့်လမ်းညွှန်မှုအတိုင်း ဆောင်ရွက်စေရန်တာဝန် မရှိပေ။) သူတို့အား လမ်းညွှန်မှုရစေရန် သင့်အပေါ်၌ တာဝန်မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းစည်းကမ်းနှင့်အညီ) အလိုရှိတော်မူသောသူအား လမ်းညွှန်တော်မူလိမ့်မည်။ (အရှင်မြတ်ပေးအပ်တော်မူသောကြောင့် ပိုင်ဆိုင်ခွင့်ရသော) ကောင်းမြတ်သည့်အရာများမှ သင်တို့ စွန့်လှူပေးကမ်းလှူဒါန်းသမျှသည် (တမလွန်၌ အကျိုးဆက်ခံစားခွင့်ရရန်) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များအတွက် သင်တို့ကိုယ်တိုင် လုပ်နေခြင်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီး၍ အရှင့်စည်းမျဉ်းတော်နှင့်အညီမှအပ (အခြား မည်သည့် ရည်စူးချက်အတွက်မျှ) စွန့်လှူခြင်း မပြုကြလေနှင့်။ ကောင်းမြတ်သည့်အရာများမှ သင်တို့ စွန့်လှူပေးကမ်းလှူဒါန်းသမျှ၏အကျိုးဆက်သည် သင်တို့ထံ အပြည့်အဝ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး အရှင့် စည်းဘောင်ကို ကျော်လွန်၍ မမျှတမှုပြုခံရမည် မဟုတ်ပေ။

[273] အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (သူတို့၏ဘဝတစ်ခုလုံးကို) နစ်မြုပ်ထားသည့်အတွက် မြေကမ္ဘာပေါ် ဝယ် သွားလာလှုပ်ရှား (၍ အသက်ရှင်ရပ်တည်းရေးဆိုင်ရာ လိုအပ်ချက်များကို ရှာဖွေ) ရန် မတတ်စွမ်းနိုင်သော ဆင်းရဲနွမ်းပါးသူတို့သည် (အရှင်မြတ်မှအပ အခြားအရှင့်အစေခံများထံ လက်ဖြန့်ခြင်းကို မနှစ်သက်သောကြောင့်) လူတို့ထံ ခယတွယ်ကပ်တောင်းရမ်းခြင်းကို မပြုကြသော်လည်း သူတို့၏အမူအရာနှင့်အခြေအနေအရ သူတို့သည် အမှန်ပင်၊ ချို့တဲ့ကြောင်း သိသာပေါ်လွင်နေပါလျှက်နှင့် ပညာမဲ့တို့က (ဥစ္စာဓနနှင့်လောကီ မက်မောမှုကြောင့် မရိပ်မိနိုင်ဘဲ) သူတို့အား ချမ်းသာသူများအဖြစ် မှတ်ယူကြသည်။ အလ္လာဟ်အရှင်မြတ်သည် (သင်တို့အား ပေးအပ်တော်မူသည့်) ကောင်းမြတ်သည့်အရာများမှ သင်တို့က စွန့်လှူပေးကမ်းလှူဒါန်းသမျှနှင့်ပတ်သက်၍ အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[274] လူခြေတိတ်ဆိတ်သည့်ညယံအချိန်တွင်ဖြစ်စေ၊ နေ့အချိန်၌ လူမြင်ကွင်းတွင်ဖြစ်စေ၊ သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ သူတို့ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာများ) ကို စွန့်လှူပေးကမ်းလှူဒါန်းကြသူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များရှိပြီး သူတို့၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်သောကြောင့်) သူတို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ပေ။

[275] အတိုးစားသူ (ခေါင်းပုံဖြတ်သူ၊ မတရားအမြတ်ကြီးစားသူ) တို့သည် စေတန်မကောင်းဆိုးဝါး၏ထိတွေ့မှု ကြောင့် ညှို့ယူဖမ်းစားခံရ၍ တွေဝေမူးနောက်လျှက် မွှန်ထူသွားသောသူတို့ ရပ်တည်သကဲ့သို့ ရပ်တည်ချက်မျိုးမှအပ (အခြားမည်သည့်နည်းနှင့်မျှ) ရပ်တည်နိုင်ကြမည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့က “ကုန်သွယ်ရောင်းဝယ်မှုသည် အမှန်ပင် အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်း) ကဲ့သို့ပင် ဖြစ်၏။” ဟု ပြောကြပြီး အလ္လာဟ်အရှင်မြတ်သည် ကုန်သွယ်ရောင်းဝယ်မှုကို ခွင့်ပြုတော်မူ၍ အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်း) ကို တားမြစ်တော်မူသောကြောင့်ပင် ဖြစ်၏။ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ဆုံးမဩဝါဒတော် ရောက်လာခြင်းအား ကြိုဆိုလက်ခံပြီး (အတိုးစားခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်းတို့) ကို စွန့်လွှတ် ရပ်ဆိုင်းကြလျှင် အတိတ်ကာလ၌ ထိုနည်းဖြင့် သူရှာဖွေစုဆောင်းခဲ့သမျှနှင့်သူ့အရေးကိစ္စကို (အရှင်မြတ်ခွင့် လွတ်တော်မူပါစေကြောင်း အသနားခံခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်ထံသို့သာ ဦးတိုက်လျှောက်ကြလော့။ မည်သူမဆို ဖီဆန်ကျူးလွန်လျှင် ထို (ကျူးလွန်မှု၌ပါဝင်) သူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြပြီး (ယင်းငရဲဘုံ၌) ကာလအကန့်အသတ်မဲ့ နေထိုင်ကြရလိမ့်မည်။

[276] အလ္လာဟ်အရှင်မြတ်သည် အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်းတို့) ဖြင့် ရှာဖွေစုဆောင်းရထားသည့် ဓနဥစ္စာများကို (အပြည့်အဝ ခံစားခွင့်မရအောင်) ဆုတ်ယုတ်ပျက်စီးစေတော်မူမည်ဖြစ်ပြီး (ချို့တဲ့သူတို့အား ပေးကမ်းလှူဒါန်းသည့်) အလှူဒါနကို တိုးပွားစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်မှု (အရှင့်အမိန့်တော်များကို ကျူးလွန်ဖီဆန်မှုတို့) ၌ (ခေါင်းမာမာဖြင့် စွဲမြဲစွာရပ်တည်သူများနှင့်အလျော့မပေးဘဲ အဆက်မပြတ်) အပြစ်ကျူးလွန်သူတို့ကို နှစ်မြို့တော် မမူချေ။

[277] (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ယုံကြည်ကြပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုလုပ်ရပ်ကို (မြဲမြံစွာ) လုပ်ဆောင်ကာ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်၍ ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူအတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေး) ကိုလည်း ပေကမ်းကြသူတို့အတွက် အရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များစွာရှိပြီး ထိုသူတို့မှာ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်သောကြောင့်) သူတို့သည် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ကြပေ။

[278] အို၊ ယုံကြည်သူတို့အပေါင်းတို့၊ အကယ်၍ သင်တို့သည် စစ်မှန်သောယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးကြ) ပြီး (ယခင်လုပ်ခဲ့သော) အတိုးအညွန့် (ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီးစားခြင်း) ဆိုင်ရာ အပေးအယူ အကြွင်းအကျန်များကို အလျော့ပေး စွန့်လွှတ်ကြလော့။

[279] အကယ်၍ (အတိုးအညွန့်၊ ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီးစားခြင်းတို့နှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်တော်မူသည့်အတိုင်း) မပြုလုပ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်ထံမှ စစ်ကြေညာခြင်း သတိပေးချက်ကို ရယူကြလော့။ အကယ်၍ သင်တို့က (သင်တို့၏စိတ်ကြိုက်မူဝါဒလမ်းစဉ်များကို စွန့်လွှတ်၍) နောင်တဖြင့် (အရှင့်လမ်းစဉ်ဘက်သို့) လှည့်ကြလိုလျှင် သင်တို့၏ဥစ္စာဓနမှ (အတိုးနှင့်ခေါင်းပုံဖြတ်ခြင်းဖြင့် ရထားသည့် အမြတ်များကို ဖယ်ထုတ်၍) အဓိက မတည်ငွေ၊ အရင်းအနှီးများသည် ထိုသူတို့အတွက်ပင် ဖြစ်၏။ သို့မှသာ မတရားပြုရာမရောက်သည့်အပြင် မတရားပြုခံ ရမည်လည်း မဟုတ်ကြပေ။

[280] သို့သော် အကယ်၍ သူသည် (မြီစားဖြစ်ပြီး) အခက်အခဲ၊ အကျပ်အတည်းနှင့်ရင်ဆိုင်နေရသူဖြစ်နေလျှင် (သူ့အကျပ်အတည်း) ပြေလည်သည်အထိ (အချိန်မရွေး စောင့်ဆိုင်း၍ ဆိုင်းငံ့ပေးရမည်) သို့မဟုတ် ထောက်ထားညှာတာလျှက် ကြွေးမြီအား ကင်းလွှတ်ခွင့်ပေး၍ အလှူဒါနသဖွယ် စွန့်လှူခြင်းသည် သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်ကြောင်း သင်တို့ သိနားလည်ကြလျှင် ကောင်းလေစွ။

[281] သင်တို့အားလုံးအား အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်သို့ (တရားစီရင်ခြင်းခံကြရရန်) ခေါ်ဆောင် ရောက်ရှိစေပြီးနောက် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား (လောကီဘဝ၌) ပြုမူကျင့် ကြံလုပ်ဆောင်ခဲ့သမျှအတွက် (အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်များကို သူတို့၏လုပ်ဆောင်ချက်များနှင့်အညီ မျှတစွာဖြင့် အပြည့်အဝ) ပြန်လည် ရရှိစေမည့်နေ့၊ သူတို့အားလုံး (တစ်ယောက်မကျန်တို့) သည် မတရားစီရင်ဆုံးဖြတ် ခြင်းခံကြရမည် မဟုတ်သောနေ့အထိ၊ ထို (တမလွန်တရားစီရင်မည့်) နေ့ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။

[282] အို၊ ယုံကြည်သူတို့အပေါင်းတို့၊ တိကျသော အချိန်ကာလတစ်ခု သတ်မှတ်၍ သင်တို့အချင်းချင်းကြားတွင် အကြွေးဖြင့် တစ်ဦးကိုတစ်ဦး အရောင်းအဝယ် ကတိခံဝန်ချက်ပြုလုပ်ကြသည့်အခါ စာချုပ်ချုပ်ဆို၍ မှတ်တမ်းတင်ကြလော့။ သင်တို့အချင်းချင်းကြားဝယ် (ရေးမှတ်သူ) စားရေးတစ်ဦးကို (တရားတော်နှင့်အညီ) မျှတစွာရေး သားမှတ်တင်စေလော့။ (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်အားဖြင့်) အလ္လာဟ်အရှင်မြတ်က သင်တို့ကို သွန်သင်သည့်အတိုင်း ရေးမှတ်စေခြင်းအား မည်သည့် စားရေးကမျှ မငြင်းဆို မဖီဆန်သင့်ပေ။ သို့ဖြစ်ပါ၍ မြီစားအား (အကြွေးနှင့်စပ်လျဉ်း၍ ပြန်လည်ပေးဆပ်ရန် မည်သို့ တာဝန်ခံကြောင်းကိုလည်း) တရားဝင်ထုတ် ဖော်ကြေညာစေခြင်း၊ မည်သူ့အပေါ် မည်သို့သောတာဝန် (နှင့်အခွင့်အရေးများ) ရှိကြောင်းကို မှန်ကန်စွာ ရေး သားစေခြင်း၊ (စာချုပ်ပါ မြီစားမြီရှင်များအနက် မည်သူမဆို) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံးရန် တိုက်တွန်းသည့်စာသားပါ) စေခြင်း၊ စာရေးသူက (စာချုပ်တွင် တည့်သွင်း ဖော်ပြရန် အရှင်မြတ်ညွှန်ကြားထားသည့် အချက်များမှ) မည်သည့်အချက်ကိုမျှ လျော့ပေါခြင်းမပြုစေခြင်းတို့ဖြင့် (စာရေးသူအား) ရေးသားစေလော့။ သို့သော် အကယ်၍ မြီစားက (ပြန်လည်ပေးဆပ်ရန် မည်သို့ တာဝန်ခံကြောင်း) ထုတ်ဖော်ကြေညာရာတွင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ချွတ်ယွင်းချက်များရှိ ခဲ့သော်လည်းကောင်း၊ သို့တည်းမဟုတ် မတတ်စွမ်းနိုင်သော်လည်းကောင်း၊ သူ့ကိုယ်စား သူ့ (အတွက်တာဝန် ယူနိုင်မည့်) အုပ်ထိန်း သူတစ်ဦးက (တရားတော်နှင့်အညီ) မျှတစွာ တရားဝင်ထုတ်ဖော်ကြေညာ ပေးရမည်။ ထို့ပြင် အမျိုးသားများအနက်မှ သက်သေနှစ်ဦးအား (လိုအပ်သည့်အချိန်တွင် မျက်မြင်သက်သေအဖြစ် သက်သေထွက်ဆိုရန်) သက်သေခံနိုင်စေရမည်။ အကယ်၍ အမျိုးသားသက်သေနှစ်ဦး မရှိပါက အမျိုးသား တစ်ဦးနှင့်သင်တို့သဘောတူလက် ခံနိုင်သည့် အမျိုးသမီးနှစ်ဦးကို (အမျိုးသမီးတို့၏ကလေးထိန်း တာဝန်နှင့်အခြား ကျန်းမာရေး၊ လူမှုရေး အခြေအနေကြောင့် တာဝန်ပေးပြီး) တစ်ဦးဦးက (စာချုပ်ပါအချက်များကို) စိတ်ရှုပ်၊ တွေဝေ၊ မေ့လျော့၍ ချွတ်ချော်မှားယွင်းခဲ့လျှင် နောက်တစ်ဦးက ထောက်ပြပြီး သတိရစေရန်အလို့ငှာ) သက်သေခံနိုင်စေရမည်။ (လိုအပ်သည့်အချိန်တွင် သက်သေထွက်ဆိုရန်) ဖိတ်ခေါ်ခြင်းခံရသည့်အခါ အဆိုပါ သက်သေများက သက်သေလိုက်ရန် မငြင်းဆိုသင့်ပေ။ စာချုပ်ရေးသားသူသည် ကတိဝန်ခံချက်ပါ အချက်အလက်များကို ရေရှည်၊ ရေတို၊ အဓိကနှင့် သာမည၊ အသေးနှင့်အကြီး အသေးစိတ်တို့ကို စိတ်တိုစိတ် ပျက်ငြိ ငွေ့ခြင်း အလျှင်း မရှိဘဲ တာဝန်ယူရေးသား၍ မှတ်တမ်းတင်ရမည်။ ထိုသို့လုပ် ဆောင်ခြင်းသည် သင်တို့အတွက် သံသယကင်းမှုနှင့်အနီးစပ်ဆုံး၊ သက်သေအ ထောက်အထားအခိုင်မာဆုံးနှင့်အတည့်မတ်ဆုံး ဖြစ်ရုံမျှသာမက အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အမျှတဆုံး နှင့်သဟဇတအဖြစ်ဆုံးပင် ဖြစ်၏။ သို့ရာတွင် သင်တို့အချင်း ချင်းကြားတွင် လတ်တလော (အရောင်းအဝယ်၊ အပေးအယူ၊ လက်လွှဲလက်ပြောင်းစသော ကုန်သွယ်မှုကိစ္စ တစ်ခုအား အကောင်အတည်ဖော်ဆောင်ရွက်သည့် အခါတွင်မူ ယင်းကို သင်တို့က မှတ်တမ်းတင်ရေးသား စေခြင်းမပြုလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ သို့သော် (သင်တို့အချင်းချင်းကြား ထိုသို့သော လတ်တလော ကုန်သွယ်စီးပွားတွင်လည်း (ဘောက်ချာ၊ ပြေစာ၊ အထောက်အထားနှင့်လက်မှတ်များကို) သက်သေအဖြစ် ရယူထားကြလော့။ ထို့အပြင် စာရေးသူ (မှတ်တမ်း တင်သူ) နှင့် (နှစ်ဉီးနှစ်ဘက်၏) သက်သေများကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြလေနှင့်။ အကယ်၍ ထိုသို့ ပြုမူကျင့်ကြံလျှင် (ထိုသို့ ထိခိုက်နစ်နာအောင် လုပ်ခြင်း သည်) အမှန်ပင် မနာခံ၊ ဖီဆန်၊ ဆန့်ကျင်လို၍ အာခံကြ သော​သူတို့၏လုပ်ရပ်ပင် ဖြစ်၏။ အလ္လာဟ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။ အလ္လာဟ့်အရှင်မြတ်သည် သင်တို့အား (သင်တို့၏ဘဝကို အေးချမ်းသာယာစေ၍ လုံခြုံဖွံ့ဖြိုးမှု ပေးတော်မူရန်အတွက် ထိုကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မှ တစ် ဆင့်) အမိန့်ပေး သွန်သင် သင်ကြားစေတော်မူ၏။

[283] အကယ်၍ သင်တို့သည် ခရီးစဉ် တစ်ခု၌ ရှိနေပြီး (ကုန်သွယ်မှု အရောင်းအဝယ် ကတိခံဝန်ချက် လုပ်ရသော အခြေအနေတွင်) မည်သည့် စာချုပ်ရေးမှတ်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့လျှင် (သင့်တော်ထိုက်ထန်သည့်) အာမခံပစ္စည်းတစ်ခုခုကို (မြီရှင်ထံ) အပ်နှံထားကြလော့။ သို့သော် အကယ်၍ သင်တို့သည် တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချကြလျှင် (ကတိအတိုင်း အကြွေးပြန်ဆပ်မည်ဖြစ်ကြောင်းကို မြီရှင်က ယုံကြည် စိတ်ချစွာဖြင့်) ယုံကြည်အပ်နှံမှုကို ယုံကြည်အပ်နှံခြင်းခံထားရသူ (မြီစားအား သူ၏အသိစိတ်ဓါတ်ဖြင့် ပေးချေရန်နှင့်သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များနှင့်အညီ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ရန် (ယုံကြည်စိတ်ချစွာဖြင့်) လွတ်ထားသင့်သည်။ ထို့ပြင် (သင်တို့အနက် မည်သူမဆို) သက်သေသက်ကန်များကို ထိန်ချန်လျှို့ဝှက်၍ ဖျောက်ဖျက်ခဲ့လျှင် ဧကန်မုချ ထိုသူသည် သူ၏ (ယုံကြည်မှုဆိုင်ရာ ဗဟိုမဏ္ဍိုင်ဖြစ်သော နှလုံးသား၌ အပြစ်ဒုစရိုက်များကို စွန်းထင်းစေ၍) မကောင်းသော နှလုံးသားပိုင်ရှင်ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ သိနေတော်မူ၏။

[284] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ သင်တို့၏စိတ်နှလုံးများ၌ (ကြိုတင်ကြံစည်၍ ရည်ရွယ်လျှက် ယင်းကို လူသိရှင်ကြား) ထုတ်ဖော်ဖွင့်ချသည်ဖြစ်စေ သို့တည်းမဟုတ် လျှို့ဝှက်ထိန်ချန်ထားသည်ဖြစ်စေယင်း (တို့) နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်က သင်တို့အား စစ်ဆေးမေးမြန်းပြီး စီရင်တော်မူလိမ့်မည်။ အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူမည်။

[285] ရစူလ်တမန်တော်နှင့်ယုံကြည်သူအားလုံးက အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ကျမ်းတော်များနှင့်အရှင့်ရစူလ်တမန်တော်များကို (ဖြူစင်စွာ) ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်ကိုမျှ တစ်ပါးနှင့်တစ်ပါးကြားဝယ် ခွဲခြားခြင်းမပြုဘဲ (ယုံကြည်လျှက်) တမန်တော်မြတ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ရစူလ်တမန် တော် (မုဟမ္မဒ်) အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်သမျှကို ယုံကြည်ကြသည်။ သူတို့က “(အရှင်မြတ် ချမှတ်ပေးအပ်သမျှနှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ ကြားနာကြပါ၏။ နာခံလိုက်နာကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံလျှောက်တင်ပါ၏။ ကျွန်ုပ်တို့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်မှာ အရှင့်ထံသို့သာ ဖြစ် (ကြောင်း သိနားလည်ကြပါ) ၏။” ဟု ပြောဆိုကြခဲ့သည်။

[286] (အရှင်မြတ်က လူသားတို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်သူတို့၏နှလုံးသားများထဲ၌ ကြံရွယ်သမျှတို့ အတွက်ပါ စစ်ဆေးမေးမြန်း၍ အရေးယူတော်မူမည်ကို စိုးရိမ်လျှက် ပူပင်သောကရောက်နေသူတို့အား) အလ္လာဟ်အရှင်မြတ်သည် (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေးနှင့်အစွမ်းအစများ ပေးအပ်တော်မူခြင်းခံရသော မည်သည့် မျိုးစေ့ဗီဇကိုမျှ သို့မဟုတ်) မည်သူ့ကိုမျှ (ယင်း သို့မဟုတ်) သူ၏အစွမ်းအစနှင့်အညီမှအပ (တာဝန်ယူမှု၊ တာဝန်ခံမှု၏) ဝန်ထုပ်ဝန်ပိုးတို့ကို ထမ်းရွက်စေတော်မမူပေ။ ယင်း၏ (ရည်ရွယ်ချက်၊ ကြံစည် မှုနှင့်အညီ) ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးရယူသမျှသည် ယင်းတို့အတွက်သာ ဖြစ်ပြီး ထိုသို့ပြုမူကျင့် ကြံလုပ်ဆောင်သမျှအတွက်သာ ယင်းအပေါ်၌ (အစစ်ဆေးခံရန်) တာဝန်ရှိ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အကယ်၍ ကျွန်ုပ်တို့က တာဝန်ကျေပွန်ရန်) မေ့လျော့ခဲ့သည်ဖြစ်စေ၊ သို့တည်းမဟုတ် ချွတ်ချော်မှားယွင်းမိသည်ဖြစ်စေ (ယင်းတို့အတွက်) ကျွန်ုပ်တို့အား အရေးယူတော်မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မတိုင်မီ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူတို့ (၏ပခုံးများအ) ပေါ် (ကြီးလေးသော တာဝန်ဝတ္တရား ဝန်ထုပ်များအား) ထမ်းဆောင်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့အပေါ်၌လည်း ထမ်းဆောင်စေတော် မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏စွမ်းရည်စွမ်းပကားဖြင့် မတတ်စွမ်း၊ မဆောင်ရွက်နိုင်သည့်အရာအား ထမ်းရွက်စေတော်မမူပါနှင့်။ ကျွန်ုပ်တို့ထံမှ (ကျွန်ုပ်တို့၏ချွတ်ချော်မှားယွင်းမှုများကို) ဥပေက္ခာပြုတော်မူလျှက် ကင်းလွတ်စေတော်မူ၍ ဖယ်ရှားပေး သနားတော်မူပါ။ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့အပေါ် အရှင့်ကရုဏာတော် သက်ရောက်စေတော်မူပါ။ အသင်အရှင်မြတ်သည် ကျွန်ုပ်တို့၏အုပ်ထိန်းစောင့်ရှောက်သူ ဖြစ်တော်မူသည့်အပြင် ကျွန်ုပ်တို့အား မယုံကြည်သော (အမှန်တရားကိုဖီဆန်ငြင်းပယ်သော) လူမျိုးတို့အပေါ် (လွှမ်းမိုးနိုင်ရန်) ကူညီစောင်မတော်မူပါ။

အင်မ်ရန်မိသားစု

Surah 3

[1] အလိဖ်၊ လာမ်၊ မီမ်။

[2] အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံးကို ဖြစ်တည်ရှင်သန်လှုပ်ရှားစေတော်မူပြီး ယင်းတို့၏သက်တမ်း တစ်လျှောက် ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် လိုအပ်သည့်နိယာမတရားများနှင့်စည်းစနစ်များကို ဖွံဖြိုးစေတော်မူသောအရှင်) ၊ အစဉ်အမြဲ ရှင်နေတော်မူသောအရှင်၊ (နှင့်အရာခပ်သိမ်းတို့က ထိုအရှင်ကိုသာ မှီခိုနေရပြီး) ထိုအရှင်က မည်သည့်အရာကိုမျှ မှီခိုစရာမလိုဘဲ တစ်ပါးတည်း ပကတိ ရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်း မရှိပေ။

[3] (ကျမ်းတော်မြတ်ကုရ်အာန်မတိုင်မီ အရှင်မြတ်က ကျမ်းဂန်များကို ချမှတ်ပေးအပ်တော်မူခဲ့သော်လည်း ထိုကျမ်းဂန်များအား လက်ဝယ်ထားရှိသူတို့က ယင်းတို့ကို သူတို့၏စိတ်အလိုအတိုင်း ပြောင်းလဲစေခဲ့သည်။) ငါအရှင်မြတ်သည် တောင်ရဟ်နှင့်အိန်ဂျီးလ်ကျမ်းတို့ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့ပြီး ယင်းကျမ်းများ လက်ဝယ်ထားရှိသူများနှင့်ကျမ်းတော်ကြား (မည်သည့်အရာက မှန်ကန်၍ မည်သည်က မှားနေကြောင်းကို ထောက်ပြလျက် ဖြောင့်မတ်မှန်ကန်စေမည့်) ဤကျမ်းတော် (ကုရ်အာန်) ကို အသင် (ရစူလ်တမန်တော်) အပေါ် (လူသား တို့အား အမှန်တရားဘက်သို့ ဖိတ်ခေါ်သည့်တာဝန်ပေးအပ်တော်မူ၍) အမှန်တရားသစ္စာအဖြစ် ထုတ်ပြန်ချမှတ် ပေးအပ်တော်မူခဲ့ပြီ။

[4] (ယခင်ချမှတ်ပေးအပ်တော်မူခဲ့သည့်) ကျမ်းများမှာ လူသားတို့အတွက် လမ်းညွှန်မှန်ရှိခဲ့ပြီး (ယခု) ချမှတ်ပေး အပ်တော်မူသော ကျမ်းတော်မြတ်ကုရ်အာန်သည် (လည်း) အမှားအမှန်ကို ခွဲခြားသိမြင်စေသည့် ကျမ်းတော်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည်သူ (အမှန်တရားကို ငြင်းဆန်ဖုံး ကွယ်သူ) တို့အတွက် အလွန်ပြင်းထန်သည့် ပြစ်ဒဏ် (နှင့်ပြစ်တင်ရှုံ့ချမှုများ) ရှိနေပြီး အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်း မိုးတော်မူသောအရှင်၊ ဒဏ်ခတ်အရေးယူမှုအားလုံးကို ဖြစ်တည်စေတော်မူပြီး အရေးယူမှုအလုံးစုံကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

[5] ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၌ရှိသော မည်သည့်အရာကမျှ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကွယ်ဝှက်ဖုံးကွယ်နိုင်မည် မဟုတ်ပေ။ (လူသားအပါအဝင် အရှင်မြတ်ဖြစ်တည်စေတော်မူသောအရာများအနက်မှ မည်သည့်အရာကမျှ အလ္လာဟ်အရှင်မြတ် တည်ရှိတော်မမူကြောင်းကို သက်သေပြနိုင်မည် မဟုတ်ပေ။)

[6] (မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ ရှိသောအရာအားလုံးကို ပိုင်ဆိုင်တော်မူသော) သူသည်ပင် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူပြီး အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသည့်အတိုင်း သားအိမ်များအတွင်း၌ သင်တို့၏ ရုပ်ဆင်းသဏ္ဌန်များကို ပုံဖော်ပေး၍ ဖြစ်တည်စေတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ သက်ရှိတို့ ဖြစ်တည်လာစေရန်နှင့်အရှင့်စည်းမျဉ်းတော်ဖြင့် (အကောင်းဆုံးဖြစ်အောင် ပုံဖော်ပေးတော်မူရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မှအပ အခြား (နာခံကိုးကွယ်ထိုက်သော) အရှင် ဟူ၍ အလျဉ်းမရှိပေ။

[7] ထိုအရှင်မြတ်သည် အသင် (ရစူလ်တမန်တော်) အပေါ် “တိကျပြတ်သား၍ အနက်အဓိပ္ပါယ်နှင့်အကြောင်း အရာများကို ထင်ရှားစွာ ရှင်းလင်းထားသော အမိန့်ပညတ်ချက်ဆိုင်ရာ မူလဘူတ အရင်းအမြစ်များ ပါရှိသည့် အာယသ်သက်သေလက္ခဏာတော်များနှင့်ပုံဆောင်ဥပမာများဖြင့် ခိုင်းနှိုင်းဖော်ပြထားသော အခြားအာယသ် သက်သေလက္ခဏာတော်များ” ပါဝင်သည့် ကျမ်းတော်ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့၏။ သို့ရာတွင် နှလုံး သားများ၌ “အရွဲ့တိုက်လို၍ သွေဖည်မှုဘက်သို့ ယိမ်းယိုင်သော အကြံအစည်”ရှိသူတို့သည် ကျမ်းတော်မြတ်ကုရ်အာန်ပါ “ပုံဆောင်ဥပမာများဖြင့် ခိုင်းနှိုင်းဖော်ပြထားသော အာယသ်တော်များ”အနက်မှ ထင်ရာမြင်ရာကို တဖက်သတ် လွဲမှားစွာ (အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည့် အာယသ်တော်များကို ရည်ရွယ်ချက်ရှိရှိ) ရွေးယူရှာဖွေလို၍ လည်း ကောင်း၊ အချင်းချင်းကြား သဘောထားကွဲလွဲစေလျက် လမ်းမှားရောက်စေရန် ရည်ရွယ်၍လည်းကောင်း၊ (အနက်အဓိပ္ပါယ်ကို လိုရာဆွဲ၍ မှားယွင်းစွာ ဖွင့်ဆိုနိုင်မည်ဟု ထင်မြင်သည့် အာယသ်တော်များကို ရွေးယူရှာ ဖွေလို၍လည်းကောင်း၊) ပုံဆောင်ဥပမာများဖြင့် ခိုင်းနှိုင်းဖော်ပြထားသော အာယသ်တော်များကိုသာ (အဓိကဦးစားပေး၍ သူတို့အလိုကျ) လိုက်နာကြ၏။ အလ္လာဟ်အရှင်မြတ်မှအပ ယင်းတို့၏မှန်ကန်တိကျသော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သိနိုင်သူ အလျဉ်း မရှိပေ။ (ကျမ်းတော်ဆိုင်ရာ တိကျပြတ်သားသော အသိပညာ နယ်ပယ်၌ ခိုင်မြဲစွာ နစ်မြှုပ်ရပ်တည်နေကြသော) ရင့်သန်သည့် ပညာရှင်စစ်စစ်များက “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ဖြစ်သော (ပုံဆောင်ဥပမာများဖြင့် ခိုင်းနှိုင်းဖော်ပြထားသော အာယသ်တော်များအပါအဝင်) အမိန့်ပညတ်ချက်များအားလုံးကို (အရှင် မြတ်မိန့်တော်မူသည့်အတိုင်း ဤသည် မရွေးကို လူ့အတွေးအမြင် ကင်းရှင်းလျက် ဖြူစင်စွာဖြင့်) ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြလိမ့်မည်။ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်တို့မှအပ မည်သူမျှ သတိထား၍ အလေးအနက် ဆင်ခြင်ကြမည် မဟုတ်ပေ။

[8] (သူတို့က ဤသို့ အနူးအညွတ် တောင်းပန်ကြမည်။) အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်က ကျွန်ုပ်တို့အား လမ်းညွှန်တော်မူပြီးနောက် ကျွန်ုပ်တို့၏နှလုံးသားများကို သွေဖည်မှုဘက် ယိမ်းယိုင်လွှဲချော်စေတော်မမူပါနှင့်။ ကျွန်ုပ်တို့အား (အရှင့်လမ်းညွှန်တော်များနှင့်အညီ မြဲမြံစွာ ရပ်တည်နိုင်အောင် ခွင့်ပြုတော်မူလျက်) အသင်အရှင်မြတ်၏ထံတော်မှဖြစ်သော ကရုဏာတော်ကို ပေးကမ်းသနားတော်မူပါ။ မုချဧကန်၊ အသင်အရှင်မြတ်သည် (မည်သည့်တုံ့ပြန်မှုကိုမျှ မမျှော်လင့်ဘဲ) ခွင့်ပြုတော်မူသောအရှင်၊ ပေးကမ်းသနားတော်မူသောအရှင် ဖြစ်တော်မူပါ၏။

[9] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ မုချဧကန်၊ အသင်အရှင်မြတ်သည် လူသားတို့အား (ကျမ်းတော်၌ ဖော်ပြသည့်အတိုင်း ရှင်ပြန်ထစေတော်မူပြီး) စုရုံးစေတော်မူမည့်နေ့နှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရာအကြောင်း အလျဉ်းမရှိပါ။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ်သည် (မည်သည့်) ကတိတော်ကို (မျှ) ပျက်ကွက်တော်မမူချေ။

[10] (ထိုစုရုံးတော်မူမည့်နေ့တွင်) မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ပိုင်ဆိုင်မှု များဖြစ်သော ဓနစည်းစိမ်နှင့်သားသမီးများအား အလ္လာဟ်အရှင်မြတ်၏အရေးယူမှုနှင့်ဆန့်ကျင်၍ မည်သည့်နည်းနှင့်မျှ အသုံးမချနိုင်သည့်အပြင် မည်သည့်အခါမျှ အသုံးဝင် အရာရောက်မည်လည်း မဟုတ်ပေ။ ထိုသူတို့နှင့်သူတို့က အားကိုးသည့်အရာများသည် ငရဲမီး၏လောင်စာများသာ ဖြစ်၏။

[11] ဖာရိုမင်းဆက် (၏မင်းမျိုးမင်းနွယ်၊ အထက်တန်းလွှာ) နှင့်သူတို့ မတိုင်မီရှိခဲ့သော လူတို့၏အလေ့အထအမူ အကျင့်များကဲ့သို့ပင် သူတို့က အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်သောကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများနှင့်စပ်လျဉ်း၍ အရေးယူ အပြစ်ပေးတော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်က ပြတ်သားပြင်းထန်စွာ တုံ့ပြန်စေတော်မူသောအရှင်၊ ကျူးလွန်သူတို့ကို ယင်းတို့၏ကျူးလွန်မှုနှင့်အညီ ဒဏ်ခတ်အရေးယူတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[12] မယုံကြည်သူ (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သူ) တို့အား “မကြာခင် သင်တို့ မွှန်ထူသွားသည်အထိ နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရပြီး ငရဲဘုံထဲသို့ စုပြုံ၍ စုရုံးစေခြင်းကိုခံကြရလိမ့်မည်။ ထို့ပြင် ငရဲဘုံသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှသည့်နေရာဌာန ဖြစ်လေစွ။” ဟု ဟောပြောလော့။

[13] (ဗဒရ်စစ်ပွဲ၌) မျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်ခိုက်ရာတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော အုပ်စုနှစ်စုအနက်မှ တစ်စုသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့နှင့်အမှန်တရားအတွက်) တိုက်ခိုက်သော ယုံကြည်သူတို့၏အုပ်စုဖြစ်ပြီး ကျန်အုပ်စုတစ်စုမှာမူ မယုံကြည်သူ (အမှန်တရားကို ငြင်းဆန်သူ) တို့၏အုပ်စု ဖြစ်ရာ (ယုံကြည်သူအုပ်စုထက်နှစ်ဆပိုမျာသော်လည်း သူတို့၏အမြင်၌ ယုံကြည်သူများမှာ) သူတို့ထက်နှစ်ဆ ပိုနေသည်ကို မျက်ဝါးထင်ထင်မြင်ခဲ့ရခြင်းမှာ အမှန်ပင် သင်တို့အတွက် အရှင့်သက်သေလက္ခဏာတော် (နှင့်သင်ခန်းစာ) ပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူတို့အား (အရှင့်ကူအညီစောင်မမှုဖြင့် အောင်မြင်မှုရရန် အားဖြည့်ခိုင်မာစေတော်မူ၍) အားပေးထောက်ခံတော်မူ၏။ မုချဧကန်၊ ထိုအဖြစ်အပျက်၌ အတွေးအခေါ်ဖြင့် ချင့်ချိန်တွေးမြင်နိုင်စွမ်းရှိသော ပညာရှင်တို့အတွက်လည်း သင်ခန်းစာတစ်ရပ် ရှိနေ၏။

[14] အမျိုးသမီးများ၊ သားသမီးများ၊ သိမ်းဆည်းသိုလှောင်ထားရသော ရတနာသိုက်နှင့်ရွှေ၊ ငွေ (အစရှိသည့် အဖိုး တန်ထွင်းထွက်ပစ္စည်းများ) ၊ ယဉ်ကျေးအောင်လေ့ကျင့်ပေးထားသော လက်သပ်မွေး မျိုးကောင်း မြင်းများ၊ (ကျွဲ၊ နွား၊ ဆိတ်၊ ကုလားအုပ် စသည့် စီးပွားဖြစ်) ခြေလေးချောင်းသတ္တဝါများနှင့် (လယ်ယာစိုက်ပျိုးရေးအတွက် အသုံးချနိုင်သော) လယ်မြေများကို လူသားတို့အတွက် ပင်ကိုယ်အားဖြင့် အငမ်းမရ တပ်မက်နှစ်သက်ချစ်ခင်ဖွယ် ဖြစ် အောင် အလှတန်ဆာဆင်ယင်စေလျက် ဖြစ်တည်စေတော်မူ၏။ ယင်းတို့သည် လောကီဘဝ၏ (လိုအပ်ချက်များ ဖြစ်သော ရိက္ခာ၊ အသုံးအဆောင်နှင့်စိတ်ဖြေစရာများ ရရှိခံစားနိုင်သည့်) လောကီခံစားခွင့်များဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်သာလျှင် (လူသားတို့အတွက် အားအထားရဆုံး အရှင်ဖြစ်တော်မူ၍) အရှင့်ထံတော်၌ သာ အကောင်းဆုံးပန်းတိုင်ရှိပြီး (လူတိုင်း အရှင့်ထံသို့သာ ပြန်သွားရမည်ဖြစ်၏။)

[15] “ထိုလောကီခံစားမှုထက် ပိုမို၍ ကောင်းမြတ်သောအရာများသည် သင်တို့အတွက် ရှိကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်ဝယ် အောက်ခြေတွင် စိမ့်စမ်းရေပမာတသွင်သွင်စီးနေသော သုခဥယျာဉ်နှင့်ယင်းဥယျာဉ်တော်ထဲတွင် ကာလအကန့်အသတ်မဲ့နေထိုင်ခွင့်ရပြီး သန့်ရှင်းစင်ကြယ်သော ဘဝဖော်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထောက်ခံအားပေးမှုနှင့်နှစ်မြို့မှုကိုပါ ရရှိမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ (သင်တို့အား) သတင်း ကောင်းပါးရမည်လော။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့၏ အကြောင်း အသေးစိတ်ကို မြင်တွေ့နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[16] ထို (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်) သူတို့သည် (အစဉ်အမြဲအရှင့်ထံ) “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်တစ်ဆူတည်းကိုသာလျှင် ကျွန်ုပ်တို့က (ကိုယ်စိတ်နှလုံးဖြူစင်စွာဖြင့်) ခဝပ်နာခံကိုးကွယ်ကြပါ၏။ သို့ဖြစ်ပါ၍ (အရှင့်ကရုဏာတော်၏ခွင့်ပြုချက်ကို) ကျွန်ုပ်တို့အတွက် (ဖြစ်စေတော်မူလျက်) ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ (ကျွန်ုပ်တို့၏အပြစ်များ ကြောင့်) ပြစ်ဒဏ်ပေးခံရနိုင်သော) ငရဲမီးမှ ကျွန်ုပ်တို့ကို ကယ်ဆယ်တော်မူပါ။” ဟု လျှောက်ထားကြ၏။

[17] (ထိုသူတို့သည် အပြစ်ဒုစရိုက်များကို ရှောင်ကြဉ်၍ အရှင့်အမိန့်တော်များအား ကျေပွန်စွာဆောင်ရွက်ကြစဉ် တွေ့ကြုံရသော အခက်အခဲ၊ အကျပ်အတည်းများ၌) ခန္တီသည်းခံကြံ့ခိုင်မှုအပြည့် ရှိကြသူများ၊ (အပြောအဆို၊ လုပ်ရပ်နှင့်ကတိတို့တွင်) ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်သော သစ္စာဝါဒီများ၊ (အရှင်မြတ်အား) ရိုးသားဖြူစင်စွာ ခယ ရိုကျိုး၍ နာခံသူများ၊ (အရှင်မြတ်က ပေးအပ်တော်မူသည့် ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများမှ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူများအား စေတနာထက်သန်စွာဖြင့်) စွန့်လှူပေးကမ်းလှူဒါန်းသူများနှင့်အာရုဏ် မတက်မီ (အရှင့်ထံ) လွှတ်ငြိမ်းချမ်းသာခွင့်အတွက် အနူးအညွှတ် တောင်းပန်သူများ (ဖြစ်ကြ၏။)

[18] အလ္လာဟ်အရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင် အလျှင်း မရှိကြောင်းကို အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် သက်သေထွက်ဆိုတော်မူပြီး အရှင့်မလာအီကာ စေတမန်များ၊ တရားမျှတမှု၊ အမှန်တရားနှင့်သမာဓိတို့ကို ဂဃနဏသိနားလည်၍ ယင်းတို့အတွက် မားမားမတ်မတ် ရပ်တည်သော ပညာရှင်တို့သည်လည်း (ထိုသို့ပင်) သက်သေထွက်ဆိုကြ၏။ လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့် ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန် တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျဉ်းမရှိပေ။

[19] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ထံတော်၌ စစ်မှန်သော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပ်ဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ကိုယ်စိတ်နှလုံးတို့အား အရှင့်ထံ အပ်နှံခြင်းတို့ကို ကိုယ်စားပြုသော) အစ္စလာမ်သာသနာပင် ဖြစ်၏။ ယခင်က ကျမ်းပေး အပ်ခြင်းခံရသောသူတို့သည် (အမှန်တရားဆိုင်ရာ) အသိပညာကို သူတို့ထံသို့ ရောက်စေခဲ့ပြီးနောက် သူတို့ အချင်းချင်းကြားတွင် သဘောထားကွဲလွဲလျက် ဂိုဏ်းဂနများ ခွဲခဲ့ခြင်းကြောင့် (သူတို့၏ပမာမခန့်မှုနှင့်) အပြိုင်အဆိုင် မနာလိုမှုကြောင့်မှအပ အခြား (မည်သည့် အကြောင်းရင်းမျှ) မရှိပေ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည် (ဖီဆန်ငြင်းပယ်) ပါက (သူတို့ သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (ရိုင်းစိုင်မှု၊ ဖီဆန်မှုနှင့်အပြစ်ကျူးလွန်မှုတို့အတွက်) မြန်မြန်ဆန်ဆန်စစ်ဆေး၍ ချက်ချင်းလက်ငင်း အရေးယူနိုင်တော်မူသည့် အရှင်ဖြစ်တော်မူ၏။

[20] သို့ဖြစ်စေကာမူ၊ သူတို့က အသင် (တမန်တော်) ကို ကန့်ကွက်ငြင်းခုံလို၍ စောဒကတက်ကြလျှင် (သူတို့ အား) “ကျွန်ုပ်သည် ကျွန်ုပ်၏မျက်နှာဦးတည်ချက် (နှင့်ကိုယ်စိတ်နှလုံးတို့) ကို အရှင်မြတ်အတွက်သာ အရှင့်ထံ နာခံအပ်နှံခဲ့ပြီး ဖြစ်လေသည်။ မည်သူမဆို ကျွန်ုပ်၏နောက်လိုက်ဖြစ်လိုပါက သူလည်း (ကျွန်ုပ်ကဲ့သို့ပင် နာခံအပ်နှံရမည်။)” ဟု ဟောပြောလော့။ ယခင်ကျမ်းပေးအပ်ခြင်းခံရပြီး ကျမ်းအကြောင်းကို လုံးဝ မသိကြသော စာပေမတတ်သူတို့အား “သင်တို့က သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံ နာခံအပ်နှ့ခဲ့ပြီလော” ဟု မေးလော့။ အကယ်၍ သူတို့သည် (ထိုသို့) အပ်နှံကြလျှင် အမှန်ပင် တရားလမ်းမှန် ညွှန်ပြခြင်းခံရမည် ဖြစ်၏။ အကယ်၍ သူတို့က ကျောခိုင်း လှည့်ပြန်သွားကြပါလျှင် (ထိုအခြေအနေတွင်) အသင် (တမန်တော်) အပေါ်၌ တာဝန်ရှိသည်မှာ အရှင့်သတင်းစကားတော်ကို သူတို့ထံ သယ်ပို့ပေး၍ သိစေရန်သာ ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့၏အကြောင်း အသေးစိတ်ကို မြင်တွေ့နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[21] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည် (ဖီဆန်ငြင်းပယ်) ကြပြီး နဗီတမန်တော်များအား သူတို့က မည်သည့်အခွင့်အရေးကိုမျှ ဂရုမစိုက်ကြဘဲ သစ္စာမဲ့စွာ လုပ်ကြံခဲ့ကြရုံသာမက လူသားအချင်းချင်းကြားပင် တန်းတူညီမျှမှုနှင့်တရားမျှတမှုကို အခြေခိုင်အောင် ထူထောင်ရန် ထောက်ခံဟောပြောခဲ့သူတို့ကိုလည်း မတော်မတရားသတ်ဖြတ်ခဲ့ကြသောသူတို့အတွက် (အရှင်မြတ်ထံတော်၌) စူးရှနာကျင်ဖွယ်ရာ ပြင်းထန်သော အပြစ်ဒဏ်ရှိကြောင်းကို သတင်းကောင်းပါးလော့။

[22] (ထိုသို့ ရိုင်းစိုင်းမှုကြောင့်) ထိုသူတို့၏ကျင့်ကြံလုပ်ဆောင်မှုများကို ဤလောကီဘဝနှင့်နောင်တမလွန်ဘဝအတွက်၌ပင် အချည်းနှီး အကျိုးမဲ့ ဖြစ်စေခဲ့ပြီး သူတို့အတွက် (သူတို့၏ကျင့်ကြံလုပ်ဆောင်မှုများကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့်တမလွန်ဘဝ၏ပြစ်ဒဏ်များမှ ကယ်တင်နိုင်ရန်) မည်သည့် ကူညီသူမျှ ရှိလိမ့်မည်မဟုတ်ပေ။

[23] သူတို့ အချင်းချင်းကြားတွင် (တရားမျှတစွာ) စီရင်ဆုံးဖြတ်နိုင်ရန်အလို့ငှာ ကျမ်းတော်ထဲမှ တစ်စိတ်တစ်ဒေသအား ပေးအပ်၍ အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ဘက်သို့လှည့်ရန် (ကျမ်းတော်နှင့်အညီ ဘဝတည်ဆောက်ရန်) ဖိတ်ခေါ်ခြင်းခံရပြီးနောက်တွင် သူတို့အနက်မှ အုပ်စုတစ်စုသည် သွေဖည်ကျောခိုင်း၍ မျက်နှာလွှဲ၊ ခေါင်းရှောင်သူများဖြစ်ခဲ့ကြသည်ကို အသင် မသုံးသပ် မတွေးမြင်မိသလော။

[24] (ထိုသို့ သွေဖည်ကျောခိုင်းခဲ့ခြင်း၏အကြောင်းရင်းမှာ) သူတို့က “ငရဲမီးသည် ကျွန်ုပ်တို့အား ရေတွက်ထားသောရက် (အနည်းငယ်) မှအပ ထိကပ်လောင်းကျွမ်းစေနိုင်မည်မဟုတ်” ကြောင်း ပြောဆိုကြပြီးနောက် သူတို့၏ဘာသာသာသနာနှင့်ယုံကြည်မှု၌ (ထိုသို့ ဖော်ပြထားသကဲ့သို့) လုပ်ကြံဖန်တီး၍ လိမ်လည်လှည့်စားနေခြင်း ကြောင့်ပင် (ဖြစ်၏။)

[25] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင်က သူတို့အားလုံးကို စုရုံးစေတော်မူသည့်အခါ (သူတို့အားလုံး ထိုနေ့ကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ) သံသယဖြစ်ဖွယ် အလျင်းမရှိကြောင်းနှင့်ထိုနေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း၊ လူတိုင်းသည် သူတို့ ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးခဲ့သမျှသော အကျိုးဆုလဒ်များကို အပြည့်အဝခံစားရပြီး မည်သူတစ်ဦးတစ်ယောက်မျှမှလည်း မတရားစီရင်ခြင်းခံရမည် မဟုတ်ကြောင်းတို့ကို မည်သို့ပင် မယုံကြည် (ငြင်းဆန်) စေကာမူ မည်သည့် ပြစ်ဒဏ်များမှ လွတ်မြောက်နိုင်မည်နည်း။

[26] “အို၊ အလ္လာဟ်အရှင်မြတ်၊ (ကမ္ဘာဂြိုလ်အပါအဝင် စကြဝဠာအပေါင်းတို့သည် အရှင်မြတ်ဖြစ်တည်စေတော်မူသော အရှင့်ပိုင်များဖြစ်၍) ဩဇာအာဏာ အလုံးစုံတို့သည်လည်း (အရှင်မြတ်နှင့်သာ ထိုက်ထန်တော်မူပြီး) အရှင်မြတ်၏ပိုင်စိုးမှုအောက်တွင်သာ ရှိ၏။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ် အလိုရှိတော်မူသောသူကို ဩဇာအာဏာပေးအပ်တော်မူ၍ အလိုရှိတော်မူသောသူထံမှ ဩဇာအာဏာကို ပြန်လည်ရုပ် သိမ်းတော်မူ၏။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်အလိုရှိတော်မူသော သူ၏ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်တင်ပေးတော်မူ၍ အရှင်အလိုရှိတော်မူသောသူအား အသရေပျက်၊ အရှက်ရစေတော်မူ၏။ (အရှင်မြတ်သည် လူသားအား လက်နှစ်ဘက်ပေးအပ်တော်မူလျက် လုပ်နိုင်စွမ်း ချီးမြှင့်တော်ပြီး) ကောင်းမြတ်မှုအပေါင်းသည် “အရှင့်လက်တော်” (ဟု တင်စားခေါ်ရလောက်အောင် အရှင်မြတ်) ၏ထိန်းချုပ်မှုအောက်တွင် သာရှိ၏။ မုချဧကန်၊ အသင် (အရှင်မြတ်) သည်သာလျှင် အရာခပ်သိမ်းတို့ကို အရှင့်စည်းမျဉ်းဩဇာဖြင့် ထိန်းချုပ်ထားတော်မူပြီး အရာရာကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။” ဟု လျှောက်တင်လော့။

[27] အသင် (အရှင်မြတ်) သည် ညကို နေ့ထဲသို့ တိုးဝင် ဖြတ်စေတော်မူ (လျက်နေ့ အဖြစ်ပြောင်းလဲစေတော် မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ၏။ (အလားတူ အသင်အရှင် မြတ်သည်ပင်) သေနေသောအရာ (သက်မဲ့) မှ ရှင်သန်သောအရာ (သက်ရှိ) ကိုလည်းကောင်း၊ တစ်ဖန် ရှင်သန်သောအရာ (သက်ရှိ) မှ သေနေသောအရာ (သက်မဲ့) ကိုလည်းကောင်း ဖြစ်ပေါ် မွေးထုတ်စေတော်မူလျက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်များနှင့်အညီ အရှင်မြတ်အလိုရှိတော်မူသောသူတို့အား စားနပ်ရိက္ခာ (နှင့်အခြား လိုအပ်ချက်များ) ကို တွက်ချက်ခြင်းမပြုဘဲ အတိုင်းအဆမရှိ ထောက်ပံ့ ပြည့်စုံစေတော်မူ၏။

[28] ယုံကြည်သူတို့သည် အခြားယုံကြည်သူတို့၏အရေးကိစ္စကို ဘေးချိတ်ပစ်ပယ်ထား၍ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား မဟာမိတ် (မိတ်ဆွေနှင့်အတိုင်အပင်ခံ) များအဖြစ် မပြုလုပ်၊ မမှတ်ယူကြလေနှင့်။ (အသက်အန္တရာယ်ရှိခြင်း၊ ယုံကြည်မှုနှင့်သူတို့၏အသိုင်းအဝိုင်းအား သစ္စာဖောက်ရန် ညှင်းပန်းနှိပ်စက်ခံရခြင်း စသည့်အကြောင်းရင်းများကြောင့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်အား သို့မဟုတ်) ကို အရှင့်စည်းမျဥ်းတော်နှင့်အညီ အသုံးချ၍ သူကိုယ်တိုင် (ဘေးအန္တရာယ်များ) မှ ရှောင်ကြဉ်ရန် ကြိုတင်ကာကွယ်လိုသည့် ရည်ရွယ်ချက်မှအပ မည်သူမဆို ထိုသို့ (မဟာမိတ်) ပြုလျှင် ထိုသူသည် (အရှင့်လမ်းစဉ်တော်မှ အလှမ်းဝေးကွာသွားပြီး) သူ၏မည်သည့်အရေးကိစ္စတွင်မျှ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကူညီစောင်မမှု ရရှိလိမ့်မည် မဟုတ်ပေ၊ (ထိုကိစ္စနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် ဂရုပြု သတိထားတော်မူ၍ သင်တို့အား သတိပေးနေတော်မူ၏။ (ထို့ပြင် သင်တို့၏ဘဝခရီးစဉ်နောက်ဆုံးပန်းတိုင်မှာ အလ္လာဟ်အရှင်မြတ်ထံသို့ ဆိုက် ရောက်ခြင်းပင် ဖြစ်ကြောင်း (မမေ့ကြလေနှင့်။)

[29] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့၏ရင်တွင်း၌ လျှို့ဝှက်ဖုံးထားသောအရာ (အကြံအစည်) ဖြစ်စေ၊ ဖွင့်ဟထုတ်ပြောသည့် အကြောင်းအရာဖြစ်စေ၊ ယင်းကို အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့ သိနေတော်မူကြောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိ အရာအားလုံးကိုလည်း အကြွင်းမဲ့ သိနေတော်မူကြောင်းနှင့်အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (အရှင့်စည်းမျဉ်းဩဇာ၊ နိယာမတရားများဖြင့်) လွှမ်းမိုး စွမ်းဆောင်တော်မူကြောင်း” ဟောပြောလော့။

[30] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (လူတိုင်း) သည် သူတို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့ကြသော ကောင်းမှုများနှင့်မကောင်းမှုများ၏အကျိုးဆုလဒ်များနှင့်ပြစ်ဒဏ်များကို (သူတို့၏ ရှေ့မှောက်၌) အဆင်သင့်တွေ့မြင်ကြစဉ် အကယ်၍ မကောင်းမှုနှင့်မကောင်းမှု၏အကျိုးဆက်ကြား အလှမ်းဝေးခဲ့ကြလျှင် ကောင်းလေစွ။” ဟု ဆန္ဒရှိကြမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် (ယင်းနှင့်စပ်လျဉ်း၍) သင်တို့ ကို သတိပေးနေတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ (အရှင့်အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ) အရှင့်အစေခံတို့အပေါ် သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားပေးတော်မူ၍ လွယ်ကူစေရာတွင် အလွန်ပင် ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[31] (အို၊ ရစူလ်တမန်တော်) “အကယ်၍ အသင်တို့က အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိူးကြလျှင် ကျွန်ုပ်၏နောက်သို့ (ကျွန်ုပ်က လက်တွေ့လုပ်ဆောင်ပြခဲ့သည့်အတိုင်း) လိုက်နာကြလော့။ (သို့မှသာ) အလ္လာဟ်အရှင်မြတ်လည်း အသင်တို့အပေါ် ချစ်ခြင်းမေတ္တာထားရှိတော်မူပြီး သင်တို့၏ (မှားယွင်းချွတ်ချော်မှုများကြောင့် ကျူးလွန်မိသည့်) အပြစ်များကို ခွင့်လွှတ်တော်မူမည်။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[32] (ထို့ပြင်) အလ္လာဟ်အရှင်မြတ် (၏ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ ပြသခဲ့သောလမ်းစဉ်) ကို နာခံလိုက်နာကြလော့။ အကယ်၍ (အရှင့်အမိန့်တော်များကို တမန်တော်မြတ်၏ လမ်းစဉ်နှင့်အညီ မနာခံ၊ မလိုက်နာဘဲ) ကျောခိုင်းလွှဲရှောင်ကြလျှင် (မှတ်ထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်နှင့်တမန်တော်မြတ်ကို ဖီဆန်သော) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား နှစ်သက်တော်မမူချေ။” ဟု ဟောလော့။

[33] သူတို့က တမန်တော်မြတ်သည် သူတို့အနက်မှ တစ်ဦး မဖြစ်သည့်အတွက် ယုံကြည်ရန် ငြင်းဆိုနေကြသော် လည်း အရှင်မြတ်က သူတို့အနက်မှလည်း တမန်တော်များကို ရွေးချယ်တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် တမန်တော်အာဒမ်နှင့်နူဟ်တို့ကိုလည်းကောင်း၊ တမန်တော်အီးဗ်ရာဟီမ်မျိုးဆက်နှင့်အီးမ်ရာန် မျိုးဆက်တို့ကိုလည်းကောင်း၊ လောကခပ်သိမ်း (နှင့်လူသားအားလုံး) ထက်ဝယ် သဘောကျ ရွေးချယ်တော်မူခဲ့၏။

[34] (သူတို့အနက် အချို့သည် အချို့နှင့်မျိုးဆက်ချင်း နွယ်နေ၍) အချင်းချင်း သားစဉ်မြေးဆက်များဖြစ်ကြသကဲ့သို့ (တစ်ဆူတည်းသောအရှင်ကို ယုံကြည်ကိုးကွယ်ခြင်းနှင့်တမန်တော်များကို ချစ်မြတ်နိုးခြင်းတို့၌ တူညီကြပြီး တစ်ခုတည်းသော အရှင့်လမ်းစဉ်ကို လက်ဆင့်ကမ်းလျက် မည်သည့်တမန်တော်မျှ ခွဲခြားခြင်း မပြုခဲ့ကြပေ။) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[35] (တမန်တော်) အီးမ်ရာန်၏ကြင်ယာတော်က (အရှင်မြတ်ထံ အနူးအညွတ်လျှောက်ထားပန်ကြားသည်မှာ) “အို၊ ကျွန်တော်မျိုးမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ၊ကျွန်မ၏ဝမ်းကြာတိုက်အတွင်း၌ ရှိနေသောအရာကို ကျွန်မ၏လွတ်လပ်သောဆန္ဒအရ အရှင့်အတွက် (အရှင့်လမ်းတော်၌ နစ်မြှပ်လျက် အမှုထမ်းဆောင်ရန်အလို့ငှာ စွန့်လှူမည်ဟု) သစ္စာအဓိဌာန်ပြုပါ၏။ ကျွန်တော်မျိုးမ၏သန္နိဌာန်ချခြင်းကို အရှင်မြတ်က သဘောတူလက်ခံတော်မူပါ။ မုချဧကန်၊ အသင် (အရှင်မြတ်) သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[36] သူမ မီးဖွားသန့်စင်ပြီးသောအခါ “အို၊ ကျွန်တော်မျိုးမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်မသည် သမီးမိန်းကလေးကိုသာ ဖွားမြင်ပါ၏။” ဟု လျှောက်တင်ခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် သူမ၏မီးဖွားသန့်စင်မှုကို အသိဆုံးဖြစ်တော်မူ၏။ (သူမက မျှော်လင့်တောင့်တသော ယောကျ်ားလေး မမွေးဖွားသည့်အတွက် စိုးရိမ်ပူပင်စရာ မလိုပေ။ ထိုသားယောကျ်ားလေးသည် (အလ္လာဟ်အရှင်မြတ် ဂုဏ်ပေးချီးမြှင့်တော်မူသည့်) သမီးမိန့်ကလေးကဲ့သို့ မဟုတ်ပေ။ ကျွန်မသည် သမီးအား “မရ်ယမ်” ဟု အမည်ပေးပြီး သူမနှင့်သူမ၏သားသမီးတို့ကို နှင်ထုတ်ခြင်းခံရသော အပယ်ခံ စေတန်မကောင်းဆိုးဝါးရန်မှ ကာကွယ်ရန်အတွက် အသင် (အရှင်မြတ်) ၏ခိုလှုံမှုကို တောင်းခံ (လျက် အရှင့်ထံအပ်နှံ) ပါ၏။

[37] (မရ်ယမ့်မိခင်၏စိတ်စေတနာဖြူစင်မှု၊ အနစ်နာခံနစ်မြှစ်မှုနှင့်ရည်ရွယ်ချက် ဖြူစင်သန့်ရှင်းမှုကို အကြောင်း ပြု၍) သူမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူမကို (ပျူငှာစွာ ဂုဏ်ပေးလျက်) ကောင်းမြတ်သော လက်ခံမှုမျိုးဖြင့် လက်ခံတော်မူပြီး (သူမ၏ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို “အခြား သက်ရှိတို့အား အကျိုးပြုရန်အတွက်သာ ရှင်သန်ကြီးထွားသည့် သစ်ပင်လောက၏ဖွံ့ဖြိုးမှု” ကဲ့သို့) ကောင်းမြတ် သော ဖွံ့ဖြိုးမှုဖြင့် ဖွံ့ဖြိုးစေတော်မူရုံသာမက သူမအား စောင့်ရှောက်ရန် တမန်တော် ဇကရီယာထံသို့ အပ်နှံစေတော်မူခဲ့၏။ တမန်တော်ဇကရီယာက သူမ၏ (တရားထိုင်ရာ၊ အထွတ်အမြတ်နေရာဖြစ်သော) အခန်းထဲသို့ ဝင်သည့်အခါတိုင်း သူမ၏အနားတွင် (ထောက်ပံ့ထားခြင်းခံရသော) ရိက္ခာအစားအသောက်ကို တွေ့မြင်ခဲ့၍ “အို၊ မရ်ယာမ်၊ အသင်အတွက် ဤအရာသည် အဘယ်က လာသနည်း။” ဟု မေးသော် သူမက “ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ဖြစ်၏။” ဟု ဖြေဆိုခဲ့သည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ) အရှင်မြတ်အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များ) ကို တွက်ချက်ခြင်းမပြုဘဲ အတိုင်းအဆမရှိ ထောက်ပံ့ ပြည့်စုံစေတော်မူ၏။

[38] (ထိုအခြေအနေကို မြင်တွေ့ပြီးနောက်) ထိုစဉ် (တမန်တော်) ဇကရီယာက သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ “အို အရှင်မြတ်၊ အသင် (အရှင်မြတ်) ၏ထံတော်မှ ကျွန်ုပ်အတွက် စင်ကြယ်သန့်စင်သော သားသမီးရတနာတစ်ပါး ချီးမြှင့်တော်မူပါ။ မုချဧကန်၊ အသင် (အရှင်မြတ်) သည် (လူသားတို့က စိတ်စေတနာဖြူစင်စွာ လျှောက်တင်သည့်) ဆုတောင်းမှုကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဆုမွန်တောင်းလျက် လျှောက်တင်ခဲ့၏။

[39] ထို့နောက် (တမန်တော်) ဇကရီယာက သူ့ဝတ်ပြုခန်းထဲ၌ ဝတ်ပြုရန် မတ်တပ်ရပ်နေစဉ်ပင် အရှင့်မလာ အီကာစေတမန်က သူ့အား ခေါ်၍ “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အသင့်အား “ဖြောင့်မတ်မှန်ကန်သူများ၏စာရင်းဝင် တစ်သူဖြစ်သူ၊ နဗီတမန်တော်ဖြစ်သူ၊ ကာယကံနှင့်ဝစီကံမှု၌ စင်ကြယ်မှုအပြည့်ရှိသူ၊ မြင့်မြတ်သော အကြီးအကဲတစ်ဦးဖြစ်သူ၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ စကားတော်ကို သက်သေခံအဖြစ် အတည်ပြုမည့် တမန်တော်ယဟ်ယာနှင့်စပ်လျဉ်း၍ သတင်းကောင်းပါးပြီ။” ဟု သတင်းပေးခဲ့၏။

[40] တမန်တော် (ဇကရီယာ) က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် အိုမင်းရင့်ရော်ချိန်ရောက်ခဲ့ပြီ၊ ကျွန်ုပ်၏ဇနီးသည်လည်း အမြုံဖြစ်ပါလျက် သားရတနာတစ်ဦး မည်သို့ ရမည်နည်း။” ဟု လျှောက်တင်ခဲ့ရာ အရှင့်မလာအီကာစေတမန်က “အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသည်ကို ထိုကဲ့သို့ပင် စီမံဖြစ်တည်စေတော်မူ၏။” ဟု မိန့်ဆိုခဲ့သည်။

[41] တမန်တော် (ဇကရီယာ) က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် သက်သေလက္ခဏာတစ်ရပ် သတ်မှတ်ပေးတော်မူပါ။” ဟု လျှောက်တင်ရာ “သင့်အတွက် သက်သေလက္ခဏာမှာ အသင်သည် လက်ဟန်ခြေဟန်မှအပ လူတို့နှင့်သုံးရက်အထိ စကားပြော နိုင်လိမ့်မည်မဟုတ်ကြောင်းပင် ဖြစ်ပြီး ညနေနှင့်မနက်စောစောအချိန်များတွင် အသင့်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟလျက် (အရှင်မြတ်သည် လိုလားတောင့်တမှုနှင့်ချို့တဲ့မှုအပေါင်းတို့မှ လုံးဝ ကင်းရှင်းတော်မူကြောင်း၊ ကြီးကျယ်မြတ်မြတ်တော်မူသော အရှင်ဖြစ်ကြောင်း စသည့်ဂုဏ်တော်များဖြင့်) ဂုဏ်တင်လျှောက်ထားလော့။” ဟု မိန့်တော်မူခဲ့သည်။

[42] အရှင့် မလာအီကာစေတမန်က မရ်ယာမ်အား “အို၊ မရ်ယာမ်၊ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အသင်မကို လောကခပ်သိမ်းရှိ အမျိုးသမီးထု ထက်ဝယ် အစင်ကြယ်အသန့်စင်ဆုံးနှင့်အမြင့်မြတ်ဆုံးအဖြစ် ရွေးချယ်တော်မူခဲ့၏။” ဟု ပြောခဲ့စဉ်။

[43] “အို မရ်ယမ်၊ အသင်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား အလွန် ရိုကျိုးစွာဖြင့် နာခံပြီး (အရှင့်ကို) ဦးညွတ်၍နာခံကြနေကြသူတို့နှင့်အတူ ဦးညွတ်ဦးချလော့။” ဟု ပြောခဲ့စဉ်။

[44] ထိုအကြောင်းအရာများသည် (အတိတ်ကာလ၌ သင်တို့၏) မျက်ကွယ်တွင် ဖြစ်ပွားခဲ့သော သတင်းအချက်အလက်များအနက်မှ ဖြစ်ပြီး ငါအရှင်က ယင်းတို့ကို (အသင်၏အာရုံထဲသို့ ထည့်ပေးတော်မူလျက်) အသင် (တမန်တော်) ထံ ထုတ်ပြန်ဖွင့်ချစေတော်မူခြင်းပင် ဖြစ်၏။ မရ်ယမ်အား မည်သူတာဝန်ယူစောင့် ရှောက်သင့်သည်ကို (မဲခွဲဆုံးဖြတ်ရန်) သူတို့၏ကလောင်များကို ရေထဲပစ်ချခဲ့သည့်အချိန်တွင်လည်းကောင်း၊ (ထိုကိစ္စနှင့်စပ်လျဉ်း၍) သူတို့အငြင်းပွားခဲ့ကြသည့်အချိန်တွင်လည်းကောင်း၊ အသင် (တမန်တော်) သည် (ထိုအကြောင်းအရာအား သိနိုင်ရန်အလို့ငှာ) သူတို့နှင့်အတူ ရှိခဲ့သည်မဟုတ်ပေ။

[45] အရှင့်မလာအီကာစေတမန်က သူမအား “အို၊ မရ်ယမ်၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်အား နာခံပြီး အရှင်မြတ်အပါးတော်မြဲကြသူတို့အနက်မှဖြစ်သော၊ လောကီနှင့်တမလွန်ဘဝတို့၌ ဂုဏ်ပြု ခြင်းခံရသော၊ မစီဟ်အီစာ (ယေရှုခရစ်) ဆိုသည့် မရ်ယမ်၏သားကို (လမ်းမှားတို့အား ဖယ်ဖျက်၍ တရားလမ်း မှန် ညွှန်ပြရန်အလို့ငှာ) အရှင့်ထံတော်မှ ဖြစ်သော “စကားတော်”နှင့်အတူ (ရောက်ရှိစေမည့်အကြောင်းကို) အသင်မထံ သတင်းကောင်းပါးပါကြောင်း” ပြောခဲ့စဉ်။

[46] ထို့ပြင် “တမန်တော် (အီစာ၊ ယေရှုခရစ်) သည် ပုခက်တွင်းမှလည်းကောင်း၊ အရွယ်ရောက်ပြီးချိန်တွင်လည်းကောင်း၊ (အရှင့်လမ်းညွှန်တော်နှင့်စပ်လျဉ်း၍) လူသားတို့နှင့်စကားပြောလိမ့်မည်ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များကို လုပ်ဆောင်သူတို့အနက်မှ ဖြစ်ကြောင်း” ပြောခဲ့စဉ်။

[47] မရ်ယမ်က “အို ကျွန်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ မည်သည့် လူသား (ယောက်ျား) တစ်ဦးတစ်ယောက်ကမျှ ကျွန်မအား မထိတွေ့မချဉ်းကပ်ရသေးပါလျက် ကျွန်မသည် သားရတနာတစ်ဦးကို မည်သို့ ရနိုင်ပါမည်နည်း။” ဟု လျှောက်တင်လေသော် အလ္လာဟ်အရှင်မြတ်က (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောအရာ (အရေးကိစ္စအကြောင်းအရာတစ်ခု) ကို စီရင်ပြဌာန်းလိုသည့်အခါ ယင်းအား “ဖြစ်စေ” မိန့်တော်မူရုံဖြင့် ထိုအရေးကိစ္စဖြစ်လာ၍ (ထိုကဲ့သို့ပင် ဖြစ်တည်စေတော်မူ၏။)” ဟု မိန့်တော်မူခဲ့၏။

[48] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်အီစာအား ကျမ်းတော်၊ (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်၊ တောင်ရတ်ကျမ်းနှင့်အီန်ဂျီးလ်ကျမ်းတို့ကို သင်ကြားပေးတော်မူ၏။

[49] ထို့နောက် (တမန်တော်အီစာအား) ရစူလ်တမန်တော်တစ်ပါးအဖြစ် အစ္စရေးမျိုးနွယ်ဆီသို့ စေလွှတ်တော် မူခဲ့ရာ တမန်တော်အီစာက “ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ အမှန်ပင် အာယသ်သက်သေလက္ခဏာတော်တစ်ခု ယူဆောင်၍ သင်တို့ထံ ရောက်လာခဲ့လေပြီ။ ထိုသက်သေလက္ခဏာတော်မှာ “အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်နှင့်အမိန့်တော်အားဖြင့် ရွံ့မြေမှ ငှက်ပုံ အသွင်သဏ္ဌန် ပုံဖော်ဖန်တီး၍ ယင်းထဲသို့ (လေ) မှုတ်ပေးလိုက်လျှင် ယင်းသည် ငှက် ပကတိ တစ်ကောင်ဖြစ်လာမည်။ ထို့ပြင် မျက်မမြင်သူနှင့်အနာကြီးရောဂါရှင်တို့အားလည်း ကုသပေးနိုင်ပြီး အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်နှင့်အမိန့်တော်အားဖြင့်ပင် သေနေသောသူကိုပင် ရှင်စေနိုင်မည်ဖြစ်၏။ တစ်ဖန် ကျွန်ုပ်သည် သင်တို့အား မည်သည်ကို စားသုံးနိုင်ပြီး မည်သည်တို့ကို အိမ်များတွင် သိုလှောင်ထားနိုင်သည်ကိုလည်း သတင်းပေး သိစေမည်။ သင်တို့က ဖြူစင်စွာ ယုံကြည်ကြသူများဖြစ်ကြလျှင် ထိုကိစ္စ၌ သင်တို့အတွက် (ကျွန်ုပ်မှာ အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်ဖြစ်ကြောင်းကို ထင်ရှားစေသည့်) အရှင့်အာယသ်သက်သေလက္ခဏာတော်တစ်ခု မုချပင် ရှိ၏။

[50] ထို့ပြင် သင်တို့လက်ဝယ်၌ရှိသော တောင်ရတ်ကျမ်းတော်မှ (အချက်အလက်များအာ မှန်၊ မမှန် ဖြောင့်မှန် တည့်မတ်စေ၍) အတည်ပြုစေလျက် သင်တို့အပေါ် (ယခင်က မစားရန် တားမြစ်ထားသည့်အရာများမှ အချို့ကို (ယခုအခါ) တရားဝင် စားသုံးနိုင်သည့်အရာများအဖြစ် ခွင့်ပြုပေးရန်အတွက် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ (ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို ထင်ရှားပေါ် လွင်စေသည့်) အာယသ်သက်သေလက္ခဏာတော်တစ်ခုကို ယူဆောင်လာကာ သင်တို့ထံ ရောက်လာရခြင်း ဖြစ်၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲ မြံစွာဖြင့်လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[51] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ် ဖြစ်၍ ထိုအရှင်ကိုသာလျှင် ခဝပ်နာခံကိုးကွယ်ကြလော့။ ဤသည်ပင် ဖြောင့်မတ်မှန်ကန်ပြီး မြဲမြံသော လမ်းစဉ်တော်ဖြစ်၏။

[52] (တမန်တော်အီစာသည် သူတို့အား နှစ်အတော်ကြာ အရှင့်လမ်းစဉ်တော်ဘက်သို့ ဖိတ်ခေါ်ခဲ့ပြီးနောက်) သူတို့ထဲတွင် မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များရှိနေကြောင်း သူသည် သတိမူ သိမြင်လာသည့်အခါ “အလ္လာဟ်အရှင်မြတ် (၏ ဖြောင့်မတ်မှန်ကန်ပြီး မြဲမြံတည်တံ့သော လမ်းစဉ်တော်) အတွက် မည်သူက ကျွန်ုပ်အား ကူညီသူ ဖြစ်လိုသနည်း။” ဟု မေးမြန်းသော် သူ၏နောက်လိုက် သာဝကများဖြစ်သော ဟဝါရီတို့က “ကျွန်ုပ်တို့သည် (အရှင်မြတ်၏လမ်းစဉ်တော်အတွက်) ကူညီသူများဖြစ်ရန် အလ္လာဟ်အရှင်မြတ်အပေါ် အပြည့်အဝ ယုံကြည်ပါ၏။ ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးတို့အား အရှင်မြတ်ထံသာ နာခံအပ်နှံသော) မွတ်စလင်များ ဖြစ်ကြောင်းကို သက်သေခံရန် (အသင်တမန်တော်ထံ) လျှောက်တင်ပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။

[53] (ထိုသို့ ပြောဆိုအပြီးတွင် သူတို့ ဆုတောင်းသည်မှာ) “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် အရှင်မြတ်ထုတ်ပြန်ချမှတ်ပေးတော်မူသမျှအပေါ်ယုံ ကြည်ကြပြီး အရှင့်ရစူလ်တမန်တော်အား နာခံလိုက်နာကြပါ၏။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (သက်သေခံသူများ ၏စာရင်းထဲတွင်) သက်သေခံသူများနှင့်အတူ မှတ်တမ်းတင်စေတော်မူပါ။”

[54] (မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (တမန်တော်အီစာအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုများကို) အကွက်ချ စီစဉ်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်က (သူတို့၏လုပ်ကြံမှုများကို အချည်းနှီး ဖြစ်စေတော်မူလျက် တမန်တော်ကို ကယ်တင်ရန် အရှင့်စီမံချက်အား) ကြိုတင်စီစဉ်တော်မူခဲ့၏။ (ကြိုတင်စီစဉ် သူအားလုံးကို အရှင်မြတ်ပင် ဖြစ်တည်စေတော်မူသည့်အလျှောက်) အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်သူတို့အတွက်) ကြိုတင်စီစဉ်သူအားလုံးထက်ပင် သာပို၍ အကောင်းဆုံးဖြစ်အောင် လွှမ်းမိုးစေတော်မူသောအရှင် ဖြစ်တော်မူ၏။

[55] အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အရာရာကို စီမံဆောင်ရွက်တော်မူပြီး (တမန် တော်) အီစာအား တာဝန်ပေးဆောင်ရွက်စေမှု ဖြည့်ဆည်းခဲ့ပြီးချိန်တွင်) အလ္လာဟ်အရှင်မြတ်က “အို၊ အီစာ အသင့်အား ငါအရှင်ထံ ခေါ်ယူတော်မူပြီး မြှင့်ပင့်မြှောက်စားတော်မူလိမ့်မည်။ အသင့်ကို မယုံကြည်သူ (နှင့်အမှန် တရားကို ငြင်းဆန်သူတို့၏အခြေအမြစ်မရှိသော စွပ်စွဲချက်) များမှ သန့်စင်စေတော်မူပြီး သင့်ကို (စိတ်စေတနာ ဖြူစင်စွာဖြင့်) နာခံလိုက်နာကြသူတို့အား ရှင်ပြန်ထမည့်နေ့အထိ မယုံကြည်သူတို့ထက် သာလွန်အောင် အပေါ် စီးရစေတော်မူလိမ့်မည်။ ထို့နောက် သင်တို့၏ (ဘဝခရီးအဆုံးသတ်မည့် နောက်ဆုံးပန်းတိုင်နှင့်) ပြန်လည်ရာစခန်းမှာ ငါအရှင်ထံသို့ (ရောက်ရှိခြင်း) သာ ဖြစ်ပြီး သင်တို့အချင်းချင်းကြားဝယ် (အယူအဆနှင့်သဘောထားများ) ကွဲလွဲနေကြခြင်းနှင့်စပ်လျဉ်း၍ ငါအရှင် ကိုယ်တိုင် စီရင်ဆုံးဖြတ်တော်မူမည်။” ဟု မိန့်တော်မူစဉ်။

[56] တစ်ဖန် မယုံကြည်သူ (နှင့်အမှန်တရားကို ငြင်းဆန်သူ) တို့အတွက်မူ (သူတို့၏ကျူးလွန်သည့်ပြစ်မှုများ နှင့်အညီ) “ငါအရှင်က သူတို့ကို ဤလောကီဘဝနှင့်တမလွန်ဘဝတို့တွင် စူးရှနာကျင်ဖွယ်ရာ ပြင်းထန်သော ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်ရာ သူတို့အတွက် မည်သည့် ကူညီသူမျှ ရှိလိမ့်မည်မဟုတ်ပေ။” (ဟု မိန့်တော်မူစဉ်)။

[57] တစ်ဖန် ဖြူစင်စွာယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ကောင်းမှုများကို ပြုမူကျင့်ဆောင်ကြသူတို့အတွက် ငါအရှင်ကိုယ်တိုင်က (ကောင်းမှု၏အကျိုးဆက်အဖြစ်) သူတို့အား အကျိုးဆုလဒ်များကို အပြည့်အဝ ချီးမြှင့်ပေးအပ်တော်မူပြီး အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်၍ မမှန်မကန် လုပ်သူများကို နှစ်သက်တော်မမူကြောင်း” မိန့်တော်မူခဲ့စဉ်။

[58] ငါအရှင်မြတ်က ထို (သို့ မိန့်တော်မူခဲ့စဉ် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာဆိုင်ရာ) အာယသ်သက်သေလက္ခဏာတော်များနှင့် (ယင်းတို့မှ စံနမူနာယူဖွယ်ရာများကို ကျမ်းတော်အဖြစ် ပြန်လည်ချမှတ်ပေးအပ်လျက်) အမြော်အမြင်နှင့်ပြည့်စုံသည့် သတိပေးနှိုးဆော်မှု (များပါဝင်သော ကျမ်းတော်) မှ (လမ်းညွှန်ကို) အသင် (တမန် တော်) အား ရွတ်ပြစေတော်မူခြင်း ဖြစ်၏။

[59] (လူသားတို့၏အတွေးအခေါ်အရ လူသား၏ဖြစ်တည်မှုသည် သဘာဝနိယာမတရားခေါ် အရှင့်စည်းမျဉ်းတော်နှင့်အညီသာ ဖြစ်လာသော်လည်း) အလ္လာဟ်အရှင်မြတ်၏ထံတော်၌ (တမန်တော်) အီစာ၏ဥပမာသည်ကား အာဒမ်နှင့်တူ၏။ အာဒမ်ကို မြေမှုန့်မှ ပုံဖော်ဖြစ်တည်စေပြီးနောက် “ဖြစ်စေ” ဟု မိန့်တော်မူ၍ ဖြစ်တည်လာခဲ့ပြီ။

[60] (အရှင့်အမိန့်တော်များ၊ စီမံချက်များနှင့်အရှင့်ဆန္ဒတော်အရ ဖြစ်တည်စေတော်မူသည့်အရာတိုင်း၌ အမှန်တရားသစ္စာပါဝင်နေပြီး အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့် အကြောင်းအရာတိုင်းသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အမှန်တရားသစ္စာ ဖြစ်သည့်အတွက် (အသင့်ကို မည်သူမျှ မည်သည့်အခါမျှ) သံသယဖြစ်သူများအနက်မှ (ဖြစ်လိမ့်မည်ဟု ထင်မြင်မျှော်လင့်နိုင်မည်) မဟုတ်ပေ။

[61] အရှင့် (ဉာဏ်တော်အနန္တ၏) အသိပညာမှ ဤအမှန်တရားသစ္စာအား အသင့်ထံရောက်လာစေတော်မူပြီးနောက် ယင်းနှင့်ပတ်သက်၍ အသင့်ကို စောဒကတက်ငြင်းခုံ လိုသူတို့အား “လာကြ၊ ကျွန်ုပ်၏သားမြေးများနှင့်သင်တို့၏သားမြေးများ၊ ကျွန်ုပ်တို့၏အမျိုးသမီးများနှင့်သင်တို့၏အမျိုးသမီးများ၊ ကျွန်ုပ်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အပါအဝင် ကျွန်ုပ်ကိုယ်တိုင်နှင့်သင်တို့ကိုယ်တိုင် ဆင့်ခေါ် ပါဝင်စေ (လျက် တစ်နေရာတွင် စုရုံးစေ) ပြီးနောက် “လိမ်လည်သူ (နှင့်အရှင့်အမိန့်တော်များကို သွေဖည်ဆန့်ကျင်၍ အငြင်းသန်သူ) တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးစေမည့်) ကျိန်စာသင့်ပါစေ။” ဟု (နှစ်ဘက်စလုံးက) ရိုကျိုးစွာ ကျိန်ဆိုတိုင်တည်ကြရန်”” တောင်းဆိုမိန့်ကြားလော့။

[62] ဧကန်ပင်၊ ဤသည်မှာ တိကျမှန်ကန်ထင်ရှားသော ဖြစ်စဉ်မှန်ပင် ဖြစ်ပြီး (ဤအမှန်တရားကို ချမှတ်ပေးအပ်တော်မူသော) အလ္လာဟ်အရှင်မြတ်မှအပ အခြား (ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင် ဟူ၍ အလျှင်းမရှိပြီ။ (အကြောင်းမှာ) ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူလျက်ရှိသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။

[63] အကယ်၍ သင်တို့က (အရှင့်အမိန့်တော်ကို သွေဖည်ငြင်းဆန်၍) မျက်နှာလွှဲကျောခိုင်းသွားကြပါလျှင် (သင်တို့ သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားအပေါ် စောဒကတက်လျက် ငြင်းခုံနေကြသော ဆူပူသောင်းကျန်းသူများနှင့်) အဖျက်အမှောင့်ပြုသူတို့အား အမှန်ပင် အကြွင်းမဲ့ သိနေတော်မူ၏။

[64] (အို၊ ရစူလ်တမန်တော် သူတို့အား) “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ ကျွန်ုပ်တို့နှင့်သင်တို့ကြားတွင် တူညီသော “ဘုံစကား” ဖြစ်သည့် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် အရာကိုမျှ မကိုးကွယ်ခြင်း၊ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားမည်သည့်အရာကိုမျှ (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာအဖြစ် မပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကျွန်ုပ်တို့အချင်းချင်းကြား တစ်ဦးကိုတစ်ဦး (ရှိခိုး ကိုးကွယ်ရာ) အရှင်သခင်အဖြစ် မပြုလုပ်ခြင်း၊ (စသည့်အချက်များအပေါ်အခြေခံ၍ ဆွေးနွေးရန်နှင့်သစ္စာဆိုရန်) အတွက် လာကြလော့” ဟု မိန့်ကြားလော့။ သို့သော် အကယ်၍ သူတို့က မျက်နှာလွှဲကျောခိုင်းလျက် လှည့်ပြန်သွားလျှင် “ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ နာခံအပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များဖြစ်ကြောင်း ကို သက်သေခံကြပါ၏။” ဟု ယတိပြတ်ဟောလော့။

[65] “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ (သင်တို့အား ဂျူးနှင့်ခရစ်ယာန်တို့က သင်တို့၏ကျမ်းအဖြစ် ယုံကြည်ထားကြသော) တောင်ရတ်နှင့်အိန်ဂျီးလ်ကျမ်းတို့ကို တမန်တော်အီဗ်ရာဟီးမ်၏နောက်ပိုင်းကာလ၌သာ ချမှတ်ပေးအပ်တော်မူခဲ့ခြင်းဖြစ်သော်လည်း သင်တို့က (တမန်တော်အီဗ်ရာဟီးမ်ကို ဂျူး သို့မဟုတ် ခရစ်ယာန်ဖြစ်သည်ဟု တမန်တော်အီဗ်ရာဟီးမ်နှင့်ပတ်သက်၍) အဘယ်ကြောင့် ငြင်းခုံနေကြသနည်း။ သင်တို့မှာ စဉ်းစားဆင် ခြင်ဉာဏ် မရှိကြလေသလော။

[66] (ဤနေရာတွင် သင်တို့အား သတိပေးပြောလိုသည့် အချက်မှာ) သင်တို့ သိနားလည်ထားသော အကြောင်း အရာများနှင့်စပ်လျဉ်း၍ပင် သင်တို့နှင့်ငြင်းခုံနေကြသူများ (ရှိနေကြောင်း) သိနေပါလျှက်နှင့် အဘယ်ကြောင့် သင်တို့က မသိနားမလည်သောအရာများနှင့်စပ်လျဥ်း၍ (သင်တို့ကိုယ်တိုင်) ငြင်းခုံနေကြသနည်း။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူပြီး သင်တို့မူကား သိနားလည်ကြသည် မဟုတ်ချေ။

[67] တမန်တော်အီဗ်ရာဟီးမ်သည် ဂျူးတစ်ဦး မဖြစ်ခဲ့ရုံသာမက ခရစ်ယာန်တစ်ဦးလည်း မဖြစ်ခဲ့ပေ။ သို့ရာတွင် (တမန်တော်သည် ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံ၍) စစ်မှန်သော မွတ်စလင်တစ်ဦးသာ ဖြစ်ခဲ့သည် (မှာ သံသယဖြစ် စရာမလိုပေ။ ထို့ပြင် တမန်တော်အီဗ်ရာဟီးမ်သည် (မည်သည့်အခါမျှ) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို (ရှိခိုးကန်တော့ဆည်းကပ်) ကိုးကွယ်ကြသူတို့အနက်မှ မဟုတ်ခဲ့ပေ။

[68] ဧကန်ပင်၊ လူသားတို့အနက် (တမန်တော်) အီဗ်ရာဟီးမ် (၏ယုံကြည်မှု) နှင့် အနီးစပ်ဆုံး ဆက်နွယ်နေသည့် ပုဂ္ဂိုလ်တို့မှာ သူ့ကို (နဗီတမန်တော်တစ်ပါးအဖြစ်လက်ခံ၍) နာခံလိုက်နာသူများ၊ ဤနဗီတမန်တော် (မုဟမ္မဒ်) နှင့် ယုံကြည်သူများပင် ဖြစ်ကြပြီး အလ္လာဟ်အရှင်မြတ်သည် (အရေးကိစ္စဟူသမျှအတွက် သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ ယုံကြည်အပ်နှံ၍ နာခံကြသော) ယုံကြည်သူတို့၏အုပ်ထိန်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[69] ကျမ်းရပုဂ္ဂိုလ်များအနက်မှ အုပ်စုတစ်စုက သင်တို့အား လမ်းမှားရောက်စေလိုသည့် (ရည်ရွယ်ချက်ဖြင့် အကြံအစည်များကို ကြံစည်ဖန်တီးလျှက် ကြိုးပမ်းရန်) ဆန္ဒရှိခဲ့သော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ သူတို့ကိုယ်တိုင် လမ်းမှားရောက်နေကြခြင်းကို သတိမူ သိနားလည်ကြသည် မဟုတ်ပေ။

[70] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သင်တို့ ကိုယ်တိုင် (မျက်ဝါးထင်ထင် မြင်တွေ့ရုံမက သင်တို့၏ကျမ်းများကလည်း) သက်သေခံကြပါလျှက် အဘယ်ကြောင့် မယုံကြည် ငြင်းဆန်နေကြသနည်း။

[71] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့က (အရှင်မြတ်ကပင် ချမှတ်ပေးအပ်တော်မူပြီး မြင် သာထင်ရှားသော အာယသ်သက်သေလက္ခဏာတော်များဖြစ်သည့်) အမှန်တရားသစ္စာကို (မယုံကြည်ငြင်းဆန်၍ သင်တို့၏) မှားယွင်းသော မူဝါဒလမ်းစဉ်များနှင့် (ရှုပ်ထွေးသွားအောင်) ရောနှောစေကာ အမှန်တရားသစ္စာဖြစ်ကြောင်း သိနေပါလျှက်နှင့် အဘယ်ကြောင့် ထိန်ချန်ဖုံးကွယ်ထားကြသနည်း။

[72] ထို့ပြင်၊ ကျမ်းရပုဂ္ဂိုလ်တို့အနက်မှ အုပ်စုတစ်စုက “(နေ့၏မျက်နှာစတင်မြင်ရသော) နံနက်စောစော အချိန်တွင် ယုံကြည်သူတို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသော အရှင့်အမိန့်ဒေသနာတော်များကို အယောင်ဆောင်ယုံကြည်၍ (နေ့အချိန်ကုန်ဆုံးသော) ညနေချမ်းရောက်သည့်အခါ (သူတို့၏မှားယွင်းသော ယုံကြည်မှုဟောင်း ဘက်သို့ ပြန်လှည့်ကြရန် အလို့ငှာ) သွေဖည်ငြင်းဆန်ကြလေသလော။” ဟု အချင်းချင်းနှိုးဆော်တိုက်တွန်း ပြောဆိုခဲ့ကြ၏။

[73] သို့သော် “သင်တို့၏ဘာသာသာသနာကို ယုံကြည်လိုက်နာသူတို့မှအပ မည်သူ့ကိုမျှ မယုံကြည်ကြလေနှင့်။” ဟုလည်း (ထိုအုပ်စုက) ပြောခဲ့ကြသည်။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်မုချ၊ လမ်းညွှန်မှန်ဟူသည် အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်တော်သာ ဖြစ်၏။ သင်တို့ (လမ်းညွှန်မှန်) ပေးအပ်ခြင်းခံရသကဲ့သို့ မည်သူ့ကိုမဆို ပေးအပ်ခြင်းခံရနိုင်၏။ သို့မဟုတ် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှဖြစ်သည့် (အမိန့်ပညတ်တော်နှင့်စပ်လျဉ်း၍) သူတို့က သင်တို့နှင့် ငြင်းခုံနိုင်ကြ၏။” ဟု ဟောလော့။ ထို့ပြင် ဧကန်မုချ၊ လောကခပ်သိမ်းရှိ ဂုဏ်ကျက်သရေနှင့် (မြေပေါ် မြေအောက်၊ ရေပေါ်ရေ အောက် သယံဇတ၊ အရင်းအမြစ် စွမ်းအင်၊ စွမ်းရည်နှင့်လမ်းညွှန်တော်စသော) ကျေးဇူးတော်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ (“လက်တော်” ဟု တင်စားရလောက်အောင်) အရှင့်ထိန်းချုပ်လုပ်ပိုင်ခွင့်အောက်၌သာရှိပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူသည်သာလျှင် ပေးအပ်ခြင်းခံရ၏။ “အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စဉ်းမျဉ်းတော်နှင့်အညီ) ခွင့်ပြုလိုတော်မူသောသူကိုသာ (အရှင်မြတ်၏ပိုင်နယ်မြေ၌) ဩဇာအာဏာချီးမြှင့်တော်မူပြီး မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟုလည်း ဟောလော့။

[74] အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်များနှင့်အညီ အလိုရှိတော်မူသောသူတို့အား အရှင့်ကရုဏာတော်ဖြင့် (တမန်တော် ဖြစ်စေခြင်းနှင့်အခြားသော ဂုဏ်သိက္ခာများ ပေးအပ်တော်မူရန်အတွက်) သီးသန့် ရွေးချယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်ကြီးကျယ်သော ကျေးဇူးတော်နှင့်ရက်ရောမှုအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[75] ကျမ်းရပုဂ္ဂိုလ်များတွင် အကယ်၍ (သူတို့ထံ) ရွှေငွေရတနာသိုက်အား ယုံပုံ၍ အပ်နှံထားလျှင်ပင် (ထို ယုံ ကြည်အပ်နှံမှုကို မထိခိုက်စေဘဲ မူရင်းအတိုင်း) ပြန်လည်ပေးသူများရှိသကဲ့သို့ မပြောပလောက်သည့် ငွေဒင်္ဂါးပြား အပ်နှံလျှင်လည်း (ဇွဲရှိရှိ သည်းခံကြံ့ခိုင်စွာဖြင့်) မရမက တောင်းဆိုသည့်တိုင် ပြန်မပေးကြသော သူတို့လည်း ရှိကြလေ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့က “(ကျွန်ုပ်တို့နှင့်ဘာသာအယူဝါဒ မတူသူများနှင့်ကျွန်ုပ်တို့ကဲ့သို့ ကျမ်းပေးအပ်ခြင်းမခံရသော) စာပေမတတ်သူတို့၏ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏လမ်းစဉ်အရ (ပြန်ပေးရန်) တာဝန်မရှိပေ။” ဟု ပြောဆိုကြသောကြောင့်တည်း။ ထိုသို့ ပြုမူပြောနေခြင်းသည် (အရှင့်အမိန့်တော်အရ တားမြစ်ထားသည်ကို) သူတို့သိနေပါလျှက် (အရှင်မြတ်ခွင့်ပြုထားဟန်ဖြင့်) အလ္လာဟ်အရှင် မြတ်နှင့်ဆန့်ကျင်၍ လိမ်လည်ပြောဆိုနေခြင်းသာ ဖြစ်၏။

[76] အမှန်မှာ မည်သူမဆို သူ၏ကတိကဝတ်များကို တာဝန်ကျေပွန်စွာ ဖြည့်ဆည်းဆောင်ရွက်ပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံး) လျှင် (သူ နှလုံးသွင်းထားသင့်သည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံး) သူတို့အား နှစ်သက်တော်မူ၏။

[77] (အရှင်မြတ်မိန့်တော်မူသည့်အတိုင်း နာခံလိုက်နာမည်ဟု ကျိန်ဆိုကြပြီးနောက်တွင်မှ) အလ္လာဟ်အရှင် မြတ်၏ကတိပဋိဉာဉ်နှင့်သူတို့၏သစ္စာဆိုမှုများကို (သူတို့ကိုယ်တိုင် ချိုးဖောက်၍) တန်ဖိုး မဖြစ်စလောက်မျှဖြင့် လဲလှယ်ရောင်းဝယ်သူတို့သည် နောင်တမလွန်ဘဝတွင် သူတို့အတွက် (မည်သည့်) ဝေစုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကလည်း ရှင်ပြန်ထမည့်နေ့တွင် သူတို့နှင့်စကားပြောတော်မူမည် မဟုတ်ရုံသာမက ဂရုတစိုက် ကြည့်တော်မမူသည့်အပြင် (သူတို့၏အပြစ် အနာအဆာများကို ခွင့်လွတ်၍) သူတို့အား သန့်စင်စေတော်မူမည်လည်း မဟုတ်ပေ။ သူတို့အတွက် စူးရှနာကျင်ဖွယ်ရာ ပြင်းထန်သော ပြစ်ဒဏ်ရှိ၏။

[78] ထို့ပြင် ဧကန်ပင် ထိုသူတို့အနက်မှ အုပ်စုတစ်စုသည် (ကျမ်းတော်ကို စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့်) ကျမ်းတော်မှ မဟုတ်သော မမှန်မကန်သည့်အရာများကို ကျမ်းတော်မှဖြစ်သည်ဟု ထင်မှတ်ရန်အလို့ငှာ ကျမ်းတော် (၌ ပါရှိသည့်စကားလုံးများ) ကို သူတို့၏နုတ်လျှာများဖြင့် လှည့်ပတ်၍ အဓိပ္ပါယ်လွဲမှားစေသော စကားလုံးများဖြင့် အစားထိုး ရေရွတ်ကြ၏။ ထို့နောက် (သူတို့ရွတ်ဖတ်သည့် စကားလုံးများကို) အလ္လာဟ်အရှင် မြတ်၏ထံတော်မှဖြစ်သည်ဟု ပြောဆိုကြသော်လည်း (အမှန်မှာ ယင်းတို့သည်) အလ္လာဟ်အရှင်မြတ်၏ထံတော်မှ အလျှင်း မဟုတ်ကြပေ။ သူတို့သည် (အရှင့်ကျမ်းတော်မှ မဟုတ်သည်ကို) သိနေကြသော်လည်း (ရည်ရွယ်ချက်ရှိရှိ အရှင့်အမိန့်ပညတ်ချက်များကို ဖီဆန်ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်စားလျှက် ပြောဆိုနေကြ၏။

[79] အလ္လာဟ်အရှင်မြတ်သည် သာမန်လူတစ်ဦးအား ကျမ်းတော်၊ (ဓမ္မသတ်ဆိုင်ရာအခွင့်အာဏာ၊) အမြော်အမြင်နှင့်တမန်တော်ဖြစ်ခြင်းဆိုင်ရာဂုဏ်ဘွဲ့ကို ချီးမြှင့်ခြင်းတော်မူပြီးနောက် ထိုသူက လူတို့အား “အလ္လာဟ် အရှင်မြတ်မှလွဲ၍ (သို့မဟုတ် အလ္လာဟ်အရှင်မြတ်ကိုစွန့်လွတ်၍) ကျွန်ုပ်ကိုသာ (ရှိခိုးကန်တော့) ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် ကျွန်ုပ်၏အစေခံများ ဖြစ်ကြလော့။"" ဟု ပြောဆိုရန် (မည်သည့်အခါမျှ စိတ်ကူးကြံစည်၍) မရနိုင်ပေ။ သို့ရာတွင် သင်တို့သည် ကျမ်းတော်ကို စူးစမ်းလေ့လာသင်ယူမှတ်သားခြင်းနှင့် (ထိုသို့လေ့လာ ပြီးနောက် ဂဃနဏ သိနားလည်ထားသောအကြောင်းအရာများကို) သင်ကြားပေးခြင်းတို့ဖြင့် (သင်တို့ကိုယ် ၏သင်တို့ အရှင့်အမိန့်ပညတ်ချက်များနှင့်အညီ ပြုမူကျင့်ကြံရန် နစ်မြုပ်ထားသော) ဘာသာရေးခေါင်းဆောင် ၏များသာ ဖြစ်ကြလော့။ (ကျမ်းတော်မှလွဲ၍ အရှင့်အမိန့်တော်များကို လက်ခံရရှိနိုင်သူတို့မှာ အရှင်မြတ်ရွေး ချယ်တော်မူသည့် တမန်တော်များသာ ဖြစ်ကြပြီး အခြားမည်သူကမျှ ဘာသာသာသနာထူထောင်၍ အရှင့်ထံတော်မှဟု ပြောခွင့်မရှိပေ။)

[80] တစ်ဖန် (ထိုဘာသာရေးခေါင်းဆောင်က) သင်တို့အား “အရှင့်မလာအီကာစေတမန်များနှင့်နဗီတမန်တော်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်သခင်အဖြစ်မှတ်ယူပြီး (ရှိခိုးကန်တော့) ဆည်းကပ်ကိုးကွယ်ရန်အလို့ငှာ အမိန့်ပေးတိုက်တွန်းနှိုးဆော်ခွင့် အလျှင်း မရှိစေရ။ သင်တို့က (သင်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံပြီး ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များဖြစ်ပြီးနောက် မယုံကြည်မှု (နှင့်အရှင့်အမိန့်တော်အား အာခံဖီဆန်မှုတို့) အတွက် (သူက သင်တို့ကို ထိုသို့) အမိန့်ပေးတိုက် တွန်းနှိုးဆော်ခွင့်ရှိနိုင်မည် မဟုတ်ပေ။

[81] အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်များထံမှ ကတိပဋိညာဉ်ဖြင့် သစ္စာဆိုစေတော်မူခဲ့စဉ် “ငါအရှင်မြတ်သည် သင်တို့အား ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်တို့ကို ပေးအပ်တော်မူပြီးနောက် ရစူလ်တမန်တော်တစ်ပါးက သင်တို့၏လက်ဝယ်၌ရှိသော (ကျမ်းတော်နှင့်ဓမ္မသတ် အခွင့်အာဏာဆိုင်ရာ အမိန့် ပညတ်ချက်စသော) အရာများကို မှန်၊ မမှန်အတည်ပြုပေးရန်အတွက် သင်တို့ထံရောက်လာလျှင် သင်တို့က သူ့ကို ယုံကြည်နိုင်မည်လော။ သူ့ကို ထောက်ခံကူညီနိုင်မည်လော့။” ဟု မေးတော်မူခဲ့၏။ သူတို့က “ကျွန်ုပ်တို့ သည် ကတိသစ္စာဆို၍ အတည်ပြုကြပါ၏။” ဟု ဖြေဆိုခဲ့ကြသည်။ (ထို့နောက်) အရှင်မြတ်က “သို့ဖြစ်လျှင် (အရှင့် အမိန့်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြလျက်) သင်တို့ကိုယ်တိုင် သက်သေခံကြလော့။ ငါအရှင်မြတ်လည်း သင်တို့နှင့်အတူ သက်သေသက်ကန်များစာရင်းတွင် အပါအဝင် ဖြစ်တော်မူလိမ့်မည်။” ဟု မိန့်တော်မူ၏။

[82] ထိုသို့ သစ္စာဆိုပြီးနောက် မည်သူမဆို မျက်နှာလွှဲကျောခိုင်းခဲ့လျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်ကျူးလွန်သူများ ဖြစ်ကြလိမ့်မည်။

[83] သူတို့က အလ္လာဟ်အရှင်မြတ်၏ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို စွန့်လွှတ်ပြီး အခြားဘာသာသာသနာများကို ရှာဖွေဖန်တီးထူထောင် လိုကြသလော။ (သူတို့အားလုံး အလေးအနက်ထား၍ နှလုံးသွင်းထားသင့်သည်မှာ) မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များ၌ရှိသော (လူအပါအဝင်) အရာဟူသမျှတို့သည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ (အရှင့်စည်းမျဉ်းသတ်မှတ်ချက်များဖြစ်သော ဖွဲ့စည်းဖြစ်တည်ပုံစနစ်၊ သွေးလည်ပတ်မှုစနစ်၊ အစာကြေစနစ်၊ သံသရာလည်စနစ်၊ အပူအအေးပြောင်းလဲမှုစနစ်၊ အလင်းနိယာမ၊ ကမ္ဘာ့ဆွဲအား၊ စွမ်းအင်ဖြစ်တည်မှုစသော နိယာမတရားတို့ကို အရှင့်နိယာမများဟု ယုံကြည်သည်ဖြစ်စေ၊ သဘာဝနိယာမတရားဟု ယူဆသည်ဖြစ်စေ) အရှင့်စည်းမျဉ်းတော်များကို နာခံနေကြရပြီး (သတ်မှတ်တော်မူသည့်အတိုင်း) အရှင့်ထံသို့သာ လှည့်ပြန်ကြရမည်ဖြစ်သည်။

[84] “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (နှင့်အလ္လာဟ်အရှင်မြတ်ထံတော်မှ) ကျွန်ုပ်တို့ထံ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသော အရာ (ကုရ်အာန်) ကိုလည်းကောင်း၊ တမန်တော်အီဗ်ရာဟီးမ်၊ အစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်တို့အပေါ်နှင့်အခြားလူမျိုးစုများထံသို့ စေလွှတ်တော်မူခဲ့သော တမန်တော်များအပေါ်သို့ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကိုလည်းကောင်း၊ တမန်တော်မူဆာနှင့်အီစာတို့အပေါ်သို့ ထုတ်ပြန် ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာများကိုလည်းကောင်း၊ အရာခပ်သိမ်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံမှ အခြားနဗီတမန်တော်များအပေါ်သို့ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာများ (အားလုံး) ကိုလည်းကောင်း၊ ယုံကြည်ကြပါပြီ။ သူတို့ (အားလုံးက အရှင်မြတ်၏တမန်တော်ကြောင်းကို အကြွင်းမဲ့ ယုံကြည်ပြီး တမန်တော်များအချင်းချင်း) ကြား တစ်ပါးနှင့်တစ်ပါးကို ခွဲခြားမှု လုံးဝ မပြုကြပါ။ ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံ အပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များ ဖြစ်ကြပါသည်။” ဟု ဟောလော့။

[85] (လူ့သမိုင်းတစ်လျှောက် တမန်တော်များစေလွှတ်တော်မူ၍ အရှင်မြတ်ကိုယ်တိုင်လမ်းညွှန်သည့် ဘဝတည်ဆောက်မှုလမ်းစဉ်ဖြစ်သော) အစ္စလာမ်မဟုတ်သည့် အခြား ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူ ကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို နာခံလိုက်နာသူ (မည်သူမဆို) ၏ထံမှ (အရှင်မြတ်က မည်သည့်အရာကိုမျှ) သဘောတူ လက်ခံတော်မူမည် မဟုတ်သည့်အပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူသည် ဆုံးရှုံးနစ်နာသူစာရင်းဝင်များအနက်မှပင် ဖြစ်လိမ့်မည်။

[86] ရစူလ်တမန်တော်အား (အရှင်မြတ်စေလွှတ်တော်မူသည့် တမန်တော်ဖြစ်သည်မှာ) မှန်ကန်ကြောင်း သက်သေခံကြပြီး (အမှန်တရားကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေသည့်) ရှင်းလင်းချက်များ သူတို့ထံ ရောက်လာ၍ လက်ခံယုံကြည်ပြီးနောက်တွင်မှ အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသောလူမျိုးကို အလ္လာဟ်အရှင်မြတ်က မည်သို့ လမ်းညွှန်တော်မူမည်နည်း။ မှတ်သားသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသောလူမျိုးအား တရားလမ်းမှန် ညွှန်ပြတော်မမူချေ။

[87] ထိုသူတို့သည် (သူတို့ပြုမူကျင့်ဆောင်ခဲ့သမျှ၏) အကျိုးဆက်အဖြစ် ထိုသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၊ မလာအီကာစေတမန်များနှင့်လူသားတို့အားလုံးမှ (မေတ္တာ၊ ကရုဏာ၊ အကြင်နာနှင့်ခွင့်လွှတ်ခြင်းတို့မှ ဝေးကွာစေသည့်) ကျိန်ဆဲမှုများကို သက်ရောက်စေခြင်းသာ ရှိလိမ့်မည်။

[88] ထို (ကျိန်ဆဲမှု) ၌ပင် ကာလအကန့်အသတ်မဲ့ နေကြရမည်ဖြစ်ပြီး သူတို့၏ပြစ်ဒဏ်နှင့်ပြစ်တင်ရှုံ့ချမှုများကို ပေါ့လျော့ခြင်း၊ ကင်းလွှတ်ခွင့်ပေးခြင်း စသည်ဖြင့် သက်သာရာရစေခြင်းခံကြရမည်မဟုတ်သည့်အပြင် (ပြစ်ဒဏ်ကျခံရမည့်အချိန်နှင့်ပေးခံရမည့်ပြစ်ဒဏ်ကိုလည်း ရွှေ့ဆိုင်းပြောင်းလဲမည်မဟုတ်ဘဲ ကိုယ်တွေ့ ခံစားစေရန်) ဆိုင်းငံ့ခွင့်ရကြလိမ့်မည်လည်း မဟုတ်ချေ။

[89] သို့သော် နောင်တဖြင့် လမ်းမှန်ဘက်သို့ ပြန်လှည့်ကြသူများ၊ (သူတို့၏မူဝါဒလမ်းစဉ်များနှင့်အတွေးအခေါ် အယူအဆများကို ဖြောင့်မှန်စေလျက် ကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်) ပြုပြင်ပြောင်းလဲလာသူများနှင့် (အရှင်မြတ်နှင့်တမန်တော်မြတ်၏ရှင်းလင်းချက်များကို) ပွင့်လင်းဖြူစင်စွာ ထုတ်ဖော်တင်ပြကြသူများသည် (ထို ကျိန်ဆဲမှုတွင်) မပါဝင်ကြပေ။ (နှလုံးသွင်းသင့်သည်မှာ) မုချဧကန်၊ ငါအရှင်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်သို့ လှည့်ခြင်း (ဖြင့်အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[90] (အလ္လာဟ်အရှင်မြတ်၊ ကျမ်းတော်နှင့်တမန်တော်တို့ကို) လက်ခံယုံကြည်ပြီးနောက်မှ အမှန်တရားကို သွေဖည်ငြင်းဆန်ကြသူတို့သည် (ယုံကြည်နိုင်သည့်စွမ်းအားကင်းမဲ့လာပြီး) မယုံကြည်မှုကိုသာ ဆက်လက်တိုးပွားစေခြင်းကြောင့် (ကွယ်လွန်ချိန်ကျမှ ပြန်လှည့်လိုသော) ထိုသူတို့၏နောင်တရ ဝန်ချတောင်းပန်မှုမှာလည်း မည်သည့်အခါမျှ လက်ခံတော်မူခြင်း အလျှင်း ခံရမည် မဟုတ်ပေ။ ထိုသူတို့သည် (လမ်းညွှန်မှန်မှလွဲချော်သော) လမ်းလွဲသူများပင် ဖြစ်ကြ၏။

[91] မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းဆန်ကြသူ) တို့သည် မယုံကြည်ငြင်းဆန်မှု၌ပင် (ခေါင်းမာမာဖြင့် နေထိုင်လျက်) ကွယ်လွန်သေဆုံးကြလျှင် ထိုသူတို့သည် သွေဖည်ငြင်းဆန်သူများပင် ဖြစ်ကြ၍ ထိုသူတို့ အနက်မှ တစ်ဦးတစ်ယောက်က (သူ၏လွတ်ငြိမ်းချမ်းသာခွင့်အတွက်) ကမ္ဘာဂြိုဟ်အပြည့်ရှိသောရွှေသားပုံကြီးကို လျော်ကြေးအဖြစ် ပေးရန် ကမ်းလှမ်းသည့်တိုင် လက်ခံတော်မူခြင်း အလျှင်း ခံရမည် မဟုတ်ပေ။ ထိုသူတို့သည်ပင် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်ခံကြရမည့်သူများဖြစ်ပြီး သူတို့အတွက် မည်သည့်ကူညီသူမျှ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

[92] အသင်တို့၏တပ်မက်နှစ်သက်ဖွယ်ရာ (များဖြစ်ကြသော ဥစ္စာပစ္စည်း၊ စွမ်းရည်နှင့်နည်းပညာ စသည်တို့ အနက်) မှ၊ (ချို့တဲ့ဆင်းရဲသူတို့အတွက်) ပေးကမ်းသုံးစွဲစွန့်လှူခြင်းမပြုသရွေး၊ ကောင်းမြတ်သော အကျင့်သီလ အဆင့်ကို မည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ သင်တို့ (၏ပိုင်ဆိုင်မှုအနက်မှ) မည်သည့်အရာကို ပေးကမ်းသုံးစွဲစွန့်လှူသည်ဖြစ်စေ (ယင်းနှင့်ပတ်သက်၍အသေးစိတ်ကို) အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။

[93] သင်တို့မတိုင်မီ တောင်ရာတ်ကျမ်းချမှတ်ပေးအပ်ခြင်းခံရစဉ် အစ္စရေး (ခေါ် တမန်တော်ယအ်ကူဗ်) သည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အပေါ်သာ သူကိုယ်တိုင်ကန့်သတ်ထားသည့် အစားအသောက်မှလွဲ၍ ကျန်အစားအသောက်အားလုံးကို အစ္စရေးမျိုးနွယ်ဝင်တို့အတွက် (တမန်တော်မုဟမ္မဒ်အပေါ် ချမှတ်ပေးအပ်သော အစားအသောက် ဆိုင်ရာစည်းမျဉ်းကဲ့သို့ပင်) တရားဝင်စားသောက်ဖွယ်ရာအဖြစ် ခွင့်ပြုတော်မူခဲ့၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့က (သင်တို့၏ကြွေးကြော်မှုဖြစ်သော အရှင်မြတ်က ထိုသို့ မိန့်တော်မူခဲ့ခြင်း မရှိကြောင်းကို ထောက်ပြလိုသည့်သဘောထားရှိသူများ) ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြပါလျှင် တောင်ရာတ်ကျမ်းကို ယူဆောင်လာ၍ ဖတ်ပြကြလော့။” ဟု မိန့်ကြားတောင်းဆိုလော့။

[94] မည်သူမဆို (အရှင်မြတ်က) ထိုသို့ မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြထားသည်ကို သိသိလျက်နှင့်အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်စားမှုများကို မရိုးမသား လုပ်ကြံဖန်တီးကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မမှန်မကန်ပြုလုပ်သူများ ဖြစ်ကြ၏။

[95] “အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်ပြတ်သားသော သစ္စာတရားကိုသာ မိန့်တော်မူသောကြောင့် တမန်တော်အီဗ်ရာဟီးမ်၏ဖြောင့်မတ်တည်ကြည် (ပြီး အရှင်မြတ်နှင့်တုပြိုင်တွဲဖက်မှု၊ သီလကြောင်မှုလုံးဝ ကင်းရှင်း၍ သမာဓိရှိ) သော လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးကြလော့။ အမှန်စင်စစ်၊ တမန်တော်အီဗ်ရာဟီးမ်သည် မည်သည့်အခါမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြား (သက်ရှိသက်မဲ့များ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ရာများစသော) ကိုးကွယ်ရာများကို ယုံကြည်ကိုးကွယ်ကြသူများအနက်မှ မဖြစ်ခဲ့ပေ။” ဟု ဟောလော့။

[96] ဧကန်ပင်၊ လူသားတို့အတွက် (တစ်ဆူတည်းသော အရှင်အား နာခံကိုးကွယ်ရာဌာနအဖြစ် သတ်မှတ်ရန်) ထူထောင်တည်ဆောက်ခဲ့သော အိမ်တော်မှာ မင်္ဂလာအဖြာဖြာနှင့်ဗဟိုလမ်းညွှန်ရာဖြစ်သည့် (မက္ကာမြို့ရှိ) ဗက္ကာ (ခေါ် လူပေါင်းများစွာက လွှတ်ငြိမ်းခွင့်အတွက် အရှင့်ထံ အသနားခံလျက် ငိုကြွေးကြသည့် ကအ်ဗဟ်ဝတ်ကျောင်းတော်) ပင်ဖြစ်၏။

[97] ယင်း (အိမ်တော်) ၌ (တမန်တော်) အီဗ်ရာဟီးမ် ရပ်တည်ရာဌာနစခန်းနှင့် (အရှင်မြတ်က ရွေးချယ်သတ်မှတ်တော်မူသော မင်္ဂလာရှိသည့် အထွတ်အမြတ်နေရာဖြစ်ကြောင်းကို ထင်ရှားစေသည့်) သက်သေလက္ခဏာတော်များလည်း ရှိ၏။ မည်သူမဆို ယင်းထဲသို့ ဝင်ရောက်ရလျှင် ဘေးကင်းလုံခြုံမည် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ခရီးစရိတ်တတ်နိုင်စွမ်းရှိသူအားလုံးအပေါ် ထိုအိမ်တော်သို့ ဟဂျ်ဝတ်ပြုရန် သွားရောက်ခြင်းအား (တာဝန်အဖြစ်) ပြဌာန်းထားတော်မူ၏။ မည်သူမဆို (ထိုတာဝန်ကို ကျေပွန်ရန်) ငြင်းဆန်လျှင် (သူသိသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်း၏လိုအပ်ချက်များကို အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြည့်ဆည်းပေးတော်မူပြီး) လိုလားတောင့်တမှု ကင်းတော်မူသောအရှင်၊ လောကခပ်သိမ်းအပေါ် ကုံလုံပြည့်စုံစေတော်မူသောအရှင် ဖြစ်တော်မူ၏။

[98] “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို အဘယ်ကြောင့် (ထိန်ချန်ဖုံးကွယ်၍) မယုံကြည်ငြင်းဆန်ကြသနည်း။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံလုပ်ဆောင်သမျှတို့အပေါ် (ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိတော်မူ၍ မျက်မြင်ဒိဠ တွေ့မြင်တော်မူသော) သက်သေပင် ဖြစ်တော်မူ၏။” ဟု ဟောလော့။

[99] ဟောလော့။ ““အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ (အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှာ တိကျမှန်ကန် ကြောင်း) သင်တို့ကိုယ်တိုင် အသိသက်သေများ ဖြစ်ကြပါလျှက်၊ ယင်းလမ်းစဉ်၌ ကွေးကောက်ရှုပ်ထွေးမှုကို (မြင်စေလိုသောဆန္ဒဖြင့် ကြံစည်ဖန်တီးသော နည်းလမ်းများ ရရှိရန်) ရှာဖွေပြီး ယုံကြည်သူတို့အား အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ အဘယ်ကြောင့် ဟန့်တားပိတ်ပင်တားဆီးကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူဆောင်ရွက်သမျှအနက်မှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

[100] အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့က (ယခင်က) ကျမ်းပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်များအနက်မှ အုပ်စုတစ်စုကို နာခံကြပါမူ သူတို့သည် (သူတို့၏ကြံစည်ဖန်တီးမှုများဖြင့် လှည့်စား၍) သင်တို့ကို ယုံကြည် (မှုတွင် သံသယများကို ထည့်ပေး) ပြီးနောက် သူတို့ဘက်သို့ လှည့်ပြန်စေ (လျှက် မယုံကြည်သူနှင့်သွေဖည်ငြင်ဆန်သူများအဖြစ် ပြောင်းလဲစေ) လိမ့်မည်။

[101] သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူပြီး ဖတ်ပြစေခြင်းကို တွေ့မြင်ကြားသိနေပါလျှက်၊ အရှင့်ရစူလ်တမန်တော်သည်လည်း သင်တို့ထဲ၌ ရှိနေပါလျှက်နှင့် သင်တို့က မည်သို့ မယုံကြည်ငြင်းဆန် နိုင်ကြသနည်း။ မည်သူမဆို အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) ကို တွယ်ကပ်ဖက်ကိုင်လျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်သို့ မုချပင် လမ်းညွှန်ခြင်းခံရနိုင်၏။

[102] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို ချစ်ကြောက်ကြည်ညိုမြတ်နိူးရန် တာဝန်ရှိသည့်အတိုင်း အပြည့်အဝ ပြတ်သားမှန်ကန်စွာ စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။ (သင်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်ဖြစ်ခြင်းမှအပ ဘဝမကူးပြောင်းကြလေနှင့်။

[103] ထို့ပြင် သင်တို့အားလုံး အလ္လာဟ်အရှင်မြတ်၏ကြိုးတော် (ဖြစ်သောကျမ်းမြတ်ကုရ်အာန်) ကို (စည်းလုံးညီညွတ်စွာနှင့်မြဲမြံစွာဖြင့်) စွဲကိုင်ကြလော့။ (သင်တို့၏ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ စသော အစွဲအလန်းများနှင့်လိုအင်ဆန္ဒများကို ရှေ့တန်းတင်၍ သင်တို့အချင်းချင်းကြားတွင်) သွေးကွဲလျက် ဂိုဏ်းဂန မခွဲကြလေနှင့်။ သင်တို့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်တော်မူထားသည့် ကျေးဇူးတော်များ (ဖြစ်သည့် မြေပေါ်မြေအောက် သယံဇာတများ၊ ဥစ္စာဓနများ၊ ဂုဏ်သိက္ခာများနှင့်အရှင့်လမ်းညွှန်တော်များ) ကို သတိရ တသ၍ ဖွင့်ဟကြလော့။ (သင်တို့ အချင်းချင်းကြားဝယ်) ရန်လိုမုန်းတီးမှုများ ရှိလာသည့်အခါ အရှင်မြတ်က သင်တို့အချင်းချင်းကြားတွင် ရင်ကြားစေ့မှု ရှိလာစေရန် သင်တို့၏နှလုံးသားများ၌ ထိုအရှင့်ကျေးဇူးတော်များဖြင့် ချိန်ညှိပေးတော်မူပြီး သင်တို့အား ညီနောင်များ ဖြစ်လာစေတော်မူမည်။ သင်တို့က (သင်တို့၏မကောင်းမှုများနှင့်အချင်းချင်းကြား သွေးထွက်သံ ယိုမှုများကို ပြုလုပ်၍) ငရဲမီး၏တွင်းနက်ဝသို့ ရောက်ခဲ့စဉ် ငါအရှင်မြတ်က သင်တို့ကို လောကီငရဲမီး (ဖြစ်သော သွေးထွက်သံယိုမှုများ၊ မကောင်းမှုဒုစရိုက်များနှင့်ညှင်းပန်းနှိပ်စက်မှုများ) မှ ကယ်တင်တော်မူခဲ့၏။ ဤနည်းအား ဖြင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏လမ်းညွှန်မှန်ရရန်အလို့ငှာ အရှင့်အာယသ်သက်သေလက္ခဏာတော်များ ကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြစေတော်မူ၏။

[104] သင်တို့အနက်မှ ကောင်းမြတ်မှု (နှင့်အကျင့်သီလကောင်းဆောက်တည်နိုင်သည့် လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါပြီး (စည်းမျဉ်းစည်းကမ်းများကို ဖီဆန်ငြင်းပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှု ပြုလုပ်ခြင်းအား တားမြစ်ပိတ်ပင်သည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ရှိရမည်။ သို့မှသာ သူတို့သည် ပေါက်ရောက်အောင်မြင်သူများ ဖြစ်လာကြမည်။

[105] ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်များသည် သူတို့ထံသို့ ရောက်လာခဲ့ပြီးနောက် (သူတို့၏ကိုယ်ကျိုးစီးပွားနှင့်စွဲလန်းမှုများကြောင့် ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်လျက်) အချင်းချင်းကြား သဘောထားကွဲကြပြီး ဂိုဏ်းဂများအဖြစ်ကွဲကြသည့် သူတို့ကဲ့သို့ မဖြစ်ကြလေနှင့်။ ထိုသို့ဖြစ်ကြသူတို့သည် သူတို့အတွက် အလွန်ကြီးလေးသော ပြစ်ဒဏ် (ပေးခံရမည့် ငရဲမီးသာ ထိုက်ထန်၍ ငရဲမီးထဲသို့ ပစ်ချခြင်းခံရဖွယ်) ရှိ၏။

[106] ထို (ပြစ်ဒဏ်ပေးခံရမည့်) နေ့တွင် (သုခဘုံနန်းထဲ ဝင်ခွင့်ရမည်ဖြစ်၍ ပျော်ရွှင်လျက်) မျက်နှာရွှင်လန်းတောက်ပနေသူများနှင့် (ငရဲမီးထဲရောက်ရမည်ဖြစ်၍ ကြောက်စိတ်လွန်ကဲလာကာ) မျက်နှာမည်းမှောင်နေသူများ ရှိကြလိမ့်မည်။ ထိုမျက်နှာမည်းမှောင်နေသူတို့အား “အသင်တို့က ယုံကြည်မှု (ကို သိနားလည်) ပြီးနောက် သွေဖည် ငြင်းပယ်ခဲ့ကြသလော။” ဟု မေး၍ “သို့ဖြစ်လျှင် သင်တို့သည် သင်တို့၏မယုံကြည်မှုကြောင့် ရသင့်သည့် အကျိုးဆက်များကို (သင်တို့ကိုယ်တိုင်) မြည်းစမ်းကြလော့။” (ဟု ပြောလိမ့်မည်။)

[107] မျက်နှာရွှင်လန်းတောက်ပနေသူတို့မှာမူ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်လွှမ်းမိုးသည့် အနေအထားတွင် ရှိနေကြပြီး ထိုအခြေအနေ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ခွင့်ရကြလိမ့်မည်။

[108] ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များ ဖြစ်ကြပြီး ငါအရှင်မြတ်ကိုယ်တိုင် အသင် (တမန်တော်) အပေါ် အမှန်တရားသစ္စာအဖြစ် သူတို့အား ရွတ်ပြစေ (တော်မူရန် တာဝန်ပေး) တော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းတို့အတွက် (အရှင့်တုနှိုင်းမဲ့ ဩဇာအာဏာကို အသုံး ချတော်မူရန်အလို့ငှာ) တရားမျှတမှုကို မှေးမှိန်စေရန် ရည်ရွယ်တော် မမူချေ။

[109] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ သို့ဖြစ်ရာ စီမံချက်များနှင့်အရေးကိစ္စမှန်သမျှတို့သည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ဦးလှည့်၍ရောက်ရှိစေခြင်းကို ခံကြရလိမ့်မည်။

[110] အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်၍ (လူတို့အား) ကောင်းမြတ်မှု (နှင့်အကျင့်သီလကောင်းများ ဆောက်တည်နိုင်သည့်လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါပြီး (စည်းမျဉ်းစည်းကမ်းများကို ဖီဆန်ငြင်းပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှုပြုလုပ်ခြင်းမှ တားမြစ်လျက် လူသားတို့ အတွက် (စံနမူနာယူဖွယ်ရာ လူ့အသိုင်းအဝိုင်းကို) ပျိုးထောင်ပေါ်ထွန်းစေသောကြောင့် အကောင်းဆုံး လူ့ဘောင်အဖွဲ့အစည်း ဖြစ်၏။ အကယ်၍ ကျမ်းရပုဂ္ဂိုလ်များကလည်း (သင်တို့ကဲ့သို့) ယုံကြည်လာခဲ့ကြလျှင် သူတို့အတွက် ပို၍ ကောင်းလိမ့်မည်။ သူတို့ထဲတွင် ယုံကြည်သူများရှိသော်လည်း အများစုမှာမူ အရှင့်စည်းမျဉ်းဥပဒေများကို ဖီဆန်ဖောက်ဖျက်သူများဖြစ်ကြ၏။

[111] သူတို့က သင်တို့ကို (မတရားစွပ်စွဲ၍ ဝေဖန်ပြောဆိုရေးသားခြင်းဖြင့်) စိတ်ထိခိုက်စေခြင်းမှ မည်သည့်အခါမျှ အန္တရာယ်ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့က သင်တို့နှင့်စစ်မက်ပြိုင်တိုက်ခိုက်ကြလျှင်လည်း ကျောခိုင်း၍ ထွက်ပြေးရုံသာ ရှိ၏။ ထို့နောက် သူတို့အား ကူညီခြင်းလည်း ခံကြရလိမ့်မည်မဟုတ်ပေ။

[112] (ဂျူးသမိုင်းကိုလေ့လာကြည့်လျှင်) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော (ကတိကဝတ်ဆိုင်ရာ) နှောင်ကြိုးနှင့်လူတို့ကြား၌ ထားရှိသော နှောင်ကြိုးများမှအပ သူတို့အား တွေ့မြင်ခြင်းခံရသည့် နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အပေါ် အမျက်တော်၊ (ပြစ်ဒဏ်နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံကြရ (သကဲ့သို့ဖြစ်) ပြီး (လူပုံအလယ်၌) အရှက်ကွဲခံရခြင်း၊ (ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်သွားလာလှုပ်ရှားမှု ပိတ်ပငတားဆီးမှု ခံရခြင်းတို့ကြောင့်) ဒုက္ခအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း (စသော စိတ်ဆင်းရဲမှု) တို့မှာ စုပြုံကျရောက်စေတော်မူလျက် သိက္ခာချခံရခြင်းသာ တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်ခြင်းနှင့်နဗီတမန်တော်များအား (တမန်တော်တို့၏အခွင့်အရေးနှင့် အမှန်တရားတို့ကို ဆန့်ကျင်၍ သစ္စာမဲ့စွာဖြင့်) မတရားသတ်ဖြတ်ခြင်းတို့ကြောင့်ပင် ဖြစ်ပေသည်။ ယင်းသည် သူတို့၏အာခံဖီဆန်မှုနှင့်စည်းမျဉ်း ချိုးဖောက်မှုပင် ဖြစ်၏။

[113] သူတို့အားလုံးသည် အတူတူ မဟုတ်ကြပေ။ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့အနက် ညအချိန်တွင် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်၍ ဦးချလျက် (အရှင့်အမိန့်ပညတ်ချက်များနှင့်အညီ အမှန်တရားအတွက်) မြဲမြံစွာ ရပ်တည်ကြသော အုပ်စုလည်း ရှိ၏။

[114] သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့တို့ကို (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်၍ (လူတို့ အား) ကောင်းမြတ်မှု (နှင့်အကျင့်သီလကောင်းများ ဆောက်တည်နိုင်သည့်လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါ် ခြင်း၊ (စည်းမျဉ်းစည်းကမ်းများကို ဖီဆန်ငြင်းပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှုပြုလုပ်ခြင်းမှ တားမြစ်ခြင်းနှင့်ကုသိုလ်ကောင်းမှုများ သူ့ထက်ငါသာအောင် အပြိုင်အဆိုင်ပြုလုပ်ခြင်းတို့ကြောင့် ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုများကိုပြုလုပ်သူများအနက်မှပင် ဖြစ်ကြလေ၏။

[115] သူတို့ ပြုမူကျင့်ကြံလုပ်ဆောင်ကြသည့်ကောင်းမှုဟူသမျှ (အတွက် အကျိုးဆုလဒ်ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ်) ဖုံးကွယ်ခြင်းခံကြရမည်လည်း အလျှင်း မဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အား စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့နှင့်စပ် လျဉ်း၍ (သတင်းအချက်အလက်အလုံးစုံးကို) အကြွင်းမဲ့ သိနေတော်မူ၏။

[116] မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ပိုင်ဆိုင်မှုများဖြစ်သော ဥစ္စာဓန စည်းစိမ်ချမ်းသာနှင့်သားသမီးရတနာများအား အလ္လာဟ်အရှင်မြတ်၏အရေးယူမှုနှင့်ဆန့်ကျင်၍ မည်သည့်နည်းနှင့်မျှ အသုံးမချနိုင်သည့်အပြင် မည်သည့်အခါကမျှလည်း အသုံးဝင် အရာရောက်မည် မဟုတ်ပေ။ ထိုသူတို့သည် ငရဲမီး၏အဖော်များသာ ဖြစ်ကြပြီး ငရဲမီးထဲ၌ပင် ကာလအကန့်အသတ်မဲ့ နေကြရလိမ့်မည်။

[117] ဤလောကီဘဝ၌ (မှားယွင်းသောယုံကြည်မှု၊ အတွေးအခေါ်၊ အယူအဆများနှင့်မကောင်းသည့် လုပ်ရပ်များဖြင့်) သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ သူတို့ကိုယ်သူတို့ လမ်းမှားရောက်စေကြသော လူမျိုးက (သူတို့ ၏ဂုဏ်သတင်းကျော်ကြားမှုနှင့်အခြားရည်မှန်းချက်တို့အတွက် အယောင်ဆောင် လူသားချင်းစာနာမှုနှင့်ဘာသာ ရေးဆိုင်ရာလုပ်ငန်းဆောင်တာများတွင်) ပေးကမ်းလှူဒါန်းသမျှ၏ဥပမာသည်ကား “ဆီးနှင်းခဲများနှင့်အတူ ပြင်းထန်စွာ တိုက်ခတ်သည့် လေတိုက်မှုကြောင့် (ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်ကျမှ) လယ်ယာစိုက်ခင်းများ ဖွတ်ဖွတ်ညက်ညက် သေကြေစေပျက်စီးခြင်း ခံရခြင်းနှင့်တူ၏။ သူတို့ (၏ပိုင်ဆိုင်မှုများနှင့်လုပ်ရပ်တို့၏ အကျိုးဆက်များ) ကို အလ္လာဟ်အရှင်မြတ်က မတရားပျက်စီးစေခြင်း အလျှင်း မဟုတ်ပေ။ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်၍ မမှန်မကန်ပြုမူဆောင်ရွက်လျက်) သူတို့ကိုယ်သူတို့ မတရားလုပ် (၍ ပျက်စီးစေခြင်းခံခဲ့ရ) ခြင်းသာ ဖြစ်၏။

[118] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏အတွင်းစကားများကို သင်တို့ (၏အတွင်းလူများ) မှလွဲ၍ အခြား သူတို့အား အသိပေး ဖွင့်မပြောကြလေနှင့်။ သူတို့၌ သင်တို့အား အစွမ်းကုန် ထိခိုက်နစ်နာစေရန်နှင့်စိတ်သောက ရောက်စေရန်သာ ဆန္ဒရှိကြပြီး သင်တို့အား မည်သည့် ဆုံးရှုံးနစ်နာမှုများမှပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည် မဟုတ်ပေ။ သူတို့၏နုတ်လျှာများမှ (ထွက်သည့်စကားများ၌) ရန်လိုမုန်းတီးမှုများ ပေါ်လွင်ထင်ရှားနေရုံမျှသာမက သူတို့၏ရင်တွင်း၌လည်း လျှို့ဝှက်ဖုံးကွယ်ထားသော (အကြံအစည်များ၊ ရန်လိုမုန်းတီးမှုများနှင့်လှည့်စားမှု များစသော) အရာများသည် (သူတို့၏အပြောအဆိုနှင့်အပြုအမူတို့ထက်ပင်) ပိုမို၍ ပြင်းထန် ဆိုးဝါးလှပေ၏။ သင်တို့ (၏အကျိုး) အတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို မြင်သာထင်ရှားအောင် ရှင်းလင်း တင်ပြစေတော်မူခဲ့ပြီး ဖြစ်၏။ သင်တို့ စဉ်းစားဆင်ခြင်တွေးတောနိုင်လျှင် ကောင်းလေစွ။

[119] ကြည့်လော့။ (သင်တို့၏ရန်သူများဖြစ်ကြသော) သူတို့က သင်တို့ကို မချစ်မမြတ်နိုးသည့်တိုင် သင်တို့သည် သူတို့ကို ချစ်ခင်မြတ်နိုးလျက် ထိုကဲ့သို့ (စိတ်ထားဖြူစင်ပွင့်လင်း) သော ပုဂ္ဂိုလ်များဖြစ်ကြပြီး ကျမ်းတော် (မြတ်ကုရ်အာန်တစ်ခုလုံး) အား မည်သည့် အာယသ်သက်သေလက္ခဏာတော်ကိုမျှ မခွဲခြားဘဲ ယုံကြည်ရုံသာမက အရှင်မြတ်က လူသားတို့ထံ ချမှတ်ပေးအပ်ခဲ့သော ကျမ်းအားလုံး) ကိုလည်း ယုံကြည်ကြ၏။ (ကြောင်သူတော်များ ဖြစ်ကြသော) သူတို့သည် သင်တို့နှင့်တွေ့ဆုံသည့်အခါ “ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။” ဟု ပြောကြသော်လည်း သူတို့အချင်းချင်း သီးသန့်တွေ့ဆုံသည့်အခါ၌မူ သင်တို့အပေါ် (အခဲမကျေဖြစ်လျက်) ဒေါသူပုန်ထ၍ သူတို့၏လက်ချောင်းထိပ်များကို (သူတို့ကိုယ်တိုင်) ကိုက်ကြ၏။ သူတို့အား “ဒေါသူပုန်ထ၍ (ဒေါသမီးကြောင့်) သေကြလော့” ဟု ပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသား၏) ရင်တွင်း (၌ တည့်သွင်းလျက်) ပိုင်ဆိုင်ထားသမျှကို ကုန်စင်အောင် အကြွင်းမဲ့ သိနေတော်မူ၏။

[120] အကယ်၍ သင်တို့၌ ကောင်းကျိုးချမ်းသာဖြစ်စေမည့် အပြစ်အပျက် တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် သူတို့သည် ဝမ်းနည်းကြေကွဲ၍ စိတ်ဒုက္ခရောက်စေ၏။ အကယ်၍ အသင်တို့၌ ကံဆိုးမည်းမှောင်ကျမှု တစ်ခုခု ဆိုက်ရောက်လာလျှင် သူတို့သည် ဝမ်းသာအားရ ဖြစ်ကြ၏။ အကယ်၍ သင်တို့၌ ခန္တီသည်းခံကြံ့ခိုင်မှုရှိပြီး အရှင့်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ကြလျှင် သူတို့၏လျှို့ဝှက်ကြံစည်မှု (နှင့်ပရိယာယ်ဉာဏ်ဆင်မှုတို့) ကြောင့် သင်တို့အား မည်သို့မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံလုပ်ဆောင်သမျှကို (အရှင့်ဉာဏ်တော်အနန္တ နှင့်ဩဇာအာဏာအားဖြင့်) လွှမ်းခြုံထားတော်မူ၏။

[121] (အို၊ ရစူလ်တမန်တော်၊ သတိရလော့။ အသင်သည် အုဟူဒ်စစ်ပွဲ၌) မနက်စောစော မိသားစု (နှင့်အတူရှိခဲ့သည့် တဲစခန်း) မှ ထွက်ခွာပြီး ယုံကြည်သူတို့အား (တာဝန်ယူရပ်တည်ရမည့် နေရာများနှင့်တာဝန်များကို ခွဲဝေပေး၍) တပ်စွဲရန် အစီစဉ်များ ချမှတ်နေစဉ် (အရှင့်ထံ သတိရ တသလျက် ဆုတောင်းခဲ့သည် မဟုတ်လော့) ။ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[122] သင်တို့အနက်မှ တပ်စုနှစ်စုက (မမျှတသော ရန်သူအင်အားကြောင့်) စိတ်ဓါတ်ကျခဲ့စဉ် အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် သူတို့၏ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူခဲ့၏။ (ငါအရှင်မြတ်က သင်တို့ကို ကာကွယ်စောင့်ရှောက်ရန်) ငါအရှင်အပေါ် (တာဝန်အဖြစ်သတ်မှတ်ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအားထားပြုထိုက်၏။

[123] ဗဒရ်စစ်ပွဲ၌ (ရန်သူအင်အား အဆမတန်များပြားနေ၍ သင်တို့၏အင်အားချည့်နဲမှုကြောင့်) သင်တို့က အားငယ်ခဲ့စဉ် အလ္လာဟ်အရှင်မြတ်က သင်တို့အား မုချ ကူညီတော်မူခဲ့ပြီ။ (အရှင်မြတ်က ထိုသို့ သိက္ခာပေးခဲ့ခြင်းကို သတိရလျက် ကျေးဇူးတင်ခြင်းဖြင့်) သင်တို့က ကျေးဇူးသိတတ်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ကြလော့။

[124] (ထို ဗဒရ်စစ်ပွဲဖြစ်ပွားခဲ့စဉ်) အသင် (တမန်တော်) သည် ယုံကြည်သူတို့အား “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အား အားဖြည့်ပေးတော်မူရန် (စစ်ကူအဖြစ်) မလာအီကာစေတမန် သုံးထောင်ကို ချပေးတော်မူခြင်းသည် သင်တို့ (၏လိုအပ်ချက်) အတွက် မလုံလောက် သလော။” ဟု မေးခဲ့၏။

[125] မုချလုံလောက်၏။ (ထိုထက်မကပင် သာပိုလိမ့်မည်) အကယ်၍ သင်တို့၌ ခန္တီသည်းခံကြံ့ခိုင်မှုရှိပြီး (အရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှု ရထိုက်ရန်) အရှင့်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာ) ကြလျှင် (ရန်သူစစ်တပ်တစ်ခုလုံးက ဒေါသူပုန်ထ၍) ရုတ်တရက် တစ်ပြိုင်တည်း စုပြုံ) တိုက်ခိုက်သော်လည်း (မည်သူမည်ဝါ ခွဲခြားသိမြင်သော) အမှတ်အသားကိုယ်စီရှိသည့် မလာအီကာစေတမန် ငါးထောင်ကို (စစ်ကူအဖြစ်) စေလွှတ်တော်မူ၍ သင်တို့ကို အားဖြည့်စေတော်မူမည်။

[126] အလ္လာဟ်အရှင်မြတ်က (ထိုသို့ အကူအညီများ ချီးမြှင့်တော်မူခဲ့၍) ယင်း (အောင်မြင်မှု) ကို စီစဉ်ဖန်တီးတော်မူခဲ့သည်မှာ သင်တို့အတွက် သတင်းကောင်းပါးရန်နှင့် ယင်း (သို့ အောင်ပွဲခံမှု) ကြောင့် သင်တို့၏နှလုံးသား များ၌ တည်ငြိမ်အေးချမ်းမှုရစေရန်အတွက်တို့သာ ဖြစ်၏။ လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသည့် အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (ကူညီစောင်မမှုကြောင့်မှ) လွဲ၍ အောင်ပွဲ ခံရဖွယ်ရာအကြောင်း အလျှင်း မရှိပေ။

[127] ယင်းသည် (အသင် တမန်တော်အားဖြင့်) အရှင်မြတ်သည် မယုံကြည်သူ (နှင့်အမှန်တရားကို သွေဖည်ငြင်းဆန်သူ) တို့အား (ဦးဆောင်နေသော) ခေါင်းဆောင်မှုပိုင်းကို ဖယ်ရှားဖြတ်တောက်စေရန် သို့မဟုတ် သူတို့အား ထိန်းချုပ်စေရန်ဖြစ်ပြီး (ခေါင်းဆောင်ပိုင်းကို ဖယ်ရှားနိုင်သောကြောင့်) သူတို့က စိတ်ပျက်၍ ကျောခိုင်းလျက် ထွက်ပြေးခဲ့ကြသည်။

[128] (အို၊ ရစူလ်တမန်တော်၊ အသင်၏တာဝန်မှာ အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည်ကို လူသားထံ ပို့ချရန်သာဖြစ်ပြီး မယုံကြည်သူတို့က နောင်တရ၍ လမ်းညွှန်မှန်ကို လက်ခံလာနိုင်ရန်အလို့ငှာ) ငါအရှင်မြတ်က သူတို့ဘက် (အရှင့်ကရုဏာတော်ဖြင့်) လှည့်တော်မူခြင်း သို့မဟုတ် သူတို့က အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သည့်အတွက်ဖြစ်သောကြောင့် သူတို့ကို ပြစ်ဒဏ်ပေးခြင်းသည် အသင့်အတွက် သတ်မှတ်ပြဌာန်းထားသည့် အရေးကိစ္စအနက်မှဖြစ်သော အကြောင်းအရာတစ်ခု မဟုတ်ပေ။

[129] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာအောက်၌သာ ရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး အလိုရှိတော်မူသောသူအား ပြစ် ဒဏ်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[130] အို၊ ယုံကြည်သူအပေါင်းတို့၊ အတိုးအညွန့်၊ (ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီးစားခြင်းတို့ဖြင့် လူတို့၏ဂုတ်သွေးများ) ကို နှစ်ဆဖြစ်စေ၊ အဆပေါင်းများစွာဖြစ်စေ မတရားစုပ်ယူစားသုံးခြင်း မပြုကြလေနှင့်။ သင်တို့ (၏လောကီနှင့်တမလွန်ဘဝတို့၌) ပေါက်ရောက်အောင်မြင်ကြစေရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ကြလော့။

[131] မယုံကြည်သူ (နှင့်အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် ပြင်ဆင်ထားသော ငရဲမီးမှ ကင်းဝေးစေရန် စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။

[132] ထို့ပြင် (လောကီဘဝ၌ ကောင်းမြတ်သောဘဝကို တည်ဆောက်နိုင်ပြီး တမလွန်ဘဝတွင် ထာဝရ ပျော်ရွှင်မှု ခံစားစေမည့်) အရှင့်ကရုဏာတော်သက်ရောက်စေတော်မူရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်တို့ကို နာခံလိုက်နာကြလော့။

[133] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ မွတ္တကီ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကြသူ) တို့အတွက် ပြင်ဆင်ထားသော၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တမျှ ကျယ်ဝန်းသည့် သုခဘုံနန်းနှင့်အရှင့် လွတ်ငြိမ်းချမ်းသာခွင့်ဘက်သို့ (အရောက်သွားနိုင်အောင်) သူ့ထက်ငါသာအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးပမ်းကြလော့။

[134] (ထိုသို့ အပြိုင်အဆိုင်ရုန်းကန်ကြိုးပမ်းကြသော) သူတို့သည် အလုပ်အကိုင်နှင့်စီးပွားရေးချောင်လည်ပြီး အလွယ်တကူ ငွေကြေးသုံးစွဲခွင့်ရသည့်အချိန်အခါတွင်ဖြစ်စေ၊ အခက်အခဲအကျပ်အတည်းများနှင့်ရင်ဆိုင်တွေ့ ကြုံရသည့်အချိန်အခါတွင်ဖြစ်စေ (အရှင်မြတ်ပေးအပ်တော်မူသည့် ဥစ္စာဓနနှင့်စွမ်းရည်များမှ ချို့တဲ့ဆင်းရဲသူ တို့အတွက်) ပေးကမ်းစွန့်လှူကြပြီး (ရန်စမှုကို အလွယ်တကူ လက်တုံ့ပြန်နိုင်သည့်တိုင်) ဒေါသကို အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားသူများဖြစ်ကြရုံသာမက လူတို့က သူတို့အပေါ် မထီမဲ့မြင်မှုဖြင့် ကျူးလွန်လာလျှင်လည်း ထိုလူတို့ကို ကင်းလွတ်ခွင့်ပေးသူများ ဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် (ထိုသို့သော) မုဟ်စဲန် (ခေါ် လုပ်ရပ် ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။

[135] ထိုသူတို့သည် (ဆွဲဆောင်ဖြားယောင်းမှုတစ်ခုခုကြောင့်) မဖွယ်မရာလုပ်ရပ်တစ်ခုခုကို လုပ်မိသည်ဖြစ်စေ၊ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်လျက် မမှန်မကန်သောလုပ်ရပ်တစ်ခုခုကို လုပ်မိသည်ဖြစ်စေ၊ သူတို့၏ပြစ်မှုများအား မည်သူကမျှ ခွင့်လွှတ် နိုင်မည်မဟုတ်သောကြောင့် အလ္လာဟ်အရှင် မြတ်ကို ချက်ချင်းပင် သတိရ တသကြလျက် သူတို့၏ပြစ်မှုများကို ခွင့်လွှတ်တော်မူရန် အသနားခံတောင်း ပန်ကြား၏။ (မကောင်းမှုဖြစ်ကြောင်းကို) သိနားလည်ပြီးနောက် သူတို့ လုပ်မိခဲ့သည့်ပြစ်မှုမျိုးကို ဆက်လက်၍ တမင်တကာ ဇွတ်မလုပ်ကြပေ။

[136] ထိုသို့သော ပုဂ္ဂိုလ်များသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ သူတို့၏အကျိုးဆုလဒ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်၊ အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်များထဲတွင် ကာလအကန့်အသတ်မဲ့ နေခွင့်ရရှိမည် ဖြစ်၏။ (ကောင်းမြတ်သော အပြုအမှုများကို) ပြုမူကျင့်ကြံလုပ်ဆောင်ကြသူတို့အတွက် အလွန်ပင် ကောင်းမြတ်သော အကျိုးဆုလဒ်ပင် ဖြစ်ပေတကား။

[137] ဧကန်ပင်၊ သင်တို့မတိုင်မီ (ကမ္ဘာဂြိုဟ်ပေါ်၌ လူသားတို့ဖန်တီးခဲ့သော စီးပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေး ဆိုင်ရာ သီအိုရီများနှင့်နည်းစနစ်များ၊ ထင်ရှားသော ယဉ်ကျေးမှုများနှင့်အရှင်မြတ်က လူသားတို့အတွက် ချမှတ်ပြဌာန်းခဲ့သည့် လူ့ဘဝတည်ဆောက်ရေးလမ်းစဉ်များ စသည်တို့ အပေါ်အခြေခံ၍ ရှင်သန်ခဲ့ကြသော) အခြေ အနေများ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာဂြိုဟ်ပေါ် လှည့်ပတ်သွားလာခြင်းဖြင့် (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းခဲ့ကြသော) လူလိမ်လူညာတို့၏ဘဝနိဂုံးများ (နှင့်သူတို့၏လုပ်ရပ်ကြောင့် ကျန်ရစ်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ) ကို စူးစမ်းလေ့လာရှာဖွေဖော်ထုတ်၍ ကြည့်ရှုတွေ့မြင်ကြလော့။

[138] ဤ (လူ့ဘဝခရီးစဉ်သမိုင်း) သည် လူသားအားလုံးအတွက် မြင်သာထင်ရှားသော ရှင်းလင်းချက်ပင် ဖြစ်ပြီး မွတ္တကီ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ ကျင့်သုံးကြသူ) တို့အတွက် (ယုံကြည်မှုခိုင်မြဲစေပြီး ပြတ်သားသော) လမ်းညွှန်မှုနှင့်သွန်သွင်မှုပင် ဖြစ်၏။

[139] အကယ်၍ အသင်တို့က စစ်မှန်သောယုံကြည်သူများဖြစ်ကြလျှင် အစဉ်အမြဲ အသာစီးရပြီးထိပ်ဆုံးရောက် မည်ဖြစ်ရာ စိတ်ဓါတ်ကျစရာ မလိုပေ။ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဝမ်းနည်းကြေကွဲစရာလည်း မလိုပေ။

[140] (အုဟူဒ်စစ်ပွဲမှာ သူတို့လက်ချက်ကြောင့်) သင်တို့ ဒဏ်ရာဒဏ်ချက် ထိမှန်ခဲ့ (သည့်အတွက် ဝမ်းနည်းကြေ ကွဲလို) လျှင် သူတို့လည်း (ဗဒရ်စစ်ပွဲမှာ) အလားတူ ဒဏ်ရာဒဏ်ချက်ရခဲ့သည် (ကို သတိရကြလော့)။ ထို့ပြင် (လူ့ဘဝခရီးစဉ်သမိုင်း ယဉ်ကျေးမှုများကြား အနိုင်အရှုံးများ တစ်လှည့်စီရှိသကဲ့သို့) ဤသည်လည်း လူသားတို့ ကြား (ဖြစ်လေ့ဖြစ်ထရှိသော) အလှည့်အပြောင်းနှင့်အတုံ့အလှည့်ကို ဖြစ်စေတော်မူခဲ့သည့် နေ့ရက်များပင် ဖြစ် ၏။ ထိုသို့ဖြစ်ရန်အတွက် အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူခဲ့ခြင်းမှာ ယုံကြည်သူတို့အား သိနားလည်စေတော်မူရန် သင်တို့အနက်မှ (အမှန်တရားအတွက်) အသက်စွန့်လှူ၍ သက်သေခံကြမည့်အာဇာနည်များပေါ် ထွက်လာစေရန်အတွက် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်၍ မမှန်မကန်ပြုမူသူများကို အမှန်ပင် နှစ်သက်တော်မမူချေ။

[141] ထို့ပြင် ယုံကြည်သူတို့အား (တစ်ဦးချင်းစီကို လောကီအညစ်အကြေးဖြစ်သော မကောင်းမှုဟူသမျှမှလည်းကောင်း၊ အားလုံးကို ကြောင်သူတော်ဖြစ်ခြင်းမှလည်းကောင်း) သန့်စင်စေတော်မူရန်နှင့်မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား တဖြည်းဖြည်း ဆုတ်ယုတ်မှေးမှိန်လာစေရန်အတွက်လည်း ဖြစ်၏။

[142] အလ္လာဟ်အရှင်မြတ်သည် သင်တို့ထဲတွင် (အမှန်တရားတည်မြဲရေးအတွက်) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများနှင့် (ထိုသို့ရုန်းကန်လှုပ်ရှားစဉ် ရင်ဆိုင်ကြုံတွေ့ရသည့် ဘေးအန္တရာယ်၊ ဒုက္ခအခက်အခဲနှင့်အကျပ်အတည်းတို့အတွက်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူများကို မတွေ့မြင်ရသရွေး သင်တို့သည် သုခဘုံနန်းသို့ ဝင်နိုင်ရန် တွက်ချက် ထင်မြင်ယူဆနေကြသလော။

[143] အသင်တို့သည် (အရှင့်ကျေနပ်နှစ်မြို့အတွက်) သေခြင်းတရားအား ယင်း (သေခြင်းတရား) ကို မျက်နှာ ချင်းဆိုင်မကြုံတွေ့ရမီက အလွန်ပင် တောင်းတခဲ့ကြပြီ။ သို့ဖြစ်ပေရာ (ယခုအခါ သင်တို့ကိုယ်တိုင် စစ်မြေပြင်၌ မမျှော်လင့်ဘဲ) ယင်းကို ရင်ဆိုင်ကြုံတွေ့ရကြပြီး မျက်ဝါးထင်ထင် တွေ့မြင်နေကြ၏။

[144] (မုဟမ္မဒ်ကြောင့် အစ္စလာမ်တည်မြဲနေသည်ဟု ထင်မှတ်နေသလော၊ အစ္စလာမ်အတွက်အလုပ်လုပ်ရန် သာ အရှင်မြတ်က တမန်တော်မုဟမ္မဒ်ကို ခန့်ထားခြင်းဖြစ်ပြီး) တမန်တော်မုဟမ္မဒ်သည် အရှင့်အမိန့်ပညတ်ချက် များကို လူသားထံ (အရောက်) ပို့ချသည့် အရှင့်ရစူလ်တမန်တော်မှအပ အခြားမဟုတ်ပေ။ တမန်တော်မုဟမ္မဒ် မတိုင်မီလည်း ရစူလ်တမန်တော်များ (ကို ခန့်အပ်တော်မူခဲ့ရာ သူတို့သည် သူတို့တာဝန်များအား ကျေပွန်စွာ ထမ်းရွက်ခဲ့ပြီးနောက်) ဘဝကူးပြောင်း သွားကြပြီ။ အကယ်၍ (တမန်တော်မုဟမ္မဒ်လည်း သူတို့ကဲ့သို့) ဘဝကူးပြောင်းခဲ့လျှင် သို့တည်းမဟုတ် လုပ်ကြံခံရလျှင် သင်တို့က သင်တို့၏ခြေဖနောင့်ဘက်သို့ ကျောခိုင်း၍ လှည့်ပြန်ကြမည်လော့။ မည်သူမဆို သူ့ခြေဖနောင့်ဘက်သို့ ကျောခိုင်း၍ လှည့်ပြန်သော်သူသည် အလ္လာဟ်အရှင်မြတ် (နှင့်အရှင့်အစ္စလာမ်တို့) အား စိုးစဉ်းမျှ အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ချေ။ မကြာမီ အလ္လာဟ်အရှင် မြတ်သည် (အရှင့်လမ်းစဉ်တော်၌ ခန္တီသည်းခံကြံ့ခိုင်မှုမြဲစွာ ရပ်တည်ကြသော) ကျေးဇူးသိတတ်သူများကို အကျိုးဆုဒ်များ အလျှံပယ် ပေးတော်မူမည်။

[145] သတ်မှတ်ပြဌာန်း၍ မှတ်တမ်းတင်ထားသောအချိန်နှင့်အညီ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော် ဖြင့်မှလွဲ၍ မည့်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ရှိသူကမျှ ကွယ်လွန်သေဆုံးရန် မဖြစ်နိုင်ပေ။ မည်သည်မဆို လောကီ၌ ကြိုးပမ်း၍ လောကီဘဝအကျိုးအမြတ် (ရယူခံစားရန်) အတွက်သာ ဆန္ဒရှိလျှင် ငါအရှင်မြတ်က သူ့အား ယင်း (ကြိုးပမ်းမှု) နှင့်သက်ဆိုင်သမျှကို ပေးတော်မူမည်ဖြစ်ပြီး မည်သူမဆို တမလွန် အကျိုးအတွက်ပါ ဆန္ဒရှိလျှင် ငါအရှင်မြတ်က သူ့အား တမလွန်မှာလည်း ပေးတော်မူမည်။ မကြာမီ ကျေးဇူးသိတတ်သူများအား အကျိုးဆုဒ်များ အလျှံပယ် ပေးတော်မူမည်။

[146] နဗီတမန်တော်တစ်ပါး၊ ထိုတမန်တော်နှင့်အတူ ဘဝကိုနစ်မြှုပ်ထားသော နောက်လိုက်သူတော်စင်များ အနက်မှ မြောက်မြားစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက်ကြောင့် ဘေးဒုက္ခ၊ အခက်အခဲနှင့်အကျပ်အတည်း ပေါင်းများစွာကို သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း အားလျော့အားငယ်ခဲ့ခြင်းလည်းမရှိ၊ အလျှော့ပေး အရှုံးပေးခဲ့သည်လည်း မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (ထိုကဲ့သို့သော) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံသောပုဂ္ဂိုလ်တို့ကို နှစ်သက်တော်မူ၏။

[147] (ရန်သူစစ်တပ်နှင့်နဖူးတွေ့ဒူးတွေ့ တိုက်ပွဲရင်ဆိုင်ရသည့်အချိန်တွင်) သူတို့၏ပြောဆိုမှုမှာ “အို၊ ကျွန်ုပ်တို့ အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏အရေးကိစ္စ၊ (တာဝန် ဝတ္တရားများနှင့်စီမံဆောင်ရွက်မှုများ) တွင် (မသိနားမလည်၍သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း၊ ကျူးလွန်မိသော ကျွန်ုပ်တို့၏) အပြစ်များ၊ လွန်ကဲမှု (ပေါ့ဆမှုနှင့်အလွဲသုံးစားပြုမှု) များကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့၏ခြေထောက်များ (နှင့်ရပ်တည်ချက်များ) ကို တည်တံ့ခိုင်မြဲ စေတော်မူပါ။ (အရှင့်ကူညီ ဆောင်မမှုဖြင့်) ကျွန်ုပ်တို့အား မယုံကြည် (သော၊ အမှန်တရားကို သွေဖည်ငြင်းဆန်) သော လူမျိုးတို့အပေါ် အောင်နိုင်စွမ်း ပေးသနားတော်မူပါ” ဟု ပြောဆိုကြခြင်းမှအပ (အခြားအကြောင်းအရာများ ပါဝင်ခြင်း) မရှိပေ။

[148] သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီအကျိုးဆုလဒ်နှင့်နောင်တမလွန်ဘဝအတွက် အကျိုးဆုလဒ်များကိုပါ ချီးမြှင့် (တော်မူရန် စီမံ) တော်မူခဲ့ပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။

[149] အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် မယုံကြည်သူတို့အား နာခံကြလျှင် (သို့မဟုတ် အုဟူဒ်စစ်ပွဲ၌ ဖြစ်ပွားခဲ့သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ မဒီနာမြို့ရှိ ကြောင်သူတော်များနှင့်ဂျူးများ၏အပျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများနှင့်လိမ်လည်မှုများကို နားယောင်၍ လိုက်နာကြလျှင်) သူတို့က သင်တို့ အား သင်တို့၏ခြေဖနောင့်ဘက် (ဖြစ်သော အမှောင်ခေတ်၏အယူသည်းမှုနှင့်ရိုင်စိုင်းမှုများဘက်) သို့ လှည့်ပြန်ရန် တွန်းကန်ပြီး ထိုသို့ ခြေရာဟောင်းကို ပြန်ကောက်မှုကြောင့် သင်တို့သည် (လောကီနှင့်တမလွန် နှစ်ဘဝစလုံး၌) နစ်နာဆုံးရှုံးသူများ ဖြစ်ကြလိမ့်မည်။

[150] (ထိုမျှမက) “အလ္လာဟ်အရှင်မြတ်သည်သာ သင်တို့၏ စောင့်ရှောက်အုပ်ထိန်းသူ အမှန်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် လောကခပ်သိမ်းရှိ ကူညီသူအားလုံးထက် အကောင်းဆုံးနှင့်အမြတ်ဆုံး ကူညီစောင်မတော်မူသောအရှင် ဖြစ်တော်မူ၏။” (ဟူသည်ကိုလည်း နှလုံးသွင်းသင့်သည်။)

[151] မကြာမီ ငါအရှင်သည် မယုံကြည်သူ (နှင့်အမှန်တရားကို သွေဖည်ငြင်းဆန်သူ) တို့၏နှလုံးသားများထဲ၌ ကြောက်လန့်မှုအား ထည့်သွင်းတွယ်ကပ်စေတော်မူလိမ့်မည်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်လျက် အားကိုး အားထားပြုနေကြပြီး ထို (သို့ ယုံကြည်ခြင်းနှင့်ယုံကြည်ကိုးကွယ်အားထားခြင်းခံရသော) အရာများနှင့်စပ်လျဉ်း၍ မည်သည့် ခွင့်ပြုမိန့်နှင့် အခွင့်အာဏာမျှ ချမှတ်ပေးအပ်ခံရခြင်း မရှိသောကြောင့်ပင် ဖြစ်၏။ သူတို့၏ခိုလှုံရာဌာနစခန်းမှာ ငရဲမီးပင် ဖြစ်ပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မမှန်မကန် ပြုမူလုပ်ဆောင်သူတို့၏နေထိုင်ရာဌာနမှာ အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေတကား။

[152] (အသင်သည် အုဟူဒ်စစ်ပွဲ၌ မနက်စောစော မိသားစုနှင့်အတူရှိခဲ့သည့် တဲစခန်းမှ ထွက်ခွာပြီး ယုံကြည်သူတို့အား တာဝန်ယူရပ်တည်ရမည့် နေရာများနှင့်တာဝန်များကို ခွဲဝေပေး၍ တပ်စွဲရန် အစီစဉ်များ ချမှတ်နေစဉ် အရှင့်ထံ သတိရ တသလျက် ဆုတောင်းခဲ့သည့်အတိုင်း) အုဟူဒ်စစ်ပွဲနေ့၌ တပ်စွဲရန် စီမံကွပ်ကဲစဉ် တမန်တော်မြတ်က လေးသည်တော်များအား မဟာဗျူဟာမြောက်သည့် တောင်စောင်းတစ်နေရာ၌ တာဝန်ချရန် ခန့်ထား၍ သတ်မှတ်ပေးပြီးနောက် တမန်တော်၏ခွင့်ပြုမိန့် မရမချင်း ထိုနေရာမှ မစွန့်ခွာရန် ညွှန်ကြားခဲ့၏။) အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အောင်မြင်မှုမြင်စေတော်မူပြီးနောက် (ရန်သူစစ်တပ်က သူတို့၏အသုံးအဆောင် များကိုပါ စွန့်ခွာ၍ အသက်လု ထွက်ပြေးနေကြသည်ကို မြင်သောအခါ) သင်တို့ထဲတွင် လောကီ အကျိုးလိုလားသူနှင့်တမလွန်အကျိုးကို ရည်ရွယ်သူများ ရှိသည့်အလျောက် (ရန်သူစွန့် ပစ္စည်းများကို ရယူလို၍) တမန်တော်၏ (“ခွင့်ပြုမိန့်မရလျှင် ထိုနေရာမှ မရွေ့ကြလေနှင့်”ဟူသော) အမိန့်ညွန်ကြားချက်နှင့်ပတ်သက်၍ အချင်းချင်းကြား တွင်အငြင်းပွားလျက် နာမခံကြသောကြောင့် သင်တို့၏ သူရသတ္တိ လွတ်ထွက်သွားပြီး စိတ်ဓါတ်ကျခဲ့ရာ ငါအရှင် သည် သင်တို့ကို စမ်းသပ်တော်မူရန်အလို့ငှာ (ရန်သူ၏စစ်တပ်ဖြစ်သော) သူတို့မှ သင်တို့အား လမ်းကြောင်း လွှဲစေတော်မူခဲ့သည့်အတွက် (သင်တို့ပေါ် ရန်သူလက်ချက်ထိမှန်၍) ဒဏ်ရာဒဏ်ချက်များရခဲ့သည့် အချိန်အထိ အရှင့်ခွင့်ပြုချက်အမိန့်တော်ဖြင့် သူတို့အား အဖတ်ဆယ်မရအောင် ရှုံးနိမ့်စေတော်မူလျက် သင်တို့အပေါ် ထားရှိသော အရှင့်ကတိတော်အတိုင်း အပြည့်အဝ ဖြည့်ဆည်းပေးတော်မူခဲ့ကြောင်း သင်တို့ကိုယ်တိုင် သက်သေတည်ခဲ့ပေပြီ။ (ထို့နောက် အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည့်အလျောက်) သင်တို့၏မှားယွင်းမှုများကို ချေဖျက်တော်မူလျက် သင်တို့အား အမှန်ပင် ခွင့်လွှတ်တော်မူခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သောယုံကြည်သူတို့အား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေမည့် လမ်းကြောင်းများကို ပေးအပ်တော်မူသောအရှင်၊ ဂုဏ်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[153] သင်တို့က အသက်လု၍ ပြေးလွှား (လျက် အသက်ကယ်နိုင်ရန် တောင်ပေါ်သို့ ပြေးတက်) နေကြစဉ် (စစ်မြေပြင်၌ရှိနေသော) ရစူလ်တမန်တော်က သင်တို့၏နောက်ကျောမှ သင်တို့အား အစွမ်းကုန်ခေါ်နေသည်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ (မျက်စိတစ်ချက်ဖြင့်ပင်) လှည့်မကြည့်သောကြောင့် ငါအရှင်သည် သင်တို့အား “စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (စစ်ပွဲအစ၌ မှာကြားခဲ့သည်ကို ဖီဆန်၍) ကစဉ့်ကလျားဖြစ်စေခြင်းတို့အတွက် မဟုတ်ဘဲ (စစ်မြေ၌ တမန်တော်မြတ်ခေါ်သည်ကို ဂရုမစိုက်ခဲ့သည့်အတွက်သာ) ပေးဆပ်မှုအဖြစ် ပူဆွေးမှုပေါ် ပူဆွေးသောက ထပ်စေလျက် ဝမ်းနည်းကြေကွဲခြင်းကို ပေးဆပ်စေတော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ် ရယူထားတော်မူသော အရှင်ဖြစ်တော်မူ၏။

[154] ထိုသို့ ပူဆွေးသောကရောက်စေပြီးနောက် သင်တို့အပေါ် (အရှင့်ငြိမ်းချမ်းမှုသက်စေတော်မူ၍) ဘေးကင်းလုံခြုံမှု ပေးတော်မူခဲ့၏။ သင်တို့အနက် အုပ်စုတစ်စုမှာ (ငေးမောလျက် စိတ်နှလုံး၌) အိပ်မောကျမှု လွှမ်းမိုးနေပြီး အခြားအုပ်စု တစ်စုမှာမူ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ တိကျမှန်ကန်မှုမရှိသော အယူအဆ၊ သဘောထားနှင့်ထင်မြင်ချက်အမှားများဖြင့် အမှောင်ခေတ်ရှိ ပညာမဲ့တို့၏အတွေးအမြင်ကဲ့သို့ (သူတို့၏အသက်များကို ကယ် တင်လိုစိတ်လွန်ကဲလျက်) “အကယ်၍ ကျွန်ုပ်တို့၌ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အခွင့်အာဏာတစ်စုံတစ်ရာ ရှိခဲ့လျှင် ကျွန်ုပ်တို့သည် အသတ်ခံကြရမည် မဟုတ်” ဟု ပြောဆိုကြ၍ အပူတပြင်း စိုးရိမ်ပူပင်ခြင်းဖြင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ (လူသူမသိအောင်) သူတို့ကိုယ်သူတို့ ကြိတ်မိတ်တွေးနေကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “မုချဧကန်၊ ဆုံးဖြတ်ခွင့်အမိန့်အာဏာ ဟူသမျှသည် အလ္လာဟ်အရှင်မြတ် (က လူသား ား အကျိုးပြုရန် ပြဌားတော်မူထားသည့် လမ်းစဉ်တော်အတိုင်း အရှင့်ကျေနပ်နှစ်မြို့မှု) အတွက်သာ ဖြစ်၏။” ဟု ဟောလော့။ သူတို့၏စိတ်နှလုံးထဲ၌ ထိန်ဝှက်ထား သော (အတွေးမှားနှင့်ဆိုင်သောအကြောင်း) အရာ (ဖြစ်သည့်) “အကယ်၍ ကျွန်ုပ်တို့၌ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အခွင့်အာဏာတစ်စုံတစ်ရာရှိခဲ့လျှင် ကျွန်ုပ်တို့သည် ထိုနေရာ၌ အသတ်ခံကြရမည် မဟုတ်” ဟု ပြောဆို၍ ကြိတ်မိတ်တွေးနေခြင်းကို အသင် (တမန်တော်) အား ထုတ်ဖော်ပြောကြသည် မဟုတ်ချေ။ သူတို့အား “အကယ်၍ သင်တို့သည် သင်တို့၏အိမ်များတွင် ရှိနေခဲ့လျှင်လည်း အသတ်ခံရရန် သတ်မှတ်ပြဌာန်းခြင်း ခံကြရသူတို့က သူတို့၏အိမ်များမှ ထွက်သွား၍ အသတ်ခံရမည့် နေရာသို့ ရောက်ကိုရောက်လိမ့်မည်” ဟု အသိပေးဟောပြောလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ၏ရင်တွင်း၌ ရှိသောအရာများ (ဖြစ်သော မှားယွင်းသည့် သဘောထားအယူအဆ၊ ရည်မှန်းချက်၊ အတွေးအခေါ်တို့) နှင့်ပတ်သက်၍ စမ်းသပ်တော်မူပြီး သင်တို့၏နှလုံးသားများ၌ရှိသောအရာများ (ဖြစ်သော မသင့်တော်သည့် သဘောထားနှင့်အယူအဆများကို ဖယ်ရှားပေးခြင်းဖြင့် သင်တို့) ကို သန့်စင်စေတော်မူနိုင်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသား၏) ရင်တွင်း (၌ တည့်သွင်းလျက်) ပိုင်ဆိုင်ထားသမျှကို ကုန်စင်အောင် အကြွင်းမဲ့ သိနေတော်မူ၏။

[155] (အုဟူဒ်စစ်ပွဲ၌) နှစ်ဘက်ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်စဉ် သင်တို့အနက်မှ တာဝန်ပျက်ကွက်၍ လှည့်ပြန် ကြသူတို့သည် သူတို့က ရယူရှာဖွေလို့သည့်အရာများပေါ် အခြေခံ၍ စေတန်မကောင်းဆိုးဝါးက သူတို့အား (သူတို့၏ရပ်တည်ချက်မှ) လွဲချော်စေခဲ့ခြင်းသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ထိုခြေချော်မှုကို (ပြစ်မှုမှတ်တမ်းစာရင်းမှ ချေဖျက်တော်မူလျက်) ခွင့်လွှတ်တော်မူခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[156] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် “သူတို့၏အသိုင်းအဝိုင်းမှ ကမ္ဘာဂြိုဟ်ပေါ် ခရီးထွက်စဉ်ဖြစ်စေ၊ စစ်ပွဲတစ်ခုခု၌ တာဝန်ထမ်းဆောင်နေစဉ်ဖြစ်စေ၊ (ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် မတော်တဆ ထိခိုက်ဒဏ် ရာရမှုကြောင့်) ကွယ်လွန်သွားသော သို့မဟုတ် ရန်သူလက်ချက်ကြောင့် အသတ်ခံရသော ညီနောင်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့်အတူရှိခဲ့လျှင် အသက်ဆုံးရှုံးမည်မဟုတ်ဟူ၍ ပြောဆိုကြသည့် မယုံကြည်သူ (နှင့်အမှန်တရားကို သွေဖည်ငြင်းဆန်သူ) တို့ကဲ့သို့ မဖြစ်ကြလေနှင့်။ အလ္လာဟ်အရှင်မြတ်က ထိုသို့ဖြစ်စေတော်မူခြင်းမှာ သူတို့၏နှလုံးသားများ၌ ပူဆွေးမှုနောင်တ တစ်ခုခု ဖြစ်ပေါ်စေရန်ပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ရှင်သန်စေတော်မူ၏၊ ကွယ်လွယ်သေဆုံးစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင် ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[157] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အသတ်ခံရသည်ဖြစ်စေ၊ (ဘဝကူးပြောင်းချိန်ရောက်၍) ကွယ်လွန်သေဆုံးသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့်ကရုဏာရခဲ့လျှင် သူတို့အားလုံးသည် (ဤလောကီဘဝ၌) ရှာဖွေစုဆောင်းသမျှထက် ပိုမို၍ ကောင်းမြတ်မှုကို ရရှိနိုင်၏။

[158] ကွယ်လွန်သေဆုံးသည်ဖြစ်စေ၊ သို့မဟုတ် အသတ်ခံရသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ထံတော်သို့သာ (ဦးတည်၍ ခရီးဆက်နေသူများဖြစ်ကြပြီး အရှင့်ရှေ့တော်မှောက်၌ပင်) အားလုံးကို စုရုံးစေတော်မူမည်။

[159] (တမန်တော်သည် အများပြည်သူပါဝင် လုပ်ဆောင်ရမည့် အရေးကိစ္စများတွင် သာဝကြီးများနှင့်ဆွေးနွေး တိုင်ပင်ပြီးမှ ဆုံးဖြတ်လေ့ရှိ၏။ အုဟူဒ်စစ်ပွဲ မတိုင်မီလည်း ထိုသို့ ဆွေးနွေးစဉ် တမန်တော်မြတ်နှင့်သက် ကြီးပိုင်း သာဝကများက မဒီနာမြို့တွင် တပ်စု၍ ခုခံစစ်လုပ်ရန် သဘောတူပြီး အများစုဖြစ်သော လူငယ်ပိုင်းတို့ မှာမူ မြို့နေပြည်သူများကို မထိခိုက်ရလေအောင် မြို့ပြင်ထွက်၍ စစ်မြေပြင်၌ ရန်သူကို ခုခံရန်အကြံပေးခဲ့ကြသည်။ တမန်တော်မြတ်က လူငယ်ပိုင်း၏အကြံဉာဏ်ကို အသိအမှတ်ပြု၍ ဆုံးဖြတ်ခဲ့စဉ် စစ်တပ်ထွက်ရန် အချိန် အနည်းငယ် ကြန့်ကြာခဲ့၏။) အဘယ်ကြောင့်ဆိုသော် အသင် (တမန်တော်) သည် သူတို့အပေါ် သက်ညှာခဲ့ပြီး (ယင်းသက်ညှာမှုသည်) အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ကရုဏာတော်တစ်ခုပင် ဖြစ်သောကြောင့်တည်း။ အကယ်၍ ကြမ်းတမ်းသော၊ အကြင်နာကင်းမဲ့သော နှလုံးသားပိုင်ရှင် ဖြစ်ခဲ့လျှင် သူတို့က အသင်၏အနီးတစ် ဝိုက်တွင် ဝိုင်းပတ်နေခြင်းမှသည် နေရာအနှံ့သို့ ကွဲပြဲသွားကြမည်မှာ သေချာ၏။ သို့ဖြစ်ရာ သူတို့ကို ခွင့်လွှတ်၍ သူတို့၏လွတ်ငြိမ်းချမ်းသာခွင့်အတွက် (အရှင်မြတ်ထံ) အသနားခံဆုတောင်းပြီး (အများပြည်သူနှင့်ဆိုင်သော) အရေးကိစ္စတို့တွင် သူတို့နှင့်ဆွေးနွေးတိုင်ပင်လော့။ (ထိုသို့တိုင်ပင်ပြီးနောက်) ဆုံးဖြတ်ချက်ချမှတ်စဉ် (အရှင့် စည်းမျဉ်းတော်များအပေါ် အခြေခံလျှက်) အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချစွာဖြင့် လွှဲအပ်လော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရေးကိစ္စတို့အား အရှင့်အပေါ်သာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအားထားပြု၍ လွှဲအပ်သူတို့ကို နှစ်သက်တော်မူ၏။

[160] အကယ်၍ အလ္လာဟ်အရှင်မြတ်က ကူညီစောင်မတော်မူလျှင် သင်တို့အပေါ် လွမ်းမိုးနိုင်သူ ရှိလိမ့်မည် မဟုတ်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို (မကူညီဘဲ) ပစ်ပယ်ထားလျှင်လည်း (အရှင့်အလိုတော်ကို အတည်ဖြစ်စေတော်မူပြီးနောက် အရှင်မြတ်ကို ကျော်၍) သင်တို့အား ကူညီပိုင်ခွင့်ရှိသူ မည်သူ ရှိမည်နည်း။ (ငါအရှင်မြတ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်ရန်) ငါအရှင်အပေါ် (တာဝန်အဖြစ်သတ်မှတ်ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအားထားပြု ထိုက်၏။

[161] နဗီတမန်တော်တစ်ပါးအနေဖြင့် မမှန်မကန်ပြောဆို၍ လှည့်စားရန်မှာ (လူသားတို့၏စိတ်ကူးထဲ၌ထည့်နိုင်သည့် အနေအထားအရပင်) လုံးဝ မအပ်စပ်ပေ။ မည်သူမဆို (အများပြည်သူပိုင်ဆိုင်သောအရာများကို အလွဲသုံးစားပြု၍သော်လည်းကောင်း၊ တာဝန်ပျက်ကွက်၍သော်လည်းကောင်း) လှည့်စားလျှင် သူသည် ရှင်ပြန်ထမည့်နေ့တွင် သူလှည့်စားခဲ့သည့်အမှုနှင့်အတူ (အရှင့်ရှေ့တော်မှောက်သို့) ရောက်ရလိမ့်မည်။ ထို့နောက် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြဟ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း၊ လူတိုင်းအား (လောကီဘဝ၌) ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သမျှအတွက် (အကျိုး ဆုလဒ် နှင့်ပြစ်ဒဏ်များကို သူတို့၏လုပ်ဆောင်ချက်များနှင့်အညီ မျှတစွာဖြင့် အပြည့်အဝ) ပြန်လည် ရရှိစေမည့်နေ့တွင် သူတို့အားလုံး (တစ်ယောက်မကျန်) သည် မတရားစီရင်ဆုံးဖြတ်ခြင်းခံကြရမည်လည်း မဟုတ်ပေ။

[162] သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သဘောကျမည့်အရာအား အရှင့်ကျေနပ်နှစ်မြို့မှုအတွက်သာ လုပ်သောသူသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်စူးရှခံရဖွယ်လုပ်ရပ်များဖြင့် အရှင့်မေတ္တာကရုဏာတော်မှဝေးကွာသွား ပြီး ငရဲမီးကို သူ၏ခိုလှုံရာဌာနဖြစ်စေသူကဲ့သို့ ဖြစ်နိုင်မည်လော။ ငရဲမီးအား သူ၏ရည်မှန်းချက်ပန်းတိုင်လုပ်ခြင်းမှာ အလွန်ပင် ဆိုးရွားယုတ်ညံ့စက်ဆုပ်ဖွယ်ရာ ဖြစ်၏။

[163] အလ္လာဟ်အရှင်မြတ်၏ထံတော်၌ သူတို့အတွက် (ကွဲပြားခြားနားသော) အခွင့်အလမ်းများနှင့်အဆင့်အတန်းများရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ရှင်သန်စေတော်မူ၏၊ ကွယ်လွယ်သေဆုံးစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[164] အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့အပေါ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၊ (သူတို့၏သားစဉ်မြေးဆက်များ) အနက်မှ အရှင့်အာယသ်သက်သေလက္ခဏာတော် များကို သူတို့ (၏နောင်လာနောင်သားများ) အား ဖတ်ပြရန်၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်အားဖြင့် သွန်သင်ညွှန်ကြားပေးရန်နှင့်သူတို့ကို (မယုံကြည်မှုနှင့်မကောင်းမှုဟူသမျှမှ) သန့်ရှင်းစင်ကြည်စေမည့် ရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်စေတော်မူခြင်းဖြင့် ကြီးမားသော အကြင်နာတရားထား၍ အမြင့်မြတ်ဆုံးမျက်နှာသာ ပေးတော်မူခဲ့ပြီ။ ရစူလ်တမန်တော်မတိုင်မီကမူ သူတို့သည် ထင်ရှားသော လမ်းမှားမှု၌သာ ရှိခဲ့ကြ၏။

[165] ယခင်က (ဗဒရ်စစ်ပွဲ၌မူ) သင်တို့သည် သူတို့အား ထိုထက်နှစ်ဆပြင်းထန်သည့် ဘေးဒုက္ခဆိုက်စေခဲ့ပြီး ဖြစ်သော်လည်း (အုဟူဒ်စစ်ပွဲ၌) သင်တို့အပေါ် ဘေးဒုက္ခတစ်ခု ဆိုက်ရောက်လာသည့်အခါ “ဤဘေးဒုက္ခသည် အဘယ်က လာရသနည်း။” ဟု မေးနေကြ၏။ “ထိုဘေးဒုက္ခသည် (သင်တို့အား အရှင်မြတ်ပေးအပ်တော်မူသည့် စိတ်၊ ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေးနှင့်အစွမ်းအစများကို အရှင့်အလိုကျ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် မဟုတ်ဘဲ သင်တို့၏စိတ်အလိုကျလုပ်ခြင်းဖြင့်) သင်တို့ကိုယ်တိုင် (စိတ်တိုင်းကျလုပ်ခြင်း) မှ ရောက်လာခြင်း ဖြစ်၏။” ဟု ဟောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (အရှင့် စည်းမျဉ်းဩဇာ၊ နိယာမတရားများဖြင့်) လွှမ်းမိုးစွမ်းဆောင်တော်မူသောအရှင်ဖြစ်တော်မူ၏။

[166] (အုဟူဒ်စစ်မြေပြင်၌ စစ်ပွဲဖြစ်ပွားခဲ့သည့်) ထိုနေ့တွင် စစ်တပ်နှစ်ခုသည် တစ်နေရာတည်းမှာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြစဉ် သင်တို့အား ထိခိုက်စေနိုင်ခြင်းကို အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူခြင်းသည် (တမန်တော်၏ ညွှန်ကြားချက်များကို တသွေမတမ်း လိုက်နာရန် လိုကြောင်း) ယုံကြည်သူတို့ သိနားလည်စေရန်အတွက် ဖြစ်၏။

[167] ထို့ပြင် “(သင်တို့၏ရပ်တည်မှုကို အန္တရာယ်ပြုနေခြင်းမှ သင်တို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် သို့မဟုတ်) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင်တိုက်ခိုက်ရန် ထွက်လာကြလော့။” ဟု အမိန့်ပေးခြင်းခံရသည့်အခါ “အကယ်၍ စစ်ဖြစ်ပွားနေကြောင်း ကျွန်ုပ်တို့သိကြလျှင် သင်တို့၏နောက်မှ မုချ လိုက်လာမည်။” ဟု ဖြေဆိုကြသည့် ကြောင်သူတော်အကြောင်းကို ထောက်ပြခြင်းဖြင့် အသိပေးတော်မူရန်အတွက်လည်း ဖြစ်၏။ ထို (စစ်ဖြစ်သည့်) နေ့၌ သူတို့သည် (သူတို့ကတိတည်လျက် ပြုလုပ်မည်မဟုတ်သော ကတိစကားများကို) သူတို့၏နှုတ်လျှာများဖြင့် ပြောဆိုကြ၍ ယုံကြည်မှုထက် မယုံကြည်မှု (နှင့်သွေဖည်ငြင်းဆန်မှု) ဘက်ကိုသာ ပိုမို၍ နီးကပ်နေကြ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများ၌ ထိန်ချန်ဖုံးကွယ်ထားသမျှကို အကြွင်းမဲ့ သိနေတော်မူ၏။

[168] (စစ်မထွက်ဘဲ အိမ်မှာ) ထိုင်နေရန် (အကြံပေး) ပြောဆိုခဲ့ကြသူတို့သည် သူတို့၏ညီနောင်တို့အား “အကယ်၍ ကျွန်ုပ်တို့က အကြံပေးခဲ့သည့်အတိုင်း နာခံလိုက်နာခဲ့ကြလျှင် အသတ်ခံခဲ့ကြမည် မဟုတ်” ဟု ပြောနေကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် (သင်တို့၏ကြွေးကြော်မှုနှင့်အညီ) ရိုးသားဖြောင့်မတ်သူများဖြစ်ကြလျှင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ် သို့မဟုတ် သင်တို့၏မျိုး ရိုးဗီဇ) ထဲ၌ရှိနေသည့် သေခြင်းတရားကို သင်တို့၏ဆန္ဒအတိုင်း ယင်း (မျိုးရိုးဗီဇထဲ) မှ ဖယ်ရှား (ပြီး သင်တို့၏အချစ်ဆုံး မိသားစုဝင်များကို မသေနိုင်အောင် တားဆီး) ကြလော့။” ဟု ဟောလော့။

[169] အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အသတ်ခံကြရသူတို့အား သူသေများဟု မထင်မှတ်ကြလေနှင့်။ အမှန်မှာ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ (ဂုဏ်သိက္ခာနှင့်) ရိက္ခာများကို ရယူခံစားနေလျှက် ရှင်သန်နေကြ၏။

[170] သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ (လောကီဂုဏ်သိက္ခာ၊ ဂုဏ်ပြုမှတ်တမ်းနှင့်သုခဘုံစသော) အရှင်မြတ်ချီးမြှင့်တော်မူသော (ဂုဏ်ယူဖွယ်ကောင်းသည့်) အရာများကို ရယူခံစားရသောကြောင့် ပျော်ရွှင်နေကြပြီး သူတို့နှင့်အတူရှိခဲ့ကြသူများအနက်မှ အသတ်မခံဘဲ ကျန်ရစ်နေကြသူတို့နှင့် ပတ်သက်၍လည်း “(အသတ်ခံရမည့်အရေးကိစ္စအပေါ်) စိုးရိမ်ကြောင့်ကြစရာ မရှိကြောင်းနှင့် (အသတ်ခံရ၍ ဘဝကူးပြောင်းရသူတို့အတွက်လည်း) ပူဆွေးသောကရောက်စရာမလိုကြောင်း” ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းအဖြစ် ရယူလျှက် ပျော်မြူးနေခြင်း ဖြစ်၏။

[171] သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်တို့ကို လက်ခံရရှိသည့်အပြင် ယုံကြည်သူတို့၏အကျိုးဆုလဒ်အား အချည်းနှီးဖြစ်စေရန် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူမည် မဟုတ်ကြောင်းကိုလည်း ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းအဖြစ် ရ၍ ပျော်မြူးနေခြင်းသာ ဖြစ်၏။

[172] (အုဟူဒ်စစ်ပွဲတွင် ရန်သူလက်ချက်ဖြင့်) ဒဏ်ရာဒဏ်ချက်ဖြင့် အတိဒုက္ခရောက်ခဲ့ပြီးနောက်မှပင် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့ (၏အမိန့်သွင်သင်ချက်များကို တသွေမတိမ်းလိုက်နာရန် အသင့်ရှိကြောင်း ပြသရန်) အတွက် တုံ့ပြန်ဖြေဆိုကြသူတို့သည် သူတို့၏လူ့ဘောင်အသိုင်းအဝိုင်းအတွင်းရှိ ကောင်းမှုပြုလုပ် သူတို့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရန် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) သောကြောင့် ကြီးမားလှသည့် အကျိုးဆုလဒ်များ ရရှိကြသည်။

[173] ထိုသူတို့သည် သူတို့အား “(အုဟူဒ်စစ်ပွဲ၌) သင်တို့ကို အထိနာစေသကဲ့သို့ နောက်တစ်ကြိမ် (လာရောက် တိုက်ခိုက်နိုင်ရန်) အတွက် အမှန်ပင် လူစုနေကြပြီဖြစ်သောကြောင့် သူတို့ (၏ဘေးအန္တရာယ်) ကို ကြောက်ကြလော့။” ဟု လာပြောသည့် သူတို့ကို “အလ္လာဟ်အရှင်မြတ် (တစ်ဆူတည်း) သည်ပင် ကျွန်ုပ်တို့အတွက် လုံလောက် ပြီး (ကျွန်ုပ်တို့အား လမ်းညွှန်မှန် အပါအဝင်) ဂုဏ်သိက္ခာအလုံးစုံကို ပေးတော်မူသောအရှင်၊ စောင့်ရှောက်ကာကွယ်တော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု တုံ့ပြန်ဖြေဆိုကြသောကြောင့် သူတို့၏ယုံကြည်မှုမှာ ပိုမို၍ပင် တိုးတက်ခိုင်မြဲလာခဲ့၏။

[174] သို့ဖြစ်၍ သူတို့သည် (အရှင်မြတ်က ချီးမြှင့်တော်မူသည့် ကျမ်းတော်မြတ်ကုရ်အာန်၊ တမန်တော်၏လမ်းညွှန်မှုနှင့်ဂုဏ်သိက္ခာ စသော) ဂုဏ်ပေးမှုနှင့် (မြေပေါ်မြေအောက် သယံဇတများနှင့်စွမ်းရည်စွမ်းပကား စသော) ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ မည်သည့် မကောင်းမှုဘေးအန္တရာယ်ကမျှ ယင်းတို့နားသို့ မထိကပ် မထိခိုက်စေရန်အလို့ငှာ (မည်သည့်အလွှဲသုံးစားမှုမျိုးကိုမျှ ခွင့်ပြုတော်မမူဘဲ) အလ္လာဟ်အရှင်မြတ်က သဘောတူနှစ် မြို့တော်မူသည့်လမ်းစဉ်အတိုင်း လိုက်နာကြပြီး (တာဝန်ကျေပွန်ခြင်းဖြင့် အရှင့်ထံ) ပြန်လည်အပ်နှံကြသည်။ အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်ကြီးကျယ်သော ကျေးဇူးတော်နှင့်ရက်ရောမှု အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[175] စေတန်မကောင်းဆိုးဝါးသည်သာ ထိုသို့ (အပ်နှံကြလျှင် သင်တို့၏စိတ်အလိုကျ လွတ်လပ်စွာ လုပ်နိုင်မည် မဟုတ်သောကြောင့်) မလုပ်ကြရန် သူ့မဟာမိတ်အပေါင်းအသင်းတို့အား အထိတ်တလန့် ဖြစ်လျက် စိုးရိမ်ပူပင် စေ၏။ (စေတန်နှင့်သူ့မဟာမိတ်ဖြစ်သော) သူတို့အား မကြောက်ရွံ့ကြလေနှင့်။ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် (သင်တို့၏ကိုယ်စိတ်နှလုံးတို့ကို ငါအရှင်ထံ အပ်နှံခြင်းဖြင့်) ငါအရှင်ကိုသာ စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[176] (လူတိုင်းကို ငရဲမီးမှ ကယ်တင်ရန် သောကရောက်နေသော်လည်း) အမှန်တရားကို သွေဖည်ဖုံးကွယ်) ငြင်းဆန်မှု၌ သူထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေကြသူတို့အတွက် အသင် (တမန်တော်) စိတ်သောက မရောက်သင့်ပေ။ ဧကန်ပင်၊ သူတို့သည် အလ္လာဟ်အရှင်မြတ် (နှင့်အရှင့်လမ်းစဉ်၌ မြဲမြံစွာ ရပ်တည်သူတို့) အား မည်သည့်အခါမျှ၊ မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် (အရာရာကို) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖြစ်တည်စေတော်မူသည့်အလျောက် နောင်တမလွန်ဘဝ၌ သူတို့အတွက် ဝေစုမရှိစေရန်နှင့်သူတို့အား ကြီးမားသော ပြစ်ဒဏ်ပေးတော်မူရန်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် ရည်ရွယ်တော်မူ၏။

[177] ယုံကြည်မှုကို မယုံကြည်မှု (နှင့်ငြင်းဆန်ဖုံးကွယ်မှုတို့) ဖြင့် လှဲလှယ်ရောင်းဝယ်သူတို့အား မည်သည့်အခါဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သည့်ထိခိုက်နစ်နာမှုတစ်စုံတစ်ရာကိုမျှ မပြုနိုင်သည့်အပြင် သူတို့အတွက် စူးနစ်ပြင်းထန်သော ပြစ်ဒဏ်လည်းရှိ၏။

[178] (အမှန်တရားကို သွေဖည်ငြင်းဆန်မှုအတွက် ချက်ချင်းလက်ငင်း အရေးမယူဘဲ ဇက်ကြိုးရှည်ရှည်ဖြင့် လွတ်ထားတော်မူသော) မယုံကြည်သူတို့သည် ငါအရှင်က သူတို့အတွက် ခေတ္တဆိုင်းငံ့ခြင်းအား ခွင့်ပြုတော်မူထားသည်ကို သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ရှိသော ပင်ကိုယ်စရိုက်၊ စွမ်းရည်နှင့်အစွမ်းအစတို့၏ဖွံ့ ဖြိုးမှုအတွက်) ကောင်းလိမ့်မည်။"" ဟု မထွက်ချက် မထင်မှတ်နိုင်ကြပေ။ (အကြောင်းမှာ) ငါအရှင်မြတ်၏ဆိုင်းငံ့ခွင့် (သည် သူတို့လမ်း ညွှန်မှန်ရစေရန်အတွက်) သာ ဖြစ်သော်လည်း (ထိုသို့ ထင်မှတ်ခြင်းကြောင့်) သူတို့သည် ပြစ်မှုဒုစရိုက်များကို တိုးစေလျက် သူတို့အတွက် မသတီဖွယ်နှင့်အရှက်ရဖွယ် ပြစ်ဒဏ်များကိုသာ ထိုက်ထန်စေကြ၏။

[179] အလ္လာဟ်အရှင်မြတ်သည် ယုံကြည်တို့အား (လူသားတစ်ချို့က ""မှန်ကန်သည်"" ဟု ယူဆပြီး ယုံကြည်ကိုး ကွယ်လက်ခံထားကြသော ယုံကြည်ကိုးကွယ်မှု၊ အတွေးအခေါ်၊ အယူအဆနှင့်မူဝါဒလမ်းစဉ် စသော) သန့်ရှင်းစင်ကြယ်မှုမှ (ကိုယ်ကျိုးစီးပွား၊ ထင်မြင်ယူဆချက်နှင့်အစွဲအလန်းတို့အပေါ် အခြေခံ၍ ရောနှောထားသော) မသန့်ရှင်း မစင်ကြယ်သည့် ကောက်ကျစ်စဉ်းလဲမှုကို ကွဲကွဲပြားပြား ထင်ထင်ရှားရှား သိမြင်လာအောင် လုပ်ပေးတော်မမူသရွေး သင်တို့အား လက်ရှိရပ်တည်နေသော အနေအထားပေါ် ပစ်ထားရန်အတွက် (ဆန္ဒတော်) မရှိခဲ့ပေ။ (လူတို့၏နှလုံးသားများ၌ ရှိသောအရာများ၊ လူ့အတွေးအခေါ်များ၌ရှိသော အားနည်းချက်များကြောင့် ရေရှည်တွင် ကြုံတွေ့ရမည့်ပြဿနာများ၊ အပြစ်အပျက်အကြောင်းအရာတစ်ခု၏နောက်ကွယ်၌ရှိသော အရှင့်အမြော်အမြင်တော်၊ တမလွန်ဘဝ၌ ရရှိမည့်ဆုလဒ် စသော) မျက်ကွယ်ရာများနှင့်ပတ်သက်၍ သင်တို့အား ထင်ရှားပေါ်လွင်စွာ သိနားလည်စေတော်မူရန်လည်း ရည်ရွယ်တော်မမူပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အရှင့် ရစူလ်တမန်တော်များအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (ထိုကွယ်ရာများနှင့်စပ်လျဉ်း၍ လူတို့အား အသိပေးသင့်သည့်အရာများကို သွန်သင်ပို့ချရန်) ရွေးချယ်တော်မူခဲ့၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်များကို ယုံကြည်ကြလော့။ အကယ်၍ (သူတို့အား မိန့်တော်မူသည့်အတိုင်း) ယုံကြည်ကြပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံး) ကြပါလျှင် သင်တို့အတွက် ကြီးမားမြင့်မြတ်သော အကျိုးဆုလဒ် ရှိ၏။

[180] (အရှင်မြတ်ပိုင် မြေပေါ်မြေအောက် သယံဇာတများ၊ အရင်းအမြစ်များ၊ နိယာမတရားများ စသော) ကျေး ဇူးတော်များအနက် အလ္လာဟ်အရှင်မြတ်က သူတို့အား ပေးအပ်တော်မူသောအရာများကို (ချို့တဲ့နွမ်းပါးသူတို့အတွက် ပေးကမ်းစွန့်လှူခြင်းမပြုဘဲ သူတို့အတွက်သာ တွန့်တိုစွာ) လောဘတကြီး ဆုပ်ကိုင်ထားသူတို့သည် ထိုသို့ စီးကပ်လျှင် သူတို့အတွက်ကောင်းလိမ့်မည်ဟု မထွက်ချက်မထင် မှတ်ကြစေလေနှင့်။ အမှန်မှာ သူတို့အ တွက် ဆိုးဝါးဆုတ်ယုတ်မှုသာ ဖြစ်လိမ့်မည်။ ထိုကျေးဇူးတော်များနှင့်ပတ်သက်၍ သူတို့စေးနဲတွန့်တိုခဲ့သမျှသည် ရှင်ပြန်ထမည့်နေ့တွင် သူတို့၏လည်ပင်းများ၌ရှိသော အရာအားလုံးသည် အလ္လာဟ်အရှင်မြတ် (ဖြစ်တည်စေတော်မူသည့် အရာများဖြစ်၍ အရှင်မြတ်) သာ ပိုင်ဆိုင်တော်မူပြီး အမွေဆက်ခံတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက် အလုံး စုံကို အသေးစိတ် ရယူထားတော်မူသော အရှင်ဖြစ်တော်မူ၏။

[181] (ချို့တဲ့ဆင်းရဲသူတို့အတွက် ပေးကမ်းလှူဒါန်းရန် ထပ်တလဲလဲ တိုက်တွန်းနေခြင်းသည်) ""အလ္လာဟ်အရှင်မြတ် အမှန်ပင် ဆင်းရဲ (သောအရှင်ဖြစ်သောကြောင့်ဖြစ်) သည်။"" ဟု ပြောဆိုနေကြသူတို့၏အသံကို ငါအရှင်က အကြွင်းမဲ့ ကြားတော်မူခဲ့ပြီ။ ငါအရှင်သည် အရာခပ်သိမ်းတို့၏ရပ်တည်ရေးအတွက် လိုအပ်သမျှကို မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်များတွင် စီမံထားတော်မူပြီး ချမ်းသာသူအားလုံး၏အရှင် သခင်၊) ကုံလုံပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ သူတို့ပြောသမျှ အပြောအဆိုများ၊ မည်သည့် အမှန်တရားနှင့်အခွင့်အရေးကိုမျှ ဂရုမစိုက်ဘဲ နဗီတမန်တော်တို့အား မတရားလုပ်ကြံခဲ့ကြသည်ကို ငါအရှင်မှတ်တမ်းတင်တော်မူပြီး မကြာမီ သူတို့အား ""လောင်ကျွမ်းစေသည့်ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။"" ဟု မိန့်တော်မူလိမ့်မည်။

[182] ထိုသို့ မိန့်တော်မူရခြင်း၏အကြောင်းရင်းမှာ သူတို့၏လက်များဖြင့် (ထိုပြစ်ဒဏ်မျိုးနှင့်ထိုက်ထန်သည့် လုပ်ရပ်များကိုပြုလုပ်၍ တမလွန်ရှိ အရှင့်တရားခွင်သို့) ကြိုတင်ပို့ထားသောကြောင့်တည်း။ (နှလုံးသွင်းသင့်သည်မှာ) မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ အရှင့်စည်းမျဉ်းဘောင်များကို ကျော်လွန်လျက် မမှန်မကန် ပြစ်ဒဏ်ပေးခြင်း အလျှင်း မရှိပေ။

[183] မုချဧကန်၊ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ကတိတော်ပြုခဲ့သည်မှာ ""စွန့်လှူမှုတစ်ခုခုအား စွန့်လှူပြီး နောက် (အလိုအလျောက်ရောက်လာသည့်) မီးက ယင်း (စွန့်လှူပစ္စည်း) ကို စားမျိုကြောင်း ထင်ထင်ရှားရှား မမြင်ရသရွေ့ (သို့မဟုတ် ဆီးမီးပူဇော်ခွင့် မရသရွေ့) မည်သည့် ရစူလ်တမန်တော်ကိုမျှ မယုံကြည်ကြရန် ပင်ဖြစ်၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) ""ကျွန်ုပ်မတိုင်မီအလျှင်က ကွက်ကွက်ကွင်းကွင်းမြင်သာ ထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ သင်တို့ထံရောက်လာလျက် သင်တို့အား သွန်သင်ရန် ဟောပြောခဲ့ကြစဉ် အကယ်၍ သင်တို့သာ ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် အဆိုပါ ရစူလ်တမန်တော်များအား အဘယ်ကြောင့် လုပ်ကြံခဲ့ကြသနည်း။"" ဟု မေးလော့။

[184] အသင် (တမန်တော်) မတိုင်မီ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ ဇဗူးရ်ကျမ်းအပြင် ဉာဏ်အလင်းရောင်ရစေသည့် အခြားကျမ်းတို့ကိုပါ တစ်ပါတည်း ယူဆောင်လျက် ရောက်လာ ခဲ့ကြသည့် ရစူလ်တမန်တော်များအား သူတို့က (မဟုတ်မတရားစွပ်စွဲ၍) ငြင်းပယ်ခဲ့ကြပြီးဖြစ်ရာ ယခုအခါ အသင် (တမန်တော်) ကိုလည်း ထိုနည်းအတိုင်း ငြင်းပယ်ရန် ဝန်လေးကြမည်မဟုတ် (သောကြောင့် ဝမ်းနည်းစရာ မလိုပေ။)

[185] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးထားတော်မူသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ်) တိုင်းဖြစ်စေ၊ သို့မဟုတ် သက်ရှိတိုင်းသည် (ထိုမျိုးရိုးဗီဇထဲရှိ အရည် အသွေးများကို အရှင့်စည်းမျဉ်းတော်နိယာမတရားနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသည်ဖြစ်စေ၊ စိတ်အလိုဆန္ဒနှင့် အညီ အသုံးချ၍ ဆုတ်ယုတ်ယုတ်ညံ့စေသည်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ရောက်လာလျှင်) သေခြင်းတရားကို မြည်းစမ်းရမည်။ (ပင်ကိုယ်အရည်အသွေးနှင့်စွမ်းရည်အစွမ်းအစတို့ကို အသုံးချခြင်းဖြင့် အဓိကအကျိုးဆက်အဖြစ် ရသင့်သည့်) သင်တို့၏အကျိုးဆုလဒ်များကို ရှင်ပြန်ထမည့်နေ့တွင်သာ အပြည့်အဝ ပေးအပ်ခြင်းခံရလိမ့်မည်။ မည်သူမဆို (သူတို့၏ပင်ကိုယ်စွမ်းရည်များကို) ငရဲမီး (နှင့်ထိုက်ထန်သည့် နည်းလမ်းများအတိုင်း အသုံးချခြင်း) မှ ရှောင်ကြဉ်၍ သုခဥယျာဉ်ထဲဝင်ရောက် (နိုင်မည့် အရှင့်လမ်းစဉ်တော်အတိုင်း အသုံးချ) နိုင်ပါက သူသည် မုချအောင် မြင်ခဲ့ပြီ ဖြစ်၏။ လောကီဘဝသည် (အဓိကလိုအပ်ချက်များဖြစ်သော ရိက္ခာ၊ အသုံးအဆောင်နှင့်စိတ်ဖြေစရာများကို ယာယီခေတ္တခဏအတွက်သာ) မျှော်လင့်ချက်ပေးလျက် လှည့်စားခံရသည့်လောကီခံစားခွင့်များမှအပ အခြားမဟုတ်ပြီ။

[186] (အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏လောကီသက်တမ်းအား အရှင့်စည်းမျဉ်းတော်နှင့်အညီသာ ဘဝဆောက်တည်ရန် ရည်ရွယ်တော်မူသည့်အလျှောက်) သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချခဲ့သော) စိတ်ဝိဉာဉ်များနှင့်ပတ်သက်၍သော်လည်းကောင်း သင်တို့ မုချပင် စစ်ဆေးခြင်းကို ခံကြရလိမ့်မည်။ ထို့ပြင် ကျမ်းစာပေးအပ်ခံရသူများအနက်မှလည်းကောင်း၊ သင်တို့မတိုင်မီ (ကွယ်လွန်သွားခဲ့သူတို့၏သမိုင်းအထောက်အထားများထဲ၌) ရှိခဲ့ကြသူတို့အနက်မှလည်းကောင်း၊ အရှင်မြတ်နှင့် တွဲဖက်တုပြိုင်၍အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့အား ကိုးကွယ်ကြသူတို့ အနက်မှလည်းကောင်း စိတ်ထိခိုက်နာကြည်းဖွယ်ရာပေါင်းမြောက်မြားစွာကို အမှန်ပင် နားထောင်ကြရလိမ့်မည်။ အကယ်၍ သင်တို့က ခန္တီသည်းခံကြံ့ခိုင်မှု ရှိကြပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလျှင် မုချဧကန်၊ ထိုသို့ပြုမူခြင်းသည် (အရေး ကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာ ဆုံးဖြတ်ဆောင်ရွက်စေသော အရာပင်တည်း။

[187] အလ္လာဟ်အရှင်မြတ်သည် ကျမ်းစာပေးအပ်ခြင်းခံရသူများထံမှ ကတိဝန်ခံချက်တစ်ခုရယူတော်မူရန်အတွက် သစ္စာဆိုစေတော်မူခဲ့စဉ် “လူသားတို့အား မြင်သာထင်ရှားသော ရှင်းလင်းချက်များကို အသုံးပြု ၍ ရှင်းလင်းဖော်ပြကြရန်နှင့်ပေးအပ်ခြင်းခံရသောကျမ်း (မှ အချက်အလက်များ) ကို ထိန်ချန်ဖုံးကွယ်ခြင်းမပြုကြရန်တို့ ပါရှိခဲ့သော်လည်း သူတို့က ယင်း (ကတိဝန်ခံချက်) ကို (အရေးမစိုက်ဘဲ) သူတို့ ကျောများ၏နောက်တွင် စွန့်ပစ်ခဲ့ကြပြီး ယင်းကို တန်ဖိုးမဖြစ်စလောက်ဖြင့်သာ လှဲလှယ်ရောင်းဝယ်ခဲ့ကြသည်။ သို့ဖြစ်ပါ၍ ထိုသို့ လှဲလှယ်ရောင်း ဝယ်ခြင်းဖြင့် သူတို့ရရှိကြသော အရာများသည် အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းဖွယ်ရာ၊ စက်ဆုပ်ရွံ့ရှာဖွယ်ရာ ကောင်းပေစွ။

[188] (မည်သည့် လူသားအကျိုးပြုလုပ်ငန်းနှင့်ကောင်းမှုကိုမျှမလုပ်ရဘဲ) လူထုရှေ့မှောက်သို့ခေါ်လာခြင်းခံရပြီး (ဂုဏ်ပြုခံရမည်ကို မျှော်လင့်လျက်) ပျော်မြူးနိုင်ရန်နှင့်သူတို့မလုပ်ခဲ့သည့် (ထိုမကောင်းမှုများအတွက်) ချီးမွမ်း ခံရမည် (ဟု စိတ်ကူးယဉ်လျက်) မထွက်ချက်၊ မတွေးတော၊ မထင်မှတ်ကြလေနှင့်။ (လူသားအကျိုးမပြုဘဲ လာဘ်တိုး၍လည်းကောင်း၊ လိမ်လည်လှည့်စား၍လည်းကောင်း၊ လူထုကို အယုံသွင်းနိုင်ခြင်းဖြင့် ဂုဏ်ပြုခံရ သည့်တိုင်) အရှင်မြတ်၏ပြစ်ဒဏ်မှ လွှတ်မြောက်နိုင်ကြမည်ဟု မည်သည့်အခါမျှ စိတ်ကူးယဉ် မထင်မှတ်၊ မတွေး မြင်ကြလေနှင့်။ သူတို့အတွက် အရှင့်ထံတော်၌ စူးရှ ပြင်းထန်သော ပြစ်ဒဏ်နှင့်ပြစ်တင်ရှုံ့ချမှုများလည်း ရှိ၏။

[189] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်များသည် အလ္လာဟ်အရှင်မြတ်၏စိုးမိုးချုပ်ကိုင်မှုအချုပ်အခြာအောက်၌ ရှိကြ၍ အရှင့်စည်းမျဉ်းနှင့်အညီ အသုံးချရန်အတွက်သာ ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အ မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးထားလျက် လုပ်နိုင်စွမ်းတော်မူသော အရှင်ဖြစ်တော်မူ၏။

[190] ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၊ နေ့နှင့်ညအလှည့်အပြောင်းဖြစ်စေတော်မူခြင်းတို့၌ စဉ်းစားဆင်ခြင်တွေးခေါ်ကြသောလူမျိုးအတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိ၏။

[191] မတ်တပ်ရပ်နေစဉ်ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ မည်သည့်ဘက်တွင် (မည်သို့သောအနေအထား၌) ရှိသည် ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ကို သတိရတသလျှက် ဖွင့်ဟကြသူတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဖြစ်တည်မြဲမြံစေတော်မူခြင်းနှင့်၎င်းတို့ထဲတွင် လူသားတို့က သဘာဝနိယာမတရားဟု အမည်ပေးထားသော အရှင့်စည်းမျဉ်းတော်များထည့်ပေးတော်မူ) ခြင်း၌ (မည်သို့စနစ်တကျနှင့်သဟဇတဖြစ်အောင် ဖွဲ့စည်းဖြစ် တည်စေတော်မူသည်ကို) တွေးတောဆင်ခြင်စူးစမ်းလေ့လာ၍ သုတေသနပြုကြပြီးနောက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤအရာများကို ဖွဲ့စည်းဖြစ်တည် စေခြင်း၌ (မည်သည့် အမှားအယွင်း၊ အပြစ်အနာအဆာနှင့်ပျော့ကွက်ဟာကွက်များ မရှိအောင် ဖြစ်ပေါ်စေသောကြောင့် ရည်ရွယ်ချက်မဲ့မှု၊ အနစ်သာရမဲ့မှုနှင့်) အချည်းနှီး ဖြစ်တည်စေမှု အလျှင်း မရှိပေ။ အသင်အရှင် မြတ်သည် ချို့တဲ့မှု့ လုံးဝ ကင်းစင်တော်မူပြီး အနှိင်းမဲ့ အရှင်ဖြစ်ကြောင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေခြင်း မရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အာလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်ကြောင်း) ဝန်ခံကြပါ၏။ သို့ဖြစ်ရာ ငရဲမီး၏ပြစ်ဒဏ်မှ ကယ်တင်၍စောင့်ရှောက်တော်မူပါ။

[192] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ မည်သူမဆို အရှင့်ခွင့်ပြုမိန့်ဖြင့် ငရဲမီးထဲသို့ ဝင်စေခြင်းခံရလျှင် အရှင်မြတ်သည် ထိုသူအား ဂုဏ်သရေပျက်ခံရသည့်အဆင့်သို့ ရောက်ခဲ့ပြီ။ အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်၍ မမှန်မကန်လုပ်သူများအတွက် (ရှိသမျှ) ကူညီသူ အားလုံးအနက်မှ မည်သည့်ကူညီသူကမျှ သူတို့ကို ငရဲမီးမှ ကယ်ဆယ်နိုင်မည် မဟုတ်ပေ။

[193] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် ယုံကြည်မှုသစ္စာတရားနှင့်စပ်လျဉ်း၍ ဖိတ်ခေါ်နေသူတစ်ဦးက “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ကို ယုံကြည်နိုင်ရန် (လာရောက်နားထောင်ကြလော့။ ဟူသော) ဖိတ်ခေါ်သံကို ကြားရ၍ သွားရောက်ကြားနားခြင်းဖြင့် ကျွန်ုပ်တို့ယုံကြည်လာခဲ့ကြပါပြီ။ သို့ဖြစ်ပါ၍ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏အပြစ်များအတွက် လွတ်ငြိမ်းချမ်းသာမှု တောင်းခံခွင့် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့၏ချွတ်ချော်မှားယွင်းမှုများနှင့်မတော်တဆလုပ်မိသည့် မကောင်းမှုများအတွက် အခြားကောင်းမှုတစ်ခုခုဖြင့် ပြေရာပြေကြောင်း ပြုလုပ်ရန် ခွင့်ပေးသနားတော်မူပါ။ ထို့ပြင် ကောင်းမှုသီလမြဲမြံသော သူတော်စင်များနှင့်အတူ ဘဝတည် ဆောက်ခွင့်ရပြီး အရှင့်ထံ ခေါ်ယူတော်မူပါ။

[194] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်များမှ တစ်ဆင့် (ချမှတ်ပေးအပ်တော်မူသော လမ်းညွှန်ချက်နှင့်အညီ နာခံလိုက်နာခွင့်ပေးသနားတော်မူပြီး ထိုသို့နာခံခြင်းအတွက် ဆုလဒ်အဖြစ်ပေးမည်ဟု) ကတိပေးတော်မူသည့်အတိုင်း ဆုလဒ်များကို ချီးမြှင့် ပေးသနားတော်မူပါ။ ရှင်ပြန်ထမည့်နေ့တွင်လည်း ဂုဏ်သရေသေးသိမ်အောင် အရှင့်ကရုဏာတော်မှ ကင်းဝေးစေတော်မမူပါနှင့်။ မုချဧကန်၊ အသင်အရှင်မြတ်သည် ကတိတော်နှင့်ဆန့်ကျင်၍ အလျှင်း ကွဲလွဲစွာ စီမံပြုလုပ်တော်မူမည် မဟုတ်ပါ။

[195] သို့ဖြစ်၍ (အလွန်တရာ ရက်ရောသောအကြင်နာရှင်ဖြစ်တော်မူသောအရှင်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့၏ဆုတောင်းလျှောက်တင်မှုနှင့်စပ် လျဉ်း၍ သူတို့ အား ""သင်တို့သည် အချို့မှအချို့ (ကို မွေးဖွားစေလျက် တစ်ခုတည်းသော လူသားမိသားစုဝင်များ ဖြစ်သည့်အလျောက်) အချင်းချင်း ရိုင်းပင်းကူညီကြသော အမျိုးသားများ သို့မဟုတ် အမျိုးသမီးများအနက်မှ မည်သူတစ်ဦး တစ်ယောက် (၏ပြုမူကျင့်ကြံလုပ်ဆောင်မှုကိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ) အချည်းနှီးဖြစ်စေရန် ငါအရှင်မြတ်က ခွင့်ပြုတော်မူမည် မဟုတ်ပေ။ (ဖိနှိပ်ချုပ်ချယ်ညှင်းပန်းခြင်းကို ခံခဲ့ကြရုံသာမက) သူတို့၏အိုးအိမ် မြို့ရွာတို့မှလည်း နှင်ထုတ်ခြင်းခံရလျှက် မွေးရပ်မြေကို စွန့်ခွာထွက်ခဲ့ရသူတို့သည် (သူတို့၏ဘဝလုံခြုံရေးအတွက် တော်လှန်သည့်အနေဖြင့်) ငါအရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင်တိုက်ခိုက်ပြီး အသတ်ခံခဲ့ကြရလျှင် ငါအရှင်မြတ်သည် သူတို့ထံမှ (ယခင်က လုပ်မိခဲ့သည့်) မကောင်းမှုများကို ဖယ်ရှားတော်မူ၍ အကျိုးဆုလဒ် အဖြစ် ငါအရှင်မြတ်ထံတော်မှ “အောက်ခြေတွင် စိမ့်စမ်းရေသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ မုချဧကန်၊ ဝင်ခွင့်ပြုတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးဆုလဒ်ဟူသမျှကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်သည့်အလျောက် အရှင့်ထံတော်၌ အကောင်းဆုံးဆုလဒ်များသည် အလျှံပယ် ရှိနေတော်မူ၏။

[196] နယ်မြေဒေသ၌ (အင်အားပြသရန် ဝင့်ကြွားစွာ) လှည့်ပတ်လှုပ်ရှားနေကြသော မယုံကြည်သူတို့က အသင် (တမန်တော်) အား အချည်းနှီးသော မျှော်လင့်ချက်များဖြင့် လှည့်စားခြင်း မခံရစေနှင့်။

[197] လောကီအကျိုးခံစားခွင့်အနည်းငယ်ရပြီးနောက် သူတို့၏နားခိုရာဌာနမှာ ငရဲမီးပင် ဖြစ်၏။ ထို့ပြင် ယင်းသည် အလွန်ယုတ်ညံ့ ဆိုးရွားလှသည့် စက်ဆုပ် ရွံ့ရှာဖွယ်ရာ ဌာနပင် ဖြစ်၏။

[198] သို့သော် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) သူများအား အလ္လာဟ်အရှင်မြတ်ထံတော်မှ ဆုလဒ်နှင့်ဧည့်ဝတ်ကျေပွန်မှုများအဖြစ် “အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များ ရှိ၏။ ကောင်းမှုသီလမြဲမြံသော သူတော်စင်တို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ ပြင်ဆင်ထားတော်မူသောအရာသည် အကောင်းဆုံးပင် ဖြစ်၏။

[199] ထို့ပြင် ကျမ်းရပုဂ္ဂိုလ်တို့အနက်မှ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ် ဖြူစင်စွာ ယုံကြည်ပြီး သင်တို့ထံ ချမှတ်ပေးအပ်တော်မူသော အမိန့်ပညတ်ချက်များနှင့်သူတို့ထံ ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များကိုပါ ယုံကြည်လိုက်နာလျက် အလ္လာဟ်အရှင်မြတ်ကို (ကိုးကွယ်ကြည်ညိုသောအားဖြင့်) ကျိုးနွံစွာ နာခံကြပြီး အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဖြစ်စလောက်သောအဖိုးအခဖြင့် လှဲလှယ်ရောင်းဝယ်ခြင်းလည်း မပြုလုပ်ကြလျှင် ထိုသူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆုလဒ်များစွာ ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် (ရိုင်းစိုင်မှု၊ ဖီဆန်မှုနှင့်အပြစ်ကျူးလွန်မှုတို့အတွက်) မြန်မြန်ဆန်ဆန်စစ်ဆေး၍ ချက် ချင်းလက်ငင်း အရေးယူတော်မူနိုင်သည့် အရှင်ဖြစ်တော်မူ၏။

[200] အို၊ ယုံကြည်သူအပေါင်းတို့၊ (ကြုံတွေ့သမျှ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းများနှင့်အသက် အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် တော်လှန်ရာတွင်) ခန္တီသည်းခံကြံ့ခိုင်မှုကို (ဇွဲရှိရှိ မြဲမြံစေနိုင်ရန်အတွက်) အချင်းချင်း အပြန်အလှန် တိုက်တွန်းနှိုးဆော်ကြလော့။ ထို့ပြင် သင်တို့၏တာဝန်ဝတ္တရား များကိုလည်း စည်းလုံးညီ ညွတ်စွာဖြင့် မြဲမြံစွာ ကျေပွန်နိုင်ရန် သတိရှိရှိ စောင့်ကြည့်ကြလော့။ အောင်မြင်မှုဆွတ်ခူးနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

အမျိုးသမီးများ

Surah 4

[1] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံး) ကြလော့။ ထိုအရှင်သည် သင်တို့ကို တစ်ခုတည်းသောနဖ်စ် (ခေါ် စိတ်ဆန္ဒ၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်စွမ်းရည် စသည်တို့နှင့်ယင်းတို့ကို အရှင့်စည်းမျဉ်းတော်နှင့်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ အသုံးချ၍ ဆုံးဖြတ်ဆောင်ရွက်စေသော စိတ်ဝိဉာဉ် အတူပါရှိသော မျိုးရိုးဗီဇ) မှ (အသက်ဝိဉာဉ်ရှိစေလျက် အဦးဆုံး လူသားဖြစ်သော အာဒမ်ကို) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်း (မျိုးရိုးဗီဇ) မှပင် (မမျိုးရိုးဗီဇပါဝင်သည့် အာဒမ်၏ကြင်ယာတော်ကို) ယင်း၏အဖော်အဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ယင်း (ဖိုမမျိုးရိုးဗီဇ) နှစ်မျိုးမှ အမျိုးသားနှင့်အမျိုးသမီးပေါင်းများစွာတို့ကို မျိုးပွားစေတော်မူ၏။ ယင်း (မျိုးရိုးဗီဇ) နှင့်အတူ (ပြောင်းလဲလာသော အသားအရောင်အမျိုးမျိုး၊ လူမျိုးအဖုံဖုံပေါ်အခြေခံ၍) အချင်းချင်းအပြန်အလှန် စောဒကတက်ပြီး မေးခွန်းထုတ် နေကြသူတို့သည်လည်းကောင်း၊ တူညီသောသားအိမ်ဝမ်းကြာသိုက် (နှင့်ဆက်စပ်သော) သွေးသားဆွေမျိုးရင်းချာတို့သည်လည်းကောင်း (အခွင့်အရေးချိုးနှိမ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်မတရားပြုမူဆက်ဆံခြင်းတို့မှ ရှောင် ကြဉ်နိုင်ရန်အတွက်) အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိ စိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ်တွင် (အရှင့် အမိန့်ပညတ်ချက်များချမှတ်ပေးအပ်တော်မူလျက်) အစဉ်ဂရုတစိုက် စောင့်ကြည့်နေတော်မူ၏။

[2] မိဘမဲ့တို့အတွက် (သူတို့၏မိဘများထားရစ်သော) ဥစ္စာဓန၊ အခွင့်အရေးနှင့်ပိုင်ဆိုင်မှုများကို (သူတို့အ ရွယ်ရောက်သည့်အချိန်တွင်) အပြည့်အဝ ပြန်လည်ပေးအပ်ကြလော့။ ကောင်းမွန်ပြီး အကျိုးရှိသောအရာများကို ညံ့ဖျင်း၍ အသုံးမဝင်သည့်အရာများဖြင့် လှဲလှယ်ပြောင်းလဲစေခြင်း မပြုကြလေနှင့်။ သူတို့၏ဥစ္စာဓန၊ အခွင့်အရေး နှင့်ပိုင်ဆိုင်မှုများကို သင်တို့၏ဥစ္စာဓန၊ အခွင့်အရေးနှင့်ပိုင်ဆိုင်မှုများထဲသို့ (ရော ယောင်ရောနှောစေလျက်) မတရားမစားသုံး၊ မနှိပ်ကွပ်ကြလေနှင့်။ ထိုသို့လုပ်ခြင်းသည် အမှန်ပင် အလွန့်အလွန် ကြီးလေးသော ရာဇဝတ်မှုကြီး ဖြစ်၏။

[3] အကယ်၍ သင်တို့သည် မိဘမဲ့ကလေးများ (၏အခွင့်အရေးများ) နှင့်စပ်လျဉ်း၍ (လည်းကောင်း၊ အမျိုးသမီးဦးရေ သာလွန်ပိုလွန့်၍သော်လည်းကောင်း) တရားမျှတမှု၏ဟန်ချက်အား ညှိပေးနိုင်မည် မဟုတ်ဟု စိုးရိမ်ကြောင့်ကြလျှင် (မုဆိုးမများနှင့်ခိုကိုးရာမဲ့ပြီး ဘဝဖော်ရှာရခက်သော) အမျိုးသမီးများအနက်မှ သင်တို့ (၏အခြေအနေပေါ်မူတည်၍ မျှတစွာ လုပ်ပေးနိုင်ရန်) အတွက် သင့်တော်လိုက်ဖက်သည်ဟု ထင်ရသောသူများကို နှစ်ဦးဖြစ်စေ၊ သုံးဉီးဖြစ်စေ၊ လေးဦးဖြစ်စေ (အမြတ်ထုတ်လိုသော ဆန္ဒဖြင့်မဟုတ်ဘဲ တရားမျှတမှုခိုင်မြဲစေရန်သာ ရည်ရွယ်လျက် တရားဝင်ဘဝဖော်အဖြစ်) ထိမ်းမြားကြလော့။ အကယ်၍ (ထိုသို့ထိမ်းမြားခြင်းသည် သူတို့၏အခွင့်အရေးနှင့်ဘဝလုံခြုံမှုဆိုင်ရာ) တရားမျှတမှုကို အကောင်အတည် ဖော်ရာရောက်လိမ့်မည် မဟုတ်"" ဟု စိုးရိမ် ကြောင့်ကြကြလျှင် တစ်မယားစနစ် သို့မဟုတ် သင်တို့၏ (ကောင်းမှုကုသိုလ်ကို ကိုယ်စားပြုသော) ယာ လက်ဝယ်၌ (အစ္စလာမ်မတိုင်မီ) ပိုင်ဆိုင်ထားခဲ့ကြသည် (ကို ယခင်ယဉ်ကျေးမှုဓလေ့တုံးစံနှင့်အညီ ဆက်လက်) ကျင့်သုံးနိုင်ကြ၏။

[4] (ထိမ်းမြားလိုသော) အမျိုးသမီးများအား လက်ဆောင်တစ်ခုအဖြစ် (အနှောင်အဖွဲ့ကင်းပြီး တုံ့ပြန်မှုနှင့်မျှော် လင့်ချက်ကင်းသော (လိုလိုလားလားနှင့်ဖြူစင်စွာ ပေးရသော) မဟရ်ခေါ် မင်္ဂလာပစ္စည်း (ရွှေ) ကို ပေးကြလော့။ အကယ်၍ သူမတို့က ယင်းလက်ဆောင်ပစ္စည်းမှ တစ်စုံတစ်ခုကို သင်တို့အတွက် သူမတို့၏လွတ်လပ်သော စိတ်ဆန္ဒအလျှောက် ကင်းလွတ်ခွင့်ပေးကြလျှင် သူတို့ကြည်ဖြူစွာပေးသည့်အရာကို ဝမ်းပန်းတသာ ကြိုဆို လက်ခံလျက် ကျေကျေနပ်နပ် စားသုံးနိုင်၏။

[5] ထို့ပြင် အလ္လာဟ်အရှင်မြတ်က သင်တို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ရင်နှီးမြှုပ်နှံလျက် စီမံခန့် ခွဲခွင့်ပြုစေတော်မူသော (ဓနဥစ္စာစွမ်းရည်နည်းပညာများနှင့်လက်နက်ကိရိယာဆိုင်ရာ) ပိုင်ဆိုင်မှုများအား (အမှန်တရားကို အာခံဆန့်ကျင်သော လူမိုက်များနှင့်) နုံအသူတို့ထံ မလွှဲအပ်ကြလေနှင့်။ သို့သော် သူတို့အတွက် (အစားအသောက်နှင့်ဆေးဝါးစသော) ရိက္ခာများကို စီမံထောက်ပံ့ရာတွင်လည်းကောင်း၊ အဝတ်အစား၊ အသုံးအဆောင် (နှင့်လူမှုရေးကိစ္စ) များတွင်လည်းကောင်း ယင်း (ပိုင်ဆိုင်မှုများ) ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်၏။ ထို့ပြင် သူတို့အား (ပိုမို၍ မှောင်မိုက်စေသည့် (သို့) ပိုမို၍ နုံအစေသည့် အပြောအဆိုများကို ရှောင်ကြဉ်၍) နားလည်အောင် ရှင်းပြလျက် အကြံကောင်းများဖြစ်သည့်) မျှတကောင်းမွန်ပြီး သိမ်မွေ့သော အပြောအဆိုများကို ပြောကြလော့။

[6] မိဘမဲ့ကလေးများကို (သူတို့ကိုယ်စီ စီမံခန့်ခွဲနိုင်စွမ်းရှိပြီး) အိမ်ထောင်ပြုခွင့်ပေးနိုင်သည့် အရွယ်ရောက်သည်အထိ ပျိုးထောင်ပေး၍ (သူတို့၏အရည်အချင်းကို) စမ်းသပ်စီစစ်ကြလော့။ အကယ်၍ သူတို့၌ (သိနားလည်နိုင်စွမ်း၊ ရင့်ကျက်မှုနှင့်လိမ္မာပါးနပ်မှုရှိပြီး) ဖြောင့်မတ်မှန်ကန်သော ဆုံးဖြတ်ချက်အား (သူတို့ကိုယ်တိုင်) ဆုံးဖြတ်နိုင်စွမ်းရှိလာသည့်အခါ သူတို့၏ပိုင်ဆိုင်မှုများ (နှင့်တာဝန်များ) ကို သူတို့ထံ လွှဲပြောင်းပေးအပ်၍ ထိန်းသိမ်းဆောင်ရွက်စေလော့။ (မိဘမဲ့ကလေးများ၏သိနားလည်နိုင်စွမ်းရှိသော) အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ (သူတို့၏ပိုင်ဆိုင်မှုများနှင့်တာဝန်များကို သူတို့ထံ လွှဲအပ်ရမည်ကို စိုးရိမ်ကြောင့်ကြ၍) ယင်းတို့ကို နည်းမျိုး စုံဖြင့် အလောတကြီး အမြန်အဆန် ဖြုန်းတီးပျောက်ပျက်စေခြင်းဖြင့် မစားသုံးကြလေနှင့်။ (မိဘမဲ့ကလေးများ၏ပိုင်ဆိုင်မှုများနှင့်ယင်းတို့ကို စီမံခန့်ခွဲရန် တာဝန်ယူထားသူ) မည်သူမဆို ကြွယ်ဝပြည့်စုံသူဖြစ်လျှင် (ထိုသို့ ဖြုန်းတီးပျောက်ပျက်စေခြင်း) လုံးဝ ရှောင်ကြဉ်သင့်သည်။ မည်သူမဆို ချို့တဲ့ဆင်းရဲ၍ မရှိမဖြစ်သော လိုအပ်ချက်ကြောင့် သုံးစွဲလိုလျှင် (ပြန်လည်ပေးဆပ်မည်ကို နှလုံးသွင်းလျက်) သင့်တော်မျှတစွာ စားသုံးနိုင်၏။ (သူတို့ ၏ပိုင်ဆိုင်မှုများနှင့်တာဝန်များကို) သူတို့ထံ လွှဲပြောင်းပေးအပ်စဉ် သူတို့အပေါ် (စောင့်ကြည့်နိုင်မည့်) သက်သေများ၊ စာချုပ်မှတ်တမ်းများ (နှင့်တာဝန်ခံများ) ထားပေးကြလော့။ လူသားတို့အား တွက်ချက်တိုင်းထွာ၍ စုံစမ်းစစ်ဆေးမှုဆိုင်ရာစွမ်းရည်များ ချီးမြှင့်တော်မူထားသော အလ္လာဟ်အရှင်မြတ်နှင့်အတူ (လူသားတို့၏ပြုမူဆောင် ရွက်သမျှ၏မှတ်တမ်းများရှိနေ၍) အရှင်မြတ်တစ်ဆူတည်းသာ စစ်ဆေးဆုံးဖြတ်ပေးရန် လုံလောက်တော်မူပါ၏။

[7] အမျိုးသားများအတွက် သူတို့၏မိဘများနှင့်ဆွေမျိုးအရင်းအချာများထံမှလည်းကောင်း၊ အမျိုးသမီးများ အတွက် သူမတို့၏မိဘများနှင့်ဆွေမျိုးအရင်းအချာများထံမှလည်းကောင်း၊ ထားခဲ့သမျှ (အမွေဆိုင်များပစ္စည်း) အနည်းအများအနက်မှလည်းကောင်း၊ ဝေစုတစ်ခုစီရှိစေရန် (သူတို့၏) ရပိုင်ခွင့်တစ်ရပ်ကို မဖြစ်မနေ ပြုလုပ်ရမည့်တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြဌာန်းခဲ့ပြီ။

[8] အမွေခွဲချိန်တွင် ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များနှင့်ဆင်းရဲနွမ်းပါးသူများ ရောက်လာခဲ့သော် ယင်း (အမွေ ဆိုင်ပစ္စည်းများ) မှပင် သူတို့ကို ကျွေးမွေးပြီး သူတို့အား (တရားတော်နှင့်အညီ) ကောင်းမြတ်သော အပြောအဆိုဖြင့် ဆက်ဆံပြောဆိုကြလော့။

[9] မိဘမဲ့ကလေးများနှင့်စပ်လျဉ်း၍ ပြုမူဆက်ဆံ ဆုံးဖြတ်ဆောင်ရွက်ကြသူတို့အနေဖြင့် သူတို့၏အားနွဲ့သော ရင်သွေးငယ်များကို သူတို့၏နောက်ကွယ်တွင် ချန်ထားလျက် ဘဝကူပြောင်းသွားရမည်ကို စိုးရိမ်ကြောင့်ကြရသကဲ့သို့ ထိုမိဘမဲ့များနှင့်ပတ်သက်၍လည်း သူအပေါ်တာဝန်ရှိကြောင်းခံစားပြီး စိုးရိမ်ကြောင့်ကြသင့်သည်။ သို့ဖြစ် ၍ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျက် သင့်တော်မျှတသော ပြောဆိုဆက်ဆံမှုဖြင့် မှန်ကန်စွာ ဆုံးဖြတ်ကြလော့။

[10] မုချဧကန်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မမှန်သောနည်းများသုံးလျှက် မိဘမဲ့ကလေးများ၏ဥစ္စာပစ္စည်းများနှင့်ပိုင်ဆိုင်မှုများကို မတရားသဖြင့် စားသုံးကြသူတို့သည် သူတို့၏ဝမ်းဗိုက်တွင်းသို့ (ငရဲ) မီးကိုသာလျှင် စားမျိုခြင်းဖြစ်ပြီး မကြာမီ မီးရှိန်ပြင်းပြင်းဖြင့် တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံထဲ၌ ကင်စေခြင်းခံရလိမ့်မည်။

[11] အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အမွေခွဲဝေခြင်းကိစ္စနှင့်ပတ်သက်၍ အမိန့်ပေးညွှန်ကြားလျက် သွန်သင်တော်မူလိုသည်မှာ သင်တို့၏သားသမီးများတွင် သားယောကျာ်းလေးအတွက် သမီးမိန်းကလေးနှစ်ယောက်၏ဝေစုဝေပုံနှင့်ထပ်တူထပ်မျှလည်းကောင်း၊ (သားမရှိဘဲ) သမီးမိန်းကလေး နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် (အမွေဆိုင်အဖြစ်) ထားရှိခဲ့သော ပိုင်ဆိုင်မှုများ၏သုံးပုံနှစ်ပုံကိုလည်းကောင်း၊ သမီးမိန်းကလေးတစ်ဦးတည်းသာရှိလျှင် အမွေဆိုင်ပစ္စည်းများ၏ထက်ဝက်ကိုလည်းကောင်း၊ (အမွေထားခဲ့သူ) ၌ သားသမီးတစ်ဦးတည်းသာရှိလျှင် သူ့မိဘနှစ်ပါးအတွက် ခြောက်ပုံတပုံစီကိုလည်းကောင်း၊ အကယ်၍ ထို (အမွေထားခဲ့) သူ၌ သားသမီး တစ်ဦးတစ်ယောက်မျှပင်မရှိလျှင် သူ့မိဘသာလျှင် အမွေဆက်ခံသူဖြစ်လာ၍ သူ့မိခင်အတွက် သုံးပုံတစ်ပုံကိုလည်းကောင်း၊ (အကယ်၍) ယင်း (အမွေထားခဲ့သူ) ၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမများလည်းရှိ ကြလျှင် သူ့မိခင်အတွက် ခြောက်ပုံတစ်ပုံကိုလည်းကောင်း၊ အမွေခွဲဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ သူ့မှာကြားချက် သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်စရာ ကိစ္စများကို ဆောင်ရွက်ပြီးနောက်၊ သို့တည်းမဟုတ် (ကွယ်လွန်သူမှ ပေးဆပ်ရန်ရှိသော) ကြွေးမြီများကို ပေးဆပ်ပြီးမှသာလျှင် ခွဲဝေကြရမည် ဖြစ်သည်။ (စင်စစ်မူကား) သင်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီဘင်များနှင့်သင်တို့၏သား (မြေး၊ မြစ်) များအနက်မှ မည်သူသည် (အမွေ ဆိုင်ပစ္စည်းများ၏) အကျိုးကျေးဇူးကို အရထိုက်ဆုံးဖြစ်ကြောင်း၊ သင်တို့နှင့်သွေးတော်စပ်မှုအရ အနီးစပ်ဆုံး ဖြစ်ကြောင်းကို အသင်တို့ မသိနားမလည်နိုင်ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (အကောင်းဆုံး ဖြစ်အောင် ညွှန်ကြားတော်မူလျက်) မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်အဖြစ် ပြဋ္ဌာန်းတော်မူခဲ့ပြီ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အား ထိုသို့ စနစ်တကျနှင့်သဟဇတဖြစ်အောင် ချင့်ချိန်၍ စီရင်ဆုံးဖြတ်ပေးတော်မူရန် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[12] သူမတို့၌ သားသမီးမရှိလျှင် သင်တို့၏ဘဝကြင်ဖော်များထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ သူမတို့ ၏မှာကြားချက် သို့မဟုတ် သေတမ်းစာအရ လုပ်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာအကြွေးများကို ပေးဆပ်ပြီးနောက် ကျန်ရှိသောအမွေဆိုင်ပစ္စည်းများမှ သင်တို့အတွက် လေးပုံတစ်ပုံ၊ သင်တို့မှာ သားသမီးမရှိလျှင် သင်တို့ထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ (သင်တို့၏ဘဝဖော်များဖြစ်ကြသော) သူမတို့အတွက် လေးပုံတစ်ပုံ၊ အကယ်၍ သင်တို့မှာ သားသမီးရှိလျှင် သင်တို့၏မှာကြားချက် သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာအကြွေးများကို ပေးချေပြီးနောက် သင်တို့ထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ သူမတို့အတွက် ရှစ်ပုံတစ်ပုံ၊ အကယ်၍ အမျိုးသား တစ်ဦး သို့မဟုတ် အမျိုသမီးတစ်၌ အမွေဆက်ခံနိုင်သော (မိဘ၊ သားသမီးစသော) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှပင် မရှိဘဲ ညီအစ်ကိုမောင်နှမ နှစ်ယောက်သာရှိလျှင် သူတို့တစ်ဦးစီအတွက် ခြောက်ပုံတစ်ပုံစီ၊ အကယ်၍ ညီအစ်ကိုမောင်နှမ နှစ်ဦးထက်ပိုပါက မှာကြားချက် သို့မဟုတ် သေတမ်းစာအရဆောင်ရွက်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာ အကြွေးများကို ပေးချေပြီးနောက် မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ဘဲ ကျန်ရှိသော အမွေဆိုင်ပစ္စည်းများ၏သုံးပုံကို သူတို့အားလုံး အညီအမျှ ခွဲဝေကြရန် အလ္လာဟ်အရှင် မြတ်ထံတော်မှ အရှင့်စည်းမျဉ်းတော်ဆိုင်ရာ အမိန့်ညွှန်ကြားချက်အဖြစ် ပြဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ လူသားတို့အား အခွင့်အလမ်းပေးရန်လမ်းညွှန်တော်မူပြီး အားလုံးအပေါ် စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[13] ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် (သတ်မှတ်ပြဋ္ဌာန်းတော်မူသော) စည်းမျဉ်းဥပဒေဘောင်များပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား နာခံလိုက်နာကြလျှင် သူသည် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များသို့ ဝင်ခွင့်ရ၍ ယင်း (ဥယျာဉ်များ) ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ခွင့်ရလျက် စံမြန်းကြလိမ့်မည်။ အမှန်စင်စစ်၊ ဤ (သို့ ဝင်ခွင့်ရ၍ စံမြန်းရခြင်း) သည်ကား ကြီးကျယ်လှစွာသော အောင်မြင်မှုပင်တည်း။

[14] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်၍ အရှင့်စည်းမျဉ်းဥပဒေဘောင်များအား ကျူးလွန်ဖောက်ဖျက်လျှင် ထိုသူအား (ငရဲ) မီးထဲသို့ ဝင်စေတော်မူပြီး ယင်း (ငရဲ) မီး ထဲ၌ပင် ကာလအကန့်သတ်မဲ့ ခံစားရလိမ့်မည်။ ထို့ပြင် ထိုသူအတွက် ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်ကိုလည်း ပြင်ဆင်ထားခဲ့ပြီဖြစ်၏။

[15] သင်တို့၏အမျိုးသမီးတို့အနက်မှ စည်းမစောင့်ဘဲ ကာမကျူးလွန် (လျက် လူ့ဘောင်အသိုင်းအဝိုင်း၌ အကျင့်ပျက်မှုပြန့်ပွားစေသည့် မဖွယ်မရာမှုနှင့်မကောင်းမှုကျူးလွန်) သူတို့နှင့်ပတ်သက်၍ (လူ့ဘောင်အား မကောင်းမှုဘက်သို့ ယိမ်းယိုင်စေခြင်းမှ ကာကွယ်သည့်အနေဖြင့်) သူတို့တစ်ဦးချင်စီအတွက် (ထိုသို့သော မကောင်းမှုလုပ်ခြင်း ရှိ၊ မရှိ အသေအချာစုံစမ်းစစ်ဆေး၍) သင်တို့အနက်မှ မျက်မြင်သက်သေ လေးဦးစီဖြင့် သက်သေခံ စေလော့။ အကယ်၍ ထိုသို့သက်သေခံကြလျှင် သူမတို့အား သေခြင်းတရားချဉ်းကပ်၍ ကွယ်လွန်ချိန်ရောက်သည်အထိ သူမတို့၏အိမ်များတွင် နေအိမ်အခြေချုပ်ဖြင့်ထားကြလော့။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က နည်းလမ်းတစ်ခုခု ဖြစ်ပေါ်စေသည့်အချိန်အထိ ထိန်းချုပ်ထားလော့။

[16] (လူ့ဘောင်အသိုင်းအဝန်းအား မကောင်းမှုဒုစရိုက်များ ပျံ့နှံနေခြင်းမှ ကာကွယ်နိုင်ရန်) ဦးစွာပထမ (အဆိုပါ မကောင်းမှုကျူးလွန်သည့်) အမျိုးသမီးများအနက်မှ နှစ်ဦးကို ပြစ်ဒဏ်ပေးကြလော့။ အကယ်၍ ထိုနှစ်ဦးက အမြင်မှန်ရလျက် ကောင်းမှုဘက်သို့ ပြန်လှည့်ပြီး ကတိကဝတ်များဖြင့် ပြုပြင်ကြလျှင် သူမတို့၏ပြစ်ဒဏ်များကို ရုပ်သိမ်းပေးကြလော့။

[17] မကောင်းမှုဖြစ်ကြောင်း မသိနားမလည်ခဲ့စဉ် ကျူးလွန်မိ၍ (ကိုယ့်ဘဝနှင့်ပတ်ဝန်းကျင်ကိုပါပျက်စီးစေ သော) မကောင်းမှုဖြစ်ကြောင်း သိနားလည်လာသည့်အခါ နောင်တကြီးစွာရလျက် ကောင်းမှုဘက်သို့ လှည့်ပြန်ပြီး ကောင်းမှုပြုလုပ်ရန် နီးစပ်နေသူတို့အနက်မှ ဖြစ်ကြသောသူတို့သည် ဖြူစင်သည့်နောင်တဖြင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ပြန်ကြသူများ ဖြစ်သောကြောင့် သူတို့၏နောင်တဖြင့် ပြန်လှည့်၍ အသနားခံခြင်းကို (အရှင်မြတ်ကိုယ်တိုင်) သဘောတူလက်ခံတော်မူရန် အလ္လာဟ်အရှင်မြတ်အပေါ်၌ တာဝန်အဖြစ် သတ်မှတ် တော်မူ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏လှုပ်ရှားမှု အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ရှိသမျှတရားသူကြီးအားလုံးကို တွေးတောဆင်ခြင်စေလျက် စီရင်ဆုံးဖြတ်နိုင်စွမ်းပေးတော်သော အရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[18] မကောင်းမှုဒုစရိုက်များ ဖြစ်သည်ကို သိပါလျက် ရည်ရွယ်ချက်ရှိရှိ ဆက်လုပ်၍ သေခြင်းတရား ရောက်လာမည့် သေအံ့ဆဲဆဲတွင် “ယခုအခါ ကျွန်ုပ်နောင်တဖြင့် အမြင်မှန်ရပြီးဖြစ်၍ ကောင်းမှုဘက်သို့ လှည့်ပါရစေ။” ဟုပြောဆိုသူတစ်ဦး၏နောင်တဖြင့်ဝန်ချတောင်းပန်မှုသည် စစ်မှန်သော ဝန်ချတောင်းပန်မှု မမည်ပေ။ (ထိုသို့သော) သူတို့သည် အမှန်တရားကို ဖီဆန်ငြင်းပယ်လျှက်နှင့်ပင် ဘဝကူးပြောင်း တတ်ကြသည့်အတွက် ငါအရှင် မြတ်သည် ထိုသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ဖြစ်ရာ စူးနစ်သော ပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားတော်မူ၏။

[19] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အမျိုးသမီးတို့အား (အမြတ်ထုတ်ရန်အလို့ငှာ) အဓမ္မနည်းဖြင့် အမွေအဖြစ် သိမ်းပိုက်ခြင်းကို တရားတော်က အလျှင်း ခွင့်ပြုတော်မူမည် မဟုတ်ပေ။ သူမတို့သည် မကောင်းမှုနှင့်မဖွယ်မရာမှုတို့ကို ပြောင်ပြောင်တင်းတင်း မကျူးလွန်သရွေး သူမတို့အား ပေးထားပြီဖြစ်သော လက်ဆောင်ပစ္စည်းများနှင့်အခွင့်အရေးများအနက်မှ အချို့ကို ပြန်လည်၍ ရယူရုပ်သိမ်းရန်အလို့ငှာ သူမတို့အား မချုပ်ချယ်ကြလေနှင့်။ ထို့ပြင် သူမတို့အား တရားတော်နှင့်အညီ တင်းပြည့်ကျပ်ပြည့် မျှမျှတတ ဆက်ဆံပေါင်းသင်းကြလော့။ နှစ်ဦးသဘောတူထိမ်းမြားပြီးမှ (အချိန်အခါနှင့်အခြေအနေအရ) အကယ်၍ သူမတို့အား မကြိုက်နှစ်သက်သည့် စိတ်ဆန္ဒပေါ်လာလျှင် (နှလုံးသွင်းသင့်သည် မှာ) သင်တို့မနှစ်သက်သည့် အရာတစ်ခု တစ်ခုထဲ၌ပင် အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် အကောင်းဆုံးဖြစ်မည့်အရာပေါင်း မြောက်မြားစွာကို ဖြစ်ပေါ်ဖြစ်တည်စေတော်မူနိုင်၏။

[20] အကယ်၍ သင်တို့သည် သင်တို့တရားဝင်ထိမ်းမြားထားသည့်ဘဝဖော်တစ်ဦး၏နေရာတွင် အခြားဘဝ ဖော်တစ်ဦးဖြင့် အစားတိုးရန် ရည်ရွယ်လျှင် ပထမဘဝဖော်အား ပေးခဲ့ပြီးဖြစ်သော လက်ဆောင်ပစ္စည်းများမှာ ရွှေပုံကြီးပမာ တန်ဖိုးရှိသည့် အရာများဖြစ်သော်ငြားလည်း ယင်းတို့အနက်မှ မည်သည့် တစ်စုတစ်ခုကိုမျှ ပြန် လည်၍ မရယူကြလေနှင့်။ (ပုတ်ခတ်စွပ်စွဲဖွယ်ရာ မတရားသော) ပြောင်ပြောင်တင်းတင်း ပြစ်မှုကျူးလွန်ရာ ရောက်သည့်ရယူမှုမျိုးကို သင်တို့ပြုလုပ်ကြမည်လော။

[21] သင်တို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သဘောတူလက်ခံလျှက် ပြတ်သားခိုင်မာသော မင်္ဂလာကတိပဋိညာဉ်ဖြင့် အနှောင်ဖွဲ့ခြင်း အတည်ဖြစ်ခဲ့ပြီးမှ သူမတို့သာ ပိုင်ဆိုင်သည့်အရာကို မည်သို့ မတရားရယူလို ကြမည်နည်း။

[22] ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်းမခံရမီ လုပ်ခဲ့မိခြင်းမှအပ (ယခုအခါ) သင်တို့၏ဖခင်များ ဖြစ်ကြသော (အဖ၊ ဘိုး၊ ဘေး) တို့က ထိမ်းမြားခဲ့ပြီးသော အမျိုးသမီးများကို သင်တို့ ထိမ်းမြားခြင်း မပြုကြလေနှင့်။ ထိုသို့ပြုခြင်းသည် အမှန်ပင် အကျင့်ပျက်ဖောက်ဖြန်မှုနှင့်စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့် မကောင်းမှု ဖြစ်ရုံသာမက အလွန်ဆိုးရွားလှသော အကုသိုလ်လမ်းစဉ်ပင် ဖြစ်၏။

[23] ငါအရှင်မြတ်က သင်တို့အပေါ် ထိမ်းမြားလက်ထပ်ခွင့်တားမြစ်ခံထားရသော (အမျိုးသမီးများနှင့်အခြေအနေတို့မှာ) သင်တို့၏မိခင်များ၊ သင်တို့၏သမီးများ၊ သင်တို့၏အစ်မများနှင့်ညီမများ၊ သင်တို့၏အရီးကြီးနှင့် အရီးလေးများ၊ သင်တို့၏အမိကြီးနှင့်အမိထွေးများ၊ ညီအစ်ကိုတို့၏သမီးများ၊ သင်တို့အား နို့ချိုရည်တိုက်ကျွေးခဲ့ဖူးသော နို့ထိန်းသည် မိခင်များ၊ အစ်မနှင့်ညီမတို့၏သမီးများ၊ နို့စို့ဘက်အစ်မနှင့်ညီမများ၊ သင်တို့ဘဝဖော်များ ၏မိခင်များ၊ ဖခင်တို့ပေါင်းသင်းဆက်ဆံခဲ့ဖူးသော အမျိုးသမီးများနှင့်သူမတို့၏သမီးများ၊ သင်တို့၏သားများက ပေါင်းသင်းဆက်ဆံခဲ့ဖူးသောအမျိုးသမီးများ၊ ကျမ်းတော်မြတ်ကုရ်ချမှတ်ပေးအပ်ခြင်းမခံရမီ လုပ်ခဲ့မိခြင်းမှအပ အစ်မနှင့်ညီမတို့အား တစ်ပြိုင်တည်း ထိမ်းမြားခြင်းတို့ပင် ဖြစ်ကြ၏။ အကယ်၍ ဖခင်တို့ပေါင်းသင်းဆက်ဆံခဲ့ခြင်းမရှိသော အမျိုးသမီးများဆိုလျှင် အကြောင်းမဟုတ်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီးဖြစ်သော်လည်း ကျမ်းတော်မြတ်ကုရ်အာန်ချ မှတ်ပေးအပ်ခြင်းမခံရမီ လုပ်ခဲ့မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[24] ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သင်တို့၏လက်ဝယ်၌ ဩဇာခံအဖြစ် ရှိခဲ့ပြီး ပေါင်းသင်းခဲ့ဖူးခြင်းမှအပ အမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခံထားရသော (အိမ်ထောင်ကျသည့်) အမျိုးသမီးများအား မထိမ်းမြားရန်လည်း ငါအရှင်မြတ်က သင်တို့အပေါ် (တားမြစ် အမိန့်တော်အဖြစ်) အတည်ပြု ပြဌာန်းတော်မူပြီ။ သင်တို့အပေါ် ထိမ်းမြားခွင့်တားမြစ်ထားသည့် ထို (ဖော်ပြပါ) အမျိုးသမီးများမှလွဲ၍ ကျန်အမျိုးသမီးများအား အပျော်သဘောဖြင့် အမြတ်ထုတ်လိုသော ရည်ရွယ်ချက်မပါဘဲ ဘဝဖော်အဖြစ် ထိမ်းမြားလျက် သင်တို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများဖြင့် သူမတို့ကို ထိမ်းသိမ်းစောင့်ရှောက်ရန် ဆန္ဒပြုလျှင် သင်တို့အား ငါအရှင်မြတ်က တရားဝင်ခွင့်ပြုတော်မူပြီ။ သို့ဖြစ်၍ ယင်း (အခွင့်အရေး) အား သင်တို့ အကျိုးရှိရှိ အသုံးချနိုင်ရန်အလို့ငှာ သူမတို့အား (သင်တို့၏ဘဝဖော်များ ဖြစ်လာခြင်းကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်) သူမတို့အတွက်ဆုလဒ်ဖြစ်မည့် မင်္ဂလာလက်ဆောင်များပေးကြရန်လည်း တာဝန်တစ်ရပ်အဖြစ် ပြဌာန်းတော်မူခဲ့ပြီ။ တာဝန်ရှိသည့် မင်္ဂလာလက်ဆောင်ကို ပေးအပ်ခဲ့ပြီးနောက် သူမတို့၏လွတ်လပ်သောစိတ် ဆန္ဒအရ ယင်း (လက်ဆောင်များ) မှ သုံးစွဲခွင့်ပြုလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ် အရှင်မြတ်သည် လူသားတို့၏စိတ်နှလုံးထဲ၌ သိုဝှက်ထားခဲ့သမျှကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူသား တို့၏အရေးကိစ္စများအတွက် အမိန့်စီရင်ချက်များချမှတ်ပေးတော်မူ၍ အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူ၏။

[25] သင်တို့အနက်မှ မည်သူမဆို ယုံကြည်သူအမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိန်းသိမ်းစောင့် ရှောက်ခံလိုသူတစ်ဦးအား ထိမ်းမြားရန် အကုန်အကျ မတတ်စွမ်းနိုင်ပါက သင်တို့၏လက်ဝယ်၌ ဩဇာခံ၊ (အစေခံနှင့်ကျွန်မတို့) အဖြစ်ရှိနေကြသော သင်တို့၏ယုံကြည်သူ မိန်းကလေးပျိုများကို ထိမ်းမြားနိုင်၏။ သင်တို့ ၏ယုံကြည်မှုကြောင့် သင်တို့သည် အချို့ကို အချို့မှ (လူလူချင်း ခွဲခြားဆက်ဆံနိုင်မည် မဟုတ်ကြောင်းကို အလ္လာဟ်အရှင်မြတ် အသိတော်ဆုံး ဖြစ်တော်မူသည့်အတွက် (ဩဇာခံ၊ အစေခံနှင့်ကျွန်မများကို မယုံကြည်သူ တို့က အဆင့်အတန်းနိမ့်ကျသူများအဖြစ် မှတ်ယူနေသော်ငြားလည်း) သူမတို့၏မိ သားစုဝင်များ (သို့မဟုတ်၊ ပိုင်ရှင်များ) ၏ခွင့်ပြုချက်ဖြင့် သူမတို့အား ထိမ်းမြားကြလော့။ ထို့ပြင် အပျော်သဘောဖြင့် အမြတ်ထုတ်လိုသော ရည်ရွယ်ချက်မပါဘဲ တရားတော်နှင့်အညီ ထိမ်းမြား၍ သူမတို့အား ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ လက်ထပ်ထိမ်းမြားလျက် (သူမတို့အား သင်တို့ကဲ့သို့ပင် လူသားများဖြစ်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့်) မင်္ဂလာလက်ဆောင်များ ပေးအပ်ကြလော့။ သူမတို့က ထိုသို့ တရားဝင်ထိမ်းမြား၍ ထိန်းသိမ်းစောင့်ရှောက်ခံသူများအဖြစ် နေထိုင်ကြစဉ် (အကယ်၍ ယခင်က ဩဇာခံဖြစ်ခဲ့ခြင်းနှင့်ခိုကိုးရာမဲ့ဖြစ်ခဲ့ခြင်းကြောင့် အကျပ်ကိုင်လျက်) သူမတို့အား တိတ်တိတ်ပုန်း အမြတ်ထုတ်ခြင်းခံရနိုင်သူများဟု မမှတ်ယူကြလေနှင့်။ အကယ်၍ (သူမတို့၏အတိတ်ကာလ အခြေအနေကြောင့် သူမတို့၌ အကျင့်ဆိုးများ အလေ့အထသဖွယ်ပါလာ၍ သင်တို့ အား) မဖွယ်မရာဆက်ဆံကြလျှင် (ဩဇာခံ၊ အနှိမ်ခံမဖြစ်ခဲ့ဖူးသော) ထိန်းသိမ်းစောင့်ရှောက်ခံထားရသည့် အမျိုး သမီးများအပေါ် (ထိုကဲ့သို့သော ပြစ်မှုအတွက်) ကျခံရဖွယ်ရှိသည့် ပြစ်ဒဏ်၏ထက်ဝက်ကို လျှော့၍ အရေးယူကြလော့။ ယင်း (အမိန့်တော်) သည် (သူမတို့၏မဖွယ်မရာမှု လွန်ကဲလာပြီး သူတို့အား) စိတ်သောက ရောက်စေမည်"" ဟု စိုးရိမ်ကြောင့်ကြနေသူ (မည်သူမဆို) အတွက်သာ ဖြစ်၏။ သို့သော် အကယ်၍ သင်တို့က (သူမတို့ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ကို စိတ်ရှည်ရှည်ဖြင့်) သည်းခံပေးကြလျှင် သင်တို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[26] အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာဖြင့် ရှင်းလင်းချက်အဖြစ် တင်ပြစေရန် ရည်ရွယ်တော်မူပြီး ထိုသူတို့သည် သင်တို့ (အစ္စလာမ်လက်ခံခြင်း) မတိုင်မီ ရှိခဲ့သည့် လမ်းစဉ်များမှ သင်တို့ (က အစ္စလာမ့်လမ်းစဉ်တော်) ဘက်သို့ နောင်တရ၍ လှည့်နိုင်ကြရန် (အရှင့်ကရုဏာတော်ဖြင့်) သင်တို့ကို လမ်းညွှန်တော်မူနေခြင်း ဖြစ်၏။ ဧကန်ပင်၊ အရှင်မြတ်သည်သာလျှင် (လူ့ဘဝ၌ လူသားတို့ကြုံတွေ့နေရသော ပြဿနာအလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (ထိုပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို ညွှန် ကြားတော်မူ၍ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။)

[27] အလ္လာဟ်အရှင်မြတ်သည် (သင်တို့အား လမ်းညွှန်တော်နှင့်အတူ ထင်ရှားသော ရှင်းလင်းချက်များကိုပါ တင်ပြစေတော်မူခြင်းသည်) အရှင့်ကရုဏာတော်ဖြင့် သင်တို့ဘက်သို့ လှည့်တော်မူရန် ရည်ရွယ်တော်မူခြင်းကြောင့်ပင် ဖြစ်၏။ သို့သော် (တဏှာအာသာဆန္ဒနောက်ကိုသာ တကောက်ကောက်လိုက်၍) အာသာဆန္ဒကို နာခံနေကြတို့သည် (သူတို့၏စိတ်နှလုံးသားများကို အမှန်တရားသစ္စာမှ) လွဲချော်တိမ်းပါးစေလျက် ကြီးမားသော လွဲချော်တိမ်းပါမှုကို ရှာဖွေနေကြသူများဖြစ်၏။

[28] လူသားအား ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၌ (အခြားသက်ရှိများကဲ့သို့ အရှင့်စည်းမျဉ်းတော်များကို တသွေမတိမ်းလိုက်နာစေရန် ကန့်သတ်မထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ချီးမြှင့်တော်မူသည့်အ တွက် လူသားတို့၏အဆုံးအဖြတ်များသည်) အားနည်းပျော့ညံ့သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့ (၏ခက်ခဲမှု ဝန်ထုပ်) ကို ပေါ့ပါးလွယ်ကူစေရန် ဆန္ဒပြုတော်မူ၏။

[29] အို၊ ယုံကြည်သူအပေါင်းတို့၊ အချင်းချင်းကြား နှစ်ဦးနှစ်ဘက် သဘောတူနှစ်သက်၍ လက်ခံနိုင်ဖွယ်ရာ ကုန်သွယ်စီးပွားနှင့်အရောင်အဝယ်လုပ်ခြင်းမှအပ သင်တို့အချင်းချင်း၏ပစ္စည်းဥစ္စာနှင့်ပိုင်ဆိုင်မှုများကို (ခိုးခြင်း၊ လိမ်လည်ခြင်း၊ အတိုး၊ ခေါင်းပုံဖြတ်မှုနှင့်အမြတ်ကြီးစားခြင်း၊ လောင်းကစားခြင်း စသည်တို့ဖြင့် လူသားဆန်မှုကို ရိုက်ချိုးရန် တရားတော်နှင့်ဆန့်ကျင်၍) မတရားသောနည်းလမ်းများဖြင့် မစားသုံးကြလေနှင့်။ ထို့ပြင် (အရှင်မြတ်က သင်တို့၏မျိုးရိုးဗီဇ၌ ထည့်ပေးတော်မူထားသော ပင်ကိုယ်စွမ်းရည်များကို အရှင့်စည်းမျဉ်းတော် နှင့်အညီမဟုတ်ဘဲ) သင်တို့၏စိတ်အလိုဆန္ဒအတိုင်း လိုက်နာစေခြင်းဖြင့် အချင်းချင်းကြား (ခိုက်ရန်ဖြစ်ပွား လျက်) တစ်ဦးကိုတစ်ဦး မနှိပ်ကွပ်၊ မသတ်ဖြတ်ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ အကျိုးအတွက် လိုက်နာစရာ စည်းမျဉ်းတော်များနှင့်အမိန့်ညွှန်ကြားချက်များကို ချမှတ်ပေးအပ်တော်မူ၍) သင်တို့နှင့်အတူရှိတော်မူလျက် အစဉ်ကရုဏာထားတော်မူသော ကရုဏာရှင် ဖြစ်တော်မူ၏။

[30] မည်သူမဆို ရန်လိုမုန်းတီးခြင်းဖြင့်ဖြစ်စေ၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်ခြင်း ဖြင့်ဖြစ်စေ၊ ထိုသို့သော မတရားမှုကို ပြုလုပ်ကြလျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူအား (ငရဲ) မီးထဲသို့ ပစ်ချတော်မူလိမ့်မည်။ (သင်တို့၏မျိုးရိုးဗီဇထဲ၌ စွမ်းရည်များ ပေးစွမ်းတော်မူသော) အလ္လာဟ်အရှင်မြတ်အတွက် (ထိုသို့အရေးယူတော်မူရန် လူသားတို့စိတ်ကူး၍ မမှန်းဆနိုင်အောင်ပင်) အလွန် လွယ်ကူသည့် ကိစ္စတစ်ရပ် ဖြစ်၏။

[31] အကယ်၍ သင်တို့သည် (စည်းမျဉ်းတော်မျာကိုး ချမှတ်ပေးအပ်၍ မပြုမူ၊ မဆောင်ရွက်ကြရန်) တားမြစ်ခြင်းခံရသည့် ကြီးလေးသော ပြစ်မှုများမှ ရှောင်ကြဉ်ကြလျှင် ငါအရှင်မြတ်သည် သင်တို့ထံမှ မတော် တဆ ချွတ်ချော်မှားယွင်းခဲ့သည့် မကောင်းမှုများကို ဖုံးကွယ်ဖယ်ရှားတော်မူပြီး သင်တို့အား မွန်မြတ်သော (အသိုင်းအဝိုင်း ထဲသို့) ဝင်ရောက်ကြသူများအဖြစ် (မှတ်တမ်းတင်တော်မူမည်။)

[32] အလ္လာဟ်အရှင်မြတ်သည် လူသားတို့အနက် အချို့ကို အချို့ထက် (အရှင့်ကျေးဇူးတော်များဖြစ်သည့် ပင်ကိုယ်စွမ်းရည်၊ ဖိုမခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်အကိုင်၊ နေထိုင်ရာဒေသအလိုက်ရရှိနိုင်သည့် အခွင့်အရေးစ သည်တို့ဖြင့်) ဂုဏ်ပေးချီးမြှင့်တော်မူထားသည့်အရာများနှင့်ပတ်သက်၍ အငမ်းမရဖြစ်လျှက် မတပ်မက်ကြ လေနှင့်။ အမျိုးသားများအတွက် သူတို့ (၏ရုပ်နာမ်ဆိုင်ရာ ရုန်းကန်ကြိုးစားမှုဖြင့်) ရှာဖွေဆည်းပူးခဲ့သမျှနှင့်အညီ ဝေစု (အကျိုးခံစားခွင့်) ရှိပြီး အမျိုးသမီးများအတွက်လည်း သူမတို့ (၏ ရုပ်နာမ်ဆိုင်ရာ ရုန်းကန်ကြိုးစားမှုဖြင့်) ရှာဖွေဆည်းပူးခဲ့သမျှနှင့်အညီ ဝေစု (အကျိုးခံစားခွင့်) ရှိ၏။ သို့ဖြစ်၍ အရှင့်ကျေးဇူးတော် (ဖြင့် ကမ္ဘာဂြိုဟ် အနှံ့တည်ရှိစေတော်မူသည့် မြေပေါ်မြေအောက်သယံဇတ၊ စွမ်းအင်၊ အရင်းအမြစ်များ) မှ (သင်တို့၏ပင်ကိုယ် စွမ်းရည်အလျောက် ရှာဖွေဖော်ထုတ်ရယူနိုင်မည့် နည်းလမ်းများအတွက်) အရှင့်ထံ တောင်းခံဆုတောင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (လူသားတို့က ခေတ်အဆက်ဆက်၌ ရှာဖွေဖော်ထုတ်ခဲ့ကြသည့် နည်းပညာအားလုံးအတွက် ဉာဏ်ရည်ဉာဏ်သွေးများပေးအပ်ခဲ့တော်မူသောအရှင်၊) အရာခပ်သိမ်းတို့ကို အကြွင်း မဲ့ သိနေတော်မူသောဉာဏ်တော်အနန္တရှင် ဖြစ်တော်မူ၏။

[33] ငါအရှင်မြတ်သည် အမွေစားအမွေခံတိုင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ဖြစ်၍ မိဘနှစ်ပါးနှင့် ဆွေမျိုးအရင်းအချာများ ချန်ထားခဲ့သော (ဓနဥစ္စာ၊ ပိုင်ဆိုင်မှုများနှင့်နည်းပညာများစသော အမွေဆက်ခံနိုင် သည့်) အရာများမှ သင်တို့၏လက်ဝယ်၌ (ယဉ်ကျေးမှုအရဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ၊ ကတိကဝတ် နှင့်စာချုပ်စာတမ်းများဖြင့်) လက်အောက်ခံအဖြစ် ရှိနေကြသူတို့ကိုလည်း သူတို့၏ အခြေအနေအရ ပေးသင့်ပေး ထိုက်သည့်ဝေစုများကို ပေးကမ်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ အညမညနှင့်သဟဇတဖြစ်စေတော်မူလျက် ထင်ရှားသောနိယာမတရားနှင့်သက်သေများ ထားရှိတော်မူသောအရှင်၊ သင်တို့က အရှင့်စည်းမျဉ်းတော်များကို လိုက်နာခြင်းရှိ၊ မရှိဟူသည်ကိုလည်း) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[34] အလ္လာဟ်အရှင်မြတ်သည် (လူ့ဘောင်အဖွဲ့အစည်းရေရှည်တည်တံ့ရေးအတွက် အညမညရှိစေရန်အလို့ငှာ) အချို့ကို အချို့ထက် (ခန္တကိုယ်ဖွဲ့စည်းပုံ၊ စွမ်းရည်၊ ဉာဏ်ပညာ စသည်ဖြင့်) အရှင့်ကျေးဇူးတေ်ာကို တိုးမြှင့်ပေးတော်မူသည့်အလျှောက် အမျိုးသားများသည် (သူတို့၏စွမ်းရည်နှင့်အညီ မိသားစု၏စားဝတ်နေရေးအတွက် တာ ဝန်ယူ၍) သူတို့ဝင်ငွေနှင့်ပိုင်ဆိုင်မှုများကို သုံးစွဲသောကြောင့် အမျိုးသမီးများအတွက်ရပ်တည်ရသူများ၊ သူမတို့) အပေါ် ကာကွယ်စောင့်ရှောက်သူနှင့်ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြ၏။ သို့ဖြစ်၍ (အမျိုးသမီးများ အနေဖြင့်လည်း) ထိန်းသိမ်းစောင့်ရှောက်မှုကိုခံယူသူများ၊ အရှင့်စည်းမျဉ်းတော်များကို နာခံလျက် (အမျိုးသား များရှာသော ငွေကြေးကို အလွဲသုံးစားမလုပ်ဘဲ ဘဝရှင်သန်ရေးအတွက် အဖော်အဖြစ်) ရပ်တည်ပေးသူများနှင့်အမျိုးသားတို့၏မျက်ကွယ်ရာတွင် အလ္လာဟ်အရှင်မြတ် (က ပေးအပ်တော်မူထားသည့် မိသားစုဂုဏ်သိက္ခာ၊ ကာယိန္ဒြေ၊ အမျိုးသားတို့၏အခွင့်အရေးနှင့်ပိုင်ဆိုင်မှုများကို အရှင်မြတ်) မိန့်တော်မူသည့်အတိုင်း ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြလော့။ အကယ်၍ သင်တို့သည် သူမတို့၌ (ဘဝရပ်တည်မှုကို ထိခိုက်စေနိုင်သည့်) ရိုင်းဆိုင်းစွာ ပြောဆိုဆက်ဆံခြင်းနှင့်အာခံခြင်းတို့ဖြင့် စော်ကားခံရမည်ကို စိုးရိမ်ကြောင့်ကြလျှင် သူမတို့အား (ယဉ်ကျေး သိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမကြလော့။ ထို့နောက် အိပ်ခန်းများ၌ စွန့်ခွာထားကြလော့။ ထို့နောက် နည်းအမျိုးမျိုး ပုံဆောင်ဥပမာအသွယ်သွယ်ဖြင့် နားလည်လာအောင် ရှင်းပြကြလော့။ ထိုသို့ ရှင်းပြခြင်းဖြင့် သင်တို့အား လိုက်နာနာခံကြ (မည်ဟု ပြောကြ) လျှင် သူမတို့၏သဘောဆန္ဒနှင့်ဆန့်ကျင်သည့် မည်သည့်နည်းလမ်းကိုမျှ (သူမတို့အား နှိပ်စက်ရန် ရည်ရွယ်၍) မရှာဖွေကြလေနှင့်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏အိမ်ထောင်ရေးဆိုင်ရာပြဿနာအလုံးစုံကို အပေါ်ဆုံးမှ လွှမ်းခြုံ သိမြင်တော်မူသောအရှင်) အလွန်မြင့် မြတ်ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[35] အကယ်၍ သင်တို့သည် သူတို့ (ဇနီးမောင်နှံ) နှစ်ဦးကြား (ထိမ်းမြားမှုဆိုင်ရာ ကတိဖျက်သည်အထိ ကြီးကျယ်သော) ပဋိပက္ခဖြစ်နိုင်ကြောင်း စိုးရိမ်ကြသော် အိမ်ထောင်ဦးစီးဘက်မှ အဆုံးအဖြတ်ပေးနိုင်သူ တစ်ဦးနှင့်အိမ်ရှင်မဘက်မှတစ်ဦး ရွေးချယ်ခန့်အပ်ကြလော့။ အကယ်၍ သူတို့နှစ်ဦးစလုံးက စေ့စပ်ညှိနှိုင်း၍ ပြေလည်မှု ရလိုသည့်ဆန္ဒရှိကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်ဦးကြားတွင် (စေ့စပ်ညှိနှိုင်းနိုင်သည့် အခြေအနေများကို ဖန်တီးပေးတော်မူ၍) ပြေလည်စေတော်မူလိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ အချင်းချင်းကြားရှိ လူမှုဆက်ဆံရေးအလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (သတင်းအချက်အလက် အသေးစိတ်နှင့်ပတ်သက်၍) ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။

[36] (လူ့ဘောင်အတွင်း၌ လူမှုဆက်ဆံရေးပြေလည်စေလိုလျှင်) အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ (ကိုယ်စိတ်နှလုံးအပ်နှံ၍) နာခံကိုးကွယ်ကြလော့။ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား မည်သည့် (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာကိုမျှ မဖန်တီးကြလေနှင့်။ ထို့ပြင် မိဘများ၊ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ချို့တဲ့ဆင်းရဲသူများ၊ (ယုံကြည်မှု၊ အတူယှဉ်တွဲနေထိုင်မှု၊ စိတ်သဘောထားတူညီမှုစသည်ဖြင့်) နီးစပ် သော အိမ်နီးနားချင်းများ၊ (မြို့နယ်၊ ရပ်ကွက်၊ ရပ်ရွာအနေအထားကြောင့်) ဝေးကွာသော အိမ်နီးနားချင်းများ၊ (လုပ်ငန်းခွင်၊ လမ်းခရီးနှင့်လူမှုရေးအသင်းအဖွဲ့များ၌ အတူလက်တွဲကြသည့်) အပေါင်းအဖော်များ၊ ခရီးသည်များနှင့်သင်တို့၏လက်ဝယ်တွင် လက်အောက်ငယ်သား (အဖြစ်ရှိနေကြသော အစေခံ၊ အလုပ်သမားများနှင့်ဝန်ထမ်း) များအား အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် လူတို့နှင့်ဆက်ဆံရာတွင် အကောင်းဆုံး) ဖြစ်အောင် ပြုမူပြောဆိုဆက်ဆံကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက် လူမှုဆက်ဆံရေးပျက်ပြားစေသည့် အကြောင်းရင်းများကို ဖန်တီးစေသော) စိတ်ကြီးဝင်၊ ဘဝင်မြင့်လျက် ဝံ့ဝါမော်ကြွားသူတို့အား နှစ်သက်တော် မမူချေ။

[37] (လူ့ဘောင်အသိုင်းအဝိုင်း၌) မိမိတို့ကိုယ်တိုင် စေးနှဲတွန့်တိုပြီး လူသားအပေါင်းတို့ကိုလည်း စေးနှဲတွန့်တို ကြရန် အားပေး နှိုးဆော်တိုက်တွန်းကြရုံသာမက အလ္လာဟ်အရှင်မြတ်က သူတို့အား ချီးမြှင့်ပေးသနားတော်မူထားသည့် အရှင့်ကျေးဇူးတော်များ (ဖြစ်သော ဥစ္စာဓနများ မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်နှင့်နည်း ပညာများ) မှ (သူတို့တတ်စွမ်းနိုင်သမျှကို) ထိန်ချန်ဖုံးကွယ်၍ ချုပ်ကိုင်ထားလိုသူများ ရှိကြသည်။ (ထိုသို့ အမှန်တရားကို) ဖီဆန်ငြင်းပယ်ကြသူတို့အတွက် ငါအရှင်မြတ်က ဂုဏ်အသရေပျက်စီးစေသော ပြစ်ဒဏ်များ အသင့် ပြင်ဆင်ထားတော်မူ၏။

[38] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ပေါ် ယုံကြည်မှုကင်းမဲ့လျက် လူသားတို့အား ပြစားရန် (နှင့်အ ချီးမွမ်းခံကြရန်အတွက်သာ) သူတို့၏ဥစ္စာဓနများကို ပေးကမ်းလှူဒါန်းကြသူများလည်း ရှိကြသည်။ မည်သူမဆို (လူသားအကျိုးပြုလုပ်ငန်းများကို စိတ်ရင်းစေတနာဖြူစင်စွာမဟုတ်ဘဲ သူတို့၏အလိုရမ္မက်ဖြစ်သော) ပြစားမှု အတွက်သာလုပ်လျှင် သူနှင့်အတူ စေတန်မကောင်းဆိုးဝါးလည်း အပေါင်းအဖော်အဖြစ် ရှိနေသောကြောင့် အလွန်ပင် ယုတ်ညံ့ဆိုးရွားလှသည့် အပေါင်းအဖေါ်ဖြစ်၏။

[39] အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်ကြလျှက် သူတို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေး သနားတော်မူသည့် ရိက္ခာ (ရပ်တည်ရေးဆိုင်ရာလိုအပ်ချက်) များမှ (ချို့တဲ့ဆင်းရဲသူတို့အတွက်လည်း) ပေးကမ်းစွန့်လှူသုံးစွဲကြလျှင် မည်သည့်အရာက သူတို့ကို နစ်နာစေနိုင်မည်နည်း။

[40] အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (မကောင်းမှု၏အကျိုးဆက်နှင့်စပ်လျဉ်း၍) အမှုန်တစ်မှုန်ခန့်မျှပင် အတိမ်းအစောင်း၊ မမျှမတဖြစ်စေရန် ခွင့်ပြုတော် မမူပေ။ အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်လျှင် (အကျိုးဆက်ကို) နှစ်ဆဖြစ်စေတော်မူပြီး အရှင်မြတ်ထံတော်မှလည်း အလွန်ကြီးကျယ်သော အကျိုးဆုလဒ်ကို ပေးတော်မူလိမ့်မည်။

[41] ငါအရှင်မြတ်က (ရှင်ပြန်ထရမည့်နေ့တွင်) လူမျိုးတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းမှ (သူတို့ကို ကိုယ်စား ပြုခဲ့သော ခေါင်းဆောင်တို့အား) သက်သေအဖြစ် ခေါ်ယူစေတော်မူပြီး အသင် (တမန်တော်) ကိုလည်း ဤ (ခေတ်သစ်) လူသားတို့အတွက် (သူတို့ထံ ကျမ်းမြတ်ကုရ်အာန်ပါသတင်းကောင်း ရောက်၊ မရောက်ဟူသည်ကို ထောက်ပြရန်) သက်သေတစ်ဦးဖြစ်စေတော်မူစဉ် မည်သို့ ဖြစ်မည်နည်း။ (မည်သူက မည်သို့ ငြင်းဆန်နိုင်မည်နည်း။)

[42] ထိုနေ့တွင် မယုံကြည်သူများ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူများ) နှင့်ရစူလ်တမန်တော်ကို အာခံ၍ မထီမဲ့မြင်ပြုခဲ့ကြသူတို့က သူတို့နှင့်မြေကမ္ဘာကို တစ်သားတည်းဖြစ်လျက် (သူတို့လုပ်ခဲ့ကြသော မကောင်းမှုခြေရာများကို လုံးဝ ပပျောက်စေရန်) လိုလားတောင့်တလိမ့်မည်။ သို့သော် (သူတို့ပြုမူဆောင်ရွက်ခဲ့သမျှနှင့်သက် ဆိုင်သော အထောက်အထားများအနက်မှ) မည်သည့်စကားအသုံးအနှုန်းကိုမျှ) အလ္လာဟ်အရှင်မြတ်အား (လှည့်စားရန်) ထိန်ဝှက်ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

[43] အို၊ ယုံကြည်သူအပေါင်းတို့၊ မူးယစ်နေ၍ သင်တို့၏ပြောဆိုမှုကို သင်တို့ကိုယ်တိုင် မသိနားမလည်သရွေ့ ဆွလာသ်ဝတ်ပြုမှုအနားသို့ မချဉ်းကပ်ကြလေနှင့်။ ထို့ပြင် (ရေချိုးသန့်စင်ရန် အခက်အခဲရှိသော) လမ်းခရီးကို ဖြတ်ကျော်နေစဉ်မှအပ ရေချိုးသန့်စင်ရန် တာဝန်ရှိသူများလည်း ဝတ်ပြုမှုအနားသို့ မချဉ်းကပ်ကြလေနှင့်။ အကယ်၍ သင်တို့သည် ကျန်းမာရေးချို့တဲ့နေသည့် သို့မဟုတ် ခရီးစဉ်၌ရှိနေသည့် အနေအထားတွင် ရှိနေသူ ဖြစ်လျှင် သို့မဟုတ် ရေမရှိသော သန့်စင်ခန်းမှ ထွက်သူဖြစ်လျှင် သို့မဟုတ် (တရားဝင် ထိမ်းမြားထားသည့်) အမျိုးသမီးနှင့်ထိတွေ့ချဉ်းကပ်ခဲ့ကြရလျှင် (ထိုအခြေအနေတွင်) ရေချိုးရန်တာဝန်ရှိကြောင်းကို သိနေသော် လည်း) ရေရှာမတွေ့သောအခါ (သင်တို့၏လက်ဝါးနှစ်ဖက်ဖြင့်) သန့်ရှင်းသော မြေကြီးကို ရိုက်ပုတ်၍ သင်တို့၏ မျက်နှာများနှင့် (လက်ဖျံမှ တံတောင်ဆစ်အထိ ပါစေလျက်) လက်များပေါ်တွင် ပွတ်သပ်ခြင်းဖြင့် သန့်စင်မှုအတွက် ရည်ရွယ်ကြလော့။ (တယမ်မွမ်ပြုကြလော့)။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အခက်အခဲကြုံ သည့်အခါ တာဝန်ရှိသည့်အရာအား) ကင်းလွတ်ခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[44] ကျမ်းတော်မှ ဝေစုတစ်စိတ်တစ်ပိုင်း ပေးအပ်ခြင်းခံရပါလျက် (ယင်းကို) လွဲမှားသောလမ်းစဉ်ဖြင့် လှဲလှယ်ရောင်းဝယ်ပြီး အရှင့်လမ်းစဉ်တော်မှ လွဲမှားသွေဖည်ရန် ရည်ရွယ်လိုလားနေသူတို့အား အသင် မသုံးသပ်၊ မတွေ့ မြင်သလော။

[45] အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ရန်သူများကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ အလ္လာဟ် အရှင်မြတ်သည်သာ (သင်တို့အား) ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် (ဖြစ်တော်မူသည့်အလျောက် (အရှင့်လမ်းစဉ်တော်နှင့်အတူရပ်တည်ခြင်းသည်ပင် သင်တို့အတွက်) လုံလောက်၏။ အလ္လာဟ်အရှင်မြတ်သည်သာ (သင်တို့အား) ကူညီစောင်မတော်မူသောအရှင် (ဖြစ်တော်မူသည့်အလျောက် အရှင့်လမ်းစဉ်တော်၌ရှိသော လမ်းညွှန်နှင့်အတူ ရုန်းကန်ခြင်းသည်ပင် သင်တို့အတွက်) လုံလောက်၏။

[46] ဂျူးတို့အနက်မှ “ကျွန်ုပ်တို့ ကြားနာပါ၏၊ သို့သော် မနာခံနိုင်ပါ၊ (သို့ဖြစ်၍ သင်တို့လည်း) နားထောင်ကြပါ၊ (သို့သော်) နာယူသူ မဖြစ်စေနှင့်။” ဟု ပြောဆိုခဲ့ကြသူတို့သည် (“ကျွန်ုပ်တို့အာရုံစိုက်ကြ၏။” ဟု ပြောခြင်းအား ဒွိဟဖြစ်စေသော၊ တမန်မြတ်ကို မထီမဲ့မြင်ပြုရာရောက်သော စကားလုံး) “ရာအိနာ”ဟု သူတို့၏လျှာများကို လိပ်ခေါက်လျှက် စကားလုံး၏အသံထွက် အနေအထားကို ပြောင်းလဲစေခြင်းဖြင့် မူရင်းအဓိပ္ပါယ်အား ပျက်ပြားစေလျက် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) ကို ပုတ်ခတ်ပြောဆိုကြ၏။ အကယ်၍ သူတို့က (ရှင်းလင်းပြတ်သားပြီး အရိုအသေပေးရာ ရောက်သည့်စကားအသုံးအနှုံးဖြင့်) “ကျွန်ုပ်တို့ နာယူပြီး နာခံကြပါ၏၊ (သို့ဖြစ်၍ သင်တို့လည်း) နာယူပြီး အာရုံ စိုက်ကြလော့” ဟုပြောဆိုသုံးစွဲခဲ့လျှင် သူတို့အတွက်အကောင်းဆုံးနှင့် (စကားအသုံးအနှုံး) အခိုင်မာ ဆုံးဖြစ်လိမ့်မည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏သွေဖည်ငြင်းပယ်မှုကြောင့်ပင် အရှင့်ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ (သူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှအပ သက်ဝင်ယုံ ကြည်ကြသည် မဟုတ်ချေ။

[47] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ ငါအရှင်မြတ်က သင်တို့၏မျက်နှာများအား (လူ့ဘုံအလယ်မှာ မပြဝံ့လောက်အောင်၊) ယင်းတို့ကို မမှတ်မိနိုင်အောင် မှေးမှိန်စေတော်မမူမီပင် သို့မဟုတ် (ဥပုသ်သီလစည်းမျဉ်း ချိုးဖောက်ခဲ့ကြသော) ဥပုသ်သီလအပေါင်းအဖော်တို့အား ငါအရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးစေတော်မူသကဲ့သို့ သင်တို့ကိုလည်း ကရုဏာတော်မှ ကင်းဝေးစေတော်မမူမီပင် သင်တို့၏လက်ဝယ်၌ရှိသော ကျမ်းစာအား မှန်၊ မမှန် အတည်ပြုပေးနိုင်သော ငါအရှင်မြတ် (က ရစူလ်တမန်တော်မုဟမ္မဒ်အပေါ်) ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော် (မြတ်ကုရ်အာန်) ကို ယုံကြည်ကြလော့။ (လူ့သမိုင်းတစ်လျှောက်၌ အရှင့်အမိန့်တော်နှင့် စီမံချက်များကိုသာ အတည်ပြုတော်မူသည့်အတိုင်း) ငါအရှင်မြတ်၏အမိန့်တော်များသည်ပင် အစဉ်အမြဲ အကောင်အထည်ဖော်ခံရရန် အတည်ပြုတော်မူ၏။

[48] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား (သော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာများကို ကိုးကွယ်ရန် ခွင့်ပြုတော်မမူဘဲ ထိုသို့ကိုးကွယ်ခြင်းမှလွဲ၍ (အခြားပြစ်မှု ဒုစရိုက်ကျူးလွန်သူတို့အနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ခွင့်လွှတ်တော်မူနိုင်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသော ကိုးကွယ်ရာများကို တီထွင်ဖန်တီး၍ ယုံကြည်ကိုးကွယ်လျှင် ထိုသူသည် အလွန်ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ရာ ရောက်၏။။

[49] (သူတို့၏မျိုးရိုးဗီဇထဲ၌ အရှင်မြတ်ထည့်ပေးတော်မူသည့် ပင်ကိုယ်စွမ်းရည်များကို) သူတို့၏စိတ်ဆန္ဒအလိုအတိုင်း လိုက်နာခြင်းဖြင့် (ဖွံ့ဖြိုးစေလျက်) သူတို့ကိုယ်တိုင် သန့်ရှင်းစင်ကြယ်ကြောင်း ကြွေးကြော်သူတို့နှင့်စပ်လျဉ်း၍ အသင် မသုံးသပ် မတွေးမြင်သလော။ အမှန်မှာ (သူတို့၏ပင်ကိုယ်စွမ်းရည်များကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချသည့်) အရှင့်ဆန္ဒတော်က အလိုရှိတော်မူသောသူကိုသာ အလ္လာဟ်အရှင်မြတ်က စင် ကြယ်စေတော်မူပြီး မည်သူ့ကိုမျှ ဆံခြည်မျှင်တစ်မျှင်ခန့်မျှပင် မတရားသဖြင့် အရေးယူစေတော်မူမည် မဟုတ်ပေ။

[50] (အရှင်မြတ်၏ဂုဏ်တော်များနှင့်ဆန့်ကျင်၍ အရှင့်သားတော်ဟုပြောလျက်) အလ္လာဟ်အရှင်မြတ်အပေါ် မည်သို့ ကြံဖန်တီထွင်ဖန်တီး၍ လိမ်လည်ပြောဆိုနေကြသည်ကို သတိထား လေ့လာကြည့်ကြလော့။ ယင်းသည်ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသော ပြစ်မှုဒုစရိုက်အဖြစ် ထင်ရှားပေါ်လွင်နေပြီး ပြစ်ဒဏ်ခံရရန် လုံလောက် (သော အထောက်အထားဖြစ်) ၏။

[51] အသင်သည် ကျမ်းတော်မှ ဝေစုတစ်စိတ်တစ်ပိုင်းချမှတ်ပေးအပ်ခြင်းခံရပါလျက် (ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်သည့် အစွဲအလန်းများ) အယူသည်းမှုများနှင့် (အရှင်မြတ်ကို အာခံဖီဆန်စေသည့် မကောင်းမှုအားလုံး၏ အခြေခံဖြစ်သော) ရုပ်ပွားဆင်းတုများကို ယုံကြည်ကိုးကွယ်ဆည်းကပ်နေကြသူတို့အား မသုံးသပ်၊ မတွေးမြင် သလော။ ထိုသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ဖုံးငြင်းပယ်သူ) တို့အား “ကျွန်ုပ်တို့သည် ယုံကြည်သူတို့ထက် ပိုမို၍ ကောင်းသော လမ်းစဉ်တစ်ခုဖြင့် လမ်းညွှန်ခြင်းခံရပြီ” ဟု ပြောဆိုကြ၏။

[52] အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အရှင့်မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူပြီး အရှင်မြတ်က အရှင့်ကရုဏာတော်မှ ကင်းဝေးစေရန် အလိုရှိတော်မူသောသူ (မည်သူမဆို) သည် (အရှင့် ပြစ်ဒဏ်မှ ကယ်နိုင်မည့်) မည်သည့် ကူညီသူကိုမျှ သူ့အတွက် ရှာတွေ့နိုင်မည် မဟုတ်ပေ။

[53] သို့တည်းမဟုတ်၊ သူတို့အတွက် (မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏) စိုးမိုးအုပ်ချုပ်မှုအခွင့်အာဏာမှ ဝေစုတစ်ခု (အထူးအခွင့်အရေးအဖြစ်) ပေးထားသည်ဟု ထင်မှတ်နေသလား။ အကယ်၍ ထိုသို့ပေးအပ်ခြင်းခံခဲ့ကြလျှင် သူတို့က (ယင်းဝေစုမှ) လူသားတို့အား စွန်ပလွံစေ့၌ပါရှိသော (နှမ်းစေ့ ထက်သေးသည့်) အစက်ကလေးမျှပင် ခံစားခွင့်ပေးတော်မူလိမ့်မည် မဟုတ်ချေ။

[54] သို့တည်းမဟုတ်၊ သူတို့က အရှင့်ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်အရင်းအမြစ်များနှင့်၊ လမ်းညွှန်တော်) တို့မှ လူသားတို့အပေါ် အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် အရာများနှင့်စပ်လျဉ်း၍ မနာလိုဝန်တိုနေကြသလော။ အမှန်ပင် ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီမ်၏ မျိုးဆက်အား ကျမ်းတော်နှင့် (တရားစီရင်ရေးဆိုင်ရာ) ဉာဏ်အမြော်အမြင်တို့ကို ပေးအပ်တော်မူပြီး သူတို့အား အုပ်ချုပ်ရေးဆိုင်ရာ ကြီးကျယ်သော အခွင့်အာဏာကိုလည်း ချီးမြှင့်တော်မူခဲ့ပြီ။

[55] (တမန်တော်အီဗ်ရာဟီမ်၏မျိုးဆက်ဖြစ်သော) သူတို့အနက်မှ သူ့အပေါ် (စိတ်ရင်းဖြူစင်စွာ) ယုံကြည်သူများ ရှိကြပြီး (သူ့ကို ယုံကြည်သကဲ့သို့ပင် တမန်တော်မုဟမ္မဒ်နှင့်ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်း ယုံကြည်ကြလျက် တမန်တော်အီဗ်ရာဟီမ်၏မျိုးဆက်နှင့်ဆက်နွယ်မှု ခိုင်မြဲကြောင်း ကြွေးကြော်ကြ၏။ သို့သော် သူ့လမ်းစဉ်တော်မှ ဝေးကွာနေသူများလည်းရှိကြ (၍ ထိုသူတို့သည် လူတို့အား သူ့လမ်းစဉ်မှ တားဆီးပိတ်ပင်နေကြ) ၏။ (ထိုဒုတိယအုပ်စု၏ပြစ်မှုအတွက်) မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသည့် ငရဲမီးနှင့်သာ ထိုက်တန်လုံလောက်ပေ၏။

[56] အမှန်စင်စစ်၊ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံကြည်သူ (နှင့်ဖီဆန်ငြင်းပယ်သူ) တို့သည် မကြာမီ (ငရဲ) မီးထဲသို့ လောင်ကျွမ်းစေတော်မူပြီး သူတို့၏အရေပြားများ လောင်ကျွမ်း (ပြီးနောက် နာကျင်မှုဝေဒနာ မခံစားရသည့်အနေအထားဖြစ်) သွားသည့်အခါတိုင်း ပြစ်ဒဏ်ကို မြည်းစမ်းခံစေရန်အလို့ငှာ အခြားအရေပြားအသစ်တစ်ခုဖြင့် အစားထိုးပြောင်းလဲပေးတော်မူမည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့်) နိုင်နင်းလွှမ်း မိုးတော်မူသောအရှင်၊ (ကျူးလွန်သူတို့အား မျှတစွာ စီရင်တော်မူလျက်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[57] သို့ရာတွင် ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည် မြဲမြံသူတို့ကိုမူ မကြာမီ ငါအရှင်မြတ်က အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူပြီး ယင်း (ဥယျာဉ်များ) ၌ပင် (အမြဲထာဝစဉ်ကာလအကန့်အသတ်မဲ့) နေထိုင်ခွင့်ပေးတော်မူလျက် သူတို့အတွက် သန့်ရှင်းစင်ကြယ်သော ဘဝဖော်များလည်း ရှိစေတော်မူမည်။ ထို့နောက် အရှင့်မေတ္တာကရုဏာ၏အရိပ်တော် အထူထူအထပ်ထပ် မိုးထားသည့်နေရာဌာနထဲသို့ ဝင်ရောက်ခိုလှုံခွင့်ပေးတော်မူလိမ့်မည်။

[58] မုချဧကန်၊ အလ္လာဟ်အရှင်မြတ်က အသင်တို့အား အမိန့်ပေးညွှန်ကြားတော်မူလိုသည်မှာ သင်တို့ထံ ယုံကြည်စွာအပ်နှံထားသော (ပစ္စည်းဥစ္စာ၊ စွမ်းရည်စွမ်းပကား၊ နည်းပညာ၊ ကတိကဝတ်နှင့်တာဝန်ဝတ္တရား စသည့်) အရာများကို မူလပိုင်ရှင်ထံ အတိမ်းအစောင်းမရှိစေဘဲ မူရင်းအတိုင်း ပြန်လည်လွှဲအပ်ရန်နှင့်လူသား အချင်းချင်းကြားတွင် (ပြဿနာအရေးကိစ္စများကို) စီရင်ဆုံးဖြတ်ကြသည့်အခါ ဖြောင့်မတ်သော တရားမျှတမှုစံနှုန်းဖြင့် စီရင်ဆုံးဖြတ်ကြရန်တို့ ဖြစ်သည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်က သင်တို့အား ဤကျမ်းတော်အားဖြင့် အကြံပေးတော်မူသော အရှင့်ဩဝါဒတော်သည် (သင်တို့အတွက်) အမြင့်မြတ်ဆုံးနှင့်ဂုဏ်အရှိဆုံးပင် ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ်လျှောက်၌ လူသားတို့ပြောဆိုခဲ့သမျှနှင့် သင်တို့ ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို) မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။

[59] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို နာခံလိုက်နာကြပြီး အရှင့်ရစူလ်တမန်တော် ကိုလည်း နာခံလိုက်နာကြလော့၊ ထို့ပြင် အမိန့်ညွှန်ကြားပိုင်ခွင့်နှင့်စီရင်ဆုံးဖြတ်ပိုင်ခွင့် အပ်နှင်းခံရသည့် ပုဂ္ဂိုလ်တို့၏ညွှန် ကြားချက်များအတိုင်းလည်း လိုက်နာကြလော့။ အကယ်၍ အရေးကိစ္စတစ်စုံတစ်ခု၌ သင်တို့အချင်းချင်းကြား သဘောတူညီချက်မရ (နိုင်ဘဲ ငြင်းခုံရသည့် အနေအထားသို့ရောက်) လျှင် ယင်းကို အလ္လာဟ်အရှင်မြတ် (၏ကျမ်းတော်ဖြစ်သော ကုရ်အာန်) နှင့်ရစူလ်တမန်တော် (၏လက်တွေ့ လုပ်ဆောင်ချက်များဖြစ်သော စွန္နသ်) ဘက်သို့ ဦးတိုက် လွှဲအပ်ကြလော့။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို အမှန်ပင် ယုံကြည် ကြလျှင် (ထိုသို့ လုပ်ရမည်သာ ဖြစ်၏။) ထိုသို့ လုပ်ခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးနှင့်အသင့်တော်ဆုံး အပြီးသတ်လုပ်ဆောင်မှုပင် ဖြစ်၏။

[60] “အသင် (တမန်တော်) အပေါ် ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းတော်မြတ်ကုရ်အာန်နှင့်အသင့်အလျှင် ချမှတ်ပေးအပ်ခြင်းခံရသော ကျမ်းတို့ကို ကျွန်ုပ်တို့က အမှန်ပင် ယုံကြည်ကြပါ၏။” ဟု ဝန်ခံကြွေးကြော်လျက် မှားယွင်းစွာ တီထွင်ဖန်တီးထားသော ရုပ်ပွားဆင်းတုများထံ၌ (သူတို့၏အရေးကိစ္စများအတွက်) အဆုံးအဖြတ်ပေးရန် လျှောက်တင်ကြသူများကို အသင်မသုံးသပ် မတွေ့မြင်သလော။ ထို့ပြင် သူတို့သည် (ထိုသို့ မိစ္ဆာဒိဌိကို ကိုးကွယ်ခြင်းကြောင့် စေတန်မကောင်းဆိုးဝါး၏) ယင်း (ကျမ်းတော်) ကို ဖီဆန်ငြင်းပယ်ရန် အမိန့်ပေး ညွှန်ကြားခြင်းကို ခံခဲ့ကြရပြီ။ သို့ဖြစ်၍ စေတန်မကောင်းဆိုးဝါးက သူတို့အား အလွဲကြီး လွဲမှားစေလျက် (အမှန်တရားသစ္စာမှ အလှမ်းဝေးကွာသွားစေရန်) ရည်ရွယ်လိုလားပေ၏။

[61] သူတို့သည် “အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသောအရာ (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်ရစူလ်တမန်တော်ဘက်သို့ ဖိတ်ခေါ်ခြင်းအား ယုံကြည်လက်ခံရန် လာကြလော့။” ဟု အပြောခံရသည့်အခါ အယောင်ဆောင် သီလကြောင်တို့မှာ (တမန်တော်၏ရှေ့မှောက်၌ သူတို့၏အယောင်ဆောင်မှု ထင်ရှားလာမည်ကို စိုးရိမ်သောကြောင့်) အသင် (တမန်တော်) ထံမှ မရှောင်ပြေးလျှင် မဖြစ်ဟု ခံစားမိလျက် ရှောင်ဖယ်သွားကြသည်ကို အသင်တွေ့ခဲ့ရပြီ။

[62] လူတို့နှင့်ဆက်ဆံရာတွင် အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင်) ပြုမူပြောဆိုဆက်ဆံခြင်းနှင့်စိတ်တူကိုယ်မျှ သင့်မြတ်စေခြင်းမှအပ သူတို့၏လက်များဖြင့် ပြုလုပ်၍ (အကျိုးဆက်ရရှိခံစားရန်) ကြိုတင်ပို့ထားသည့် အလျှောက် သူတို့ထံ ဘေးဒုက္ခတစ်စုံတစ်ခု ကျရောက်သည့်အခါ အသင် (တမန်တော်) ထံ အလ္လာဟ်အရှင်မြတ်နှင့် တိုင်တည်၍ ဆင်ခြေပေးရန် ရောက်လာခြင်းအား မည်သို့ လက်ခံနိုင်မည်နည်း။

[63] ထိုသူတို့သည် “အလ္လာဟ်အရှင်မြတ်က ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှကို အကြွင်းမဲ့ သိတော်မူကြောင်း” (မသိကြလေသလော။) သို့ဖြစ်၍ အသင်သည် (ထိုသူတို့၏အပြောအဆိုများကို ဥပေက္ခာပြု၍) သူတို့အား အလေးထားခြင်းမှ ရှောင်ကြဉ်ပြီး သူတို့ကို ဆုံးမသွန်သင်လော့။ ထို့ပြင် သူတို့အား “သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ထဲ ထိုးဖောက်ဝင်ရောက်ဖွယ်ရာ စကားအသုံးအနှုံးများဖြင့် ဟောပြောလော့။

[64] ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်ကိုမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်အတိုင်း နာခံလိုက်နာစေရန်မှအပ (အခြားမည်သည့် ရည်ရွယ်ချက်အတွက်ပင်) စေလွှတ်တော်မူခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ သူတို့သည် အမှန်ပင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်များကို စိတ်အလိုဆန္ဒအတိုင်းသာ လိုက်၍ မမှန်မကန်ပြုလုပ်ကြလျှက် အသင် (တမန်တော်) ထံရောက်လာပြီး အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်တင်စဉ် ရစူလ်တမန်တော်ကလည်း သူတို့၏လွတ်ငြိမ်းမှုအတွက် ဆုပန်လျှင် အလ္လာဟ်အရှင် မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်လှည့် (၍အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ်မ ပြတ်မစဲ သနားညှာတာတော်မူသောအကြင်နာရှင်၊ ဖြစ်တော်မူကြောင့် သူတို့ မုချတွေ့ကြလိမ့်မည်။

[65] (အမှန်မှာ သူတို့က) ထိုသို့ ခွင့်လွှတ်ခြင်းတောင်းခံရန်မလာရောက်ကြောင်းကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်က သက်သေတည်တော်မူ၏။ ထိုသူတို့သည် သူတို့အချင်းချင်းကြားတွင်ရှိသော ခေတ်အဆက်ဆက်ကတည်းက အခိုင်အမာအမြစ်တွယ်လာခဲ့သည့် ပြဿနာများနှင့်စပ်လျဉ်း၍ အသင် (တမန်တော်)၏စီရင်ဆုံးဖြတ်မှုကို နာယူပြီးနောက် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်များတွင် အသင်၏စီရင် ဆုံးဖြတ်မှုအတွက် မည်သည့် ကသိကအောက်နှင့်ကျဉ်းကြပ်မှုကိုမျှ မတွေ့ရဘဲ ကိုယ်စိတ်နှလုံးတို့ကို အပ်နှင်းလျက် ကြည်ဖြူစွာ အပြည့်အဝနာခံခြင်း မရှိသရွေး ယုံကြည်ရာ ရောက်လိမ့်မည်မဟုတ်ပေ။

[66] အကယ်၍ ငါအရှင်သည် သူတို့အပေါ် “သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်ဆန္ဒနှင့်အညီ အသုံးချစေခြင်းအား ရိုက်ချိုးသုတ်သင်လော့၊ သို့မဟုတ် သင်တို့၏အိုးအိမ်မြို့ရွာများမှ ထွက်သွားကြလော့။” ဟု အမိန့်တော်ပြဋ္ဌာန်းခဲ့လျှင် သူတို့အနက် အနည်းငယ်မှအပ ယင်းကိုလုပ်ကြလိမ့် မည်မဟုတ်။ အကယ်၍ သူတို့သည် ယင်း (ကျမ်းတော်မြတ်) အားဖြင့် အကြံပေးဆုံးမခြင်းခံရသမျှကို အမှန်ပင် လိုက်နာဆောင်ရွက်ခဲ့ကြလျှင် သူတို့အတွက် အကောင်းဆုံးဖြစ်ခဲ့သည့်အပြင် ပိုမို၍ ခိုင်မြဲတည်တံ့စေလိမ့်မည်။

[67] ထို့ပြင် ထို (သို့ လိုက်နာဆောင်ရွက်) စဉ် ငါအရှင်မြတ်ထံတော်မှ သူတို့အား ကြီးကျယ်မြင့်မြတ်သော ဆုလဒ် တော်ကို ချီးမြှင့်ပေးတော်မူလိမ့်မည်။

[68] ထိုမျှမက ငါအရှင်မြတ်သည် သူတို့အား (ယုံကြည်မှု၊ အတွေးအခေါ်၊ ခံစားမှုနှင့်လှုပ်ရှားမှုဆိုင်ရာ) ဖြောင့်မတ်မှန်ကန်ပြီး မြဲမြံတည်တံ့သော လမ်းစဉ်တော် (နှင့်အညီ ဘဝတည်ဆောက်နိုင်သည့် အခွင့်အလမ်း) ကို မုချပင် ညွှန်ကြားတော်မူလိမ့်မည်။

[69] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (နာခံရန်တာဝန်ရှိသည့်အတိုင်း) နာခံကြလျှင် ထိုသူတို့သည် (တမလွန်ဘဝ၌ သုခဥယျာဉ်များထဲတွင်) အလ္လာဟ်အရှင်မြတ်က သူတို့အပေါ် (ပြည့်စုံသော လမ်းညွှန်တော်နှင့်အတူ မျက်နှာသာပေး၍) ဂုဏ်ပေးတော်မူခဲ့ပြီး ဖြစ်သောသူတို့အနက်မှ နဗီတမန်တော်များ၊ ဖြောင့်မတ်မှန်ကန်သူများ၊ (အရှင့်လမ်းစဉ်တော်၌ အသက်စွန့်၍) သက်သေတည်သူများ၊ (အပြောအဆိုနှင့်ပြူမူဆောင်ရွက်ချက်များကို တာဝန်ကျေပွန်စွာနှင့်) ဖြောင့်မတ်စွာ ဆောင်ရွက်သူများ၊ (ကိစ္စရပ်တိုင်း၌ အရှင်မြတ်က မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက်) အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူတို့နှင့်အတူ ရှိစေတော်မူလိမ့်မည်။ ထိုသူတို့သည် အဘယ်မျှ မွန်မြတ်လှသည့် မိတ်သဟာယများ ဖြစ်ကြပေသနည်း။

[70] ထိုသို့ ဂုဏ်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်ထံမှ ကျေးဇူးတော်ပင် ဖြစ်၏။ (အရှင့်လမ်းစဉ်တော်အားဖြင့် ဘဝဆောက်တည်သူတို့အား မည်သို့မည်ပုံ ဂုဏ်ပေးထိုက်သည်ကို ဆုံးဖြတ်ရန်မှာ) အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသော ဉာဏ်တော်အနန္တရှင်သည်ပင် လုံလောက်တော်မူ၏။

[71] အို၊ ယုံကြည်သူအပေါင်းတို့၊ (ထိုသို့ ကြီးကျယ်မြင့်မြတ်သော ဂုဏ်ပေးမှုကိုခံရရန်အလို့ငှာ) ခိုင်မာတောင့်တင်းသော အုပ်စုငယ်များဖြင့် ရှေ့တိုးဆောင်ရွက်၍ဖြစ်စေ၊ အားလုံးစုပေါင်း၍ စည်းလုံးညီညွတ်စွာဖြင့် ရှေ့တိုး ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ၊ (ကြိုတင်ကာကွယ်သည့်အနေဖြင့် သတိထား၍ အပြည့်အဝ) ကြိုတင်ပြင်ဆင်ထားကြလော့။

[72] သင်တို့ထဲတွင် ချောင်ခို၍ နောက်ကျကျန်ရစ်သူလည်း မုချပင် ရှိနေသောကြောင့် အကယ်၍ သင် တို့ဘေးဒုက္ခတစ်စုံတစ်ခု ကျရောက်လာခဲ့သော် (အဆိုပါချောင်ခို) သူက “ကျွန်ုပ်သူတို့နှင့်အတူ မရှိခဲ့ခြင်းသည် ပင် ကျွန်ုပ်အပေါ် အမှန်ပင်အလ္လာဟ်အရှင်မြတ် မျက်နှာသာပေးတော်မူကြောင်း၏သက်သေပင်တည်း။” ဟု ပြောခဲ့လိမ့်မည်။

[73] သို့သော် အကယ်၍ သင်တို့ထံ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်တစ်ခုခုဖြင့် သိက္ခာပေးခံရခြင်း ဆိုက်ရောက်လာလျှင် သူနှင့်အသင်တို့ကြား မည်သည့် ခင်မင်ရင်းနှီးမှု နှောင်ကြိုးမျှ မရှိခဲ့၍ (နောင်တရမိသည့် ဟန်အမူအရာဖြင့်) “အို၊ ကျွန်ုပ်လည်း သူတို့နှင့်အတူရှိခဲ့လျှင် (ကောင်းလေစွ၊ ယခုအခါ သူတို့ကဲ့သို့ပင်) ကျွန်ုပ်လည်း ကြီးမားသော အောင်ပွဲဖြင့် အောင်ပွဲခံနိုင်လိမ့်မည်။”

[74] သို့ဖြစ်ပေရာ၊ (ညှင်းပန်းနှိပ်စက်မှုနှင့်အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝတည်ဆောက်စဉ် ဖိနှိပ် ချုပ်ချယ် ခံရမှုကို တော်လှန်ရန်အလို့ငှာ) လောကီဘဝကို တမလွန်ဘဝဖြင့် လဲလှယ်ရောင်းဝယ်ကြသူတို့အနေဖြင့် (အသက်ကို ပဓါနမထားဘဲ) အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှုအတွက်သာ အရှင်မြတ်၏လမ်းတော်၌ (အတားအဆီးဖြစ်စေသော ရန်သူတို့အား) ရင်ဆိုင်တိုက်ခိုက်သင့်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထိုသို့ ရင်ဆိုင်တိုက်စဉ် အသတ်ခံခဲ့လျှင် သို့မဟုတ် လွှမ်းမိုးအောင်နိုင်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအား မကြာမီပင် ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ် ချီးမြှင့်တော်မူလိမ့်မည်။

[75] (ညှင်းပန်းနှိပ်စက်မှုနှင့်ဖိနှိပ်ချုပ်ချယ်မှုခံရလျက်) “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား ဤမတရားညှင်းပန်းနှိပ်စက်ခံရသည့် မြို့ရွာနှင့် ညှင်းပန်းဖိနှိပ်သောအသိုင်းအဝိုင်းမှ ကယ်ထုတ်တော်မူပါ။ အသင် (အရှင်မြတ်) ထံတော်မှ (အရှင့်ကရုဏာတော်ဖြင့်) ကျွန်ုပ်တို့အတွက် ကာကွယ်စောင့်ရှောက်သူတစ်ဦး ပေါ်ထွက်စေတော်မူပါ။ အသင် (အရှင်မြတ်) ထံတော်မှ (အရှင့်ကရုဏာတော်ဖြင့်) ကျွန်ုပ်တို့အတွက် ကူညီစောင်မသူတစ်ဦး ပေါ်ထွက်စေတော်မူပါ။” ဟု ငိုကြွေး၍ (တရားမျှတမှုကို အကောင်အထည်ဖော်ဆောင်ရွက်စေမည့် ခေါင်း ဆောင်တစ်ဦးအတွက်) ဆုတောင်းနေကြ သော်လည်း ဖိနှိပ်ချုပ်ချယ်မှုကြောင့် အင်းအားချည့်နဲ့လာသည့် အမျိုးသားများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များကို ကယ်တင်ရန် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင် မတိုက်ခိုက်ရလေအောင် သင်တို့ကို မည်သည့်အရာက ဟန့်တားနေသနည်း။

[76] (အရှင်မြတ်ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ယုံကြည်ကြသူတို့သည် အလ္လာဟ်အရှင်မြတ်လမ်းတော်၌ (အရှင့်အစေခံလူသားများ အကျိုးအတွက်သာ) ရင်ဆိုင်တိုက်ခိုက်ကြပြီး မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် (မှားယွင်းသည့် အတွေးအခေါ်အယူအဆနှင့်မူဝါဒလမ်းစဉ်များပေါ် အခြေခံသော) မိစ္ဆာလမ်းစဉ်၌သာ ရင်ဆိုက်တိုက်ခိုက်ကြ၏။ သို့ဖြစ်၍ (သူတို့၏ကိုယ်ကျိုးအတွက် လူသားဆန်မှုကို စော်ကားနေသည့်) စေတန်မကောင်းဆိုးဝါး၏မဟာမိတ်အပေါင်းအဖော်တို့ကို တော်လှန်တိုက်ခိုက်ကြလော့။ (ထိုစေတန်မကောင်းဆိုးဝါးတို့၏အင်အားနှင့်နည်းပညာများက မည်သို့ပင် ဆန်းကျယ်ပါစေ) ဧကန်မုချ၊ စေတန်မကောင်းဆိုး ဝါး၏နည်းဗျူဟာ ပရိယာယ်၌ ချို့တဲ့အားနည်းမှု ရှိစမြဲပင် ဖြစ်၏။

[77] သူတို့အား “(လူသားများကို အကျိုးယုတ်စေသည့် ကြိုးပမ်းဆောင်ရွက်မှုများနှင့်စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်ခြင်းတို့မှ) သင်တို့၏လက်များက ချုပ်တည်း၍ ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ပြီး (လူ့ဘောင်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေသည့်) ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့သူတို့အား ပေးကမ်းရန်ရှိသော လူမှုဖူလုံကြေး) ကို ပေးကြလော့။” ဟု တိုက်တွန်းနှိုးဆော်ခြင်းခံရ (သည့်အခါ “မည်သည့်အချိန်တွင် စစ်တိုက်ခွင့်ရမည်နည်း။”ဟု ဖြေဆိုကြ) သူတို့နှင့်စပ်လျဉ်း၍ အသင် (တမန်တော်) မသုံးမသပ် မတွေ့မြင်မိသလော။ (ညှင်းပန်းနှိပ်စက်မှုချုပ်ငြိမ်းရေးအတွက်) တော်လှန်တိုက်ခိုက်ခြင်းကို သူတို့အ ပေါ် (မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ်) အတည်ပြု ပြဋ္ဌာန်းလိုက်သောအခါ သူတို့အနက်မှ လူတစ်စုက အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိုက်သကဲ့သို့ပင် လူတို့ကိုလည်း ကြောက်ရွံ့ကြ၏။ သို့မဟုတ် ထိုထက်မက ကြောက်ရွံ့ (၍ အရှင့်အမိန့်တော်အား ဖီဆန်လို) ကြ၏။ ထို့နောက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အဘယ်ကြောင့် ကျွန်ုပ်တို့အပေါ် တော်လှန်တိုက် ခိုက်ခြင်းကို (မဖြစ်မနေ လုပ်ဆောင်ရမည့်တာဝန်အဖြစ်) အတည်ပြု ပြဋ္ဌာန်းတော်မူပါသနည်း။ အကယ်၍ ယခုအချိန်တွင် မဟုတ်ဘဲ နောင်အနာဂတ်တွင် အချိန်ကာလတစ်ခု သတ်မှတ်သည်အထိ ရွေ့ဆိုင်းတော်မူခဲ့လျှင် ကောင်းလေစွ။” ဟု စောဒကတက်ခဲ့ကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “လောကီအကျိုးခံစားမှုသည် (သက်တမ်းတိုသလောက်) ခေတ္တခဏနှင့်ယာယီသာ ဖြစ်၏။ အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်း မျဉ်းတော်နှင့်အညီ မြဲမြံစွာ လိုက်နာကြ) သူတို့အတွက်မူနောင်တမလွန်ဘဝနှင့် တမလွန်၏အကျိုးခံစားခွင့်များ သည်သာ အရေးအပါဆုံးနှင့်အကောင်းမြတ်ဆုံး ဖြစ်၏။ မည်သူမျှ စွန်ပလွံစေ့၌ရှိသော အမည်းစက်လေးခန့် မျှပင် မတရားစီရင်ခြင်း ခံရမည်မဟုတ်။” ဟု ဟောလော့။

[78] သင်တို့မည်သည့်နေရာ မည်သည့်အနေအထား၌ပင်ရှိသည်ဖြစ်စေ၊ အကယ်၍ အလွန် ခိုင်ခံ့လုံခြုံသည့် မျှော်စင်ပမာ မြင့်မားသော ခံတပ်ထဲ၌ရှိနေခဲ့လျှင်လည်း (သေချိန်တန်လျှင်) သေခြင်းတရားက သင်တို့ထံ ရောက်ရှိလိမ့်မည်။ သူတို့၌ ကောင်းကျိုးပေးသည့် အကြောင်းကိစ္စတစ်ခုခုဖြစ်ပေါ်လာလျှင် “ဤအရာ အလ္လာဟ်အရှင် မြတ်၏ထံတော်မှ ဖြစ်၏။” ဟု ပြောဆိုကြပြီး “ဆိုးကျိုးဖြစ်စေ၊ အကုသိုလ် တစ်စုံတစ်ခုနှင့် ကြုံတွေ့သည့်အခါ “ဤသည် အသင် (တမန်တော်) ကြောင့် ဖြစ်ရသည်။” ဟု ပြောကြ၏။ သူတို့အား (အကောင်းအဆိုးအပါ အဝင်အရာခပ်သိမ်း) အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှပင် ဖြစ်၏။” ဟု ပြောလော့။ ဤလူမျိုးတို့သည် အဘယ်ကြောင့် အရှင့်စကားတော်ကို အမိအရ နားလည်သဘောပေါက်ဟန် မတူကြသနည်း။

[79] (အို၊ လူသားတို့) သင့်ထံ ဖြစ်ပျက်ရောက်ရှိသော အကျိုးပြုသည့် ကောင်းမြတ်မှုဟူသမျှသည် အလ္လာဟ် အရှင်မြတ်၏ထံတော်မှသာဖြစ်ပြီး သင့်ထံ ဖြစ်ပျက်ရောက်ရှိလာသော အကျိုးယုတ်စေသည့် အကု သိုလ်၊ အဆိုး ဟူသမျှသည် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဥ်ကြောင့်သာ ဖြစ်၏။ ငါအရှင်မြတ်သည် လူသား တို့အတွက် အသင် (တမန်တော်မုဟမ္မဒ်) ကို ရစူလ်တမန်တော်တစ်ပါးအဖြစ်သာ စေလွှတ်တော်မူ၏။ (အသင်က ရစူလ်တမန်တော်ဖြစ်ကြောင်းကို ထောက်ပြရန်) အလ္လာဟ်အရှင်မြတ်သည် သက်သေအဖြစ် လုံလောက်တော်မူ၏။ (အရှင်မြတ်နှင့်အတူ အရှင့်ကျမ်းတော်လည်းရှိ၏။)

[80] မည်သူမဆို ရစူလ်တမန်တော်အား နာခံလိုက်နာလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အမှန်ပင် နာခံခဲ့ပြီ။ သို့သော် မည်သူမဆို (အသင့်ထံမှ) မျက်နှာလွှဲ၍ ကျောခိုင်းလျှင် (အသင် စိုးရိမ်ပူပင်စရာမလိုပေ၊ အကြောင်းမှာ) ငါအရှင်မြတ်သည် အသင် (တမန်တော်) ကို သူတို့အပေါ် (သူတို့၏မကောင်းမှုများမှ တားဆီးပိတ်ပင်ရန်နှင့်အရေးယူရန်အတွက်) ကြည့်ရှုစောင့်ရှောက်သူအဖြစ် စေလွှတ်တော်မူသည် မဟုတ်ပေ။

[81] သူတို့သည် (အသင့်ရှေ့၌မူ ကျွန်ပ်တို့၏တာဝန်သည်ကား အသင် နဗီတမန်တော်၏အမိန့်တော်များကို အတတ်နိုင်ဆုံး မပျက်မကွက်) ''လိုက်နာရန်သာ ဖြစ်သည်'' ဟု ပြောဆိုလေ့ရှိကြပြီး အသင့်ထံမှ ထွက်ခွာ သွားကြသောအခါ ယင်းတို့အနက်မှ လူတစ်စုသည် အသင်တမန်တော်ပြောခဲ့သည့် အချက်များနှင့်ဆန့်ကျင်သည့် ကိစ္စများကို ညအချိန်၌ လျှို့ဝှက် တိုင်ပင်၍ ကြံစည်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့ ညအချိန်၌ လျှို့ဝှက်ကြံစည်ခဲ့သမျှကို မှတ်တမ်းတင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် သူတို့ထံမှ ကျောခိုင်း ဆုတ်ခွာပြီး အလ္လာဟ်အရှင်မြတ်အပေါ်သာ ယုံကြည်စိတ်ချစွာ အားထားအားကိုးလော့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အ ရှင်မြတ်သည်သာလျှင် (အရေးကိစ္စဟူသမျှ အတွက် လမ်းညွှန်ပေးတော်မူလျက်) ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူ၏။

[82] သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်မှာ အရှင့်ထံတော်မှဖြစ်ကြောင့် ယုံကြည်လက်ခံနိုင်ရန်အလို့ငှာ ယင်းကို တွေးတောဆင်ခြင် ချင့်ချိန် သုံးသပ်ခြင်း မရှိကြသလော။ အကယ်၍ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ မဟုတ်ခဲ့သော် (အခြားသူတို့ထံမှ ရောက်ရှိလာသောကျမ်းဂန် ဖြစ်ခဲ့ပါမူ) ထိုသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်) တွင် မြောက်မြားစွာသော ရှေ့နောက်မညီညွတ်သည့် ကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ကြလိမ့်မည်။

[83] သူတို့ထံ ပြည်သူ့လုံခြုံရေးဆိုင်ရာ သို့မဟုတ် သတိပေးနှိုးဆော်ချက်ဆိုင်ရာ သတင်းအချက်အလက် တစ်စုံတစ်ခု ရောက်ရှိလာခဲ့သော် (ထိုသတင်းအချက်အလက်အား မှန်၊ မမှန်ကိုလည်းကောင်း၊ ယင်းအား ပျံနှံ့စေခြင်း၌ အကျိုးရှိ၊ မရှိ ဟူသည်ကိုလည်းကောင်း) အသေအချာ စိစစ်ခြင်းမရှိဘဲ ထုတ်လွင့်ပျံ့နှံ့စေကြ၏။ အကယ်၍ သူတို့သည် ထိုသတင်းအချက်အလက်ကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် အမိန့်ထုတ် ပြန်ရေးဆိုင်ရာ ပြန်ကြားရေးကို တာဝန်ယူထားသော ဆုံးဖြတ်လုပ်ပိုင်ခွင့် အခွင့်အာဏာရှိသူများထံသို့ ဖြစ်စေ၊ ပြန်လည်စီစစ်ရန်အလို့ငှာ လွှဲပြောင်းခဲ့ပါမူ၊ သူတို့အနက်မှ သက်ဆိုင်ရာပညာရှင်တို့က ယင်းသတင်းကို ဂဃနဏ စိစစ်၍ မှန်ကန်စွာ သုံသပ်လျက် စီမံချက်ရေးဆွဲ၍ ညွှန်ကြားနိုင်လိမ့်မည်။ သို့သော် အကယ်၍သာ တမန်တော်မှတစ်ဆင့် အရှင့်အမိန့်ပညတ်ချက်များဖြင့် သင်တို့အား ဉာဏ်အလင်းပေးခြင်းဖြင့် အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင် မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော်သက်စေတော်မမူခဲ့လျှင် အနည်းငယ်သော သူတို့မှအပ (ကျန်ရစ်သူအား လုံးက သီလကြောင်တို့၏လှည့် စားမှုခံရလျက်) စေတန်မကောင်းဆိုးဝါး၏နောက်သို့ မုချပင် လိုက်ခဲ့ကြလိမ့်မည်။

[84] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေ နပ်နှစ်မြှို့မှုအတွက် ဖိနှိပ်ချုချယ်မှုများ အဆုံးသတ်ရန်အလို့ငှာ) ရင်ဆိုင်တိုက်ခိုက်လော့။ ဦးစားပေး ကာကွယ်ရမည်မှာ အသင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မှအပ သင့်မှာ တာဝန်ရှိသည် မဟုတ်ပေ။ သို့ဖြစ်၍ ယုံကြည်သူတို့အား (မတရားဖိနှိပ်ချုပ်ချယ်မှုကို တော်လှန်တိုက်ခိုက်ရန် တာဝန်ရှိကြာင်း) တိုက်တွန်းနှိုးဆော်လော့။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏ရက်စက် ကြမ်းကြုတ်သောအင်အားကို ဟန့်တားတော်မူဖွယ်ရာ ရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ရက်စက်ကြမ်း ကြုတ်မှုကို ပိုမို၍ ပြင်းထန်ပြီး ပိုမို၍ ပြင်းထန်ကြီးလေးသော ပြစ်ဒဏ်ဖြင့် တုံ့ပြန်စေတော်မူသောအရှင် ဖြစ်တော်မူ၏။

[85] မည်သူမဆို လူသားတို့အကျိုးရှိပြီးကောင်းမြတ်သောရေးကိစ္စအတွက် ကြားဝင်စေ့စပ်ဖျန် ဖြေရန် ကူညီဆောင်ရွက်လျှင် သူ့အတွက် ယင်းကောင်းမြတ်သော ကြိုးပမ်းဆောင်ရွက်မှုမှ လောကီနှင့်တမလွန်ဘဝဆိုင်ရာ အကျိုးဆက်အဖြစ် ဝေစုသည် ရှိနေ၏။ အလားတူ မည်သူမဆို လူသားအကျိုးယုတ်ပြီး အပျက်သဘောဆောင်သည့် စနစ်ဆိုးများနှင့်မတရားဖိနှိပ်ချုပ်ချယ်မှု စသော မကောင်းသောအရေးကိစ္စကို အားပေးလျက် ကြားဝင်စေ့စပ်ဖျန်ဖြေရန်လိုလားလျှင် သူ့အတွက် (ယင်းမကောင်းသော ကြိုးပမ်းဆောင်ရွက်မှုမှ လောကီနှင့် တမလွန်ဘဝဆိုင်ရာ) အကျိုးဆက်အဖြစ် ဝေစုသည် ရှိနေ၏။ စင်စစ်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းပေးတော်မူလျက်) အရာခပ်သိမ်းတို့ အပေါ် ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[86] သင်တို့အား သင်တို့အသိုင်းအဝိုင်း၏ခရီးစဉ်နှင့်လုပ်ငန်းဌာနများတွင် နှုတ်ခွန်းဆက်မှုတစ်မျိုးမျိုးဖြင့် နှုတ်ဆက်သည့်အခါ သင်တို့က ထိုထက်ပိုကောင်းသည့် နှုတ်ခွန်းဆက်သမှုဖြင့် တုံ့ပြန်နှုတ်ဆက်၍ ဆက်ဆံကြလော့၊ သို့တည်းမဟုတ်၊ တူညီသောနှုတ်ခွန်းဆက်သမှုမျိုးဖြင့်သာ တုံ့ပြန်နှုတ်ဆက်၍ ဆက်ဆံကြလော့။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူမှုဆက်ဆံရေးနယ်ပယ်၌ လူသားတို့ပြောဆိုဆက်ဆံသည့် ပြောဆိုဆက်ဆံမှု အလုံးစုံနှင့်စပ်လျဉ်း၍) စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူ၏။

[87] အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းသာလျှင် ကိုးကွယ်ထိုက်သောအရှင် ဖြစ်တော်မူ၍ ထိုအရှင်မှအပ အခြား (မည်သည့် ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာမျှ အလျှင်း မရှိပေ။ ထိုအရှင်သည်ပင် (ကိုးကွယ်ထိုက်သောအရှင်ဖြစ်၍) ရှင်ပြန်ထမည့်နေ့တွင် အသင်တို့အားလုံးကို စုရုံးစေတော်မူမည်ဖြစ်ကြောင်းနှင့်ထိုနေ့၌ (လူတိုင်းအစစ်ဆေးခံရမည်ဖြစ်ကြောင်းမှာ) ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိပေ၊ အကြောင်းမှာ (ထိုသတင်းစကားသည်) အလ္လာဟ်အရှင်မြတ်ထံတော်မှ (ထုတ်ပြန်သည့်) စကားတော်ဖြစ်သောကြောင့် အရှင့်ထက် ပိုမို၍ တိကျမှန်ကန်စွာ ပြောဆိုသောအရှင် မည်သူရှိမည်နည်း။

[88] သို့ပါလျက် အသင်တို့သည် (မက္ကာမှလာသူအချို့နှင့်အခြားမျိုးနွယ်စုတို့မှ မွတ်စလင်ဖြစ်သည်ဟု ကြွေးကြော်၍ အစ္စလာမ်ကိုရန်မူသည့် စီမံကိန်းများကို ကြံစည်ဖန်တီးနေသော) အယောင်ဆောင်သီလ ကြောင်တို့နှင့်ပတ်သက်၍ အဘယ်ကြောင့် အုပ်စုနှစ်စုကွဲနေကြသနည်း။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသီလကြောင်တို့အား သူတို့၏ပြုမူဆောင်ရွက်ဆည်းပူးချက်တို့ကြောင့် ယုံကြည်မှုနှင့်ပြောင်းပြန် လှန်ပစ်ထား တော်မူခဲ့၏။ (အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်သောကြောင့်) အလ္လာဟ်အရှင်မြတ်က လမ်းမှားရောက်စေတော်မူသူတို့အား အသင်တို့က လမ်းမှန်ညွှန်ကြား စေလိုကြသ လော။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်က (လမ်းမှားရောက်လိုသူအားလမ်းမှားရောက်ရန်) ခွင့်ပြုတော်မူသူ (မည်သူမဆို) အတွက် မည်သည့် လုံခြုံရေးနှင့်လိုက်နာစရာ နည်းစနစ်ကိုမျှ အသင်က အလျှင်း ရှာတွေ့မည် မဟုတ်ချေ။

[89] ထို့ပြင် သူတို့မယုံကြည်ဖီဆန်ငြင်းပယ်ကြသကဲ့ သင်တို့လည်း မယုံကြည်ငြင်းဆန်ကြပြီး သူတို့နှင့်တစ်ပြေးညီ တစ်သားတည်းဖြစ်ကြရန်သာ သူတို့က လိုလားနေကြ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (သင်တို့ကဲ့သို့ အရှင့်ကျေနပ်နှစ်မြှို့အတွက် အိုးအိမ်နယ်မြေ စွန့်လွှတ်၍ မဒီနာမြို့သို့) နယ်ရင်းစွန့်ရွှေ့ပြောင်းရွေ့ခြင်း မပြုသမျှ ကာလပတ်လုံး၊ သူတို့အနက်မှ မည်သူ့ကိုမျှ သင်တို့၏မဟာမိတ်လူယုံအဖြစ် မသတ်မှတ်ကြလေနှင့်။ သို့သော် အကယ်၍ သူတို့က (အမှန်တရားဘက်သို့ ဖိတ်ခေါ်နေခြင်းအား ကျောခိုင်း၍ ငြင်းပယ် ဆန့်ကျင်လျက်) သင်တို့အား ပုန်ကန်ပြီး ရန်မူကြလျှင် သူတို့ကို ဖမ်းချုပ်၍ အရေးယူကြလော့။ (သူတို့တိုက်ခိုက် ကြလျှင်) သူတို့အား ရင်ဆိုင်တွေ့ဆုံသည့်နေရာတိုင်း၌ တုံ့ပြန်တိုက်ခိုက်၍ သတ်ကြလော့။ သင်တို့သည် သူတို့ အနက်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မဟာမိတ်လူယုံနှင့်ကူညီစောင်မမည့်သူအဖြစ် မမှတ်ယူကြလေနှင့်။

[90] သို့ရာတွင် သင်တို့လူမျိုးအချင်းချင်းကြားနှင့်သူတို့အချင်းချင်းကြားတွင် ခိုလှုံခွင့်ရရန် (ငြိမ်းချမ်းရေးနှင့် မဟာမိတ်ဖွဲ့မှုဆိုင်ရာ) ပဋိညာဉ်စာချုပ်တစ်ခုခု ချုပ်ဆို၍ ညွှန့်ပေါင်းအဖြစ် ပူးပေါင်းကြသူများ၊ သို့တည်း မဟုတ် သင်တို့အား တိုက်ခိုက်သတ်ဖြတ်ခြင်း သို့မဟုတ် သူတို့၏လူမျိုးတို့အား (အပြန်အလှန်သတ်ဖြတ်ခြင်း မဖြစ်ရအောင်) သူတို့၏ကိုယ်စိတ်နှလုံးတို့ကို ထိန်းချုပ်ခဲ့ကြသူများမှအပ (အခြားမတရား ညှင်းပန်းနှိပ်စက်သူများ၊ လူသားဆန်မှုနှင့်ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြသူတို့အနက်မှ) အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့အား အကယ်၍ သင်တို့အပေါ် (တိုက်ခိုက်နိုင်စွမ်းပေးတော်မူသောကြောင့် သင်တို့ကို) အမှန်ပင် တိုက်ခိုက်သတ်ဖြတ်ကြလျှင် သင်တို့လည်း ပြန်လည် တိုက်ခိုက်ကြလော့။ သို့ရာတွင် အကယ်၍ သူတို့သည် စစ်ကိုရုပ်သိမ်းဆုတ်ခွာ၍ သင်တို့အား တိုက်ခိုက်သတ်ဖြတ်ခြင်းအား ရပ်ဆဲကြပြီး သင်တို့ထံ ငြိမ်းချမ်းရေးအတွက် လာရောက်ကမ်းလှမ်းကြသော်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သူတို့ အပေါ် စစ်ဆင်နွဲရန် မည်သည့်နည်းနှင့်မျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။

[91] သင်တို့သည် (အခြားသူတို့ကိုလည်း အလားတူ သင်တို့နှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆို၍) သူတို့၏လူမျိုးတို့နှင့်သင်တို့၏တည်ငြိမ်အေးချမ်းမှုနှင့်လုံခြုံမှုရစေရန် လိုလားသူများအဖြစ် မကြာမီ တွေ့ရလိမ့်မည်။ (တည်ငြိမ်အေးချမ်းမှုနှင့်လုံခြုံမှုမှသည်) မတည်ငြိမ်မှုနှင့်မလုံခြုံမှုဘက်သို့ ဦးတည် ပြန်လိုကြသူအားလုံးသည် ယင်း (လုံခြုံအေးချမ်းမှု) ၌ မတည်ငြိမ်မှုများဖန်တီးလျက် အခြေအနေကို ဇောက်တိုး စိုက်ကျစေလိမ့်မည်။ သို့ရာတွင် အကယ်၍ (ထိုမတည်ငြိမ်မှုဖန်တီးလိုသူတို့သည်) သင်တို့နှင့်စစ်ရုပ် စစ်ရှောင်ခြင်းမရှိကြသည်ဖြစ်စေ၊ သင်တို့ဘက်သို့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းခဲ့ခြင်းမရှိကြသည်ဖြစ်စေ၊ သင်တို့အား ထိခိုက်နစ်နာစေရန် (အင်အား၊ အကြံအစည်နှင့်နည်းပညာများ ရှာဖွေစုဆောင်းနေသည့်) သူတို့၏လက်များကို မထိန်းချုပ်လျှင်ဖြစ်စေ၊ သူတို့ကို ဖမ်းချုပ်အရေးယူကြလော့။ သင်တို့နှင့်ထိပ်တိုက်ရင်ဆိုင်သည့်နေရာတိုင်းတွင် သူတို့ကို တိုက်ခိုက်သတ်ကြလော့။ (ထိုသို့ပင် လူတို့၏ဘဝလုံခြုံမှုကို အန္တရာယ်ပြုခြင်းကြောင့်) သူတို့အပေါ် စစ်ဆင်ရန် သင်တို့အတွက် ထင်ရှားသော ခွင့်ပြုမိန့် အခွင့်အာဏာကို ငါအရှင်မြတ် ဖြစ်စေတော်မူခဲ့ခြင်းပင် ဖြစ်၏။

[92] သို့သော် (အထူးသတိထားစေလိုတော်မူသည်မှာ) မှားယွင်းချွတ်ချော်၍ သတ်မိခြင်းမှအပ မည်သည့် ယုံကြည်သူတစ်ဦးအတွက်မျှ အခြားယုံကြည်သူတစ်ဦးကို မည်သည့်အကြောင်းကြောင့်မျှ တိုက်ခိုက်သတ်ဖြတ်ခြင်းခွင့် မရှိပေ။ မည်သူမဆို ယုံကြည်သူတစ်ဦးအား မှားယွင်းစွာဖြင့် တိုက်ခိုက်သတ်မိခဲ့လျှင် သူ့၌တာဝန်ရှိ သည်မှာ ဘဝချုပ်နှောင်ထားခံရသော ယုံကြည်သူတစ်ဦးကို ဘဝလွတ်မြှောက်စေပြီး ထို (အသတ်ခံရသော) သူ့မိသားစုအရင်းအချာတို့ထံသို့ (သူတို့၏လွတ်လပ်သောဆန္ဒဖြင့်) ကင်းလွှတ်ခွင့်ပေးခြင်းမှအပ ငြိမ်းချမ်းရေး လိုလားသော မွတ်စလင်တစ်ဦးပီပီ အပြစ်ဖြေ လျှော်ကြေးပေးဆောင်ရန်ပင် ဖြစ်၏။ သို့ရာတွင် အကယ်၍ ထိုအသတ်ခံရသူက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမထားသော ဆန့်ကျင်ဘက်ရန်သူလူမျိုးအနက်မှ ယုံကြည်သူ တစ်ဦးဖြစ်ခဲ့လျှင် ဘဝချုပ်နှောင်ထားခံရသော ယုံကြည်သူတစ်ဦးကို ကျွန်ဘဝမှ လွတ်မြှောက်စေရန်သာ တာဝန်ရှိ၏။ တစ်ဖန် အကယ်၍ အသတ်ခံရသူမှာ သင်တို့အချင်း ချင်းနှင့်သူတို့အချင်းချင်းကြား ငြိမ်းချမ်းရေး ပဋိညာဉ်ချုပ်ဆိုထားသည့် လူမျိုးအနက်မှ ဖြစ်ခဲ့လျှင် ထို (အသတ်ခံရသော) သူ၏မိသားစုအရင်းအချာတို့ထံသို့ (သူတို့၏လွတ်လပ်သောဆန္ဒဖြင့်) ကင်းလွှတ်ခွင့် ပေးခြင်းမှအပ အပြစ်ဖြေ လျှော်ကြေးပေးဆောင်သည့်အပြင် ကျွန်ဘဝ၌ချုပ်နှောင်ထားခံရသော ယုံကြည်သူ တစ်ဦးကိုလည်း ဘဝလွတ်မြှောက်စေခြင်းဖြင့် ငြိမ်းချမ်းရေး လိုလားသော မွတ်စလင်တစ်ဦးပီပီ တာဝန်ကျေပွန် ရမည်။ သို့သော် မည်သူမဆို အကယ်၍ ယုံကြည်သူ တစ်ဦးအား ဘဝလွတ်မြှောက်စေရန် ရှာမတွေ့ (သို့မဟုတ် မတတ်စွမ်း) ပါက (သူ့အပေါ်၌) နောင်တဖြင့် အရှင့်ဘက်ပြန်လှည့်စေမည့် အလ္လာဟ်အရှင်မြတ်ထံတော်မှ အပြစ်ဖြေ ဒဏ်ကြေးအဖြစ် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလ ဆောက်တည်ရန် တာဝန်ရှိ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏လူမှုဆက်ဆံရေးဆိုင်ရာ တင်းမာမှု အလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူမှုရေးပြ ဿနာအားလုံး၏အခြေခံအကြောင်းရင်းဆိုင်ရာ အမိန့်ပညတ်ချက်များချမှတ်ပေးအပ်ရာတွင် ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[93] သို့ရာတွင်မည်သူမဆို ယုံကြည်သူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ ကြံစည်တိုက်ခိုက်သတ်ခဲ့ပါမူ သူ့အပြစ်၏ဒဏ်ကြေးအကျိုးဆက်မှာ ငရဲမီးပင် ဖြစ်ပြီး ယင်းငရဲမီးထဲ၌ ကာလအကန့် အသတ်မဲ့ နေရလျက် သူ့အပေါ် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ဖြစ်သော ပြစ်တင်ရှုတ်ချမှုနှင့်အရှင့်ကရုဏာတော်မှ ကင်းဝေးစေခြင်းတို့ သက်တော်မူရုံမက ကြီးလေးသော ပြစ်ဒဏ်ပေးခံရစေရန်လည်း အသင့်ပြင်ဆင် ထားတော်မူ၏။

[94] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်သည့်အခါ အခြေအနေကို ထင်ထင်ရှားရှား ကွဲပြားစွာ အသေးစိတ် သိနားလည်နိုင်သည်အထိ စိစစ်လေ့ လာကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဓနပစ္စည်းပစ္စယများ အလျှံပယ် ရှိသော်လည်း လောကီဘဝ၏ယာယီခံစားမှုကို ခေတ္တခဏသာ ခံစားရန် ရယူရှာဖွေလျက် သင်တို့အပေါ် အရှင့်ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ။"" ဟု မေတ္တာပို့၍ နှုတ်ဆက်ကြသူတို့အား ယုံကြည်သူမဟုတ်” ဟု မထင်မှတ် မပြောဆိုကြလေနှင့်။ သင်တို့သည် ယခင်က ထိုကဲ့သို့ပင် ဖြစ်ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသို့လောကီအ ကျိုးအတွက် လူသားဆန်မှုကို မှေးမှိန်စေခြင်းမှ ရှောင်ကြဉ်၍ အစ္စလာမ့်အခြေခံဖြစ်သော လူသားဆန်မှုကို အကော်အထည်ဖော်ရန်အလို့ငှာ အရှင့်အအမိန့်ပညတ်ချက်များအား သင်တို့အပေါ် ချမှတ်ပေးအပ်၍ အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ထင်ရှားမြင်သာအောင် ရှင်းလင်းတင်ပြစေတော်မူခြင်းပင်ဖြစ်၏။

[95] ယုံကြည်သူတို့အနက်မှ မသန်မစွမ်းသူများမဟုတ်ဘဲ (လူသားဆန်မှုကိုကာကွယ်ရန် အရေးပါသော စစ်ချီမှုအတွက် ပြင်ဆင်ရသည့်အခါ မည်သည့်လက်ခံဖွယ်ရာ ဆင်ခြေမျှကိုလည်း မပေးနိုင်ဘဲ စစ်ရှောင်လျက် အိမ်ထဲတွင် ထိုင်နေကြသူတို့နှင့်အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏အသက်စည်းစိမ်နှင့်နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်း အစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဥ်) တို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသူတို့မှာ ဂုဏ်အဆင့်အရ တူညီကြသည် မဟုတ်ပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် လုပ်ပိုင်ခွင့်ရသော သူတို့၏အသက်စည်းစိမ်နှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသူတို့သည် မလှုပ်ရှားဘဲ ထိုင်နေကြသူများထက် ဂုဏ်သိက္ခာအဆင့်အတန်းနှင့်အခွင့်အလန်း ပိုရှိကြ၏။ သူတို့တစ်ဦးချင်းစီအတွက် သူတို့၏ရုန်းကန်လှုပ်ရှားမှုနှင့်အညီ အကောင်းဆုံးနှင့်အမြတ်ဆုံး အကျိုးဆုလဒ်များ ပေးတော်မူရန် ကတိထားတော်မူပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကြောင့် အခွင့်အရေးရ၍ ရုန်းကန်လှုပ်ရှားနေကြသူတို့သည် မလှုပ်ရှားဘဲ ထိုင်နေကြသူတို့ထက် ပိုမို၍ ကြီးကျယ် မြင့် မြတ်သော အကျိုးဆုလဒ်ရစေတော်မူ၏။

[96] အရှင်မြတ်ချီးမြှင့်တော်မူမည့် ဂုဏ်သိက္ခာအဆင့်အတန်းနှင့်အခွင့်အလန်းများအနက်မှ လွတ် ငြိမ်းချမ်းသာ ခွင့်ပေးသနားတော်မူခြင်းနှင့်ကရုဏာသက်စေတော်မူခြင်းတို့လည်း ပါဝင်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[97] ဧကန်စင်စစ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူတို့၏စိတ်ဆန္ဒအလိုကျ အသုံးချခြင်း သူတို့ ကိုယ်သူတို့ မတော်မတရားလုပ်လျက် သူတို့၏ဘဝသက်တမ်းအား ကုန်ဆုံးစေပြီးနောက် မလာအိကဟ်စေတမန်က သူတို့၏အသက်ဇီဝိန်ကိုနှုတ်စဉ် သူတို့အား “အသင်တို့ မည်သည့်အခြေအနေမျိုးတွင် ရပ်တည်၍ ဘဝရှင်သန်ခဲ့သနည်း။” မေးမြန်းရာ သူတို့က ကျွန်ုပ်တို့သည် ကမ္ဘာဂြိုဟ်၌ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရ (ပြီးယုံကြည်မှုအတွက် လမ်းစရှာ မတွေ့နိုင်) သည့်အခြေအနေတွင်ရှိခဲ့ပါသည်။” ဟု ဖြေဆို၏။ (ထိုအခါ မလာအိကဟ်စေတမန်က) “အလ္လာဟ်အရှင်မြတ်၏မြေကမ္ဘာမျက်နှာပြင်သည် သင်တို့နယ်ရင်းစွန့်၍ ပြောင်းရွေ့နေထိုင်နိုင်လောက်သည်အထိ ကျယ်ပြန့်ခဲ့သည် မဟုတ်လော။” ဟု မေးခဲ့မည်။ (ဖိနှိပ်ချုပ်ချယ်ခံရမှုကို တော်လှန်ရန် သို့မဟုတ် ဖိနှိပ်ချုပ် ချယ်ခံရမှုမှ လွတ်မြှောက်ရန် မရုန်းကန်ခြင်းကြောင့်) ထိုသူတို့၏ခိုလှုံရာဌာနစခန်းမှာ ငရဲဘုံသာ ဖြစ်ပြီး ထိုဌာနသည် အလွန်ဆိုးဝါးသည့် ပန်းတိုင်ပင် ဖြစ်၏။

[98] သို့ရာတွင် ဖိနှိပ်ချုပ်ချယ်ခံကြရသော အမျိုးသားများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်တို့ အနက်မှ ထွက်ပေါက်အတွက် လမ်းစရှာမတွေ့သူများသည် သူတို့ကိုယ်တိုင် ဖိနှိပ်ခံဘဝမှလွတ်မြှောက်ရန် နည်းလမ်း တစ်စုံတစ်ခုကို မဖန်တီးနိုင်သူများနှင့်တော်လှန်ရန် သို့မဟုတ် နယ်ရင်းစွန်ရွေ့ပြောင်းနေထိုင်ရန် မတတ်စွမ်းနိုင်သူတို့အား ခြွင်းချက်အဖြစ် ကင်းလွှတ်ခွင့်ပေးတော်မူ၏။

[99] (ထိုသို့သောအခြေအနေကြောင့်) အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မကြာမီ လွှတ်ငြိမ်းခွင့် ပေးသနားတော်မူလိမ့်မည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပင် ကင်းလွှတ်ခွင့် ပေးတော်မူသောအရှင်၊ (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။

[100] (ထို့ပြင် ဖိနှိပ်ချုပ်ချယ်မှုကို တော်လှန်နိုင်စွမ်းမရှိဘဲ) နယ်ရင်းစွန့်ရွေ့ပြောင်းနေထိုင်သူ (မည်သူမဆို) သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လှုပ်ရှားသူဖြစ်လျှင် ကမ္ဘာဂြိုဟ်ပေါ်၌ (လွတ်လပ်မှုဆိုင်ရာ အခွင့်အရေးအတွက်) ကျယ်ဝန်းနက်ရှိုင်းသည့် ခိုလှုံရာစခန်းပေါင်း မြောက်မြားစွာကို တွေ့နိုင်၏။ သို့ဖြစ်ရာ မည်သူမဆို (အရှင့် လမ်းစဉ်တော်အတိုင်းဘဝ တည်ဆောက်နိုင်ရန်အလို့ငှာ အဖိခံဘဝ၌ မနေဘဲ) သူ့နယ်ရင်းအိုးအိမ်စွန့်လျှက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်လမ်းညွှန်သည့်ဘက်သို့ ဦးတည် (ခြင်းဖြင့် ရွှေ့ ပြောင်းနေထိုင်သူတစ်ဦးဖြစ်) ပြီးနောက် (ရွှေ့ပြောင်းနေထိုင်သည့်ဘဝ၌ပင်) သေခြင်းတရားသည် သူ့ထံရောက်ခဲ့သော် သူ့အကျိုးဆုလဒ်ကို သူအပြည့်အဝရစေရန် အရှင်မြတ်က အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ပြုတော်မူခဲ့ပြီ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူသည့်အလျှောက် အားလုံးအပေါ်လည်း အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[101] သင်တို့သည် ကမ္ဘာဂြိုဟ်ပေါ်၌ ခရီးထွက်ကြစဉ် အကယ်၍ မယုံမကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က သင်တို့အား အန္တရာယ်ပြုနိုင်ကြောင်း စိုးရိမ်ကြောင့်ကြရသော်၊ (သင်တို့၌ မဖြစ်မနေဝတ်ပြုရန် တာဝန်ရှိသော) ဆွလာသ်ဝတ်ပြုမှုကို လျော့နည်း၍ ဝတ်ပြုခြင်း၌ သင်တို့အပေါ် အပြစ်မထိုက်ချေ။ ဧကန်စင်စစ်၊ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည်ကား သင်တို့၏ထင်ရှားစွာသော ရန်သူများပင် ဖြစ်ကြ၏။

[102] (အို၊ ရစူလ်တမန်တော်) သင်တို့သည်စစ်ဆင်ရေးတစ်ခုခုတွင်ရှိနေပြီး ရန်သူတို့က အချိန်မရွေး သင်တို့ကို အန္တရာယ်ပြုနိုင်ကြောင်းစိုးရိမ်ရသည့်အချိန်၌) ဆွလာသ်ဝတ်ပြုရမည့်အချိန်ရောက်၍ ဆွလာသ်ဝတ်ပြုမှုအတွက် သူတို့ကို မတ်တပ်ရပ်စေစဉ် (အစ္စလာမ့်အတွက် ဘဝနစ်မြှပ်ထားသော ယုံကြည်) သူတို့အနက်မှ အုပ်စုတစ်ခုအား သူတို့၏လက်နက်ခဲယမ်းများကိုင်ဆောင်စေလျက် အသင့်ပြင်ဆင်ထားသည့်အနေအထားဖြင့် အသင် (တမန် တော်) နှင့်အတူ မတ်တပ်ရပ်စေလျက် ဝတ်ပြုစေလော့။ ထို့နောက်သင်တို့ ပထမရကသ်အတွက် မတ် တပ်ရပ်၍ ဦးချမှုပြီးဆုံးစဉ် ပထမအုပ်စု၏နေရာကို ပထမရကသ်အတွက် မတ်တပ်ရပ်၍ ဝတ်ပြုမှုတွင် မပါဝင်ရဘဲ ကျန် ရစ်ခဲ့သည့် ဒုတိယအုပ်စုအား သူတို့၏လက်နက်ခဲယမ်းများကို ကိုင်ဆောင်လျက် အသင့်ပြင် ဆင်ထားသည့်အ နေအထားဖြင့် နေရာယူစေပြီး သင်နှင့်အတူ ဒုတိယမတ်ရကသ်အတွက် မတ်တပ်ရပ်မှု၌ ပါဝင်၍ ဆွလာသ် ဝတ်ပြုစေလော့။ (အကြောင်းမှာ) အကယ်၍ သင်တို့၏လက်နက်များနှင့်အသုံးအဆောင် ပစ္စည်းများအား အလေးမထား၊ သတိမမူဘဲ ချထားလျက်ဝတ်ပြုနေစဉ် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က သင်တို့အပေါ် တစ်ဟုန်တည်းနှင့်တစ်ချီတည်း အလစ်သုတ် ဝင်ရောက်စီးနင်း၍ သဲကြီးမဲကြီး တိုက်ခိုက်ချေမှုန်းနိုင်ရန် လိုလားကြ၏။ သို့သော် အကယ်၍ သင်တို့အပေါ် သည်းထန်စွာ ရွာသွန်းချသည့် မိုးကြောင့် အခက် အခဲကြုံလျှင်သော်လည်းကောင်း၊ အနာဒဏ်ရာနှင့်နာမကျန်းဖြစ်နေလျှင်သော်လည်းကောင်း၊ လက်နက်ခဲယမ်းများကို မကိုင်ဆောင်နိုင်ဘဲ မြေကြီးပေါ်ချထားလျက် ဝတ်ပြုခြင်း၌ အပြစ်မထိုက်ပေ။ သို့သော် သင်တို့သည် မည်သည့်အခြေအနေဖြစ်စေ၊ မည်သို့သော အနေအထားတွင်ရှိသည်ဖြစ်စေ၊ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အပြည့်အဝ ပြင်ဆင်ထားကြလော့။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ဖုံငြင်းပယ်သူ) တို့အတွက် မသတီဖွယ်ရာနှင့်အကျိုးယုတ်အရှက်ရဖွယ်ရာ ပြစ်ဒဏ်ကို ကြိုတင်ပြင်ဆင်ထားတော်မူခဲ့ပြီ ဖြစ်၏။

[103] ထို့နောက် သင်တို့၏ဆွလာသ် ဝတ်ပြုဆောက်တည်မှု ပြီးဆုံးသည့်အခါ သင်တို့ မတ်တပ်ရပ်နေစဉ် ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ မည်သည့်ဘက်တွင် မည်သို့သောအနေအထား၌ပင် ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။ ထို့နောက် ဘေးကင်းလုံခြုံမှုရှိလာသည့်အခါ ပုံမှန် မဖြစ်မနေဆောက်တည်ရမည့် ဆွလာသ်ဝတ်ပြုမှုများကို ယင်း၏စည်းမျဉ်းများ၊ အချိန်များနှင့်အညီ မြဲမြံစွာဖြင့် ဆောက်တည်ဝတ်ပြုကြလော့။ ဧကန်မလွဲပင်၊ ဆွလာသ်ဝတ်ပြုဆောက်တည်မှုသည် ယုံကြည်သူတို့အပေါ်၌ မဖြစ်မနေ ဆောက်တည်ရမည့် တာဝန်အဖြစ် ဝတ်ပြုရမည့်အချိန်ကာလများ သတ် မှတ်ပေးလျက် အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်၏။

[104] ထို့ပြင် သင်တို့ကို ဆန့်ကျင်တိုက်ခိုက်သူများ၊ ဖိအားပေးလိုသူများနှင့်ရန်လိုမုန်းတီးသူများစသော လူမျိုးတို့အား အမှန်တရားသစ္စာဘက်သို့ဖိတ်ခေါ်ရန် ကောက်ကောက်ပါအောင်လိုက်ခြင်း၌ ကြုံတွေ့ရသော အခက်အခဲနှင့်အကျပ်အတည်းများကြောင့် သင်တို့၏ရည်မှန်းချက်များကို အားပျော့စေလျှက် စိတ်ဓါတ်မကျကြလေနှင့်။ အကယ်၍ သင်တို့သည် ဒုက္ခအခက်အခဲနှင့်စိတ်ဆင်းရဲမှုကို ခံစားကြရလျှင် ထိုသူတို့သည်လည်း သင်တို့ခံစားသကဲ့သို့ပင် ဒုက္ခအခက်အခဲနှင့်စိတ်ဆင်းရဲမှုကို ဒုက္ခခံစားကြလိမ့်မည်။ ထိုမျှမက သင်တို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီအထောက်အပံ့များရနိုင်ရန် အရှင့်ထံ တောင်းခံလျှက် မျှော်လင့်နိုင်ကြသည်ကို သူတို့ မမျှော်လင့်နိုင်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူသားတို့ ကြုံတွေ့နေသည့်ပြဿနာများကို ဖြေရှင်းနိုင် အမိန့်ပညတ်ချက်များကို ချမှတ်ပေးရာတွင် ကျိုးကြောင်းဆင်ခြင်ဉာဏ်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[105] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တမန်တော်အပေါ် အမှန်တရားသစ္စာနှင့်အတူ ဤကျမ်းတော်ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူလျက် လူသားအချင်းချင်းကြား ဖြစ်ပေါ်လာသမျှ ပြဿနာအရပ်ရပ်၌ စီရင်ဆုံးဖြတ်နိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်က အသင် (တမန်တော်) အား လမ်းညွှန်ပြသတော်မူသည့်အတိုင်းသာ ဆောက်ရွက်ပြီး ယင်းကို အလွဲသုံးစားပြုရာရောက်သည့် လိမ်လည်လှည့်ဖြားသော သစ္စာဖောက်တို့အတွက် (မားမားမတ်မတ်ရပ်တည်ပေးခြင်းဖြင့်) အသနားခံတောင်းသူတစ်ဦး မဖြစ်ပါလေနှင့်။

[106] ထိုသို့မဖြစ်ရလေအောင် အလ္လာဟ်အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ အသနားခံ ဆုပန်လော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်တိမ်ကောစေသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် လမ်းညွှန်များ ချမှတ်ပေးအပ်တော်မူသော်လည်း လူသားတို့၏ချွတ်ချော်မှားယွင်းမှုများကို) လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အာလုံးအပေါ် အစဉ် သနားကြင်နာညှတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

[107] သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ အရှင်မြတ်ထည့်ပေးတော်မူသည့် ပင်ကိုယ်စွမ်းရည်၊ ဉာဉ် စဉ်စရိုက်၊ လွတ်လပ်သောဆန္ဒနှင့်အရည်အသွေးတို့ကို အရှင့်စည်းမျဉ်းတော်နှင့်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ အသုံးချစေနိုင်သည့် စိတ်ဝိဉာဉ်) အားသူတို့၏အလိုဆန္ဒ အတိုင်းသာအသုံးချခြင်းကြောင့် လိမ်လည်လှည့်ဖြားသည့် သစ္စာဖောက်များ ဖြစ်လာကြသူတို့ဘက်မှ ရပ်တည်၍ အပြန်အလှန် ငြင်းခုံဆွေးနွေးခြင်း မပြုကြ လေနှင့်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (သူတို့၏နဖ်စ်ဝိဉာဉ်ကို သူတို့၏လွတ်လပ်သော ဆန္ဒအတိုင်း အသုံးချလျက်) သစ္စာဖောက်ကြသူတို့နှင့်ပြစ်မှုဒုစရိုက်ကျူးလွန်မှု၌ နစ်မြုပ်နေသူတို့ကို နှစ်သက်တော်မမူချေ။

[108] သူတို့သည် (သူတို့၏မကောင်းသည့်လုပ်ရပ်များကြောင့် လူပုံအလယ်တွင် မျက်နှာမပြဝံ့ဘဲ) လူတို့မှ ပုန်းအောင်းနိုင်ရန် ရုန်းကန်နေကြသော်လည်း (မကောင်းမှု၏အကျိုးဆက်အဖြစ် ပြစ်ဒဏ်ပေးတော်မူမည့်) အလ္လာဟ်အရှင်မြတ်ထံတော်မှ ပုန်းအောင်းနိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ ထိုအရှင်သည်ပင် သူတို့က ညအချိန်တွင် လျှို့ဝှက်ကြံစည်နေကြစဥ် သူတို့နှင့်အတူရှိတော်မူ၍ သူတို့ပြောဆိုဆွေးနွေးခဲ့ကြသမျှတွင် အရှင်မြတ်က နှစ်သက်တော်မမူနိုင်သည့် အကြောင်းအရာများ ပါနေခြင်းကြောင့် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ ကြံစည်သမျှနှင့် ပြုမူကျင့်ကြံဆောင်ရွက်သမျှ အလုံးစုံတို့ကို ဝန်းခြုံဝန်းထားလျက် ရှိတော်မူ၏။

[109] သင်တို့သည် ဤအချက်ကို အသေအချာ ဂရုစိုက်ကြလော့။ ဤလောကီဘဝသက်တမ်း၌ (သင်တို့က ထောက်ခံသည့်အနေဖြင့်) ငြင်းခုံဆွေးနွေး (ပြီး သူတို့ကိုယ်စား အသနားခံလျှောက်တင်) ကြသော သူတို့သည် (တမလွန်ဘဝ၏) ရှင်ပြန်ထရမည့်နေ့တွင် (သူတို့အား ပြစ်ဒဏ်ခံရခြင်းမှ ကယ်တင်နိုင်ရန်) မည်သူက အလ္လာဟ် အရှင်မြတ်နှင့်ငြင်းခုံဆွေးနွေးနိုင်မည်နည်း။ သို့တည်းမဟုတ် ထိုသူတို့အပေါ် (ပြစ်ဒဏ်သင့်စေခြင်းမှ) ကယ်တင်နိုင်မည့်သူ၊ သူတို့ကိုယ်စား) ခုခံပြောဆို၍ ကာကွယ်နိုင်မည့်သူ မည်သူရှိမည်နည်း။

[110] သို့ဖြစ်၍ မည်သူမဆို မကောင်းမှုအကုသိုလ် တစ်စုံတစ်ခုကို ကျင့်ကြံလုပ်ဆောင်ကျူးလွန်သည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒတို့အား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို စိတ်လိုဆန္ဒအတိုင်း လိုက်နာခြင်းဖြင့် သူ့ကိုယ်သူ မမှန် မကန်လုပ်မိ၍ ထိုသို့ ကျူးလွန်မိပြီးသည်နောက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လျှောက် ထားဆုပန်ပါက အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊ အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[111] သို့သော် မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေလုပ်ဆောင်ကျင့်ကြံလျှင် ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိညာဉ်) ကို စိတ်ဆန္ဒအလိုအတိုင်း ရှာဖွေလုပ်ဆောင်ကျင့်ကြံခြင်းသာ ဖြစ်သောကြောင့် သူ့အပေါ် သာ ဦးစွာအကျိုးသက်ရောက်မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ မျိုးရိုးဗီဇထဲ ၌ပါရှိသော စွမ်းရည်များကို ထည့်ပေးတော်မူရုံသာမက မည်သို့ အသုံးချရမည်ကိုလည်း (အရှင်မြတ်သာ) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[112] ထို့ပြင် မည်သူမဆို မှားယွင်းမှု သို့မဟုတ် ပြစ်မှုဒုစရိုက်တစ်ခုခုကို ရှာဖွေလုပ်ဆောင်ကျင့်ကြံပြီးနောက် ထိုပြစ်မှုနှင့်စပ်လျဉ်း၍ အပြစ်မဲ့သော သူတစ်ဦးဦးကို လွှဲချစွပ်စွဲလျှင် ထိုသူသည် အသရေဖျက်မှုကို ထမ်းရွက်နေပြီဖြစ်၍ ထင်ရှားသော ပြစ်မှုဒုစရိုက်တစ်ခုကို ကျူးလွန်သယ်ပိုးရာရောက်၏။

[113] အကယ်၍ အသင့်အပေါ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူခြင်း) မရှိခဲ့လျှင် သူတို့အနက်မှ အုပ်စုတစ်ခုက အသင့်အား လမ်းလွဲစေရန် သန္နိဌာန်ချခဲ့လိမ့်မည်။ သို့သော် သူတို့က သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) မှအပ အခြား မည်သူ့ကိုမျှ လမ်းလွဲစေနိုင်ခြင်း မရှိချေ။ ထို့ပြင် သူတို့သည် အသင် (တမန်တော်) ကိုလည်း မည့်သည့် အရေးကိစ္စ၌ဖြစ်စေ၊ မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အသင်တမန်တော်အပေါ် ကျမ်းတော်နှင့် (စီရင်ဆုံး ဖြတ်မှုဆိုင်ရာ) ဉာဏ်အမြော်အမြင်ကို ချမှတ်ပေးအပ်တော်မူပြီး အသင် ယခင်က မသိနားမလည်ခဲ့သော အကြောင်းအရာများကိုလည်း အသင့်အား သွန်သင် သင်ကြား ပြသတော်မူ၏။ ထိုသို့ ကျမ်းတော်အားဖြင့် လူ့ဘဝတည်ဆောက်ရေးဆိုင်ရာ နည်းစနစ်များကို သွန်သင် ခြင်းသည် အသင် (တမန်တော်) အပေါ် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသော ကျေးဇူးတော်ဖြင့် သိက္ခာပေးခြင်းပင် ဖြစ်၏။

[114] မည်သူမဆို ချို့တဲ့သူများအတွက် စွန့်လှူပေးကမ်းလှူဒါန်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သို့မဟုတ် (တရားတော်က ညွှန်ကြားထားသည့်အတိုင်း အရေးကိစ္စဟူသမျှတွင် ရိုးသားဖြူစင်စွာနှင့်) မျှတစွာ ကျင့်ကြံဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ သို့မဟုတ် လူသားအချင်းချင်းကြားတွင် (ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်တင်းမာမှုများကို သင့်မြတ်အောင် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များမှအပ (အခြား မည်သည့် လျှို့ဝှက်ကြံစည် ဆွေးနွေးတိုင်ပင်ခြင်းမျှပင်ဖြစ်စေ) ထိုလျှို့ဝှက်ဆွေးနွေးတိုင်ပင်မှုများအနက်မှ အများစု၌ ကောင်းကျိုးရှိသည် မဟုတ်ပေ။ သို့ဖြစ်၍ မည်သူမဆို (အရှင်မြတ်သွန်သင်ညွှန်ကြားတော်မူသည့်အတိုင်း) ထိုသို့ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးလျက် (အရှင်အလိုရှိတော်မူသော ကိစ္စရပ်များကိုသာ) ပြုမူကျင့်ကြံဆောင် ရွက်ကြလျှင် ထိုသူအား မကြာမီ ငါအရှင်မြတ်က ကြီးမားသော အကျိုး ဆုလဒ်ချီးမြှင့်တော်မူလိမ့်မည်။

[115] သူ့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များဖြင့် လမ်းညွှန်မှန်ကို တင်ပြပြီးနောက် စစ်မှန်သော ယုံကြည်သူတို့၏လမ်းစဉ်မဟုတ်သောအရာကို နာခံလိုက်နာလျက် (ရစူလ်တမန်တော်၏လမ်းစဉ်မှ ခွဲထွက်၍) ရစူလ်တမန်တော်ကို ဆန့်ကျင်သူ (မည်သူမဆို) အား ငါအရှင်မြတ်က (သူလိုချင်သည့် အကုသိုလ် လမ်းစဉ်ဘက်သို့) လှည့်စေတော်မူပြီး ငရဲမီးထဲ၌ လောင်စေတော်မူလိမ့်မည်။ (စိတ်အလိုဆန္ဒကို နာခံလျက် ငရဲမီးကို သူတို့၏ပန်းတိုင်ဖြစ်လာအောင် ပြုမူကျင့်ကြံဆောင်ရွက်သူတို့ သိထားသင့်သည်မှာ) ထိုပန်းတိုင်သည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှပြီး ရွံရှာဖွယ်ကောင်း၏။

[116] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား (သော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရန် ခွင့်ပြုတော်မမူဘဲ ထိုသို့ ကိုးကွယ်ခြင်းမှလွဲ၍ (အခြားပြစ်မှု ဒုစရိုက်ကျူးလွန်သူတို့အနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ခွင့်လွှတ်တော်မူနိုင်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့ကို ကိုးကွယ်ပါက ထိုသူသည် (အမှန်တရားသစ္စာမှ အလှမ်းဝေးကွာလျက်) အလွဲကြီး လွဲမှားနေသည့် လမ်းမှားသို့ မုချ ရောက်ခဲ့ပြီ ဖြစ်၏။

[117] သူတို့သည် (တစ်ဆူတည်းတည်ရှိတော်မူပြီး အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မှလွဲ၍ အခြားသော (နွားမ၊ မယ်တော်၊ နတ်သမီးနှင့်အမိမြေစသည့်) “မ” လိင် ကိုယ်စားပြုသော ကိုး ကွယ်ရာများကိုသာ ခေါ်ဆိုတသ၍ တောင်းခံဆုတောင်းကြလျှင် ထိုသူတို့သည် မောက်မာပြီး ပုန်ကန်ဖီဆန်သော စေတန်မကောင်းဆိုးဝါးကိုသာ ခေါ်ဆိုတသ၍ တောင်းခံဆုတောင်းရာရောက်၏။

[118] (ထိုသို့ အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ အခြားသော ကိုးကွယ်ရာများကို ယုံကြည်ကိုးကွယ်) သူ၏ကျိန်စာမှာ အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေခြင်းပင် ဖြစ်၏။ (တမလွန်ဘဝတွင် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ခြင်းခံခဲ့ရသည့်အရာက “(အို၊ အရှင်မြတ်) အသင့်အစေခံတို့အနက်မှ (ကျွန်ုပ်အား အရှင်မြတ်ပေးထားသည့် ပင်ကိုယ်စွမ်းရည်များနှင့်ဆန့်ကျင်၍) ကျွန်ုပ်တို့၏ကိုးကွယ်ရာအဖြစ် နာခံကိုးကွယ်ခဲ့ကြသူတို့ထံမှ ပင်ကိုယ်စွမ်းရည်ကို စော်ကားခြင်းအတွက် သတ်မှတ်ထားသော လျော်ကြေးဆိုင်ရာ ဝေစုတစ်ခုကို ကျွန်ုပ်တို့ မုချပင် ရယူလိုပါ၏။” ဟု တောင်းဆိုမည်။

[119] ထို့ပြင် (ကျွန်ုပ်သည် သူတို့ကဲ့သို့ပင် အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့် အရှင့်အစေခံသာ ဖြစ်ပြီး အကယ်၍ ကျွန်ုပ်၌ ဖွဲ့စည်းဖြစ်တည်စေနိုင်သည့် စွမ်းရည်ရှိခဲ့လျှင်) ကျွန်ုပ်သည် သူတို့အား မုချပင် လမ်းမှား ရောက်စေလိမ့်မည်။ သူတို့အား အမှန်ပင် လောဘရမ္မက် တက်စေလိမ့်မည်၊ (ခြေလေးချောင်းသတ္တဝါတို့၏မျိုးရိုး ဗီဇ၌ လူသားအားနာခံစေသည့် စွမ်းရည်ပေးထားတော်မူရာ) ကျွန်ုပ်က သူတို့အား ခြေလေးချောင်းသတ္တဝါတို့၏ (နာခံမှုကို ကိုယ်စားပြုသည့် ထို) နားရွက်များကို မဖြစ်မနေ ဖြတ်တောက်ရန် အမှန်ပင် အမိန့်ပေးလိမ့်မည်။ သူတို့အား အမှန်ပင် ထိုသို့အမိန့်ပေးနိုင်စွမ်းရှိခဲ့မည်ဆိုလျှင် သူတို့လည်း အလ္လာဟ်အရှင်မြတ်၏ဖွဲ့စည်းဖြစ်တည် ခြင်းဆိုင်ရာ နည်းစနစ်ကို မုချပင် ပြောင်းလဲစေလိမ့်မည်။ မည်သူမဆို စေတန်မကောင်းဆိုးဝါးကို အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်အစား ယုံကြည်ရသော ကာကွယ်စောင့်ရှောက်သူအဖြစ် မှတ်ယူကိုးကွယ်လျှင် ထိုသူတို့သည် အလွန်ထင်ရှား ပေါ်လွင်သည့် ဆုံးရှုံးမှုကို (ရင်ဆိုင်လျက်) အမှန်ပင် ဆုံးရှုံးခံခဲ့ရပြီ ဖြစ်၏။

[120] (အရှင်မြတ်မှလွဲ၍ လူသားတို့ တီထွင်ဖန်တီးကိုးကွယ်ကြသော ရုပ်တုအပါအဝင် ကိုးကွယ်ရာဟူသမျှ၌ လူသားတို့အား မျှော်လင့်ချက်နှင့်ကတိပေးနိုင်စွမ်း မရှိပေ။ စေတန်မကောင်းဆိုးဝါး၏လှည့်စားမှုကြောင့် လူသားတို့က အယူသည်းမှုနှင့်မှားယွင်းသည့် အတွေးအခေါ် အယူအဆများကို ယုံကြည်လက်ခံနေကြခြင်း ဖြစ်၏။) စေတန်မကောင်းဆိုးဝါးက သူတို့အား (မျှော်လင့်ချက်ထားနိုင်သည့်) ကတိပေးပြီး သူတို့၏စိတ်ထဲ၌ တမလွန်ဘဝအတွက် အသုံးမဝင်သည့် လိုအင်ဆန္ဒနှင့်တပ်မက်မှုကို ဖြစ်ပေါ်စေ၏။ စေတန်မကောင်းဆိုးဝါးက သူတို့အားပေး ခဲ့သမျှ ကတိအားလုံးသည် လိမ်လည်လှည့်စား၍ ဖြားယောင်းခြင်းမှအပ အခြားမဟုတ်ပေ။

[121] ထိုသူတို့သည် သူတို့၏ခိုလှုံရာဌာနစခန်းကို ငရဲမီးသာ ဖြစ်စေပြီး ယင်းငရဲမီးမှ လွတ်မြောက်စေမည့် မည်သည့်နည်းလမ်းကိုမျှ သူတို့ တွေ့ကြလိမ့်မည် မဟုတ်ပေ။

[122] ငါအရှင်မြတ်သည် ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံ၍ သီလဆောက်တည် မြဲမြံကြသူတို့အား မကြာမီ အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ခွင့် ပေးတော်မူပြီး ယင်း (ဥယျာဉ်များ) ၌ပင် (အမြဲထာဝစဉ်ကာလအကန့်အသတ်မဲ့) နေထိုင်ခွင့် ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် တိကျမှန်ကန်ပြတ်သားသော သစ္စာတရားပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်ထက် ပိုမို၍ တိကျမှန်ကန်ပြတ်သားသော အမှန်တရားသစ္စာအကြောင်းကို မည်သူပြောနိုင်မည်နည်း။

[123] သင်တို့၏ထင်မြင်ယူဆချက်နှင့်အလိုဆန္ဒအတိုင်းသော်လည်းကောင်း၊ ကျမ်းရပုဂ္ဂိုလ်တို့၏ထင်မြင်ယူဆချက်နှင့်အလိုဆန္ဒအတိုင်းသော်လည်းကောင်း မဟုတ်ဘဲ (ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်နှင့်အခြားဘာသာဝင်တို့အနက်မှ) မည်သူမဆို မကောင်းမှုအကုသိုလ်တစ်ခုခုကို ပြုမူကျင့်ကြံလုပ်ဆောင်လျှင် ထိုမကောင်းမှုနှင့်ညီမျှသည့် အကျိုးဆက်ကိုသာ ပေးဆပ်ရလိမ့်မည်။ သူသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ) သူ့ကယ်တင်မှုအတွက် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူအဖြစ် ရှာဖွေတွေ့လိမ့်မည် မဟုတ်ချေ။

[124] အမျိုးသားများနှင့်အမျိုးသမီးတို့အနက်မှ မည်သူမဆို ဖြောင့်မတ်မှန်ကန်ပြီး လူသားအကျိုးပြုသည့် ပြုမူကျင့်ကြံဆောင်ရွက်မှုများကို ဖြူစင်စွာ ကျင့်ကြံဆောင်ရွက်လျှင် ထိုသူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်၏။ ထိုသို့ပြုမူကျင့်ကြံလုပ်ဆောင်သူတို့သည် သုခဥယျာဉ်သို့ ဝင်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး သူတို့သည် စွန်ပလွံစေ့၌ ပါရှိသော နှမ်းစေ့ထက်သေးသည့် အစက်ကလေးမျှပင် မတရားပြု ခြင်းခံရမည်မဟုတ်ချေ။

[125] သူ့မျက်နှာကို အလ္လာဟ်အရှင်မြတ်ဘက်ဦးတည်ရှေ့ရှုလျက် အရှင့်ကျေနပ်နှစ်မြို့မှုအတွက် သူ့ကိုယ်စိတ် နှလုံးကို အရှင့်ထံ နာခံအပ်နှင်းခြင်းဖြင့် ဒိန်း (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာပြုမူ ကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ မည်သူရှိမည်နည်း။ ထိုသူသည် မုဟ်မင်တစ်ဦးဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ပြီး တစ်ဆူတည်းသောအရှင်မြတ်ကို နာခံကိုးကွယ်ခဲ့သော တမန်တော်အီးဗ်ရာဟီးမ်၏ဘာသာရေးဆိုင်ရာလမ်းစဉ်ကိုပင် လိုက်နာသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ် သည် တမန်တော်အီးဗ်ရာဟီမ်း (၏နာခံအပ်နှင်းမှုကို ဂုဏ်ပြုသည့်အနေဖြင့် သူ့) အား အရှင့်မိတ်ဆွေတစ်ဦး အဖြစ် သတ်မှတ်တော်မူခဲ့ပြီ။

[126] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိသမျှအရာအားလုံးကို အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သောအရာများသာဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ် သည် အရာခပ်သိမ်းတို့ကို အရှင့်ဉာဏ်တော်အနန္တနှင့်တန်ခိုးအာဏာတို့ဖြင့် ဝန်းခြုံဝန်းရံထားတော်မူ၏။

[127] ထို့ပြင် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အသင်တမန်တော်က ဥပဒေစီရင်ထုံးများ ထုတ်ပြန်ရန် သူတို့က တောင်းဆိုကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ချမှတ်ပေးအပ်သမျှကို ကျမ်းတော်မြတ်ကုရ်အာန်၌ ပါရှိစေပြီး ဖတ်ရွတ်ကြားနာစေတော်မူလျှက် မိဘမဲ့မိန်းကလေးများနှင့်ကလေးသူငယ်ဆိုင်ရာများကိုလည်း ကောင်း၊ သူမတို့အား လက်ထပ်ထိမ်းမြားရန်ဆန္ဒရှိပြီး မင်္ဂလာလက်ဆောင်အဖြစ် ပေးချေရန် သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ထိုအခွင့်အရေးကိုမူ သူမတို့အား မပေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကလေးသူငယ်များအနက်မှ အားအင်ချည့်နဲ့သူများနှင့်ချို့တဲ့သူများ၏အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ မိဘမဲ့တို့၏အရေး ကို တရားမျှတစွာ ဆောင်ရွက်ခြင်းနှင့်အတူသူတို့အတွက် မားမားမတ်မတ်ရပ်တည်ပေးကြရန်လည်းကောင်း၊ စသည်ဖြင့်လူ့ဘောင်အသိုင်းအဝိုင်းအတွင်းရှိ အားအနွဲ့ဆုံး လူတန်းစားအလွှာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရန်နှင့်မည်သို့ကာကွယ်နိုင်သည်ကိုပါ အသေးစိတ်ဖော်ပြစေတော်မူလျှက် သင်တို့ထံ သူမတို့နှင့်ဆက်နွယ်ပတ်သက်နေသည့် ဥပဒေစီရင်ထုံးများကို ချမှတ်ပေးအပ်ပြီဖြစ်ကြောင်း ဟောလော့။ အမှန်စင်စစ်၊ သင်တို့သည် လူသားအကျိုးပြုသည့်ကောင်းမှုများအနက်မှ မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုမူကျင့်ကြံလုပ်ဆောင် ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ယင်းကောင်းမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မုချ သိနေတော်မူ၏။

[128] ထို့ပြင် အကယ်၍ အမျိုးသမီးတစ်ဦးသည် သူမ၏လင်ယောကျာ်းဘက်မှ အနိုင်ကျင့်နှိပ်စက်မည့် အပြုအမူ သို့မဟုတ် ယောကျ်ားဖြစ်သူ၌တာဝန်ရှိသည့် စားဝတ်နေရေးနှင့်ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို မကျေပွန်ဘဲ သူမအား ဥပေက္ခာပြု စွန့်ပစ်ထားမည်ဟု စိုးရိမ်ကြောင့်ကြရသော် သူတို့နှစ်ကြားတွင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာရန် သူတို့နှစ်ဦးစလုံးအပေါ် ဖိအားပေးပြီး သင့်မြတ်အောင်လုပ်ခြင်း၌ အပြစ်မထိုက်ပေ။ ထိုသို့ သင့်မြတ်အောင်လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်၏။ လူတိုင်းနှလုံးသွင်းသင့်သည်မှာ လူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်သည် တစ်ကိုယ်ကောင်းဆန်သည့် မတော်လောဘ အလိုရမ္မက်ဘက်သို့ အစဉ် ယိမ်းယိုင်တိမ်းစောင့်လေ့ ရှိတတ်၏။ သို့ရာတွင် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) အကယ်၍ သင်တို့သည် သင်တို့၏တာဝန်ကိုယ်စီကို ကျေပွန်ရုံ သက်သက်မဟုတ်ဘဲ တာဝန်ရှိသည်ထက်ပို၍ အကောင်းဆုံးဖြစ်အောင် လုပ်ကြပြီး အရှင်မြတ်ကို စို့ရွံ့ထိတ်လန့်လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ကျေပွန်ဆောင်ရွက်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ ကြားနေတော်မူသော သတင်းရနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[129] ထို့ပြင် အသင်တို့သည် အမည်မျှပင် တရားမျှတစေရန် ဆန္ဒထားရှိကြသော်လည်း (ဇနီးသည်တစ်ဦး ထက်ပိုကြသူတို့အနေဖြင့်) သူတို့၏အမျိုးသမီးများစပ်ကြားတွင် လုံးဝ ဥဿုံရာနှုံးပြည့် တရားမျှတအောင် အလျင်း ပြုနိုင်ကြမည် မဟုတ်ပေ။ မည်သို့ဆိုစေကာမူ (ဇနီးသည်တစ်းဦးထက်ပိုရှိသူတို့အနေဖြင့် အခြား ဇနီးသည်တို့၏အခွင့်အရေးများကို လျစ်လျူရှူ၍ အာရုံစူးစိုက်မှု အလုံးစုံးကို) ဇနီးသည် တစ်ဦးတည်းအပေါ်သာ ထားလျက် အခြားဇနီးသည်တို့အား ယောကျ်ားရှိပါလျက် အထီးကျန်စေရန် တွဲလောင်းချထားသည့် အခြေအနေ၌ ပစ်ထားခြင်းဖြင့် တစ်ဦးတည်းဘက်ကိုသာ တိမ်းညွတ်နွဲ့ယိမ်း မသွားကြလေနှင့်။ ထိုသို့မဖြစ်ရလေအောင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာခြင်းဖြင့် မျှတသင့်မြတ်မှုကို အကောင်အထည် ဖော်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် (ဇနီးမိန်းမတို့နှင့်ပတ်သက်၍ သူတို့၏ ချွတ်ယွင်းချက်များကို) ပြုပြင်၍ (တစ်ဘက်သက် ဇနီးမိန်းမ တစ်ဦးဦးဘက်သို့ ယိမ်းယိုင်ခြင်းမှ) ဆင်ခြင်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

[130] (ထိုသို့ စေ့စပ်ညှိနှိုင်း၍ သင့်မြတ်နိုင်အောင် ကြိုးစားခဲ့သော်လည်း ငြိမ်းချမ်းသာယာသည့်ဘဝအတွက် နှစ်ဦးနှစ်ဘက် လိုက်လျောမှုရှိနိုင်မည်မဟုတ်ကြောင်းကို စိုးရိမ်လျက်) အကယ်၍ နှစ်ဦးသဘောတူ ကွာရှင်း ခွဲခွါကြရန် ဆုံးဖြတ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အတိုင်းအတာမဲ့ အလျှံပယ် (ကျယ်ပြန့်လှသည့် ကျေးဇူးတော်များ) မှ ကိုယ်စီကိုယ်ငှအား (ချို့တဲ့မှုနှင့်ခိုးကိုးရာမဲ့မှု ကင်း၍) မတောင့်တ မကြောင့်ကြရအောင် ပြည့်စုံစေတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အရှင့်ကျေးဇူးတော်ဖြင့် ပွေ့ဖက်ထားတော်မူလျက် အားလုံးအပေါ် ကျယ်ပြန့်စွာ လွှမ်းခြုံထားတော်မူသည့်အရှင်၊ လူ့ဘဝ၌ ကြုံတွေ့နေရသော ပြဿနာအလုံးစုံအ တွက် ကျိုးကြောင်းဆီလျော်သည့် စီရင်ထုံးများ ချမှတ်ပေးရာတွင် အလွန်ပင် ဉာဏ်အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[131] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၌ ရှိသမျှအလုံးစုံကို အရှင်မြတ်ပင် ဖွဲ့စည်းဖြစ် တည်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်နှင့်အညီ လိုက်နာသုံးစွဲရန်) အတွက်သာ ဖြစ်၏။ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ ကျမ်းစာပေးအပ်ခြင်းခံကြရသူတို့နှင့်သင်တို့ကို (စီးပွားရေး၊ လူမှုရေးနှင့်အိမ်ထောင်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် အရှင့်အမိန့်တော်ဖြင့် ညွှန်ကြားတော်မူခဲ့၏။ သို့သော် အကယ်၍ သင်တို့က အရှင့်စည်းမျဉ်းတော်များကို မယုံကြည်သွေဖည်ငြင်းပယ်ကြ လျှင် (သင်တို့နှလုံးသွင်းသင့်သည်မှာ) မိုးကောင်ကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာဟူသမျှသည် အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ ဖွဲ့စည်းဖြစ်တည်စေခြင်းသည် အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ သုံးစွဲရန်အတွက် သာဖြစ်၏။ (အသင်တို့ ကျေးဇူးမသိတတ်ဘဲ စည်းမျဉ်းချိုးဖောက်ကြလျှင်လည်း သင်တို့သာ နစ်နာစရာရှိ၏။) ထိုမျှမက အလ္လာဟ်အရှင်မြတ်သည်ပင် သက်ရှိအားလုံး အသက်ရှင်ရပ်တည်နိုင်ရန် လိုအပ်သမျှကို ဖြည့်ဆည်းပေးတော်မူပြီး လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ကျေးဇူးသိတတ်သူ အားလုံးအတွက် အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင် ချီးမွမ်းထိုက်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[132] မိုးကောင်းကင်များ၌ရှိသောအရာ အားလုံးနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာအားလုံးတို့သည် အရှင် မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာ အားလုံးတို့သည် (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများဖြစ်သည့်အလျှောက် အရှင့်စည်းမျဉ်းနိယာမတရားများနှင့်အညီ အရှင့်ထိန်းချုပ်မှုအောက်တွင်ရှိလျက်) အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများသာ ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမများနှင့်အတူ အရာရာကို ထိန်းချုပ်ထားတော်မူသောကြောင့် အရှင်မြတ်) သာလျှင် အဖြစ်အပျက်အလုံးစုံကို စီမံရာ၌ မှီခို အားထားရသည့်အရှင်အဖြစ် လုံလောက်တော်မူ၏။

[133] အို၊ လူသားအပေါင်းတို့၊ အကယ်၍ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့အား (ကမ္ဘာဂြိုဟ်မှ) ဖယ်ရှားတော်မူပြီး သင်တို့၏နေရာတွင် အခြား သက်ရှိ မျိုးဆက်များကို အစားထိုး ဆိုက်ရောက်စေတော်မူနိုင်၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် ထိုကဲ့သို့ အရှင့်စည်းမျဉ်းနိယာမတရားတော်ဖြင့် ထိန်းချုပ်လွှမ်းမိုးတော်မူ၍ စွမ်းဆောင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[134] မည်သူမဆို လောကီအကျိုးဆုလဒ်နှင့်စည်းစိမ်ကိုသာ လိုလားတောင့်တခဲ့သော် (သူသည် မတည်မြဲသော ယာယီခံစားမှုကို ခေတ္တခဏအတွက် မျှော်ကိုးရာ ရောက်ပြီး သူသိသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်ထံတော်၌ အစဉ် တည်မြဲပြီး လောကီလောကုတ္တရာနှစ်ဌာနစလုံးအတွက် အကျိုးရှိသောအကျိုးဆုလဒ်များ ရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် သက်ရှိအားလုံးအား အကြားအာရုံနှင့်အမြင်အာရုံများပေးအပ်တော်မူပြီး အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အလုံးစုံကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[135] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သည့်တိုင်၊ သို့မ ဟုတ် မိဘများနှင့်ဆွေမျိုးအရင်းအချာတို့က မနှစ်သက်သည့်တိုင် လိုအင်ဆန္ဒများ ပြည့်စုံလုံလောက်၍ ချမ်း သာကြွယ်ဝသည့် အခြေအနေတွင်လည်းကောင်း၊ ဘဝလိုအပ်ချက်များ မလောက်မငှဖြစ်လျက် ဆင်းရဲချို့တဲ့သည့် အခြေအနေတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုနှင့်အမှန်တရားအတွက် စံပြသက် သေခံများ ဖြစ်နိုင်ရန်အလို့ငှာ တရားမျှတမှုမဏ္ဍိုင်နှင့်အတူ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သော စံပြပုဂ္ဂိုလ်များအဖြစ် မြဲမြံစွာ ရပ်တည်ကြလော့။ ထိုသို့ ရပ်တည်လျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ဆင်းရဲ ချမ်းသာ) လူတန်းစားနှစ်မျိုးစလုံးအား (ဆင်းရဲချမ်းသာကွာဟချက် အနည်းဆုံး၊ အသင့်တော်ဆုံး ဖြစ်အောင်) ပိုမို၍ နီးစပ်စေတော်မူသည်။ သို့သော် (တရားမျှတမှုမဏ္ဍိုင်မှ တိမ်းစောင်း) သွေဖည်စေရန် သင်တို့၏အာသီသ အလိုဆန္ဒ နောက်သို့ မလိုက်ကြလေနှင့်။ အကယ်၍ (အမှန်တရားကို အကောင်အထည်ဖော်ရာတွင်) တွန့်ရှုံ့၍ လိုရာဆွဲပြောလျက် မမှန်မကန် လုပ်ကြလျှင် သို့မဟုတ် လိမ်မာပါးနပ်စွာ ပြောဆိုလျက် ရှောင်ကြဉ်ကြလျှင် (သင်တို့နှလုံးသွင်းသင့်သည်မှာ လူလူချင်း မညှာမတာ လှည့်စားနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[136] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်၊ အရှင့်ရစူလ်တမန်တော်အပေါ်ထုတ်ပြန် ချမှတ်ပေးအပ်တော်မူသော ကျမ်းတော် (မြတ်ကုရ်အာန်) နှင့်ဤကျမ်းတော်မတိုင်မီ ယခင်က ချမှတ်ပေးအပ်တော်မူခဲ့သောကျမ်းတို့ကို ယုံကြည်ရန်တာဝန်ရှိသည့် စည်းမျဉ်းစည်းကမ်း နှင့်အညီ စိတ်စေတနာဖြူစင်စွာ အပြည့်အဝ ယုံကြည်ကြလော့။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအိကာစေတမန်များ၊ အရှင့်ကျမ်းတော်များ၊ အရှင့်ရစူလ်တမန်တော်များနှင့်နောက်ဆုံးနေ့တို့ကို မယုံ ကြည်ငြင်းပယ်၍ အမှန်တရားကို ဖုံးကွယ်လျှင် ထိုသူသည် အမှန်တရားသစ္စာမှ အလှမ်းဝေးကွာလျက် လမ်းမှားအတိုင်း မုချပင် လျှောက်လှမ်းနေပြီ ဖြစ်၏။

[137] မုချဧကန်၊ သူတို့သည် ယုံကြည်ကြပြီးနောက် တစ်ဖန် မယုံမကြည်သွေဖည်ငြင်းပယ်၍ အမှန်တရားကို ဖုံးကွယ်ကြပြန်၏။ ထို့နောက် ယုံကြည်ကြပြီးနောက် တစ်ဖန် ထပ်မံ၍ မယုံမကြည် သွေဖည်ငြင်းပယ်လျက် အမှန်တရားကို ဖုံးကွယ်ကြပြန်၏။ ထို့နောက် သူတို့သည် (မယုံကြည်မှု ) သွေဖည်ငြင်းပယ်မှုနှင့်အမှန်တရားကို ဖုံကွယ်ခြင်း၌ပင် အရှိန်မြင့်စွာ ဆက်လက်နစ်မွန်းလျက် ရှိနေကြလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူမည် မဟုတ်သည့်အပြင် ထိုသူတို့အား လမ်းမှန်အတိုင်း ပြန်လည် လျှောက်လှမ်းနိုင်ရန် လမ်းညွှန်တော်မူမည်လည်း မဟုတ်ပေ။

[138] အယောင်ဆောင် သီလကြောင်တို့အား “သူတို့အတွက် ပြင်းပြစူးနစ်သော နာကျင်ဖွယ်ရာ ပြစ်ဒဏ်ကို မုချပင် အသင့်ပြင်ဆင်ထားကြောင့် သတင်းကောင်းပါးလော့။”

[139] ထိုသူတို့သည် ယုံကြည်သူတို့မှ စွန့်ခွာ၍ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား လူယုံမဟာမိတ်၊ အဆွေခင်ပွန်းများအဖြစ် သဘောထားမှတ်ယူကြ၏။ (ထိုသို့ မဟာမိတ်ဖွဲ့ခြင်းဖြင့်) သူတို့က ထိုမဟာမိတ်များထံမှ ဂုဏ်သိက္ခာရှာမှီးနေကြသလော။ သို့ဖြစ်လျှင် (သက်ရှိတို့အနက် လူသားတို့အား ဂုဏ်သိက္ခာအကြောင်း သိနိုင်စွမ်းပေးအပ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်သည်သာ ဧကန်မုချ၊ ဂုဏ်သိက္ခာ၊ ဂုဏ်ကျက်သရေနှင့်၊ ခမ်းနားထည်ဝါမှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင် ဖြစ်တော်မူ၏။

[140] ထိုအရှင်မြတ်သည် သင်တို့အပေါ်ဝယ် ချမှတ်ပေးအပ်တော်မူခဲ့ပြီဖြစ်သော ကျမ်းတော်၌ပါရှိသော အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို သင်တို့ကြားနာသည့်အခါ ယင်း (ကျမ်းတော်) အား ဖီဆန်ငြင်းပယ်ရန်နှင့်ယင်း (ကျမ်းတော်အမိန့်ပညတ်များ) နှင့်စပ်လျဉ်း၍ လှောင်ပြောင်ကြရန် သူတို့က အရှင့်အမိန့်စကားတော် မဟုတ်သော အခြားအကြောင်းအရာများ၌ စိတ်ဝင်တစား အာရုံစိုက်ခြင်း မရှိသရွေ့ သူတို့နှင့်အတူ ထိုင်၍ မဆွေးနွေးကြလေနှင့်။ (အကြောင်းမှာ ထိုသို့ ပါဝင်ဆွေးနွေးပြီးနောက်) အမှန်ပင် သင်တို့လည်း သူတို့ကဲ့သို့ ဖြစ်သွားနိုင်၏။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သီလကြောင်တို့နှင့်အမှန်တရားကို မယုံကြည်ငြင်းပယ်ဖုံးကွယ်သူတို့အား ငရဲဘုံထဲ၌ စုပေါင်း၍ အတူစုစည်းစေတော်မူမည့်အရှင် ဖြစ်တော်မူ၏။

[141] (သီလကြောင်များဖြစ်ကြသော) သူတို့သည် သင်တို့၏အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေ ကြသောကြောင့် အကယ်၍ အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့အတွက် အောင်မြင်မှုတစ်စုံတစ် ရာကို ရရှိစေတော်မူလျှင် သူတို့က “ကျွန်ုပ်တို့လည်း သင်တို့နှင့်အတူရှိခဲ့ကြသည် မဟုတ်လော။” ဟု ပြောဆိုကြသော်လည်း အမှန်တရားကို မယုံကြည် ဖီဆန်ငြင်းပယ်သူတို့အတွက်လည်း (အဆိုပါအောင်မြင်မှု၌) ဝေစုတစ်စုံတစ်ရာရှိ နေသည့် ဟန်အမူအရာဖြင့် “ကျွန်ုပ်တို့သည် စစ်မှန်သော ယုံကြည်သူများအနက်မှဖြစ်၍ သင်တို့ကို ကာကွယ်ပံ့ပိုး ပေးလျက် ကျွန်ုပ်တို့၏အကျိုးကျေးဇူးလည်း သင်တို့အပေါ်ရှိနေပြီ မဟုတ်လော။” ဟု ပြောဆိုခဲ့ကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်မည့်နေ့တွင် သင်တို့ကြားတွင် ဖြစ်ပျက်ခဲ့သမျှနှင့်စပ်လျဉ်း၍ စီရင် ဆုံးဖြတ်တော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို မယုံကြည်သွေဖည်ငြင်းဆန်သူတို့အတွက် စစ်မှန်သော ယုံကြည်သူတို့အပေါ် လွှမ်းမိုးနိုင်သည့် မည်သည့် နည်းလမ်းတစ်စုံတစ်ခုမျှ ဖြစ်ပေါ်လာစေရန် အလျှင်း ခွင့်ပြုမည် မဟုတ်ပေ။

[142] ဧကန်မလွဲ၊ အယောင်ဆောင်သီလကြောင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်စားရန် ကြိုးစားနေကြပြီး ထိုအရှင်သည် သူတို့၏လှည့်စားမှု၌ပင် သူတို့အား နစ်မြုပ်စေတော်မူသောအရှင်ဖြစ်တော်မူ၏။ ထို့ပြင် သူတို့သည် ဆွလာသ်ဝတ်ပြုမှုအတွက် မတ်တပ်ရပ်ကြသည့်အခါ စိတ်မပါဘဲ လူတို့အား ပြစားရန်အတွက်သာ ပျင်းရိစွာ ရပ်ကြသည်။ သို့သော် (ဝတ်ပြုမှုအတွင်းနှင့်ဝတ်ပြုမှုအပြီးတွင် လူကြားကောင်းအောင်) အနည်းအကျဉ်းမှအပ အလ္လာဟ်အရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟခြင်း မရှိကြပေ။

[143] (သူတို့သည် ယုံကြည်သူလည်း မဖြစ်နိုင်၊ မယုံကြည်ကြောင်းလည်း ပြောင်မပြောရဲဘဲ) ထိုသို့ပင် ဟိုမရောက် သည်မရောက်ဖြစ်နေကြပြီး ထိုနှစ်မျိုးစပ်ကြားတွင် မပြတ်မသား ချိတုံချတုံဖြစ်လျက် ယိမ်းယိုင်နေကြ၏။ (သူတို့၏အလိုဆန္ဒရမ္မက်ကို ဦးစားပေးမှုကြောင့် အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလ္လာဟ်အရှင်မြတ်က လမ်းမှားရောက်စေရန် ခွင့်ပြုတော်မူသောသူ (မည်သူမဆို) သည် သူ့အတွက် (လိုက်နာထိုက်သည့်) နည်းလမ်း တစ်စုံတစ်ခုကို မည်သည့်အခါမျှ အလျှင်း ရှာတွေ့မည် မဟုတ်ချေ။

[144] အို၊ ယုံကြည်သူအပေါင်းတို့၊ ယုံကြည်သူတို့မှ စွန့်ခွာ၍ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်း ပယ်သူ) တို့အား လူယုံမဟာမိတ်၊ အဆွေခင်ပွန်းများအဖြစ် သဘောထားမှတ်ယူခြင်း မပြုကြလေနှင့်။ သင်တို့သည် အလ္လာဟ်အရှင်မြတ် (နှင့်အရှင့်အမိန့်ပညတ်ချက်များ) ထက် သူတို့အား သင်တို့အပေါ် ထင်ရှားသော ဩဇာအာဏာပိုရှိလာစေရန် လိုလားသလော။

[145] ဧကန်ပင်၊ အယောင်ဆောင်သီလကြောင်တို့သည် ငရဲဘုံ၏အနက်ရှိုင်းဆုံးနှင့်အနိမ့်ကျဆုံး၌သာ ရှိကြမည် ဖြစ်၍ သူတို့အတွက် (ငရဲမီးထဲမှ ကယ်ထုတ်နိုင်မည့်) မည်သည့် ကူညီသူကိုမျှ မည်သည့်အခါမျှ အလျှင်း ရှာတွေ့မည် မဟုတ်ပေ။

[146] သို့ရာတွင် (ခြွင်းချက်အဖြစ် ငရဲဘုံမှ ကင်းလွတ်ရမည့်ပုဂ္ဂိုလ်များမှာ) နောင်တကြီးစွာ အမှားအတွက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်ဘက်သို့ လှည့်ကြသူများ၊ အရှင့်လမ်းစဉ်တော်နှင့်အညီ ပြုပြင်ပြောင်းလဲကြ သူများ၊ အလ္လာဟ်အရှင်မြတ် (နှင့်အရှင့်ကျမ်းတော်ကို) မြဲမြံစွာ ဆုပ်ကိုင်ဖက်တွယ်ထားသူများနှင့်အလ္လာဟ်အရှင် မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို စိတ်စေတနာဖြူစင်သန့်ရှင်းစွာဖြင့် မြဲမြံစွာ ယုံကြည်လိုက်နာ သူများဖြစ်ကြပြီးနောက် ထိုသူတို့သည့် စစ်မှန်သော ယုံကြည်သူတို့နှင့်အတူ ရပ်တည်ကြသူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့အား မကြာမီ ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ်တစ်ခု ချီးမြှင့်တော်မူလိမ့်မည်။

[147] အကယ်၍ သင်တို့သည် (အရှင်မြတ်ကို) ယုံကြည်၍ ကျေးဇူးသိတတ်ကြ (လျက် အရှင့်စည်းမျဉ်းတော် နှင့်အညီ နာခံလိုက်နာကြ) လျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ပြစ်ဒဏ်ဖြင့် အရေးယူ တုံ့ပြန်တော်မူစရာ အကြောင်းမရှိပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိတတ်သူတို့အား အရှင့်ကျေးဇူးတော် ဖြင့် တုံ့ပြန်တော်မူသောအရှင်၊ လူသားတို့အနက် မည်သူတို့က ကျေးဇူးသိတတ်ကြသည်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

[148] အလ္လာဟ်အရှင်မြတ်သည် ညှင်းပန်းနှိပ်စက်ခြင်းခံရသူများမှအပ လူလူချင်း ဆက်ဆံပြောဆိုရာတွင် လူသားတို့၏အပြောအဆိုများအနက် ကြမ်းတမ်းရိုင်းစိုင်းပြီး အကျိုးယုတ်စေသည့် မကောင်းကြောင်းများကို လူပုံအလယ်၌ ဖွင့်ဟပြောဆိုခြင်းအား နှစ်သက်တော် မမူပေ။ (လူတိုင်းသိထားသင့်သည်မှာ လူမှုဆက်ဆံရေး၌ ပြောဆိုသုံးစွဲသည့် အသုံးအနှုန်းများအနက် တစ်ဖက်သားအား ထိခိုက်နစ်နာအောင် ပြောဆိုသမျှအတွက် အရေး ယူခြင်းခံရမည်ဖြစ်ပြီး) အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် (လူသား တို့၏ပြောဆိုဆက်ဆံရေး အလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[149] (လူမှုဆက်ဆံရေးနယ်ပယ်တွင်) သင်တို့သည် ကောင်းမှုတစ်စုံတစ်ခုကို လူသိရှင်ကြားထုတ်ဖော်၍ ကျင့်ကြံဆောင်ရွက်ကြသည်ဖြစ်စေ သို့မဟုတ် အဆိုပါကောင်းမှုအား အများသူငှာ မသိစေရန် လျှို့ဝှက် ဖုံး ကွယ်ထားကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် (သင်တို့အပေါ် ကျူးလွန်ခဲ့ပြီး သင်တို့အရေးယူပိုင်ခွင့်ရှိသော) မကောင်းမှုအကုသိုလ်တစ်ခုခုကို မျိုသိပ်ထားလျက် ခွင့်လွှတ်ကြသည်ဖြစ်စေ မုချဧကန်၊ အလ္လာဟ် အရှင်မြတ် လည်း သင်တို့အပေါ် အလွန်ပင် ခွင့်လွှတ်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အရှင့်ဩဇာအာဏာနှင့်စည်းမျဉ်း နိယာမတော်များဖြင့် ထိန်းချုပ်ထားလျက် အလွန်ပင် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

[150] မုချဧကန်၊ အမှန်တရားကို မယုံကြည်သူ (နှင့်ဖီဆန်ငြင်းပယ်သူ) တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်များကို ငြင်းပယ်ကြပြီး အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်များကြားတွင် (အရှင့်ဂုဏ်တော်ကို တမန်တော်၏ဂုဏ်တော်အဖြစ် အလွဲသုံးစားပြု၍လည်းကောင်း၊ အရှင့်ဂုဏ်တော်နှင့်မကိုက်ညီသော အဆိုအမိန့်များ ဖန်တီး၍လည်းကောင်း၊ တမန်တော်များနှင့်တမန်တော်မြတ်က လက်တွေ့လုပ်ဆောင် ပြခဲ့သည်ကို ငြင်းပယ်၍လည်းကောင်း) ခွဲခြားစေရန် ဆန္ဒရှိကြပြီး (လူတို့အား) “ကျွန်ုပ်တို့သည် (အရှင်မြတ်နှင့်အရှင့်တမန်တော်၏အမိန့်ညွှန်ကြားချက်များအနက်) အချို့ကို ယုံကြည်လက်ခံ၍ အချို့ကို မယုံကြည်ငြင်း ပယ်ကြရုံသာမက (အရှင့်တမန်တော်၏လမ်းစဉ်သည် အရှင်မြတ်က ညွှန်ကြားတော်မူသည့် လမ်းစဉ်တော်ဖြစ် သော်ငြားလည်း) ထိုစပ်ကြားတွင် လမ်းစဉ်သစ်တစ်ခု ဖန်တီးရန် ဆန္ဒရှိကြ၏။”

[151] ထိုသူတို့သည်သာလျှင် “အမှန်တရားကို ဖီဆန်ငြင်းပယ်ရာတွင် စစ်မှန်သေချာသော မယုံကြည်သူများ ဖြစ်ကြပြီး ထိုမယုံကြည်သူ (နှင့်အမှန်တရားကို သွေဖည်ငြင်းဆန်သူ) တို့အတွက် ဂုဏ်ရည်သေး သိမ်စေသောပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားတော်မူ၏။”

[152] (ထိုအရှင်မြတ်သည်) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို ယုံကြည်ကြပြီး ထိုရစူလ်တ မန်တော်များအနက်မှ တစ်ပါးနှင့်တစ်ပါးကြားတွင် မည်သည့် ခွဲခြားမှုမျိုးကိုမျှ မပြုလုပ်ကြသူတို့အား မကြာမီ သူတို့၏အကျိုးဆုလဒ်များကို ချီးမြှင့်တော်မူလိမ့်မည်။

[153] ကျမ်းရပုဂ္ဂိုလ်များက “သူတို့အပေါ် ကောင်းကင်ယံမှ ကျမ်းစာတစ်အုပ်ချမှတ်ပေးအပ်ရန်” အသင် (တမန်တော်) ကို တောင်းဆိုနေကြ၏။ (ထိုသို့ တောင်းဆိုနေခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။) တမန်တော် မူဆာကိုလည်း ထိုထက်မက ကြီးကျယ်သောအချက်များကို တောင်းဆိုခဲ့ကြပြီ ဖြစ်၏။ ထိုစဉ် သူတို့က “ကျွန်ုပ် တို့အား အလ္လာဟ်အရှင်မြတ်ကို မျက်ဝါးထင်ထင် မြင်စေလော့။” ဟု တောင်းဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်တောင်းဆိုခဲ့မှုကြောင့် သူတို့အား (ခပ်အုပ်အုပ်မြည်ဟည်း သည့်) တော်လည်း မိုးခြိမ်းသံ ထိမှန်စေတော်မူ၏။ ထို့နောက် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရောက်လာခဲ့ပြီးမှ သူတို့က နွားငယ်ကို အယူထား၍ ကိုးကွယ်ခဲ့ကြ၏။ ထိုသို့ ကျူးလွန်ခဲ့သော်လည်း ငါအရှင်မြတ်က ထိုပြစ်မှုကြီးမှ ကင်းလွတ်ခွင့် ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်မူဆာအား ထင်ရှားသော သက်သေနှင့်ဩဇာအာဏာ ပေးအပ်တော်မူခဲ့၏။

[154] ငါအရှင်မြတ်သည် (ကျမ်းတော်အတိုင်း လိုက်နာမည်ဟူသော) ကတိကဝတ်နှင့်အတူ သူတို့အပေါ်ဝယ် တောင်တော်ကို မျှော်စင်အဖြစ် ပြုတော်မူ၍ ဂုဏ်ပေးတော်မူခဲ့၏။ ထို့ပြင် (မြို့တစ်ခုထဲသို့ ဝင်နေစဉ်) ငါအရှင်မြတ်က သူတို့အား (အရှင့်စည်းမျဉ်းဥပဒေများကို) ဦးချလိုက်နာသည့်အနေအထားဖြင့် (မြို့၏တရားဝင်) တံခါးပေါက်မှသာ ဝင်ကြလော့။” ဟု မိန့်တော်မူခဲ့၏။ ငါအရှင်မြတ်သည်ပင် သူတို့အား ထပ်မံ၍ ဥပုသ်နေ့၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ကြရန်လည်း မိန့်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်က သူတို့ထံမှ ခိုင်မာသော ပဋိညာဉ်ကတိကို ယူခဲ့တော်မူ၏။

[155] သို့သော် သူတို့သည် သူတို့ကိုယ်တိုင် သဘောတူဝန်ခံခဲ့ကြသည့် သူတို့၏ပဋိညာဉ်ကတိကို ဖောက်ဖျက်ခဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည်သွေဖည်ငြင်းဆန်ခြင်းနှင့်နဗီတမန်တော်များကို (ထိုတမန်တော်များ၌ ရှိသင့်ရှိထိုက်သည့် အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်လျက်) မတော်မတရား သတ်ဖြတ်ခဲ့ခြင်းကြောင့် သူတို့၏အပြောအဆိုများတွင် “ကျွန်ုပ်တို့၏နှလုံးသားသည် (သနားညှာတာမှု၊ ယုံကြည်မှု၊ အမှန်တရားကို လက်ခံလိုသည့် လှုံ့ဆော်မှုများ မဝင်စေရန်) အဖုံးအကာဖြင့် ဖုံးအုပ်ရစ်ပတ်ထားသော အရာများဖြစ်ကြ၏။” (ဟူသော အဆိုမှာ လူသိများခဲ့၏။) အမှန်မှာ အလ္လာဟ်အရှင်မြတ်သည်သူ တို့၏မယုံကြည်မှု (နှင့်အမှန်တရားကို ဖီဆန်ငြင်ပယ်မှု) ကို အကြောင်းပြု၍ သူတို့၏နှလုံးသားများကို (အမှန်တရားအား နားလည်နိုင်စွမ်းမရှိစေရန်) ချိပ်ပိတ်၍ တံဆိပ်ခတ်နှိပ်တော်မူခဲ့ခြင်းသာ ဖြစ်၏။ သို့ဖြစ်၍ သူတို့အနက်မှ လူနည်းစုသာ ယုံကြည်ခွင့်ရခဲ့သူများ ဖြစ်ခဲ့ကြ၏။

[156] ထိုမျှမက သူတို့သည် သူတို့၏မယုံကြည်မှု (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်မှုဆိုင်ရာ အယူအဆများ) နှင့်သူတို့၏အပြောအဆိုများဖြင့် မရ်ယမ်အပေါ်တွင်လည်း ကြီးကျယ်သော စွပ်စွဲမှုကို (မတော်မတရား စွပ်စွဲ) ကျူးလွန်ခဲ့ကြ၏။

[157] ထို့ပြင် သူတို့၏အပြောအဆိုများတွင် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မစီဟ် (ခေါ် လူသားတို့အား အရှင့်အမိန့်ပညတ်ဖြင့် သွန်သင်၍ ငရဲမီးမှ ကယ်တင်ရန် စေလွှတ်တော်မူခြင်းခံရသူ) မရ်ယမ်၏သား တမန်တော်အီစာကို သတ်ဖြတ်ခဲ့ကြောင်း” ပါရှိ၏။ အမှန်စင်စစ်၊ သူတို့သည် တမန်တော်အီစာကို သတ်နိုင်ခဲ့ကြသည်မဟုတ်သည့်အပြင် လက်ဝါးကပ်တိုင်သို့ တင်နိုင်ခဲ့ကြသည်လည်း မဟုတ်ပေ။ သို့သော် သူတို့အား (တမန်တော်အီဆာဟု ထင်စေတော်မူသော) သူကို သံသယ (ဖြင့် လက်ဝါးကပ်တိုင်သို့တင်၍ ဇဝေဇဝါ ဖြစ်စေလျက် ကြိုးပေးသတ်ခဲ့ခြင်းကို ကြပြီး)၌ သာရှိခဲ့ကြ၏။ သူတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ အမှန်ပင် ဇဝေဇဝါဖြစ်လျက် ထိုကိစ္စကြောင့်သာ ဧကန်မုချပင် သဘောထားကွဲ ခဲ့ကြသူများရှိခဲ့၏။ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်ပျက်ခဲ့သော အကြောင်းအရာဆိုင်ရာ အသိတရားအနက်မှ မည်သည့် အသိဗဟုသုတမျှ သူတို့၌ မရှိခဲ့ကြပေ။ သူ့အား မသတ်ဖြတ်နိုင်ခဲ့ကြသည်မှာ (ယုံကြည်စိတ်ချရသည်အထိ) တိကျသေချာ၏။

[158] အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် သူ့ကို အရှင့်ထံတော်သို့ (အရှင့်ဆန္ဒတော်နှင့်အညီ) “မ”ယူတော်မူခဲ့ခြင်းသာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့်) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (ကျူးလွန်သူတို့အား မျှတစွာ စီရင်တော်မူလျက်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[159] “ကျမ်းရပုဂ္ဂိုလ်များအနက် တစ်ယောက်မကျန် (အားလုံး) သည် တမန်တော်အီစာနှင့်ပတ်သက်၍ (သူ့အား လက်ဝါးကပ်တိုင်သို့ တင်၍ ကွပ်မျက်ခဲ့၏။ လူတို့၏အပြစ်အားလုံးအတွက် သူအသက် ပေးခဲ့၏။ အရှင်မြတ်၏ သားတော်ဖြစ်၏။” ဟု မဟုတ်မတရား စွပ်စွဲပြောနေကြသော်လည်း) သူမကွယ်လွန်မီ လူတိုင်းက သူ့ကို ယုံကြည်ရလိမ့်မည်။ ထို့ပြင် ရှင်ပြန်ထမြောက်မည့်နေ့တွင် သူသည် သင်တို့အားလုံး (၏ စွပ်စွဲချက်များ) အပေါ်ဝယ် သက်သေခံတစ်ဦး ဖြစ်လိမ့်မည်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကိုလည်း (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ခဲ့ကြသူများ၊ ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် လူမှုဖူလုံကြေး) ပေးကမ်းလှူဒါန်းကြသူများ၊ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ဖြူစင်စွာ ယုံကြည်ကြသူများလည်း (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်အပေါ် ယုံကြည်မှုအပြည့်ရှိကြ၏။) ငါအရှင်မြတ်သည် ထိုသူတို့ အား မကြာမီ ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ်တစ်ခု ချီးမြှင့်တော်မူလိမ့်မည်။

[160] ဂျူးလူမျိုးတို့အနက် အများစုသည် သူတို့၏ကိုယ်ကျိုးအတွက် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ ပိတ်ပင်တားဆီးခဲ့ခြင်း၊ မမှန်မကန် လုပ်ဆောင်၍ မတရားခေါင်းပုံဖြတ်ခဲ့ခြင်းတို့ကြောင့် ငါအရှင်မြတ်သည် သူတို့အတွက် တရားဝင်ခွင့်ပြုထားသော သန့်ရှင်းစင်ကြယ်သည့်အရာများကို သူတို့အပေါ် (စားသုံးခြင်းမပြုရန် အမိန့်တော်ဖြင့်) တားမြစ်ခဲ့တော်မူ၏။

[161] သူတို့သည် လူသားတို့၏ဥစ္စာပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို မမှန်မကန်ပြောဆိုပြုမူ၍ မတော်မတရား စားသုံးကြပြီး အတိုးစားခြင်း (အမြတ်ကြီးစားခြင်းနှင့်ခေါင်းပုံဖြတ်ခြင်းတို့) ကို (သူတို့၏အဓိက စီးပွားရေး ဦးတည်ချက်အဖြစ်) သတ်မှတ်ကျင့်သုံးခဲ့ခြင်းကြောင့် ထိုသို့လုပ်ခြင်းမှ တားမြစ်ခြင်းခံခဲ့ရခြင်း ဖြစ်၏။ ထိုသူတို့ အနက်မှ (ထိုသို့ လူတို့၏ဂုတ်သွေးများကို စုပ်မျိုနေကြသော) မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် ငါအရှင်မြတ်သည် နာကျင်ဖွယ်ရာ စူးနစ်ပြင်းပြသောပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထား တော်မူ၏။

[162] သို့သော် သူတို့အနက်မှ (အရှင်မြတ်ကို ယုံကြည်ခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်ခြင်း၊ တရားမျှတခြင်းနှင့်လူလူချင်း ကျေပွန်ရမည့် တာဝန်ဝတ္တရားစသော အခြေခံမဏ္ဍိုင်ဆိုင်ရာ) ပညာရေးနယ်တွင် ပညာပါရမီ ရင့်သန်ကြသူတို့နှင့်စစ်မှန်သော ယုံကြည်သူတို့သည် အသင် (တမန်တော်) အပေါ် ငါအရှင်မြတ်က ချမှတ်ပေးအပ်တော်မူသောအရာ (ဖြစ်သည့်ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အသင် (တမန်တော်) မတိုင်မီ ချမှတ်ပေးအပ်တော်မူခဲ့သော ကျမ်းစာတို့အပေါ် ဖြူစင်မြဲမြံစွာ ယုံကြည်ကြ၏။

[163] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် တမန်တော်နူးဟ်နှင့်သူ့နောက်တွင် ပေါ်ထွန်းခဲ့သည့် နဗီတမန်တော်များဖြစ်ကြသော တမန်တော်အီဗ်ရာဟီးမ်၊ အီစ္စမာအီးလ်၊ အီးစ်ဟာ့ခ်၊ ယာကူဗ်မျိုးနွယ်စုဆိုင်ရာ တမန်တော်များ၊ တမန်တော်အီစာ၊ ယူနူးစ်၊ ဟာရွန်၊ ဆူလိုင်မန်နှင့်ဇဗူးရ်ကျမ်းပေးအပ်တော်မူခဲ့သော တမန်တော်ဒါဝူဒ်တို့အပေါ် (အရှင့်အမိန့် ပညတ်ချက်များကို) ထုတ်ဖော်ဖွင့်ချ၍ ပို့ချစေတော်မူသကဲ့သို့ပင် အသင် (တမန်တော်) အပေါ်လည်း ထုတ်ဖော်ဖွင့်ချ၍ ပို့ချစေတော်မူခြင်းဖြစ်၏။

[164] ထို့ပြင် ယခင်ကလည်း (သူတို့၏တာဝန်များနှင့်သစ္စာရှိရှိ တာဝန်ကျေပွန်ခဲ့ကြသော) ရစူလ်တမန်တော်များအကြောင်း အသင် (တမန်တော်) အပေါ် ထုတ်ဖော်ပြောဆိုစေတော်မူခဲ့ပြီ၊ အသင့်အပေါ် ထုတ်ဖော်ပြောဆို စေခြင်းမရှိသေးသော ရစူလ်တမန်တော်များလည်း ရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူဆာနှင့် ပြောဆိုဆက်ဆံသည့် နည်းစနစ်ထူးတစ်မျိုးဖြင့် စကားပြောဆိုတော်မူခဲ့၏။

[165] (လူသားတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အတွင်းရှိ လူအပါအဝင် သက်ရှိသက်မဲ့အားလုံးကို အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ကို သူတို့က မသိသည့်အတွက် ယုံကြည်ရန် ပျက်ကွက်ရခြင်း ဖြစ်သည်ဟု) အလ္လာဟ်အရှင်မြတ်အပေါ် (အမှန်တရားနှင့်ပတ်သက်၍ အသိပေးမည့်) ရစူလ်တမန်တော်များ မရှိသည်ကို အကြောင်းပြု၍ စောဒကတက်လျက် မည်သည့် ငြင်းခုံမှုမျိုး ကိုမျှ မပြုနိုင်ရန်အလို့ငှာ ရစူလ်တမန်တော်များကို သတင်းကောင်းပါးသူများနှင့် သတိပေးနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူခဲ့၏။

[166] သို့ရာတွင် (အရှင့်အမိန့်ပညတ်ချက်များကို လူသားတို့ ယုံကြည်သည်ဖြစ်စေ၊ ဖီဆန်ငြင်းပယ်သည်ဖြစ်စေ) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်မလာအီကာစေတမန်တို့သည် ထိုအရှင်မြတ်က အရှင့်ဉာဏ်တော် အနန္တဖြင့် အသင် (တမန်တော်) ထံ ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော်အား (ထိုကျမ်းတော်မှ တစ်ဆင့် အမှန်တရားဖြစ်ကြောင်းကို) ချမှတ်ပေးအပ်တော်မူသည့်အတိုင်း သက်သေတည်တော်မူကြ၏။ အမှန်စင်စစ် (အရှင့်အမိန့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာစေတော်မူရန်အတွက်) အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေတော်အဖြစ် ပြည့်စုံလုံလောက်တော်မူ၏။

[167] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ ပိတ်ပင်ဟန့်တားသူတို့သည် (အမှန်တရားနှင့်) အလှမ်းဝေးကွာသည့် လမ်းမှားအတိုင်း (လျှောက်လှမ်းကြလျက်) အချော်ချော် လွှဲမှားနေသည့် လမ်းမှားသို့ ရောက်ခဲ့ကြပြီ။

[168] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်ငြင်းဆန်ကြပြီး (မမှန်မကန်ပြုမူကျင့်ကြံ လုပ်ဆောင်ခြင်းဖြင့် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျက်) မတရားမှုကျူးလွန်သူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူရန် အလျင်းဆန္ဒပြုတော်မူမည် မဟုတ်ပေ။ သူတို့ကို လမ်းညွှန်တော်မူရန်လည်း ဆန္ဒပြုတော်မမူသော ကြောင့် သူတို့အတွက် လမ်းညွှန်မှန် ရရှိစေမည့် လမ်းစတစ်စုံတစ်ခုကိုလည်း ဖွင့်ပေးတော်မူမည် မဟုတ်ပေ။

[169] ထို (ငရဲဘုံ) ၌ ထာဝစဉ်ကာလအကန့်အသတ်မဲ့နေထိုင်ရန် လျှောက်လှမ်းနေသော ငရဲမီးထဲ ရောက်စေသည့် လမ်းစကိုသာလျှင် ဖွင့်ပေးထားတော်မူ၏။ ထိုသို့ဖြစ်စေတော်မူရန် အလ္လာဟ်အရှင်မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။

[170] အို၊ လူသားအပေါင်းတို့၊ အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အတူ အရှင့်ရစူလ်တမန်တော်သည် သင်တို့ထံ ရောက်ခဲ့ပြီးဖြစ်သောကြောင့် သင်တို့ယုံကြည်ကြလျှင် သင်တို့အတွက် အကောင်းဆုံး ဖြစ် လိမ့်မည်။ သို့သော် အကယ်၍ သင်တို့က (ထိုအမှန်တရားကို) မယုံကြည် ဖီဆန်ငြင်းပယ်ကြလျှင်လည်း (သင်တို့ နှလုံးသွင်းသင့်သည်မှာ) မုချဧကန်၊ အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ (ကို ဖွဲ့စည်းဖြစ် တည်စေတော်မူသည့်အလျောက် ယင်းတို့အားလုံး) သည် အရှင့်စည်းမျဉ်း နိယာမတရားတော်နှင့်အညီ အလ္လာဟ် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ (လှည့်ပတ်သွားလာလှုပ်ရှားနေကြခြင်း) ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မျိုးရိုးဗီဇထဲ၌ပါရှိသော စွမ်းရည်များကို ထည့်ပေးတော်မူသည့်အတွက် ယင်းတို့အား မည်သို့ အသုံးချရမည်ကိုလည်း အရှင်မြတ်သာ) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[171] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ၌ စည်းဘောင်ချိုးဖောက်၍ ချဲ့ထွင်ဖန်တီးခြင်း မပြုကြလေနှင့်။ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်း အမှန်တရားမှအပ (သင်တို့၏အယူအဆတို့ကို) မပြောဆိုကြလေနှင့်။ မရ်ယမ်၏သား တမန်တော်အီဆာမစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်တစ်ပါးသာ ဖြစ်ပြီး အရှင့်ထံတော်မှ ရူဟ်ဝိညာဉ်တော် (ခေါ် ဂျီဗ်ရီးလ်စေတမန်) အား မရ်ယမ်ထံသို့ အရှင့်စကားတော်ကို ပို့ဆောင် စေတော်မူခဲ့၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်များကို ယုံကြည်ကြလော့။ သုံးပါးတစ်ဆူဝါဒ (ဖြစ်သော ဖခမည်းတော်၊ သားတော်နှင့်ဝိညာဉ်တော် တို့ပေါင်းစည်းမှုဟူသော အယူများ) ကိုထုတ်ဖော် ပြောဆိုကြေငြာခြင်း မပြုကြလေနှင့်။ ထိုအယူမှားမှုကို စွန့်လွှတ်၍ ရှောင်ကြဉ်ကြလျှင် သင်တို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် (ပြိုင်ဘက်တွဲဖက်၊ အမှီအခို၊ အတွယ်အတာတို့မှ လုံးဝ သန့်စင်တော်မူလျက်) တစ်ဆူတည်းသောအရှင်မြတ်သာ ဖြစ်တော်မူ၏။ အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင်ဖြစ်ရုံသာမက မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူသည့်အပြင် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုလည်း ပိုင်ဆိုင်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။ အရှင်မြတ်အတွက် သားသမီးဖန်တီးခြင်းသည် အရှင့်ဂုဏ်တော်နှင့်မည်သို့မျှ မဟပ်စပ်သော ကျူး လွန်မှုပင် ဖြစ်၏။ မိုးကောင်းကင်များ၌ရှိသောအရာ အားလုံးနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာအားလုံးတို့သည် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်သည့်အလျှောက် (အရှင့်စည်းမျဉ်းနိယာမတရားများနှင့်အညီ အရှင့်ထိန်းချုပ်မှုအောက်တွင်ရှိလျက်) အရှင်မြတ်ပိုင်ဆိုင်တော်မူသော အရာများသာ ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမများနှင့်အတူ အရာရာကို ထိန်းချုပ်ထားတော်မူသည့်အတွက် အရှင်မြတ်) သာလျှင် အဖြစ်အပျက်အလုံးစုံကို စီမံရာ၌ မှီခိုအားထားရသည့်အရှင်အဖြစ် လုံလောက်တော်မူ၏။

[172] (ယေရှုခရစ်တော်ဟု ခေါ်ကြသည့်) မစီဟ် (ခေါ် လူသားတို့အား အရှင့်အမိန့်ပညတ်ဖြင့် သွန်သင်၍ ငရဲမီးမှ ကယ်တင်ရန် စေလွှတ်တော်မူခြင်းခံရသူ) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်များကို တစ်သ ဝေမတိမ်းနာခံလိုက်နာရန်) အတွက် အရှင့်အစေခံတစ်ဦးဖြစ်ခြင်း၌ မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ တွန့်ဆုတ်ဖွယ်ရာ၊ အထင်သေးခံရဖွယ်ရာအဖြစ် အောက်ကျနောက်ကျသည်ဟု သဘောထား လိမ့်မည် မဟုတ်ရုံသာ မကအရှင့်အပါးတော်မြဲကြသော မလာအီကာစေတမန်များလည်း အလားတူ သဘောထားကြလိမ့်မည် မဟုတ်ပေ။ မည်သူမဆို အရှင့်အစေခံဖြစ်ခြင်းကို မတူမတန်ဟု သဘောထားကာ မာနထောင်လွှားလျှင် အရှင်မြတ်သည် သူတို့အားလုံးအား မကြာမီ အရှင့်ထံသို့ စုရုံးစေတော်မူမည် (ကို သတိရကြလော့)။

[173] ထို့ပြင် ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုမူကျင့်ကြံဆောင်ရွက်ကြ သူတို့အတွက်မူ ထိုအရှင်က သူတို့၏လုပ်ရပ်နှင့်အညီ အကျိုးဆုလဒ်များကို အပြည့်အဝ ချီးမြှင့်တော်မူသည့်အပြင် အရှင့်ကျေးဇူးတော် (ဖြစ်သော မြေပေါ်မြေအောက် သယံဇာတများ၊ စွမ်းရည်စွမ်းအင်နှင့် ဉာဏ်ပညာတို့အနက်မှ သူတို့နှင့်သင့်တော်လိုက်ဖက်သည့်အရာများ) ကို ဖွံ့ဖြိုးတိုးပွားစေတော်မူလိမ့်မည်။ (အရှင့်စည်းမျဉ်းတော်နှင့်အညီ နာခံလိုက်နာလျက် အရှင့်အစေခံဖြစ်ခြင်း) ကို မတူမတန်သဘောထား၍ မာနထောင်လွှားကြ သူတို့အတွက်မူ (သူတို့၏အဆိုပါ ကျူးလွန်မှုကြောင့်) ထိုအရှင်မြတ်က ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ဖြင့် အပြစ်ပေး အရေးယူတော်မူလိမ့်မည်။ ထိုစဉ် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦး တစ်ယောက်ကိုမျှ သူတို့အတွက် ကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းနှင့်ကူညီသူတစ်ဦးအဖြစ် ရှာတွေ့ကြလိမ့်မည် မဟုတ်ပေ။

[174] အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသည့် အရှင်မြတ်ထံတော်မှ သင်တို့ထံ ယုံကြည်လောက်သော အထောက်အထားတော် (ဖြစ်သည့်ကျမ်းတော်မြတ်ကုရ်အာန်) အား ဧကန်မုချ ရောက်စေတော်မူခဲ့ပြီ ဖြစ်၏။ ထိုကျမ်းတော်ကို ငါအရှင်မြတ်က သင်တို့အပေါ် ရှင်းလင်းထင်ရှားပြီး ကြည်လင်ပြတ်သားသော အလင်းတော်အဖြစ် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။

[175] သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူတို့မှာမူ (ထိုကျမ်းတော်အတိုင်း နာခံဘဝဆောက်တည်နိုင်ရန်အတွက်) ယင်းကို စွဲမြဲမြဲမြံစွာ အမိအရ ဆုပ်ကိုင်ထားသောကြောင့် သူတို့အား အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်၌ ဝင်ရောက် ခိုလှုံခွင့်ပေးသနားတော်မူပြီး အရှင့်ကျေးဇူးတော်ဖြစ်သော အရှင့်ဆီသို့ ဦးတည်စေသော ဖြောင့်မတ်မှန်ကန်တည်တံ့သည့် အရှင့်လမ်းစဉ်အတိုင်း ဘဝခရီးလျှောက်လှမ်းနိုင်ရန် လမ်းညွှန်တော်မူလိမ့်မည်။

[176] ထိုသူတို့သည် အသင် (တမန်တော်) အား (အမွေဆက်ခဲ့မည့် မျိုးဆက်မရှိသူတို့နှင့်စပ်လျဉ်း၍) အသင့် စီရင်ထုံးကို တရားဝင်ထုတ်ပြန်ရန် တောင်းဆိုနေကြ၏။ သူတို့အား ''အလ္လာဟ်အရှင်မြတ်သည် ကလာလဟ် (ခေါ် အမွေဆက်ခဲ့မည့်မျိုးဆက်မရှိသူ) နှင့်စပ်လျဉ်း၍ (ဤသို့စီရင်ဆုံးဖြတ်ရန်) တရားဝင်ထုတ်ပြန်တော်မူကြောင်း” ဟောပြောလော့။ သားသမီး တစ်ဦးတစ်ယောက်မျှ မရှိဘဲ ညီမ/အစ်မတစ်ဦးတည်းသာရှိသော အမျိုးသားတစ်ဦး ကွယ်လွန်သော် သူမထားခဲ့သမျှမှ (ကျန်ရစ်သူ ညီမ/အစ်မအတွက်) ထက်ဝက်နှင့် အကယ်၍ (အမွေထားခဲ့လျက်) ကွယ်လွန်သွားသူတွင် သားသမီးတစ်ဦးတစ်ယောက်မျှမရှိဘဲ ကွယ်လွန်ခဲ့သော် ကျန်ရစ်သူ (အစ်မ/ညီမ) သည် (သူမထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေအဖြစ် ရနိုင်၏။ တစ်ဖန် အကယ်၍ ညီမအစ်မ နှစ်ယောက် ရှိခဲ့ကြ ပါလျှင် သူမတို့နှစ်ဦးအတွက် ထိုကွယ်လွန်သူထားခဲ့သော အမွေဆိုင်ပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရပိုင်ခွင့်ရှိ၏။ သို့သော် အကယ်၍ ညီအစ်ကိုမောင်နှမများ ရှိကြလျှင် အမျိုးသားတစ်ဦးအတွက် အမျိုးသမီးနှစ်ဦး၏ဝေစုဝေပုံ နှင့်အညီအမျှ ရရှိစေရမည် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ လမ်းမှားသို့ မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရှင်းလင်းစေတော်မူခြင်း ဖြစ်၏၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၌ ရှိသင့်ရှိထိုက်သော အရည်အသွေးနှင့်အခွင့်အရေးတို့ကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

စားဖွယ်အရာ

Surah 5

[1] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (အရှင်မြတ်နှင့်တိုင်တည်၍ ဝန်ခံခဲ့ကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဖြည့်ဆည်းကြလော့။ သင်တို့အား ရွတ်ပြစေသောကျမ်စာ၌ ဖော်ပြသည့်အရာများနှင့်မြင့်မြတ်သော ဝတ်ကျောင်းတော် ပရဝဏ် နယ်နိမိတ်အတွင်း ''အိဟ်ရာမ်'' ဝတ်ရုံကို ဝတ်ဆင်ပြီး ဖြစ်နေကြစဉ် (သင်တို့) အမဲလိုက်ခြင်း မပြုကြရန် တားမြစ်ခြင်းမှအပ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော) ခြေလေးချောင်းတိရစ္ဆာန်များကို သင်တို့အတွက် (စားသုံးရန်) ခွင့်ပြုထားပြီး ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုတော်ရှိမူသည် အမိန့်ပေးတော်မူ၏။

[2] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (အစ္စလာမ်နှင့်မွတ်စလင်ထုအတွက် အရှင်မြတ်က သတ်မှတ်ထားသည့်) အလ္လာဟ်အရှင်မြတ်ပိုင် သင်္ကေတအမှတ်အသားများ ထူးမြတ်သောလများ၊ သတ်မှတ်ထားသောနယ်နိ မိတ်အတွင်း စွန့်လှူရန် ယူဆောင်လာသည့်တိရိစ္ဆာန်များနှင့်ထိုတိရိစ္ဆာန်တို့၏လည်ပင်းတွင် စွတ်ထားသော လည်ဆွဲ၊ ပန်းကုံးနှင့်အမှတ်အသားများ၊ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်မြို့မှုနှင့်အရှင့်ကျေးဇူးတော်တို့ကို ရှာမှီးရန်အလို့ငှာ အထူးမြတ်ဆုံး ဗလီဝတ်ကျောင်းတော်သို့ ငြိမ်းချမ်းစွာဖြင့် လာရောက်ကြသူတို့၏အခွင့်အရေးများကို မဖျက်ဆီး မချိုးဖောက် မစော်ကားကြလေနှင့်။ ထို့ပြင် သင်တို့ကို (ယခင်က) အထူးမြတ်ဆုံး ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ဝတ်ပြုခြင်းမှ ပိတ်ပင်ဟန့်တားခဲ့သည်ကို အကြောင်းပြု၍ အာဃာတဖြင့် လူမျိုးရေးမုန်း တီးမှုဖန်တီးလျက် အရှင့်စည်း မျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ရန် မတိုက်တွန်း မလှုံ့ဆော်ကြလေနှင့်။ အမှန်မှာ (လူသားအကျိုးပြုလုပ်ငန်း၊ ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်၊ ကိုယ်ကျင့်တရားကောင်းနှင့်ဆိုင်သော ကျင့်ကြံမှုစသော) ကောင်းမှုကုသိုလ်နှင့်အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့် ကြံရာတွင်သာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေးကူညီပံ့ပိုးရန် လှုံ့ဆော်တိုက်းတွန်းကြလော့။ သို့သော် (လူသားအကျိုး ယုတ်စေသည့်လုပ်ရပ်များ၊ လူမှုရေးဘာသာရေးမုန်းတီးမှုများ၊ လူ့စွမ်းရည်တိမ်ကော့စေသည့် လှုပ်ရှားကျင့်ကြံမှုများ၊ သဘောထားကွဲစေသည့် ဝါဒဖြန့်မှုများစသော) မကောင်းမှုအကုသိုလ်များတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားပေးကူညီပံ့ပိုးရန် လှုံ့ဆော်တိုက်းတွန်းခြင်း မပြုကြလေနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ဖောက်ဖျက်သူတို့အား) ပြတ်သားပြင်းထန်စွာ အပြစ်ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[3] အရှင်မြတ်က သင်တို့အတွက် စားသုံးခြင်း မပြုကြရန် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ ဝက်သားနှင့်အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်များဖြင့် တိုင်တည်၍ စွန့်လှူလှီးသတ်သော သားကောင်များ ဖြစ်၏။ လည်ညှစ်သတ်သော တိရိစ္ဆာန်များ၊ ရိုက်သတ်သည့် တိရိစ္ဆာန်များ၊ မြင့်ရာမှ ကျသေသွားသည့် တိရိစ္ဆာန်များ၊ အချင်းချင်း ဦးချိုဖြင့်ဝှေ့ခတ်တိုက်ကြ၍ သေသွားသည့် တိရိစ္ဆာန်များ၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) လှီးဖြတ်ခံရသောတိရိစ္ဆာန်များမှအပ သားရဲတိရိစ္ဆာန်များ၏ကိုက်သတ်မှုကြောင့် သေသွားသော တိရိစ္ဆာန်များ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ကြသော ရုပ်ပွားဆင်းတုများနှင့်ဘာသာရေးအယူအဆအရ) ယဇ်ပူဇော်ရန် သတ်ဖြတ်၍ ဆက်ကပ် လှူဒါန်းသော တိရိစ္ဆာန်များ၊ (ကံစမ်းမဲနှိုက်ခြင်းနှင့်အလောင်းအစားပြုခြင်း စသော) မဲမြှားဖြင့် ခွဲဝေ၍ရရှိသောဝေစုများ စသည့် ထိုအရာများသည် သင်တို့အတွက် ကောက်ကျစ်မှုနှင့်အရှင့်စည်းမျဉ်းတော်များကို ပြောင်ပြောင်တင်းတင်း အာခံဖီဆန်စေသော အခြေခံအကြောင်းရင်းပင် ဖြစ်၏။ ဤနေ့ဤအချိန်ဤကာလတွင် မယုံကြည်သူ (တို့နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သင်တို့အား တရားတော်နှင့်အညီ ဘဝဆောက်တည်ခြင်းကို တား ဆီးပိတ်ပင်ဟန့်တားနှောက်ယှက်နေခြင်းကြောင့် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူ ကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) မှ အကျိုးခံစားခွင့်ရရန် မျှော်လင့်ချက် ကင်းမဲ့နေကြပြီ။ သို့ဖြစ်၍ သူတို့ကို ကြောက်ရွံ့လျက် မရပ်တည်ကြလေနှင့်။ ငါအရှင်မြတ်ကို ကြောက်၍ ငါအရှင်၏ စည်းမျဉ်းတော်နှင့်အညီသာ ရပ်တည်ကြလော့။ ဤကာလဤအခြေအနေတွင် ငါအရှင် မြတ်သည် သင်တို့အတွက် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစစဉ်ကို လူတိုင်းစံထားသင့်သည့် အမိန့်ပညတ်ချက်များနှင့်အမှန်တရားများဖြင့် ပကတိပြည့်စုံစေတော် မူခဲ့ပြီ။ သင်တို့အပေါ် ငါအရှင်မြတ်က အခွင့်အရေးများပေးလျက် ဂုဏ်ပေးခြင်းဖြင့် အပြီးသတ်စုံလင်စေတော်မူခဲ့ပြီ။ ငါအရှင်မြတ်သည် အစ္စလာမ်မည်သော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို သင်တို့အတွက် အရှင့်သဘောတူနှစ်မြို့တော်မူသည့် ဒီန်လမ်းစဉ်အဖြစ် အတည်ပြုတော်မူခဲ့ပြီ။

[4] သူတို့က အသင် (တမန်တော်) အား (အခြားတိရိစ္ဆာန်များကို အသုံးပြု၍ အမဲလိုက်ခြင်းဖြင့် ဖမ်းဆီးရမိသော တိရိစ္ဆာန်အပါအဝင်) “အဘယ်အရာများသည် သူတို့အတွက် (စားသုံးရန်) တရားဝင်ခွင့်ပြုထားသောအရာများ ဖြစ်သနည်း။” ဟု မေးမြန်းကြ၏။ “သင်တို့အတွက် (ကျန်းမာရေးနှင့်ညီညွတ်ပြီး) သန့်ရှင်းစင်ကြယ်သောအရာများကို တရားဝင် ခွင့်ပြုခြင်းခံခဲ့ရပြီ။” ဟု ဟောလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မျိုးရိုးဗီဇထဲ၌ ပင်ကိုယ်စွမ်းရည်များ ထည့်ပေးတော်မူလျက်) သင်တို့အား သင်ကြားတော်မူသည့် နည်းစနစ်များကို အသုံးပြု၍ အမဲလိုက်တိရိစ္ဆာန်တို့အား သွန်သင်လေ့ကျင့်ပေးခြင်းဖြင့် ယင်းတို့က သင်တို့အတွက် ဖမ်းဆီးပေးသော တိရိစ္ဆာန်များအနက် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရ တသ၍ ဖွင့်ဟခြင်းခံခဲ့ရသော တိရိစ္ဆာန်များကိုလည်း တရားဝင် ခွင့်ပြုထားတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ပြု မူကျင့်ကြံလုပ်ဆောင်သမျှနှင့်စပ်လျဉ်း၍) မြန်မြန်ဆန်ဆန် ချက်ချင်းလက်ငင်း စာရင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။

[5] ဤနေ့ဤအချိန်ကာလ၌ သင်တို့အတွက် (ကျန်းမာရေးနှင့်ညီညွတ်ပြီး) သန့်ရှင်းစင်ကြယ်သောအရာများကို တရားဝင် စားသောက်ခွင့် ပေးထားတော်မူပြီး ဖြစ်၏။ ကျမ်းဂန်ပေးခံရသောပုဂ္ဂိုလ်တို့၏စားသောက် ဖွယ်ရာများနှင့်စပ်လျဉ်း၍ သူတို့အတွက် တရားဝင် စားသောက်ခွင့်ပေးထားသော စားသောက်ဖွယ်ရာများကို သင်တို့အတွက် လည်း တရားဝင် စားသောက်ခွင့်ရှိသော စားသောက်ဖွယ်ရာများအဖြစ် ခွင့်ပြုတော်မူခဲ့ပြီ။ ယုံကြည်သူ အမျိုး သမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခံထားရသော (အိမ်ထောင်ကျသည့်) အမျိုးသမီး တို့နှင့်သင်တို့အလျှင် ကျမ်းပေးအပ်ခြင်းခံခဲ့ရသောပုဂ္ဂိုလ်တို့အနက်မှ ထိမ်းမြားခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက် ခံထားရသော (အိမ်ထောင်ကျသည့်) အမျိုးသမီးတို့အား အပျော်သဘောဖြင့် အမြတ်ထုတ်လိုသော ရည်ရွယ်ချက်မပါဘဲ ဘဝဖော်အဖြစ် ထိမ်းမြားသည့်အခါ (သင်တို့၏ဘဝဖော်များ ဖြစ်လာခြင်းကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်) သူမတို့အတွက်ဆုလဒ်အဖြစ် မင်္ဂလာလက်ဆောင်များ ပေးကြလော့။ (ယခင်က ဩဇာခံဖြစ်ခဲ့ခြင်းနှင့်ခိုကိုးရာမဲ့ဖြစ်ခဲ့ခြင်းကြောင့် အကျပ်ကိုင်လျက်) သူမတို့အား တိတ်တိတ်ပုန်း အမြတ်ထုတ်ခြင်းခံရနိုင်သူများဟု မမှတ်ယူကြလေနှင့်။ မည်သူမဆို အရှင်မြတ်က သွန်သင်တော်မူသည့် ယုံကြည်မှုဆိုင်ရာ စည်းမျဉ်းဘောင်များကို ဖီဆန်ငြင်းပယ်လျှင် သူသည် သူ၏လုပ်ရပ်ဟူသမျှကို မုချပင် အချည်းနှီး ဖြစ်စေခဲ့ပြီး ထိုသူသည် နောင်တမလွန်ဘဝ၌ ဆုံးရှုံးသူတို့အနက်မှ အပါအဝင် ဖြစ်လိမ့်မည်။

[6] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဆွလာသ်ဝတ်ပြုမှုဆောက်တည်ရန် ရည်ရွယ်သည့်အခါ သင်တို့၏မျက်နှာများကို ဆေးကြောပြီး သင်တို့၏လက်များကို တံတောင်ဆစ်များအထိလည်းကောင်း၊ သင်တို့၏ဦးခေါင်းများကို ပွတ်သပ်၍လည်းကောင်း၊ သင်တို့၏ခြေများကို ခြေမျက်စေ့များအထိလည်းကောင်း၊ (တမန်တော်မြတ်က လက်တွေ့လုပ်ဆောင်ပြသခဲ့သည့်အတိုင်း ဝူဇူခေါ်ဝတ်ပြုမှုအတွက် လုပ်ရသည့် ဆေးကြောမှုဖြင့်) ဆေးကြောသန့်စင်ကြလော့။ အကယ်၍ သင်တို့သည် ရေချိုးရန်တာဝန်ရှိသော မသန့်ရှင်းသည့် အနေအထားတွင် ရှိနေကြလျှင် (ရေချိုးစဉ်လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်များကို) သန့်စင်အောင်ပြုကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် ကျန်းမာရေးချို့တဲ့နေသည့် သို့မဟုတ် ခရီးစဉ်၌ရှိနေသည့် အနေအထားတွင် ရှိနေသူဖြစ်လျှင် သို့မဟုတ် ရေမရှိသော သန့်စင်ခန်းမှ ထွက်လာသူဖြစ်လျှင် သို့မဟုတ် (တရားဝင်ထိမ်းမြားထားသည့်) အမျိုးသမီးနှင့်ထိတွေ့ချဉ်းကပ်ခဲ့ကြရလျှင် (ထိုအခြေအနေတွင် ရေချိုးရန် တာဝန် ရှိကြောင်းကို သိနေသော်လည်း) ရေရှာမတွေ့သောအခါ (သင်တို့၏လက်ဝါးနှစ်ဖက်ဖြင့်) သန့်ရှင်းသော မြေကြီးကို ရိုက်ပုတ်၍ သင်တို့၏မျက်နှာများနှင့် (လက်ဖျံမှ တံတောင်ဆစ် အထိပါစေလျက်) လက်များပေါ်တွင် ပွတ်သပ်ခြင်းဖြင့် သန့်စင်မှုအတွက် ရည်ရွယ် (၍တယမ်မွမ်) ပြုကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ကျဉ်းကြပ်ခက်ခဲမှုဟု ပြစ်တင်ခွင့်ရဖွယ်ဖြင့် စည်းကြပ်တော်မူရန် ရည်ရွယ်တော်မူသည် မဟုတ်ပေ။ သို့သော် သင်တို့ကျေး ဇူးသိတတ်ကြရန်အလို့ငှာ သင်တို့အပေါ် အခွင့်အရေးပေးလျက် အရှင့်ဂုဏ်ပေးမှုကို စုံလင်ပြည့်စုံစေတော်မူရန်နှင့်သင်တို့အား သန့်ရှင်းစင်ကြယ်စေတော်မူရန်အတွက်သာ ရည်ရွယ်တော်မူ၏။

[7] သင်တို့က “(အရှင်မြတ်မိန့်တော်မူသမျှကို) ကျွန်ုပ်ကြားနာပါ၏။ ကျွန်ုပ်တို့ နာခံလိုက်ပါ၏။” ဟု ပြောခဲ့ကြစဉ် သင်တို့၏အဆိုပါ ပဋိညာဉ်ကတိဝန်ခံချက်ကို အတည်ပြုပြီး အရှင့်ကတိတော်နှင့်အညီ သင်တို့အပေါ် အခွင့်အရေးပေးတော်မူလျက် အလ္လာဟ်အရှင်မြတ်က ဂုဏ်ပေးတော်မူခြင်းကို သတိရ တသ၍ ဖွင့်ဟကြလော့။ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသား၏) ရင်တွင်း (၌ တည့်သွင်းလျက်) ပိုင်ဆိုင်ထားသမျှကို ကုန်စင်အောင် အကြွင်းမဲ့ သိနေတော်မူ၏။

[8] အို၊ ယုံကြည်သူအပေါင်းတို့၊ (အမှန်တရားအတွက် စံပြသက်သေခံများ ဖြစ်နိုင်ရန်အလို့ငှာ) တရားမျှတမှုမဏ္ဍိုင်နှင့်အတူ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သော စံပြပုဂ္ဂိုလ်များအဖြစ် မြဲမြံစွာ ရပ်တည်ကြလော့။ ထို့ပြင် သင်တို့အား တရားမျှတစွာဖြင့် ပြုမူပြောဆိုဆက်ဆံခြင်း ကင်းမဲ့နေကြသည်ကို အကြောင်းပြု၍ အာဃာတဖြင့် လူမျိုးရေးမုန်းတီးမှုဖန်တီးလျက် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ရန် မတိုက်တွန်း မလှုံ့ဆော်ကြလေနှင့်။ (မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ သင်တို့သည်) အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင့်နှင့်အနီးစပ်ဆုံးဖြစ်ရန်အလို့ငှာ (မည်သည့်လူမျိုးအားဖြစ်စေ၊ မည်သည့် ကိစ္စရပ်၌ပင်ဖြစ်စေ) တရားမျှတမှု မဏ္ဍိုင်ကိုသာ အကောင်အထည်ဖော်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက် အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။

[9] (သို့မှသာ) အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သည့် ပြုမူကျင့်ကြံလုပ်ဆောင်မှုများကို ပြုမူကျင့်ကြံသူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ်ချီးမြှင့်တော်မူရန် ကတိပြုတော်မူပြီ။

[10] သို့ရာတွင် မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) နှင့်အလ္လာဟ်အရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာများနှင့်စပ်လျဉ်း၍ မဟုတ်မတရားလိမ်လည်စွပ်စွဲလျက် အာခံဖီဆန်သော သူတို့မှာမူ ငရဲမီး၏အဖော်များသာ ဖြစ်ကြ၏။

[11] အို၊ ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် (သင်တို့အား ချေမှုန်းနိုင်ရန်အလို့ငှာ) သူတို့၏ (လက်နက်၊ စွမ်းရည်၊ နည်းပညာနှင့်အင်အားအလုံးစုံ အတူကိုင်စွဲထားသည့်) လက်များကို သင်တို့ဘက်သို့ ဆွဲဆန့်၍ လှမ်းခဲ့ကြရန် သန္နိဋ္ဌာန်ချလျက် ကြံစည်နေစဉ် ငါအရှင်မြတ်က သူတို့၏လက်များကို သင်တို့ထဲ ရောက်နိုင်ခြင်းမှ ချုပ်ထိန်းတော်မူခြင်းဖြင့် သင်တို့အပေါ် အခွင့်အရေးပေးလျက် ဂုဏ်ပေးတော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ငါအရှင်မြတ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်ရန်) ငါအရှင်မြတ်အပေါ် (တာဝန်အဖြစ် သတ်မှတ်ထားတော်မူသည့် အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအား ထားပြုထိုက်၏။

[12] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ (အရှင့်အမိန့်တော်များကို နာခံမည်ဟူသော) ပဋိညာဉ်ကတိဝန်ခံချက်ကို မုချရယူတော်မူခဲ့ပြီးနောက် သူတို့အနက်မှ (မျိုးနွယ်စုအသီးသီးအတွက် တာဝန်ယူ၍ ဦးဆောင်မှုပေးနိုင်မည့်) ခေါင်းဆောင် ဆယ့်နှစ်ဦးကို ပေါ်ထွက်စေတော်မူ၍ ခန့်အပ်တော်မူခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား “အကယ်၍ သင်တို့သည် သင်တို့ထဲတွင်ရှိသော မကောင်းမှုဒုစရိုက်များနှင့် အကျင့်ဆိုးများကို (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) အမှန်ပင် ရှောင်ကြဉ်ဖယ်ရှား ဖုံးကွယ်၍ (အရှင်မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်စည်း စိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့်) သင်တို့၏ကိုယ်စိတ်နှလုံးနှင့်စည်းစိမ်တို့ကို အမွန်မြတ်ဆုံးချေးငှားမှုဖြစ် သည့် အလ္လာဟ်အရှင်မြတ် (က အလိုရှိတော်မူသော လမ်း စဉ်တော်) အတွက် ချေးငှားကြပြီး ငါအရှင်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ယုံကြည် (သူတို့၏ညွှန်ကြားချက်များနှင့်အညီ ပြုမူကျင့်ကြံလျက်) သူတို့အား ထောက်ခံအားပေးကြသည့်အပြင် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည် မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ဆင်းရဲသူအား ပေးရသောလူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူရုံသာမက သင်တို့အတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့လည်း အမှန်ပင် ဝင်ခွင့်ပေးတော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက်တွင်မှ သင်တို့အနက်မှ မည်သူမဆို (အရှင်မြတ်၏အမိန့်ပညတ်ချက်များကို) မယုံကြည်ငြင်းဆန်ဖုံးကွယ်လျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မျှခြေမှ လွဲချော်၍ လမ်းမှားသို့ ရောက်ခဲ့ပြီ ဖြစ်၏။

[13] ထိုသို့ဖြင့် (သူတို့ကိုယ်ဝန်ခံလျက် ကတိပြုခဲ့သည့်) သူတို့၏ပဋိညာဉ်ကတိဝန်ခံချက်များကို သူတို့ကိုယ်တိုင် ဖောက်ဖျက်ခဲ့ခြင်းကြောင့် ငါအရှင်မြတ်သည် သူတို့၏နှလုံးသားများကို ခက်ထန်မာကျောစေတော်မူပြီး ငါအရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူ၏။ သူတို့သည် အရှင့်မုက္ခပါဌ်တော်များကို ယင်းအား ဆက် စပ်ဖော်ပြခဲ့သည့် မူရင်းအနေအထားနှင့်ဆိုလိုရင်းတို့မှ လိုရာဆွဲ၍ ပြောင်းလဲသုံးကြပြီး (ကျမ်းတော်၌) သတိရ စေရန် ထပ်တလဲလဲ ဖော်ပြခဲ့သည့် အကြောင်းအရာများအနက်မှ ထို (ကတိဝန်ခံချက်) နှင့်ပတ်သက်သည့် (အကြောင်းအရာပါဝင်သော) စာပိုဒ်ကို မေ့ပစ်ထားခဲ့ကြသည်။ ထို့ပြင် သူတို့ထဲတွင် လူနည်းစုမှအပ ကျန်လူအားလုံးက အဆိုပါသစ္စာဖောက်မှုဆိုင်ရာ အချက်အလက်များကို လေ့လာရှာဖွေဖေါ်ထုတ်၍ အများသိအောင် ခွဲထုတ် ပြခြင်းလည်း မရှိကြပေ။ မည်သို့ဆိုစေ သစ္စာဖောက်မှု၌ပင် ဆက်လက်ရပ်တည်နေကြသူတို့အား ဥပေက္ခာပြု၍ လွှတ်ထားကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။

[14] ထိုပုဂ္ဂိုလ်များထဲတွင် “ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြ၏။” ဟု ပြောဆိုသူများလည်း ရှိကြ၏။ ငါအရှင် မြတ်သည် သူတို့ထံမှလည်း ပဋိညာဉ်ကတိဝန်ခံချက်များကို ရယူတော်မူပြီးနောက် ထိုသူတို့သည် ထိုကတိကဝတ်များနှင့်စပ်လျဉ်း၍ ထပ်တလဲလဲ ဖော်ပြခဲ့သည့်အကြောင်းအရာများပါရှိသော ကျမ်းတော်၏စာပိုဒ်ကို မေ့ပစ် ထားခဲ့ကြသည်။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သူတို့အချင်းချင်းကြားဝယ် ရှင်ပြန်ထမြောက်မည့်နေ့အထိ တည်တံ့မည့် ရန်ငြိုးထားမှုနှင့်မုန်းတီးမှုများ နိုးကြွလာစေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုရန်လို မုန်း တီးမှုများကို မည်သို့) စနစ်တကျ ကြံစည်ဖန်တီးခြင်းနှင့်စပ် လျဉ်း၍ မကြာမီ သူတို့အား အသိပေးရှင်းလင်း တင်ပြတော်မူလိမ့်မည်။

[15] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်သည် အရှင့်ကျမ်းတော်မှ မြောက်မြားစွာသော အချက်အလက်များကို သင်တို့က ထိန်ချန်ဖုံးကွယ်ထားခြင်းနှင့်ပတ်သက်၍ သင်တို့ကို ကွက် ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြန်အလို့ငှာ သင်တို့ထံ မုချရောက်လာပြီး သင်တို့ထဲမှ မြောက်မြား စွာသော သူတို့အား အရေးမယူဘဲ ဥပေက္ခာပြုလျက် လွှတ်ထားခဲ့ပြီ။ (သင်တို့ထံ ရောက်လာသည့် တမန်တော် မုဟမ္မဒ်နှင့်အတူ) အလ္လာဟ်အရှင်မြတ်ထံတော်မှ ထင်ရှားမြင်သာအောင် ရှင်းလင်းထားသောကျမ်းနှင့် (သင်တို့ ၏စိတ်နှလုံးကို ဉာဏ်အလင်းဖြင့် လင်းဝင်းတောက်ပစေမည့်) အရှင့်ရောင်ခြည်တော်လည်း သင်တို့ထံ မုချ ရောက်ခဲ့ပြီ။

[16] အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းတော် (မြတ်ကုရ်အာန်) အားဖြင့်သာ လမ်းညွှန်တော်မူ၏။ မည်သူမဆို အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ ငြိမ်းချမ်းသာယာမှုဆိုင်ရာ နည်းစနစ်များဖြင့် ပြည့်နေသည့် ထိုကျမ်းတော်နှင့်အညီ တစ်သဝေမတိမ်းလိုက်နာလျှင် ငါအရှင်မြတ်သည် အရှင့်ခွင့်ပြုချက်ဖြင့် သူတို့အား (စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် နာမ်ရေးရာခြစားမှု၊ မသမာမှု၊ လှည့်စားမှု၊ မတရားမှုနှင့် အနိုင်ကျင့်မှုစသော) အမှောင်ထုမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်ဆီသို့ ထုတ်ယူတော်မူလျက် ထိုမှတစ်ဆင့် (အစစအရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သည့် အရှင့်လမ်းစဉ်တော်ဘက်သို့ ဘဝခရီးနှင်နိုင်ရန် လမ်းညွှန်တော်မူလိမ့်မည်။

[17] “မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အားပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှ ကယ်တင်ရန် စေလွှတ် ခြင်းခံရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် ဖြစ်သည်။” ဟုပြောဆိုကြသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) စစ်စစ်များ ဖြစ်ကြသည်မှာ သေချာ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ မရ်ယမ်၏သား မစီးဟ် (ယေရှုခရစ်)၊ တမန် တော်အီစာ၏မိခင် (မရ်ယမ်) နှင့် ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာအားလုံးကို ပျက်စီးစေတော်မူရန် ရည်ရွယ် တော်မူခဲ့လျှင် အလ္လာဟ်အရှင်မြတ် (၏စီမံမှု) ဩဇာအာဏာနှင့်အချုပ်အခြာတော်) မှ အရှင့်အမိန့်တော်နှင့် ဆန့်ကျင်၍ စိုးစဉ်းမျှပင် ဝင်ရောက်စွက်ဖက်နိုင်သူ ရှိနိုင်မည်လော။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်တော်မူသည့်အရာများဖြစ်ပြီး အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်ပြီး ထိုနှစ်ခုကြားတွင်ရှိသောအရာဟူသမျှကိုလည်း အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အတိုင်း ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းပင် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ (လူ့သားအခေါ် သဘာဝနိယာမတရားဟုခေါ်သည့် အရှင့်စည်းမျဉ်း တော်များကို သတ်မှတ်ပေးတော်မူလျက်) ခပ်သိမ်းကုန်တို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[18] ဂျူးနှင့်ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်၏သားတော်များဖြစ်ကြပြီး ထိုအရှင် ၏အချစ်တော်များဖြစ်ကြသည်။” ဟု အခိုင်အမာ ပြောဆိုနေကြ၏။ သူတို့အား “သို့ဖြစ်လျှင် သင်တို့၏အပြစ်များအတွက် အဘယ်ကြောင့် သင်တို့ကို ပြစ်ဒဏ်စီရင်တော်မူလျက် အရေးယူတော်မူမည်ဟု မိန့်ရသနည်း။” ဟု မေးမြန်းလော့။ အမှန်မှာ သင်တို့သည် သေမျိုးဖြစ်ကြောင်း သတင်းကောင်းပါးခြင်းခံရသော လူသားများဖြစ်ပြီး အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့တို့အနက်မှ ဖြစ်သောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကိုသာ ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာအာဏာသည် အရှင်မြတ် (ပိုင်ဆိုင်တော်မူသည့်အလျောက် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာဖြစ်ပြီး ထို့ပြင် လူအပါအဝင်အရာခပ်သိမ်းတို့၏နောက်ဆုံးပန်းတိုင်မှာ ထိုအရှင်ထံသို့သာ ဖြစ်၏။

[19] အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်း၊ အသင်တို့သည် “ကျွန်ုပ်တို့ထံ မည်သည့် သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူမျှ ရောက်မလာခဲ့ (သည့်အတွက် ကျွန်ုပ်တို့လမ်းညွှန်မှန် မရခဲ့ကြောင်း ဖြစ်သည်။) ဟု ဆင်ခြေပေးပြောဆိုကြမည်စိုး၍ အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်မျှ မရှိသည့်ကြားကာလတွင် သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှား ရှင်းလင်းတင်ပြရန် ငါအရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် သင်တို့ထံ မုချရောက်ခဲ့ပြီ။”

[20] တမန်တော်မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လောကခပ်သိမ်း၌ ရှိသောလူသားတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သည့်အရာများ ပေးအပ်တော်မူပြီး (အီဂျစ်တွင် သင်တို့၏အရေးကိစ္စများကို သင်တို့ကိုယ်တိုင် စီမံအုပ်ချုပ်လျက် ဖြေရှင်းနိုင်ကြရန်) သင်တို့အား အုပ်ချုပ်သူများအဖြစ် ပေါ်ထွန်းစေတော်မူခဲ့ရုံသာမက သင်တို့အနက်မှပင် နဗီတမန်တော်များကို လည်း ပေါ်ထွက်စေတော်မူ၍ ခန့်အပ်တော်မူခဲ့စဉ် သင်တို့အပေါ် အခွင့်အရေးပေးလျက် ဂုဏ်ပေးခဲ့သည့် (အရှင့် ကျေးဇူးတော်များနှင့်အချိန်ကာလ) တို့ကို သတိရ တသ၍ ဖွင့်ဟကြလော့။”

[21] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် အထွတ်အမြတ်ဖြစ်သည့် အောင်မြေအဖြစ် အတည်ပြုသတ်မှတ်ပြဋ္ဌာန်းတော်မူသော နယ်မြေထဲ ဝင်ရောက်ကြလော့။ ထို့နောက် (အရှင့် အမိန့် ပညတ်ချက်များကို) ကျောခိုင်း၍ (ယခင် မယုံကြည်ငြင်းဆန်ခဲ့သည့် အနေအထားသို့) လှည့်ပြန် မသွားကြလေနှင့်။ အကြောင်းမှာ ထိုသို့ လှည့်ပြန်ကြလျှင် (လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌) ဆုံးရှုံးနစ်နာသူများအဖြစ် ပြန်လှည့်ကြလိမ့်မည်။

[22] (တမန်တော်မူဆာ၏လူမျိုးဖြစ်သော ဂျူးအမျိုးသားတို့က) “အို၊ မူဆာ၊ (အသင်ဝင်ရောက်မိန့်ကြား) ထိုနယ်မြေ၌ နိုင်လိုမင်းထက်ပြုသော အင်အားအလွန်သာသည့် လူမျိုးတစ်မျိုး မုချ နေထိုင်ကြ၏။ သို့ဖြစ်၍ (ကျွန်ုပ်တို့သည်) သူတို့ ထိုနယ်မြေအတွင်းမှ ထွက်ခွာသွားသည့်အချိန်အထိ ထိုနယ်မြေထဲသို့ မည်သည့်နည်းနှင့်မျှ အလျှင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် ထိုနယ်မြေမှ ထွက်ခွာသွားခဲ့ကြလျှင် ကျွန်ုပ်တို့သည် ထိုနယ်မြေထဲသို့ မုချ ဝင်ရောက်လိမ့်မည်။”

[23] ထိုသူတို့အနက်မှ သူတို့အပေါ် အလ္လာဟ်အရှင်မြတ်ဂုဏ်ပေးခဲ့သည်တို့ကို သတိရလျက် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်အမိန့်တော်အတိုင်း တစ်သဝေမတိမ်း နာခံလိုက်နာကြသောပုဂ္ဂိုလ်နှစ်ဦးက “(အရှင့်အမိန့်တော်ကို နာခံသည့်အနေဖြင့် သူတို့နှင့်မျက်နှာချင်းဆိုင်တွေ့ကြရန်) တရားဝင်မြို့ တံခါးပေါက်မှ ဝင်ကြလော့။ အကြောင်းမှာ ထိုနယ်မြေအတွင်းသို့ (ထိုသို့တရားဝင်တံခါးပေါက်မှ) ဝင်ရောက်ခြင်းဖြင့်သာ သင်တို့က မုချပင် အောင်နိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်၏။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ် ကြလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ (ယုံကြည်စိတ်ချစွာဖြင့် ကိုယ်စိတ်နှလုံးကို အပ်နှင်းလျက်) အားထား ကြရမည် (ဖြစ်၍ မုချအောင်မြင်လိမ့်မည်။)” ဟု ပြောဆိုခဲ့ကြသည်။

[24] (ထိုစဉ် တမန်တော်မူဆာ၏လူမျိုးဖြစ်သော ဂျူးတို့က) “အို၊ မူဆာ၊ ကျွန်ုပ်တို့သည် ထိုနယ်မြေ၌ (အဆိုပါ နိုင်လိုမင်းထက်ပြုသော အင်အားသာလွန်သည့်) သူတို့ရှိနေသမျှကာလပတ်လုံး ထိုနယ်မြေထဲသို့ မည်သည့်အခါ မျှ အလျှင်း ဝင်ရောက်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ အသင်နှင့်အသင်အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်တို့နှစ်ဦးသာလျှင် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် သွားကြလော့။ ကျွန်ုပ်တို့ မှာ ဤနေရာ၌ပင် မုချထိုင်နေကြ (လျှက် ပွဲကြည့်နေကြလိမ့်) မည်။”

[25] (ထိုအခါ) တမန်တော်မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်နှင့်ကျွုန်ုပ်၏အစ်ကိုမှလွဲ၍ ကျွန်ုပ်မှာ အခြား မည်သည့်စွမ်းဆောင်ရည်မျှ မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့်အရှင့်စည်းမျဉ်း ဥပဒေများကို အာခံဖီဆန်သည့် ယုတ်မာသော လူမျိုးတို့ကြားတွင် တစ်သီးတစ်သန့်စီ ဖြစ်အောင် ခွဲခြားထားစေတော်မူပါ။” ဟု အသနားခံဆုတောင်းခဲ့၏။

[26] (ထိုအခါ) အရှင်မြတ်က “(အို၊ မူဆာ) သူတို့ ထိုနယ်မြေထဲဝင်ရန် မိန့်တော်မူသည်ကို ဖီဆန်သည့်အတွက်) အသင်သည် ထိုစည်းမျဉ်းတော်ကို ချိုးဖောက်၍ အာခံဖီဆန်သော လူမျိုးယုတ်တို့အပေါ် ဝမ်းနည်းကြေကွဲခြင်း မရှိလေနှင့်။ အကြောင်းမှာ ထိုနယ်မြေသည် သူတို့အပေါ် နှစ်ပေါင်းလေးဆယ်အထိ တရားမဝင်အဖြစ် တားမြစ် ခြင်းခံရလိမ့်မည်ဖြစ်၍ သူတို့သည် ကမ္ဘာဂြိုဟ်၌ စိတ်ရှုပ်ထွေးလျက် တစ်ဝဲလည်လည် ခြေဦးတည့်ရာသို့ သွားရလိမ့်မည်။” ဟု မိန့်တော်မူ၏။

[27] (အို၊ ရစူလ်တမန်တော်) သူတို့အား အမှန်တရားနှင့်စပ်လျဉ်း၍ စံနမူနာယူဖွယ်ရာလုပ်ရပ်ကို လုပ်ဆောင်ခဲ့သော တမန်တော်အာဒမ်၏သားနှစ်ဦးအကြောင်း ရွတ်ပြလော့။ သူတို့နှစ်ဦးသည် စွန့်လှူမှုတစ်ခုစီကို ဆက်ကပ် လှူဒါန်းကြစဉ် သူတို့အနက်မှ တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်းခံခဲ့ရပြီး ကျန်တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်း မခံရခဲ့ပေ။ ထိုအခါ (စွန့်လှူမှုအထမမြောက်သူက စွန့်လှူမှု အထ မြောက်သည့် သူအား) “ကျွန်ုပ်သည် သင့်ကို မုချ သတ်လိမ့်မည်။” ဟု ပြောခဲ့၏။ (စွန့်လှူမှုအထမြောက်သူက) “အလ္လာဟ်အရှင် မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာသူထံမှသာလျှင် (စွန့်လှူမှုကို) သဘောတူ လက်ခံတော်မူ၏။” ဟု ပြောခဲ့သည်။

[28] အကယ်၍ သင်သည် ကျွန်ုပ်ကိုသတ်ရန်အတွက် သင်၏လက်ကို ကျွန်ုပ်ဘက်သို့ ဆန့်၍ လှမ်းခဲ့လျှင် ကျွန်ုပ်သည် သင့်ကိုသတ်ရန် ကျွန်ုပ်၏လက်ကို သင့်ဘက်သို့ ဆန့်၍ လှမ်းလိမ့်မည် မဟုတ်ချေ။ (အကြောင်းမှာ) ဧကန်စင်စစ်၊ ကျွန်ုပ်သည် လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ (၍ အရှင့်စည်းမျဉ်းတော်နှင့်အညီ အရှင့်ကို သိစိတ်ဖြင့် ပြုမူကျင့်ကြံသူအဖြစ်) သော ကြောင့်တည်း။

[29] (ကျွန်ုပ်သည် အရှင်မြတ်ကို ကြောက်ရွံ့သည့်အတွက် သင်က သတ်မည်ဟု ခြိမ်းခြောက်သည့်တိုင် သင်နှင့်ရန်ဖြစ်ရန် ဆန္ဒမရှိပါ။ သင်၏လုပ်ရပ်ကြောင့်) သင်သည် (ကျွန်ုပ်အား ရန်ဖြစ်စေရန် ဖိအားပေးခြင်းကြောင့်) ကျွန်ုပ်၏အပြစ်နှင့် (ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော) သင်၏အပြစ်တို့ကိုပါ ထမ်းဆောင်လျက် ငရဲမီး၏အဖော် ဖြစ် (မည်ကို စိုးရိမ်၍ သင့်ကိုသတိပေး) ရန်သာ ဆန္ဒရှိ၏။ အကြောင်းမှာ အရှင့်စည်းမျဉ်းဥပဒေများကို ချိုးဖောက်၍ မမှန်မကန်လုပ်သူတို့သည် ထိုသို့ပင် (ငရဲမီး၏အဖော်) ဖြစ်ရသော ကြောင့်တည်း။

[30] (ရန်ဖြစ်လိုသောဆန္ဒ လုံးဝ မရှိသော သူက ထိုသို့သတိပေးသော်လည်း သူ့ညီနောင်မှာမူ သူ၏မကောင်း မှုကိုအားပေးသော စိတ်အလိုရမ္မက်ကိုသာ ဦးစားပေးလျက်) သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို ထိုရန်မဖြစ်လိုသော သူ့နောင်တော်ဖြစ်သူအား မဆိုင်းမတွ မဆင်မခြင် အသုံးချခဲ့သောကြောင့် သူ၏ရန်ဖြစ်ရန် ဆန္ဒ လုံးဝ မရှိသောနောင်တော်ကို သတ်ခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုသူသည် ဆုံးရှုံးသူတို့အနက်မှ ဖြစ်သွားလေ၏။

[31] (သတ်ထားသည့် သူ့နောင်တော်၏အလောင်းအား မည်သို့ ဖျောက်ပစ်ရမည်ကို တွေဝေနေစဉ်) အလ္လာဟ်အရှင်မြတ်သည် သူ့နောင်တော်၏ရုပ်အလောင်းအား မည်သို့ ဖုံးအုပ်၍ ကွယ်ပျောက်စေနိုင်သည်ကို ပြသတော်မူရန်အလို့ငှာ မြေကြီး၌ ကုတ်ခြစ်တူးဆွနေသည့် ကျီးကန်းတစ်ကောင်ကို ပေါ်လာစေတော်မူ၏။ (ကျီးကန်း၏လှုပ် ရှားမှုကို မြင်သည့်အခါ) သူက “ဖြစ်မှဖြစ်ရပါလေ။ ကျွန်ုပ်မှာ ကျွန်ုပ်နောင်တော်၏ရုပ်အလောင်းအား ဖုံးအုပ်၍ ကွယ်ပျောက်စေရန် ဤကျီးကန်းကဲ့သို့ပင် စွမ်းဆောင်ရည် မရှိရသလော။” ဟု ညည်းညူခဲ့၏။ သို့ဖြင့် သူသည် စိတ်မကောင်းဖြစ်လျက် ယူကျုံးမရသူတို့မှ တစ်ဦးအပါအဝင် ဖြစ်သွား၏။

[32] ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို အကြောင်းပြု၍ (လူသားအားလုံးအတွက် အထူးသဖြင့်) အစ္စရေး မျိုးနွယ်တို့၏ခေတ်ကာလ၌ သူတို့အပေါ် ဥပဒေပြဋ္ဌာန်းတော်မူခဲ့သည်မှာ မည်သူမဆိုသူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ကို ချိုးနှိမ်သုတ်သင်ခြင်းမပြုဘဲ အခြားနဖ်စ်ပိုင်ရှင်တစ်ဦးအား သတ်ခဲ့သော် သို့တည်းမဟုတ် ကမ္ဘာ ဂြိုဟ်၌ အဖျက်အနှောင့်နှင့်အတည်မငြိမ်ဖြစ်မှုကို ဖန်တီးခဲ့သော် ထိုသူသည် လူသားအားလုံးကို သတ်မိသကဲ့ သို့ပင် ဖြစ်၏။ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ မုချ ရောက်ခဲ့ပြီးနောက် သူတို့အနက်မှ အများစုသည် အမှန်ပင် ထိုကဲ့သို့ ကမ္ဘာဂြိုဟ် ပေါ်၌ (အရှင့်စည်းမျဉ်းဘောင်အား ချိုးဖောက်ရာတွင်) အလွန်အကျွံပင် ကျူးလွန်ခဲ့သူများ ဖြစ်ကြ၏။

[33] (အရှင့်စည်းမျဉ်းဘောင်များကို ချိုးဖောက်ကျူးလွန်ခြင်းဖြင့်) အလ္လာဟ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား စစ်ပွဲဆင်နွှဲနေကြသူတို့သည် ကမ္ဘာဂြိုဟ်ပေါ်၌ အဖျက်အနှောင့်နှင့်မတည်မငြိမ်မှုတို့ကို ဖန်တီးနေကြသောကြောင့် (အကျိုးဆက်မှာလည်း သေဒဏ်ပေးကွပ်မျက်ရန် သို့မဟုတ် ကြိုးစင်တင်ရန် သို့မဟုတ် အင်အားနှင့်နည်းပညာ ကိုယ်စားပြုသောလက်များနှင့် (ဝါဒဖြန့်မှုနှင့်လှုပ်ရှားမှုကို ကိုယ်စားပြုသော) ခြေများအနက်မှ ဆန့်ကျင်ဘက် တစ်စုံဖြတ်တောက်ရန် သို့မဟုတ် သူနေထိုင်ရာနယ်မြေမှ ပြည်နှင်ဒဏ်ပေးရန်သာရှိ၏။ ထိုသို့ပြစ်ဒဏ်ပေးခြင်းသည် ဤလောကီကမ္ဘာ၌ သူတို့အတွက် အရှက်ရစေခြင်း သက်သက်သာဖြစ်ပြီး သူတို့အတွက် နောင်တမလွန် ဘဝ၌ အလွန်ကြီးလေးသော ပြစ်ဒဏ် လည်းရှိ၏။

[34] (သို့သော် ခြွင်းချက်အဖြစ်) ကမ္ဘာဂြိုဟ်၌ အဖျက်အနှောင့်ပြုသူတို့အား အရေးယူနိုင်စွမ်းမရှိ (ပြစ်မှု ကျူးလွန်သူတို့ ကိုယ်တိုင် ဖြူစင်စွာဖြင့်) နောင်တကြီးစွာရလျက် အရှင့်လမ်းစဉ်တော်ဘက်သို့ ပြန်လှည့်ကြလျှင် (သူတို့ကို အရေးမယူဘဲ ချန်ထားနိုင်၏။) ထို့ပြင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချို့ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ဖြစ်တော်မူကြောင်းကိုလည်း သိထားကြလော့။

[35] အို၊ မယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လော့။ ထို့ပြင် အရှင်မြတ်၏အပါးတော်၌ချဉ်းကပ်နိုင်ရန် အရှင့်စည်းမျဉ်းဥပဒေများအား နာခံလိုက်နာစေသည့် နည်းလမ်းနှင့်အကြောင်းရင်းများကို ရှာမှီးလျက် (လောကီ နှင့်တမလွန်ဘဝတို့၌) အောင်မြင်မှုရရန်အလို့ငှာ အရှင့်လမ်းစဉ်တော် (ဖြစ်သည့် အရှင်မြတ်မိန့်တော်မူသည့် အရေးကိစ္စများ) ၌ အစွမ်းကုန် ရုန်းကန်အားထုတ်ကြလော့။

[36] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် အကယ်၍ ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာအားလုံးနှင့်အလားတူ ပမာဏရှိသည့်အရာများကို ထပ်လောင်းဖြည့်စွက်၍ သူတို့အတွက် အမှန်ပင် ရစေလျက် ယင်းတို့ကို ရှင်ပြန်ထမြောက်မည့်နေ့၌ ကျခံရမည့် ပြစ်ဒဏ်များအနက် တစ်စုံတစ်ခုကိုသာ လျော့ပေါ့တော်မူရန် ပေးဆပ်မှုအဖြစ် ကမ်းလှမ်း၍ အသနားခံသည့်တိုင် သူတို့ထံမှ (မည်သည့်အသနားခံမှုမျှ) သဘောတူလက်ခံခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် အလွန်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ် လည်း အသင့်ရှိနေ၏။

[37] သူတို့သည် ငရဲမီးမှ ထွက်သွားနိုင်ရန် ဆန္ဒရှိကြလိမ့်မည်ဖြစ်သော်လည်း သူတို့အတွက် အတိုင်းအဆမဲ့ တည်တံ့မြဲမြံသော ပြစ်ဒဏ်အဖြစ် ရှိနေသည့် ထိုငရဲမီးမှ (ထွက်နိုင်မည့် မည်သည့်းလမ်းစမျှ ရှိလိမ့်မည် မဟုတ်သောကြောင့်) ထွက်နိုင်ကြလိမ့်မည် မဟုတ်ပေ။

[38] ခိုးသားဖြစ်စေ၊ ခိုးသူမဖြစ်စေ၊ သူတို့ရှာမှီးခဲ့ရသည့် အကြောင်းအချက်ပေါ်မူတည်၍ အရေးယူရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ စံနမူနာယူဖွယ်ဟန့်တားထားရာရောက်သည့် ပြစ်ဒဏ်အဖြစ် (သူတို့အား ခိုးမှု ကျူးလွန်စေသည့်အကြောင်းအရင်းများ၊ ပင်ကိုယ်စွမ်းရည်များ၊ ကျူးလွန်ရာတွင် အသုံးပြုသည့်နည်းစနစ်များနှင့်လုပ်ပိုင်ခွင့်များ စသည်တို့ကိုယ်စားပြုသော) သူတို့၏လက်များကို ဖြတ်တောက်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[39] မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်မိခဲ့ပြီး သံဝေဂရလျက် အရှင့်လမ်း စဉ်တော်ဘက်သို့ ပြန်လှည့်ပြီး ကောင်းမြတ်သည့် ပြုမူကျင့်ကြံဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်လျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ထိုသူ၏နောင်တဖြင့် ပြန်လှည့်ခြင်းကို လက်ခံတော်မူသည့်အနေဖြင့်) ထိုသူ့အပေါ် (အရှင့်မေတ္တာ၊ ကရုဏာတော်တို့ဖြင့်) လှည့်တော်မူလိမ့်မည်။

[40] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်ရှင်မြတ် (ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူသောအရာများဖြစ်၍ အရှင့်စည်းမျဉ်းနိယာမတရားနှင့်အညီ အသုံးပြုရန်) အတွက်သာ ဖြစ်သင့်ကြောင်း၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူကြောင်း အသင်တို့ မသိကြလေသလော။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။

[41] အို၊ ရစူလ်တမန်တော်၊ မယုံကြည်မှု (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) တို့တွင် သူ့ထက်ငါသာရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသူများ၊ နှုတ်အားဖြင့် “ကျွန်ုပ်တို့ယုံကြည်ကြပါ၏။” ဟု ပြောဆိုကြပြီး သူတို့၏နှလုံးသားများ၌ ယုံကြည်မှု ကင်းမဲ့နေကြသူများ၊ ဂျူးလူမျိုးတို့အနက်မှ (အစ္စလာမ့်ဆန့်ကျင်ရေးဆိုင်ရာ ကောလာဟလများ၊ ဝါဒဖြန့်မှုများ၊ ကြံစည်ဖန်တီးမှုများ၊ မှားယွင်းသောစွပ်စွဲချက်များစသော) လိမ်လည်လှည့်စားမှု များကိုသာ စိတ်အားထက်သန်စွာဖြင့် ဂရုတစိုက် နားစွင့်ကြသူများ၊ အသင့်အနားတွင် ထိုင်၍ အသင့်ထံ မလာဘဲ ကျန်ရစ်နေသော လူမျိုးတို့အတွက် (သူလျှိုအဖြစ်သာ) နာယူနေကြသူများနှင့်အရှင့်မုကပါဋ္ဌ်တော်များကို (သက်ဆိုင်ရာအဖြစ်အပျက်နှင့်အကြောင်းအရာအလိုက် အံဝင်ဂွင်ကျဖြစ်အောင်) အထားအသိုနှင့်အသုံးအနှုန်း တိကျစေတော်မူပြီးနောက် ယင်းတို့၏မူရင်းအဓိပ္ပါယ်လွဲမှားစေရန် လိုရာဆွဲ၍ မမှန်မကန် ပြောင်းလဲနေကြသူများကြောင့် ဝမ်းနည်းပက်လက် မဖြစ်စေနှင့်။ အကယ်၍ ဤကျမ်းတော်ကို အသင်တို့ထံ ချမှတ်ပေးအပ်ခဲ့ကြောင်း (ကျွန်ုပ်တို့ယုံကြည်ခဲ့လျှင်) ယင်းကို လက်ခံကြပြီး သင်တို့ထံ ယင်းကိုချမှတ်ပေးအပ်ခြင်း မရှိခဲ့လျှင် သတိထား၍ ရှောင်ကြဉ်ကြမည်ဟု ပြောဆိုကြသူများ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူသောသူအား စမ်းသပ်စစ်ဆေးတော်မူရန် ဆန္ဒပြုကြလျှင် ထိုသူအတွက် အလ္လာဟ်အရှင် မြတ်ထံတော်မှ မည်သည့်အရာကိုမျှ အသနားခံတောင်းဆိုရန် အသင့်၌ အခွင့်အာဏာ ရှိလိမ့်မည် မဟုတ်ပေ။ အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား ဤလောကီဘဝ၌ အရှက်ရစေရန်နှင့်နောင်တမလွန်ဘဝ၌ သူတို့အတွက် ကြီးလေးသော ပြစ်ဒဏ်ချခံစေတော်မူရန်အလို့ငှာ သူတို့၏နှလုံးသားများကို မည်သည့်အခါမျှ သန့်ရှင်းစင်ကြယ် ခွင့်ပေးတော်မူရန် ဆန္ဒပြုတော်မူမည် မဟုတ်ပေ။

[42] (ကောလဟလသတင်း စိတ်ကူးယဉ်စာပေ၊ အတင်းစကား၊ မဟုတ်မရားစွပ်စွဲမှုနှင့်လိမ်လည်လှည့်စားမှု စသော) မုသားကိုသာလျှင် စိတ်အားသန်စွာ နာယူကြသူများနှင့် (သမာအာဇီဝမဟုတ်ဘဲ မဟုတ်မမှန်သောနည်းလမ်းများဖြင့်) လောဘတကြီး ရှာဖွေ၍ စားသုံးကြသူများသည် အကယ်၍ အသင့်ထံ ရောက်လာကြလျှင် (သူတို့က လိုလိုလားလား လျှောက်တင်ကြသည့်) သူတို့အချင်းချင်းကြား ပြဿနာများနှင့်စပ်လျဉ်း၍ စီရင်ဆုံး ဖြတ်ပေးလော့။ သို့မဟုတ် (နာခံလိုသောဆန္ဒမရှိလျှင်) သူတို့မှ ရှောင်ကြဉ်လော့။ အကယ်၍ အသင်သည် သူတို့ထံမှ ရှောင်ကြဉ်သွားလျှင် သူတို့က သင့်အား မည်သည့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် (သူတိုအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်သည့်အခါလည်း) တန်းတူအခွင့်အရေးနှင့်တရား မျှတမှုပေါ်အခြေခံ၍ စီရင်ဆုံးဖြတ်လော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုမဏ္ဌိုင်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြသူတို့ကို နှစ်သက်တော်မူ၏။

[43] သို့ရာတွင် သူတို့လက်ဝယ်၌ အလ္လဟ်အရှင်မြတ်၏အမိန့်တော်များပါဝင်နေသော တောင်ရတ်ကျမ်းရှိ နေပါလျှက် ထိုသူတို့သည် အသင့်အား တရားသူကြီးအဖြစ် ခန့်အပ်၍ ပြဿနာကို ဖြေရှင်းစေပြီးနောက်တွင် ယင်းဆုံဖြတ်ချက်ကို ဆန့်ကျင်၍ မည်သို့ရှောင်ပြေးနေကြသနည်း။ အမှန်စင်စစ်၊ ထိုသူတို့သည် (ယုံကြည်မှု ဆိုင်ရာမဏ္ဌိုင်နှင့်အညီ) ယုံကြည်ကြသူများ မဟုတ်ကြချေ။

[44] ဧကန်အမှန်၊ ငါအရှင်မြတ်သည် တောင်ရာတ်ကျမ်းကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ထိုကျမ်းတော်ထဲတွင် လမ်းညွှန်တော်နှင့် (လူတို့၏စိတ်နှလုံးနှင့်ဘဝတည်ဆောက်ရေးလမ်းဆိုင်ရာ ဉာဏ်အလင်းရစေသည့်) ရောင်ခြည်တော် ရှိစေတော်မူ၏။ (သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှင်းခဲ့သော) နဗီတမန်တော်များသည် ဂျူးများ၏ရဗ္ဗီးစ် (ခေါ် ဘာသာရေးဆိုင်ရာ) ဓမ္မကတိကများနှင့်ပညာရှင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ (သူတို့ခေတ်ကာလနှင့်အညီချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်တိုကို) ယုံကြည်စိတ်ချရသော ထိန်းသိမ်းစောင့်ရှောက်ကြသူများပမာ သူတို့အပေါ် (ထိုအမိန့်တော်ဆိုင်ရာအမှန်တရားများ၏) သက်သေများ အဖြစ် (အရှင့်အမိန့်တော်နှင့်အညီသာ) လက်တွေ့ စီရင်ဆုံးဖြတ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ် (နှင့်အရှင့်အမိန့်တော်များ) ကိုသာ ကြောက်ရွံ့ကြလော့။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို တန်ဖိုးမဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ခြင်း မပြုကြလေနှင့်။ (နှလုံးသွင်းသင့်သည်မှာ) မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ၊ ထိုသူတို့သည် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများပင် ဖြစ်ကြ၏။

[45] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ် ချမှတ်ပေးအပ်တော်မူသည့် ထိုကျမ်းထဲတွင် နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ရှင်၏အစား နဖ်စ်ဖြင့်၊ မျက်စိ၏အစား မျက်စိဖြင့်၊ နှာခေါင်း၏အစား နှာခေါင်းဖြင့်၊ နားရွက်အစား နားရွက်ဖြင့်၊ သွား၏အစား သွားဖြင့်၊ ဒဏ်ရာဒဏ်ချက်များအစား အလားတူ ဒဏ်ရာဒဏ်ချက်များဖြင့် (တူညီသောပေးဆပ်မှုကို စံထားလျက် လက်တုံ့ပြန်သည့်အနေဖြင့်) ဒဏ်ခတ်အရေးယူရန် ဥပဒေပြဋ္ဌာန်းတော်မူခဲ့၏။ သို့သော် မည်သူမဆို အဆိုပါဒဏ်ခတ်အရေးယူမှုနှင့်စပ်လျဉ်း၍ အလှူသဘောဖြင့်ကင်းလွှတ်ခွင့်ပေးလျှင် ယင်းသည် ထိုသူအတွက် ကျူးလွန်မှုကို ကျေအေးစေသည့်အစား တိုးပေးဆပ်မှုဖြစ်၏။ (သိထားသင့်သည်မှာ) မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းကို မပြုကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းဥပဒေများကို ချိုးဖောက်၍ မမှန်မကန်ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။

[46] ထို့ပြင် ငါအရှင်မြတ်သည် (တောင်ရတ်ကျမ်းတော်မှ) သူတို့လက်ဝယ်၌ကျန်ရှိနေသော အချက်အလက်များအား မှန်၊ မမှန်ဟူသည်ကိုအတည်ပြုဖြောင့်မှန်စေရန်အလို့ငှာ ယခင်နဗီတမန်တော်များ၏လမ်းစဉ်အတိုင်း ဖဝါးခြေထပ်ထက်ကြပ်မခွာ လိုက်နာကျင့်သုံးသော မရ်ယမ်၏သားအီစာကို စေလွှတ်တော်မူပြီး သူ့အား အီန်ဂျီးလ် ကျမ်း ချမှတ်ပေးအပ်တော်မူခဲ့၏။ ထိုကျမ်းတွင် သူတို့အတွက် လမ်းညွှန် (စိတ်နှလုံးနှင့်ဘဝတည်ဆောက်ဆိုင်ရာ) ဉာဏ်အလင်းနှင့်သူတို့လက်ဝယ်ရှိ တောင်ရာတ်ကျမ်းမှ အချက်အလက်များအား မှန်၊ မမှန်၊ ဟူသည်ကို အတည်ပြုဖြောင့်မှန်စေသည့်အပြင် မွတ္တကီ (ခေါ် အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သူ) တို့အတွက်လည်း လမ်းညွှန်နှင့်တရား ဓမ္မအဆုံးအမများ ပါဝင်၏။

[47] ထို့ပြင် အိန်ဂျီလ်ကျမ်းရပုဂ္ဂိုလ်တို့အနေဖြင့် ယင်းကျမ်းတော်၌ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရန် မိန့်တော်မူခဲ့။ စင်စစ်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်း မပြုခဲ့သော်၊ ထိုသူတို့သည် အရှင့်အမိန့်တော်များကို အာခံဖီဆန်သော ယုတ်မာသူများ ဖြစ်ကြ၏။

[48] ထို့ပြင် ငါအရှင်မြတ်သည် အသင်တမန်တော်ထံသို့ တောင်ရတ်ကျမ်းတော်မှ သူတို့လက်ဝယ်၌ ကျန်ရှိနေသောအရာ (သို့မဟုတ် အချက်အလက်များအား မှန်၊ မမှန်ဟူသည်) ကို အတည်ပြုဖြောင့်မှန်စေသည့် ကျမ်းတော်မြတ်ကုရ်အာန်ကို အမှန်တရားသစ္စာနှင့်အတူ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူပြီး အသင့်အား (စစ်မှန် သောသွန်သင်မှုအားလုံးနှင့်ဆိုင်သော) ယင်းအမှန်တရားသစ္စာအပေါ် ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးအဖြစ် ခန့်အပ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် (သူတို့အချင်းချင်းစပ်ကြားရှိ ပြဿနာများကို ဖြေရှင်းရာ၌) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် (ကျမ်းတော်) နှင့်အညီ စီရင်ဆုံးဖြတ်လော့။ (သတိထားသင့်သည်မှာ) အသင့်ထံရောက်လာသည့် အမှန်တရားသစ္စာမှ လွှဲချော်၍ သူတို့၏အလိုဆန္ဒရမ္မက် နောက်သို့ မလိုက်မိပါစေနှင့်။ ငါအရှင်မြတ်သည် (ယခင်က လူမျိုးတိုင်းအတွက် တမန်တော်များစေလွှတ်၍ ဘဝတည်ဆောက်ရေးနည်းစနစ်များကို သွန်သင်စေသကဲ့သို့) အသင်တို့အနက်မှဖြစ်သော လူ့အသိုင်းအဝိုင်းတိုင်းတွင်လည်း သူတို့၏ယဉ်ကျေးမှုနှင့်အခြေအနေပေါ်မူတည်၍ ရှရီယသ်တရားဥပဒေကိုယ်စီနှင့်လူနေမှုဘဝပေါ် အခြေခံသည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ကိုယ်စီ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏ စည်းမျဉ်းနှင့်အညီ) အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို တစ်ခုတည်းသော လူ့အသိုင်းအဝိုင်းအဖြစ် မုချပင် ဖွဲ့စည်ဖြစ်ပေါ်စေတော်မူနိုင်၏။ သို့ရာတွင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်က (ငါအရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်) တရားတော်၌ အသင်တို့အနက်မှ (မည်သူတို့က မြဲမြံစွာ ရပ်တည်ကြသည်နှင့်စပ်လျဉ်း၍) အသင်တို့အား စမ်းသပ်တော်မူရန်သာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လူသားအကျိုးပြုလုပ်ငန်း၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ ချို့တဲ့ဆင်းရဲသူတို့အား ရိုင်းပင်း ကူညီရေး၊ စသော) ကောင်းမှုကုသိုလ်များတွင် သူ့ထက်ငါသာအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးပမ်းကြလော့။ အကြောင်းမှာ အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြရမည် ဖြစ်ပြီ ထိုသို့ရောက်ရှိစဉ် ထိုအရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြကုန်သော (အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍) အသင်တို့အား အသေးစိတ် အသိပေးတော်မူမည်ဖြစ်၏။

[49] အကယ်၍ အသင်သည် (အရှင်မြတ်မိန့်တော်မူသည့်အတိုင်း) သူတို့အချင်းချင်းစပ်ကြား ရှိပြဿနာများကို ဖြေရှင်းရာ၌ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် (ကျမ်းတော်) နှင့်အညီ စီရင်ဆုံး ဖြတ်ခွင့်ရခဲ့လျှင် (သင်၏စီရင်ထုံးများတွင် သူတို့၏အတွေးအခေါ်နှင့် အယူအဆများလွှမ်းမိုးစေလျက်) သူတို့ ၏စိတ်အလိုဆန္ဒရမ္မက်နောက်ကို မလိုက်မိစေနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်အမိန့်တော်များအနက်မှ အချို့နှင့်စပ်လျဉ်း၍ သူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးမိစေ (ရန် ဖြားယောင်းသွေးဆောင်) မည်ကို အထူး သတိထားလော့။ မည်သို့ဆိုစေ အကယ်၍ သူတို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို နာခံလိုက်နာခြင်းမရှိဘဲ) သွေဖည်ကျောခိုင်းခဲ့ကြပါမူ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အချို့သောပြစ်မှုဒုစရိုက်များကြောင့်သာလျှင် သူတို့ကို အထိဒုက္ခရောက်စေတော်မူရန် ရည်ရွယ်တော်မူမည်ဖြစ်ကြောင်း အသင် ကောင်းစွာသိမှတ်ယူလော့။ အမှန်စင်စစ်၊ လူသားတို့အနက်များစွာသောလူတို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်လိုသော ဆန္ဒရှိကြသည့် သူယုတ်မာများ ဖြစ်ကြ၏။

[50] သူတို့သည် (အမှောင်ခေတ်ရှိ) ပညာမဲ့များ၏စီရင်ဆုံးဖြတ်ချက်မျိုးကိုသာ လိုလားကြလေသလော။ အမှန်စင်စစ်၊ ယုံကြည်မှုခိုင်မြဲသော လူမျိုးအတွက် အလ္လာဟ်အရှင်မြတ်ထက် ပို၍ကောင်းသော (အကျိုးရှိသော၊ ရေရှည်တည်တံ့သော) စီရင်ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်မည့် တရားသူကြီးမှာ မည်သူနည်း။

[51] အို၊ ယုံကြည်သူအပေါင်း၊ သင်တို့သည် သူတို့အချင်းချင်း အချို့က အချို့ကို (လူယုံ၊ မဟာမိတ်နှင့်) ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူသော ဂျူးနှင့်ခရစ်ယာန်တို့ကို (သင်တို့၏) လူယုံမဟာမိတ်များအဖြစ် မသတ်မှတ်ကြလေနှင့်သင်တို့အနက်မှ မည်သူမဆို သူတို့အား လူယုံမဟာမိတ်များအဖြစ် မှတ်ယူ (၍ သူတို့နှင့်ပူးပေါင်း) လျှင် ထိုသူသည် (နောက်ဆုံးတွင်) သူတို့ထဲတွင် (အပါအဝင်ဖြစ်သော အဖွဲ့ဝင်တစ်ဦး) ဖြစ်လိမ့်မည်။ မုချဧကန်၊ အလ္လာဟ်ရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍) မမှန်မကန် ပြုလုပ်ကြသော လူမျိုးအား လမ်းညွှန်တော် မမူချေ။

[52] သို့ဖြစ်၍ အသင် (တမန်တော်) သည် (နာမ်ရေးရာ အရင်းအမြစ်များနှင့်နားလည်မှုစွမ်းရည် ခန့်ခြောက်၍ အကျင့်စာရိတ္တဖျက်ဆီးလျက်) သူတို့၏နှလုံးသားများ (နှင့် အတွေးအခေါ်များ) ၌ ရောဂါရှိနေကြသော သူတို့ကို အပြိုင်အဆိုင်အလောတကြီးဖြင့် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ် ကံဆိုးမိုးမှောင်ကျမှု တစ်စုံတစ်ခုကျရောက် မည်ကို စိုးရိမ်နေရ၏။” ဟု ပြောဆိုနေကြကြောင်း တွေ့မြင်ရသော်လည်း အလ္လာဟ်အရှင်မြတ်သည် အောင်မြင်မှုဖြင့် (အခြေအနေကို) ပြောင်းလဲပေးတော်မူရန် သို့မဟုတ် ထိုအရှင်မြတ်၏ထံတော်မှ အမိန့်စီမံချက်တစ်ခုခုဖြင့် (သီလကြောင်တို့နှင့်မမှန်မကန်လုပ်သူတို့ကို) အရေးယူတော်မူနိုင်၏။ ထိုစဉ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) များ၌ ထိန်ချန်ဖုံးကွယ်ထားခဲ့သမျှအပေါ် နောင်တရလျက် စိတ်ထိခိုက်သူများအဖြစ် ထင်ရှားလာလိမ့်မည်။

[53] ယုံကြည်သူတို့၏ပြောဆိုချက်မှာမူ “သူတို့၏သစ္စာဆိုမှုတွင် အစွမ်းကုန် ရုန်းကရန်ကြိုးပမ်း၍ သူတို့သည် သင်တို့နှင့်အတူ မုချပင် ရှိနေကြောင်း (သိစေလျက်) အလ္လာဟ်အရှင်မြတ်အား အထူးတလည် ထပ်တလဲလဲ ကျိန်ဆိုတိုင်တည်ခဲ့ကြသူတို့မှာ ဤပုဂ္ဂိုလ်များ မဟုတ်လော။” ဟူ၍ ဖြစ်လိမ့်မည်။ သူတို့၏ပြုမူကျင့်ကြံဆောင် ရွက်မှုများမှာ အကျိုးမဲ့ အချည်းနှီးဖြစ်လာခဲ့ခြင်းကြောင့် သူတို့သည် ဆုံးရှုံးနစ်နာသူများအဖြစ် ထင်ရှားလာလိမ့်မည်။

[54] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အနက် မည်သူမဆို သူ၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ လှည့်ပြန်၍ ဒုံရင်းအခြေအနေသို့ ပြန်ဆိုက် ရောက်လျှင် (သူသိသင့်သည်မှာ) မကြာမီကာလအတွင်း၌ အလ္လာဟ်အရှင်မြတ်သည် မည်သည့် ပြစ်တင်ဝေဖန်မှု ကိုမျှ စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်လမ်းစဉ်တော်၌ ရုန်း ကန်ကြိုးပမ်းလျက် မယုံကြည်သူ (နှင့် အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သူ) တို့အပေါ် (ဇွဲ၊ လုံ့လ၊ စိတ်ဓါတ်တို့ဖြင့်) ထည်ဝါမှုကိုပြ၍ ယုံကြည်သူတို့ အပေါ် နှိမ့်ချရိုကျိုးမှုဖြင့် ဆက်ဆံသော၊ သူတို့က အရှင်မြတ်ကို ချစ်မြတ်နိုးကြ၍ အရှင်မြတ်ကလည်း (သူတို့အပေါ် အရှင့်မေတ္တာ ကရုဏာဖြင့်) ချစ်နှစ်သက်တော်မူသည့် လူမျိုးတစ်မျိုးအဖြစ် ပျိုးထောင်ပေါ်ထွက်စေတော်မူလိမ့်မည်။ ထိုသို့ဖြစ်စေတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးခြင်းပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အား အရှင့်ပျိုးထောင်မှုစနစ်ဆိုင်ရာ နိယာမတရားတို့ဖြင့်) ကျယ်ကျယ်ဝန်းဝန်း ပွေ့ဖက်လွှမ်းခြုံစေတော်မူသောအရှင် (အရာခပ်သိမ်းတို့ ၏ဖွံ့ဖြိုးမှုဆိုင်ရာ စီမံချက်အလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[55] သင်တို့၏ (လူယုံတော်၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့်) မဟာမိတ်တို့မှာ အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်၊ ယုံကြည်သူတို့နှင့်ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းကမ်းစည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်၍ ဇကားသ်ခေါ် (ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ လူမှုဖူလုံကြေး) ကိုလည်း ပေးကမ်းလှူဒါန်းရုံသာမက (အရှင့်အမိန့်ပညတ်ချက်များကို ကျိုးနွံစွာ တစ်သဝေမတိမ်း နာခံခြင်းဖြင့်) ဦးညွတ်ကြသူတို့သာလျှင် ဖြစ်ကြ၏။

[56] မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်နှင့်ယုံကြည်သူတို့အား (သူ၏လူယုံတော်၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့်) မဟာမိတ်အဖြစ် မှတ်ယူ၍ အရှင်မြတ်ဘက်သို့ လှည့်လျှင် (သူနှလုံးသွင်းသင့်သည်မှာ) သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (တရားဝင် လုပ်ပိုင်ခွင့်အပ်နှင်းထားသော) ဘက်တော်သားများဖြစ် ကြ၍ အောင်ပွဲခံမည့်သူများပင် ဖြစ်၏။

[57] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့မတိုင်မီ ကျမ်းချမှတ်ပေးအပ်ခြင်းခံခဲ့ရသော ပုဂ္ဂိုလ်များ၊ မယုံကြည်သူ (နှင့်အမှန်တရားတို့ ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) အား လှောင်ပြောင်သရော်စရာနှင့်ဟာသကစားစရာ အဖြစ် သဘောထားမှတ်ယူကြသူတို့ကို (သင်တို့၏လူယုံ၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့်) မဟာမိတ်များအဖြစ် မသတ်မှတ် မမှတ်ယူကြလေနှင့်။ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာ) ကြလော့။

[58] သင်တို့သည် (လူတို့အား) ဆွလာသ်ဝတ်ပြုမှုဘက်သို့ ဖိတ်ခေါ်ကြသည့်အခါ သူတို့သည် ထိုဖိတ်ခေါ်မှုကို လှောင်ပြောင်သရော်စရာနှင့်ဟာသကစားစရာအဖြစ် သဘောထားမှတ်ယူကြ၏။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည် (ဆင်ခြင်တုံတရား၊ အတွေးအခေါ်နှင့်ဉာဏ်ပညာတို့မဲ့လျက်) နားလည်မှုကင်းမဲ့နေသော လူမျိုးဖြစ်သောကြောင့် ဖြစ်၏။

[59] “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၊ ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်ခြင်း ခံရသောကျမ်းနှင့်ကျွန်ုပ်တို့မတိုင်မီ ချမှတ်ပေးအပ်ခြင်းခံရသောကျမ်းတို့အား ယုံကြည်ကြသည်ကို အကြောင်းပြုခြင်းမှအပ ကျွန်ုပ်တို့ထံမှ (အခြား မည်သည့်အချက်ပေါ် အခြေခံ၍မျှ သင်တို့သည် ကျွန်ုပ်တို့အပေါ်) မနာလို၍ မကျေမနပ်ဖြစ်ကြမည်နည်း။” ဟု မေးမြန်းလော့။

[60] “ထိုသို့ (မနာလိုဖြစ်ခြင်း၏) အကျိုးဆက်အဖြစ် အဆိုးဆုံးပေးဆပ်မှု (နှင့်ကြုံတွေ့ခဲ့ရသူများလည်း) အလ္လာဟ်အရှင်မြတ်ထံတော်၌ (မှတ်တမ်း) ရှိနေကြောင်းနှင့်စပ်လျဉ်း၍ သင်တို့အား ကျွန်ုပ်က အသိပေး ထုတ်ပြန်ရမည်လော။” ဟု မေးမြန်းလော့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူခြင်းခံရလျက် သူတို့အပေါ် အရှင်မြတ်၏ပြစ်တင်ရှုံ့ချမှုဆိုင်ရာ အမျက်တော်ထိမှန်၍ သူတို့ထဲတွင် မျောက်နှင့်ဝက်တိရိစ္ဆာန်တို့၏စရိုက်များ ဖြစ်ပေါ်ဖွံ့ဖြိုးစေတော်မူပြီး သူတို့သည် မကောင်းဆိုးဝါးတို့ကို (အမှန် တရားသစ္စာဟု ယူဆလျက်) ရှိခိုးကန်တော့ ကိုးကွယ်ခဲ့ကြသည်။ ထိုသူတို့သည် အဆိုးဆုံးအနေအထား ရှိနေကြပြီး တရားမျှတမှု မျှခြေရှိသောလမ်းစဉ်ဟူသမျှမှ အလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ခဲ့ကြပြီ။

[61] သူတို့သည် (အသင်တမန်တော်ထံသို့) လျှောက်လာကြစဉ် “ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြပါ၏။” ဟု ကြွေးကြော်လျက် လာကြသော်လည်း (အသင်တမန်တော်၏သွန်သင်မှုကို ကြားနာရန်) ဝင်ရောက်သည့်အခါတွင်မူ (သူတို့၏စိတ်နှလုံးထဲ၌ မူလရှိရင်းစွဲ) မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကိုသာ စွဲကိုင်လာကြပြီး (တမန်တော်မြတ်၏သွန်သင်မှုကို ဖြူစင်စွာ နာယူခဲ့ခြင်းမရှိသည့်အတွက်) ထိုမယုံကြည်မှုဖြင့်သာ ပြန်လည်ထွက်ခွာသွားလေကြသည်။ (သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးထဲ၌ ထိန်ချန်ဖုံးကွယ်ထားသမျှနှင့်ပတ်သက်၍ အသေးစိတ်ကို အသိဆုံးပင် ဖြစ်တော်မူ၏။

[62] သူတို့အနက်မှ အများစုသည် (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု၊ မတရားမှု၊ အနိုင်ကျင့်မှု၊ အလွဲသုံးစားပြုမှု၊ နှင့်ခေါင်းပုံဖြတ်မှုစသော) ပြစ်မှုဒုစရိုက်များနှင့်ရန်လိုမုန်းတီးမှုများကို ကျူးလွန်ရာ၌လည်းကောင်း (မတရားသဖြင့် ရှာမှီး၍ ရထားသော အရှင်မြတ်တားမြစ်ထားသည့်အရာများကို စားသုံးရာ၌ လည်းကောင်း) သူ့ထက်ငါသာအောင် အပြိုင်အဆိုင် အလောတကြီးလုပ်ဆောင်နေကြောင်း အသင် (တမန်တော်) တွေ့မြင်ရမည်။ ထိုသို့သောလုပ်ရပ်မျိုးကို ပြုမူလုပ်ဆောင်ခြင်းသည် အမှန်ပင် ယုတ်ညံ့ သိမ်ဖျင်းလှပေ၏။

[63] (ထိုသို့ ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်များလုပ်ဆောင်နေသည်ကို သိပါလျက်) သူတို့၏ရဗ္ဗီခေါ် ဘာသာရေး ဓမ္မကထိကများနှင့်ပညာရှင်တို့သည် ထိုမကောင်းမှုဒုစရိုက်များ ရန်လိုမုန်းတီးမှုများနှင့်မတော်မတ ရားစားသုံးမှုတို့နှင့်ပတ်သက်၍ သူတို့၏ဟောပြောမှုများတွင် (ထည့်သွင်းဖော်ပြလျက်) အဘယ်ကြောင့် မတားမြစ်ကြသနည်း။ (တားမြစ်ရန် တာဝန်ရှိကြောင်းသိပါလျက် မသိဟန်ဆောင်၍ ပရိသတ်ကြိုက်မည့် ဆွေးနွေးမှုမျိုးကိုသာ ဟောပြော၍) လိမ်ဆင်မှုကို စီစဉ်ဖန်တီးခြင်းသည် အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းလှပေ၏။

[64] (အရှင်မြတ်သည် လူသားအချင်းချင်းကြားတွင် ဖြစ်နေသည့် ညှင်းပန်းနှိပ်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသတ်ဖြတ်မှု၊ လိမ်လည်လှည့်စားမှု၊ အနိုင်ကျင့်မှုစသည့် ယုတ်ညံ့သော လုပ်ရပ်များကို တားဆီး ပိတ်ပင် ရန်အတွက် စွမ်းဆောင်ရည်ရှိသော လူသားတိုင်းအား တာဝန်ပေးတော်မူသော်လည်း လူတို့က အရှင်မြတ်ကိုသာ တာဝန်လွှဲချလိုကြ၏) ဂျူးတို့က (စွမ်းဆောင်ရည်ကို ကိုယ်စားပြုသော) အလ္လာဟ်အရှင်မြတ်လက်တော်မှာချုပ် နှောင်ထားခံရပြီဟု ပြောခဲ့ကြ၏။ အမှန်မှာ သူတို့၏ထိုသို့သော အပြောအ ဆိုကြောင့် အရှင်မြတ်၏မေတ္တာ ကရုဏာတော်မှ ကင်းဝေးစေတော်မူခြင်းခံရပြီး (ကောင်းမြတ်သော လုပ်ရပ်များ၌ စွမ်းဆောင်ရည်ကင်းမဲ့စေလျက်) သူတို့၏လက်များသာလျှင် ချုပ်နှောင်ခံထားရပြီး (ယုံကြည်သူတို့ကမူ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသော) အရှင်မြတ်၏လက်တော်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူတို့အား ရက်ရောစွာ ပေးကမ်းတော်မူရာ၌ (လောကခပ်သိမ်းကို လွှမ်းခြုံထားသည်အထိ) ကျယ်ကျယ်ပြန့်ပြန့် ဆန့်ထားတော်မူသောအရာဖြစ်၏။” ဟု ပြောဆိုခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံချမှတ်ပေးအပ် ခြင်းခံရသောအရာ (ကျမ်းတော်) နှင့်စပ်လျဉ်း၍ အာခံဖီဆန်မှုနှင့်မယုံကြည်ငြင်းဆန်ဖုံးကွယ်မှုတို့ကိုသာ အမှန်ပင် ပို၍တိုးပွားစေ၏။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သူတို့အချင်းချင်းကြားတွင် ရှင်ပြန်ထမြောက်ရမည့်နေ့ထိ တည်တံ့မည့် ရန်လိုမှုနှင့်မုန်းတီးမှုတို့၌သာ ရင်ဆိုင်ကြုံတွေ့စေတော်မူလိမ့်မည်။ သူတို့သည် (ကမ္ဘာဂြိုဟ်ပေါ် အကြောင်းပြချက်နှင့်ဆင်ခြေအမျိုးမျိုးဖြင့်) စစ်မီးကို မွေးသည့်အခါတိုင်း အလ္လာဟ်အရှင်မြတ်သည်ပင် (စစ်ရပ်ဆဲ ရေးဆိုင်ရာ အခြေအနေများဖန်တီးပေးတော်မူလျက်) ထိုစစ်မီးကို ငြိမ်းစေတော်မူ၏။ ထိုမျှမက ထိုသူတို့သည် ကမ္ဘာဂြိုဟ်ပေါ်၌ အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်ပေါ်စေရန် အလောတကြီး ရုန်းကန်ကြိုးပမ်းနေကြ၏။ (သတိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (မည်သည့်နိုင်ငံ၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည် သည့်ရည်ရွယ်ချက်ပန်းတိုင်အတွက်ဖြစ်စေ) မတည်မငြိမ်မှုနှင့်အဖျက်အမှောင့်လုပ်သူတို့ကို နှစ်သက်တော်မမူ ချေ။

[65] ထို့ပြင် အကယ်၍ ကျမ်းရပုဂ္ဂိုလ်တို့သည် ယုံကြည်ပြီး အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကြလျှင် ငါအရှင်မြတ်သည် သူတို့ထံမှ သူတို့၏မကောင်းမှု၊ (မကောင်းသည့် လုပ်ရပ်နှင့်အကြံအစည်) များကို မုချဖုံးကွယ်ပယ်ရှားစေတာ်မူလိမ့်မည်ဖြစ်ပြီး သူတို့အား သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်များထဲသို့ သေချာပေါက် ဝင်ခွင့်ပေးတော်မူလိမ့်မည်။

[66] ထိုမျှမက အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူတို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသောအရာ၊ တောင်ရတ်ကျမ်းနှင့်အီန်ဂျီးလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်၍ မြဲမြံစွာ ရပ်တည်ကြလျှင် သူတို့၏အထက်မှနှင့်သူတို့၏ခြေများအောက်မှ (မြေပေါ်မြေအောက်သယံဇာတများနှင့်စားသောက်ဖွယ်ရာများကို သမာအာဇီဝနည်းဖြင့် ရှာဖွေ၍) မုချပင်၊ စားသုံးကြလိမ့်မည်။ သူတို့ထဲတွင် အစွန်းမရောက်ဘဲ အလယ်အလတ်လမ်းစဉ်ကို လိုက်နာကြသော လူ့အသိုင်းအဝိုင်းတစ်ခုရှိနေသော်လည်း သူတို့ထဲမှ အများစုမှာမူ မကောင်းမှုကိုသာ ပြုမူကျင့်ကြံကြ၏။

[67] အို၊ (အရှင့်သတင်းစကားတော်ကို လူသားထံသို့ အရောက်ပို့ဆောင်ရန် တာဝန်ပေးခံရသော) ရစူလ်တမန်တော်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသမျှ (အရှင့်အမိန့်ပညတ်ချက်အားလုံး) ကို (လူသားထံ) အသိပေး ပို့ဆောင်ပေးလော့။ အကယ်၍ ထိုအရှင့်သတင်းစကားတော်ကို (လူသားထံသို့အရောက်) မပို့ဆောင်လျင် တာဝန်ပေးသည့်အတိုင်း ကျေပွန်စွာ ပို့ဆောင်ပေးရာ မရောက်ပေ (မမည်ပေ)။ ထို့ပြင် (တာဝန်ကျေပွန်လျှင်) အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူသားတို့ထံမှ (ဖြစ်သော ဘေးရန်အလုံးစုံကို ထိန်းချုပ်တော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သော) လူမျိုးတို့အား လမ်းညွှန်တော်မူလိမ့်မည် မဟုတ်ပေ။

[68] ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သင်တို့အပေါ်ချမှတ်ပေးအပ်ခြင်းခံရသမျှ၊ တောင်ရသ်ကျမ်းနှင့်အီးန်ဂျီလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်လျက် မရပ်တည်သရွေ့ကာလပတ်လုံး သင်တို့သည် (အရှင်မြတ်၏အမြင်တော်၌) မည်သည့်တရားဝင် အခြေအမြစ်ရှိသောအရာ တစ်စုံတစ် ခုအပေါ်၌မျှ ရပ်တည်ကြသူများ မဖြစ်နိုင်ပေ။ ထို့ပြင် သူတို့ထဲမှ အများစုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းတော်) နှင့်စပ်လျဉ်း၍ အာခံဖီဆန်မှုနှင့်မယုံကြည်ဖီဆန်ငြင်းပယ်မှုတို့ကိုသာ အမှန်ပင် ပိုမို၍ တိုးပွားစေ၏။ သို့ဖြစ်ပေရာ အသင်သည် မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သော) လူမျိုးအပေါ် ဝမ်းနည်းပက်လက် မဖြစ်စေနှင့်။”

[69] ယုံကြည်သူများ၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြား ယုံကြည်မှုအယူဝါဒများကို ယုံကြည်ခဲ့ကြသော) ဆွာဗအီများ စသည့် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုကုသိုလ်များကို လုပ်ဆောင်၍ ဘဝဆောက်တည်ကြလျှင် သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များ ရှိ၏။ သူတို့သည် စိုးရိမ်ကြောင့်ကြရမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ထို့ပြင် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ချေ။

[70] ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ ပဋိညာဉ်ကတိဝန်ခံချက်ကို ရယူခဲ့တော်မူပြီး သူတို့ထံ ရစူလ်တမန်တော်များကို (တစ်ပါးပြီးတစ်ပါး) စေလွှတ်တော်မူခဲ့၏။ ရစူလ်တမန်တော်တစ်ပါး သူတို့ထံ ရောက်ခဲ့သည့်အခါတိုင်း သူတို့၏နဖ်စ်(ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ မဟုတ်ဘဲ သူတို့၏စိတ်အလိုဆန္ဒရမ္မက်နှင့်အညီသာ ဆုံးဖြတ်စေသောကြောင့် (သူတို့အနက်မှ) အုပ်စုတစ်ခုက (တမန်တော်များကို မဟုတ်မတရားစွပ်စွဲ၍) ငြင်းပယ်ခဲ့ကြပြီး နောက်အုပ်စုတစ်ခုက (တမန်တော်များကို မတော်မတရား) သတ်ဖြတ်ခဲ့ကြသည်။

[71] ထိုမျှမက သူတို့သည် (သူတို့လုပ်ခဲ့သမျှ ပြစ်မှုဒုစရိုက်များ၏အကျိုးဆက်အဖြစ် အရေးယူတော်မူရန်) အရှင့်ထံတော်မှ စမ်းသပ်မှုရှိခဲ့လိမ့်မည်မဟုတ်ဟု တွက်ချက်မှတ်ယူခဲ့ကြသည့်အတွက် (အမှန်တရားနှင့် အရှင်မြတ်၏သွန်သင်မှုများကို နားလည်နိုင်စွမ်းမရှိကြဘဲ) မျက်ကန်းများနှင့်နားပင်းသူများပမာ ဖြစ်လာခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် (သူတို့ ပြုပြင်နိုင်ရန် အခွင့်အရေးပေးသည့်အနေ ဖြင့် သူတို့အား လမ်းညွှန်မည့် ပုဂ္ဂိုလ်များ ဖြစ်ပေါ်စေတော်မူလျက် အရှင့်မေတ္တာကရုဏာတော်ဖြင့်) သူတို့ဘက်သို့ လှည့်တော်မူခဲ့၏။ သို့သော်လည်း သူတို့ထဲမှ အများစုမှာ မျက်ကန်းများနှင့်နားပင်းသူများအဖြစ်သာ ဆက်လက်ရှိနေခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[72] “မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အား ပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှကယ်တင်ရန်စေလွှတ်ခြင်းခံ ရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် ဖြစ်သည်။” ဟုပြောဆိုကြသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) စစ်စစ်များ ဖြစ်ကြသည်မှာ သေချာ၏။ မစီးဟ်က “အို၊ အစ္စရေး မျိုးနွယ်တို့၊ ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြလော့။ မုချဧကန်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့အား တွဲဖက်တုပြိုင်၍ ကိုးကွယ်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် သုခဘုံကို (တရားမဝင်အဖြစ်) တားမြစ်တော်မူပြီး သူ၏ခိုလှုံရာဌာနမှာ ငရဲမီးသာ ဖြစ်မည်။ (နှလုံးသွင်းသင့်သည်မှာ) အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မမှန်မကန်သော လုပ်ရပ်များအတွက် (သူ့ကိုငရဲမီးမှ ကယ်တင်နိုင်ရန်) မည်သည့်ကူညီသူမျှ ရှိလိမ့်မည် မဟုတ်ပေ။”

[73] (အမှန်တရားကို ဖီဆန်ငြင်းပယ်သူများနှင့်) မယုံကြည်များသည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်အား သုံးပါးတစ်ဆူ (ဝါဒဖြစ်သော ဖခမည်းတော်၊ သားတော်နှင့်ဝိညာဉ်တော်တို့ပေါင်းစည်းမှု) ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြ၏။ ယင်းသည် ထင်ရှားသော အယူမှားမှုသာ ဖြစ်၏။) အမှန်မှာ၊ အရှင်မြတ်သည် တစ်ပါးတည်းသာ ဖြစ်တော်မူပြီး အရှင့်တွဲဖက်ပြိုင်ဘက်ဟူ၍ အလျဉ်း မရှိဘဲ အနှိုင်းမဲ့တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ အကယ်၍ သူတို့သည် (အရှင့်ကို စော်ကားရာရောက်သည့် ထိုယုတ္တိမဲ့) အပြောအဆိုများကို ပြောဆိုနေခြင်းအား မရပ်တန့်ကြလျှင် သူတို့အနက်မှ ထိုသို့သော မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကို မုချပင် အရေးယူတော်မူပြီး ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များဖြင့် တွေ့ကြုံခံ စားစေတော်မူမည်။

[74] (သို့ဖြစ်၍ ငရဲမီးမှ လွတ်မြောက်နိုင်ရန်) သူတို့သည် အရှင့်ထံ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံတောင်းခံကြပြီး နောင်တကြီးစွာဖြင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ ပြန်လှည့်ကြလိမ့်မည် မဟုတ်လော။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ (အရှင့်အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ) အရှင့်အစေခံတို့အပေါ် သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားလွယ်ကူစေရာတွင် အလွန်ပင် ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

[75] မရ်ယမ်၏သား မစီးဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ သူ့အလျှင်လည်း ရစူလ်တမန် တော်များ (စေလွှတ်ခြင်းခံရပြီး) ကွယ်လွန်သွားခဲ့ကြပြီး သူ့မိခင်မှာ ဖြောင့်မတ်မှန်ကန်သော သမာဓိရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ (လူ့သဘောသဘာဝအရ) အစားအသောက်များကို စားသောက်ခဲ့ကြသည်။ (သို့ဖြစ်၍ သူတို့တွင် အရှင်မြတ်က ချီးမြှင့်တော်မူသော လူ့သဘာဝသာရှိပြီး ယေရှုခရစ်သည် ကိုးကွယ်ထိုက်သူ မဖြစ်နိုင်ပေ။ ဤသည် ယေရှုခရစ်အား ဘုရားသားတော်ဟု ကြွေးကြော်နေသော ခရစ်ယာန်ဖြစ်) သူတို့အတွက် အရှင့်သက်သေလက္ခဏာတော်များ ဖြစ်သည်။ ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားအောင် ငါအရှင်မြတ်က မည်သို့ ရှင်းလင်းတင်ပြနေကြောင်း ဖြစ်သောကြောင့် (ထိုအချက်များကို) တွေးတောဆင်ခြင်လေ့လာ သုံးသပ်ကြလော့။ (ယေရှုခရစ်ကို သားတော်ဟု ကြွေးကြော်နေကြ) သူတို့သည် (အမှန်တရားကို) မည်သို့ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားနေကြသည်ကို ထပ်မံ၍ တွေးတောဆင်ခြင် လေ့လာသုံးသပ်ကြလော့။

[76] (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မှလွဲ၍ သင်တို့အတွက် မည်သည့် ကောင်း ကျိုး၊ ဆိုးကျိုးတစ်စုံတစ်ရာမျှ သက်ရောက်နိုင်စွမ်းမရှိသောအရာကို ကိုးကွယ်ရာအရှင်အဖြစ် ရှိခိုးကိုးကွယ်ကြမည်လော။” ဟု မေးမြန်းလော့။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[77] ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် (အရှင့်စည်းမျဉ်းဘောင်ကိုကျော်၍) အမှန်တရား သစ္စာမဟုတ်သော (လူ့အတွေးအခေါ်၊ အယူအဆများဖြစ်သည့်) တီထွင်ဖန်တီးမှုများကို ထည့်သွင်း ၍ ချဲ့ထွင်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ထို့ပြင် သင်တို့မတိုင်မီ လမ်းမှားရောက်ခဲ့ပြီး ဖြစ်သောကြောင့် လူပေါင်းမြောက်များစွာကိုလည်း လမ်းမှားရောက်စေရုံသာမက တရားမျှတမှု မျှခြေမှလည်း လွဲချော်သွားခဲ့သော လူမျိုးတစ်မျိုး၏ (လူမျိုးစွဲအပေါ် အခြေခံသော အမျိုးသားရေး၊ မျိုးချစ်ရေးနှင့်မဟာလူမျိုးကြီးဝါဒဆိုင်ရာအတွေး အခေါ် အယူအဆများနှင့်) အလိုဆန္ဒရမ္မက်များ၏နောက်သို့ တကောက်ကောက် မလိုက်ကြလေနှင့်။”

[78] အစ္စရေးမျိုးနွယ်တို့အနက်မှ (တမန်တော်) ဒါဝူဒ်နှင့် မရ်ယမ်၏သား အီစာတို့၏နှုတ်မှ (“အရှင့် မေတ္တာ ကရုဏတော်မှ ကင်းဝေးပါစေ။” ဟု) ကျိန်ဆံရလောက်အောင် ယုတ်မာသော မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများလည်း ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို နာခံခြင်းမရှိဘဲ အလွန်ပင် အာခံဖီဆန်လျက် ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်၏။

[79] သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး (မတရားခေါင်းပုံဖြတ်ခြင်း၊ အမှန်တရားကို အာခံဖီဆန်ခြင်း၊ လူသားအကျိုးယုတ်စေသည့်လုပ်ရပ်များကို လုပ်ကိုင်ခြင်းစသော) မကောင်းသော လုပ်ရပ်များမှ ပိတ်ပင်တားမြစ်လေ့ မရှိကြပေ။ (ထိုသို့မတားမြစ်ခြင်းသည်) ဧကန်မုချ၊ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ယုတ်ညံ့ သည့် လုပ်ရပ်ပင်ဖြစ်၏။

[80] သူတို့အနက်မှ များစွာသောသူတို့သည် (အမှန်တရားကို) မယုံကြည်ဖီဆန်ငြင်းပယ်ကြခြင်းမှာ အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်ဖြစ်ပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို သူတို့၏စိတ်အလိုဆန္ဒအတိုင်း လိုက်နာခြင်းဖြင့် သူတို့အတွက် ကြိုတင်ပို့ထားသော အလ္လာဟ်အရှင်မြတ်၏ပြစ်တင်ရှုတ်ချမှုနှင့် (တမလွန် ဘဝ၌) သူတို့အပေါ် ပြစ်ဒဏ်ပေးခံရလျက် (ငရဲဘုံတွင်) ကာလအကန့်အသတ်မဲ့ နေထိုင်ကြမည့်သူများပင် ဖြစ်၏။

[81] အကယ်၍ သူတို့သည် အလ္လာဟ်ရှင်မြတ်၊ အရှင့်နဗီတမန်တော်နှင့်ထိုနဗီတမန်တော်အပေါ်ချမှတ်ပေး အပ်ခြင်းခံရသော အရာတို့ကို (ဖြူစင်စွာ) ယုံကြည်ခဲ့ကြလျှင် (ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်များကို ပြုမူဆောင်ရွက်ကြသူတို့အား) သူတို့၏လူယုံမဟာမိတ်များအဖြစ် သဘောထားမှတ်ယူကြမည် မဟုတ်ပေ။ သို့သော် သူတို့အနက်မှ အများစုသည် ပြောင်ပြောင်တင်းတင်း ဖီဆန်အာခံသော ယုတ်မာသူများ ဖြစ်ကြသည်။

[82] ယုံကြည်သူတို့အပေါ် အပြင်းထန်ဆုံး (နှင့်အကြမ်းအဖက်ဆုံး) ရန်လိုသော လူသားများမှာ ဂျူးများ အရှင် မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ယုံကြည်ကိုးကွယ်မှု၌ နစ်မြုပ်နေသူများဖြစ်ကြောင်း အသင်တမန်တော် မုချ တွေ့မြင်ရလိမ့်မည်။ ထို့ပြင် ယုံကြည်သူတို့အပေါ် သူတို့၏အရင်းနှီးဆုံးမိတ်ဆွေအဖြစ် သဘောထား၍ မေတ္တာထားမည့် ပုဂ္ဂိုလ်များမှာ “ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်စစ်များဖြစ်ကြသည်။” ဟု ကြွေးကြော်သူများ ဖြစ်ကြောင်း အသင် မုချ တွေ့မြင်ရလိမ့်မည်။ ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူတို့ထဲတွင်ရှိသော (ကောင်းမှုကုသိုလ်၌ ဘဝနစ်မြုပ်ထားသည့်) ရသေ့များနှင့် (ပြစ်ဒဏ်ကို ကြောက်၍ စိတ်အလိုရမ္မက်အား ချိုးနှိမ်သော) ဘုန်း တော်ကြီးများသည် အမှန်ပင် မာန်မာနထောင်လွှားခြင်းမရှိကြသောကြောင့် ဖြစ်၏။

[83] ထို့ပြင် သူတို့သည် ရစူလ်တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းမြတ်၏အာယာသ်သက် သေလက္ခဏာတော်များ) ကို ကြားနာကြသည့်အခါ (သူတို့ကြားနားခဲ့သမျှသည်) အမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်အား ချမှတ်ပေးအပ်တော်မူသော အရှင်မြတ်၏ထံတော်) မှ ဖြစ်သည်ဟု သိနားလည်သည့်အတွက် သူတို့၏မျက်စိများသည် မျက်ရည်များဖြင့် ပြည့်လျှံနေကြောင်း အသင် (တမန်တော်) တွေ့မြင်ရလိမ့်မည်။ (ထိုမျှမက) သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့သည် (တမန်တော်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) ကို ယုံကြည်ကြပါ၏။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (အမှန်တရားအတွက်) သက်သေတည်ကြသူများ (ဖြစ်သည့် တမန်တော်၏အသိုင်းအဝိုင်းထဲတွင် အပါအဝင် ဖြစ်စေတော်မူလျက် သူတို့) နှင့်အတူ မှတ်တမ်းတင်တော်မူပါ။” (ဟု အရှင်မြတ်ထံ) လျှောက်တင်ကြ၏။

[84] အမှန်တရားသစ္စာ (၏ ပိုင်ရှင်ဖြစ်တော်မူသော အရှင်မြတ်ထံတော်) မှ ကျွန်ုပ်တို့ထံရောက်လာသမျှနှင့် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်စရာအကြောင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောလုပ်ရပ်များကို လုပ်ဆောင်ကြသော လူမျိုးစာရင်းထဲတွင် ထည့်သွင်းတော်မူရန် ထက်သန်စွာ မျှော်လင့်တောင့်တကြပါ၏။

[85] သို့ဖြစ်ရာ (သူတို့က ထိုသို့ ဆုတောင်း၍ လျှောက်တင်) ပြောဆိုခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့၏အကျိုးဆုလဒ်အဖြစ် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ၌ ကာလအကန့်အသတ်မဲ့ နေခွင့်ပြုတော်မူလိမ့်မည်။ ယင်းသည် ထိုသို့သော မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) ၏အကျိုးဆုလဒ်ပင် ဖြစ်၏။

[86] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံမကြည်ဖီဆန်ငြင်းပယ်ကြသူတို့သည် ငရဲမီး၏အဖော်ဖြစ်မည့် ပုဂ္ဂိုလ်များပင် ဖြစ်ကြ၏။

[87] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အတွက် တရားဝင် စားသုံးခွင့်ရှိသောအရာအဖြစ် ခွင့်ပြုထားတော်မူသော (ကျန်းမာရေးနှင့်ညီညွတ်သည့်) ကောင်းမွန်သန့်ရှင်းသော အစားအသောက်များကို (တရားမဝင် ပစ္စည်းအဖြစ်) ပိတ်ပင်တားမြစ်ခြင်း မပြုကြလေနှင့်။ ထို့ပြင် (အရှင်မြတ်၏စည်းဘောင်ကိုလည်း တားမြစ်ခြင်းနှင့် အလွန်အကျွံ စားသုံးခြင်းဖြင့် ဖြုန်းတီးစေလျက်) ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းဘောင်များကို) ဖောက်ဖျက်ကျူးလွန်ကြသောလူတို့အား နှစ်သက်တော် မမူချေ။

[88] အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် ချီးမြှင့်ထောက်ပံ့တော်မူထားသည့်ရိက္ခာနှင့် (အခြား အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များ) အနက်မှ တရားဝင်အဖြစ် ခွင့်ပြုထားသော ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းစင်ကြယ်သည့် အစားအသောက်များကို စားသုံးကြလော့။ သင်တို့သည် ထိုအရှင်၌ ဖြူစင်စွာ ယုံကြည် သည့် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာ) ကြလော့။

[89] အလ္လာဟ်အရှင်မြတ်သည် သင်တို့၏သစ္စာဆိုမှုများတွင် (နှုတ်ကျွံမိ၍ အမှတ်တမဲ့ပြောမိသော) အရေးမပါသည့်တာဝန်ယူမှုတို့နှင့်စပ်လျဉ်း၍ သင်တို့အား အရေးယူတော်မူမည် မဟုတ်ပေ။ သို့ရာတွင် သင်တို့က ရည်ရွယ်ချက်ရှိရှိ အခိုင်အမာဆုံးဖြတ်၍ လုပ်ဆောင်သည့် သစ္စာဆိုမှုများနှင့်စပ်လျဉ်း၍ကား (သစ္စာဆိုသည့် အတိုင်းတာ ဝန် မကျေပွန်လျှင်) သင်တို့ကို အရေးယူတော်မူလိမ့်မည်။ သို့ဖြစ်ပေရာ (အခက်အခဲတစ်ခုခုကြောင့် တာဝန် တစ်စုံတစ်ခုကို မကျေပွန်နိုင်ခဲ့လျှင် ထိုအမှား၏) ပေးဆပ်မှုအပြစ် သင်တို့၏မိသားစုများကို ပုံမှန်ကျွေးနေကျဖြစ် သည့် အစားအသောက်မျိုးဖြင့် ချို့တဲ့ဆင်းရဲသူ ဆယ်ဦးကို ကျွေးမွေးကြလော့။ သို့တည်းမဟုတ် သူတို့ကို အဝတ်အစားများ ဝတ်ဆင်ပေးကြလော့။ သို့တည်းမဟုတ် ဘဝချုပ်နှောင်ထားခံရသူ (ကျွန်) တစ်ဦးကို ကျွန်ဘဝမှ လွတ်မြောက်စေလော့။ အကယ်၍ မတတ်စွမ်း၍ ထိုသို့လုပ်ဆောင်ပေးနိုင်မည့် နည်းလမ်းရှာမတွေ့ပါက သုံးရက် (ဆက်တိုက်) ဆွိယာမ်ဥပုသ်သီလဆောက်တည်ကြလော့။ ဤသည် သင်တို့က သစ္စာဆိုခဲ့စဉ် ပေးခဲ့သော ကတိကဝတ်ကို မကျေပွန်နိုင်ခဲ့ခြင်းအတွက် ပေးဆပ်မှုပင် ဖြစ်၏။ မည်သို့ဆိုစေ၊ သင်တို့၏သစ္စာဆိုမှုများကို (အတတ်နိုင်ဆုံးကျေပွန်ရန် အစွမ်းကုန်) ထိန်းသိမ်းစောင့်ထိန်းကြလော့။ ထိုသို့ပင် သင်တို့ကျေးဇူးသိတတ်ကြရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို သင်တို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းထုတ်ဖော်စေတော်မူ၏။

[90] အို၊ ယုံကြည်သူအပေါင်းတို့၊ မုချဧကန်၊ အရက်သေစာ၊ လောင်းကစားခြင်း၊ (ရည်းစူးချက် တစ်စုံတစ်ခုဖြင့်) ရုပ်တုဆင်းတု ရှေ့မှောက်တွင် တစ်စုံတစ်ခုကိုစွန့်လှူခြင်း၊ (ကံစမ်းမဲနှိုက်ခြင်းနှင့်အလောင်းအစားပြုခြင်းစသော) မဲမြှားဖြင့် မဲခွဲ၍ ဝေစုရယူခြင်း စသည်တို့သည် စေတန်မကောင်းဆိုးဝါး၏စက်ဆုပ်ရွံ့ရှာဖွယ်ရာ မကောင်းသော လုပ်ရပ်များအနက်မှ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ဖွံ့ဖြိုးအောင်မြင်ကြရန်အလို့ငှာ ထို (ဆိုးရွားညစ် ညမ်းသောအရာများ) ကို ရှောင်ကြဉ်ကြလော့။

[91] စေတန်မကောင်းဆိုးဝါးသည် အရက်သေစာနှင့်လောင်းကစားခြင်းတို့၌ သင်တို့ အချင်းချင်းကြားတွင် ရန်လိုမှုနှင့်မုန်းတီးမှုတို့ကိုသာလျှင် ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး သင်တို့အား အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟခြင်းနှင့်ဆွလာသ်ဝတ်ပြုဆောက်တည်ခြင်းတို့မှ ပိတ်ပင်တားဆီးရန်သာ ကြံစည် လိုလားကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လူ့ဘောင်အသိုင်းအဝိုင်းကို ဖျက်ဆီးစေမည့် ထိုမကောင်းသည့်လုပ်ရပ်များကို) ရှောင်ကြဉ်ကြလိမ့်မည် မဟုတ်လော။

[92] ထို့ပြင် ကျမ်းမြတ်ကုရ်အာန်နှင့်ဘဝဆောက်တည်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား နာခံကြပြီး အရှင့်အမိန့်ပညတ်ချက်များကို စံနမူနာအဖြစ် လက်တွေ့လုပ်ဆောင်ပြခဲ့သော (တမန်တော်မြတ်၏) လမ်းစဉ်အတိုင်း လိုက်နာခြင်းဖြင့် ရစူလ်တမန်တော်ကိုလည်း နာခံကြလော့။ အရှင့်စည်းမျဉ်းတော်များအား သွေဖည်ချိုးဖောက်ခြင်း မဖြစ်ရလေအောင် အစဉ် အရှင့်ကို သိစိတ်မပြတ်ထားလျက် သတိအနေအထားဖြင့် နိုးနိုးကြားကြား ရှိကြလော့။ အကယ်၍ အရှင်မြတ်နှင့်တမန်တော်ကို နာခံခြင်းမှ ကျောခိုင်း၍ လှည့်ပြန်ကြပါမူ သင်တို့ သိထားရမည် မှာ ငါအရှင်မြတ်၏ရစူလ်တမန်တော်အပေါ်၌ (အရှင့်အမိန့်တော်အပြည့်အစုံအား လူသားထံသို့) ထင်ရှားပြတ်သားစွာဖြင့် ပို့ဆောင်ပေးရန်သာ တာဝန်ရှိ၏။

[93] ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြသူတို့ အပေါ်၌ သူတို့က အစ္စလာမ်မတိုင်မီကာလတွင် ပြုမူသုံးဆောင်ခဲ့ခြင်းအတွက် အပြစ်မထိုက်ပေ။ သူတို့သည် ယခုအခါ အစ္စလာမ်လက်ခံပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲ မြံစွာဖြင့် လိုက်နာကျင့်သုံးရမည့် အချိန်ရောက်လာသည့်အခါ ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြရမည်။ ထို့နောက် ယုံကြည်မှု၊ အတွေးအခေါ်နှင့်မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင်လည်း ထပ်မံ၍ အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ပြီး အပြည့်အဝ ယုံကြည်ရမည်။ ထို့ပြင် (အစားအသောက် လူနေမှုဘဝပုံစံနှင့်လူမှုဆက်ဆံရေးနယ်ပယ်တို့တွင်လည်း) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျက် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံလုပ်ဆောင် ကြရ မည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သူ) တို့ ကို နှစ်သက်တော်မူ၏။

[94] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ (ဟဂျ်ဝတ်ပြုမှုအတွင်း အမဲလိုက်ခြင်းကို တားမြစ်တော်မူခဲ့သည့်အလျောက်) အလ္လာဟ်အရှင်မြတ်အား ကွယ်ရာ၌ မည်သူက ကြောက်ရွံ့သည်ကို သိစေတော်မူရန်အလို့ငှာ သင်တို့၏လက်များနှင့်လှံစွပ်များဖြင့် လှမ်းမီနိုင်သော အမဲလိုက်မှု၌ သင်တို့အား မုချပင် စမ်းသပ်တော်မူနိုင်၏။ သို့ဖြစ်ပေရာ ယင်း (အမိန့်တော်ချမှတ်ပေးအပ်ခံရပြီး) နောက်တွင် မည်သူမဆို အရှင့်စည်းမျဉ်းဘောင်ကို ချိုး ဖောက်ကျူးလွန်လျှင် သူ့အတွက် (နောင်တမလွန်ဘဝတွင်) အလွန်နာ ပြင်းပြကျင်ဖွယ်ရာ ပြစ်ဒဏ်ရှိ၏။ (ခေတ်သစ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ အရှင့်စည်းမျဉ်းဘောင်ကို နေရာတိုင်း၌ အလွယ်တကူ ချိုးဖောက်ကျူးလွန်နိုင်သောကြောင့် ကိစ္စရပ်တိုင်းအား အရှင့်ကို သိစိတ်မပြတ်ထားခြင့်ဖြင့်သာ ပြုမူကျင့်ကြံ ဆောင်ရွက်သင့်သည်။)

[95] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ် ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်၊ အမဲလိုက်သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့အနက်မှ မည်သူမဆို ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်၍ သတ်ဖြတ်ခဲ့ပါမူ၊ ထိုကျူးလွန်မှု၏ပြစ်ဒဏ်အကျိုးဆက်အတွက် သင်တို့အနက်မှ တရားမျှတမှုပေါ်အခြေခံ၍ အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်နှစ်ဦးအား ထိုသတ်ခဲ့သော တိရစ္ဆာန်နှင့်ညီတူညီမျှဖြစ်သော ခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို စွန့်လှူနိုင်ရန် ဆုံးဖြတ်စေပြီးနောက် အထွတ်အမြတ်ဆုံးဝတ်ကျောင်းတော်သို့ ပို့ဆောင်စေရမည်။ သို့မဟုတ် ထိုကျူးလွန်မှုအတွက် ပေးဆပ်မှုအဖြစ် ချို့တဲ့ဆင်းရဲသူတို့အား အစားအသောက်များဖြင့် ကျွေးမွေးခြင်းစေရမည်၊ သို့တည်းမဟုတ် သူ၏တရားမမျှတသော လုပ်ရပ်ကြောင့်ဖြစ်လာသည့် ဆိုးကျိုးနှင့်တရားမျှတမှုသည် ထိုသို့အရေးပါကြောင်းကို သိနားလည်ပြီး ခံစားနိုင်ရန်အလို့ငှာ ဆွီယာမ်ဥပုသ် သီလဆောက်တည်ရမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့က အစ္စလာမ် ကို လက်ခံယုံကြည်ခြင်းမရှိခဲ့စဉ် ကျူးလွန်မိသည့် လွန်လေပြီးသော အပြစ်တို့ကိုမူ ခွင့်လွှတ်တော်မူခဲ့ပြီး ဖြစ်၏။ သို့ရာတွင် အစ္စလာမ့် စည်းဘောင်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ မည်သူမဆို အရှင့်စည်းဘောင်ကို ကျူးလွန်ဖောက် ဖျက်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ဒဏ်ခတ်အရေးယူမှုကို ဖြစ်စေတော်မူလိမ့်မည်။ နှလုံးသွင်းသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်နိယာမ တော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရာခပ်သိမ်း၏ပိုင်ရှင်စစ် ဖြစ်ရုံသာမက အဆိုပါစည်းဘောင်များအား ချိုးဖောက်ကျူး လွန်သူတို့ကို ဒဏ်ခတ်အရေးယူနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

[96] မြစ်ချောင်းအင်းအိုင်များနှင့်ပင်လယ်သမုဒ္ဒရာတို့ရှိ ရေအောက်သတ္တဝါများကို သက်ဆိုင်ရာစည်း မျဉ်းဥပဒေနှင့်အညီ ရှာဖွေဖမ်းဆီးပြီး တရားတော်၏စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စားသုံးခြင်း ကို သင်တို့နှင့်ခရီးသည်တို့အတွက် လိုအပ်များကို ပြည့်စေသောလောကီအကျိုးခံစားခွင့်အဖြစ် တရားဝင် ခွင့်ပြုတော်မူခြင်းခံရပြီ။ သို့ရာတွင် သင်တို့က ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိနေကြစဉ်၊ ကုန်းသတ္တဝါများကို အမဲလိုက်ခြင်းအား သင်တို့အပေါ်၌ တရားမဝင်အဖြစ် တားမြစ်တော်မူခြင်းခံရ၏။ ထို့ပြင် အရှင်မြတ်ကိုစိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို အရှင့်ထံတော်သို့ (ပြန်လည်၍) စုရုံး ရောက်ရှိစေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[97] အလ္လာဟ်အရှင်မြတ်သည် ကအ်ဗဟ်ဝတ်ကျောင်းတော်ကို လူသားအတွက် အရှင့်စည်းမျဉ်းတော်များအား နာခံလိုက်နာစရာ စံထားရမည့် ဦးတည်ချက်အဖြစ် ထူးကဲမြင့်မြတ်သော အိမ်တော် ဖြစ်ပေါ်စေတော်မူခဲ့ပြီး ထူးမြတ်သောလများတွင် ဝတ်ပြုရန်ရောက်လာသူတို့အတွက် စားစရာအဖြစ် စွန့်လှူမည့်တိရိစ္ဆာန်များနှင့်လို အပ်ချက်အရ သတ်ဖြတ်ခြင်းမှအပ တိရိစ္ဆာန်တို့၏အခွင့်အရေးကို လေးစားကြောင်း ထင်ဟပ်စေရန် စွန့်လှူမည့် တိရိစ္ဆာန်များပေါ်တွင် ဆင်ယင်ထားသည့် ပန်းကုံးများတို့ကိုလည်း သတ်မှတ်ဖြစ်ပေါ်စေတော်မူ၏။ ထိုသို့ ဖြစ်ပေါ်လာစေရန် ခွင့်ပြုတော်မူခြင်း၌ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အ တွင်းရှိ သမျှအရာအားလုံးကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချလျှင် သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်း အသုံးချလျှင် ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိတော်မူသောအရှင်ပင်ဖြစ်ကြောင်း သိနားလည်စေရန် ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ စည်းမျဉ်းနိယာမတော်များဖြင့် ထိန်းချုပ်ထားတော်မူပြီး အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိတော်မူသောအရှင် ဖြစ်တော်မူ၏။

[98] ထိုမျှမက အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်သူတို့ကိုလည်း ဧကန်မုချ၊ အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူနိုင်ကြောင်းနှင့်စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူကြောင်း နှလုံးသွင်းသိထားကြလော့။

[99] ရစူလ်တမန်တော်အပေါ်၌ (အရှင့်းအမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့အရောက်) ပို့ဆောင်ပေးရန်သာ တာဝန်ရှိ၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့က လူသိရှင်ကြား ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ဖော်တင်ပြလျှက် ပြုမူကျင့်ကြံဆောင်ရွက်ကြသည့်လုပ်ရပ်များနှင့်စိတ်ကူနှလုံးထဲ အပါအဝင် ထိမ်ချန်ဖုံးကွယ်လျှက် လျှို့ဝှက်စွာပြုမူကျင့်ကြံဆောင်ရွက်ကြသည့်လုပ်ရပ်တို့ကိုပါ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[100] (အို၊ နဗီတမန်တော်) ဟောပြောလော့။ လူ့ဘောင်အသိုင်းအဝိုင်း၏ဖွံဖြိုးမှုကို ဟန့်တားဆုတ် ယုတ်စေသည့် အတွေးအခေါ်အယူအဆများ၊ ကိုယ်ကျင့်တရားဖျက်ဆီးစေသည့် လုပ်ငန်းဆောင်တာများနှင့်မီဒီယာများ၊ တရားမျှတမှုအပေါ် အခြေမခံသည့် နိုင်ငံရေးစီးပွားရေးနှင့်လူမှုဆက်ဆံရေးဆိုင်ရာ ပြုမူဆောင်ရွက်ချက်များနှင့်ဝါဒဖြန့်မှုများ အစရှိသော မသန့်ရှင်း၊ မစင်ကြယ်မကောင်းမြတ်သည့်အရာသည် မည်သို့ပင် အထင်ကြီးစရာ ဆွဲဆောင်မက်မောစရာ ဂုဏ်သတင်းကျော်ကြားစရာများပင် ဖြစ်နေပါစေ၊ မည်သို့ပင် လူကြိုက်များသည်ဖြစ်စေ၊ အရှင့်စည်းမျဉ်းဘောင်အတွင်း၌နေ၍ ပြုမူကျင့်ကြံဆောင်ရွက်သည့် သန့်ရှင်းစင်ကြယ်သောအရာများကဲ့သို့ မျှတ မှုမျှခြေထိန်းပေးနိုင်သည့်အရာများ မဖြစ်နိုင်ပေ။ အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသောပညာရှင်အပေါင်းတို့၊ သင်တို့ ပေါက်မြောက်အောင်မြင်ကြရန်အလို့ငှာ အလ္လဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။

[101] အို၊ ယုံကြည်သူအပေါင်းတို့၊ ကျမ်းတော်မြတ်ကုန်အာန်အား ထုတ်ပြန်ချမှတ်ပေးအပ်နေစဉ် ကာလအတွင်း သင်တို့မေးခဲ့သမျှကို (သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က မဖွယ်မရာမှု မဖြစ်ရလေအောင် လူ့သဘာဝ၊ လူ့ယဉ်ကျေးမှု၊ လူ့ပင်ကိုယ်စွမ်းရည်တို့နှင့်ကိုက်ညီပြီး လွယ်ကူစေရန်သာ) လိုအပ်သည့်အတိုင်း ထုတ်ဖော်ရှင်းလင်းစေတော်မူ၍ သင်တို့မေးခဲ့သည့်အတွက်လည်း ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်သော ထိုအကြောင်းကိစ္စတို့အား အကယ်၍ ထိုထက်မက ဖွင့်ဟထုတ်ဖော်တော်မူခဲ့လျှင် သင်တို့ အတွက် ဆိုးကျိုးဖြစ်နိုင်သောကြောင့် ထိုအကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ ထပ်မံလျှောက်ထားမေးမြန်းခြင်း မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[102] ဧကန်ပင်၊ အသင်တို့မတိုင်မီလည်း လူမျိုးတစ်မျိုးက ထိုသို့သောအကြောင်းကိစ္စများကို မေးမြန်းခဲ့ပြီးနောက် ယဉ်ကျေးသူများပီပီ ထိန်းသိမ်းပြောဆိုသင့်သည်ကို လိုအပ်သည်ပို၍ ဖွင့်ပြောဆိုခဲ့ရာ လူထုကြားတွင် ထိုမဖွယ်မရာသော အသုံးအနှုံးများကြောင့် မယုံကြည်မှုတိုးပွာလာပြီး ယင်းတို့ကို ""အရှင်မြတ်၏အမိန့်တော်များ"" ဟု လက်ခံရန် ငြင်းဆန်ခြင်းဖြင့် မယုံကြည်သူများ ဖြစ်လာခဲ့ကြသည်​။

[103] အလ္လာဟ်အရှင်မြတ်သည် ဗဟီရဟ် (ခေါ် ဆင်းရဲဒုက္ခဖန်တီးစေသောဘုရား)၊ စာအိဗဟ် (ခေါ် ချမ်းသာ သုခဖြစ်စေသောဘုရား) ဝဆွီလဟ် (ခေါ် အောင်မြင်မှုပန်းတိုင်ရောက်စေ၍ ဂုဏ်ပြုခံစေသောဘုရား) ဟာမီ (ခေါ် အနှိမ်ခံဘဝရောက်စေ၍ ဂုဏ်ရည်သေးသိမ်စေသောဘုရား) တို့ကို ဖွဲ့စည်းဖြစ်ပေါ်စေတော် မမူချေ။ သို့ရာတွင် မယုံကြည်သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သူတို့၏အယူသည်းမှုပေါ်အခြေခံ၍ ယုတ္တိမရှိသော ပူဇော်ပသမှုများကို ပြုလုပ်နိုင်ရန်အတွက် ထို့သို့သော ရုပ်တုဆင်းတုများကို ထီတွင်ဖန်တီးကြလျှက် မဟုတ် မမှန်လုပ်ကြံထားသော ထိုလှည့်စားအား အရှင်မြတ်ခန့်ထားသည့် ဘုရားများဖြစ်ဟန်ဖြင့် အလ္လာဟ်အရှင်မြတ်အပေါ်၌ အပြစ်ပုံချနေခြင်းသာ ဖြစ်သည်။ စင်စစ် ထိုသို့သောဘုရားများကို ကြံစည်ဖန်တီး၍ ပူဇော်ပသကိုးကွယ် ဆည်းကပ်နေကြသူတို့အနက်မှ အများစုသည် သူတို့၏မျိုးရိုးဗီဇထဲတွင် အရှင်မြတ်ထည့်ပေးထားတော်မူသော ပင်ကိုယ်အသိဉာဏ်နှင့်ဆင်ခြင်တုံတရားတို့ကို ယုတ္တိရှိရှိ အသုံးမချသောကြောင့် အသိဉာဏ် ကင်းမဲ့နေကြ၏။

[104] ထို့ပြင် ထိုသူတို့အား ''အလ္လာဟ်အရှင်မြတ်က ယခင်ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီဖြစ်သော အမိန့်ပညတ် ချက်များနှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော အမိန့်တော်များကို ယုံကြည်၍ ပေါက်ရောက်အောင်မြင်မည့် ဘဝဆောက်နိုင်ကြရန် ယင်းတို့ဘက်သို့ လာကြလော့။” ဟု တိုက်တွန်းခြင်း ခံရသည့်အခါ၊ သူတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့လိုက်နာကျင့်ကြံခဲ့သော အယူသည်းမှုပေါ်အခြေခံသည့် မိရိုးဖလာလမ်းစဉ်၌ အမှန်တရားသစ္စာဆိုင်ရာ သဲလွန်စပင် မတွေ့ရရုံသာမက သူတို့၏အဘဘိုးဘေးတို့မှာ လမ်းညွှန်ခြင်းခံကြသူများ လည်း မဟုတ်ကြောင်း သိနေပါလျှက် သူတို့က ''ကျွန်ုပ်တို့အတွက် ထိုလမ်းစဉ်သည် လုံလောက်ပေ၏။ ထိုလမ်းစဉ်အတိုင်း ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့လုပ်ခဲ့ကြသော ပူဇော်ပသမှုများကို ကျွန်ုပ်တို့မြင် တွေ့ခဲ့ကြပြီး သူတို့၏ခြေရာအတိုင်းသွားနိုင်လျှင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” ဟု တုံ့ပြန်ဖြေဆိုခဲ့ကြသည်။

[105] အို၊ ယုံကြည်သူအပေါင်းတို့၊ (ခေတ်သစ်နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုဆက်ဆံရေး ဆိုင်ရာနည်းစနစ်များ မည်သို့ပင်ပြောင်းလဲနေပါစေ) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို မည်သို့အသုံးချပြီး ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍သာ တမလွန်ဘဝ၌ အစစ်ဆေးခံရန် သင်တို့အပေါ် တာဝန်ရှိ၏။ သင်တို့အား အရှင်မြတ်လမ်းညွှန်တော်မူသည့်အတိုင်း နာခံလိုက်နာကြလျှင် လူသားတို့ ထီတွင်ဖန်တီးထားလမ်းစဉ်ကို လိုက်လျက် မည်သည့် လမ်းမှားရောက်နေသူကမျှ အကျိုးယုတ်နစ်နာစေနိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်ထံသို့သာလျှင် သင်တို့အားလုံး စုရုံးပြန်ကြရမည်ဖြစ်ပြီး သင်တို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သမျှနှင့်ပတ် သက်၍ အစစ်ဆေးခံရမည်ဖြစ်ကြောင်းကိုလည်း သင်တို့ သိနားလည်စေတော်မူရန် အသိပေးတော်မူလိမ့်မည်။

[106] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အနက် တစ်ဦးတစ်ယောက်၏ကွယ်လွန်ချိန်ဆိုက်ရောက်လာ၍ သူ၏တာဝန်ဝတ္တရားနှင့်ပိုင်ဆိုင်မှုတို့အတွက် မှာကြားချက် သို့မဟုတ် သေတမ်းစာ ရေးမှတ်စေသည့်အချိန်တွင် သင်တို့အနက်မှ ယုံကြည်စိတ်ချရပြီး တရားမျှတမှုရှိသောပုဂ္ဂိုလ်နှစ်ဦးကို မျက်မြင်သက်သေအဖြစ် ထားရမည်။ သို့တည်းမဟုတ် သင်တို့သည် ကမ္ဘာဂြိုဟ်ပေါ်ခရီးထွက်နေစဉ် ဘေးဒုက္ခဆိုက်ရောက်၍ ကွယ်ချိန်တွင် သေတမ်း စားရေးမှတ်စေသည့် သင်တို့အနက်မှမဟုတ်သော တရားမျှတမှုရှိသည့် သက်သေနှစ်ဦးကို မျက်မြင်သက်သေ အဖြစ် ထားရမည်။ မျက်မြင်သက်သေနှစ်ဦးနှင့်ပတ်သက်၍ ဒွိဟသံသ ယမကင်း ဖြစ်ခဲ့ကြပါမူ၊ သူတို့နှစ်ဦးစလုံး ဆွလာသ်ဝတ်ပြုမှုအပြီးတွင် သူတို့အား ''ကျွန်ုပ်တို့သည် ဆွေမျိုးအရင်းအချာတစ်ဦးအဖြစ် ပါဝင်ပတ်နေသည့်တိုင်အောင် ကျွန်ုပ်တို့က မျက်မြင်တွေ့ရှိသည့် အမှန်တရားကို မည်သည့်တန်ဖိုးနှင့်မျှ လဲလှယ်ကြမည်မဟုတ်။ လျှို့ဝှက်ထိန်ချန်ထားမည်လည်း မဟုတ်ပါကြောင်း၊ အကယ်၍ အမှန်အတိုင်းမတွက်ဆိုခဲ့သော် အရှင်မြတ်က အရေးယူမည့် အပြစ်ရှိသူတို့အနက်မှ မုချပင် ဖြစ်ကြပါစေ။” ဟု ပြောဆိုစေလျက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ သစ္စာကျိန်ဆိုစေရမည်။

[107] တဖန် အကယ်၍ (အမှန်အတိုင်း မတွက်ဆိုခဲ့သည့် အထောက်အထားများတွေ့ရှိ၍) သူတို့နှစ်ဦးမှာ အပြစ်ရှိကြောင်း သိရှိလျှင်၊ သူတို့နှစ်ဦး၏နေရာတွင် ပိုမို၍ ပြောရေးဆိုခွင့်ရှိပြီး အမှန်တရားအတွက် အခိုင် အမာ ရပ်တည်မည့် နှစ်ဦးကို အစားတိုးလျှက် သက်သေအသစ်ဖြစ်သူနှစ်ဦးစလုံးကိုလည်း ''ကျွန်ုပ်တို့၏သက်သေခံမှုသည် ယခင်သက်သေထွက်ဆိုခဲ့သူတို့နှစ်ဦးထက် ပိုမို၍ မှန်ကန်ပါ၏။ အကယ်၍ ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်၏အခွင့်အရေးကို အလွှဲသုံးစားပြုခဲ့သော် အရှင့်စည်းမျဉ်းတော်ကိုချိုးဖောက်၍ မမှန်မကန်လုပ်သူတို့ အနက်မှဖြစ်လျှက် အရှင်မြတ်က အရေးယူတော်မူမည့်သူများ မုချပင် ဖြစ်ပါစေ။” ဟု ပြောဆိုစေလျက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ သစ္စာကျိန်ဆိုစေရမည်။

[108] ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းလမ်းနှင့်ဦးတည်ချက်အမှန်အတိုင်း သစ္စာရှိရှိ ရိုးသားစွာဖြင့် သက်သေခံကြစေရန်၊ သို့တည်းမဟုတ် သူတို့၏သစ္စာကျိန်ဆိုမှုများမှာ အခြား သူတို့၏သစ္စာ ကျိန်ဆိုမှုများဖြင့် အစားတိုး၍ အချိန်မရွေ့ ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြစေရန် အသင့်တော်ဆုံး နှင့်အနီးစပ်ဆုံးသောနည်းလမ်းပင် ဖြစ်၏။ (မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ) အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကြလော့။ ထို့ပြင် (အရှင်မြတ်၏အမိန့်တော်များကိုလည်း) ဖြူစင်စွာ နာယူကြလော့။ သိထားသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်ပညတ်ချက်များကို ကြားနာပါလျက် အာခံဖီဆန်ကြသော လူမျိုးအား လမ်းညွှန်တော် မမူချေ။

[109] အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များကို စုပေါင်းဆုံတွေ့စေတော်မူမည့် ထိုတမလွန်နေ့တွင် သူတို့အား ''အသင်တို့သည် (သင်တို့၏နောက်လိုက်များထံမှ) မည်သို့သော တုံ့ပြန်မှုများကို ရရှိခဲ့ကြသနည်း။'' ဟု မေးမြန်းတော်မူစဉ် သူတို့က အရှင်မြတ်မေးတော်မူသည့် တုံ့ပြန်ချက်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့ အလျင်း မသိကြပါ။ ဧကန်စင်စစ်၊ အသင်အရှင်မြတ်သည်သာလျှင် မျက်ကွယ်ရာ၌ရှိသော အရာခပ်သိမ်းအကြောင်းကို အသိဆုံးဖြစ်တော်မူပါ၏။"" ဟု လျှောက်တင်ဖြေဆိုကြလိမ့်မည်။

[110] အလ္လာဟ်အရှင်မြတ်က အို၊ မရ်ယမ်၏သားအီစာ၊ ငါအရှင်မြတ်သည် အသင်နှင့်အသင့်မွေးသမိခင်အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ရူဟုလ်ကုဒွတ်စ်ခေါ် ကောင်း ကင်စေတမန်ဖြစ်သူ၊ မြင့်မြတ်သောဝိဉာဉ်တော်ဖြင့် အသင့်အား ထောက်ပံ့စေတော်မူ၍ ပုခက်တွင်းနှင့်အရွယ်ရောက်လာသည့် အချိန်ကာလတို့၌ လူတို့အား အရှင့်အမိန့်တော်နှင့်ပတ်သက်သည့် စကားများပြောဆိုခွင့် ပေးတော်မူလျက် အားဖြည့်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင့်အား ကျမ်းတော်၊ စီရင်ထုံးဆိုင်ရာဉာဏ်အမြော်အမြင်၊ တောင်ရာတ်နှင့်အိန်ဂျီးလ်ကျမ်းတို့ သင်ကြားပို့ချတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ရွံ့မြေမှ ငှက်ကဲ့သို့သော ရုပ်သဏ္ဌန်ပုံဖော်၍ ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် ထိုငှက်ထဲသို့ မှုတ်လိုက်သည့်အခါ ငါအရှင် မြတ်၏ခွင့်ပြုချက်ဖြင့်ပင် ငှက်စစ်စစ် ဖြစ်လာခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက် ဖြင့် မွေးရာပါမျက်မမြင်သူနှင့်အနာကြီးရောဂါသည်တို့အား ကုသနိုင်ခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် သေဆုံးသွားသူအား သင်္ချိုင်းတွင်းမှ ထွက်လာစေခဲ့သည်ကိုလည်းကောင်း၊ အသင်သည် မြင်သာထင်ရှားသောရှင်းလင်းချက်နှင့်အတူ သူတို့ထံသွားရောက်ခဲ့စဉ် သူတို့အနက်မှ မယုံကြည်သူနှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က အသင်တင်ပြသည့် အရှင့်သက်သေလက္ခဏာတော်နှင့်စပ်လျဉ်း၍ ''ဤသည်ကား ထင်ရှားသော မှော်ပယောဂအတတ်ပညာသာ ဖြစ်သည်။'' ဟု ပြောဆို၍ အသင့်ကို တိုက်ခိုက်ရန် စီစဉ်သည့်အခါ အသင့်ထံမှ အစ္စရေးမျိုးနွယ်ဝင်တို့ကို ချုပ်ထိန်းထားတော်မူခဲ့သည်ကိုလည်းကောင်း၊ စသည့် ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟလော့။

[111] ထို့ပြင် (သတိရလော့) ဟဝါရီခေါ် တမန်တော်အီစာ၏နောက်လိုက်သာဝကများတို့ထံ ‘’ငါအရှင်မြတ်နှင့်ငါအရှင်မြတ်၏ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်ကြလော့။’’ ဟု တမန်တော်အီစာမှတစ်ဆင့် အမိန့်တော် ထုတ်ပြန်ချက်ဖြင့် စေ့ဆော်၍ အာရုံရစေတော်မူသည့်အခါ သူတို့က ‘’ကျွန်တော်မျိုးတို ယုံကြည်ကြပြီး ကိုယ်စိတ်နှလုံးတို့အား အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းလိုလားသော‘မွတ်စလင်’များဖြစ်ကြောင်း သက်သေခံကြပါ၏။‘’ ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။

[112] ဟဝါရီနောက်လိုက်သာဝကတို့က ‘’အို၊ မရ်ယမ်၏သား၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်ယံမှ အသက်မွေး ဝမ်းကျောင်းကို ကိုယ်စားပြုသော စားဖွယ်သောက်ဖွယ်ရာများပါသည့်စားပွဲတစ်ခုကို ချပေးတော်မူနိုင်စွမ်းပါသလော။’’ ဟု မေးမြန်းကြလေသည်။ တမန်တော်အီစာက အကယ်၍ အသင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အရှင်မြတ်ကိုစိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။”ဟု ဖြေဆိုဟောပြောခဲ့၏။

[113] သူတို့က “ကျွန်ုပ်တို့သည် ယင်းစားပွဲမှ မှီဝဲစားသုံးနိုင်ရန်နှင့်ကျွန်ုပ်တို့၏စိတ်နှလုံးတည်ငြိမ်အေးချမ်းရန် အသင် (အီစာ) က ကျွန်ုပ်တို့အား အမှန်တရားသစ္စာသာ ပြောခဲ့ကြောင်းကို ပိုမို၍ သိနားလည်နိုင်ရန်နှင့်ယင်းစားပွဲပေါ် (မှီခိုစားသုံးကြလျက် နောင်လာနောင်သားတို့ ရှာဖွေတွေ့ရှိကြမည့် အဓိက) သက်သေများထဲတွင် ပါဝင်ကြသူများဖြစ်လာရန်အတွက်သာ ဆန္ဒရှိပါကြောင်း” ပြောဆိုခဲ့ကြသည်။

[114] မရ်ယမ်၏သား တမန်တော်အီစာက “အို၊ အလ္လာဟ်အရှင်မြတ်၊ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်ထံတော်မှ အာယာသ်သက်သေလက္ခဏာတော်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့အလျင်နှင့်ကျွန်ုပ်၏နောက်ပိုင်းတွင်ရောက်လာမည့် နောင်လာနောင်သားတို့အတွက် ပျော်ပွဲရွှင်ပွဲဖြစ်ရန်အလို့ငှာ ကောင်းကင်ယံမှ (အစားအသောက်များပေးမည့်) စားပွဲတစ်ခု ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်တော်မူပါ။” ဟု ဆုတောင်းလျှောက်တင်ခဲ့၏။

[115] အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် သင်တို့အပေါ် ယင်းကို မုချပင် ချမှတ်ပေးအပ်တော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက် သင်တို့အနက်မှ မည်သူမဆို အမှန်တရားကို ဖီဆန်ငြင်းပယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့ကို လောကခပ်သိမ်းတို့အနက်မှ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်မပေး ခဲ့ဖူးသေးသည့် ပြစ်ဒဏ်မျိုးဖြင့် မုချပင် အပြစ်ပေးတော်မူလိမ့်မည်။

[116] ထို့ပြင် (သတိရလော့) အလ္လာဟ်အရှင်မြတ်က တမန်တော်အီစာအား “အို၊ မရ်ယမ်၏သားအီစာ၊ အသင်က လူတို့အား “အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကျွန်ုပ်နှင့်ကျွန်ုပ်၏မိခင်တို့ကို ကိုးကွယ်ရာအရှင်နှစ်ပါးအဖြစ် သဘောထားပြီး ကိုးကွယ်ကြလော့။” ဟု ပြောခဲ့ဖူးသလော။ ဟူ၍ မေးမြန်းတော်မူခဲ့၏။ သူက “အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မူခြင်းမရှိကြောင်းနှင့်ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူ၍ ကိုးကွယ်ထိုက်သော အရှင် ဖြစ်တော်မူကြောင်း” ဂုဏ်တင်ပါ၏။ ကျွန်ုပ်အတွက် ပြောပိုင်ခွင့်မရှိသည်ကို ကျွန်ုပ်ပြောဆိုရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အကယ်၍ ပြောခဲ့သည်ရှိသော် အသင်အရှင်မြတ်က မုချပင် သိခဲ့မည်ဖြစ်သည်။ ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ထဲတွင်ရှိသမျှကို အသင်အရှင်မြတ်က အကြွင်းမဲ့ သိတော်မူပြီး အသင်အရှင်မြတ်၏ဇာတိ ပကတိနှင့်ပတ်သက်၍ ကျွန်ုပ်သည် မည်သည်ကိုမျှ မသိပါ။ မုချဧကန်၊ အသင်အရှင်မြတ်သည် မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏။

[117] ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ နာခံကိုးကွယ်ကြရန် အသင်အရှင်မြတ်က အမိန့်ပေးညွှန်ကြားထားသည်မှအပ အခြားမည်သည့်အရာကိုမျှ သူတို့အား မပြောခဲ့ပါ။ ကျွန်ုပ်သည် သူတို့ထဲတွင် သူတို့နှင့်အတူ ရှိနေခဲ့သမျှသူတို့အတွက် သက်သေဖြစ်ခဲ့ပါ၏။ ကျွန်ုပ်ကို အရှင်မြတ်ထံတော်သို့ မ,ယူခေါ်ဆောင်သွားသည့်အခါ အရှင်မြတ်သည်သာ သူတို့အား ကြည့်ရှုစောင့်ရှောက်တော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ မုချဧကန်၊ အသင်အရှင်မြတ် အရာခပ်သိမ်းတို့အပေါ် အစဉ် ကြည့်ရှုစောင့်ရှောက်တော်မူ၍ အားလုံးအတွက် အသိသက်သေတော်ပင် ဖြစ်တော်မူ၏။

[118] အကယ်၍ အသင်အရှင်မြတ်က သူတို့ကို အပြစ်ပေးတော်မူလျှင် ဧကန်မုချ၊ သူတို့သည် အရှင်မြတ်၏အစေခံများသာ ဖြစ်ကြ၏။ အကယ်၍ အရှင်မြတ်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလျှင်၊ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ရာတွင်လည်း) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[119] အလ္လာဟ်အရှင်မြတ်မိန့်တော်မူမည်မှာ “ဤနေ့သည် ဖြောင့်မတ်မှန်ကန်သူတို့အတွက် ရိုးသားဖြောင့် မတ်မှု၏အကျိုးအမြတ်များကို အပြည့်အဝ ရရှိခံစားစေမည့်နေ့ဖြစ်၍ သူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များရှိပြီး ထိုဥယျာဉ်များထဲတွင် ထာဝစဉ် ကာလအကန့်အသတ်မဲ့နေခွင့်ရပြီး အလ္လာဟ်အရှင်မြတ်က သူတို့နှင့်အတူ (သူတို့၏လုပ်ရပ်ကိုပါ) အားရကျေ နပ်စွာ သဘောတူလက်ခံတော်မူပြီး သူတို့လည်း အရှင်မြတ်နှင့်အတူ (အရှင်မြတ်က ချီးမြှင့်တော်မူသည့် ဆုလဒ်အတွက်) ဝမ်းသာအားရ ဖြစ်ကြ၏။ ဤသည် ထူးကဲမြင့်မြတ်သော မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။”

[120] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့ထဲ၌ ရှိနေသောအရာဟူသမျှကိုလည်းကောင်း၊ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင် မြတ်သည် အရာခပ်သိမ်းတို့၌ အရှင့်စည်းမျဉ်းနိယာမတော်များ ချမှတ်ပေးတော်မူ၍ အရာရာကို စွမ်းဆောင် နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

တိရစ္ဆာန်များ

Surah 6

[1] အလုံးစုံသော ချီးကျူးချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော (ယင်းတို့၏လှည့်ပတ်လှုပ်ရှားမှုများနှင့်အတူ) အမှောင်နှင့်အလင်းတို့ကို စီမံဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ (အရှင်မြတ်မှလွဲ၍ မည်သူမျှ ယင်းတို့၏ဖွဲ့စည်းမှုများနှင့်ထိုအပြောင်းအလဲများကို ဖြစ်ပေါ်စေခြင်း မဟုတ်ကြောင်း သိနားလည်ပြီးနောက်) မယုံကြည်သူများ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အတူ (သူတို့ကြံစည်ဖန်တီးထားသော) အခြားကိုးကွယ်ရာများကို တန်းတူထားလျက် တုပြိုင်လိုကြ၏။

[2] (လူ့ရုပ်ခန္ဓာဖွဲ့စည်းဖြစ်တည်လာသည့် မူလဘူတအခြေခံမှာ မြေကြီးမှ ထွက်သည့် အစာအာဟာရ ဖြစ်သည့်အလျှောက်) ထိုအရှင်သည် သင်တို့ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူပြီးနောက် သက်တမ်းကာလတစ်ခု သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ ထို့ပြင် အရှင်မြတ်ထံတော်တွင်လည်း နောက်ထပ် မပြောင်းလဲသော လောကီမဟုတ်သည့် ပုံသေသက်တမ်းကာလတစ်ခု သတ်မှတ်ထားပြီ ဖြစ်၏။ ထိုသို့ (ထင်ရှားသော အမှန်တရားများကို) ရှင်းလင်းတင်ပြစေပြီးဖြစ်သော်လည်း သင်တို့က ဒွိဟသံသယ၌ ရှိနေဆဲဖြစ်၏။

[3] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း ကမ္ဘာဂြိုဟ်၌လည်းကောင်း (အရှင့်စီမံချက်ဆိုင်ရာ စည်းမျဉ်းနိယာမတရား၊ အရှင့်ပကတိအချုပ်အခြာနှင့်အရှင့်ဂုဏ်တော်များကို ထင်ရှားစေတော်မူလျက်) ရှိသမျှအရာအားလုံး၏အရှင် ဖြစ်တော်မူ၏။ အရှင်မြတ်သည် သင်တို့ လျှို့ဝှက်စွာ ကြံစည်ကြသည်ကိုလည်းကောင်း၊ လူသိရှင်ကြား ထင်ရှားစွာထုတ်ဖော်သည်ကိုလည်းကောင်း၊ သင်တို့၏ပြုမူကျင့်ကြံလုပ်ဆောင်သမျှ (အကောင်းအဆိုး) အလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။

[4] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အာယာသ်သက်သေ လက္ခဏာတော်များအနက်မှ (သူတို့အား အမှန်တရားဘက်သို့ ဖိတ်ခေါခြင်းဖြင့်) သူတို့ထံ ရောက်သည့် အာယာသ်သက်သေလက္ခဏာတိုင်းကို အမှန်တရားဖြစ်ကြောင်း သိသော်လည်း ယင်းတို့မှ ရှောင်ပြေး၍ ကျောခိုင်းသွားကြသည်ချည်းသာ ဖြစ်၏။

[5] ထိုသို့ဖြင့် အမှန်တရားသစ္စာ သူတို့ထံရောက်ခဲ့သည့်အခါတိုင်း ထိုအမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် ရည်ရွယ်ချက်ရှိရှိ) တမင်တကာ ငြင်းဆန်ခဲ့ကြ၏။ သို့ဖြစ်၍ မကြာမီ (ကွယ်လွန်ချိန် ရောက်လာသည့်အခါ) သူတို့လှောင်ပြောင်နေကြသော (သေခြင်းတရား၊ တမလွန်ဘဝ၊ သုခဥယျာဉ်နှင့်ငရဲမီး စသည့်) ထို (အကြောင်းအရာနှင့်ပတ်သက်သည့်) သတင်းစကားများ သူတို့ထံ ရောက်လိမ့်မည်။

[6] ငါအရှင်မြတ်သည် ကောင်းကင်ယံမှ (မိုးတိမ်များကို) သူတို့အပေါ် မိုးသည်းထန်စွာ သွန်ချစေရန် စေလွှတ်တော်မူပြီး သူတို့၏အောက်တွင်ရှိနေသော မြစ်ချောင်းအင်းအိုင်များကို စီးဆင်းစေတော်မူခြင်းဖြင့် (အသီးအနှံ တိုးပွားစေတော်မူ၍ ဖွံ့ဖြိုးတိုးစေတော်မူခဲ့) သော်လည်း သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် သူတို့အား တိမ်ကော ဖျက်ဆီးစေတော်မူလျက် သူတို့နောက်တွင်မှ အခြားမျိုးဆက်များကို ငါအရှင်ပေါ်ထွန်းစေတော်မူခြင်းကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ပေါ်တွင် သူတို့မတိုင်မီ ဖွံ့ဖြိုးတိုးတက်၍ အခိုင်အမာရပ်တည်ခွင့်ပေးတော်မူခဲ့သည့် မျိုးဆက်များ စွာရှိခဲ့ခြင်းနှင့်ယင်းတို့အနက်မှ မျိုးဆက်ပေါင်း မည်မျှကို ထိုသို့ပင် တိမ်ကောဖျက်ဆီးစေတော်မူခဲ့သည်ကိုလည်းကောင်း (ကမ္ဘာအနှံ့ ယနေ့တိုင်မပျက်မစီးဘဲ ကျန်ရစ်နေသော သမိုင်းဝင် အမွေအနှစ်အား စူးစမ်းလေ့လာခြင်းဖြင့်) မတွေ့မြင် မသုံးသပ်ကြလေသလော။

[7] အကယ်၍ ငါအရှင်မြတ်သည် သားရေ၌ (သားရေ ပုရပိုက်ပုံစံဖြင့်) ရေးထားပြီး ကျမ်းတစ်အုပ်ကို အသင် (တမန်တော်) ထံ ချမှတ်ပေးအပ်တော်မူ၍ သူတို့က သူတို့၏လက်များဖြင့် ထိတွေ့ကိုင်တွယ်လျက် (ဖတ်ရှုခွင့်ရသည့်တိုင်) ထိုမယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် သိသာထင်ရှားသော ပယောဂပညာမျှသာ ဖြစ်သည်။” ဟု မုချ ပြောဆိုခဲ့ကြလိမ့်မည်။

[8] ထို့ပြင် သူတို့က “(အရှင်မြတ်သည် မိုးကောင်းကင်မှ) မလာအီကဟ်စေတမန်တစ်ပါးအား အရေးကိစ္စများကို စီမံဆောင်ရွက်စေပြီးနောက် (ယခု ကျွန်ုပ်တို့အား ပေးအပ်သည့်တာဝန်များ လျော့ပေါ့စေလျက် ကျွန်ုပ်တို့၌ စိတ်ဓါတ်ကျဖွယ်ရာမျှော်လင့်) စောင့်စားမှုများ မရှိရလေအောင် အဘယ်ကြောင့် ချပေး၍ စေလွှတ်တော်မမူခဲ့သနည်း။” ဟု မေးမြန်းကြ၏။

[9] သို့သော် အကယ်၍ ငါအရှင်မြတ်သည် ထိုတမန်တော်ကို မလာအီကာစေတမန်တစ်ဦးအဖြစ် ဖြစ်စေတော်မူခဲ့လျှင် (ယခု တမန်တော်တင်ပြသည့်အခါ မမြင်ရသော ကိစ္စများကြောင့် သူတို့အား စိတ်ရှုပ်ထွေးစေသည့်အရာများကို ငါအရှင်မြတ်က သူတို့အပေါ် အမှန်ပင် ပိုမို၍ ရှုပ်ထွေးစေတော်မူမည်ဖြစ်ရာ (မမြင်ရသော မလာအီကာစေတမန်အစား) လူအမျိုးသားတစ်ဦးပုံစံဖြင့်သာ မုချ ဖြစ်စေတော်မူခဲ့လိမ့်မည်။

[10] အသင် (တမန်တော်) မတိုင်မီ ငါအရှင်မြတ်စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များလည်း မုချပင် လှောင်ပြောင်ခံခဲ့ကြရပြီးဖြစ်သော်လည်း သူတို့အနက်မှ ထိုလှောင်ပြောင်သရော်ခဲ့ကြသူတို့သည် သူတို့၏လှောင်ပြောင်မှုများဖြင့် ဝန်းရံထားလျက် (ယနေ့တိုင်) လှောင်ပြောင်ခံနေကြရဆဲ ဖြစ်၏။

[11] “(မည်သို့ လှောင်ပြောင်ခံနေရကြောင်း သိလိုသူများအနေဖြင့်) ကမ္ဘာဂြိုဟ်၌ လှည့်ပတ်သွားလာပြီးနောက် (အမှန်တရားကို မဟုတ်မတရားစွပ်စွဲလှောင်ပြောင်၍) သွေဖည်ငြင်းဆန်ခဲ့ကြသောသူတို့၏ဘဝနိဂုံးများမှာ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ်နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာသုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့။” ဟု ဟောပြောလော့။

[12] “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အတွင်း၌ရှိသော အရာဟူသမျှ၌ မည်သူက သဘာဝနိယာမတရားများဖြင့် ထိန်းချုပ်ထားတော်မူလျက် ပိုင်ဆိုင်ထားတော်မူသနည်း။” ဟု မေးမြန်းလော့။ အလ္လာဟ် အရှင်မြတ်သည် အရှင့်ဇာတိတော်ပေါ်၌ မေတ္တာကရုဏာသက်တော်မူရန်သာ စည်းဘောင်စီရင်ပြဋ္ဌာန်းတော်မူထား (သည့်အတွက် အရာခပ်သိမ်းတို့ကို အရှင့်စည်းမျဉ်းနိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူ) သောကြောင့် အရာခပ်သိမ်းတို့သည် အရှင့်စည်းမျဉ်းတော်နှင့်အညီ သုံးသင့်သော အရှင့်ပိုင်များ ဖြစ်သည်။"" ဟု ဟောလော့။ အရှင့်စည်းမျဉ်းနှင့်အညီ မသုံးစွဲဘဲ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲ နိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချလျက် မယုံကြည်ကြသူတို့သည် (လောကီဘဝတွင်သာ ဆုံးရှုံးမည်မဟုတ်ဘဲ နောင်တမလွန်ရှင်ပြန်ထမြောက်မည့်နေ့အထိ (ဆုံးရှုံးမှုကို အတူယူဆောင်သွားပြီး ပြစ်ဒဏ်ချခံရရန် ငါအရှင်မြတ်သည်) သင်တို့အားလုံးကို ထိုနေ့တွင် စုရုံးစေတော်မူလိမ့်မည်။

[13] ညနှင့်နေ့အချိန်တို့တွင် (အပူအအေးပြောင်းလဲခြင်း၊ အငွေ့ပြန်ခြင်း၊ မိုးရွာခြင်း၊ လေတိုက်ခြင်းစသည်ဖြင့် တစ်သမတ်တည်း ဖြစ်ပေါ်တည်ရှိနေသော အရာဟူသမျှသည် အရှင့်စည်းမျဉ်းနိယာမများနှင့်အညီသာ ဖြစ်ပေါ် နေသည့်အတွက် အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချရန်အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင် သက်ရှိသက်မဲ့တို့၏လှုပ်ရှား မှုအားလုံးကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်၏။)

[14] “မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့၏မူလဘူတ၊ ဇာတိရင်းမြစ်များကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားလူသားတို့ စိတ်ကူးယဉ်ဖြင့် ကြံစည်ဖန်တီးထားသော ကိုးကွယ်ရာများကို) ကျွန်ုပ်၏ယုံကြည်စိတ်အချရဆုံး ကာကွယ်စောင့်ရှောက်သူအဖြစ် သဘောထား မှတ်ယူရမည်လော။ ထို အရှင်သည် (ကျွန်ုပ်တို့အတွက် စားနပ်ရိက္ခာရရှိနိုင်အောင် နေစကြဝဠာတစ်ခုလုံးနှင့်သစ်ပင်အပါအဝင် အခြား သက်ရှိသက်မဲ့တို့ကို လှုပ်ရှားစေတော်မူလျက် သက်ရှိအားလုံးကို) ကျွေးမွေးတော်မူပြီး (ပကတိ လိုအပ်ချက် ကင်းတော်မူသော အရှင်ဖြစ်သောကြောင့်) အကျွေးအမွေးခံခြင်းနှင့်မည်သို့မျှ မအပ်စပ်ပေ။” ဟု ဟောလော့။ ထို့ပြင်“ကျွန်ုပ်သည် ရှေ့ဆုံးမှနေ၍ အဦးဆုံး ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံသူဖြစ်ရန်နှင့်အခြားသော လူသားလုပ်ကိုးကွယ်ရာများကို အရှင်မြတ်၏တုဖက်ပြိုက်ဘက်အဖြစ် မပြုရန် အမှန်ပင် အမိန့်ပေးညွှန်ကြားခြင်းခံရသူသာ ဖြစ်ပါ၏။” ဟု ဟောလော့။

[15] “အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား နာမခံဘဲ အာခံဖီဆန်မိလျှင် ထိတ်လန့်ဖွယ်ကောင်းသော ကြီးကျယ်သည့် နေ့တစ်နေ့မှာ ပြစ်ဒဏ်ကို (ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း) အသေအချာပင် ကြောက်ရွံ့စိုးရိမ်ရပါသည်။” ဟု သတိပေးဟောပြောလော့။

[16] ထိုနေ့တွင် မည်သူမဆို (သူ၏ကောင်းမှုကုသိုလ်များကြောင့်) ထိုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ၍ ပြစ်ဒဏ်ဖယ် ရှားခြင်းခံရလျှင် ဧကန်ပင်၊ ထိုသူသည် အရှင်မြတ်၏ကရုဏာ အကြင်နာထားခံရသူဖြစ်ပြီး ယင်းသည် (သူ့အတွက်) ထင်ရှားသော အောင်ပွဲခံမှုပင်ဖြစ်လိမ့်မည်။

[17] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်ကို ဘေးဒုက္ခဝေဒနာတစ်ခုခုဖြင့် ကြုံတွေ့စေတော်မူလျှင် ထိုအရှင်မြတ်မှလွဲ၍ ထိုဘေးဒုက္ခကို ဖယ်ရှားပေးနိုင်သူ အလျင်း မရှိပေ။ အလားတူ သင့်ကို အကျိုးပြုစေမည့် ကောင်းမှုတစ်ခုခုဖြင့် ကြုံတွေ့စေတော်မူလျှင်လည်း ထိုအရှင်သည် (အရာခပ်သိမ်းတို့အား အရှင့်စည်း မျဉ်းနိယာမတော်များဖြင့် ထိန်းချုပ်ထားတော်မူသည့်အလျှောက်) အရာရာတိုင်းကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[18] ထိုအရှင်မြတ်သည် အရှင့်အစေခံ (လူသားများ)အပေါ် အရှင့်အနန္တတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့သော် (အရှင်မြတ်သည် မည်သူ့ကိုမျှ မတရား ထိခိုက်နစ်နာစေတော်မမူဘဲ တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ (လူသားတို့၏ပြုမူဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသေးစိတ်ကို) သတင်းရနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[19] “(အမှန်တရားကို တင်ပြရာ၌ ထောက်ခံအတည်ပြုနိုင်သည့် ခိုင်မာသောသက်သေခံများအနက်) မည်သူ၏သက်သေခံချက်က အခိုင်မာဆုံးနှင့်အတည်ပြုရန် အသင့်တော်ဆုံး ဖြစ်သနည်း။” ဟု မေးမြန်းလော့။ (လူသားလုပ် နည်းစနစ်များနှင့်လူသား၏အတွေးအခေါ်များသည် ကန့်သတ်ဘောင်အတွင်း၌ သာရှိသောကြောင့် တိကျသေချာသည့် အဖြေမပေးနိုင်ပေ။ သို့ဖြစ်၍) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကျွန်ုပ် (တင်ပြနေသောအချက်များ) နှင့်သင်တို့ (မှန်ကန်သည်ဟု ယူဆနေသောအချက်များ) ကြားတွင် တိကျသေချာမှုကို အတည် ပြုပေးတော်မူမည့် “သက်သေတော်” ဖြစ်၏။” ဟု ဟောပြောလော့။ အကြောင်းမှာ ထိုအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကုရ်အာန်ကို သင်တို့အား ယင်းဖြင့် သတိပေးနှိုးဆော်နိုင်ရန်အလို့ငှာ ကျွန်ုပ်အပေါ်ဝယ် အရှင့်အမိန့်ဖြင့် ပို့ချရေးမှတ်ခြင်းခံရစေတော်မူ၏။ ထို့ပြင် ဤကျမ်းတော်မှာ မည်သူ့ထံသို့ပင် ရောက်ရှိစေသည်ဖြစ်စေ၊ အလ္လာဟ် အရှင်မြတ်နှင့်အတူ အခြားသော ကိုးကွယ်ရာများလည်းရှိသည်ဟု သင်တို့က အသေအချာပင် သက်သေခံနိုင်ကြ မည်လော။ (လူသားတို့အနက် မည်သူမျှ ထိုသို့သက်သေပြနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ အို၊ တမန်တော်) “ကျွန်ုပ်သည် (ထိုမှားယွင်းသည့်အချက်အတွက် မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ) သက်သေခံနိုင်မည် မဟုတ်။” ဟု ဖြေဆိုလော့။ “ထိုအရှင်မြတ်သည် တစ်ဆူတည်းသာ တည်ရှိမြဲ၊ တည်ရှိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ မုချဧကန်၊ ကျွန်ုပ်သည် အရှင်မြတ်မှအပ (လူသားတို့ ကြံစည်ဖန်တီး၍ ဆည်းကပ်ကိုးကွယ် နေကြသော အခြားသက်ရှိသက်မဲ့အစရှိသည့် ကိုးကွယ်ရာအားလုံးမှ လုံးဝ ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ထပ်ဆင့်ဟောပြောလော့။)

[20] ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် ယင်းကျမ်းတော်ကို သူတို့၏သားမြေးများအား ရင်းနှီးသိကျွမ်းဝင်သကဲ့သို့ပင် သိကျွမ်းနေကြသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီ ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ဆုံးရှုံးမည့် လူသားလုပ် လမ်းစဉ်အတွက်သာ အသုံးချခြင်းကြောင့် ယုံကြည်ကြမည် မဟုတ်ပေ။

[21] (လူသားတို့မှားယွင်းသည့် အတွေးအခေါ်အယူအဆများ ပေါ်မူတည်၍ ရုပ်တုဆင်းပွားများကို ကြံစည်ဖန်တီးလျက်) အလ္လာဟ်အရှင်မြတ်အပေါ် (အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍) မုသားအလီလီဖြင့် လုပ်ကြံပြုမူပြောဆိုသူ သို့မဟုတ် (စကြဝဠာအနှံ့တွေ့မြင်ရသော) အရှင့်အာယာသ်သက်သေလက္ခဏာတော်များ (ဖြစ်သည့် အရှင့်စည်းမျဉ်းနိယာမတရားများကို အလိုအလျှောက် ဖြစ်ပေါ်သည့် သဘာဝဟု) လိမ်လည်ကြွေးကြော်သူထက် (အရှင့် စည်းမျဉ်းချိုးဖောက်၍) မတော်မတရား မမှန်မကန် ပြုမူပြောဆိုသူ မည်သူ ရှိမည်နည်း။ မုချဧကန်၊ ထိုသို့ မတော်မတရား မမှန်မကန် ပြုမူပြောဆိုသူများသည် တိုးတက်အောင်မြင်စေတော်မူခြင်းခံရမည် မဟုတ်ပေ။

[22] ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်က သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများအား ကိုးကွယ်ခဲ့ကြသူတို့အား “သင်တို့က ငါအရှင်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြပြီး (လောကီဘဝ၌) သင်တို့၏အရှင်သခင်များအဖြစ် အခိုင်အမာ ကြွေးကြော်ခဲ့ကြသော ထိုအရာများသည် ယခုအခါ အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူလိမ့်မည်။

[23] ထို့နောက် သူတို့တွင် “အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ပြောပါရစေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများအား ကိုးကွယ်ခဲ့ကြသူများ မဟုတ်ပါ။” ဟု ပြောဆိုခြင်းမှအပ အခြားမည်သည့် ဆင်ခြေဆင်လက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

[24] သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ သူတို့ကိုယ်တိုင် မည်သို့ လိမ်လည်လှည့် စားခဲ့ကြသည်ကို ရှုစားလော့။ ထို့နောက် သူတို့ (လောကီဘဝ၌) ကိုးကွယ်ရာအဖြစ် ကြံစည်ဖန်တီးခဲ့ကြသောအရာများသည် သူတို့ (၏ထင်မြင်ယူဆချက်များ) မှ မည်သို့ လွဲမှားခဲ့သည်ကိုလည်း ရှုမြင်သုံးသပ်ကြလော့။

[25] ထို့ပြင် သူတို့ထဲတွင် အသင် (တမန်တော်) ထံသို့ ရောက်လာ၍ (ကျမ်းတော်မြတ်ကုရ်အာန်ကို) နားထောင် ခဲ့ပြီးကြသောသူများရှိသော်လည်း (သူတို့၏မကောင်းသော အကြံအစည်များနှင့်လုပ်ရပ်များ၊ မာနာထောင်လွှားခြင်းနှင့်ရန်လိုမုန်းတီးမှုတို့ကြောင့် ထိုကျမ်းတော်ကို နားလည်နိုင်ရန် (ရှိသင့်ရှိထိုက်သော အရည်အသွေးများ လက်လွှတ်ခဲ့ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် အဖုံးအကာကိုလည်းကောင်း၊ သူတို့၏နားများ၌ နားထိုင်းနားလေးမှုကိုလည်းကောင်း၊ ဖြစ်ပေါ်စေတော်မူ၏။ ထိုအခါ အကယ်၍ (အရာရာတိုင်း၏သဘောသဘာဝ၌ အရှင့်နိယာမတရားနှင့်မယုံမဖြစ်သော အမှန်တရားဆိုင်ရာ) အာယာသ်သက်သေလက္ခဏာတိုင်းကို တွေ့မြင်ကြပြီး အသင် (တမန်တော်) ထံ ရောက်လာကြလျက် အသင်နှင့်အပြန်အလှန် ဆွေး နွေးငြင်းခုံသည့် အချိန်အထိ ယင်းတို့ကို မယုံကြည်ကြသည့်အပြင် ထိုမယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ရှေးခေတ်အခါက လူတို့၏ဒဏ္ဍာရီမျှသာဖြစ်သည်။” ဟု မဟုတ်မတရား ဆင်ခြေပေး၍ ငြင်းဆန်ခဲ့ကြ၏။

[26] ထို့ပြင် သူတို့သည် ထိုကျမ်းတော်မှ သူတို့ကိုယ်တိုင် ဝေးဝေးရှောင်နေရုံသာမက အခြားလူတို့ကိုလည်း ယင်း (ကို နားထောင်လေ့လာခြင်း) မှ ပိတ်ပင်ဟန့်တားကြ၏။ ထိုသို့လုပ်ခြင်းသည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက်သာ အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့ ဖျက်ဆီးနေကြသော်လည်း သူတို့မှာ သတိထားနိုင်စွမ်းမရှိကြပေ။

[27] သူတို့ကို ငရဲမီးထဲ၌ ရပ်စေခြင်းခံရသည့်အခါ သူတို့က “အို၊ အလိုလေး၊ ကျွန်ုပ်တို့ (လောကီကမ္ဘာသို့) ပြန်ခွင့်ရပြီး ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို လိမ်လည်ငြင်းဆန်ခြင်းမပြုဘဲ ယုံကြည်သူတို့အနက်မှ အပါအဝင် ဖြစ်ခဲ့လျှင် ကောင်းလေစွ။” ဟု ညည်းညူကြမည်ကို အသင်တွေ့မြင်ရလိမ့်မည်။

[28] အမှန်မှာ သူတို့သည် ထိုသို့သော အရေးယူမှုနှင့်မကြုံရမီ (လောကီဘဝ၌ သူတို့၏မကောင်းသည့် အကြံအစည်ကြောင့် အမှန်တရားကို သိပါလျက်) ထိန်ချန်ဖုံးကွယ်ထားလေ့ရှိသော အချက်များသည် သူတို့အတွက် (သူတို့ရှေ့တွင်) ပေါ်လွင် ထင်ရှားလာပြီဖြစ်သောကြောင့် (အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန်သာ ထိုသို့ ပြောဆိုနေခြင်း ဖြစ်၏။) အမှန်စင်စစ်၊ သူတို့ပြန်ပို့ခံရလျှင်လည်း သူတို့အား မပြုလုပ်ရန် တားမြစ်ထားသောအရာများမှ (ရှောင်ကြဉ်ခြင်းမရှိဘဲ) ဒုံရင်းအခြေအနေ ပြန်ဆိုက်လျက် အမှန်ပင် လိမ်ညာသူများသာ ဖြစ်ကြလိမ့်မည်။

[29] (လောကီဘဝ၌ သူတို့က အစဉ်အမြဲ) “ဤလောကီ ဘဝသက်တမ်းမှလွဲ၍ အခြား မည်သည့်ဘဝမျှ မရှိသောကြောင့် ကျွန်ုပ်တို့သည် ရှင်ပြထစေခြင်းခံရစရာအကြောင်း အလျင်း မရှိပေ။” ဟု ပြောဆိုခဲ့ကြ၏။

[30] သို့သော် အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသည့် အရှင်မြတ်၏ရှေ့တော်မှောက်သို့ ရပ်တန့်စေခြင်းခံကြရပြီး “(ယခုကြုံနေရသော) ဤအခြေအနေသည် အမှန်တရားနှင့်ပတ်သက်၍ ယခင်က ပြောခဲ့သည့်အရာများ မဟုတ်လော။” ဟု မေးမြန်းစဉ် သူတို့က “မှန်လှပါ၏။ အရှင်မြတ်သာ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ပင်ဖြစ်ပါ၏။” ဟု ဖြေဆိုကြလိမ့်မည်။ အရှင်မြတ်ကမူ “သင်တို့သည် ယခင်က အမှန်တရားကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ခြင်းကြောင့် (ယခုအခါ အကျိုးဆက်အဖြစ်) ပြစ်ဒဏ်၏အရသာကိုသာ မြည်းစမ်းကြလော့။” ဟု မိန့်တော်မူလိမ့်မည်။

[31] ဧကန်မုချ၊ ထိုသူတို့သည် (ကောင်းကျိုး၊ ဆိုးကျိုး၏အကျိုးဆက်ကို အပြည့်အဝ ခံစားစေတော်မူရန်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဟူသော အရှင့်အမိန့်တော်နှင့်စပ်လျဉ်း၍ ရုတ်တရက် နောက်ဆုံးချိန် (ဖြစ်သော ရှင်ပြန်ထရမည့်နေ့) ရောက်လာသည်အထိ မဟုတ်မတရား လိမ်လည်ငြင်းဆန်ကြလျက် ဆုံးရှုံးပျက်စီး ကြလေပြီ။ (ထိုနေ့နှင့်ကြုံတွေ့သည့်အခါ) “ဤအချိန်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အား ပြောခဲ့သည်ကို ဥပေက္ခာပြု ပျက်ကွက်ခဲ့သည့်အတွက် နောင်တ ရမဆုံးဖြစ်နေရပါလား။” ဟု ပြောခဲ့ကြလိမ့်မည်။ အကြောင်းမှာ သူတို့ သည်သူတို့၏ကျောပြင်များပေါ်တွင် (လောကီ၌ လုပ်ခဲ့သော မကောင်းသော အတွေးအခေါ်အယူအဆနှင့်အပြုအမူတို့ဖြင့် ကြိုတင်ပို့ထားသော) ဝန်ထုတ်ဝန်ပိုးများကိုသာ တင်လျှက် ထမ်းရွက်ကြလိမ့်မည်။ ဧကန်ပင်၊ သူတို့ ထမ်းရွက်နေကြသည့် ဝန်ထုတ်ဝန်ပိုးသည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှကြောင်း သတိထားကြလော့။

[32] ဤလောကီဘဝသက်တမ်းသည် ကစားခုန်စားမှုနှင့်ဖျော်ဖြေမှု (တို့ပမာ ခဏမျှသာ စိတ်ပြေ လက်ပျောက်စေခြင်း) မှလွဲ၍ အခြား မဟုတ်သော်လည်း အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက်မူ (လောကီဘဝ၌ ပြုမူကျင့်ကြံသမျှ၏ အသီးအပွင့်များကို ရယူခံစားနိုင်မည့်) အကောင်းမြတ်ဆုံးသော နောင်ဘဝ၏ဘုံဗိမာန်ရှိနေကြောင်းကို သင်တို့ မတွေးတော မဆင်ခြင် မသုံးသပ်ကြလေသလော။

[33] (အို၊ ရစူလ်တမန်တော်) သူတို့၏လိမ်လည်စွပ်စွဲမှု၊ လှောင်ပြောင်မှုနှင့်မထီမဲ့မြင် ပြုမူဆက်ဆံမှုတို့ကြောင့်) အသင်သည် အမှန်ပင် စိတ်ဒုက္ခရောက်လျက် ဝမ်းနည်းနေသည်ကို ငါအရှင်မြတ် မုချပင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုသို့ ပြောဆိုနေကြသူတို့သည် အသင့်ကိုသာ မဟုတ်မမှန်ဟူ၍ ငြင်းပယ်နေကြသည် မဟုတ်ပေ။ အမှန်မှာ ထိုသို့ မဟုတ်မတရားစွပ်စွဲ၍ မမှန်မကန်ပြုမူပြောဆိုနေကြသူတို့သည် အလ္လာဟ်အရှင်မြတ်အာယာသ် သက်သေလက္ခဏာတော်များကိုသာ အာခံငြင်းပယ်နေကြ (ပြီး အသင့်ကို ယုံကြည်စိတ်အချရဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုကြောင်း၊ အသင့်အား မည်သည့်အခါမျှ လိမ်ညာသူဟု ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း သူတို့က ကောင်းစွာသိကြ၏။)

[34] (သူတို့၏ပြုမူဆက်ဆံမှုကြောင့် ဝမ်းမနည်းလေနှင့်။) ဧကန်ပင်၊ အသင် (တမန်တော်) မတိုင်မီက (အရှင်မြတ်စေလွှတ်တော်မူခဲ့သည့်) ရစူလ်တမန်တော်များလည်း (သူတို့ယူဆောင်လာသည့် အရှင့်အမိန့်တော်များကို အကြောင်းပြု၍) မဟုတ်မတရား စွပ်စွဲ၍ ငြင်းပယ်ခြင်းခံခဲ့ကြရ၏။ သို့သော် ထိုရစူလ်တမန်တော်များသည် အရှင့်ကူညီစောင်မမှုများ သူတို့ထံရောက်သည်အထိ သူတို့အပေါ် စွပ်စွဲငြင်းဆန်ခဲ့သမျှနှင့်ဒုက္ခပေးခဲ့ခြင်းကို ကြံ့ ကြံ့ခံ သည်းခံခဲ့ကြရုံမက (သူတို့အနက်မှ မည်သည့် တမန်တော်ကမျှ) အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များ၌ အပြောင်းအလဲလုပ်ခဲ့သူ မဖြစ်ခဲ့ပေ။ ထိုရစူလ်တမန်တော်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအနက်မှ အချို့သည် မုချပင် အသင် (တမန်တော်) ထံ ရောက်ခဲ့ပြီ ဖြစ်၏။

[35] သူတို့၏ကလန်ကဆန် ပြုမူဆက်ဆံမှုများသည် အသင်တမန်တော်အပေါ် ဝန်လေးစရာဖြစ်ခဲ့လျှင် အသင် တတ်စွမ်းနိုင်ပါက မြေအောက်လှိုဏ်ခေါင်းတစ်ခုခုဖြစ်စေ၊ သို့မဟုတ် မိုးပေါ်လှေကားတစ်ခုခု ကိုဖြစ်စေ (ရအောင် ရှာဖွေပြီး) သူတို့တောင်းဆိုနေသော အံ့ဖွယ်လက္ခဏာတစ်ခုခုကို သူတို့အတွက် ယူဆောင်လာနိုင်၏။ သို့သော် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် လမ်းညွှန်မှန် ပေါ် လျှောက်လှမ်းခွင့် ပေးတော်မူနိုင်၏။ သို့ဖြစ်၍ သူတို့အားလုံး (အရှင့်စည်းမျဉ်းတော်ကို မသိနားမလည်သော) ပညာမဲ့များထဲတွင် အပါအဝင် မဖြစ်ကြစေရန်အလို့ငှာ (အရှင်မြတ်သည် လူသားအား လွတ်လပ်စွာ ရွေးချယ်ဆုံး ဖြတ်ပိုင်ခွင့် ပေးထားတော်မူသည့် အလျှောက် တမန်တော်များကိုလည်း အမှန်တရားနှင့်စပ်လျဉ်း၍ လူတို့အတွက် အသိပေးနှိုးဆော်သူများအဖြစ်သာ စေလွှတ်တော်မူ၏။ သူတို့၏စိတ်အလိုဆန္ဒများနှင့်ဆန့်ကျင်၍ အတင်းအဓမ္မ သာသနာပြုခွင့် ပေးထားတော်မမူပေ။)

[36] (အရှင့်အမိန့်ဗျာဒိတ်တော်များကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) နာယူကြသူများသာလျှင် (အမှန်တရားဘက် ဖိတ်ခေါ်ခြင်းကို ကြည်ဖြူစွာ လက်ခံကြိုဆို၍) တုံ့ပြန်ဖြေကြားလိမ့်မည်။ သို့သော် (အမှန်တရားကို လက်ခံယုံကြည်နိုင်သည့် စွမ်းရည် ခန်းခြောက်သွား၍ အတွေးအခေါ် သေသွားသူများလည်း ဤလောကီဘဝကို စွန့်ရမည်သာ ဖြစ်ပြီး) အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသေသူများကို ရှင်ပြန်ထမြောက်စေတော်မူပြီးနောက် ထိုအရှင့် ထံတော်သို့ပင် သူတို့ကို လှည့်ပြန်စေတော်မူ (လျက် အရေးယူခြင်းခံရစေတော်မူ) မည်။

[37] ထို့ပြင် သူတို့က “တမန်တော်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ထံတော်မှ သက်သေလက္ခဏာတစ်ခု သူ့ထံ အဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း မခံရသနည်း။” မေးမြန်းကြ၏။ “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အံ့ဖွယ်သက်သေလက္ခဏာတိုင်းကို သူ့အပေါ် ချမှတ်ပေးအပ်နိုင် စွမ်းရှိတော်မူသည့် အရှင်ဖြစ်တော်မူ၏။” ဟု တုံ့ပြန်ဖြေဆိုလော့။ သို့ရာတွင် သူတို့အနက်မှ အများစုသည် (အရှင့်အာယာသ်သက်သေလက္ခဏာတော်၏သဘောသဘာဝ၊ အရှင့်ဗျာဒိတ်တော်နှင့်လူ့ဘဝ၏အနှစ်သာရကို) သိနားလည်လိုစိတ် မရှိကြပေ။

[38] (ကျမ်းတော်မြတ်ကုရ်အာန်ကို နားလည်ခြင်းမရှိစေရန် စိတ်နှလုံးတို့၌ သော့ခတ်ထားသူများသည် သူတို့၏ ပတ်ဝန်းကျင်၌ မြင်တွေ့နေရသော အမှန်တရားဆိုင်ရာ သက်သေလက္ခဏာတော်များကို တွေ့မြင်ကြားသိနိုင်ရန် သူတို့၏နားမျက်စိတို့ကို ဖွင့်ထားသင့်၏။) မြေပေါ်၌ သွားလာလှုပ်ရှားနေသော သက်ရှိသတ္တဝါများနှင့်လေထဲတွင် အတောင်ပံ နှစ်ဖက်ဖြင့် ပျံဝဲကျက်စားနေကြသော ငှက်သတ္တဝါများတွင်လည်း သင်တို့ (လူသားများ) ကဲ့သို့ပင် ယင်းတို့ (အသိုင်းအဝိုင်း၊ အသင်းအဖွဲ့နှင့်) အုပ်စုကိုယ်စီ ရှိကြ၏။ (စကြဝဠာကြီး၌ ပြီးပြည့်စုံသော ဘက်မျှခြေ နှင့်တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းတော်မူရန်အလို့ငှာ အရာရာတိုင်းကို ရည်ရွယ်ချက်ကိုယ်စီအတွက် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးဆုတ်ယုတ်စေတော်မူလျက် အရာခပ်သိမ်း၏ မူလဘူတအရင်း အမြစ်နှင့်သဘော သဘာဝများကို လောကရှိ စာအုပ်အားလုံး၏မိခင်ကျမ်းဖြစ်သော ကျမ်းမြတ်ကုရ်အာန်ထဲတွင် ဖော်ပြပါရှိစေတော်မူ၏။) ငါအရှင်မြတ်သည် ဤကျမ်းတော်၌ မည်သည့်အရာကိုမျှ ဥပေက္ခာပြုရန် ချန်လှပ် ထားတော်မူမည် မဟုတ်ပေ။ ထို့နောက် သူတို့အားလုံးသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ပင် (ဤစကြဝဠာကြီး ပြောင်းလဲသွား၍ စကြဝဠာအသစ်တစ်ခု ဖြစ်ပေါ်စေတော်မူမည့်နေ့တွင် အားလုံးကို ရှင်ပြန်ထမြောက်စေတော်မူလျက်) စုရုံးခြင်းခံရလိမ့်မည်။

[39] စင်စစ်၊ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့ သည်ကား နားပင်းသူများနှင့်ဆွံ့အသူများပင်ဖြစ်ကြလျက် (မှားယွင်းသည့် အတွေးအခေါ်နှင့်အယူအဆများကို ကိုယ်စားပြုသော) အမိုက်အမှောင်ထဲ၌ (တဝဲလည်လည်) ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမှန်တရားကို သွေဖည်ငြင်းဆန်မှုကြောင့်) လမ်းမှား၌ပင် ရှိစေတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော လမ်းစဉ်အတိုင်း (ဘဝဆောက်တည်နိုင်သည့်) အခြေအနေများ ဖြစ်ပေါ်စေတော်မူ၏။

[40] သူတို့အား “အကယ်၍ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ် သင်တို့အပေါ် ကျရောက်စေ၍ သို့မဟုတ် ရှင်ပြန် ထမြောက်ရမည့်အချိန်ကာလအား သင်တို့ထံ ရောက်စေ၍ (သင်တို့၏အသိစိတ်ကလည်း အမှန်အတိုင်း ဝန်ခံရန် နှိုးဆော်ခြင်းဖြင့်) ဖြောင့်မတ်မှန်ကန်သူအဖြစ် ပီသခဲ့ကြလျှင် ထိုအရှင်မြတ်မှလွဲ၍ (အကူအညီအတွက် မည်သူ့ကို) ဟစ်ခေါ်တောင်းခံရမည်ကို အသင်တို့ တွေးမြင်သုံးသပ်မိသလော။” ဟု မေးမြန်းလော့။

[41] အမှန်မှာ အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့သည် (လောကီဘဝ၌) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြလျက် (အကူအညီအတွက်) ဟစ်ခေါ် တောင်းခံခဲ့ကြသည့် ကိုးကွယ်ရာများကို (သင်တို့အသိစိတ်များမှ) အရှင်မြတ်က ဖယ်ရှားတော်မူမည် ဖြစ်သောကြောင့် သင်တို့သည် ထိုအရာများကို မေ့ပစ်ကြပြီး အရှင်မြတ်ဘက်သို့ လှည့်ကြလျက် ထိုအရှင်တစ်ပါးတည်းကိုသာ ဟစ်ခေါ်တောင်း ခံကြလိမ့်မည်ဖြစ်၏။

[42] မုချဧကန်၊ ငါအရှင်မြတ်သည် အသင်တမန်တော်မတိုင်မီက ရှိခဲ့ကြသော လူ့အသိုင်းအဝိုင်းများထံသို့ ရစူလ်တမန်တော်များကို မုချပင် စေလွှတ်တော်မူခဲ့ပြီး သူတို့က (အမှန်တရားနှင့်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံလျက်) ကျိုးကျိုးနွံနွံ ရှိကြစေရန်အလို့ငှာ သူတို့ကို ဆင်းရဲကျပ်တည်းမှုနှင့်ဒုက္ခဝေဒနာတို့ဖြင့် စမ်းသပ်တော်မူ ခဲ့၏။

[43] သို့ဖြစ်ရာ ငါအရှင်မြတ်၏စမ်းသပ်မှုအဖြစ် ဆင်းရဲကျပ်တည်းမှုရောက်သည့်တိုင် အဘယ်ကြောင့် သူတို့က မကျိုးနွံနိုင်ကြသနည်း။ (ဆင်းရဲဒုက္ခ၊ အကျပ်အတည်း၊ အခက်အခဲများသည် လူ့သဘော သဘာဝအရ လူသားကို နူးညံ့သိမ်မွေ့စေ၏။) သို့သော် သူတို့၏နှလုံးသားများမှာမူ ဆက်လက်၍ ခက်ထန်မာကျောလက်ရှိပြီး စေတန်မကောင်းဆိုးဝါးက သူတို့၏ထိုပြုမူဆောင်ရွက်ချက်များကို (သူတို့၏အမြင်၌ အမှန်ဆုံး၊ အကောင်းဆုံးဟု ထင်မြင်ကြစေရန်) ဆွဲဆောင် မက်မောနှစ်သက်စရာအဖြစ် တန်ဆာဆင်ထားလေ၏။

[44] ထို့နောက် သူတို့သည် (အရှင်မြတ်၏သွန်သင်ချက်များနှင့်သတိပေးနှိုးဆော်ချက်များကို) အစဉ်သတိရနိုင်ရန် ကျမ်းတော်အားဖြင့် ထပ်တလဲလဲ ရှင်းလင်းတင်ပြတော်မူခဲ့သည်ကို မေ့ပစ်ထားခဲ့ကြသည့်အချိန်အထိ ငါအရှင်မြတ်သည် သူတို့အတွက် (သူတို့အပေါ် အရှင့်ကရုဏာမိုးရွာချတော်မူသကဲ့သို့ ဖြိုးတိုးတက်မှုဆိုင်ရာ) တံခါးပေါက် အလုံးစုံတို့ကို ဖွင့်ပေးတော်မူခဲ့၏။ သူတို့သည် ငါအရှင်မြတ်ပေးအပ်တော်မူထားသည့် စည်းစိမ်ချမ်းသာတို့ဖြင့် ဝမ်းသာပျော်မြူးကြသည်အထိ အခွင့်အရေးပေးတော်မူပြီး) ရုတ်ချည်းဆိုသလို အရေးယူတော်မူသောကြောင့် သူတို့သည် (ဖြစ်စဉ်ကို မထိန်းသိမ်းဘဲ) မျှော်လင့်ချက်ကင်းမဲ့လျက် ထိုးကျသွားခဲ့ကြ၏။

[45] ဤသို့ဖြင့် (နောက်ဆုံးတွင်) အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ဆန့်ကျင်၍ မမှန်မကန်လုပ်ကြသော လူမျိုးသည် ဘုံပျောက်၍ တစ်စစီကွဲခြင်း ခံခဲ့ကြရ၏။ (အရှင်မြတ်သည် ထိုသို့ဖြစ်ပေါ်လာစေရန် စည်းမျဉ်းနိယာမတော်များဖြင့် ထိန်းချုပ်တော်မူထားသောကြောင့်) ချီးမွမ်းချီးကျူးမှုနှင့်ကျေးဇူးတင်မှုအပေါင်းတို့သည် လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူပြီး အရာရာကို အရှင့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်၏။

[46] “အကယ်၍ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ကြားနိုင်စွမ်းရှိသော သင်တို့၏အကြားအာရုံများနှင့်အမှန်တရားကို မြင်နိုင်စွမ်းရှိသည့် သင်တို့၏အမြင်အာရုံများကို ရုပ်သိမ်းတော်မူပြီး (သနားညှာတာနိုင်စွမ်းနှင့်နားလည်နိုင်စွမ်းရှိသော) သင်တို့နှလုံးသားများ၏စွမ်းရည်များကို တံဆိပ်ခတ်နှိပ်၍ ချိတ်ပိတ်တော်မူခဲ့လျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့်အားကိုးစရာ အရှင်သခင်က သင်တို့အတွက် ထိုစွမ်းရည်များကို ပြန်လည်ယူဆောင်လာနိုင်မည်နည်း။” ဟု မေးမြန်းလော့။ ငါအရှင်မြတ်သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်များ (ဖြစ်သော တစ်ပါးတည်းသော အရှင်၏နိယာမတော်သာ စကြဝဠာအနှံ့၌ ရှိကြောင်း) ကို မည်သို့ ရှင်းလင်းညွှန်းကြားတော်မူသည်ကို တွေးမြင်ဆင်ခြင် လေ့လာသုံးသပ်ကြလော့။ (အရှင်မြတ်က ရှင်းပြတော်မူသည့်အတိုင်း အရှင့်နိယာမတော်များကို အရာရာတိုင်း၌ တွေ့မြင်ကြပြီးနောက်) သူတို့သည် (သဘာဝ၊ တိုက်ဆိုင်မှုနှင့်အလိုအလျောက်ဖြစ်နေသည်ဟု ထင်မြင်ယူဆ၍) လွဲဖယ်ရှောင်ပြေးလျက် ရှိနေကြ၏။

[47] “အကယ်၍ အလ္လာဟ်အရှင်မြတ်က အရေးယူတော်မူသည့် ပြစ်ဒဏ်သည် သင်တို့ထံ ရုတ်ချည်းဆိုသလို ဖြစ်စေ၊ သို့မဟုတ် ထင်သာမြင်သာသည့် အနေအထားဖြင့်ဖြစ်စေ၊ ရောက်လာခဲ့သော် အရှင့်စည်းမျဉ်းချိုးဖောက်၍ မမှန်မကန်လုပ်သူများမှအပ မည်သူက ပျက်စီးခြင်းခံရမည်နည်းဟူသည်ကို မတွေးမြင် မသုံးသပ်ကြသလော။” ဟု မေးမြန်းလော့။

[48] (ယုံကြည်မှုနှင့်ဖြောင့်မတ်မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း၏အကျိုးဆက်ဆိုင်ရာ) သတင်းကောင်းပါးသူများနှင့် (အရှင့်အမိန့်တော်အား ဖီဆန်ငြင်းပယ်ခြင်း၏ဆိုးကျိုးဆိုင်ရာ) သတိပေးနှိုးဆော်သူများအဖြစ်မှလွဲ၍ (အခြား မည်သည့်ရည်ရွယ်ချက်အတွက်မျှ) ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့ခြင်း မရှိပေ။ သို့ဖြစ်ပေရာ မည်သူမဆို ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုကုသိုလ်များကို ပြုမူလုပ်ဆောင်ကြလျှင် သူတို့အတွက် မည်သည့် စိုးရိမ်ကြောင့်ကြစရာမျှ ကျရောက်လာစရာအကြောင်းမရှိရုံသာမက သူတို့သည် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ပေ။

[49] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရားစွပ်စွဲ၍ ငြင်းပယ်ကြသူတို့သည် အရှင့်အမိန့်ပညတ်ချက်များအား အာခံဖီဆန်မှုကြောင့် သူတို့ကို အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်။

[50] (သူတို့က တမန်တော်ထံမှ အရှင့်အမိန့်တော်နှင့်မကိုက်ညီသည့် အံ့ဖွယ်လုပ်ရပ်များကို တောင်းဆိုခဲ့ကြ၏။) “ကျွန်ုပ်သည် ကျွန်ုပ်၌ အလ္လာဟ်အရှင်မြတ်၏ရတနာသိုက်ရှိသည်ဟု အသင်တို့ကို မည်သည့်အခါမျှ မပြောခဲ့ဖူးကြောင်း (သင်တို့အသိဆုံး) မဟုတ်လော။ ထို့ပြင် ကျွန်ုပ်သည် မလာအီကာစေတမန်တစ်ပါးဖြစ်၏။” ဟုလည်း သင်တို့ကို မည်သည့်အခါမျှ မပြောခဲ့ဖူးကြောင်း (အသင်တို့အသိဆုံး) မဟုတ်လော။ ကျွန်ုပ်သည် ကျွန်ုပ်ထံ ဝဟီ (ဗျာဒိတ်တော်ပို့ချခြင်း) ခံခဲ့ရသမျှကိုသာ တစ်သဝေမတိမ်း လိုက်နာ၏။” ဟု ဟောပြောလော့။ (မောက်မာမှုနှင့် အာခံမှုကြောင့် အမှန်တရားကို မြင်နိုင်စွမ်းမရှိသော) မျက် မမြင်များနှင့် (စိတ်ရင်းစေတနာ ဖြူစင်၍ လောကီဘက်လိုက်မှုကင်းသောကြောင့် မြင်နိုင်စွမ်းရှိသော) အလင်းရသူတို့သည် ထပ်တူထပ်မျှ ဖြစ်သလော။ အသင်တို့ အလေးအနက် ဆင်ခြင်သုံးသပ်နိုင်စွမ်း မရှိကြလေသလော။

[51] ထို့ပြင် သူတို့အတွက် အရှင်မြတ်မှအပ အခြား မည်သည့် ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူနှင့်သူတို့ကိုယ်စား ကြားဝင်အသနားခံပေးမည့်သူမျှ ရှိမည်မဟုတ်သော ထိုနေ့တွင် သူတို့အားလုံးသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင့်ထံသို့ စုရုံးစေခြင်းခံရမည်ကို စိုးရိမ်ကြောင့်ကြနေသူတို့အား ထို (ကျမ်းတော်မြတ်ကုရန်အာန်) ဖြင့် သတိပေးနှိုးဆော်လော့။ သို့မှသာ သူတို့သည် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလိမ့်မည်။

[52] အရှင့်စည်းမျဉ်းတော်များကို လိုက်နာနိုင်ရန်အတွက် ရှေ့ရှုဦးတည်ခြင်းကို တင်စားသည့် အရှင့်မျက်နှာတော်ဘက်သို့ ဦးတည်ရန် ရည်ရွယ်လျက် မနက်နှင့်ညနေချိန်တို့တွင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဟစ်ခေါ် တသ၍ ဆုတောင်းကြသူများကို (လူမျိုး၊ အသားအရောင်နှင့်ဆင်းရဲချမ်းသာကွာဟမှုကြောင့်) ခွဲခြားဆက်ဆံ၍ နှင်မထုတ်ကြလေနှင့်။ (သူတို့၏အသားအရောင်နှင့်အဆင့်အတန်းတို့အနက်မှ) မည်သည့်အကြောင်းရင်းကိုမျှ ထည့်တွက်၍ ဆက်ဆံရန် သင့်အပေါ်မှာ တာဝန် မရှိပေ။ ထို့ပြင် အသင် (တမန်တော်) ၏ မည်သည့်အကြောင်းရင်းကိုမျှ ထည့်တွက်၍ ဆက်ဆံရန် သူတို့အပေါ်မှာ တာဝန်မရှိသောကြောင့် သူတို့ကို ခွဲခြားဆက်ဆံသူများ (ထိုသို့ နှင်ထုတ်သူများ) သည် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍ မမှန်မကန် ပြုမူဆက်ဆံသူတို့အနက်မှ ဖြစ်လိမ့်မည်။

[53] ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် “ကျွန်ုပ်တို့အချင်းချင်းကြား သူ့အပေါ်အလ္လာဟ်အရှင်မြတ်ထံတော်မှ (သတင်းကောင်းပေးခံရသူများမှာ ဤပုဂ္ဂိုလ်များလော။ ကျေးဇူးသိတတ်သူများနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်တော်မူသည် မဟုတ်လော။” ဟု ပြောဆိုနိုင်ကြရန်အလို့ငှာ (လူသား အချင်းချင်းကြား အလုပ်ခွဲဝေလုပ်ကိုင်စေလျက် အေးချမ်းတည်ငြိမ်မှု မျှခြေကို ထိန်းစေတော်မူသည့် အနေဖြင့်) အချို့ကိုအချို့အားဖြင့် စမ်းသပ်တော်မူ၏။”

[54] ငါအရှင်မြတ်သည် အာယာသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ယုံကြည်မှု အပြည့်အဝ ရှိကြသူတို့သည် အသင် (တမန်တော်)ထံ ရောက်လာသောအခါ သူတို့အား “အရှင့်ငြိမ်းချမ်းမှုနှင့်ကရုဏာတော်သည် သင်တို့အပေါ် ခညောင်းသက်ရောက်ပါစေ။” ဟု ပြောဆို၍ နှုတ်ဆက်လော့။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် လူသားတို့အား အရှင့်ကရုဏာတော်ဖြင့်သာ စောင့်ရှောက်တော်မူရန် (အရှင့်ဇာတိတော်အပေါ်) စည်းမျဉ်းများ ပြဋ္ဌာန်းတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ သင်တို့အနက်မှ မည်သူမဆို မသိနားမလည်ဘဲ မကောင်းမှုတစ်စုံတစ်ခုကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီးနောက် နောင်တကြီးစွာရလျက် အရှင့်စည်းမျဉ်းတော်ဘက်သို့ လှည့်ပြန်၍ ပြုပြင်လျှင် မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[55] ဤကဲ့သို့ပင် ပြစ်မှုကျူးလွန်သူတို့၏လမ်းကြောင်းနှင့်နည်းစနစ်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားစေတော်မူရန်အလို့ငှာ ငါအရှင်မြတ်သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ်ရှင်းလင်းစွာ ဖော်ညွှန်းထားတော်မူ၏။

[56] “အလ္လာဟ်အရှင်မြတ်မှလွဲ၍ (လူသားတို့ဖန်တီးထားသော မြင်သာထင်ရှားသည့်) အခြားကိုးကွယ်ရာများကို ဟစ်ခေါ်တသ၍ ဆုတောင်းခြင်းနှင့်ယင်းတို့ကို ယုံကြည်သူတို့အား ဖိတ်ခေါ်ခြင်းဖြင့် နာခံကိုးကွယ်ခြင်းမပြုရန် ကျွန်ုပ်သည် တားမြစ်ခြင်းခံထားရပြီ။"" ဟု ဟောလော့။ ကျွန်ုပ်သည် သင်တို့၏တဏှာရမ္မက်နှင့်အလိုဆန္ဒများအတိုင်း မည်သည့်နည်းနှင့်မျှ လိုက်နာဆောင်ရွက်မည် မဟုတ်ပေ။ အကယ်၍ လိုက်နာခဲ့သော် မုချပင် လမ်းမှားရောက်ပြီး လမ်းညွှန်မှန်ရသူတို့အနက်မှ အလျင်း မဖြစ်နိုင်ပေ။” ဟု ထပ်မံဟောပြောလော့။

[57] ဟောပြောလော့။ “ဧကန်မုချ၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ဖြစ်သော မြင်သာထင်ရှားသည့် ရှင်းလင်းချက်ပေါ်တွင်သာ အခိုင်အမာရပ်တည်ပြီး သင်တို့က ယင်း (ကျမ်းတော်) နှင့်ပတ်သက်၍ (မဟုတ်မတရားစွပ်စွဲလျက်) ငြင်းပယ်ကြ၏။ သင်တို့က အလောတကြီး တောင်းဆိုလိုလားနေသည့် အရာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တွင် လုပ်ပိုင်ခွင့် မရှိပေ။ အကယ်၍ တစ်စုံတစ်ခုအတွက် အမိန့်ပေးခဲ့လျှင် ယင်းသည် အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှုအတွက်သာ အရှင့်အမိန့်ပညတ်ချက်နှင့်အညီ ဆုံးဖြတ်လုပ်ဆောင်ခြင်း ဖြစ်၏။ ထိုအရှင်မြတ်သည်သာလျှင် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူပြီး အစဉ်အမှန်တရားသစ္စာနှင့်စပ်လျဥ်း၍ တင်ပြစေတော်မူ၏။”

[58] “အကယ်၍ သင်တို့က အလောတကြီ တောင်းဆိုလိုလားနေသည့်အရာများနှင့်ပတ်သက်၍ ကျွန်ုပ်၌ လုပ်ပိုင်ခွင့် အာဏာရှိခဲ့လျှင် ကျွန်ုပ်နှင့်သင်တို့ကြားတွင်ရှိသော အရေးကိစ္စများသည် မုချပင် စီရင်ဆုံးဖြတ်ခဲ့ပြီ ဖြစ်လိမ့်မည်။ သို့သော် အလ္လာဟ်အရှင်မြတ်က အရှင့်စည်းမျဉ်းချိုးဖောက်၍ မမှန်မကန် ပြုမူဆောင်ရွက်ကြသူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူ၏။” ဟု ဟောပြောလော့။

[59] ထို့ပြင် အရှင်မြတ်၏ထံတော်၌သာ မျက်ကွယ်ရာဟူသမျှ၏သော့များရှိပြီး ထိုအရှင်မှလွဲ၍ မည်သူမျှ (အရှင့်ခွင့်ပြုချက်မရဘဲ) ယင်းတို့ကို သိလိမ့်မည် မဟုတ်ပေ။ ထိုမျှမက ထိုအရှင်မြတ်သည် ကုန်းမြေနှင့်ပင်လယ်တို့၌ရှိသောအရာဟူသမျှကို အကြွင်းမဲ့ သိတော်မူ၏။ သစ်ရွက်များအနက်မှ သစ်ရွက်တစ်ရွက်ကြွေကျသည်ဖြစ်စေ၊ မြေကမ္ဘာ၏အမှောင်ထဲတွင် မြုပ်ကွယ်နေသော သစ်စေ့တစ်စေ့ဖြစ်စေ စိန်းလန်းစိုပြေသော အခြေအနေနှင့်ပူပြင်းခြောက်သွေ့သည့် အခြေအနေတို့ကိုဖြစ်စေ၊ သိသာထင်ရှားသော မှတ်တမ်းတော်၌ ရေးမှတ်တော်မူခြင်းမှအပ ရည်ရွယ်မဲ့ဖြစ်ပေါ်စေတော်မူသည် အလျှင်း မဟုတ်ပေ။

[60] ထိုအရှင်မြတ်သည်ပင် ညအချိန်၌ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို အနားပေးတော်မူပြီး နေ့အချိန်တွင် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှကိုလည်း အကြွင်းမဲ့သိနေတော်မူသောအရှင်ဖြစ် တော်မူ၏။ ထို့နောက် လောကတွင် အရှင်မြတ်သတ်မှတ်တော်မူသည့် ကာလတစ်ခုကို ဖြတ်ကျော်၍ ကွယ်လွန်သွားပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည်။ ထို့နောက် ထိုအရှင့် ပြုမူကျင့်ကြံဆောင်ရွက်ခဲ့သမျှနှင့်စပ်လျဉ်း၍ (ဆိုးကျိုး၊ ကောင်းကျိုးတို့၏အကျိုးဆက်များ ရရှိခံစားစေမည့် စီရင်ချက်အား) သတင်းပေး သိစေတော်မူလိမ့်မည်။

[61] ထိုအရှင်သည် အရှင့်အစေခံလူသားအားလုံးထက် အရာရာတွင် စွမ်းဆောင်လွှမ်းမိုးတော်မူသော အနန္တတန် ခိုးရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် သင်တို့အပေါ် သင်တို့ကွယ်လွန်ချိန်ရောက်သည်အထိ (သင်တို့ပြုမူကျင့်ကြံ လုပ်ဆောင်သမျှကို မှတ်တမ်းတင်ရန်) ထိန်းသိမ်းစောင့်ရှောက်မည့် (မလာအီကာစေတမန်ဖြစ်) သူများစေလွှတ်တော်မူပြီး (လောကီတွင် တာဝန်ပေးခံထားရသော အလုပ်တာဝန်များမှ) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အနားပေးတော်မူရန် ငါအရှင်မြတ်က စေလွှတ်တော်မူသည့်စေတမန်များသည် (တာဝန်ပေးသည့်အတိုင်းသာ ဆောင်ရွက်ပြီး) မည်သည့်တာဝန်ကိုမျှ ဥပေက္ခာပြုခြင်း မရှိကြပေ။

[62] ထို့နောက် သူတို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်သူ အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင် မြတ်ထံသို့ (ထိုစိတ်ဝိဉာဉ်များ) ပြန်လည်အပ်နှံခြင်း ခံရသည်ကို သတိထားကြလော့။ အမိန့်စီရင်ဆုံးဖြတ်ချက်အလုံးစုံတို့သည် အရှင်မြတ်နှင့်သာထိုက်တန်တော်မူပြီး အရှင့်စည်းမျဉ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်ရန်အတွက်သာဖြစ်ကာ ထိုအရှင်မြတ်သည် အမြန်ဆန်ဆုံး အရေးယူ၍ စာရင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။

[63] “အသင်တို့ကို ကုန်းမြေနှင့် ပင်လယ်ရေမျက်နှာပြင်တို့၌ (လူသားတို့အတွက် ဆိုးကျိုးဖြစ်စေသော အတွေးအခေါ်အယူအဆများ ရှောင်ကြဉ်စရာများနှင့်သတိထားရှောင်ကြဉ်ရမည့်) အမှောင်ထုမှ (အမိန့်ပေးညွှန်ကြားခြင်းဖြင့်) ကယ်တင်နေသူမှာ မည်သူနည်း။” ဟု မေးမြန်းလော့။ ငါအရှင်မြတ်သည်သာ ဤသည်တို့မှ သင်တို့ကို ကယ်တင်တော်မူနေခြင်းဖြစ်သည့်အတွက် အရှင့်အမိန့်ပညတ်ချက်များကို လူမြင်ကွင်း၌ဖြစ်စေ၊ တစ်ကိုယ်တော် သီးခြားနေပြီး မည်သူမျှ မသိနိုင်သော အခြေအနေ၌ဖြစ်စေ၊ အရှင့်ကို သိစိတ်ဖြင့် ဟစ်ခေါ်ကြွေးကြော်၍ သင်တို့ ကိုယ်တိုင်လိုက်နာရုံသာမက အခြားသူတို့ကိုလည်း ထိုသို့ လိုက်နာကျင့်သုံးရန် ဖိတ်ခေါ်တိုက်တွန်းကြလော့။ ထိုသို့ ကျင့်ကြံလိုက်နာကြလျှင် သင်တို့သည် အရှင့်ကျေးဇူးသိတတ်သူတို့အနက်မှ မုချ ဖြစ်ကြလိမ့်မည်။

[64] “အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ထိုလူသားအကျိုးယုတ်စေမည့် အမှောင်ထုနှင့်စိတ်ဖိစီးမှုဒဏ်ဟူသမျှမှ ကယ်တင်တော်မူကြောင်းကို သိနားလည်ပြီးနောက် သင်တို့သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ကိုးကွယ်နိုင်ကြမည်လော။” ဟု မေးမြန်းလော့။

[65] ဟောပြောလော့။ ထိုအရှင်သည် အရာရာတိုင်းကို စွမ်းဆောင်တော်မူနိုင်သော အရှင်မြတ်ဖြစ်သည့်အ လျောက် သင်တို့အပေါ် သင်တို့၏အထက် (မိုးကောင်းကင်) မှ ဖြစ်စေ၊ သင်တို့၏ခြေများအောက် (ကုန်းမြေ အတွင်း) မှဖြစ်စေ၊ သို့မဟုတ် သင်တို့အချင်းချင်းကြား သဘောထားကွဲလျက် ဂိုဏ်းဂဏများခွဲခြင်းဖြင့် အချို့ကို အချို့က ဘေးဒုက္ခပေး၍ ဖြစ်စေ၊ ဘေးအန္တရာယ်နှင့်ပြစ်ဒဏ်များ ဖြစ်ပေါ်စေတော်မူ၏။ သင်တို့ သိနားလည်၍ ကျင့်သုံးနိုင်ကြရန်အလို့ငှာ အရှင့်အာယာသ် သက်သေလက္ခဏာတော်များအား မည်သို့ ရှင်းလင်းပြတ်သားစွာ တင်ပြတော်မူသည်ကို သင်တို့ ချင့်ချိန်တွေးမြင် လေ့လာသုံးသပ်ကြလော့။

[66] ထိုသို့တင်ပြသည့်တိုင် အသင် (တမန်တော်) ၏ လူမျိုးတို့က ထို (ကျမ်းတော်နှင့်စပ်လျဉ်း၍ မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြသော်လည်း ထိုအရှင်သည် အမှန်တရားသစ္စာကိုသာ မိန့်တော်မူသည့်အရှင်မြတ် ဖြစ်တော်မူ၏။ (သူတို့အား) “ကျွန်ုပ်သည် သင်တို့အပေါ် ကြီးကြပ်အုပ်ထိန်းသူ (အဖြစ် စေလွှတ်တော်မူခြင်းခံရသူ) မဟုတ်။” ဟု ဟောလော့။

[67] အရှင်မြတ်သတင်းကောင်းပေးမိန့်တော်မူသည့် ဗျာဒိတ်တော်တိုင်းအတွက် (ယင်းတို့၏တိကျမှန်ကန်မှုကို ထင်ရှားစေတော်မူမည့်) အချိန်ကာလ သတ်မှတ်ပြဋ္ဌာန်းတော်ထားပြီဖြစ်ကြောင်း သင်တို့က မကြာမီ (စူးစမ်းလေ့လာခြင်းဖြင့် ထိုအမှန်တရားကို) သိမြင်နားလည်လာလိမ့်မည်။

[68] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်ပတ်သက်၍ (ကဲ့ရဲ့ပြစ်တင်လှောင်ပြောင်သည့် သဘောဖြင့် ဆွေးနွေးခြင်း၌ အာရုံစိုက်၍ အရသာတွေ့နေကြသူတို့ကို အသင်တွေ့မြင်သည့်အခါ သူတို့က (ယင်းတို့ကိုရှောင်၍) အခြားသော ပြောဆိုဆွေးနွေးမှု၌ စိတ်ဝင်စားခြင်း မရှိသရွေ့ သူတို့နှင့်အတူ ထိုင်၍ ပါဝင်ဆွေးနွေးခြင်းမှ ရှောင်ကြဉ်လော့။ အကယ်၍ စေတန်မကောင်းဆိုးဝါးသည် အသင့်အား ဆွဲဆောင်ဖျား ယောင်း၍ မေ့လျော့စေနိုင်သည့် အခြေအနေရှိလျှင် သတိပေးနှိုးဆော်ချက်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ် အာန်ပါ အမိန့်ပညတ်ချက်များ) ကို သတိရပြီးနောက် အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်လျက် မမှန်မကန် ပြုမူပြောဆိုသော လူမျိုးနှင့်အတူ မထိုင်ကြလေနှင့်။

[69] အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ ကျင့်သုံးကြသူအပေါ် (အရှင့်စည်းမျဉ်းချိုးဖောက်ကြ) သူတို့၏ပြစ်မှုစာရင်းမှ မည်သည့်အရေးကိစ္စအတွက်မျှ တာဝန်မရှိပေ။ သို့သော် သူတို့သည် အရှင့်စည်းမျဉ်းတော်အား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် အလို့ငှာ သတိပေးနှိုးဆော်ချက်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို လူသား အရောက်ပို့ဆောင်ပေးရန် အတွက်သာ တာဝန်ရှိ၏။)

[70] သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ကစားခုန်စားစရာနှင့်စိတ်အလိုရမ္မက်အကြိုက် ဖျော်ဖြေစရာအဖြစ်သဘောထားပြီး လောကီ သက်တမ်းကို ကုန်ဆုံးစေခြင်းဖြင့် (သူတို့ကိုယ်သူတို့) လှည့်စားနေကြသူတို့အား လွှတ်ထားကြလော့။ ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစ နှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တစ်ခုအတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကိုယ်စားကြားဝင်အသနားခံပေးမည့်သူ မည်သူမျှ ရှိမည်မဟုတ်သောကြောင့် လောကီအရေးကိစ္စ များတွင် ပြုမူကျင့်ကြံဆောင်ရွက်၍ ရှာမှီးရရှိသောအကျိုးဆက်များကို လက်လွှတ် ဆုံးရှုံးစေခြင်းမခံရစေရန်နှင့် ရေးကိစ္စတိုင်းတွင် ထိုနဖ်စ်ဖြင့် တရားမျှတမှု မျှခြေအား အတိမ်းအစောင်း မဖြစ်စေဘဲ တရားမျှတမှုကို အကောင်အထည်ဖော်နိုင်ရန်တို့အတွက် ထိုကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ဆုံးမသွန်သင်၍ အရှင့်စည်းမျဉ်းတော်များကို သတိရစေလော့။ ထိုသို့ သူတို့၏နဖ်စ်ကို အလွဲသုံးစားပြုခြင်းဖြင့် မျှော်လင့်ချက်ကင်းရသည်။ ပျက်စီးမှုကို သူတို့ ကိုယ်တိုင် ရှာမှီးသောကြောင့် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်ခြင်းကြောင့် သူတို့အတွက် ပွတ်ပွတ်ကျွတ်ကျွတ်ဆူသည့် သောက်စရာများနှင့်ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ အသင့် ရှိ၏။

[71] ဟောပြောလော့။ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကျွန်ုပ်တို့ကို မည်သည့် ကောင်းကျိုးနှင့်ဆိုးကျိုးကိုမျှ မပြုစွမ်းနိုင်သော အခြားကိုးကွယ်ရာများကို ဟစ်ခေါ်တသ၍ ကိုးကွယ်ရမည်လော။ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းညွှန်တော်မူပြီးသည့်နောက်တွင် ကျွန်ုပ်တို့၏ခြေဖနောင့်ဘက်သို့ လှည့်ပြန်သွားကြရမည်လော။ စေတန်မကောင်းဆိုးဝါးသည် ဤကမ္ဘာဂြိုဟ်၌ သူ့ကို အထင်ကြီးလျက် အရူးအမူး စွဲလမ်း စရာဖြစ်အောင် ဆွဲဆောင်ဖျားယောင်းခြင်းဖြင့် သူ့အပေါင်းအဖော် ဖြစ်လာကြသူများပမာ ကျွန်ုပ်တို့ထံရောက်လာသည့် အရှင့်လမ်းညွှန်တော်ထက် သူ့ကိုဦးစားပေး ဟစ်ခေါ်တသ၍ ကိုးကွယ်ကြရမည်လော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်တော်သာ စစ်မှန်သောလမ်းညွှန်ဖြစ်ပြီး ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို လော ကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်ပျိုး ထောင်တော်မူသော အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှုအတွက်သာ အပ်နှံရန် အမိန့်ပေးခြင်းခံရ၏။”

[72] ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာဆောက်တည်ပြီး အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံဖြင့် လိုက်နာကျင့်သုံးကြရန်လည်း အမိန့်ပေးလမ်းညွှန်တော်မူခြင်းခံရ၏။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အားလုံး ထိုအရှင့်ထံသို့သာ စုရုံးစေတော်မူမည့်အရှင်ပင် ဖြစ်တော်မူ၏။

[73] ထိုမျှမက ထိုအရှင်သည်ပင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို (ပြီးပြည့်စုံသော ရည်ရွယ်ချက်များ၊ နိယာမတရားများ၊ အနှစ်သာရများနှင့်အခြေခံများပါဝင်သည့်) လိုက်ဖက်မျှတသော တိကျမှန်ကန်မှုဖြင့် ဖွဲ့စည်းဖြစ်တည် ဖြစ်ပေါ်စေတော်မူခဲ့၏။ အရှင်မြတ်၏ဗျာဒိတ်တော်သည် အမှန်တရားဖြစ်သည့်အလျှောက် (ယင်းတို့ ကို) ဖြစ်ပေါ်စေတော်မူသည့် အချိန်ကာလ၌ အရှင်မြတ်က “ဖြစ်စေ” ဟု မိန့်တော်မူသောကြောင့် ယင်းတို့ ဖြစ် လာခဲ့၏။ (လောကခပ်သိမ်းရှိ ဖြစ်တည်မှု ပုံစံအလုံးစုံကိုဖြစ်စေတော်မူသော အရှင်သည်ပင် အရှင့်နိယာမတော်များဖြင့် ထိုပုံစံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသည့် အရှင်ဖြစ်တော်မူ၏) ထို့ပြင် တံပိုးခရာ မှုတ်မည့်နေ့တွင် အခွင့်အာဏာသည် အရှင့်အချုပ်အခြာ၌သာ ရှိတော်မူ၏။ ထိုအရှင်မြတ်သည် (လူသားတို့၏ မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိကြသော) အထင်အရှားတွေ့ရသော အရာအားလုံး ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူပြီး (စီရင်ဆုံးဖြတ်မှုဆိုင်ရာ) အနန္တဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သတင်းရနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[74] တမန်တော်အီးဗ်ရာဟီးမ်က သူ့ခမည်းတော် အာဇရ်အား “ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာအရှင်သခင်အဖြစ် အယူထား၍ ကိုးကွယ်ကြသလော။ ကျွန်ုပ်သည် သင်နှင့်သင့်လူမျိုးတို့ကို အလွန်ထင်ရှားသော လမ်းမှားမှု၌ လမ်းလျှောက်လျက်ပင် ရှိနေကြောင်း မုချ တွေ့မြင်နေရပြီ။” ဟု ပြောဆိုခဲ့စဉ်။

[75] ထိုသို့ပင် ငါအရှင်မြတ်သည် တမန်တော်အီးဗ်ရာဟီးမ်ကို မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာ နှင့်အခွင့်အာဏာများ (သည် အရှင့်ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း) ကို ပြသတော်မူခဲ့၏။ ထိုသို့ပြသတော်မူခဲ့ခြင်းမှာ (မြင်သာထင်ရှားသော အမှန်တရားများနှင့်နာမ်ရေးရာ ရှုထောင့်အမြင်တို့ဖြင့် အရှင်မြတ်နှင့် အရှင့် စည်းမျဉ်းတော်များကို) လေးနက်စွာ သက်ဝင်ယုံကြည်သူတို့အနက်မှ အပါအဝင် ဖြစ်စေရန်အတွက်ပင် ဖြစ်၏။

[76] သို့ဖြစ်ပေရာ တမန်တော်အီးဗ်ရာဟီးမ်က ညအချိန် သူ့အပေါ် အမှောင်ထုကျယ်ပြန့်စွာ လွှမ်းမိုးဖုံးအုပ်လာသည့်အခါ သူသည် ကြယ်တစ်ပွင့်ကို တွေ့မြင်ခဲ့၏။ (ထိုအခါ သူက) ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် ဖြစ်မည်လော။” ဟု တွေးတောလျက် (စိတ်ထဲတွင်) အံ့အားသင့်စွာ ပြောဆိုခဲ့၏။ သို့သော် ထိုကြယ်ပွင့် ကွယ်ပျောက်သွားသည့်အခါ သူက “(သက်ပြင်းချက်လျက်) ကျွန်ုပ်သည် မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိသော အရာများကို မနှစ်သက်ပေ။” ဟု ပြောခဲ့၏။

[77] (နောက်တစ်ညတွင်) လပြည့်ဝန်းအား (လင်းဝင်းတောက်ပစွာ) ထွက်လာသည်ကို တွေ့မြင်သည့်အခါ ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်မည်။”ဟု တွေးတော၍ (စိတ်ထဲတွင်) ပြောခဲ့၏။ သို့သော် ယင်းလပြည့်ဝန်းလည်း ကွယ်ပျောက်သွားလေ့ရှိသည်ကို သိမြင်လာသောအခါ “အကယ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို လမ်းညွှန်တော်မမူခဲ့လျှင် ကျွန်ုပ်သည် ဧကန်ပင်၊ လမ်းမှားရောက်နေသည့် လူမျိုးတို့အနက်မှ တစ်ဦး အပါအဝင် ဖြစ်လိမ့်မည်။” ဟု ပြောဆိုခဲ့၏။

[78] ထို့ပြင် “နေ” ထွက်လာသည်ကို ရှုမြင်သည့်အခါ “ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသော အရှင်ဖြစ်မည်လော။” ဟု တွေးပြန်၍ (စိတ်ထဲတွင်) ရေရွတ်ခဲ့သော်လည်း (နေဝင်ချိန် ရောက်၍) နေမင်းကွယ်ပျောက်သွားသော် “အို၊ ကျွန်ုပ်၏အမျိုးသားအပေါင်းတို့၊ မုချဧကန်၊ ကျွန်ုပ်သည် အသင်တို့က အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်နေကြသောအရာများမှ လုံးဝ ကင်းဝေးသန့်ရှင်းပါ၏။” ဟု ကြွေး ကြော်ခဲ့၏။

[79] ဧကန်စင်စစ်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဦးတည်ရှေးရှုရာ မျက်နှာကို မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏ မူလအခြေခံကို စတင်ဖြစ်ပေါ်စေတော်မူခဲ့သည့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ထိုအရှင့်ဘက်သို့သာလျှင် တစ်ပါးတည်းသော အရှင်ကို နာခံအပ်နှံသူပီပီ နာခံဦးတည်ပြီး ကျွန်ုပ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော ကိုးကွယ်ရာများအား ကိုးကွယ်ကြသူတို့အနက်မှ အလျင်း မဟုတ်ပေ။ (ဟု ဖြည့်စွက်ကြွေးကြော်ခဲ့၏။)

[80] (ထိုအခါ) သူ့လူမျိုးတို့က သူနှင့်အငြင်းအခုံ ပြုခဲ့ကြလေ၏။ တမန်တော်အီးဗ်ရာဟီးမ်က “ကျွန်ုပ်အား လမ်းညွှန်တော်မူခဲ့သော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့က ကျွန်ုပ်နှင့်ငြင်းခုံလိုကြသလော။” ဟု မေးမြန်းခဲ့ပြီး “ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာမှလွဲ၍ သင်တို့က အရှင်မြတ်နှင့်တွဲဖက် တုပြိုင်၍ ကိုးကွယ်ကြသောအရာများကို မကြောက်ပေ။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အရှင့်ဉာဏ်တော်အနန္တဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူ၏။ သင်တို့သည် အလေးအနက်ဆင်ခြင်၍ သတိမမူကြလေသလော။” ဟု ဟောပြောခဲ့၏။

[81] သင်တို့သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်နေသောအရာများနှင့်ပတ်သက်၍ အရှင့်ထံတော်မှ သင်တို့ထံ မည်သည့် (သက်သေအထောက်အထားနှင့်) အရာမျှ ချမှတ်ပေးအပ်ခြင်းမခံရသည့်အပြင် ယင်းတို့သည် သင်တို့အပေါ် ဩဇာအာဏာမလွှမ်းမိုးနိုင်သောကြောင့် သင်တို့ကိုယ်တိုင် ယင်းတို့ကို ကြောက်ရွံ့ခြင်း မရှိပါလျက် ကျွန်ုပ်သည် သင်တို့ကိုးကွယ်နေကြသော ထိုအရာများကို မည်သည့် အကြောင်းကြောင့် ကြောက်ရွံ့ ရမည်နည်း။ အကယ်၍ သင်တို့၌ အသိဉာဏ်ရှိကြလျှင် (တစ်ပါးတည်း တည်ရှိတော်မူပြီး အရာခပ်သိမ်းအပေါ် ဩဇာလွှမ်းမိုးတော်မူသောအရှင်မြတ်အား ကိုးကွယ်သူတို့နှင့်သင်တို့အပေါ် မည်သည့်ဩဇာအာဏာမျှ မသက် ရောက်စေနိုင်သည့် သက်မဲ့အရာများကို ကိုးကွယ်သူတို့ကြား) အုပ်စုနှစ်ခုအနက် မည်သည့်အုပ်စုက ဘေးကင်းလုံခြုံမှု ဆောင်ကြဉ်းပေးရာတွင် အမှန်ကန်ဆုံးနှင့်အသေချာဆုံး ဖြစ်မည်နည်း။

[82] တစ်ပါးတည်းသော အရှင်မြတ်ကို ယုံကြည်ကြသူတို့သည် သူတို့၏ယုံကြည်မှုကြောင့် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍ မမှန်မကန်ပြုမူဆောင်ရွက်လျက် (အမှန်တရားကို မတရားမှုဖြင့်) ရောထွေးစေခြင်း မရှိကြပေ။ ထိုသူတို့သည် လမ်းညွှန်တော်ပေးခံရသူများဖြစ်ကြပြီး သူတို့အတွက် (အရှင်မြတ်သည်) ဘေးကင်း လုံခြုံမှုကို ဖြစ်စေတော်မူ၏။

[83] ဤသည် ငါအရှင်မြတ်က တမန်တော်အီးဗ်ရာဟီးမ်အား သူ့လူမျိုးတို့ကို (အမှန်တရားဘက်သို့ ဖိတ်ခေါ်ရာတွင်) အချေအတင် ပြောဆိုစဉ် ချီးမြှင့်တော်မူခဲ့သော ငါအရှင်မြတ်၏အကျိုးသင့်အကြောင်းသင့် ဆွေးနွေးချက်ပင် ဖြစ်၏။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ဂုဏ် အဆင့်အတန်းနှင့်အခွင့်အလမ်းများဖြင့် ဂုဏ်ပေးမြှင့်တင်တော်မူ၏။ ဧကန်စင်စစ်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အရေးကိစ္စအလုံးစုံကို စီရင်ဆုံးဖြတ်ရာတွင်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏ဆိုးကျိုးကောင်းကျိုးအလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[84] ထို့ပြင် တမန်တော်အီးဗ်ရာဟီးမ် (သားဖြစ်သူ) အီစဟာ့ခ်နှင့် (မြေးဖြစ်သူ) ယာကုဗ်တို့ကိုပါ ဂုဏ်ပေးချီးမြှင့် တော်မူပြီး သူတို့အားလုံးကို ငါအရှင်မြတ်က လမ်းညွှန်တော်မူခဲ့၏။ ထို့ပြင် သူတို့မတိုင်မီက တမန်တော်နူးဟ်နှင့်သူတို့၏သားစဉ်မြေးဆက်များအနက်မှ တမန်တော် ဒါဝူးဒ်၊ စုလိုင်မန်၊ အယူးဗ်၊ ယူစွဖ်၊ မူဆာနှင့်ဟာရွန် တို့ကိုလည်း ငါအရှင်မြတ်က လမ်းညွှန်တော်မူခဲ့၏။ ထိုသို့ပင် ငါအရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်သူ) များကို သူတို့လုပ်ရပ်များ၏အကျိုးဆုလဒ်များ အပြည့်အဝ ချီးမြှင့်တော်မူခြင်းဖြင့် ဂုဏ်ပေးတော်မူခဲ့၏။

[85] ထို့ပြင် တမန်တော်ဇကရီးယား၊ ယဟ်ယာ၊ အီစာနှင့် အီလီယာစ်တို့အားလုံးသည်လည်း (အရှင့်အမိန့်ပညတ် ချက်များနှင့်အညီ) ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သော လုပ်ရပ်များကို ပြုမူကျင့်ကြံဆောင်ရွက်ကြသူတို့တွင် အပါအဝင် ဖြစ်ကြလေ၏။

[86] ထိုမျှမက တမန်တော်အီးစ်မာအီးလ်၊ ယာဆ်အ၊ ယူနွစ်နှင့်လူးသ်တို့အားလုံးကိုလည်း (အရှင့်လမ်းညွှန်တော်နှင့်အညီ နာခံခဲ့ကြသောကြောင့်) လောကခပ်သိမ်းထက် ပိုမို၍ ဂုဏ်သိက္ခာ ချီးမြှင့်တော်မူခဲ့၏။

[87] (ပိုမို၍ အသေးစိတ်ရှင်းပြရလျှင်) သူတို့၏ဘိုးဘေးဘီဘင်များ၊ သားစဉ်မြေးဆက်များ၊ ညီအစ်ကိုများ၊ သူတို့အနက်မှ ငါအရှင်မြတ်က ရွေးချယ်တော်မူခဲ့သည့် ပုဂ္ဂိုလ်များနှင့်ငါအရှင်မြတ်က လမ်းညွှန်တော်မူခဲ့သည့် ပုဂ္ဂိုလ်များအားလုံးသည် (အစစအရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သည့် လမ်းစဉ်အတိုင်း ဘဝဆောက်တည်ခဲ့ကြသူများ ဖြစ်ကြသည်။

[88] (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူပြီး သင်တို့လက်ဝယ်၌ရှိနေသော) ထိုကျမ်းသည်ကား အလ္လာဟ်အရှင် မြတ်၏လမ်းညွှန်တော်ဖြစ်ပြီး ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်းဖြင့် လမ်းညွှန်တော်မူ၏။ သို့ရာတွင် အကယ်၍ သူတို့သည် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြလျှင် သူတို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့သည် (နောင်တမလွန်ဘဝ၌) သူတို့အတွက် မည်သို့မျှ အကျိုးမပြုဘဲ မုချပင် အချည်းနှီး ဖြစ်လိမ့်မည်။

[89] (အထက်ဖော်ပြပါ တမန်တော်များမှာ) ငါအရှင်မြတ်သည် ထိုသူတို့ကို ကျမ်းတော်၊ (စီရင်ဆုံးဖြတ်မှု ဆိုင်ရာ) ဉာဏ်အမြော်အမြင်နှင့်နဗီတမန်တော်ဖြစ်ခြင်း ဂုဏ်ပုဒ်တို့ကို ချီးမြှင့်တော်မူခဲ့သော ပုဂ္ဂိုလ်များပင် ဖြစ်ကြ၏။ သို့ဖြစ်ရာ အကယ်၍ (ခေတ်သစ်) ဤလူတို့သည် ထိုအချက်နှင့်စပ်လျဉ်း၍ မယုံကြည် ဖီဆန်ငြင်းပယ်ကြလျှင် သူတို့သည် ငါအရှင်မြတ်က အပ်နှံတော်မူသည့် ထိုကျမ်းတော်နှင့်ပတ်သက်၍ မယုံကြည်ဖီဆန်ငြင်း ပယ်ခြင်းပင် ဖြစ်သည့်အလျှောက် ထိုကျမ်းတော်နှင့်ပတ်သက်ဆက်နွယ်သည့်လူမျိုး အလျှင်း မဖြစ်နိုင်ကြပေ။

[90] (အထက်တွင်ဖော်ပြခဲ့သည့် တမန်တော်များဖြစ်ကြသော) ထိုသူတို့သည် လမ်းညွှန်တော်မူခြင်းခံရသူများ ဖြစ်သောကြောင့် သင်တို့သည် သူတို့၏လမ်းညွှန်အတိုင်း လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် “ကျွန်ုပ်သည် (အရှင့်လမ်းညွှန်တော်ဘက်သို့ သင်တို့အား ဖိတ်ခေါ်ရာတွင်) ကျွန်ုပ်၏ဖိတ်ခေါ်မှုအတွက် သင်တို့ထံမှ မည်သည့် အကျိုးဆုလဒ်နှင့်အဖိုးအခကိုမျှ မျှော်လင့်တောင်းခံခြင်း၊ အလျှင်း မရှိပေ။ အမှန်မှာ၊ (ကျွန်ုပ်သည် ကျမ်းတော်ဖြင့် အသိပေးညွှန်ကြားနေသည့် ထိုသတင်းကောင်းသည်ကား လူသားအပါအဝင် လောကခပ်သိမ်းတို့အား (အရှင့်ကို သိစိတ်မြဲမြံစေမည့်) သတိပေးနှိုးဆော်ချက်သာ ဖြစ်သည်။”

[91] (အလ္လာဟ်အရှင်မြတ်၏တန်ခိုးစွမ်းအားတော်နှင့်စစ်မှန်သော စီရင်ပြဋ္ဌာန်းခြင်း အခွင့်အာဏာကို သူတို့၏ စွမ်းရည်ဖြင့် မခန့်မှန်းနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက်မှ တမန်တော်များကို ရွေးချယ်တော်မူ၍ အမိန့်ပညတ်ချက်များအား ချမှတ်ပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ ဂျူးအချို့က) မည်သည့် လူသားတစ်ဦးတစ်ယောက်အပေါ်မျှ တစ်စုံတစ်ခုချပေးတော်မူရန် အလ္လာဟ်အရှင်မြတ်၌ စွမ်းအားမရှိဟု ပြောဆို ခဲ့ကြ၏။ “သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က မသိနားမလည်သောအရာများကို သင်တို့အား လမ်းညွှန်သွန်သင်ခဲ့ပြီး လူသားတို့အတွက် လမ်းညွှန်တော်နှင့်အလင်းတော်တို့ကို ချမှတ်ပေးအပ်တော်မူခဲ့ရာ သင်တို့သည် ယင်းကို သားရေပုရပိုက်ပြုလုပ်၍ ထုတ်ဖော်ခဲ့ကြသော်လည်း ယင်းမှ အချက်အလက်အများစုကိုမူ ထိန်ချန်ဖုံး ကွယ်ထားခဲ့ကြ၏။ တမန်တော်မူဆာသည် အသင်တို့ထံရောက်လာခဲ့စဉ်သူနှင့်အတူ ယူဆောင်လာခဲ့သော ကျမ်းတော်ကို မည်သူချမှတ်ပေးအပ်သနည်း။” ဟု မေးမြန်းလော့။

[92] ငါအရှင်မြတ်သည် (မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော) ဤကျမ်းတော် (မြတ်ကုရ်အာန်) ကို အသင်တို့ လက်ဝယ်၌ရှိသည့် ယခင်ကျမ်းစာများအား မှန်၊ မမှန်ဟူသည် အတည်ပြုပေးရန်လည်းကောင်း၊ (ကမ္ဘာ့ဗဟိုချက် မဖြစ်သော) မိခင်ရွာ (မက္ကာ) နှင့်ယင်း၏ပတ်ပတ်လည်တွင်ရှိသော (အခြား ကမ္ဘာရွာများတွင်) နေထိုင်ကြသူများ၊ တမလွန်နောက်ဆုံးနေ့ကို ယုံကြည်သူများ၊ ကျမ်းတော်အပေါ်ယုံ ကြည်မှုအပြည့်ရှိသူများနှင့် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ခြင်းဖြင့် သီလစောင့်ထိန်းကြသူတို့အား သတိပေးနှိုး ဆော်ရန် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။

[93] အမှန်စင်စစ်၊ လိမ်လည်လှည့်စားမှုများကို မဟုတ်မတရား ကြံဖန်လီဆယ်၍ အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချသည့်သူထက် သို့မဟုတ် သူ့အပေါ် မည်သည့် အရှင့်ဝဟီအမိန့်တော်မျှ ထုတ်ပြန်ခြင်းမခံရဘဲ ကျွန်ုပ် အပေါ် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချပါ၏။ လိမ်လည်ပြောဆိုသူထက် ပိုမို၍ မတရားစည်းမျဉ်းချိုးဖောက်လျက် မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ထိုသူသည် မကြာမီ အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များပမာ ငါလည်းချမှတ်ပေးအပ်လိမ့်မည်ဟု ပြောဆိုမည့်သူပင် ဖြစ်၏။ သို့သော် အကယ်၍ ထိုစည်းမျဉ်းချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်ကြသူတို့အား ကွယ်လွန်ချိန် သေခြင်းတရား၏ ဝေဒနာများကို မချိမဆံ့ခံစားနေသည့်အခြေအနေတွင် တွေ့မြင်ခဲ့လျှင် မလာအီကာစေတမန်များသည် သူတို့၏ လက်များကို ဆွဲဆန့်၍ “သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များကို လောကီတာဝန်များမှ အနားပေးရန် ထွက်လာကြ။” ဟု ပြောဆိုကြမည်ကို တွေ့ရလိမ့်မည်။ ထိုနေ့သည် သူတို့လောကီဘဝတွင် အမှန်တရားသစ္စာ မဟုတ်သော သူတို့၏လိမ်ညာမှုများကို အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချ ပြောဆိုခဲ့ကြခြင်းကြောင့်လည်း ကောင်း၊ သင်တို့သည် မာနထောင်လွှားကြသူများပီပီ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်ပြေး ကြသောကြောင့်လည်းကောင်း၊ အကျိုးဆက်အဖြစ် ယုတ်ညံ့သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားရလိမ့်မည်။

[94] (လောကီတာဝန်ဝတ္တရားများမှ အနားပေးခံရပြီးနောက်) မုချဧကန်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ဖြစ်တည်ဖွားမြင်စေတော်မူသကဲ့သို့ပင် သင်တို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူထားသည့်အရာ အားလုံးကို သင်တို့၏နောက်ကျောဘက်တွင် စွန့်ပစ်ထား၍ (အဝတ်စအဖြူဝတ်ပေးခြင်းခံရလျက်) ငါအရှင်မြတ် ထံတော်သို့ တစ်ကိုယ်တော် လာရောက်ရလိမ့်မည်။ ထိုစဉ် လောကီဘဝ၌ သင်တို့ဘဝအတွက် ကြားဝင်အသနား ခံပေးမည်ဟု ကြွေးကြော်၍ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြသော သင်တို့၏ ထိုကိုးကွယ်ရာများ (သင်တို့နှင့်အတူ) အလျှင်း ရှိမည်မဟုတ်ကြောင်းကို ငါအရှင်မြတ်က မုချပင် တွေ့မြင်တော်မူ၏။ အမှန်စင်စစ်၊ သင်တို့က (သင်တို့၏ထိုကိုးကွယ်ရာများထံမှ အကူအညီ အကျိုးအမြတ်ရလိမ့်မည်ဟု (အားကိုးတကြီးမျှော် လင့်တောင့်တ၍) ကြွေးကြော်ခဲ့သမျှကို လက်လွှတ်ဆုံးရှုံးရပြီး သင်တို့နှင့်သူတို့ကြားရှိ ဆက်နွယ်မှု သံယောဇဉ် အားလုံးလည်း အပြီးသတ် ပြတ်တောက်သွားလိမ့်မည် ဖြစ်၏။

[95] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့သစ်စေ့များနှင့်အစေ့အဆံများကို (အရှင့်နိယာမတော်အတိုင်း) အက်ကွဲစေတော်မူ (၍ အညှောက်အတက်ထွက်စေတော်မူ) သော အရှင်မြတ် ဖြစ်တော်မူ၏။ သက်မဲ့ (အစေ့အဆံနှင့်သုက်ရည်တို့) မှ (အရှင့်နိယာမတော်နှင့်အညီ) သက်ရှိကို ဖြစ်တည်ပေါ်ထွက်စေတော်မူပြီး ထိုသက်ရှိမှ (စွမ်းရည်စွမ်းပကားများကို ဆုတ်ယုတ်ပျက်စီးစေတော်မူလျက်) သက်မဲ့အဖြစ်သို့ ရောက်စေတော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ထိုသို့ဖြစ်ပေါ်စေတော်မူသည်ကို သင်တို့သိမြင်ကြပါ လျက် ထိုအမှန်တရားများကို ကျောခိုင်း လှည့်ပြန်၍ အခြားမှားယွင်းသည့် အတွေးအခေါ် အယူအဆများဖြင့် မည်သို့ လှည့်စားခံကြသနည်း။

[96] ထိုအရှင်မြတ်သည် နံနက်မိုးသောက်ချိန်၏ဖြာထွက်မှုကို (လုပ်ငန်းဆောင်တာတို့အား တာဝန် ယူဆောင်ရွက်နိုင်ရန် နားနေရာဌာနများမှ ထွက်ခါ၍ လှုပ်ရှား) ဖြစ်တည်စေတော်မူပြီး ညအချိန်ကို နားနေချိန်ဖြစ်စေတော်မူ၏။ ထို့ပြင် နေနှင့်လတို့ကို နေ့ရက်အချိန်ကာလများ တိုင်းတာတွက်ချက်မှု “စံ” အဖြစ် ပြုပေးတော်မူ၏။ ထိုသို့ ဖြစ်စေတော်မူခြင်းသည်ကား တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏လိုအပ်ချက် များနှင့်ရှိသင့်ရှိထိုက်သော အရည်အသွေးတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်၏စည်းမျဉ်းနိယာမတော်နှင့်အညီ သတ်မှတ်ပြဋ္ဌာန်းခြင်းပင် ဖြစ်၏။

[97] ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ကြယ်တာရာများကို ဖြစ်တည်ပေါ်ထွန်းစေတော်မူပြီး ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာတို့၌ အမှောင်ထု လွှမ်းမိုးချိန်တွင် ထိုကြယ်တာရာများက သင်တို့ကို လမ်းညွှန်ရန်လည်း (အရှင့်နိယာမတရားကို) စီမံထားတော်မူ၏။ (ဤသည်ကား) အတွေးအခေါ်ရှိပြီး သိမြင်သုံးသပ်တတ်သူတို့ အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းပြတော်မူခြင်း ဖြစ်၏။

[98] ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ သင်တို့ကို တစ်ခုတည်းသောနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) မှ (တွေးခေါ်ဆင်ခြင်ပြီး လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသော လူသားအဖြစ် သို့) ဖွံ့ဖြိုးစေတော်မူသောကြောင့် သင်တို့သည် (မိခင်၏ဝမ်းကြာတိုက်မှသည် တမလွန်ဘဝအထိ) အရှင်မြတ်က သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် အချိန်ကာလအလိုက် ရှင်သန်နေထိုင်ခွင့်ရလျက် (တမလွန်ဘဝသည် သင်တို့၏) နားနေရာဌာနစခန်း ဖြစ်၏။ (ဤသို့ပင်) နက်နဲသိမ်မွေ့သော နားလည်နိုင်စွမ်းကို ရှာဖွေဆည်းပူးကြသည့် လူမျိုးတို့အတွက် အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြ စေတော်မူခဲ့ပြီ။

[99] ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူသောကြောင့် ထိုရေအားဖြင့် ခပ်သိမ်းကုန်သော ပျိုးပင်ပေါက်ပင်များကို ပေါက်ပွားဖြစ်ထွန်းစေတော်မူ၍ ငါအရှင်မြတ်သည်ပင် ထိုမြေကြီးထဲတွင် မြှုပ်နှံထားသည့် အစေ့အဆံများမှ စိန်းလန်းစိုပြေသော သစ်ပင်ပန်းပင်များနှင့်ယင်းတို့မှ အကိုင်းအလက် အပြွတ်အခိုင်များ ထူထပ်စွာဖြင့် ကောက်ပံသီးနှံအမျိုးမျိုးကို ပေါက်ပွားဖြစ်ထွန်းစေတော်မူ၏။ ထို့ပြင် စွန်ပလွံပင်များ တွင် ယင်း၏ဝတ်ဆံများမှ လဲကျစေတော်မူလျက် စွန်ပလွံသီးအခိုင်များကို အလှိုင်လှိုင် သီးစေတော်မူ၏။ ထို့ပြင် ဥယျာဉ်ခြံများမှလည်း စပျစ်သီး၊ သံလွင်သီးနှင့်သလဲသီးများကို တူညီသော အရောင်၊ အနံ့၊ အရသာနဲ့ မတူကွဲပြားသော အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ဖြစ်ထွန်းစေတော်မူ၏။ ထိုသစ်သီးဝလံမျိုးစုံတို့အား ယင်းတို့မှည့်၍ ကြွေကျမည့်အချိန်တွင် ခူးယူစားသုံးနိုင်ရန်အလို့ငှာ ဥယျာဉ်ခြံများသို့ သွားရောက်၍ ရယူသည့်အခါ၌ (ထိုသစ်သီးဝလံမျိုးစုံ၌ရှိသော ဒီဇိုင်းကာလာအမျိုးမျိုး ဖွဲ့စည်းဖြစ်တည်မှု အသွယ်သွယ်နှင့်အရောင်၊ အနံ့၊ အရသာအစုံစုံ တို့အပေါ်) စူးစမ်းလေ့လာ၍ တွေးမြင်သုံးသပ်ကြလော့။ မုချဧကန်၊ ထိုသို့ သစ်သီးဝလံများဖြစ်ထွန်းစေတော်မူ ခြင်း၌ လေးနက်စွာနှင့်ဖြူစင်စွာဖြင့် ယုံကြည်ကြသော လူမျိုးတို့အတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များ မုချပင် ရှိနေ၏။

[100] အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်ဂျင်န် (အပါအဝင်အရာခပ်သိမ်း) တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ပင်ဖြစ်သော်လည်း သူတို့သည် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ဂျင်န်ကို ကိုးကွယ်ရာအဖြစ် ပြုလုပ်ကြသည်။ ထို့ပြင် အရှင်မြတ်နှင့်စပ်လျဉ်း၍ အသိတရားကင်းမဲ့ကြလျက် အရှင့်အတွက် သားသမီးများကို မှားယွင်းစွာ ကြံစည်ဖန်တီးခဲ့ကြသည်။ ထိုအရှင်မြတ်သည် အတုမဲ့ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိတို့၏အရည်အသွေး များကို ဖြစ်တည်စေတော်မူသောအရှင် ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူကြောင်းနှင့်သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။ ထိုမျှမက ထိုအရှင်သည် လူသားတို့၏ဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင် အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ် လှပေ၏။

[101] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏မူလအစကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော ငါအရှင်မြတ်၌ အရှင့်တွဲဖော်တွဲဖက်ကြင်ယာတော် လုံးဝ ကင်းစင်တော်မူပါလျက် အရှင့်အတွက် မည်သို့ (အဘယ်ကြောင့်) သားသမီးများကို ကြံစည်ဖန်တီး၍ ကိုးကွယ်ကြသနည်း။ ထိုအရှင်သည် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင် ဖြစ်ရုံသာမက အရာခပ်သိမ်းတို့၏လှုပ်ရှားမှုအလုံးစုံကိုလည်း အကြွင်းမဲ့ သိနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[102] ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ် (သည့် ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်) တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင် အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်ဖြစ်သောကြောင့် ထိုအရှင်မြတ်တစ်ပါးတည်းကိုသာလျှင် နာခံကိုးကွယ်ကြလော့။ ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့အား (အရှင့်စည်းမျဉ်းနိယာမတော်များဖြင့်) စီမံထိန်းချုပ်နိုင်စွမ်းရှိတော်မူပြီး အားလုံး၏အုပ်ထိန်းသူနှင့်ထိန်းသိမ်းစောင့်ရှောက်သူ အစစ်အမှန် ဖြစ်တော်မူ၏။

[103] မည်သည့် အမြင်အာရုံကမျှ ထိုအရှင်၏ပုံရိပ်ကို ထင်ဟပ်ငုံမိနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအရှင်မြတ်သည် အမြင်အာရုံအားလုံး၌ ပုံရိပ်များ ထင်ဟပ်ငုံမိစေတော်မူသော အရှင်ဖြစ်တော်မူပြီး အရာခပ်သိမ်းကို နက်နဲသိမ်မွေ့စွာ ဖွဲ့စည်းဖြစ်ထွန်းစေတော်မူသောအရှင်၊ အရာခပ်သိမ်းနှင့်ဆိုင်သော သတင်းအချက်အလက်များကို အကြွင်းမဲ့ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[104] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ထိုးထွင်း သိမြင်နိုင်စွမ်းရှိသော အမြော်အမြင်တော် (ကုရ်အာန်) သည် သင်တို့ထံ ရောက်ခဲ့ပြီးဖြစ်၍ မည်သူမဆို ဉာဏ်အမြော်အမြင်ကို (အမှန်တရားအား မြင်နိုင်ရန် ရည်ရွယ်၍) အသုံးချလျှင် ထိုသူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက်ပင် ဖြစ်၏။ ထို့ပြင် မည်သူမဆို ဉာဏ်အမြော်အမြင်ကို အမှောင်ချ၍ မြင်နိုင်စွမ်းမရှိလျှင်လည်း ထိုနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) အပေါ်မှာသာ မူတည်၏။ (အရှင့်စည်းမျဉ်းတော်နှင့်အညီ နဖ်စ်ကို အသုံးချပါ။ မြင်နိုင်စွမ်းရှိပြီး စိတ်အလိုရမ္မက်နောက်လိုက်သူမှာ မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် သင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခြင်း ခံရသူမဟုတ်ပါ။” ဟု ဟောလော့။

[105] ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် အသိတရားရှိသော သူမျိုးတို့အတွက် (သူတို့က အသင် (တမန်တော်) အား ဤကျမ်းတော်သည် သင်၏ကိုယ်ပိုင်ရေးသားချက်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ထံမှ) အသင်သင်ယူခဲ့ခြင်းသာ ဖြစ်သည်။” ဟု ပြောဆိုကြရန်နှင့်အကြောင်းအရာများကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေရန်အလို့ငှာ အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ထပ်တလဲလဲ ရှင်းလင်းတင်ပြ စေတော်မူ၏။

[106] (အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှ အသင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချသမျှကိုသာ တစ်သဝေမတိမ်းနာခံ လိုက်နာလော့။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာ အရှင်အလျှင်းမရှိသောကြောင့် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူများမှ (သူတို့၏အပြောအဆိုများကို အလေးမထားဘဲ) မျက်နှာလွှဲထားလော့။

[107] သို့သော် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော ကိုးကွယ်ရာများကို ယုံကြည်ကိုးကွယ်ကြမည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်သည် သင့်ကိုသူတို့အပေါ် ကာကွယ်စောင့်ရှောက်သူတစ်ဦး ဖြစ်စေတော်မမူရုံသာ မက အသင်ကလည်း သူတို့အပေါ် ကြီးကြပ်အုပ်ထိန်းခြင်းအတွက် တာဝန် မရှိပေ။

[108] အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဟစ်ခေါ်တမ်းတ၍ ကိုးကွယ်နေကြသော သူတို့၏အခြားသော ကိုးကွယ်ရာများကို ပုတ်ခတ်ပြောဆို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလေနှင့်။ ထိုသို့ ပုတ်ခတ်ပြောဆိုကြလျှင် သူတို့သည် နားလည်မှု အသိတရားကင်းမဲ့ကြလျက် အလ္လာဟ်အရှင်မြတ်ကိုလည်း (ထိုသို့ပင်) ရန်မူသည့်သဘောဖြင့် ပုတ်ခတ်ပြောဆို ကြလိမ့်မည်။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် လူ့အဖွဲ့အစည်းနှင့် လူ့အသိုင်းအဝိုင်းတိုင်းအတွက် သူတို့၏ပြုမူ ကျင့်ကြံဆောင်ရွက်မှုများကို (သူတို့၏လွတ်လပ်သောဆန္ဒများဖြင့် လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ခွင့် ပေးထားတော်မူ၍ လူ့အသိုင်းအဝိုင်း အေးချမ်းသာယာအောင် အလှတန်ဆာဆင်စေတော်မူပြီးနောက် သူတို့အားလုံးကို သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်သို့ လှည့်ပြန် စေတော်မူလိမ့်မည်။ ထိုစဉ် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း၍ သူတို့အား သတင်းပေးခံရလိမ့်မည်။)

[109] ထိုသူတို့သည် သူတို့ထံ အာယာသ်သက်သေလက္ခဏာ တစ်စုံတစ်ခုရောက်ရှိခဲ့လျှင် ယင်းကို အမှန်ပင် သက်ဝင်ယုံကြည်ကြလိမ့်မည်။” ဟု အလ္လာဟ်အရှင်မြတ်နှင့်တိုင်တည်၍ အလေးအနက်ဆုံးနှင့်အခိုင်မာဆုံး ကတိသစ္စာဖြင့် ကျိန်ဆိုခဲ့ကြသည်။ “အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ အာယာသ်သက်သေလက္ခဏာတော်များ ရှိသည်။” ဟု ဟောပြောလော့။ သက်သေလက္ခဏာများ သူတို့ထံ ရောက်လာသည့်အခါ သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်သည်ကို သင်တို့ သတိမမူ ကြလေသလော။

[110] သူတို့သည် ပထမဆုံးအကြိမ် (ကျမ်းတော်ကို နားထောင်ခွင့်ရခဲ့ချိန်တွင် အမှန်တရားဖြစ်ကြောင်း သိနားလည်ခဲ့ပါလျှက်) ယင်းအား မယုံကြည်သကဲ့သို့ပင် ငါအရှင်မြတ်သည် သူတို့၏နားလည် နိုင်စွမ်းရှိသော နှလုံးသားများနှင့်အတွေးအမြင်များကို (သူတို့၏အလိုဆန္ဒနှင့်စိတ်သဘောထားများအတိုင်း အမှန်တရားကို ဝေခွဲ မရဖြစ်ပြီး အရှင့်စည်းမျဉ်း) ကျူးလွန်မှု၌ပင် မျက်ကန်းပမာ ခြေဦးတည့်ရာသို့ တဝဲလည်လည်သွားနိုင်ရန် လွှတ်ထားတော်မူ၏။

[111] အကယ်၍ ငါအရှင်မြတ်သည် (သူတို့လိုလားတောင်းဆိုသည့်အတိုင်း) သူတို့ထံသို့ မလာအီ ကာစေတမန်များကို စေလွှတ်တော်မူပြီး ကွယ်လွန်သွားသူများကို ရှင်စေတော်မူ၍ သူတို့နှင့်စကားပြောစေတော်မူကာ အရာခပ်သိမ်းတိုကို သူတို့၏မျက်မှောက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံရန် စုရုံးစေတော်မူသည့်တိုင် အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူများမှအပ အလျှင်း ယုံကြည်လိမ့်မည် မဟုတ်ပေ။ အမှန်မှာ သူတို့အနက်မှ အများစုသည် အသိပညာကင်းမဲ့ နေကြ၏။

[112] ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် (လူသားတို့အား လောကီဘဝတွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးထားတော်မူပြီး လူ့ဘဝတည်ဆောက်ရေးဆိုင်ရာ အရှင့်လမ်းစဉ်တော်အား လူသား၏လွတ်လပ်သောဆန္ဒဖြင့် ယုံကြည်ခွင့်ပေးတော်မူထားသော အရှင့်လမ်းစဉ်တော်အား ရှင်းပြစေရန် စေလွှတ်တော်မူသည့်) နဗီတမန်တော်ကိုယ်စီ လက်ထက်၌ ဂျင်န်နှင့်လူသားတို့အနက်မှ စေတန်မကောင်းဆိုးဝါးတို့သည် အချို့ကအချို့ကို နားဝင်ချိုပြီး လှပစွာ တန်ဆာဆင်ထားသော အပြောအဆိုများဖြင့် လှည့်စားလျှက် စေ့ဆော်လှုံ့ဆော်ခြင်း ခံရခြင်းကြောင့် ရန်သူ ဖြစ်လာစေတော်မူ၏။

[113] နောင်တမလွန်ဘဝကို မယုံကြည်ကြသော သူတို့၏စိတ်နှလုံးတို့သည် သူတို့က ကျူးလွန်မြဲကျူး လွန်နေကြသော (အပြောမဆို၊ အပြုအမူစသည့်) မကောင်းသည့်လုပ်ရပ်များကို ဆက်လက်ကျူးလွန်ရန်နှင့် ထိုကျူးလွန်မှု၌ ပျော်မြူးကြရန်သာ (ဆန္ဒရှိသောကြောင့်) ယင်း (မကောင်းမှု) ဘက်သို့ ယိမ်းယိုင်တိမ်းညွှတ်ကြသည်။

[114] (အို၊ ရစူလ်တမန်တော်၊ ထိုသူတို့အား) “ ကျွန်ုပ်သည် (သင်တို့နှင့်ကျွန်ုပ်ကြားတွင် ဖြစ်ပျက်နေသည့် အရေးကိစ္စများနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်မှအပ အခြား စီရင်ဆုံးဖြတ်ပေးမည့် တရားသူကြီးတစ်ဦးကို ရှာဖွေရမည်လော။” (ဟု မေးမြန်းလော့။) ထိုအရှင်မြတ်သည် သင်တို့ထံ (ဤ ပြီးပြည့်စုံသော အနှိုင်းမဲ့) ကျမ်းတော်ကို (အမှား၊ အမှန်ခွဲခြားသိမြင်နိုင်သော အသုံးအနှုန်းများနှင့်) အသေးစိတ်ရှင်းလင်းတင်ပြသည့် အနေအထားဖြင့် ချမှတ်ပေးအပ်တော်မူပြီး အရှင့်ထံတော်မှ ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် ထိုကျမ်း တော်မှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်ပြတ်သားစွာ) ချမှတ်ပေးအပ်ခြင်းခံရသောကျမ်း မုချပင် ဖြစ်ကြောင်း သိကြ၏။ သို့ဖြစ်ပေရာ မည်သည့်အခါမျှ သံသယမကင်းဖြစ်လျှက် အငြင်းသန်သူများထဲတွင် အပါအဝင် မဖြစ်ကြလေနှင့်။

[115] အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ ဗျာဒိတ်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) အား တိကျမှန်ကန်ပြတ်သားစွာနှင့်တရားမျှတစွာဖြင့် ပြီးပြည့်စုံစေတော်မူပြီဖြစ်၍ အရှင့်ဗျာဒိတ်တော်ကို ပြောင်းလဲနိုင်သူဟူ၍ အလျင်း မရှိချေ။ ထိုအရှင်မြတ်သည် (လူသားတို့၏မဟုတ်မှန်သော ဝါဒဖြန့်မှုအပါအဝင် အပြောအဆိုအားလုံးကို) အကြွင်းမဲ့ ကြားနေတော်မူသော အရှင်၊ အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[116] အကယ်၍ ကမ္ဘာဂြိုဟ်၌ (အမှန်တရားနှင့်တရားမျှတမှုကို လျစ်လျူလျက်) လူအများစု (၏ဆန္ဒကိုသာ ဦးစားပေး၍) နာခံလိုက်နာခဲ့သော် သူတို့သည် (အသင့်ကို) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှလွဲချော်စေ၍ လမ်းမှားရောက်စေလိမ့်မည်။ အမှန်စင်စစ်၊ သူတို့သည် ထင်မြင်ယူဆချက်နောက်ကိုသာလျှင် လိုက်နာနေကြ သူများဖြစ်ပြီး (အမှန်တရားနှင့်လုံးဝ မဟပ်စပ်ဘဲ) ရမ်းဆပြောဆိုကြသူများသာ ဖြစ်ကြ၏။

[117] ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်လမ်းစဉ်တော်မှ လွဲဖယ်၍ လမ်းမှားရောက်နေသူများ အကြောင်းကို အသိဆုံးပင် ဖြစ်တော်မူ၏။ ထို့အပြင် ထိုအရှင်မြတ်သည်ပင် အရှင့်လမ်းညွှန်တော် (ဖြစ်သော ကျမ်းတော်) အားဖြင့် လမ်းညွှန်ခြင်းခံရ (လျက် ထိုလမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်) သူများအကြောင်းကိုလည်း အသိဆုံးပင် ဖြစ်တော်မူ၏။

[118] သို့ဖြစ်ပေရာ အသင်တို့သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို ယုံကြည်သူများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားသောအရာများ၊ (အရှင့်စည်းမျဉ်းတော်နှင့်ကိုက်ညီပြီး) အရှင့်နာမတော် တသခြင်းခံရသည့် အရာများကိုသာ စားသုံးကြလော့။

[119] အလ္လာဟ်အရှင်မြတ်၏ (စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်က ခွင့်ပြုထားသော အရှင့်နာမတော် တသခြင်းခံရသည့်အရာများကို မစားသုံးရန် အဘယ်အကြောင်း ရှိသနည်း။ မည်သည့်အရာများက (သင်တို့အတွက် မသင့်တော်၍) သင်တို့အပေး တရားမဝင်သည့် တားမြစ်ခံရသော အရာများဖြစ်သည်ကို အသေးစိတ်ရှင်းပြ စေတော်မူပြီးဖြစ်၍ မလွှဲမရှောင်သာ အတင်းအဓမ္မစားသုံးစေသည့်အရာများမှအပ (ထိုတားမြစ်ထားသောအရာများကို မစားသုံးကြလေနှင့်။) ထို့ပြင် မုချဧကန်၊ များစွာသောသူတို့သည် သူတို့၏အလိုရမ္မက်များကြောင့် အသိတရားကင်းမဲ့ကြလျက် အမှန်ပင် လမ်းမှားသို့ ရောက်သွားကြလေ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်နေသူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူသော အရှင်ပင်ဖြစ်၏။

[120] အသင်တို့သည် လူသိရှင်ကြားသိသာထင်ရှားသော မကောင်းမှုများနှင့်တိတ်တဆိတ်လျှို့ဝှက်စွာ ကျူးလွန် ကြသည့် အဇ္ဈတ္တမကောင်းမှုများကို စွန့်လွှတ်ကြကုန်လော့။ ဧကန်ပင်၊ မကောင်းမှုဒုစရိုက်တို့ကို ရှာဖွေဆည်းပူး၍ ကျင့်ကြံကြသူတို့သည် မကြာမီ သူတို့ပြုမူကျင့်ကြံခဲ့သမျှ၏အကျိုးဆက်ကို ပေးဆပ်ကြရလိမ့်မည်။

[121] အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ယင်းတို့အပေါ်အရှင့်နာမတော်အား သတိရ တသခြင်း မခံရသော အစားအသောက်များကို စားသောက်ခြင်းမပြုကြလေနှင့်။ အကြောင်းမှာ ထိုသို့ စားသောက်ခြင်းသည် အရှင့်အမိန့်တော်ကို အာခံဖီဆန်ခြင်းပင်ဖြစ်ပြီး ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးတို့သည် သင်တို့နှင့်အချေ အတင်ပြောဆိုငြင်းခုံကြရန်သူတို့၏လူယုံမိတ်ဆွေအပေါင်းအသင်းတို့အား စေ့ဆော်လှုံ့ဆော်ကြ၏။ ထို့ပြင် အကယ်၍ သူတို့အား နာခံလိုက်နာလျှင် သင်တို့သည် အမှန်ပင် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ကြသူတို့မှ ဖြစ်ကြလိမ့်မည်။

[122] (အတွေးအခေါ်အယူအဆဆိုင်ရာ) အမှောင်အထပ်ထပ်၌ရှိနေလျက် ယင်းအမှောင်ထုမှ ရုန်းထွက်နိုင်ခြင်း မရှိသောသူပမာ (နာမ်ရေးရာ) သေနေသောကြောင့် ငါအရှင်မြတ်သည် သူ့အတွက် (ကျမ်းတော်ကို) အလင်း ရောင်ဖြစ်စေတော်မူ၍ လူဘုံအလယ်တွင် ထိုအလင်းတော်အားဖြင့် သွားလာလှုပ်ရှားနိုင်အောင် ပြုလုပ်ပေးတော် မူပြီး သူ့ကိုရှင်သန်စေတော်မူသူနှင့်အမှောင်ထဲတွင် ဆက်လက်ရှိနေသူတို့နှင့်တူညီမည်လော။ ဤနည်း အတိုင်းပင် (အရှင့်အလင်းတော်မှ ကင်းဝေးနေသော) မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် သူတို့ ၏ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို စွဲမက်စရာဖြစ်အောင် တင့်တယ်စေတော်မူ၏။

[123] ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် အလွန်ထင်ရှားကျော်ကြားသော ရာဇဝတ်ကောင် အကြီးအကဲများအား ယင်းမြို့ရွာများ၌ (သူတို့၏အလိုဆန္ဒများနှင့်အညီ) မကောင်းမှုကြံစည်ရန် ခွင့်ပြုတော်မူခဲ့၏။ သူတို့၏မကောင်းသော ကြံစည်လုပ်ဆောင်မှုများသည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အားဖြင့် ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သော်လည်း သူတို့သတိမမူနိုင်ကြချေ။

[124] သူတို့ထံ အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာ တစ်စုံတစ်ရာရောက်လာသည့်အခါတိုင်း သူတို့က “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်များထံသို့ ချမှတ်ပေးအပ်ခြင်းခံရသောသက်သေလက္ခဏာများပမာ ကျွန်ုပ်တို့အားလည်း မချီးမြှင့်သမျှကာလပတ်လုံး ယုံကြည်ကြမည် အလျှင်း မဟုတ်ချေ။ အလ္လာဟ် အရှင်မြတ်သည်သာ မည်သူအား မည်သို့ အရှင့်ဗျာဒိတ်သတင်းပို့ဆောင်သည့် ရစူလ်တမန်တော်ဂုဏ်ဘွဲ့ပေးအပ်ရန် (အရည်အသွေးပြည့်မီ) ဖြစ်စေတော်မူရမည်ကို အသိဆုံး ဖြစ်တော်မူ၏။ မကြာမီ ရာဇဝတ်မှုကျူးလွန် သူတို့အား (ဤလောကီဘဝတွင်) အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ဂုဏ်ရည်သေးသိမ်မှု ဝေဒနာကိုခံစားစေလိမ့်မည်ဖြစ်ပြီး (နောင်တမလွန်ဘဝတွင်လည်း) သူတို့၏ကြံစည်လုပ်ဆောင်မှုများကြောင့် ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားစေတော်မူလိမ့်မည်။”

[125] ထိုသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ လမ်းညွှန်တော်မူရန် ရည်ရွယ်တော်မူသည့်သူအား သူ၏စိတ်နှလုံးသားကို (အရှင်မြတ်ထံအပ်နှံလျက်) အစ္စလာမ်အတွက် (ဘဝနစ်မြုပ်နိုင်ရန် သိနားလည်နိုင်သည့်စွမ်းရည်များဖြင့်) ပွင့်ကားကျယ်ဝန်းစေတော်မူ၏။ (သူတို့၏စိတ်အလိုဆန္ဒကြောင့်) လမ်း မှား သို့ရောက်ရန် ကြံရွယ်သူအား မိုးကောင်းကင်သို့ မြင့်တက်သူပမာ (မာနထောင်လွှားသည့်အတွက်) သူ၏စိတ်နှလုံးကို တင်းကျပ်ကျဉ်းမြောင်းစေတော်မူရန် ရည်ရွယ်တော်မူ၏။ ထိုကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် (အရှင့်အမိန့်ပညတ်ချက်များအား) မယုံကြည်ကြသူတို့အပေါ် (သူတို့၏တွေးခေါ် ဆင်ခြင်မှုများ၌) အညစ်အကြေးများ ဖြစ်ပေါ်စေတော်မူ၏။

[126] ဤသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်တည်ကြည်စေမည့် လမ်းစဉ်တော်ပင် ဖြစ်၏။ မုချဧကန်၊ ငါအရှင်မြတ်သည် သတိရှိစွာဖြင့် တွေးတောဆင်ခြင်ကြသော လူမျိုးတို့အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူခဲ့ပြီဖြစ်၏။

[127] (ထိုသို့ စိတ်နှလုံးဖြူစင်စွာဖြင့် သတိရှိစွာဆင်ခြင်ကြလျှင်) သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်၌ (အရှင့်မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး တည်ငြိမ်အေးချမ်း၍ လုံခြုံသာယာသည့်) ငြိမ်းချမ်းရေး ဘုံဗိမာန်ရှိပြီး ထိုအရှင်မြတ်သည်ပင် သူတို့ပြုမူကျင့်ကြံလုပ်ဆောင်မှုများနှင့်အညီ သူတို့၏ယုံကြည်စိတ်အချရဆုံးသော စောင့်ရှောက်အုပ်ထိန်းသူဖြစ်၏။

[128] ထို (နောင်တမလွန်ဘဝ၏တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူ၍ “အို၊ ဂျင်န်အပေါင်းတို့၊ လူသားတို့အနက်မှ များစွာသောသူတို့အား သင်တို့က အမှန်ပင် လမ်းမှားရောက်စေခဲ့ပြီ (ဟု မိန့်တော်မူမည်။) လူသားတို့အနက်မှ သူတို့၏လူယုံမိတ်ဆွေအရင်းအချာတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ကျွန်ုပ်တို့သည် အချင်းချင်း အချို့ကိုအချို့ (ကိုယ် ကျိုးစီးပွားကိုသာ ဦးစားပေးလျက်) အကျိုးခံစားခဲ့ပြီးနောက် ကျွန်ုပ်တို့အတွက် အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် သတ်မှတ်ကာလ ကျွန်ုပ်တို့ထံရောက်ခဲ့ပြီ။” ဟု ပြောဆိုကြမည်။ ထိုစဉ် အရှင်မြတ်က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ကင်းလွှတ်ခွင့်ပေးတော်မူသည့်သူများမှအပ သင်တို့အားလုံး၏နေရာဌာနဖြစ်သော ဤငရဲမီး၌ ကာလအကန့်အသတ်မဲ့နေထိုင်ကြရမည်။” ဟု မိန့်တော်မူမည်။ မုချဧကန်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် စီရင်ဆုံးဖြတ်မှုဆိုင်ရာ ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[129] ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းချိုးဖောက်၍ မမှန်မကန်ပြုမူကျင့်ကြံသူတို့အား အချို့ကိုအချို့အားဖြင့် သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်မှုများနှင့်အညီ ထိန်းချုပ်ကွပ်ကဲစေတော်မူ၏။

[130] အို၊ ဂျင်န်နှင့်လူသားအသိုင်းအဝိုင်းအပေါင်းတို့၊ အသင်တို့ထဲမှဖြစ်သော ရစူလ်တမန်တော်များ သင်တို့ထံ ရောက်လာ၍ အသင်တို့အား ငါအရှင်မြတ်၏အာယာသ် သက်သေလက္ခဏာတော်များကို ပြောပြပြီး ဤ (တမလွန်တရားစီရင်မည့်) နေ့ကို ရင်ဆိုင်ကြုံရမည်ဖြစ်ကြောင်း သင်တို့အား သတိပေးခဲ့ပြီ မဟုတ်လော။ ထိုစဉ် သူတို့က “(ရစူလ်တမန်တော်များ၏သတင်းစကားများ ကျွန်ုပ်တို့ထံ ရောက်ခဲ့ကြောင်းကို) မျက်မြင်သက်သေ များပမာ) ကျွန်ုပ်တို့ သက်သေခံကြပါပြီ။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ကျွန်ုပ်၏အလိုဆန္ဒအတိုင်းသာ အသုံးချကြ၏။” ဟု ဖြေဆိုကြလိမ့်မည်။ လောကီဘဝသက်တမ်း (၏ အပျော်အပါးများ) သည် သူတို့အား လှည့်စားခဲ့ပြီး သူတို့၏နဖ်စ်ကို သူတို့၏အလိုရမ္မက်အတွက်သာ အသုံးချခြင်းကြောင့် သူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များဖြစ်လာခဲ့ကြောင်းကို သူတို့ကိုယ်တိုင် သက်သေခံကြလိမ့်မည်။

[131] ထိုသို့ပင် (တမန်တော်များကို စေလွှတ်တော်မူခဲ့ခြင်းသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သည့် မြို့ရွာဒေသကိုမျှ ထိုမြို့ရွာဒေသ၌ နေထိုင်ကြသူတို့အား (သူတို့ မည်သို့ ဘဝဆောက်တည်သင့်ကြောင်း၊ အရှင့်အမိန့်တော်နှင့်အညီမဟုတ်ဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း ဘဝဆောက်တည်ခြင်း၏အကျိုးဆက် မည်သို့ဖြစ်လာနိုင်ကြောင်းတို့နှင့်စပ်လျဉ်း၍ သတိပေးတော် မမူဘဲ) သူတို့သတိမမူနိုင်သည့်အခြေအနေတွင် (အရှင့်စည်းမျဉ်းတော်နှင့်အညီမဟုတ်ဘဲ) မတော်မတရား ဖျက်ဆီးစေတော်မူလေ့ မရှိပေ။

[132] စင်စစ်မူကား (ထိုဂျင်န်နှင့်လူသားတို့တွင်) သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်မှုများနှင့်အညီ သူတို့အားလုံးအတွက် အဆင့်အတန်းနှင့်အခွင့်အလမ်းကိုယ်စီ ရှိ၏။ အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံဆောင်ရွက်သမျှကို သတိမမူ ဥပေက္ခာပြုတော်မူသောအရှင် အလျှင်း မဟုတ်ချေ။

[133] အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းမဲ့လျက် ကုံလုံပြည့်စုံတော်မူသောအရှင်၊ ကရုဏာအပေါင်းကို ပိုင်ဆိုင်ထားတော်မူသော အရှင် ဖြစ်တော်မူ၏။ အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ထိုအရှင်မြတ်သည် သင်တို့အားလုံးကို ဖယ်ရှားစေတော်မူပြီး သင်တို့ မရှိသည့်နောက်တွင် သင်တို့အား အခြားလူမျိုးတို့၏သားစဉ် မြေးဆက်များအနက် ပျံ့ပွားစေတော်မူသကဲ့သို့ (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသော သူတို့အား (သင်တို့၏နေရာတွင်) ဆက်ခံစေတော်မူမည်။

[134] မုချဧကန်၊ သင်တို့အား ကတိတော်ထားရှိတော်မူသမျှ (တမလွန်တရားစီရင်မည့်နေ့တွင် ပြုမူကျင့်ကြံမှုများ၏အကျိုးဆက်တို့) သည် မုချပင်၊ ဆိုက်ရောက်လာမည်ဖြစ်၏။ ထိုစဉ် သင်တို့သည် (ယင်းတို့ကို နှောင့်ယှက်ဟန့်တား၍ လွတ်မြောက်နိုင်ရန်) စွမ်းဆောင်နိုင်ကြသူများ အလျှင်း မဟုတ်ကြချေ။

[135] ဟောပြောလော့။ “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် သင်တို့၏စွမ်းဆောင်ရည် အနေအထားနှင့်အခြေအနေပေါ်မူတည်၍သာ ပြုမူလုပ်ဆောင်ကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည်လည်း လက်တွေ့ကျကျ ပြုမူလုပ်ဆောင်သူတစ်ဦးသာ ဖြစ်၏။ မည်သူသည် သူ့အတွက် (တမလွန်ဘဝ၏သုခချမ်းသာကို ခံစားနိုင်မည့် ဗိမာန်ဖြစ်သော) နောက်ဆုံးပန်းတိုင်ကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်းမကြာမီ သင်တို့သိကြလိမ့်မည်။ ဧကန်မုချ၊ အရှင့်စည်းမျဉ်းချိုးဖောက်၍ မမှန်မကန်ပြုမူကျင့်ကြံကြသူ (မည်သူမဆို) တို့သည် (ထိုတမလွန်ဘဝ၌) အောင်မြင်ကြမည် မဟုတ်ချေ။”

[136] အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်ပေါက်ပွားစေတော်မူသော လယ်ယာထွက်ကုန်များနှင့် (ကျွဲ၊ နွား၊ ဆိတ်စသော တိရိစ္ဆာန်တို့အနက်မှ အရှင်မြတ်အတွက် ဝေစုတစ်ခုသတ်မှတ်ဖန်တီးကြလေ၏။ တစ်ဖန် (ထိုသူတို့သည်) သူတို့၏ထင်မြင်ယူဆချက်အတိုင်း “ဤသည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်၏။ ဤသည် အရှင်မြတ် နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ကြသည့် ကိုးကွယ်ရာများအတွက်ဖြစ်၏။” ဟု ပြောဆိုကြသည်။ အရှင်မြတ်မှလွဲ၍ အခြားသော ကိုးကွယ်ရာများအတွက် ရည်စူးထားသောအရာများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိ မည်မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်အတွက်ဟု ရည်စူးထားသော (အရှင်မြတ်ချီးမြှင့်တော်မူထားသည့် အရာများ) ကိုမူ အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်သော ကိုးကွယ်ရာများထံ ဆည်းကပ်ကြ၏။ သူတို့ (ပူဇော် ဆည်းကပ်မှုဆိုင်ရာ အယူအဆများဖြင့် ထိုသို့) ဆုံးဖြတ်ဆောင်ရွက်ကြသမျှတို့သည် အလွန်ပင် ယုတ်ညံ့သော အကုသိုလ်ပင် ဖြစ်၏။

[137] ထိုနည်းအတိုင်းပင်၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားအရာများကို ကိုးကွယ်ကြသူတို့အနက်မှ အများစုအတွက် (သူတို့၏အမြင်၌) သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အပေါ် သူတို့ကိုယ်တိုင် ရှုပ်ထွေးမှုများ ဖန်တီးကြရန်နှင့်သူတို့၏ဖျက်ဆီးရာ ဖျက်ဆီးကြောင်းကို သူတို့ကိုယ်တိုင်ပြုလုပ်ကြရန် (သူတို့၏မှားယွင်းသော ယုံကြည်မှုဖြင့်) (သူတို့၏ကိုးကွယ်ရာများကို ရည်စူး၍ သူတို့၏သားသမီးများကို စွန့်လှူသတ်ဖြတ်မှု) အား ကျေကျေနပ်နပ် ပြုလုပ်ရန် တင့်တယ်အောင် တန်ဆာဆင်ခဲ့ကြ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့က ထိုသို့ ပြုမူကျင့်ကြံကြမည် မဟုတ်ချေ။ (သူတို့၏အလိုဆန္ဒနှင့်အညီ) သူတို့အား လုပ်ကြံဖန်တီး၍ ယုံကြည်ကိုးကွယ်ဆည်းကပ်သမျှထဲတွင် (သူတို့ဆက်လက်နစ်မြုပ်လျက် ငရဲမီးထဲ ရောက်သည်အထိ) စွန့်ပစ်ထားလော့။

[138] သူတို့ (၏ထင်မြင်ယူဆချက်အတိုင်း လယ်ယာထွက်ကုန်နှင့် ကျွဲနွားတိရိစ္ဆာန်တချို့ကို သီးခြားခွဲထား၍) ပြောဆိုခဲ့သည်မှာ ဤတိရိစ္ဆာန်များနှင့်လယ်ယာထွက်ကုန်များကို ကျွန်ုပ်တို့အလိုရှိသော သူများမှအပ အခြားမည် သူမျှ စားသုံးခွင့် မရှိကြောင်း၊ သူတို့က အခိုင်အမာကြွေးကြော်လိုသည်မှာ ကျွဲနွားတိရိစ္ဆာန်တို့၏ကျောကုန်းများကို (ဝန်ထုပ်ဝန်ပိုးများတင်ဆောင်ခြင်းမပြုရန်) တားမြစ်ထားကြောင်းနှင့် (ထိုကျွဲနွားတိရိစ္ဆာန်များအား လှီးဖြတ်ရာတွင်) အလ္လာဟ်အရှင်မြတ်၏နာမတော်အား သတိရ တသ၍ ဖွင့်ဟရန် မလိုကြောင်းစသော အရှင်မြတ်၏အမိန့်တော်နှင့်ဆန့်ကျင်၍ လုပ်ကြံလီဆယ်မှုများသာ ဖြစ်ကြ၏။ ထိုအရှင်မြတ်သည် မကြာမီ သူတို့လုပ်ကြံ လီဆယ်ကြသည်နှင့်အညီ (ပြစ်ဒဏ်များကို ပေးအပ်မှုအဖြစ် အစားပေးတော်မူလိမ့်မည်။)

[139] ထို့ပြင် သူတို့က “ဤကျွဲနွားတိရိစ္ဆာန်တို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်နှင့်အရှင်မွေးမည့် သန္ဓေသား စသည့်) အရာများမှာ ကျွန်ုပ်တို့ယောက်ျားများအတွက် သီးသန့် (ခွင့်ပြုထားသောအရာ) ဖြစ်၍ကျွန်ုပ်တို့၏ ဇနီးကြင်ယာများအတွက် တားမြစ်ခြင်းခံရသော အရာများဖြစ်၏။ အကယ်၍ (ထိုတိရိစ္ဆာန်များမှ မွေးဖွားသောအရာသည် အသေဖြစ်နေလျှင် ယင်း၌ သူတို့အားလုံး (ယောက်ျားနှင့်ဇနီးကြင်ယာ) အတူတကွပင် (ခွဲဝေစားသုံးနိုင်မည်) ဖြစ်၏။” ဟု ပြောဆိုခဲ့ကြသည်။ ထိုသို့ သူတို့၏ထင်မြင်ယူဆချက် (ကို အရှင်မြတ်၏ညွှန်ကြားချက်ကဲ့သို့ သဘောထားခြင်း) အတွက် မကြာမီ အစားပေးတော်မူလိမ့်မည်။ မုချဧကန်၊ ထိုအရှင်မြတ်သည် (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[140] သူတို့၏သားသမီးများကို (မိခင်၏သားအိမ်၌ ရှိနေစဉ်လည်းကောင်း၊ မွေးဖွားပြီးနောက် အမှန်တရားသစ္စာနှင့်ကိုယ်ကျင့်တရားကောင်းများ မသွန်သင် မသင်ကြားပေး၍လည်းကောင်း) အသိပညာမဲ့ ဗဟုသုတမဲ့ စေလျက် သတ်ခဲ့ကြသူတို့နှင့်အလ္လာဟ်အရှင်မြတ်က စားနပ်ရိက္ခာနှင့်လိုအပ်ချက်များအဖြစ် ပေးအပ်တော်မူထားသော အရာများကို (တရားမဝင်သော အရာများကဲ့သို့) တားမြစ်ပိတ်ပင်၍ အလ္လာဟ်အရှင်မြတ် (က တားမြစ်ထားသည်။” ဟု အရှင်မြတ်) အပေါ် လုပ်ကြံလီဆယ်ခဲ့ကြသူတို့သည် မုချပင် ဆုံးရှုံးရသူများဖြစ်ကြပြီး သူတို့သည် အမှန်ပင် လမ်းမှားရောက်ခဲ့ကြပြီ။ ထို့ပြင် သူတို့သည် (မည်သည့်အခါမျှ) လမ်းညွှန်မှန်ကို ရှာတွေ့နိုင်စွမ်းရှိကြမည် မဟုတ်ပေ။

[141] (အရှင်မြတ်သည် လူသားတို့အတွက် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော တရားဝင်အစား အသောက်နှင့်စားနပ်ရိက္ခာအလုံးစုံတို့ကို အစဉ် ချီးမြှင့်ပေးအပ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော ဥယျာဉ်ခြံများ၌ နွယ်တက်သော အပင်များ၊ နွယ်မတက်သောအပင်များ၊ စွန်ပလွံပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို ယင်းတို့၏အနံ့အရသာ ကိုယ်စီနှင့်လည်းကောင်း၊ ဖွဲ့စည်းမှုပုံသဏ္ဍာန်တူညီသော (အရောင်အသွေး အနံ့အရသာအားဖြင့်) ဖွဲ့စည်းမှုပုံ သဏ္ဍာန်မတူညီသော သံလွင်ပင်များနှင့်သလဲပင်များ (စသော သစ်သီးဝလံမျိုးစုံ) ကိုလည်းကောင်း ပေါက်ဖွား ဖြစ်ထွန်း စေတော်မူ၏။ (ရာသီဥတုနှင့်နေရာဒေသအလိုက်) သီးပွင့်ကြသည့် သစ်သီးဝလံများကို ယင်းတို့ သီးပွင့်သည့်အခါ စားသုံးကြလော့။ ယင်းတို့ကို ရိတ်သိမ်းမည့်နေ့ရက် အချိန်ကာလတွင် (ယင်းသစ်သီးဝလံများနှင့်သီးနှံများထဲမှ အရှင်မြတ်ပြဋ္ဌာန်းထားသော တာဝန်ကြေးကို ချို့တဲ့ဆင်းရဲသူတို့အား) မှန်ကန်စွာ ပေးကမ်းကြလော့။ (အလွန်အကျွံစားသုံးခြင်းဖြင့်လည်းကောင်း) တာဝန်မဲ့စွာ ပစ်ထားခြင်းဖြင့်လည်းကောင်း၊ မလိုလားအပ်သောအရာအတွက် အသုံးချခြင်းဖြင့်လည်း ယင်းတို့ကို) မဖြုန်းတီးကြလေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ် သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော် မမူချေ။

[142] (ကျွဲနွားစသော ခြေလေးချောင်း) တိရိစ္ဆာန်များအနက်မှ တချို့ကို ဝန်တင်ရာတွင် အသုံးချရန်အတွက် လည်းကောင်း၊ တချို့ကို အသားစားရန်၊ သားရေနှင့်အမွှေးအမျှင်တို့ကို အသုံးအဆောင်ပြုလုပ်ရန်တို့အတွက် အသုံးချရန်လည်းကောင်း၊ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် ရိက္ခာနှင့်လိုအပ်ချက်အဖြစ် ပေးအပ်တော်မူသောအရာများကို စားသုံးကြလော့။ သို့သော် (အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်၍ အခြားသော လမ်းစဉ်များကို လိုက်နာခြင်းဖြင့်) စေတန်မကောင်းဆိုးဝါး၏ဖဝါးခြေထပ်အတိုင်း မလိုက်နာကြလေနှင့်။ မုချဧကန်၊ ယင်း (စေတန်မကောင်းဆိုးဝါး)သည် သင်တို့အတွက် (လမ်းမှားဖန်တီးပေးမည့်) ထင်ရှားသော ရန်သူပင်ဖြစ်၏။

[143] သိုးများမှတစ်စုံ၊ ဆိတ်များမှတစ်စုံ (စသော စားသုံးခွင့်ရှိသော ခြေလေးချောင်းသတ္တဝါ) ဖိုမရှစ်စုံ (ကို အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ အို၊ ရစူလ်တမန်တော် သူတို့အား) “အရှင်မြတ်က အထီးနှစ်ကောင်ကို တားမြစ်သလော။ သို့မဟုတ် အမနှစ်ကောင်၏ဝမ်းတွင်း၌ ပါဝင်နေသည့်အရာ (သန္ဓေသား) ကို တားမြစ်တော်မူသလော။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် (သက်သေအထောက်အထားများနှင့် အတူ) အသိတရားဖြင့် သတင်းပေးထုတ်ပြန် တင်ပြကြလော့။” ဟု မေးမြန်းဟောပြောလော့။

[144] ကုလားအုပ်များမှတစ်စုံ၊ နွားများမှတစ်စုံ (အို-ရစူလ်တမန်တော် သူတို့အား) “အရှင်မြတ်သည် အထီးနှစ် ကောင်ကို တရားမဝင်အဖြစ် တားမြစ်သလော။ သို့မဟုတ် အမနှစ်ကောင်ကို တားမြစ်သလော။ သို့တည်းမဟုတ် အမနှစ်ကောင်၏သားအိမ်များ၌ ပါဝင်နေသော သန္ဓေသားများကို တားမြစ်သလော။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က သင်တို့အား ဤအမိန့်ပညတ်ချက် ချမှတ်ခဲ့စဉ် သင်တို့သည် မျက်မြင်သက်သေများ ဖြစ်ကြလေသလော။” ဟု မေးမြန်းလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ် (မိန့်တော်မူခြင်းမရှိသည်ကို အရှင်မြတ်မိန့်တော်မူခဲ့သည်ဟု အရှင့်) အပေါ် လုပ်ကြံလီဆယ်စွပ်စွဲ၍ မုသားဖြင့် အသိတရားမရှိဘဲ လူသားအပေါင်းအား လမ်းမှားရောက်စေရန် ကြံစည်လျှင် ထိုသူထက် အရှင့်စည်းမျဉ်းကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုသူ မည်သူ ရှိအံ့နည်း။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြောဆိုပြုမူသော လူမျိုးအား လမ်းညွှန်တော် မမူချေ။

[145] ဟောကြားလော့။ ကျွန်ုပ်အား ဝဟီအမိန့်တော်ဖြင့် ညွှန်ကြားတော်မူသည့်အရာများတွင် စားသုံးသူတို့ အတွက် တရားမဝင်အဖြစ် တားမြစ်ထားတော်မူသည့် အရာများမှာ အသေကောင်၊ သို့မဟုတ် စီးထွက်သော သွေး၊ သို့မဟုတ် ဝက်သားအကြောင်း ယင်းသည် အမှန်ပင် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် အရှင့်စည်းမျဉ်းဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ရည်စူးသောအရာများ (သမာအာဇီဝမဟုတ်သော အရာများ) မှလွဲ၍ (အခြားအရာများကို) မတွေ့ရပေ။ သို့သော် မည်သူမဆို အကျပ်အတည်းကြုံ၍ မက်မောလျက် အရသာ ခံစားလိုခြင်းနှင့်စည်းမျဉ်းကျူးလွန်ဖောက်ဖျက်လိုခြင်း မရှိဘဲ မလွှဲမရှောင်သာ (အသက် မသေရုံမျှသာ) စားသုံးခဲ့ပါမူ (ထိုသူအပေါ် အပြစ်မထိုက်ပေ။) အသင့် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ လောကခပ်သိမ်းအပေါ် အလွန်ပင် ကရုဏာထားတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[146] စင်စစ် ငါအရှင်မြတ်သည် ဂျူးတို့အပေါ်၌ ခြေသည်းလက်သည်းရှိသော တိရိစ္ဆာန်ဟူသမျှကို တရားမဝင် အဖြစ် တားမြစ်တော်မူခဲ့၏။ ထို့ပြင် နွားနှင့်ဆိတ်တို့မှ ကျောကုန်းနှင့်ကပ်နေသောအဆီ သို့မဟုတ် အူများတွင် ကပ်နေသောအဆီ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီ (ရိုးတွင်းခြင်ဆီ) များမှအပ အခြားသောအဆီများကို (တရားဝင် စားပိုင်ခွင့်မရှိသော အရာအဖြစ်) တားမြစ်တော်မူခဲ့သည်။ ထိုသို့ တားမြစ်ရခြင်းမှာ သူတို့၏ပုန်ကန်မှုအတွက် (အကျိုးဆက်အဖြစ်) ပေးဆပ်စေတော်မူခြင်းဖြစ်၏။ မုချဧကန်၊ ငါအရှင်မြတ်သည် (အမိန့်တော်နှင့်စီရင်ချက်အားလုံး၌) အဖြောင့်မတ် အမှန်ကန်ဆုံးသော အရှင်ဖြစ်တော်မူ၏။

[147] ထို့ပြင် အကယ်၍ သူတို့သည် အသင် (တမန်တော်) အား မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆိုကြလျှင် သူတို့ကို “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အလွန် ကြီးကျယ်သော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူ၏။” ဟု ဟောလော့။ သို့ရာတွင် ရာဇဝတ်မှုသင့်သော အပြစ်ရှိသော လူမျိုးတို့၏ဆိုးကျိုးဆက် (ပြစ်ဒဏ်) ကို လွဲဖွယ်ရုပ် သိမ်းတော်မူလိမ့်မည် မဟုတ်ချေ။

[148] အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်နိုင်ကြမည် မဟုတ်ပေ။ မည်သည့်တစ်စုံ တစ်ရာ ကိုမျှ တရားမဝင်ဟု တားမြစ်နိုင်ကြမည်မဟုတ်။” ဟု မကြာမီ ပြောဆိုကြလိမ့်မည်။ ထိုနည်းတူစွာပင် သူတို့အလျှင်ရှိခဲ့ကြသော ရှေ့သူတို့သည်လည်း အရှင်မြတ်၏ပြစ်ဒဏ် (ဆိုးကျိုးဆက်) ကို မြည်းစမ်းရသည်အထိ မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြ၏။” ဟု ဟောလော့။ “သင်တို့၌ ကျွန်ုပ်အား ထုတ်ဖော်တင်ပြနိုင်ရန် သိထားသည့်အရာ (မှ သင်တို့၏ကြွေးကြော်မှုကို အထောက်အကူပြုမည့် ခိုင်မာသော သက်သေအထောက် အထားတစ်စုံတစ်ရာ) ရှိသလော။ သင်တို့သည် ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးနေကြ၏။ ထို့ပြင် သင်တို့သည် (သင်တို့၏ထင်မြင်ယူဆချက်၊ စိတ်အလိုဆန္ဒ၊ စိတ်ဝင်စားမှုနှင့်ကိုယ်ကျိုးစီးပွားအတွက်သာ အဓိက ထား၍ မှားယွင်းသည့် ဆုံးဖြတ်ချက်များဖြင့်) မှန်းဆရမ်းဆပြောဆိုနေကြခြင်းသာ ဖြစ်၏။”

[149] ဟောကြားလော့။ (သင်တို့၏ စောဒကတက် ငြင်းခုံမှုအတွက်) အဆုံးသတ် နိဂုံးချုပ် ချေပချက်သည် အလ္လာဟ်အရှင်မြတ်၏အချုပ်အခြာ၌သာ ရှိ၏။ အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို (အရှင်မြတ်၊ တွဲဖက်ကိုးကွယ်ခြင်းနှင့်အရှင်မြတ်ခွင့်ပြုသောအရာများကို တားဆီးပိတ်ပင်ခြင်းတို့မှ ရှောင်ကြဉ်ခွင့်ပေးတော်မူလျက်) လမ်းညွှန်တော်မူပေလိမ့်မည်။

[150] ဟောလော့။ အလ္လာဟ်အရှင်မြတ်က ဤအရာအား တရားမဝင်ဟု ပြဋ္ဌာန်းထားကြောင်းကို သက်သေခံနိုင်သော သင်တို့၏သက်သေများကို ခေါ်ခဲ့ကြလော့။ သို့သော် အကယ်၍ (မမှန်မကန်) သက်သေခံကြလျှင် သူတို့နှင့်အတူ သက်သေခံမဖြစ်ကြလေနှင့်။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ် မတရားလိမ်လည်စွပ်စွဲ၍) ငြင်းဆန်သူများနှင့်နောင်တမလွန်ဘဝအား မယုံကြည်သူများ၏အလိုဆန္ဒများအတိုင်း မလိုက်နာကြလေနှင့်။ အကြောင်းမှာ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို (သူတို့ကိုကိုးကွယ်သော မှားယွင်းသည့်) အခြားသော ကိုးကွယ်ရာများနှင့်အတူ တန်း တူထား၍) တရားမျှတစေလိုကြ၏။

[151] “သင်တို့လာကြကုန်လော့။ ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အပေါ် မည်သည့်အရာများကို တရားမဝင် တားမြစ်သည်နှင့်စပ်လျဉ်း၍ ရွတ်ပြလိမ့်မည်။ (ယင်းတို့မှာ) မည်သည့်အရာကိုမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ မကိုးကွယ်ကြရန်၊ မိဘတို့နှင့်အကောင်းဆုံးပြုမူပြောဆိုဆက်ဆံကြရန်နှင့်သင်တို့၏သားသမီးများကို ချို့တဲ့ဆင်းရဲမှုကြောင့် မသတ်ကြရန်တို့ ဖြစ်သည်။”ဟု ဟောကြားလော့။ ငါအရှင်မြတ်သည်ပင် သင်တို့နှင့်သူတို့ (သားသမီး) အား ရိက္ခာ (နှင့်လိုအပ်ချက်များ) ထောက်ပံ့ပေးတော်မူ၏။ ပေါ်လွင်ထင်ရှားသော၊ လျှို့ဝှက်ထိန်ချန်ထားသော စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုအကုသိုလ်များ (ရာဂမကင်းသောအရာများ) အနားကို မချဉ်းကပ်ကြလေနှင့်။ (တရားတော်နှင့်အညီ ဖြစ်သည့် တရားမျှတသော) အမှန်တရားသစ္စာအပေါ် အခြေခံခြင်းမှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန်အသုံးချနိုင် သောစိတ်ဝိဉာဉ်) ကိုမျှ မသတ်ဖြတ်ရန် အလ္လာဟ်အရှင်မြတ် တားမြစ်တော်မူခဲ့၏။ ထိုသို့ပင် အရှင်မြတ်သည် သင်တို့အား ယင်း (ကျမ်းတော်) အားဖြင့် အသင်တို့ (အလေးအနက်) တွေးခေါ်ဆင်ခြင်၍ သိနားလည်ကြ ရန်အလို့ငှာ အမိန့်ညွှန်ကြားချက်ကို မှာကြားဆင့်ပြန်တော်မူ၏။”

[152] မိဘမဲ့တို့ လူလားမြောက်သည့်အရွယ်ရောက်သည်အထိ (စေတနာကောင်းဖြင့် သူတို့ပိုင်၊ ပစ္စည်းဥစ္စာများ ကို ပိုမို၍ တိုးပွားစေရန်) အကောင်းဆုံးသော နည်းလမ်းမှတစ်ပါး သူတို့၏ဥစ္စာပစ္စည်းများသို့ မချဉ်းကပ်ကြလေနှင့်။ ထို့ပြင် (ချိန်တွယ်စရာများကို အသုံးပြု၍) ကုန်ဖလှယ်ရာ၌ အလေးချိန်ကို တရားမျှတစွာဖြင့် အပြည့်အဝ ချိန်တွယ်ပေးကြလော့။ ငါအရှင်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထား သော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သောစိတ်ဝိဉာဉ်) ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ (မနိုင်ဝန်ကို) ထမ်းစေတော်မူသည် မဟုတ်ပေ။ ဆွေမျိုးသားချင်းများဖြစ် သည့်တိုင် (သက်သေခံရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) ပြောဆိုဆက်ဆံကြသည့်အခါ တရားမျှတစွာနှင့်တိကျပြတ်သားစွာ ပြောဆိုကြလော့။ ထို့ပြင် အလ္လာဟ်ရှင်မြတ်နှင့်ထားရှိသော ကတိသစ္စာကိုလည်း ဖြည့်ဆည်း တည်ဆောက်ကြရမည်။ သင်တို့သည် အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟကြရန်အလို့ငှာ ယင်းတို့ကို သင်တို့အား အမိန့်ညွှန်ကြားချက်အဖြစ် မှာကြားတော်မူ၏။

[153] ဤသည် ငါအရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မုချဖြစ်၏။ သို့ဖြစ်၍ ယင်းနှင့်အညီသာ လိုက်နာကျင့်သုံးကြလော့။ ထိုအရှင်၏ လမ်းစဉ်တော်မှ သင်တို့အား ကွဲကွာစေမည့် အခြားသော လမ်းစဉ်များကို မလိုက်နာကြလေနှင့်။ သင်တို့က အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး နိုင်ရန်အလို့ငှာ ယင်း (ကျမ်းတော်) အားဖြင့် ဤသို့ပင် အမိန့်ညွှန်ကြားချက်များ မှာကြားဆင့်ပြန်တော်မူ၏။

[154] တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်မူဆာအား ကျမ်းတော်ကို ချီးမြှင့်တော်မူလျက် (သူ၏အမျိုးသားများ ဖြစ်ကြသော) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန် (အရှင့်လမ်းစဉ်တော်၌ နစ်မြုပ်ထား၍) ကောင်းမြတ်သော သူတို့အပေါ် ပြီး ပြည့်စုံသော ကျေးဇူးတော်၊ ခပ်သိမ်းကုန်တို့အား ဋီကာဖွင့်ဆိုချက်၊ လမ်းညွှန်တော်နှင့်ကရုဏာတော် (ဖြစ်သော ကျမ်းတော်) ကို ပေးအပ်တော်မူခဲ့၏။

[155] ဤသည် ငါအရှင်မြတ်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော်၊ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ကျမ်းတော်ဖြစ်သောကြောင့် ယင်းကိုသာလျှင် လိုက်နာကျင့်သုံးကြပြီး သင်တို့သည် အရှင့်ကရုဏာ သက်ခံကြရရန်အလို့ငှာ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။

[156] (ငါအရှင်မြတ်က ချမှတ်ပေးအပ်တော်မူသည် ဆင်ခြေပေး၍) သင်တို့က ကျွန်ုပ်တို့အလျှင်ရှိခဲ့သော အုပ်စုနှစ်စုအပေါ်၌သာ ကျမ်းတော်ကို ချမှတ်ပေးအပ်ခြင်းခံရသည်ဟု ပြောဆိုကြသော်လည်း မုချဧကန်၊ ယင်းအားဖြင့် သူတို့အား သင်ပေးခဲ့သည်ကို ကျွန်ုပ်တို့ (မလေ့လာမိ၍) မသိနားမလည်ခဲ့ကြချေ။

[157] သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပိုမို၍ လမ်းညွှန်မှန်ရရှိသူတို့ထဲမှပင် ဖြစ်မည်ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော်၊ လမ်းညွှန်တော်နှင့်ကရုဏာတော်ရောက်ရှိလာခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍) ငြင်းဆန်ပြီး ယင်း (အာယာသ်သက်သေလက္ခဏာတော်) တို့မှ ရှောင်လွှဲသူထက် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍မမှန်မကန်ပြုသူ မည်သူ ရှိအံ့နည်း။ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်လွှဲကြသူတို့အား သူတို့ရှောင်လွှဲတားမြစ်မှုများကြောင့် မကြာမီ ငါအရှင်မြတ်သည် အလွန်ဆိုးဝါးသော ပြစ်ဒဏ်ကို (ဆိုးကျိုးဆက်အဖြစ်) အစားပေးတော်မူမည်။

[158] သူတို့သည် သူတို့ထံသို့ မလာအီကာစေတမန်များရောက်လာရန်လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ် (သူတို့၏ပြဿနာများကို ဖြေရှင်းပေးရန်အတွက်) ရောက်လာရန်လည်းကောင်း၊ သို့မဟုတ် အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်အချို့ ရောက်လာရန်လည်းကောင်း၊ စောင့်ဆိုင်းနေကြသလော။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်အချို့ရောက်ရှိမည့်နေ့တွင် ယခင်က ယုံကြည်ခြင်းမရှိခဲ့သော မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ကိုမျှယင်း၏ယုံကြည်မှုကြောင့် အကျိုးပြုလိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ယင်းယုံကြည်မှု၌ မည်သည့် ကောင်းမြတ်မှုကိုမျှ ရှာဖွေဆည်းပူးခဲ့မည် မဟုတ်ပေ။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့စောင့်ဆိုင်း စောင့်မျှော်၍သာ နေကြလော့။ မုချပင် ကျွန်ုပ်တို့လည်း စောင့်ဆိုင်းလျက်ပင် ရှိ၏။” ဟု ပြောလော့။

[159] ဧကန်ပင်၊ သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) ကို (အကြွင်းမဲ့ ယုံကြည်လက်ခံရမည်ဖြစ်သော်လည်း ယင်းကို) အစိတ်စိတ်ခွဲ၍ ဂိုဏ်းဂဏကိုယ်စီ ဖြစ်စေခဲ့ကြသူများလည်း ရှိကြ၏။ သင်သည် ထိုသူတို့အထဲမှ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပေ။ သူတို့၏အရေးကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် လွှဲအပ်ပြီးဖြစ် (၍ အရှင်မြတ်၏တာဝန်သာ ဖြစ်) ၏။ ထို့နောက် (ထိုအရှင်မြတ်သည်ပင်) သူတို့၏ပြုမူကျင့်ကြံမှုများကို သူတို့အား (ထုတ်ပြန်ပြသတော်မူလျက်) သိစေတော်မူပေမည်။

[160] မည်သူမဆို (အရှင့်ထံတော်သို့) ကောင်းမှုကို ဆောင်ကြဉ်းလျက် ရောက်လာအံ့။ ထိုသူအတွက် ယင်းကောင်းမှု၏ဆယ်ဆ (သော အကျိုးဆုလဒ်များ) ရှိ၏။ မည်သူမဆို (အရှင့်ထံတော်သို့) မကောင်းမှုကို ဆောင်ကြဉ်းလျက် ရောက်လာအံ့။ ထိုသူသည် ယင်းမကောင်းမှုနှင့်ထပ်ထူထပ်မျှ (သော ပြစ်ဒဏ်ဆိုးကျိုးဆက်) သာ အစားပေးခံရမည်။ ထို့ပြင် သူတို့အား (အရှင့်စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍ မမှန်မကန်) မတရားခံစားစေမည် မဟုတ်ချေ။

[161] ဟောကြားလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူခဲ့ပြီ။ (ယင်းလမ်း စဉ်တော်မှာ) တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်ဖြစ်သော (တစ်ပါးတည်းသော အရှင်မြတ်ကိုသာ ကိုးကွယ်ပြီး) သန့်ရှင်းစင်ကြယ်သော ယုံကြည်မှုသစ္စာတရားပေါ် အခြေခံသည့် တည်တံ့ခိုင်မြဲသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ပင်ဖြစ်၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီးမ်သည် မည်သည့်အခါမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြသော သူတို့ထဲတွင် အပါအဝင် မဖြစ်ခဲ့ပေ။

[162] ဟောလော့။ ဧကန်မုချ၊ ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုဆောက်တည်မှု၊ ကျွန်ုပ်၏နာခံကိုးကွယ်စွန့်လှူမှု၊ ကျွန်ုပ်၏ရှင်သန်မှုနှင့်ကျွန်ုပ်၏ကွယ်လွန်သေဆုံးမှုတို့သည် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အရှင်မြတ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်အတိုင်းသာ ကျင့်ကြံအသုံးချရန်) အတွက်သာလျှင် ဖြစ်၏။

[163] ထိုအရှင်မြတ်၌ တွဲဖော်တွဲဖက်ဟူ၍ အလျှင်း မရှိချေ။ ကျွန်ုပ်သည် ဤသို့ပင် (ယုံကြည်ရန်) အမိန့်ပေး ခံခဲ့ရပြီ။ ကျွန်ုပ်သည်ကား (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံ အပ်နှံ၍) အရှင့်အမိန့်တော်အတိုင်း နာခံလိုက်နာသူတို့ တွင် ဦးဦးဖျားဖျား မွတ်စလင်ဖြစ်၏။

[164] ဟောကြားလော။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံဖြိုးစေတော်မူသော အရှင်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသော ကိုးကွယ်ရာ အရှင်တစ်ပါးကို ကျွန်ုပ်ရှာဖွေရမည်လော။ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တိုင်းက (ယင်း၏စွမ်းရည်နှင့်အညီ ယင်းအပေါ်) တာဝန်ရှိသမျှမှလွဲ၍ ရှာဖွေဆည်းပူးစရာ မရှိပေ။ ထို့ပြင် မည်သည့် (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သူမျှ သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သယ်ပို့စရာ မရှိစေရ။ ထို့နောက် အသင်တို့အားလုံးသည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံသို့သာလျှင် ပြန်ကြ ရမည်။ ထိုအရှင်မြတ်သည်ပင်လျှင် ယင်း (ကျမ်းတော်) နှင့်စပ်လျဉ်း၍ သင်တို့သဘောထားကွဲလွဲခဲ့သမျှကို သင်တို့ အား (သိနားလည်စေရန်) သတင်းပေး သိစေတော်မူလိမ့်မည်။

[165] ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ဖြစ်စေ၍ ခန့်အပ်တော်မူပြီး (အရှင့်အမိန့်တော်နှင့်အညီ ယင်းကို ဖွံ့ဖြိုးတိုးတက်ခွင့်ပေးသည့်အနေဖြင့် သင်တို့အနက်မှ သင်တို့အား ပေးအပ်တော်မူသမျှ၌ သင်တို့အား စမ်းသပ်တော်မူနိုင်ရန်အလို့ငှာ) အချို့ကိုအချို့ထက် (ဉာဏ်စွမ်း၊ အရည်အသွေး၊ ဥစ္စာဓနနှင့် အရည်အသွေး) အဆင့်အတန်းများ ချီးမြှင့်တော်မူ၏။ မုချဧကန်၊ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ချက်ချင်းလက်ငင်း လျှင်မြန်စွာ ဒဏ်ခတ် အရေးယူ တုံ့ပြန်တော်မူအရှင် ဖြစ်တော်မူ၏။ ထို့ပြင် (လူသားတို့၏စွမ်းရည်မတိမ်ကောရအောင် စည်းမျဉ်းတော်များချမှတ်သည်ကို မတော်တဆချိုးဖောက်မိ၍ အရှင့်ထံ ခွင့်လွှတ်ခြင်းတောင်းခံသူတို့အား) ထိုအရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ (အရာခပ်သိမ်း တို့အပေါ်) အလွန်ပင် သနားကြင်နာတော်မူသော ကရုဏာဖြစ်တော်မူ၏။

အမြင့်များ

Surah 7

[1] အလစ်ဖ်၊ လာမ်၊ မီမ်၊ ဆွာဒ်။

[2] (ဤသည်) အသင် (တမန်တော်) ထံ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသော ကျမ်းတစ်စောင်ဖြစ်သောကြောင့် သင့်စိတ်ရင်တွင်းဝယ် ကျဉ်းကျပ်မွန်းကြပ်စေမည်မဟုတ်ဘဲ ယင်းဖြင့် (လူသားအား အရှင့်လမ်းစဉ်တော်မှ မလွဲချော်အောင်) သတိပေးနှိုးဆော်ရန်ဖြစ်ပြီး စစ်မှန်သော ယုံကြည်သူတို့အတွက်မူ ဆုံးမဩဝါဒတော်နှင့်သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ အကြံဉာဏ်ပင် ဖြစ်၏။

[3] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သင်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသမျှကို (တစ်သဝေမတိမ်း) လိုက်နာကျင့်သုံးကြလော့။ ထိုအရှင်မြတ်မှလွဲ၍ (အခြား မည်သူ့ကိုမျှ) လူယုံတော်နှင့်စောင့်ရှောက်အုပ်ထိန်းသူအဖြစ် မလိုက်နာကြလေနှင့်။ အနည်းစုသည်သာ (အရှင့်လမ်းညွှန်ချက်များကို) သတိရ တသလျက် အလေးအနက်ဆင်ခြင်ကြ၏။

[4] ငါအရှင်မြတ်သည် (သူတို့က အရှင့်သတိပေးချက်များအား အလေးအနက်မထားခြင်းကြောင့်) မြို့ရွာဒေသပေါင်း မည်မျှကို ပြိုပျက်ဖျက်ဆီးစေတော်မူခဲ့သနည်း။ ငါအရှင်မြတ်၏ဒဏ်ခတ်မှုဆိုင်ရာ ကပ်ဘေးသည် (ထိုမြို့ရွာဒေသတွင် နေထိုင်ခဲ့ကြသူတို့အပေါ်) ညအချိန် သို့မဟုတ် နေ့လည် မှိန်းစက်အနားယူချိန်တို့၌ ဆိုက်ရောက်လာခဲ့၏။

[5] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ဒဏ်ခတ်မှုဆိုင်ရာ ကပ်ဘေးသည် သူတို့ထံ ဆိုက်ရောက်ခဲ့စဉ် သူတို့က “ကျွန်ုပ် တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် မတော်မတရားပြုသူများ အမှန်ပင် ဖြစ်ကြ၏။” ဟု ပြောဆိုခြင်းမှအပ သူတို့မှာ အခြားလျှောက်ထား ကြွေးကြော်စရာ မရှိချေ။

[6] ထို့နောက် ငါအရှင်မြတ်သည် (အရှင့်သတင်းကောင်းနှင့်တမန်တော်များ) စေလွှတ်တော်မူခြင်းခံခဲ့ရသော သူတို့ကို အမှန်ပင် စစ်ဆေးမေးမြန်းတော်မူပြီး (အရှင့်သတင်းကောင်းနှင့်အတူ) စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များကိုလည်း မုချ (အရှင့်သတင်းကောင်းဆောင်ကြဉ်းစဉ် သူတို့၏လူမျိုးများက မည်သို့ တုံ့ပြန်ခဲ့ခြင်း နှင့်စပ်လျဉ်း၍) စစ်ဆေးမေးမြန်းတော်မူလိမ့်မည်။

[7] ထိုသို့ဖြင့် ငါအရှင်မြတ် သူတို့အား ဉာဏ်တော်အနန္တအားဖြင့် (အလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ ကြောင်း သူတို့၏လောကီဘဝနှင့်စပ်လျဉ်း၍ အရေးယူမည်ဖြစ်ကြောင်းကို နားလည်သဘောပေါက်စေရန်) မုချပင် ကျိုးကြောင်းဆက်စပ် ဖော်ပြတော်မူမည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (မည်သည့်အခြေအနေ မည်သည့် အချိန်၌မျှ) လစ်ဟင်းကင်းမဲ့တော်မူသည် မဟုတ်ချေ။ (သို့ဖြစ်ရာ သူတို့ပြုမူဆောင်ရွက်သမျှကို အရှင်မြတ်က တိကျပြည့်စုံစွာ မှတ်တမ်းတင်စေတော်မူ၏။)

[8] ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် (လူသားတို့၏ပြုမူကျင့်ဆောင်မှုအလုံးစုံကို ပြီးပြည့်စုံစွာနှင့် တိကျမှန်ကန်စွာ) တိုင်းတာစစ်ဆေးမည်မှာ အမှန်တရားဖြစ်သောကြောင့် မည်သူမဆို သူ့စစ်ဆေးမှု၌ အလေးစီးလျှင် ထိုသူတို့သည် ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြလိမ့်မည်။

[9] မည်သူမဆို သူ့ချိန်တွယ်စစ်ဆေးမှု၌ (ကောင်းမှုဆိုင်ရာ) အလေးချိန် ပေါ့ပါးအံ့ ထိုသူတို့သည် ငါအရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ချိုးဖောက်ကျူးလွန်လျက် မမှန်မကန် ပြုမူကျင့်ကြံခြင်း ကြောင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တို့ကို (သူတို့၏အလိုဆန္ဒနှင့်အညီအသုံးချပြီး) ဆုံးရှုံးနစ်နာသူများ ဖြစ်ကြလိမ့်မည်။

[10] ငါအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်၌ (အခြေချနေထိုင်နိုင်ရန်) ထူထောင်စေတော်မူပြီး ယင်း၌ (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များရရှိရန်အလို့ငှာ) သင်တို့အတွက် (စွမ်းရည်စွမ်းပကားများပေးအပ်တော်မူလျက်) အသက်မွေးမှုကိုလည်း စီမံဖြစ်ပေါ်စေတော်မူ၏။ (သို့ရာတွင် သင်တို့အနက်မှ) အနည်းစုသည်သာ ကျေးဇူးသိတတ်ကြ၏။

[11] မုချဧကန်၊ ငါအရှင်မြတ်သည် သင်တို့အား (သန္ဓေသားအဆင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့၏ရုပ်ဆင်းသဏ္ဍာန်ကို ပုံစံသွင်းပုံဖော်ဖြစ်စေတော်မူ၏။ ထို့နောက် (လူသားစင်စစ်ဖြစ်လာသည့်အခါ) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့အား (လူသားတို့၏ဖခင်ကြီးဖြစ်သော) အာဒမ်ကို ဦးချလော့။” ဟု မိန့်တော်မူခဲ့ရာ အီဗ်လီးစ်စေတန်မိစ္ဆာကောင်မှအပ စေတမန်အားလုံးက ဦးချခဲ့ကြသည်။ (စေတန်မိစ္ဆာကောင် သည်) ဦးချသူတို့တွင် အပါအဝင် မဖြစ်ခဲ့ချေ။

[12] ငါအရှင်မြတ်က (စေတန်မိစ္ဆာကောင်အား) “ငါအရှင်မြတ်က သင့်ကို (အာဒမ်အား ဦးချရန်) အမိန့်ပေးတော်မူစဉ် အဘယ်အရာက ဦးမချရန် သင့်ကို ဟန့်တားပိတ်ပင်တားမြစ်ခဲ့သနည်း။” ဟု မေးတော်မူခဲ့ရာ (စေတန် မိစ္ဆာကောင်) က “ကျွန်ုပ်သည် သူ့ထက် ပိုမို၍ မြင့်မြတ်၏၊ အရှင်မြတ်သည် ကျွန်ုပ်အား မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (လူသားတို့၏ဖခင်ကြီးဖြစ်သော) အာဒမ်ကိုမူ မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။” ဟု ဖြေဆို လျှောက်ထားခဲ့လေသည်။

[13] အရှင်မြတ်က “သို့ဖြစ်ရာ အသင်သည် ယင်း (သုခဘုံ) မှ ဆင်းသွားလော့။ ဤနေရာသည် သင့်အတွက် ယင်း၌ မာနတက်ရန် မဟုတ်သောကြောင့် ထွက်သွားလော့။ ဧကန်ပင်၊ အသင်သည် အရှက်ရ သေးသိမ်သူတို့တွင် အပါအဝင် ဖြစ်လေ၏။” (ဟု မိန့်တော်မူခဲ့၏။)

[14] (စေတန်မိစ္ဆာကောင်က) “အရှင်မြတ်သည် ကျွန်ုပ်အား (သေခြင်းနှင့်ဒဏ်ခတ်အရေးယူခြင်းမရှိစေဘဲ) ရှင်ပြန်ထမည့်နေ့အထိ ရွှေ့ဆိုင်းစောင့်စားခွင့် ပေးသနားတော်မူပါ။” ဟု လျှောက်တင်ခဲ့၏။

[15] အရှင်မြတ်က “မုချဧကန်၊ အသင်သည် (ကမ္ဘာဂြိုဟ်ပေါ် လူသားကျန်ရစ်သရွေ့) ရွှေ့ဆိုင်းစောင့်စားခြင်း ခံရသူတို့အနက်မှ ဖြစ်၏။” ဟု မိန့်တော်မူခဲ့၏။

[16] (စေတန်မိစ္ဆာကောင်ဖြစ်သော) သူက “အရှင်မြတ်သည် ကျွန်ုပ်အား လမ်းမှားရောက်စေတော်မူသောကြောင့် ကျွန်ုပ်သည် သူတို့အတွက် ဖြောင့်မတ်မှန်ကန် မြဲမြံသော အရှင့်လမ်းစဉ်တော်ကို (တားဆီးပိတ်ပင်ရန်) မုချပင် (ရပ်တည်၍) ထိုင်နေလိမ့်မည်။” (ဟု ပြောခဲ့၏။)

[17] ထို့နောက် ကျွန်ုပ်သည် သူတို့ထံ သူတို့၏ရှေ့နှင့်နောက်တို့မှလည်းကောင်း၊ သူတို့၏လက်ျာနှင့်လက်ဝဲတို့မှလည်းကောင်း၊ (အဖက်ဖက်မှ) မုချပင် ဝင်ရောက်လာလိမ့်မည်။ ထိုအခါ အသင် (အရှင်မြတ်) သည် သူတို့ အနက်မှ အများစုကို ကျေးဇူးသိတတ်သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပေ။

[18] (ထိုအခါ) အရှင်မြတ်က (စေတန်မိစ္ဆာကောင်အား) “သိက္ခာမဲ့ဂုဏ်သရေသိမ်ဖျင်းစွာနှင်ထုတ်ခြင်းခံရသူအဖြစ် ယင်း (သုခဘုံ) မှ ထွက်သွားလော့။ (လူသားများဖြစ်ကြသော) သူတို့အနက်မှ မည်သူမဆို အသင် (မိစ္ဆာကောင်) အား လိုက်နာလျှင် ငါအရှင်မြတ်သည် သင်တို့အားလုံးဖြင့် ငရဲဘုံကို မုချ ဖြည့်စေတော်မူလိမ့်မည်။”

[19] (ထို့နောက် အရှင်မြတ်သည် အာဒမ်အား) “အို၊ အာဒမ်၊ သင်နှင့်သင့်ဘဝဖော်တို့သည် သုခဥယျာဉ်ထဲတွင် အခြေချနေထိုင်၍ သင်တို့အလိုရှိသော နေရာတိုင်း၌ ဆန္ဒအလျှောက် စားသုံးကြလော့။ သို့သော် ဤအပင်၏အနားသို့ပင် မချဉ်းကပ်ကြလေနှင့်။ သို့မဟုတ်လျှင် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်၍ မမှန်မကန်ပြုမူကျင့်ကြံသူတို့တွင် အပါအဝင် ဖြစ်လိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။

[20] စေတန်မကောင်းဆိုးဝါးသည် သူတို့နှစ်ဦးစလုံးအား သူတို့၏ဖုံးအုပ်ထားသော အရှက်များကို ပေါ်လွင်စေရန် (ရာဂစိတ်နိုးကြွစေရန်) မကောင်းသောအကြံဉာဏ်ဖြင့် တီးတိုးပြောဆိုလှုံ့ဆော်ခဲ့၏။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့နှစ်ဦးစလုံးအား ဤအပြစ်မှ တားမြစ်ခြင်းမှာ သင်တို့နှစ်ဦးစလုံးသည် မလာအီကာစေတမန်များ မဖြစ်စေရန် သို့မဟုတ် အစဉ်ထာဝရ အသက်ရှင်သည့် မသေမျိုး မဖြစ်စေရန်အတွက်သာ ဖြစ်သည်။"" ဟု လှုံ့ဆော်ပြောဆိုခဲ့သည်။

[21] ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့နှစ်ဦးစလုံးအတွက် ရိုးသားစွာ အကြံဉာဏ်ကောင်းပေးသူများမှ အနက်ပင် ဖြစ်ကြောင်း သစ္စာပြုကျိန်ဆိုပြောပါရစေ။

[22] ထိုသို့ဖြင့် စေတန်မိစ္ဆာကောင်သည် သူတို့နှစ်ဦးစလုံးအား ပရိယာယ်ဖြင့် လှည့်စား၍ ဖြားယောင်း ဆွဲဆောင်လေသည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ထိုအပင်ကို မြည်းစမ်းကြသောအခါ သူတို့၌ သူတို့၏အရှက် (အင်္ဂါ) များ ပေါ်သွားလေ၏။ ထို့နောက် သူတို့သည် သုခဘုံဥယျာဉ်မှ သစ်ရွက်များဖြင့် သူတို့၏ခန္ဓာကိုယ်များပေါ် စတင် ဖုံးအုပ်ကြလေ၏။ ထိုအခါ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က သူတို့နှစ်ဦးစလုံးအား အရေးတကြီးခေါ်တော်မူ၍ “ငါအရှင်မြတ်သည် သင်တို့အား ဤအပင်မှ ပိတ်ပင်ခဲ့သည် မဟုတ်လော။ စေတန်မကောင်းဆိုးဝါးသည် သင်တို့နှစ်ဦးစလုံးအတွက် ထင်ရှားသော ရန်သူဖြစ်သည်။” ဟု ပြောခဲ့သည်မဟုတ်လော့။” ဟု မေးမြန်းတော်မူ၏။

[23] သူတို့နှစ်ဦးစလုံးက “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်အတိုင်း အသုံးမချဘဲ မမှန်မကန် သုံးစွဲမိကြပါ၏။ ထို့ပြင်အကယ်၍ အရှင်မြတ်သည်သာ ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး တော်မမူပါလျှင်၊ ကျွန်ုပ်တို့အပေါ် ကရုဏာထားတော်မမူပါလျှင် ကျွန်တော်မျိုးတို့သည် ဆုံးရှုံးနစ်နာသူများထဲတွင် အပါအဝင် ဖြစ်ကြပါလိမ့်မည်။” ဟု လျှောက်တင်ကြ၏။

[24] အရှင်မြတ်က “(သင်တို့အားလုံးသည် သုခဘံဥယျာဉ်မှ) ဆင်းသွားကြလော့။ (သင်တို့အချင်းချင်း) အချို့သည် အချို့၏ရန်သူဖြစ်ပြီး သင်တို့အတွက် ကမ္ဘာဂြိုဟ်ပေါ်၌ (အရှင်မြတ်သတ်မှတ်တော်မူသော) အချိန် ကာလအထိ အခြေချနေထိုင်ရာ ဌာနစခန်း၊ အသက်မွေးမှုနှင့်အကျိုးခံစားခွင့်များရှိ၏။” ဟု မိန့်တော်မူ၏။

[25] ထို (ကမ္ဘာဂြိုဟ်) ၌ သင်တို့နေထိုင်ကြရမည်။ ယင်း၌ပင် သေကြပြီးနောက် ယင်းမှ (တစ်ဖန်) ထွက်လာစေတော်မူခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။

[26] အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့အား အရှက်လုံစေပြီး လှပတင့် တယ်စေသည့် အဝတ်တန်ဆာကို ချမှတ်ပေးအပ်တော်မူ၏။ သို့သော် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း (မည်သော သက္ကဝါအဝတ်တန်ဆာ) သည် အမြင့်မြတ်ဆုံးပင်ဖြစ်၏။ ဤသည်ကား သူတို့ သတိရ တသ၍ ဖွင့်ဟနိုင်ကြရန်အလို့ငှာ (ထုတ်ပြန်ချမှတ်ပေးအပ်သော) အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအနက်မှ ဖြစ်၏။

[27] အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ စေတန်မကောင်းဆိုးဝါးသည် သင်တို့၏မိဘ (ဘိုး၊ ဘေး၊ ဘီ၊ ဘင်) တို့အား သူတို့၏အဝတ်တန်ဆာများကို ချွတ်စေလျက် သူတို့၏အရှက်များကို ပေါ်လွင်စေကာ သုခဘုံဥယျာဉ်မှ နှင်ထုတ်စေသကဲ့သို့ သင်တို့ကိုလည်း (လမ်းမှားရောက်အောင်) ဖြားယောင်းသွေးဆောင်ခြင်းအား ခွင့်မပြုကြလေနှင့်။ စင်စစ် စေတန်မကောင်းဆိုးဝါးနှင့် သူ့မိတ်ဆွေအပေါင်းအပါတို့သည် သင်တို့က သူတို့ကို မမြင်နိုင်သော နည်းလမ်းနှင့်နေရာများမှ သင်တို့အား မြင်နေကြ၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးတို့ကို မယုံကြည်သူတို့အတွက် လူယုံနှင့်ကာကွယ်စောင့်ရှောက်သူများအဖြစ် ဖြစ်စေတော်မူ၏။

[28] သူတို့သည် (ကအ်ဗဟ်ကျောင်းတော်၌ ကိုယ်တုံးလုံးလှည့်ပတ်ခြင်းပမာ) စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မဖွယ်မရာကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ကြသည့်အခါ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကို ထိုသို့ပင် (ပြုလုပ်ကြောင်း) တွေ့ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းနှင့်ပတ်သက်၍ (ထိုသို့ ပြုလုပ်ရန်) အမိန့်ပေးတော်မူခဲ့၏။” ဟု ပြောဆိုခဲ့ကြသည်။ “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့် မဖွယ်မရာကိစ္စနှင့်စပ်လျဉ်း၍ (ထိုသို့ပြုလုပ်ရန်) အလျင်း မိန့်တော်မမူချေ။” ဟု ဟော ကြားလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ မသိနားမလည်သောအရာကို (ကြံစည်ဖန်တီး၍) ပြောဆိုမည်လော။” (ဟု မေးမြန်းလော့။)

[29] ဟောလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (ကျွန်ုပ်အား) တရားတော်နှင့်အညီ တရားမျှတစွာ ပြုမူကျင့်ကြံရန်၊ ဝတ်ပြုရာနေရာတိုင်း၌ သင်တို့၏မျက်နှာ များကို (အရှင့်ဘက်ရှေးရှုဦးတည်၍) မြဲမြံစွာ ဝတ်ပြုဆောက်တည်ရန်နှင့်အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အရှင်မြတ်ကို ဟစ်ခေါ်ရန် အမိန့်ပေးညွှန်ကြားတော်မူ၏။ သင်တို့အား မူလအစ၌ စတင်ဖြစ်တည်စေတော်မူသကဲ့သို့ (ထိုအရှင်မြတ်ထံတော်သို့ပင်) သင်တို့ ပြန်ကြရလိမ့်မည်။

[30] (ထိုအရှင်မြတ်သည်) အုပ်စုတစ်စုအား (လမ်းမှန်အတိုင်း) လမ်းညွှန်တော်မူပြီး အုပ်စုတစ်စုအပေါ်တွင်မူကား လမ်းမှားသာ ထိုက်တန်စေတော်မူ၏။ (အကြောင်းမှာ) သူတို့သည် အလ္လာဟ်အရှင်မြတ်ထက် စေတန်မကောင်းဆိုးဝါးတို့ကို ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် အယူထားကြပြီး သူတို့သည် တရားလမ်းမှန်ရရှိကြသူများဖြစ်သည်ဟု ထင်မှတ်နေကြသောကြောင့် ဖြစ်သည်။

[31] အို၊ အာဒမ်သားသမီးအပေါင်းတို့၊ ဝတ်ပြုရာနေရာတိုင်း၌ (ဆွလာသ်ဝတ်ပြုစဉ်) သန့်ရှင်းစင်ကြယ်စွာနှင့်တင့်တယ်စွာ ဝတ်စားတန်ဆာဆင်ကြလော့။ (အရှင်မြတ်ခွင့်ပြုထားသော စားသောက်ဖွယ်ရာများကို) စားသုံးကြလော့။ သို့သော် (အလွန်အကျွံစားသောက်၍လည်းကောင်း၊ မလိုလားအပ်သောနည်းများတွင် အသုံးချခြင်းဖြင့်လည်းကောင်း၊) မဖြုန်းတီးကြလေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မမူချေ။

[32] ဟောလော့၊ “အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့အတွက် ထုတ်လုပ်စေတော်မူသော လက်ဝတ်တန်ဆာများ၊ ရိက္ခာနှင့်လိုအပ်ချက်တို့အနက်မှ သန့်ရှင်းစင်ကြယ်သော အစားအသောက်များကို မည်သူက တားမြစ်လေသနည်း။ ယင်းသည် ယုံကြည်သူတို့အတွက်ဤလောကီဘဝသက်တမ်း၌ (အများနည်းတူ) လည်းကောင်း၊ ရှင်ပြန်ထမည့်နေ့တွင် သီးသန့်အဖြစ်လည်းကောင်း၊ ရရှိမည့်ခံစားခွင့်များ ဖြစ်၏။ ဤကဲ့သို့ပင် ငါအရှင်မြတ်သည် အသိပညာရှာဖွေဆည်းပူးကြသော လူမျိုးတို့အတွက် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ်ရှင်းပြတော်မူ၏။”

[33] ဟောကြားလော့။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မဖွယ်မရာများအနက်မှ လူသိရှင်ကြား ထင်ထင်ရှားရှား ပြုမူကျင့်ဆောင်မှုများကိုလည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်စွာ လုပ်ဆောင်သည်များကိုလည်းကောင်း၊ မကောင်းမှုဒုစရိုက်များကိုလည်းကောင်း၊ မတရားသဖြင့် အနိုင်ကျင့်ညှင်းဆဲခြင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက် ၍ (အခြားသောအရာများအား ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ခြင်းကိုလည်းကောင်း၊ အရှင်မြတ်ထံတော်မှ ခွင့်ပြုချက်ဆိုင်ရာ သက်သေသာဓကချမှတ်ပေးအပ်ခြင်းမခံရသော အကြောင်းကိစ္စများအား သင်တို့ သိနားလည် ခြင်းမရှိဘဲ အရှင်မြတ်အပေါ် (ကြံစည်ဖန်တီး၍) ပုံချပြောဆိုခြင်းကိုလည်းကောင်း၊ အမှန်ပင် တားမြစ်ထားတော်မူ၏။”

[34] လူ့ဘောင်အသိုင်းအဝိုင်းအတွက် (သူတို့၏လွတ်လပ်စွာရွေးပိုင်ခွင့်နှင့်အညီ အရှင်မြတ်က) သတ်မှတ်ထားတော်မူသော အချိန်ကာလတစ်ခု ရှိ၏။ သူတို့၏ သတ်မှတ်ချိန် စေ့သည့်ကာလရောက် လာသည့်အခါ (သူတို့သည်) အချိန်တစ်နာရီမျှပင် နောက်ဆုတ်နိုင်ကြမည်မဟုတ်ပေ။ (အချိန်အနည်းငယ်မျှ) ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။

[35] အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ (လောကီဘဝသက်တမ်းသည် အရှင်မြတ်သတ်မှတ်ထားသည့် အတိုင်းသာဖြစ်၍) အသင်တို့အနက်မှ (ငါအရှင်မြတ်ရွေးချယ်ခန့်အပ်တော်မူသည့်) ရစူလ်တမန်တော်များ သင်တို့ထံ ငါအရှင်၏အာယာသ်သက်သေလက္ခဏာတော်များကို ရှင်းလင်းတင်ပြရန် ရောက်လာကြသည့်အခါတိုင်း မည်သူမဆို အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာပြီး (သူ၏နေထိုင်ကျင့်သုံးမှုစနစ်ကို အရှင့်လမ်းညွှန်တော်နှင့်အညီ) ပြုပြင်ပြောင်းလဲလျှင် သူတို့အပေါ်၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိမည်မဟုတ်သည့်အပြင် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ချေ။

[36] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် ကြံစည်စွပ်စွဲလျက်) ငြင်းဆန်၍ မာန်မာနတက်ကြသူတို့သည် ငရဲမီး၏အဖော်များသာဖြစ်ကြပြီး (ထိုသူတို့သည် ထိုငရဲဘုံ၌ပင်) ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။

[37] မည်သူမဆို မုသားများကို ကြံဖန်လီဆယ်၍ (ထိုမုသားများအား အရှင်မြတ်ချမှတ်တော်မူသကဲ့သို့) အလ္လာဟ်အရှင်မြတ်အပေါ် ပုံချခြင်းဖြင့် လိမ်လည်ကြလျှင် သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာ တော်များကို ငြင်းဆန်လျှင် ထိုသူတို့ထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သူ မည်သူရှိအံ့နည်း။ ထိုသူတို့သည် ငါအရှင်မြတ်၏စေတမန်များက သူတို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းရန် ရောက်လာသည်အထိ (သက်တမ်းတစ်လျှောက်လုံး၌) ကျမ်းတော်မှ (အရှင့်သတ်မှတ်ပြဋ္ဌာန်းချက်နှင့်အညီ သူတို့၏ဘဝ လိုအပ်ချက်နှင့်ရိက္ခာဆိုင်ရာ) ဝေစုဝေပုံများ သူ့ထံရောက်ရှိ၍ ခံစားခဲ့ကြရသည်။ (သူတို့အား) “အလ္လာဟ်အရှင်မြတ်မှ ရှောင်ဖယ်စွန့်ခွာ၍ သင်တို့ဆည်းကပ်ပူဇော်၍ ဟစ်ခေါ်တသခဲ့ကြသော ထိုကိုးကွယ်ရာများ (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးသော် “ယင်းတို့သည် ကျွန်ုပ်တို့ထံမှ သွေဖည်၍ ပျောက်ကွယ်သွားကြလေပြီ။” ဟု ဖြေကြားလိမ့်မည်။ ထို့ပြင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို (အရှင့်စည်း မျဉ်းတော်တိုင်းမဟုတ်ဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း အသုံးချခဲ့ခြင်းကြောင့်) ဧကန်စင်စစ်၊ မယုံကြည်သူများ ဖြစ်လာခဲ့ကြောင်းကို သက်သေခံကြမည်။

[38] (အရှင်မြတ်က) “သင်တို့မတိုင်မီ လွန်လေပြီးသော ဂျင်န်နှင့် လူသားအသိုင်းအဝိုင်းတို့ အနက်မှ (ငရဲမီးနှင့် ထိုက်တန်သူတို့အား) ငရဲမီးထဲသို့ဝင်ကြလော့။” ဟု မိန့်တော်မူရာအသိုင်းအဝိုင်းတစ်ခုသည် (ငရဲမီးထဲသို့) ဝင်ရောက်သည့်အခါတိုင်းမှာ (ယင်းတို့မတိုင်မီလွန်လေပြီးသော) ရှေ့မျိုးဆက်အသိုင်းအဝိုင်းအား ကျိန်ဆဲလေ၏။ သူတို့အားလုံး တစ်စုကိုတစ်စု ကျော်တက်လျက် ထို (ငရဲမီး) ထဲသို့ ရောက်သည်အထိ သူတို့နောက်မျိုးဆက်က ရှေးမျိုးဆက်နှင့်စပ်လျဉ်း၍ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤ (ရှေးမျိုးဆက်ဖြစ်သော) သူတို့သည် ကျွန်ုပ်တို့အား လမ်းမှားရောက်စေသောကြောင့် သူတိုကို ငရဲမီး၏ပြစ်ဒဏ် နှစ်ဆပေးတော်မူပါ။”ဟု လျှောက်တင်ကြ၏။ “(ထိုစဉ်အရှင်မြတ်က) အုပ်စုတိုင်းအတွက် (ပြစ်ဒဏ်) နှစ်ဆစီ (ရှိမည်) ဖြစ်သော်လည်း သင်တို့၌ သိနားလည်မှု မရှိကြချေ။” ဟု မိန့်တော်မူ၏။

[39] (သူတို့အနက်) ရှေးမျိုးဆက်က နောက်မျိုးဆက်အား “အသင်တို့သည် ကျွန်ုပ်တို့ထက် ပိုမို၍ သိက္ခာမရှိသော ကြောင့် သင်တို့ရှာဖွေဆည်းပူးကျင့်ဆောင်ခဲ့သမျှနှင့်အညီ ပြစ်ဒဏ်များကို မြည်းစမ်းကြလော့။” ပြောဆိုကြ၏။

[40] ဧကန်စင်စစ်၊ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် ကြံဖန်စွပ်စွဲ၍) ငြင်းဆန်ပြီး ယင်းတို့မှ (ရှောင်လွှဲလျက်) မာနတက်နေကြသူတို့သည် ကုလားအုတ်က အပ်ပေါက်၌ ဝင်ဆံ့သည့်တိုင် သူတို့အတွက် မိုးကောင်းကင်၌ တံခါးပေါက်များ ဖွင့်ထားခြင်းခံရမည်မဟုတ်ပေ။ သုခဘုံထဲသို့လည်း ဝင်ခွင့်ရလိမ့်မည်မဟုတ်ချေ။ ထိုသို့ပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သော ရာဇဝတ်သားများကို (သူတို့၏ ပြစ်မှုနှင့်အညီ ဆိုးကျိုးဆက်အဖြစ်) ပြစ်ဒဏ်ပေးတော်မူ၏။

[41] သူတို့အတွက် အခင်းမှာ ငရဲဘုံဖြစ်ပြီး သူတို့အပေါ်၌လည်း (ငရဲမီး) အဖုံးအအုပ်များ ရှိ၏။ ထိုသို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်လုပ်သူတို့အတွက် (အကျိုးဆက်) ပေးဆပ်စေတော်မူ၏။

[42] ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သည့် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အတွက် ငါအရှင်မြတ်သည် မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကိုမျှ ယင်း၌ရှိသော စွမ်းရည်နှင့်အညီမှအပ (တာဝန်ဝန်ထုပ်ကို) ထမ်းဆောင်စေတော်မမူပေ။ ထိုသူတို့သည် သုခဘုံဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထို (သုခဘုံ) ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းကြမည်။

[43] ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံး၌ရှိသော အာဃာတအငြိုအတေးနှင့်မနာလိုမှုများကို ဖယ်ရှားထုတ်ပစ်တော်မူမည်။ သူတို့၏အောက်ခြေ၌ စိမ့်စမ်းရေများ တသွင်သွင် စီးဆင်းလျက်ရှိ၏။ သူတို့က “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် ကျွန်ုပ်တို့အား ဤသို့ (လောကီဘဝ၌ အရှင်မြတ်က မျက်နှာသာပေးတော်မူသည့် လမ်းစဉ်အတိုင်း ဘဝတည်ဆောက်နိုင်ရန်) လမ်းညွှန်တော်မူသောအလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့အား လမ်းညွှန်တော်မမူခဲ့လျှင် တရားလမ်းညွှန်မှန်ကို အလျှင်း ရရှိကြမည်မဟုတ်ပေ။ မုချဧကန် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာနှင့်အတူ ရစူလ်တမန်တော်များ ရောက်ရှိလာခဲ့၏။ “ဤသုခဘုံဥယျာဉ် သည် သင်တို့ (က လောကီဘဝ၌) ပြုမူကျင့်ကြံကြသည်နှင့်အညီ (အကျိုးဆုလဒ်အဖြစ်) အမွေဆက်ခံခွင့်ခံရမည့် အရာအဖြစ်ကြောင်း” (ကြွေးကြော်သူတစ်ဦးက) သူတို့အား ဟစ်ခေါ်ပြောလိမ့်မည်။

[44] သုခဘုံဥယျာဉ်၏အဖော်များက ငရဲမီး၏အဖော်များအား “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကတိပေးမိန့်တော်မူခဲ့သည်မှာ မှန်ကန်ကြောင်း ကျွန်ုပ်တို့က မုချပင် တွေ့ခဲ့ရပြီ။ သင်တို့ကို သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က ကတိပေးမိန့်တော်မူခဲ့သည်မှာ မှန်ကန်ကြောင်း သင်တို့ တွေ့ကြသလော။” ဟု ဟစ်ခေါ်မေး မြန်းကြသော် (သူတို့က) ဟုတ်ပါ၏။ (မှန်ကန်ကြောင်းတွေ့ခဲ့ပါပြီ) ဟု ဖြေဆိုကြမည်။ ထို့နောက် ကြွေးကြော်သူတစ်ဦးက “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ (မဟုတ်မတရား) မမှန်မကန်ပြုမူကျင့်ကြံခဲ့ကြသူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးကြစေ။” ဟူ၍ ဟစ်အော်ကြွေးကြော်လိမ့်မည်။

[45] အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့အား) တားဆီးပိတ်ပင်ပြီး ထို (လမ်းစဉ်တော်) ၌ ကွေ့ကောက်မှုကို (မရိုးသားစွာဖြင့်) ရှာဖွေကြသူတို့သည် နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ကြသူများပင် ဖြစ်ကြ၏။

[46] ထို့ပြင် ယင်းတို့ (သုခဘုံနှင့်ငရဲဘုံ) စပ်ကြားတွင် အကာအရံတစ်ခုရှိ၏။ မြင့်သောနေရာတစ်ခုပေါ်တွင် လူတိုင်း၏မျက်နှာထားကို (သူတို့၏အမှတ်အသားများဖြင့်) မှတ်မိနေသော လူများရှိကြ၏။ သူတို့သည် သုခဘုံ၏အဖော် (သုခဘုံသား) တို့အား “ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်ကျရောက်ပါစေ။” ဟု ဟစ်အော်ပြော ဆိုကြမည်။ သူတို့သည် ထို (သုခဘုံ)ကို မဝင်ရသေးသော်လည်း (ဝင်ခွင့်ရလိမ့်မည်ဟု) မျှော်လင့်တောင့်တလျက် ရှိကြမည်။

[47] တစ်ဖန် သူတို့၏မျက်စိများကို ငရဲမီး၏အဖော်များ (ငရဲသားများ) ဘက်သို့ လှည့်ကြသည့်အခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့နှင့်အတူ (သူတို့ထဲတွင် အပါအဝင်) ဖြစ်စေတော်မမူပါနှင့်။” ဟု လျှောက်တင်ကြလိမ့်မည်။

[48] မြင့်မြတ်သောနေရာ၏အဖော် (နေရာမြင့်၌ရှိသူ) တို့က မျက်နှာထား (အမှတ်အသားများဖြင့်) သူတို့မှတ်မိနေကြသော (လောကီဘဝမှ မယုံကြည်သူတို့၏ခေါင်းဆောင်များဖြစ်ခဲ့ကြသော) လူအချို့အား ဟစ်ခေါ်၍ “သင်တို့ (လောကီဘဝ၌) စုဆောင်းခဲ့ကြသော (ဥစ္စာဓန၊ အင်အားအဖွဲ့အစည်းစသော) အရာများနှင့်သင်တို့ မာန်မာနထောင်လွှားခဲ့ကြသည့် ပကာသနများသည် သင်တို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။” ဟု ပြောဆိုကြလိမ့်မည်။

[49] (မြင့်မြတ်သောနေရာ၌ရှိသူတို့သည် သုခဘုံ၏အဖော်များကိုညွှန်ပြလျက်) ဤသူတို့သည် (လောကီဘဝ၌ မယုံကြည်သူတို့၏ခေါင်းဆောင်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် အရှင့်ကရုဏာတော်သက်စေမည် မဟုတ်။” ဟု ကျိန်ဆိုပြောခဲ့ကြသည့်သူများ မဟုတ်လော။ (ထို့နောက် သုခဘုံသားတို့အား) သင်တို့သုခဘုံထဲသို့ ဝင်ကြလော့။ သင်တို့အပေါ် မည်သည့် စိုးရိမ်ကြောင့်ကြမှုများရှိမည် မဟုတ်သည့်အပြင် သင်တို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ပေ။ (ဟု ပြောလိမ့်မည်။)

[50] ငရဲသားတို့သည် သုခဘုံသားတို့အား “အလ္လာဟ်အရှင်မြတ်က သင်တို့ကို ပေးအပ်တော်မူသည့်ရေ သို့မဟုတ် ရိက္ခာအထောက်အပံ့တို့အနက်မှ ကျွန်ုပ်တို့အပေါ်လည်း သွန်းလောင်းပေးသနားကြပါ။” ဟု ဟစ်ခေါ် တောင်းဆို ကြ၏။ (ထိုအခါ သုခဘုံသားတို့က) “အလ္လဟ်အရှင်မြတ်သည် ယင်းတို့နှစ်ခုစလုံးကို မယုံကြည် (သူနှင့်အမှန် တရားကို ဖီဆန်ငြင်းပယ်) သူတို့အပေါ် (တရားမဝင်အဖြစ်) တားမြစ်တော်မူခဲ့ပြီ။”ဟု ဖြေဆိုကြ၏။

[51] (ထိုမယုံကြည်) သူတို့သည် သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ဖျော်ဖြေမှုနှင့်ကစားစရာအဖြစ် မှတ်ယူပြီး လောကီဘဝသက်တမ်းအား သူတို့ကို လှည့်စားဖြားယောင်းစေခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့ (လောကီဘဝ၌) ယနေ့မူကား ငါအရှင်မြတ်သည်လည်း သူတို့အား ဤနေ့နှင့်ကြုံတွေ့ရမည်ကို ဥပေက္ခာပြုမေ့ထား၍ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (ခေါင်းမာလျက် ငြင်းပယ်စွန့်ပစ်သကဲ့သို့) မေ့ပစ်ထားတော်မူ၏။

[52] ဧကန်ပင်၊ ငါအရှင်မြတ်သည် ဉာဏ်ပညာပေါ်အခြေခံ၍ (ငါအရှင်ကိုယ်တိုင်) အသေးစိတ်ရှင်းပြထားသော သက်ဝင်ယုံကြည်သော လူမျိုးအတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်ဖြစ်သော ကျမ်းတစ်စောင်ကို သူတို့ထံ ရောက်စေတော်မူခဲ့၏။

[53] သူတို့သည် ထို (ကျမ်းတော်) ၏ နိဂုံးချုပ်အဓိပ္ပါယ်ဖွင့်ဆိုချက် (နှင့်သူတို့လုပ်ရပ်၏နောက်ဆုံး အကျိုးဆက်) ကိုသာ စောင့်မျှော်နေကြသလော။ ထို (ကျမ်းတော်) ၏ ဖွင့်ဆိုချက်ပါအတိုင်း နောက်ဆုံးအကျိုးဆက် ဆိုက်ရောက်လာမည့်နေ့တွင် ယခင်က ယင်း (နေ့) အား မေ့လျော့နေခဲ့ကြသူတို့က “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရစူလ်တမန်တော်များသည် (ကျွန်ုပ်တို့ထံ) အမှန်တရား သစ္စာနှင့်အတူ မုချပင် ရောက်လာခဲ့ကြ၏။ (သို့သော် ကျွန်ုပ်တို့က ဂရုမစိုက်ခဲ့ပါ။) သို့ဖြစ်ပေရာ ကျွန်ုပ်တို့အတွက် ကြားဝင်တောင်းပန်ပေးနိုင်မည့် ကြားဝင်တောင်းပန်စေ့စပ်ပေးသူများအနက်မှ (ကျွန်ုပ်တို့ကို ကယ်တင်နိုင် မည့်သူ) တစ်စုံတစ်ဦး ရှိပါမည်လော။ သို့တည်းမဟုတ် ယခင်က ပြုမူကျင့်ကြံခဲ့ကြသည်တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုကိုသာလျှင်) ပြုမူကျင့်ကြံခွင့်ရရန် (လောကီသို့) ပြန်လွှတ်ခြင်းခံကြရမည်လော။” ဟု လျှောက်တင်ကြလိမ့်မည်။ ဧကန်ပင်၊ ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန်အသုံးချနိုင်သောစိတ် ဝိဉာဉ်)ကို သူတို့၏ စိတ်အလိုဆန္ဒအတိုင်း အသုံးချပြီး ဆုံးရှုံးနစ်နာအောင်ပြုခဲ့ပြီ။ ထို့ပြင် ထိုသူတို့ (ယခင်က) ကြံဖန်လီဆယ်ခဲ့ကြသည့် (မှားယွင်းသောကိုးကွယ်ရာများနှင့်အားကိုးအားထားပြုခဲ့ကြသော) အရာများလည်း သူတို့ထံမှ ဖွယ်ခွါသွားကြ လေပြီ။

[54] မုချဧကန်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များကို ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ (ယင်းတို့ကို ဖြစ်တည်စေတော်မူပြီးနောက်) တစ်ဖန် ထိုအရှင်မြတ်သည် အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာ) အား အချို့အစားမျှတပြီး နေသားတကျ ဖြစ်အောင် အခိုင်အမာထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်သည် နေ့ကိုညဖြင့် တစ်ခု၏ (နောက်ကို အခြားတစ်ခု စဉ်ဆက်မပြတ် အလျှင်အမြန်လိုက်စေလျက်) ဖုံးအုပ်လွှမ်းမိုး စေတော်မူ၏။ ထို့ပြင် နေ၊ လနှင့်နက္ခတ်ကြယ်တာရာများအား အရှင့်အမိန့်တော်ညွှန်ကြားချက်ဖြင့် (အရှင့်နိယာ မတရားနှင့်အညီ လှည့်ပတ်လှုပ်ရှားကြသည့်) အရှင့်ဩဇာခံများဖြစ်စေတော်မူ၏။ ဖွဲ့စည်းဖြစ်တည်စေခြင်းနှင့် (ထိုသို့ဖြစ်တည်စေရန်) အမိန့်ပေးညွှန်ကြားခွင့်များသည် ထိုအရှင်မြတ် (၏ အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) နှင့်သာ ထိုက်တန်တော်မူကြောင်းကို နှလုံးသွင်း မှတ်ယူကြလော့။ အလ္လာဟ်အရှင်မြတ်သည်ပင် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ဖြစ်၍ ဂုဏ်ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံတော်မူ၏။

[55] (အို၊ လူသားတို့) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ကျိုးနွံစွာနှင့်သိုသိုသိပ်သိပ် ဆုတောင်းပန်ကြားလော့။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် စည်းကမ်းကျူး လွန်ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မမူချေ။

[56] (အရှင်မြတ်စည်းဘောင် ပြဋ္ဌာန်းသတ်မှတ်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးကြလော့) တည်ငြိမ်အေးချမ်းပြီးနောက်တွင်မှ ကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်ဖြစ်အောင် အဖျက်အနှောင့် (သွေးထွက်သံယိုမှု) များ မပြုကြလေနှင့်။ ထိုအရှင်မြတ်အား (ပြစ်ဒဏ်ပေးမည်ကို) စိုးရွံ့ထိတ်လန့်၍ (အရှင့်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကရုဏာတော်အတွက်) မျှော်လင့်ချက်ထားလျက် ဆုပန်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည် အရေးကိစ္စဟူသမျှကို အရှင့်လမ်းညွှန်တော်နှင့်အညီအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူတို့နှင့်အလွန်ပင် နီးကပ်လျက်ရှိ၏။

[57] ထိုအရှင်မြတ်သည်ပင် အရှင့်ရှေ့ပြေးကရုဏာတော်အဖြစ် (မိုးရွာမည့်) သတင်းကောင်းကို ဆောင်သောလေ များကို စေလွှတ်တော်မူ၏။ ထိုလေများကို သိပ်သည်းလေးလံသော တိမ်သားများဖြစ်လာသည်အထိ သယ်ဆောင်၍ မြေသေမြေရိုင်းများရှိသည့် မြို့ရွာများအထိ မောင်းနှင်တွန်းပို့စေလျက် ယင်းတို့မှ မိုးရေကို သွန်းချစေတော်မူ၏။ သို့ဖြစ်ရာ၊ ထိုမိုးရေအားဖြင့် သစ်သီးဝလံမျိုးစုံကို ပေါက်ရောက်ထွက်ပေါ်စေတော်မူ၏။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သင်တို့ သတိရ တသ၍ ဖွင့်ဟနိုင်ကြရန်အလို့ငှာ (မြေသေမြေရိုင်းနှင့်သေနေသော သစ်ပင်ပေါက်ပင်များကို ရှင်စေတော်မူသကဲ့သို့) သူသေတို့အားလည်း (ရှင်ပြန်ထမြောက်မည့်နေ့တွင်) ပြန်လည်ထွက်စေတော်မူလိမ့်မည်။

[58] (မြေဩဇာကောင်းသော) မြေကောင်းမြေသန့်မှ ထိုမြေအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် (ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံမျိုးစုံထွက်သည့်) အပင်များကို ပေါက်ရောက်စေတော်မူ၏။ (မြေဩဇာညံ့ဖျင်းသော) မြေရိုင်းများမှာမူကား အလွန်ခဲယဉ်းခက်ခဲစွာမှအပ (အပင်များ) ပေါက်ရောက်စေတော် မမူချေ။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော လူမျိုးတို့အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို (ကိုယ်စိတ်နှလုံးတို့ဖြင့် အရှင့်အမိန့်တော်အတိုင်း ပြုမူကျင့်ကြံ နိုင်ရန် နည်းမျိုးစုံသုံး၍ အသေးစိတ်) ရှင်းပြတော်မူ၏။

[59] ဧကန်ပင်၊ ငါအရှင်မြတ်သည် တမန်တော်နူးဟ်ကို သူ့လူမျိုးများထံ (အရှင့်သတင်းစကားတော်အား ပို့ချပေးအပ်ရန်) စေလွှတ်တော်မူခဲ့၏။ (တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုးကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် သင်တို့အပေါ်၌ အလွန်ကြီးကျယ်သောနေ့ (တမလွန်တရားစီရင်မည့်နေ့) ၏ ပြစ်ဒဏ် (ပေးခံရမည်) ကို အမှန်ပင် စိုးရိမ်ကြောင့်ကြနေ၏။” ဟု ဟောကြားခဲ့၏။

[60] တမန်တော်နူးဟ်၏လူမျိုးအနက်မှ အကြံပေးအကြီးအကဲတို့က “ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အသင် (နူးဟ်) အားထင်ရှားသော လွဲချော်မှားယွင်းမှု၌ တွေ့မြင်ရ၏။” ဟု ပြောဆိုခဲ့ကြ၏။

[61] (ထိုအခါ တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူအမျိုးသားတို့၊ ကျွန်ုပ်၌ လွဲချော်မှားယွင်းမှုဟူ၍ အလျှင်း မရှိပေ။ အမှန်စင်စစ်၊ ကျွန်ုပ်သည် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံတော်မှ (သတင်းကောင်းအား သင်တို့ထံ ပို့ဆောင်သွန်သင်ရန် စေလွှတ်တော်မူခြင်းခံရသော) အရှင့် ရစူလ်တမန်တော်ပင် ဖြစ်၏။” ဟု ဖြေဆိုဟောကြားလေ၏။

[62] ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ချမှတ်မှာကြားတော်မူသည့် သတင်းစကားတော်များကို သင်တို့ထံ ပို့ဆောင်ပြီး သင်တို့က မသိနားမလည်သည်တို့ကို အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျွန်ုပ် (က အကုန်စင်) သိပြီးဖြစ်၍ သင်တို့အတွက် အကြံဉာဏ်ကောင်းပေးနေ၏။

[63] (သင်တို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးကို) သင်တို့အား သတိပေးနှိုးဆော်ရန်၊ အရှင့်စည်းမျဉ်းတော်များ အား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးစေရန်နှင့်အရှင့်ကရုဏာတော်သက်ရောက်စေရန်အလို့ငှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် (က ရွေးချယ်တော်မူပြီး) မှ သင်တို့ထံ အရှင့်ဆုံးမဩဝါဒတော်အား (သွန်သင်ပို့ချပေးအပ်ရန်) ရောက်စေတော်မူသည်ကို သင်တို့က အံ့အား သင့်ကြလေသလော။

[64] (တမန်တော်နူးဟ်၏သတိပေးချက်ကို အလေးထားမည့်အစား) သူ့အား မဟုတ်မမှန်ကြံဖန်စွပ်စွဲ၍ ငြင်း ပယ်သောကြောင့် ငါအရှင်မြတ်သည် တမန်တော်နူးဟ်အားလည်းကောင်း၊ သူနှင့်အတူ သင်္ဘောပေါ်၌ ရှိသူတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူပြီး အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို ငြင်းပယ်ခဲ့ကြသူတို့အား နစ်မြုပ်စေတော်မူခဲ့၏။ အမှန်စင်စစ်၊ သူတို့သည် (အသိတရားကင်းမဲ့လျက်) အမှန်တရားကို မမြင်နိုင်သော) မျက်ကန်းလူမျိုးပင် ဖြစ်ကြ၏။

[65] (အရှင်မြတ်သည်) အာဒ်လူမျိုးတို့ထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ဟူဒ်ကို စေလွှတ်တော်မူခဲ့ရာ (တမန်တော်ဟူးဒ်က သူတို့အား) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်နာခံကိုး ကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြခြင်း မရှိသေးသလော။” ဟု ဟောကြားလေ၏။

[66] တမန်တော်ဟူးဒ်၏လူမျိုးတို့အနက်မှ မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သည့်) အကြံပေးအကြီးအကဲတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးသော (တုံ့အသူတို့၏) လုပ်ရပ်၌ တွေ့ရပြီး အသင့်ကို လိမ်လည်သူတို့ထဲတွင် အပါအဝင်စေဖြစ်လိမ့်မည်ဟု အမှန်ပင် ကျွန်ုပ်တို့က ထင်မိခဲ့ကြ၏။” ဟု ပြောဆိုခဲ့ကြသည်။

[67] (ထိုအခါ တမန်တော်ဟူးဒ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်၌ အသိဉာဏ်နည်းပါးသော (တုံးအသူတို့၏) လုပ်ရပ်ဟူ၍ အလျှင်း မရှိပေ။ အမှန်စင်စစ်၊ ကျွန်ုပ်သည် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (အရှင့်သတင်းကောင်းအား သွန်သင်ပို့ချပေးအပ်ရန် စေလွှတ်တော်မူခြင်းခံရသော) ရစူလ်တမန်တော်သာ ဖြစ်၏။”

[68] ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ချမှတ်ပေးအပ်တော်မူသည့်) အမိန့်မှာကြားချက်များကို သင်တို့ထံ ပို့ဆောင်နေခြင်းသာ ဖြစ်ပြီး ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော (သင်တို့၏ကောင်းကျိုးကိုသာလိုလားသည့်) အတိုင်ပင်ခံပုဂ္ဂိုလ်ပင် ဖြစ်၏။

[69] (သင်တို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးကို) သင်တို့အား သတိပေးနှိုးဆော်ရန်အလို့ငှာ သင်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (က ရွေးချယ်တော်မူပြီး) မှ သင်တို့ထံ အရှင့်ဆုံးမဩဝါဒတော်အား (ပို့ချပေးအပ်ရန်) ရောက်စေတော်မူသည်ကို အသင်တို့ အံ့အားသင့်ကြလေသလော။ တမန်တော်နူးဟ်၏လူမျိုးများ (မရှိသည့်) နောက်ပိုင်းတွင် သင်တို့အား ဆက်ခံသူ (ကိုယ်စားလှယ်တော်) များအဖြစ် ဖြစ်ပေါ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ ခန္ဓာကိုယ်၏ဖွဲ့စည်းဖြစ်တည်မှု၌ အင်အားတောင့်တင်း၍ သန်မာထွားကျိုင်းစေတော်မူခဲ့သည်ကိုလည်းကောင်း၊ သတိရကြလော့၊ သင်တို့ပေါက်မြောက်အောင်မြင်နိုင်ရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။”ဟု ဟောကြားခဲ့၏။

[70] (ထိုစဉ် တမန်တော်ဟူးဒ်၏ လူမျိုးတို့က) “အသင်သည် ကျွန်ုပ်တို့ထံ ကျွန်ုပ်တို့၏ အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ ကိုးကွယ်ခဲ့ကြသည်တို့ကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာလျှင် ကိုးကွယ်စေရန် (အရှင့်အမိန့်တော်ဖြင့်) ရောက်ရှိလာခြင်း ဖြစ်သလော။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆို ကြသူတို့အနက်မှ ဖြစ်လျှင် ကျွန်ုပ်တို့အား (ကတိပေး) ခြိမ်းခြောက်နေသောအရာ (ပြစ်ဒဏ်) ကို (ပြောသည့်အ တိုင်း) ဖြစ်ပေါ် သက်ရောက်စေလော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြ၏။

[71] (ထိုစဉ် တမန်တော်ဟူးဒ်က သူ့လူမျိုးတို့အား) “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ရွံရှာဖွယ်ရာ ပြစ်ဒဏ်နှင့်အမျက်တော်သည် သင်တို့အပေါ်၌ အမှန်ပင် ကျ ရောက်အံ့ဆဲဆဲ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က အရှင့်အခွင့်အာဏာတော်မှ (သက်သေအထောက်အထားများ) ချပေးအပ်တော်မူခြင်း မရှိသည်ကို သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က (စိတ်ကြိုက်ပူဇော်ပသ ကိုးကွယ်ဆည်းကပ်နိုင်ရန်) အမည်အမျိုးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်အား စောဒကတက် ငြင်းခုံကြမည်လော။ သို့ဖြစ်ရာ၊ အသင်တို့သည် (အရှင့်ပြစ်ဒဏ်ကျရောက်သည်အထိ) စောင့်ဆိုင်းကြည့်ကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ဆိုင်းကြည့်ကြသူတို့အနက်မှ ဖြစ်၏။” ဟု ဖြေကြားခဲ့၏။

[72] ထို့နောက် ငါအရှင်မြတ်သည် တမန်တော်ဟူးဒ်နှင့်အပေါင်းအပါတို့အား အရှင့်ကရုဏာတော်အားဖြင့် ကယ်ဆယ်တော်မူပြီး အရှင့်အာယာသ်သက်သေလက္ခဏာတော်များအား မဟုတ်မမှန် ကြံစည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသူတို့ကို (အစအနပါမကျန်အောင်) အမြစ်ဖြတ် ရှင်းလင်းတော်မူခဲ့ပြီ။ ထို့ပြင် သူတို့သည် သက်ဝင်ယုံကြည် သူများ မဖြစ်ခဲ့ကြပေ။

[73] တစ်ဖန် တမန်တော်ဆမူးဒ်၏လူမျိုးတို့ထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ဆွာလေဟ်အား စေလွှတ်တော်မူခဲ့ရာ (သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်နာခံကိုးကွယ်ကြလော့။ (သင်တို့အတွက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အမှန်စင်စစ်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သင်တို့ထံ (အမှန်တရားအား မြင်သာထင်ရှားစေသော ရှင်းလင်းချက်ဆိုင်ရာ) သက်သေသာဓက ရောက်လာခဲ့ပြီ။ ဤသည် သင်တို့အတွက် နိမိတ်သက်သေလက္ခဏာအဖြစ် (ပေးအပ်တော်မူခြင်းခံရသည့်) အလ္လာဟ်အရှင်မြတ်၏ကုအားအုတ်မပင် ဖြစ်၏။ သို့ဖြစ်ရာ၊ အသင်တို့သည် ထိုကုလားအုပ်မအား အလ္လာဟ်အရှင်မြတ်၏ မြေကမ္ဘာ၌ (ကျင်လည်) ကျက်စား နိုင်ရန် (လွတ်လပ်စွာ သွားလာခွင့်ပေး၍) လွှတ်ထားကြလော့။ ထိုကုလားအုတ်မအား (မကောင်းသော စေတနာနှင့်) ထိခိုက်နစ်နာစေသည့် ရည်ရွယ်ချက်ဖြင့် မချဉ်းကပ် မထိတွေ့ကြလေနှင့်။ သို့မဟုတ်လျှင် (စူးနစ်သည့်) ပြင်းပြနာ ကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သင်တို့အား ဖမ်းဆီးသုတ်သင်လိမ့်မည်။

[74] တမန်တော်အာဒ် (၏လူမျိုးများမရှိသည့်) နောက်ပိုင်းတွင် သင်တို့အား ဆက်ခံသူ (ကိုယ်စားလှယ်တော်) များအဖြစ် ပေါ်ထွက်စေတော်မူပြီး မြေကမ္ဘာ၌ (အတည်တကျ) အခြေချနေထိုင်ခွင့်ပေးတော်မူခဲ့သည်ကို သတိရကြလော့။ သင်တို့သည် မြေပြန့်လွင်ပြင်ဒေသများ၌ ခမ်းနားသော ရဲတိုက်နန်းတော်များကို ထူထောင်ပြီး တောင်များကို ဖေါက်ထွင်းလျက် အိမ်များဆောက်ခဲ့ကြ၏။ (ထိုသို့ လုပ်နိုင်စွမ်းပေးသနားတော်မူခဲ့သည့်) အလ္လာဟ်အရှင် မြတ်၏ ကျေးဇူးတော်များကို သတိရကြလော့။ ကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်များဖြစ်စေလျက် (မိုက်မဲသောင်းကျန်းသူများအဖြစ် ပြုမူကျင့်ကြံ) မဆိုးသွမ်းကြလေနှင့်။

[75] သူ့လူမျိုးတို့အနက်မှ မောက်မာပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်သော အကြီးအကဲတို့က ယုံကြည်သူတို့ အနက်မှ အားနည်းသည်ဟု ထင်ရသူတို့အား (အထင်သေးစွာဖြင့်) တမန်တော်ဆွာလေဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သတင်းကောင်းနှင့်အတူ စေလွှတ်တော်မူခြင်းခံရကြောင်းကို သင်တို့က အမှန်ပင် သိနားလည်ပြီး ယုံကြည်ကြပါသလော။” ဟု မေးမြန်းခဲ့ကြရာ သူတို့က “ကျွန်ုပ်တို့သည် သူ့အား (အရှင့်အမိန့်တော်နှင့်အတူ) စေလွှတ်တော်မူခြင်းခံရသည့်အတိုင်းပင် (သူနှင့်သူပို့ချပေးအပ်ရာတို့ကို) ယုံကြည်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသည်။

[76] ထိုမောက်မာသူများက “ကျွန်ုပ်တို့သည် အသင်တို့ယုံကြည်သည့်အရာကို မုချပင်၊ မယုံကြည်ငြင်းပယ်သူများ၊ ဖြစ်ကြ၏။” ဟု ပြောခဲ့ကြ၏။

[77] ထို့နောက် သူတို့သည် (တမန်တော်ဆွာလောဟ် ပို့ချပေးအပ်သည့် သတင်းကောင်းဆိုင်ရာ အမှန်တရား သစ္စာနှင့်ပတ်သက်သော သက်သေအထောက်အထားများကို သည်းခံစောင့်ကြည့်ခြင်း မပြုဘဲ) ကုလားအုတ်မကို (ရက်စက်စွာ) သတ်ဖြတ်ပြီး သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလျက် အာခံဖီဆန်ခဲ့ကြ၏။ “အို၊ ဆွာလေဟ်၊ အကယ်၍ အသင်သည် ရစူလ်တမန်တော်များအနက်မှ ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့အား (အာခံဖီဆန်မှုအတွက် ပြစ်ဒဏ်ပေးမည်ဟု) ခြိမ်းခြောက်သည့်အတိုင်း (ပြစ်ဒဏ်ကို) ကျွန်ုပ်တို့ထံ ယူဆောင်ခံစားစေလော့။” ဟု ပြောခဲ့ကြ၏။

[78] သို့ဖြစ်ပေရာ (ရုတ်တရက်) ငလျှင်ကပ်ဘေးကြီးရောက်စေတော်မူသောကြောင့် သူတို့၏နေအိမ်မြို့ရွာများ တွင် လှုပ်ရှားမှုမဲ့မှောက်နေသည့် သက်မဲ့များ ဖြစ်ကြလေ၏။

[79] တမန်တော်ဆွာလေဟ်သည် “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သတင်းစကားတော်အမိန့်မှာကြားချက်ကို မုချပင် သင်တို့ထံ ပို့ဆောင်ဖြန့်ချီခဲ့ပြီး သင်တို့၏အကျိုးအတွက် အကြံဉာဏ်ကောင်းပေးခဲ့ပြီ။ သို့သော် သင်တို့က အကြံဉာဏ်ကောင်းပေးသူများကို မနှစ်သက်ကြပေ။” ဟု ပြောလျက် သူတို့ထံမှ မျက်နှာလွှဲ၍ လှည့်ပြန်ခဲ့ပြီ။

[80] (ထိုသို့ပင်) တမန်တော်လူးသ်ကလည်း သူ၏လူမျိုးတို့အား “အသင်တို့သည် လောကခပ်သိမ်းတွင် သင်တို့ မတိုင်မီ မည်သူတစ်ဦးတစ်ယောက်မျှ မပြုမူ၊ မကျင့်ဆောင်ခဲ့သော စက်ဆုပ်ရွံရှာဖွယ် မကောင်းမှုကို ပြုလုပ်ကြမည်လော။” ဟု ဟောကြားခဲ့စဉ်။

[81] မုချဧကန်၊ သင်တို့သည် အမျိုးသမီးများကို စွန့်၍ (သူတို့၏နေရာတွင်) အမျိုးသားများကို (အစားထိုးလျက်) တဏှာရာဂတပ်မက်စွာဖြင့်) ချဉ်းကပ်ကြ၏။ အမှန်မှာ သင်တို့သည် အရှင့်စည်းမျဉ်းကို ချိုးဖောက်ကျူးလွန်သော (လူ့အခွင့်အရေးကို အလွဲသုံးစားပြုသော) လူမျိုးဖြစ်ကြ၏။ ဟု ဟောကြားခဲ့စဉ်။

[82] သူ့လူမျိုးတို့က “(တမန်တော်လူသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့ကို သူတို့၏မြို့ရွာအိုးအိမ်များမှ နှင်ထုတ်ကြလော။” ဟု ပြောဆိုခြင်းမှအပ အခြားမည်သည့် အဖြေကိုမျှ ဖြေကြားနိုင်ခြင်းမရှိခဲ့ကြပေ။ မုချဧကန် (တမန်တော်လူးသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့သည် သန့်ရှင်းစင်ကြယ်သော လူသားများပင် ဖြစ်ကြ၏။

[83] (သို့ဖြစ်ရာ) ငါအရှင်မြတ်သည် အမိန့်တော်ကို အာခံ၍ နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် အပါအဝင်ဖြစ်သော တမန်တော်လူးသ်၏အမျိုးသမီးမှအပ သူနှင့်သူ့အိမ်သူအိမ်သား (နောက်လိုက်) တို့အား ကယ်ဆယ်တော်မူခဲ့၏။

[84] ငါအရှင်မြတ်သည် သူတို့အပေါ်၌ ပြည်ဖျက်မိုး (ခဲမိုး) ကို ရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ၊ ပြစ်မှုဒုစရိုက်ကျူးလွန်သော သူတို့၏နိဂုံး (အကျိုးဆက်) မှာ မည်သို့ဖြစ်ခဲ့သည်ကို အသင်တို့ စူးစမ်းလေ့လာကြည့်ကြလော့။

[85] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားများထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ရှုအိုဗ် (ကို စေလွှတ်တော်မူခဲ့ရာသူ) က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုး ကွယ်ကြလော့။ ထိုအရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သိသာထင်ရှားသော သက်သေသာဓကများ ပါရှိသည့် ရှင်းလင်းချက်များ သင်တို့ထံ ရောက်ရှိလာခဲ့ပြီ။ သို့ဖြစ်ပေရာ၊ သင်တို့သည် အလေးချိန်အားဖြင့် ချိန်တွယ်ပေးရသည့် ကုန်ဖလှယ်မှုများတွင် (အလေးချိန်ကို အပြည့်အဝနှင့်တရားမျှတစွာ) ချိန်တွယ်ပေးကြလော့။ လူတို့အား သူတို့၏ပစ္စည်း (ရပိုင်ခွင့်) များကို (ရသင့်ရထိုက်သော ခံစားခွင့်မပေးဘဲ ပိတ်ပင်တားမြစ်ခြင်း) လျှော့ပေးခြင်းတို့ မပြုကြလေနှင့်။ တည်ငြိမ်အေးချမ်းပြီးနောက်တွင်မှကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်ဖြစ်အောင် အဖျက်အနှောင့် (နှင့်သွေးထွက်သံယိုမှု) များ မပြုကြလေနှင့်။ ဤသည်ကား အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် သင်တို့အတွက် အကောင်းမြတ်ဆုံး (နှင့်အလုပ်ထိုက်ဆုံး) ပင် ဖြစ်၏။”

[86] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူတို့အား အရှင့်လမ်းစဉ်တော်မှ (ခြိမ်ခြောက်၍) ထိန်းချုပ်ခြင်းဖြင့်လည်းကောင်း၊ ဟန့်တားနှောင့်ယှက်ခြင်းဖြင့်လည်းကောင်း၊ နည်းစနစ်မျိုးစုံဖြင့် (ပိတ်ဆို့တိုက်ခိုက်ရန်) ထိုင်စောင့်မနေကြလေနှင့်။ ထို့နောက် အရှင့်လမ်းစဉ်တော်၌ ကွေ့ကောက်မှု (မဖြောင့်ဖြူးမှု) ကို (အကြံထုတ်) မရှာဖွေကြလေနှင့်။ သင်တို့သည် အနည်းစုဖြစ်ခဲ့သောကြောင့် ငါအရှင်မြတ်က (သင်တို့၏အရေအတွက် ကို တိုးပွားစေတော်မူ၍) အများစု ဖြစ်စေတော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ (မတည်မငြိမ် ဖြစ်အောင် အဖျက်အမှောင့် ပြုလုပ်၍) ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့ကြသူတို့၏နိဂုံး (နောက်ဆုံးအကျိုးဆက်) မှာ မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာကြည့်ကြလော့။

[87] သင်တို့အနက်မှ အုပ်စုတစ်စုသည် ကျွန်ုပ်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်နှင့်အတူ (လူသားတို့အားပို့ချပေး အပ်စေတော်မူသော) အရှင့်သတင်းကောင်း အမိန့်မှာကြားချက်များအပေါ် ယုံကြည်ခဲ့ကြ၏။ အခြားအုပ်စု တစ်စုမှာမူ ယုံကြည်ခြင်းမရှိပေ။ သို့ဖြစ်ရာ ကျွန်ုပ်တို့စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်က စီရင်ဆုံးဖြတ်တော်မူ သည်အထိ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံစောင့်ဆိုင်းကြလော့။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်ဖြစ်တော်မူ၏။

[88] တမန်တော်ရှုအိုက်ဗ်၏လူမျိုးတို့အနက်မှ မောက်မာ (ပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်) သောအကြံပေး အကြီးအကဲတို့က “အို၊ ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်၊ အသင်နှင့်အတူရှိသော ယုံကြည်သူတို့ကို ကျွန်ုပ်တို့၏မြို့ရွာအရပ်ဒေသမှ မုချပင် နှင်ထုတ်ပစ်ကြမည်။ သို့တည်းမဟုတ်၊ ကျွန်ုပ်တို့၏ (ယုံကြည်ချက်နှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) လမ်းစဉ်အတွင်းသို့ ပြန်လှည့်ကြရမလိမ့်မည်။” ဟု ပြောဆိုခဲ့ကြ၏။ (ထိုအခါ တမန်တော်ရှုအိုက်ဗ်က) “အကယ်၍ ကျွန်ုပ်တို့က (ယင်းကို) စက်ဆုပ်ရွံရှာသူများဖြစ်သည့်တိုင် (အတင်းအကျပ် ပြန်လှည့်စေမည်လော။)” ဟု ဖြေကြားခဲ့၏။

[89] အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား သင်တို့၏လမ်းစဉ်မှ ကယ်ဆယ်တော်မူပြီးနောက် ထိုလမ်းစဉ်သို့ ပြန်လှည့်လျှင် အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မမှန် ကြံဖန်လီဆယ်၍ လှည့်စားရာ ရောက်လိမ့်မည်။ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်မှအပ ကျွန်ုပ်တို့သည် ထိုလမ်းစဉ်သို့ ပြန်လှည့်ရန် အလျှင်း မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းအား အရှင့်ဉာဏ်တော်အနန္တဖြင့် လွှမ်းခြုံထားတော်မူ၏။ ကျွန်ုပ်တို့သည် (အရေးကိစ္စဟူသမျှအတွက်) အလ္လာဟ်အရှင်မြတ်ပေါ်တွင်သာ ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်ကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏လူမျိုးများကြားတွင် အမှန်တရားသစ္စာအားဖြင့် ထွက်ပေါက်ပေးတော်မူ (၍ တရားတော်နှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းပေး သနားတော်) ပါ။ အသင်အရှင်မြတ်သည်သာလျှင်(အခွင့်အရေးဟူသမျှအတွက်) အကောင်းမြတ်ဆုံး (အခွင့်အလမ်းများနှင့်) ထွက်ပေါက်များဖြစ်စေတော်မူသည့် အရှင်ဖြစ်တော်မူ၏။

[90] သူ့လူမျိုးတို့အနက်မှ (အမှန်တရားကို) မယုံကြည်ငြင်းဆန်သော အကြံပေးအကြီးအကဲတို့က (တမန်တော် ရှုအိုက်ဗ်၏နောက်လိုက်တို့အား) “အကယ်၍ သင်တို့သည် တမန်တော်ရှုအိုက်ဗ်အား (တစ်သဝေမတိမ်း) လိုက်နာသူများဖြစ်ကြလျှင် ဧကန်ပင်၊ သင်တို့သည် ဆုံးရှုံးနစ်နာသူများထဲတွင် အပါအဝင် ဖြစ်ကြလိမ့်မည်။” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြ၏။

[91] သို့ဖြစ်ရာ မြေငလျှင်ကြီးသည် သူတို့အား အရေးယူသုတ်သင်သောကြောင့် သူတို့သည် သူတို့၏နေအိမ် မြို့ရွာဒေသများတွင် လှုပ်ရှားမှုမဲ့စွာ မှောက်လျက်ရှိသည့် သက်မဲ့များ ဖြစ်ကြ၏။

[92] တမန်တော်ရှုအိုက်ဗ်အား (မဟုတ်မတရားကြံဖန်စွပ်စွဲ၍) ငြင်းဆန်ကြသူတို့သည် ထို (နေရာဒေသများ) ၌ ယခင်ကပင် မနေထိုင်ခဲ့ကြသကဲ့သို့ ပျက်စီးပျောက်ကွယ်သွားခဲ့ကြ၏။

[93] ထို့နောက် တမန်တော်ရှုအိုက်ဗ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အရှင့်သတင်းကောင်း အမိန့်မှာကြားချက်များကို အသင်တို့ထံ အရောက် (သွန်သင်ပို့ချ) ပို့ဆောင်ခဲ့ပြီ ဖြစ်၏။ သင်တို့ (အကျိုး) အတွက် အကြံဉာဏ်ကောင်းများကိုလည်း ပေးခဲ့ပြီးပြီ ဖြစ်၏။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်သည် အမှန်တရားကို မယုံကြည်ငြင်းဆန်သော လူမျိုးတို့အတွက် မည်သို့ ဝမ်းနည်းပူဆွေးရမည်နည်း။” ဟု ပြောဆိုလျက် သူတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခွာသွားခဲ့၏။

[94] ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာဒေသ၌ပင်ဖြစ်စေ နဗီတမန်တော်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ခြင်းမရှိဘဲ (အရှင့်အမိန့်ညွှန်ကြားချက်ဖြင့် သတိပေးလမ်းညွှန်ခြင်းမရှိဘဲ) ထိုမြို့ရွာဒေသ၌ နေထိုင်သူတို့အား (အမှန်တရားဘက်လှည့်၍ လွှတ်ငြိမ်းချမ်းသာခွင့်အတွက် အရှင့်ထံ) ကျိုးနွံကြစေရန်အလို့ငှာ ဆင်းရဲကျပ်တည်းမှုနှင့်ဘေးဒုက္ခဝေဒနာများဖြင့် အရေးယူတော် မမူချေ။

[95] ထို့နောက် ငါအရှင်မြတ်သည် အခြေအနေဆိုး၏နေရာတွင် အခြေအနေကောင်းများကို သူတို့ (က ချောင် လည်ပြီး) တိုးတက်ကြီးပွားလာသည်အထိ ပြောင်းလဲစေတော်မူ၏။ (ဖွံ့ဖြိုးသာယာမှုကို ခံစားသည့်အခါ) သူတို့က “ဆင်းရဲကျပ်တည်းမှုနှင့်ဘေးဒုက္ခဝေဒနာများသည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များကိုသာ သက် ရောက်ထိမှန်ခဲ့၏။” ဟု ပြောခဲ့ကြ၏။ (သူတို့က မည်သည့်အခါမျှ ဘေးဒုက္ခအကျပ်အ တည်းများကို ကြုံတွေ့ ရမည်မဟုတ်ဟု မှန်ယူနေကြ၏။) သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ သတိမထားမိစဉ် ရုတ်တရက် အရေးယူတော်မူခဲ့၏။

[96] အကယ်၍ ထိုမြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် သက်ဝင်ယုံကြည်ပြီး အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခဲ့ကြလျှင် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များမှ ကျက်သရေမင်္ဂလာအဖြာဖြာ သူတို့အပေါ် (ကျရောက်ခံစားစေရန် အခွင့်အလမ်းနှင့်တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ထွက်ပေါက်များကို) မုချပင် ဖွင့်ပေးတော်မူလိမ့်မည်။ သို့ရာတွင် သူတို့ သည် (အမှန်တရားကို မဟုတ်မမှန် ကြံဖန်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့ပြုမူကျင့်ကြံ၍ ရှာဖွေဆည်းပူးခဲ့သည့် အရာများနှင့်အညီ ငါအရှင်မြတ်က သူတို့အား အရေးယူတော်မူခဲ့၏။

[97] မြို့ရွာဒေသများ၌ နေထိုင်ကြသူတို့က ငါအရှင်မြတ်၏ဒဏ်ခတ်အရေးယူမှုသည် သူတို့အိပ်မောကျနေစဉ် သူတို့ထံ ရောက်ရှိနိုင်ကြောင်းကို (စိုးရိမ်မှုကင်းလျက်) လုံခြုံစွာဖြင့် စိတ်အေးအေးရှိနေကြသလော။

[98] သို့တည်းမဟုတ် မြို့ရွာဒေသများ၌ နေထိုင်ကြသူတို့က ငါအရှင်မြတ်၏ဒဏ်ခတ်အရေးယူမှုသည် နံနက်ချိန်တွင် သူတို့ (လောကီအရေးကိုဦးစားပေး၍) အပန်းဖြေကစားနေကြစဉ် သူတို့ထံရောက်ရှိနိုင်ကြောင်းကို (စိုးရိမ်မှုကင်းလျက်) လုံခြုံစိတ်ချစွာဖြင့် စိတ်အေးအေးရှိနေကြသလော။

[99] အလ္လာဟ်အရှင်မြတ်၏စီမံချက် (အတိုင်းဖြစ်လာခြင်းကို ဂရုမစိုက်ဘဲ သူတို့၏စီမံချက်) ၌ လုံခြုံစိတ်ချစွာဖြင့် စိတ်အေးလက်အေးရှိနေကြသလော။ သို့ဖြစ်လျှင် (သူတို့သိထားသင့်သည်မှာ) ဆုံးရှုံးနစ်နာခံရမည့်လူမျိုးမှအပ အလ္လာဟ်အရှင်မြတ်၏စီမံချက်၌ (ဒဏ်ခတ်အရေးယူမှုလည်းရှိကြောင်းကို စိုးရိမ်မှုကင်းလျက် ပေါ့ပေါ့ဆဆနှင့်) လုံခြုံအေးချမ်းမှုကိုခံစားရသူ အလျှင်း မရှိပေ။

[100] ကမ္ဘာဂြိုဟ်ပေါ်၌ နေထိုင်ခဲ့ကြသော ယခင်မျိုးဆက်နောက်တွင် အမွေဆက်ခံသူတို့ကို အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့ကျူးလွန်ခဲ့သောပြစ်မှုဒုစရိုက်များအတွက် ငါအရှင်မြတ်က (ဒုက္ခ၊ ကပ်ဘေး) ဆိုက်ရောက်စေတော်မူနိုင်ကြောင်း သူတို့ (၌ လမ်းညွှန်တော်အရ) မထင်မရှား မရှင်းလင်းသေးသလော။ အမှန်မှာ ငါအရှင်မြတ်သည် သူတို့၏နှလုံးသားများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် (အရှင့်အမိန့်ပညတ်ချက်များကို) နားဆင်ကြမည်မဟုတ်ချေ။

[101] ဤသည် ငါအရှင်မြတ်က အသင် (တမန်တော်) အား (ရှေးဟောင်း) မြို့ရွာဒေသများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ပို့ချတော်မူသည့် (စံနမူနာယူဖွယ်ရာ) ထိုမြို့ရွာဒေသများ၏သတင်းအချက်အလက်နှင့်အကြောင်း အရာများအနက်မှပင်ဖြစ်၏။ (ထိုမြို့ရွာဒေသများတွင်နေထိုင်ခဲ့ကြ) သူတို့အတွက် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များသည် သူတို့ထံသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်ဆိုင်ရာ သက်သေလက္ခဏာတော်များနှင့်အတူ ရောက်ရှိလာခဲ့ကြပြီ။ သို့သော်သူတို့သည် ယခင်က အမှန်တရားကို မဟုတ်မတရား ကြံဖန်စွပ်စွဲ၍ ငြင်းဆန်ကြသကဲ့သို့ပင် (ယင်းတို့ကို) ယုံကြည်ရန် (ဆန္ဒ) မရှိခဲ့ကြပေ။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို မယုံကြည်ငြင်းဆန်ကြသူတို့၏နှလုံးသားများပေါ်၌ (အရှင့်အမိန့် ပညတ်ချက်များကို နားလည်နိုင်စွမ်းမရှိစေရန်) တံဆိပ်ခတ်နှိပ်တော်မူလေ၏။

[102] ငါအရှင်မြတ်သည် သူတို့ထဲမှ အများစု၌ ကတိသစ္စာတည်ကြည်မှုကို တွေ့ရှိတော် မမူချေ။ အမှန်မှာ ငါအရှင်မြတ်သည် သူတို့ထဲမှ အများစုအား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်သူများအဖြစ်သာ တွေ့ရတော်မူ၏။

[103] တစ်ဖန် (ယခင်စေလွှတ်တော်မူခဲ့သော ထိုတမန်တော်များ) ၏နောက်တွင် တမန်တော်မူဆာအား ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်အတူ ဖာရိုမင်းဆက်နှင့်သူ၏အကြံပေးအကြီးအကဲများ ထံသို့ (ပွင့်ပေါ်) စေလွှတ်တော်မူခဲ့ရာ သူတို့သည် ယင်း (အရှင့်သက်သေလက္ခဏာများ) နှင့်စပ်လျဉ်း၍ (စည်းမျဉ်းချိုးဖောက်လျက် မတော်မတရား ပြုမူဆက်ဆံခြင်းဖြင့်) မထီမဲ့မြင်ပြုခဲ့ကြ၏။ သို့ဖြစ်ပေရာ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုလုပ်ခဲ့ကြသူ (အဖျက်သမား)များ၏နိဂုံးအကျိုးဆက်မှာ မည်သို့ဖြစ်ခဲ့သည်ကို အသင်တို့ စူးစမ်းလေ့လာကြည့်ကြလော့။

[104] တမန်တော်မူဆာက “အို၊ ဖာရို၊ ဧကန်ပင်၊ ကျွန်ုပ်သည် လောကခပ်သိမ်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အရှင်မြတ်၏ထံတော်မှ (အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းခံရသော) ရစူလ်တမန်တော် တစ်ပါးဖြစ်၏။”

[105] အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အမှန်တရားသစ္စာပေါ်တွင် အခြေခံ၍ ပြောဆိုရန် တာဝန်ရှိသည့်အလျှောက် အမှန်တရားမှအပ (အခြားမည်သည့်အရာကိုမျှ) ဟောကြားသည် အလျှင်း မဟုတ်ပေ။ ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ထင်ရှားသော ရှင်းလင်းချက်များပါဝင်သည့် သက်သေအထောက်အထားတော်နှင့်အတူ သင်တို့ထံ ရောက်ရှိလာခဲ့ပြီ။ သို့ဖြစ်၍ အစ္စရေးမျိုးနွယ်ဝင်တို့အား ကျွန်ုပ်နှင့်အတူ (ထည့်ပေး၍ လွတ်လပ်စွာ) သွားခွင့်ပေးလော့။

[106] “(ထိုအခါ ဖာရိုက) အကယ်၍ အသင် (တမန်တော်) သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်နှင့်အတူ ရောက်လာခဲ့လျှင်၊ ဖြောင့်မတ် မှန်ကန်စွာ ပြောဆိုသူများအနက်မှဖြစ်ခဲ့လျှင် ယင်း (သက်သေ လက္ခဏာတော်) ကို ယူဆောင်လာ၍ တင်ပြလော့။” ဟု ပြောခဲ့၏။

[107] ထို့နောက် (တမန်တော်မူဆာသည်) သူ၏တောင်ဝှေးကို ပစ်ချသည့်အခါ ယင်းသည် ထင်ရှားသော မြွေနဂါးကြီးတစ်ကောင် ဖြစ်လာ၏။

[108] ထို့ပြင် တမန်တော်မူဆာ၏ (ညာ) လက်အား (ယင်းကိုတည့်ထားသည့် ချိုင်းကြားမှ အပြင်သို့) ဆွဲထုတ်လိုက်သောအခါ ထိုလက်သည် စောင့်ကြည့်နေကြသူတို့အတွက် တောက်ပဖြူစင်လျက် ဖြစ်နေ (သည် ကို တွေ့မြင်ခဲ့ရ) ၏။

[109] ဖာရို၏လူမျိုးတို့အနက်မှ အကြံပေးအကြီးအကဲတို့က “(ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ပြီးနောက် ဖာရိုပြောသကဲ့သို့ပင်) ဧကန်ပင်၊ ဤသည် အလွန်ကျွမ်းကျင်သော မှော်ပညာရှင်ပင်ဖြစ်၏။” ဟု ပြောခဲ့ကြ၏။

[110] သူသည် သင်တို့အား သင်တို့တိုင်းပြည်နယ်မြေမှ နှင်ထုတ်ရန် ကြံရွယ်လိုလား၏။ သို့ဖြစ်၍ သင်တို့သည် (တမန်တော်မူဆာ၏ထိုအကြံအစည်နှင့်စပ်လျဉ်း၍) မည်သို့ အကြံပေးတိုက်တွန်းလိုကြသနည်း။ (ဟုလည်း မေးမြန်းခဲ့ကြ၏။)

[111] (ထိုအခါ ဖာရို၏နောက်လိုက်အချို့က) “သူနှင့်သူ့အစ်ကိုတို့အား (အရေးယူခြင်းမှ ယာယီဆိုင်းငံ့၍) ထိန်းသိမ်းထားပြီး (တစ်ချိန်တည်းမှာ) မြို့ရွာများသို့ ရှေ့ပြေးစည်းရုံးရေးမှူးများစေလွှတ်လော့။” ဟု အကြံပေး ပြောဆိုခဲ့ကြသည်။

[112] (ထိုစည်းရုံးရေးမှူးတို့အား) ကျွမ်းကျင်သော မှော်ပညာရှင်ဟူသမျှနှင့်အတူ အသင် (ဖာရို) ထံ ယူဆောင်တင်ပြစေလော့။

[113] (ထိုသို့ဖြင့်) မှော်ပညာရှင်တို့သည် ဖာရိုထံသို့ ရောက်ရှိလာခဲ့ကြသည်။ (သူတို့က) “အကယ်၍ ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် အကျိုးဆုလဒ်များ မုချရှိရလိမ့်မည်။” ဟု ပြောခဲ့ကြ၏။

[114] (ဖာရိုက) “ကောင်းပြီ၊ (ဆုလဒ်သာမက) သင်တို့သည် (ကျွန်ုပ်အပါးတော်မြဲမည့်) အနီးစပ်ဆုံး (ရာထူးဖြင့်) မြှောက်စားခံရသော) ပုဂ္ဂိုလ်များအနက်မှပင် မုချ ဖြစ်စေမည်။” ဟု ပြောခဲ့၏။

[115] (မှော်ပညာရှင်ဖြစ်) သူတို့က “အို၊ မူဆာ၊ အသင်က (ဦးစွာ အသင့်တောင်ဝှေးကို) ပစ်ချမည်လော။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ဒုတ်ကြိုးများကို မှော်အစွမ်းပြရန်) ပစ်ချကြမည့်သူများ ဖြစ်ရ မည်လော။” ဟု မေးမြန်းလျှောက်တင်ခဲ့၏။

[116] တမန်တော်မူဆာက “သင်တို့ပစ်ချကြလော့။” ဟု ဖြေဆိုခဲ့၏။ (သူတို့၏လက်တွင် ကိုင်ဆောင်ထားသည့်အရာများကို) သူတို့ပစ်ချခဲ့ကြသည့်အခါ လူတို့၏မျက်စိများကို (အညှို့ဖြင့်) လှည့်စား၍ ကြောက်လှန့်စေခဲ့၏။ သူတို့သည် ကြီးကျယ်ကျွမ်းကျင်သည့် မှော်ပညာကို ယူဆောင်ပြသခဲ့ကြ၏။

[117] ထို့နောက် ငါအရှင်မြတ်က တမန်တော်မူဆာထံသို့ “သင်၏တောင်ဝှေးကို ပစ်ချလော့။” ဟု ဝဟီအမိန့် ညွှန်ကြားချက် ထုတ်ပြန်စေတော်မူသောအခါ ယင်း (တောင်ဝှေး) သည် (ထိုမှော်ဆရာများ) သူတို့၏မှော်အစွမ်းဖြင့် လူတို့အားလှည့်စားရန်) ကြံစည်ဖန်တီးခဲ့သမျှကို ဝါးမျိုခဲ့လေ၏။

[118] ထိုသို့ဖြင့် အမှန်တရားသစ္စာသည် ထင်ရှားစွာတည်တံ့ခိုင်မြဲပြီး (မှော်ဆရာများဖြစ်သော) သူတို့၏ ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် (အချည်းနှီးသော) လိမ်လည်လှည့်စားသော အရာဖြစ်ကြောင်း သိသာထင်ရှားလာခဲ့၏။

[119] ထို့နောက် (ဖာရိုနှင့်အပေါင်းအပါဖြစ်သော) သူတို့သည် ထိုနေရာ၌ပင် အရေးနိမ့်ကြပြီး အရှက်ရ သိမ်ငယ်စွာဖြင့် လှည့်ပြန်ခဲ့ကြရသည်။

[120] (ထိုစဉ်) ထိုမှော်ဆရာများသည် (သူတို့ကိုယ်ကို ပစ်ချမှောက်လဲလျက် အရှင်မြတ်အား) ဦးချသူများ ဖြစ်ကြလေ၏။

[121] (ထိုမှော်ဆရာတို့က) “ကျွန်ုပ်တို့သည် လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အရှင်မြတ်အား ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြလေ၏။

[122] (ထိုအရှင်မြတ်သည်) တမန်တော်မူဆာနှင့်ဟာရွန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။

[123] ဖာရိုက “သင်တို့ကို ကျွန်ုပ်က ခွင့်မပြုမီ သင်တို့သည် ထိုအရှင်မြတ်အား သက်ဝင်ယုံကြည်နေပြီလား။ ဧကန်ပင်၊ ဤသည် (မြို့တွင်း၌ နေထိုင်ကြသူတို့အား ထိုမြို့မှ နှင်ထုတ်ခံရစေရန်အလို့ငှာ) သို့ဖြစ်ပေရာ၊ (သင်တို့၏အကျိုးဆက်မည်သို့ဖြစ်မည်ကို) သင်တို့ မကြာမီ သိကြလိမ့်မည်။” ဟု ကြိမ်းဝါးပြောဆိုခဲ့၏။

[124] (ဖာရိုက) ကျွန်ုပ်သည် သင်တို့၏လက်များနှင့်ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင်ဖြတ်တောက်ပြီးနောက် သင်တို့အားလုံးကို ကားစင်ပေါ်သို့ မုချ တင်လိမ့်မည်။

[125] “(ဖာရို၏ခြိမ်းခြောက်မှုကြာပြီးနောက် မှော်ဆရာများက) ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်သို့ (မဖြစ်မနေ) ပြန်သွားကြ ရမည့်သူများသာ ဖြစ်ကြ၏။” ဟု ပြန်ပြောခဲ့ကြသည်။

[126] ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ အာယသ်သက်သေလက္ခဏာတော်များ ကျွန်ုပ်တို့ထံ ရောက်ရှိလာသောအခါ ကျွန်ုပ်တို့ သက်ဝင်ယုံကြည် ကြသည့် အကြောင်းရင်းမှအပ ကျွန်ုပ်တို့အား လက်စားချေအရေးယူနိုင်သည့် အခြားအကြောင်းရင်း မရှိချေ။ အို၊ ကျွန်ုပ် တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့အပေါ်၌ သည်းခံကြံ့ခိုင်မှုစွမ်းရည်ကို သွန်းလောင်းပေးသနားတော်မူပါ။ (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံနာခံအပ်နှံ၍ ငြိမ်းချမ်း ရေးလိုလားသော) မွတ်စလင်များအဖြစ် ကွယ်လွန်စေတော်မူပါဟု ဆုပန်လျှောက်ထားခဲ့ကြ၏။

[127] ဖာရို၏လူမျိုးတို့အနက်မှ အကြံပေးအကြီးအကဲတို့က (ဖာရိုအား) “အသင်သည် တမန်တော်မူဆာနှင့် သူ့လူမျိုး (နောက်လိုက်) တို့အား မြေကမ္ဘာပေါ်တွင် မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုလုပ်နိုင်ရန် လွှတ်ထားပြီး သင်နှင့်သင့်ကိုးကွယ်ရာများကို ကျောခိုင်းပစ်ပယ်ခွင့်ပြုထားမည်လော။” ဟု မေးခဲ့ရာ သူက “ကျွန်ုပ်တို့သည် သူတို့၏သားယောက်ျားများကို သတ်၍ သူတို့၏အမျိုးသမီးများကို အသက်ဆက်ခွင့် ပေးလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့သည် အသေအချာပင် သူတို့အပေါ်၌ နိုင်နင်းလွှမ်းမိုးသူများဖြစ်ကြ၏။” ဟု ကြိမ်းဝါးပြောဆိုခဲ့လေ၏။

[128] တမန်တော်မူဆာက သူ့လူမျိုးတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ အကူအညီကို အသနားခံဆုပန်၍ ရှာမှီးကြလော့။ (အရှင့်လမ်းစဉ်ပေါ်၌) သည်းခံကြံခိုင်မှုဖြင့် ရပ်တည်ကြလော့။ မုချဧကန်၊ ဤကမ္ဘာဂြိုဟ်သည် အရှင်မြတ်ဖွဲ့စည်းဖြစ်တည်တော်မူသည့် အရှင့်ပိုင်ဖြစ်၍ အရှင့်အစေခံလူသားတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်း (မြေကမ္ဘာ၏အုပ်ချုပ်စိုးပိုင်မှု) ကို အမွေဆက်ခံခွင့် ရစေတော်မူ၏။ နောက်ဆုံး၌ (အကောင်းဆုံး အကျိုးဆက်မှာ) အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူတို့အတွက်သာ ဖြစ်၏။” ဟု ဟောကြားခဲ့၏။

[129] (ဖာရိုမင်းဆက်၏ညှင်းပန်းနှိပ်စက်မှုကို ခံနေကြရသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်သာမက မရောက်လာမီကတည်းကပင် နှိပ်စက်ခံနေရခြင်း ဖြစ်ပါ၏။” ပြောဆို တင်ပြခဲ့ကြ၏။ (ထိုစဉ်မူဆာက သူတို့အား) “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သင်တို့၏ရန်သူများကို မကြာမီ တိမ်ကောပျက်စီးစေတော်မူပြီး သင်တို့ကို မြေကမ္ဘာ၌ (အုပ်ချုပ်ရေးအမွေ) ဆက်ခံသူများ ဖြစ်စေတော်မူလိမ့်မည်။” ဟု ဟောကြားခဲ့၏။

[130] ထို့ပြင် ငါအရှင်မြတ်သည် ဖာရိုမင်းဆက်၊ မင်းမျိုးမင်းနွယ်အပေါင်းအပါတို့အား သူတို့က အလေးအနက် တွေးတော၍ သတိရကြရန်အလို့ငှာ နှစ်ပေါင်းများစွာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် (ကောက်ပဲသီးနှံ) သစ်သီးဝလံများ ရှားပါးစေခြင်းတို့ဖြင့် အရေးယူတော်မူခဲ့၏။

[131] သို့ရာတွင် သူတို့ထံ ကောင်းမွန်သော အခြေအနေ (အေးချမ်းသာယာမှု) ကို ဆိုက်ရောက်ခံစားစေတော်မူသည့်အခါ သူတို့က “ဤသည် (ကျွန်ုပ်တို့၏ ကြိုးပမ်းမှုကြောင့်) ကျွန်ုပ်တို့ရထိုက်ရသင့်သော အရာဖြစ်၏။” ဟု ပြောဆိုကြပြီး အကယ်၍ ဘေးဒုက္ခအကုသိုလ် (မကောင်းသော အခြေအနေတစ်စုံတစ်ခု) ကို သူတို့ထံ ဆိုက်ရောက်ခဲ့သော် (ယင်းသည်) တမန်တော်မူဆာ၊ သူနှင့်အတူရှိသော (နောက်လိုက်) ပုဂ္ဂိုလ်များ၏မကောင်းသော နိမိတ်ကြောင့် (လာဘ်တိတ်ခြင်း) ဖြစ်သည်” ဟု မှတ်ယူခဲ့ကြ၏။ နှလုံးသွင်းကြလော့။ သင်တို့ကောက်ယူ ထင်မြင်ယူဆနေကြသော မကောင်းသော နိမိတ်နှင့်ကောင်းသောနိမိတ် (လာဘ်ပိတ်ခြင်း၊ မပိတ်ခြင်း) တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ရှိသော်လည်း သင်တို့အများစုသည် (ထိုကိစ္စကို) မသိနားမလည် ကြချေ။

[132] ထို့ပြင် အာယာသ်သက်သေလက္ခဏာတော်များအနက်မှ ကျွန်ုပ်တို့ထံသို့ ယူဆောင်လာခဲ့သမျှသည် ယင်းဖြင့် ကျွန်ုပ်တို့အား ပြုစား (လှည့်စား) ရန်အတွက်သာဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သင့်အား ယုံကြည်ကြသူများဖြစ်မည် မဟုတ်ချေ။

[133] သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် (သူတို့အမြင်မှန်ရစေတော်မူရန်အလို့ငှာ) သူတို့အပေါ်၌ ထင်ရှားပြတ်သားသော အာယာသ်သက်သေလက္ခဏာတော်အဖြစ် လေပြင်းမုန်တိုင်း၊ (ရေကြီးခြင်း)၊ (ရောဂါဖြစ်စေသော) ကျိုင်းကောင်များ၊ သန်းပိုးမွှားများ၊ ဖားများ (သောက်သုံးရေကို ပြောင်းလဲစေသော) သွေးများ (တစ်ခုပြီးတစ်ခု) စေလွှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့သည် မာန်မာနထောင်လွှားလျက်ပင် ရှိခဲ့ကြပြီး ပြစ်မှုဒုစရိုက်ကျူးလွန်သော လူမျိုးအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ကြ၏။

[134] သူတို့အပေါ်တွင် ပြစ်ဒဏ်အဖြစ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရော်ကလာသည့်အခါတိုင်း သူတို့က “အို၊ မူဆာ၊ အရှင်မြတ်က အသင်နှင့်ကတိတော်ထားရှိသည့်တိုင်း ကျွန်ုပ်တို့ (၏ လွတ်ငြိမ်းချမ်းသာခွင့်) အတွက် အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဆုတောင်းပါလော့။ အကယ်၍ အသင် (တမန်တော်) သည် ပြစ်ဒဏ်ဘေးဒုက္ခကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးလျှင် အသင့်အား သေချာပေါက် ယုံကြည်စေလိမ့်မည်ဖြစ်ပြီး အစ္စရေးမျိုးနွယ်တို့ကိုလည်း သင်နှင့်အတူ အမှန်ပင် သွားခွင့်ပေးလိမ့်မည်။” ဟု လျှောက်တင်ခဲ့ကြ၏။

[135] သို့သော် ငါအရှင်မြတ်သည် သူတို့တာဝန်ကျေပွန်ရမည့် (သတ်မှတ်ထားသော) အချိန်ကာလတစ်ခုအထိ သူတို့ထံမှ ပြစ်ဒဏ်ဘေးဒုက္ခများကို ဖယ်ရှားပေးတော်မူသည့်အခါ သူတို့သည် (အချိန်မစေ့ရောက်မီ ရုတ်တရက်) ကတိပျက်ကြကုန်၏။

[136] သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် ငါအရှင်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းဆန်ပြီး ယင်းတို့ကို အလေးမထားဘဲ လျစ်လျူရှုကြသူများဖြစ်သောကြောင့် သူတို့အနက်မှအချို့ကို ဒဏ်ခတ်တန်ပြန်စေတော်မူသည့် အနေဖြင့် ပင်လယ်ထဲ၌ နစ်မြုပ်စေတော်မူခဲ့၏။

[137] ထို့နောက် ငါအရှင်မြတ်သည် (ရာစုနှစ်ပေါင်းများစွာ) ဖိနှိပ်ညှင်းပန်းမှုခံရပြီး အားအင်ချည့်နဲ့သော လူမျိုးတို့အား (သူတို့နေထိုင်ရာဒေသဖြစ်သော) မြေကမ္ဘာ၏အရှေ့ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့တွင် (လူ သားတို့အတွက် အကျိုးရှိစေရန်အလို့ငှာ) ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံစေတော်မူလျက် (စိုးမိုးအုပ်ချုပ်ရေးကို) အမွေဆက်ခံသူများဖြစ်စေတော်မူခဲ့၏။ ထို့နောက် သူတို့သည်းခံကြံ့ခိုင်ခဲ့သည်ကို အကြောင်းပြု၍ အစ္စရေးမျိုးနွယ်ဝင်တို့အပေါ် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အကောင်းဆုံးနှင့်အမွန်မြတ်ဆုံးသော ဗျာဒိတ်တော်ကိုလည်း အတည်ပြု ဖြည့်ဆည်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ဖာရိုနှင့်သူ့လူမျိုးတို့ထူထောင်ခဲ့သမျှနှင့်ဆောက်တည်ခဲ့ကြသော (နန်းတော်၊ အနုပညာလက်ရာနှင့်ရဲတိုက်စသည့်) အရာတို့ကို ချေဖျက်စေတော်မူခဲ့၏။

[138] တစ်ဖန် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ပင်လယ်ကို ဖြတ်ကျော်စေတော်မူပြီး ရုပ်ပွားဆင်းတုများကို (သူတို့၏သီးခြားကိုးကွယ်ရာအဖြစ် မှတ်ယူလျက်) စွဲလန်းစွာ ကြည်ညိုလေးစားကြသော လူမျိုးထံသို့ ရောက်စေတော်မူခဲ့၏။ (ထိုသူတို့က တမန်တော်မူဆာအား) အို၊ မူဆာ သူတို့အတွက် ကိုးကွယ်စရာ (ရုပ်တုဆင်းပွား) ရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း (မြင်နိုင်သည့်) ကိုးကွယ်ရာတစ်ဆူကို ပြုလုပ်ပေးပါ။” ဟု တောင်းဆိုလေ၏။ (တမန်တော်မူဆာက) ဧကန်ပင်၊ အသင်တို့သည် ပညာမဲ့ မသိနားမလည်သော လူမျိုးပင် ဖြစ်၏။” ဟု ဖြေဆိုခဲ့လေ၏။

[139] မုချဧကန်၊ သူတို့ ကိုးကွယ်ပြုကျင့်ခဲ့သမျှတို့သည် အချည်းနှီးသော (အခြေအမြစ်မရှိသော) မှားယွင်းသော လုပ်ရပ်များဖြစ်၍ ထိုလုပ်ရပ်များ၌ပင် (သူတို့ပါဝင်ပတ်သက်နေလျက်) မဖျက်ဆီးခံရသူများဖြစ်ကြလေ၏။

[140] (တမန်တော်မူဆာက) “ထိုအရှင်မြတ်သည် သင်တို့အား (စစ်မှန်သော ဘာသာယုံကြည်မှုနှင့်အမှန်တရားသစ္စာကို ပို့ချပေးအပ်စေတော်မူလျက်) လောကခပ်သိမ်းတို့ထက် ဂုဏ်သိက္ခာပေး မြင့်တင်ပါလျက် အလ္လာဟ်အရှင်မြတ်မှအပ အခြားသော ကိုးကွယ်ရာတစ်ပါးကို သင်တို့အတွက် ရှာဖွေပေးရမည်လော့။” ဟု မေးမြန်းခဲ့၏။

[141] (အို၊ အစ္စရေးမျိုးနွယ်ဝင်တို့ သတိရကြလော့။) ဖာရိုမင်းဆက်နှင့်အပေါင်းအပါတို့က သင်တို့အား (ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွန်အဖြစ် ခိုင်းစေလျက်) အလွန်ဆိုး ဝါးသော ဘေးဒုက္ခပြစ်ဒဏ်များကို ခံစားစေခြင်း၊ သင်တို့၏သားယောက်ျားများကို (ရက်စက်စွာ) သတ်ဖြတ်ခြင်းနှင့်အမျိုးသမီးများကို (ကျွန်မအဖြစ် အသုံးချနိုင်ရန်) အသက်ဆက်ခွင့်ပေးခြင်းတို့ဖြင့် ဖိနှိပ်ညှင်းပန်းခဲ့စဉ် ငါအရှင်မြတ်သည် သင်တို့အား သူတို့ထံမှ ကယ်ဆယ်တော်မူခဲ့၏။ အမှန်မှာ ထိုဖြစ်စဉ်၌ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သင်တို့အတွက် ကြီးကျယ်သော စမ်းသပ်မှုကြီး ရှိနေ၏။

[142] ထို့ပြင် (တရားအားထုတ်၍ အရေးကိစ္စဟူသမျှအတွက် တောင်ရတ်ကျမ်းပို့ချပေးအပ်ခံရရန်အလို့ငှာ) ငါအရှင်မြတ်သည် တမန်တော်မူဆာအား ညပေါင်းသုံးဆယ် (တရားထိုင်အားထုတ်ရန်) တာဝန်ပေးချိန် ဆိုတော်မူပြီး ယင်းကို နောက်ထပ်ဆယ်ညဖြင့် ထပ်ဖြည့်စေလျက် သူ့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သတ်မှတ်တော်မူသည့် သတ်မှတ်ကာလသည် ညပေါင်းလေးဆယ် ပြည့်သွားခဲ့လေ၏။ တမန်တော်မူဆာက သူ့အစ်ကို ဟာရွန်အား “သင်သည် ကျွန်ုပ်၏လူမျိုး၌ ကျွန်ုပ်၏ကိုယ်စား (တာဝန်ယူ) ဆောင်ရွက်လော့။ ကောင်းမြတ်သည့် ပြုမူကျင့်ကြံမှုများဖြင့် သင့်မြတ်အောင် (ပြုပြင်ပြောင်းလဲရေး) လုပ်လော့။ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုသူတို့၏လမ်းစဉ်အား မလိုက်နာမိစေနှင့်။” ဟု မှာကြားခဲ့၏။

[143] တမန်တော်မူဆာသည် ငါအရှင်မြတ်က သတ်မှတ်ချိန်းဆိုတော်မူသည့်နေရာသို့ရောက်၍ သူ့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်က သူ့အား ဗျာဒိတ်မိန့်တော်မူသည့်အခါ သူက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ အရှင်မြတ်ကို ဖူးမျှော်နိုင်ရန် အရှင့်ဇာတိတော်ကို ကျွန်ုပ်အား ပြသတော်မူပါ။” ဟု လျှောက်တင်ခဲ့၏။ (ထိုစဉ် အရှင်မြတ်က) အသင်သည် ငါအရှင်မြတ်ကို (ဤလောကီဘဝ၌) မည်သည့်နည်းနှင့်မျှ ဖူးမျှော်နိုင်မည် အလျှင်း မဟုတ်ပေ။ သို့ရာတွင် တောင်ဘက်သို့ ကြည့်ရှုလော့။ အကယ်၍ ယင်း (တောင်) သည် ထိုနေရာ၌ပင် တည်မြဲနေလျှင် သင်သည် ငါအရှင်မြတ်ကို ရှုမြင်နိုင်လိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် တောင်ပေါ်၌ အရှင့်ဘုန်းတော်ကို ထင်ရှားစေတော်မူသည့်အခါ (အရှင့် ဘုန်းတန်ခိုးတော်ကြောင့်) ယင်းတောင်အား အစိတ်စိတ်ကြေမွအောင် ဖြစ်စေတော်မူပြီး တမန်တော်မူဆာလည်း သတိလစ်မိန်းမောလျက် လဲကျသွားခဲ့၏။ တမန်တော်မူဆာက သတိပြန်ရလာသည့်အခါ သူက “အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်တော်မူးပြီး သန့်ရျင်းစင်ကြယ်တော်မူကြောင်း၊ အနှိုင်းမဲ့ဖြစ်ကြောင်း၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူကြောင်းနှင့်လောကီမျက်စိဖြင့် မြင်နိုင်မည် အလျှင်း မဟုတ်ကြောင်းကို ကျွန်ုပ်ဂုဏ်တင်ပါ၏။” (အရှင်မြတ်နှင့်စပ်လျဉ်း၍ မသိနားမလည်မှုကို တောင်းဆိုမိသည့်အတွက် နောင်တကြီး စွာရလျက်) အရှင့်ဘက်လှည့်၍ တောင်းပန်ပါ၏။ ထို့ပြင် ကျွန်ုပ်သည် ဦးဦးဖျားဖျား သက်ဝင်ယုံကြည်သူတို့အနက်မှ အပါအဝင်ဖြစ်ပါ၏။” ဟု လျှောက်တင်ပန်ကြားခဲ့၏။

[144] (ထိုစဉ် အရှင်မြတ်က) အို၊ မူဆာ၊ မုချဧကန်၊ ငါအရှင်မြတ်သည် လူသားတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်နှင့်ဗျာဒိတ်တော်များနှင့်အတူ (ရစူလ်တမန်တော်အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ။ သို့ဖြစ်၍ အသင့်အား ချီးမြှင့်ပို့ချပေးအပ်သမျှကို မြဲမြံစွာ ယုံကြည်လိုက်နာလော့။ ထို့ပြင် ကျေးဇူးသိတတ်သူတို့အနက်မှ (တစ်ဦးအပါအဝင်) ဖြစ်လော့။” ဟု မိန့်တော်မူ၏။

[145] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာက ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်ချက်နှင့်အညီ ကျေပွန်စွာ ဆောင်ရွက်သောကြောင့် သူ့လူမျိုးတို့ ရင်ဆိုင်ရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် သူ့အားဂုဏ်သိက္ခာပေးတော်မူရန် ဘဝတည်ဆောက်ရေးတွင်) လိုအပ်သမျှ အဆုံးအမ သွန်သင်ချက်နှင့်လမ်းညွှန်ချက်များကိုလည်းကောင်း၊ အရာခပ်သိမ်းတို့အတွက် ရှင်းလင်းချက်များကိုလည်းကောင်း၊ကျောက်ပြား၌ ရေးမှတ်စေတော်မူခဲ့၏။ သို့ဖြစ်၍ ယင်းကို စွဲမြဲစွာ မှတ်ယူစွဲကိုင်ထားလော့။ သင့်လူမျိုးတို့အား အကောင်းဆုံး ကျင့်ဆောင်မှုများဖြင့် ယုံကြည်ကျင့်ဆောင်ကြရန် အမိန့်ပေးညွှန်ကြားလော့။ မကြာမီ ငါအရှင်မြတ်သည် အရှင့်အမိန့်တော်များကို ချိုးဖောက်ကျူးလွန်သော အာခံသူတို့၏ပန်းတိုင် ဗိမာန်ကို သင်တို့အား ပြသတော်မူလိမ့်မည်။

[146] မြေကမ္ဘာ၌ အမှန်တရားသစ္စာနှင့်ဆန့်ကျင်၍ မာန်မာနထောင်လွှားနေသူတို့အား ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များ (ကို နားလည်ခြင်း) မှ လှည့်ထား (ထုတ်ပယ်) တော်မူလိမ့်မည်။ သို့ဖြစ် ပေရာ၊ အကယ်၍ သူတို့သည် အာယာသ်သက်သေလက္ခဏာတော်အားလုံးကို တွေ့မြင်ကြသည့်တိုင် ယင်းတို့ကို ယုံကြည်ကြမည် မဟုတ်ချေ။ အကယ်၍ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အား ကြုံတွေ့သည့်တိုင် ယင်းကို (ဘဝ တည်ဆောက်ရေး) လမ်းစဉ်အဖြစ် မှတ်ယူကြလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ ကောက်ကျစ် မှားယွင်းပြီး ဖီဆန်စေသော လမ်းစဉ်ကို တွေ့မြင်ကြုံတွေ့ပါက ယင်းကိုသာ လမ်းစဉ်အဖြစ် မှတ်ယူကြလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ငြင်းဆန်ကြပြီး ယင်းတို့ကို အစဉ် အလေးမထား လျစ်လျူရှုနေကြသူများဖြစ်သောကြောင့် ဖြစ်၏။

[147] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ တမလွန်ဘဝ (၌ တရားစီရင်မည့်နေ့) နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကိုလည်းကောင်း၊ မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူတို့သည် သူတို့၏ပြုမူကျင့်ကြံမှုများကို အကျိုးမဲ့ အချည်းနှီး ဖြစ်စေခြင်းသာ ဖြစ်၏။ သူတို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအညီ (အကျိုးဆက်ခံစားစေခြင်း) မှအပ (အခြားအကျိုးဆက်ကို) အစားပေးခြင်း ခံကြရမည်လော။

[148] တမန်တော်မူဆာ၏လူမျိုးတို့သည် သူ (အရှင်မြတ်ချိန်းဆိုထားသည့်နေရာသို့ ထွက်ခွာ) သွားပြီးနောက် သူတို့၏လက်ဝတ်တန်ဆာများဖြင့် နွားငယ်သဏ္ဍာန် ရုပ်တုပြုလုပ်၍ ယင်းအတွက် အသံတစ်မျိုးကို ဖန်တီးခဲ့၏။ ယင်း (နွားငယ်ရုပ်တု) သည် သူတို့အား စကားပြောနိုင်သည် မဟုတ်ပေ။ မည်သည့် လမ်းစဉ်တစ်စုံတစ်ခုကိုလည်း ညွန်ပြနိုင်သည်မဟုတ်ကြောင်းကို သူတို့မတွေးတော မတွေ့မြင်ကြသလော။ ယင်းကို အယူထားကိုးကွယ်ကြပြီး သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရားပြုလုပ်သူများ ဖြစ်ခဲ့ကြသည်။

[149] ထို့ပြင် သူတို့သည် လမ်းမှားရောက်ခဲ့ကြောင်းကို အမှန်ပင် သိမြင်လာပြီး သူတို့၏လက်များဖြင့် (သူတို့၏ပျက်စီးမှုကို) ဖန်တီးခဲ့ခြင်းအတွက် နောင်တသံဝေဂရလျက် ဝမ်းနည်းပက်လက်ဖြစ်ကြသည့်အခါ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကရုဏာသက်စေလျက် သနားကြင်နာတော်မမူခဲ့လျှင်၊ ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူလျှင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြလိမ့်မည်။” ဟု ညည်း ညူလျှောက်တင်ခဲ့ကြ၏။

[150] တမန်တော်မူဆာသည် (တောင်ရတ်ကျမ်းပေးအပ်းတော်မူခြင်း လက်ခံရယူအပြီးတွင်) သူ့ လူမျိုးထံသို့ ပြန်လာသောအခါ (သူ့လူမျိုးတို့က နွားငယ်ကို အယူထား ကိုးကွယ်ကြောင်း သိရ၍ အလွန်ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်လျက် “ကျွန်ုပ်မရှိသည့်အချိန် ကျွန်ုပ်၏နောက်ကွယ်တွင် သင်တို့ပြုမူကျင့်ကြံစီရင်သောအရာသည် အလွန်ပင် ဆိုးယုတ်ရွံရှာဖွယ်ကောင်း၏။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အမိန့်ပညတ်ချက်ကို စိတ်မရှည်ဘဲ (သင်တို့၏ပျက်စီးမှုအတွက် သင်တို့ကိုယ်တိုင်) အလောတကြီး ပြုခဲ့ကြပြီလော။”ဟု ပြောခဲ့၏။ ထို့နောက် တမန်တော်မူဆာသည် ကျောက်စာ (ပါ အရှင့်အမိန့်ပညတ်ချက်များကို ရှင်းပြမည့်အစား ထိုကျောက်စာ ပို့ချပေးအပ်တော်မူသည့် တစ်ပါးတည်းသော အရှင်မြတ်အား ယုံကြည်ကိုးကွယ်စေခြင်းကို ဦးစားပေးသည့်အနေဖြင့် ယင်း) ကို ချထားပြီး သူ့အစ်ကို၏ဦးခေါင်းကို ဆုပ်ကိုင်၍ သူ့ဘက်သို့ ဆွဲယူခဲ့လေ၏။ (ထိုစဉ် သူ့အစ်ကိုက) “အို၊ ကျွန်ုပ်အမေ၏သား၊ ဧကန်စင်စစ်၊ ဤလူမျိုးတို့သည် ကျွန်ုပ်အား အားအင်ချိနဲ့သူဟု သတ်မှတ်ပြီး ကျွန်ုပ်ကို သတ်ဖြတ်လုနီးပါးဆဲဆဲ ဖြစ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်တို့အပေါ်၌ ရန်သူများက ဝမ်းသာအားရ (ဝင့်ကြွားနိုင်) အောင် မပြုပါနှင့်။ ကျွန်ုပ်အား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက် မတော်မတရားပြုလုပ်ကြသော လူမျိုးနှင့်အတူ (သူတို့စာရင်းတွင် ပါဝင်သူအဖြစ်) ထည့်တွက်ခြင်း မပြုလုပ်ပါနှင့်။” ဟု ရှင်းလင်းချက်ပေးလျက် လျှောက်ထားလေ၏။

[151] (ထို့နောက် တမန်တော်မူဆာက) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏အစ်ကိုတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ၊ ကျွန်ုပ်တို့အား (အသင့်ကရုဏာတော်ဖြင့် လွှမ်းခြုံတော်မူလျက်) အရှင့်ကရုဏာတော်၏အရိပ်အာဝါသအတွင်း၌ ဝင်ခွင့်ပေးသနားတော်မူပါ။ အမှန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းအပေါ် အစဉ်ကရုဏာထားတော်မူသောအနန္တကရုဏာရှင်) အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဆုပန်လျှောက်တင်၏။

[152] ဧကန်ပင်၊ နွယ်ငယ်ဆင်းတုကို အယူထား ကိုးကွယ်ကြသူတို့ကို သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်သည်လည်းကောင်း၊ (သူတို့၏) လောကီဘဝသက်တမ်း၌ ဂုဏ်သရေနိမ့်ကျမှုကိုလည်းကောင်း၊ မကြာမီ သက်ရောက်လွှမ်းမိုးစေတော်မူလိမ့်မည်။ အမှန်မှာ၊ ငါအရှင်မြတ်သည် (အမှန်တရားကို လိမ်လည်စွပ်စွဲ၍ လမ်းမှားအား) ကြံစည်ဖန်တီးကြသူ (မုသာဝါဒီ) တို့အား ဤနည်းအတိုင်းပင် (အရေးယူတော်မူလျက် မကောင်းမှု၏အကျိုးဆက်ကို) ပေးဆပ်စေတော်မူ၏။

[153] သို့ရာတွင် မကောင်းမှုဒုစရိုက်များ ကျင့်ကြံကြသူတို့သည် နောင်တကြီးစွာရ၍ အရှင့်လမ်းစဉ်ဘက်သို့ ပြန်လှည့်လျက် ဝန်ချတောင်းပန်ပြီးနောက် ဖြူစင်စွာ သက်ဝင်ယုံကြည်ကြလျှင် မုချဧကန်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် (လူ့စွမ်းရည်တိမ်ကောမသွားရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးအပ်တော်မူသော်လည်း ယင်းတို့ကို မတော်တဆ ချိုးဖောက်မိပြီးနောက် အရှင့်ဘက်သို့ ပြန်လှည့်သူတို့အား) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[154] ထို့နောက် တမန်တော်မူဆာ၏ဒေါသပြေငြိမ်းသွားသည့်အခါ (အရှင်မြတ်ပေးအပ်တော်မူသော အမိန့် ပညတ်ချက်များပါရှိသည့်) ကျောက်ပြားကို ပြန်လည်ကောက်ယူခဲ့၏။ ထို (ကျောက်ပြား) ၌ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးကြသူတို့အတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်များ ကမ္ဗည်းထိုးထားတော်မူ၏။

[155] ထို့ပြင် တမန်တော်မူဆာသည် သူ့လူမျိုးများထဲမှ အမျိုးသားအောက်ခုနှစ်ဆယ်ကို (နွားငယ်အား အယူထား ကိုးကွယ်မိခြင်းအတွက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်နှင့်ကတိသစ္စာသစ် ကျိန်ဆိုနိုင်အောင် တောင် ပေါ်သို့ သွားရောက်ရန် ညွှန်ကြားခဲ့စဉ်) ငါအရှင်မြတ် ချိန်းဆိုထားသော နေရာအတွက် ရွေးချယ်ခဲ့လေသည်။ သူတို့အား ငလျှင်ကြီး ဆောင့်ရိုက်သည့်အခါ တမန်တော်မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော် မူခဲ့လျှင် သူတို့နှင့်ကျွန်ုပ်ကိုပါ ဤချိန်းဆိုချက် မတိုင်မီပင် ပျက်စီး တိမ်ကောစေတော်မူနိုင်၏။ ကျွန်ုပ်တို့ထဲမှ အသိတရား ကင်းမဲ့သော တုံးအသူ အချို့က ပြုမူကျင့်ကြံခဲ့သည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ကို ပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုမှလွဲ၍ အခြား မဟုတ်ပေ။ အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသူအား ယင်းအားဖြင့် လမ်းလွဲစေ၍ ပျက်စီးစေတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းမှန် ညွှန်ပြတော်မူ၏။ အသင် (အရှင်မြတ်) သည်သာလျှင် (ကျွန်ုပ်တို့၏အရေးကိစ္စဟူသမျှအတွက် ယုံကြည်စိတ်ချစွာ အားထားနိုင်သည့်) ကျွန်ုပ်တို့၏ ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ သို့ဖြစ်ပါ၍၊ ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့အပေါ် သနားညှာတာ၍ ကရုဏာသက်တော်မူပါ။ အမှန်ပင် အသင် (အရှင်မြတ်) သည် အကောင်းမြတ်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။”

[156] ထို့ပြင်၊ ကျွန်ုပ်တို့အတွက် ဤလောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်း ကျိုးချမ်းသာ (သာယာဝပြောမှု) ကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူပါ။ အမှန်ပင် ကျွန်ုပ်တို့သည် (အရှင့်လမ်းစဉ်တော်အတိုင်း နာခံလိုက်နာလျက်) အသင် (အရှင်မြတ်) ထံသို့သာ ဦးတည်လှည့်ခဲ့ကြပါပြီ။ (ဟု ဆုပန်လျှောက်ထားစဉ် အရှင်မြတ်က) ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်းအားဖြင့် ငါအရှင်အရေးယူ ဒဏ်ခတ်ခြင်းပင် ဖြစ်၏။ (အရှင်မြတ်၏ကရုဏာတော်သက်စေတော်မူသည့်သူမှအပ မည်သူကမျှ ယင်းမှ မလွတ်မြောက်နိုင်ပေ။) သို့သော် ငါအရှင်မြတ်၏ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့၌ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံလျှက်ရှိ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးပြီး၊ ဇကားသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် လူမှုဖူလုံကြေး) ပေးဆောင်သူတို့နှင့် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ကြသူတို့အတွက် မုချ စီမံပြဋ္ဌာန်းတော်မူမည်။” ဟု မိန့်တော်မူ၏။

[157] မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့် စာပေပညာကို မသင်ယူခဲ့သော နဗီတမန်တော် လည်းဖြစ်၊ အရှင့်ဗျာဒိတ်တော်အား လူသားအရောက်ပို့ချပေးအပ်သူလည်းဖြစ်သော ရစူလ်တမန်တော် (မုဟမ္မဒ်) ကို နာခံလိုက်နာကြသူတို့သည် သူတို့၏လက်ဝယ်၌ရှိသော တောင်ရတ်ကျမ်းနှင့်အီန်ဂျီလ်ကျမ်းတို့တွင် သူ့အကြောင်း မှတ်တမ်းတင်ရေးသားထားခဲ့ကြောင်းကို တွေ့ရှိကြ၏။ ထိုရစူလ်တမန်တော်သည် သူတို့အား တရားတော်နှင့်အညီ ကောင်းမှုဒုစရိုက်များ ပြုလုပ်ကြရန် တိုက်တွန်းညွှန်ကြားပြီး မကောင်းမှုဒုစရိုက်ဟူသမျှကို ရှောင်ကြဉ်ကြရန် တားမြစ်၏။ ကျန်းမာရေးနှင့်ညီညွတ်ပြီး တရားတော်ဟု သန့်ရှင်းစင်ကြယ်သည်ဟု သတ်မှတ် သည့်အရာများကို သူတို့အတွက် တရားဝင် ခွင့်ပြုထားပြီ ဖြစ်၏။ ဆိုးသွမ်းပြီး အကျင့်စာရိတ္တပျက်ပြားစေသော မသန့်ရှင်းမစင်ကြယ်သည့်အရာများကိုမူ တရားမဝင်အဖြစ် ကန့်သတ်တားမြစ်၏။ ထို့ပြင် သူသည် သူတို့အပေါ် ၌ ယခင်ကတည်းက ရှိနေသော (သူတို့၏စည်းမျဉ်းဥပဒေဆိုင်ရာ) ဝန်ထုပ်ဝန်ပိုးများနှင့် (ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ) လက်ထိတ်လည်ထိတ်များကို သူတို့ထံမှ (ဖယ်ရှားပေး၍) သက်သာရာရစေ၏။ သူ့အား ဖြူစင်စွာ ယုံကြည်သူ၊ သူ့ကိုလေးစားမြတ်နိုး၍ ဂုဏ်ပြုသူ၊ သူ့ကိုကူညီရိုင်းပင်းသူ၊ သူနှင့်အတူ ချမှတ်ပေးအပ်ခြင်းခံရသော အလင်း တော် (ကျမ်းမြတ်ကုရ်အာန်) ကို တစ်သဝေမတိမ်းလိုက်နာကျင့်သုံးကြသူတို့သည် ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြ၏။

[158] (အို၊ ရစူလ်တမန်တော်လူသားအားလုံးကို) ဟောလော့။ အို၊ လူသားအပေါင်းတို့၊ မုချဧကန်၊ ကျွန်ုပ်သည် သင်တို့အားလုံးထံသို့ (အရှင့်အမိန့်ပညတ်ချက်များပို့ချပေးအပ်ရန် စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား (ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် ယင်းတို့အားလုံးကို) စိုးမိုးအုပ်ချုပ်သော အရှင်သခင်ဖြစ်တော်မူ၏။ (သက်မဲ့မှ) သက်ရှိဖြစ်စေတော်မူသော၊ (သက်ရှိတို့ကိုလည်း သေကြေပျက်စီး၍) သက်မဲ့ဖြစ်စေတော်မူသော ထိုအရှင် မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိချေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ဗျာဒိတ်တို့အပေါ် အပြည့်အဝယုံကြည်သော၊ (အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့်) စာပေအတတ်ပညာကို မသင်ယူခဲ့ဖူးသော၊ ထိုအရှင်မြတ်ရစူလ်တမန်တော်နှင့်အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြပြီး သင်တို့တရားလမ်းမှန် ညွှန်ပြခြင်းခံရရန်အလို့ငှာ ထိုတမန်တော်အား တစ်သဝေမတိမ်း လိုက်နာကြလော့။

[159] တမန်တော်မူဆာ၏လူမျိုးတို့အနက်မှ လူ့အသိုင်းအဝိုင်းတစ်ခုသည် အမှန်တရားသစ္စာနှင့်ပတ်သက်၍ (အရှင့်ခွင့်ပြုချက်နှင့်အညီ) လမ်းညွှန်ကြပြီး ယင်း (အမှန်တရားသစ္စာဖြစ်သော ကျမ်းတော်) ဖြင့် တရားမျှတမှုကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။

[160] ထို့ပြင် ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်များဖြစ်ကြသော) သူတို့ကို လူမျိုးစုအသိုင်းအဝိုင်း ဆယ့် နှစ်စုအဖြစ် ကွဲစေမူခဲ့၏။ ထို့ပြင် တမန်တော်မူဆာအား သူ့လူမျိုးတို့က (သဲကန္တာရထဲ၌ သောက်သုံးရေ ပြတ်တောက်နေစဉ်) ရေရရှိရန်အတွက် တောင်းဆိုခဲ့စဉ် ငါအရှင်မြတ်သည် မူဆာထံသို့ “သင်၏ တောင်ဝှေးဖြင့် ကျောက်တုံးကိုရိုက်လော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချတော်မူခဲ့၏။ (တမန်တော်မူဆာက ကျောက်တုံးကို ရိုက်သည်နှင့်တပြိုင်နက်တည်း) စိမ့်စမ်းရေ ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့၏။ လူမျိုးစုတိုင်းသည် သူတို့၏သောက်သုံးရာနေရာများကို သိခဲ့ကြပြီ။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ တိမ်သားဖြင့် အရိပ်ပေးတော် မူပြီး မန္န (ခေါ် အနံ့အရသာကောင်းသည့်စားဖွယ်) နှင့် စလ်ဝါ (ခေါ် ငုံးငှက်) တို့ကိုလည်း သူတို့ထံ ပို့ဆောင်ပေး တော်မူလျက် “သင်တို့အား ငါအရှင်မြတ်ပေးအပ်တော်မူသည့် ရိက္ခာနှင့်လိုအပ်ချက်များအနက်မှ သန့်ရှင်းစင် ကြယ်သော စားသုံးဖွယ်များကို စားသုံးကြလော့။” (ဟု မိန့်တော်မူခဲ့၏။) ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရားပြုကျင့်ခြင်းဖြင့်) ငါအရှင်မြတ်အား နစ်နာစေနိုင်သည် မဟုတ်ပေ။ သို့ရာတွင် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) သူတို့၏စိတ်အလိုရမ္မက်အတိုင်း သုံးခြင်း ဖြင့် သူတို့ကိုယ်သူတို့ နစ်နာစေခြင်းသာဖြစ်၏။

[161] ထို့ပြင် သူတို့အား “ဤမြို့ဒေသ၌ အခြေချနေထိုင်ပြီး ယင်းတွင် သင်တို့၏ဆန္ဒအလျောက် နေရာတိုင်း၌ စားသုံးကြလော့။ ထို့ပြင် အရှင့်ထံ ခွင့်လွှတ်မှုအတွက် ဝန်ချတောင်းပန်ပြီး သစ္စာခံယူပါ၏” ဟစ်တတွန်ဟု ပြောကြလော့။ (ကွဲပြားသော လမ်းကြောင်းများမှ မြို့နေလူတို့အား လုယက်ယူငင် ချေမှုန်းသုတ်သင်လိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ) တရားဝင် မြို့တံခါးပေါက်မှ (အရှင်မြတ်ကို နာခံမှုအဖြင့်) ကျိုးနွံစွာ ဝင်ကြလော့။ ငါအရှင်မြတ်သည် သင်တို့၏မှားယွင်းချွတ်ချော်မှုများကို ခွင့်လွှတ်တော်မူမည်။ (လုပ်ရပ်ဟူသမျှကို အရှင်မြတ် မြင်နေတော်မူကြောင့် သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံး ပြုမူကျင့်ကြံသူတို့၏အကျိုးဆုလဒ် ကို ဆထက်တပိုး တိုး၍ ပေးတော်မူမည်။” ဟု မိန့်တော်မူ၏။

[162] သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မမှန်မကန် မတော်မတရားပြုလုပ်သူတို့သည် သူတို့အား မိန့်ဆိုခဲ့သည်ကို မိန့်ဆိုခြင်းမရှိသော အခြားစကားရပ်များဖြင့် ပြောင်းလဲပြောဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် သူတို့၏မမှန်မကန် မဟုတ်မတရားပြုမူကျင့်ကြံမှုကို အကြောင်းပြု၍ သူတို့အပေါ်၌ မိုးကောင်းကင်မှ ကပ်ဘေးတစ်မျိုး (ဆိုးကျိုးဆက်အဖြစ်) သက်ရောက်စေတော်မူ၏။

[163] သူတို့အား ပင်လယ်ဆိပ်ကမ်းနားတွင်ရှိခဲ့သော မြို့ဒေသနှင့်ပတ်သက်၍ စောကြောမေးမြန်းလော့။ သီတင်းဥပုသ်နေ့ (စနေနေ့) ၌ သူတို့က စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်ကြစဉ် ငါးများသည်သူတို့၏ဥပုသ်နေ့၌သာ (သူတို့ဖမ်းဆီးနိုင်ရန် သူတို့ငါးမျှားသည့်နေရာသို့) မြင်သာစွာ ထွက်ပေါ်ရောက်ရှိလာခဲ့ကြပြီး သူတို့ဥပုသ်မဆောက်တည်သောနေ့တွင်မူ သူတို့ထံ ရောက်လာခြင်း မရှိချေ။ ထိုကဲ့သို့ပင်၊ ငါအရှင်မြတ်သည် (အရှင့်စည်းဘောင်များကို ဖောက်ဖျက်ကျူးလွန်သော) သူတို့၏ပြောင်ပြောင်တင်းတင်း အာခံဖီဆန်မှုကြောင့် သူတို့အား စမ်းသပ်တော်မူခဲ့၏။

[164] တစ်ဖန် သူတို့အနက် လူ့အသိုင်းအဝိုင်းတစ်စုက (ဥပုသ်စည်းမျဉ်းကျူးလွန်သူတို့ကို ဆုံးမနေသော သူတို့အား) “အလ္လာဟ်အရှင်မြတ်က တိမ်ကောပျက်စီးစေမည့်၊ သို့မဟုတ် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည့် လူမျိုးတစ်မျိုးအား (သင်တို့) အဘယ်ကြောင့် ဆုံးမသွန်သင်နေကြသနည်း။” ဟု ပြောဆိုမေးမြန်းစဉ် (ထိုဆုံးမသွန်သင် သူတို့က “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော် မူသော အရှင်မြတ်ထံတော်၌ (ပြစ်တင်ရှုတ်ချခြင်းမှ လွတ်ငြိမ်းစေသော) ဆင်ခြေတစ်ခုဖြစ်ရန်နှင့်သူတို့အရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြရန် အတွက်ဖြစ်၏။” ဟု ဖြေဆိုခဲ့ကြသည်။

[165] တစ်ဖန် သူတို့သည် ယင်း (ကျမ်းတော်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ခြင်းခံရသည်တို့ကို အလေးမထားဘဲ မေ့လျော့နေစဉ် ငါအရှင်မြတ်သည် မကောင်းမှု အကုသိုလ်များကို တားမြစ်ကြသောသူတို့အား ကယ်ဆယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မမှန်မကန် မဟုတ်မတရား ပြုမူကျင့်ကြံသူတို့ကိုမူ သူတို့၏အာခံဖီဆန်မှုကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မူခဲ့၏။

[166] သူတို့အား စည်းဘောင်သတ်မှတ်၍ တားမြစ်သည့်အရာများနှင့်စပ်လျဉ်း၍ (မထီမဲ့မြင်ပြုသည့် သဘောဖြင့် ဇွတ်လုပ်လျက်) စည်းဘောင်များကို ချိုးဖောက်ကြသည့်အခါ ငါအရှင်မြတ်က သူတို့အား “သင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မသတီဖွယ်မျောက် (စရိုက်) များဖြစ်ကြလော့။” ဟု မိန့်တော်မူခဲ့၏။

[167] ထို့ပြင် (သတိရကြလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် သည် သူတို့အပေါ်၌ တမလွန်ဘဝ၏ရှင်ပြန်ထမြောက်မည့်နေ့အထိ အလွန်ဆိုးရွားပြင်းထန်သော ပြစ်ဒဏ်များ ဖြင့် သူတို့အား နှိပ်စက်မည့်သူများ မုချ ထွက်ပေါ်စေတော်မူမည်။” ဟု ထုတ်ဖော်ကြေညာခဲ့၏။ ဧကန်ပင်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူ တို့အား) အလွန်လျှင်မြန်စွာ (ချက်ချင်း) ဒဏ်ခတ်အရေးယူတုံ့ပြန်တော်မူသော အရှင်ဖြစ်တော်မူ၏။ သို့သော် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်သတ်မှတ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်မိသူတို့ကိုလည်း) မုချဧကန်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အပေါ် အလွန်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[168] တစ်ဖန် ငါအရှင်မြတ်သည် သူတို့အား လူ့အသိုင်းအဝိုင်း (အဖွဲ့အစည်း) များအဖြစ် ကွဲပြားစေတော်မူ၏။ သူတို့အနက်မှ အချို့သည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ပြုလုပ်လျက်ပြုပြင်သူများ ဖြစ်ကြပြီး အချို့မှာမူ ထိုသို့ မဟုတ်ကြပေ။ သူတို့က (မယုံကြည်မှု၊ သွေဖည်ငြင်းဆန်မှုဘဝမှသည် ဖြောင့်မတ်မှန်ကန်သည့် လူနေမှုဘဝဘက်သို့) ပြန်လှည့်နိုင်ရန်အလို့ငှာ ငါအရှင်မြတ်သည် သူတို့အား (သုခချမ်းသာကောင်းကျိုးမင်္ဂလာ စသော) ကောင်းမြတ်မှုများဖြင့်လည်းကောင်း၊ (ဘေး၊ ဒုက္ခ၊ ဝေဒနာနှင့်ဆိုးကျိုးစသော) ဆိုးဝါးညံ့ဖျင်းမှုများဖြင့်လည်းကောင်း၊ စမ်းသပ်တော်မူခဲ့၏။

[169] တစ်ဖန် သူတို့၏နောက်တွင် သူတို့အား ဆက်ခံသော နောက်မျိုးဆက်သစ်သည် ကျမ်းတော်ကို အမွေအဖြစ်ရခဲ့ကြသော်လည်း ဤနိမ့်ကျပြီး မတည်မြဲသော လောကီဘဝ၏အကျိုးအမြတ်နှင့်ဂုဏ်ပကာသနကိုသာ မက်မောရယူကြပြီး မကြာမီ ကျွန်ုပ်တို့ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရလိမ့်မည်။” ဟု ပြောဆိုခဲ့ကြသည်။ ထို့ပြင် (သူတို့၏အပြောအဆိုအရ ကျမ်းတော်ကို လောကီဥစ္စာဓနဖြင့် လဲလှယ်ခြင်း၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသော်လည်း) အလားတူ နောက်ထပ် လောကီအကျိုးအမြတ်နှင့်ဂုဏ်ပကာသနများ သူတို့ထံ ရောက်လာခဲ့လျှင် ယင်းတို့ကို သူတို့က စွဲမက်စွာ ရယူလိမ့်မည်။ သူတို့ထံမှ ကျမ်းတော်နှင့်စပ်လျဉ်း၍ ကတိပဋိညာဉ်ယူခဲ့ရာတွင် အမှန်တရားသစ္စာမှအပ (အခြားမည်သည့်အရာကိုမျှ) အလ္လာဟ်အရှင်မြတ်ဘက်သို့ ရည်ညွှန်း မပြောဆိုကြရန်နှင့် ကျမ်းတော်၌ဖော်ပြပါရှိသမျှကိုသာ လေ့လာသင်ကြားမှတ်သားကြရန် (သူတို့အပေါ်၌ တာဝန်ရှိကြောင်း) ကတိယူခဲ့ပြီးမဟုတ်လော။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ဗိမာန်ပန်းတိုင်သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက် အကောင်းမြတ်ဆုံးဖြစ်ကြောင်း သင်တို့ ဆင်ခြင်ဉာဏ်သုံး၍ မတွေးခေါကြသလော။

[170] ကျမ်းတော်ဖြင့် (ကိုယ်စိတ်နှလုံးကို) တည်ကြည်မြဲမြံစွာ စောင့်ထိန်းကြပြီး ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြသူတို့ (နှလုံးသွင်းသင့်သည်မှာ) ဧကန်ပင်၊ ငါအရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်ပြုမူကျင့်ကြံမှုဖြင့် (မိမိတို့ကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အား) ပြုပြင်ကြသူ၏အကျိုး ဆုလဒ်များကို အချည်းနှီး ဖြုန်းတီးစေတော်မူမည် မဟုတ်ပေ။

[171] ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် သူတို့အပေါ်၌ အမိုးကဲ့သို့ အရိပ်ရစေတော်မူရန် (တူရ်) တောင်အား လှုပ်ယမ်းစေတော်မူခဲ့စဉ် ယင်းသည် သူတို့အပေါ်သို့ မုချ ပြိုကျလိမ့်မည်။” ဟု သူတို့က ထင်မြင်ယူဆခဲ့ကြ၏။ (ထိုစဉ် ငါအရှင်မြတ်က သူတို့အား) သင်တို့သည် ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည့် အရာ (ကျမ်းတော်) ကို အစွမ်းကုန် ခိုင်မာစွာ စွဲကိုင်ထားလော့။ (သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးနိုင်ရန်အလို့ငှာ) ယင်း (ကျမ်းတော်)၌ ပါရှိသောအရာများ (အမိန့် တော်များနှင့်သတိပေးချက်များ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။ (ဟု မိန့်တော်မူခဲ့၏။)

[172] တစ်ဖန် (အို၊ ရစူလ်တမန်တော်၊ သတိရလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်ကြသော လူသားတို့တွင် သူတို့၏ကျောကုန်း များမှ (သုက်ရည်ထွက်စေလျက်) သူတို့၏မျိုးဆက်များကို ပေါ်ထွက်စေတော်မူပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များနှင့်ပတ်သက်၍ (စူးစမ်းလေ့လာစေခြင်းဖြင့်) သူတို့အား (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတရားများကို) သက်သေထွက်ဆိုစေတော်မူ၏။ ငါအရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင် မဟုတ်လော။” (ဟု မေးတော်မူရာ သူတို့က) “အမှန်ပင်၊ ဟုတ်မှန်ကြောင်း ကျွန်ုပ်တို့က သက်သေထွက်ဆိုကြပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။ (ဤကတိခံဝန်ချက်သည်) ရှင်ပြန်ထမြောက် မည့်နေ့တွင် သင်တို့က “ကျွန်ုပ်တို့သည် ဤကိစ္စ (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ဖြစ်တော်မူကြောင်း) နှင့်စပ်လျဉ်း၍ သတိမမူ မသိနားမလည်ခဲ့ကြပါ။” ဟု ဆင်ခြေမပေးနိုင်ရန်အတွက် ဖြစ်၏။

[173] သို့တည်းမဟုတ်၊ သင်တို့က “ကျွန်ုပ်တို့ မတိုင်မီ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကသာလျှင် အရှင်မြတ် နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြပြီး ကျွန်ုပ်တို့မှာမူ သူတို့နောက်မှ လိုက်သောနောက်မျိုးဆက်များသာ ဖြစ်ပါ၏။” အရှင်မြတ်ကို ငြင်းဆန်၍ အခြားလမ်းစဉ်များကို ကြံစည်ဖန်တီးကြသူတို့၏ ပြုမူကျင့်ကြံမှုကြောင့် ကျွန်ုပ်တို့အား တိမ်ကောပျက်စီးစေပါမည်လော။” (ဟု ဆင်ခြေမပေးနိုင်ရန် ဖြစ်၏။)

[174] ဤနည်းအတိုင်းပင်၊ သူတို့ (လမ်းမှားကိုစွန့်၍ အရှင့်လမ်းစဉ်တော်ဘက်သို့) ဦးလှည့်စေရန်အလို့ငှာ ငါအရှင်မြတ်သည် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ်ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြား တော်မူ၏။

[175] (အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား) “ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော် များကို ပေးအပ်ခြင်းခံရပါလျက် ယင်းမှနောက်ဆုတ်ခွဲခွာသည့်အတွက် စေတန်မကောင်းဆိုးဝါး ၏လွှမ်းမိုးမှုခံရပြီး ထိုမကောင်းဆိုးဝါးအား နာခံလိုက်နာသောကြောင့် (အရှင့်လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်နေသူတို့အနက်မှ အပါအဝင်ဖြစ်ခဲ့သော သူ၏အကြောင်းကို (ဝဟီအရှင့်အမိန့်ထုတ်ပြန် ပို့ချချက်အပေါ်အခြေခံ၍) ဖတ်ပြလော့။”

[176] အကယ်၍ (လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား ဟန့်တားရန်) ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် ယင်း (အာယာသ်သက်သေလက္ခဏာတော်များ) အားဖြင့် ထိုသူအား (အရှင့်အမိန့်ပညတ်ချက်များကို အပြည့်အဝ ယုံကြည်လိုက်နာသူတစ်ဦးဖြစ်စေလျက် သုခဘုံနန်းထဲဝင်ထိုက်သည်အထိ) ဂုဏ်သိက္ခာပေး၍) မြှင့်တင်ပေးနိုင်တော်မူ၏။ သို့ရာတွင် သူသည် ကမ္ဘာဂြိုဟ် (၌ ခေတ်စားနေသော လောကီဥစ္စာဓနနှင့် ပကာသနအားမက် မောခြင်း) ဘက်သို့ စွဲမြဲစွာ တွယ်ကပ်ပြီး သူ၏စိတ်အလိုဆန္ဒနောက်ကိုသာ တကောက်ကောက် လိုက်နေ၏။ သို့ဖြစ်ရာ သူ၏ပမာသည်ကား ယင်းအပေါ် တိုက်ခိုက်မောင်းထုတ်ခံရလျှင် မောဟိုက်လျက် လျှာထွက်နေသော သို့မဟုတ် ယင်းကို (မည်သည့်အနှောင့်အယှက်မျှမပေးဘဲ) လွှတ်ထားလိုက်လျှင်လည်း မောဟိုက်လျက် လျှာထွက်နေသော ခွေးပမာပင် ဖြစ်၏။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းဆန်လူမျိုး၏ပမာသည်လည်း ထိုသို့ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့တွေးတောဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ရန်အလို့ငှာ ထို (စံနမူနာယူထိုက်သော) ဖြစ်စဉ် ဇာတ်ကြောင်းအား ဆင့်ပြန်တင်ပြလော့။

[177] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြ သော လူမျိုး၏ပမာသည်ကား အလွန်ပင် ဆိုးဝါးနိမ့်ကျလှပေ၏။ ထို့ပြင် (မကောင်းမှုအကုသိုလ်လုပ်ခြင်းဖြင့်) သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ကို (စိတ်အလိုဆန္ဒနှင့်အညီသာ အသုံးချ၍ သူတို့ကိုယ်တိုင်) အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်လျက် မမှန်မကန် မတော်မတရား ပြုလုပ်နေကြ၏။

[178] အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ညွှန်ပြတော်မူသောသူ (မည်သူမဆို) သည် တရားလမ်းမှန်ရသူ ဖြစ်၏။ လမ်းမှားရောက်လိုသူ (မည်သူမဆို) အား လမ်းမှားရောက်စေတော်မူလျှင် ထိုသူတို့သည် ဆုံးရှုံးနစ်နာရသူများ ဖြစ်ကြ၏။

[179] ထို့ပြင် ငါအရှင်မြတ်သည် ဂျင်န်နှင့်လူသားတို့အနက်မှ မြောက်မြားစွာကို (သူတို့၏အာခံဖီဆန်မှုထိုက်တန်သော) ငရဲဘုံအတွက် တိုးပွားစေတော်မူ၏။ သူတို့၌ စိတ်နှလုံးများရှိသော်လည်း ယင်းတို့ဖြင့် (ကိစ္စရပ်တိုင်း၏အနှစ်သာရဖြစ်သော အမှန်တရားသစ္စာကို) ရှာဖွေရယူနားလည်နိုင်စွမ်းမရှိကြချေ။ သူတို့၌ မျက်လုံးများရှိ သော်လည်း ယင်းတို့ဖြင့် (သူတို့၏ခန္ဓာကိုယ်နှင့်အရာခပ်သိမ်းတို့၌ရှိနေသော အရှင့်နိယာမ တရားများကို မြင်နိုင်စွမ်းမရှိကြချေ။ သူတို့၌ နားများရှိသော်လည်း ယင်းတို့ဖြင့် (အမှန်တရားဘက်ဖိတ်ခေါ်သံကို) မကြားနိုင်ကြချေ။ ထိုသူတို့သည် (အရှင့်နိယာမတရားများကိုသာ နာခံလိုက်နာနေကြသော) ကျွဲနွားတိရိစ္ဆာန်များကဲ့သို့ပင် ဖြစ်၏။ အမှန်မှာ တိရိစ္ဆာန်ထက်ပင် လွန်စွာမိုက်မဲလမ်းလွဲနေကြ၏။ ထိုသူတို့သည် (သူတို့၏ပင်ကိုယ်ဗီဇအရ ကျေပွန်သင့်သည့် တာဝန်ဝတ္တရားများကို) အလေးမထား သတိမမူဘဲ မေ့လျော့နေသူများ ဖြစ်ကြ၏။

[180] ပကတိပြည့်စုံကောင်းမြတ်သော နာမတော်၊ ဂုဏ်တော်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူပြီး အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသောကြောင့် ထို (နာမတော်၊ဂုဏ်တော်များ) အား ဖြင့် အရှင်မြတ်ကို တသဆုတောင်းကြလော့။ (အရှင်မြတ်၏နာမတော်ဂုဏ်တော်များကို အဖက်မလုပ်ဘဲ အလွဲသုံးစားလုပ်လျက် ကျိန်ဆိုခြင်း၊ လိုရာဆွဲ၍ မမှန်မကန်ပြောဆိုခြင်းစသော) အရှင့်ဂုဏ်တော်များအား ပကတိအနှစ် သာရကင်းမဲ့စေရန် တလွဲတချော် လိမ်လည်တင်ပြကြသူတို့ကို ကြဉ်ရှောင်ကြလော့။ သူတို့သည် မကြာမီ သူတို့ပြုမူကျင့်ကြံသမျှအတွက် (အကျိုးဆက်ကို) အစားပေးခြင်း ခံကြရလိမ့်မည်။

[181] ထို့ပြင် ငါအရှင်မြတ် ဖွဲ့စည်းဖြစ်တည်တော်မူသော လူ့အသိုင်းအဝိုင်းတစ်စုသည် အမှန်တရားသစ္စာ (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် လမ်းညွှန်ကြသည့်အပြင် ယင်းဖြင့်ပင် တရားမျှတမှုကို မြဲမြံစွာအကောင် အထည်ဖော်ကြ၏။

[182] ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူ တို့ကို သူတို့မသိသော နည်းလမ်းများမှတစ်ဆင့် တဖြည်းဖြည်း (အစဉ် ပြစ်ဒဏ်ခံရမည့် ငရဲမီးဘက်သို့) ဦးတည်စေတော်မူလိမ့်မည်။

[183] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူတို့အတွက် (ပြစ်ဒဏ်ကို ခေတ္တဆိုင်းငံ့၍) အချိန်ပေးထားတော်မူခြင်း ဖြစ်၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏စီမံချက်၊ နည်းစနစ်သည် ထိရောက်ပြီး မည်သူမျှ မတားဆီးနိုင်အောင် ခိုင်မြဲနေ၏။

[184] သူတို့၏အဖော် (တမန်တော်မုဟမ္မဒ်) ၌ မည်သည့် စိတ်မနှံ့သော အပြုအမူမျှမရှိကြောင်းကို (တမန်တော် မြတ်၏ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးနှင့်သွန်သင်ပို့ချသည့် အရှင့်အမိန့်ပညတ် ချက်များအပေါ်အခြေခံ၍) သူတို့မတွေးတော မဆင်မခြင်မသုံးသပ်ကြလေသလော။ အမှန်မှာ၊ သူသည် (အရှင်မြတ်၏အမိန့်ပညတ်ချက်များ လူသားထံ ပို့ချပေးအပ်သော) ထင်ရှားပြတ်သားသည့် သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်၏။

[185] သူတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏စိုးမိုးအုပ်ချုပ်မှု အာဏာစက်၊ (ယင်းတို့၌ သဘာဝနိယာ မတရားဟု အမည်ပေးထားသော အရှင့်နိယာမတရာများ) ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်း ဖြစ်တည်သော အရာဟူသမျှ (၏မူလအစ၊ အနှစ်သာရနှင့်ဒီဇိုင်းအသွင်အပြင်များ) ၌လည်းကောင်း၊ အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် သူတို့၏အချိန်ကာလ (ဘဝသက်တမ်း) မည်သို့လျှင်မြန်စွာ ကုန်ဆုံး၍ အရှင်မြတ်နှင့်တွေ့ဆုံရန်) နီးကပ်လာနေခြင်း၌လည်းကောင်း၊ စူးစမ်းလေ့လာ မတွေးမြင် မသုံးသပ်ကြလေသလော။ ထိုကျမ်းတော် (ကျမ်းတော်မြတ်ကုရ်အာန်ပေးအပ်ခြင်းခံ) ရပြီးနောက် အခြားမည်သည့်စကား (အပြောအဆို၊ အရေးအသားနှင့်မှတ်တမ်းမှတ်ရာ) ကို ယုံကြည်ကြဦးမည်နည်း။

[186] အလ္လာဟ်အရှင်မြတ်သည် (လူ့စိတ်ဆန္ဒက လိုလားနေသည့်အတိုင်း) လမ်းမှားရောက်စေတော်မူသောသူအတွက် လမ်းညွှန်မည့်သူ အလျှင်း မရှိချေ။ သူတို့၏ အာခံဖီဆန်လိုသော ဖောက်ဖျက်ကျူးလွန်မှု၌ပင် သူတို့အား (အကန်းလမ်းပျောက်ပမာ) တဝေ့လည်လည်ဖြစ်စေလျက် လွှတ်ထားတော်မူလိမ့်မည်။

[187] သူတို့သည် အသင် (တမန်တော်) အား (ရှင်ပြန်ထမြောက်မည့်နေ့ရက်) အချိန်နာရီနှင့်ပတ်သက်၍ “ယင်းကို ဖြစ်ပေါ်ထင်ရှားစေမည့်အချိန်မှာ မည်သည့်အချိန်ကာလနည်း။” ဟု မေးမြန်းနေကြ၏။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်၌သာလျှင် ယင်းနှင့်ပတ်သက်သည့် အသိပညာ ရှိနေ၏။ ထိုအရှင်မြတ်မှအပ မည်သူတစ်ဦးတစ်ယောက်မျှ ယင်း၏အချိန်သတ်မှတ်ချက် (အတိအကျ) ကို ထုတ်ဖော်ထင်ရှားစေနိုင်မည်မဟုတ်ပေ။ ထိုအချိန်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ပေါ်၌ ဖိစီးမှုတာဝန်အလွန်လေးလံစေလိမ့်မည်။ (ထိုအချိန်သည် သင်တို့သတိမမူစဉ်) သင်တို့ထံ မမျှော်လင့်ဘဲ ရုတ်တရက် ဆိုက်ရောက်လာမည်သာဖြစ်၏။” ဟု ဖြေဆိုဟောကြားလော့။ အသင် (တမန်တော်) က ထိုနေ့အကြောင်း ကောင်းစွာ သိရှိထားပြီးဖြစ်သည့်အလား သူတို့မေးမြန်းနေကြ၏။ “အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ယင်းနှင့်သက်ဆိုင်သည့် အသိပညာရှိ၏။ သို့ရာတွင် လူသားအများစုသည် (ထိုအကြောင်းကို) မသိနားမလည်ကြပေ။” ဟု ဖြေဆို ဟောကြားလော့။

[188] အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အရာမှအပ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) အတွက် (ကျွန်ုပ်ကိုယ်တိုင်) မည်သည့်ကောင်းကျိုး၊ ဆိုးကျိုးကိုမျှ လုပ်နိုင်စွမ်းမရှိပေ။ အကယ်၍ ကျွန်ုပ်သည် မျက်ကွယ်ရာ(၌ ရှိသောအကြောင်းအရာ) များကို သိနိုင်ခဲ့လျှင် မည်သည့်မကောင်းမှုအကုသိုလ်နှင့်ဆိုးကျိုးကိုမျှ ကျွန်ုပ်အား မထိခိုက်စေဘဲ ကောင်းမှုကုသိုလ်နှင့်ကောင်းကျိုးချမ်းသာအဖြာဖြာကိုသာ ဧကန်မုချ ဆထက်ထမ်းပိုး တိုးပွားစေနိုင်လိမ့်မည်။ အမှန်မှာ ကျွန်ုပ်သည် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် (အရှင့်ညွှန်ကြားချက်နှင့်အညီ) သတိပေးနှိုးဆော်သူနှင့်သတင်းကောင်း ပါးသူသာလျှင် ဖြစ်၏။

[189] ထိုအရှင်မြတ်သည် သင်တို့ကို တစ်ခုတည်းသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ၌ (အသက် ဝိညာဉ်ရှိစေလျက် အဦးဆုံးလူသားဖြစ်သော အာဒမ်ကို) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်းမျိုးရိုးဗီဇ) မှပင် (မမျိုးရိုးဗီဇပါဝင်သည့် အာဒမ်၏ကြင်ယာတော်ကို) သူမ၌ စိတ်တည်ငြိမ်အေးချမ်းမှုတွေ့နိုင်ရန် သူ၏အဖော် အဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။ သူသည် သူမအား ဖုံးလွှမ်းသောအခါ သူမသည် ပေါ့ပါးသော ကိုယ်ဝန်ကိုဆောင်ပြီး ယင်းနှင့်အတူ ဆက်လက်၍ သွားလာလှုပ်ရှားရ၏။ ထိုကိုယ်ဝန်ရင့်မာလေးလံလာသည့်အခါ သူတို့နှစ်ဦးစလုံးက သူတို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ထံတော်၌ “ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်သူများဖြစ်ကြရန်အလို့ငှာ ကျွန်ုပ်တို့အား အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြောင့် မတ်မှန်ကန်သော လုပ်ရပ်များပြုမူကျင့်ကြံ၍ ပြုပြင်သူတစ်ဦးအဖြစ် ချီးမြှင့်ပေးသနားတော်မူပါ။” ဟု ဆုပန်လျှောက်တင်ကြ၏။

[190] သို့ရာတွင် ထိုအရှင်မြတ်က သူတို့နှစ်ဦးအား (သူတို့ ဆုတောင်းသည့်အတိုင်း ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်များကို ပြုမူကျင့်ကြံနိုင်မည့် သားသမီးရတနာဖြစ်သော) ပြုပြင်သူကို ချီးမြှင့်ပေးတော်မူသည့်အခါ သူတို့ နှစ်ဦးစလုံးသည် သူတို့အား အရှင်မြတ်ပေးအပ်တော်မူသော အရာနှင့်စပ်လျဉ်း၍ (သူတို့၌ရှိသမျှကို သူတို့၏ အစွမ်းအစဖြင့် သူတို့ကိုယ်တိုင်ဖန်တီးရယူထားဘိသကဲ့သို့) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို မြတ်နိုးတွယ်တာကိုးကွယ်လာကြ၏။ အမှန်စင်စစ်၊အလ္လာဟ်အရှင်မြတ်သည် သူတို့တုပြိုင်တွဲဖက်၍ မြတ်နိုးတွယ်တာကိုးကွယ်နေကြသော အခြားအရာအားလုံးထက် အနှိုင်းမဲ့ သာလွန်မြင့်မြတ်တော်မူ၏။

[191] မည်သည့်တစ်စုံတစ်ရာကိုမျှ ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသည့်အပြင် ယင်းတို့သည်ပင် ဖွဲ့စည်းဖြစ်တည်စေခြင်းကို ခံရသည့်အရာများဖြစ်ပါလျက် ယင်းတို့အား (ကိုးကွယ်ထိုက်သည့်အရာများအဖြစ်) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြသလော။

[192] ထို့ပြင် ထို (အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ခံရသော) အရာများသည် (ယင်းတို့ကို ယုံကြည်ကိုးကွယ်နေကြသော) သူတို့အတွက် မည်သည့်အကူအညီတစ်စုံတစ်ခုကိုမျှ ပေးကမ်းနိုင်စွမ်းမရှိရုံမက သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကိုပင် သူတို့ကိုယ်တိုင် ကူညီနိုင်ကြသည် မဟုတ်ချေ။

[193] အကယ်၍ သူတို့သည် သူတို့အား အရှင့်လမ်းညွှန်တော်ဘက်သို့ ဖိတ်ခေါ်သည့်အခါ သင်တို့အား နာခံလိုက် နာကြမည်မဟုတ်ပေ။ (သို့ဖြစ်ရာ) သင်တို့သည် သူတို့အား (အမှန်တရားသစ္စာဘက်သို့) ဖိတ်ခေါ်သည်ဖြစ်စေ၊ ငြိမ်သက်နှုတ်ဆိတ်နေသူများအဖြစ် ရပ်တည်သည်ဖြစ်စေ ထူးခြားမှုမရှိဘဲ အတူတူပင် ဖြစ်လိမ့်မည်။

[194] အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ဘက်သို့ ဖိတ်ခေါ်နေကြသူတို့သည် သင်တို့ကဲ့သို့ပင် အရှင့်အစေခံလူသားများ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ သူတို့အား (အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့) ဖိတ်ခေါ်ကြလော့။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံသူများဖြစ်ကြလျှင် (သူတို့အားဉာဏ်အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော အမှန်တရားသစ္စာအားဖြင့် ဖိတ်ခေါ်၍) သင်တို့ကို လက်ခံဖြေကြားခွင့် ပေးသင့်၏။

[195] သူတို့အတွက် (ယင်းဖြင့်) လမ်းလျှောက်နိုင်ရန် ခြေများ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) ကိုင်တွယ် နိုင်ရန်လက်များ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) သိမြင်စူးစမ်းနိုင်ရန် မျက်လုံးများ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) ကြားနားမှတ်သားနိုင်ရန် နားများ ပေးအပ်တော်မူခဲ့ပြီ မဟုတ်လော။ (သူတို့အား)၊ “သင်တို့က အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ယုံကြည်နေကြသော သင်တို့၏ကိုးကွယ်ရာများကို ဟစ် ခေါ်တသ (၍ သင်တို့၏အကူအညီအတွက် ဆုတောင်း) ကြလော့။ ထို့နောက် ကျွန်ုပ်အား ဆိုင်းငံ့ခွင့် (စောင့်ကြည့်ခွင့်) မပေးဘဲ (ကျွန်ုပ်ကို ဆန့်ကျင်ရန် စီစဉ်ထားသော စီမံချက်များဖြင့်သင်တို့၏) ကြံစည်မှုများကို အကောင်အထည်ဖော်လော့။” ဟု ဟောကြားလော့။

[196] ကျမ်းတော် (မြတ်ကုရ်အာန်) ကို ချမှတ်ပေးအပ်တော်မူသည့် အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဧကန်ပင်၊ ကျွန်ုပ်၏ကာကွယ်စောင့်ရှောက်သူဖြစ်တော်မူပြီး ထိုအရှင်မြတ်သည်ပင် ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူတို့ကိုလည်း ကာကွယ်စောင့်ရှောက်တော်မူ၏။

[197] အရှင်မြတ်မှအပ အခြားသောအရာများ (ကို ကိုးကွယ်ရာအဖြစ် ယုံကြည်မှတ်ယူပြီး ယင်းတို့) ကိုဟစ်ခေါ် တသ၍ ဆုတောင်းနေကြသူတို့သည် သင်တို့အား ကူညီနိုင်စွမ်းမရှိသည့်အပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုလည်း သူတို့ကိုယ်တိုင်မကူညီနိုင်ကြသည်မဟုတ်ချေ။

[198] အကယ်၍ အသင်တို့က သူတို့အား အရှင့်လမ်းညွှန်တော်ဘက်သို့ ဖိတ်ခေါ်ကြလျှင် (သင်တို့၏ဖိတ်ခေါ်သံ ကို) ကြားနိုင်ကြမည်မဟုတ်ချေ။ ထို့ပြင် သူတို့က သင့်ဘက်သို့ (လှည့်၍ သင့်အား) ကြည့်နေသည်ဟု ထင်မြင်ရသော်လည်း သူတို့မြင်နိုင်ကြသည်မဟုတ်ချေ။

[199] (အို၊ ရစူလ်တမန်တော်) သည်းခံကြံခိုင်မှုနှင့်သဘောထားကြီးမှုပေါ်အခြေခံ၍) ခွင့်လွှတ်ခြင်းကို အစဉ်စွဲမြဲစွာ လက်ကိုင်ပြီး (တရားတော်နှင့်အညီ) မှန်ကန်မျှတမှုနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားတိုက်တွန်းလော့။ ထို့ပြင် ပညာမဲ့တို့အား (သူတို့၏အပြောအဆိုနှင့်အပြုအမူများ ဂရုမစိုက်ဘဲ) ဥပေက္ခာပြုထားလော့။

[200] ထို့ပြင် အကယ်၍ စေတန်မကောင်းဆိုးဝါးထံမှ လှုံ့ဆော်သည့် အကြံဆိုးတစ်စုံတစ်ခုသည် (အရှင်မြတ်ပေးအပ်တော်မူသည့် တာဝန်ကို ထမ်းဆောင်ခြင်း၊ ဝတ်ပြုခြင်းနှင့်နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများတွင်) သင့်အား ထိခိုက်ရန် ဝင်ရောက်လာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (အရှင့်စည်းမျဉ်းနှင့်အညီ အကာအကွယ်ရရန်) ခိုလှုံမှုကို ကြိုးစားရှာဖွေလော့။

[201] အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့သည် စေတန်မကောင်းဆိုးဝါးထံမှ မကောင်းသော အတွေ့အကြုံ (စိုးရိမ်မှု) ထိတွေ့သက်ရောက်သည့်အခါ (အရှင်မြတ်ကို) သတိရ တသ၍ ဖွင့်ဟကြ၏။ သို့ဖြစ်ရာ သူတို့သည် အမှားအမှန်ကို ခွဲမြင်၍ ချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်လာကြ၏။

[202] သို့သော် သူတို့၏ညီနောင်များ (မှာမူကား စေတန်မကောင်းဆိုးဝါး၏လှည့်စားမှုကိုခံရပြီး စေတန်မကောင်းဆိုးဝါးကို ကိုယ်စားပြုသော လူသားများဖြစ်လာကြလျက်) သူတို့အား အမှားအမှောင်တွင်းနက်ထဲ ထိုးဆင်းစေရန် တွန်းအားပေးကြ၏။ ထို့နောက် (သူတို့၏လုံ့လစိုက်မှုကို အလျှော့မပေးဘဲ အမှောင်ထဲ ဆက်လက်ဆွဲခေါ်နေခြင်းအား) သူတို့ရပ်တန့်ကြသည်မဟုတ်ပေ။

[203] အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့ထံ (သူတို့၏အလိုဆန္ဒနှင့်အညီ) အာယာသ်သက်သေလက္ခဏာ တစ်ရပ်ယူဆောင်လာခြင်းမပြုသည့်အခါ “အသင်သည် ယင်းကို အဘယ်ကြောင့် မတီထွင် မဖန်တီးနိုင်သနည်း။” ဟု စောဒကတက်မေးမြန်းခဲ့ကြ၏။ (သူတို့အား) “ကျွန်ုပ်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ကျွန်ုပ်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချတော်မူသမျှကိုသာလျှင် ကျွန်ုပ်နာခံလိုက် နာပါ၏။ ဤ(ကျမ်းတော်မြတ်ကုရ်အာန်)သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ထံတော်မှ (လူသားအားလုံးအတွက်) အမှန်တရားကို ထိုးထွင်းသိမြင်စေသော) အလင်းပြကျမ်းဖြစ်ပြီး အရှင်မြတ်ကို သက်ဝင်ယုံကြည်သူတို့အတွက် လမ်းညွှန်တော်နှင့်ဂရုဏာတော်ပင်ဖြစ်၏။”

[204] (သင်တို့၏ရှေ့ဝယ်၌) ကျမ်းတော်မြတ်ကုရ်အာန်အား ဖတ်ရွတ်သရဇ္ဈယ်ခြင်းခံရသောအခါ သင်တို့က အရှင့်ကရုဏာသက်ခံရရန်အလို့ငှာ ယင်းကို (ဆိတ်ငြိမ်စွာ) ကြားနာပြီး ဂရုတစိုက် အာရုံစိုက်ကြလော့။

[205] သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို အသင်၏နဖ်စ် (ခေါ် မျိုး ရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ၌ နိဝါတတရားထားရှိ၍ ရိုးကျိုးပြီး ကြောက်ရွံ့ရိုသေလျက် အသံကိုကျယ်လောင်စွာ မထုတ်ဘဲ တိတ်ဆိတ်စွာဖြင့် နံနက်မိုးသောက်ချိန်နှင့်ညနေဆည်းဆာချိန်များ၌ သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့ပြင် (အရှင့်စည်းမျဉ်းတော်များကို) အလေးမထားဘဲ လျစ်လျူရှုမေ့လျော့နေသူများတွင် အပါအဝင် မဖြစ်လေနှင့်။

[206] မုချဧကန်၊ အစဉ်အရှင့်ကို သိစိတ်ဖြင့် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အပါးတော်၌ ရှိနေ (ဘိသကဲ့သို့ ခံစား) သူတို့သည် ထိုအရှင်မြတ်အား ခဝပ်နာခံကိုးကွယ်ခြင်းမှရှောင်ပြေးလျက် မာန်မာနထောင်လွှားကြသည်မဟုတ်ချေ။ အမှန်မှာ သူတို့သည် (ထိုအရှင်မြတ်က သန့်ရှင်းစင်ကြယ်တော်မူကြောင်း မည်သည့်အရာကိုမျှ အကျိုးမဲ့ ဖြစ်တည်စေတော်မမူကြောင်း၊ ကိုးကွယ်ထိုက်သော ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူကြောင်းကို သတိရလျက်) အရှင့်ဂုဏ်တော်များကို ချီးမွမ်း၍ ဂုဏ်တင်ကြပြီး ထိုအရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်သာ အရှင့်အမိန့်ပညတ်ချက်များနှင့်အညီ ဦးချနာခံလျက် ရှိကြသည်။

စစ်ပစ္စည်းများ

Surah 8

[1] (ယုံကြည်) သူတို့က အသင် (တမန်တော်) အား စစ်ပွဲရ (အပို) ပစ္စည်းများနှင့်စပ်လျဉ်း၍ မေးမြန်းနေကြ၏။ (မည်သည့်လောကီအကျိုးအမြတ်အတွက်မျှမဟုတ်ဘဲ အရှင့်စည်းမျဉ်းတော်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှုအတွက်သာလျှင် စစ်တိုက်ခွင့်ရှိသဖြင့် စစ်ပွဲမှရသော ပစ္စည်းကိုလည်း အာန်ဖာလ်ခေါ်အပိုပစ္စည်းဟု အမည်ပေးတော်မူပြီး) ထိုစစ်ပွဲရပစ္စည်းများသည် (အရှင့်အမိန့်တော်၊ တမန်တော်မြတ်၏လမ်းစဉ်နှင့်အညီ ခွဲဝေပေးရသော) အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖြေကြားဟောကြားလော့။ သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြပြီး (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့်) သင်တို့အချင်းချင်းကြားတွင် သဘောထား မကွဲလွဲစေဘဲ ပြုပြင်ပြောင်းလဲမှုပြုလုပ်ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို နာခံလိုက်နာကြလော့။

[2] စစ်မှန်သော ယုံကြည်သူများသာလျှင် (သူတို့၏ရှေ့ဝယ်တွင်) အလ္လာဟ်အရှင်မြတ်အကြောင်း သတိရ တသ ၍ ဖွင့်ဟခြင်းခံရသည့်အခါ သူတို့စိတ်နှလုံးများ တုန်လှုပ်ထိတ်လန့်ကြပြီး အရှင့်အာယာသ်သက် သေလက္ခဏာတော်များကို သူတို့အား ဖတ်ကြားတင်ပြသည့်အခါ ယုံကြည်မှု တိုးပွားခိုင်မြဲစေရုံသာမက (သူတို့၏ကိစ္စအဝဝ အတွက်လည်း) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အပေါ်၌သာ (အရှင့်အမိန့်ပညတ်ချက်နှင့်အညီ ပြုကျင့်လျက်) ယုံကြည်စိတ်ချစွာ ပုံအပ်၍ အားထားကြသည်။

[3] ထိုသူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြပြီး ငါအရှင်မြတ်ပေးအပ်တော်မူသည့် ရိက္ခာ (နှင့်လိုအပ်ချက်များ) အနက်မှ (ချို့တဲ့ဆင်းရဲသူတို့အား) စွန့်လှူပေးကမ်းကြသည်။

[4] ထိုသူတို့သည်ပင် (သစ္စာရှိပြီး) စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်၌ သူတို့အတွက် (မြင့်မြတ်သည့်) အ ဆင့်အတန်းနှင့်အခွင့်အလန်းများ၊ လွတ်ငြိမ်းချမ်းသာခွင့် (ရက်ရောမှု) နှင့်မွန်မြတ်သော ရိက္ခာလိုအပ်ချက်များ ရှိနေ၏။

[5] ဧကန်ပင်၊ ယုံကြည်သူတို့အနက်မှ အုပ်စုတစ်စုသည် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်က အသင့်အား အမှန်တရားသစ္စာနှင့်အတူ သင်၏အိမ်မှ ထွက်စေတော်မူခြင်းကို အမှန်ပင် မနှစ်သက် မလိုလားခဲ့ကြသကဲ့သို့ပင် ဖြစ်၏။

[6] (အရှင်မြတ်၏စီမံချက်များသည် တိုးတက်မှုဘက်သို့ ဦးတည်စေကြောင်းနှင့်) မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များကို ရှင်းလင်းတင်ပြစေတော်မူပြီးနောက်တွင်လည်း သူတို့သည် သေခြင်းတရားဆီသို့ တွန်းပို့မောင်းနှင်ခြင်းခံနေရကြောင်းကို (သူတို့ကိုယ်တိုင်) မျက်ဝါးထင်ထင် တွေ့မြင်နေကြသကဲ့သို့ အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ အသင် (တမန်တော်) နှင့် အပြန်အလှန်အချေအတင် ငြင်းခုံခဲ့ကြ၏။

[7] ထိုမျှမက၊ အလ္လာဟ်အရှင်မြတ်သည် (မဒီနာမြို့ဘက်သို့ ချဉ်းကပ်လာနေသည့် ကုရ်အိုရှ်အုပ်စုနှင့်မက္ကာမှ မယုံကြည်သူတို့၏စစ်တပ်များဖြစ်ကြသော) အုပ်စုနှစ်ခုအနက် တစ်ခုသည် (သင်တို့လက်တွင်းသို့ ကျရောက်စေ၍) သင်တို့အတွက် ဖြစ်စေတော်မူလိမ့်မည်။” ဟု ကတိပေး မိန့်တော်မူခဲ့စဉ်လည်း သင်တို့က သင်တို့အတွက် လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အုပ်စုကိုသာ မျှော်လင့်တောင့်တခဲ့ကြသည်။ စင်စစ်မူကား အလ္လာဟ်အရှင် မြတ်သည် အရှင့်ဗျာဒိတ်တော်အားဖြင့် အမှန်တရားသစ္စာကို တိကျမှန်ကန်တည်တံ့ကြောင်း ထင်ရှားစေရန်နှင့် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏သွေး ကြောနှင့်အခြေအမြစ် (များဖြစ်ကြသည့် အာခံဖီဆန်သော ခေါင်းဆောင်) များကို ဖြတ်တောက်ပစ်တော်မူရန် ရည်ရွယ်တော်မူခဲ့၏။

[8] ထို့ပြင် (အမှန်တရားအပေါ် ယုံကြည်အားထားမှု ကင်းမဲ့လျက်) ပြစ်မှုကျူးလွန်ကြသူတို့ မနှစ်သက်မလိုလားခဲ့ကြသော်လည်း အမှန်တရားသစ္စာကို တိကျမှန်ကန် (ပြီး အောင်ပွဲခံရသည်အထိ တည်တံ့စေတော်မူမည်ဖြစ်) ကြောင်း ထင်ရှားစေတော်မူရန်နှင့် (မှားယွင်းသည့် အတွေးအခေါ်အယူအဆနှင့်နည်းစနစ်စသော) လမ်းမှားကို မတည်မြဲဘဲ တိမ်ကော ပယ်ဖျက်စေတော်မူရန် ဖြစ်၏။

[9] သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ထံတော်၌ (အရှင့်ကရုဏာတော်သက်စေလျက်) အကူအညီပေးတော်မူရန်အတွက် အနူးအညွတ်ပန်ကြားသည့်အခါ ငါအရှင်မြတ်က သူတို့အား “မုချဧကန်၊ ငါအရှင်မြတ်သည် တစ်ခုပြီးတစ်ခုရောက်လာမည့် မလာအီကာစေတမန် တစ် ထောင်ဖြင့် ကူညီတော်မူလိမ့်မည်။” ဟု ပြန်ကြားတော်မူခဲ့၏။

[10] အလ္လာဟ်အရှင်မြတ်သည် (အောင်မြင်မှုရမည် ဆဲဆဲဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ကိုသာ ဖြစ်စေတော်မူသည်မဟုတ်ဘဲ သင်တို့၏စိတ်နှလုံးများကိုလည်း ထို (သတင်းကောင်း) ဖြင့် တည်ငြိမ်အေး ချမ်းစေတော်မူခဲ့၏။ အမှန်မှာ အောင်မြင်မှုဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ရှိတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[11] (သင်တို့၌ ရဲစွမ်းသတ္တိ အလွန် လိုအပ်နေသည့်အချိန်တွင်) ထိုအရှင်မြတ်ထံတော်မှ သင်တို့အပေါ် ပူပင်သောက ဖြေဖျောက်၍ စိတ်ချလုံခြုံမှု ရှိစေရန်အလို့ငှာ အိပ်မောကျခြင်းဖြင့် ဖုံးလွှမ်းစေတော်မူခဲ့၏။ ထို့ ပြင် ကောင်းကင်ယံမှ သွန်ချသည့်ရေဖြင့် သင်တို့အား သန့်ရှင်းစင်ကြယ်စေတော်မူရန်၊ စေတန်မကောင်းဆိုးဝါး၏ (လှုံ့ဆော်မှုဖြစ်သည့်) ယုတ်ညံ့သော အကြံဉာဏ်ဆိုးများကို သင်တို့ထံမှ ဖယ်ရှားစေတော်မူရန်၊ သင်တို့၏စိတ်နှလုံးများ၌ စိတ်ခွန်အားတက်ကြွစေတော်မူရန်နှင့်သင်တို့၏မြေးများ (နှင့်ရပ်တည်ချက်များ) ကို ခိုင်မြဲစေတော်မူရန်အတွက် မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။

[12] (တစ်ချိန်တည်းမှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က မလာအီကာစေတမန်များထံသို့ “ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ယုံကြည်သူများအား ကြံ့ခိုင်တည်မြဲစေကြလော့။ မကြာမီပင် ငါအရှင်မြတ်သည် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏စိတ်နှလုံးများ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ထည့် သွင်းစေတော်မူမည်။ သို့ဖြစ် ရာ၊ သူတို့ထဲမှ ဦးဆောင်မှုနေရာယူထားသည့် တပ်ဖွဲ့ (ခေါင်းများ) နှင့်အခြေခံတပ်ဖွဲ့အားလုံးကို တိုက်ခိုက်ဖြတ် တောက်ကြလော့။” ဟု ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချတော်မူခဲ့၏။ (ဗဒရ်စစ်ပွဲတွင် မယုံကြည်သူ မက္ကာသားခေါင်းဆောင်များအနက် အဘူဆုဖ်ယန်တစ်ဦးတည်းသာ အသတ်မခံရဘဲ ကျန်ရစ်ခဲ့၏။)

[13] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (အရှင့်အမိန့်တော် များနှင့်ဆန့်ကျင်၍) အာခံဖီဆန်သောကြောင့် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်ကြလျှင် (လူတိုင်းသိသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။

[14] ထိုသို့ (အရေးယူတော်မူမည်ဖြစ်သောကြောင့် ပြစ်ဒဏ်ထိုက်သူတို့သည်) ယင်းကို မြည်းစမ်းကြလော့။ ထို့ပြင် (လူတိုင်းသိသင့်သည်မှာ) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် ငရဲမီး၏ ပြစ်ဒဏ်လည်း ရှိနေ၏။

[15] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ (က စစ်တပ်ဖြင့်) ချီတက်ခြင်းအား ထိပ်တိုက်တွေ့ဆုံကြသည့်အခါ (သူတို့၏အင်အားပိုသာသောကြောင့်) သူတို့ကို ကျောခိုင်း၍ ရှောင်မပြေးကြလေနှင့်။

[16] မည်သူမဆို စစ်ရေးနည်းဗျူဟာအရ (အကွက်ဆင်ရန်) သို့မဟုတ် အခြားတပ်ဖွဲ့ဆီသို့ စစ်ကူအဖြစ် ပူးပေါင်းရန် ရည်ရွယ်ခြင်းမှအပ ရန်သူကို ကျောခိုင်း၍ ရှောင်ပြေးကြလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြစ်တင်ရှုတ်ချမှု (အမျက်တော်) ကို မုချပင် ခံရမည်ဖြစ်ပြီး (အရှင့်မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးရမည်) ဖြစ်၏။ ထို့ပြင် သူ၏နောက်ဆုံးခိုလှုံစခန်း (ပန်းတိုင်) မှာ ငရဲဘုံပင် ဖြစ်၏။ စင်စစ်မူကား ထိုရည်မှန်းချက်ပန်းတိုင်သည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှပေ၏။

[17] ထို့ပြင် (အို၊ ယုံကြည်သူတို့၊ စစ်ပွဲတွင် သင်တို့၏အစွမ်းအစဖြင့်) သင်တို့က သူတို့ကို သတ်ခဲ့ကြခြင်း မဟုတ်ပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သာလျှင် သူတို့ကို သတ်ခဲ့တော်မူခဲ့၏။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ စစ်ပွဲအစတွင် သဲဖြင့်ပစ်ပက်ခဲ့စဉ်လည်း) အသင်က ပစ်ပေါက်ခြင်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သာ ပစ်ခတ်စေတော်မူခဲ့၏။ (ထိုအရာအားလုံးကို အရှင့်ဆန္ဒတော်နှင့်အညီ လုပ်စေတော်မူခြင်း ဖြစ်၏။) အရှင်မြတ်၏ထံတော်မှ သက်ဝင်ယုံကြည်သူတို့အား (သူတို့၏အဓိက ပန်းတိုင်ဖြစ်သော အရှင့်ကျေနပ်နှစ်မြို့မှုနှင့်အောင်မြင်မှုဟူသမျှသည် အရှင့်ထံတော်မှ ဖြစ်ကြောင်းကို သိနားလည်နိုင်အောင်) စမ်းသပ်တော်မူရန်အလို့ငှာ (မျှတ ကောင်းမွန်ပြီး အကျိုးရှိသော စမ်းသပ်မှုတစ်ခုဖြင့်) စမ်းသပ်တော်မူခြင်း ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံများကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းနှင့်စပ်လျဉ်း၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[18] ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် (သင်တို့အား ကြံ့ခိုင်စေတော်မူပြီး) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏နည်းဗျူဟာအကြံအစည်များကို အားပျော့ယိမ်းယိုင်စေတော်မူ၏။

[19] (အို၊ ယုံကြည်သူတို့) အကယ်၍ သင်တို့သည် အောင်မြင်မှုပေါ်အခြေခံ၍ (မည်သူက လမ်းစဉ်မှန်၌ ရှိ ကြောင်းကို အဆုံးအဖြတ်ပေးနိုင်ရန်အတွက်) အောင်မြင်မှုကို လိုလားတောင်းဆိုကြလျှင် အောင်မြင်မှုသည် သင်တို့ထံ မုချပင် ဆိုက်ရောက်ခဲ့ပြီ (ဟု မှတ်ယူကြလော့)။ ထို့ပြင် (အို၊ မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့) အကယ်၍ သင်တို့သည် (ယုံကြည်သူတို့အား ရန်လိုမုန်းတီးစိတ်ဖြင့် စစ်မက်ပြုခြင်းကို) ရပ်စဲကြလျှင် ယင်းသည် သင်တို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်တို့သည် (ရန်လိုမှုနှင့်စစ်မက်ပြုခြင်းကို ထပ်မံကျူးလွန်လျက်) ဒုံးရင်းအခြေအနေပြန်ဆိုက်လျှင် ငါအရှင်မြတ်လည်း (ဗဒရ်စစ်ပွဲ၌ ဖြစ်စေတော်မူခဲ့သည့်အခြေအနေကို) ပြန်လည်ဆိုက်ရောက်စေတော်မူလိမ့်မည်။ ထိုစဉ် အကယ်၍ သင်တို့အုပ်စု၏ အင်အားသည် အရေအတွက်အားဖြင့် မည်မျှပင် များပြားပြည့်စုံသည်ဖြစ်စေ (ယင်းအင်အားသည်) သင်တို့အတွက် မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ (အချည်းနှီးသာဖြစ်လိမ့်မည်။) ထို့ပြင် (လူတိုင်းသိသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့နှင့်အတူ ရှိတော်မူ၏။

[20] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို နာခံလိုက်နာကြလော့။ ထို့ပြင် သင်တို့သည် (တမန်တော်ထံမှ အရှင့်အမိန့်ပညတ်ချက်များကို) ကြားသိပါလျက် (တမန်တော်ထံမှ) လွဲဖယ်ရှောင်ပြေး မသွားကြလေနှင့်။

[21] ထို့ပြင် “ကျွန်ုပ်တို့ကြားပါ၏။” ဟု ပြောဆိုကြသော်လည်း သူတို့သည် အမှန်စင်စစ်၊ နာယူကြသည် မဟုတ်သော သူတို့ကဲ့သို့ မဖြစ်ကြလေနှင့်။

[22] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အဆိုးဆုံးသော သက်ရှိသတ္တဝါမှာ (အမှန်တရားကို မပြောဆို မကြားချင်ကြသော) ဆွံ့အသူနှင့်နားပင်းသူများပင် ဖြစ်ကြ၏။ သူတို့သည် တွေးခေါ်ဆင်ခြင်သုံးသပ် နားလည်နိုင်စွမ်း မရှိကြချေ။

[23] တစ်ဖန် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့၌ ကောင်းမှုကုသိုလ်တစ်စုံတစ်ခုကို သိမြင်တော်မူလျှင် သူတို့အား (အမှန်တရားသစ္စာကို) မုချပင် ကြားစေတော်မူမည်။ သို့သော် အကယ်၍ သူတို့အား ကြားစေတော်မူသည့်တိုင် (အလေးမထား ဂရုမစိုက်ဘဲ) ရှောင်ပြေးလျှင် ထိုသူတို့သည် မျက်နှာလွှဲ ငြင်းပယ်သူများ ဖြစ်ကြ၏။

[24] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့သည် အသင်တို့အား အသက်ရှင် ရပ်တည်စေတော်မူသည့် အကြောင်းနှင့်စပ်လျဉ်း၍ ဖိတ်ခေါ်သောအခါ တုံ့ပြန်လိုက်နာကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူ့ခန္ဓာကိုယ်နှင့်စိတ်နှလုံး (ရုပ်နှင့်နာမ်ကြား) တွင် ကြားဝင်စွက်ဖက်တော်မူနိုင်သည်ကိုလည်းကောင်း၊ အရှင်မြတ်ထံတော်သို့ပင် လူသားအားလုံးအား အမှန်ပင် စုရုံးစေတော်မူခြင်းခံရမည်ကိုလည်းကောင်း၊ ကောင်းစွာနှလုံးသွင်း မှတ်သားကြလော့။

[25] ထို့ပြင် (ကပ်ဘေး၊ ပြစ်ဒဏ်၊ ဆင်းရဲဒုက္ခစသော) အရှင့်စမ်းသပ်မှုတစ်စုံတစ်ခု ဆိုက်ရောက်စေတော်မူသည့်အခါ စည်းမျဉ်းတော်များကို ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်လုပ်သူများကိုသာ သီးသန့်ရွေး ချယ်၍ (ဆိုး ကျိုးဆက်) သက်ရောက်စေခြင်း (မဟုတ်ဘဲ အားလုံးအပေါ် အကျိုးသက်ရောက်မည် ဖြစ်ကြောင်းကို) စိုးရွံ့ ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထိုမျှမက အလ္လာဟ်အရှင်မြတ်သည် ဧကန်မုချ၊ ယတိပြတ်ဒဏ်ခတ်အရေးယူ တန်ပြန်စေတော်မူသည်ကို နှလုံးသွင်း သိမှတ်ကြလော့။

[26] သင်တို့သည် မြေကမ္ဘာ၌ အင်အားချိနဲ့သော လူနည်းစုဖြစ်ခဲ့လျက် (ဩဇာအာဏာနှင့်အင်အားရှိသော) လူတို့က သင်တို့အား အလစ်သုတ် လုယက်တိုက်ခိုက်၍ သုတ်သင်ကြမည်ကို စိုးရိမ်ကြောက်ရွံ့နေခဲ့စဉ် ငါအရှင်မြတ်သည် သင်တို့ကျေးဇူးသိတတ်ကြရန်အလို့ငှာ သင်တို့အား (လုံခြုံသော) ခိုလှုံမှုပေးတော်မူပြီး ကူညီစောင်မမှု များဖြင့် အင်အားဖြည့်စေတော်မူရုံသာမက သန့်ရှင်းစင်ကြယ်သော ရိက္ခာနှင့်လိုအပ် ချက်များကိုလည်း ချီးမြှင့်ပေးအပ်တော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။

[27] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့အား (အရှင့်အမိန့်ပညတ်ချက် များနှင့်တမန်တော်မြတ်၏လမ်းစဉ်ကို ဖီဆန်ခြင်းဖြင့်) သစ္စာမဖောက်ကြလေနှင့်။ ထို့ပြင် သင်တို့ထံ ယုံကြည်စွာ အပ်နှံထားသည့်အရာ (ဖြစ်သော အရှင့်စည်းမျဉ်းတော်များ၊ ကိုယ်စိတ်နှလုံး၊ ဥစ္စာဓန) များကို (အရှင်မြတ်ထံ တော်မှ ဖြစ်ကြောင်းကို) သိနားလည်ပါလျက် အလွဲသုံးစားခြင်းဖြင့် သစ္စာမမဲ့ ကြလေနှင့်။

[28] သင်တို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ၊ (စွမ်းရည်စွမ်းပကားများ) သားသမီးရတနာများသည် (သင်တို့အတွက် အရှင့်ထံတော်မှ) စမ်းသပ်မှုတစ်ရပ်ဖြစ်ကြောင်းနှင့် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်ထံတော်၌ (သစ္စာရှိသူနှင့်ကောင်းမြတ်သော လုပ်ရပ်များကို ပြုမူကျင့်ကြံသူတို့အတွက်) အလွန်ကြီးကျယ်သည့် အကျိုးဆုလဒ်များရှိ ကြောင်းကို နှလုံးသွင်း သိမှတ်ထားကြလော့။

[29] အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျှင် သင်တို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် သင်တို့၏စိတ်နှလုံး၌) အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့်စံချိန် မှတ်ကျောက်တစ်မျိုးကို ဖြစ်ပေါ်စေတော်မူလိမ့်မည်။ ထို့ပြင် သင်တို့ထံမှ မကောင်းမှုဒုစရိုက်ဆိုင်ရာ ပြုမူကျင့်ကြံမှုများကို ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး (သင်တို့၏ချွတ်ချော်မှားယွင်းမှုများကို) သင်တို့အတွက် လွတ်ငြိမ်းခွင့် ဖြစ်စေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အပေါ် မေတ္တာထားတော်မူရန်အလို့ငှာ) အလွန်ကြီးကျယ်သော ရက်ရောမှုနှင့်ကျေးဇူးတော်ကို ပိုင်ဆိုင်ထားတော်မူသော အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ယူကြလော့။

[30] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် အသင် (တမန်တော်) အား ဖမ်းဆီးချုပ်နှောင်ရန်၊ သတ်ဖြတ်ရန်နှင့် (မက္ကာမှ) နှင်ထုတ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြစဉ် အလ္လာဟ်အရှင်မြတ်ကလည်း သူတို့ကြံစည် နေကြသည်ကို အချည်းနှီးဖြစ်စေသည့် စီမံချက်များ ဖြစ်ပေါ်စေရန် ကြံရွယ်တော်မူခဲ့ကြောင်းအား သတိရကြလော့။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ ယုံကြည်သူတို့အတွက်) အကောင်းဆုံးသော စီမံချက်များ ဖြစ်ပေါ်စေရန် ကြံရွယ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[31] သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအား ရွတ်ဖတ်ခြင်းခံရသောအခါ “ကျွန်ုပ်တို့သည် အမှန်ပင် (ဤကဲ့သို့သော အာယာသ်တော်များကို အကြိမ်ပေါင်းများစွာ) ကြားခဲ့ဖူးပါပြီ၊ အကယ်၍ ကျွန်ုပ်တို့အလိုရှိလျှင် ဤကဲ့သို့ပင် (ရေးသားစီကုံး၍) မုချ ပြောဆိုနိုင်ကြမည်။ ဤသည်ကား ရှေးခေတ်လူတို့၏ဒဏ္ဍာရီပုံပြင်များသာဖြစ်၏။” ဟု ပြောဆိုခဲ့ကြသည်။

[32] တစ်ဖန် သူတို့က “အို၊ အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤအမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်မြတ် ကုရ်အာန်) သည် အသင် (အရှင်မြတ်) ထံတော်မှ (ချမှတ်ပေးအပ်တော်မူသည့်အရာ) ဖြစ်ခဲ့လျှင် မိုး ကောင်းကင်မှ ကျွန်ုပ်တို့အပေါ်သို့ ကျောက်ခဲများကို ရွာသွန်းစေတော်မူပါ။ သို့မဟုတ် ကျွန်ုပ်တို့အပေါ်၌ အလွန်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို ကျရောက်စေတော်မူပါ။” ဟု ပြောဆိုလျှောက်တင်ခဲ့ကြစဉ်။

[33] (အရှင်မြတ်က ရစူလ်တမန်တော်အား) “အမှန်စင်စစ်၊ သူတို့အထဲတွင် အသင် (တမန်တော်) ရှိနေစဉ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလျှင်းပြစ်ဒဏ်ပေးတော်မူမည်မဟုတ်ချေ။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်) သည် (အရှင်မြတ်ထံတော်၌ စိတ်ရင်းဖြူစင်စွာဖြင့်) လွတ်ငြိမ်းချမ်းသာခွင့်ရရန်ဆုပန်ကြသူတို့အား ပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ချေ။”

[34] သို့ရာတွင် သူတို့သည် အထွတ်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ကို ကာကွယ်စောင့်ရှောက် ကြပ်မတ်ထိုက်သူများ မဟုတ်သော်လည်း (ယုံကြည်သူတို့အား) ထိုဝတ်ကျောင်းတော်၌ တားဆီးပိတ်ပင်ဟန့်တားကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် ပြစ်ဒဏ်ပေးတော်မမူရန် အကြောင်း မရှိချေ။ စင်စစ်မူကား အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူများသာလျှင် ထိုဝတ်ကျောင်းတော်အား ကာကွယ်စောင့်ရှောက် ကြပ်မတ်ထိုက်သူများ ဖြစ်ကြသည်။ သို့သော် သူတို့အနက်မှ အများစုသည် သိနားလည်ခြင်း မရှိကြချေ။

[35] ထို့ပြင် ထိုဝတ်ကျောင်းတော်၌ (အရှင်မြတ်နှင့်တွဲဖက်၍ အခြားသော ဆင်းတုများကို ကိုးကွယ်လျက်) သူတို့ ဝတ်ပြုခြင်းသည်လည်း လေချွန်ခြင်းနှင့်လက်ခုပ်တီးခြင်းမျှသာ ဖြစ်ပေ၏။ သို့ဖြစ်ရာ၊ သင်တို့၏မယုံကြည်မှု၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကြောင့် (ဆိုးကျိုးဆက်အဖြစ်) ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။

[36] ဧကန်စင်စစ်၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှု (များနှင့်အရည်အချင်း၊ အစွမ်းအစ) များကို အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ တားဆီးပိတ်ပင်ရန်အတွက် သုံးစွဲကြ၏။ သူတို့သည် ထိုသို့ပင် ဆက်လက်သုံးစွဲကြလျက် (နောင်တရခြင်း၊ သက်ပြင်းချရခြင်း၊ ဒုက္ခဝေဒနာခံစားရ ခြင်းတို့ကြောင့်) သူတို့ဝမ်းနည်းစရာများသာ ကျန်ရစ်ပြီးနောက်ဆုံးတွင် လွှမ်းမိုးခြင်းနှင့်ရှုံးနိမ့်ခြင်းကို ခံကြရလိမ့်မည်။ သို့ဖြစ်ရာ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် (သူတို့၏လုပ်ရပ်များကြောင့်) ငရဲဘုံ ဘက်သို့ စုရုံးစေခြင်း ခံကြရမည်ဖြစ်၏။

[37] ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်မှု၊ အတွေးအခေါ်၊ အယူအဆအားဖြင့်) သန့်ရှင်းစင်ကြယ်မှု မရှိသောသူများကို သန့်ရှင်းစင်ကြယ်သူတို့မှ ပိုင်းခြားသိမြင်စေတော်မူရန်နှင့်မသန့်ရှင်းသော သူတို့အား တစ်ဦးအပေါ်တစ်ဦး ထပ်ဆင့်စေ၍ အားလုံးကို အစုအပုံဖြစ်စေတော်မူလျက် ငရဲဘုံထဲသို့ စုရုံးရောက်ရှိစေတော် မူလိမ့်မည်။ (ငရဲဘုံထဲတွင် နေရမည့်သူများဖြစ်၍) ထိုသူတို့သည် ဆုံးရှုံးနစ်နာသူများပင် ဖြစ်ကြ၏။

[38] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား “အကယ်၍ သူတို့သည် (ဇွဲရှိရှိ မယုံကြည်မှုနှင့် ငြင်းဆန်မှု၌ရပ်တည်နေခြင်းကို) ရပ်စဲကြလျှင် သူတို့ယခင်က (အစ္စလာမ်ကို ယုံကြည်လက်ခံနိုင်ခြင်း မရှိအောင် ဟန့်တားနှောင့်ယှက်ခြင်းဖြင့် ကျူးလွန်ခဲ့သည့်) လွန်လေပြီးသော ပြစ်မှုများမှ သူတို့အား ကင်းလွတ်ခွင့် ပေး တော်မူလိမ့်မည်။ သို့သော် အကယ်၍ သူတို့သည် (အစ္စလာမ့်အတွက် ရန်လိုမုန်းတီးမှုဖြစ်သော သူတို့၏) ဒုံရင်းအခြေအနေအတိုင်း ပြန်လည်ဆိုက်ရောက်ကြလျှင် ရှေးလူတို့အတွက် (အရှင့်လမ်းစဉ်တော်နှင့်အညီ) စည်း ကမ်းဥပဒေများချမှတ်ခဲ့ပြီး ဖြစ်သကဲ့သို့ ရှေ့ဆက်လုပ်တော်မူမည်။”

[39] ထို့ပြင် (အကယ်၍ သူတို့သည် ရန်လိုမုန်းတီးမှုနှင့်မယုံကြည်မှု၌ပင် ဆက်လက်၍ ဇွဲရှိရှိ ရပ်တည်လျက် ရန်မူလာလျှင် အရှင်မြတ်၏ဆန့်ကျင်ပုန်ကန်ခြင်း၏အခြေခံအရင်း အမြစ်များဖြစ်သော) မတည်မငြိမ်ဖြစ်စေခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းများ လုံးဝပပျောက်၍ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) သည် အလ္လာဟ်အရှင်မြတ်၏ကျေ နပ်နှစ်မြို့မှုအတွက်သာ အရှင်မြတ်၏အမိန့်ပညတ်ချက်များနှင့်အညီ ဘဝဆောက်တည်နိုင်ရန်အလို့ငှာ) လုံးဝ တည်ငြိမ်အေးချမ်းသွားသည်အထိ သူတို့အား တော်လှန်တိုက်ခိုက်ကြလော့။ သို့သော် အကယ်၍ သူတို့သည် (သူတို့၏ရန်လိုမုန်းတီးမှုနှင့် မယုံကြည်မှုကို စွန့်လွှတ်၍ ရန်မူခြင်းအား) ရပ်စဲကြလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့် ကြံသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင်ဖြစ်ကြောင်း (အသိပေးဟောကြားလော့။)

[40] သို့သော် အကယ်၍ သူတို့သည် (သူတို့၏ယခင်ယုံကြည်မှုလမ်းစဉ်နှင့်သဘောထားအတိုင်းပင် ဆက်လက် လိုက်နာကျင့်သုံးလို၍) လွှဲဖယ်၍ ပြန်လှည့်ကြလျှင် လူတိုင်းသိထားသင့်သည်မှာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ အရှင်မြတ်သည် အကောင်းမြတ်ဆုံးအရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်မူသောအရှင် ဖြစ်တော်မူရုံသာမက အကောင်းမြတ်ဆုံး ကူညီစောင်မတော်မူသောအရှင်လည်း ဖြစ်တော်မူကြောင်း နှလုံးသွင်းကြလော့။

[41] အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်က အရှင့်အစေခံ (တမန်တော် မြတ်) အပေါ် စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသော အမှန်တရားသစ္စာနှင့်လမ်းမှားတို့ကို ခွဲခြားသိသာထင်ရှား စေသည့်နေ့၌ ချမှတ်ပေးအပ်တော်မူခဲ့သမျှ (အာယာသ်သက်သေလက္ခဏာတော်များ) ကိုလည်းကောင်း၊ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ကြလျှင် သင်တို့စစ်ပွဲ၏အကျိုးဆက်အဖြစ် လက်ခံရရှိခဲ့သော ပစ္စည်းပစ္စယ များအနက်မှ ငါးပုံတစ်ပုံကို (အရှင့်လမ်းစဉ်တော်တည်တံ့စေရန်) အလ္လာဟ်အရှင်မြတ်၊ ရစူလ်တမန်တော်၊ အနီးစပ်ဆုံးဆွေမျိုးရင်းချာ (ကိုယ်စောင့်တပ်)၊ မိဘမဲ့များ၊ ချို့တဲ့ဆင်းရဲသူများ၊ အရှင့်လမ်းစဉ်တော်၌ ခရီးသွားသူများ (ခရီးစဉ်၌ လိုအပ်သည့် လက်နက်နှင့်ရိက္ခာစီစဉ်ရန်အလို့ငှာ) တို့အတွက် (သူတို့၏ပိုင်ဆိုင်မှုများအဖြစ်) သိမှတ်ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ (၌ စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူလျက် ယင်းတို့ကို) စွမ်းဆောင်လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[42] (သတိရကြလော့။) ဗဒရ်စစ်ပွဲဖြစ်စဉ်ကာလ၌ သင်တို့သည် (မဒီနာမြို့နှင့်) ပို၍နီးသော တောင်ကြားချိုင့် ဝှမ်း၌ရှိခဲ့ကြပြီး သူတို့မှာမူ တောင်ကြားနှင့်အလှမ်းဝေးသည့်နေရာ၌ ရှိခဲ့ကြ၏။ ထို့ပြင် (မယုံကြည်သူတို့၏) ကုန်သည်အုပ်စုမှာလည်း သင်တို့မှ အလှမ်းဝေးသော မြေနိမ့်ပိုင်းဖြစ်သည့် မြေပြန့်လွင်ပြင်ဒေသ၌ ရှိခဲ့ကြသည်။ ထိုသို့သော အခြေအနေတွင် အကယ်၍ သင်တို့က သူတို့နှင့်အပြန်အလှန်တွေ့ဆုံ၍ ရင်ဆိုင်တိုက်ခိုက်ရန် ချိန်းဆိုကမ်းလှမ်းခဲ့ရလျှင် သင်တို့သည် ထိုချိန်းဆိုကမ်းလှမ်းချက်အတိုင်း ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ မုချပင် လွဲခဲ့ကြမည်ဖြစ်၏။ သို့သော် (အရှင်မြတ်သည် သင်တို့အတွက် စစ်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်နိုင်မည့် အခြေအနေကို ဖြစ်စေတော်မူသောကြောင့်) အလ္လာဟ်အရှင်မြတ်သည် (လမ်းမှားကို လိုက်နာခြင်းဖြင့် ပျက်စီးဆုံးရှုံးထိုက်သော) သူတို့အား ပျက်သုဉ်းဆုံးရှုံးစေမည့် ထင်ရှားသော သက်သေလက္ခဏာတော်များဖြင့်လည်းကောင်း၊ (အမှန်တရားသစ္စာကို တစ်သဝေမတိမ်း လိုက်နာခြင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်ခွင့် ရထိုက်သော) သူတို့ အား ရေရှည်တည်တံ့စေမည့် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များဖြင့်လည်းကောင်း၊ စီရင်ဆုံးဖြတ်တော်မူခဲ့ပြီးဖြစ်သော စီမံချက် အကြောင်းကိစ္စတစ်ရပ်ကို ဧကန်မုချ ပြီးမြောက်စေတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[43] (တစ်ဖန် အို၊ ရစူလ်တမန်တော်၊ သတိရလော့။) အလ္လာဟ်အရှင်မြတ်သည် အသင် (တမန်တော်) အား သင်၏အိပ်မက်ထဲတွင် သူတို့ (၏ အရေအတွက်နှင့်အင်အား) ကို (ပကတိအင်အားထက်) နည်းပါးချိနဲ့သည့်အနေအထားတွင် ပြသတော်မူခဲ့၏။ သို့သော် အကယ်၍ သူတို့ (၏ အင်အား) ကို များပြားသည့် အနေအထားဖြင့် ပြသတော်မူခဲ့လျှင် အသင်တို့သည် မုချဧကန်၊ စိတ်ဓါတ်ကျမည့်အပြင် ထိုအရေးကိစ္စနှင့်စပ်လျဉ်း၍ သင်တို့ အချင်းချင်းကြားတွင်လည်း အမှန်ပင် အငြင်းပွားနေကြမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား (စိတ်ဓါတ်ကျမှုနှင့်အငြင်းပွားမှုမှ ကယ်ဆယ်တော်မူ၍) စိတ်တည်ငြိမ်အေးချမ်းစေတော်မူခဲ့၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံး အတွင်းအဇ္ဈတ္တ၌ ကြံစည်၍ ပိုင်ဆိုင်ထားသမျှကို အကြွင်းမဲ့ သိနေတော်မူ၏။

[44] ထိုမျှမက သင်တို့သည် သူတို့နှင့် (ဗဒရ်စစ်ပွဲတွင်) ဆုံတွေ့သောအခါ သင်တို့၏မျက်လုံးများတွင် သူတို့၏အင်အားကို အနည်းငယ်အဖြစ်သာ မြင်စေတော်မူပြီး သူတို့၏မျက်လုံးအမြင်၌လည်း သင်တို့ကို မပြော ပလောက်သည့် အင်အားအဖြစ် မြင်စေတော်မူခဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်က စီရင်လိုတော်မူသော စီမံချက် ကိစ္စရပ်တစ်ခုကို ပြီးမြောက်အောင် စီရင်တော်မူရန်အတွက်ပင် ဖြစ်၏။ ထို့ပြင် အကြောင်းကိစ္စအရေးအရာ အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံသို့သာ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပေါ်စေရန်) ဦးလှည့်ခြင်း ခံရမည်ဖြစ်၏။

[45] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (စစ်တပ်အင်အားရှိသော) အုပ်စုတစ်စုစုနှင့် ထိပ်တိုက်ကြုံတွေ့ ကြသောအခါ (သင်တို့၏ရပ်တည်ချက်ကို) မြဲမြံကြံ့ခိုင်စွာ ထားကြလော့။ ထို့ပြင် သင်တို့က ပေါက်မြောက်အောင်မြင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်အား မြောက်များစွာ သတိရ တသ၍ ဖွင့်ဟကြလော့။

[46] တစ်ဖန် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကိုလည်း နာခံလိုက်နာကြလော့။ ထို့ပြင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အငြင်းမပွားကြလေနှင့်။ ထိုသို့ အငြင်းပွားကြလျှင် သင်တို့က စိတ်ဓါတ်ကျရုံသာမက (သင်တို့၏) အင်အားနှင့်စွမ်းရည်များလည်း တိမ်ကောပျောက်ကွယ် သွားလိမ့်မည်။ သို့ဖြစ်ရာ ခန္တီသည်းခံကြံ့ခိုင်မှုကိုသာ စွဲကိုင်၍ (ပန်းတိုင်အရောက်) မြဲမြံစွာ ရပ်တည်ကြလော့။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် ခန္တီ သည်းခံကြံ့ခိုင်မှု မြဲမြံကြသူတို့နှင့်အတူ ရှိတော်မူ၏။

[47] လူသားတို့အား ပြစားရန်နှင့် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ ဟန့်တားပိတ်ပင်တား ဆီးကြရန် သူတို့၏အိမ်များမှ ဝင့်ကြွားစွာ ထွက်ခွါလာခဲ့ကြသော (မယုံကြည်) သူများကဲ့သို့ မဖြစ်ကြလေနှင့်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံသမျှတို့ကို (အရှင့်ဉာဏ်တော်အနန္တနှင့်တန်ခိုးတော်အားဖြင့်) လုံးလုံးလျားလျား ဝိုင်းဝန်းထားတော်မူ၏။

[48] စေတန်မကောင်းဆိုးဝါးသည် သူတို့၏ပြုမူကျင့်ကြံမှုများကို သူတို့အတွက် (ဆွဲဆောင်ဖွယ်ရာအဖြစ် လှပတင့်တယ်စွာ) တန်ဆာဆောင်ထားသည့်အခါ သူက (သူတို့အား) ယနေ့လူတို့အနက်မှ သင်တို့ကို အောင်နိုင် လွှမ်းမိုးမည့်သူဟု တစ်ဦးတစ်ယောက်မျှ မရှိချေ။ ကျွန်ုပ်သည် သင်တို့အတွက် ထောက်ခံအားပေးသူ (ကာကွယ်ထားသူ) တစ်ဦး အသေအချာပင် ဖြစ်၏။” (ဟု ပြော၏။) သို့ရာတွင် သူသည် စစ်တပ်အုပ်စုနှစ်ခု (ထိပ်တိုက် ရင်ဆိုင်ကြသည်ကို) မြင်တွေ့သည့်အခါ (သူ၏ခြေဖနောင့်ဘက်သို့) ဆုတ်ခွါရှောင်ပြေး သွားလေ၏။ ထို့နောက် သူက “အမှန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့ထံမှ လုံးဝ ကင်းလွှတ်၏။ (သင်တို့အတွက် တာဝန် မရှိချေ) ကျွန်ုပ်သည် သင်တို့က မမြင်နိုင်သည်များကို မုချပင် မြင်နေ၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူသောအရှင် ဖြစ်တော်မူ၏။”

[49] ထို့ပြင် (သတိရကြလော့။) အယောင်ဆောင် သီလကြောင်တို့နှင့်စိတ်နှလုံး၌ (နာမ်ရေးရာဘဝတိမ်ကော စေမည့်) ရောဂါရှိသူတို့က “သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) သည် ဤ (ယုံကြည်) သူ တို့ကို လှည့်စားခဲ့ပြီ ဖြစ်၏။” ဟု ပြောဆိုခဲ့ကြ၏။ အမှန်စင်စစ်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်ထားပါက အလ္လာဟ်အ ရှင်မြတ်သည် ဧကန်ပင်၊ အရှင့်အနှိုင်းမဲ့ဘုန်းတန်ခိုးတော်နှင့်ဂုဏ်တော်များဖြင့် အားလုံးကို လွှမ်းမိုးထားတော် မူသောအရှင် (စီရင်ဆုံးဖြတ်ရာတွင် နက်နဲသိမ်မွေ့သော) အမြော် အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[50] သို့သော် အကယ်၍ မလာအီကာစေတမန်များသည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား သူတို့၏မျက်နှာများနှင့်ကျောကုန်းများကို ရိုက်ပုတ်ပြီး “ချစ်ချစ်တောက်ပူနေသော ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။” ဟု ပြောဆိုကြလျက် သူတို့၏အသက်ဇီဝိန်ကို နှုတ်ယူကြစဉ် (သူတို့က မည်သို့ခံစားကြမည်ကို) အသင် (တမန်တော်) တွေ့မြင် သုံးသပ်နိုင်၏။

[51] ထိုသို့ဖြစ်ရခြင်းသည် သင်တို့လက်များဖြင့် ပြုမူကျင့်၍ (နောင်တမလွန်ဘဝ၌ ပြစ်ဒဏ်များကို မြည်းကြရန် ဆိုးကျိုးဆက်ကို) ကြိုတင်၍ ပို့နှင့်ထားခဲ့သောကြောင့် ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) များအား မည်သည့်အခါမျှ မတော်မတရား အရေးယူတော် မမူချေ။

[52] ဖါရို၏ (မင်းမျိုးမင်းနွယ်၊ မှူးမတ်များနှင့်စစ်ဦးစီးချုပ်များပါဝင်သည့်) အပေါင်းအပါများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြသော ရှေးခေတ်လူတို့က အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံကြည်ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့၏ပြစ်မှုဒုစရိုက်ကျူးလွန်မှုများနှင့်အညီ အလ္လာဟ်အရှင်မြတ်က အရေးယူဒဏ်ခတ်တော်မူခဲ့သည့် နည်းစနစ်အတိုင်းပင် (သင်တို့ကိုလည်း အရေးယူတော်မူနိုင်၏။) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် စွမ်းအားတော်အလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ ဒဏ်ခတ်အရေးယူတော် မူသောအရှင် ဖြစ်တော်မူ၏။

[53] ထိုသို့ (ဒဏ်ခတ်အရေးယူခြင်းအား) ဖြစ်စေတော်မူရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး အပေါ် (ဂုဏ်ပေးလျက် ပေးအပ်တော်မူသည့် ယုံကြည်မှု၊ ဘဝနည်းနာ၊ ကမ္ဘာ့အမြင်၊ အရှင့်နိယာမ တရား၊ စွမ်းရည်၊ ဂုဏ်သိက္ခာ၊ ရိက္ခာနှင့်လိုအပ်ချက်များ စသော) မည်သည့်ကျေးဇူးတော်ကိုမျှ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ၍ သူတို့ကိုယ်တိုင် မပြောင်း လဲသမျှကာလပတ်လုံး ငါအရှင်မြတ်က ပြောင်းလဲပေးတော်မူလေ့ မရှိသောကြောင့်ပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[54] ဖါရို၏ (မင်းမျိုးမင်းနွယ်၊ မှူးမတ်များနှင့် စစ်ဦးစီးချုပ်များပါဝင်သော) အပေါင်းအပါများနှင့်သူတို့မတိုင်မီ ရှိခဲ့ကြသော ရှေးခေတ်လူတို့က သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြခြင်းကြောင့် ငါအရှင်မြတ်က သူတို့၏ပြစ်မှုဒုစရိုက်များနှင့်အညီ သူတို့အား တိမ်ကောပျက်စီးစေတော်မူပြီး ဖါရို၏အပေါင်းအပါများကို နစ်မြုပ်စေတော်မူခဲ့သည့် နည်းစနစ်အတိုင်းပင် ဖြစ်၏။ အမှန်စင်စစ်၊ သူတို့အားလုံးသည် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူများ ဖြစ်ခဲ့ကြ၏။

[55] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အဆိုးဆုံးသော သက်ရှိသတ္တဝါသည် အမှန်တရားကို မယုံကြည်ငြင်းဆန်မှု၌ မြဲမြံစွာရပ်တည်ကြသောကြောင့် ယုံကြည်နိုင်စွမ်းမရှိကြသောသူများပင် ဖြစ် ၏။

[56] အသင် (တမန်တော်) က သူတို့ထံမှ ကတိပဋိညာဉ်ခံဝန်ချက်ကို ရယူခဲ့ပြီးနောက် ကတိပြုသည့်အကြိမ်တိုင်း (အခါတိုင်း) သူတို့သည် သူတို့၏ကတိကဝတ်များကို ချိုးဖောက်ကြသူများ ဖြစ်ကြလေ၏။ အမှန်မှာ သူတို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသည် မဟုတ်ချေ။

[57] သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) က သူတို့အား စစ်ပွဲတွင် အသာစီးလွှမ်းမိုးနိုင်ခဲ့လျှင် သူတို့၏ အရေးကိစ္စနှင့်စပ်လျဉ်း၍ (သူတို့၏နောက်လိုက်များနှင့်နောင်လာနောင်သားများဖြစ်ကြသော) သူတို့က အလေးအနက် စဉ်းစား၍ သတိရ မှတ်သားကြရန်အလို့ငှာ ကိုင်တွယ်ဖြေရှင်းလော့။

[58] အကယ်၍ အသင် (တမန်တော်) သည် လူမျိုးတစ်မျိုးထံမှ (သူတို့က သင်တို့နှင့်ချုပ်ဆိုခဲ့သော ပဋိညာဉ် ကတိစာချုပ်ကိုချိုးဖောက်၍) သစ္စာဖောက်ကြောင်း (ခိုင်မာသောအကြောင်းပြချက်အရ သိရှိလျက်) စိုးရိမ်မကင်းဖြစ်ပါမူ၊ (သူတို့အား သစ္စာဖောက်မှုအတွက် အရေးယူမှု မစတင်မီ) စာချုပ်ပေါ်၌ရှိသော အချက်အလက်နှင့်အညီအမျှ စာချုပ်ကို ပယ်ဖျက်ရုတ်သိမ်းကြောင်း (လူသိရှင်ကြား) အသိပေးလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် သစ္စာဖောက်တို့အား နှစ်သက်တော် မမူချေ။

[59] ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က (ယုံကြည်သူတို့ထက် သာအောင်လုပ်ပြီး အရှင်မြတ်၏ပြစ်ဒဏ်မှ) လွတ်မြောက်နိုင်မည်ဟု တရားသေ မထင်မှတ် မတွက်ချက်နိုင်ကြချေ။ ဧကန်ပင်၊ သူတို့သည် (အရှင့်ဆန္ဒတော်နှင့်အညီ စွမ်းဆောင်တော်မူခြင်းအား) အထမမြောက်အောင် မည်သည့်အခါမျှ ပြုလုပ်နိုင်ကြသည် မဟုတ်ချေ။

[60] (ယုံကြည်သူတို့အနေဖြင့်) အလ္လာဟ်အရှင်မြတ်၏ရန်သူများ၊ သင်တို့၏ရန်သူများနှင့်အလ္လာဟ်အရှင်မြတ်သာ သိတော်မူပြီး သင်တို့က မသိနိုင်သည့် အခြားသော အုပ်စု (အဖွဲ့အစည်း) များကို အရှိန်အဝါဖြင့် ကြောက်လန့်စေရန် (နှင့်သူတို့၏ရန်လိုတိုက်ခိုက်မှုကို ခုခံတွန်းလှန်နိုင်ရန်အတွက် လက်နက်ခဲယမ်းမီးကျောက်၊ နည်းပညာစသော) အင်အားများနှင့် (စစ်ပွဲ၌ အသုံးချရန် ရည်ရွယ်၍) လေ့ကျင့်ပေးထားသော မြင်းများအနက်မှ သင်တို့ တတ်စွမ်းသမျှကို ကြိုတင် ပြင်ဆင်ထားကြလော့။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သင်တို့ သုံးစွဲသမျှ တို့ကို သင်တို့အား အပြည့်အဝ ပြန်လည်ဖြည့်ဆီးချီးမြှင့်ပေးတော်မူပြီး သင်တို့အား မတော်မတရားနစ်နာစေတော်မူမည် အလျှင်း မဟုတ်ချေ။

[61] သို့သော် အကယ်၍ သူတို့က ငြိမ်းချမ်းရေးဘက်သို့ တိမ်းညွတ် (၍ စစ်ပြေငြိမ်းရန် ကမ်းလှမ်း) ခဲ့သော် သင်တို့ကလည်း ယင်း (ငြိမ်းချမ်းရေး) အတွက် လက်ကမ်း၍ တိမ်းညွတ်ကြပြီး အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချစွာဖြင့် ယုံပုံအပ်နှင်းကြလော့။ မုချဧကန်၊ ထိုအရှင်မြတ်သည် (သက်ရှိအားလုံး၏ ဆုတောင်းသံ အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[62] ထို့ပြင် အကယ်၍ သူတို့သည် အသင် (တမန်တော်) အား လိမ်လည်လှည့်စားရန်အတွက် ရည်ရွယ် (၍ ဟန်ပြငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်) ကြလျှင် ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အသင့်အတွက် လုံးာလောက်တော်မူ၏။ ထိုအရှင်မြတ်သည် အသင့်အား အရှင့်ကူညီစောင်မမှုများနှင့်ယုံကြည်သူများဖြင့် (အင်အား တောင့်တင်းစေတော်မူလျက်) အားပေးထောက်ခံတော်မူ၏။

[63] တစ်ဖန် ထိုအရှင်မြတ်သည် (ယုံကြည်) သူတို့၏နှလုံးစိတ်ဝမ်းများကြားဝယ် (အစ္စလာမ့်ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်စေရန်) ညီညွတ်စေတော်မူ၏။ အကယ်၍ အသင်သည် ကမ္ဘာဂြိုဟ်၌ ရှိသမျှ (အင်အားနှင့်စွမ်းရည်စွမ်းပကား) အလုံးစုံတို့ကို သုံးစွဲသည့်တိုင်အောင် သူတို့၏စိတ်နှလုံးများ စပ်ကြားဝယ် (ယဉ်ပါးစေရန်) ညီညွတ်စေနိုင်မည် မဟုတ်ချေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ညီညွတ်စေတော်မူခဲ့၏။ ဧကန်မုချ၊ ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ (အရေးကိစ္စများကို စီရင်တော်မူရာ၌) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[64] အို၊ မြင့်မြတ်သောနဗီတမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် အသင်နှင့်ယုံကြည်သူတို့အနက်မှ အသင့်လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းလိုက်နာကြသူတို့အတွက် လုံလောက်တော်မူ၏။

[65] အို၊ မြင့်မြတ်သောနဗီတမန်တော်၊ (ယုံကြည်သူတို့အား) “အကယ်၍ သင်တို့အနက်မှ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်သူ အယောက်နှစ်ဆယ်ရှိလျှင် (ရန်သူ) နှစ်ရာကို အောင်နိုင်ပြီး အကယ်၍ သင်တို့အနက် (ထိုသို့သော ပုဂ္ဂိုလ်မျိုး) အယောက်တစ်ရာရှိခဲ့သော် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ အယောက်တစ်ထောင်ကို အောင်နိုင်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ သူတို့သည် အမှန်တရားကို သိမြင်နား လည်နိုင် (ရန် အရေးကိစ္စဟူသမျှ၏အနှစ်သာရအား ထိုးဖောက်ရှာဖွေ စူးစမ်းဆင်ခြင်ကြ) သော လူမျိုးမဟုတ် သောကြောင့် ဖြစ်ကြောင်း (ဟောကြားလျက်) တိုက်ပွဲနှင့်စပ်လျဉ်း၍ ယုံကြည်သူတို့ကို တိုက်တွန်းနှိုးဆော်လော့။”

[66] ယခုအခါ (သင်တို့၌ စစ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားမှုများ ကင်းမဲ့လျက်) သင်တို့ထဲ၌ အားနည်းချက်များရှိနေသည်ကို အရှင်မြတ် သိတော်မူသည့်အတွက် အလ္လာဟ်အ ရှင်မြတ်သည် သင်တို့အား (တာဝန်ဝန်ထုပ်ကို) ပေါ့ပါးစေတော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့အနက်မှ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်သူ အယောက်တစ်ရာရှိသော် (ရန်သူ) လူနှစ်ရာကို အောင်နိုင်ပြီး သင်တို့ထဲတွင် (ထိုသို့သောပုဂ္ဂိုလ်) အယောက်တစ်ထောင်ရှိလျှင် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုမိန့်ဖြင့် လူအယောက်နှစ်ထောင်ကို အောင်မြင်နိုင်မည် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သည်းခံကြံ့ခိုင်မှုအား စွဲမြဲစွာ ကိုင်စွဲ ထားသူတို့နှင့်အတူ ရှိတော်မူ၏။

[67] ကမ္ဘာမြေပေါ်၌ (လူ့ဘဝတည်ဆောက်မှုလမ်းစဉ်ကို အန္တရာယ်ပြုသော ရန်သူတို့အား ခြေကုန်လက်ပန်း ကျစေသည်အထိ) နှိမ်နင်းအောင်နိုင်ခြင်း မရှိသရွေ့ မည်သည့်နဗီတမန်တော်မျှ စစ်သုံ့ပန်းများကို ပိုင်ဆိုင် ခွင့် မရှိချေ။ သင်တို့သည် ဤလောကီဘဝ၏မတည်မြဲသော ဥစ္စာဓနအသုံးအဆောင်တို့ကို လိုလားကြပြီး အလ္လာဟ် အရှင်မြတ်သည် သင်တို့အား နောင်တမလွန်လောကုတ္တရာကိုသာ လိုလားစေတော်မူ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[68] အကယ်၍ အလ္လာဟ်အရှင်မြတ်ထံတော်မှ (စစ်သုံ့ပန်းများ၊ စစ်ပွဲရပစ္စည်များနှင့်သက်ဆိုင်သော) ဥပဒေပြ ဋ္ဌာန်းချက်တစ်ရပ်မရှိခဲ့ပါလျှင် (စစ်မြေပြင်၌ ရန်သူများကို ထိထိရောက်ရောက် မနှိမ်နင်းမီ စစ်ပွဲရပစ္စည်းများနှင့်စစ်သုံ့ပန်းများကို သူထက်ငါဦးအောင် အလျှင်စလို အမိအရ) ရယူမှုကြောင့် သင်တို့သည် ကြီးမားပြင်းထန်သော ပြစ်ဒဏ်နှင့်မုချထိုက်တန်ခဲ့လိမ့်မည်။

[69] (သို့သော် အရှင်မြတ်က စစ်ရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းတော်မူခဲ့ပြီးဖြစ်သောကြောင့်) စစ်ပွဲရပစ္စည်းများအနက်မှ တရားတော်နှင့်အညီခွင့်ပြုထားသော သန့်ရှင်းသောအရာများကို တရားဝင် စားသုံးကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ ကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်း သာခွင့်ပေးတော်မူသောအရှင်) အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[70] အို၊ မြင့်မြတ်တော်မူသောနဗီတမန်တော်၊ သင့်လက်ဝယ်ရှိ စစ်သုံ့ပန်းများအား “အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နှလုံးများတွင် ကောင်းမှု (စေတနာကောင်း) တစ်စုံတစ်ခုရှိကြောင်း သိတော်မူလျှင် အရှင်မြတ်က (သင်တို့အား) သင်တို့ထံမှ ယူခဲ့သည်ထက် ပိုမို၍ ကောင်းမြတ်သောအရာကို ချီးမြှင့်ပေးအပ်တော်မူမည်။ ထို့ပြင် သင်တို့အား (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ယုံကြည်သည့် အတွက် ယခင်က ကျူးလွန်ခဲ့သမျှကို လည်း) ခွင့်လွှတ်တော်မူလိမ့်မည်။”

[71] သို့ရာတွင် အကယ်၍ သူတို့သည် အသင် (တမန်တော်အား) သစ္စာမဲ့စွာ ကြံစည်ရန် ရည်ရွယ်ကြလျှင် ဧကန်ပင်၊ သူတို့သည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်အား သစ္စာမဲ့စွာ ကြံစည်ခဲ့ကြပြီ ဖြစ်၏။ သို့ဖြစ်ပေရာ အရှင်မြတ်သည် သူတို့ထက် သင့်အား ဩဇာအာဏာ ပိုပေး၍ အရေးသာစေတော်မူ၏။ စင်စစ်မူကား အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင် နက်နဲသိမ်မွေ့သော) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[72] ဧကန်ပင်၊ ယုံကြည်သူများ၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲ နိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပစ္စည်းပိုင်ဆိုင်မှုများဖြင့် နေရပ်စွန့်၍ ရွှေ့ပြောင်းသွားသူများနှင့်စွမ်းစွမ်းတမံ ရုန်းကန် လှုပ်ရှားသူများ၊ (ရွှေ့ပြောင်းလာသူများအား) ခိုလှုံစရာနေရာထိုင်ခင်းများ စီစဉ်ပေးပြီး သူတို့ကိုကူညီစောင်မ ကြသည့်သူများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး မဟာမိတ်၊ မိတ်ဆွေအရင်းအချာများနှင့် ကာကွယ်စောင့်ရှောက်သူများဖြစ်ကြသည်။ သို့သော် နေရပ်စွန့်၍ ရွှေ့ပြောင်းသွားခြင်းမရှိသော ယုံကြည်သူတို့သည် (သူတို့အ သက်စည်းစိမ်များဖြင့် အရှင့်လမ်းတော်၌ ရုန်းကန်ရန်) နေရပ်စွန့်ခွါ၍ မရွှေ့ပြောင်းသမျှကာလပတ်လုံး သူတို့၏ မည်သည့်ကာကွယ်စောင့်ရှောက်မှုအတွက်မျှ သင်တို့အပေါ်၍ တာဝန်မရှိပေ။ သို့ရာတွင် အကယ်၍ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) နှင့်စပ်လျဉ်း၍ သူတို့က သင်တို့ထံ အကူအညီတောင်းခံကြလျှင် သင်တို့နှင့်သူတို့ကြားတွင် မဟာမိတ်ပဋိညာဉ် ချုပ်ဆိုထားသော လူမျိုးတို့အား ဆန့်ကျင်ခြင်းမှအပ သူတို့အား ရိုင်းပင်းကူညီရန် သင်တို့အပေါ်၌ တာဝန်ရှိ၏။ (နှလုံးသွင်းလော့) အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[73] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့သည် (သင်တို့နှင့်ဆန့်ကျင်၍) အချင်းချင်းတစ်ဦးနှင့်တစ်ဦး မဟာမိတ်၊ မိတ်ဆွေအရင်းအချာများနှင့် ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြ၏။ အကယ်၍ သင်တို့သည် (အရှင်မြတ်၏အမိန့်ညွှန်ကြားချက်နှင့်အညီ) ယင်း (ဘဝတည်ဆောက်ရေးစနစ်) ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုလျှင် ကမ္ဘာပေါ်တွင် မတည်မငြိမ်မှုနှင့်ဗရမ်းဗတာနှိပ်ကွက်မှုများဖြစ်ပေါ်လာပြီး ကြီးကျယ်သော အဖျက်အနှောင့်နှင့်မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာလိမ့်မည်။

[74] အလ္လာဟ်အရှင်မြတ်လမ်းတော်၌ နေရပ်စွန့်၍ ရွှေ့ပြောင်းသွားသူများနှင့်စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများ (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ကြသူများနှင့် (နေရပ်စွန့်၍ ရွှေ့ပြောင်းလာသူများအား) ခိုလှုံစရာ နေရာထိုင်ခင်းများ စီစဉ်ပေးပြီး ကူညီစောင်မကြသည့်သူများ (စသော) ထိုသူတို့သည်ပင် စစ်မှန်သော (ယုံကြည် မှုဆိုင်ရာဂုဏ်အင်္ဂါနှင့်ကိုက်ညီသော) ယုံကြည်သူများ ဖြစ်ကြ၏။ သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်မြင့်မြတ်ရက်ရောလှစွာသော ရိက္ခာ (လိုအပ်ချက်များ) ရှိ၏။

[75] (တမန်တော်မြတ် မဒီနာသို့ရွှေ့ပြောင်းခဲ့ပြီး) နောက်ပိုင်းတွင်မှ သက်ဝင်ယုံကြည်လာကြပြီး သင်တို့နှင့်အတူ (အရှင့်လမ်းတော်၌) နေရပ်စွန့်၍ ရွှေ့ပြောင်းကြလျက် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူတို့သည် သင်တို့ထဲတွင် (အပါအဝင်) ဖြစ်ကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကျမ်းတော်၌ (လမ်းညွှန်တော်မူသည့်အတိုင်း) အချို့ကိုအချို့ (တစ်ဦးကိုတစ်ဦး) ကာကွယ်စောင့်ရှောက်လျက် သွေးတော် ဆက်သူများ ဖြစ်လာကြ၏။ (ညီနောင်အရင်းအချာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။

နောင်တတရား

Surah 9

[1] (ဤသည်) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ သင်တို့နှင့်ကတိပဋိညာဉ်ချုပ်ဆိုထားသော အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသည့် မယုံကြည်သူတို့အား (သူတို့၏သစ္စာဖောက်မှုကြောင့် စာချုပ်နှင့်စပ်လျဉ်း၍ တာဝန်ကင်းရှင်းကြောင်းကို) ရာဇသံပေးခြင်းပင် ဖြစ်၏။

[2] (အို၊ ရုပ်တုကိုးကွယ်သူအပေါင်းတို့၊ သင်တို့သည် ကတိပဋိညာဉ်တစ်ခုကို ချုပ်ဆိုပြီး ယင်းကို ချိုးဖောက်ကြ ၏။) သို့ဖြစ်ရာ သင်တို့သည် (သင်တို့၏ဒေသတည်ရှိရာ) မြေကမ္ဘာ၌ (သင်တို့လိုချင်သည့် စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်ရန်) လေးလအထိ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည်။ သို့သော် သင်တို့သည် (အရှင်မြတ်၏ တန်ခိုးတော်အား စွမ်းဆောင်မှု ကင်းမဲ့စေနိုင်မည်မဟုတ်သည့်အပြင် အရှင့်ဆန္ဒတော်ကိုလည်း နှောင့်ယှက်နိုင် မည် မဟုတ်သောကြောင့် အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ မည်သည့်အခါမျှ လွတ်မြောက်နိုင် မည်မဟုတ်ကြောင်းနှင့်အလ္လာဟ်အရှင်မြတ်သည် မယုံ ကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား အသရေပျက်စေလျက် သေးသိမ်စေတော်မူမည်ဖြစ်ကြောင်းကို (ကောင်းစွာနှလုံးသွင်း) သိမှတ်ထားကြလော့။

[3] အဓိကကျပြီး ကြီးမားသော ဟဂျ်ဝတ်ပြုမှုကျင်းပသည့် ညီလာခံအခမ်းအနားအခါသမယတွင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ လူသားအားလုံးထံသို့ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာ (ရုပ်တု) များကို ကိုးကွယ်ကြသော သူတို့နှင့်စပ်လျဉ်း၍ (သူတို့ ၏သစ္စာဖောက်မှုကြောင့်) တာဝန်ကင်းကြောင်းကို ကြေညာချက် ထုတ်ပြန်တော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် ရန်လိုမုန်းတီးမှုကိုစွန့်၍ နောင်တဖြင့် တရားလမ်းမှန်ဘက်သို့ လှည့်လာကြလျှင် ယင်းသည် သင်တို့ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်တို့ ကျောခိုင်းသွားကြလျှင် သင်တို့သည် (အရှင့် ဆန္ဒတော်အရ အရှင့်တန်ခိုးတော်ဖြင့် အရေးယူတော်မူခြင်းမှ ကင်းလွတ်နိုင်အောင်) အလ္လာဟ်အရှင်မြတ်အား စွမ်း ဆောင်မှုကင်းမဲ့စေနိုင်မည်မဟုတ်ကြောင်းကို နှလုံးသွင်းသိမှတ်ကြလော့။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် အလွန် ပြင်းထန်စူးနစ်သော ပြစ်ဒဏ်ရှိကြောင်း သတင်းကောင်း ပါးလော့။

[4] သို့သော် အရှင်မြတ်နှင့်တွဲဖက် အခြားသော ကိုးကွယ်ရာများကို ကိုးကွယ်ကြသူတို့အနက်မှ သင်တို့နှင့်ကတိ ပဋိညာဉ်ချုပ်ဆိုထားပြီးနောက် (စာချုပ်ပါအတိုင်း ကျေပွန်စွာဆောင်ရွက်ရာတွင်) သင်တို့အပေါ်၌ တစ်စုံတစ်ရာ ပျက်ကွက်ခြင်း (ပေါ့လျော့ခြင်း) မပြုရုံသာမက သင်တို့နှင့်ဆန့်ကျင်၍လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကျောထောက်နောက်ခံမပြုကြသူတို့နှင့်ပတ်သက်၍ သူတို့နှင့်ချုပ်ဆိုခဲ့သော ကတိပဋိညာဉ်အား (စာချုပ်ပါ အချက်အလက်နှင့်အညီ) စာချုပ်သက်တမ်းကုန်ဆုံးသည့် အချိန်ကာလအထိ ပြီးမြောက်အောင် ကျေပွန်စွာဆောင် ရွက်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြသူတို့အား နှစ်သက်တော်မူ၏။

[5] ထို့နောက် (စစ်မဖြစ်ရန်တားမြစ်ထားသော) အထွတ်အမြတ်ကာလအဖြစ်သတ်မှတ်ထားသည့် လများ (လေးလ) ကုန်ဆုံးသွားသောအခါ (စာချုပ်ချိုးဖောက်၍ သစ္စာဖောက်ကြသည့်) အရှင်မြတ်နှင့်တွဲဖက် အခြားသော ကိုးကွယ်ရာများကို ကိုးကွယ်ကြသော သူတို့အား (စစ်ကြေညာ၍) ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ အပြန်အ လှန်တိုက်ခိုက်ကြလော့။ ဖမ်းဆီးကြလော့။ စစ်တပ်ဖြင့် ဝိုင်းထားကြလော့။ သူတို့ချုံခိုတိုက်ခိုက်ရန် ဝင်ရောက် လာနိုင်သည့် နေရာတိုင်းတွင် သူတို့ကို ဟန့်တားရန်အတွက် နေရာယူစောင့်ကြည့်ကြလော့။ သို့ရာတွင် အကယ်၍ သူတို့သည် (နောင်တသံဝေဂရလျက် သူတို့၏သဘောထားများကို ပြုပြင်ပြီးနောက် အမှန်တရားသစ္စာဘက်သို့) အမြင်မှန်ရလျက် လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည် ကြရုံသာမက ဇကာသ် (ခေါ်ချို့တဲ့ ဆင်းရဲသူတို့အတွက် တရားတော်အရစွန့်လှူရန် ညွှန်ကြားထားသည့် လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလျှင် (တရားတော်နှင့်မဆန့်ကျင်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသော) သူတို့၏လမ်းကို (လွတ်လပ်စွာ နာခံဘဝတည်ဆောက်နိုင်ရန်အလို့ငှာ) ဖွင့်ပေးကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[6] ထို့ပြင် အကယ်၍ အရှင်မြတ်နှင့်တွဲဖက်၍ အခြားသော ကိုးကွယ်ရာများကို ယုံကြည်ကိုးကွယ်ကြသော သူတို့အနက်မှ တစ်ဦးတစ်ယောက် အသင် (တမန်တော်) ထံ အကာအကွယ်ရလို၍ ခိုလှုံခွင့်တောင်းခံလျှင် သူ့အား ခိုလှုံခွင့်ပေး၍ အလ္လာဟ်အရှင်မြတ်၏မုက္ခပါတ်တော်ကို ကြားနာရသည်အထိ ကာကွယ်ထားလော့။ ထို့နောက် ဘေးကင်းလုံခြုံစွာဖြင့် သူ့နေထိုင်ရာဒေသသို့ ပို့ဆောင်ပေးလော့။ ထိုသို့ ညွှန်ကြားတော်မူရခြင်းမှာ ထိုသူတို့သည် မသိနားမလည်သော အတွေးအခေါ်မဲ့သည့် လူမျိုးဖြစ်သောကြောင့်ပင် ဖြစ်၏။

[7] အထွတ်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်၌ သင်တို့နှင့်မဟာမိတ်အဖြစ် ကတိပဋိညာဉ်ချုပ်ဆိုကြသော (မယုံကြည်သူ) တို့မှအပ အခြားအရှင်မြတ်နှင့်တွဲဖက်၍ ရုပ်တုကိုးကွယ်ကြသော (အရှင့်စည်းမျဉ်းဥပဒေများကို အသိအမှတ်မပြုကြသည့်) ပုဂ္ဂိုလ်များသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံတွင် ကတိပဋိညာဉ် (ဖြင့် မဟာမိတ် ပြုလုပ်ရန် လျှောက်ထားခြင်း) အား သူတို့အတွက် မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သို့သော် (သင်တို့ နှင့်ကတိပဋိညာဉ်ထားခဲ့ကြသော) သူတို့သည် (စာချုပ်ပါ စည်းမျဉ်းများနှင့်အညီ) သင်တို့အတွက် ဖြောင့်မတ် မှန်ကန်မြဲမြံစွာဖြင့် ရပ်တည်နေသမျှ ကာလပတ်လုံး သင်တို့လည်း သူတို့အတွက် (ပဋိညာဉ်နှင့်အညီ) မြဲမြံစွာ ရပ်တည်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံးကြသူတို့ကို နှစ်သက်တော်မူ၏။

[8] (အရှင့်စည်းမျဉ်းဥပဒေကို အသိအမှတ်မပြုသော သူတို့နှင့်ကတိပဋိညာဉ်ချုပ်ဆိုရန်) မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် သင်တို့အပေါ် ကြီးစိုးလွှမ်းမိုးခွင့်ရလျှင် သင်တို့နှင့်ချုပ်ဆိုထားသည့် ပဋိညာဉ်၌ ပါရှိသော ကတိကဝတ်များ၊ ဆွေမျိုးတော်စပ်မှုဆိုင် အနှောင်အဖွဲ့များနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုများကို အလျှင်း ထောက်ထားကြမည်မဟုတ်ပေ။ သူတို့၏နှုတ်လျှာများဖြင့် သင်တို့အား နှစ်သိမ့်စကားပြောဆို၍ ဖြေသိမ့်ကြသော်လည်း သူတို့၏စိတ်နှလုံးများမှာမူကား (ကတိခံဝန်ချက်များကို သစ္စာမဲ့စွာ) ငြင်းပယ်လျက်ရှိကြသည်။ အမှန်မှာ သူတို့အနက်မှ အများစုသည် အရှင့်စည်းမျဉ်းဥပဒေများကို အာခံဖောက်ဖျက် (သော ယုတ်မာကောက်ကျစ်) သူများသာ ဖြစ်ကြ၏။

[9] သူတို့သည် (ကတိပဋိညာဉ်ကို ချိုးဖောက်လျက်) အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဖြစ်စလောက်သော အဖိုးအခဖြင့် လဲလှယ်ရောင်းဝယ်ကြပြီး (လူတို့အား) အရှင့်လမ်းစဉ်တော်မှ ဟန့် တားပိတ်ပင်ကြ၏။ အမှန်ပင်၊ သူတို့၏ပြုမူကျင့်ကြံမှုများသည် အလွန်ယုတ်ညံ့ဆိုးရွားလှပေ၏။

[10] သူတို့သည် မည်သည့်ယုံကြည်သူတစ်ဦးအပေါ်၌ဖြစ်စေ ဆွေမျိုးတော်စပ်မှုနှင့်တာဝန်ယူတာဝန်ခံမှုကိုပင် ထောက်ထားကြသည် မဟုတ်ပေ။ ထိုသူတို့သည်ကား အရှင့်စည်းဘောင်များကို ချိုးဖောက်ကျူးလွန်သူများပင် ဖြစ်ကြ၏။

[11] သို့ရာတွင် အကယ်၍ သူတို့သည် (သူတို့၏မှားယွင်းသော အတွေးအခေါ် အယူအဆများကို စွန့်လွှတ်၍ သံဝေဂရလျက်) အမှန်တရား သစ္စာဘက်သို့ လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာဆောက်တည်ကြရုံသာမက ဇကာသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ ပေးလှူရသည့် လူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် (သူတို့သည်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် သင်တို့၏ညီနောင်များပင် ဖြစ်ကြပေလိမ့်မည်။ ထိုသို့ပင် ငါအရှင်မြတ်သည် သိနားလည်နိုင်စွမ်းရှိသော လူမျိုးတို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် အရှင့်လမ်းညွှန်တော်ပါဝင်သည့်) သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။

[12] တစ်ဖန် အကယ်၍ သူတို့သည် (သင်တို့နှင့်) ကတိခံဝန်ချက်ချုပ်ဆိုပြီးနောက်မှ သူတို့၏ကတိသစ္စာကို ဖောက်ဖျက်လျက် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်စပ်လျဉ်း၍ ပုတ်ခတ်စွပ်စွဲပြောဆို၍ တိုက် ခိုက်လာကြလျှင် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ခေါင်းဆောင်များကိုလည်း တိုက်ခိုက်ကြလော့။ (အ ကြောင်းမှာ) ဧကန်ပင်၊ သူတို့၌ (ယုံကြည်စိတ်ချရသော) ကတိသစ္စာ ကင်းမဲ့နေကြပြီး (သူတို့၏မှားယွင်းသော အတွေးအခေါ်အယူအဆများသည် တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ပြုနေရသောကြောင့်) သူတို့အား ရပ်တန့်စေရန်အတွက်ပင် ဖြစ်၏။

[13] သူတို့၏ကတိခံဝန်ချက်များကို ဖောက်ဖျက်ခဲ့ကြရုံသာမက ရစူလ်တမန်တော်ကိုပင် (ကိုယ်တော်မြတ်၏ဇာတိမြေမှ) နှင်ထုတ်ရန် သန္နိဋ္ဌာန်ချခဲ့ကြပြီး သင်တို့ကို ဦးစွာပထမ စတင်ရန်လိုတိုက်ခိုက်ခဲ့ကြသော သူတို့အား သင်တို့လည်း ပြန်လည် ခုခံတိုက်ခိုက်ကြရမည် မဟုတ်လော။ သင်တို့က သူတို့ကို ကြောက်ရွံ့ကြလေသလော။ အမှန်မှာ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် (အရှင့်အမိန့်ပညတ်ချက်များအား တစ်သဝေမတိမ်း နာခံလိုက်နာခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုမို၍ ကြည်ညိုကြောက်ရွံ့ထိုက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[14] အလ္လာဟ်အရှင်မြတ်သည် (သင်တို့အား စတင်ရန်လိုတိုက်ခိုက်ကြသော) သူတို့ကို သင်တို့၏လက်များဖြင့် ဒဏ်ခတ်အရေးယူတော်မူပြီး သူတို့အား အရှက်ရစေတော်မူမည်ဖြစ်သောကြောင့် သင်တို့အား သူတို့အပေါ်၌ အောင်မြင်စေတော်မူမည်သာမက သက်ဝင်ယုံကြည်သော လူမျိုးတို့၏စိတ်နှလုံးများကိုလည်း (ဖိနှိပ်ညှင်းပန်းမှု များမှ လွတ်မြောက်စေကာ) သက်သာအေးချမ်းစေတော်မူမည်ဖြစ်၍ သူတို့နှင့်အပြန်အလှန်တိုက်ခိုက်ကြလော့။

[15] ထို့ပြင် (ယုံကြည်သူတို့၏) စိတ်နှလုံးများမှ အာဃာတတရားကိုလည်း ဖယ်ရှားပေးတော်မူပြီး အလ္လာဟ်အ ရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူဘက်သို့ အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူ (လျက် တရားလမ်းမှန်ရရှိရန် လမ်းညွှန်တော်မူ) မည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (မည်သူက လမ်းညွှန်နှင့်ထိုက်တန်ပြီး မည်သူက လမ်းမှားရောက်ရန် အားသန်နေကြာင်းအပါအဝင်) အရာခပ် သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[16] သို့တည်းမဟုတ် သင်တို့အနက် မည်သူတို့သည် (အရှင့်လမ်းတော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားနေကြ ပြီး မည်သူတို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်နှင့်ယုံကြည်သူတို့မှအပ အခြားသူတို့ကို (အကူအညီနှင့်စုစည်းညီညွတ်မှုရရှိရန် မျှော်ကိုးလျက်) ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများအဖြစ် စွဲမှတ်ထားကြသည်ကို အလ္လာဟ်အရှင်မြတ် သိတော်မမူသည့်အတွက် (ဒုက္ခအခက်အခဲများဖြင့် စမ်းသပ်တော်မမူဘဲ သို့မဟုတ် ဒဏ်ခတ် အရေးယူတော်မမူဘဲ) ချန်လှပ်ထားခြင်းခံရမည်ဟု သင်တို့ ထင်မြင်ယူဆနေကြသလော။ အမှန်စင်စစ်၊ အလ္လာဟ် အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။

[17] မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှုတို့) ဖြင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍ သူတို့၏စိတ်ဆန္ဒနှင့်အညီ အသုံးချကြခြင်းဖြင့် (အရှင်မြတ်ကို နာခံကိုးကွယ်ခြင်းမရှိကြောင်းကို) သူတို့ကိုယ်တိုင်သက်သေထူကြပြီး အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောကိုး ကွယ်ရာများကို နာခံကိုးကွယ်နေကြသူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဗလီဝတ်ကျောင်းတော်များကို ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေး မရှိပေ။ ထိုသူတို့သည် သူတို့၏ပြုမူလုပ်ဆောင်ချက်များကို (သူတို့ကိုယ် တိုင်) အချည်းနှီး ဖြစ်စေသူများဖြစ်ကြပြီး ငရဲမီးထဲ၌ ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားကြရမည့် သူများပင် ဖြစ်ကြ၏။

[18] အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ (တမလွန် တရားစီရင်မည့်နေ့) ကို စိတ်ရင်းဖြူစင်စွာဖြင့် ယုံကြည်ပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်း မျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရုံမက ဇကာသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ စွန့်လှူရသော လူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်သော သူသည်သာလျှင် အလ္လာဟ်အရှင်မြတ် ၏ဗလီဝတ်ကျောင်းတော်များကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေး မရှိပေ။ သို့ဖြစ်ပေရာ ထိုသူတို့သည် တရားလမ်းညွှန်ရသည့် ပုဂ္ဂိုလ် များအနက်မှ ဖြစ်ကြ(ပြီး သူတို့၏တမလွန်ဘဝဆိုင်ရာ မျှော်မှန်းချက်များ အထမြောက်) ရန် မျှော်လင့်နိုင်၏။

[19] သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ထပ်တူထပ်မျှ တူညီသည်ဟု သတ်မှတ်တော်မမူသော (အုပ်စုနှစ်စုဖြစ်သည့်) အတွက် အမြတ်ဆုံး ဗလီဝတ်ကျောင်းကို ပြုပြင်ထိန်းသိမ်းကြပြီး ထိုဝတ်ကျောင်းတော်သို့ ဟဂျ်ဝတ်ပြုရန် ရောက်လာကြသူတို့အား သောက်သုံးရေ တိုက်ကျွေးလှူဒါန်းကြသူများနှင့်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း စိတ်ရင်းဖြူစင်စွာယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြသူများကို ထပ်တူထပ်မျှ တူညီသကဲ့သို့ မှတ်ယူသတ်မှတ်ကြမည်လော။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်ကြသော လူမျိုးကို လမ်းမှန်ညွှန်ပြတော်မူမည် မဟုတ်ချေ။

[20] (အရှင်မြတ်ကို) ယုံကြည်ကြပြီး (ထိုယုံကြည်မှုကြောင့် ဖိနှိပ်ညှင်းပန်းခံရလျက်) နေရပ်စွန့်၍ ရွှေ့ပြောင်းကြရသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့် စည်းစိမ်ပိုင်ဆိုင်မှုတို့ဖြင့် အလ္လာဟ်အရှင် မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြသူတို့သည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အဆင့်အတန်းအမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုသူတို့သည်ပင် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌) အောင်မြင်မှုဆွတ်ခူးသူများဖြစ်ကြ၏။

[21] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သူတို့အား ကရုဏာတော်ဖြင့် အရှင့်ထံတော်မှ အရှင်မြတ်နှစ်မြို့တော်မူခြင်းနှင့် သုခဥယျာဉ်များထားရှိကြောင်းကိုလည်းကောင်း၊ ထို (သုခဥယျာဉ်များ) ထဲတွင် သူတို့အတွက် အစဉ်ထာဝရ တည်တံ့မည့် သုခချမ်းသာပျော်ရွှင် ချမ်းမြေ့ ဖွယ်ရာ များခံစားရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သတင်းကောင်းပါးစေတော်မူ၏။

[22] (သူတို့သည်) ထို (သုခဥယျာဉ်များ) ထဲတွင် အစဉ်ထာဝရကာလအကန့်အသတ်မဲ့ နေထိုင်စံစားကြပေမည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များကို မြဲမြံစွာ နာခံလိုက်နာကြသူတို့အတွက်) အရှင့်ထံတော်၌ ကြီးကျယ်မြင့်မြတ်လှစွာသော ဆုလဒ်တော်ထားရှိတော်မူ၏။

[23] အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များနှင့်သားချင်းညီအစ်ကိုတို့သည် ယုံကြည်မှုထက် မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကို ပိုမို၍ နှစ်သက်မြတ်နိုးကြလျှင် သူတို့အား သင်တို့၏ (အရေးကိစ္စများကို ဖြေရှင်းရာ၌ ယုံကြည်စိတ်ချရသော လူယုံတော်နှင့်) ကာကွယ်စောင့်ရှောက်သူများအဖြစ် မမှတ်ယူ (မပြုလုပ်) ကြလေနှင့်။ စင်စစ်မူကား၊ သင်တို့အနက်မှ မည်သူမဆို သူတို့ကို ထိုသို့ ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။

[24] ဟောကြားလော့။ “အကယ်၍ သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၊ သားမြေးများ၊ ညီအစ်ကိမောင်နှမများ၊ ဘဝကြင်ဖော်များ၊ ဆွေမျိုးသားချင်းများ၊ သင်တို့ရှာဖွေဆည်းပူးစုဆောင်းထားသော ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ၊ ဆုတ်ယုတ်ကျဆင်းမည်ကို စိုးရိမ်ကြောင့်ကြနေရသည့် သင်တို့၏ကုန်စည်ကူးသန်းရောင်းဝယ်မှုများနှင့်သင်တို့၏ အထူးနှစ်ထောင်းအားရသော အိမ်ယာတိုက်တာဂေဟာများသည် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၊ အရှင့် ရစူလ်တမန်တော်နှင့် အရှင့်လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းတို့အတွက် ချစ်ခင်နှစ်သက်မြတ် နိုးတွယ်တာဖွယ်ရာအဖြစ် မှတ်ယူကြလျှင် (အရှင့်အမိန့်ပညတ်ချက်များအား ဦးစားပေး မလုပ်ဆောင်သည့်အတွက် အရေးယူမှုဆိုင်ရာ) စီမံချက်အမိန့်တော်များကို အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးတော်မူသည် အထိ စောင့်ဆိုင်းနေကြလော့။ အမှန်မှာ အလ္လာဟ်အ ရှင်မြတ်သည် အရှင့်အမိန့်ပညတ်ချက်များကို အာခံဖီဆန်သော (ကောက်ကျစ်ယုတ်မာသည့်) လူမျိုးအား လမ်းမှန်ညွှန်ပြတော်မူမည် မဟုတ်ချေ။”

[25] ဧကန်ပင်၊ (အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မြောက်များစွာသော စစ်မြေပြင် (နေရာဒေသ) များနှင့် ဟူနိုင်န် (တောင်ကြားစစ်ပွဲဖြစ်ပွားသည့်) နေ့တို့တွင် မုချ ကူညီစောင်မတော်မူခဲ့ပြီ ဖြစ်၏။ ထိုဟူနိုင်န်နေ့တွင် သင်တို့သည် (စစ်အင်အားများပြားလှသည်ကို အကြောင်းပြု၍) ကျေနပ်အားရဖြစ်နေကြစဉ် (သင်တို့ကိုယ်သင်တို့ အထင်ကြီးမှုကြောင့်) သင်တို့၏အင်အားသည် သင်တို့အတွက် မည်သို့မျှ အသုံးမဝင်ခဲ့သည့်အပြင် ကျယ်ပြောလှသော မြေကမ္ဘာသည်လည်း သင်တို့အတွက် ကျဉ်းမြောင်းသွားခဲ့သောကြောင့် သင်တို့သည် ကျောခိုင်း၍ ဆုတ်ခွာထွက်ပြေး ခဲ့ကြရလေ၏။

[26] ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်နှင့်ယုံကြည်သူတို့အပေါ်တွင် အရှင့်တည်ငြိမ် အေးချမ်းမှုတော်အား ချမှတ်ပေးတော်မူပြီး သင်တို့မမြင်နိုင်သော အင်အားများကို (သင်တို့၏စစ် ကူအဖြစ်) ချမှတ်ပေးအပ်တော် (စေလွှတ်တော်) မူလျက် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား ပြစ်ဒဏ် ပေးတော်မူခဲ့၏။ (မှတ်သားကြလော့။) မယုံကြည်သူ (အမှန်တရားကို ငြင်းပယ်သူ) တို့၏ အကျိုးဆက်မှာ ထိုသို့ပင် ဖြစ်၏။

[27] (ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ ဘက်သို့ နောင်တကြီးစွာရလျက် အရှင့်ထံ ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူရန် အရှင့်ကရုဏာတော်ဖြင့်) လှည့်တော်မူ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူ သောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။)

[28] အို၊ ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသော သူတို့သည် (အတွေးအခေါ် အယူအဆနှင့်ယုံကြည်မှုဆိုင်ရာ) မသန့်ရှင်းသောကြောင့် ဤနှစ်ကုန်ဆုံးပြီးနောက် တွင် သူတို့အား အထွတ်အမြတ်ဆုံး ဗလီဝတ်ကျောင်းတော်သို့ ချဉ်းကပ်ခွင့် မပေးကြလေနှင့်။ အကယ်၍ အသင်တို့က (ထိုမသန့်ရှင်းသော သူတို့အား မက္ကာသို့ လာရောက်ခွင့် ပိတ်ခြင်းကြောင့် စီးပွားရေးကျဆင်းပြီး) ဆင်းရဲနွမ်းပါးမှု (နှင့်ကြုံတွေ့ရမည်ကို) စိုးရိမ်ကြောင့်ကြကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော် နှင့်အညီ အရှင့်ရက်ရောသော ကျေးဇူးတော်များမှ သင်တို့အား (သင်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူလျက်) ကြွယ်ဝပြည့်စုံစေတော်မူမည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏လိုအပ်ချက် အလုံးစုံကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[29] အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မယုံကြည်ကြရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့က တရားမဝင်အဖြစ် ပြဋ္ဌာန်းထားသော အရာများကိုလည်း တရားမဝင် အဖြစ် မှတ်ယူကြသည့်သူများနှင့်ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များအနက်မှ အမှန်တရားသစ္စာ ပေါ်အခြေခံသည့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ယုံကြည်လက်ခံ၍ လိုက်နာကျင့်သုံးခြင်း မရှိကြသူတို့အား သူတို့သည် လက်အောက်ငယ်သားများ ဖြစ်ကြသောကြောင့် (နိုင်ငံတော်အား) သူတို့၏လုံခြုံမှုကို တာဝန်ယူခြင်းနှင့်စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပေးခြင်းအတွက်) ဂျဇီယာမည်သော အခွန်ကောက်ကို သူတို့၏စိတ်ဆန္ဒအလျောက် ကြည်ဖြူစွာ မပေး ဆောင်သမျှကာလပတ်လုံး သူတို့ကို တိုက်ခိုက်ကြလော့။

[30] (အသင်တမန်တော်ထံလာရောက်ကြသည့်) ဂျူးတို့က “အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏သားတော် ဖြစ်၏။”ဟူ၍လည်းကောင်း၊ ခရစ်ယာန်တို့က “မစီးဟ် (တမန်တော်အီစာ) သည် အလ္လာဟ်အရှင်မြတ်၏သားတော် ဖြစ်၏။” ဟူ၍လည်းကောင်း ပြောဆိုခဲ့ကြသည်။ သူတို့က ထိုသို့ပြောဆိုကြခြင်းသည် သူတို့၏နှုတ်လျှာများဖြင့် သူတို့ပြောလိုရာကို ကြံစည်ဖန်တီး၍ ပြောကြခြင်းသာ ဖြစ်ပြီး သူတို့မတိုင်မီက ရှိခဲ့ကြသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏အဆိုအမိန့်များကိုတုပ၍ ပြောဆိုနေကြခြင်းသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား တော်လှန်ဖျက်ဆီးစေတော်မူပါစေ။ သူတို့သည် (အမှန်တရားကို ကျောခိုင်း၍ လမ်းမှားကို အခိုင်အမာ ကြံစည်ဖန်းတီးခြင်းဖြင့်) မည်သို့ လှည့်စားခြင်းခံကြရစေမည်နည်း။

[31] (ဂျူးတို့က) သူတို့၏ရဗ္ဗီခေါ် ဓမ္မဆရာတို့ကိုလည်းကောင်း၊ (ခရစ်ယာန်တို့က) သူတို့၏ဘုန်းကြီးများနှင့် မရ်ယမ်၏သား မစီးဟ် (ခရစ်တော်) ကိုလည်းကောင်း (အရှင်မြတ်၏အမိန့်ပညတ်ချက်များကို ဆန့် ကျင်၍ ဓမ္မဆရာများနှင့်ဘုန်းကြီးတို့က တရားဝင်သည် သို့မဟုတ် တရားမဝင်ကြောင်းကို ဆုံးဖြတ်သတ်မှတ်သည့် အတိုင်း နာခံလိုက်နာလျက်) အလ္လာဟ်အရှင်မြတ်ကို စွန့်၍ (ဓမ္မဆရာများ၊ ဘုန်းကြီးများနှင့်တမန်တော်အီစာတို့ အား) သူတို့၏အရှင်သခင်များအဖြစ် ယုံကြည်ကိုးကွယ်နေကြ၏။ အမှန်စင်စစ်သော်ကား (အရှင်မြတ်ထံတော်မှ) သူတို့အား “တစ်ဆူတည်းသော အရှင်မြတ်ကိုသာ နာခံကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုအရှင်မြတ်မှအပ အခြား မည်သည့် ပူဇော်ပသ ရှိခိုးကန်တော့ ဆည်းကပ်ကိုးကွယ်ထိုက်သော အရာဟူ၍ အလျှင်း မရှိကြောင်းနှင့်ထိုအရှင် မြတ်သည် (သူတို့ကိုယ်ကြံစည်ဖန်တီးလျက် အရှင်မြတ်နှင့်) တွဲဖက်တုပြိုင်၍ နာခံကိုးကွယ်နေကြသော အရာဟူသမျှမှ လုံးဝ သန့်ရှင်းစင်ကြယ် (ပြီး ကိုးကွယ်ထိုက်သော နားမတော်၊ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူ) ကြောင်း” တို့ကိုသာ အမိန့်ပေး လမ်းညွှန်တော်မူခြင်း ခံကြရ၏။

[32] သူတို့သည် (ဉာဏ်ဆင်မှု၊ ကြံစည်မှု၊ စီမံချက်သစ်တို့နှင့် ခေတ်မီနည်းစနစ်များကို အသုံးပြု၍) အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်အသက်ရှင်ရပ်တည်ရေး အ တွက် မရှိမ ဖြစ်လိုအပ်သော အစ္စလာမ်) ကို သူတို့၏ပါးစပ် (မီဒီယာ) များဖြင့် ချုပ်ငြိမ်းပျောက်ကွယ်စေရန် ရှာကြံလိုလား နေကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ကြံစည်မှု၊ စွပ်စွဲမှုနှင့်ဝါဒဖြန့်မှုတို့ကို) ငြင်းပယ်တော်မူလျက် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က မလိုမုန်းထားဖြစ်သော်ငြားလည်း အရှင့်ရောင် ခြည်တော်ကို ပြည့်ဝစုံလင်စွာ တောက်ပစေတော်မူရန်သာ အတည်ပြုတော်မူ၏။

[33] ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့်ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို အားလုံးအပေါ် အထင်အရှားလွှမ်းမိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန်တရားသစ္စာပေါ် အခြေခံသော ဒီန်နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[34] အို၊ ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ ရဗ္ဗီခေါ်ဓမ္မဆရာများနှင့်ဘုန်းကြီးများအနက်မှ များစွာသော သူတို့သည် လူတို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများကို မတရားသော နည်းလမ်းများဖြင့် မုချပင် စားသုံးကြ (ရန်၊ လောကီဂုဏ်ပကာသနနှင့်စည်းစိမ်ချမ်းသာကို ရယူကြရန်အတွက် ကျမ်းစာပါ အချက်အလက်များကို သူတို့၏စိတ်အလိုကျ ပြောင်းလဲပစ်ကြ) ပြီး လူတို့အား အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ ပိတ်ပင်တားဆီးနေကြ၏။ ထိုသူတို့သည် ရွှေ၊ ငွေ (ရတနာပစ္စည်း) များကို (တွန့်တိုလျက်) စုဆောင်းသိုလှောင်ထားကြပြီး ယင်းတို့ကို အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ ပေးကမ်းသုံးစွဲကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သူတို့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကိုခံကြရမည့်အကြောင်း သတင်းကောင်းပါးလော့။

[35] ထိုရွှေငွေ (ရတနာ) များကို ငရဲဘုံ၏မီးထဲ၌ ထည့်၍ အပူပေးရှို့မြိုက်ခြင်းခံရမည့်နေ့တွင် ယင်း (ရှို့မြိုက်ခြင်း ခံရသော ရွှေငွေရတနာများ) ဖြင့် သူတို့၏ နဖူးများ၊ နံဘေးများနှင့်ကျောကုန်းများကို အမှတ်တံဆိပ် ခတ်နှိပ်စေတော်မူလိမ့်မည်။ “ဤသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့်စည်းမျဉ်းတော်နှင့် အညီ အသုံးမချဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း အသုံးချလျက် စု ဆောင်းသိုလှောင်ထားသော အရာများဖြစ်သည့်အတွက် သင်တို့စုဆောင်းသိုလှောင်ထားခဲ့သမျှနှင့်အညီ (အပူပေးထားသော သင်တို့၏ရတနာဖြင့် ဒဏ်ခတ်အရေးယူခြင်းကိုလည်း) မြည်းစမ်းကြလော့။”

[36] မုချဧကန်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား ဖွဲ့စည်းဖြစ်ပေါ်စေတော်မူခဲ့သည့် နေ့ရက်အချိန်ကာလ မှစ၍ (ယနေ့မျက်မှောက်ကာလအထိ) အလ္လာဟ်အရှင်မြတ်အမြင်တော်တွင် (တစ်နှစ်တွင်ရှိသည့်) လများ၏အရေအတွက်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ ပြဋ္ဌာန်းသတ်မှတ်ထားသည့် မှတ်တမ်း၌ ဆယ့်နှစ်လဖြစ်ပြီး ယင်းတို့အနက်မှ လေးလသည် (စစ်မတိုက်ရန် တားမြစ်ထားသည့်) ထူးမြတ် သောလများပင် ဖြစ်၏။ ထိုသို့ပင် (စကြဝဠာကြီး၏လည်ပတ်လှုပ်ရှားမှုများနှင့်လူ့ဘဝဖြစ်စဉ်များကိုလည်း အရှင့်နိယာမနှင့်စီမံချက်ဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားတော်မူပြီး) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့်ဘဝ တည် ဆောက်ရေးလမ်းစဉ်) သည်လည်း ဖြောင့်မတ်တည်ကြည်၍ အစဉ် တည်တံ့မည့် လမ်းစဉ်တော်ဖြစ်၏။ သို့ဖြစ်ပေရာ ထိုလများတွင် အသင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒနှင့်အညီ အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် မပြုလုပ်ကြလေနှင့်။ အရှင် မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို နာခံကိုးကွယ်ကြသူတို့ အားလုံး စုစည်း၍ သင်တို့အား အလုံးအရင်းဖြင့် တိုက်ခိုက်ကြသကဲ့သို့ သင်တို့အားလုံးလည်း တစ်ညီလက်ညီ အလုံးအရင်းဖြင့် (ခုခံ) တိုက်ခိုက်ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့နှင့်အတူရှိတော်မူကြောင်း နှလုံးသွင်းသိမှတ်ကြလော့။

[37] (ထူးမြတ်သောလများတွင် စစ်တိုက်ခြင်းအား တရားဝင် ဖြစ်စေရန်နှင့်ဟဂျ်ဝတ်ပြုစဉ်ကာလကို သူတို့အလိုရှိ သည့်လတွင် ဖြစ်စေရန်အတွက် ထူးမြတ်သောလကို ပြောင်းလဲသတ်မှတ်၍) ရွှေ့ဆိုင်းခြင်းသည် မုချပင် မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှုတို့) ၌ (တရားမဝင်သော ကိစ္စရပ်များကို တရားဝင်အဖြစ်လည်းကောင်း၊ ထူးမြတ်သောလများတွင် မပြုလုပ်ရန် တားမြစ်ထားသည်များကို သူတို့၏အလို ကျပြုလုပ်ရန်လည်းကောင်း၊ အရှင့်အမိန့်ဥပဒေများကို လျစ်လျူရှုသည့် လုပ်ရပ်များအား) တိုးပွားစေခြင်းသာ ဖြစ်၏။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ သည် (ပိုမို၍ပင်) လမ်းမှားသို့ ရောက်စေပြီး အလ္လာဟ်အရှင်မြတ်က ထူးမြတ်သောလ (တိုက်ခိုက်မှုတားမြစ်ခံရသောလ) များ၏အရေအတွက် နှင့်အလ္လာဟ်အရှင်မြတ်က တရားမဝင်ဟု တားမြစ်တော်မူသည့်အရာများကို တရားဝင်အဖြစ် (အလွယ်တကူ) ပြင်ဆင်ချိန် ညှိနှိုင်းရန်အလို့ငှာ ယင်း (ထူးမြတ်သောလများ၌ တားမြစ်ထားသောအရာများ) ကို နှစ်တစ်နှစ်တွင် တရားဝင်ဖြစ်စေကြောင်း) ကြေညာ၍ နောက်တစ်နှစ်တွင်မူ တရားမဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ကြ၏။ (တစ်နည်းအားဖြင့်) စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မကောင်းမှုအကုသိုလ်များကို သူတို့အတွက် (ဆွဲဆောင်ဖွယ်ကောင်းသော) သူတို့၏ပြုမူကျင့်ကြံမှုများအဖြစ် အလှတန်ဆာဆင်ခြင်းသာဖြစ်၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သော) လူမျိုးတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ချေ။

[38] အို၊ ယုံကြည်သူအပေါင်းတို့၊ (တဗူခ်စစ်ဆင်ရေးအတွက် “အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ စစ်ရေး အတွက် ထွက်လာကြလော့။” ဟု သင်တို့အား ဆော်ဩခြင်းခံရသောအခါ (လောကီစည်းစိမ်များရှိနေသည့်) မြေကမ္ဘာဘက်သို့ (ယိမ်းယိုင်တွယ်ကပ်လျက်) မည်သည့် (ဆင်ခြေ) အတွက်ကြောင့် (စစ်မထွက်ဘဲ) လေးလံစွာ ထိုင်နေကြသနည်း။ သင်တို့သည် နောင်တမလွန်ဘဝထက် လောကီဘဝသက်တမ်းဖြင့်သာ အားရကျေနပ်စွာ တင်းတိမ်ရောင့်ရဲနေကြသလော။ အမှန်မှာ နောင်တမလွန်ဘဝနှင့်နှိုင်းယှဉ်လျှင် လောကီဘဝသက်တမ်း၏ (စည်း စိမ်ချမ်းသာနှင့် ပျော်ရွှင်ကြည်နူးမှုဆိုင်ရာ) ခံစားပိုင်ခွင့်များသည် (မပြောပလောက်အောင်) အနည်းငယ်မျှသာ ဖြစ်ချေ၏။

[39] အကယ်၍ သင်တို့သည် (ညွှန်ကြားထားသည့်အတိုင်း စစ်ရေးအတွက် ပြင်ဆင်မှုများလုပ်၍) မထွက်ခွာကြလျှင် ပြင်းပြနာကျင်ဖွယ်စူးနစ်သော ပြစ်ဒဏ်ကို ဒဏ်ခတ်အရေးယူခြင်း ခံကြရလိမ့်မည်။ ထို့ပြင် သင်တို့၏နေရာတွင် အခြားလူမျိုးတစ်မျိုးဖြင့် အစားထိုးစေတော်မူပြီး သင်တို့သည် ထိုအရှင်မြတ်အား (မည်သည့် နည်းစနစ်ဖြစ်စေ) စိုးစဉ်းမျှ အကျိုးယုတ်နစ်နာစေနိုင်ကြသည် မဟုတ်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (အရှင့်စည်းမျဉ်းတော်များနှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားတော်မူလျက်) ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[40] အသင်တို့သည် ထိုတမန်တော်မြတ်အား မကူညီခဲ့ကြသော်လည်း မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်း ပယ်သူ) တို့က သူ့အား (နေရပ်စွန့်၍ ရွှေ့ပြောင်းသွားစေရန် သူ့ဇာတိမြို့မှ) နှင်ထုတ်ခဲ့ကြ၍ သူတို့နှစ်ဦး ဂူထဲ၌ ရှိခဲ့ကြစဉ် (ပထမပုဂ္ဂိုလ်ဖြစ်သော အဘူဘကရ်က သူတို့အား ခြေရာခံ၍ လိုက်လာခဲ့ကြသော ရန်သူများ ဂူဝသို့ ရောက်သည်ကိုမြင်သော် စိုးရိမ်ပူပင်နေစဉ် တမန်တော်မှာ) ဒုတိယပုဂ္ဂိုလ်ဖြစ်၍ ထိုတမန်တော်က သူ၏မိတ် ဆွေတော် (အဖော်) အား “မစိုးရိမ်၊ မပူပင်လေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူ၏။” ဟု (စိုးရိမ်သောက လုံးဝ ကင်းပြီး အရှင်မြတ်အပေါ် ပကတိယုံကြည်အားကိုးလျက်) ပြောခဲ့စဉ် အလ္လာဟ်အရှင်မြတ်က သူ့ကို ကူညီတော်မူခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့အပေါ်တွင် (အရှင့် လက်ဆောင်တော်အဖြစ် အတွင်းအဇ္ဈတ္တ) စိတ်တည်ငြိမ်အေးချမ်းမှု ချမှတ်ပေးအပ်တော်မူ၍ သင်တို့ မမြင်နိုင်သော စစ်တပ်ကြီးဖြင့် ထောက်ပံ့လျှက် သူ့ကို အားဖြည့်ပေးတော်မူ၏။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ပြောဆိုချက်များကို အနိမ့်ကျဆုံး ဖြစ်စေတော်မူပြီး အလ္လာဟ်အရှင်မြတ်၏ဗျာဒိတ်တော်ကို အမြင့်မြတ်ဆုံး ဖြစ်စေတော်မူခဲ့၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်သိက္ခာ များချီးမြှင့်တော်မူသည့်အရှင် ဖြစ်တော်မူသည့်အလျှောက်) ဘုန်းတန်ခိုးကြီးမားသော ဘုန်းတော်ရှင် (စီရင်ဆုံးဖြတ်ရာတွင်) နက်နဲသိမ်မွေ့သော အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[41] သင်တို့သည် (လက်နက်အင်အားအပြည့်အစုံဖြင့် လွယ်ကူ) ပေါ့ပါးစွာဖြစ်စေ၊ (စစ်ရေးအတွက် လက်နက်အင်အား မလုံလောက် မလောက်ငှဖြင့် ခက်ခဲ) လေးလံစွာဖြစ်စေ (စစ်ရေးအတွက် စည်းရုံးဆော်ဩလျှင် အသင့် ပြင်ဆင်၍) ထွက်ခွါကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်လမ်းစဉ်တော်၌ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)၊ နှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် စွမ်းစွမ်းတမံ ရုန်း ကန်လှုပ်ရှားကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် သင်တို့၏ထိုသို့သော ရုန်းကန်လှုပ်ရှားမှုများသည် သင်တို့အတွက် အကောင်းမြတ်ဆုံးပင် ဖြစ်၏။

[42] (စစ်ရေးအတွက် စည်းရုံးဆော်ဩခြင်းခံရပါလျက် စစ်မထွက်ဘဲ ကြောင်သူတော်ဆန်ဆန် ကျန်ရစ်ခဲ့ကြသူ တို့သည်) အကယ်၍ ချက်ချင်းလက်ငင်းရမည့် အကျိုးအမြတ်နှင့်အလွန် နီးစပ်လွယ်ကူသော ခရီးစဉ်ဖြစ်ခဲ့လျှင် သူတို့ အသင် (တမန်တော်) ၏နောက်သို့ လိုက်လာခဲ့လိမ့်မည်။ သို့သော် (ခရီးစဉ်ကာလရှည်ပြီး နွေရာသီဖြစ်နေ သောကြောင့်) သူတို့အတွက် အလွန်ခက်ခဲပြီး ဝေးကွာလွန်းသည်ဟု ခံစားခဲ့ကြ၏။ (ထိုသို့ဖြင့် အမိန့်တော်အား သူတို့ကိုယ်တိုင် လျစ်လျူရှုခဲ့ပါလျက်) မကြာမီ သူတို့ကအလ္လာဟ်အရှင်မြတ်နှင့်တိုင်တည်၍ “အကယ်၍ ကျွန်ုပ်တို့ (ခရီးစဉ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန်) တတ် စွမ်းနိုင်ခဲ့ကြလျှင် သင်တို့နှင့်အတူ မုချပင် ထွက်ခဲ့ကြမည်။” ဟု ကျိန်ဆိုပြောကြလိမ့်မည်။ ဧကန်ပင်၊ သူတို့သည် (လိမ်လည်လှည့်စားလို၍ ကျိန်ဆိုကြလျက်) မုသားပြောဆိုကြသူများသာ ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်နှင့်အညီ အသုံးချလျက် သူတို့ကိုယ်သူတို့ ဖျက်ဆီးဆုံးရှုံးစေ ခြင်းသာ ဖြစ်ကြ၏။

[43] အလ္လာဟ်အရှင်မြတ်သည် အသင် (တမန်တော်) အား (မျက်နှာသာပေး၍) ခွင့်လွှတ်တော်မူခဲ့ပြီ။ သင့်အနေဖြင့် ဖြောင့်မတ်မှန်ကန်စွာ ပြုမူပြောဆိုကြသူတို့ (၏ လုပ်ရပ်များ) ကို ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားစေတော်မူပြီး လူလိမ်လူညာများ (၏ စရိုက်) ကို သိနားလည်လာသည့်အထိ (မစောင့်ဆိုင်းဘဲ) အဘယ်ကြောင့် သူတို့အား (စစ်ချီထွက်ခြင်းမှ ရှောင်ကြဉ်၍ ကျန်ရစ်ခွင့်ရရန် ပန်ကြားခြင်းကို လက်ခံလျက်) ခွင့်ပြုလေသနည်း။

[44] အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို ယုံကြည်သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းမှ ကင်းလွတ်နိုင်ရန် အသင် (တမန်တော်) ထံ (မည်သည့်အခါမျှ ဆင်ခြေပေး၍) ကင်းလွတ်ခွင့် တောင်းကြလိမ့်မည် မဟုတ်ပေ။ စင် စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့် သုံးကြသူတို့ (၏ စိတ်နေသဘောထားနှင့်စရိုက်များ) နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[45] အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို မယုံကြည်ကြသူများသည်သာလျှင် အသင် (တမန်တော်) ထံ၌ (ဆင်ခြေပေး၍ စစ်တိုက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက်) ကင်းလွှတ်ခွင့် တောင်းကြလိမ့်မည်။ အမှန်မှာ သူတို့၏ စိတ်နှလုံးများတွင် (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယများရှိနေသောကြောင့် သူတို့သည် ထိုဒွိဟသံသယ၌ပင် ခွဲဝေမရဖြစ်လျက် တဝဲလည်လည် ယိမ်းယိုင်နေကြ၏။

[46] အကယ်၍ သူတို့သည် (နှိုးဆော်ခြင်းခံရသည့်အတိုင်း) စစ်ချီထွက်ခွာကြရန် ရည်ရွယ်ခဲ့ကြလျှင် စစ်ချီရန် အတွက် လိုအပ်သမျှပြင်ဆင်မှုများကို အမှန်ပင် အသင့်ပြင်ဆင်ထားကြလိမ့်မည်။ သို့ရာတွင် (သူတို့ သည် စိတ်ရင်းဖြူစင်စွာဖြင့် စစ်တိုက်လိုသော ဆန္ဒမရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်သည် သူတို့စစ်မြေပြင်သို့ ရောက် ရှိခြင်းအား နှစ်မြို့တော်မမူ၍ “သင်တို့သည် (အိမ်မှာနေကြသည့် ဇနီးမယား၊ သက်ကြီးရွယ်အိုနှင့်အရွယ်မရောက်သေးသော သားသမီးစသော) ကျန်ရစ်နေကြသူတို့နှင့်အတူသာ နေထိုင်ကျန်ရစ်ကြလော့။”

[47] အကယ်၍ သူတို့သည် (သင်တို့နှင့်အတူ စစ်ထဲ၌ ပါဝင်ခဲ့ကြလျှင်လည်း သင်တို့ကြားတွင် (ဖရိုဖရဲ ဖြစ်စေသည့် ရှုပ်ထွေးမှုနှင့်) ပြဿနာများဖြစ်စေခြင်းမှအပ (အခြားမည်သည့် ကောင်းကျိုးကိုမျှ) သင်တို့အ တွက် တိုးပွားစေခဲ့ကြမည် မဟုတ်ချေ။ ထို့ပြင် သူတို့သည် သင်တို့ကြားတွင် သူတို့အတွက်နားစွင့်သူများတိုးပွားရန်နှင့် သင်တို့အတွက် (ပြင်းထန်သော သဘောထားကွဲလွဲမှုနှင့်နိုင်ငံတော်ကို ပုန်ကန်စေသည့်) အဖျက်အနှောင့် ဖြစ်ပေါ် စေရန်သာ ကြံစည်ကြိုးစားကြလျက် တက်တက်ကြွကြွ လူးလာပြန်ခတ် လှုပ်ရှားခဲ့ကြလိမ့်မည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် လုပ်ဆောင်ကြ သူတို့နှင့်စပ်လျဉ်း၍ (အသေးစိတ်အချက်အလက်များကို) အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[48] ဧကန်ပင်၊ သူတို့သည် ယခင်ကလည်း (ထိုသို့သော) အဖျက်အနှောင့်များကို ကြံစည်ဖန်တီးကြရန် မုချပင် မွှေနောက်လုံးပန်းခဲ့ကြပြီး အသင် (တမန်တော်) ထံ အမှန်တရားသစ္စာရောက်စေတော်မူ၍ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်ကြောင်း မြင်သာထင်ရှားစေတော်မူသည်အထိ သင်၏အရေးကိစ္စများကို ကပြောင်းကပြန် ဖြစ်စေ ရန် ကြိုးစားလျက် အသင် (တမန်တော်) အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြသည်။

[49] သူတို့အနက်မှ “ကျွန်ုပ်အား (ဤစစ်ဆင်ရေး၌ ပါဝင်ခြင်းမှ) ကင်းလွှတ်ခွင့်ပေးပါ။ ကျွန်ုပ်ကို အဖျက်အနှောင့်ထဲသို့ ထည့်သွင်း၍ မစမ်းသပ်ပါနှင့်။” ဟု လျှောက်တင်ပြောကြသူများလည်း ရှိကြ၏။ (နှလုံးသွင်းကြလော့။) ဧကန်ပင်၊ သင်တို့သည် (သင်တို့၏ကြောင်သူတော်လုပ်ရပ်နှင့်အာခံဖီဆန်မှုများကြောင့် ဖျားယောင်းမှုနှင့်) အဖျက်အနှောင့်ထဲသို့ (သင်တို့ကိုယ်တိုင်) လှိမ့်ဆင်းခဲ့ကြပြီ။ ထိုမျှမက ဧကန်ပင်၊ ငရဲဘုံသည်လည်း မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား မုချပင် ဝိုင်းထားလျက် ရှိပေလိမ့်မည်။

[50] အကယ်၍ ကောင်းမြတ်သည့် အခြေအနေတစ်စုံတစ်ခုသည် အသင် (တမန်တော်) ထံသို့ ဆိုက်ရောက်လျှင် ယင်းသည် သူတို့အား ပူဆွေးသောက ဆိုက်ရောက်လျှင် ယင်းသည် သူတို့အား ပူဆွေးသောကရောက်စေပြီး အကယ်၍ အသင်၌ ဘေးဒုက္ခ (အကုသိုလ်) တစ်စုံတစ်ခု ဆိုက်ရောက်လာသော် သူတို့က “ကျွန်ုပ်တို့သည် (သင်တို့ကဲ့သို့ မကြုံရလေအောင်) ကျွန်ုပ်တို့၏အရေးကိစ္စများကို ယခင်ကပင် ကြိုတင်စီမံထားခဲ့ပြီ။” ဟု ပြောဆို ကြလျက် ရှောင်ပြေးသွားကြပြီး ပျော်ရွှင်မြူးထူးနေကြ၏။

[51] “ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်က စီရင်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဖြစ်စဉ်များမှအပ အခြား (ဘေးဒုက္ခ၊ အခက်အခဲစသော) မည်သည့်အရာမျှ ကျွန်ုပ်တို့၌ အလျှင်း ဆိုက်ရောက်နိုင်မည် မဟုတ်ကြောင်း၊” ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်သူ ဖြစ်ကြောင်း၊ သက်ဝင်ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ (သူတို့၏အရေးကိစ္စဟူသမျှနှင့်စပ်လျဉ်း၍) ယုံကြည်စိတ်ချစွာ လွှဲအပ်ကြကြောင်း” ဟောကြားလော့။

[52] (အယောင်ဆောင်သီလကြောင်တော်တို့အား) ဟောကြားလော့။ “အသင်တို့သည် ကောင်းမြတ်သောအရာနှစ်ခု (စစ်နိုင်ခြင်းနှင့်အရှင့်လမ်းစဉ်တော်၌ အာဇာနည်အဖြစ် အသက်ပေးလှူခြင်းတို့) အနက် တစ်ခုကို ကျွန်ုပ်တို့အတွက် ဖြစ်စေခြင်းမှအပ (အခြားအရာကို) စောင့်မျှော်နေကြသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင် တို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က အရှင့်ထံတော်မှ ဒဏ်ခတ်အရေးယူတော်မူသည့်အနေဖြင့် သင်တို့အပေါ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရောက်စေတော်မူရန်ဖြစ်စေ၊ သို့တည်းမဟုတ် ကျွန်ုပ်တို့၏လက်များဖြင့် အရေး ယူစေတော်မူခြင်းကိုဖြစ်စေ၊ စောင့်မျှော်လျက် ရှိကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် (သင်တို့လုပ်ရပ်၏အကျိုး ဆက်အတွက်) စောင့်မျှော်နေကြလော့။ ကျွန်ုပ်တို့လည်း သင်တို့နှင့်အတူ စောင့်မျှော်လျက်ရှိကြ၏။”

[53] (အရှင့်လမ်းစဉ်တော်၌ အယောက်ဆောင်လှူဒါန်းမှုနှင့်ပတ်သက်၍) “သင်တို့သည် ကြည်ဖြူစွာ လိုလိုလား လားဖြစ်စေ၊ သို့တည်းမဟုတ် ကြည်ဖြူခြင်းမရှိဘဲ စိတ်မပါလျက်ပင်ဖြစ်စေ၊ (စစ်ပွဲအတွက် ထည့်ဝင်) သုံးစွဲနိုင် ကြ၏။ သို့ရာတွင် သင်တို့ထဲမှ (ယင်းထည့်ဝင်သုံးစွဲခြင်းအား) သဘောတူလက်ခံစေတော်မူခြင်း အလျှင်း ခံရမည် မဟုတ်ပေ။ (အကြောင်းမှာ) ဧကန်ပင်၊ သင်တို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်ကြသော လူမျိုးဖြစ် သောကြောင့်တည်း ဖြစ်၏။”

[54] အမှန်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တိုပကို မယုံကြည် (သဖြင့် ဖီဆန်ငြင်း ပယ်) ကြခြင်းမှလွဲ၍ သူတို့၏ထည့်ဝင်သုံးစွဲမှုကို သူတို့ထံမှ သဘောတူလက်ခံတော်မူခြင်းမှ တား မြစ်ရသည့် အခြားမည်သည့်အကြောင်းရင်းမျှ မရှိချေ။ ထို့ပြင် သူတို့သည် ဆွလာသ်ဝတ်ပြုရန် ရောက်လာကြသည့်အတိုင်း စိတ်မပါဘဲ ပျင်းရိစွာဖြင့်သာ ရောက်လာကြပြီး သူတို့ပေးကမ်းသုံးစွဲလှူဒါန်းကြသည်မှာလည်း မနှစ်သက်မလို လားဘဲ (အတင်းအဓမ္မ) ပေးကမ်းသုံးစွဲကြ (သူများအဖြစ်သာ ပေးကမ်းလှူဒါန်း) ခြင်းသာ ဖြစ်၏။

[55] သို့ဖြစ်ပေရာ သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများသည် သင့်အား သဘောကျ စွဲမက်စရာ မဖြစ်စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့အားဖြင့် သူတို့အား ဤလောကီဘဝသက်တမ်း၌ပင် ဒဏ်ခတ်အရေးယူတော်မူရန် ရည်ရွယ်တော်မူပြီး သူတို့သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူများအဖြစ်ပင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင် ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (သူတို့ကိုယ်တိုင်ဖျက်ဆီးစေခြင်းဖြင့်) ဘဝကူးပြောင်းစေတော်မူမည်။

[56] ဧကန်စင်စစ်၊ သူတို့သည် “သင်တို့အနက်ပင် (ယုံကြည်သူတို့ထဲတွင် အပါအဝင်) မုချ ဖြစ်ကြသည်။” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြသော်လည်း သူတို့သည် သင်တို့အနက်မှ မဟုတ်ကြချေ။ အမှန်မှာ သူတို့သည် (သင်တို့ထဲတွင် အပါအဝင်ဖြစ်သကဲ့သို့ ဟန်ဆောင်ပြီး စိုးရိမ်ကြောက်ရွံ့မှုဖြင့် ဖိစီးခံရလျက်) သူရဲ ဘောကြောင်သော လူမျိုးသာ ဖြစ်ပေ၏။

[57] အကယ်၍ သူတို့သည် ခိုလှုံစရာတစ်ခု သို့မဟုတ် လိုဏ်ဂူကြီးတစ်ခု (ဝပ်တွား၍ ဝင်ရောက်လျက် ပုန်း နိုင်သည့်) ဝင်ပေါက်ရှိသောနေရာတစ်ခုကို တွေ့ရှိကြလျှင် သူတို့သည် ယင်းဘက်သို့ မုချပင် (စည်းလွတ်ဘောင်လွတ်) တစ်ဟုန်ထိုး ပြေးဝင်ကြလိမ့်မည်။

[58] သူတို့အနက်မှ အလှူပစ္စည်းများ (ဝေငှခြင်း) နှင့်စပ်လျဉ်း၍ အသင် (တမန်တော်) ကို ကဲ့ရဲ့ပြစ်တင်ဝေဖန် သူလည်း ရှိ၏။ သို့သော် အကယ်၍ ထို (လှူဖွယ်ပစ္စည်းများ) မှ သူတို့အား ပေးကမ်းလျှင် စိတ်ကျေနပ် ၍ ယင်းတို့အနက်မှ (သူတို့၏စိတ်တိုင်းကျ) သူတို့အား မပေးလျှင် သူတို့ အမျက်ဒေါသထွက် (အကြီးအကျယ်ပေါက်ကွဲ) ကြ၏။

[59] အကယ်၍ သူတို့အား အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ပေးကမ်းသမျှဖြင့်သာ အမှန်ပင် သူတို့ရောင့်ရဲတင်းတိမ်လျက် “အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့သည် မကြာမီ ကျွန်ုပ်တို့အား အရှင့်ကျေးဇူးတော်မှ (ဂုဏ်သိက္ခာနှင့်လိုအပ် ချက်များကို) ချီးမြှင့်ပေးအပ်တော်မူပါလိမ့်မည်။ ဧကန်စင်စစ်၊ (ကျွန်ုပ်တို့သည် မည်သည့်အခွင့်အရေးနှင့်မကျေ နပ်မှုကိုမျှ ပဓါနမထားဘဲ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် မျှော်ကိုး၍) အလ္လာဟ်အရှင်မြတ်ဘက်သို့သာ လျှင် တိမ်းညွတ်လျက် အသနားခံ ပန်ကြားသူများပင် ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြလျှင် ကောင်းလေစွ။

[60] (ရုပ်နာမ်ဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအတွက်အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းထားသော ဇကားသ်) အလှူဒါနများသည် ဆင်းရဲချို့တဲ့သူများ၊ (လိုအပ်ချက်များရှိသော်ငြားလည်း ဂုဏ်သိက္ခာကြောင့် ထုတ်ဖော်ပြောလေ့မရှိသော) ခိုကိုးရာမဲ့များ၊ (အလှူဒါန၊ လူမှုရေး၊ အခွန်အခကောက်ခဲ့ခြင်းနှင့်အုပ်ချုပ်ရေးတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်နေကြသော) အမှုထမ်းများ၊ (အရှင့်လမ်းစဉ်တော်အတွက် အထောက် အကူပြရန်နှင့် ရန်လိုမုန်းတီးမှု တားဆီးကာကွယ်ရန် လူတို့၏နှလုံးသားကို အနိုင်ရစေမည့်) စိတ်နှလုံးသိမ်မွေ့စေရန် စည်းရုံးလေ့ကျင့်ပေးသူများ၊ (ကျွန်စနစ်၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းနှင့်မတရားအကျဉ်းချခံရခြင်းစသော) အချုပ်အနှောင် ဘဝမှ လွတ်မြောက် စေရေးတွင် သုံးစွဲရန်၊ (ရိုးသားဖြူစင်စွာ လုပ်ကိုင်စားသောက်ပါလျက်) ကြွေးတင်နေသော မြီစားများ၊ အလ္လာဟ်အရှင်၏လမ်းစဉ်တော်၌ သုံးစွဲရန်နှင့် (ဒုက္ခအ ခက်အခဲနှင့်ကြုံတွေ့နေရသော) ခရီးသည်များ အတွက်သာလျှင် ဖြစ်၏။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ တာဝန်အဖြစ် ပြဋ္ဌာန်းတော်မူသည့်ပညတ် တော်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏လိုအပ်ချက်များကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ပြဋ္ဌာန်းရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[61] သူတို့အနက်မှ နဗီတမန်တော်နှင့်ပတ်သက်၍ “သူသည် (လူတိုင်း၏စကားကို နားစိုက်ပြီးနောက် အလိုက်သင့် ပြောဆိုလျက် ယုံကြည်လာအောင် ဆွယ်နေသော) နားပါးသူ ဖြစ်သည်။” ဟု ပြောဆိုကြလျက် နဗီတမန်တော်အား စိတ်ထိခိုက်စေသူများလည်း ရှိ၏။ ဟောကြားလော့။ “သင်တို့အတွက် အကောင်းဆုံးဖြစ်စေရန်သာ နားစိုက်ခြင်း ဖြစ်၏။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၏။ စစ်မှန်သောယုံကြည်သူများကိုလည်း ယုံကြည်၏။ သင်တို့အနက်မှ ယုံကြည်သူတို့အတွက် ကရုဏာတရားလည်း ဖြစ်၏။” (သတိထားကြလော့) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်အား စိတ်ထိခိုက်စေသူတို့အတွက် ပြင်းပြနာ ကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်ရှိ၏။

[62] အကယ်၍ သူတို့သည် သက်ဝင်ယုံကြည်သူ အစစ်အမှန်ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့၏အမိန့်ညွှန်ကြားချက်များနှင့်အညီ (နာခံလိုက်နာ၍) အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကိုသာ ရယူရန် တာဝန်အရှိဆုံးဖြစ်သော်ငြားလည်း သူတို့ကမူ သင်တို့အား ကျေနပ်နှစ်သိမ့်စေရန်အတွက်သာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုပြောဆိုကြလေ၏။

[63] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား ဖီလာဆန့်ကျင်သောသူ မည်သူမဆို သည် (အာခံဖီဆန်လျက်) သူ့အတွက် ငရဲမီးကိုသာ အကျိုးဆက်ဖြစ်စေ၍ ထိုငရဲဘုံ၌ အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားရလိမ့်မည် ဖြစ်ကြောင်းနှင့်ထိုသို့နေထိုင်ရခြင်းမှာ အလွန်ဆိုးရွားသော အကျိုးယုတ်အရှက် ကွဲရမှဖြစ်ကြောင်း သူတို့ မသိကြလေသလော။

[64] သူတို့၏စိတ်နှလုံးတွင်း၌ရှိနေသော (တမန်တော်နှင့်ယုံကြည်သူတို့အား ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုဆိုင်ရာ) အကြောင်းအရာများကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေသည့် ရှင်းလင်းချက်များပါရှိသော စူရဟ်ကဏ္ဍတစ်ခုအား သူတို့နှင့်ဆန့်ကျင်၍ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူမည်ကို (အယောင်ဆောင်) သီလကြောင်တို့က ကြောက်ရွံ့စိုးရိမ်နေကြ၏။ (အို၊ ရစူလ်တမန်တော်၊ ထိုသီလကြောင်တို့အား) “သင်တို့ဆက်၍ လှောင်ပြောင် ကဲ့ရဲ့ ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ကြောက်ရွံ့စိုးရိမ်နေသည့်အကြောင်းအရာကို မုချ ထုတ်ဖော်ရှင်းလင်းထင်ရှားစေတော်မူမည်။” ဟု ဟောကြားလော့။

[65] ထို့ပြင်၊ အကယ်၍ သင်သည် သူတို့အား (ထိုကဲ့ရဲ့လှောင်ပြောင်မှုနှင့်စပ်လျဉ်း၍) မေးမြန်းလျှင် “ကျွန်ုပ် တို့သည် အပျင်းပြေ နောက်ပြောင်ခြင်းနှင့်ကျီစယ်ခြင်းသာ ဖြစ်၏။” ဟု မုချ ပြောဆိုဖြေကြားလိမ့်မည်။ “သင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင့်အာယာသ်သက်သေလက္ခဏာတော်၊ အရှင့်ရစူလ်တမန်တော်တို့နှင့်ပတ်သက် ၍ ကဲ့ရဲ့လှောင်ပြောင်နေကြသည် မဟုတ်လော။” ဟု မေးမြန်းလော့။

[66] သင်တို့ ဆင်ခြေ (အကြောင်းပြချက်) မပေးကြလေနှင့်။ သင်တို့သည် သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော် (ကြေညာ) ပြီးနောက်တွင်မှ အမှန်ပင် မယုံကြည်သွေဖည်ငြင်းပယ်ခဲ့ကြလေပြီ ဖြစ်၏။ အကယ်၍ ငါအရှင်မြတ်သည် သင်တို့အနက်မှ (အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား စော်ကားရန် မရည်ရွယ်ဘဲ အပျင်းပြေသက်သက် နောက်ပြောင်ခဲ့ကြသော) အုပ်စုအား ခွင့်လွှတ်တော်မူလျှင်လည်း အခြားအုပ်စုကိုမူ သူတို့သည် ရာဇဝတ်မှု ကျူးလွန်သူများဖြစ်သောကြောင့် ခဏ်ခတ်အရေးယူတော်မူမည်။

[67] အယောင်ဆောင်သီလကြောင်တို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ (အချင်းချင်း) တစ်မျိုးတစ်စားတည်းပင် ဖြစ်၏။ သူတို့သည် (စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှု အကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် အမိန့်ပေးညွှန်ကြားပြီး တရားတော်အညီ ပြုလုပ်သော ကောင်းမှုကုသိုလ်များမှ တားမြစ်ပိတ်ပင်ကြရုံမက သူတို့၏လက်များကိုလည်း (ကောင်းမှုကုသိုလ်လုပ်ခြင်းနှင့် အရှင့်လမ်းစဉ်တော်၌ ပေးကမ်းလှူဒါန်းခြင်းမှ) ချုပ်တည်းဆုပ်ထားကြလေ၏။ သူတို့သည် (ယုံကြည်မှုသစ္စာ တရား၊ ခဝပ်နာခံကိုးကွယ်မှုနှင့်အရှင့်လမ်းစဉ်တော်၌ အမှုထမ်းဆောင်ခြင်းတို့ကို လျစ်လျူရှုလျက်) အလ္လာဟ်အ ရှင်မြတ်ကို (သတိမမူဘဲ) ပေ့ပစ်ထားသောကြောင့် အလ္လာဟ်အရှင်မြတ်ကလည်း (ဆုလဒ်များ ချီးမြှင့်တော် မူခြင်းမှ) သူတို့ကို မေ့ပစ်ထားတော်မူ၏။ ဧကန်ပင်၊ အယောင်ဆောင်သီလကြောင်များသည် အရှင်မြတ်၏စည်း မျဉ်းတော်များကို အာခံဖီဆန်သူ (ယုတ်မာသူ) များပင် ဖြစ်ကြသည်။

[68] အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သီလကြောင်အမျိုးသားနှင့်အမျိုးသမီးများ၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား ငရဲမီးထဲ၌ ကာလအကန့်အသတ်မဲ့ ခံစားလျက်နေထိုင်စေတော်မူမည့်ဖြစ်ကြောင်း ကတိထားတော်မူ၏။ ယင်းသည် သူတို့အတွက် (ဆိုးကျိုးဆက်အဖြစ်) လုံလောက်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင့်ကရုဏာတော်မှ ကင်းဝေးစေတော်မူပြီး သူတို့အတွက် အစဉ်တည်တံ့ မြဲမြံသော ပြစ်ဒဏ်လည်း (အသင့်) ရှိနေ၏။

[69] (အို၊ မယုံကြည်သူနှင့်သီလကြောင်အပေါင်းတို့) သင်တို့မတိုင်မီ သင်တို့ထက် အင်အားပို၍ သန်မာတောင့်တင်းသော၊ ဥစ္စာဓန၊ ပိုင်ဆိုင်မှုများနှင့်သားသမီး (အခြွေအရံ) များ ကြွယ်ဝပေါများသော၊ သူတို့၏ဝေစု ရပိုင်ခွင့်များဖြင့် စည်းစိမ်ခံစားခဲ့ကြသော ပုဂ္ဂိုလ်များရှိခဲ့ကြသကဲ့သို့ သင်တို့လည်း သင်တို့၏ဝေစု ရပိုင်ခွင့်များဖြင့် စည်းစိတ်ခံစားနေကြ၏။ သင်တို့မတိုင်မီ ရှိခဲ့ကြသူတို့က သူတို့၏ဝေစု ရပိုင်ခွင့်များဖြင့် (အချည်းနှီးဖြစ်သော လေလွင့်မှုများ၌ နစ်မွန်းလျက်) ဇိမ်ခံပျော်မွေ့ခဲ့ကြသကဲ့သို့ သင်တို့လည်း (အချည်းနှီးသော အပြောအဆိုနှင့်လေလွင့်မှု၌ စိတ်အလိုလိုက်လွန်းလျက်) နစ်မွန်းနေကြ၏။ ထိုသူတို့သည် (မယုံကြည်သူနှင့်သီလကြောင်သူများ ဖြစ်ကြပြီး) သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်မှုများကို ဤလောကီဘဝနှင့်နောင်တမလွန်ဘဝတို့၌ အချည်းနှီး အကျိုးမဲ့ ဖြစ်စေကြ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည်ပင် (လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌) ဆုံးရှုံးနစ်နာသူများ ဖြစ်ကြ၏။

[70] (မယုံကြည်သူနှင့်သီလကြောင်တို့) သူတို့မတိုင်မီ လွန်လေပြီးကြသော တမန်တော်နူဟ်၊ အာဒ်နှင့်ဆမူဒ် လူမျိုးများ၊ တမန်တော်အီဗ်ရာဟီမ်၏လူမျိုးများ၊ မဒ်ယန်မြို့သူမြို့သားများ၊ မြေလှန်ပျက်သုဉ်းခြင်းခံရသောမြို့ ရွာများ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာများနှင့်အမှန်တရားသစ္စာဖြစ်သော ရှင်းလင်းချက်များနှင့်အတူ ရစူလ်တမန်တော်များလည်း ထိုလွန်လေပြီးသော လူမျိုးများထံရောက်ခဲ့ကြသည့်အကြောင်း (စသည့် စံနမူနာယူဖွယ်ကောင်းသည့် သမိုင်းဝင်အဖြစ်အပျက်များနှင့်ဆိုင်သော) သတင်းအချက်အလက်များ သူတို့ထံ မရောက်ခဲ့သလော။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မဟုတ်မတရား (ပျက်စီး ဆုံးရှုံးခံရအောင်) ပြုတော်မူသည် အလျှင်း မဟုတ်ပေ။ အမှန်မှာ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချခြင်းဖြင့်) အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက် ကျူးလွန်၍ (သူတို့ကိုယ်သူတို့) မဟုတ်မတရား မမှန်မကန် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်၏။

[71] သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးတို့သည် အချင်းချင်း အချို့သည် အချို့၏ (လူယုံတော် များ၊ ကူညီစောင်မသူများနှင့်) ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ သူတို့သည် တရားတော်နှင့်အညီ ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် အမိန့်ပေး ညွှန်ကြားလေ့ရှိကြပြီး (စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှုအကု သိုလ်တို့မှ တားမြစ်ပိတ်ပင် ကြသည်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြပြီး ဇကားသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံရေးကြေးကိုလည်း) ပေးဆောင်ကြ၏။ ထိုမျှမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အားလည်း တစ်သဝေမတိမ်း နာခံ လိုက်နာကြသည်။ ထိုသူတို့သည် စစ်မှန်သော ယုံ ကြည်သူများဖြစ်ကြ၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မုချ ကရုဏာပြုတော်မူမည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာ တွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[72] အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးများအား အောက်ခြေတွင် စိမ့် စမ်းရေတသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်များတွင် ကာလအကန့်အသတ် နေထိုင်ခွင့်ကို လည်းကောင်း၊ ထိုထာဝရတည်တံ့မည့် သုခဥယျာဉ်များ၌ သန့်ရှင်းစင်ကြယ်ပြီး မြင့်မြတ်သော ဗိမာန်များကို လည်းကောင်း၊ (ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း) ကတိထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်ထံတော်မှလည်း ကျေ နပ်နှစ်မြို့တော်မူကြောင်း (သတင်းကောင်းရပြီး ယင်းသည်) အကြီးမြတ်ဆုံးသော ကျေးဇူးတော်ပင် ဖြစ်၏။

[73] အို၊ နဗီတမန်တော်၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၊ အယောင်ဆောင်သီလကြောင်တို့နှင့်ဆန့်ကျင်၍ (အချိန်အခါနှင့်အခြေအနေ၏လိုအပ်ချက်နှင့်အညီ) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားပြီး သူတို့အပေါ်တွင် တင်းကျပ်ပြတ်သားလော့။ အမှန်မှာ သူတို့၏ (နောက်ဆုံးပန်းတိုင်နှင့်) ခိုလှုံရာဌာနစခန်းမှာ ငရဲဘုံဖြစ် ပြီး ယင်းမှာ အလွန်ဆိုးဝါးနိမ့်ကျသော ပန်းတိုင်ပင် ဖြစ်၏။

[74] သူတို့သည် (အရှင်မြတ်၊ အရှင့်ဗျာဒိတ်တော်တို့နှင့်ဆန့်ကျင်၍ ကဲ့ရဲ့ပြစ်တင်စော်ကားရာရောက်သည့် မည် သည့်အပြောအဆိုကိုမျှ) မပြောဆိုကြကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုခဲ့ကြသော်လည်း အမှန်မှာ သူတို့သည် မယုံကြည်မှုနှင့်ဆိုင်သော (အရှင့်ဗျာဒိတ်တော်နှင့်ဆန့်ကျင်သည့်) မိစ္ဆာဝါဒစကားကို မုချ ပြောဆိုခဲ့ကြ၏။ ထို့ပြင် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ မွတ်စလင်ဖြစ်လာပြီဟု ပြောလျက်) အစ္စလာမ် အဖြစ်ခံယူပြီးနောက် မယုံကြည်ခြင်း (အမှန်တရားကို ဖီဆန်ငြင်းပယ်ခြင်း) ၌ နစ်မြုပ်ကြရုံသာမက သူတို့မစွမ်းဆောင် မအောင်မြင်နိုင်သောအရာများကိုလည်း ကြံစည်ရည်ရွယ်၍ ကြိုးပမ်းအားထုတ်ကြသည်။ (မြေပေါ်မြေ အောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်စသော) အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်တို့က သူတို့အား ကြွယ်ဝချမ်းသာ ကုံလုံပြည့်စုံစေခြင်း (ကို အခွင့်ကောင်းယူခြင်း) မှအပ သူတို့သည် (အစ္စလာမ်၊ တမန်တော်မြတ်တို့နှင့်ဆန့်ကျင်၍ မကျေမချမ်း တုံ့ပြန်လက်စားချေရန်) မလိုမုန်းထား မှုရှိစရာ အခြားမည်သည့် အကြောင်းပြချက်မျှ မရှိပေ။ အကယ်၍ သူတို့သည် နောင်တကြီးစွာရလျက် (အမှန်တရားသစ္စာဘက်သို့) လှည့်ပြန်ကြလျှင် သူတို့အတွက် အကောင်းဆုံး ဖြစ်မည်။ သို့သော် အကယ်၍ သူတို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍) ရှောင်ပြေးကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီလော ကုတ္တရာနှစ်ဌာနစလုံး၌ ပြင်းပြစူးနစ်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူလိမ့်မည်။ ထို့ပြင် သူတို့အတွက် ကမ္ဘာဂြိုဟ်၌ (ထိုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ၍) ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူဟူ၍လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

[75] သူတို့အနက်မှ (အချို့သည်) “အကယ်၍ ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှ ကျွန်ုပ်တို့အား ချီးမြှင့်ပေးအပ်တော်မူလျှက် ကျွန်ုပ်တို့သည် မုချပင် (အရှင်မြတ်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဇကာသ်နှင့်အရှင်မြတ်နှစ်မြို့တော်မူသည့်) အလှူဒါနများ ပြုကြသည့်အပြင် (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုကို လုပ်ဆောင်ခြင်းဖြင့်) ဧကန်ပင်၊ အကျင့်သီလဆောက်တည်ကြသော ပြုပြင်သူများအနက်မှ ဖြစ်ကြလိမ့်မည်။” ဟု သန္နိဋ္ဌာန်ချလျက် အလ္လာဟ်အရှင်မြတ်အား ကတိပေးကြ၏။

[76] သို့သော် အရှင်မြတ်သည် သူတို့အား အရှင့်ကျေးဇူးတော်များအနက်မှ ချီးမြှင့်ပေးအပ်တော်မူသောအခါ ယင်း (ကျေးဇူးတော်) အားဖြင့် (မျှဝေပေးကမ်းလှူဒါန်းခြင်း မပြုဘဲ) စေးနှဲကြရုံသာမက (သူတို့အရှင်အား ကတိပေးထားခြင်းကိုလည်း) ကျောခိုင်း၍ မျက်နှာလွှဲလျက် တိမ်းရှောင်ကြသူများ ဖြစ်ကြသည်။

[77] သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ပေးခဲ့သော ကတိခံဝန်ချက်ကို ပျက်ကွက်ချိုးဖောက်ခြင်းနှင့်လိမ်လည်မုသားပြောဆိုကြခြင်းကြောင့် အကျိုးဆက်အဖြစ် အရှင်မြတ်သည် အရှင်မြတ်နှင့်တွေ့ဆုံကြမည့်နေ့ (ကွယ်လွန်ချိန်) အထိ သူတို့၏စိတ်နှလုံးများ၌ အယောင်ဆောင် သီလကြောင်မှု (စိတ်နှစ်ခွဖြစ်မှုအမြစ် တွယ်သည့် အနေအထား ဘဝခရီးအဆုံးသတ်စေရန်) ဒဏ်ခတ်တော်မူ၏။

[78] အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားသစ္စာနှင့်ပတ်သက်၍) သူတို့၏ထိမ်ချန်ဖုံးကွယ်မှုများနှင့် (အချင်း ချင်းသီးခြားတွေ့ဆုံ၍) လျှို့ဝှက်စွာ တိုင်ပင်ကြံစည်မှုများကို အကြွင်းမဲ့ အကုန်စင် သိတော်မူနေကြောင်း သူတို့ မသိကြလေသလော။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏အသိအမြင် ပြင်ပတွင် ဖုံးကွယ်လျက် ရှိနေသော) စက္ခုလွန်များကိုပင် အကြွင်းမဲ့ သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

[79] ထိုသူတို့သည် (အယောင်ဆောင်သီလကြောင်) ယုံကြည်သူများအနက်မှ ပေးကမ်းစွန့်လှူရသော အလှူဒါနများ၌ စိတ်အားထက်သန်စွာနှင့်သဒ္ဓါကြည်ဖြူစွာ ပေးကမ်းလှူဒါန်းသူများကို ကဲ့ရဲ့ပြစ်တင်ဝေဖန်နေကြပြီး ပေးကမ်းလှူဒါန်းစရာ ရှာမတွေ့သဖြင့် အားသွန်ခွန်စိုက် ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစား၍ ရှာဖွေရရှိသော ချွေးနှဲစာကိုသာ ပေးကမ်းလှူဒါန်းသောကြောင့် ထိုလှူဒါန်းမှုများနှင့် ပတ်သက်၍လည်း ကဲ့ရဲ့လှောင်ပြောင်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ထိုကဲ့ရဲ့ လှောင်ပြောင်မှုကို သူတို့ဘက်သို့ပင် ပြန်ကန်၍ ထိမှန်စေတော်မူပြီး သူတို့အတွက် ပြင်းပြစူးနစ်သော နာကျင်ဖွယ်ရာ ပြစ်ဒဏ်လည်း ရှိနေ၏။

[80] (အို၊ ရစူလ်တမန်တော် အသင်သည်) သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပန်ကြားသည်ဖြစ်စေ၊ သို့မဟုတ် သူတို့အား လွတ်ငြိမ်းခွင့်ပေးတော်မမူရန် ပန်ကြားသည်ဖြစ်စေ (အကြောင်းမထူးပေ။)၊ အကယ်၍ အသင်သည် သူတို့၏လွတ်ငြိမ်းချမ်းသာခွင့်အတွက် အကြိမ်ပေါင်းခုနှစ်ဆယ် ပန်ကြားတောင်းခံလျှင်ပင် (အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အလျှင်းလွတ်ငြိမ်းခွင့်ပေးသနားတော်မူမည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် သူတို့က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် ဖြစ်၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်ပညတ်များကို အာခံဖီဆန်သော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော် မမူချေ။)

[81] သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် အလ္လာဟ်အရှင် မြတ်၏လမ်းစဉ်တော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းကို မနှစ်သက်မလိုလားသောကြောင့် အလ္လာဟ်အရှင် မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား ဆန့်ကျင်ဖီဆန်၍ “ပူပင်သောရာသီ၌ စစ်မထွက်နိုင်ပါ။” ဆင်ခြေပေးပြော ဆိုကြလျက် (တဗူးဒ်စစ်ဆင်ရေးတွင် ပါဝင်ခြင်းမရှိဘဲ) နောက်၌ ကျန်ရစ်ခဲ့ကြကာ သူတို့နေထိုင်ရာ နေအိမ်များတွင် ငုတ်တုတ်ထိုင်နေခြင်းဖြင့် ဝမ်းမြောက်ပျော်ရွှင်နေကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ သူတို့သည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိကြလျှင် ငရဲဘုံ၏မီးမှာ အပူပြင်းဆုံးဖြစ်ကြောင်း သိနားလည် လိမ့်မည်။” ဟု ဟောကြားလော့။

[82] သို့ဖြစ်ပေရာ သူတို့သည် မဖြစ်စလောက် အနည်းငယ်မျှသာ (ဝမ်းမြောက်ဝမ်းသာဖြစ်၍) ရယ်မောကြပါစေ။ ထို့နောက် သူတို့၏ပြုမူကျင့်ကြံမှုအားဖြင့် ဆည်းပူးရှာဖွေကြသည်နှင့်အညီ ပေးဆပ်မှုအကျိုးဆက်အဖြစ် များစွာ ငိုကြွေးကြစေ။

[83] တစ်ဖန် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင် (တမန်တော်) အား (တဗူးဒ်စစ်ဆင်ရေးမှ) ပြန် လည်ရောက်ရှိစေတော်မူစဉ် သူတို့အနက်မှ အုပ်စုတစ်ခုသည် အသင့်ထံရောက်လာ၍ (နောက်နောင် စစ်ဆင်ရေး ဆင်နွဲသည့်အခါ သူတို့လည်း စစ်ချီထွက်ရာတွင် ပါဝင်ခွင့်ရရှိရန် အသင့်ထံ ခွင့်ပန်ကြလျှင် (သူတို့အား) “သင်တို့သည် ကျွန်ုပ်နှင့်အတူ မည်သည့်အခါမျှ စစ်ချီထွက်စရာ အကြောင်းမရှိပေ၊ မည်သည့်ရန်သူကိုမျှ ကျွန်ုပ်နှင့်အတူ တိုက်ခိုက်စရာအကြောင်းမရှိပေ။” ဧကန်ပင်၊ သင်တို့သည် ပထမအကြိမ်၌ ငုတ်တုတ်ထိုင်နေခြင်းကိုသာ နှစ်သက် ၍ တင်းတိမ်ရောင့်ရဲကြ၏။ သို့ဖြစ်ရာ (ယခုလည်း) စစ်ပွဲ၌ မပါဝင်ဘဲ) ကျန်ရစ်နေခဲ့ကြသူတို့နှင့်အတူ ငုတ်တုတ် ထိုင်နေကြလော့။” ဟု ဟောကြားလော့။

[84] ထို့ပြင် (ယနေ့မှစ၍) သူတို့ထဲမှ တစ်ဦးတစ်ယောက်ကွယ်လွန်သေဆုံးခဲ့လျှင် (ကွယ်လွန်သူတို့ လွတ်ငြိမ်းခွင့်ရရန် ဝတ်ပြုဆုတောင်းလေ့ရှိသော ဂျနဇာ) စျာပနဝတ်ပြုဆုတောင်းမှုကို အသင် (တမန်တော်) သူတို့အတွက် မည်သည့်အခါမျှ မဝတ်ပြုကြလေနှင့်။ (စျာပနအခမ်းအနားတက်ရောက်၍) သူတို့၏ဂူသင်္ချိုင်းအနားတွင်လည်း မတ်တပ်မရပ်လေနှင့်။ ဧကန်ပင်၊ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြလျက်ပင် ကွယ်လွန်သေဆုံးကြပြီး အရှင့်အမိန့်ပညတ်ချက်များကို အာခံဖီဆန်သူများသာ ဖြစ် ကြ၏။

[85] သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးအခြွေအရံများက အသင် (တမန်တော်) အား သဘောကျ အထင် ကြီး စွဲမှတ်စရာမဖြစ်စေနှင့်။ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အလိုရမက်အတွက် သာ အသုံးချ၍ မယုံကြည် ဖီဆန်ငြင်းပယ်သူများဖြစ်ကြလျက် ဘဝကူးပြောင်း (ကွယ်လွန်) သွားကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ယင်း (ဥစ္စာဓနနှင့်သားသမီး) တို့အားဖြင့် ဤလောကီဘဝ၌ ဒဏ်ခတ်အရေးယူတော်မူရန်သာ ရည်ရွယ်တော်မူ၏။

[86] (ဧကန်ပင်၊ သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက် စစ်ချီထွက်ခြင်းအား မလိုလားကြချေ။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ရန်နှင့် အရှင့်ရစူလ်တမန်တော်နှင့်အတူ (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြရန် (အမိန့်ညွှန်ကြားချက်များပါရှိသည့်) စူရာဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသည့်အခါတိုင်း သူတို့အနက်မှ ပြည့်စုံကြွယ်ဝသူတို့က (စစ်ပွဲတွင် ပါဝင်နိုင်စွမ်းရှိ ပါလျက် ဆင်ခြေပေးသည့်အနေဖြင့်) “ကျွန်ုပ်တို့အား (စစ်ပွဲတွင်မပါဝင်ဘဲ) ငုတ်တုတ်ထိုင်နေကြသူတို့နှင့်အတူ နေရစ်ခွင့်ပေးပါ” ဟု လျှောက်တင်လျက် အသင် (တမန်တော်) ထံ ကင်းလွတ်ခွင့်တောင်းခံကြ၏။

[87] သူတို့သည် (အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့်ချောင်ခိုသူများစသော) နောက်တွင် ကျန်ရစ်နေကြသူတို့နှင့်အတူနေရခြင်းအား သဘောကျနှစ်သက်ကြပြီး (ပြည်သူတို့၏အသက်အိုးအိမ်စည်း စိမ်ကာကွယ်ရေးအတွက် စစ်ရေးအရေးပါကြောင်းကို လျစ်လျူရှုလျက်) သူတို့၏စိတ်နှလုံးများပေါ်၌ တံဆိပ်ခတ်နှိပ်ထားသောကြောင့် သူတို့သည် (စစ်တိုက်ခြင်း၏သဘောတရား အစစ်အမှန်ကို) သိမြင်နိုင်စွမ်း မရှိကြချေ။

[88] သို့ရာတွင် ရစူလ်တမန်တော်သည်လည်းကောင်း၊ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက်) တမန်တော် နှင့်အတူရှိနေကြသော ယုံကြည်သူတို့သည်လည်းကောင်း၊ သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြ၏။ ထိုသူတို့သည် သူတို့ အတွက် ကောင်းမြတ်မှုများကို ဆောင်ကျဉ်းသူများဖြစ်ကြ၏။ ထိုသူတို့သည်ပင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြသည်။

[89] အလ္လာဟ်အရှင်မြတ်ကလည်း သူတို့အတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသည့် သုခဥယျာဉ်များ (ချီးမြှင့်တော်မူရန်) နှင့်ထိုသုခဥယျာဉ်များတွင် ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းနိုင်ကြရန် စီစဉ်ပြင်ဆင်ထားတော်မူ၏။ ထိုသို့ ပြင်ဆင်ထားခြင်းသည် (သူတို့အတွက် အကြီးမြတ်ဆုံးသော အောင်ပွဲခံမှုပင် ဖြစ်လိမ့်မည်။)

[90] သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (စစ်ပွဲတွင်မပါဝင်ရန် သူတို့၏အခက်အခဲကို တင်ပြ၍) ကင်းလွတ်ခွင့်တောင်းခံလျက် (ရိုးသားစွာ) ဆင်ခြေပေးကြသူများနှင့်အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အရှင့်ရစူလ်တမန်တော်နှင့်စပ်လျဉ်း၍လည်းကောင်း၊ မဟုတ်မမှန် လိမ်လည်စွပ်စွဲ ၍ မုသားပြောကြလျက် (စစ်ပွဲတွင် မပါဝင်ဘဲ) ကျန်ရစ်နေခဲ့ကြသူတို့သည် အသင် (တမန်တော်) ထံ (စစ်ချီ ကင်းလွတ်ခွင့်တောင်းခံရန်) ရောက်လာခဲ့ကြ၏။ သူတို့အနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်သူတို့ကို မကြာမီပင် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ပေး၍ အရေးယူလိမ့်မည်။

[91] အားနွဲ့သူများနှင့်မသန်စွမ်းသူများ၊ နာမကျန်းသူများနှင့် (စစ်သုံးစရိတ်) မတတ်စွမ်း၊ မရှာမဖွေနိုင်၍ (စစ်ချီ ခရီးစဉ်၌ အစားအသောက်နှင့်အခြားလိုအပ်ချက်များအတွက်) မသုံးစွဲ (မပေးကမ်း) နိုင်သူများသည် အကယ်၍ (သူတို့တတ်စွမ်းနိုင်လျှင်) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် (တို့၏အမိန့်ညွှန်ကြားချက်နှင့်အညီ ကျင့်သုံးရန်) အတွက် စိတ်ရင်းစေတနာဖြူစင်ကြလျှင် (သူတို့စစ်ရေး၌ မပါဝင်နိုင်ခြင်းနှင့်စပ်လျဉ်း၍) ပြစ်တင်ဝေဖန်စရာ အကြောင်းမရှိပေ။ မုဟ်စဲန် (ခေါ် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို သိနားလည်၍ အကြောင်းကိစ္စရပ်တိုင်းအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) တို့အပေါ်၌လည်း မည်သည့်နည်းနှင့်မျှ ပြစ်တင်ဝေဖန်စရာအကြောင်း မရှိပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏ စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ထိုစည်းမျဉ်းတော်များကို မတော်တဆ ချိုးဖောက်ကျူးလွန်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[92] (စစ်ချီထွက်ရာတွင် စီးနင်းလိုက်ပါလာရန်အလို့ငှာ) အသင် (တမန်တော်) ထံတွင် အစီအနင်းထောက်ပံ့ရန် အသနားခံပန်ကြားစဉ် အသင်က “သင်တို့အတွက် စီးနင်းလိုက်ပါစရာ အစီးအနင်းရှာမတွေ့ပါ။” ဟု ဖြေဆိုသောကြောင့် သူတို့၏မျက်စိများ၌ အစီးအနင်းနှင့်ခရီးစဉ်၍ ပေးကမ်းသုံးစွဲစရာ ရှာမတွေ့သည့်အတွက် ဝမ်းနည်းပူ ဆွေးမှုကို ထင်ရှားပေါ်လွင်စေသည့် မျက်ရည်များ စီးဖြာလျက် (ဝမ်းနည်းကြေကွဲစွာဖြင့်) အိမ်ပြန်ခဲ့ကြရသူ တို့အပေါ်တွင်လည်း အပြစ်မထိုက်ပေ။

[93] ပြည့်စုံကြွယ်သူများဖြစ် (ပြီး စစ်ရေး၌ ပါဝင်နိုင်ရန် အခွင့်အလန်းများရှိ) သော်လည်း အသင် (တမန်တော်) ထံ၌ (စစ်ချီမထွက်ရပါစေနှင့်ဟု) ကင်းလွတ်ခွင့်တောင်းခံကြသူတို့ကိုသာလျှင် ပြစ်တင်ဝေဖန်ဖွယ်ရာ နည်းလမ်း ရှိ၏။ သူတို့သည် (အိမ်ထဲ၌ နေထိုင်ကြရသူများကဲ့သို့) နောက်တွင် ကျန်ရစ်ကြသူတို့နှင့်အတူ ငုတ်တုတ်ထိုင်နေ ခြင်းအား သဘောကျနှစ်သက်ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် (စစ်ရေး ပါကြောင်းကို နားလည်သိမြင်နိုင်စွမ်း မရှိစေရန်) တံဆိပ်ခတ်နှိပ်တော်မူခဲ့ရာ သူတို့သည် (ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးအတွက် စစ်ရေးမရှိမဖြစ် လိုအပ်ကြောင်းကို) သိမြင်နားလည်ခြင်း မရှိကြပေ။

[94] သူတို့သည် သင်တို့ (စစ်ဆင်ရေးခရီးစဉ်မှ) ပြန်လာကြလျှင် သင်တို့ထံ (စစ်ပွဲမပါဝင်နိုင်ခဲ့ကြောင်းဆိုင်ရာ အကြောင်းပြချက်အမျိုးမျိုး ကြံစည်ဖန်တီး၍) ဆင်ခြေများတင်ပြရန် ရောက်လာကြလိမ့်မည်။ (သူတို့အား) “ဆင်ခြေ (အကြောင်းပြချက်) များ မပေးကြလေနှင့်။ ကျွန်ုပ်တို့သည် သင်တို့ကို အလျှင်း ယုံကြည်ကြမည်မဟုတ်။ (အကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် သတင်းအချက်အ လက်များကို ကျွန်ုပ်တို့ထံ သတင်းပေးသိစေတော်မူခဲ့၏။” (ဟု ပြောလော့။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အရှင့်ရစူလ်တမန်တော်တို့၏ပြုမူဆောင်ရွက်ချက်များကို မုချပင် စောင့်ကြည့်တော် မူလိမ့်မည်။ ထို့ နောက် သင်တို့အား “မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်လူသားတို့၏ ပြုမူဆောင် ရွက်ချက်အလုံးစုံအတွက် မျက်မြင် သက်သေဖြစ်တော်မူသောအရှင်မြတ်၏ထံတော်သို့ ပြန်လည်ရောက် ရှိစေ တော်မူပြီး သင်တို့လောကီဘဝ၌ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို (သင်တို့အား) ထုတ်ဖော်မိန့်ကြားတော်မူ၍ သိစေတော်မူလိမ့်မည်။” ဟု ဟောကြားလော့။

[95] အသင်တို့ (တမန်တော်မြတ်၊ သာဝကကြီးများနှင့်မွတ်စလင်စစ်တပ်) သည် (တဗူးခ်စစ်ဆင်ရေးခရီးစဉ်မှ) သူတို့ (အယောင်ဆောင်သီလကြောင်များ) ထံသို့ ပြန်လာကြသောအခါ သူတို့အား (တာဝန်ပျက် ကွက်ခြင်းအတွက် အရေးမယူ၊ ဗွေမယူဘဲ ကင်းလွတ်ခွင့်ပေးလျက်) လျစ်လျူရှုထားရန် (ဆင်ခြေအမျိုးမျိုးဖြင့်) အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြလိမ့်မည်။ သူတို့အား မသိကျိုးကျွံပြုလျက် ဥပေက္ခာပြုထားကြလော့။ ဧကန်ပင်၊ သူတို့သည် ရွံစရာကောင်းသော ညစ်ညမ်းသူများပင် ဖြစ်ကြ၏။ ထို့ပြင် သူတို့၏ပန်းတိုင်နှင့်နောက် ဆုံးခိုလှုံရာ စခန်းမှာလည်း သူတို့ပြုမူကျင့်ကြံ၍ ရှာဖွေဆည်းပူးခဲ့သမျှ၏အကျိုးဆက်အဖြစ် ငရဲဘုံသာ ဖြစ်လိမ့်မည်။

[96] သူတို့သည် (တာဝန်ပျက်ကွက်ခဲ့မှုကို အရေးမယူဘဲ ချန်လှပ်ထားစေလိုသဖြင့်) သင်တို့အား ကျေနပ်နှစ်သိမ့် စေရန်အတွက်သာ (ဆင်ခြေများပေး၍) ကျိန်ဆိုပြောကြမည်။ အကယ်၍ သင်တို့သည် (သူတို့၏ဆင်ခြေများ) ကို သဘောထားကြီးစွာထား၍ လက်ခံလျက်) ကျေနပ်နိုင်လျှင်ပင် အရှင့်အမိန့်ပညတ်များအား အာခံဖီဆန်ကြသော လူမျိုးဖြစ်သောကြောင့် ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလျှင်း သဘောကျနှစ်သက်တော်မူမည် မဟုတ်ချေ။

[97] သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စု (၏သဘောသဘာဝမှာ မြို့နေလူထက်ပို၍ ခေါင်းမာသည့် အသွင်ဆောင်သဖြင့် သူတို့) သည် မယုံကြည်သွေဖည်ငြင်းဆန်မှုနှင့်သီလကြောင်မှုတို့တွင် ပိုမို၍ အားသန်နေကြပြီး အလ္လာဟ်အရှင်မြတ်က အရှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် စည်းမျဉ်း ဥပဒေဘောင်များကို မသိနားမလည်စရာ အကြောင်းပိုရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ် (လူသားတို့၏ယဉ် ကျေးမှုဓလေ့ထုံးစံအလုံးစုံကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်ဖြစ်တော်မူ၏။

[98] သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) သင်တို့၌ (ကံဆိုးမိုးမှောင် ကျစေသည့် အတိဒုက္ခ) အလှည့်ရောက်စေရန် ရည်စူးမျှော်ကိုးလျက် (သင်တို့ကို ဆန့်ကျင်တိုက်ရာတွင် သုံးစွဲသည့် အသက်၊ စည်းစိမ်စသော) သုံးစွဲပေးကမ်းလှူဒါန်းသမျှကို (အရှင့်ထံ) ဒဏ်ဆောင်ခြင်းအဖြစ် မှတ်ယူကြ လေ၏။ သို့သော် ထိုကံဆိုးမိုးမှောင်ကျစေသည့် အတိဒုက္ခ) အလှည့်သည် သူတို့အပေါ်၌သာ (ဆိုက်ရောက်မည်ကို သူတို့မသိကြချေ)။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏ဆုတောင်းပန်ကြားမှုအလုံးစုံကို) အကြွင်းမဲ့ ကြားနေသောအရှင်၊ အရာခပ်သိမ်းတို့၏သဘော သဘာဝကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[99] ထို့ပြင် သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ဖြူစင်စွာ ယုံကြည်ကြပြီး (အလှူဒါန၊ ဆင်းရဲသားများအတွက် လူမှုဖူလှုံကြေး၊ စစ်ရေးအသုံးစရိတ်စသော အရှင့်လမ်းစဉ်၌ စွန့်လှူ) ပေးကမ်းသုံးစွဲသမျှကို အလ္လာဟ်အရှင်မြတ်ထံတော်၌ အရှင့်နီးစပ် မှုနှင့်ရစူလ်တမန်တော်၏ဆုတောင်းမေတ္တာတို့ကို ရယူနိုင်သော အခွင့်အလန်းအဖြစ် မှတ်ယူကြသည်။ နှလုံးသွင်း ကြလော့။ ဧကန်ပင်၊ ထို (အရှင့်လမ်းစဉ်၌မျှဝေသုံးစွဲသော) အရာများသည် သူတို့အတွက် အရှင့်နီးစပ်မှုရ ယူနိုင်သော နည်းလမ်းပင်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် သူတို့အား မကြာမီ အရှင့်ကရုဏာတော်ထဲ၌ ဝင်ခွင့်ပေးတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေ အောင်) စည်းမျဉ်းဥပဒေများကို ချမှတ်ပေးအပ်တော်မူ၍ ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့ကိုလည်း) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[100] အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်) နေရပ်စွန့်၍ ရွှေ့ပြောင်းနေထိုင်ကြသော (မုဟာဂျီရီန်) သာဝကကြီးများနှင့် (အဆိုပါရွှေ့ပြောင်းနေထိုင်သူတို့၏လိုအပ်ချက်များအတွက် စွန့်လှူထောက်ပံ့ကြသော) ကူညီသူ (အန်ဆွာရ်သာဝကကြီး) များအနက်မှ (အစ္စလာမ့်အရေးနှင့်ကောင်းမှုကုသိုလ် ပြုရေးတို့တွင် သူ့ထက်ငါသာအောင်) ဦးဦးဖျားဖျားပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် သူတို့နောက်လိုက်၍ ကိစ္စရပ် ဟူသမျှအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ဆောင်ရွက်ကြသူများအား (သူတို့၏ပြုမူကျင့်ကြံမှုနှင့်အတူ) အားရကျေနပ်တော်မူပြီး သူတို့ကလည်း အရှင်မြတ် (၏အမိန့်ပညတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာရခြင်း) အား သဘောကျမြတ်နိုးကြ၏။ သို့ဖြစ်ရာ သူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်ထဲ၌ အစဉ်ထာဝရကာလအကန့်အသတ်ဖြင့် နေထိုင်စံ မြန်းခွင့်ကိုပါ အသင့်ပြင်ဆင် စီစဉ်ထားတော်မူ၏။ ထိုသို့သော ချီးမြင့်မှုသည် အကြီးမြတ်ဆုံးသော အောင်ပွဲခံမှုပင် ဖြစ်၏။

[101] (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့်သင်တို့အနီးပတ်ဝန်းကျင်ရှိ သဲကန္တာရထဲတွင် လှည့်လည်သွားလာနေထိုင်ကြသော မျိုးနွယ်စုများအနက်မှလည်း (အချို့သည်) အယောင်ဆောင်သီလကြောင်များဖြစ်ကြ၏။ သူတို့ သည် (ဟန်ဆောင်ယုံကြည်မှုနှင့်) သီလကြောင်မှု၌ (ခေါင်းမာမာဖြင့်) ဇွတ်မှိတ်၍ စွဲမြဲစွာ ရပ်တည်နေကြ ကြောင်းကို သူတို့နှင့်ပတ်သက်၍ အသင်တမန်တော်အား အရှင်မြတ်က အသိပေးတော်မမူခဲ့လျှင်) သိနိုင်မည် မဟုတ်ပေ။ ငါအရှင်မြတ်သည် သူတို့ (နှင့်ပတ်သက်သော အသေးစိတ်) ကို အကြွင်းမဲ့ သိနေတော်မူ၏။ မကြာမီ သူတို့ကို ပြစ်ဒဏ်နှစ်ကြိမ်ပေးတော်မူမည်။ ထို့နောက် ကာလအကန့်အသတ်မဲ့ ခံစားရမည့်ကြီးလေးလှသော ပြစ်ဒဏ်ဘက်သို့ လှည့်ပြန်စေတော်မူလိမ့်မည်။

[102] ထို့ပြင် (သူတို့အနက်မှ) အခြားသော အုပ်စုတစ်စုမှာ ဖြောင့်မတ်မှန်ကန်သော သုစရိုက်ပြုမူကျင့်ကြံမှု တစ်ခုကို အခြားမကောင်းသော ဒုစရိုက်အကုသိုလ်တစ်ခုဖြင့် ရောနှောလုပ်ဆောင်ကြပြီး သူတို့၏ဒုစရိုက် ကျူး လွန်မှုများနှင့်ပတ်သက်၍ အမှန်အတိုင်းဝန်ခံ (လျက် ဝန်ချတောင်းပန်ကြသော) သူများပင် ဖြစ်ကြ၏။ အလ္လာဟ် အရှင်မြတ်သည် (သူတို့၏ဝန်ချတောင်းပန်မှုများကို လက်ခံတော်မူလျက်) သူတို့ဘက်သို့ အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူနိုင်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကိုမတော် တဆ ကျူးလွန်ဖေါက်ဖျက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[103] (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများအနက်မှ (အရှင်မြတ်ပြဋ္ဌာန်းထားတော်မူသော လူမှုဖူလုံကြေး၊ အခွန်များနှင့်စေတနာအလျောက်စွန့်လှူပေးကမ်းသော) အလှူဒါနများကို ယင်း (အလှူဒါနများ) ဖြင့် သူတို့အား (နာမ်ရေးရာအတွေးအခေါ်) သန့်ရှင်းစေရန်နှင့် (ကောင်းမှုကုသိုလ်တိုးပွားလာစေမည့် စိတ်ရင်းစေတနာ) ဖြူစင်စေရန်အလို့ငှာ လက်ခံရယူလော့။ ထိုမျှမက သူတို့အပေါ် ဆုတောင်းမေတ္တာပို့လော့။ မုချဧကန်၊ အသင် (တမန်တော်) ၏ဆုတောင်းမေတ္တာသည် သူတို့အတွက် စိတ်နှလုံးတည်ငြိမ်အေးမြမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏ဆုတောင်းမှုအလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းအကြောင်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[104] အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) များအနက်မှ (နောင်တကြီးစွာရ၍ ဝန်ချတောင်းပန် လျက် အရှင့်ဘက်သို့) ပြန်လှည့်ခြင်းကို ဧကန်ပင်၊ သဘောတူလက်ခံတော်မူသောအရှင်၊ (အရှင်မြတ်ပြဋ္ဌာန်းထားတော်မူသော လူမှုဖူလှုံရေးကြေး၊ အခွန်အခနှင့်စေတနာအလျှောက် ပေးကမ်းစွန့်လှူကြသော) အလှူဒါနများကို လက်ခံရယူတော်မူသော အရှင်မြတ် ဖြစ်ကြောင်းကို သူတို့ မသိကြလေသလော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ် သည် နောင်တဖြင့် ဝန်ချတောင်းပန်လျက် အရှင့်ဘက်လှည့်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[105] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်ပတ်သက်၍ ထုတ်ဖော်ဖွင့်ချတော်မူ (ပြီး တရားစီရင်တော်မူ) ရန် သင်တို့အား မကြာမီ (လူသားတို့၏အာရုံခံစားမှု ပြင်ပတွင်ရှိသော) မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်အာရုံခံစားမှုနယ်ပယ်အလုံးစုံအတွက် မျက်မြင်သက်သေဖြစ်တော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်သို့ ခေါ်ယူခြင်းခံရမည်ဖြစ်ပြီး သင်တို့၏ပြုမူကျင့်ကြံမှုများကို အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်နှင့်ယုံကြည်သူတို့က မကြာမီ သိမြင်ကြလိမ့်မည် ဖြစ်ကြောင်း (ကို နှလုံး သွင်းလျက်) ပြုမူကျင့်ကြံကြလော့။” ဟု ဟောကြားလော့။

[106] (ထို့ပြင် လူသားတို့အနက်မှ) သူတို့အား ပြစ်ဒဏ်ပေးတော်မူမည် သို့မဟုတ် (သူတို့၏ဝန်ချတောင်းပန်မှုကို လက်ခံတော်မူပြီး) ကရုဏာတော်ဖြင့် သူတို့ဘက်သို့ လှည့်တော်မူလိမ့်မည်။ (ဟု ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ) အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (စီရင်ချက်) အတွက် (သူတို့၏အရေးကိစ္စများကို) ရွှေ့ဆိုင်းကြရသော အခြား သူများလည်း ရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည်သာလျှင် (လူသားတို့၏အရေးကိစ္စဟူသမျှကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[107] (အယောင်ဆောင်သီလကြောင်တို့အနက်မှ အချို့သည်) ယုံကြည်သူများ အချင်းချင်းကြားတွင် သဘောထားကွဲ၍ ဂိုဏ်းဂနခွဲစေပြီး မယုံကြည်သွေဖည်ငြင်းဆန်စေလျက် (ယုံကြည်သူတို့၏စုစည်းမှုအင်အားကို) ထိခိုက်နစ်နာစေရန်နှင့်ယခင်က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို ဆန့်ကျင်၍ စစ်တိုက်ခဲ့ကြသော သူတို့အတွက် ပူးပေါင်းကြံစည်ရာ အခြေစိုက်စခန်းတစ်ခု ဖြစ်ပေါ်စေရန်အလို့ငှာ ဗလီဝတ်ကျောင်းအသစ်တစ်ခု ဆောက်လုပ်ပြီး (ထိုဗလီကို ဆောက်ခြင်းဖြင့်) ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုလုပ်ရန်သာ ရည်ရွယ်ပါ ကြောင်း ကျိန်ဆိုပြောကြလိမ့်မည်။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် သူတို့က လိမ်လည်လှည့်စားနေသော မုသားဝါဒီစစ်စစ်များ ဖြစ်ကြောင်းကို သက်သေခံတော်မူ၏။

[108] (အစ္စလာမ့်) ရှေးဦးကာလ၌ သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာခြင်းအ) ပေါ် အခြေခံ၍ အုတ်မြစ်ချခဲ့သော ဗလီကျောင်းတော်သည်သာ ယင်းထဲ၌ ဆွလာသ်ဝတ်ပြုဆောက်တည်မှုအတွက် ရပ်တည်ရန် တာဝန်အရှိဆုံးနှင့်အမှန်ကန်အထိုက်တန်ဆုံးဖြစ်ရုံသာမက ယင်းထဲတွင် လာရောက်ဝတ်ပြုကြသော ပုဂ္ဂိုလ်များသည်လည်း (နာမ်ရေးရာနှင့်ကိုယ်ကျင့်တရားအရ) သန့်ရှင်းစင်ကြယ်ကြ ရန် နှစ်သက်မြတ်နိုးကြသောကြောင့် ယင်းနှင့်ဆန့်ကျင်ဆောက်ထားသော ဗလီ၌ မည်သည့်အခါမျှ ဝတ်ပြုရန် မရပ်တည်ကြလေနှင့်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (နာမ်ရေးရာနှင့်ကိုယ်ကျင့်တရားတို့တွင်) သန့်ရှင်းစင်ကြယ်ကြသူများကိုသာ နှစ်သက်တော်မူ၏။

[109] သူ၏အဆောက်အအုံကို အလ္လာဟ်အရှင်မြတ်ထံတော်မှဖြစ်သော သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းအ) ပေါ် အခြေခံ၍ အရှင်မြတ်၏ကျေ နပ်နှစ်မြို့မှုကို ရယူကာ အုတ်မြစ်ချဆောက်လုပ်သူနှင့်ငရဲဘုံ၏မီးထဲသို့ သူနှင့်အတူ ပြိုကျပျက်စီးစေမည့်သူ၏အဆောက်အအုံ ကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးတစ်ခု၏ အစွန်းအဖျားပေါ်တွင်အုတ်မြစ်ချ ဆောက်လုပ်သူတို့အနက် မည်သူက အကောင်းမြတ်ဆုံးဖြစ်မည်နည်း။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသော လူမျိုးအား တရားလမ်းမှန် ညွှန်ပြတော် မမူချေ။

[110] (သီလကြောင်တို့၏အုပ်ချုပ်ရေးစနစ်၊ လူနေမှုစနစ်၊ အစီအမံစသော) သူတို့၏အဆောက်အအုံများကို သူတို့၏စိတ်နှလုံးများထဲတွင် (အကြောင်းတရားနှင့်အကျိုးတရားဆိုင်ရာကြောက်စိတ်၊ ပူပင်သောကစသော) သံသယများထားရှိလျက် တည်ဆောက်ထားသောကြောင့် သူတို့၏စိတ်နှလုံးသားများသည် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲကြေမွခြင်းဖြင့် (သေဆုံးသွားခြင်း) မှလွဲ၍ ရပ်စဲသွားစရာ အကြောင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝတည်ဆောက်မှုစနစ်အားလုံး၏ကောင်းကျိုးဆိုးကျိုးကို) အကြွင်းမဲ့ သိနေတော်မူသောအရှင် (စီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[111] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့အတွက် သုခဥယျာဉ်ထားရှိတော်မူသောကြောင့် သူတို့ ထံမှ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အ ရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများကို မုချ ဝယ်ယူတော်မူခဲ့ပြီ။ သူတို့သည် (လူသားတို့အား အရှင်မြတ်ပေးအပ်တော်မူသော အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် (စစ်မြေပြင်တွင်ရန်သူကို) သတ်ခွင့်ရှိပြီး သူတို့လည်း အသတ်ခံကြရ၏။ သို့ဖြစ်ရာ (တရားမျှတမှုနှင့်အမှန်တရားတည်တံ့ရေးအတွက် ဆင်နွှဲရသော စစ်ပွဲနှင့်စပ်လျဉ်း၍) တောင်ရတ်ကျမ်း၊ အီန်ဂျီလ်ကျမ်းနှင့်ကျမ်းမြတ်ကုရ်အာန်တို့တွင် အရှင်မြတ်ကိုယ်တိုင် တရားဝင် တာဝန်ခံစေတော်မူကြောင်း အမှန်ပင် ကတိပြုထားတော်မူ၏။ မည်သူက သူ့ကတိခံဝန်ချက် နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထက်သာ၍ သစ္စာရှိရှိ ဖြည့်ဆည်းနိုင်မည်နည်း။ သို့ဖြစ်ပေရာ (အို၊ ယုံကြည် သူတို့) အရှင်မြတ်အား နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပိုင်ဆိုင်မှုများပေးအပ်၍ (အရှင့်ထံတော်မှ သုခဥယျာဉ်ရရှိလိုသော) သင်တို့၏အပေးအယူသည် သင်တို့နှင့်အရှင်မြတ်ကြားသဘောတူချုပ်ဆိုသော အပေး အယူကတိဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို မက်မောစွာခံယူထားကြလော့။ (ထိုသတင်းကောင်းအား ကြိုဆိုလက်ခံထားသူ) သည်ပင် အလွန်ကြီးကျယ်မြင့်မြတ်သော အောင်ပွဲခံသူဖြစ်၏။

[112] (မှားယွင်းသော လမ်းစဉ်များကို ကျောခိုင်း၍ နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ပြီး အရှင့်လမ်းစဉ်တော်ဘက်သို့) ဦးလှည့်သူများ၊ (အရှင့်စည်းမျဉ်းတော်များကို တစ်သဝေမတိမ်းလိုက်နာလျက်) နာခံဝတ်ပြုသူများ၊ (စကြဝဠာအတွင်းရှိ အရှင့်နိယာမတရားများနှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများကို စူးစမ်းလေ့လာ၍ အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို) ချီးမွမ်းထောပနာပြုကြသူများ၊ (အရှင့်အမိန့်ပညတ် ချက်များကို လေ့လာဆည်းပူးရန်နှင့်လူသားတို့ထံသို့ အရောက်ပို့ဆောင်ပေးရန် ရည်ရွယ်လျက် အရှင့်ကျေနပ်နှစ် မြို့မှုအတွက်) ခရီးသွားကြသူများ၊ (အရှင့်အမိန့်ပညတ်ချက်များ၏ရှေ့မှောက်တွင် ရိုကျိုးစွာဖြင့်) ဦးညွတ်ကြ သူများ၊ (အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကိုယ်စိတ်နှလုံးကို အပ်နှံလျက် နာခံမှုအပြည့်ဖြင့်) ဦးချသူများ၊ (လူတို့အား တရားတော်နှင့်အညီ တရားမျှတမှု၊ အမှန်တရားနှင့်) ကောင်းမှုကုသိုလ်များပြုလုပ်ရန် အမိန့်ပေးနှိုးဆော်တိုက်တွန်းကြသူများနှင့် (တရားတော်နှင့်ဆန့်ကျင်သော ဖီဆန်မှု၊ မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု လိမ်လည်လှည့်စားမှုစသော) မကောင်းမှု အကုသိုလ်များမှ တားဆီးပိတ်ပင်သူများ၊ အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင် ကန့်သတ်ချက်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သူများစသည့် ပုဂ္ဂိုလ်တို့အား ယုံကြည်သူများဖြစ်ကြောင်း သတင်းကောင်းပါးလော့။

[113] အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြောင်း သူတို့ (သိနားလည်စေရန်) အတွက် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များနှင့် ရှင်းလင်းချက်များတင်ပြစေတော်မူပြီးနောက် ဆွေမျိုးနီးစပ်သူများဖြစ်နေကြသော်လည်း သူတို့၏လွတ်ငြိမ်းခွင့် အတွက် အသနားခံပန်ကြားရန် နဗီတမန်တော်နှင့်လည်းကောင်း၊ ယုံကြည်သူတို့နှင့်လည်းကောင်း၊ မထိုက်တန် မအပ်စပ်ပေ။

[114] ထို့ပြင် တမန်တော်အီဗ်ရာဟီမ်သည် သူ့ဖခမည်းတော်အတွက် အရှင့်ထံ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားခဲ့ခြင်းသည် သူ့ခမည်းတော်အား ပေးထားပြီးဖြစ်သော ကတိကြောင့်သာဖြစ်ပြီး ဖခမည်းတော်မှလွဲ၍ (အခြားမည် သည့်ရုပ်တုကိုးကွယ်သူအတွက်မျှ) လွတ်ငြိမ်းခွင့်ပန်ကြားရန် မထိုက်တန် မအပ်စပ်ပေ။ သို့ဖြစ်ပေရာ (ဖခမည်း တော်နှင့်စပ်လျဉ်း၍ အရှင့်ထံတော်မှ) “ဧကန်ပင်၊ သူသည် အလ္လာဟ်အရှင်မြတ်၏ရန်သူ ဖြစ်၏။” ဟု မြင်သာထင် ရှားသော ရှင်းလင်းချက်ထုတ်ပြန်တော်မူသည့်အခါ တမန်တော်အီဗ်ရာဟီမ်သည် သူ့ထံမှ ခွဲခွာ၍ သူနှင့်အဆက် ဖြတ်ခဲ့၏။ မုချဧကန်၊ တမန်တော်အီဗ်ရာဟီမ်သည် အလွန်သနားကြင်နာတတ်သူ၊ အလွန်ပင် သက်ညှာခွင့်လွှတ်သူ ဖြစ်၏။

[115] အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးအား လမ်းညွှန်တော်မူသည့်အခါ မည်သည့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံဖြင့် လိုက်နာကျင့်သုံးရမည်ဟူသည်ကိုလည်း သူတို့အတွက် မြင်သာထင် ရှားသော သက်သေလက္ခဏာတော်များဖြင့် ရှင်းလင်းထင်ရှားလာသည်အထိ ညွှန်ပြတော်မူသည်ဖြစ်ရာ (ထိုသို့ လမ်းညွှန်တော် မူပြီးနောက်) ထိုလူမျိုးအား လမ်းမှားရောက်စေတော်မူရန်မှာ အရှင့်လမ်းစဉ်တော်နှင့်မအပ်စပ်ပေ။

[116] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ (အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်သခင်ကြောင့် ယင်းတို့) ၏အချုပ်အခြာကိုလည်း အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်သည် (သက်ရှိအားလုံး၌) အသက်ရှိစေတော်မူပြီး (သတ်မှတ်ထားသော သက်တမ်းစေ့၍ တာဝန်မှ အနားပေးရန်) သေစေတော်မူ၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင်တို့အတွက် ကာကွယ်စောင့်ရှောက်တော်မူသောအရှင်နှင့် (အရေးကိစ္စဟူသမျှကို ဖြေရှင်းရာတွင် ယုံကြည်စိတ်ချရသော လမ်းညွှန်ပေး၍) ကူညီ စောင်မတော်မူသောအရှင်ဟူ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။

[117] မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်အား ကျပ်တည်းခက်ခဲသော အချိန်ကာလ၌ပင် တစ်သဝေမတိမ်းလိုက်နာခဲ့ကြသော နေရပ်စွန့်ခွာ၍ ရွှေ့ပြောင်းနေထိုင်သူ (မူဟာဂျီရီန်) များနှင့်နေရပ်စွန့်၍ ရွှေ့ပြောင်းလာသူတို့အား အစစအရာရာ ထောက်ပံ့ခဲ့သော ကူညီသူ (အာန်ဆွာရ်)များအပေါ်တွင် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူခဲ့ပြီ။ ထို့နောက် သူတို့အနက်မှ အုပ်စု၏စိတ်နှလုံးများ တိမ်းစောင်း လုဆဲဆဲဖြစ်သည့် အချိန်ကာလတွင်လည်း ထိုအရှင်က သူတို့အပေါ် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူခဲ့၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ထိုသူ (မူဟာဂျီရီန်နှင့်အာန်ဆွာရ်) တို့နှင့်ပတ်သက်၍ အလွန်သနားကြင်နာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[118] (တဗူးဒ်စစ်ဆင်ရေးတွင် မပါဝင်ဘဲ နောက်ကျ) ကျန်ရစ်ခဲ့သူ (သာဝကကြီး) သုံးဦးတို့၏အရေးကိစ္စကို အရှင့်အမိန့်တော်ကျရောက်လာသည့်အချိန်အထိ ရွှေ့ဆိုင်းခြင်းခံရသောအခါ ကျယ်ပြောလှသော ကမ္ဘာဂြိုဟ်သည် သူတို့အတွက် ကျပ်တည်းလာပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များလည်း သူတို့အပေါ် ချုံးချုံးကျ စေရုံသာမက အလ္လာဟ်အရှင်မြတ်ထံတော်မှအပ (အခြားမည်သည့်နေရာ၌မျှ) ခိုလှုံစရာဟူ၍ အလျှင်း မရှိကြောင်းကိုလည်း အသေအချာယုံကြည်သိမြင်နားလည်လာလျက် အရှင်မြတ်ဘက်သို့သာဦးတည်(၍ မျှော်လင့် ချက်ကြီးစွာဖြင့် အားကိုး) နေခဲ့ကြ၏။ ထို့နောက် သူတို့အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့ အပြည့်အဝ ပြန်လှည့်လာနိုင်ကြရန်အလို့ငှာ အရှင်မြတ်သည် သူတို့အပေါ်၌ အရှင့်ကရုဏာတော်ဖြင့် (ခွင့်လွှတ်တော်မူရန်) လှည့် တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင့်ဘက် သို့ လှည့်သူတို့အပေါ်) ကရုဏာတော်ဖြင့် လှည့်တော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူ သောအကြင်နာရှင် ဖြစ်တော်မူ၏။

[119] အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (အရှင်မြတ်အားပေးထားသော ကတိခံဝန်ချက်နှင့်အညီ သစ္စာရှိရှိ ဖြောင့်မတ်မှန်ကန်ပြုမူကျင့်ကြံကြသော) သစ္စာဝါဒီတို့နှင့်အတူရှိကြလော့။

[120] (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့် သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော (မျိုးနွယ်စုများအနက်မှ မြို့၏အနီးတဝိုက်ပတ်ဝန်းကျင်၌ နေထိုင်ကြ) သူများသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်က (ချမှတ်ပေးသော လမ်းစဉ်ကို မလိုက်နာဘဲ) နောက်ကွယ်၌ ကျန်ရစ်ရန် မလုပ်သင့် မပြုထိုက်သည့်အပြင် (အရှင့်အမိန့်တော်များကို ကျိုးနွံစွာ တစ်သဝေမတိမ်း လိုက်နာနေသော) တမန်တော်၏နဖ်စ်ထက် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို ဦးစား မပေးသင့်ပေ။ ထိုသို့လမ်းညွှန်တော်မူရခြင်း၏အကြောင်းရင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ ရေဆာခြင်း၊ မောပန်းခြင်း၊ ဆာလောင်ငတ်မွတ်ခြင်း၊ မယုံကြည်သူ (ရန်သူမိစ္ဆာ) များအား ဒေါသဖြစ်စေသည့် ခြေလှမ်းတစ်ခုခုလှမ်းရခြင်း၊ ရန်သူကို အနာတရ (ဒဏ်ရာဒဏ်ချက်) တစ်ခုခုရစေခြင်း (စသော ရင်ဆိုင်ကြုံတွေ့သမျှ၏) ဆိုးကျိုးကောင်းကျိုးကိုသာလျှင် သက်သက်မဲ့ ခံစားကြရ သည်မဟုတ်ဘဲ ယင်းခံစားမှုတစ်ခုစီနှင့်ပတ်သက်၍ သူတို့အတွက် ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်တစ်ခုစီကို မှတ်တမ်းတင်ခြင်းခံရမည်သာဖြစ်သောကြောင့်တည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ် ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့၏အကျိုးဆုလဒ်ကို အလျှင်း အချည်းနှီး ဖြစ်စေတော် မမူချေ။

[121] သူတို့၏စွန့်လှူပေးကမ်းလှူဒါန်းသမျှသည် ပမာဏအားဖြင့် အကြီးအငယ်၊ အနည်းအများ မည်သို့ပင် ရှိသည်ဖြစ်စေ၊ (အရှင့်လမ်းစဉ်တော်၌ သူတို့သွားရသည့် ခရီးစဉ်များ အနီးအဝေး သို့မဟုတ်) တောင်ကြားတစ်ခုကို ဖြတ်ကျော်ကြရသည်ဖြစ်စေ (မည်သည့်ပြုမူလုပ်ဆောင်ချက်ကိုမျှ အလဟဿအချည်းနှီးဖြစ်စေတော်မမူဘဲ) သူတို့အတွက် ပြုမူဆောင်ရွက်ချက်ဟူသမျှ၏အကျိုးဆုလဒ်ကို မှတ်တမ်းတင်စေတော်မူရန်သာရှိပြီး အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံသမျှအတွက် အကောင်းမြတ်ဆုံးဆုလဒ် ချီးမြှင့်တော်မူမည်။

[122] ထို့ပြင် ယုံကြည်သူအားလုံးအတူတကွ (စစ်ပွဲ၌ ပါဝင်ရန်မြို့ရွာများမှ) မထွက်သွားအပ်ချေ။ (လူ့ဘောင်အဖွဲ့ အစည်းတည်တံ့ရေးအတွက် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးအားလုံး အရေးပါသည့်အလျှောက် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးရေးအတွက် လူတန်းစားအလွှာစုံ လိုအပ်၏။) သို့ဖြစ်ရာ၊ သူတို့အနက်မှ အုပ်စု (အလွှာ) တိုင်းက အဘယ်ကြောင့် ရှေ့တန်း မသွားအပ်သနည်း။ (အဘယ်ကြောင့်ဆိုသော်) အဖွဲ့အစည်းတစ်ခုသည် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စူးစမ်းလေ့လာပြီး ဂဃနဏ သိနားလည်မှု ရှာမှီးရန် သူတို့၏လူမျိုးအား သတိပေးနှိုးဆော်တိုက်တွန်းရန်နှင့် (ရှေ့တန်းရောက်သည့် အုပ်စုက) သူတို့ထံ ပြန်လည်ရောက်ရှိလာသည့်အခါ (မှားယွင်းသော သဘောထားများကို) ဂရုတစိုက် သတိပြုစေရန် (ရှိသင့်သောကြောင့်ပင် ဖြစ်၏။)

[123] အို၊ ယုံကြည်သူအပေါင်းတို့၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ (သင်တို့ထဲ၌လည်း ပြတ်သားခက်ထန်မှုရှိကြောင်းကို သူတို့တွေ့မြင်နိုင်ရန်အလို့ငှာ) သင်တို့အနီးပတ်ဝန်းကျင်၌ နေထိုင်ကြ (ပြီး သင်တို့အား အနီးကပ် လတ်တလော အန္တရာယ်ပြုနေသော) သူများကို တော်လှန်တိုက်ခိုက်ကြလော့။ ထို့ပြင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့နှင့်အတူ ရှိတော်မူကြောင်းကိုလည်း နှလုံးသွင်း သိမှတ်ကြလော့။

[124] (ကျမ်းတော်မြတ်ကုရ်အာန်၏) စူရဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်း ခံရသည့်အခါတိုင်း (အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့အနက်မှ အချို့သည် “သင်တို့အနက်မှ မည်သူ၌ ဤကဏ္ဍကြောင့် ယုံကြည်မှုကို တိုးပွားခိုင်မြဲစေသနည်း။” ဟု ပြောဆိုမေးမြန်းကြ၏။ ယုံကြည်သူတို့၌မူကား ယင်းကြောင့် သူတို့၏ယုံကြည်မှုကို တိုးပွားခိုင်မြဲစေရုံမက (ယင်းကို) ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းအဖြစ် ယုံကြည်သောကြောင့်တည်း သူတို့ဝမ်းမြောက်ဝမ်းသာမဆုံးပင် ဖြစ်ကြ၏။ (ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြ၏။)

[125] သို့သော် (ကိုယ်ကျင့်တရားပျက်ပြားလျက် အမှန်တရားကို နားလည်နိုင်စွမ်းချုပ်ငြိမ်းပြီး နာမ်ရေးရာ အရင်းအမြစ်ခမ်းခြောက်ခြင်းဖြင့်) နှလုံးသားထဲ၌ ရောဂါစွဲကပ်နေသူတို့မှာမူကား ယင်းကြောင့်သူတို့၏ ဆုတ်ယုတ်သော ညစ်ညမ်းမှုပေါ် ညစ်ညမ်းမှုများ တိုးပွားလာပြီး မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များအဖြစ်နှင့်သာ ကွယ်လွန်သေဆုံးကြ၏။

[126] (သူတို့၏အတွင်းအဇ္ဈတ္တများကို နိုးကြားစေရုံမက နောင်တရ၍ အမှန်တရားဘက်သို့ တိမ်းညွတ်စေရန် ပြတ်သားသော အဖြစ်အပျက်များနှင့်အခြေအနေများကို ရင်ဆိုင်ကြုံတွေ့စေလျက်) သူတို့က တစ်နှစ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တိုင် စမ်းသပ်ခံကြရပြီးနောက်မှပင် နောင်တသံဝေဂရလျက် အမှန်တရားဘက်သို့ မလှည့်နိုင်ကြောင်းနှင့်သူတို့သည် (အဆိုပါ စမ်းသပ်ခံရမှုများ၏သတိပေးချက်ကို) အလေးမထား အမှတ်မရနိုင်ကြောင်းတို့ကို သူတို့မတွေးမြင် ကြလေသလော။

[127] (ကျမ်းတော်မြတ်ကုရ်အာန်၏) စူရဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသည့်အခါတိုင်း (ယင်းကို တမန်တော်မြတ်က ယုံကြည်သူတို့၏ရှေ့မှောက်တွင် ဖတ်ပြစဉ် မယုံကြည်သူတို့လည်း တိတ်တဆိတ် လာရောက်နားထောင်ကြပြီး) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငေးကြည့်လျက်“ သင်တို့အား တစ်ဦးတစ်ယောက်မြင်ပါသလော။” (ဟု မေးမြန်းကြပြီး) နောက် ရှောင်လွှဲသွားကြ၏။ သူတို့သည် (အမှန်တရားကို လက်ခံနိုင်ရန် မတွေးတော မဆင်ခြင်သဖြင့်) နားလည်နိုင်စွမ်းမရှိသော လူမျိုးဖြစ်သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများအား (အမှန်တရားမှ) လွဲချော်စေတော်မူခဲ့ပြီ။

[128] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုယ်စီရှိကြသော သင်တို့အနက်မှပင် သင်တို့ကြုံတွေ့ရသော ဘေးဒုက္ခဆိုင်ရာ) ခံစားမှုများအပေါ် အလွန်ပင် ဝမ်းနည်းကြေကွဲသော သင်တို့၏အရေးကိစ္စနှင့်ပတ်သက်၍ စိတ်မအေးသော၊ ယုံကြည်သူတို့နှင့်ပတ်သက်၍ စာနာထောက်ထားပြီး ကြင်နာတတ်သော ရစူလ်တမန်တော်တစ်ပါး သင်တို့ထံ မုချ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

[129] သို့ဖြစ်စေကာမူ၊ အကယ်၍ သူတို့က (အသင်တမန်တော်အား မလိုက်နာဘဲ ရှောင်ပြေး) လှည့်သွားကြလျှင် “အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကျွန်ုပ်အတွက် လုံလောက်၏။ ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်းမရှိ။ ကျွန်ုပ်သည် (အစစအရာရာအတွက်) အရှင့်အပေါ်သာ ယုံကြည်စိတ်ချစွာ ယုံပုံလွှဲအပ်ပါ၏။ ထိုအရှင်သည် (စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုး စေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ် မြင့်မြတ်သော ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောကြားလော့။

ယူနွတ်စ်

Surah 10

[1] အလိဖ်၊ လာမ်၊ ရာ။ ဤသည် ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံသော ကျမ်းတော်၏အာယာသ်သက်သေလက္ခဏာတော်များပင်ဖြစ်၏။

[2] ငါအရှင်မြတ်သည် “လူသားတို့အား (သူတို့ကျင့်သုံးနေသည့် လမ်းစဉ်များ၏အကျိုးဆက်မှာ ဆိုးဝါး ကြောင်းနှင့်အရှင့်လမ်းစဉ်တော်သာ အကောင်းဆုံး ဖြစ်ကြောင်းကို) သတိပေးနှိုးဆော်ရန်နှင့်ယုံကြည်သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (စိတ်စေတနာဖြူစင်သော ယုံကြည်မှု၊ သစ္စာရှိမှုနှင့်ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များ၏အကျိုးဆက်အဖြစ်) ဖြောင့် မတ်မှန်ကန်သောရပ်တည်ချက်နှင့်အညီ ဂုဏ်သိက္ခာရှိသော အဆင့်အတန်းများရှိကြောင်းကို သတင်းကောင်းပါး စေတော်မူရန်” သူတို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးထံ အမိန့်တော်များထုတ်ပြန်ပို့ချတော်မူခြင်းမှာ လူသားတို့အတွက် “ထူးဆန်းအံ့ဩဖွယ်ရာတစ်ခု” ဖြစ်နေသလော။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ် သူတို့ သည်ကား၊ ဧကန်ပင်၊ ဤ (ပုဂ္ဂိုလ်) သည် ကျွမ်းကျင်ထင်ရှားသော မှော်ဆရာစစ်စစ်တစ်ဦးသာ ဖြစ်၏။” ဟု ပြောဆိုကြ၏။

[3] မုချဧကန်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် မိုး ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များကို ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး နောက်) တစ်ဖန် ထိုအရှင်မြတ်သည် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာကို ကိုယ်စားပြုသော) အရ်ရှ်ပလ္လင်တော်အား အချို့အစား မျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာထူ ထောင်စေတော်မူ၏။ (သက်ရှိသက်မဲ့အရာခပ်သိမ်းတို့၌ အရှင့်နိယာမတရားများရှိစေတော်မူလျက်) စီမံချက်အရေးကိစ္စများကို စနစ်တကျ စီမံခန့်ခွဲစေတော်မူ၏။ (အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ) အရှင့်ခွင့်ပြုချက် (ရပြီးနောက်လုပ်ခြင်း) မှအပ ကြားဝင်စွက်ဖက်နိုင်သူနှင့်ကိုယ်စား အသနားခံနိုင်သူဟူ၍ အလျှင်း မရှိပေ။ (သင်တို့အတွက် ရေ၊ လေ၊ မီး၊ မြေ၊ အပူ၊ အအေး၊ စွမ်းအင်၊ ဓါတ်၊ သိပ်သည်းမှု၊ နိယာမတရား၊ အကြောင်းတရား၊ အကျိုးတရားစသည်တို့ကို စနစ်တကျဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် သင်တို့ကိုလည်း ထိုကဲ့သို့ပင် ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ (စကြဝဠာအတွင်းရှိ အခြေခံဒြပ်စင်နှင့်နိယာမတရားများနှင့်စပ်လျဉ်း၍) သင်တို့အပြန်အလှန်တွေးတောဆင်ခြင်၍ သတိရလျက် မထုတ်ဖော်၊ မဖွင့်ဟကြလေသလော။

[4] သင်တို့အားလုံး၏နောက်ဆုံးဦးတည်ရာ (စုရုံးရာ) မှာ ထိုအရှင်မြတ်ထံသို့သာ ဖြစ်ရခြင်းသည် အလ္လာဟ်အရှင်မြတ်၏တိကျမှန်ကန်ပြတ်သားသော (ပြဋ္ဌာန်းပြီးဖြစ်သော) ကတိတော်ပင်ဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားအပါအဝင် သက်ရှိသက်မဲ့၊ အရာခပ်သိမ်းစသော) ဖြစ်တည်မှု အလုံးစုံ၏မူလအစ အရင်းအမြစ်တို့ကို ဖွဲ့စည်းဖြစ်ပေါ်မှုကို စတင်ဖြစ်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် (လောကီကမ္ဘာတွင် သက်ရှိသက်မဲ့ ကွယ်လွန်သေဆုံးပျက်စီးသွားကြသော်လည်း လူသားကိုမူကား) အရှင်မြတ်ကို ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောကောင်းမှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်ကြသူတို့အား အ ကျိုးဆုလဒ်များကို မျှမျှတတ ချီးမြှင့်တော်မူရန်အလို့ငှာ အသစ်တဖန်ပြန်လည် ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့မူကား သူတို့အတွက် အလွန်ဆူပွက်သောအရည်မှသောက်စရာနှင့်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်ကို သူတို့၏မယုံကြည်ငြင်းဆန်မှုကြောင့် ဆိုးကျိုးဆက်အဖြစ် ထားရှိတော်မူ၏။

[5] ထိုအရှင်မြတ်သည်ပင် နေမင်းကို ထွန်းလင်းတောက်ပ၍ အပူဓါတ်ဖြာထွက်လျက် အလင်းပေးသောအရာ အဖြစ်လည်းကောင်း၊ လစန္ဒာကို အလင်းပြန်သောအရာအဖြစ်လည်းကောင်း၊ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီး သင်တို့က ခုနှစ်များ၏အရေအတွက်နှင့်အချိန်ကာလအား တိုင်းတာ တွက်ချက်ခြင်းကို သိနားလည်ကြရန်အလို့ငှာ ယင်း (လ) ၏ (လှည့်ပတ်သွားလာလှုပ်ရှားမှုဆိုင်ရာအဆင့်များ) စခန်းများကို အတိအကျ ပြဋ္ဌာန်းသတ်မှတ်တော် မူ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ဖွဲ့စည်းဖြစ်တည်တော်မူခြင်း (တိကျမှန်ကန်သော နိယာမတရားနှင့်) အမှန် တရားအားဖြင့် ဖွဲ့စည်းစေတော်မူခြင်းမှအပ အခြား (မည်သည့်အရာပေါ်မျှ အခြေခံခြင်း) မရှိချေ။ ထိုအရှင်မြတ်သည် အသိပညာရှိသော လူမျိုးများအတွက် အာယာသ်သက်သေလက္ခဏာတော်များကို (ထိုသို့ပင်) အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။

[6] မုချဧကန်၊ နေ့နှင့်ညတို့၏အပြောင်းအလဲများ၌လည်းကောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် အတွင်းရှိ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာဟူသမျှ၌လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော လူမျိုးများအတွက်သက်သေလက္ခဏာတော်များ ရှိ၏။

[7] ဧကန်ပင်၊ လောကီဘဝသက်တမ်း၏ပျော်ရွှင်မှုဖြင့်သာ ကျေနပ်အားရဖြစ်လျက် ရောင့်ရဲတင်းတိမ်နေကြသူ များနှင့်ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အလေးမထားဘဲ လျစ်လျူရှုထားသူများသည် ငါအရှင်မြတ်နှင့်တွေ့ဆုံရမည်ကို မျှော်လင့်ချက် မထားကြချေ။

[8] ထိုသူတို့သည် ငရဲဘုံအား (မကောင်းမှုအကုသိုလ်များ) ပြုမူကျင့်ကြံ၍ ရှာဖွေဆည်းပူးခြင်းကြောင့် သူတို့၏ နောက်ဆုံးပန်းတိုင် ခိုလှုံရာစခန်း ဖြစ်စေ၏။

[9] ဧကန်ပင်၊ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များ ပြုမူကျင့်ကြံသူများကို သူတို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့၏ယုံကြည်မှုဆိုင်ရာ သီလကြောင့် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေ၍ သုခချမ်းသာမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော သုခဥယျာဉ်ထဲတွင် (နေထိုင်ခွင့်ရရန်) လမ်းညွှန်တော်မူလိမ့်မည်။

[10] ထို (သုခဥယျာဉ်) ထဲ၌ သူတို့၏ဆုတောင်းမှုဆိုင်ရာ ကြွေးကြော်သံမှာ “အို၊ အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည်သာလျှင် (ချီးမွှမ်းထိုက်သော၊ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူ၍ ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူသော) အနှိုင်းမဲ့အရှင် ဖြစ်တော်မူ၏” ဟူ၍ ဖြစ်ပြီး ထိုထဲတွင် သူတို့အား (အရှင်မြတ်၊ မလာအီကာ စေတမန်များနှင့်အခြားသူတို့က) “ငြိမ်းချမ်းကြပါစေ။” ဟု နှုတ်ခွန်းဆက်ကြမည်။ သူတို့၏နောက်ဆုံးပန်ကြားမှုဆိုင်ရာ ကြွေးကြော်သံမှာ “ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှတို့သည် စကြဝဠာများနှင့်လောကခပ်သိမ်းတို့ ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်ပါ၏။” ဟူ၍ ဖြစ်လိမ့်မည်။

[11] အလ္လာဟ်အရှင်မြတ်သည် အကယ်၍ လူသားတို့အတွက် (ကောင်းမှု၏) အကျိုးအမြတ်နှင့်ပတ်သက်၍ သူတို့အား အလျှင်စလို လုပ်စေတော်မူသကဲ့သို့ မကောင်းမှုကိုလည်း အလျှင်စလို အရေးယူစေတော်မူလျှင် (နောင်တသံဝေဂရ၍ အမှန်တရားကို လက်ခံလျက် ပြုပြင်နိုင်မည့် အခွင့်အလမ်းအတွက်) သူတို့၏ ရွှေ့ဆိုင်းကာလကို သူတို့အပေါ် မုချပင် အပြီးသတ် စီရင်ပြဋ္ဌာန်းတော်မူခဲ့လိမ့်မည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင် မြတ်နှင့်တွေ့ဆုံ (၍ လုပ်ရပ်တိုင်းအတွက် စာရင်းရှင်းခံရ) ရန် မမျှော်ကိုးကြသောသူတို့အား သူတို့၏ဖီဆန်ကျူး လွန်မှု၌ပင် (အကန်းလမ်းပျောက်ပမာ) တဝဲလည်လည်ဖြစ်ကြရန် ချန်ထားတော်မူမည်။

[12] ဘေးဒုက္ခဝေဒနာတစ်ခုခုသည် လူသားတစ်ဦးကို ထိတွေ့ (၍ ထိခိုက်နစ်နာစေ) သည့်အခါ သူသည် လဲလျောင်း၍ ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ရပ်လျက်ဖြစ်စေ၊ ငါအရှင်မြတ်ကို ဟစ်ခေါ်၍ ဆုတောင်းပန်ကြား၏။ သို့ရာတွင် ငါအရှင်မြတ်က သူ၏ဘေးဒုက္ခဝေဒနာကို သူ့ထံမှ ဖယ်ရှားပေးတော်မူသောအခါ သူ့ကို လာထိခဲ့သော ဘေးဒုက္ခဝေဒနာအတွက် ငါအရှင်မြတ်အား မည်သည့်အခါမျှဟစ် ခေါ်ပန်ကြားခဲ့ခြင်း မရှိသကဲ့သို့ပင် (သွားမြဲလမ်းအတိုင်း) ဆက်သွားလေ၏။ ထိုကဲ့သို့ပင် (စည်းမျဉ်းတော်များကို ဖောက်ဖျက်၍) အလွဲသုံး စားပြု သူတို့အတွက် သူတို့ပြုမူကျင့်ကြံသမျှကို (သာယာဖွယ်ရာ၊ ဆွဲဆောင်ဖွယ်ရာအဖြစ်) တန်ဆာဆင်တော်မူ၏။

[13] ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ မျိုးဆက်ပေါင်းများစွာကို သူတို့က အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန် ပြုလုပ်ခဲ့ကြစဉ် ပျက်စီးတိမ်ကောစေတော်မူခဲ့၏။ သူတို့အနက်မှဖြစ်သော ရစူလ်တမန်တော်များသည် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များ ပါဝင်သည့် ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ ရောက်ရှိလာခဲ့ကြသော်လည်း သူတို့မူကား သက်ဝင်ယုံကြည်ခြင်း အလျှင်း မရှိကြပေ။ ငါအရှင်မြတ်သည် ရာဇဝတ်မှုကျူးလွန်သောလူမျိုးတို့အား ထိုသို့ပင် အစားပေးတော်မူ၏။

[14] ထို့နောက် ငါအရှင်မြတ်သည် သူတို့နောက်တွင် မြေကမ္ဘာ၌ သင်တို့က မည်သို့ ပြုမူကျင့်ကြံမည်ကို ရှုမြင်စီစစ်တော်မူရန် သင်တို့အား (သူတို့၏နေရာတွင်) ဆက်ခံသော နောက်မျိုးဆက်အဖြစ် ဖြစ်ပေါ်စေတော်မူခဲ့၏။

[15] သူတို့ရှေ့ဝယ် မြင်သာထင်ရှားသော ရှင်းလင်းချက်များပါရှိသည့် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြသောအခါ ငါအရှင်မြတ်နှင့်တွေ့ဆုံ (၍ လုပ်ရပ်တိုင်းအတွက် စာရင်းရှင်းခံရ) ရန် မမျှော်ကိုးကြသော သူတို့က “ဤကျမ်းတော်အား ကုရ်အာန်မဟုတ်သော (အခြားတစ်ခု) ဖြင့် ကျွန်ုပ်တို့ထံ အစားထိုး ယူဆောင်လာခဲ့လော့။ သို့တည်းမဟုတ် ထိုကျမ်းတော်ကို ပြောင်းလဲပေးလော့။” ဟု ပြောဆိုတောင်း ဆိုခဲ့ကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား ကျွန်ုပ်၏အလိုဆန္ဒနောက်လိုက်စေ၍ ထိုကျမ်းတော်ကို ပြောင်းလဲရန် ကျွန်ုပ်အတွက် (အခွင့်အာဏာပေးထားခြင်း) အလျှင်း မရှိပေ။ ကျွန်ုပ်အပေါ် အမိန့်တော်ထုတ်ပြန်ပို့ချသမျှကိုသာလျှင် တစ်သဝေမတိမ်းနာခံလိုက်နာရန် တာဝန်ရှိ၏။ အကယ်၍ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို ဖီဆန်မိသော် အလွန်ကြီးကျယ်သော (တမလွန်တရားစီရင်မည့်) နေ့တွင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်ပေးခံရမည်ကို အမှန်ပင် ကြောက်ရွံ့နေရပါ၏။” ဟု ဟောပြောလော့။

[16] “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အလိုရှိတော်မူ၍ သင်တို့ရှေ့ဝယ် ယင်းကို ရွတ်မပြခဲ့လျှင် သင်တို့အား ထိုကျမ်းတော်အကြောင်း အလျှင်း သွန်သင်စေတော်မူမည် မဟုတ်ချေ။ ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့ထဲတွင် (သင်တို့နှင့်အတူ) ထိုကျမ်းတော် (ချမှတ်ပေးအပ်ခံရခြင်း) မတိုင်မီ ကတည်းကပင် ဘဝတစ်သက်လုံး နေလာခဲ့ပြီ။ အသင်တို့ တွေးခေါ်ဆင်ခြင် မသုံးသပ်ကြလေသလော။”

[17] အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများကို လုပ်ကြံလီဆယ်လျက် အရှင့်အပေါ်စွပ်စွဲသူ သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် စွပ်စွဲ၍ ငြင်းပယ်သူထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ဧကန်ပင်၊ ရာဇဝတ်မှု ကျူးလွန်သူများသည် အလျှင်း ပေါက်မြောက်အောင်မြင်ကြလိမ့်မည် မဟုတ်ချေ။

[18] အလ္လာဟ်အရှင်မြတ်မှအပ သူတို့ယုံကြည်ကိုးကွယ်နေကြသည့် (အခြားသက်ရှိသက်မဲ့စသော) အရာများသည် သူတို့အား မည်သည့်အကျိုးယုတ်မှုနှင့်အကျိုးပြုမှုကိုမျှ မပြုနိုင်ကြသော်လည်း သူတို့က “ဤသည်တို့မူကား အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံမည့်အရာများ ဖြစ်ကြသည်။” ဟု ပြောဆိုကြ၏။ (သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ အရှင်မြတ်က မသိသောအရာများရှိဟန်ဖြင့် သတင်းပေး ဆင့်ပြန်လိုကြသလော။” ဟု မေးမြန်းလော့။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူပြီး လူသားတို့က ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက် သန့်ရှင်းစင်ကြယ်တော်သည့်အပြင် သူတို့က တွဲဖက်တုပြိုင်၍ ကိုးကွယ်နေကြသောအရအား လုံးထက် မြင့်မြတ်တော်မူ၏။ ဟု ဟောလော့။

[19] (မူလအစတွင်) လူသားသည် တစ်ခုတည်းသော လမ်းစဉ်ကို လိုက်နာ (ပြီး ဘာသာအယူဝါဒတူညီ) သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုအဖြစ်သာ ရှိခဲ့သော်လည်း (နောက်ပိုင်းတွင်မူ) ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်နာကြ (လျက် သဘောထားကွဲလွဲသော လူ့အဖွဲ့အစည်းများအဖြစ် ပေါ်ပေါက်လာ) လေ၏။ (အို၊ တမန်တော်) အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က (ရှေးဦးကာလကပင် လူသားတို့အား သူတို့၏လွတ်လပ်သောဆန္ဒဖြင့် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို ပိတ်ပင်သည့်) ဗျာဒိတ်အမိန့်တော်တစ်ခုကို ပဏာမ ထုတ်ပြန်တော်မူခဲ့လျှင် လောကီကမ္ဘာ၌ သူတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲနေကြသည့် အရာဟူသမျှနှင့်ပတ်သက်၍ မုချပင် အပြီးသတ် စီရင်ဆုံးဖြတ်တော်မူခဲ့ပြီး ဖြစ်လိမ့်မည်။

[20] ထို့ပြင် သူတို့က (အချင်းချင်း) “တမန်တော်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူ့ပေါ်တွင် အံ့ဖွယ်သက်သေလက္ခဏာတော်တစ်ခုကို အဘယ်ကြောင့် ချမှတ်ပေး အပ်တော်မမူသနည်း။” ဟု မေးမြန်းပြောဆိုနေကြ၏။ သို့ဖြစ်ပေရာ (သူတို့အား) မျက်ကွယ်ရာအလုံးစုံကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောကြောင့် (အနာဂတ်၌ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို ဖြစ်စေတော်မူရန် မျှော်ကိုး၍) စောင့်မျှော်နေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူပင် ဖြစ်၏။” ဟု ဖြေဆိုဟောကြားလော့။

[21] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူတို့ဘေးဒုက္ခဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီးနောက်တွင် အရှင့်ကရုဏာတော်တစ်ခုခုအား မြည်းစမ်းစေတော်မူသောအခါ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်မှုအတွက် အမှန်ပင် ကြံစည်ကြ၏။ ဟောကြားလော့။ အလ္လာဟ်အရှင် မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင်) အကြံအစည်တစ်ခုကို ပိုမို၍ပင် အလျှင်အမြန်ဆုံး ပြဋ္ဌာန်းတော်မူနိုင်၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏ကောင်းကင်စေတမန်များသည် သူတို့ ကြံစည်ဖန်တီးသမျှနှင့်ပတ်သက်၍ (အသေးစိတ်ကို) မှတ်တမ်းတင်နေကြ၏။

[22] ထိုအရှင်မြတ်သည်ပင် သင်တို့အား ကုန်းကြောင်းနှင့်ပင်လယ်ရေကြောင်းခရီး၌ (သွားလာလှုပ်ရှားလျက်) သယ်ယူပို့ဆောင်စေတော်မူ၏။ (သို့ဖြစ်ပေရာ လှေသင်္ဘောများကို တီထွင်လာသည်အထိ ဖွံ့ဖြိုးလာ၏။) သင်တို့ သည် လှေသင်္ဘောများပေါ်တွင် ရှိနေကြပြီး သင့်တော်ကောင်းမွန်သည့် လေပြည်လေညှင်းဖြင့် ယင်းတို့ကို စီးနင်းခုတ်မောင်း၍ ခရီးထွက်သောအခါ ထိုထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၏။ သို့သော် လေပြင်းမုန်တိုင်း ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်လည်း ထိုလှေသင်္ဘောများအား နေရာတိုင်း (အဘက်ဘက်) မှ ရိုက်ခတ် လွှမ်းမိုးလာပြီး သူတို့က ဝိုင်းရံလွှမ်းခြုံထားခြင်းခံရ (ကာ မကြာမီ သေရမည်ဖြစ်) ကြောင်း အလွန်ပင် ထင်မှတ်ကြသောအခါ သူတို့သည် အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်လျက် “အကယ်၍ အသင်အရှင်မြတ်က ကျွန်ုပ်တို့အား ဤအခြေအနေမှ ကယ်တင်တော်မူပါလျှင် ကျွန်ုပ်တို့သည် ဧကန်မလွဲ၊ ကျေးဇူးသိတတ် သူတို့ အနက်မှ ဖြစ်ကြပါလိမ့်မည်။” ဟု အလ္လာဟ်အရှင်မြတ်ကို ဟစ်ခေါ်ပန်ကြားကြ၏။

[23] သို့ရာတွင် ငါအရှင်မြတ်က သူတို့ကို (ဒုက္ခအခက်အခဲများမှ လွတ်မြောက်စေတော်မူ၍) ကယ်တင်တော်မူသောအခါ သူတို့သည် ကမ္ဘာဂြိုဟ်၌ အမှန်တရားသစ္စာနှင့်ဆန့်ကျင်၍ (လူတို့၏အခွင့်အရေးများကို ချိုးဖောက်လျက် အရှင့်စည်းမျဉ်းတော်များကို သစ္စာမဲ့စွာဖြင့်) ပြောင်ပြောင်တင်းတင်း အာခံဖီဆန်ကြ၏။ အို၊ လူသားအပေါင်းတို့၊ သင်တို့၏အာခံဖီဆန်မှုများသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များအား အရှင့် စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍ (သင်တို့ကိုယ်တိုင်) လောကီဘဝသက်တမ်း၏စိတ်ဖြေစရာ အကျိုးခံစားမှုအတွက် သာ ကန့်သတ်ချုပ်ချယ်လိုက်ခြင်းပင် ဖြစ်၏။ ထို့နောက် သင်တို့သည် ငါအရှင်မြတ်ထံတော်သို့သာလျှင် လှည့်ပြန် ကြရမည်ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကြောင်းကြားစေတော် (မူလျက် စာရင်းရှင်းအရေးယူတော်) မူလိမ့်မည်။

[24] ဤလောကီဘဝသက်တမ်း၏ဥပမာသည်ကား “မိုးကောင်းကင်မှ ငါအရှင်မြတ်က ရွာသွန်းစေတော်မူသည့် မိုးရေကို ကမ္ဘာမြေကြီးအား စုပ်ယူစေတော်မူသောကြောင့် သစ်ပင်မျိုးစုံ ရှင်သန်ပေါက်ဖွားလာကာ မြေကမ္ဘာက ယင်း၏အဆင်တန်ဆာနှင့်အလှဆင်မှု (များဖြစ်သော သီးနှံမျိုးစုံ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကျွဲ နွားတိရိစ္ဆာန်မျိုးစုံစသော စားစရာ၊ သောက်စရာများနှင့် ပန်းမန်မျိုးစုံရှင်သန်ပေါက်ဖွားလာပြီး သာယာကြည်နူး ဖွယ်ကောင်းအောင် စိမ်းလန်းစိုပြေမှု) ဖြင့် အလှတန်ဆာဆင်ထားသည်အထိ လူသားနှင့်တိရိစ္ဆာန်မျိုးစုံက စား သောက်ကြပြီး” ကမ္ဘာဂြိုဟ်၌ မှီတင်းနေထိုင်ကြသူတို့က “ဧကန်ပင်၊ သူတို့သည် ကမ္ဘာဂြိုဟ်ပေါ်တွင် အရာရာကို ဆန္ဒအလျောက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရလျက် စွမ်းဆောင်ရည် ရှိကြသည်။"" ဟု ထင်မြင်ယူဆနေကြစဉ် ငါအရှင် မြတ်၏စီမံချက် အမိန့်တော်သည် ယင်းကမ္ဘာဂြိုဟ်ပေါ်ကို ညအချိန် သို့မဟုတ် နေ့အချိန်ရောက်လာသော ကြောင့် ယမန်နေ့ကပင် စိမ်းလန်းစိုပြေမှုနှင့်စည်ပင်သာယာမှု လုံးဝ ကင်းမဲ့သကဲ့သို့ လယ်ယာဥယျာဉ်များ ရိတ် သိမ်းပြီးသားဖြစ်လျက် မျိုးတုံးသွားစေတော်မူသည့် (အဖြစ်အပျက်၌ ဖေါ်ပြပါရှိသည့်) မိုးရေကဲ့သို့ပင် ဖြစ်၏။ ထိုသို့ပင် ငါအရှင်မြတ်သည် အလေးအနက် တွေးခေါ်ဆင်ခြင်သော လူမျိုးများအတွက် အာယာသ်သက်သေလက္ခဏာတော်များ (ကျမ်းတော်မြတ်ကုရ်အာန်ပါ အမိန့်ပညတ်ချက်များနှင့်လမ်းညွှန်တော်များ) ကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။”

[25] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူသားအား၊ အတိသုခ၊ စိတ်ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုများရှိပြီး ပြီးပြည့်စုံသော စိတ်ချမ်းသာမှုကို ခံစားနိုင်မည့်) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူကာ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။

[26] ကောင်းမှုကုသိုလ်ဖြင့် ပြုမူကျင့်ကြံကြသူတို့ (သည် အရှင်မြတ်မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက် လုပ်ဆောင်ကြသည့်) အတွက် အကောင်းမြတ်ဆုံး ဆုလဒ်ချီး မြှင့်တော်မူရုံသာမက ပိုမို၍ပင် တိုးပွားစေတော်မူမည်။ ထို့ပြင် (ကောင်းမှုလုပ်ခြင်းကြောင့်) အမည်းစက် မရှိသည့်အပြင် လူဘုံအလယ်မှာလည်း အရှက်ရစရာ မရှိသဖြင့် (ရဲဝံ့စွာ ပြုမူပြောဆိုနိုင်ကြပြီး) သူတို့၏မျက်နှာများကို ဖုံးကွယ်ကြလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် သုခဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထို (သုခဥယျာဉ်) ထဲ၌ပင် အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းကြ လိမ့်မည်။

[27] မကောင်းမှုဒုစရိုက်များကို ရှာဖွေဆည်းပူးကြသူတို့သည်ကား (သူတို့ပြုမူကျင့်ကြံသော) မကောင်းမှုအကုသိုလ်နှင့်ထပ်တူထပ်မျှ (ညီမျှသော ပြစ်ဒဏ်ကို အကျိုးဆက်အဖြစ်) ပေးဆပ်ရမည်ဖြစ်ပြီး လူဘုံအလယ်တွင်လည်း အရှက်ကွဲခံရမည် ဖြစ်သောကြောင့် သူတို့၏မျက်နှာများကို (လူတို့မှ ရှောင်ကြဉ်ရန်) ဖုံးကွယ်ကြလိမ့် မည်။ သူတို့အား အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ ကာကွယ်နိုင်မည့်သူဟူ၍လည်း မည်သူ တစ်ဦး တစ်ယောက်မျှ မရှိချေ။ သူတို့၏မျက်နှာများသည် (မကောင်းမှုဒုစရိုက်များလုပ်ခြင်းကြောင့် မလုံမလဲဖြစ်လျက်) မည်းမှောင်နေသော ညမှ အမည်းစက်၊ အမည်းပြောက်များကဲ့သို့ပင် ဖုံးကွယ်ထားခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြပြီး ထို (ငရဲဘုံ) ထဲ၌ပင် အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားရလိမ့်မည်။

[28] (တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူတို့အား “သင်တို့နှင့် သင်တို့က တုပြိုင်တွဲဖက်၍ ကိုးကွယ်ခံရသော အရာများသည် သင်တို့၏အခြေအနေနှင့်အနေအထိုင်အတိုင်း သင်တို့နေကြလော့။” ဟု မိန့်တော်မူမည်။ ထို့နောက် သူတို့အား သီးခြားစီခွဲထားတော်မူမည်။ (ထိုစဉ်) တုပြိုင်တွဲဖက်၍ ကိုးကွယ်ခြင်းခံရသောအရာများက (လောကီဘဝ၌ ယင်းတို့ကို ယုံကြည်ကိုးကွယ်ခဲ့ကြသူတို့အား) “သင်တို့သည် ကျွန်ုပ်တို့ကိုသာလျှင် ကိုးကွယ်ခဲ့ကြသည် မဟုတ်ပေ။” ဟု ပြောဆိုကြလိမ့်မည်။

[29] ထို့ပြင် (ထိုကိုးကွယ်ခံရသောအရာများက ဆက်လက်၍ ပြောဆိုကြမည်မှာ အရာခပ်သိမ်းတို့၏အခြေအနေနှင့်လှုပ်ရှားမှုကို အကြွင်းမဲ့ သိတော်မူသော) အလ္လာဟ်အရှင်မြတ်သည်သာလျှင် သက်သေအဖြစ် လုံလောက်တော်မူ၏။ ကျွန်ုပ်တို့နှင့်သင်တို့ကြားရှိ ဆက်ဆံရေးတွင် သင်တို့က ဧကန်ပင်၊ ကျွန်ုပ်တို့အား နာခံကိုးကွယ်ခဲ့ကြောင်းကို ကျွန်ုပ်တို့ အမှန်ပင် သတိမမူ (သိနားလည်ခြင်းမရှိ) ခဲ့ကြပေ။”

[30] ထိုနေရာတွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အ လိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တိုင်းက (ယခင်လောကီဘဝ၌) ယင်းတို့ပြုမူကျင့် ကြံခဲ့သမျှ (ကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားစေလျက်) တရားစီရင်ခြင်းခံရမည်ဖြစ်၍ သူတို့၏စစ်မှန်သော အရှင်သခင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်ပို့ခြင်းခံကြရပေမည်။ ထိုစဉ် (လောကီဘဝ၌ ကိုးကွယ်ရာအဖြစ်) သူတို့လုပ်ကြံဖန်တီးခဲ့ကြသော ကိုးကွယ်ရာများသည် (သူတို့ကို စွန့်ပစ်၍) သူတို့နှင့်ကင်းကွာ သွားကြပေလိမ့်မည်။

[31] “သင်တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်မှ စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များကို) မည်သူက ထောက်ပံ့ (ဖြည့်ဆည်း) ပေးနေသနည်း။ သို့မဟုတ် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည် တို့ကို မည်သူ စိုးပိုင်သနည်း။ ထို့ပြင် သက်မဲ့မှ သက်ရှိဖြစ်ပေါ်ပေါ်ထွန်းစေခြင်းကိုလည်းကောင်း သက်ရှိမှသက် မဲ့ဖြစ်စေခြင်းကိုလည်းကောင်း၊ မည်သူက ထိန်းချုပ်ထားသနည်း။ (စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများ လှည့်ပတ်သွားလာလှုပ်ရှားခြင်း၊ လေဖိအား၊ အပူ၊ အအေး၊ နေ့၊ ည၊ သိပ်သည်းမှု၊ ဆွဲငင်မှု၊ တွန်းကန်မှု စသည့်) အကြောင်းကိစ္စရပ်ဟူသမျှကို မည်သူက (စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍) ထိန်းချုပ်စိုးပိုင်သနည်း။” ဟု မေးမြန်းလော့။ ထိုအခါ သူတို့က “(အရာရာကို စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍ ထိန်းချုပ်စိုးပိုင်ထားသူမှာ) အလ္လာဟ်အရှင် မြတ်ပင် ဖြစ်ပါသည်။” ဟု ဖြေဆိုကြလိမ့် မည်။ သို့ဖြစ်ပေရာ (သူတို့အား) “သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြမည်လော” ဟု မေးမြန်းလော့။

[32] ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ လမ်းမှားရောက်သူများမှအပဖြစ်သော ပကတိအမှန်တရားသစ္စာရှင်ပင် ဖြစ်တော်မူ၏။ သို့ပါလျက် အသင်တို့သည် (အရှင်မြတ်၏နိယာမတရားတော်မှ မလွတ်မြောက်နိုင်ကြောင်းသိပြီးမှ ဖြောင့်မတ်မှန်ကန်သော လမ်း စဉ်ကို စွန့်၍ အရှင်မြတ်ကို ပမာမခန့်ပြုလျက် အခြား မည်သည့်လမ်းစဉ်အတွက်) မည်သို့ မျက်နှာလွှဲ၍ ရှောင်ပြေးကြသနည်း။

[33] ထိုကဲ့သို့ပင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ဗျာဒိတ်တော်သည် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်၍ အာခံဖီဆန်ကြလျက် အဘယ်ကြောင့် သူတို့မယုံကြည်ကြသည်ကို (ကွက်ကွက်ကွင်းကွင်းပေါ်လွင်ထင်ရှားစေပြီး သက်သေပြ၍) မှန်ကန်စွာ အတည်ပြုတော်မူ၏။

[34] “အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏) မူလဇစ်မြစ်ကို အဦးဆုံး စတင်ဖွဲ့စည်းဖြစ်တည်စေပြီးနောက် ယင်းကို ထပ်ဆင့်တိုးပွားစေနိုင်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” ဟု မေးမြန်းလော့၊ အလ္လာဟ်အရှင်မြတ်သာလျှင် မူလဇစ်မြစ်ကို စတင် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်းကို ထပ်မံတိုးပွားဖြစ်ပေါ်စေတော်မူ (လူ သားတို့အမည်ထားသော သဘာဝနိယာမတရားခေါ် အရှင့်နိယာမတရားများ၌ သင်တို့ စူးစမ်းတွေ့ရှိနိုင်) ၏။ သို့ပါလျက် သင်တို့သည် (အဘယ်ကြောင့် သဘာဝတရား သို့မဟုတ် အလိုအလျောက်ဖြစ်သောအရာဟူ၍ မှားယွင်းစွာ ကြွေးကြော်လျက် အမှန်တရားမှ သွေဖည်၍) မည်သို့ လှည့်စားခြင်းခံရသနည်း။” ဟု ဖြေကြားလော့။

[35] အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ အမှန်တရားသစ္စာဘက်သို့ လမ်းညွှန်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” ဟု မေးမြန်းလော့။ အလ္လာဟ်အရှင်မြတ်သာလျှင် အမှန်တရားသစ္စာဘက်သို့ လမ်းညွှန်တော်မူ၏။” ဟု ဖြေဆိုဟောကြားလော့။ သို့ဖြစ်ပေရာ အမှန်တရား သစ္စာဘက်သို့ လမ်းညွှန်တော်မူသောအရှင်မြတ်နှင့်လမ်းညွှန်ခံရ (မှသာလျှင် သူကိုယ် တိုင် တရားလမ်းမှန် ရှာတွေ့ နိုင်) ခြင်းမှအပ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) တရားလမ်းမှန် မညွှန်ပြနိုင်သောသူ (တို့အနက်) မည်သူ့ကို နာခံလိုက်နာရန် အထိုက်တန်ဆုံး၊ အမှန်ကန်ဆုံးနှင့်တာဝန်အရှိဆုံး ဖြစ်မည်နည်း။ သို့ဖြစ်ရာ သင်တို့ (၏အကျိုး) အတွက် သင်တို့ မည်သို့ ယတိပြတ် ဆုံးဖြတ်ကြမည်ဟူသည် သင်တို့၏တာဝန်သာ ဖြစ်၏။

[36] ဧကန်ပင်၊ ထင်မြင်ယူဆချက်သည် အမှန်တရားသစ္စာနှင့်ဆန့်ကျင်၍ စိုးစဉ်းမျှပင် အကျိုးမပေးသော်လည်း သူတို့အနက်မှ အများစုသည် ထင်မြင်ယူဆချက်ကို လိုက်နာကြ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုမူကျင့်ကြံသမျှ (အသေးစိတ်) ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[37] ဤကျမ်းတော်မြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ) လုပ်ကြံဖန်တီးနိုင်သော ကျမ်းမဟုတ်သည့်အပြင် ယခင် (ချမှတ်ပေးအပ်တော်မူသည့်) ကျမ်းများလက်ဝယ်ပိုင်ဆိုင်ထားသူများနှင့်ထိုကျမ်းကြားတွင် (မည်သည့်အချက်က မှန်ကန်၍ မည်သည့်အချက်က မှားနေကြောင်းကို ထောက်ပြလျက်) ဖြောင့်မတ်မှန်ကန်စေပြီး ယင်းတွင် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံတော်မှ ဒွိဟသံသယဖြစ်ဖွယ်ရာ အလျှင်း မရှိသော အသေးစိတ် ရှင်းလင်းချက်များ ဖော်ပြပါရှိသည့် ကျမ်းတော်ဖြစ်သည်။

[38] သို့တည်းမဟုတ် ထိုသူ (တမန်တော်မုဟမ္မဒ်) သည် ယင်းကို လုပ်ကြံဖန်တီးခဲ့၏။” ဟု ပြောဆိုကြလေသ ၏လော။ (အို၊ ရစူလ်တမန်တော် သူတို့အား သူတို့၏သံသယနှင့်ယင်းအပေါ်အခြေခံသော ကြွေးကြော်မှုများကို) အကယ်၍ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုကြသူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (သင်တို့အား ကူညီရန်) တတ်စွမ်းနိုင်သူများကိုပါ ဖိတ်ခေါ်လျက် ယင်း (ကျမ်းတော်၏ ကဏ္ဍ) နှင့်တူသော စူရဟ်ကဏ္ဍတစ်ခုကို (စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလော့။” ဟု တောင်းဆိုဟောကြားလော့။

[39] အမှန်မျာ (သူတို့၏သံသယနှင့်ကြွေးကြော်မှုများ မမှန်ကန်ကြောင်းကို သူတို့ကိုယ်တိုင် သိသော်ငြားလည်း) သူတို့သည် ယင်း၏ (ဉာဏ်တော်အနန္တမှဖြစ်သော) ပညာနှင့်ပတ်သက်၍ ကျိုးကြောင်း ခြုံငုံသုံးသပ်နိုင်ကြသည် မဟုတ်သည့်အပြင် ယင်း၏ထင်သာမြင်သာရှိသော (အရှင့်ကတိတော်နှင့်သတိပေးနှိုးဆော်မှုဆိုင်ရာ) အဓိပ္ပါယ် ဖွင့်ဆိုချက်များအား (အမိအရ သိနားလည်နိုင်အောင်လည်းသူတို့၏ စိတ်နှလုံးထဲသို့) မရောက်ရှိခဲ့သောကြောင့် (မဟုတ်မတရား လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြ၏။ ထိုကဲ့သို့ပင် သူတို့မတိုင်မီ ရှိခဲ့ကြသူတို့လည်း (မဟုတ် မတရား လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်ကြသူ၏အပြီးသတ် အကျိုးဆက် (ဇာတ်သိမ်းခန်း) မည်သို့ ရှိခဲ့သည်ကို စူးစမ်းလေ့ လာ၍ တွေးမြင်သုံးသပ်ကြလော့။

[40] သူတို့အနက်မှ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) အပေါ်၌ ယုံကြည်သူများနှင့်ယုံကြည်မည့်သူများ ရှိကြသည့်အပြင် ယင်းအပေါ်၌ မယုံကြည်ကြသူများလည်း ရှိကြ၏။ ထို့ပြင် အသင် (တမန်တော်) အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များ ကျူးလွန်ဖောက်ဖျက်၍ အာခံဖီဆန်ကြသူတို့နှင့်ပတ်သက်၍ (သူတို့လှုပ်ရှားမှုအလုံးစုံကို) အသိတော်မူဆုံး ဖြစ်တော်မူ၏။

[41] အကယ်၍ သူတို့သည် အသင် (တမန်တော်) အား (မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍) ငြင်းပယ်ကြလျှင် (သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း၊ သင်တို့သည် သင်တို့၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း (တာဝန်ရှိပြီး) သင်တို့သည် ကျွန်ုပ်ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ ကျွန်ုပ်သည် သင်တို့ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ (မည်သို့မျှ မသက်ဆိုင်ဘဲ) လုံးဝ ကင်းလွတ်၏။”

[42] ထို့ပြင် သူတို့အနက်မှ (အသင်တမန်တော်ထံသို့ လာရောက်တွေ့ဆုံ၍) အသင့်အား နားခွင့်သူများရှိကြသော်လည်း အကယ်၍ သူတို့သည် (ဆင်ခြင်တုံတရားကိုသုံး၍ ယုတ္တိရှိရှိ) မတွေးခေါ် မဆင်ခြင်ကြလျှင် အသင်သည် ထိုနားပင်းနေသူများအား ကြားအောင်ပြုနိုင်သလော။

[43] တစ်ဖန် သူတို့အနက်မှ အသင် (တမန်တော်) ဘက်ကို ကြည့်လျက် အသင့်အား မြင်နိုင်သူများရှိကြသော်လည်း အကယ်၍ သူတို့သည် (လမ်းမှန်တရားကို) မြင်နိုင်စွမ်းနှင့်ချို့တဲ့ကင်းမဲ့ကြလျှင် အသင်သည် ထိုမျက်ကန်းများအား (လမ်းမှန်) ညွှန်ပြနိုင်ပါသလော။

[44] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား (အရှင့်စည်းမျဥ်းဘောင်ကို ကျော်၍) အနည်းငယ် စိုးစဉ်းမျှပင် မတော်မတရား ပြုတော်မမူသော်လည်း လူသားတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်း လိုက်စေ၍ (အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်လျက် မတော်မတရား) မမှန်မကန် ပြုလုပ်နေကြ၏။

[45] (တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူစဉ် သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး မှတ်မိနေကြလျက် (လောကီဘဝသက်တမ်း၌) နေ့၏တစ်နာရီခန့်မျှပင် မကြန့်ကြာ (ဘဲ ရောက်လာကြ) သကဲ့သို့ ခံစားကြလိမ့်မည်။ ဧကန်ပင်၊ (လောကီဘဝ၌ ပြုခဲ့သမျှ၏ အကျိုးခံစားခွင့်နှင့်ပေး ဆပ်မှုအတွက်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဖြစ်ကြောင်းကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ် ခဲ့ကြသူတို့သည် (သူတို့၏လောကီလောကုတ္တရာနှစ်ဌာနစလုံးကို သူတို့ကိုယ်တိုင်) ပျက်စီးဆုံးရှုံးစေလိမ့်မည် ဖြစ်ပြီး မည်သည့်အခါမျှ လမ်းညွှန်ခြင်းခံကြရလိမ့်မည် မဟုတ်ပေ။

[46] ငါအရှင်မြတ်သည် သူတို့အား ထားရှိတော်မူသည့် ကတိတော်တချို့ကို အသင် (တမန်တော်) ၏မျက်မှောက်တွင် ဖြည့်ဆည်းဖြစ်စေတော်မူလျက် ပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုမတိုင်မီ အသင့်အား အနိစ္စရောက်စေတော်မူသည်ဖြစ်စေ၊ ငါအရှင်မြတ်၏ထံတော်သို့သာ သူတို့ပြန်လည်ရောက်ရမည် ဖြစ်၏။ ထို့ နောက် သူတို့ပြုမူကျင့်ကြံသမျှအပေါ်တွင် အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေဖြစ်တော်မူမည်။

[47] အမှန်မှာ လူ့အသိုင်းအဝိုင်းတိုင်းအတွက် ရစူလ်တမန်တော်တစ်ပါးစီ ရှိ၏။ သို့ဖြစ်ပေရာ သူတို့ထံ ရစူလ်တမန်တော်များ ရောက်ရှိလာသည့်အခါတိုင်း (သူတို့အနက်မှ အချို့က ယုံကြည်လက်ခံပြီး အချို့က မယုံကြည်ကြသော်လည်း ထိုရစူလ်တမန်တော်များက) သူတို့အချင်းချင်းကြားတွင် (မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ တရားတော်နှင့်အညီ) တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ခြင်း ခံကြရမည်ဖြစ်ပြီး သူတို့သည် မတော်မတရားပြု ခြင်းခံကြရခြင်း အလျှင်း ရှိမည်မဟုတ်ပေ။

[48] တစ်ဖန် သူတို့က “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြုမူသော သစ္စာဝါဒီများဖြစ်ကြလျှင် (တမလွန်၌ တရားစီရင်မည်ဟူသော) ဤကတိတော်သည် မည်သည့်အခါ၌ (ဖြည့်ဆည်းစေတော်မူ၍) အတည် ဖြစ်မည်နည်း။” ဟု မေးမြန်းကြ၏။

[49] “အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူ၍ ဖြည့်ဆည်းပေးတော်မူခြင်းမှအပ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင် ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)အတွက်ပင် မည်သည့် ဆိုးကျိုးကိုသော် လည်းကောင်းကောင်းကျိုးကိုသော်လည်း ပြုနိုင်စွမ်းမရှိပေ။ လူ့အသိုင်းအဝိုင်းအတွက် ယင်း၏သတ်မှတ်ချိန် သည် ရှိနေ၏။ သူတို့အတွက် သတ်မှတ်တော်မူသည့် (နောက်ဆုံး)အချိန်ကာလရောက်ရှိလာသောအခါ သူတို့ သည် ယင်းကို တစ်နာရီမျှပင် နောက်ဆုတ်(၍ ရွှေ့ဆိုင်း)နိုင်ကြမည်မဟုတ်၊ စောလျှင်စွာ ပြီးစီးရန် ကြိုတင်အဆုံး သတ်နိုင်ကြမည်လည်း မဟုတ်ပေ။” ဟု ဖြေဆိုဟောကြားလော့။

[50] အကယ်၍ ထိုအရှင်မြတ်၏ပြစ်ဒဏ် (အရေးယူမှု) သည် သင်တို့ထံသို့ (မမျှော်လင့်ဘဲ) ညအမှောင်၌ ဖြစ်စေ၊ နေ့အလင်းရောင်၌ဖြစ်စေ (ရုတ်တရက်) ဆိုက်ရောက်လာခဲ့လျှင် (သင်တို့မည်သို့ရင်ဆိုင်နိုင်ကြမည်ကို ထည့်သွင်းစဉ်းစား၍) ဆင်ခြင်သုံးသပ်မိကြသလော။ ရာဇဝတ်မှုကျူးလွန်သူတို့သည် ယင်း (ပြစ်ဒဏ်) ၏မည်သည့် (ရှုထောင့်) ကို စိတ်စော၍ အလျှင်လိုကြသနည်း။” ဟု မေးမြန်းလော့။

[51] အဘယ်သို့နည်း။ ထိုပြစ်ဒဏ် (အရေးယူမှုကို အကောင်အထည်ဖော်လျက်) ဖြစ်ပေါ်စေတော်မူပြီးမှသာလျှင် အသင်တို့သည် ယင်းနှင့်ပတ်သက်၍ ယုံကြည်ကြမည်လော။ (နဖူးတွေ့ဒူးတွေ့ကြုံပြီး) ယခုအချိန် ၌သာ ယုံကြည်နေပြီလော့။ သင်တို့သည် ယင်းနှင့်စပ်လျဉ်း၍ (ယခင်က အထင်သေး၍ မထီမဲ့မြင်ပြုလျက် မယုံကြည်ဖီဆန်ကာ) စိတ်စောစွာဖြင့် (အလျှင်အမြန်) ရောက်စေလိုခဲ့ကြပြီ မဟုတ်လော။

[52] ထို့နောက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့အား “အမြဲထာဝရတည်တံ့မည့် ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။ သင်တို့ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီ ဒဏ်ခတ်ခြင်းမှအပ သင်တို့ (အခြားအရာအတွက်) ပေးဆပ်ခြင်းခံရသလော။” ဟု မိန့်ဆိုလိမ့်မည်။

[53] သူတို့သည် အသင် (တမန်တော်) အား “ယင်း (ဒဏ်ခတ်အရေးယူမည့်ကိစ္စ) သည် တိကျမှန်ကန် မှုရှိသလော။” ဟု မေးမြန်းစုံစမ်းကြ၏။ (အသင်သည် သူတို့အား) မုချပင်၊ စင်စစ် ထိုကိစ္စနှင့်ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အမှန်ပင် လုံးဝ တိကျမှန်ကန် ပြတ်သားသော အမှန်တရားသစ္စာပင် ဖြစ်ပြီး သင်တို့သည် (အရှင်မြတ်နှင့်အရှင့်ပြစ်ဒဏ်မှ) ရှောင်ပြေးလွတ်မြောက်နိုင်ကြမည် မဟုတ်ချေ။

[54] ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (အတွက် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင် ခွင့်ရှိပြီး) အကယ်၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလျှင် (ယင်းနှင့်ပတ်သက်၍ ပေးခံရမည့် ပြစ်ဒဏ်မှ လွတ်မြောက်နိုင်ရန်အလို့ငှာ) သူတို့သည် ကမ္ဘာပေါ်၌ ပိုင်ဆိုင်ထားသမျှ အရာအား လုံးကိုပင် လျော်ကြေးအဖြစ် (ပေး၍ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရရန်) ကမ်း လှမ်းလိုကြလိမ့်မည်။ ထို့ပြင် ပြစ်ဒဏ်ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ကြသည့်အခါ နောင်တကြီးစွာရ၍ (စိတ်နှလုံး၌ ခံစားနေမှုကို မထုတ်ဖော် နိုင်လောက်အောင်ပင်) မလုံမလဲ ဖြစ်ကြလိမ့်မည်။ သူတို့အချင်း ချင်းကြားတွင် (မည်သို့မျှ ဘက်လိုက်ခြင်းမရှိဘဲ တရား တော်နှင့်အညီ) တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ခြင်းခံကြရမည် ဖြစ်ပြီး သူတို့သည် မတော်မတရား ပြုခြင်းခံကြရခြင်း အလျှင်း ရှိမည်မဟုတ်ပေ။

[55] သတိပြုမှတ်သားကြလော့။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း ရှိသမျှအရာအားလုံးကို (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာ၌ရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူ၏။ နှလုံးသွင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားသစ္စာ တစ်ရပ်ဖြစ်သော်လည်း သူတို့အများစုသည် မသိနားမလည်ကြချေ။

[56] ထိုအရှင်မြတ်သည် အသက်ရှင်စေခြင်း (နိစ္စ) နှင့်အသက်သေစေခြင်း (အနိစ္စ) တို့ကိုဖြစ်စေတော်မူသော အရှင်ဖြစ်ပြီး ထိုအရှင်ထံသို့သာ (အားလုံး) ဦးလှည့်ပြန်ကြတော်မူမည်။

[57] အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှ သင်တို့ထံသို့ အဆုံးအမဆိုင်ရာ လမ်းညွှန်တော်နှင့် စိတ်နှလုံးအတွင်း (ရှိ မှားယွင်းသော အတွေးအခေါ် အယူအဆများ၊ ဒွိဟသံသယ၊ အမှန်တရားကို ဖီဆန်လိုသော ဆန္ဒစသည့်) ဝေဒနာများအတွက် ကုသမှု၊ ဆေးတော်) ဖြစ်ရုံမက ယုံကြည်သူတို့အတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်လည်း (ဖြစ်သည့် ကျမ်းတော်မြတ်ကုရ်အာန်) ရောက်ရှိလာခဲ့ပြီ။

[58] အလ္လာဟ်အရှင်မြတ်၏ထိုရက်ရောသော ကျေးဇူးတော်နှင့်ကရုဏာတော်အားဖြင့် ဟောကြားလော့။ ထို့နောက် ထိုအရာဖြင့်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခွင့်ပေးလော့။ ယင်းသည် သူတို့ရှာဖွေစုဆောင်းထားသမျှအရာ (လောကီစည်းစိမ်ချမ်းသာ) ထက် သာလွန်ကောင်းမြတ်၏။

[59] အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ချမှတ်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ အနက်မှ မည်သည်ကို (စားသုံးခွင့်မရှိသော) တရားမဝင်သောအရာအဖြစ်လည်းကောင်း၊ မည်သည်ကို (စားသုံး ခွင့်ရှိသော) တရားဝင်သောအရာအဖြစ်လည်းကောင်း၊ (သင်တို့အကျိုးငှာ) သတ်မှတ်၍ဖြစ်စေတော်မူကြောင်း (အရှင့်သတ်မှတ်ချက်များသည် သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်ထက် ပိုကောင်းကြောင်း) ကို သင်တို့ (စေ့စေ့စပ်စပ် စဉ်းစား) ဆင်ခြင်၍ စီစစ်သုံးသပ်ကြည့်ကြပြီးပြီလော့။” ဟု မေးမြန်းလော့။ အလ္လာဟ်အရှင်မြတ်က သင်တို့ အတွက် (သင်တို့စားသုံးနေသော အရာများကို) ခွင့်ပြုပြီးပြီလော့။ သို့မဟုတ် (သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်အပေါ်အခြေခံ၍ စားသုံးခြင်းဖြင့် ယင်းတို့ကို အရှင်မြတ်ခွင့်ပြုထားသည်ဟု) အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မတရား၊ မမှန်မကန် လိမ်လည်စွပ်စွဲ၍ (အလွဲသုံးစားပြုရန်) လုပ်ကြံဖန်တီးနေခြင်းလော့။” ဟု မေးမြန်းလော့။

[60] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများ (ဖြစ်သော သူတို့၏အတွေးအခေါ်၊ အယူအဆများ နှင့်စွပ်စွဲမှုများကို သိပ္ပံနှင့်ဘာသာတရား၏သွန်သင်မှုအဖြစ်) လုပ်ကြံဖန်တီးကြသူတို့၏တမလွန်ရှင်ပြန်ထမြောက်မည့်နေ့ (၌ လူတို့ရင်ဆိုင်ရမည့်အခြေအနေ) နှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်သည် မည်သို့ ရှိသနည်း။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် အရှင့်(မြေပေါ် မြေအောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်၊ နိယာမတရားနှင့်လမ်းညွှန်များစသော) ရက်ရောပြည့်စုံသော ကျေးဇူးတော်ကို ချီးမြှင့်ပေးအပ်တော်မူသော်လည်း သူတို့အနက် အများစုမှာ ကျေးဇူးမသိတတ်ကြချေ။

[61] (အို၊ ရစူလ်တမန်တော်) အသင်သည် (စိတ်စွဲလမ်းမှုကို) မည်သည့် အခြေအနေမျိုး၌ (ထား) ရှိသည်ဖြစ်စေ၊ ကျမ်းတော်မြတ်ကုရ်အာန်မှ မည်သည့်အာယာသ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် (၍ အလေးအနက်ဟောပြော) သည်ဖြစ်စေ၊ ယင်း၌ အာရုံစိုက်၍ နစ်မွန်းသောအခါ ငါအရှင်မြတ်သည် သင်တို့အပေါ် သက်သေများကို မုချ ထားရှိတော်မူခြင်းမှအပ သင်တို့သည် မည်သည့်ပြုမူကျင့်ကြံမှုကိုမျှ ပြုမူဆောင်ရွက်နိုင်ကြမည် မဟုတ်ချေ။ ထိုကဲ့ သို့ပင် ကမ္ဘာဂြိုဟ်နှင့်မိုးကောင်းကင်များအတွင်း၌ရှိ အဏုမြူ (ဒြပ်မှုန်) ပမာဏရှိသောအရာဖြစ်စေ၊ ထိုထက်သေး သောအရာဖြစ်စေ၊ ထိုထက်ကြီးမားသောအရာဖြစ်စေ၊ အရှင့်ထင်ရှားသော မှတ်တမ်းကျမ်းတွင် မှတ်တမ်းတင် ထားခြင်းမှအပ သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ဉာဏ်တော် အနန္တ) မှ (မည်သည့်အရာမျှ) အလျှင်း ဖုံးကွယ်လွတ်မြောက်နိုင်မည် မဟုတ်ချေ။

[62] မလွဲမသွေ သတိပြုမှတ်သားကြလော့။ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဘဝကို နစ်မြုပ်ထားသော) အလ္လာဟ်အရှင်မြတ်၏ (အစေခံ) အဆွေတော်များမှာမူ သူတို့အပေါ်၌ မည်သည့် ကြောက်ရွံ့စိုးရိမ်စရာမျှ ရှိလိမ့်မည် မဟုတ်ပေ။ သူတို့ဝမ်းနည်းပူဆွေးကြမည်လည်း မဟုတ်ကြပေ။

[63] ထိုသူတို့သည် ယုံကြည်သူများဖြစ်ကြရုံသာမက အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကျင့်သုံးကြသူများလည်း ဖြစ်ကြ၏။

[64] “သူတို့အတွက် လောကီဘဝသက်တမ်းနှင့်နောင်တမလွန်ဘဝတို့တွင် (ပေါက်မြောက်အောင်မြင်မှုဆိုင်ရာ) သတင်းကောင်းများ ရှိ၏။” (ဟူသော အချက်သည် မည်သည့်အချိန်၊ မည်သည့်အခြေအနေ၌ပင် ဖြစ်စေ) အလျှင်း ပြောင်းလဲမည် မဟုတ်သော၊ အလ္လာဟ်အရှင်မြတ်၏အမိန့်ဗျာဒိတ်တော် မုချပင် ဖြစ်တော်မူ၏။ ထိုအချက်သည်ပင် ကြီးကျယ်မြင့်မြတ်သော မဟာအောင်မြင်မှုပင် ဖြစ်၏။

[65] (အို၊ ရစူလ်တမန်တော်) သင်သည် သူတို့၏ပြောဆိုချက်များကြောင့် (စိတ်ထိခိုက်စေလျက်) ဝမ်းမနည်း ကြလေနှင့်။ ဧကန်ပင်၊ (ဂုဏ်၊ သိက္ခာ၊ ဩဇာ၊ အာဏာ) ဘုန်းတန်ခိုးအလုံးစုံသည် အလ္လာဟ်အရှင်မြတ်၏ (အချုပ်အခြာ၌ရှိ၍ အရှင်မြတ်) သာ ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်မြတ်သည် (သက်ရှိအားလုံး၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့အား ဉာဏ်တော်အနန္တဖြင့် လွှမ်းခြုံထားတော်မူလျက်) အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[66] (သတိပြုမှတ်သားကြလော့။) ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ (သက်ရှိများနှင့် အရှင့်အစေ ခံများစသည့် မှီတင်းနေထိုင်လျက်) ရှိသူတို့သည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်များကို နာခံလိုက်နာရန် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိများဖြစ်သည့်အတွက် (ယင်းတို့ကို) အရှင်မြတ်သာ စိုးပိုင်တော်မူ၏။ သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသောကိုးကွယ်ရာများကို) အရှင့်တွဲဖက် ပြိုင်ဘက်အဖြစ် ဟစ်ခေါ်ကိုးကွယ်ကြသူတို့သည် ထင်မြင်ယူဆချက်ကို လိုက်နာနေခြင်းမှအပ အခြား မည်သူ့ကိုမျှ နာခံ လိုက်နာနေကြသည် အလျှင်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် စိတ်မှန်းအထင် သက်သက်ကိုသာလျှင် ဟုတ်မှန်သည်ဟု ထင်မြင်မှတ်ယူနေကြခြင်းသာ ဖြစ်၏။

[67] ထိုအရှင်မြတ်သည် သင်တို့အတွက် ညကို ယင်း၌အိပ်စက်အနားယူစရာ အဖြစ်လည်းကောင်း၊ နေ့ကို အလင်းရ၍ မြင်နိုင်စွမ်းပေးသောအရာ (အလုပ်လုပ်နိုင်သည့် အခွင့်အရေးရစရာ) အဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထို (အရှင့်ဗျာဒိတ်တော်) ၌ အာရုံစိုက်၍ ကြားနာသော လူမျိုးအတွက် အာယာသ်သက်သေလက္ခဏာတော်များ ပါရှိ၏။

[68] (ရုပ်တုကိုးကွယ်သူများဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်သည် (အရှင့်အတွက်) သားတော် တစ် ပါးကို ယူထား၏။” ဟု အခိုင်အမာ စွပ်စွဲပြောဆိုကြ၏။ ထိုအရှင်မြတ်သည် (ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသောအရှင်) အနှိုင်းမဲ့၊ အတုမဲ့ တစ်ပါးတည်း တည်ရှိနေတော်မူသောအရှင် ဖြစ်တော်မူ၍ သူတို့၏ ပြောဆိုစွပ်စွဲချက်များမှ ကင်းရှင်းစင်ကြယ်တော်မူ၏။ လိုလားတောင့်တမှု လုံးဝ ကင်းလျက် ကုံလုံပြည့်စုံဆုံး ဖြစ်တော်မူ၏။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာအားလုံးသည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင့်အချုပ်အခြာ၌ ရှိလျက်) အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြ၏။ (အရှင့်နိယာမတရားများကို လိုက်နာနေရခြင်းမှအပ) သင်တို့၌ အဆိုပါ စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မည်သည့် အထောက်အထားနှင့်အခွင့်အာဏာမျှ အလျှင်း မရှိပေ။ အသင်တို့ မသိနားမလည်သော အရာများကို အလ္လာဟ်အရှင်မြတ် (နှင့်ပတ်သက်သကဲ့သို့ လုပ် ကြံဖန်တီး၍ အရှင့်) အပေါ် စွပ်စွဲပြောကြသလော။

[69] ဟောကြားလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်(နှင့် ဆန့်ကျင်၍ မုသားများကို လုပ်ကြံဖန်တီးလျက် အရှင့်ဂုဏ်တော်) အပေါ် လီဆယ်စွပ်စွဲကြသူတို့သည် အလျှင်း ပေါက်မြောက်အောင်မြင်ကြမည် မဟုတ်ချေ။

[70] လောကီဘဝသက်တမ်း၌ စိတ်ဖြေစရာ အကျိုးခံစားခွင့် (အနည်းငယ်) ရရှိပြီးနောက် ငါအရှင်မြတ်ထံ သို့သာ ပြန်လည်ဦးလှည့်ရောက်ရှိစရာရှိ၏။ ထို့နောက် ငါအရှင်မြတ်သည် သူတို့၏မယုံကြည်ဖီဆန်ငြင်းပယ်မှုကြောင့် ပြင်းထန်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်။

[71] (စံနမူနာယူဖွယ်ကောင်းသော တမန်တော်) နူးဟ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့်သမိုင်း ကြောင်းကို သူတို့အား ရှင်းလင်းပြောကြားလော့။ တမန်တော်နူးဟ်က သူ့လူမျိုးတို့အား ပြောခဲ့သည်မှာ “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အကယ်၍ ကျွန်ုပ်၏ရပ်တည်မှု (နှင့်သင်တို့ကြားတွင် တည်ရှိနေမှု) သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များဖြင့် သတိပေးနှိုးဆော်ခြင်းသည်လည်းကောင်း၊ သင်တို့အပေါ်၌ (ကသိကအောက်ဖြစ်စေ၍) ဝန်လေးနေလျှင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ပေါ်၌သာ ယုံကြည် ကိုးစား၍ လွှဲအပ်ပြီးဖြစ်ရာ သင်တို့၏ကြံစည်စီမံချက်များ၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်နေသည့် ကိုးကွယ်ရာများကိုပါ အတူတကွ ပူးပေါင်းပါဝင်စေလျက် ဆုံးဖြတ်စေပြီးနောက် သင်တို့၏အဆိုပါ ကြံစည်စီမံ မှုများအား သင်တို့အပေါ်၌ မည်သည့်စိုးရိမ်ဖွယ်ရာသံသယမျှမရှိစေဘဲ ကျွန်ုပ်နှင့်ဆန့်ကျင်၍ ဆက်လက်လုပ် ဆောင်ခြင်းဖြင့် (သင်တို့ဆုံးဖြတ်သမျှကို အကောင်အထည်ဖော်ရာတွင်) သင်တို့သည် ကျွန်ုပ်အား ရွှေ့ဆိုင်းခွင့် (နားခွင့်) ပင် မပေးကြလေနှင့်။”

[72] ထို့နောက် အကယ်၍ သင်တို့သည် (အရှင့်အမိန့်ဗျာဒိတ်တော်များကို သင်တို့အရောက်ပို့ဆောင်နေခြင်းမှ မျက်နှာလွှဲ၍ လှည့်ပြန်ကြလျှင် (ကျွန်ုပ်အား မည်သည့် ကောင်းကျိုး၊ ဆိုးကျိုးကိုမျှ ဖြစ်စေမည် မဟုတ်ပေ။ အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့ထံမှ မည်သည့် အကျိုးအမြတ် (အခကြေးငွေ) ကိုမျှ တောင်းဆိုခဲ့ခြင်း မရှိပေ။ အမှန်မှာ ကျွန်ုပ်၏အကျိုးဆုလဒ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ မူတည်နေပြီး ကျွန်ုပ်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များထဲတွင် အပါအဝင်ဖြစ်ရန်သာ အမိန့်ပေးညွှန်ကြားတော်မူခြင်း ခံရ၏။

[73] သို့ပါလျက် (တမန်တော်နူးဟ်၏လူမျိုးအများစုသည်) သူ့အား မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန် ခဲ့ကြရာ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အားလည်းကောင်း၊ သူနှင့်အတူ သင်္ဘောတွင် လိုက်ပါလာသူတို့ အားလည်းကောင်း၊ (ရေဘေးမှ) ကယ်တော်မူပြီး သူတို့ကို (နယ်ပယ်ဒေသ၏စီမံအုပ်ချုပ်ရေးအတွက်) ဆက်ခံသူများအဖြစ် စီမံဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအား မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသူများကိုလည်း နစ်မြုပ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ၊ သတိပေးနှိုးဆော်ခြင်း ခံခဲ့ရသူတို့၏နောက်ဆုံးအကျိုးဆက် (ဇာတ်သိမ်းခန်း) မည်သို့ ရှိခဲ့ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်ကြည့်ကြလော့။

[74] တစ်ဖန် (တမန်တော်) နူးဟ်မရှိသည့်နောက်တွင် (အခြား) ရစူလ်တမန်တော်များ သူတို့၏လူမျိုးများထံသို့ ပွင့်ပေါ်စေလွှတ်ခဲ့သောကြောင့် အဆိုပါ ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ ရောက်ရှိခဲ့ကြသော်လည်း သူတို့သည် ယခင်က ယင်းကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသည့်အတိုင်း အမှန်ပင် သက်ဝင်ယုံကြည်ခြင်း မရှိခဲ့ကြချေ။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းဘောင်များကို ချိုးဖောက်သူတို့၏နှလုံးသားများပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူခဲ့ပြီ။

[75] တစ်ဖန် ထိုတမန်တော်များ၏နောက်တွင် (တမန်တော်) မူဆာနှင့်ဟာရွန်တို့ကို အာယာသ်သက်သေလက္ခဏာတော်များနှင့်အတူ ဖါရိုမင်းဆက်နှင့်သူ၏အကြံပေး မှူးမတ်အကြီးအကဲများထံသို့ ပွင့်ပေါ်စေလွှတ် တော်မူခဲ့သော်လည်း သူတို့သည် မာန်မနာထောင်လွှားကြပြီး ရာဇဝတ်မှုကျူးလွန်သော လူမျိုးဖြစ်ခဲ့လေ၏။

[76] ငါအရှင်မြတ်၏ထံတော်မှ အမှန်တရားသစ္စာသည် သူတို့ထံရောက်လာသောအခါ သူတို့က “ဧကန်ပင်၊ ဤ သည် ကျွမ်းကျင်ထင်ရှားသော မှော်ပယောဂအတတ်သာ ဖြစ်၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[77] (တမန်တော်) မူဆာက “သင်တို့သည် အမှန်တရားသစ္စာနှင့်ပတ်သက်၍ ယင်းက သင်တို့ထံ အသေအချာ ရောက်လာစဉ် ယင်းသို့ပင် ပြောကြလေသလော။ ဤသည် မှော်ပယောဂ အတတ်ဖြစ်လေသလော။ သို့သော် မှော်ပယောဂဆရာတို့သည် အောင်မြင်ကြမည် မဟုတ်ချေ။” ဟု မေးမြန်းခဲ့၏။

[78] သူတို့က “သင်တို့သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၌ တွေ့ခဲ့ရသော မိရိုးဖလာလမ်း စဉ်မှ လွဲချော်တိမ်ပါးစေရန်နှင့်မြေကမ္ဘာ၌ သင်တို့နှစ်ဦးစလုံး အမြင့်မားဆုံး ဩဇာအာဏာရှိသူများ ဖြစ်စေရန်အတွက် ကျွန်ုပ်တို့ထံ ရောက်လာကြသလော။ အမှန်မှာ ကျွန်ုပ်တို့သည် သင်တို့နှစ်ဦးစလုံး (၏အကျိုး) အတွက် မည်သည့်အခါမျှ ယုံကြည်သူများဖြစ်လာမည် မဟုတ်ချေ။” ဟု ပြောဆိုခဲ့ကြ၏။

[79] ဖါရိုမင်းဆက်က “တတ်မြောက်ကျွမ်းကျင်သော မှော်ပယောဂပညာရှင်အားလုံးကို ကျွန်ုပ်ထံ ခေါ်ဆောင် ခစားစေလော့။” ဟု အမိန့်ထုတ်ခဲ့၏။

[80] မှော်ပယောဂပညာရှင်များရောက်လာကြသောအခါ (တမန်တော်) မူဆာက “သင်တို့ (၌ရှိသောမှော် ပယောဂ အစွမ်းအားပြသရန်) ပစ်ချစရာရှိသည်တို့ကို ပစ်ချကြလော့။” ဟု ပြောဆိုခဲ့၏။

[81] သူတို့သည် (ပစ်ချလိုသော အရာများကို) ပစ်ချကြလေသောအခါ တမန်တော်မူဆာက “သင်တို့ ယူဆောင် လာခဲ့သမျှသည် မှော်ပယောဂအတတ်သာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်း (မှော်ပယောဂအတတ်) ကို အချည်းနှီးနှင့်တရားမဝင်သောအရာ ဖြစ်ကြောင်း မကြာမီ သက်သေပြတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ဖောက် ဖျက်၍ အာခံဖီဆန်သူတို့၏ပြုမူဆောင်ရွက်ချက်များကို မှန်ကန်ပြီး တရားဝင်သော အရာများအဖြစ် မည်သည့်အခါမျှ ပြုပြင်ပြောင်းလဲစေတော်မူမည် မဟုတ်ချေ။” ဟု ဟောကြားခဲ့၏။

[82] ရာဇဝတ်မှုကျူးလွန်သူတို့က မည်သို့ပင် မကျေနပ်၊ မနှစ်သက်ကြပါစေ။ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားသစ္စာကို အရှင့်အမိန့်ဗျာဒိတ်တော်အားဖြင့် မှန်ကန်စွာ ခိုင်မာလျက် (အောင်ပွဲခံရန်) မြဲမြံစေတော်မူမည်။

[83] (သူတို့၏ဩဇာအာဏာနှင့်ဓနစည်းစိမ်လက်လွတ်ခံရမည်ကို စိုးရိမ်နေကြသော) ဖါရိုမင်းဆက်နှင့်မှူးမတ် အကြီးအကဲတို့၏ညှင်းပန်းနှိပ်စက်မှုအန္တရာယ်ကို ကြောက်ရွံ့နေရသည့်အတွက် သူ့လူမျိုးများအနက် လူငယ်မျိုးဆက်တစ်ခုမှအပ (အခြားသူတို့က တမန်တော်) မူဆာအား ယုံကြည်လက်ခံကြခြင်း မရှိချေ။ ဧကန်ပင်၊ ဖါရိုမင်း ဆက်သည် မြေကမ္ဘာ၌ နိုင်လိုမင်းထက်ပြုသော အာဏာရှင်ဖြစ်ပြီး မုချပင်၊ သူသည် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်လျက် (ပြည်သူ့အခွင့်အရေးကို) အလွဲသုံးစားပြုသူပင် ဖြစ်၏။

[84] (တမန်တော်) မူဆာက “အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ အကယ်၍ သင်တို့သည် ယုံကြည်သူများ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များဖြစ်လိုကြလျှင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်းနှင့်အတူ အရှင့် (စည်းမျဉ်းတော်များ) အပေါ်တွင်လည်း ယုံကြည်ကိုးစား၍ လွှဲအပ်ကြလော့။” ဟု ဟောပြောခဲ့၏။

[85] (ထိုစဉ်) သူတို့က “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်ကိုးစား၍ လွှဲအပ်ကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား အရှင့် စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်ကြသော လူမျိုးအတွက် ညှင်းပန်းနှိပ် စက်ရမည့်ပစ်မှတ် (စမ်းသပ်ခံ) အဖြစ် မဖြစ်ပါစေနှင့်။” ဟု ဆုတောင်းပန်ကြားခဲ့ကြ၏။

[86] ထို့ပြင် ကျွန်ုပ်တို့ကို အသင် (အရှင်မြတ်) ၏ကရုဏာတော်အားဖြင့် မယုံကြည်သော (အမှန်တရားကို ဖီဆန် ငြင်းပယ်သော) လူမျိုးတို့ (၏အန္တရာယ်) မှ ကယ်တင်တော်မူပါ။

[87] တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်မူဆာနှင့်သူ့အစ်ကိုထံသို့ “သူတို့၏လူမျိုးအတွက် အီဂျစ်၌ (ခိုလှုံစရာ) အိမ်များဆောက်လုပ်၍ အခြေချနေထိုင်နိုင်ရန် သင်တို့ (နှစ်ဦး) ၏အိမ်များကို ဝတ်ပြုမှုအတွက် ရှေးရှုဦးတည်၍ ဝတ်ပြုရာနေရာအဖြစ်ပြုလုပ်သတ်မှန်ရန်၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြရန်နှင့်ယုံကြည်သူတို့အား သတင်းကောင်းပါးရန် ဝဟီအမိန့် တော်ထုတ်ပြန် ပို့ချတော်မူခဲ့၏။”

[88] (ထိုစဉ် တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ အရှင်မြတ်သည် ဖါရိုမင်းဆက်နှင့် မှူးမတ်အကြီးအကဲတို့အား ဤလောကီဘဝ၌ ခံ့ညားထည်ဝါမှုနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများ ပေးထားတော်မူခဲ့၏။ သို့ဖြစ်ရာ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့သည် (လူတို့အား) အသင်အရှင် မြတ်၏လမ်းစဉ်တော်မှ လမ်းမှားသို့ရောက်စေရန် ဦးဆောင်နေကြ၏။ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ သူတို့၏ဥစ္စာဓနပိုင် ဆိုင်မှုများကို မှေးမှိန်ပျက်သုဉ်းစေတော်မူပြီး သူတို့သည် ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်များကို မျက်ဝါးထင်ထင် မတွေ့မြင်သမျှ ကာလပတ်လုံး သက်ဝင်ယုံကြည်ကြမည် မဟုတ်သောကြောင့် သူတို့၏စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောစေတော်မူပါ။” ဟု (အရှင့်ထံလျှောက်တင်) ပန်ကြားခဲ့၏။

[89] အရှင်မြတ်က “သင်တို့နှစ်ဦး (တမန်တော်မူဆာနှင့်ဟာရွန်) ၏ ဆုတောင်းပန်ကြားချက်ကို ငါအရှင်မြတ်အလိုတူလက်ခံကြောင်း ဖြေကြားတော်မူပြီဖြစ်သောကြောင့် သင်တို့နှစ်ဦးသည် (ဆက်လက်၍ ဖြောင့် မတ်မှန်ကန်သော အရှင့်လမ်းစဉ်တော်၌ပင်) တည်ကြည်ကြံ့ခိုင်မှု မြဲမြံစွာဖြင့် ရပ်တည်ကြပြီး အသိပညာကင်းမဲ့ကြသူတို့၏ လမ်းစဉ်အား မလိုက်ကြလေနှင့်။” ဟု မိန့်တော်မူခဲ့၏။

[90] တစ်ဖန် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ပင်လယ်ကို ဖြတ်ကျော်၍ ခေါ်ဆောင်တော်မူခဲ့စဉ် ဖါရိုမင်းဆက်နှင့်သူ့စစ်တပ်အပေါင်းအပါတို့က အလွန်ပြင်းပြသော ပမာမခန့်မှုနှင့်ရန်လိုမှုအပြည့်ဖြင့် သူတို့ နောက်သို့ မှီအောင်လိုက်လာခဲ့ကြ၏။ (အရှင်မြတ်က တမန်တော်မူဆာနှင့်သူ့လူမျိုးအတွက် ပင်လယ်ရေကို ကျော်ဖြတ်နိုင်အောင် ဖွင့်ပေးတော်မူပြီး ဖါရို၏စစ်တပ်နှင့်) သူ့ကိုမူ နစ်မြုပ်လွှမ်းမိုးစေတော်မူသည့်အချိန်ရောက်မှသာ သူက “ဧကန်ပင်၊ အစ္စရေးမျိုးနွယ်ဝင်တို့က သက်ဝင်ယုံကြည်ကြသောအရှင်မြတ်မှအပ အခြား ရှိခိုးကိုးကွယ် ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိကြောင်းကို ကျွန်ုပ် (ယခုအခါ) ယုံကြည်လာခဲ့ရပြီ။” ဟု ဝန်ခံပြောဆိုခဲ့၏။

[91] ယခုမှ ယုံကြည်လေသလော။ ဤမတိုင်မီ အသင်သည် မနာခံ၊ အာခံ၍ မထီမဲ့မြင်ပြုခဲ့ရုံသယာမက မတည် မငြိမ်မှုနှင့်အဖျက်အနှောင့်များ ပြုလုပ်သူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့လေ၏။

[92] သို့ဖြစ်ပေရာ (မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ၌ ယုံကြည်လာခြင်းသည် နောင်တမလွန်အတွက် မည်သို့မျှ အကျိုးမရှိသော်လည်း လောကီအကျိုးဆက်အဖြစ်) ယနေ့တွင် ငါအရှင်မြတ်သည် အသင် (ဖါရို) ရုပ်ကလပ်ကို အသင့်နောက်ပိုင်းတွင် (ဆက်ခံသူများအဖြစ် ရောက်ရှိလာမည့်) နောင်မျိုးဆက်များအတွက် သက်သေလက္ခဏာဖြစ်စေရန်အလို့ငှာ ကယ်ဆယ်ထားတော်မူ၏။ သို့ရာတွင် ဧကန်ပင်၊ လူသားတို့အနက်မှ အများစုသည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အမှန်ပင် အလေးမထားဘဲ (ယင်းတို့၌ ဘဝအတွက် သင်ခန်းစာနှင့်သတိပေးချက်များ ပြည့်နှက်နေကြောင်းကို မသိနားမလည်ဘဲ) လျစ်လျူရှုထားကြ၏။

[93] ထို့ပြင် ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ကောင်းမွန်သင့်မြတ်သော အခြေချနေ ထိုင်ရာနယ်သစ်တွင် အတည်တကျနေထိုင်နိုင်ရန် နေရာချပေးတော်မူပြီး သန့်ရှင်းကောင်းမွန်သော (ကျန်းမာရေးနှင့်လည်းညီညွတ်သော) အရာများအနက်မှ စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်းပေးတော်မူခဲ့သော်လည်း (သူတို့လိုက်နာရမည့် လမ်းစဉ်နှင့်ပြုမူဆောင်ရွက်မှုများအတွက် ကြုံတွေ့ရမည့် အကျိုးဆက် များဆိုင်ရာ) အသိပညာသည် သူတို့ထံ ရောက်ရှိလာသည့်အချိန်အထိ သူတို့အချင်းချင်းကြားတွင် သဘောထား ကွဲလွဲခဲ့ကြ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်းကြားတွင် သဘောထားချင်း မတိုက်ဆိုင်၍ ကွဲလွဲနေခဲ့ကြသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ (သူတို့ထဲမှ ကောင်းမှုပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးရန်အတွက်) တမလွန်၌ ရှင်ပြန်ထမြောက်မည့်နေ့တွင် အပြီးသတ် စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။

[94] သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) သည် ငါအရှင်မြတ်က အသင့်ထံချမှတ်ပေးအပ်တော် မူသော (တမန်တော်မူဆာနှင့်ဖါရိုမင်းဆက်ကြားဖြစ်ပွားခဲ့သော) အကြောင်းအရာနှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ ရှိနေခဲ့လျှင် အသင်မတိုင်မီ ချမှတ်ပေးအပ်တော်မူခဲ့သော ကျမ်းစာကို ဖတ်ရွတ်ကြသူတို့ကိုအား (ထိုအကြောင်း) မေး မြန်းလော့။ ဧကန်ပင်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံ တော်မှဖြစ်သော အမှန်တရားသစ္စာသည် အသင့်ထံ မုချ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက်မှ အပါအဝင် မဖြစ်လေနှင့်။

[95] ထို့ပြင် သင်သည် အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်စွပ်စွဲ၍ ငြင်းဆန်ကြသူတို့အနက်မှလည်း အပါအဝင် မဖြစ်လေနှင့်။ သို့ဖြစ်ခဲ့လျှင် သင်သည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်ပေလိမ့်မည်။

[96] အမှန်စင်စစ်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့် ဗျာဒိတ်တော်သည် (အာခံဖီဆန်မှုကြောင့် မယုံကြည်သူအဖြစ် သေဆုံး၍ ငရဲရောက်ရမည် ဖြစ် ကြောင်းကို) သူတို့အပေါ်၌ အမှန်အဖြစ် အတည်ပြုတော်မူခဲ့ပြီ ဖြစ်၏။ သူတို့သည် သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။

[97] သူတို့သည် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်များကို (မျက်ဝါးထင်ထင်) မတွေ့မြင်သမျှကာ လပတ်လုံး သူတို့ထံ (သက်သေအထောက်အထားများနှင့်) အာယာသ်သက်သေလက္ခဏာတော်အားလုံး ရောက်သည့်တိုင်အောင် (သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။)

[98] ယုံကြည်မှုကြောင့် မြို့ရွာနေပြည်သူတို့က ယုံကြည်မှု၏အကျိုးအမြတ်နှင့်အသီးအပွင့်များကို ခံစားခဲ့ကြရသောမြို့ရွာဟူ၍ (တမန်တော်) ယူနူစ်၏လူမျိုးမှလွဲ၍ (အခြား) ရှိခဲ့လျှင် ကောင်းလေစွ။ (လူအများစုက ဘေးဒုက္ခ၊ ပြစ်ဒဏ်၊ အန္တရာယ်) တစ်ခုခုနှင့်ကြုံမှ အရှင်မြတ်ကို ဟစ်ခေါ်သတိရလေ့ရှိပြီး တမန်တော်ယူနူစ်၏လူမျိုးများမှာမူ ပြစ်ဒဏ်မလာမီပင် ယုံကြည်ခဲ့ကြ၏။) သူတို့သည် ယုံကြည်လာကြသောအခါ ငါအရှင်မြတ်သည် လောကီဘဝသက်တမ်း၌ အရှက်တကွဲဖြစ်စေသည့် ပြစ်ဒဏ်ကို သူတို့ထံမှ ဖယ်ရှားတော်မူပြီး သူတို့အား ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ လောကီအကျိုးခံစားခွင့်များကို သူတို့အတွက် သတ်မှတ်ထားသော ခေတ်ကာလအထိ ချီးမြှင့်တော်မူခဲ့၏။

[99] အမှန်စင်စစ်၊ အကယ်၍ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခဲ့လျှင် (လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် မပေးဘဲ အတင်းအဓမ္မယုံကြည်စေတော်မူခဲ့လျှင်) မြေကမ္ဘာပေါ်၌ ရှိနေသူတို့အားလုံး မုချပင် ယုံကြည် ခဲ့ကြလိမ့်မည်။ သို့ဖြစ်ပေရာ အသင်သည် လူတို့အား သူတို့ယုံကြည်သူများ ဖြစ်လာသည်အထိ အတင်းအဓမ္မ ပြုမည်လော။

[100] (အရှင်မြတ်ပြဋ္ဌာန်းထားသည့် တရားတော်နှင့်အညီ) အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မှအပ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တစ်ခုအတွက် ယုံကြည်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ဆင်ခြင်တုံတရားသုံး၍ တွေးခေါ် ဆင်ခြင်ခြင်းမရှိသူတို့ (၏ခေါင်း) ပေါ်တွင် (မယုံကြည်မှုဆိုင်ရာ) စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ညစ်ညမ်းမှုကို ဖြစ်ပေါ်ထားရှိတော်မူ၏။

[101] ဟောကြားလော့။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ရှိသမျှ (အရာအားလုံး၏ဖြစ်ပေါ်ပြောင်းလဲမှုနှင့် အကြောင်းရင်းများ) ကို အသေအချာ စူးစမ်းလေ့လာ၍ ကြည့်ရှုလော့။ သို့သော် ယုံကြည်လိမ့်မည် မဟုတ်သော လူမျိုးတို့အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များနှင့်သတိပေးနှိုးဆော်ချက်များသည် အကျိုးရှိ (အသုံးဝင်) လိမ့်မည် မဟုတ်ချေ။

[102] သို့ပါလျက် သူတို့သည် သူတို့မတိုင်မီ လွန်လေပြီးခဲ့သော ခေတ်ကာလများကဲ့သို့ပင် (အရှင့်သက်သေလက္ခဏာတော်များကို ငြင်းဆန်၍ ဘေးဒုက္ခပြစ်ဒဏ်များ ဆိုက်ရောက်လာခြင်းကို) စောင့်မျှော်နေကြသလော။ သို့ဖြစ်ပေရာ သင်တို့ စောင့်ကြည့်နေကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူများထဲတွင် မုချ ပါဝင်၏။”ဟု ဟောပြောလော့။

[103] ထို့နောက် ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များနှင့်ယုံကြည်သူများကို ကယ်တင်တော်မူခဲ့၏။ ထိုသို့ပင် ငါအရှင်မြတ်သည် ယုံကြည်သူတို့အား ကယ်တင်တော်မူခြင်းကို ငါအရှင်မြတ်အပေါ်တွင် (အမှန်တရားသစ္စာနှင့်သက်ဆိုင်သော) တာဝန်တစ်ရပ်အဖြစ် ပြဋ္ဌာန်းတော်မူ၏။

[104] ဟောကြားလော့။ အို၊ လူသားအပေါင်းတို့၊ အကယ်၍ သင်တို့သည် ကျွန်ုပ်၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်ပတ်သက်၍ ဒွိဟသံသယ၌ ရှိကြလျှင် (သင်တို့နှလုံးသွင်းသိသင့်သည်မှာ) ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ကိုးကွယ်ဆည်း ကပ်နေကြသောအရာများကို နာခံကိုးကွယ်နေခြင်း အလျှင်း မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်သည် သင်တို့၏သေ ခြင်းတရားကို ဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ပြီး (စကြဝဠာ၌ တွေ့မြင်ရသည့် နိယာမတရားများကို တစ်ပါးတည်းသော အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်းကို ယုံကြည်သည့်) ယုံကြည်သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်ပေး ညွှန်ကြားခြင်းခံခဲ့ရပြီ ဖြစ်၏။

[105] (နောက်ထပ် အမိန့်ပေးညွှန်ကြားခြင်းခံရသည်မှာ ကိုယ်စိတ်နှလုံးကို သီးသန့်ဦးတည်ချက်ဖြစ်သော အရှင် မြတ်၏နှစ်မြို့မှုရရှိရန်) သင်၏မျက်နှာကို (မယုံကြည်မှုနှင့် သီလကြောင်မှု လုံးဝ ကင်းရှင်းစေလျက်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် ဖြောင့်မတ်တည်ကြည်မှုမြဲမြံစွာဖြင့် ဦးတည်ရပ်တည်ရန်၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများ ကို ကိုးကွယ်သူတို့တွင် အပါအဝင် မဖြစ်ရန်တို့ ဖြစ်သည်။

[106] အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင့်အား ကောင်းကျိုး၊ ဆိုးကျိုး မပေးနိုင်သော (အကျိုးအမြတ်နှင့်ထိခိုက် နစ်နာမှု မဖြစ်စေနိုင်သော) အခြားအရာများကို ဟစ်ခေါ်တမ်းတ၍ ယင်းတို့ထံ ဆုတောင်းပန်ကြားမှု မပြုလေနှင့်။ အကယ်၍ ပြုလေသော် (သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို ဖီဆန်လျက် မိမိကိုယ်တိုင် ပြစ်မှုကြီး ကျူးလွန်သူဖြစ်မည်။) ထိုအခါ သင်သည် ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မမှန်မကန် ပြုလုပ်သူများတွင် အပါအဝင် ဖြစ်လိမ့်မည်။

[107] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင့်ကို ဘေးဆိုးဒုက္ခအခက်အခဲတစ် စုံတစ်ခုနှင့်ထိတွေ့ စေတော်မူလျှင် ထိုအရှင်မြတ်မှအပ ယင်းကို (သင့်ထံမှ) ဖယ်ရှားပေးနိုင်သူ အလျှင်း မရှိပေ။ တစ်ဖန် အကယ်၍ အရှင်မြတ်သည် ကောင်းမြတ်မှုတစ်ခုခုဖြင့် သင့်ကို (အကျိုးပြုရန်) ရည်ရွယ်တော်မူလျှင် အရှင့်ရက်ရောသော ကျေးဇူးတော် (မှဖြစ်သည့်အတွက် ယင်း) ကို မည်သူမျှ ချုပ်တည်း မထားနိုင်ပေ။ အရှင့်အစေခံ (လူသားများ) အနက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ၌ ယင်း (ကျေးဇူးတော်) အား ဆိုက် ရောက်စေတော်မူ၏။ ထိုအရှင်မြတ် (လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေး တော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော ကရုဏာရှင် ဖြစ်တော်မူ၏။

[108] ဟောပြောလော့။ အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အမှန်တရားသစ္စာသည် သင်တို့ထံ ရောက်ရှိလာခဲ့ပြီးဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆို (မိစ္ဆာဒိဌိကို ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လမ်းမှားကို လိုက်နာလျှင် ယင်း (နဖ်စ်) အပေါ်၌သာ တာဝန်ရှိ၏။ ကျွန်ုပ်သည် (သင်တို့၏တာဝန်ဝတ္တရားများအတွက် တာဝန်ယူရန်) သင်တို့အပေါ်တွင် အုပ်ထိန်းစောင့်ကြပ်သူ (အဖြစ် ခန့်အပ်ခြင်းခံရသူ) မဟုတ်ချေ။

[109] အသင့်ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချခြင်းခံရသမျှကို လိုက်နာလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်တော်မူသည်အထိ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထိုအရှင်မြတ်သည် တရားစီရင်ဆုံးဖြတ်ရာတွင် အကောင်းမြတ်ဆုံးပင် ဖြစ်တော်မူ၏။

ဟူဒ်

Surah 11

[1] အလိဖ်၊ လာမ်၊ ရာ။ ဤကျမ်းတော်သည် (အကြောင်းကိစ္စရပ်ဟူသမျှကို စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် (အရာရာကို စီစဉ်ကျနစွာဖြင့် စနစ်တကျဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်) နှင့်အရာခပ်သိမ်း၏အနုစိတ် အချက်အလက်များကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်၏ထံတော်မှ (ဒွိဟသံသယနှင့်ကွဲလွဲမှု လုံးဝ ကင်းရှင်းပြီး ပယ်ဖျက်ပြောင်းလဲခွင့် မပေးထားဘဲ) စနစ်တကျ မြဲမြံခိုင်ခံ့အောင် ဥပဒေအဖြစ် ပြဋ္ဌာန်းတော်မူပြီးနောက် အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူသော အာယာသ်သက်သေလက္ခဏာတော်များ ဖြစ်သည်။

[2] အလ္လာဟ်အရှင်မြတ်မှအပ (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအရှင်အဖြစ် လုပ်ကြံဖန်တီး၍) ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရန် (အတွက် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်၏။ အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် (မကောင်းသောလုပ်ရပ်ဟူသမျှ၏ အကျိုးဆက်များနှင့်ပတ်သက်၍) သတိပေးနှိုး ဆော်သူနှင့် (ယုံကြည်ပြီးဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ပြုကျင့်ကြသူအား ဆုလဒ်တော်ရှိကြောင်း) သတင်းကောင်းပါးသူ တစ်ဦးပင် ဖြစ်၏။

[3] သို့ဖြစ်ပေရာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (မကောင်းမှုဒုစရိုက်ဟူသမျှမှ ရှောင်ကြဉ်ခြင်းဖြင့်) လွတ်ငြိမ်းချမ်းသာခွင့်ရရန် ပန်ကြားပြီး (ကောင်းမှုကုသိုလ်များကို မြဲမြံစွာပြုကျင့်၍ လုပ်မိခဲ့သော အမှားများအတွက် ဝန်ချတောင်းပန်ခြင်းဖြင့်) အရှင်မြတ်ဘက်သို့ (စိတ် ရင်းစေတနာဖြူစင်စွာဖြင့်) ဦးတည်လှည့်ကြလော့။ (သို့ဖြစ်လျှင်) အရှင်မြတ်သည် သင်တို့အား ကောင်းမြတ်သော စိတ်ပြေဖွယ်ရာလောကီအကျိုးခံစားခွင့်များကို သတ်မှတ်ထားသော သက်တမ်းကာလစေ့သည်အထိ ရယူခံစား စေတော်မူလိမ့်မည်။ ထို့ပြင် (မိုး၊ မြေ၊ မြေပေါ်မြေအောက်သယံဇာတ၊ အရင်းအမြစ်၊ စွမ်းအင်၊ စွမ်းရည်စသော) အရှင့်ရက်ရောသော ကျေးဇူးတော်မှ (အကျင့်သီလကောင်းမွန်ပြီး အရှင့်ကျေနပ်နှစ်မြို့မှုအတွက် နစ်မြုပ်ခြင်း ဖြင့်) ကျေးဇူးတော်အား လက်ခံပိုင်ဆိုင်ထိုက်သူအားလုံးကိုလည်း ချီးမြှင့်ပေးအပ်တော်မူမည်။ သို့သော် အကယ်၍ သင်တို့က (အရှင့်အမိန့်ဗျာဒိတ်တော်များမှ မျက်နှာလွှဲ၍) ရှောင်ပြေးကြလျှင် (သိထားသင့်သည်မှာ) ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် ကြီးကျယ်သော (တမလွန်တရားစီရင်မည့်) နေ့၏ပြစ်ဒဏ်ရှိမည်ကို စိုးရိမ်ပူပင် နေရ၏။

[4] (နှလုံးသွင်းသင့်သည်မှာ) သင်တို့၏ပြန်လည်ဦးတည်ရာမှာ အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ဖြစ်ပြီး ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို (အရှင့်နိယာမတရားနှင့်စည်းမျဉ်းတော်များဖြင့် စိုးမိုးထိန်းချုပ်တော်မူလျက်) ဖြစ်တည်စေနိုင်စွမ်းရှိတော်မူသော အရှင်ဖြစ်တော်မူ၏။

[5] သတိပြုမှတ်သားကြလော့။ (အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်နေကြသော) သူတို့ သည် ထိုအရှင်မြတ် (၏သက်သေလက္ခဏာတော်များ ခန္ဓာကိုယ်၏အတွင်းအပြင်နှင့်ပတ်ဝန်းကျင်တခွင်၌ ပျံ့နှံ့ ပြန့်ကျဲလျက်ရှိသည်ကို လက်ခံခြင်း) မှ ရှောင်ပြေးဖုံးကွယ်နိုင်ရန် သူတို့၏စိတ်နှလုံး (များရှိ နားလည်နိုင်စွမ်း) ကို ပိတ်လိုက်ကြ၏။ သတိပြုမှတ်သားကြလော့။ သူတို့သည် သူတို့၏အဝတ်အထည်များ (ပမာ ဂုဏ်သိက္ခာကို ထိန်းချုပ်ထားနိုင်သည့် တီထွင်မှုများနှင့်အတွေးအခေါ်ဆိုင်ရာ သီအိုရီများ) ဖြင့် (သူတို့နှင့်သူတို့၏သီအိုရီများအား အရှင့်နိယာမတရားများက လွှမ်းမိုးနေကြောင်းကို မပေါ်လွင်စေရန်) ဖုံးကွယ်ကြသည့် အချိန်ကာလတိုင်းတွင် သူတို့ထိန်ချန်ကွယ်ဝှက်သမျှနှင့် (ဝင့်ကြွားစွာဖြင့်) ထုတ်ဖော်ဖွင့်ဟသမျှတို့ကို အရှင်မြတ် အကြွင်းမဲ့ သိတော်မူနေ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[6] ကမ္ဘာဂြိုဟ်ပေါ်တွင် သွားလာလှုပ်ရှားလျက် နေထိုင်ကြသော သက်ရှိများအနက်မှ အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသော စားနပ်ရိက္ခာနှင့်လိုအပ်ချက်များအပေါ် မှီခိုအားထားနေခြင်းမှအပ (ရှင်သန်နိုင်သောသက်ရှိ ဟူ၍) အလျှင်း မရှိပေ။ (သက်ရှိတိုင်း၏ဘဝအခြေအနေနှင့်လိုအပ်ချက်များနှင့်အညီ) သတ်မှတ်ရမည့် ဘဝသက် တမ်းနှင့်ပင်ကိုယ်စွမ်းရည်၊ စရိုက်များကိုလည်းကောင်း၊ ကူးပြောင်းရမည့် အချိန်အခါနှင့်နေရာဒေသကိုလည်းကောင်း၊ အရှင်မြတ်က အကြွင်းမဲ့ သိတော်မူ၏။ အရာခပ်သိမ်းတို့၏အသေးစိတ်အချက်အလက်များကို ထင်ရှား သော မှတ်တမ်းစာအုပ်ကြီး၌ မှတ်တမ်းတင်ထားတော်မူ၏။

[7] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထိုစဉ်က အရှင့် (အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်ဆိုင်ရာ) မဟာပလ္လင်တော်သည် သင်တို့အနက် မည်သူသည် အကောင်းဆုံး ပြုမူကျင့်ကြံသူဖြစ်ကြောင်းကို စီစစ်စမ်းသပ်တော်မူရန်အလို့ငှာ (သက်ရှိဖြစ်ပေါ်ရေးအတွက် အဓိကအရင်းအမြစ်ဖြစ်သော) ရေပေါ်၌ ထားရှိတော်မူခဲ့၏။ ထို့ပြင် အကယ်၍ အသင်က (လူတို့အား၊ သင်တို့၏အဓိကပန်းတိုင်မှာ ဤလောကီဘဝ၌ ပြုကျင့်သည်နှင့်အညီ အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်များကို စံစားခံစားခြင်းပင် ဖြစ်သောကြောင့်) ဧကန်ပင်၊ အသင်တို့ ကွယ်လွန်သေဆုံး သွားပြီးနောက် သင်တို့အား ပြန်လည်ရှင်သန်ထမြောက်စေတော်မူမည်ဟု မိန့်ကြားလျှင် မယုံကြည်သူ (အမှန်တ ရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ထင်ရှားလှစွာသော မှော်ပယောဂအတတ်ပညာ (ညှို့ယူဆွဲဆောင် ဖွယ်ရာကောင်းသောလှည့်စားမှု) သာ ဖြစ်၏။” ဟု မုချ ပြောဆိုခဲ့ကြလိမ့်မည်။

[8] တစ်ဖန်၊ အကယ်၍ ငါအရှင်မြတ်သည် လူ့အသိုင်းအဝိုင်းတစ်ခုအတွက် စီရင်သတ်မှတ်တော်မူထားသော နေ့ရက်အချိန်ကာလအထိ သူတို့၏ပြစ်ဒဏ်ကို ရွှေ့ဆိုင်း၍ နောက်ဆုတ်ထားတော်မူလျှင် (ငါအရှင် သူတို့အား သတိပေးခြင်းကို လှောင်ပြောင်သည့်အနေဖြင့်) သူတို့က “ယင်းကို မည်သည်က ဆိုင်းငံ့ထိန်းချုပ်ထားသနည်း။” ဟု ပြောဆိုကြလေ၏။ သတိပြုမှတ်သားကြလော့။ ထို(ပြစ်ဒဏ်) သူတို့ထံ ဆိုက်ရောက်လာမည့် နေ့ရက်အချိန် ကာလတွင် ယင်းကို သူတို့ထံမှ လွှဲဖယ်စေလျက် တားဆီးခံရမည်မဟုတ်သည့်အပြင် ယင်းနှင့်စပ်လျဉ်း၍ သူတို့ လှောင်ပြောင်ခဲ့သမျှသည်လည်း သူတို့အား လွှမ်းခြုံဝိုင်းရံထားလျက် (အမှုပတ်စေ) လိမ့်မည်။

[9] အကယ်၍ ငါအရှင်မြတ်သည် လူသားအား ငါအရှင့်ထံတော်မှ ကရုဏာတော်တစ်စုံတစ်ခုကို မြည်းစမ်းစေတော်မူပြီးနောက် ယင်းကို သူတို့ထံမှ ဖယ်ခွာရုပ်သိမ်းတော်မူလျှင် လူသားသည် ဧကန်ပင်၊ မျှော် လင့်ချက်ကင်းမဲ့လျက် (အရှင့်ကျေးဇူးတော်နှင့်သိက္ခာပေးမှုကို မေ့ပစ်၍ မယုံကြည်မှု၊ အမှန်တရားကို ဖီဆန်ငြင်းပယ်မှုဘက်သို့ ယိမ်းယိုင်၍) ကျေးဇူးမသိတတ်သူ ဖြစ်လာ၏။

[10] တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် ယင်း (လူသား) အား သူ့ကို ထိတွေ့ဆိုက်ရောက်လာသော ဘေးဒုက္ခ၊ အန္တရာယ်အခက်အခဲများနောက်တွင် လွယ်ကူမှုနှင့်အလျှံပယ် ချီးမြှင့်ပေးသနားတော်မူခြင်းဖြင့် သိက္ခာပေးမှုကို မြည်းစမ်းစေတော်မူသောအခါ သူက (ထိုဘေးဒုက္ခအားလုံးကို သူ့စွမ်းရည်နှင့်ကျွမ်းကျင်မှုဖြင့် ဖယ်ရှားနိုင်သကဲ့ သို့) အလွန်ဆိုးဝါးသော ဘေးဒုက္ခအကုသိုလ်များ ကျွန်ုပ်ထံမှ ထွက်သွားခဲ့ပြီ မုချ ပြောလိမ့်မည်။ ဧကန်ပင်၊ သူသည် အချည်းနှီးသော ပျော်ရွှင်မြူးတူးခြင်းဘက်အားသန်သူနှင့်သူ့ကိုယ်ကို အမွှမ်းတင်သော ဘဝင်မြင့်ဝင့်ကြွားသူ ဖြစ်လာ၏။

[11] သို့ရာတွင် ခြွင်းချက်အဖြစ် (ဘေးဒုက္ခဝေဒနာခံစားရချိန်တွင် မျှော်လင့်ချက် မကင်းဘဲ အချည်းနှီးသော ပျော်ရွှင်မှုကို ရှောင်လျက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လုပ်ရပ်တိုင်းကို အရှင့်စည်းမျဉ်းတော်နှင့်အညီ ပြုမူကျင့် ကြံ၍) သည်းခံကြံ့ခိုင်ကြပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်ကြသူတို့သည် (သူ့ကိုယ်သူ အမွှမ်းတင် သူထဲတွင် မပါဝင်ကြချေ။) သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးဆုလဒ်များ ရှိ၏။

[12] “(ရွှေငွေ) ရတနာသိုက်ကို သူ့အပေါ်၌ အဘယ်ကြောင့် ချမှတ်ပေးအပ်စေခြင်း မရှိသနည်း။ သို့တည်းမဟုတ် မလာအီကာစေတမန်တစ်းပါးရောက်လာ၍ (ကျွန်ုပ်တို့ မြင်နိုင်အောင်) သူနှင့်အတူ အဘယ်ကြောင့် မရှိသနည်း။” ဟု စောဒကတက်ပြောဆိုလျက် ယင်းဖြင့် အသင် (တမန်တော်) ၏စိတ်နှလုံးကို ကျဉ်းကျပ်စေခြင်းကြောင့် သင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချသမျှမှ (တမန်တော်ဖြစ်ခြင်းဆိုင်ရာ အမိန့်တော်) တချို့ကို အသင်က လက်လျှော့ကောင်း လက်လျှော့စေရန် ဖိအားပေးနေ၏။ အမှန်စင်စစ်၊ အသင်သည် (အရှင့်အမိန့် တော်အား လူသားအရောက်ပို့ချပေးသော) သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည်သာ အရာခပ်သိမ်းတို့ကို (အရှင့်နိယာမတရားနှင့်စည်းမျဉ်းတော်များဖြင့် ထိန်းချုပ်လျက်) ပြုနိုင်စွမ်းရှိတော်မူသော အရှင်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[13] သို့တည်းမဟုတ် သူတို့က “(ကျမ်းတော်မြတ်ကုရ်အာန်အား အရှင်မြတ်ချမှတ်ပေးအပ်တော်မူခြင်းကို ငြင်းပယ်၍) ဤသည်ကို (တမန်တော်မုဟမ္မဒ်ဖြစ်) သူက လုပ်ကြံဖန်တီးခဲ့၏။” ဟု ပြောဆိုကြလိမ့်မည်။ (သူတို့အား) “အကယ်၍ သင်တို့သည် (မယုံကြည်မှုအတွက် ဆင်ခြေပေးရုံသက်သက်မဟုတ်ဘဲ သင်တို့၏စွပ်စွဲ ချက်များနှင့်အတူ) ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှအပ (သင်တို့၏ပညာရှင်များ၊ ကိုးကွယ်ရာများနှင့်နည်းပညာများစသော အကူအညီအတွက်) တတ်စွမ်းနိုင်မည့်သူဟူသမျှကို ဖိတ်ခေါ်ပြီး (ဤ ကျမ်းတော်ပါ အာယာသ်တော်များ၌ စကားလုံးပြောင်မြောက်လေးနက်မှု၊ အဓိပ္ပါယ်ပြည့်စုံမှုနှင့််အမှန်တရား သစ္စာ ပေါ် အခြေခံမှုရှိသကဲ့သို့) ယင်းနှင့်တူသောလုပ်ကြံဖန်တီးထားသည့် စူရဟ်ကဏ္ဍဆယ်ခုကို ဖန်တီး၍ ယူဆောင်လာကြလော့။” ဟု တောင်းဆိုဟောပြောလော့။

[14] အကယ်၍ (အကူအညီအတွက်အားကိုးတကြီး ဖိတ်ခေါ်ခဲ့ကြသော သင်တို့၏ကိုးကွယ်ရာများနှင့် ပညာရှင်ဖြစ်) သူတို့သည် သင်တို့ (၏တောင်းဆိုမှု) အတွက် ဖြေကြားဖြည့်ဆည်းနိုင်ခြင်း မရှိကြလျှင် (သင်တို့နှလုံးသွင်းသည့်သည်မှာ) ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် အလ္လာဟ်အရှင်မြတ်၏ဉာဏ်တော်အနန္တဖြင့် (အမှန်တရားသစ္စာပေါ်အခြေခံ၍) ချမှတ်ပေးအပ်တော်မူခြင်းခံရသော ကျမ်းဖြစ်ကြောင်းနှင့်ထိုအရှင်မြတ်မှအပ အခြား ကိုးကွယ်ဆည်းကပ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိကြောင်းပင် ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် (ကိုယ်စိတ် နှလုံးကို အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ကြမည်လော။

[15] မည်သူမဆို ဤလောကီဘဝသက်တမ်းနှင့် (ယင်း၌ရရှိခံစားမည့် စည်းစိမ်ချမ်းသာဂုဏ်ပကာသနစသော) လောကီလှပတင့်တယ်မှုများကိုသာ ရည်ရွယ်လိုလားကြလျှင် ငါအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခြင်းအတွက် သူတို့အား ယင်း (လောကီဘဝ) ၌ပင် (ဆုလဒ်၊ အကျိုးအမြတ်နှင့်ခံစားခွင့်များကို) အပြည်အဝပေးတော်မူမည်။ ထို့ပြင် သူတို့သည် ယင်း၌ (မျှတသော မည်သည့်အကျိုးခံစားခွင့်ကိုမျှလက်မဲ့မဖြစ်စေရန်) လျော့ပေါ့ခြင်းခံရမည်လည်း မဟုတ်ပေ။

[16] ထိုသူတို့သည် တမလွန်ဘဝ၌ သူတို့အတွက် ငရဲမီးမှအပ (အခြားမည်သည့် အကျိုးခံစားခွင့်မျှ) ရှိလိမ့်မည် မဟုတ်ပေ။ လောကီဘဝ၌ သူတို့အားထုတ်၍ ပြုလုပ်ဖန်တီးခဲ့သမျှ အချည်းနှီး ဖြစ်ရုံသာမက သူတို့ပြုမူကျင့် ကြံခဲ့သမျှသည်လည်း (တမလွန်ဘဝ၌ မည်သည့်အကျိုးအမြတ် အသီးအပွင့်ကိုမျှ မရစေဘဲ) အကျိုးမဲ့သာ ဖြစ် လိမ့်မည်။

[17] သို့ဖြစ်ပေရာ အရှင့်ထံတော်မှဖြစ်သော သက်သေတစ်ဦး (တမန်တော်မုဟမ္မဒ်) သည် ထို (ကျမ်းတော်မြတ်ကုရ်အာန်) မတိုင်မီ ရှေ့ဆောင်လမ်းပြဖြစ်သော (တမန်တော်) မူဆာ၏ကျမ်းတော်နှင့်ကရုဏာတော်မှ (တိကျမှန်ကန်သောသတင်း) အချက်အလက်များလည်းပါရှိသော ထိုကျမ်းကို ရွတ်ပြပြီး သူ့အားဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော ကွက်ကွက် ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်များ (နှင့်သက်သေအထောက်အထားများ) ပေါ်တွင် ရပ်တည်နိုင်သူထက် (သူနှင့်နှိုင်းယှဉ် နိုင်သူ အခြား) မည်သူ ရှိအံ့နည်း။ (တမန်တော်မြတ်နှင့်ယှဉ်ပြိုင်နိုင်သူမရှိကြောင်းကို နားလည်သဘောပေါက် ကြသောသူများရှိကြပြီး) ထိုသူတို့သည် ထို (ကျမ်းတော်) ၌ ယုံကြည်ကြ၏။ (လူမျိုး၊ မျိုးနွယ်စုနှင့်သာ အယူ ဝါဒမတူညီသော ကွဲပြားခြားနားသည့်) အုပ်စုအသီးသီးမှ မည်သူမဆို (ထိုကျမ်းတော်ကို သိနားလည် ပါလျက်) မယုံကြည်ဖီဆန်ငြင်းပယ်လျှင် ငရဲမီးသည် သူ၏ကတိပြုထားသောနေရာဌာန ဖြစ်လိမ့်မည်။ သို့ဖြစ်ပေရာ ထို (ကျမ်းတော်အရှင့်ထံတော်မှဖြစ်ကြောင်း) နှင့်ပတ်သက်၍ ဒွိဟသံသယ အလျှင်း မဖြစ်ကြလေနှင့်။ ဧကန်ပင်၊ ထိုကျမ်းတော်သည် သင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ (ချမှတ်ပေးအပ် တော်မူသော) အမှန်တရားသစ္စာပင်ဖြစ်၏။ သို့ရာတွင် လူသားအများစုမှာ ယုံကြည်ကြသည် မဟုတ်ပေ။

[18] အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မမှန်မကန်လုပ်ကြံဖန်တီး (ပြီး ယင်းအရှင့်ဂုဏ်တော်အား စွပ်စွဲရန် အသုံးချ) ကြသူတို့ထက် အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်သူ မည်သူ ရှိမည်နည်။ ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်၍ တရားစွဲခြင်းခံရပြီး သက်သေများကလည်း “ဤပုဂ္ဂိုလ်များသည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်ဆန့်ကျင်၍ မမှန်မကန် လုပ်ကြံဖန်တီးလျက် စွပ်စွဲငြင်းဆိုခဲ့သူများဖြစ်ကြသည်။” ဟု သက်သေထွက်ဆိုလိမ့်မည်။ သတိပြုမှတ်သားကြလော့။ အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန်ပြုမူကျင့်ကြံသူတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်စာမိမည်ပင် ဖြစ်၏။

[19] (အကြောင်းမှာ) သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့ကို) ဟန့်တားပိတ်ပင်တားဆီး ကြသည့်အပြင် (ထိုလမ်းစဉ်တော်၏ပကတိအနှစ်သာရဖျက်လိုသည့်ဆန္ဒဖြင့် လိုရာဆွဲပြောဆိုလျက်) ယင်း၌ ကွေ့ ကောက်မှုတစ်စုံတစ်ခုကို ရှာကြံရုံသာမက နောင်တမလွန်ဘဝကိုလည်း မယုံကြည် ငြင်းပယ်ခဲ့ကြသည်။

[20] ထိုသူတို့သည် မြေကမ္ဘာပေါ်၌ (အရှင့်ဆန္ဒတော်နှင့်အညီဖြစ်စေတော်မူသောအရာများဖြင့် မည်သည့်အခါ မျှ အာသာဖြေမည်မဟုတ်ဘဲ အရှင့်ပြစ်ဒဏ်များမှလည်း) မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည့်အပြင် သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့် ကာကွယ်စောင့်ရှောက်သူမျှလည်း ရှိမည် မဟုတ်ပေ။ (နောင်တမလွန်ဘဝ၌လည်း) သူတို့အတွက် ပြစ်ဒဏ်နှစ်ဆရှိလိမ့်မည်။ (အရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသော အကြားအမြင်စွမ်းရည်တို့ကို အမှန်တရားအတွက် အသုံးမချဘဲ အလွဲသုံးစား ပြုခြင်းကြောင့် အမှန်တရားသစ္စာအား) ကြားနိုင်စွမ်းရှိသူများ ဖြစ်ခဲ့လိမ့်မည်မဟုတ်။ မြင်နိုင်စွမ်းရှိသူများလည်း ဖြစ်ခဲ့ကြလိမ့် မည်မဟုတ်ပေ။

[21] ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို အလိုဆန္ဒနောက်လိုက်၍ သူတို့ကိုယ်သူတို့ ဆုံးရှုံးနစ်နာစေပြီး မမှန်မကန်လုပ်ကြံမှုများ (ဖြစ်သော သက်ရှိသက်မဲ့ ကိုးကွယ်ရာများကို သစ္စာမဲ့စွာ) ဖန်တီးကိုးကွယ်ခဲ့ကြသော်လည်း ယင်းတို့ (၏အကူအညီမှ လက်မဲ့ဖြစ်လျက် အမှန်တရား) မှ လမ်းလွဲသွားခဲ့၏။

[22] ဧကန်ပင်၊ သူတို့သည် နောင်တမလွန်ဘဝ၌ အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

[23] မုချဧကန်၊ ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ကြသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်၌ ကြည်ညိုရိုကျိုးလျက် သူတို့ကိုယ်သူတို့ နှိမ့်ချသူတို့သည် သုခဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထိုဥယျာဉ်၌ပင် ကာလအကန့်အ သတ်မဲ့ နေထိုင်စံမြန်းကြမည်။

[24] (အမှန်တရားသစ္စာကို) မယုံကြည်ငြင်းပယ်သူတို့၏ဥပမာသည်ကား မျက်မမြင်သူနှင့်နားမကြားသူတို့၏ (လူတန်းစား) အုပ်စုနှင့်မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်းရှိကြသူတို့၏အုပ်စုကဲ့သို့ပင် အုပ်စုနှစ်ခု ကွဲပြား၏။ ထိုနှိုင်းယှဉ် ပြဥပမာနှစ်ခုသည် ထပ်တူထပ်မျှ တူညီသလော။ သင်တို့သည် (အမှန်တရားကို အရေးစိုက်၍ သစ္စာရှိစွာဖြင့်) သတိမမူကြသလော။

[25] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်ကို သူ၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့စဉ် (သူ့အား) “ကျွန်ုပ်သည် (သင်တို့၏အကျိုးအတွက် ရိုးသားစွာ အကြံပြုတိုက်တွန်းရန်သာ) သင်တို့ထံ ရောက်လာသော စင်ကြယ်၍ ပြတ်သားသော သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်၏။” (ဟု ဟောစေတော်မူခဲ့၏။)

[26] “အလ္လာဟ်အရှင်မြတ်မှအပ (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ) ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြလေနှင့်။ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် တမလွန်တရားစီရင်မည့်နေ့၌ ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်နှင့်ထိုက်တန်မည်ကို ကြောက်ရွံ့စိုးရိမ်နေ၏။” ဟုလည်း ဟောစေတော်မူခဲ့၏။

[27] (ထိုသို့ ဟောပြောစဉ်) သူ့လူမျိုးအနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်ကြသော အကြီးအကဲများက (သူ့အား) “ကျွန်ုပ်တို့ကဲ့သို့ သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်ခြင်းမှအပ (အခြားမည်သည့်ထူးခြားမှုကိုမျှ) အသင်၌ ကျွန်ုပ်တို့ တွေ့မြင်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့အနက်မှ သဘောထားခံယူချက် မရင့်ကျက်သေးသော အနိမ့်ဆုံး (အောက်တန်းစား) ပုဂ္ဂိုလ်များမှအပ (အခြားမည်သူမျှ) သင့်ကို နာခံလိုက်နာနေကြခြင်း မတွေ့ရပေ။ (သင်တို့ အကျိုးအတွက်သာဖြစ်ပြီး ကျွန်ုပ်တို့အပေါ် မည်သည့်အကျိုးကျေးဇူးမျှမပြုနိုင်သော) သင်တို့၌ ကျွန်ုပ်တို့ ထက် သာသော မည်သည့်ဂုဏ်အရည်အချင်းကိုမျှမတွေ့ရပေ။ အမှန်မှာ ကျွန်ုပ်တို့သည် သင်တို့ကို လူလိမ်လူညာများ"" ဟုသာ ထင်မြင်ယူဆကြ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[28] (တမန်တော်) နူးဟ်က “အို၊ ကျွန်ုပ်ပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော မြင်သာထင်ရှားသော ရှင်းလင်းချက်နှင့်သက်သေအထောက်အထားပေါ်တွင်သာ ရပ်တည်ပြီး ထိုအရှင်မြတ်သည် ကျွနု်ပ်အားအရှင့်ထံတော်မှ ကရုဏာတော် ကိုလည်း ချီးမြှင့်ပေးတော်မူထားသောကြောင့် သင်တို့က သင်တို့ (၏မျက်စိများ) ပေါ်တွင် (ယင်းကို မမြင်နိုင်အောင် အဖုံးအကာချထားလျက်) မြင်နိုင်သည့်စွမ်းရည်ကို မှေးမှိန်စေခြင်းအား အတည်ပြုကြောင်း သင်တို့က မဆင်ခြင်ကြသလော။ ကျွန်ုပ်တို့သည် အသင်တို့မနှစ်သက်၍ ငြင်းပယ်သောအရာအား အတင်းအကျပ် လက်ခံစေနိုင်ကြမည်လော။”

[29] အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံမှ ထို (အရှင့်အမိန့်ဗျာဒိတ်တော်များနှင့်ပတ်သက်၍ အကြံပေးတိုက်တွန်းနှိုးဆော်မှု)အတွက် မည်သည့် ဥစ္စာဓန (အခကြေးငွေ) ကိုမျှ တောင်းဆိုနေသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုးဆုလဒ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ မူတည်နေ၏။ ကျွန်ုပ်သည် ယုံကြည်သူတို့ကို (သူတို့အားအသားအရောင်၊ လူမျိုး၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာဟူ၍ ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားလုံးကို မျှတစွာဖြင့်သာ ဆက်ဆံကြပြီး) မည်သူ့ကိုမျှ စွန့်ပယ်နှင်ထုတ်ခြင်းမရှိပေ။ သို့သော်လည်း ကျွန်ုပ်တို့သည် သင်တို့အား (မည်သည့် အရှိတရားနှင့်အမှန်တရားကိုမျှ လက်မခံဘဲ) ပညာမဲ့ဆန်ဆန် ပြုမူကျင့်ကြံကြသည့် လူမျိုးဖြစ်နေကြောင်း မြင်တွေ့ရ၏။

[30] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အကယ်၍ (ယုံကြည်သူများအား လူမျိုးနှင့်အဆင့်အတန်းပေါ်မူတည်၍ ခွဲခြား ဆက်ဆံခြင်းဖြင့်) သူတို့အား စွန့်ပယ်နှင်ထုတ်မိလျှင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (အရေးယူခြင်းခံရမည်ဖြစ်ပြီး အရှင်မြတ်နှင့်) ဆန့်ကျင်၍ ကျွန်ုပ်အား မည်သူ ကူညီနိုင်မည်နည်း။ သင်တို့တွေးတောဆင်ခြင်၍ သတိမမူကြသလော။

[31] ထို့ပြင် ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်ထံ၌ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရတနာသိုက်ရထားသည်ဟူ၍လည်းကောင်း၊ (အနာဂါတ်အဖြစ်အပျက်အပါအဝင်) မျက်ကွယ်ရာကို သိသည်ဟူ၍လည်း ကောင်း၊ ပြောနေခြင်းမဟုတ်၊ ထို့ပြင် ကျွန်ုပ်သည် မလာအီကာစေတမန်တစ်ပါးဟူ၍လည်း ပြောဆိုခြင်းမရှိသည့်အပြင် သင်တို့၏မျက်စိ (အမြင်) ၌ (အထင်သေးစရာဖြစ်လျက် မတူမတန်ဆက်ဆံခြင်းဖြင့်) မထီမဲ့မြင်ပြုခံရသူတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကောင်းမြတ်မှုများကို ချီမြှင့်ပေးသနားတော်မူမည်မဟုတ် ဟုလည်း မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ အလ္လာဟ်အရှင်မြတ် သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တွင်ရှိသော အရာများ (အား သူတို့က မည်သို့ အသုံးချကြသည်) နှင့်စပ်လျဉ်း၍ အသိဆုံးပင် ဖြစ်တော်မူ၏။ (အကယ်၍ အရှင့်အမိန့်ပညတ်ချက်များနှင့်ဆန့်ကျင်၍ ပြောဆိုပြုမူမိခဲ့သော်) ဧကန်ပင်၊ မဟုတ်မတရား၊ မမှန်မကန်ပြုမူကျင့်ကြံသူတို့အနက်မှ မုချပင် အပါအဝင် ဖြစ်ခဲ့လိမ့်မည်။

[32] သူတို့က “အို၊ နူးဟ်၊ သင်သည် ကျွန်ုပ်တို့နှင့်အချေအတင်ပြောဆိုသောကြောင့် အပြန်အလှန် အငြင်းအခုံ ဖြစ်ရသော အကြိမ်ပေါင်းလည်း များစွာရှိခဲ့ပြီ။ သို့ဖြစ်ပေရာ အကယ်၍ သင်သည် ဖြောင့်မတ်မှန် ကန်စွာပြောဆို ပြုမူသူတို့အနက်မှဖြစ်လျှင် (အရှင်မြတ်က ဒဏ်ခတ်အရေးယူမည်ဟု ပြော၍) ကျွန်ုပ်တို့အား ခြိမ်းခြောက်ပြီး (ထိုအရှင့်စီရင်ချက်ကို ကျွန်ုပ်တို့ထံ) ယူဆောင်စေလော့။” ဟု ကြုံးဝါးပြောဆိုခဲ့ကြ၏။

[33] (ထိုအခါ တမန်တော်) နူးဟ်က အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ထို (ပြစ်ဒဏ်) နှင့်စပ်လျဉ်း၍ အလိုရှိတော်မူလျှင် ယင်းအား သင်တို့ထံ မုချရောက်စေတော်မူပြီး သင်တို့သည် (ယင်းကို ဟန့်တားနှောင့်ယှက်လျက် ရှောင်ဖယ်ခြင်းဖြင့်) လွတ်မြောက်နိုင်ကြမည့်သူများ မဖြစ်နိုင်ပေ။

[34] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မယုံကြည်ဖီဆန်ငြင်းပယ်မှုကြောင့်) သင်တို့အား လမ်းမှားမှု၌ပင် လွှတ်ထားစေရန် ရည်ရွယ်တော်မူလျှင် ကျွန်ုပ်သည် သင်တို့အား အကောင်းဆုံး အ ကြံဉာဏ်ပေးရန် ဆန္ဒပြုလျှင်လည်း ကျွန်ုပ်၏အကြံဉာဏ်ကောင်းသည် သင်တို့ကိုအကျိုးပေးမည် မဟုတ်ချေ။ ထိုအရှင်မြတ်သည် သင်တို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင့်ထံသို့သာ သင်တို့ကို (ဦးလှည့်စေလျက်) ပြန်ပို့ခြင်းခံရလိမ့်မည်။

[35] သို့တည်းမဟုတ် (အို၊ ရစူလ်တမန်တော်) အရှင်မြတ်မှလွဲ၍ အခြား သက်ရှိသက်မဲ့တို့အား ကိုးကွယ်ဆည်း ကပ်ကြသော) သူတို့က “ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို တမန်တော်က လုပ်ကြံဖန်တီးခဲ့သည်။” ဟု အခိုင်အမာ ပြောလိုကြသသလော။ (သူတို့အား) အကယ်၍ ကျွန်ုပ်သည် ယင်းကို လုပ်ကြံဖန်တီးခဲ့လျှင် ကျွန်ုပ်၏အပြစ်သည် ကျွန်ုပ်ပေါ်တွင်သာ သင့် (၍ ကျွန်ုပ်ကိုပင် အမှုပတ်) မည် (ဖြစ်သော် လည်း သင်တို့က) “ကျွန်ုပ်သည် သင်တို့ကျူးလွန်သော ပြစ်မှုများမှ လုံးဝ ကင်းရှင်းလွတ်ကင်းသူဖြစ် (ကြောင်း ကောင်းစွာ သိနေသောကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မယုံကြည်မှု၌ နစ်မွန်းခြင်းအတွက် ဆင်ခြေပေးရန်ကြံရာမရဖြစ်လျက် မဟုတ်မမှန်ကြံစည် ပြောဆို၍ ကျွန်ုပ်ကို အသေရဖျက်စေရန် ကြိုးစားနေကြ) ၏။”

[36] ထို့ပြင် (တမန်တော်) နူးဟ်ထံသို့ ဝဟီအမိန့်ထုတ်ပြန်ပို့ချခြင်းခံရသည်မှာ “သင်၏လူမျိုးအနက်မှ ယခင်က ယုံကြည်လာခဲ့ကြသော ပုဂ္ဂိုလ်များမှအပ (အခြားသူတို့သည်) မည်သည့်အခါမျှ သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။ သို့ဖြစ်ပေရာ၊ သူတို့ပြုမူကျင့်ကြံကြသော (ကျူးလွန်မှုများ) ကြောင့် ပူပင်သောက မဖြစ်လေနှင့်။”

[37] ထို့ပြင် ငါအရှင်မြတ်က ဝဟီအမိန့်ထုတ်ပြန်ပို့ချတော်မူသည့်အတိုင်း ငါအရှင်မြတ်၏ (အကြွင်းမဲ့ ကြားတော်မူသောအရှင်ဟူသည့် ဂုဏ်တော်ကို ကိုယ်စားပြုသည့်) အရှင့်မျက်စိတော်အောက်တွင် အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် ထိုသင်္ဘောကိုတည်ဆောက်လော့။ သို့သော် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်စိတ် မြဲမြံစွာဖြင့် ထိုသင်္ဘောကို တည်ဆောက်လော့။ သို့သော် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့နှင့်ပတ်သက်၍ ငါအရှင်ထံ မပန်ကြားလေနှင့်။ ဧကန်ပင်၊ သူတို့သည် နစ်မြုပ်စေမည့်သူများပင် ဖြစ်ကြ၏။

[38] (တမန်တော်) နူးဟ်က သင်္ဘောကို တည်ဆောက်ခဲ့စဉ် သူ့လူမျိုးထဲမှ အကြီးအကဲများသည် သူ့အပါးမှ ဖြတ် သွားသည့်အခါတိုင်း (အာခံသည့်အနေဖြင့်) သူ့အား လှောင်ပြောင်သရော်ခဲ့ကြ၏။ သူကလည်း “ယခု သင်တို့က ကျွန်ုပ်တို့အား လှောင်ပြောင်သရော်နေကြသော်လည်း (နေ့တစ်နေ့ရောက်လာလိမ့်မည်။ ထို့နေ့တွင်) သင်တို့က ကျွန်ုပ်တို့ကို လှောင်ပြောင်သကဲ့သို့ ကျွန်ုပ်တို့လည်း သင်တို့ကိုလှောင်ပြောင်ခွင့်ရလိမ့်မည်။” ဟု ပြန်ပြောခဲ့၏။

[39] မည်သူ့အပေါ်၌ (နောင်တမလွန်ဘဝတွင်) အစဉ်တည်တံ့မြဲမြံနေမည့် ပြစ်ဒဏ်တစ်ခုအတွက် (တရားဝင် အတည်ပြုချက်) ကျရောက်လာပြီး အရှက်တကွဲဖြစ်စေမည့် ပြစ်ဒဏ်တစ်ခု (ဤလောကီဘဝ၌ပင်) ဆိုက်ရောက်လာမည်ကို သင်တို့ မကြာမီ သိရလိမ့်မည်။

[40] ငါအရှင်မြတ်မိန့်တော်မူခဲ့သည်မှာ “အရှင့်အမိန့်တော်ရောက်လာ၍ (ကမ္ဘာ့မြေလွှာအောက်တွင်ရှိသော ကျောက်ရည်ပူကို ကိုယ်စားပြုသည့်” ဘွိုင်လာအိုးသည် (ဆူနာမီဖြစ်စေရန်) ဆူပွက်လျှံထွက်လာသည့် အချိန်အ ထိ “ထို (သင်္ဘော) ပေါ်၌ (သက်ရှိသတ္တဝါများအနက်မှ ဖိုမ) တစ်စုံစီကိုလည်းကောင်း၊ သူနှင့်ဆန့်ကျင်၍ အရှင့် အမိန့်ဗျာဒိတ်တော် (စီရင်ချက်) ကို ရှေ့ပြေးပဏာမ ဖော်ပြတော်မူခဲ့သောသူမှအပ သင်၏မိသားစုနှင့်ယုံကြည် သူများကိုလည်းကောင်း၊ တင်ဆောင်လော့။ သူနှင့်အတူရှိခဲ့ကြသော ပုဂ္ဂိုလ်အချို့မှအပ (ကျန်လူတို့မူကား) မယုံကြည်ခဲ့ကြချေ။”

[41] (တမန်တော်) နူးဟ်က (သူနှင့်အတူ သင်္ဘောပေါ် လိုက်ပါခွင့်ရသူတို့အား) ထို (သင်္ဘော) ၏လမ်းကြောင်း အတိုင်း ဦးတည်၍ ခရီးနှင်ခြင်းနှင့်ပန်းတိုင်ရောက်၍ ဆိုက်ကပ်ခြင်းတို့ အထမြောက်စေတော်မူရန် အလ္လာဟ်အရှင်မြတ်၏နာမတော် (ဂုဏ်တော်) ဖြင့် ယင်းပေါ်သို့ တက်ကြလော့။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်ပြီး ယင်းတို့ကို မတော်တဆ အမှတ်မထင် ကျူးလွန်မိလျှင်လည်း) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[42] တစ်ဖန် ထိုသင်္ဘောအား (သင်္ဘောပေါ်တွင်လိုက်ပါခွင့်ရ) သူတို့နှင့်အတူ တောင်လုံးပမာရှိသောလှိုင်းတံ ပိုးများကြားဝယ် မျှောချနေစဉ် (သင်္ဘောပေါ်မတက်ဘဲ တစ်နေရာတွင်) သီးခြားရပ်တည်နေသော သားဖြစ်သူကို (တမန်တော်) နူးဟ်က လှမ်းခေါ်၍ “အို၊ ချစ်သား၊ ငါတို့နှင့်အတူ (သင်္ဘောပေါ်) တက်ခဲ့လော့။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့နှင့်အတူ မဖြစ်လေနှင့်။” (ဟု ဟစ်အော်ပြောခဲ့၏။)

[43] သားက “မကြာမီ ကျွန်ုပ်သည် တောင်ထိပ်ပေါ်သို့ တက်သွားလျှင် ယင်း (တောင်) က ကျွန်ုပ်အား ရေဘေးမှ အကာအကွယ်ပေးပါလိမ့်မည်။” ဟု ဖြေခဲ့ရာ (တမန်တော်) နူးဟ်က “ဤနေ့တွင် အရှင်မြတ်က သနားညှာတာတော်မူသည့်ပုဂ္ဂိုလ်များမှအပ (အခြားမည်သူ့အတွက်မျှ) အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်မှ အကာအကွယ်ပေမည့်းသူ အလျှင်း မရှိနိုင်ပေ။” ဟု ဖြေဆိုခဲ့၏။ (ထိုစဉ်) လှိုင်းတံပိုးများသည် သူတို့နှစ်ဦးကြား ရောက်ခဲ့သောကြောင့် (သားဖြစ်) သူသည် ရေနစ်သွားသူတို့အနက်မှ တစ်ဦးအပါအဝင် ဖြစ်သွားလေ၏။

[44] တစ်ဖန် “အို၊ မြေကမ္ဘာ၊ သင်၏ရေကို (သင့်ဝမ်းဗိုက်ထဲ) စုပ်ယူမျိုချလော့။ အို၊ မိုးကောင်းကင်၊ (သင်၏သွန်ချခြင်းကို) ရပ်ဆိုင်း၍ မိုးရေကို စဲသွားစေလော့။” ဟု အမိန့်တော်ပေးခံရ၏။ ထို့နောက် မိုးရေသည် လျှော့ကျ၊ ကျဆင်းသွားပြီး စီမံချက်အမိန့်တော်ကိုလည်း အထမြောက် ပြီးမြောက်စေတော်မူလျက် ယင်း (သင်္ဘော) အား ဂျူဒီတောင်ထိပ်၌ (ကျွံမကျအောင် မျှတစွာ ချိန်ညှိထားသည့်အနေအထားဖြင့်) သောင်တင်စေတော်မူ၏။ ထို့နောက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မမှန်မကန်ပြုမူကျင့်ကြံသူတို့ အတွက် (အရှင့်ကရုဏာတော်မှ) ကင်းဝေးစေလော့။” ဟု အမိန့်တော်ပေးခံရ၏။

[45] (တမန်တော်) နူးဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား တမ်းတလျက် ဟစ်ခေါ်ပန်ကြားသည်မှာ “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်၏သားသည် ကျွန်ုပ်၏မိသားစုထဲမှပင် ဖြစ်ပြီး အသင် (အရှင်မြတ်) က (ယုံကြည်သူတို့နှင့်စပ်လျဉ်း၍ ထားရှိတော်မူသော) ကတိတော်သည် ဧကန်မလွဲ၊ အမှန်တရားသစ္စာပင်ဖြစ်ပြီး အသင်သည် စီရင်ဆုံးဖြတ်နိုင်စွမ်းရှိသည့် တရားသူကြီးအားလုံးထက် သမာသမတ်အဖြစ်ဆုံး နှင့်အနှိုင်းမဲ့ တရားသူကြီးပင် ဖြစ်တော်မူ၏။”

[46] အရှင်မြတ်က “အို၊ နူးဟ်၊ အမှန်မှာ (အသင်၏သားဖြစ်) သူသည် သင်၏မိသားစုထဲမှ မဟုတ်ချေ။ ဧကန်ပင်၊ သူသည် ဖြောင့်မတ်မှန်ကန်ပြီး ပြုပြင်ပြောင်းလဲစေသည့် အမူအကျင့်မဟုတ်သည်ကို ပြုမူကျင့်ကြံသူ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် သင်မသိသောအရာနှင့်ပတ်သက်၍ ငါအရှင်မြတ်ထံ မတောင်းဆိုလေနှင့်။ အမှန်မှာ ငါအရှင်မြတ်သည် သင့်အား မသိနားမလည်သူတို့အနက်မှ အပါအဝင် မဖြစ်စေရန် ဆုံးမသွန်သင်တော်မူ၏။”

[47] (တမန်တော်) နူးဟ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်မသိသောအရာအား တောင်းဆိုမိမည်ကို စိုးရိမ်၍ အသင်အရှင်မြတ်ထံ ခိုလှုံပါ၏။ အရှင်မြတ်သာ ကျွန်တော်မျိုးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကရုဏာသက်တော်မမူလျှင် ကျွန်ုပ်သည် ဆုံးရှုံး သူတို့တွင် အပါအဝင် ဖြစ်သွားပါလိမ့်မည်။” ဟု ဆုမွန်ပန်ကြားခဲ့၏။

[48] အရှင်မြတ်ဖြေကြားတော်မူသည်မှာ “အို၊ နူးဟ်၊ ငါအရှင်မြတ်၏ထံတော်မှ အသင်နှင့်၊ သင့်လူမျိုးအသိုင်း အဝိုင်းအနက်မှ သင်နှင့်အတူရှိကြသူအပေါ် ငြိမ်းချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှု (ချီးမြှင့်တော်မူပြီးဖြစ်၍) ဂုဏ် ကျက်သရေရှိစွာဖြင့် (တောင်ပေါ်မှ) ဆင်းသွားကြလော့။ ထို့ပြင် ငါအရှင်မြတ်သည် (အခြားမယုံကြည် သူတို့၏) လူ့ဘောင်အသိုင်းအဝိုင်းကိုလည်း (လောကီ) အကျိုးခံစားခွင့်များဖြင့် သူတို့အား (သတ်မှတ်ထားသော) ကာလတစ်ခုအထိ ပျော်မွေ့စေတော်မူပြီးနောက် ငါအရှင်မြတ်၏ထံတော်မှဖြစ်သော ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် သူတို့အား ထိတွေ့ဆိုက်ရောက်စေတော်မူလိမ့်မည်။”

[49] ဤသည် (အာရုံခံစားအပြင်ဘက်တွင်ရှိပြီး စံနမူနာယူဖွယ်ကောင်း) မျက်ကွယ်ရာ သတင်းအချက်အလက် များအနက်မှ အသင် (တမန်တော်) ထံ ငါအရှင်မြတ်က ဝဟီအမိန့်ထုတ်ပြန်ပို့ချပေးအပ်တော်မူသော အကြောင်းအရာများပင် ဖြစ်၏။ ဤ (ဝဟီအမိန့်တော်ပို့ချခြင်း) မတိုင်မီ သင်နှင့်သင့်လူမျိုးတို့က ထိုအကြောင်း အရာများကို သိခဲ့ကြသည် မဟုတ်ပေ။ ဤသည် (အရှင့်အမိန့်ဗျာဒိတ်တော်များကို လူသားတို့ထံ အရောက်ပို့ချရန် တာဝန် ယူထားသော တမန်တော်တိုင်း နဖူးတွေ့ဒူးတွေ့ ပက်ပင်းကြုံခဲ့ရသည့် အဖြစ်အပျက်ပင် ဖြစ်၏။ တမန်တော်နူးဟ်ကဲ့သို့ပင် အသင်တို့လည်း ရင်ဆိုင်ကြုံတွေ့ရမည်ပင် ဖြစ်၏။ သို့ဖြစ်ပေရာ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မယုံကြည်သူ တို့၏တုံ့ပြန်ချက်များအပေါ်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံကြလော့။ ဧကန်ပင်၊ (ပျော်ရွှင်ဖွယ်ရာ အောင်ပွဲမင်္ဂလာဖြင့် တမလွန်ခရီးပြန်နိုင်မည့်) အပြီးသတ် အကျိုးဆက်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက်ပင် ဖြစ်၏။

[50] ထို့ပြင် (တမန်တော်) အားဒ် (၏အမျိုးသားများ)ထံသို့ သူတို့၏အစ်ကို (တမန်တော်) ဟူးဒ်ကို စေလွှတ်တော်မူခဲ့ရာ (သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ကြလော့။ အရှင်မြတ်မှလွဲ၍ သင်တို့အတွက် (သက်ရှိ၊ သက်မဲ့တို့အနက်မှ ကိုးကွယ်ထိုက်သော) အခြားအရှင်ဟူ၍ အလျှင်း မရှိချေ။ (အရှင့် ဂုဏ်တော်နှင့်ဆန့်ကျင်၍ အခြားအရာများကို ကိုးကွယ်ဆည်းကပ်နေခြင်းဖြင့်) သင်တို့သည် (မှားယွင်းသော ကိုးကွယ်ရာများကို) လုပ်ကြံဖန်တီးနေသူများသာ ဖြစ်ကြ၏။

[51] အို၊ ကျွန်ုပ်လူမျိုးတို့၊ ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ အခကြေးငွေကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ အမှန်မှာ ကျွန်ုပ်၏အကျိုးဆုလဒ်သည် ကျွန်ုပ်၏မူလဇစ်မြစ်ကို (တစ်မူထူးခြားစွာ) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်နေ၏။ သို့ပါလျက် အသင်တို့သည် ဆင်ခြင်တုံတရားဖြင့် မတွေး ခေါ်ကြသလော။

[52] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (သင်တို့ကျူးလွန်မိသော အပြစ်များအတွက်) လွတ်ငြိမ်းခွင့်ကို တောင်းခံပန်ကြားလော့။ ထို့နောက် (နောင်တကြီးစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင့်လမ်းစဉ်တော်အတိုင်း လိုက်နာရန်) ထိုအရှင့်ဘက် သို့ ဦးတည်လှည့်ကြလော့။ ထိုအရှင်သည် မိုးကောင်းကင်အား သင်တို့အပေါ် မိုးရေပေါများစွာ ရွာသွန်းစေတော် မူလျက် (အသီးအနှံပေါကြွယ်စေ၍) သင်တို့၏ရှိရင်းစွဲအင်အားကို နောက်ထပ်အင်အားသစ်ဖြင့် ထပ်ဆင့်တိုး တိုးပွားစေတော်မူလိမ့်မည်။ သို့ဖြစ်ပေရာ ရာဇဝတ်မှုကျူးလွန်သူများအဖြစ် (မကောင်းမှုအကုသိုလ်ဘက်သို့) ဦးတည်လှည့် မသွားကြလေနှင့်။

[53] သူတို့က “အို၊ ဟူးဒ်၊ သင်သည် ကျွန်ုပ်တို့ထံ (အံ့ဖွယ်လုပ်ရပ်တစ်ခု) ထင်ရှားမြင်သာသော သက်သေအထောက်အထားနှင့်အတူ ရောက်ရှိလာခြင်း မဟုတ်သဖြင့် ကျွန်ုပ်တို့သည် သင်၏အပြောအဆို ပေါ်သာလျှင် မူတည်၍ ကျွန်ုပ်တို့၏ (မိရိုးဖလာ) ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများ မဟုတ်ပေ။ ကျွန်ုပ်တို့သည် သင့်ကို ယုံကြည်ကြသူများလည်း မဟုတ်ကြပေ။”

[54] ကျွန်ုပ်တို့ ပြောလိုကြသည်မှာ “ကျွန်ုပ်တို့၏ကိုးကွယ်ရာ (ရုပ်တု) အချို့က သင့်ကို မကောင်းမှုအကုသိုလ် တစ်ခုခုဖြင့် ချုပ်ကိုင် ထိခိုက်စေလိမ့်မည်။ (တမန်တော်) ဟူးဒ်က “ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့ အရှင့်ဂုဏ်တော်အား တုပြိုင်တွဲဖက်၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်ရာအဖြစ် ကိုးကွယ်နေကြခြင်းမှ လုံးဝ ကင်းလွတ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေပြုပြီး သင်တို့လည်း သက်သေပြုကြလော့။” ဟု ပြောဆိုဟောကြားခဲ့၏။

[55] (ကျွန်ုပ်သည်) ထိုအရှင်မှလွဲ၍ (အခြားမည်သည့် သက်ရှိသက်မဲ့ကိုမျှ မကိုးကွယ်နိုင်ကြောင်း အတိအလင်း ကြေညာသောကြောင့်) သင်တို့အားလုံးသည် ကျွန်ုပ်နှင့်ဆန့်ကျင်၍ (ပူးပေါင်းကြံစည်မှုများကို စိတ် ကြိုက်) ကြံစည်ကြပြီးနောက် ကျွန်ုပ်ကိုပင် ရွှေ့ဆိုင်းခွင့် မပေးကြလေနှင့်။

[56] ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်ပေါ်၌ ယုံကြည်အားထား၍ ပုံအပ်ခဲ့ပြီ ဖြစ်၏။ (ကမ္ဘာဂြိုဟ်ပေါ်တွင် ရှင်သန်လှုပ်ရှားနေသော) မည်သည့် သက်ရှိသတ္တဝါကမျှ ယင်း၏နဖူးဆံစ) နှင့်စပ်လျဥ်း၍ ထိုအရှင်မြတ်က အရေး ယူတော်မူခြင်းမှအပ လွတ်ကင်းမည် မဟုတ်ပေ။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ပေါ်၌ ရှိနေတော်မူ၏။

[57] သင်တို့သည် ကျွန်ုပ်နှင့်အတူ စေလွှတ်တော်မူခြင်းခံရပြီး သင်တို့ထံသို့ အရောက်ပို့စေတော်မူသောအရာ (အရှင့်အမိန့်ဗျာဒိတ်တော်) ကို ကျောခိုင်း၍ မျက်နှာလွှဲလှည့်သွားကြလျှင် (သင်တို့သိသင့်သည်မှာ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို တာဝန်ကျေပွန်စွာဖြင့်) သင်တို့ထံ မုချပင် အရောက်ပို့ခဲ့ပြီးပြီ။ အကယ်၍ သင်တို့က အမှန်တရားကို ဆက်လက်၍ ဇွဲရှိရှိ မယုံကြည်ငြင်းဆန်နေလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့၏နေရာတွင် အခြား လူမျိုးတစ်မျိုးကို အစားထိုးဆက်ခံစေတော်မူပြီး သင်တို့သည် ထိုအရှင်မြတ်အား စိုးစဉ်းမျှ ထိခိုက်နစ် နာစေနိုင်ကြမည် မဟုတ်ပေ။ ဧကန်ပင်၊ ကျွန်ုပ် အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မှတ်တမ်းတင်တော်မူလျက်) ထိန်းသိမ်းစောင့်ရှောက်ထားတော်မူ၏။

[58] (အားဒ်လူမျိုးအများစုက မယုံကြည်ငြင်းပယ်မှု၌ပင် ဆက်လက်ရပ်တည်နေသောကြောင့်) ငါအရှင်မြတ်၏ စီမံချက်အမိန့်တော်ရောက်ရှိလာသောအခါ (တမန်တော်) ဟူးဒ်ကိုလည်းကောင်း၊ သူနှင့်အတူရှိကြသော ယုံကြည်သူများကိုလည်းကောင်း (ယုံကြည်မှု၊ ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်နှင့်သည်းခံကြံ့ခိုင်မှုတို့ကြောင့်) ငါအရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် (လောကီဘေးဒုက္ခမှ) ကယ်တင်တော်မူရုံသာမက (နောင်တမလွန်ဘဝ၌) စူးရှကြမ်းတမ်းသော ပြစ်ဒဏ်မှလည်း ငါအရှင်မြတ်က သူတို့ကို ကယ်တင်တော်မူလိမ့်မည်။

[59] ဤသည် အားဒ်လူမျိုး (တို့၏စံနမူနာယူဖွယ်အကြောင်းအရာပင် ဖြစ်၏။) သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (ယုံကြည်မှုနှင့်ပတ်သက်၍ မရှိမဖြစ်လိုအပ်သော) အာယာသ်သက်သေလက္ခဏာတော်များကို ငြင်းပယ်ခဲ့ကြပြီး (အရှင့်ထံတော်မှ) သူတို့ထံစေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များကို မနာခံဖီဆန်ကြသည့်အပြင် ခေါင်းမာပြီး နိုင်လိုမင်းထက်ပြုသော အာဏာရှင်တိုင်း၏အမိန့်ညွှန်ကြားချက်ကိုလည်း နာခံလိုက်နာကြ၏။

[60] သူတို့သည် ဤလောကီဘဝ၌သာမက နောင်တမလွန်ဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသောအရာများ သူတို့၏နောက်တွင် (ခြေရာခံ) လိုက်လာခြင်းကို ခံကြရ၏။ သတိမူမှတ်သားကြလော့။ ဧကန်ပင်၊ အားဒ်လူမျိုးတို့သည် သူတို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ အားဒ်လူမျိုးကြောင့် ဟူးဒ်လူမျိုးလည်းအရှင့် (လမ်းစဉ်တော်နှင့်ကရုဏာတော်မှ) အလှမ်းဝေးခဲ့ကြသည်မှာ သံသယဖြစ်စရာမလိုပေ။

[61] ဆမူးဒ်လူမျိုးများထံသို့ သူတို့၏အစ်ကို (တမန်တော်) ဆွာလီဟ်ကို စေလွှတ်တော်မူခဲ့၍ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကို နာခံကိုးကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြား ကိုးကွယ်ရာအရှင် အလျှင်း မရှိချေ။ ထိုအရှင်မြတ်သည် သင်တို့အား အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ မြေကမ္ဘာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထို (မြေကမ္ဘာ) ၌ပင် အသက်ရှင်ရပ်တည်နိုင်သော စားနပ်ရိက္ခာ၊ လိုအပ်ချက်များ၊ သာယာဝပြောမှုနှင့်ဂုဏ်သိက္ခာများကို ထောက်ပံ့ထားတော်မူလျက်) အခြေချနေထိုင်စေတော် မူ၏။ သို့ဖြစ်ပေရာ (သင်တို့ကျူးလွန်မှားမိခဲ့သည်တို့ကို နောင်တကြီးစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင့်လမ်း စဉ်တော်အတိုင်း လိုက်နာနိုင်ရန်) အရှင့်ထံ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပြီးနောက် အရှင့်ဘက်သို့ ဦးတည် လှည့်ကြလော့။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့နှင့်အဦးဆုံးဖြစ်တော်မူသောအရှင်၊ သင်တို့၏ဆုမွန်ပန်ကြားသမျှအတွက် တုံ့ပြန်ဖြည့်ဆည်းစေတော်မူသော အရှင်ပင်ဖြစ်တော်မူ၏။”

[62] သူတို့က “အို၊ ဆွာလီဟ်၊ ဤမတိုင်မီ သင်က ကျွန်ုပ်တို့ကြားတွင် (ကျွန်ုပ်တို့အတွက်) မျှော်လင့်ချက် အရင်းခံပင်ဖြစ်ခဲ့၏။ (ယခုအခါ) အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က ကိုးကွယ်ကြလေ့ရှိသော (မိရိုးဖလာကိုးကွယ်မှုမျိုးကို) ကိုးကွယ်ခြင်းမှ တားဆီးလေသလော။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်က ကျွန်ုပ်တို့အား မသင်္ကာဖွယ်ရာဘက်သို့ ဖိတ်ခေါ်နေခြင်းနှင့်ပတ်သက်၍ အမှန်ပင် ယင်း၌ သံသယအပြည့် ရှိ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[63] (တမန်တော်) ဆွာလီဟ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ထင်ရှားမြင်သာသော သက်သေအ ထောက်အထားနှင့်ရှင်းလင်းချက်ပေါ်ရပ်တည်ပြီး အရှင်မြတ်က အရှင့်ထံတော်မှ ကရုဏာတော်ကိုလည်း ချီးမြှင့်ထားတော်မူကြောင်း အသင်တို့က မဆင်ခြင်၊ မတွေ့မြင်ကြလေသလော။ အကယ်၍ ကျွန်ုပ်သည် ထိုအရှင်မြတ်အား မနာခံလျှင် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) နှင့်ဆန့်ကျင်၍ ကျွန်ုပ်အား ကူညီသူ မည်သူ ရှိအံ့နည်း။ ထိုသို့ဖြစ်ခဲ့လျှင် သင်တို့သည် ကျွန်ုပ်အား ဆုံးရှုံးနစ်နာစေခြင်းမှအပ (အခြားမည်သည့်အရာကိုမျှ အကျိုးပြု) တိုးပွားစေမည် မဟုတ်ချေ။”

[64] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဤသည် သင်တို့အတွက် (သင်တို့တောင်းဆိုခဲ့သည့် ယုံကြည်မှုဆိုင်ရာ) အာယာသ် သက်သေလက္ခဏာတော်အဖြစ် ပေးအပ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မ ဖြစ်၏။ သို့ဖြစ်ပေရာ ထို (ကုလားအုတ်မ) ကို (မည်သည့်အနှောင့်အယှက်မျှမပေးဘဲ) အလ္လာဟ်အရှင်မြတ်၏မြေကမ္ဘာ၌ (လွှတ်လပ်စွာ) စားသောက်နိုင်ရန် လွှတ်ထားပြီး သူမအား (ထိခိုက်စေမည့်) မကောင်းသော အကြံအစည်ဖြင့် မထိကြလေနှင့်။ သို့မဟုတ်ပါက လတ်တလောပြစ်ဒဏ်ဖြင့် သင်တို့ကို အရေးယူဖမ်းဆီးလိမ့်မည်။

[65] သို့သော် သူတို့သည် (အရှင့်သက်သေလက္ခဏာတော်ဖြစ်သော သူမကို မနာလို၊ မမြင်လိုဖြစ်လျက်) ယင်းကုလားအုတ်မ၏တံကောက်ကြောကိုဖြတ် (၍ ရာက်စက်စွာ သတ်ဖြတ်) ခဲ့ကြလေ၏။။ ထို့နောက် (တမန်တော်) ဆွာလီဟ်က “သင်တို့သည် သင်တို့နေထိုင်ရာအိမ်များ၌ (နောက်ထပ်) သုံးရက် (လောကီအကျိုးခံစားခွင့်ဖြင့်) ပျော်ကြလော့။” ဟု ပြောခဲ့၏။ ထိုသို့ပြောခဲ့ခြင်းသည် (မည်သူမျှ မလိမ်ညာ) မငြင်းပယ်နိုင်သော (သတိပေးချက်ဆိုင်ရာ ရာဇသံ) ကတိတော်ဖြစ်၏။

[66] ထိုသို့ဖြင့် ငါအရှင်မြတ်၏ စီမံချက်အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (တမန်တော်) ဆွာလီဟ်ကိုလည်းကောင်း၊ သူနှင့်အတူရှိခဲ့သော ယုံကြည်သူများကိုလည်းကောင်း၊ အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် ထိုနေ့၌ အရှက်ကွဲအသရေပျက်ခံရခြင်းမှ ကယ်တင်တော်မူခဲ့၏။ မုချဧကန်၊ အသင့်အားဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် (စွမ်းအား တန်ခိုးအလုံးစုံကို ပိုင်ဆိုင် တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ်သိက္ခာအလုံးစုံကို ပိုင်ဆိုင်တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ်သိက္ခာအလုံး စုံကို ပိုင်ဆိုင်တော်မူသော) ဘုန်းတော်ရှင် ဖြစ်တော်မူ၏။

[67] ထို့နောက် အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုကျင့်ကြသူ တို့ကို အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးဖြင့် အရေးယူဖမ်းဆီးစေတော်မူခဲ့ရာ သူတို့သည် သူတို့နေထိုင်ရာ အိမ်များ၌ပင် (မနက်စောစောအချိန်တွင်) လှုပ်ရှားမှုမဲ့သော မှောက်လျက် အနေအထားဖြစ်လာခဲ့ကြ၏။

[68] ထို (မြို့ရွာဒေသ) ၌ မည်သည့်အခါမျှ ချမ်းမြေ့သာယာမှုမရှိခဲ့ မကြုံခဲ့သကဲ့သို့ ဖြစ်လာခဲ့၏။ သတိမူ မှတ်သားကြလော့။ ဆမူးဒ်လူမျိုးတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြ၏။ ထိုသို့ဖြင့် ဆမူးဒ်လူမျိုးတို့အား (အရှင့်ကရုဏာတော်မှ ကင်းဝေးစေတော်မူလျက် နှစ်ပေါင်းများစွာ မသာယာသည့် အနေအထားဖြင့် ပစ်ထားတော်မူ၍) ပျက်သုဉ်းစေတော်မူသည်ကို သံသယဖြစ်စရာ မလိုပေ။

[69] ငါအရှင်မြတ်၏ (ကောင်းကင်စေတမန်) သတင်းဆောင်များသည် သတင်းကောင်းနှင့်အတူ (တမန်တော်) အီဗ်ရာဟီးမ်ထံ မုချရောက်ခဲ့ကြပြီးနောက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်ခဲ့ကြရာ သူကလည်း “ငြိမ်းချမ်းပါစေ။” ဟု တုံ့ပြန်နှုတ်ဆက်ပြီးလျှင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ မဆိုင်းမတွပင် ကင်ထားသော နွားငယ်တစ် ကောင်ကို ယူဆောင်လာ (၍ ဧည့်ခံ) ခဲ့လေ၏။

[70] သူတို့၏လက်များကို ထို (နွားကင်) ဘက် မလှမ်းကြသည်ကို (တမန်တော်) အီဗ်ရာဟီးမ် (သတိထား) တွေ့ မြင်သည့်အခါ (သူတို့၏စိမ်းကားသောအမူအရာကြောင့်) သူတို့အား မယုံသင်္ကာဖြစ်လျက် သူတို့အန္တရာယ်တစ်စုံ တစ်ခုပေးမည်ကိုကြောက်၍ စိုးရိမ်ပူပင်ခဲ့၏။ (ထိုစဉ်) သူတို့က “မစိုးရိမ်ပါနှင့်။ အမှန်မှာ ကျွန်ုပ်တို့သည် လူးသ်လူမျိုးတို့ထံသို့ စေလွှတ်တော်မူခြင်းခံရသော သတင်းဆောင် (စေတမန်) များ ဖြစ်ကြ၏။” ဟု (နှစ်သိမ့်စကား) ပြောဆိုခဲ့ကြ၏။

[71] ထိုစဉ် တမန်တော်အီဗ်ရာဟီးမ်၏ (မြုံ၍အိုနေသော) အမျိုးသမီးသည် သူ့အပါးတွင် မတ်တပ်ရပ်လျက် ပြုံးပြခဲ့ရာ ငါအရှင်မြတ်သည် သူမအား (တမန်တော်) အီးစ်ဟာက်နှင့်သူ့နောက်တွင် ရောက်လာမည့် (တမန် တော်) ယာကုဗ် (သားမြေး) တို့အကြောင်း သတင်းကောင်းပါးစေတော်မူခဲ့၏။

[72] သူမက “အို၊ အလိုလေး၊ ဖြစ်မှဖြစ်ရပါလေ။ ဤအချိန်မှာ ကလေးရနိုင်ပါမည်လော။ ကျွန်မက အိုမင်းရင့်ရော်အရွယ်ဖြစ်လာပြီ၊ ကျွန်မ၏ဤအိမ်ရှင်လည်း အသက်အရွယ် အိုမင်းနေသူတစ်ဦးပါ။ (ဤအရွယ်မှာ ဤသို့သော သတင်းကောင်းကြားရခြင်းသည်) ဧကန်ပင်၊ အလွန်ထူးဆန်း အံ့ဩစရာပင်ဖြစ်၏။” ဟု ပြောခဲ့၏။

[73] (ထိုအခါ၊ ထိုသတင်းဆောင် စေတမန်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်၏ စီမံချက်အမိန့် တော်ကြောင့် အံ့အားသင့်ကြသလော။ အိုအိမ်တော်သားအပေါင်းတို့၊ သင်တို့အပေါ် အလ္လာဟ်အ ရှင်မြတ်၏ကရုဏာတော်နှင့်ကျက်သရေမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (အရှင့်အစေခံ လူသားတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူ၍) ချီးမွမ်းမှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်၊ ကြည်ညိုဖွယ်ရာ ဂုဏ်ကျက်သရေအလုံးစုံနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့ကြ၏။

[74] သူ့ထံသို့ သတင်းကောင်းရောက်စေ၍ (တမန်တော်) အီဗ်ရာဟီးမ်ထံမှ ထိတ်လန့်မှုကို ကင်းရှင်းပျောက် သွားစေတော်မူသည့်အခါ သူသည် လူးသ်လူမျိုးတို့နှင့်စပ်လျဉ်း၍ ငါအရှင်မြတ် (၏ စေတမန်များနှင့် အချေအတင်ပြောဆိုလျက် သူတို့အား လွတ်ငြိမ်းခွင့်ပေးရန် အရှင့်) ထံ အသနားခံလေ၏။

[75] ဧကန်ပင်၊ (တမန်တော်) အီဗ်ရာဟီးမ် နူးညံ့သိမ်မွေ့ပြီး အလွန်စာနာတတ်သူ၊ ကြင်နာစိတ်ရှိပြီး အလွန်အသနားခံတတ်သူ၊ အရှင့်ထံကိုယ်စိတ်နှလုံးအပ်နှံလျက် နာခံမှုအပြည့်ဖြင့် ထပ်တလဲလဲ ဦးလှည့်သူပင် ဖြစ်၏။

[76] (အရှင်မြတ်က) အို၊ အီဗ်ရာဟီးမ်၊ (ထိုလူမျိုးတို့၏လွတ်ငြိမ်းခွင့်အတွက် အသနားခံနေသော) ဤ (လျှောက်လဲချက်) ကို လက်လျှော့ရပ်တန်းလော့၊ ဧကန်ပင်၊ ယင်း (ဒဏ်ခတ်အရေးယူမှု) သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏စီမံချက် အမိန့်တော်အဖြစ် ရောက်ရှိ ခဲ့ပြီဖြစ်သည့်အပြင် (သူတို့၏ဒုစရိုက်ကျူးလွန်မှုကြောင့်) သူတို့ထံ ဧကန်မလွဲ၊ ဆိုက်ရောက်စေမည့် ပြစ်ဒဏ်ဖြစ် သည့်အတွက် (ယင်းသည်) ပြန်လည်ရုပ်သိမ်းဖယ်ရှားနိုင်စရာ အလျှင်း မဟုတ်ပေ။

[77] ငါအရှင်မြတ်၏သတင်းဆောင် စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို ကာကွယ်ရန် အင်အားအလုံအလောက် မရှိကြောင်းတို့ကြောင့်) သူတို့အတွက် ချောင်ပိတ်မိသကဲ့သို့ ပူပင်၍ စိတ်ကျဉ်းကျပ်မှုခံစားလျက် “ဤသည် စိတ်ဆင်းရဲစေသောနေ့ပင် ဖြစ်၏။” ဟု (ပူပင်စွာ) ပြောခဲ့၏။

[78] (ထိုစဉ်) သူ့လူမျိုးများသည် သူ့ထံသို့ အပြေးအလွှားအလျှင်စလို ရောက်လာခဲ့ကြ၏။ ထိုမတိုင်မီ သူတို့ သည် (အလိုရမ္မက်ဖောက်ပြန်လျက်) အလွန်စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံခဲ့ကြ ၏။ (တမန်တော်) လူးသ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဤသည် ကျွန်ုပ်၏သမီးများ ဖြစ်ကြ၏။ သူမတို့သည် သင်တို့အတွက် (သင်တို့၏တဏှာဖောက်ပြန်မှုကို ထိန်းချုပ်စေမည့် ထိမ်းမြားရန်) အသန့်စင်ဆုံး ဖြစ်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ကျွန်ုပ်၏ဧည့်သည်များကို စော်ကားလျက် ကျွန်ုပ်အား အရှက် မခွဲကြလေနှင့်။ သင်တို့ထဲတွင် (အရှင့်ဖွဲ့စည်းမှုဆိုင်ရာနိယာမတရားကို လက်ခံ၍ ဖြောင့်မတ်သောသူ) ယောက်ျား ပီသသူတစ်ဦး တစ်ယောက်ပင် မရှိကြသလော။” ဟု ဟောပြောခဲ့၏။

[79] သူတို့က “သင်၏သမီးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့မှာ မည်သည့်တာဝန်မျှမရှိကြောင်း သင်အမှန်ပင် သိနေပြီ။ ဧကန်ပင်၊ အသင်က ကျွန်ုပ်တို့မှာ ဆန္ဒမရှိကြောင်း (မလိုလားကြောင်း) ကိုလည်း မုချ သိနေပြီ။” ဟု ပြောခဲ့ကြ၏။

[80] (တမန်တော်) လူးသ်က “ကျွန်ုပ်မှာ သင်တို့အား ခုခံရန် အင်အားရှိခဲ့လျှင် သို့တည်းမဟုတ် စိတ်ဓါတ်ခိုင်မာပြီး သန်မာသော ထောက်ခံသူဘက် အားထားနိုင်ခဲ့လျှင် ကောင်းလေစွ။” ဟု ပြောခဲ့၏။

[81] သတင်းဆောင် စေတမန်များက “အို၊ လူးသ်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က စေလွှတ်တော်မူသော သတင်းဆောင်၊ စေတမန်များဖြစ်၍ သူတို့သည် သင့်အပါးသို့ အလျှင်း ချဉ်းကပ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် သင်၏မိသားစုနှင့်အတူ ည၏အစိတ်အပိုင်းတစ်ခုတွင် ခရီးစထွက်လော့။ ထို့ပြင် သင်၏အမျိုးသမီးမှလွဲ၍ သင်တို့အနက်မှ မည်သူတစ်ဦး တစ်ယောက်ကိုမျှ နောက်ဆံတင်း၍ နောက်လှည့်မကြည့်စေနှင့်။ (သူမသည် နောက်သို့ လှည့်ကြည့် ပြီဖြစ်၍) ဧကန်ပင်၊ ယင်း (နောက်ဆံတင်းခြင်း) ကြောင့် သူတို့ပေါ် ဆိုက်ရောက်သမျှ ပြစ်ဒဏ်သည် သူမအပေါ် ဆိုက်ရောက်မည့် ပြစ်ဒဏ်ပင် ဖြစ်၏။ မုချဧကန်၊ သူတို့ (၏ပြစ်ဒဏ်) အတွက် သတ်မှတ်ချိန်သည် နံနက် မိုးသောက်ချိန်ပင်ဖြစ်၏။ မိုးသောက်ချိန်နီးကပ်လာနေပြီမဟုတ်လော။” ဟု သတိပေးပြောဆိုခဲ့၏။

[82] ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ကို ရောက်ရှိစေတော်မူသောအခါ ငါအရှင်မြတ်သည် (ထိုမြို့ရွာကို) ဇောက်ထိုးမှောက်ခုံ (ဗြောင်းဆန်) ဖြစ်ပျက်စေတော်မူပြီး သူတို့အပေါ်တွင် (မီးဖုတ်ထားသော ရွှံ့စေးပမာ) ကျောက်ခဲမိုးများကို အလိပ်လိပ် အထပ်ထပ် ရွာသွန်းစေတော်မူ၏။

[83] (ထိုကျောက်မိုးသီးတိုင်းသည်) သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှဖြစ်၍ (ပုဂ္ဂိုလ်တစ်ဦးချင်းစီးအတွက် ပစ်မှတ်ဖြစ်စေတော်မူလျက်) လျာထားသောအရာဖြစ်သည့်အလျှောက် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုကျင့်ကြသူ တို့မှ (ကွာဝေးသော) ပစ်မှတ်လွဲသောအရာ အလျှင်း မဟုတ်ပေ။

[84] ထို့ပြင် မဒ်ယန် (ပြည်သူများထံ) သို့ သူတို့၏နောင်တော် ရှုအိုက်ဗ်ကို စေလွှတ်တော်မူခဲ့ရာ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ ထိုအရှင်မြတ်မှလွဲ၍ သင်တို့အတွက် အခြား မည်သည့်ကိုးကွယ်ရာမျှ အလျှင်း မရှိပေ။ ထို့ပြင် (ကုန်စည်ဖလှယ်ရာတွင် အသုံးပြုသော အတိုင်းအတာစနစ်ရှိ) အချိန်အတွယ်နှင့်ချိန်ခွင်စကေးတို့ကို (မသမာသောနည်းဖြင့် တစ်ဖက်သားနစ်နာအောင်) လျှော့မပေးကြလေနှင့်။ (မသမာသောနည်းဖြစ့် စီးပွားရှာ၍) ကြီးပွားချမ်းသာလာသည်ကို ကျွန်ုပ်သည် ဧကန်မလွဲ၊ တွေ့ မြင်ရသော်လည်း ဧကန်ပင်၊ ကျွန်ုပ်သည် (သင်တို့၏မတရားမှုနှင့်မသမာမှုအတွက် အရေးယူရန်) ဝိုင်းဝန်း (အမှုပတ်) ခံရမည့်နေ့တွင် သင်တို့အပေါ် ပြစ်ဒဏ် (ကျခံရမည်) ကို စိုးရိမ်ကြောက်ရွံ့နေရ၏။” ဟု ဟောပြောခဲ့၏။

[85] ထို့ပြင် (ဆက်လက်၍ သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ (ကုန်စည်ဖလှယ်ရာတွင်) အချိန်အတွယ်နှင့် ချိန်ခွင့်စကေးတို့ကို (ခေါင်းပုံဖြတ်ခြင်းမရှိစေဘဲ တရားတော်နှင့်အညီ) မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အပြည့် အဝ ချိန်တွယ်တိုင်းတာပေးကြလော့။ သူတို့၏ (ပစ္စည်းဥစ္စာများ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့်အကြောင်း) အရာများကို (ခေါင်းပုံဖြတ်ခြင်း၊ မသမာသော နည်းများဖြင့် လိမ်လည်ရယူခြင်းနှင့်အလွဲသုံးစားပြုခြင်းဖြင့်) လူသားတို့ကို (နစ်နာဆုံးရှုံးအော် အခွင့်အရေးနှင့်ရပိုင်ခွင့်များကို) တားဆီးပိတ်ပင် ထိန်ချန်မထားကြလေနှင့်။ ကမ္ဘာဂြိုဟ်၌ မတည်မငြိမ်မှုများနှင့်အဖျက်အနှောင့်များ ပြုလုပ်ဖန်တီးရန် ကောက် ကျစ်စဉ်းလဲ ယုတ်မာသော လုပ်ရပ်များဖြင့် အန္တရာယ်မပြုကြလေနှင့်။

[86] အကယ်၍ အသင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်ပေးအပ်တော်မူထားသည့် (မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်များ၊ စွမ်းရည်များ၊ အရင်းအမြစ်များနှင့်) အခွင့်အရေးများကို အရှင့်စည်းမျဉ်းတော်နှင့်အညီ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရာတွင် တစ်ဦးချင်းစီက အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လုပ်ရမည်ဖြစ်ပြီး) ကျွန်ုပ်သည် (တမန်တော်ဖြစ်သော်ငြားလည်း) ထို (အခွင့်အရေးများ) နှင့်ပတ်သက်၍ သင်တို့အပေါ် (တာဝန်ယူထားသော) ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦး မဟုတ်ပေ။

[87] သူတို့က “အို၊ ရှုအိုက်ဗ်၊ အသင် ဆွလာသ်ဝတ်ပြုမှုမဏ္ဍိုင်၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်လာခဲ့ကြသော (မိရိုးဖလာကိုးကွယ်မှုနှင့်) ကိုးကွယ်ရာများကို စွန့်လွှတ်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆန္ဒအလျှောက် (စိတ်တိုင်းကျ လွတ်လပ်စွာ) ရှာဖွေသုံးစွဲခြင်း မပြုရန် အမိန့်ပေးညွှန်ကြားနေခြင်းပင် ဖြစ်သလော။ ဧကန်ပင်၊ အသင်သည် နူးညံ့သိမ်မွေ့ပြီး စိတ် ရှည်သည်း ခံသူ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဖြောင့်မတ်တည်ကြည်သူပင် မုချ ဖြစ်ပေ၏။”

[88] (တမန်တော်) ရှုအိုက်ဗ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော မြင်သာထင်ရှားသည့် သက်သေအ ထောက်အထားနှင့်ရှင်းလင်းချက်ပေါ်တွင်သာ ရပ်တည်နေကြောင်းနှင့်ကျွန်ုပ်တို့ ထိုအရှင်မြတ်ကပင် အရှင့်ထံတော်မှ ကောင်း မြတ်သောရိက္ခာနှင့်လိုအပ်ချက်များ ထောက်ပံ့ဖြည့်ဆည်းပေးတော်မူကြောင်း အသင်တို့က မတွေ့မြင် ကြလေသလော။ သင်တို့အား အမိန့်ပေးညွှန်ကြားတိုက်တွန်းသမျှသော အကြောင်းအရာများမှ (မည်သည့်လောကီ အကျိုးအမြတ်နှင့်မတည်မငြိမ်ဖြစ်ရန် ရန်စလိုသောဆန္ဒဖြင့်) သင်တို့ကို ဆန့်ကျင်၍ ပြုမူရန် (မည်သို့မျှ) မရည်ရွယ်ပေ။ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ပြုပြင်စေခြင်းဖြင့်) တည်ငြိမ်အေးချမ်းသော သင့်မြတ်မှုကို ရည် ရွယ်၍သာလျှင် တတ်စွမ်းသမျှ ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်၏။ (ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်သင်တို့၏ လုပ်ရပ်များကြား ရင်ကြားစေ့ညှိပေးခြင်းဖြင့် ရရှိမည့်) ကျွန်ုပ်၏အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ (ဆိုင်၍ အရှင့်ပေါ်တွင်သာလျှင်) မူတည်နေ ၏။ ကျွန်ုပ်သည် ထိုအရှင်မြတ်ပေါ်သာ ယုံကြည်ကိုးစား၍ ပုံအပ်ပြီး ထိုအရှင်မြတ်ထံသို့သာ (ကိုယ်စိတ်နှလုံးဖြင့်) လှည့်၍ မျှော်ကိုးပါ၏။” ဟု ဟောပြောခဲ့၏။

[89] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဆွာလီဟ်၏လူမျိုး၊ ဟူးဒ်လူမျိုး၊ နူးဟ်လူမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဘေးဒုက္ခမျိုးကဲ့သို့သော ဘေးဒုက္ခပြစ်ဒဏ်များ သင်တို့အပေါ်လည်း ဆိုက်ရောက်လာစေရန် သင်တို့နှင့်ကွဲလွဲသော ကျွန်ုပ်၏သဘောထားအမြင်ပေါ်အခြေခံ၍ သင်တို့အနက်မှ (အချို့အား) (ရာဇဝတ်မှုများ) ပြစ်မှုဒုစရိုက်များ ကျူးလွန်ခွင့် မပေးကြလေနှင့်။ လူးသ်လူမျိုးတို့သည် သင်တို့နှင့်မကွာခြားလှပေ။

[90] (မသိနားမလည်၍ မတော်တဆ ကျူးလွန်မိသည်တို့အတွက်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလော့။ ထို့နောက် (နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင့်လမ်းစဉ်တော်နှင့်) အရှင်မြတ်ဘက်သို့ ဦးတည်လှည့်ကြလော့။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်၊ အလွန်ပင် မေတ္တာထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[91] သူတို့က “အို၊ ရှုအိုက်ဗ် သင်၏ဟောပြောချက်အများစုကို ကျွန်ုပ်တို့ထဲတွင် အင်အားချည့်နဲ့သူတစ်ဦးအဖြစ်သာ မြင်ကြ၏။ အကယ်၍ သင်၏မျိုးရိုး (သည် ကျွန်ုပ်တို့ ကြည်ညိုလေးစားသော လူမျိုးစုဖြစ်သည့်) အတွက် မဟုတ်ခဲ့လျှင် သင့်အား ကျောက်ခဲများဖြင့် မုချ ထုသတ်ခဲ့လိမ့်မည်။ (သင့်ကို ကြည်ညိုလေးစား ခြင်းကြောင့်) သင်သည် ကျွန်ုပ်တို့အပေါ်တွင် ဩဇာလွှမ်းမိုးနိုင်မည်မဟုတ်ချေ။” ဟု ပြောခဲ့ကြ၏။

[92] (တမန်တော်) ရှုအိုက်ဗ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်၏မျိုးရိုးက သင်တို့အား ထိုအရှင်မြတ်ကို ကျောခိုင်း၍ စွန့်ပစ်တားအဖြစ် မှတ်ယူကြရသည်အထိ သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို ၍ ဩဇာလွှမ်းမိုးနေသလော။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှကို လွှမ်းခြုံဝန်းရံထားတော်မူ၏။”

[93] “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ ကျွန်ုပ်သည် (အရှင်မြတ်ပေးအပ်ထားတော်မူသည့် တာဝန်ကို ကျေပွန်စွာ) ပြုမူကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျှောက် သင်တို့လည်း သင်တို့၏နေရာ (အဆင့်အတန်းနှင့် အခြေအနေပေါ် ရပ်တည်၍ သင်တို့၏စွမ်းရည်) နှင့်အညီ ပြုမူကျင့်ကြံကြလော့။ အချိန်တန်လျှင် မည်သူက လူလိမ်လူညာ ဖြစ်ပြီး မည်သူ့ထံ အရှက်တကွဲဖြစ်စေမည့် ပြစ်ဒဏ်အား ထိရောက်စေမည်ကို မကြာမီ သင်တို့ သိကြလိမ့်မည်။ အသင်တို့စောင့်မျှော်နေကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ မုချ စောင့်မျှော်နေ၏။” ဟု ပြန်ပြောခဲ့၏။

[94] ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ရောက်ရှိစေတော်မူသောအခါ တမန်တော်ရှုအိုက်ဗ်ကိုလည်းကောင်း၊ သူနှင့်အတူရှိသော ယုံကြည်သူများကိုလည်းကောင်း၊ အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် ကယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံကြသူတို့ကိုမူ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးဖြင့် အရေးယူ ဖမ်းဆီးစေတော်မူခဲ့ရာ သူတို့သည် သူတို့နေထိုင်ရာအိမ်များ၌ပင် (မနက်စောစောအချိန်တွင်) လှုပ်ရှားမှုမဲ့ပြီး မှောက်လျက် အနေအထားဖြစ်လာခဲ့ကြ၏။

[95] ထို (မြို့ရွာဒေသ) ၌ မည်သည့်အခါမျှ ချမ်းမြေ့သာယာမှုမရှိခဲ့ မကြုံဖူးသကဲ့သို့ ဖြစ်လာခဲ့၏။ သတိမူ၍ မှတ်သားကြလော့။ မဒ်ယန်ပြည်သူတို့ကိုလည်း ဆမူးဒ်လူမျိုးတို့အား (အရှင့်ကရုဏာတော်မှ ကင်းဝေးစေလျက် နှစ်ပေါင်းများစွာ မသာယာသည့်အနေအထားဖြင့် ပစ်ထားတော်မူ၍) ပျက်သုဉ်းစေတော်မူသကဲ့သို့ပင် ပျောက်ကင်း ဝေးကွာစေတော်မူခဲ့၏။

[96] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ထင်ရှားသော အခွင့်အာဏာနှင့်အရှင့်အာယာသ် သက်သေလက္ခဏာတော်များနှင့်အတူ စေလွှတ်တော်မူခဲ့၏။

[97] ဖါရိုမင်းဆက်နှင့်သူ၏အကြံပေးမှူးမတ်အကြီးအကဲတို့ထံ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် သူတို့သည် ဖါရိုမင်းဆက်၏ (စီမံချက်) အမိန့်များသည် မှန်ကန်မျှတသော ညွှန်ကြားချက်နှင့်အညီမဟုတ် (ဘဲ နိုင်လိုမင်းထက်ပြုခြင်းသာဖြစ်) သော်လည်း ဖါရို၏အမိန့်ကိုသာ လိုက်နာခဲ့ကြ၏။

[98] (ဖါရိုသည် သူ့ပြည်သူတို့ကို နိုင်လိုမင်းထက်ပြုရန်သာ ဦးဆောင်ခဲ့ရာ) နောင်တမလွန်ဘဝ ရှင်ပြန်ထမြောက်မည့်နေ့တွင် သူ့လူမျိုးတို့၏ရှေ့ဆုံးမှလိုက်၍ သူတို့ကို (လောကီဘဝ၌ လူတို့က တိရိစ္ဆာန်တို့၏အ သက်သွေးကြောဖြစ်သော ရေရရှိသည့်နေရာသို့ ခေါ်သွားသကဲ့သို့) အလွန်ယုတ်ညံ့ဆိုးဝါးသော ပြစ်ဒဏ်ပေးခံရမည့် နေရာသို့ ငရဲမီး၏ဒဏ်ကို ခံစားစေရန် ဦးဆောင်ခေါ်သွားပေလိမ့်မည်။

[99] ဤလောကီဘဝသက်တမ်း၌ အရှင့်ကရုဏာတော်နှင့်မေတ္တာတော်မှ ကင်းဝေးစေရန်နှင့် (နောင်တမလွန် ဘဝ၏) ရှင်ပြန်ထမြောက်မည့်နေ့တွင် အလွန်ယုတ်ညံ့ဆိုးဝါး (ပြီး အန္တရာယ်ရှိသော) လက်ဆောင်ကို အပေးခံရရန် (ထိုအာဏာရှင်ဖြစ်သူ) သူတို့အား နာခံလိုက်စေခဲ့ခြင်းသာ ဖြစ်၏။

[100] ထိုသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်တော်မြတ်)အား (ယခင်က အရေးယူတော်မူခဲ့သည့်) မြို့ရွာဒေ သတချို့ (၏အကြောင်းအရာ၊ အဖြစ်အပျက်၊ သမိုင်းအကြောင်း) သတင်းအချက်အလက်များအနက်မှ (အချို့ကိုသာ) တင်ပြစေတော်မူခြင်း ဖြစ်၏။ ထို (အဖြစ်အပျက်များနှင့်သက်ဆိုင်သော သမိုင်းဝင် အဆောက်အအုံများနှင့်အကြောင်း) အရာများအနက်မှ (အချို့သည် ယနေ့တိုင် ထူထူထောင်ထောင်) တည်မြဲနေသော်လည်း (အချို့မှာမူ သဲလွန်စရှာရခက်သည်အထိ လုံးလုံးလျားလျား) ပျက်သုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

[101] ငါအရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ မတော်မတရားပြုတော်မမူသော်လည်း သူတို့သည် သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ သူတို့၏အလိုရမ္မက်နှင့်အညီ အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန်ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်သူတို့သာ မတော်မတရားလုပ်ခြင်းပင် ဖြစ်၏။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်၏စီမံချက်အမိန့်တော် ရောက်ရှိစေတော်မူသည့်အခါ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့မှ (အားကိုးတကြီး ကိုးကွယ်ဆည်းကပ်ကြသော) ကိုးကွယ်ရာများအပြင် အခြားမည်သည့်အရာကမျှ (သူတို့အတွက်) အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။ သူတို့သည် ဆုတ်ယုတ်နစ်နာ၊ ဆုံးရှုံးပျက်စီးမှုမကင်းသောအရာမှလွဲ၍ (အခြား မည်သည့်ကောင်းရာကောင်းကြောင်းကိုမျှ) တိုးပွားစေနိုင်မည် မဟုတ်ပေ။

[102] ထိုကဲ့သို့ပင် မြို့ရွာဒေသများကို သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ ဒဏ်ခတ်အရေးယူမှုရောက်ခဲ့စဉ်သည် (ထိုမြို့ရွာဒေသနေ) ပြည်သူတို့၌ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်သော ပြုမူကျင့်ကြံမှုများ (ရေပန်းစားနေချိန်ဖြစ်သော) ကြောင့် ထိုအရှင်မြတ်က ဒဏ်ခတ်အရေးယူခြင်း ဖြစ်၏။

[103] ဧကန်မုချ၊ ထို (အမိန့်ညွှန်ကြားချက်များ)၌ နောင်တမလွန်ဘဝ၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သူတို့အ တွက် (သင်ခန်းစာနှင့်သတိပေးချက်ဆိုင်ရာ) အာယာသ်သက်သေလက္ခဏာတော်များ အမှန်ပင် ရှိ၏။ ထိုနေ့သည် အရှင်မြတ်က လူသားအားလုံးကို (တစ်နေရာတည်း၊ တစ်ချိန်တည်း၌) စုရုံးစေတော်မူမည့်နေ့ပင်ဖြစ်ပြီး ထိုနေ့သည်ပင် (သက်ရှိအားလုံး၏လောကီဘဝ အတွေ့အကြံများအားဖြင့်) သက်သေခံရန် သတ်မှတ်ခြင်းခံရသောနေ့လည်း ဖြစ်၏။

[104] ငါအရှင်မြတ်သည် ထိုနေ့ကို (ယင်းအတွက်) သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်ကာလမှအပ (ယင်းအား) နှောင့်နှေးရွှေ့ဆိုင်းတော်မူမည် အလျှင်း မဟုတ်ပေ။

[105] ထိုနေ့ (ထိုအချိန်ကာလ) ဆိုက်ရောက်လာသည့်အခါ ထိုအရှင်မြတ်ခွင့်ပြုချက် (ရရှိထားသူ) မှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)ပိုင်ရှင်မျှ စကားပြောခွင့်ရှိလိမ့်မည် မဟုတ်သောကြောင့် သူတို့အနက်မှ (အချို့သည်) စိတ်ပျက်လက်ပျက် (ဖြစ်ကြပြီး အချို့မှာမူ) ပျော်ရွှင်မြူးတူး (ဖြစ်ကြလိမ့်မည်။)

[106] ထိုစိတ်ပျက်လက်ပျက်ဖြစ်ကြသူတို့အနေဖြင့် သူတို့သည် (မကောင်းမှုများကို ရှာဖွေဆည်းပူးမှုကြောင့် ငရဲမီးထဲ၌ ရှိကြမည်ဖြစ်သောကြောင့် သူတို့အတွက် ထိုငရဲဘုံထဲတွင် (အားကိုးအားထားစရာဟူ၍ တညည်းညည်း တညူညူနှင့်တအော်အော်တအီအီ) သက်ပြင်းချညည်းတွားခြင်းနှင့်အဆက်မပြတ် ငိုကြွေးခြင်းတို့သာ ရှိလိမ့်မည်။

[107] ထိုငရဲဘုံထဲတွင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ အလိုရှိတော်မူသည့်အချိန်ကာလမှအပ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် အဓွန့်ရှည် တည်တံ့သရွေ့ (ဟူသည့် အာရဗီစကားပုံ၏အဓိပ္ပါယ်ဖြစ်သော) အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားရလိမ့်မည်။ မုချဧကန်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်ဖြင့် ရည်ရွယ်တော်မူသည်ကို (ပြီးမြောက်အောင်)ပြုလုပ်စေသည့် အာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[108] ထိုပျော်ရွှင်မြူးတူးနေကြသူတို့အနေဖြင့် သုခဥယျာဉ်ထဲတွင်ရှိကြလျက် သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ အလိုရှိတော်မူသည့် အချိန်ကာလမှအပ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အဓွန့်ရှည့်တည်တံ့သရွေ့ (ဟူသည့် အာရဗီစကားပုံ၏အဓိပ္ပါယ်ဖြစ်သော) အစဉ်ကာလအကန့်အသတ်မဲ့ ထိုသုခဥယျာဉ်ထဲ၌ပင် နေထိုင်စံမြန်းကြလိမ့်မည်။ (ယင်းသည်) အဆက်မပြတ် ရပ်စဲစေခြင်းမရှိသော အရှင်မြတ်ချီးမြှင့်တော်မူသည့် လက်ဆောင်တော်ပင်ဖြစ်၏။

[109] သို့ဖြစ်ပေရာ ဤသူတို့သည် သူတို့မတိုင်မီရှိခဲ့ကြသော သူတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များကိုးကွယ်ခဲ့ ကြသကဲ့သို့ (မိရိုးဖလားရုပ်တုကိုးကွယ်မှုနှင့်အခြားအရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများကို) ကိုးကွယ်နေခြင်းမှအပ (အခြားမည်သည်ကိုမျှ) ကိုးကွယ်ကြသည် မဟုတ်သဖြင့် (သူတို့၏) ကိုးကွယ်သမျှ၌ ဇဝေဇဝါမဖြစ်ကြလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့၏ (ရသင့်ရထိုက်သော လောကီခံစားခွင့်နှင့်) ဝေစုဝေပုံများ ပြတ်တောက်လျော့နည်းခြင်း မရှိစေဘဲ အပြည့်အဝပေးတော်မူမည်။

[110] ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ကျမ်းတော်ကို မုချပင် ပေးအပ်တော်မူခဲ့ရာ ယင်းနှင့်စပ် လျဉ်း၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့၏။ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံမှ သူတို့အချင်းချင်းကြားတွင် (သဘောထားကွဲလွဲနေသည်များကို ပြတ်ပြတ်သားသား ဖြေရှင်းပေးနိုင်မည့်) ရှေ့ပြေးပဏာမ အမိန့်ဗျာဒိတ်တော်တစ်ခုကို အမှန်ပင် စီရင်ဆုံးဖြတ် ချက်အဖြစ် ပြဋ္ဌာန်းတော်မမူခဲ့လျှင် ဧကန်ပင်၊ သူတို့သည် ထို (ကျမ်းတော်) နှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်လျက် တွေဝေနေခြင်းဖြင့် ယင်း၌ မုချပင် ဒွိဟသံသယ ရှိခဲ့ကြမည်။

[111] မုချဧကန်၊ သူတို့တစ်ဦးချင်းစီအား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သူတို့၏ပြုမူကျင့်ကြံမှုများ၏ (အကျိုးဆက်အဖြစ် ရသင့်ရထိုက်သော လောကီခံစားခွင့်များ) ကို မုချပင် အပြည့်အဝ ပေးတော်မူမည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ (အသေးစိတ်အချက်အလက်များကို) အကြွင်းမဲ့ သိထားတော်မူသောအရှင် ဖြစ်တော်မူ၏။

[112] သို့ဖြစ်ပေရာ အသင်သည် (ကိစ္စရပ်ဟူသမျှအတွက်) အမိန့်ပေးညွှန်ကြားခြင်း ခံရသည့်အတိုင်းပင် (ဖြောင့်မတ်တည်ကြည်စွာနှင့်အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်) လိုက်နာရပ်တည်ပြီး (ယခင်အမှားများကို ဝန်ချ တောင်းပန်၍) အရှင့်လမ်းစဉ်တော်ဘက်သို့ ဦးတည်လှည့်ကြလျက် အသင်နှင့်အတူရှိနေကြသူတို့ကိုလည်း (ထိုသို့ပင် လိုက်နာရပ်တည်) စေလော့။ သို့သော် အရှင့်စည်းမျဉ်းဘောင်များကို မကျူးလွန် မချိုးဖောက်ကြ လေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[113] ထို့ပြင် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ကြသူတို့ဘက်သို့ မယိမ်းယိုင် မတိမ်းညွတ်ကြလေနှင့်။ သို့မဟုတ်ပါက ငရဲမီးသည် သင်တို့ကို ထိလာလိမ့်မည်။ (သတိပြုမှတ်သားသင့်သည်မှာ ထိုစဉ်) သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့်ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် သင်တို့အကူအညီပေးခံကြမည်လည်း မဟုတ်ပေ။

[114] နေ့၏အစွန်းနှစ်ခု (ဖြစ်သော (ဇူဟူရ်) မွန်းတည့်ချိန်နှင့် (အဆွာရ်) ညနေချိန်တို့) ၌လည်းကောင်း၊ ည၏အနီးတဝိုက် (ဖြစ်သော (မဂ်ရီဗ်) နေဝင်ပြီးခါစအချိန် (အေရှာ) ည၏အစပိုင်းနှင့် (ဖဂျရ်) အရုဏ်မတက်မီ အချိန်တို့၌လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့်) ဆောက်တည်ကြလော့။ မုချဧကန်၊ ကောင်းမှုသုစရိုက်များသည် မကောင်းမှုဒုစရိုက်များကို သုတ်သင်ဖယ်ရှားစေ၏။ ထို (ကျမ်းတော်) သည် (အရှင့်နိယာမတရားများကို အလေးအနက်ဆင်ခြင်လျက် အရှင်မြတ်အား) သတိရ တသ၍ ဖွင့်ဟပြောဆိုကြသူတို့အတွက် (အကြံဉာဏ်နှင့်သတိပေးနှိုးဆော်စာများပါဝင်သည့်) သတိရ တသစရာပင် ဖြစ်၏။

[115] ထို့ပြင် (မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ရာတွင်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်တော်လှန်ရာ၌လည်းကောင်း၊ ကောင်းမှုသုစရိုက်များ ပြုကျင့်ရာ၌လည်းကောင်း၊ ဇွဲလုံ့လဝီရိယမြဲမြံစွာဖြင့်) သည်းခံကြံ့ခိုင်မှုရှိ ကြလော့။ (အကြောင်းမှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်မဲန် (ခေါ် လုပ်ရပ်တာဝန်ယူသမျှအား အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက် အကောင်းဆုံးဖြစ်အောင် စိတ်စေတနာဖြူ စင်စွာဖြင့် ပြုကျင့်ကြသူ) များ၏အကျိုးကို (မည်သည့်အခါမျှ) အချည်းနှီး ဆုံးရှုံးစေတော်မူမည် မဟုတ်ချေ။

[116] (အလိုလေး၊ အလွန်ဝမ်းနည်းဖွယ်ကောင်းလှ၏။) အကယ်၍ သင်တို့မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော မျိုးဆက်များအနက်မှ (အချို့သည် အရှင်မြတ်သတိပေးတော်မူသည့်အတိုင်း) ကမ္ဘာပေါ်တွင် မတည်မငြိမ်မှုများနှင့်အဖျက်အမှောင့်ပြုခြင်းတို့မှ တားမြစ်ခဲ့လျှင် (အရှင်မြတ်ပေးအပ်တော်မူသော ယုံကြည်မှု၊ အမှန်တရားသစ္စာ၊ ဉာဏ်ပညာ၊ စွမ်းရည်၊ စွမ်းအင်၊ ကောင်းမှုကုသိုလ်၊ ကိုယ်ကျင့်တရားများ၊ ဘဝ၏အနှစ် သာရနှင့်ပန်းတိုင်၊ မြေ ပေါ်မြေအောက်သယံဇာတများစသည်တို့ကို လက်ဆင့်ကမ်းသယ်ဆောင်လျက်) ရေရှည်တည်တံ့စေမည့် (သူ တော်စင်၊ သူတော်ကောင်းများ၊ အတတ်ပညာရှင်စသော) စွမ်းရည်များ (လည်းများစွာ ကျန်ရစ်လျက်) ရှိခဲ့ လိမ့်မည်။ သို့သော် (အများစုက ထိုသို့မတားမြစ်ခဲ့ခြင်းကြောင့်) ငါအရှင်မြတ်သည် သူတို့အနက်မှ လူနည်းစုကိုသာ ကယ်တင်တော်မူခဲ့၏။ (အများစုမှာမူ) ထို (မြေကမ္ဘာ) ၌ ငါအရှင်မြတ်ပေးအပ်တော်မူထားသော (စွမ်းရည်၊ စွမ်းအင်၊ သယံဇာတ၊ ဉာဏ်ပညာ၊ လမ်းညွှန်တော်၊ ယုံကြည်မှုသစ္စာတရားစသည့်) အရာများနောက်ကိုသာ လိုက်ကြလျက် (ထိုစွမ်းရည်များနှင့်သက်ဆိုင်သည့်) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်လာခဲ့ကြ၏။

[117] (နှလုံးသွင်းသင့်သည်မှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် မြို့ရွာဒေသများနှင့်ဖြောင့်မတ်မှန်ကန် ကောင်းမြတ်ကျင့်ကြံမှုများဖြင့် ပြုပြင်ကြသော ပြည်သူများကို မတော်မတရား ပျက်စီးတိမ်ကောစေတော်မူရန် (မည်သည့်နည်းနှင့်မျှ) မဖြစ်နိုင်ပေ။

[118] အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ဆန္ဒတော်ဆိုင်ရာ စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူလျှင် လူသားအားလုံးကို (လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မပေးဘဲ တစ်ခုတည်းသော ဘာသာအယူဝါဒနှင့်ယုံကြည်မှုအပေါ် ရပ်တည်စေခြင်းဖြင့်) တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းအဖြစ် မုချပင်၊ ဖြစ်ပေါ်စေတော်မူနိုင်၏။ သို့ရာတွင် (သူတို့၌ လွတ် လပ်စွာ ရွေးချယ်ဆုံး ဖြတ်ပိုင်ခွင့် ရှိကြသဖြင့် ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်နာခွင့်ရှိလျက်) သဘောထားကွဲလွဲမှု ဖြစ်စေခြင်းကို (မည်သည့်အခါမှ) ရပ်တန့်ကြလိမ့်မည်မဟုတ်ချေ။

[119] (သဘောထားကွဲလွဲမှုကို ရပ်တန့်စေမည့်သူတို့မှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာတော်(ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်ဖြောင့်မတ်မှန် ကန်သော လမ်းစဉ်တော် ချီးမြှင့်ပေးအပ်တော်မူ၍ ကရုဏာ) သက်တော်မူသူများသာ ဖြစ်၏။ ထိုအတွက်ကြောင့်သာ သူတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ပြီး သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏မုက္ခပါဌ်တော်၌ “ဧကန်ပင်၊ ငါအရှင်မြတ်သည် ငရဲဘုံကို လူသားနှင့်ဂျင်န်အားလုံးအနက်မှ (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ချိုးဖောက်လျက် ငရဲမီးနှင့်ထိုက်တန်သူများဖြင့်) ပြည့်နှက်စေမည်။"" ဟုလည်း” (စုံလင်စွာ) အပြီးသတ် ပြည့်စုံစေတော်မူ၏။

[120] ငါအရှင်မြတ်က ရစူလ်တမန်တော်များ၏ (စံနမူနာယူဖွယ်ရာ သတင်းအချက်အလက်များနှင့်) အကြောင်းအရာများအနက်မှ (သမိုင်းဦးကာလ၌ စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်၍) အသင် (တမန်တော်) အား ပြောပြတော်မူသည့် အကြောင်းအရာတိုင်းသည် ယင်းဖြင့် သင်၏နှလုံးသား (နှလုံးရည်) ကြံ့ခိုင်မြဲမြံစေရန်အတွက်ပင် ဖြစ်၏။ အသင့်ထံရောက်ခဲ့ပြီးဖြစ်သော ဤ (ကျမ်းတော်မြတ်ကုရ်အာန်) ၌ အမှန်တရားသစ္စာ၊ ဆုံးမသွန်သင်မှုဆိုင်ရာညွှန်ကြားချက်နှင့်ယုံကြည်သူတို့အတွက် သတိရ တသ၍ ဖွင့်ဟစရာများ ပါဝင်၏။

[121] မယုံကြည်သူတို့အား “သင်တို့၏အခြေအနေ အဆင့်အတန်းနှင့်နေရာတွင် သင်တို့ရပ်တည်ကြပြီး (လုပ်စ ရာများကို တတ်နိုင်သလောက်) လုပ်ကြလော့။ ကျွန်ုပ်တို့လည်း (ကျွန်ုပ်တို့၏အခြေအနေ၊ အဆင့်အ တန်းနှင့်နေရာပေါ်တွင်ရပ်တည်၍) ပြုမူကျင့်ကြံသူများ ဖြစ်ကြ၏။” ဟု ဟောလော့။

[122] ထို့ပြင် (သင်တို့လည်း သင်တို့၏အခြေအနေကို) စောင့်ကြည့်ကြလော့။ ကျွန်ုပ်တို့လည်း စောင့်ကြည့်နေသူများ ဖြစ်ကြ၏။

[123] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိ မျက်ကွယ်ရာများကို အရှင်မြတ်ဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာထဲ၌ ရှိသောကြောင့် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများဖြစ်ပြီး စီမံချက်အရေးကိစ္စဟူသမျှသည်လည်း (အရှင့်နိယာမတရားများနှင့်အညီ) အရှင်မြတ်ဘက်သို့သာ ဦးတည်ရောက်ရှိစေခြင်း ခံရလိမ့်မည်။ သို့ဖြစ်ပေရာ အရှင်မြတ်ပေါ်တွင်သာ (အရေးကိစ္စဟူသမျှအတွက်) ယုံကြည်ကိုးစား၍ ပုံအပ်ကြလော့။ အမှန်စင်စစ်၊ သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှအား သတိမမူဘဲ မေ့လျော့တော်မူမည့်အရှင်မြတ် မဟုတ်ချေ။

ယူစွတ်ဖ်

Surah 12

[1] အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကား အလွန်ရှင်းလင်းထင်ရှားသော ကျမ်းတော်၏အမှန်တရားသစ္စာကို ထုတ်ဖော်ပြသထားသော အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။

[2] ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့က (အာယသ်သက်သေလက္ခဏာတော်များ၏အစိပ္ပါယ်ဖွင့်ဆိုချက်များနှင့်စကားလုံးဖွဲစည်းပုံများအပေါ်တွင်) တွေးခေါ်ဆင်ခြင်၍ သိနားလည်စေရန်အလို့ငှာ ကျမ်းတော်မြတ်ကုရ်အာန်ကို အာရဗီစာပေဖြင့် ချမှတ်ပေးအပ်တော်မူ၏။

[3] ငါအရှင်မြတ်သည် ဤ (ကျမ်းတော်မြတ်ကုရ်အာန်) ကို အသင် (တမန်တော်) ထံ ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချခြင်းနှင့်အတူ (ထိုကျမ်းတော်၌) အကောင်းဆုံး ဖြစ်စဉ် (ဆိုင်ရာ အကြောင်းအရာများ ပါဝင်စေတော်မူလျက်) ယခင်တမန်တော်များ၏ဘဝခရီးအကြောင်း) ကိုလည်း အသင်အား ပြန်လည် ပြောပြတော်မူ၏။ အမှန်စင်စစ်၊ အသင်သည် ထို (ကျမ်းတော်အား တင်ပြစေတော်မူခြင်း) မတိုင်မီ (ထိုအ ကြောင်းအရာများနှင့်စပ်လျဉ်း၍) မသိသေးသူများအနက်မှ မုချပင် (တစ်ဦး အပါအဝင်) ဖြစ်လေ၏။

[4] (တမန်တော်) ယူစုဖ်သည် သူ၏ဖခမည်းတော်အား “အို၊ ခမည်းတော်၊ ဧကန်ပင်၊ ကျွန်ုပ်သည် အိပ်မက်တွင် ဂြိုလ်နက္ခတ်တာရာ ဆယ့်တစ်လုံး၊ နေနှင့်လတို့က ကျွန်ုပ်၏ရှေ့မှောက်၌ ဦးချလျက်ရှိ နေကြသည်ကို တွေ့မြင်ခဲ့၏။” ဟု ပြောခဲ့စဉ်။

[5] ဖခမည်းတော်က “အို၊ ချစ်သား၊ သင်၏အိပ်မက်အကြောင်း သင့်ညီနောင်များအား မပြောပြလေနှင့်။ (ပြောမိ လျှင် မနာလိုဖြစ်လျက်) သင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို ကြံစည်ဖန်တီးနိုင်၏။ (အ ကြောင်းမှာ) ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် လူသား (တို့အား ထိုသို့ကြံစည်ရန် လှုံ့ဆော်နိုင်သောကြောင့် သူတို့) ၏ အလွန်ထင်ရှားသော ရန်သူပင် ဖြစ်၏။

[6] ထိုကဲ့သို့ပင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (တမန်တော်) ယာကူဗ်အပေါ်တွင် ယခင်က သင်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟိမ်းနှင့် အိစ္စဟာ့က်တို့အပေါ်တွင် (အရှင့်ကျေးဇူးတော်၊ ဂုဏ်သိက္ခာ၊ အခွင့်အရေးများနှင့်တမန်တော်ရာထူးများကို ပေးအပ်ချီးမြှင့်တော်မူ၍) ပြည့်စုံစေတော်မူသကဲ့သို့ သင်ကိုလည်း (အိပ်မက်အပါအဝင် အဖြစ်အပျက်များနှင့် အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏ အနက်အဓိပ္ပါယ်ဖွင့် ဆိုမှုပညာကို သင်ပေးတော်မူပြီး အသင့်အပေါ်တွင် အခွင့်အရေးများပေးခြင်းဖြင့် ပြည့်စုံစေတော်မူရန် ရွေးချယ်တော်မူ၏။ ဧကန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသည့်အပြင် အဖြစ်အပျက် အကြောင်းအရာအလုံးစုံ၏ အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အဖြစ်အပျက်အားလုံးနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။)

[7] ဧကန်ပင်၊ (တမန်တော်) ယူစုဖ် (နှင့်ပတ်သက်သောဖြစ်စဉ်များ၊) သူ့ညီနောင်များ (နှင့်ပတ်သက်သော အကြာင်းအရာများ) ၌ အမှန်တရားသစ္စာကို စူးစမ်းမေးမြန်းလိုသူတို့အတွက် သက်သေလက္ခဏာတော်များ (သင်ခန်းစာများ) မုချပင် ရှိ၏။

[8] သူ့နောင်တော်များက (တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တစ်ဦးကိုတစ်ဦး) “တမန်တော်ယူစုဖ်နှင့်သူ့ညီတို့ (သည် မိထွေး၏သားများဖြစ်ကြ၍သူတို့) အား အမှန်ပင် ကျွန်ုပ်တို့ ညီနောင်အုပ်စုထက် ပိုမို၍ မျက် နှာသာပေးလျက် ချစ်ခြင်းမေတ္တာထားခြင်းဖြင့် ကျွန်ုပ်တို့၏ခမည်းတော်သည် ဧကန်ပင်၊ သိသာထင်ရှားသော လွဲမှားမှု၌ ရှိ နေ၏။"" ဟုပြောဆိုခဲ့ကြစဉ်။

[9] (သူတို့အနက်မှတစ်ဦးက) “ယူစုဖ်အား သတ်ပစ်ကြစို့၊ သို့တည်းမဟုတ် (လူသတ်မှုကျူးလွန်ရာ မရောက်စေဘဲ ကျွန်ုပ်တို့လည်း သူ့ကဲ့သို့ပင် ဂရုစိုက်ခံကြရစေရန်နှင့်) ဖခမည်းတော်က ကျွန်ုပ်တို့အပေါ် မျက် နှာသာပေး ပြီးနောက်တွင်မှ ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များဖြင့် ပြုပြင်ကြသောလူမျိုး ဖြစ်နိုင်ရန်အလို့ ငှာ သူ့ကို (ဝေးလံသောနေရာ) ဒေသတစ်ခုခုသို့ စွန့်ပစ်ကြပါစို့။"" ဟု အကြံပေးပြောခဲ့ကြ၏။

[10] သူတို့အနက်မှ နောက် (ညီနောင်) တစ်ဦးက ""အကယ်၍ သင်တို့သည် (သူ့ကို ခမည်းတော်၏အပါးမှ ဖယ်ရှားလိုသော ဆန္ဒဖြင့်) အမှန်ပင် လုပ်ကြံလိုကြသူများဖြစ်ကြလျှင် သူ့အား ခရီးသည် အုပ်စုအချို့က ဆယ်ယူသွားနိုင်ရန်အလို့ငှာ ရေတွင်း၏စောက်နက်ထဲသို့ ပစ်ချကြလော့။ ယူစုဖ်ကို မသတ်ကြလေနှင့်။"" ဟု (သူ့အမြင်ကို တင်ပြ) ပြောဆိုခဲ့၏၊

[11] (ထိုအမြင်အား ညီနောင်များက သဘောတူကြပြီးနောက်) သူတို့သည် (ဖခမည်းတော်ထံချဉ်းကပ်၍) ""အို၊ ကျွန်ုပ်တို့၏ခမည်းတော်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူ့ (ကောင်းရာကောင်းကျိုး) အတွက် စိတ်ရင်းဖြူ စင်စွာဖြင့် စေတနာထားသူများ မုချ ဖြစ်ကြပါလျက် ယူစုဖ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အပေါ်တွင် အဘယ်ကြောင့် (မယုံကြည်၍) စိတ်မချပါသနည်း။"" လျှောက်ထားပြောဆိုကြလျက်။

[12] မနက်ဖြန် ကျွန်ုပ်တို့နှင့်အတူ ဆော့ကစားပြီး ပျော်ရွှင်နိုင်ရန်အလို့ငှာ (ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေး၍) စေလွှတ်ပါလော့။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူ့ (လုံခြုံရေး) အတွက် အမှန်ပင် (စိတ်ရင်းဖြူစင်စွာဖြင့်) ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြ၏။"" ဟု တောင်းဆိုကြရာ။

[13] (ခမည်းတော်ဖြစ်သော တမန်တော်) ယာကူဗ်က ""ဧကန်ပင်၊ ကျွန်ုပ်သည် အသင်တို့သည် (သူ့အပါးမှ ဝေးသွားကြပြီး သူ့ဘက်ကို အာရုံမစိုက်ဘဲ) မေ့လျော့နေကြစဉ် ဝံပုလွေက သူ့အား ကိုက်စားမည်ကို ကြောက်ရွံ့ စိုးရိမ်နေသည့်အပြင် ထို (စိုးရိမ်စိတ်) က သူ့ကို စေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား အမှန်ပင် ပူပင်သောကရောက်စေ၏။"" ဟု ဖြေဆိုပန်ကြားခဲ့လေ၏။

[14] သူတို့က ""ကျွန်ုပ်တို့သည် (အင်အားတောင့်တင်းသော) အုပ်စုတစ်စုဖြစ်ပါလျက် အကယ်၍ သူ့ကို ဝံပုလွေက ကိုက်စားနိုင်ခဲ့လျှင် ဧကန်ပင်၊ ကျွန်ုပ်တို့သည် (ပျက်စီးသွားမည့်) အရှုံးသမားများ မုချပင် ဖြစ်လိမ့် မည်။"" ဟု ဆင်ခြေပေးပြောဆိုခဲ့ကြ၏။

[15] (ဖခမည်းတော်က သူတို့၏ဆင်ခြေကို လက်ခံ၍ ခွင့်ပြုပြီးနောက်) သူတို့သည် သူ့အား အတူ ခေါ်ဆောင် သွားခဲ့ကြစဉ် သူတို့အားလုံးက သူ့ကို ရေတွင်း၏စောက်နက်ထဲသို့ ပစ်ချကြရန် (တညီတညွတ်တည်း သဘောတူဆုံးဖြတ်လျက် ထိုအတိုင်းပင်) ပြုလုပ်ခဲ့ကြ၏။ ထိုစဉ် ငါအရှင်မြတ်သည် တမန်တော်ယူစုဖ်အား ""ဧကန်ပင်၊ သင်သည် သူတို့စီမံလုပ်ဆောင်သည့် ဤဖြစ်ရပ်နှင့်စပ်လျဉ်း၍ သူတို့ သတိမမူ၊ နားလည်သဘောပေါက်ခြင်း မရှိကြသောအခါ အသိပေးပြောကြားလိမ့်မည်။"" ဟု ဝဟီအမိန့်တော်ကို ထုတ်ပြန်ပို့ချတော်မူခဲ့၏။

[16] သူတို့သည် ညမှောင်ခါစ (အေရှာ) အချိန်တွင် ငိုကြွေးလျက် ဖခမည်းတော်ထံသို့ ပြန်လာခဲ့ကြပြီးနောက်။

[17] (ခမည်းတော်အား) ""အို၊ ကျွန်ုပ်တို့၏ဖခမည်းတော် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယူစုဖ်အား ကျွန်ုပ်တို့၏ (လောကီလိုအပ်ချက်များဖြစ်သော အဝတ်အစား၊ တုတ်၊ ဓါး စသည့်) ပိုင်ဆိုင်မှုများနှင့်အတူ ထားခဲ့၍ (အချင်းချင်း သူထက်ငါသာအောင်) အပြိုင်ပြေးကြလျက် (အလှမ်းဝေးသောနေရာသို့ ထွက်ခွာ) ရောက်သွားခဲ့ခြင်းကြောင့် ဝံပုလွေက သူ့ကို ကိုက်စားနိုင်ခဲ့၏။ အကယ်၍ ကျွန်ုပ်တို့သည် အမှန်အတိုင်း ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုကြသူများဖြစ်သည့်တိုင်အောင် အသင်သည် ကျွန်ုပ်တို့အား ယုံကြည်ကြမည် မဟုတ်ပါ။"" ဟု ပြောဆိုခဲ့ကြ၏။

[18] ထို့ပြင် သူတို့သည် သူ၏အင်္ကျီပေါ်တွင် မဟုတ်မမှန်လုပ်ကြံထားသောသွေးများဖြင့် (လိမ်းကျံ၍ ယင်းကို သူတို့နှင့်အတူ) ယူလာခဲ့ကြ၏။ (တိရိစ္ဆာန်၏ကိုက်ဖြဲမှုခံရသော လက္ခဏာ လုံးဝ ကင်းမဲ့နေသော အင်္ကျီကို မြင်ပြီးနောက် တမန်တော်) ယာကူဗ်က "" အမှန်အတိုင်းပြောရလျှင် ယင်း (လုပ်ကြံထားသောအင်္ကျီ) က သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် သင်တို့အတွက်သာ စီမံချက်တစ်စုံ တစ်ရာကို (သင်တို့ကိုယ်တိုင် ပရိယာယ်ဆင်၍ လုပ်ခြင်းသာဖြစ်ကြောင်း) အဆိုပြုထောက်ပြနေ၏။ သို့ဖြစ်ပေရာ၊ (ကျွန်ုပ်က အားကိုးအားထားပြုရ မည်မှာ ညည်းညူမှု ကင်းမဲ့စွာဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့်သည်းခံမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည်သာ သင်တို့ (လုပ်ကြံဖန်တီးသောအကြောင်းအရာအား သင်တို့ကပင်) သရုပ် ဖော်တင်ပြလာခြင်းနှင့်ဆန့်ကျင်၍ (ဖြစ်စေတော်မူမည့်အရှင်)၊ ကျွန်ုပ်က ယုံကြည်ကိုးစားစွာဖြင့် အကူအညီတောင်းခံနိုင်မည့်အရှင် ဖြစ်တော်မူ၏။"" ဟု ပန်ကြားခဲ့၏။

[19] ထို့နောက် ခရီးသည်တစ်စုသည် (တမန်တော်ယူစုဖ်အား ပစ်ချခဲ့သည့်ရေတွင်းနားသို့) ရောက်ရှိလာ၍ ရေငင်သူအား (ရေယူလာရန်) စေလွှတ်ခဲ့ရာ သူက သူ့ရေပုံးကို (ရေတွင်းထဲသို့ ချ၍) ဆွဲတင်စဉ် ""အို၊ ဝမ်းသာစရာသတင်းကောင်းပါ။ ဤသည် လူငယ်တစ်ဦးပါ။"" ဟု အံ့အားသင့်စွာ ဟစ်အော်ပြောခဲ့၏။ ထို့နောက် သူတို့သည် သူ့ကို ရောင်းကုန်အနေဖြင့် (ရောင်းချနိုင်ရန်) ထိန်းသိမ်းဖုံးကွယ်ထားခဲ့ကြ၏၊ (အသင်တို့က မည်သည်ကို မည်သို့ လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်ဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှ အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူ၏။

[20] ထို့နောက် သူတို့သည် တမန်တော်ယူစုဖ်အား မဖြစ်စလောက်သေးနုပ်သော ဒစ်ရ်ဟမ် ငွေဒင်္ဂါး အနည်းငယ်ဖြင့် ရောင်းချခဲ့ကြလေ၏။ အမှန်မှာ သူတို့သည် (သူ့၌ တန်ဖိုးမဖြတ်နိုင်သောပညာ ရှိကြောင်းကို မသိ နားမလည်သောကြောင့်) သူ့အား ဆက်လက်ထိန်းထားလိုသောဆန္ဒမရှိ၍ လက်လျော့ခဲ့ကြသူများထဲတွင် အပါအဝင် ဖြစ်ကြလေ၏။

[21] အီဂျစ်ပြည်မှ တမန်တော်ယူစုဖ်ကို ဝယ်ယူခဲ့သူသည် သူ့အမျိုးသမီးအား ""ကျွန်ုပ်တို့ကို ကောင်းကျိုးပေး မည့်သူ ဖြစ်နိုင်သဖြင့် သူ့ကိုကောင်းမွန်သော နေရာထိုင်ခင်းပေး၍ ဂုဏ်ပြုဧည့်ခံလော့။ သို့မဟုတ် ကျွန်ုပ်တို့သည် သူ့ကို သားတစ်ဦးအဖြစ် မွေးစားကြမည်လော့။"" ဟု တိုက်တွန်း ပြောဆိုခဲ့လေ၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အတွက် မြေကမ္ဘာတွင် အခြေချနေထိုင်စရာ ထူထောင်ပေးတော်မူပြီး (အိပ်မက်အပါအဝင် အဖြစ်အပျက် များနှင့်အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုပညာကို သင်ပေးတော်မူရန် အခြေအနေတစ်ရပ်ကို ဖန်တီးစေတော်မူခဲ့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပျက်စေလိုတော်မူသော) စီမံချက်အရေးကိစ္စဟူသမျှကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည့်တိုင် လူသားအများစုသည်ကား ယင်းကို သိနိုင်ကြသည် မဟုတ်ပေ။

[22] သူသည် အရွယ်ရောက်လာ၍ လူလားမြောက်သည့်အခါ ငါအရှင်မြတ်သည် သူ့အား (အုပ်ချုပ်နိုင်စွမ်း ရှိ သော) ဉာဏ်အမြော်အမြင်နှင့်အသိပညာ (ဆိုင်ရာ အခွင့်အာဏာ) တို့ကို ချီးမြှင့်တော်မူခဲ့၏။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှအား အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ဆုလဒ်အကျိုးခံစားခွင့်များ ပေးတော်မူ၏။

[23] သူမသည် သူနေထိုင်လာခဲ့သော သူမ၏အိမ်ထဲ၌ပင် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော် အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့် ဆန့်ကျင်ကာ သူ့ကို ချော့မော့မြှူဆွယ်ရန် ကြိုးစားသည့်အနေဖြင့် (အခန်း) တံခါးများကို ပိတ်ထားလျက် ""မြန်မြန်လာပါ၊ သင့်အတွက်ပါ။"" ဟု မြှူဆွယ်ပြောဆိုခဲ့ရာ သူက ""အလ္လာဟ်အရှင်မြတ် (ထံတော်၌သာ ပြစ်မှုဒုစရိုက် များမှ ရှောင်ကြဉ်နိုင်သော ခိုလှုံစရာရှိပြီး အရှင်မြတ်) က ကျွန်ုပ်ကို ကယ်တော်မူပါစေ။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အသင်မ၏ခင်ပွန်းသည်နှင့်ကျွန်ုပ် သခင်ဖြစ်သူဖြင့်) ကျွန်ုပ်အား (ဤသို့) အကောင်းဆုံးနေရာထိုင်ခင်းကို ပေးအပ်ခဲ့၏။ မုချဧကန်၊ ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရားမမှန်မကန် ပြုမူကျင့်ကြံသူတို့အား အောင်မြင်စေတော်မူမည် မဟုတ်ချေ။

[24] ဧကန်မုချ၊ သူမသည် တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့ အပြီးသတ် တိမ်းညွတ်ခဲ့ပြီး အကယ်၍ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ကိုယ်ကျင့်သိက္ခာနှင့်ကာယိန္ဒြေထိန်းသိမ်းမှုဆိုင်ရာ) သက်သေအထောက်အထားတော်ကို မတွေ့ခဲ့လျှင် သူသည်လည်း (သူမထံမှ ရုန်းထွက်ရန် ကြိုးစားခဲ့မည် မဟုတ်ဘဲ) သူမနှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့သာ တိမ်းညွတ်ခဲ့လိမ့်မည် ဖြစ်၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် မကောင်းမှုနှင့်မဖွယ်မရာ လုပ်ဆောင်မှုများကို သူ့ထံမှ ဖယ်ရှားပေး၍ ကင်းဝေးစေတော်မူရန် (သက်သေတော်ဖြင့်) ဧကန်မုချ၊ ရှင်းလင်းစွာ ညွှန်ကြားထားတော်မူ၏။ ဧကန်ပင်၊ သူသည် ယုံကြည်မှုဆိုင်ရာ ကျင့်ဝတ်သီလများကို စိတ် ရင်းစေတနာဖြူစင်စွာဖြင့် ကျင့်ကြံကြသော ငါအရှင်မြတ်၏အစေခံများ အနက်မှ (တစ်ဦး အပါအဝင်) ဖြစ်၏။

[25] ထိုစဉ် သူတို့နှစ်ဦးစလုံးသည် တံခါးရှိရာသို့ သူထက်ငါဦးအောင်ပြေးခဲ့ကြရာ သူမက သူ့အင်္ကျီကို ကျောဘက်မှ ဆွဲစုတ်ပြီးနောက် တံခါးဝအရောက်တွင် သူတို့နှစ်ဦးသည် သူမ၏သခင် (ခင်ပွန်းသည်) နှင့်ကြုံ တွေ့ခဲ့ကြ၏။ (သူမက ခင်ပွန်းသည်အား) ""အသင်၏မိသားစုဝင် (ဇနီးသည်) နှင့်ဆန့်ကျင်၍ မကောင်းမှု ကြံရွယ်သူအတွက် အကျဉ်းချခံရစေခြင်းနှင့်ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်ပေးခြင်းမှအပ (အခြားမည်သို့သော) ဒဏ်ခတ်အရေးယူမှု ရှိသင့်သနည်း။"" ဟု မေးမြန်းခဲ့၏။

[26] သူက “သူမသည်သာ ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပတ်သက်၍ ကျွန်ုပ်အား မြှူဆွယ်ရန်ကြံရွယ်ခဲ့ခြင်းသာ ဖြစ်၏။” ဟု ချေပပြောဆိုခဲ့၏။ ထို့ပြင် သူမ၏မိသားစုဝင်များအနက်မှ သက်သေတစ်ဦးကလည်း “အကယ်၍ သူ့အင်္ကျီသည် ရှေ့ဘက်မှ စုတ်ပြဲခြင်းခံရလျှင် သူမသည် ရိုးသားဖြောင့်မတ်စွာ ဖြောင့်ချက်ပေးခြင်းဖြစ်ပြီး သူသည် လူလိမ်လူညာများအနက်မှ (တစ်ဦး အပါ အဝင်) ဖြစ်လိမ့်မည်။” ဟု (ထိုအရေးကိစ္စအား စီရင်ဆုံးဖြတ်ရာတွင် လွယ်ကူစေရန်) အကြံပေးခဲ့၏၊

[27] (တစ်ဖန် ထိုသက်သေက ဆက်လက်၍) သို့ရာတွင် အကယ်၍ သူ့အင်္ကျီသည် ကျောဘက်မှ စုတ်ပြဲခြင်းခံရလျှင် သူမသည် လိမ်လည်လုပ်ကြံ၍ ဖြောင့်ချက်ပေးခြင်းသာ ဖြစ်ပြီး သူသည်ကား ရိုးသား ဖြောင့် မတ်သူများအနက်မှ (တစ်ဦးအပါအဝင်) ဖြစ်မည်။” (ဟုလည်း အကြံပေးခဲ့သည်)

[28] သို့ဖြစ်ပေရာ၊ (သူမ၏ခင်ပွန်းသည်က စစ်ဆေးမှုစတင်၍) တမန်တော်ယူစုဖ်၏အင်္ကျီအား ကျောဘက်မှ စုတ်ပြဲထားသည်ကို တွေ့မြင်သောအခါ”ဧကန်ပင်၊ ဤ (လုပ်ရပ်) သည် အသင်မ၏ပရိယာယ်များသော ကြံစည်မှုသာ ဖြစ်၏။ ဧကန်မုချ၊ အသင်မ၏ကြံစည်မှုသည် အလွန်ပင် ကြီးမားလှပေ၏။” ဟု ပြောဆိုခဲ့၏။ “စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကား။”ဟု ပြောဆိုခဲ့လေသတည်း။

[29] (ထို့နောက် တမန်တော်ယူစုဖ်ဘက်သို့ လှည့်၍) အို၊ ယူစုဖ်၊ အသင်သည် ဤကိစ္စ (ကို မသိကျိုးကျွန်ပြုလျက် ယင်းနှင့်ပတ်သက်၍ ပြောဆိုခြင်း) မှ ရှောင်ကြည်ခြင်းဖြင့် ဥပေက္ခာပြုထားလော့။” ဟု တိုက်တွန်းပြောဆိုပြီးနောက် သူ့ဇနီးသည်ဘက်လှည့်၍) အသင်မ ကျူးလွန်သော ပြစ်မှုအတွက် (ယူစုဖ်ထံ) ခွင့်လွတ်ခွင့်တောင်းခံလော့။ (အကြောင်းမှာ) ဧကန်ပင်၊ အသင်မသည် သင့်ပြစ်မှုအတွက် ငါ့ထံ (ဝန်ချတောင်း ပန်၍) လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ၊ အသင်မသည် ပြစ်မှုကျူးလွန်သူများအနက်မှပင် ဖြစ်၏။

[30] (သူမ၏ခင်ပွန်းသည်က ထိုကိစ္စကို လျှို့ဝှက်ဖုံးကွယ်ထားရန် ကြိုးစားခဲ့သော်လည်း မြို့တွင်း၌ ထိုသတင်း ပျံ့နှံ့သွားသည့်အခါ) မြို့ထဲတွင် နေထိုင်သောအမျိုးသမီးများက “(ဂုဏ်သရေရှိသော ဝန်ကြီး အဇီဇ်၏ အမျိုးသမီးသည် သူမ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပတ်သက်၍ (သူမ၏နှလုံးသားထဲ၌) အမှန်ပင် ချစ်စိတ်မွှန်ထူလာခဲ့ပြီး သူမ၏ကျွန်အား မြှူဆွယ်ရန်ကြံရွယ်ခဲ့၏။ ဧကန်ပင်၊ ကျွန်မတို့သည် သူမကို သိသာထင် ရှားသော လမ်းမှားမှု၌ အမှန်ပင် (သူမ၏အသိတရားနှင့်ဂုဏ်သိက္ခာကို မှေးမှိန်စေသူတစ်ဦးအဖြစ်သာ) မြင်ကြ၏။” ဟု မှတ်ချက်ပေးပြောဆိုကြကုန်၏။

[31] (ထိုမြို့တွင်းနေ အမျိုးသမီးများက) သူမတို့၏မရိုးသားသော အတင်းစကားဖြန့် (၍ အပုပ်ချ) နေခြင်းနှင့်စပ်လျဉ်း၍ (အဇီဇ်၏အမျိုးသမီးဖြစ်သူ) သူမက ကြားသိရသောအခါ သူမတို့အား ခေါ်စေပြီး သူမတို့အတွက် မှီအုံးများဖြင့် သက်တောင့်သက်သာရှိစေ၍ ခမ်းနားထည်ဝါသော စားသောက်ဝိုင်းတစ်ခုကို စီစဉ်ပြင်ဆင်စေလျက် သူမတို့ တစ်ဦးချင်းစီ၏လက်ထဲတွင် ဓါးတစ်ချောင်းစီ ပေးခဲ့၏။ ထို့နောက် သူမသည် (ယူစုဖ်အား) “သူမတို့ ၏ရှေ့မှောက်သို့ ထွက်လော့။” ဟု ပြောခဲ့သောကြောင့် သူမတို့သည် သူ့ကို တွေ့မြင်သောအခါ သူ့အား အံ့မခန်း ကြည်ညိုလေးစားမိ (၍ ငေးကြည်း) နေကြစဉ် သူမတို့၏လက်များကိုပင် (ရှမိ) ဖြတ်မိခဲ့ကြလေ၏။ ထို့ပြင် “အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်ခြင်းမှ တားမြစ်တော်မူ၍) ကယ်တော်မူပါစေ။ ဤ (ပုဂ္ဂိုလ်) သည် (သေမျိုးဖြစ်သော) လူသားတစ်ဦး အလျှင်း မဟုတ်ပေ။ (အမှန်အတိုင်းဝန်ခံရလျှင် ဤသည် မြင့်မြတ်သော ကောင်းကင်စေတမန်တစ်ဦးသာ ဖြစ်၏။” ဟု အံ့အားသင့်စွာဖြင့် ပြောဆိုကြကုန်၏။)

[32] (အဇီဇ်၏အမျိုးသမီးဖြစ်သော) သူမသည် (ထိုမြို့သူတို့အား “အသင်မတို့ တွေ့မြင်သည့်အတိုင်းပင်) သူသည် ထိုသို့သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူနှင့်ပတ်သက်၍ သင်တို့က ကျွန်မအား မခံချိမခံသာဖြစ်အောင် ပြစ်တင်ခွင့်ရခဲ့ကြ၏။ ကျွန်မသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ (အလို ရမ္မက်ဖြင့် ကျွန်မဘက်သို့ တိမ်းညွတ်လာအောင်) မြှူဆွယ်ရန်ကြံ ရွယ်ခဲ့သော် လည်း သူသည် (သူ၏နဖ်စ်ကို အရှင့်စည်းမျဉ်းတော်နှင့်အညီသာ အသုံးချလျက်) သူ၏ကာယိန္ဒြေကို ပြတ်သားစွာ ချုပ်တည်း၍ ကာကွယ်နိုင်ခဲ့၏။ သို့ရာ တွင် အကယ်၍ သူသည် ကျွန်မ၏အလိုဆန္ဒနှင့်အညီ အမိန့်ပေးသည့်အတိုင်း မပြုလုပ် (ဘဲ ဆက်လက်ငြင်း ပယ်နေ) လျှင် သူသည် ဧကန်မုချ၊ အကျဉ်းချခြင်းခံရမည်သာမက အရှက်ကွဲခြင်းကိုလည်းခံရလျက် သေးသိမ်သောသူများအနက်မှ အမှန်ပင် (တစ်ဦးအပါအဝင်) ဖြစ်လိမ့်မည်။” ဟု ကြိမ်းဝါးပြောဆိုခဲ့၏။

[33] (ထိုအခါ) တမန်တော်ယူစုဖ်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူမတို့သည် ကျွန်ုပ်အား (အမိန့်ပေး) ဖိတ်ခေါ်နေသော ထိုကိစ္စ (ရပ်ဘက်သို့ တိမ်းညွတ် ခြင်း) ထက် အကျဉ်းထောင်ဘက် (သို့သွားခြင်း) သည် ကျွန်ုပ်အတွက် သာပို၍ပင် နှစ်သက်ဖွယ်ရာ ဖြစ်ပါ၏။ အရှင်မြတ်သည်သာ (သက်သေအထောက်အထားတော်ဖြင့်) ကျွန်ုပ်ဘက်မှ သူမတို့၏ ပရိယာယ်များသောကြံစည်မှုကို (တားမြစ်တော်မူ၍) လွဲဖယ်တော်မမူခဲ့လျှင် ကျွန်ုပ်သည် သူမတို့ဘက်သို့ တိမ်းညွတ်၍ (ထိုသို့သော မြှူဆွယ်ဖြားယောင်းမှုကို မလွန်ဆန်နိုင်သော) ပညာမဲ့များအနက်မှ (တစ်ဦးအပါအဝင်) ဖြစ်သွားခဲ့လိမ့်မည်။” ဟု (အရှင်မြတ်ထံ) အနူးအညွတ်ပန်ကြားခဲ့၏။

[34] သို့ဖြစ်ပေရာ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (သူ၏ ပန်ကြားချက်ကိုလက်ခံတော်မ၍) သူ့အတွက် ဖြည့်ဆည်း ဖြေကြားတော်မူလျက် ကျွန်ုပ်ဘက်မှ သူမတို့၏ပရိယာယ်များသော ကြံစည်မှုကို လွဲဖယ်တော်မူခဲ့၏။

[35] ထို့နောက် သူတို့သည် (တမန်တော်ယူစုဖ်၏အပြစ်ကင်းမဲ့ကြောင်းကို ထောက်ပြသောအရာများ) အာယသ်သက်သေလက္ခဏာတော်များကို တွေ့မြင်ကြပြီးနောက်တွင်မှ သူ့အား အချိန်ကာလတစ်ခုအထိ အ ကျဉ်းချထားရန် (မှူးကြီးမတ်ရာများသော သူတို့အတွက်) ဧကန်မုချ လိုအပ်နေကြောင်း အတွေးပေါ်လာခဲ့၏။

[36] (တမန်တော်) ယူစုဖ်နှင့်အတူ လူငယ် (အကျဉ်းသား) နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာခဲ့ကြရာ သူတို့နှစ်ဦးအနက်မှ တစ်ဦးက (တမန်တော်ယူစုဖ်အား) “ဧကန်ပင်၊ ကျွန်ုပ်သည် ဝိုင်ထုတ်ရန် (စပျစ်သီးများကို) အရည်ညှစ်နေကြောင်း အိမ်မက်မက်ခဲ့၏။” ဟု ပြောပြီး အခြားတစ်ဦးကလည်း “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ခေါင်းပေါ်တွင် ပေါင်မုန့်များ (တည့်ထားသောဗန်း) ကို တင်၍ သယ်ဆောင်နေစဉ် ငှက်များသည် ယင်း (ဗန်းပေါ်) မှ စားနေကြကြောင်း အိပ်မက်မက်ခဲ့၏။ ဟု (အသီးသီး) ပြောပြခဲ့ကြပြီးနောက် (တမန်တော်ယူစုဖ်အား) “မုချဧကန်၊ အသင့်ကို မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များအနက်မှ တစ်ဦးဖြစ်နေသည်ကို တွေ့မြင်ရသောကြောင့် ကျွန်ုပ်တို့အား (အိပ်မက်၌ မြင်တွေ့ခဲ့သော) ယင်း (အကြောင်းအရာ တစ်ခုချင်းစီ) ၏အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ သတင်းပေး သိစေပါလော့။” ဟု တောင်းဆိုကြလေ၏။

[37] (တမန်တော်) ယူစုဖ်သည် (ထိုလူငယ်အကျဉ်းသားနှစ်ဦးအား) သင်တို့ကို ထောက်ပံ့ကျွေးမွေးစေမည့်စားစရာများ သင်တို့နှစ်ဦးထံ ရောက်မလာမီပင် ယင်း (စားစရာ အမျိုးအစား တစ်ခုချင်းစီ) ၏အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ကျွန်ုပ်က သင်တို့အား အသိပေးပြောကြားခဲ့သည့်အတိုင်းရောက်လာခြင်းမှအပ (အခြားမည်သည့်စားစရာအမျိုးအစားမျှ) သင်တို့နှစ်ဦးထံ ရောက်လာမည် မဟုတ်ကြောင်း (ကို ဦးစွာပထမ) ပြောခဲ့၏။ (ထို့နောက် သူက ဆက်လက်၍) ကျွန်ုပ်သည် သင်တို့နှစ်ဦးအား ထိုသို့ပြောပြနိုင်သော အသိပညာသည် ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို သင်ပေးတော်မူ၍သာ ဖြစ်၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်နှင့်နောင်တမလွန်ဘဝကို မယုံကြည် ဖီဆန်ငြင်းပယ်ကြသော လူမျိုး၏ဘာသာတရား လမ်းစဉ် ကို (ယခင်ကတည်းကပင်) ပစ်ပယ်ထားခဲ့၏။

[38] ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်၏ဘိုးဘေးများဖြစ်သော (တမန်တော်) အီဗ်ရာဟီမ်၊ အစ္စဟာက်နှင့်ခမည်းတော် တမန်တော်ယအ်ကူဗ်တို့၏ဘာသာတရားလမ်းစဉ်ကိုသာလျှင် နာခံလိုက်နာ၏။ ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်နိုင်သော (ကိုးကွယ်စရာဟူ၍) အခြားမည်သည့်အရာမျှ အလျှင်း မရှိပေ။ ထိုသို့ (တစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ကိုးကွယ်ခြင်းသည်) ကျွန်ုပ်တို့အပေါ်၌ လည်းကောင်း၊ လူခပ်သိမ်း တို့အပေါ်၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ရန် အရှင်မြတ်ကိုယ်တိုင် သွန်သင်သင်ကြားပေးတော်မူသော) အရှင့်ကျေးဇူးတော်တစ်ရပ်ပင် ဖြစ်သော်လည်း လူသားအနက် အများစုမှာမူ (တစ်ပါးတည်းသော အရှင်မြတ်အား မြဲမြံစွာ ယုံကြည်ကိုးကွယ် ကြခြင်းမရှိသောကြောင့်) ထိုကျေးဇူးတော်ကို သတိမမူ လျစ်လျူရှူထားခြင်းဖြင့် ကျေးဇူးမသိတတ်ကြပေ။

[39] (ထို့နောက် တမန်တော်ယူစုဖ်က ထိုအကျဉ်းသား လူငယ်နှစ်ဉီးအား) အို၊ ကျွန်ုပ်၏အကျဉ်းထောင်ဖက် မိတ်ဆွေတို့၊ (မရေရာ မသေချာသော အယူအဆအမျိုးမျိုးပေါ်တွင် အခြေခံ၍) ထွေပြားစွာ ကွဲပြားခြား နားသော ကိုးကွယ်ရာ အရှင်သခင်များသည် အကောင်းဆုံးဖြစ်မည်လော့။ သို့တည်းမဟုတ် (တိကျပြတ်သားသော အမှန်တရားသစ္စာပေါ် အခြေခံ၍ လမ်းညွှန်တော်မူရုံသာမက) အရာခပ်သိမ်းတို့ကိုလည်း နိုင် နင်းလွှမ်းမိုးတော်မူသော တစ်ဆူတည်း တည်ရှိမြဲတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်သည် (သင်တို့အတွက် ကိုးကွယ်ရာအထိုက်ဆုံး) အကောင်းမြတ်ဆုံး ဖြစ်မည်လော့။” ဟူသည်ကို သင်တို့ကိုယ်တိုင် ဆင်ခြင်တုံတရားဖြင့် တွေးတောသုံးသပ်ကြလော့။

[40] ထိုအရှင်မြတ်မှလွဲ၍ (အခြားသောကိုးကွယ်ရာများကို) သင်တို့က ယုံကြည်ကိုးကွယ်နေကြခြင်းသည် သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေးများက (စိတ်ကူးယဉ်အယူအဆများပေါ် အခြေခံ၍ ကိုးကွယ်ရာများအဖြစ် သတ်မှတ်လျက်) အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်နေသည့် အခေါ်အဝေါ်များသာ ဖြစ်ကြပြီး ယင်းတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ထံတော်မှ) အသင်တို့အား မည်သည့်လုပ်ပိုင်ခွင့်ဆိုင် ရာ အခွင့်အာဏာကိုမျှ ပေးအပ်တော်မမူခဲ့ပေ။ အမှန်မှာ၊ (အရာခပ်သိမ်းတို့၏ပကတိအရှိတရား၊ အမှန်တရားနှင့်စပ်လျဉ်း၍) စီရင်ဆုံး ဖြတ်ပိုင်ခွင့်ရှိသော အမိန့်အာဏာသည် (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ တစ်ဆူတည်းသာ တည်ရှိမြဲတည်ရှိနေတော်မူသော အရှင်မြတ်၏လမ်းစဉ်တော်နှင့်အညီ) အလ္လာဟ်အရှင်မြတ် (၏ကျေ နပ်နှစ်မြို့မှု) အတွက်သာ ဖြစ်ရမည်။ ထိုအရှင်မြတ် သည် အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ကြရန် အမိန့်တော်အား စီရင်ပြဌာန်းတော်မူ၏။ ထိုသို့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ နာခံကိုး ကွယ်ရန် (အမှန်တရားသစ္စာပေါ် အ ခြေခံထားသော) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့် ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည်ပင် စစ်မှန်ပြီး အစဉ်တည်တံ့မြဲမြံသော လမ်းစဉ် ဖြစ် သော်လည်း လူသားအများစုမှာမူ (ပညာမဲ့ဆန်ဆန် ယုံကြည်ကိုးကွယ်နေခြင်းကြောင့် ထိုအမှန်တရားကို) မသိနား မလည်ကြချေ။

[41] အို၊ ကျွန်ုပ်၏အကျဉ်းထောင်ဖက် မိတ်ဆွေတို့၊ (အိပ်မက်များ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကို အရှင် မြတ်၏ထံတော်မှ ဖြစ်သော အမှန်တရားပေါ် အခြေခံ၍ ရှင်းပြရလျှင်) သင်တို့နှစ်ဦးအနက် တစ်ဦးသည် (မကြာမီ လွတ်မြောက်မည်ဖြစ်ရာ ယခင်အလုပ်ရှင်ဟောင်းထံ၌ပင် အလုပ်ပြန်ဝင်၍) သူ့သခင် (ဘုရင်) ကို (စပျစ်ရည် ညှစ်၍) ဝိုင်တိုက်ကျွေးလိမ့်မည်။ တခြားတစ်ဦးမှာမူကား ကားစင်တင်၍ အဆုံး စီရင်မည် ဖြစ်သောကြောင့် ငှက်များသည် (ယင်းတို့၏နုတ်သီးများဖြင့်) ဆိတ်ပေါက်၍ သူ့ခေါင်းမှ စားကြလိမ့်မည်။ အိပ်မက်ထဲ၌ မြင်တွေ့ခဲ့ သည့် ဖြစ်ရပ်၏အနက်ဖွင့်ဆိုချက်နှင့်စပ်လျဉ်း၍) စူးစမ်းမေးမြန်းလိုသော စီမံချက်အမိန့်တော်မှာ (ထိုသို့ပင် စီရင် ဆုံးဖြတ်ခဲ့ပြီ ဖြစ်၏။)

[42] (တမန်တော် ယူစုဖ်သည်) သူတို့အနက်မှ အမှန်ပင် လွတ်မြောက်မည့်သူဖြစ်သည်ဟု ထင်ရသော သူအား “သင်၏သခင် (ဘုရင်) ထံတွင် ကျွန်ုပ်၏အကြောင်းကို သတိရ ဖွင့်ဟ၍ ထုတ်ဖော်လော့။” ဟု ပြောခဲ့သောကြောင့် စေတန်မကောင်းဆိုးဝါးသည် သူ့သခင်ထံ သတိရ ထုတ်ဖော်ခြင်းကို မေ့လျော့စေခဲ့ရာ (တမန်တော်ယူစုဖ်မှာ) အကျဉ်းထောင်ထဲတွင် နှစ်အတန်ကြာမြင့်စွာ ဆက်လက်နေခဲ့ရ၏။

[43] ထို့နောက် ဘုရင်က “ဧကန်ပင်၊ ကျွန်ုပ်သည် ဝဖြိုးသော နွားမခုနစ်ကောင်ကို ပိန်ရှူံ့နေသော နွားမ ခုနစ်ကောင်က (အငမ်းမရ) ဝါးမျိုနေကြောင်းကိုလည်းကောင်း၊ စိမ်းစိုသော ဂျုံနှံ ခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက် ရှိသော (ဂျုံနှံ) ခုနှစ်နှံအား ဝါးမျိုနေကြောင်းကိုလည်းကောင်း၊ အိပ်မက်မက်ခဲ့၏။ (သို့ဖြစ်ပေရာ အရေးပေါ် စည်း ဝေးစေ၍) “အို၊ မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့၊ အကယ်၍ သင်တို့သည် အိပ် မက်များကို အနက် အဓိပ္ပါယ်ဖွင့်ဆိုရန် (တတ်စွမ်းနိုင်ကြလျှင် ကျွန်ုပ်၏အိပ်မက် (၌ မြင်တွေ့ခဲ့သည့် အကြောင်းအရာများ) နှင့်စပ်လျဉ်း၍ သိနားလည်နိုင်ရန် ရှင်းလင်းတင်ပြလော့။” ဟု အမိန့်ညွှန်ကြားခဲ့၏၊

[44] (ထိုမှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့က ဘုရင်မင်းမြတ်မက်ခဲ့သည့် အိပ်မက်သည်) ရှုပ်ထွေးသော၊ ဂယောက်ဂယက် အိပ်မက်သာ ဖြစ်ပြီး ကျွန်ုပ်တို့သည် ထိုအိပ်မက်များ၏အနက် ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သော ပညာရှင်များ မဟုတ်ကြပေ။” ဟု ဖြေဆိုလျှောက်ထားခဲ့၏။

[45] (ထိုစဉ် အကျဉ်းထောင်ထဲတွင် တမန်တော်ယူစုဖ်နှင့်အတူနေခဲ့ကြသည့်) အကျဉ်းသားနှစ်ဦးအနက်မှ တရားသေလွတ်မြောက်သွားသူသည် အချိန်အတန်ကြာပြီးနောက် (ယခုအခါ) တမန်တော်ယူစုဖ်အကြောင်း သတိရလျှက် ဘုရင်အား) “ကျွန်ုပ်သည် အသင်တို့အား (ဘုရင်၏အိပ်မက်များကို) အနက်ဖွင့်ဆိုခြင်းနှင့်စပ်လျဉ်း ၍ သတင်းအကြောင်းကြားနိုင်ရန်အလို့ငှာ (အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်သူထံသို့) ကျွန်ုပ်ကို စေ လွှတ်ပါလော့။” ဟု တိုက်တွန်းပြောဆိုခဲ့၏။

[46] (အဆိုပါ လွတ်မြောက်လာသူသည် တမန်တော်ယူစုဖ်ရှိရာ အကျဉ်းထောင်ရောက်လေသော်) “အို၊ ယူစုဖ်၊ အို၊ ဖြောင့်မတ်မှန်ကန်သောစကားကို ပြောသောသစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား “ဝဖြိုးသော နွားမခုနစ်ကောင်ကို ပိန်ရှူံ့နေသော နွားမ ခုနစ်ကောင်က (အငမ်းမရ) ဝါးမျိုနေကြောင်းနှင့်စိမ်းစိုသော ဂျုံနှံခုနစ်နှံက အခြား သွေ့ခြောက်လျက်ရှိသော (ဂျုံနှံ) ခုနှစ်နှံအား ဝါးမျိုကြောင်းတို့နှင့်စပ်လျဉ်း၍ (သိမြင်နားလည်နိုင်ရန်) ရှင်းလင်းတင်ပြလော့။ သို့မှသာလျှင် ကျွန်ုပ်သည် လူသားတို့ထံ ပြန်နိုင်၍ (သူတို့အား ထိုအနက်ဖွင့်ဆိုချက်များ၏အကြောင်းကို သတင်းပေး သိစေခြင်းဖြင့်) သူတို့လည်း (အနက် ဖွင့်ဆိုချက်နှင့်အတူ အသင်၏အရည်အချင်းနှင့်မတရားသဖြင့် အကျဉ်းချခံရသည့်အကြောင်းကိုပါ) သိနားလည်နိုင်ကြမည်ဖြစ်၏၊” ဟု ပြောဆိုခဲ့၏။

[47] (တမန်တော်) ယူစုဖ်က “အသင်တို့သည် ခုနစ်နှစ်ဆက်တိုက် သီးနှံများကို (ပုံမှန်) စိုက်ပျိုးနေကျအတိုင်း စိုက်ပျိုးကြရမည် ဖြစ်သော်လည်း ရိတ်သိမ်းသောအခါတွင်မူ စားသုံး (ရန်လျာထား) သော သီးနှံအနည်း ငယ်မှအပ ကျန်သီးနှံများကို (ယင်းတို့၏အခိုင်အနှံများမှ ရိုက်ထုတ် ယမ်းခါခြင်းမပြုဘဲ) ကောက်လှိုင်း၊ ကောက်နှံများအတိုင်းပင် (သိုလှောင်ရန်) ချန်ထားရမည်။” ဟု အကြံပေးခဲ့၏။

[48] ထို့နောက် (ကပ်ဆိုက်၍) ခက်ခဲသော နှစ်များရောက်လာလျှင် (ယခင်နှစ်များက သိုလှောင်ထားသည့် သီးနှံများကို) အနည်းငယ်မှအပ ထိုသို့ (အနာဂတ်အတွက်) ကြိုတင်သိုလှောင်ထားသမျှကို စားသုံးနိုင်ကြမည်ဖြစ်၏။

[49] တစ်ဖန် ထိုခက်ခဲသောနှစ်များ ကုန်ဆုံးပြီးနောက် နှစ်တစ်နှစ်ရောက်လာမည်ဖြစ်ရာ ထိုနှစ်တွင် မိုးကောင်း ၍ (အသီးအနှံများ ပေါများကြွယ်ဝရုံမျှသာမက လူတို့သည်လည်း (ခက်ခဲကျပ်တည်းမှုနှင့်အစားအ သောက်ရှား ပါမှုများမှ အသက်ရှူပေါက်ရလျက်) သက်သာရာရစေသည့်အပြင် (ပျော်ပွဲရွှင်ပွဲကျင်းပရန် အတွက်လည်း) စပျစ်သီးများကို အရည်ညှစ်ကြပေလိမ့်မည်။

[50] (ဘုရင်ထံ အဆိုပါ အိပ်မက်၏အနက်ဖွင့်ဆိုချက်များနှင့်ပတ်သက်၍ အကြောင်းကြားသောအခါ) ဘုရင်က (အိပ်မက်၏အနက်အဓိပ္ပါယ်ဖွင့်ဆိုသော) သူအား ကျွန်ုပ်ထံသို့ခေါ်ဆောင်လော့။” ဟု အမိန့်ပေးခဲ့ရာ စေစားခံရသူ (ဘုရင့်တမန်)သည် (တမန်တော်) ယူစုဖ်ထံရောက်ခဲ့သော် သူက “သင်၏သခင် (ဘုရင်) ထံသို့ ပြန်သွားလော့။ ထို့နောက် သူမတို့၏လက်များကို သူမတို့ကိုယ်တိုင် ဖြတ်မိခဲ့ကြသော အမျိုးသမီးများ၏အရေးကိစ္စနှင့်ပတ် သက်၍ ဘုရင်အား မေးမြန်းစုံစမ်းလော့။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူမတို့၏ကြံစည်မှုများနှင့်စပ်လျဉ်း၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု တိုက်တွန်းပြောဆိုခဲ့၏။

[51] ဘုရင်က (ထိုအမျိုးသမီးများကို ဘုရင့်ရှေ့မှောက်သို့ စုရုံးဆင့်ခေါ်စေလျက်) အသင်မတို့သည် တမန်တော် ယူစုဖ်အား သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်း ရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်ကာ မြှူဆွယ်ဖြား ယောင်းခဲ့ကြစဉ် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အသင်မတို့ကိုယ်တိုင် (အမှန်အတိုင်း) ပြောဆိုကြလော့။” ဟု မိန့်သော် သူမတို့က “အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုကျူးလွန်ခြင်းမှ တားမြစ်တော်မူ၍) ကျွန်မတို့ကို ကယ်တော်မူပါစေ။ (အမှန်မှာ) ကျွန်မတို့သည် သူ့ဘက်မှ မည်သည့်မကောင်းမှုတစ်စုံတစ်ရာကိုမျှ (မတွေ့ခဲ) မသိရှိခဲ့ကြပါ။” ဟု ဝန်ခံထွက်ဆို ကြပြီး အဇီဇ်၏အမျိုးသမီးကလည်း “ယခုသော်ကား အမှန် တရားသည် ပေါ်လွင်ထင်ရှားသွားလေပြီ။ ကျွန်မသည်သာလျှင် သူ့နဖ်စ်နှင့်ဆန့်ကျင်၍ (ကျွန်မ၏အလိုရမ္မက်ဖြင့် ကျွန်မဘက်သို့ တိမ်းညွတ်လာအောင်) မြှူဆွယ်ဖြားယောင်းခဲ့သော်လည်း ဧကန်ပင်၊ သူသည် (သူ့နဖ်စ်ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ၍) ဖြောင့်မတ်မှန်ကန်သောသစ္စာဝါဒီများ အနက်မှ မုချပင် (အပါအဝင်) ဖြစ်လေ၏။” ဟု (သူမ၏အမှားကို) ဝန်ခံပြောဆိုခဲ့၏။

[52] (ထိုအမျိုးသမီးများက တမန်တော်ယူစုဖ်သည် အပြစ်အနာအဆာ ကင်းရှင်းသူသာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြ သည်ကို တမန်တော်ယူစုဖ် သိလေသော် သူမတို့အား ထိုသို့စစ်ဆေးစေလိုခြင်း၏အကြောင်းရင်းနှင့်စပ်လျဉ်း၍) သူက “(စုံစမ်းစစ်ဆေး စေရခြင်းမှာ) ကျွန်ုပ်သည် (ယခင်က ကျွန်ုပ်ကိုဝယ်ယူခဲ့ပြီးနောက် နေရာထိုင်ခင်း ပေးခဲ့ သော) သူမရှိခိုက် သူ့အား မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့ကြောင်း သူအား သစ္စာမဖောက်ခဲ့ကြောင်းကို သူသိစေရန်နှင့်အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်တို့၏ကြံစည်မှုများ (အထမြောက် အောင်မြင်စေသော နည်းစနစ်အတွက်) လမ်းညွှန်တော်မမူကြောင်း (လူတိုင်း) သိနားကြရန် ထိုသို့ (စုံစမ်းစစ်ဆေးစေရခြင်း) ဖြစ်၏။” ဟု ရှင်းပြပြောဆိုခဲ့လေ၏။

[53] စင်စစ်သော်ကား ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အမှားအယွင်း ကင်းရှင်းကြောင်း မပြောဆိုနိုင် (ရုံသာမကာ အမှားအယွင်း လုံးဝ ကင်းသကဲ့သို့လည်း ယတိ ပြတ် မတင်ပြနိုင်) ပေ။ (အကြောင်းမှာ) ဧကန်ပင်၊ (နဖ်စ်ကို စိတ်အလိုရမ္မက်ထက် အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချခြင်းကြောင့်) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာထားတော်မူသောအရာ (နဖ်စ်) မှအပ (အခြားနဖ်စ်ဟူသမျှသည်) မကောင်းမှုအကုသိုလ်နှင့်စပ်လျဉ်း၍ ဧကန်မုချ၊ အမိန့်ပေးတိုက်တွန်းနှိုးဆော်လေ့ရှိ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[54] ထိုအခါ ဘုရင်က ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက် (သူ့ညွှန်ကြားချက် လိုအပ်နေ၍) သူ့ကို ကျွန်ုပ်၏အထူး (ကိုယ်ရေး အတိုင်အပင်ခံ) ပုဂ္ဂိုလ်အဖြစ် ရွေးချယ် ခန့် အပ်မည်ဖြစ်သောကြောင့် သူ့အား ကျွန်ုပ်ထံ ခေါ်ဆောင်လော့။” ဟု အမိန့်ပေးခဲ့ပြီး (တမန်တော်ယူစုဖ် ဘုရင့်ထံ ရောက်လာ၍) ဘုရင်က သူနှင့်စကားပြောဆိုစဉ် “ဧကန်ပင်၊ ယနေ့မှစ၍ အသင့်ကို ကျွန်ုပ်အ တွက် ကျွန်ုပ်တို့နှင့်အတူ (မြင့်မြတ်သောဂုဏ်ရာထူးဖြင့်) အခိုင်အမာရပ်တည်သူ၊ လေးစားအားကိုးရပြီး ယုံကြည်စိတ်ချရသူ (အဖြစ် အသိအမှတ်ပြုခန့်အပ်ပြီ) ဖြစ်၏။” ဟု ချီးမွမ်းပြောဆိုခဲ့၏။

[55] (ထိုစဉ် တမန်တော်) ယူစုဖ်က “ကျွန်ုပ်အား တိုင်းပြည်၏ (သယံဇာတများ၊ ကောက်ပဲသီးနှံများနှင့်မြစ် ချောင်းလယ်ယာမြေများ စသည်တို့ကို ထိန်းသိမ်းစောက်ရှောက်နိုင်ရန်) ဘဏ္ဍာထိန်းအဖြစ် ခန့်အပ် ဖြစ်စေလော။ ဧကန်ပင်၊ ကျွန်ုပ်သည် (ယင်းတို့ကို ကျွမ်းကျင်စွာ) ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ (ထိန်းသိမ်းရေးဆိုင်ရာ နည်းစနစ်များကိုလည်း နှံ့နှံ့စပ်စပ် သိနားလည်ထားသော) အသိပညာရှင်ပင် ဖြစ်၏။” ဟု တောင်းဆိုပြောကြားခဲ့လေ၏။

[56] ထိုကဲ့သို့ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) ယူစုဖ်အား ထိုတိုင်းပြည် (အီဂျစ်) တွင် အခြေချစေတော်မူ လျက် ယင်း (တိုင်းပြည်) ၌ပင် (ပြည်သူတို့၏ထောက်ခံမှုကို အပြည့်အဝရရှိစေ၍) သူ့ဆန္ဒရှိ သော နေ ရာတိုင်းသို့ သွားလာလှုပ်ရှားပြီးစီမံဆောင်ရွက်နိုင်ရန် (အခွင့်အာဏာများ ချီးမြှင့်တော်မူခြင်းဖြင့်) အခြေခိုင်ထူထောင်စေ တော်မူခဲ့၏။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ငါအရှင့်ထံတော်ဖြစ်သောမှ ကရုဏာတော်ဖြင့် (အရှင့်ကျေးဇူးတော်များဖြစ်သော ဂုဏ်ပကာသန၊ ရိက္ခာအထောက်အပံ့နှင့်) အခွင့်အာဏာကို ချီးမြှင့်ဆိုက်ရောက်စေတော်မူ၏။ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ် အောင် ပြမူကျင့်ကြံသူ) တို့၏အကျိုးဆုလဒ်များကို အချည်းနှီး ဖြစ်စေတော် မမူချေ။

[57] ထို့ပြင် သက်ဝင်ယုံကြည်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး သူတို့အတွက် နောင်တမလွန်ဘဝ၌ (ချီးမြှင့်တော်မူမည့်) အကျိုးဆုလဒ်မှာမူ အကောင်းမြတ်ဆုံးပင် ဖြစ်ပေ၏။

[58] (တမန်တော်ယူစုဖ်၏ဖခမည်းတော်တို့နေထိုင်ရာ ကာနန့်အရပ်ဒေသ၌လည်း ငတ်ဘေး ကြုံတွေ့ခဲ့ရာ ရိက္ခာရှာရန် ထွက်လာခဲ့ကြသော တမန်တော်) ယူစုဖ်၏အစ်ကိုများသည် (အီဂျစ်သို့) ရောက်လာကြ၍ (ခန်းမထဲ၌ ရှိနေသော) သူ့ထံသို့ ဝင်ရောက်ခစားသောကြောင့် သူသည်သူတို့ကို အမှတ်ရ၊ သိနေသော်လည်း သူတို့သည်ကား သူ့ကို မှတ်မိခြင်း မရှိချေ။

[59] (တမန်တော်) ယူစုဖ်သည် သူတို့အတွက် စီစဉ်ထားသော စားနပ်ရိက္ခာ အထောက်အပံ့များဖြင့် သူတို့အား ပေးအပ်ခဲ့ပြီးချိန်တွင် “(နောက်တစ်ကြိမ်လာသည့်အခါ) သင်တို့အတွက် (ရိက္ခာအထောက်အပံ့များ ပိုမို ရစေရန်အလို့ငှာ) သင်တို့၏ဖခမည်းတော်ထံမှ (ခွင့်ပြုချက်ရယူခြင်းဖြင့်) သင်တို့၏ညီငယ်ကိုလည်း (သင်တို့နှင့်) အတူ ခေါ်ဆောင်လာကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် (ကုန်စည်စားနပ်ရိက္ခာများအား) ချိန် တွယ်ဖြန့်ဖြူးပေးရာတွင် (ပမာဏ) အပြည့်အဝပေးသည်ကို အသင်တို့ တွေ့မြင်ကြသည် မဟုတ်လော့။ ထို့ပြင် ကျွန်ုပ်သည် အကောင်းဆုံး ဧည့်ခံသောအိမ်ရှင် တစ်ဦးလည်း ဖြစ်၏။ “ဟု တိုက်တွန်းပြောဆိုခဲ့၏။

[60] သို့သော် အကယ်၍ သင်တို့သည် သူ့ကို ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်း မပြုခဲ့ကြလျှင် ကျွန်ုပ်ထံမှ သင်တို့အတွက် မည်သည့် ကုန်စည်ရိက္ခာချိန်တွယ်မှုမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် (နောက်တစ်ကြိမ်) ကျွန်ုပ်ထံ ချဉ်းကပ်ခွင့်လည်း ရှိလိမ့်မည် မဟုတ်ပေ။” (ဟု ပြည့်စွက်ပြောခဲ့စဉ်။)

[61] သူတို့က “ကျွန်ုပ်တို့သည် သူနှင့်ပတ်သက်၍ ဖခမည်းတော်ထံ (ခွင့်ပြုချက်) တောင်းခံလိုသောဆန္ဒရှိကြသည့်အပြင် ဧကန်ပင်၊ ကျွန်ုပ်တို့သည် (သူ့အားခေါ်ဆောင်လာရန် အစွမ်းကုန်) ကြိုးစား ဆောင်ရွက်မည့်သူများ မုချပင် ဖြစ်ကြ၏။” ဟု ပြောဆိုဖြေကြားခဲ့ကြလေ၏။

[62] (တမန်တော်) ယူစုဖ်က သူ၏ဝန်ထမ်းများအား “သူတို့သည် (ကျွန်ုပ်တို့ထံ ရိက္ခာအထောက်အပံ့အစား) ဖလှယ်ကုန်အဖြစ် ပေးခဲ့သော သူတို့၏ (ရွှေ၊ ငွေ) အဖိုးအခများကို သူတို့က မိသားစုထံ ပြန်သွားသည့်အခါ (ယင်းတို့ကို) ပြန်တွေ့၍ အမှတ်ရကြရန်နှင့် (ယင်းတို့ကို အကြောင်းပြု၍ အီဂျစ်သို့) နောက်တစ်ကြိမ် ပြန်လာ ကြရန်အလို့ငှာ သူတို့၏ (မြင်းကျောပေါ်ခွတင်ရသော) အိတ်များတွင် ထည့်ထားကြလော့။” ဟု တိုက်တွန်းပြောဆိုလေ၏။

[63] သူတို့သည် သူတို့၏ဖခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိသွားကြသောအခါ “အို၊ ကျွန်တော်မျိုးတို့၏ဖခမည်းတော်၊ ကျွန်ုပ်တို့ထံမှ တန်ဖိုးအနည်းငယ်သာရှိသော ဖလှယ်ကုန် ငွေကြေးအဖိုးအခအစား ရိက္ခာအထောက်အပံ့များကို အပြည့်အဝ ပေးခဲ့ပြီး (နောက်တစ်ကြိမ်တွင်) ညီလေးကိုပါ အတူခေါ်ဆောင် မသွားပါက ကုန်ဖလှယ်ခွင့်ကို တားဆီးပိတ်ပင်ခြင်းခံရလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ ကုန်ဖလှယ်နိုင်ရန်အတွက် ညီလေး အား ကျွန်ုပ်နှင့်အတူ (သွားခွင့်ပြု၍) စေလွှတ်ပါလော့။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူ့ကို အမှန်ပင် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်မည့်သူများ ဖြစ်ကြပါ၏။” ဟု တောင်းဆိုပြောခဲ့ကြ ၏။

[64] ဖခမည်းတော် (ဖြစ်သော တမန်တော် ယအ်ကူဗ်) က “ယခင်က သူ့အစ်ကိုနှင့်ပတ်သက်၍ သင်တို့အပေါ် ယုံကြည်စိတ်ချစွာ အပ်နှံသကဲ့သို့ (ယခုလည်း) သူ့အား ထိုအတိုင်းသာ ဖြစ်စေရန် သင်တို့အပေါ်ဝယ် ယုံကြည် စိတ်ချစွာ အပ်နှံရမည်လော။ သို့ရာတွင်၊ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးနှင့်စိတ်အချရဆုံး ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည်ပင် သ နားညှာတာ တတ်သူအားလုံးထက် အကြင်နာတရားအရှိဆုံး အကြင်နာရှင်၊ ကရုဏာရှင် ဖြစ်တော်မူ၏။

[65] သူတို့သည် (သူတို့၏ခံစားခွင့်များဖြစ်သော) ပစ္စည်းထုပ်များကို ဖွင့်ကြသောအခါ ကုန်ဖလှယ်ရာတွင် သူတို့ဘက်မှ ပေးခဲ့သော အဖိုးအခများ (ကို အိတ်ထဲ၌ထည့်လျက်) ပြန်ပေးထားသည်ကို တွေ့ရှိကြသဖြင့် (ဖခမည်းတော်အား) “အို၊ ကျွန်ုပ်တို့၏ခမည်းတော်၊ (ကျွန်ုပ်တို့မှာ အခြား) မည်သည့်အရာအတွက် တောင့်တမှု အာသီသ ရှိမည်နည်း။ ဤ (အရာ) သည် ကျွန်ုပ်တို့ထံ ပြန်ပေးလိုက်သော ကျွန်ုပ်တို့၏ကုန်စည်ဖလှည်မှုဆိုင်ရာ အဖိုးအခပင် ဖြစ်၏။ (ညီငယ်ကို ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပြုလျှင်) ကျွန်ုပ်တို့သည် ညီငယ်ကို ထိန်းသိမ်းစောင့် ရှောက်ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မိသားစုအတွက် ပမာဏအားဖြင့် ကုလာအုတ်တစ်ကောင် သယ်ဆောင်ရမည့် ရိက္ခာအထောက်အပံ့များကိုလည်း ပိုမို၍ပင် ရရှိလိမ့်မည်ဖြစ်ရာ (ကျွန်ုပ်တို့) စားနပ်ရိက္ခာ ပိုလျှံစွာ ရကြမည်။ ထိုသို့ရခြင်းဖြင့် ရိက္ခာအထောက်အပံ့အတွက် (ပူစရာမလိုဘဲ အဆင်ပြေ) လွယ်ကူသွားလိမ့်မည်။” ဟု လျှောက် ထားကြပြန်လေ၏။

[66] ဖခမည်းတော် (ဖြစ်သော တမန်တော်ယအ်ကူဗ်) က “သင်တို့အား (ဘေးအန္တရာယ်များဖြင့်) ဝိုင်းထားခံရ ခြင်းမှအပ သူ့ကို ကျွန်ုပ်ထံ လုံခြုံစွာဖြင့် မုချပင် ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ခိုင်မာသော ကတိခံဝန်ချက်တစ်ခု မပေးသေးသမျှ ကာလပတ်လုံး သူ့ကို သင်တို့နှင့်အတူ အလျှင်း စေလွှတ်မည် မဟုတ်ပေ။” ဟု ပြောခဲ့၏။ သူတို့သည် (တမန်တော် ယအ်ကူဗ်က တောင်းဆိုသည့်အတိုင်း) ခမည်းတော်အား ကတိခံဝန်ချက်ပေးခဲ့ရာ သူက “အလ္လာဟ်အရှင်မြတ်သည် သင်တို့ ကတိပြုပြောဆိုခဲ့ သမျှထက် (ပိုမို၍ပင် သူ့ကို) ယုံပုံအပ်နှံရန် အကောင်းဆုံးသော ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။

[67] ထို့နောက် သူက (ဆက်လက်၍) “အို၊ ချစ်သားတို့၊ အသင်တို့သည် (အီဂျစ်ပြည်သို့ ဝင်သည့်အခါ) တစ်ခုတည်းသော (မြို့) တံခါးပေါက်မှ (အားလုံး တစ်ပြိုင်တည်း) မဝင်ကြလေနှင့်။ ကွဲပြားခြားနားသော အုပ်စုများဖွဲ့ လျက် တံခါးပေါက်များမှ (အုပ်စုအသီးသီးက တံခါးပေါက်တစ်ခုစီမှသာ) ဝင်ကြလော့။ (အဆိုပါ အကြံပေးမှု ကြောင့်) ကျွန်ုပ်သည် သင်တို့အတွက် အလ္လာဟ်အရှင်မြတ် (၏ စည်းမျဉ်းတော်) နှင့်ဆန့် ကျင်၍ မည်သည့်အရာကိုမျှ အကျိုးပြု ဖြည့်ဆည်းစေနိုင်မည် မဟုတ်ပေ။ (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်ကား (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူသော) အလ္လာဟ်အရှင်မြတ် (၏အမိန့်ပညတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာ ဖြစ်၏။ ကျွန်ုပ်သည် အရေးကိစ္စဟူသမျှအတွက်) ထိုအရှင်မြတ်အပေါ်သာ ယုံကြည်ကိုးစား၍ အပ်နှံထားပြီး ဖြစ်သည့်အလျောက် ယုံကြည်ကိုးစား၍ အပ်နှံလိုသူများ (အားလုံး) လည်း ထိုအရှင်မြတ်အပေါ်၌သာလျှင် (ဖြူစင်စွာဖြင့်) ယုံကြည် ကိုးစား၍ အပ်နှံထိုက်ပေ၏။

[68] သူတို့သည် သူတို့၏ဖခမည်းတော်က အကြံပေးမှာကြားခဲ့သည့်အတိုင်း (မြို့၏တံခါးပေါက်အသီးသီး တည် ရှိရာ) နေရာအသွယ်သွယ်မှ ဝင်ရောက်ခဲ့ကြစဉ် (ထိုအကြံပေးချက်သည် တမန်တော်) ယအ်ကူဗ်က သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ (လိုအပ်ချက်တစ်ခုအဖြစ် ယင်းကို) လိုအပ်သလို စီစဉ်ဆုံးဖြတ်ခဲ့ခြင်းမှအပ (အခြား) မည်သည့်အရာကိုမျှ အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်) နှင့်ဆန့်ကျင်၍ သူတို့အတွက် အကျိုးပြု ဖြည့်ဆည်းစေခြင်း မရှိချေ။ မုချဧကန်၊ ငါအရှင်မြတ်သည်ပင် သူ့ကို (ယင်းနှင့်ပတ်သက်၍) ပညာသင်ကြား ပို့ချတော်မူသောကြောင့် သူသည် (ထိုသို့သော အကြံဉာဏ်များအတွက် တွေးတောဆင်ခြင်နိုင်သည့်) အသိပညာများကို ပိုင်ဆိုင်သော ပညာရှင်တစ်ဦး ဖြစ်လာသော်လည်း လူသားအများစုမှာမူ (ဆင်ခြင်တုံတရားကို မသုံးကြ သောကြောင့်) မသိနားမလည်ကြချေ။

[69] သူတို့သည် (ခန်းမထဲတွင်ရှိနေသော တမန်တော်) ယူစုဖ်ထံသို့ (ဒုတိယအကြိမ်) ဝင်ရောက်ခစားကြ သောအခါ သူသည် သူ့ညီတော်အား (သူ့အပါး၌ သီးသန့်) နေရာထိုင်ခင်းပေး၍ “ဧကန်ပင်၊ ကျွန်ုပ်သည် သင် ၏နောင်တော် (ယူစုဖ်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့ပြုမူကျင့်ကြံခဲ့သမျှအတွက် စိတ်ဒုက္ခ မဖြစ်လေနှင့်။“ဟု ပြောဆိုလျက် ကြိုဆိုခဲ့၏။

[70] သူသည် သူတို့အတွက် စီစဉ်ထားသော စားနပ်ရိက္ခာအထောက်အပံ့များကို သူတို့အား ပေးအပ်ထောက်ပံ့ခဲ့စဉ် သောက်ရေခွက်ကို သူ့ညီ၏အိတ်ထဲ၌ ထားရှိစေ၏။ ထို့နောက် ကြေညာသူ (သံတော်ဆင့်) တစ်ဦးက ''အို၊ ခရီးသည်တို့၊ ဧကန်မလွဲ၊ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်၏။'' ဟု ကြေညာခဲ့၏။

[71] သူတို့သည် (ထိုသံတော်ဆင့်နှင့်အပေါင်းအပါများ ဖြစ်ကြသော) သူတို့ဘက်သို့ မျက်နှာလှည့် ချဉ်းကပ်လျက် “သင်တို့၌ မည်သည့်အရာ ပျောက်ဆုံးနေသနည်း။” ဟု မေးမြန်းခဲ့ကြလေ၏။

[72] (ကြေညာသူနှင့်ဝန်ထမ်းများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့၌ ဘုရင်၏ခွက် ပျောက်ဆုံးနေခြင်း ဖြစ်ပြီး မည်သူမဆို ယင်းကို ယူဆောင်လာခဲ့လျှင်၊ (အကျိုးဆုလဒ်အဖြစ် ပမာဏအားဖြင့်) ကုလား အုတ်တစ်ကောင် သယ်ဆောင်ရမည့် စားနပ်ရိက္ခာများ ရရှိမည်ဖြစ်သည်။” ဟု ပြောပြခဲ့၏။ ထို့ပြင် ကျွန်ုပ်သည် ထိုကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မည့်သူ (အာမခံသူ) ဖြစ်၏။” ဟုလည်း (အဆိုပါ သံတော်ဆင့်က) ကတိပေး ပြောခဲ့၏။

[73] ညီနောင်တို့က “အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ကျွန်ုပ်တို့သည် ဤတိုင်းပြည်၌ မတည်ငြိမ်မှုနှင့်အဖျက်အမှောင့်လုပ်ရန် ရောက်လာခြင်း မဟုတ်ကြောင်းနှင့်ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်းကို အသင်တို့ မုချပင် သိခဲ့ကြပြီး ဖြစ်၏။” ဟု ချေပပြောဆိုခဲ့ကြ၏။

[74] (သံတော်ဆင့်နှင့်အဖွဲ့ဖြစ်သော) သူတို့က “အကယ်၍ သင်တို့သည် လိမ်လည်သူများ ဖြစ်ကြောင်း ထင်ရှားလာလျှင် (ယင်းအတွက် ပေးဆပ်မှုအဖြစ်) မည်သည့် ပြစ်ဒဏ်ဖြင့် အရေးယူရမည်နည်း။” ဟု မေးမြန်းခဲ့ကြလေ၏။

[75] သူတို့က “မည်သူမဆို (ထိုခွက်ကို) သူ့အိတ်ထဲ၌ ဝှက်ထားကြောင်း ရှာတွေ့ခဲ့လျှင် ထိုသူသည် ယင်းအတွက် (အရေးယူခံရ၍) အလျှော်အစားပေးရမည့်သူ ဖြစ်၍ ထိုသူသည်သာ ယင်း၏အလျှော်အစားအတွက် တာဝန်ရှိသည်။” ဟု ပြောဆိုခဲ့ကြ၏။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုကျင့်သူတို့အား (လုပ်ရပ်တိုင်း၏ပေးဆပ်မှုကို အစား ပေးစေတော်မူ၏။)

[76] (ထိုသို့ဖြင့် သူတို့ကို တမန်တော်ယူစုဖ်၏ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့ရာ) သူက သူ့ညီ၏အိတ် (ကို ရှာဖွေခြင်းမပြုမီ ယင်း) ထက် ဦးစွာပထမ (ညီနောင်များဖြစ်ကြသော) သူတို့၏အိတ်များကို စတင်ရှာဖွေခဲ့၏၊ ထို့နောက် သူ့ညီ၏အိတ်ကိုရှာဖွေ၍ ယင်းမှ ထိုခွက်ကို ဖော်ထုတ်ခဲ့လေ၏။ ထိုနည်းအတိုင်းပင် ငါအရှင်မြတ် သည် (တမန်တော်) ယူစုဖ်အတွက် (လိုအပ်သည့် အစီအမံများကို စနစ်တကျ) ကြိုတင်စီစဉ်စေတော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ (အီဂျစ်) ဘုရင်၏အုပ်ချုပ်ရေးစနစ်အောက်တွင် သူ့ညီကို အလျှင်း ထိန်းသိမ်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား အဆင့်အတန်းနှင့်အခွင့်အရေးများဖြင့် တိုးတက်စေတော်မူ၏။ ပညာအရည်အချင်းများပိုင်ဆိုင်ထား ပညာရှင်တိုင်း၏ထက်ဝယ်တွင် ပိုမို၍ သိနားလည် သူတစ်ဦး ရှိစမြဲဖြစ် (ပြီး အရှင်မြတ်သည် ပညာရှင်အားလုံး၏ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ) ၏။

[77] ညီနောင်တို့က “အကယ်၍ ညီငယ်က ခိုးဝှက်ခဲ့သော် ယခင်က သူ့အစ်ကိုလည်း ခိုးဝှက်ခဲ့ပြီး ဖြစ်မည်။” (ဟု မှတ်ချက်ပေးပြောခဲ့၏။) သို့သော် (တမန်တော်) ယူစုဖ်သည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ထဲ၌ (အကြောင်းစုံကို သိနေပါလျက်) ထိုကိစ္စကို ညီနောင်တို့အား ထုတ်မပြောဘဲ လျှို့ဝှက်ချက်ကို မျိုသိပ်ထားလျက် “သင်တို့၏အနေအထားနှင့်အခြေအနေသည် ပိုမို၍ပင် ဆိုးဝါးလှ၏။ စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ (စွပ်စွဲ) ပြောဆိုသမျှနှင့်စပ်လျဉ်း၍ (အသေးစိတ်အချက် အလက်များနှင့်အမှန်တရားကို) အသိဆုံးပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့၏။

[78] သူတို့က ''အို၊ မင်းကြီး၊ ဧကန်ပင်၊ ထိုညီငယ်၌ အိုမင်းရင့်ရော်သော ဖခင်အိုတစ်ဦး ရှိပါ၏။ သို့ဖြစ်ပေရာ၊ သူ၏နေရာ၌ ကျွန်ုပ်တို့အနက်မှ တစ်ဦးဦးကို အစားတိုး၍ အရေးယူပါလော့။ မုချဧကန်၊ ကျွန်ုပ်တို့သည် အသင့်အား မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) များအနက်မှ အပါ အဝင် ဖြစ် ကြောင်း တွေ့မြင်ကြ၏။” ဟု အသနားခံ လျှောက်ထားခဲ့ကြ၏။

[79] (တမန်တော်) ယူစုဖ်က အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ပြစ်မှုများမှ ရှောင်ကြဉ်နိုင်သည့် ခိုလှုံစရာ ရှိပြီး အရှင်မြတ်က ကျွန်ုပ်တို့ကို ကယ်တော်မူပါစေ။ ကျွန်ုပ်တို့၏လောကီခံစားခွင့်ဖြစ်သော ထိုခွက်ကို ခိုးဝှက်ထားကြောင်း (ကျွန်ုပ်တို့ ရှာဖွေတွေ့ခဲ့သောသူမှအပ) အခြား မည်သူ့ကိုမျှ ကျွန်ုပ်တို့ အရေးမယူနိုင်ပေ။ အကယ် ၍ အရေးယူခဲ့လျှင် ကျွန်ုပ်တို့သည် ဧကန်မုချ၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုလုပ်သူများ ဖြစ်ကြလိမ့်မည်။” (ဟု ဖြေဆိုခဲ့၏။)

[80] သူတို့သည် တမန်တော်ယူစုဖ်ထံမှ မျှော်လင့်ချက်ကင်းမဲ့၍ အသနားခံမှုကို လက်လျော့ကြသောအခါ ညီငယ်၏ကယ်ဆယ်ရေးအတွက် သူတို့အချင်းချင်းကြားတွင် ဆွေးနွေးတိုင်ပင်နိုင်ရန် သူ့ထံမှ တစ်သီးတစ်ခြား ဖြစ်လျက် နေရာပြောင်းခဲ့၏။ (ထိုနောက် သူတို့အနက်မှ အစ်ကိုအကြီးဆုံးက သင်တို့၏ဖခင်သည် သင်တို့ထံမှ (ညီငယ်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား တိုင်တည်စေပြီး (အခိုင်အမာ) ကတိ ဝန်ခံချက် ရယူခဲ့ပြီး ဖြစ်ကြောင်းနှင့်ယခင်ကလည်း တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တာဝန်မကျေပွန်သည့်အပြင် တရားလွန်ကဲမှုပါ ရှိခဲ့ကြကြောင်းကို သင်တို့ သိကြသည် မဟုတ်လော။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်တို့၏ဖခင်သည် ကျွန်ုပ်အတွက် ခွင့်ပြုချက်မပေးသမျှ ကာလပတ်လုံး သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ဘဝကို အဆုံးသတ်စေတော်မူခြင်းဖြင့် ကျွန်ုပ်အတွက် အဆုံးအဖြတ် မပေးမချင်း ကျွန်ုပ်သည် ညီလေးကို မခေါ်ဆောင်နိုင်လျှင် ဤတိုင်း ပြည်မှ အလျှင်း ထွက်ခွာမည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် စီရင်ဆုံးဖြတ်မှုနှင့်စီရင်ဆုံးဖြတ်သူ အားလုံးထက် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ ဟု ပြောခဲ့ကြ၏။

[81] နောက်တစ်ဦးက “ကျွန်ုပ်တို့၏ခမည်းတော်ထံသို့ ပြန်သွားကြပါစို့။ ထို့နောက် ဖခင်အား “အို ကျွန်ုပ်တို့၏ ခမည်းတော်၊ ဧကန်ပင်၊ အသင်၏သားသည် ခိုးဝှက်ခဲ့ပါ၏။ ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြသည်မှတစ်ပါး (အခြားမည်သည့် အရာအတွက်မျှ) ကျွန်ုပ်တို့ သက်သေခံကြသည် မဟုတ်ပါ။ ထို့ပြင် ကျွန်ုပ်တို့သည် မျက်ကွယ်ရာများကို ထိန်းသိမ်းစောင့်ရှောက်သူများ မဟုတ်ကြပေ။ ဟု အသနားခံလျှောက် တင်ကြပါစို့။

[82] အခြားတစ်ဦးကလည်း “ထို့ပြင် ကျွန်ုပ်တို့နေထိုင်ခဲ့သော အီဂျစ်ရှိ မြို့နေပြည်သူများနှင့်ကျွန်ုပ်တို့၏ခရီး သည်အုပ်စုနှင့်အတူ ပြန်လာခဲ့ကြသောခရီးသည်များကိုလည်း မေးမြန်းပါလော့။ ဧကန်ပင်၊ ကျွန်ုပ်တို့ သည် အမှန်အတိုင်းသာ ပြောဆိုနေသည့် သစ္စာဝါဒီများပင် ဖြစ်ကြပါ၏။” ဟု ပြောကြစို့။

[83] သူတို့သည် ဖခမည်းတော်ထံသို့ ပြန်သွားခဲ့ပြီး ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဖခင်အားရှင်း ပြခဲ့ရာ တမန်တော်ယအ်ကူဗ်က အမှန်စင်စစ်မူကား သင်တို့သည် သင်တို့ အလိုရှိသည့် ရည်မှန်းချက်အတွက် သင်တို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား မည်သည်ကို အမိန့်ပေး ညွှန်ကြားထားကြောင်း သင်တို့ကိုယ် သင်တို့ မေးမြန်းကြလော့။ (ကျွန်ုပ် အားကိုးအားထားပြုရမည်မှာ ညည်း ညူမှု ကင်းမဲ့စွာဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့်သည်းခံမှုပင် ဖြစ်၏။။ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးတို့ကို ကျွန်ုပ်ထံသို့ တစ်ပြိုင်တည်း ရောက်စေတော်မူရန် ဆန္ဒတော် ရှိထန်ရာ၏။ “ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်နေမူသောအရှင်၊ ကိစ္စအဝဝကို စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့် စုံတော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။

[84] ထို့နောက်၊ တမန်တော်ယအ်ကူဗ်သည် သူတို့ဘက်မှ မျက်နှာလွှဲခဲ့ပြီးလျှင် အို၊ အလိုလေး၊ ယူစုဖ်နှင့်ပတ် သက်၍ ကျွန်ုပ်၏မပြီးဆုံးနိုင်သော သောကပူဆွေးမှု ပါလား။” ဟု အလွန် ဝမ်းနည်းစွာဖြင့် သက်ပြင်းချပြီး သူ၏ ဩမျက်စိများလည်း ဝမ်းနည်းပူဆွေးမှုသောကကြောင့် မျက်စိတွင် အပြင်တိမ်တည်၍ ဖြူဖပ်ဖြူရော် ဖြစ်လာ၏။ သို့တစေလည်း သူသည် (သူ၏ကြေကွဲစွာခံစားနေမှုကို အခြားသူတို့အား ထုတ်ဖော်ခြင်း မရှိဘဲ ချုပ်တည်း မျိုသိပ်ထားခဲ့၏။)

[85] သူတို့က “အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ဖခမည်းတော်သည် အသည်းအသန် နာမကျန်း ဖြစ်သည်အထိ သို့မဟုတ် ပျက်စီးတိမ်ကောသွားသူများအနက်မှ တစ်ဦးအပါအဝင် ဖြစ်လာသည်အထိ တမန်တော်ယူစုဖ်ကို သတိရ တမ်းတနေခြင်းအား ရပ်တန့်လိမ့်မည် မဟုတ်ချေ။” ဟု ပြောဆိုခဲ့ကြ၏။

[86] တမန်တော်ယအ်ကူဗ်က “ကျွန်ုပ်သည် ကျွန်ုပ်၏ပူဆွေးမှုသောကနှင့်ဝေဒနာခံစားနေရမှုကို အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် တိုင်ကြားမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ထံတော်မှ သင်တို့ မသိနားမလည်ကြသည်ကို ကျွန်ုပ် သိခွင့်ရပြီဖြစ်၏။

[87] တမန်တော်ယအ်ကူဗ်၏သားများသည် နောက်တစ်ကြိမ် အီဂျစ်သို့သွား ရောက်နေစဉ် သူတို့ကို လိုက်လံပို့ ဆောင်ခြင်းဖြင့် အို၊ ချစ်သားတို့၊ အသင်တို့သည် တမန်တော်ယူစုဖ်နှင့်သူညီတို့အား အပြင်းအထန် စုံစမ်း၍ သူတို့ ရှိနေသည့်နေရာမှ ရှာဖွေဖော်ထုတ်နိုင်ရန် သွားကြလော့။ သို့သော် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းကြလေနှင့်။ ဧကန်ပင်၊ မယုံကြည်သူ အမှန်တရားကို သွေဖည်ငြင်းပယ်သူတို့မှအပ အခြား မည်သူတစ်ဦးတစ်ယောက်မျှ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ကြသည် မဟုတ်ပေ။

[88] သူတို့သည် အီဂျစ်သို့ ရောက်သွားကြ၍ (ခန်းမထဲတွင်ရှိနေသော တမန်တော်) ယူစုဖ်ထံသို့ ဝင်ရောက် ခစားစဉ် “အို၊ မင်းကြီး၊ ဘေးဒုက္ခအခက်အခဲသည် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏မိသားစုများထံ လာရောက်ထိတွေ့ ခဲ့ပြီး ကျွန်ုပ်တို့အား မဖြစ်စလောက်သာ တန်ဖိုးရှိသော ကုန်စည်ပမာဏာ အနည်းငယ်နှင့်အတူ စားနပ်ရိက္ခာဖြင့် ဖလှယ်ခွင့်ရရန် အသင့်ထံ ရောက်စေ၏။ ထိုသို့ မလောက်မငှသာ တတ်စွမ်းသလောက်ယူ လာခြင်း ဖြစ်သော် လည်း ကျွန်ုပ်တို့အား စားနပ်ရိက္ခာကို အပြည့်အဝ ပေးပြီးသည့်အပြင် နောက်ထပ် အပိုအဖြစ်လည်း ဖြည့်စွက် ပေးခြင်းဖြင့် ကျွန်ုပ်တို့အပေါ် ငဲ့ညှာပါလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သနားညှာတာစိတ်ဖြင့် ငဲ့ညှာ သောအားဖြင့် စွန့်လှူပေးကမ်းသူတို့အား အကျိုးဆုလဒ် ပေးတော်မူ၏။” ဟု လျှောက်ထားကြ၏။

[89] (တမန်တော်) ယူစုဖ်က “အသင်တို့သည် အမှားအမှန်ကို ခွဲခြားသိမြင်ခြင်းမရှိဘဲ ပညာမဲ့များအဖြစ် ရှိခဲ့ကြစဉ် တမန်တော်ယူစုဖ်နှင့်သူ့ညီငယ်တို့အား မည်သို့ ပြုမူခဲ့သည်ကို သိကြသလော။” ဟု မေးမြန်းခဲ့၏။

[90] သူတို့က “အသင်သည်ပင် အမှန်စင်စစ်၊ တမန်တော်ယူစုဖ်ဖြစ်သည် မဟုတ်လော။” ဟု မေးမြန်းကြပြန် ရာ တမန်တော်ယူစုဖ်က “ကျွန်ုပ်သည် ယူစုဖ်ဖြစ်ပြီး ဤပုဂ္ဂိုလ်မှာ ကျွန်ုပ်၏ညီပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ဝယ် အရှင့်ကျေးဇူးပြုတော်ဖြင့် အခွင့်အရေးများပေးတော်မူ၍ ထောက်ခံတော်မူခဲ့ပြီ။ မည်သူမဆို အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးပြီး (ထိုသို့လိုက်နာကျင့် ကြံရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် ဒုက္ခအခက်အခဲများကိုလည်း ဇွဲ၊ လုံ့လ၊ ဝိရိယ ဖြင့်မြဲမြံစွာ) ခန္တီသည်းခံကြ လျှင် ထိုသူသည် ဧကန်မုချ၊ မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) ပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စန်တို့ ၏အကျိုးဆုလဒ်များကို အလျှင်း အချည်းနှီး ဖြစ်စေတော် မမူချေ။” ဟုပြောကြားခဲ့လေ၏။

[91] တမန်တော်ယူစုဖ်၏ပြောကြားချက်ကို ကြားနာပြီးနောက် ညီနောင်တို့က အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်ထက် သင့်အပေါ်တွင် ပိုမိုနှစ်သက်တော်မူ၍ ဦးစားပေးလျက် အလျှံပယ် ချီးမြှင့်တော်မူခဲ့ ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အပြစ်ရှိသူများသာ ဖြစ်ကြ၏။” ဟု (ဝန်ခံ) ပြောဆိုကြလေ၏။

[92] (တမန်တော်) ယူစုဖ်က “ယနေ့ သင်တို့အပေါ်၌ (နောက်ကြောင်းပြန်) ပြစ်တင်ဝေဖန်စရာ အလျှင်း မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို စီမံတော်မူလိမ့်မည်။ (အ ကြောင်းမှာ) ထိုအရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန်၍ပင် သနားကြင်နာတော်မူမှု အရှိဆုံးဖြစ်တော်သော ကရုဏာရှင်၊ အကြင်နာရှင်၊ ဖြစ်တော်မူ၏။” ဟု ပြောဆိုဟောပြောလေ၏။

[93] “အသင်တို့သည် ကျွန်ုပ်၏ဤအင်္ကျီကို သင်တို့နှင့်အတူ ယူဆောင်၍ ပြန်သွားကြလော့။ အိမ်ပြန် ရောက်ပါက ယင်းကို ကျွန်ုပ်ခမည်းတော်၏မျက်နှာပေါ်တွင် အုပ်ထားစေလျှင် သူ့အမြင်အာရုံ ပြန်ကောင်းလာ လိမ့်မည်။ ထို့နောက် သင်တို့၏မိသားစုဝင်အားလုံးအား တစ်ပါတည်း ခေါ်ဆောင်လျှက် ကျွန်ုပ်ထံ ပြန်လာကြလော့။” ဟု တိုက်တွန်းပြောဆိုခဲ့လေ၏။

[94] (တမန်တော်) ယူစုဖ်၏ညီနောင်များ ပါဝင်သော ခရီးသည်အုပ်စုသည် (ခမည်းတော်ထံသို့ ပြန်ရန် အီဂျစ်ပြည်မှ) ထွက်ခွာလေသောအခါ (ကာနန်မှာ ရှိနေသော သူတို့၏) ခမည်းတော်က သူ့အပါး ၌ရှိသူတို့အား “အကယ်၍ အသင်တို့သည် ကျွန်ုပ်အား သူငယ်ပြန်သည်ဟု မယူဆကြလျှင် ဧကန်စင်စစ်၊ ကျွန်ုပ်သည် ယူစုဖ်၏ မွှေးရနံ့ကို တွေ့ကြုံခံစားနေရ၏။” ဟု ပြောဆိုခဲ့လေ၏။

[95] သူတို့က “အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောပါရစေ။ ဧကန်မလွဲ၊ အသင်သည် ယခင် (ကတည်း က ပြောနေကျ စကားဖြစ်သော “တစ်နေ့တွင် ယူစုဖ် ပြန်လာမည်ဟူသည့်) အတွေးဟောင်း၌ပင် လွဲ မှားစွာ ရှိနေ၏။” ဟု ဖြေကြားခဲ့၏။

[96] ထိုသို့ဖြင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကို ယူဆောင်လာသူသည် (ခမည်းတော်ထံသို့) ရောက်ရှိလာသောအခါ၊ သူသည် ယင်းအင်္ကျီကို ခမည်းတော်၏မျက်နှာပေါ်သို့ တင်အုပ်ခဲ့ရာ သူ့အမြင်အာရုံ ပြန်ကောင်းလာ၍ မျက်စိမြင်သူ ဖြစ်လာခဲ့၏။ ထိုအခါ သူက “ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိကြသည်ကို ဧကန်မုချ၊ သိနေကြောင်း အသင်တို့အား ပြောခဲ့ပြီ မဟုတ်လော။” ဟု မေးမြန်းခဲ့ ၏။

[97] (ထိုအခါ တမန်တော်ယူစုဖ်အား မသိနားမလည်ဘဲ ပြစ်မှားမိကြောင်း ဝန်ခံပြောဆိုသော သားများက) “အို၊ ကျွန်ုပ်တို့၏ဖခမည်းတော်၊ အရှင်မြတ်ထံ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏ပြစ်မှားမှုကို လွတ်ငြိမ်းချမ်း သာခွင့် ပေးတော်မူရန် အသနားခံပန်ကြားပါလော့။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အပြစ်ရှိသူများ ဖြစ်ကြပါ၏၊” ဟု ပြောဆို လျှောက်ထားခဲ့၏။

[98] ဖခမည်းတော်က “မကြာမီ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ သင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနား ခံပန်ကြားမည်။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော် မူပြီး ယင်းတို့အား မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့ကို အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။”

[99] ထို့နောက် (တမန်တော်) ယအ်ကူဗ်၏မိသားစုဝင်အားလုံး အီဂျစ်သို့ ရောက်၍ (တမန်တော်) ယူစုဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ “သူသည် သူတို့အား ခရီးဦး ကြိုဆို၍ သူ့အပါး၌ သူ့မိဘနှစ်ပါးကို နေရာချပေးပြီးနောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အတိုင်း သင်တို့အားလုံး ဘေးရန်ခပ်သိမ်းနှင့်ကြောက်ရွံ့စိုးရိမ်စိတ်ကင်းမဲ့စွာနှင့်လုံခြုံစိတ်ချစွာဖြင့် အီဂျစ်ပြည်သို့ ဝင်ကြလော့။” ဟု တိုက်တွန်းပြောဆိုလေ၏။

[100] ထို့ပြင် (တမန်တော်) ယူစုဖ်သည် သူ့မိဘနှစ်ပါးတို့အား ရာဇပလ္လင်ထက်ဝယ် တင်မြှောက်ပြီး သူ့ညီ အစ်ကိုအားလုံးကလည်း (မင်းကြီးတစ်ပါးအား အရိုအသေပြုအပ်သော သူတို့၏ဓလေ့ကျင့်ထုံးစံနှင့်အညီ) သူ့ကို ဂါရဝပြုခဲ့ကြ၏။ ထို့နောက် သူက “အို၊ ကျွန်ုပ်၏ခမည်းတော်၊ ဤသည်ပင် ယခင်က မြင်မက်ခဲ့သော အိပ်မက် ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်သည် ယင်းအိပ်မက်ကို အမှန်တရားတစ်ခုအဖြစ် အတိအကျပင် အထမြောက် ဖြစ် ပေါ်စေတော်မူခဲ့ပြီ။ ထို့ပြင် စေတန်မကောင်းဆိုးဝါးသည် ကျွန်ုပ်နှင့်ကျွန်ုပ် ၏ညီနောင်များကြားတွင် သဘောထား ကွဲလွဲစေပြီးနောက် ဧကန်မုချ၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား အကျဉ်းထောင်မှ လွတ်မြောက်၍ အပြင် ထွက်စေတော်မူသည့်အချိန်၌လည်းကောင်း၊ သင်တို့အားလုံးကို သဲကန္တာရ (၏အတည်တကျ မဟုတ်သောလူနေ မှုဘဝ) မှ (ယဉ်းကျေးမှုထွန်းကားသော) အီဂျစ်ပြည်သို့ ရောက်စေတော်မူခြင်းဖြင့်လည်းကောင်း၊ အရှင့်ကရုဏာ တော်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြည့်စုံစေတော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို နက်နဲသိမ်မွေ့စွာ စီမံစေတော်မူသောအရှင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ဖြစ်ရပ်ဖြစ်စဉ် အကြောင်းအရာအလုံးစုံးတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[101] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား တိုင်းပြည်၏အုပ်ချုပ်ရေးယန္တရားမှ အရေးပါသောအပိုင်းအား တာဝန်ယူ အုပ်ချုပ်ခွင့် ချီးမြှင့်တော်မူပြီး အိပ်မက်အပါအဝင် အဖြစ်အပျက် အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်ပြောဆိုချက်များ၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုမှု ပညာကိုလည်း သင်ပေးတော်မူခဲ့ ၏။ အို၊ မိုးကောင်း ကင်များနှင့်ကမ္ဘာဂြိုလ်၏ဇာစ်မြစ်ကို စတင်ဖွဲ့စည်းဖြစ်တည်စေ၍ ဖြစ်ပေါ်ထင်ရှားစေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်သည်ပင် ဤလောကီဘဝနှင့်နောင်တမလွန်ဘဝ၌ ကျွန်ုပ် ၏အုပ်ထိန်းသူအရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်သောအရှင် ဖြစ်တော်မူ၏။ အို၊ အရှင်မြတ်၊ ကျွန်တော်မျိုးအား (ကျွန်ုပ်၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်အမိန့်ပညတ်များနှင့်အညီ ကျင့်ကြံခြင်းဖြင့် ငြိမ်းချမ်းလိုလားသော) မွတ်စလင်အဖြစ်သာ ကွယ်လွန်စေတော်မူပြီး ဖြောင့်မတ်မှန်ကန်သောပြုမူကျင်ကြံမှုများဖြင့် ပြုပြင်ခဲ့ကြသူတို့နှင့်အတူ ပေါင်းဆုံတွဲ ဖက်စေတော်မူပါ။

[102] ထိုအကြောင်းအရာများနှင့်သတင်းအချက်အလက်များသည် ငါအရှင်မြတ်က အသင့်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချ၍ သိစေတော်မူသည့် သင်တို့၏မျက်ကွယ်ရာတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များအနက်မှပင် ဖြစ်၏။ စင်စစ်မူကား၊ (တမန်တော်) ယူစုဖ်နှင့်ပတ်သက် သူ့ညီနောင်များဖြစ်​သော သူတို့က သူတို့၏စီမံချက်အား အားလုံးတစ်ညီတစ်ညွတ် သဘောတူကြလျှက် ကြံစည်နေခဲ့စဉ် အသင်သည် ထိုဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့ ရှိ၍ အသေးစိတ်သိနိုင်ရန် သူတို့နှင့်အတူ ရှိနေခဲ့သည် အလျှင်း မဟုတ်ပေ။

[103] (သူတို့ သက်ဝင်ယုံကြည်လာကြရန်အတွက်) အသင်သည် မည်မျှပင် စိတ်အားထက်သန်စွာ ရုန်းကန်လိုသော ဆန္ဒရှိသည့်တိုင် လူသားတို့အနက် အများစုမှာ သက်ဝင်ယုံကြည်သူများ ဖြစ်မလာကြချေ။

[104] အသင် (တမန်တော်) သည် လောကခပ်သိမ်းအတွက် သတင်းကောင်းနှင့်သတိပေးနှိုးဆော်စရာ ဖြစ် ခြင်းမှအပ (အခြားမည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိသော) ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို ဟော ကြားပိုချခြင်းအတွက် သူတို့ထံမှ ဤတရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်း၍ လောကီဂုဏ်ပကာသနနှင့်အခကြေးငွေ တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည် မဟုတ်ပေ။

[105] လူသားသည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၌ အရှင့်နိယာမတရားများ နေ့ည၊ ရာသီဥတုနှင့်သက်ရှိ သက်မဲ့တို့၏အပြောင်းအလဲများဆိုင်ရာ သက်သေလက္ခဏာတော်များစွာကို နေ့စဉ်ရက်ဆက်ပင် တွေ့ ကြုံခံစားလျက် ကျော်ဖြတ်နေကြသော်လည်း သူတို့သည် ယင်းတို့အပေါ် ဂရုမူ၊ တွေးတော ဆင်ခြင်ခြင်း မရှိကြဘဲ ဥပေက္ခာပြုလျက် မျက်နှာလွှဲ၍ ဖြတ်သန်းကြသူများပင် ဖြစ်ကြ၏။

[106] (လူသားတိုသည် စကြဝဋ္ဌာအတွင်း တွေ့မြင်ခံစားနေရသော နိယာမတရားများ၊ နေ့ည၊ ရာသီဥတုနှင့်သက်ရှိသက်မဲ့တို့၏အပြောင်းအလဲများနှင့်စွမ်းအင်များကို အရှင်မြတ်မှအပ သူတို့ကိုးကွယ်နေကြသော အ ခြား ကိုးကွယ်ရာများ၏တီထွင်မှုများ မဟုတ်ကြောင်း ကောင်းစွာ သိနားလည်ပါလျှက်) သူတို့အနက်မှ အများစုသည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများကိုကွယ်ကြသူများသာ ဖြစ်ကြပြီး အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်စေသော ထိုအရာများကို အလိုအလျှောက်ဖြစ်လာသော သဘာဝဟု မှတ်ယူကာ အရှင်မြတ်) အား ယုံကြည်ကြသည် မဟုတ်ပေ။

[107] (အရှင်မြတ်အား မယုံကြည်ကြသော) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်များအနက်မှ (လော ကီပြစ်များဖြစ်သော ရေကြီးခြင်း ငလျှင်လှုပ်ခြင်း၊ မုန်တိုင်းဖြစ်ခြင်းစသော အားလုံးကို) လွှမ်းခြုံဖုံး လွှမ်းမည့်ဒုက္ခ ဆိုက်ရောက်လာနိုင်ကြောင်း သို့တည်းမဟုတ် သူတို့ သတိမမူဘဲ အမှုမဲ့အမှတ်မဲ့ ရှိနေကြစဉ် ကမ္ဘာပျက်မည့် နောက်ဆုံးနေ့နာရီသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်ကြောင်းကို စိုးရိမ်ခြင်းကင်းစွာဖြင့် လုံခြုံစိတ်ချမှု ခံစားနေကြလေသလော။

[108] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ကြွေးကြော်ကြေညာလော့။ “ကျွန်ုပ်နှင့်ကျွန်ုပ်၏နောက်လိုက်တို့သည် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ထင်ရှားခိုင်လုံသော သက်သေအထောက်နှင့်တိကျသေချာသည့် ဉာဏ် ပညာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပေါ်တွင် အခြေခံ၍ (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်နေကြသော ဤလမ်းစဉ်ပင် ကျွန်ုပ်၏လမ်းစဉ် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်း ပြီး အနှိင်းမဲ့ အရှင်ဖြစ်ကြောင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်း မရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ ကြွေးကြော် ကြသည့်အပြင် ကျွန်ုပ်သည် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်ကြသော သူတို့ အနက်မှ အလျှင်း မဟုတ်ချေ။

[109] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ လွန်လေပြီးခဲ့သော မြို့ရွာဒေသများတွင် နေထိုင်ခဲ့ကြသည့်ပြည်သူများအနက်မှ အမျိုးသားများကိုသာလျှင် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၍ သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။ လူသားများအနက်မှ (ရှေးဟောင်းသုတေသနပညာရှင်များ အတတ်ပညာရှင် အသိပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့်အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်နေကြသော) သူတို့မတိုင်မီ လွန်လေသွားခဲ့ကြသော မျိုးဆက်တို့၏လုပ်ရပ်အကျိုးဆက်နှင့်အဆုံးသတ်နိဂုံး မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာပြီး တွေ့မြင်သုံးသပ်နိုင်ရန်အလို့ငှာ ကမ္ဘာမြေအနှံ့တွင် မည်သည့်အခါမျှ လှည့်လည်သွားလာခြင်း မပြု ကြလေသလော။ အမှန်စင်စစ်၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြ သူတို့အတွက် စီစဉ်ထားတော်မူသည့် နောင်တမလွန်ဘဝဆိုင်ရာ ဗိမာန်သည်သာ အကောင်းမြတ်ဆုံးဖြစ်ကြောင်းကို သင်တို့က ဆင်ခြင်တုံတရားဖြင့် တွေးခေါပြီး နားမလည်ကြလေသလော။

[110] ရှေးလူတို့သည် (အရှင့်သတင်းကောင်းများဖြင့် အရှင့်ဘက်သို့ ဖိတ်ခေါ် ခဲ့ကြသော) တမန်တော်များကို အချိန်အတန်ကြာ ညှင်းပန်းခဲ့ကြပြီး နောက်ဆုံးတွင် ရစူလ်တမန်တော်များသည် သူတို့က မည်သည့်အခါမျှ ယုံကြည်လာလိမ့်မည် မဟုတ်ကြောင်း ထင်မြင်လျက် မျှော်လင့်ချက်ကင်းမဲ့လုဆဲဆဲ ဖြစ်သည်အထိ ဖီဆန်ငြင်းပယ်ခြင်းခံခဲ့ကြရ၍ ငါအရှင်မြတ်၏အကူအညီ ရောက်လာခဲ့သောကြောင့် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့သည် ကယ်တော်မူခြင်း ခံခဲ့ကြရ၏။ စင်စစ်သော်ကား၊ ရာဇဝတ်မှုကျူးလွန်သူ တို့ထံမှ မရှောင်လွှဲနိုင်သော ငါအရှင်မြတ်၏ပြစ်ဒဏ်အား (မည်သူမျှ မည်သည်နည်းနှင့်မျှ) တွန်းလှန်ပယ်ရှားစေနိုင်မည် မဟုတ်ချေ။

[111] မုချဧကန်၊ တွေးတောမြော်မြင်ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိသော ပညာရှင်တို့အတွက် (တမန်တော်) ယူစုဖ် နှင့်သူ့ညီနောင်များဖြစ်ကြသော သူတို့ဘဝခရီး၏ (စံနမူနာယူဖွယ်ရာ အကြောင်းအရာ) အချက်အလက်များ၌ အရေးပါသော သင်ခန်းစာတစ်ခု မုချပင် ရှိနေ၏။ ထိုအရေးပါသော သင်ခန်းစာရဖွယ် အကြောင်းအရာများ ပါဝင်သည့် ကျမ်းတော်မြတ်ကုရ်အာန်၌ လုပ်ကြံဖန်တီးထားသော မည်သည့်စကား (အချက် အလက်) မျှ မပါဝင်ရုံသာမက ယင်းမတိုင်မီ ချမှတ်ပေးအပ်တော်မူပြီး သူတို့လက်ဝယ်၌ ရှိနေသောကျမ်း (စာပါ အချက်အလက် များအား မှန်၊ မမှန်ဟူသည်) ကိုလည်း အတည်ပြုဖြောင့်မှန်စေပြီး အရာခပ် သိမ်းကို အသေးစိတ်ရှင်းလင်း တင်ပြသည့်အပြင် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်လည်း ဖြစ်၏။

မိုးကြိုး

Surah 13

[1] အလစ်ဖ်၊ လာမ်၊ မီမ်၊ ရာ။ ဤသည်တို့ကား အသင့်အားဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ အသင် တမန်တော်မြတ်ထံ အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်ခြင်း ခံရသော (ထွတ်မြတ်လှစွာသော ကုရ်အာန်) ကျမ်းတော်မြတ်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ ယင်းတို့ကို သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[2] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များအား ယင်းတို့၌ သင်တို့ မြင်နိုင်သော ထိန်းချုပ်မှုဆိုင်ရာ မည်သည့် တိုင်မျှမပါဘဲ မြှင့်တင်ထားတော်မူပြီးနောက် စကြဝဋ္ဌာအလုံးစုံအား ထိန်းချုပ်တော်မူသည့် အရှင့်တန်ခိုးအာဏာစက်ကို အရ်ရှ်ပလ္လင်တော်ထက်ဝယ် အတိမ်းအစောင်းကင်းမဲ့၍ နေထားတကျဖြစ်အောင် ထူထောင်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် နေနှင့်လကို အရှင့်နိယာမတရားနှင့်အညီ လှည့် ပတ်လှုပ်ရှားစေရန် အရှင့်အာဏာစက်အား နာခံစေတော်မူ၍ အရာရာတိုင်းကို ယင်းတည်ရှိရာ နေရာနှင့်အချိန်ကာလအတိုင်း အတာတစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြ ဋ္ဌာန်းတော်မူလျှက် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား တမလွန်တရားစီရင်မည့်နေ၌ တွေ့ဆုံရမည်ကို အသေအချာပင် ယုံကြည်လာကြရန်အလို့ငှာ အရှင့်စီမံချက်အရေးကိစ္စများအား ခေါက်တုံ့ခေါက် ပြန်ဖြစ်ပေါ်စေပြီး အလေးအနက် စူးစမ်းရှာဖွေဖော်ထုတ်ရသောအရာများအဖြစ် စနစ်တကျစီမံထားတော်မူ ကြောင်းကို အရှင့်အာယသ်သက်သေလက္ခဏာတော်များ၌ ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေရန် အသေးစိတ် ခင်းကျင်းပြသ၍ စီစဉ်တင်ပြထားတော်မူ၏။

[3] ထိုပြင် ထိုအရှင်မြတ်သည်ပင် ကမ္ဘာဂြိုလ်ကို ဖြန့်ခင်းတိုးပွားစေတော်မူခဲ့ပြီး ယင်း၌ ခိုင်မြဲသော တောတောင်များနှင့်မြစ်ချောင်းပင်လယ်သမုဒ္ဒရာများကို ဖြစ်ပေါ်စေတော်မူခြင်းဖြင့် အဖိုအမ၊ အရောင်အနံ့အရသာစသော အပေါင်းအဖော်ဒွယံဒွယံရှိသည့် သစ်သီးဝလံများ၊ သီးနှံပန်းမန်များအား ပေါ်ထွက်ဖြစ်တည်စေတော်မူ၍ နေ့ကိုညဖြင့် အစားတိုး ဖုံးလွှမ်းစေတော်မူ၏။ ဧကန်ပင်၊ ထိုသို့ ဖြစ်ပေါ်ပြောင်းလဲခြင်း၌ စဉ်းစားဆင်ခြင်တွေးခေါ် သုံးသပ်ကြသော လူမျိုးတို့အတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိနေ၏။

[4] ထို့ပြင် တစ်ခုတည်းသော မိုးရေကို သွင်းပေးတိုက်ကျွေးခြင်းခံရသော်လည်း အမြစ်တစ်ခုတည်း သို့မဟုတ် တစ်ခုထက်ပိုသော အမြစ်ပေါ် အခိုင်အမာရပ်တည်နေကြသော သစ်ပင်မျိုးစုံ ရှင်သန်ပေါက်ပွားကြီးထွား လာ၍ စွန်ပလွံစိုက်ပျိုးခြံများ၊ ကောက်ပဲသီးနှံစိုက်ခင်းများနှင့်စပျစ်ခြံများစသော စိုက်ပျိုးရေးဆိုင်ရာ လယ်ယာခြံမြေများနှင့်ပန်းခြံဥယာဉ်မျိုးစုံဖြင့် စိန်းလန်းစိုပြေသာယာလှပစေတော်မူခြင်းဖြင့် အိမ်နီး ချင်းပတ်ဝန်းကျင် မြို့ရွာနိုင်ငံများတွင် အသက်မွေးဝမ်းကျောင်းအမျိုးမျိုးအပေါ် မှီခိုနိုင်အောင် ရာသီဥတုနှင့်မြေဆီတို့၏သဘောသဘာဝ အမျိုးမျိုးအဖုံဖုံရှိသော အိမ်နီးချင်းများအဖြစ် ဖြစ်ပေါ်စေတော်မူလျက် စားသောက်မှီဝဲရာတွင်လည်း အချို့ကို အချို့ထက် အရှင့်ကျေးဇူးတော်များဖြစ်သော ရေမြေသယံဇာတအရင်းအမြစ်များဖြင့် ပိုမိုထူးကဲစွာ ပြည့်စုံစေတော်မူရန် တစ်ခုတည်းသော မြေကမ္ဘာ၌ပင် လူသားတို့ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ စီးပွားရေးလမ်ကြောင်း အမျိုးမျိုးအသွယ်သွယ်ကို ဖြစ်ပေါ်ဖန်တီးစေတော်မူ၏။ ဧကန်ပင်၊ ထိုသို့ ဖြစ်ပေါ်ဖန်တီးစေတော်မူခြင်း၌ စဉ်း စားဆင်ခြင်တွေးခေါ်သုံးသပ်ကြသော လူမျိုးတို့အတွက် အမှန်ပင် သက်သေလက္ခဏာတော်များ ရှိနေ၏။

[5] ထိုသို့ တစ်ခုတည်းသောမြေကမ္ဘာပေါ်တွင် မိုးရေတစ်မျိုးတစ်စားမှပင် ထွေပြားထူးခြားသော ကောက်ပဲသီးနှံများ၊ သစ်သီးဝလံမျိုးစုံအတွက် ပေါက်ပွားရှင်သန်စေခြင်းနှင့်ယိုယွင်းပျက်သုဉ်းစေခြင်းကို ထပ်တ လဲလဲ မြင်တွေ့ပါလျှက် ယင်းတို့၌ အံ့ဩဖွယ်ကောင်းသော အရှင့်သက်သေလက္ခဏာတော်များ တည်ရှိနေပါလျှက် သတိမမူ လျစ်လျူရှူထားကြ၏။ အကယ်၍ အသင်တို့သည် ယင်းတို့ကို အံ့သြစရာအဖြစ် မြင်နိုင်ကြလျှင် ကျွန်ုပ်တို့သည် (သေကျေပျက်စီးသွား၍ မြေကြီးထဲတွင် ရောနှောစိမ့်ဝင်သွားသည့် မြေမှုန်မြေဆီများ ဖြစ်သွား ကြသောအခါ ယင်းမှ အသစ်တစ်ဖန် ဖွဲ့စည်းဖြစ်တည်စေခြင်းခံရမည်လော ဟူ သော သူတို့၏ပြောဆိုချက်များလည်း အမှန်ပင် အံ့ဩစရာ ဖြစ်နေ၏။ ထိုသို့ပြောဆိုနေကြသော ထိုသူတို့သည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား မယုံကြည် သွေဖည်ငြင်းပယ်ကြရုံသာမက သူတို့၏လည်ပင်းများ၌လည်း အပေါ်အောက်တွင်ရှိအထင်အရှားနေသော အရှင့်သက်သေလက္ခဏာတော်များကို မြင်နိုင်ခြင်းမှ ချုပ်ချယ်ဟန့်တားပိတ်ပင်နေသည့် လည်ပင်ပတ် ၊ထူးကွင်းများ ရှိနေ၏။ ထိုသူတို့သည် ငရဲမီး၏အပေါင်း အဖော်များဖြစ်ကြပြီး ငရဲဘုံ၌ အစဉ် ကာလအကန့်အသတ်မဲ့ နေထိုင်ဖြစ်ကြရပေမည်။)

[6] ယခင်က မကောင်းမှုဒုစရိုက်များကို ကျူးလွန်ခဲ့ခြင်းကြောင့် လွန်လေပြီးခဲ့သော စံနမူနာယူဖွယ်ရာ ပြစ်ဒဏ်များဆိုက်ရောက်ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသော်လည်း သူတို့သည် ကောင်းမှုကုသိုလ်များ မပြုလုပ်မီ မကောင်းမှုအကုသိုလ်များနှင့်ပတ်သက်၍ မကောင်းမှုဒုစရိုက်အတွက် ပြစ်ဒဏ်ရှိကြောင်းအား ပြစ်ဒဏ်အား အလျင်စလို ရောက်စေခြင်းဖြင့် သက်သေပြရန် စိန်ခေါ်လျက် အသင်တမန်တော်ကို ​တောင်းဆိုနေကြ၏။ သူတို့ က မည်သို့ပင်စိန်ခေါ်စေကာမူ မုချဧကန်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်သည် လူတို့သားတို့အပေါ် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းအတွက် မြန်မြန်ဆန်ဆန် အရေးမယူဘဲ အခွင့်အရေးပေးတော်မူသောအရှင်၊ ရက် ရောစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ထိုပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် အရှင့်စည်းဘောင်ကျော်၍ မတရာမှုကို လွန်ကဲစွာ ကျူးလွန်သူတို့ကိုလည်း ဧကန်ပင်၊ ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[7] ထို့ပြင် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကျွန်ုပ်တို့ လိုချင်သည့်အံ့ဖွယ် အာယသ်သက်သေလက္ ခဏာ တော်တစ်ရပ်ရပ်သည် သူ့ထံ အဘယ်ကြောင့် ပို့ချချမှတ်ပေးအပ်ခြင်း မခံရသနည်း။ (အို၊ ရစူလ်တမန်တော်) အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်ပြီး လူမျိုးတိုင်းအတွက်လည်း အရှင်မြတ်က ခန့်အပ်တော်မူသည့် တရားလမ်းမှန်ကို ညွှန်ကြားပြသသော ဦးဆောင်လမ်းပြတစ်ဦးစီ ရှိ၏။

[8] အလ္လာဟ်အရှင်မြတ်သည် အမအင်္ဂါရှိသော သက်ရှိတိုင်း မွေးဖွားမျိုးပွားရန် မည်သည့်အရာအား ကိုယ်ဝန်သယ်ဆောင်လျက်ရှိသည်ကိုလည်းကောင်း၊ မွေးဖွားမျိုးပွားရန်အတွက် စတင်သန္ဓေတည်ချိန်မှစ၍ မီးဖွားသည်အထိ မွေးဖွားမျိုးပွားမှုစနစ်များ သားအိမ်များ၌ မည်သည့်အရာက ရပ်စဲလျော့ကျ ဆုတ်ယုတ်သွားပြီး မည်သည့်အရာက ပိုမိုတိုးပွားလာသည်ကိုလည်းကောင်း၊ အကုန်အစင် သိနေတော်မူ၏။ ထို့ ပြင် အရာရာတိုင် တွင် ရှိသင့်ရှိထိုက်သော ဖွဲ့စည်းဖြစ်ပေါ်မှုနည်းစနစ်ဆိုင်ရာ ပမာဏအချိုးအစား အတိုင်းအတာနှင့်ပတ်သက်၍ ထိုအရှင်မြတ်၏ထံတော်၌ နိယာမစည်းစနစ်ကိုယ်စီ သတ်မှတ်ပြဋ္ဌာန်းတော်မူထားပြီး ဖြစ်၏။

[9] ထိုအရှင်မြတ်သည် (သက်ရှိတို့) မမြင်နိုင်မသိနိုင်သော မျက်ကွယ်ရာများကို အကြွင်းမဲ့ သိနေတော်မူသောအရှင် အကွယ်လောက မျက်မှောက်လော သက်ရှိတို့ဉာဏ်ရည်မမီသောအရာခပ်သိမ်းတို့ကို အကြွင်း မဲ့ မြင်နေတော်မူသောသက်သေတော်၊ (ခပ်သိမ်းအလုံးစုံတို့ထက်) ကြီးကဲတော်မူသောအရှင်နှင့်အားလုံးထက် အမြင့်မြတ်ဆုံး ဖြစ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[10] အသင်တို့အနက်မှ မည်သူမဆို အပြောအဆိုများကို ပုန်းလျှီုးကွယ်လျှိုး ကြံစည်ဆွေးနွေးသည်ဖြစ်စေ၊ လူပုံအလယ်တွင် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ ည (၏အမှောင်) ဖြင့် သူ့လျှို့ဝှက်ကြံစည်မှု အတွက် သူ့ကိုယ်သူ လူတို့၏အမြင်မှ ပုန်းကွယ်နေသူ ဖြစ်စေ၊ နေ့ (၏အလင်းရောင်) ဖြင့် အမှန်တရားအား မြင် သာထင်ရှားစေရန် လွတ်လပ်စွာ ရုန်းကန်လှုပ်ရှားနေသူဖြစ်စေ၊ (အရှင့်ဉာဏ်တော်အနန္တဖြင့်) တစ်ချိန်တည်း တစ် ပြိုင်တည်း ထပ်တူထပ်မျှပင် သိနေတော်မူ၏။

[11] အရှင်းစည်းမျဉ်းတော်သည် ထွေပြားသော အခြေအနေများပေါ်အခြေခံ၍ ကောင်းမှုများကို ရှေ့တိုးလုပ်ဆောင်သူတို့အတွက်လည်းကောင်း၊ မကောင်းမှုအကုသိုလ်များဖြင့် နောက်သို့ ဆုတ်ယုတ်သူတို့အတွက်လည်းကောင်း၊ တစ်ပြေးညီ မျှတစွာ အကျိုးသက်ရောက်စေ၏။ သို့ဖြစ်ပေရာ လူတိုင်း၏ကောင်းမှုနှင့်မကောင်း မှုတို့ကို မှတ်တမ်းတင်၍ အားပေးကူညီရန် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် အ စောင့်များအဖြစ် ဆက်တိုက် စေလွှတ်ခြင်းခံရ.သောသူများ စေတမန်များသည် လူတိုင်း၏ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ကြ၏။ ယင်းကောင်းကင်တမန်များ သည် ယင်း (လူသား) အသီးသီးတို့အား စောင့်ရှောက်ကြကုန်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးနှင့်ပတ်သက်နေသော အခြေအနေကို သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် သူတို့ကိုယ်တိုင် ထိုအခြေအနေအား ပြောင်းလဲစေခြင်း မရှိသရွေ့ အလျှင်း ပြောင်းလဲစေတော်မူမည် မဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး နှင့်ပတ်သက်၍ သူတို့ ၏လုပ်ရပ်များကြောင့် သူတို့အတွက် ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်စေရန် ရည်ရွယ်တော်မူလျှင် (မည်သူတစ်ဦး တစ်ယောက်မျှပင်) ယင်းဘေးဒုက္ခကို အလျှင်း တွန်းလှန်တားဆီးနိုင် မဟုတ်သည့် အပြင် ထိုအရှင်မြတ်မှလွဲ၍ သူတို့အတွက် မည်သည့် ကာကွယ်စောင့်ရှောက်သူမျှလည်း ရှိမည် မဟုတ်ပေ။

[12] ထိုအရှင်မြတ်သည်ပင် သင်တို့အား လျှပ်စစ်လက်ခြင်းကို ထိခိုက်စေမည့် ထိတ်လန့်ဖွယ်ရာနှင့်အလား အလာကောင်းသော မျှော်လင့်ဖွယ်ရာအဖြစ် ခင်းကျင်းပြသတော်မူပြီးသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် ထုထည်ကြီးမား၍လေးလံသော မိုးတိမ်များကို စံချိန်မီအောင် ဖြစ်ပေါ်စေတော်မူ၏။

[13] အရှင့်နိယာမတော်အရ ဖြစ်ပေါ်လာသော (ခပ်အုပ်အုပ်မြည်ဟည်းသည့်) တော်လည်းမိုးခြိမ်းသံသည် ထိုအရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ နာခံလိုက်နာလျှက် အရှင်မြတ်၏နိယာမတော်မှလွဲ၍ အခြားမည် သူ တစ်ဦးတစ်ယောက်မျှ ထိုတော်လည်းမိုးခြိမ်းသံကို အလျှင်း မဖြစ်စေနိုင်ကြောင်း အရှင့်နိယာမတော်၌ မည်သည့် ချွတ်ယွင်းချက်မျှ မရှိဘဲ သန့်ရှင်းစင်ကြယ်ကြောင်းကို ထောက်ပြ၍ အရှင်မြတ်၏ဂုဏ်တော်များကို ကြွေးကြော် ခြင်းဖြင့် ဂုဏ်တင်၏။ အလားတူ မလာအီကာစေတမန်များကလည်း အရှင့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာရန် တာစူလျှက် ထိုအရှင်မြတ်ကို စို့ရွံ့ထိတ်လန့်နေကြ၏။ ထို့တော်လည်းမိုးခြိမ်းသံကို တာဝန်ယူဆောင်ရွက်သော စေတမန်များသည် စေလွှတ်တော်မူခြင်းခံရသောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိ တော်မူသောသူ၏အပေါ်ဝယ် ယင်းဖြင့် ထိမှန်စေ၏။ ထိုဖြစ်စဉ်များကို မျက်ဝါးထင်ထင်တွေ့မြင်ပါလျက် အရှင်မြတ်အား မယုံကြည်ကြသော သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ခေါင်းမာစွာဖြင့် ငြင်းခုံလျက် ရှိနေ ကြသော်လည်း ထိုအရှင်မြတ်သည် လက်တုံ့ပြန်မှုနှင့်အရေးယူမှုတွင် ပြင်းထန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[14] လူသားအား ထိုအမှန်တရားသစ္စာ ဘက်သို့ ဖိတ်ခေါ်၍ ယင်း၏စည်းမျဉ်းဘောင်အတွင်းမှ အရှင်မြတ်ကို ဟစ်ခေါ်တသလျှက် ဆုတောင်းခြင်းသည် ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့အတွက် လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ဖြစ်၏။ သူ့ပါးစပ်ထဲသို့ရေရောက်ရှိရန် သူ၏လက်နှစ်ဖက်ကို ရေရှိရာဘက်သို့ ဆန့်ထားသော် ထိုရေသည် မည်သည့်အခါမျှ ရောက်မလာခြင်းမှအပ အခြားမည်သည့်အကျိုးခံစားခွင့်ကိုမျှ မရရှိသောသူကဲ့သို့ပင် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များဘက်သို့ ဖိတ်ခေါ်၍ ယင်းတို့ထံ ဟစ်ခေါ်တသ ဆုတောင်းကြသူ တို့သည်လည်း သူတို့အတွက် မည်သည့် တုံ့ပြန်မှုတစ်စုံတစ်ရာကိုမျှ ဖိတ်ခေါ် ဆုပန်ခြင်း၏အကျိုးဆက်အဖြစ် အလျှင်း ဖြေကြားဖြည့်ဆည်းတော်မူမည် မဟုတ်ပေ။ ထိုသို့အမှန်တရားသစ္စာမဟုတ်သော အရာများဘက်သို့ လူတို့အားဖိတ်ခေါ်၍ ထိုအရာများမှ တည်တံ့မြဲ့မြံသော အကျိုးအမြတ်ကို မျှော်ကိုးနေကြသော မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏ဖိတ်ခေါ် ဆုတောင်းပန်ကြားမှုများသည် လမ်းမှား၌ (တမလွန်ဘဝတွင် အသုံးဝင်မည် မဟုတ်သော အရာများအ တွက် ရုန်းကန်လှုပ်ရှားနေခြင်း) သာ ဖြစ်၏။

[15] ထို့ပြင် မိုးကောင်းကင်များနှင်ကမ္ဘာဂြိုလ်၌ ရှိသမျှတို့သည် ဆန္ဒအလျှောက် လိုလိုလားလားဖြစ်စေ စိတ်ဆန္ဒမပါဘဲ မလိုလားသောအခြေအနေတွင်ဖြစ်စေ စကြဝဋ္ဌာအတွင်းရှိအရှင့်နိယာမတရားများကို မလွဲမရှောင်သာ လိုက်နာနေရခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးဦးချကြပြီး နံနက်ခင်းနှင့်ညနေခင်းတွင် သူတို့သည် မည်သည့်လုပ်ရပ်မျိုးကို မည်သည့်လမ်းညွှန်နှင့်အညီ ပြုမူသည်ဖြစ်သည် ထိုလုပ်ရပ်များ၏ပုံရိပ်ကို မပြောင်းလဲနိုင်ဘဲ သူတို့၏အရိပ်များလည်း အတူရှိနေကြ၏။

[16] (အို၊ ရစူလ်တမန်တော်သူတို့အား) မိုးကောင်းကင်များ ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်သည် အဘယ်အရှင်နည်း။ ဟု မေးမြန်းလော့ အလ္လာဟ်အရှင်မြတ်သာ ဖြစ် ကြောင်း ဟောလော့။ သို့ပါလျက် အသင်တို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအတွက် ယင်း တို့ကိုယ်တိုင်က မည်သည့် ကောင်းကျိုးနှင့်ဆိုးကျိုးကိုမျှ တိုးပွားနိုင်စွမ်း သို့မဟုတ် ဆုတ်ယုတ်နိုင်စွမ်း မရှိသော သက်ရှိသက်မဲ့ တို့ကို့ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင်တို့၏ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူကာ ယုံကြည်ကိုးကွယ် ကြမည်လော။” ဟု မေးမြန်းလော့။ “မျက်မမြင်နှင့်မြင်နိုင်သူသည် ထပ်တူထပ်မျှ တူညီနိုင် မည်လော။ သို့မဟုတ် အမှောင်ထုနှင့်အလင်းရောင်သည် ထပ်တူထပ်မျှ တူနိုင်မည်လော။ သို့တည်းမဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် တွဲဖော်တွဲဖက်များကို သတ်မှတ်ဖန်တီးကြပြီး ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ သမျှအား ယင်းတွဲဖော်တွဲဖက်များကပင် အရှင့်ကိုယ်စား ဖွဲ့စည်းဖြစ်တည်စေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဝါဒဖြန့်၍ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်နှင့်ထိုလုပ်ကြံဖန်တီးထားသော ကိုးကွယ်များကို လူတို့က ခွဲခွဲခြားခြား မသိနိုင်အောင် ဆင်တူရိုးမှား ဖန်တီးနေကြသလော။” ဟု မေး မြန်းလော့။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ ဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူကြောင့်နှင့်ထိုအရှင်မြတ်သည်သာ တစ်ဆူတည်း တည်ရှိမြဲတည်ရှိနေတော်မူပြီး အရာခပ်သိမ်းအပေါ် နိုင်နင်းလွှမ်းမိုးတော်မူသော အနှိုင်းမဲ့အရှင်၊ ဖြစ်တော်မူ၏။

[17] ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို သွန်းချပေးတော်မူရာ ပင်လယ်မြစ်ချောင်း အင်းအိုင်များ မြစ်ဝှမ်းများနှင့်တောင်ကြားများမှတစ်ဆင့် ယင်းတို့၌ဝင်ဆံနိုင် သည့်နေရာအချိုး အဆနှင့်အညီ စီးဆင်းရသောကြောင့် ထိုရေကို ရေမြှုပ်ထစေလျှက် ရေအဟုန်ပြင်းစွာဖြင့် သယ်ဆောင်စေတော်မူ၏။ ထို့ပြင် လက်ဝတ်လက် စား အဆင်တန်ဆာများ သို့မဟုတ် လောကီအကျိုးခံစားခွင့်ဆိုင်ရာ အသုံးအဆောင်များ ပြုလုပ်နိုင်ရန်အလို့ငှာ ရွှေငွေသံသတ္တုကြေး အစရှိသော ကုန်ကြမ်းများကို မီးထဲ၌ ထည့်၍အပူပေးသောအခါလည်း ယင်းတို့ပေါ်တွင် အလားတူ အမြှုပ်ထစေတော်မူ၏။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားသစ္စာနှင့်လမ်းမှားတို့ကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်ရန် ဥပမာ၊ ဥပမေယျများဖြင့် အသေးစိတ် ထုတ်ဖော်တင်ပြ တော်မူ၏။ သို့ဖြစ်ပေရာ အမြှုပ်များ ပျောက်ကွယ်၍ မှော်၊ ချော်၊ အညစ်အကြေးများကို ဖယ်ရှားလိုက်သောအခါ လူသားတို့အတွက် အကျိုးရှိပြီးအသုံးဝင်သော အရာများသာ မြေကမ္ဘာ၌ ကျန်ရစ်လေ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့နားလည်နိုင်သော ဥပမာခိုင်းနှိုင်းချက်များဖြင့် အသေးစိတ်ထုတ်ဖော်တင် ပြတော်မူ၏။

[18] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမှန်တရား သစ္စာဘက်သို့ ဖိတ်ခေါ်တော်မူခြင်းအား ယုံကြည်၍အရှင့်စည်းမျဉ်းတော်များနှင့်အညီ လိုက်နာကျင့်ကြံခြင်းဖြင့် တုံ့ပြန် ကြသူတို့အတွက် အရှင်မြတ်ထံတော်၌ အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များရှိပြီး ထိုသို့ မတုံ့ပြန်ကြသူတို့မူကား အကယ်၍ ဧကန်ပင်၊ သူတို့အတွက် ကမ္ဘာဂြိုလ်၌ရှိနေသမျှသော အရာအားလုံးအပြင် ယင်းတို့နှင့်အတူ အလားတူနောက်ထပ်အရာများကိုလည်း ထပ်တူထပ်မျှပိုင်ဆိုင်စေလျှက် ထိုပိုင်ဆိုင်အားလုံးကို ပြစ်ဒဏ်မှလွတ် မြောက်စေမည့် လျှော်ကြေးအဖြစ် ပေးဆောင်ရန် အမှန်ပင်ကမ်းလှမ်းလာကြလျှင်လည်း ထိုသူတို့သည် သူတိုအတွက် အလွန်ဆိုးဝါး၍ ကြောက်မက်ဖွယ်ကောင်းသော အရေးယူမှုဆိုင်ရာ စာရင်းရှင်းတမ်းကိုသာ ရရှိကြလမ့် မည်။ ထို့ပြင် သူတို့အတွက် တမလွန်၏ ဗိမာန်နေရာထိုင်ခင်းသည် ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်း နေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။

[19] (အမှန်တရားသစ္စာသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အသင်တမန်တော်မြတ်ထံသို့ ချမှတ်ပေးအပ်ခြင်းခံရကြောင်းကို သိနားလည်လျက် ယုံကြည်သူသည် အမှန်တရားကို မြင်နိုင်စွမ်းမရှိသော မျက်မမြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ စူးစမ်းလေ့လာတွေးခေါ် ဆင်ခြင်ချင့်ချိန်သုံးသပ်နိုင်ကြသော ပညာရှင်များသည်သာလျှင် ပညာရှိနှင့်ပညာမဲ့ကိုလည်းကောင်း၊ အရှင်မြတ်အား နာခံအပ်နှံသူနှင့်အာခံဖီဆန်သူတို့ကိုလည်းကောင်း ခွဲခြားသိမြင်နိုင်ပြီး အလေးအနက် အရေးစိုက်၍ သတိထားလျက်) အပြန်အလှန်ထုတ်ဖော်ဖွင့်ဟပြောဆိုကြ၏။

[20] (အဆိုပါပညာရှင်များဖြစ်ကြသော) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏နိယာမတရားတော်များ၌ ရှာဖွေတွေ့ရှိသော စည်းမျဉ်းအညီ လိုက်နာရန် အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ် ကတိခံဝန်ချက်ကို ကျေပွန်စွာ ဆောင်ရွက်ကြပြီး ထိုနိယာမတရားများအား ဖြစ်တည်စေတော်မူသော အရှင်မြတ်တစ်ပါးတည်းကိုသာ ယုံကြည် ကိုးကွယ်ကြသည်သာမက ထိုပဋိညာဉ် ကတိခံဝန်ချက်ကိုလည်း ချိုးဖောက်ကျူးလွန်ခြင်း မရှိကြပေ။

[21] ထိုသူတို့သည် နီးစပ်သောဆွေမျိုးသားချင်းများနှင့်လူလူချင်း အမှီသဟဲပြုရသော လူမှုဆက်ဆံရေးနယ် ပယ်တွင် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားသမျှနှင့်စပ်လျဉ်း၍ ချိတ်ဆက်လျှက် ပူးပေါင်းဆောင်ရွက်ကြရန် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို စို့ရွံ့ထိတ်လန့်ကြရန်နှင့် သူတို့၏လုပ်ရပ်ကြောင့် အလွန်ဆိုးရွားလှသော အရေးယူမှုဆိုင်ရာ စာရင်းရှင်းတမ်းအား ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်းကို ကြောက်ရွံ့ ကြရန် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြ၏။

[22] ထို့ပြင် သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ဘက်သို့ ဦးတည်ရှေ့ရှူ၍ အရှင့်ကျေနပ်နှစ်သက်မှုကို ရှာဖွေလျှက် ဘဝ၌ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံကြပြီး ဆွလာတ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရုံသာမက သူတို့အား ပေးအပ်တော်မူထားသည့် စားနပ်ရိက္ခာနှင့်အသက်ရှင် ရပ်တည်ရေးဆိုင်ရာ အထောက်အပံ့များမှလည်း ချို့တဲ့ဆင်းရဲ သူတို့အတွက် စေတနာထက်သန်စွာဖြင့် တိတ်တဆိတ်ဖြစ်စေ၊ လူသိရှင်ကြား ထုတ်ဖော်၍ဖြစ်စေ၊ ဖြူစင်စွာ စွန့်လှူပေးကမ်းလှူဒါန်းကြပြီး မ ကောင်းမှုဒုစရိုက်များကိုလည်း ကောင်းမှုကုသိုလ်များဖြင့် တွန်းလှန်ဖယ်ရှားကြ၏။ ထိုသို့ ပြုကျင့်ခြင်းဖြင့် ထိုသူတို့သည် သူတို့အတွက် အစဉ်ထဝရ အေးချမ်းစွာ နေထိုင်စံမြန်းရမည့် ပကတိပန်းတိုင်ဖြစ်သော တမလွန် ဘဝ၏ဗိမာန်ကို ဆောက်တည်ကြလေ၏။

[23] သူတိုသည် အစဉ်အမြဲတည်တံ့သော သုခဥယျာဉ်များထဲသို့ ဝင်နိုင်ကြပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ခဲ့ကြသော သူတို့၏မိဘဘိုးဘေးများ ဘဝဖော်အပေါင်းအသင်းများ သားသမီးမြေးမြစ်များနှင့်မလာအီကာစေတမန်များလည်း သုခယျဉ်၏တံခါးပေါက်တိုင်းမှ သူတို့ထံသို့ ဝင်ရောက်လာကြလိမ့်မည်။

[24] (ထိုသို့ ဝင်ရောက်လာကြမည့် ပုဂ္ဂိုလ်အားလုံးက သူတို့အား) အသင်တို့သည် (လောကီဘဝ၌) ခန္တီတရား ထားရှိ၍ သည်းခံကြံ့ခိုင်ခဲ့ကြသည့်အတွက် ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်၌ ကျရောက်ပါစေ။” ဟု နှုတ်ဆက်ကြလိမ့်မည် ထိုပကတိ ပန်းတိုင်ဖြစ်သော တမလွန်ဘဝ၏ဗိမာန်သည်ကား အလွန်ပင် ကောင်းမြတ်လှပေသည် တကား။

[25] သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့်အခိုင်အမာ သစ္စာပဋိညာဉ်ထားကြပြီးနောက် ထိုကတိပဋိညာဉ်ကို ဖောက်ဖျက်ကြပြီး လူမှုရေးကိစ္စများတွင် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားသမျှနှင့်စပ်လျဉ်း၍ ချိတ်ဆက်လျှက် အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ပျက်ကွက်သည့်အပြင် ကမ္ဘာအဝှန်း၌လည်း အဖျက် အမှောင့် (အဓိကရုဏ်းများ မတည်ငြိမ်မှုများ) ကိုလည်း ပြုလုပ်နေကြသူတို့မှာမူကား သူတို့အတွက် အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့် ကျိန်ဆဲမှုများနှင့်အလွန်ဆိုးဝါးလှသော တမလွန် ပန်းတိုင်ဗိမာန်ကို ဆောက်တည်ကြသူများ ဖြစ်ကြ၏။

[26] အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင် ရပ်တည်ရေးဆိုင်ရာလိုအပ်ချက်များကို ချဲ့ထွင်တိုး ပွားစေတော်မူပြီး အလို ရှိတော်မူ သောသူအတွက်ပင် အကန့်အသတ်ဖြင့် ပေးအပ်ဖြောင့်မတ်စေတော်မူ၏။ သူတို့သည် ဤလောကီဘဝဖြင့်သာ အားရကျေနပ်လျှက် ဝမ်းမြောက်ရွှင်မြူးနေကြသော်လည်း တမလွန်ဘဝ၌ ရရှိခစားမည့် ဆုလဒ်အခွင့်အရေးများနှင့်နှိုင်းယှဉ်လျှင် ဤလော ကီဘဝသည် ခေတ္တခဏမျှသာ ခံစားရသော အကျိုးခံစားခွင့်သာ ဖြစ်၏။

[27] ထို့ပြင် မယုံကြည် အမှန်တရားကိုသွေဖည်ငြင်းပယ်သူတိုက သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ သူတို့၏စိတ်အလိုရမ္မက်က အလိုရှိသည့် အံ့ဖွယ် အာ ယသ်သက်သေလက္ခဏာတော်တစ်ခုကို သူ့အပေါ်တွင် အဘယ်ကြောင့် ချမှတ်ပေးအပ်စေတော် မမူသနည်း။ ဟု ပြောဆိုမေးမြန်းကြ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူတို့အား လမ်းမှားအတိုင်း လျှောက်ကြရန် ခွင့်ပြုတော်မူပြီး အရှင့်ဘက်သို့ မျက်နှာမူရှေ့ရှူ၍ ဦးတည်လှည့်သူတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။

[28] သူတို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ နာခံလိုက်နာလိုသောဆန္ဒဖြင့် သက်ဝင်ယုံကြည်ပြီး ထိုယုံ ကြည်မှုသစ္စာတရား၌ပင် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟနိုင်သောအရာ ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်သာ သူတို့၏စိတ်နှလုံးများ၌ တည်ငြမ်အေးချမ်းမှုခံစားကြ၏။ နှလုံးသွင်းမှတ်ယူကြလော့။ အလ္လာဟ်အ ရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟခြင်း၌သာ စိတ်နှလုံးများကို တည်ငြိမ်အေး ချမ်းစေမည် ဖြစ်၏။

[29] သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူတို့သည် သူတို့အတွက် မည်သည့်အခါမျှ ရပ်စဲတိမ်ကောမည်မဟုတ်သော အသီးအပွင့်များကိုခံစားစေရန် မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည့် သူဗာပင်ကို စိုက်ပျိုးကြပြီး အလွန်ပင် ရွှင်လန်းပျော်ရွှင် မြူးထူးနိုင်ကြသည့်အပြင် သူတို့၏နောက်ဆုံး ပန်းတိုင်ဖြစ်သော ပြန်လည်ရာဌာနသည်လည်း အလွန်ပင် လှပတင့်တယ်ကောင်းမြတ်ပါတကား။

[30] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တမန်တော်အား ယခင်လွန်လေပြီးသော လူမျိုးများ၏မျိုး ဆက်များမှ ပေါက်ဖွားလာသည့် လူ့အသိုင်းအဝိုင်း၌ပင် ကြီးပြင်းစေ၍ တမန်တော်အဖြစ် ရွေးချယ်ခန့်အပ်တော်မူလျှက် အသင့်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချသမျှအား ​သူတို့ရှေ့ဝယ် ဖတ်ကြားဟောကြားစေရန်အလို့ငှာ သူတို့ထံသို့ စေလွှတ်မူသော်လည်း သူတို့သည် အရှင့်ကရုဏာတော်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်စပ်လျဉ်း၍ မယုံကြည်သွေဖည်ငြင်းဆန်နေကြ၏။ သူတို့အား ကျွန်ုပ်ယုံကြည်ကိုးကွယ်နေသော ထိုအရှင်မြတ် သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြား ပူဇော်ပသ ရှိခိုးကန်တော့ ဆည်းကပ်ကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံပြီး ထိုအရှင်မြတ်ထံသို့ပင် ပြန်လည်ရောက်ရှိရမည် ဖြစ်၏။” ဟု ဟောပြောလော့။

[31] မယုံကြည်သူတို့က ဦးစွာ အရှင့်နိယာမတရားနှင့်ဆန့်ကျင်၍ အံ့ဖွယ်သက်သေလက္ခဏာတစ်ခုခု ယူဆောင်လာရန် တောင်းဆိုခဲ့ရာ ကျမ်းတော်မြတ်ကုရ်အာန်သည်ပင် သက်သေလက္ခဏာတော်ဖြစ်ကြောင်း ရှင်းပြသည့်အခါသူတို့က အကယ်၍သာ ကျမ်းတော်မြတ်ကုရ်အာန်ကို အသုံးပြုခြင်းဖြင့် တောင်များအား ရွေ့လျားစေနိုင်လျှင် သို့မဟုတ် မြေကမ္ဘာအား အက်ကွဲစေနိုင်လျှင် သို့တည်းမဟုတ် သေနေသူများအား စကားပြောစေနိုင်လျှင်သာ ထိုကျမ်းတော်မြတ် ကုရ်အာန်ကို လက်ခံယုံကြည်မည်။” ဟု ဆင်ခြေပေး ပြောဆိုခဲ့ကြ၏။ အမှန်မှာ အရာခပ်သိမ်းတို့၏သဘောသဘာဝ ဖွဲ့စည်းပုံ၊ နိယာမတရား၊ ကောင်းကျိုးဆိုးကျိုးဖြစ်စေသော စွမ်းအားစွမ်းအင်၊ အခြေအနေ၊ အနေအထားစသော အလုံးစုံကို အရှင်မြတ်သာ ဖြစ်တည်စေတော်မူသောကြောင့် ယင်းတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်နိုင်သော အခွင့်အာဏာဟူသမျှလည်း အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော် မူပြီး အရှင့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာကျင့်သုံးရန်အတွက်သာ ဖြစ်၏။ အကယ်၍ အလ္လာဟ်အရှင်မြတ် သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ဧကန်ပင်၊ လူသားအားလုံးကို လမ်းညွှန် တော်မူ၍ ယုံကြည်စေနိုင်တော်မူကြောင်းနှင့် မယုံကြည်သူ မရှိသည့်အတွက် စိတ်ပျက် မိမည်ဖြစ်ကြောင်း သူတို့ မသိခဲ့ကြလေသလော။ မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အား သူတို့ ကြိုးပမ်းအားထုတ်၍ ကြံဖန်လုပ်ဆောင်မှုကြောင့် ကပ်ဘေးအတိဒုက္ခတစ်ခုခု ဆိုက်ရောက်စေတော်မူခြင်း သိုမဟုတ် အလ္လာဟ်အရှင်မြတ်၏က တိတော်ဖြစ်သော ယုံကြည်သူတို့အောက်ပွဲခံမည့်နေ့ သို့တည်းမဟုတ် တမလွန်တရားစီရင်မည့်နေ့ ရောက်လာသည်အထိ ဒုက္ခအခက်အခဲများသည် သူတို့၏နေအိမ် မြို့ရွာများနှင့်အနီး ပတ်ဝန်းကျင်၌ပင် အမြဲမ ပြတ် ရှိနေရန်ခွင့်ပြုတော်မူခြင်း အလျှင်း ရပ်စဲမည် မဟုတ်ပေ။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ်သည် (မည်သည့်) ကတိတော်ကို (မျှ) ပျက်ကွက်တော်မမူချေ။

[32] ဧကန်စင်စစ်၊ အသင်မတိုင်မီလည်း ရစူလ်တမန်တော်များသည် ပြက်ရယ်ပြုခြင်းကို ခံခဲ့ကြရသော်လည်း ငါအရှင်မြတ် ထိုမယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူအတွက် အမြင်မှန်ရစေတော်မူရန် အခွင့်အရေးပေး၍ မြန်မြန်အရေးမယူဘဲ ခေတ္တရွှေ့ဆိုင်းခွင့်ပေးတော်မူပြီးမှသာ တစ်ဖန် ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူခဲ့၏။ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ ပြင်းထန်မည်နည်း။

[33] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း အပေါ်တွင် ယင်းကိုစိတ်အလိုရမ္မက်နှင့်အညီ အာခံဖီဆန်ရန် အသုံးချ၍ ပြုမူကျင့်ကြံသမျှအား တစိုက်မတ်မတ် စောင့်ကြည့်တော်မူသောအရှင်မှာ ထိုအရှင်ပင် မဟုတ်လော။ သို့ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် တွဲဖက်ပြိုင်ဖက်နှိုင်းယှဉ်ဖက်များကို လုပ်ကြံ ဖန်တီးကြလေ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) အသင်တို့သည် ထိုသင်တို့လုပ်ကြံဖန်တီးထားသော ကိုးကွယ်ရာများကို သင်တို့နှစ်သက်ရာ ဂုဏ်အမည်နာမများဖြင့် ခေါ်သည်ဖြစ်စေ သို့မဟုတ် ကမ္ဘာဂြိုလ်ပေါ်၌ ထိုအရှင်မြတ် မသိသေးသောအရာများ (ရှိလိမ့်မည်ဟု ထင်မြင်ယူဆပြီး ယင်းတို့) နှင့်စပ်လျဉ်း၍ ထိုအရှင်းအား သတင်းပေး အကြောင်းကြားလိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် (အပေါ်ယံအားဖြင့် ကောင်းသည်ဟု ထင်ရပြီး အနစ်သာရကင်းမဲ့သော) အဟောအပြောများအား လုပ်ကြံဖန်တီးသည်ဖြစ်စေ၊ အမှန်စင်စစ်မူကား သူတို့၏လုပ်ကြံဖန်တီးမှုများနှင့်တရားလမ်းမှန်မှ လူတို့အား တားဆီးပိတ်ပင်မှုများ (၌ ကျေနပ်အားရ ရှိစေရန်အလို့ငှာ ထိုပြုမူ ကျင့်ကြံမှုများ) ကို မယုံကြည်သူ၊ အမှန်တရားကို သွေဖည်ငြင်းဆန်သူတို့အတွက် လှပတင့်တယ်အောင် ဖြစ်စေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် လမ်းမှားရောက်လိုသူ (မည်သူမဆို) အား (သူ့အလိုရမ္မက်နှင့်အညီ) ခွင့်ပြု တော်မူလျှင် သူ့အတွက် တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[34] သူတို့အတွက် ဤလောကီဘဝ၌ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်ရှိပြီး နောင်တမလွန်ဘဝ၏ပြစ်ဒဏ်သည်ကား ပိုမို ပြင်းထန်လှပေ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ သူတို့အတွက် အရှင့်ပြစ်ဒဏ်မှ ကယ်တင် ကာကွယ်နိုင်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[35] မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် ကတိပြုတော်မူထားသည့် သုခဉယျာဉ်၏ဥပမာသည်ကား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်း လျှက်ရှိသော ယင်းသုခဥယျဉ်အတွင်းတွင် အဆက်မပြတ် သီးနေသော စားသောက်ဖွယ်ရာများ ရှိနေရုံသာမက အရိပ်အာဝါသများလည်း အစဉ်ထာဝရ တည်တံ့နေမည် ဖြစ်၏။ ဤသည်ကား အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူတို့၏လုပ်ရပ်များဆိုင်ရာ အကျိုးဆက်ဖြစ်သော နောက်ဆုံးပန်း တိုင်ပင်ဖြစ်ပြီး မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏နောက်ဆုံပန်းတိုင်မှာမူ ငရဲဘုံသာ ဖြစ်၏။

[36] ယခင်က ငါအရှင်မြတ်က တရားဒေသနာတော် ကျမ်းစာများ ပေးအပ်တော်မူခဲ့သော သူတို့သည် အသင် တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ ကျမ်းတော်မြတ်ကုရ်အာန်အား သူတို့ မျှော်လင့်တောင့်တနေ သောကျမ်းတော်အဖြစ် ယုံကြည်ကြရုံသာမက လွန်လေပြီးသော တမန်တော်များ၏အကြောင်းလည်း ယင်း၌ ပါဝင်နေသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုအုပ်စုများအနက်မှ အချို့သည် ကျမ်း တော်၏အချို့အစိတ်အပိုင်းများကို ငြင်းပယ်နေကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတိုအား) ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ် စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်သာလျှင် အမိန့်ပေးတော်မူခြင်းခံရ၏။ ကျွန်ုပ်သည် ထိုအရှင်မြတ်ဘက်သို့သာလျှင် (လူသား တို့အား) ဖိတ်ခေါ်နေပြီး ထိုအရှင်မြတ်ထံတော်သို့သာ ကျွန်ုပ်၏ပြန်လည်ရာဋ္ဌာန ပန်းတိုင်အဖြစ် သတ်မှတ်တော်မူခြင်း ဖြစ်၏။

[37] ယခင်ကျမ်းများသည်လည်းကောင်း၊ ကျမ်းတော်မြတ်ကုရ်အာန်သည်လည်းကောင်း၊ တစ်ဆူတည်းသော အရှင်မြတ်ကိုသာ ယုံကြည်ခြင်း၊ ထိုအရှင့်စည်းမျဉ်းတော်နှင့်အညီ ဘဝဆောက်တည်ခြင်းအပေါ် အခြေ ခံ၍ ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် လူသားတိုင်း အားထားရမည့် ဘဝတည်ဆောက်မှုလမ်းစဉ်ဆိုင်ရာ အပြီးသတ် အမိန့်စီရင်ချက်တစ်ရပ်အဖြစ် ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို အာရဗီစာပေဖြင့် ထုတ်ပြန်ချ မှတ်ပေးအပ်တော်မူ၏။ သို့ရာတွင် အကယ်၍ အရှင့်ဉာဏ်တော်အနန္တမှဖြစ်သော အသိပညာ (ကျမ်းတော်) သည် အသင့်ထံရောက်လာခဲ့ပြီးနောက်တွင်မှ အသင်က ကျမ်းတော်၏အချို့အပိုင်းကို ငြင်းပယ်လိုကြသော သူတို့၏အလိုဆန္ဒများကို လိုက်လျောလျှက် လိုက်နာခဲ့ပါမူ အသင့်အတွက် အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်၍ မည် သည့် ကာကွယ်စောင့်ရှောက်သူနှင့်ခုခံကာကွယ်သူမျှပင် ရှိလိမ့် မည် မဟုတ်ပေ။

[38] ထို့ပြင် ငါအရှင်မြတ်သည် အသင်တမန်တော်မတိုင်မီလည်း ရစူလ်တမန်တော်များကို မုချပင် စေလွှတ်တော်မူခဲ့ရာ သူတို့အတွက် ဘဝဖော်များနှင့်သားသမီးရတနာများကိုလည်း ငါအရှင်မြတ်သည်ပင်လျှင် စီမံတော်မူ၍ ဖြစ်ပေါ်ထွန်းကားစေတော်မူ၏။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးမျှ အလ္လာဟ်အရှင် မြတ်၏ခွင့်ပြုချက်မှအပ အခြားမည်သည့် အကြောင်းကြောင့်မျှ အာယတ်တော်သက် သေလက္ခဏာတော် တစ်စုံတစ်ရာနှင့်ရောက်လာစရာ အကြောင်းမရှိပေ။ အရှင်မြတ်သတ်မှတ်တော်မူသော ခေတ်ကာလတိုင်းအတွက် ကျမ်းတစ်စောင်စီ ရှိခဲ့၏။

[39] အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာများဖြစ်သော ဖြစ်စဉ်ဖြစ်ရပ်များ အကြောင်းအရာများနှင့် နည်းစနစ်ဥပဒေကျင့်စဥ်များစသည်တို့ကို မှေးမှိန်ပျောက်ကွယ်စေတော်မူပြီး အရှင်မြတ်အလိုရှိတော်မူသောအရာများကို ခိုင်မြဲတည်တံ့စေတော်မူ၏။ ထိုအရှင်မြတ်ထံတော်၌ ကျမ်းအားလုံး၏ရင်းမြစ်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်သည် မိခင်ကျမ်းအဖြစ် ရှိနေ၏။

[40] အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေးတော်မူသည့်အရာများအနက်မှ အချို့ကို အသင်တ မန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်း မဟုတ် ထိုကတိတော်များကို ငါအရှင်မြတ်ဖြည့်ဆည်းပေတော်မမူမီ အသင်တမန်တော်အား ဘဝကူးပြောင်းစေတော်မူ လျှင်ဖြစ်စေ အသင့်အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်များကို လူသားတို့ထံအရောက် ပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး ငါအရှင်မြတ်သည် အမိန့်တော်များအား နာခံလိုက်နာသူအတွက် ဆုလဒ်ပေးခြင်းနှင့်ဖီဆန် ငြင်းပယ်သူတို့အား ဒဏ်ခတ်အရေးယူခြင်းဖြင့် စာရင်းရှင်းခြင်းကို ငါအရှင်မြတ်အပေါ်၌ပင် တာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။

[41] ငါအရှင်မြတ်သည် မြေကမ္ဘာကို ကပ်ဘေး၊ တိုက်စားမှု၊ ပင်လယ်ရေအောက်သို့ နိမ့်ဆင်းမှုနှင့်လူဦးရေ တိုးနှုံးမြှင့်မားလာမှု စသည်အကြောင်းရင်းများ ရောက်စေတော် ယင်း၏အစွန်အဖျားမှသည် တဖြည်း ဖြည်း ဆုတ်ယုတ်ကျဉ်းမြောင်းစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်နှင့်အညီ) စီရင်ဆုံးဖြတ်တော်မူသည်ကို စိစစ်တည်းဖြတ် ပြင်ဆင်နိုင်စွမ်းရှိသူဟူ၍ အလျှင်း မရှိပေ။ ထိုပြင် ထိုအရှင်မြတ်သည် စစ်ဆေးစိစစ်တော်မူ၍ လျင်မြန်စွာ စာရင်းရှင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[42] ခေတ်သစ်လူသားများက လမ်းစဉ်မှားနှင့်အတွေးအခေါ်မှားများကို လုပ်ကြံဖန်တီးနေကြသကဲ့သို့ သူတို့မတိုင်မီ ရှိခဲ့ကြသော မျိုးဆက်များသည်လည်း သူတို့၏အကြံအစည်များအတွက် ပူးပေါင်းကြံစည်ခဲ့ကြသော်လည်း အရှင်မြတ်၏အမိန့်စီရင်ချက်အတိုင်းသာ အာဏာတည်စေတော်မူပြီး သူတို့၏ကြံစည်မှုကို အချည်းနှီး ဖြစ်စေတော်မူခြင်းဖြင့် ကြံစည်မှုအလုံးစုံကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစ နှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း၏ပြုမူကျင့်ကြံမှုဖြင့် ရှာမှီးသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။ မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သူတို့အတွက် နောက်ဆုံးပန်းတိုင် အကျိုးရှိပြီး တမလွန် ဗိမာန် ရှိကြောင်းကို မကြာမီ သိလာလိမ့်မည်။

[43] ထို့ပြင် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် အသင်တမန်တော်အား အရှင်မြတ်က ရွေးချယ်ခန့်အပ်တော်မူ၍ စေလွှတ်တော်မူသော ရစူလ်တမန်တော်မဟုတ်” ဟုလည်း ပြောဆိုကြပေလိမ့်မည်။ (အို၊ ရစူလ်တမန်တော် သူတို့အား) “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၊ မယုံကြည်သူများဖြစ်သော သင်တို့နှင့် ကျမ်းတော်၏အသိပညာကို လက်ဝယ်ပိုင်ဆိုင်ထားသောပညာရှင်များ ကြားဝယ် မည်သူက မှားနေကြောင်း ကို ကျမ်းတော်ဖြင့်တောက်ပြတော်မူလျှက် သက်သေအတွက် လုံလောက်တော်မူ၏။

အီဗရာဟင်မ်

Surah 14

[1] အလစ်ဖ်၊ လမ်၊ ရာ။ ဤကျမ်းတော်မြတ် (ကုရ်အာန်) သည် လူသားတို့အား စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့်နာမ်ရေရာ မှားယွင်းသော အတွေးအခေါ်အယူအဆများဖြစ်သည့် အမှောင်ထုမှ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုချက်အမိန့်တော်ဖြင့် အလင်းသို့ ထုတ်ယူကယ်တင်ရန် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ချီးမွမ်းထိုက်မှုနှင့်ကျေးဇူးတင်ထိုက်မှုဆိုင်ရာ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသည့် အနှိုင်းမဲ့ အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူရန် ထိုအရှင်မြတ်က အသင်တမန်တော်ထံ ချမှတ်ပေးအပ်တော်မူသောကျမ်း ဖြစ်၏။

[2] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်အတွင်း၌ရှိသော အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်၏နိယာမတော်နှင့်အညီ ဖွဲ့စည်းဖြစ်စေတော်မူသောအရာများ ဖြစ်သောကြောင့် ယင်းတို့ကို အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်နှင့်အညီအသုံးချရန်) အတွက်သာ ဖြစ်၏။ မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အတွက် ပြင်း ထန်သော ပြစ်ဒဏ်ရှိသောကြောင့် ဒုက္ခလှလှတွေ့စေ။

[3] ခေတ္တယာယီသာဖြစ်သော မျက်မှောက်လောကီဘဝသက်တမ်းကို ကာလအကန့်အသတ်မဲ့ နေထိုင်ရမည့် တမလွန်ဘဝထက် သာပို၍ ဦးစားပေး မြတ်နိုးတွယ်တာကြပြီး (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ တားဆီးပိတ်ပင်နေကြရုံသာမက ထိုသို့ပိတ်ပင်တားဆီးနိုင်ရန်အတွက် ထိုကျမ်း​တော်မြတ်ကုရ်အာန်၌လည်း ကွေ့ကောက်မှုပေါ်လာရန် ကြံစည်ရှာဖွေနေကြသော ထိုသူတို့သည် အမှန်တရားမှ အလှမ်းဝေးကွာလျှက် အဆုံးစွန်စွာဖြင့် လမ်းမှား၌ ရှိနေကြ၏။

[4] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူ့လူမျိုးတို့က ပြောဆိုသုံးစွဲသော ဘာသာစကားဖြင့် ကွက်ကွက်ကွင်းကွင်း ထင်ရှားမြင်သာအောင် ရှင်လင်းစေတော်မူခြင်းမှအပ မည်သည့်ရစူလ်တမန်တော်ကိုမျှ စေလွှတ် တော်မူခဲ့ခြင်း အလျှင်း မရှိပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းမှား၌ ရပ်တည်ခွင့် ပြုတော်မူပြီး အလိုရှိတော်မူသောသူကို တရားလမ်းမှန် ညွှန်ပြတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ် လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[5] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား သူ့လူမျိုးတို့ကို အတွေးအခေါ်နှင့်အယူအဆဆိုင်ရာ အမှောင်ထုမှ အလင်းသို့ ခေါ်ထုတ်စေရန် အရှင့်အာယသ်သက်သေလက္ခဏာတော်များနှင့်တကွ စေ လွှတ် တော်မူခဲ့ရာ သူသည် သူတို့အား အရှင့်ထံတော်မှ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များဖြင့် ထောက်ပံ့တော်မူခဲ့သော နေ့ရက်များနှင့်စပ်လျဉ်း အရှင်မြတ်ကို သတိရတသ၍ ဖွင့်ဟကြရန် တိုက်တွန်းဟောပြောခဲ့၏။ ဧကန်ပင်၊ ထိုကျမ်းတော်၌ ဇွဲ၊ လုံလ၊ ဝီရိယဖြင့် အလွန်ခန္တီသည်းခံကြံ့ခိုင်သော ကျေးဇူးသိတတ်သူတိုင်းအတွက် အာယသ်သက်သေလက္ခဏာတော်များ မုချပင် ရှိနေ၏။

[6] ထို့ပြင် (သတိရကြလော့။ တမန်တော်) မူဆာသည် သူ့လူမျိုးတို့အား “သင်တို့၏သားယောကျ်ားများကို သတ်ဖြတ်သုတ်သင်ပြီး အမျိုးသမီးများကိုသာ (နှိမ့်ချဖိနှိပ်ရန်) ဆက်လက်အသက်ရှင်ခွင့်ပေးသည့် ဖါရိုမင်းဆက်၏ (ဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနှင့်လယ်ယာလုပ်ငန်းများတွင် ကျွန်ပြု၍ မတရားခိုင်းစေလျက်) ဖိနှိပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့မှ သင်တို့ကို ကယ်တင်တော်မူခြင်းဖြင့် သင်တို့အပေါ်တွင် ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များ ချီးမြှင့်တော်မူခဲ့သော အလ္လာဟ်အရှင်မြတ်အား သတိရတသ၍ ဖွင့်ဟကြလော့။” ဟု ဟောပြောခဲ့စဉ် ထိုအဖြစ်အပျက်၌ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏စမ်းသပ်မှုကြီး ရှိနေ၏။

[7] ထိုပြင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အား “သင်တို့သည် အကယ်၍ အရှင့်ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင်၊ ငါအရှင်မြတ်သည် အသင်တို့အား တိုး၍ ချီးမြှင့်ပေးတော်မူမည်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် အရှင့်အမိန့်ပညတ်ချက်များကို မယုံကြည်ဖီဆန်ငြင်းပယ်လျှက် ကျေးဇူးကန်းကြသည်ရှိသော်၊ ဧကန်ပင်၊ ငါအရှင်မြတ် ၏ပြစ်ဒဏ်သည် အလွန် ပြင်းထန်လှ၏။” ဟု ထုတ်ဖော်ကြေညာတော်မူခဲ့သည် (ကိုလည်း ထပ်မံသတိရကြလော့။)

[8] တစ်ဖန် (တမန်တော်) မူဆာက အကယ်၍ အသင်တို့အပြင် သင်တို့နှင့်တကွ ကမ္ဘာဂြိုလ်၌ မှီတင်းနေထိုင်သူအားလုံးသည် အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်၍ အရှင်မြတ်အား ကျေးဇူးကန်းကြလျှင်လည်း၊ (ထိုအရှင်မြတ်၌ အကျိုးယုတ်စရာဟူ၍ အလျှင်း မရှိပေ။ အကြောင်းမှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ကျေးဇူးတင်ချီးမွမ်းထိုက်သော ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[9] သင်တို့အလျင် ရှိခဲ့ကြသော တမန်တော်နူးဟ်၊ အာဒ်၊ ဆမူဒ်လူမျိုးများနှင့်သူတို့၏နောင်မျိုးဆက်များ၏သမိုင်းကြောင်း စံနမူနာယူဖွယ်ရာ သတင်းအချက်အလက်များ အသင်တို့ထံ ရောက်ခဲ့ပြီ မဟုတ်လော။ ထိုသ တင်းအချက်အလက်များအား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှ မသိနိုင်ပေ။ သူတို့ထံ ငါအရှင် မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားသော သက်သေအ ထောက်အထားများ ပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ သူတို့ထံ ရောက်လာခဲ့သော်လည်း ယင်းရှင်းလင်းချက်များကို ချေပနိုင်စွမ်းမရှိသောကြောင့် ပြက်ရယ်ပြုမှု နှောင့်ယှက်မှုနှင့်ဒေါသထွက်မှုစသည့်လုပ်ရပ်များဖြင့် ဘေးချိတ်ထား၍ ထွန်းလှန်ကြရုံသာမက သူတို့၏ပါးစပ်များတွင်လည်း ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်တမန်တော်နှင့်အတူ စေလွှတ်တော်မူခြင်းခံရသော အမိန့်ပညတ်များနှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ကြပါ၏။ ထို့ပြင်အသင်က ကျွန်ုပ်တို့အား ထိုအရှင်မြတ်ဘက်သို့ဖိတ်ခေါ်ခြင်း၌ သံသယရှိရုံသာမက ဒွိဟသံသယ ရှိသော အရာအဖြစ်ပင် မှတ်ယူကြပါ၏။” ဟု ပြောဆိုခဲ့ကြကုန်၏။

[10] သူတို့၏ရစူလ်တမန်တော်များက (သူတို့အား) မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မူလဇာစ်မြစ်ကို စတင် ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မည်သို့ ဒွိဟသံသယ ရှိနိုင်မည်နည်း။ ထိုအရှင်မြတ်သည် သင်တို့အား ပြစ်မှုကျူးလွန်ခြင်းများကို ရပ်တန့်စေ၍ အမြင်မှန်ရစေတော်မူလျှက် ပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူရန်နှင့် သတ်မှတ်ထားတော်မူသည့် အချိန်ကာလအထိ အရေးယူမှုကို ခေတ္တရွှေ့ဆိုင်းခြင်းခံကြရန်အတွက်သာ ဖိတ်ခေါ်တော်မူလေ၏။” ဟု ပြောဆိုဖြေကြားခဲ့ရာ သူတို့က (ရစူလ်တမန်တော်များအား “အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာ ဖြစ်ကြပြီး ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများလျက်မှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးအာဏာ သက်သေအထောက်းအထားကို ယူဆောင်ကြလော့။” ဟု စောဒတက်ပြောခဲ့ကြ၏။)

[11] သူတို့ထံ စေလွှတ်တော်မူခြင်းခံကြရသော ရစူလ်တမန်တော်များက “ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်တို့ ကဲ့သို့ပင် သေမျိုးဖြစ်သော လူသားများသာ ဖြစ်ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် အရှင့်အ စေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအပေါ်၌ ဂုဏ်သိက္ခာ၊ တမန်တော် ရာထူးနှင့်အရှင့်ဘက်သို့ဖိတ်ခေါ်ရန် တာဝန်ပေးအပ်ခြင်းဖြင့် ကျေးဇူးပြုတော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်တို့၌ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်ဖြင့်မှအပ သင်တို့ထံ တန်ခိုးသက်သေတစ်စုံတစ်ခုကို ယူဆောင်လာကြရန် အခွင့်အာဏာ မရှိပေ။ သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်သူတို့ သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်ကြရာ၏။

[12] ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား စမ်းတဝါးဝါးသွားနေသည့် လမ်းစဉ်များကို ဖြောင့်မတ်စေတော်မူလျှက် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့ကြောင်း သိနားလည်ပါလျက် မည်သည့် အကြောင်းကြောင့် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်ကိုးစား၍ ယုံပုံမအပ်ရမည်နည်း။ သို့ဖြစ်ပေရာ သင်တို့က ကျွန်ုပ်တို့အပေါ်တွင် ထိခိုက်နစ်နာစေနိုင်သည့်အရာဟူသမျှနှင့်စပ်လျှဉ်း၍ ဇွဲလုံ့လဝီရိယဖြင့် သည်းခံကြံ့ခိုင်ရန်သာ ရှိသောကြောင့် ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံလိုသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံကြပါစို့။

[13] ထို့ပြင် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က သူတိုထံ စေလွှတ်တော်မူခဲ့သောရစူလ်တမန်တော်များအား “ဧကန်မုချ၊ ကျွန်ုပ်တို့သည် သင်တို့ကို ကျွန်ုပ်တို့၏နယ်မြေဒေသမှ ပြည်နှင်ဒဏ်ပေး၍ အမှန်ပင်၊ နှင်ထုတ်ရလိမ့်မည်။ သို့တည်းမဟုတ် သင်တို့သည် ကျွန်ုပ်တို့၏ဖိရိုးဖလာ ကိုးကွယ်မှုဖြစ်သော သာ သနာ့ဘောင်ထဲသို့ မုချ ပြန်ဝင်ကြရလိမ့်မည်။” ဟု ပြောဆို (ခြိမ်းခြောက်) ခဲ့လေ၏။ သို့ဖြစ်ပေရာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် “အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူတို့အား အသေအ ချာပင် ပျက်စီးတိမ်ကောစေတော်မူမည်။” ဟု ထိုရစူလ်တမန်တော်များထံ ဝဟီအမိန့်တော်ထုတ် ပြန်ချမှတ်ပေးတော်မူ၏။

[14] ထိုထက်မက သေချာသည့်အချက်မှာ ငါအရှင်မြတ်သည် သူတို့တိမ်ကောသွားပြီးနောက် သူတို့၏နယ်မြေဒေသများတွင် သင်တို့အား အခြေချ နေထိုင်စေတော်မူလိမ့်မည်​။ (တမလွန်၌) ငါအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် အစစ်ဆေးခံရမည်ကို စိုးရွံ့ထိတ်လန့်၍ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ရပ်တည်သူများနှင့်ငါအရှင်မြတ်က သတိပေးတော်မူထားသည့် ပြစ်ဒဏ်ကို ကြောက်ရွံ့ကြသူများအား ထိုသို့ပင် ချီးမြှင့်ခြင်းသည် ငါအရှင်မြတ်၏ကတိတော်ပင် ဖြစ်၏။

[15] ခေါင်းမာမာဖြင့် နိုင်ထက်စီးနင်းပြုသော အာဏာရှင်တိုင်းသည် အောင်မြင်မှုရရှိရန် အစွမ်းကုန် ရှာဖွေ ကြိုးပမ်းကြသော်လည်း ဤလောကီဘဝသက်တမ်း၌ စိတ်ပျက်စရာကောင်းသော ဆုံးရှုံးမှုနှင့်သာ ရင်ဆိုင်ကြရ၏။

[16] သူ့ရှေ့မျက်မှောက်ကာလဖြစ်သော နောင်တမလွန်ဘဝတွင် သူတို့အတွက် ငရဲဘုံသည်စောင့်မျှော်နေပြီး သူတို့သည် ထိုငရဲဘုံ၌ ပြည်ပုပ်ရေပုပ်ကိုသာ တိုက်ကျွေးခြင်း ခံရပေလိမ့်မည်။

[17] ထိုသူသည် ဆာလောင်မှုကြောင့် ယင်းရေပုပ်ကို တစ်ကျိုက်စီ ကျိုက်၍ ကျိုက်၍ သောက်သော်လည်း ယင်းကို မျိုချိနိုင်စွမ်း ရှိမည်မဟုတ်သည့်အပြင် သေခြင်းတရားလည်း သူ့ထံသို့ အဘက်ဘက်မှ ရောက် လာကာ သေသွားလျှင် ဒုက္ခဝေဒနာအားလုံးပျောက်ကွယ်သွားလိမ့်မည်။” ဟု ထင်သော်လည်း သူသည် သေဆုံးသွားသူ မဖြစ်နိုင်ရုံသာမက သူ့ရှေ့၌လည်း သူ့ထံအဆက်မပြတ် ထပ်မံ ရောက်ရှိလာမည့် အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်လည်း ရှိနေသေး၏။

[18] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို မယုံကြည်သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့၏ပြုမူကျင့်ကြံမှုနှင့်ဆိုင်ရာ ဥပမာသည်ကား လေမုန်တိုင်း သဲကြီးမဲကြီး ကျရောက်လာသည့်နေ့တွင် အလွန်သည်းထန်ပြင်းထန်စွာ တိုက်ခတ်သောလေနှင့်အတူ လွင့်စဉ်လိုက်ပါသွားသည့် ပြာနှင့်တူပြီး သူတို့ပြုကျင့်မှုဖြင့် ရှာဖွေစုဆောင်းခဲ့သမျှ အရာများအနက်မှ မည်သည့် အရာကိုမျှ (တမလွန်ဘဝအတွက် အကျိုးစေရန်နှင့်ပြစ်ဒဏ်မှ ကယ်ဆယ်နိုင်စေရန်) စိုးစဉ်းမျှ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ သူသည် ထိုသို့ပင် အမှန်တရားမှ အလှမ်းဝေးကွာလျှက် အစွန်အကျဆုံးဖြစ်သော လမ်းမှားသို့ ရောက်သွားကာ အမှန်ပင် ဆုံးရှုံးလိမ့်မည်။

[19] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကိုလည်း ယင်းတို့၌ ရှိသင့်ရှိ ထိုက်သော ရည်ရွယ်ချက် ဖွဲ့စည်းပုံ၊ စည်းမျဉ်းနိယာမတော်များဖြစ်သော အမှန်တရားအဖြစ် ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီး သင်တိုအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့ကို ဖယ်ရှားစေတော်မူ၍ မျိုးဆက်သစ်အား ဖွဲ့စည်းဖြစ်တည်ပေါ်ထွန်းစေတော်မူကြောင်း အသင်တို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော့။

[20] ထိုသို့ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၌ အရာခပ်သိမ်းအပေါ်တွင် အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်အတွက် မည်သို့မျှ အပန်းကြီး ခဲယဉ်းလှသည် မဟုတ်ပေ။

[21] အမှန်စင်စစ်၊ အရာခပ်သိမ်းတို့သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖွဲ့စည်းဖြစ်တည်လာ၍ အားလုံးသည် တမလွန်တရားစီရင်မည့်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်သို့ အရှင့်တ ရားစီရင်မှုကို ခံယူကြရန်အတွက် တစ်ပြိုင်တည်း ပေါ်ထွက်လာကြရမည်ဖြစ်၏။ ထိုစဉ် လောကီဘဝ၌ အားအင်ချည့်နဲ့ခဲ့ကြ သူတို့က မောက်မာပလွှား၍ ဖိနှိပ်ချုပ်ချယ်ခဲ့ကြသောသူတို့အား “ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အားနည်း ချို့တဲ့မှုကြောင့် သင်တို့၏နောက်လိုက်များ ဖြစ်ခဲ့ကြပေရာ (ယနေ့) သင်တို့က အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ် များအနက်မှ တစ်တစ်ရာကို ကျွန်ုပ်တို့ထံမှ လွှဲဖယ်တားဆီးစေသူများ ဖြစ်နိုင်ကြသလော။” ဟု မေးမြန်းကြသောအခါ သူတို့က “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏အလိုရမ္မက်များကို ဥပေက္ခာပြုထားတော်မူ လျှက် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ညွှန် ပြတော်မူခဲ့လျှင် သင်တို့ကိုလည်း တရားလမ်းညွှန်ပြနိုင်ခဲ့ကြမည် ဖြစ်၏။ ယခုမူကား သင်တို့နှင့်ကျွန်ုပ်တို့ အတူတူပင် ဖြစ်ကြပြီး ပြင်းထန်သောဝေဒနာကြောင့် တုန်လှုပ်လျှက် ငိုကြွေး ၍ ထုတ်ဖော်သည်ဖြစ်စေ၊ သည်းခံ၍ အောင့်ခံကြသည်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ်မှ လွတ်မြောက်စရာ နည်းလမ်း မရှိပေ။

[22] ထို့ပြင် (လူသားက အရှင့်စည်းမျဉ်းတော်များကို လျစ်လျူရှူ၍ စိတ်အလိုဆန္ဒများနှင့်အညီ) စီမံချက်များ ကို စီရင်ဆုံးဖြတ်ပြီးခဲ့သောအခါ စေတန်မကောင်းဆိုးဝါးက ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တိုအား အရှင့်စည်းမျဉ်းတော်နှင့်အညီ ပြုမူကျင့်ကြံသူတို့အတွက် သုခဥယျဉ်ရှိကြောင်း ကတိပြုတော်မူခြင်းသည် အမှန် တရားသစ္စာပင်ဖြစ်ပြီး ကျွန်ုပ်က သင်တို့အား ကတိပြုခဲ့သော်လည်း ကတိအတိုင်းပြုနိုင်စွမ်းမရှိ၍ သင်တို့အား သစ္စာဖောက်လျှက် လှည့်စားခြင်းသာ ဖြစ်၏။ ကျွန်ုပ်သည် သင်တို့အား သင်တို့၏စိတ် အလိုရမ္မက်အတိုင်း လိုက်နာကြရန် ဖိတ်ခေါ်ခြင်းမှအပ ကျွန်ုပ်၌ သင်တို့အပေါ် ဩဇာလွှမ်းမိုးနိုင်သော မည်သည့် အခွင့်အာဏာမျှ မရှိသော်လည်း သင်တိုသည် ကျွန်ုပ်၏ဖိတ်ခေါ်မှုကို လက်ခံဖြေကြားခဲ့ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် ကျွန်ုပ်အား အပြစ်မတင်ကြလေနှင့်။ သင်တို့၏စိတ်အလိုရမ္မက်အတိုင်း အသုံးချခဲ့သော သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုသာ ပြစ်တင်ကြလော့။ (ယနေ့) ကျွန်ုပ်သည် သင်တို့အကူအညီ အတွက် ဟစ်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ သင်တို့အား တုံ့ပြန်ကူညီနိုင်သူ မဟုတ်ပေ။ သင်တို့သည်လည်း ကျွန်ုပ်အား တုံ့ပြန်ကူညီနိုင်မည့် သူများ မဟုတ်ကြပေ။ ကျွန်ုပ်သည် လောကီဘဝ၌ သင်တို့က ကျွန်ုပ်အား (အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်း ယှဉ် ၍ နာခံကိုးကွယ်ခဲ့ကြသည်ကို ငြင်းပယ်ပါ၏။ ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် မုချပင် ရှိလေ၏။

[23] ထို့ပြင် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော အကျင့်သီလများဖြင့် ပြုပြင်ကြသူ များသည် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသည့် သုခဥယျာဉ်များထဲသို့ ဝင်ခွင့်ရကြမည် ဖြစ်ပြီး သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် ထို သုခဥယျာဉ်များ၌ ထာဝစဉ်ကာလ အကန့်အသတ်မဲ့ နေထိုင်စံမြန်းကြလိမ့်မည်။ ထိုထဲတွင် သူတို့အား “ငြိမ်းချမ်းပါစေ။” ဟု မေတ္တာပို့ နှုတ်ခွန်းဆက်သမှုများလည်း ရှိလိမ့်မည်။

[24] စင်ကြယ်ကောင်းမြတ်သောစကားတစ်ခွန်းသည် ယင်း၏ခိုင်မာသော အမြစ်များ မြေကြီး၌ မြဲမြံစွာ အမြစ်တွယ်လျှက် ယင်း၏အကိုင်းအခက်များသည် မိုးကောင်းကင်၌ပင် တည်ရှိနေသော လန်းဆန်းဖွံ့ဖြိုးသည့် အပင်တစ်ပင်ကဲ့သို့ပင်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က မည်သို့ စံနမူနာယူဖွယ်ကောင်းသော ဥပမာဖြင့် ခိုင်းနှိုင်းတော်မူသည်ကို အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။

[25] ထိုသစ်ပင်သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ရှင်သန်ကြီးထွားစေတော်မူသောအရှင်မြတ်၏ ခွင်ပြုချက်အမိန့်တော်နှင့်အညီ အချိန်တိုင်း ရာသီမရွေး အသီးများကို လှိုင်လှိုင်သီးစေတော်မူ၍ စားစရာများ ပေးကမ်းလျှက်ရှိနေကြောင်း သူတို့အလေးအနက် စဉ်းစားဆင်ခြင် ဆွေးနွေးတိုင်ပင်၍ သင်ခန်းစာများကို သတိရ တသ၍ တရားရနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် လူတို့အတွက် ဥပမာဖြင့် ခိုင်းနှိုင်းတော်မူ၏။

[26] ထို့ပြင် မစင်ကြယ်မကောင်းမြတ်သောစကားတစ်ခွန်း၏ဥပမာသည်ကား ယင်း၏အမြစ်ကို မြေကြီးပေါ် မှ ဆွဲနှုတ်ထားသဖြင့် တည့်မတ်စွာ ထူထောင်ရှင်သန်နိုင်မည့် မည်သည့်အရိပ်လက္ခဏာမျှ မရှိသော မလန်းဆန်း မဖွံ့ဖြိုးနိုင်သည့် အပင်ပျက်နှင့်အလားသဏ္ဌန်တူ၏။

[27] အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား တည်တံ့ခိုင်မြဲသော ဗျာဒိတ်တော်များဖြင့် ဤလောကီဘဝသက်တမ်းနှင့်တမလွန်ဘဝတို့တွင် တည်တံ့မြဲမြံ စေတော်မူ၏။ သို့ရာတွင် အလ္လာဟ်အ ရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား သူတို့၏ဆန္ဒများနှင့်အညီ လမ်းမှားရောက်စေတော်မူ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော အရေးကိစ္စအဝအဝကို ပြုလုပ်ဆောင်ရွက်စေတော်မူ၏။

[28] (အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များဖြစ်သော ဂုဏ်သိက္ခာ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စွမ်းအင်နှင့်သယံဇာတများကို) အလိုအလျှောက် ရရှိသောအရာများအဖြစ် မှတ်ယူပြီး ကျေးဇူးကန်း၍ မယုံကြည်မှုနှင့်ဖီဆန်ငြင်းပယ်မှုအတွက် ပြောင်းလဲစေလျှက် သူတို့၏လူမျိုးများကိုလည်း ပျက်စီးသွားမည့် ဗိမာန် ၌ အခြေချရန် ဦးဆောင်ဆွဲခေါ်သော ပုဂ္ဂိုလ်များကို အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်မိလေသလော။

[29] သူတို့ခေါ်ဆောင်နေသော ထိုဗိမာန်မှာ ထိုထဲ၌ အစဉ်လောင်ကျွမ်းခံရမည့် ငရဲဘုံပင် ဖြစ်ပြီး အလွန်ယုတ် ညံ့ဆိုးရွားလှသော အခြေချနေထိုင်ရာဌာနစခန်းပင် ဖြစ်၏။

[30] ထို့ပြင် ထိုသူတို့သည် လူတို့အား အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ လမ်းလွဲစေရန်အလို့ငှာ အခြား သက်ရှိသက်မဲ့များကို ကိုးကွယ်ကြရန် ဦးဆောင်ဆွဲခေါ်လျှက် အရှင်မြတ်အတွက် ဂုဏ်ပြိုင်ဂုဏ်ဖက်များကို ပြုလုပ်ဖန်တီးကြ၏။ “ဧကန်ပင်၊ သူတို့၏နောက်ဆုံးပန်းတိုင်းမှာ ငရဲမီးသို့ ခေါ်ဆောင်နေခြင်းပင် ဖြစ်သောကြောင့် ဤလောကီဘဝ၌ သင်တို့ စိတ်ကြိုက် ပျော်မြူးနေကြလော့။” ဟု ဟောပြောလော့။

[31] သက်ဝင်ယုံကြည်ကြသော ငါအရှင်မြတ်၏အစေခံများအား ထိုနေ့၌ မည်သည့်အပေးအယူနှင့်အရောင်း အဝယ်မျှ အသုံးဝင်မည်မဟုတ်သော မည်သည့်အပေါင်းအဖော်တို့၏ရင်းနှီးမှုမျှ အကျိုးပြုမည် မဟုတ်သော ထိုတမလွန်တရားစီရင်မည့်နေ့ရောက်မလာမီ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရန်နှင့်ငါအရှင်ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓန၊ ဩဇာအာဏာနှင့်ဉာဏ် ပညာများမှ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူတို့အား တိတ်တဆိတ်ဖြစ်စေ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ပေးကမ်း စွန့်လှူကြရန် ဟောပြောလော့။

[32] အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူပြီး ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူခြင်းဖြင့် မြေကမ္ဘာမှ ကောက်ပဲသီနှံများ၊ သစ်သီးဝလံများစသော စားစရာ၊ သောက်စရာ ရိက္ခာအထောက်အပံ့များ သင်တို့အတွက် ပေါ်ထွက်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ရွက်လှေသင်္ဘောစသော ရေကြောင်း သွာလာရေးဆိုင်ရာ ရေယာဉ်များကို အရှင့်အမိန့်တော်၊ နိယာမတရားဖြင့် ပင်လယ်သမုဒ္ဒရာ၌ ခုတ်မောင်း ၍ခရီးသွား နိုင်ရန်အလို့ငှာ၊ သင်တို့အသုံးပြုနိုင်သော အရာများဖြစ်စေတော်မူပြီး မြစ်ချောင်း၊ အင်းအိုင်များကိုလည်း သင်တို့အတွက် အသုံးဝင်သော အရာများအဖြစ် ဖြစ်စေတော်မူ၏။

[33] ထို့ပြင် ထိုအရှင်မြတ်သည် နေနှင့်လကို သင်တို့၏အကျိုးအတွက် အဆက်မပြတ် လှုပ်ရှားသွား လာစေလျှက် အသုံးဝင်သောအရာများအဖြစ် ဖြစ်စေတော်ပြီး နေ့နှင့်ညကို ပြောင်းလဲဖြစ်ပေါ်စေ၍ သင်တို့ အ သက်ရှင် ရပ်တည်နိုင်ရေးအတွက် အသုံးဝင်စေတော်မူ၏။

[34] ထိုပြင် ထိုအရှင်မြတ်သည် သင်တို့က ထိုအရှင်မြတ်ထံတော်မှ လိုလားတောင့်တနေသော လိုအပ်ချက် အလုံးစုံကိုလည်း သင်တို့အား ပေးအပ်တော်မူ၏။ အမှန်စင်စစ်၊ အကယ်၍ သင်တို့သည် အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်များ၊ ဆွဲငင်ခြင်း၊ တွန်းကန်ခြင်း၊ အပူအအေး၊ စသော မျှတပြောင်းလဲမှုများ၊ ဉာဏ်ပညာစွမ်းရည် အသုံးဆောင်များ၊ ဂုဏ်သိက္ခာများနှင့်လမ်းညွှန်များ စသည်တို့) ကို ရေတွက်ကြသည်ရှိသော် ယင်းတို့ကို တွက်ချက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဧကန်ပင်၊ လူသား သည် အလွန်ပင် စည်းမျဉ်းတော်များကို အလွန်ပင် ကျူးလွန်ဖောက်ဖျက်၍ မတော်မတရားမှုနှင့်မမှန်ကန်မှု များကို ပြုမူကျင့်ကြံလျှက် အရှင့်ကျေးဇူးတော်ကို မယုံကြည် ဖီဆန်ငြင်းပယ်ခြင်းဖြင့် အလွန်ပင် ကျေးဇူးကန်းသူများ ဖြစ်ကြပေ၏။

[35] ထို့ပြင် (သတိရကြလော့။ တမန်တော်) အီဗ်ရာဟီမ်သည် (အရှင်မြတ်ထံ) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဤမြို့ဤဒေသ (မက္ကာ) ကို ဘေးကင်းလုံ ခြုံပြီး ငြိမ်းချမ်းသာယာသောနယ်မြေအဖြစ် ဖြစ်ပေါ်စေတော်မူပါ။ ထို့ပြင် ကျွန်ုပ်နှင့်ကျွန်ုပ်၏သားစဉ်မြေးဆက်များကို ရုပ်ပွားဆင်းတုများအား ယုံကြည်ကိုးကွယ်ခြင်းမှ ကင်းဝေးစေ၍ ကယ်တင်ထိန်းသိမ်းတော်မူပါ။” ဟု ဆုမွန်ပန်ကြားခဲ့စဉ်။

[36] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်တော်၊ ဧကန်ပင်၊ ယင်းရုပ်ပွားဆင်းတုများသည် လူသားအနက်မှ များစွာသောသူတို့အား လမ်းမှားရောက်စေသည့် အ ကြောင်းရင်းဖြစ်သောကြောင့် မည်သူမဆို ကျွန်ုပ်၏စစ်မှန်သောနောက်လိုက်အဖြစ် ကျွန်ုပ်အား နာခံလိုက်နာလျှင် ဧကန်စင် စစ်၊ ထိုသူသည်သာ ကျွန်ုပ်၏အုပ်စုအနက်မှ ဖြစ်ပြီး မည်သူမဆို ကျွန်ုပ်အား အာခံဖီဆန်ခဲ့ပါမူ၊ အသင်အရှင်မြတ်သည် လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်း သာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာ ညှာတာတော်မူတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[37] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏သားသမီးအချို့ (တမန်တော်အစ္စမိုင်လ်နှင့်သူ့မျိုးဆက်) ကို အရှင်မြတ်၏အထွတ်မြတ်ဆုံး ဝတ်ကျောင်းတော်အပါးတွင် သီးနှံဖြစ်ထွန်းမည့်စိုက်ပျိုးရေးအတွက် အခြေအနေမရှိသော တောင်ကြားအရပ်၌ အခြေချနေထိုင်ရန် နေရာချထားခဲ့ပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ် (သူတို့အား ထိုသို့ နေရာချထားခဲ့ခြင်းမှာ) သူတို့သည် လူတို့၏နှလုံးသားများ၌ နား လည်သဘောပေါက်မှုဖြစ်စေလျှက် သူတို့ဘက်သို့ တိမ်းညွတ်စေပြီး ကုန် သွယ်ရေးအရ စားနပ်ရိက္ခာနှင့်သစ်သီးဝလံများ သူတို့ထံရောက်စေခြင်းဖြင့် သူတို့ကျေးဇူးသိတတ်ကြရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်း မျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်နိုင်ရန်အတွက်သာ ဖြစ်ပါ၏။

[38] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ အသင်အရှင်မြတ်သည် ကျွန်ုပ်တို့ ထိန်ချန်ဖုံးကွယ်ထားသည့်အကြောင်းအရာများနှင့်လူသိရှင်ကြား ထုတ် ဖော်ဖွင့် ချသည့်အကြောင်းအရာများကို အကြွင်းမဲ့ သိနေတော်မူပါ၏။ စင်စစ်သော်ကား မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုလ်၌ ရှိသမျှအရာအားလုံးတွင် မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိန်ဝှက်ဖုံးကွယ် ထားနိုင်သောအရာဟူ၍ အလျှင်း မရှိပေ။

[39] အလုံးစုံသော ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းတို့သည် ကျွန်ုပ်၏အသက်အရွယ် အိုမင်းကြီး ရင့်လာချိန်တွင် ကျွန်ုပ်အား သားအစ္စမိုင်လ်နှင့်အီစ်ဟာ့ခ်တို့ကို ချီးမြှင့်ပေးအပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်ထန်ပါ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူသားတို့၏ဆုတောင်းပန်ကြားမှုအားလုံးကို အမှန်ပင် ကြားနေတော်မူသောအရှင် ဖြစ်တော်မူပါ၏။

[40] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်တော်၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏သားစဉ်မျိုးဆက်များအနက်မှ သက်ဝင်ယုံကြည်သူတို့ကို ဆွလာသ်ဝတ်ပြုမှုအား ယင်း၏ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြသူများအဖြစ် ဖြစ်စေတော်မူပါ။ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏ ဆုတောင်းပန်ကြားမှုကို သဘောတူလက်ခံတော်မူပါ။

[41] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ တမလွန်ဘဝ၌ တရားစီရင်ဆုံးဖြတ်တော်မူ၍ စာရင်းရှင်းတမ်းကိုယ်စီအား ပေးအပ်တော်မူမည့်နေ့တွင် ကျွန်ုပ်၊ ကျွန်ုပ်၏ မိဘများနှင့်သက်ဝင်ယုံကြည်သူတို့အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။

[42] ထိုပြင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ဖောက်ဖျက်လျှက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသမျှနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် သတိမမူ မေ့လျော့နေတော်မူမည်။” ဟု အလျှင်း မမျှော်မှန်း မတွက်ချက်ကြလေနှင့်။ အမှန်မှာ အရှင်မြတ်သည် ထိုနေ့၌ (သင်တို့၏) မျက်စိများက ပြစ်ဒဏ်များကို မျက်ဝါးထင်ထင် မြင်ရ၍ အထိတ်တလန့်ဖြစ်လျှက် မျက်တော်မခတ်ဘဲ ငေးစိုက်ကြည့်နေကြမည့်နေ့ရက်အထိ အရေးမယူဘဲ အချိန်ဆွဲ ရွှေ့ဆိုင်းထားတော်မူခြင်းသာလျှင် ဖြစ်၏။

[43] (ကြောက်ရွံ့စိုးရိမ်မှုကြောင့် လည်ပင်းများကို ဆန့်တန့်စေ၍) ဦးခေါင်းများကို မော့နေကြလျှက် အပြေးအလွှား၊ အလျင်စလို အနေအထားတွင် ရှိကြမည်ဖြစ်သော်လည်း သူတို့၏မျက်စိများမှာမူ အာရုံစူးစိုက်၍ ငေးနေခြင်းမှ သူတို့ဘက်သို့ ပြန်လှည့်နိုင်ကြမည် မဟုတ်သည့်အပြင် သူတို့၏နှလုံးသားများ (နားလည်မှုများ) သည် လည်း အနစ်သာရမဲ့ လွင့်ပျံလျက် ဟာတာတာ ဖြစ်ကြပေမည်။

[44] ထို့ကြောင့် အသင်သည် လူသားတို့အား သူတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်လော့။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား အနည်းငယ်မျှသော အချိန်ကာလအထိ အရေးယူခြင်းကို နောက်ဆုတ်၍ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ သိုမှသာ ကျွန်ုပ်တို့သည် အရှင်မြတ်၏ဖိတ်ခေါ်မှုအား သဘောတူလက်ခံ၍ တုံ့ပြန်ဖြေကြားနိုင်ပြီး ရစူလ်တမန်တော်များကိုလည်း နာခံလိုက်နာနိုင်ကြမည်” ဖြစ်၏။ သူတို့က အရေးယူမှုကို ဆိုင်းငံ့ခွင့်ပေးရန် အသနားခံခြင်းအတွက် အရှင်မြတ် ဖြေကြားတော်မူသည်မှာ ယခင်က သင်တို့သည် “ကျွန်ုပ်တို့အတွက် မည်သည့် အခါမျှ ယိုယွင်းပျက်စီးမှုနှင့်ကျဆုံးမှုရှိမည် မဟုတ်ကြောင်းကို ကျိန်ဆို၍ ပြောခဲ့ကြသည်” မဟုတ်လော။

[45] ထို့ပြင် သင်တို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား စိတ်အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျှက် မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြ သူတို့က သူတို့၏နေထိုင်စရာများ၌ နေထိုင်လျှက်ရှိနေစဉ်ပင် ငါအရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ သင်တို့အား အမှန်တရားကို အမိအရ သိမြင်နိုင်ရန်နှင့်ပြုပြင်နိုင်ရန်အတွက် ဥပမာများဖြင့် ရုပ်လုံးဖော်အောင် မည်သို့ မြင်သာထင်ရှားစွာ ရှင်းလင်းတင်ပြတော်သည်ကို မျက်ဝါးထင်ထင်တွေ့ခဲ့ပြီ မဟုတ်လော။

[46] ထို့ပြင် သူတို့သည် ယင်းကြံစည်မှုဖြင့် တောင်များကိုပင် ရွေ့သွားစေမည့်အလား သူတို့၏ကြံစည်မှုကို အစွမ်းကုန်ကြိုးစား ကြံစည်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်၏ထံတော်၌ သူတို့ကြံစည်မှု အသေး စိတ်ကို မှတ်တမ်းတင်ထားတော်မူ၏။

[47] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များအား “ဖြစ်စေတော်မူမည်” ဟု ကတိပေးမိန့်တော်မူသည်ကို ဖောက်ဖျက်တော်မူမည့်အရှင်အဖြစ် အလျှင်း မတွက်ချက် မထင်မှတ်ကြလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်နိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရာခပ်သိမ်း၏ပိုင်ရှင်စစ် ဖြစ်ရုံသာမက အဆိုပါစည်းဘောင်များအား ချိုးဖောက်ကျူးလွန်သူတို့ကို ဒဏ်ခတ်အရေးယူနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။

[48] ဤကမ္ဘာဂြိုလ်ကို အခြားသော ကမ္ဘာဂြိုလ်တစ်ခုဖြင့် အစားတိုး ပြောင်းလဲစေတော်မူမည့်နေ့တွင် မိုးကောင်းကင်များကိုလည်း အလားတူ ပြောင်းလဲစေတော်မူမည်ဖြစ်ရာ အရာခပ်သိမ်းတို့သည် ယင်းတို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ တစ်ဆူတည်းသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည့်အလျောက် အားလုံးအပေါ် နိုင်နင်းလွှမ်း မိုးတော်မူသော အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်သို့ အရှင့်နိယာမတော်များနှင့်အညီ ဩဇာခံများအဖြစ် ထွက်ပေါ်လာလိမ့်မည်။

[49] ထို့ပြင် အသင်သည် ထိုနေ့တွင် အရှင့်စည်းမျဉ်းများကို ကျူးလွန်ချိုးဖောက်သော ရာဇဝတ်မှုကျူးလွန် သူတို့အား လက်ထိတ်ခြေထိတ်နှင့်အချုပ်အနှောင်များ၌ တန်းစီ၍ ချုပ်နှောင်ချိတ်ဆက်လျှက်ပင် တွေ့မြင်ရလိမ့်မည်။

[50] သူတို့၏ခန္ဓာကိုယ်၌တွေ့ရမည့် အဝတ်အထည်မှာ ကတ္တရာစေး၊ ကြေးနီကြေးဝါစသော သတ္တုရည်မှ ထုတ်လုပ်သည့်အရာများဖြစ်ပြီး သူတို့၏မျက်နှာများမှာလည်း ငရဲမီးများ ဖုံးလွှမ်းနေလိမ့်မည်။

[51] (ထိုသို့ အပြစ်ပေးတော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော် အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း အား ယင်းကိုအသုံးချ၍ ကျင့်ကြံရှာဖွေဆည်းပူးသုံးစွဲခဲ့သမျှနှင့်အညီ အ ကျိုးဆက်အဖြစ် (အစားပေးရန်) ပေးဆပ်စေတော်မူရန် အတွက်သာ ဖြစ်ပေ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် စစ်ဆေးစိစစ်တော်မူ၍ လျင်မြန်စွာ စာရင်းရှင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[52] ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည်ကား လူသားအားလုံးအတွက် ထင်ရှားသောသတင်းစကား၊ မှာကြားချက်ဖြစ်ပြီး ယင်းအားဖြင့် လူတို့အား သတိပေးနှိုးဆော်စေရန် ထိုအရှင်မြတ် တစ်ဆူတည်းသည်သာ ယုံကြည်ကိုးကွယ်ထိုက်သော အရှင်ဖြစ်တော်မူကြောင်းကို သိနားလည်ပြီး ယုံကြည်ကျင့်ကြံစေရန်နှင့်တွေးခေါ် မြော်မြင်ချင့်ချိန်သုံးသပ်နိုင်စွမ်းသောပညာရှင်များက ယင်းကို သတိရ တသ၍ ဖွင့်ဟထုတ် ဖော်လျက် ကြွေးကြော်နိုင်ကြရန်တို့အတွက် ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာပင် ဖြစ်၏။

ကျောက်ဆောင်မြေ

Surah 15

[1] အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကား (အဘက်ဘက်မှပြည့်စုံသော) ကျမ်းတော်မြတ်၏ အာယတ်သက်သေလက္ခဏာတော်များဖြစ်ပြီး (ထိုကျမ်းတော်မြတ်သည် အမှန်တရားသစ္စာအား) ယင်း၌ပင် တိကျသေချာ ပြတ်သား၍ ရှင်းလင်းထင်ရှားလှစွာဖြင့် ထုတ်ဖော်ရှင်းပြထားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ် ဖြစ်၏။

[2] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သောသူ) တို့သည် “အကယ်၍သာ (သူတို့၏ကိုယ်စိတ် နှလုံးကို အရှင်မြတ်ထံ အပ်နှံလျှက် ငြိမ်းချမ်းလိုလားသော) မွတ်စလင်များ ဖြစ်ခဲ့ကြလျှင် ကောင်းလေစွ။” ဟု အကြိမ်ကြိမ် အဖန်ဖန် ဆန္ဒပြုနိုင်၏။

[3] (ထိုမယုံကြည်) သူတို့အား (လက်ရှိအခြေအနေအတိုင်း ဆက်လက်၍) နေထိုင်စားသောက်ကြပြီး (လောကီ စည်းစိမ်များ၌ နစ်မွန်းကာ အကျိုးခံစားစေလျက်) ပျော်မြူးနေကြရုံသာမက ထိုလွယ်ကူသောဘဝသည် သူတို့အား အဓိကဘဝမျှော်မှန်းချက် (များဖြစ်သော ဘဝ၏အဓိပ္ပါယ်၊ အရေးပါသောတာဝန်ဝတ္တရားများ၊ ဘဝပန်းတိုင်ဖြစ်သည့် တမလွန်ဗိမာန်နှင့်ပတ်သက်၍ ထည့်တွက် ဆင်ခြင်သုံးသပ်ခြင်း) မှ အာရုံလွှဲပြောင်းစေ၏။ သို့ဖြစ်ပေရာ၊ မကြာမီပင် သူတို့သည် (ထိုအမှန်တရားများအကြောင်းကို လျစ်လျူရှူခဲ့ကြောင်း) သိရှိနားလည် လာကြလိမ့်မည်။

[4] စင်စစ်မူကား၊ ငါအရှင်မြတ်သည် မည်သည့် မြို့ရွာဒေသကိုမျှ ယင်းနှင့်စပ်လျဉ်း၍ လူသိများသော မှတ်တမ်းစာအုပ်တစ်အုပ်အဖြစ် သတ်မှတ်ပြဌာန်းတော်မူခြင်းမှအပ တိမ်ကောဖျက်ဆီးစေတော် မမူခဲ့ချေ။

[5] မည်သည့်လူမျိုးမျှ ယင်းအတွက် (သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက် စော၍သော်လည်းကောင်း၊ သတ်မှတ်ချိန်အား နှောင့်နှေးကြန့်ကြာစေရန်သော်လည်းကောင်း၊ ရှေ့တိုးခြင်းနောက်ဆုတ်ခြင်းများရှိ လိမ့်မည် မဟုတ်ပေ။

[6] ထို့ပြင် (ထိုမယုံကြည်) သူတို့က ''အို၊ ဆုံးမသြဝါဒ (လမ်းညွှန်နှင့်သတိပေးနိူးဆော်မှုများ ပါဝင်သော သတိရ တသ၍ ဖွင့်ဟစရာ ဖြစ်သည့်ကုရ်အာန်ကျမ်းတော်မြတ်) အား ချမှတ်ပေးအပ်ခြင်းခံရသော သတင်း ဆောင်ဖြစ်သူ၊ အသင်သည် ဧကန်ပင်၊ စိတ္တဇဝေဒနာရှင်ပင် ဖြစ်ရပါလိမ့်မည်။'' ဟု ပြောဆိုခဲ့ကြ၏။

[7] အကယ်၍ အသင်သည် (သင်၏ကြွေးကြော်မှု၌) ဖြောင့်မတ်မှန်ကန်သောသူ (သစ္စာဝါဒီ) ဖြစ်ခဲ့လျှင် သင်သည် ကျွန်ုပ်တို့ထံသို့ မလာအီကာစေတမန်များကို အဘယ်ကြောင့် မခေါ် ဆောင်လာသနည်း။

[8] (စင်စစ်သော်ကား) ငါအရှင်မြတ်သည် အမှန်တရားသစ္စာဖြင့်မှအပ တိကျမှန်ကန်သော စီရင်ဆုံးဖြတ် အမြော်အမြင်မရှိဘဲ (အကြောင်းမဲ့ အလွယ်တကူ အထူးအဆန်း သက်သက်အတွက်သာ) မလာအီကဟ်စေတမန်များကို စေလွှတ်ချပေးတော် မမူပေ။ သို့သော် (စီရင်ချက် တစ်စုံတစ်ခုအတွက်) စေတမန်များကို စေပို့ တော်မူခဲ့လျှင် (အရေးယူမှုကို နောက်ဆုတ်၍) ရွှေ့ဆိုင်းခွင့်ခံကြရမည့်သူများ ဖြစ်ကြမည် မ ဟုတ်ပေ။

[9] ဧကန်ပင်၊ ငါအရှင်မြတ်သည် (ဤ ဆုံးမသြဝါဒ လမ်းညွှန်နှင့် သတိပေးနိူးဆော်မှုများ ပါဝင်သော) သတိရ တသ၍ ဖွင့်ဟစရာ ဖြစ်သည့် (ကုရ်အာန်ကျမ်းတော်မြတ်) ကို (အရှင့်ဉာဏ်တော်အနန္တမှ ငါအရှင်မြတ် ကိုယ်တိုင်) ချမှတ်ပေးအပ်တော်မူပြီး ငါအရှင်မြတ်သည်ပင် ဧကန်မလွဲ၊ ယင်း (ကျမ်းတော်) ကို ထိန်းသိမ်းစောင့် ရှောက်တော်မူနေ၏။

[10] ထိုပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင့်အလျင် ရှေးခေတ်လူမျိုးတို့၏အုပ်စုများတွင်လည်း (ရစူလ်တမန်တော်များအား) စေလွှတ်တော်မူခဲ့လေ၏။

[11] စင်စစ်သော်ကား၊ သူတို့ထံသို့ မည်သည့် ရစူလ်တမန်တော်တစ်ပါးမျှ ထိုရစူလ်တမန်တော်နှင့်ပတ်သက်၍ သူတို့ပြက်ရယ်ပြု (ကြသည်ကို ရင်ဆိုင်ကြုံတွေ့) ခြင်းမှအပ မည်သည့်အခါမျှ ရောက်ရှိလာခဲ့သည် မဟုတ်ပေ။

[12] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ရာဇဝတ်မှုကျူးလွန်သောသူတို့၏စိတ်နှလုံးများ၌ ယင်း (ကျမ်းတော်) အား (သူတို့၏အကျိုးအတွက်သာ ချမှတ်ပေးအပ်တော်မူသည်ကို သူတို့၏ပြက်ရယ်ပြုမှုကြောင့် ဂရုမစိုက်ဘဲ) ကျော်ဖြတ်စေရန် ခွင့်ပြုတော်မူ၏။

[13] (သို့ဖြစ်ပေရာ) သူတို့သည် ထို (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်ပတ်သက်၍ မယုံကြည်ကြသည့်အပြင် အမှန်ပင်၊ ရှေးလွန်လေပြီးသော ရာဇဝတ်မှုကျူးလွန်သည့် ပုဂ္ဂိုလ်များ၏ (လူနေမှုဘဝ အစဉ်အလာနှင့်) လမ်းစဉ် အတိုင်းပင် မုချ ရှိနေကြပြီ ဖြစ်၏။

[14] အကယ်၍ ငါအရှင်မြတ်သည် (သူတို့က လိုလားတောင့်တနေသော အံ့ဖွယ်အဖြစ်) သူတို့အပေါ်ဝယ် ကောင်းကင်ယံမှ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူပြီးနောက် သူတို့လည်း ထိုတံခါးပေါက်မှ တစ်ဆင့် ရှေ့တိုး၍ ဆက်လက် တက်ခွင့် ရခဲ့ကြလျှင်ပင်။

[15] ဧကန်ပင်၊ သူတို့က “ကျွန်ုပ်တို့၏မျက်စိများသည် ဖမ်းစားမှုကြောင့် ပြာသွားစေလျှက် အမှန်ပင် ညှိုးဖမ်း စားခြင်းခံကြရသော (လှည့်စားခံရသော) လူမျိုးပင် ဖြစ်လာ၏။” ဟု စွပ်စွဲပြောဆိုကြလိမ့်မည်။

[16] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးကောင်းကင်၌ ကြယ်နက္ခတ်စုများ (နဂါးငွေ့တန်းများ) ကို ဖြစ်တည်ပေါ်ပေါက်စေတော်မူ၍ ယင်း (မိုးကောင်းကင်) ကို (စူးစမ်းလေ့လာ) ကြည့်ရှုသူတို့အတွက် သာယာ ကြည်နူးဖွယ်ကောင်းအောင် လှပတင့်တော်စေတော်မူ၏။

[17] ထို့ပြင် ငါအရှင်မြတ်သည် (လူသားတို့၏လုပ်ရပ်ကြောင့် မိုးကောင်းကင်ကိုလည်း ကမ္ဘာဂြိုလ်ကဲ့သို့ မညစ် ညမ်းစေနိုင်ရန်) ယင်းကို (အရှင့်ကရုဏာတော်မှ ဝေးကွာ၍ ကျိန်စာသင့်လျှက်) နှင်ထုတ်ခြင်းခံရသော စေတန်မကောင်းဆိုးဝါးတိုင်း (၏အန္တရာယ်) မှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တော်မူ၏။

[18] (သို့ရာတွင် တမန်တော်မြတ်သည် ညအချိန် အရှင့်ထံတော်မှ ချမှတ်ပေးအပ်တော်မူသည်ကို ဖတ်ရွတ် သည့်အခါ ခိုးနားထောင်ရန် အဘူစုဖ်ယာန်လာရောက်စဉ် ရင်တွင်း၌ ရန်လိုမုန်းတီးမှုတည်းဟူသော မီးရှိနေသည့် အဘူလဟာဗ်လည်း သူ့နောက်မှ လိုက်လာသကဲ့သို့ မိုးကောင်းကင်မှ သူတို့ မသိနိုင်သည်ကို အရှင်မြတ် ရှင်းပြတော်မူခြင်းအပေါ် ယုံကြည်မှုမရှိဘဲ) တိတ်တဆိတ် နားထောင်သောသူ (စေတန်မ ကောင်းဆိုးဝါး) သည် သာလျှင် သူ့နောက်တွင် လင်းဝင်းသော မီးတောက်မီးလျှံ (ထင်ရှားသောကြယ်ပျံ) လိုက်လာမည် ဖြစ်၏။

[19] ထို့ပြင် ငါအရှင်မြတ်သည် ကမ္ဘာမြေပထဝီကို ဖြန့်ခင်းကျယ်ပြောတော်မူ၍ ယင်း၌ တောင်ကြီး၊ တောင်ငယ်နှင့်တော်တန်းများကို အခိုင်အမာတွယ်ကပ်စိုက်ထူထားတော်မူလျှက် ငါအရှင်မြတ်သည်ပင် (သက်ရှိအားလုံး၏အသက်ရှင် ရပ်တည်ရေးနှင့်သဟဇာတဖြစ်မည့်) သစ်ပင်ပေါက်ပင်မျိုးစုံကို ဟန်ချက်ညီညီ ပေါက်ရောက် ဖြစ်ထွန်း စေတော်မူ၏။

[20] ထိုမျှမက ငါအရှင်မြတ်သည်ပင် ယင်း (ကမ္ဘာမြေပထဝီ) ၌ သင်တို့အတွက် လောကီခံစားခွင့်များကို ရရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလန်းများကို သင်တို့နှင့်သင်တို့က ယင်းတို့၏စား နပ်ရိက္ခာများနှင့်ပတ်သက်၍ တာဝန်မယူထားသော (ပိုးမွှား၊ တိရိစ္ဆာန်များ၊ သတ္တဝါများ အစရှိသည့်) သက်ရှိများအတွက် စီမံပေါ်ထွန်း၍ ဖြစ်စေတော်မူ၏။

[21] ငါအရှင်မြတ်၏ထံတော်၌ ယင်း၏ (အသက်ရှင် ရပ်တည်ရန်လိုအပ်သည့် လိုအပ်ချက်ဟူသမျှနှင့်သက် ဆိုင်သော) ရတနာသိုက်ရှိနေခြင်းမှအပ မည်သည့်အရာမျှ ရပ်တည်နိုင်မည် မဟုတ်သော်လည်း ငါအရှင်မြတ်သည် ယင်းသက်ရှိတို့အား (စားနပ်ရိက္ခာနှင့်လိုအပ်များ ပရမ်းပတာချီးမြှင့်တော်မမူဘဲ) သိရှိသတ်မှတ်ထားသော အတိုင်းအတာ၊ အချိန်အဆနှင့်အညီသာ ချပေးတော်မူ၏။

[22] ထို့ပြင် ငါအရှင်မြတ်သည် (ဝတ်မှုန်ကူးစေရန်) လေများကို စေလွှတ်တော်မူပြီးနောက် ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခြင်းဖြင့် ယင်းကို သင်တို့ သောက်သုံးနိုင်ရန် ချီးမြှင့်ပေးအပ်တော်မူရုံသာမက ယင်းကို မြေကမ္ဘာအောက်တွင် စုဆောင်းသိုလှောင် ထိန်းထားနိုင်သူမှာ သင်တို့ မဟုတ်ဘဲ ငါအရှင်မြတ်သာ ဖြစ်တော်မူ၏။

[23] တစ်ဖန် ဧကန်ပင်၊ ငါအရှင်မြတ်သည် (အသက်ဝင်လာစေလျှက်) ရှင်စေတော်မူပြီး တစ်ဖန် ကွယ်လွန် အနိစ္စရောက်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည်ပင်လျှင် အမွေစားအမွေခံများ (သားသမီးများ) ထွန်းကား (လျက် ကျန်ရစ်) စေတော်မူ၏။

[24] ထို့ပြင် မုချဧကန်၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ ရှေးခေတ်၌ လွန်လေပြီးခဲ့သော မျိုးဆက်များ (၏ပြုမူလုပ်ဆောက်ချက်များ) ကို အကြွင်းမဲ့ သိတော်မူပြီး နောင်လာမည့် မျိုးဆက်များအကြောင်းကိုလည်း ငါအရှင်မြတ်က မုချပင် သိနေတော်မူ၏။

[25] ထို့ပြင် ဧကန်မုချ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အား (ကွယ်လွန် အနိစ္စရောက်ပြီးနောက် တစ်ဖန် ရှင်ပြန်ထမြောက်စေလျှက် တမလွန် တ ရား စီရင်မည့်နေ့တွင်) စုရုံးစေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (တရား စီရင်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[26] ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားကို ပုံသွင်းထားလျှက် အသံမြည်သည့် ရွှံ့ပုပ်ခြောက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ (သို့ဖြစ်ပေရာ လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ ရပ်တည်လျှက် ယဉ် ကျေးမှု ထွန်းကားလာစေတော်မူ၏။)

[27] ထို့ပြင် (ယဉ်ကျေးမှုမထွန်းကားမီ အမဲလိုက်ခြင်းပေါ်တွင်သာ အခြေခံ၍ ရပ်တည်ခဲ့ရသော လူသားအား ဖွဲ့ စည်းဖြစ်တည်စေတော်မမူမီ ) အလျင်က ဂျင်(န်) ကို အပူရှိန်ပြင်းထန်သော မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[28] အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မလာအီ ကာစေတမန်တို့အား “ဧကန်ပင်၊ ငါအရှင်မြတ်သည် လူသားကို ပုံသွင်းထားလျှက် အသံမြည်သည့် ရွှံ့ပုပ်ခြောက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။” ဟု မိန့်တော်မူ၏။

[29] တစ်ဖန် ငါအရှင်မြတ်သည် ထို (လူသား) ကို စနစ်တကျ ပြီးစီးအောင် ပုံဖော်စေတော်မူပြီး ငါအရှင် မြတ်ထံတော်မှ ရူဟ် အသက်ဇီဝိန်ကို မှုတ်ထည့်စေတော်မူရာ လူသားသည် သူ့အား အခြားသက်ရှိသက်မဲ့များက ရိုကျိုးစွာနာခံ ဦးချရသော ဩဇာခံရသည့် အဆင့်သို့ ရောက်လာ၏။

[30] သို့ဖြစ်ပေရာ မလာအီကဟ်ကာ စေတမန် အားလုံးသည်လည်း အရှင့်အမိန့်တော်နိယာမတရားနှင့်အညီ တညီတညွတ်တည်း လူသား၏ဩဇာခံများဖြစ်လျှက် လူသားအား ရိုကျိုးစွာ နာခံဦးချကြလေ၏။

[31] သို့ရာတွင် အီဗ်လီစ်စေတန်မိစ္ဆာကောင်သည်ကား ဩဇာခံအဖြစ် ရိုကျိုးစွာ နာခံဦးချသူများနှင့်အတူ ပါဝင်ခြင်းကို ငြင်းပယ်လေ၏။

[32] အရှင်မြတ်က “အို၊ အီဗ်လီစ်စေတန်မိစ္ဆာကောင်၊ အသင်သည် မည်သည့်အကြောင်းကြောင့် ဩဇာခံ အဖြစ် ရိုကျိုးစွာ နာခံဦးချသူများနှင့်အတူ မရှိရသနည်း။” ဟု မေးမြန်းတော်မူ၏။

[33] အီဗ်လီစ် စေတန်မိစ္ဆာကောင်က “ကျွန်တော်မျိုးသည် အရှင်မြတ်က ပုံသွင်းထားလျှက် အသံမြည်သည့် ရွှံ့ပုပ်ခြောက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သေမျိုးဖြစ်သည့်လူသားကို သူ့ဩဇာခံအဖြစ် ရိုကျိုးစွာ နာခံ ဦးချမည့်သူ မဟုတ်ပါ။” ဟု လျှောက်ထားခဲ့လေသည်။

[34] အရှင်မြတ်က (အီဗ်လီစ်စေတန်မိစ္ဆာကောင်အား) သို့ဖြစ်လျှင် အသင်သည် (ယခုပင်) ဤနေရာ (မိုး ကောင်းကင်) မှ ထွက်သွားလော့။ အကြောင်းမှာ ဧကန်စင်စစ်၊ အသင်သည် နှင်ထုတ်ခြင်းခံရသူပင် ဖြစ်ချေပြီ။

[35] ထို့ပြင် ဧကန်ပင်၊ သင့်အပေါ်၌ တမလွန်တရားစီရင်မည့်နေ့အထိ ဖီဆန်မှု၏ပေးဆပ်မှုအဖြစ် အရှင့်မေတ္တာ ကရုဏာတော်မှ ကင်းဝေးခြင်းသာ အတည်ဖြစ်စေတော်မူ၏။

[36] အီဗ်လီစ်စေတန်မိစ္ဆာကောင်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား (လူသတ္တဝါ အပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့အထိ (ဒဏ်ခတ်အရေးယူတော်မူခြင်းမပြုဘဲ) ရွှေ့ဆိုင်းထားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့လေ၏။

[37] အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ “သို့ဖြစ်လျှင် ဧကန်ပင် အသင်သည် ရွှေ့ဆိုင်းထားခြင်းခံရ၍ ပြစ်ဒဏ်အတွက် စောင့်ဆိုင်းနေသူများအနက်မှ အပါအဝင် ဖြစ်၏။”

[38] သို့သော် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလ (ဆိုက်ရောက်မည့်) နေ့အထိသာ ဖြစ်၏။

[39] အီဗ်လီစ်စေတန်မိစ္ဆာကောင်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်၏အာခံဖီဆန်မှုနှင့်လွဲချော်မှောက်မှားမှုကို ခွင့်ပြုတော်မူခဲ့သောကြောင့် အမှန်ပင် ကျွန်ုပ်သည် ကမ္ဘာ လောက၌ (ပြစ်မှုဒုစရိုက်များကို ကျူးလွန်မိစေရန် လူသားများဖြစ်ကြသော) သူတို့အတွက် လောကီဘဝသက်တမ်း၏စည်းစိမ်ချမ်းသာ၊ ဂုဏ်ပကာသနနှင့်ပျော်ရွှင်မှုစသော လောကီရပိုင်ခွင့်များကိုသာလျှင် စွဲမက်စရာအဖြစ် ထင်မြင်ယူဆစေရန် လှပတင့်တယ်မှုကို ဖန်တီးပေးပြီး ဧကန်မလွဲ၊ သူတို့အားလုံးကိုလည်း ကျွန်ုပ်ကဲ့သို့ပင် အာခံဖီဆန်မှုနှင့်လွဲချော်မှောက်မှားမှု၌ ပျော်မြူးစေလိမ့်မည်။” ဟု လျှောက်ထားပန် ကြားခဲ့၏။

[40] သို့ရာတွင် အာခံဖီဆန်မှုနှင့်လွဲချော်မှောက်မှားမှု၌ ပျော်မြူးစေနိုင်မည့် သူတို့ထဲတွင် အသင်အရှင်မြတ်၏အစေခံများအနက်မှ အရှင်မြတ်ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်၍ ကိုယ်စိတ်နှလုံးအား အရှင့် ကျေနပ်နှစ်မြို့မှုအတွက် အပ်နှံလျှက် နခံကိုးကွယ်သူတို့မှာမူ ခြွင်းချက်အဖြစ် အလျှင်း ပါဝင်လိမ့်မည် မဟုတ်ပေ။

[41] အရှင်မြတ်က စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်၍ ကိုယ်စိတ်နှလုံးအား အရှင့်ကျေနပ်နှစ်မြို့မှုအတွက် အပ်နှံလျှက် နခံကိုးကွယ်သော ဤလမ်းစဉ်ကား ငါအရှင်မြတ်ထံတော်သို့ (ဦးစေမည့် စည်းဘောင် အဖြစ် သတ်မှတ်ပြဌာန်းတော်မူသည့် အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေသော လမ်းစဉ်ပင် ဖြစ်၏။

[42] ဧကန်စင်စစ်၊ အသင်အီဗ်လီစ်စေတန်မိစ္ဆာကောင်သည် အသင့်အား နာခံလိုက်ကြလျှက် ငါအရှင်မြတ်ကို အာခံဖီဆန်မှုပြီး လွဲချော်မှောက်မှားကြသော သူတို့မှအပ ငါအရှင်မြတ်၏အခြား မည်သည့်အစေခံလူသားများ အပေါ်တွင်မျှ အသင်၏သြဇာအာဏာ အလျှင်း သက်ရောက်စေနိုင်လိမ့်မည် မဟုတ်ပေ။

[43] ထို့ပြင် ဧကန်မလွဲ၊ ငရဲဘုံသည် ထိုအီဗ်လီစ်စေတန်မိစ္ဆာကောင်နှင့်သူ့နောက်လိုက်ဖြစ်ကြသော သူတို့အားလုံးအတွက် ကတိပြုသတ်မှတ်တော်မူခြင်းခံရသော ဌာနပင် ဖြစ်ပေ၏။

[44] ယင်းငရဲဘုံ၌ တံခါးပေါက် ခုနှစ်ပေါက်ရှိ၍ ထိုအီဗ်လီစ်စေတန်မိစ္ဆာကောင်နှင့်သူ့နောက်လိုက်များ ဖြစ်ကြ သော သူတို့အနက်မှ တံခါးပေါက်အသီးသီးအတွက် ဝင်ရောက်ရမည့်သူများကို ခွဲတမ်းအဖြစ် ခွဲဝေသတ်မှတ်ပြဌန်းထားသော ခွဲတမ်းကိုယ်စီ ရှိ၏။

[45] မုချဧကန်၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြသောသူတော်စင်၊ သူတော်မြတ်တို့သည်ကား သုခဥယျာဉ်များနှင့်စိမ့်စမ်းရေရှိသော နေရာဌာနများထဲတွင် ရှိကြပေမည်။

[46] (အရှင်မြတ်က ထိုသူတော်စင်၊ သူတော်မြတ်တို့အား) ''အသင်တို့သည် ထိုသုခဥယျာဉ်များထဲသို့ “ငြိမ်းချမ်းပါစေ” ဟူသော နှုတ်ဆက်ကြိုဆိုမှုကို ရရှိခံစားခြင်းနှင့်အတူ ပြည့်စုံသောအေးချမ်းမှုဖြင့် ဘေးကင်းလုံခြုံစွာ ဝင်ရောက်ကြလော။'' (ဟု မိန့်ကြားတော်မူမည်။)

[47] ထို့ပြင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြသော သူတော်စင်သူတော်မြတ်တို့၏ စိတ်နှလုံးများ၌ (ကျန်) ရှိနေသေးသော ရှိသမျှ ရန်ငြိုး၊ ရန်စ၊ အာဃာတနှင့်မနာလိုမှုများကို ဖယ်ရှားပေးတော်မူပြီး အချင်းချင်း ညီရင်းအစ်ကိုများပမာ ငြိမ်းချမ်းသာယာသော သလွန်များ ပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံကြလျက် (ခင်မင်ရင်းနှီးစွာ နေထိုင်ခွင့်) ပေးတော်မူမည်။

[48] ထိုသုခဥယျာဉ်များထဲတွင် သူတို့အား မည်သည့် ဘေးဒုက္ခနှင့်ပင်ပန်းနွမ်းလျမှုမျှ သက်ရောက်ခံစားစေမည် မဟုတ်သည့်အပြင် ယင်းတို့မှ နှင်ထုတ်ခြင်းခံကြရမည်လည်း မဟုတ်ပေ။

[49] (အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်၏အစေခံလူသားများအား ဧကန်မလွဲ၊ ငါအရှင် မြတ်သည် လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းဥပဒေများ ပြဌာန်းထားတော်မူပြီး ယင်းတို့ကို့ မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းအပေါ် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူကြောင်း သတင်းကောင်းပါးလော့။

[50] သို့သော် စည်းမျဉ်းတော်များကို သိနားလည်ပါလျှက် ချိုးဖောက်ကျူးလွန်သူတို့အား ဒဏ်ခတ်အရေး ယူရာတွင်လည်း ငါအရှင်မြတ်၏သတ်မှတ်ထားသော ပြစ်ဒဏ်ရှိပြီး ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အလွန် ပြင်းထန်စွာ ပြစ်ဒဏ်ပေးနိုင်စွမ်းရှိတော်မူသော အရှင်ဖြစ်ကြောင်း နှလုံးသွင်းသိထားကြလော့။

[51] ထို့ပြင် သူတို့အား (တမန်တော်) အီဗ်ရာဟီမ်း၏ဧည့်သည်များနှင့်ပတ်သက်သော သတင်းအကြောင်းအ ရာကိုလည်း သတင်းပေးထုတ်ဖော်လော့။

[52] ထိုဧည့်သည်များသည် (တမန်တော်) အီဗ်ရာဟီမ်း၏ရှေ့မှောက်သို့ ဝင်ရောက်ကြသောအခါ “(သင်တို့အ ပေါ်၌) ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ။” ဟု နှုတ်ဆက်စကားပြောဆိုခဲ့ကြရာ (တမန်တော်) အီဗ်ရာဟီမ်းက ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့ကြောင့် စိုးရိမ်ကြောက်ကြမိပါ၏။” ဟု ပြောဆိုခဲ့လေ၏။

[53] (ထိုအခါ) သူတို့က (တမန်တော်အီဗ်ရာဟီမ်အား) အသင်သည် စိုးရိမ်တကြီး မဖြစ်လေနှင့်။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် အသင့်အား ဉာဏ်ပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါး ချီးမြှင့်တော်မူမည့်ဖြစ် ကြောင်း အရှင့်ထံတော်မှ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပါးရန် ရောက်လာ ခြင်းဖြစ်၏။” ဟု ပြောခဲ့ကြလေ၏။

[54] တမန်တော်အီဗ်ရာဟီမ်က “ကျွန်ုပ်သည် အသက်အရွယ် အိုမင်းရင့်ရော်၍ ပြီးဇရာထောင်းချိန်ရောက်နေပါလျက် သင်တို့က ကျွန်ုပ်အား သားရတနာအကြောင်း သတင်းကောင်းပါးရန် ရောက်လာခြင်းဖြစ်ရာ ထို သတင်းကောင်းမှာ မည်သို့သော သတင်းကောင်းမျိုး ဖြစ်နိုင်မည်နည်း။”

[55] ဧည့်သည်များဖြစ်ကြသော သူတို့က “ကျွန်ုပ်တို့သည် အသင့်အား အမှန်တရားသစ္စာကိုသာ ချမှတ်ပေးအပ်တော်မူသောအရှင်မြတ်ထံမှ တိကျမှန်ကန်သော သတင်းကောင်းနှင့်အတူ ရောက်လာခြင်းသာဖြစ်ပြီး အမှန် တရားနှင့်ပတ်သက်၍သာ သတင်းကောင်းပါးခြင်းဖြစ်သောကြောင့် အသင်သည် မျှော်လင့်ချက်ကင်းသူတို့ အနက်မှ အပါအဝင် မဖြစ်ပါလေနှင့်။” ဟု ပြောဆို ဖြေကြားခဲ့၏။

[56] တမန်တော်အီဗ်ရာဟီမ်က “အမှန်စင်စစ်၊ လမ်းမှားရောက်သူတို့မှအပ အခြား မည်သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက်ကင်း နိုင်မည်နည်း။” ဟု ပြောဆိုခဲ့၏။

[57] (ထို့နောက် တမန်တော်အီဗ်ရာဟီမ်က ဆက်လက်၍) အို၊ စေလွှတ်တော်မူခြင်းခံကြရသော (အရှင့်) စေတမန်အပေါင်းတို့၊ အသင်တို့၌ (ဆောင်ရွက်စရာ) အခြားမည်သည့် ကိစ္စအကြောင်းကို မိန့်ကြားရန်ရှိနေ ပါသေးသနည်း။” ဟု မေးမြန်းခဲ့ပြန်၏။

[58] (အရှင့်စေတမန်များဖြစ်ကြသော) သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ရာဇဝတ်မှုကျူးလွန်သော လူမျိုးထံသို့ ဒဏ်ခတ်အရေးယူစေတော်မူရန် စေလွှတ်ခြင်းခံကြရခြင်းသာ ဖြစ်၏။” ဟု ဖြေဆိုပြောခဲ့ကြ ၏။

[59] “သို့ရာတွင် (တမန်တော်) လူတ်၏မိသားစုနှင့်နောက်လိုက်များ အားလုံးကိုမူ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အရှင့်အမိန့်တော်ဖြင့် မုချဧကန် ကယ်တင်မည့်သူများပင် ဖြစ်ကြ၏။” ဟု ပြောခဲ့ကြ၏။

[60] သို့ရာတွင် ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်အမိန့်တော်ကို အာခံ၍ နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် အပါအဝင်ဖြစ်သော တမန်တော်လူးတ်၏အမျိုးသမီးအား သူမ၏ကျင့်ကြံမှုကြောင့် အရေးယူတော်မူရန် သတ်မှတ်ပြဌာန်းတော်မူခဲ့ပြီး (ဟု မိန့်တော်မူခဲ့၏။)

[61] ထို့နောက် စေလွှတ်ခြင်းခံကြရသော သတင်းဆောင်စေတမန်များသည် (တမန်တော်) လူတ်၏ မိသားစု နှင့်နောက်လိုက်များထံသို့ ရောက်ရှိလာကြသောအခါ။

[62] (တမန်တော်) လူတ်က “ဧကန်စင်စစ်၊ အသင်တို့သည် သူစိမ်းများပင် ဖြစ်ကြ၏။”ဟု ပြောဆိုခဲ့လေ၏။

[63] (သတင်းဆောင်စေတမန်များဖြစ်ကြသော) သူတို့က “အမှန်မှာ ကျွန်ုပ်တို့သည် အရှင့်အမှန်တရားသစ္စာအပေါ် မယုံကြည်သူတို့က ဒွိဟသံသယဖြစ်လျက် အငြင်းပွားခြင်းကိစ္စနှင့်စပ်လျဉ်း၍ အရေးယူရန် အ သင့်ထံ ရောက်လာကြခြင်းဖြစ်၏။” ဟု ဖြေဆိုခဲ့ကြ၏။

[64] ကျွန်ုပ်တို့သည် အသင့်ထံသို့ အမှန်တရားသစ္စာကို ယူဆောင်လာခြင်းသာဖြစ်ပြီး ဧကန်ပင်၊ ကျွန်ုပ်တို့ သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုကြသူများပင် ဖြစ်ကြ၏။

[65] သို့ဖြစ်ပေရာ အသင်သည် သင်၏မိသားစုနှင့်အတူ သူတို့၏နောက်မှနေ၍ ည၏အစိတ်အပိုင်း တစ်ခုတွင် စတင်ထွက်ခွာပြီး သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နောက်ပြန်လှည့် မကြည့်စေဘဲ အ သင့်အား အမိန့်ပေးညွှန်ကြားထားသောနေရာသို့ ခရီးသွားလော့။

[66] ထို့ပြင် ငါအရှင်မြတ်သည် ထိုလူတ်၏ထံသို့ ''ဧကန်ပင်၊ ရာဇဝတ်မှုကျူးလွန်ခဲ့ကြသောထိုသူတို့၏ အရင်းအမြစ်ကို နံနက်မိုးလင်းချိန်၌ ဖြတ်တောက်စေတော်မူလိမ့်မည်။'' ဟူသော တိကျပြတ်သားသော အ မိန့်တော်စီရင်ဆုံးဖြတ်ချက်အား အတည်ပြုတော်မူ၏။

[67] ထို့နောက် (စဒူမ်) မြို့နေပြည်သူတို့သည် ရုပ်ချောသော သူစိမ်းဧည့်သည်များ၏သတင်းကြားသည့်အခါ ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် တမန်တော်လူးတ်ထံသို့ ရောက်လာခဲ့ကြ၏။

[68] (တမန်တော်) လူတ်က “ဧကန်စင်စစ်၊ ဤသူတို့သည်ကား ကျွန်ုပ်၏ဧည့်သည်တော်များ ဖြစ်ကြပေရာ သင်တို့သည် သူတို့ကို မဖွယ်မရာပြုခြင်းဖြင့် ကျွန်ုပ်အား အရှက်မရစေနှင့်။” ဟု တောင်းဆိုပြောခဲ့လေ၏။

[69] ထို့ပြင် (သူတို့ကို မဖွယ်မရာပြုခြင်းအား ရှောင်ကြဉ်၍) အလ္လာဟ်အရှင်မြတ်အား စို့ရွံ့ထိတ်လန့် (လျှက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။ ကျွန်ုပ်အား ဂုဏ်ရည်သေးသိမ်အောင် မပြုကြလေနှင့်။

[70] သူတို့က “ကျွန်ုပ်တို့သည် အသင့်အား လောကခပ်သိမ်း (လူခပ်သိမ်းတို့၏အခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်း) မှ တားမြစ်ခဲ့ပြီ မဟုတ်လော။”ဟု မေးမြန်းပြောဆိုကြလေ၏။

[71] (တမန်တော်) လူတ်က “အကယ်၍ အသင်တို့သည် (ဧည့်သည်များကို မဖွယ်မရာလုပ်ခြင်းထက် တရား ဝင်ထိမ်းမြားခြင်းကို) ပြုလိုသူများဖြစ်ကြလျှင် ဤသည်တို့သည် ကျွန်ုပ်၏သမီးများဖြစ်ကြ၏။” ဟု ပြောဆိုခဲ့လေ၏။

[72] (အို၊ ရစူလ်တမန်တော် မုဟမ္မဒ်) ဧကန်စင်စစ်၊ (မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် (သူတို့၏ ဖောက်ပြန်မှုကြောင့်) ဂနာမငြိမ် ကယောင်ကတမ်းဖြစ်လျှက် (အမှန်တရားကို မမြင်နိုင်ဘဲ) ယစ်မူးခြင်း၌ သွေးရူးသွေးတန်း တဝဲလည်လည် သွားလာလှုပ်ရှားနေကြောင်းကို အသင့်ဘဝသက်တမ်းအား သက်သေထူတော်မူ၏။

[73] သို့ဖြစ်ပေရာ နံနက်မိုးသောက်ချိန်တွင် အသံကျယ်လောင်စွာဖြင့် စူးရှသော ပေါက်ကွဲမှုကြီးသည် သူတို့ကို သိမ်းကျုံးသုတ်သင်ခဲ့လေ၏။

[74] ထို့နောက် ငါအရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သော ထိုမြို့ရွာကို) ဇောက်ထိုးမှောက်ခုံ (ဗြောင်း ဆန်) ဖြစ်ပျက်စေတော်မူပြီး သူတို့အပေါ်တွင် (မီးဖုတ်ထားသော ရွှံ့စေးပမာ) ကျောက်ခဲမိုးများကို အ လိပ်လိပ် အထပ်ထပ် ရွာသွန်းစေတော်မူ၏။

[75] ဧကန်ပင်၊ ထို (ဖြစ်စဉ်) ၌ (အပြစ်အပျက်နှင့်အကြောင်းအရာတို့၏အခြေခံအကြောင်းရင်းကို သိနားလည်ရန် စူးစမ်းလေ့လာပြီး) ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတို့အတွက် (သင်ခန်းစာများနှင့်) အာယသ်သက် သေလက္ခဏာတော်များသည် အမှန်ပင် ရှိနေ၏။

[76] ထို့ပြင် ဧကန်ပင်၊ ထို (ပျက်စီးသွားခဲ့သော မြို့ရွာများနှင့်ဆက်နွယ်သည့် သဲလွန်စများ) သည် (ယနေ့တိုင် တည်ရှိနေသော) လမ်းမတစ်ခု၏နံဘေး၌ အမှန်ပင် အခိုင်အမာတည်တံ့လျှက် ရှိနေ၏။

[77] မုချဧကန်၊ ထို (အဖြစ်အပျက်) ၌ သက်ဝင်ယုံကြည်သူတို့အတွက် (အရှင့်အမိန့်စီရင်ချက်လမ်းညွှန်တော်နှင့်တရားလမ်းမှန်ဘက်သို့ ဖိတ်ခေါ်ခြင်းဆိုင်ရာ) အာယသ်သက်သေလက္ခဏာတော်များသည် အမှန်ပင် ရှိနေ၏။

[78] ထို့ပြင် ဧကန်ပင်၊ ''အိုင်ကဟ်'' (တောအုပ်ဒေသ) ၌ နေထိုင်ခဲ့ကြသောဒေသခံပုဂ္ဂိုလ်များသည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူများပင် ဖြစ်ခဲ့ကြကုန်၏။

[79] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူတို့အား (တန်ပြန်မှုအဖြစ်) ဒဏ်ခတ်အရေးယူတော်မူပြီး ဧကန်စင်စစ်၊ ထို (ပြစ်မှုကျူးလွန်သောမြို့ရွာ) ဒေသနှစ်ခုစလုံးသည် မြင်သာထင်ရှားသော လမ်းမ၏နံဘေး၌ အမှန်ပင် ရှိနေခဲ့ကြ၏။

[80] ထို့ပြင် မလွဲဧကန်၊ ''ဟစ်ဂျ်ရ်'' (ကျောက်တောင်ချိုင့်ဝှမ်း) ဒေသ၌ နေထိုင်ခဲ့ကြသော ပုဂ္ဂိုလ်များသည် လည်း (အရှင်မြတ်စေလွှတ်တော်မူသော သတင်းဆောင်) ရစူလ်တမန်တော်တို့အား မဟုတ်မမှန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြလေ၏။

[81] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သူတို့အား အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ပေးအပ်တော်မူခဲ့သော်လည်း သူတို့သည် ယင်းတို့မှ မျက်နှာလွှဲဖယ်လျှက် ရှောင်ပြေးခဲ့ကြ၏။

[82] ထို့ပြင် သူတို့သည် တောင်များအား ခုတ်ဖြတ်ထွင်းထု၍ အိမ်များကို ဆောက်တည်လျှက် (မည်သည့် ဘေးအန္တရာယ်မျှ ကျရောက်လိမ့်မည်မဟုတ်ဟု မှတ်ယူခံစားခြင်းဖြင့်) လုံခြုံစွာ နေထိုင်ခဲ့ကြ၏။

[83] သို့သော် နံနက်မိုးသောက်ချိန်တွင် အသံကျယ်လောင်စွာဖြင့် စူးရှသော ပေါက်ကွဲမှုကြီးသည် သူတို့ကို သိမ်းကျုံးသုတ်သင်ခဲ့လေ၏။

[84] သို့ဖြစ်ပေရာ သူတို့ ရယူရှာမှီးခဲ့သမျှ (ဩဇာအာဏာနှင့်ဓနစည်းစိမ်များသည် သူတို့အတွက် အရာမရောက်ဘဲ ယင်းတို့) မှ သူတို့သည် မည်သည့်အခွင့်ကောင်းမျှ မရရှခဲ့ကြပေ။

[85] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့၌ တည်ရှိနေသောအရာ ဟူသမျှတို့ကိုလည်းကောင်း၊ (တိကျသောရည်ရွယ်ချက် အခြေခံနိယာမတရားများ၊ စနစ်တကျ ရှိစေလျှက်) အမှန်တရားသစ္စာဖြင့်မှအပ (အကြောင်းမဲ့ ပရမ်းပတာ) ဖွဲ့စည်းဖြစ်တည်စေတော်မူသည် မဟုတ်ချေ။ ထို့ပြင် ဧကန်မလွဲ၊ (ငါအရှင်မြတ်က ပြဌာန်းသတ်မှတ်ထားတော်မူသော တမလွန်တရားစီရင်မည့်) နောက်ဆုံး နေ့နာရီသည် မုချပင် ဆိုက်ရောက်လာမည်ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည် လူတို့၏မှားယွင်းချွတ် ချော်မှုများနှင့်နှောက်ယှက်မှုများကို) ဥပေက္ခာပြုလျှက် အကောင်းဆုံးနှင့်အတင့်တယ်ဆုံးနည်းဖြင့် ကောင်းမွန်စွာ ခွင့်လွှတ်လော့။

[86] ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည်၊ အရာခပ်သိမ်းတို့ကို အကြိမ်ကြိမ်အခါခါ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့၏အသေး စိတ် အချက်အလက်များကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[87] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင့်အား အဖန်တလဲလဲ (ရွတ်ဖတ်သရဇ္ဈာယ်ရ) သော (အာယသ်) သက်သေလက္ခဏာတော်ခုနစ်ပါးနှင့် (ယင်းတို့ပါဝင်နေပြီး) ကြီးကျယ်မြင့်မြတ်လှစွာသော ကုရ်အာန်ကျမ်းတော်မြတ်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[88] ငါအရှင်မြတ်သည် (မယုံကြည်) သူတို့ထဲတွင် (အကောင်းအဆိုး၊ ဆင်းရဲချမ်းသာ၊ ပညာရှင်ပညာမဲ့ စသော) လိုက်ဖက်မှုများရှိစေလျှက် ယင်းတို့ဖြင့် လောကီရပိုင်ခွင့်များနှင့်အကျိုးခံစားခွင့်များ ရရှိခံစားစေတော်ခြင်းဘက်သို့ သင့်မျက်စိများအား (အညောင်းခံ) မစုံမက်စေနှင့်။ (သူတို့၏စိတ်သဘောထားများကြောင့်) အသင်သည် သူတို့နှင့်ပတ်သက်၍ ဝမ်းနည်းပူဆွေး၍ စိတ်မပျက်မိလေနှင့်။ အသင်သည် သင်၏ (မေတ္တာ၊ ကရုဏာ၊ အကြင်နာနှင့်လုံခြုံစိတ်ချမှုအပြည့်ရှိသော လက်ရုံးရည်နှလုံးရည်ဆိုင်ရာ) အတောင်ပျံများကို သက်ဝင်ယုံကြည် သူတို့အပေါ်တွင် ခြုံရုံဖြန့်ခင်းစေလော့။

[89] ထို့ပြင် အသင်သည် (မက္ကာ၏အနီးပတ်ဝန်းကျင်ဒေသများမှ ရောက်ရှိလာကြသော မယုံကြည်သူ တို့အား) “ဧကန်ပင်၊ ကျွန်ုပ်သည် (အသင်တို့အပေါ် အရှင့်ပြစ်ဒဏ် မသက်ရောက်စေရန်) အလွန်ပွင့်လင်းရိုး သားသော သတိပေးနှိုးဆော်သူပင် ဖြစ်၏။”ဟု (အတိအလင်း) ပြောကြားလော့။

[90] ငါအရှင်မြတ်သည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော အမိန့်ပညတ်ချက်များကို လိုရာဆွဲအဓိပ္ပါယ် ဖွင့်ဆိုလျှက်) ဂိုဏ်းဂဏများခွဲကြသူတို့အပေါ်၌ (ပြစ်ဒဏ်) ချပေးတော်မူဘိသကဲ့သို့ပင် (သင်တို့အပေါ်လည်း မသက်ရောက်စေရန်၊) ဖြစ်၏။

[91] ကုရ်အာန်ကျမ်းတော်မြတ်ကို (သူတို့၏အကျိုးအတွက် စိတ်တိုင်းကျ ပိုင်းဖြတ်၍ အနက်အဓိပ္ပါယ် ဖွင့်ဆိုလျှက် အနစ်သာရ ပျောက်သွားအောင်) အစိတ်အစိတ် အပိုင်းပိုင်း ပြုလုပ်ကြသူများလည်း ရှိ၏။

[92] သို့ဖြစ်ပေရာ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်သည့် ငါအရှင်မြတ်သည် (ထိုသို့ အစိတ်အစိတ်အပိုင်းပိုင်း ပြုလုပ်ကြသော) သူတို့အားလုံးကို မုချပင် စစ်ဆေးမေးမြန်းတော်မူမည်။

[93] (ထိုသို့ အစိတ်အစိတ်အပိုင်းပိုင်း ပြုလုပ်ကြသော) သူတို့ ပြုမူကျင့်ကြံခဲ့သမျှ အရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း (မုချပင် စစ်ဆေးမေးမြန်းတော်မူမည်။)

[94] သို့ဖြစ်ပေရာ အသင်သည် အမိန့်ပေးညွှန်ကြားတော်မူခြင်းခံရသော အကြောင်းအရာများကို အလေးအနက်ထား၍ အတိအလင်း (ပို့ချ) ကြေညာလော့။ ထို့ပြင် အသင် (တမန်တော်) သည် အရှင်မြတ်နှင့်တွဲဖက် တုပြိုင်၍ (အခြားသောသက်ရှိသက်မဲ့များကို ယုံကြည်ကိုးကွယ်ကြသော) သူတို့အား (အလျှင်း ဂရုမစိုက်ဘဲ) ဥပေက္ခာပြုထားလော့။

[95] ဧကန်ပင်၊ ငါအရှင်မြတ်သည် (အရှင့်အမိန့်ဗျာဒိတ်တော်များနှင့်တမန်တော်မြတ်အား) ပြက်ရယ်ပြုကြသူတို့နှင့်ဆန့်ကျင်၍ အသင့်အားကာကွယ်ရန် လုံလောက်တော်မူ၏။

[96] သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသောကိုးကွယ်ရာများကို (တွဲဖက်ယုံကြည်ကိုးကွယ်စရာအဖြစ်) ဖန်တီးနေကြကြောင်း မကြာမီ (နားလည်သဘောပေါက်လာ၍) သိရှိကြပေလိမ့်မည်။

[97] ထို့ပြင် ဧကန်စင်စစ်၊ သူတို့၏ထိုးနှက်ပြောဆိုမှုများကြောင့် အသင် (တမန်တော်) ၏စိတ်နှလုံးကျဉ်းကျပ်စေကြောင်းကို ဧကန်မုချ ငါအရှင်မြတ်သည် ကောင်းစွာ သိရှိတော်မူ၏။

[98] သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအ ရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိင်းမဲ့၊ အရှင်ဖြစ်တော်မူကြောင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်း မရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်း) ချီးမွမ်းထော မနာပြုခြင်းဖြင့် ဂုဏ်တင်ပြီး (အရှင့်စည်းမျဉ်းတော်များကို တသွေမတိမ်း လိုက်နာလျှက်) နာခံဦးချသူတို့တွင် အပါအဝင် ဖြစ်လော့။

[99] မည်သို့ဆိုစေ၊ အသင်သည် အသင့်ထံ မရဏသေခြင်းတရား တိကျသေချာစွာ ဆိုက်ရောက်လာသည့် အချိန်အထိ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို နာခံကိုး ကွယ်လော့။

ပျား

Surah 16

[1] (နောက်ဆုံးတွင် မယုံကြည်သူတို့အပေါ် ကပ်ဘေးဆိုက်ရောက်စေပြီး အပြီးသတ် ပျက်စီးစေတော်မူမည် ဖြစ်သည့်အတွက်) အလ္လာဟ်အရှင်မြတ်၏အမိန့်တော်စီမံချက်သည် ရောက်ရှိလာရန် ပြဌာန်းသတ် မှတ်ပြီးဖြစ်ရာ (ယုံကြည်သူများဖြစ်ကြသော) အသင်တို့သည် ယင်း (အမိန့်တော်စီမံချက်) ကို (သံသယဝင်၍ ပြက်ရယ်ပြုသည့်အနေဖြင့် တမန်တော်မြတ်ထံလာရောက်လျှက် ယင်းအား) အလျင်စလို ရောက်ရှိလာစေတော်မူရန် မတောင်းဆို မလိုလားကြလေနှင့်။ ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိင်းမဲ့၊ အရှင်ဖြစ်တော်မူကြောင်း၊ (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်းမရှိကြောင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အာလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်ကြောင်း) နှင့်ထိုအရှင်မြတ်သည် (မယုံကြည်သူတို့က အခြားသော သက်ရှိသက်မဲ့များကို အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက်ရှိကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[2] ဧကန်ပင်၊ ငါအရှင်မြတ်သည် (သက်ရှိသက်မဲ့အရာသိမ်းတို့တွင်) ငါအရှင်မြတ်မှအပ အခြားကိုးကွယ် ထိုက်သောအရာဟူ၍ အလျှင်း မရှိသောကြောင့် ငါအရှင်မြတ်အားသာလျှင် စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။” ဟု သတိပေး နှိုးဆော်တိုက်တွန်းစေရန်အလို့ငှာ အရှင့်အစေခံလူသားများအနက်မှ (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအပေါ်၌သာ အရှင့်ထံတော်မှ ဝဟီအမိန့်တော်အား ယူဆောင်လာသော ရူဟ် (ခေါ် ဂျီဗ်ရီလ်ကောင်း ကင်စေတမန်) နှင့်အတူ မလာအီကာ စေတမန်များကိုပါ စေလွှတ်ဆင်းသက်စေတော်မူ၏။

[3] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်သော အခြေခံရည်ရွယ်ချက်နှင့်တကွ) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ဖြစ်၍ အရှင်မြတ်သည် (မယုံ ကြည်သူတို့ က အခြားသောသက်ရှိသက်မဲ့များကို အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိကြသည်တို့မှ သန့်ရှင်း စင်ကြယ် မြင့်မြတ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[4] ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူသော်လည်း သူသည် (တစ်ကိုယ်ကောင်းဆန်လျှက် အမှန်တရားအား ဆန့်ကျင်ခြင်းဖြင့် ထင်ရှားရက်စက်သော ရန်ဘက် ဖြစ်လာ၏။)

[5] ထို့ပြင် ထိုအရှင်မြတ်သည် ကျွဲနွားအစရှိသော တိရိစ္ဆာန်များကိုလည်း ဖွဲ့စည်းဖြစ်တည်စေတော်မူရာ ယင်း တို့၌ သင်တို့အတွက် (အဝတ်အထည်ရစေ၍) နွေးထွေးမှုနှင့်အခြား အကျိုးကျေးဇူးများရရှိသည့်အ ပြင် ယင်းတို့အနက်မှ (စားသောက်ဖွယ်ရာများကို) စားသုံးနိုင်ကြ၏။

[6] ထို့ပြင် အသင်တို့သည် (ယင်းတိရစ္ဆာန်များကို) နံနက်ယံတွင် စားကျက်သို့ လွှတ်ကြသောအချိန်၌လည်း ကောင်း၊ ညနေချမ်းတွင် စားကျက်မှ (အိမ်သို့) ပြန်သွင်းလာကြသောအချိန်၌လည်းကောင်း၊ ယင်းတို့၌ သင်တို့အတွက် လှပတင့်တယ်နှစ်လိုဖွယ်ရာပီတိကို ခံစားစေတော်မူ၏။

[7] ထို့ပြင် ယင်း (ခြေလေးချောင်းတိရစ္ဆာန်များ) သည် အသင်တို့၏ဝန်စည်စလယ်များကို နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အလွန်အမင်း ခဲယဉ်းစွာစေခြင်းမှအပ ရောက်ရှိရန် မဖြစ်နိုင်သော မြို့ရွာ ဒေသများသို့ သယ်ယူပို့ဆောင်ပေးကြ၏။ ဧကန်စင်စစ်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူတို့၏ဒုက္ခအခက်အခဲများကို လွယ်ကူစေရာ တွင် အလွန်ပင် နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အားလုံးအပေါ်တွင် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[8] ထိုမျှမက (ထိုအရှင်မြတ်သည်ပင်လျှင်) မြင်း၊ လားနှင့်မြည်းစသော တိရစ္ဆာန်များကိုလည်း အသင်တို့ သည် ယင်းတို့ကို စီးနင်းကြရန်နှင့်ကြည်နူးဖွယ်ရာလှပတင့်တယ်မှုကို ရရှိခံစားစေရန်လည်းကောင်း၊ အ သင်တို့ (မြင်နိုင်တွေ့ကြုံခံစားနိုင်သောအရာများအပြင် အခြားဉာဏ်မမီ၍) မသိကြသေးသောအရာ များကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[9] စင်စစ်သော်ကား (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ချီးမြှင့်တော်မူသည့်အတွက် ဘဝ တည်ဆောက်ရေးလမ်းစဉ်အမျိးမျိုးကို ကြံဆတီထွင်ကြရာ) ထိုလမ်းစဉ်များတွင် (ယင်းတို့နှင့်အညီ ဘဝဆောက်တည်ခြင်းဖြင့် အစွန်းရောက်ပြီး လမ်းမှားရောက်စေသည့်) ကွေ့ကောက်မှုများလည်းရှိသောကြောင့် (အစွန်းမရောက်ဘဲ ပန်းတိုင်အရောက်ဦးတည်စေရန် လမ်းညွှန်များပါရှိသော) အလ္လာဟ်အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်အပေါ်၌သာ အခြေခံ၍ ဘဝတည်ဆောက်ရာ၏။ သို့ရာတွင် အကယ်၍သာ အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို ဧကန်မုချပင်၊ တရားလမ်းမှန် ညွှန်ပြတော်မူနိုင်၏။

[10] ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ သောက်သုံးနိုင်သောရေနှင့်ထိုရေကြောင့် (ချုံပုတ်၊ ချုံတောများ သဘာဝပေါက်ပင်များနှင့်) သစ်ပင်မြက်ပင်များဖြစ်ထွန်းစေလျှက် သင်တို့ (၏ကျွဲနွားတိရိစ္ဆာန်များ) အ တွက်လည်း စားကျက်များဖြစ်ပေါ်စေရန်အလို့ငှာ ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူ၏။

[11] (ထိုအရှင်မြတ်သည်) ထိုမိုးရေဖြင့်ပင် သင်တို့အတွက် ကောက်ပဲသီးနှံများ၊ သံလွင်ပင်များ၊ စွန်ပလွံပင်များ၊ စပျစ်ပင်များနှင့်သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်ဖြစ်ထွန်းစေတော်မူ၏။ ဧကန်ပင်၊ ထို့သို့ အ ထင်အရှား ဖြစ်ထွန်းစေတော်မူခြင်း၌ စဉ်းစားဆင်ခြင်ချင့်ချိန်သုံးသပ်ကြသူတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များသည် (သင်ခန်းစာအဖြစ်) ရှိနေ၏။

[12] ထို့ပြင် ထိုအရှင်မြတ်သည်ပင်လျှင် သင်တို့၏အကျိုးအတွက် ညနှင့်နေ့၊ နေနှင့်လတို့ကိုလည်းကောင်း၊ ဂြိုလ်နက္ခတ်တာရာတို့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏အမိန့်နိယာမတရားများအား နာခံစေခြင်းဖြင့် (ပြောင်းလဲဖြစ်ပေါ်စေလျှက်) အသုံးဝင်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုသို့ပြောင်းလဲဖြစ်ပေါ်ခြင်း၌ ဆင်ခြင်တုံတရားကို သုံး၍ သိနားလည်ရန်ကြိုးစားသော လူမျိုးတို့အတွက် သင်ခန်းစာယူဖွယ် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[13] ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မြေကမ္ဘာ၌ အရောင်အဆင်းအနံ့အရသာ အမျိုးမျိုးရှိသော (စားစရာသောက်စရာများ) တိုးပွားဖြစ်ထွန်း ပေါ်ပေါက်စေတော်မူ၏။ မုချဧကန်၊ ထိုသို့တိုးပွား ဖြစ် ထွန်းစေတော်မူခြင်း၌ (ယင်းတို့ကို မည်သို့ စနစ်တကျ လိုက်ဘက်မျှတစေ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်အရာများအဖြစ် ဖြစ်ထွန်းစေတော်မူသော) အရှင်မြတ်ကို သတိရ တသ၍ သတိမူ၊ ထုတ် ဖော်ဖွင့်ဟကြသော လူမျိုးတို့အတွက် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။

[14] အမှန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းမှ အသင်တို့ လတ်ဆတ်သော အသားများ ကိုစားသုံးနိုင်ကြရန်လည်းကောင်း၊ လက်ဝတ်လက်စားအလှတန်ဆာများကို ထုတ်ယူနိုင်ကြရန်နှင့်ဆင်ယင် သုံးစွဲနိုင်ကြရန်လည်းကောင်း၊ အသုံးဝင်သောအရာအဖြစ် ဖြစ်စေတော်မူခြင်းသည် အသင်တို့ တွေ့မြင်ကြရသော ရေယာဉ်သင်္ဘောများကို ထိုပင်လယ် သမုဒ္ဒရာ၌ ရှေ့တိုးခုတ်မောင်းသွားလာ (၍ ကူးလူးဆက်ဆံစေတော်မူ) ခြင်းဖြင့် (ထိုပင်လယ်သမုဒ္ဒရာများ၌ ရှိသော သယံဇာတများ၊ ပုလဲရတနာများနှင့်စားစရာငါးများ အစရှိသည့်) အရှင်မြတ်၏ရက်ရောသော ကျေးဇူးတော်များကို ရှာဖွေရယူနိုင်ကြရန်နှင့် (လူသားအား ပေးအပ်တော်မူတော်သော အဆိုပါကျေးဇူးတော်များနှင့်စပ်လျဉ်း၍) ကျေးဇူးသိတတ်ကြရန်အလို့ငှာပင် ဖြစ်၏။

[15] ထို့ပြင် ထိုအရှင်မြတ်သည် မြေကမ္ဘာ၌ (သင်တို့က အသက်မွေးဝမ်းကျောင်းမှုအတွက် ရုန်းကန်လှုပ်ရှားရာတွင် တည်ငြိမ်မှုရှိစေလျှက်) ယင်းနှင့်အတူလည်ပတ်စေတော်မူရန် တောင်များကို (ကျောက်ဆူးများပမာ) ချထားတော်မူသည့်အပြင် အသင်တို့ လမ်းညွှန်မှန်ရစေတော်မူရန်အလို့ငှာ မြစ်ချောင်းအင်းအိုင်များနှင့်လမ်းကြောင်းများကိုလည်း အခိုင်အမာ ဖြစ်တည်ပေါ်ပေါက်စေတော်မူ၏။

[16] ထို့ပြင် (အဆိုပါတောင်များကို ခရီးသွားလာရေးအား ချောမောလွယ်ကူစေသော) အမှတ်သညာမှတ် တိုင်များ (အဖြစ်) လည်း ဖြစ်စေတော်၏။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း သူတို့အား တရားလမ်းမှန် ညွှန်ပြစေတော်မူ၏။

[17] သို့ဖြစ်ပေရာ အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှ ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသောသူကဲ့သို့ ဖြစ်တော်မူမည်လော။ သို့ပါလျက် အသင်တို့သည် (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများအား စူးစမ်းလေ့လာ၍ ယင်းတို့၌ တည်ရှိနေသော အရှင့် နိယာမတရားကို) သတိရ တသ၍ ဖွင့်ဟထုတ်ခြင်း မပြုကြလေသလော။

[18] စင်စစ်သော်ကား၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူထားသော ကျေးဇူးတော်များ၊ ဂုဏ်ပေးမှုများ၊ လမ်းညွှန်များနှင့်လောကီခံစားခွင့်မျာကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းတို့ကို (အလျှင်း) တွက်ချက် ရေတွက်နိုင်ကြမည် မဟုတ်ပေ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူး လွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[19] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထိန်ချန်လျှို့ဝှက်ထားကြသောအကြောင်းကိစ္စများနှင့်ထုတ် ဖော်ဖွင့်ဟကြသော အကြောင်းကိစ္စများကို အကြွင်းမဲ့ သိနေတော်မူ၏။

[20] စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် အလ္လာဟ်အ ရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) အခြားအရာများကို အားကိုးတကြီး ဟစ်ခေါ်ကြသော်လည်း (အမှန်မှာ) ယင်းတို့သည် (အရှင်မြတ်၏) ဖွဲ့စည်းဖြစ်တည်စေခြင်းခံကြရသော အရာများသာဖြစ်ပြီး မည်သည့် တစ်စုံတစ်ရာကိုမျှ အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်း မရှိကြပေ။

[21] (အရှင်မြတ်မှလွဲ၍ သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသောအရာများသည်) ကွယ်လွန်ပျက်သုန်းမည့် အရာများသာဖြစ်ပြီး အစဉ် ရှင်သန်တည်တံ့မည့်အရာများ မဟုတ်ကြပေ။ ထို့ပြင် ယင်းတို့သည် မည်သည့်အချိန်၌ ရှင်ပြန်ထစေခြင်းခံကြရမည်ကိုပင် သတိမူနိုင်စွမ်း မရှိချေ။

[22] (နှလုံးသွင်းမှတ်ယူကြလော့။) သင်တို့၏ကိုးကွယ်ရာအရှင်သည် ဧကောဒိတစ်ဆူတည်းသော အရှင်မြတ် ပင် ဖြစ်တော်မူ၏။ သို့ရာတွင် တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၏စိတ်နှလုံးများ (နှင့်အတွေး အခေါ်များ) သည် (ကိုးကွယ်ရမည့်အရှင်မှာ တစ်ဆူတည်းဖြစ်တော်မူကြောင်းနှင့်အမှန်တရား သစ္စာတို့ကို) ငြင်းဆိုလျက် ရှိ ကြပြီး (အနန္တကရုဏာရှင်အား အာခံ၍) မာန်မာနထောင်လွှားလျက်ပင် ရှိကြကုန်၏။

[23] မလွဲဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထိန်ချန်လျှို့ဝှက်ထားကြသော အကြောင်းကိစ္စများ နှင့်ထုတ်ဖော်ဖွင့်ဟကြသော အကြောင်းကိစ္စများကို အကြွင်းမဲ့ သိနေတော်မူကြောင်း ဒွိဟသံသယဖြစ်စရာ အကြောင်းမရှိသော်လည်း သူတို့က ယုံကြည်လက်ခံရန် အဆင်သင့် မဖြစ်ကြပေ။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် မာန်မာနထောင်လွှားသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

[24] ထို့ပြင် (အရှင်မြတ်မှလွဲ၍ သက်ရှိသက်မဲ့များအနက်မှ အခြားအရာများကို ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသော) သူတို့သည် “အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က မည်သည့်အရာကို ချမှတ်ပေးအပ်တော်မူသနည်း။” ဟု မေးမြန်းခြင်း ခံရသောအခါ၊ သူတို့က ''ရှေးခေတ်လူတို့၏ဒဏ္ဍာရီဝတ္ထုများပင်'' ဟု ပြောဆိုဖြေကြားလေ၏။

[25] (ထိုသို့ ဖီဆန်ငြင်းပယ်မှုကြောင့် နောက်ဆုံးတွင်) သူတို့သည် ရှင်ပြန်ထမည့်နေ့၌ သူတို့ (၏ပြုမူကျင့် ကြံဖြင့် ရှာမှီးထားသော အပြစ်) ဝန်ထုပ်များကို အပြည့်အဝ ထမ်းဆောင်ကြရလိမ့်မည်။ ထိုဝန်ထုပ်များ အ နက်မှ အချို့သည် မသိနားမလည်ဘဲ ပညာမဲ့စွာဖြင့် (ပြုမူကျင့်ကြံကြပြီး) သူတိုအား လမ်းမှားရောက်စေ၏။ သူတို့ သယ်ပိုးထမ်းရွက်ကြသော ဝန်ထုပ်ဝန်ပိုးသည် အဘယ်မျှ ယုတ်ညံ့ဆိုးရွားလှသော ဝန်ထုပ်ဖြစ်သည်ကို သတိပြုကြလော့။

[26] ဧကန်အမှန်၊ သူတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း (သူတို့ကဲ့သို့ပင် မယုံကြည်မှုနှင့်မကောင်းမှု ဒုစရိုက်များကို မရမနေ ဇွဲကောင်းစွာဖြင့်) ကြံစည်လုပ်ဆောင်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ ၏အဆောက်အအုံများကို အခြေခံအုတ်မြစ်များမှ ပြိုပျက်စေတော်မူခဲ့သောကြောင့် သူတို့အထက်တွင်ရှိသော အိမ် ခေါင်မိုးများသည် သူတို့အပေါ်၌ ပြိုကျလာခဲ့ပြီး ထိုပြစ်ဒဏ်သည် မည်သည့်နေရာမှ ဆိုက် ရောက်လာသည်ကိုပင် သူတို့က သတိမမူနိုင်ခဲ့ကြပေ။

[27] တစ်ဖန် ထိုအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့အား အရှက်တကွဲ ဖြစ်စေတော်မူပြီး “(လောကီကမ္ဘာ၌) သင်တို့က (ယုံကြည်သူတို့အား) အာခံဖီဆန်၍ (အရှင့်လမ်းညွှန်တော်ကို) နာခံလိုက်နာခြင်း မပြုရန် (ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍) ယုံကြည်ကိုးကွယ်ခဲ့ကြသော သင်တို့၏ထိုကိုးကွယ်ရာများသည် အဘယ်မှာနည်း။” ဟု မေးမြန်တော်မူမည်။ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့က “ဧကန်ပင်၊ ယနေ့ကြုံတွေ့ရမည့် အရှက်ကွဲမှုနှင့်ယုတ်ညံ့ဆိုးဝါးလှသောပြစ်ဒဏ်များသည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့အပေါ်၌သာရှိအံ့။"" ဟု ပြောဆိုကြပေမည်။

[28] ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား အရှင့်စည်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံရာ၌ အသုံးချနေစဉ်ပင် မလာအီကာစေတမန်များက သူတို့၏အသက် ဇီဝိန်များကို ချုပ်ငြိမ်းစေခဲ့ကြ၏။ သို့ဖြစ်ပေရာ (သူတို့သည် ပြစ်ဒဏ်များကို မျက်ဝါးထင်ထင် တွေ့မြင်ကြသောအခါ သူတို့က ဆင်ခြေပေးသည့်အနေဖြင့်) “ကျွန်တော်မျိုးတို့သည် မည်သည့် မကောင်းမှုကိုမျှ ပြုမူကျင့်ကြံကြသည်မဟုတ်ဘဲ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျှက် ကျိုးနွံစွာ) နာခံလိုက်နာရန် ကမ်းလှမ်းပါ၏။” (ဟု အသနားခံကြလိမ့်မည်။) ထိုသို့ အလျှင်းမဟုတ် (ဘဲ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရန် ဆင်ခြေပေးခြင်း သာဖြစ်၏။) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[29] သို့ဖြစ်ပေရာ (ယခုမူ) သင်တို့သည် ငရဲဘုံ၏တံခါးပေါက်များမှ ထိုငရဲဘုံ၌ ကာလအကန့်အသတ်မဲ့နေ ထိုင်ကြရန် ဝင်ရောက်ကြလော့။ စစ်စစ်မှာမူကား၊ (မာန်မာနကြီးစွာဖြင့် အရှင့်လမ်းညွှန်တော်ကို လက်ခံရန် ငြင်းပယ်ခဲ့ကြသော) မောက်မာပလွှားသူတို့၏ (နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနသည် အလွန်ပင် ဆိုးရွားလှပေ၏။

[30] သို့ရာတွင် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသူတို့သည် “အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချမှတ်ပေးအပ်တော်မူသနည်း။” ဟု မေးမြန်းခြင်းခံရသောအခါ သူတို့က “ကောင်းမြတ်သောအရာ” ဟု ပြောဆို ဖြေကြား၏။ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတိုအတွက် ဤလောကီဘဝ၌ ကောင်းမြတ်မှုများ ရှိပြီး တမလွန်ဘဝ၏ဗိမာန်မှာမူ အကောင်းမြတ်ဆုံးဖြစ်သည့်အပြင် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သော ဗိမာန်သည် အကောင်းမြတ်ဆုံး ဂုဏ်ပေးခံရမှုပင် ဖြစ်၏။

[31] ထိုသူတို့ဝင်ရောက်ကြမည့် သုခဥယျာဉ် (ဗိမာန်) များသည် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီး ဆင်းနေပြီး အစဉ် အမြဲထာဝရ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ကြရမည့် သုခဥယျာဉ်များပင် ဖြစ်၏။ သူတို့အတွက် ထိုသုခဥယျာဉ်များတွင် သူတို့ အလိုရှိသမျှတို့လည်း ရှိကြမည်။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသော) သူတော်စင်တို့အား ထိုကဲ့သို့ပင် (အကျိုးဆုလဒ်များဖြင့်) အစားပေးတော်မူမည်။

[32] (အဆိုပါတော်စင်များ၏ဘဝကူးပြောင်းချိန်ဆိုက်ရောက်လာသည့်အခါ) မလာအီကာစေတမန်များသည် သူတိုအား “ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်၌ ရှိပါစေ။ သင်တို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ သုခဥယျာဉ်ထဲသို့ ဝင်ကြလော့” ဟု မေတ္တာပို့၍ နှုတ်ဆက်စကားပြောဆိုလျှက် အသက်နုတ်ယူကြမည် ဖြစ်၏။

[33] (မယုံကြည်သူနှင့်အမှန်တရားကို သွေဖည်ငြင်းပယ်ကြသော) သူတို့သည် သူတို့ထံ မလာအီကာစေတမန်များ ရောက်လာ (၍ ငရဲဘုံသို့ခေါ်သွား) ရန် သို့တည်းမဟုတ် ကောင်းကင်တမန်များ ရောက်ရှိလာကြခြင်းမှအပ၊ သို့တည်းမဟုတ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက် (ရှိလာ၍ သူတို့အတွက် ငရဲဘုံ၏တံခါးပေါက်များကို ဖွင့်လစ်ထား) ရန်မှအပ၊ အခြားမည်သည်ကို စောင့်မျှော်နေကြသနည်း။ သူတို့မတိုင်မီ ရှိခဲ့ကြသော (ရှေးခေတ်လူသားဖြစ်) သူတို့ကလည်း ထိုနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြ၏။ အမှန်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မတော်မတရား ပြုတော်မူသည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ သူတို့ကိုယ်သူတို့သာ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြခြင်းသာ ဖြစ်၏။

[34] သို့ဖြစ်ပေရာ သူတို့၏ပြုမူကျင့်ကြံမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်မှာ သူတို့၌ ဘေးဒုက္ခအန္တရာယ်များ ဆိုက်ရောက်လာခြင်းဖြစ်ပြီး (လောကီဘဝ၌) သူတို့ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သမျှသည် (ပြစ် ဒဏ်များအဖြစ် ပြောင်းလဲစေ၍) သူတို့အား ဝန်းရံလွှမ်းမိုးလိမ့်မည်။

[35] စင်စစ် (အခြားအရာများကို အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က “အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် ထိုအရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ခဲ့ကြမည် မဟုတ်ပေ။ ထို့ပြင် အရှင့်အမိန့်ညွှန်ကြားချက်မရဘဲ မည်သည့် တစ်စုံတစ်ရာကိုမျှ တားမြစ်ပိတ်ပင်ကြမည်လည်း မဟုတ်ပေ။” ဟု ပြောဆိုကြ၏။ သူတို့မတိုင်မီ ရှိခဲ့ကြသော (ရှေးခေတ်) လူတို့သည်လည်း ထိုကဲ့သို့ပင် ပြုမူကျင့်ကြံခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏အ မိန့်တော်များကို လူတို့ထံ) ပို့ဆောင် ဟောကြားခြင်းမှအပ အခြား တာဝန်ရှိနိုင်မည်လော။

[36] စင်စစ်သော်ကား ဧကန်ပင်၊ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် အလ္လာဟ်အရှင်မြတ်မှအပ အခြား မည် သည့် သက်ရှိသက်မဲ့ကိုမျှ မကိုးကွယ်ရန်နှင့်ရုပ်ပွားဆင်းတုအစရှိသော မှားယွင်းသည့် ကိုးကွယ်ရာများကို ရှောင်ကြဉ်စွန့်လွှတ်ကြရန် အမိန့်လမ်းညွှန်ချက်နှင့်အတူ ရစူလ်တမန်တော်တစ်ပါးစီအား ပွင့်ပေါ်စေတော်မူ၏။ သို့ရာတွင် သူတို့အနက်မှ အချို့ကို အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန် ညွှန်ပြတော်မူပြီး အချို့မှာမူ သူတို့၏ပြုမူကျင့်ကြံမှုများကြောင့် သူတို့အပေါ်၌ လမ်းမှားမှုကိုခွင့်ပြုတော်မူရန် ​မျှတစွာ အတည်ပြုတော်မူ၏။ သို့ဖြစ်ပေရာ ကမ္ဘာဂြိုဟ်၌ လှည့်ပတ်သွား လာပြီးနောက် (ယခင်က အမှန်တရားအား မဟုတ်မတရားစွပ်စွဲ လှောင်ပြောင်လျက်) သွေဖည်ငြင်းဆန်ခဲ့ကြသော သူတို့၏ဘဝနိဂုံးများ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ် နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာ၊ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့”။

[37] (အို၊ ရစူလ်တမန်တော်) အသင်သည် လူသားတို့အား တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင် ထက်ထက်သန်သန် လိုလားတောင့်တသော်လည်း ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ယုံ ကြည်မှုနှင့်ပြုမူကျင့်ကြံမှုကြောင့် လမ်းလွဲစေတော်မူသောသူအား တရားလမ်းမှန်ကိုညွှန်ပြတော်မူသည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ကူညီစောင့်မမည့်သူများဟူ၍လည်း အလျှင်း ရှိကြလိမ့်မည် မဟုတ်ပေ။)

[38] “စင်စစ်သော်ကား၊ ယင်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ပေ။” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အလေးအနက် ကျိန်ဆိုခဲ့ကြလေ၏။ ထိုသို့အလျှင်း မဟုတ်ပေ။ အမှန်မှာ ထိုအရှင်မြတ်သည် (သေပြီးနောက် ရှင်ပြန်ထမြောက်စေတော်မူမည်ဟူသော) ကတိတော်အား အရှင့်အပေါ်၌ အမှန်တရားသစ္စာအဖြစ် (အရှင်မြတ်ကပင်) အတည်ပြုတော်မူခဲ့ပြီးဖြစ်သော်လည်း လူသားအများစုမှာမူ (ယင်းနှင့်စပ်လျဉ်း၍ အမှန်တရားကို သိလိုသော ဆန္ဒမရှိခြင်းကြောင့်) မသိနားမလည်ကြချေ။

[39] (ထိုသို့ အရှင့်ကတိတော်နှင့်အညီ မုချပင် ရှင်ပြန်ထစေတော်ရခြင်းမှာ) သူတို့ရှေ့ဝယ်၌ သူတို့က ထို (ရှင် ပြန်ထစေမည့်ကိစ္စ) နှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲခဲ့ကြသည်ကို မြင်သာထင်ရှားစွာ ထုတ်ဖော်ရှင်းလင်းရန်နှင့်မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် ဧကန်စင်စစ်၊ အမှန်တရားကို ငြင်းဆန်သော မုသာဝါဒီများဖြစ်ကြောင်းကို ကောင်းစွာ သိစေရန်အတွက်သာ ဖြစ်၏။

[40] ဧကန်ပင်၊ (လူသားအား ပထမအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူသကဲ့သို့ပင် သက်ရှိကို သက်မဲ့ဖြစ်စေ ခြင်း၌လည်း အလွန်လွယ်ကူစွာ ပြုနိုင်စွမ်းရှိတော်မူသော) ငါအရှင်မြတ်သည် တစ်စုံတစ်ရာနှင့်စပ်လျဉ်း ၍ ရည် ရွယ်တော်မူသောအခါ ယင်းအတွက် “ဖြစ်စေ” ဟု ငါအရှင်မြတ်က မိန့်တော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာလေ၏။

[41] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မတော်မတရား (ညှဉ်းပန်းနှိပ်စက်) မှုကို ခံခဲ့ကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရုန်းကန်လျှက် နေရင်းဒေသစွန့်၍ ရွှေ့ပြောင်းနေထိုင်သူတို့အား ဤလောကီဘဝ၌ အမှန်ပင် ကောင်းမွန်စွာ အခြေချနေထိုင်ရာပေးတော်မူမည်ဖြစ်ပြီး နောင်တမလွန် ဘဝ၏အကျိုးဆုလဒ်မှာလည်း အကြီးမြတ်ဆုံးပင် ဖြစ်ကြောင်းကို အကယ်၍ သူတို့သိကြလျှင် ကောင်းလေစွ။

[42] သူတို့သည် (ထိုသို့ နေရင်းဒေသစွန့်၍ ရွှေ့ပြောင်းနေထိုင်ရာ၌ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲအကျပ်အတည်းဟူသမျှအား ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်ကြပြီး (အရေးကိစ္စဟူသမျှအတွက်) သူတို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ အပ်နှံကြ၏။

[43] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ လွန်လေပြီးခဲ့သော မြို့ရွာဒေသများတွင် နေထိုင် ခဲ့ကြသည့်ပြည်သူများအနက်မှ အမျိုးသားများကိုသာလျှင် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၍ သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် မသိနားမလည်ကြလျှင် (ကျမ်းတော်နှင့်စပ်လျဉ်း၍ ကျွမ်းကျင်စွာဖြင့် ဂဃနဏ သိနားလည်ကြသော) ပညာရှင်အသိုင်းအဝိုင်းတို့အား မေး မြန်းကြလော့။

[44] (ငါအရှင်မြတ်သည် တမန်တော်များအား) မြင်သာထင်ရှားသောသက်သေလက္ခဏာတော်များ ပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ကျမ်းဂန်များကိုပါ ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင် (တ မန်တော်) ထံသို့လည်း လူသားအတွက် မြင်သာထင်ရှားသောသက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်အဖြစ် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) ကို ချ မှတ်ပေးအပ်တော်မူခဲ့ရာ သူတို့ထံ (လောကီလောကုတ္တရာနှစ်ဌာနစလုံးနှင့်စပ်လျဉ်း၍) ချမှတ်ပေးအပ်တော်မူခြင်းခံရသမျှသည် သူတို့ အလေးအနက်စဉ်းစားဆင်ခြင်လျှက် ရောင်ပြန်ဟပ်နိုင်ရန်အတွက်သာ ဖြစ်၏။

[45] အသို့ပါနည်း၊ (အရှင်မြတ်၏ကျေးဇူးတော်များဖြစ်သော အစ္စလာမ်နှင့်ရစူလ်တမန်တော်မြတ်ကို အာခံဖီ ဆန်လျှက်) မကောင်းမှုအကုသိုလ်များကို ကြံစည်ဖန်တီးကြသူတို့သည် အလ္လာဟ်အရှင်မြတ်က သူတို့အား (ရုတ်တရက် မြေပြိုခြင်းခံရ၍) မြေမျိုစေတော်မူမည်ကိုသော်လည်းကောင်း၊ သို့မဟုတ် သူတို့ထံ သူတို့က သတိမမူ၊ မထင်မှတ်ကြသောနေရာမှ ပြစ်ဒဏ်ရောက်ရှိလာမည်ကိုသော်လည်းကောင်း၊ စိုးရိမ်မှုကင်းစွာဖြင့် လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။

[46] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် သူတို့ခေါက်တုန့်ခေါက်ပြန်သွားလာနေခိုက် သူတို့အား (ရုတ်တရက်) အရေးယူ သုတ်သင်တော်မူမည်ဖြစ်ရာ သူတို့သည် (အရှင့်အနန္တစွမ်းဆောင်ရည်ကို တားဆီး၍) မလွတ်မြောက်နိုင်ကြောင်းကို (မသိကြလေသလော။)

[47] (သို့တည်းမဟုတ် ထိုအရှင်မြတ်သည် သူတို့၏စည်းစိမ်ဥစ္စာဓနနှင့်ကျန်းမာရေးကို ဆုတ်ယုတ်စေတော်မူလျှက်) သူတို့အပေါ်တွင် အရေးယူသုတ်သင်ခြင်းကို တဖြည်းဖြည်း ဖြစ်စေတော်မူမည်ဖြစ်ရာ ဧကန်မလွဲ၊ အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် လူသား၏ဒုက္ခအခက်အခဲများကို ဖယ်ရှားလွယ် ကူစေရာတွင် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ အပေါ်တွင် အစဉ်သ နားညှာတာတော်မူ သောအကြင်နာရှင်၊ ဖြစ်တော်မူကြောင်းကို (မသိကြလေသလော။)

[48] အလ္လာဟ်အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာဟူသမျှသည် ယင်းတို့၏အရိပ်များအား လက်ယာနှင့်လက်ဝဲဘက်သို့ ကိုင်းညွတ်တိမ်းညွတ်စေလျှက် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီ အရှင်မြတ်) အား ကျိုးနွံစွာ ဦးချလျက်ရှိကြောင်းကို သူတို့ မသိမြင် မသုံးသပ်ကြလေသလော။

[49] ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ သွားလာလှုပ်ရှားနေသည့် သက်ရှိသတ္တဝါများနှင့်မလာအီကာ စေတမန်များသည်လည်း အလ္လာဟ်အရှင်မြတ် (၏စဉ်းမျဉ်းနိယာမတော်များကို နာခံလိုက်နာ၍ အရှင်မြတ်) အား ဦးချလျက်ရှိကြပြီး သူတို့သည် မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။

[50] (မလာအီကာ စေတမန်များ ဖြစ်ကြသော) သူတို့သည် သူတို့ထက် (ဝယ် ပကတိတန်းခိုးအာဏာ အလုံး စုံကို ပိုင်ဆိုင်တော်မူပြီး) မြင့်မြတ်တော်မူသော၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးကြြပီး အမိန့်ညွှန်ကြားတော်မူ ခြင်းခံရသမျှကို လိုက်နာဆောင်ရွက်ကြ၏။

[51] စင်စစ် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် (အစဉ်ထာဝရတည်ရှိတော်မူပြီး) တစ်ဆူတည်းသောအရှင် ဖြစ်တော်မူသော ကြောင့် သင်တို့သည် ကိုးကွယ်ရာ အရှင်နှစ်ပါး (သို့မဟုတ် ထိုထက်မက ရှိသည်ဟု ယူဆကိုးကွယ်ခြင်း) မပြုကြလေနှင့်။ (အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်အားကိုးစရာအရှင် အလျှင်း မရှိသောကြောင့်) သင်တို့သည် ငါအရှင်မြတ် အားသာလျှင် ထိတ်လန့်စိုးရွံ့ (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံ) ကြလော့။

[52] ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသော (သက်ရှိသက်မဲ့) အလုံးစုံတို့သည် ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင်မြတ်သာ ပိုင်ဆိုင်တော်မူပြီး အစဉ်အမြဲ တည်တံ့မည့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည်လည်း (အရှင့်စည်းမျဉ်းနိယာမတော်များအား နာခံလိုက်နာစေခြင်းဖြင့်) ထိုအရှင်မြတ်နှင့်သာ ထိုက်ထန်၏။ သို့ဖြစ်ပေရာ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အခြား (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့အစရှိ) သောအရာများကို စိုးရွံ့ထိတ်လန့်ရမည်လော။

[53] ထို့ပြင် သင်တို့နှင့်အတူ ရှိသမျှ (ကျေးဇူးတော်၊ ကျမ်းတော်၊ လမ်ညွှန်တော်နှင့်ရိက္ခာ စသော) အရာများသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ချီးမြှင့်တော်မူသော) ဂုဏ်ပေးမှုများသာ ဖြစ်၏။ ထို့နောက် သင်တို့၌ ဘေးဒုက္ခသက်ရောက်ခဲ့သောအခါ သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ကူညီစောင်မမှုအတွက် ဟစ်ကြွေး ပန်ကြားကြ၏။

[54] ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ဘေးဒုက္ခကို အသင်တို့မှ ဖယ်ရှားတော်မူသောအခါ သင်တို့အနက်မှ လူတစ်စုသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ် (၍ အခြားသော သက်ရှိသက်မဲ့များကို ကိုးကွယ်ရာများအဖြစ် မှတ်ယူကိုးကွယ်) ကြ၏။

[55] (ထိုသို့ အရှင်မြတ်မှအပ အခြားသောအရာများကို ကိုးကွယ်ခြင်းသည်) သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသောကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်း (လျှက် အမှန်တရားကို မယုံ ကြည် ဖီဆန်ငြင်းဆန်) ကြရန်အတွက်ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် (ခေတ္တခဏမျှသာ တည်တံ့မည့် လောကီအကျိုး ခံစားခွင့်များဖြင့်) ပျော်မွေ့နေကြသော်လည်း သင်တို့သည် မကြာမီ (အမှန်တရားကို) သိရှိကြပေမည်။

[56] ထို့ပြင် သူတို့သည် သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာနှင့် အခြား လိုအပ်ချက်များအနက်မှ ထိုအရာများ၏သဘောသဘာဝ၊ အနစ်သာရများ၊ ပကတိရည်ရွယ်ချက်များနှင့်စပ် လျဉ်း၍ မသိနားမလည်သော (အဆိုပါကိုးကွယ်ရာများ) အတွက်လည်း ဝေစုဝေပုံများ ဖန်တီးပြုလုပ်ကြ၏။ သင်တို့သည် (သင်တို့ကိုယ်တိုင်) လီဆယ်ဖန်တီးလျက်ရှိသော ကိစ္စရပ်ဟူသမျှနှင့်စပ်လျဉ်း၍ အမှန်ပင် စစ်ဆေးမေးမြန်း ခြင်ခံကြရမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုပြောဆို၏။

[57] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၌ သမီးများရှိကြသည်ဟုလည်း လီဆယ်ဖန်တီး ကြ၏။ ထို အရှင်မြတ်သည် အသင်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းပြီးအနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း (မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်းမရှိကြောင်း၊ ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော် အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းနှင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ (အရှင်မြတ်၏ဂုဏ်တော်များနှင့်ဆန့်ကျင်၍ မတော်မတရားစွပ်စွဲခြင်းသည်) သူတို့အတွက် သူတို့၏ဆန္ဒများနှင့်အညီ ထင်မြင်ယူဆကြသည့် နှစ်သက်လိုလားခြင်းသာ ဖြစ်၏။

[58] စင်စစ်သော်ကား၊ သူတို့အနက်မှ တစ်စုံတစ်ယောက်သည် သမီးရတနာ မီးဖွားကြောင်း သတင်း ကောင်း ပေးခြင်းခံရသောအခါ သူ၏မျက်နှာသည် (ရုတ်တရက်) ညိုမည်းလာပြီး (သူ့စိတ်နှလုံးထဲ၌ ဆို့၍ ကျဉ်း ကျပ်လာကာ) ဒေါသူပုန်ထလေ၏။

[59] သူသည် (သမီးရတနာမွေးဖွားခြင်းနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းအား) မကောင်းမှုအကုသိုလ် သတင်းပေးခံရခြင်း ဖြစ်သည်။” ဟု မှတ်ယူသောကြောင့် (မည်သူ့ကိုမျှ မျက်နှာမပြဝံ့၍) သူ့လူမျိုး (တို့ ၏အမြင်) မှ (မမြင်နိုင်အောင် သူ့ကိုယ်သူ) ပုန်းကွယ်လေ၏။ သူသည် ထို အရှက်ရ ဂုဏ်သိက္ခာမဲ့စေသည့်အရာ (သမီးရတနာ) အား အသက်ဆက်ခွင့်ပေး၍ ပျိုးထောင်ထိန်းသိမ်းထားရမည်လော။ သို့တည်း မဟုတ် သူမအား မြေကြီးထဲ၌ (အရှင် လတ်လတ်) မြေမြှုပ်သင်္ဂြိုလ်ရပါမည်လော။ ဟု (တွေးတောလေ၏)။ နှလုံးသွင်းကြလော့။ ထိုသို့ ဆုံးဖြတ် ကြခြင်းသည် အလွန်ရက်စက်ယုတ်ညံ့လှသော မကောင်းမှုအကုသိုလ်ပင် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

[60] နောင်တမလွန်ဘဝကို မယုံကြည်သောသူတို့၌ မကောင်းသော ဂုဏ်အရည်အချင်းများ၏စံနမူနာများသာ အထင်အရှားရှိပြီး အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်ဆိုင်ရာ စံနမူနာများမှာမူကား အမြင့်မြတ်ဆုံးပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[61] စင်စစ်သော်ကား၊ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့က အရှင့်စည်းမျဉ်းတော်များအား ကျူးလွန်ချိုးဖောက်လျှက် မတော်မတရားမမှန်မကန် ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း ချက်ချင်းလက် ငင်း အရေးယူတော်မူခဲ့လျှင် (မြေကမ္ဘာ) ပေါ်ဝယ် သွားလာလှုပ်ရှားလျှက်ရှိနေသော မည်သည့် သက်ရှိသတ္တဝါကိုမျှ (လူသား တို့အကျိုးအတွက်) ချန်ထားတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလအထိ (ဒဏ်ခတ်အရေး ယူခြင်းအား) ရွှေ့ဆိုင်းတော်မူလေ၏။ တစ်ဖန် သူတို့၏ သတ်မှတ်ချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ သူတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ရှေ့သို့ တိုးနိုင်ကြမည်လည်း မဟုတ်ပေ။

[62] ထို့ပြင် သူတို့သည် အကောင်းဆုံးသော အကျိုးဆုလဒ်များမှာ သူတို့အတွက်သာ ဖြစ်ကြောင်း သူတို့၏ နှုတ်လျှာများဖြင့် မုသားများကို အခိုင်အမာ လိမ်လည်ပြောဆိုကြပြီး သူတို့က စက်ဆုပ်ရွံ့ရှာကြသောအ ရာများကို အလ္လာဟ်အရှင်မြတ် (ကြောင့်ဖြစ်သည်ဟု စွပ်စွဲရန်) အတွက် ကြံစည်ဖန်တီးကြ၏။ ဧကန်မလွဲ၊ သူတို့အတွက် ငရဲမီးသည် (အဆင်သင့်) ရှိနေပြီး ဧကန်စင်စစ်၊ သူတို့သည် (ငရဲမီးဒဏ်) ဥပေက္ခာ ပြု ပယ်ခွာခြင်းခံကြရမည် မဟုတ်ကြောင်း ဒွိဟသံသယဖြစ်စရာ မလိုပေ။

[63] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင်တမန်တော် မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော လူ့အသိုင်းအဝိုင်းများ ထံသို့လည်း (ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့ကြောင်း ငါအလ္လာဟ်အရှင်မြတ်အား တိုင် တည်တော်မူ၏။ သို့ရာတွင် စေတန်မကောင်းဆိုးဝါးသည် (ထိုတမန်တော်များအား မယုံကြည် ဖီဆန်ငြင်းပယ်ခဲ့ကြသော) သူတို့၏ပြုမူကျင့်ကြံမှုများကို (သူတို့၏အမြင်၌) စွဲမက်စရာကောင်းအောင် လှပတင့်စေခဲ့ရာ သူသည် ယနေ့ (ကျမ်းတော်မြတ်ကုရ်အာန် ချမှတ်ပေးအပ်တော်မူသည့်) ကာလ၌လည်း သူတို့၏ရင်းနှီးသောမိတ်ဆွေနှင့်အုပ် ထိန်းသူ ဖြစ်လေ၏။ သို့ဖြစ်ပေရာ သူတို့အတွက် (တမလွန်တရား စီရင်မည့်နေ့၌) ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ ရှိ၏။

[64] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် အသင် (တမန်တော်မြတ်) အပေါ်၌ ကျမ်းတော်မြတ်ကို ချမှတ်ပေး အပ်တော်မူခဲ့သည်မှာ ယင်း (ကျမ်းတော်ကို ယုံကြည်ခြင်း၊ တမန်လွန်ဘဝနှင့်အရှင့်စည်းမျဉ်းတော်ဆိုင်ရာ ကိစ္စ ရပ်များ) ၌ သဘောထားကွဲလွဲနေကြသောသူတို့အတွက် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များ ဖြင့် ရှင်းလင်းတင်ပြစေတော်မူရန်သာ ဖြစ်၏။ ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်သည်) သက်ဝင်ယုံကြည်သူတို့အတွက်လည်း တရားလမ်းညွှန်တော်နှင့်ကရုဏာတော်ပင် ဖြစ်၏။

[65] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူရာ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်မူ၏။ ဧကန်စင်စစ်၊ ထိုဖြစ်စဉ်၌ (ကျမ်းတော်မြတ် ကုရ်အာန်ကို နား လည်သဘောပေါက်ပြီး ကျင့်သုံးလိုသော ရည်ရွယ်ချက်ဖြင့်) ကြားနာကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[66] ထို့ပြင် ဧကန်စင်စစ်၊ ရှင်သန်လန်းဆန်းလာသော မြက်ပင်များကို မှီဝဲစားကြသည့် ကျွဲ၊ နွား အစရှိသော ခြေလေးချောင်းသတ္တဝါများ၌ သင်တို့အတွက် အမှန်ပင် သင်ခန်းစာများ ရှိနေ၏။ ငါအရှင်မြတ်သည် သင်တို့အား ယင်း၏ဝမ်းဗိုက်တွင်းရှိ အစာဟောင်း (အညစ်အကြေး) နှင့်သွေးကြားမှ သန့်စင်၍ သောက်သုံးသူတို့အတွက် အရသာရှိသော နို့ရည်ကို တိုက်ကျွေးစေတော်မူ၏။

[67] ထို့ပြင် အသင်တို့သည် သစ်သီးဝလီများအနက် စွန်ပလွံသီးများနှင့်စပျစ်သီးများမှ မူးယစ်စေသော အချိုရည်နှင့်ကောင်းမွန်သော စားသောက်ဖွယ်ရာများကို ပြုလုပ်နိုင်ကြ၏။ ဧကန်စင်စစ်၊ ထို (သို့သောဖြစ်စဉ်များ) ၌ ဆင်ခြင်တုံတရားသုံး (၍ သိနားလည်ရန်ကြိုးစား) ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။

[68] တစ်ဖန် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ထိုပျား ကောင် (မ) ထံသို့ “တောင်များ၊ သစ်ပင်များနှင့် (တတ်စွမ်းနိုင်လျှင် လူတို့တည်ဆောက်ထားသော) အ ဆောက်အအုံများ၌ ပျားအိမ်များ ပြုလုပ်ကြလော့။” ဟု ယင်း၏အာရုံထဲ အရှင့်အမိန့်တော်အား ပို့ချတော်မူ၏။

[69] ထို့နောက် အသင် (ပျားကောင်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏လမ်း များ၌ လွယ်ကူရိုကျိုးစွာ လျှောက်လှမ်း၍ အသီးအနှံတိုင်းမှ (အရည်များကို) စုတ်ယူစား သုံးလော့။ (ထို သို့ စုတ်ယူစားခြင်းဖြင့်) လူသားတို့အတွက် (ရောဂါပျောက်ကင်းစေမည့်) ဆေးကောင်းတစ်လက်ဖြစ်သော ပျားကောင် ၏ဝမ်းဗိုက်များမှ အရောင်မျိုးစုံရှိသည့် သောက်သုံးဖွယ်ရာ (ပျားရည်) ထွက်လာလေသည်။ ဧကန်ပင်၊ ထိုဖြစ်စဉ် ၌ စဉ်းစားဆင်ခြင်တွေးခေါ်တတ်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[70] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူပြီးနောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ကွယ်လွန်သေဆုံးစေတော်မူလေ၏။ ထို့ ပြင် သင်တို့အနက်မှ အချို့အား အိုမင်းရင့်ရော်၍ သူငယ်ပြန်သည့်အရွယ်သို့ ရောက်စေတော်မူသောအခါ သူတို့သည် ယခင်က သိခဲ့ပြီးဖြစ်သော်လည်း ယခုတွင်မူ မည်သည့်အရာကိုမျှ သိနိုင်စွမ်း မရှိကြပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၌ စည်းမျဉ်းနိယာမတော်များ သတ်မှတ်တော်မူလျက် အရာရာကို စွမ်းဆောင်နိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[71] အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာနှင့်အခြားလိုအပ်များကို ဖြည့်ဆည်းပေးတော်မူရာ၌ အချို့ကို အချို့ထက် ကျေးဇူးတော်နှင့်ဂုဏ်သိက္ခာများဖြင့် အခွင့်အလမ်းများ ပိုမို ၍ ပေးအပ်တော်မူခဲ့၏။ သို့ရာတွင် (ထိုသို့ အခွင့်အလမ်းများပိုရခြင်းသည် အရှင်မြတ်ထံတော်မှ ဖြစ်သောကြောင့်) သူတို့သည် သူတို့အား စားနပ်ရိက္ခာဖြင့် ဂုဏ်သိက္ခာချီးမြှင့်တော်မူခြင်းခံရခြင်းနှင့်အညီ သူတို့ ၏လက်အောက်ငယ်သားများနှင့်ဩဇာခံ၊ အစေခံများကိုလည်း ထို (ရိက္ခာများနှင့်အခွင့်အလမ်းများ) ၌ သာတူညီမျှ တန်းတူရည်တူ ခံစားစေနိုင်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော်နှင့်သိက္ခာပေးမှု အစရှိသော) ကျေးဇူးတော်များအား ပစ်ပယ် (၍ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်လျှက် အခြားသော သက်ရှိသက်မဲ့များကို ကိုးကွယ်) နိုင်ကြမည်လော။

[72] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ အနက်မှပင် သင်တို့အတွက် ဘဝဖော်များကို ဖြစ်ပေါ်စေတော်မူပြီ ထိုဘဝဖော်များမှ သင်တို့၏သာသမီးများနှင့်မြေးမြစ်များကို ထွန်းကားဖြစ်ပေါ်စေရုံသာမက သန့်ရှင်းစင်ကြယ်၍ကောင်းမွန်သောအရာများအနက်မှ (တရားတော်နှင့် အညီ) စားနပ်ရိက္ခာနှင့်အခြားလိုလပ်ချက်များကို တရားဝင်ခွင့်ပြုထောက်ပံ့တော်မူ၏။ သို့ပါလျက် သူတို့သည် အချည်းအနှီးသောမိစ္ဆာတရားကို သက်ဝင်ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော်နှင့် သိက္ခာပေးမှုအစရှိသော) ကျေးဇူးတော်များကို ငြင်းပယ် နိုင်ကြမည်လော။

[73] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိုးကောင်းကင်များနှင့်မြေကမ္ဘာမှ သူတို့အတွက် မည်သည့် တစ်စုံတစ်ရာကိုမျှ စားနပ်ရိက္ခာအဖြစ် ထောက်ပံ့နိုင်သော အခွင့်အာဏာ မရှိသည့်အပြင် ဖြစ်တည်စေနိုင်စွမ်း၊ ထောက်ပံ့နိုင်စွမ်းလည်း မရှိကြသည့် (အခြား သက်ရှိသက်မဲ့ အစရှိသော) အရာများကို နာခံကိုးကွယ်ကြမည်လော။

[74] သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာခိုင်းနှိုင်းမှုအဖြစ် (ရုပ်တုဆင်းပွားများကို) ကြံစည်ဖန်တီး၍ မကိုးကွယ်ကြလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းကို အကြွင်းမဲ့ သိတော်မူသော်လည်း အသင်တို့မူကား (အရှင့်ဇာတိတော်၊ အမှန်တရားသစ္စာနှင့်အရာခပ်သိမ်းတို့၏တိကျမှန်ကန် သော သဘောသဘာဝနှင့်ရည်ရွယ်များ အကြောင်းကို မသိနားမလည် နိုင်ကြချေ။)

[75] အလ္လာဟ်အရှင်မြတ်သည် (စစ်မှန်သော လွတ်လပ်မှု၏သဘောသဘာဝကို နားလည်စေရန်အတွက် မတူ ညီသော ပုဂ္ဂိုလ်နှစ်ဦးအကြောင်းကို) ဥပမာတစ်ရပ်အဖြစ် ခိုင်းနှိုင်းတင်ပြတော်မူ၏။ (ယင်းဥပမာသည်ကား) ဩဇာခံလက်အောက်ငယ်သား အစေခံတစ်ဦးဖြစ်သောကြောင့် (ပိုင်ရှင်သူဌေး၏ခွင့်ပြုချက်ဖြင့်မှအပ သူ့ဆန္ဒအလျှောက်) မည်သည့်အရာအပေါ်၌မျှ စွမ်းဆောင်နိုင်သောအခွင့်အာဏာ မရှိသည့် ပုဂ္ဂိုလ်နှင့်ငါအရှင်မြတ်က ကောင်းမြတ်သော စားနပ်ရိက္ခာနှင့်လိုအပ်များကို (ပေါပေါသီသီ) ထောက်ပံ့ ဖြည့်ဆည်းတော်မူသောကြောင့် ထိုသူသည် ထိုရိက္ခာများအနက်မှ (ချို့တဲ့ဆင်းရဲသူများအား) သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ ပေးကမ်းစွန့်လှူသည့်ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် ထပ်တူထပ်မျှတူညီနိုင်ကြမည်လော။ ချီးမွမ်း ခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ရိက္ခာများထောက်ပံ့စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်ထန်တော်မူ၏။ သို့ရာတွင် လူသားအများစုမှာမူ (အရာခပ်သိမ်းသည် အရှင့်ဩဇာခံများဖြစ်ပြီး အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်း၏ပိုင်ရှင်အစစ်အမှန် ဖြစ်ကြောင်းကို) မသိနားမလည် ကြချေ။

[76] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အခြား) အမျိုးသားနှစ်ဦးကိုလည်း ဥပမာတစ်ရပ်အဖြစ် (တင်စား၍) ခိုင်းနှိုင်းတင်ပြတော်မူ၏။ (ယင်းဥပမာသည်ကား) သူတို့နှစ်ဦးအနက် တစ်ဦးသည် ဆွံ့အသူ ဖြစ်ပေရာ သူ့အား မည်သည်နေရာသို့ (တာဝန်ယူဆောင်ရွက်ရန်) မျက်နှာမူဦးတည်ခြင်းခံရသည်ဖြစ်စေ၊ မည်သည့်ကောင်းကျိုးကို မျှ ဆောင်ကြဉ်းယူလာနိုင်စွမ်း မရှိသည့်အပြင် မည်သည့်တစ်စုံတစ်ရာကိုမျှ စွမ်း ဆောင်နိုင်စွမ်းလည်းမရှိသောကြောင့် သူ့သခင်အပေါ်၌ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေသောသူသည် (အခြားတစ်ဦးဖြစ်သည့် အစစအရာရာအား တည်တံ့မြဲမြံစေမည့်) ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်ပေါ်၌ ရပ် တည်သူဖြစ်ရုံသာမက ကိစ္စရပ်တိုင်းကိုလည်း တရားမျှတမှုပေါ်တွင် အခြေခံခြင်းဖြင့် (တာဝန်ကျေပွန်စွာဆောင်ရွက်ရန်) စီမံညွှန်ကြားသူတို့သည် ထပ်တူထပ် မျှတူညီနိုင်ကြမည်လော။

[77] စင်စစ်သော်ကား၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ် အတွင်း၌ရှိသော မျက်ကွယ်ရာများသည် (အရှင် မြတ်က ဖွဲ့စည်းဖြစ်တည်စေသောအရာများဖြစ်သောကြောင့် ယင်းတို့နှင့်ပတ်သက်၍ အရှင်မြတ်သာ လျှင် အကြွင်းမဲ့ သိနေတော်မူရုံသာမက) အလ္လာဟ်အရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိတော်မူ၏။ ထို့ပြင် (ရှင်ပြန် ထမြောက်ရမည့်နောက်ဆုံး) အချိန်နာရီသည်လည်း မျက်စိတစ်မှိတ်ကဲ့သို့ သို့တည်း မဟုတ် ထိုထက်မက ပို၍ လျင်မြန်စွာ ဖြစ်စေတော်မူမည်သာ ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (နိယာမစည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[78] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား သင်တို့၏မိခင်များ၏ဝမ်းကြာတိုက်မှ မည်သည့် တစ်စုံတစ်ရာကိုမျှ မသိသော အနေအထားဖြင့် မွေးဖွားသန့်စင် ထွက်ပေါ်စေတော်မူပြီးနောက် (အပြော အဆိုနှင့်လုပ်ရပ်များဖြင့် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာလျှက်) သင်တို့ကျေးဇူး သိတတ်ကြရန်အလို့ငှာ သင်တို့အတွက် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာစွမ်းရည်အပြင် စိတ်နှလုံးဆိုင်ရာ နားလည် ခံစားနိုင်သည့်စွမ်းရည်ကိုပါ ဖြစ်ပေါ်စေတော်မူ၏။

[79] အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်များကြောင့်) မှအပ (အခြားမည်သူတစ်ဦးတစ်ယောက်မျှ) ထိန်းထားသည်မဟုတ်သော ငှက်များသည် ကောင်းကင်ယံ၏လေဟာပြင်လေထု၌ ထိန်းချုပ်ထားခြင်းခံရ (သော သက်ရှိများအဖြစ် ပျံသန်းလှုပ်ရှားနေကြ) ကြောင်းကို သင်တို့ မတွေ့မြင် မသုံးသပ်ကြလေသလော။ ဧကန်မလွဲ၊ ထို (သို့ပျံသန်းသွားလာ လှုပ်ရှားနေခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင်၊ အာယသ်သက် သေလက္ခဏာတော်များ ရှိနေ၏။

[80] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ) သင်တို့အတွက် သင်တို့၏ အိမ်များကို အနားယူနေထိုင်ရာဌာနများအဖြစ် ပြုလုပ်ဖြစ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းတို့ဖြင့် သင်တို့က ပေါ့ပေါ့ပါးပါး ခရီးသွားလိုသည့်နေ့ရက်များနှင့်တဲထိုး၍ ယာယီစခန်းချသည့်နေ့ရက်များတွင်ပါ သင်တို့အတွက် ခြေလေးချောင်းတိရစ္ဆာန်များ၏သားရေများမှလည်း ရွက်ဖျင်တဲအိမ်များကို ပြုလုပ်စေတော်မူ၏။ ထိုမျှ မက ယင်း (တိရစ္ဆာန်) တို့၏သိုးမွေးများ သားမွေးများနှင့်အမွေးအမျှင်များဖြင့်လည်း ပရိဘောဂများနှင့်အချိန် ကာလအတိုင်းအတာတစ်ခုအထိ (တည်တံ့မည့်) လောကီအကျိုးခံစားဖွယ်ရာ အသုံးအဆောင်များကိုပါ ပြုလုပ်စေတော်မူ၏။

[81] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် (မရေမတွက်နိုင်သော အရှင့်ကျေးဇူးတော်များအနက်မှ အရှင်မြတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများမှာ သင်တို့အတွက် အရိပ်အာဝါသများ ဖြစ်စေတော်မူရုံသာမက တောင်များအတွင်း၌လည်း သင်တို့အတွက် ခိုလှုံစရာများကို ဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့အကျိုးငှာ သင်တို့အား အပူ (အအေး) ဒဏ်မှ ကာကွယ်စေသော အဝတ်အစားများနှင့်အကြမ်းဖက်မှုကို ရင်ဆိုင်တိုက်ရာတွင် သင်တို့အား အကာအကွယ်ပေးမည့် အဝတ်တန်ဆာများကို ပြုလုပ်ဖန်တီးစေတော်မူ၏။ ထိုနည်းအတိုင်းပင် သင်တို့ (၏ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံ၍ အရှင့်အမိန့်တော်နှင့်အညီ) နာခံလိုက်နာ ကြအံ့သောငှာ (ကျမ်းတော်၊ လမ်းညွှန်တော်ကျေးဇူးတော်နှင့်လောကီခံစားပိုင်ခွင့်များစသော) အရှင့်ဂုဏ်ပေးမှုကို သင်တို့အ ပေါ်ဝယ် ပြီးပြည့်စုံတော်မူ၏။

[82] (ထိုသို့ လမ်းညွှန်တော်ဖြင့် ဂုဏ်ပေးမှုကို ပြီးပြည့်စုံတော်မူလျက်) အကယ်၍ သူတို့သည် (အသင်တမန်တော်ထံမှ) မျက်နှာလွှဲဖယ်၍ ရှောင်ပြေးကြလျှင် အသင့်အပေါ်၌ (ငါအရှင်မြတ်၏ အမိန့်တော်များကို လူ သားထံ) အတိအလင်းနှင့်ရှင်းလင်းပြတ်သားစွာ ပို့ဆောင်ရန်သာ တာဝန်ရှိ၏။

[83] (စင်စစ်သော်ကား) သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းညွှန်တော်၊ ကျမ်းတော်နှင့်ကျေးဇူးတော် အပြည့်အစုံဖြင့်) ဂုဏ်ပေးတော်မူခြင်းကို ကောင်းစွာသိနားလည် (၍ဝန်ခံကြ) ပြီးနောက် တစ်ဖန် သူတို့ သည် ယင်းကျေးဇူးတော်များကို ပစ်ပယ်ငြင်းပယ်ကြကုန်၏။ ထို့ပြင် သူတို့အနက် အများစုသည် (အမှန်တရားသစ္စာ ကို) မယုံကြည်ဖီဆန်ငြင်းပယ်နေကြ၏။

[84] သို့ရာတွင် (ထိုတမလွန်တရာစီမည့်နေ့တွင်) ငါအရှင်မြတ်သည် (လောကီဘဝ၌ ဘာသာသာသနာ အသီးသီးကို ယုံကြည်ကိုးကွယ်ကြသည့်) လူမျိုးအသိုင်းအဝိုင်းတိုင်းမှ သက်သေတစ်ဦးစီကို ပေါ်ထွက်စေတော်မူမည်။ ထို့နောက် (အမှန်တရားသစ္စာကို) မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့သောသူတို့အတွက် (ဆင်ခြေပေး၍ အသနားခံ ပြောဆိုရန်) ခွင့်ပြုတော်မူခြင်းခံရမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အမှားပြင်ဆင်ခွင့်ရရန်အတွက် (အခွင့်အရေးပေးလျှက်) ဖြေဖျောက်တင်းတိမ်စေတော်မူမည်လည်း မဟုတ်ပေ။

[85] ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့သည် ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ (ထိုပြစ်ဒဏ်သည် သူတို့၏လုပ်ရပ်နှင့်ထိုက်ထန်သောပြစ်ဒဏ်သာ ဖြစ်သောကြောင့် ယင်းကို) သူတို့အတွက် ပေါ့ပါးသက်သာစေတော်မူခြင်းခံရမည် မဟုတ်ပေ။ (ပြစ်ဒဏ်ပေးခံရမည့်အချိန်ကာလနှင့်ပြစ်ဒဏ်အမျိုးအစားကို) ရွှေ့ဆိုင်းပြောင်းလဲခြင်းခံကြရမည်ဟု သူတို့က စောင့်မျှော်နိုင်ကြ မည်လည်း မဟုတ်ပေ။

[86] ထို့ပြင် (တမန်တော်များ သူတော်စင်များ ခေါင်းဆောင်များ ရုပ်တုဆင်းပွားများနှင့်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြသော သူတို့သည် သူတို့၏ထိုတွဲဖက် နှိုင်းယှဉ်သော ကိုးကွယ်ရာများနှင့်စပ်လျဉ်း၍ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်အရှင်မြတ်မှလွဲ၍ (အရှင့်ကို စွန့်လွှတ်လျှက်) ဤကျွန်ုပ်တို့၏ တွဲဖက်နှိုင်းယှဉ်ထားသောကိုးကွယ်ရာများကိုသာ ဟစ်ခေါ်တမ်းတ (ခြင်းဖြင့် ယင်းတို့ထံ၌သာလျှင် ဆုတောင်း ပန်ကြားကြ) ပါ၏။ (ယင်းကိုးကွယ်ရာများသည်ပင် ကျွန်ုပ်တို့အား လမ်းမှားရောက်စေခဲ့၏။)” ဟု ပြောဆိုကြလိမ့်မည်။ သို့ဖြစ်ပေရာ (အဆိုပါ ကိုးကွယ်ရာများသည် ယင်းတို့ကိုကိုးကွယ်ခဲ့ကြသော) သူတို့၏ထိုပြောဆို ကြွေးကြော်ချက်များအား ''ဧကန်ပင်၊ သင်တို့သည် လိမ်လည်လှည့်စားနေကြသော မုသာဝါဒီများပင် ဖြစ်ကြ၏။'' ဟု ပြောဆိုလျှက် သူတို့ဘက်သို့ပင် လွှဲပစ်တွန်းကန်စေလိမ့်မည်။

[87] ထို့ပြင် (လောကီဘဝ၌ မာန်မာနထောင်လွှားမှုကြောင့် အရှင်မြတ်မှလွဲ၍ အခြားသောသက်ရှိ သက်မဲ့တို့ ကိုသာ ယုံကြည်ကိုးကွယ်ခဲ့ကြသော) သူတို့သည် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် အလ္လာဟ်အ ရှင်မြတ်ဘက်တော်သို့ (ခြေစုံပစ်ဝင်၍ ကိုယ်စိတ်နှလုံးကို အရှင့်ထံ) နာခံအပ်နှံပါ၏။” ဟု ကမ်းလှမ်းကြပေမည်။ သို့သော် သူတို့က (ကိုးကွယ်ရာများအဖြစ်) ကြံစည်ဖန်တီးခဲ့ကြသောအရာများသည် (သူတို့အား ထောက်ခံရန် ပျက်ကွက်လျှက်) သူတို့ထံမှ ပျောက်ကွယ်သွားလိမ့်မည်။

[88] ငါအရှင်မြတ်သည် (အမှန်တရားသစ္စာကို) မယုံကြည် ဖီဆန်ငြင်းပယ်ကြပြီး (အခြားလူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ တားဆီးပိတ်ပင်ကြသူတို့အား သူတို့၏အဖျက်အမှောင့်နှင့်မတည်မငြိမ်ဖြစ်စေခဲ့သည့်လုပ်ရပ်များကြောင့် (ထိုက်တန်သော ပြစ်ဒဏ်အဖြစ်) ပြစ်ဒဏ်ပေါ် ပြစ်ဒဏ်ထပ်စေ၍ တိုးမြှင့်စေတော်မူမည်။

[89] တစ်ဖန် (ထိုတမလွန်တရာစီမည့်နေ့တွင်) ငါအရှင်မြတ်သည် (လောကီဘဝ၌ ဘာသာသာသနာ အသီး သီးကို ယုံကြည်ကိုးကွယ်ကြသည့်) လူမျိုးအသိုင်းအဝိုင်းတိုင်းအတွင်းရှိ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အ သုံးချနိုင်သော စိတ်ဝိဉာဉ်) များအနက်မှ သူ့တိုအပေါ် သက်သေတစ်ဦးစီကို ပေါ်ထွက်စေတော်မူမည်။ ထို့ပြင် ငါအရှင် မြတ်သည် ဤသူတို့အပေါ် (အသင်တမန်တော်အား စေလွှတ်တော်မူခဲ့ကြောင်းကို) သက် သေတစ်ဦးအဖြစ် (သက်သေထွက် ဆိုစေရန်အတွက်) အသင့်ကို ဆင့်ခေါ်တော်မူမည် ထို့ပြင် ငါအရှင်မြတ်သည် အသင့်အပေါ် အရာခပ်သိမ်း (၏ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ သဘောသဘာဝ အရည်အသွေးနှင့်ဖြစ်တည်ရသည့် ရည်ရွယ်ချက်တို့ကို သိနားလည် နိုင်ရန်) အတွက် မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်သက်သေအထောက်အထားများ ပါဝင်သည့်ကျမ်းတော်လည်းဖြစ် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်အမိန့်တော်ကို နာခံလိုက်နာလျှက် ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်တို့အတွက် လမ်းညွှန်တော်၊ ကရုဏာတော်နှင့်ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း လည်းဖြစ်သော ကျမ်းတော် (မြတ်ကုရ်အာန်) ကို ချမှတ်ပေးအပ်တော်မူ၏။

[90] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (ကိစ္စရပ်တိုင်းအတွက်) တရားမှုမျှတနှင့်အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံခြင်း) နှင့်စပ်လျဉ်း၍လည်းကောင်း၊ အနီးစပ်ဆုံးသော ဆွေမျိုးအသိုင်း အဝိုင်းတို့ကို (ရက်ရောဖြူစင်စွာ) ပေးကမ်းစွန့်လှူကြရန် လည်းကောင်း၊ မဖွယ်မရာမှုများ (နှင့် စက်ဆုပ်ရွံ့ ရှာဖွယ်ရာများ၊ (ကျမ်းတော်၊ အမှန်တရားသစ္စာနှင့်ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အား အာခံဖီဆန်စေသော) ကောက် ကျစ်စဉ်းလဲမှုများ၊ (မကောင်းမှုဒုစရိုက်များ၊ မတရားညှင်းပန်းနိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများစသော) မသတီစရာ ယုတ်မာသောအပြုအမူများအား တားမြစ်ပိတ်ပင်ရန်လည်းကောင်း၊ သင်တို့က (အရှင့်အမိန့်ပညတ် ချက်များကို သတိရ တသ၍ ထုတ်ဖော်နိုင်ရန်နှင့်အလေးအနက် ထားလျှက် သတိမူ သုံးသပ်နိုင်ရန်အလို့ငှာ (ထပ်ကာ ထပ်ကာ) အလေးအနက်တိုက် တွန်းသွန်သင်တော်မူ၏။

[91] ထို့ပြင် သင်တို့သည် (သင်တိုအချင်းချင်းကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ကတိပဋိညာဉ်ကို ပြီးမြောက်ကျေပွန်အောင် ဆောင်ရွက်ကြလော့။ သို့သော် သင်တို့သည် ကတိကဝတ်များနှင့်ကျိန်ဆိုချက်များကို အခိုင်အမာ သဘောတူဝန်ခံပြီးနောက် မဖောက်ဖျက်ကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့သည် (အရှင့်အမိန့်တော်နှင့်အညီ ပြုမူနေကြောင်းဝန်ခံလျှက်) အလ္လာဟ်အရှင်မြတ်အား သင်တို့အပေါ်၌ အာမခံသောအရှင်မြတ်အဖြစ် ပြုလုပ်မှတ်ယူခဲ့ကြပြီ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို (အ ကြွင်းမဲ့) သိနေတော်မူပေ၏။

[92] ထို့ပြင် သင်တို့သည် ချည်မျှင်များကို ကောင်းမွန်စွာ ချည်ငင်၍ (ကြိုးအဖြစ် အခိုင်အမာ ကျစ်ခဲ့ပြီးနောက် သူမ၏အဆိုပါ လုံလစိုက်မှုကို သူမကိုယ်တိုင် သစ္စာဖောက်လျှက် ချည်မျှင်အနေအထားသို့ ပြန်ရောက်စေရန်) အပိုင်းပိုင်းဖျက်ဆီးခဲ့သူကဲ့သို့ လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုက အခြားလူ့ဘောင်အသိုင်းအဝိုင်းထက် (ဩဇာအာ ဏာနှင့်စည်းစိမ်ချမ်းသာ) ပိုမို၍ တိုးတက်ကြီးပွားလာရန်အလို့ငှာ သင်တို့အချင်းချင်းကြားတွင် သင်တို့၏ကတိ ကဝတ်နှင့်ကျိန်ဆိုမှုများအား လိမ်လည်လှည့်ဖြားလိုသောဆန္ဒဖြင့် သဘောတူဝန်ခံ၍ သစ္စာမဆိုကြလေနှင့်။ စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သည် ထို (ဩဇာအာဏာ နှင့်စည်းစိမ်ချမ်းသာ) ဖြင့် သင်တို့အား စမ်းသပ် တော်မူခြင်းမျှသာ ဖြစ်၏။ ထို့ပြင် ထိုအရှင်မြတ်သည် (နောင်တမလွန်ဘဝ) ရှင်ပြန်ထမြောက်မည့်နေ့တွင် အသင်တို့ (အနက် မည်သူက သစ္စာရှိပြီး မည်သူက သစ္စာဖောက်ခဲ့သည်ကို ငြင်းခုံလျှက်) သဘောထားကွဲလွဲ နေကြသည်ကို သင်တိုအား အမှန်ပင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရှင်းလင်းစေတော်မူမည်။

[93] စင်စစ်မူကား၊ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် အမှန်ပင် သင်တို့အား (တစ်ခုတည်းသော ဘာသာတရားအား သက်ဝင်ယုံကြည်သော) လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုတည်းအဖြစ် ဖြစ်စေတော်မူနိုင်၏။ သို့ရာတွင် အရှင်မြတ်သည် (လူသားအား လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်လည်း ပေးထားတော်မူသည့်အတွက် လူသား၏ဆန္ဒများနှင့်အညီ) အလိုရှိ တော်မူသောသူအား လမ်းမှားအတိုင်းလျှောက်လှမ်းရန် ခွင့်ပြုထားတော်မူပြီး အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် သင်တို့ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ ဧကန်မုချပင် စစ်ဆေးမေး မြန်းခြင်းကို ခံကြရပေမည်။

[94] ထို့ပြင် သင်တို့အချင်းချင်းကြားတွင် သင်တို့၏ကတိကဝတ်နှင့်ကျိန်ဆိုမှုများအား လိမ်လည်လှည့်ဖြားလို သောဆန္ဒဖြင့် (ပရိယာယ်သုံး၍ သဘောတူဝန်ခံလျှက်) သစ္စာမဆိုကြလေနှင့်။ ထိုသို့ပြုလုပ်လျှင် (ပြု လုပ်သူ ကာယကံရှင်သာမက အခြားယုံကြည်မှုခိုင်မြဲသူတို့၏) ခြေများသည်ပင် မြဲမြံစွာ အခြေခိုင်ပြီးနောက်တွင်မှ တစ်ဖန် ချွတ်ချော်တိမ်းပါး သွားပေလိမ့်မည်။ ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်မှ ပိတ်ပင်တား ဆီးခဲ့ခြင်းကြောင့် (လောကီဘဝ၌) ဘေးဒုက္ခအခက်အခဲများကို (အကျိုးဆက်အဖြစ်) မြည်းစမ်းကြရပေလိမ့် မည်ဖြစ်ပြီး (တမလွန်ဘဝ၌လည်း) သင်တို့အတွက် ကြီးမားပြင်း ထန်သောပြစ်ဒဏ် ရှိနေ၏။

[95] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိကြသော ကတိပဋိညာဉ်ကို တန်ဖိုးမဖြစ်စလောက် ဖြင့် လဲလှယ်ရောင်းဝယ်ခြင်း မပြုကြလေနှင့်။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် သင်တို့အ တွက် အကောင်းဆုံး (အကျိုးဆုလဒ်များ) ရှိနေကြောင်း အကယ်၍ သင်တို့သည် သိကြလျှင် ကောင်းလေစွ။

[96] (သင်တို့ထံ၌ရှိသော အရာဟူသမျှသည် ကုန်ခန်းတိမ်ကောသွားမည်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာဟူသမျှတို့မှာမူကား ထာဝရ တည်တံ့လိမ့်မည်။ ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ် သည် အရှင့်အမိန့်တော်နှင့်အညီ ပြုမူကျင့်ကြံရာတွင် ရင်ဆိုင်ကြုံတွေ့ရသော ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်စွာ ရပ်တည်ကြသူတို့အား (သူတို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ) သူတို့၏အကျိုးဆုလဒ်များကို အကောင်းမြတ်ဆုံးပုံစံဖြင့် ချီးမြှင့်တော်မူမည်ဖြစ်၏။

[97] အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ မည်သူမဆို (အရှင်မြတ်အားယုံကြည်၍) ဖြောင့်မတ်မှန်ကန် စွာပြုမူကျင့်ကြံလျှက် ပြုပြင်ကြသော် ထိုသူသည် သက်ဝင်ယုံကြည်သူဖြစ်သောကြောင့် ငါအရှင်မြတ်သည် သူ/သူမအား သန့်စင်ကောင်းမြတ်သော ဘဝသက်တမ်းမျိုးဖြင့် အသက်ရှင်စေတော်မူပေမည်။ ထို့ပြင် မုချဧကန် ငါအရှင်မြတ်သည် ထိုသူတို့အား (သူတို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ) သူတို့၏အကျိုးဆုလဒ်များကို အကောင်းမြတ်ဆုံးပုံစံဖြင့် ချီးမြှင့်တော်မူမည်ဖြစ်၏။

[98] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (ဖြောင့်မတ်မှန်ကန်စွာပြုမူကျင့်ကြံ၍ ပြုပြင်နိုင် ရန်အလို့ငှာ) ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သောအခါ (အရှင့်ကရုဏာတော်မှ) နှင်ထုတ်ခြင်း ခံရသောအပယ်ခံ စေတန်မကောင်းဆိုးဝါး (၏မကောင်းသောအကြံဉာဏ်နှင့်နှောင့်ယှက်မှုများ) မှ အလ္လာဟ်အရှင်မြတ်ထံ (အကာအကွယ်ရရန်) ခိုလှုံခွင့်တောင်းခံလော့။

[99] ဧကန်စင်စစ်၊ ထိုစေတန်မကောင်းဆိုးဝါးသည် အရှင်မြတ်အား သက်ဝင်ယုံကြည်၍ သူတို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူသော အရှင်မြတ်အပေါ် ယုံကြည်ကိုးစားလျှက် ပုံအပ်သူတို့အပေါ်ဝယ် (မကောင်း သောအကြံဉာဏ်ဖြင့် သွေးဆောင်ခြင်းနှင့်နှောင့်ယှက်ခြင်းအတွက်) သြဇာအာဏာ လုံးဝ မရှိနိုင်ချေ။

[100] ထိုစေတန်မကောင်းဆိုးဝါးသည် (အကြံဉာဏ်နှင့်လမ်းညွှန်မူအတွက် မျှော်ကိုး၍) ယင်းအား ယုံကြည် စိတ်ချရသော မဟာမိတ်အဖြစ် မှတ်ယူထားကြသူတို့နှင့်ယင်း၏အကြံဉာဏ်အတိုင်း လိုက်နာခြင်းဖြင့် (အ ခြား သက်ရှိသက်မဲ့များကို အရှင်မြတ်နှင့်) တွဲဖက်တုပြိုင်၍ ကိုးကွယ်သောသူတို့ အပေါ်၌သာ ဩဇာညောင်းနိုင်၏။

[101] ထို့ပြင် ငါအရှင်မြတ်သည် အာယတ်သက်သေလက္ခဏာတော် တစ်ခု၏နေရာတွင် အခြားအာယသ် သက်သေလက္ခဏာတော်တစ်ခုဖြင့် အစားတိုးပြောင်းလဲစေတော်မူသောအခါ အမှန်စင်စစ် (ထိုသို့ ပြောင်းလဲစေတော်မူခြင်း ကျမ်းတော်မြတ်ကုရ်အာန်အား ပြီးပြည့်စုံစေတော်မူရန်ဖြစ်ရာ) ချမှတ်ပေးအပ်တော်မူ​သမျှနှင်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူသော်လည်း (အမှန်တရားသစ္စာ ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့ကမူ “အသင် (တမန်တော်) သည်ပင် (ထိုသို့) ကြံစည် ဖန်တီးခြင်းသာ ဖြစ်၏။”ဟု ပြောဆိုကြ၏။ (သူတို့စွပ်စွဲသကဲ့သို့အလျှင်းမဟုတ်ပေ)၊ အမှန်မှာ လူသားတို့အနက်မှ အများစုသည် (အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍) မသိနားမလည်ကြပေ။

[102] (အို၊ ရစူလ်တမန်တော် သူတို့အား) “သက်ဝင်ယုံကြည်သူတို့ (၏ ယုံကြည်မှုခိုင်မြဲစေပြီး အရှင့်လမ်းစဉ်တော်၌ စွဲမြဲစွာရပ်တည်စေလျှက် ကျမ်းတော်မြတ်ကုရ်အာန်) အား ကြံ့ခိုင်မြဲမြံစွာဖြင့် ဆုပ်ကိုင်ထားစေတော်မူရန်အလို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏ထံတော်မှ မြင့်မြတ်သော ရူဟ်ဝိညာဉ် တော် (ကောင်းကင်တမန်ဂျစ်ဗ်ရီလ်) သည် ထိုကျမ်းတော်ကို အမှန်တရားသစ္စာနှင့်အတူ ထုတ်ပြန်ချမှတ်ပေးအပ်ပြီး (ယင်းကျမ်းတော်သည် ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့်မတ်စွာ ပြုမူကျင့်ကြံလျှက် ငြိမ်းချမ်းရေးလိုလာသော) မွတ်စလင်များအတွက် လမ်းညွှန်တော်နှင့်ဝမ်းမြောက်ဝမ်း သာဖွယ်ရာ သတင်းလည်း ဖြစ်၏။"" ဟု ဟောပြောလော့။

[103] ထို့ပြင် ဧကန်စင်စစ်၊ (အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့က ထို (ရစူလ် တမန်တော်မုဟမ္မဒ်ဖြစ်) သူအား (ယင်းကျမ်းတော်ကို) သင်ကြားပို့ချပေးသူမှာ (သေမျိုးဖြစ်သော) လူသားတစ် ဦးသာလျှင် ဖြစ်၏။” ဟု ပြောဆိုကြသည်ကို ငါအရှင်မြတ် အကြွင်းမဲ့ သိနေတော်မူ၏။ (စင်စစ်) သူတို့စောင်းမြောင်း ရည်ညွှန်းပြောဆိုကြသော (အဆိုပါလူသားဖြစ်) သူ၏ဘာသာစကားမှာမူ နိုင်ငံခြားဘာသာစကားပင် ဖြစ်ပြီး ဤ (ကျမ်းတော်မြတ်ကုရ်အာန်၏စာပေ) သည်ကား ထင်ရှားမြင်သာဖွယ်ရာ ပြေပြစ်သော အရဗီဘာသာ စကားပင် ဖြစ်၏။

[104] ဧကန်ပင်၊ (ဤကျမ်းတော်၏) အာယသ်သက်သေလက္ခဏာတော်များအား မယုံကြည်သူတို့ကို (သူတို့က သူတို့၏မှားယွင်းသည့်အတွေးအခေါ်၌သာ ဇွဲရှိရှိ ရပ်တည်လိုသောကြောင့်) အလ္လာဟ်အရှင်မြတ် သည် သူတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူမည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော (ပြစ်တင်ရှုတ်ချမှုနှင့်) ပြစ်ဒဏ်များ (လည်း) ရှိနေ၏။

[105] အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည်သောသူတို့သည်သာလျှင် မုသားကို လုပ်ကြံဖန်တီး၍ ပြောဆိုကြလေ၏။ အမှန်မှာ ထိုသူတို့ သည်သာလျှင် (ပြောင်ပြောင် တင်းတင်း လိမ်လည်သော) မုသာဝါဒီများပင် ဖြစ်ကြ၏။

[106] သူ၏စိတ်နှလုံးထဲ၌ ယုံကြည်မှုဖြင့် တင်းတိမ်ရောင့်ရဲမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ခံစားပါလျက် အနိုင် ကျင့် အကျပ်ကိုင်ခြိမ်းခြောက်၍ အတင်းအဓမ္မခိုင်းစေခြင်းမှအပ သက်ဝင်ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား (သစ္စာဖောက်လျက်) သွေဖည်ငြင်းပယ်သူ (မည်သူမဆို)’သည် သူ၏စိတ်နှလုံး (နှင့်အတွေးအခေါ် ဆိုင် ရာနားလည်နိုင်စွမ်း) ကို ကျယ်ကျယ်ပြန့်ပြန့်နှင့်လိုလိုလားလား လမ်းဖွင့်ပေးထားကြောင့် သူ့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (မေတ္တာကရုဏာတော် ကင်းဝေးစေမည့်) အမျက်တော်ကျရောက်မည်ဖြစ်သည့်အပြင် သူတို့အတွက် ကြီးမားပြင်းထန်သော ပြစ်ဒဏ်နှင့်ပြစ်တင် ရှုတ်ချမှုလည်း ရှိနေ၏။

[107] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် လောကီဘဝသက်တမ်းကို နောင်တမလွန်ထက် ပိုမို၍ သဘောကျ နှစ်သက်၍ ဦးစားပေးခြင်းကြောင့် ပင်ဖြစ်၏။ ထို့ပြင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်သူ သွေဖည်ငြင်းပယ်သူတို့ကို တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[108] ထိုသူတို့သည် “အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများ အကြားအာရုံများနှင့်အမြင်အာရုံ များအ ပေါ်၌ တံဆိပ်ခပ်နှိပ်တော်မူမည့်သူများပင်” ဖြစ်ကြ၏။ ထိုသူတို့သည်ပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို) အလေးမထားဘဲ လျစ်လျူရှူမေ့လျော့နေသူများ ဖြစ်ကြ၏။

[109] ဧကန်စင်စစ်၊ သူတို့သည် နောင်တမလွန်ဘဝတွင် (မလွဲမရှောင်သာ) နစ်နာဆုံးရှုံးမည့်သူများဖြစ်ကြောင်းကို ယုံမှားသံသယဖြစ်စရာ မလိုပေ။

[110] ထို့နောက် ဧကန်မုချ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် (သူတို့၏ယုံကြည် မှုကို အကြောင်းပြု၍) ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပြီးနောက် နေရင်းစွန့်ရွှေ့ပြောင်း နေထိုင်ကြလျက် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားရုံသာမက (အရှင့်လမ်းစဉ်၌ ထိုသို့ရုန်းကန်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသော ဒုက္ခအခက်အခဲများကိုလည်း ဇွဲလုံ့လဝီရိယဖြင့် မြဲမြံစွာ) သည်းခံကြံခိုင်ကြမှု ရှိစေတော်မူ၏​။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် ထို (သို့ ရုန်းကန်မှုသည်းခံကြံ့ခိုင်ခြင်းကြောင့် သူတို့) ၏နောက်တွင် အမှန်ပင် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ သ နားကြင်နာ ညှာတာတော်မူသော အကြင်နာရှင် (အဖြစ်ရပ်တည်တော်မူသောအရှင်) ဖြစ်တော်မူ၏။

[111] (သတိရှိကြလော့။) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် ယင်းနဖ်စ်ကို အသုံးချခဲ့ခြင်းအတွက် အသနားခံပန်ကြားမည်ဖြစ်ပြီး နဖ်စ်တိုင်းအား ယင်းဖြင့် ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကျိုးဆုလဒ်များကို အပြည့်အဝ ချီးမြှင့်တော်မူခြင်း ခံကြရမည်။ အမှန်စင်စစ် သူတို့သည် မတော်မတရား ပြုခြင်းကို လုံးဝ ခံကြရမည် မဟုတ်ပေ။

[112] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (မြေပေါ်မြေအောက်နှင့်ပင်လယ်ရေပြင်အစရှိသော) နေရာတိုင်းမှ စားနပ်ရိက္ခာများ (နှင့်အခြားလိုအပ်များ) ဖောဖောသီသီရောက်ရှိစေ၍ တင်းတိမ်ရောင့်ရဲမှုနှင့်ဘေးကင်းလုံခြုံ မှုကို ခံစားလျက် တည်ငြိမ်အေးချမ်းစွာ ရပ်တည်စေတော်မူသောကြောင့် ထိုမြို့ရွာဒေသနေ ပြည်သူတို့က အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူထားသည့် (မိုးရေ၊ သယံဇာတ၊ စွမ်းအင်၊ ကျမ်းတော်နှင့် လမ်းညွှန်အစရှိသော အရှင်မြတ်) ၏ဂုဏ်ပေးမှုများနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းလျက် ငြင်းပယ်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် (သူတို့အား) သူတို့၏ (ယုံကြည်ကိုးကွယ်မှုနှင့်နေ့စဉ်ဘဝတွင် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာများအား) ဖန်တီးပြုမူခြင်းနှင့်အညီ ဆာလောင်ငတ်မွတ်မှုနှင့်ကြောက်ရွံ့ထိတ်လန့်မှု ဝတ်စားတန်ဆာကို မြည်း စမ်းစေတော်မူ၏။

[113] ထို့ပြင် မလွဲဧကန်၊ သူတို့အနက်မှပင်ဖြစ်သော ရစူလ်တမန်တော်တစ်ပါးသည် သူတို့ထံသို့ ရောက်ရှိလာခဲ့ရာ သူတို့သည် သူ့ကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောကြောင့် သူတို့အား အရေးယူတော်မူခဲ့၏။

[114] သို့ဖြစ်ပေရာ သင်တို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော စားနပ်ရိက္ခာများအနက်မှ သန့်ရှင်းစင်ကြယ်ရာကို သုံးဆောင်ကြပြီး အကယ်၍ ထိုအရှင်မြတ် တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်ပေးအပ်တော်မူသော (လမ်းညွှန်တော်၊ ကျမ်းတော်နှင့်တမန်တော်များ၊ သယံဇာတများနှင့်စွမ်အင်များစသည့်) အရှင့်ဂုဏ်ပေမှုများအတွက် ကျေးဇူးတင်ကြလော့။

[115] အရှင်မြတ်က သင်တို့အတွက် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ ဝက်သားနှင့် အလ္လာဟ် အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်များဖြင့် တိုင်တည်စွန့်လှူလှီးသတ်သော သား ကောင်များသာ ဖြစ်၏။ သို့သော် မည်သူမဆို (လိုအပ်ချက်ကြောင့် သေရေးရှင်ရေးတမျှ) အကျပ်အတည်းနှင့်ကြုံတွေ့နေသူ ဖြစ်၍ (အစားအသောက်နှင့်စပ်လျဉ်း၍ အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းများအား) မနာခံလိုသော ဆန္ဒရှိသူ (သို့မဟုတ် အစားမက်သူ) နှင့်စည်းမျဉ်းချိုးဖောက်သူ မဟုတ်လျှင် (အသက်ရှင်ရုံမျှ အတွက်သာ ထိုတားမြစ် ထားသောအရာကို စားခြင်း၌ ထိုသူအတွက် အပြစ်မထိုက်ပေ။) မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူ တို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော် မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[116] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် လိမ်လည်စွပ်စွဲရန် လုပ်ကြံဖန်တီးလျက် “ဤသည်ကား တရားမဝင်အဖြစ် တားမြစ်ထားသောအရာ ဖြစ်၏။ ဤသည်ကား တရားဝင် ခွင့်ပြုထားသောအ ရာ ဖြစ်၏။” ဟု သင်တို့၏နှုတ်လျှာများမှ အခိုင်အမာ ပြောဆိုခြင်း မပြုကြလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်အပေါ် လိမ်လည်စွပ်စွဲရန် မုသားကို လုပ်ကြံဖန်တီးသောသူတို့သည် ပေါက်မြောက် အောင်မြင်ကြမည် မဟုတ်ပေ။

[117] (ထိုသူတို့သည် ဤလောကီဘဝ၌ လောကီပျော်ရွှင်ခံစားမှု) အနည်းငယ်မျှကိုသာ အကျိုးခံစားခွင့်ရှိပြီး (နောင်တမလွန်ဘဝတွင်မူ) သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်များ ရှိနေ၏။

[118] ထို့ပြင် ယခင်က အသင် (တမန်တော်) အား (ရှေးခေတ်အဖြစ်အပျက်များ အကြောင်းကို) ပြန်လည် တင်ပြစေတော်မူသည့်အတိုင်း ငါအရှင်မြတ်သည် ဂျူးလူမျိုးတို့အပေါ်၌ (ယခု တရားဝင် ခွင့်ပြုထားသည့်အရာအချို့ကို) တရားမဝင်အဖြစ် တားမြစ်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့အား မတော်မတရား ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့၏ဆန္ဒတော်များနှင့်အညီအသုံးချလျက် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ သူတို့ ကိုသူတို့) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြခြင်းသာ ဖြစ်၏။

[119] ထို့နောက် ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်သည် (မကောင်းမှုဘက် အားသန်သော စိတ်အလိုရမ္မက်နောက်ကို လိုက်၍) အသိပညာကင်းမဲ့စွာဖြင့် မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံသူတို့အား ထိုသို့ပြုမူကြပြီးနောက်တွင် (နောင်တရလျက် ဝန်ချတောင်း ပန်ကာ) အရှင့်လမ်းစဉ်ဘက်သို့ ပြန်လှည့်လာသည်ကို အကြောင်းပြု၍ ကောင်းမှုကုသိုလ်များဖြင့် ပြုပြင်စေတော်မူ၏။ ထိုသို့ဖြစ်ပြီးနောက်တွင် ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည် (သူတို့အား ခွင့်လွှတ်တော်မူခဲ့ခြင်းမှာ) အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသောအကြင်ရှင်၊ ဖြစ်တော်မူသောကြောင့် ဖြစ်၏။

[120] ဧကန်ပင်၊ (တမန်တော်) အီဗ်ရာဟီမ်းသည် လူ့ဘောင်အသိုင်းအဝိုင်းအတွက် ရပ်တည် (၍အလွန် အတု ယူထိုက်) သောရှေ့ဆောင်တစ်ဦး အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များကို တစ်သွေမတိမ်း လိုက် နာ၍ နာခံမှု အပြည့်အဝရှိသော) ဖြောင့်မတ်တည်ကြည်သူတစ်ဦးပင် ဖြစ်ခဲ့သည့်အပြင် သူသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရားများကို ကိုးကွယ်သူတို့အနက်မှ အလျှင်း မဖြစ်ခဲ့ချေ။

[121] သူသည် အရှင်မြတ်၏ကျေးဇူးတော်များကို အလွန် သိတတ်၍ ကျေးဇူးတင်သူ ဖြစ်ခဲ့၏။ (သို့ဖြစ်ပေရာ) အရှင်မြတ်သည် သူ့အား ရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်တော်သို့ လမ်းညွှန် တော်မူခဲ့၏။

[122] ထို့ပြင် ငါအရှင်မြတ်သည် ထို (တမန်တော်) အီဗ်ရာဟီမ်းအား ဤလောကီဘဝ၌ ကောင်းမြတ်သောအရာ (အရှင့်လမ်းညွှန်တော်နှင့်ကျေးဇူးတော်) ကို ချီးမြှင့်ပေးအပ်တော်မူသည့်အပြင် နောင်တမလွန်ဘဝ၌ လည်း သူသည် ဧကန်စင်စစ်၊ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုဖြင့် ပြုပြင်ကြသည့် သူတော်စင်တို့အနက်မှ အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်လိမ့်မည်။

[123] ထို့နောက် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ “(တမန်တော်) အီဗ်ရာဟီမ်း၏လမ်းစဥ်သော (မယုံကြည်မှုနှင့်အယောင်ဆောင်မှု လုံးဝ ကင်းရှင်း၍ သန့်စင်သော) တည်ကြည်ဖြောင့်မတ်သည့် လမ်း စဉ်အတိုင်း လိုက်နာလော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီမ်းသည် အရှင် မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်သူတို့ အနက်မှလည်း အလျှင်း မဖြစ်ခဲ့ချေ။

[124] ဥပုသ်သီတင်းကို ယင်းနှင့်စပ်လျဉ်း၍ သဘောကွဲလွဲကြသောသူတို့အပေါ်၌သာလျှင် ဆောက်တည်ရန် ပြဌာန်းခြင်းခံရပြီး ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့အချင်းချင်းကြား သဘောကွဲလွဲလျက် ရှိခဲ့ကြသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[125] (အို၊ နဗီတမန်တော်) အသင်သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်၏လမ်းတော် သို့ (လူတို့အား) ဉာဏ်ပညာအမြော်အမြင်နှင့်ကောင်းမြတ်သော ဆုံးမသြဝါဒများဖြင့် ဖိတ်ခေါ်လော့။ ထို့ ပြင် သူတို့နှင့် အကောင်းဆုံးနည်းလမ်းဖြင့် အချေအတင် ဆွေးနွေး ပြောဆိုလော့။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက အရှင့်လမ်း စဉ်တော်မှ လွဲချော်၍ လမ်းမှားရောက်နေသည်ကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် တရားလမ်းမှန် ညွှန်ပြတော်မူခြင်းခံရသူတို့နှင့်ပတ်သက်၍လည်း အသိဆုံးတော်မူဆုံး ဖြစ်တော်မူ၏။

[126] ထို့ပြင် အကယ်၍ အသင်တို့သည် (သူတို့၏ကျူးလွန်မှုအတွက်) လက်တုံ့ပြန်လိုကြသည်ရှိသော် သူတို့က သင်တို့အား ဒုက္ခပေးခဲ့ကြသကဲ့သို့သာ လက်တုံ့ပြန်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် သည်းခံခွင့် လွှတ်ကြလျှင် ဧကန်မလွဲ၊ ယင်းသည် ခန္တီသည်းခံမှုတရားထားရှိကြသူတို့အတွက် အကောင်းဆုံး ဖြစ်၏။

[127] သို့ရာတွင် (အို၊ ရစူလ်တမန်တော်) အသင်၏ခန္တီသည်းခံမှုတရားသည် အလ္လာဟ်အရှင်မြတ် (၏လမ်း စဉ်တော်နှင့်အညီ လိုက်နာ၍ အရှင့်ကျေနပ်နှစ်မြို့) အတွက်ဖြစ်စေရန်မှအပ (အခြားမည်သည့် ရည် ရွယ်ချက်အတွက်မျှ) မဖြစ်စေသောနည်းမျိုးဖြင့် ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထို့ပြင် အသင်သည် (မယုံကြည်သူနှင့် အမှန်တရား ကို ဖီဆန်ငြင်းပယ်သူတို့၏သဘောထားကြောင့်) သူတို့အတွက် ဝမ်းနည်း ပက်လက် မဖြစ်လေနှင့်။ ထို့ပြင် သူတို့ ကြံစည်ဖန်တီးသော စီမံမှုများကြောင့်လည်း စိတ်ဆင်းရဲမှု မခံစားရလေနှင့်။

[128] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ပြုမူ ကျင့်ကြံသူတို့နှင့်အတူလည်းကောင်း၊ မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံ) သူတို့နှင့်အတူ လည်းကောင်း၊ ရှိတော်မူ၏။

ညဉ့်ခရီး

Surah 17

[1] ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များမှ (အချို့ကို) ပြသတော်မူရန်အလို့ငှာ ညတစ်ည၌ အရှင့်အစေခံ (တမန်တော်မုဟမ္မဒ်) အား ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ယင်း၏ပတ်ဝန်း ကျင်၌ သုခချမ်းသာမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံ၍ အလွန်ဝေးကွာသော အရပ်၌ရှိသည့် ဗလီဝတ်ကျောင်းတော်သို့ ခရီးထွက်စေတော်မူ​သောအရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့အရှင်၊ ဖြစ်တော်မူကြောင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူကြောင်း၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်းနှင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်စေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[2] စင်စစ် ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ကျမ်းတော်ကို ချီးမြှင့်ပေးအပ်တော်မူပြီး ''သင်တို့ သည် (ကိစ္စရပ်များအတွက် အားကိုးအားထားရာနှင့် ယုံကြည်စိတ်အချရဆုံး ဖြစ်တော်မူသော) ငါအရှင်မြတ်မှလွဲ၍ အခြားမည်သည့်တစ်စုံတရာကိုမျှ အုပ်ထိန်းစောင့်ရှောက်သူအဖြစ် မမှတ်ယူကြလေနှင့်။” ဟုမိန့်တော်မူလျက် ယင်းကို အစ္စရေးမျိုးနွယ်ဝင်တို့အတွက် လမ်းညွှန်တော်တစ်ရပ် ဖြစ်စေတော်မူခဲ့လေ၏။

[3] ငါအရှင်မြတ်သည် (တမန်တော်) နူဟ်နှင့်အတူ သားမြေးမျိုးဆက်အပေါင်းတို့ကို (ရွက်လှေသင်္ဘောပေါ်သို့) တင်ဆောင်တော်မူ (ခဲ့စဉ် သူတို့ကိုလည်း တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ သက်ဝင် ယုံကြည်ကြလော့ဟု မိန့်တော်မူ) လေ၏။ ဧကန်ပင် (တမန်တော်) နူဟ်သည် ကျေးဇူးတော်ကို အလွန်သိတတ်သော အစေခံတစ်ပါး ဖြစ်၏။

[4] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်တို့ထံ (ချမှတ်ပေးအပ်တော်မူခဲ့သော တောင်ရာတ်) ကျမ်းတော်၌ (ကျမ်းတော်နှင့်အညီ နာခံလိုက်နာခြင်းမရှိခြင်းနှင့်ကျေးဇူးကန်းခြင်းတို့၏အကျိုးဆက်အဖြစ်) သင်တို့သည် ဧကန်ပင်၊ မြေကမ္ဘာ (တိုင်းပြည်) ၌ အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ကြပြီး (မာန်မာနထောင်လွှားမှုတွင် ဘဝင်ခိုက်လျက်) သင်တို့သည် ခွင့်မလွတ်နိုင်အောင် ကြီးမားသော ပမာမခန့်မှုကို ဧကန်မလွဲ၊ ပြုမူကျူးလွန်ကြပေမည်။” ဟု အမိန့်တော်စီရင်ချက်ကို ထုတ်ပြန်ကြေညာတော်မူခဲ့၏။

[5] သို့ဖြစ်ပေရာ (ကျမ်းတော်နှင့်အညီ မကျင့်ကြံခြင်း၏အကျိုးအဖြစ် ကတိထားတော်မူသည့်) ထိုကတိ တော်နှစ်ခုအနက်မှ ပထမကတိတော်ကို ဖြည့်ဆည်းပေးတော်မူချိန် ဆိုက်ရောက်လာသည့်အခါ ငါအရှင်မြတ်သည် (သင်တို့အားဒဏ်ခတ်အရေးယူတော်မူရန်) သင်တို့အပေါ်ဝယ် (သင်တို့အားတော်လှန်မည့်) ငါအရှင် မြတ်၏အစေခံများအနက်မှဖြစ်သော တိုက်ရည်ခိုက်ရည် အလွန်ကြီးမားပြင်းထန်သည့် စစ်တပ်ကို ပေါ်ထွက်စေ၍ စေလွှတ်မူခဲ့ရာ သူတို့သည် သင်တို့၏မြို့ရွာအိုးအိမ်များအတွင်းသို့ တိုးဖောက်ဝင်ရောက်၍ လှန်လှော မွှေနှောက်လျက် (ရစရာမရှိအောင် ရုပ်ပျက်ဆင်းပျက်) ဖျက်ဆီးခဲ့ကြလေ၏။ ထိုအ ဖြစ်အပျက်သည် ပြီးမြောက်အောင် ဆောင်ရွက်စေတော်မူခြင်းခံရသည့် ကတိတော်ပင် ဖြစ်၏။

[6] ထို့နောက် ငါအရှင်မြတ်သည် သင်တို့အား သူတို့အပေါ်၌ (လွှမ်းမိုးအောင်နိုင်မည့်) အလှည့်ရောက်စေတော်မူပြီး သင်တို့အား ဥစ္စာဓနများနှင့်သားသမီးအင်အားများ ကြွယ်ဝတိုးပွားစေတော်မူခြင်းဖြင့် အားဖြည့်စေတော်မူသည့်အပြင် လူအင်အားစွမ်းရည်ကိုလည်း ပိုမို တောင့်တင်းခိုင်မာစေတော်မူ၏။

[7] အကယ်၍ သင်တို့သည် အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်း) ကို လုပ်ကြလျှင် ထိုသို့အကောင်းဆုံးဖြစ်အောင်လုပ်ခြင်းသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ အတွက်သာဖြစ်ပြီး အကယ်၍ သင်တို့သည် မကောင်းမှုကို ပြုကျင့်ကြလျင်လည်း ထိုနဖ်စ်အတွက် သာလျှင် ဖြစ်၏။ သိုဖြစ်ပေရာ ဒုတိယကတိတော်ကို ဖြည့်ဆည်းပေးတော်မူချိန် ဆိုက်ရောက်လာသည့်အခါ (သင်တို့၏ ဒုတိယရန်သူအား ပေါ်ထွက်စေတော်မူ၍) သင်တို့၏မျက်နှာများအား အိုးမဲသုတ်စေလျှက် အရှက်တကွဲဖြစ်စေရန် ပထမအကြိမ် (ဂျေရူစလင်ရှိ) ဝတ်ကျောင်းတော်ထဲသို့ ဝင်စေသကဲ့သို့ ဝင်ရောက်ဖျက်ဆီးစေရန်နှင့် (ဒုတိယ အကြိမ်တွင်လည်း ပထမအကြိမ်ကဲ့သို့ပင် ရုပ် ပျက်ဆင်းပျက်ဖြစ်အောင် တိုက်ခိုက်၍) အနိုင်ရသိမ်းပိုက်နိုင်သမျှ ကို အဖျက်ဆီးကြီး ဖျက်ဆီးစေရန် ခွင့်ပြုတော်မူခဲ့၏။

[8] (အို၊ အစ္စရေးမျိုးနွယ်ဝင်တို့ အသင်တို့က ကျမ်းတော်နှင့်အညီ ပြုမူကျင့်ကြံကြလျှင်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့အပေါ်၌ ကရုဏာသက် တော်မူနိုင်၏။ သို့ရာတွင် အကယ်၍သာ သင်တို့သည် (ယခင်နည်းတူ မောက်မာပလွှားခြင်းဘက်သို့) လှည့်ကြ သည်ရှိသော် ငါအရှင်မြတ်သည်လည်း (အသင်တို့ဘက်သို့ မောက်မာမှုနှင့်ညီမျှသော ပြစ်ဒဏ်ဖြင့်) လှည့်တော်မူပြီး မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် ငရဲဘုံကို (သူတို့အကျဉ်းချခံရမည့်) အကျဉ်းထောင်စေတော်မူ၏။

[9] ဧကန်ပင်၊ ဤကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မတ်မှန်ကန်သူတို့အတွက် (ကိစ္စရပ်အားလုံး၌) အဖြောင့်မတ်အတည်တံ့ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြားပြသပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှု များဖြင့်ပြုပြင်ကြသော ယုံကြည်သူတို့အတွက် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်ရှိကြောင်း သတင်းကောင်း ပါးမည် ဖြစ်၏။

[10] ထို့ပြင် ဧကန်စင်စစ်၊ နောင်တမလွန်ဘဝကို မယုံကြည်သော သူတို့အတွက် ငါအရှင်မြတ်သည် ပြင်းပြနာ ကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထား (တော်မူကြောင်းကိုလည်း ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ပင် အသိပေး) တော်မူ၏။

[11] စင်စစ် လူသားသည် (သူတို့၏အပြောအဆိုနှင့်အပြုအမူများဖြင့်) ကောင်းမှုကုသိုလ်အတွက် (မျှော်ကိုး ခြင်းနှင့်အတူ) မကောင်းမှုအကုသိုလ်များအတွက်လည်း ဖိတ်ခေါ်ဆုတောင်းကြ၏။ စင်စစ်သော်ကား၊ လူသားသည် (သူတို့၏ဉာဉ်စဉ်စရိုက်ကို လတ်တလောအကျိုးအမြတ်အတွက်သာ အာရုံစိုက်စေခြင်းကြောင့်) အလောတကြီးပြုလုပ်ရန် အားသန်ကြ၏။

[12] ထို့ပြင် (လူသား၏ဘဝ၌ နေ့နှင့်ည၊ လမ်းမှန်နှင့်လမ်းမှား၊ အလင်းနှင့်အမှောင်များ ရှိသကဲ့သို့ လောက၌လည်း) ငါအရှင်မြတ်သည် ညနှင့်နေ့ကို (အရှင်မြတ်၏တန်ခိုးတော် ဉာဏ်တော်အနန္တ၊ ကျေးဇူးတော်နှင့်အ ခြုပ်အချာအာဏာဆိုင်ရာ အမှန်တရားများ ထင်ရှားစေသည့်) အာယသ်သက်သေလက္ခဏာတော်နှစ်ရပ်အဖြစ် ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှဖြစ်သော (မြေပေါ်မြေအောက် သယံဇာတများ စွမ်းအင်များ၊ ရိက္ခာ နှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များစသော) ကျေးဇူးတော်များကို ဆည်းပူးရှာဖွေနိုင်ကြရန်နှင့် နေ့၊ ရက်၊ လ၊ နှစ်များကို ရေတွက်၍တွက်ချက်မှုများကို သိနားလည်နိုင်ရန်အလို့ငှာ ည၏သက်သေလက္ခဏာကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား မြင်သာထင်ရှားစေတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (အရှင့်ကျေးဇူးတော်များဖြစ်သော) အရာခပ်သိမ်းတို့ကို အသေးစိတ်ရှင်းလင်း ဖော်ပြတော်မူ၏။

[13] (ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်း၏အကောင်းအဆိုးဆိုင်ရာ နိမိတ်ကို သူ၏အပြုအမူပေါ် အခြေခံစေတော်မူသည့်အနေဖြင့်) သူ၏လည်ကုပ်၌ ခိုင်မြဲစွာ ချည်နှောင်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် တမလွန်တရားစီရင်မည့်နေ့တွင် (လောကီဘဝ၌သူ ပြုမူကျင့်ကြံခဲ့သမျှကို) အသေးစိတ်တွေ့မြင် ခံစားစေရန် ဖြန့်ခင်းဖွင့်ထားသော မှတ်တမ်းတစ်ခုအဖြစ် ပေါ်ထွက်တည်ရှိစေတော်မူမည်။

[14] (ထို့နောက်) ယနေ့ သင်သည် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် သင်ကိုယ်တိုင် သင့်အပေါ်တွင် စီရင်ချက်ချမှတ်နိုင်ရန် လုံလောက် (သော သက်သေဖြစ်သည့်) သင်၏မှတ်တမ်းစာအုပ်ကို (စစ်ဆေးသူတစ်ဦးပမာ) ဖတ်လော့။” ဟု အမိန့်ပေးခြင်းခံရလိမ့်မည်။

[15] မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆိုလမ်းမှားကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် လမ်းမှားလိုက်ခြင်းသည် ယင်း(နဖ်စ်)အပေါ်၌သာ တာဝန်ရှိ၏။ အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်အတိုင်းဘဝ ဆောက်တည်စေရန် သတိပေးနှိုးဆော်သော) ရစူလ်တမန်တော်တစ်ပါးပါးအား ပွင့်ပေါ်စေလွှတ်တော်မမူသမျှ ကာလပတ်လုံး (မည်သည့်ပုဂ္ဂိုလ် မည်သည့်လူ့အသိုင်း အဝိုင်းကိုမျှ သူတို့၏မကောင်းမှုဒုစရိုက်ကျူးလွန်မှုအ တွက်) ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။

[16] တစ်ဖန် ငါအရှင်မြတ်သည် မြို့ရွာဒေသတစ်ခုခုအား ယင်း၌နေထိုင်ကြသော ပြည်သူများက (သူတို့ထံ ပေးအပ်တော်မူသည့်) စည်းစိမ်ချမ်းသာနောက်သို့ လိုက်၍ ပျော်မြူးလျက် ငါအရှင်မြတ်၏အမိန့်တော်များကို ဖီဆန်ကျူးလွန်မှုကြောင့် တိမ်ကောဖျက်ဆီးစေရန် ရည်ရွယ်တော်မူသောအခါ ငါအရှင့်ဗျာဒိတ်တော် (အရ မျှတသော အကျိုးဆက်ဖြစ်သော ပြစ်ဒဏ်) ကို ယင်း (မြို့ရွာဒေသ) အပေါ်ဝယ် တိကျမှန်ကန်စွာ အတည်ဖြစ်စေတော်မူပြီးနောက် ယင်းကို ထိုက်တန်သော ပျက်စီးရာပျက်စီးကြောင်းများဖြင့် ထိုက်ထိုက်တန်တန် တိမ်ကောပျက်စီးစေတော်မူ၏။

[17] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) နူဟ်၏နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် မျိုးဆက်ပေါင်းများ စွာအနက်မှ မည်ရွေ့မည်မျှကို တိမ်ကောပျက်စီးစေတော်မူခဲ့ကြောင်းနှင့်အသင် (တမန်တော်) အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်အစေခံလူသားများက ကျူးလွန်သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့ သတင်းရနေတော်မူသောအရှင် အကြွင်းမဲ့ မြင်နေတော်မူသောအရှင်အဖြစ် လုံလောက်တော်မူကြောင်း (မသိကြလေသလော)။

[18] မည်သူမဆို လတ်တလော လောကီအကျိုးအမြတ်ကိုသာ (အလောတကြီး) ရယူပိုင်ဆိုင်လိုသော ဆန္ဒရှိ သော် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာကို ထိုသူအတွက် (ဤလောကီဘဝ၌ပင်) အဆောတလျင် ပေးတော်မူပြီးနောက် ငါအရှင်မြတ်အလိုရှိတော်မူသောသူအတွက် ယင်း၌ ပြစ်တင်ရှုတ်ချခြင်းခံရ၍ အရှက်ရစေရန်လည်းကောင်း၊ အပါယ်ခံအဖြစ်လည်း ကောင်း၊ လောင်ကျွမ်းစေမည့် ငရဲဘုံ၌ သူ့ကို လွှဲအပ်ဝင်ရောက်စေတော်မူမည် ဖြစ်၏။

[19] သို့ရာတွင် မည်သူမဆို တမလွန်ဘဝကိုသာ ရည်စူး၍ ယင်းအတွက် ရုန်းကန်သင့်သည့် အနေအထားဖြင့် အစွမ်းကုန် ရုန်းကန်လျှင် ထိုသူသည် စစ်မှန်သော ယုံကြည်သူတစ်ဦးဖြစ်ပြီး ထို (သို့ရုန်းကန်သော) သူတို့သည် စွမ်းစွမ်းတမံ ရုန်းကန်အားထုတ်ခြင်းနှင့်အညီ (အကျိုးဆုလဒ်များရထိုက်၍ အရှင်မြတ်ကို) ကျေးဇူးသိတတ် သူများအဖြစ် အသိအမှတ်ပြုခံရသူများပင် ဖြစ်ကြ၏။

[20] ငါအရှင်မြတ်သည် (စွမ်းစွမ်းတမံ ရုန်းကန်အားထုတ်ကြသော) ဤပုဂ္ဂိုလ်များအတွက် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ရက်ရောသောချီး​မြှင့်မှုနှင့်လက်ဆောင်များအနက်မှ (ကျမ်းတော်၊ လမ်းညွှန်၊ သယံဇာတ၊ စွမ်းအင်၊ စွမ်းရည် အစရှိသော) ဤသည်တို့ကို အဘက်ဘက်မှ ပြည့်စုံအောင် ချဲ့ထွင်တိုးပွားစေတော်မူ၏။ စင်စစ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ (လောကီဆိုင်ရာ) ရက်ရောသောချီး​မြှင့်မှုနှင့်လက်ဆောင်များသည် ကန့် သတ်ချုပ်ချယ်ထားခြင်းခံရသောအရာများ အလျှင်း မဟုတ်ပေ။

[21] ငါအရှင်မြတ်သည် (ဤလေကီဘဝ၌) အချို့ကို အချို့ထက် မည်သို့မည်ပုံ အခွင့်အလမ်းများ ချီးမြှင့်တော်မူ၍ ဂုဏ်သိက္ခာပေးအပ်တော်မူကြောင်းနှင့်နောင်တမလွန်ဘဝအတွက် ပိုမို၍ ကြီးမားသောဂုဏ်အဆင့်အတန်းများနှင့်အမြင့်မြတ်ဆုံးဂုဏ်သိက္ခာများ ထားရှိတော်မူကြောင်းကို မစဉ်းစားမဆင်ခြင် မသုံးသပ်ကြလေသလော။

[22] အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားမည်သည့် ကိုးကွယ်ရာကိုမျှ (တွဲဖက် ကိုးကွယ်ခြင်းကို) မပြုလုပ်လေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည် ပြစ်တင်ရှုတ်ချမှုဖြင့် အရှက်ကွဲခံရသူနှင့် (ကူညီစောင်မသူ ကင်းမဲ့၍) စွန့်ပစ်ထားခြင်းခံရသူသာ ဖြစ်လိမ့်မည်။

[23] အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ထိုအရှင်တစ်ဆူတည်းကို ယုံကြည်ကိုးကွယ်ခြင်းမှအပ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ရန်လည်း ကောင်း၊ အကယ်၍ မိဘနှစ်ပါးအနက် တစ်ဦးဦးက သို့မဟုတ် နှစ်ဦးစလုံးသည် အသင်၏ရှေ့မှောက်တွင် အိုမင်းရင့် ရော်အရွယ်ရောက်သော် ထိုမိဘနှစ်ပါးအား အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံး ပြုမူကျင့်ကြံလိုသော ဆန္ဒရှိ လျက်) အကောင်းဆုံးဖြစ်အောင် ပြုစုရန်လည်းကောင်း၊ (သူတို့က သူ ငယ်ပြန်၍ သင်မကြိုက်နှစ်သော အပြုအမူနှင့်ကြုံတွေ့သည့်အခါ သူတိုအား) “အိုး” ဟု (မနှစ်သက်ကြောင်း ပေါ်လွင်စေသည့် အာမေဍိတ် အသံဖြင့်) တုံ့ပြန်ပြောဆိုခြင်း မပြုရန်လည်းကောင်း၊ သူတို့အား (သည်းမခံနိုင်မှုနှင့်ညည်းညူမှုကို ထင်ရှားစေသည့်အနေဖြင့်)’ ငေါက်ငမ်းတွန်းကန်ပြောဆိုဆက်ဆံမှုမျိုး မပြုလုပ်ရန်လည်း ကောင်း သူတို့အား ယဉ်ကျေးသိမ်မွေ့ရည် မွန်သော အပြောအဆိုများဖြင့် ပြောဆိုဆက်ဆံရန်လည်းကောင်း၊ အရှင့်စီရင်ချက်ကို ပြဌာန်းတော်မူ၏။

[24] ထို့ပြင် အသင်သည် သင်၏ကရုဏာ (နှင့်မေတ္တာကို ကိုယ်စားပြုသည့်) အတောင်ပျံအား ထိုမိဘနှစ်ပါး ၏ရှေ့မှောက်တွင် ကျိုးနွံစွာ နှိမ့်ချထားလော့။ ထို့ပြင် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်ထံတော်၌) အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ကျွန်ုပ်မိဘ နှစ်ပါးသည် ကျွန်ုပ်အား ငယ်စဉ်တောင်ကျေးကလေးဘဝ၌ ပြုစုပျိုးထောင်ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း သူတို့ နှစ်ပါးအပေါ်၌ ကရုဏာသက်တော်မူပါ။” ဟု ဆုတောင်းပန်ကြားလော့။

[25] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (မိဘများအား ပြုစုလိုစိတ်ရှိမရှိကိုလည်း ကောင်း၊ ကောင်းမှုပြုလိုစိတ်ရှိ၊ မရှိကိုလည်းကောင်း) ရှိသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူများဖြစ်လျှင် (သူတော်စင်များဖြစ်လာမည်ဖြစ်ရာ) ဧကန်ပင်၊ ထိုအရှင်မြတ်သည်လည်း (သင်တို့၏အတွေးများနှင့်လုပ်ရပ်များဖြင့် ဝန်ချတောင်းပန်လျက် အရှင်မြတ်ထံ) မကြာခဏလှည့်၍ ပန်ကြားသူတို့အတွက် အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[26] ထို့ပြင် ဆွေမျိုးနီးစပ်သူအား သူ၏ရသင့်ရထိုက်သော အခွင့်အရေးများကိုလည်းကောင်း၊ ခိုကိုးရာမဲ့ သောသူဆင်းရဲများနှင့်ခရီးသည်များ၏အခွင့်အရေးများကိုလည်းကောင်း၊ (တာဝန်ကျေပွန်စွာဖြင့်) ပေးကမ်း လော့။ သို့ရာတွင် အသင်သည် (သင်၏ဥစ္စာဓနသယံဇာတစွမ်းရည်နှင့်စွမ်းအင်စသည်တို့ကို သုံးစွဲရာ၌ အသိတ ရားကင်းမဲ့စွာဖြင့်) အချည်းနှီး မဖြုန်းတီးစေလေနှင့်။

[27] ဧကန်ပင်၊ အချည်းနှီးဖြစ်စေလျက် အသုံးအဖြုန်းကြီးသူတို့သည် စေတန်မကောင်းဆိုးဝါး၏ညီနောင်များပင် ဖြစ်ကြပြီး စင်စစ် ထိုစေတန်မကောင်းဆိုးဝါးသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ကို အစဉ် ကျေးဇူးကန်းသူပင် ဖြစ်၏။

[28] သို့ရာတွင် အကယ်၍ အသင်သည် (သင်ကိုယ်တိုင်၌ လိုအပ်ချက်များ ရှိနေသောကြောင့် ဆင်းရဲချို့တဲ့ သူတို့အား လျစ်လျူရှု၍) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ကရုဏာတော်ကို ရှာမှီးရန် စောင့်မျှော်နေစဉ် (မလွဲမရှောင်သာ) သူတို့ထံမှ မျက်နှာလွှဲရလျှင်လည်း သူတို့အား နူးညံ့သိမ်မွေ့ပြီး ပြေပြစ်သော အပြောအဆိုများကို ပြောဆိုလော့။

[29] ထိုမှတပါး အသင်သည် သင့်လက်ကို သင့်လည်ကုပ်ဘက်သို့ (ဆန့်တန်း၍ စေးနှဲတွန့်တိုလျှက် ကိုယ်ကျိုးကိုသာ ဦးစားပေးခြင်းဖြင့်) တုပ်နှောင်မထားလေနှင့်။ တစ်ဖန် ပြစ်တင်ရှုတ်ချမှုခံရသူအဖြစ် မွဲတေ၍ ဒေဝါလီခံရသည်အထိ အားလုံးကို စွန့်လှူခြင်းဖြင့် လက်မှိုင်ချထိုင်နေရရန်လည်း သင့်လက်အား ဆန့်တန်းစေလျက် လက်ဖွာ ခြင်း မပြုလေနှင့်။

[30] ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်၊ အတိုင်းအတာဖြင့်သာ ပေးသနားတော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားများ (၏အခြေအနေ) နှင့်ပတ်သက်၍ အသေးစိတ်ကို သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[31] ထို့ပြင် သင်တို့သည် (စီးပွားရေးကျပ်တည်းမှုနှင့်) ဆင်းရဲမွဲတေမှုကို ကြောက်လန့်စိုးရိမ်သောကြောင့် သင်တို့၏သားသမီးများအား (ယခင်အာရဗ်များကဲ့သို့ အရှင်လတ်လတ် မြေမြှုပ်သဂြိုလ်ခြင်း ကိုယ်ဝန် ပျက်ချ ခြင်း၊ ပညာမသင်ပေးခြင်းဖြင့်) မသတ်ဖြတ်ကြလေနှင့်။ (စင်စစ်) ငါအရှင်မြတ်သည်ပင်လျှင် သူတို့နှင့်သင်တို့ကိုပါ စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးသနားတော်မူ၏။ ဧကန်ပင်၊ သူတို့အား သတ်ဖြတ်ခြင်းသည်ကား အလွန်ကြီးလေးသော ပြစ်မှုပင် ဖြစ်၏။

[32] ထို့ပြင် အသင်တို့သည် တရားမဝင် မေထုန်မှုအပါးသို့ပင် မချဉ်းကပ်ကြလေနှင့်။ ဧကန်ပင်၊ ယင်း (တရားမဝင်မေထုန်မှု) သည် အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ရာ (မကြားဝံ့မနာသာသောလုပ်ရပ်) ဖြစ်သည့်အပြင် အလွန် ဆိုးဝါးလှသော အကုသိုလ်လမ်းစဉ်လည်း ဖြစ်၏။

[33] ထို့ပြင် အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်ခြင်းမှအပ သင်တို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်ကိုမျှ သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆိုသည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား သတ်ဖြတ်သူ၏သတ်ဖြတ်ခြင်းကိုခံရလျှင် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သူအသတ်ခံရခြင်းအတွက် လက်တုံ့ပြန်ရန် သို့မဟုတ် လျှော်ကြေးတောင်းခံရန် သို့မဟုတ် တရားခံအား ခွင့်လွှတ်ရန် ပြောရေးဆိုခွင့်ရှိသူအဖြစ်) သူ၏အမွေစားအမွေခံအား အခွင့်အာဏာရှိသူ ဖြစ်စေတော်မူ၏။ သို့ရာတွင် ယင်းအမွေ စားအမွေခံသည် သတ်ဖြတ်ခံရသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ စည်းဘောင်ကျူးလွန်လျက် အလွဲသုံးစားမပြုကြလေနှင့်။ ဧကန်ပင်၊ ထိုသူသည် (အရှင်မြတ်၏အမိန့်ဥပဒေဆိုင်ရာ ကျင့်ထုံးနှင့်လုံလောက်သော ထောက်ခံမှုဖြင့်) ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်၏။

[34] ထို့ပြင် သင်တို့သည် မိဘမဲ့တို့၏ဓနဥစ္စာပိုင်ဆိုင်မှုများ၏အပါးသို့ပင် (ယင်းတို့အား ပိုမို၍ တိုးပွားကောင်းမွန်စေလိုသည့်ဆန္ဒဖြင့်) အကောင်းဆုံးဖြစ်အောင် လုပ်ခြင်းမှအပ သူတို့ လူလားမြောက်သောအရွယ် ရောက်သည်အထိ မချဉ်းကပ်ကြလေနှင့်။ ထို့ပြင် သင်တို့သည် (အချင်းချင်းကြား တစ်ဖက်နှင့်တစ်ဖက် ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာ ဆောင်ရွက်ကြလော့။ ဧကန်ပင်၊ ယင်း (ကတိပဋိညာဉ်) သည် (တမလွန်တရားစီရင်မည့်နေ့တွင် အရေးယူတော်မူရန်) စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင် ဖြစ်၏။

[35] ထို့ပြင် သင်တို့သည် (စကေး၊ ပိဿာ၊ တောင်း၊ တင်း၊ ခွက် စသော ချိန်တွယ်စရာများကို အသုံးပြု၍) ကုန်ဖလှယ်ရာ၌ အလေးချိန်များကို ချိန်တွယ်၍ ပေးချေသောအခါ တရားမျှတစွာနှင့်ဖြောင့်မတ်မှန်ကန်စွာဖြင့် အပြည့်အဝ ချိန်တွယ်ပေးကြလော့။ ထိုသို့ပြုလုပ်ခြင်းသည် (သင်တို့၏လောကီဘဝအတွက်) အကောင်းမြတ်ဆုံးပင် ဖြစ်သည့် (နောင်တမလွန်ဘဝ၌လည်း အကျိုးဆုလဒ်များ ရရှိမည်ဖြစ်သောကြောင့်) အကောင်းဆုံးသော ရေရှည်အကျိုးရလဒ်ကို ရရှိစေမည့်လုပ်ရပ်ပင် ဖြစ်၏။

[36] တစ်ဖန် အကြောင်းကိစ္စတစ်စုံတစ်ခုနှင့်စပ်လျဉ်း၍ သင်၌ (အကောင်းအဆိုး မှန်သည်၊ မှားသည်၊ ဟူသော အသိဉာဏ်ဗဟုသုတနှင့်) အသိတရားမရှိလျှင် ယင်း၏နောက်သို့ တကောက်ကောက် မလိုက်လေနှင့်။ ဧကန်ပင်၊ အကြားအာရုံဆိုင်ရာစွမ်းရည် အမြင်အာရုံဆိုင်ရာစွမ်းရည်နှင့်စိတ်နှလုံးဆိုင်ရာ နားလည်ခံစားနိုင်သည့် စွမ်းရည် အသီးသီးတို့သည် ယငးတို့တစ်ခုချင်းစီနှင့်စပ်လျဉ်း၍ တမလွန်တရား စီရင်မည့်နေ့တွင် အရေးယူတော် မူရန်) စစ်ဆေးမေးမြန်းခြင်းခံရမည့် အရာများပင် ဖြစ်ကြ၏။

[37] ထို့ပြင် သင်သည် မြေကမ္ဘာဝယ် (ကိုယ့်ကိုယ်ကို အထင်ကြီး၍) ဘဝင်မြင့်လျှက် ပမာမခန့်ပြုလျက် လမ်းလျှောက်သွားလာခြင်း မပြုလေနှင့်။ ဧကန်ပင်၊ အသင်သည် (သင်၏ခြေများကို မြေကြီးပေါ်၌ မည်သို့ပင် ဆောင့်နင်းသည် ဖြစ်စေ) ထိုမြေကမ္ဘာကို မည်သည့်အခါမျှ အလျှင်း ဆုတ်ဖြဲအောင် ခွဲပစ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် (အခြားလူတို့ အထင်ကြီးစေရန်အတွက် သင်၏ခြေများအား မည်သို့ပင် အစွမ်းကုန် လှမ်းသည်ဖြစ်စေ) ထိုခြေများကို မည်သည့်အခါမျှ တောင်ထိပ်သို့ ရောက်သည်အထိ ဆန့်တန်းနိုင်မည်လည်း မဟုတ်ချေ။

[38] ထိုသို့သော အပြုအမူတိုင်းသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အမြင်တော်၌ မကောင်းသောလုပ်ရပ်များပင် ဖြစ်၏။

[39] ထိုအမိန့်ပညတ်ချက်သည်ကား (အလုံးစုံသော ဉာဏ်အမြော်အမြင်များ၏အရင်းအမြစ်နှင့်အခြေခံဖြစ်သော) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ဉာဏ် အ မြော်အမြင်တော်မှ အသင် (တမန်တော်) ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်တော်မူသော အမိန့်ပညတ်များအနက်မှပင် ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ယှဉ်တွဲ၍ အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ (ကိုးကွယ်ရာအဖြစ်) ယုံကြည်ကိုးကွယ်ခြင်း မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ငရဲဘုံ၌ ပြစ်တင်ရှုတ်ချခြင်း ခံရ၍ အရှက်ရစေရန်လည်းကောင်း၊ အပါယ်ခံအဖြစ်လည်းကောင်း၊ ပစ်ချခြင်း ခံရလိမ့်ဖြစ်၏။

[40] (အို၊ မယုံကြည်သူတို့) အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင် မြတ်သည် သင်တို့အတွက် သားယောကျာ်းများကို ဦးစားပေးချီးမြှင့်တော်မူခြင်းဖြင့် သင်တို့ကို သီးသန့် ဂုဏ်ပေး၍ ရွေးချယ်တော်မူပြီး အရှင်မြတ်ကိုယ်တော်အတွက်မူ (သင်တို့က အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ စွပ်စွဲသကဲ့သို့) မလာအီကာစေတမန်များအနက်မှ သမီးမိန်းကလေးများကို ရယူလိုမည်လော။ ဧကန်ပင်၊ သင်တို့သည် (အရှင့်ဂုဏ်တော်များကို မထီမဲ့မြင်ပြုလျက်) အလွန့်အလွန် ဆိုးရွားသော အပြောအဆိုများကို အမှန်ပင် ပြောဆိုနေကြ၏။

[41] မုချဧကန်၊ ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကုရ်အာန်၌ (လူသားတို့က အမှန်တရားသစ္စာအား သတိရ တသ၍ ထုတ်ဖော်စေနိုင်မည့်) တရားဓမ္မများကို သတိမူနိုင်ရန်အလို့ငှာ (ကိုးကွယ်ရာအရှင် တစ်ဆူ တည်းသာ တည်ရှိတော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် အသေးစိတ် ရှင်းလင်းတင်ပြတော်မူသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၌မူ) မနှစ်မြှို့ဖွယ်ရာ စက်ဆုပ်မှုများမှအပ (အခြားမည်သည့်အရာများ) တိုးပွားလာခြင်း မရှိပေ။

[42] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သူတို့ စွပ်စွဲပြောဆိုနေကြသည့်အတိုင်း ထိုအရှင်မြတ်ထံတော်၌ အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း ရှိခဲ့လျှင် ဧကန်ပင်၊ ယင်းတို့သည် (စကြဝဠာအတွင်းရှိ နိယာမတရားများ၊ နေ့ညအပြောင်းအလဲများ၊ သက်ရှိတို့၏သေခြင်းရှင်ခြင်းတို့ကို ဖြစ်စေနိုင်သော တန်ခိုးအာဏာ) အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ထံတော်သို့ (သွားရောက်တိုက် ခိုက်ရန်) နည်းလမ်းရှာ ဖွေခဲ့ကြလိမ့်မည်ဖြစ်၏။

[43] ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင် ဆိုင်တော်မူသောအရှင်ဖြစ်ခြင်းကြောင့်) စင်ကြယ်သန့်ရှင်းတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် (မယုံကြည် သူများ အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်သူများဖြစ်ကြသော) သူတို့က စွပ်စွဲပြောဆိုနေခြင်းနှင့်ဆန့်ကျင်၍ သာလွန်ထူးကဲ မြင့်မြတ်လှတော်မူ၏။

[44] မိုးကောင်းကင်ခုနစ်ထပ်နှင့်မြေကမ္ဘာသည်လည်းကောင်း၊ ယင်းတို့ အတွင်း၌ ရှိနေသူတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်ကို ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအားဖြင့် (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော် မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ခြင်းကို ထင်ရှားစေလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း ဂုဏ်တင်ကြ၏။ အမှန်စင်စစ် (သက်ရှိသက်မဲ့) အရာခပ်သိမ်းအလုံး စုံတို့သည် (အရှင့်နိယာမတရားနှင့်အညီ ရှင်သန်ဖြစ်ပျက်နေပြီး အရှင့် စည်းမျဉ်းတော်များကို နာခံလျက်) ထို အရှင်မြတ်အား စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ချီးမွမ်းထောပနာပြု၍ ကျေးဇူးတင်ခြင်းဖြင့် ဂုဏ်တင် နေကြ၏။ သို့ရာတွင် အသင်တို့မှာမူကား ယင်းတို့၏နာခံလိုက်နာသော ထိုဂုဏ်တင်မှုကို သိနားလည်နိုင်စွမ်း မရှိကြချေ။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအပေါ် အလွန်ပင် သည်းခံသက်ညှာတော်မူသော အရှင်၊ အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေး သနားတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[45] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ် သောအခါ ငါအရှင်မြတ်သည် အသင်နှင့်နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်သောသူတို့၏စပ်ကြားဝယ် (အရာခပ်သိမ်းတို့၏ဖွဲ့စည်းဖြစ်မှု၌ အရှင့်နိယာမတရားပေါ်အခြေခံကြောင်းကို လျစ်လျူရှုခြင်းကြောင့် ယုံကြည်နိုင်စွမ်း မရှိအောင်) မမြင်နိုင်သော အကာအဆီးကို ချထားတော်မူ၏။

[46] ထို့ပြင် ငါအရှင်မြတ်သည် (မကောင်းသောအ​ကြံအစည်များ မှားယွင်းသောလုပ်ရပ်များနှင့် မောက်မာမှုတို့ဖြင့် ကုရ်အာန်ကျမ်းတော်မြတ်ကို နားလည်နိုင်စွမ်း လက်လွတ်စေသောကြောင့်) သူတို့၏စိတ်နှလုံးများပေါ်၌ အဖုံးအကာများ ဖြစ်ပေါ်စေတော်မူ၏။ သူတို့၏နားများ၌လည်း (အမှန်တရားကို ကြားနာလိုစိတ် မရှိခြင်း ကြောင့်) နားလေးနားထိုင်းခြင်းကို ဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် အသင်သည် (သူတို့အား) သင့်အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်၌ “ထိုအရှင်မြတ်သည် တစ်ဆူတည်းသာဖြစ်ကြောင်း ဖော်ပြထားတော်မူခြင်းကို သတိရ တသရန် ထုတ်ဖော်ဟောကြားသည့်အခါ သူတို့သည် ယင်းကိုမနှစ်မြှို့ကြောင်း ထင်ရှားစေသည့်အသွင်ဖြင့် နောက်ကျောဘက်သို့ ကျောခိုင်း၍ လှည့်ပြန် ကြလေ ၏။

[47] ငါအရှင်မြတ်သည် သူတို့က ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ နားစွင့်လျက် မည်သည့် အကြောင်းအရာအား ကြားနာလိုသည်ကိုလည်းကောင်း၊ အသင့်ဘက်လှည့်၍ နားထောင်ပြီးနောက် သူတိ့အချင်းချင်း သီးသန့်တွေ့ဆုံ၍ လျှို့ဝှက်စွာ တိုင်ပင်ကြသည့်အခါ ထိုအရှင့်စည်းမျဥ်းတော်များကို ကျူးလွန် ဖောက်ဖျက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့က ''(တမန်တော်မုဟမ္မဒ်နောက်ကို လိုက်ခြင်းဖြင့်) သင်တို့သည် မှော်ပညာဖြင့် ညှို့ဖမ်းစားခြင်းခံရသောသူ၏နောက်သို့ လိုက်နေကြ၏။'' ဟု ပြောဆိုကြသည်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် ကောင်းစွာ သိနေတော်မူ၏။

[48] (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင်နှင့်ပတ်သက်၍ မည်သို့သော ပုံဆောင်များဖြင့် ခိုင်းနှိုင်းခဲ့ကြသည်ကို တွေ့မြင်သုံးသပ်ကြည့်လော့။ သို့ဖြစ်ပေရာ (သူတို့၏မောက်မာမှုကြောင့်) သူတို့သည် လမ်းလွဲခဲ့ကြပြီး (အမှန်တရားကို မြင်နိုင်စွမ်းမရှိသဖြင့်) မည်သည့် လမ်းစဉ်မှန်ကိုမျှ တွေ့ရှိနိုင်ကြမည် မဟုတ်ပေ။

[49] ထို့ပြင် သူတို့က “ကျွန်ုပ်တို့သည် (ကွယ်လွန်သေဆုံး၍ ဆွေးမြေ့ကျေမွလျက်) အရိုးများနှင့်အမှုန်များသာ ကျန်ရှိသောအခါ (ယင်းအမှုန်မှပင်) ဖွဲ့စည်းဖြစ်တည်မှုအသစ်ဖြင့် (သက်ရှိအဖြစ်) ရှင်ပြန်ထစေခြင်းကို ခံကြ ရဦးမည်လော။”ဟု ပြောဆိုမေးမြန်းကြ၏။

[50] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ဟောကြားလော့။ သင်တို့သည် (ကွယ်လွန်သေဆုံး၍ ကျောက်ဖြစ် ရုပ်ကြွင်းများ ဖြစ်စေလျက်) ကျောက်တုံး သို့မဟုတ် သံတုံးပင် ဖြစ်ကြလျှင်လည်း။

[51] သို့တည်းမဟုတ် သင်တို့၏စိတ်နှလုံး၌ (သက်ရှိ ဖြစ်နိုင်စရာမရှိသော) အလွန်ကြီးကျယ်လှသည်။” ဟု ထင်မြင်ယူဆသည့် ဖွဲ့စည်းဖြစ်တည်မှု တစ်စုံတစ်ရာ ဖြစ်လျှင်လည်း။ (ယင်းတို့အားလုံးသည် ဆွေးမြေ့၍ အမှုန် သို့မဟုတ် အစိုင်အခဲ ဖြစ်လျှင်ပင် ပြန်လည် ရှင်စေတော်မူမည်။) ထို့နောက် သူတို့က “မည်သူသည် ကျွန်ုပ်တို့အား ရှင်ပြန်ထစေမည်နည်း။”ဟု မေးမြန်းကြလိမ့်မည် (အို၊ ရစူလ်တမန်တော် သူတို့အား) သင်တို့အား ပထမဆုံး အကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည်ပင်လျှင် (ရှင်ပြန်ထစေတော်မူ၏။) ဟု ဖြေကြားလော့။ ထိုအခါ သူတို့သည် သင့်ရှေ့ဝယ် သူတို့၏ဦးခေါင်းများကို (အံ့သြစွာ) ခါလှုပ်၍ ထိုသို့ရှင်ပြန်ထစေခြင်းသည် မည်သည့်အခါ၌ ဖြစ်မည်နည်းဟု မေးကြလိမ့်မည်။ (သူတို့အား) ထို (အချိန်) သည် နီးကပ်ကောင်းနီးကပ်နိုင်၏။” ဟု ပြောဆိုဖြေကြားလော့။

[52] ထိုနေ့တွင် ထိုအရှင်မြတ်သည် သင်တို့အား ခေါ်တော်မူမည်ဖြစ်ရာ “သင်တို့သည် ထိုအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းတို့ဖြင့် တုံ့ပြန်ဖြေကြားပြီး (လောကီဘဝ၌) အချိန်ကာလအနည်းငယ်မျှသာ နေထိုင်ခွင့်ရ၍ ကွယ်လွန်ကာ ရှင်ပြန်ထစေတော်မူ၏။” ဟု ထင်မှတ်ကြပေမည်။

[53] ထို့ပြင် (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်၏အစေခံလူသားများအား (အပြောအဆိုဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ ကြားနေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးသော အပြောအဆိုများကိုသာ ပြောဆိုကြရန် ဟောပြောလော့။ ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် လူသားအချင်းချင်းစပ်ကြားတွင် (သွေးထိုးပေး၍) သဘောထားကွဲလွဲစေသော မျိုးစေ့ကိုသာ ချပေးရန် အ သင့် စောင့် နေ၏။ ဧကန်မလွဲ၊ စေတန်မကောင်းဆိုးဝါးသည် လူသားအတွက် အလွန်ထင်ရှားသော ရန်သူပင် ဖြစ်၏။

[54] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့နှင့်ပတ်သက်၍ (မည်သူက ပြစ်ဒဏ်ထိုက်ပြီး မည်သူက ဆုလဒ်နှင့်ထိုက်တန်ကြောင်းကို) အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ အကယ်၍ အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့အား ကရုဏာသက်တော်မူမည်။ သို့တည်းမဟုတ် သင်တို့အား ပြစ်ဒဏ် ခတ်တော်မူမည်။ (အို၊ ရစူလ် တမန်တော်၊) ငါအရှင်မြတ်သည် အသင့်အား လူသားတို့အပေါ်၌ (သူတို့အတွက် တာဝန်ခံရန်) အုပ်ထိန်းစောင့် ရှောက်သူအဖြစ် စေလွှတ်တော်မူသည် မဟုတ်ပေ။

[55] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၌ (မှီတင်းနေထိုင်လျက်) ရှိသူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူ ၏။ တစ်ဖန် ဧကန်ပင်၊ ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအား အချို့ (သော နဗီ တမန်တော်တို့) ထက် (အခြေအနေနှင့်လိုအပ်သည့်အရည်အချင်းပေါ်မူတည်၍) ဂုဏ်တက်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[56] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့သည် ထိုအရှင်မြတ်မှလွဲ၍ သင်တို့၏ကိုးကွယ်ရာများအဖြစ် ကြွေးကြော်သည့် (အခြားသက်ရှိသက်မဲ့များ နတ်ဘုရားများ ရုပ်ပွားဆင်းတုများနှင့်အရှင်ဘုရားများ အစရှိသော) ကိုးကွယ်ရာများကို ဟစ်ခေါ်တမ်းတ၍ ဆုပန်ကြလော့။ သို့ရာတွင် ယင်းတို့သည် သင်တို့ထံမှ (သင်တို့ရင်ဆိုင်နေရသော) ဘေးဒုက္ခအခက်အခဲများကို ဖယ်ရှားပပျောက်စေနိုင်သော စွမ်းရည်နှင့်အခွင့်အာဏာရှိသူများ မဟုတ် သည့်အပြင် သင်တို့၏မည်သည့်အခြေအနေကိုမျှ ပြောင်းလဲပေး နိုင်စွမ်းလည်း မရှိကြချေ။” ဟု ဟောပြောလော့။

[57] ထို (သို့ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ခြင်းခံရသော) အရာများသည် ယင်းတို့ကို (ကိုးကွယ် ထိုက်သောအရာများဟု ယူဆ၍) ဟစ်ခေါ် တမ်းတလျက် ဆုပန်ကြသောသူတို့က သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ချဉ်းကပ်နိုင်သော နည်းလမ်းတစ်ခုအဖြစ် ရှာကြံကြ သောအရာများဖြစ်ကြပြီး ယင်းတို့ကိုယ်စီကိုယ်ငသည် ထိုအရှင်မြတ်နှင့်ပိုမို၍ နီးကပ်စေနိုင်၍ ထိုအရှင်မြတ်၏ ကရုဏာအတွက် မျှော်ကိုးစေနိုင်ရုံသာမက ထိုအရှင်မြတ်၏ပြစ်ဒဏ်ကိုလည်း ကြောက်ရွံ့စေသောအရာများဟု ထင်မြင်ယူဆခြင်းခံရသောအရာများ ဖြစ်ကြ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ပြစ်ဒဏ်သည် အလွန် ကြောက်မက်ဖွယ်ရာနှင့်ရှောင်ကြဉ်ရမည့် အရာပင် ဖြစ်၏။

[58] ငါအရှင်မြတ်သည် တမလွန်တရားစီရင်မည့်နေ့မတိုင်မီ ဖျက်ဆီးစေတော်မူမည်မဟုတ်သော သို့တည်းမဟုတ် ပြင်းထန်သည့်ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည်မဟုတ်သော မြို့ရွာဒေသဟူ၍ အလျှင်း မရှိပေ။ ထိုသို့ပင် ဖြစ်စေတော်မူမည့်အကြောင်းကို (အစဉ်ထာဝရတည်တံ့မည့်) ကျမ်းတော်၌ မှတ်တမ်းတင် ရေးသားထားပြီး ဖြစ်၏။

[59] (စင်စစ် မယုံကြည်သူတို့က တမန်တော်မြတ်ထံ တမန်တော်ဖြစ်ကြောင်းကို ထောက်ပြစေသည့် အံ့ဖွယ်သက်သေလက္ခဏာတစ်ခုခုအား ယူဆောင်လာရန် တောင်းဆိုနေသော်လည်း) ရှေးခေတ်လူတို့က ထို (သက်သေလက္ခဏာတော်) နှင့်စပ်လျဉ်း၍ မဟုတ်မမှန် လိမ်လည်စွပ်စွဲလျှက် ငြင်းပယ်ခဲ့ကြခြင်းမှအပ မည်သည့်အရာကမျှ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (တမန်တော်များကို) စေလွှတ်တော်မူခြင်းမှ ငါအရှင်မြတ်အား အလျှင်း တားဆီးနိုင်ခဲ့သည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ''ဆမူဒ်'' လူမျိုးတို့အား (ဆွာလဲဟ်က အရှင့်တမန်တော်ဖြစ်ကြောင်းပေါ်လွင်စေတော်မူရန်) ကုလားအုတ်မကို မြင်သာထင်ရှားသော သက်သေလက္ခဏာအဖြစ် ပေးအပ်တော်မူခဲ့ရာ သူတို့သည် အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်ချိုးဖောက်၍ ယင်း (ကုလား အုတ်မ) ကို မတော်မတရား ပြုမူစော်ကားခဲ့ကြ၏။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျှင် လောကီဘဝ၌ ဖျက်ဆီးစေတော်မူခြင်းခံရမည်သာမက နောင်တမလွန်ဘဝ၌လည်း ကြီးလေး သော ပြစ်ဒဏ်ရှိကြောင်းကို သိမြင် နား လည်စေတော်မူရန်) သတိပေးနှိုးဆော်ချက်အဖြစ် ပေးအပ်တော်မူခြင်းမှအပ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (မည်သည့်တမန်တော်ကိုမျှ) စေလွှတ်မူသည် မဟုတ်ပေ။

[60] (သတိရလော့။) ငါအရှင်မြတ်က အသင် (တမန်တော်) အား (သတိပေးနှိုးဆော်သည့်နည်းစနစ်အရ) ''ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူ သားတို့ အား (ဉာဏ်တော်အနန္တနှင့်နိယာမတန်ခိုးတော်ဖြင့်) လွှမ်းခြုံဝန်းရံထားတော်မူပြီ” ဟု မိန့်တော်မူခဲ့စဉ် ငါအရှင် မြတ်သည် လူသားတို့အတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်စေတော်မူခြင်းမှအပ အသင့်အား (ကောင်းကင်ယံခရီး စဉ်၌) ပြသတော်မူခဲ့သည်ကို (လူသားတို့) မြင်နိုင်သောအရာအဖြစ် ဖြစ်စေတော်မမူသည့်အပြင် ကျမ်းတော်မြတ်ကုရ် အာန်၌လည်း (အရှင့်အမိန့်တော်အား ဖီဆန်ငြင်းပယ်လျှင် ကရုဏာတော်မှ ဝေးကွာစေ၍) ကျိန်စာ သင့်သည့် သစ်ပင် ဖြစ်စေရုံသာမက သူတို့သည် (သူတို့ဘဝ၌) ကြီးကျယ်သော ပမာမခန့်မှုနှင့်ပုန်ကန်မှုမှအပ အခြားမည် သည့်အရာကိုမျှ တိုးပွားစေနိုင်မည်မဟုတ်ကြောင်း ရှင်းလင်း တင်ပြတော်မူ၏။

[61] တစ်ဖန် (ပြန်လည်၍ သတိရကြလော့)။ ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်ရှေ့ဝယ် ဦးချလော့"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် ဦးချကြလေ၏။ အိဗ်လီစ်က “ကျွန်တော်မျိုးသည် အသင် (အရှင်မြတ်) က မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သူအ တွက် ဦးချရမည်လော။” ဟု စောဒကတက်လျှောက်ထားခဲ့လေ၏။

[62] အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) က “ဤသည်ပင် အရှင်မြတ်က ကျွန်ုပ်ထက် ထူးကဲမြင့်မြတ်သော ဂုဏ်သရေရှိသူ ဖြစ်စေတော်မူပြီဖြစ်ရာ အကယ်၍သာ အရှင်မြတ်သည် ကျွန်တော်မျိုးအား ရှင်ပြန်ထ မြောက်မည့်နေ့တိုင်အောင် (အရေးယူတော်မမူဘဲ) ရွှေ့ဆိုင်းထားတော်မူလျှင် ဧကန်ပင်၊ ကျွန်ုပ်သည် လူသား၏သား မြေးမျိုးဆက်တို့အနက် အနည်းငယ်မျှသောသူတို့မှအပ (ကျန်လူသား) အားလုံးကို ကျွန်ုပ်ဘက်သို့ တိမ်းညွတ် စေမည် ဖြစ်ကြောင်းကို အသင် (အရှင်မြတ်) ရှုတော်မူမည်လော။” ဟု လျှောက်ထားခဲ့ပြန်၏။

[63] ထိုအခါ အရှင်မြတ်က “(အိဗ်လီစ်အား သင့်လမ်းအတိုင်း) ဆက်သင်သွားလော့။ (အာဒမ်၏သား စဉ်မြေးဆက်များဖြစ်ကြသော) သူတို့အနက်မှ သင့်နောက်ကိုလိုက်သူ (မည်သူမဆို) အား (သင့်နောက်လိုက်ဖြစ်ခြင်းကြောင့်) ဧကန်ပင်၊ ငရဲဘုံသည် သူတို့ပေးဆပ်ရမည့်အကျိုးဆက်ဖြစ်ပြီး ယင်းအကျိုးဆက်သည် ထိုက်တန်လုံလောက်သော ပေးဆပ်မှုပင် ဖြစ်၏။

[64] ထို့ပြင် (အိဗ်လီစ်)၊ အသင်သည် ယင်းတို့အနက် သူတို့အနက်မှ သင်တတ်စွမ်းနိုင်သောသူတို့အား သင်၏ (စွဲမက်စရာညှို့ယူဖမ်းစားသော) အသံဖြင့်လည်းကောင်း၊ သူ့တို့အပေါ် (လွှမ်းမိုးနိုင်သည့်) သင်၏မြင်း တပ် (ခေတ်မီစစ်လက်နက်နှင့်နည်းပညာများ) ဖြင့်လည်းကောင်း၊ ခြေလျင်တပ် (နှင့်ပထဝီနိုင်ငံရေးကို အသုံးချစေခြင်း) ဖြင့်လည်းကောင်း၊ သူတို့၏ဥစ္စာဓနကြွယ်ဝမှုနှင့်သားသမီးများအရေးတွင် အစုစပ်ဝင်အဖြစ် ဖက်စပ်၍လည်းကောင်း၊ (သို့မဟုတ် စီးပွားရေးနှင့်စစ်ရေးအရ မဟာမိတ်ဖွဲ့၍လည်းကောင်း၊ သူတို့အား ကတိကဝတ်များ ပေး၍ လည်းကောင်း၊ နှိုးဆော်နိုးကြားစေလော့။)

[65] ဧကန်စင်စစ်၊ ငါအရှင်မြတ်၏ (စစ်မှန်သောယုံကြည်သူများဖြစ်သည့်) အစေခံလူသားများအပေါ်တွင်မူ သင့်အတွက် (ထိုသို့ နှိုးဆော်လွှမ်းမိုးနိုင်ရန်) အခွင့်အာဏာ မရှိချေ။ စင်စစ် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ကိစ္စရပ်အားလုံးအတွက် ယုံကြည်ကိုးစားရန် ယုံကြည်စိတ်ချရသော) ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် လုံလောက်တော်မူ၏။

[66] သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည်ပင် သင်တို့အ တွက် အရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ ရိက္ခာအထောက်အပံ့များ၊ စွမ်းအင်များနှင့်လမ်းညွှန်တော် အစရှိသည်တို့) ကို ရှာဖွေဆည်းပူးနိုင်ကြရန်အလို့ငှာ ရွက်လှေသင်္ဘော (ရေယဉ်) များကို ပင်လယ်သမုဒ္ဒရာ၌ သွားလာလှုပ်ရှား (နိုင်ရန် ကွဲပြားခြားသော သိပ်သည်းမှုများဖြစ်) စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် သင်တို့အပေါ်ဝယ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

[67] စင်စစ် ပင်လယ်ရေပြင်၌ ဘေးဒုက္ခအန္တရာယ်တစ်ခုခုကြောင့်သင်တို့ စိတ်သောကအခက်အခဲနှင့် ကြုံ တွေ့သောအခါ ထိုအရှင်မြတ်တစ်ဆူတည်းမှအပ (တန်ခိုးရှိနိုင်သည်ဟု ယူဆ၍ အကူအညီအတွက်) သင်တို့ ဟစ်ခေါ်ပန်ကြားလျက်ရှိကြသော ကိုးကွယ်ရာများသည် ပျောက်ကွယ်သွားကြလေ၏။ သို့သော် ထိုအရှင် မြတ်သည် သင်တို့အားကယ်တော်မူ၍ ကုန်းပေါ်သို့ လုံခြုံစွာရောက်စေတော်မူသောအခါတွင်မူ သင်တို့သည် (ထိုအရှင်မြတ်မှ) ကျောခိုင်း၍မျက်နှာလွှဲကြပြန်၏။ စင်စစ်သော်ကား လူသားသည် (အရှင်မြတ်၏ကျေးဇူးတော် များကို လျစ်လျူရှုခြင်းဖြင့်) အလွန်ပင် ကျေးဇူးကန်းသူ ဖြစ်၏။

[68] သင်တို့သည် ထိုအရှင်မြတ်က ကုန်းပေါ်၌လည်း သင်တို့အား မြေမျိုစေတော်မူနိုင်သည်ကိုလည်းကောင်း၊ သင်တို့ အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူနိုင်သည်ကိုလည်းကောင်း၊ (စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။ ထို့နောက်တွင်မူ သင်တို့သည် သင်တို့အတွက် (ယုံကြည်ကိုးစားရန် ယုံကြည်စိတ်ချရသော) မည်သည့် ထိန်းသိမ်းစောင့် ရှောက်သူကိုမျှ (ရှာဖွေ) တွေ့ရှိ ကြမည် မဟုတ်ပေ။

[69] သို့တည်းမဟုတ် အရှင်မြတ်သည် သင်တို့အား ပင်လယ်သမုဒ္ဒရာထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် သင်တို့အပေါ်၌ သင်တို့၏ (မယုံကြည်မှု သွေဖည်ငြင်းပယ်မှုနှင့်) ကျေးဇူးကန်းမှု ကြောင့် လေမုန်တိုင်းကို စေလွှတ်တော်မူခြင်းဖြင့် သင်တို့အား နစ်မြုပ်စေတော်မူနိုင်သည်ကို စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။ ထို့နောက်တွင်မူ သင်တို့ သည် သင်တို့အတွက် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မည်သည့် ထိန်းသိမ်းစောင့် ရှောက်မည့်နောက်လိုက်နောက်ပါကိုမျှ (ရှာဖွေ) တွေ့ကြလိမ့်မည် မဟုတ်ပေ။

[70] ဧကန်ပင်၊ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်ကြသောလူသားအား (ထူးကဲသော ဂုဏ်အရည် အသွေးနှင့်အသွင်အပြင် အမျိုးမျိုးဖြင့်) မြင့်မြတ်စေတော်မူပြီး (အသက်မွေးဝမ်းကျောင်းအတွက်) ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းလမ်းသုံးယာဉ်၊ လေယာဉ်ပျံ၊ စသောအစီးအနင်းတို့သုံး၍) လည်းကောင်း၊ ပင်လယ် သမုဒ္ဒရာ၌ (သင်္ဘော၊ လှေ၊ သမ္ဗန် စသောရေယာဉ်များကို သုံး၍) လည်းကောင်း၊ သွားလာလှုပ်ရှားနိုင်ရန် သယ်ယူပို့ဆောင်စေတော်မူသည့်အပြင် စင်ကြယ်ကောင်းမွန်သော စားသုံးဖွယ်ရာများအနက်မှ စားနပ်ရိက္ခာနှင့် လိုအပ်ချက်များကို ချီးမြှင့်ပေးအပ်တော်မူသည်သာမက ငါအရှင်မြတ်သည်ပင် (သင်တို့အကျိုးကို ဦးစားပေးရန် အလို့ငှာ သက်ရှိသက်မဲ့) အရာများစွာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ သင်တို့အား ယင်းတို့ထက် ဂုဏ်သိက္ခာ အရလည်း ထူးကဲမြင့်မြတ်စေတော်မူခ၏။

[71] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင်မြတ်သည် လူ့အဖွဲ့အစည်းအသိုင်းအဝိုင်း အားလုံးကို သူတို့၏ခေါင်းဆောင်အကြီးအကဲများနှင့်အတူ ဆင့်ခေါ်တော်မူမည်ဖြစ်ရာ (လောကီဘဝ၌ ဖြောင့်မတ်မှန် ကန်သော ခေါင်းဆောင်နောက်လိုက်၍ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ပြုမူကျင့်ကြံခဲ့သူ) မည်သူမဆိုသည် သူ့လုပ်ရပ်ဆိုင်ရာ မှတ်တမ်းစာအုပ်ကို သူ့ညာလက်ထဲသို့ ပေးအပ်ခြင်းခံရပြီး ထို (သို့ပေးအပ်ခြင်းခံကြရသော) သူတို့သည် သူတို့၏မှတ်တမ်းစာအုပ်များကို (ကျေနပ်အားရဖြစ်လျက်) ဖတ်ကြလိမ့်မည်သာမက မည်သူ တစ်ဦးတစ် ယောက်မျှ စွန်ပလွံစေ့၌ရှိသော အမည်းစက်လေးခန့်မျှ (စိုးစဉ်းမျှ) ပင် မ တော်မတရား စီရင်ခြင်းခံရမည် မဟုတ်ပေ။

[72] စင်စစ် မည်သူမဆို ဤလောကီဘဝတွင် (စစ်မှန်သောယုံကြည်မှုနှင့်ဖြောင့်မတ်မှကန်သော လမ်းစဉ်၏အလင်းရောင်ကို မရယူနိုင်၍ အတွေးအခေါ်မှောင်မိုက်လျက်) မျက်မမြင်သူဖြစ်လျှင်၊ ထိုသူသည် နောင် တမလွန် ဘဝတွင်လည်း (လွတ်ငြိမ်းခွင့်နှင့်ထဝရအေးချမ်းမှုကိုမမြင်နိုင်သော) မျက်မမြင်တစ်ဦး ဖြစ်မည်သာမက (အရှင့် မေတ္တာကရုဏာတော်မှ) ပို၍ဝေးကွာသော လမ်းမှား၌ပင် ရှိလိမ့်မည်။

[73] စင်စစ်ဧကန်၊ ထို (မယုံကြည်ဖီဆန်ငြင်းပယ်) သူတို့သည် အသင် (တမန်တော်) အား ဖြားယောင်းရန် အမှန်ပင် ကြိုးစားကြလျက် ငါအရှင်မြတ်က အသင့်ထံသို့ ဝဟီအမိန့်တော်ပို့ချပေးအပ်တော်မူခြင်းကိုလည်း အသင်က ဖန်တီးသောအရာများအဖြစ် ဝါဒဖြန့်ရန် ကြိုးစားခြင်းဖြင့် ယင်း (ကျမ်းတော်) ကို အရှင့်ထံတော်မှ မဟုတ်ဟု ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ လီဆယ်စွပ်စွဲပြောဆိုကြ၏။ ထို့နောက် သူတို့သည် (သူတို့ ၏အကြံအစည် အထမြောက်စေရန်) အသင့်အား ယုံကြည်စိတ်ချရသော မိတ်ဆွေအဖြစ် အသိအမှတ်ပြုကြလိမ့်မည်။

[74] အကယ်၍သာ ငါအရှင်မြတ်သည် (ဝဟီအမိန့်တော်ပို့ချတော်မူခြင်းဖြင့်) အသင့်အား လုံးလုံးလျားလျား ခိုင်မာမြဲမြံစွာ ရပ်တည်စေတော်မမူခဲ့လျှင် ဧကန်ပင်၊ အသင်သည် သူတို့ဘက်သို့ စိုးစဉ်းမျှ တိမ်းညွတ်နိုင်ခြေ ရှိခဲ့လိမ့်မည်။

[75] (အကယ်၍ အသင်က စိုးစဉ်းမျှပင် တိမ်းညွတ်ခဲ့သော်) ငါအရှင်မြတ်သည် အသင့်အား ဤ လောကီဘဝသက်တမ်းနှင့်ကွယ်လွန်၍ နောင်တမလွန်ဘဝတွင်ပါ (ပြစ်ဒဏ်) နှစ်ဆစီကို မုချပင် မြည်းစမ်းစေတော်မူလိမ့်မည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ အသင့်အတွက် မည်သည့် ကူညီစောင်မသူကိုမျှပင် (ရှာ) တွေ့လိမ့်မည် မဟုတ်ပေ။

[76] စင်စစ်ဧကန်၊ (မယုံကြည်ဖီဆန်ငြင်းပယ်) သူတို့သည် အသင့်အား မြေကမ္ဘာမှလည်းကောင်း၊ ထို (မွေးရပ်မြေ) မှလည်းကောင်း၊ စွန့်ခွါနှင်ထုတ်ကြရန် (နှင့်ခြောက်လှန့်စေရန်) အစွမ်းကုန် ရှာကြံခဲ့ကြ၏။ သို့ရာ တွင် သူတို့သည်လည်း အသင်၏နောက်တွင် (အချိန်ကာလ) အနည်းငယ်မှအပ ရေရှည်နေထိုင်ခွင့်ရကြမည် မဟုတ်ပေ။

[77] (ထိုသို့ဖြစ်စေတော်မူခြင်းသည်ပင်) အသင်မတိုင်မီ ငါအရှင်မြတ်က ရစူလ်တမန်တော်များအဖြစ် စေလွှတ်တော်မူခဲ့သော ငါအရှင်မြတ်၏ရစူလ်တမန်တော်အားလုံးအတွက် အမှန်ပင် ပြဌာန်းတော်မူခဲ့သည့် အရှင့် လမ်းစဉ်တော်ပင် ဖြစ်၏။ အသင်သည် ငါအရှင်မြတ်၏ထိုလမ်းစဉ်တော်၌ (အရှင့်စည်းမျဉ်းတော်နှင့် မကိုက်ညီသော) မည်သည့် အပြောင်းအလဲကိုမျှ (ရှာ) တွေ့လိမ့်မည် မဟုတ်ပေ။

[78] နေမွန်းလွဲချိန်မှ ညနေဆည်းဆာ ည၏အမှောင်ပျို့ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်း ကမ်းနှင့်အညီ မြဲမြံစွာဖြင့်) ဆောက်တည်ကြလော့။ ထို့ပြင် မိုးသောက်ချိန် (ဆွလာတ်ဝတ်ပြု၍ အစဉ်အမြဲ စည်းစောင့်နိုင်ရန်) ကျမ်းတော်မြတ်ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဈာယ်လော့။ ဧကန်ပင်၊ မိုးသောက်ချိန်၌ ကျမ်းတော် မြတ်ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် (မလာအီကာစေတမန်များနှင့်သက် ရှိသက်မဲ့ အားလုံးအား နေ့သစ်တစ်နေ့ စတင်ရန် နိုးကြားလာစေကြောင်း) သက်သေဖြစ်စေ၏။

[79] ည (၏အစိတ်အပိုင်းတွင် အိပ်ရာ) မှထ၍ အိပ်စက်ခြင်းမပြုဘဲ (နိုးကြားစွာနေလျှက်) သင့်အတွက် (အကျိုးရှိသော ကျမ်တော်မြတ်ကုရ်အာန်အား ရွတ်ဖတ်သရဇ္ဈာယ်ခြင်း) အပိုဝတ်ပြု ဆုတောင်းမှုကိုလည်း ပြုလော့။ ထိုသို့ပြုလုပ်ခြင်းသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်နီးစပ်စေပြီး တမလွန်ဘဝတွင် အရှင့်ခွင့်ပြုချက်ဖြင့် အရှင့်အစေခံများအတွက် ကြားဝင်စေ့စပ် ပေးခွင့်ရနိုင်သော (''မကာမုမဟ်မူဒ်''ခေါ်) ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု၏အထွဋ်အထိပ်၌ ရပ်တည်စေသည့် အဆင့်သို့ ဖြစ်ပေါ်မြှင့်တင်စေလိမ့်မည်။

[80] ထို့ပြင် အသင်သည် ''အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးအား (အစ္စလာမ်ဘောင်ထဲသို့ ယုံကြည်မှု စိတ်ရင်းစေတနာဖြူစင်မှုအပြည့်နှင့်) ပကတိဖြောင့်မတ်မှန်ကန်စွာ ဝင်ရောက်စေခြင်းမျိုးဖြင့် ဝင်ရောက်ခွင့် ပေးသနားတော်မူပါ။ ဤလောကီဘဝမှ တမလွန် ဘဝသို့ ကူးပြောင်းချိန်တွင်လည်း ယုံကြည်မှု စိတ်ရင်းစေတနာဖြူစင်မှု အပြည့်နှင့်) ပကတိဖြောင့် မတ်မှန်ကန် စွာ ထွက်ခွါစေခြင်းမျိုးဖြင့် ကျွန်ုပ်အား ထွက်သွားခွင့် ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အသင်အ ရှင်မြတ်၏ထံတော်မှ ရေရှည်တည်တံ့မည့် ကူညီစောင်မမှုမျိုးဖြင့် (လူသားအားလုံးကို ကူညီနိုင်ရန်) ဩဇာ အာဏာ ချီးမြှင့်ပေးသနားတော်မူပါ။'' ဟု ဆုပန်လျှောက်ထားလော့။

[81] ထို့ပြင် ''အမှန်တရားသစ္စာသည် ရောက်ရှိလာခဲ့ပြီး လမ်းမှား (မိစ္ဆာတရား) သည် ပျောက်ကွယ်သွား လေပြီ။ ဧကန်ပင်၊ လမ်းမှား (မိစ္ဆာတရား) သည် (ယင်း၏သဘောသဘာဝ၌) ကွယ်ပျောက်မည့်အရာ (အဖြစ် သတ်မှတ်ပြဌာန်းထားသောအရာ) ပင် ဖြစ်ပေ၏။” ဟု ဟောလော့။

[82] စင်စစ် ငါအရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်မှ (အချို့အာယသ်သက်သေလက္ခဏာများတွင်) သက်ဝင်ယုံကြည်သူတို့အတွက် (ရုပ်နာမ်ဆိုင်ရာ) ကုစားမှုနှင့်ကရုဏာတော်ကို ချမှတ်ပေးအပ်ထားတော်မူ၏။ သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူ တို့မှာမူ မတရားကျူးလွန်သူတို့၌ ဆုံးရှုံးမှုမှအပ (အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ သူတို့အတွက်) တိုးပွားစေနိုင်သည် မဟုတ်ပေ။

[83] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအပေါ် (အရှင့်ကျေးဇူးတော်များဖြစ်သောလမ်းညွှန်၊ သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်နှင့်ရိက္ခာအသုံးအဆောင်များ ပေးအပ်တော်မူ၍ ရောင့်ရဲမှုနှင့်ကိုယ်စိတ်နှစ်ဖြာချမ်း သာမှုဖြင့်) ဂုဏ်သိက္ခာချီးမြှင့်တော်မူသောအခါ သူသည် (စိတ်ကြီးဝင်၍ မာန်မာနထောင်လွှားလျက် အရှင်မြတ်နှင့်ပတ်သက်သောအတွေး ကင်းမဲ့ကာ အမှန်တရားကို) ကျောခိုင်းပြီး သူ့ဘက် (သူ့ကမ္ဘာ၌သာ နစ်မြုပ်နေခြင်း) ဖြင့် (အရှင့်ကရုဏာတော်မှ) အလှမ်းဝေးကွာသွားလေ၏။ သို့ရာတွင် ဘေးဒုက္ခအခက်အခဲသည် သူ့အား ထိခိုက်စေသည့်အခါ သူသည် အစဉ် မျှော်လင့်ချက်ကင်းလေ့ရှိ၏။

[84] လူတိုင်းသည် (သူ့ပင်ကိုယ်စွမ်းရည် သူ့အမြင် သူ့ဝါသနာအယူအဆနှင့်) သူ့စရိုက်ပေါ်တွင် အခြေခံ၍ ပြုမူကျင့်ကြံဆောင်ရွက်လေ့ရှိ၏။ သို့ရာတွင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (သင်တို့အနက်) မည်သူက သူ့နည်းသူ့ဟန်ဖြင့် လျှောက်လှမ်းရာတွင် တရားလမ်းမှန် ညွှန်ပြခံရဖွယ် အရှိဆုံးသောသူဖြစ်သည်ကို အသိဆုံး ဖြစ်တော်မူ၏။

[85] သူတို့သည် အသင် (တမန်တော်) အား ရူဟ် (အသက်ဇီဝိန်) နှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ (သူတို့အား) “အသက်ဇီဝိန်သည် ကျွန်ုပ်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏စီမံချက် အမိန့်တော်အတိုင်း ဖြစ်လာ၏။” ဟု ဖြေကြားလော့။ အသင်တို့သည် အရှင့်ဉာဏ်တော်အနန္တမှ အနည်းငယ်မျှသော အသိပညာကိုသာလျှင် ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရ၏။

[86] (စင်စစ် တမန်တော်မုဟမ္မဒ်သည် မယုံကြည်သူများက စွပ်စွဲသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ရေးသားသူ အလျှင်း မဟုတ်ပေ။ ယင်းကို အရှင်မြတ်သည်ပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းဖြစ်၏။) အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူလျှင် အသင့်ထံသို့ ငါအရှင် မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော်မြတ်အား သင်တို့၏ နှလုံးသားများ၌ မှေးမှိန်စေခြင်းဖြင့်လည်းကောင်း၊ မှတ်ဉာဏ်နှင့်မှတ်တမ်းမှတ်ရာများမှ ဖယ်ရှားတော်မူ၍လည်းကောင်း ယင်း) ကို အမှန်ပင် ပြန်လည်ရုပ်သိမ်းတော်မူနိုင်၏၊ ထို့နောက် သင်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ (ယင်းကို ပကတိအတိုင်း ပြန်လည်ရရှိလိုသောဆန္ဒဖြင့်) ငါအရှင်မြတ်နှင့်ဆန့်ကျင်ကာ ကာကွယ်စောင့်ရှောက် ပေးနိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာ) တွေ့နိုင်မည် မဟုတ်ပေ။

[87] သို့ရာတွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ တော်မှ ကရုဏာတော်အဖြစ်သာ ချမှတ်ပေးအပ်တော်မူသော (ကြောင့် ရုပ်သိမ်းတော်မမူသည့်အပြင် သင်တို့၏ဂုဏ်သိက္ခာကို မြှင့်တင်စေမည့် ထို) အရှင့်ကျေးဇူးတော်သည်ကား ဧကန်ပင်၊ အသင့်အပေါ်၌ အလွန်ကြီးမားလှပေ၏။

[88] (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား “အကယ်၍ လူသားအားလုံးနှင့်ဂျင်န်အားလုံးတို့သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကဲ့သို့ တူညီသောကျမ်းကို (စီကုံးရေးသား၍) ထုတ်ဝေယူဆောင်လာရန် (သူတို့၏ရှိသမျှ ဉာဏနှင့်နည်းပညာစွမ်းအားတို့ဖြင့် အစွမ်းကုန်အားစိုက်၍) စုစည်းကြပြီးလျှင် သူတို့အချင်းချင်း အချို့ကိုအချို့က ထောက်ပံ့ကူညီခြင်းဖြင့် ထောက်ခံအားပေးသော်ငြားလည်း၊ သူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်တူညီသောကျမ်းကို အလျှင်း ထုတ်ဝေယူဆောင်လာနိုင်ကြမည် မဟုတ်ပေ။

[89] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားတို့အတွက် (သိနားလည်၍ ဘဝဆောက်တည်ရာတွင် အသုံးချနိုင်ရန် အလို့ငှာ) ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်များနှင့်ခိုင်နှိုင်းမှုများကို ကွဲ ပြားခြားနားသောနည်းမျိုးစုံဖြင့် အသေးစိတ် ရှင်းလင်းတင်ပြထားတော်မူသော်လည်း လူသားအများစုမှာမူ (အမှန်တရားကို) မယုံကြည်ဖီဆန်ငြင်းပယ်ခြင်းမှအပ (အမှန်တရားဟူသမျှကို) သဘောတူလက်ခံရန် ငြင်းပယ်ကြ၏။

[90] ထိုမျှမက (ထိုမယုံကြည်သူတို့က အို၊ မုဟမ္မဒ်) အသင်သည် မြေကမ္ဘာ၏ဤသဲကန္တာရနယ်မြေမှ ကျွန်ုပ် တို့အတွက် စိမ့်စမ်းရေသွင်သွင်စီးဆင်းမည့် စမ်းချောင်းတစ်သွယ်ကို ပန်းထွက်စေနိုင်သည့်အချိန်အထိ ကျွန်ုပ်တို့သည် (အသင်နှင့်ကျမ်းတော်မြတ်ကုရ်အာန်အပေါ်) အလျှင်း လက်ခံယုံကြည်ကြမည် မဟုတ်ပါ။” ဟု ပြောဆိုခဲ့ကြ၏။

[91] သို့တည်းမဟုတ် အသင်၌ စွန်ပလွံပင်များနှင့် စပျစ်ပင်များ ( ပြည့်နှက်နေသော) ဥယျာဉ်ခြံတစ်ခု ရှိပြီး ထိုခြံ၏အလယ်ဗဟို၌ သစ်သီးဝလံများ ဖောဖောသီသီ သီးစေမည့် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းသော စမ်းချောင်းတစ်သွယ် ပန်းထွက်စေရမည်။

[92] သို့တည်းမဟုတ် အသင်သည် (အရှင့်ပြစ်ဒဏ်နှင့်ပတ်သက်၍) ကြွေးကြော်သကဲ့သို့ မိုးကောင်းကင်အား အပိုင်းပိုင်းအစစဖြစ်စေ၍ ကျွန်ုပ်တို့အပေါ်၌ ပြိုကျလာအောင်ပြုလုပ်နိုင်ရမည်။ သို့တည်းမဟုတ် အ သင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မလာအီကာစေတမန်များကိုပါ (အသင် ပို့ချနေသော သတင်းကောင်း မှန်ကန်ကြောင်းကို သက်သေပြရန်) ကျွန်ုပ်တို့၏ရှေ့မှောက်သို့ ခေါ်ယူလာရမည်။

[93] သို့တည်းမဟုတ် အသင်၌ ရွှေငွေအဆင်တန်ဆာများဖြင့် ဆောက်ထားသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့ တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့သည် (မိုးကောင်း ကင်မှ) ကျွန်ုပ်တို့ရွတ်ဖတ်သရဇ္ဈာယ်နိုင်သော ကျမ်းတစ်စောင်ကို အသင်က ကျွန်ုပ်တို့အတွက် ယူချလာခြင်း မပြုသမျှကာလပတ်လုံး (မိုးကောင်းကင်သို့) တက်သွားခြင်းကိုလည်း အလျှင်း ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ (အို၊ ရစူလ်တမန်တော်၊ သူတို့ကို) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော် အားလုံးကိုပိုင် ဆိုင် တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏၊ ကျွန်ုပ်သည် သေမျိုးဖြစ်သော လူသားသတင်းဆောင် ရစူလ်တမန်တော်တစ်ပါးမှအပ အခြား မဟုတ်ပြီ။” ဟု ဟောပြောလော့။

[94] စင်စစ် လူသားတို့ထံ (အစစအရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံစေမည့် လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်နိုင်ရန်) အရှင့်လမ်းညွှန်တော်ရောက်ရှိလာသောအခါ သူတို့က “အလ္လာဟ်အရှင်မြတ်သည် သေမျိုး ဖြစ်သော လူသားရစူလ်တမန်တော်တစ်ပါးကို (သတင်းကောင်းပါးသူအဖြစ်) ပွင့်ပေါ်စေတော်မူသလော။” ဟု စောဒကတက်ပြောဆိုကြသည်မှအပ (မည်သည့် အမှန်တရားကိုမျှ မယုံကြည်ကြခြင်းသည်) မည်သည့်အရာက လူသားတို့ကို သက်ဝင်ယုံကြည် (ခွင့်မပေးဘဲ လမ်းလွဲစေ) ရန် ပိတ်ပင်တား ဆီးနေသနည်း။

[95] (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား “အကယ်၍ မလာအီကာစေတမန်များသည် မြေကမ္ဘာ၌ တည်ငြိမ်အေးချမ်းစွာနှင့်လုံခြုံစွာဖြင့် အတည်တကျသွားလာလှုပ်ရှားလျက် နေထိုင်ခွင့်ရကြလျှင် ဧကန်မလွှဲ၊ ငါအရှင်မြတ်သည် ယင်းတို့အပေါ်၌ မိုးကောင်းကင်မှ (သေမျိုးမဟုတ်သော) မလာအီကာစေတမန်တစ်ပါးကို (သတင်းကောင်းပါးစေရန် သတင်းဆောင်) ရစူလ်တမန်တော်အဖြစ် အမှန်ပင် ချပေး (၍စေလွှတ်) တော်မူလိမ့ မည်။” ဖြေဆိုဟောကြားလော့။

[96] (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) “အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်သင်တို့ စပ်ကြားဝယ် သက်သေတော်အဖြစ် လုံလောက်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရှင့်အစေခံ လူ သားတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[97] စင်စစ်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်လမ်းညွှန်တော်ဖြင့်) တရားလမ်းမှန်ညွှန်ပြတော်မူသောသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ (အရှင့်စည်းမျဉ်းတော်နှင့်အညီ) လမ်းမှားရောက်လိုသူအား မိစ္ဆာဒိဌိအဖြစ် ခွင့်ပြုတော်မူခြင်းခံရသူသည် လမ်းမှားရောက်သူစစ်စစ်များ ဖြစ်သောကြောင့် သူတို့အတွက် ထိုအရှင်မြတ်မှအပ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီသူကိုမျှ အလျှင်း (ရှာ) တွေ့လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့၏မျက်နှာများကို မျက်မမြင်များ၊ ဆွံ့အသူများနှင့်နားပင် သူများအဖြစ် မြင်သာထင်ရှားစေလျက် သူတို့အား (လာရောက်) စုရုံးစေတော်မူမည်။ သူတို့၏ နောက်ဆုံပန်းတိုင်ဖြစ်သော ခိုလှုံရာဌာနမှာ ငရဲဘုံပင် ဖြစ်ပေမည်။ ငရဲမီး၏အရှိန် လျော့ကျသွားသည့်အခါတိုင်း ငါအရှင်မြတ်သည် ယင်းမီးတောက်မီးလျှံများအား အရှိန်ပြင်းစေလျက် လောင်နိုင်စွမ်းကို ပိုမို၍ တိုးမြှင့်စေတော်မူမည် ဖြစ်၏။

[98] သူတို့သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို အမှန်ပင် မယုံမကြည် ဖီဆန်ငြင်း ပယ်ခဲ့ကြခြင်းကြောင့် သူတို့၏အကျိုးဆက်ဖြစ်သော ပေးဆပ်မှုသည်လည်း ထိုကဲ့သို့ပင် ဖြစ်ရမည် ထို့ပြင် သူတို့က ''ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ အရိုးများနှင့်အမှုန်အမွှားများ ဖြစ်သွားသည့်အခါ ယင်းအမှုန်များ မှပင် သက်ရှိသစ်အဖြစ် (ပြန်လည်) ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။'' ဟုလည်း စောဒကတက် ပြောဆိုခဲ့ကြ၏။

[99] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်ပင်ဖြစ်ကြောင်း အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာ အားလုံးအပေါ်တွင် (အရှင့်စည်းမျဉ်းနိယာမတော်များဖြင့်) ထိန်းချုပ်နိုင်စွမ်းရှိတော်မူသကဲ့သို့ပင် (စကြဝဌာနှင့်နှိုင်းယှဉ်လျှင် မပြောပ လောက်အောင်ပင်လွယ်ကူလှသည့် လူသားအား) အသစ်တစ်ဖန် ဖွဲ့စည်းဖြစ်တည်စေတော်မူရန်လည်း အပန်းမကြီးလှကြောင်းကို သူတို့ မသိမမြင် မသုံးသပ်ကြလေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်း (လောကီကမ္ဘာ) ၌ သူတို့အတွက် လောကီဘဝသက်တမ်းအား သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်းကိုလည်း ယုံမှား သံသယဖြစ်စရာ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော် မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် (အမှန်တရားကို သိပါလျက် မာန်မာနထောင်လွှားခြင်းဖြင့် တမင်တကာ) မယုံကြည် သွေဖည်ငြင်းပယ်နေခြင်းသာ ဖြစ်၏။

[100] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ အသင်တို့သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ကရုဏာတော်ဆိုင်ရာ (ဘဏ္ဍာတိုက်) ရတနာသိုက်များကို စိုးမိုး ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များအား ချို့တဲ့ဆင်းရဲသူတို့အတွက် သုံးစွဲလျှင် ကုန်ဆုံး သွားမည်ကိုစိုးရိမ်ကြောင့်ကြ၍ အတတ်နိုင်ဆုံး အမိအရ) ဆုပ်ကိုင်ထိန်းချုပ်ထားလိုကြ၏။ စင်စစ် လူသားတို့ သည် အလွန်စေးနှဲ တွန့်တိုသူများပင် ဖြစ်ကြကုန်၏။” ဟု ဟောပြောလော့။

[101] ထို့ပြင် ငါအရှင်မြတသည် (တမန်တော်) မူဆာအား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်း လင်းချက်များပါဝင်သည့် အာယသ်သက်သေလက္ခတော် ကိုးပါးကို ချမှတ်ပေးအပ်တော်မူခဲ့ပြီ ဖြစ်၏။ သို့ဖြစ်ပေရာ တမန်တော်မူဆာက (အစ္စရေးမျိုးနွယ်ဝင်များကို ကျွန်ဘဝမှ လွတ်မြောက်စေရန်အတွက် ထိုသို့သော သက်သေလက္ခဏာတော်များနှင့်အတူ) သူတို့ထံ ရောက်ရှိလာခဲ့စဥ်က (ဖြစ်ပျက်ခဲ့သည့် ဖြစ် ရပ်မှန်) အကြောင်းကို အစ္စရေးမျိုးနွယ်ဝင်တို့အား မေးမြန်းလော့။ ထိုစဉ် ဖါရိုမင်းဆက်က “အို၊ မူဆာ၊ ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား မှော်ပညာဖြင့် ညှို့ဖမ်းစားခြင်းခံရသူအဖြစ် ထင်မြင်ယူဆသည်။”ဟု ပြောဆိုခဲ့လေ၏။

[102] (တမန်တော်) မူဆာက “(အာယသ်သက်သေလက္ခဏာတော်များဖြစ်သော) ဤသည်တို့ကို မိုးကောင်း ကင်များနှင့်မြေကမ္ဘာအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်မှအပ မည်သူတစ်ဦးတစ်ယောက်ကမျှ (အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အလင်း၊ အမှောင်များနှင့်ပတ်သက်၍ ထိုးထွင်းသိမြင် စွမ်းရှိစေသောအရာအဖြစ် ချမှတ်ပေးအပ်တော်မမူကြောင်းကို အသင် ဖါရိုမင်းဆက်က ဧကန်မုချပင် ပိုင်းခြား သိမြင်နိုင်စေသော သက်သေသာဓကများဖြင့် ချပေးတော်မူခဲ့ကြောင်း ဖြစ်၏။ အမှန်စင်စစ် အသင်သည် သိနားလည်ခဲ့ပြီး ဖြစ်၏။ ထို့ပြင် အို၊ ဖါရိုမင်းဆက်၊ ဧကန်ပင်၊ ကျွန်ုပ်သည် အသင့်အား ပျက်စီးကိန်းကြုံ၍ ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်သူအဖြစ်သာ ထင်မှတ်၏။” ဟု ဖြေကြားခဲ့၏။)

[103] သို့ဖြစ်ပေရာ ဖါရိုမင်းဆက်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား မြေကမ္ဘာ (ရှိအီဂျစ်မြေ) မှ ခြောက်လှန့်စေ၍ နှင်ထုတ်နိုင်ရန် ကြံရွယ်ခဲ့လေ၏။ သို့ရာတွင် ငါအရှင်မြတ်သည် ဖါရိုမင်းဆက်ကိုလည်းကောင်း၊ သူနှင့်အတူ ရှိကြသူသော သူ့နောက်လိုက် အားလုံးကိုလည်းကောင်း၊ (ပင်လယ်နီတွင်) နှစ်မြှုပ်စေတော်မူခဲ့လေ၏။

[104] ထို့ပြင် ငါအရှင်မြတ်သည် ဖါရိုမင်းဆက် (နှင့်အပေါင်းအပါတို့ကို ထိုသို့ နှစ်မြှုပ်တော်မူပြီး) နောက်တွင် အစ္စရေးမျိုးနွယ်ဝင်တို့အား “သင်တို့သည် (ငါအရှင်က ဝင်ရောက်ရန် ညွှန်ကြားတော်မူသည့် နယ်မြေဒေ သတည်ရှိရာ) ဤကမ္ဘာမြေဝယ် (လုံခြုံစိတ်ချစွာ အခိုင်အမာ) အခြေချနေထိုင်ကြလော့။ သို့ရာတွင် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ (ကတိတော်ကို ဖြည့်ဆည်းစေတော်မူရန် အမိန့်စီရင်ချက်ချမှတ်တော်မူမည့်) အချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ ငါအရှင်မြတ်သည် သင်တို့အားလုံးကို (မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်) မတူကွဲပြားသော နိုင်ငံများ၌ ရောနှောပေါင်းစည်းစေရန် လာရောက်စေတော်မူလိမ့်မည်။” ဟု မိန့်ကြားတော် မူ၏။

[105] ထို့ပြင် ငါအရှင်မြတ်သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို (မိစ္ဆာဒိဌိ လုံးဝကင်းရှင်း၍ အမှန် တရားအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လက်တွေ့အကောင်အထည်​ဖော်နိုင်ရန်အတွက်) အမှန်တရားသစ္စာ ပါဝင်စေခြင်းဖြင့် ချမှတ်ပေးအပ်တော်မူပြီး၊ အမှန်တရားသစ္စာဖြင့်သာ လက်ဆင့်ကမ်းရောက်လာစေခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (ယုံကြည်မှုနှင့်ဖြောင့်မတ်မှန်ကန်သောလုပ်ရပ် ၏အကျိုး ဆက်မှာ ပေါက်မြောက်အောင်မြင်ခြင်းဖြစ်ကြောင်းနှင့်မကောင်းမှုအကုသိုလ်၏အကျိုးဆက်မှာ မိစ္ဆာဒိဌိ ဖြစ်ကြောင်းကို) သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်၏။

[106] ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို (အခြေအနေနှင့်အချိန်အခါပေါ်မူတည်၍ လိုအပ် ချက်များကို ဖြည့်ဆည်းတော်မူသည့်အနေဖြင့် နေရာကာလ အပိုင်းအခြားအလိုက် အလွယ်တကူနားလည် အောင် အလီလီအဖန်ဖန် ရှင်းလင်းတင်ပြလျက်) အစဉ်အမြဲတည်တံ့မည့် နည်းစနစ်အဖြစ် လူတို့ရှေ့ဝယ် ရွတ်ဖတ်သရဇ္ဈာယ်၍ ပို့ချပေးနိုင်ရန် (နှင့်ဆင်ခြင် ချိန်ဆ၍ နာယူမှတ်သားနိုင်ရန်) ဖြည်းဖြည်းချင်း ဆိုင်းကာ ဆိုင်းကာ ပိုင်းခြားစွာဖြင့် ချမှတ်ပေးအပ်တော်မူပြီး ငါအရှင်မြတ်သည်ပင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို (အချိန်အခါနှင့်အခြေအနေအတွက် အပြီးပြည့်စုံဆုံးနှင့်အကောင်းဆုံး ရည်ရွယ်ချက် ကိုယ်စီဖြင့်) အလီလီ အဆက်ဆက် ချမှတ်တော်မူသော အမိန့်ထုတ်ပြန်ချက်အဖြစ် ချမှတ်ပေးအပ်တော်မူ၏။

[107] (သူတို့အား) ဟောပြောလော့။ အသင်တို့သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို ယုံကြည်ကြသည် ဖြစ်စေ၊ သို့မဟုတ် မယုံကြည်ကြသည်ဖြစ်စေ၊ (အကြောင်းမထူးပေ သင်တို့၏ယုံကြည်မှုကြောင့် ပိုမို၍ ပြည့်စုံစရာမရှိပေ။ မယုံကြည်မှုကြောင့်လည်း ပြောင်းလဲစရာမရှိပေ။) ဧကန်စင်စစ်၊ ထိုကျမ်းတော်မတိုင်မီ ယခင်က (ချမှတ်ပေးခဲ့သော ကျမ်းတော်အမှန်တရားနှင့်သွန်သင်မှုများကို လိုက်နာစေသည့်) ပညာအလင်း ချီးမြှင့်ပေးအပ်တော်မူခြင်း ခံရသောသူတို့သည် သူတို့ရှေ့ဝယ် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားလေသောအခါ သူတို့သည် မျက်နှာအောက်ချလျက် ပျပ်ဝပ်ဦးချကြ၏။

[108] ထို့ပြင် သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း၊ မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူကြောင်း၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူ သောအရှင် ဖြစ်ကြောင်းနှင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ အမှန်စင်စစ်၊ အရှင်မြတ်၏ကတိတော်သည် မုချပင် ဖြည့်ဆည်းပေးတော်မူခြင်းခံရရန် ပြဌာန်းတော်မူသည့် ကိစ္စပင် ဖြစ်ပါ၏။” ဟု ဆုပန်လျှောက်ထားကြလေ၏။

[109] ထို့ပြင် သူတို့သည် ငိုကြွေး၍ မျက်နှာအောက်ချလျက် ဝပ်တွားဦးချကြပြီး ထိုသို့ ပြုခြင်းသည် (အရှင့်အပေါ်ထားရှိသော) သူတို့၏ချစ်ကြောက်ရိုသေမှုနှင့်ရိုကျိုးမှု (ဆိုင်ရာခံစားမှုကို) ပိုမို၍ တိုးပွားစေ၏။

[110] (အို၊ ရစူလ်တမန်တော်) ဟောပြောလော့။ အသင်တို့သည် (သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော တစ်ဆူးတည်းတည်ရှိနေတော်မူသည့် အရှင်မြတ်ကို) “အလ္လာဟ်အရှင်” ဟု သတိရ တသ၍ ခေါ်ကြလော့။ သို့တည်းမဟုတ် (အားလုံးအပေါ် အစဉ် သနာညှာတော်မူသော အကြင်နာရှင်) “ရဟ်မာန်” ဟု သတိရ တသ၍ ခေါ်ကြလော့။ ထိုအရှင်မြတ်သည် သတိရ တသစရာ အမြင့်မြတ်ဆုံးနှင့်အကောင်းဆုံး ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်တော်မူသောကြောင့် (ထိုဂုဏ်တော်နာမတော်များအနက်မှ) မည်သည့် နာမတော်အားဖြစ်စေ၊ သတိရ တသ၍ ခေါ်နိုင်ကြ၏။ ထို့ပြင် (အို၊ နဗီတမန်တော်) အသင်သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ရာတွင်၊ အသံကို မြင့်လွန်းကျယ်လွန်းခြင်း မဖြစ်စေနှင့်။ နိမ့်လွန်းတိုးလွန်း ခြင်းလည်း မဖြစ်စေနှင့်။ ထို (အသံအနေအထား) နှစ်ခု ကြား (ရှိ အ လယ်အလတ်နည်းလမ်း) ကို ရှာဖွေလော့။

[111] ထို့ပြင် ကြွေးကြော်ဟောပြောလော့။ ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (သက်ရှိသက် မဲ့အပါအဝင်) စကြဝဠာခပ်သိမ်းကုန်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ (ပြီး ယင်းတို့၏တည်တံ့ရေးအတွက် လို အပ်ချက်များကိုလည်း စည်းမျဉ်းနိယာမတော်များနှင့်ပေးအပ်ထားတော်မူ) သောအလ္လာဟ်အရှင်မြတ် (မျိုးပွားမှုဆိုင်ရာနိယာမ များကို ဖြစ်စေတော်မူသော်လည်း) အရှင့်အတွက် မည်သည့် သားသမီး (ရုပ်ပွား ဆင်းတုနှင့်အမွေဆက်ခံသူ) ကိုမျှ ဖြစ်စေတော်မမူသောအရှင်မြတ်၊ (စကြဝဠာအပေါင်းနှင့်လောကခပ်သိမ်းတို့ကို) စိုးမိုးအုပ်ချူပ်ရာတွင် မည်သည့် လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအဖော်၊ တွဲဖော်တွဲဖက်ကိုမျှ အရှင်မြတ်အတွက် အလိုရှိတော်မမူသော အရှင်မြတ်၊ အရှင်မြတ်အတွက် မည်သည့်ကာကွယ်စောင့်ရှောက်သူကိုမျှ အလိုရှိတော်မမူသောအရှင်မြတ်၊ အားနည်းမှု၊ ချို့တဲ့မှု၊ မပြည့်စုံမှု၊ မတည်တံ့မှုနှင့်မမြဲမြံမှု ဟူသမျှမှ လုံးဝ ကင်းရှင်းတော်မူသော အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူပြီး ထိုအရှင်မြတ်သည် အရှင့်ဂုဏ်တော်များကို (လူ့ဉာဏ်ရည် မမီနိုင်လောက်အောင်) လောကခပ်သိမ်း အရာခပ်သိမ်းတို့ထက် အ မြင့်မြတ်ဆုံး၊ အကြီးကဲဆုံးနှင့်ခံ့ညားထည်ဝါမှုအမြင့်မားဆုံး ဖြစ်စေတော်မူကြောင်းကို (ဖြူစင်စွာ ယုံကြည်လက်ခံလျက်) ဂုဏ်တင်၍ ချီးမွမ်းထောမနာပြုကြလော့။

ဂူ

Surah 18

[1] ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် အရှင့်အစေခံ (ဖြစ်တော်မူသော တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် ကျမ်းတော်မြတ် (ကုရ်အာန်) အား ထုတ်ပြန်ပို့ချပေးအပ်တော်မူပြီး ထိုကျမ်းတော်၌ မည်သည့် (မရိုးသားမှု၊ မပြတ်သားမှု၊ မဖြောင့်မတ်မှု၊ ရှေ့နောက်မညီညွတ်မှုနှင့်အမှန်တရားမှကွဲလွဲမှုစသော) အကွေ့အကောက်ကိုမျှ ဖြစ်ပေါ်စေရန် ခွင့်ပြုထားတော်မမူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

[2] ထိုကျမ်းတော်အား (အမှန်တရားသစ္စာကို မယုကြည်သူနှင့်ဖီဆန်ငြင်းပယ်သူတို့၏အကျိုးဆက်ဖြစ်သော) အရှင့်ထံတော်မှ ပြင်းထန်သောပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ရန်နှင့်ယုံကြည်ပြီး ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့၏အကျိုးဆက်အဖြစ် သူတို့အတွက် အကောင်းမြတ်ဆုံးသော ဆုလဒ်များရှိကြောင်းကို ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်းကောင်းပါးရန်အလို့ငှာ (အမှားအယွင်း လုံးဝ ကင်းရှင်းပြီး အစဉ်အမြဲ ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်စေမည့်နည်းစနစ်အဖြစ်) အခိုင်အမာ တည်တံ့မြဲမြံစေတော်မူ၏။

[3] (အစဉ်အမြဲတည်တံ့သော ကျမ်းတော်ကို လက်ခံယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ဖြင့် သီလဆောက်တည်ကြသူတို့သည် သူတို့အား ချီးမြှင့်မည့်) ထို (သုခဥယျာဉ်ထဲ) ၌ အမြဲထာဝစဉ် နေထိုင်လျက် ရှိကြပေမည်။

[4] ထို့ပြင် (ထိုကျမ်းတော်က) “အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါး မွေးစားတော်မူ၏။” ဟု (မတော် မတရားစွပ်စွဲ) ပြောဆိုကြသူတို့ကိုလည်း သတိပေးနှိုးဆော်နေ၏။

[5] သူတို့မှာ ထို (စွပ်စွဲချက်) နှင့်စပ်လျဉ်း၍ (ဉာဏ်တော်အနန္တမှဖြစ်သော) မည်သည့် သက်သေအထောက် အထားနှင့်အသိပညာ တစ်စုံတစ်ရာမျှ မရှိသည့်အပြင် သူတို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့မှာလည်း မရှိခဲ့ကြပေ။ (သူတို့က ထိုသို့ အခိုင်အမာပြောဆိုစွပ်စွဲနေခြင်းသည် သူတို့၏အလိုရမ္မက်ကြောင့်) သူတို့၏ပါးစပ်ပေါက်များမှ ထွက်သည့် အလွန်ဆိုးဝါးသော စွပ်စွဲချက်ပင် ဖြစ်ပြီး (မိစ္ဆာဒိဌိကိုသာ လက်ကိုင်ထားကြသော) သူတို့သည် မုသားအလိမ်အညာကိုသာ ပြောဆိုနေကြ၏။

[6] သို့ဖြစ်ရာ (အို၊ ရစူလ်တမန်တော်) ဤ (ကျမ်းတော်၌ပါရှိသော) အမိန့်တော်များကို မယုံကြည်ကြလျှင် (သူတို့ ငရဲဘုံရောက်မည်ကို) ပူဆွေးသောကရောက်လျက် (သူတို့အား ငရဲမီးမှ ကယ်နိုင်ရန် သွန်သင်လို၍ ကြီးမား မေတ္တာကရုဏာဖြင့်) သူတို့၏ခြေရာနောက်သို့ တကောက်ကောက်လိုက်နေသောကြောင့် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်သောကဖြင့် ညှဉ်းပန်းရာရောက်ပြီး သင့်ကိုသင် သေလုမတတ် ဖြစ်စေနိုင်၏။

[7] ဧကန်ပင်၊ ငါအရှင်မြတ်သည် (လူသားများဖြစ်သော) သင်တို့အနက် မည်သူက အကောင်းဆုံး ပြုမူကျင့် ကြံကြောင်းကို စမ်းသပ်တော်မူရန်အလို့ငှာ မြေကမ္ဘာပေါ်၌ရှိသော အရာဟူသမျှကို (လူသားအား အ ကျိုးပြုနေ သော ဆွဲဆောင်ဖွယ်ရာများအဖြစ်) ဖွဲ့စည်ဖြစ်ပေါ်စေတော်မူ၍ ယင်း (ကမ္ဘာဂြိုလ်) ကို လှပတင့်တယ်အောင် အလှတန်ဆာဆင်ယင်ထားတော်မူ၏။

[8] တစ်ဖန် ဧကန်မလွဲ၊ ငါအရှင်မြတ်သည်ပင် ထိုမြေကမ္ဘာပေါ်၌ရှိသော အပေါ်ယံမြေဆီလွှာဟူသမျှကို အမှန် ပင် (မြေဆီ၊ မြေနှစ်ကုန်ခန့်ခြောက်သွေ့စေ၍ သီးနှံမဖြစ်ထွန်းနိုင်သော) မြေဩဇာကင်းမဲ့သော မြေမြုံမြေခေါင်အဖြစ် ဖြစ်စေတော်မူနိုင်၏။

[9] သို့တည်းမဟုတ် (ယုံကြည်မှုကြောင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရခြင်းမှ လွတ်မြောက်၍ လိုဏ်ဂူထဲ၌ ခိုအောင်းခဲ့ကြရလျှက်) လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်လာကြသော ပုဂ္ဂိုလ်တို့နှင့် (သူတို့အကြောင်း မှတ် တမ်းတင်ထားသော) ကျောက်စာတိုင်သည် (အမှန်တရားကို ဖော်ကျူးရာတွင် ထိုသို့ မယုံနိုင်လောက်အောင်) ထူးဆန်း အံ့ဩဖွယ်ကောင်းသော အာယသ်သက်သေလက္ခဏာတော်များအနက်မှ ဖြစ်သည်ကို အသင်တမန်တော်က မျှော်မှန်းခဲ့ဖူးသလော။

[10] (ထိုအဖြစ်အပျက်ကို ထောက်ပြရသော် လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်လာခဲ့သော) ထိုလူငယ် တို့သည် လိုဏ်ဂူထဲသို့ ဝင်ပုန်း၍ ခိုအောင်းခဲ့ကြစဉ် “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့အား အရှင့်ထံတော်မှ ကရုဏာတော် ချီးမြှင့်ပေးသနား တော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့၏စီမံချက်အရေးကိစ္စများအနက်မှ ဖြောင့်မတ်မှန်ကန်၍ မျှတသောလမ်းနှင့်စိတ်ဓါတ်ကို လွယ်ကူချောမောအောင် ထောက်ပံ့စီမံတော်မူပါ။” ဟု ဆုပန်ကြလေ၏။

[11] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် လိုဏ်ထဲ၌ (သူတို့ဘေးကင်းလုံခြုံစွာဖြင့် အိပ်စက်အနားယူနိုင်ရန်နှင့် အပြင်လောက၏အသံကို မကြားစေရန်) သူတို့၏နားပေါ်တွင် လောကီတွက်ချက်မှုအရ နှစ်ပေါင်းများစွာ ကြာသည်အထိ ကန့်လန့်ကာချ၍ ပိတ်ထားတော်မူလေ၏။

[12] ထိုနောက် ငါအရှင်မြတ်သည် (အမှန်တရားသစ္စာကို သိနားလည်၍ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ် အတိုင်း ဘဝတည်ဆောက်ခဲ့သောကြောင့် ညှင်းပန်းနှိပ်စက်မှုခံရပြီး လိုဏ်ဂူထဲသို့ခိုလှုံခဲ့ကြသူများနှင့်အမှန်တရားသစ္စာကို ဖီဆန်၍ လမ်းမှားအတိုင်း ဘဝတည်ဆောက်ပြီး ဂူအပြင်၌နေခ့ကြသူများ ဖြစ်ကြသော) ထိုအုပ်စု နှစ်စုအနက် မည်သည့်အုပ်စုသည် သူနေထိုင်ခဲ့ကြသော ဘဝသက်တမ်းကို မည်သည့်အတွက် (အသုံးချခဲ့သည်) ဖြစ်ကြောင်းကို အကောင်းဆုံး တွက်ချက် (၍ သိနားလည်) နိုင်ရန်အလို့ငှာ (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့အား ပြန်လည် နိုးကြားစေတော်မူခဲ့၏။

[13] (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို ယုံကြည်ကြပြီး (သူတို့၏ ယုံကြည်မှု ပိုမို၍ ခိုင်မြဲစေရန်နှင့်ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်အတိုင်း မြဲမြံစွာ ဘဝဆောက်တည်နိုင်ရန်) သူတို့၏တရားလမ်းမှန်ရရှိမှုအား တိုးပွားစေတော်မူခဲ့သော (ထိုစံနမူနာယူဖွယ်ရာ) ဘဝဖြစ်စဉ်အကြောင်းကို ငါအရှင်မြတ်သည်ပင် သင့်အပေါ်၌ အမှန်တရားသစ္စာအဖြစ် ပြန်လည် ပြောပြတော်မူခြင်း ဖြစ်၏။

[14] ထို့ပြင် သူတို့သည် (အမှန်တရားအတွက် မိစ္ဆာဒိဌိကို တော်လှန်ရန် ဘုရင်၏ရှေ့ဝယ် (မားမားမတ်မတ်) ရပ်တည်ခဲ့ကြစဉ် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအပေါ် ယုံကြည်မှုခွန်အားကို ခိုင်မြဲ ကြံ့ခိုင်စေတော်မူသောကြောင့် သူတို့က ''ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ (သို့ဖြစ်ပေရာ) ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှအပ (အခြားမည်သည့် သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအဖြစ်) အလျှင်း သတိရ တသ၍ ဟစ်ခေါ်ကိုးကွယ်ကြသည် မ ဟုတ်ပေ။ (အရှင်မြတ်မှအပ) အခြား အရာများကို ကိုးကွယ်လျှင် ဧကန်ပင်၊ ကြီးလေးသောပြစ်မှုကို ကျူးလွန်ခြင်းသာဖြစ်ကြောင်း ကျွန်ုပ်တို့ ပြောကြား လိုပါ၏။” ဟု (ရဲဝံ့စွာ) ပြောဆိုခဲ့ကြ၏။

[15] (သူတို့အယူထားကိုးကွယ်နေသည့်အရာများမှာ ကိုးကွယ်ထိုက်သော အရာများဖြစ်ကြောင်းကို ထောက်ခံသော) မည်သည့် အခွင့်အာဏာ သက်သေအထောက်အထားနှင့်မြင်သာထင်ရှားသော ရှင်လင်းချက်မျှပင် သူတို့ထံ ရောက်လာခြင်း မရှိသော်ငြားလည်း ကျွန်ုပ်တို့၏လူမျိုးများဖြစ်ကြသော ဤပုဂ္ဂိုလ်များသည် ထိုအရှင်မြတ်မှ လွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်ရာများအဖြစ် အယူထား၍ ကိုးကွယ်နေကြ၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ် (၏ဂုဏ်တော်များနှင့်ဆန့်ကျင်၍ အရှင့်) အပေါ် မုသားများကို မဟုတ်မမှန် လီဆယ်စွပ်စွဲ နေကြသော (ဤ) ပုဂ္ဂိုလ်များထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူ မည်သူရှိမည်နည်း။

[16] (အခြေအနေက သူတို့အား အမှန်တရားသစ္စာကို လက်မခံသော လူ့အသိုင်းအဝိုင်းမှ ထွက်သွားရန် တွန်း အားပေးနေကြောင်းကို သူတို့ဆွေနွေးတိုင်ပင်၍ ဆုံးဖြတ်ချက်ချကြရာ သူတို့အချင်းချင်း) သင်တို့သည် (အာဏာပိုင်အဖွဲ့ဖြစ်သော) သူတို့နှင့်အလ္လာဟ်အရှင်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်ရာအဖြစ် အယူထား ကိုးကွယ်ကြသူတို့မှ အဝေးသို့ ရှောင်သွားရမည်ဖြစ်သောကြောင့် လိုဏ်ဂူဘက်သို့ ဆုတ်ခွာ၍ ခိုလှုံကြလျှင် သင်တို့ အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်အရှင်မြတ်သည် အရှင့်ကရုဏာတော်ကို သင်တို့အတွက် စီမံဖြန့်ခင်းတော်မူလိမ့်မည်ဖြစ်ပြီး သင်တို့၏ (စီမံချက်) အရေးကိစ္စတို့ကို ချောမောလွယ်ကူအောင် စီမံပံ့ပိုးပေးတော်မူမည် ဖြစ်၏။” (ဟု ဆွေနွေး ဆုံးဖြတ်ခဲ့ကြ၏။)

[17] (ထို့နောက် သူတို့သည် လိုဏ်ဂူထဲသို့ ခိုအောင်း၍ နက်နက်ရှိုင်းရှိုင်း အိပ်ပျော်ခဲ့ကြလေ၏။) နေသည် သူတို့ ခိုအောင်းရာ ဂူ၏လက်ယာဘက်မှ စတင်ထွက်ပေါ်လာ၍ လက်ဝဲဘက်သို့ တဖြည်းဖြည်း တိမ်းညွှတ် ရွေ့လျားကာ သူတို့သည် ဂူထဲတွင် (နေပူဒဏ်ကို တိုက်ရိုက် မထိမှန်နိုင်သော) ချိုင့်ဝင်သည့် နေရာလွတ်၌ ရှိခဲ့ကြောင်းကို အသင် (တမန်တော်) တွေ့မြင်မိခဲ့လိမ့်မည်ဖြစ်၏။ ထိုသို့ဖြစ်လာခဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များအနက်မှပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ) တရားလမ်းမှန်ကို ညွှန်ပြလိုတော်မူသောသူ (မည် သူမဆို) သည်သာလျှင် တရားလမ်းမှန်ကို ရရှိသူဖြစ်၏။ သို့ရာတွင် (မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်၍ လမ်းမှားအ တိုင်းသွားလိုလျှင်) အသင်သည် အရှင်မြတ်က လမ်းမှားအတိုင်းသွားနိုင်ရန် ခွင့်ပြုတော်မူသော သူအတွက် မည်သည့်ကာကွယ်စောင့်ရှောက်သူနှင့် လမ်းမှန်ညွှန်ပြနိုင်မည့်သူကိုမျှ အလျှင်း (ရှာဖွေ) တွေ့ရှိလိမ့်မည် မဟုတ်ပေ။

[18] ထို့ပြင် (အို၊ ရစူလ်တမန်တော်) သူတို့သည် အိပ်နေသည့်အနေအထားတွင် ရှိနေခဲ့ကြသော်လည်း အသင်က သူတို့ နိုးကြားနေသည့်အနေအထားတွင် ရှိသည်။” ဟု ထင်မှတ်နိုင်၏။ ထို့ပြင် ငါအရှင်မြတ်က သူတို့အား လက်ယာဘက်သို့လည်းကောင်း၊ လက်ဝဲဘက်သို့လည်းကောင်း၊ (တစ်လှည့်စီ) လှိမ့်စေတော်မူ၏။ သူတို့၏ခွေးမှာမူကား ဝင်ပေါက်၌ ယင်း၏လက်နှစ်ဖက်ကို ဆန့်တန်းထားသည့် အနေအထားဖြင့် နေခဲ့၏။ အကယ်၍ သင်သည် မမျှော်လင့်ဘဲ သူတို့ရှိရာနေရာသို့ ရောက်သွားခဲ့ပါမူ အမှန်ပင် သူတို့ဘက်မှ မျက်နှာလွဲ ကျောခိုင်း၍ ထွက်ပြေးရမည်ဖြစ်သည့်အပြင် သူတို့ကြောင့် တုန်လှုပ်ချောက်ချားမှုအပြည့် ခံစားလျက် ဧကန်ပင်၊ နောက်ပြန် လှည့်ရလိမ့်မည်ဖြစ်၏။

[19] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့အား (သူတို့၏အခြေအနေနှင့်ပတ်သက်၍) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းနိုင်ကြရန် အလို့ငှာ ပြန်လည် နိုးကြားစေတော်မူ၏။ သူတို့အနက်မှ ပြောဆိုမေးမြန်းသူတစ်ဦးဟုက “သင်တို့သည် မည်မျှ ကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြသနည်း။” ဟု မေးမြန်းခဲ့ရာ သူတို့ (အနက်မှ အ ချို့) က “ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် နေ့၏တစ်စိတ်တစ်ဒေသမျှသာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြ၏။” ဖြေကြားခဲ့လေ၏။ သူတို့ (အနက်မှ အချို့) ကမူ “သင်တို့မည်မျှကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြောင်းကို သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်သောအရှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ (မည်မျှပင်ကြာမြင့်ခဲ့သည်ဖြစ်စေ လတ်တလောတွင် ဆာလောင်မှုကို ဖြေရှင်းရန် လိုနေ၏။) သို့ဖြစ်ပေရာ သင်တို့အနက်မှ တစ်ဦးဦးအား မည်သည့် အစားအစာသည် (တရားတော်အရ တရားဝင် ခွင့်ပြု ထားပြီး) အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုစီစစ်ပြီးမှ စားဖွယ်အချို့ကို ယူဆောင်လာနိုင်ရန် သင်တို့၏ ဤငွေဒင်္ဂါးကိုပေး၍ မြို့ထဲသို့ စေလွှတ်ကြလော့။ သို့ရာတွင် သူသည် (မြို့ထဲသို့ဝင်ရောက်သည့်အခါ မြို့နေပြည် သူများအနက်မှ) မည်သူတစ်ဦးတစ်ယောက်ကမျှ သင်တို့နှင့်ပတ်သက်၍ သတိမမူ သတင်းမရ နိုင်အောင် အထူး ဂရုစိုက်၍ ပါးနပ် (စွာသွားနိုင်) ရမည်။

[20] (အဘယ်ကြောင့်ဆိုသော် အကယ်၍ မြို့နေပြည်သူတို့က သင်တို့နှင့်ပတ်သက်၍ သိသွားကြလျှင်) ဧကန်ပင်၊ သူတို့သည် သင်တို့အား ခဲဖြင့်ပစ်ပေါက်၍ သတ်လိမ့်မည်။ သို့မဟုတ် သူတို့ယုံကြည်သည့် ဘာသာ အယူဝါဒဘောင်ထဲသို့ (အတင်းအဓမ္မ) ပြန်လည် သိမ်းသွင်းမည်ဖြစ်ပြီး (ထိုသို့ ဖြစ်လျှင်) သင်တို့သည် မည်သည့်အခါမျှပင် အောင်မြင်ကြမည် မဟုတ်ပေ။

[21] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (သေခြင်းတရား၏အနှစ်သာရကို) သူတို့ သိနားလည်နိုင်ရန်အလို့ငှာ (သူတို့အား နှစ်ပေါင်းများစွာ အိပ်နေသည့်အနေအထား၌ နေစေတော်ပြီးနောက် ပြန်လည်နိုး ကြားစေတော်မူခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်၏ကတိတော်မှာ အမှန်တရားသစ္စာ ဖြစ်ကြောင်းကိုလည်းကောင်း၊ ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ ထုတ်ဖော်ဖွင့်ချတော်မူခဲ့၏။ (ထို့နောက် အရှင်မြတ်က ထိုလိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော သူတော်စင်တို့အား သေစေတော်မူခဲ့ရာ) သူတို၏အရေးကိစ္စနှင့်စပ်လျဉ်း၍ (ဒေသခံပြည်သူများ) အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သောကြောင့် (အချို့က သူတို့၏ဂူသင်္ချိုင်းအား လူတို့၏နှောက်ယှက်ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးနိုင်ရန်) သူတို့အပေါ်တွင် ခိုင်မာသော အဆောက်အဦးတစ်ခု ဆောက်လော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြ၏။ (အချို့ကမူ) သူတို့နှင့်ပတ်သက်၍ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ (ဟု ပြောဆိုခဲ့ကြ၏)။ (ထိုသို့ ငြင်းခုံဆွေး နွေးပြီးနောက်) သူတို့၏အရေးကိစ္စ၌ အနိုင်ရ (ကြသော အာဏာပိုင်အဖွဲ့အစည်းမှ ယုံကြည်သူအရာရှိဖြစ်) သူတို့က “ကျွန်ုပ်တို့သည် (အဆိုပါ သူတော်စင်တို့အား သတိရစေမည့် သမိုင်းဝင် အထိမ်းအမှတ်အဆောက် အအုံအဖြစ်) သူတို့ (၏အနီးအနားရှိ တောင်ကုန်း) ပေါ်တွင် ဗလီဝတ်ကျောင်းတစ်ခုကို မုချပင် တည်ဆောက် ကြမည်။” ဟု ပြောဆိုခဲ့ကြလေ၏။

[22] (လူအများစုသည် အဆိုပါ လိုဏ်ဂူ၏အပေါင်းအဖော်များဖြစ်ကြသော သူတော်စင်တို့၏အဖြစ် အပျက်၌ စံနမူနာယူဖွယ် သင်ခန်းစာများရှိနေကြောင်း အလေးအနက် စဉ်းစားဆင်ခြင်၍ ရောင်ပြန်ဟပ်ရမည့်အစား အပြစ်အပျက်၏အသေးစိတ်အချက်အလက်အပေါ်၌သာ အဓိက အာရုံစိုက်နေကြ၏။) မကြာမီပင် (အချို့က ထိုသူ တော်စင်တို့၏အရေအတွက်မှာ) သုံးဦးသာဖြစ်ပြီး သူတို့၏ခွေးသည် စတုတ္ထမြောက်ဟု ပြောဆိုကြမည်။ (အချို့ကမူ သူတို့၏အရေအတွက်မှာ) ငါးဦးဖြစ်ပြီး သူတို့၏ခွေးသည် ဆဋ္ဌမမြောက် ဖြစ်သည်။” ဟု ပြောဆိုကြခြင်းဖြင့် (သူတို့၏) ကွယ်ရာ (၌ ဖြစ်ပျက်ခဲ့သည်) ကို မှန်းဆခန့်မှန်းလျက် ထင်ရာကို ပြောဆိုကြလိမ့်မည်ဖြစ်၏။ (အို၊ ရစူလ်တမန်တော်) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သာလျှင် သူတို့၏အရေအတွက်ကို အသိဆုံး ဖြစ်တော်မူပြီး လူနည်းစုမှအပ (လူအများစုမှာမူ ဖြစ်ရပ်မှန်ကို) မသိ ကြပေ။ “ဟု ဟောလော့။ သို့ဖြစ်ပေရာ သူတို့နှင့်ပတ်သက်၍ (ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချချက်နှင့်အညီ) မြင်သာထင်ရှားသောအချက်များပေါ် အခြေခံ၍ (ယုံကြည်လက်ခံလျက်) သယံသယကင်းသော အပြုသဘောဆောင်ဆွေးနွေးမှုမှအပ ငြင်းခုံဆွေးနွေးခြင်း မပြုကြလေနှင့်။ ထို့ပြင် သူတို့အနက်မှ မည်သူ တစ်းဦးတစ်ယောက်နှင့်ပတ်သက်၍ ဖြစ်စေ စုံစမ်းလိုသည့်သဘောဖြင့် မေးမြန်း၍ ထင်ကြေး မပေးကြလေနှင့်။

[23] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် မည်သည့် ကိစ္စရပ်ကို (လုပ်ဆောင်ရန် ရည်ရွယ်စဉ်) ဖြစ်စေ “ဧကန်ပင်၊ ကျွန်ုပ်သည် ဤကိစ္စကို မနက်ဖြန်ပြုလုပ်မည်။”ဟု အလျှင်း မပြောဆိုလေနှင့်။

[24] အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းတော်နှင့်အညီ အလိုရှိတော်မူလျှင်သာ ''(ပြုလုပ်နိုင်မည်ဟု ပြောလော့)။ ထိုသို့ (အိန်ရှာအလ္လာဟ် ဟု) ပြောဆိုရန် မေ့လျော့သွားသည့်အခါ (မပြောမိကြောင်း သတိရသည်နှင့်ချက်ချင်းပင်) သင့်အား ဖွဲ့စည်းဖြစ်တည်၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ကို သတိရ တသ၍ ဖွင်ဟလော့။ ထို့ပြင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ် သည် ဤဖြောင့်မတ်မှန်ကန်သော အပြုအမူထက် တရားလမ်းမှန်နှင့်ပိုမို၍ နီးစပ်စေရန် လမ်းညွှန်တော်မူနိုင်၏။” ဟု ဟောလော့။

[25] အမှန်စင်စစ် (လိုဏ်ဂူ၏အပေါင်းအဖော်များဖြစ်ကြသော) သူတို့လိုဏ်ဂူထဲ၌ နေခဲ့ကြသည့် အချိန်ကာလ သည် (နေကိုအခြေခံ၍ တွက်ချက်သော ခုနှစ်သက္ကရာဇ်အရ) နှစ်ပေါင်းသုံးရာ ဖြစ်ပြီး (လကို အခြေခံ ၍ တွက်ချက်ပါမူ အဆိုပါနေကို အခြေခံ၍ တွက်ချက်သော ခုနှစ်သက္ကရာဇ်တွင် နောက်ထပ်) ကိုးနှစ်ကို တိုးရလိမ့်မည် ဖြစ်၏။

[26] အလ္လာဟ်အရှင်မြတ်က သူတို့လိုဏ်ဂူထဲ၌ နေခဲ့ကြသည့် အချိန်ကာလနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မျက်ကွယ်ရာများကို (ယင်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ သော) ထိုအရှင်မြတ် (၏ စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် အဘယ်မျှ ပကတိပြည့်စုံစွာ မြင်တော်မူသောအရှင်၊ အဘယ်မျှ ပကတိပြည့်စုံစွာ ကြားနေတော်မူသောအရှင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အသိဆုံး ဖြစ်တော်မူ၏။ ထိုသူတို့အတွက် ထိုအရှင် မြတ်မှအပ အခြား မည်သည့်ကာကွယ်စောင့်ရှောက်သူမျှ မရှိသည့်အ ပြင် ထိုအရှင်မြတ်၏အမိန့်အာဏာ (စီရင်ပြဌာန်းမှု) တွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် (အာဏာခွဲဝေရရှိသူအဖြစ်) အလျှင်း ဖက်စပ်ပါဝင်စေ တော်မူသည် မဟုတ်ကြောင်း ဟောပြောလော့။

[27] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ကျမ်းတော်မှ အသင့်ထံသို့ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချပေးအပ်တော်မူခြင်းခံရသမျှကို ရွတ်ဖတ် (၍ သွန်သင်လိုက်နာ) လော့။ ထိုအရှင်မြတ်၏အမိန့်မုက္ခပါဌ်တော်များကို အာယတ်တော်များကို ပြောင်းလဲပိုင်ခွင့် ရှိသူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ထို့ပြင် အသင်သည် ထိုအရှင်မြတ် (၏ကျမ်းတော်) မှအပ ပကတိ မှန်ကန်မှုအတွက် မှီငြမ်းရာဟူ၍ အလျှင်း (ရှာ) တွေ့နိုင်မည် မဟုတ်ပေ။

[28] ထို့ပြင် ထိုအရှင်မြတ်၏မျက်နှာတော် (အရှင့်နှစ်မြို့တော်မူမှုနှင့်တမလွန်၌ အရှင်မြတ်အား တွေ့ဆုံလိုမှု ဖြင့် ဦးတည်ရှေ့ရှူ၍) ရည်ရွယ်လျက် နံနက်ခင်း၌လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ကို (အားကိုးတကြီးဟစ်ခေါ်) ဆုတောင်းပန်ကြား သူတို့နှင့်အတူ အသင် (တမန်တော်) ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုလည်း (အရှင့်စည်းမျဉ်းတော် နှင့်အညီ အသုံးချရာ၌ သင့်ကိုယ်သင်) သည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ လောကီဘဝသက်တမ်း၏အကျိုးခံစားခွင့်နှင့်ဆွဲဆောင်ဖွယ်ရာ လှပတင့်တယ်မှုများကို လိုလားတောင့်တခြင်းမှ ရှောင်ကြဉ်ရန် ယင်းတို့မှ မသိကျိုး ကျွန်ပြုလော့။ ထို့ပြင် လောကီဆွဲဆောင်မှုတွင် နစ်မြုပ်လျက် သူ့စိတ်နှလုံး၌ ငါအရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟခြင်းကို ဥပေက္ခာပြုမေ့ထားပြီး သူ့စိတ်အလိုရမ္မက်နောက်သို့ တကောက်ကောက်လိုက်နေရုံသာမက သူ့အရေးကိစ္စများတွင်လည်း အလေးထား ဂရုစိုက်လျက် အလိုမလိုက်လေနှင့်။

[29] (ဤကျမ်းတော်မြတ်ကုရ်အာန်သည်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ချမှတ်ပေးအပ်တော်မူသော) အမှန်တရားသစ္စာပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်ပြီး မည်သူမဆို မယုံကြည်ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့် ကြံသူတို့အတွက် သူတို့အား (ငရဲ) မီးကို အဆင့်သင့် ပြုစေတော်၍ ယင်းမီး၏ တလိပ်လိပ် ရွေ့လျားနေသော မီးတောက်မီလျှံဖြင့် သူတို့အား လွှမ်းခြုံဝန်းပတ်ထားတော်မူလိမ့်မည်။ ထို့ပြင် အ ကယ်၍ သူတို့သည် (ရေငတ် ပြေစေရန်) အကူအညီတောင်းခံကြလျှင် သူတို့၏မျက်နှာများကို (ခဲရည်၊ ကြေးနီရည် အစရှိသည့်) အရည်ကျိုထားသောသတ္တုရည်ကဲ့သို့သော အရည်ပူဖြင့် လောင်စေလျက် (ရေ ငတ်မှုကို) သက်သာရာ ရစေလိမ့်မည်ဖြစ်၏။ ထိုသောက်စရာသည် အလွန်ပင် ယုတ်ညံ့ဆိုးရွားပြီး အလွန်ပင် ဆိုးရွားလှသော နားနေရာနေရာထိုင်ခင်း ဖြစ်ပေတကား။

[30] ဧကန်စင်စစ်၊ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည် ကြသူများလည်း ရှိကြ၏။ မုချဧကန်၊ ငါအရှင်မြတ်သည် (ထိုသို့ လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အ ကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့် ကြံသူ၏အကျိုးဆက်ကို အလျှင်း အချည်းနှီး ဖြစ်စေတော်မူမည် မဟုတ်ချေ။

[31] ထိုသူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေပြီး ထာဝစဉ်တည်တံ့မည့် သုခဥယျာဉ်များ အသင့်ရှိကြပြီး သူတို့သည် ထိုသုခဥယျာဉ်များ၌ ရွှေလက်ပတ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းခံကြရလျက် ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှား၍ အနုစိတ်သော ပိုးချည်ချောမှ ဖြစ်သော အစိမ်းရောင်ဝတ်ရုံ များကို ဝတ်ဆင်ကြကာ ထိုသုခဥယျာဉ်ထဲရှိ အလှတန်ဆာဆင်ထားသော သလွန်များပေါ်၌ မှီလျက် ကျောခင်း ကြပေမည်။ အလွန်ပင် လှပတင့်တယ်၍ ကောင်းမြတ်သော ဂုဏ်ကျက်သရေနှင့်ပြည့်စုံ၍ ကောင်းမြတ်သော အကျိုးဆုလဒ်ဖြစ်ပြီး အလွန်ပင် နားနေရာနေရာထိုင်ခင်း ဖြစ်ပေတကား။

[32] ငါအရှင်မြတ်သည် လူပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦးအား စွန်ပလွံပင်များဖြင့် ခြံရံဝိုင်းပတ်၍ ကာကွယ်ပေးထားသော စပျစ်ခြံနှစ်ခြံရှိပြီး ထိုခြံနှစ်ခုကြားတွင် (ရှိသည့် မြေကွက်၌ စိုက်ပျိုးထားသော) ကောက်ပဲ သီးနှံများဖြင့် ပြည့်စုံစေတော်မူထားသော အမျိုးသားနှစ်ဦးအား (စံနမူနာယူဖွယ်ရာ) ဥပမာအဖြစ် ခိုင်းနှိုင်း၍ ထုတ်ဖော်တင်ပြတော်မူ၏။

[33] ထိုခြံနှစ်ခြံအနက် တစ်ခြံစီ၌ ရှိသောအပင်မျိုးစုံမှ စားစရာအသီးအနှံမျိုးစုံ ထွက်ရှိစေတော်မူပြီး (အသီး အနှံဖြစ်ထွန်းရေးအတွက် လိုအပ်သော အပင်တို့၏ဖွဲ့စည်းပုံ၊ အစို့အညှောက်ထွက်ခြင်း၊ မြေဆီ၊ ရေ၊ အ လင်းစွမ်းအားနှင့်ကာဗွန်ဒိုင်အောက်ဆိုက်တို့မှ အစာချက်ခြင်း စသည့်) စည်းမျဉ်းနိယာမတော်များအနက်မှ (မည်သည့် စည်းမျဉ်းဘောင်တွင်ဖြစ်စေ) စိုးစဉ်းမျှပင် ချို့တဲ့အားနည်းမှု ရှိစေတော်မမူခဲ့ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံ နှစ်ခြံ၏နယ်နိမိတ်အတွင်းဝယ် စမ်းချောင်းတစ်ခုကိုလည်း စီးထွက်စေတော်မူ၏။

[34] သို့ဖြစ်ပေရာ သူ့အတွက် (ရိတ်သိမ်းစရာ) အသီးအနှံများ အလျှံပယ်ရှိနေ၏။ (ထိုအခါ သူပိုင်ဆိုင်သမျှ သည် သူ့စွမ်းရည်ကြောင့်သာ ဖြစ်၏။” ဟု ယူဆ၍) သူသည် သူ့မိတ်ဆွေအပေါင်းဖော်အား သူနှင့်စကား စမြည် ပြောဆိုစဉ် “ကျွန်ုပ်သည် သင့်ထက် (ဥစ္စာဓနချမ်းသာကြွယ်ဝမှု၊ သားသမီးများနှင့် အိုးအိမ်ခြံမြေ စသည့်) ပိုင်ဆိုင် မှုများနှင့် (စွမ်းရည်ကြောင့်ရရှိသော) ဂုဏ်သိက္ခာများအရ (အလွန်ပင်) ရှေ့ရောက်နေလျက် ပိုမို၍ သာလွန် မြင့်မြတ်ပါ၏။” ပြောဆိုလေ၏။

[35] ထို့နောက် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အ ရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက် ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတစ်ဦးအဖြစ် အသုံးချလျက် သူ့ဥယျာဉ် ခြံမြေထဲသို့ ဝင်ရောက်ပြီး ကျွန်ုပ်သည် ကျွန်ုပ်၏ဤဥယျာဉ်ခြံမြေကို မည်သည့်အခါ၌မျှ ပျက်စီးဆုံးရှုံးခံစေလိမ့်မည်” ဟု (စိတ်ကူးထဲ၌ပင်) တွေးလိမ့်မည်မဟုတ်။ ဟု ပြောဆိုခဲ့၏။

[36] ထိုနည်းတူစွာ ကျွန်ုပ်သည် (ကမ္ဘာပျက်ပြီးနောက်) ရှင်ပြန်ထရမည့်နောက်ဆုံးနေ့နာရီ ရောက်လာလိမ့် မည်ဟူ၍လည်း မည်သည့်အခါမျှ မယုံကြည် မတွေးထင်ပါ။ သို့ရာတွင် အကယ်၍ ကျွန်ုပ်ကို (ကွယ်လွန်စေတော်မူ၍) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ ပြန် လည်ရောက်ရှိစေတော်မူလျှင်လည်း ကျွန်ုပ်သည် ဤဥယျာဉ်ခြံမြေထက် ပိုမို၍ ကောင်းမြတ်သော (ခံစားခွင့်မျိုးအတွက်) ပြန်သွားခြင်းသာ ဖြစ်ကြောင်း မုချပင် တွေ့ရလိမ့်မည်။

[37] (ထိုစဉ်) သူနှင့်စကားစမြည်ပြောဆိုစဉ် သူ့မိတ်ဆွေအပေါင်းဖော်က သူ့အား “(အို၊ မိတ်ဆွေ) အသင်သည် အသင့်အား (ပထမဆုံးအကြိမ်) မြေမှုန့်မှလည်းကောင်း၊ ထို့နောက် တစ်ဖန် သုက်ရည် တစ်စက်မှလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (လူ့အသွင်သဏ္ဍန် ဦးနှောက်အကြားအမြင်တို့ကို စနစ်တကျ မျှတလိုက်ဖက်စွာ) ပုံဖော်ပေးတော်မူလျက် အမျိုးသားတစ်ဦးအဖြစ် ဖြစ်လာစေတော်မူခြင်း မယုံ ကြည်ငြင်းဆန်ဖုံးကွယ်နိုင်မည်လော့။” ဟု မေးမြန်းလေ၏။

[38] သို့ရာတွင် ကျွန်ုပ်အတွက်မူ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ပင်ဖြစ်ပြီး ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော ထိုအရှင်မြတ် (၏ဂုဏ်တော်များ) နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် (သက်ရှိသက်မဲ့ တစ်စုံတစ်ယောက်) တစ်စုံတစ်ရာကိုမျှ (ကိုးကွယ်ရာအဖြစ်) အလျှင်း ယုံကြည်ကိုးကွယ်သည် မဟုတ်ပေ။

[39] ထို့ပြင် (အသင်က အသင်၏ဥယျာဉ်ခြံမြေနှင့်လောကီခံစားခွင့်ဆိုင်ရာ ပိုင်ဆိုင်မှုအားလုံးကို အရှင်မြတ် က ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း သိမြင်လျက်) အကယ်၍ အသင်သည် သင်၏ဥယျာဉ်သို့ ဝင်ရောက်သည့်အခါ “အလ္လာဟ်အရှင်မြတ်သည် ဤအရာဟူသမျှကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော ကြောင့် ဖြစ်ပေါ်လာပြီး အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းနိယာမတော်ဖြင့်ဖြစ်စေခြင်းမှအပ မည်သည့်အရာ၌မျှ (အရှင့်နိယာမတော်မပါဘဲ ယင်းကိုယ်တိုင် အလိုအလျှောက် ဖြစ်ပေါ်စေနိုင်သော) ကိုယ်ပိုင်စွမ်းရည်စွမ်းပကား အလျှင်း မရှိပေ။” ဟု ပြောခဲ့လျှင် ကောင်းလေစွ။ အ သင်သည် ကျွန်ုပ်၌ ဥစ္စာဓနပိုင်ဆိုင်မှုနှင့်သားသမီးထွန်းကားမှုတွင် အသင့်ထက် ပိုမို၍ နည်းပါး လျော့နည်းကြောင်း မြင်တွေ့နေရသော်လည်း (အရှင့်စည်းမျဉ်းနိယာမ တော်များ၊ အရှင့်ဆန္ဒတော်နှင့်အညီ ဖြစ် လာခြင်းကို ယုံကြည်သည့်အတွက် ညည်းညူစရာမလိုပေ။)

[40] ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်ုပ်အား အသင်၏ဥယျာဉ်ခြံမြေထက် ပိုမိုကောင်းမြတ်သောအရာ (ဥယျာဉ်) ကို ချီးမြှင့်ပေးအပ်တော်မူပြီးနောက် တစ်ဖန် ယင်းအပေါ်တွင် (မမျှော်လင့် မထင်မှတ်ထားသော အရေးယူမှုဆိုင်ရာ) ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်စေတော်မူသောကြောင့် (မယုံကြည်နိုင်လောက်အောင်) အဖတ်ဆယ်မရနိုင်သည့် စွန့် ပစ်မြေအဖြစ် ဖြစ်စေတော်မူနိုင်ပါ၏။

[41] သို့တည်းမဟုတ် ယင်း (ဥယျာဉ်ထဲရှိ စမ်းချောင်း) ၏ရေသည် (ခန့်ခြောက်လာ၍ မြေကြီးအောက်သို့) စိမ့်ဝင် နိမ့်ဆင်းသွားသောကြောင့် သင်သည် (သင့်ဥယျာဉ်အား လန်းဆန်းစေရေးအတွက်) ထိုရေကို အ လျှင်း ရှာဖွေ (ရယူ) နိုင်မည် မဟုတ်ပေ။

[42] ထိုအခါ (ရေရှားပါးမှု ဂယက်သည်) သူ၏သီးနှံဖြစ်ထွန်းမှုအား ခြုံငုံဝိုင်းပတ် ထိခိုက်စေ၏။ သို့ဖြစ်ပေရာ သူသည် ထိုဥယျာဉ်၌ သုံးစွဲသည့်ကုန်ကျသမျှအပေါ်တွင် (စိတ်သောကရောက်လျက်) လက်ချင်း ဖျစ်ညှစ်ရသည့် အခြေအနေသို့ ရောက်နေစဉ်ပင် ထိုဥယျာဉ်၏စင်များပေါ်၌လည်း ယိုယွင်း ထိုးကျမှုများသာ ရှိနေ၏။ ထိုအခါ သူက “(အို၊ ဒုက္ခလှလှကြုံရပြီတကား။) ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် (၏ဂုဏ်တော်များ) နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် (သက်ရှိသက်မဲ့ တစ်စုံတစ်ယောက်) တစ်စုံတစ်ရာကိုမျှ (ကိုးကွယ်ရာအဖြစ်) မယုံကြည် မကိုးကွယ်ခဲ့မိလျှင် ကောင်းလေစွ။” ဟု ညည်းညူပြောဆိုလေ၏။

[43] ထို့ပြင် သူ့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူ့ကိုရိုင်းပင်းကူညီနိုင်မည့် အုပ်စုအင်အားဟူ၍ မရှိသည့် အပြင် (သူကိုယ်တိုင်လည်း ထိုဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်အောင်) တတ်စွမ်းနိုင်သူ မဖြစ်နိုင်ပေ။

[44] ထိုနေရာတွင် (နှလုံးသွင်းသင့်သည်မှာ) ကာကွယ်စောင့်ရှောက်နိုင်သော အခွင့်အာဏာ အားလုံးသည် (အရှင့်စည်းမျဉ်းနိယာမတော်များကို) အမှန်တရားသစ္စာအဖြစ် သတ်မှတ်ပြဌာန်းတော်မူသည့် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် (ပြုမူကျင့်ကြံမှုတိုင်းအတွက် လောကီဘဝသက်တမ်း၌) အကောင်းဆုံးဆုလဒ်များကို ချီးမြှင့်တော်မူပြီး (နောက်ဆုံးပန်းတိုင်ဖြစ်သော တမလွန်ဘဝ၌လည်း) အမွန်မြတ်ဆုံးသော အကျိုးဆက်ကို ပေးတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[45] သူတို့အတွက် ဤလောကီဘဝသက်တမ်း၏ဥပမာသည်ကား “ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရွာ သွန်းစေတော်မူသောကြောင့် မြေကြီးထဲသို့ ရောနှောစိမ့်ဝင်သွားပြီး လေတိုက်မှုကြောင့် ဖြန့်ကြဲသွားသည့် ခြောက်သွေ့သော (အစေ့၊ အဆံ၊ ရိုးတံ၊ ညှာတံ စသော) မျိုးစေ့များကို မြေကမ္ဘာ၏သစ်ပင် ပေါက်ပင်မျိုးစုံအဖြစ် ရှင်သန် ဖြစ်ထွန်းလာစေတော်မူသည့် မိုးရေကဲ့သို့ပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ် သည် အရာခပ်သိမ်းတို့အပေါ် (စည်း မျဉ်းနိယာမတော်များဖြင့် ဩဇာလွှမ်းမိုးတော်မူလျက်) ပကတိ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[46] (စည်းစိမ်ချမ်းသာဥစ္စာဓန ရွှေငွေရတနာ အိမ်ယာခြံမြေစသည့်) ပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများသည် ဤလောကီဘဝသက်တမ်း၏ (ရပိုင်ခွင့်နှင့်ခံစားခွင့်ဆိုင်ရာ ဆွဲဆောင်ဖွယ်ကောင်းအောင်) တန်ဆာဆင်ထားသောတင့်တယ်မှုမျှပင် ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများဖြင့် သီလဆောက်တည်ခြင်းသည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အစဉ်အမြဲ အခိုင် အမာ တည်တံ့မည့် ကောင်းမှုကုသိုလ်များနှင့်အကျိုးဆုလဒ်ကောင်းရမည့် အရာများဖြစ်ရုံသာမက အကောင်းဆုံး လုပ်ရပ်များပင် ဖြစ်၏။

[47] (မှတ်ထားသင့်သည်မှာ နောင်တမလွန်ဘဝ၌ တရားစီရင်တော်မူမည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် တောင်များကို ရွေ့လျားစေတော်မူပြီး ကမ္ဘာဂြိုလ်ကို လွင်ပြင်ထီးထီးအဖြစ် ပြောင်စေတော်မူမည်ကို အ သင် (တမန်တော်) တွေ့မြင်ရမည် ဖြစ်သည့်အပြင် ငါအရှင်မြတ်သည် (လူသားများအနက် အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်၍ ရောင့်ရဲစွာ နေထိုင်ခဲ့ကြသူများနှင့်လောကီဘဝ၏လှည့်စားမှု၌ နစ် မြုပ်နေခဲ့သူများ အပါအဝင်) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားတော်မမူဘဲ သူတို့အား ရှင်ပြန်ထစေတော်မူ၍ အားလုံးကို စုရုံးစေတော်မူမည်။

[48] သင်တို့ကို ပထမဦးဆုံးအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူသကဲ့သို့ပင် သင်တို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့ မုချပင် ရောက်လာကြမည်ဖြစ်ရာ အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် အတန်းများအဖြစ် တန်းစီစေလျက် (လောကီဘဝ၌ ဓနချမ်းသာနှင့်ဂုဏ်သိက္ခာ အဆင့်အတန်းပေါ်အခြေခံ၍ အချို့ကို အချို့က ခွဲခြားဆက်ဆံခဲ့သော်လည်း ထိုနေ့တွင်မူ မည်သူ့ကိုမျှ အဆင့်အတန်း မခွဲခြားဘဲ) စုဖွဲ့စေတော်မူမည်။

[49] ထို့ပြင် (လူတိုင်း၏လုပ်ရပ်အသေးစိတ်ကို မှတ်တမ်းထင်ထားသော) မှတ်တမ်းတော်ကိုလည်း ထားရှိစေတော်မူမည်ဖြစ်ရာ ယင်းမှတ်တမ်းတော်၌ ပါရှိသော အကြောင်းအရာများကြောင့် (လောကီဘဝ၌) ပြစ် မှုကျူး လွန်ကြသူများသည် ကြောက်လန့်စိုးရိမ်လျက် “အို၊ ကျွန်ုပ်တို့သည် ဒုက္ခလှလှကြုံရပြီတကား။ အသေးအဖွဲ့ ကိစ္စရပ်များကိုလည်းကောင်း၊ ကြီးမားသော ကိစ္စရပ်များကိုလည်းကောင်း၊ မည်သည့်အ ကြောင်းအရာကိုမျှ ချန် လှပ်ထားခြင်းမရှိဘဲ တစ်ခုချင်းစီကို အသေးစိတ် စာရင်းပြုထားသော ဤမှတ်တမ်းတော်က မည်သို့သော ကျမ်းဖြစ်သနည်း။ ဟု တအံ့တဩ ပြောဆိုမေးမြန်းမည် ဖြစ်ကြောင်း အသင် တမန်တော် တွေ့မြင်ရလိမ့်မည်။ ထို့ပြင် သူတို့သည် (လောကီဘဝ၌) ပြုမူကျင့်ကြံသမျှကို (သူတို့ရှေ့ဝယ်) အသင့်ရောက်ရှိနေသည်ကို တွေ့မြင် ကြရပေမည်။ သို့ရာတွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ (အရှင့်စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍) မတော်မတရား စီရင်တော်မူမည် မဟုတ်ပေ။

[50] ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်ရှေ့ဝယ် ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံး ဦးချကြကုန်၏။ စေတန်မိစ္ဆာကောင်သည် (မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ လူ့မျက်စိဖြင့် မမြင်ရသော) ဂျင်န်တို့အနက်မှဖြစ်ပြီး သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏စီမံချက်အမိန့်တော်ကို ပုန်ကန် သွေ ဖည်ခဲ့လေ၏။ သို့ပါလျက် သင်တို့နှင့်သင်တို့၏သားစဉ်မျိုးဆက်တို့သည် ငါအရှင်မြတ်မှလွဲ၍ ယင်း (စေတန်မိစ္ဆာကောင်) ကို ကာကွယ်စောင့်ရှောက်သူအဖြစ် မှတ်ယူကြမည်လော။ အမှန်စင်စစ်၊ ယင်း (စေတန်မကောင်းဆိုးဝါး) တို့မှာမူကား အသင်တို့၏ရန်သူများပင် ဖြစ်ကြ၏။ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား ပြုမူသူတို့အတွက် (သင်တို့၏တန်ဖိုးများကို ပေးအပ်၍) အလဲအလှယ်လုပ်ခြင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။

[51] ငါအရှင်မြတ်သည် ယင်း (စေတန်မကောင်းဆိုးဝါး) တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏ဖြစ်တည်မှုဆိုင်ရာ သက်သေအဖြစ် ဖြစ်စေတော်မူသည် မဟုတ်သည့်အပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ဖြစ်တည်စေခြင်း၌လည်း သက်သေဖြစ်စေရန် ထည့်ပေးတော် မမူခဲ့ပေ။ ထို့ပြင် ငါအရှင်မြတ် သည် (လိုလားတောင့်တမှု လုံးဝ ကင်းရှင်းသော အရှင်မြတ် ဖြစ်တော်မူ၍ လူ သားတို့အား) လမ်းမှားရောက် စေရန် ဦးဆောင်ခေါင်းရွက်သူတို့အား လက်ရုံးအဖြစ် ပြုတော်မူမည့် အရှင်မြတ် မဟုတ်ပေ။

[52] (နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် (လောကီဘဝ၌ သင်တို့က) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ယုံကြည်ကိုးကွယ်ခဲ့ကြသော အဆိုပါ ကိုးကွယ်ရာများကို (ယခုလည်း အကူအညီအတွက်) သတိရ တသ၍ ဟစ်ခေါ်ကြလော့။” ဟု မိန့်တော် မူမည်ဖြစ်ရာ သူတို့က သတိရ တသ၍ ဟစ်ခေါ်ကြမည်ဖြစ်သော်လည်း (ထိုကိုးကွယ်ရာများသည်) သူတိုအား ပြန်ထူး၍ တုံ့ပြန်ဖြေ ကြားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကိုးကွယ်ရာများနှင့်ယင်းတို့ကို ကိုးကွယ်ခဲ့ ကြသူများ ကြားတွင် ရင်ကြားမစေ့နိုင်အောင် အလွန်ကွာဟနေသည့် အတားအဆီးတစ်ခု ဖြစ်တော်မူ၏။

[53] ထိုစဉ် ပြစ်မှုကျူးလွန်ခဲ့သူတို့သည် ငရဲမီးကို တွေ့မြင်ကြမည်ဖြစ်ရာ သူတို့သည် ဧကန်ပင်၊ ငရဲမီးထဲသို့ ဆင်းသက်ခံစားရန် သတိမှတ်ထားပြီးဖြစ်ကြောင်းကို သိနေသော်လည်း သူတိုသည် ယင်းမီးဒဏ်မှ လွတ် မြောက် ရှောင်ပြေးနိုင်မည့် မည်သည့် လမ်းစကိုမျှ တွေ့နိုင်ကြမည်မဟုတ်ပေ။

[54] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားတို့အတွက် (သိနားလည်၍ ဘဝဆောက်တည်ရာတွင် အသုံးချနိုင်ရန်အလို့ငှာ) ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်များနှင့်ခိုင်နှိုင်းမှုများကို ကွဲ ပြားခြားနားသောနည်းမျိုးစုံဖြင့် အသေးစိတ် ရှင်းလင်းတင်ပြထားတော်မူခဲ့ပြီး ဖြစ်သော်လည်း လူသားအများစုမှာမူ (အမှန်တရားဆိုင်ရာ) အကြောင်းကိစ္စဟူသမျှနှင့်စပ်လျဉ်း၍ အလွန်ပင် အငြင်းသန်ကြ၏။

[55] စင်စစ် လူသားတို့ထံ (အစစအရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံစေမည့် လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်နိုင်ရန်) အရှင့်လမ်းညွှန်တော်ရောက်ရှိလာသောအခါ (မှားယွင်းသည့်) ရှေးဟောင်း (အယူအဆပေါ် အခြေခံသော) လမ်းစဉ်အတိုင်း ဘဝဆောက်တည်ခဲ့သူများသာ ဖြစ်ပေါ်ရောက်ရှိလာစေရန် သို့မဟုတ် ယခင်က (တမန်တော်များအား ပြစ်ဒဏ်ယူဆောင်လာရန် တောင်းဆိုသ) ကဲ့သို့ ပြစ်ဒဏ်များ ရောက်ရှိလာစေရန် လိုလား စောင့်မျှော်နေသူများမှအပ အခြားမည်သည့်အရာက လူသားတို့ကို အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းမှ လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (သူတို့ပြုမိခဲ့သော အမှားများအတွက် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍) လွတ်ငြိမ်းခွင့်ရရန် အသနားခံ ခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးနေသနည်း။

[56] (ယုံကြည်မှုနှင့်ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံဆောင်ရွက်ခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း၍) သတင်းကောင်းပါးသူများအဖြစ်နှင့် (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်ခြင်း၏ဆိုးကျိုး ပြစ်ဒဏ်နှင့်စပ် လျဉ်း၍) သတိပေးနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူခြင်း) မှလွဲ၍ (အခြားမည်သည့် ရည်ရွယ်ချက်အတွက်မျှ) ရစူလ် တမန်တော်များကို စေလွှတ်တော်မူခဲ့ခြင်း မရှိပေ။ သို့ရာတွင် အမှန်တရားကို မယုံ ကြည်သွေဖည် ငြင်းပယ်သော သူတို့မှာမူကား အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ ငြင်းဆိုချေပနိုင်ရန်အလို့ငှာ (မှားယွင်းသော အတွေးအခေါ်၊ အယူ အဆ လမ်းစဉ်စသော) မိစ္ဆာဒိဋ္ဌိကို အသုံးချခြင်းဖြင့် အငြင်းအခုံ ပြုကြ၏။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များနှင့်သတိပေးနှိုးဆော်ချက်များကိုလည်း ပြက်ရယ်ပြုလျက် မထီလေးစားပြု ကြလေ၏။

[57] သူ့ရှေ့ဝယ် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအကြောင်းကို ထုတ်ဖော်ပြောဆို၍ သတိပေးနှိုးဆော်ခြင်းခံရသော ကြောင့် ဂရုမစိုက်ဘဲ ယင်းမှ မျက်နှာလွဲကျောခိုင်းပြီး သူ၏လက်နှစ်ဖြင့် ပြုမူကျင့်ကြံသမျှကို (နောင်တမ လွန်ဘဝ၌ အကျိုးဆက် အဖြစ် ပြစ်ဒဏ်ခံစားစေရန်) ကြိုတင်ပို့နေကြောင်းကို သတိမမူ လျစ်လျူရှု ထားသူထက် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရားမမှန်မကန် ပြုမူကျင့်ကြံသူ မည်သူရှိမည်နည်း။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (မကောင်းသောအ​ကြံအစည်များ မှားယွင်းသောလုပ်ရပ်များနှင့် မောက်မာမှုတို့ဖြင့်) ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို နားလည်နိုင်စွမ်း လက်လွတ်စေသောကြောင့် သူတို့၏စိတ်နှလုံးများပေါ်၌ အဖုံးအကာများ ဖြစ်ပေါ်စေတော်မူပြီး သူတို့၏နားများ၌ လည်း (အမှန်တရားကို ကြားနာလိုစိတ် မရှိခြင်းကြောင့်) နားလေး၊ နားထိုင်းခြင်းကို ဖြစ်ပေါ်စေတော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) သည် သူတို့အား တရားလမ်းမှန်ဘက်သို့ ဖိတ်ခေါ် သော်ငြားလည်း သူတို့သည် (ထိုသို့သော အခြေအနေတွင်) မည်သည့် အခါ၌မျှပင် လမ်းမှန်ကို အလျှင်း ရရှိကြမည် မဟုတ်ပေ။

[58] ဧကန်မလွဲ၊ အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းဥပဒေများကို ပြဌာန်းပေးအပ်တော်မူပြီး ယင်းတို့ကို့ မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်တရာ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ သနားညှာ တာမှုနှင့်ကရုဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။ အကယ်၍ ထိုအရှင်မြတ်သည် သူတို့အား သူတို့၏ကျင့်ဆောင်မှုများဖြင့် ရှာဖွေဆည်းပူးခဲ့ကြသော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူလျှင် အမှန်ပင် ထိုအရှင်မြတ်သည် သူတို့အား အစောတလျင်ပင် ပြစ်ဒဏ်ပေးတော်မူနိုင်၏။ သို့ရာတွင် သူတို့အတွက် ကတိပြုသတ်မှတ်တော်မူထားသော ချိန်းဆိုချက်လည်း ရှိနေပေရာ သူတို့သည် ထိုပြစ်ဒဏ် (ကို ခံစားရခြင်း) မှလွဲ၍ အခြားမည်သည့် လွတ်မြောက်ဖွယ်ရာ လမ်းစကိုမျှ အလျှင်း ရှာတွေ့လိမ့်မည် မဟုတ်ချေ။

[59] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသူများ နေထိုင်သည့် မြို့ရွာဒေသများ (နှင့်ပြည်သူများ) ကို ဖျက်ဆီးတိမ်ကောစေတော်မူပြီး ယင်းတို့၏ပျက်းစီမှုအတွက် (အရှင့်ကတိတော်နှင့်အညီ) သတ်မှတ်ပြဌာန်းသည့် ချိန်းဆိုချက်အတိုင်း ပင် (အတိအကျ) ဖြစ်စေတော်မူ၏။

[60] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ တမန်တော်မူဆာ၏အတွေ့အကြုံကိုလည်း သူတိုအား သိစေလော့။) (တမန်တော်) မူဆာသည် သူ့ (နောက်လိုက်နောက်ပါ) လူငယ်တပည့်အား “ကျွန်ုပ်သည် ကျွန်ုပ်၏ခရီးစဉ်အား ပင်လယ်နှစ်ခုဆုံစည်းရာ (မြစ်ဆုံ) သို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနား သွားပေမည်။ သို့တည်းမဟုတ် ကျွန်ုပ်သည် နှစ်ရှည်လများ ဆက်လက်၍ ခရီးသွးမည်။” ဟု ပြောကြားလေ၏။

[61] ထို့နောက် ပင်လယ်နှစ်ခုဆုံစည်းရာသို့ ရောက်ရှိ (၍ ကျောက်တုံးပေါ် ခေတ္တခဏနား) သောအခါ သူတို့နှစ်ဦးစလုံးသည် သူတို့ (နှင့်အတူ ယူဆောင်လာသော) ငါးကို မေ့ကျန်ခဲ့သောကြောင့် ယင်းငါးသည် ပင် လယ်ထဲသို့ လျှိုဝင်လစ်သွားနိုင်သော (အံ့ဩဖွယ်ကောင်းသည့်) ယင်းအတွက် လမ်းကြောင်းရယူခဲ့၏။

[62] တစ်ဖန် သူတို့နှစ်ဦးသည် (အဆိုပါနားခဲ့သည့်နေရာကို ကျော်လွန်၍) ရှေ့သို့ဆက်လက်ဖြတ် လာကြသောအခါ (တမန်တော်) မူဆာက သူ့နောက်လိုက်တပည့်အား “ကျွန်ုပ်တို့၏နံနက်စာကို ကျွန်ုပ်ထံ ယူခဲ့လော့။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဤခရီးစဉ်ကြောင့် ပင်ပန်းနွမ်းလျမှုကို အောင့်ခံသည်းခံခဲ့ကြပြီ။” ဟု ပြောဆိုခဲ့လေ၏။

[63] (ထိုအခါ နောက်လိုက်တပည့်ဖြစ်သော) သူက “အသင် မြင်ခဲ့ပါသလော။ (ယုံနိုင်မည်လော။) ကျွန်ုပ်တို့ သည် ကျောက်တုံးနားသို့ ခေတ္တနားနားရန်သွားခဲ့ကြစဉ် ဧကန်ပင်၊ ကျွန်ုပ်သည် ငါးကို မေ့သွားခဲ့၏။ စေတန်မကောင်းဆိုးဝါးမှအပ (အခြားမည်သူကမျှ) ကျွန်ုပ်အား ယင်းငါးနှင့်စပ်လျဉ်း၍ အသင့်ထံ ဖွင့်ဟ ပြောဆိုရန် မေ့လျော့စေခဲ့သည် မဟုတ်ပေ။ အမှန်မှာ ယင်းငါးသည် ယင်းအတွက် ပင်လယ်ထဲသို့ (လျှိုဝင်လစ်သွား နိုင်သော) အံ့ဩဖွယ်ကောင်းသည့် လမ်းကြောင်းရယူခဲ့၏။

[64] (ထိုအခါ တမန်တော်) မူဆာက ထို (နေရာ) သည်ပင် “ကျွန်ုပ်တို့ ရှာဖွေနေသော (နေရာ) ဖြစ်သည်။” ဟု ပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ သူတို့နှစ်ဦးစလုံးသည် သူတို့၏ခြေရာများအတိုင်း (နောက်ကြောင်းပြန်၍) ခြေရာပြန် ကောက်ခဲ့ကြလေ၏။

[65] (ခြေရာပြန်ကောက်၍ ကျောက်တုံးနားသို့ ရောက်လေသော်) သူတို့သည် ငါအရှင်မြတ်၏အစေခံများ အနက်မှ ငါအရှင်မြတ်၏ထံတော်မှဖြစ်သော အသိပညာကို သွန်သင်တော်မူခြင်းခံရသူလည်းဖြစ် ငါအရှင်မြတ်၏ထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးအပ်တော်မူခြင်းခံသူလည်းဖြစ်သော အစေခံတစ်ပါးကို တွေ့ရှိကြလေ၏။

[66] (တမန်တော်) မူဆာသည် (ငါအရှင်မြတ်၏) ထိုအစေခံအား “ကျွန်ုပ်သည် (အရှင်မြတ်ထံတော်မှ) အသင့် အား သွန်သင်တော်မူခဲ့သည့် တရားလမ်းမှန်ဆိုင်ရာ အသိပညာကို သင်က ကျွန်ုပ်အား သွန်သင်ပေးပါရန် အသင်နှင့်အတူ လိုက်ခွင့်ရနိုင်ပါသလော။” ဟု ခွင့်တောင်း ပြောဆိုလေ၏။

[67] (အရှင်မြတ်၏) ထိုအစေခံက “ဧကန်ပင်၊ အသင်သည် ကျွန်ုပ်နှင့်အတူ (လိုက်ပါလျှင် ကျွန်ုပ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍) သည်းခံကြံ့ခိုင်မှုဖြင့် အလျှင်း သည်းခံနိုင်စွမ်းရှိမည် မဟုတ်ပေ။” ဟု ဖြေ ကြားခဲ့လေ၏။

[68] ထို့ပြင် အသင်သည် (ယင်း၏သတင်းအချက်အလက်အသေးစိတ်ကို သိနိုင်သော) အသိပညာဖြင့် ခြုံငုံ သိနားလည်နိုင်စွမ်းမရှိသော (ဉာဏ်မမီနိုင်သော) အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ မည်သို့ သည်းခံကြံ့ခိုင်နိုင်မည်နည်း။

[69] (ထိုအခါ တမန်တော်) မူဆာက “အလ္လာဟ်အရှင်မြတ်က (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူပါလျှင် အသင်သည် ကျွန်ုပ်အား သည်းခံသူတစ်ဦးဖြစ်ကြောင်း မကြာမီ တွေ့ရလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်သည် အသင်၏မည်သည့် အမိန့်စီမံချက်ကိုမျှပင် မလိုက်နာ၊ မနာခံဘဲနေမည် မဟုတ်ပါ။” ဟု ပြောဆို ခဲ့လေ၏။

[70] (အရှင်မြတ်၏) ထိုအစေခံက “ကောင်းပြီ။ အကယ်၍ အသင်သည် ကျွန်ုပ်နှင့်အတူ လိုက်ခဲ့လျှင် ကျွန်ုပ် အား (ကျွန်ုပ်လုပ်ဆောင်မည့်) မည်သည့်အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ဖြစ်စေ ကျွန်ုပ်ကိုယ်တိုင် အသင့်အား ထိုကိစ္စကို ဖွင့်ဟပြောဆို၍ ရှင်းလင်းတင်ပြခြင်း မပြုသမျှကာလပတ်လုံး အသင်က ကျွန်ုပ်ကို မေးခွန်းမထုတ်လေနှင့်။

[71] ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ခရီးစတင်ထွက်ကြပြီး သူတို့သည် ရွက် သင်္ဘောပေါ်သို့ စီးနင်းကြရသည်အထိ ရောက်သောအခါ (အရှင့်အစေခံဖြစ်သော) သူက ရွက်သင်္ဘောဝမ်းကို ဖောက်ခဲ့လေသည်။ (ထိုအခါ တမန်တော်) မူဆာက “အသင်သည် သင်္ဘောပေါ်၌ရှိသူတို့အား (ယင်းကိုအသုံးပြု စဉ်) နစ်မြုပ်စေရန်အလို့ငှာ အပေါက် ဖောက်ခဲ့လေသလော။ ဧကန်ပင်၊ အသင်သည် အလွန်စိတ် မသက်သာ ဖွယ်ရာ ကိစ္စရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။” ဟု ပြောခဲ့၏။

[72] (အရှင့်အစေခံဖြစ်သော) သူက “ဧကန်ပင်၊ အသင်သည် ကျွန်ုပ်နှင့်အတူ (လိုက်ပါလျှင် ကျွန်ုပ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍) သည်းခံကြံ့ခိုင်မှုဖြင့် အလျှင်း သည်းခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်းကို ပြောကြားခဲ့သည် မဟုတ်လော။” ဟု ပြောခဲ့၏

[73] (တမန်တော်) မူဆာက “အသင်သည် ကျွန်ုပ်မေ့လျော့ခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား (ကြိမ်း မောင်း၍) အရေးမယူပါလေနှင့်။ ထို့ပြင် အသင်သည် ကျွန်ုပ်အား (သင့်လုပ်ရပ်ကို မှတ်ချက်မပေးရန် မှာခဲ့သော) ကိစ္စတွင် (ကျွန်ုပ်အတွက်) ခက်ခဲသော ဝန်ထုပ်ဖြစ်အောင် မပြုပါနှင့်။”ဟု ပြောဆိုခဲ့၏။

[74] ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ဆက်လက်၍ ခရီးထွက်ကြပြီး သူတို့သည် လူငယ်တစ်ဦးနှင့်တွေ့ဆုံသည်အထိ ရောက်သွားသောအခါ (အရှင့်အစေခံဖြစ်) သူက ယင်း (လူငယ်) ကို သတ်ဖြတ်လေ၏။ (ထိုအခါ တမန်တော်) မူဆာက အသင်သည် သန့်စင်သောအပြစ်မဲ့ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးကို အခြား နဖ်စ်အတွက် (တရားဝင် လက်တုံ့ပြန်သော ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပေးဆပ်မှု) မဟုတ်ဘဲ သတ်ဖြတ်ခဲ့လေသလော။ ဧကန်ပင်၊ အသင်သည် အလွန် ကြောက် မက်ဖွယ်ရာ ဆိုးဝါးသော ကိစ္စရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။

[75] (အရှင့်အစေခံဖြစ်) သူက “ဧကန်ပင်၊ အသင်သည် ကျွန်ုပ်နှင့်အတူ (လိုက်ပါလျှင် ကျွန်ုပ်၏ လုပ်ဆောင် ချက်များနှင့်ပတ်သက်၍) သည်းခံကြံ့ခိုင်မှုဖြင့် အလျှင်း သည်းခံနိုင်စွမ်းရှိမည် မဟုတ်ကြောင်းကို ပြောကြားခဲ့သည် မဟုတ်လော။” ဟု ပြောခဲ့၏

[76] (တမန်တော်) မူဆာက “ဤဖြစ်ရပ်နောက်တွင် အကယ်၍ ကျွန်ုပ်သည် အသင်အား တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ စောဒကတက်မေးမြန်းခဲ့ပါလျှင် အသင်သည် ကျွန်ုပ်အား သင့်ခရီးဖော်အဖြစ် ဆက်မထားပါနှင့်။ ဧကန်မလွဲ၊ အသင်သည် ကျွန်ုပ်ဘက်မှ ဆင်ခြေဆင်လက်တစ်ခုကိုလည်း လက်ခံခဲ့ပြီ။ “ ဟု ပြောဆိုခဲ့၏။

[77] ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ဆက်လက်၍ ခရီးထွက်ကြပြီး မြို့ရွာနယ်မြေဒေသတစ်ခု၏ပြည်သူတို့နှင့်တွေ့ဆုံသည်အထိ ရောက်သွားသောအခါ သူတို့နှစ်ဦးသည် ယင်းဒေ သ၏ ပြည်သူထံ စားစရာတောင်းခဲ့သော်လည်း ပြည်သူတို့သည် သူတို့နှစ်ဦးအား ဧည့်ဝတ်ကျေပွန်ရန် ငြင်းဆို့ခဲ့ ကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် ထိုဒေသ၌ ပြိုကျခြင်းမှ ကာကွယ်ရန် လိုအပ်နေသော တံ တိုင်းတစ်ခုကို တွေ့ရှိခဲ့ကြရာ (အရှင့်အစေခံဖြစ်) သူက ယင်းကို ဖြောင့်မတ်စွာ ထူထောင်ရပ်တည်စေခဲ့လေ၏။ (ထိုအခါ တမန် တော်) မူဆာက အကယ်၍ အသင့်မှာ အလိုဆန္ဒရှိခဲ့ပါမူ ယင်းအတွက် အကျိုးဆုလဒ်အဖြစ် အခကြေးငွေ တစ်မျိုးကို အမှန်ပင် ရယူနိုင်ခဲ့မည်။ “ဟု မှတ်ချက်ပေး ပြောဆိုခဲ့လေသည်။

[78] (အရှင့်အစေခံဖြစ်) သူက ဤသည်ကား ကျွန်ုပ်နှင့်သင်ကြားတွင် ခွဲခွာရမည့်လမ်းကြောင်းပင် ဖြစ်၏။ ကျွန်ုပ်သည် သင်က သည်းခံကြံ့ခိုင်မှုဖြင့် သည်းခံနိုင်စွမ်းမရှိခဲ့သည့်ဖြစ်ရပ်များ၏အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်စပ်လျဉ်း၍ သတင်းပေးပြောကြားပါလိမ့်မည်။

[79] (အပေါက်ဖောက်ခဲ့သည့်) ရွက်သင်္ဘောသည်ကား ပင်လယ်ထဲတွင် ကျင်လည်လုပ်စားနေကြသော ခိုကိုးရာမဲ့သူတို့၏သင်္ဘောပင် ဖြစ်ပေရာ သူတို့၏နောက်တွင် ဘုရင်တစ်ပါးက (အပြစ်အနာ အဆာကင်းသော) ရွက်သင်္ဘောတိုင်းကို အဓမ္မနည်းဖြင့် လုယူသိမ်းပိုက်နေကြောင့် ကျွန်ုပ်သည် ယင်း၌ အပြစ်အနာအဆာရှိစေရန် ရည် ရွယ်လုပ်ဆောင်ခဲ့၏။

[80] ထို့ပြင် (သတ်ဖြတ်ခဲ့သော) လူငယ်သည်ကား သူ၏မိဘနှစ်ပါးမှာ သက်ဝင်ယုံကြည်သူများ ဖြစ်ကြရာ ထိုလူငယ်သည် သူ၏စာရိတ္တဖောက်ဖျက်ကျူးလွန်မှုနှင့်မယုံကြည်ဖီဆန်မှုကြောင့် သူတို့အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ် (ပြီး သူတို့အား စိတ်ဒုက္ခရောက်စေ) မည်ကို ကျွန်ုပ်တို့ ကြောက်ရွံ့ပူပင်ကြ၏။

[81] သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် ထိုမိဘနှစ်ပါးအတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က (အကျင့်စာရိတ္တဖျက်မည့်သူ၏နေရာတွင်) ထိုလူငယ်ထက် ပိုမို၍ ကောင်းမြတ်သူ၊ စင်ကြယ်သူနှင့် (မိဘနှစ်ပါးအား) ချစ်ခင်မြတ်နိုးမှုအရှိဆုံးသောသူဖြင့် အစားပေးတော်မူရန် ကျွန်ုပ်တို့ ရည်ရွယ်၏။

[82] ထို့ပြင် (ပြန်လည်ထူထောင်ပေးခဲ့သော) တံတိုင်းသည်ကား ထိုမြို့တွင်းနေ မိဘမဲ့လူငယ်နှစ်ဦး၏ပိုင်ဆိုင် မှုဖြစ်ပြီး ထိုတံတိုင်း၏အောက်တွင် သူတို့နှစ်ဦးအတွက် (စုဆောင်းထားသော) ရတနာသိုက်တစ်ခု ရှိနေ ၏။ ထို့ ပြင် သူတို့၏မိဘနှစ်ပါးသည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူများ ဖြစ်ခဲ့သောကြောင့် အသင့်အား ဖွဲ့စည်း ဖြစ်တည်၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အား လူလားမြောက်သော အရွယ်ရောက်၍ ရင့် ကျက်လာပြီးနောက် သူတို့၏ထိုရတနာသိုက်ကို အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏ ကရုဏာတော်အဖြစ် ရယူဖော်ထုတ်စေရန် ရည်ရွယ်တော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်သည် (အသင်က မျက် မြင်သက်သေဖြစ်သည့်) ထိုလုပ်ရပ်များကို (ကျွန်ုပ်၏ဆန္ဒအလျှောက်) ကျွန်ုပ်၏ကိုယ်ပိုင်စီမံချက် (လုပ်ပိုင် ခွင့်) အဖြစ် ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည်ပင် အသင်က သည်းခံကြံ့ခိုင်မှုဖြင့် သည်းခံနိုင်စွမ်း မရှိခဲ့သည့် ထိုဖြစ်ရပ်များ၏အနက်အဓိပ္ပါယ်ဖွင့်ချက်များ ဖြစ်၏။

[83] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ မက္ကာမြို့နေပြည်သူများဖြစ်ကြသော) သူတို့သည် အသင့်အား ဇုလ်ကရ်နိုင်န်နှင့်ပတ်သက်၍ မေးမြန်းနေကြ၏။ (သူတို့အား) ကျွန်ုပ်သည် သင်တို့အား သူနှင့်ပတ်သက်၍ (အရှင့်ထံတော်မှဖြစ်သော) သတိရ မှတ်သားဖွယ်ရာ (ကျမ်တော်မှ အကြောင်းအရာတစ်ခု) ကို ရွတ်ပြလိမ့်မည်။” ဟု ဖြေဆိုလော့။

[84] ဧကန်ပင်၊ ငါအရှင်မြတ်သည် ဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်ရေးအာဏာထူထောင်စေတော်မူပြီး ငါအရှင်မြတ်သည်ပင် သူ့အား အရာခပ်သိမ်းတို့၏အကြောင်းခံများ (ဖြစ်သော မှန်ကန်သည့် ရည် ရွယ်ချက်များ၊ နိယာမတော်များ၊ နည်းစနစ်များ၊ ထီထွင်ကြံဆမှုများ၊ အကြောင်းတရားနှင့်အကျိုးတရားစသည်တို့) ကိုလည်း ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[85] ထို့နောက် သူသည် (မှန်ကန်သောရည်ရွယ်ချက်များ၊ နိယာမများ၊ နည်းစနစ်များ၊ သီအိုရီများ၊ ထီထွင် ကြံဆမှုများ အကြောင်းတရားနှင့်အကျိုးတရားများစသည့်) အကြောင်းခံနှင့်အညီ လိုက်နာကျင့်သုံးခဲ့၏။

[86] ဇုလ်ကရ်နိုင်န်သည် နေဝင်ရာအရပ်အထိ ရောက်ရှိသွားသောအခါ ထိုနေရာ၏အနီး ပတ်ဝန်းကျင်၌ ယင်းနေကို မည်းနက်နောက်ကျိသော စမ်းရေထဲသို့ ဝင်နေသောအနေအထားဖြင့် တွေ့မြင်ခဲ့ရ၏။ ထို့ပြင် ယင်း၏အနီးပတ်ဝန်းကျင်၌ လူမျိုးတစ်မျိုးကိုလည်း တွေ့မြင်ခဲ့၏။ (ထိုစဉ်) ငါအရှင်မြတ်က (ဇုလ်ကရ်နိုင်န်အား) ''အို၊ ဇုလ်ကရ်နိုင်န်၊ အသင်သည် သူတို့အား ဒဏ်ခတ်အရေးယူခြင်းကိုသော်လည်းကောင်း (သူတို့ထဲ၌ အကောင်းဆုံး ပုဂ္ဂိုလ်များပေါ်ထွန်းလာအောင်) ထောက်ထားညှာတာ၍ အကြင်နာစိတ်ဖြင့် ဆက်ဆံခြင်းကိုသော်လည်းကောင်း၊ (နှစ်သက်ရာကို ရွေးချယ်၍) ပြုလုပ်ခွင့်ရှိ၏။'' ဟု မိန့် ကြားတော်မူခဲ့၏။

[87] ဇုလ်ကရ်နိုင်န်က (ထိုလူမျိုးအား) “မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံလျှင် ကျွန်ုပ်တို့က သူ့ကို ဒဏ်ခတ်အရေးယူပြီးနောက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ဘက်သို့ ပြန်လှည့်စေရန် (သူ့အနေဖြင့်) ရွေးချယ်ခဲ့ပြီဖြစ်ရာ ဇုလ်ကရ်နိုင်န်သည် (ပြစ်မှုကျူးလွန်သော) သူ့ကို (ယခင်က သူတို့မကြားဖူး မမြင်ဖူးသော) မခံသာသည့် ဒဏ်ခတ်မှုပုံစံဖြင့် အပြစ်ပေးမည်။” ဟု ပြောခဲ့သည်။

[88] သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် သူ့အတွက် အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ် ရှိ၏။ ထို့ပြင် ကျွန်ုပ်သည်လည်း ကျွန်ုပ် အမိန့်ထုတ်ပြန်ချက်တွင် သူ့အတွက် (သူ့တာဝန်အရေးကိစ္စများ လွယ်ကူချောမွေ့စေပြီး စိတ်သက်သာရာရမည့်) စကားလုံးအသုံအနှုန်းဖြင့် ပြောဆိုသုံးစွဲလိမ့်မည်။

[89] ထို့နောက် သူသည် (မှန်ကန်သောရည်ရွယ်ချက်များ၊ နိယာမတော်များ၊ နည်းစနစ်များ၊ သီအိုရီများ၊ ထီထွင်ကြံဆမှုများ၊ အကြောင်းတရားနှင့်အကျိုးတရားများစသည့်) အကြောင်းခံနှင့်အညီ လိုက်နာကျင့် သုံးခဲ့၏။

[90] (တစ်ဖန်) ဇုလ်ကရ်နိုင်န်သည် နေထွက်ရာအရပ်အထိ ရောက်ရှိသွားသောအခါ ထိုနေရာ၌ နေထွက်လာလျှင် သူတို့အပေါ် နေပူဒဏ်မိပြီး ငါအရှင်မြတ်သည် ယင်းနေပူဒဏ်နှင့်ဆန့်ကျင်၍ သူတို့အတွက် (နေပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်) မည်သည့် ခိုလှုံစရာကိုမျှ ဖြစ်ပေါ်စေတော်မမူခဲ့သော လူမျိုးတစ်မျိုးကို တွေ့မြင်ခဲ့လေ၏။

[91] (ဧကန်ပင်၊ ငါအရှင်မြတ်သည် ဇုလ်ကရ်နိုင်န်၏ဩဇာအာဏာ တိုးတက်ကျယ်ပြန့်လာပုံ၊ သူ့စိတ်သဘော ထားနှင့်သူတွေကြုံခဲ့သောလူမျိုးတို့အခြေအနေစသည်ဖြင့်) သူ့ထံ၌ ရှိသမျှနှင့်စပ်လျဉ်း၍ သတင်းအ ချက်အလက် အသေးစိတ်ကို ထိုနည်းအတိုင်းပင် ခြုံငုံလွမ်းမိုးထားတော်မူ၏။

[92] ထို့နောက် သူသည် (မှန်ကန်သောရည်ရွယ်ချက်များ နိယာမတော်များ၊ နည်းစနစ်များ၊ သီအိုရီများ၊ ထီထွင်ကြံဆမှုများ၊ အကြောင်းတရားနှင့်အကျိုးတရားများစသည့်) အကြောင်းခံနှင့်အညီ လိုက်နာကျင့်သုံးခဲ့၏။

[93] (ထိုသို့ လိုက်နာကျင့်သုံး ခရီးဆန့်ခဲ့ရာ နောက်ဆုံးတွင်) သူသည် တောင်နှစ်လုံး၏ကြားရှိနေရာသို့ ရောက် ရှိသွားသောအခါ ယင်းတောင်နှစ်လုံး၏ဘေးတွင် နေထိုင်ကြပြီး ဘာသာစကားအပြောအဆိုကို လုံးဝ နားလည် သဘောပေါက်ခြင်းမရှိသော လူမျိုးတစ်မျိုးကို တွေ့ရှိခဲ့လေသည်။

[94] ထိုလူမျိုးတို့က “အို၊ ဇုလ်ကရ်နိုင်န်၊ ဧကန်ပင်၊ ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တို့သည် ကမ္ဘာဂြိုလ်၏ ဤအရပ်ဒေသတွင် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများကို ပြုလုပ်ကြရာ ကျွန်ုပ်တို့က သင့်အတွက် (ဆက် ကြေးအဖြစ်) ကုန်ကျစရိတ်ကိုပေးလျှင် အသင်က သူတို့နှင့်ကျွန်ုပ်တို့ကြားတွင် (ကျွန်ုပ်တို့အကာ အကွယ်ရနိုင်သည့် တံတိုင်း သို့မဟုတ်) အတားအဆီး တစ်စုံတစ်ရာကို ပြုလုပ်ပေးနိုင်ပါမည်လော။” ဟု ပြော ဆိုပန်ကြားခဲ့ကြလေ၏။

[95] ဇုလ်ကရ်နိုင်န်က (သူတို့အား) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အုပ်ချုပ်ရေးအာဏာ ထူထောင်စေတော်မူပြီး ယင်းအချုပ်အခြာအတွင်း၌ (ဖိနှိပ်ချုပ်ချယ်မှုနှင့်ညှင်းပန်းမှုအောက်မှ လွတ်မြောက်စေခြင်းသည် ကျွန်ုပ်၏တာဝန်သာဖြစ်ရုံသာမက) ကျွန်ုပ်ကို ချီမြှင့်ပေးအပ်တော်မူသမျှသည် (လည်း သင်တို့က ကမ်းလှမ်းနေသော ဆက်ကြေးထက် အလွန်ပင်) ကောင်းမြတ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား (လုပ်သား) အင်အားဖြင့် ကူညီကြလျှင် ကျွန်ုပ်သည် အသင်တို့ နှင့်သူတို့၏ကြားဝယ် အလွန် ခိုင်ခံ့မြင့်မားသော (မြို့ရိုး) တံတိုင်းကို ပြုလုပ်ပေးမည်။” ဟု ပြောခဲ့၏။

[96] အသင်တို့သည် (သံပြား၊ သံချောင်း၊ သံတို၊ သံစ၊ သံတုံး၊ အစရှိသော စုဆောင်းသမျှ) သံပုံများကို ကျွန်ုပ်ထံ ယူဆောင်လာပေးကြလော့။ မတ်စောက်သောတောင်ထိပ်ဖျားနှစ်ခုကြားတွင် (တံတိုင်းဆောက်မည့် ပုံစံကို တိုင်းတာဖန်တီး၍) ရေချိန်ညှိပြီးသည်အထိ ပြီးစီးသောအခါ ဇုလ်ကရ်နိုင်န်က (သံပုံကို အရည်ကျိုနိုင်ရန် မီးမွေးစေလျှက်) လေမှုတ်ကြလော့။” ဟု ပြောဆိုညွှန်ကြားခဲ့၏။ မီးကို ထို (သံများ အရည်ပျော် သည်) အထိ တောက်လောင်စေပြီးသည့်အခါ ဇုလ်ကရ်နိုင်န်က “ထို (တံတိုင်းဘောင်ခတ် ထားသောပုံစံ) ပေါ်မှ သွန်းလောင်း ထည့်ရမည့် သတ္တုရည်ကို ကျွန်ုပ်ထံ ယူဆောင်လာကြလော့။

[97] ထို (တံတိုင်းပြီးစီးသော) အခါ (ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်အပါအဝင် ရန်သူများဖြစ်ကြသော) သူတို့သည် ယင်းကို ကျော်ဖြတ်နိုင်ရန် ကုတ်ကတ်တက်နိုင်စွမ်းမရှိကြသည့်အပြင် အပေါက်ဖြစ်အောင် တူးဆွ ဖောက်ထွင်း လျှက် ယင်းထဲသို့ ထိုးဖောက်၍ ချဉ်းနင်း ဝင်ရောက်နိုင်စွမ်းလည်း မရှိကြချေ။

[98] ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က “ဤသည်ကား ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ကရုဏာတော်ပင်တည်း။ သို့ရာတွင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် မြတ်၏ကတိတော်အတိုင်း ဖြစ်စေတော်မည့် သတ်မှတ်ချိန် ရောက်လာသည့်အခါ ထိုအရှင်မြတ်သည် ယင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြိုဖျက်စေလျက် မြေမျက်နှာပြင်နှင့်တစ်ပြေးညီ ဖြစ်စေတော်မူလိမ့်မည်။ စင်စစ် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်၏ကတိတော်သည် တိကျမှန်ကန်ပြတ်သားသော သစ္စာတရားပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့လေ၏။

[99] (တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် (လူသားအားလုံးကို ရှင်ပြန်ထစေတော်မူ၍) သူတို့သည် လှိုင်းလိပ်ကဲ့သို့ပင် တဟုန်ထိုးပြေးလျက် အချို့ပေါ် အချို့ တစ်ဦးပေါ် တစ်ဦးထပ်၍ တလိပ်လိပ် ထိုးတက်လာကြပြီး (အရှင့်တရားခွင်မှ ဆင့်ခေါ်သံအတွက်) တံပိုးခရာမှုတ်ပြီးသောအခါ ငါအရှင်မြတ်သည် သူတို့အားလုံးကို အတူတကွ စုရုံးတော်မူပေမည်။

[100] (တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် ငရဲဘုံအား မယုံကြည်သူနှင့်ဖီဆန်ငြင်းပယ်သူတို့ (ဘက်သို့လှည့်စေ၍ ငရဲမီး၏မြင်ကွင်းကို မြင်စေရန်) အတွက် မြင်သာအောင်ပြတော်မူမည်။

[101] (ထိုမယုံကြည်သူနှင့်ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့၏မျက်စိများသည် ငါအရှင်မြတ်အား (မြင်မိ၍ အသနားခံလျှက်) သတိရ တသ၍ ဖွင့်ဟခြင်းမှ (ဖယ်ရှားခံရရန်) အကာအရံဘောင်အတွင်း၌သာ ရှိစေတော်မူပြီး သူတို့သည် အကြားအာရုံဖြင့် (ကုရ်အာန်ကျမ်းမြတ်တော်ကို နားဝင်အောင်) နားထောင်နိုင်စွမ်းလည်း မရှိကြချေ။

[102] သို့ပါလျက် အမှန်တရားကို မယုံကြည်သူနှင့်ဖီဆန်ငြင်းပယ်သူတို့သည် ငါအရှင်မြတ်မှလွဲ၍ ငါအရှင်မြတ်၏အစေခံလူသားများကို (သူတို့၏မှန်ကန်မျှတသင့်တော်သော ကိုးကွယ်ရာနှင့်) ကာကွယ်စောင့် ရှောက်သူအဖြစ် ထင်မြင်တွက်ဆကြလေသလော။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ငရဲဘုံကို ထိုမယုံကြည်သူနှင့် ဖီဆန်ငြင်းပယ်သူတို့အတွက် ကြိုဆိုဧည့်ခံရာဌာနအဖြစ် အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။

[103] (အို၊ ရစူလ်တမန်တော်၊ လူသားတို့အား) ကျွန်ုပ်သည် သင်တို့အား (သင်တို့၏မည်သည့်) ပြုမူကျင့်ကြံ မှုကြောင့် (သင်တို့) အကြီးအကျယ် ဆုံးရှုံးနစ်နာနိုင်ကြောင်းနှင့်စပ်လျဉ်း၍ အသိပေးရမည်လော။” ဟု မေး မြန်းလော့။

[104] (ထိုသူတို့မှာ) သူတို့သည် လောကီဘဝသက်တမ်း၌ အပတ်တကုတ် ရုန်းကန်ကြိုးစား အားထုတ်လျှက် “ဧကန်ပင်၊ သူတို့သည် (ကောင်းမှုကုသိုလ်များပွားရန်သာ) ကောင်းသောပြုမူဆောင်ရွက်မှုများဖြင့် အ ကောင်းဆုံးပြုမူကျင့်ယူနေကြသည်။” ဟု မျှော်မှန်းတွက်ဆထား ကြသော်လည်း သူတို့၏ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် လုံ့လစိုက်၍ ကြိုးပမ်းအားထုတ်ခဲ့သမျှအား (လောကီအကျိုးအမြတ်အတွက်သာ မှားယွင်းသည့် အတွေးအခေါ်အယူ အဆပေါ်အခြေခံသောကြောင့် လမ်းမှားရောက်လျက် တမလွန်ဘဝ၏အကျိုးအမြတ်ကို) အချည်းနှီး ဖြစ်စေသူများပင် ဖြစ်၏။

[105] ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ (နောင်တမလွန်တရားစီရင်မည့်နေ့၌ အစစ်ဆေးခံရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်းကောင်း၊ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့၏ပြုမူ ကျင့်ကြံမှုများသည် အချည်းနှီးဖြစ်ကြမည်ဖြစ်ရာ ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့အတွက် (တမ လွန်ဘဝ၌ အကျိုးခံစားနိုင်မည့်ကောင်းမှုကုသိုလ်၏) မည်သည့်အလေးချိန်ကိုမျှ သဘောတူလက်ခံစရာ အဖြစ် သတ်မှတ်တော်မူမည် မဟုတ်ပေ။

[106] ထိုသို့ မယုံကြည်ဖီဆန်ငြင်းပယ်ရုံသာမက ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများနှင့် ငါအရှင် မြတ်၏ရစူလ်တမန်တော်များကိုလည်း ပြက်ရယ်ပြုလှောင်ပြောင်စရာအဖြစ် သဘောထားသော ကြောင့် သူတို့၏လုပ်ရပ်အကျိုးဆက်ဖြစ်သောပေးဆပ်မှုသည် ငရဲဘုံပင် ဖြစ်၏။

[107] ဧကန်ပင်၊ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုဖြင့် ပြုပြင်ကြသူတို့အတွက် ကြိုဆိုဧည့်ခံရာဌာနအဖြစ် အမြင့်မြတ်ဆုံး သုခဥယျာဉ်များ ရှိ၏။

[108] (ထိုသူတို့သည်) ယင်း (သုခဥယျာဉ်များ) တွင် မည်သည့် အပြောင်းအလဲကိုမျှ လိုလားတောင့်တခြင်း မရှိဘဲ ထိုထဲ၌ပင် ထာဝစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည်ဖြစ်၏။

[109] (အို၊ ရစူလ်တမန်တော် သူတို့အား) အကယ်၍ ပင်လယ်သမုဒ္ဒရာအားလုံးသည် စာရေးသားနိုင်သော မင်းရည်များဖြစ်လျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ၏ (အမိန့်တော်များ နာမတော်များနှင့်ဂုဏ်တော်များနှင့်လမ်းညွှန်များကို ထင်ရှားပေါ်လွင်စေသည့် စကားတော်) မုက္ခပါဌ်တော်များ (အား ရေးသားခြင်း) မပြီးဆုံးမကုန်ဆုံးမီပင် ပင်လယ်သမုဒ္ဒရာများ ကုန်ခန်းသွားလိမ့်မည် ထို့ပြင် အကယ်၍ ငါအရှင်မြတ်က နောက်ထပ်ပြည့်စွက်ချက်အဖြစ် အလားတူ ပင်လယ်သမုဒ္ဒရာများကို ဖြစ်ပေါ် စေတော်မူခဲ့လျှင်ပင် (ပြီးစီးအောင် အလျှင်း ရေးသားနိုင်မည် မဟုတ်ပေ။” ဟု ဟောပြောလော့။)

[110] ဧကန်ပင်၊ သင်တို့၏ (ယုံကြည်ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသာလျှင် ဖြစ်ကြောင်းကို ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်၍ ပေးအပ်စေတော်မူသော်လည်း ကျွန်ုပ်သည် သင်တို့ ကဲ့သို့ပင် (သေမျိုးသားဖြစ်သော) လူသားတစ်ဦးမျှသာလျှင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မူသော အရှင်မြတ်နှင့်တွေ့ ဆုံရန် မျှော်ကိုးလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများကို ကျင့်မူဆောက် တည်ရမည်။ ထို့ပြင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် နာခံကိုးကွယ်ရာ၌ မည်သည့် (သက်ရှိ သက်မဲ့) တစ်စုံတစ်ရာကိုမျှ အရှင်မြတ်နှင့်တွဲဖက်တုပြိုင် ကိုးကွယ်ခြင်း မပြုရပေ။

မာရ်ယမ်

Surah 19

[1] ကာဖ်၊ ဟာ၊ ယာ၊ အိုင်န်၊ ဆွာဒ်။

[2] (ဤသည်ကား) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အစေခံ (တမန်တော်) ဇကရီယာ (အကြောင်းကို ထုတ်ဖော်ထားတော်မူသည့်) အရှင့်ကရုဏာတော်ဆိုင် ရာ သတိရစရာ ဖွင့်ဟပြောဆိုချက်ပင် ဖြစ်၏။

[3] (တမန်တော်) ဇကရီယာသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ သိုသိုသိပ်သိပ် ဆုတောင်းပန်ကြားခဲ့သည်။

[4] (တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုး၏အရိုးများသည် (အိုမင်းမစွမ်းဖြစ်လျှက်) အားအင်ချည့် နဲ့ နေပြီး ဦးခေါင်းသည်လည်း ဆံပင်ဖြူများဖြင့် (ဖြူဖွေး) တောက်ပလျက် ရှိနေပါပြီ။ အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ စင်စစ် ကျွန်ုပ်သည် အ ရှင်မြတ်ထံ ဆု တောင်းပန်ကြားမှုနှင့်စပ်လျဉ်း၍ ဆုတောင်းမပြည့်သူအဖြစ် မည်သည့်အခါကမျှ မဖြစ်ခဲ့ပါ။

[5] ဧကန်စင်စစ်၊ ကျွန်ုပ်သည် (ကျွန်ုပ်၏) နောက်တွင် အရိုက်အရာဆက်ခံမည့်သူအတွက် စိုးရိမ်မကင်း ဖြစ်နေရပြီး ကျွန်ုပ်၏အမျိုးသမီးသည်လည်း သားသမီးမထွန်းကားသော အမြုံပင် ဖြစ်ပေရာ အရှင်မြတ် သည် ကျွန်ုပ်အတွက် အသင်အရှင်မြတ်ထံတော်မှ (အရှင့်သတင်းကောင်းဆိုင်ရာ တာဝန်အား ဆက်လက်ကျေပွန် နိုင်ရန်နှင့်မရ်ယာမ်ကို စောင့်ရှောက်နိုင်ရန်) ကာကွယ်စောင့်ရှောက်မည့်သူအဖြစ် သားကောင်းရတနာ ချီးမြှင့်ပေး သနားတော်မူပါ။

[6] (ထို့နောက်သူ့ကို) ကျွန်ုပ်၏ (တရားတော်ဆိုင်ရာ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်မည့်) အမွေ စားအမွေခံအဖြစ်လည်းကောင်း၊ တမန်တော်ယအ်ကူဗ်၏သားစဉ်မြေးဆက်၏ (လမ်းစဉ်ကို လက် ဆင့်ကမ်းပို့ချ ပေးနိုင်သည့်) အမွေစားအမွေခံအဖြစ်လည်းကောင်း၊ ဖြစ်စေတော်မူပါ။ ထို့ပြင် အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူ့အား အရှင်မြတ် (နှစ်မြို့တော်မူမည့်သူ အဖြစ်လည်း) ဖြစ်စေတော်မူပါ။

[7] (ထိုအခါ အရှင်မြတ်က မလာအီကာစေတမန်မှတစ်ဆင့် တုံ့ပြန်ဖြေကြားတော်သည်မှာ) အို၊ ဇကရီယာ၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့်အား ''ယဟ်ယာ''မည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍ သ တင်းကောင်း ပေးတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သူ့အား သူမတိုင်မီ မည်သူ့ကိုမျှ ဖြစ်စေတော်မမူခဲ့သည့် (ထူးခြားစွာ) နာမည်ကျော်ကြားမည့်သူအဖြစ် ဖြစ်စေတော်မူမည်။

[8] (ထိုအခါ တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်၏အမျိုးသမီးသည် အမြုံတစ်ဦး ဖြစ်နေရုံသာမက (အသက်အရွယ် အားဖြင့်လည်း) ကြီးရင့်မှု၏အထွတ်အထိပ်သို့ အမှန်ပင် ရောက်ရှိနေပါလျှက် ကျွန်ုပ်အတွက် သားရတနာတစ်ပါးသည် မည်သို့ ဖြစ်လာမည်နည်း။

[9] (မလာအီကာစေတမန်ဖြစ်သော) သူက ပြောခဲ့သည်မှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က “ယင်းသည် ငါအရှင်မြတ်အတွက် အလွန်ပင် လွယ်ကူ၏။ ထို့ ပြင် အသင်သည် ယခင်က နတ္တိအနေအထားဖြင့် တည်ရှိမှုကင်းမဲ့ခဲ့သည့်အဆင့်မှ သင့်ကို (လူသားအဖြစ်) အမှန်ပင် ဖွဲ့စည်ဖြစ်တည်စေတော်မူ၍ ထိုနည်းအတိုင်းပင် ကြီးပြင်းစေတော်မူခဲ့၏။” ဟု မိန့်တော်မူခဲ့၏။

[10] (ထိုအခါ တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် (သားရတနာရနိုင်ကြောင်းကို မြင်သာစေမည့်) အာယသ် သက်သေလက္ခဏာတစ်ရပ် ဖြစ်ပေါ်စေတော်မူပါ။” ဟု လျှောက်ထားပန်ကြားလေ၏။ ထိုအရှင်မြတ်က (အို၊ ဇကရီယာ) သင့်အတွက် အာယသ်သက်သေလက္ခဏာမှာ သုံးည (သုံးရက်ဆက်တိုက်) အတိအကျ လူတို့နှင့်စကားပြောနိုင်မည်မဟုတ်ဟူ၍ပင် ဖြစ်၏။

[11] (အရှင့်ထံတော်မှ ထိုသတင်းကောင်းရရှိ) ပြီးနောက် (တမန်တော်) ဇကရီယာသည် (အထွတ်အမြတ် ဖြစ်သော) ဝတ်ပြုရာအခန်းမှ သူ့လူမျိုးတို့ရှေ့ဝယ် ထွက်လာခဲ့ရာ သူတို့အား မနက်ပိုင်းတွင် လည်းကောင်း၊ ည နေပိုင်းလည်းကောင်း၊ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင် ကြရန် (အရှင်မြတ်) မိန့်တော်မူသည်ကို (ဟန်အမူအရာဖြင့်) ပို့ချ သွန်သင်ခဲ့၏။

[12] (တမန်တော် ဇကရီယာ၏သား ယဟ်ယာ ကြီးပြင်းလာသည့်အခါ အရှင်မြတ်က) အို၊ ယဟ်ယာ၊ ထို ကျမ်းတော် (တောင်ရတ်) ကို မြဲမြံစွာထိန်းသိမ်းဆုပ်ကိုင်ထားလော့ (ဟု မိန့်ကြားတော်မူခဲ့၏၊) စင်စစ်သော် ကား ငါအရှင်မြတ်သည် သူ့အား ကလေးဘဝကတည်းကပင် (အရှင့်တရားတော်များကို ကောင်းစွာ သိနားလည်ပြီး မျှတမှန်ကန်စွာ စီရင်နိုင်သော အခွင့်အာဏာနှင့်) ဉာဏ်အမြော်အမြင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့ပေသည်။

[13] ထို့ပြင် ငါအရှင်မြတ်ထံတော်မှ (လက်ဆောင်အဖြစ်) အကြင်နာတရား သန့်ရှင်းစင်ကြယ်မှုကိုလည်း (ချီးမြှင့်တော်မူခြင်းခံခဲ့ရ၏)။ (တမန်တော်ယဟ်ယာသည်) အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူပင် ဖြစ်၏။

[14] တဖန် မိဘနှစ်ပါးနှင့်ပတ်သက်၍လည်း တာဝန်သိတတ်သော ကောင်းမှုပြုသူဖြစ်ပြီး မည်သည့်အခါမျှ နိုင်လိုမင်းထက်ပြုခြင်းနှင့်ဖီဆန်ပုန်ကန်ခြင်း အလျှင်း မပြုခဲ့ချေ။

[15] သို့ဖြစ်ပါ၍ ငြိမ်းချမ်းမှုအပေါင်းသည် (တမန်တော်ယဟ်ယာ) သူ့အပေါ်၌ သူ့ကိုမီးဖွားသန့် စင်ခဲ့သည့် နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ရှင်ပြန်ထမြောက်မည့် နေ့တွင်လည်းကောင်း၊ (ကျရောက်စေတော်မူ၏)။

[16] ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသော) မရ်ယမ်အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ သူမသည် (သူမ၏ဘဝအား အရှင်မြတ်ကို နာခံကိုးကွယ်ရန်အတွက် ပေးအပ်၍ မြုပ်နှံသည့်အနေဖြင့်) သူမ၏မိသားစုမှ ခွဲခွာ၍ အရှေ့ဘက်အရပ်၌ရှိသော (ကျောင်းတော်၏) အခန်းနေရာတစ်ခုသို့ သွားခဲ့၏။

[17] ထို့နောက် သူမသည် (သူစိမ်းများ မမြင်ရလေအောင် သီးခြားနေလျက်) သူတို့မှ ကန့်လန့်ကာ တစ်ခုခြား သည့်အနေအထား ဖန်တီး၍နေလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူမထံသို့ အရှင့်ကောင်းကင်စေတမန် ယုံကြည်စိတ်ချရသော ရူဟ်ဝိညာဉ်တော် (ဂျီဗ်ရီလ်) ကို စေလွှတ်တော်မူခဲ့လေရာ သူမအတွက် ပကတိလူသား တစ်ဦး၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။

[18] (ထိုကောင်းကင်စေတမန်အား လူသားစစ်စစ်ဟု ထင်မှတ်သောကြောင့်) သူမက “ဧကန်ပင်၊ ကျွန်မသည် အသင်က အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သူအဖြစ်သာ ရှိစေရန် အသင် (၏ဘေးအန္တရာယ်) မှ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်ထံတော်၌ (အကာ အကွယ်ရရန်) ခိုလှုံပါ၏” ဟု ပြောခဲ့၏။

[19] (ထိုအခါ ကောင်းကင်စေတမန် ယုံကြည်စိတ်ချရသည့် ရူဟ်ဝိညာဉ်တော် ဂျီဗ်ရီလ်ဖြစ်သော) သူက ကျွန်ုပ်သည် အသင်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏သ တင်းဆောင် စေတမန်သာဖြစ်ပြီး အသင်မအတွက် စင်ကြယ်သန့်ရှင်းဖြူစင်သော သားရတနာ တစ်ပါးချီး မြှငိ့တော်မူ မည်ဖြစ်ကြောင်း သတင်းကောင်းပါးရန် ရောက်ရှိလာခြင်းဖြစ်၏။

[20] ထိုအခါ မရ်ယမ်က ကျွန်မအား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် မထိတွေ့ မဆက်စပ်ရုံသာမ ကျွန်မသည် (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်၍ ကာယကံဝစီကံမှု မစင်ကြယ်သော သိက္ခာမဲ့သူ) အ ကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက် မည်သို့ သားရတနာထွန်းကားနိုင်မည်နည်း။” ဟု မေးမြန်းပြောဆိုခဲ့လေ၏။

[21] (မလာအီကာစေတမန် ရူဟ်ဝိညာဉ်တော် ဂျီဗ်ရီလ်ဖြစ်သော) သူက ပြောခဲ့သည်မှာ “အသင်မအား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က “ယင်း (ပုံမှန်ဖွဲ့စည်းဖြစ်တည်ပုံနှင့် ဆန့်ကျင်၍ သားရတနာ ချီးမြှင့်တော်မူခြင်း) သည် ငါအရှင်မြတ်အတွက် အလွန်ပင် လွယ်ကူ၏။ ထို့ပြင် ငါအရှင်မြတ် သည် (သားရတနာဖြစ်လာမည့်) သူ့ကို လူသားတို့အတွက် (အရှင့်တန်ခိုးတော်ဆိုင်ရာ) အာယသ်သက်သေ လက္ခဏာတော်တစ်ရပ်နှင့်ငါအရှင်မြတ်ထံတော်မှ (တမန်တော်ရာထူးချီးမြှင့်တော်မူလျက်) ကရုဏာတော်အဖြစ် ဖြစ်စေတော်မူပြီး ထိုစီမံချက်အမိန့်တော်သည် (ထိုသို့ပင် အတိအကျဖြစ်စေတော်မူရန်) သတ်မှတ်ပြဌာန်းတော် မူခဲ့ပြီး ဖြစ်၏။

[22] ထို့နောက် မရ်ယမ်သည် သူ့ကို ကိုယ်ဝန်ရလာသောကြောင့် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသော နေရာတစ်ခုသို့ ဆုတ်ခွာရှောင်သွားခဲ့လေ၏။

[23] ထို့နောက် မီးဖွားခြင်း၏ဝေဒနာ (ကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေသော အခြေအနေ) သည် မရ်ယမ်အား စွန်ပလွံပင်၏ပင်စည်အနားသို့ တွန်းပို့စေခဲ့ရာ (နာကျင်မှုခံစားလျက်) ”ကျွန်မသည် ဤ (အခြေအနေ) မတိုင်မီ သေဆုံးသွားခဲ့လျှင် ကောင်းလေစွ။ ထို့ပြင် ဤ (သို့ခံစားနေရ) သည်ကို မေ့ပျောက်စရာအဖြစ် လုံးဝ မေ့မေ့ ပျောက်ပျောက် မေ့ထားနိုင်ခဲ့လျှင် ကောင်းလေစွ။” ဟု ညည်းညူပြောခဲ့လေ၏။

[24] ထိုစဉ် မရ်ယမ်အား သူမ၏အောက်နား (ရှိ စွန်ပလွံပင်အောက်) မှ ”ဝမ်းနည်းပက်လက် မဖြစ်လေနှင့်။ ဧကန်ပင်၊ အသင်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အ သင်မ (ယခု ရပ်တည်နေသောနေရာ) ၏အောက်ခင်း၌ပင် စမ်းချောင်းငယ်တစ်ခုကို ဖြစ်ပေါ်စေတော်မူခဲ့ပြီ။

[25] ထို့ပြင် စွန်ပလွံပင်၏ပင်စည်မှ အသင်မဖက်သို့ ဆွဲငင်လှုပ်ခါလျှင် မှည့်၍လတ်ဆတ်သော စွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကြွေကျလာပါလိမ့်မည်။

[26] (အရှင်မြတ်ပေးအပ်တော်မူသည့် စွန်ပလွံသီးများနှင့်ရေကို) စားသောက်ပြီး အသင်မ၏မျက်စိများကို အေးမြ နှစ်သိမ့်စေလော့။ အကယ်၍ အသင်မသည် လူသား တစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ၊ “ဧကန်ပင် ကျွန်မသည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်အတွက် ဥပုသ်သီလဆောက်တည် ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည် ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်း စကားပြောဆိုမည် မဟုတ်ကြောင်း၊” (ဟန်အမူအရာဖြင့်) ပြောကြားလော့။

[27] ထို့နောက် မရ်ယမ်သည် (သားရတနာကို ရင်ခွင်ဝယ် ပွေ့ချီလျက်) သူ့ကို သယ်ဆောင်၍ သူနှင့်အတူ သူမ၏လူမျိုးတို့ထံ ရောက်လာခဲ့၏။ (ထိုအခါ) သူတို့က အို၊ မရ်ယမ်၊ ဧကန်ပင်၊ အသင်မသည် မမျှော်မှန်းခဲ့သော (မကြုံစဖူးသော) ထူဆန်းသောအရာကို ကြံစည်ဖန်တီး၍ ယူဆောင်လာခဲ့ပြီ။” ဟု ပြစ်တင်ပြောဆိုကြလေ၏။

[28] (အချို့က) “အို၊ ဟာရူန်၏ညီမ၊ အသင်မ၏ဖခင်သည် (အကျင့်) မကောင်းသူ မဟုတ်ခဲ့ပေ။ အသင်မ၏ မိခင်သည်လည်း (ကာယကံ ဝစီကံမှု မစင်ကြယ်သော သိက္ခာမဲ့သူ) အကျင့်ပျက်သူတစ်ဦး အလျှင်း မ ဟုတ်ခဲ့ချေ။” ပြောဆိုခဲ့ကြ၏။

[29] သို့ဖြစ်ပေရာ မရ်ယမ်သည် (သူတို့တွေဝေနေသည့် ဖြစ်စဉ်အတွက် အဖြေရရန် သူမ၏သားရတနာ ဖြစ် သော) သူ့ဘက်သို့ ညွှန်ပြခဲ့လေရာ၊ သူတို့က “ကျွန်ုပ်တို့သည် ပုခက်တွင်း၌ ရှိနေသော နို့စို့ကလေးတစ်ဦးနှင့်မည်သို့ စကားပြောဆို နိုင်ကြမည်နည်း။”ဟု ပြောဆိုမေးမြန်းကြလေ၏။

[30] (ထိုအခါ ပုခက်တွင်းမှ ကလေးက) ''ဧကန်ပင်၊ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏အစေခံဖြစ်၍ ကျွန်ုပ်ထံ ကျမ်းတော်ကိုပေးအပ်တော်မူလျက် နဗီတမန်တော်တစ်ဦးအဖြစ် ခန့်အပ်ဖြစ်ပေါ် စေတော်မူ၏။

[31] ထို့ပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အသက်ရှင်ရပ်တည်သမျှ ကာလပတ်လုံး ဆွလာတ်ဝတ်ပြုခြင်းနှင့်ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ဆင်းရဲသူများအတွက် ပေးကမ်းရသော လူမှုဖူလုံကြေး) ပေခြင်းဖြင့် ဘဝဆောက်တည်ရန် ကျွန်ုပ်အား လမ်းညွှန်တော်မူပြီး ရောက်လေရာအရပ်တိုင်းကိုကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေရာအဖြစ် ဖြစ်ပေါ်စေတော်မူ၏။

[32] ထို့ပြင် ကျွန်ုပ်အား မိဘနှစ်ပါးနှင့်ပတ်သက်၍လည်း တာဝန်သိတတ်သော ကောင်းမှုပြုသူဖြစ် စေတော် မူပြီး မည်သည့်အခါမျှ နိုင်လိုမင်းထက်ပြုသူနှင့်ဖီဆန်ပုန်ကန်သူအဖြစ် အလျှင်း ဖြစ်စေတော် မမူခဲ့ချေ။

[33] သို့ဖြစ်ပါ၍ ငြိမ်းချမ်းမှုအပေါင်းသည် ကျွန်ုပ်အပေါ်၌ ကျွန်ုပ်ကို မီးဖွားသန့်စင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ရှင်ပြန်ထမြောက်မည့်နေ့တွင်လည်း ကောင်း၊ (ကျရောက်စေတော်မူပါစေ။)

[34] မရ်ယမ်၏သား (တမန်တော်) အီစာ၏အကြောင်းမှာ ထိုသိူ့သော အမှန်တရားသစ္စာပင် ဖြစ်သော်လည်း (ဂျူးနှင့်ခရစ်ယာန်များ အချင်းချင်းကြားတွင် အငြင်းပွားစရာဖြစ်လာပြီး ကမ္ဘာဦးလူသား အာဒမ်ကဲ့သို့ပင် ဖခင်မရှိဘဲ ဖွဲ့စည်းဖြစ်တည်စေတော်ခြင်းအား မယုံကြည်၍ ငြင်းခုံကြလျက်) ယင်း၌ သံသယရှိခဲ့ကြ၏။

[35] (သားတော်ရှိသည်၊” ဟုမှတ်ယူခြင်း၊ အရှင်မြတ်အတွက်) သားသမီးတစ်စုံတစ်ယောက် ဖြစ်စေခြင်း သည် အလ္လာဟ်အရှင်မြတ်နှင့် အလျှင်း မအပ်စပ်ပေ။ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက် သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူ ကြောင်းကို ဂုဏ်တင်ပါ၏။ ထိုအရှင်မြတ်သည် စီမံချက်အရေးကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူလျှင် ယင်းအမှုကိစ္စကို “ဖြစ်စေ “ဟု မိန့်ကြားတော်မူရုံမျှဖြင့် ထိုအမှုကိစ္စသည် “ဖြစ်လာလေ၏။”

[36] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်ပင် ဖြစ်ပေရာ ထိုအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြလော့။ (ထိုအ ရှင်မြတ် တစ်ပါးတည်းကို ကိုးကွယ်ခြင်းအပေါ်အခြေခံသည့် ကျမ်းတော်မြတ်ကုရ်အာန်လာ) ဤလမ်းစဉ်သည် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေသည့် လမ်းစဉ်တော်ပင် ဖြစ်၏။

[37] သို့ရာတွင် သူတို့အချင်းချင်းကြားတွင် (ဂျူးနှင့်ခရစ်ယာန် အပါအဝင် ဂိုဏ်းဂန အသင်းအဖွဲ့) အုပ်စုအသီးသီးတို့သည် အထင်အမြင် အယူအဆများ ကွဲပြားခြားနားကြလေရာ (အမှန်တရားကို) မယုံကြည်ဖီဆန်ငြင်းပယ်သူတို့အတွက် ကြီးကျယ်လှစွာသော (တမလွန်တရားစီရင်မည့်) နေ့တွင် ပူဆွေးသောကကို မျက်မြင်ဒိဋ္ဌ တွေ့စရာအဖြစ် ရှိနေ၏။

[38] (တမလွန်တရားစီရင်မည့်) နေ့တွင် သူတို့က ငါအရှင်မြတ်ထံတော်သို့ လာကြစဉ် သူတို့နှင့်ပတ်သက်၍ အကောင်းဆုံးကြားတော်မူပြီး အကောင်းဆုံးလုပ်ရပ်များကို မြင်တော်မူလျှင် ကောင်းလေစွ။ သို့ရာတွင် ထို့နေ့တွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် အလွန်ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေကြလိမ့်၏။

[39] ထို့ပြင် (အို၊ ရစူလ်တမန်တော်) သူတို့သည် မယုံကြည်ကြရုံသာမက အလေးမမူ ဂရုမစိုက်မှု၌လည်း နစ်မြုပ်နေသောကြောင့် စီမံချက်အရေးကိစ္စနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူခြင်းခံရသောအခါ ပြင်းပြသော ဝေဒနာခံစားရလျက် နောင်တရမဆုံးဖြစ်ရမည့် ထိုနေ့အကြောင်းနှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်လော့။

[40] ဧကန်ပင်၊ ငါအရှင်မြတ်သာလျှင် ကမ္ဘာမြေနှင့်ယင်းကမ္ဘာမြေဝယ်ရှိသမျှတို့ကို (ပိုင်ဆိုင်တော်မူသော) အမွေခံဖြစ်တော်မူပြီး သူတို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လှည့်ခြင်း ခံကြရလိမ့်မည်။

[41] ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသောတမန်တော်) အီဗ်ရာဟီးမ်အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတစ်ဦး နဗီတမန်တော်တစ်ပါးလည်း ဖြစ်၏။

[42] (တမန်တော်) အီဗ်ရာဟီမ်းသည် သူ့ဖမည်းတော်အား အို၊ ကျွန်ုပ်၏ခမည်းတော်၊ အသင်သည် ကြားနိုင်စွမ်းမရှိသည့်အပြင် မြင်နိုင်စွမ်းလည်း မရှိရုံသာမက အသင့်အား စိုးစဉ်းမျှပင် အကျိုးပြုနိုင်စွမ်း မရှိသောအရာ (ထိုရုပ်ထုဆင်းပွားများ) ကို အဘယ်ကြောင့် ယုံကြည်ကိုးကွယ်နေပါသနည်း။

[43] အို၊ ကျွန်ုပ်၏ခမည်းတော်၊ ဧကန်ပင် (အရှင့်ဉာဏ်တော်အနန္တမှဖြစ်သော) အသင့်ထံ မရောက်ခဲ့သည့် အသိပညာ (သွန်သင်ချက်အမိန့်တော်) သည်ကား ကျွန်ုပ်ထံ ရောက်လာခဲ့ပြီးဖြစ်ရာ အသင် (ဖခမည်းတော်) အား ဖြောင့်မတ်တည်ကြည်သော လမ်းစဉ်အတိုင်း တရားလမ်းမှန်ညွှန်ပြနိုင်ရန် ကျွန်ုပ်၏နောက်သို့ လိုက်ပါလော့။

[44] အို၊ ကျွန်ုပ်၏ခမည်းတော်၊ စေတန်မကောင်းဆိုးဝါးကို လိုက်နာကိုးကွယ်ခြင်း မပြုလေနှင့်။ ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် (အားလုံးအပေါ် စဉ်ဆက်မပြတ် သနားညှာတာတော်မူသော) အနန္တကရုဏာရှင်ကို အစဉ် အာခံဖီဆန်သူဖြစ်၏။

[45] (အို၊ ကျွန်ုပ်၏ခမည်းတော်၊ အကယ်၍ အသင်သည် စေတန်မကောင်းဆိုးဝါးအတွက် ယုံကြည်စိတ်ချရ သော မိတ်ဆွေတစ်ဦးဖြစ်ခဲ့လျှင် မုချဧကန်၊ အားလုံးအပေါ် စဉ်ဆက်မပြတ် သနားညှာတာတော်မူသော) အနန္တကရုဏာရှင်ထံတော်မှ ပြစ်ဒဏ်သည် အသင့်အား ထိသက်ကျရောက်စေတော်မူမည်ကို ကျွန်ုပ်က စိုးရိမ်ကြောင့်ကြနေပါ၏။

[46] (ထိုအခါ တမန်တော်အီဗ်ရာဟီးမ်၏ဖခမည်းတော်ဖြစ်) သူက “အို၊ အီဗ်ရာဟီးမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှ မျက်နှာလွှဲကျောခိုင်းသူ ဖြစ်နေသလော။ အကယ်၍ အသင်သည် (အရှင်တစ်ဆူဝါဒကို ယုံကြည်ကိုးကွယ်၍ အခြားလူတို့အားလည်း တစ်ဆူတည်းသောအရှင်မြတ်ကိုသာ ကိုးကွယ်ကြရန် နှိုးဆော်တိုက်တွန်းနေခြင်းအား) မစွန့်လွတ်ခဲ့လျှင် ဧကန်ပင်၊ ကျွန်ုပ်သည် အသင့်အား ခဲဖြင့် ပစ်ပေါက် သတ်စေရလိမ့်မည် (ဖြစ်သောကြောင့် ယခုမှစ၍ ကျွန်ုပ်ထံလာရောက်ဟောပြောခြင်းကို ရှောင်ကြဉ်၍) ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ထားလော့။

[47] ထိုအခါ (တမန်တော်) အီဗ်ရာဟီမ်းက (ဖခမည်းတော်အား) “ငြိမ်းချမ်းသာယာမှုသည် အသင့်အပေါ်၌ ရှိပါစေ၊” (ကျွန်တော် လမ်းခွဲပါရစေ)၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ထံတော်တွင် အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ဆုတောင်းပန် ကြားပါလိမ့်မည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်အကြင်နာတရား ထားတော်မူ၍ ကျေးဇူးပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါ၏။

[48] ထို့ပြင် ကျွန်ုပ်သည် အသင်တို့နှင့်အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ သတိရ တသလျက် ဟစ်ခေါ် ကိုးကွယ်နေကြသော (သက်ရှိသက်မဲ့) အရာတို့မှ ဆုတ်ခွာ၍ ရှောင်တိမ်းမည်။ ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် အားသာလျှင် သတိရ တသ၍ ဟစ်ခေါ် ဆုတောင်းပန်ကြား ပါလိမ့်မည်။ ကျွန်ုပ်သည် မိမိအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်အား သတိရ တသလျက် ဟစ်ခေါ်ဆုတောင်းပန်ကြားနှင့်စပ်လျဉ်း၍ ဆုတောင်းမပြည့်၍ စိတ်ညစ် ရမည့်အခြေအနေအဖြစ် မမျှော်လင့်နိုင်ပေ။

[49] ထို့နောက် (တမန်တော်) အီဗ်ရာဟီးမ်သည် သူတို့နှင့်အလ္လာဟ်အရှင်မြတ်အားစွန့်၍ သူတို့က သတိရ တသလျက် ဟစ်ခေါ် ကိုးကွယ်နေကြသော (သက်ရှိသက်မဲ့) အရာတို့မှ ဆုတ်ခွာ၍ ရှောင်တိမ်းကြသော အခါ ငါအရှင်မြတ်သည် (သူ၏သားစဉ်မြေးဆက်အနက်မှ တမန်တော်) အီစ္စဟာ့က်နှင့်ယအ်ကူဗ်တို့ တစ်ဦးချင်းစီကို နဗီတမန်တော်များအဖြစ် ပွင့်ပေါ်စေတော်မူလျက် သူ့အား ဂုဏ်သိက္ခာချီး မြှင့်ပေးအပ်တော်မူခဲ့၏။

[50] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား အရှင့်ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူသည့်ပြင် ငါအရှင်မြတ်သည် သူတို့အတွက် မြင့်မြတ်သောအမှန်တရားသစ္စာ (ကို လူတို့အား ပို့ချပေးရာ၌ သိမ်မွေ့သော ဘာသာစကား) နှင့်ဂုဏ်သတင်းကျော်ကြားမှုထင်ရှားစေတော်မူခဲ့၏။

[51] ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသော တမန်တော်) မူဆာ အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် (ယုံကြည်မှုနှင့်လက်တွေ့ကျင့်သုံးမှုတွင်) စိတ်ရင်းစေတနာဖြူစင်သူတစ်ဦး နဗီတမန်တော်တစ်ပါးလည်း ဖြစ်၏။

[52] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား သူ့လက်ယာဘက်ရှိ တူရ်တောင်ဘက်မှ ခေါ်တော် မူ၍ (အမိန့်ပညတ်ချက်များ ပို့ချပေးအပ်တော်မူရန်) သီးသန့်ဆက်သွယ်ပြောဆိုတော်မူလျက် သူ့ကို ငါအ ရှင်မြတ်နှင့်ချဉ်းကပ်စေတော်မူခဲ့၏။

[53] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ငါအရှင်မြတ်၏ကရုဏာတော်မှ (ချီးမြှင့်မှုဖြစ် သော) သူ့အစ်ကို ဟာရူန်ကို နဗီတမန်တော်အဖြစ် ပွင့်ပေါ်ဖြစ်စေတော်မူ၏။

[54] ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသော တမန်တော်) အိစ္စမာအီးလ် အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် ကတိပြုသည့်အတိုင်း ဖြောင့်မတ်မှန် ကန်စွာ ကတိတည်ကြည်သူဖြစ်ခဲ့သည့်အပြင် နဗီတမန်တော်တစ်ပါးလည်း ဖြစ်၏။

[55] (တမန်တော်) အိစ္စမာအီးလ်သည် သူ့အိမ်သူအိမ်သားနှင့်အအသိုင်းအဝိုင်းတို့အား ဆွလာသ်ဝတ်ပြု ဆောက်တည်ရန်နှင့်ဇကာသ် (တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် ပေးဆောင်ရသော လူမှုဖူလှုံကြေးကို ပေးကမ်းစွန့်လှူရန် အမိန့်ပေးညွှန်ကြားလေ့ရှိပြီး သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ နှစ်မြို့တော်မူခြင်းကို ခံခဲ့ရသူလည်းဖြစ်ခဲ့၏။)

[56] ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသောတမန်တော်) အီဒ်ရီးစ် အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတစ်ဦး နဗီတမန် တော်တစ်ပါးလည်း ဖြစ်၏။

[57] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) အီဒ်ရီးစ်အား မြင့်မြတ်သော အဆင့်နေရာသို့ ဂုဏ်ပေးမြှင့်တင်တော်မူခဲ့၏။

[58] ထိုသူတို့သည် (တမန်တော်) အာဒမ်၏သားစဉ်မျိုးဆက်အနက်မှလည်းကောင်း၊ (တမန်တော်) နူဟ်နှင့်အ တူရှိခဲ့ပြီး ငါအရှင်မြတ်က (ရွက်သင်္ဘောပေါ်) တင်ဆောင်စေတော်မူလျက် ကယ်တော်မူခဲ့သော သူတို့အနက်မှလည်းကောင်း၊ (တမန်တော်) အီဗ်ရာဟီးမ်နှင့်အိစ္စမာအီးလ်၏သားစဉ်မြေးဆက်အနက်မှ လည်းကောင်း၊ ငါအရှင်မြတ်က လမ်းညွှန်တော်မူပြီး ရွေးချယ်ခန့်အပ်တော်မူသောသူတို့အနက်မှ လည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်၌ (တမန်တော်ရာထူးပေးအပ်ခြင်းနှင့်လမ်းညွှန်တော် ချမှတ်ပေးခြင်းစသည်ဖြင့်) ဂုဏ်ပြု၍ ကျေးဇူးပြုတော်မူခဲ့ရာ သူတို့ရှေ့ဝယ် အနန္တကရုဏာတော်ရှင်၏ အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားခြင်းခံရသောအခါ သူတို့သည် (ငိုကြွေး၍ ရိုကျိုးစွာ မှောက်ခုံလျက်) ဦးချပျပ်ဝပ်ကြလေ၏။

[59] သို့ရာတွင် သူတို့နောက်ပိုင်းတွင် သူတို့၏အရိုက်ရာဆက်ခံသော နောက်မျိုးဆက်တို့က ဆွလာသ်ဝတ်ပြု မှုကို ဥပေက္ခာပြုခြင်းဖြင့် အချည်းနှီးဖြစ်စေပြီး အလိုရမ္မက် ရာဂဆန္ဒနောက်ကိုသာ လိုက်ကြသော ကြောင့် သူတို့သည် မကြာမီ (တမလွန်ဘဝ၌ ပြစ်ဒဏ်ခံရ၍) ပျက်သုဉ်းခြင်း ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်။

[60] (သို့သော်လည်း ထိုသို့ပျက်သုန်းခံရမည့်သူများ၏စာရင်းထဲတွင် ခြွင်းချက်အဖြစ် အရှင်မြတ်ဘက်သို့) ပြန်လှည့်၍ သက်ဝင်ယုံကြည်ရုံသာမက ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူတို့ မပါဝင်ပေ။ သို့ဖြစ်ပေရာ ထိုသူတို့သည် သုခဥယျာဉ်ထဲသို့ ဝင်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး အနည်းငယ် စိုးစဉ်းမျှပင် မတော်မတရားပြုခံကြရမည် မဟုတ်ပေ။

[61] ထိုအစဉ်ထာဝရတည်မြဲမည့် သုခဥယျာဉ်များသည် အရှင့်အစေခံ (လူတို့၏သိနိုင်စွမ်း၊ နားလည်နိုင်စွမ်း ၏ပြင်ပတွင်) မျက်ကွယ်ရာအားဖြင့်သာ တည်ရှိပြီး အနန္တကရုဏာတော်ရှင်က ကတိပြုတော်မူသောအ ရာ ဖြစ်၏။ ဧကန်ပင်၊ ထိုကတိတော်သည် အမှန်ပင် (အပြည့်အဝ) ပြည့်စုံစေတော်မူခြင်းခံရမည့် အရှင့်ကတိတော်ပင် ဖြစ်၏။

[62] သူတို့သည် ယင်းသုခဥယျာဉ်များထဲ၌ “ငြိမ်းချမ်းပါစေ” ဟု မေတ္တာပို့ခံရခြင်းမှအပ (အနစ်သာရမဲ့ အ ကျိုးမဲ့) အချည်းနှီးသော စကားလုံးကို လုံးဝ ကြားကြရလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ယင်းသုခဥယျာဉ်ထဲ၌ စားနပ်ရိက္ခာများကိုလည်း နံနက်ယံနှင့်ညနေချမ်းတွင် ရရှိခံစားစေမည်ဖြစ်၏။

[63] ဤသုခဥယျာဉ်သည် ငါအရှင်မြတ်၏အစေခံများအနက်မှ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သူတို့အတွက် ငါအရှင်မြတ်က အမွေအဖြစ် ပေးအပ်တော်မူမည့်အရာပင် ဖြစ်၏။

[64] စင်စစ် ကျွန်ုပ်တို့ (ကောင်းကင်စေတမန်များ) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်၏စီမံချက်အမိန့်တော်ဖြင့်သာ ဆင်းသက်ကြ၏။ ကျွန်ုပ်တို့ရှေ့၌ရှိသောအရာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏နောက်၌ရှိသော အရာများသည်လည်းကောင်း၊ ယင်းတို့ အကြား၌ရှိသော အရာများသည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများသာလျှင် ဖြစ်ကုန်၏။ စင်စစ် အသင်အား ဖန်ဆင်းဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့အား မေ့လျော့တော်မူသောအရှင် အလျှင်း မဟုတ်ပေ။

[65] (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုစပ်ကြားတွင် ရှိ သမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်အား ခဝပ်နာခံကိုးကွယ်ကြလော့။ ထို့ပြင် ထိုအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ စဉ်ဆက်မပြတ် စွဲမြဲမြံစွာ ကျင့်ကြံကြလော့။ (အရှင့်နာမတော်နှင့်တွဲဖက်၍ ဖော်ပြထိုက်သော) အရှင့်နာမတော်နှင့်ဆင်တူနိုင်သော အမည်နာမတစ်စုံတစ်ခုကို အသင် သိထားသလော။

[66] စင်စစ် (အမှန်တရားကို မယုံကြည်ဖီဆန်ငြင်းပယ်သော) လူသားသည် (ပြက်ရယ်ပြုသော အားဖြင့်) “ကျွန်ုပ်ကွယ်လွန်သေဆုံး၍ (ဆွေးမြည့်ပျက်စီး) ပြီးနောက် (ပြန်လည်) အသက်ရှင်လျက် (သင်္ချိုင်းတွင်းမှ) ထွက်စေခြင်းကိုခံရဦးမည်လော။ (ထိုကိစ္စ မည်သို့ဖြစ်နိုင်မည်နည်း။) “ဟု ပြောဆိုမေးမြန်းကြ၏။

[67] ဧကန်ပင်၊ ငါအရှင်မြတ်သည် လူသားအား ယခင်က သူ့တည်ရှိဟူ၍ မည်သည့် တစ်စုံတစ်ရာမျှ မရှိခဲ့စဉ် (နတ္တိအဆင့်မှ) သူ့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့ကြောင်းကို လူသားက သတိရ တသ၍ ဖွင့်ဟပြောဆိုခြင်း မပြုသလော။

[68] ထို့နောက် အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို တိုင် တည်၍ ပြောပါရစေ။ မုချဧကန်၊ ငါအရှင်မြတ်သည် (လူသားများဖြစ်ကြသော) သူတို့နှင့်စေတန်မ ကောင်းဆိုးဝါးတို့ကိုပါ စုရုံးစေတော်မူပြီးနောက် မုချပင် ငါအရှင်မြတ်သည် သူတို့အား ငရဲဘုံ၏ပတ်ပတ်လည်၌ ပုဆစ် (ဒူး) တုပ်လျက် အသင့်ရောက်ရှိစေတော်မူပေမည်။

[69] ထို့နောက် အမှန်ပင် ငါအရှင်မြတ်သည် အုပ်စုဂိုဏ်းဂဏတိုင်းမှ မည်သူတို့သည် အနန္တကရုဏာတော် ရှင်အား အပြင်းထန်ဆုံး အာခံပုန်ကန်သူဖြစ်ကြောင်းကို သိသာထင်ရှားစေရန် ဆွဲထုတ်တော်မူလိမ့်မည်။

[70] တစ်ဖန် ဧကန်မလွဲ၊ မည်သူသည် ယင်းငရဲဘုံ၌ လောင်ကျွမ်းစေရန်အတွက် ပစ်ချခံရရန် အထိုက်တန် ဆုံးသော သူဖြစ်သည်ကိုလည်း ငါအရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူ၏။

[71] (အို၊ လူသားတို့) စင်စစ် အသင်တို့အနက်မှ လူတိုင်းသည်ပင် ယင်းငရဲဘုံကို အနီးကပ် ကျော်ဖြတ်ရန်သာ ရှိ၏။ (ဤသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အရှင့်အပေါ်၌ ရှောင်လွှဲ၍မရသောအရာ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ် အရှင်မြတ်ကိုယ်တိုင် ပြဌာန်းတော်မူ၏။

[72] ထို့နောက် ငါအရှင်မြတ်သည် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အား လွတ်မြောက်စေတော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့အား ငါအရှင်မြတ်သည် ယင်းငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူလိမ့်မည်။

[73] စင်စစ် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏သိသာထင် ရှားသောရှင်းလင်းချက်များပါဝင်သည့် အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားသောအခါ အမှန်တရားကို မယုံကြည်သွေဖည်ငြင်းပယ်သော သူတို့က သက်ဝင်ယုံကြည်သောသူတို့အား ''(ကျွန်ုပ်တို့နှင့်အသင်တို့) အုပ်စုနှစ်စုအနက် မည်သည့်အုပ်စုသည် အခြေအနေအားဖြင့် (အထင်ကြီးစရာ) ပိုကောင်း၍ (မည်သည့်အုပ်စုသည်) အဖွဲ့ဝင်သစ်အတွက် စည်းရုံးရေးအင်အား ပိုမို၍ ကောင်းသနည်း။'' ဟု ပြောဆိုမေးမြန်းကြ၏။

[74] အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့မတိုင်မီ ရှိခဲ့ကြသော မျိုးဆက်များအနက်မှ (ဥစ္စာဓန ကြွယ်ဝချမ်းသာမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအရ) ပိုမို၍ အခြေခိုင်သော (လူနေမှုဘဝ၊ သဘောထားမူဝါဒ စသော) အမြင်အားဖြင့် ပိုမို၍ ကောင်းသော မျိုးဆက်ပေါင်း မည်မျှကို ဖျက်ဆီးစေတော်မူခဲ့မည်နည်း။

[75] (အို၊ ရစူလ်တမန်တော် သူတို့အား) “မည်သူမဆို လမ်းမှား၌ ရပ်တည်၍ ယင်းမှားယွင်းသော အတွေး အခေါ်များကိုသာ သူ့အတွက် ချဲ့ထွင်ဖွံ့ဖြိုးစေလျှင် အနန္တကရုဏာတော်ရှင်က သူ့ဥစ္စာဓန ကြွယ်ဝမှုနှင့်ဘဝ သက်တမ်းကို မည်မျှပင် အဓွန့်ရှည် တည်မြဲစေတော်မူပါစေ။ သူတို့သည် သူတို့အတွက် ဖြည့်ဆည်းစေမည်ဟု ကတိပေးထားခြင်းခံကြရသော (လောကီ) ပြစ်ဒဏ် သို့မဟုတ် (ကမ္ဘာပျက်မည့်) နောက်ဆုံးနေ့နာရီကို တွေ့မြင်ကြသောအခါ၊ မည်သူသည် (ဥစ္စာဓနကြွယ်ဝချမ်းသာမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအရ) ပို၍ဆိုးဝါးသော အခြေအနေ၌ ရှိပြီး (လူနေမှုဘဝ သဘောထားမူဝါဒအရ) စည်းရုံးရေး အင်အား ပိုမို၍ ချိနဲ့အားနည်းသူဖြစ်သည်ကို မကြာမီ သူတို့ သိကြလိမ့်မည်။” ဟု ဟောပြောလော့။

[76] စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်အတွက် ကြိုးပမ်းအားထုတ်၍ လိုက်နာလိုက်စားသူ တို့အား တရားလမ်းမှန်၌ တိုးတက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိမည်ဖြစ်သော ကောင်းမြတ်မှန်ကန်သည့်ပြုမူကျင့်ကြံမှုများ (အကျင့်သီလများ) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များရရှိစေသော အရာများဖြစ်ပြီး အကောင်းမြတ်ဆုံး (သော တမလွန် ပန်းတိုင်) ကို တုံ့ပြန်မှုအဖြစ် ရရှိစေမည့် လုပ်ရပ်များပင် ဖြစ်၏။

[77] (အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မယုံ ကြည်ဖီဆန်ငြင်းပယ်သူနှင့်ပတ်သက်၍ တွေးမြင် သုံးသပ်သလော။ ထို့ပြင် (သူသည် ပမာမခန့်ပြု သည့်အနေဖြင့် “ကျွန်ုပ်သည် အသင်ပြောသမျှကို ဂရုမစိုက်ဘဲ လုပ်မြဲအတိုင်းပင် ဆက်လက်ရပ်တည်လျှင်လည်း) မုချဧကန်၊ ကျွန်ုပ်သည် (လောကီ၌သာမက နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများကို ချီးမြှင့်ပေးအပ်ခြင်း ခံရလိမ့်မည်။”ဟု ပြောဆိုခဲ့၏။

[78] (ထိုသို့ပြောဆိုနေခြင်းမှာ) ထိုသူသည် အကွယ်၌ရှိသောအရာ (မျက်ကွယ်ရာ) များ၏အသိပညာကို ထိုးဖောက်သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည် အနန္တကရုဏာတော်ရှင်၏ထံတော်မှ ကတိပဋိညာဉ် တစ်ခုခုကို ရယူထားလေသလော။

[79] (သူထင်သလိုမဟုတ်ပေ အမှန်မှာ) ငါအရှင်မြတ်သည် သူပြောဆိုသမျှ (အသေးစိတ်) ကို မှတ်တမ်းတင် တော်မူလိမ့်မည်ဖြစ်၍ (သူ့လုပ်ရပ်များ၏အကျိုးဆက်အဖြစ် ထိုက်တန်သော ပြစ်ဒဏ်များမှ) သူ့အ တွက် ပြစ်ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စေတော်မူလိမ့်မည်။

[80] ထို့ပြင် ငါအရှင်မြတ်သည် သူပြောဆိုသမျှ (ပြောဆိုချက် အသေးစိတ်) ကို သူ့ထံမှ အမွေအဖြစ် သိမ်းထားတော်မူပြီး သူသည် ငါအရှင်မြတ်ထံ (သူလုပ်ခဲ့သမျှအတွက် သူတစ်ဦးတည်းသာ ခံစားရန် သူပိုင်ဆိုင်သမျှကို စွန့်လျက်) တစ်ဦးတည်းသာ ရောက်ရှိလာလိမ့်မည်။

[81] (အမှန်မှာ) သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသော သက်ရှိသက်မဲ့များကို) ကိုးကွယ်ရာ များအဖြစ် ယုံကြည်မှတ်ယူကြပြီး သူတို့အတွက် ဂုဏ်သိက္ခာနှင့်ဩဇာအာဏာရှိစေမည်ဟု အယူထားကြ၏။

[82] (သူတို့အယူထားသည့်အတိုင်း အလျှင်း ဖြစ်လာမည် မဟုတ်ပေ။) အမှန်မှာ (သူတို့က ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်၍ အကူအညီအတွက်မျှော်ကိုးခဲ့ကြသော) သူတို့၏ထိုကိုးကွယ်ရာများသည် မကြာမီ (တမလွန်ဘဝ၌) သူတို့၏ကိုးကွယ်မှုကို ငြင်းပယ်၍ သူတို့အပေါ် (ပြစ်တင်ရှုတ်ချမည့်) ရန်သူရန် ဘက်များပင် ဖြစ်သွားကြပေမည်။

[83] (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ ငါအရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးများအား (အမှန်တရားကို) မယုံကြည်ဖီဆန်ငြင်းပယ်သူတို့အပေါ်၌ (မကောင်းသောအကြံဉာဏ်ဖြင့်) လှုံ့ဆော်သူအဖြစ် သူတို့ကို လှုံ့ဆော်စေ့ဆော်ပိုင်ခွင့်ပေး၍ စေလွှတ်မူကြောင်း အသင် မတွေးမြင် မသုံးသပ်သလော။

[84] သို့ဖြစ်ပေရာ အသင်သည် (မယုံကြည်သူနှင့်သွေဖည်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အပေါ် (မတရား ဖိနှိပ်ညှင်းပန်းမှုများ၏အကျိုးဆက်အဖြစ် ပျက်ကိန်းရောက်လာရန်) အလျင်စလို လိုလားလျက် စိတ်မစောလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည်သာလျှင် သူတို့အတွက် (သူတို့၏ပြုမူဆောင်ရွက်မှုများကြောင့် ပျက်ကိန်း ဆိုက်ရောက်ရမည့်နေ့ရက်အား) တွက်ချက်သတ်မှတ် ထားသော နေ့ရက်အဖြစ် ရေ တွက်စေ၍ ပြဌာန်းထားတော်မူ၏။

[85] ထို (တမလွန် တရားစီရင်မည့်) နေ့တွင် ငါအရှင်မြတ်သည် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော် များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသော သူတော်စင်တို့အား အနန္တကရုဏာတော်ရှင်ထံတော်သို့ (ဂုဏ်ကျက်သရေရှိသော) ဧည့်သည်တော်များအဖြစ် စုရုံးစေတော်မူမည်။

[86] ထို့ပြင် ငါအရှင်မြတ်သည် (မယုံကြည်သော) ရာဇဝတ်မှုကျူးလွန်သူတို့အား (ထိုနေ့တွင်) ငရဲဘုံသို့ ရေဆာ ငတ်မွတ်စေခြင်းဖြင့် မောင်းနှင်ထည့်စေတော်မူပေမည်။

[87] (ထိုနေ့တွင်) အနန္တကရုဏာတော်ရှင်ထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီး ဖြစ်သောသူမှတစ်ပါး အခြား မည်သူမျှ ကြားဝင်အသနားခံပိုင်ခွင့် ရှိကြမည် မဟုတ်ပေ။

[88] ထို့ပြင် (သားတော်အယူရှိကြသော) သူတို့သည် အနန္တကရုဏာတော်ရှင်က (အရှင့်အတွက်) သားတော်တစ်ပါး ဖြစ်စေတော်မူ၏။” ဟု (စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။

[89] (ထိုသို့ အခိုင်အမာ စွပ်စွဲပြောဆိုခြင်းဖြင့်) ဧကန်ပင်၊ အသင်တို့သည် အလွန် ရက်စက်ကြမ်းကြုတ်၍ စက်ဆုပ်ဖွယ်ရာ မကောင်းမှုမျိုးကို ကျူးလွန် (ပြောဆို) ကြခြင်းပင် ဖြစ်၏။

[90] ထိုသို့ စွပ်စွဲပြောဆိုမှုကြောင့် မိုးကောင်းကင်များသည် စုတ်ပြဲ ပြိုလဲ၍ လွင့်ပါးကျအံ့ ဆဲဆဲဖြစ်ပြီး မြေကမ္ဘာသည်လည်း အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလုနီးပါးဖြစ်စေရုံသာမက တောင်များသည်လည်း တုံးလုံး လှဲ၍ ယိုယွင်းပြိုကျ မလောက်ပင် ဖြစ်စေ၏။

[91] (မိုးမြေနှင့်တောင်တို့၏ပျက်ကိန်းဆိုက်ရောက်စေသော ထိုအခြေအနေမှာ) သူတို့သည် (သူတို့၏စိတ်ကူး ယဉ်အယူအဆများဖြင့်) အနန္တကရုဏာတော်ရှင်အတွက် သားတော်တစ်ပါး (ကိုကြံစည်ဖန်တီး၍ အယူထား ကိုကွယ်လျက်) သတိရ တသစရာအဖြစ် ကြွေးကြော်သောကြောင့်ပင် ဖြစ်၏။

[92] စင်စစ်မူကား သားတော်ဖြစ်စေရန် (ကြံစည်ဖန်တီးခဲ့ခြင်းသည် အရှင်မြတ်အား အာခံဖီဆန်သူတို့၏အတွေးမှားသာ ဖြစ်၍) အနန္တကရုဏာတော်ရှင်နှင့်လုံးဝ အပ်စပ်သည် မဟုတ်ပေ။

[93] အမှန်မှာ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ တည်ရှိနေသူအားလုံးတို့သည် အနန္တကရုဏာတော်ရှင်၏ အစေခံဖြစ်ခြင်းမှအပ (အခြားမည်သည့် ရည်ရွယ်ချက်အတွက်မျှ) ရောက်ရှိစေတော်မူခြင်း မဟုတ်ပေ။

[94] ဧကန်ပင်၊ ထိုအရှင်မြတ်သည် သူတို့၏အရေအတွက်များကို တိတိကျကျ တွက်ချက်ရေတွက်လျက် တစ်ခုချင်းတစ်ဦးချင်းစီ (၏အရည်အသွေး တာဝန်များ ဘဝသက်တမ်းနှင့်ရှင်သန်ရပ်တည်ရေးဆိုင်ရာ လို အပ်များ) ကို အသေးစိတ် မှတ်တမ်းတင်ထားတော်မူ၏။

[95] စင်စစ် နောင်တမလွန်ဘဝ၏ရှင်ပြန်ထမည့်နေ့တွင် ယင်းတို့အားလုံးသည် (လောကီဘဝ၌ ပိုင်ဆိုင် ခဲ့သမျှ သားသမီးရတနာ ဥစ္စာဓနနှင့်အားကိုးအားထားစရာများကို လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက်) တစ်ဦးချင်း တစ်ယောက်ချင်းစီအားဖြင့် ထိုအရှင်မြတ်၏ရှေ့တော်မှောက်သို့ ရောက်ရမည်ပင် ဖြစ်၏။

[96] ဧကန်စင်စစ်၊ အနန္တကရုဏာတော်ရှင်သည် သက်ဝင်ယုံကြည်ကြပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူများ (ကောင်းမြတ်သောအကျင့်သီလရှိသူများ) ကို မကြာမီပင် သူတို့အတွက် ချစ်ခြင်းမေတ္တာအဖြစ် (သက်ရှိအားလုံး၏စိတ်နှလုံး၌ ကိန်းဝပ်စေတော်မူလျက် ကြိုဆိုလက်ခံရန်) ပြောင်းလဲ ဖြစ်ပေါ်စေတော်မူမည်။

[97] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ပင် ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို မွတ္တကီ (အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် ယင်းမှတစ်ဆင့် သတင်း ကောင်းပါးတော်မူရန်လည်းကောင်း၊ ရန်လိုမုန်းတီးမှု၌သာ ရောင့်ရဲစွာနေထိုင်ကြသူတို့အား ယင်းဖြင့် သတိပေးနှိုးဆော် တော်မူရန် အတွက်လည်းကောင်း၊ (ဖတ်ရွတ်မှုနှင့်နားလည်သဘောပေါက်ရာတွင်) လွယ် ကူချောမောစေတော်မူ လျက် အသင်၏ဘာသာစကားဖြင့်သာ ချမှတ်ပေးအပ်တော်မူ၏။

[98] စင်စစ် ငါအရှင်မြတ်သည် သူတို့အလျင် ရှိခဲ့ကြသောမျိုးဆက်များအနက်မှ မျိုးဆက်ပေါင်း မည်မျှကို ပျက်သုဉ်းစေတော်မူခဲ့မည်နည်း။ အသင်သည် သူတို့အနက် တစ်ဦးတစ်ယောက် (၏တည်ရှိမှု) ကို သတိမူ သုံးသပ်မိလေသလော။ သို့တည်းမဟုတ် အသင်သည် သူတို့ (နှင့်ပတ်သက်၍ ပြောဆိုနေကြသည့် တီးတိုးပြောဆိုချက်များ၏) အသံကို ကြားဖူးမိသလော။

တွာဟာ

Surah 20

[1] တွာ ဟာ။

[2] ငါအရှင်မြတ်သည် အသင်က စိတ်သောကဒုက္ခဝေဒနာခံစားရန် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော် မြတ်ကို ချမှတ်ပေးအပ်တော်မူခဲ့သည် မဟုတ်ပေ။

[3] စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော်မြတ်သည် သူ့နှလုံးသား၌ ငါအရှင်မြတ်အား) ကြောက်ရွံ့ရိုသေ သောသူအတွက် သတိရ တသ၍ ဖွင့်ဟထုတ်ဖော်စရာ (ဆုံးမသြဝါဒပင်) ဖြစ်၏။

[4] (ထိုကုရ်အာန်ကျမ်းတော်မြတ်သည်) ကမ္ဘာဂြိုဟ်နှင့်မြင့်မားလှစွာသော မိုးကောင်းကင်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ထံတော်မှ တဖြည်းဖြည်းချင်း ထုတ်ပြန်ချမှတ်ပေးအပ်ရာ (အဖြစ် ချ မှတ်ပေးအပ်တော်မူသော ကျမ်းတော်) ဖြစ်၏။

[5] (ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူသော) အနန္တကရုဏာတော်ရှင်သည်ကား (စကြဝဋ္ဌာအလုံးစုံအား နိယာမတရားတော်များဖြင့် မျှတလိုက်ဘက်စွာ ထိန်းချုပ်တော်မူသည့်) အရှင့်တန်ခိုးအာ ဏာစက်ကို အရ်ရှ်ပလ္လင်တော်ထက်ဝယ် အတိမ်းအစောင်းကင်းမဲ့စွာဖြင့် နေထားတကျဖြစ်အောင် ထူထောင်တော်မူ၏။

[6] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည်လည်းကောင်း၊ ယင်းတို့ကြားဝယ် ရှိသမျှတို့သည် လည်းကောင်း၊ မြေဆီလွှာအောက်၌ ရှိသမျှတို့သည်လည်းကောင်း၊ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင့်စည်းမျဉ်းတော်နှင့်အညီသာ အသုံးချသင့်သည့်) ထိုအရှင်မြတ်ပိုင် ဆိုင်တော်မူသော အရာများပင် ဖြစ်၏။

[7] (အို၊ ရစူလ်တမန်တော်) အကယ်၍ အသင်သည် ပြောဆိုချက်များနှင့်စပ်လျဉ်း၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလျှင် (အရှင်မြတ်အတွက် မထူးခြားပေ အကြောင်းမှာ) ဧကန်ပင် ထိုအရှင်မြတ်သည် စိတ်ထဲတွင် သိုသို သိပ်သိပ်ထားသည်ကိုလည်းကောင်း၊ လျှို့ဝှက်ကြံစည်၍ ဖုံးဖိထားသည်ကိုလည်းကောင်း၊ သိနေတော်မူ၏။

[8] အလ္လာဟ်အရှင်မြတ်သည် (သက်ရှိသက်မဲ့အားလုံးကို ဖြစ်တည်စေတော်မူပြီး လိုအပ်သည့် နိယာမတရား များနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသော အရှင်ဖြစ်တော်မူ၍ မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုး ကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ အမွန် မြတ်ဆုံးသော နာမတော်၊ ဂုဏ်တော်များသည် ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။

[9] ထို့ပြင် (တမန်တော်) မူဆာ၏သတင်းအချက်အလက်နှင့်အကြောင်းအရာသည် အသင် (တမန်တော်မုဟမ္မဒ်) ထံ ရောက်လာခဲ့ပြီလော။

[10] (တမန်တော်မူဆာသည် မိသားစုနှင့်အတူ သဲကန္တာရခရီးထွက်ခဲ့ရာ တမန်တော်) မူဆာသည် မီးကို မြင်လေသော် သူ့မိသားစုအား ''သင်တို့သည် (ဤနေရာ၌ပင် ခဏ) စောင့်နေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ခဲ့ပြီဖြစ်ရာ ယင်းမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ကောင်း ယူဆောင်လာနိုင်၏။ သို့တည်းမဟုတ် ကျွန်ုပ်သည် ယင်းမီးပေါ်အခြေခံ၍ လမ်းညွှန် တစ်စုံတစ်ရာကို တွေ့ရှိနိုင်၏။'' ဟု ပြောဆိုလေ၏။

[11] ထို့နောက် (တမန်တော်) မူဆာသည် ထိုမီး၏အနီးသို့ ရောက်လတ်သော် “အို၊ မူဆာ၊” ဟု ခေါ်ဆိုခြင်းကို ခံခဲ့ရလေ၏။

[12] ဧကန်ပင်၊ (အသင့်အား ခေါ်သူမှာ ငါအရှင်မြတ်ပင်ဖြစ်ပြီး) ငါအရှင်မြတ်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် သင့်ကြိုးသိုင်းဖိနပ်ကို ချွတ်လော့။ ဧကန်စင်စစ်၊ အသင်သည် ထူးမြတ်သော ''တွုဝါ'' တောင်ကြားချိုင့်ဝှမ်းအရပ်၌ ရောက်ရှိနေ၏။

[13] စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည် (ငါအရှင့်ထံတော်မှ) ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချပေးအပ်ခြင်း ခံရသမျှကို နားယူလော့။

[14] ဧကန်ပင်၊ ငါအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူရုံသာမက မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသော အရှင်ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။ ထို့ပြင် ငါအရှင်မြတ် အား သတိရ တသ၍ ဖွင့်ဟနိုင်ရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်လော့။

[15] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းက ယင်းကို အသုံးပြု၍ ရုန်း ကန်ကြိုးပမ်းသမျှ၏အကျိုးဆက်အား အပြည့်အဝ ချီးမြှင့်ခြင်း ခံရရန်အလို့ငှာ ရှင်ပြန်ထမြောက်ရမည့် နောက်ဆုံးနေ့ရက် အချိန်နာရီရောက်ရှိလာမည့်အကြောင်းအား (မည်သူ့ကိုမျှ အသိပေးတော်မူခြင်း မရှိဘဲ) လျှို့ဝှက်ထားတော်မူ၏။

[16] သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် ထို (ရှင်ပြန်ထမြောက်ရမည့် နောက်ဆုံးနေ့ရက် အချိန်နာရီ) ကို မယုံကြည်၍ သူ့စိတ်အလိုဆန္ဒရမ္မက်အတိုင်းသာ လိုက်စားသောသူအား အသင်ကိုယ်တိုင် ဆုံးရှုံးပျက် စီးသော်ငြားလည်း ယင်းကို ယုံကြည်ခြင်းမှ တားဆီးပိတ်ပင်နိုင်ရန် ခွင့်မပြုလေနှင့်။

[17] ထို့ပြင် အို၊ မူဆာ၊ သင်၏ညာလက်၌ ရှိသောအရာသည် အဘယ်အရာနည်း။

[18] (တမန်တော်) မူဆာက (အို၊ အရှင်မြတ်) ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပြီး ကျွန်ုပ်သည် ယင်း ပေါ်၌ မှီ၍ အထောက်အကူရရုံသာမက ယင်းဖြင့်ပင် ကျွန်ုပ်၏ဆိတ်များအတွက် သစ်ရွက်များကိုလည်း ခြွေနိုင်သည့်အပြင် ယင်း၌ ကျွန်ုပ်အတွက် အခြားနောက်ဆက်တွဲ အသုံးဝင်မှုများလည်း ရှိသေး၏။” ဟု လျှောက်ထား အစီရင်ခံလေ၏။

[19] (ထိုစဉ် အရှင်မြတ်က) “အို၊ မူဆာ အသင်သည် ယင်း (တောင်ဝှေး) ကို (မြေကြီးပေါ်သို့) ပစ်ချလော့။” ဟု မိန့်ကြားတော်မူလေ၏။

[20] သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် ယင်းကို (မြေကြီးပေါ်သို့) ပစ်ချသောအခါ ယင်းသည် သွက် လက် လျင်မြန်စွာ တွန့်လိမ့်လှုပ်ရှားနေသော မြွေတစ်ကောင် ဖြစ်လေ၏။

[21] အရှင်မြတ်က “(အို၊ မူဆာ) အသင်သည် ယင်း (မြွေ) ကို ဖမ်းကိုင်လော့။ သို့သော် မကြောက်ရွံ့လေနှင့်။ ငါအရှင်မြတ်သည် ယင်းမြွေကို ယင်း၏မူလပထမအခြေအနေအတိုင်း ပြန်လည်၍ ဖြစ်စေတော်မူမည်။” ဟု မိန့် တော်မူ၏။

[22] ထို့ပြင် အသင်သည် ယာဘက်လက်ကို သင့်ဘက်သို့ (ဆွဲကာ ချိုင်းကြားတွင်) ထည့်သွင်း၍ ပြန် ဆွဲထုတ်လော့။ ယင်းလက်မှာ မည်သည့် အပြစ်အနာအဆာ မရှိသောနောက်ထပ် သက်သေလက္ခဏာတော်တစ် ပါးအဖြစ်၊ လင်းဝင်း ထွန်းတောက်လျက် ထွက်လာလိမ့်မည်။

[23] (ထိုသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် အသင့်အား ကြီးကျယ်စွာသော သက်သေလက္ခဏာတော်များအနက် (အချို့ကို) ပြသတော်မူရန် ဖြစ်ချေ၏။

[24] ဖါရိုမင်းထံသို့ သွားလော့။ ဧကန်ပင်၊ သူသည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်၍) အာခံပုန်ကန် သူပင် ဖြစ်၏။

[25] (ထိုအခါ တမန်တော်) မူဆာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် (အရှင့်အလင်းတော်ဖြင့်) ကျွန်ုပ်၏ရင်ကို ကျယ်ဝန်းစေတော်မူပါ။

[26] ထို့ပြင် ကျွန်ုပ်၏စီမံချက်အရေးကိစ္စကို ကျွန်ုပ်အတွက် လွယ်ကူစေတော်မူပါ။

[27] ထို့ပြင် (ဘာသာစကား၌ ပိုမို၍ သွက်လက်ကျွမ်းကျင်မှုရှိစေရန်) ကျွန်ုပ်၏နှုတ်လျှာမှ အထုံးအထစ်ကို ပြေပြစ်စေတော်မူပါ။

[28] သို့မှသာ ကျွန်ုပ်၏သွန်သင်ပြောဆိုချက်များကို (လူတို့) နားလည်နိုင်ကြမည် ဖြစ်၏။

[29] ထို့ပြင် ကျွန်ုပ်၏မိသားစုအနက်မှပင် ကျွန်ုပ်အတွက် (ကျွန်ုပ်၏တာဝန်ဝန်ထုပ်ကို မျှဝေထမ်းရွက်နိုင်မည့်) ကူညီယိုင်းပင်းသူတစ်ဦး ဖြစ်ပေါ် ခန့်အပ်စေတော်မူပါ။

[30] ကျွန်တော်မျိုး၏နောင်တော် ဟာရူန်ကို (ကျွန်ုပ်အတွက် အင်အား ဖြစ်စေတော်မူပါ။)

[31] သူအားဖြင့် ကျွန်တော်မျိုး၏အင်အားကို တောင့်တင်းခိုင်မာစေတော်မူပါ။

[32] ထို့ပြင် သူ့ကို ကျွန်ပ်စီမံချက်အရေးကိစ္စတွင် တာဝန်ခွဲဝေလုပ်ဆောင်သူအဖြစ် ဖြစ်စေတော်မူပါ။

[33] သို့မှသာ ကျွန်ုပ်တို့သည် အရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို များစွာ ဂုဏ်တင်ခွင့်ရမည်ဖြစ်၏။

[34] ကျွန်ုပ်တို့သည် အသင် (အရှင်မြတ်) အား များစွာ သတိရ တသလျက် ထုတ်ဖော်ဖွင့်ဟနိုင်မည် ဖြစ်၏။

[35] ဧကန်ပင်၊ အသင် (အရှင်မြတ်) သည် ကျွန်ုပ်တို့ (၏အခြေအနေအရပ်ရပ်) နှင့်စပ်လျဉ်း အစဉ် မြင်နေတော်မူသောအရှင် (စောင့်ကြည့်နေတော်မူသောအရှင်) ပင် ဖြစ်တော်မူ၏။

[36] (ထိုစဉ်) အရှင်မြတ်က “အို၊ မူဆာ၊ ဧကန်မလွဲ၊ သင်၏တောင်းခံချက်သည် ချီးမြှင့် ပေးသနားတော်မူ ခြင်းကို ခံရလေပြီးဖြစ်၏။

[37] အမှန်စင်စစ်မူကား၊ ငါအရှင်မြတ်သည် အသင့်အပေါ်၌ (ယခင်ကအတိုင်းပင်) နောက်ထပ်တစ်ကြိမ် (စွမ်းရည် လမ်းညွှန်တော်နှင့်အခွင့်အလမ်း စသော အရှင့်) ကျေးဇူးတော်များဖြင့် ဂုဏ်ပေး (မျက်နှာသာပေး) ခဲ့ပြီ။

[38] ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ အမိန့်တော်ထုတ်ပြန်ပို့ချပေးအပ်ခြင်း ခံရဖွယ်ရာ (အကြောင်း) ကို (သူမ၏အာရုံထဲ၌ ဖြစ်ပေါ်စေတော်မူလျက်) ထုတ်ပြန်ပို့ချ ပေးအပ်တော်မူခဲ့၏။

[39] (တမန်တော်မူဆာ၏မိခင်အား) “အသင်မသည် မူဆာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် ယင်း (သေတ္တာ) ကို မြစ်ရေ၌ မျှောချလော့။ ထိုအခါ ထိုမြစ်ရေသည် ယင်းကို ကမ်းခြေသို့ (သောင်တင်) ဆိုက် ရောက်စေမည်။” (အမိန့်တော်အား အာရုံထဲ၌ ဖြစ်စေတော်မူသည့်အတိုင်း ပြုခဲ့သော်) ငါအရှင်မြတ်၏ရန်သူလည်းဖြစ်၊ သူ၏ရန်သူလည်း ဖြစ်သောသူသည် မူဆာကို (ရေထဲမှ) ဆယ်ယူလိမ့်မည်။” (ဟု သူမ ၏အာရုံထဲ၌ ဖြစ်ပေါ်စေတော်မူ၏။) ထို့နောက် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်း ချစ်ခင်အံ့သောငှာ) အသင် (တမန်တော် မူဆာ) အပေါ်၌ အရှင့်ထံတော်မှ ချစ်ခြင်းမေတ္တာကို သက်ရောက် (တည် တံ့) စေတော်မူပြီး ငါအရှင်မြတ်၏မျက်မှောက်တော်၌ပင် (အစစအရာရာ၌ အကာအကွယ်ရ စေတော်မူလျက်) လူလားမြောက်အောင် ကျွေးမွေး သုတ်သင်စေတော်မူခဲ့၏။

[40] (တမန်တော်မူဆာ၏မိခင် ညွှန်ကြားသည့်အတိုင်း သင့်အစ်မက ယင်းသေတ္တာကို ခြေရာခံလိုက်လျက်) သင်၏အစ်မသည် (ဖါရိုမင်း၏နန်းတော်အရောက်) လျှောက်လှမ်းခဲ့ပြီးနောက် သူမက “ကျွန်မသည် သင်တို့အား သူ့ကို (ကောင်းစွာ) ကျွေးမွေး၍ ပြုစုစောင့်ရှောက်မည့် နိုင်မည့်သူတစ်ဦးအား ညွှန်ပြရမည်လော။” ဟု မေးမြန်း ခဲ့၏။ ထိုသို့ဖြင့် ငါအရှင်မြတ်သည် အသင်အား သင်၏မိခင်ထံသို့ပြန်လည် အပ်စေတော်၍ သူမ၏ (စိတ်နှလုံးနှင့်) မျက်စိကို ငြိမ်းချမ်းအေးမြစေတော်မူသောကြောင့် ဝမ်းနည်းပူဆွေးခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် (အရွယ်ရောက်လာသည့်အချိန်တွင် တရားမျှတမှုကို အလေးပေး၍ မတရားမှုကို တော်လှန်ခဲ့စဉ်) အသင်သည် လူတစ်ယောက်ကို (မရည်ရွယ်ဘဲ မတော်တဆ) သတ်မိခဲ့ရာ ငါအရှင်မြတ်သည် စိတ်ဒုက္ခရောက်ရှိခြင်းမှ သင့်ကို ကယ်တင်တော် မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (အရည်အချင်နှင့်စွမ်းရည်များဖြင့် ပြီးပြည့်စုံစေတော်မူရန်) စမ်း သပ်မှုကြီးဖြင့် စမ်းသပ်တော်မူခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်သည် မဒ်ယန်ပြည် သူတို့ ကြားတွင် နှစ်ရှည်လများ နေထိုင်စေတော်မူလေ၏။ ထို့နောက် တစ်ဖန် အို၊ မူဆာ၊ အသင်သည် (ရှိသင့် ရှိထိုက်သော နှလုံးရည်ကို ရရှိလာသောအခါ) သင့်အတွက် သတ်မှတ်ပြဌာန်းထားသော အချိန်သို့ ရောက်ရှိလာခဲ့လေ၏။

[41] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ငါအရှင်မြတ်၏စည်းမျဉ်းတော်များနှင့်အညီ ဘဝဆောက်တည်ရန် အတွက် (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူခဲ့လေပြီ ဖြစ်၏။

[42] (သို့ဖြစ်ပေရာ) အသင်နှင့်အသင့်နောင်တော်တို့သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော် များနှင့်တကွ သွားကြလော့။ ထို့ပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏သတိရ တသ၍ ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ၌ ပေါ့ဆလျော့ပါးခြင်း မပြုကြလေနှင့်။

[43] သင်တို့နှစ်ဦးသည် ဖါရိုမင်းဆက်ထံသို့ သွားကြလော့။ ဧကန်ပင်၊ သူသည် (အရှင့်စည်းမျဉ်းတော်များကို) လွန်စွာ ဖောက်ဖျက်ကျူးလွန်သူပင် ဖြစ်၏။

[44] ထို့နောက် အသင်တို့နှစ်ဦးသည် (ဖါရိုမင်းဆက်က အရှင့်လမ်းညွှန်တော်ကို) သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟနိုင်ရန် သို့တည်းမဟုတ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေနိုင်ရန် သူ့အား နူးညံ့သိမ်မွေ့သောစကားကို ပြောဆိုကြလော့။

[45] (ထိုအခါ တမန်တော်မူဆာနှင့်ဟာရူန်တို့နှစ်ဦးက) အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုးတို့သည် (ဖါရိုမင်းဆက်နှင့်အပေါင်းပါတို့အား အရှင့်အမိန့်ပညတ်ချက်များနှင့်စပ်လျဉ်း၍ ဆုံးခန်းတိုင်အောင် မဟောကြားမီ) သူက ကျွန်ုပ်တို့အား ဆန့်ကျင်၍ အဆောတလျင် (ပိုကဲလျက်) ဒုက္ခပေးမည် သို့တည်းမဟုတ် ပိုမို၍ပင် (နိုင်လိုမင်းထက်ပြုလျက်) ဖောက်ဖျက် ကျူးလွန်မည် စိုးရိမ်ကြောင့်ကြမိကြပါ၏။” ဟု လျှောက်ထားပန်ကြားခဲ့ကြလေ၏။

[46] အရှင်မြတ်က “အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (အခြေအနေနှင့်အကြောင်းအရာ အလုံးစုံတို့ကို အကြွင်းမဲ့) ကြားနေ မြင်နေတော်မူလျက် အသင်တို့ နှစ်ဦးနှင့်အတူ ရှိတော်မူ၏။

[47] သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် သူ့ထံသို့ သွားကြပြီးလျှင် သူတို့အား ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ (စေလွှတ် တော်မူသော) ရစူလ်တမန်တော်နှစ်ပါးပင် ဖြစ်ကြ၏။ သို့ဖြစ်ပေရာ အသင်သည် အစ္စရေးမျိုးနွယ်ဝင် တို့အား ကျွန်ုပ်နှင့်အတူ (လွတ်လပ်စွာ) ထွက်သွားခွင့်ပေးလော့။ ထို့ပြင် သူတို့အား (ဆက်လက်၍) ညှင်း ပန်းနှိပ်စက်ခြင်း မပြုလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အထံတော်မှ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (အ သင့်ထံ) ရောက်ရှိလာခဲ့ပြီး ဖြစ်၏။ စင်စစ် (ပေါက်မြောက်အောင်မြင်၍ လုံခြုံအေးချမ်းစေမည့်) ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာ ကြသူအပေါ်၌သာ သက်ရောက်မည် ဖြစ်၏။

[48] ဧကန်စင်စစ်၊ ပြစ်ဒဏ်သည် အမှန်တရားသစ္စာကို မဟုတ်မမှန်စွပ်စွဲ၍ ငြင်းပယ်ပြီး (အရှင့်ဘက် ဖိတ်ခေါ်ခြင်းမှ) မျက်နှာလွှဲဖယ် ကျောခိုင်းသွားသူတို့အပေါ်၌သာ သက်ရောက်မည် ဖြစ်ကြောင်း၊ အမှန်ပင်၊ ကျွန်ုပ်တို့ထံ အမိန့်တော်ထုတ်ပြန် ပို့ချပေးအပ်တော်မူခြင်းခံခဲ့ရပြီ ဖြစ်၏။

[49] ဖါရိုမင်းက ''သို့ဖြစ်လျှင် အို၊ မူဆာ အသင်တို့နှစ်ဦးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသော အရှင်မြတ်သည် မည်သူနည်း။'' ဟု မေးမြန်းခဲ့လေ၏။

[50] (ထိုအခါ တမန်တော်) မူဆာက ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို (ယင်းတို့၌ရှိသင့်သည့် ဝိသေသလက္ခဏာစရိုက် ဂုဏ်သတ္တိကိုယ်စီ) ပင်ကိုယ်စရိုက်ကိုယ်စီ ချီးမြှင့်ပေးအပ်တော်မူလျက် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီနောက် (ယင်းတို့ကိုယ်စီ၏တည်ရှိမှုဆိုင်ရာ ရည်ရွယ်ချက်နှင့်ပန်းတိုင်နှင့်စပ်လျဉ်း၍) လမ်းညွှန်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[51] ဖါရိုမင်းက ''သို့ဖြစ်လျှင် ရှေးခေတ်မျိုးဆက်တို့ (၌ရှိခဲ့သော ယုံကြည်မှုနှင့်လုပ်ရပ်များ) ၏အခြေအနေသည် မည်သို့ ရှိချေသနည်း။'' ဟု မေးမြန်းလေ၏။

[52] တမန်တော်မူဆာက “ထို (ရှေးခေတ်မျိုးဆက်တို့၏လုပ်ရပ်များ) နှင့်ပတ်သက်သော အသိသည်ကား ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ရှိသော မှတ် တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားတော်မူပြီဖြစ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (မည်သည့်အရေးကိစ္စကိုမျှ) လွဲမှားစွာ ပြုတော်မမူသည့်အပြင် (မည်သည့်အခြေ အနေမျိုး၌ပင်ဖြစ်စေ တရားမျှတခြင်းကို) မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။

[53] ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် ကမ္ဘာဂြိုဟ်ကို ပုခက် (အခင်းအကျင်း) ဖြစ်စေတော်မူပြီး ယင်းထဲ၌ သင်တို့အတွက် (အသက်ရှင်ရပ်တည်နိုင်မည့် နည်းစနစ်များနှင့်) လမ်းစဉ်များကိုလည်း ထည့်သွင်းထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူလျက် ထိုရေဖြင့် (အရောင်အဆင်းအနံ့အရသာမျိုးစုံရှိပြီး) အမျိုးမျိုးကွဲပြား ခြားနားသော သဘာဝပေါက်ပင်များ၊ သစ်သီးဝလံများနှင့်ကောက်ပဲသီးနှံများကိုလည်း ဆန့်ကျင်ဘက်စုံတွဲကိုယ်စီဖြင့် ပေါက်ရောက် ထွက်ပေါ်စေတော်မူ၏။

[54] (မိုးရေအားဖြင့် ပေါက်ပွားထွက်ပေါ်စေတော်မူသော ထိုကောက်ပဲသီးနှံမျိုးစုံနှင့်သဘာပေါက်ဝင်တို့မှ သန့်ရှင်သည့်စားနပ်ရိက္ခာများကို) အသင်တို့ စားသုံးကြလော့။ ထို့ပြင် ကျွဲနွားအစရှိသော တိရစ္ဆာန်များကိုလည်း စားကျက်များတွင်လွှတ်ထား၍ ကျွေးမွေးကြလော့။ ဧကန်စင်စစ် ထိုသို့ (မြက်ပင်၊ နွယ်ပင်၊ ဆေးဖက်ဝင် အပင် များအပါအဝင် သဘာဝပေါက်ပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးကို) ပေါ်ထွန်းစေတော်မူခြင်း၌ ဘက်လိုက်မှု မတရားမှုနှင့်အမှန်တရားကိုဖီဆန်မှုကင်းရှင်းသော ပညာရှင်များအတွက် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။

[55] ငါအရှင်မြတ်သည် အသင်တို့ကို ယင်း (မြေကြီး) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ယင်း (မြေကြီး) ထဲသို့ပင် ပြန်လည်ရောက်စေတော်မူသည့်အပြင် ယင်းမှပင် သင်တို့အား နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ထွက်စေတော်မူမည်ဖြစ်၏။

[56] ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ထိုသူ (ဖါရိုမင်း) ကို ငါအရှင်မြတ်၏အာယသ်သက်သေလက္ခ ဏာတော်အားလုံးအား (အထင်အရှား) ပြသတော်မူခဲ့သော်လည်း သူသည် ထိုသက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သည့်အပြင် (တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ရန်လည်း) ငြင်းဆိုခဲ့လေ​၏။

[57] ဖါရိုမင်းက အို၊ မူဆာ အသင်သည် အသင့်မှော်ပယောဂအတတ်ဖြင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏နယ်မြေဒေသ (အီဂျစ်) မှ နှင်ထုတ်ရန်သာ ကျွန်ုပ်တို့ထံ ရောက်လာခဲ့သလော။

[58] သို့ဖြစ်လျှင် ကျွန်ုပ်တို့သည်လည်း အသင်နှင့်ယှဉ်ပြိုင်ရန် အလားတူ မှော်ပယောဂအတတ်ကို မုချပင် ယူဆောင်တင်ပြနိုင်မည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့နှင့်အသင်အနက်မှ (မည်သူ့ကိုမျှသီးသန့်ကိုယ် စားမပြုသော) တစ်ဖက်စောင်းနင်းမဖြစ်သည့် မျှတလိုက်ဖက်၍ သင့်တော်သော (ကွင်းပြင်) နေရာတစ်ခုကို ကျွန်ုပ်တို့နှင့်သင်အ ကြားဝယ် ကတိပြုသတ်မှတ်ချိန်းဆိုထားသော အချိန်နေရာကို သတ်မှတ်ဖြစ်စေ လော့။

[59] (တမန်တော်) မူဆာက သင်တို့၏ချိန်းဆိုသတ်မှတ်သောနေရာနှင့်အချိန်သည် ပွဲတော်ကျင်းပရာ နေ့နေရာ ဖြစ်ပြီး လူတို့အား မွန်းမတည့်မီအချိန်တွင် စုရုံးကြစေရန်ပင် ဖြစ်၏။” ဟု ပြောကြားခဲ့၏။

[60] ထို့နောက် ဖါရိုမင်းသည် (တမန်တော်မူဆာနှင့်ပြောဆိုခဲ့ရာမှ) လှည့်ပြန်သွား၍ (သူ့အကြံပေးများနှင့်ဆွေး နွေးတိုင်ပင်လျက် လှည့်ကွက်အကြံအစည်များဖြင့်) သူ့အစီအစဉ်ကို ချမှတ်ရေးဆွဲပြီးနောက် (ဆက် လက်ဆွေး နွေးရန် တမန်တော်မူဆာထံသို) ပြန်လည်ရောက်လာခဲ့၏။

[61] (ထိုအခါ ဖါရိုမင်း၏မှော်ပယောဂကျွမ်းကျင်သော ပညာရှင်များအား သူတို့နောင်တမရမီ သတိပေးသည့် အနေဖြင့် တမန်တော်) မူဆာက သူတို့အား “သင်တို့ ဒုက္ခလှလှတွေ့ရလိမ့်မည်။ သင်တို့သည် (အရှင့်သက်သေ တော်များကို မှော်ပယောဂပညာဟု မှတ်ယူခြင်း တမန်တော်မူဆာက သင်တို့အား နယ်မြေဒေသမှ နှင်ထုတ်မည်။” ဟု ဝါဒဖြန့်ခြင်း ရုပ်တုဆင်းပွားများကို ယုံကြည်ကိုးကွယ်ခြင်းဖြင့်) မုသားကိုလီ ဆယ်ဖန်တီး၍ အလ္လာဟ်အ ရှင်မြတ်အပေါ်၌ အပြစ်ပုံမချ ကြလေနှင့်။ သို့ပြုခဲ့ကြလျှင် အရှင်မြတ်သည် သင်တို့အား ပြစ်ဒဏ်ပေးတော် မူခြင်းအားဖြင့် လုံးဝ ပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကား မုသားကိုလီဆယ်ဖန်တီးသူ မည်သူမဆိုသည် (မျှော်လင့်သည့်အတိုင်း အထမမြောက်ဘဲ) ပျက်စီးကိန်းနှင့်သာ ကြုံရစမြဲ ဖြစ်၏။

[62] (တမန်တော်မူဆာ၏သတိပေးမှုကြောင့် ဖါရိုမင်း၏အကြံပေးများနှင့်မှော်ဆရာအချို့သည် စိတ်ပြောင်းလဲ လာခဲ့၏။) ထို့နောက် သူတို့သည် သူတို့၏စီမံချက်အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံလျက် သဘောထားကွဲလွဲလာကြပြီး သူတို့၏အရေးပေါ်အတွင်းရေးဆွေးနွေးမှုကို သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင် ခဲ့ကြ၏။

[63] (နောက်ဆုံးတွင် ဖါရိုမင်း၏အကြံပေးပုဂ္ဂိုလ်အချို့က သူတို့စုရုံးစေသည့် မှော်ဆရာများအနားသို့ ချဉ်းကပ် ၍ တမန်တော်မူဆာတို့ဘက် ညွှန်ပြလျက်) ဤပုဂ္ဂိုလ်နှစ်ဦးသည် အမှန်ပင် မှော်ဆရာနှစ်ဦး ဖြစ်ကြပြီး သင်တို့ကို သူတို့နှစ်ဦး၏မှော်အတတ်ပညာဖြင့် သင်တို့၏နယ်မြေဒေသမှ နှင်ထုတ်ကြရန် ရည်ရွယ်ကြသည့်အပြင် သင်တို့၏စံနမူနာယူဖွယ်ရာ လမ်းစဉ် (ဘဝနည်းနာနိဿယ) ကိုလည်း သုတ် သင်ဖယ်ရှားလိုကြ၏။

[64] သို့ဖြစ်ပေရာ အသင်တို့သည် သင်တို့၏စီမံချက်အကြံအစည်များနှင့်စွမ်းရည်စွမ်းပကားများကို စုဆောင်း ပြီးလျှင် (ရာထူးကြီးငယ်အလိုက်) တန်းစီး၍ထွက်လာကြလော့။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည် သာလျှင် အမှန်ပင် အောင်မြင်မှုရရှိလိမ့်မည် ဖြစ်သောကြောင့်တည်း။

[65] (ထိုအခါ ထိုမှော်ဆရာများက တမန်တော်မူဆာအား) အို၊ မူဆာ၊ အသင်သည် (သင့်တောင်ဝှေးကို ဦးစွာ) ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့အား (ကျွန်ုပ်တို့၏ကြိုးများ၊ တုတ်ရှည်များကို) ဦးစွာ ပထမ ပစ်ချခွင့်ပေး မည်လော။” ဟု ပြောဆိုခဲ့ကြလေ၏။

[66] (တမန်တော်) မူဆာက ''အမှန်မှာ၊ အသင်တို့သာ (ဦးစွာ) ပစ်ချကြလော့။''ဟု ပြောကြားခဲ့၏။ ထိုသို့ဖြင့် သူတိုသည် သူတို့မှော်အတတ်ပညာဖြင့် သူတို့၏ကြိုးများနှင့်တုတ်များကို ပစ်ချ၍ ယင်းတို့မှာ (တမန်တော်မူဆာ၏အမြင်၌) သူ့ဘက်သို့ လှုပ်ရှားပြေးလွှားနေကြသည်။”ဟု ထင်စေ၏။

[67] သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ထဲတွင် (မှော်အတတ်ပညာဖြင့် လူတို့အား ညှို့ဖမ်းလွှမ်းမိုးနိုင်ကြောင်းကို နားလည်သဘောပေါက်၍) အနည်း ငယ်မျှ စိုးရိမ်မိခဲ့လေ၏။

[68] (ထိုစဉ်) ငါအရှင်မြတ်က (မူဆာအား) မကြောက်ရွံ့မစိုးရိမ်လေနှင့်။ ဧကန်မလွဲ၊ အသင် (တမန်တော်) သည် သာလျှင် အမြင့်မြတ်ဆုံးနှင့်အပေါ်စီး၌ ရှိနေ၏။

[69] (သို့ဖြစ်ပေရာ) အသင်သည် အသင့်ညာလက်၌ရှိသောအရာ (တောင်ဝှေး) ကို ပစ်ချလော့။ ယင်း (တောင်ဝှေး) သည် သူတို့ ကြံစည်ဖန်တီး၍ သရုပ်ဖော်ထားသမျှကို ဝါးမျိုလိမ့်မည်။ စင်စစ် သူတို့ကြံစည်ဖန် တီး၍ သရုပ်ဖော်ထားသမျှသည် မှော်အတတ်ပညာ၏ပရိယာယ်လှည့်ဖြားမှု မျှသာဖြစ်၏။ အမှန်စင်စစ် မှော်ပယောဂ ဆရာတစ်ဦးသည် မည်သည့်နေရာသို့ (မည်သည့်ရည်မှန်းချက်ဖြင့် ရုန်းကန်) သွားလာစေကာမူ သူသည် မည်သည့်အခါမျှ ပေါက်မြောက်အောင်မြင်လိမ့်မည် မဟုတ်ချေ။

[70] (သူတို့သရုပ်ဖော်ထားသမျှကို တမန်တော်မူဆာ၏တောင်ဝှေးက ဝါးမျိုသည်ကို မျက်ဝါးထင်ထင်တွေ့ ခဲ့ပြီးနောက်) မှော်ဆရာများသည် ဦးချသည့်အနေအထားဖြင့် မှောက်ခုံ၍ “ကျွန်ုပ်တို့သည် (တမန်တော်) မူဆာနှင့်ဟာရူန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သက်ဝင်ယုံကြည် ကြပါပြီ။” ဟု ပြောဆိုခဲ့ကြလေ၏။

[71] (ထိုအခါ) ဖါရိုမင်းက “အသင်တို့သည် သင်တို့အား ကျွန်ုပ်ခွင့်မပြုမီပင် သူ့ကို (တမန်တော်မူဆာကို) ယုံကြည်ကြလေသလော။ ဧကန်စင်စစ်၊ သူသည်ကား အသင်တို့ကိုပါ မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အကြီးဆုံး (အာစရိယဆရာသခင်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏လက်များနှင့် ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင်ဖြတ်တောက်ပြီးနောက် စွန်ပလွံပင်များ၏ပင် စည်၌ (လက်ဝါးကပ် တိုင်ပြုလုပ်၍) သင်တို့ကို ကားစင်ပေါ်သို့ မုချပင် တင်လိမ့်မည်။ သို့မှသာ ကျွန်ုပ်တို့အနက်မှ မည်သူ၏ပြစ် ဒဏ်သည်ပို၍ ပြင်းထန်ပြီး ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ကို သင်တို့ အမှန်ပင် သိကြလိမ့်မည်။” ဟု ကြုံးဝါး ပြောဆိုခဲ့လေ၏။

[72] မှော်ဆရာများက (ဖါရိုမင်းအား) “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူလဇစ်မြစ်ကို စတင်ဖွဲ့စည်းဖြစ်တည်စေ တော်မူသောအရှင်မြတ်နှင့် (ထိုအရှင့်ထံတော်မှဖြစ်ပြီး သက်သေအထောက်အထားများပါဝင်သည့်) မြင် သာထင်ရှားသော ရှင်းလင်းချက်များထက် အသင် (ဖါရို) အား မည်သည့်နည်းနှင့်မျှ ပိုမိုနှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သင်သည် စီရင်ပြဋ္ဌာန်းလိုသည်ကိုသာ (စိတ်ကြိုက်) စီရင်ပြဋ္ဌာန်းလော့။ သို့သော် အသင်သည် ဤလောကီဘဝသက်တမ်းအတွက်သာ စီရင်ပြဌာန်းနိုင်မည် ဖြစ်၏။

[73] ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို သက်ဝင်ယုံကြည်လာပြီဖြစ်၍ ကျွန်ုပ်တို့၏ (ယခင်က မသိနားမလည်ဘဲ ကျူးလွန်ခဲ့သော) ပြစ်မှုများနှင့်မှော်အတတ်ပညာအတွက် ကျွန်ုပ်တို့အား အတင်းအဓမ္မခိုင်းစေခြင်း​ကြောင့် ယင်းအပေါ် အခြေခံ၍ လုပ်ခဲ့သမျှကို ထိုအရှင်မြတ်က ခွင့်လွှတ် ချမ်းသာပေးတော်မူရန် မျှော်ကိုးပါ၏။ စင် စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်သာလျှင် အမွန်မြတ်ဆုံးနှင့်အစဉ်ထာဝရ တည်ရှိမြဲအတိုင်း ပကတိတည်တံ့တော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[74] ဧကန်စင်စစ်၊ မည်သူမဆိုသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ ပြစ်မှုကျူးလွန်သူအဖြစ်ရောက်ရှိလျှင် ဧကန်မလွဲ၊ ထိုသူအတွက် ယင်းထဲ၌ မည်သည့်အခါမျှ အသက်မဆုံးနိုင်သည့်အပြင် (လွတ်လပ်စွာ) ရှင်သန်ခွင့်လည်းမရှိသော ငရဲဘုံသာလျှင် ရှိပေမည်။

[75] သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်သူဖြစ်လျက် ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ခဲ့ကြသူအဖြစ် ရောက်လာခဲ့သော် ထိုသူတို့သည်ပင် သူတို့အတွက် (အရှင့်ထံတော်၌) မြင့်မြတ်လှစွာသော ဂုဏ်သိက္ခာ အခွင့်အလမ်းအဆင့်အတန်းနှင့်နေရာ ရှိပေမည်။

[76] (ထိုသူတို့အတွက်ချီးမြှင့်တော်မူမည့်) သုခဥယျာဉ်များသည် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး ထာဝစဉ်တည်တံ့သည့်အပြင် ထိုထဲတွင် အစဉ်ထာဝရကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့် သုခဥယျာဉ်များပင် ဖြစ်ကြ၏။ စင်စစ် ထိုသို့သော အကျိုးဆက်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သူတို့၏နာမ်ရေးရာကို) စင်ကြယ်သန့်ရှင်းစေသူတို့၏အကျိုး ဆက်ပင် ဖြစ်၏။

[77] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာထံသို့ ငါအရှင်မြတ်၏အစေခံနှင့်အတူ ညခရီးထွက်ရန် (အသင်သည် ပင်လယ်စောင်းနားသို့ရောက်ခဲ့သော် သင်၏တောင်ဝှေးဖြင့် ပင်လယ်ရေပြင်ကို) ရိုက် ပုတ်၍ (အရှင့်ခွင်ပြုချက်အရ) ပင်လယ်၌ (သင်၏နောက်လိုက်များဖြစ်ကြသော) သူတို့အတွက် ခြောက်သွေ့သော လမ်းတစ်ခုကို ဖြစ်စေရန် (ဖါရိုစစ်တပ်က ကျော်တက်လာ၍) လွှမ်းခံရမည်ကို မစိုးရိမ်ရန်နှင့်။ (ပင်လယ်ထဲ နစ်မြုပ်သွားမည်ကိုလည်း) မကြောက်ကြရန် အမှန်ပင် ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်တော်မူခဲ့၏။

[78] ထို့နောက် ဖစ်ရ်အောင်န်သည် သူ့စစ်တပ်နှင့်အတူ (ချီတက်လာ၍ တမန်တော်မူဆာ၏နောက်လိုက်များ ဖြစ်ကြသော) သူတို့၏နောက်သို့ လိုက်လာခဲ့လေရာ၊ ပင်လယ်မှရေ (လှိုင်း) များသည် (ဖါရိုနှင့်သူ့စစ်တပ် ဖြစ်ကြသော) သူတို့အား အပြီးသတ်လွှမ်းမိုးချေမှုန်းသည့်အနေအထားဖြင့် ဖုံးလွှမ်း၍ နစ်မြုပ်စေခဲ့လေ၏။

[79] စင်စစ် ဖါရိုမင်းသည် သူ့လူမျိုးတို့အား လမ်းမှားသို့ ဦးဆောင်ခဲ့ (သောကြောင့် အလုံးစုံ ပျက်စီး ဆုံးရှုံးခြင်းခံကြရ) ပြီး (အမှန်တရားကို လက်ခံ၍ ပေါက်မြောက်အောင်မြင်နိုင်သည့်) တရားလမ်းမှန်ကို ညွှန်ပြနိုင်ခြင်း မရှိခဲ့ပေ။

[80] အို၊ အစ္စရေးမျိုးနွယ်ဝင်အပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တို့အား သင်တို့၏ရန်သူမှ ကယ်တင်တော်မူပြီး တူရ်မည်သောတောင်၏ညာဘက်နံဘေး၌ တမန်တော်မူဆာမှတစ်ဆင့် သင်တို့နှင့်ကတိ ပဋိညာဉ် ပြုစေတော်မူကာ မန္နမည်သောစားဖွယ်ရာနှင့်ငုံးငှက်များကို ချပေးတော်မူခဲ့၏။

[81] သင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာများအနက်မှ (တရားဝင်ခွင့်ပြုထား၍ ကျန်းမာရေးနှင့်ညီညွတ်သော) စင်ကြယ်သန့်ရှင်းရာ (စားသောက်ဖွယ်ရာများ) ကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် (တရားဝင်ခွင့်ပြုထားသောအရာများကို အလွဲသုံးစားပြုခြင်း၊ ဖြုန်း တီးခြင်း၊ တရားမဝင်သော နည်းဖြင့်ရယူခြင်းစသည်ဖြင့်) ယင်းနှင့်စပ်လျဉ်း၍ အရှင့်စည်းဘောင်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မပြုကြလေနှင့်။ သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော်သည် အသင်တို့အပေါ်၌ သက်ရောက် မည်ဖြစ်၏။ စင်စစ်မူကား မည်သူမဆို သူ့အပေါ်၌ ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော် သက်ရောက် (စေတော်မူရန် ပြုမူကျင့်ကြံ) လျှင် ဧကန်ပင်၊ ထိုသူသည် (မိမိကိုယ်ကို) ပျက်ကိန်းရောက်စေခြင်းသာ ဖြစ်မည်။

[82] သို့ရာတွင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍ အရှင့်လမ်းစဉ်ဘက်သို့ လှည့်ပြန်ပြီး သက်ဝင်ယုံကြည်သည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့် ပြု ပြင်ကြပြီးနောက် တရားလမ်းမှန်ပေါ်၌သာ ရပ်တည်ကြသူတို့ကို အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။

[83] ထို့ပြင် (အရှင်မြတ်ဆင့်ခေါ်တော်မူသည့်အတိုင်း တမန်တော်မူဆာသည် တောင်ရတ်ကျမ်းကို လက်ခံရရ ယူရန် ဆီနှိုင်းတောင်သို့ ရောက်လေသော် အရှင်မြတ်က) အို၊ မူဆာ၊ မည်သည့်အရာသည် သင့်အား သင့်လူမျိုးမှ အဆောတလျှင် ထွက်လာစေခဲ့သနည်း။” ဟု မေးမြန်းတော်မူ၏။

[84] (တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ သူတို့သည် ကျွန်ုပ်ခြေရာအပေါ်အခြေခံ၍ လိုက်လာမည့်သူများပင် ဖြစ်ကြရာ အသင် (အရှင်မြတ်) ၏ကျေနပ်နှစ်မြို့မှုကို ရရှိရန်အတွက်သာ အသင့်ထံသို့ အဆောတလျှင် ထွက်လာခြင်း ဖြစ်ပါ၏။” ဟု ဖြေဆိုခဲ့၏။

[85] အရှင်မြတ်က (တမန်တော်မူဆာအား) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်မရှိခိုက်တွင် သင့်လူမျိုးအား (သူတို့၏ယုံကြည်မှု စွမ်းရည်မြှင့်တင်ရေးအတွက်) စမ်းသပ်တော်မူခဲ့ရာ စာမိရီသည် သူတို့ကို (သူတို့၏လောကီ အလိုရမ္မက်ကြောင့်) လမ်းမှားရောက်စေ၏။” ဟု မိန့်တော်မူခဲ့၏။

[86] ထို့နောက် တမန်တော်မူဆာသည် သူ့လူမျိုးတို့ထံသို့ အမျက်ထွက်လျက် ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်လာခဲ့ ပြီးလျှင် အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (သင်တို့၏လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌ ပျော်ရွှင်ချမ်းမြေ့မှုရနိုင်သည့် တောင် ရတ်ကျမ်းတော်ချီးမြှင့်တော်မူ၍ အခြေချနေထိုင်ခွင့်လည်း ပေးအပ်တော်မူမည်ဟု) သင်တို့ကို ကောင်းမြတ်သော ကတိထားတော်မူခဲ့သည် မဟုတ်လော။ (သို့သော် ကျွန်ုပ်မရှိခိုက်တွင်) သင်တို့အပေါ် ထားရှိတော်မူသည့် ကတိတော်ဆိုင်ရာသတ်မှတ်ချိန်မှာ (သင်တို့အတွက် အလွန်ပင်) ကြာရှည်ဝေး ကွာနေပြီ။” ဟု ထင်မြင်သလော။ သို့တည်းမဟုတ် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (မေတ္တာကရုဏာတော်ကို ကင်းဝေးစေသည့် ပြစ်တင်ရှုတ်ချမှုနှင့်) အမျက်တော်သည် သင်တို့အပေါ် သက်ရောက်စေရန် သင်တို့ရည်ရွယ်သောကြောင့် ပဋိညာဉ်ကတိကို ဖောက်ဖျက်ကျူးလွန်ကြလေသလော။

[87] (တမန်တော်မူဆာ၏လူမျိုးဖြစ်သော) သူတို့က “ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို ကျွန်ုပ် တို့၏အလိုသဘောအရ (ရည်ရွယ်ချက်ရှိရှိ) ဖောက်ဖျက်ခဲ့ကြသည်မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ သည် ကျွန်ုပ် တို့လူမျိုးတို့၏လောကီအကျိုးခံစားခွင့်များအနက်မှ (ပြစ်မှုကျူးလွန်စေသော အထုပ်အပိုးဖြစ်သည့်) လက်ဝတ် လက်စားများကိုလည်း သယ်ပိုးယူဆောင်လာခဲ့ကြ၏။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့ သည် (စာမိရီ၏နှိုးဆော်တိုက်တွန်းချက်ကြောင့်) ထိုလက်ဝတ်လက်စားများကို (ဖယ်ရှားရှင်းထုတ်သည့် အနေဖြင့် မီးထဲသို့) ပစ်ချခဲ့ကြသည်။ ထို့နောက် စာမိရီသည်လည်း ထိုနည်းအတိုင်းပင် ပစ်ချခဲ့လေသည်။

[88] ထို့နောက် စာမိရီသည် သူတို့အတွက် အော်သံထွက်သော နွားငယ်တစ်ကောင်၏ရုပ်တုအသွင်သဏ္ဌာန်ကို (သွန်းလောင်း) ထုတ်လုပ်ခဲ့သောကြောင့် သူတို့က ''ဤသည်ပင် သင်တို့၏ကိုးကွယ်ရာ အရှင်နှင့်တမန်တော်မူဆာ၏အရှင်သခင်ဖြစ်သော်လည်း သူသည်ကား မေ့နေခြင်းဖြစ်၏။'' ဟု (အချင်းချင်း) ပြောဆိုကြလေသည်။

[89] ထိုနွားငယ်ရုပ်တုသည် သူတို့အား စကားတစ်ခွန်းကိုပင် ပြန်လည်ချေပပြောဆို နိုင်စွမ်းမရှိကြောင်း၊ သူတို့အတွက် မည်သည့် ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ မည်သည့်အကျိုးအမြတ်ကိုဖြစ်စေ၊ ဖြစ်ပေါ်စေနိုင်သော အခွင့်အာဏာနှင့်စွမ်းဆောင်ရည် မရှိကြောင်းကို သူတို့မတွေးမြော် မသုံးသပ်ကြလေသလော။

[90] (အမှန်မှာ တမန်တော်မူဆာ ပြန်လည်ရောက်မလာမီ) ထိုမတိုင်မီ တမန်တော်ဟာရူန်ကလည်း ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ သင်တို့သည် ယင်း (နွားငယ်ရုပ်တု) ဖြင့် (သင်တို့၏ယုံကြည်မှု စွမ်းရည်တိုး မြှင်စေရန်) အစမ်းသပ်ခံနေကြရပြီ။ (သင်တို့မမေ့သင့်သည်မှာ) မုချဧကန် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ကျွန်ုပ်၏နောက်သို့သာ လိုက်၍ ကျွန်ုပ်၏အမိန့်ညွှန်ကြားချက်များကိုသာ နာခံလိုက်နာကြလော့။” ဟု ဟောပြောခဲ့သည်။

[91] (ထိုစဉ် နွားငယ်ရုပ်တုကို အယူထား၍ ယုံကြည်ကိုးကွယ်နေကြသော) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ် တို့ထံ တမန်တော်မူဆာ ပြန်လာသည်အထိ ယင်း (နွားငယ်ရုပ်တု) အပေါ်၌ သစ္စာရှိရှိမြုပ်နှံလျက် (ယင်းအား ကိုးကွယ်ခြင်းကို မည်သည့်နည်းနှင့်မျှ) ရပ်တန့်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့ကြ၏။

[92] (ထို့နောက် တမန်တော်မူဆာ ပြန်ရောက်လာသည့်အခါ တမန်တော်ဟာရူန်က နွားငယ်ရုပ်တုအား မကိုးကွယ်ရန် တားမြစ်ခဲ့ကြောင်းကို မသိမီ တမန်တော်) မူဆာက အို၊ ဟာရူန် သူတို့ လမ်းမှားရောက်နေ သည်ကို တွေ့မြင်သောအခါ (နွားငယ်ရုပ်တုကို ကိုးကွယ်ခြင်းအား ရပ်တန့်စေရန် ဟောပြောခြင်းမှ) မည်သည်က အသင့်ကို တားဆီးပိတ်ပင်သနည်း။

[93] (မည်သည့်အရာက ကျွန်ုပ်နောက်လိုက်ခြင်းမှ တားဆီးသနည်း) အသင်က ကျွန်ုပ်၏နောက်လိုက်ခြင်း မဟုတ်လော။ အသင်သည် ကျွန်ုပ်၏အမိန့်ညွှန်ကြားချက်ကို အာခံလေသလော။”ဟု မေးမြန်းခဲ့လေ၏။

[94] (ထိုစဉ် တမန်တော်) ဟာရူန်က “အို၊ အမေ၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ ဆွဲကိုင်ခြင်း မပြုပါလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်သည် အသင်က ကျွန်ုပ်အား “အသင်သည် ကျွန်ုပ်၏ပြောဆိုချက် (ညွှန်ကြားချက်) ကို မလေးစား မလိုက်နာဘဲ အစ္စရေးမျိုးနွယ်ဝင်တို့ အချင်းချင်းကြားတွင် သွေးကွဲအောင်ပြုခဲ့သည်။” ဟု ပြောဆိုမည်ကို စိုးရိမ်မိ (သောကြောင့် ငြိမ်းချမ်းသောနည်း လမ်းဖြင့်သာလျှင် တားမြစ်၍ အင်အား မသုံးခဲ့ခြင်း ဖြစ်) ၏။” ဟု ဖြေဆိုခဲ့သည်။

[95] တမန်တော် မူဆာက (စာမိရီဘက်သို့လှည့်၍) “သို့ဖြစ်လျှင်၊ အို၊ စာမိရီ (နွားငယ်ရုပ်တုကို ဖန်တီးလျက် လူတို့အား လမ်းမှားရောက်စေခြင်းအတွက် မည်သို့သော ဖြေရှင်းချက်ပေးမည်နည်း။) သင်၏ချေပပြော ဆိုချက် (ရည်ရွယ်ချက်) ကား မည်သို့နည်း။''ဟု မေးမြန်းခဲ့၏။

[96] စာမိရီက ''ကျွန်ုပ်သည် (အခြား) သူတို့ မမြင်ခဲ့ကြသောအရာကို တွေ့မြင်ခဲ့သည်ဖြစ်ရာ ရစူလ်သတင်းဆောင် (ကောင်းကင်စေတမန် ဂျီဗ်ရီးလ်) ၏ခြေရာမှ (မြေကြီး) လက်တစ်ဆုပ်ကို ဆုပ်ယူခဲ့ပါသည်။ ထို့ နောက် ကျွန်ုပ်သည် ယင်း (မြေကြီး) ကို (နွားငယ်ရုပ်တုထဲသို့) ပစ်ထည့်ခဲ့ပါသည်။ စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား ထိုကဲ့သို့ပင် လှုံ့ ဆော်သိမ်းသွင်းခဲ့ပါသည်။''ဟု ဖြေကြားလေ၏။

[97] (သို့ဖြစ်ပေရာ တမန်တော်မူဆာက စာမိရီအား) “အသင်သည် (ဤနေရာမှ) ထွက်သွားလော့။ ဧကန်အမှန်၊ သင့်အတွက် ဤလောကီဘဝသက်တမ်း၌ (ခံစားစေမည့် ပြစ်ဒဏ်သည်ကား လူမှုရေးအရ သပိတ် မှောက်ခြင်းခံစေရန်ဖြစ်၍ တစ်ဦးတစ်ယောက်က အသင့်အနားသို့ ချဉ်းကပ်လာလျှင် သူတို့ကို) “ကျွန်ုပ်အား မည်သူမျှ မထိရ။” ဟု ပြောဆိုရန်ပင် ဖြစ်ပေသည်။ ထို့ပြင် (နောင်တမလွန်ဘဝ၌လည်း) မည်သည့်နည်းနှင့်မျှ ရှောင်လွှဲနိုင် မည်မဟုတ်သော (ပြစ်ဒဏ်ကို) ဧကန်ပင်၊ သင့်အတွက် ကတိထားတော်မူသည့် ပြဌာန်းချက်တစ်ခုအဖြစ် ရှိစေ၏။ ထို့ပြင် အသင်သည် (စဉ်ဆက်မပြတ် စွဲလမ်းလျက်) နစ်မြုပ်ထားရသည့် သင်၏ကိုးကွယ်ရာများကို ရှုမြင် သုံးသပ်ကြည့်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ယင်းတို့ကို လောင်ကျွမ်းစေပြီးနောက် အမှန်ပင် အမှုန်များ အဖြစ် ပင်လယ်ရေပြင်ထဲ၌ ဖြန့်ကြဲလျက် ကျန်ရစ်စေတော်မူမည် ဖြစ်၏။

[98] ဧကန်စင်စစ်၊ သင်တို့၏ကိုးကွယ်ရာအရှင်သခင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းလောကခပ်သိမ်းကို နတ္တိမှ တည်ရှိမှုသို့ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ဖြစ်၍) ထိုအရှင်မြတ်မှအပ အခြားမည်သည့်သက်ရှိသက်မဲ့မျှ ကိုးကွယ်ရာအရှင် မဖြစ်နိုင်ပေ။ ထိုအရှင်မြတ်သည် အရှင့်ဉာဏ်တော် အနန္တဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူ၏။

[99] (ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ယခင်က လွန်လေပြီးသော စံနမူနာယူဖွယ်ရာ) ဖြစ်စဉ်များ၏သတင်းအချက်အလက်များနှင့်အကြောင်းအရာများကို ထိုကဲ့သို့ပင် ပြန်ပြောင်း မိန့်ကြားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင့်ထံတော်မှ သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချီးမြှင့်ပေးအပ်တော်မူ၏။

[100] မည်သူမဆို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) မှ မျက်နှာလွှဲကျောခိုင်းခဲ့လျှင် ဧကန်ပင်၊ ထိုသူသည် (နောင်တမလွန်ဘဝ၏) ရှင်ပြန်ထရမည့်နေ့တွင် (အလွန်လေးလံသော တာဝန်) ဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ရမည်ဖြစ်၏။

[101] (ထိုကျမ်းမြတ်အား ကျောခိုင်းသူတို့သည်) ယင်း (ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးခြင်) ၌ ထာဝစဉ် ကာလအကန့်အသတ်မဲ့ ရှိကြပေမည်။ စင်စစ် ထိုဝန်ထုပ်သည် သူတို့အတွက် ရှင်ပြန်ထရမည့်နေ့တွင် အလွန်ဆိုးရွားလှသော ဝန်ထုပ်ပင် ဖြစ်လိမ့်မည်။

[102] ထို (ရှင်ပြန်ထမြောက်မည့်) နေ့တွင် တံပိုးခရာ၌ မှုတ်ပေးခြင်းခံရလိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုနေ့တွင် ရာဇဝတ်မှုကျူးလွန်သူတို့အား ဝိုးတိုးဝါးတားမျက်လုံးပိုင်ရှင်များအဖြစ် စုရုံးစေတော်မူမည်။

[103] ထို (ရှင်ပြန်ထမြောက်မည့်) နေ့တွင် သူတို့သည် အချင်းချင်းကြားဝယ် ''သင်တို့သည် (လောကီကမ္ဘာ၌) ဆယ်ရက်မျှသာ နေထိုင်ခဲ့ကြရသည်။'' ဟု တိုးတိုးတိတ်တိတ် ညည်းတွားကြပေမည်။

[104] ငါအရှင်မြတ်သည် သူတို့ပြောဆိုကြသည့်အကြောင်းနှင့်စပ်လျဉ်း၍ အသိဆုံးဖြစ်တော်မူပြီး သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။ အကြင်အခါဝယ် သူတို့အနက်မှ (စံနမူနာယူဖယ်ရာ) အမြော်အမြင်အရှိဆုံး (အတော်ဆုံးသော) ပုဂ္ဂိုလ်က ''သင်တို့သည် (လောကီဘဝသက်တမ်း၌) တစ်ရက်မျှသာ နေခဲ့ကြသည်။''ဟု ပြော ဆိုလိမ့်မည်။

[105] (တမလွန်ဘဝကို မယုံကြည်သော မိစ္ဆာဝါဒီများက ကမ္ဘာပျက်မည့်နေ့အကြောင်း မေးမြန်းကြစဉ်) သူတို့သည် အသင် (တမန်တော်) အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းနေကြ ၏။ သို့ဖြစ်ပေရာ (သူတို့အား) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ယင်း (တောင်များ) ကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင်ပေါက်ကွဲစေတော်မူ၍) အမှုန်များအဖြစ် လွင့်ပါးစေတော်မူမည် ဖြစ်၏။” ဟု ဖြေဆိုဟောပြောလော့။

[106] တစ်ဖန် ထိုအရှင်မြတ်သည် ထို (မြေကမ္ဘာ) ကို ဗလာဟင်းလင်းဖြစ်လျက် ညီညာသော လွင်ပြင်အဖြစ် ကျန်ရစ်စေတော်မူမည် ဖြစ်၏။

[107] (ထိုစဉ်) အသင်သည် ထို (မြေကမ္ဘာ) ၌ မည်သည့် ကွေ့ကောက်သောချိုင့်ဝှမ်းနှင့်မညီညာသော ကျောက်ဆောင်တောင်ကုန်းကိုမျှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

[108] ထိုနေ့တွင် လူတို့သည် ဖိတ်ခေါ်သူတစ်ဦး၏ဆင့်ခေါ်သံနောက်သို့ လမ်းလွဲခြင်းမရှိဘဲ ရိုးသား ဖြောင့်မတ်စွာ လိုက်ကြမည်ဖြစ်ရာ အသံဟူသမျှသည် အနန္တကရုဏာတော်ရှင်အတွက် နှိမ့်ချသော အနေအထား၌ ရှိကြပြီး အသင်သည် တိုးတိုးတိတ်တိတ်ပြောဆိုသော ပျော့ပျောင်းသည့် တီးတိုးသံမှအပ (အခြားမည်သည့် အသံကိုမျှ) ကြားရလိမ့်မည် မဟုတ်ပေ။

[109] ထိုနေ့တွင် ကြားဝင်အသနားခံခြင်းသည် အနန္တကရုဏာတော်ရှင်က ခွင့်ပြုချက်ပေးထားတော်မူသောသူနှင့်သူ၏အပြောအဆိုကို အရှင်မြတ်သဘောတူ လက်ခံတော်မူသော သူတို့မှအပ (အခြား မည်သူတစ်ဦးတစ်ယောက်အတွက်မျှ) အကျိုးပြုလိမ့်မည် မဟုတ်ပေ။

[110] ထိုအရှင်မြတ်သည် လူသားတို့အချင်းချင်းကြားတွင် မျက်မှောက်ကာလ၌ ထင်ထင်ရှားရှားဖြစ်ပျက်နေသည့် အကြောင်းအရာဟူသမျှကိုလည်းကောင်း၊ အတိတ်၌ ပြုခဲ့ကြသော (ရည်ရွယ်ချက်များ ပြောဆိုဆွေးနွေးချက်များနှင့်လုပ်ရပ်များ စသော) အကြောင်းအရာဟူသမျှကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်ပတ်သက်၍ လူသားတို့၏ (စွမ်းရည်စွမ်းပကား နည်းပညာအတတ်ပညာနှင့်) အသိပညာဖြင့် ဝန်းခြုံ သိနားလည်နိုင်စွမ်း မရှိသည်ကိုလည်းကောင်း၊ အကြွင်းမဲ့ သိနေတော်မူ၏။

[111] ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် လူသားတို့၏) မျက်နှာများမှာ ထာဝရရှင်နေတော်မူသော၊ တည်ရှိမြဲအတိုင်း အစဉ်တည်ရှိနေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် (ကျိုးနွံစွာဖြင့်) အောက် ကျို့လျက် ရှိကြပေမည်။ သို့သော် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံမှုအထုပ်ကိုသာ ထမ်းရွက်လာခဲ့ကြသူတို့မှာမူကား (လုပ်ရပ်များ၏အကျိုးဆက်များကို ပျက်ပြယ်ဆုံးရှုံးခံရလျက်) မုချပင် ကျဆုံးကြလိမ့်မည်။

[112] သို့ရာတွင် မည်သူမဆို ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများ (ကောင်းမြတ်သော အကျင့်သီလများ) ကို (မြဲမြံစွာ) ကျင့်မူဆောက်တည်လျှင် ထိုသူသည် သက်ဝင်ယုံကြည်သူ ဖြစ်သောကြောင့် (အရှင့်ထံ တော်မှ) မတော်မတရားအရေးယူခံရခြင်းကိုလည်းကောင်း၊ (ရသင့်ရထိုက်သော အကျိုးဆုလဒ်နှင့်ခံစားခွင့်များ) ပိတ်ပင်ထားဆီးခြင်းခံမည်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ရမည် မဟုတ်ချေ။

[113] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ကို စကားပြေပြစ်ကောင်းမွန်လှသော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်ပို့ချ၍ ပေးအပ်တော်မူပြီး ငါအရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် သို့တည်းမဟုတ် သူတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာအဖြစ် ဆွေးနွေးစေ့ဆော်ခြင်းခံရရန်အလို့ငှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ၌ (ဆက်စပ်ဖော်ပြထားသော အကြောင်းအရာ အဖုံဖုံနှင့်ရှုထောင့်အသွယ်သွယ်ဖြင့်) သတိပေးနှိုးဆော်ချက်များ ပါဝင်စေလျက် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူ၏။

[114] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းထက် အထွတ်အထိပ်ဆုံး ပကတိ အချုပ်အခြာ အာဏာအပိုင်ဆုံး ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူ၏။ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အ သင့်ထံ အရှင့် ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းအား အပြီးသတ် အတည်ပြု ပြဌာန်းတော်မမူမီ (အမိန့်တော်အား အပြီးသတ် ပို့ချပေးအပ်တော်မူသည်အထိ) ကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ (အမိန့်ပညတ်ချက်များ လက်ခံရရှိရန်နှင့်အာဂုံဆောင်နိုင်ရန်အတွက်) အလျင်စလို မပြုလေနှင့်။ ထို့ပြင် အသင်သည် ''အို၊ ကျွန်တော် မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ။'' ဟု လျှောက်ထားပန်ကြားလော့။

[115] ဧကန်ပင်၊ ငါအရှင်မြတ်သည် ယခင်က အာဒမ်နှင့်ကတိပဋိညာဉ်ထားတော်မူခဲ့သော်လည်း သူသည် (ယင်းကို) မေ့လျော့ခဲ့ရာ ငါအရှင်မြတ်သည် သူ့၌ တည်ကြည်ကြံ့ခိုင်သော စိတ်ပိုင်းဖြတ်မှုကို တွေ့တော်မမူခဲ့ချေ။

[116] (သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် ဦးချကြ၏။ စေတန် မိစ္ဆာကောင်မူကား (ဦးချခြင်းမပြုဘဲ အမိန့်တော်ကို) သွေဖည်ငြင်းပယ်ခဲ့လေ၏။

[117] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (အာဒမ်အား) “အို၊ အာဒမ်၊ ဤ (အိဗ်လီစ်စေတန်မိစ္ဆာကောင်) သည် ကား အသင်နှင့်အသင့်ဘဝဖော်တို့၏ရန်သူပင် ဖြစ်ပေရာ သူ့အား သင်တို့နှစ်ဦးစလုံးကို သုခဥယျာဉ်မှ နှင် ထုတ်စေနိုင်သည့် အခွင့်အရေး မပေးလေနှင့်။ သို့ဖြစ်ခဲ့မူ သင်တို့သည် စိတ်သောကရောက်ခြင်းကို ရင်ဆိုင်ကြုံတွေ့နိုင်၏။

[118] ဧကန်ပင်၊ သင့်အတွက် (ရိက္ခာနှင့်လိုအပ်ချက်များ ထောက်ပံ့တော်မူမည်ဖြစ်၍) ထို (သုခဥယျာဉ်) ၌ ဆာလောင်မှုကို ခံစားရလိမ့်မည်မဟုတ်သည့်အပြင် အဝတ်ဗလာကိုယ်တုံးလုံးဖြစ် (လျက် ဂုဏ်သိက္ခာမဲ့မှုကို ခံစား) ရလိမ့်မည်လည်း မဟုတ်ချေ။

[119] ထို့ပြင် ဧကန်စင်စစ်၊ အသင်သည် ထိုသုခဥယျာဉ်၌ ရေငတ်ခြင်းကို မခံစားရသည့်အပြင် နေပူဒဏ်ကိုလည်း ခံစားရမည် မဟုတ်ချေ။

[120] ထို့နောက် စေတန်မိစ္ဆာကောင်သည် အာဒမ်၏စိတ်တွင်းဝယ် (မကောင်းသည့်အကြံဉာဏ် တီးတိုး ပြော လျက်) စေ့ဆော်ဖြားယောင်းကာ “အို၊ အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်ထာဝရရှင်သန်မှုနှင့်ဆိုင်သော သစ်ပင်ကိုလည်းကောင်း၊ ဆုတ်ယုတ်ပျက်စီးလိမ့်မည်မဟုတ်သော အချုပ်အခြာအာဏာကိုလည်းကောင်း၊ ညွှန်ပြရမည်လော။” ဟု မေးမြန်းခဲ့၏။

[121] သို့ဖြစ်ပေရာ သူတို့နှစ်ဦးစလုံးသည် ယင်း (သစ်ပင်) မှ စားသုံးခဲ့ကြလေ၏။ ထိုအခါ သူတို့နှစ်ဦးစလုံး၏ (ယခင်က သတိမထားမိသော) အရှက်အင်္ဂါများသည် သူတို့ရှေ့ဝယ် စတင်ပေါ်သွား (သကဲ့သို့ ယင်းတို့နှင့်စပ်လျဉ်း၍ အာရုံခံစားမှုကို သတိပြုမိ) လေရာ သူတို့၏ (အရှက်များ) အပေါ်တွင် သုခဥယျာဉ်မှ သစ်ရွက်များဖြင့် အလျင်စလို ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေ၏။ စင်စစ် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏အမိန့်တော်) ကို မနာခံ၊ မလိုက်နာခဲ့သောကြောင့် လမ်းမှန်မှ လွဲခဲ့ရလေသည်။

[122] ထို့နောက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အာဒမ်ကို ရွေးချယ်တော်မူခဲ့လေရာ၊ ထိုအရှင်မြတ်သည် သူ့ဘက်သို့ ကရုဏာတော်နှင့်ပြန်လှည့်တော်မူ (၍ သူ၏ ဝန်ချတောင်းပန်မှုကို သဘောတူလက်ခံတော်မူ) ပြီး သူ့ကို တရားလမ်းမှန် ညွှန်ပြတော်မူခဲ့လေသည်။

[123] အရှင်မြတ်က သင်တို့အားလုံး (အာဒမ်တို့နှစ်ဦးနှင့်စေတန်) သည် သင်တို့အနက်မှ အချို့သည် အချို့၏ ရန်သူများဖြစ်ကြလျက် ယင်း (သုခဥယျာဉ်) မှ ဆင်းသွားကြလော့။ ထို့နောက် အကယ်၍ ငါအရှင်မြတ်ထံတော်မှ သင်တို့ထံ တရားလမ်းညွှန်ကို ရောက်ရှိစေတော်မူသောအခါ မည်သူမဆို ငါအရှင်မြတ်၏တရားလမ်းညွှန် အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှား ရောက်လိမ့်မည် မဟုတ်ပေ။ စိတ်သောကရောက်ခြင်းကို ရင်ဆိုင်ကြုံတွေ့ရမည်လည်း မဟုတ်ချေ။

[124] သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) မှ မျက်နှာလွှဲ ကျောခိုင်းလျှင် ဧကန်ပင်၊ ထိုသူအတွက် လောကီဘဝ သက်တမ်း၏အကျိုး ခံစားမှုများတွင် ကျပ် တည်းခက်ခဲမှုများ ဖြစ်စေတော်မူပြီး ရှင်ပြန်ထမြောက်မည့်နေ့တွင်လည်း ငါအရှင်မြတ်သည် သူ့ကို မျက်ကန်းအ ဖြစ် ရှင်ပြန်ထစေ၍ စုရုံးစေတော်မူမည် ဖြစ်သည်။

[125] (ထိုအခါ) ထိုသူက ''အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန််ုပသည် လောကီဘဝ၌ မျက်စိမြင်သူ (တစ်ဦး) ဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်ုပ်အား မျက်ကန်းအဖြစ် ရှင်ပြန်ထစေ၍ စုရုံးစေတော်မူပါသနည်း။''ဟု လျှောက်ထားပေမည်။

[126] (ထိုအခါ) အရှင်မြတ်က “ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများသည် အသင့်ထံ ရောက်ရှိစေ တော်မူသော်လည်း အသင်သည် (အမြော်အမြင်ရှိပါလျက် ယင်းတို့ကို) ထိုနည်းအတိုင်းပင် မေ့လျော့ ၍ စွန့်ပစ်ထားခဲ့လေ၏။ ထိုကဲ့သို့ပင် ယနေ့ အသင်သည်လည်း ဥပေက္ခာပြုမေ့လျော့ခြင်းကိုခံရခြင်း ဖြစ်၏။

[127] စင်စစ်သော်ကား ငါအရှင်မြတ်သည် စည်းဘောင်ကို ကျူးလွန်၍ လွန်လွန်ကျွံကျွံ ပြုလုပ်သူ (အလွဲသုံး စားပြုသူ) နှင့်သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို မယုံကြည်သူတို့အား ထိုနည်းအတိုင်း (ဤလောကီဘဝသက်တမ်း၌ သူတို့၏လုပ်ရပ် နှင့်အညီ) အစားပေးတော်မူပြီး နောင်တမလွန်ဘဝ၏ပြစ်ဒဏ်သည်ကား ပိုမို၍ပင် ပြင်းထန်လှသည့်အပြင် ပိုမို၍ ပင် မြဲမြံတည်တံ့လိမ့်မည် ဖြစ်၏။

[128] ငါအရှင်မြတ်သည် သူတို့မတိုင်မီ သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာ လှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့မည်မျှအား တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) က သူတို့အား (တရားလမ်းမှန်ရစေရန်) မညွှန်ပြလေသလော။ ဧကန်စင်စစ်၊ ထိုသို့ဖြစ် ပျက်ခဲ့ခြင်း၌ ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်မြော်မြင် နားလည်နိုင်စွမ်းသော ပညာရှင်များအတွက် (ထင်ရှားသော) အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[129] အကယ်၍သာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ (တမလွန်တရားစီမည့်နေ့ကို) မူလကပင် အမိန့်တော်တစ်ရပ်အဖြစ် ပြဌာန်းတော်မမူခဲ့လျှင် (ဒဏ် ခတ်အရေးယူခြင်းသည်) အခိုင်အမာဆုံးဖြတ်၍ သတ်မှတ်ထားသော အချိန်ကာလတစ်ခု၌ပင် (မလွှဲမရှောင်သာ ဆိုက်ရောက်စေတော်မူရန်) အမှန်ပင် တာဝန်တစ်ရပ်ဖြစ်ခဲ့လိမ့်မည်။

[130] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ပြောဆိုနေသမျှနှင့်စပ်လျဉ်း၍ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်လော့။ ထို့ပြင် အသင်သည် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် (နှင့်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှဖြင့် တင်းတိမ်ရောင့်ရဲနိုင်ရန်အလို့ငှာ) နံနက်နေမထွက်မီနှင့်ညနေနေမဝင်မီလည်းကောင်း၊ ညအချိန်များနှင့်နေ့၏အစွန်အဖျားများ၌လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[131] ထို့ပြင် ငါအရှင်မြတ်က (မယုံကြည်သူများအပါအဝင် လူသားများဖြစ်ကြသော) သူတို့အနက်မှ ထိုလောကီဘဝ၌ စမ်းသပ်တော်မူရန်အလို့ငှာ (အကောင်းနှင့်အဆိုး ဆင်းရဲချမ်းသာ စသော) ဆန့်ကျင်ဘက်စုံတွဲများကို လောကီဘဝသက်တမ်း၏ခံ့ညားထည်ဝါမှုအဖြစ် ဖြစ်စေတော်မူပြီး ယင်းနှင့်အတူ လောကီအကျိုးခံစားခွင့်များဘက်သို့ အသင် (တမန်တော်) ၏ မျက်စိများကို အားစိုက်၍ မကြည့်မိစေနှင့်။ အမှန်မှာ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ချီးမြှင့်ထောက်ပံ့တော်မူထားသော) စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များဆိုင်ရာ နိယာမတရားများ) သည်သာလျှင် ကောင်းမြတ်ဆုံးနှင့်အတည်တံ့ အမြဲမြံဆုံးပင် ဖြစ်၏။

[132] ထို့ပြင် သင်၏မိသားစုနှင့်အသိုင်းအဝိုင်းကို ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်စေရန် အမိန့်ပေးတိုက်တွန်းနှိုးဆော်လော့။ ထို (ရပ်တည်ချက်) အပေါ်တွင် (ဇွဲ၊ လုံ့လ၊ ဝီ ရိယဖြင့် မယိမ်းမယိုင် တည်ကြည်မြဲမြံစွာ) သည်းခံကြံ့ခိုင်လော့။ ငါအရှင်မြတ်သည် အသင့်ထံတွင် စားနပ်ရိက္ခာ ကို တောင်းခံတော်မူမည် မဟုတ်ပေ။ ငါအရှင်မြတ်သည်သာလျှင် အသင့်အား စား နပ်ရိက္ခာ (နှင့်အခြားအသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံး) ကို ချီးမြှင့် ဖြည့်ဆည်း ပေးတော်မူ၏။ အမှန်စင်စစ် (တပ်မက်စရာ ကောင်းသော) နောက်ဆုံးအကျိုးဆုလဒ်သည် မွတ္တကီ (ခေါ် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက်သာ ဖြစ်၏။

[133] ထို့ပြင် သူတို့က (တမန်တော်ဖြစ်သော) သူသည် အဘယ်ကြောင့် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အာယသ်သက်သေလက္ခဏာ (နိယာမတရားနှင့်ဆန့်ကျင်သည့် အံ့ဖွယ်ရာ) တစ်စုံတစ်ရာကို ဖြစ်ပေါ်စေ၍ ကျွန်ုပ်တို့ထံ ယူဆောင်ခြင်း မရှိသနည်း။” ဟု မေးမြန်ကြ၏။ သူတို့ထံ ရှေးကျမ်းများ၌လာရှိသော မြင်သာထင်ရှားပြီး လုံလောက်သောအံ့ဖွယ်ဖြစ်သည့်) ရှင်းလင်းချက်များသည် ရောက်ရှိလာခဲ့ပြီ မဟုတ်လော။

[134] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ထို (တမန်တော်မုဟမ္မဒ်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) မတိုင်မီ ပြစ်ဒဏ် တစ်စုံတစ်ရာဖြင့် တိမ်ကောပျက်စီးစေတော်မူခဲ့လျှင် သူတို့က ''အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အဘယ်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့ (စေလွှတ်တော်မူခဲ့) လျှင် ကျွန်ုပ်တို့သည် ဂုဏ်အသရေ နိမ့်မကျကြမီနှင့်အရှက်တကွဲ မဖြစ်ကြမီ အသင် (အရှင်မြတ်၏) အာယသ်သက်သေလက္ခဏာတော်များကို လိုက်နာကြမည်သာ ဖြစ်၏။'' ဟု ပြောဆိုကြပေမည်။

[135] (အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်နှင့်သင်တို့အပါအဝင် အားလုံးကိုယ်စီသည်ပင် (လုပ်ရပ် အပြုအမူ၏အကျိုးဆက်အဖြစ် အနာဂတ်က မည်သည်တို့ကို ယူဆောင်လာနိုင်ကြောင်း တွက်ချက်မှန်းဆ၍) စောင့်မျှော်သင့်သည့်အတိုင်း စောင့်မျှော်နေကြလော့။ သို့ (စောင့်မျှော်ကြ) လျှင် မည်သူတို့သည် ဖြောင့်မတ် ပြေပြစ်၍ သဟဇာတဖြစ်သော လမ်းစဉ်၌ ရပ်တည်နေကြပြီး မည်သူတို့သည် တရားလမ်းမှန် ညွှန် ပြခံကြရသည်ကို မကြာမီ အသင်တို့ သိနားလည်ကြလိမ့်မည်။

ပရောဖက်များ

Surah 21

[1] လူသားတို့အတွက် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း၍ အစစ်ဆေးခံစေကာ စာရင်းရှင်းရမည့် အချိန်ကာလသည် သူတိုနှင့်အလွန်ပင် နီးစပ်ချဉ်းကပ်လာနေပြီး သူတို့မှာမူကား လောကီအလိုရမ္မက်များ၌ နစ်မြုပ်လျက် ယင်းကို ဂရုမစိုက်အလေးမထားနိုင်ဘဲ မျက်နှာလွှဲကျောခိုင်းနေသူများ ဖြစ်နေကြ၏။

[2] သူတို့ထံ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ မည်သည့် သစ်လွင်သော သတိရ တသ၍ ဖွင့်ဟစရာ (လမ်းညွှန်တော်) ရောက်ရှိလာသည်ဖြစ်စေ၊ သူတို့ သည် အပျော်အပါးသဘောနှင့်ဟန်ဆောင်သည့်အမူအရာဖြင့်သာ နားထောင်ကြ၏။

[3] သူတို့၏နှလုံးသားများသည် (အမှန်တရားကို အလေးအနက် အာရုံမစိုက်နိုင်ဘဲ အပျော်သဘောဖြင့်သာ နားစိုက်၍) အာရုံထွေပြားနေတတ်၏။ ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မ ဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အချင်းချင်းကြားတွင် သီးသန့် သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင်ခဲ့သည်ကို လျှို့ဝှက်ဖုံးကွယ်ထားကြလျက် “ဤ (တမန်တော်) သည် သင်တို့ကဲ့သို့ လူသားတစ်ဦးမျှသာ ဖြစ်၏။ သို့ပါလျက် သင်တို့သည် သိမြင်နားလည်ကြလျက် မှော်ပညာ (၏ညှို့ဖမ်းစားမှုခံရန် ယင်းအပါး) ကို ချဉ်းကပ်ကြမည်လော့။” ဟု တိတ်တဆိတ်ဆွေးနွေးကြ၏။

[4] (တမန်တော်က) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသော စကားလုံးနှင့်အသံအားလုံးကို အကြွင်းမဲ့ သိတော်မူ၏။ စင် စစ် ထိုအရှင်မြတ်သည် သက်ရှိသက်မဲ့တို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[5] အမှန်မှာ (အရှင်မြတ်ကို မယုံကြည်သော မိစ္ဆာဝါဒီတို့က ကျမ်းမြတ်ကုရ်အာန်၏အရင်းအမြစ်နှင့်စပ်လျဉ်း၍ ဇဝေဇဝါဖြစ်လျက် ယင်းကို တမန်တော်မုဟမ္မဒ်၏) ဂယောင်ချောက်ချား မြင်မက်သော အိပ်မက်မျှသာ ဖြစ်နိုင်၏။ သူက ကြံစည်ဖန်တီးထားသော အရာဖြစ်နိုင်၏။ သူသည် ကဗျာဆရာတစ်ဦး ဖြစ်နိုင်၏။ (စသည့် သူတို့၏ ထင်မြင်ယူဆချက်များဖြင့် အမျိုးမျိုး စွပ်စွဲပြီးနောက် အကယ်၍ သူသည် တမန်တော်ဖြစ်ကြောင်း မှန်ကန်လျှင်) သူ့ကို ရှေးခေတ်လူတို့ထံ စေလွှတ်တော်မူသည့် တမန်တော်များကဲ့သို့ပင် ကျွန်ုပ်တို့ထံလည်း အံ့ဖွယ်သက်သေလက္ခဏာတစ်ခုနှင့်အတူ ယူဆောင်စေ၍ လာစေလော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြသည်။

[6] သူတို့မတိုင်မီ ရှိခဲ့ကြသောလူမျိုးများထံ အံ့ဖွယ်သက်သေလက္ခဏာများနှင့်အတူ တမန်တော်များ ရောက်ခဲ့ကြသော်လည်း သူတို့မူကား မယုံကြည်ကြသဖြင့် ငါအရှင်မြတ်သည် ထိုမြို့ရွာဒေသဟူသမျှကို တိမ် ကောပျက်စီးစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (ယခုအချိန်မှာ အံ့ဖွယ်မြင်ရုံဖြင့်) သူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။

[7] စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ အမျိုးသားများကိုသာလျှင် ဝဟီအမိန့်တော်ထုတ် ပြန်ပို့ချပေးအပ်တော်မူ၍ သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် (တ ရားတော် အကြောင်းကို သင်တို့ကိုယ်တိုင်) မသိကြလျှင် (အရှင့်ထံတော်မှ ဖြစ်သော) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) နှင့်ပတ်သက်၍ ဂဃနဏ သိနားလည်သော ပညာရှင်များကို မေးမြန်းကြလော့။

[8] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြ​သော) သူတို့အား အစာအဟာရစားသောက်ရန် မလို သော ခန္ဓာကိုယ်များဖြင့် ဖြစ်တည်မျိုးပွားစေတော်မမူသည့်အပြင် သူတို့သည် (ဤလောကီကမ္ဘာ၌) ကာ လအ ကန့်အသတ်မဲ့ (အစဉ်ထာဝရ အသက်ရှင်) နေကြသူများလည်း မဖြစ်ကြချေ။

[9] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြ​သော) သူတို့အပေါ် (ထားခဲ့တော်မူသော) ကတိတော် ကို ဖြောင့်မတ်မှန်ကန်စွာ ပြည့်မီစေတော်မူခဲ့၏။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကိုလည်း ကောင်း၊ အရှင့် ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူသော (ယုံကြည်သူ) သူတို့ကိုလည်းကောင်း၊ ကယ်တင်တော် မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ တရားလွန်ကဲသူများ (အလွဲသုံးစားပြုသူများ) ကိုမူ ပျက်စီးတိမ်ကောစေတော်မူ၏။

[10] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တို့ထံ ကျမ်းတော်တစ်စောင်ကို ပေးအပ်တော်မူပြီး ထို (ကျမ်းတော်) ၌ (သင်တို့၏ဂုဏ်သိက္ခာနှင့်ဘဝသာယာအေးချမ်းရေးအတွက် စံနမူနာယူဖွယ်ရာများ) သင်တို့အား သ တိရစေသည့် သင်တို့၏အကြောင်းအရာများ ပါဝင်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် (ထိုကျမ်းတော်ကို) နားလည်နိုင်အောင် ဆင်ခြင်တုံတရားသုံး၍ မတွေးခေါ် ကြသလော။

[11] ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံခဲ့သော မြို့ရွာနယ်မြေဒေသများ မည်ရွေ့မည်မျှကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေတော်မူပြီး သူတို့နောက်တွင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူ (ခဲ့ကြောင်း လူ့သမိုင်းစာမျက်နှာများတွင် လေ့လာသိမြင်နိုင်) ၏။

[12] သို့ဖြစ်ပေရာ (ထိုမြို့ရွာဒေသများနေ ပြည်သူများဖြစ်ကြသော) သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (ကပ်ဘေးသက်ရောက်လာသည်) ကို သတိမူတွေ့ကြုံခံစားလာကြသောအခါ (သူတို့သည်) ထို (မြို့ရွာဒေသ များ) မှ ထွက်ပြေးရန် ကြိုးစားကြ၏။

[13] (ထိုစဉ် မလာအီကာတမန်များက သူတို့စိတ်နှလုံးထဲ၌) ''အသင်တို့သည် ထွက်ပြေးရန် မကြိုးစားကြလေနှင့်။ (ချို့တဲ့ဆင်းရဲသူတို့၏အကူအညီအတွက် မေတ္တာရပ်ခံမှု သင်တို့၏တန်ဖိုးရှိသော အကြံအတွက် အ သနားခံမှုနှင့်ဂုဏ်ပြုမှုစသည်ဖြင့်) သင်တို့ထံ အသနားခံတောင်းဆိုမှုများ ပြုလုပ်နိုင်ရန်အလို့ငှာ အသင်တို့သည် သင်တို့၏မြို့ရွာဒေသရှိ အိမ်ဗိမာန်များနှင့် ထိုအိမ်များအတွင်းရှိ ချီးမြှင့်ပေးအပ်ခြင်း ခံကြရသော ဓနစည်းစိမ်များဘက်သို့ (ယင်းတို့ကို အဆုံးရှုံးမခံဘဲ ဂုဏ်သိက္ခာရှိသောဘဝဖြင့် အေးချမ်းစွာ နေထိုင်နိုင်ရန်) ပြန်လှည့်ကြလော့။

[14] သူတို့က ''သြော်၊ ဖြစ်မှဖြစ်ရလေ၊ ကျွန်ုပ်တို့က ဒုက္ခလှလှ တွေ့ရပြီ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူများပင် ဖြစ်ကြ ၏။'' ဟု ပြောဆို (ညည်းညူ) ခဲ့ကြ၏။

[15] သူတို့၏ထိုဟစ်ခေါ်ညည်းညူငိုကြွေးမှုများသည် ငါအရှင်မြတ်က သူတို့အား (သီးနှံများကို ရိတ်သိမ်းပြီး၍ ပြောင်သွားသကဲ့သို့ သူတို့၏ဥစ္စာဓနများ လောင်းကျွမ်းစေပြီး ပြာပုံဖြစ်စေလျက်) ရိတ်သိမ်းစရာများအား အနိဌာရုံဖြစ်စေတော်မူသည်အထိ ရပ်စဲလိမ့်မည် မဟုတ်ချေ။

[16] ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့ထဲ၌ ရှိသောအရာဟူသမျှကိုလည်းကောင်း၊ (အချည်းနှီးသော) ဆော့ကစားစရာအဖြစ် ဖြစ်ပေါ်ဖြစ်တည်စေတော်မူသည် မ ဟုတ်ပေ။

[17] အကယ်၍ ငါအရှင်မြတ်သည် (ကောင်းကင်များ ကမ္ဘာဂြိုဟ်နှင့်ယင်းတို့အတွင်း၌ ရှိသမျှကို) အပန်းဖြေစရာအဖြစ်သာ ဖြစ်ပေါ်ဖြစ်တည်စေရန် ရည်ရွယ်တော်မူခဲ့လျှင် အကယ်၍ ငါအရှင်မြတ်သည် ထိုသို့ပြု လုပ်ဖြစ်စေတော်မူသည့် အရှင်ဖြစ်တော်မူလျှင် ယင်းကို ဧကန်မုချ၊ အရှင့်ထံတော်၌ပင် ရှိစေတော်မူမည် ဖြစ်၏။

[18] အမှန်မှာ ငါအရှင်မြတ်သည် မိစ္ဆာတရားအပေါ် အမှန်တရားသစ္စာဖြင့် ပစ်ပေါက်တော်မူ၍ ယင်း (မိစ္ဆာ တရား) ၏ခေါင်းကို ကွဲစေတော်မူရာ ယင်းသည် လုံးဝ မှေးမှိန်ပျောက်ကွယ်သွားသည့်အရာ ဖြစ်လာခဲ့၏။ စင်စစ် သင်တို့အား ဒုက္ခလှလှတွေ့စေတော်မူ (ရန်ခွင့်ပြုတော်မူ) ခြင်းသည် သင်တို့က (အရှင့်ဂုဏ်တော်များနှင့်ဆန့် ကျင်၍ ကြံဖန်စွပ်စွဲချက်အမျိုးမျိုးဖြင့်) ဒုက္ခရောက်စေသည့် အကြောင်းတရားဖြစ်စေသည့် အတွက်ကြောင့်ပင် ဖြစ်၏။

[19] စင်စစ်သော်ကား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသူအားလုံးသည် (အရှင့်နိယာမတော်နှင့်အညီ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၍) ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြ၏။ ထို့ပြင် အရှင်မြတ် ၏အပါးတော်၌ရှိနေ (သော မလာအီကာစေတမန်များဖြစ်ကြသည့်) သူတို့သည် အရှင်မြတ်အား နာခံကိုးကွယ်ခြင်း ၌ မာန်မာနထောင်လွှားကြသည် မဟုတ်သည့်အပြင် မောပန်းငြိးငွေ့ကြသည်လည်း မရှိကြပေ။

[20] (ထိုမလာအီကာစေတမန်များသည်) ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို နေ့ညမပြတ် ဂုဏ်တင်ကြပြီး မည်သည့်အခါမျှ မောပန်း၍ ဇွဲလျော့လျက် ရပ်တန့်ကြသည် ဟူ၍လည်း မရှိကြပေ။

[21] (မလာအီကာစေတမန်များနှင့်မတူဘဲ အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေနေသူများလည်း ရှိကြ၏။) သို့တည်းမဟုတ် သူတို့သည် ကမ္ဘာဂြိုဟ်မှဖြစ်သော (သေကြေပျက်စီးပြီးနောက်) ရှင်ပြန်ထစေမည့်အရာများသာ ဖြစ်သည့် (သက်ရှိသက်မဲ့ရုပ်ပွားဆင်းတု အစရှိသော) အရာများကို ကိုးကွယ်ရာများအဖြစ် အယူထား၍ ကိုးကွယ်ကြလေသလော။

[22] အကယ်၍ ယင်း (မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်) တို့နှစ်ခုစလုံးတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား (သက်ရှိသက်မဲ့ရုပ်ပွားဆင်းတု အစရှိသော) ကိုးကွယ်ရာများရှိခဲ့ကြလျှင် (မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုဟ်တို့၏လည်ပတ်မှုဆိုင်ရာ နိယာမများနှင့်နည်းစနစ်များသည် တသမတ်တည်း တစ်ပုံတည်းမရှိဘဲ အမျိုးမျိုးကွဲပြားလျက် ဖရိုဖရဲဖြစ်ကာ) ယင်းတို့နှစ်ခုစလုံးသည် ဧကန်မုချ ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ သို့ဖြစ်ပေရာ (စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ သူတို့ကြံစည်ဖန်တီးထားသောအရာများမှ (လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ် တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[23] ထိုအရှင်မြတ်သည် အရှင်မြတ်က ပြုလုပ်တော်မူသောကိစ္စများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံရတော်မူမည် မဟုတ်ပေ။ သို့ရာတွင် သူတို့မူကား (မိမိတို့ ပြုလုပ်ကြသော အမှုကိစ္စတို့နှင့်စပ်လျဉ်း၍) စစ် ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။

[24] (အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်တုပ ပြိုင်ဆိုင်နိုင်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့သော်လည်း အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေ နေသူများလည်း ရှိကြ၏။) သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ အခြားသော (သက်ရှိသက်မဲ့၊ ရုပ်ဆင်းပွားအစရှိသော) အရာများကို ကိုးကွယ်ရာများအဖြစ် အယူထား ယုံကြည်ကိုးကွယ်ကြသလော။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့သည် (သင်တို့ ယုံကြည်ကိုးကွယ်နေကြသော ကိုးကွယ်ရာများက လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်စေကြောင်း) သင်တို့၏သက်သေအထောက်အထားများ ယူဆောင်တင်ပြကြလော့။ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည် ကျွန်ုပ်နှင့်အတူရှိ ကြသော (ကျွန်ုပ်၏နောက်လိုက်များဖြစ်သော) သူတို့အတွက် သတိရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော် ချက်) နှင့်ကျွန်ုပ်မတိုင်မီ ရှိခဲ့ကြသောသူတို့အတွက်လည်း သတိ ရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော်ချက်) ပင် ဖြစ်၏။ အမှန်မှာ (ယခင် ချမှတ်ပေးအပ်ခဲ့သမျှ ကျမ်းအားလုံးနှင့်ကျမ်းတော်မြတ်ကုရ်အာန်တွင်ပါ) အလ္လဟ်အရှင် မြတ်တစ်ပါးတည်းကိုသာ ယုံကြည်ကိုး ကွယ်ရန် အမိန့်ပေးတိုက်တွန်းခဲ့၏။ သို့သော်) သူတို့အနက် အများစုမှာ မူကား အမှန်တရားသစ္စာကို မသိကြသောကြောင့် သူတို့သည် (ဤကျမ်းတော်မြတ်မှ) မျက်နှာလွှဲ၍ ကျောခိုင်းနေကြ၏။

[25] ငါအရှင်မြတ်သည် အသင်မတိုင်မီ မည်သည့်ရစူလ်တမန်တော်ကိုမျှ “ငါအရှင်မြတ်မှလွဲ၍ အခြားကိုး ကွယ်ရာ (အဖြစ် ယုံကြည်ကိုးကွယ်ထိုက်သော မည်သည့်သက်ရှိသက်မဲ့ရုပ်တုဆင်းပွား) မျှ အလျှင်း မရှိကြောင်းကို ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချပေးအပ်တော်မူခြင်းမှအပ (အခြားမည်သည့် ရည်ရွယ်အတွက်မျှ) စေလွှတ် တော်မူခဲ့သည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အား သာလျှင် နာခံကိုးကွယ်ကြလော့။” ဟု ဟောပြောလော့။

[26] ထို့ပြင် (သားတော်အယူရှိကြသော) သူတို့သည် အနန္တကရုဏာတော်ရှင်က (အရှင့်အတွက်) သား တော်တစ်ပါး ဖြစ်စေတော်မူ၏။ ဟု (စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေ တော်မမူခြင်းနှင့်ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့် ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။ အမှန်မှာ (လူသားတို့က ကိုးကွယ်ရာများအဖြစ်အယူထား၍ ယုံကြည် ကိုးကွယ်နေကြသော စေတမန်များ တမန်တော်များနှင့်) အခြားသော ကိုးကွယ်ရာဟူသမျှတို့သည် ထိုအရှင်မြတ်၏ဂုဏ်သရေရှိသော အစေခံများသာ ဖြစ်ကြကုန်၏။

[27] (အရှင့်စေတမန်များနှင့်တမန်တော်များဖြစ်ကြသော) သူတို့သည်ကား အပြောအဆိုနှင့်စပ်လျဉ်း ထိုအရှင်မြတ်ကိုသာ ဦးထိပ်ထားလျက် အရှင်မြတ်မိန့်တော်မူသမျှနှင့်အရှင်မြတ် ခွင့်ပြုထားသမျှကိုသာလျှင် ပြောဆိုကြပြီး သူတို့သည် အရှင်မြတ်၏အမိန့်ညွှန်ကြားချက်နှင့်အညီသာ (တစ်သွေမတိမ်း) လိုက်နာဆောင်ရွက်ကြ၏။

[28] ထိုအရှင်မြတ်သည် သူတို့၏ရှေ့နောက် (အတိတ်၊ ပစ္စုပ္ပန်နှင့်သူတို့သိထားသော သူတို့မှ ထိန်ချန် ဖုံးကွယ်ထားသော) အကြောင်းကိစ္စ အလုံးစုံတို့ကို (အကြွင်းမဲ့) သိနေတော်မူပြီး (အရှင့်စေတမန်များနှင့်တမန်တော်များဖြစ်ကြသော) သူတို့သည် ထိုအရှင်မြတ် ကျေနပ်နှစ်သက်တော်မူသောသူမှအပ အခြား မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ကြားဝင် အသနားခံနိုင်ကြမည် မဟုတ်သည့်အပြင် သူတို့သည် ထိုအရှင်မြတ်အား စိုးရွံ့ထိတ်လန့် ရိုသေခန့်ညားမှုကြောင့် (အမြဲတစေ) ကြောက်ရွံ့တုန်လှုပ်နေသူများပင် ဖြစ်ကြ၏။

[29] စင်စစ် သူတို့အနက် မည်သူမဆို “ကျွန်ုပ်သည် ထိုအရှင်မြတ်အပြင် (ကိုးကွယ်ထိုက်သော) အခြား ကိုးကွယ်ရာအရှင် (တစ်ပါး) ဖြစ်သည်ဟု ပြောဆိုပါမူ ငါအရှင်မြတ်သည် သူအား ထိုသို့ပြောဆိုခြင်း၏ပေး ဆပ်မှု အကျိုးဆက်အဖြစ် ငရဲဘုံ၏ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား ထိုနည်းအတိုင်းပင် (လုပ်ရပ်၏အကျိုးဆက်အဖြစ်) ပေးဆပ်မှုကို ပေးစေတော်မူ၏။

[30] ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်သည် တချိန်က တစ်ခုတည်းသောအရာအဖြစ် ပေါင်းစပ်လျက်ရှိခဲ့ရာ ငါအရှင်မြတ်သည် ယင်းတို့နှစ်ခုစလုံးအား သီးခြားစီတည်ရှိသောအရာများအဖြစ် ခွဲထွက် စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သက်ရှိသတ္တဝါခပ်သိမ်းကို ရေမှ ဖွဲ့စည်းဖြစ်တည် ပေါ်ထွက်စေတော်မူ၏။ (ထိုသက်ရှိတို့၏ မျိုးပွားဖြစ်စဉ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည့်တိုင်) သူတို့သည် သင်ဝင်ယုံကြည်နိုင်ခြင်း မရှိကြလေသလော။

[31] ထို့ပြင် ငါအရှင်မြတ်သည် မြေကမ္ဘာ၌ ယင်းတို့ဖြင့် ထိုမြေကမ္ဘာ၏တုန်လှုပ်မှုကို ထိန်းချုပ်နိုင်ရန် (ကျောက်ဆူးများပမာ) တောင်များကို အခိုင်အမာဖွဲ့စည်းပေါ်ထွက်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ (လမ်းရှာတွေ့နိုင်မည့်) လမ်းညွှန်ရရှိရန်အလို့ငှာ ယင်း (မြေကမ္ဘာ) ၌ အဝေးပြေးလမ်းမကြီးများ (တောင်ကြားလမ်းများ) ကို ဖြစ်တည်ပေါ်ထွက်စေတော်၏။

[32] ငါအရှင်မြတ်သည် မိုးကောင်းကင်ကို (မပျက်စီး မပြိုပျက်အောင် အခိုင်အမာ ကာကွယ်) ထိန်းသိမ်း ထားသောအမိုး ဖြစ်စေတော်မူပါလျက် သူတို့သည် ယင်း (စကြဝဠာ) ရှိ သက်သေလက္ခဏာတော်များမှ မျက်နှာလွှဲ ကျောခိုင်းသူများ ဖြစ်ကြ၏။

[33] ထိုအရှင်မြတ်သည်ပင် ညနှင့်နေ့ကိုလည်းကောင်း၊ နေနှင့်လကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ (ထိုဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (ယင်းတို့နှင့်သက်ဆိုင်ရာ) ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ပင် ရှိကြကုန်သတည်း။

[34] စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် မည်သည့် လူသားတစ်ဦး တစ်ယောက်၌မျှပင် သေခြင်းကင်း သည့်အနေကို ပြုလုပ်တော်မမူခဲ့ချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည် သေဆုံးခဲ့ပါလျှင် သူတို့ သည် အစဉ်ထာဝရ နေကြမည့်သူများ ဖြစ်ကြလေသလော။

[35] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးထားတော်မူသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ် သို့မဟုတ်) သက်ရှိတိုင်းသည် (ထိုမျိုးရိုးဗီဇထဲရှိ အရည်အသွေးများကို အရှင့်စည်းမျဉ်းတော် နိယာမတရားနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသည်ဖြစ်စေ၊ စိတ်အလိုဆန္ဒနှင့်အညီ အသုံးချ ၍ ဆုတ်ယုတ်ယုတ်ညံ့စေသည်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ရောက်လာလျှင်) သေခြင်းတရားကို မြည်း စမ်းရမည်။ ငါအရှင်မြတ်သည် သင်တို့အား ဆိုးသော ဘဝအခြေအ နေကိုလည်းကောင်း၊ ကောင်းသောဘဝအခြေအနေကိုလည်းကောင်း၊ (သင်တို့၏စစ်မှန်သောစရိုက်ကို ထင်ရှားစေသည့်) စမ်းသပ်စရာ နည်းလမ်းအဖြစ် စမ်းသပ်တော်မူ၏။ ထို့ပြင် သင်တို့သည် (နောင်တမလွန်၌ အရှင့်ရှေ့တော်မှောက်၌ အစစ်ဆေးခံရန်) ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်စေတော်မူခြင်း ခံကြရပေမည်။

[36] ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် အသင့်အား (အမှန်တရားသစ္စာကို သာ သွန်သင်သူအဖြစ်) တွေ့မြင်ကြသောအခါ (ထိုအမှန်တရားနှင့်မယှဉ်ပြိုင်နိုင်သဖြင့်) ပြောင်လှောင်သ ရော်မှု ပြုကြရန်အတွက်သာ ပစ်မှတ်ထားကြပြီး “အသင်တို့၏ကိုးကွယ်ရာများအား သတိရ တသ၍ ဖွင့်ဟရမည့်အစား အနန္တကရုဏာတော်ရှင်ကိုသာလျှင် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းဖြင့် ထိုကိုး ကွယ်ရာများကို ကိုးကွယ်ကြ သူတို့မှာ မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြကြောင်း ပြောဆိုနေသူမှာ ဤပုဂ္ဂိုလ်လော။” ဟု ကဲ့ရဲ့ပြောဆိုကြ၏။

[37] လူသားသည် (သူ့သဘောသဘာဝအရ လုံလောက်သည့် အမြင်ကျယ်မှုမရှိကြဘဲ) စိတ်မြန်လက် မြန်လုပ်ဆောင်သူများအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသူများ ဖြစ်ကြ၏။ မကြာမီ ငါအရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို သင်တို့အား ပြသတော်မူမည်ဖြစ်ပေရာ သင်တို့သည် (ထိုအမှန် တရားများကို မျက်ဝါးထင်ထင် တွေ့ရလိမ့်မည်ဖြစ်သောကြောင့် အမှန်တရားများကို ငြင်းပယ်ရာ၌) စိတ်မြန်လက်မြန် မပြုလုပ်ကြလေနှင့်။

[38] ထို့ပြင် သူတို့က ''အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြလျှင် ဤကတိတော်သည် မည်သည့်အခါ၌ ပြီးမြောက်မည်နည်း။'' ဟု မေးမြန်းပြောဆိုကြ၏။

[39] အကယ်၍သာ မယုံကြည်သူအမှန်တရားကို ဖီဆန်ငြင်းပယ်သူသွေဖည်ငြင်းပယ်သော သူတို့သည် ထိုအချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် သူတို့သည် သူတို့၏ မျက်နှာများမှလည်းကောင်း၊ သူတို့၏ကျောကုန်းများမှလည်းကောင်း၊ ငရဲမီးကို တားဆီးနိုင်ကြမည် မဟုတ်ပေ။ ထိုမှတစ် ပါး သူတို့သည် (မည်သည့်) အကူအညီကို (မျှ) လည်း ရရှိကြမည် မဟုတ်ပေ။

[40] စင်စစ်မှာကား ယင်းမီးသည် သူတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် သူတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။

[41] (အို၊ ရစူလ်တမန်တော်၊) ဧကန်ပင်၊ အသင်တမန်တော်မတိုင်မီ (စေလွှတ်တော်မူခြင်းခံခဲ့ရသည့်) ရစူလ်တမန်တော်များသည် ပြက်ရယ်ပြုလှောင်ပြောင်ခြင်းကို ခံခဲ့ကြရသော်လည်း သူတို့အနက်မှ ထိုရစူလ်တ မန်တော်များအား ပြက်ရယ်သမှုပြုကြသူတို့သည် ထို (လှောင်ပြောင်မှု) နှင့်စပ်လျဉ်း၍ သူတို့အသုံးပြုခဲ့ကြသော အချက်အလက်အကြောင်းအရာများက သူတို့ကို (အရှက်ရစေရန်အတွက်သာ) လွှမ်းမိုးနစ်မွန်းစေလျက် ဝိုင်းဝန်း ထားလေ၏။

[42] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “(အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ပြစ်ဒဏ် ပေးလိုတော်မူလျင်) မည်သူသည် သင်တို့အား ည၌လည်းကောင်း၊ နေ့၌လည်းကောင်း၊ အနန္တကရုဏာတော်ရှင်မှ ကာကွယ်စောင့်ရှောက်နိုင်မည်နည်း။ စင်စစ်မှာကား သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) မှ မျက်နှာလွှဲ၍ ကျောခိုင်းသူများပင် ဖြစ်ကြ၏။

[43] သို့တည်းမဟုတ် သူတို့၌ ငါအရှင်မြတ်အပြင် သူတို့အား ကာကွယ်နိုင်မည့် အခြားကိုးကွယ်ရာများ ရှိကြလေသလော။ (အမှန်စင်စစ် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသည့် သက် ရှိသက်မဲ့ အစရှိသော) ထိုကိုးကွယ်ရာများသည် ယင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (ပြုပြင်ပြောင်း လဲနိုင်ရန်) ယင်းတို့ကိုယ်ကိုပင် ကူညီနိုင်စွမ်းမရှိကြချေ။ ထိုနည်းတူစွာ သူတို့သည် ငါအရှင်မြတ်ထံတော်မှ မည်သည့်အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုကိုမျှ ခံကြရ မည်လည်း မဟုတ်ပေ။

[44] စင်စစ်မှာကား ငါအရှင်မြတ်သည် (မယုံကြည်သူတို့အပါအဝင် မျက်မှောက်ခေတ်တွင် သက်ရှိထင်ရှားရှိ နေကြသော) ဤပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ (သူတို့မတိုင်မီ လွန်လေပြီးသော ရှေးခေတ်က) သူတို့၏ဘိုး ဘေးဘီဘင်တို့အတွက်လည်းကောင်း (လောကီဘဝ၌ အသက်ရှင်ရပ်တည်ရန် လိုအပ်သမျှ) အကျိုးခံစားခွင့် များကို သူတို့၏အသက်အရွယ် အိုမင်းရင့်ရော်ဖြစ်သည်အထိ အေးချမ်းသာယာစွာဖြင့် ဘဝဆောက်တည်နိုင်ရန် ထောက်ပံ့ပေးအပ်တော်မူ၏။ (သို့ဖြစ်ပေရာ သူတို့သည် သူတို့၏ ဓနစည်းစိမ်များ ထာဝရတည်မြဲလိမ့်မည်ဟုပင် ထင်မြင်ယူဆခဲ့ကြ၏ အမှန်မှာ ငါအရှင်မြတ်သည် မြေကမ္ဘာကို (ကပ်ဘေး၊ တိုက်စားမှု၊ ပင်လယ်ရေအောက်သို့ နိမ့်ဆင်းမှုနှင့်လူဦးရေတိုးနှူံးမြှင့်မားမှု စသည်အကြောင်းရင်းများကြောင့်) ယင်း၏အစွန်အဖျားများမှသည် တ ဖြည်း ဖြည်း ဆုတ်ယုတ်ကျဉ်း မြောင်းစေတော်မူသည်ကို သူတို့က မတွေ့မမြင် ကြလေသလော။ သို့ဖြစ်ပေရာ သူတို့သည် အောင်မြင်သောသူများ ဖြစ်ကြမည်လော။

[45] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် အသင်တို့အား (ဒွိဟသံသယ လုံးဝ ကင်းရှင်းသော) ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချချက်ဖြင့်သာလျှင် သတိပေးနှိုးဆော်နေခြင်း ဖြစ်၏။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်းခံကြရသောအခါ ထိုဖိတ်ခေါ်သံကို မကြားကြချေ။” ဟု ဟောပြောလော့။

[46] ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ပြစ်ဒဏ်မှ အငွေ့အသက်မျှပင် သူတို့အား ထိမှန် သက်ရောက်စေတော်မူလျှင် အမှန်ပင် သူတို့သည် ''သြော်၊ ကျွန်ုပ်တို့ ဒုက္ခလှလှတွေ့နေပါလား။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသူများပင် ဖြစ်ကြသည်။'' ဟု (ညည်းညူ၍ ဝန်ခံ) ပြောဆို ကြပေမည်။

[47] စင်စစ် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ပကတိမျှတမှု၊ ပကတိတရားဥပဒေချိန်ခွင်လျှာပေါ် တွင် ထားရှိ၍ စီရင်တော်မူမည် ဖြစ်သောကြောင့် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ အနည်းငယ်စိုးစဉ်းမျှပင် မတော်မတရားစီရင်ခြင်းခံရမည် မဟုတ်ပေ။ အကယ်၍ (တစ်ဦး တစ်ယောက်၌) မုန်ညင်းစေ့ တစ်စေ့မျှ အလေးချိန်ရှိသော (ကောင်းမှုပင်) ရှိခဲ့လျှင်ပင် ငါအရှင်မြတ်သည် ယင်း (အမှုန်ပမာသေး နုတ်သောကောင်းမှု) ကိုလည်း (အစားပေးစေတော်မူရန် အရှင့်ရှေ့တော်မှောက်သို့) ယူဆောင်စေတော်မူမည် သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်သည်ပင် (လုပ်ရပ်ဟူသမျှနှင့်စပ်လျဉ်း၍ စစ်ဆေးတော်မူ၍ ပကတိအတိုင်း) စာရင်းရှင်းတော်မူသောအရှင်အဖြစ် လုံလောက်တော်မူ၏။

[48] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) မူစာနှင့်ဟာရူန်တို့အား (အမှားနှင့်အမှန်ကို ကွဲပြားခြားနား စေသော) မှတ်ကျောက် “စံနှုန်တော်”နှင့်အလင်းတော်တစ်ခုဖြစ်ရုံသာမက မွတ္တကီ (ခေါ် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် သတိရ တသလျက် ဖွင့်ဟစရာ (သတိပေးဆုံးမမှုများပါဝင်သော ကျမ်းစာတစ်စောင်) ကို ချီးမြှင့် ပေးအပ်တော်မူခဲ့လေသည်။

[49] ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကိုလည်းကောင်း၊ (တမလွန်ဘဝ ရှင်ပြန်ထခြင်းစသော) မျက်ကွယ်ရာများနှင့်စပ်လျဉ်းလည်းကောင်း၊ မမြင်ကြသော်လည်း သူတို့သည် ထို (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့နာရီကို (တွေးတောလျက်) ထိတ်လန့်စိုး ရိမ်နေသူများ ဖြစ်ကြလေ၏။

[50] စင်စစ် ငါအရှင်မြတ်သည် ဤ (ကုရ်အာန်ကျမ်းတော်မြတ်) အား (သတိပေးဆုံးမစရာများနှင့်သွန်သင် စရာများပါဝင်သည့်) သတိရ တသ၍ ဖွင့်ဟဖွယ်ရာကျမ်း၊ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောကျမ်း တစ်စောင်အဖြစ် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။ သို့ပါလျက် အသင်တို့သည် ထို (ကျမ်းတော်) ကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြမည်လော။

[51] ထို့ပြင် ဧကန်ပင်၊ ဤ (ကျမ်းတော်မြတ်ကုရ်) မတိုင်မီ ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီမ်အား အမှားအမှန်ကို ခွဲခြားသိမြင်သည့် ဆင်ခြင်တုံတရားနှင့်အမှန်တရားလမ်းညွှန်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် (တမန်တော်အီဗ်ရာဟီးမ်၏ကိုယ်ကျင့်တရားနှင့်စပ်လျဉ်းသော) အကြောင်းအရာ အသေးစိတ်ကို ကောင်းစွာ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[52] (တမန်တော်) အီဗ်ရာဟီမ်းသည် သူ့ဖခမည်းတော်အားလည်းကောင်း၊ သူ့လူမျိုးတို့အားလည်းကောင်း၊ သင်တို့က စွဲလမ်းမှုကြီးစွာဖြင့် အလေးထား၍ ကိုးကွယ်လျှက်ရှိကြသော ဤရုပ်တု ဆင်းပွားများသည် အဘယ်သို့သော အရာများနည်း။” ဟု မေးမြန်းခဲ့လေ၏။

[53] (ဖခမည်းတော်အပါအဝင် သူ့လူမျိုးများဖြစ်သော) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ယင်း (ရုပ်တုဆင်းပွားများ) ကို ကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြ (သဖြင့် ကျွန်ုပ်တို့လည်း မိရိုး ဖလာအတိုင်း နာခံလိုက်နာနေကြ) သည်။” ဟု ဖြေဆိုခဲ့ကြလေသည်။

[54] (တမန်တော်) အီဗ်ရာဟီမ်းက “အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် လည်းကောင်း၊ မြင်သာထင်ရှားသော လမ်မှားမှု၌ပင် ရှိကြ၏။” ဟု ပြောကြားခဲ့၏။

[55] သူတို့က “(အို၊ အီဗ်ရာဟီးမ်) အသင်သည် ကျွန်ုပ်တို့ထံ အမှန်တရားသစ္စာကို ယူဆောင်လာခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် (လူရွှင်တော်) ဟာသပြက်ရယ်ပြုသူ တို့အနက်မှ တစ်ဦးပင် ဖြစ်သ လော။” ဟု မေးမြန်းကြလေ၏။

[56] (တမန်တော်) အီဗ်ရာဟီမ်းက “ထိုသို့ အလျှင်း မဟုတ်ပေ၊ အမှန်မှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်း ဖွဲ့ စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ဖြစ်ရုံသာမက ယင်းတို့၏မူလဇာစ်မြစ်ကို စတင်ဖြစ်တည်ပေါ် ထွက်စေတော်မူသောအရှင်မှာလည်း ထိုအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထို့ပြင် ကျွန်ုသည် ထိုသို့ ဖွဲ့စည်းဖြစ်ပေါ်လာသည့် အရာအားလုံးနှင့်စပ်လျဉ်း၍ သက်သေခံသူများအနက်တွင်လည်း အပါအဝင်ဖြစ်၏။” ဟု ဖြေကြားခဲ့လေသည်။

[57] (တမန်တော်အီဗ်ရာဟီမ်းသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လျက်) အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ကျွန်ုပ်သည် သင်တို့ (ဘုရားကျောင်းမှ) လှည့်ပြန်၍ ထွက်ခွာသွားပြီးနောက်တွင် သင်တို့၏ (ကိုးကွယ်ရာဖြစ်သော ထို) ရုပ်ပွားဆင်းတုများနှင့်ဆန့်ကျင်သော အစီအမံတစ်ခုကို မုချပင်၊ အကွက်ချ၍ စီစဉ် ဆောင်ရွက်မည်။

[58] ထို့နောက် (တမန်တော်) အီဗ်ရာဟီမ်းသည် သူတို့ (ဘုရားကျောင်းဘက်သို့) ပြန်လာကြ (စဉ် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို တွေးတောနိုင်) ရန် အလို့ငှာ အကြီးဆုံး (ရုပ်ပွားဆင်းတု) မှအပ ကျန်ရုပ်တုဆင်းပွား အားလုံးကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ခဲ့လေသည်။

[59] (ဘုရားကျောင်းသို့ပြန်လာကြသောအခါ) သူတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာ (ရုပ်တုဆင်းပွား) များကို မည်သူသည် ဤသို့ပြုလုပ်ခဲ့သနည်း။ ဧကန်ပင်၊ ထိုသူသည် စည်းဘောင်ကျူးလွန်ချိုးဖောက်၍ မတော် မတရား မမှန်မကန် ပြုကျင့်သူ ဖြစ်ရမည်။”ဟု ပြောဆိုခဲ့ကြ၏။

[60] (သူ့လူမျိုးတို့အနက်မှ အချို့သော) သူတို့က ကျွန်ုပ်တို့သည် အီဗ်ရာဟီမ်းဟုခေါ်တွင်သော လူငယ်တစ်ဦးအား ယင်း (ကျွန်ုပ်တို့၏ကိုးကွယ်ရာ ရုပ်တုဆင်းပွားများ) အကြောင်း ထုတ်ဖော်ပြောနေကြောင်း ကြားခဲ့ကြ၏။” ဟု ပြောဆိုခဲ့ကြ၏။

[61] သူတို့က “သို့ဖြစ်လျှင် တမန်တော်အီဗ်ရာဟီမ်အား (အပြစ်မရှိကြောင်း) သက်သေခံစေရန် အများပြည် သူ့ မျက်လုံးများ၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြလော့။” ဟု တောင်းဆိုပြောဆိုကြလေ၏။

[62] (တမန်တော် အီဗ်ရာဟီးမ်သည် လူထုရှေ့မှောက်သို့ ရောက်လာသောအခါ) သူတို့က “အို၊ အီဗ်ရာဟီးမ် အသင်သည်ပင်လျှင် ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို ဤသို့ ပြုလုပ်ခဲ့လေသလော။” ဟု မေးမြန်းခဲ့ကြ၏။

[63] (တမန်တော် အီဗ်ရာဟီးမ်ဖြစ်) သူက “အမှန်မှာ၊ (အပြုခံရလျှင်) ပြုလုပ်သူတစ်ဦးရှိရမည် အကယ်၍ (သင်တို့ယုံကြည်ကိုးကွယ်နေကြသော) ထိုရုပ်တုဆင်းပွားများက စကားပြောဆိုနိုင်ကြပါလျှင် (ရုပ်ပွား ဆင်းတုများအနက်) ဤရုပ်တုသည် အကြီးဆုံးဖြစ်သောကြောင့် သူတို့နှင့်စပ်လျဉ်း၍ ယင်းကို မေးမြန်းသင့်သည်။” ဟု ဖြေဆိုခဲ့လေ၏။

[64] သို့ဖြစ်ပေရာ “ဧကန်ပင်၊ သင်တို့သည်သာလျှင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများဖြစ်ကြောင်း ပြောဆိုနိုင်ရန် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ရှိသော အသိတရားဘက်သို့ လှည့်ပြန်သင့်၏။” ဟု (အချင်းချင်း) ပြောဆိုကြလေ၏။

[65] ထိုနောက် သူတို့သည် (တမန်တော်အီဗ်ရာဟီးမ်က အမှန်တရားကိုသာ ပြောဆိုနေကြောင်း သိနားလည်၍) သူတို့၏ဦးခေါင်းများကို အောက်သို့စိုက်လျက် (အို၊ အီဗ်ရာဟီ:မ်) ဤရုပ်ပွားဆင်းတုများ (အလျှင်း) စကားပြောဆိုနိုင်ကြသည် မဟုတ်ကြောင်းကို သင်သည်အသိပင် ဖြစ်သည်။” ဟု ပြောဆိုခဲ့ကြ၏။

[66] (တမန်တော် အီဗ်ရာဟီမ်းဖြစ်) သူက သို့ပါလျက် အသင်တို့သည် သင်တို့အား ဆိုးကျိုး၊ ကောင်းကျိုး မဖြစ်စေနိုင်သော သင်တို့ကို ကူညီစောင်မခြင်း မရှိကြသော (သက်ရှိသက်မဲ့တို့အား) အလ္လာဟ်အရှင်မြတ်မှလွဲ၍ (ကိုးကွယ်ရာအရှင်သခင်များအဖြစ် အယူထားလျက် ယုံကြည်) ကိုးကွယ်ကြလေသလော။

[67] သင်တို့နှင့်အလ္လာဟ်အရှင်မြတ်လွဲ၍ သင်တို့က ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်နေကြသော (ရုပ်တုဆင်းပွားအစရှိသည့်) အရာတို့သည် သင်တို့အတွက် မသတီစရာများဖြစ်ကြောင်းကို (သင်တို့တွေးခေါ်၍) မသိနားမလည် ကြလေသလော။

[68] (တမန်တော်အီဗ်ရာဟီးမ်၏လူမျိုးများဖြစ်ကြသော) သူတို့က အသင်တို့သည် (အရေးယူမှု တစ်စုံတစ်ရာ ကို) ပြုလုပ်မည့်သူများဖြစ်ကြလျှင် တမန်တော်အီဗ်ရာဟီးမ်အား မီးတင်ရှို့လျက် သင်တို့၏ကိုးကွယ်ရာ (ရုပ်တုဆင်းပွားများ) ကို ကာကွယ်ထောက်ခံကြလော့။” ဟု ပြောဆိုကြ၏။

[69] (သူတို့က တမန်တော် အီဗ်ရာဟီးမ်ကို မီးပုံထဲ ပစ်ချလိုကိသောအခါ) ငါအရှင်မြတ်က ''အို၊ မီး၊ ငါအရှင့် အမိန့်တော်အရ အေးမြပေးလော့။ ထို့ပြင် အီဗ်ရာဟီမ်အပေါ်၌ ငြိမ်းချမ်းသာယာမှုခညောင်းစေလော့။'' ဟု မိန့်ကြားတော်မူခဲ့၏။

[70] စင်စစ်သော်ကား သူတို့သည် (တမန်တော်အီဗ်ရာဟီးမ်ဖြစ်) သူနှင့်ပတ်သက်၍ မကောင်းသော အကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် သူတို့အား ဆုံးရှုံးရသူများအဖြစ် ဖြစ်စေတော်မူခဲ့ ၏။

[71] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့် (အီဗ်ရာဟီးမ်အပေါ် ယုံကြည်မှု အပြည့်ရှိခဲ့သော တမန်တော်) လူးသ်တို့ကို ကယ်တင်တော်မူသည့်အပြင် လောကခပ်သိမ်း လူခပ်သိမ်းတို့အတွက် ဂုဏ်ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော (ဒမစ္စကတ်နှင့်ပါလက်စတိုင်းတို့ပါဝင်သည့်) မြေကမ္ဘာသို့ စေလွှတ်တော် မူခဲ့၏။

[72] ထိုမျှမက ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီမ်အား (သားနှင့်မြေးများဖြစ်ကြသော) အိစ္စဟာ့က်နှင့်ယာကူဗ်တို့ကို အပိုဆုလဒ်အဖြစ် ချီးမြှင့်တော်မူခဲ့ပြီး (ထိုတမန်တော်) အားလုံးကို ဖြောင့်မတ်မှန် ကန်စွာ ပြုမူကျင့်ကြံသူများ ဖြစ်စေတော်မူခဲ့၏။

[73] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား) တရား လမ်းမှန်ကို ညွှန်ပြကြသော ရှေ့ဆောင်လမ်းပြခေါင်းဆောင်အဖြစ် ဖြစ်စေတော်မူလျက် သူတို့အပေါ်တွင် ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရန်လည်းကောင်း၊ ဇကာသ် (တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့ အတွက် စွန့်လှူရသော လူမှုဖူလှုံကြေး) ကို ပေးကမ်းကြရန်လည်း ကောင်း၊ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်၍ ပြဌာန်းတော်မူခဲ့၏။ အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်အား (စိတ် ရင်းစေတနာဖြူစင်စွာဖြင့်) နာခံကိုးကွယ် သူများပင် ဖြစ်ကြလေ၏။

[74] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) လူသ်ကိုလည်း (လမ်းပြခေါင်းဆောင်ဖြစ်စေတော်မူ၍) အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော တရားဓမ္မနှင့် အသိပညာ ချီးမြှင့်ပေးအပ်တော်မူပြီး မြို့နေ ပြည်သူများက စက်ဆုပ်ရွံ့ရှာဖွယ်ရာများကို ကျူးလွန်နေခ့ကြသော မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် အရှင့်စည်းမျဉ်းဘောင်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန် ဖောက်ဖျက်ကြသည့် အလွန်ယုတ်မာသော လူမျိုးပင် ဖြစ်ခဲ့ကြ၏။

[75] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) လူသ်အား အရှင့်ကရုဏာတော် (၏ဘောင်အတွင်း) သို့ ဝင် ရောက်စေတော်မူခဲ့၏။ ဧကန်ပင်၊ (တမန်တော်) လူးသ်သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမုကျင့်ကြံသော သူ တော် စင်တို့တွင် အပါအဝင် ဖြစ်လေ၏။

[76] တစ်ဖန် (တမန်တော် အီဗ်ရာဟီးမ်မတိုင်မီရှိခဲ့သော တမန်တော်) နူဟ်ကိုလည်း သူက ငါအရှင်မြတ်ထံ ဆုတောင်းပန်ကြားသောအခါ ငါအရှင်မြတ်သည် သူ၏ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်တော်မူသည့်အနေဖြင့် တမန်တော်နူဟ်နှင့် (ယုံကြည်သူများဖြစ်ကြသော နောက်လိုက် အပေါင်းအဖော်များ အပါအဝင်) သူ့မိသားစုကို ဧရာမကြီးမားသော ကပ်ဘေးမှ ကယ်တင်တော်မူခဲ့၏။

[77] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) နူဟ်အား ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန်ဟူ၍စပ်စွဲလျက်) ငြင်းပယ်ခဲ့ကြသော လူမျိုးတို့ (၏ဘေးအန္တရာယ်) မှ ကာကွယ်စောင့်ရှောက်တော်မူရန် ကူညီတော်မူခဲ့၏။ ဧကန်မလွဲ၊ သူတို့သည် အလွန်ဆိုးရွားသော လူမျိးများပင် ဖြစ်ကြသော ကြောင့် ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်စေတော်မူခဲ့၏။

[78] တစ်ဖန် (လူတို့၏ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် (တမန်တော်) ဒါဝူဒ်နှင့်စုလိုင်မာန် ပါဝင်ခဲ့၏ ထိုတမန်တော်နှစ်ပါးတို့သည် ညအချိန်၌ အခြားလူမျိုးတို့၏ဆိတ်များအား စားကျက်အဖြစ် မြက်စားစေရန် လွှတ်ထားသော လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြစဉ် ငါအရှင်မြတ်သည် သူတို့၏စီရင်ဆုံးဖြတ်မှုအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။

[79] ထိုစဉ် ငါအရှင်မြတ်သည် (တမန်တော်) စုလိုင်မာန်အား ထိုအမှု (၏အဆုံးအဖြတ်) ကို (ပြတ်သားရှင်း လင်းစွာ) သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (တမန်တော် ဒါဝူဒ်နှင့်စုလိုင်မာန်တို့) နှစ်ပါးစလုံးအား အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော တရားဓမ္မနှင့်အသိပညာ ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်၏ဩဇာခံများထဲတွင် (တောင်တန်းဒေသနေ ယဉ်ကျေးမှု မတွန်းကားသေးသော လူ့အဖွဲ့အစည်းနှင့်မြို့နေ လူ့အဖွဲ့အစည်းများ ပါဝင်ရုံမက အရှင်မြတ်သည် ချို့တဲ့ မှု လုံးဝကင်းပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ရန်အလို့ငှာတောင်များနှင့်ငှက်တိရစ္ဆာန်များကိုလည်း (ဒါဝူဒ်နှင့်အတူ အရှင်မြတ်အား) လိုက်နာစေတော်မူ၏။ စင်စစ် ငါအရှင်မြတ်သည် (ထိုကိစ္စအားလုံးကို အမှန်ပင်) စီမံပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[80] ထို့ပြင် ငါအရှင်မြတ်သည် သင်တို့ စစ်ရေး (အရ အကြမ်းဖက်တိုက်ခိုက်ခြင်းခံရမည့်) အန္တရာယ်မှ ကာကွယ်နိုင်အလို့ငှာ (တမန်တော်) ဒါဝူဒ်အား သင်တို့အတွက် (အကျိုးရှိမည့်) သံချပ်အင်္ကျီ ပြုလုပ်သော အ တတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် (အမှန်ပင် အရှင့်ချီးမြှင့်မှုများအတွက်) ကျေးဇူးသိတတ်သူများ ဖြစ်နိုင်ကြမည်လော။

[81] ထို့ပြင် (ငါအရှင်မြတ်သည်) စုလိုင်မာန်အတွက် ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေရန် ဩဇာခံဖြစ်စေတော်မူရာ ယင်းသည် သူ့အမိန့်ညွှန်ကြားချက်နှင့်ညီ (သူ့အား သူ့နန်းတော်ရှိရာနေရာမှ) ငါအရှင် မြတ်က ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့်ပြည့်စုံစေတော်မူသော မြေကမ္ဘာ၏နယ်မြေဒေသသို့ တိုက်ခတ်၍ သယ်ဆောင်သွားစေ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ (၏ပကတိ သဘောသဘာဝနှင့်ယင်းတို့၏ရှုထောင့် သွင်ပြင်လက္ခဏာအလုံးစုံ) ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[82] တစ်ဖန် စေတန်မကောင်းဆိုးဝါးများအနက်မှ (တမန်တော်) စုလိုင်မာန်အတွက် (ပင်လယ်မှ တန်ဖိုးရှိသော ကျောက်မြရတနာများကို ရှာဖွေဖော်ထုတ်ပေးရန်) ရေငုပ်ခြင်းနှင့်အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးကြသူများလည်း ရှိခဲ့ကြ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်း (စေတန်မကောင်းဆိုး ဝါး) တို့အား (တမန်တော်စုလိုင်မာန်ကို အာမခံနိုင်အောင်) ထိန်းသိမ်းစောင့် ရှောက်တော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။

[83] တစ်ဖန် (တမန်တော် အိုက်ယူးဗ်သည်လည်း ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် အပါအဝင် ဖြစ်လေ၏ တမန်တော်) အိုက်ယူးဗ်က သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဧကန်ပင်၊ ဘေးဒုက္ခဝေဒနာများသည် ကျွန်ုပ်အပေါ် သက်ရောက်၍ (အသင့်အား နာခံကိုးကွယ် သင့်သလောက် မကိုးကွယ်နိုင်အောင်) ထိခိုက်စေပြီး အသင်အရှင်မြတ်သည်ကား ကရုဏာအ ပေါင်းထက်ပင် သနားကရုဏာ ပြုတော်အမူဆုံးသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။” ဟု ဟစ်ခေါ် တသ၍ ဆုတောင်း ပန်ကြားခဲ့လေ၏။

[84] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) အိုက်ယူးဗ်၏အသနားခံ ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူ့အပေါ် သက်ရောက်ခဲ့သော ဘေးဒုက္ခဝေဒနာ အားလုံးကို ဖယ်ရှားပေးတော်မူပြီး (အခြေအနေအားလုံးကို နဂိုအတိုင်းပြန်လည် ဖြစ်စေတော်မူလျက်) သူနှင့်သူ့မိသားစုအတွက်လည်းကောင်း၊ သူတို့နှင့်အတူရှိကြသော (ယုံကြည်) သူတို့အတွက်လည်းကောင်း၊ ငါအရှင်မြတ်ထံတော်မှ ကရုဏာတော် (ဖြစ်သော ကျမ်းတော်) ကို ချီးမြှင့်ပေးအပ်တော်မူ၍ (ယင်းကျမ်းတော်သည်) ဝတ်ပြုကိုး ကွယ်မှု၌ နစ်မြုပ်နေသူတို့အတွက် သတိရ တသ၍ ဖွင့်ဟထုတ်ဖော် စရာပင် ဖြစ်၏။

[85] ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) အီစ္စမာအီးလ်၊ အီဒ္ဒရီးစ်နှင့်ဇူလ်ကီဖ်လ်တို့ လည်း ပါဝင်ကြပြီး သူတို့အားလုံးသည် (အရှင့်လမ်းစဉ်အတိုင်း ဘဝတည်ဆောက်ရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယ မြဲမြံစွာဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုရှိကြသူတို့အနက်မှပင် ဖြစ်ကြလေ၏။

[86] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြသော) သူတို့အား အရှင့်ကရုဏာတော် ဘောင်အတွင်းသို့ ဝင်ခွင့်ပေးတော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သူ တော်စင်တို့တွင် အပါအဝင် ဖြစ်ကြလေ၏။

[87] ထို့ပြင် (တမန်တော်ယူနူးစ်မည်သော) ''ဇွန်နူန်'' ငါးရှင် (သည်လည်းရှေ့ဆောင်လမ်းပြ ခေါင်းဆောင် တစ်ဦးဖြစ်၏။ သူသည် (မယုံကြည်မှု၌ ဇွဲရှိရှိရပ်တည်ပြီး တမန်တော်ယူနူးစ်၏သတိပေးနှိုးဆော်ချက်ကို ဂရုမ စိုက်အလေးမထားသောသူ့လူမျိုးတို့မှ) အမျက်ထွက်လျှက် (အရှင့်ထံတော်မှ နေရပ်စွန့်ရန် အမိန့်တော် မချမှတ်သော်လည်း သူ့ဆန္ဒဖြင့်) ထွက်ခွာသွားခဲ့ခြင်းမှာ ငါအရှင်မြတ်သည် သူ့အပေါ်၌ (ထိုလူမျိုးနှင့်စပ်လျဉ်း၍ အမိန့်စီရင်ချက်ကို) အလျှင်း စီမံပြဌာန်းတော်မူမည်မဟုတ်ဟု ထင်မြင်ခဲ့သောကြောင့်ဖြစ်၏။ သို့ဖြစ်ပေရာ သူသည် (ငါး၏ဝမ်းဗိုက်ထဲရောက်နေသည့်အမှောင်၊ ပင်လယ်ရေ၏အမှောင်နှင့်မှောင်မည်းသော ည၏အမှောင်၊ စသည့် ဖြင့်) အမှောင်များအတွင်းဝယ် (အို၊ အလ္လာဟ်အရှင်မြတ်) အသင်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင် ဟူ၍ အလျှင်း မရှိပါ။ အရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍ မမှန်မကန်လုပ်ခဲ့သူ ဖြစ်၏။” ဟု ဟစ်ခေါ် တသ၍ အသနားခံ ပန်ကြားခဲ့လေသည်။

[88] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) ယူနူးစ်၏အသနားခံ ပန်ကြားချက်ကို သဘောတူလက်ခံ ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူအား ပူပင်သောက (ဝေဒနာ) မှ ကယ်တင်တော်မူခဲ့၏။ စင် စစ်သော်ကား ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား ထိုနည်းအတိုင်းပင် ကယ်တင်လေ့ရှိတော်မူ၏။

[89] ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) ဇကရီယာသည်လည်း တစ်ပါး အပါအဝင် ဖြစ်၏။ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား (အမွေစား အမွေခံဆက်ခံသူ မရှိဘဲ) အထီးကျန်အဖြစ် စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းမြတ်ဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါ၏။'' ဟု ဟစ်ခေါ်တသ၍ ဆုတောင်းပန်ကြားခဲ့လေ၏။

[90] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) ဇကရီယာ၏အသနားခံ ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူအား (တမန်တော်) ယဟ်ယာကို ချီးမြှင့် ပေးအပ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် သူ့ဘဝဖော် (၏ဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည် နိုင်သောအခြေအနေ ဖြစ်စေတော်မူလျက်) နေသားတကျဖြစ်အောင် ပြုပြင်ပေးတော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် ကောင်းမှု သုစရိုက်များကို ဆောလျင်စွာ အပြိုင်အဆိုင် ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြ၏။ ထို့ပြင် ငါအရှင်မြတ်အား (အရှင့်ကရုဏာတော်ကို) မျှော်ကိုး၍ လည်းကောင်း၊ (အရှင့်အရေးယူမှုအတွက်) စိုးရွံ့ထိတ် လန့်၍လည်းကောင်း၊ ဟစ်ခေါ်တသ၍ ဆုတောင်းပန်ကြားလေ့ ရှိခဲ့ကြသည့်အပြင် သူတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြ၏။

[91] တစ်ဖန် ထိုစင်ကြယ်သောအမျိုးသမီးသည် (ဗြဟ္မစရိယကျင့်၍) သူမ၏ကာယိန္ဒြေကို စောင့်စည်းထိန်းသိမ်းခဲ့ရာ ငါအရှင်မြတ်သည် သူမအား (ကောင်းကင်တမန်ဂျီဗ်ရီးလ်မှ တစ်ဆင့်) ငါအရှင့်ထံတော်မှ (ဝိ ညာဉ်တော်) အသက်ဇီဝိန်ကို မှုတ်သွင်းစေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူမအားလည်းကောင်း၊ သူမ၏ သားတော်အားလည်းကောင်း၊ လောကခပ်သိမ်းလူခပ်သိမ်းတို့အတွက် သက်သေလက္ခဏာတော် တစ်ရပ်အဖြစ် ဖြစ်စေတော်မူ၏။

[92] ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက် များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့ ၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့ သည် ငါအရှင် မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့။

[93] သို့ရာတွင် လူတို့သည် သူတို့၏ (အလိုဆန္ဒများပေါ်အခြေခံသော အတွေးအခေါ်အယူ အဆများနှင့်) အရေးကိစ္စများကြောင့် အချင်းချင်းကြားတွင် (ဘာသာသာသနာ ဂိုဏ်းဂဏအမမျိုးမျိုးဖြင့် ထိုတစ်ခုတည်းသော လူ့ဘောင်ကို) အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ခဲ့ကြလေ၏။ (စင်စစ်သော်ကား လူသား) အားလုံးတို့သည် ငါအရှင် မြတ်ထံတော်သို့သာလျှင် ပြန်လည်၍ လှည့်ပြန်ကြရမည့်သူများပင် ဖြစ်ကြ၏။

[94] သို့ဖြစ်ပေရာ မည်သူမဆို ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော အကျင့်သီလများကို ပြုမူကျင့် ကြံ၍ ထိုသူသည် သက်ဝင်ယုံကြည်သူလည်း ဖြစ်လျှင် သူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ချငြင်းဆန်ခြင်း ခံရမည် မဟုတ်ပေ။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့ (ရုန်းကန်အားထုတ်မှုဟူသမျှကို မှတ်တမ်းတင်ရန်) အတွက် မှတ်တမ်းတင်သူများ ထားရှိတော်မူ၏။

[95] စင်စစ်သော်ကား (သူတို့၏အစွန်းရောက်သည့် မယုံကြည်မှုနှင့်အဖတ်ဆယ် မရလောက်အောင် ကြီးလေးသော ပြစ်မှုများကြောင့်) သူတို့အပေါ် (သူတို့စွမ်းရည်တိုးတက်မှုကို သူတို့ကိုယ်တိုင်) တားမြစ်ထားသော မြို့ရွာတိုင်းကို ငါအရှင်မြတ်သည် ဖျက်ဆီးစေရန် ပြဌာန်းတော်မူ၍ သူတို့သည် (ငရဲမီးထဲ ရောက်ချိန်တွင် နောင်တရလာကာ ကောင်းမှုကုသိုလ်ဘက်သို့ ပြန်လိုကြလျှင်လည်း လောကီသို့) ပြန်လှည့်ကြနိုင်မည် မဟုတ်ပေ။

[96] နောက်ဆုံးတွင် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ် (လူမျိုးတို့လွတ်မြောက်၍) ဖွင့်ပေးခြင်းခံရသောအခါ (ကမ္ဘာမြေ ဝယ် အသာစီးရနိုင်သော) ကုန်းမြင့်တိုင်းမှ (လျင်မြန်စွာ) ဆင်းသက်လာကြပေမည်။

[97] ထို့ပြင် ပရမတ္တတရားဖြစ်သော အရှင့်ကတိသစ္စာတော်ဖြစ်သည့် (တရားစီရင်တော်မူမည့် နောက်ဆုံးနေ့ နာရီ) နီးကပ်၍လာသောအခါ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏မျက်လုံးများ သည်ကား (မျက်တောင်ပင် မခတ်ဘဲ) ငေးစိုက်ကြည့်လျက် ပြူးသောအမြင်ဖြင့် “သြော်၊ ဖြစ်မှဖြစ်ရလေ။ ကျွန်ုပ်တို့ဒုက္ခ လှလှတွေ့ရပြီ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် ဤ (တမလွန်တရားစီရင်မည့်နေ့) ကို ဂရုမစိုက် အလေးမထားဘဲ မေ့လျော့၍သာ နေခဲ့ကြလေ၏။ အမှန်မှာ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများပင် ဖြစ်ကြသည်။” ဟု ညည်းညူ ပြောဆိုကြပေမည်။

[98] ဧကန်စင်စစ်၊ (အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်မှု၌ ဇွဲရှိရှိရပ်တည်နေကြသော) သင်တို့ သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ ယုံကြည်ကိုးကွယ်နေကြသော (အခြား သက်ရှိ သက်မဲ့ အစရှိသော) ကိုးကွယ်ရာများသည်လည်းကောင်း၊ ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြ၏။ အသင်တို့အားလုံး ငရဲဘုံတွင်းသို့ ရောက်ရမည့်သူများသာ ဖြစ်ကြ၏။

[99] အကယ်၍ ဤ (ကိုးကွယ်ရာများအဖြစ် အယူထားကိုးကွယ်နေကြသော) အရာများသည် ကိုးကွယ်ရာ အစစ်အမှန်များဖြစ်ကြလျှင် ယင်းတို့မှာ ငရဲဘုံတွင်းသို့ ရောက်ရှိစရာအကြောင်း ရှိမည် မဟုတ်ပေ။ သို့ရာ တွင် (ယခုသော်ကား) သူတို့အားလုံးပင် ငရဲဘုံ၌ အမြဲထာဝရ ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့်သူများ ဖြစ်ကြပြီ ဖြစ်၏။

[100] ထိုငရဲဘုံထဲတွင် သူတို့အတွက် သက်ပြင်းချ၍ ညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့ပြင် (လောကီ ဘဝ၌ အရှင့်လမ်းညွှန်တော်ဖြစ်သော ကျမ်းတော်မြတ်ကို ကြားနာရန် ငြင်းပယ်ခြင်း၏အကျိုးဆက်အဖြစ်) သူတို့သည် ထိုငရဲဘုံ၌ (မည်သည့်စကား၊ မည်သည့်အသံကိုမျှ) ကြားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

[101] ဧကန်ပင်၊ (အမှန်တရားကို ယုံကြည်၍ ကောင်းမှုများလုပ်ခြင်းကြောင့်) ငါအရှင်မြတ်ထံတော်မှ မူလက ပင် သူတို့အတွက် ကောင်းမွန်စေခြင်းကို ပြဋ္ဌာန်းခြင်းခံရသူတို့သည် ထိုငရဲဘုံမှ ဝေးစေခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေမည်။

[102] သူတို့သည် ထိုငရဲဘုံနှင့်စပ်လျဉ်း၍ မည်သည့်အသံကိုမျှ သဲ့သဲ့မျှပင် ကြားကြရလိမ့်မည် မဟုတ်ပေ။ စင်စစ် သူတို့သည် သူတို့ဆန္ဒရှိသမျှ၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် ထာဝစဉ်ကာလ အကန့်အသတ်မဲ့ မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။

[103] (ကမ္ဘာကြီးကို ပြိုပျက်စေမည့်) အကြီးဆုံးသော ထိတ်လန့်ဖွယ်ရာသည်ပင် သူတို့အား စိတ်ဒုက္ခရောက်စေမည် မဟုတ်သည့်အပြင် (ထိုနေ့တွင်) မလာအီကာစေတမန်များသည်ပင် သူတို့အား ''ဤနေ့သည်ကား သင်တို့အတွက် ကတိပြုတော်မူထားသည့်နေ့ပင် ဖြစ်သည်။'' ဟု (သတင်းကောင်းပေးလျက်) ကြိုဆိုဧည့်ခံကြမည်ဖြစ်၏။

[104] ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်အား ရေးသားထားသော မှတ်တမ်းစာရွက်ကို လိပ်ဘိသ ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းဖြစ် တည်စေတော်မူဘိသကဲ့သို့ ထိုအရာများကို (ယင်းတို့ သေကြေပျက်စီး၍ မြေကြီးဖြစ်သွားပြီးမှ နောက်ထပ် တစ်ကြိမ်) ထပ်မံ၍ ဖွဲ့စည်းဖြစ်တည်စေတော်မူပေမည်။ ဤကတိတော်သည် ငါအရှင်မြတ်က အရှင့်အပေါ်၌ အရှင်မြတ်ကိုယ်တိုင် တာဝန်အဖြစ် သတ်မှတ်တော်မူခြင်းဖြစ်ပြီး ဧကန်ပင်၊ ငါအရှင်မြတ်သည် (ကတိပြုတော် မူသမျှကို ဖြည့်ဆည်းတော်မူ၍) ပြုလုပ်စီရင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[105] ဧကန်ပင်၊ ငါအရှင်မြတ်သည် မြေကမ္ဘာကို အရှင့်အစေခံများအနက် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့် ပြုပြင်ကြသူတို့သာ အမွေဆက်ခံကြရန် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ အဖြစ် (အ စဉ် ထိန်းသိမ်းထားတော်မူသော မှတ်တမ်းတော်၌) မှတ်တမ်းတင်ထားတော်မူပြီးနောက် ဇဗူးရ်ကျမ်းတွင်လည်း ရေး သားတော်မူခဲ့ပြီး ဖြစ်၏။

[106] မလွဲဧကန်၊ ဤ (ကုရ်အာန်ကျမ်းတော်) ၌ (အရှင်မြတ်အတွက် နစ်မြုပ်ထားသော) အရှင့်အစေခံ လူမျိုး တို့အတွက် အမှန်ပင် (စံနမူနာယူဖွယ်ရာ မရှိမဖြစ်လိုအပ်သော သတင်းကောင်း) အကြောင်းကြားချက် သည် ရှိပေ၏။

[107] စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်သည် အသင့်အား လောကခပ်သိမ်း လူခပ်သိမ်း တို့အတွက် (အတုမရှိ မနှိုင်းယှဉ်နိုင်သော) ကရုဏာတော်အဖြစ်သာလျှင် စေလွှတ်တော်မူ၏။

[108] (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ သင်တို့၏ (ယုံကြည်ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသာ လျှင်ဖြစ်ကြောင်းကို ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန် ချမှတ်၍ ပေးအပ်စေတော်မူ ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မွတ်စလင် (ခေါ် သင်တို့၏ကိုယ်စိတ် နှလုံးတို့ကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းလို လားသူ) များ ဖြစ်ကြမည်လော။” ဟု ဟောပြောမေးမြန်းလော့။

[109] အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ကျောခိုင်းကြလျှင် (သူတို့အား) “ကျွန်ုပ်သည် (အမှန်တရားသစ္စာ နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ရာ၌) အသင်တို့အားလုံးကို ညီတူညီမျှပင် အတိအလင်း အသိပေးကြေ ညာခဲ့ပြီးဖြစ်၏။ သင်တို့အား ကတိတော်ထားရှိခြင်းခံကြရသောအရာ (မကောင်းမှုအတွက် ပျက်စီးကိန်းနှင့်ကောင်း မှုအတွက် အောင်မြင်သည့်ပန်းတိုင်) သည် နီးသည် ဝေးသည်ကိုမူ ကျွန်ုပ်မသိပေ။” ဟု ပြောကြားလော့။

[110] ဧကန်ပင်၊ ထိုအရှင်မြတ်သည် (အသင်တို့ လူသိရှင်ကြား) ထုတ်ဖော်ပြောဆိုသည့် ပြောဆိုချက်ကိုလည်းကောင်း၊ (လျှို့ဝှက်ကြံစည်မှုနှင့်စိတ်ထဲ၌ရည်ရွယ်သည့်အချက်များအပါအဝင်) သင်တို့ ထိန်ဝှက်ဖုံး ကွယ်ထားသည့် ပြောဆိုချက်ကိုလည်းကောင်း အကြွင်းမဲ့ သိနေတော်မူ၏။

[111] ထို့ပြင် (အရှင့်ကတိတော်နှင့်အညီ ပျက်စီးကိန်းရောက်စေတော်မမူဘဲ ဆိုင်းငံ့ခွင့်ပေးထားတော်မူခြင်းသည်) အသင်တို့အား စမ်းသပ်တော်မူရန်နှင့်သင်တို့အတွက် သတ်မှတ်ထားသောသက်တမ်း ကာလအထိ လောကီအကျိုးခံစားခွင့်တစ်မျိုး ဖြစ်စေရန် ဖြစ်နိုင်ကြောင်းကိုသာ ကျွန်ုပ်သိနားလည်၏။

[112] (နိဂုံးချုပ်အနေဖြင့်) တမန်တော်မြတ် မိန့်ကြားခဲ့သည်မှာ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ကျွန်ုပ်နှင့်မယုံကြည်သူများကြားဝယ်) အမှန်တရားသစ္စာဖြင့်သာ စီရင်ဆုံးဖြတ်စေတော်မူပါ။ စင်စစ် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည်သာ အနန္တကရုဏာတော်ရှင်၊ အသင်တို့ မှားယွင်းစွာပုံဖော် (၍ ဂုဏ်တင်လျက် ယုံကြည်ကိုးကွယ်) နေကြသောအရာများနှင့်ဆန့်ကျင်၍ ကူညီစောင်မမှုကို တောင်းခံရသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။

ဟဂ်ျပြုခြင်း

Surah 22

[1] အို၊ လူသားအပေါင်းတို့၊ သင်တို့သည် သင်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့် သုံးကြလော့။ ဧကန်ပင်၊ (ကမ္ဘာပျက်မည့်) နောက်ဆုံးနေ့နာရီ၏တုန်လှုပ်ခြင်းသည် ကြီးကျယ်သော ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ရပ်ပင် ဖြစ်၏။

[2] ထိုနေ့တွင် (​တန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များကို) သင်တို့ တွေ့မြင်ကြသည့်အခါ နို့တိုက်သောမိခင်တိုင်းသည် သူမတို့နို့တိုက်လျက်ရှိသော နို့စို့ကလေးများကို (လုံးဝ) မေ့လျော့သွားမည်ဖြစ်၍ ကိုယ်ဝန် ဆောင်တိုင်းသည်လည်း (စိုးရွံ့ထိတ်လန့်ကာ) ကိုယ်ဝန်ပျက်ကျသွားပေမည်။ ထို့ပြင် အသင်သည် လူတို့အား မူးယစ်တွေဝေမိန်းမောနေသူများအဖြစ် တွေ့မြင်ရပေမည်။ စင်စစ်မှာ သူတို့သည် မူးယစ်တွေဝေ မိန်းမောနေသူများ (အလျှင်း) မဟုတ်ကြပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည်ကား ပြင်းထန်လှ (သောကြောင့် ထိုသို့ ခံစားနေခြင်းဖြစ်) ၏။

[3] တစ်ဖန် လူတို့အနက် စစ်မှန်သော အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ စောဒကတက် လျက် အငြင်းအခုံပြုကြသူများလည်းရှိပြီး ထိုသူတို့သည် ဆိုးသွမ်း၍ ပုန်ကန်သောင်းကျန်းသော စေတန်မကောင်းဆိုးဝါးတိုင်း၏နောက်သို့ လိုက်ကြသည်။

[4] (အမှန်သော်ကား) ထိုစေတန်မကောင်းဆိုးဝါးနှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီး ဖြစ်သည်မှာ မည်သူမဆို ထိုစေတန်မကောင်းဆိုးဝါးအား ကာကွယ်စောင့်ရှောက်သူအဖြစ် မှတ်ယူ၍ လိုက်နာလျှင် စေတန်သည် ထိုသူအား လမ်းမှားစေပြီး မီးတောက်ပြင်းပြင်းဖြင့် လောင်ကျွမ်းစေမည့် ငရဲမီး၏ပြစ်ဒဏ်သို့ လမ်းညွှန်လိမ့်မည် ဖြစ်၏။

[5] အို၊ လူသားအပေါင်းတို့၊ အကယ်၍ သင်တို့သည် ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေ ကြပါလျှင် (သင်တို့၏ပတ်ဝန်းကျင်ကို လေးနက်စွာ တွေးတောဆင်ခြင် စဉ်းစား၍ လေ့လာသုံး သပ်ကြည့် ကြလော့)။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတ ဖြစ်တည်မှု) ကို မြေကြီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် သုက်ရည်တစ်စက်မှ လည်း ကောင်း၊ ထို့နောက် (သားအိမ်နံရံတွင်) တွယ်ကပ်နေသောအရာ (သွေးခဲ) မှလည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင် ၍ ပုံမှန်အသွင်သဏ္ဍန်ဖြစ်စေမည့် အသားတုံးမှ လည်းကောင်း၊ အင်္ဂါ မစုံလင်၍ ပုံမမှန်အသွင်သဏ္ဍန်ဖြစ်စေမည့် အသားတုံးမှ လည်းကောင်း၊ သင်တို့ မြင်သာထင်ရှားစွာ သိမြင်နားလည်နိုင်ရန် ဖွဲ့စည်းဖြစ်တည်မှုစနစ်ကို အသေးစိတ် ရှင်းပြတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သားအိမ်များတွင် (ယင်းသန္ဓေသားကို) အရှင့်ဆန္ဒ တော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့် သတ်မှတ် ချိန်ကာလအထိ တည်ရှိစေတော်မူပြီးနောက် ငါအရှင်မြတ်သည်ပင် သင်တို့အား (မိခင်ဝမ်းတွင်းမှ လောကီကမ္ဘာသို့ နို့စို့အရွယ်) ကလေးသူငယ်အဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် လူလားမြောက်သောအရွယ်သို့ ရောက်ရှိ (နိုင်ကြရန်လည်း ငါအရှင်မြတ်က ပြုစုပျိုးထောင်) စေတော်မူ၏။ တစ်ဖန် သင်တို့အနက်မှ (အချို့သည် အရွယ်မရောက် လူလား မမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိပြီး သင်တိုအနက် အချို့မှာမူ (အသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် အတတ်ပညာ၊ အသိပညာများကို ဆည်းပူးသင်ကြား၍ သိနားလည်ပြီး နောက်) မည်သည့်အရာ၏အသိတရားမျှ (မှတ်ဉာဏ်၌ မကျန်ရစ်သကဲ့သို့) မသိနားလည်သော (သူငယ်ပြန် အရွယ်) အိုမင်း မစွမ်းအခြေအနေသို့ ရောက်သူများလည်း ရှိကြ၏။ (အရှင်မြတ်က ရှင်ပြန်ထစေတော်မူမည်ကို ထောက်ပြနေသော နောက်ထပ် သက်သေအထောက်အထားတစ်ခုမှာ ကမ္ဘာမြေပင် ဖြစ်၏။) အသင်သည် သွေ့ ခြောက်၍ သက်မဲ့အနေအထား၌ ရှိသောကမ္ဘာမြေအား တွေ့မြင်နိုင်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို (မြေကမ္ဘာ) အပေါ်ဝယ် မိုးရေကို သွန်းချတော်မူ၍ မိုးရေသည် မြေကြီးထဲ စိမ့်ဝင် မွှေနှောက်လျက် ယင်းကို ဖောင်းဖွစေကာ ယင်းမှ (အရောင်၊ အဆင်း၊ အနံ့အရသာ မျိုးစုံရှိသော ကောက်ပဲသီးနှံများ သစ်သီးဝလံ များနှင့်မြက်ပင်၊ ပန်းပင်အစရှိသော) သာယာချမ်းမြေ့ဖွယ်ရာနှင့်လှပကြည်နူးဖွယ်ရာ သစ်ပင်ပန်းပင်နှင့်သဘာဝ ပေါက်ပင်မျိုးစုံကို ပေါက်ရောက်စေတော်မူ၏။

[6] ထိုသို့ဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းမှာ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပကတိ ပရမတ္တသစ္စာတရားဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် သက်မဲ့ကို (အသက်ပေးအပ်တော်မူ၍) သက်ရှိ ဖြစ်စေတော်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်း (၌အရှင့်စည်းမျဉ်း၊ နိယာမတော်များ ပြဌာန်းသတ်မှတ်တော်မူ၍ ထိန်းချုပ်လျက် ယင်း) တို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[7] ထို့ပြင် ဧကန်မလွဲ၊ (ရှင်ပြန်ထမြောက်ရမည့်) နောက်ဆုံးနေ့နာရီသည် မုချပင် ဆိုက်ရောက်လာမည် ဖြစ်၍ ယင်းနှင့်စပ်လျဉ်း၍ ယုံမှားသံသယဖြစ်ဖွယ်ရာ အလျှင်း မရှိပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများတွင် ရှိနေသူတို့ကို ဧကန်စင်စစ်၊ ရှင်ပြန်ထစေတော်မူမည် ဖြစ်၏။

[8] တစ်ဖန် လူသားတို့အနက် အသိပညာ လုံးဝ မရှိရုံသာမက မည်သည့်လမ်းညွှန်မှန်မျှ မရှိသည့်အပြင် မည်သည့် ဉာဏ်အလင်းရစေသော ရှင်းလင်းထင်ရှားသည့် ကျမ်းတော်မျှလည်း မရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုတတ်သူများလည်း ရှိကြသည်။

[9] (မာန်မာနထောင်လွှားကာ) လည်ပင်းကို လိမ်လျက် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ အထင်မြင်လွဲမှားစေရန် ဆက်လက်ငြင်းခုံနေကြ၏ သူ့အတွက် ဤပစ္စုပ္ပန်လောကီဘဝ၌ အကျိုးယုတ် အရှက်ရစေမည်သာမက နောင်တမလွန်၏ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား ချစ်ချစ်တောက် ပူသော (ငရဲမီး၏) ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည် ဖြစ်၏။

[10] ထိုသို့ပြစ်ဒဏ်ခံစားစေခြင်းမှာ သင်၏လက်များဖြင့် (ထိုပြစ်ဒဏ်မျိုးနှင့်ထိုက် ထန်သည့်လုပ်ရပ်များကို ကျူးလွန်၍ တမလွန်ရှိ အရှင့်တရားခွင်သို့) ကြိုတင်ပို့ထားသောကြောင့်ဖြစ်ပြီး (နှလုံးသွင်းသင့်သည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ အရှင့်စည်းမျဉ်းဘောင်များကို ကျော်လွန်၍ မတော်မတရား ပြစ်ဒဏ်ပေးခြင်း အလျှင်း မရှိပေ။

[11] ထို့ပြင် လူတို့အနက် (များစွာသောသူတို့သည် တရားတော်၏စည်းမျဉ်းဘောင်) အစွန်အဖျား၌ (ရပ်တည် ၍) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်သူ လည်းရှိ၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူ၌ ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ သက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို ဘဝင်ကျလျက် အားရကျေနပ်၏။ သို့ရာတွင် အကယ်၍ ထိုသူ၌ စမ်းသပ်မှု တစ်စုံတစ်ရာ သက်ရောက်ခဲ့မှု ထိုသူသည် (ထိုစည်းဘောင်မှ) မျက်နှာလှည့် (၍ အခြားအရာကို မျှော်ကိုးလို) ၏။ ထိုသူသည် ဤလောကီဘဝနှင့်နောင် တမလွန်ဘဝကိုပါ လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ထိုသို့ပင် ယင်းသည် မြင်သာထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင် ဖြစ်၏။

[12] ထိုသူသည် သူ့အား ဆိုးကျိုး၊ ကောင်းကျိုး မဖြစ်စေနိုင်သော (သက်ရှိသက်မဲ့တို့အား) အလ္လာဟ်အရှင် မြတ်မှလွဲ၍ (ကိုးကွယ်ရာအရှင်သခင်များအဖြစ်အယူထားလျက်ယုံကြည်ကိုးကွယ်၍ ယင်းတို့ထံ) ဟစ် ခေါ် ဆု တောင်း ပန်ကြား၏။ ထိုနည်းအတိုင်းပင် ယင်းသည် (အမှန်တရားနှင့်) အလှမ်းဝေးကွာသည့် လမ်းမှားသို့ ရောက်စေ၏။

[13] (အမှန်စင်စစ်) ထိုသူက (အားကိုးတကြီး) ဆုတောင်းပန်းကြားနေသော (သူ့ကိုးကွယ်ရာဖြစ်သော) ယင်းအရာသည် သူ့အား ကောင်းကျိုးထက် ဆိုးကျိုးပြုရန်သာ ပိုမို၍ နီးစပ်၏။ စင်စစ် (ထိုဆုတောင်းပန်ကြား ခြင်းခံရသည့် အရာမူကား) အလွန်ယုတ်ညံ့သော ကာကွယ်စောင့်ရှောက်သူနှင့်အလွန်ယုတ်ညံ့သော တွဲဖော် တွဲဖက် အဆွေခင်ပွန်းပင် ဖြစ်၏။

[14] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့် ပေးတော်မူမည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ရည်ရွယ်တော်မူသည်ကို (ပြီးမြောက်အောင်) ပြုလုပ်တော်မူ၏။

[15] မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော် (မုဟမ္မဒ်) အား ဤလောကီဘဝတွင် (အောင်ပွဲခံရန်) လည်းကောင်း၊ နောင်တမလွန်တွင် (ပေါက်မြောက်အောင်မြင်ရန်) လည်းကောင်း၊ အလျှင်း အကူအညီ ပေးတော်မူမည် မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် (အရှင့်ထံတော်မှ တမန်တော်မြတ်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချတော်မူခြင်းအား ရပ်တန့်စေနိုင်ရန်အတွက်) မိုးကောင်းကင်အထိ ပေါက်ရောက်သည့်နည်းလမ်း အကြောင်းခံတစ်စုံတစ်ခုဖြင့် မိုးကောင်းကင်သို့ ထိုးဖောက်ရန် တိုးချဲ့လုပ်ဆောင်ခွင့်ရပါစေ။ ထို့နောက် သူသည် (သူ့ထိုစီမံကိန်း) ဖြတ်တောက်ရပ်စဲနိုင်သောကြောင့် ယင်းကို စောင့်ကြည့်ခွင့်လည်း ရပါစေ။ သူ၏ထိုစီမံ ကိန်းအကြံအစည်သည် သူ့အားဒေါသဖြစ်သောအရာများကို ဖယ်ရှားစေမည်လော။

[16] (မယုံကြည်သူတို၏စိတ်နှလုံးနှင့်မျက်နှာများ၌ သူတို့ ဒေါသူပုန်ထခြင်း ပေါလွင်သည်အထိ) ငါအရှင်မြတ် သည် ထို (ကျမ်းတော်မြတ်ကုရ်အာန်) ကို ထိုနည်းအတိုင်းပင် မြင်သာထင်ရှားပြီး ရှင်းလင်းပြတ်သားသော အာယသ်သက်သေလက္ခဏာတော်များအဖြစ် ချမှတ်ပေးအပ်တော်မူပြီး ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်က အလိုရှိတော်မူသောသူတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။

[17] ဧကန်ပင်၊ ယုံကြည်သူများ (အရှင်မြတ်ကို ယုံကြည်၍ တမန်တော်မြတ်နောက်လိုက်သော မွတ်စလင် များ)၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြားယုံကြည်မှု အ ယူဝါဒ များကို ယုံကြည်ခဲ့ကြသော) ဆွာဗအီများ၊ မဂျူစီများ (မီးကိုးကွယ်သူများ) (အခြားသက်ရှိ သက်မဲ့ကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်သူများ စသည့် (မည်သည့်ဘာသာတရား ယုံကြည်မှုအယူအဆကို ယုံကြည်ကိုးကွယ်သူများပင် ဖြစ်စေ) မလွဲဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့စပ် ကြားဝယ် (မည်သူတို့က တရားလမ်းမှန်၌ ရှိပြီး မည်သူတို့က လမ်းမှား ရောက်ခဲ့ကြောင်းကို ရှင်းလင်းပြတ် သားစွာ) စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်း မျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) (မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။

[18] ဧကန်မလွဲ၊ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ မြေကမ္ဘာ၌ရှိသူတို့သည်လည်းကောင်း၊ နေ၊ လ၊ ကြယ်တာရာနက္ခတ်များ၊ တောင်များ၊ သစ်ပင်များ၊ လှုပ်ရှားသွားလာနေ သောသတ္တဝါများသည်လည်းကောင်း၊ လူသားတို့အနက်မှ မြောက်များစွာသော သူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် (၏ စည်းမျဉ်း နိယာမတော်များကို နာခံလိုက်နာရပြီး ထိုအရှင်မြတ်) အား သာလျှင် ဦးချနေကြသည်ကို အသင်သည် မမြင်တွေ့ မသုံးသပ်လေသလော။ သို့ရာတွင် (လူတို့အနက်) မြောက်များစွာသော သူတို့အပေါ်၌ (သူတို့၏လုပ်ရပ်နှင့် ထိုက်တန်သော) ပြစ်ဒဏ်နှင့်ပြစ်တင်ရှုတ်ချမှုသည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည် မည်သူ့ကိုမဆို (သူ၏မယုံကြည်မှုနှင့်ဖီဆန်မှုကြောင့်) ဂုဏ်အသရေယုတ်ညံ့စေ၍ အရှက်ရစေတော်မူလျှင် သူ့အတွက် ဂုဏ်သိက္ခာ ချီးမြှင့်ပေး နိုင်မည့်သူဟူ၍ အလျှင်း မရှိချေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူ၏။

[19] (အရှင်မြတ်ကို နာခံဦးချနေသောအုပ်စုနှင့်အာခံဖီဆန်သောအုပ်စုများ ဖြစ်ကြသော) ဤအုပ်စုနှစ်စုသည် ကား သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်ပတ်သက် ၍ အချေအ တင်အငြင်းပွားကြ၏။ သို့ဖြစ်ပေရာ (အရှင်မြတ်ကို အာခံဖီဆန်၍ အခြားသော သက်ရှိသက်မဲ့တို့အား ကိုးကွယ် ရာအဖြစ် ယုံကြည်လျက် အရှင်မြတ်အား) မယုံကြည်သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အတွက် (ငရဲမီး၏) အဝတ်အထည်များသည် (သူတို့နှင့်လိုက်ဖက်အောင်) ဖြတ်ညှပ် ချုပ်ပေးခြင်းခံရပြီး သူတို့၏ဦးခေါင်းပေါ်မှ လည်း (ကျိုက်ကျိုက်ဆူသောရေပူကို) သွန်းလောင်းခြင်းခံရမည် ဖြစ်၏။

[20] ထို (ငရဲမီး၏အပူရှိန်) နှင့်အတူ သူတို့၏ဝမ်းဗိုက်များ၌ ရှိသောအရာ (အူသိမ်အူမ၊ အသည်း၊ နှလုံးစသည် တို့) နှင့်အသားအရည်တို့သည် အရည်ပျော်စေလိမ့်မည်။

[21] ထို့ပြင် သူတို့အတွက် (ဒဏ်ခတ်နိုင်မည့်) သံထည်လုပ် ချွန်းများ (စူးချွန်ပါသံတင်းပုတ်များ) လည်း ရှိကြပေမည်။

[22] သူတို့သည် (ငရဲမီးဒဏ်ကြောင့်ခံစားနေရသော) ပြင်းပြသောဝေဒနာမှ (လွတ်မြောက်လို၍) ထို (ငရဲဘုံ) မှ ထွက်ပြေးရန် ကြံရွယ်ကြိုးစားသည့်အခါတိုင်း၊ ထို (ငရဲဘုံ) ထဲသို့ပင် ပြန်လည် ပို့ခြင်းခံကြရပြီး“ချစ် ချစ်တောက်ပူပြင်းသော မီးဒဏ်ကို မြည်းစမ်းကြလော့။” (ဟု စေတမန်များက အမိန့်ပေး ပြောဆိုသည်ကိုလည်း ကြားရလိမ့်မည်။)

[23] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့် ပေးတော်မူပြီး သူတို့သည် ထို (သုခဥယျာဉ်) ထဲတွင် ရွှေလက်ကောက် (လက်မောင်းပတ်)များနှင့် ပုလဲများဖြင့် အလှတန်ဆာ ဆင်ယင်ပေးခြင်းကို ခံကြရသည့်အပြင် ထို (သုခဥယျာဉ်) ထဲတွင် သူတို့၏ဝတ် စားတန်ဆာများမှာလည်း ပိုးအဝတ်များပင် ဖြစ်ချေမည်။

[24] စင်စစ် သူတို့သည် အပြောအဆိုအားလုံးမှ စင်ကြယ်သန့်ရှင်းသောစကား (အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာ အလျှင်း မရှိကြောင်း ကြွေးကြော်မှုဘက်သို့) လမ်းညွှန်ခြင်းခံကြရပြီး (ချီးကျူးထိုက်သော အပြောအဆိုနှင့်လုပ်ရပ်များဖြင့် ဘဝတည်ဆောက်နိုင်ရန် ကျေးဇူးတင်မှုနှင့်ချီးမွမ်းမှုအလုံးစုံကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့သာ လမ်းညွှန်ခြင်း ခံကြရ၏။)

[25] ဧကန်စင်စစ်၊ မယုံကြည်သူများ (နှင့်အမှန်တရားကို ငြင်းပယ်ဖုံးကွယ်သူများ) သည် (အခြား လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးသည့်အပြင် အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်အား ယင်းဒေသ၌ အမြဲနေထိုင်သူများနှင့်ပြင်ပမှ (ခေတ္တခဏအတွက်) လာရောက်သူများကို (ခွဲခြားခြင်းမရှိဘဲ) လူသားအားလုံးအတွက် ညီတူညီမျှ (အခွင့်အရေးခံစားရာ ဗဟိုဌာန) အဖြစ် ပြဌာန်းထားတော်မူသော်လည်း (ယုံကြည်သူများကို ယင်းမှ) ပိတ်ပင်တားဆီးကြ၏။ သို့ရာတွင် မည်သူမဆို ယင်း (ဗလီဝတ်ကျောင်းတော်) ၌ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့် သွေဖည်ဖောက်ပြန်ရန် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူလိမ့်မည်။

[26] (သတိရကြလော့။) ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီမ်းအား အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်၏တည်နေရာကို ငါအရှင်မြတ်မှအပ ငါအရှင်နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် အရာကိုမျှ ကိုးကွယ်ခွင့်မရှိသောနေရာအဖြစ်သတ်ပေးအပ်တော်မူပြီး ငါအရှင်၏ထိုအိမ်တော်အား (အရှင့်ကို သိစိတ်အပြည့် ဖြင့်) တဝါဖ်လှည့်ပတ်၍ဝတ်ပြုသူများ၊ မတ်တတ်ရပ်၍ဝတ်ပြုသူများ ဦးညွတ်သူများ၊ နှင့်ဦးချသူများအတွက် (ရုပ်ပိုင်းနှင့်နာမ်ပိုင်းဆိုင်ရာ အညစ်အကြေးဟူသမျှမှ) သန့်ရှင်းစင်ကြယ်အောင်ထားရှိရန် တာဝန်ပေးတော်မူ၏။

[27] ထို့ပြင် (တမန်တော် အီဗ်ရာဟီးမ်အား) လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင် ဖြစ် စေ၊ ကုလားအုတ်များပေါ်၌ အမှီသဟဲပြုလျက် စီးနင်း၍ဖြစ်စေ အထွတ်အမြတ်ဆုံး ဗလီဝတ် ကျောင်းတော်သို့ လာရောက်ဝတ်ပြုနိုင်ကြရန် လူခပ်သိမ်းတို့အား (လူသိရှင်ကြား တာဝန်သိစိတ်ဖြင့်) ဖိတ်ခေါ်ကြေညာလော့။” (ဟု မိန့်တော်မူ၏။)

[28] (ထိုဖိတ်ခေါ်သံကို တုံ့ပြန်ဖြေကြားလိုသော) သူတို့အတွက် (နာမ်ရေးရာ စီးပွားရေးရာနှင့်လူမှု ရေးရာ) အကျိုးအမြတ်များရှိကြောင်းကို သက်သေခံရန်ပင် ဖြစ်၏။ ထို့ပြင် သတ်မှတ်ထားသော နေ့ရက်များတွင် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို သတိရ တသ၍ ဖွင့်ဟလျက် အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာများအနက်မှ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော) ခြေလေးချောင်းသတ္တဝါများကို စွန့်လှူ၍ သင်တို့ စားသုံးကြလော့။ ထို့ပြင် ဒုက္ခအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေသူများနှင့် ဆင်းရဲနွမ်းပါးသူများကိုလည်း ကျွေးမွေးကြလော့။

[29] ထို့နောက် သူတို့သည် (အေဟ်ရာမ်ဝတ်ရုံကို ချွတ်၍ ဆံပင်ရိတ်ကာ) သန့်သန့်ရှင်းရှင်းနှင့်သပ်သပ်ရပ်ရပ် ဖြစ်အာင်ပြုလုပ်ခြင်းဖြင့် (ကျေပွန်စရာတာဝန်များ) အဓိဋ္ဌာန်များကို ပြီးဆုံးအောင်ဆောင်ရွက် ကြရမည်။ ထို့ပြင် အမွန်မြတ်ဆုံးသော ရှေးဟောင်းဝတ်ကျောင်းတော်ကို (အရှင့်သိစိတ်ဖြင့် တွဝါဖ်) လှည့်ပတ်၍ ဝတ်ပြုကြရမည် ဖြစ်၏။

[30] ထိုကဲ့သို့ပင် (အရှင်မြတ်သည် ဟဂျ်ဝတ်ပြုမှုနှင့်စပ်လျဉ်းသော စည်းမျဉ်းများကို ချမှတ်သတ်မှတ် တော်မူ၏။) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏မွန်မြတ်သန့်စင်၍ ရိုသေအပ်သော အမိန့်ပညတ် တော်များကို အမြတ်တနိုးထား၍ ကြည်ညိုလေးစားလျှင် ယင်းသည် သူ့အတွက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင်တော်၌ အကောင်းဆုံးပင် ဖြစ်သည်။ စင်စစ် သင်တို့အတွက် စားသုံးရန် တရားမဝင်ကြောင်း သင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီး ဖြစ်သော တိရစ္ဆာန်များ မှအပ ကျန်ခြေလေးချောင်း သတ္တဝါများကို သင်တို့အတွက် တရားဝင် (စားသုံး) ခွင့်ပြုထားပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လွန်စွာ မနှစ်မြို့ဖွယ်ရာဖြစ်သော) ဆင်းတုရုပ်ပွားများကို ကိုးကွယ်ခြင်းတည်းဟူသည့် စက်ဆုပ် ရွံရှာဖွယ်ရာလုပ်မှ ရှောင်ကြဉ်ကြလော့။ ထို့ပြင် (အရှင့် လမ်းညွှန်တော်နှင့်ဆန့်ကျင်၍ မည်သည့်အရာ ကိုမျှ တရားဝင်သည် သို့မဟုတ် တရားမဝင်ပါဟု မပြောဆိုကြလေနှင့်။ မိစ္ဆာဒိဌိပေါ်အခြေခံသော ပြောဆိုမှုနှင့်။) မမှန် မကန်သော အပြောအဆိုအားလုံးကို ရှောင်ကြဉ် ကြလော့။

[31] (မည်သည့် သက်ရှိသက်မဲ့နှင့်အကြောင်းခံကိုမျှ) အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ခြင်း အလျှင်း မပြုကြဘဲ (အရှင်မြတ်၏စည်းမျဉ်းနိယာမတော်များကို တသွေမတိမ်းလိုက်နာလျက်) အလ္လာဟ်အရှင်မြတ်ကို နာခံကိုးကွယ် ရာ၌ (စိတ်ရင်းစိတ်တနာဖြူစင်မှု) ဖြောင့်မတ်တည်ကြည်မှု အပြည့်ထားရှိလော့။ မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) လျှင် ထိုသူသည် မိုး ကောင်းကင်မှ ကျလာဘိသကဲ့သို့ပင် ဖြစ်သောကြောင့် သူ့ကို (အသေသားစားသော) ငှက်တိရစ္ဆာန်များက သုတ်ယူရမည်သာ ဖြစ်၏။ သို့တည်းမဟုတ် လေသည် သူအား ဝေးလံသော အရပ် (ရှိ အလွန်ဆိုးဝါးသည့်မြောင်းထဲ) သို့ လွင့်ပါးစေမည်သာ ဖြစ်၏။

[32] ထိုကဲ့သို့ပင် (အရှင်မြတ်မိန့်တော်မူသမျှသည် အမှန်တရားသစ္စာပင် ဖြစ်၏။) မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများ (ဖြစ်သော သောကြာနေ့စုပေါင်းဝတ်ပြုမှု အီးဒ်ပွဲတော် ဝတ်ပြုမှုများ နေ့ စဉ်ငါးကြိမ် ဝတ်ပြုမှုအတွက် ဖိတ်ခေါ်ခြင်း ဟဂျ်ဝတ်ပြုခြင်းနှင့်ဆင်း ရဲချို့တဲ့သူများအတွက် သားကောင်များကို စွန့်လှူခြင်း စသည်တို့) ကို အမြတ်တနိုးထား၍ ရိုသေခန့်ညားလျှင် ယင်းသည် စိတ်နှလုံးများမှ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းများ အနက်မှပင် ဖြစ်၏။

[33] (အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရန် ဆင်းရဲချို့တဲ့သူတို့အတွက် သားကောင်များကို စွန့်လှူလှီးဖြတ်ခြင်းနှင့်အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများလည်းဖြစ်၊ အစ္စလာမ့်အများပြည်သူတို့၏အထိမ်းအမှတ်လည်းဖြစ် သောအရာများကို ရိုသေခန့်ညားခြင်းတို့၌) သင်တို့အတွက် သတ်မှတ်ထားသော အချိန်ကာလအထိ အကျိုးတရားများရှိ၏။ ထို့နောက် (စွန့်လှူလှီးဖြတ်ရန်ရည်ရွယ်ထားသော) သားကောင်များကို ယင်းတို့၏ (စွန့်လှူလှီး ဖြတ်ရာ) နေရာဖြစ်သော ရှေးဟောင်းအိမ်တော်အနီးသို့ သယ်ဆောင်ကြလော့။

[34] စင်စစ် ငါအရှင်မြတ်သည် (သက်ဝင်ယုံကြည်သော) လူ့ဘောင်အသိုင်းအဝိုင်းတိုင်းအတွက် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အလို့ငှာ သူတို့အား အ ရှင်မြတ်ပေး အပ်တော်မူသော စားနပ်ရိက္ခာများအနက်မှ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသော) ခြေလေးချောင်း သတ္တဝါများကို စွန့်လှူလှီးဖြတ်ရန် ဘာသာရေးဓလေ့တစ်ခု ဖြစ်တော်မူ၏။ စင်စစ်သော် ကား သင်တို့၏ကိုး ကွယ်ရာအရှင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (သင်တို့၏ကိုယ်စိတ်နှလုံးကို ထိုအရှင်မြတ်ထံအပ်နှံ၍) အရှင့်အမိန့်တော်များကိုသာ နာခံလိုက်နာကြလော့။ ထို့ပြင် (အို၊ ရစူလ်တမန်တော် အသင်သည် ထိုသို့ အရှင့်ကျေနပ်နှစ်မြို့မှုအတွက် လုံးလုံးလျားလျား မြှုပ်နှံထား ၍) ကျိုးနွံသောအရှင့်အစေခံတို့အား ဝမ်းမြောက်ဖွယ်ရာ သ တင်းကောင်းကိုပါးလော့။

[35] ထို (ကျိုးနွံသောအစေခံများဖြစ်သည့်) သူတို့သည် (သူတို့ရှေ့ဝယ်) အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟပြောဆိုသောအခါ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်၍ ရိုကျိုးကြသည့်အ ပြင် သူတို့၌ သက်ရောက်သော ဘေးဒုက္ခများနှင့်စပ်လျဉ်း၍လည်း (ဇွဲလုံ့လဝီရိယဖြင့် အစဉ်အမြဲ) သည်းခံကြံ့ခိုင်မှုရှိလျက် ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြရုံသာမက သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာများ (နှင့်အခြား စွမ်းရည်စွမ်းပကားများ) အနက်မှ စွန့်လှူပေးကမ်းကြ၏။

[36] စင်စစ် ငါအရှင်မြတ်သည် (သင်တို့က စွန့်လှူရန်ရည်ရွယ်ထားသော) ကုလားအုတ်များနှင့်ကျွဲနွား တိရိစ္ဆာန်အစရှိသည့် သားကောင်များကို အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏အမှတ်သညာများအ နက်မှ ဖြစ်စေတော်မူပြီး ယင်းတို့၌ သင်တို့အတွက် ကောင်းကျိုးများစွာ ရှိ၏။ သို့ဖြစ်ပေရာ သင်တို့သည် ယင်း (စွန့်လှူမည့်သားကောင်) တို့ကို စီတန်း၍ ရပ်စေသည့်အနေအထား၌ထားရှိသောအခါ အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော် နာမတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့နောက် ယင်းတို့အား ဘေးစောင်းလဲကျစေ (၍ လှီဖြတ်ပြီး) သောအခါ ယင်းတို့မှ စားသုံးကြလော့။ ထို့ပြင် (လက်ဖြန့်တောင်း ခံခြင်းမပြုဘဲ) ရောင့်ရဲတင်းတိမ် (မှုဖြင့် သိက္ခာစောင့်စည်း) သူတို့နှင့် (သိက္ခာ မစောင့်စည်းနိုင်ဘဲ ဖွင့်ဟ) တောင်းခံသူတို့ကိုလည်း ကျွေးမွေး ကြလော့။ ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် သင်တို့ကျေးဇူးတတ်ရန်အလို့ငှာ ယင်း (ကုလားအုတ်ကျွဲနွား အစရှိ သောတိရိစ္ဆာန်) တို့ကို သင်တို့၏အသုံးခံများ ဖြစ်စေတော်မူ၏။

[37] (သင်တို့စွန့်လှူကြသော) ယင်း (သားကောင်) တို့၏ အသားများသည်လည်းကောင်း ယင်းတို့၏သွေးများ သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံတော်သို့ အလျှင်း ရောက်ရှိသည် မဟုတ်ပေ။ သို့ရာတွင် သင်တို့ထံမှ သက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံးခြင်း) သာလျှင် ထိုအရှင် မြတ်ထံတော်သို့ ရောက်ရှိလိမ့်မည်။ ထိုနည်းအတိုင်းပင် သင်တို့အား လမ်းညွှန်ပြ တော်မူသမျှအပေါ် အလေး ထားလျက် အလ္လာဟ်အရှင်မြတ်က ကြီးမြတ်တော်မူကြောင်း ဂုဏ်တင်ချီး ကျူးနိုင်ကြရန်အလို့ငှာ ယင်းတို့ကို သင်တို့အတွက် သင်တို့၏အသုံးခံဩဇာခံများ ဖြစ်စေတော်မူ၏။ (အို၊ ရစူလ်တမန်တော်၊) မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပါးလော့။

[38] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သောသူတို့အား (မယုံကြည်သူတို့၏ဘေး အန္တရာယ်များကို တွန်းလှန်ပယ်ရှားနိုင်ရန်) ခုခံကာကွယ်ပေးတော်မူ၏။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ် သည် မည်သည့် သွေဖည်ဖောက်ပြန်သူနှင့်ကျေးဇူးကန်းသော မယုံကြည်သူကိုမျှ နှစ်သက်တော်မူသည် မဟုတ်ပေ။

[39] တိုက်ခိုက်ခြင်းခံနေကြရသော ယုံကြည်သူတို့သည် (မယုံကြည်သူတို့၏) မတော်မတရား နှိပ်စက်ညှဉ်း ပန်းခြင်းကို ခံကြရသောကြောင့် (ရန်သူတို့နှင့်အပြန်အလှန်တိုက်ခိုက်ခြင်းကို) ခွင့်ပြုစေတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (အောင်ပွဲခံသည်အထိ) ကူညီစောင်မနိုင်စွမ်းရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[40] (ထိုသို့ ခွင့်ပြုတော်မူခြင်းမှာ) ထိုသူတို့သည် “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့် အကြောင်းမျှ မရှိဘဲ လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်ကာ) သူတို့၏အိုးအိမ်နယ်မြေများမှ နှင်ထုတ်ခြင်း ခံခဲ့ကြရသူများ ဖြစ်သောကြောင့်ပင် ဖြစ်၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူ သားတို့အား အချို့ကို အချို့ဖြင့် ထိန်းချုပ်တွန်းလှန်စေတော်မမူလျှင် ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားကျောင်းများ ဂျူးဘုရား ကျောင်းများနှင့် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော် နာမတော်များကို အ ကြိမ်ပေါင်းမြောက်များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟသော နေရာဌာနဖြစ်သည့် ဗလီဝတ်ကျောင်းတော်များ (စသော ဘာသာရေးဆိုင်ရာ အဆောက် အအုံအားလုံး) အမှန်ပင် ဖြိုချဖျက်ဆီးခြင်း ခံကြရမည် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်ခြင်းဖြင့်) အရှင့်အတွက်ကူညီသူကို မုချပင် ကူညီစောင်မ တော်မူမည် ဖြစ်၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် အင်အားတောင့်တင်းမှု အလုံးစုံကို ပိုင်ဆိုင် တော်မူသောအရှင်၊ ဘုန်းတန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[41] ယုံကြည်သူတို့သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေဝယ် (အုပ်ချုပ်ရေးအခွင့်အာဏာ) ထူထောင်ခွင့်ပေးတော်မူလျှင် သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အ ညီ မြဲမြံစွာ) ဆောက်တည်ကြသည့်အပြင် ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့ ဆင်းရဲ သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလှုံကြေးကိုလည်း ပေးဆောင်ကြပေမည်။ ထို့ပြင် ကောင်းမြတ်မှု (နှင့်အ ကျင့်သီလကောင်း ဆောက်တည်နိုင်သည့် လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါ်ပြီး (စည်းမျဉ်းစည်းကမ်းများအား ဖီဆန်ငြင်း ပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှု ပြုလုပ်ခြင်းအား တားမြစ်ပိတ် ပင်ရန် အမိန့်ပေးတိုက်တွန်းကြပေမည်။ အမှန်သော်ကား စီမံချက်အရေးကိစ္စ (အလုံးစုံ) တို့၏နောက်ဆုံးအကျိုးရလဒ်သည် (အရှင့်နိယာမတရား နှင့်အညီ) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။

[42] (အို၊ ရစူလ်တမန်တော်၊) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ သူတို့မတိုင်မီ (တမန်တော်) နူဟ် အာဒ်နှင့်ဆမူဒ်တို့၏လူမျိုးများလည်း (အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။

[43] ထိုနည်းတူစွာ (တမန်တော်) အီဗ်ရာဟီမ်း၏လူမျိုးတို့နှင့် (တမန်တော်) လူးသ်၏လူမျိုးတို့လည်း (မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။)

[44] မဒ်ယန်မြို့၏ပြည်သူတို့လည်း (ထိုသို့ပင် ငြင်းပယ်ခဲ့ကြ၏)။ ထို့ပြင် (တမန်တော်) မူဆာသည်လည်း (ဖာရိုမင်းနှင့်သူ့လူမျိုးတို့၏) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား (ပြစ်ဒဏ်ခတ်ခြင်းမှ ခေတ္တ) ရွှေ့ဆိုင်း ထားတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် (သူတို့က မယုံကြည်မှုနှင့်မတရားမှုကျူးလွန်ခြင်း၌သာ ဇွဲရှိရှိ ဆက်လက်ရပ်တည်ခြင်းကြောင့်) ဖမ်းဆီးအရေးယူတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ငြင်းဆိုချက်သည် မည်သို့ ထိတ်လန့်ဖွယ်ဖြစ်အံ့နည်း။

[45] စင်စစ် ငါအရှင်မြတ်သည် မြို့ရွာဒေသ မည်ရွေ့မည်မျှကို ယင်းတို့နေပြည်သူတို့က အရှင့်စည်းမျဉ်းတော် များကို ဖောက်ဖျက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံနေခဲ့ကြစဉ် တိမ်ကောဖျက်ဆီးစေတော်မူခဲ့ (ကြောင်းကို လူ့ဘဝခရီးစဉ် သမိုင်း၌ စူးစမ်းလေ့လာနိုင်) ၏။ သို့ဖြစ်ပေရာ ယင်းမြို့ရွာဒေသများ၏ (အဆောက်အအုံများနှင့်ယင်းတို့၏နံရံများ ပြိုကျရုံသာမက ခေါင်မိုးများပါပြို ကျပျက်စီးလျက် ယင်း) ခေါင်မိုး များပေါ်တွင်လည်း အပျက်အစီးများ ရှိနေ၏။ ထို့ပြင် များစွာသော ပျက်စီးနေသည့် ရေတွင်းများသည်လည်းကောင်း၊ မြင့်မားသော တိုက်တာအိမ်ယာဂေဟာအစရှိသည့် အဆောက်အအုံများ သည်လည်းကောင်း (ယနေ့တိုင် ရှေးခေတ်အမွေအနစ်များအဖြစ်) ကျန်ရှိနေသေး၏။

[46] သို့ပါလျက် သူတို့သည် သူတို့၌ အတွေးအခေါ်ရှိသော နှလုံးသား ကြားနာနားလည်နိုင်စွမ်းရှိသော နားများ ဖြစ်လာစေရန် မြေကမ္ဘာဝယ် လှည့်လည်သွားလာ (လျက် ရှေးခေတ်လူတို့၏ယဉ်းကျေးမှုအမွေအနစ် များကို စူးစမ်းလေ့လာသုံးသပ်) ခြင်း မပြုခဲ့ကြလေသလော။ (အမှန်တရားကို မြင်နိုင်စွမ်း လက်ခံနိုင်စွမ်း မရှိခြင်းသည် အမြင်အာရုံချို့တဲ့လျက်) ဧကန်ပင်၊ မျက်စိများ၊ ကန်းနေခြင်း မဟုတ်ပေ။ အမှန်မှာ (ဆင် ခြင်တုံ တရားသုံး၍ တွေးခေါ်နားလည်းနိုင်စွမ်းမရှိသောကြောင့်) ရင်များ၌ရှိသော စိတ်နှလုံးများသည်သာ ကန်းနေခြင်း ဖြစ်၏။

[47] ထို့ပြင် သူတို့သည် အသင် (တမန်တော်) ထံ (အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်လျှင် အရေးယူတော် မူမည့်) ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စိတ်ဆောစွာဖြင့် စိန်ခေါ် တောင်းဆိုကြနေ၏။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အရှင့်ကတိတော်ကို အလျှင်း ပျက်ကွက်တော်မူမည် မဟုတ်ပေ။ ထို့ပြင် ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ နေ့တစ်နေ့သည် သင်တို့ရေ တွက်ကြသော အနှစ်တစ်ထောင် ကဲ့သို့ပင် ဖြစ်၏။

[48] ငါအရှင်မြတ်သည် မြို့ရွာဒေသ မည်ရွေ့မည်မျှကို ယင်းတို့နေပြည်သူတို့က အရှင့်စည်းမျဉ်းတော်များ ကို ဖောက်ဖျက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံနေခဲ့သော်လည်း (အလျင်စလို အရေးယူ တော်မမူဘဲ အမြင်မှန်ရစေရန်) ရွှေ့ဆိုင်းပေးတော်မူခဲ့ (ကြောင်းကို လူ့ဘဝခရီးစဉ် သမိုင်း၌ စူးစမ်းလေ့လာနိုင်) ၏။ ထို့နောက် ငါအရှင်မြတ်သည် (သူတို့က မယုံကြည်မှုနှင့် မတရားမှုကျူးလွန်ခြင်း၌သာ ဇွဲရှိရှိ ဆက်လက်ရပ် တည်ခြင်းကြောင့်) ဖမ်းဆီးအရေးယူတော်မူခဲ့၏။ ထို့ပြင် (ထိုသူတို့အားလုံးသည်) ငါအရှင်မြတ်ထံသို့သာလျှင် (သူတို့၏နောက်ဆုံးပန်းတိုင်အဖြစ်) ရောက်ရှိကြရမည် ဖြစ်၏။

[49] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အို၊ လူသားအပေါင်းတို့၊ ကျွန်ုပ်သည် သင်တို့အတွက် မြင်သာထင် ရှားသော သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။” ဟု ဟောပြောလော့။

[50] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ (ကောင်းမြတ်သော အကျင့်သီလများ) ဖြင့် ဘဝဆောက်တည်ကြသော သူတို့အတွက် (ကြိုတင်မခန့်မှန်းနိုင်သော ကျေးဇူးတော်များ) လွတ်ငြိမ်းချမ်းသာခွင့်နှင့်ရက်ရောသော စားနပ်ရိက္ခာများ ရှိနေ၏။

[51] သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (တမန်တော်မြတ်နှင့် ယုံကြည်သူတို့အား ဆန့်ကျင်နှောက်ယှက်လျက်) အရေးနိမ့်သူများဖြစ်စေရန် အစွမ်းကုန် ရုန်းကန်ကြသော သူများလည်းရှိကြ၏ ထိုသူတိုသည် ငရဲမီး၏အပေါင်းအဖော်များသာ ဖြစ်ကြသည်။

[52] စင်စစ် အသင် (တမန်တော်) မတိုင်မီ ငါအရှင်မြတ်သည် စလွှတ်တော်မူခဲ့သော မည်သည့် ရစူလ်တမန်တော်နှင့်နဗီတမန်တော်ပင်ဖြစ်စေ သူသည် လူတို့အား အရှင့်အမိန့်တော် ထုတ်ပြန်ချက်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြသောအခါ စေတန်မကောင်းဆိုးဝါးသည် ထို (အမိန့်ပညတ်ချက်များ) နှင့်ပတ်သက်၍ (စောင်းပါးရိပ် ခြေပြောခြင်း လူတို့က ထိုအမိန့်တော်များ၏အဓိပ္ပါယ်ကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် ကြိုးပမ်းခြင်းဖြင့်) လူတို့ အား အမှန်တရားမှ လွဲချော်ရန် ကြိုးစားခြင်းမခံရသော တမန်တော်ဟူ၍ မရှိပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးက ကြိုးပမ်း ခင်းကျင်းခဲ့သမျှ (လူတို့၏စိတ် နှလုံးထဲ ထည့်သွင်းသမျှသော ဒွိဟသံသယမှုများ) ကို ရုပ်သိမ်းပပျောက် စေတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ် သက်သေလက္ခဏာတော်များကို (ပိုမို၍ပင်) တည်တံခိုင်မြဲစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[53] ထိုအရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးက လူတို့အား အယုံသွင်းစေရန် စောင်းမြောင်း ပြောဆိုသမျှကို စိတ်တွင်း၌ (ယုံကြည်မှုဆိုင်ရာ ဒွိဟသံသယများ) ရောဂါဝေဒနာများရှိနေသူတို့နှင့် (အာခံဖီဆန်မှုကြောင့်) စိတ်နှလုံးခက်ထန်မာကျောသူတို့အတွက် စမ်းသပ်မှုတစ်ရပ် ဖြစ်စေတော်မူရန်သာ ဖြစ်ပေသည်။ ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် အမှန်ပင် (သဘောထား) ဂိုဏ်းဂဏကွဲပြားမှု၌ရှိနေလျက် (အမှန်တ ရားမှ) အလှမ်းဝေးကွာစွာ ရှိနေကြ၏။

[54] ထို့ပြင် ဉာဏ်ပညာ ချီးမြှင့်ပေးအပ်တော်မူခြင်းခံကြရသောသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော် မြတ်) သည်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြစ်ကြောင်း သိနားလည်ကြရန်လည်း ဖြစ်၏။ သို့မှသာ သူတို့သည် ယင်း (ကျမ်းမြတ်တော် မြတ်ကုရ်အာန်) ကို (ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ သို့ဖြစ်ပေရာ သူတို့၏စိတ်နှလုံးများကိုလည်း ထို အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှု) အတွက် ကျွိုးနွံစွာ နာခံအပ်နှံရန်ပင် ဖြစ်သည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို အ မှန်ပင် ညွှန်ပြတော်မူသောအရှင် ဖြစ်တော်မူ၏။

[55] စင်စစ်သော်ကား မယုံမကြည် (သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော) သူတို့သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့နာရီက သူတို့ထံ ရုတ်တရက် ရောက်လာသည့်အထိ၊ သို့တည်းမဟုတ် (မျှော်လင့်ချက်တိုင်းက လက်မှိုင်ချခြင်းအဖြစ်သို့ ပြောင်းရသည့်) ပြစ်ဒဏ်သည် သူတို့ထံ ရောက်လာလျက် အကြောင်းမလှသော (အမင်္ဂလာ) နေ့နှင့်ကြုံသည်အထိ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ပင် ရှိမြဲ ရှိနေခြင်းကို ရပ်စဲမည် မဟုတ်ပေ။

[56] ထို (တရားစီရင်မည့်) နေ့တွင် ပကတိ အချုပ်အခြာအာဏာဟူသမျှကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူပြီး ထိုအရှင်မြတ်သည် လူသားတို့ကြားဝယ် (ဖြစ်ပျက်ခဲ့သမျှ ပြဿနာအားလုးကို) စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံခဲ့ကြသူတို့သည် (သုခချမ်း သာနှင့်ပြည့်စုံသော) သာယာကြည်နူးဖွယ်ရာ သုခဥယျာဉ်များ၌ နေခွင့်ရကြ လိမ့် မည်။

[57] သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြသူတို့သည် မယုံကြည် (သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်) သူများဖြစ်ကြပြီး ထိုသူတို့ သည်ပင် သူတို့အတွက် အရှက်ရ သေးသိမ်စေသော ပြစ်ဒဏ်နှင့်ထိုက်တန်သူများ ဖြစ်ကြ၏။

[58] (ထို့ပြင် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်သောကြောင့် ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီးနောက်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ (သူတို့၏ဇာတိမြေအိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကိုစွန့်၍) ရွှေ့ ပြောင်းကြ သူတို့သည် (ထိုသို့နေရင်းစွန့်၍ ပြောင်းရွေ့နေထိုင်စဉ်) အသတ်ခံခဲ့ကြရသည်ဖြစ်စေ၊ သို့မဟုတ် သေဆုံးခဲ့ကြသည်ဖြစ်စေ၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်ကောင်းမြတ်သော ရိက္ခာအထောက်အပံ့ များဖြင့် ရိက္ခာချီးမြှင့်ပေးအပ်တော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာ ထောက်ပံ့တော်မူသောအရှင် မုချပင် ဖြစ်တော်မူ၏။

[59] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့နှစ်သက်ကြသော (ဝင်ချင်စဖွယ်) နေရာဌာနသို့ ဝင်ရောက်ခွင့်ပေးတော်မူမည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အ မှန်ပင် အကြွင်းမဲ့ သိနေတော်မူသော အလွန်တရာ သည်းခံတော်မူ၍ သက်ညှာတော်မူသောအရှင် ဖြစ်တော်မူ၏။

[60] ထိုနည်းအတိုင်းပင် (အရှင်မြတ်သည် အရေးကိစ္စဟူသမျှကို အသေးစိတ်ရှင်းပြတော်မူ၏)။ ထို့ပြင် မည်သူမဆို သူ့အား မတော်မတရား ကျူးကျော်ရန်စ၍ ခံစားစေခဲ့သည့်အတိုင်းအတာနှင့်အညီ ပြန်လည် လက်တုံ့ခွင့်ရှိ၏။ ထို့နောက် တစ်ဖန် ထိုသူသည် (နောက်ထပ်တစ်ကြိမ်ထပ်မံ၍) သစ္စာမဲ့စွာဖြင့် ကျူးလွန် ရန်စခဲ့သော် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ထို (မတရားကျူးကျော်ခြင်းခံရသော) သူအား ကူ ညီတော်မူမည်ဖြစ် (၍ အစိုးရကလည်း သူ့ဘက်မှ ရပ်တည်ရမည်ဖြစ်) ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မ တိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အမှန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာ တော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[61] ထိုကဲ့သို့ပင် ဖြစ်စေတော်မူလိမ့်မည် (အကြောင်းမူကား) အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲသို့ တိုးဝင် ဖြတ်စေတော်မူ (၍ နေ့အဖြစ်ပြောင်းလဲစေတော်မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ် ပြောင်းလဲစေတော်မူ) ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ်လျှောက်၌ လူသားတို့ပြော ဆိုခဲ့သမျှနှင့် သင်တို့ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက် မှုဟူသမျှကို) မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။

[62] ထိုကဲ့သို့ဖြစ်တည်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (သက်ရှိသက်မဲ့ အားလုံးကို အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ ဖြစ်တည်စေတော်မူသော အမြဲအမှန်ထာဝရတည်ရှိနေတော်မူသည့်အရှင်) ပရမတ္တသစ္စာဖြစ်တော်မူပြီး အလ္လာဟ်အရှင်မြတ်မှအပ (အခြား မည်သည့်သက်ရှိ သက်မဲ့ကို ပင်ဖြစ်စေ၊ ယုံကြည် ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ထံ) ဟစ်ခေါ်ဆုတောင်းပန်ကြားလျှင် ယင်းတို့ အားလုံးသည် မိစ္ဆာဒိဌိပင် ဖြစ်သောကြောင့်တည်း။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်သာ အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[63] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို သွန်းချစေတော်မူသောကြောင့် မြေကမ္ဘာမှာ စိမ်းလန်းစိုပြေ လာခြင်းဖြစ်သည်ကို အသင်သည် မတွေ့ မမြင် မသုံးသပ်မိလေသလော။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အနုစိတ် ရှုထောင့်သွင်ပြင်များကိုပင် ထိုးထွင်းသိမြင်တော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်း နိယာမတော်များဖြင့် မသေချာမရေရာမှုများကိုပင် ပြီးမြောက်အောင် ဖြစ်စေတော် မူပြီး လူသားတို့ဉာဏ်မမီနိုင်အောင်) အလွန်တရာ နက်နဲသိမ်မွေ့တော်မူသောအရှင်၊ (အရာခပ်သိမ်းတို့၏သတင်း အချက်အလက်အသေးစိတ်ကို) အစဉ် သတင်းရနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[64] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှ (တို့ကို ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ယင်း တို့) အားလုံးသည် အရှင်မြတ်ပိုင်ဆိုင်တော်မူသော အရာများသာ ဖြစ်ကြ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (ရှိသမျှဓနစည်းစိမ်နှင့်တန်ဖိုးအလုံးစုံကို ဖြစ်တော်မူလျက် လိုလားတောင့်တမှုနှင့်မှီခိုအားထားမှု ကင်းမဲ့ တော်မူသောအရှင်) ပကတိ ကုံလုံပြည့်စုံတော်မူသောအရှင် ကျေးဇူးတင်မှုနှင့်ချီးမွမ်းမှု အလုံးစုံနှင့်ထိုက်တန် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[65] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မြေကမ္ဘာ၌ရှိသောအရာဟူသမျှနှင့်အရှင့်စီမံချက် (နိယာမတရား) ဖြင့် ပင်လယ်ပြင်၌ စီးမျောသွားလာနေသောရေယာဉ်သင်္ဘောများကို သင်တို့အတွက် အလုပ်အ ကျွေးပြုသော အရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကို အသင် မတွေ့ မမြင် မသုံးသပ်မိ လေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင့်ခွင့်ပြုချက်မရှိဘဲ မိုးကောင်းကင်အား ကမ္ဘာဂြိုဟ်ပေါ်သို့ ပြိုကျ မသွားရန် ထိန်းချုပ်ထားတော်မူသည်။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ) လူသားများနှင့်စပ်လျဉ်း၍ (အရှင့်အမိန့်တော်အတိုင်း လိုက်နာနိုင်ရန်အလို့ငှာ သူတို့၏ဒုက္ခအ ခက်အခဲများကို ဖယ်ရှားလွယ်ကူစေ ရာတွင်) အလွန်ပင်ညှာတာတော်မူသောအရှင် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[66] ထိုအရှင်မြတ်သည်ပင်လျှင် သင်တို့အား အသက်ရှိသော လူသား (အဆင့်သို့) ဖြစ်စေတော်၏၊ တစ်ဖန် သင်တို့အား သေစေတော်မူပြီးနောက် (ကွယ်လွန်လျှင် မြေမြှပ်သဂြိုဟ်၍ မြေကြီးဖြစ်သွားမည်။ သို့မ ဟုတ်၊ မီးရှို့ သဂြိုဟ်၍ ဖြာဖြစ်သွားမည်ဟု မှတ်ယူနေခြင်းမှ) တစ်ဖန် ရှင်ပြန်ထမြောက်စေတော်မူမည် ဖြစ်၏။ ဧကန်မလွဲ၊ လူသားသည် (အမှန်တရားကို မယုံကြည် ဖီဆန်ငြင်းပယ်၍) အလွန်တရာ ကျေးဇူး ကန်းသူ အမှန်ပင် ဖြစ်ပေ၏။

[67] ငါအရှင်မြတ်သည် (သက်ဝင်ယုံကြည်သော) လူ့ဘောင်အသိုင်းအဝိုင်းတိုင်းအတွက် သူတို့ လိုက်နာကျင့် သုံးရမည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးဓလေ့စနစ်တစ်ခုစီကို ဖြစ်ပေါ်စေတော်မူ၏။ သို့ဖြစ်ပေရာ (သူတို့သည် သူတို့၏ဘာသာရေးစနစ်အတိုင်း ယုံကြည်ကိုးကွယ်ခွင့်ရှိပြီး) အရေးကိစ္စများ၌ အသင် (တမန်တော်) နှင့်အချေအတင် ငြင်းခုံခြင်းကို ခွင့်မပြုလေနှင့်။ သို့သော် (သူတို့ကိုလည်း) အသင့်အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့ (ဆက်လက်) ဖိတ်ခေါ်လော့။ ဧကန်မလွဲ၊ အသင် (တမန်တော်) သည် ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သော တရားလမ်းစဉ်ပေါ်၌ ရပ်တည်နေ၏။

[68] သို့ရာတွင် အကယ်၍ သူတို့သည် အသင်နှင့်အငြင်းအခုံ ပြုခဲ့ကြသည်ရှိသော် အသင်သည် (သူတို့အား “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို ကောင်းစွာ သိနေတော်မူသောအ ရှင်မြတ် ဖြစ်တော်မူ၏။” ဟုဟောလော့။)

[69] သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့ငြင်းခုံသော ကွဲလွဲနေသည့်အရေးကိစ္စများနှင့်ပတ်သက်၍ ရှင်ပြန်ထမည့်နေ့၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။

[70] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့ကို သိနေတော်မူကြောင်း အသင် သိပြီ မဟုတ်လော။ ဧကန်စင်စစ် ထို (အရာအားလုံး) သည် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်ထားပြီ ဖြစ်၏။ ဧကန်မလွဲ၊ ထိုသို့ (မှတ်တမ်းတင်ခြင်းသည်) အလ္လာဟ်အရှင်မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။

[71] စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ယင်းနှင့်ပတ်သက်၍ ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ မည်သည့်အခွင့်အာဏာကိုမျှ အရှင်မြတ်က ချမှတ်ပေးတော်မူခြင်းမရှိသော ယင်းနှင့်ပတ်သက်၍ သူတို့မှာ မည်သည့် အသိပညာမျှ မရှိသော အခြားသောသက်ရှိသက်မဲ့များကို ဆည်းကပ်ကိုးကွယ်ကြ၏။ ထို့ပြင် အရှင့် စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောသူတို့အတွက် (အရှင့် ပြစ်ဒဏ်မှ လွတ်မြောက်စေရန်) မည်သည့် ကူညီ စောင့်မမည့်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

[72] ထို့ပြင် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ် သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ အသင်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန် ငြင်းပယ်သူတို့၏မျက်နှာများတွင် မနှစ်မြို့ဖွယ်ရာ သွေဖည်ငြင်းဆန်မှုကို သတိမူ တွေ့မြင်ရပေမည်။ သူတို့သည် သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက် ရောက်) တိုက်ခိုက် လုနီးနီး ဖြစ်ကြ၏။ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “ကျွန်ုပ်သည် သင်တို့ အား (သင်တို့ယခု မနှစ်မြို့ဖွယ်ရာဟု ထင်မြင်သော) ထို့ထက်ပင် ပိုမိုဆိုး ရွားလှသောအရာကို သတင်းပေး ဆင့်ပြန်ရမည်လော။ (ထိုအရာသည်ကား ငရဲ) မီးပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ အမှန် တရားကို ဖီဆန်ငြင်းပယ်သော သူတို့အား ယင်း (ငရဲမီးထဲသို့ ရောက်စေတော်မူမည်ဖြစ်ကြောင်း) ကို ကတိပြု ထားတော်မူ၏။ စင်စစ်သော်ကား (ယင်းငရဲမီးသည်) အလွန်ဆိုးရွားလှသော ဘဝခရီးပန်းတိုင် (ပြန်လည်ရာဌာန) ပင် ဖြစ်၏။

[73] အို၊ လူသားအပေါင်းတို့၊ ဥပမာ ပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ သင်တို့သည် ယင်းဥပမာ ပုံဆောင်ချက်ကို (ကောင်းစွာ) ကြားနာကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့က (ကိုးကွယ်ရာများအဖြစ်မှတ်ယူ၍) ဟစ်ခေါ် (တသလျက် ဆည်းကပ် ကိုးကွယ်လျက်ရှိ) ကြသောအရာများ (၏ အရည်အချင်း) မှာ ယင်းတို့အားလုံးကို (တစ်စည်းတစ်လုံးတည်း) စုရုံး (စေ၍ ကြိုးပမ်းအား ထုတ်စေ) ကြသည့် တိုင်အောင် (ယင်းတို့သည်) ယင်ကောင်တစ်ကောင်ကိုပင် အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ယင်ကောင်တစ်ကောင်သည် (သင်တို့ကိုး ကွယ်ရာများအဖြစ် ဆည်းကပ်ကိုး ကွယ်နေကြသော) သူတို့ထံမှ တစ်စုံတစ်ရာကို ဆတ်ခနဲယူငင်သွားလျှင် သူတို့သည် ထိုအရာကို ယင်းယင် ကောင်ထံမှ ပြန်လည် ရယူနိုင်ကြသည် မဟုတ်ချေ။ ကြိုးပမ်း တောင်းခံ၍ ရှာဖွေဆည်းပူးနေသူ (အားကိုးတကြီး ယုံကြည်ကိုးကွယ် ဆည်းကပ်နေသူများ) နှင့်ရှာဖွေဆည်းပူးခြင်းခံရသူများ (ကိုးကွယ်ဆည်းကပ်ရာ ရုပ်တုဆင်းပွားများ) သည် အလွန်ပင် အားနည်း ချိနဲ့လှပေ၏။

[74] သူတို့သည် အလ္လာဟ်အရှင်မြတ်အား (အရှင်မြတ်၏ဉာဏ်တော်အနန္တ ဂုဏ်တော်များ၊ တန်ခိုးတော် များနှင့်အညီ ထိုက်ထိုက်တန်တန် တန်ဖိုးထားမြတ်နိုးရန်) တာဝန်ရှိသည့်အလျှောက် ဝေဖန်ပိုင်းခြားဆုံး ဖြတ်၍ ထောက်ချင့်လျက် လေးစားကြည်ညိုကြသည် မဟုတ်ပေ။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် အင်အားတောင့်တင်းမှုအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ ဘုန်းတန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[75] အလ္လာဟ်အရှင်မြတ်သည် မလာအီကာစေတမန်တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ သတင်းဆောင်စေတမန်များ (တမန်တော်များ) ကို ရွေးချယ်တော်မူခဲ့၏။ ဧကန်မုချ၊ အလ္လာဟ်အ ရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ် လျှောက်၌ လူသားတို့ပြောဆိုခဲ့သမျှနှင့် သင်တို့ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို) မြင်နေတော်မူသော အ ရှင်ဖြစ်တော်မူ၏။

[76] ထိုအရှင်မြတ်သည် သူတို့၏ရှေ့နောက်အဖြစ်အပျက် (အတိတ်အနာဂတ် လူသိရှင်ကြား ထုတ်ဖော်ခဲ့ သမျှနှင့်ထိန်ချန်ဖုံးကွယ်ထားသမျှ) အလုံးစုံတို့ကို (အကြွင်းမဲ့) သိနေတော်မူ၏။ စင်စစ်သော်ကား စီမံချက်အကြောင်းကိစ္စအရေးအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ထံသို့သာ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပေါ် စေရန်) ဦးလှည့်ခြင်းခံရမည်ဖြစ်၏။

[77] အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ပေါက်မြောက်အောင်မြင်ကြအလို့ငှာ (တစ်ဆူ တည်းသောအရှင်မြတ်အား ယုံကြည်ကိုးကွယ်၍ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ခြင်းဖြင့်) ဦးညွှတ် ကြလော့။ ပျပ်ဝပ်ဦးချကြလော့။ ထို့ပြင် အသင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ်အား (အမိန့်တော်များနှင့်အညီဘဝ ဆောက်တည်၍) နာခံကိုးကွယ်ကြလော့။ ထို့ပြင် (ဘာသာရေးဆိုင်ရာ အမိန့်ပညတ်များ) ကောင်းမြတ်သော အမှုကိစ္စများကိုလည်း ပြုလုပ်ကျင့်ကြံကြလော့။

[78] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်မြို့အတွက် (အရှင့်အမိန့်တော်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရှင့်ရန်သူများကို တော်လှန်ရန် စေတန်မကောင်းဆိုးဝါးနှင့်မကောင်းမှကို အားပေးတိုက်တွန်းသော စိတ်အလိုရမ္မက်တို့နှင့်ဆန့်ကျင့်၍ စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက် စွန့်ကြိုးပမ်းဆောင် ရွက်ရန် တာဝန်ရှိသည်နှင့်အညီ ရုန်းကန်လှုပ်ရှားကြလော့။ ထိုအရှင်မြတ်သည် အ သင်တို့အား (အရှင့်အမိန့်တော် များနှင့်အညီ တာဝန်ကျေပွန်စွာ ဘဝတည်ဆောက်ရန်) ရွေးချယ်တော်မူပြီး သင်တို့၏ဖခင်ကြီး (တမန်တော်) အီဗ်ရာဟီမ်၏လမ်းစဉ် (ကျင့်စဉ်) နည်းတူ သင်တို့အပေါ်တွင် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ၌ မည်သည့် ကျပ်တည်းခဲယဉ်းမှု တစ်စုံတစ်ရာ ကိုမျှပင် ပြုတော်မမူခဲ့ချေ။ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်)သည် သင်တို့နှင့်ပတ်သက်၍ (စံပြအဖြစ် လိုက်နာနိုင်ရန်) သက်သေဖြစ်အံ့သောငှာလည်းကောင်း၊ အသင်တို့သည်လည်း လူသားတို့နှင့်ပတ်သက်၍ (စံနမူနာ ယူဖွယ်ရာ) သက်သေများ ဖြစ်ကြအံ့သောငှာလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် သင်တို့အား ယခင်ကပင် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းလိုလားသော) မွတ်စလင်ဟူ၍ အမည်ကင်ပွန်း တပ်ပေးတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ''ဆွလာသ်'' ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက် တည်ကြလော့။ ထို့ပြင် ''ဇကာသ်''(ခေါ် တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် စွန့်လှူရသော လူမှုဖူလှုံကြေး) ကိုလည်း ပေးဆောင်ကြစလော့။ (သင်တို့၏အရေး ကိစ္စအားလုံးတွင်) အလ္လာဟ်အရှင်မြတ် (၏ကျမ်း တော်မြတ်ကုရ်အာန်နှင့်အညီ အရှင့်) အားသာလျှင် စွဲမြဲစွာ ဆုပ်ကိုင်ထားကြလော့။ ထိုအရှင်မြတ်သည် (သင်တို့၏ အရေးကိစ္စအားလုံး၌) သင်တို့အား ကာကွယ်စောင့်ရှောက်သူဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ (ထိုအရှင်မြတ်သည်) အဘယ်မျှလောက် ကောင်းမြတ်လှသော၊ (ကိစ္စအဝဝတွင် ကူညီစောင်မတော်မူသော) ဆောင်ရွက်ပေးတော်မူသော ကာကွယ်စောင့်ရှောက်သူ ဖြစ်ဘိနည်း။ အဘယ်မျှလောက် ကောင်းမြတ်လှသော၊ ကူညီစောင်မတော်မူ သောအရှင် ဖြစ်တော်မူဘိသနည်း။

ယုံကြည်သူများ

Surah 23

[1] ဧကန်မလွဲ၊ (စစ်မှန်သော) သက်ဝင်ယုံကြည်သူတို့သည် ပေါက်မြောက်အောင်မြင်ခဲ့ကြချေပြီ ဖြစ်၏။

[2] ထို (သက်ဝင်ယုံကြည်) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုခြင်း၌ ကျိုးနွံမှုနှင့်နာခံအပ်နှံမှု အပြည့်ရှိသူများ ဖြစ်ကြ၏။

[3] ထို (သက်ဝင်ယုံကြည်) သူတို့သည် အချည်းနှီးအကျိုးမဲ့သော တာဝန်မဲ့သော ပြောဆိုပြမူမှုများမှ မျက်နှာလွှဲ ကျောခိုင်းကြ၏။

[4] ထို (သက်ဝင်ယုံကြည်) သူတို့သည် ဇကားသ် (တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် စွန့်လှူရသော လူမှုဖူလှုံကြေးကို) ပေးဆောင်ခြင်းနှင့်ရုပ်နာမ်စင်ကြယ် သန့်ရှင်းမှုအတွက် (ကောင်းမှုများကို) ပြုလုပ်သူများ ဖြစ်ကြ၏။

[5] ထို (သက်ဝင်ယုံကြည်) သူတို့သည် (ဗြဟ္မစရိယကျင့်ခြင်းနှင့်ကာယိန္ဒြေစောင့်ထိန်းခြင်းဖြင့်) သူတို့၏အရှက် အင်္ဂါများကို စောင့်စည်းထိန်းသိမ်းသူများလည်း ဖြစ်ကြ၏။

[6] သူတို့၏ဘဝဖော်များ၊ သို့မဟုတ် သူတို့၏ (ကောင်းမှုကိုယ်စားပြုသော) ယာလက်ဝယ်၌ (အစ္စလာမ် မတိုင်မီ) ပိုင်ဆိုင်ထားခဲ့ကြသည် (ကို ယခင်ယဉ်ကျေးမှုဓလေ့တုံးစံအတိုင်း ဆက်လက်) ကျင့်သုံးခွင့်ရှိသော ဩဇာခံများမှအပ (အခြား မည်သည့်တရားမဝင်သော ချဉ်းကပ်မှုကိုမျှ မပြုလုပ်ကြသောကြောင့်) ဧကန်ပင်၊ သူတို့သည် အပြစ်တင်ထိုက်သူများ မဟုတ်ကြပေ။

[7] သို့ရာတွင် မည်သူမဆို ထို (စည်းဘောင်) ထက်ကျော်လွန်၍ (အခြားတရားတော်က ခွင့်မပြုထားသော ချဉ်းကပ်မှုမျိုးကို) ရှာဖွေတောင့်တလျှင် ထိုသူတို့သည် (အရှင်မြတ်ပြဌာန်းထားသော) စည်းဘောင်ကို ကျူးလွန် သူများပင် ဖြစ်ကြ၏။

[8] ထို့ပြင် ထို (သက်ဝင်ယုံကြည်) သူတို့သည် (အရှင်မြတ်ထံတော်မှဖြစ်စေ လူ့အဖွဲ့အစည်းမှဖြစ်စေ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှဖြစ်စေ လွှဲအပ်ထားသော) ယုံကြည်အပ်နှံမှုနှင့် (အရှင်မြတ်လူ့အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်ရေးအရ ထားရှိသော) ကတိကဝတ်များကို (သစ္စာရှိရှိ မှန်မှန်ကန်ကန် ကျေပွန်စောင့်ထိန်းနိုင်ရန်) စေ့စပ်သေချာစွာ ဆောင်ရွက်သူများ ဖြစ်ကြ၏။

[9] ထို့ပြင် ထို (သက်ဝင်ယုံကြည်) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှုများကို (ယင်းတို့၏စည်းကမ်းစည်း မျဉ်းများနှင့်အညီ တာဝန်သိစိတ်ဖြင့် မြဲမြံစွာ ဆောက်တည်ရန်) အလေးအနက်ထား၍ စောင့်ထိန်းကြသူများလည်း ဖြစ်ကြ၏။

[10] ထို (အဓိကရ သက်ဝင်ယုံကြည်) သူတို့သည်ပင်လျှင် အမွေစားအမွေခံများ ဖြစ်ကြ၏။

[11] ထိုသူတို့သည် သုခဘုံနန်း၏အမြင့်ဆုံးအထပ်ကို အမွေရကြမည်ဖြစ်ပြီး သူတို့သည် ထို (သုခဘုံ) ၌ အစဉ်ထာဝရ ကာလအကန့်အသတ်မဲ့ နေထိုင်မည့်သူများပင် ဖြစ်ကြ၏။

[12] မုချဧကန်၊ ငါအရှင်မြတ်သည် လူသား (၏မျိုးပွားမှုဖြစ်စဉ်ကို) ကို ညှစ်ထုတ်ထားသော အညတရမြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။

[13] ထို့နောက် ငါအရှင်မြတ်သည် လူသား (၏မျိုးဆက်) ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း) ၌ ကလလရေကြည်တစ်စက်မှ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။

[14] ထို့နောက် ငါအရှင်မြတ်သည် ထိုကလလရေကြည်ကို (သားအိမ်နံရံတွင်) တွယ်ကပ်နေသည့် အတုံးအဖု အဖြစ်လည်းကောင်း ထိုမှတစ်ဖန်သွေးခဲအဖြစ်သို့ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီးနောက် တစ်ဖန် ငါအရှင်မြတ် သည်ပင် ထိုသွေးခဲကို အသားတုံးအဖြစ် ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုအသားတုံး၌ အရိုးများ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုအရိုးများကိုတစ်ဖန် အသားအရေဖြင့် တန်ဆာဆင်မြန်း၍ ခြုံပေးတော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် (ထိုအရိုး အသားတုံးနှင့်အသားအရေတို့အား အရှင့်ဆန္ဒတော်၏စည်းမျဉ်းနိယာမတော်နှင့်အညီ) ယင်းကို ဖွံ့ ဖြိုးစေတော်မူ၍ သီးခြား ဖွဲ့စည်းဖြစ်တည်မှုအဖြစ် ဖြစ်ပေါ်လာစေတော်မူ၏။ သို့ဖြစ်ပေရာ အရာခပ်သိမ်းတို့ကို အကောင်းဆုံးသော အသင့်တော်အလိုက်ဖက်ဆုံး (ပုံပန်းသဏ္ဍာန်များဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အဘယ်မျှ အလ္လာဟ်အရှင်မြတ်သည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူပြီး ထူးကဲမြင့်မြတ်လှဘိနည်း။

[15] ထို့နောက်တွင်မှ (ထိုကဲ့သို့ ဖွံ့ဖြိုးကြီးထွားစေတော်မူပြီးနောက်) ဧကန်ပင်၊ သင်တို့သည် သေစေရန် သတ်မှတ်ပြဌာန်းခြင်းခံကြရသူများ အမှန်ပင် ဖြစ်ကြ၏။

[16] (ကွယ်လွန်သေဆုံးပြီးနောက်) တစ်ဖန် ဧကန်ပင်၊ သင်တို့သည် ရှင်ပြန်ထမြောက်ရမည့်နေ့တွင် ရှင်ပြန်ထမြောက်စေတော်မူခြင်းကို ခံကြရလိမ့်မည်။

[17] မုချဧကန်၊ ငါအရှင်မြတ်သည် သင်တို့၏ထက်ဝယ် (တစ်ထပ်ပေါ် တစ်ထပ်ဆင့်သော မိုးခုနစ်ထပ်) လမ်းကြောင်းခုနှစ်ဆက်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ငါအရှင်မြတ်သည် ထိုသို့ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၌ (ယင်းတို့၏မည်သည့်ရှုထောင့်သွင်ပြင်ကိုမျှ) သတိမမူ ဥပေက္ခာပြုထားတော်မူသောအရှင် မဟုတ်ပေ။

[18] ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို (သင့်တော်သော) အတိုင်းအတာ၊ အချိန်အဆ အားဖြင့် ရွာသွန်းစေတော်မူပြီးနောက် ယင်းကို မြေကမ္ဘာထဲသို့ စိမ့်ဝင်၍ (နေထားတကျ ဖြစ်အောင်) ရပ် တည်စေတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ထိုမိုးရေကို (တဖြည်းဖြည်း ဆုတ်ယုတ်စေတော်မူ၍) ကုန်ခန်းပျောက်စေခြင်းငှာ တတ်စွမ်းနိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

[19] ထို့နောက် ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် သင်တို့အတွက် စွန်ပလွံခြံများနှင့်စပျစ်ခြံများကို (အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ) ပေါက်ရောက်စေတော်မူ၍ သင်တို့အတွက် ထိုဥယျာဉ်ခြံများတွင် မြောက် မြားစွာသော သစ်သီးဝလံမျိုးစုံ ဖြစ်ထွန်းစေတော်မူခြင်းဖြင့် သင်တို့သည် ယင်းတို့မှ စားသုံးနိုင်ကြ၏။

[20] ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်မှ သစ်ပင်တစ်ပင်ကို ဖြစ်ထွန်းပေါက်စေတော်မူ၍ စားသုံးဆီ ထွက်စေရုံသာမက စားသုံးသူတို့အတွက် မြိန်မြိန်ရှက်ရှက်ခံတွင်းတွေ့ဖွယ်ရာ စားသုံးစရာကိုလည်း ထွက် စေတော်မူ၏။

[21] ဧကန်စင်စစ်၊ သင်တို့အတွက် (မြက်စားသော ကုလားအုတ်၊ ကျွဲ နွား၊ သိုး၊ ဆိတ်စသည့်) ခြေလေးချောင်းတိရစ္ဆာန်များတွင် (ဆင်ခြင်သုံးသပ်၍ စံနမူနာယူဖွယ်ရာ) သင်ခန်းစာတစ်ရပ်ရှိနေ၏။ ငါအရှင်မြတ် သည် သင်တို့အား ယင်း (တိရိစ္ဆာန်) တို့၏ဝမ်းတွင်း၌ရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။ ထို့ပြင် ယင်းတို့၌ သင်တို့အတွက် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိသည့်အပြင် သင်တို့သည် ယင်းတို့အနက်မှ စားသုံးကြနိုင်၏။

[22] သင်တို့သည် ယင်းတိရစ္ဆာန်များအပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ (စီးနင်းသွားလာ၍ ဝန်စည်စလယ်များကို တင်ဆောင်လျက်) သယ်သူပို့ဆောင်ရေး လုပ်နိုင်ကြ၏။

[23] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်ကို သူ၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့ရာစဉ် (သူသည် သူတို့အား) “အို၊ ကျွန်ုပ်၏လူမျိုးတို့ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုး ကွယ်ကြလော့။ ထိုအရှင်မြတ်မှအပ သင်တို့အတွက် အခြားကိုးကွယ်ထိုက်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအဖြစ် မသတ်မှတ်မိစေရန်) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ခြင်း မပြုကြလေသလော။

[24] သို့ရာတွင် (တမန်တော်) နူဟ်၏လူမျိုးတို့အနက် အမှန်တရားကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသော အကြံပေးအကြီးအကဲတို့က (တမန်တော်နူးဟ်နှင့်ပတ်သက်၍) “ဤပုဂ္ဂိုလ်သည် သင်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးသာလျှင် ဖြစ်ပြီး သူသည် သင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွည်နေခြင်းသာ ဖြစ်၏။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန် ရစေတော်မူရန်) အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူလျှင် မလာအီကာစေတမန်များကိုသာ စေလွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ် တို့သည် ဤ (တစ်ဆူတည်း တည်ရှိမြဲ တည်ရှိနေတော်မူသော အရှင်မြတ်ကိုသာ နာခံကိုးကွယ်ရမည်ဟူ) သည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ရှေ့၌ လွန်လေသွားခဲ့သော ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံမှ (မည်သည့် အခါမျှ) မကြားခဲ့ပါ။” ဟု ပြောဆိုခဲ့ကြ၏။

[25] စစ်စစ် ဤပုဂ္ဂိုလ် (တမန်တော်နူးဟ်) သည် သူ့၌ ရူးသွပ်ခြင်း (ဝေဒနာစွဲကပ်လျက်) ရှိနေသော ပုဂ္ဂိုလ် တစ်ဦးပင် ဖြစ်ပေရာ သင်တို့သည် သူနှင့်ပတ်သက်၍ ကာလအတိုင်းအတာတစ်ခုအထိ အချိန်ပေး၍ စောင့်ကြည့်ကြလော့။

[26] (ထိုစဉ် တမန်တော်) နူဟ်းက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ်အရှင်မြတ်၊ သူတို့သည် ကျွန်ုပ်အား မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြ သောကြောင့် အရှင်မြတ်သည် ကျွန်ုပ်အား ကူညီစောင်မတော်မူပါ။” ဟု လျှောက်ထားပန်ကြားလေ၏။

[27] (တမန်တော်) နူးဟ်၏ထံသို့ “အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ရှေ့တော် မှောက်တွင် ရေယာဉ်သင်္ဘောကို ပြုလုပ်တည်ဆောက်လော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချတော်မူခဲ့ ၏။ ထို့နောက် “အရှင့်အမိန့်တော်ရောက်လာ၍ (ကမ္ဘာ့မြေလွှာအောက်တွင်ရှိသော ကျောက်ရည်ပူကို ကိုယ်စားပြု သည့်”) ဘွိုင်လာအိုးသည် (ဆူနာမီဖြစ်စေရန်) ဆူပွက်လျှံထွက်လာသည့်အချိန်အထိ “ထို (သင်္ဘော) ပေါ်၌ (သက်ရှိသတ္တဝါများအနက်မှ ဖိုမ) တစ်စုံစီကိုလည်းကောင်း၊ သူနှင့်ဆန့်ကျင်၍ အရှင့်ဗျာဒိတ်တော် (စီရင်ချက်) ကို ရှေ့ပြေးပဏာမအဖြစ် ဖော်ပြတော်မူခဲ့သောသူမှအပ သင်၏မိသားစုနှင့်ယုံ ကြည်သူများကိုလည်း တင်ဆောင်လော့။” ဟု ငါအရှင်မြတ်အမိန့်တော်ထုတ်ပြန်ခဲ့သည် သို့ရာတွင် (အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်ကျူး လွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသော သူတို့နှင့်ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ်ထံတော်တွင် (မည်သည့်တစ်စုံတစ်ရာအတွက်မျှ) လျှောက်ထားပန်ကြားခြင်း မပြုလေနှင့်။ ဧကန်ပင်၊ သူတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြ၏။

[28] ထို့နောက် အသင် (တမန်တော်နူးဟ်) သည်လည်းကောင်း၊ အသင်နှင့်အတူ (လိုက်ပါကြသော ယုံကြည် သူ) အပေါင်းအဖော်များသည်လည်းကောင်း၊ သင်္ဘောပေါ်တက်၍ တည်တည်ငြိမ်ငြိမ် ဖြစ်စေတော်မူသောအခါ အသင်သည် ''ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ထိုက်မှုဟူသမျှသည် ကျွန်ုပ်တို့အား (အရှင့်စည်းမျဉ်းတော်များကို ချိုး ဖောက်ကျူးလွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသော လူမျိုးတို့ (၏ဘေးအန္တရာယ်) များမှ ကယ်တင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာလျှင် ထိုက်တန်တော်မူပါ၏။'' ဟု ရွတ်ဆိုလော့။

[29] ထို့ပြင် (ဆက်လက်၍ အသင်သည် သင်္ဘောပေါ်မှ ဆင်းသောအခါ) ''အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက် သရေ မင်္ဂလာနှင့်ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသော ဆင်းသက်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါ၏။'' ဟု လျှောက်ထားပန်ကြားလော့။

[30] ဧကန်ပင်၊ ထို (စံနမူနာယူဖွယ်ရာ ဖြစ်စဉ်) ၌ (အမှန်တရားကို ထင်ရှားမြင်သာစေသည့် အလ္လာဟ်အရှင်မြတ်၏များစွာသော) အာယသ်သက်သေလက္ခဏာတော်များရှိပြီး ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (လူ သားအား) စမ်းသပ်တော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[31] ထို့နောက် ငါအရှင်မြတ်သည် သူတို့၏နောက်တွင် (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အခြားမျိုးဆက် တစ်ခုကို ပေါ်ထွန်းစေတော်မူ၏။

[32] တစ်ဖန် ငါအရှင်မြတ်သည် ထိုမျိုးဆက်၌လည်း သူတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေ၍ စေလွှတ်တော်မူခဲ့ရာ (ထိုရစူလ်တမန်တော်ကလည်း) “သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ လျှင် ခဝပ်ကိုးကွယ်ကြလော့။ ထိုအရှင်မြတ်မှအပ သင်တို့အတွက် အခြားကိုးကွယ်ထိုက်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအဖြစ် မသတ်မှတ်မိစေရန်) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ခြင်း မပြုကြလေသလော။” ဟု ဟောပြောခဲ့၏။

[33] ထို့ပြင် ထိုရစူလ်တမန်တော်၏လူမျိုးတို့အနက်မှ ငါအရှင်မြတ်က သူတို့အား ဤလောကီဘဝတွင် စည်း စိမ်ချမ်းသာကို ချီးမြှင့်ပေးသနားတော်မူသော်လည်း အမှန်တရားကို မယုံမကြည်၊ သွေဖည်ငြင်းပယ်ကြသည့်အပြင် တမလွန်ဘဝနှင့်တွေ့ကြုံရင်ဆိုင်ရမည်ကိုလည်း မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြသော အကြံပေးအကြီးအကဲတို့က (အဆိုပါ ရစူလ်တမန်တော်နှင့်ပတ်သက်၍) “ဤပုဂ္ဂိုလ်သည် သင်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးသာလျှင် ဖြစ်၍ သူသည် အသင်တို့ စားသုံးကြသောအရာများကို စားသုံးသည်သာမက အသင်တို့ သောက်ကြသောအရာများကိုပင် သောက်သုံးသည်။” ဟု ပြောဆိုခဲ့ကြ၏။

[34] အကယ်၍ အသင်တို့သည် သင်တို့ကဲ့သို့ (သေမျိုးဖြစ်သော) လူသားတစ်ဦး (၏အမိန့်) ကို လိုက်နာခဲ့ကြသည်ရှိသော် ဧကန်မလွဲ၊ အသင်တို့သည် ဆုံးရှုံးသူများသာလျှင် ဖြစ်ကြပေမည်။

[35] ထို (ရစူလ်တမန်တော်ဟု ကြွေးကြော်သော) သူက အသင်တို့ သေဆုံးကြပြီးနောက် မြေကြီးဖြစ်ကာ အရိုးများသာကျန်သောအခါ ဧကန်ပင်၊ အသင်တို့သည် (သင်္ချိုင်းတွင်းမှ ရှင်ပြန်ထမြောက်၍) ပြန်လည်ထွက်ကြရမည့်သူများ ဖြစ်ကြသည်။” ဟု အသင်တို့အား ကတိပေးပြောဆိုသည် မဟုတ်လော။

[36] သင်တို့အား ကတိပေးပြောဆိုခြင်းသည် ဖြစ်နိုင်ခြေမှ အလှမ်းဝေးလေစွ၊ အလှမ်းဝေးလေစွ။

[37] အသက်ရှင်ခြင်းဟူသည် ကျွန်ုပ်တို့၏လောကီဘဝ၌ အသက်ရှင်ခြင်းမှအပ အခြားမရှိပြီ။ ကျွန်ုပ်တို့သည် သေဆုံးကြ၏ အသက်ရှင်ကြ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် (ကွယ်လွန်သွားပြီးနောက်) ရှင်ပြန်ထကြရမည့်သူများ အလျှင်း မဟုတ်ပြီ။”( ဟုလည်း အဆိုပါ အကြီးအကဲတို့က ပြောဆိုကြ၏။)

[38] (သူတို့က ဆက်လက်၍) ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မဟုတ်မတရား မမှန်မကန် သော မုသားစကားကို လီဆယ်ပြောဆိုသူတစ်ဦးသာဖြစ်ပေရာ ကျွန်ုပ်တို့သည် သူ့အား ယုံကြည်ကြမည့်သူများ အလျှင်း မဟုတ်ကြချေ။

[39] (ထိုစဉ်) ထိုရစူလ်တမန်တော်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သူတို့သည် ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ကြသော ကြောင့် ကျွန်ုပ်အား ကူညီစောင်မတော်မူပါဟု လျှောက်ထားပန်ကြားလေ၏။

[40] (ထိုအခါ) အရှင်မြတ်က (အို၊ ရစူလ်တမန်တော်) သူတို့သည် အမှန်ပင် မကြာမြင့်မီကာလအတွင်း နောင်တရမည့်သူများဖြစ်လာကြ၏။” (ဟု မိန့်ကြားတော်မူ၏။)

[41] ထို့နောက် (ဖီဆန်ငြင်းပယ်မှု၏အကျိုးဆက်အဖြစ်) အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီး၏အသံသည် (သူတို့၏လုပ်ရပ်နှင့်အညီ) မျှမျှတတနှင့်ရှောင်လွဲ၍ မရနိုင်အောင် ထိုက်တန်စွာဖြင့် သူတို့အား ဖမ်းဆီးသုတ်သင်လေ၏။ ထိုအခါ ငါအရှင်မြတ်သည် သူတို့အား အမှိုက်သရိုက်များ (ကဲ့သို့) ဖြစ်စေတော်မူ၏။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံကြသော လူမျိုးတို့အတွက် (အရှင့်ကရုဏာတော်မှာ) အလှမ်းဝေးကွာသွားလေ၏။

[42] ထို့နောက် ငါအရှင်မြတ်သည် သူတို့၏နောက်တွင် (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အခြားမျိုးဆက်တစ်ခုကို ပေါ်ထွန်းစေတော်မူ၏။

[43] မည်သည့်မျိုးဆက်ပင်ဖြစ်စေ၊ (သူတို့၏ယုံကြည်မှုနှင့်ဘဝနေပုံထိုင်ပုံကြောင့် တိမ်ကောချိန်ရောက်လာ လျှင်) သူတို့နှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလထက် (ရှေ့တိုး၍) စောနိုင်သည်လည်း မဟုတ်ပေ။ (နောက်ဆုတ်၍) နောက်ကျနိုင်သည်လည်း မဟုတ်ချေ။

[44] ထို့နောက် ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အချိန်အခါ၌ဖြစ်စေ၊ လူမျိုးတစ်မျိုးထံသို့ ယင်းအတွက် သတ်မှတ်ခဲ့သော ရစူလ်တမန်တော် သည် ပွင့်ပေါ်ရောက်ခဲ့သည့်အခါတိုင်း ထိုလူမျိုးသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်း ပယ်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူတို့အား အချို့၏ (တိမ်ကောပျက်စီးကိန်း) နောက်သို့ အချို့ကို လိုက်စေတော်မူပြီး သူတို့အား (တရားရဖွယ်ရာများပါရှိသည့်) သမိုင်းကြောင်းများ ဖြစ်ပေါ် (ကျန်ရစ်) စေတော်မူ၏။ သို့ဖြစ်ပေရာ သက်ဝင်ယုံကြည် ခြင်းမရှိသော လူမျိုးတို့သည် (အရှင့်ကရုဏာတော်မှ) ကင်းဝေးစေတော်မူ၏။

[45] ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်) မူဆာနှင့်သူ့နောင်တော် (တမန်တော်) ဟာရုန်တို့အား ငါအ ရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့် ထင်ရှားလှစွာသော အခွင့်အာဏာနှင့်တကွ စေ လွှတ်တော်မူခဲ့၏။

[46] (တမန်တော် မူဆာနှင့်ဟာရူန်တို့ကို) ဖါရိုမင်းနှင့်သူ၏မှူးမတ်အကြံပေး အကြီးအကဲတို့ထံသို့ စေလွှတ် တော်မူခဲ့ရာ သူတို့သည် (ထိုတမန်တော်နှစ်ပါးအား) မောက်မာစွာ ဆက်ဆံခဲ့ကြ၏။ အမှန်မှာ သူတို့သည် (ယခင်ကပင် မိမိတို့ကိုယ်ကို အထင်ကြီးလျက်) မောက်မာသူများ ဖြစ်ခဲ့ကြ၏။

[47] သို့ဖြစ်ပေရာ သူတို့က ”ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကဲ့သို့ (သေမျိုးသာဖြစ်) သော ဤပုဂ္ဂိုလ် နှစ်ဦးကို ယုံကြည်ကြရမည်လော။ စင်စစ်သော်ကား သူတို့နှစ်ဦး၏လူမျိုးတို့မှာ ကျွန်ုပ်တို့၏လက်အောက်ခံ ကျေးကျွန် များပင် ဖြစ်ကြ၏။

[48] (အချုပ်မှာ ဖါရိုမင်းနှင့်သူ၏မှူးမတ်အကြံပေး အကြီးအကဲများဖြစ်ကြသော) သူတို့သည် သူတို့ နှစ်ဦး စလုံး (တမန်တော်မူဆာနှင့်ဟာရူန်) ကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ကြောင့် သူတို့သည် တိမ်ကောပျက်စီးခဲ့ကြရသူတို့အနက်မှပင် ဖြစ်ခဲ့ကြလေ၏။

[49] (ဖါရိုမင်းနှင့်သူ၏မှူးမတ်အကြံပေးအကြီးအကဲများ ရေနစ်သေကြေပျက်စီးကြပြီးနောက်) ငါအရှင်မြတ် သည် (အစ္စရေးမျိုးနွယ်ဝင် တမန်တော်မူဆာ၏လူမျိုးများဖြစ်ကြသော) သူတို့ တရားလမ်း ရရှိစေတော်မူရန်အလို့ငှာ တမန်တော်မူဆာအား (တောင်ရာတ်) ကျမ်းတော်ကို ချီးမြှင့် ပေးအပ်တော်မူခဲ့လေသည်။

[50] စင်စစ် ငါအရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ထိုသားတော်၏မယ်တော် (မရ်ယမ်) အား (အရှင်မြတ်၏တန်ခိုးတော်ကို ထင်ရှားစေသည့်) အာယသ်သက်သေလက္ခဏာတော်တစ်ပါးအဖြစ် ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့နှစ်ဦးစလုံးကို ငြိမ်သက်အေးချမ်းပြီး စိမ့်စမ်းရေ တည်ရှိရာ ကုန်းမြင့် သာ၌ ခိုလှုံစေတော်မူခဲ့၏။

[51] အို၊ ရစူလ်တမန်တော်အပေါင်းတို့၊ အသင်တို့သည် (တရားဝင်ခွင့်ပြုထားသော) စင်ကြယ်သန့်ရှင်းသည့်အရာများကို စားသုံးကြလော့။ ထို့ပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက် တည်ကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် မြတ်ပင် ဖြစ်တော်မူ၏။

[52] ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက်များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့ သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးကြလော့။

[53] သို့ရာတွင် လူတို့သည် သူတို့၏ (အလိုဆန္ဒများပေါ်အခြေခံသော အတွေးအခေါ် အယူအဆများနှင့်) အရေးကိစ္စများကြောင့် အချင်းချင်းကြားတွင် (ဘာသာသာသနာ) ဂိုဏ်းဂဏအမျိုးမျိုးဖြင့် (ထိုတစ်ခုတည်းသော လူ့ဘောင်ကို) အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ခဲ့ကြလေ၏။ ဂိုဏ်းဂဏတိုင်း အုပ်စုတိုင်းသည် သူတို့၌ရှိသော (အတွေးအခေါ် ၊အယူအဆ၊ ဓလေ့တုံးစံစသည့်) အရာတို့ဖြင့် ပျော်ရွှင်ကြည်နူးလျက် ရှိနေကြ၏။

[54] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား (အမှန်တရားကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေသည့် သက်သေအထောက်အထားနှင့်ရှင်းလင်းချက်များဖြင့် တင်ပြသော်လည်း သူတို့၌ အမှန်တရားကို လက်ခံလိုစိတ် မရှိသောကြောင့်) သူတို့၏မှောက်မှားမှု၌ပင် သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် စွန့်ထားလော့။

[55] ငါအရှင်မြတ်သည် သူတို့အား (တိုးပွားစေ၍ ရက်ရောစွာ) ပေးအပ်တော်မူသော ဥစ္စာဓနနှင့်သားသမီးရ တနာများနှင့်စပ်လျဉ်း၍ (သူတို့၏စွမ်းရည်ကြောင့်သာဖြစ်လာသည်ဟု) ထင်မြင်တွက်ချက် ကြလေသလော။

[56] ငါအရှင်မြတ်သည် သူတို့အတွက် ကောင်းမှုကုသိုလ်များကို (အပြိုင်အဆိုင်ပြလုပ်ခြင်း) ၌ (အကျိုးဆု လဒ်ကို) ဆောလျင်စွာ ရက်ရက်ရောရော ဖောဖောသီသီ အလျှံပယ် ပေးတော်မူကြောင်းကို အမှန်ပင် သူတို့သည် သတိမမူ မသိနားမလည်ကြချေ။

[57] ဧကန်စင်စစ်၊ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား အလေးအနက်ထား၍ ရိုသေခန့်ညားမှုကြောင့် စိုးရွံ့ထိတ်လန့်သူတို့အနက်မှ ဖြစ်ကြလေ၏။

[58] ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို (အစဉ်ယုံကြည်မှု ခိုင်မာ တိုးပွားလာစေရန် စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက်ဝင်ယုံကြည်ကြ၏။

[59] ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ (မည်သည့် သက်ရှိသက်မဲ့ကိုမျှ) ကိုးကွယ်ရာအဖြစ် မပြုလုပ် (မကိုးကွယ်) ကြချေ။

[60] ထိုသူတို့သည် သူတို့ပြုမူသမျှ စွန့်လှူပေးကမ်းသမျှနှင့်သူတို့၏စိတ်နှလုံးများရှိ၊ ရှိသမျှ စို့ရွံ့ထိတ်လန့်မှု တို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်သွားကြရမည်ဖြစ်သောကြောင့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် အတွက်သာဖြစ်၏။

[61] ထိုသူတို့သည် ကောင်းမှုကုသိုလ်များကို ကြိုးပမ်းဆောင်ရွက်ရာ၌ (သူ့ထက်ငါသာအောင်) အပြိုင်အဆိုင် ဆောင်ရွက်လေ့ရှိကြပြီး သူတို့သည် (ကောင်းမှုနှင့်ပတ်သက်လျှင်) ရှေ့ဆုံးမှနေ၍ ဦးဦးဖျားဖျား လုပ် ဆောင်ကြသူများ ဖြစ်ကြသည်။

[62] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ ယင်း၏စွမ်းရည်နှင့်အညီမှအပ (မနိုင်သော တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်စေတော်မူသည် မဟုတ်ပေ၊ ထို့ပြင် ငါအရှင်မြတ်ထံတော်တွင် အရာခပ်သိမ်းနှင့်စပ်လျဉ်း အမှန်တရားသစ္စာဖြင့်သာ ပြောဆိုဆုံးဖြတ်စေသော မှတ်တမ်းစာအုပ် တစ်အုပ် ရှိနေပြီး သူတို့သည် (စိုးစဉ်းမျှပင်) မတော်မတရား (အရေးယူတော်မူခြင်း) ခံကြရစေမည် မဟုတ် ပေ။

[63] အမှန်မှာ သူတို့၏စိတ်နှလုံးများသည် ဤအချက်နှင့်စပ်လျဉ်း၍ (ရှုပ်ထွေးတွေဝေမှု အလေးမထား သတိမမူသော) မသိမိုက်မဲမှု၌ပင် ရှိနေကြပြီး ထိုအရာမှအပ သူတို့အတွက် လုပ်ကိုင်ဆောင်ရွက်စရာ အခြားသော လုပ်ဆောင်ချက်များလည်း ရှိကြသေး၏။

[64] နောက်ဆုံးတွင် ငါအရှင်မြတ်သည် သူတို့အနက်မှ စည်းစိမ်ရှင်တို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီး၍ အရေးယူစေတော်မူသောအခါ သူတို့သည် ရုတ်တရက် အော်ဟစ်ငိုကြွေး၍ အကူအညီအတွက် ညည်းညူကြလေ ၏။

[65] (ထိုအခါ သူတို့သည် ငါအရှင်မြတ်ထံတော်မှ) သင်တို့သည် ဤနေ့တွင် အော်ဟစ်ငိုကြွေး၍ အကူအညီအတွက် မညည်းညူကြလေနှင့်။ အကြောင်းသော်ကား (ယနေ့အချိန်တွင်) သင်တို့သည် ငါအရှင်မြတ်ထံတော်မှ (မည်သို့မျှ) ကူညီစောင်မတော်မူခြင်းကို ခံကြရမည် မဟုတ်ချေ။

[66] ဧကန်မလွဲ၊ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် သင်တို့ရှေ့ဝယ် ဖတ်ကြားခြင်း ခံခဲ့ကြရသောအခါ သင်တို့သည် သင်တို့၏ခြေဖနှောင့်များဘက်သို့ မျက်နှာလွှဲ လှည့်ပြန်ခဲ့ကြလေ၏။

[67] (အမှန်တရားကို မယုံကြည်ဖီဆန်ငြင်းပယ်သူတို့သည်) ဤ (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ မထီလေးစားပြုလျက် မာန်မာန တက်နေကြ၏။ ညအချိန်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ (တမန်တော် အစ္စလာမ်နှင့်ကျမ်းတော်တို့ကို မထီမဲ့မြင် ပြုရာရောက်သည့် မကောင်းကြံစည်မှုနှင့်) အကြောင်းမဲ့ အချည်းနှီးသော စကားများကို ပြောဆိုဆွေးနွေးခဲ့ကြ၏။

[68] သို့ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ထိုစကားတော် (ကျမ်းတော်မြတ်ကုရ်အာန်) ကို နက်နဲစွာ တွေးဆချင့်ချိန် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။ သို့တည်းမဟုတ် သူတို့အလျင် လွန်​လေခဲ့ပြီးသော သူတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံ ရောက်ရှိလာခဲ့ခြင်းမရှိသော အရာသည်(ယခု) သူတို့ထံ ရောက်ရှိလာခဲ့လေသလော။

[69] သို့တည်းမဟုတ် သူတို့သည် (သူတို့အနက်မှပင် ပွင့်ပေါ်၍ သူတို့ထံ ရောက်လာသော) ရစူလ်တမန်တော် အား မသိခဲ့ကြသောကြောင့် သူ့ကို ငြင်းပယ်ခဲ့ကြလေသလော။

[70] သို့တည်းမဟုတ် သူတို့သည် ထိုရစူလ်တမန်တော်၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆို ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုရစူလ်တမန်တော်သည် သူတို့ထံ အမှန်တရားသစ္စာနှင့် ရောက်ရှိလာခြင်း ဖြစ်၏။ သို့ရာတွင် သူတို့အနက် အများစုမှာမူကား အမှန်တရားသစ္စာကို (မထီမဲ့မြင်ပြု ကြသော) စက်ဆုပ်သူများပင် ဖြစ်ကြ၏။

[71] စင်စစ်သော်ကား အကယ်၍ အမှန်တရားသစ္စာသည် (အလ္လာဟ်အရှင်မြတ်သည်) သူတို့၏အလိုဆန္ဒရမ္မက်များကို လိုက်နာမိလျှင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်သည်လည်းကောင်း ယင်းတို့၌ ရှိကြသူတို့ သည်လည်းကောင်း၊ စာရိတ္တဖောက်ပြန်၍ အမှန်ပင် ပျက်စီးသွားကြမည်သာ ဖြစ်၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် (သင်တို့ဘဝ၌ ဂုဏ်သိက္ခာနှင့်ချမ်းမြေ့ပျော်ရွှင်မှုခံစားနိုင်အောင် အရေးစိုက်ရန်အတွက်) သူတို့အတွက် သတိရတသ၍ ဖွင့်ဟစရာ (ဆုံးမသြဝါဒ) ကို သူတို့ထံ ရောက်စေ၍ ချမှတ်ပေးအပ်တော်မူခဲ့၏။ သို့ရာတွင် သူတို့သည် သူတို့အတွက်သာဖြစ်သော သတိရ တသ၍ ဖွင့်ဟစရာ (ဆုံးမသြဝါဒ) မှ မျက်နှာလွှဲ ကျောခိုင်းခဲ့ကြ၏။

[72] သို့တည်းမဟုတ် အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ သင့်အတွက် အကောင်းမြတ်ဆုံးသော ဆုလဒ် အခကြေးငွေရှိကြောင်းကို သိပါလျက် သူတို့ထံမှ အခကြေးငွေ တစ်စုံတစ်ရာကို တောင်းဆိုနိုင်မည်လော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ရိက္ခာထောက်ပံ့ သူတို့အားလုံးထက် အကောင်းမြတ်ဆုံး ရိက္ခာထောက်ပံ့တော်မူသော အရှင်မြတ်ပင် ဖြစ် တော်မူ၏။

[73] ဧကန်ပင်၊ အသင်သည် သူတို့အား ဖြောင့်မတ်မှန်ကန်သော တရားမှန်သို့ အမှန်ပင် ဖိတ်ခေါ်လျက် ရှိပေ၏။

[74] သို့ရာတွင် ဧကန်စင်စစ်၊ တမလွန်ဘဝကို မယုံကြည်သော သူတို့မှာမူကား (ထိုဖြောင့်မတ်မှန်ကန်သော) တရားလမ်းမှ လွှဲဖယ်၍ လမ်းလွဲသူများပင် ဖြစ်ကြ၏။

[75] အကယ်၍ ငါအရှင်မြတ်သည် သူတို့အပေါ်၌ သနားကရုဏာ သက်တော်မူသည့်အပြင် သူတို့၌ သက် ရောက်နေသော ဘေးဒုက္ခအခက်အခဲများကိုပါ ပပျောက်ဖယ်ရှားစေတော်မူခဲ့သော်ငြားလည်း သူတို့သည် သူတို့၏လမ်းမှားမှု၌ပင် (အကန်းလမ်းပျောက်ပမာ) တဝဲလည်လည် ဖြစ်ကြလျက် ဇွဲရှိရှိ ခေါင်းမာမြဲ ခေါင်းမာနေကြမည်သာဖြစ်၏။

[76] ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီးအရေးယူတော်မူသည်အထိ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကျိုးနွံ့စွာ နာခံအပ်နှံကြသည် မဟုတ်ပေ။ ရိုကျိုးစွာ တောင်းပန်လျက် အသနားခံကြသည်လည်း မရှိဟုတ်ပေ။

[77] နောက်ဆုံးတွင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ ပြင်းထန်လှသောပြစ်ဒဏ်၏တံခါးပေါက်ကို ဖွင့်လှစ် တော်မူသောအခါတွင်မူ သူတို့သည် ထိုပြစ်ဒဏ်ထဲ၌နစ်မြုပ်လျက် မျှော်လင့်ချက် ကင်းမဲ့သွားကြသူများ ဖြစ်ကြပေမည်။

[78] စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည်အပြင် စိတ်နှလုံးဆိုင်ရာ နားလည်ခံစားနိုင်သည့်စွမ်းရည်ကိုပါ ဖြစ်ပေါ်စေတော်မူသော် လည်း (သင်တို့အနက်) လူနည်းစုမှအပ (အများစုမှမူကား) ကျေးဇူးမသိတတ်ကြပေ။

[79] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ထိုအရှင်မြတ်သည်ပင် သင်တို့အား မြေကမ္ဘာ၌ ပျံ့နှံ့ပွားများစေ တော်မူခဲ့သောအရှင် ဖြစ်တော်မူသည့်အပြင် သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့ပင် စုရုံးစေတော်မူခြင်း ခံကြရမည် ဖြစ်၏။” ဟု ဟောပြောလော့။

[80] ထိုအရှင်မြတ်သည်ပင် (အရှင့်နိယာမတော်နှင့်အညီ) အသက်ရှင်စေတော်မူသောအရှင်၊ သေစေတော်မူ သောအရှင် ဖြစ်တော်မူ၏၊ ထို့ပြင် ညနှင့်နေ့တို့၏အပြောင်းအလဲသည်လည်း ထိုအရှင်မြတ် (၏နိယာမတော်အတိုင်း ဖြစ်ပေါ် ပြောင်းလဲနေခြင်းဖြစ်ပြီး အရှင်မြတ်က ပြဌာန်းတော်မူသည့် ရည်ရွယ်ချက်) အတွက် ဩဇာခံနေခြင်း ဖြစ်၏။ သို့ပါလျက် (ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သောအရှင် အ လျှင်း မရှိကြောင်းကို) သင်တို့သည် ဆင်ခြင်တုံတရားသုံး၍ တွေးခေါ် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

[81] အမှန်မှာ သူတို့သည် (ဆင်ခြင်တုံတရားသုံး၍ တွေးခေါ်ဆင်ခြင်ရမည့်အစား) လွန်လေပြီးသော (မယုံ ကြည်သူ) ရှေးခေတ်လူသားများကဲ့သို့ပင် ပြောဆိုနေကြ၏။

[82] (မယုံကြည်သူ ရှေးခေတ်လူသားများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး ကြပြီး နောက် မြေမှုန်နှင့်အရိုးများသာ ကျန်ရှိကြမည်ဖြစ်၍ (ထိုအခြေအနေမှတစ်ဖန်) ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။

[83] ဧကန်ပင်၊ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ ဘိုး၊ ဘေးဘီ ဘင်တို့သည် ဤ (သေပြီးနောက် တစ်ဖန်ရှင်ပြန် ထစေတော်မူမည် ဟူ) သည်ကို ကတိပေးခြင်းခံရပြီး ဤသည်ပင် ရှေးယခင်ကပင် ကတိပေး ခြင်းခံခဲ့ကြရသည့် လွန်လေပြီးသော ရှေးခေတ်လူတို့၏ (ယုတ္တိကင်းမဲ့သော) ဒဏ္ဍာရီမျှသာ ဖြစ်၏။

[84] (အို၊ ရစူလ်တမန်တော် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အား) “အကယ်၍ သင်တို့ သိကြလျှင် (အသိပညာဗဟုသုတရှိကြလျှင်) ကမ္ဘာဂြိုဟ်နှင့်ယင်း၌ မှီခိုသူအားလုံးသည် (မည်သူ၏စည်း မျဉ်း နိယာမတရားနှင့်အညီ ရပ်တည်နေကြပြီး ယင်းတို့) ကို မည်သူ စိုးပိုင်သနည်း။” ဟူသည်ကို ကျွန်ုပ်အား ပြောလော့။” ဟု ဟောပြောလော့။

[85] သူတို့က မကြာမီ (ယင်း တို့အားလုံးသည် အရှင်မြတ်၏နိယာမတော်အတိုင်းသာ ရပ်တည်လှုပ်ရှား၍ ယင်းတို့ကို) အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသောအရာများ ဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ သို့ပါလျက် အသင်တို့သည် ဆင်ခြင်တုံတရားဖြင့် ဆင်ခြင်သုံးသပ်လျက် အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်း မပြုကြလေသလော။” ဟု မေးမြန်းပြောကြားလော့။

[86] (အို၊ ရစူလ်တမန်တော် မယုံကြည်သူနှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အား) “မိုးကောင်းကင် ခုနစ်ဆက်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ စိုးပိုင်တော်မူသောအရှင်သည်လည်းကောင်း၊ (စကြဝဠာခပ် သိမ်းနှင့် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်သည်လည်းကောင်း၊ မည်သူနည်း။” ဟု မေးမြန်းလော့။

[87] သူတို့က မကြာမီ (ယင်း တို့အားလုံးသည် အရှင်မြတ်၏နိယာမတော်အတိုင်းသာ ရပ်တည်လှုပ်ရှား၍ ယင်းတို့ကို) အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ သို့ဖြစ်ပေရာ အသင်တို့သည် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်ကျင့်သုံးခြင်း မပြုကြလေသလော။” ဟု မေးမြန်းလော့။

[88] (အို၊ ရစူလ်တမန်တော် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အား) “အကယ်၍ သင်တို့ သိကြလျှင် (အသိပညာဗဟုသုတရှိကြလျှင်) ထိုအရှင်မြတ်သည် အားလုံးကို ခိုလှုံခွင့်ပေးတော်မူလျက် ကာကွယ်စောင့်ရှောက်တော်မူပြီး ထိုအရှင် (၏နိယာမတော်) နှင့်ဆန့်ကျင်၍ မည်သူမျှ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိသော (အရှင်သည် မည်သူနည်း) အရာခပ်သိမ်း (အပေါ် မည်သူ၏နိယာမတော်ဖြင့် ဩဇာလွှမ်းမိုး၍ ယင်း တို့အားလုံး) သည် မည်သူ၏ စိုးမိုးအုပ်ချုပ်မှုလက်ဝယ်၌ ရှိသနည်း၊ ဟူသည်ကို ကျွန်ုပ်အား ပြောလော့။ “ဟု မေးမြန်းလော့။

[89] သူတို့က မကြာမီ (ယင်း တို့အားလုံးသည် အရှင်မြတ်၏နိယာမတော်အတိုင်းသာ ရပ်တည်လှုပ်ရှား၍ ယင်းတို့ကို) အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ ''သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် (လှည့်စားခြင်းခံရရန် ထင်ယောင်ထင်မှားဖြစ်လျက်) တွေဝေနေကြပါသနည်း။'' ဟု မေးမြန်းလော့။

[90] အမှန်စင်စစ်မူကား ငါအရှင်မြတ်သည် အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (အသိပေးရှင်းလင်း စေတော်မူရန် တမန်တော်မြတ်မှတစ်ဆင့် ကျမ်းတော်မြတ်ကုရ်အာန်ကို) သူတို့ထံ (လူသားထံ) ရောက်စေတော်မူ၏။ သို့ရာတွင် သူတို့သည် ဧကန်ပင်၊ (အမှန်တရားကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ် ကြသူများ မုချပင် ဖြစ်ကြ၏။

[91] အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ဦးတစ်ယောက်ရယူဖန်တီးတော်မူခြင်း (ရုပ်ပွား၊ ကိုယ်ပွား၊ ဆင်းတုများကို အယူထား ဖန်တီး၍ ကိုးကွယ်ဆည်းဆပ်ခြင်းအား ခွင့်ပြုတော်မူခြင်း) အလျှင်း မရှိပေ။ ထိုအရှင်မြတ်နှင့်အတူ တွဲဖော်တွဲဖက်အဖြစ် (အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ကိုးကွယ်ထိုက်သောအရာ အဖြစ်) ခွင့်ပြုတော်မူခြင်း အလျှင်း မရှိချေ။ အကယ်၍ အရှင်မြတ်က ကိုယ်ပွား၊ ဘုရား၊ ရုပ်ပွားဆင်းတု (သားတော်၊ မယ်တော် အစရှိသော လူတို့၏စိတ်ကူးယဉ်အယူအဆဖြင့် ဖန်တီး၍ ကိုးကွယ်ဆည်း ကပ်နေကြသည့် အရာများကို ကိုးကွယ်ထိုက်သောအရာများအဖြစ်) ခွင့်ပြုတော်မူခဲ့လျှင် ထိုကိုးကွယ်ရာတိုင်းက ယင်းကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသည်ကို လျစ်လျူရှူ ဘေးချိတ်၍ အချို့သည် အချို့ထက် အနိုင်ရရန် (ပကတိ လွတ်လပ်မှုဖြင့် လွှမ်းမိုးနိုင်ရန်) သော ဧကန်မုချပင် အား ထုတ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် လူတို့က စိတ်ကူးယဉ်အယူအဆဖြင့် လုပ်ကြံဖန်တီး၍ ကိုးကွယ်ဆည်းကပ်နေကြသည့်အရာများနှင့်ချို့တဲ့မှုများမှ လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူ ခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[92] ထိုအရှင်မြတ်သည် (အကွယ်လောက၌ရှိ၍ သက်ရှိတို့) မမြင်နိုင်မသိနိုင်သော မျက်ကွယ်ရာများကို အကြွင်းမဲ့ သိနေတော်မူသောအရှင် မျက်မှောက်လောက၌ သက်ရှိတို့ဉာဏ်ရည်မမီသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်နေတော်မူသော သက်သေတော်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် သူတို့က တွဲဖက်နှိုင်းယှဉ်းကိုးကွယ်နေကြသည့် ကိုးကွယ်ရာအားလုံးတို့ထက် အနှိုင်းမဲ့ မြင့်မြတ်လှတော်မူ ၏။

[93] (အို၊ ရစူလ်တမန်တော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က ထို (မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့အား (ဒဏ်ခတ်အရေးယူရန်) က တိပြုတော်မူထားသည် (ကျွန်ုပ်မျက်မှောက်၌ပင်) ဖြည့်ဆည်းစေတော်မူ၍ ကျွန်ုပ်အား ပြသတော်မူပါ။” ဟု ဆုတောင်း ပန်ကြားလော့။

[94] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့် ကြံသော လူမျိုးများတွင် အပါအဝင် ဖြစ်စေတော်မမူပါနှင့်။” ဟု ဆုတောင်းပန်ကြားလော့။

[95] စင်စစ်သော်ကား ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား (ဒဏ်ခတ်အရေးယူရန်) ကတိပြုတော် မူထားသည်ကို (အသင်တမန်တော်၏မျက်မှောက်၌ပင် ဖြည့်ဆည်းစေတော်မူ၍) အသင့်အား ပြသတော်မူရန် ဧကန်မုချပင် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[96] (အို၊ ရစူလ်တမန်တော် ထိုမယုံကြည်သူအမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် အသင့် တာဝန်ဖြစ် သော အမှန်တရားသစ္စာအား လူသားထံ အရောက်ပို့ချရာ၌ မည်သို့ပင် ဆန့်ကျင်နှောက်ယှက်၍ ပြုမူဆက် ဆံသည်ဖြစ်စေ၊) အသင်သည် (မကောင်းမှုအကုသိုလ်) ဆိုးရွားသောပြုမူချက်တို့ကို အကောင်းဆုံး (သောပြုမူဆက်ဆံရေးချက်) ဖြင့် တွန်းလှန်လော့။ ငါအရှင်မြတ်သည် (အရှင့်ဂုဏ်တော်နှင့်ဆန့်ကျင်လျက်) လုပ်ကြံဖန်တီး၍ ပြောဆိုကိုးကွယ်သမျှ (ပြုမူပြောဆိုချက်များ) ကို ကောင်းစွာ သိနေတော်မူ၏။

[97] ထို့ပြင် အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ် သည် (ကျွန်ုပ်၏တာဝန်ဖြစ်သော အမှန်တရားသစ္စာဘက်သို့ လူသားအားဖိတ်ခေါ်ရာ၌ လူသားနှင့်ဂျင်န်အပါအဝင်) စေတန်မကောင်းဆိုးဝါးတို့၏(လှည့်စားမှု ဖြားယောင်းမှုနှင့်) တိုက်တွန်းနှိုးဆော်ချက်တို့မှ (ကင်းလွတ် ၍ အကာအကွယ်ရရန်) အသင် (အရှင်မြတ်) ထံ ခိုလှုံပါ၏။

[98] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် (ထိုစေတန်မကောင်းဆိုးဝါးနှင့်မကောင်းသောအကြံဉာဏ်များ) ကျွန်ုပ်အနားသို့ ချဉ်းကပ် ရောက်ရှိလာခြင်းမှ အကာအကွယ်ရရန်လည်း အရှင်မြတ်ထံ ခိုလှုံပါ၏။

[99] (မရဏသေခြင်းတရား အနိစ္စတရား ဆိုက်ရောက်လာသည်အထိ ထိုမယုံကြည်များသည် နောင်တကြီး စွာရ၍ အမှန်တရားကို ယုံကြည်လက်ခံကြလိမ့်မည်မဟုတ်ပေ။) သူတို့အနက် တစ်ဦးတစ်ယောက်ထံသို့ မရဏသေခြင်းတရားသည် ချဉ်းကပ်ဆိုက်ရောက်လာသောအခါ ထိုသူက ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော် မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အား (ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် လောကီဘဝသို့) ပြန်လွှတ်တော်မူပါ။ “ဟု တောင်းပန် ပန်ကြား လိမ့်မည်။

[100] ကျွန်ုပ်သည် (ကောင်းမြတ်သောအကျင့်သီလနှင့်ကောင်းမှုကုသိုလ်ပြုရန် ပျက်ကွက်လျက်) စွန့်ထားခဲ့ သော (လောကီဘဝသို့ ပြန်သွားလျှင်) ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက်တည် နိုင်မည်။” ဟု ပြောသော် (အရှင်မြတ်က)၊ ''အလျှင်း မဖြစ်နိုင်ပေ။ ဧကန်ပင်၊ ဤသည် ထိုသူက (ထပ်ခါထပ်ခါ) ပြောဆိုခဲ့သော စကားတစ်ခွန်းပင် ဖြစ်၏။ စင်စစ် သူတို့နှင့်တမလွန်ဘဝကြားတွင် (ကွယ်လွန်သည့်အချိန်မှစ၍ ရှင်ပြန်ထစေမည့်နေ့အထိ သင်္ချိုင်းဘဝ) ကြားကာလလည်း ရှင်ပြန်ထကြရမည့်နေ့အထိ အကာအဆီးတစ်ခု ဖြစ်နေ၏။

[101] ထို့နောက် (ရှင်ပြန်ထမြောက်စေရန်) တံပိုးခရာကို တီးမှုတ်ခြင်းခံရသောအခါ လူတိုင်းသည် သူတို့၏ လွတ်မြောက်ရေးအတွက်သာ စိတ်ဝင်စားမည်ဖြစ်သောကြောင့်) သူတို့ အချင်းချင်းတွင် သွေးတော်စပ်ခြင်း အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။ အချင်းချင်း တစ်ဦးကိုတစ်ဦး ပြောဆိုမေးမြန်းကြမည်လည်း မဟုတ်ချေ။

[102] (ထိုနေ့တွင် ကောင်းမှုကုသိုလ်များနှင့်မကောင်းအကုသိုလ်များတိုင်တာ ချိန်တွယ်မည့် စကေးများ ထားရှိမည် ဖြစ်ပြီး) မည်သူမဆို (ကောင်းမှုဘက်) အလေးချိန်၌သာနေလျှင် ထိုသူတို့သည် ပေါက်မြောက်အောင်မြင်မည့်သူများ ဖြစ်ကြ၏။

[103] သို့ရာတွင် မည်သူမဆို (ကောင်းမှုဘက်တွင်) အလေးချိန် ပေါ့လျော့နေလျှင် ထိုသူတို့မူကား သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူတို့အလိုရမ္မက်အတွက်သာ အသုံးချလျက် ဆုံးရှုံးစေခဲ့သူများ ဖြစ်လျက် ငရဲဘုံ၌ ထာဝစဉ် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည် ဖြစ်၏။

[104] (ငရဲမီးသည် သူတို့၏မျက်နှာများကို လောင်ကျွမ်းစေမည်ဖြစ်၍ သူတို့သည် ယင်းငရဲဘုံ၌ အပူရှိန်ကြောင့် နှုတ်ခမ်းများဖယ်ရှားခံရပြီး မေးရိုးများ ပြူးထွက်လာကာ) ရုပ်ပျက်ဆင်းပျက်အသွင် သဏ္ဌာန်ရှိသူများ ဖြစ်ကြလိမ့်မည်။

[105] (ထိုစဉ် အလ္လာဟ်အရှင်မြတ်က သူတို့အား) ''ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် သင်တို့ရှေ့မှောက်တွင် ဖတ်ကြားခြင်း ခံခဲ့ရသောအခါ၊ သင်တို့သည် ယင်းတို့ကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်လေ့ ရှိခဲ့ကြသည် မဟုတ်လော။'' ဟု မေးတော်မူလိမ့်မည်။

[106] ထိုအခါ သူတို့က အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ (စင်စစ် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်၍ ဖြစ်ပေါ်စေခဲ့သော) ကျွန်ုပ်တို့၏ကံဆိုးမိုးမှောင်ကျမှုသည် ကျွန်ုပ်တို့အပေါ်၌ လွှမ်းမိုးဖိစီးခဲ့သည့်အပြင် ကျွန်ုပ်တို့သည် တရားလမ်းမှန်မှ လွဲချော် ၍ လမ်းမှားရောက်သွားသော လူမျိုးများပင် ဖြစ်ခဲ့ကြပါ၏။” ဟု အသနားခံ လျှောက်ထားလိမ့်မည်။

[107] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ (ငရဲဘုံ၏ဒဏ်ကို ခံစားနေခြင်း) မှ ကယ်ထုတ်တော်မူပါ။ တစ်ဖန် အ ကယ်၍ ကျွန်ုပ်တို့အားထိုသို့ ကယ်ထုတ်ပြီးနောက် တစ်ဖန် ဒုံးရင်းအခြေအနေသို့ ပြန်ဆိုက်လျှင် ကျွန်ုပ်တို့သည် အရှင့် စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ အမှန်ပင် ဖြစ်ကြပေမည်။

[108] (ထိုအခါ) အရှင်မြတ်က “သင်တို့သည် ထို (ငရဲဘုံ) ၌ပင် အထင်အမြင်သေးခြင်းခံရပြီး ဂုဏ်ရည်သေး သိမ်စွာဖြင့် ဆက်နေကြလော့။ ငါအရှင်မြတ်နှင့် အလျှင်း စကား မပြောဆိုကြလေနှင့်။” ဟု မိန့်တော်မူမည်။

[109] ဧကန်စင်စစ်၊ ငါအရှင်မြတ်၏အစေခံတို့အနက်မှ အုပ်စုတစ်စုက “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါ ၏။ ထို့ကြောင့် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့အား ကရုဏာသက်တော်မူပါ။ စင်စစ်သော်ကား အသင် (အရှင်မြတ်) သည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူပြီး အကောင်းမြတ်ဆုံးသော အကြင်နာရှင် ဖြစ်တော်မူ၏။

[110] သို့သော် သင်တို့သည် (သင်တို့အား အရှင့်ထံတော်မှ သတင်းကောင်းပါးရန် ရောက်လာခဲ့ကြသော) သူတို့အား ပြက်ရယ်ပြုပြောင်လှောင်ဖွယ်ရာများအဖြစ် မှတ်ယူခဲ့ကြရာ နောက်ဆုံးတွင် သင်တို့ကို ငါအရှင်မြတ်၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟဖွယ်ရာ (ကျမ်းတော်မြတ်ကုရ်အာန်) အား မေ့ပျောက်စေခဲ့၏။ ထို့ပြင် သင်တို့သည် (သက်ဝင်ယုံကြည်ကြသော) သူတို့အပေါ်၌ (သရော်၍) ရယ်မောလျက်ပင် ရှိခဲ့ကြ၏။

[111] ယနေ့သော်ကား ဧကန်ပင်၊ ငါအရှင်မြတ်သည် ထို (ယုံကြည်) သူတို့အား သူတို့၏ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်မှုအကျိုးဆက်အဖြစ် ဆုလဒ်များကို ချီးမြှင့်တော်မူပြီး၊ မုချဧကန်၊ သူတို့သည်သာ ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြ၏။

[112] ထိုအရှင်မြတ်သည် (သူတို့အား) “သင်တို့သည် ကမ္ဘာမြေဝယ် နှစ်ကာလ အရေအတွက်အားဖြင့် မည်မျှ ကြာကြာ နေခဲ့ကြသနည်း။” ဟု မေးမြန်းတော်မူမည်။

[113] (ထိုအခါ) သူတို့က “ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် တစ်နေ့၏တစ်စိတ်တစ်ပိုင်းသာ နေခဲ့ကြပါ၏။ “သို့ရာတွင် ခုနှစ်သက္ကရာဇ်များကို တွက်ချက်ရေတွက်ရန် တာဝန်ယူထားသော (မလာအီကာစေတမန်များဖြစ်ကြသော) သူတို့အား မေးမြန်းတော်မူပါ။” ဟု လျှောက်ထားကြပေမည်။

[114] ထိုအခါ အရှင်မြတ်က “သင်တို့လောကီကမ္ဘာ၌ နေထိုင်ခဲ့သော ဘဝသက်တမ်းမှာ (တမလွန်ဘဝ သက်တမ်းနှင့်နှိုင်းယှဉ်လျှင်) မဖြစ်စလောက် အနည်းငယ်မျှသာ ဖြစ်ခဲ့၏။ အကယ်၍ သင်တို့သည် (ယခင်က) သိခဲ့ကြလျှင် ကောင်းလေစွ။

[115] သင်တို့က “ငါအရှင်မြတ်သည် သင်တို့အား (လောကီဘဝသက်တမ်း၏ မဖြစ်စလောက်သော ကာလ၌သာ ပျော်မြူးရန်အတွက်) အချည်းနှီးအကျိုးမဲ့ (သောဘဝကိုသာ ပိုင်ဆိုင်ရန်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး သင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်ကြလေသလော။

[116] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းထက် အထွတ်အထိပ်ဆုံး ပကတိအချုပ်အခြာ အာဏာအပိုင်ဆုံး ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူ၏။ (အလ္လာဟ်အရှင်မြတ်သည် လူသားအား လောကီဘဝအတွက်သာ အချည်းနှီး ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းမှ လုံးဝ ကင်းစင် မြင့်မြတ်လှတော်မူ၏။) ထိုအရှင်မြတ် မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ (စကြ ဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်း တို့ကို ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင် တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[117] စင်စစ်သော်ကား မည်သူမဆို (သက်ရှိသက်မဲ့များအနက်မှ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ကို ကိုးကွယ်ထိုက်သော မည်သည့် အရည်အချင်းနှင့်) အထောက်အထားမျှ မပါဘဲလျက် (သူ၏စိတ်ကူးယဉ် ထင်မြင်ယူဆချက်အရ) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသော ကိုးကွယ်ရာအဖြစ် ဟစ်ခေါ်ပန် ကြား၍ ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူသည် သူအား ဖွဲ့စည်းဖြစ်တည်စေ၍ ပြု စုပျိုးထောင်စေတော်မူ သော အရှင်မြတ်ထံတော်၌ စစ်ဆေးမေးမြန်းတော်မူခြင်းခံရမည်သာ ဖြစ်၏။ ဧကန်ပင်၊ မယုံကြည်သူအမှန် တရားကို ဖီဆန်ငြင်းပယ်သူတို့သည်ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။

[118] (အို၊ ရစူလ်တမန်တော်) အသင်သည် “အို၊ ကျွန်တော်မျိုးအာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်တော်မျိုးအား) ခွင့်လွှတ်တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် (ကျွန်ုပ်အပေါ်၌) ကရုဏာသက်တော်မူပါ။ စင်စစ်သော်ကား အသင် (အရှင်မြတ်) အားလုံးအပေါ် အစဉ် သနားကြင်နာညှာတာတော်မူ၍ အကောင်းမြတ်ဆုံးသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဆုတောင်းလော့။

အလင်းရောင်

Surah 24

[1] ငါအရှင်မြတ်သည် (ဤ) စူရဟ် (ကဏ္ဍတော်) ကို ချမှတ်ပေးအပ်တော်မူ၍ ငါအရှင်မြတ်သည်ပင် ယင်းကို (ယင်းထဲရှိ စည်းမျဉ်းဥပဒေများအား အလေးထား၍ လိုက်နာစောင့်ထိန်းရန်) မဖြစ်မနေ လိုက်နာရမည့် တာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူပြီး သင်တို့ သတိရတသ၍ ထုတ်ဖော်ဖွင့်ဟကြရန်အလို့ငှာ ယင်းထဲ၌ရှိသော အာယသ်သက်သေလက္ခဏာတော်များကို (ယုံကြည်မှု၊ မယုံကြည်မှုနှင့်လူ့ဘဝဆိုင်ရာ အမှန်တရားများအား ထောက်ပြစေသည့် လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍) ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်အဖြစ် ချမှတ်ပေးအပ်တော်မူ၏ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။

[2] ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူမနှင့်ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူတို့အား (ပြစ်မှုကျူးလွန်ကြောင့် ထင်ရှားလျှင်) သူတို့နှစ်ဦးအနက်မှ တစ်ဦးချင်းစီကို ကြိမ်ဒဏ်အချက်ပေါင်း တစ်ရာစီ ရိုက်ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြ၍ အလ္လာဟ်အရှင်မြတ်၏ဒီန် (ခေါ် လူ သားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ၌ (မြဲမြံစွာ) ရပ်တည်သူဖြစ်လျှင် သူတို့နှစ်ဦးအပေါ် ကရုဏာသက်ခြင်းဖြင့် သင်တို့က (အမိန့်ပညတ်ချက်များကို လိုက်နာဆောင်ရွက်ရာတွင်) မချုပ်တည်းကြလေနှင့်။ ထို့ပြင် သက်ဝင်ယုံကြည်သူတစ်စုအား သူတို့နှစ်ဦးအား ဒဏ်ခတ်အရေးယူမှုတွင် မျက် မြင်သက်သေများအဖြစ် ရှိစေလော့။

[3] ထိုကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူသည် ထိုကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူမ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောကိုးကွယ်ရာ ယုံကြည်ကိုးကွယ်သော (မယုံကြည် သူ) မှအပ (မည်သည့်ယုံကြည်သူ အမျိုးသမီးနှင့်မျှ) ထိမ်းမြားလက်ထပ်ခွင့် မရှိပေ။ ထိုနည်းတူစွာ ထိုကာမေ သုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူမသည်လည်း ထိုကာမေသုမိစ္ဆာမှု ကျူးလွန် ဖောက် ပြန်သူ သို့မဟုတ် အလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောကိုးကွယ်ရာ ယုံကြည်ကိုးကွယ်သော (မယုံကြည်သူ) မှအပ (မည်သည့်ယုံကြည်သူ အမျိုးသားနှင့်မျှ) ထိမ်းမြားလက်ထပ်ခွင့် မရှိပေ။ စင်စစ် သက်ဝင်ယုံကြည်သောသူတို့အပေါ်၌ ထို့သို့သော ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်သူတို့ကို (လက်ထပ်ထိမ်းမြားခြင်းအား) တရားမဝင်အဖြစ် တားမြစ်ထားပြီး ဖြစ်၏။

[4] ထို့ပြင် ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်သော ဂုဏ်သရေရှိသည့် အမျိုးသမီးများအား (ကာမေသု မိစ္ဆာစာရကျူးလွန်သည်ဟု မတော်မတရား) စွပ်စွဲပြီးနောက် သက်သေလေးယောက်ကို မတင်ပြနိုင်ခဲ့ကြသော သူတို့အား ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ် ရိုက်ကြလော့။ ထို့နောက် သူတို့အား (မည်သည့် ကိစ္စအတွက် ဖြစ်စေ၊) မည်သည့်အခါ မျက်မြင်သက်သေများအဖြစ် (သက်သေထွက်ဆိုခွင့်ကို) သဘောတူလက်ခံခြင်း မပြုကြလေနှင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းမျဉ်းချိုးဖောက်၍ အာခံယုတ်မာ ကောက်ကျစ်သူများ ဖြစ်ကြ၏။

[5] သို့ရာတွင် မည်သူမဆိုသည် ထိုသို့ကျူးလွန်ဖောက်ဖျက်ပြီးနောက် (နောင်တကြီးစွာရလျက် ဝန်ချ တောင်းပန်ကာ) အရှင့်လမ်းစဉ်ဘက်သို့ ဦးလှည့်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်လျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[6] သူတို့၏ဘဝကြင်ဖော်ကြင်ဖက်များအား (ကာမေသုမိစ္ဆာမှု ကျူးလွန်ဖောက်ပြန်ကြောင်း) စွပ်စွဲသောသူ တို့သည် သူတို့၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ် သို့မဟုတ်) သူတို့ကိုယ် တိုင်မှအပ သူတို့၏စွပ်စွဲ ချက်အတွက် အထောက်အကူပြုသော မျက်မြင်သက်သေများ မရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးချင်း စီသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ သူသည် ဖြောင့်မတ်မှန် ကန်သော သစ္စာဝါဒီဖြစ်ကြောင်းကို လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။

[7] ထို့နောက် ပဥ္စမအကြိမ်တွင် အကယ်၍ သူသည် (မဟုတ်မတရား လိမ်လည်စွပ်စွဲသော) မုသာဝါဒီဖြစ်ခဲ့မူ သူ့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) ကျိန်စာသင့်ပါစေ။” ဟု ပြောဆိုရမည်။

[8] ထို့ပြင် အကယ်၍ သူ၏ကြင်ရာသည်လည်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ဧကန်ပင်၊ သူသည် (မဟုတ်မတရား လိမ်လည်စွပ်စွဲသော) မုသာဝါဒီအနက်မှ မုချပင် ဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် သူမ၏ပြစ်ဒဏ်ကို ပလပ်ဖယ်ရှားစေမည်ဖြစ်၏။

[9] ထို့နောက် ပဥ္စမအကြိမ်တွင် အကယ်၍ သူသည် (ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသည့်) သစ္စာဝါဒီအနက်မှဖြစ်ခဲ့လျှင် သူမအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အ မျက်တော်ကျရောက်ပါစေ။” ဟု ထွက်ဆိုရမည်။

[10] စင်စစ်သော်ကား အကယ်၍ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော်များသည် (သင်တို့ ၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို လျစ်လျူရှူ ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက်ခြင်းမရှိခဲ့လျှင် သင်တို့သည် သင်တို့ပြဿနာများကို တရားမျှတစွာနှင့်အမြော်အမြင် ကြီးစွာဖြင့် ဖြေရှင်း နိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်မှာမူကား နောင်တကြီးစွာဖြင့် အရှင့်ဘက်လှည့် (၍အသနားခံတောင်းပန်) ခြင်းကို (ရက်ရောစွာ) လက်ခံခွင့်လွှတ် တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[11] ဧကန်ပင်၊ (တမန်တော်မြတ်၏ကြင်ရာတော် ကျွန်ုပ်တို့၏မိခင်မွန် အာအေရှာသခင်မအား လုပ်ဇတ်ခင်း စွပ်စွဲ့သူတို့သည်) သင်တို့အနက်မှ သူတစ်ပါးအား အသရေဖျက်စေရန် လုပ်ကြံဖန်တီး၍ စွပ်စွဲပြောဆိုလျက် မုသားစကားဖြန့်ချီခဲ့သောအုပ်စုတစ်ခုပင် ဖြစ်၏။ ထိုကိစ္စအား သင်တို့အတွက် အဆိုးတရားဟု မထင်မှတ်ကြ လေနှင့်။ အမှန်မှာ ယင်းသည် သင်တို့အတွက် ကောင်းကျိုးပေးမည့်အရာပင် ဖြစ်၏။ သူတို့အနက်မှ တစ်ဦးတစ် ယောက်ချင်းစီအတွက် သူရှာဖွေဆည်းပူးခဲ့သော ပြစ်မှုရှိပြီး သူတို့အနက်မှ အကြီးဆုံးလှည့်ကွက်ဆင်၍ လုပ်ကြံ သည့်အသရေဖျက်မှုအား အဖြန့်ချီဆုံးသောသူသည် သူ့အတွက် အ လွန်ကြီးလေးသော ပြစ်ဒဏ်ခံစားလိမ့်မည် ဖြစ်၏။

[12] ထိုလုပ်ကြံသည့်အသရေဖျက်မှုသည် သင်တို့ထံ ကြားသိစေသောအခါ ယုံကြည်သူအမျိုးသားများနှင့် ယုံကြည်သူအမျိုးသမီးတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အကောင်းမြတ်ဆုံးဖြစ် အောင် အဘယ်ကြောင့် မတွေးတော မဆင်ခြင် မသုံးသပ် ကြသနည်း။ ထို့ပြင် သူတို့က ဤသည် ထင်ရှားလှစွာသော လုပ်ကြံသည့်အသရေဖျက်မှုသာ ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။

[13] သူတို့သည် ထို (လုပ်ကြံသည့်အသရေဖျက်မှု) နှင့်စပ်လျဉ်း၍ မျက်မြင်သက်သေ လေးဦးနှင့်အတူ ရောက်လာ၍ အဘယ်ကြောင့် မတင်ပြခဲ့ကြသနည်း။ စင်စစ် သူတို့သည် သက်သေများကို မတင်ပြနိုင်ခဲ့သော ကြောင့် သူတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (မဟုတ်မတရား လိမ်လည်စွပ်စွဲသော) မုသာဝါဒီများ ဖြစ်ကြ၏။

[14] စင်စစ်သော်ကား အကယ်၍ ဤလောကီဘဝသက်တမ်းနှင့်တမလွန်ဘဝတို့တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို လျစ်လျူရှူ ခွင့် လွှတ်တော် မူရန်) သင်တို့အပေါ် သက်ရောက်စေခြင်းမရှိခဲ့လျှင် ယင်းထဲ၌ သင်တို့လည်း နစ်မွန်းလျှက် အရသာတွေ့နေသော ထို (လုပ်ကြံသည့်အသရေဖျက်မှု) နှင့်စပ်လျဉ်း၍ အလွန်ကြီးလေးသော ပြစ်ဒဏ်သည် သင်တို့ထံ အမှန်ပင် ထိမှန်သက်ရောက်ခဲ့ပြီး ဖြစ်ချေ၏။

[15] သင်တို့သည် တပ်အပ်သေချာစွာ မသိပါဘဲလျှက် ထို (လုပ်ကြံသည့်အသရေဖျက်မှု) ကို သင်တို့ နှုတ်လျှာများဖြင့် ကြိုဆိုလက်ခံပြီး သင်တို့၏ပါးစပ်များဖြင့် ပြောဆိုဖြန့်ဝေနေခဲ့ကြ၏။ ထို့ပြင် သင်တို့သည် ယင်းကိစ္စကို အရေးမပါသော သာမန်ကိစ္စ အသေးအဖွဲ့အဖြစ်သာ ထင်မှတ်နေကြသော်လည်း ယင်းသည် အလ္လာဟ်အရှင် မြတ်ထံတော်၌ အလွန် ကြီးလေးသောကိစ္စပင် ဖြစ်၏။

[16] ထိုလုပ်ကြံသည့်အသရေဖျက်မှုသည် သင်တို့ထံ ကြားသိစေသောအခါ သင်တို့က “ကျွန်ုပ်တို့သည် ဤ သည်ကို (ကျွန်ုပ်တို့၏နှုတ်လျှာဖြင့်) ပြောဆိုကြရန် လုံးဝ မသင့်တော် မပြောဆိုအပ်ပါ။ အို၊ အရှင်မြတ်၊ အသင်သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏ ဤသည် ကြီးကျယ် လှစွာသော သွားပုပ်လေလွင့်မှု (မတရားစွပ်စွဲချက်) မျှသာဖြစ်သည်။” ဟု အဘယ်ကြောင့် မပြော ဆိုခဲ့ကြသနည်း။

[17] အကယ်၍ သင်တို့သည် အမှန်ပင် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် သင်တို့သည် (လုပ်ကြံသည့် အသရေဖျက်မှုမျိုးကို ကြားပြီးနောက် ယင်းတို့ကို ထပ်တလဲလဲ ပြောဆိုခြင်းဖြင့်) အလားတူ ပြစ်မှုမျိုးကို ထပ်မံ၍ မကျူးလွန်ကြရန် အလ္လာဟ်အရှင်မြတ်က သင်တို့အား သတိပေးနှိုးဆော်တိုက်တွန်းတော်မူ၏။

[18] အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် အသေးစိတ်ရှင်းလင်းစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ် တော်မူ၏။

[19] ဧကန်စင်စစ်၊ သက်ဝင်ယုံကြည်သူများအကြား၌ မကြားဝံ့မနာသာမှုများ (မဖွယ်မရာ ညစ်ညမ်းသော ပြုမူပြောဆိုချက်များ) အား ဖြန့်ချိပျံ့နှံ့ခြင်းကို နှစ်သက်လိုလားသောသူတို့အတွက် ဤလောကီဘဝနှင့်တ မလွန် ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်သည် ရှိနေ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာ ခပ်သိမ်းနှင့်အကြောင်းကိစ္စအလုံးစုံ၏သဘောသဘာဝအမှန်နှင့်တိကျပြတ်သားသော အ မှန်တရားကို) အကြွင်းမဲ့ သိနေတော်မူပြီး အသင်တို့မူကား မသိနားမလည်ကြချေ။

[20] စင်စစ်သော်ကား အကယ်၍ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော်များသည် (သင်တို့၏ စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို လျစ်လျူရှူ ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် (အမှန်ပင် သင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော် မူခဲ့မည် ဖြစ်၏)။ သို့ရာတွင် ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ အရှင့်အမိန့် တော်အတိုင်း လိုက်နာနိုင်ရန် အလို့ငှာ သူတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားလွယ်ကူစေရာတွင်) အလွန်ပင် ညှာတာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[21] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း မလိုက် ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း လိုက်နာလျှင် ဧကန်ပင် စေတန်မကောင်းဆိုးဝါးသည် (ထိုသူအား) မကြားဝံ့မနာသာသော ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှု ဒုစရိုက်များကိုသာ လုပ်ဆောင်ရန် မရမက စေ့ဆော်ညွှန်ကြားပေလိမ့်မည်။ အကယ်၍ အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို ဥပေက္ခာပြု ခွင့်လွှတ်တော်မူရန်) သင်တို့အ ပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (အမြင်မှန် ရ၍ ဝန်ချတောင်းပန်လျက် နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းအောင် လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမြင်မှန်ရ၍ ဝန်ချ တောင်းပန်လျက်) စင်ကြယ်သန့်ရှင်း စေတော်မူ၏။ စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[22] ထို့ပြင် သင်တို့အနက် ဂုဏ်အသရေနှင့်ကုံလုံကြွယ်ဝမှု ရှိသောသူများသည် ဆွေရင်းမျိုးရင်းများအား လည်းကောင်း၊ ဆင်းရဲချို့တဲ့သူများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မယုံကြည်သူတို့ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် မွေးရပ်ဒေသနှင့်အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်သူ များအားလည်းကောင်း၊ (ကူညီထောက်ပံ့ခြင်းသည် အကူအညီပေးသူများအတွက် ထိခိုက်နစ်နာစေသည့်တိုင် အကူအညီအထောက်အပံ့များ) ပေးမည်မဟုတ် ဟု ကျိန်ဆိုခြင်း မပြုကြစေနှင့်။ အမှန်မှာ သူတို့ကို သည်းခံခွင့်လွှတ်သင့်သည့်အပြင် (စိတ်ရှည်ရှည်ဖြင့်) ဥပေက္ခာပြုသင့်၏။ (ထိုသို့ လျစ် လျူရှူလျက် သည်းခံခွင့်လွတ် ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည် သင်တို့အား (အပြစ်မှ) ခွင့်လွှတ်ချမ်းသာပေးတော်မူမည်ကို သင်တို့ မနှစ်သက် မလိုလားကြလေသလော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[23] ဧကန်စင်စစ်၊ ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်၍ ဂုဏ်သရေရှိသည့်အပြင် မရိုးသား မဖြောင့်မတ် သော မည်သည့်နည်းစနစ်ကိုမျှ သတိမမူ မသိနားမလည်သည့် ယုံကြည်သူ အမျိုးသမီးများအား (ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား) စွပ်စွဲသူတို့သည် လောကီဘဝနှင့်တမလွန်ဘဝ၌ အရှင်မြတ်၏မေတ္တာ ကရုဏာတော်မှ ကင်းဝေးစေ (သော ကျိန်ဆဲ) မှုကို ခံကြရပြီး သူတို့အတွက် ကြီးလေးလှစွာသော ပြစ်ဒဏ်သည် (လည်း) ရှိပေမည်။

[24] (လောကီဘဝတွင် လိမ်လည်လှည့်စား ခွင့်ရကြသော်လည်း တမလွန် တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့၏နူတ်လျှာများသည်လည်းကောင်း၊ သူတို့၏လက်များသည်လည်းကောင်း၊ သူတို့၏ခြေထောက်များသည်လည်းကောင်း၊ သူတို့နှင့်ဆန့်ကျင်ကာ သူတို့ပြုမူကျင့်ကြံခဲ့သမျှနှင့်ပတ်သက်၍ သက်သေခံကြပေမည်။

[25] ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား (လုပ်ရပ်များ၏အကျိုးဆက်အဖြစ်) သူတို့နှင့်ထိုက်တန်သော အစားပေးမှုကို အပြည့်အဝ ပေးတော်မူမည်မှာ အသေအချာပင် ဖြစ်ပြီး ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အကြောင်းကိစ္စများကို တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် အမှန်တရားအားလုံး ထင်ရှားစေတော်မူသောအရှင်) မြင်သာထင်ရှားသောပရမတ္တသစ္စာတရားပင် ဖြစ်တော်မူကြောင်းကို သူတို့ သိကြပေလိမ့်မည်။

[26] (ယုံကြည်မှုအတွေးအခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုး သမီးများသည် မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများနှင့်သာ ထိုက်တန်ပြီး (ယုံကြည်မှုအတွေး အခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများသည် မသန့်စင် သော စာရိတ္တပျက်နေသော အမျိုးသမီးများနှင့်သာ ထိုက်တန်၏။ ထို့ပြင် (ယုံကြည်မှု အ တွေးအခေါ် ရည်စူးချက် နှင့်လုပ်ရပ်များတွင်) သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများသည် သန့်ရှင်းစင်ကြယ် သော စာရိတ္တကောင်းမွန်သော အမျိုးသားများနှင့်ထိုက်တန်ပြီး အလား တူ သန့်ရှင်းစင်ကြယ်သော စာရိတ္တ ကောင်းမွန်သော အမျိုးသားများသည်လည်း သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများ နှင့်ထိုက်တန်၏။ သန့်ရှင်းစင်ကြယ်မှုနှင့် စာရိတ္တကောင်းမွန်မှုသည် ယုံကြည်မှုပေါ်မူတည်နေသောကြောင့် မယုံကြည်သူများက မည်သို့ပင် မတရားစွပ်စွဲသည်ဖြစ် သန့်ရှင်းစင်ကြယ်သော) ထိုပုဂ္ဂိုလ်များသည် သူတို့စွပ်စွဲ ပြောဆိုနေသောအချက်များမှ လုံးဝ ကင်းရှင်းသောသူများပင် ဖြစ်ကြပေသည်။ ထို (သန့်ရှင်းစင်ကြယ်သော) သူတို့အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်း သာခွင့်နှင့် မွန်မြတ်သော စားနပ်ရိက္ခာများ ရှိနေ၏။

[27] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို၊ သင်တို့သည် သင်တို့၏အိမ်များမှအပ အခြားအိမ်များအတွင်းသို့ သက်ဆိုင်ရာအိမ်သားများအား “ငြိမ်းချမ်းပါစေ ”ဟု 'စလာမ်' မေတ္တာပို့သ၍ ဝင်ခွင့်မတောင်းသမျှ ကာလပတ်လုံး ဝင်ရောက်ခြင်း မပြုကြလေနှင့်။ ထိုကဲ့သို့ (မေတ္တာပို့လျက် ဝင်ခွင့်တောင်း၍ ခွင့်ပြုချက်ရမှ) ဝင်ခြင်းသည် (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်တို့ သွန်သင်ထားသော လောကနီတိနှင့်အပြု အမူကောင်းများကို) သတိဝီရိယဖြင့်ပြုနိုင်ကြရန်အလို့ငှာ သင်တို့အတွက် အသင့်တော်ဆုံးနှင့်အကောင်းဆုံးပင် ဖြစ်ပေသည်။

[28] တစ်ဖန် အကယ်၍ သင်တို့သည် (ဝင်ရောက်လိုသည့်) ထိုအိမ်များတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ သင်တို့သည် ဝင်ခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ရောက်ကြလေနှင့်။ အကယ်၍ သင်တို့အား ပြန်ကြလော့ဟု ပြောဆိုလျှင် သင်တို့သည် (ဇွတ်ဝင်ရန်မကြိုးစားဘဲ) ပြန်သွားကြလော့။ ထို (သို့ဝင်ခွင့်မရလျှင် ပြန်လာခြင်း) သည် သင်တို့အတွက် အစင်ကြယ်ဆုံးနှင့်အမွန် မြတ်ဆုံးပင် ဖြစ်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အသေးစိတ် သိနေတော်မူ၏။

[29] အကယ်၍ (သင်တို့ဝင်ရောက်လိုသည့်အိမ်သည်) နေထိုင်သူမရှိသော (လူမနေသော) အိမ်များဖြစ် လျှင် သင်တို့၏ (လောကီရပိုင်ခွင့် ခံစားခွင့်နှင့်) ကိုယ်ရေးကိုယ်တာလိုအပ်ချက်များ ဖြည့်ဆည်းရန်အလို့ငှာ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခြင်း၌ အပြစ်မထိုက်ပေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ လူသိ ရှင်ကြား ဖွင့်ဟဝန်ခံထုတ်ဖော်သည်ကိုလည်းကောင်း၊ အသင်တို့ လျှို့ဝှက်ထိန်ချန်ထားသောကိစ္စရပ်များကို လည်းကောင်း၊ ကောင်းစွာ သိနေတော်မူ၏။

[30] (အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူတို့အား သူတို့၏မျက်စိများ (အမြင် အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသမီးများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်၍) နှိမ့်ချထားရန်နှင့် သူတို့၏ကာယိန္ဒြေအရှက်အင်္ဂါများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် ဟောပြောလော့။ ထိုသို့ ထိန်းချုပ်ခြင်းသည် သူတို့အတွက် အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုလုပ်သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို ကောင်းစွာ သိနေတော်မူသောအရှင် မြတ်ပင် ဖြစ်တော်မူ၏။

[31] (အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူအမျိုးသမီးတို့အား သူမတို့၏မျက်စိများ (အမြင်အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသားများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်၍) နှိမ့်ချထားရန်နှင့် သူတို့မ၏ကာယိန္ဒြေအရှက်အင်္ဂါများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သူမတို့သည် မဖြစ်မနေ ပေါ်နေတတ်သောအလှမှအပ ကျန်ကိုယ်အလှ (ဆွဲဆောင်ဖွယ်ရာ အစွမ်းအစ၊ ဂုဏ်ကျက်သရေ) တို့ကို မပေါ်ကြစေရန် သူမတို့၏အပေါ်ရုံများ (ဦးခေါင်းခြုံလွှာများ) ကို သူမတို့၏ရင်ဘတ်များ အပေါ်သို့ ချထားကြရန် သူမတို့၏ (မျက်စိကျဖွယ်ရာ) ကိုယ်အလှကို သူမတို့ ၏လင်ယောကျာ်းများ၊ သို့မဟုတ် သူမတို့၏ဖခင်များ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏ဖခင်များ၊ သို့မဟုတ် သူမတို့၏သားများ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် သူမတို့ကဲ့သို့သောအမျိုးသမီး သို့တည်းမဟုတ် (ကျမ်းတော်မြတ် ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သူမတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော အစေခံများ သို့တည်း မဟုတ် အမျိုးသား များအနက်မှ (စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်) တဏှာရာဂစိတ် မရှိ သောသူများ သို့မဟုတ် အမျိုးသမီးများ၏ကိုယ်အင်္ဂါများကို မသိနားမလည်ကြသေးသော ကလေးသူငယ်များ၊ စသည့်သူတို့၏ရှေ့မှအပ အခြားမည်သူ့ရှေ့၌မျှ မဖော်ကြရန် သူမတို့ ဖုံးကွယ်ထားရသော ကိုယ်အလှတန် ဆာများအား ပေါ်လွင်သိ သာစေရန်အလို့ငှာ သူမတို့၏ခြေများကို ဆောင့်နင်းခြင်းမပြုကြရန် ဟောပြောလော့။ ထို့ပြင် အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ပေါက်မြောက်အောင်မြင်မှုရရှိကြအံ့သောငှာ သင်တို့အားလုံးတို့သည် (မှား ယွင်း သည့် လမ်းစဉ်များကို ကျောခိုင်း၍ နောင်တရလျက် ဝန်ချတောင်းပန်ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) ဘက်သို့ ဦးလှည့်ကြလော့။

[32] ထို့ပြင် သင်တို့သည် သင်တို့အနက်မှ ကြင်ဖော်ကြင်ဖက်မရှိသူများ အရှင့်အစေခံများအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူများ သင်တို့၏ကျွန်မများကို ထိမ်းမြားကြလော့။ အ ကယ် ၍ သူတို့သည် ဆင်းရဲချို့တဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင့်ရက်ရော သောကျေးဇူးတော်မှ ပြည့်စုံစေတော်မူလိမ့်မည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်း ကို အရှင့်ကရုဏာတော်ဖြင့် ကျယ်ကျယ်ဝန်းဝန်း လွှမ်းခြုံထားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[33] သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ (အခြေအနေနှင့်စားရိတ်စက) မတတ်စွမ်းနိုင်ကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ကျေးဇူးတော်ဖြင့် သူတို့အား ကုံလုံပြည့်စေတော်မူသည်အထိ (သူတို့၏) ကာယိန္ဒြေကို ထိန်းသိန်းစောင့်စည်း၍ နေကြရမည်။ ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချ မှတ်ပေးအပ်ခြင်း မခံရမီကပင်) သူတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော သင်တို့၏ကျေးကျွန်များ အနက် (အ ပေးအယူဖြင့် ကျွန်ဘဝမှ လွတ်မြောက်ရန်) ကတိစာချုပ် ချုပ်ဆိုလိုသောသူတို့အား အကယ်၍ သူတို့၌ (သူတို့ကို လွတ်မြောက်စေလျှင် တောင်းရမ်းစားသောက်ခြင်းကို ရှောင်၍ ရိုးသားစွာ လုပ်ကိုင်စားသောက်မည့် နိုင်ငံသား ကောင်းများ ဖြစ်လာနိုင်သော) ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ရှိခဲ့ကြလျှင် (လွတ်မြောက်ရေးလက်မှတ် အတွက်) သူတို့နှင့်ကတိစာချုပ် ချုပ်ဆိုကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများအနက်မှ (ကျွန်ဘဝမှလွတ်မြောက်လာသူများ၏ဘဝကို ထူထောင်ပေးရန်) သူတို့ကိုလည်း ပေးကမ်းကြလော့။ ထို့ပြင် သင်တို့သည် (ယခင်ကတည်းက သင်တို့၏လက် ဝယ်၌ ဩဇာခံအဖြစ်ရှိခဲ့သော) သင်တို့၏ကျွန်မများအား (အထူးသဖြင့်) ကာယိန္ဒြေစောင့်စည်းရန် လိုလားကြ သောသူတို့အား လောကီဘဝ၏စည်းစိမ်ချမ်းသာရရှိရန်အလို့ငှာ ပြည့်တန်ဆာအဖြစ်သို့ အတင်းအကျပ် မတွန်းပို့ ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို ထိုသို့ အတင်းအကျပ်ခိုင်းစေခြင်းခံရလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ခိုင်းစေခြင်းခံကြရပြီးနောက် သူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်း သာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာ ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ ၏။

[34] ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ထံသို့ အမှန်တရားကို ထင်ရှားရှင်းလင်းစေသော အာယသ်သက်သေလက္ခဏာတော်များအဖြစ်လည်းကောင်း၊ သင်တို့အလျင် လွန်လေပြီးသော ရှေးခေတ်လူတို့ ၏စံနမူနာယူများအဖြစ်လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက် လမ်းညွှန်နှင့်ဆုံးမသြဝါဒအဖြစ်လည်းကောင်း၊ (ကျမ်းတော်မြတ်ကုရ်အာန်ကို) ချမှတ်ပေးအပ်တော်မူခဲ့ပြီး ဖြစ်၏။

[35] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏ရောင်ခြည်တော် ဖြစ်တော်မူ၏။ အရှင့် ရောင်ခြည်တော်၏ဥပမာသည်ကား ထိုထဲတွင် မီးအိမ်တစ်ခုထည့်ထားသော နံရံကလိုင်ပေါက်တစ်ခုနှင့်အလား သဏ္ဍန်တူ၏။ ထိုမီးအိမ်သည် မှန်သားဖန်အိမ်ထဲတွင်ရှိပြီး ထိုမှန်သားဖန်အိမ်သည်ကား အရှေ့ဘက်စွန်းမှ မဖြစ်ရုံမက အနောက်ဘက်စွန်းမှလည်း မဖြစ်သော ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည့် သံလွင်ပင်မှ ယင်း၏ဆီသည် မီးနှင့်မည်သည့်အခါမျှ မထိတွေ့ပါလျက် ထွန်းလင်းတောက် ပစေခြင်းခံရပြီး အလွန်ထွန်းလင်း တောက်ပနေသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ဖြစ်၏။ ရောင်ခြည်တော်အပေါ် ရောင်ခြည်တော် ထပ်ဆင့် လျက် ရှိနေ၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား အရှင့်ရောင်ခြည်တော်ဘက်သို့ လမ်းညွှန်တော်မူ၏။ ထို့ ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ပုံဆောင်ဥပမာအမျိုးမျိုးဖြင့် မြင်သာအောင် ရှင်းပြတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။

[36] (အရှင့်ရောင်ခြည်တော်ဘက်သို့ လမ်းညွှန်တော်မူခြင်းခံရသောသူတို့နှင့်ယင်းကို ရရှိခံစားနိုင်သော အိမ် တော်များလည်း ရှိ၏။) အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ထူထောင်စေရန်၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရတသ၍ ထုတ်ဖော်ဖွင့်ဟရန်၊ ထိုအိမ်တော်များတွင် နံနက်ယံ၌ လည်း ကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ် တင်ကြရန် ခွင့်ပြုတော်မူ၏။

[37] (လူသားအနက် အထူးသဖြင့်) အမျိုးသားတို့အား (လောကီဘဝ၏စိတ်စွဲလမ်းစရာများဖြစ်သော) မည် သည့်ကုန်သွယ်စီးပွားမှုနှင့် မည်သည့်ကုန်ဖလှယ်ရောင်းဝယ်မှုမျှပင် အလ္လာဟ်အရှင်မြတ်ကို သတိရ တ သ၍ ထုတ်ဖော်ဖွင့်ဟခြင်းမှလည်းကောင်း၊ 'ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ခြင်းမှလည်းကောင်း၊ ဇကာသ် ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အ တွက် စွန့်လှူပေးကမ်ခြင်းးမှလည်းကောင်း၊ အာရုံမပြောင်းစေသင့်ပေ (နောက်ဆံမတင်းစေသင့်ပေ)။ သူတို့သည် စိတ်နှလုံးများနှင့်မျက်စိများ ယောက်ယက်ခတ်၍ ဇောက်တိဇောက်ထိုးဖြစ်မည့်နေ့ကို ကြောက် ရွံ့စိုးရိမ်လျက် ရှိကြ၏။

[38] အလ္လာဟ်အရှင်မြတ်သည် (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍) အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့အား အရှင်မြတ်၏အရက်ရောဆုံးကျေးဇူးတော်များအနက်မှ (သူတို့၏လုပ်ရပ်နှင့်ညီမျှသည်ထက် အဆမတန် ပိုမို၍) ဆတက်ထမ်းပိုး တိုးပွား ချီးမြှင့်စေတော်မူမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (စာရင်းမဲ့) အကန့်အသတ်မဲ့ ရိက္ခာများ ချီးမြှင့်ပေးသနားတော်မူမည် ဖြစ်၏။

[39] သို့ရာတွင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့နှင့် သူတို့၏ပြုမူကျင့်ဆောင်မှုတို့သည် ကား “ရေဆာနေသောသူက (သဲကန္တာရ၏) လွင်တီးခေါင်၌ (ရေဟုထင်ယောင်ထင်မှားဖြစ်သော) တံလျှပ်ကို ရေထင်၍ ယင်းထံသို့ ရောက်သည်အထိ လိုက်သွားရာ မည်သည့်အရာကိုမျှ မတွေ့ရှိသော်လည်း ယင်း၏အနီး တစ်ဝိုက်တွင် အလ္လာဟ်အရှင်မြတ်ကိုသာ တွေ့ခဲ့ရသောကြောင့် ထိုအရှင်မြတ်သည်သာ သူ ၏စာရင်းအင်းကို အပြည့်အဝ ပေးတော်မူနိုင်ကြောင်းကို တွေးတောဆင်ခြင်မိသည့် ဖြစ်ရပ်မှ တံလျှပ်နှင့် ပမာတူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ (ချက်ချင်းလက်ငင်း) စစ်ဆေးတော်မူ၍ စာရင်းရှင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[40] သို့တည်းမဟုတ် (မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့နှင့်သူတို့၏ပြုမူကျင့်ဆောင် မှုတို့သည်ကား) လှိုင်းလုံကြီးပေါ် လှိုင်းလုံကြီးဆင့်၍ ဖုံးအုပ်လွှမ်းခြုံလျက် မှောင်မည်းသော တိမ်တိုက်ကလည်း အချို့ပေါ် အချို့ထပ်ဆင့် ထူထပ်လာကာ အမှောင်ထု တစ်ထပ်ပြီးတစ်ထပ် စီးနေသော နက်နဲ၊ နက်ရှိုင်းသော သမုဒ္ဒရာပင်လယ်၌ (ရောက်နေသူက ထိုအမှောင်ထုထဲတွင်) သူ၏လက်ကို ထုတ်ကြည့်သောအခါ ယင်းလက် ကိုပင် မြင်ရခက်သော အမှောင်ထုကြီးနှင့် ပမာတူ၏။ စင်စစ်သော်ကား မည်သူမဆို သူ့အတွက် အလ္လာဟ် အရှင်မြတ်က အရှင့်ရောင်ခြည်တော် စီမံဖြစ်ပေါ်စေတော် မမူလျှင်၊ (လောကခပ်သိမ်း၌) သူ့အတွက် မည်သည့် အလင်းရောင်မျှ အလျှင်း ရှိမည် မဟုတ်ပေ။

[41] ဧကန်စင်စစ်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိနေသူတို့သည်လည်းကောင်း၊ အတောင်ပံများကို ဖြန့်၍ အုပ်လိုက်တန်းစီလျက် ပျံဝဲလေ့ရှိ ကြသော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်း ဖြစ်တည် စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူ ခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပြီး အရာရာတိုင်းသည်ပင် ယင်း၏ဝတ်ပြုဆု တောင်းမှုပုံစံနှင့်အရှင်မြတ်က စင်ကြယ်သန့်ရှင်းတော်မူကြောင်း ဂုဏ်တင်ချီးမွမ်းသည့် နည်းစနစ်ကို ဧကန်မုချ၊ သိထားပြီး ဖြစ်သည်ကို အသင် မတွေ့မမြင် မသုံးသပ် မိလေသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုမူကျင့်ဆောင်သမျှတို့ကို ကောင်းစွာ သိနေတော်မူ၏။

[42] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် အလ္လာဟ်အရှင်မြတ် (၏စည်း မျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာဖြစ်၏။ ထို့ပြင် သင်တို့ဘဝခရီးစဉ်၏နောက်ဆုံးပန်းတိုင်မှာ အလ္လာဟ်အရှင်မြတ်ထံသို့ ဆိုက်ရောက်ခြင်းပင် ဖြစ်၏။

[43] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်ရွေ့လျားစေတော်မူပြီး နောက် ယင်းတို့အချင်းချင်းအား ပေါင်းစပ်စေတော်မူ၍ တစ်ဖန် အထပ်ထပ်ဖြစ်စေတော်မူကာ ယင်းတို့ ၏ကြားမှ မိုးသီးပေါက်များထွက် (၍ ရွာသွန်း) လာစေတော်မူသည်ကို အသင် မတွေ့ မမြင် မသုံးသပ် မိလေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှလည်းကောင်း၊ ယင်း၌ နှင်းထူထပ်သော တောင်များပေါ်မှလည်းကောင်း၊ မိုးသီးများ ကျစေတော်မူသောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ယင်းဖြင့် အကျိုးသက်ရောက်စေတော်မူ၍ အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူ သောသူအား ယင်း၏အကျိုးသက်ရောက်မှ လွှဲဖယ်စေတော်မူ၏။ လျှပ်စီးလက်၍ လျှပ်တစ်ပြက်ပေါ်လာသော ပြိုးပြိုးပြက်ပြက် အလင်းရောင်သည် လျှပ်ပြက်ရောင်သည် မျက်စိ၏အမြင်အာရုံကို သုတ်ယူသွား အံ့ဆဲဆဲပင် ဖြစ်၏။

[44] အလ္လာဟ်အရှင်မြတ်သည် ညနှင့်နေ့ကို တစ်လှည့်စီ (အလှည့်ကျ) ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုသို့ ပြောင်းလဲစေတော်မူခြင်း၌ ဉာဏ်အမြော်အမြင်ဖြင့် အဝေးမြင်တတ်သော ပညာရှင်များအတွက် (မှတ် သားဖွယ်ရာ) သင်ခန်းစာသည် အမှန်ပင် ရှိပေ၏။

[45] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သက်ရှိသတ္တဝါတိုင်းကို ရေမှ ဖွဲ့စည်း ဖြစ်တည်စေတော်မူခဲ့ရာ ယင်းတို့အနက်မှ ဝမ်းဗိုက်ဖြင့်တွားသွားသော တွားသွားသတ္တဝါများ ခြေနှစ်ချောင်းပေါ် ရပ်တည်လှုပ်ရှားသော ခြေနှစ်သတ္တဝါများနှင့်ခြေလေးချောင်းပေါ်ရပ်တည် လှုပ်ရှားသော ခြေလေးချောင်း သတ္တဝါ များ အစရှိသည့်သတ္တဝါမျိုးစုံကို ဖြစ်ပေါ်စေခြင်းဖြင့် အလ္လာဟ်အရှင်မြတ် သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော် နှင့်အညီ အလိုရှိတော်မူသည်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[46] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ထံသို့ အမှန်တရားကို ထင်ရှားရှင်းလင်းစေသော အာယသ် သက်သေလက္ခဏာတော်များ ချမှတ်ပေးအပ်တော်မူခဲ့ပြီး အလ္လဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏ စည်းမျဉ်း တော်နှင့်အညီ အလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်၍ အစစအရာရာတွင် တည်တံ့မြဲမြံစေသော တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။

[47] (အယောင်ဆောင် ကြောင်သူတော်များဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်တို့အား ယုံကြည်၍ နာခံလိုက်နာကြပါ၏။” ဟု ပြောဆိုကြပြီးနောက် သူတို့အ နက်မှ အုပ်စုတစ်ခုက ထိုသို့ဝန်ခံကြပြီးနောက်တွင်မှ သူတို့၏ဒုံရင်းအခြေအနေသို့ ပြန်လှည့်ကြပြန်၏။ စင်စစ်သော် ကား ထိုသူတို့သည် (သူတို့၏သဘောထားနှင့်လုပ်ရပ်များဖြင့် သူတို့၏ဝန်ခံပြောဆိုချက်ကို ဖီဆန်နေ၍) သက်ဝင် ယုံကြည်သူများ မဟုတ်ကြချေ။

[48] ထို့ပြင် သူတို့အချင်းချင်းကြား တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ကြရန်အလို့ငှာ ထိုသူတို့သည် အလ္လာဟ် အရှင်မြတ် (၏ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ပြသခဲ့သော လမ်း စဉ်) ဘက် သို့ ဖိတ်ခေါ်ခြင်းခံကြရသောအခါ သူတို့အနက် အုပ်စုတစ်ခုသည် (ဖီဆန်ငြင်းပယ်၍) ရှောင်လွှဲသွားကြ၏။

[49] သို့ရာတွင် အကယ်၍ သူတို့အတွက် အခွင့်အရေးရှိလျှင် သူတို့သည် ထိုရစူလ်တမန်တော်မြတ်ထံသို့ မဆိုင်းမတွ ကျိုးနွံစွာ ရောက်ရှိလာကြ၏။

[50] (ကိုယ်ကျင့်တရားနှင့်စိတ်သဘောထားများ ပျက်သုဉ်းလျက်) သူတို့၏စိတ်နှလုံးများအတွင်းဝယ် ရောဂါရှိ နေသလော။ သို့တည်းမဟုတ် သူတို့သည် (တမန်တော်မြတ်၏တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟ သံသယဖြစ် နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့က သူတို့အပေါ်၌ မ တော်မတရားပြုကြမည်။” ဟု ကြောက်ရွံ့စိုးရိမ်နေကြသလော။ ထိုသို့အလျှင်းမ ဟုတ်၊ စင်စစ်မှာမူကား ထိုသူတို့ သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်တရား မမှန်မကန် ပြုမူကျင့်ကြံသူများသာ ဖြစ်ကြ၏။

[51] သူတို့အချင်းချင်းကြား တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ် (၏ကျမ်း တော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ပြသခဲ့သောလမ်းစဉ်) ဘက်သို့ ဖိတ်ခေါ်ခြင်းခံကြရသောအခါ သက်ဝင်ယုံကြည်သူတို့၏ပြောဆိုချက်မှာ “ကျွန်ုပ်တို့ ကြားနာကြပါပြီ၊ ကျွန်ုပ်တို့ လိုက်နာ ကြပါပြီ။” ဟု ဝန်ခံပြောဆိုကြရန်သာ ဖြစ်၏။ စင်စစ်မှာမူကား ထိုသူတို့သည်ပင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြ၏။

[52] စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့်အရှင့်ရစူလ်တမန်တော်၏လမ်းစဉ်ကို နာခံလိုက်နာပြီး အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးလျှင် ထိုသူတို့သည်သာ အောင်ပွဲခံကြမည့်သူများ ဖြစ်ကြ၏။

[53] (ထိုအယောင်ဆောင် ကြောင်သူတော်များက) အကယ်၍ အသင် (တမန်တော်) သည် သူတို့အား အမိန့် ပေးခဲ့လျှင် မုချဧကန်၊ သူတို့သည် (အိုးအိမ်စည်းစိမ်တို့ကို စွန့်၍) ထွက်ကြပါမည်။” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အလေးအနက် ကျိန်ဆိုခဲ့ကြလေ၏။ (အို၊ ရစူတမန်တော်) အသင်သည် (သူတို့ကို အရှင်မြတ်အား တိုင်တည်၍) အလေးအနက် ကျိန်ဆိုခြင်းမပြုကြလေနှင့်။ (သင်တို့လုပ်သင့်သည်မှာ အမိန့်တော်ရောက်ရှိသောအခါ ကြွားဝါ၍ ကျိန်ဆိုခြင်းနှင့်ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြား ယုံကြည်သူများကဲ့သို့ပင် စိတ်ရင်းစေ တနာဖြူစင်စွာဖြင့်) အများသိပြီဖြစ်သော အမိန့်နာခံမှုသာ ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်း အချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော် မူသောအရှင် ဖြစ်တော်မူ၏။

[54] (ထို့ပြင်) အလ္လာဟ်အရှင်မြတ် (၏ကျမ်းတော်မြတ်ကုရ်အာန်) နှင့်အရှင့်ရစူလ်တမန်တော် (၏လက်တွေ့ ပြသခဲ့သော လမ်းစဉ်) ကို နာခံလိုက်နာကြလော့။ အကယ်၍ (အရှင့်အမိန့်တော်ကို တမန်တော်မြတ်၏ လမ်းစဉ်နှင့်အညီ မနာခံ၊ မလိုက်နာဘဲ) ကျောခိုင်းလွှဲရှောင်ကြလျှင် (မှတ်ထားသင့်သည်မှာ) ရစူလ်တမန်တော် မြတ်အပေါ်၌ တာဝန်ပေးခြင်းခံခဲ့ရသည်နှင့်အညီသာ (အမိန့်တော်များကို လူသားထံ ပို့ဆောင်ရန်သာ) တာဝန် ရှိပြီး သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးခြင်းခံခဲ့ကြရသည်နှင့်အညီ (အမိန့်တော်များကို နာခံလိုက် နာရန်သာ) တာဝန်ရှိပေ၏။ အကယ်၍ သင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို နာခံလိုက်နာ ကြလျှင်၊ သင်တို့သည် တရားလမ်းမှန်ကို ညွန်ပြခြင်း ခံရလိမ့်မည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ် အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို လူသားထံအရောက်) ထင်ရှားပြတ်သားစွာ ပို့ဆောင်ပေးခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။

[55] အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက်တည်ကြသောသူတို့အား ကတိပေးတော်မူသည်မှာ သူတို့အလျင် ရှိခဲ့ကြ သောသူတို့အား (ကမ္ဘာမြေပေါ်ဝယ်) အုပ်ချုပ်ခွင့်အာဏာဆက်ခံသူများ ဖြစ်စေတော်မူခဲ့သည့်နည်းတူ သူတို့ကို လည်း (လက်ရှိအုပ်ချုပ်ခွင့် အာဏာရရှိထားသူတို့၏နေရာတွင် အစားတိုးနိုင်မည့် ဆက်ခံများ ဧကန်မုချပင်၊ ဖြစ်စေတော်မူပြီး သူတို့အတွက် အရှင်မြတ်နှစ်သက်တော်မူသော သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ် ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို သူတို့အကျိုးငှာ မြဲမြံခိုင်ခံ့စွာ ထူ ထောင်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏အကြောက်တရား (နှင့်စိုးရိမ်မှု) နောက်တွင် ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ခြင်း ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် သက်ရှိသက်မဲ့ ကိုမျှ ကိုးကွယ်ရာအဖြစ် မကိုးကွယ်ခြင်းကြောင့် ဘေးကင်းလုံဘခုံမှုနှင့်တည်ငြိမ်းအေးချမ်းမှုသို့ မုချပင် ပြောင်းလဲစေတော်မူမည်။ ထိုအခြေအနေသို့ရောက်ပြီးနောက်တွင်မှ မည်သူမဆို အမှန်တရားကို မယုံကြည် ငြင်းပယ် ဖုံးကွယ်၍ ကျေးဇူးကန်းကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်သော ကောက်ကျစ် ယုတ်မာသူများပင် ဖြစ်ကြ၏။

[56] ထို့ပြင် သင်တို့သည် (အရှင်မြတ်၏) သနားကရုဏာတော် သက်စေတော်မူခြင်းခံရရန်အလို့ငှာ ဆွလာသ် ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြပြီး ဇကာသ် (ခေါ် တ ရားတော် အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသော လူမှုဖူလုံကြေးကို ပေးကမ်းကြသည့်အပြင် ရစူလ်တမန်တော် မြတ် (၏လမ်းစဉ်) ကို နာခံလိုက်နာကြလော့။

[57] အသင် (တမန်တော်) သည် “မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် ကမ္ဘာမြေဝယ် (ငါအရှင်မြတ်ဆန္ဒတော်နှင့်အညီဖြစ်ပျက်နေသည်ကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေနှင့်။ အမှန်စင်စစ် သူတို့၏ (နောက်ဆုံးပန်းတိုင်) ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်း (ငရဲမီး) သည် အလွန်ပင် ဆိုးရွားလှသော နောက်ဆုံးပန်းတိုင် ပြန်လည် ရာဌာနစခန်းပင် ဖြစ်ပေ၏။

[58] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (ယခင်ကတည်းက သင်တို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော) သင်တို့၏ကျွန်မများအားလည်းကောင်း၊ သင်တို့အနက် အရွယ်မရောက်ကြသေးသော သား သမီးများအားလည်းကောင်း၊ နံနက်မိုးမသောက်မီ ဖဂျ်ရ် ဆွလာသ်ဝတ်ပြုချိန်၊ ပူအိုက်၍ သင်တို့၏အဝတ် အစားများကိုချွတ် ထားလေ့ရှိသော နေ့လယ်အချိန်နှင့် ညဦးနှောင်း (အိရှာအ်) ဆွလာသ် ဝတ်ပြုပြီးချိန် စသည့် အချိန်သုံးပါး၌ (သင်တို့၏အခန်းများထဲသို့ ဝင်ထွက်သွားလာလိုလျှင်) သင်တို့ထံ ခွင့်တောင်းခံစေကြရမည်။ ထိုအချိန်သုံးပါး (ကို ရှောင်ကြဉ်) ပြီးနောက် (အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ) သင်တို့အချင်းချင်း အချို့ထံအချို့ တစ်ဦးထံတစ်ဦး ဝင်ထွက်သွားလာလည်ပတ်ခြင်း၌ မည်သို့မျှ အပြစ်မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သင်တို့အတွက် အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်း တင်ပြတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့် စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[59] သို့ရာတွင် သင်တို့အနက်မှ သားသမီးများသည် အရွယ်ရောက်လာခဲ့ကြသောအခါ သူတို့သည်လည်း သူတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သင်တို့အတွက် အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်း တင်ပြတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[60] ထို့ပြင် အမျိုးသမီးများအနက်မှ ထိမ်းမြားရန် မျှော်လင့်ချက်မရှိကြသော အဖွားအိုများသည် သူမတို့၏လှပမှုကို ဖော်ပြခြင်းမပြုဘဲ သူတို့၏ (အပေါ်ယံခြုံထည်) အဝတ်များကို ချွတ်ထားခြင်းကြောင့် သူတို့အ ပေါ်၌ အပြစ်မထိုက် မရှိချေ။ သို့တစေလည်း သူတို့သည် (အပေါ်ယံခြုံထည်ကိုဝတ်၍ ကာယိန္ဒြေကို ထိန်းသိန်းလျက် ထိုသို့ချွတ်ထားခြင်းမှ) ရှောင်ကြဉ်ကြလျှင် သူတို့အတွက် အကောင်းဆုံးပင် ဖြစ်၏။ စင် စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[61] သင်တို့အိမ်များ၊ သို့မဟုတ် သင်တို့ဖခင်များ၏အိမ်များ၊ သို့မဟုတ် သင်တို့မိခင်များ၏အိမ်များ၊ သို့မဟုတ် သင်တို့ညီအစ်ကိုများ၏အိမ်များ၊ သို့မဟုတ် သင်တို့နှမအစ်မများ၏အိမ်များ၊ သို့မဟုတ် သင်တို့ဘ ကြီးဘထွေး များ၏အိမ်များ၊ သို့မဟုတ် သင်တို့ အရီးကြီးအရီးကလေးများ၏အိမ်များ၊ သို့မဟုတ် သင်တို့ဦးရီး များ၏အိမ်များ၊ သို့မဟုတ် သင်တို့မိကြီး မိထွေးများ၏အိမ်များ၊ သို့မဟုတ် (ယခင်ကတည်းက သင်တို့၏ လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိပြီး) သင်တို့ ၏အိမ်တံခါးဖွင့်ခွင့်ရှိသူများ၊ သို့မဟုတ် သင်တို့ မိတ်ဆွေများ ၏အိမ်များ၊ စသည့်အိမ်များ၌ စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ၊ စားသုံးခြင်းအသင်တို့၏စားသုံးခြင်း၌ အပြစ်မထိုက်သည့်အပြင် ထိုအိမ် များမှ (မည်သည့် အနှောက်အယှက်မျှ ပေးလိုသောဆန္ဒမပါဘဲ လိုအပ်ချက် ဖြည့်ဆည်းရန်အတွက်သာ) စား သောက်ခြင်းဖြင့် မျက်မမြင်များ၏အ ပေါ်၌ လည်းကောင်း၊ မသန်မစွမ်းသော သူများအပေါ်၌လည်းကောင်း၊ မမာမကျန်း ဖြစ်နေ သောသူများအပေါ်၌လည်း သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအပေါ် တွင်လည်းကောင်း၊ အပြစ်မထိုက်ပေ။ သို့ရာတွင် သင်တို့သည် (အဆိုပါ) အိမ်များ သို့ ဝင်ရောက်ကြသောအခါ သင်တို့၏နဖ်စ်များအပေါ် သင်တို့ကိုယ်တိုင် အချင်းချင်း နှုတ်ဆက်ကြိုဆိုသည့်အ နေဖြင့် “အရှင်မြတ်ထံတော်မှ ငြိမ်း ချမ်းမှု ကရုဏာတော် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်စင်ကြယ်ကောင်းမြတ်မှုများ သက်ရောက်ပါစေ ကြောင်း စလာမ်မေတ္တာ ပို့သကြလော့။ သင်တို့ စဉ်းစားဆင်ခြင်တွေးခေါ်၍ သိနား လည်နိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သင်တို့အတွက် အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြတော်မူ၏။

[62] သက်ဝင်ယုံကြည်သူများသည်သာလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့နှင့်ပတ် သက်၍ (ဖြူစင်စွာ) သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် စုပေါင်းဆောင်ရွက်အပ်သောကိစ္စ တစ်စုတစ်ရာအတွက် အရှင့်ရစူလ်တမန်တော်မြတ်နှင့်အတူ (အစည်းအဝေးများအစီစဉ်များနှင့်စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်လျက်) ရှိကြသောအခါ၊ ရစူလ်တမန်တော်မြတ်ထံတွင် ခွင့်တောင်းလေ့ရှိပြီး ခွင့်ပြုချက်မရသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ၊ အသင် (တမန်တော်) ထံ ခွင့်ပန်ကြားကြသော သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့အား သက်ဝင်ယုံကြည်ကြ၏။ သို့ဖြစ်ပေရာ သူတို့သည် အသင့်ထံ သူတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် သူတို့အနက် (သင့်စည်းမျဉ်းနှင့်အညီ သင့်ဆန္ဒအရ) အလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ (အပြစ်မှ) ချမ်းသာခွင့်ရရှိရန် ဆုတောင်းပန်ကြားလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[63] သင်တို့သည် (ဆုတောင်းမှုအတွက်တောင်းဆိုခြင်း ဆင့်ခေါ်ခြင်းနှင့်ဖိတ်ခေါ်ခြင်း အပါအဝင်) ရစူလ်တ မန်တော်မြတ်ကိုခေါ်ရာတွင် သင်တို့ အချင်းချင်းကြား အချို့ကိုအချို့ တစ်ဦးကိုတစ်ဦး ခေါ်ဆိုဆက်ဆံသကဲ့သို့ ခေါ်ဆိုဆက်ဆံခြင်း မပြုလုပ်ကြလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် (တစ်စုံတစ် ရာကို) အကွယ်အကာယူ၍ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် အလစ်သုတ် ထွက်သွားကြသော သူတို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကို အာခံဖီဆန်၍ ရှောင်တိမ်းကြ သောသူတို့သည် သူတို့ထံ စမ်းသပ်မှု (ဒုက္ခအခက်အခဲ) တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် သူတို့ထံ ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်း ကောင်း၊ သတိထားရမည် ဖြစ်၏။

[64] သတိပြုကြလော့။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့သည် (အရှင့်မြတ်က ဖွဲ့စည်း ဖြစ်တည်စေတော်မူသော အရာများဖြစ်သောကြောင့်) အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြ၏။ ဧကန်အမှန်၊ ထိုအရှင်မြတ်သည် (လက်ရှိ အခြေအနေ၌) သင်တို့က မည်သည့်အရာပေါ် ရပ်တည် နေသည်ကို သိနေတော်မူသည့်အပြင် ထိုရှင်ပြန်ထမည့်နေ့တွင် သူတို့အား ထိုအရှင်မြတ်ထံတော်သို့ ပြန်လည် ရောက်စေတော်မူမည်ဖြစ်ရာ ထိုအရှင်မြတ်သည်ပင် သူတို့အား (စာရင်းရှင်းတော်မူရန်) သူတို့ပြုကျင့် ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းပေး ထုတ်ဖော်ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

စံနှုန်း

Surah 25

[1] လောကခပ်သိမ်းအတွက် သတိပေးနှိုးဆော်သူ ဖြစ်စေခြင်းငှာ အလင်းအမှောင် အမှားအမှန် အကောင်း အဆိုးတို့ကို ဝေဖန်ပိုင်းခြားပေးအပ်သော ”စံ” ဖြစ်သည့် (ကျမ်းတော်မြတ်ကုရ်အာန်) အား အရှင့်အစေခံ (တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် ချမှတ်ပေးအပ်တော်မူသော အရှင်မြတ်သည် ဂုဏ်တော်၊ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူ၏။

[2] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် ထိုအရှင်မြတ် (၏စည်း မျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် သားတော်တစ်ဦးတစ်ယောက်ကို ရယူဖန်တီး တော်မူခြင်း (ရုပ်ပွား၊ ကိုယ်ပွား၊ ဆင်းတု၊ အယူထား ဖန်တီး၍ ကိုးကွယ်ဆည်းဆပ်ခြင်းကို ခွင့်ပြုတော်မူခြင်း) အလျှင်း မရှိပေ။ ထို့ပြင် အရှင့်စိုးမိုးအုပ်ချုပ်မှုဆိုင်ရာဩဇာအာဏာ၌ တွဲဖော်တွဲဖက်ဟူ၍လည်း မည်သူတစ်ဦး တစ်ယောက်မျှ မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် (အရာခပ်သိမ်း၌ အရှင့်နိယာမတရားများနှင့်စည်းမျဉ်းတော်များပါရှိ စေတော်မူလျက်) တိုင်းတာသတ်မှတ်သော ပြဌာန်းချက်များကို စနစ်တကျ သတ်မှတ်ပြဌာန်းတော်မူ၏။

[3] သို့ရာတွင် စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) သူတို့၏ထိုကိုးကွယ် ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်း မရှိသည့်အပြင် ယင်းတို့သည် လည်း (အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ) ဖွဲ့စည်းဖြစ်တည်စေခြင်းခံကြရသော အ ရာများသာဖြစ်ကြပြီး ယင်း တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့ မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအတွက် မည်သည့်ကောင်းကျိုး ဆိုးကျိုးကိုမျှ (အတိုးအ လျော့ဖြစ်စေရန်) စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိရုံသာမက သေစေခြင်း အသက်ရှင်သန်စေခြင်းနှင့်ရှင်ပြန်ထစေခြင်းကို လည်း စိုးမိုးထိန်းချုပ်နိုင်စွမ်း အလျှင်း မရှိပေ။

[4] ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် ထိုပုဂ္ဂိုလ် (တမန်တော်မုဟမ္မဒ်) က ကြံစည်ဖန်တီးထားသော လုပ်ဇာတ်မျှသာ ဖြစ်ပြီး (ထိုသို့ ဖန်တီးရာတွင်) အခြားလူမျိုးများကလည်း ယင်းအတွက် သူ့ကို ကူညီရိုင်းပင်းခဲ့ကြသည်။” ဟု ပြောဆိုကြလေ၏။ အမှန်မှာ (ထိုသို့ စွပ်စွဲပြောဆိုပြီး) အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရားစွပ်စွဲလျက် မိစ္ဆာဒိဌိကို ဖန်တီးယူဆောင်လာခြင်းသာ ဖြစ်၏။

[5] ထို့ပြင် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (ဤကုရ်အာန်ကျမ်းမြတ်၌ ပါဝင်သော အကြောင်းအရာများသည်) သူရေးမှတ်စေခဲ့သည့် လွန်လေပြီးသော ရှေးခေတ်လူတို့၏ (အခြေအမြစ်မဲ့) ဒဏ္ဍာရီများသာ ဖြစ်ပြီး ယင်းတို့ကို (လူတို့က သူတို့၏အိမ်များအတွင်း၌ ရှိနေစဉ်) သူ့ရှေ့ဝယ် နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ ရွတ်ဖတ်ခြင်းပင် ဖြစ်၏။” ဟု ပြောဆိုကြ၏။

[6] (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “ထို (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင် များနှင့်မြေကမ္ဘာ၌အတွင်း (မည်သည့်လူသားပညာရှင်ကမျှ ရှာဖွေဖော်ထုတ်နိုင်စွမ်း မရှိသည့်) လျှို့ဝှက်ချက် အလုံးစုံကို သိနေတော်မူသော အရှင်မြတ်က (လူသားတို့အား လျှို့ဝှက်ချက်တစ်ချို့ သွန်သင်ရန်နှင့်ဘဝတည် ဆောက်ဆိုင်ရာနည်းစနစ်ကို လမ်ညွန်တော်မူရန်) ချမှတ်ပေးအပ်တော်မူခဲ့၏။ မုချဧကန်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူး လွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[7] ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က “ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ သူသည် (အခြား သေမျိုးဖြစ်သော လူသားများကဲ့သို့ပင်) အစားအစာကို စားသုံးသည့်အပြင် ဈေးများအတွင်း၌ လှည့်ပတ်သွားလာလေ့ရှိ၏။ သူ့ထံသို့ ကောင်းကင်တမန် တစ်ပါးပါးသည် အဘယ် ကြောင့် စေလွှတ်ခြင်း မခံရလေသနည်း။ သို့စေလွှတ်ခြင်း ခံရပါလျှင် ထိုကောင်းကင် တမန်သည်လည်း သူနှင့် အတူ (လူတို့အား အမှန်တရားအား ယုံကြည်လက်ခံစေရာ၌) သတိပေးနှိုးဆော် သူတစ် ဖြစ်ပေမည်။

[8] သို့တည်းမဟုတ်၊ (သူသည် ဝမ်းစာရှာဖွေရယူရန် စျေးသွားရခြင်းကို ရှောင်ကြဉ်နိုင်ရန်) ရတနာဘဏ္ဍာ တိုက်တစ်ခုသည် သူ့ထံ အဘယ်ကြောင့် ချီးမြှင့်အပ်နှင်းခြင်း မခံရသနည်း၊ သို့တည်းမဟုတ် သူ့အတွက် ယင်းမှ (အံဖွယ်သစ်သီးဝလံများ ရရှိပြီး) စားသောက်နိုင်သည့် ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့က “သင်တို့သည် စုန်းပြုစားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦး၏နောက်သို့သာ လိုက်နေကြသည်။” ဟု ပြောဆိုကြ၏။

[9] (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်း နှိုင်းခဲ့ကြသည်ကို စောင့်ကြည့်ရှုမြင်လော့။ ထို့ကြောင့်ပင် သူတို့သည် လမ်းလွဲခဲ့ကြပြီဖြစ်ရာ သူတို့ သည် (အမှန် တရားဘက်သို့ ရောက်စေမည့်) မည်သည့်နည်းလမ်း (လမ်းစ) ကိုမျှပင် တွေ့ရှိနိုင်ကြမည် မဟုတ်ပေ။

[10] ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသော ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်း တော်နှင့်အညီ အလိုရှိတော်မူလျှင် (မယုံကြည်သူတို့က အသင်တမန်တော်၌ ရှိစေလိုသည့်) ထို့ (ဥယျာဉ်) ထက်ပင် ပိုမို၍ ကောင်းမွန်သော အောက်ခြေ၌ စိမ့်စမ်းရေတသွင်သွင် စီးဆင်းနေသည့် သုခဥယျာဉ်များကို စီမံပေးတော် မူသည့်အပြင် သင့်အတွက် ခမ်းနားထည်ဝါသော နန်းတော်ကိုလည်း စီမံဖြစ်စေတော်မူနိုင်၏။

[11] အမှန်စင်စစ်မှာကား သူတို့သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့နာရီကို မဟုတ်တရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်နေကြခြင်းသာ ဖြစ်၏။ စင်စစ် ငါအရှင်မြတ်သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့ နာရီနှင့်စပ် လျဉ်း၍ မဟုတ်တရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်သူ ဟူသမျှအတွက် မီးတောက်မီးလျှံကို အဆင်သင့် စီမံထားတော်မူ၏။

[12] သူတို့သည် ယင်း (မီးတောက်မီးလျှံ) ကို အဝေးမှ မြင်လေသောအခါ၊ သူတို့သည် ယင်း၏ဒေါသူပုန်ထ ခြင်းနှင့်မြည်ဟိန်းခြင်းကို (သိသာစေသည့် ပေါက်ကွဲသံများအား) ကြားကြရပေမည်။

[13] ထို့ပြင် သူတို့သည် ယင်း (ငရဲဘုံ) ၏ကျဉ်းမြောင်းသောနေရာတစ်ခုတွင် (သံကြိုးများဖြင့်) ခြေလက်တုပ်နှောင်လျက် ပစ်ချခြင်းခံကြရသောအခါ ထိုနေရာ၌ ပျက်စီးခြင်း (မရဏသေခြင်းတရားအတွက် အ ကြိမ်ကြိမ်) အော်ဟစ်တောင်းဆိုကြပေမည်။

[14] (ထိုအခါ သူတို့ အပြောခံကြရမည်မှာ) “ယနေ့ သင်တို့သည် တစ်ခုတည်းသော ပျက်စီးခြင်း (မရဏသေ ခြင်းတရား) ကိုသာ အော်ဟစ်မတောင်းဆိုကြလေနှင့်။ မြောက်မြားစွာသော ပျက်စီးခြင်း (မရဏသေခြင်းတရား) များကို ဟစ်ခေါ်တောင်းဆိုကြလော့။

[15] (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) ထို (သို့ ငရဲမီးထဲ ပစ်ချခံရခြင်း) သည် ကောင်းလေ သလော။ သို့တည်းမဟုတ် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက် နာကျင့်သုံးသူ) တို့အား ကတိပေးခြင်းခံကြရသော အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့် သုခဥယျာဉ်သည် ကောင်း မြတ်လေသလော။ ယင်းသည် ထိုမွတ္တကီတို့အတွက် အကျိုးဆုလဒ်နှင့်နောက်ဆုံးပန်တိုင် (ပြန်လည်ရာဌာန) လည်း ဖြစ်ပေသည်။

[16] သူတို့သည် ထိုသုခဥယျာဉ်တွင် သူတို့အတွက် သူတို့ အလိုရှိကြသည့်အရာဟူသမျှကို ရရှိကြပေမည်။ သူတို့သည် အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပြီး (ဤသည်) အသင့်အား ဖွဲ့စည်းဖြစ် တည်စေ၍ ပြုစုပျိုးထောင်တော်စေတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော်အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။

[17] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် (မယုံကြည်သူများဖြစ်ကြသော) သူတို့အား လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သူတို့က ကိုးကွယ်ရာအရှင်အဖြစ် အယူမှားယွင်းစွာဖြင့် ယုံ​ကြည်ကိုးကွယ်ကြခဲ့သော သက်ရှိသက်မဲ့များ၊ နတ်များဘုရားများ၊ ရုပ်တုဆင်းပွားများစသည့်) အခြားသော ကိုးကွယ်ရာများကိုလည်းကောင်း၊ စုရုံးတော်မူပြီးလျှင် “သင်တို့သည်ပင် ငါအရှင်မြတ်၏ ""ဤအ စေခံများ""ကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်သည်ပင် (သူတို့၏စိတ်ဆန္ဒအလျှောက် သင်တို့ကို ဖန်တီး၍ ကိုးကွယ်လျက်) လမ်းလွဲခဲ့ကြလေသလော။” ဟု မေးမြန်းတော်မူပေမည်။

[18] (ထိုအခါ) သူတို့က “(အို၊ အရှင်မြတ်၊) အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့အရှင် ဖြစ်တော် မူခြင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ် ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ကျွန်ုပ်တို့သည် အသင်အရှင်မြတ်မှလွဲ၍ အခြားမည်သည့်သက်ရှိ သက်မဲ့ကိုမျှ ကာကွယ် စောင့်ရှောက်မည့် အဆွေခင်ပွန်းများအဖြစ် မယုံကြည် မမှတ်ယူကြပါ။ သို့ရာတွင် အရှင်မြတ်သည် (မယုံကြည် သူများဖြစ်ကြသော) သူတို့အားလည်းကောင်း၊ သူတို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အားလည်းကောင်း၊ သူတို့သည် သတရတသ၍ ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ကို မေ့လျော့သွားသည်အထိ လောကီအကျိုးခံစားများ ပေး အပ်၍ စိတ်ချမ်းသာပေးတော်မူပြီး သူတိုသည် အကျင့်ပျက်ခြစားသော လူမျိုးသာ ဖြစ်ကြသည်။

[19] (အရှင်မြတ်မိန့်တော်မူသည်မှာ) ထိုသို့ဖြင့် (သက်ရှသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် ယုံကြည် ကိုးကွယ်ခြင်းခံကြရသော) သူတို့သည် (ယင်းတို့ကိုကိုးကွယ်နေကြသော) သင်တို့အား သင်တို့က လော ကီဘဝ၌ ပြောဆိုကြသော အပြောအဆိုများနှင့်စပ်လျဉ်း၍ (တမလွန်၌) သင်တို့အား ငြင်းဆန်ကြမည်ဖြစ်ရာ သင်တို့သည် (အရှင်မြတ်၏ပြစ်ဒဏ်မှ) မည်သို့မျှ ရှောင်လွှဲနိုင်ကြမည်မဟုတ်သည့်အပြင် မည်သည့် အကူအညီကိုမျှ ရရှိနိုင်ကြမည်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သင်တို့အနက် မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား ကြီးလေးသော ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူလိမ့်မည်။

[20] စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်း တို့အနက်မှလည်း ဧကန်ပင်၊ (သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်) အစားအသောက် မှီဝဲစားသုံးကြ သည့်အပြင် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြသူများမှအပ (မည်သည့်ရစူလ်တမန်တော်ကိုမျှ) စေလွှတ် တော်မမူခဲ့ချေ။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် သင်တို့အနက် အချို့ကို အချို့အတွက် စမ်းသပ်မှုတစ်ရပ် (၏အကြောင်းခံ) အဖြစ် စီမံဖြစ်စေတော်မူ၏။ (သို့ဖြစ်ပေရာ) သင်တို့သည် (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံခံ့ခိုင် ကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်စေတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[21] စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကို မမျှော်လင့်ကြသော (မယုံကြည်) သူတို့က အဘယ်ကြောင့် ''မလာအီကာစေတမန်'' များသည် ကျွန်ုပ်တို့ထံ ဆင်းသက်စေတော်မမူသနည်း။ သို့တည်းမဟုတ် အဘယ် ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ကို မဖူးမြော် ကြရပါသနည်း။” ဟု မေးမြန်းပြောဆိုကြ၏။ ဧကန်မလွဲ၊ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ သူတို့ကိုယ်ကိုအထင်ကြီးလျက် မာနကြီးခဲ့ကြသည့်အပြင် သူတို့သည် (စည်းဘောင်အား လုံးကို ကျော်လွန်၍) ကြီးကျယ်သောပမာမခန့်မှုကို ကျူးလွန်စော်ကားခဲ့ကြ၏။

[22] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် (မယုံကြည်သူများဖြစ်ကြသော) သူတို့သည် မလာအီကာစေတမန်ကို တွေ့မြင်ကြမည်ဖြစ်ရာ ထိုနေ့တွင် ရာဇဝတ်မှုကျူးလွန်သူတို့အတွက် မည်သည့် ဝမ်းမြောက်ဖွယ် ရာ သတင်းကောင်းမျှ မရှိရုံသာမက သူတို့သည် (မလာအီကာစေတမန်များကို ကြောက်ရွံ့၍ ထိုမလာအီကာများမှ) တားဆီးကင်းဝေးစေမည့် အတားအဆီးတစ်ခုရှိပါစေဟု အော်ဟစ်ပြောဆို ကြပေမည်။

[23] ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင် လောကီဘဝ၌) သူတို့ပြုမူကျင့်ကြံခဲ့ကြသော (ကောင်းမြတ်သည့်) ပြုမူကျင့်ကြံမှုများဘက်သို့ (ယင်းတို့ပေါ်မူတည်၍ဆက်ဆံတော်မူရန်) လှည့်တော်မူမည်ဖြစ်ရာ ထို့ နောက် ငါအရှင်မြတ်သည် ယင်း (အပြုအမူများ) ကို လွင့်ပါဖြန့်ကြဲထားသော ဖုံမှုန့်များအဖြစ် ဖြစ်စေတော်မူမည်။

[24] သုခဥယျာဉ်၏ပေါင်းအဖော်တို့သည်ကား ထိုနေ့တွင် (သူတို့အတွက်) အကောင်းဆုံးဗိမာန်နေရာဌာနနှင့်အကောင်းဆုံး အနားယူအပန်းဖြေရာဌာနစခန်းကို စီရင်သတ်မှတ်တော်မူမည်။

[25] ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မိုးကောင်းကင်သည် မိုးတိမ်များနှင်အတူ အစိတ်စိတ်အ မြွှာမြွှာ ကွဲထွက်ပေါက်ကွဲလာပြီး မလာအီကာစေတမန်များသည်လည်း အဆက်မပြတ် ဆင်းသက်စေတော်မူခြင်းခံကြရလိမ့်မည်။

[26] ထိုနေ့တွင် (စကြဝဠာ၏စိုးမိုးအုပ်ချုပ်မှုဆိုင်ရာ) ဩဇာအာဏာသည် ပရမတ္တသစ္စာတရားဖြစ်တော်မူ သော အားလုံးအပေါ် အစဉ် ကရုဏာထားတော်မူသော ကရုဏာရှင် (အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ အသုံး ချရန်) အတွက်သာဖြစ်ပြီး မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့အတွက်မူ လွန်စွာ ခက်ခဲသောနေ့ပင် ဖြစ်လိမ့်မည်။

[27] ထို့ပြင် ထိုနေ့တွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူက ''အို၊ ဒုက္ခလှလှကြုံရပြီတကား။ ကျွန်ုပ်သည် ရစူလ်တမန်တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်နာခဲ့မိလျှင် ကောင်းလေစွ။'' ဟု ပြောဆိုလျက် (နောင်တရကြောင်း ထုတ်ဖော်သည့် အနေဖြင့်) သူ့လက် နှစ်ဖက်ကို ကိုက်လိမ့်မည်။

[28] အို၊ ဖြစ်မှဖြစ်ရလေ ဒုက္ခလှလှကြုံရပြီတကား။ ကျွန်ုပ်သည် မည်သူမည်ဝါကို (ယုံကြည်စိတ်ချရသော) မိတ်ဆွေအဖြစ် (မည်သည့်အခါမျှ) မမှတ်ယူခဲ့လျှင် တော်လေစွ။

[29] မုချဧကန်၊ သူသည် ကျွန်ုပ်အား ယင်းသည် ကျွန်ုပ်ထံရောက်ခဲ့ပြီးနောက် (ဆုံးမဩဝါဒများပါဝင်ပြီး) သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ယင်းကျမ်းတော်မြတ်ကုရ်အာန်) မှ လွဲချော်စေခဲ့၏။ စင်စစ်သော်ကား စေတန်မကောင်းဆိုးဝါးသည် လူသားတို့အတွက် (ဒုက္ခပင်လယ်ထဲ) စွန့်ပစ်ထားတတ်သော သစ္စာဖောက် ပင် ဖြစ်၏။

[30] ထိုစဉ် ရစူလ်တမန်တော်မြတ်က ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော် မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်၏လူမျိုး (လူ့ဘောင်အသိုင်းအဝိုင်း) သည် ဤကျမ်းတော်မြတ်ကုရ်အာန်ကို ကျောခိုင်း၍စွန့်ပစ်ထားသောအရာအဖြစ် မှတ်ယူခဲ့ကြပါ၏။'' ဟု လျှောက်ထားပေမည်။

[31] ငါအရှင်မြတ်သည် ထိုနည်းအတိုင်းပင် နဗီတမန်တော်တိုင်းအတွက် ရာဇဝတ်မှုကျူးလွန်သူ တို့ကြားတွင် ရန်သူအုပ်စုတစ်ခု ဖြစ်ပေါ်စေတော်မူခဲ့၏။ သို့ရာတွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည်ပင် (အမှန်တရားနှင့်တရားမျှတမှုကို အကောင်အထည်ဖော်ရာတွင်) တရား လမ်းမှန် ညွှန်ပြတော်မူသူနှင့် (ရန်သူတို့၏ကြံစည်မှုနှင့်ဆန့်ကျင်၍) ကူညီစောင်မတော်မူသူအဖြစ် လုံလောက်တော်မူ၏။

[32] တစ်ဖန် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) သူတို့က ''အဘယ်ကြောင့် ကုရ်အာန်ကျမ်း တော်မြတ်သည် (အရှင့်ရစူလ်တမန်တော်ဖြစ်သော) သူ့အပေါ်၌ တစ်ကြိမ်တည်း (အစအဆုံးကို တစ် ပြိုင်နက် တည်း) တစ်လုံးတစ်ခဲတည်း ချမှတ်ပေးအပ်ခြင်း မခံရလေသနည်း။'' ဟု ပြောဆိုမေးမြန်းကြ၏။ ထိုကဲ့သို့ (တစ်လုံးတစ်ခဲတည်း ချမှတ်ပေးအပ်တော်မမူဘဲ ဖြစ်ပေါ်လာသည့် အခြေအနေ ပေါ်မူတည်၍ အလီလီ) ချမှတ်ပေးအပ်တော်မူခြင်းမှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ဖြင့် အသင်၏စိတ်နှလုံးကို မြဲမြံကြံ့ခိုင်စေတော်မူရန်အတွက်သာ ဖြစ်၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို တဖြည်းဖြည်းချင်း (လိုအပ်ချက်နှင့်အညီ စနစ်တကျနှင့်ရှေ့က ထုတ်ပြန်သည့်အမိန့်တော်ကို နောက်ပိုင်းတွင် ချမှတ်ပေးသည့်အမိန့် တော်ဖြင့် အားဖြည့်စေလျက်) ကွဲကွဲပြားပြား ပြတ်ပြတ်သားသား သိနားလည်စေသည့်ပုံစံဖြင့် ချမှတ်ပေးအပ်၍ ရွတ်ပြစေတော်မူ၏။

[33] စင်စစ် (အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များဖြစ်သော) ယင်းတို့သည် အသင် (တမန်တော်) ထံသို့ အမှန်တရားသစ္စာအဖြစ် ရောက်စေတော်မူခြင်းမှအပ မည်သည့် ဥပမာပုံဆောင်ချက်ကိုမျှ သင့်ထံ ရောက်စေတော်မူသည် မဟုတ်ပေ၊ ထို့ပြငိ ငါအရှင်မြတ်သည် ယင်းအာယသ်သက်သေလက္ခဏာတော်များကို တိကျမှန်ကန်ပြတ်သားပြီး အကောင်းမြတ်ဆုံး အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် ရှင်းပြတော်မူ၏။

[34] (အမှန်တရားကို မယုကြည်သွေဖည်ဆန့်ကျင်ခြင်းကြောင့် နာမ်ရေးရာ နိမ့်ကျနေသော) သူတို့အား ငရဲဘုံ သို့ မျက်နှာမှောက်လျက် (တရွတ်တိုက်ဆွဲကာ) စုရုံးစေတော်မူပြီး ထိုသူတို့သည်ကား (အဆိုးဘက်တွင် ရပ်တည်သူများဖြစ်၍) နေရာဌာနအားဖြင့် အဆိုးဆုံးဖြစ်ရုံသာမက တရားလမ်းစဉ်အားဖြင့်လည်း မှန်ကန်သော လမ်းစဉ်မှ (အလွန်ပင်ဝေးကွာလျက်) လမ်းလွဲသွားကြ၏။

[35] (သမိုင်းဝင် စံနမူနာယူဖွယ်ရာအဖြစ်) ဧကန်ပင် ငါအရှင်မြတ်သည် တမန်တော်မူဆာအား (တောင် ရာတ်) ကျမ်းတော်ကို ချမှတ်ပေးအပ်တော်မူပြီး သူနှင့်အတူ သူ့နောင်တော် (တမန်တော်) ဟာရူန်အား ကူညီဖော်ကူညီဖက် အကြံပေးအရာရှိအဖြစ် ဖြစ်စေခန့်အပ်တော်မူ၏။

[36] ထို့နောက် ငါအရှင်မြတ်သည် (သူတို့နှစ်ဦးစလုံးအား) သင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို မဟုတ်တရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော လူမျိးတို့ထံ သွားကြ လော့။” ဟု မိန့်ကြားတော်မူပြီးနောက် (သူတို့၏အာခံဖီဆန်မှုကြောင့်) ငါအရှင်မြတ်သည် သူတို့အား လုံးလုံးလျား လျား ပျက်သုန်းသွားသည့် ပုံစံဖြင့် ဖျက်ဆီးစေတော်မူ၏။

[37] ထိုနည်းတူစွာ တမန်တော်နူဟ်၏လူမျို့တို့အား သူတို့သည် ရစူလ်တမန်တော်များအား မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် သူတို့အား နစ်မြုပ်စေတော်မူပြီး လူသားတို့အတွက် သက်သေလက္ခဏာတော်တစ်ရပ်အဖြစ် ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့အတွက် ပြင်း ပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်များ အဆင်သင့် ပြင်ဆင်ထားတော်မူ၏။

[38] ထို့ပြင် အာဒ်လူမျိုးတို့အားလည်းကောင်း၊ ဆမူဒ်လူမျိုးတို့အားလည်းကောင်း၊ ''ရတ်စ္စ'' မြို့သားတို့အား လည်းကောင်း၊ မြောက်မြားစွာသောမျိုးဆက်တို့အားလည်းကောင်း၊ (ငါအရှင်မြတ်သည် ဖျက်ဆီးစေတော်မူ၏။)

[39] စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသောလူမျိုး) အသီးသီးတို့၏အကျိုးငှာ ဥပမာပုံဆောင်ချက်များကို ခိုင်း နှိုင်းတော်မူလျက် နည်းနာပြသော်လည်း သူတို့ကိုယ်စီကိုယ်ငသည် အမှန်တရားကို အာခံဖီဆန်မှုကြောင့်) ငါအရှင် မြတ် အမြစ်ဖြတ် ပျက်သုဉ်းစေသည့်နည်းစနစ်ဖြင့် ပျက်သုဉ်းစေတော်မူ၏။

[40] စင်စစ်သော်ကား (မယုံကြည်မှု၌ပင် ဇွဲရှိရှိဖြင့် ဆက်လက်ရပ်တည်လျက် မက္ကာမြို့တွင်နေ ထိုင်ကြသော) သူတို့သည် အလွန်ဆိုးရွားစွာ ရွာသွန်းစေတော်မူသည့် မိုးရေဒဏ်ခံခဲ့ကြရသော (တမန်တော်လူးသ် ၏လူမျိုးများ နေထိုင်ရာ) မြို့ရွာဒေသကို ဧကန်ပင်၊ ဖြတ်သန်း၍ ရောက်သွားခဲ့စဉ် သူတို့သည် ထို (ပြစ်ဒဏ်၏အမှတ်လက္ခဏာများ) ကို မမြင်ခဲ့ကြလေသလော။ အမှန်စင်စစ်မှာမူကား သူတို့သည် ကွယ်လွန်သေဆုံးသွားပြီးနောက် ရှင်ပြန်ထခြင်းခံရမည်ကို မျှော်လင့်မထား (ကြသောကြောင့် မမြင်တတ်) ကြပေ။

[41] (တစ်ဖန် သူတို့သည် အသင်တမန်တော်) အား တွေ့မြင်ကြသောအခါ ''အလ္လာဟ်အရှင်မြတ်က ရစူလ်တ မန်တော်အဖြစ် စေလွှတ်တော်မူသောသူမှာ ဤပုဂ္ဂိုလ် ပင်လော။'' ဟု အသင့်အား ပြောင်လှောင်ကြ ၏။

[42] အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့၏ကိုးကွယ်ရာဘုရားများ (အား ကြည်ညိုမြတ်နိုးရာ) ၌ စွဲမြဲကြံ့ခိုင် စွာ မရှိခဲ့ကြပါလျှင် ဧကန်မလွဲ၊ သူသည် ကျွန်ုပ်တို့အား ထိုကိုးကွယ်ရာဘုရားများမှ ဝေးအောင် ပြုခဲ့ပြီးသာ ဖြစ်ပေသည်။ စင်စစ်သော်ကား သူတို့သည် မကြာမြင့်မီ (ကတိပြုတော်မူသည့်) ပြစ်ဒဏ်ကို တွေ့မြင်သိလာ ကြသောအခါ မည်သူသည် (လမ်းမှန်မှ ဝေးကွာ၍) လမ်းလွဲသူဖြစ်ကြောင်း သိကြလိမ့်မည်။

[43] (အို၊ ရစူလ်တမန်တော်၊) သင်သည် သူ၏အတ္တစွဲ စိတ်အလိုဆန္ဒကို သူ၏ကိုးကွယ်ရာအဖြစ် အယူထား၍ ကိုးကွယ်နေသောသူ၏အကြောင်းကို မတွေ့ မမြင် မသုံးသပ်မိလေသလော။ သို့ပါလျက် အသင်သည် (သူ့ကို လမ်းညွှန်ရန်အတွက် တာဝန်ရှိကြောင်း မှတ်ယူပြီး) သူ့အပေါ်၌ ကာကွယ်စောင့်ရှောက်သူအဖြစ် ရှိနိုင်မည်လော။

[44] သို့တည်းမဟုတ် သင်သည် သူတို့အနက် များစွာသောသူတို့က ကြားနာကြရန် သို့မဟုတ် တွေးခေါ်ဆင် ခြင်၍ နားလည်လာကြရန် (တာဝန်ရှိသူအဖြစ်) တွက်ချက်ထင်မှတ်လေသလော။ အမှန်မှာ သူတို့သည် (သူတို့၏ ဆင်ခြင်တုံတရားကို သုံး၍ အမှန်တရားပေါ် မတွေးခေါ်ကြသဖြင့်) ကုလားအုတ်၊ ကျွဲ၊ နွား၊ စသည့် ခြေလေး ချောင်းတိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြ၏။ အမှန်စင်စစ် ထိုထက်မကပင် တရား လမ်းမှန်မှ လွဲချော် (လျက် တိရစ္ဆာန်များကို ထိန်းချုပ်ခြင်းထက် သူတိာ့ကို ဦးဆောင်ရာ၌ လိုအပ်ချက် ပိုများသော) သူများဖြစ်ကြ၏။

[45] အသင်သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က (အရာ ဝတ္ထုခပ်သိမ်းတို့၏) အရိပ်များအား မည်သို့မည်ပုံ တိုးရွေ့ပျံ့နှံ့စေတော်မူကြောင်းကို မတွေ့ မမြင် မသုံးသပ် မိလေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ထိုအရိပ်ကို (လှုပ်ရှားမှုမဲ့ အပြောင်းအလဲမဲ့) ပုံသေတည်ငြိမ်စွာတည်မြဲနေသည့်အရာအဖြစ် စီမံဖြစ်စေတော်မူပြီးနောက် ငါအရှင်မြတ်သည် နေကို ယင်းအရိပ်အပေါ် သက်သေလက္ခဏာတစ်ရပ် ဖြစ်စေတော်မူနိုင်၏။

[46] ထို့နောက် ငါအရှင်မြတ်သည် ထိုအရိပ်ကို (အရှင့်နိယာမတော်အတိုင်း) အရှင့်ဘက်သို့ ဖြေးဖြေးမှန်မှန်နှင့်လွယ်ကူစွာ ဆုတ်ခွာသည့်ပုံစံဖြင့် ရုပ်သိမ်းတော်မူ၏။

[47] ထို့ပြင် ထိုအရှင်မြတ်သည်ပင်လျှင် ညကို သင်တို့အတွက် အဝတ်တန်ဆာ (အကွယ်အကာအဖုံးအအုပ်) အဖြစ်လည်းကောင်း၊ အိပ်စက်ခြင်းကို အပန်းဖြေနားနေစရာအဖြစ်လည်းကောင်း ဖြစ်စေတော်မူသော အရှင်ဖြစ် တော်မူပြီး ထိုအရှင်မြတ်သည်ပင်နေ့ကို (အသက်မရှိသူပမာ အိမ်စက်အနားယူခြင်းမှ ထ၍ နေ့စဉ်ဘဝ၏ လိုအပ်ချက်ဖြစ်သော ဝမ်းစာရှာရန်) ရှင်ပြန်နိုးကြားစေသည့်အရာအဖြစ် စီမံ ဖြစ်စေတော်မူ၏။

[48] တစ်ဖန် ထိုအရှင်မြတ်သည်ပင် လေများကို အရှင့်ကရုဏာတော် (ဖြစ်သော မိုးနှင့်မိုးတိမ်) စပ်ကြား (မိုးမရွာမီ) ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူပြီး ငါအရှင်မြတ်သည်ပင် ကောင်းကင်ယံမှ စင် ကြယ် သန်ရှင်းသော မိုးရေကို သွန်းချပေးသနားတော်မူ၏။

[49] ထိုသို့ သွန်းချပေးတော်မူခြင်းမှာ (အရှင့်ကရုဏာတော်ဖြစ်သည့်မိုးရေမှ မည်သူတစ်ဦးတစ်ယောက်၏ ခံစားခွင့်ကိုမျှ ပိတ်ပင်စေတော်မမူဘဲ) ငါအရှင်မြတ်သည် သက်မဲ့ပမာ သွေ့ခြောက်လျက်ရှိသော မြို့ရွာနယ်မြေဒေသများကို ထိုမိုးရေဖြင့် ရှင်သန်စေတော်မူရန်နှင့်ထိုမိုးရေကို စုပ်ယူ သောက်သုံး စေတော်မူလျက် (မြေကြီး အား) စိမ်းလန်းစိုပြည်စေတော်မူကာ ယင်းမြေမှ သက်ရှိမျိုးစုံကို ဖွဲ့စည်းဖြစ်တည် ရှင်သန်ပေါက်ပွားစေတော်မူခြင်းဖြင့် မြောက်မြားစွာသော (ကုလားအုတ်၊ ကျွဲ၊ နွား၊ အစရှိသည့်) တိရစ္ဆာန်များနှင့်လူတို့ (အတွက် စားစရာ သောက်စရာများ ဖြစ်စေတော်မူ၍ ယင်းတို့) ကို စားသောက်စေတော်မူ၏။

[50] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (သက်ရှိတို့၏အသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်များအ ကြောင်း အသေးစိတ်ပါရှိသော) ထို (ကျမ်းတော်မြတ်ကုရ်အာန်) ကို (လူသားများဖြစ်ကြသော) သူတို့ကြားဝယ် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် အလို့ငှာ အသေးစိတ်ထပ်တလဲလဲ ရှင်းပြစေတော်မူသော်လည်း လူသား အများစုမှာမူ ကျေးဇူးကန်းလျက် ဖီဆန်ငြင်းပယ်နေခြင်းမှအပ လိုက်နာကျင့်သုံးကြခြင်းမရှိပေ။

[51] အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် မြို့ရွာနယ် မြေဒေသတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ပါးစီကို ပွင့်ပေါ်ထွက်စေတော်မူခဲ့မည်သာ ဖြစ်၏။

[52] (သို့သော် အရှင်မြတ်သည် အရှင့်ဆန္ဒတော်နှင့်အညီ တမန်တော်မုဟမ္မဒ်ကို နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ လူသားအားလုံးအတွက် သတိပေးနှိုးဆော်သူ ဖြစ်စေတော်မူ၏။) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် မယုံကြည်သူ အမှန်တရားကို သွေဖည်ငြင်းပယ်သော သူတို့၏တောင်းဆိုချက်ကို အလိုမလိုက်ဘဲ (ဥပေက္ခာပြုထားလျက် သင်၏တာဝန်ဖြစ်သော) ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ဖြင့် သူတို့ အား (နည်းမျိုးစုံသုံး၍ အစွမ်းကုန်) ကြီးမားကျယ်ပြန့်သော ရုန်းကန်လှုပ်ရှားမှုနှင့်အညီ ရုန်းကန်လှုပ်ရှားလော့။

[53] ထို့ပြင် ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို စီးဆင်းပေါင်းစည်းစေတော်မူ၍ “ဤသည် ရေချို ဖြစ်ပြီး ဤသည်ရေငန်ဖြစ်၏။” (ဟု ယတိပြတ်ပြောဆိုနိုင်သော်လည်း) ထိုရေချိုနှင့်ရေငန်ကြားတွင် (ယင်းတို့ကို သီးခြားစီ ပိုင်းခြားထားသော မမြင်နိုင်သည့်) စည်းခြားခြင်း (အတားအဆီး) တစ်ခု ဖြစ်ပေါ်စေပြီး ယင်းကို (တစ်ဘက်မှ ရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်း မရှိစေရန် ခိုင်လုံသော) တားမြစ်ထားသည့်နယ်ခြားစည်း အတားအဆီးတစ်ခုဖြစ်စေလျက် ပိုင်းခြားစည်းခြားစေတော်မူ၏။

[54] တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ) ရေ (ကြည်) မှ လူသားကို ဖွဲ့စည်းဖြစ်တည်စေတော်မူရာ လူသားတို့အတွက် (သွေးသားရင်းချာများဖြစ်သော) ဆွေးမျိုးမျိုးဆက်များနှင့်အိမ်ထောင်ဖက်များကို ထိမ်း မြား စေတော်မူခြင်းဖြင့် လူဦးရေတိုပွားမှုကို ဖြစ်စေတော်၏။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်း ဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူပြီး အရာခပ် သိမ်းကို (အရှင့်နိယာ မတော်များဖြင့်ထိန်းချုပ်တော်မူလျက်) စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[55] သို့ရာတွင် (မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့မှာမူကား) သူတို့သည် သူတို့အား မည်သည့် ဆိုးကျိုးနှင့်ကောင်းကျိုးကိုမျှ မဖြစ်စေနိုင်သော (သက်ရှိသက်မဲ့တို့အား) အလ္လာဟ်အရှင်မြတ်မှလွဲ ၍ (ကိုးကွယ်ရာအရှင်သခင်များအဖြစ် အယူထားလျက်) ယုံကြည်ကိုးကွယ်ကြ၏။ စင်စစ်သော်ကား (မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် (လူတိုင်းနှင့်လှုပ်ရှားမှုတိုင်းကို) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်ဆန့်ကျင်သော အကြောင်းတရားဖြစ်စေလျက် အားသန်သူများ ဖြစ်ကြ၏။

[56] စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်၊) ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (ယုံကြည်မှုနှင့် ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်၏အကျိုးဆက်မှာ ပေါက်မြောက်အောင်မြင်ခြင်း ဖြစ်ကြောင်းနှင့်မ ကောင်းမှု အကုသိုလ်၏အကျိုးဆက်မှာ မိစ္ဆာဒိဌိဖြစ်ကြောင်းကို) သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်၏။

[57] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “မည်သူမဆို အလိုရှိလျှင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏လမ်းစဉ်တော်အတိုင်း အရှင့်) ထံတော်သို့ သွားရာလမ်းကို ရွေးချယ်ရန်မှအပ ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ “ဟု ဟောပြောလော့။

[58] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) အသင်သည် မည်သည့်အခါမျှ မရဏသေခြင်းတရား မလွှမ်းမိုးနိုင်သော အမြဲထာဝရ ရှင်သန်မြဲရှင်သန်နေတော်မူသော အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ပြုလော့။ အရှင် မြတ်အားချီးမွမ်းခြင်းနှင့်အတူ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ် တင်လော့။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အရှင့်အစေခံများ၏ပြစ်မှုတို့နှင့်စပ်လျဉ်း၍ သတင်း အချက်အလက်အသေးစိတ်ကို သိနေတော်မူသောအရှင်အဖြစ် လုံလောက်ပါ၏။” ဟုလည်းဟော့လော့။

[59] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့အတွင်း၌ ရှိနေသောအ ရာများကိုလည်းကောင်း၊ ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး နောက် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏ (ဆန္ဒတော်၊ ဉာဏ်တော်အနန္တနှင့် အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်အား) မဟာပလ္လင်တော်ဝယ် ထူထောင်တော်မူ၏။ ထိုအရှင် မြတ်သည်ပင် အရာခပ်သိမ်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို သိနေတော်မူသောအရှင် ဖြစ် တော်မူသောကြောင့် မည်သူမဆို (မည်သည့်အရာနှင့်ပတ်သက်၍ဖြစ်စေ၊ တောင်းဆို မေးမြန်းလိုလျှင်) ထိုအရှင် မြတ်ထံတော်၌သာ တောင်ခံမေးမြန်းလော့။

[60] စင်စစ်သော်ကား သူတို့အား “သင်တို့သည် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာ ရှင် (၏အမိန့်တော်များ နာခံလိုက်နာလျက် အရှင်မြတ်) အား ပျပ်ဝပ်ဦးချကြလော့။” ဟု ပြောဆိုမိန့်ကြားသည့်အခါ သူတို့က ကရုဏာရှင်ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင်က ကျွန်ုပ်တို့အား အမိန့်ပေးတိုက် တွန်းသောအရာအား နာခံဦးချကြရပါမည်လော။” ဟု စောဒကတက်ဖြေ ဆိုကြ၏။ စင်စစ် (ဤပြောဆိုမှုကြောင့်) သူတို့၌ မောက်မာသော ရွံရှာမုန်းတီးမှုကို ပိုမိုတိုးတက်စေလေ၏။

[61] ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်မြတ်သည် အာကာသမိုးကောင်းကင်၌ ဂြိုဟ် နက္ခတ်များ ပါဝင်သည့်ကြယ်စုကို ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီး ယင်းထဲ၌ ရောင်ခြည်ဖြာထွက်၍ ထွန်း လင်း တောက်ပသော မီးအိမ်(နေမင်း) နှင့်လင်းဝင်းတောက်ပသော လစန္ဒာတို့ကိုလည်း ဖွဲ့စည်းဖြစ်ပေါ် စေတော်မူ၏။

[62] ထို့ပြင် မည်သူမဆို သူ့ဆန္ဒအလျှောက် လိုလိုလားလား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလိုလျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သူ့ဆန္ဒအလျှောက် လိုလိုလားလား ကျေးဇူးသိတတ်ရန် လိုလားလျှင်သော်လည်းကောင်း၊ (လွယ်ကူစေရန်အတွက်) ထိုအရှင်မြတ်သည်ပင် ညနှင့်နေ့ကို တစ်လှည့်စီပြောင်းလဲလာသည့် အရာအဖြစ် ဖြစ်ပေါ်စေတော်မူ၏။

[63] စင်စစ်သော်ကား အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏အစေခံများသည် မြေကမ္ဘာပေါ် လျှောက်လှမ်းကြသည့်အခါ (ဂုဏ်သိက္ခာရှိရှိ) ညင်သာစွာနှင့်ကျိုးနွံစွာဖြင့် လျှောက်လှမ်းသွား လာကြပြီး အသိအလိမ္မာကင်းမဲ့ကြသော ပညာမဲ့များနှင့်တွေ့ဆုံပြောဆိုရသည့်အခါ (သူတို့၏ပမာမခန့်မှုအောက် တန်းကျမှုနှင့်ရိုင်းပျသော အပြုအမူများကို ဥပေက္ခာပြုလျက်) “ငြိမ်းချမ်းပါစေ။” ဟု မေတ္တာပို့သ၍ သိမ့်မွေ့စွာ ပြောဆိုလေ့ရှိ၏။

[64] ထို့ပြင် ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏ရှေ့တော်မှောက်ဝယ် ပျပ်ဝပ်ဦးချကြလျက်လည်းကောင်း၊ မတ်တတ်ရပ်၍ ဝတ်ပြုကြလျက်လည်း ကောင်း၊ ညအချိန် (အများစု) ကို ကုန်လွန်စေကြ၏။

[65] ထို့ပြင် ထိုသူတို့က အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ငရဲမီး၏ပြစ်ဒဏ်ကို တားဆီးဖယ်ရှားပေးတော်မူပါ။ ဧကန်ပင်၊ ငရဲမီး ၏ပြစ်ဒဏ်သည်ကား အတောမသတ်သော ပြင်းထန်လှသည့် မချိတင်ကဲဝေဒနာပင် ဖြစ်၏။

[66] ဧကန်စင်စစ်၊ ငရဲဘုံသည် အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းသော နောက်ဆုံး စခန်းချနားခိုစရာနှင့်အမြဲရပ်တည်နေထိုင်ရာဌာန ​တို့ဖြစ်ကြ၏။

[67] ထို့ပြင် ထိုသူတို့သည် စွန့်လှူပေးကမ်းသုံးစွဲကြသောအခါ အချည်းနှီး၊ ဖြုန်းတီးကြသည်မဟုတ်သည့် အပြင် စေးနှဲတွန့်တိုကြသည်လည်း မဟုတ်ဘဲ စင်စစ် (သူတို့၏သုံးစွဲမှုကား) ယင်း (ဖြုန်းတီးမှုနှင့်စေးနှဲမှု) နှစ်ခု ကြားတွင် အလယ်အလတ်လမ်းစဉ်အတိုင်းသုံးစွဲခြင်းအပေါ် ထိုသို့ မားမားမတ်မတ် ရပ်တည်ခြင်းသာ ဖြစ်၏။

[68] ထိုမျှမက ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ (တွဲဖက်တုပြိုင်၍) အခြားတစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ၍ ဆည်းကပ်ကိုးကွယ်ကြသည််မဟုတ်ရုံသာမက အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်စေခြင်းမှအပ သူတို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်ကိုမျှ သတ်ဖြတ်ခြင်း မပြု ကြသည့်အပြင် တရားမဝင် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား မည် သူမဆို ထိုသို့သော ပြစ်မှုများကို ကျူးလွန်ပါမူ ထိုသူသည် (မျိုးဆက်တစ်ခုလုံးကို ဆုတ်ယုတ်တိမ်ကောစေမည့် အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့် တွေ့ကြုံရမည် ဖြစ်၏။

[69] ရှင်ပြန်ထရမည့်နေ့တွင် ထိုသူ၌ ပြစ်ဒဏ်သည် ဆတိုးတိုးမြှင့် (၍ သက်ရောက်) စေခြင်းကို ခံရမည် ဖြစ်သည့်အပြင် ထိုသူသည် ယင်းပြစ်ဒဏ်၌ပင် အမြဲထာဝရ ဂုဏ်သရေယုတ်ညံ့စွာဖြင့် ခံစားနေရမည်သာ ဖြစ်၏။

[70] သို့ရာတွင် (မယုံကြည်မှု အမှန်တရားကို ဖီဆန်ငြင်းပယ်မှုကို စွန့်လွတ်၍ နောင်တကြီးစွာရလျက် ဝန်ချ တောင်းပန်သည့်အပြင်) သက်ဝင်ယုံကြည်ခဲ့၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြလျှင် (အကျင့်သီလကို ကျင့်မူဆောက်တည်လျှင်) အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့၏မကောင်းမှုများကို ကောင်းမှုများအဖြစ်သို့ ပြောင်းလဲပေးသနားတော်မူပေမည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာ တော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[71] အမှန်သော်ကား မည်သူမဆို (အခြားသော လူလုပ်လမ်းစဉ်အားလုံးကို စွန့်လွတ်၍ နောင်တကြီးစွာဖြင့် ဝန်ချတောင်လျက် အရှင့်လမ်းစဉ်တော်ဘက်သို့) ဦးတည်ချက်လှည့်ပြောင်းပြီး ဖြောင့်မတ် မှန်ကန်သော ပြုမူကျင့ ကြံမှုများဖြင့်ပြုပြင်ကြလျှင် ဧကန်ပင်၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ အပြီးသတ် လှည့်ပြန်မှုမျိုးဖြင့် ဦးတည်ချက်ပြောင်းလဲပစ်ကြ၏။

[72] ထို့ပြင် ထိုသူတို့သည် (မလျော်ကန် မသင့်တော်သောနေရာ မိစ္ဆာဒိဌိရှိရာဘက်သို့ မျက်မြင်သက်သေဖြစ် လာရန် မသွားရောက် မပါဝင်ကြသည့်အပြင်) လီဆယ်သက်သေလိုက်ခြင်းလည်းမရှိပေ။ သူတို့သည် အချည်းနှီးသော အကျိုးမရှိသော အမှုကိစ္စများ၏အပါးမှ ဖြတ်သန်းသွားလာကြသည့်အခါ၊ (မျက်နှာအောက်စိုက်၍ ဣန္ဒြေရှိ သူများပီပီ) ကျက်သရေရှိရှိ ဖြတ်သန်း၍ သွားကြ၏။

[73] တစ်ဖန် ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်၏အာယသ်သက်သေလက္ခဏာတော်များဖြင့် (သတိရ တသ၍ ဖွင့်ဟနိုင်ရန်) ဆုံးမသြဝါဒပေးခြင်းကို ခံကြရသောအခါ ယင်းအာယသ်တော်များအပေါ်၌ နားပင်းသူများနှင့်မျက်စိကန်းသူများအဖြစ် (ခြေစုံပစ်ဝင်၍) မလှုပ် မရှားဘဲ နေကြသည်မဟုတ်ပေ။

[74] ထိုသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ဘဝဖော်များထံမှလည်းကောင်း၊ ကျွန်ုပ်တို့၏သားမြေးတို့ထံမှလည်း ကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ကျွန်ုပ်တို့အား မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူ) တို့အတွက် ရှေ့ဆောင်လမ်းပြခေါင်းဆောင်များအဖြစ် ခန့်အပ်ဖြစ်စေ တော်မူပါ။ “ဟု အသနားခံ လျှောက်ထားကြလေ၏။

[75] (ထိုဝိသေသဂုဏ်ထူးနှင့်ပြည့်စုံသော အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏ အစေခံများဖြစ်ကြသော) ထိုသူတို့သည်ကား သူတို့၏သည်းခံကြံ့ခိုင်မှုကြောင့် (သုခဘုံ၏) မြင့်မြတ်သော အဆောင်များကို (ဆုလဒ်အဖြစ်) အစားပေး ချီးမြှင့်ခြင်း ခံကြရပေမည်။ ထို့ပြင် ထိုသူတို့သည် ယင်းသုခဘုံ၌ (မလာအီကာစေတမန်များ နှစ်ထောင်းအားရဖြစ်လျက် ဖိတ်မန္တကပြု ကြိုဆိုနှုတ်ဆက်ပြီး “ငြိမ်း ချမ်းပါစေ” ဟု မေတ္တာပို့ နှုတ်ခွန်းဆက်သခြင်းကိုလည်း ရင်ဆိုင်ကြုံတွေ့ ကြရ ပေလိမ့်မည်။)

[76] (သူတို့သည် သုခဘုံ၏) အလွန်မြင့်မြတ်သော နောက်ဆုံး စခန်းချနားခိုစရာနှင့်အမြဲရပ်တည်နေထိုင်ရာ ဌာနများတွင် အမြဲထာဝရ ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းကြလိမ့်မည်။

[77] (အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ သင်တို့သည် ဆုတောင်းပတ္ထနာမပြုကြလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့အား လုံးဝ ဂရု စိုက်တော်မူမည် မဟုတ်ပေ။ ယခုသော်ကား ဧကန်ပင်၊ သင်တို့သည် (ရစူလ်တမန်တော်မြတ်နှင့်ကုရ်အာန်ကျမ်းတော် မြတ်ကို မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြပြီးဖြစ်ရာ မကြာမီ (ထိုစွပ်စွဲ ပြောဆိုမှုနှင့်အညီ သင်တို့အပေါ် ၌) ရှောင်လွဲ၍ မရသော ပြစ်ဒဏ်များဖက်တွယ်လျက် ရှိလိမ့်မည်။ “ ဟု ဟောပြောလော့။

ကဗျာဆရာများ

Surah 26

[1] သွာ၊ စီန်၊ မီမ်။

[2] ဤသည် ယင်းကိုယ်တိုင် ထင်ရှားရှင်းလင်းပြီး ထင်ရှားသောရှင်းလင်းချက်များဖော်ပြပါရှိသည့် ကျမ်း တော်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။

[3] (အို၊ ရစူလ်တမန်တော်၊ ဤကျမ်းတော်၌ပါရှိသောအမိန့်တော်များကို) သူတို့မယုံကြည်ကြလျှင် ငရဲဘုံ ရောက်မည်ကို ပူဆွေးသောကရောက်) လျက် သူတို့အား ငရဲမီးမှ ကယ်နိုင်ရန် သွန်သင်လို၍ ကြီးမားသောမေတ္တာကရုဏာဖြင့် သူတို့၏ခြေရာနောက်သို့ တကောက်ကောက်လိုက်) နေသောကြောင့် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်သောကဖြင့် ညှဉ်းပန်းရာရောက်ပြီး သင့်ကိုသင် သေလုမတတ် ဖြစ်စေနိုင်၏။

[4] အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးအား သူတို့အပေါ် ချပေးတော်မူ၍ (ထိုသို့ချပေး သောကြောင့်) သူတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ရှေ့မှောက်ဝယ် ရိုကျိုးနှိမ့်ချစွာဖြင့် (အတင်းအကျပ်) ကိုင်းညွှတ် စေတော်မူနိုင်၏။

[5] စင်စစ်သော်ကား အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏ထံတော်မှ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) မှ (သတိပေးနှိုးဆော်ရန်နှင့်လမ်းညွှန်တော်မူရန်) အမိန့်တော်သစ်တစ်ခု ရောက်ရှိလာသည့်အခါတိုင်း သူတို့သည် ယင်း (ဆုံးမသြဝါဒတော်) မှ မျက်နှာလွှဲ၍ ကျောခိုင်းသွားလေ့ ရှိ၏။

[6] သို့ဖြစ်ပေရာ သူတို့သည် (အရှင့်ထံတော်မှ ဖြစ်သော ထိုသတင်းကောင်းကို ခေါင်းမာမာဖြင့်) မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏ သူတို့သည် သူတို့ထံရောက်လာခဲ့သမျှ သတင်းစကားများနှင့် စပ်လျဉ်း၍ ပြက်ရယ်ပြုလေ့ရှိကြသော်လည်း ယင်းတို့မှာ အမှန်တရားများကြောင်း မ​ကြာမီ သိနားလည် လာကြလိမ့်မည်။

[7] ငါအရှင်မြတ်သည် ယင်း ၌ တင့်တယ်ကောင်းမြတ်လှစွာသော (အရောင်အဆင်း အနံ့အရသာ မျိုးစုံ သစ်ဥ၊ သစ်ပွင့်၊ သစ်သီး မျိုးစုံ အစရှိသည့် သစ်ပင်ပေါက်ပင်) အမျိုးအစားတိုင်းမှ အဘယ်မျှလောက် များ ပြားစွာ ပေါက်ပွားဖြစ်ထွန်းစေတော်မူသည်ကို သူတို့က ထိုမြေကမ္ဘာဘက်သို့ ရှုမြင်လေ့လာ၍ မဆင်ခြင် မသုံးသပ်ကြသလော။

[8] ဧကန်ပင်၊ ထို (ကဲသို့ သစ်ပင်ပေါက်ပင်မျိုးစုံကို ပေါက်ပွားဖြစ်ထွန်းစေတော်မူခြင်း) ၌ မုချပင်၊ အာယသ်သက်သေလက္ခဏာတော်တစ်ရပ် ရှိ၏။ သို့ရာတွင် (လူသားများဖြစ်ကြသော) သူတို့အနက်မှ အများစုမှာမူကား သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[9] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ မုချဧကန်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[10] (ထို့ပြင် သတိရကြလော့။) အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် တမန်တော်မူဆာကို “အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသော လူမျိုးတို့ထံသို့ သွားရောက်ရန် မိန့်တော်မူခဲ့စဉ်။

[11] (လူတို့အား နိုင်လိုမင်းထက် နှိပ်စက်ညှဉ်းပန်းသော) ဖါရိုမင်း၏လူမျိုးတို့သို့ (သွားရောက်ရန် မိန့်တော် မူခဲ့စဉ်)။ သူတို့သည် (သူတို့၏မိစ္ဆာဒိဌိကို စွန့်လွတ်၍) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ပြုကြမည်လော။” (ဟု မေးမြန်းဟောပြောလော့။)

[12] (ထိုအခါ) တမန်တော်မူဆာက အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် သူတို့က ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။” ဟု လျှောက်ထား၏။

[13] ထို့ပြင် ကျွန်ုပ်၏ရင်သည် မွန်းကြပ်ကျဉ်းကျပ်နေသည့်အပြင် ကျွန်ုပ်၏နှုတ်လျှာ (စကားပြောဆိုမှုတွင်လည်း အရှင့် သတင်းစကားအား သူတို့ထံ ထိရောက်စွာ တင်ပြရန်အလို့ငှာ) သွက်လက်ပြေပြစ်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ (ကျွန်ုပ်၏နောင်တော်) ဟာရူန် (၏ထံသို့လည်း တမန်တော်အဖြစ် ရွေးချယ်တော်မူကြောင်း အမိန့် ထုတ်ပြန်မူ၍ ကျွန်ုပ်နှင့်အတူ သူ့) ကိုလည်း စေလွှတ်တော်မူပါ။

[14] တစ်ဖန် သူတို့အတွက် ကျွန်ုပ်နှင့်ဆန့်ကျင်၍ အရေးယူစရာ အပြစ်တစ်ခုလည်းရှိနေရာ (အရှင့်သတင်း စကားတော်အား သူတို့ထံ တင်ပြခွင့်မရမီ) သူတို့က ကျွန်ုပ်အား သတ်ဖြတ်ကြမည်ကိုလည်း စိုးရိမ်ကြောင့်ကြမိပါသည်။

[15] အရှင်မြတ်က “(အို၊ မူဆာ၊ သူတို့သည် အသင့်အား အလျှင်း သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ)။ ထိုသို့ မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ သင်တို့ (ညီနောင်) နှစ်ဦးသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွ (ဖါရိုမင်းထံ) သွားကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ (ရှိတော်မူပြီး သင်တို့ နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို) နားထောင်လျက်ပင် ရှိတော်မူပေမည်။

[16] သို့ဖြစ်ပေရာ သင်တို့နှစ်ဦးသည် ဖာရိုမင်းထံသို့ သွား၍ ပြောဆိုခဲ့ကြသည်မှာ “ဧကန်စင်စစ်၊ ကျွန်ုပ်တို့ သည် စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ လှည့်ပတ်လှုပ်ရှားစေတော်မူသောအရှင်မြတ်၏ရစူလ်တမန်တော် (သတင်းဆောင်များ) ပင် ဖြစ်ကြသည်။

[17] အစ္စရေးမျိုးနွယ်ဝင်တို့အား ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပြုလော့။ (ဟူသော အရှင့်အမိန့်တော်ကို တင်ပြရန် ရောက်လာခြင်း ဖြစ်၏။)

[18] (ထိုစဉ်) ဖါရိုမင်းက “(အို၊ မူဆာ၊) ကျွန်ုပ်တို့သည် သင့်အား ကလေးဘဝကတည်းက ကျွန်ုပ်တို့ထံတွင် ကျွေးမွေးစောင့်ရှောက်ခဲ့သည့်အပြင် သင့်ဘဝသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။” ဟု မေးမြန်းခဲ့၏။

[19] ထို့ပြင် သင်သည် သင်ပြုလိုသည့် ထိုလုပ်ရပ်ကို လုပ်ခဲ့ပြီး သင်သည် ကျေးဇူးမသိတတ်သူများအနက်မှ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီ ဖြစ်၏။

[20] (တမန်တော်) မူဆာက “ကျွန်ုပ်သည် ယင်း (လုပ်ရပ်) ကို ပြုခဲ့စဉ်က (ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်သည့်အပြင် ထိုသို့ အဆုံးသတ်ခဲ့မည်ကိုလည်း ကြိုတင် မသိခဲ့သောကြောင့်) လွဲမှားစွာ လုပ်ခဲ့သူများထဲတွင် ကျွန်ုပ်လည်း အပါအဝင် ဖြစ်ခဲ့၏။

[21] ထို့နောက် ကျွန်ုပ်သည် သင်တို့အား စိုးရွံ့ထိတ်လန့်ခဲ့သောအခါ သင်တို့ထံမှ ထွက်ပြေး၍ တိမ်းရှောင် နေခဲ့၏။ ထို့နောက် ငါ၏အရှင်မြတ်သည် ကျွန်ုပ်အား (ဓမ္မသတ် တရားစီရင်ရေးဆိုင်ရာ) ဉာဏ်ပညာအမြော် အမြင်ကို ချီးမြှင့်ပေးအပ်တော်မူ၍ ကျွန်ုပ်ကို ရစူလ်တမန်တော်တို့တွင် အပါအဝင် ဖြစ်စေတော်မူ၏။

[22] ကျွန်ုပ်အပေါ် ကျေးဇူးရှိကြောင်းထောက်ပြ၍ ဤသို့ဂုဏ်ဖော်ပြစ်တင်ခြင်းသည် အစ္စရေးမျိုးနွယ်ဝင်တို့အား (ဆက်လက်၍) ကျွန်ပြုရန်ပင် ဖြစ်၏။

[23] ဖာရိုမင်းက “စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ လှည့်ပတ်လှုပ်ရှားစေတော်မူသောအရှင်မြတ်ဟူသည် အဘယ်နည်း။ (မည်သူနည်း။)”ဟု မေးမြန်းခဲ့လေ၏။

[24] (တမန်တော်) မူဆာက “အကယ်၍ သင်တို့သည် ယုံကြည်လက်ခံသူများဖြစ်ကြလျှင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့အတွင်းရှိ၊ ရှိသမျှအရာတို့ကိုလည်း ကောင်း၊ ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်၏။”ဟု ဖြေကြားခဲ့၏။

[25] (ဖာရိုမင်းက) သူ့ပတ်လည်အနီးအနား၌ ရှိကြသူတို့အား (မူဆာက ပြောနေသည်ကို) မကြားကြသ လော။”ဟု (လှောင်ပြောင်) မေးမြန်းလေ၏။

[26] (တမန်တော်မူဆာက ထိုအရှင်မြတ်သည်) သင်တို့နှင့်ရှေးခေတ်၌ လွန်လေပြီးခဲ့သော သင်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။” ဟု (ဆက်လက်၍) ဟောပြောခဲ့၏။

[27] (ဖာရိုမင်းက သူ့မှူးကြီးမတ်ရာတို့အား) ဧကန်စင်စစ်၊ အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် အမှန်ပင် စိတ်မနှံ့သူတစ်ဦးသာ ဖြစ်သည်ဟု ဆိုခဲ့ပြန်၏။

[28] (တမန်တော်မူဆာက) အကယ်၍ သင်တို့သည် တွေးခေါ်ဆင်ခြင်၍ သိနားလည်ကြလျှင် (ထိုအရှင် မြတ်သည်) နေထွက်ရာအရှေ့ရပ်နှင့်နေဝင်ရာအနောက်ရပ်ကိုလည်းကောင်း၊ ယင်းတို့ကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့ပြန်၏။

[29] (ဖာရိုမင်းက အို၊ မူဆာ) အကယ်၍ အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားသော ကိုးကွယ်ရာ တစ်ပါးပါးကို ရွေးချယ်ခဲ့ပါလျှင် ဧကန်မလွဲ၊ ကျွန်ုပ်သည် အသင့်အား ထောင်သွင်း အကျဉ်းချရန် စီမံဆောင်ရွက်လိမ့် မည်။” ဟု (ကြုံးဝါး) ပြောဆိုခဲ့လေ၏။

[30] (တမန်တော်မူဆာက) အကယ်၍ ကျွန်ုပ်သည် အသင့်ထံ ထင်ရှားရှင်းလင်းသော တစ်စုံတစ်ရာဖြင့် (ကျွန်ုပ်၏ပြောဆိုချက်များမှာ အမှန်တရားသာ ဖြစ်ကြောင်းကို ထောက်ပြရန်) ယူဆောင်လာလျှင်ပင် (ကျွန်ုပ်အား အကျဉ်းချဦးမည်) လော။” ဟု မေးမြန်းခဲ့လေ၏။

[31] (ဖာရိုမင်းက) သို့ဖြစ်လျှင် အကယ်၍ သင်သည် (သင့်ကြွေးကြော်ချက်၌) ဖြောင့်မတ်မှန်ကန်သူ တစ်ဦးဖြစ်လျှင် ထိုအရာကို ထုတ်ဖော်တင်ပြလော့။” ဟု ပြောဆိုခဲ့လေ၏။

[32] (ထိုအခါ တမန်တော်မူဆာသည်) သူ့တောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချခဲ့ရာ ယင်းမှာ မြင်သာထင်ရှားသော မြွေနဂါးကြီးတစ်ကောင် ဖြစ်သွားလေ၏။

[33] ထို့ပြင် (တမန်တော်မူဆာသည်) သူ၏ (ညာ) လက်အား (ယင်းကို တည့်ထားသည့် ချိုင်းကြားမှ အပြင် သို့) ဆွဲထုတ်လိုက်သောအခါ ထိုလက်သည် စောင့်ကြည့်နေကြသူတို့အတွက် တောက်ပဖြူစင်လျက် ဖြစ်နေ (သည်ကို တွေ့မြင်ခဲ့ရ) ၏။

[34] (ဖာရိုမင်းက) သူ့ပတ်လည်အနီးအနား၌ ရှိကြသော မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့အား “ဧကန်မလွဲ၊ ဤပုဂ္ဂိုလ်မှာ ကျွမ်းကျင်သော မှော်ပယောဂဆရာ တစ်ဦးပင် ဖြစ်၏။” ဟု ပြောခဲ့၏။

[35] သူသည် သူ့မှော်အတတ်ပညာဖြင့် သင်တို့အား သင်တို့၏နယ်မြေတိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်လျက် ရှိပေသည်။ သို့ဖြစ်ပေရာ သင်တို့သည် မည်သို့ စီမံဆောင်ရွက်ကြ (ရန် အကြံပေးကြ) မည်နည်း။

[36] ထိုမှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့က တမန်တော်မူဆာနှင့်သူ့နောင်တော် (ဟာရူန်) အား ရွှေ့ဆိုင်း ခွင့်ပေး၍ (တချိန်တည်းမှာ) ရှေ့ပြေးစည်းရုံးရေးမှူးများကို အမြို့မြို့အနယ်နယ်သို့ စေလွှတ်တော်မူပါ။” ဟု အကြံပေးခဲ့ကြ၏။

[37] (ထိုရှေ့ပြေးစည်းရုံးရေးမှူးများဖြစ်ကြသော) သူတို့က တတ်မြောက်ကျွမ်းကျင်သော မှော်ပယောဂပညာ ရှင်တိုင်းနှင့်အတူ ရောက်လာ၍ အသင် (ဖာရိုမင်း) ထံ ယူဆောင်ဆက်သကြလိမ့်မည်။

[38] ထို့နောက် မှော်ပယောဂအတတ်ပညာရှင်တို့သည် လူအများသိပြီသော ပွဲတော်ကြီးအတွက် ချိန်းဆိုသတ် မှတ်ထားသည့် နေ့ရက်တွင် စုဝေးရောက်ရှိစေခဲ့ကြ၏။

[39] ထို့ပြင် ပြည်သူလူထုအား “သင်တို့သည်လည်း စုရုံးတက်ရောက်ကြမည့်သူများ ဖြစ်ကြမည် မဟုတ်လော။” ဟု ဆင့်ခေါ်မိန့်ကြားစေ၏။

[40] အကယ်၍ သူတို့သည် အောင်ပွဲခံမည့်သူများ ဖြစ်ခဲ့ကြလျှင် ကျွန်ုပ်တို့သည်လည်း ထိုမှော်ပယောဂအတတ်ပညာရှင်တို့၏လမ်းစဉ်ကိုပင် လိုက်နာနိုင်ကြပေမည်။

[41] ထို့နောက် ထိုမှော်ပယောဂအတတ်ပညာရှင်များ ရောက်ရှိလာကြသောအခါ သူတို့သည် ဖာရိုမင်းအား “အကယ်၍ ကျွန်ုပ်တို့သည် အောင်ပွဲခံမည့်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် (ကြီးကျယ်သော) ဆုလဒ် အမှန်ပင် ရှိလိမ့်မည်မဟုတ်ပါလော။” ဟု လျှောက်ထားကြလေ၏။

[42] ဖာရိုမင်းက “ကောင်းပြီ (ဆုလဒ်ရှိမည်)။ ထိုမျှမကသေး (အကယ်၍ ထိုသို့ အောင်ပွဲခံမည့်သူများ ဖြစ် ကြလျှင်) ဧကန်ပင်၊ သင်တို့သည် (ကျွန်ုပ်နှင့်လက်ပွန်းတတီး နေထိုင်ကြသော) အပါးတော်မြဲသူများ အ နက်မှ လည်း မုချပင် ဖြစ်ကြမည်။” ဟု ဆိုခဲ့လေ၏။

[43] (တမန်တော်) မူဆာသည် ထို (မှော်ပယောဂအတတ်ပညာရှင်များဖြစ်ကြသော) သူတို့အား သင်တို့သည် သင်တို့၏ပစ်ချကြရန်ရှိသော အရာများကို ပစ်ချကြလော့။” ဟု ပြောကြားခဲ့၏။

[44] သို့ဖြစ်ပေရာ ထိုမှော်ပယောဂအတတ်ပညာရှင်တို့သည် သူတို့၏ကြိုးများနှင့်သူတို့၏တောင်ဝှေးများကို ပစ်ချခဲ့ကြ၍ “ဖာရိုမင်း၏ဘုန်းတန်ခိုးတော်ဖြင့် ဧကန်ပင်၊ ကျွန်ုပ်တို့သည်သာလျှင် အောင်ပွဲခံမည့်သူများဖြစ်ကြမည်။“ ဟု ပြောဆိုခဲ့ကြ၏။

[45] ထို့နောက် တမန်တော်မူဆာသည် သူ့တောင်ဝှေးကို ပစ်ချခဲ့ရာ ယင်းသည် (မြွေနဂါးကြီးဖြစ်လာပြီး မှော်ပယောဂပညာရှင်များဖြစ်သော) သူတို့က (လိမ်လည်လှည့်စားရန်) ဖန်တီးထားကြသောအရာများကို မျိုချလေ၏။

[46] ထိုအခါ ထိုမှော်ပယောဂအတတ်ပညာရှင်တို့သည် (သူတို့ကိုယ်ကို) မှောက်လဲပျပ်ဝပ်လျက် (အရှင်မြတ်ကို) ဦးချကြ၏။

[47] သူတို့က ကျွန်ုပ်တို့သည် စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ လှည့်ပတ် လှုပ်ရှားစေတော်မူသောအရှင်မြတ်ကို သက်ဝင်ယုံကြည်ကြပါပြီ။” ဟု ကြွေးကြော်ကြလေ၏။

[48] (ထိုအရှင်မြတ်သည် တမန်တော်) မူဆာနှင့်ဟာရူန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပါ၏။

[49] (ထိုအခါ) ဖါရိုမင်းက “သင်တို့သည် သင်တို့အား ကျွန်ုပ်ခွင့်မပြုမီပင် သူ့ကို (တမန်တော်မူဆာကို) ယုံကြည်ကြလေသလော။ ဧကန်စင်စစ်၊ သူသည်ကား အသင်တို့ကိုပါ မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အကြီးဆုံး (အာစရိယဆရာသခင်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏လက်များနှင့် ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင် ဖြတ်တောက်ပြီးနောက် သင်တို့ကို ကားစင်ပေါ်သို့ မုချပင် တင်လိမ့်မည်။” ဟု ပြောဆို ကြုံးဝါးခဲ့၏။

[50] ထိုမှော်ပယောဂအတတ်ပညာရှင်တို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်သွားကြမည့်သူများပင် ဖြစ်သော ကြောင့် (သင်တို့ ခြိမ်းခြောက်နေသော ပြစ်ဒဏ်သည် ကျွန်ုပ်တို့အား) မည်သို့မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။” ဟု တုံ့ပြန်ဖြေကြားခဲ့၏။

[51] ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ဦးဦးဖျားဖျား သက်ဝင်ယုံကြည်သူများ ဖြစ်ကြပေရာ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကို ခွင့်လွှတ်ချမ်း သာ ပေးတော်မူမည်။” ဟု (ထက်ထက်သန်သန် လိုလားတောင့်တလျက်) မျှော်လင့်ကြပါ၏။

[52] ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်မူဆာထံသို့ အသင်သည် ငါအရှင်မြတ်၏ (ဤ) အစေခံနှင့်အတူ ညခရီးသွားရန်နှင့်ဧကန်ပင်၊ သင်တို့သည် နောက်မှလိုက်လံခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြမည်။” ဟု ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးတော်မူခဲ့၏။

[53] ထို့နောက် ဖာရိုမင်းသည် ရှေ့ပြေးစည်းရုံးရေးမှူးများကို အမြို့မြို့အနယ်နယ်သို့ စေလွှတ်ခဲ့လေ၏။

[54] ဧကန်စင်စစ်၊ ထိုသူတို့သည်ကား အနည်းငယ်မျှသော အုပ်စုကလေးပင် ဖြစ်၏။” ဟု ပြောဆိုလျက်။

[55] ထို့ပြင် ဧကန်ပင်၊ သူတို့သည် ကျွန်ုပ်တို့အား အလွန်အမျက်ဒေါသထွက်စေသူများပင် ဖြစ်ကြ၏။ (ကျွန်ုပ်တို့အား ရန်လိုမုန်းတီးကြ၏)။

[56] ထိုမျှမက ဧကန်စင်စစ် ကျွန်ုပ်တို့သည် များပြားညီညွတ်ပြီး သတိ ဝီရိယရှိလျက် အသင့်ပြင်ထားကြ၏။

[57] ထို့နောက် ငါအရှင်မြတ်သည် သူတို့အား (သူတို့လောကီစည်းစိမ်ခံစား၍ ပျော်မြူးနေကြသော) ဥယျာဉ် များမှလည်းကောင်း၊ စမ်းချောင်းများမှလည်းကောင်း၊ ထုတ်ပစ်တော်မူခဲ့၏။

[58] ထိုနည်းတူစွာ ဘဏ္ဍာရတနာသိုက်များမှလည်းကောင်း၊ ခမ်းနားသိုက်မြိုက်လှစွာသော အခြေချနေထိုင်ရာ အိမ်ဗိမာန်များမှလည်းကောင်း၊ (ကင်းဝေးစေတော်မူ၏။)

[59] စင်စစ် ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (ထိုပစ္စည်းများကို) အစ္စရေးမျိုးနွယ်ဝင်တို့အား (ပိုင်ဆိုင်စေ၍) အမွေဆက်ခံစေတော်မူ၏။

[60] ထို့နောက် (ဖာရိုမင်းနှင့်သူ့စစ်တပ်သည်) နေထွက်ချိန်၌ အစ္စရေးမျိးနွယ်ဝင်တို့အား နောက်မှလိုက် (၍ မီအောင်ကြိုးစား) ကြ၏။

[61] တစ်ဖန် အုပ်စုနှစ်ခုလုံးသည် အချင်းချင်း တစ်ဖက်ကို တစ်ဖက် တွေ့မြင်ကြလေသောအခါ (တမန်တော်) မူဆာ၏အပေါင်းပါတို့က “ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အမှန်ပင် လွှမ်းမိုးမှုခံကြရမည်။” ဟု (အ ထိတ်တလန့်) ပြောဆိုခဲ့ကြ၏။

[62] (ထိုအခါ တမန်တော်မူဆာက) ထိုသို့ (လွှမ်းမိုးခြင်းခံကြရမည်) အလျှင်း မဟုတ်ပေ။ ဧကန်ပင်၊ ကျွန်ုပ် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ကျွန်ုပ်အား (ပင်လယ်မှ ထွက်နိုင်ရန်) လမ်းညွှန်တော်မူမည်ဟု တုံ့ပြန်ပြောကြားခဲ့လေ၏။

[63] ထိုစဉ် ငါအရှင်မြတ်သည် တမန်တော်မူဆာအား “သင့်တောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်လော့။” ဟု အမိန့်တော် ထုတ်ပြန်ချမှတ်ပေးတော်မူရာ (တမန်တော်က အမိန့်တော်အတိုင်း ရိုက်ခတ်သော်) ထိုပင် လယ်မှာ ကွဲအက်သွား၍ အစိတ်အပိုင်းတစ်ခုချင်းစီမှာ ကြီးမားလှစွာသော တောင်မြင့်ပမာ ဖြစ်သွားခဲ့လေ၏။

[64] တစ်ဖန် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော ဖာရိုမင်းနှင့်သူ့စစ်တပ်ပါ အုပ်စု) ကိုလည်း ထိုနေရာအနားသို့ ရောက်စေတော်မူခဲ့၏။

[65] ထို့နောက် ငါအရှင်မြတ်သည် တမန်တော်မူဆာအားလည်းကောင်း၊ သူနှင့်အတူရှိခဲ့ကြသော သူ့အပေါင်း ပါတို့အားလည်းကောင်း၊ အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။

[66] ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော ဖာရိုမင်းနှင့်သူ့စစ်တပ်) ကို (ပင်လယ်နီတွင်) နှစ်မြှုပ်တော်မူခဲ့၏။

[67] မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတော် တစ်ရပ်ရှိ သော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အ များစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[68] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်း တန်ခိုး တော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ မုချဧကန်၊ ဖြစ်တော်မူ၏။

[69] (အို၊ ရစူလ်တမန်တော်၊) အသင်သည် (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြသော) သူတို့၏ရှေ့ဝယ် (တမန်တော်) အီဗ်ရာဟီးမ် (၏စံနမူနာယူဖွယ်ရာ သမိုင်းကြောင်းနှင့်) သတင်း အချက်အလက်များကို ရွတ်ပြလော့။

[70] (တမန်တော်) အီဗ်ရာဟီးမ်သည် သူ့ဖမည်းတော်နှင့်သူ့လူမျိုးတို့အား “သင်တို့သည် မည်သည့်အရာကို ကိုးကွယ်ဆည်းကပ်လျက် ရှိကြသနည်း။” ဟု မေးမြန်းဟောပြောခဲ့စဉ်။

[71] သူတို့က “ကျွန်ုပ်တို့သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ဆည်းကပ်ကြသည့်အပြင် ယင်းရုပ်ပွားဆင်း တုများအတွက် (သဒ္ဒါကြည်ညိုစွာ ဖက်တွယ်လျက် အချိန်၊ ဥစ္စာဓနနှင့်စွမ်းအားတို့ကို) လုံးလုံးလျားလျား မြှုပ်နှံထားသူများဖြစ်ကြ၏။” ဟု ဖြေဆိုခဲ့ကြ၏။

[72] (တမန်တော်) အီဗ်ရာဟီမ်းက “သင်တို့ ဟစ်ခေါ်ဆုတောင်းကြသောအခါ ထိုရုပ်ပွားဆင်းတုများသည် သင်တို့၏ဟစ်ခေါ်ဆုတောင်းသံကို ကြားကြသလော။” ဟု မေးမြန်းခဲ့၏။

[73] သို့တည်းမဟုတ်၊ ယင်း (ရုပ်ပွားဆင်းတု) တို့သည် (သင်တို့အား) အကျိုးပြုကြသလော။ သို့မဟုတ် ယင်း တို့သည် (သင်တို့အား) အကျိုးယုတ်စေနိုင်ကြသလော။

[74] (ထိုရုပ်ပွားဆင်းတုများကို ကိုးကြသော) သူတို့က “အမှန်စင်စစ်မှာကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ထိုကဲ့သို့ပင် ပြုမူကျင့်ကြံကိုးကွယ်ဆည်းကပ်ကြသည်ကို တွေ့ရှိခဲ့ကြပါသည်။” ဟု ဖြေကြားခဲ့ကြ၏။

[75] (တမန်တော်) အီဗ်ရာဟီမ်းက “သင်တို့သည် သင်တို့ ကိုးကွယ်ဆည်းကပ်လျက်ရှိကြသော အရာများ၏ (အရည်အချင်းနှင့်အခြေအနေ) ကို စဉ်းစားဆင်ခြင် တွေ့မြင်သုံးသပ်ကြသလော။” ဟု မေးမြန်းခဲ့၏။

[76] သင်တို့နှင့် (သင်တို့မတိုင်မီ) ရှေးခေတ်၌ လွန်လေခဲ့ကြသောသင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် လည်း (ကောင်း၊ ထိုရုပ်ပွားဆင်းတုများ၏အရည်အချင်းနှင့်အခြေအနေ အပေါ်လည်းကောင်း၊ စဉ်းစားဆင် ခြင်တွေ့မြင် သုံးသပ်ကြခြင်း မရှိသလော။)

[77] သို့ဖြစ်ပေရာ ဧကန်ပင်၊ စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုး ထောင်စေတော်မူသောအရှင်မြတ်မှအပ ယင်း (ရုပ်ပွားဆင်းတုများ) တို့သည် ကျွန်ုပ်၏ရန်သူများပင် ဖြစ်ကြ၏။

[78] ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်သည်ပင်လျှင် ကျွန်ုပ်အား တရားလမ်းမှန် ညွှန်ပြတော်မူ၏။

[79] ထို့ပြင် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား အစားအစာများကို ပေးအပ် (တော်မူ၍ ကျွေးမွေး) တော်မူ သည့်အပြင် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား သောက်စရာ (ရေ) ပေးအပ်၍ တိုက်ကျွေးတော်မူ၏။

[80] တစ်ဖန် ကျွန်ုပ်သည် နာဖျားမှုကိုခံစားရသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ကျွန်ုပ် (၏ဝေဒနာ) ကို သက်သာပျောက်ကင်းစေတော်မူ၏။

[81] ထိုမျှမက ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား (ကွယ်လွန်သေဆုံးရန်သတ်မှတ်ချိန်တွင်) သေစေတော်မူ ပြီးနောက် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား (ရှင်ပြန်ထမြောက်ရမည့်နေ့တွင်) ရှင်စေတော်မူမည် ဖြစ် ၏။

[82] တစ်ဖန် ထိုအရှင်မြတ်သည်ပင် တမလွန်တရားစီရင်မည့်နေ့တွင် ကျွန်ုပ် (၏မှားယွင်းချွတ်ချော်မှုများ) အား ခွင့်လွှတ်ချမ်းသာပေးတော်မူမည်။” ဟု ကျွန်ုပ် (ထက်သန်စွာ) မျှော်လင့်တောင့်တပါ၏။

[83] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်အား (ဓမ္မသတ်ဆိုင်ရာ) ဉာဏ်ပညာအမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်ုပ်အား ဖြောင့် မတ်မှန် ကန်စွာ ပြုမူကျင့်ကြံသော သူတော်စင်များနှင့်အတူ (ပေါင်းဆုံ) ပါဝင်စေတော်မူပါ။

[84] ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အတွက် နောင်လာနောက်သားများတွင် ဖြောင့်မတ်မှန်ကန်မှု (နှင့် သီလကောင်းဖြင့်) ကျော်ကြားကြောင်းကို (သတိရစေရန် သတင်းကောင်းပါးနိုင်သည်အထိ) ဖြစ်စေတော်မူပါ။

[85] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်ကျက်သရေ ကျေးဇူးတော်နှင့်ပြည့်စုံသော သုခဘုံဥယျာဉ်၏ အမွေစားအမွေခံအဖြစ် ဖြစ်စေတော်မူပါ။

[86] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏ဖခမည်းတော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ်၊ သူသည် လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ခဲ့၏။

[87] အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့ကို) ရှင်ပြန်ထမြောက်ရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။

[88] ထို (ရှင်ပြန်ထမြောက်ရမည့်) နေ့တွင် ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ (ပြစ်ဒဏ်မှလွတ်မြောက်စေရန်) အသုံးဝင်မည် မဟုတ်ပေ။

[89] သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ (မယုံကြည်မှု၊ သီလကြောင်မှု, အရှင်မြတ်နှင့်တွဲဖက်ကိုး ကွယ်မှု စသည်တို့မှ လုံးဝ ကင်းရှင်း၍ ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှင်းသောနှလုံးသားရှင်များ) စင် ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွ ရောက်ရှိခဲ့သူများသည်သာလျှင် (လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြပေမည်)။

[90] ထို့ပြင် (ထိုနေ့တွင်) သုခဘုံဥယျာဉ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော သူတော်စင်တို့အတွက် နီးကပ်စွာတိမ်းညွတ်ထားရှိစေတော်ခြင်း ခံရမည်ဖြစ်၏။

[91] ထို့ပြင် ငရဲဘုံသည် သွေဖည်လမ်းလွဲသူတို့အတွက် (သူတို့မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အနေအ ထား၌) ထင်ရှားစေခြင်းခံရပေမည်။

[92] တစ်ဖန် သူတို့အား “သင်တို့ (လောကီဘဝ၌) ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများသည် (ယခု) အဘယ်မှာနည်း။” ဟု မေးမြန်းခြင်း ခံကြရပေမည်။

[93] အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သင်တို့ ကိုးကွယ်ခဲ့ကြသော အခြားသက်ရှိသက်မဲ့ အစရှိသည့်) ကိုးကွယ်ရာများသည် (ယခု) သင်တို့အား ကူညီနိုင်ကြသလော။ သို့တည်းမဟုတ် ယင်းတို့သည် ယင်းတို့ကိုယ်ကို ယင်း တို့ကူညီ (၍ ကယ်တင်) နိုင်ကြသလော။

[94] ထို့နောက် (အရှင်မြတ်မှလွဲ၍ အားကိုးတကြီးကိုးကွယ်ခဲ့ကြသော) ယင်းကိုးကွယ်ရာတို့သည်လည်း ကောင်း၊ သွေဖည်လမ်းလွဲသူတို့သည်လည်းကောင်း၊ ထိုငရဲဘုံထဲ၌ ဇောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။

[95] ထို့ပြင် အီဗ်လီးစ်စေတန်မိစ္ဆာကောင်၏ဗိုလ်ခြေအပေါင်းအပါ အားလုံးတို့ကိုလည်း (ထိုငရဲဘုံထဲ၌ ဇောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။)

[96] ထိုသူတို့ (အားလုံး) သည် ယင်း (ငရဲဘုံထဲ) ၌ (အချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချ၍) အငြင်းအခုံပြုလျက် ပြောဆိုကြပေမည်။

[97] အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြ၏။

[98] ကျွန်ုပ်တို့သည် (စေတန်မကောင်းဆိုးဝါးများဖြစ်ကြသော) သင်တို့အား စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အတူ (တစ်တန်းတည်းထား၍) ဂုဏ်ရည်တူများအဖြစ်ပြုလုပ်ခဲ့ကြစဉ်။

[99] စင်စစ်သော်ကား ရာဇဝတ်မှုကျူးလွန်သူတို့မှအပ (အခြားမည်သူကမျှ) ကျွန်ုပ်တို့အား လမ်းလွဲစေ၍ လမ်းမှားရောက်စေခဲ့ကြသည် မဟုတ်ပေ။

[100] ယခုသော်ကား ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

[101] ထိုနည်းတူစွာ ချစ်ကျွမ်းဝင်ရင်းနှီးသော မိတ်ဆွေအရင်းအချာဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

[102] သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည် (လူ့လောကသို့) နောက်ထပ်တစ်ကြိမ် ပြန်သွားခွင့်ရရှိ ကြလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်သူများအနက်မှပင် ဖြစ်နိုင်ခြေရှိ၏။

[103] မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတစ်ရပ်ရှိ သော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှအများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[104] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။

[105] (တမန်တော်) နူးဟ်၏လူမျိုးတို့သည် (တမန်တော်နူးဟ်အား မဟုတ်မတရားမမှန်မကန် လိမ်လည် စွပ်စွဲ ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊

[106] (သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော တမန်တော်နူးဟ်သည် သူတို့အား (သတိပေးနှိုးဆော် သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။ ဟု ဟောပြောခဲ့စဉ်။

[107] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်၏။

[108] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[109] စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။

[110] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[111] (တမန်တော်နူးဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ကြရမည်လော။ အမှန်စင်စစ်၊ ဂုဏ်အသရေသေးသိမ်သူ (အောက်တန်းစား) တို့သာလျှင် အသင်၏နောက်လိုက်များ ဖြစ်ကြသည်။” ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။

[112] တမန်တော်နူးဟ်က “(သူတို့သည် ယုံကြည်သူများ မဟုတ်သောကြောင့်) ကျွန်ုပ်သည် သူတို့၏ပြုမူကျင့် ကြံမှုနှင့်စပ်လျဉ်း၍ မည်သည်ကို သိနိုင်မည်နည်း။

[113] သူတို့အား စစ်ဆေး၍ စာရင်းရှင်းရန် တာဝန်မှာ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အပေါ်၌သာရှိကြောင်း သင်တို့ သတိမူနားလည်ကြလျှင် ကောင်းလေစွ။

[114] စင်စစ် ကျွန်ုပ်သည် သက်ဝင်ယုံကြည်သူတို့အား တွန်းကန်မည့်သူအဖြစ် မျှော်မှန်းနိုင်သူတစ်ဦး မဟုတ်ပေ။

[115] ကျွန်ုပ်သည် (သတိပေးနှိုးဆော်မှု သက်သက်ကိုသာ တာဝန်ယူဆောင်ရွက်နေသော) ရိုးသားပွင့်လင်းသည့် သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။

[116] (တမန်တော်နူးဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “အို၊ နူဟ်။ အကယ်၍ အသင်သည် (သင့် ဆုံးမသြဝါဒပေးခြင်းကို) မရပ်တန့်ခဲ့လျှင် ဧကန်မလွဲ၊ အသင်သည် ခဲပစ်ပေါက် (၍ သတ်ဖြတ်) ခြင်းကိုခံရသူတို့တွင် အပါအဝင် ဖြစ်ပေမည်။

[117] တမန်တော်နူဟ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ်၊ ကျွန်ုပ်၏လူမျိုးတို့သည် ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြလေပြီ။” ဟု လျှောက်ထားပန်ကြားခဲ့လေ၏။

[118] သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့်သူတို့၏အကြား၌ (ထင်ရှားပြတ်သားသောအဆုံး အဖြတ်ကို စီရင်ဆုံးဖြတ်စေမည့်) တံခါးပေါက်ကို ဖွင့်ပေးတော်မူပြီး ကျွန်ုပ်အားလည်းကောင်း ကျွန်ုပ်နှင့်အတူရှိကြသော သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း (သူတို့၏ဒုစရိုက်များမှ) ကယ်တင်တော်မူပါ။

[119] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်နူဟ်အားလည်းကောင်း၊ သူနှင့်အတူ ဝန်အပြည့်တင်ထားသော ရေယာဉ်သင်္ဘော၌ စီးပါလာသည့် သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ ကယ်တင်တော်မူခဲ့လေ၏။

[120] ထို့နောက် တစ်ဖန် ငါအရှင်မြတ်သည် (ကယ်တင်ခြင်းခံရသူများမှအပ) ကျန်ရှိသူတို့အား နှစ်မြှုပ်တော်မူခဲ့၏။

[121] မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[122] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန် ဖြစ်တော်မူ၏။

[123] (တမန်တော်) အားဒ်၏လူမျိုးတို့သည် (တမန်တော်) အားဒ်အား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊

[124] (သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) ဟူးဒ်သည် သူတို့အား (သတိပေးနှိုးဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။

[125] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။

[126] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[127] စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။

[128] သင်တို့သည် ကုန်းမြင့်တိုင်း၌ အထိမ်းအမှတ်လက္ခဏာတစ်ခုကို အပျော်သဘော အပန်းဖြေစရာနှင့် ပြစားမှုအဖြစ် တည်ဆောက်ကြလေသလော။

[129] ထို့ပြင် သင်တို့သည် အမြဲထာဝရ ရှင်သန်နေထိုင်ကြရမည့်အလား ကြီးကျယ်ခိုင်ခံ့သော အမာခံ ရဲတိုက်များကို ပြုလုပ်တည်ဆောက်ကြ၏။

[130] ထို့ပြင် သင်တို့သည် (သူတစ်ပါး၏အသက်အိုးအိမ်စည်းစိမ်များကို) ကျူးကျော်တိုက်ခိုက်၍ ဖမ်းဆီး သိမ်းပိုက်သောအခါ ညှာတာစိတ်ကင်းသော နိုင်လိုမင်းထက်ပြုသူကဲ့သို့ပင် (အတင်းအဓမ္မ) ကျူးကျော်သိမ်းပိုက်ကြ၏။

[131] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[132] ထို့ပြင် သင်တို့သည် သင်တို့သိထားကြပြီဖြစ်သော အရာဟူသမျှနှင့်စပ်လျဉ်း၍ သင်တို့အား အလျှံပယ် ထောက်ပံ့ပေးသနားတော်မူသော အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ ကျင့်သုံး) ကြလော့။

[133] ထိုအရှင်မြတ်သည် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သော သယံဇာတများ၊ ကြက်ဘဲ ကျွဲ၊ နွား၊ ကုလားအုတ် စသည့်) တိရစ္ဆာန်များနှင့်သားသမီး ရတနာများဖြင့် ထောက်ပံ့ပေးသနားတော်မူ၏။

[134] ထို့ပြင် ဥယျာဉ်ခြံများနှင့် (မြစ်ချောင်းအင်းအိုင်အပါအဝင်) စိမ့်စမ်းရေများကိုလည်း (ထောက်ပံ့ပေးသနားတော်မူ၏)။

[135] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အပေါ် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ (ရှင်ပြန်ထမည့်) နေ့၏ပြစ်ဒဏ် ထိုက်တန်မည်ကို စိုးရိမ်မိသည်။

[136] (တမန်တော်ဟူးဒ်၏လူမျိုးများဖြစ်ကြသော) သူတို့က “(အို၊ ဟူဒ်၊) အသင်သည် ကျွန်ုပ်တို့အား ဟော ပြောဆုံးမသည်ဖြစ်စေ၊ ဟောပြောဆုံးမသူများထဲတွင် မပါဝင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် အကြောင်းမထူးပေ အတူတူပင်ဖြစ်၏။

[137] အမှန်မှာ (ကျွန်ုပ်တို့၏ပြုမူချက်များဖြစ်သော) ဤသည် လွန်လေပြီးသော ရှေးခေတ်လူတို့၏ဓလေ့ထုံးစံမျှပင် ဖြစ်ပေ၏။

[138] (သို့ဖြစ်ပေရာ) ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများ မဖြစ်နိုင်ကြပေ။

[139] ထို့နောက် သူတို့သည် (တမန်တော်) ဟူဒ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ (အကျိုးဆက်အဖြစ်) ငါအရှင်မြတ်သည် သူတို့ကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင် ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[140] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။

[141] အားဒ်၏လူမျိုးတို့သည် (တမန်တော်) ဆွာလိဟ်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊

[142] (သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) ဆွာလိဟ်သည် သူတို့အား (သတိပေးနှိုး ဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။

[143] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။

[144] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[145] စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင် မြတ်အပေါ်၌သာ မူတည်ပါ၏။

[146] သင်တို့သည် ဤလောကီဘဝ၌ရှိသောအရာဟူသမျှတွင် (မည်သည့် တိမ်ကောဖျက်ဆီးမှုမျှ မရှိစေဘဲ) ဘေးကင်းလုံခြုံစွာ ချန်ထားနိုင်လိမ့်မည်။” (ဟု ထင်မြင်ယူဆကြသ) လော။

[147] ဥယျာဉ်ခြံများနှင့် (မြစ်ချောင်းအင်းအိုင်အပါအဝင်) စိမ့်စမ်းရေများ၌လည်း (မည်သည့် အဟန့်အတားမျှ ရှိလိမ့်မည်မဟုတ်” ဟု ထင်မှတ်ကြသလော။)

[148] (ဂျုံပြောင်းအစရှိသည့်) လယ်ယာမြေများ၌လည်းကောင်း နူးညံ့သောအဖူးအညွန့်များနှင့်အပြွတ်အခိုင်များ လှိုင်လှိုင်သီးသော စွန်ပလွံခြံများ၌လည်းကောင်း (မည်သည့် အဟန့်အတားမျှ ရှိလိမ့်မည်မဟုတ်” ဟု ထင်မှတ်ကြသလော)

[149] ထို့ပြင် သင်တို့သည် တောင်များ၌ လက်ရာပြောင်မြောက်အောင် ကျွမ်းကျင်စွာ ခုတ်ဖြတ်ထွင်း လုပ်ထားကြသော အိမ်များကိုလည်း (မည်သည့် တိမ်ကောဖျက်ဆီးမှုမျှ မရှိစေဘဲ ဘေးကင်းလုံခြုံစွာ ချန်ထားနိုင်လိမ့်မည်။” ဟု ထင်မြင်ယူဆကြသလော။)

[150] သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်ကြလော့။ သူပြင် သင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြလော့။

[151] သို့ရာတွင် သင်တို့သည် စည်းမျဉ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်စီမံချက်များအတိုင်း မလိုက်နာကြလေနှင့်။

[152] ထိုသူတို့သည် မြေကမ္ဘာ၏တိုင်းပြည်ဒေသများတွင် အဖျက်အမှောင့်နှင့်ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်လျက် မတည်မငြိမ်ဖြစ်စေပြီး (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် တိုင်းပြည်ကို သာယာဝပြောအောင်) ပြုပြင်စေခြင်း မရှိကြပေ။

[153] (ဆမူးဒ်လူမျိုးဖြစ်ကြသော) သူတို့က “(အို၊ ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ များအနက်မှသာလျှင် တစ်ဦးအပါအဝင် ဖြစ်၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[154] အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးမှတပါး အခြား မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ သင်သည် (သင့်ကြွေးကြော်ချက်အတိုင်း) ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများအနက်မှ တစ်ဦး အပါအဝင်ဖြစ်လျှင် အံ့ဖွယ်သက်သေလက္ခဏာတစ်စုံတစ်ရာကို ထုတ်ဖော်တင်ပြလော့။” ဟု တောင်းဆိုခဲ့ကြ၏။

[155] (တမန်တော်) ဆွာလိဟ်က “ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်ပြီး ယင်းအတွက် ရေသောက်ရမည့်နေ့ (တစ်နေ့ အလှည့်တစ်လှည့်) နှင့်သင်တို့အတွက် သတ်မှတ်ပေးသော သင်သိနေသည့် နေ့တစ်နေ့ (အလှည့်တစ်လှည့်) သည် ရှိနေ၏။

[156] သို့ရာတွင် သင်တို့သည် ထိုကုလားအုတ်မကို မကောင်း (သောအကြံအစည်စေတနာယုတ်နှင့်အကုသိုလ်) မှုဖြင့် မထိပါးကြလေနှင့်။ သို့ထိပါးခဲ့ကြလျှင် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ (ရှင်ပြန်ထမည့်) နေ့၏ပြစ်ဒဏ်သည် သင်တို့ကို ဖမ်းဆီးအရေးယူလိမ့်မည်။

[157] သို့တစေလည်း ထိုဆမူဒ်လူမျိုးတို့သည် ယင်း (ကုလားအုတ်မ) ၏ခြေတံကောက်ကြောများကို (ရက်စက်စွာ) ဖြတ်တောက်ခဲ့ကြသောကြောင့် သူတို့သည် (ပြစ်ဒဏ်သင့်လျက်) နောင်တရရှိသူများ ဖြစ်လာကြလေ၏။

[158] သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးအရေးယူခဲ့၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[159] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ မုချဧကန် ဖြစ်တော်မူ၏။

[160] (တမန်တော်) လူးသ်၏လူမျိုးတို့သည် (တမန်တော်) လူးသ်အား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊

[161] (သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) လူးသ်သည် သူတို့အား (သတိပေးနှိုး ဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။

[162] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။

[163] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[164] စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုး ဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။

[165] သင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အနက်မှ ယောကျာ်းများထံသို့သာလျှင် (တဏှာရာဂစိတ်ပြင်း ထန်စွာဖြင့်) လာရောက်ချဉ်းကပ်ကြလေသလော။

[166] သို့ရာတွင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သင်တို့အတွက် ဖွဲ့စည်းဖြစ်တည်စေတော်မူသော (တရားဝင်ခွင့်ပြုထားသည့်) ကြင်ဖော်ကြင် ဖက်တို့ကိုမူ စွန့်ပစ်ထား ကြလေသလော။ စင်စစ်မှာမူကား အသင်တို့သည် စည်းမျဉ်းဥပဒေ (နှင့်ထုံးတမ်းအစဉ် အလာ) များကို ဖောက်ဖျက် ကျူးလွန်သော လူမျိုးများပင် ဖြစ်ကြ၏။

[167] (တမန်တော်လူးသ်၏လူမျိုးများဖြစ်ကြသော) သူတို့က “အို၊ လူးသ်၊ အကယ်၍ သင်သည် (ကျွန်ုပ်တို့အား ဆုံးမသြဝါဒပေးခြင်းကို) မရပ်တန့်ပါလျှင် ဧကန်မလွဲ၊ အသင်သည် (တိုင်းပြည်မှ) နှင်ထုတ်ခြင်းခံရမည့်သူများအနက်မှပင် တစ်ဦးအပါအဝင် ဖြစ်ချေလိမ့်မည်။” ဟု ဆိုခဲ့ကြ၏။

[168] (တမန်တော်) လူးသ်က “ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏ပြုမူကျင့်ကြံမူများကို လွန်စွာစက်ဆုပ်ရွံ့ ရှာသူများအနက်မှပင် တစ်ဦးအပါအဝင် ဖြစ်သည်။” ဟု ဟောပြောခဲ့၏။

[169] (ထို့နောက် တမန်တော်လူးသ်က) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အားလည်းကောင်း၊ ကျွန်ုပ်၏မိသားစုနှင့်နောက်လိုက်တို့အားလည်းကောင်း၊ သူတို့ ပြုမူကျင့်ကြံလျက်ရှိကြသော (ပြစ်ဒဏ်ထိုက်သည့်) လုပ်ရပ်များ (၏အကျိုးဆက်) မှ ကင်းလွတ်စေတော်မူပါ။” (ဟု လျှောက်ထားခဲ့၏)။

[170] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်လူးသ်နှင့်တကွ မိသားစုနှင့်နောက်လိုက်အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။

[171] သို့ရာတွင် အမျိုးသမီးအိုတစ်ဦးမှာမူကား (သူမသည်) နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ကျန်ရစ်ခဲ့လေ၏။

[172] ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်လူးသ်၏မိသားစုနှင့်ယုံကြည်သူနောက်လိုက်များမှအပ) ကျန်လူအားလုံးတို့ကို အမြစ်ဖြတ်သုတ်သင်စေတော်မူခဲ့၏။

[173] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကြီးတစ်မျိုး (ဖျက်ဆီးစေသောခဲမိုး) ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့အပေါ်တွင် (ရွာသွန်းစေသော) ထိုမိုးမှာ အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေစွ။

[174] ဧကန်စင်စစ်၊ ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ် လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် သူတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့် သူများ မဟုတ်ကြချေ။

[175] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။

[176] (တောအုပ်၌နေထိုင်ကြကုန်သော) အိုက်ကသ်၏အပေါင်းအဖော်တို့သည်တို့သည် (တမန်တော် ရှုအိုက်ဗ်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်က စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏။

[177] (သတိရကြလော့။ တမန်တော်) ရှုအိုက်ဗ်သည် (အိုက်ကသ်၏အပေါင်းအဖော်များဖြစ်ကြသော) သူတို့ အား (သတိပေးနှိုးဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။

[178] ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။

[179] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။

[180] စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။

[181] သင်တို့သည် (ကုန်ဖလှယ်ရာတွင် စကေး၊ ခွက်၊ စလယ်၊ တင်းတောင်း၊ စသော) အချိန်အတွယ်များကို (မသာမာမှုကင်းစွာဖြင့်) အပြည့်အဝချိန်တွယ်ပေးကြလော့။ ထို့ပြင် သင်တို့သည် (သူတစ်ပါးအား) ဆုံးရှုံးနစ်နာစေသူများအနက်မှ မဖြစ်ကြလေနှင့်။

[182] ထို့ပြင် အသင်တို့သည် (ကုန်ဖလှယ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ စကေး ခွက်၊ စလယ်၊ တင်းတောင်း၊ စသည့်) ဖြောင့်မတ်မှန်ကန်တိကျမှု မြဲမြံသော ချိန်တွယ်မှုမျိုးဖြင့် ချိန်တွယ်တိုင်းတာ ပေးကြလော့။

[183] ထို့ပြင် သင်တို့သည် လူတို့အား သူတို့၏ရသင့်ရထိုက်သော ရပိုင်ခွင့် ခံစားခွင့်အစရှိသည့် အရေးကိစ္စများကို (ဆုံးရှုံးနစ်နာအောင် ရပိုင်ခွင့်နှင့်ခံစားခွင့်များကို အပြည့်အဝ မပေးဘဲ) စံချိန်ကို မလျှော့ကြလေနှင့်။ ထို့ပြင် သင်တို့သည် မြေကမ္ဘာ (၏တိုင်းပြည်မြို့ရွာဒေသများ) တွင် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများကို ဖြစ် ပွားပျံ့နှံ့စေလျက် ကောက်ကျစ်ညစ်ညမ်းစွာ သွားလာလှုပ်ရှားခြင်း မပြုကြလေနှင့်။

[184] ထို့ပြင် သင်တို့သည် သင်တို့နှင့်လွန်လေသွားခဲ့ပြီဖြစ်သော ရှေးခေတ်မျိုးဆက်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[185] (အိုက်ကသ်၏အပေါင်းအဖော်များဖြစ်ကြသော) သူတို့က “(အို၊ ရှုအိုက်ဗ်၊) အသင်သည် စုန်းပြုစားခြင်း ခံရသူများအနက်မှသာလျှင် တစ်ဦးအပါအဝင် ဖြစ်လေ၏။”ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။

[186] စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးမှအပ အခြားမဟုတ်ပေ။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီများအနက်မှ တစ်ဦးပင် ဧကန်မုချ ဖြစ်သည်။”ဟု ထင် မှတ်ကြလေ၏။

[187] သို့ဖြစ်ပေရာ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်လျှင် ကျွန်ုပ်တို့အပေါ်၌ ကောင်းကင်ယံမှ အစိုင်အခဲအပိုင်းအစများကို ကျိုးကျလာအောင် ဖြစ်စေလော့။

[188] (တမန်တော်) ရှုအိုက်ဗ်က ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။

[189] ထို့နောက် သူတို့သည် တမန်တော် ရှုအိုက်ဗ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ​ရာ (အကျိုးဆက်အဖြစ်) လငပုပ်ဖမ်းသကဲ့သို့ လွှမ်းမိုးသွားသည့် ကြေကွဲဖွယ်ရာ အမှောင်နေ့၏ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးအရေးယူခဲ့၏။ ဧကန်ပင်၊ ထိုနေ့သည် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ ပြစ်ဒဏ်ပေးသည့်နေ့ပင် ဖြစ်၏။

[190] မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစုက သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

[191] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။

[192] ထို့ပြင် မုချဧကန်၊ ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော (ကျမ်းတော်ပင်) ဖြစ်၏။

[193] ရူဟုလ်အမီန် (ယုံကြည်စိတ်ချအပ်သော ဝိညာဉ်တော် ဖြစ်သည့် ကောင်းကင်တမန် ဂျိဗ်ရီးလ်) သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်) ကို ယူဆောင်ချမှတ်ပေးအပ်ခဲ့၏။

[194] အသင် (တမန်တော်) သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်လာစေရန်အလို့ငှာ အသင်၏စိတ်နှလုံးပေါ်၌။

[195] ရှင်းလင်းသော အရဗီစာပေဘာသာဖြင့် (ချမှတ်ပေးအပ်ခြင်းဖြစ်၏။)

[196] ထို့ပြင် ဧကန်အမှန်၊ ထို (ကုရ်အာန်ကျမ်းတော်မြတ်) ၌ လွန်လေပြီးသော ရှေးခေတ်လူတို့၏ကျမ်းဂန်များ (အကြောင်း) လည်း ဧကန်မုချပင် ပါရှိ၏။

[197] အစ္စရေးမျိုးနွယ်ဝင် ပညာရှင်များသည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို သိနားလည်ကြရန် သူတို့ အတွက် (လုံလောက်သော) သက်သေလက္ခဏာ (သာဓက) တစ်ရပ် မဖြစ်ခဲ့လေသလော။

[198] အကယ်၍ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို အာရဗ်အမျိုးသား မဟုတ်သူ တစ်ဦးတစ်ယောက်အပေါ်၌ ချမှတ်ပေးအပ်တော်မူခဲ့လျှင်ပင်။

[199] ထို့နောက် ထိုသူသည် သူတို့ရှေ့ဝယ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားခဲ့သော် သူတို့သည် ယင်းကို ယုံကြည်ကြမည့်သူများ မဟုတ်ပေ။

[200] (သူတို့သည် မယုံကြည်မှုနှင့်မတရားမှု၌ပင် ဇွဲရှိရှိ တစ်ဇွတ်ထိုး ရပ်တည်နေသောကြောင့်) ငါအရှင်မြတ်သည် ထိုရာဇဝတ်မှုကျူးလွန်သူတို့၏စိတ်နှလုံးတွင်းဝယ် ထိုနည်းအတိုင်းပင် ယင်းငြင်းပယ်မှုကို ထည့် သွင်းတော်မူခဲ့၏။

[201] (ထိုသို့ မငြင်းပယ်နိုင်သော သက်သေအထောက်အထားများဖြင့် ပြည့်စုံနေသော်လည်း) သူတို့သည် ပြင်းပြနာကြင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို မျက်ဝါးထင်ထင် မမြင်ကြရလေသမျှ ကာလပတ်လုံး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ယုံကြည်ကြမည် မဟုတ်ပေ။

[202] သို့ဖြစ်ပေရာ ထို (ပြစ်ဒဏ်) သည် သူတို့ထံသို့ သူတို့မသိရှိ (သတိမမူ) ကြစဉ် ရုတ်တရက် ရောက်ရှိလာပေမည်။

[203] ထိုအခါ သူတို့က “ကျွန်ုပ်တို့သည် (မိမိတို့ကိုယ်ကို ပြုပြင်နိုင်ရန်အတွက်) ရွှေ့ဆိုင်းခွင့် ရရှိနိုင်ကြပါမည်လော။” ဟု တောင့်တပြောဆိုကြပေမည်။

[204] သို့ပါလျက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို အလျင်စလို အဆောတလျင် တောင်းဆိုကြလေသလော။

[205] အသင်သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား နှစ်ကာလကြာရှည်စွာ လောကီအကျိုးခံစားခွင့်များဖြင့် ပျော်မြူးစေတော်မူလျှင် (မည်သို့ဖြစ်လာနိုင်သည်ကို) တွေးတော ဆင်ခြင်သုံးသပ်မိလေသလော။

[206] ထို့နောက် သူတို့အား ကတိထားတော်မူခြင်းခံရသည့်အတိုင်း (ပြစ်ဒဏ်) သည် သူတို့ထံ ရောက်ရှိလာခဲ့သော်။

[207] ထိုအခါ သူတို့အား လောကီအကျိုးခံစားခွင့်များဖြင့် ပျော်မြူးစေခဲ့သမျှသည် သူတို့အတွက် မည်သို့မျှ အသုံးဝင် (အကျိုးပြု) လိမ့်မည်မဟုတ်ပေ။

[208] စင်စစ် ငါအရှင်မြတ်သည် မည်သည့် မြို့ရွာနယ်မြေဒေသကိုမျှ ယင်းအတွက် သတိပေးနှိုးဆော်သူများ ရောက်ရှိစေခြင်းမရှိစေဘဲ တိမ်ကောဖျက်ဆီးစေတော်မမူချေ။

[209] သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်၌ ရှင်းပြထားသည့်) အတိုင်း ငါအရှင်မြတ်သည် စည်းဘောင်ကျော်၍ မတော်မတရား မမှန်မကန် အရေးယူတော်မူသောအရှင် မဟုတ်ပေ။

[210] စင်စစ် ထို (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ စေတန်မကောင်းဆိုးဝါးက (မည်သည်ကိုမျှ) ချမှတ်ပေးနိုင်သည် မဟုတ်ပေ။

[211] စင်စစ် (ကျမ်းမြတ်ကုရ်အာန်အား ချမှတ်ပေးအပ်သည့်ကိစ္စ၌ စေတန်မကောင်းဆိုးဝါးများဖြစ်ကြသော) သူတို့အတွက် မည်သည့် ခွင့်ပြုချက်မျှ မရှိချေ (သူတို့နှင့် မအပ်စပ်ပေ)။ ထို့ပြင် သူတို့သည် (ထိုသို့ ချ မှတ်ပေး ရန်) တတ်စွမ်းနိုင်ကြသည်လည်း မဟုတ်ပေ။

[212] ဧကန်ပင်၊ ထိုစေတန်မကောင်းဆိုးဝါးများသည် (ဝဟီအမိန့်တော်အား ချမှတ်ပေးအပ်ခြင်းခံရစဉ် ယင်းကို) ကြားနာခြင်းမှ အမှန်ပင် (ဥပဒေအရအပြီးအပိုင်) ထုတ်ပယ်တားမြစ်ခြင်း ခံခဲ့ကြရပြီး ဖြစ်၏။

[213] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ မည်သည့် ကိုးကွယ်ရာကိုမျှ ဟစ်ခေါ် တသလျက် ကိုးကွယ်ဆည်းကပ်ခြင်း မပြုလေနှင့်။ သို့ပြုခဲ့လျှင် အသင်သည်လည်း ပြစ်ဒဏ်ပေးခြင်းခံကြရသူတို့တွင် အပါအဝင် ဖြစ်သွားပေမည်။

[214] ထို့ပြင် အသင် (တမန်တော်) သည် နီးစပ်သော ဆွေမျိုးအရင်းအချာများကို သတိပေးနှိုးဆော်လော့။

[215] ထို့ပြင် အသင်သည် (အရှင့်အမိန့်တော်နှင့်အညီ ဘဝဆောက်တည်၍) သင်၏နောက်သို့ လိုက်ကြသော သက်ဝင်ယုံကြည်သူတို့၏ရှေ့ဝယ် (သင်၏ကရုဏာနှင့်မေတ္တာကို ကိုယ်စားပြုသည့် အတောင်ပျံများဖြင့်) ကျိုးနွံလော့။

[216] သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ (ဖိတ်ခေါ်မှုကို ငြင်းပယ်၍ သူတို့၏ယခင်လမ်းစဉ် ဟောင်းအတိုင်းသာ ဆက်လက်လျှောက်လျက်) အမိန့်ကို ဖီဆန်ခဲ့ကြလျှင် အသင်သည် (သူတို့အား) ဧကန်ပင် ကျွန်ုပ်သည် သင်တို့၏ပြုမူကျင့်ကြံမှုတို့မှ (တာဝန်) လွတ်ကင်းသည်။” ဟု ဟောပြောလော့။

[217] ထိုမှတပါး အသင်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် အပေါ်၌ ယုံပုံကိုးစားလော့။

[218] ထိုအရှင်မြတ်သည် အသင်က (သင်၏ရပ်တည်ချက် အရှင့်အမိန့်တော်နှင့်ဝတ်ပြုမှုတို့အတွက် မားမား မတ်မတ်ရပ်တည်သောအခါ အသင့်အား မြင်တော်မူ၏။)

[219] ထို့ပြင် (အရှင်မြတ်ပင်သည် သင်က တမန်တော်တာဝန်အား အပြည့်အဝကျေပွန်သည့်အနေဖြင့် ယုံကြည်သူတို့၏ဘဝများကို ပြောင်းလဲပေးရန်ကြိုးစားခြင်းနှင်ုဝတ်ပြုဆုတောင်းခြင်းတို့ဖြင့်) နာခံဝပ်တွား ဦးချ သည့်အနေအထား၌ (ရှိနေသော) သင်၏လှုပ်ရှားမှုကိုလည်း (မြင်တော်မူ၏။)

[220] ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[221] (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) “ကျွန်ုပ်သည် မည်သူ့အပေါ်၌ စေတန်မကောင်း ဆိုးဝါး များ ဆင်းသက်လာကြသည်ကို သင်တို့အား သတင်းပေးပြောပြရမည်လော။” (ဟု မေးမြန်းလော့။)

[222] (စေတန်မကောင်းဆိုးဝါးများသည်) မကောင်းမှုဒုစရိုက်ကို စွဲမြဲစွာ ကျူးလွန်သော မုသာဝါဒီတိုင်း၏အပေါ်၌ ဆင်းသက်လာကြ၏။

[223] (စေတန်မကောင်းဆိုးဝါးများ ဆင်းသက်ခြင်းခံရသူများမှာ မကောင်းမှုညစ်ညမ်းမှုနှင့်အချည်းနှီးသော အပြောအဆိုများကို ထက်သန်စွာ) နားစိုက်လေ့ရှိကြပြီး သူတို့အနက် အများစုမှာ မုသာဝါဒီများပင် ဖြစ်ကြ၏။

[224] သို့ရာတွင် ကဗျာလင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် သူတို့နောက်သို့ လိုက်ကြ၏။

[225] ဧကန်ပင်၊ သူတို့သည် တောင်ကြားတိုင်းတွင် (အကန်းလမ်းပျောက်ပမာ) ခြေဦးတည်ရာသို့ ထင်ရာစိုင်း သွားလာလျက်ရှိကြသည်ကို အသင် မတွေးတော မဆင်ခြင် မသုံးသပ်မိသလော။

[226] ထို့ပြင် သူတို့သည် သူတို့ပြုမူကျင့်ကြံလေ့မရှိသည်ကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ရှိကြ၏။

[227] သို့ရာတွင် (ထိုကဗျာလင်္ကာဆရာများ၌) သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ဖြောင့်မတ်မှန်ကန်သော ပြုမူ ကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့်အပြင် အလ္လာဟ်အရှင်မြတ် အားလည်း များစွာ သတိရ တသ၍ ဖွင့်ဟကြသူများ မပါဝင်ပေ။ ထို့ပြင် သူတို့သည် မတော်မတရား ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပြီး နောက်တွင် (မိမိတို့ကိုယ်ကို ကာကွယ်ရန်) အချင်းချင်းကူညီလျက် အမှန်တရားအတွက် သက်သေထူကြ ၏။ အရှင့်စည်း မျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အား မည်သို့ (သော ဇောက်ထိုး ပြောင်းပြန်လှန်ပစ်မှုဖြင့်) ဇောက်တိဇောက်ထိုး ပြောင်းပြန် လှန်ပစ်ခြင်းခံရမည်ကို မကြာမီ သိကြလိမ့်မည်။

ပုရွက်ဆိတ်

Surah 27

[1] သွာ၊ စီန်' ဤသည် ယင်းကိုယ်တိုင် ထင်ရှားရှင်းလင်းပြီး ထင်ရှားသောရှင်းလင်းချက်များ ဖော်ပြပါရှိသည့် ကုရ်အာန်နှင့်ကျမ်းတော်မြတ်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။

[2] (ယင်းကျမ်းတော်သည် ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့်မတ်စွာ ပြုမူကျင့်ကြံလျှက် ငြိမ်းချမ်းရေးလိုလာသော) မွတ်စလင်များအတွက် လမ်းညွှန်တော်နှင့်ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်းကောင်းလည်း ဖြစ်၏။

[3] ထို (သက်ဝင်ယုံကြည်) သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းကမ်းစည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်၍ ဇကားသ်ခေါ် (ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ လူမှုဖူလုံကြေး) ကိုလည်း ပေးကမ်းလှူဒါန်းရုံသာမက တမလွန်ဘဝကိုလည်း ဧကန်အမှန်ပင် ကျိန်းသေဖြစ်လာမည့်ကိစ္စအဖြစ် ယုံကြည်ကြ၏။

[4] ဧကန်ပင်၊ တမလွန်ဘဝကို မယုံကြည်သောသူတို့၏အမြင်တွင် ငါအရှင်မြတ်သည် သူတို့၏ပြုမူလုပ် ဆောင်ချက်များကို သူတို့အတွက် နှစ်သက်ဆွဲဆောင်ဖွယ်ရာဖြစ်အောင် လှပတင့်တယ်စေတော်မူသော် လည်း (သူတို့၏မယုံကြည်မှုကြောင့် ထုံထိုင်းစေသော နှလုံးသားများ၌ လောကီဘဝနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပင်မှုများ ပြည့်နှက်လျက် မျက်ကန်းလမ်းပျောက်ပမာ) တဝဲလည်လည် သွားလာလှုပ်ရှားနေကြ၏။

[5] ထိုသူတို့သည်ပင်လျှင် သူတို့အတွက် (ဤလောကီဘဝ၌) အလွန်ဆိုးရွားသော ပြစ်ဒဏ်သည် ရှိစေပြီး နောင်တမလွန်ဘဝတွင်လည်း သူတို့သည် (အရှင်မြတ် သဘောတူလက်ခံဖွယ်ရာ မည်သည့်ကောင်းမှုကိုမျှ တင်ပြနိုင်မည် မဟုတ်သောကြောင့်) အလွန် ဆုံးရှုံးသူများပင် ဖြစ်ကြပေမည်။

[6] ထို့ပြင် (အို ရစူလ်တမန်တော်) ဧကန်စင်စစ် အသင်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို (တရားစီ ရင်ဆုံးဖြတ်ရာတွင်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်၏ထံတော်မှသာလျှင် လက်ခံရရှိခြင်း ဖြစ်၏။

[7] (ပြန်လည်သတိရလော့။ သဲကန္တာရ၌ သူ့မိသားစုနှင့်အတူ ခရီးသွားခဲ့စဉ် မီးမြင်၍) တမန်တော်မူဆာ သည် သူ့မိသားစုအား “ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို မြင်တွေ့ရာ ယခုပင် ကျွန်ုပ်သည် သင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည် သို့တည်းမဟုတ် ကျွန်ုပ်သည် သင်တို့ထံ နွေးထွေးမှုအတွက် မီးလှုံနိုင်ကြအံ့သောငှာ မီကျီးမီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့် ညှိ၍) သင်တို့ထံ ဆောင်ကြဉ်းလိမ့်မည်။” ဟု ပြောခဲ့စဉ်။

[8] ထို့နောက် (တမန်တော်) မူဆာသည် ယင်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊ “(အို၊ မူဆာ)၊ မီးအနား၌ ရှိသူတို့သည်လည်းကောင်း၊ ယင်းမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည် လည်းကောင်း၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေတော်မူပြီး စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော် မူသော အလ္လဟ်အရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင် တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူ၏။” ဟု အသံပေး ဖိတ်မန္တက ပြုခြင်းခံရ လေ၏။

[9] အို၊ မူဆာ၊ သင့်အား အသံပေးတော်မူသူမှာ အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ငါအရှင်မြတ်သည်ပင် လူသား တို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်း မိုးတော်မူသောအရှင်၊ တရားစီရင်ဆုံးဖြတ်ရာတွင် ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူတော်သောအရှင်၊ အလ္လာဟ်အရှင် မြတ်ပင် ဖြစ်တော်မူ၏။

[10] ထို့ပြင် အသင်သည် သင့်တောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချလော့။ ထို့နောက် (တမန်တော်) မူဆာ သည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချ၍) ယင်းမှာ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်တွားသွားလှုပ် ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်ဆုတ်ကျောခိုင်းပြီး နောက်သို့လှည့် မကြည့်ဘဲ ရှောင်ပြေးလုနီး ပါး ဖြစ်ခဲ့၏။ (ထိုစဉ် အလ္လာဟ်အရှင်မြတ်က) အို၊ မူဆာ၊ အသင်သည် မကြောက်ရွံ့လေနှင့်။ ဧကန်မလွဲ (ငါအရှင်မြတ်၏နီးစပ်မှု ရရှိသူတို့သည် ပကတိဘေးကင်းလုံခြုံမှု ရှိသောကြောင့်) ငါအရှင်မြတ်၏ထံတော်၌ ရစူလ် တမန်တော်တို့သည် ကြောက်ရွံ့ကြလေ့ မရှိကြချေ။

[11] အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူသည် သာလျှင် (ကြောက်ရွံ့သင့်၏) သို့ရာတွင် (မည်သူမဆို) မကောင်းမှုဒုစရိုက်များကို ကျူးလွန်ခဲ့ပြီးနောက် (နောင်တရလျက် အရှင့်လမ်းစဉ်ဘက်သို့ လှည့်၍) ကောင်းမှုကုသိုလ်များကို အစားထိုးပြုလုပ်ခြင်းဖြင့် ပြုပြင်လိုသော် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော် မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူ သောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အ ကြင်နာရှင် ဖြစ်တော်မူ၏။

[12] ထို့ပြင် သင်သည် သင့် (ညာ) လက်ကို လက်ကတီးကြားတွင် ထည့်သွင်း (၍ ပြန်ထုတ်လိုက်) သောအခါ ယင်းမှာ ဖါရိုမင်းနှင့်သူ့လူမျိုးတို့ထံသို့ (အရှင့်အမိန့်တော်များအား တင်ပြရာတွင် သက်သေအဖြစ် ထောက် ပြနိုင်သည့် အံ့ဖွယ်) အာယသ်သက်သေလက္ခဏာ ကိုးပါးတွင် ပါဝင်မည့် အပြစ်အနာအဆာ တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်သောလက် ဖြစ်လာလိမ့်မည်။ ဧကန်စင်စစ်၊ သူတို့သည် စည်း မျဉ်းဥပဒေများကို ဖောက် ဖျက်ကျူးလွန်၍ အာခံဖီဆန်လျက် ယုတ်မာကြသောလူမျိုးပင် ဖြစ်၏။

[13] ထို့နောက် သူတို့ထံ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် ထင်သာမြင် သာအနေ အထားဖြင့် ရောက်ရှိလာခဲ့လေသော်၊ သူတို့က ဤသည် ထင်ရှားသော မှော်ပယောဂအတတ်ပညာသာ လျှင် ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[14] ထို့ပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များသည် ယင်း (အာယသ်သက်သေလက္ခဏာ တော်များ) ကို အခိုင်အမာယုံကြည်သော်လည်း စည်းမျဉ်းတော်များအား ကျူးလွန်ချိုး ဖောက်လျက် မတော် မတရားမမှန်မကန်လုပ်ခြင်းဖြင့်လည်းကောင်း၊ မာန်မာနထောင်လွှား၍လည်းကောင်း၊ စောဒကတက်လျက် ပယ် ရှားခဲ့ကြ၏။ သို့ဖြစ်ပေရာ (မတည်မငြိမ်ဖြစ်အောင် အဖျက်အမှောင့် ပြု လုပ်၍) ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့ကြသူတို့၏နိဂုံး (နောက်ဆုံးအကျိုးဆက်) မှာ မည်သို့ဖြစ် ခဲ့သည်ကို စူးစမ်းလေ့လာကြည့်ကြလော့။

[15] အရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်များကို ဖါရိုမင်းဆက်၏ညှင်းပန်းနှိပ်စက်မှုများမှ ကယ်တင်တော် မူခဲ့၏။ ထို့ပြင် မလွဲဧကန်၊ ငါအရှင်မြတ်သည် တမန်တော်ဒါဝူးဒ်နှင့်စုလိုင်မာန်တို့အား (အထူး) ဉာဏ် ပညာ တစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ တစ်ဖန် ထို (တမန်တော်) နှစ်ဦးတို့က “ချီးမွမ်းခြင်းနှင့်ကျေးဇူး တင်ခြင်းဟူသမျှသည် ကျွန်ုပ်တို့အား မြောက်မြားစွာသော ယုံကြည်သူ အရှင့်အစေခံများထက် ပိုမို၍ပင် ဂုဏ်သိက္ခာ ချီးမြှင့်ပေးအပ်တော်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာလျှင် ထိုက်တန်တော်မူသည်။” ဟု လျှောက် ထားခဲ့ကြ၏။

[16] ထို့ပြင် တမန်တော်စုလိုင်မာန်သည် တမန်တော်ဒါဝူးဒ်၏အရိုက်အရာကို ဆက်ခံခဲ့၏။ (အရှင်မြတ်က တမန်တော် စုလိုင်မာန်အား ဩဇာအာဏာနှင့်ဂုဏ်သိက္ခာ ချီးမြှင့်တော်မူသည်ကို ကျေးဇူးတင်လျက် ဟော ပြော သည်မှာ) အို၊ လူသားအပေါင်းတို့၊ ကျွန်ုပ်တို့သည် ငှက်သတ္တဝါတို့၏ဘာသာစကားအား သင်ကြားပေးတော်မူ ခြင်းကို ခံကြရသည့်အပြင် ကျွန်ုပ်တို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အ ရာခပ်သိမ်းတို့ကို လည်း ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရပေသည်။ ဧကန်ပင်၊ ဤသည် သိသာထင်ရှားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းပင် ဖြစ်၏။

[17] ထို့ပြင် (တမန်တော်) စုလိုင်မာန်နှင့်သူ့စစ်တပ်အတွက် ဂျင်(န်) လူသားအရင်းအမြစ်များနှင့်ငှက်သတ္တဝါ တို့အနက်မှ ရသမျှစွမ်းရည်နှင့်အင်အားတို့ကို စုရုံးစေပြီး ယင်းတို့အားလုံးကို (စနစ်တကျ ထိန်းချုပ်၍ တန်းစီချီ တက်စေလျက်) စုစည်းစေခြင်းကို ခံကြရ၏။

[18] (တမန်တော်စုလိုင်မာန်နှင့်စနစ်တကျစုစည်းထားသောသူ့စစ်တပ်များဖြစ်သည့်) သူတို့သည် စစ်ချီလျက် ပုရွက်ဆိတ်များ၏တောင်ကြားပေါ်သို့ ရောက်သည်အထိ ချီတက်ရှိလေသော် ပုရွက်ဆိတ်ဘုရင်မက “အို၊ ပရွက်ဆိတ်အပေါင်းတို့၊ စုလိုင်မာန်နှင့်သူ့စစ်တပ်က သင်တို့အား သတိမမူဘဲ (မတော်တဆ) ဖိကြိတ်တက်နင်းချေမှုန်း ခြင်းကို မခံမိကြရန် သင်တို့သည် သင်တို့နေထိုင်ရာနေရာများအတွင်းသို့ ဝင်ရောက်ကြလော့။” ဟု (ဟစ်အော်) ပြောကြားခဲ့လေ၏။

[19] ထိုအခါ (တမန်တော်) စုလိုင်မာန်သည် (အရှင့်မြတ်သူ့အား ဂုဏ်သိက္ခာချီးမြှင့်ခြင်းအပေါ် တင်းတိမ်ရောင့်ရဲမှုနှင့်ရိုကျိုးမှုကို ပြသ၍) ထိုပရွက်ဆိတ်မ၏စကားကြောင့် ပြုံးခဲ့လေ၏။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်ထံ) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန် တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူ သော ကျေးဇူးတော်များ၊ ဂုဏ်သိက္ခာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား ကျေးဇူးသိတတ်ရန်နှင့်အရှင်မြတ် သဘော တူနှစ်သက်တော်မူသော ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံမှုများကို ဆောက်တည်နိုင်ရန်အလို့ငှာ စွမ်းရည် ဩဇာအာဏာများ တိုးမြှင့် ချီးမြှင့်ပေသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ကရုဏာတော်ဖြင့် အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့် အစေခံများစားရင်းတွင် ဝင် ရောက်ခွင့်ပေး၍ စာရင်းထဲထည့်သွင်း စေတော်မူပါ။”ဟု လျှောက်ထားပန်ကြားခဲ့လေ၏။

[20] တစ်ဖန် (တမန်တော်) စုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ ကျွန်ုပ်သည် အဘယ်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရသနည်း။ သို့တည်းမဟုတ် ယင်းသည် ပျောက်ကွယ်နေ သူတို့အနက်မှ ဖြစ်နေသလော။

[21] ဧကန်ပင်၊ ကျွန်ုပ်သည် အမှန်ပင် ယင်းကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန်၊ ကျွန်ုပ်သည် ယင်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် သူသည် (သူ့ပျက်ကွက်မှုအတွက်) ကျွန်ုပ်ထံသို့ ထင်ရှားစွာသော တရားဝင် ခွင့်ပြုချက်ရှိကြောင်း သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။

[22] ထို့နောက် (တမန်တော်စုလိုင်မာန် အချိန်ကြာကြာ စောင့်စရာလိုဘဲ) မကြာမီပင် ထိုဘီးတောင်ပိုငှက် သည် သူ့နေရာသို့ရောက်လာ၍ “ကျွန်တော်မျိုးသည် ကိုယ်တော်က ခြုံငုံမသိသေးသောအကြောင်းနှင့်စပ် လျဉ်း၍ ခြုံငုံသိခဲ့ရပါသည်။ ထို့ပြင် ကျွန်ုပ်သည် ကိုယ်တော်၏ထံ ရှီဗာမှ ယုံကြည်အားထားရသော သတင်းတစ်ပုဒ်ကို ဆောင်ကြဉ်းခဲ့ပါသည်။” ဟု လျှောက်ထားလေ၏။

[23] ဧကန်ပင်၊ ကျွန်ုပ်သည် (ကျွန်ုပ်ရောက်ခဲ့သော ရှီဗာဒေသ၌ ပြည်သူများက) အရာခပ်သိမ်းအား သူမထံ ဆက်သပေးအပ်ခြင်းခံရပြီး သူတို့ကို စိုးမိုးအုပ်ချုပ်လျက်ရှိသည့်အပြင် သူမအတွက် ဩဇာအာဏာကို ကိုယ်စားပြုသည့် ကြီးကျယ်ခမ်းနားသော ပလ္လင်တစ်ခုကို ပိုင်ဆိုင်ထားသူ အမျိုးသမီတစ်ဦးကို တွေ့ခဲ့ပါသည်။

[24] ကျွန်ုပ်သည် သူမနှင့်သူမ၏လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်အားစွန့်၍ နေကိုပျပ်ဝပ်ဦးချ (လျက် ကိုး ကွယ်ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါ၏။ စင်စစ် စေတန်မကောင်းဆိုးဝါးသည် သူတို့ အတွက် သူတို့၏ပြုမူကျင့်ကြံမှုများကို (သူတို့၏အမြင်တွင်) လှပတင့်တယ်အောင် ပြုလုပ်ထားသောကြောင့် သူတို့သည် တရားလမ်း မှန်မှ ပိတ်ပင်တားဆီးခြင်းခံကြခဲ့ရာ သူတို့သည် တရားလမ်းမှန်ကို ညွှန်ပြခြင်း မခံကြရပေ။

[25] (ထိုသို့ တရားလမ်းမှန်မှ ပိတ်ပင်တားဆီးခြင်းခံကြရသောကြောင့်) သူတို့သည် မိုးကောင်းကင်များနှင့် မြေကမ္ဘာ၌ (မတည်ရှိသော မမြင်ရသော ကန့်လန့်ကာ၏နောက်ကွယ်မှ အရာခပ်သိမ်း၏တည်ရှိ​မှုဆိုင်ရာအလင်း ဖွဲ့စည်းဖြစ်တည်စေတော်မူ၍) ဖုံးကွယ်နေသောအရာများကို (အလင်းရှိရာသို့) ထွက်ပေါ် စေတော်မူသောအရှင် သင်တို့ ထိန်ချန်လျှို့ဝှက်ထားကြသည့်အကြောင်းကိစ္စဟူသမျှနှင့်လူသိရှင်ကြား ထုတ် ဖော်ကြသည့်အကြောင်း ကိစ္စဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်း ကပ်ကိုးကွယ်) ကြသည် မဟုတ်ပေ။

[26] အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်ဖြစ်တော်မူပြီး သက် ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိသည့်အပြင် (ထိုအရှင်မြတ်သည်ပင်၊ စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော် မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော် ကို စိုးပိုင်တော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[27] တမန်တော်စုလိုင်မာန်က “အသင်သည် ဖြောင့်မတ်မှန်ကန်စွာ လျှောက်ထားသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောသည်ကို ယခုပင် ကျွန်ုပ်ရှုမြင် သုံးသပ်ကြမည်။” ဟု ဖြေဆိုခဲ့၏။

[28] အသင်သည် ကျွန်ုပ်၏ဤစာနှင့်အတူ သွားလော့။ ထို့နောက် ယင်းကို သူတို့ထံ ချပေးပြီးလျှင်၊ သူတို့မှ (အနည်းငယ်) နောက်ဆုတ်၍နေလော့။ ထိုသို့ဖြင့် အသင်သည် (ယင်းနှင့်စပ်လျဉ်း၍) သူတို့က မည်သို့ ကိုင်တွယ်တုံ့ပြန်သည်ကို ရှုမြင်သုံးသပ်လော့။

[29] (ထိုဘုရင်မသည် ထိုစာကို ရရှိသောအခါ) သူမက “အို၊ အကြံပေးအကြီးအကဲ မှူးမတ်အပေါင်းတို့၊ ဧကန်ပင်၊ မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်မထံသို့ ချပေးခြင်း ခံခဲ့ရလေ၏။” ဟု ပြောခဲ့၏။

[30] ဧကန်စင်စစ်၊ ယင်းစာသည် စုလိုင်မာန်ထံမှ ဖြစ်ပြီး ဧကန်ပင် ယင်းသည် “အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အ ကြင်နာရှင်၊ (ဖြစ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်၊ နာမတော်ဖြင့်” ပင်ဖြစ်၏။

[31] ကျွန်ုပ်အား ဆန့်ကျင်၍ ပြောင်ပြောင်တင်းတင်း အာခံဖီဆန်ခြင်းဖြင့် ဘဝင်မမြင့်ကြလေနှင့်။ ထို့ပြင် (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များအဖြစ်သာ ကျွန်ုပ်ထံ သို့ လာရောက်ကြလော့။

[32] ထိုဘုရင်မက “အို၊ မှူးမတ်အကြံပေးအကြီးအကဲအပေါင်းတို့၊ ကျွန်မသည် မည်သည့်စီမံချက် အရေးကိစ္စကိုမျှ သင်တို့က ကျွန်မ၏အပါး၌ မျက်မြင်သက်သေအဖြစ် မရှိသမျှကာလပတ်လုံး စီရင်ဆုံးဖြတ်လေ့မရှိသည့်အလျှောက် ကျွန်မ၏ဤစီမံချက်အရေးကိစ္စ၌ ကျွန်မအား အကြံဉာဏ်ပေးကြလော့။” ဟု ပြောကြားခဲ့လေ၏။

[33] (ထိုမှူးမတ်အကြံပေးအကြီးအကဲဖြစ်ကြသော) သူတို့က ကျွန်ုပ်တို့သည် အင်အားစွမ်းပကားကို ပိုင်ဆိုင် ထားသည့်အပြင် ပြင်းပြင်းထန်ထန် ချေမှုန်းနိုင်စွမ်းရှိသူများ ဖြစ်သော်လည်း စီမံချက်အရေးကိစ္စအ တွက် အမိန့်အာဏာသည်ကား အသင်မအပေါ်၌သာ မူတည်သောကြောင့် အသင်မက မည်သို့ အမိန့်ပေးမည်ကို ဆင်ခြင် သုံးသပ်ရန်စောင့်စားလျက်ရှိကြ၏။” ဟု လျှောက်ထားခဲ့ကြ၏။

[34] သူမက “ဧကန်ပင်၊ (ဩဇာအာဏာရှိသော) ဘုရင်မင်းတို့သည် မြို့ရွာတိုင်းပြည်ဒေသတစ်ခုခုသို့ ဝင် ရောက်ကြသည့်အခါ ထိုမြို့ရွာဒေသကို အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုဖြစ်စေခြင်းဖြင့် ဖျက်ဆီးကြပြီး ယင်းမြို့ရွာတိုင်းပြည်ဒေသနေ ဂုဏ်အသရေရှိပြည်သူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေလိုကြ၏။ သူတို့ သည် ထိုနည်းအတိုင်းပင် ပြုမူကြလေ့ရှိ၏။” ဟု ပြန်ပြောခဲ့၏။

[35] သို့ရာတွင် ကျွန်မမူကား သူတို့ထံ လက်ဆောင်ပဏ္ဏာ တစ်စုံတစ်ခုနှင့်အတူ (သံတမန်များကို) စေလွှတ် ပြီးနောက် ထိုသံတမန်များက မည်သို့သော ပြန်ကြားချက်နှင့်အတူ ပြန်လာကြမည်ကို စောင့်ကြည်သူတစ်ဦး ဖြစ်လို၏။

[36] ထို့နောက် (ထိုသံတမန်တို့သည် တမန်တော်) စုလိုင်မာန်ထံသို့ ရောက်လာသောအခါ သူက “အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်အား (တမန်တော်ရာထူး ဩဇာအာဏာ ဥစ္စာဓနကြွယ်ဝမှုစည်ဖြင့် အလျှံပယ်ပေးအပ်ထားတော်မူပြီး) သင်တို့ကို ချီးမြှင့်ထားတော်မူသည့်အရာများထက် အကောင်းမြတ်ဆုံးကို ချီးမြှင့်ထားပါလျက် သင်တို့က (မဖြစ်စလောက်သော) လက်ဆောင်ပစ္စည်းဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကူညီလိုကြသလော။ အမှန်မှာ လက်ဆောင်ပဏ္ဏာဖြင့် (လောကီကို မက်မောနေသော) သင်တို့သည်သာ ပျော်ရွှင်မြူးထူးဖြစ်နိုင်၏။

[37] သင်သည် (သင်တို့အား စေလွှတ်သည့်) သူတို့ထံ (သူတို့၏ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံ မအပ်နှံလျှင် ကြုံတွေ့ရမည့် အကျိုးဆက်အကြောင်း သတင်းပေးရန်) ပြန်သွားလော့။ ထို့နောက် ဧကန်ပင်၊ ကျွန်ုပ်တို့သည် သူတို့ထံသို့ သူတို့ ယှဉ်ပြိုင်ခုခံနိုင်စွမ်းမရှိသော စစ်တပ်နှင့်အတူ ရောက်လာပြီး သူတို့ကို ဧကန်မုချပင်၊ ထို (မြို့ရွာဒေသများ) မှ နှင်ထုတ်ရလမ့်မည်ဖြစ်ရာ သူတို့သည် ဂုဏ်သရေပျက်ပြား သေးသိမ်လျက် အရှက်ကွဲသူများ ဖြစ်သွားကြပေမည်။

[38] (တမန်တော်) စုလိုင်မာန်က “အို၊ မှူးမတ်အကြံပေးအကြီးအကဲအပေါင်းတို့။ သူတို့သည် ကျွန်ုပ်ထံသို့ (သူတို့၏ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော အမိန့်နာခံသူ) မွတ်စလင်များ အဖြစ် ရောက်မလာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ကျွန်ုပ်ထံ ယူလာနိုင်မည် နည်း။” ဟု ပြောဆိုမေးမြန်းခဲ့၏။

[39] ဂျင်(န်)တို့အနက်မှ ဉာဏ်နီဉာဏ်နက်များပြီး ခွန်အားဗလကြီးသောသူ တစ်ဦးက ကိုယ်တော်သည် (ကိုယ်တော်စည်းဝေး တိုင်ပင်နေသည့်) နေရာမှ မတ်တတ်မရပ်မီ ကျွန်ုပ်သည် ယင်း (ရာဇပလ္လင်) နှင့်အတူ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းလာခဲ့ပါမည်။ အမှန်သော်ကား ကျွန်ုပ်သည် ဧကန်ပင် ထိုကိစ္စအတွက် အမှန်ပင် ကျွမ်း ကျင်ပြီးစွမ်းရည်စွမ်းပကား ပြည့်စုံသူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်။” ဟု လျှောက်ထားခဲ့လေ၏။

[40] ကျမ်းတော်အသိပညာတတ်ကျွမ်းပြီး (တမန်တော် စုလိုင်မာန်၏) အပါး၌ ရှိနေသူတစ်ဦးက “ကျွန်တော်မျိုးသည် ယင်း (ရာဇပလ္လင်) နှင့်အတူ ကိုယ်တော်၏မျက်စိတစ်မှိတ်အတွင်း၌ပင် ကိုယ်တော်ထံသို့ ဆောင် ကြဉ်းလာခဲ့ပါမည်။” ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် (တမန်တော်) စုလိုင်မာန်သည် ယင်း (ရာဇပလ္လင်) ကို သူ့အပါးတွင် တည်ရှိနေသည်ကို တွေ့မြင်သောအခါ “ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်မှုတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်သည် ကျေးဇူးတင်သလော။ သို့တည်းမဟုတ် ကျေးဇူးကန်းသလော ဟူသည်ကို ကျွန်ုပ်အား စမ်းသပ်တော်မူရန်သာ ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးသိတတ်လျှင် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်း တော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးအတွက်သာ ဖြစ်ပြီး မည်သူမဆို ကျေးဇူး ကန်းလျှင် ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့၍ ကုံလုံပြည့်စုံတော်မူသောအရှင်၊ မြင့်မြတ်၍ အလွန်တရာရက် ရောတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[41] (တမန်တော်) စုလိုင်မာန်က “သင်တို့သည် သူမ၏ရာဇပလ္လင်ကို အသွင်ပြောင်းပေးကြလော့။ ထို့ နောက် သူမသည် တရားလမ်းမှန် ညွှန်ပြခြင်းခံရမည်လော သို့တည်းမဟုတ် တရားလမ်းမှန် ညွှန်ပြခြင်းမခံရသူ များအနက်မှ ဖြစ်မည်လောဟူသည်ကို ကျွန်ုပ်တို့ ရှုမြင်စောင့်ကြည့်ကြပေမည်။” ဟု ပြောကြားခဲ့လေ၏။

[42] ထို့နောက် ထိုဘုရင်မသည် ရောက်ရှိလာသောအခါ (တစ်စုံတစ်ယောက်က) “အသင်မ၏ရာဇပလ္လင် သည် ဤအတိုင်းပင် ဖြစ်ပါသလော။”ဟု မေးမြန်းခြင်းခံခဲ့ရာ၊ သူမက “ဤသည်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤ (ဖြစ်ရပ်) မတိုင်မီကပင် (တမန်တော်စုလိုင်မာန်၏တစ်မူထူးခြားသော ဩဇာအာဏာနှင့်ကြီးကျယ်ခမ်းနားသော အုပ်ချုပ်ရေးအကြောင်းနှင့်စပ်လျဉ်း၍) အသိပေးခြင်းခံကြရပြီး ကျွန်ုပ် တို့သည် (ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ နာခံအပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များ ဖြစ်လို ကြ၏။” ဟု ပြောခဲ့၏။

[43] စင်စစ်သော်ကား သူမသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား (သက်ရှိသက်မဲ့အစရှိသည့်) အရာများအား ယုံကြည်ကိုးကွယ်လေ့ရှိခြင်းသည် သူမအား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ) ချုပ် တည်းတားဆီး ပိတ်ပင်ခြင်း ဖြစ်၏။ ဧကန်ပင်၊ သူမသည် မယုံကြည်သွေဖည်ငြင်းပယ်ကြသော လူမျိုးတို့အနက်မှပင် ဖြစ်ခဲ့၏။

[44] (ထို့နောက်) သူမအား “အသင်မသည် နန်းတော် (၏ဧည့်ခန်းမတွင်း) သို့ ဝင်ရောက်လော့။” ဟု ဖိတ်ခေါ် ကြိုဆိုခြင်းခံရ၍ သူမက ယင်းကို မြင်လေသော်၊ ယင်းကို ရေကန်ဟု ထင်မှတ်၍ သူမ၏ (ဝတ်ရုံကို မလျက်) ခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ တမန်တော်) စုလိုင်မာန်က ဧကန်စင်စစ်၊ ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော နန်းတော် (၏ဧည့်ခန်းမ) ပင် ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ သူမက “အို၊ ကျွန်မအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော် မျိုးမသည် ကျွန်မ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံး ချခြင်းဖြင့် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့၏။ သို့ရာတွင် (ယခုသော်ကား) ကျွန်ုပ်မသည် (တမန်တော်) စုလိုင်မာန်နှင့်အတူ စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အလ္လဟ်အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှုအတွက် အရှင့်) ထံ ကိုယ်စိတ် နှလုံးကို နာခံအပ်နှံလျက် ငြိမ်းချမ်းလိုလားသူအဖြစ် အညံ့ခံပါပြီ။”ဟု လျှောက်ထားလေ၏။

[45] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ဆမူးဒ် လူမျိုးတို့ထံ သူတို့၏နောင်တော် (တမန်တော်) ဆွာလိဟ် အား “အလ္လာဟ်အရှင်မြတ်အား နာခံဆည်းကပ်ကိုးကွယ်ကြရန် (ဟူသော အမိန့်တော်နှင့်တကွ) စေ လွှတ်တော်မူခဲ့၏။ (တမန်တော် ဆွာလိဟ်က အရှင့်သတင်းကောင်းကို လူတို့ထံ ပါးခဲ့ပြီးနောက်) သူတို့သည် အချင်းချင်း ငြင်းခုံလျက် (အရှင်မြတ်၏အမိန့်တော်ကို နာခံလိုက်သူနှင့်ဖီဆန်ငြင်းပယ်သူဟူ၍) ဂိုဏ်းဂဏနှစ်ခုအဖြစ် ကွဲသွားကြ၏။

[46] (တမန်တော်) ဆွာလိဟ်က အို၊ ကျွန်ုပ်၏လူမျိုးတို့။ သင်တို့သည် အဘယ်ကြောင့် (လွတ်ငြိမ်းခွင့်ရမည့်) ကောင်းကျိုးချမ်းသာထက် (ပြစ်ဒဏ်ခံရမည့်) မကောင်းမှုဒုစရိုက်များနှင့်စပ်လျဉ်း၍ အလျင်စလို၊ အ ဆောတလျင် လုပ်လိုကြသနည်း။ သင်တို့သည် ကရုဏာသက်တော်မူခြင်း ခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင် မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်း မပြုကြသနည်း။” ဟု ဟောပြောခဲ့လေ၏။

[47] (တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကြောင့် လည်းကောင်း၊ အသင်နှင့်အတူရှိသော အသင့်အပေါင်းပါတို့ကြောင့်လည်းကောင်း၊ နိမိတ်ဆိုးနှင့်ကြုံ တွေ့နေကြရ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။ (ထိုအခါ တမန်တော်) ဆွာလိဟ်က သင်တို့ နိမိတ်ဆိုး (၏အကြောင်း ရင်း) မှာ အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် ရှိပေသည်။ သို့ရာတွင် အမှန်တရားမှာကား သင်တို့သည် စမ်းသပ်ခြင်းခံကြ ရမည်ဖြစ်သောလူမျိုးပင် ဖြစ်ကြ၏။” ဟု ဟောပြောခဲ့၏။

[48] ထို့ပြင် မြို့တွင်း၌ ဂိုဏ်းခေါင်းဆောင်ကိုးယောက်ရှိကြရာ၊ သူတို့သည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှု များကို ဖြစ်စေ၍ (တိုင်းပြည်စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိပေ။

[49] (တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က“အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ (တမန်တော်) ဆွာလိဟ်အားလည်းကောင်း၊ သူ့မိသားစုအပေါင်းအဖော်တို့အားလည်းကောင်း၊ ညအချိန်တွင် ရုတ်တရက် ဝင်စီး၍ ဧကန်မုချပင်၊ သုတ်သင် သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်း အချင်းချင်း အပြန်အလှန် ကျိန်ဆိုလျက် ပြောဆိုခဲ့ကြလေ၏။ ထို့နောက် သူ့အမွေစားအမွေခံတို့အား “ကျွန်ုပ်တို့သည် သူ့ကို သတ်ဖြတ်ပျက်သုန်းခြင်း နှင့်ပက်သက်၍ မျက်မြင်သက်သေအဖြစ် သက်သေခံကြသည် မဟုတ်ကြောင်း၊ ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများပင် ဖြစ်ကြကြောင်း မုချပင် ပြောဆိုကြလိမ့်မည်။

[50] စင်စစ် သူတို့သည် လျှို့ဝှက်အကြံအစည်တစ်ခုကို ကြံစည်ဖန်တီးခဲ့ကြ၏။ ထိုနည်းတူစွာ ငါအရှင်မြတ် သည်လည်း (အရှင့်ဆန္ဒတော်၏စည်းမျဉ်တော်နှင့်အညီ သိမ်မွေ့ပါးနပ်သော) အကြံအစည်တစ်ခုကို ကြံ စည်တော်မူကြောင်းကို သူတို့ သတိမမူ မသိနားမလည်နိုင်ကြပေ။

[51] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် သူတို့အကြံအစည်၏နောက်ဆုံး နိဂုံးဇာတ်သိမ်းပိုင်း (အကျိုးဆက်) မှာ မည်သို့မည်ပုံ ဖြစ်ခဲ့သည်ကို ရှုမြင်စောင့်ကြည့်လော့။ ဧကန်မုချ၊ ငါအရှင်မြတ်သည် သူတို့နှင့်သူတို့၏လူမျိုးအားလုံးကိုပင် ဖျက်ဆီးစေတော်မူခဲ့၏။

[52] သို့ဖြစ်ပေရာ ဤသည် အရှင့်အမိန့်တော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံမှုကြောင့် သူတို့၏နေအိမ်များ ဖျက်ဆီးစေသည့် အကြောင်းရင်းပင် ဖြစ်၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ဆင်ခြင်တုံတရားကိုသုံး၍ သိနားလည်ကြသော လူမျိုးအတွက် ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေ လက္ခဏာတစ်ရပ်ရှိ၏။

[53] ထို့ပြင် ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး အရှင်မြတ်အား စို့ရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များကို လိုက်ကျင့်သုံးကြသောသူတို့အား ကယ်တင်တော်မူခဲ့၏။

[54] (တစ်ဖန် ငါအရှင်မြတ်သည် တမန်တော် လူးသ်အား တမန်တော်အဖြစ် စေလွှတ်တော်မူ၍ တမန်တော်) လူးသ်က သူ့လူမျိုးတို့အား “သင်တို့သည် (အချင်းချင်း၏ဖွဲ့စည်းပုံနှင့်သဘောသဘာဝကို) သိမြင်ကြလျက် စက်ဆုပ်ဖွယ်ရာ မဖွယ်မရာမှု (မကြားဝံ့မနာသာမူ) ကို ကျူးလွန်ကြလေသလော။” ဟု ဟောပြောခဲ့စဉ်။

[55] သင်တို့သည် အမျိုးသမီးတို့အား စွန့်၍ (သူမတို့အစား) အမျိုးသားများထံ တဏှာရာဂ တပ်မက်မှုဖြင့် အဘယ်ကြောင့် ချဉ်းကပ်ကြနည်း။ စင်စစ်မှာကား သင်တို့သည် (အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားမသိမြင်နိုင်ဘဲ အသိတရားခေါင်းပါးသော ယဉ်ကျေးမှုမဲ့) ပညာမဲ့လူမျိုးများပင် ဖြစ်ကြ၏။

[56] သို့ရာတွင် (တမန်တော်) လူးသ်၏လူမျိုးတို့က တုံ့ပြန်ဖြေကြားခဲ့သည်မှာ “(တမန်တော်လူးသ်အပါ အဝင်) သူ့မိသားစုအပေါင်းအဖော်များကို သင်တို့၏မြို့ရွာဒေသများမှ နှင်ထုတ်ကြလော့။ ဧကန်မလွဲ၊ သူတို့ သည် (ညစ်ညမ်းမှုအပေါင်းမှ ကင်းရှင်း၍) သန့်စင်လိုသော လူသားများ ဖြစ်ကြ၏။” ဟု ပြောဆိုကြခြင်းမှအပ (အခြား တုံ့ပြန်မှု) မရှိခဲ့ပေ။

[57] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် ပါဝင်စေတော်မူရန် သတ်မှတ် ပြဌာန်းပြီးဖြစ်သော သူ့အမျိုးသမီးမှအပ တမန်တော်လူးသ်အားလည်းကောင်း၊ သူ့မိသားစုအပေါင်းအဖော် တို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့၏။

[58] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကြီးတစ်မျိုး (ဖျက်ဆီးစေသောခဲမိုး) ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့အပေါ်တွင် (ရွာသွန်းစေသော) ထိုမိုးမှာ အလွန်ပင် ယုတ်ညံ့ဆိုး ရွားလှပေစွ။

[59] (အို၊ ရစူလ်တမန်တော် သူတို့အား) “ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှတို့သည် အလ္လာဟ်အရှင် မြတ်နှင့်သာ ထိုက်တန်တော်မူပြီး ငြိမ်းချမ်းသာယာမှုသည် (သန့်စင်စေတော်မူရန်) ထိုအရှင်မြတ်က ရွေး ချယ်တော်မူခဲ့သော အစေခံများအပေါ်၌ သက်ရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်သည် သာပို၍ မြင့်မြတ်တော်မူ သလော။ သို့တည်းမဟုတ် (အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ရုပ်ပွားဆင်းတုများကို ဖန်တီးလျက်) သူတို့က အယူထား ကိုးကွယ်ကြသော ကိုးကွယ်ရာများသည် (သာ၍ မြင့်မြတ်ကြသလော။)

[60] သို့တည်းမဟုတ် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ကောင်းကင်ယံမှ (မိုး) ရေကို သင်တို့အတွက် သွန်းချစေတော်မူသည့်အပြင် ထိုရေကြောင့် (သစ်ပင်ပေါက်ပင်မျိုးစုံကိုလည်း) ပေါက်ပွားဖြစ်ထွန်းစေတော်မူလျက် စိမ်းလန်းစိုပြေသော သာယာလှပမှုပိုင်ဆိုင်ထားသည့် ဥယျာဉ်ခြံများ ဖြစ် ထွန်းစေတော်မူသူမှာ မည်သူနည်း။ (သက်ရှိသက်မဲ့အပါအဝင်) သင်တို့၌မူကား ယင်း (ဥယျာဉ်ခြံများ) ၌ သစ်ပင် များကို ပေါက်ရောက်စေနိုင်သော စွမ်းရည် မရှိပေ။ အလ္လာဟ်အရှင်မြတ်နှင့် အတူ (အခြား) ဆည်းကပ်ကိုး ကွယ်ရာ ဟူ၍ ရှိသေးသလော။ စင်စစ်မှာကား (သူတို့သည် ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်နှင့်ဖွဲ့ စည်းဖြစ်တည်စေခြင်းခံရသူတို့ကို ဂုဏ်ရည်တူဟု မှတ်ယူ၍) အမှန်တရားမှ သွေဖည်သွားသော လူမျိုးပင် ဖြစ်ကြ၏။

[61] သို့တည်းမဟုတ် မြေကမ္ဘာကို အခြေချ မှီတင်းနေထိုင်စရာ ဖြစ်စေ၍ ယင်း၌ ဖြတ်သန်းစီးဆင်းသည့် မြစ်ချောင်းများကို ဖြစ်ပေါ်စေရုံသာမက ယင်းကို (ထိန်းချုပ်စေရန်) အတွက် ခိုင်မာသောတောင်းများကိုလည်း ဖြစ်ထွန်းစေတော်မူသည့်အပြင် ပင်လယ်နှစ်ခုကြားတွင်လည် (ရေချိုနှင့်ရေငန်ကို မမြင်ရသော အကာအရံဖြင့် ပိုင်းခြားကန့်သတ်၍) စည်းခြားစေသော အတားအဆီးတစ်ခု ဖြစ်ပေါ်စေတော်မူသော အရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိသေးသလော။ စင်စစ်မှာကား သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။

[62] ခိုကိုးရာမဲ့လျက် စိတ်သောက (ဆင်းရဲဒုက္ခ) ရောက်နေသူက ထိုအရှင်အား ဟစ်ခေါ်ဆုတောင်းသည့် အခါ သူတို့ကို တုံ့ပြန်ဖြေကြားတော်မူသောအရှင် သူ၏အခက်အခဲဘေးဒုက္ခအန္တရာယ်ကို ဖယ်ရှားတော်မူပြီး သင်တို့ကို (အရှင့်ဂုဏ်တော်နာမတော်များအား ထင်ရှားစေသည့်) မြေကမ္ဘာ၏ကိုယ်စားလှယ်များအဖြစ် (ဂုဏ်သိက္ခာပေး အပ်၍) ဖြစ်စေတော်မူသောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိသေးသလော။ သင်တို့အနက် လူနည်းစုသည်သာ အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟကြ၏။

[63] သင်တို့အား ကုန်းမြေနှင့်ပင်လယ်သမုဒ္ဒရာများ၏အမှောင်ထုများ၌ လမ်းမှန် ညွှန်ပြတော်မူသောအရှင် နှင့်အရှင်မြတ်ထံတော်မှဖြစ်သော ကရုဏာတော် (မိုးရေ) မတိုင်မီ ထိုကရုဏာ၏ရှေ့ပြေး ဝမ်းမြောက်ဖွယ် ရာ သတင်းကောင်းကို သယ်ဆောင်လာသော လေအား စေလွှတ်တော်မူသောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အ ရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိသေးသလော။ အလ္လာဟ်အ ရှင်မြတ်သည်ကား သူတို့ (ကိုယ်တိုင်ကြံစည်ဖန်တီး၍ အရှင်မြတ်နှင့်) တွဲ့ဖက်နှိုင်းယှဉ်ကိုးကွယ်ကြ သည်များထက် (အတိုင်းမရှိ) မြင့်မြတ် တော်မူဘိသတည်း။

[64] ဖြစ်တည်စေခြင်းခံရသော သက်ရှိသက်မဲ့အရာခပ်သိမ်းတို့ကို (ပထမဆုံးအကြိမ် ယင်းတို့၏မူလဘူတကို) စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် ယင်းတို့ကို ထပ်မံ၍ အထပ်ထပ်အဖန်ဖန် ဖြစ်တည်စေတော်မူသော အရှင် မိုးကောင်းကင်နှင့်မြေကမ္ဘာမှ သင်တို့အတွက် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ ဖြည့်ဆည်းပေးတော်မူ သောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိသေးသလော။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီ များဖြစ်ကြလျှင် (သင်တို့အယူ ထား ကိုးကွယ်ဆည်းကပ်နေကြသော ရုပ်ပွားဆင်းတု အပါအဝင် ကိုးကွယ်ရာများနှင့်စပ်လျဉ်း၍) သင်တို့၏သက် သေအထောက်အထားများကို ယူဆောင်တင်ပြကြလော့။

[65] အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ်မှအပ မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသူတို့အနက် မည်သူတစ်ဦးတစ်ယောက်မျှပင် မသိသည့်အပြင် သူတို့သည် (ကွယ်လွန်သေဆုံးသွားပြီးနောက်) မည်သည့် အချိန်အခါ၌ ရှင်ပြန်ထစေခြင်းခံကြရမည်ကိုလည်း သတိမမူ မသိနားမလည် နိုင်ကြပေ။

[66] စင်စစ်မှာကား (သူတို့သည် လောကီဘဝအတွက် အဓိကထား၍ လေ့လာဆည်းဖူးခြင်းဖြင့်) သူတို့၏ အသိပညာမှာ တမလွန်ဘဝနှင့်စပ်လျဉ်း၍ အမိအရ သိနိုင်စွမ်းမရှိပေ။ အမှန်စင်စစ် သူတို့သည် ယင်း (တမ လွန်ဘဝနှင့်) စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြ၏။ ထိုထက်အတိအကျပြောရလျှင် သူတို့သည် ယင်း (တမလွန် ဘဝ၏အသိပညာနှင့်) စပ်လျဉ်း၍ မျက်စိကန်းနေသူများပင် ဖြစ်ကြ၏။

[67] စင်စစ် မယုံကြည်သွေဖည်ငြင်းပယ်ခဲ့ကြသောသူတို့က “ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် (ကွယ်လွန်သေဆုံးပြီးနောက်) မြေမှုန့်ဖြစ်သွားကြသည့်အခါ ကျွန်ုပ်တို့အား (သင်္ချိုင်းတွင်းမှ ဘဝအသစ်ဖြင့်) ပြန်လည်ထွက်စေခြင်းကို ခံကြရဦးမည်လော။

[68] ဧကန်မလွဲ၊ ယခင်ကလည်း ဤသည်ကို ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား (သတိပေး ဆုံးမ၍ အရှင့်အမိန့်တော်နှင့်အညီ နာခံလိုက်နာသူတို့အတွက် သုခဥယျာဉ်ရှိကြောင်း) ကတိပေးထားတော်မူခြင်းခံခဲ့ကြရလေ၏။ သို့သော် ဤသည် လွန်လေပြီးသော ရှေးခေတ်လူတို့၏ (အခြေအမြစ်မရှိသော) ဒဏ္ဍာရီ ပုံပြင်များသာ ဖြစ်ကြ၏။

[69] (အို၊ ရစူလ်တမန်တော် သူတို့အား၊) ကမ္ဘာဂြိုဟ်၌ လှည့်ပတ်၍ ခရီးသွားလာပြီးနောက် (အမှန်တရားကို မဟုတ်မတရားစွပ်စွဲလှောင်ပြောင်လျက်) ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော သူတို့၏ဘဝနိဂုံးများမှာ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ်နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့။” ဟု ဟောပြောလော့။

[70] ထို့ပြင် အသင်သည် (မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏သဘောထားကြောင့်) သူတို့အတွက် ဝမ်းနည်းပက်လက် မဖြစ်သည့်အပြင် သူတို့ကြံစည်ဖန်တီးသော စီမံမှုများကြောင့်လည်း စိတ် ဆင်းရဲမှု မခံစားလေနှင့်။

[71] ထို့ပြင် သူတို့က ''အကယ်၍ အသင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုသောသစ္စာဝါဒီများ ဖြစ်ကြလျှင် ဤကတိတော်သည် မည်သည့်အခါ၌ ပြီးမြောက်မည်နည်း။'' ဟု မေးမြန်းကြ၏။

[72] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့ အလျင်စလို။ အဆောတလျင် ရောက်စေလိုကြသောပြစ်ဒဏ် တစ်စိတ်တစ်ဒေသသည် သင်တို့အတွက် သင်တို့၏နောက်မှပင် (ထပ်ကြပ်မကွာ) လိုက်လာကောင်း လိုက်လာနိုင်၏။” ဟု ဟောပြောလော့။

[73] မုချဧကန်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူသားတို့အပေါ် အရှင့် (မြေပေါ် မြေအောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်နိယာမတရားနှင့်လမ်းညွှန်များစသော) ရက်ရောပြည့်စုံသော ကျေးဇူးတော်ကို ချီးမြှင့်ပေးအပ်တော်မူသော်လည်း သူတို့အနက် အများစုမှာ ကျေးဇူးမသိ တတ်ကြချေ။

[74] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူတို့၏ရင်များက ထိန်ချန်လျှို့ဝှက်ထားကြသည်တို့ကိုလည်းကောင်း၊ လူသိရှင်ကြား ထုတ်ဖော်ကြသည်တို့ကိုလည်းကောင်း၊ အမှန်ပင် သိရှိတော်မူ၏။

[75] စင်စစ်သော်ကား ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားခြင်းမှအပ မိုးကောင်းကင်နှင့်မြေကမ္ဘာ၌ မည်သည့် ဖုံးကွယ်လျှို့ဝှက်ချက်မျှ မရှိချေ။

[76] ဧကန်မလွဲ၊ ဤကုရ်အာန်ကျမ်းမြတ်သည် အစ္စရေးမျိုးနွယ်ဝင်များနှင့်ပတ်သက်၍ သူတို့သဘောထား ကွဲလွဲနေကြသော ကိစ္စများအနက်မှ များစွာသော အကြောင်းအရာများကို ရှင်းလင်းတင်ပြစေ၏။

[77] ထို့ပြင် ဧကန်ပင်၊ ထို (ကုရ်အာန်ကျမ်းမြတ်) သည် သက်ဝင်ယုံကြည်သူတို့အတွက် တရားလမ်းညွှန်တော်နှင့်ကရုဏာတော် မုချပင် ဖြစ်၏။

[78] (ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်း ကြား တွင် သဘောထားကွဲလွဲနေခဲ့မှုများ ကောင်းမှုပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးတော်မူရန်) အပြီးသတ် စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသ ကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအ ရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။

[79] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံကိုး စားလော့။ ဧကန်မလွဲ၊ အသင်သည် ထင်ရှားစွာသော အမှန်တရားသစ္စာပေါ်၌ပင် ရပ်တည်နေ၏။

[80] ဧကန်စင်စစ်၊ အသင် (တမန်တော်) သည် (နာမ်ရေးရာချုပ်ငြိမ်းနေသော) သူသေတို့အား ကြားနာစေနိုင် သည် မဟုတ်သည့်အပြင် (အမှန်တရားသစ္စာကို) ကျောခိုင်း၍ လှည့်ပြန်လိုကြသော နားပင်းသူတို့အားလည်း သင်၏ဖိတ်ခေါ်သံကို ကြားစေနိုင်မည် မဟုတ်ပေ။

[81] ထို့ပြင် အသင်သည် (အမှန်တရားကို မမြင်လိုကြသော) မျက်စိကန်းနေသူတို့အားလည်း သူတို့၏လမ်း လွဲမှုမှ (တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းမှန် ညွှန်ပြနိုင်သူ မဟုတ်ဘဲ မည်သူမဆို ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ယုံကြည် (၍ ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံ နာခံအပ်နှံ) မှသာလျှင် သူတို့သည် မွတ်စလင်များ ဖြစ်ကြမည်။

[82] စင်စစ်သော်ကား (နာမ်ရေးရာတွင် နားပင်းသူနှင့်မျက်စိကန်းနေသူများဖြစ်ကြသော သူတို့ကို ပြစ်ဒဏ် ပေးရန်) စကားတော်အား ပြည့်မီစေတော်မူမည့်သတ်မှတ်ချိန် ရောက်လာသောအခါ သူတို့အတွက် သူတို့နှင့်ဆန့်ကျင်၍ မြေကမ္ဘာမှ သက်ရှိသတ္တဝါတစ်မျိုး ပေါ်ထွက်စေတော်မူလျှက် “လူသားသည် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အသေအချာ ယုံကြည်ကြသည် မဟုတ်ပေ။” ဟု သူတို့အား ပြောဆိုကြလိမ့်မည်။

[83] ထို့ပြင် ထို (ရှင်ပြန်ထမည့်) နေ့တွင် ငါအရှင်မြတ်သည် လူ့ဘောင်အသိုင်းအဝိုင်း အသီးသီးတို့အနက် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ကြသောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်ဖြစ်ရာ သူတို့သည် စီတန်း၍ရပ်စေခြင်းကို ခံကြရပေမည်။

[84] နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်၏ရှေ့တော်မှောက်သို့) ရောက်ရှိလာကြသောအခါ ထိုအရှင် မြတ်က သူတို့အား “သင်တို့သည် ငါအရှင်မြတ်၏အာယသ်သက်သေ လက္ခဏာတော်များနှင့်စပ်လျဉ်း၍ ခြုံငုံသော အသိတရားဖြင့် နားလည်ရည်အပြည့်အဝ မရှိဘဲ ယင်းတို့ကို မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်း ပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် သင်တို့သည် မည်သည်တို့ကို ပြုမူကျင့် ကြံလျက်ရှိခဲ့ကြသနည်း။” ဟု မိန့်ကြားတော်မူမည်။

[85] ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ ခြင်းကြောင့် (ပြစ်ဒဏ်ပေးရန်) စကားတော်အား ပြည့်မီစေတော်မူမည့်သတ်မှတ်ချိန် ရောက်လာ၍ သူတို့အပေါ်၌ အတည်ဖြစ်စေတော်မူရာ၊ သူတို့သည် (အရှင်မြတ်နှင့်) စကားပြောဆိုနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။

[86] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ညကို ယင်း၌ အနားယူကြရန်အလို့ငှာ လည်းကောင်း၊ နေ့ကို (ဝမ်းစာရှာ ရန်အတွက်) မြင်နိုင်စွမ်းပေးသောအရာ အဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသည်ကို သူတို့သည် မတွေ့၊ မမြင်၊ မသုံးသပ် ကြလေသလော။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ (ဖြူစင်စွာ) သက်ဝင်ယုံကြည်ကြသော လူမျိုးအတွက် ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတစ်ရပ်ရှိ၏။

[87] ထို့ပြင် တံပိုးခရာ၌ မှုတ်ပေးခြင်းခံရသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်း နှင့်အညီ အလိုရှိတော်မူသောသူမှအပ မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသူတို့ကို တုန်လှုပ်ချောက် ချားစေတော်မူလိမ့်မည်။ ထို့ပြင် အားလုံးကိုယ်စီကိုယ်ငသည် (အရှင်မြတ်၏ရှေ့တော်မှောက်သို့) ကျွိုးနွံစွာ ရောက်ရှိလာကြလိမ့်မည်။

[88] မြဲမြံခိုင်ခန့်သည်ဟု ထင်ရသော တောင်များသည် အမှန်အားဖြင့် (တသမတ်တည်းလှုပ်ရှားနေပြီး) မိုးတိမ်များလွင့်ပါးသကဲ့သို့ပင် (ကမ္ဘာဂြိုဟ်၏လှည့်ပတ်လှုပ်ရှားမှုနှင့်အတူ) လွင့်ပါးသွားသည်ကို အသင် (တ မန်တော်) တွေ့မြင်ရမည်။ (ကမ္ဘာပျက်မည့်နေ့တွင် ယင်းတောင်များသည် တစ်စီစီ လွင့်ပါးသွားမည်) အရာခပ်သိမ်း တို့ကို ပြီးပြည့်စုံသော အရည်အသွေးများဖြင့် ခိုင်ခံ့အောင်ပြုလုပ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လက်ရာတော်များပင် ဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူကျင့် ကြံသမျှတို့ကို (အသေးစိတ် သတင်းရတော်မူလျက်) သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[89] (တမလွန် တရားစီရင်မည့်နေ့တွင် ပြစ်မှုသန့်ရှင်းသော သက်ဝင်ယုံကြည်သူ) မည်သူမဆို ကောင်းမှုနှင့် တကွ လာခဲ့ပါမူ ထိုသူအတွက် ထိုကောင်းမှုထက် မြတ်သော အကျိုးဆုလဒ်ရှိသည့်အပြင် သူတို့သည် ထိုတုန်လှုပ်ချောက်ချားရမည့်နေ့တွင် (ထိတ်လန့်ခြင်းမှကင်းလွတ်၍) ဘေးကင်းလုံခြုံသူများပင် ဖြစ်ကြပေမည်။

[90] သို့ရာတွင် (တမလွန် တရားစီရင်မည့်နေ့တွင် လောကီဘဝ၌ အမှန်တရားကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ ကြသူ) မည်သူမဆို ဒုစရိုက်အကုသိုလ်နှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာဇောက်ထိုးမှောက်စေလျက် (ငရဲ) မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်) သင်တို့သည် သင်တို့ပြုမူကျင့် ကြံသမျှနှင့်အညီ (အကျိုးဆုလဒ်များကို) အစားပေးခြင်းခံကြရမည်သာလျှင် ဖြစ်သည် မဟုတ်လော့။

[91] အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား “ကျွန်ုပ်သည် ဤ (မက္ကာ) မြို့တော်အား (ဘေးမဲ့ ဖြစ်စေလျက်) အထူးမြတ်​ဆုံးမြို့တော်ဖြစ်စေတော်မူရုံသာမက အရာခပ်သိမ်းတို့ကိုလည်း ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်ကို နာခံကိုးကွယ်ရန်သာလျှင် အမိန့်ပေး ညွှန်ကြားတော်မူခြင်းခံရ၏။ ထို့ပြင် ကျွန်ုပ်၏ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံ နာခံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော မွတ်စလင်များတွင် အပါအဝင်ဖြစ်ရန်လည်း အမိန့်ပေးညွှန်ကြားတော်မူခြင်းခံရ၏။

[92] ထို့ပြင် ကျွန်ုပ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို (အသင်တို့အား အမှန်တရားလမ်းစဉ်သို့ ဖိတ်ခေါ် ရာတွင်) ဖတ်ကြားရန် (လည်း အမိန့်ပေး ညွှန်ကြားတော်မူခြင်းခံရ၏)။ သို့ဖြစ်ပေရာ မည်သူမဆို တရား လမ်းမှန် ကို နာခံလိုက်နာရန် ရွေးချယ်လျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက်သာ လျှင် တရားလမ်းမှန်ကို ရွေးချယ်လိုက်နာခြင်း ဖြစ်၏။ သို့ရာတွင် မည်သူမဆို လမ်း မှန်မှ သွေဖည်လျက် လမ်းမှားရောက်နေလျှင် ကျွန်ုပ်သည် သတိပေးနှိုးဆော်သူတို့အနက်မှ တစ်ဦးသာလျှင် ဖြစ်၏။” ဟုလည်း ဟောပြောလော့။

[93] ထို့ပြင် (အို၊ ရစူလ်တမန်တော် သူတို့အား) “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (အရာခပ် သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောကြောင့်) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်ပြီး ထိုအရှင်မြတ်သည် သင်တို့အား မကြာမီပင် အရှင့် အာယသ်သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်ဖြစ်ရာ (အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသမျှသည် အမှန်တရားဖြစ်ကြောင်းကို) သင်တို့သည် (အသိအမှတ်ပြုလက်ခံရသည်အထိ) သိကြပေလိမ့်မည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှ ကို သတိမမူ၊ မေ့လျော့ထားသည် မဟုတ်ပေ။

ပုံပြင်များ

Surah 28

[1] တွာ၊ စီန်၊ မီမ်။

[2] ဤသည် ယင်းကိုယ်တိုင် ထင်ရှားရှင်းလင်းပြီး ထင်ရှားသော ရှင်းလင်းချက်များ ဖော်ပြပါရှိသည့် ကျမ်းတော်မြတ်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။

[3] ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် တမန်တော်မူဆာနှင့်ဖာရိုမင်း ဆက်တို့ ကြားဖြစ်ပျက်ခဲ့သမျှ (စံနမူနာယူဖွယ်ရာ သမိုင်းကြောင်း) သတင်းအချက်များအနက်မှ (အချို့ကို) အ သင်တမန်တော်ထံသို့ အမှန်တရားသစ္စာနှင့်တကွ ဖတ်ကြားစေတော်မူ၏။

[4] ဧကန်မလွဲ၊ ဖာရိုမင်းသည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ (အထွတ်အထိပ်ဘွဲ့ခံယူလျက်) လွန်စွာ မောက်မာသော နိုင်လိုမင်းထက်ပြုမူသူဖြစ်ပြီး ယင်း (တိုင်းပြည်) ၏ပြည်သူများကို လူတန်းစား အမျိုးမျိုးအဖြစ် ခွဲခြား၍ သူတို့အနက်မှ အုပ်စုတစ်ခုကို ညှင်းပန်းနှိပ်စက်လျက် သူတို့၏သားယောကျ်ားများကို သတ်ဖြတ် သုတ်သင်ကာ သမီးမိန်းကလေးများကို (နှိမ့်ချဖိနှိပ်ရန်) ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့၏။ ဧကန်ပင်၊ ဖာရိုမင်းသည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ပျံ့နှံ့စေသူများအနက်မှပင် ဖြစ်၏။

[5] သို့ရာတွင် ငါအရှင်မြတ်သည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ နှိမ့်ချဖိနှိပ်၍ ညှင်းပန်းနှိပ်စက်မှုခံခဲ့ကြ ရသူတို့အား မျက်နှာသာပေး၍ ဂုဏ်ပေးတော်မူရန် အလိုရှိတော်မူရာ သူတို့အတွက် (တရားလမ်းမှန် ညွှန် ပြနိုင်မည့်) စံပြရှေ့ဆောင်ခေါင်းများ ပေါ်ပေါက်စေတော်မူရုံသာမက သူတို့အား (ဖာရိုမင်းဆက်တို့ ကြီးစိုးရာ တိုင်းပြည်၏အုပ်ချုပ်ဆိုင်ရာ) အမွေစားအမွေခံများ ဖြစ်စေတော်မူ၏။

[6] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အချုပ်အခြာအာဏာထူ ထောင်ခွင့်ပေးတော်မူပြီး ဖာရိုမင်းနှင့်ဟာမာန်တို့ကိုလည်းကောင်း၊ သူတို့နှစ်ဦး၏စစ်တပ်တို့ကိုလည်း ကောင်း၊ ကြောက်ရွံ့ကြစေရန် (ညှင်းပန်းနှိပ်စက်ခြင်းခံကြရသော) သူတို့အနက်မှ (အစ္စရေးမျိုးနွယ်ဝင်တို့၏အန္တရာယ်ပြုမည့် ခြိမ်းခြောက်မှုအတွေ့အကြုံများကို) ပြသတော်မူ၏။

[7] တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်မူဆာ၏မိခင်အား “(မည်သည့်စိုးရိမ်ပူပင်မှုမျှ မရှိဘဲ အတိုင်းအတာတစ်ခုအထိ) သားအား နို့ချိုရည်တိုက်ကျွေးလော့။ သို့သော် အကယ်၍ အသင်မသည် သူနှင့်ပက်သက် ၍ စိုးရိမ်ပူပင်လျှင် သူ့ကို မြစ်ထဲသို့ပစ်ချလော့။ (ထိုသို့ပြုလုပ်ခြင်း၌) အသင်မသည် စိုးရိမ်ပူပင်ခြင်း မရှိလေနှင့်။ ဝမ်းနည်းကြေကွဲခြင်းလည်း မရှိလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့အား အသင်မထံ ပြန်လည်ရောက်စေတော်မူပြီး သူ့ကို ရစူလ်တမန်တော်သတင်းဆောင်များတွင် အပါအဝင် ဖြစ်စေတော်မူမည်။"" ဟု (သူမ၏ စိတ်နှလုံးထဲသို့ အရှင့်အမိန့်တော်အား) စေ့ဆော်ပေါ်လာစေတော်မူခဲ့၏။

[8] ထို့နောက် ဖာရိုမင်း၏မိသားစုသည် (နောင်တစ်ချိန်တွင် တမန်တော်မူဆာအဖြစ်ရောက်လာ၍) သူတို့အတွက် အတိုက်အခံတစ်ဦးနှင့်ဝမ်းနည်းပူဆွေးမည့်အကြောင်းရင်းတစ်ခု ဖြစ်လာရန်အလို့ငှာ သူ့ကို ကောက်ယူခဲ့ကြ၏။ ဧကန်ပင်၊ ဖာရိုမင်းနှင့်ဟာမာန်တို့သည်လည်းကောင်း၊ သူတို့နှစ်ဦး၏စစ်တပ်တို့သည် လည်းကောင်း (လူတို့အား အထူးသဖြင့် အစ္စရေးမျိုးနွယ်ဝင်တို့အား ညှင်းပန်းနှိပ်စက်၍) ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြ၏။

[9] ထို့ပြင် ဖာရိုမင်း၏အမျိုးသမီးက (ဖာရိုအား) “ကျွန်မအတွက်လည်းကောင်း၊ အသင့်အတွက်လည်း ကောင်း၊ (ဤကလေးသည် ကျွန်မတို့အား ပျော်ရွှင်မြူးထူးစေမည့် အကြောင်းရင်း ဖြစ်၍) မျက်စိအေးမြကြည်နူးစေမည်။ ကျွန်မတို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်မတို့သည် သူ့အား သားတစ်ဦးအဖြစ် မွေးစားထားကြမည်။” ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား သူတို့သည် (အရှင်မြတ်က မည်သို့သော အကျိုးဆက်နှင့်ကြုံတွေ့စေတော်မူရန် စီစဉ်ထားတော်မူသည်ကို) မသိကြချေ။

[10] ထို့ပြင် တမန်တော်မူဆာ့မိခင်၏စိတ်နှလုံးသည် ဟာတာတာဖြစ်လာခဲ့ရာ အကယ်၍ ငါအရှင်မြတ်သည် သူမအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေလျက် သူမ၏နှလုံးသားကို ခိုင်မြဲစေတော်မမူခဲ့လျှင် သူမသည် သူနှင့်ပတ်သက် (အရှင်မြတ်က သူ့ကို သူမထံ ပြန်လည်ရောက်စေတော်မူမည်ဟူသော မျှော်လင့်ချက်ဖြင့် သူ့အ ကြောင်းအသေးစိတ်ကို) ထုတ်ဖော်ပြောဆိုအံ့ ဆဲဆဲပင် ဖြစ်သွားလေ၏။

[11] ထို့ပြင် (တမန်တော်မူဆာ၏မိခင်ဖြစ်သော) သူမက သူ့အစ်မအား သူ့နောက်သို့ လိုက်သွားရန် ​ပြောဆိုခဲ့ ရာ သူမသည် သူ့ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သော်လည်း (ဖာရို၏မိသားစုများ ဖြစ်ကြသော) သူတို့က သတိမမူ မိကြချေ။

[12] စင်စစ် ငါအရှင်မြတ်သည် မူလကပင် သူ့အတွက် နို့ထိန်းသည်တို့၏နို့ရည်ကို တားမြစ်ထားတော်မူသော ကြောင့် သူသည် သူတို့ခေါ်လာသမျှ နို့ထန်းသည်များမှ နို့စို့ရန် ငြင်းခဲ့လေရာ သူ့အစ်မက “ကျွန်မသည် သူ့ကို ပြုစုစောင့်ရှောက်မည့်အပြင် သူတို့က (သူ့ကောင်းကျိုးကို စိတ်ရင်းစေတနာဖြူစင်စွာ လိုလားလျက်) သူ့အား ဂရုစိုက်ကြမည့် မိသားစုကို သင်တို့အား ညွှန်ပြရပါမည်လော။” ဟု မေးမြန်းခဲ့လေ၏။

[13] ထို့သို့ဖြင့် သူမ၏မျက်စိ အေးမြကြည်နူးစေရန်လည်းကောင်း၊ စိုးရိမ်ပူပင်ခြင်း မရှိစေရန်လည်းကောင်း၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားသစ္စာဖြစ်ကြောင်းကို သိနားလည်စေရန်လည်းကောင်း၊ ငါအရှင်မြတ်သည် သူ့ကို သူ့မိခင်ထံ ပြန်လည်အပ်ပေးတော်မူခဲ့၏။ သို့ရာတွင် သူတို့အနက် များစွာသောသူတို့သည် (ထိုဖြစ်ရပ်အမှန်ကို) မသိကြပေ။

[14] တစ်ဖန် (တမန်တော်) မူဆာသည် လူလားမြောက်သောအရွယ်သို့ရောက်၍ (အသိဉာဏ်) ရင့်သန်လာ သောအခါ၊ ငါအရှင်မြတ်သည် သူ့အား (ပြတ်သားစွာ စီရင်ဆုံးဖြတ်နိုင်မည့်) ဉာဏ်အမြော်အမြင်နှင့်အသိ ပညာကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသော) သူတော်ကောင်းတို့အား ထိုနည်းအတိုင်းပင် ဆုလဒ်များ ပေးတော်မူ၏။

[15] ထို့ပြင် (တမန်တော်) မူဆာသည် (တစ်နေ့တွင် သူနေထိုင်ရာ နန်းတော်မှ ထွက်၍) မြို့တွင်းသို့ ထိုမြို့သူ မြို့သားတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်တွင် ဝင်ရောက်ခဲ့ရာ မြို့တွင်း၌ ဤသည် သူ့ (မျိုးနွယ်ဖြစ်သော အစ္စ ရေး) အုပ်စုမှဖြစ်ပြီး ဤသည် သူ့ရန်သူအုပ်စုမှ ဖြစ်ကြောင်းကို သိသာနေသော ပုဂ္ဂိုလ်နှစ်ဦး စကားများရန်ဖြစ် နေကြသည်ကို တွေ့ရှိလေ၏။ ထိုစဉ် (သူတို့နှစ်ဦးအနက်) သူ့အုပ်စုမှ ဖြစ်သူက သူ့ရန်သူအုပ်စုဖြစ်သော သူနှင့် ဆန့်ကျင်၍ သူ့ထံ အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့၏။ သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့ရန်သူအုပ်စုမှ ဖြစ်သောသူအား (သေစေလိုသော ရည်ရွယ်ချက် မပါဘဲ) လက်သီးဖြင့် ထိုးခဲ့ရာ (သူသေဆုံးရန် ပြဌာန်းထားသော အချိန်ရောက်သောကြောင့်) သူ့အား အဆုံးစီရင်ရာရောက်သွားလေ၏။ ထိုအခါ တမန်တော် မူဆာက “ဤသည် စေတန်မကောင်းဆိုးဝါး၏အပြုအမူများအနက်မှပင် ဖြစ်၏။ ဧကန်ပင်၊ ထိုစေတန်မကောင်း ဆိုးဝါးသည် ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင် ဖြစ်၏။” ဟု ပြောဆိုခဲ့၏။

[16] (တမန်တော်) မူဆာက (အလ္လာဟ်အရှင်မြတ်ထံတော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ မိမိကိုယ်ကို မဟုတ်မတရား မမှန်မကန် ပြုလုပ်မိပါ၏။ သို့ဖြစ်၍ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။” ဟု လျှောက်ထားပန် ကြားခဲ့ရာ ထိုအရှင် မြတ်သည် သူ့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့၏။ မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မ တော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[17] (ထို့နောက် တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာ ပေး အပ်တော်မူဖြစ်၍ ကျွန်ုပ်သည်လည်း (နောင်တွင် မည်သည့်အခါမျှ) ရာဇဝတ်မှုကျူးလွန်သူတို့အား ထောက်ခံအား ပေးသူတစ်ဦး ဖြစ်လိမ့်မည်မဟုတ်ပါ။” ဟု လျှောက်ထားလေ၏။

[18] (တမန်တော်) မူဆာသည် မြို့ထဲ၌ အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက်စောင့်ကြည့် လျက် ပင် နံနက်မိုးလင်းလာခဲ့ရာ ယမန်နေ့က သူ့ထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့လည်း ရုတ်တ ရက် ထပ်မံရောက်လာ၍) အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့ပြန်၏။ (တမန်တော်) မူဆာက သူအား “ဧကန်ပင်၊ အသင်သည် သိသာထင်ရှားစွာ သောင်းကျန်းလျက် ကမူးရှူးထိုး လုပ်တတ်သူ တစ်ဦးပင် ဖြစ် သည်။”ဟု ပြောကြားခဲ့လေ၏။

[19] တစ်ဖန် (တမန်တော်) မူဆာသည် (မနေ့က သူ့လက်ချက်ကြောင့် သေဆုံးသွားသူနှင့်သူ) တို့နှစ်ဦးလုံး၏ရန်သူအား လက်ရောက်မှုပြုရန် ကြံရွယ်ခဲ့လေရာ ထိုသူက “အို၊ မူဆာ၊ အသင်သည် ယမန်နေ့က နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးအား သတ်မိသကဲ့သို့ (ယခုမူ) ကျွန်ုပ်ကိုလည်း သတ်မိ လိုသလော။ အသင်သည် မြေကမ္ဘာ (၏ဤတိုင်းပြည်ဒေသ) ၌ နိုင်လိုမင်းထက်ပြုမူသူဖြစ်ရန်သာလျှင် အလိုရှိပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများအနက်မှ ဖြစ်လိုပုံ မရချေ။” ဟု ပြောခဲ့၏။

[20] ထိုစဉ် (နန်းတော်တည်ရှိရာ) မြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေးလျက်ရောက်လာပြီးလျှင်၊ “အို၊ မူဆာ၊ ဧကန်ပင် (ဖာရိုမင်း၏) မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့သည် အသင်နှင့်ပတ်သက်၍ ဆွေးနွေး တိုင်ပင်လျက် အသင့်အား ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ရန် စီမံချက်ချနေကြ၏။ သို့ဖြစ်ပါ၍ အသင်သည် (ဤမြို့မှ) ထွက်ခွာသွားလော့။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုးအတွက် စိတ်ရင်းစေတနာဖြူစင်စွာစေတနာထားသူ တစ်ဦးဖြစ်သည်။” ဟု ပြောကြားခဲ့လေ၏။

[21] သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက် စောင့်ကြည့် လျက်ပင် ထိုမြို့မှ ထွက်ခွာသွားခဲ့၏။ ထို့နောက် သူက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့ (၏ဘေးရန်ခပ်သိမ်း) မှ ကယ်တင်တော်မူပါ။” ဟု လျှောက်ထား ပန်ကြားခဲ့လေ၏။

[22] တစ်ဖန် (တမန်တော်) မူဆာသည် မဒ်ယန်မြို့ဘက်သို့ မျက်နှာမူရှေးရူဦတည်သောအခါ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အီဂျစ်စစ်တပ်ဖမ်းဆီးခြင်းမှ ရှောင်နိုင်ရန်) ကျွန်ုပ်အား လမ်းမှန်ကို ညွှန်ပြတော်မူမည်။ မျှော်လင့်တောင်းတပါ၏။” ဟု ဆုပန်ခဲ့လေ၏။

[23] ထို့နောက် (တမန်တော်) မူဆာသည် မဒ်ယန်မြို့၏ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည် (သူတို့၏တိရစ္ဆာန်များကို) ရေချရေတိုက်နေကြသည်ကို တွေ့ရပြီး သူတို့မှ လွဲ၍ ရှေ့မတိုးဘဲ သူတို့မှ သီးခြားခွာနေသော အမျိုးသမီးနှစ်ဦးကိုလည်း တွေခဲ့၏။ (တမန်တော်) မူဆာက “အသင်မတို့နှစ်ဦးမှာ အဘယ်အရေးကိစ္စ ရှိသနည်း။” ဟု မေးမြန်းခဲ့ရာ သူမတို့က “(ဤ) သိုးထိန်းတို့သည် (သူတို့၏တိရစ္ဆာန်များ အတွက်) ရေချခြင်းမှ မထွက်ခွာသွားသရွေ့ (ကျွန်မတို့၏တိရစ္ဆာန်များအား) ရေချ၍) ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ထို့ပြင် ကျွန်မတို့၏ဖခင်မှာ အသက်အရွယ် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်။”ဟု ဖြေကြားခဲ့ကြလေ၏။

[24] ထိုအခါ (တမန်တော်) မူဆာသည် သူမတို့နှစ်ဦးအတွက် (ငဲ့ညှာသောအားဖြင့်) ရေချပေးပြီးနောက် အရိပ်ရှိရာသို့ လှည့်ပြန်သွားလျက် “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင်မြတ်က ကျွန်ုပ်ထံ ချမှတ်ပေးအပ်တော်မူမည့် မည်သည့်ကောင်းမြတ်သောအရာကိုဖြစ်စေ လိုလားတောင့်တရသူ ဖြစ်ပါ၏။” ဟု လျှောက်ထားပန်ကြားခဲ့၏။

[25] ထို့နောက် သူမတို့နှစ်ဦးအနက် တစ်ဦးသည် တမန်တော်မူဆာထံသို့ မရဲတရဲ ရှက်ကြောက်စွာ လျှောက် လာပြီး “ကျွန်မတို့အတွက် ရေချပေးခဲ့သောအကျိုးဆုလဒ်ကို အသင့်အား အမှန်ပင် ပေးလို၍ ကျွန်မ၏ ဖခင်သည် အသင့်အား ဖိတ်ခေါ်ပါ၏။” ဟု ပြောဆိုလေ၏။ ထို့နောက် (တမန်တော်) မူဆာသည် သူ့ထံသို့ ရောက်လာခဲ့၍ ဖြစ်ကြောင်းကုန်စင်ကို သူ့ရှေ့ဝယ် ပြန်လည်ပြောပြခဲ့သောအခါ သူက (တမန်တော်မူဆာအား) “သင်သည် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ သင်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့ (၏ဘေးရန်ခပ်သိမ်း) မှ လွတ် မြောက်ခဲ့လေပြီ” ဟုပြောဆိုလေ၏။

[26] သူမတို့နှစ်ဦးအနက်မှ တစ်ဦးက “အို၊ ဖခမည်းတော်၊ သူ့ကို အလုပ်ခန့်အပ်ပါလော့။ ဧကန်ပင်၊ (သူ သည်) ခမည်းတော် ငှားရမ်းခဲ့သမျှ (အလုပ်ခန့်အပ်ခဲ့သူများ) တွင် အကောင်းဆုံး ကာယဗလစွမ်းရည်နှင့်ယုံ ကြည်စိတ်ချအပ်သောသူပင် ဖြစ်ပါ၏။ ဟု ပြောဆိုလေ၏။

[27] ခမည်းတော်က “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံ (လနှင့်တွက်ချက်သည့်နှစ်) ရှစ်နှစ် အမှုထမ်းရမည့် စည်းကမ်းချက်အပေါ်၌ အသင့်အား ကျွန်ုပ်၏သမီးနှစ်ဦးအနက် တစ်ဦးနှင့်ထိမ်းမြား ပေးစေရန် လိုလား ၏။ သို့ရာတွင် အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့လျှင် (အသင့်ဘက်မှကျေးဇူးပြုရာရောက်ပြီး) အသင့်သဘောသာ ဖြစ်၏။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ခက်ခဲကျပ်တည်းစေရန် လိုလားသည် မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခဲ့ပါ လျှင် မကြာမီပင် အသင်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်သော ပြု မူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများ အနက်မှ တွေ့ရလိမ့်မည်။” ဟု ပြောကြားခဲ့လေ၏။

[28] (တမန်တော်) မူဆာက ထိုစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်ကြားတွင် (ကတိအဖြစ် အတည်) ဖြစ်ခဲ့ လေပြီ။ သတ်မှတ်ပြီးဖြစ်သော ကာလအပိုင်းအခြားနှစ်ခုအနက် မည်သည်ကိုမဆို ကျွန်ုပ်သည် အပြီး သတ် ကျေပွန်စွာ ထမ်းဆောင်ခဲ့လျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အကြင်နာကင်းသော စိတ်ထားဖြင့် (အဓမ္မ) ပြုစေရန် အကြောင်းမရှိပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ပြောဆိုကြသော အ ကြောင်းကိစ္စနှင့်စပ်လျဉ်း၍ (ယုံကြည်စိတ်ချရသော အာမခံချက်ဆိုင်ရာ) သက်သေဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့၏။

[29] ထို့နောက် (တမန်တော်) မူဆာသည် သတ်မှတ်ထားခဲ့သောကာကို (တာဝန်ကျေပွန်စွာဖြင့်) ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ သူ့မိသားစုနှင့်အတူ (သဲကန္တာရထဲ) ခရီးသွားခဲ့လေရာ သူသည် (တွူရ်) တောင်ရှိရာဘက်တွင် မီးတစ်မျိုးကို တွေ့မြင်ခဲ့လေ၏။ (ထိုအခါ) သူက သူ့မိသာစုအား “သင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်းနေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ပြီဖြစ်၍ ယင်းမှ (ခရီးစဉ်နှင့်ဆိုင်သော) သတင်းတစ်စုံတစ်ရာကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် မီးကျီးခဲ တစ်ခုခုကို သော်လည်းကောင်း၊ ယူဆောင်လာနိုင်မည်။” ဟု ပြေကြားလေ၏။

[30] ထို့နောက် (တမန်တော်) မူဆာသည် ယင်း (မီးရှိရာ) သို့ ရောက်ရှိခဲ့သော် တောင်ကြား၏ညာဘက် ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသောနေရာ၌ (တည်ရှိသော) သစ်ပင်ပေါ်မှ “အို၊ မူဆာ၊ ဧကန်မလွဲ၊ ငါအရှင် မြတ်သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်၊ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ခေါ်ဆိုမိန့်ကြားတော်မူ၏။

[31] ထို့ပြင် (အရှင်မြတ်က တမန်တော်မူဆာအား) အသင်သည် သင့်တောင်ဝှေးကို ပစ်ချလော့။ (ဟု မိန့်တော်မူ၍ သူက ယင်းကို ပစ်ချသောအခါ) ယင်းသည် မြွေတစ်ကောင်ကဲ့သို့ပင် တွန့်လိမ်လှုပ်ရှားလျက်ရှိ သည်ကို တွေ့မြင်ခဲ့လေသော်၊ ကျောပေး၍ နောက်ပြန်လှည့်မကြည့်ဘဲ နောက်ဆုတ်ခဲ့လေ၏။ (အရှင်မြတ်က) အို၊ မူဆာ၊ အသင်သည် ရှေ့သို့တိုးလော့။ ကြောက်ရွံ့လေနှင့်။ ဧကန်ပင်၊ အသင်သည် (တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရ၍) ဘေးကင်းလုံခြုံသူ တစ်ဦး ဖြစ်၏။” (ဟု မိန့်တော်မူ၏။)

[32] အသင်သည် သင့်လက်ကို သင့်ရင်ကြားသို့ ထည့်သွင်း၍ ပြန်ထုတ်ယူသောအခါ ထိုလက်မှာ အပြစ်အနာ အဆာကင်းရှင်းလျက် (ထူးခြားအံ့ဩဖွယ်ရာ) လင်းဝင်းတောက်ပ လာပေမည်။ ထို့ပြင် ထိတ်လန့် စိုးရိမ်မှု ကင်းအံ့သောငှာ သင့်လက်မောင်းများအား သင့်ကိုယ်ကို ချုပ်တည်းစေလျက် ပူးကပ်ထားလော့။ သို့ဖြစ်ပေရာ ထိုနှစ်ခုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ဖာရိုမင်းနှင့်သူ့မှူးကြီးမတ်ရာအကြံပေးအကြီးအကဲထံသို့ (သွားရောက်စဉ် အသင်က တမန်တော်ဖြစ်ကြောင်းကို ထောက်ပြမည့်) ထင်ရှားသော သက်သေအထောက်အထားတော်နှစ်ရပ်ပင် ဖြစ်၏။ ဧကန်မလွဲ၊ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ အာခံယုတ်မာလျက် ကောက်ကျစ်သော လူမျိုးများပင် ဖြစ်ကြ၏။

[33] (တမန်တော်) မူဆာက “အို ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ်၊ ကျွန်ုပ်သည် သူတို့အနက် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးကို သတ်မိခဲ့ရာ သူတို့သည် ကျွန်ုပ်အား သတ်ဖြတ်ကြမည်ကို ကျွန်ုပ်က ကြောက်ရွံ့ပါ၏။” ဆုတောင်းပန်ကြားလေ၏။

[34] စင်စစ် ကျွန်ုပ်၏နောင်တော် ဟာရူန်မှာမူကား၊ သူသည် ကျွန်ုပ်ထက် နှုတ်လျှာသွက်လက်၍ စကားပြော ကောင်းသူတစ်ဦး ဖြစ်လေရာ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်အား ဖြောင့်မတ်စွာထောက်ခံမည့် ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သူတို့က ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ် ကြမည်ကို စိုးရိမ်မိပါ၏။

[35] (အရှင်မြတ်က) ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် သင်၏လက်ရုံးရည်ကိုတိုး၍ အားဖြည့်စေတော်မူပြီး သင်တို့နှစ်ဦးအား အခွင့်အာဏာတစ်မျိုး ချီးမြှင့်ပေးအပ်တော်မူမည်ဖြစ်ရာ သူတို့သည် (ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်ဖြင့်) သင်တို့နှစ်ဦးထံသို့ မည်သို့မျှ ရောက်ရှိနိုင်ကြမည် မဟုတ်ပေ။ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွရှိသော သင်တို့နှစ်ဦးနှင့်သင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသော (ယုံကြည်သူ) သူတို့သည်ပင် အောင်နိုင်သူများ ဖြစ်ကြလိမ့်မည်။

[36] ထို့နောက် (တမန်တော်) မူဆာသည် သူတို့ထံသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်း ချက်များပါဝင်သည့် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ ရောက်ခဲ့လေရာ သူတို့က “ဤသည် လုပ်ကြံဖန်တီးထားသော မှော်ပယောဂအတတ်မျှသာ ဖြစ်ပြီး စင်စစ်၊ ကျွန်ုပ်တို့သည် လွန်လေသွား ခဲ့ပြီဖြစ်သော ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်တို့ (လက်ထက်) တွင် ဤသို့ မကြားခဲ့ဖူးချေ။” ဟု ဖြေဆိုကြ၏။

[37] (တမန်တော်) မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ မည်သူသည် အရှင့်ထံတော်မှဖြစ်သော တရားလမ်းညွှန်နှင့်အတူ ရောက်ခဲ့သည်ကို လည်း ကောင်း၊ မည်သူသည် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌) နောက်ဆုံးအကျိုးဆက်အဖြစ် ထာဝရ ပျော်ရွှင်မှုရမည့် ဗိမာန်ဌာနအား ပိုင်ဆိုင်မည်ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် ပေါက်မြောက် အောင် မြင်ကြမည် မဟုတ်ပေ။

[38] ထို့ပြင် ဖာရိုမင်းက အို၊ မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့၊ ကျွန်ုပ်သည် သင်တို့အတွက် ကျွန်ုပ်မှ လွဲ၍ အခြားကိုးကွယ်ရာရှိကြောင်းကို မသိပေ။ သို့ဖြစ်ပေရာ အို၊ ဟာမာန်၊ သင်သည် ကျွန်ုပ်အတွက် (ရွှံ့မြေကို မီးဖြင့်ဖုတ်၍ အုတ်ထုတ်နိုင်ရန်) မီးဖိုထိုးလော့။ ထို့ပြင် တမန်တော်မူဆာ၏ကိုးကွယ်ရာအရှင် သခင်အား ကြည့်ရှုနိုင်ရန်အလို့ငှာ အလွန်မြင့်မားသော မျှော်စင်အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သူ့အား မုသာဝါဒီများအနက်မှ ဖြစ်သည်ဟု ထင်မြင်ယူဆ၏။

[39] စင်စစ်သော်ကား ဖာရိုမင်းနှင့်သူ့စစ်တပ်သည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အမှန်တရား သစ္စာနှင့် လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ ကြသည်သာမက၊ သူတို့ သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိစေခြင်းခံကြရမည်မဟုတ်ဟုလည်း ထင်မြင်ယူဆနေခဲ့ကြ၏။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ဖာရိုမင်းနှင့်သူ့စစ်တပ်ကို အရေးယူသုတ်သင်တော်မူခဲ့ရာသူတို့ ပင်လယ် ထဲသို့ ပစ်ချတော်မူခဲ့၏။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား၊ မမှန်မကန် ပြုမူကျင့်ကြံ သူတို့သည် သူတို့၏ဘဝနိဂုံးများမှာ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ် နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့။”

[41] စင်စစ် ငါအရှင်မြတ်သည် သူတို့အား (လူတို့အား) ငရဲဘုံသို့ ဖိတ်ခေါ်ကြသော စံပြရှေ့ဆောင်ခေါင်း ဆောင်များအဖြစ် ဖြစ်စေတော်မူပြီး ရှင်ပြန်ထမည့်နေ့တွင်လည်း ထိုသူတို့သည် (အလျှင်း) ကူညီစောင်မခြင်းခံကြရမည် မဟုတ်ပေ။

[42] စင်စစ် ငါအရှင်မြတ်သည် ဤလောကဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်ဆဲမှု ခံကြစေရန် (လူများစွာအား သူတို့၏နောက်မှ ထပ်ကြပ်မကွာလိုက်ကြသော) နောက်လိုက်များ ဖြစ်စေတော်မူခဲ့၏။ ထိုသို့လောကီဘဝ၌ သူတို့အတွက် အလုပ်လုပ်ကြသော အမှုထမ်းများနှင့်နောက်လိုက်များစွာ ရှိသော် လည်း) ရှင်ပြန်ထမည့်နေ့တွင်မူ သူတို့သည် အလွန်စက်ဆုပ်ရွံရှာဖွယ်ရာအကျည်းတန်သူတို့အနက်မှပင် ဖြစ်ကြလိမ့်မည်။

[43] ထို့ပြင် မချွတ်မလွဲ၊ ငါအရှင်မြတ်သည် ရှေးခေတ်၌ လွန်လေခဲ့ကြသော မျိုးဆက်များကို တိမ်ကော ဖျက်ဆီးစေတော်မူပြီးနောက် လူသားတို့အတွက် သူတို့ အပြန်အလှန် သတိရတသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အလို့ငှာ ထိုးထွင်းသိမြင်ဉာဏ်နှင့်ဉာဏ်အလင်းလည်းဖြစ် တရားလမ်းညွှန်တော်နှင့်ကရုဏာတော်လည်းဖြစ်သော ကျမ်းတော်ကို တမန်တော်မူဆာထံ ချမှတ်ပေးအပ်တော်မူခဲ့၏။

[44] စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်၊တမန်တော်မူဆာနှင့်ပတ်သက်၍ အသင့်အား ပြောပြတော်မူ သမျှ ငါအရှင်မြတ်က ဝဟီအမိန့်တော်ထုတ်ပြန် ချမှတ်ပေးအပ်ခြင်းမှ သိသောအချက်များသာဖြစ်ပြီး) ငါအရှင်မြတ်သည် (တမန်တော်) မူဆာထံသို့ စီမံချက်အမိန့်တော်များကို ထုတ်ပြန်ပြဌာန်းတော်မူခဲ့စဉ် အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်သည့်အပြင် (ထိုဖြစ်ရပ်ကိုတွေ့ မြင်ခဲ့သည့်) မျက်မြင်သက်သေတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။

[45] သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို သူတို့၏သက်တမ်းရှည်လျှား စေတော်မူလျက် ပေါ်ပေါက်စေတော်မူခဲ့၏။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) မဒ်ယန်မြို့သူမြို့သားတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ပြခဲ့သည့်အချိန်တွင်လည်း အသင်သည် သူတို့နှင့် အတူ ထိုမြို့တွင်နေထိုင်သူတစ်ဦး မဖြစ်ခဲ့ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အရှင့် သတင်း ကောင်းများကို လူသားအရောက် ပို့ချပေးမည့် သတင်းဆောင်) ရစူလ်တမန်တော်များကို စေလွှတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[46] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာအား) အသံပေး၍ ဖိတ်ခေါ်တော်မူခဲ့စဉ် အသင် (တမန် တော်) သည် တွူရ်တောင်၏နံဘေး၌ ရှိခဲ့သည်လည်း မဟုတ်ပေ။ သို့ရာတွင် အသင်သည် သင့်အလျင် မည်သည့် သတိပေးနှိုးဆော်သူမျှ ရောက်မလာသေးသောလူမျိုးအား သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အ လို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ရန်အတွက်သာ (စေလွှတ်တော်မူခြင်း) ဖြစ်၏။

[47] စင်စစ်သော်ကား အကယ်၍ သူတို့အပေါ်၌ သူတို့၏လက်များဖြင့် ပြုမူကျင့်ကြံ၍ (နောင်တမ လွန်ဘဝ၌ ပြစ်ဒဏ်များကို မြည်းကြရန် ဆိုးကျိုးဆက်အဖြစ်) တင်ကြို၍ ပို့ထားခဲ့သောကြောင့် ဘေးဒုက္ခ အခက် အခဲ တစ်စုံတစ်ရာ သက်ရောက်လာသောအခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်ုပ်တို့ထံ ရစူလ်တ မန်တော်တစ်ပါးပါး ကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အသင်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို (တသွေမတိမ်းနာခံ) လိုက်နာကြပြီး သက်ဝင်ယုံကြည်သူများအနက် ဖြစ်နိုင်ခဲ့ကြမည်။” ဟု ပြောဆိုကြလေ၏။

[48] သို့ရာတွင် သူတို့ထံသို့ (တမန်တော်မြတ်မုဟမ္မဒ်မှတစ်ဆင့်) ငါအရှင်မြတ်ထံတော်မှဖြစ်သော အမှန် တရားသစ္စာ (ကျမ်းတော်) အား ရောက်ရှိစေသောအခါ သူတို့က (ထိုအမှန်တရားကို ငြင်းပယ်ရန် ဆင်ခြေအဖြစ်) “အဘယ်ကြောင့် (ဤရစူလ်တမန်တော်သည် တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကဲ့သို့ပင် (တစ်ချိန်တည်း တစ်ပြိုင်နက်တည်း) ချမှတ်ပေးအပ်တော်မူခြင်း မခံရပါသနည်း။” ဟု စောဒကတက်မေးမြန်းကြ၏။ သူတို့သည် ယခင်က (တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကို (မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊ သူတို့က “(တောင်ရာတ် ကျမ်းနှင့်ကုရ်အာန်ကျမ်းမြတ်) နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ထောက်ခံအားပေးသော မှော်ပယောဂအတတ်ပညာနှစ်မျိုးပင် ဖြစ်သည်။ဟု ပြောဆိုခဲ့ကြ၏။ ထို့ပြင် သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (အရှင်မြတ် ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်) အားလုံးနှင့်ပတ်သက်၍ မယုံကြည်ဖီဆန် ငြင်းပယ် သူများပင် ဖြစ်ကြသည်။” ဟု ပြောဆိုခဲ့ကြ၏။

[49] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ သစ္စာဝါဒီများ ဖြစ် ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ယင်း (တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍ တရားလမ်းမှန် ညွှန်ပြနိုင်သော ကျမ်းတစ်စောင်ကို ယင်းနှင့်အညီ လိုက်နာနိုင်ရန် ယူဆောင်လာကြလော့။

[50] သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူ တုံ့ပြန်ဖြေကြား နိုင်စွမ်း မရှိကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒရမ္မက်များကိုသာ လိုက်နာလိုက်စားသူများသာလျှင် ဖြစ်ကြ ကြောင်း သိမှတ်ထားလော့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထံတော်မှ တရားလမ်းညွှန် တစ်စုံတစ်ရာမျှ မရှိဘဲလျက် သူတို့၏စိတ်အလိုဆန္ဒရမ္မက်ကိုသာ လိုက်နာလိုက်စားသောသူထက် ပိုမို၍ လမ်း လွဲမှားသောသူဟူ၍ မည်သူရှိပါအံ့နည်း။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့အား တရားလမ်း မှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

[51] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သူတို့အတွက် သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ကြရန်အလို့ငှာ အရှင့်မုက္ခပါတ်တော်ကို (အာယသ်သက်သေလက္ခဏာတော်တစ်ခုပြီးတစ်ခု ကဏ္ဍတစ်ခုပြီး တစ်ခုကို အဆက်မပြတ်) ပို့ချပေးအပ်တော်မူ၏။

[52] ထို (ကုရ်အာန်ကျမ်းမြတ်) မတိုင်မီ ငါအရှင်မြတ်က ကျမ်းတော်ချမှတ်ပေးအပ်တော်မူခဲ့သော သူတို့မှာကား သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်) နှင့်စပ်လျဉ်း၍ ယုံကြည်ကြသည်။

[53] ထို့ပြင် ယင်း (ကုရ်အာန်ကျမ်းမြတ်) ကို သူတို့ရှေ့ဝယ် ဖတ်ကြားသောအခါ သူတို့က ကျွန်တော်မျိုးတို့ သည် ယင်း နှင့်စပ်လျဉ်း၍ ယုံကြည်ကြပါပြီ။ ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းမြတ်) သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ (ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်) အမှန်တရားသစ္စာပင် ဖြစ်သည်။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်ကို ချမှတ်ပေးအပ်တော်မမူမီ) အလျင်ကပင် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှံ၍ အမိန့်တော်ကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြ၏။

[54] ထိုသူတို့သည် (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏လမ်းစဉ်အတိုင်း ဘဝဆောက်တည်ရာ တွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲအားလုံးအပေါ် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုရှိကြခြင်းကြောင့်လည်းကောင်း၊ မကောင်းမှုအကုသိုလ်များကို ကောင်းမှုကုသိုလ်များဖြင့် (တုံ့ပြန်) တွန်းလှန်ကြသော ကြောင့်လည်းကောင်း၊ သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓန၊ နည်းပညာ၊ အသိပညာ ဩဇာအာဏာ၊ အစရှိသော) ရိက္ခာအထောက်အပံ့များအနက်မှ (အရှင် မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် အလို့ငှာ ဆင်းရဲချို့တဲ့သူတို့အား) စွန့်လှူပေးကမ်းကြသောကြောင့်လည်းကောင်း၊ သူတို့၏အကျိုးဆုလဒ်ကိုလည်း နှစ်ဆ ချီးမြှင့်ပေးအပ်တော်မူခြင်းခံကြရပေမည်။

[55] ထို့ပြင် သူတို့သည် (အသုံးမဝင် ရန်လိုမုန်းတီးသော တာဝန်မဲ့သော) အချည်းနှီးသည့် အပြောအဆို များကို ကြားကြလေသောအခါ ယင်းတို့မှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် (ယင်းတို့၌ ပါဝင်ပတ်သက် နေသူတို့အား) “ကျွန်ုပ်တို့၏ ပြုမူကျင့်ကြံမှုများသည် ကျွန်ုပ်တို့အတွက် တာဝန်ရှိ၍ သင်တို့၏ပြုမူကျင့်ကြံမှု များမှာ သင်တို့တာဝန်ခံရန်အတွက် ဖြစ်သည်။ ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်၌ ရှိပါစေ။ ကျွန်ုပ်တို့သည် (ကျမ်းတော်၊ လမ်းညွှန်တော်နှင့်အမှန်တရားကို အလေးမထားသော) အသိပညာ ကင်းမဲ့သူတို့နှင့်ပူးပေါင်းရော နှောရန် မရှာကြံမကြိုးပမ်းကြပေ။” ဟု ပြောဆိုကြ၏။

[56] ဧကန်ပင်၊ အသင် (တမန်တော်) သည် အသင်လိုလားနှစ်သက်သောသူအား တရားလမ်းမှန် ညွှန်ပြနိုင် သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် (တရား လမ်းမှန်ကို လိုလိုလားလား လက်ခံလိုစိတ်ရှိသောကြောင့်) တရားလမ်းမှန် ညွှန်ပြခြင်းခံကြမည့်သူဖြစ်ကြောင်းကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[57] ထို့ပြင် သူတို့က (တမန်တော်မြတ်အား) “အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်နာကြလျှင် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့၏တိုင်းပြည်ဒေသမှ ဝိုင်းပယ်နှင်ထုတ်ခြင်းကို ခံကြရပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ ငါအရှင်မြတ်သည် သူတို့အတွက် ငါအရှင်မြတ်၏အထံတော်မှ သစ်သီးဝလံ မျိုးစုံနှင့် (အခြားလို အပ်ချက်အားလုံးကို) စားနပ်ရိက္ခာအဖြစ် သူတို့ထံ (တင်သွင်းစေခြင်းဖြင့်) ရောက်စေတော်မူလျက် ဘေးကင်းလုံခြုံရာ အထွတ်အမြတ်နေရာဌာနအဖြစ် ထူထောင်ပေးတော်မူပြီ မဟုတ်လော။ သို့ရာတွင် သူတို့အနက် အများ စုသည် (သူတို့ထံသို့ ထိုသို့ရိက္ခာအထောက်အပံ့များ ရောက်လာခြင်းကို သူတို့ယုံကြည်ကိုးကွယ်သော ရုပ်ပွား ဆင်းတုများ၏ဆွဲဆောင်မှုကြောင့် ကုန်သည်များရောက်လာသည့်အတွက်ဖြစ်သည်ဟု ထင်မြင်ယူဆကြပြီး အရှင်မြတ်က ရိက္ခာအထောက်အပံ့နှင့်လုံခြုံမှုအကာအ ကွယ် ပေးတော်မူကြောင်းကို) မသိနားမလည်ကြပေ။

[58] စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့နေထိုင်ရာ ထိုမြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ ယင်းဒေသရှိ (အရှင်မြတ်ပေးအပ်တော်မူသည့် လောကီအကျိုးခံစားခွင့်ဆိုင်ရာ) အသက်မွေးဝမ်း ကျောင်းများဖြင့် ပျော်ရွှင်မြူးထူးဖြစ်ခဲ့ကြသည့် မြို့ရွာပေါင်းမည်ရွေ့မည်မျှကို တိမ်ကောပျက်စီးစေတော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ထိုသို့တိမ်ကောပျက်စီးစေတော်မူပြီးနောက်တွင် ထိုဒေသများ၌ အနည်း ငယ်မှအပ မှီတင်းနေထိုင်သူ ကင်းမဲ့ကာ ငါအရှင်မြတ်သည်သာ (ထာဝရတည်တံ့တော်မူသည့်အရှင်မြတ် ဖြစ်သည့်အလျှောက် အမွေထိန်း တော်အဖြစ်) အစဉ်အမြဲ အမွေဆက်ခံသူအားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်ကြောင်းကိုလည်းကောင်း၊ (ကျမ်းတော်မြတ်ကုရ်အာန်က သူတို့အား မညွှန်ပြလေသလော။)

[59] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေမိခင်မြို့ပြတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ ခဏာတော်များကို သူတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန် တော်တစ်ပါးပါးကို ပွင့်ပေါ်စေလွှတ်တော်မူခြင်း မရှိသမျှ ကာလပတ်လုံး တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ် သည် မြို့ရွာများကို ယင်း၏ပြည်သူများက အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက် ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံသူများဖြစ်ကြမှသာလျှင် တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် ဖြစ်တော်မူ၏။

[60] စင်စစ် သင်တို့အား ပေးအပ်တော်မူခြင်းခံကြရသောအရာများမှာ ဤလောကီဘဝသက်တမ်း၏ စိတ်ဖြေ စရာ အကျိုးခံစားခွင့်များနှင့်လှပတင့်တယ်မှုမျှသာ ဖြစ်သော်လည်း (ကောင်းမှုကုသိုလ်များအတွက် ရရှိခံစားစေမည့် ဆုလဒ်များ) အတည်မြဲဆုံးနှင့်အကောင်းမြတ်ဆုံးသော လှပတင့်တယ်မှုများ မှာမူကား အလ္လာဟ်အရှင်မြတ် ထံတော်၌သာ ရှိ၏။ သို့ပါလျက် သင်တို့သည် (ဆင်ခြင်တုံတရားကိုသုံး၍ တွေး ခေါ်၊ ဆင်ခြင်လျက်) သိနားလည်ခြင်း မရှိကြသလော။

[61] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အကောင်းမြတ်ဆုံး ကတိတော် (အဖြစ်လွတ်ငြိမ်းခွင့်နှင့် သုခဥယျာဉ် ပေးတော်မူမည်ဖြစ်ကြောင်း) ကို ကတိထားတော်မူပြီး ယင်းကတိတော်အတိုင်း တွေ့ကြုံခံစားခွင့် ရရှိသူသည် လောကီဘဝသက်တမ်း၏စိတ်ဖြေစရာ အကျိုးခံစားခွင့်များနှင့်လှပတင့်တယ်မှုများကိုသာ (လောကီဘဝ၌ ခေတ္တ ခဏမျှ) ခံစားခွင့်ရပြီး ရှင်ပြန်ထမည့်နေ့တွင် ပြစ်မှုကျူးလွန်ကြောင်း တရားဝင်စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခြင်း ခံကြရသူများကဲ့သို့ ဖြစ်မည်လော။

[62] (နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓန ချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူခြင်းခံကြရမည်။

[63] (ထိုစဉ် လောကီဘဝ၌ အရှင်မြတ်ကိုစွန့်၍ အခြားသက်ရှိသက်မဲ့များအား ကိုးကွယ်ရာအဖြစ် ယုံကြည် ကိုးကွယ်ရာတွင် ဦးဆောင်လမ်ပြလုပ်ခဲ့ကြသော) သူတို့သည် အရှင့်မုက္ခပါတ်တော် (ဖြစ်သော တရား ဝင်စွဲချက်ဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးတော်မူမည်ဟူသော အချက်) ကို သူတို့အပေါ်၌ (အတည်ပြုသက်ရောက်၍) အမှန်တရားဖြစ်ကြောင်း အသိတရားရလာလျက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့က (အတင်းအဓမ္မမဟုတ်ဘဲ သူတို့၏လွတ်လပ်သောဆန္ဒကို အသုံး ချစေလျက် ကျွန်ုပ်၏နောက်လိုက်များဖြစ်ကြသော) သူတို့အား လမ်းလွဲစေသကဲ့သို့ ဤ (ကိုးကွယ်ရာအဖြစ် အားကိုးတကြီး ယုံကြည်ကိုးကွယ်ခံကြသော) အရာမျာသည်ပင် ကျွန်ုပ်တို့ကိုလည်း လမ်းလွဲစေခဲ့ခြင်းသာ ဖြစ်ပါ၏။” (နောက်လိုက်များနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့ သည်) အသင်အရှင်မြတ်၏ရှေ့တော်မှောက်၌ (သူတို့နှင့်ကျွန်တို့ မည်သို့မျှမပက် သက်ဘဲ ကင်းရှင်းပါ၏။) ကျွန်ုပ်တို့မှာ အပြစ်မရှိပါ။ သူတို့သည် ကျွန်ုပ်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါ။ (သူတို့၏စိတ်အလိုရမ္မက်နောက်ကိုသာ လိုက်ခဲ့ခြင်းဖြစ်၏။)” ဟု လျှောက်ထားမည်။

[64] ထို့ပြင် “(သူတို့အား လောကီဘဝ၌ အရှင်မြတ်ကို စွန့်၍ ကိုးကွယ်ရာအဖြစ် ယုံကြည်ကိုးကွယ်ခံကြ သော) သင်တို့၏ထိုတွဲဖက်ကိုးကွယ်ရာများကို ခေါ်ကြလော့။” ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရမည်ဖြစ်ရာ သူတို့သည် ယင်းတို့ကို ဟစ်ခေါ်ကြမည်ဖြစ်သော်လည်း ယင်းတို့က သူတို့အား ပြန်ထူး၍ တုံပြန်ဖြေကြားမည် မဟုတ်သည့်အပြင် ပြစ်ဒဏ်ကိုသာ (မျက်ဝါးထင်ထင်) တွေ့မြင်ကြပြီး “အကယ်၍ သူတို့ သည် (လောကီဘဝ၌) တရားလမ်းမှန်ကို လိုက်နာခဲ့မိလျှင် ကောင်းလေစွ။”ဟု ညည်းညူကြလိမ့်မည်။

[65] (နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် သူတို့ကို (နောက်ထပ်တစ်ကြိမ်) ဆင့်ခေါ်၍ “သင်တို့သည် ရစူလ်တမန်တော်တို့အား မည်သို့ တုံ့ပြန်ဖြေကြားခဲ့ကြသနည်း။” ဟု မေးမြန်းတော်မူမည်။

[66] သို့ရာတွင် (လောကီဘဝ၌ သူတို့လိမ်လည်ခွင့် ရခဲ့သော်လည်း တမလွန်တရားစီရင်တော်မူမည့်) ထို့နေ့တွင် သူတို့အပေါ်၌ သတင်းအချက်အလက်များ အမှောင်ချခြင်းခံထားရမည်ဖြစ်ရာ သူတို့သည် အချင်း ချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည် မဟုတ်ပေ။

[67] သို့ရာတွင် မည်သူမဆို (လမ်းမှားရောက်ခဲ့ကြောင်းကို နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ပြီးနောက် အရှမြတ်ဘက်သို့) လှည့်ပြန်၍ သက်ဝင်ယုံကြည်သည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှု များဖြင့် ဘဝဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် ပေါက်မြောက်အောင်မြင်သူတို့ အနက်မှပင် ဖြစ်နိုင်ခြေ ရှိကြောင်း မျှော်လင့်ရာ၏။

[68] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (အရှင့်နိယာမတော်နှင့်အညီ အမှုထမ်းဆောင်ရန်) ရွေးချယ်တော်မူ၏။ သူတို့အတွက် (အရှင်မြတ်ခန့်အပ်တော်မူသော တာဝန်ကို အရှင့်နိယာမတော်နှင့်အမိန့်တော်အတိုင်း လုပ်ဆောင်ခြင်းမှအပ သူတို့၏ လွတ်လပ်သော ဆန္ဒအတိုင်း) ရွေးချယ်လုပ်ဆောင်ခွင့် အလျှင်း မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပြီး လူသားတို့ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက်) သူတို့တွဲဖက်တုပြိုင်၍ ကိုး ကွယ်နေကြသော အရာအားလုံးထက် မြင့်မြတ်တော်မူသည့်အပြင် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[69] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူတို့၏ရင်တွင်း၌ ထိန်ချန်ဖုံးဖိထားသည်တို့ကိုလည်းကောင်း၊ ထုတ်ဖော်ဖွင့်ဟ၍ ဝန်ခံကြသည်တို့ကိုလည်း ကောင်း၊ သိနေတော်မူ၏။

[70] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့၊ အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအ ရှင်ဟူ၍ အလျှင်း မရှိသည့်အပြင် (လောကီလောကုတ္တရာဆိုင်ရာ) အရေးကိစ္စဟူသမျှ၏အဦးဆုံးနှင့်နောက်ဆုံးတွင် ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် လည်း (သက်ရှိသက်မဲ့တို့ကို အလှပဆုံးပုံစံများ ဖွဲ့စည်း တည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များဖြင့် ဖြစ်ပေါ်စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏ စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်းတော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ်ချက်များနှင့် အညီ လိုက်နာကျင့်သုံးရန်) အတွက်သာ ဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။

[71] (အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ညကို ရှင်ပြန်ထမည့်နေ့တိုင် အောင် သင်တို့အပေါ်၌ (နေ့မဖြစ်စေဘဲ ညအဖြစ်သာ ဆက်လက်၍) အစဉ်မြဲမြံစွာ တည်တံ့စေတော်မူလျှင် အလ္လာဟ်အရှင်မြတ်အပြင် သင်တို့ထံသို့ (နေ့) အလင်းရောင်အား ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိနိုင်ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်မိလေသလော။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်၏ အမိန့်တော်များနှင့်အမှန်တရားသစ္စာကို အလေးအနက်ထား၍) ကြားနာနိုင် စွမ်းမရှိကြလေသလော။” ဟု မေး မြန်းဟောပြောလော့။

[72] (အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်သည်နေ့ကို ရှင်ပြန်ထမည့် နေ့တိုင် အောင် သင်တို့အပေါ်၌ (ညမဖြစ်စေဘဲ နေ့အဖြစ်သာ ဆက်လက်၍) အစဉ်မြဲမြံစွာ တည်တံ့စေတော်မူလျှင် အလ္လာဟ်အရှင်မြတ်အပြင် သင်တို့ထံသို့ ယင်း၌ အိပ်စက်အနားယူနိုင်အလို့ငှာ ညအား ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူ ရှိနိုင်ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်မိလေသ လော။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်၏အမိန့်တော်များနှင့်အမှန်တရားသစ္စာကို အလေးအနက်ထား၍) တွေ့မြင်နိုင်စွမ်း မရှိ ကြလေသလော။” ဟု မေးမြန်းဟောပြောလော့။

[73] စင်စစ် ထိုအရှင်မြတ်သည် အရှင့်ကရုဏာတော်မှ သင်တို့အတွက် ညနှင့်နေ့ကို (အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်စေလျက် ညကို ယင်း၌) အိပ်စက်အနားယူစရာအဖြစ်လည်းကောင်း၊ (နေ့ကို) အလင်းရ၍ မြင်နိုင်စွမ်းပေး သောအရာ (အလုပ်လုပ်နိုင်သည့် အခွင့်အရေးရစရာ) အဖြစ်လည်းကောင်း၊ စီမံဖြစ်ပေါ် စေတော်မူပြီး (ထိုသို့ဖြစ် စေတော်မူခြင်းသည် မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇတ၊ အရင်း အမြစ်နှင့်အသက် ရှင်ရပ်တည် နိုင်သော ရက်ရောစွာ ပေးအပ်တော်မူထားသည့်) ထိုအရှင်မြတ်၏ကျေးဇူးတော်များမှ ရှာမှီးရယူနိုင်ရန်နှင့် သင်တို့ ကျေးဇူးသိတတ်ကြရန်အတွက်ပင် ဖြစ်၏။

[74] (နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓနချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူခြင်းခံကြရမည်။

[75] ထို့ပြင် ငါအရှင်မြတ်သည် လူ့ဘောင်အသိုင်းအဝိုင်းတိုင်းမှ (သူတို့ထံ စေလွှတ်တော်မူခဲ့သည့် ရစူလ် တမန်တော်ကို) သက်သေတစ်ဦးအဖြစ် ခေါ်ထုတ်တော် မူပြီးလျှင် (ထိုရစူလ်တမန်တော်နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော သူတို့အား) “သင်တို့သည် (အရှင်မြတ်မှအပ သင်တို့၏ကိုးကွယ်ရာများ မှန်ကန် ကြောင်းနှင့်စပ်လျဉ်း၍) သင်တို့၏သက်သေအထောက်အထားကို ထုတ်ပြတင်ဆက်ကြလော့။” ဟု မိန့်ကြားတော်မူမည်။ ထိုအခါ သူတို့သည် အမှန်တရားသစ္စာမှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်းနှင့်သူတို့ ကြံစည် ဖန်တီးထားသော ကိုးကွယ်ရာများသည် (သူတို့ကို ပစ်ပယ်၍) သူတို့ထံမှ ရှောင်ကြဉ်လွဲဖယ်သွားပြီ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိသွားကြပေမည်။

[76] ဧကန်ပင်၊ ကာရူန်သည် တမန်တော်မူဆာ၏လူမျိုးတို့အနက်မှပင် ဖြစ်ပြီး ငါအရှင်မြတ်က သူ့အား ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓနရွှေငွေရတနာသိုက်များမှ (ယင်းတို့ကို သိမ်းဆည်းထားသည့်အခန်းများ ၏) သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းထမ်းရသည်အထိ များပြားခဲ့သော်လည်း သူသည် သူ့လူမျိုးတို့အပေါ်တွင် (သစ္စာဖောက်လျက် မာန်မာနထောင်လွှား၍) ဖိနှိပ်ချုပ် ချယ်သူဖြစ်ခဲ့သူ ဖြစ်ခဲ့၏။ ထိုအခါ သူ့လူမျိုးများသည်ပင် သူ့အား “(သင့်ဥစ္စာဓနကြောင့်) ဂုဏ်မောက် လျက် ပျော်ရွှင်မြူးထူးမဖြစ်လေနှင့်၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်လျက် ပျော်ရွှင် မြူး ထူးဖြစ်သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။” ဟု ပြစ်တင်ပြောခဲ့ကြ၏။

[77] ထို့ပြင် (သူတို့က ဆက်လက်၍) “အသင်သည် သင့်အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ထို (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ၌ လောကီဘဝမှ (သင့်အတွက်ခံစားခွင့်အဖြစ် ပေးအပ်တော်မူသည့်) သင်၏ဝေစုဝေပုံကို မေ့လျော့သွားခြင်းမရှိဘဲ (ချို့တဲ့ဆင်းရဲသူတို့အား စွန့်လှူပေးကမ်းခြင်းနှင့်ကောင်းမှု ကုသိုလ်များပြုလုပ်ခြင်း စသော) တမလွန်ဘဝ၏အိမ်ဗိမာန် (ရရှိခံစားနိုင်မည့် နည်းလမ်း များကိုလည်း) ရှာဖွေရ ယူလော့။ ထို့ပြင် အသင့်အား အလ္လာဟ်အရှင်မြတ်က အကောင်းဆုံး ချီးမြှင့်ပေးအပ်တော်မူသကဲ့သို့ပင် အသင် သည်လည်း (လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံလော့။ ထို့ပြင် မြေကမ္ဘာတိုင်းပြည်ဒေသတွင် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေရန် (နည်းလမ်း များကို) မရှာဖွေမရှာမှီးလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ဖြစ်စေသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

[78] ထိုစဉ် ကာရူန်က ကျွန်ုပ်သည် ဤ (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ကို ကျွန်ုပ်၏ကျွမ်းကျင်သော အသိပညာအတတ်ပညာကြောင့်ပင်လျှင် ချီးမြှင့်ခံရခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် သူ့အလျင် ရှိခဲ့ကြသော မျိုးဆက်များအနက်မှ သူ့ထက် (လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့်ဩဇာအာဏာအစရှိသော) ခွန်အားဗလအားဖြင့်လည်းကောင်း (ဥစ္စာဓနရွှေငွေရ တနာအစရှိသည့်) အမြောက်အမြားစုဆောင်းထားသောပိုင်ဆိုင်မှုများအရလည်းကောင်း ပိုမို၍တောင့် တင်းခိုင်မာခဲ့သူများကိုပင် တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (သူက) မသိသလော။ ရာဇဝတ်မှုကျူးလွန်သောသူတို့အား သူတို့၏ပြစ်မှုများနှင့်စပ်လျဉ်း၍ (ဖျက်ဆီးတိမ်ကောစေတော်မမူမီ ခုံပြောဆိုနိုင်ရန်) မေးမြန်းခြင်းကိုပင် ခံကြရလိမ့်မည် မဟုတ်ပေ။

[79] ထို့နောက် ကာရူန်သည် သူ့လူမျိုးတို့ရှေ့ဝယ် သူ့ခမ်းနားထည်ဝါမှုနှင့်တကွ ပြစားရန်ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝသက်တမ်းကိုသာ အလိုရှိသူတို့က “သြော်၊ ကာရူန်က ချီးမြှင့်ခြင်းခံခဲ့ရသောအရာ (ခမ်းနားထည်ဝါမှုမျိုး) သည် ကျွန်ုပ်တို့အတွက်လည်း ရှိခဲ့လျှင် ကောင်းလေစွ။ ဧကန်မလွဲ၊ သူသည် အကြီးအကျယ် ကံကောင်းအကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေ၏တကား။” ဟုဆိုခဲ့ကြ၏။

[80] သို့ရာတွင် (စစ်မှန်သောဉာဏ်) အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့မူကား “သင်တို့ ဒုက္ခလှလှတွေ့ပါစေ။ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ကောင်း မြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြသောသူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ချီးမြှင့်ပေးအပ်တော်မူမည့်) အကျိုးဆုလဒ်သည် အကောင်းဆုံးပင် ဖြစ်ပြီး (အရှင့်လမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံသမျှ ဒုက္ခအခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်း ခံကြံ့ခိုင်မှုမြဲမြံသူတို့သာလျှင် ယင်းကို တွေ့ကြုံရရှိခံစားကြမည် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြ၏။

[81] ထို့နောက် ငါအရှင်မြတ်သည် ကာရူန်အား သူ့အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူအား ကူညီစောင်မမည့် အုပ်စုဟူ၍ မည်သူမျှ မရှိခဲ့ရုံသာမ သူကိုယ်တိုင်လည်း (သူ့ကိုယ်ကို) ခုခံကာကွယ်၍ကယ်တင်နိုင်သူများအနက်မှ မဟုတ်ခဲ့ပေ။

[82] ထို့ပြင် ယမန်နေ့က သူကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသောသူတို့က “သြော်၊ သူက ဒုက္ခလှလှ တွေ့ခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက်ပင် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာ ဖြစ်၏။ သြော်၊ သူကဒုက္ခလှလှ တွေ့ခဲ့ပြီ။ ဧကန်ပင်၊ မယုံကြည်သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ် သူတို့သည် ပေါက်မြောက်အောင်မြင်ကြသည် မဟုတ်ပေတကား။” ဟု ပြောဆိုလာခဲ့ကြ၏။

[83] ထိုတမလွန်ဘဝ၏အိမ်ဗိမာန်မူကား ငါအရှင်မြတ်သည် ယင်း (ဗိမာန်) ကို မြေကမ္ဘာ၌ ဂုဏ်မောက်လျက် နိုင်လိုမင်းထက်ပြုခြင်းကိုလည်းကောင်း အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြင့် ဖျက်လိုဖျက်ဆီး ပြု ကျင့်ခြင်းကိုလည်းကောင်း၊ ဆန္ဒမရှိကြသောသူတို့အတွက်သာ စီမံဖြစ်စေတော်မူပြီး မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသောသူ) တို့အတွက် (အ မှန်ပင် လိုလားတပ်မက်ဖွယ် ရာ နောက်ဆုံးပန်းတိုင်) အကျိုးဆုလဒ်ပင်ဖြစ်၏။

[84] (နောင်တမလွန်ဘဝ၌) မည်သူမဆို ကောင်းမှုကို ဆောင်ကြဉ်း၍ ရောက်လာခဲ့လျှင် သူ့အတွက် ယင်းထက် ပိုမိုကောင်းမြတ် (သော အကျိုးဆုလဒ် ရှိ) သော်လည်း မည်သူမဆို မကောင်းမှုကို ဆောင်ကြဉ်း၍ ရောက်လာခဲ့လျှင် မကောင်းမှုများကို ပြုမူကျင့်ကြံကြသောသူတို့သည်ကား သူတို့ကျင့်မူခဲ့ကြသော မကောင်းမှုများနှင့် အညီအမျှသာလျှင် (အစားပေးခြင်းကို) ပေးဆပ်စေခြင်းခံကြရလိမ့်မည်။

[85] ဧကန်မလွဲ (အို၊ ရစူလ်တမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (လူသား တို့အရောက် ပို့ချပေးရန် တာဝန်ပေးတော်မူ၍) ပြဌာန်းအပ်နှင်းတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား အသင့်ဇာတိနေရပ်သို့ အမှန်ပင် (အောင်ပွဲခံစေလျက်) ပြန်လည်ပို့ပေးတော်မူအံ့သောအရှင် ဖြစ်တော်မူ၏။ (အသင်သည် သူတို့ အား) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် တရားလမ်းမှန် ကို ဆောင်ကြဉ်း၍ ရောက်လာသူအားလည်းကောင်း၊ ထင်ရှားရှင်းလင်းသော လမ်းမှား၌ရှိနေသူအားလည်းကောင်း၊ ကောင်းစွာ သိနေတော်မူ၏။” ဟု ဟောပြောလော့။

[86] အသင်သည် သင့်ထံသို့ (ဤကုရ်အာန်) ကျမ်းမြတ် ချမှတ်ပေးအပ်တော်မူခြင်းခံရရန် မျှော်လင့်နေခဲ့သည်ပင် မဟုတ်ဘဲ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ကရုဏာတော်အဖြစ်သာ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသောကြောင့် မယုံကြည်သူ အမှန်တရားကို သွေဖည် ငြင်းပယ်သူတို့အတွက် ကျောထောက်နောက်ခံပြုသူတစ်ဦး အလျှင်း မဖြစ်လေနှင့်။

[87] ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ချမှတ်ပေးအပ်တော်မူခဲ့ပြီးနောက်၊ သူတို့ သည် အသင့်အား အရှင့်အာယသ်သက်သေလက္ခဏာတော်များမှ အာရုံပြောင်းလွှဲဖယ်စေခြင်းကို ခွင့်မပြုလေနှင့်။ ထို့ပြင် အသင်သည် (လူသားတို့ကို) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့သာ ဖိတ်ခေါ်လော့။ (သက်ရှိသက်မဲ့များအနက်မှ တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသောသူတို့တွင် အပါအဝင် မဖြစ်လေနှင့်။

[88] ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အ လျှင်း မရှိသည့်သောကြောင့် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားမည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် တသ၍ ဆုတောင်းခြင်း မပြုလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ် (၏မျက်နှာတော်) ဇာတိတော်မှအပ အခြားအရာခပ်သိမ်းကုန်တို့သည် တိမ်ကောပျက်စီးဆုံးပါးမည့် အရာချည်း သာ ဖြစ်ကြ၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်း တော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ် ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည်ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။

ပင့်ကူ

Surah 29

[1] အလိဖ်၊ လာမ်၊ မီမ်။

[2] လူသားက “ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြပါပြီ။” ဟု ပြောကြရုံမျှဖြင့် သူတို့အား စမ်းသပ်စစ်ဆေးစေတော်မမူဘဲ ချန်လှပ်စေလျက် လွှတ်ထားခြင်းခံကြရန် တွက်ချက်ထင်မှတ်ကြလေသလော။

[3] ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အလျင် ရှိခဲ့ကြသော သူတို့ကိုလည်း စမ်းသပ်တော်မူခဲ့၏။ (ထိုသို့ စမ်းသပ်တော်မူခြင်းသည် အရှင့်စည်းမျဉ်းတော်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်မှုကို ထုတ်ဖော်ရာ၌) ဖြောင့်မတ်မှန်ကန်ဖြင့် သက်သေပြခဲ့သူတို့အား (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော် မူပြီး (အမှန်တရားအား) မဟုတ်မတရားမမှန်မကန် လိမ်လည်စွပ်စွဲကြသော မုသာဝါဒီတို့ကိုလည်း (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော်မူလိမ့်မည်။

[4] သို့တည်းမဟုတ် (ယုံကြည်သူတို့အား ညှင်းပန်းနှိပ်စက်လျက်) မကောင်းမှုဒုစရိုက်များကို ကျင့်မူကျူးလွန် ကြသူတို့သည် ငါအရှင်မြတ်ထက် ရှေ့ရောက်၍ ငါအရှင်မြတ်ကို နှောင့်ယှက်နိုင်ကြလိမ့်မည်ဟု တွက် ချက် ထင်မှတ်ကြလေသလော။ သူတို့ ဆုံးဖြတ်ခဲ့ကြသမျှသည် အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေ၏။

[5] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်စောင့်စားလျှင် (ယင်းအတွက်) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းထားတော်မူသော အချိန်ကာလသည် မုချပင် ဆိုက်ရောက်လာမည်ဖြစ် ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[6] အမှန်သော်ကား မည်သူမဆို (စိတ်အလိုရမ္မက် မကောင်းမှုကို အားပေးသောစိတ် စေတန်မကောင်းဆိုးဝါး နှင့်ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင်၍လည်းကောင်း ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော မွတ်စလင်တစ်ဦးဖြစ်လာရန်လည်းကောင်း) ရုန်းကန်ကြိုးပမ်းလျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချလျက် သူ့အကျိုးငှာ ရုန်းကန်ကြိုးပမ်းခြင်း ဖြစ်၏။ မုချဧကန်၊ (စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော) အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းတို့ကို မှီခိုခြင်းမှ ပကတိကင်းရှင်းလျက် ကုံလုံပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[7] တစ်ဖန် ဧကန်ပင်၊ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ဆောက်တည်ကြသူတို့အား သူတို့ထံမှ သူတို့၏မကောင်းသောပြုမူမှုများကို ဖုံးကွယ် ဖယ်ရှားစေတော်ပြီး သူတို့ ပြုမူကျင့်ကြံမှု (၏အကျိုးဆက်) ထက် အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များကိုလည်း ငါအရှင်မြတ်သည်ပင် သူတို့အား မုချဧကန်၊ ချီးမြှင့်ပေးတော်မူမည်။

[8] အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား မိဘနှစ်ပါးတို့နှင့်ပတ်သက်၍ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူဆက်ဆံပြုစုရန် ဩဝါဒလမ်းညွှန်ပေးတော်မူ၏။ သို့ရာတွင် အကယ်၍ (မိဘနှစ်ပါးက) သူတို့က သင်ကိုယ်တိုင်တပ်အပ်သေချာစွာ မသိသောအရာနှင့်စပ်လျဉ်း၍ ယင်းအား ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာအဖြစ် ကိုးကွယ်ရန် ရုန်းကန်အားထုတ်ကြလျှင် အသင်သည် (ယင်းတွဲဖက်ကိုးကွယ်နှင့်စပ်လျဉ်း၍) သူတို့နှစ်ဦးစလုံးအား မနာခံမလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့သာလျှင် လှည့် ပြန်ကြရမည်ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကြောင်းကြားစေတော် (မူလျက် စာရင်းရှင်းအရေးယူတော်) မူလိမ့်မည်။

[9] ထို့ပြင် ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ဆောက်တည်ကြသူတို့အား ဧကန်မုချပင် (သုခဥယျာဉ်ရှိ) ဖြောင့်မတ်မှန်ကန်သော သူမွန်သူမြတ်တို့တွင် ဝင်ခွင့်ပေးတော်မူမည်။

[10] လူသားတို့အနက် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ။” ဟု ပြောဆိုကြသူများရှိသော်လည်း (သူတို့အနက်မှအချို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် (အား ယုံကြည် မှု) ကြောင့် ဖိစီးနှိပ်စက်မှုကိုခံကြရသောအခါ လူတို့၏ဖိနှိပ်ညှင်းပန်းမှုကို အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆ (လျက် ယုံကြည်မှုကို စွန့်လို) ကြ၏။ သို့ရာတွင် အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် သူတို့က “ဧကန်ပင်၊ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ရှိကြ၏။” ဟု မုချဧကန်၊ ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော) လောကခပ်သိမ်း (ရှိသက်ရှိအားလုံး) ၏ရင်တွင်း ၌ ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်လော။

[11] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော်မူပြီး အယောင်ဆောင်​သီလကြောင်တို့ကိုလည်း ခွဲခြားသိမြင်နိုင်အောင် ဧကန်မုချပင် စည်းသားတော်မူ၏။

[12] စင်စစ် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သက်ဝင်ယုံကြည်သူတို့အား “သင်တို့သည် ကျွန်ုပ်တို့၏ (ဘာသာရေးနှင့်ယဉ်ကျေးမှုဓလေ့တုံးစံဆိုင်ရာ) လမ်းစဉ်ကို လိုက်နာကြလော့။ (ထိုသို့ လိုက်နာလျှင်) ကျွန်ုပ်တို့သည် သင်တို့၏ပြစ်မှုများကို (ကိုင်တွယ်ဖြေရှင်းပေးရန်တာဝန်ယူ) ထမ်းရွက်ကြမည်။” ဟု ဆိုကြ၏။ စင်စစ်သော်ကား သူတို့သည် သက်ဝင်ယုံကြည်သူတို့၏ပြစ်မှုများအနက်မှ မည်သည့်ကိစ္စကိုမျှပင် (ကိုင်တွယ်ဖြေရှင်းပေးရန် တာဝန်ယူ) ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ ဧကန်ပင်၊ သူတို့သည် လိမ်ညာနေကြသော မုသာဝါဒီများပင် ဖြစ်ကြ၏။

[13] သို့ရာတွင် ဧကန်မုချ၊ သူတို့သည် သူတို့၏ (မကောင်းမှုအကုသိုလ်ဆိုင်ရာ) ဝန်ထုပ်များကိုလည်းကောင်း၊ သူတို့၏ဝန်ထုပ်များနှင့်အတူ (မကောင်းမှုအတွက် လှုံ့ဆော်တိုက်တွန်းခဲ့သော) အခြားဝန်ထုပ်များကိုလည်းကောင်း၊ (တာဝန်ခံ) ထမ်းဆောင်ကြရမည်။ ထို့ပြင် မချွတ်ဧကန်၊ သူတို့သည် ရှင်ပြန်ထမည့်နေ့တွင် (အမှန် တရားသစ္စာနှင့်ဆန့်ကျင်၍) သူတို့က လုပ်ကြံဖန်တီးခဲ့ကြသောအရာများနှင့်စပ်လျဉ်း၍ စစ် ဆေးမေးမြန်းခြင်းကိုလည်း ခံကြရမည်ဖြစ်၏။

[14] ထို့ပြင် မလွဲဧကန်၊ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အား သူ့လူမျိုးများထံ (ရစူလ်တမန်တော် အဖြစ်) စေလွှတ်တော်မူခဲ့ရာ သူသည် သူတို့ထဲ၌ နှစ်ပေါင်းတစ်ထောင်မှာ ငါးဆယ်လျှော့ (နှစ်ပေါင်းကိုးရာ ငါးဆယ်) တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ ဖြစ်သောကြောင့် သူတို့အား ရေကြီးခြင်းအား လွှမ်းမိုးစေတော် (မူလျက် အရေးယူတော်) မူ၏။

[15] ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အားလည်းကောင်း၊ လှေသင်္ဘော (ပေါ်၌ လိုက်ပါလာခဲ့ကြသောသူ) ၏သာဝက အပေါင်းအဖော်တို့အားလည်းကောင်း၊ ကယ်တင်တော်မူပြီး ယင်း (လှေသင်္ဘော) ကို ကမ္ဘာသူကမ္ဘာသား လောကခပ်သိမ်းတို့အတွက် သက်သေလက္ခဏာတစ်ရပ် ဖြစ်စေတော်မူခဲ့၏။

[16] ထို့ပြင် (တမန်တော်) အီဗ်ရာဟီးမ်က (ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခြင်းခံရပြီးနောက်) သူ့လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ ထို့ပြင် ထိုအရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။” ဟု ဟောပြောခဲ့စဉ်၊ အကယ်၍ ထိုသို့ (ဟောပြောသည့်အတိုင်း) ပင် သင်တို့သည် သိနားလည်ကြလျှင် သင်တို့အတွက် အကောင်း ဆုံးပင် ဖြစ်ပေသည်။

[17] သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်ပွားဆင်းတုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြပြီး (မုသာဝါဒပေါ်အခြေခံသော) လမ်းမှားကို လီဆယ်ဖန်တီးကြ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍ သင်တို့က (ကိုးကွယ်ရာများအဖြစ် မှတ်ယူကာ) ဆည်းကပ်ကိုးကွယ်ကြသော ထိုကိုးကွယ်ရာများ သင်တို့အတွက် (ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍) စားနပ်ရိက္ခာ ထောက်ပံ့နိုင်သော အခွင့်အာဏာအား ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သင်တို့သည် စားနပ်ရိက္ခာများကို အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီ အရှင့်) ထံတော်မှသာ ရှာမှီးကြလော့။ ထို့ပြင် ထိုအ ရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ပြီး (ထိုအရှင် မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍) ကျေးဇူးသိတတ် ကြလော့။ (နှလုံးသွင်းသင့်သည်မှာ) သင်တို့အားလုံး သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် လှန့်ပြန် ကြရပေမည်။

[18] သို့ရာတွင် အကယ်၍ သင်တို့သည် (ငါအရှင်မြတ်၏ ရစူလ်တမန်တော်ကို) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျှင် (အကြောင်းမထူးပေ) သင်တို့အလျင် ရှိခဲ့ကြသော လူ့ဘောင်အသိုင်းအဝိုင်းများက လည်း (သူတို့၏စူလ်တမန်တော်များအား) မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။ စင်စစ်မှာမူကား ရစူလ်တမန်တော်အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို လူသားတို့ထံ) ရှင်းလင်းပြတ်သားစွာ (အတိအကျ အပြည့်အစုံ) ပို့ဆောင်ရန်သာလျှင် တာဝန်ရှိ၏။

[19] အလ္လာဟ်အရှင်မြတ်သည် (အရှင့်နိယာမတော်အရ) ဖွဲ့စည်းဖြစ်တည်စေတော်မူသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို မည်သို့ စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (ထိုမူရင်းဖြစ်တည်မှုမှ) မည်သို့ ထပ်ပြန်တလဲလဲ ဖွံ့ဖြိုးဖြစ်စေတော်မူသည်ကို သူတို့ မတွေ့မြင်၊ မဆင်ခြင် မသုံးသပ်ကြလေသလော။ ဧကန်ပင်၊ ထိုသို့ ဖြစ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် လွန်စွာ လွယ်ကူလှပေ၏။

[20] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “မြေကမ္ဘာဝယ် လှည့်လည်၍ ခရီးသွားလာပြီးနောက် (အရှင့် နိယာမတော်အရ) ဖွဲ့စည်းဖြစ်တည်စေတော်မူသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို မည်သို့ စတင်ဖွဲ့စည်း ဖြစ်တည်စေတော်ကြောင်းကိုလည်းကောင်း၊ တစ်ဖန် (ထိုမူရင်းဖြစ်တည်မှုမှ) အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော နောက်ဆက်တွဲ အခြားအရာများကို မည်သို့ ဖွံ့ဖြိုးဖြစ်စေတော် မူကြောင်းကိုလည်းကောင်း၊ စူးစမ်းလေ့လာ၍ မဆင်ခြင်၊ မသုံးသပ်ကြ လေသလော။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာလွှမ်းမိုးတော် မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[21] ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ပြစ်ဒဏ် သင့်စေတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား အကြင်နာ သက်စေတော်မူ၏။ ထို့ပြင် သင်တို့အားလုံးသည် ထိုအရှင်မြတ်ထံတော်သို့ပင် လှန့်ပြန်စေတော်မူခြင်း ခံကြရပေမည်။

[22] စင်စစ်သော်ကား သင်တို့သည် ကမ္ဘာဂြိုဟ်၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ (အရှင့် နိယာမတော်နှင့်အညီ ဖြစ်ပျက်နေသည်တို့ကို နှောင့်ယှက်ဟန့်တားရန်) စွမ်းဆောင်နိုင်ကြသူများ အလျှင်း မဟုတ်ကြချေ။ ထို့ပြင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့် ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။

[23] တစ်ဖန် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များ (စကြဝဠာအတွင်း၌ တွေ့ရသော အရှင့်နိယာမတော်များ) ကိုလည်းကောင်း၊ (လောကီဘဝ၌ ပြုမူခဲ့သမျှအတွက် တမလွန်ဘဝ၌ တ ရားရင်ဆိုင်ရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံရမည်ကိုလည်းကောင်း၊ မယုံကြည်ငြင်းပယ်ခဲ့ကြသော သူတို့သည်သလျှင် ငါအရှင်မြတ်၏ကရုဏာတော်ကို မျှော်လင့်အားထားခြင်းကင်းမဲ့ကြပေမည်။ ထို့ပြင် ထိုသူတို့သည် သူတို့အတွက် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို (ရှာမှီးနေကြ၏)။

[24] သို့ရာတွင် (တမန်တော်အီဗ်ရာဟီးမ်အား) သူ့လူမျိုးတို့က “သူ့ကို သတ်ပစ်လော။” သို့တည်းမဟုတ် “သူအား မီးတင်ရှို့ကြလော့။” ဟု အမိန့်ပေးရန် တောင်းဆိုကြခြင်းမှအပ (အရှင့်ဘက်သို့ ဖိတ်ခေါ်ခြင်းစပ် လျဉ်း၍ သူ့ကို) အခြားမည်သည့် တုံ့ပြန်မှုကိုမျှ (အဖြေပေးခြင်း) မရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီးမ်ကို မီးမှ ကယ်တင်တော်မူခဲ့၏။ ဧကန်မလွဲ၊ ထို (အဖြစ်အပျက်) ၌ သက် ဝင်ယုံကြည်သော လူမျိုးတို့ အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[25] (တမန်တော်) အီဗ်ရာဟီးမ်က (သူ့လူမျိုးတို့အား) သင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ အချင်းချင်း မေတ္တာပွားခြင်းကို အကြောင်းပြ၍သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်ပွားဆင်းတုများကို (ကိုးကွယ်ရာများအဖြစ်) အယူထား ကိုးကွယ်ကြ၏။ ထို့နောက် ရှင်ပြန်ထမည့်နေ့တွင်မူကား၊ သင်တို့အချင်းချင်း အချို့က အချို့ကို ငြင်းပယ်ကြမည်သာမက အချင်းချင်း တစ်ဦးကိုတစ်ဦး (အရှင့်ကရုဏာတော်မှ ကင်းဝေးပါစေဟုလည်း) ကျိန်ဆဲကြပေမည်။ ထို့ပြင် ငရဲမီးသည် သင်တို့၏နောက်ဆုံး ဗိမာန်ခိုလှုံရာဌာန ဖြစ်ပြီး သင်တို့အတွက် ကူညီ စောင်မသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

[26] ထို့နောက် (တမန်တော်) လူးသ်သည် (တမန်တော်) အီဗ်ရာဟီးမ်အား ယုံကြည်ထောက်ခံခဲ့လေ၏။ (တမန်တော်) အီဗ်ရာဟီးမ်က “ဧကန်မလွဲ၊ ကျွန်ုပ်သည် မွေးရပ်ဇာတိနှင့်ကျွန်ုပ်၏လူမျိုးကို စွန့်၍ ကျွန်ုပ်၏ ယုံကြည်ချက်အတိုင်း ဘဝတည်ဆောက်နိုင်ရန်) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ညွှန်ပြတော်မူရာအရပ်) သို့ တိုင်းရင်းဒေသစွန့်၍ ရွေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်သည်။ မုချဧကန်၊ ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်၌ လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[27] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်အား (သားဖြစ်သူ တမန်တော်) အစ်ဟာက်ကိုလည်းကောင်း၊ (မြေးဖြစ်သူ တမန်တော်) ဟအ်ကူးဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးအပ်တော်မူသည့်အပြင် ငါအရှင်မြတ်သည် သူ့သားစဉ်မြေးဆက်ဆက်၌လည်း ဤလောကီဘဝဆိုင်ရာ သူ့အကျိုးဆုလဒ်အဖြစ် နဗီတမန် တော်ရာထူးများနှင့်ကျမ်းတော်များကို ချမှတ်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် နောင်တမလွန်ဘဝတွင်လည်း ဧကန်ပင်၊ သူသည် ဖြောင့်မတ်မှန်ကန်သော သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေလိမ့်မည်။

[28] (ထိုနည်းတူစွာ အရှင်မြတ်သည် လူးသ်ကိုလည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့ရာ တမန်တော်) လူးသ်က သူ့လူမျိုးတို့အား “ဧကန်စင်စစ်၊ သင်တို့သည် ကမ္ဘာသူကမ္ဘာသားလောကခပ်သိမ်းအနက် သင်တို့အလျင် မည်သူတစ်ဦးတစ်ယောက်မျှပင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန်ဆိုးယုတ်သော မကြားဝံ့မနာသာသည့် မဖွယ်မရာမှုကို ကျူးလွန်နေကြ၏။” ဟု ဟောပြောခဲ့၏။

[29] (အရှင်မြတ်က မဖွယ်မရာမှုကို ရပ်တန့်ရန် ပြင်းပြင်းထန်ထန် သတိပေးပါလျက်) သင်တို့သည် လမ်းမများကို ဖြတ်တောက်၍ အမျိုးသားခရီးသည်များကိုလည်းကောင်း၊ မကောင်းမှုဘက်သို့ဖိတ်ခေါ်သည့် စုရုံးမှုများ၌လည်းကောင်း၊ အမျိုးသားများထံသာ (တဏှာရာဂတပ်မက်လျက် ဆက်လက်၍) ချဉ်းကပ်ကျူးလွန် ကြလေသလော။ တမန်တော်လူးသ်၏သတိပေးဆုံးမမှုနှင့်စပ်လျဉ်း၍) သူ့လူမျိုး၏တုံ့ပြန် ဖြေကြားမှုမှာ “အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတစ်ဦးဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံ ယူဆောင်ရောက်စေလော့။” ဟူ၍သာ ဖြစ်ခဲ့၏။

[30] ထိုစဉ် (တမန်တော်) လူးသ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေသော လူမျိုးတို့နှင့်ဆန့်ကျင် ၍ အကူအညီပေးတော် (မူလျက် မျက်နှာသာပေးတော်) မူပါ။”ဟု လျှောက်ထား ပန်ကြားလေ၏။

[31] ထို့ပြင် ငါအရှင်မြတ်၏ (ကောင်းကင်စေတမန်) သတင်းဆောင်များသည် (သားအီစ်ဟာ့က် မွေးမည့်အ ကြောင်း) ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းနှင့်အတူ (တမန်တော်) အီဗ်ရာဟီးမ်ထံ ရောက်သောအခါ (ကောင်းကင်စေတမန်များဖြစ်ကြသော) သူတို့က “ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ဤမြို့ရွာဒေသနေ ပြည်သူတို့အား ဖျက်ဆီး၊ တိမ်ကောစေမည့်သူများပင် ဖြစ်ကြပြီး ဧကန်စင်စစ်၊ ယင်း၌ နေထိုင်သောပြည်သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများပင် ဖြစ်ကြသည်။” ဟု ပြောဆိုခဲ့ကြလေ၏။

[32] (ထိုအခါ တမန်တော်) အီဗ်ရာဟီးမ်က ထိုမြို့ရွာဒေသ၌ (တမန်တော်) လူးသ်သည်လည်း ရှိနေ၏။"" ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က “ယင်း၌ မည်သူတို့နေထိုင်ကြသည်ကို ကျွန်ုပ်တို့ ကောင်းစွာ သိကြ၏။ အမှန်ပင် ကျွန်ုပ်တို့သည် နောက်တွင်ကျန်ရစ်နေမည့်သူတို့တွင် အပါအဝင်ဖြစ်သော သူ့အမျိုးသမီးမှအပ (တမန် တော်) လူးသ်နှင့်တကွ သူ့မိသားစုအပေါင်းအဖော်များ ကယ်တင်ကြပေမည်။” ဟု ဖြေကြားခဲ့ကြ၏။

[33] ငါအရှင်မြတ်၏သတင်းဆောင်၊ စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို ကာကွယ်ရန် အင်အားအလုံအလောက် မရှိကြောင်းတို့ကြောင့်) သူတို့အတွက် ချောင်ပိတ်မိသကဲ့သို့ ပူပင်၍ စိတ်ကျဉ်းကျပ်မှု ခံစားသောအခါ သူတို့က “(အို၊ လူးသ်၊) အသင်သည် မစိုးရိမ်လေနှင့်။ ပူဆွေးသောကရောက်ခြင်းလည်း မရှိလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် နောက်တွင်ကျန် ရစ်နေမည့်သူတို့တွင် အပါအဝင်ဖြစ်မည့် သင့်အမျိုးသမီးမှအပ အသင်နှင့်တကွ သင့်မိသားစုအပေါင်းအဖော်တို့အား ကယ်ဆယ်မည့်သူများပင် ဖြစ်ကြသည်။” ဟု ပြောကြားလေ၏။

[34] ဧကန်ပင်၊ ကျွန်ုပ်တို့သည် ဤမြို့ရွာဒေသနေ ပြည်သူတို့အပေါ်၌ သူတို့က အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ မနာခံအာခံဖီဆန်ခဲ့ကြခြင်းကြောင့် မိုးကောင်းကင်မှ ကပ်ဘေးပြစ်ဒဏ် တစ်မျိုးကို ချပေးမည့်သူများပင် ဖြစ်ကြသည်။

[35] မုချဧကန်၊ ငါအရှင်မြတ်သည် ဆင်ခြင်တုံတရားကိုသုံး၍ တွေးခေါ်တတ်သော လူမျိုးတို့အတွက် ယင်း (မြို့ရွာဒေသနေ ပြည်သူတို့) ၌ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သည့် သက်သေလက္ခဏာနှင့်သင်ခန်းစာကို ချန်လှပ်ထားတော်မူ၏။

[36] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန် (ပြည်သူများထံ) သို့ သူတို့၏နောင်တော် ရှုအိုက်ဗ်ကို စေလွှတ်တော်မူခဲ့ရာ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ နောင်တမလွန်ဘဝ၏နောက်ဆုံးနေ့ကာလ၌ (လောကီဘဝ၌ ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အစစ်ဆေးခံရမည်ကို မျှော်ကိုးလျက် ပြင်ဆင်ကြလော့။ ထို့ပြင် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေရန် ရမ်းကားသောင်းကျန်းမှုများ မပြုလုပ်ကြနှင့်။” ဟု ဟောပြောခဲ့၏။

[37] သို့ရာတွင် သူတို့သည် (တမန်တော်) ရှုအိုက်ဗ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြရာ မြေငလျှင်ကြီးသည် သူတို့အား အရေးယူသုတ်သင်သောကြောင့် သူတို့သည် သူတို့၏နေအိမ်မြို့ ရွာများတွင် လှုပ်ရှားမှုမဲ့ မှောက်လျက်ရှိသည့် သက်မဲ့များ ဖြစ်ကြကုန်၏။

[38] ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်လူမျိုးတို့အားလည်းကောင်း၊ ဆမူဒ်လူမျိုးတို့အားလည်းကောင်း၊ (အရေးယူ သုတ်သင်တော်မူခဲ့၏။) ထို့ပြင် ဧကန်မလွဲ (ယနေ့အထိ ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်ရစ် နေသော) သူတို့၏နေအိမ်အဆောက်အအုံများ (ကို သုတေသနပြု လေ့လာခြင်းဖြင့် ယင်းတို့) မှ သင်တို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များကို ထင်ရှားစေတော်မူခဲ့ပြီ။ စင်စစ်သော်ကား စေတန်မကောင်းဆိုးဝါးသည် သူတို့အတွက် သူတို့၏ပြုမူကျင့်ကြံမှုများကို (သူတို့၏အမြင်တွင်) လှပတင့်တယ်အောင် ပြုလုပ်ထားသောကြောင့် သူတို့သည် ထိုးထွင်းသိမြင်နိုင်စွမ်း အပ်နှင်းခြင်းခံထားရသော်လည်း တရားလမ်းမှန်မှ ပိတ်ပင်တားဆီးခြင်းခံခဲ့ကြ၏။

[39] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ကာရူန်၊ ဖာရိုမင်းဆက်နှင့်ဟာမာန်တို့ကိုလည်း (အရေးယူ သုတ်သင် တော်မူခဲ့၏၊) မုချဧကန်၊ (တမန်တော်) မူဆာသည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များပါရှိသည့် သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိခဲ့သော်လည်း သူတို့မှာမူကား မြေကမ္ဘာတိုင်းပြည်ဒေသ၌ မောက်မာ (၍ ညှင်းပန်းနှိပ်စက်မှုများကို ပြုခဲ့) သောကြောင့် သူတို့သည် (ငါအရှင်မြတ် ၏ပြစ်ဒဏ်မှ) လွတ်မြောက်သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (သူတို့အနက်) ကိုယ်စီကိုယ်ငအား သူ့ပြစ်မှုကြောင့် အရေးယူ သုတ်သင်တော်မူခဲ့၏။ ငါအရှင်မြတ်သည် သူတို့အနက် အချို့အပေါ်၌ (ကျောက်ခဲများပါရှိသော) လေပြင်းမုန် တိုင်းကို စေလွှတ်တော်မူခဲ့ပြီး သူတို့အနက်အချို့ကို ကျယ်လောင်၍ ပြင်းထန်လှသောပေါက်ကွဲသံဖြင့် အရေးယူ သုတ်သင်တော်မူခဲ့သည့်ပြင် သူတို့အနက် အချို့ကိုမူ မြေမျိုစေတော်မူခြင်းခံခဲ့ကြရုံသာမက သူတို့အနက် အချို့ကိုလည်း ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား မတော်မတရား အရေးယူ တော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့နဖ်စ် (ခေါ် မျိုး ရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များကို အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ (သောကြောင့် အရေးယူခြင်းခံ) ကြ၏။

[41] အလ္လာဟ်အရှင်မြတ်အား စွန့်၍ အခြား တစ်စုံတစ်ရာကို (သူတို့၏ကိစ္စတိုင်းအား ဖြေရှင်းပေးမည့် ယုံကြည်စိတ်ချရသော) ကာကွယ်စောင့်ရှောက်သောအဆွေခင်ပွန်းအဖြစ် အယူထားကိုးကွယ်သူတို့၏ဥပ မာသည်ကား၊ ယင်းအတွက် ယင်းကိုယ်တိုင် အိမ်ဆောက်လုပ်သော ပင့်ကူ၏ဥပမာနှင့်အလားသဏ္ဍန်တူ၏။ သို့ရာတွင် ဧကန်မလွဲ၊ (အိမ်အပေါင်းတို့တွင် အထိမခံဆုံး အပျက်လွယ်ဆုံးနှင့်) အနုနယ်ဆုံးသောအိမ်မှာ ပင့်ကူအိမ်ပင် ဖြစ်ကြောင်း၊ သူတို့က သိနားလည်ခဲ့ကြလျှင် ကောင်းလေစွ။

[42] ဧကန်မလွဲ၊ (လူသားက သက်ရှိသက်ရှိမဲ့တို့အနက်မှ) ထိုအရှင်မြတ်မှအပ အခြား မည်သည့်အရာအား ဟစ်ခေါ် တသ၍ ဆုတောင်းပန်ကြားသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ကုန်စင်အောင် သိနေတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[43] ငါအရှင်မြတ်သည် (အမှန်တရားကို သိမြင်နားလည်၍ ပြုပြင်နိုင်ရန်) ထိုသို့သော ဥပမာပုံဆောင်ချက်များကို လူသားတို့အတွက် ခိုင်းနှိုင်းတင်ပြတော်မူသော်လည်း ပညာရှင်တို့သည်သာလျှင် ယင်းတို့ကို ယင်း တို့၏စစ်မှန်သော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ရည်ရွယ်များအပေါ် တွေးခေါ်ဆင်ခြင်ခြင်းဖြင့်) သိနားလည်ကြ၏။

[44] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန် သော အခြေခံရည်ရွယ်ချက်နှင့်တကွ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ဧကန်မလွဲ၊ ထို (သို့ ဖွဲ့စည်းဖြစ်တည်စေခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[45] (အို၊ ရစူလ်တမန်တော်) သင်သည် သင့်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသော ကျမ်းတော်မြတ် (ကုရ်အာန်) ကို ရွတ်ဖတ်ပြလော့။ ထို့အပြင် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာဆောက်တည်လော့။ ဧကန်မလွဲ၊ ဆွလာသ်ဆောက်တည်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ မကြားဝံ့၊ မနာသာသော မဖွယ်မရာမှုများမှလည်းကောင်း၊ မကောင်းမှုဒုစရိုက်များနှင့်အမှန်တရားကို အာ ခံဖီဆန်မှုများမှ လည်းကောင်း၊ ချုပ်တည်းတားဆီးကြသည့်အပြင် အလ္လာဟ်အရှင်မြတ်အားလည်း အကြီးကျယ်ဆုံး၊ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရာရောက်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဖန်တီးသမျှတို့ကို ကောင်းစွာ သိနေတော်မူ၏။

[46] ထို့ပြင် သူတို့အနက်မှ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်သူတို့မှအပ ယခင်ကျမ်းရပုဂ္ဂိုလ်တို့နှင့်အချေအတင်ပြောဆို ဆွေးနွေးရာတွင် (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် လူသားတို့အတွက်) အကောင်းဆုံးဖြစ်သော အကြောင်းအရာများကိုသာ အချေအတင် အပြန်အလှန် ပြောဆိုဆွေးနွေးကြလော့။ ထို့ပြင် ''ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်ပညတ်များနှင့်သင်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်ပညတ်များ ကျွန်ုပ်တို့၏ကိုးကွယ်ရာ အရှင်သခင်နှင့်သင်တို့၏ကိုးကွယ်ရာအ ရှင်သခင်မှာ တစ်ဆူတည်းသော အရှင်မြတ်ဖြစ်သည်ကိုလည်းကောင်း၊ (ဖြူစင်မြဲမြံစွာဖြင့်) သက်ဝင်ယုံကြည်ကြ ရုံသာမက ကျွန်ုပ်တို့သည် ထိုအရှင်မြတ်အတွက်သာ (ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ နာခံအပ်နှံပြီး ငြိမ်းချမ်း ရေးလိုလားသော) မွတ်စလင်များဖြစ် ကြောင်းကိုလည်း ပြောဆိုကြလော့။

[47] စင်စစ် ငါအရှင်မြတ်သည် အသင့်ထံသို့ ကျမ်းတော်မြတ် (ကုရ်အာန်) ကို ထိုနည်းအတိုင်းပင် ချမှတ်ပေးအပ်တော်မူခဲ့ရာ ကျမ်းတော်ချမှတ်ပေးအပ်တော်မူခြင်းခံကြရသူတို့အနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ ဖြူစင်စွာ ယုံကြည်ကြရာ၏။ ထို့ပြင် ဤ (မက္ကာမြို့နေ) ပုဂ္ဂိုလ်များအနက်မှ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို ယုံကြည်ကြသူများလည်း ရှိကြ၏။ စင်စစ်သော်ကား မယုံကြည်သူ အမှန်တရားကို ဖုံးကွယ်ငြင်း ပယ်သူတို့မှအပ (အခြား မည်သူတစ်ဦးတစ်ယောက်မျှ) ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (စောဒကတက်) ငြင်းပယ်ကြမည် မဟုတ်ပေ။

[48] အမှန်စင်စစ်သော်ကား အသင် (တမန်တော်) သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်) မတိုင်မီ မည်သည့် ကျမ်းတော်ကိုမျှ ဖတ်ဖူးခဲ့သည် မရှိသည့်အပြင် (မည်သည့်အရာကိုမျှ) သင့်ညာလက်ဖြင့် ရေးသားခဲ့ဖူး သည်လည်း မဟုတ်ပေ။ သို့ဖြစ်ပေရာ အမှန်တရားကို မဟုတ်မမှန်ကြောင်းသက်သေပြရန် ရှာကြံကြသူတို့၌ (သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့်) ဒွိဟသံသယများ အမှန်ပင် ရှိနိုင်၏။

[49] အမှန်စင်စစ်မှာမူကား ယင်း (ကုရ်အာန်ကျမ်းမြတ်) သည် အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့၏စိတ်နှလုံးများတွင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များပါရှိသည့် သက်သေလက္ခဏာတော်များကို (သက်သေပြရန်မလိုဘဲ ပကတိအတိုင်းရှင်းနေကြောင်း) ထင်ရှားစေသောအရာပင် ဖြစ်၏။ စင်စစ်သော်ကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မ ဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့မှအပ (အခြားမည်သူတစ်ဦးတစ်ယောက်မျှ) ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာ တော်များနှင့်စပ်လျဉ်း၍ (စောဒကတက်) ငြင်းပယ်ကြမည် မဟုတ်ပေ။

[50] ထို့ပြင် (တမန်တော်မြတ်နှင့်ပတ်သက်၍) သူတို့က ''သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သူ့အပေါ်တွင် အံ့ဖွယ်တန်ခိုး သက်သေလက္ခဏာတော်များ အ ဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း မခံသနည်း။''ဟု မေးမြန်းကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အာယသ်သက်သေလက္ခဏာတော်များသည် အလ္လာဟ်အရှင်မြတ် (၏ဆန္ဒတော်နှင့်တန်ခိုးတော်ဆိုင်ရာ အချုပ်အခြာအာဏာ) ၌သာရှိပြီး ကျွန်ုပ်သည်ကား (ကျွန်ုပ်၏ဆန္ဒအလျှောက် လုပ်နိုင်စွမ်း မရှိဘဲ အရှင်မြတ်ချမှတ် ပေးသမျှကိုသာ) မြင်သာထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။” ဟု ဟောပြောလော့။

[51] ငါအရှင်မြတ်သည် သူတို့၏ရှေ့ဝယ်ဖတ်ကြားခြင်းခံရလျက်ရှိသော ထိုကျမ်းတော်ကို အသင့်အပေါ်၌ ချမှတ်ပေးအပ်တော်မူခဲ့ခြင်းသည်ပင်လျှင် သူတို့အတွက် (အံ့ဖွယ်သက်သေလက္ခဏာအဖြစ်) လုံလောက်ပြီ မဟုတ်လော။ ဧကန်ပင်၊ ထို (ကျမ်းတော်မြတ်ကုရ်အာန်) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် ကရုဏာတော်နှင့် (သတိပေးလမ်းညွှန်ချက်များပါဝင်သော) သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာများ အ မှန်ပင် ရှိ၏။

[52] (အို၊ ရစူလ်တမန်တော် သူတို့အား) “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့ကို ကုန်စင်အောင် သိနေတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်သင်တို့အကြားဝယ် သက်သေသက်ကန်အ ဖြစ် လုံလောက်တော်မူ၏။ သို့ရာတွင် (မှားယွင်းသော ယုံကြည်မှု အတွေးအခေါ်၊ အယူအဆများပါဝင်သည့်လမ်းစဉ်) မိစ္ဆာဒိဌိကို ယုံကြည်လက်ခံ၍ (ကျမ်းတော်နှင့်တမန်တော်ကို ငြင်းပယ်ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်အား မယုံကြည် ငြင်းပယ်ကြသော ထိုသူတို့သည်သာလျှင် ဆုံးရှုံးပျက်စီးသူများ ဖြစ်ကြ၏။” ဟု ဟောလော့။

[53] ထို့ပြင် သူတို့သည် အသင် (တမန်တော်) ထံ (အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်လျှင် အရေးယူတော်မူမည့်) ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စိတ်ဆောစွာဖြင့် အလျင်စလို စိန်ခေါ် တောင်းဆိုကြနေ၏။ သို့ရာတွင် အ ကယ်၍ (ပြစ်ဒဏ်အတွက်) ပြဌာန်းထားသောကာလ သတ်မှတ်တော်မမူခဲ့လျှင် ပြစ်ဒဏ်သည် သူတို့ထံ မုချပင် ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပေမည်။ စင်စစ်သော်ကား ပြစ်ဒဏ်သည် သူတို့ထံ သူတို့က သတိမမူမီပင် ဧကန်မုချ ရုတ်တရက် ဆိုက်ရောက်လာမည် ဖြစ်၏။

[54] သူတို့သည် အသင် (တမန်တော်) ထံ (အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်လျှင် အရေးယူတော်မူမည့်) ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စိတ်ဆောစွာဖြင့် အလျင်စလို စိန်ခေါ်၍ တောင်းဆိုကြနေ၏။ ဧကန်မလွဲ၊ ငရဲဘုံသည် မယုံကြည်သူ အမှန်တရားကို သွေဖည်ငြင်းပယ်သောသူတို့အား ဝန်းရံလျက်ပင် ရှိပေ၏။

[55] ထို (ပြဌာန်းထားသောကာလစေ့သည့်) နေ့တွင် ပြစ်ဒဏ်သည် ထိုသူတို့အား၊ ထိုသူတို့၏အထက်မှ လည်းကောင်း၊ ထိုသူတို့၏ ခြေထောက်များအောက်မှလည်းကောင်း၊ (အဖက်ဖက်မှ) ဖုံးလွှမ်းဝန်းရံလျက် ရှိချေမည်။ ထို့ပြင် ထိုအရှင်မြတ်က (သူတို့အား) “သင်တို့သည် သင်တို့၏ပြုမူကျင့်ကြံမူများနှင့်အညီ (ထိုက်တန် မျှတသော ပြစ်ဒဏ်များဆိုင်ရာ) ပြစ်မှုဒုစရိုက်များ၏အရသာကို မြည်းစမ်းကြလော့။”ဟု မိန့်ကြားတော်မူမည်။

[56] အို၊ ငါအရှင်မြတ်အား နာခံကိုးကွယ်ကြသော အရှင့်အစေခံ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်စင်စစ်၊ ငါအရှင်မြတ်၏ကမ္ဘာမြေသည် လွန်စွာကျယ်ဝန်းလှပေရာ အသင်တို့သည် (သင်တို့အခြေချနေထိုင်ရာ ရောက်လေရာ အရပ်ဒေသ၌ အရှင်မြတ်သတ်မှတ်ထားသော ဦးတည်ချက်နှင့်အညီ) ငါအရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့။

[57] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးထားတော်မူသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ် သို့မဟုတ်) သက်ရှိတိုင်းသည် (ထိုမျိုးရိုးဗီဇထဲရှိ အရည်အသွေးများ ကို အရှင့်စည်းမျဉ်းတော်၊ နိယာမတရားနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသည်ဖြစ်စေ၊ စိတ်အလိုဆန္ဒနှင့်အညီ အသုံး ချ၍ ဆုတ်ယုတ်ယုတ်ညံ့စေသည်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ရောက်လာလျှင်) သေခြင်းတရားကို မြည်းစမ်းရမည်။ ထို့နောက် သင်တို့သည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန် လည် ဦးလှည့်ခြင်းကို ခံကြရပေမည်။

[58] သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်မှ မြင့် မြတ်သောဗိမာန်ကြီးရှိပြီး ထိုထဲတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြရန် မုချဧကန်ပင် နေရာချပေးတော်မူမည်။ ကောင်းမှုကုသိုလ်များကို မြဲမြံစွာ ပြုမူကျင့်ကြံသူတို့၏အကျိုးဆုလဒ်ကား လွန်စွာ ကောင်းမြတ်လှပေတကား။

[59] ထိုသူတို့သည် (ယုံကြည်မှုကြောင့် ညှင်းပန်းနှိပ်စက်မှုခံရလျက် နေရင်းဒေသစွန့်၍ ရွှေ့ပြောင်းနေထိုင်ရာ၌ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲအကျပ်အတည်းများ အစ္စလာမ့်နှင့်အညီဘဝဆောက်တည်ရာ၌ ရင်ဆိုင်ရသော အခက်အခဲများ စသည့်ဘေးဒုက္ခဟူသမျှအား ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်ကြပြီး (အရေးကိစ္စ ဟူသမျှအတွက်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုးစား၍ အပ်နှံကြ၏။

[60] စင်စစ်သော်ကား မြောက်မြားစွာသောသတ္တဝါတို့မှာ ယင်းတို့၏စားနပ်ရိက္ခာကို သိုလှောင်သယ်ပိုး ထားကြသည် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သည်ပင် ယင်းတို့ကိုလည်းကောင်း၊ သင်တို့အားလည်း ကောင်း၊ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[61] စင်စစ် အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို အဘယ် သူက ဖွဲ့စည်းဖြစ်တည်စေသနည်း။” မည်သူသည် နေနှင့်လကို အဘယ်သူက (သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်ရန် လှည့်ပတ်လှုပ်ရှားစေလျက်) အသုံးဝင်သောအရာများ ဖြစ်စေသနည်း။” ဟု မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ၊ ပြောဆိုကြပေမည်။ သို့ပါလျက် သူတို့ သည် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို ယုံကြည်လက်ခံခြင်းမပြုဘဲ ကျမ်းတော်မြတ်ကုရ်အာန်ကို ကျောခိုင်းလျက် မိစ္ဆာဒိဌိကို လိုက်နာ၍ အမှန်တရားမှ ဝေးသွားရန်) မည်သို့ လှည့်စားခံကြရသနည်း။

[62] အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ချဲ့ထွင်တိုး ပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက်ပင် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အချက်အလက် အသေးစိတ်နှင့်စပ်လျဉ်း၍ အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[63] အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်သောအရှင်မှာ မည်သူနည်း။'' ဟု မေးမြန်းလျှင် သူတို့က ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ၊ ပြောဆိုကြပေမည်။ (အို၊ ရစူလ်တမန်တော်သူတို့အား “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (ချီးမွမ်းဖွယ် ကျေးဇူးတင်ဖွယ်ကောင်းသော အရာဟူသမျှကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) အလ္လာဟ်အရှင်မြတ်သာလျှင် ထိုက်တန်တော်မူသော်လည်း (လူသား) အများစုမှာမူ (ဆင်ခြင်တုံတရားသုံး၍) တွေးခေါ်ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။

[64] စင်စစ် ဤလောကီဘဝသက်တမ်းသည် ကစားခုန်စားမှုနှင့်ဖျော်ဖြေမှု (တို့ပမာ ခဏမျှသာ စိတ်ပြေ လက်ပျောက်စေခြင်း) သာဖြစ်ပြီး ဧကန်ပင်၊ နောင်တမလွန်ဘဝ၏ဗိမာန်သည် အစဉ်ထာဝရရှင်သန်ပျော်မြူးနိုင်သော ဘဝစစ်ဘဝအမှန် ဖြစ်ကြောင်း သူတို့သိနားလည်နိုင်ကြလျှင် ကောင်းလေစွ။

[65] စင်စစ် သူတို့သည် ရေယာဉ်သင်္ဘော၌ စီးနင်းကြသောအခါ အရှင့်ဒီန် (ခေါ် လူသားတို့၏ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) အတွက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် အလ္လာဟ်အရှင်မြတ်အားသာလျှင် ဟစ်ခေါ် တ,သ၍ ဆုတောင်းပန်ကြ၏။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား ကယ်တင်၍ ကုန်းမြေသို့ လုံခြုံစွာ ဆောင်ကြဉ်းတော်မူသောအခါ သူတို့သည် ချက်ချင်းပင်လျှင် (အခြားအရာများကို ထိုအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြ၏။

[66] (ထိုသို့ အရှင်မြတ်မှလွဲ၍ အခြားသောအရာများအား ယုံကြည်ခြင်းမှာ) ငါအရှင်မြတ်က သူတို့အား ချီးမြှင့်အပ်တော်မူသောကျေးဇူးတော်များကို ငြင်းပယ်ဖုံးကွယ် ကျေးဇူးကန်းကြရန်နှင့် (လောကီဘဝကိုမက် မော၍) လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များဖြင့် ပျော်မြူးကြရန်အတွက်သာ ဖြစ်သော်လည်း သူတို့သည် (လောကီဘဝက ခေတ္တခဏသာဖြစ်ကြောင်းနှင့် တမလွန်ဘဝသည်သာ ထာဝရတည်တံ့မည် ဖြစ်ကြောင်းကို) မကြာမြင့်မီပင် သိကြလိမ့်မည်။

[67] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (မက္ကဟ်မြို့ကို) ယင်း၏ပတ်ဝန်းအိမ်နီးချင်းဒေသများမှ လူတို့က အန္တရာယ်မျိုးစုံကိုရင်ဆိုင်လျက် ရုပ်ဖျက်ဆင်းပျက်ဖြစ်နေစဉ် ယင်းကို ဘေးကင်းလုံခြုံ၍ အထွတ်အမြတ်ဖြစ် သော ခိုလှုံရာဌာနဖြစ်စေတော်မူလျက် သူတို့အတွက် အခြေချနေထိုင်ခွင့် ထူထောင်ပေးတော်မူသည်ကို သူတို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ သို့ပါလျက် သူတို့သည် (မှားယွင်းသော ယုံကြည်မှု အတွေးအခေါ် အယူအဆများပါဝင်သည့်လမ်းစဉ်) မိစ္ဆာဒိဌိကို ယုံကြည်လက်ခံ၍ (ကျမ်းတော်နှင့်တမန်တော်ကို ငြင်းပယ်ခြင်း ဖြင့်) အလ္လာဟ်အရှင်မြတ်၏ကျေးဇူတော်များဖြင့် ဂုဏ်သိက္ခာပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းကြလေသလော။

[68] အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများကို လုပ်ကြံလီဆယ်လျက် အရှင့်အပေါ်စွပ်စွဲရဲသူ သို့မဟုတ် အမှန်တရားသစ္စာ (ကျမ်းတော်မြတ်ကုရ်အာန်) ရောက်ရှိလာသောအခါ ယင်းကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်သူထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူ မည်သူရှိမည်နည်း။ မယုံကြည်သူ အမှန်တရားကို သွေဖည်ငြင်းပယ်သူတို့၏ (နောက်ဆုံးပန်း တိုင်) နေထိုင်ရာဌာနသည် ငရဲဘုံ၌သာရှိရမည် မဟုတ်လော။

[69] သို့ရာတွင် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ရုန်းကန်လှုပ်ရှားကြသောသူတို့မှာမူကား ငါအရှင်မြတ်သည် အရှင့် (လွတ်မြောက်ရေးဘက်သို့ ဦးတည်စေမည့်) လမ်းများကို သူတို့အား ဧကန်မုချ၊ ပြသတော်မူပေမည်။ ထို့ပြင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အ ကောင်းဆုံး ဖြစ်အောင် ပြုမူကျင့်ကြံသော) သူတော်ကောင်းတို့နှင့် အတူတကွ အမှန်ပင် ရှိတော်မူ၏။

ရောမလူမျိုးများ

Surah 30

[1] အလစ်ဖ်၊ လာမ်၊ မီမ်။

[2] အရှေ့ရောမအင်ပါယာသည် နိမ်နှင်းခံရ၍ ရှုံးနိမ့်ခဲ့လေပြီ ဖြစ်၏။

[3] မြေကမ္ဘာ၏ (အရေးဗျတိုင်းပြည်နှင့်နီးကပ်ဆက်စပ်လျက်ရှိသော) ထိုဒေသတွင်၊ (အရှေ့ရောမအင်ပါယာသည် အင်အားအကြီးဆုံးဖြစ်ခဲ့၏။) သို့ရာတွင် သူတို့သည် နိမ်နှင်းခံရ၍ ရှုံးနိမ့်ခဲ့ကြပြီးနောက် မကြာမီပင် သူတို့သည် ပြန်လည်အောင်ပွဲခံသူများ ဖြစ်ကြလိမ့်မည်။

[4] ရှေ့ဖြစ်ရပ် (ဖြစ်သော ရှုံးနိမ့်ခြင်း) မှသည် နောက်ဖြစ်ရပ် (ဖြစ်သော အောင်ပွဲခံခြင်း) အထိ နှစ်ကာလ အနည်းငယ် (ကိုးနှစ်) တွင် (ဖြစ်ပျက်ခဲ့သမျှသည်) အလ္လာဟ်အရှင်မြတ်၏ (ပကတိစီရင်ချက်နှင့်အမိန့်အာဏာအရ ဖြစ်စေတော်မူသည့်) အရှင့်စီမံချက်ပင် ဖြစ်၏။ ထို (ရောမသားတို့အောင်ပွဲခံသည့်) နေ့တွင် သက်ဝင်ယုံ ကြည်သောသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေမည်။

[5] အလ္လာဟ်အရှင်မြတ်၏ကူညီမှုကြောင့် (ရောမသားတို့အောင်ပွဲခံနိုင်ခြင်းဖြစ်၏) အရှင်မြတ်သည် (အရှင့်ဆန္ဒ တော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား ကူညီတော်မူ၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[6] (ထိုသို့ဖြစ်ပျက်စေတော်မူခြင်းသည်) အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင် ဖြစ်တော်မူပြီး အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထားရှိတော်မူသော ကတိတော်ကို အလျှင်း ဖောက်ဖျက်တော်မူသည် မ ဟုတ်သော်လည်း လူသားအများစုမှာမူကား သိနားလည်ကြသည် မဟုတ်ပေ။

[7] သူတို့သည် (သူတို့၏ဆင်ခြင်တုံတရားဖြင့် မီသည့်) လောကီဘဝသက်တမ်း၏အပေါ်ယံရှုထောင့် သွင်ပြင်ကိုသာ သိရှိကြပြီး နောင်တမလွန်ဘဝနှင့်ပတ်သက်၍မူကား သူတို့သည် (လုံးဝ) အလေးမထား အရေးမစိုက်ဘဲ မေ့လျှော့နေကြ၏။

[8] သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင် (ရှိနေသည်နှင့်စပ်လျဉ်း) အလေး အနက် မစဉ်းစားဆင်ခြင်ဆန်းစစ်ခြင်း မပြုကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းနှစ်ခုအတွင်း၌ ရှိသည်တို့ကိုလည်းကောင်း၊ အမှန်တရားသစ္စာနှင့်သတ်မှတ် ပြဌာန်းသော ကာလဖြင့်သာ (ရှိသင့်ရှိထိုက်သော စွမ်းရည်၊ ရည်ရွယ်ချက်၊ အမြော်အမြင်၊ နိယာမတရားနှင့်သဟဇာတဖြစ်မှုတို့ပါဝင်စေလျက် စနစ်တကျ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ရာတွင် လူသားအများစုမှာမူကား သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကို အမှန်ပင် မယုံကြည်ငြင်းပယ်သူများ ဖြစ်ကြ၏။

[9] သူတို့သည် သူတို့အလျင် (အရှင့်သက်သေလက္ခဏာတော်များအား ခေါင်းမာမာဖြင့် မယုံကြည် ငြင်းပယ်လျက်) ရှိခဲ့ကြသူတို့၏နောက်ဆုံးနိဂုံး (အကျိုးဆက်) မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာ ရှုမြင်သုံး သပ်နိုင်ရန် ကမ္ဘာမြေပေါ်ဝယ် ခရီးလှည့်လည်သွားလာခြင်း မပြုကြလေသလော။ သူတို့ထဲတွင်လည်း အင်အားအရှိဆုံး (ဩဇာအာဏာအရှိဆုံး) ပုဂ္ဂိုလ်များရှိခဲ့ပြီး သူတို့သည် (ထွန်ယက်စိုက်ပျိုးရန်လည်း ကောင်း၊ ရေနှင့်အခြားသယံ ဇာတများကို တူးဖော်ရှာဖွေရန်လည်းကောင်း၊) မြေကမ္ဘာကို တူးဆွ၍ သူတို့၏အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အဆောက်အအုံများကို အများဆုံးနှင့်အကောင်းဆုံးဖြစ်အောင် ယင်း (နယ်မြေဒေသ) ၌ပင် ထူထောင်ခဲ့ကြရုံ သာမက သူတို့ထံသို့လည်း သူတို့အတွက် ရွေးချယ်ခန့်အပ်တော်မူသော ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ကြ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မဟုတ်မတရား (တိမ်ကောပျက်စီးအောင်) ပြုတော်မူသည် အလျှင်း မဟုတ်ပေ။ အမှန်မှာ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချခြင်းဖြင့်) အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်၍ (သူတို့ကိုယ်သူတို့) မဟုတ်မတရား မမှန်မကန် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်၏။

[10] ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား၊ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသည်သာမက ယင်းသက်သေလက္ခဏာတော်များနှင့်စပ် လျဉ်း၍ ပြောင်လှောင်လျက် မထီမဲ့မြင်ပြုကြသောကြောင့် အကျိုးဆက်အဖြစ် ထိုဆိုးယုတ်စေသည့် မကောင်းမှုများ၏နိဂုံးသည်လည်း အယုတ်ညံ့အဆိုးဝါးဆုံးပင် ဖြစ်ခဲ့၏။

[11] အလ္လာဟ်အရှင်မြတ်သည် (အရှင့်နိယာမတော်အရ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ (ထိုမူရင်းဖြစ်တည်မှုမှ) တစ်ဖန် ထပ်ပြန်တလဲလဲ ဖွံ့ဖြိုး ဖြစ်စေတော်မူပြီးနောက် ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ဦးလှည့်ရောက်ရှိ စေတော်မူ၏။

[12] စင်စစ် (တမလွန်တရားခွင်တွင် တရားရင်ဆိုင်စေရန်) ရှင်ပြန်ထရမည့် အချိန်ကာလဆိုက်ရောက်လာသောနေ့တွင် (လောကီဘဝ၌) ရာဇဝတ်မှုကျူးလွန်ခဲ့သူတို့သည် မျှော်လင့်ချက်ကင်းမဲ့၍ စိတ်ပျက်လက် ပျက် ဖြစ်ကြလိမ့်မည်။

[13] ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် သူတို့က အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားသက် ရှိသက်မဲ့ များကို) သူတို့၏ကိုးကွယ်ရာအဖြစ် တွဲဖက်တုပြိုင် ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများအနက်မှ (မည် သူကမျှ) သူတို့အား အမျှပေးဝေရန် ကြားဝင်အသနားခံပေးမည့်သူ ဖြစ်လိမ့်မည် မဟုတ်သောကြောင့် သူတို့ကိုယ်တိုင်ပင် (အရှင်မြတ်နှင့်ဆန့်ကျင် သူတို့၏ကိုးကွယ်ရာအဖြစ်တွဲဖက်တုပြိုင် ကိုးကွယ်ခဲ့ကြသော) ထိုကိုးကွယ်ရာများအပေါ် ယုံကြည်မှုကင်းလျက် ငြင်းပယ်ကြပေမည်။

[14] (တမလွန်တရားခွင်တွင် တရားရင်ဆိုင်စေရန်) ရှင်ပြန်ထရမည့် အချိန်ကာလဆိုက်ရောက်လာသော ထိုနေ့တွင် (ရာဇဝတ်မှုကျူးလွန်သူတို့နှင့်အပြစ်မဲ့သူတို့) သီးခြားစီ ခွဲခြားဖြတ်တောက်ခြင်း ခံကြရပေမည်။

[15] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ဆောက်တည် ကြသူတို့မှာမူ သူတို့သည် သာယာကြည်နူးဖွယ်ကောင်းသော ဥယျာဉ်တော်၌ ဂုဏ်ပြုဧည့်ခံခြင်းဖြင့် ပျော်မြူးစေမည်။

[16] သို့ရာတွင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ နောင်တမလွန်တွင် ငါအရှင်မြတ်နှင့်တွေ့ဆုံရမည်ကိုလည်း ကောင်း၊ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့သူတို့မှာမူကား၊ သူတို့သည် ပြစ်ဒဏ်ပေးခံကြရန် ပြစ်မှုကျူးလွန်ကြောင့်တရားဝင် စွဲချက်ဖြင့် ရုံးတင်ခြင်းခံကြရမည်။

[17] သို့ဖြစ်ပေရာ သင်တို့သည် ညနေသို့ ယိမ်းသောအချိန်တွင်လည်းကောင်း၊ နံနက်သို့ ယိမ်းသော အချိန်တွင်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[18] စင်စစ်သော်ကား မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ (ရှိသမျှ အရာခပ်သိမ်းတို့ကို အရှင်မြတ်သည်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့်) လည်းကောင်း၊ ညဦးယံနှင့်မွန်းလွဲချိန်တို့၌လည်း (လူသားတို့ပြုသမျှ) ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုတို့သည် ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။

[19] ထိုအရှင်မြတ်သည် သက်မဲ့ (အစေ့အဆံနှင့်သုက်ရည်တို့) မှ (အရှင့်နိယာမတော်နှင့်အညီ) သက်ရှိကို ဖြစ်တည်ပေါ်ထွက်စေတော်မူ၍ ထိုသက်ရှိမှ (စွမ်းရည်စွမ်းပကားများ ဆုတ်ယုတ်ပျက်စီးစေတော်မူလျက်) သက်မဲ့အဖြစ်သို့ ရောက်စေတော်မူပြီး မြေကမ္ဘာကိုလည်း ယင်းမှာခြောက်သွေ့ခန်းခြောက်လျက် မြေသေဖြစ်ပြီးနောက် (ကောင်းကင်ယံမှ သွန်းချ​စေတော်မူသောရေကြောင့် ပြန်လည်ရှင်သန်) စိုပြေစေတော်မူကာ (အပင်မျိုးစုံကို) ထိုနည်းအတိုင်းပင် ပေါ်ထွက်စေတော်မူ၏။

[20] စင်စစ် ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “သင်တို့အား မြေမှုန့်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် (သေမျိုးဖြစ်သော်လည်း သက်ရှိတို့အနက် တွေးခေါ်ဆင်ခြင်ဉာဏ်အရှိဆုံးဖြစ်ကြောင်း ဂုဏ်သတင်းဆောင်သော) လူသားစစ်စစ် ဖြစ်စေတော်မူကာ လူဦးရေတိုးပွားပျံ့နှံ့ စေတော်မူခြင်းလည်း” ပါဝင်၏။

[21] ထိုနည်းတူစွာ ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ စရိုက်တူများအနက်မှ ယင်း (နဖ်စ်များ) အ ပေါ်၌ ငြိမ်သက်အေးချမ်း မှုရရှိနိုင်ရန် သင်တို့အတွက် ဘဝဖော်များကို ဖွဲ့စည်းဖြစ်တည်စေတော်ပြီး သင်တို့အချင်းချင်းကြားတွင် ချစ်ခြင်း မေတ္တာနှင့်အကြင်နာတရားကို စီမံဖြစ်ပေါ်စေတော်မူကြောင်း” လည်း ပါဝင်၏။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ် စေတော်မူခြင်း) ၌ အလေးအနက် စဉ်းစားဆင်ခြင်ဆန်းစစ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[22] ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ဖွဲ့စည်းဖြစ် တည်စေခြင်းသည်လည်းကောင်း၊ သင်တို့၏ဘာသာစကားအမျိုးမျိုးနှင့်အသွေးအရောင်အမျိုးမျိုးတို့ကို ထွေပြား ခြားနားစေခြင်းသည်လည်းကောင်း၊” ပါဝင်၏။ ဧကန်မလွဲ၊ ထို (သို့အသားအရောင်၊ ဘာသာစကားနှင့်ဓလေ့တုံးစံ အမျိုးမျိုး ကွဲပြားခြားနားစေတော်မူခြင်း) ၌ အလေးအနက် ပညာရှိသုခမိန်တို့အ တွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[23] ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ညနှင့်နေ့တို့တွင် သင်တို့အား အိပ်စက်နားစေခြင်း သည်လည်းကောင်း၊ (မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇတ၊ အရင်းအမြစ်နှင့်အသက်ရှင်ရပ် တည်နိုင်သော ရက်ရောစွာ ပေးအပ်တော်မူထားသည့်) ထိုအရှင်မြတ်၏ကျေးဇူးတော်များမှ ရှာမှီးရယူခြင်းသည် လည်းကောင်း၊” ပါဝင်၏။ ဧကန်မုချ၊ ထို (သို့ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းစေတော်မူခြင်း) ၌ (အရှင့်အမိန့်တော်များနှင့်အမှန်တရားကို) နာယူကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[24] ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် ထိုအရှင်မြတ်သည် သင်တို့အား လျှပ်စီးလက်ခြင်း ကို ထိတ်လန့်ဖွယ်ရာနှင့်မျှော်ကိုးဖွယ်ရာအဖြစ် မြင်သာအောင် ပြသတော်မူခြင်းသည်လည်းကောင်း၊ ခြောက်သွေ့ ခန်းခြောက်၍ မြေသေဖြစ်ပြီးနောက် မိုးရေဖြင့် မြေကမ္ဘာကို ပြန်လည်ရှင်သန်၍ စိမ်းလန်းစိုပြေစေရန် ကောင်း ကင်ယံမှ မိုးရေအား ရွာသွန်းစေတော်မူခြင်းသည်လည်းကောင်း၊” ပါဝင်၏။ ဧကန် မုချ၊ ထို (သို့ မြေသေမြေရိုင်း များကို မိုးရေဖြင့် စိမ်းလန်းစိုပြေစေတော်မူခြင်း) ၌ (ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်နားလည်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[25] ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင်၊ “မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်အား (အရှင့်နိယာမတော်နှင့်အညီ) အရှင်မြတ်၏စီမံချက်အမိန့်တော်ဖြင့် တည်တံ့မြဲမြံစွာ ရပ်တည်စေတော်မူခြင်းလည်း” ပါ ဝင်၏။ ထို့နောက် ထိုအရှင်မြတ်သည် သင်တို့အား မြေကမ္ဘာမှ (ဆင့်ခေါ်အထူးဖြင့်) တစ်ကြိမ်မျှသာ ဖိတ်ခေါ်တော်မူသောအခါ သင်တို့သည် (အားလုံး တစ်ပြိုင်နက်တည်း) ထွက်လာကြရလိမ့်မည်။

[26] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသူတို့သည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့များ ဖြစ်သောကြောင့်) ထိုအရှင်မြတ်သာ ပိုင်ဆိုင်တော်မူပြီး အားလုံးသည် အရှင့်နိယာမ တရားများနှင့်အညီ) ထိုအရှင်မြတ်အတွက် နာခံလိုက်နာလျက် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်၏။

[27] အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် (အရှင့်နိယာမတော်အရ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ (ထိုမူရင်းဖြစ်တည်မှုမှ) တစ်ဖန် ထပ် ပြန်တလဲလဲ ဖွံ့ဖြိုးဖြစ်စေတော်မူပြီး (ထိုသို့ မျိုးပွားတိုးပွားစေတော်မူခြင်းသည်) ထိုအရှင်မြတ်အတွက် အလွန် လွယ်ကူသည့်အပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ (အသက်၊ ပင်ကိုဉာဏ်အရည်အသွေး၊ ဩဇာအာဏာ၊ မေတ္တာစေတနာ၊ သဒ္ဓါတရား၊ အစရှိသည့် ထူးခြားသော ဝိသေသများ တည်ရှိနေခြင်းသည်) အရှင်မြတ်က အမြင့်မြတ်ဆုံး ဝိသေသလက္ခဏာတော်များကို ပိုင်ဆိုင်ထားတော်မူ (လျက် သရုပ် ဖော်စေတော်မူ) သောကြောင့်ပင် ဖြစ်၏။ စင်စစ် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[28] ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များမှပင် သင်တို့အတွက် ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ သင်တို့၏လက်အောက်ခံဩဇာခံများ (ဖြစ်ခဲ့ကြသော ကျေး ကျွန်များ၊ အမှုထမ်းများနှင့်လက်အောက်ငယ်မများအား သင်တို့အား ငါအရှင်မြတ်ချီးမြှင့် ပေးအပ်တော်မူထားသော (ဩဇာအာဏာ ဂုဏ်သိက္ခာ၊ ဓနဥစ္စာပိုင်ဆိုင်မှုစသော) ရိက္ခာအထောက်အပံ့များ၌ ဖက်စပ်အစုရှယ် ယာဝေစုဝေပုံများ ရှိစေခြင်းဖြင့် ယင်း (ရိက္ခာအထောက်အပံ့များအပေါ်) ၌ တန်းတူရည်တူ (ညီတူညီမျှ) ဖြစ်စေလျက် သင်တို့၏နဖ်စ်၌ သင်တို့အချင်းချင်း တစ်ဦးထက်တစ်ဦး သာသွားမည်ကို စိုးရိမ်ကြောင့်ကြသကဲ့သို့ သင်တို့က သူတို့ကိုလည်း ကြောက်ရွံခြင်းကို သင်တို့အတွက် အသိအမှတ်ပြုလက်ခံနိုင်လော။ ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် (ဆင်ခြင်တုံတရားကိုသုံး၍) တွေးခေါ်ဆင်ခြင်သိနားလည်ကြသော လူမျိုးတို့အတွက် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းပြတော်မူ၏။”

[29] အမှန်မှာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံ သူတို့သည် (အကျိုးအကြောင်း ဆင်ခြင်တုံတရားပေါ်အခြေခံသော မည်သည့်) အသိပညာ မျှမရှိဘဲ သူတို့၏စိတ်အလိုဆန္ဒရမ္မက်နောက်သို့သာ လိုက်နာလိုက်စားကြ၏။ သို့ဖြစ်ပေရာ (စိတ်အလိုဆန္ဒရမ္မက်နောက်ကိုသာ လိုက်ခြင်းကြောင့်) အလ္လာဟ်အရှင်မြတ်က လမ်းမှားရောက်စေတော်မူသောသူအား မည် သူက တရားလမ်းမှန် ညွှန် ကြားပြသနိုင်မည်နည်း။ ထို့ပြင် သူတို့အတွက် ရိုင်းပင်းကူညီသူ များဟူ၍လည်း ရှိကြမည် မဟုတ်ပေ။

[30] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်၏နိယာမတရား (စကြဝဠာလောကခပ်သိမ်းတို့အား စတင်ဖွဲ့စည်းဖြစ်တည်ရာ၌ ရှိစေတော်မူသည့် စည်းမျဉ်းတော် သို့မဟုတ် လူ့သားအခေါ် သဘာဝ) သည် လူသား တို့အ ပေါ်၌လည်း အကျိုးသက်ရောက်စေတော်မူသော နိယာမတရားဖြစ်ရုံသာမက အလ္လာဟ်အရှင်မြတ်၏ဖွဲ့စည်းဖြစ်တည်စေ တော်မူဆိုင်ရာနည်းစနစ်၌ အပြောင်းအလဲ မရှိသောကြောင့် အသင် (တမန်တော်) သည် သင်၏မျက်နှာ ဦးတည်ချက်ကို ဒီန် (ခေါ် လူသားတို့အကျိုးငှာ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံ စရာများများပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) အတွက် (ကိုယ်စိတ်နှလုံးသုံးပါးဖြင့်) ဖြောင့်မတ်တည်ကြည်စွာ အာရုံစိုက်လျက် (မြဲမြံစွာ) ရပ်တည်လော့။ ထိုဒီန်လမ်းစဥ်သည် ထိုကဲ့သို့ပင် ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သောလမ်းစဥ် ဖြစ်သော်လည်း လူသားအများစုမှာမူကား မသိနားမလည်ကြပေ။

[31] (သင်တို့၏ကိုယ်စိတ်နှလုံးများ ရည်မှန်းချက် ရပ်တည်ချက်အားလုံးဖြင့် စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ထိုအရှင်မြတ်ဘက်သို့သာလျှင် ဦးတည်ပြန်လှည့်ကြသူများဖြစ်လျှက် ထိုအရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ ဆောက်တည်မြဲကြရုံသာမက ဇကားသ် (တ ရားတော်အရ ချို့တဲ့ဆင်းရဲသားများအား မျှဝေစွန့်လှူရသော လူမှုဖူလုံကြေးကိုလည်း) ပေးကမ်းကြသည့်အပြင် (သက်ရှိသက်မဲ့တို့အနက် တစ်စုံတစ်ရာကို ကိုးကွယ်ရာအဖြစ်အယူထားလျက်) အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှ မဖြစ်ကြလေနှင့်။

[32] သူတို့၏ဒီန် (ခေါ် လူသားတို့အကျိုးငှာ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ များပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အား ယင်းကို အရှင်မြတ်နှင့်တမန်တော်မြတ်၏ညွှန်ကြားချက်အတိုင်း တသွေမတိမ်းလိုက်ရမည် ဖြစ်သော်လည်း) ဂိုဏ်းဂဏအမျိုးမျိုးအသွင်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲစေသူတို့အနက်မှ အုပ်စုတိုင်းက သူတို့လက်ခံထားသော (အတွေးအခေါ်အယူအဆ များပါရှိသည့်) ဂိုဏ်းဖြင့်သာ ကျေနပ်ဝမ်းမြောက်လျက် ရှိကြ၏။

[33] စင်စစ်သော်ကား ဘေးဒုက္ခဥပဒ်တစ်စုံတစ်ရာသည် လူသားအား ထိခိုက်နစ်နာစေရန် သက်ရောက်လေသောအခါ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်တော်သို့ ဦးတည်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသ၍ ဆုတောင်းပန်ကြားလေ့ရှိကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် သူတို့အား အရှင့်ထံတော်မှ ကရုဏာတော်ကို မြည်းစမ်းစေတော်မူသောအခါ သူတို့အနက် အုပ်တစ်ခုသည် မဆိုင်းမငံ့၊ ချက်ချင်းပင်လျှင် (အခြား သက်ရှိသက်မဲ့များကို အားကိုးအားထားရာနှင့်ကိုးကွယ် ရာများအဖြစ် အယူထားလျက်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ကြလေ၏။

[34] (ထိုသို့ အခြားသက်ရှိသက်မဲ့တို့အား ကိုးကွယ်ရာအဖြစ် အယူထားခြင်းသည်) သူတို့သည် ငါအရှင် မြတ်က ချီးမြှင့်ပေးအပ်တော်မူသော (အသက်ရှင် ရပ်တည်ရေးဆိုင်ရာ ရိက္ခာအထောက်အပံ့များ မည်သို့ ဖြစ် ပေါ်လာကို မတွေးတောမဆင်ခြင်ဘဲ ထို) ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ (ယင်းတို့အား အရှင်မြတ်က ဖြစ်တည်စေတော်မူခြင်းကို ငြင်းပယ်လျက်) ကျေးဇူးကန်းကြရန်၊ လောကီရပိုင်ခွင့်နှင့်ခံစားမှုများဖြင့်သာ ခေတ္တ ပျော်မြူးနိုင်ရန်အတွက်သာ ဖြစ်ကြောင်းကို မကြာမီပင် သင်တို့သည် သိလာကြလိမ့်မည်။

[35] သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့အပေါ် (အခြားသက်ရှိသက်မဲ့များကို) အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်၍ ကိုးကွယ်ခြင်းနှင့်ဆိုင်သော ယင်းနှင့်ပတ်သက်၍ ပြောဆိုထောက်ခံစေမည့် အခွင့်အာဏာ (သက်သေအကိုးအကား) တစ်စုံတစ်ရာကို ချမှတ်ပေးအပ်တော်မူခဲ့သလော။

[36] ထို့ပြင် ငါအရှင်မြတ်သည် လူသားတို့အား အရှင့်ထံတော်မှ ကရုဏာတော်ကို မြည်းစမ်းစေတော်မူသော အခါ ယင်း (ကရုဏာတော်၏အကျိုးကျေးဇူးကို ရယူခံစားခြင်း) ဖြင့် ပျော်ပါးဝမ်းမြောက်လေ့ ရှိကြ၏။ သို့ရာတွင် အကယ်၍ သူတို့၏လက်များက (ပြစ်ဒဏ်ထိုက်သော ပြုမူကျင့်ကြံကို ကြိုတင်ပို့နှင့်ခဲ့ခြင်းကြောင့်) ဘေးဒုက္ခဥပဒ်တစ်စုံတစ်ရာသည် သူတို့အား ထိခိုက်နစ်နာစေရန် သက်ရောက်လေသောအခါ ချက်ချင်းပင် မျှော်လင့်ချက် ပျက်သုဉ်း၍ လက်မှိုင်ချကြလေ၏။

[37] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများအနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ် ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူကြောင်း သူတို့က မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ ဧကန်မလွဲ၊ ထို (သို့ တိုးပွားစေတော်မူ ခြင်းနှင့်ကန့်သတ်စေတော်မူခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေ လက္ခဏာတော်များ ရှိနေ၏။

[38] သို့ဖြစ်ပေရာ ဆွေမျိုးအရင်းအချာများ ချို့တဲ့ဆင်းရဲသူများနှင့်ခရီးသည်များအား သူတို့ရသင့်ရထိုက်သော ရပိုင်ခွင့်များနှင့်အခွင့်အရေးများကို ပေးဆောင်ကြလော့။ ထိုသို့ပေးဆောင်ခြင်းသည် အလ္လာဟ်အ ရှင်မြတ်၏မျက်နှာသာပေးမှုကိုခံရရန် (အရှင့်ကျေနပ်နှစ်မြှို့မှုကို ရယူန်) ရှာဖွေလိုလားသော သူတို့အတွက် အကောင်းဆုံးပင် ဖြစ်၏။ စင်စစ်သော်ကား ထိုသူတို့သည်သာလျှင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြ၏။

[39] စင်စစ်မှာမူကား သင်တို့သည် စွန့်လှူပေးကမ်းသမျှကို လူသားတို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ၌ (သင်တို့၏ အကျိုးစီးပွား) တိုးပွားစေရန်မျှော်လင့်လျက် အတိုးအညွန့် (ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီး) စားလိုသော ရည်ရွယ်ချက်ဖြင့် ပေးကမ်းခြင်းမျိုးဖြစ်လျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (သင်တို့အတွက်) အလျှင်း တိုးပွားစေတော်မူသည် မဟုတ်ပေ။ စွန့်လှူပေးကမ်းသမျှကို အလ္လာဟ်အရှင်မြတ်က မျက်နှာသာပေးမှုကိုခံရရန် (အရှင့်ကျေနပ်နှစ်မြှို့မှုကို ရယူန်) ရှာဖွေလိုလျက် (အရှင်မြတ်ပေးအပ်တော်မူသော ပစ္စည်းဥစ္စာများကို သန့်စင်စေရန် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေး) ဇကားသ်အဖြစ် ပေးကမ်းလျှင် ထိုသူတို့သည်ပင် ဆတက်ထမ်းပိုး တိုပွားစေခြင်းကို ရယူခံစားရမည့်သူများပင် ဖြစ်ကြ၏။

[40] အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်) စားနပ်ရိက္ခာများကို ထောက်ပံ့တော်မူပြီး တစ်ဖန် သေစေတော်မူပြီးနောက် (ရှင်ပြန်ထရမည့်နေ့တွင်) ပြန်လည်ရှင်စေတော်မူမည်။ ထိုသို့ အရှင်မြတ်က ဖြစ်စေတော်မူသည့်အရာများအနက်မှ မည်သည့်ဖြစ်ရပ်တစ်စုံတစ်ခုကို အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ လုပ်နိုင်သူ မည်သူရှိသနည်း။ ထိုအရှင်မြတ်သည် (အတုမဲ့၊ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိသက်မဲ့တို့၏အရည်အသွေးများကို ဖြစ်တည်စေတော်မူသောအရှင်ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူပြီး) သန့်ရှင်းစင်ကြယ်တော်မူကြောင်းနှင့်သူတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသော ကိုးကွယ်ရာအားလုံးထက် (လူသားတို့၏ဉာဏ်ရည်၊ ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင်) အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ်လှကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။

[41] လူသားတို့၏လက်များက (လုပ်ကိုင်ဆောင်ရွက်လျက်) ရှာဖွေဆည်းပူးကြသော (မကောင်းမှုဒုစရိုက်တို့) ကြောင့် ကုန်းမြေ၌လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာရေပေါ်၌လည်းကောင်း၊ အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်ပေါ်၍ ပေါ်လွင်ထင်ရှားလာလေ့ရှပြီး သူတို့က (အမှန်တရားပေါ် အလေးအနက် တွေးခေါ်၍ နောင်တရလျက် ပြုပြင်လိုသောဆန္ဒဖြင့် အရှင့်လမ်းစဉ်တော်ဘက်) ဦးတည်လှည့်နိုင် ကြရန်အလို့ငှာ (သူတို့၏ပြုမူဆောင်ရွက်နှင့်အညီ) ပြစ်ဒဏ်အချို့ကို မြည်းစမ်းတော်မူရန် လိုအပ်၏။

[42] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ယခင်က လွန်လေခဲ့ပြီးဖြစ်သောသူတို့အနက် အများစုသည် (အရှင် မြတ်မှအပ အခြားသက်ရှိသက်မဲ့များကို) အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့သူများဖြစ်သော ကြောင့် သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့သည်ကို တွေ့မြင်ဆင်ခြင် သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်၍ ခရီးသွားကြလော့။” ဟု ဟောပြောလော့။

[43] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ထံတော်မှ ယင်းကို ရှောင်လွှဲဖယ်ရှားနိုင်သူ အလျှင်း မရှိသော (ပြစ်ဒဏ်သည်) ဆိုက်ရောက်စေတော်မည့် ထိုနေ့မတိုင်မီ ဒီန် (ခေါ် လူသားတို့အကျိုးငှာ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် (ကိုယ်စိတ်နှလုံး သုံးပါးဖြင့်) ဖြောင့်မတ်တည် ကြည်စွာ ရပ်တည်လော့။ ထိုနေ့တွင် သူတို့သည် တကွဲစီရှိ ခွဲခြားခြင်း ခံကြရပေမည်။

[44] မည်သူမဆို (အရှင်မြတ်အား) မယုံကြည်သွေဖည်ငြင်းပယ်လျင် သူ၏မယုံကြည်သွေဖည်ငြင်းပယ်မှုသည် သူ့ပေါ်၌ တာဝန်ရှိ အရေးယူခြင်း ခံရပေမည်။ ထိုနည်းတူစွာ မည်သူမဆို ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလကိုဆောက်တည်ကြလျှင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်း တော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ (ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချနိုင်ရန်) အတွက် ပြင်ဆင်နေကြခြင်းသာ ဖြစ်သည်။

[45] သို့မှသာလျှင် ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူများအား ရက်ရောတော်မူသော အရှင့်ကျေးဇူးတော်များမှ (ကောင်းမြတ်သော အရာများကို ဆုလဒ်အဖြစ်) အစားပေးတော်မူမည်။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

[46] စင်စစ် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ သင်တို့ကျေးဇူးသိတတ်ရန်အလို့ငှာ ထိုအရှင်မြတ်၏ကရုဏာတော်မှ (အကျိုးကျေးဇူးများကို) သင်တို့အား မြည်းစမ်းစေတော်မူရန် ရှေ့ ပြေး ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို သယ်ဆောင်လာသော လေအား စေလွှတ်တော်မူခြင်း ထိုအရှင်မြတ် ၏စီမံချက်အမိန့်တော်ဖြင့် ရေသင်္ဘောများအား (ပင်လယ်သမုဒ္ဒရာရေပြင်) ၌ မျှောချ၍ စီးဆင်းသွားလာစေ တော်ခြင်း နိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ထို အရှင်မြတ်၏ (မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက် သယံဇတ၊ အရင်းအမြစ်၊ စွမ်းအင်၊ စွမ်းရည်၊ စားနပ်ရိက္ခာနှင့်လမ်း ညွှန်တော်စသော) ကျေးဇူးတော်များကို ရှာဖွေရှာမှီးစေတော်မူခြင်း” တို့လည်း ပါဝင်၏။

[47] ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား သူတို့၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့ရာ (ထိုရစူလ်တမန်တော်များသည်) ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခာများပါဝင်သည့် ရှင်းလင်းချက်များနှင့်တကွ သူတို့ထံရောက်ရှိခဲ့ကြသော်လည်း သူတို့အနက်မှ (တမန်တော် များအား မဟုတ်မတရား စွပ်စွဲ၍ နှောက်ယှက်လျက်) ရာဇဝတ်မှုကျူးလွန်သူများ ရှိခဲ့သောကြောင့် ဒဏ်ခတ် အရေးယူတော်မူခဲ့၏။ စင်စစ် သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းကို ငါအရှင်မြတ်၏အပေါ်၌ တာဝန်တစ်ရပ်အဖြစ် ပြဌာန်းတော်မူ၏။

[48] အလ္လာဟ်သည်အရှင်မြတ်ပင် လေများကို စေလွှတ်တော်မူ၍ (ရေငွေ့များကို မြင့်တက်စေတော်မူလျက်) တိမ်များကို ဖြစ်ထွန်းလှုပ်ရှား ပျံနှံ့စေတော်မူခြင်းဖြင့် ကောင်းကင်ယံ၌ အစိုင်အခဲများကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ မည်သို့ စနစ်တကျ ဖြစ်ပေါ်စေတော်မူ၍ ထိုမိုးတိမ်များ အတွင်းမှ မိုးရေကို မည်သို့ ယိုစီးထွက်ပေါ်လာစေတော်မူကြောင်း သင်တို့တွေ့မြင်နိုင်၏။ ထို့နောက် ထိုအရှင်မြတ်သည် အရှင့်အစေခံ သက်ရှိတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ၏ထံသို့ ယင်း (မိုးရေ) အား သွန်းချ ဆင်းသက်စေတော်မူသောအခါ သူတို့သည် (ချက်ချင်းပင်) ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ပျော်ရွှင်ကြ၏။

[49] အမှန်စင်စစ် သူတို့သည် ထို (ဝမ်းမြောက်ပျော်ဖွယ်ရာ မိုးရေ) မတိုင်မီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြ၏။

[50] သို့ဖြစ်ပေရာ ခြောက်သွေ့ခန်းခြောက်၍ မြေသေဖြစ်ပြီးနောက် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်ဆိုင်ရာ မှတ်သားဖွယ်ရာ လက်ရာတော် (မိုးရွာသွန်းစေခြင်း) ကို ထိုမြေကမ္ဘာပေါ်သို့ သက်ရောက်စေတော်မူလျက် မည်သို့ ရှင်သန်လန်းဆန်းစေတော်မူသည်ကို တွေးတောရှုမြင် လေ့လာသုံးသပ်ကြလော့။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် သူသေတို့အား ထိုကဲ့သို့ပင် ပြန်လည်ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[51] သို့ရာတွင် အကယ်၍ ငါအရှင်မြတ်သည် (ချစ်ချစ်တောက်ပူသော) လေကို စေလွှတ်တော်မူ၍ (သူတို့၏လယ်ယာကိုင်းကျွန်းများ မြေမှုန့်များ ဖုံးလွှမ်းလျက်) ဝါဝင်းလာသည်ကို သူတို့တွေ့မြင်ကြလျှင် သူတို့ သည် ထို (သို့ဝါသွားသည့်) နောက်တွင် အမှန်ပင် ဆက်လက်၍ ဒုံရင်းအခြေအနေသို့ပြန်လျှက် ကျေးဇူးကန်းကြ၏။

[52] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ အသင်သည် (နာမ်ရေးရာချုပ်ငြိမ်းနေသော) သူသေတို့အား ကြားနာစေနိုင်သည် မဟုတ်သည့်အပြင် (အမှန်တရားသစ္စာကို) ကျောခိုင်း၍ လှည့်ပြန်လိုကြသော နားပင်းသူတို့အားလည်း သင့်ဖိတ်ခေါ်သံကို ကြားစေနိုင်မည် မဟုတ်ပေ။

[53] ထို့ပြင် အသင်သည် (အမှန်တရားကို မမြင်လိုကြသော) မျက်စိကန်းနေသူတို့အားလည်း သူတို့၏လမ်းလွဲမှုမှ (တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းမှန် ညွှန်ပြနိုင်သူ မဟုတ်ဘဲ မည်သူမဆို ငါအရှင်မြတ် ၏အာယသ်သက်သေလက္ခဏာတော်များကို ယုံကြည် (၍ ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံ နာခံအပ်နှံ) မှသာလျှင် သူတို့သည် မွတ်စလင်များ ဖြစ်ကြမည်။

[54] အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား အားနည်းသော အချည်းနှီးသော အခြေအနေ (ကလလ ရည်ကြည်) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် ထိုအားနည်းသောအခြေအနေမှပင် ခွန်အားဗလပြည့်စေတော်မူရုံသာမက ထိုခွန်အားဗလပိုင်ဆိုင်စေတော်မူပြီးနောက် တစ်ဖန် ဆံပင်ဖြူ၍ (အသက်အရွယ် အိုမင်းရင့်ရော် သော) အာနည်းသောအခြေအနေသို့ ရောက်စေတော်မူခြင်းမှာ အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို ဖြစ်တည်စေတော်မူခြင်းပင် ဖြစ်၏။ (အရာခပ်သိမ်းတို့၏အချက် အလက်အ သေးစိတ်ကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[55] ထို့ပြင် (တမလွန်တရားစီရင်ခြင်းခံရရန်) ရှင်ပြန်ထမည့်နေ့၏အချိန်နာရီ ဆိုက်ရောက်လာသောနေ့တွင် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော သူတို့သည် ထိုအချိန်ထက် တစ်နာရီမျှပင် (အရှင့်ရှေ့တော်မှောက် မရောက်ရန် နောက်ကျ) ကျန်ရစ်နေနိုင်ကြမည် မဟုတ်ကြောင်း ကျိန်ဆိုပြောကြလိမ့်မည်။ (အာရုံခံစားမှု မှားယွင်းသော ဆင်ခြေနှင့်အသိပညာပေါ်အခြေခံ၍ တရားလမ်းမှန်ကို ကျောခိုင်းခြင်းဖြင့်) သူတို့သည် ထိုနည်းအတိုင်းပင် (လောကီဘဝ၌ ပြစ်ဒဏ်လွတ်မြောက်နိုင်မည်ဟု) လှည့်စားခြင်း ခံခဲ့ကြရ၏။

[56] သို့ရာတွင် (အမှန်တရားသစ္စာပေါ်အခြေခံသော) အသိပညာနှင့်ယုံကြည်မှု ချီးမြှင့်ပေးအပ်တော်မူခြင်းခံခဲ့ကြရသောသူတို့မှာမူကား ''ဧကန်ပင်၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင်ပါရှိသည်အတိုင်း ရှင်ပြန်ထမည့်နေ့အထိ နေခဲ့ပြီးဖြစ်သောကြောင့် ဤနေ့သည် ရှင်ပြန်ထသည့်နေ့ဖြစ်သော်လည်း သင်တို့သည် (အမှန်တရား ဇွဲရှိရှိ ငြင်းပယ်ခြင်းကြောင့်) သိနိုင်စွမ်းမရှိကြပေ။'' ဟု ပြောဆိုကြမည်။

[57] သို့ဖြစ်ပေရာ ထိုနေ့တွင် သူတို့၏ဆင်ခြေပေးအကြောင်းပြချက်များသည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့သောသူတို့အား အကျိုးပေးလိမ့်မည် မ ဟုတ်သည့်အပြင် သူတို့သည် အမှားပြုပြင်ရန် တောင်းဆိုခြင်းကိုလည်း ခွင့်ပြုတော်မူခြင်းခံကြရမည် မဟုတ်ပေ။

[58] စင်စစ်သော်ကား ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားတို့အတွက် (သိနားလည်၍ ဘဝဆောက်တည်ရာတွင် အသုံးချနိုင်ရန် အလို့ငှာ) ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်များနှင့်ခိုင်းနှိုင်းမှုများကို ကွဲပြားခြားနားသောနည်းမျိုးစုံဖြင့် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူခဲ့ ပြီးဖြစ်၏။ ထို့ပြင် အကယ်၍ အသင် (တမန်တော်) သည် (သူတို့တောင်းဆိုသည့်အတိုင်း) သူတို့ထံ အံ့ဖွယ် သက်သေလက္ခဏာနှင့်တကွ (အရှင်မြတ်က ရှင်းပြတော်မူသော ထိုဥပမာပုံဆောင်ချက်များနှင့်ခိုင်းနှိုင်းမှုများကို ခေါင်းမာမာဖြင့် အရေးမစိုက်ဘဲ) မယုံကြည်ငြင်းပယ်ကြသူတို့က ''သင်တို့သည် လမ်းမှားကို ရှာဖွေလိုက်စားသူများသာလျှင် ဖြစ်ကြ၏။'' ဟု ပြောဆိုကြပေမည်။

[59] အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားသစ္စာဆက်နွယ်ပတ်သက်သော) အသိပညာ မရှိသည့်သူတို့၏စိတ်နှလုံးများ အပေါ်၌ ထိုနည်းအတိုင်းပင် တံဆိပ်ခတ်နှိပ်ထားတော်မူ၏။

[60] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (ကိစ္စရပ်တိုင်း၌ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံ ကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ ထို့ပြင် (ထိုအမှန်တရား သစ္စာကို အသေအချာ) မယုံကြည်သောသူတို့သည် အသင့်အား (သင်၏မြဲမြံခိုင်မာမှုကို ယိမ်းယိုင်စေရန်) ပူပင်သောက မရောက်စေလေနှင့်။

လုက္ကမန်

Surah 31

[1] အလစ်ဖ်၊ လာမ်၊ မီမ်။

[2] ဤသည်တို့ကား ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံသော ကျမ်းတော်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။

[3] (ထိုအာယသ်သက်သေလက္ခဏာတော်များသည်) မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အတွက် တရားလမ်းညွှန်တော်နှင့်ကရုဏာတော်ပင် ဖြစ်၏။

[4] ထိုသူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်၍ ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြသည့်အပြင် နောင်တမလွန်ဘဝကို ယုံကြည်ကြ၏။

[5] ထိုသူတို့သည် (ကုန်အာန်ကျမ်းလာ) အရှင်မြတ်၏စစ်မှန်သော လမ်းညွှန်တော်အတိုင်း (ပြုမူကျင့်ကြံ လိုက်နာကြလျက် ဘဝတည်ဆောက်ခြင်းဖြင့်) ရပ်တည်သူများဖြစ်ကြပြီး ထိုသူတို့သည်ပင် ပေါက်မြောက် အောင်မြင်သူများ ဖြစ်ကြသည်။

[6] စင်စစ်သော်ကား လူသားတို့အနက် (စစ်မှန်သော) အသိပညာ (သက်သေအထောက်အထားမရှိဘဲ) (အခြားလူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) မှ လမ်း လွှဲသွားအောင် လှည့်စားရန်လည်းကောင်း၊ ယင်း (ကျမ်းတော်) ကို ပြက်ရယ်ပြောင်လှောင်ဖွယ်ရာအဖြစ် မှတ်ယူစေရန်လည်းကောင်း၊ အချည်းနှီး၊ အကျိုးမဲ့သော (အသုံးမဝင်သော ပုံပြင်ဒဏ္ဍာရီဆန်ဆန်၊ အမှန်တရားမှ လွှဲချော်စေသည့်) စကားအပြောအဆိုများကို (ရှာကြံ) ရောင်းဝယ်သူလည်း ရှိ၏။ ထိုသူတို့သည် သူတို့အတွက် (အဖိုးအခအဖြစ်) အရှက်ရ၊ ဂုဏ်အသရေပျက်စေသော ပြစ်ဒဏ်သာ ရှိစေ၏။

[7] ထို့ပြင် သူ၏ရှေ့၌ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားသောအခါ ထိုသူသည် ယင်း (အာယသ်တော်) များကို မကြားဖူးသကဲ့သို့လည်းကောင်း၊ ထိုသူ၏နားနှစ်ဖက်စလုံး၌ နား လေး နားထိုင်းမှုရှိနေသကဲ့သို့လည်းကောင်း၊ စိတ်ကြီးဝင်မာနတက်လျက် ကျောခိုင်း၍ လှည့်ထွက်သွားလေ့ရှိ၏။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) သူ့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်းသော သတင်းကောင်း ပါးလော့။

[8] ဧကန်မလွဲ၊ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြ သူတို့အတွက် (သုခချမ်းသာနှင့်ပြည့်စုံသော) သာယာကြည်နူးဖွယ်ရာ သုခဥယျာဉ်များ ရှိ၏။

[9] (သူတို့သည်) ထို (သုခဥယျာဉ်များ) ၌ အမြဲထာဝစဉ် ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်း ကြရမည်ဖြစ်ပြီး (ထိုသို့ သုခဥယျာဉ် ရစေတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားသစ္စာပင် ဖြစ်၏။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[10] ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို သင်တို့ မြင်နိုင်သောတိုင်များမပါဘဲ ဖွဲ့စည်းဖြစ်တည်စေ တော်မူပြီး မြေကမ္ဘာ၌ ယင်း၏လှုပ်ရှားမှုနှင့်အတူ သင်တို့ လှုပ်ခါယိမ်းယိုင်သွားခြင်း မရှိစေရန် လေးလံခိုင်မြဲ သောတောင်များကို (ကျောက်ဆူးများသဖွယ်) စိုက်ထူချထားတော်မူသည့်အပြင် ယင်း (မြေကမ္ဘာ) ၌ သက်ရှိ သတ္တဝါတိုင်းမှ မျိုးပွားပျံ့နှံ့စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး) ရေကို သွန်းချပေး တော်မူသောကြောင့် ငါအရှင်မြတ်သည်ပင် ယင်း (မြေကမ္ဘာ) ၌ ကောင်းမြတ်သော (ဖို၊ မ၊ အပေါင်း၊ အနုတ်၊ စသည့် လိုက်ဖက်သောစုံတွဲဖြင့်) ဒွယံဒွယံ (အရောင်အဆင်း အနံ့အရသာမျိုးစုံရှိသော အသီးအနှံများ၊ သစ်သီးဝလံများ သီးသည့် သစ်ပင်၊ စိုက်ပင်နှင့်သဘဝပေါက်ပင် အစရှိသော) အပင်မျိုးစုံကို ပေါက်ပွားကြီးထွား ဖြစ်ထွန်းစေတော်မူခြင်း ဖြစ်တော်မူ၏။

[11] ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသောအရာများဖြစ်သောကြောင့် မည်သည်တို့ကို ထိုအရှင်မြတ်မှအပ (လူသားတို့က ကိုးကွယ်ရာများ အဖြစ်ထင်မြင် ယူဆလျက် ယုံကြည်ကိုးကွယ်ကြသော) အခြားကိုးကွယ်ရာများက ဖွဲ့စည်းဖြစ်တည်စေကြောင်းကို ငါအရှင်မြတ်အား ညွှန်ပြ ကြလော့။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အပြင် (သင်တို့ကိုးကွယ်လျက်) ရှိကြသောသူတို့က မည်သည့်အရာများအား ဖွဲ့စည်းဖြစ်တည်စေခဲ့ကြသည်ကို ငါအရှင်မြတ်အား ပြသလော့။ အမှန်စင်စစ်မှာမူကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သိသာ ထင်ရှားသော လမ်းမှား၌ပင် ရှိကြ၏။

[12] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လွတ်က်မာန်အား အလ္လာဟ်အရှင်မြတ် (ပေးအပ်တော်မူသည့် အရှင်ရပ်တည်ရေးဆိုင်ရာ ရိက္ခာအထောက်အပံ့များ) အတွက် ကျေးဇူးသိတတ်ရန်အလို့ငှာ ဉာဏ်ပညာအမြော်အမြင်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးသိတတ်လျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးငှာသာလျှင် ကျေးဇူးသိတတ်ခြင်း ဖြစ်ပြီး မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံသောအရှင်၊ အလွန်တရာ ချီးမွမ်း ခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။

[13] ထို့ပြင် ''လွတ်က်မာန်'' သည် သူ့သားကို ဆုံးမသွန်သင်၊ သြဝါဒပေးသည့်အခါ သူက “အို ချစ်သား၊ အသင်သည် (သက်ရှိသက်မဲ့တို့အနက်မှ မည်သည့်တစ်စုံတစ်ရာကိုမျှ ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခြင်း မပြုလေနှင့်။ (အကြောင်းမူကား) ဧကန်ပင်၊ အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခြင်းသည် အမှန်ပင် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင်ကြံသော အလွန်ကြီးလေးသည့် မတရားမှုပင် ဖြစ်၏။

[14] ထိုသို့ပင် ငါအရှင်မြတ်သည် မနုဿလူသားအား သူ့မိခင်သည် အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှု ထပ်လျက် ကိုယ်ဝန်ဆောင်ပြီး နှစ်နှစ်မြောက်မှာ သူ့ကို နို့ဖြတ်သော မိဘများနှင့်ပတ်သက်၍ ငါအရှင်မြတ်ထံသို့သာ နောက်ဆုံးပန်းတိုင် ဖြစ်စေလျက် ငါအရှင်မြတ်နှင့်သူ့မိဘများကို ကျေးဇူးသိတတ်ရန် အလေးအနက် သွန်သင်ညွှန်ကြားထားတော်မူခဲ့၏။

[15] သို့ရာတွင် အကယ်၍ (မိဘနှစ်ပါးက) သူတို့က သင်ကိုယ်တိုင် တပ်အပ်သေချာစွာ မသိသောအရာ နှင့်စပ်လျဉ်း၍ ယင်းအား ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာအဖြစ် ကိုးကွယ်ရန် ရုန်းကန် အား ထုတ်ကြလျှင် အသင်သည် (ယင်းတွဲကိုးကွယ်နှင့်စပ်လျဉ်း၍) သူတို့နှစ်ဦးစလုံးအား မနာခံ၊ မလိုက်နာလေနှင့်။ သို့ရာတွင် လောကီဘဝဆိုင်ရာကိစ္စရပ်များ၌မူ သူတို့နှစ်ဦးစလုံးအား တရားတော်နှင်အညီ ကောင်းမွန် ကြင်နာစွာ ပြုမူဆက်ဆံလော့။ (အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ငါအရှင် မြတ်ဘက်သို့ ဦးတည်လှည့်ပြန်သောသူ၏ လမ်းစဉ်ကိုသာ လိုက်နာလော့။ ထို့နောက် သင်တို့အားလုံးသည် သင်တို့ ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်က သင်တို့အား (စစ်ဆေး မေးမြန်းတော်မူမည်ဖြစ် ကြောင်းကို) သတင်းပေးသိနားလည်စေတော်မူမည် ဖြစ်သောကြောင့် ငါအရှင်မြတ်ထံတော်သို့သာလျှင် ပြန် လှည့်ခြင်း ခံကြရပေမည်။

[16] အို၊ ချစ်သား၊ မုချဧကန် အမှုန်ပမာဏမျှသေးသော (မုန်ညင်းစေ့ခန့်မျှရှိသည့် အကောင်းအဆိုး အပြုအမူအကြောင်း) အရာတစ်စုံတစ်ခုသည် ကျောက်ဆောင်ကျောက်တုံး တစ်ခုခု၌ဖြစ်စေ၊ မိုးကောင်းကင်များ၌ ဖြစ်စေ၊ မြေကမ္ဘာအတွင်း၌ဖြစ်စေ၊ (ရှိနေလျှင်) အလ္လာဟ်အရှင်မြတ်သည် ယင်းနှင့်စပ်လျဉ်း၍ (အရှင့်ရှေ့တော်မှောက် ရောက်စေတော်မူလျက်) အစားပေးတော်မူမည် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အနုစိတ်အသေး စိတ်ရှုထောင့်စုံကို နက်နဲသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အ လက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[17] အို၊ ချစ်သား၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်လော့။ ထို့ပြင် ဝတ်ပြုမှုကို ဆောက်တည်လော့။ ထို့ပြင် တရားတော်နှင့်အညီ ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအား မြှောက်ပြုလျက် အမိန့်ပေး ညွှန်ကြားပြီး (စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဖီဆန် ငြင်းပယ်မှုနှင့်) မကောင်းမှုအကုသိုလ်တို့မှ တားမြစ်ပိတ်ပင်လော့။ (အရှင့်လမ်းစဉ်တော်နှင်ညီ ဘဝဆောက် တည်ရာစဉ်) ကြုံတွေ့သမျှ ဘေးဒုက္ခအခက်အခဲများအပေါ် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံလော့။ မုချဧကန်၊ ထိုသို့ပြုမူခြင်းသည် (အရေးကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာ ဆုံးဖြတ်ဆောင်ရွက်စေသောအရာပင်တည်း။

[18] ထို့ပြင် (အို၊ ချစ်သား) လူတို့အတွက် သင့်အမူအရာကို အထင်အမြင်သေး၊ ကဲ့ရဲ့သည့်သဘောဖြင့် မာနမထားလေနှင့်။ မြေကမ္ဘာဝယ် မောက်မာ၍ ဆောင့်ကြွားကြွား လှုပ်ရှားလျှောက်လှမ်းခြင်း မပြုလေနှင့်။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ်သည် ကိုယ့်ကိုယ်ကို အထင်ကြီးဘဝင်မြင့်သူ ကြွားဝါသူဟူသမျှကို နှစ်သက်တော်မမူချေ။

[19] ထို့ပြင် ခြေလှမ်းနှင့်ဟန်အမူအရာ၌ အစွန်းမရောက်စေဘဲ အသင့်အတင့် အလယ်အလတ်ဖြစ်စေလော့။ ပြောဆိုဆက်ဆံသံကိုလည်း ထိန်းချုပ်နှိမ့်ချလော့။ ဧကန်ပင်၊ မနှစ်မြို့ဖွယ်ရာနှင့်လေသံ အတင်းမာဆုံးသောအသံသည်ကား မြည်းသတ္တဝါတို့၏အသံပင် မုချ ဖြစ်ပေ၏။

[20] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသောအရာဟူသမျှကို သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကိုလည်းကောင်း၊ အထင်အရှားဖြစ်သော (ရုပ်ပိုင်းဆိုင်) မထင်မရှားဖြစ်သော (နာမ်ပိုင်းဆိုင်ရာ ရိက္ခာအထောက် အပံ့များနှင့်လမ်းညွှန်တော် အစရှိသော) ကျေးဇူးတော်များကို ရက်ရက်ရောရော ဖောဖောသီသီ ချီးမြှင့်တော်မူထားသည်ကိုလည်းကောင်း၊ လူသားတို့အနက် အချို့မှာမူကား မည်သည့် စစ်မှန်သော အသိပညာ၊ သက်သေအထောက်အထားမရှိရုံသာမက လမ်းညွှန်တော်နှင့်ဉာဏ်အလင်းရစေသော မည်သည့်ကျမ်းတော်ကိုမျှ မပိုင်ဆိုင် ဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်နေကြသည်ကိုလည်းကောင်း၊ သင်တို့ မတွေ့ မမြင် မသုံးသပ်မိလေသလော။

[21] သူတို့အား “အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်ရာကို လိုက်နာကြလော့။” ဟု အပြောခံရသည့်အခါတိုင်း အမှန်မှာ စေတန်မကောင်းဆိုးဝါးသည် သူတို့အား ချစ်ချစ်တောက်ပူလောင်စေမည့် ငရဲဘုံ ၏ပြစ်ဒဏ်ဘက်သို့သာ ဖိတ်ခေါ်လျက်ရှိသော်ငြားလည်း “(သူတို့က ကျွန်ုပ်တို့ မလိုက်နာနိုင်ပါ။) ကျွန်ုပ်တို့၏ဖခင်များ (ဖြစ်သောဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ကြသည့် မိရိုးဖလာလမ်းစဉ်) ၌ တွေ့ခဲ့ရသည့်အတိုင်းသာ လိုက်နာကြပါမည်။” ဟု ဖြေဆိုခဲ့ကြသည်။

[22] စင်စစ်သော်ကား မည်သူမဆို သူ့မျက်နှာကို အလ္လာဟ်အရှင်မြတ်ဘက်ဦးတည်ရှေ့ရှုလျက် အရှင့်ကျေ နပ်နှစ်မြို့မှုအတွက် သူ့ကိုယ်စိတ်နှလုံးကို အရှင့်ထံ နာခံအပ်နှင်းလျှင် ထိုသူသည် မုဟ်စန် (ခေါ် လုပ်ရပ် ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) ဖြစ်၍ သူသည် (ဘဝတက်လမ်းမှ ပြုတ်မကျရအောင်) အလွန်ခိုင် မြဲပြီး စိတ်ချရသည့်အပြင် မည်သည့်အခါမျှ ကျိုးပျက်မည်လည်းမဟုတ်သော လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့လေပြီ။ အမှန်သော်ကား စီမံချက်အရေးကိစ္စ (အလုံးစုံ) တို့၏ နောက်ဆုံးအကျိုးရလဒ်သည် (အရှင့်နိယာ မတရားနှင့်အညီ) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။

[23] သို့ရာတွင် မည်သူမဆို မယုံကြည်သွေဖည်ငြင်းပယ်လျှင်၊ သူ၏မယုံကြည်ဖီဆန်ငြင်းပယ်မှုသည် အသင့်အား ဝမ်းနည်းပူဆွေးခြင်း မဖြစ်စေနှင့်။ သူတို့အားလုံးသည် သူတို့ ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်က သူတို့အား (စစ်ဆေးမေးမြန်းတော်မူမည်ဖြစ်ကြောင်းကို) သတင်းပေးသိနားလည်စေတော်မူမည် ဖြစ်သောကြောင့် ငါအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လှည့်ခြင်း ခံကြရပေမည်။ ဧကန်ပင်၊ အလ္လဟ်အရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[24] ငါအရှင်မြတ်သည် သူတို့အား (ဆက်လက်၍) လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များကို ခေတ္တ ယာယီ၊ အနည်းငယ်မျှသာ၊ ခံစားခွင့်ပေးတော်မူပြီးနောက် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်စူးနစ်သော ပြစ်ဒဏ်သို့ အတင်းအကျပ်မောင်းနှင် ပို့ဆောင်တော်မူလိမ့်မည်။

[25] အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို မည်သူက ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသနည်း။'' ဟု မေးမြန်းလျှင် သူတို့က ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ ပြောဆိုကြပေမည်။ (အို၊ ရစူလ်တမန်တော် သူတို့အား “ချီးမွမ်းမှုနှင့်ကျေး ဇူးတင်မှုဟူသမျှသည် (ချီးမွမ်းဖွယ်ရာနှင့်ကျေးဇူးတင်ဖွယ်ရာကောင်းသော အရာဟူသမျှကို ဖွဲ့စည်းဖြစ်တည် စေတော်မူသော) အလ္လာဟ်အရှင်မြတ်သာလျှင် ထိုက်တန်တော်မူသော်လည်း (လူသား) အများစုမှာမူ (ဆင်ခြင် တုံတရားသုံး၍) တွေးခေါ်ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။” ဟု ဟောပြောလော့။

[26] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည် (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများဖြစ်ပြီး အရှင့်နိယာမတရားများနှင့်အညီ အသုံးချရသော) အလ္လာဟ်အရှင်မြတ်က ပိုင်ဆိုင်တော်မူသည့်အရာချည်းသာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံသောအရှင်၊ အလွန်တရာ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[27] စင်စစ်သော်ကား၊ အကယ်၍ မြေကမ္ဘာ၌ ရှိသမျှသော သစ်ပင်ပေါက်ပင်များအား ကလောင်များဖြစ်စေ၍ (မြေကမ္ဘာ၌ရှိသော) ပင်လယ်သမုဒ္ဒရာအား ယင်းအပြင် နောက်ထပ် ပင်လယ်သမုဒ္ဒရာ ခုနှစ်ဆက်ကို ထပ်ဖြည့်တိုးစေလျှက် (မင်များဖြစ်စေပြီးလျှင်) အလ္လာဟ်အရှင်မြတ်၏ (အမိန့်တော်များ လက်ရာတော်များ၊ ဂုဏ်တော်၊ နာမတော်များ၊ အရှင်မြတ်ဖွဲ့စည်းဖြစ်တည်တော်မူသော သက်ရှိသက်မဲ့များနှင့်အ ကြောင်းအရာများ ဆိုင်ရာအရှင့်) မုက္ခပါဌ်တော်များကို (ရေးသားလိုလျှင် ထိုပင်လယ်သမုဒ္ဒရာအားလုံးသည်ပင်လျှင်) ခန်းခြောက် ကုန်ခန်းသွားလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[28] တစ်ခုတည်းသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ် အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ) သကဲ့သို့မှအပ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းနှင့် (သေပြီးနောက်တစ်ဖန်) ရှင်ပြန်ထစေတော်မူခြင်း မဟုတ်ပေ။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို မြင်နေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[29] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲသို့ တိုးဝင်ဖြတ်စေတော်မူ (၍ နေ့အဖြစ်ပြောင်းလဲစေတော်မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ကြောင်းကိုလည်းကောင်း၊ နေနှင့်လကို သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကိုလည်းကောင်း၊ အရာရာတိုင်းကို ယင်းတည်ရှိရာ နေရာနှင့်အချိန်ကာလအတိုင်းအတာတစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူကြောင်းကိုလည်းကောင်း၊ သင်တို့ မတွေ့မမြင် မသုံးသပ်မိလေသလော။ မုချဧကန်၊ အလ္လာဟ်အ ရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[30] ထိုကဲ့သို့ဖြစ်တည်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (သက်ရှိသက်မဲ့ အားလုံးကို အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ ဖြစ်တည်စေတော်မူသော အမြဲထာဝရ တည်ရှိနေတော်မူသည့်အရှင်မြတ်) ပရမတ္တသစ္စာဖြစ်တော်မူပြီး အလ္လာဟ်အရှင်မြတ်မှအပ (အခြား မည်သည့်သက်ရှိ သက်မဲ့ကိုပင်ဖြစ်စေ ယုံကြည်ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ထံ) ဟစ်ခေါ် ဆုတောင်းပန်ကြားလျှင် ယင်းတို့အားလုံးသည် မိစ္ဆာဒိဌိ ပင်ဖြစ်ကြ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်သာ အလွန်မြင့်မြတ်တော်မူသောအရှင်၊ အလွန်ကြီးကဲဆုံးဖြစ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[31] အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များဖြင့် ဂုဏ်သိက္ခာပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ သင်တို့ သိမြင်နိုင်ကြရန်အလို့ငှာ ရွက်လှေသင်္ဘောစသော ရေကြောင်းသွာလာရေးဆိုင်ရာ ရေယာဉ်များကို အရှင့်အမိန့်တော်နိယာမတရားဖြင့် ပင်လယ်သမုဒ္ဒရာ၌ ခုတ် မောင်း၍ ခရီးသွားလာရန် အသုံးပြုနိုင်သောအရာများဖြစ်စေတော်မူကြောင်းကို သင်တို့ မတွေ့မမြင် မသုံးသပ်မိ လေသလော။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ်စေတော်မူခြင်း) ၌ ခန္တီသည်း ခံကြံ့ခိုင်မှုမြဲမြံသူတိုင်းနှင့်ကျေးဇူး သိတတ်သူတိုင်းအတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[32] လှိုင်းလုံကြီးသည် သူတို့အား မျက်နှာကြက်အမိုးပမာ အမှောင်ထုဖုံးအုပ်လျက် လွှမ်းမိုးသောအခါ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ အဓိက ဖြစ်စေလျက် စိတ်ရင်းစေတနာဖြူစင်သူအဖြစ် အလ္လဟ်အရှင်မြတ်ကို ဟစ်ခေါ် တသလျက် ဆုတောင်းပန်ကြားကြ၏။ သို့ရာတွင် ထိုအရှင်မြတ် သည် သူတို့အား (ထိုအဖြစ် ဆိုးမှ) ကယ်တင်၍ ကုန်းပေါ်သို့ (ဘေးကင်းလုံခြုံစွာ) ရောက်ရှိစေတော်မူသောအခါ သူတို့အနက်အချို့သည် (ယုံကြည်မှုနှင့်မယုံကြည်မှုအနက် မည်သည့်အရာပင် ဟက်ဟက် ပက်ပက် ယိမ်းယိုင်းသွားခြင်းမရှိဘဲ) အလယ်အလတ်ကိုသာ လိုက်နာကြ၏။ စင်စစ်သော်ကား သစ္စာဖောက်တိုင်းနှင့်ကျေးဇူးကန်းသူတိုင်းမှအပ ငါအရှင်မြတ် ၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ဆန့်ကျင်ငြင်းပယ်ကြမည် မဟုတ်ပေ။

[33] အို၊ လူသားအပေါင်းတို့၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် သူ့သားအတွက် အသုံးမဝင်သည့်အပြင်၊ မည်သည့် သားတစ်ဦးတစ်ယောက်သည်လည်း သူ့ဖခင်အတွက် လုံးဝ အသုံးဝင်မည် မဟုတ်သော ထို (တမလွန် တရားစီရင်မည့်) နေ့ကို ကြောက်ရွံ့ကြလော့။ ဧကန်စင်စစ်၊ (တမလွန်ဘဝနှင့်စပ်လျဉ်းသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ လော ကီဘဝသက်တမ်းက သင်တို့အား မလှည့်စားမိစေနှင့်။ ထိုနည်းတူစွာ၊ မည်သည့်လှည့်စားသူ (အထူးသဖြင့် စေတန်မကောင်းဆိုးဝါး) ကိုမျှ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ (၏အတွေးအမြင်နှင့်သဘောထားတို့) အား လှည့်ဖြားစေရန် ခွင့်မပြုလေနှင့်။

[34] ဧကန်မလွဲ၊ ရှင်ပြန်ထမည့်အချိန်နာရီ (မည်သည့်အချိန်တွင် ရောက်လာမည်) ကို သိခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ရွာသွန်းစေ၍ ချပေးတော်မူသည့်အပြင် (မိခင်များ၏) သားအိမ်များ၌ မည်သည့်အရာရှိသည်ကိုလည်း သိနေတော်မူ၏။ စင်စစ်သော်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှ မနက်ဖြန်တွင် မည်သည့်အရာအား ရိတ်သိမ်း၍ ရှာမှီးဆည်းပူးရမည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သည့် နဖ်စ်ကမျှ မည်သည့်နယ်မြေ (အရပ်ဒေသ) ၌ သေဆုံးမည်ကိုလည်း မသိနိုင်ပေ။ မလွဲဧကန်၊ အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

ဦးညွှတ်ခြင်း

Surah 32

[1] အလိဖ်၊ လာမ်၊ မီမ်။

[2] စကြဝဠာနှင့်လောက ခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ချမှတ်ပေးအပ်တော်မူသော ကျမ်းတော် (မြတ်ကုရ်အာန်) သည် ယင်း၌ (ယင်းကို ချမှတ်ပေးအပ်တော်မူသောအရှင်နှင့် ကျမ်းတော်အဖြစ်စုစည်းစေလျက် မူရင်းအတိုင်း ထိမ်းသိမ်းထားတော်မူသော အရှင်မှာလည်း အလ္လာဟ်အရှင်မြတ်သာ ဖြစ်တော်မူကြောင်းနှင့်စပ်လျဉ်း၍) ဒွိဟသံသယဝင်ဖွယ်ရာ အလျှင်း မရှိသော ကျမ်းတော်ဖြစ်၏။

[3] သို့တည်းမဟုတ် သူတို့က (တမန်တော်မြတ်မုဟမ္မဒ်သည်) သူသည် ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို ကြံစည် ဖန်တီး (စီကုံးရေးသား) ခဲ့သည် ဟု ဆိုကြလေသလော။ ထိုသို့ အလျှင်း မဟုတ်ပေ။ စင်စစ်မှာကား ထိုကျမ်းတော်သည် အသင် (တမန်တော်) အလျင် မည်သည့် သတိပေးနှိုးဆော်သူမျှ ရောက်မလာသေးသော လူမျိုးအား သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အလို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ချမှတ်ပေးအပ်တော်မူသော) အမှန်တရားသစ္စာပင် ဖြစ်၏။

[4] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့၌ ရှိသမျှအရာများကိုလည်းကောင်း၊ ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက်) တစ်ဖန် ထိုအရှင်မြတ်သည် အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထား သည့် ဩဇာအာဏာ) အား အချို့အစား မျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာ ထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်မှလွဲ၍ သင်တို့အတွက် (အရှင့်ခွင့်ပြုချက်မှအပ) ကြားဝင်စွက် ဖက်နိုင်သူနှင့်ကိုယ်စားအသနားခံ နိုင်သူဟူ၍ အလျှင်း မရှိပေ။ (စကြဝဠာအတွင်းရှိ အခြေခံဒြပ်စင်များ၊ နိယာမတရားများနှင့်စပ်လျဉ်း၍) သင်တို့ အပြန်အလှန်တွေးတောဆင်ခြင်၍ သတိရလျက် မဖွင့်ဟကြ လေသလော။

[5] ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မြေကမ္ဘာသို့ အရှင့်စီမံချက်အရေးကိစ္စများအား ခေါက်တုံ့ခေါက် ပြန်ဖြစ်ပေါ်စေပြီး အလေးအနက် စူးစမ်းရှာဖွေဖော်ထုတ်ရသောအရာများအဖြစ် စနစ်တကျ စီမံနိုင်ရန် ညွှန်ကြား တော်မူ၏။ ထို့နောက် ထိုစီမံချက်အရေးကိစ္စများအား သင်တို့တွက်ချက်ရေတွက်ကြသော ကာလအရေအတွက် အားဖြင့် နှစ်ပေါင်းတစ်ထောင် အတိုင်းအတာရှိသောနေ့တစ်နေ့တွင် (ယိုယွင်းလာ၍ စာရင်းရှင်းခံရရန်) ထိုအရှင်မြတ်ထံတော်သို့ (ပြန်လည်) တက်သွားစေတော်မူမည်။

[6] ထိုအရှင်မြတ်သည် (လူသားတို့၏မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိ ကြသော) အထင်အရှားတွေ့ရသော အရာအားလုံးကို အကြွင်းမဲ့ သိနေတော်မူပြီး လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[7] ထိုအရှင်မြတ်သည် အရာရာတိုင်းကို (အလှဆုံးနှင့်သဟဇာတအဖြစ်ဆုံး ပုံစံဖြင့်) အကောင်းဆုံး ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသား၏ဖွဲ့စည်းဖြစ်တည်မှုကို မြေစေးမှ စတင်ဖွဲ့စည်း ဖြစ်တည်စေတော်မူ၏။

[8] ထို့နောက် ထိုအရှင်မြတ်သည် ထိုလူသား၏မျိုးဆက်မျိုးပွားမှုဖြစ်စဉ်အရ ညှစ်ထုတ်ထားသော နှိမ့်ချဖွယ်ရာ အညတရ မျိုးစေ့ရည်မှ ဆက်လက်၍ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူခဲ့၏။

[9] ထို့နောက် ထိုအရှင်မြတ်သည် ယင်း (လူသား၏ပင်ကိုယ်ရုပ်) အား နေထားကျနစွာ ဖြစ်ပေါ်စေတော်မူ၍ ယင်း (၏ပင်ကိုယ်ရုပ်) ၌ ထိုအရှင့်ထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းပေးတော်မူလျက် သက်ဝင်စေပြီး သင်တို့အတွက် အကြားအာရုံဆိုင်ရာ စွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည်အပြင် စိတ်နှလုံးဆိုင်ရာ နားလည် ခံစားနိုင်သည့်စွမ်းရည်ကိုပါ ဖြစ်ပေါ်စေတော်မူသော်လည်း (သင်တို့အနက်) လူနည်းစုမှအပ (အများစုမှမူကား) ကျေးဇူးမသိတတ်ကြပေ။

[10] (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့က ''ကျွန်ုပ်တို့သည် (ကွယ်လွန်ပြီးနောက်) မြေကမ္ဘာ၌ ဆွေးမြည့်ပျောက်ကွယ်သွားကြသောအခါ အမှန်ပင် ယင်း (မြေကမ္ဘာ) ၌ အသစ်တစ်ဖန် ဖွဲ့စည်းဖြစ်တည်မှုအသစ်အဖြစ် ဖြစ်လာကြမည်လော။'' ဟု မေးမြန်းပြောဆိုကြ၏။ စင်စစ် မှာမူကား ထို့သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံရမည်ဟူသောအချက်နှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန် ငြင်းပယ်သူများပင် ဖြစ်ကြ၏။

[11] (အို၊ ရစူလ်တမန်တော် သူတို့အား) သင်တို့နှင့်ပတ်သက်၍ တာဝန်ဖြင့် ခန့်အပ်ထားခြင်းခံရသော စေတမန် (သေမင်းတမန်) သည် သင်တို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းပြီးနောက် သင်တို့သည် သင်တို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ပင် ဦးလှည့်ပြန်သွားစေခြင်းကို ခံကြရမည်။” ဟု ဟောပြောလော့။

[12] အကယ်၍ အသင်သည် ရာဇဝတ်မှုကျူးလွန်သူတို့အား သူတို့၏ဦးခေါင်းများကို အောက်သို့ စိုက်လျက် အနေအထားဖြင့် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သော အရှင်မြတ်၏ရှေ့တော်မှောက်တွင် တွေ့မြင်ရသည့်အခါ (သူတို့က) ''အို၊ အရှင်မြတ် (ယခုအခါ) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည်များအား (မည်သို့အသုံးချရမည်ကို) သိနားလည်ကြပါပြီ။ ကြားလည်း ကြားကြခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (ကမ္ဘာလောကသို့ ဦးလှည့်) ပြန်သွားစေတော်မူပါ။ (ဤတစ်ကြိမ်တွင်) ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြု မူကျင့်ကြံလျက် သီလဆောက်တည်ကြပါမည်။ (ယခုသော်ကား) ကျွန်ုပ်တို့သည် ဧကန်ပင်၊ (အမှန်တရားနှင့်ပတ်သက်၍) တပ်အပ်သေချာစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ။'' (ဟု အသနားခံလျှောက်ထား ကြပေမည်။)

[13] (သူတို့က ထိုသို့အသနားခံခြင်းသည် သူတို့၏အနှစ်သာရမဲ့သော ဆန္ဒများသာ ဖြစ်၏။) စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား ယင်း၏တရားလမ်းမှန်ကို ညွှန်ပြတော်မူနိုင်၏။ သို့ရာတွင် (လူအများစုက သူတို့၏နဖ်စ်ကို သူတို့၏အလိုရမ္မက်နှင့်အညီအသုံးချခြင်းဖြင့် မယုံကြည်မှုကိုသာ ရွေးချယ်၍) “ဧကန်ပင်၊ ငါအရှင်မြတ်သည် ငရဲဘုံကို လူသားနှင့်ဂျင်န် အားလုံးအနက်မှ (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ချိုး ဖောက်လျက် ငရဲမီးနှင့်ထိုက်တန်သူများဖြင့်) ပြည့်နှက်စေမည်ဟုလည်း” ဟူသော ငါအရှင်မြတ်ထံတော်မှ မုက္ခပါဌ်တော် (စကားတော်) အား အမှန်တရားသစ္စာဖြစ်ကြောင်း အတည် ဖြစ်စေတော်မူ၏။

[14] သို့ဖြစ်ပေရာ (အရှင်မြတ်၏သတိပေးနှိုးဆော်ချက်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်ရောက်လာပါလျက် မယုံကြည်မှုကိုသာ လွတ်လပ်သောဆန္ဒအလျှောက် ရွေးချယ်ခြင်းကြောင့် ရှင်ပြန်ထမည့်နေ့တွင်) ''သင်တို့သည် ဤနေ့ ဤရက်နှင့်တွေ့ဆုံကြရမည်ကို အလေးမထားဘဲ လျစ်လျူရှုမေ့ထားသည်နှင့်အညီ အရှင်မြတ်သည်လည်း (အရှင့်ကရုဏာတော်သက်စေတော်မူရန်) မေ့ထားတော်မူပြီဖြစ်၍ (ပြစ်ဒဏ်၏အရ သာကိုသာ) မြည်းစမ်းကြ လော့။ သင်တို့၏ပြုမူကျင့်ကြံမူများကြောင့် အမြဲထာဝရကာလ အကန့်အသတ်မဲ့ ခံစားရမည့် ပြစ်ဒဏ်၏အရ သာကို (မြိန်ရှက်စွာ) မြည်းစမ်းကြလော့။

[15] (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက်ဝင်ယုံကြည်ကြသူများသည်သာ ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတောတော်များနှင့်စပ်လျဉ်း၍ (သူတို့အား) သတိရ တသ၍ ထုတ်ဖော်ဖွင့်ရန် သတိပေး တိုက်တွန်း ခြင်းခံရသောအခါ (ငိုကြွေး၍ ရိုကျိုးစွာ မှောက်ခုံလျက်) ဦးချပျပ်ဝပ်ကြလေ့ရှိ၏။ ထို့ပြင် သူတို့သည် (အရှင့် စည်းမျဉ်းတော်များကို နာခံလျက်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်ကို ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအားဖြင့် (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူကြောင်းနှင့် ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင် ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းကို ထင်ရှားစေလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်ကြ၏။ ထို့ပြင် သူတို့သည် မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။

[16] သူတို့သည် သူတို့၏နံဘေးများကို အိပ်ရာများမှ ခွဲခွာပစ်ပယ်စေလျက် (အရှင့်ပြစ်ဒဏ်ကို) ကြောက်ရွံ့ ၍လည်းကောင်း၊ (အရှင့်ကျေးဇူးတော် ကျေနပ်နှစ်မြို့မှုနှင့်လွတ်ငြိမ်းမှုကို) မျှော်လင့်၍လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်အား ဟစ်ခေါ် တ,သ၍ ဆုတောင်းပန် ကြားသည့်အပြင် သူတို့အား ငါအရှင်မြတ်ပေးသနားတော်မူထားသော ရိက္ခာအထောက်အပံ့ (ဥစ္စာဓန၊ ဉာဏ် ပညာ၊ စွမ်းရည် စသည်တို့) မှ (သူတစ်ပါးအတွက် ဝန်ထုပ် မဖြစ်စေဘဲ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအ တွက်သာ ဆင်းရဲနွမ်းပါးသူများနှင့် အရှင်မြတ်က နှစ်သက်တော်မူသည့် ကိစ္စရပ်များအတွက်) ပေးကမ်းစွန့် လှူကြသည်။

[17] စင်စစ်သော်ကား မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှ သူတို့၏ပြုမူကျင်ကြံမှုကြောင့် သူတို့အတွက် မျက်စိများ (နှင့်စိတ်နှလုံး) အား အေးမြကြည်နူးစေမည့် အကျိုးဆုလဒ်အဖြစ် မည်သည်တို့ကို လျှို့ဝှက်စွာ ထားရှိခြင်းခံရကြောင်း မသိကြပေ။

[18] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်သူသည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍) အာခံလျက် ယုတ်မာကောက်ကျစ်သောသူကဲ့သို့ (ဖီဆန်သူကဲ့သို့) ဖြစ်သလော။ (အလျှင်းမဟုတ်ပေ။) သူတို့သည် အလျှင်း မတူညီကြပေ။

[19] မည်သို့ပင်ဖြစ်စေ၊ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြသူတို့မှာမူကား သူတို့အတွက် သူတို့၏ပြုမူကျင်ကြံမှုများကြောင့် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုသောအား ဖြင့် (သုခချမ်းသာနှင့်ပြည့်စုံသော) ခိုနားစရာ (သာယာကြည်နူးဖွယ်ကောင်းသော) သုခဥယျာဉ်များ ရှိ၏။

[20] သို့ရာတွင် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍) အာခံယုတ်မာကောက်ကျစ်သူတို့သည်ကား သူတို့၏ခိုနားရာဌာနမှာ ငရဲဘုံပင် ဖြစ်သောကြောင့် သူတို့သည် ယင်း (ငရဲဘုံ) မှ လွတ်မြောက် ထွက်သွားရန် ကြံရွယ်သည့်အခါတိုင်း ယင်းထဲသို့ပင် ပြန်လည် တွန်းပို့ခြင်းခံကြရပြီး ''သင်တို့သည် ယင်းနှင့် စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ကြသည့်အလျှောက် ငရဲမီး ၏ပြစ်ဒဏ်ကို လည်း မြည်းစမ်းကြလော့။'' ဟု ပြောဆိုခြင်း ခံကြရပေမည်။

[21] အမှန်မှာ ငါအရှင်မြတ်သည် သူတို့ (နောင်တရလျက် ဝန်ချတောင်းပန်ပြီး တရားလမ်းမှန်ဘက်သို့) လှည့်ပြန်နိုင်ကြရန်အလို့ငှာ သူတို့အား (တမလွန်ဘဝ၌ ခံစားစေမည့်) ကြီးလေးသော အဓိက ပြစ်ဒဏ်မတိုင်မီ (လောကီဘဝသက်တမ်း၌) သာမည ပြစ်ဒဏ်ကို မုချဧကန် မြည်းစမ်းစေတော်မူမည်။

[22] သူ့ရှေ့ဝယ် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအကြောင်းကို ထုတ်ဖော်ပြောဆို၍ ထပ်တလဲလဲ သတိပေးနှိုးဆော်ခြင်းခံ ရပြီးနောက် ဂရုမစိုက်ဘဲ ယင်းမှ မျက်နှာလွဲ ကျောခိုင်းသူထက် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍) မဟုတ်မတရား၊ မမှန်မကန်ပြုမူကျင့်ကြံသူ မည်သူရှိမည်နည်း။ ဧကန်မလွဲ၊ ငါအရှင်မြတ် သည် (ပြစ်မှုများ အကြိမ်ကြိမ်ကျူးလွန်သော) ရာဇဝတ်မှုကျူးလွန်သူတို့အား သူတို့၏ပြစ်မှုမှပင် တုံ့ပြန်လက်စားချေ ခြင်းခံရသူများ ဖြစ်စေတော်မူမည်။

[23] ထို့ပြင် မလွဲဧကန်၊ ငါအရှင်မြတ်သည် (တမန်တော်မြတ် မုဟမ္မဒ်ထံ ကျမ်းတော်မြတ်ကုရ်အာန်အား ချမှတ်ပေးအပ်တော်မူသကဲ့သို့ တမန်တော်) မူဆာအားလည်း ကျမ်းတော်ကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ဖြစ်ရာ ယင်းကို လက်ခံရရှိ၍ တွေ့ကြုံခဲ့ခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာထံချမှတ်ပေးအပ်တော်မူခဲ့သော) ထိုကျမ်းတော်ကို အစ္စရေးမျိုးနွယ်ဝင်တို့အတွက် တရားလမ်းညွှန်အဖြစ် စီမံဖြစ်စေတော်မူခဲ့၏။

[24] ထို့ပြင် ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်များ ဖြစ်ကြသော) သူတို့အနက်မှ ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (စိတ်စေတနာဖြူစင်စွာဖြင့်) ယုံကြည်ကြပြီး (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဘေးဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူများ ရှိလာသောအခါ ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ဖြင့် တ ရားလမ်းမှန်ကို ညွှန်ပြသော ရှေ့ဆောင်လမ်းပြခေါင်းများ ပေါ်ထွက် ခန့်အပ်စေတော်မူ၏။

[25] ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့သဘောထားကွဲလွဲနေခဲ့ကြသော ယင်း (ကိစ္စရပ်များ) ၌ (မည်သူတို့က တ ရားလမ်း မှန်၌ ရှိပြီး မည်သူတို့က လမ်းမှား ရောက်ခဲ့ကြောင်းကို ရှင်းလင်းပြတ်သားစွာ) စီရင် ဆုံးဖြတ်တော်မူမည်ဖြစ်၏။

[26] ငါအရှင်မြတ်သည် သူတို့မတိုင်မီ သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာလှုပ် ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့မည်မျှအား တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (ကျမ်းတော်မြတ်ကုရ်အာန်က) သူတို့အား (တရားလမ်းမှန် ရစေရန်) မညွှန်ပြလေသလော။ ဧကန်စင်စစ်၊ ထိုသို့ ဖြစ်ပျက်စေတော်မူခြင်း၌ (ထင်ရှားသော) အာယသ်သက်သေလက္ခဏာတော်များ ရှိကြောင်းကို သင်တို့ မကြားကြသလော။

[27] ဧကန်ပင်၊ ငါအရှင်မြတ်သည် (မိုး) ရေကို ခြောက်သွေ့ခန်းခြောက်လျက်ရှိသော (မြေသေ၊ မြေရိုင်း ကျတ်တီးမြေအစရှိသော) မြေယာများသို့ မိုးရေကို မောင်းနှင် ပို့ပေးတော်မူပြီး ငါအရှင်မြတ်သည်ပင် ယင်း (မိုးရေ) ကြောင့် ကောက်ပဲသီးနှံများကို ထွက်စေတော်မူရာ ယင်းတို့မှ သူတို့၏ ( ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး ဆိတ် အစရှိသော) တိရစ္ဆာန်များနှင့်သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အပါအဝင် သင်တို့ကိုယ်တိုင် စားသုံးကြသည်ကို သင်တို့ စဉ်းစားဆင်ခြင်တွေ့မြင်ကြသည် မဟုတ်လော။ သို့ပါလျက် သူတို့သည် (အမှန်တရားကို) မြင်နိုင်စွမ်း မရှိကြလေသလော။

[28] ထို့ပြင် သူတို့က ''အကယ်၍ အသင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြလျှင် (အရာခပ်သိမ်းကို ပြတ်သားစွာ ထင်ရှားပေါ်လွင်စေမည့်) ဤနောက်ဆုံး စီရင်ဆုံးဖြတ်ချက်သည် မည်သည့်အခါ၌ ပြစ်ပျက် လာမည်နည်း။'' ဟု မေးမြန်းကြ၏။

[29] (အို၊ ရစူလ်တမန်တော် သူတို့အား) “ထိုစီရင်ဆုံးဖြတ်မည့်နေ့တွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့၏ယုံကြည်မှုသည် သူတို့အား အကျိုးပေးမည် မဟုတ်သည့်အပြင် သူတို့သည် (သူတို့၏ပြစ်ဒဏ်များကို) ရွှေ့ဆိုင်းခြင်းလည်း ခံကြရမည် မဟုတ်ပေ။” ဟု ဟောပြောလော့။

[30] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် သူတို့ ပြောဆိုပြုမူသမျှကို ဥပေက္ခာပြုထား၍ နောင်တမလွန်တရား စီရင်ဆုံးဖြတ်တော်မူမည့်နေ့အထိ) သူတို့ထံမှ ရှောင်လွဲ ဆုတ်ခွာပြီး စောင့်ကြည့်လော့။ ဧကန်ပင်၊ သူတို့သည်လည်း စောင့်ဆိုင်းနေကြသူများပင် ဖြစ်ကြလိမ့်မည်။

မဟာမိတ်များ

Surah 33

[1] အို၊ နဗီတမန်တော်၊ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးလော့။ ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်း ဆန်ဖုံးကွယ်သူ) တို့နှင့်အယောင်ဆောင်သီလကြောင်တို့ကို အရေးမစိုက်၊ မလိုက်နာလေနှင့်။ ဧကန်ပင်၊ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီ ရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။

[2] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အသင် (တမန်တော်) ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချခြင်းခံရသမျှကို လိုက်နာလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ (သတင်းအချက်အလက် အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။

[3] သို့ဖြစ်ပေရာ အသင်သည် သူတို့ထံမှ ကျောခိုင်းဆုတ်ခွာပြီး အလ္လာဟ်အရှင်မြတ်အပေါ်သာ ယုံကြည်စိတ်ချစွာ အားထားအားကိုးလော့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အရေးကိစ္စဟူသမျှအတွက် လမ်းညွှန်ပေးတော်မူလျက်) ယုံကြည်အားထားရာ အရှင်အဖြစ် လုံလောက်တော်မူ၏။

[4] အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူပုဂ္ဂိုလ်ကိုမျှ သူ့ရင်တွင်း၌ (အရှင့်မြတ်ကို ယုံကြည်လျက် နာခံအပ်သောနှလုံးသားနှင့်အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့ကို ယုံကြည်ကိုးကွယ်လိုသော နှလုံးသား ဟူ၍) စိတ်နှလုံးနှစ်ခု စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့ ၏ဘဝဖော်အမျိုး သမီးများကို “သင်တို့မိခင်များ၏ကျောကုန်းများ”(ဟု ပြောဆိုလျှင် ကွာရှင်းမှု အထမြောက်၍ သင်တို့အတွက် တရားမဝင် ဖြစ်သွား၏။” ဟူသော အဆိုကိုလည်း) စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ တစ်ဖန် ထိုအရှင်မြတ် သည် သင်တို့၏မွေးစားသားများကိုလည်း သင်တို့၏သား (အရင်းအချာ) များအဖြစ် စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ ထိုကဲ့သို့ (​ဇနီးမယားကို ""မိခင်၏ကျောကုန်း"" ဟု ပြောလျှင် ကွာရှင်းပြီးသားဖြစ်သွား၏မွေးစားသား သည် သားအရင်းပင်ဖြစ်၏ဟူ) သော သင်တို့၏အပြောအဆိုများသည် သင်တို့၏ပါးစပ်များက (ထင်ရာမြင်ရာကို စိတ်ကြိုက်ပြောဆိုကြသော) ပြောဆိုချက်မျှပင် ဖြစ်ကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်တရားသစ္စာကိုသာ မိန့်ကြားတော်မူပြီး ထိုအရှင်မြတ်သည် (ဖြောင့်မတ်မှန်ကန် မြဲမြံသော) လမ်းစဉ်တော်ကို ညွှန်ပြတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[5] (လူတိုင်းနှင့်သင်တို့၏မွေးစားသားများဖြစ်ကြသော) သူတို့ကို သူတို့၏ဖခင်အရင်းများနှင့်ဆက်စပ်လျက် (မည်သူမည်ဝါ၏သားဖြစ်သည်ဟုသာ) ခေါ်ဝေါ်ကြလော့။ ယင်းသည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ တရား အမျှတဆုံးနှင့်အသင့်တော်ဆုံး ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သူတို့၏ဖခင်ရင်းများကို မသိကြလျှင် သူတို့သည် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတိုင်းဘဝဆောက်တည်သူ ညီအစ်ကိုများ၊ (သင်တို့နှင့်သူတို့ကြား အကောင်း အဆိုးကို စောင့်ကြည့်၍) ကောင်းရာကို ညွှန်ပြသူများ ဖြစ်ကြ၏။ စင်စစ်သော်ကား (သူတို့၏အမည်များကို မှည့်ခေါ်ရာ၌ မရည်ရွယ်ဘဲ မတော်တဆ) မှားမိလျှင် အပြစ်မထိုက်ချေ။ သို့ရာတွင် သင်တို့စိတ်နှလုံးသား (၏စေ့ဆော်ချက်) က ကြိုတင်ကြံရွယ်၍ ပြုမူကြကုန်သော အမှုကိစ္စ၌မူ (အပြစ်) ရှိ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[6] နဗီတမန်တော်မြတ်သည် သက်ဝင်ယုံကြည်သူတို့နှင့်နှင့်ပတ်သက်၍ သူတို့၏နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ထက်ပင် ပိုမိုမြင့်မြတ်၍ (ဖခင်တစ်ဦးကဲသို့ပင်) ရှေ့ရောက်နေပြီး ထို့ပြင် နဗီတမန်တော်မြတ် ၏ဘဝဖော်ကြင်ရာတော်များသည် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြ၏။ (တရားတော်နှင့်အညီ) သင်တို့၏မိတ်ဆွေရင်းများအတွက် အကြင်နာတရားဖြင့် (သင်တို့၏ပိုင်ဆိုင်မှုများမှ အချို့ကို ပေးကမ်းကြောင်း သေတမ်းစာ၌ ဖော်ပြလျက်) ရည်ရွယ်ပြုလုပ်ခြင်းမှအပ သွေးရင်းသားရင်းတော်စပ်သူများ အချင်းချင်းကြား တစ်ဦးပေါ်တစ်ဦး (အချို့ပေါ်အချို့) သည် (အမွေဆက်ခံခွင့်နှင့်ငဲ့ညှာသောအားဖြင့် အထောက်အပံ့ရရှိခွင့်၌) သက်ဝင်ယုံကြည်သူများနှင့် (ယုံကြည်မှုကြောင့် ဖိနှိပ်ခံရ၍ တိုင်းရင်းဒေသကို စွန့်ကာ) ရွေ့ပြောင်းနေထိုင် ကြသူတို့ထက် ပိုမို၍ ဦးဦးဖျားဖျား ရပိုင်ခွင့်ရှိကြောင်း အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (ကုရ်အာန်) ၌ ဖော်ပြ ပါရှိ၏။ ကျမ်းတော်၌ ထိုသို့ပင် (အရှင်မြတ်၏ အမိန့်တော်အဖြစ်) ရေးမှတ်ထားခြင်းခံခဲ့ရပြီ ဖြစ်၏။

[7] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရပါလော့။) ငါအရှင်မြတ်သည် နဗီတမန်တော်တို့နှင့်အသင့် ထံမှလည်းကောင်း၊ (တမန်တော်) နူးဟ်၊ (တမန်တော်) အီဗ်ရာဟီးမ်၊ (တမန်တော်) မူဆာနှင့်မရ်ယမ်၏သား (တ မန်တော်) အီစာ တို့ထံမှလည်းကောင်း၊ ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့စဉ် ငါအရှင်မြတ်သည် သူတို့ထံမှ တည်ကြည်လေးနက်ပြီးခိုင်မာသော ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့ခြင်း ဖြစ်၏။

[8] (ထိုသို့ ပဋိညာဉ်ကတိဝန်ခံချက်ယူတော်မူခဲ့ခြင်းမှာ) ထိုအရှင်မြတ်သည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့် ကြံသော) ထိုသစ္စာဝါဒီတို့အား (အရှင့်သတင်းစကားအား လူသားထံ အရောက်ပို့ပေးရန် သူတို့ထံ ယုံ ကြည်အပ်နှံမှုအဖြစ်အပ်နှံသော) အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ (ရှင်ပြန်ထမည့်နေ့တွင်) စစ်ဆေး မေးမြန်းတော်မူရန်သော ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို အဆင်သင့် စီမံထားတော်မူ၏။

[9] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့ထံ (ရန်သူတို့၏အင်အား အလုံးအရင်း ရှိသော) စစ်တပ်ကြီးရောက်လာခဲ့စဉ် သူတို့အပေါ် (လွှမ်းခြုံစေရန် ပြင်းထန်အေးခဲသော) လေပြင်းနှင့်သူတို့ မမြင်နိုင်သော စစ်တပ်ကို စေလွှတ်တော်မူ၍ သင်တို့အပေါ် (ဂုဏ်သိက္ခာ ချီးမြှင့်ပေးအပ်တော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို သတိရကြလော့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[10] (သတိရကြလော့။) ထိုစစ်တပ်ကြီးသည် သင်တို့၏အထက် (အရှေ့ကုန်းမြင့်) ဘက်မှလည်းကောင်း၊ သင်တို့၏ (အနောက်ရပ်ရှိမြေနိမ့်ပိုင်းသော) အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြစဉ် (သင်တို့၏) မျက်စိများက (ထိတ်လန့်မှုကြောင့် ပြူးတူးကြောင်တောင်ဖြစ်လျက်) မှေးမှိန်လာ၍ နှလုံးများမှာလည်း လည်မျိုသို့ ရောက်ရှိလာကာ သင်တို့ (ထဲမှ ယုံကြည်မှုအားနည်းသူတို့ကလည်း အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အနှစ်သာရမဲ့သော အတွေးအမြင်များကို (စိတ်ကူးထဲ၌) ထင်မြင်ယူဆခဲ့ကြ၏။

[11] ထိုသို့သောအခြေအနေတွင် သက်ဝင်ယုံကြည်သူတို့သည်ပင် စမ်းသပ်ခြင်းခံခဲ့ကြရ၍ ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုဖြင့် တုန်လှုပ်ခဲ့ကြရ၏။

[12] ထို့ပြင် (သတိရကြလော့။) အယောင်ဆောင်သီလကြောင်များနှင့် (ယုံကြည်မှုအားနည်း၍) စိတ်နှလုံးများတွင် ရောဂါရှိနေသူတို့က ''အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့က ကျွန်ုပ်တို့အား ထင် ယောင်ထင်မှားဖြစ်အောင်ဖြားယောင်းခြင်းမှအပ (အခြားမည်သည်ကိုမျှ) ကတိပေးခဲ့သည် မဟုတ်ပေ။” ဟု ပြောဆိုခဲ့ ကြစဉ်။

[13] ထို့ပြင် သူတို့အနက်မှ အုပ်စုတစ်စုက ''အို၊ ယတ်ဆရစ်ဗ် (မဒီနာ) မြို့သားတို့၊ (ရန်သူစစ်တပ်ကို ရင်ဆိုင်ရန်) သင်တို့၌ ကြံ့ခံတောင့်ခံနိုင်သော ရပ်တည်နိုင်စွမ်းမရှိသောကြောင့် (သင်တို့သည် သင်တို့၏ အိမ်များသို့သာ) ပြန်သွားကြလော့။'' ဟု ပြောဆိုခဲ့ကြပြီး သူတို့အနက်မှ အခြားအဖွဲ့တစ်ခုကလည်း ''ဧကန်ပင်၊ ကျွန်ုပ်တို့၏အိမ်များမှာ ဗလာဟင်းလင်းဖြစ်လျက် လုံခြုံမှုမရှိပါ။'' ဟုပြောဆိုကာ (စစ်မြေပြင်ကို စွန့်၍ အိမ်ပြန်နိုင်ရန်) တမန်တော်မြတ်ထံ ခွင့်တောင်းခဲ့ကြ၏။ စင်စစ်သော်ကား သူတို့၏အိမ်များသည် ဗလာဟင်းလင်း ဖြစ်လျက် လုံခြုံမှုမဲ့နေသည် မဟုတ်ဘဲ ထွက်ပြေးရန်သာ ကြံရွယ်နေကြခြင်း ဖြစ်၏။

[14] စင်စစ်သော်ကား အကယ်၍ သူတို့ (နှင့်သူတို့၏အိမ်များ) ကို ယင်း (မြို့) ၏ဘက်ပေါင်းစုံမှ ကျူးကျော်ဝင်ရောက်ခဲ့ကြပြီးနောက် (သူတို့၏ယုံကြည်မှုအား) သစ္စာဖောက်ရန်တောင်းဆိုခြင်းခံရလျှင် သူတို့သည် ယင်း (တောင်းဆိုချက်) နှင့်စပ်လျဉ်း၍ အနည်းငယ်မျှသာ တွန့်ဆုတ်တုံ့ဆိုင်းလျက် အမှန်ပင်၊ အလွန် လွယ်ကူစွာဖြင့် သဘောတူဆောင်ရွက်ခဲ့လိမ့်မည်။

[15] ဧကန်ပင်၊ သူတို့သည် ထို (ဖြစ်ရပ်) မတိုင်မီ (အရှင်မြတ်နှင့်တိုင်တည်၍ ကျိန်ဆိုလျက် တမန်တော်မြတ်ထံ သစ္စာဆိုခဲ့စဉ်) ''(ရန်သူတို့နှင့်ရင်ဆိုင်ရလျှင်) သူတို့က မည်သည့်အခါမျှ ကျောခိုင်း၍ ထွက်ပြေးကြမည် မဟုတ်ပေ။'' ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ အမှန်ပင် (တာဝန်ယူမှုတာဝန်ခံမှုနှင့်စပ်လျဉ်း၍) စစ်ဆေးမေး မြန်းခံရမည့် ကတိပင် ဖြစ်၏။

[16] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် သေဘေးမှသော်လည်းကောင်း၊ (စစ်ပွဲ၌) အသတ်ခံရမည့်ဘေးမှသော်လည်းကောင်း၊ ထွက်ပြေးခဲ့ကြသော် သင်တို့၏ထွက်ပြေးခြင်းသည် သင်တို့အတွက် အလျှင်း အကျိုးရှိစေမည်မဟုတ်ပေ။ မည်သို့ဆိုစေ သင်တို့သည် (ထိုသို့ထွက်ပြေးခြင်းဖြင့် လောကီခံစားခွင့် အကျိုးအမြတ်များကို သတ်မှတ်ပြဌာန်းထားတော်မူသည့်အချိန်အထိ) အနည်းငယ်မျှမှအပ အကျိုးခံစားရမည်လည်း မဟုတ်ပေ။'' ဟောပြောလော့။

[17] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်ပတ်သက်၍ ဘေးဒုက္ခအန္တရာယ် တစ်စုံတစ်ရာကို ဆန္ဒပြုတော်မူခဲ့သည်ရှိသော် သို့မဟုတ် ကရုဏာတော်ကို ဆန္ဒပြုတော်မူခဲ့သည်ရှိသော် မည်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ယင်းကို ဟန့်တားနှောင့်ယှက် နိုင်မည်နည်း။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့အတွက် မည်သည့် ကာကွယ်စောင့် ရှောက်သူ သို့မဟုတ် ကူညီသူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည် မဟုတ်ပေ။” ဟု ဟောပြောလော့။

[18] အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက်မှ (အခြားသူတို့အား စစ်ပွဲ၌မပါဝင်မိစေရန်) ဟန့်တားနှောင့်ယှက်၍ လမ်းလွဲစေလိုသူမျးနှင့် (အယောင်ဆောင်သီလကြောင်တို့အနက်မှ) သူတို့၏ညီ အစ်ကိုများအား (အသက်စတေးရမည့်အန္တရာယ်ကို ရှောင်နိုင်ရန်) “ကျွန်ုပ်တို့ဘက်သို့ လာ၍ ပူးပေါင်းကြ။” ဟု သွေးထိုး စကားပြောသူများကို သိနေတော်မူ၏။ စင်စစ်သော်ကား သူတို့သည် စစ်ပွဲအတွက် ရုန်းကန်လှုပ်စဉ် (အမည်ခံအားဖြင့်) ခဏတဖြုတ်မှအပ ပါဝင်လာခဲ့ကြသည် မဟုတ်ပေ။

[19] (အရှင်မြတ်၏လမ်းတော်၌ သင်တို့နှင့်ပူးပေါင်းဆောင်ရွက်ရန် ဝန်လေးလျက်) သင်တို့အပေါ်၌ တွန့်တိုခဲ့ ကြသော်လည်း (စစ်ပွဲ၏အန္တရာယ်ကြောင့်) ကြောက်ရွံ့စိုးရိမ်မှု ဆိုက်ရောက်လာသောအခါ (ကြောက်စိတ်ကြောင့်) မျက်စိများမူးဝေလျက် သေဘေးလွှမ်းမိုး၍ မေ့မြောနေသောသူကဲ့သို့ အသင် (တမန်တော်) ဘက်သို့ ငေးကြည့်နေကြသည်ကို အသင် တွေ့မြင်ရလေ၏။ တဖန် (စစ်ပွဲရပ်စဲ၍) ကြောက်ရွံ့စိုးရိမ်မှု ပပျောက်သွား သောအခါဝယ် သူတို့သည် (အောင်ပွဲခံမှုကြောင့် ရရှိသာ) အကျိုးအမြတ်များအပေါ်၌ မတော်လောဘတက်ကြလျက် ထက်မြက်သောနှုတ်လျှာများဖြင့် သင်တို့အား (နာကြည်းစေရန်) ပုတ်ခတ်ထိုးနှက်ကြကုန်၏။ ထိုသူတို့သည်ကား သက်ဝင်ယုံကြည်ခဲ့ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ပြုမူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုသို့ဖြစ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် (လွန်စွာ) လွယ်ကူလှပေ၏။

[20] (အယောင်ဆောင်သီလကြောင်တို့သည် ရန်သူမဟာမိတ်အဖွဲ့၏ဝိုင်းထားခြင်းကို ခံရသောကြောင့် ကြောက်ရွံ့စိုးရိမ်လျက်) ''ရန်သူမဟာမိတ်အဖွဲ့တို့မှာ (တပ်ခေါက်၍) ဆုတ်ခွာသွားကြမည် မဟုတ်။'' ဟု ထင် မှတ်နေကြ၏။ သို့ရာတွင် (ရန်သူမဟာမိတ်အဖွဲ့များ အမှန်ပင် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိသွားသောအခါ) “အကယ်၍ ရန်သူမဟာမိတ်အဖွဲ့များ (နောက်ထပ်တစ်ကြိမ်) ရောက်ရှိလာကြလျှင်၊ သူတို့သည် သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော ဘေဒဝီန် ကျေးတောသားများထံ ခိုအောင်းလျက် (မဒီနာမြို့၌ နေထိုင်၍ စစ်ပွဲရင် ဆိုင်နေရသော) သင်တို့၏သတင်းများနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခဲ့ကြလိမ့်မည်။ အကယ်၍ သူတို့သည် သင် တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်မျှသာလျှင် တိုက်ခိုက်ကြပေမည်။

[21] ဧကန်ပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောင်တမလွန်နောက်ဆုံးနေ့ကို မျှော်လင့်ကိုးစား၍ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိ၏။

[22] အမှန်စင်စစ်သော်ကား သက်ဝင်ယုံကြည်သောသူတို့သည် ရန်သူမဟာမိတ်အဖွဲ့တို့အား (သူတို့၏ရှေ့ တွင်) တွေ့မြင်ကြသောအခါ ''ဤသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့က ကျွန်ုပ်တို့အား ကတိပေးထားသည့်ကိစ္စပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့သည် ဖြောင့်မတ် မှန်ကန်သောသစ္စာတရားကိုသာ မိန့်ကြားခဲ့၏။'' ဟု ပြောဆိုကြ၏။ ထို့ပြင် ယင်းကိစ္စသည် သူတို့၌ ယုံကြည်မှု နှင့်ကိုယ်စိတ်နှလုံးအား အရှင့်ထံ အပ်နှံ၍ နာခံလိုက်နာလိုသော စိတ်အားထက်သန်မှုကိုသာ တိုးပွားစေခဲ့၏။

[23] သက်ဝင်ယုံကြည်သူတို့အနက်မှ ပုဂ္ဂိုလ်အချို့သည် (ရဲစွမ်းသတ္တိ မြင့်မား၍) အလ္လာဟ်အရှင်မြတ်အား ကတိပဋိညာဉ်ပြုထားနှင့်အညီ ယင်းပေါ်တွင် ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်လျက် ပြုမူကျင့်ကြံကြ၏။ သို့ဖြစ်ပေရာ သူတို့အနက် သူတို့၏သန္နိဌာန်ကို (ကွယ်လွန်သည်အထိ တည်ကြည်ခိုင်မာစွာ) ပြီးစီးအောင် ဆောင်ရွက်ခဲ့သူများလည်း ရှိကြ၏။ ထို့ပြင် သူတို့အနက် (သူတို့၏သန္နိဌာန်ကို ပြီးစီးအောင် ဆောင် ရွက်ရန်) စောင့်စား နေသူများလည်း ရှိကြ၏။ သူတို့သည် (သူတို့၏သန္နိဌာန်၌) အနည်းငယ် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ကြပေ။

[24] (အကျိုးဆက်အဖြစ်) အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောသစ္စာဝါဒီတို့အား သူတို့၏ဖြောင့်မတ်မှန်ကန်သောသစ္စာတရားနှင့်အညီ (အကျိုးဆုလဒ်များ) အစားပေးတော်မူရန်သာ ရှိ၏။ အကယ် ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် အယောင်ဆောင်သီလကြောင်တို့အား ပြစ်ဒဏ် ပေးတော်မူမည်။ သို့မဟုတ် (အလိုရှိတော်မူလျှင် သက်ညှာသောအားဖြင့်) သူတို့၏အမှားများအတွက် ဝန်ချတောင်းပန်၍ အရှင့်ဘက်လှည့်ခြင်းကို သဘောတူ လက်ခံတော်မူမည် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[25] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်) သူတို့အား မည်သည့် ကောင်းကျိုးကိုမျှ မရရှိစေဘဲ၊ သူတို့၏အမျက်ဒေါသနှင့်တကွ ပစ်ပစ်ခါခါ တွန်းလှန်ငြင်းပယ်တော်မူခဲ့၏။ ထို့ပြင် စစ်ပွဲတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သက်ဝင်ယုံကြည် သူတို့အတွက် လုံလောက်တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးစွမ်းအားအလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[26] ထို့ပြင် ထိုအရှင်မြတ်သည် (ယခင်) ကျမ်းရပုဂ္ဂိုလ်များအနက်မှ (မဒီနာမြို့ကို လာရောက်တိုက်ခဲ့ကြသော ရန်သူမဟာမိတ်အဖွဲ့များဖြစ်သော) သူတို့အား ကျောထောက် နောက်ခံအားပးကူညီခဲ့ကြသော ကျမ်းတော် ရရှိသူတို့ကို သူတို့၏ခံတပ်များမှ ဆင်းသက် ထွက်စေတော်မူခဲ့သည့်အပြင် သူတို့၏စိတ်နှလုံးများတွင် ထိတ်လန့် မှုကို အရိပ်ထင်စေတော်မူခဲ့ရာ သင်တို့သည် သူတို့အနက်မှ လူတစ်စုကို သတ်နိုင်ကြပြီး၊ အခြားလူတစ်စု ကိုမူကား (သုံ့ပန်းများအဖြစ်) ဖမ်းဆီးချုပ်နှောင်နိုင်ကြ၏။

[27] ထို့ပြင် ထိုအရှင်မြတ်သည် (သစ္စာဖောက်များဖြစ်ကြသော) သူတို့၏နယ်မြေ (ခိုင်ဗရ်) ကိုလည်းကောင်း၊ သူတို့၏နေအိမ်များကိုလည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းပိုင်ဆိုင်မှုများကိုလည်းကောင်း၊ သင်တို့က မည်သည့်အခါမျှ ခြေမချရသေးသော နယ်မြေများကိုလည်းကောင်း၊ သင်တို့အား အမွေဆက်ခံစေတော်မူခဲ့၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[28] အို၊ ရစူလ်တမန်တော်၊ သင့်ဘဝဖော်ကြင်ရာတော်များအား အကယ်၍ အသင်မတို့သည် လောကီဘဝ သက်တမ်းနှင်လောကီဘဝ၏ဆွဲဆောင်ဖွယ်ရာလှပတင့်တယ်မှုကို အလိုရှိကြလျှင်၊ အသင်မတို့ လာကြလော့။ ကျွန်ုပ်သည် အသင်မတို့အား (ကွာရှင်းမှု၏အလျှော်အစားအဖြစ်) ကျေနပ်ဖွယ်ရာ လောကီအကျိုးခံစားခွင့်များ ပေး၍ သိမ်မွေ့ရည်မွန်စွာ လွတ်လပ်စေခြင်းမျိုးဖြင့် လွတ်လပ်စေမည်။

[29] သို့ရာတွင် အကယ်၍ အသင်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့အားလည်းကောင်း၊ တမလွန်ဘဝ၏ဗိမာန်ကိုလည်းကောင်း၊ လိုလားတောင့်တကြလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အသင်မတို့အနက်မှ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့အတွက် အကျိုးဆုလဒ်များကို အသင့်ပြင်ထားတော်မူပြီး ဖြစ်၏။

[30] အို၊ ရစူလ်တမန်တော်မြတ်၏ဘဝဖော်ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက်မှ မည်သူမဆို ထင်ရှားစွာသော မဖွယ်မရာ၊ မကြားဝံ့မနာသာမှုတစ်စုံတစ်ခုကို ကျူးလွန်မိသော် သူမအတွက် ပြစ်ဒဏ်သည် နှစ်ကြိမ်နှစ်ခါ နှစ်ဆတိုးပေးခြင်းကို ခံရပေမည်။ စင်စစ်သော်ကား ထိုသို့ဆောင်ရွက်ခြင်းသည် အလ္လာဟ်အရှင် မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။

[31] ထိုနည်းတူစွာ သင်မတို့အနက်မှ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့အား ရိုးသားဖြူစင် ကိုင်းရှိုင်းစွာဖြင့် နာခံ၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလ ဆောက်တည်ကြလျှင် သူမ၏အကျိုးဆုလဒ်ကို နှစ်ကြိမ်နှစ်ခါ တိုးမြှင့်၍ ချီးမြှင့်ခြင်းခံရသည့်အပြင် ငါအရှင်မြတ်သည် သူမအတွက် ဂုဏ်သိက္ခာရှိပြီး ရက်ရောမြင့်မြတ်သော ရိက္ခာအထောက်အပံ့ကိုလည်း အသင့်ပြင်ထားတော်မူ၏။

[32] အို၊ ရစူလ်တမန်တော်၏ဘဝဖော်ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့သည် အခြားအမျိုးသမီး တစ်ဦးတစ်ယောက်ကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်မတို့သည် အရှင်မြတ်ကို စိုးရွံ့ ထိတ် လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် (အပြောအဆို၌) အလိုလိုက် အကြိုက်ဆောင်တတ်သော ဆွဲဆောင်ဖွယ်ရာစကားဖြင့် နှလုံးသား၌ ရောဂါရှိနေသော သူအား စိတ်မမှားမိစေနှင့်။ သို့ရာတွင် တရားတော်နှင့်အညီ (ရိုးသားမျှတ၍ သိက္ခာရှိသော) သင့်တော် မြင့်မြတ်သည့်စကားကိုသာ ပြောဆိုကြလော့။

[33] ထို့ပြင် (မလိုအပ်လျှင် အပြင်မထွက်ဘဲ) အသင်မတို့၏နေအိမ်များ၌ပင် အိမ်နေမြဲကြလော့။ ထို့ပြင် (အခြေအနေအရ လိုအပ်၍ အပြင်ထွက်ရလျှင်) ယခင် ဉာဏ်အလင်းမဲ့သောအမှောင်ခေတ်၏ဆွဲ ဆောင်နှစ် လိုဖွယ်ရာ ကြွားလုံးထုတ် လျှောက်လှမ်းမှုမျိုးဖြင့် မလျှောက်လှမ်းကြလေနှင့်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်၍၊ ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့ကိုလည်း (ရှိသမျှအမိန့်တော်များနှင့်အညီ) နာခံလိုက်နာကြလော့။ အို၊ (ရစူလ်တမန်တော်၏) အိမ်တော်သူအိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးတော်မူရန်နှင့်သင်တို့အား ဖြူစင်သန့်ရှင်းမှုစစ်စစ်ဖြင့် ဖြူစင်သန့်ရှင်းစေတော်မူရန်သာ ဆန္ဒပြုတော်မူ၏။

[34] ထို့ပြင် အသင်တို့မသည် အသင်မတို့အိမ်များတွင် ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ဉာဏ်ပညာအမြော်အမြင်များ (ပါဝင်သော တမန်တော်မြတ်၏စွန္နလမ်းစဉ်ကိုလည်းကောင်း၊ လေ့လာမှတ်သားပြီး သတိရလျက် ထုတ်ဖော်ဖွင့်ဟကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အနုစိတ်အသေးစိတ်ရှုထောင့်စုံကို နက်နဲသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။)

[35] မုချဧကန်၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်ထံ ကိုယ်စိတ်နှလုံးကို နာခံအပ်နှံကြောင်း သက်သေပြသူ) မွတ်စလင်အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်၏အမိန့်တော်များကို စိတ်ရင်းစေတနာ ဖြူစင်စွာ ယုံကြည်ကြသော) မုအ်မင်န်အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အရှင့် အမိန့်တော်များကို ရိုးသားဖြူစင်ကိုင် ရှိုင်းစွာ နာခံလိုက်နာသည့် အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် ဖြောင့်မတ် မှန်ကန်သော) သစ္စာဝါဒီအမျိုးသားများနှင့်အမျိုးသမီးများသည်လည်း ကောင်း၊ (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဘေးဒုက္ခ အခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံခိုင်မှု မြဲမြံသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်း ကောင်း၊ (ကိုယ်စိတ်နှလုံးဖြင့် အရှင့်ရှေ့တော် မှောက်တွင် အစဉ်) ရိုကျိုးလေ့ရှိသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (အရှင့်ကျေနပ် နှစ်မြို့မှုရရှိရန် ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူ) ပေးကမ်းလှူဒါန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (မဖြစ် မနေဆောက်တည်ရမည့် တာဝန်အဖြစ် ပြဌာန်းထားသော) ဆွိယာမ် ဥပုသ်သီလကို ဆောက်တည်ကြသည့် အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (အရှင့်သိစိတ်ဖြင့် သူတို့၏ ကာယိန္ဒြေ) ကိုယ်အင်္ဂါများကို စောင့်ထိန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြသောအမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ထိုသူတို့ (အားလုံးတို့) အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် နှင့် (သူတို့မထင်မှတ် မခန်းမှန်းနိုင်သော) အလွန် ကြီးကျယ်မြင့်မြတ်သည့် အကျိုးဆုလဒ်များကို အသင့်စီမံပြင် ဆင် ထားရှိမည့်သူများ ဖြစ်ကြ၏။

[36] အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့သည် အမိန့်စီမံချက်တစ်စုံတစ်ခုကို စီမံပြဌာန်း ချမှတ်ပေးသောအခါ (အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်၏အမိန့်တော်များကို စိတ်ရင်းစေတ နာဖြူစင်စွာ ယုံကြည်သော) မုအ်မင်န်အမျိုးသားတစ်ဦးဖြစ်စေ အမျိုးသမီးတစ်ဦးဖြစ်စေ၊ ယင်းကို သူတို့၏စီမံချက် အရေးကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသည့်အလျှောက် လိုက်နာကျင့်သုံးခြင်းမှအပ သူတို့အတွက် အခြားရွေးချယ်စရာ မရှိချေ။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့အား မနာခံဖီ ဆန်လျှင် ဧကန်မလွဲ၊ ထိုသူသည် ထင်ရှား ရှင်းလင်းစွာ လမ်းလွဲလျက် လမ်းမှားရောက်ရှိခဲ့ပြီ ဖြစ်၏။

[37] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရလော့။) အသင်သည် အလ္လာဟ်အရှင်မြတ်က (သူ့အား အစ္စလာမ့် သို့ လမ်းညွှန်တော်မူခြင်းနှင့်အသင်တမန်တော်၏အနီးစပ်ဆုံးသာဝကဖြစ်စေတော်မူခြင်းဖြင့်) ဂုဏ် သိက္ခာ ချီးမြှင့်ပေးအပ်တော်မူသောသူလည်းဖြစ် အသင် (တမန်တော်) က (ကျွန်ဘဝမှလွတ်မြောက်စေ၍ အထူးစာနာထောက် ထားမှုဖြင့်ဆက်ဆံလျက်) ဂုဏ်သိက္ခာပေးခဲ့သူလည်းဖြစ်သောသူအား အသင် (တမန်တော်) က ''အသင်သည် သင့်ဘဝဖော်ဇနီးသည်ကို (ကွာရှင်းခြင်းမပြုပဲ) အသင့်ထံ၌ပင် (တရားဝင်ဇနီးအဖြစ် ဆက်လက်) ထိန်းသိမ်းထားလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လော့။ ဟု ပြောဆိုဆုံးခဲ့စဉ် တွင်လည်းကောင်း ထို့ပြင် အသင် (တမန်တော်) သည် အလ္လာဟ်အရှင်မြတ်က (ဇိုင်နဗ်အား ထမ်းမြားရန် စီရင်ပြဌာန်းတော်မူပြီ ဖြစ်ကြောင်း) ထုတ်ဖော်ဖွင့် ချစေတော်မူသည့် ထိုကိစ္စအား (သူတို့၏ဝေဖန်ပြောဆိုမှုဖြင့် သူတို့၏ယုံကြည်မှုကို ထိခိုက်စေနိုင်မည့်) လူတို့ကို စိုးရိမ်ကြောင့်ကြ၍ အသင့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဝယ် သိုဝှက်သိမ်းဆည်းထားခဲ့စဉ် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ပင် (အမှန်တရားသစ္စာဖြစ်တော်မူ၍ ထိုကစ္စကို အကောင်အတည် ဖော်ဆောင် ရွက်လျက် အရှင်မြတ်သည်သာ) ထိတ်လန့်ခြင်းခံရရန် ပိုမို၍ပင် ထိုက်တန်တော်မူ (ကြောင်းကို မိန့်ကြားတော်မူခဲ့) ၏။ သို့ဖြစ်ပေရာ ဇိုက်ဒ်သည် (သူ့ဘဝဖော်ဇနီးအား တရားဝင် ကွားရှင်းပြီးနောက်) သူမ (၏နောင်ကြိုး) မှ အပြီးသတ် (တရားဝင်ဆုတ်ခွာသွား) ၍ (သူမကလည်း ကွာရှင်းမှုအပြီး တရားတော်အရ စောင့်ဆိုင်းကာလ) လုပ်ရိုးလုပ်စဉ်ကို ဆောင်ရွက်ခြင်းပြီးမြောက်သည့်အခါ ငါအရှင်မြတ်သည် သက်ဝင်ယုံ ကြည်သူတို့အပေါ် သူတို့မွေးစားသားများ၏ဘဝဖော်ဇနီးများနှင့်ပတ်သက်၍ သူမတို့ (၏နောင်ကြိုး) မှ အပြီးသတ် (တရား ဝင်ဆုတ်ခွာသွား) ၍ (သူမတို့ကလည်း ကွာရှင်းမှုအပြီး တရားတော်အရ စောင့်ဆိုင်းကာလ) လုပ်ရိုးလုပ်စဉ်ကို ဆောင်ရွက်ခြင်းပြီးမြောက်သည့်အခါ သူမတို့အား တရားဝင်ထိမ်းမြားခြင်း၌ အပြစ်မထိုက်စေရန်အလို့ငှာ (တမန်တော်၏မွေးစားသားဖြစ်သူ ဇိုက်ဒ်က ကွာရှင်းခဲ့ပြီးဖြစ်သော ဇိုင်နဗ်မည်သော) သူမကို အသင် (တမန်တော်) နှင့်တရားဝင် ထိမ်းမြားစေတော်မူခြင်းဖြစ်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်သည် ပြီးမြောက်အောင် ဆောင်ရွက်စေတော်မူခြင်းခံရသည့်အရာပင် ဖြစ်၏။

[38] အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အတွက် တရားဝင်သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်မထိုက်ပေ။ (မည်သည့် အဟန့်အထား အနှောက်အယှက်လည်း မရှိသင့်ပေ)။ (ဤသည်) ရှေးယခင်က လွန်လေခဲ့ကြသော (တမန်တော်များ ဖြစ်သည့်) သူတို့နှင့် ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏လမ်းစဉ် (စည်းမျဉ်းတော်) အတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်သည်ကား (အရာခပ်သိမ်း အဖြစ်အပျက်ခပ်သိမ်းတို့အတွက် စနစ်တကျ) စည်းဘောင်ချမှတ်ပြဌာန်းစေတော်မူစေသော စီရင်ချက်အမိန့်တော်တစ်ရပ်ပင် ဖြစ်၏။

[39] (တမန်တော်များဖြစ်ကြသော) ထို့သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သတင်းတော်များကို (လူသားတို့အရောက် သစ္စာရှိရှိ တိကျမှန်ကန်စွာ) ပို့ဆောင်ပေးခဲ့ကြသည့်အပြင် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ထိုအရှင်မြတ်အားသာလျှင် စိုးရွံ့ထိတ်လန့်ကြ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် (အရှင့်အစေခံလူသားများအား စောကြော စစ် ဆေးတော်မူ၍) စာရင်းရှင်တော်မူမည့် အရှင်မြတ်အဖြစ် လုံလောက်တော်မူ၏။

[40] (အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့နှလုံးသွင်းသင့်သည်မှာ တမန်တော်) မုဟမ္မဒ်သည် သင်တို့ အမျိုးသားများအနက်မှ မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှ မဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်နှင့် (အရှင့်အမိန့်တော်များအား လူသားအရောက် ပို့ချပေးရန် တမန်တော်ရာထူးဖြင့် စေလွှတ်တော်မူခဲ့သော) နဗီတမန်တော်အပေါင်းတို့၏ (အဆုံးသတ်) တမန်တော်ချုပ်ပင် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[41] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်အား အလွန်များပြားစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။

[42] ထို့ပြင် သင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ (နေ့ညမပြတ်) ထိုအရှင် မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အ ကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[43] (သင်တို့က အရှင်မြတ်အား ထိုသို့ သတိရလျက် ဂုဏ်တင်ခြင်းကို သဘောတူ လက်ခံတော်မူ သည့်အနေဖြင့်) သင်တို့အား (ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့်နာမ်ရေးရာ) အမှောင်ထုများမှ (ဉာဏ်အလင်းရစေသော ကျမ်းတော်မြတ်ကုရ်အာန်၏) အလင်းသို့ ထုတ်ယူ၍ ဦးတည်စေတော်မူရန်အလို့ငှာ ထိုအရှင်မြတ် သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့်မလာအီကာစေတမန်များ သည် (အရှင်မြတ်၏လွတ်ငြိမ်းခွင့်ရစေရန် ဆုတောင်းခြင်းဖြင့်) လည်းကောင်း၊ သင်တို့အပေါ်၌ (ကောင်းချီးမင်္ဂလာပို့သလျက်) မေတ္တာထားကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာ သနားကြင်နာတော်မူသော အကြင်နာရှင်ပင် ဖြစ်တော်မူ၏။

[44] သူတို့သည် ထိုအရှင်မြတ်နှင့်တွေ့ဆုံကြသောနေ့တွင် (သူတို့အား ကြိုဆိုလက်ခံမည့် မလာအီကာ စေတမန်များမှ ထာဝရပြစ်ဒဏ်မဖှ ကင်းလွတ်ကြောင်း၏အာမခံချက်အဖြစ်) သူတို့အတွက် နှုတ်ဆက်စကားမှာ ''စလာမ် ငြိမ်းချမ်းသာယာပါစေ'' ဟူ၍ပင် ဖြစ်ပေမည်။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အတွက် ကျက်သရေ ဆောင် မြင့်မြတ်သော ရက်ရောသည့် အကျိုးဆုလဒ်ကို အသင့်ပြင်ဆင် ထားတော်မူ၏။

[45] အို၊ ရစူလ်တမန်တော်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (တမန်တော် တာဝန်ကို ကျေပွန်စွာဆောင်ရွက်ပြီး သင့်ဘဝတစ်ခုလုံးကို အရှင့်စည်းမျဉ်းတော်နှင့်တည်ဆောက်ခဲ့ကြောင်းနှင့်တမလွန် တရားစီရင်မည့်နေ့တွင် ယုံကြည်သူတို့၏လုပ်ရပ်များအတွက် သက်သေထွက်ဆိုရန်) သက်သေအဖြစ်လည်းကောင်း၊ (ယုံကြည်၍ တရားလမ်းမှန်နှင့်အညီဘဝဆောက်တည်လျှင် ပေါက်မြောက်အောင်မြင်မည်ဖြစ်ကြောင်း ကို) သတင်းကောင်းပါးသူအဖြစ် လည်းကောင်း၊ (လမ်းမှားရောက်ခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း၍) သတိပေး နှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။

[46] ထို့ပြင် အရှင့်ခွင့်ပြုအမိန့်တော်ဖြင့် (လူသားတို့နှင့်ဂျင်န်တို့အားလုံးကို) အလ္လာဟ်အရှင်မြတ်ဘက် တော်သို့ ဖိတ်ခေါ်သူအဖြစ်လည်းကောင်း၊ (လူသားတို့၏စိတ်နှလုံးကို ဉာဏ်အလင်းရစေလျက် တရားလမ်း မှန်အတိုင်း လိုက်နာကျင့်သုံးသူတို့အတွက်) လင်းဝင်းတောက်ပ၍ စိမ့်ဝင်ပျံ့နှံ့စေသော မီးရှုးတန်ဆောင် (သူရိယ) အဖြစ်လည်းကောင်း၊ (စေလွှတ်တော်မူ၏။)

[47] ထို့ပြင် အသင် (တမန်တော်) သည် သက်ဝင်ယုံကြည်သူတို့အား “ဧကန်ပင်၊ သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (သူတို့၏ယုံကြည်မှုနှင့်ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများနှင့်အညီ) ကြီးကျယ်ရက်ရောလှစွာသောကျေးဇူးတော်ရှိကြောင်း သတင်းကောင်းပါးလော့။

[48] ထို့ပြင် အသင် (တမန်တော်) သည် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံး ကွယ်သူ) တို့နှင့်အယောင်ဆောင်သီလကြောင်တို့ကို အရေးမစိုက်၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် သူတို့၏ပမာမခန့်ပြုမူပြောဆို၍ စိတ်ထိခိုက်စေမှုကို ဥပေက္ခာပြုလျက် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည် စိတ်ချစွာဖြင့် ယုံပုံအပ်နှင်းကြလော့။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိ ယာမများနှင့်အတူ အရာရာကို ထိန်းချုပ်ထားတော်မူသည့်အတွက် အရှင်မြတ်) သာလျှင် အဖြစ်အပျက်အလုံးစုံကို စီမံရာ၌ မှီခိုအားထားရသည့်အရှင်အဖြစ် လုံလောက်တော်မူ၏။

[49] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် သက်ဝင်ယုံကြည်သူ အမျိုးသမီးများ နှင့်ထိမ်းမြားမှု ပဋိညာဉ်ချုပ်ဆိုခဲ့ပြီးနောက် သူမတို့အား ထိတွေ့ ချဉ်းကပ်ခြင်း မပြုကြသေးမီပင် ကွာရှင်းခဲ့ ကြလျှင်၊ သင်တို့အတွက် သူမတို့အပေါ်၌ (ကွာရှင်းမှုအပြီး အမျိုးသမီးတို့ တရားတော်အရ စောင့်ဆိုင်းရသော) မည်သည့် စောင့်ဆိုင်းကာလကိုမျှ တွက်ချက်စောင့်ကြည့်စရာ မလိုပေ။ သို့ဖြစ်ပေရာ သင်တို့သည် သူမတို့အား (ကွာရှင်းမှု၏အလျှော်အစားအဖြစ်) ကျေနပ်ဖွယ်ရာ လောကီအကျိုးခံစားခွင့်များပေး၍ သိမ်မွေ့ရည်မွန်စွာ လွတ်လပ်စေခြင်းမျိုးဖြင့် လွတ်လပ်စေရမည်။

[50] အို၊ နဗီတမန်တော်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်က ထိမ်းမြားမင်္ဂလာလက်ဆောင် (မဟရ်ကြေး) ပေးခဲ့ပြီးဖြစ်သောသော အသင့်ဘဝဖော်ကြင်ရာတော်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က အသင့်အား ချီးမြှင့်ပေးအပ်တော်မူခဲ့ပြီး အသင့်လက်အောက်ခံ ဩဇာခံအဖြစ် အသင့်လက်ဝယ်၌ ရှိနေသော စစ်သုံးပန်း များမှ လည်းကောင်း၊ အသင့် (ဖခင်ဘက်မှ) ဘကြီး၊ ဘထွေး၏သမီးများကိုလည်း ကောင်း၊ (ဖခင်ဘက်မှ) အသင့်အဒေါ်ကြီး၊ အဒေါ်လေးများ၏သမီးများကိုလည်းကောင်း၊ (မိခင်ဘက်မှ) အသင့် ဦးကြီး၊ ဦးလေးများ၏သမီးများကိုလည်းကောင်း၊ အသင်နှင့်အတူ နေရင်းဒေသ (မက္ကာကို) စွန့်၍ (မဒီနာသို့) ရွေ့ပြောင်းနေ ထိုင်လာခဲ့သော (မိခင်ဘက်မှ) အသင့် အရီးကြီး၊ အရီးလေးများ၏သမီးများကိုလည်းကောင်း၊ အသင့်အတွက် တရားဝင်လက်ထပ်ခွင့်ရှိသူများ ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် သက်ဝင်ယုံကြည်သူ အမျိုးသမီးတစ်ဦးက သူမ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသောဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို (သူမ၏လွတ်လပ်သောဆန္ဒအရ မည်သည့် တောင်းဆိုချက်မျှ မပါဘဲ) နဗီတမန်တော်မြတ်အ တွက် ကမ်းလှမ်း၍ အကယ်၍ နဗီတမန်တော်မြတ်ကလည်း သူမကို ထိမ်းမြားရန် ဆန္ဒရှိခဲ့သော် အခြားယုံကြည်သူများအတွက် မဟုတ်ဘဲ အသင် (တမန်တော်) အတွက် အထူးသီးသန့်ချမှတ် တော်မူသည့်စည်းမျဉ်း (အထူးအခွင့်အရေး) အဖြစ် ခွင့်ပြုတော်မူ၏။ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည် သူတို့အပေါ်၌ သူတို့၏ဘဝ ဖော်ဇနီးမယားများနှင့်ပတ်သက်၍လည်းကောင်း၊ သူတို့၏လက်အောက်ခံ၊ ဩဇာခံ အဖြစ် သူတို့၏လက်ဝယ်ပိုင်ဆိုင်ထားခဲ့သူတို့နှင့်ပတ်သက်၍လည်းကောင်း (မဖြစ်မနေ ကျေပွန်စွာ ဆောင်ရွက် ရမည့်) တာဝန်ဝတ္တရားများကို သတ်မှတ်ပြဌာန်းတော်မူပြီး ငါအရှင်မြတ်သည်ပင် သွန်သင်လမ်းညွှန်တော် မူခဲ့ပြီးဖြစ်၏။ (အသင်တမန်တော်အတွက် အထူးစည်းမျဉ်းတော်ကို ထုတ်ပြန်ချမှတ်တော်မူရခြင်းမှာ အိမ်ထောင် ရေးဆိုင်ရာ ဆက်နွယ်ပတ်သက်မှုကြောင့် တမန်တော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင်) အသင့်အပေါ်၌ မည်သည့် အခက်အခဲအဟန့်အထား တစ်စုံတစ်ရာမရှိစေရန်သာ (ထုတ်ပြန်တော်မူခြင်း) ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်း တို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[51] အသင် (တမန်တော်) သည် (သူမ၏လွတ်လပ်သောဆန္ဒအရ မည်သည့် တောင်းဆိုချက်မျှ မပါဘဲ သူမတို့ကိုယ်သူမတို့ အသင့်ထံ ကမ်းလှမ်းကြသော) သူမတို့အနက် အလိုရှိသူအား (ကမ်းလှမ်းချက်ကို လက်မ ခံဘဲ) အလျှော့ပေးရွေ့ဆိုင်းစေပြီး အလိုရှိသောသူကို အသင့်ထံ လက်ခံထားရှိနိုင်၏။ (သင်၏ဘဝ ဖော်ကြင်ရာ တော်များအနက်မှ သူမတို့ထံသွားရောက်မည့်အလှည့်ကို) ရွေ့ဆိုင်းထားသူများထဲတွင် မည်သူ့ထံသို့ပင် သင့်ဆန္ဒအလျှောက် သွားရောက်လျှင် သင့်အပေါ်၌ အပြစ်မထိုက်ပေ။ ထိုသို့ပြုလုပ်ခြင်းသည့် သူမတို့၏မျက်စိ စိတ်နှလုံးကို အေးမြကြည်နူးစေရန် ပိုမို၍ သင့်တော်ပြေပြစ်ပြီး သူမတို့အား ဝမ်းနည်း ပက်လက် မဖြစ်မိစေနှင့်။ သူမတို့အားလုံးသည် အသင်၏ပြုမူဆက်ဆံမှုနှင့်ပေကမ်းမှုဖြင့် ရောင့်ရဲတင်းတိမ်လျက် ကျေနပ်အားရ ရှိစေသင့်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များ ချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[52] (အထက်ဖော်ပြပါ တမန်တော်မြတ်က ထမ်းမြားခဲ့ပြီးဖြစ်သော) ဘဝဖော်ကြင်ရာများနောက်တွင် အခြား အမျိုးသမီးများသည် (နောက်ထပ်ဘဝဖော်ကြင်ရာတော်အဖြစ် ရွေးချယ်) သည် သင့်အတွက် တရား ဝင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ လက်အောက်ခံဩဇာခံများအဖြစ် သင့်လက်ဝယ်ပိုင်ဆိုင်ထားရှိသူတို့မှအပ အခြား မည်သူ့ကိုမျှ အကယ်၍ သူမတို့၏ရုပ်ရည်လှပမှုသည် အသင့်အား နှစ်သက်စေလျှင်ပင်ဖြစ်စေ၊ (လောကီဘဝထက် အရှင်မြတ်နှင့်အရှင့်တမန်တော်ကို ဦးစားပေးလျက် တမန်တော်၏ကြင်ရာတော် ဖြစ်လာသော) ဘဝဖော် ကြင်ရာတော်များ၏နေရာတွင် အစားတိုးပြောင်းလဲခြင်းကိုလည်း သင့်အတွက် တရားဝင်သည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် (ကောင်းစွာ) စောင့်ကြည့်နေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[53] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့အား စားသုံးခြင်းအတွက် (ဖိတ်ခေါ်၍) ခွင့်ပြုခြင်း ခံကြရသည်မှအပ ယင်း (အစားအသောက်) ကို (ပြင်ဆင်တည်ခင်းဧည့်ခံမည့်) သင့်​တော်သော အ ချိန်အတွက် စောင့်ဆိုင်းခြင်းမရှိဘဲ နဗီတမန်တော်မြတ်၏အိမ်ထဲသို့ မဝင်ကြလေနှင့်။ သို့ရာတွင် (တည်ခင်း ဧည့်ခံချိန်ရောက်၍) သင်တို့အား (စားသုံးရန်) ဖိတ်ခေါ်ခြင်းခံကြရသောအခါမှသာလျှင် ဝင်ရောက်ကြလော့။ ထို့နောက် စားသောက်ပြီးသောအခါ သင်တို့သည် လူစုခွဲ၍ထွက်ခွာသွားကြလော့။ ထို့ပြင် (သင်တို့သည် စားသောက်ပြီးနောက်) စကားစမြည်ပြောဆိုခြင်းသက်သက်အတွက် အချိန်ဆွဲကျန် ရစ်လျက် ထိုင်မနေကြလေ နှင့်။ ဧကန်ပင်၊ ထိုသို့ပြုလုပ်ခြင်းသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေသော်လည်း နဗီတမန်တော် မြတ်သည် သင်တို့အား (ထွက်ခွာစေရန်) အားနာ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်တရားကို မိန့်တော်မူခြင်း၌ အားနာတော်မူသည် မဟုတ်ပေ။ ထို့အပြင် သင်တို့သည် (နဗီ တမန်တော်မြတ်၏ဘဝဖော် ကြင်ရာတော်များဖြစ်ကြသော) သူမတို့ထံမှ (လောကီလို အပ်ချက်) တစ်စုံတစ်ရာကို တောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှသာ တောင်းကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့၏စိတ်နှလုံးများအတွက် လည်း ကောင်း၊ သူမတို့၏စိတ်နှလုံးများအတွက်လည်းကောင်း၊ ပိုမို၍ပင် ဖြူစင်သန့်စင်မှုကို ဖြစ်စေ၏။ စင်စစ် သော်ကား သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့် မရှိချေ၊ ထိုနဗီတမန်တော်မြတ်မရှိသည့် နောက်တွင် သူ့ဘဝဖော်ကြင်ရာတော်များကို မည်သည့်အခါ၌မျှ ထိမ်းမြားပိုင် ခွင့်လည်း မရှိပေ။ ဧကန်မလွဲ၊ ထိုသို့ (သူ့မုဆိုးမကြင်ရာ များကို) ထိမ်းမြားလိုခြင်းသည် အလ္လာဟ်အရှင်မြတ် အမြင်တော်၌ အ လွန် ကြီးလေးသော၊ ပြစ်မှုပင် ဖြစ်၏။

[54] သင်တို့သည် တစ်စုံတစ်ရာကို ဖွင့်ဟထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် ယင်းကို လျှို့ဝှက်ထိန် ချန်ထားကြသည်ဖြစ်စေ၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[55] (တမန်တော်မြတ်၏ဘဝဖော်ကြင်ရာထိုတော်များဖြစ်ကြသော) သူမတို့အပေါ်ဝယ် (မိဘနှစ်ပါးစလုံး ဘက်မှ အဘိုးအဘွားများအပါအဝင်) သူမတို့၏ဖခင်များ၊ (မြေးမြစ်အပါအဝင်) သူမတို့၏သားများ၊ သူမတို့၏မောင်အစ်ကိုများ၊ သူမတို့မောင်အစ်ကိုများ၏သားများ၊ သူတို့ညီမအစ်မများ၏သားမျာ၊ (အကျင့် စာရိတ္တကောင်း သော) ယုံကြည်သူအမျိုးသမီးများနှင့်သူမတို့လက်ဝယ်၌ လက်အောက်ဩဇာခံအဖြစ် ပိုင်ဆိုင်ထားရှိသူများ (စသည့် ပုဂ္ဂိုလ်များနှင့်ကန်လန့်ကာနောက်ကွယ်မှ မဟုတ်ဘဲ စကားပြော ဆိုကြလျှင်) အပြစ်မထိုက်ပေ။ ထို့ (အို တမန်တော်၏ဘဝဖော်ကြင်ရာတော်အပေါင်းတို့၊) အသင်မတို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်း ဩဇာဖြင့် လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[56] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့် (မလာအီကာ) ကောင်းကင်စေတမန်များသည် (အရှင်မြတ်က တမန်တော်မြတ်အား အမြင့်မြတ်ဆုံး ချီးမွမ်းခြင်း ခံရသော အဆင့်ရောက်စေတော်မူပြီး သူ့တာဝန်၌ အောင်ပွဲခံစေတော်မူရန် ဆုတောင်းခြင်းဖြင့်) လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာနှင့်မေတ္တာထားကြ၏။ အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက်) ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိဖြင့် (စလာမ်) မေတ္တာပို့သကြလော့။

[57] ဧကန်မလွဲ၊ (အရှင်မြတ်အား စကားအသုံးအနှုံးဖြင့် မလေးမစား၊ ဝေဖန်စော်ကား၍လည်းကောင်း၊ အရှင့် ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခရောက်အောင် အစ္စလာမ့်တန်ဖိုးများနှင့်ဆန့်ကျင်၍ ပြုမူပြော ဆိုခြင်းဖြင့်လည်းကောင်း၊) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား ပမာမခန့်ပြုသူတို့သည် လောကီဘဝသက်တမ်း၌ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှကင်းဝေးစေတော်မူသည့် ကျိန် ဆဲမှုကို ခံကြရမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင်လည်း သူတို့အတွက် အရှက်ရ ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ကို အသင့်ပြင်ဆင် ထားရှိတော်မူ၏။

[58] သက်ဝင်ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးတို့အား သူတို့မည်သည့် အမှားတစ်စုံတစ်ရာကို လုပ် ဆောင်ရှာမှီးခြင်းမရှိဘဲ စွပ်စွဲစော်ကားလျက် ထိခိုက်နစ်နာစေသူတို့သည် (သူတို့၏ပခုံးများပေါ်တွင်) အ သရေ ဖျက်စေသော မတရားစွပ်စွဲမှုနှင့်ပြောင်ပြောင်တင်းတင်း အထင်းအရှားကျူးလွန်သော ပြစ်မှုဆိုင်ရာ ဝန်ထုပ်များကို ထမ်းဆောင်နေကြ၏။

[59] အို၊ ရစူလ်တမန်တော်၊ အသင်သည် သင့်ဘဝဖော်ကြင်ရာတော်များအားလည်းကောင်း၊ သင့်သမီးတော်များအားလည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၏ (ဘဝဖော်ဇနီးသည်များနှင့်သမီးများအပါအဝင်) အ မျိုးသမီး များအားလည်းကောင်း၊ ''သူမတို့သည် (သူမတို့အိမ်အပြင်ထွက်စဉ်နှင့်ထိမ်းမြားခြင်းတရားဝင်သော အမျိုးသားတို့၏ရှေ့သို့ သွားရောက်စဉ်) သူမတို့၏အပေါ်ရုံ (ခြုံထည်) များကို သူမတို့ (၏ရင် ဘတ်များ) အပေါ်၌ (သင့်တော်လုံခြုံစွာ ဖုံးအုပ်၍) တွဲလောင်းဆွဲချလျက် ဝတ်ဆင်ကြလော့။'' ဟု ဟောပြောလော့။ ထိုသို့ဝတ်ဆင် ခြင်းသည် သူမတို့အတွက် အသိအမှတ်ပြုခြင်းခံရရန် ပိုမိုသင့်တော်သည် ဖြစ်ရာ (သူမတို့၏ထိုအပြုအမူအနေအထိုင်နှင့်ဂုဏ်သိက္ခာကို လေးစား၍) သူမတို့ ထိခိုက်နစ်နာအောင် နှောင့်ယှက်ခြင်းမခံကြရစေနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[60] အကယ်၍ အယောင်ဆောင်သီလကြောင်များ စိတ်နှလုံး၌ ရောဂါရှိနေသူများနှင့် (မဒီနာ) မြို့တွင်း၌ ပြည်သူလူထု အလန့်တကြားဖြစ်အောင် ကောလာဟလများကို မမှန်မကန် လိမ်လည်၍ ဝါဒဖြန့်လှုံ့ဆော်သူ များသည် (သူတို့၏မကောင်းသောအကြံအစည်နှင့်သွားပုပ်လေလွင့်ဝါဒဖြန့်ခြင်းတို့ကို) စွန့်လွှတ် မရပ်တန့်ကြလျှင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင့်အား သူတို့နှင့်ပတ်သက်၍ (အစွမ်းကုန်) ထိန်းနိုင်ရန် တိုက်တွန်းတော်မူ၏။ ထို့နောက် သူတို့သည် ယင်း (မဒီနာမြို့) ထဲ၌ အနည်းအကျဉ်း (အခိုက်အတန့်) မှအပ သင်၏အိမ် နီးနားချင်းများ အဖြစ် ဆက်လက်ကျန်ရစ်နေမည် မဟုတ်ပေ။

[61] (ထိုကဲ့သို့ အနည်းငယ်မျှသော ကာလတိုင်အောင် နေခွင့်ရကြသော်ငြားလည်း သူတို့သည် အစဉ်အမြဲ) အရှင်မြတ်၏ကရုဏာတော်မှကင်းဝေးစေခြင်းခံကြရသူများဖြစ်ကြသည့်အပြင် သူတို့အား တွေ့ရာအရပ် ၌ ဖမ်းဆီးခြင်း ခံကြရပေမည်။ ထို့ပြင် သူတို့သည် အပြင်းအထန်တော်လှန်တိုက်ခိုက်မှုဖြင့် သုတ်သင်သတ်ဖြတ် ခြင်းကိုလည်း ခံကြရပေမည်။

[62] (ထိုစည်းမျဉ်းဥပဒေများသည်) အသင်မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော သူတို့အားလုံးအတွက်လည်း (အမှန်ပင် ပြဌာန်းတော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်ပင် ဖြစ်၏။ အသင်သည် အလ္လာဟ်အရှင် မြတ်၏ထိုလမ်းစဉ်တော်၌ (အရှင့်စည်းမျဉ်းတော်နှင့်မကိုက်ညီသော) မည်သည့် အပြောင်းအလဲကိုမျှ (ရှာ) တွေ့လိမ့်မည် မဟုတ်ပေ။

[63] လူတို့သည် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ အသင့်အား မေးမြန်းကြ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) ရှင်ပြန်ထမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ သိခြင်းသည်ကား အလ္လာဟ်အရှင်မြတ် ထံတော်၌သာ ရှိ၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်ကောင်းနီးကပ်လာပြီ ဖြစ်ကြောင်း (လူ တိုင်းသိသော်လည်း) အဘယ်အရာက အသင့်ကို နားလည်ပေးစေနိုင်မည်နည်း။” ဟု ဟောပြောလော့။

[64] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့အား အရှင့်ကရုဏာတော်မှ ကင်းဝေးစေတော်မူပြီး သူတို့အတွက် ပြင်းထန်သော မီးတောက်မီး လျှံကို အသင့် ပြင်ဆင်ထားရှိတော်မူ၏။

[65] သူတို့သည် ယင်း မီး၌ပင် အမြဲထာဝရ ကာလအကန့အသတ်မဲ့ ခံစားရလျက် မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီသူသောသူကိုမျှ တွေ့ရှိကြမည် မဟုတ်ပေ။

[66] သူတို့၏မျက်နှာများသည် မီးထဲ၌ အကြိမ်ကြိမ် ဇောက်တိဇောက်ထိုး လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် သူတို့က “သြော်၊ ကျွန်ုပ်တို့ ဒုက္ခလှလှ တွေ့ကြပြီ။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့် တော်များ) ကို နာခံသည့်အပြင် ရစူလ်တမန်တော်မြတ် (၏သွန်သင်ချက်များ) ကို နာခံလိုက်နာခဲ့ကြလျှင် ကောင်းလေစွ။” ဟု (ညည်းညူ) ပြောဆိုကြပေမည်။

[67] ထို့ပြင် သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခေါင်းဆောင်များနှင့်ကျွန်ုပ်တို့၏ (ထင်ရှားကျော်ကြား သော) အကြီးအကဲများ (၏အဆိုအမိန့်များ) ကို နာခံလိုက်နာခဲ့ကြရာ သူတို့သည် ကျွန်ုပ်တို့အား လမ်းမှားရောက်စေ (ခြင်းဖြင့် လှည့်စားခဲ့ကြပါ) ၏။

[68] “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (ကျွန်ုပ်တို့အား လှည့်စား၍ လမ်းမှားရောက်စေခဲ့ကြသော ထို) သူတို့အား ပြစ်ဒဏ် နှစ်ဆပေးတော်မူပါ။ ထို့ပြင် သူတို့အား အရှင့်ကရုဏာတော်မှ ထာဝရ ကင်းဝေးစေတော်မူလျက် အလွန်ကြီးကျယ်သော ကျိန်ဆဲမှုကို ခံရစေတော်ပါ။'' ဟု လျှောက်ထားပန်ကြားလိမ့်မည်။

[69] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (တမန်တော်) မူဆာအား စွပ်စွဲစော်ကားလျက် ထိခိုက် နစ်နာစေခဲ့ကြသူ (အစ္စရေးမျိုးနွယ်ဝင်) တို့ကဲ့သို့ မဖြစ်ကြလေနှင့်။ (သင်တို့မှတ်ထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (သူတို့စွပ်စွဲခဲ့သမျှနှင့်စပ်လျဉ်း၍ တမန်တော်မူဆာက အပြစ်ကင်းရှင်းကြောင်းကို သက်သေပြ တော်မူလျက်) ဖြူစင်ပြတ်သားကြောင်း ထင်ရှားစေတော်မူခဲ့၏။ စင်စစ် သူသည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ ထူးကဲစွာ ဂုဏ်ပြုခံရသူပင် ဖြစ်ခဲ့၏။

[70] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ဖြောင့်မတ် မှန်ကန်၍ သင့်တော်ပြတ်သားသောအပြောအဆိုကိုသာ ပြောဆိုကြလော့။

[71] (ထိုသို့ ပြုမူကျင့်ကြံကြလျှင်) အရှင်မြတ်သည် သင်တို့အတွက် သင်တို့၏ပြုမူကျင့်ကြံမှုများကို ပြုပြင်ပြောင်းလဲပေးတော်မူပြီး သင်တို့အတွက် သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော် ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်များ) နှင့်အရှင့်ရစူလ်တမန်တော် (၏ သွန်သင်ချက်များ) ကို နာခံလိုက်နာလျှင် မလွဲဧကန်၊ ထိုသူသည် မဟာအောင်ပွဲကြီးကို ဆွတ်ခူးနိုင်လိမ့်မည်။

[72] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ယုံကြည်အပ်နှံမှုကြီး (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင်များ၊ မြေကမ္ဘာနှင့်တောင်များ၏ရှေ့ဝယ် ကမ်းလှမ်းတော်မူခဲ့ရာ ယင်းတို့သည် ထိုတာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်သွား၍ (ယင်းကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းမရှိသဖြင့်) ယင်းမှ ကြောက်ရွံ့မှုကို ခံစားခဲ့ကြသော်လည်း လူသားမှာမူကား ယင်းတာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်ပင်၊ လူသားသည် (အရှင့် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့်) ထင်မြင်ယူဆချက်လွဲနေသူ အသိတရားကင်းမဲ့စွာ ကျင့်ဆောင်သူ ဖြစ်ပေ၏။

[73] (လူတိုင်းက သူတို့၏လွတ်လပ်သော ဆန္ဒအတိုင်း ရွေးချယ်ဆောင်ရွက်ကြပြီး အကျိုးဆက်အဖြစ်) အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများကို လည်း ကောင်း၊ (အခြား သက်ရှိသက်မဲ့များကို ကိုးကွယ်ရာအဖြစ် အယူထားလျက်) အရှင်မြတ်နှင့် တွဲဖက်တုပြိုင်၍ ယုံကြည်ကိုးကွယ်ကြသော အမျိုးသားများနှင့်အမျိုးသမီးများကိုလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူလိမ့်မည်ဖြစ်ပြီး သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများ အပေါ်တွင်မူ အလ္လာဟ်အရှင်မြတ်သည် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူ (လျက် လွတ်ငြိမ်းမှုပေးတော်မူ) လိမ့်မည်။ အလ္လာဟ် အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

ရှေဗ

Surah 34

[1] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို (အရှင်မြတ်က ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသည့်အတွက် ယင်းတို့အားလုံးကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ၍ (လောကီဘဝသက်တမ်း၌) ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု အပေါင်းတို့သည် ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူရုံသာမက နောင်တမလွန်ဘဝ၌လည်း ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် ထိုအရှင်မြတ်သည်နှင့်သာ ထိုက်တန်တော်မူ၏။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် (မည်သူ့ကိုမျှ မတရားထိခိုက် နစ်နာစေတော်မမူဘဲ တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ (လူသားတို့၏ ပြုမူ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသေးစိတ်ကို) သတင်းရ နေတော်မူသော အရှင်ပင်ဖြစ်၏။

[2] ထိုအရှင်မြတ်သည် မြေကမ္ဘာအတွင်းသို့ တိုးဖောက်စိမ့်ဝင်သောအရာဟူသမျှကိုလည်းကောင်း၊ ယင်း (မြေကမ္ဘာအတွင်း) မှ ထွက်ပေါ်လာသောအရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းလာသော အရာဟူသမျှကိုလည်းကောင်း၊ ယင်း (မိုးကောင်းကင်) သို့ တက်သွားသော အရာဟူသမျှကိုလည်းကောင်း၊ (အလုံးစုံတို့ကို) သိနေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အားလုံးအပေါ် အစဉ် သနားညှာ တာတော်မူသော အကြင်နာရှင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[3] စင်စစ်သော်ကား မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က ''ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံ ဆိုက်ရောက်လာမည် မဟုတ်'' ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော်သူတို့အား) “အမှန်မှာ သင်တို့ထံ ဧကန်မုချ ဆိုက်ရောက်စေတော်မူမည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို တိုင်တည်၍ ပြောပါရစေ။ ရှင်ပြန်ထရ မည့်အချိန်ကာလသည် သင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည် ဖြစ်၏။ ထိုအရှင်မြတ်သည် မျက်ကွယ်ရာအလုံးစုံကို သိနေတော်မူသောအရှင် ဖြစ်ပြီး မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ အမှုန်ခန့်မျှသော သေးသောအရာဖြစ်စေ၊ ထိုထက်မက သေးငယ်သောဖြစ်စေ၊ ထိုထက်ကြီးသောအရာဖြစ်စေ၊ ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ်တွင် (မှတ်တမ်းတင်ထားတော်မူခြင်း) မှအပ (မည်သည့်အရာမျှ) အရှင့်ဉာဏ်တော်အနန္တမှ ရှောင်တိမ်းဖုံးကွယ်နိုင်သည် မဟုတ်ပေ။

[4] (ရှင်ပြန်ထမည့်အချိန်ကာလအား ဆိုက်ရောက်စေတော်မူရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား ကောင်းမြတ်သော ဆုလဒ်မျာကိုး အစားပေးတော်မူရန်ပင် ဖြစ်၏။ ထိုသူတို့သည်ပင် သူတို့အတွက်မူကား (အပြစ်မှ) လွတ်ငြိမ်းချမ်း သာခွင့်နှင့်မွန်မြတ်သော စားနပ်ရိက္ခာများ ရှိနေ၏။

[5] သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (တမန်တော်မြတ်နှင့် ယုံကြည်သူတို့အား တစိုက်မတ်မတ် ဆန့်ကျင်နှောက်ယှက်လျက်) အရေးနိမ့်သူများဖြစ်စေရန် အစွမ်းကုန် ရုန်းကန်ကြသူများလည်း ရှိကြပြီး ထိုသူတို့သည်ကား သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ဒဏ်ပေးမှုဆိုင်ရာ ပြစ်ဒဏ်သာ ရှိပေ၏။

[6] စင်စစ်မှာကား (အမှန်တရားဆိုင်ရာ) ဉာဏ်ပညာ ချီးမြှင့်ပေးအပ်တော်မူခြင်းခံခဲ့ကြရသော သူတို့သည် အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်တော်မူခြင်း ခံခဲ့ရသောအရာ (ကုရ်အာန်ကျမ်းတော်) သည် အမှန်တရားသစ္စာဖြစ် ရုံသာမက ယင်းသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင် ချီးမွမ်းထိုက်မှုနှင့်ကျေး ဇူးတင်ထိုက်မှုဆိုင်ရာ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသည့် အနှိုင်းမဲ့ အရှင်မြတ်၏လမ်းစဉ်တော်သို့ ညွှန်ပြကြောင်းကို သတိမူ သိမြင်ကြ၏။

[7] သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က “ကျွန်ုပ်တို့သည် သင်တို့အား ''သင်တို့ ကွယ်လွန်သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာ ကိုယ်တစ်ခုလုံးသည်ပင် လုံးဝ တစ်စစီ ကျိုးတိုးကျဲတဲ ဖြန့်ကြဲခြင်းခံရသောအခါ ဧကန်မလွဲ၊ သင်တို့သည် ထိုအခြေအနေမှပင် တစ်ဖန် ဖွဲ့စည်းဖြစ်တည်မှုအသစ် ဖြစ်စေမည်။'' ဟူသော သတင်းစကား ပြောပြမည့် ပုဂ္ဂိုလ်တစ်ဦးကို ညွှန်ပြရမည်လော။” ဟု မေးမြန်းပြောဆိုကြ၏

[8] ထိုသူသည် မုသာဝါဒကို လုပ်ကြံဖန်တီး၍ အလ္လာဟ်အရှင်မြတ်အပေါ်၌ ပုံချနေခြင်းလော။ သို့တည်းမဟုတ် ထိုသူ၌ စိတ်မနှံ့သူ၏အပြုအမူ ရှိနေသလော။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား တမ လွန် ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်သောသူတို့သည်သာလျှင် (သူတို့၏စိတ်နှလုံးလောင်နေလျက်) ပြစ်ဒဏ်၌လည်းကောင်း၊ (အမှန်တရားမှ) အလွန်ကွာဝေးသော လမ်းမှားမှု၌လည်းကောင်း၊ ရှိနေကြ၏။

[9] ထိုသူတို့သည် မိုးကောင်းကင်နှင့်မြေကမ္ဘာအား သူတို့၏ရှေ့မှလည်းကောင်း သူတို့၏နောက်မှလည်းကောင်း၊ (သူတို့ လုံးဝ ရှောင်လွှဲ မရအောင်အရှင်မြတ်၏အချုပ်အခြာအာဏာဖြင့် ဝိုင်းရံထားစေတော်မူလျက် တိုးချဲ့စေတော်မူ) သည်ကို မည်သည့်အခါ မတွေ့မြင် မဆင်ခြင် မသုံးသပ် ကြလေသလော။ အကယ်၍ ငါအရှင် မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့အား မြေမျိုစေတော်မူနိုင်၏။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကောင်းကင်မှ အစိုင်အခဲများကို ကျရောက်စေတော်မူနိုင်၏။ ဧကန်စင်စစ်၊ ထို (သို့မဖြစ်ပျက်အောင်ထိန်းသိမ်းတော်မူခြင်း) ၌ (စိတ်ရင်းစေတနာဖြူစင်စွာ အမှန်တရားကို စူးစမ်းရှာဖွေလို၍ အရှင့်ကျမ်းတော်ဖြစ်သော) အမှားအမှန်ကို ခွဲခြားသိမြင်စေသည့်စံဘက်ဦးလှည့်သူ အရှင့်အစေခံလူသားတိုင်းအတွက် (ထင်ရှားသော) အာယသ် သက်သေလက္ခဏာတော်များ ရှိနေ၏။

[10] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူးဒ်အား ငါအရှင့်ထံတော်မှ အရှင့်ကျေးဇူးတော်များ (ဖြစ်သော ဩဇာအာဏာ ဂုဏ်သိက္ခာလမ်းညွှန်တော်နှင့်ဉာဏ်ပညာများ) ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ (ထို့ ပြင် ငါအရှင်မြတ်သည် တောင်များအား) ''အို၊ တောတောင်တို့ သင်တို့သည် (တမန်တော်) ဒါဝူးဒ်နှင့်အတူ (ငါအရှင် မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို သီဆိုကြလော့။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်တို့ သည်လည်း (အလား တူပင် သီဆိုကြလော့။” ဟု မိန့်ကြားတော်မူခဲ့၏။) ထို့ပြင် ငါအရှင်မြတ်သည် (သတ္တုအရည်ကျိုစနစ်ကို သိစေတော်မူလျက်) သူ့အတွက် သံကို ပျော့ပျောင်းစေတော်မူခဲ့၏။

[11] (ထိုသို့ဖြင့် တမန်တော်ဒါဝူးဒ် အရှင်မြတ်၏အမိန့်တော်များကို နာခံနိုင်ခဲ့၏။ အရှင်မြတ်က တမန်တော် ဒါဝူးဒ်အား) ''အသင်သည် သံချပ်ကာအင်္ကျီ ဖြစ်မြောက်ရေးလုပ်ငန်းစဉ်၌ (လိုအပ်သမျှကို စနစ်တကျအစီစဉ် ရေးဆွဲ၍) တိုင်းတာချိန်ဆမှုကို သတ်မှတ်ပြီး (ခန္ဓာကိုယ်တစ်ကိုယ်လုံးကာနိုင်သည့်) ပြည့်စုံသော သံချပ်အင်္ကျီ ရှည်များကို စီမံပြုလုပ်လော့။ ထို့ပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[12] ထိုနည်းတူစွာ (အရှင်မြတ်သည် တမန်တော်) စုလိုင်မာန်အတွက် လေကို (သူ့ လက်အောက်ခံ ဖြစ်စေလျက် နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ (ခြေကျင်) တစ်လခရီးလမ်းဖြစ်၍ ညနေလမ်း ခရီးမှာလည်း တစ်လခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူ့အတွက် (ကြေးနီ ထွက်ရာဒေသမှ) အရည်ကျိုထားသော ကြေးနီကို စမ်းချောင်းပမာ စီးဆင်းစေတော်မူခဲ့၏။ ထို့ပြင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် ဂျင်န်တို့အနက်မှ သူ့ရှေ့မှောက်ဝယ် (သူ့လက်အောက်ခံအဖြစ် ခိုင်းစေသမျှတို့ကို) လုပ်ကိုင်ဆောင်ရွက် ပေးကြသော သူတို့လည်း ရှိကြ၏။ စင်စစ်သော်ကား သူတို့အနက်မှ မည်သူမဆို (သူ့ကိုမနခံ၍) ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည်တိမ်းယိမ်း သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူတို့အား ရဲရဲတောက်သောမီးကို ပြစ် ဒဏ်အဖြစ် မြည်းစမ်းစေတော်မူမည်။

[13] (ထိုဂျင်န်တို့သည် တမန်တော်စုလိုင်မာန်အတွက်) သူအလိုရှိသမျှသော ကြီးကျယ်သည့် အထွတ်အမြတ်အဆောက်အအုံများ၊ (ကျောက်၊ ကြေးနီ၊ ဖန် စသည်ဖြင့် ထွင်းထုသောသက်မဲ့) ပန်းပုရုပ်များ၊ ရေလှောင် ကန်ကြီးတမျှရှိသော ဇလုံများ၊ အင်တုံများနှင့် (မပြောင်းမရွှေ့နိုင်သော) ဘွိုင်လာအိုးကြီးများ ပြုလုပ်ပေးကြ၏။ (အရှင်မြတ်က တမန်တော် ဒါဝူးဒ်အား) အို ဒါဝူးဒ်၏မိသားစုအသိုင်းအဝိုင်းတို့၊ သင်တို့ သည် (သီလဆောက်တည်၍) ကျေးဇူးသိတတ်လျက် အလုပ်လုပ်ကြလော့။ စင်စစ်သော်ကား ငါအရှင်မြတ်၏အစေခံလူသားတို့အနက် အနည်းငယ်မျှသည်သာ ကျေးဇူးသိတတ်ကြ၏။

[14] ထို့နောက် (တမန်တော်စုလိုင်မာန်ကွယ်လွန်စဉ်) ငါအရှင်မြတ်သည် သူ့အပေါ်၌ သေခြင်းတရားကို ပြဋ္ဌာန်းတော်မူလေသောအခါ သူ့ကွယ်လွန်မှုနှင့်စပ်လျဉ်း၍ သူ့တောင်ဝှေးကို စားလျက်ရှိသည့် မြေကြီး၌ လှုပ် ရှားသွားလာသောသက်ရှိ (ခြ) မှအပ (အခြားမည်သည့် အရိပ်လက္ခဏာကိုမျှ) သူတို့အား ညွှန်ပြတော်မူခဲ့သည် မဟုတ်ပေ။ ထို့နောက် (တမန်တော်) စုလိုင်မာန်သည် မြေကြီးပေါ် လဲကျသွားခဲ့သောအခါ ဂျင်န်များက ''ဧကန်စင်စစ်၊ အကယ်၍ သူတို့သည် အကွယ်၌ရှိသည်ကို သိရှိကြလျှင် ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်၌ ဆက်လက်၍ ပင်ပင်ပန်းပန်းလုပ်နေခဲ့ကြမည် မဟုတ်ကြောင်းကို” မြင်သာထင်ရှားစွာ ရှင်းရှင်းလင်းလင်း သိသွားခဲ့ကြလေ၏။

[15] ဧကန်မုချ၊ “စဗာ”ပြည်သူတို့အတွက် သူတို့နေထိုင်ရာဒေသ၌ပင် (အနစ်သာရရှိသော သင်ခန်းစာအဖြစ်) သက်သေလက္ခဏာတစ်ရပ်သည် ရှိခဲ့၏။ (ထိုဒေသ၏) လက်ယာဘက်နှင့်လက်ဝဲဘက်တွင် (အလွန်ကျယ်ပြော ပြီး သာယာကြည်နူးဖွယ်ရာ) ဥယျာဉ်ခြံနှစ်ခုရှိခဲ့၏။ ''သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရိက္ခာအထောက်အပံ့များမှ (တရားတော်နှင့်အညီ) စားသောက်၍ ထိုအရှင်မြတ်အား ကျေးဇူးတင်ကြလော့။ (ထိုအရှင်မြတ်သည်ပင် သင်တို့၏မြို့ရွာများကို) အေးချမ်းသာယာပြီးသန့်စင်သော မြို့ရွာဒေသ ဖြစ်စေတော်မူသောအရှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[16] သို့ရာတွင် သူတို့သည် (အရှင်မြတ်ပေးအပ်တော်မူသောစည်းစိမ်းချမ်းသာနှင့်စပ်လျဉ်း၍ ကျေးဇူးမသိတတ်သည့်အပြင် စိတ်အလိုလိုက်လွန်းလျက် မကောင်းမှုများကို ကျူးလွန်ခြင်းဖြင့် အရှင့်​အမိန့်တော်မှ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည် သူတို့အပေါ်၌ ရေကာတာမှ ပြင်းထန်စွာ ရေလွှမ်းမိုးစေတော်မူ၍ သူတို့၏ (သာယာကြည်နူးဖွယ်ရာ) ဥယျာဉ်ခြံနှစ်ခုကို ခါးသော၊ (ဖန်သော၊ အရသာမကောင်းသော) သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့်အနည်းငယ်မျှသောဆီးပင်များသာ ဖြစ်ထွန်းသည့် ဥယျာဉ်နှစ်ခုအဖြစ်သို့ ပြောင်းလဲစေတော်မူခဲ့၏။

[17] ငါအရှင်မြတ်သည် (အရှင့်အမိန့်တော်နှင့်ဆန့်ကျင်၍ မကောင်းမှုများကို စွဲမြဲစွာ လုပ်ခဲ့ကြသော) သူတို့၏ ကျေးဇူးကန်းမှုကြောင့် ထိုကဲ့သို့ပင် ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အလွန်ကျေးဇူးကန်းသောသူတို့မှအပ (အခြားမည်သူ့ကို ဒဏ်ခတ်အရေးယူတော်မူ၍) ပေးဆပ်စေတော်မူမည်နည်း။

[18] ထို့ပြင် ငါအရှင်မြတ်သည် သူတို့နှင့်ငါအရှင်က ကျက်သရေမင်္ဂလာ သုခချမ်းသာနှင့်ပြည့်စုံစေတော်မူခဲ့သော မြို့ရွာ (များဖြစ်သည့် ပါလက်စတိုင်း ဒမတ်စကတ် အပါအဝင် အရှင့်ကျေးဇူးတော် အလျှံပယ် ပေး အပ်တော်မူသောဒေသ) ပေါင်းများစွာတို့အကြား၌ ထင်ရှားမြင်သာသော မြို့ရွာများကို စည်ကားစေတော်မူပြီး ယင်း (မြို့ရွာဒေသ) ၌ စည်းမျဉ်းတော်များကို ပြဌာန်းစေတော်မူလျက် ခရီးသွာလာခြင်းကို (လွယ်ကူမှုနှင့် လုံခြုံမှုရှိစေရန်) သတ်မှတ်ပေးတော်မူခဲ့၏။ သင်တို့သည် ယင်း (မြို့ရွာဒေသများ) တွင် ညမရွေး၊ နေ့မရွေး၊ ဘေးကင်းလုံခြုံစွာဖြင့် ခရီးသွားကြလော့။

[19] သို့ရာတွင် သူတို့သည် (အေးချမ်းသာယာမှုနှင့်ဘေးကင်းလုံခြုံမှုကြောင့် စိတ်အလိုလိုက်လာကြ၍ အရှင့်ထံ) ''အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့၏ ခရီးထောက်များကို ကွာဝေးစေတော်မူပါ။'' ဟု လျှောက်ထားကြလျက် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) များကို (အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူး လွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့် ကြံမှုအတွက် အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့ ဖျက်ဆီးစေခဲ့ကြ၏။ ငါအရှင်မြတ်သည် သူတို့အား (ကွယ်လွန် သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် လုံးဝ တစ်စစီ ကျိုးတိုးကျဲတဲ ဖြန့်ကြဲခြင်းခံရသကဲသို့ နောင်မျိုး ဆက်များအတွက်) ဒဏ္ဍာရီဆန်ဆန်အပြောအဆိုများသာရှိစေ ရန် အစိတ်စိတ်အမြွှာမြွှာ နေ ရာအနှံ့ ကစဉ့်ကလျား ဖြန့်ကျဲစေတော်မူခဲ့၏။ ဧကန်စင်စစ်၊ ထို (သို့ ဖြစ်ပျက် စေတော်မူခြင်း) ၌ (အရှင့်လမ်းတော် နှင့်အညီဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဘေးဒုက္ခအခက်အခဲ များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတိုင်းနှင့် (အရှင်မြတ်ပေးအပ်တော်မူသည့်ကျေးဇူးတော် များနှင့်စပ်လျဉ်း၍) အလွန် ကျေးဇူးသိတတ်သူတိုင်းအတွက် (အရေးပါသောသင်ခန်းစာပါဝင်သည့်) အာယသ် သက်သေလက္ခဏာတော်များ ရှိနေ၏။

[20] ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် (လူသားတို့အား ထင်မြင်ချက်ယူဆချက်များဖြင့် လှုံ့ဆော်၊ စေ့ဆော်သကဲ့သို့ “စဗာ” ပြည်သူများဖြစ်ကြသော) သူတို့အပေါ်၌လည်း သူ့ထင်မြင်ယူဆချက်အား မှန်ကန်ကြောင်းသက်သေပြခဲ့ရာ ယုံကြည်သူတို့အနက်မှ လူနည်းစုမှလွဲ၍ (ကျန်ပုဂ္ဂိုလ်အားလုံးက) စေတန်မကောင်းဆိုးဝါးနောက်သို့ လိုက်ခဲ့ကြ၏။

[21] စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သူက နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ယုံကြည်ပြီး မည်သူက ယင်းနှင့်စပ်လျင်း၍ ဒွိဟသံသယ၌ ရှိသည်ကို ခွဲခြားသိမြင်စေတော်ရန် (စေတန်မကောင်းဆိုးဝါးအား ဖြင့် စမ်းသပ်တော်မူခြင်း) မှအပ စေတန်မကောင်းဆိုးဝါးက သူတို့အပေါ် (လွှမ်းမိုးလျက် သူတို့အား အတင်းအကျပ်လုပ်စေရန်) သူ့၌ မည်သည့် အခွင့်အာဏာမျှ မရှိပေ။ အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စောင့်ကြည့်တော်မူလျက် မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[22] (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များမှ ကိုးကွယ်ရာအဖြစ်) ထင်မြင်ယူဆ၍ ကိုးကွယ်ကြသော သင်တို့၏ကိုးကွယ်ရာများကို ဟစ်ခေါ် ပန် ကြားကြလော့။ သို့သော် ထိုကိုးကွယ်ရာများသည် (လူသားတို့အား အကျိုးပြုနိုင် သို့မဟုတ် အကျိုးယုတ်စေရန် အလို့ငှာ) မိုးကောင်းကင်များနှင့်မြေကမ္ဘာ (၏လည်ပတ်လှုပ်ရှားမှုစနစ်) ၌ အမှုန်ခန့်မျှပင် အခွင့် အာဏာပိုင်ဆိုင်ကြသည် မဟုတ်သည့်အပြင် ယင်း (မိုးကောင်းကင်များနှင့်မြေ ကမ္ဘာနှစ်ခုစလုံးအား ဖွဲ့စည်းဖြစ်တည်စေခြင်း) ၌ သူတို့အတွက် မည်သည့် ဝေစုဝေပုံ ဖက်စပ်အစုရှယ်ယာမျှ မရှိရုံသာမက ယင်းတို့အနက်မှ ထိုအရှင် မြတ်အတွက် မည်သည့် ကျောထောက်နောက်ခံမှုကိုမျှ အလျှင်း အလိုရှိတော် မမူချေ။”ဟု ဟောပြောလော့။

[23] ထို့ပြင် ထိုအရှင်တော်မြတ်ထံတော်တွင် အရှင်မြတ်၏ခွင့်ပြုမိန့်ရရှိထားသူမှအပ (အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် သူ့ပြုမူကျင့်ကြံမှု၌ လိုအပ်ချက်ရှိနေသူအား မျှဝေပေးရန်အတွက်) ကြားဝင်အသနား ခံပေးမှုသည် အကျိုးရှိစေမည် မဟုတ်ပေ။ (ထိုသို့ ကြားဝင်အသနားခံပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားကြသော မလာအီကာ ကောင်းကင်စေတမန်များသည်ပင် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်အထိ ဖြစ် လာမည်။) နောက်ဆုံးတွင် သူတို့၏စိတ်နှလုံးများမှ ထိတ်လန့်မှု ပပျောက်စေခြင်းခံရသောအခါ ''သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သည်ကို မိန့်ကြားတော် မူသနည်း။'' ဟု မေးမြန်းကြမည်ဖြစ်ရာ သူတို့က (အရှင်မြတ်မိန့်တော်မူခဲ့သမျှသည်) အမှန်တရားသစ္စာပင် ဖြစ်၏။ ဟု ဖြေကြားပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အမြင့်မြတ်ဆုံး အကြီးကဲဆုံး ဖြစ်တော်မူ၏။

[24] (အို၊ ရစူလ်တမန်တော် သူတို့အား) “မိုးကောင်းကင်များနှင့်မြေကမ္ဘာမှ မည်သူသည် သင်တို့အား ရိက္ခာအထောက်အပံ့များ ပေးအပ်တော်မူသနည်း။” ဟု မေးမြန်းလော့။ (ထို့နောက်) ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်ကြောင်း ဖြေကြားလော့။ ထို့ပြင် (တစ်ဆူးတည်းသော အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ကြသော) ကျွန်ုပ်တို့သည် သို့မဟုတ် (အရှင်မြတ်ကို စွန့်၍ အခြားသက်ရှိသက်မဲ့တို့အား ယုံကြည်ကိုးကွယ်ကြသော) သင်တို့သည် တရားလမ်းမှန်ပေါ်၌သော်လည်းကောင်း၊ ထင်ရှားစွာသောလမ်းမှားမှု၌သော်လည်းကောင်း၊ ရှိကြပေ၏။

[25] (အို၊ ရစူလ်တမန်တော် သူတို့အား) ''(အကယ်၍ သင်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ကိုးကွယ်မှုဖြင့် ပြစ်မှုကျူးလွန်နေကြသည်ဟု ထင်မြင်ယူဆကြလျှင်) ကျွန်ုပ်တို့၏ကျူးလွန်မှုများနှင့်စပ်လျဉ်း၍ သင်တို့ စစ် ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်သည့်အပြင် ကျွန်ုပ်တို့သည်လည်း သင်တို့ ပြုမူကျင့်ကြံ သည်တို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်ပေ။'' ဟု ဟောပြောလော့။

[26] (အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) ကျွန်ုပ်တို့အားလုံးကို စုရုံးတော်မူမည် ထို့နောက် ထိုအရှင်မြတ်သည် သင်တို့နှင့်ကျွန်ုပ်တို့အကြား၌ အမှန်တရားသစ္စာဖြင့် (စီရင်ဆုံးဖြတ်တော်မူပြီး မည်သူက တရားလမ်းမှန်၌ ရှိကြောင်းနှင့်မည်သူက လမ်းမှားရောက်ကြောင်းကို) ဖွင့်ချတော်မူမည်။ စင်စစ် ထိုအရှင်မြတ်သည် (စီရင်ဆုံး ဖြတ်တော်မူရာ၌) အစဉ် အမှန်တရားကို ဖွင့်ချတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။” ဟု ပြောလော့။

[27] (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် (အရှင်မြတ်ကို စွန့်၍ အခြားသက်ရှိသက်မဲ့တို့အား ယုံကြည်ကိုးကွယ်ကြလျက်) ထိုအရှင်မြတ်နှင့်တွဲဖက်ပေါင်းစပ်ထားသော ကိုးကွယ်ရာများ (၌ ကိုးကွယ်ထိုက်သော အရည်အချင်းရှိကြောင်း) ကို ကျွန်ုပ်ထံယူဆောင်ပြသကြလော့။ (ထိုသို့ပြသရန်) အလျှင်း မဖြစ်နိုင်ပေ။ စင်စစ်မှာကား ထိုအရှင်မြတ်သည်သာ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့ သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။”ဟု ဟောပြောလော့။

[28] အမှန်သော်ကား ငါအရှင်မြတ်သည် အသင် (တမန်တော်) အား လူသားမျိုးနွယ်စုအားလုံးအတွက် (အရှင်မြတ်ကို ယုံကြည်၍ ဖြောင့်မတ်မှန်ကန် ပြုမူကျင့်ကြံမှုဖြင့် ဘဝဆောက်တည်လျှင် ပေါက်မြောက်အောင်မြင်မည် ဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါးသူနှင့် (မိစ္ဆာဒိဌိကို လိုက်နာခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း၍) သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခြင်းဖြစ်၏။ သို့ရာတွင် လူ သားအများစုသည် (အရှင့်ကျေးဇူးတော်ဖြစ်သော တမန်တော်မြတ်နှင့်လမ်းညွှန်တော်တို့သည် လူသားတို့ အကျိုးအတွက်သာ ဖြစ် ကြောင်းကို) မသိနားမလည်ကြပေ။

[29] တစ်ဖန် သူတို့က “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် (တမလွန်၌ တရား စီရင်မည်ဟူသော) ဤကတိတော်သည် မည်သည့်အခါ၌ (ဖြည့်ဆည်းစေတော်မူ၍) အတည်ဖြစ် မည်နည်း။” ဟု မေးမြန်းကြ၏။

[30] (အို၊ ရစူလ်တမန်တော် သူတို့အား) သင်တို့အတွက် ကတိထားတော်မူသော ထိုနေ့ကို ချိန်းချက်ထားသည် ဖြစ်ပေရာ၊ အသင်တို့သည် ယင်းချိန်းချက်ထားသော နေ့သည် တစ်နာရီမျှပင် အနည်းငယ် ခန့်မျှပင် နောက် ဆုတ်မည်မဟုတ်သည့် (အချိန်မစေ့မီ) ရှေ့တိုး၍ ကြိုဖြစ်လာနိုင်စရာ အကြောင်းလည်း မရှိပေ။”ဟု ဖြေကြားလော့။

[31] ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က ''ကျွန်ုပ်တို့ သည် ဤကုရ်အာန်ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ်နှင့် (ယခင်က ချမှတ်ပေးအပ် တော်မူပြီး သူတို့လက်ဝယ်၌ရှိနေသော) မည်သည့်ရှေးကျသောအရာကိုမျှ အလျှင်း ယုံကြည်မည်မဟုတ်'' ဟု ပြောဆိုကြ၏။ အကယ်၍ အသင် (တမန်တော်) သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများက သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းခံကြရ၍ အ ချင်းချင်း တစ်ဦးကိုတစ်ဦး အချို့ကိုအချို့ နောက်ကြောင်းပြန်၍ အပြစ်ပုံကြလျက် (လောကီဘဝ၌ နှိမ့်ချခံရမှု ညှင်း ပန်းနှပ်စက်ခံရမှုနှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှားရောက်ကြပြီး) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့က မာန်မာနထောင်လွှား၍ နိုင်လိုမင်း ထက် ဖိနှိပ်ခဲ့ကြသူတို့အား ''အကယ်၍ သင်တို့သာ မရှိခဲ့ကြ လျှင် ကျွန်ုပ်တို့သည် အမှန်ပင် သက်ဝင်ယုံကြည်သူများ ဖြစ်ကြမည်။'' ဟု ပြောဆိုကြမည်ကို မြင်တွေ့ရလျှင် ကောင်းလေစွ။

[32] တစ်ဖန် မာန်မာနထောင်လွှား၍ နိုင်လိုမင်းထက် ဖိနှိပ်ခဲ့ကြသူတို့က (နှိမ့်ချခံရမှု ညှင်းပန်းနှပ်စက်ခံရမှု နှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှားရောက်ကြလျက်) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့အား ''သင်တို့ထံ အရှင့်လမ်းညွှန်တော် ရောက်ရှိလာခဲ့ပြီးနောက် ကျွန်ုပ်တို့သည် သင်တို့အား ယင်း (လမ်းညွှန်တော် နှင့်အညီဘဝဆောက်တည်ခြင်း) မှ (အတင်းအဓမ္မ) ပိတ်ပင်တားဆီးခဲ့ကြသလော၊ ထိုသို့ အလျှင်း မဟုတ်ပေ။ စင်စစ်မှာကား သင်တို့သည်ပင်လျှင် ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြ၏။'' ဟု ဖြေဆိုကြလိမ့်မည်။

[33] (လောကီဘဝ၌ နှိမ့်ချခံရမှု ညှင်းပန်းနှပ်စက်ခံရမှုနှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှား ရောက်ကြပြီး) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့က မာန်မာနထောင်လွှား၍ နိုင်လိုမင်းထက် ဖိနှိပ်ခဲ့ကြသူတို့အား ''ထိုသို့ အလျှင်း မဟုတ်ပေ။ အမှန်စင်စစ်မူကား သင်တို့သည် ညမရွေး၊ နေ့မရွေး၊ ကျွန်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မယုံကြည်မှုနှင့်ကျေးဇူးကန်းမှုကို ကျူးလွန်စေရန်လည်း ကျွန်ုပ်တို့က သင်တို့တို့ကို ထိုအရှင်မြတ်၏ပြိုင်ဘက်များအဖြစ် လက်ခံသူများ ဖြစ်စေရန်လည်းကောင်း၊ အမိန့်ပေးညွှန်ကြားလျက် (သင်တို့၏) ကြံစည်မှုများကို အကောင်အထည်ဖော်ခြင်းသာဖြစ်၏။” ဟု ချေပပြော ဆိုကြလိမ့်မည်။ သို့ရာတွင် သူတို့အားလုံးသည် ပြစ်ဒဏ်ကို တွေ့မြင်ရင်ဆိုင်ကြသောအခါ သူတို့၏နောင်တရမှုများကို ထုတ်ဖော်ဖွင့်ဟနိုင်စွမ်းရှိကြမည် မဟုတ်ပေ။ ထို့ပြင်ငါအရှင်မြတ်သည် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) သူတို့၏လည်ကုပ်များ၌ ထူးကွင်း၊ လည်ထိတ်များကို စွပ်ပေးတော်မူပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ အပြစ်ပေးခြင်းမှအပ (အခြားမည်သည့် အတွက် ဒဏ်ခတ်အရေးယူတော်မူ၍) ပေးဆပ်စေတော်မူမည်နည်း။

[34] စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာ၌ပင် သတိပေးနှိုးဆော်သူ တစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်ဖြစ်စေ၊ ထိုမြို့ရွာရှိ (ကိုယ်ကျင့်တရားနှင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ လောကီစည်းစိမ်ချမ်းသာ နောက်လိုက်ကြသော) စည်းစိမ်ရှင်တို့က ''ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်တို့အား သင်တို့နှင့်အတူ (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေးလမ်းစဉ် ပါဝင်သည့်သာသနာဆိုင်ရာများ) စေလွှတ်တော်မူခြင်းခံရသည်ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြပါ၏။” ဟုသာ ပြောဆိုခဲ့ကြသည်။

[35] ထို့ပြင် သူတို့က ''ကျွန်ုပ်တို့သည် ဥစ္စာဓနပိုင်ဆိုင်မှုအားဖြင့်လည်းကောင်း၊ သားသမီးများနှင့်လူ့ စွမ်းအားအားဖြင့်လည်းကောင်း၊ (သင်တို့ထက်) အလျှံပယ် ပေါများကြွယ်ဝသူများ ဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများ မဖြစ်နိုင်ကြပေ။'' ဟု ပြောဆိုခဲ့ကြ၏။

[36] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ် ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်အတိုင်းအတာဖြင့်သာပေးသနားတော်မူသော်လည်း လူသားအများစုမှာ သိနားလည်ကြသည် မဟုတ်ပေ။

[37] စင်စစ်သော်ကား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြသူတို့မှအပ သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သင်တို့၏သားသမီးများနှင့်လူ့စွမ်းအားများသည်လည်းကောင်း၊ ငါအရှင်မြတ်၏အမြင်တော်၌ သင်တို့အား မည်သည့် အဆင့်အတန်းနှင့်မျှ နီးကပ်စေမည့်အရာများ မဟုတ်ကြပေ။ သို့ဖြစ်ပေရာ ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံ၍ သီလဆောက်တည်ခြင်းနှ့င့်အညီ သူတို့အတွက် ဆတက်ထမ်းပိုး တိုးမြှင့်သော အကျိုးဆုလဒ်ရှိပြီး လုံခြုံစိတ်ချရသော အထက်သုခဘုံနန်း၌ ဘေးကင်းလုံခြုံစွာ ရှိကြပေမည်။

[38] သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (တမန်တော်မြတ်နှင့် ယုံကြည်သူတို့အား တစိုက်မတ်မတ် ဆန့်ကျင်နှောက်ယှက်လျက်) အရေးနိမ့်သူများဖြစ်စေရန် အစွမ်းကုန်ရုန်းကန်ကြသူများလည်းရှိကြပြီး ထိုသူတို့သည် ပြစ်မှုကျူးလွန်ကြောင်း တရားဝင် တရားစွဲဆိုခံခြင်းခံရသော ပြစ်ဒဏ်၌ ရှိကြမည်။

[39] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ် အတိုင်းအတာဖြင့်သာ ပေးသနားတော်မူ၏။ ထို့ပြင် သင်တို့သည် မည်သည့် တစ်စုံတစ်ရာကို စွန့်လှူပေးကမ်းသည်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ယင်း၏အစား ဆုလဒ်ကို ပေးတော်မူပေမည်။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာအထောက်အပံ့များ ပေးအပ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[40] ထို (နောင်တမလွန်ဘဝ၏တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် (အရှင့်လမ်းညွှန်တော်နှင့် ဆန့်ကျင်၍ ရုန်းကန်လှုပ်ရှားသူများနှင့်လောကီဘဝ၌ သူတို့၏ကိုးကွယ်ရာများအဖြစ် အယူထား ကိုးကွယ်ကြ သော အရာများအပါအဝင်) သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် မလာအီကာ ကောင်းကင်စေတမန်တို့အား ''ဤသည်တို့က (သင်တို့၏ဉာဏ်ပညာစွမ်းရည်ဖြင့် သင်တို့၏ပျော်ရွှင်မှုအတွက်သာ) သင်တို့က ဆည်း ကပ်ကိုးကွယ်ခဲ့ကြသည့် အရာများလော။'' ဟု မေးမြန်းစေတော်မူမည်။

[41] ထိုအခါ သူတို့က “(အို အရှင်မြတ်၊ အရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သောအရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ကျွန်ုပ်တို့သည် (အရှင်မြတ်မှလွဲ၍ကိုးကွယ်ဆည်းကပ်ကြသော) အခြားကိုးကွယ်ရာများနှင့်မည်သို့မျှ ပတ်သက်ခြင်းမရှိဘဲ အသင်အရှင်မြတ်သည်သာလျှင် ကျွန်ုပ်တို့၏ကာကွယ် စောင့်ရှောက်သူဖြစ်သူဖြစ်တော်မူ၏။ အမှန်စင်စစ်မူကား သူတို့အနက် အများစုသည် ဂျင်န်များကိုသာ (ကိုးကွယ်ထိုက်သော အရာများအဖြစ် ထင်မြင်ယူဆ၍) ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြ၏။

[42] သို့ဖြစ်ပေရာ ထို (တမလွန်တရားစီရင်မည့်) နေ့တွင် သင်တို့အနက် အချို့သည် အချို့ကို တစ်ဦးသည် အခြားတစ်ဦးကို မည်သည့်ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ မည်သည့်အကျိုးအမြတ်ကိုဖြစ်စေ၊ ဖြစ်ပေါ်စေနိုင်သော အခွင့်အာဏာနှင့်စွမ်းဆောင်ရည်ရှိကြမည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား ''သင်တို့သည် မဟုတ်မမှန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ဤငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။'' ဟု မိန့်ကြားတော်မူလိမ့်မည်။

[43] စင်စစ်သော်ကား သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ သူတို့က ''ဤပုဂ္ဂိုလ်သည် သင်တို့အား သင်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည့်အရာများ (ကို ယုံကြည်ကိုး ကွယ်ခြင်း) မှ ပိတ်ပင်တားဆီး ဆန္ဒရှိသူမှအပ အခြားမဟုတ်ပေ။'' ဟု ပြောဆိုခဲ့ကြသည့်အပြင် ''ဤ (ကျမ်းတော် မြတ်ကုရ်အာန်) သည် ကြံစည်ဖန်တီး (၍ အရှင်မြတ်ထံတော်မှဖြစ်ကြောင်း လိမ်လည်) ထားသော လုပ်ကြံဇတ် ခင်းမှုသာလျှင် ဖြစ်၏။'' ဟူ၍လည်း ပြောဆိုခဲ့ကြ၏။ ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က သူတို့ထံ အမှန်တရားသစ္စာ (ကုရ်အာန်) ရောက်ရှိသောအခါ ယင်းနှင့်စပ်လျဉ်း၍ ''ဤသည် ထင်ရှားစွာသော မှော်ပယောဂအတတ်ပညာတစ် ရပ်သာလျှင် ဖြစ်သည်။''ဟု ဆိုကြ၏။

[44] စင်စစ်မှာမူကား ငါအရှင်မြတ်သည် သူတို့အား ကျမ်းတော်များအနက်မှ (ယင်းကို လေ့လာပြီး အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိ ကို ခွဲခြားသိမြင်စေသည့်) မည်သည့် ကျမ်းကိုမျှ ပေးအပ်တော်မူခဲ့သည် မဟုတ်သည့်အပြင် အသင် (တမန်တော်) မတိုင်မီ သူတို့ထံသို့ (လမ်းမှားရောက်ခြင်း၏အကျိုး ဆက်နှင့်စပ်လျဉ်း၍ သွန်သင်သည့်) မည်သည့် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှ စေလွှတ်တော်မူခဲ့ သည်လည်း မဟုတ်ပေ။

[45] သူတို့အလျင် ရှိခဲ့ကြသောမျိုးဆက်များသည်လည်း (အမှန်တရားသစ္စာအား) မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။ (ရှေးမျိုးဆက်များဖြစ်ကြသော) သူတို့အား ငါအရှင်မြတ်က ပေးအပ်တော်မူခဲ့သည့် (ဉာဏ်ပညာ ဩဇာအာဏာနှင့်စည်းစိမ်ချမ်းသာတို့၏) ဆယ်ပုံတစ်ပုံကိုမျှ မရောက်ရှိ၊ မရရှိခဲ့ကြသည်သော်လည်း ငါအရှင်မြတ်၏ရစူလ်တမန်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သူများလည်း ရှိကြ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏အသိအမှတ်ပြုခြင်းမှ အပယ်ခံရမှုသည် မည်သို့ (ထိတ်လန်ဖွယ် ရာ) ရှိခဲ့မည်နည်း။

[46] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ''ကျွန်ုပ်သည် သင်တို့အား သင်တို့ တစ်ဦးချင်း နှစ်ဦးချင်းစီက (တစ်ဦးတစ်ယောက်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊) “သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှုရ ရှိရန်) အတွက်သာ ရည်သန်လျက် ရပ်တည်ကြပြီးနောက် (အစွဲအလမ်းနှင့်ဘက်လိုက်မှုအလုံစုံကို ဘေးချိတ်၍ အရှင့်အမိန့်တော်များအပေါ်) စဉ်းစားတွေခေါ်သုံးသပ်ကြရန်” တစ်ခုတည်းသောအရာကိုသာ အ လေးအနက် တိုက်တွန်း နှိုးဆော်၍ ဩဝါဒပေးခြင်း ဖြစ်၏။ သင်တို့၏အဖော်ဖြစ်သူ (ရစူလ်တမန်တော်) သည် သင်တို့ထံ ပြင်းထန် စူးရှသော ပြစ်ဒဏ် မကျရောက်မီ (ကြိုတင်) သတိပေးနှိုးဆော်သူတစ်ဦးသာ လျှင်ဖြစ်ပြီး မည်သည့် စိတ်မနှံ့သော အပြုအမူမျှ မရှိချေ။” ဟု ဟောပြောလော့။

[47] (အို၊ ရစူလ်တမန်တော်၊ သူတို့အား၊ “သင်တို့က မည်သို့ပင် ထင်မြင်ယူဆကြသည်ဖြစ်စေ၊) ကျွန်ုပ်သည် သင်တို့အတွက်သာဖြစ်သော ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အ တွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုး ဆုလဒ်မှာ အလ္လဟ်အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍ မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။” ဟု ဟော့လော့။

[48] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (မိစ္ဆာတရားအပေါ်) အမှန်တရားသစ္စာဖြင့် ပစ်ပေါက်တော်မူ၍ အ ကွယ်၌ ရှိသမျှတို့ကို ကောင်းစွာ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။''ဟု ပြောလော့။

[49] (အို၊ ရစူလ်တမန်တော်၊ သူတို့အား “ယင်းကိုယ်တိုင် အမှန်တရားဖြစ်ကြောင်း မြင်သာထင်ရှားစေသည့်) အမှန်တရားသစ္စာသည် (သင်တို့ထံ) ရောက်ရှိ၍ လာခဲ့ချေပြီ။ စင်စစ်သော်ကား (ယင်းကို လိုက်နာလိုက် စားသူတို့က မည်သို့ပင် ဆက်လက်ရုန်းကန်ကြသည်ဖြစ်စေ၊) မိစ္ဆာတရားသည် အသစ်တစ်ဖန် စတင်ဖြစ်ပေါ်စေခြင်းခံရမည် မဟုတ်သည့်အပြင် (ယိုယွင်းပျက်စီးခြင်းခံရသော တန်ဖိုးစံနှုံးများကိုလည်း) နဂိုအ တိုင်း ပြန်ဖြစ်လာစေခြင်းခံရမည် မဟုတ်ပေ။'' ဟု ဟောပြောလော့။

[50] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အကယ်၍ ကျွန်ုပ်သည် လမ်းလွဲမိလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်ကို အရှင့်စည်းမျဉ်းတော်) နှင့်ဆန့်ကျင်၍ (အသုံးချမိခြင်းကြောင့်) လမ်းလွဲ ခဲ့ခြင်းဖြစ်မည်။ ထို့ပြင် အကယ်၍ ကျွန်ုပ်သည် တရားလမ်းညွှန်မှန်၌ ရှိလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ထံသို့ ဝဟီ အမိန့် တော်ထုတ်ပြန် ချမှတ်ပေးအပ်တော်မူသောကြောင့်ပင် ဖြစ်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (သက်ရှိအားလုံး၏အသံမျိုးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (အရာခပ်သိမ်း၌ အရှင့်နိယာမတော်များ ပါဝင်စေတော်မူလျက် အားလုံးနှင့်) အနီးကပ်ရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[51] ထို့ပြင် အကယ်၍ အသင် (တမန်တော်) သည် (သူတို့အား သေခြင်းတရား၏) တုန်လှုပ်ချောက် ချားဖွယ်ရာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေကြ၍ ပြေးမလွတ်နိုင်သည့်အခါတွင် အလွန်နီးကပ်သော အခြေအ နေမှပင် ဖမ်းဆီးခြင်းခံကြရသည်ကို တွေ့မြင်ခဲ့လျှင်။

[52] ထိုစဉ် သူတို့က ''ကျွန်ုပ်တို့သည် ယင်း (ကျမ်းမြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ ယုံကြည်ကြပါပြီ။'' ဟု ပြောဆိုကြပေမည်။ သို့ရာတွင် သူတို့သည် ဤမျှ ဝေးလံသောနေရာနှင့်အခြေအနေမှ (သက်ဝင်ယုံကြည်မှုနှင့်လွတ်မြောက်မှုအတွက် ကြိုးပမ်းရန်) မည်သို့ မျှော်လင့်ရယူနိုင်ကြမည်နည်း။

[53] ဧကန်စင်စစ်၊ သူတို့သည် ယခင်က ယင်း (ကျမ်းမြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။ ထို့ပြင် ကွယ်ရာ၌ ရှိသောအရာ (နောင်တမလွန်ဘဝ) နှင့်စပ်လျဉ်း၍လည်း (မမှန်မကန်သော အပြောအဆိုများနှင့်စစ်မှန်သော အသိပညာပေါ် အခြေမခံသောအချက်အလက်များဖြင့်) အလှမ်းဝေးသော အခြေအနေမှ ထင်ကြေးပေးမှန်းဆပြောဆို စွပ်စွဲလျက်ပင် ရှိခဲ့ကြ၏။

[54] ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင်) ယခင်က (လောကီဘဝ၌) သူတို့၏ဘက်တော်သားများအား ပြုလုပ်ခဲ့သည့်နည်းတူ သူတို့နှင့်သူတို့က အာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခုဖြင့် ကာဆီးထားခြင်းခံရပေမည်။ ဧကန်ပင်၊ သူတို့သည် ရတက်မအေးဖြစ်စေသော မျှော်လင့်ချက်ကင်းရသည့် ဒွိဟသံသယ၌ပင် ရှိခဲ့ကြပေ၏။

အစပြုသူ

Surah 35

[1] ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုအပေါင်းတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မူလဇာစ်မြစ်ကို (လိုအပ်သမျှ စည်းမျဉ်းနိယာမတော်များနှင့်ပုံသဏ္ဌန်များ ပါဝင်စေလျက်) စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ အတောင်ပံ နှစ်ခုစီ၊ သုံးခုစီ၊ လေးခုစီရှိသော မလာအီကာ ကောင်းကင်စေတမန်တို့အား (အရှင့်အမိန့်တော်များအား ဆောင်ကြဉ်းပေးသော) သတင်းဆောင်စေတမန်များအဖြစ် ဖြစ်ပေါ် ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် ဖွဲ့စည်းဖြစ်တည်စေမှု၌ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အရာကို ပိုမို၍ တိုးပွားများပြားစေတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[2] အလ္လာဟ်အရှင်မြတ်သည် အရှင့်ကရုဏာတော် (ရတနာသိုက်) မှ လူတို့အတွက် တံခါးဖွင့်ပေးတော်မူသော အရာဟူသမျှကို အရှင်မြတ်က ဖွင့်ပေးတော်မူထားသောကြောင့် မည်သူမျှ ယင်းကို ထုတ်မပေးဘဲ ထိမ် ချန်ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ထိန်းချုပ်ဆုပ်ကိုင်ထားတော်မူသောအရာဟူသမျှကိုလည်း အရှင်မြတ်ထိန်းချုပ်ထားတော်မူပြီးနောက် မည်သူမျှ ယင်းကို လွတ်မြောက်စေနိုင်မည် မဟုတ်ပေ။ စင်စစ် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[3] အို၊ လူသားအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်က သင်တို့အပေါ်၌ ဂုဏ်ပေးချီးမြှင့်ပေးအပ်တော်မူခဲ့သော ကျေးဇူးတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ကြလော့။ သင်တို့အား မိုးကောင်း ကင်နှင့်မြေကမ္ဘာမှ ရိက္ခာအထောက်အပံ့များ ဖြစ်ပေါ်ထောက်ပံ့စေသည့် ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ဟူ၍ အလ္လာဟ်အရှင်မြတ်အပြင် (အခြားတစ်ဦး) ရှိသေးသလော။ (သက်ရှိသက်မဲ့ အရာခပ် သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍ မိစ္ဆာဒိဌိကို အယူထားရန်) အဘယ်သို့ လှည့်ပြန် ကြလေသနည်း။

[4] (အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ အသင့်အလျင် (အရှင်မြတ်စေ လွှတ်မူခဲ့သည့်) ရစူလ်တမန်တော်များကိုလည်း အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီးဖြစ်၏။ စင်စစ်သော်ကား စီမံချက်အကြောင်းကိစ္စအရေးအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံသို့သာ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပေါ်စေရန်) ဦးလှည့်ခြင်းခံရမည်ဖြစ်၏။

[5] အို၊ လူသားအပေါင်းတို့၊ ဧကန်စင်စစ်၊ (တမလွန်ဘဝနှင့်စပ်လျဉ်းသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ လောကီဘဝသက်တမ်းက သင်တို့အား မလှည့် စားမိစေနှင့်။ ထိုနည်းတူစွာ၊ မည်သည့်လှည့်စားသူ (အထူးသဖြင့် စေတန်မကောင်းဆိုးဝါး) ကိုမျှ အလ္လာဟ်အရှင်မြတ် နှင့်ပတ်သက်၍ သင်တို့ (၏အတွေးအမြင်နှင့်သဘောထားတို့) အား လှည့်ဖြားစေရန် ခွင့်မပြုလေနှင့်။

[6] ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးသည် သင်တို့အတွက် ရန်သူပင် ဖြစ်ပေရာ သင်တို့သည် သူ့ကို (သင် တို့၏) ရန်သူအဖြစ်သာ သဘေားထား၍ ဆက်ဆံကြလော့။ (စင်စစ်သော်ကား) ထိုစေတန် မကောင်းဆိုး ဝါးသည် သူ့ဘက်တော်သားနောက်လိုက်တို့အား ချစ်ချစ်တောက်လောင်ကျွမ်းစေသော မီးတောက်မီး လျှံ၏အဖော်များအနက်မှ ဖြစ်လာရန်သာလျှင် ဖိတ်ခေါ်လေ့ရှိ၏။

[7] မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည်ကား သူတို့အတွက် ပြင်း ထန်သောပြစ်ဒဏ် ရှိ၏။ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက် တည်ကြသူတို့အတွက်မူကား (မမြင်မတွေ့ဖူးသော ကျေးဇူးတော်များရရှိရန်) လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးမားမြင့်မြတ် ၍ ရက်ရောသော အကျိုးဆုလဒ်များ ရှိပေ၏။

[8] သူ့မကောင်းမှုအကုသိုလ်များကို (သူ့အားကျေနပ်နှစ်သက်စေ​ရန်) သူ့အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်း (မကောင်းသောအမူအကျင့်များ) ကို ကောင်းမှုဟု ထင်မှတ် (သောသူသည် အမှားအမှန်ကို ခွဲခြားသိမြင်စေသော တရားလမ်းမှန်နှင့်အညီ ဘဝဆောက်တည်သူနှင့်ထပ်တူထပ်မျှ တူနိုင်) မည်လော။ စင်စစ်မှာကား ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား လမ်းလွဲစေတော် အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) သူတို့နှင့်ပတ်သက်၍ (သူတို့ မယုံကြည်သောကြောင့် ပူပန်သောက ရောက်လျက်) သင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့ မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို မပင်ပန်း မလွင့်ပြယ်စေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ပြုမူဖန်တီးသမျှတို့ကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] အလ္လာဟ်သည်အရှင်မြတ်ပင် လေများကို စေလွှတ်တော်မူ၍ (ရေငွေ့များကို မြင့်တက်စေတော်မူလျက်) တိမ်များကို ဖြစ်ထွန်းလှုပ်ရှားပျံနှံ့စေတော်မူခြင်းဖြင့် (ကောင်းကင်ယံ၌ အစိုင်အခဲများကို စနစ်တကျ ဖြစ်ပေါ်စေတော်မူ၍ ထိုမိုးတိမ်များအတွင်းမှ မိုးရေကို ခြောက်သွေ့ခန့်ခြောက်၍) သေနေသော နယ်မြေဒေသများသို့ မောင်းနှင်တော်မူပေရာ ယင်း (မိုးရေ) ဖြင့် (ခြောက်သွေ့ခန့်ခြောက်နေသော) ထိုမြေသေများ ပြန်လည် စိမ်းလန်း စိုပြည်စေတော်မူ၏။ ရှင်ပြန်ထခြင်းသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။

[10] မည်သူမဆို ဩဇာဂုဏ်အသရေနှင့်ဘုန်းတန်ခိုးကို အလိုရှိလျှင် (ဂုဏ်၊ သိက္ခာ၊ ဩဇာအာဏာ) ဘုန်း တန်ခိုးအလုံးစုံသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌ရှိ၍ အရှင်မြတ်) သာ ပိုင်ဆိုင်တော်မူ (သော ကြောင့် ထိုအရှင်ထံတော်မှသာ ရှာမှီးသင့်) ၏။ စင်ကြယ်သန့်စင်သော တရားစကားများဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများနှင့်ကောင်းမြတ်သောအကျင့်သီလများသာ ထိုအရှင်မြတ်ထံသို့ မြှင့်ပင့်စေတော်မူသောကြောင့် ထိုအရှင်မြတ်ထံတော်သို့ပင် တက်သွားကြပေ၏။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်ဖန်တီး၍ မကောင်မှုအကုသိုလ်များကို ပြုမူဆောက်ရွက်သော သူတို့မူကား သူတို့အတွက် ပြင်းထန်သော ပြစ်ဒဏ် ရှိပေမည်။ ထို့ပြင် ထိုသူတို့၏အကြံအစည်တို့မှာလည်း လုံးဝ ပျက်သုဉ်းကင်းမဲ့မှုအဆင့်သို့ ရောက်စေရန် သတ်မှတ်ပြဌာန်းတော်မူ၏။

[11] အို၊ လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေကြီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် သုက်ရည် တစ်စက်မှ လည်းကောင်း၊ ထို့နောက် (အမျိုးသားများနှင့်အမျိုးသမီးများဖြစ်သော) ဘဝဖော်စုံတွဲများကိုလည်းကောင်း၊ ဖြစ်စေတော်မူ၏။ မှတ်တမ်းတော်၌ ရေးမှတ်တော်မူခြင်းမှအပ မည်သည့်သက် တမ်းရှည်သူ၏သက်တမ်းကိုမျှ ပိုမို၍ သက်တမ်းရှည်စေမူခြင်းသော်လည်းကောင်း၊ သူ့သက်တမ်းကို လျော့နည်းစေတော်မူ၍ တိုစေခြင်းကိုသော်လည်းကောင်း၊ ဖြစ်စေတော်မမူချေ။ ဧကန်ပင်၊ ထိုသို့ဖြစ်စေတော်မူခြင်း သည်ကား အလ္လာဟ်အရှင်မြတ်အတွက် လွန်စွာ လွယ်ကူလှချေ၏။

[12] ထို့ပြင် “ဤသည် ရေသန့် ရေချိုနှင့်သောက်သုံးရာတွင် နှစ်လိုဖွယ်ကောင်းသောရေ ဖြစ်သည်။” ဟု ပြော နိုင်သည့်ပင်လယ်နှင့် “ဤသည်ရေငန်ဖြစ်၍ ငန်ခါးနေ၏။” ဟု ပြောရသော ပင်လယ်နှစ်ခုတို့သည် မတူ ညီကြချေ။ သို့ရာတွင် သင်တို့သည် ပင်လယ်တိုင်းမှ လတ်ဆတ်သော အသား (ငါးများ) ကို (အစာ အာဟာရအဖြစ်) စားသုံးကြသည့်အပြင် (အဖိုးတန် ကျောက်မျက်ရတနာများ ပုလဲများ စသည့်) သင်တို့ လက် ဝတ်လက်စား အဆင်တန်ဆာများအဖြစ် ဝတ်ဆင်ကြသောအရာများကိုလည်း ထုတ်ယူကြ၏။ ထို့ပြင် အရှင့်ကျေးဇူးတော်များမှ (သယံဇာတ ဓါတ်ငွေ့ ရေနံ ကျောက်မျက်ရတနာ ပုလဲနှင့်ငါးမျိုးစုံတို့ကို) ရှာဖွေနိုင်ပြီး သင်တို့ကျေးဇူး သိတတ်ကြရန်အလို့ငှာ ရေကို တိုးဖြတ်ခွဲဖြဲ၍ သွားလာလှုပ်ရှားလျက်ရှိသော ရေယာဉ်သင်္ဘောများ (အား ရေပေါ် ခုတ်မောင်းနိုင်အောင် ရေနှင့်လေတို့၏သဘောသဘာဝ၌ အရှင့်နိယာမတော်များရှိစေတော်မူကြောင်း) ကို တွေ့ မြင်ဆင်ခြင် သုံးသပ်နိုင်ကြ၏။

[13] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲသို့ တိုးဝင်ဖြတ်စေတော်မူ (၍ နေ့အဖြစ်ပြောင်း လဲစေတော်မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ကြောင်းကို လည်းကောင်း၊ နေနှင့်လကို သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကိုလည်းကောင်း၊ အရာရာတိုင်းကို ယင်းတည်ရှိရာနေရာနှင့်အချိန်ကာလ အတိုင်းအတာ တစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ သင်တို့အတွက် ထိုသို့ဖြစ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဖြစ်တော်မူပြီး (စကြဝဠာအပေါင်းနှင့် ယင်းတို့၌ရှိသော အရာခပ်သိမ်းတို့သည် အရှင့် စည်းမျဉ်းနိယာမတော်များနှင့်အညီသာ တည်ရှိသောကြောင့် ဩဇာအာဏာအပေါင်းသည်လည်း) ထိုအရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များကို သူတို့၏ ကိုးကွယ်ရာများအဖြစ် အယူထား ယုံကြည် ကိုးကွယ်လျက်) သင်တို့ ဟစ်ခေါ် တသ၍ ဆုတောင်းနေကြသော ထိုကိုးကွယ်ရာများသည်ကား (စကြဝဠာ အပေါ်င်းနှင့်အရာခပ်သိမ်းတို့၏စိုးမိုးအုပ်ချုပ်မှုအခွင့်အာဏာ၌) စွန်ပ လွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။

[14] အကယ်၍ သင်တို့သည် (အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ယုံကြည်ကိုးကွယ်ကြသော) သူထို့တို့အား ဟစ်ခေါ် တသ၍ ဆုတောင်းကြလျှင် သင်တို့၏ဆုတောင်းပန်ကြားမှုကို သူတို့ ကြားနိုင်စွမ်း မရှိပေ။ သို့ရာတွင် အကယ်၍ ကြားနိုင်စွမ်းရှိသူများ ဖြစ်သော်ငြားလည်း သင်တို့အတွက် တုံ့ပြန်ဖြေကြားကြမည်မဟုတ်ပေ။ ထို့ပြင် (လောကီဘဝ၌ အရှင်မြတ်ကိုစွန့်၍ သူတို့အား ယုံကြည်ကိုးကွယ်ခဲ့ကြသော) ထို့သူတို့သည် ရှင်ပြန်ထမည့် နေ့တွင်မူ သင်တို့၏တွဲဖက်ကိုးကွယ်မှုကိုပင် ဖုံးကွယ်ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့၏သတင်းအချက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသော အရှင် မြတ်ကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှပင် အသင် (တမန်တော်) အား သတင်းစုံကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် သတင်းပေးရှင်းလင်းနိုင်မည် မဟုတ်ပေ။

[15] အို၊ လူသားအပေါင်းတို့၊ သင်တို့သည် (သင်တို့၏အခြေခံလိုအပ်ချက်များကိုပင် သင်တို့ကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်အားသာလျှင် မှိခိုအားထားနေရသော လို လား တောင့်တကြရသူများပင် ဖြစ်ကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံတော်မူသောအရှင်၊ (သင်တို့၏လိုအပ်ချက်အလုံးစုံကို ထောက်ပံ့ဖြည့်ဆည်းပေးတော်မူ ၍) အလွန်တရာ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူ၏။

[16] အကယ်၍ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (ဖွဲ့စည်းဖြစ်တည်စေတော်မူသော ရည်ရွယ်ချက်အထမြောက်စေတော်မူရန်အတွက်) သင်တို့အား ပယ်ရှားရုပ် သိမ်းတော်မူ၍ (အရှင့်ကျေးဇူးတော်များကို အသိအမှတ်ပြုလျက် ကျေးဇူးရှိတတ်သော) မျိုးဆက်သစ်ကို ဖွဲ့စည်းဖြစ် တည်စေတော်မူခြင်းဖြင့် အစားတိုးလာရောက်စေတော်မူနိုင်၏။

[17] စင်စစ်သော်ကား ထိုသို့ဖြစ်စေတော်မူရန် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူလျက် အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော) အလ္လာဟ်အရှင်မြတ်အပေါ်၌ ခဲယဉ်းစရာအကြောင်း မရှိ ပေ။

[18] အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ လေးလံသောဝန်ထုပ်ကြီးကို ထမ်း ဆောင် သယ်ပို့သူသည် ယင်းဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ခြင်းငှာ (အကူအညီအတွက်) ဟစ်ခေါ်တောင်း ဆိုလျှင် နီးစပ်သောဆွေမျိုးရင်းချာပင် ဖြစ်လင့်ကစား ယင်းမှ အနည်းငယ် စိုးစဉ်းမျှပင် သယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို (သူတို့၏ထိုးထွင်းဉာဏ်ဖြင့် မသိမြင်နိုင်သော) မျက်ကွယ်ရာ၌ ရှိနေတော်မူခြင်းနှင့်အတူ (ဖြူစင်စွာ) ယုံကြည်၍ (ဆိတ်ကွယ်ရာ၌) စိုးရွံ့ထိတ်လန့်လျက် (မဖြစ်မနေဆောက်တည်ရန် ပြဌာန်းထားတော်မူသော) ဆွာလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြသူတို့အားသာလျှင် အသင် (တမန်တော်) သတိပေးနှိုးဆော်နိုင်ရာ၏။ အမှန်သော်ကား မည်သူမဆို (သူ၏အတွေ့အခေါ်များနှင့် ပြုမူကျင့်ကြံမှုများကို အရှင့်အမိန့် တော်နှင့်အညီ) စင်ကြယ်သန့်ရှင်းစေလျင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီအသုံးချရန်အတွက် စင်ကြယ်သန့်ရှင်း စေခြင်းသည်သာ ဖြစ်၏။ ထို့ပြင် ဘဝခရီး၏နောက် ဆုံးပန်းတိုင် အိမ်ပြန်ရာဌာနမှာ အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်၏။

[19] ထို့ပြင် မျက်မမြင်နှင့်မြင်နိုင်စွမ်းရှိသူ​သည် မတူညီပေ။

[20] ထိုနည်းတူစွာ အမှောင်ထုနှင့်အလင်းရောင်သည်လည်း မတူညီပေ။

[21] တစ်ဖန် အရိပ်အာဝါသ (အေးမြသာယာမှု) နှင့်နေပူရှိန် (၏နေလောင်ဒဏ်ခံရခြင်း) သည်လည်း မတူညီပေ။

[22] ထို့ပြင် အသက်ရှင်သူများနှင့်သေသူများသည်လည်း မတူကြချေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ကြားစေတော်မူ၏။ သို့ရာ တွင် အသင် (တမန်တော်) သည် သင်္ချိုင်းများထဲတွင် ရှိသူတို့အား ကြားနာစေနိုင်သည် မဟုတ်ချေ။

[23] အသင် (တမန်တော်) သည် သတိပေးနှိုးဆော်သူတစ်ဦးမျှသာ ဖြစ်၏။

[24] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော) အား အမှန်တရားသစ္စနှင့်တကွ (သက်ဝင်ယုံကြည် ၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ ပေါက်မြောက်အောင် မြင်ကြောင်း) ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ (လမ်းမှားရောက်နေသူတို့၏အကျိုး ဆက်များနှင့်စပ်လျဉ်း၍) သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင် စစ်သော်ကား အတိတ်၌ လွန်လေပြီးသော မည်သည့်လူ့ဘောင်အသိုင်းအဝိုင်း၌ပင်ဖြစ်စေ ယင်း၌ သတိပေးနှိုးဆော်သူတစ်ဦး ရှိစေတော်မူခဲ့ခြင်းမှအပ (လမ်းမှားရောက်စေရန် ပစ်ထားတော်မူသော လူ့ဘောင်အသိုင်းအဝိုင်း) မရှိခဲ့ပေ။

[25] (အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ အသင့်အလျင် ကွက်ကွက် ကွင်းကွင်း မြင်သာထင်ရှားသော ရှင်လင်းချက်များနှင့်အထောက်အထားများ ပါဝင် (၍ အမြော်အမြင်နှင့်အကြံဉာဏ်များဖြင့် ပြည့်စုံ) ကျမ်းငယ်များနှင့်အတူလည်းကောင်း (စိတ်နှလုံးနှင့်ဘဝတည်ဆောက်နိုင်မည့် လမ်းစဉ်တို့အတွက်) ဉာဏ်အလင်းပေးသော ကျမ်းတော်နှင့်အတူလည်းကောင်း (အရှင်မြတ်စေလွှတ်တော်မူခဲ့သည့်) ရစူလ်တမန်တော်များကိုလည်း အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။

[26] ထို့နောက် ငါအရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား ဖမ်းဆီးအရေးယူစေတော်မူခဲ့ရာ ငါအရှင်မြတ်၏အသိအမှတ်ပြုခြင်းမှ အပယ်ခံရမှုသည် မည်သို့ (ထိတ်လန်ဖွယ်ရာ) ရှိခဲ့မည်နည်း။

[27] ဧကန်ပင်၊ ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ရွာသွန်းချပေးစေတော်မူသောကြောင့် ထိုရေဖြင့် အရောင်အဆင်းအနံ့အရသာ အမျိုးမျိုး ကွဲပြားခြားနားသော သီနှံနှင့်သစ်သီးဝလံများကို ထွက်ပေါ် (ဖူး၊ ပွင့်၊ သီးစေ၍) ဖြစ်ထွန်းစေတော်မူကြောင်းကို အသင် (တမန်တော်) မတွေ့မြင် မဆင်ခြင် မသုံးသပ်သလော။ ထို့ပြင် တောတောင်များ၌လည်း (ယင်းတို့တည်ရှိရာဒေသများ၏သဘာဝပေါက်ပင် များနှင့်နယ် မြေသဘာဝပေါ်မူတည်၍) အစင်းအကြောင်းအမျိုးမျိုး ကွဲပြားသော အဖြူအနီများဖြင့် ယင်းတို့၌ အရောင်ကိုယ်စီရှိစေတော်မူရုံသာမက အချို့ကိုလည်း အလွန့်အလွန် မည်းနက်စေတော်မူ၏။

[28] ထိုနည်းတူစွာ လူသားတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ အစရှိသည့်) တိရစ္ဆာန်တို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်၊ အဆင်း၊ အ မျိုးမျိုး ကွဲပြားခြားနားစွာဖြင့် ဖြစ်စေမူ၏။ အရှင့်အစေခံလူသားတို့အနက်မှ (ဖြောင့်မတ်မှန်ကန်သော အသိပညာပေါ် ရပ်တည်နေကြသော) ပညာရှင်များသာလျှင် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးကြောက် ရွံ့ကြ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့် ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[29] ဧကန်ပင်၊ (ငါအရှင်မြတ်၏အစေခံများအနက်မှ) အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး (အရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို ယုံကြည်၍ ဂုဏ်တင်လျက် တာဝန်အဖြစ် ပေးအပ်တော်မူသော ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြသည့်အပြင် (အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓန၊ ဩဇာအာဏာနှင့်ဉာဏ်ပညာများမှလည်း အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူတို့အား) တိတ်တဆိတ်ဖြစ်စေ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ပေးကမ်းစွန့်လှူကြသူတို့သည် အလျှင်း ဆုံးရှုံးပျက်စီးမည် မဟုတ်သော ရောင်းဝယ်ဖောက် ကားမှုမျိုးကို မျှော်ကိုးလျက် ရှိကြ၏။

[30] (ထိုသို့ မျှော်ကိုးခြင်းသည်) သူတို့၏အကျိုးဆုလဒ်များ အပြည့်အဝ ချီးမြှင့်ပေးအပ်တော်မူရန်လည်းကောင်း၊ အရှင်မြတ်၏ရက်ရောတော်မူသော ကျေးဇူးတော်များ (ဖြစ်သည့် ရိက္ခာအထောက်အပံ့၊ ဂုဏ်သိ က္ခာ၊ ဉာဏ်ပညာ၊ ဩဇာအာဏာနှင့်လမ်းညွှန်တော် အစရှိသည်တို့အနက်) ဆတက်ထမ်းပိုး ပိုမို၍ တိုးမြှင့် ချီးမြှင့်ပေး အပ်တော်မူရန်လည်းကောင်း၊ ဖြစ်၏။ စင်စစ်ဧကန်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန် ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[31] စင်စစ်သော်ကား အသင် (တမန်တော်) ထံ ငါအရှင်မြတ်ဝဟီအမိန့်တော် ထုတ်ပြန်တော်ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်မြတ်ကုရ်အာန်မှ အချက်အလက်များသည် အမှန်တရားသစ္စာပင် ဖြစ်၍ ယင်းသည် ယခင်ကချမှတ်ပေးအပ်တော်မူတော်ပြီး သင်တို့လက်ဝယ်၌ ရှိသောကျမ်းများအား (မှန်၊ မမှန်ဟူသည်ကို အတည်ပြု) ဖြောင့်မတ်မှန်ကန်စေသောကျမ်း ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ လူသားတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[32] ထို့နောက် (တမန်တော်တိုင်း၏နောက်တွင်) ငါအရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (အရှင့်ကျမ်းတော်ကို သွန်သင်ရန်နှင့်ထိန်းသိမ်းစောင့် ရှောက်ရန်) အမွေဆက်ခံစေတော်မူ၏။ သို့ရာတွင် သူတို့အနက်မှအချို့သည် (အမွေရသည့် တာဝန်ကို ကျေပွန်စွာ မဆောင် ရွက်ဘဲ) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံလျက် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် အသုံးချ သူများလည်း ရှိ၏။ ထို့ပြင် သူတို့အနက်မှအချို့သည် မဇ္ဈိမဋိပဒါလမ်းစဉ်အတိုင်း လိုက်နာကြ၍ သူတို့အနက်မှအချို့မူကား အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်အမိန့်တော်ဖြင့် ကောင်းမှုကုသိုလ်များပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ သူ့ထက်ငါသာအောင် ပြုမူကျင့်ကြံမည်ဟူသော စိတ်ထားဖြင့် ရှေ့ဆုံးမှလက်တွေ့ လုပ်ပြလျက်) အထင်ကရ ဖြစ်လာသူများလည်း ရှိကြ၏။ ထိုသို့ပြုကျင့်သူတို့အတွက် ယင်း (အမွေဆက်ခံခြင်း) သည် အလွန်ကြီးမားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်ခြင်းပင် ဖြစ်ပေ၏။

[33] (သို့ဖြစ်ပေရာ သူတို့အတွက်) ထာဝစဉ်နေထိုင်ရအံ့သော သုခဥယျာဉ်များရှိပြီး ယင်း (သုခဥယျာဉ်များ) ထဲ၌ ရွှေလက်ပတ်များနှင့်ပုလဲလုံးများဖြင့် ဆင်မြန်းစေ၍ (ဂုဏ်ပေးကြိုဆိုခြင်းခံရလျက်) ယင်းထဲသို့ ဝင်ရောက် ကြပေမည်။ ထို့ပြင် ယင်း (သုခဥယျာဉ်များ) ၌ သူတို့၏ဝတ်စားတန်ဆာမှာလည်း ပိုးအဝတ်အထည်များပင် ဖြစ်ပေမည်။

[34] ထိုစဉ် သူတို့က ''ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှသည် ကျွန်ုပ်တို့ထံမှ (ထိုသုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့်မရမချင်း ရှိခဲ့သော) ပူပင်သောကများကို ဖယ်ရှားပပျောက်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ဧကန်ပင်၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အမှန်ပင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူ သောအရှင်၊ အလွန် ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[35] ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှဖြစ်သော ထာဝရမြဲမြံမည့် အိမ်ဗိမာန်၊ နေရာဌာန၌ ကျွန်ုပ်တို့အား တရားဝင်နေရာချပေးတော်မူပြီးဖြစ်ရာ ယင်းထဲ၌ ကျွန်ုပ်အား မည်သည့် ပင်ပန်း နွမ်းလျမှုမျှလည်း ထိရောက်၊ သက်ရောက်စေမည် မဟုတ်သည့်အပြင် ယင်းထဲ၌ ကျွန်ုပ်တို့အား မည်သည့် ငြီးငွေ့စရာ စိတ်ကုန် စရာမျှလည်း ထိသက်ခံစားစေမည် မဟုတ်ပေ။

[36] သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့သည်ကား သူတို့ အတွက် ငရဲဘုံ၏မီးသာ ရှိမည်ဖြစ်ရာ သူတို့သက်သာရာ ရစေရန်) သူတို့အပေါ်၌ အပြီးသတ် သေဆုံးပျက်သုန်းခြင်းကို စီရင်ပြဋ္ဌာန်းတော်မူခြင်းခံရမည် မဟုတ်ပေ။ ထို့ပြင် သူတို့ထံမှ ယင်း (ငရဲဘုံ) ၏ပြစ်ဒဏ်များအနက် မည်သည်ကိုမျှ ပေါ့လျော့ပေါ့ပါးစေခြင်းခံကြရမည်လည်း မဟုတ်ပေ။ ငါအရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များကို သွေဖည် ငြင်းဆန်၍) ကျေးဇူးကန်းသော မယုံကြည်တိုင်းကို ထိုနည်းအတိုင်းပင် ပေးဆပ်စေတော်မူမည်။

[37] ထို့ပြင် သူတို့သည် ယင်း (ငရဲဘုံ) ထဲ၌ ''အို ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် ယခင် (လောကီဘဝ၌ လုပ်လေ့လုပ်ထရှိခဲ့သည့်) အမူအ ကျင့် ဟောင်းမဟုတ်သော ဖြောင့်မတ်မှန်ကန်သည့် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်နိုင်ရန် ကျွန်ုပ်တို့အား (ဤငရဲဘုံမှ) ထုတ်တော်မူပါ၊'' ဟု ဟစ်အော် (လျှောက်ထား) ကြပေမည်။ (ထိုအခါ အရှင်မြတ်က) ငါအရှင် မြတ်သည် သတိမူတွေးခေါ် ဆင်ခြင်လိုသောသူ မည်သူမဆို ယင်း (သက်တမ်း) ၌ (တွေး ခေါ်ဆင်ခြင်၍ အရှင် မြတ်ကို သတိရ တသလျက်) ထုတ်ဖော်ဖွင့်ဟနိုင်လောက်သော သက်တမ်းကို သင်တို့အား တိုးမြှင့်ပေးအပ် တော်မူခဲ့သည် မဟုတ်လော။ ထို့ပြင် သင်တို့ထံ သတိပေးနှိုးဆော်သူလည်း ရောက်ရှိခဲ့သည် (မဟုတ်လော)။ သို့ဖြစ်ပေရာ သင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလော့။ အရှင့် စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် (ယင်းပြစ်ဒဏ်ကို ပေါ့ပါးစေနိုင်မည့်) မည်သည့် ရိုင်းပင်းကူညီသူမျှ ရှိမည် မဟုတ်ပေ။

[38] မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ဖုံးကွယ်လျက်ရှိသော မျက်ကွယ်ရာဟူသမျှတို့ကို သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူ သားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[39] ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ခန့်အပ်တော်မူပြီးဖြစ်ရာ မည်သူမဆို (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်လျက် အရှင့်ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းခြင်းဖြင့်) မယုံကြည်လျှင် သူ့မယုံကြည်မှုနှင့်ကျေးဇူးကန်းမှု (၏ အကျိုးဆက်အဖြစ် အရေးယူခံရခြင်း) သည် သူ့အပေါ်၌သာ သက်ရောက်စေမည်။ စင်စစ်သော်ကား သူတို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််၏အမြင်တော်၌ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်) သူတို့၏မယုံကြည်မှု၌ မုန်းတီးစေသော စက်ဆုပ်ရွံ့ရှာဖွယ်ရာမှအပ (အခြားမည် သည့်အရာကိုမျှ) တိုးတက်တိုးပွားစေသည် မဟုတ်ပေ။ ထိုနည်းတူစွာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်) သူတို့၏မယုံကြည်မှု၌ လက်လွတ်ဆုံးရှုံးစေမှုမှအပ (အခြားမည်သည့်အရာကိုမျှ) တိုးတက်တိုးပွားစေသည် မဟုတ်ပေ။

[40] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များ အနက်မှ သင်တို့က ကိုးကွယ်ရာအရှင်အဖြစ် ယုံကြည်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းကြသော သင်တို့၏တွဲဖက်ကိုးကွယ်ရာတို့အား မတွေ့မြင် မစူးစမ်း မသုံးသပ်ကြလေသလော။ ထို (အရှင်မြတ်နှင့်တွဲဖက် တုပြိုင် ၍ အယူထားကိုးကွယ်ကြသော) ကိုးကွယ်ရာတို့သည် မြေကမ္ဘာ၌ရှိသောအရာများအနက်မှ မည်သည်ကို ဖွဲ့စည်းဖြစ်တည်စေခဲ့ကြောင်းကိုလည်းကောင်း သို့တည်းမဟုတ် မိုးကောင်းကင်များဖွဲ့စည်းဖြစ်တည်လာခြင်း၌ သူတို့၏ဖက်စပ်အစုရှယ်ယာဝေစု တစ်စုံတစ်ရာ ရှိကြောင်းကိုလည်းကောင်း၊ သို့ တည်းမဟုတ် ငါအရှင်မြတ်သည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်သက်သေအထောက်အထားများပေါ်တွင် အခြေခံထားသော ကျမ်းတော်တစ်စောင်ကို သူတို့အား ချီးမြှင့်ပေး အပ်တော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်အား ပြသကြလော့။ အမှန်စင်စစ်မူကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အချို့ကိုအချို ထင်ယောင်ထင်မှား ဖြစ်အောင်လိမ်လည်လှည့်ဖြားခြင်းမှအပ အခြား မည်သည်ကို မျှ ကတိပေးကြသည် မဟုတ်ပေ။

[41] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို (ယင်းတို့၏လည်ပတ်လှုပ်ရှား များ) တိမ်းချော်ရပ်စဲမသွားစေရန် ထိန်းထားတော်မူ၏။ သို့ရာတွင် အကယ်၍သာ ယင်းတို့ကို တိမ်းချော် ရပ်စဲတော်မူခဲ့သော် အရှင်မြတ်က ထိုသို့ဖြစ်စေတော်မူပြီးနောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှကပင် ယင်းတို့ကို (နဂိုအတိုင်းဖြစ်လာရန်) ပြုပြင်ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။ ဧကန်အမှန်၊ ထိုအရှင်မြတ်သည် (အရှင့်အစေခံလူသားတို့၏မှားယွင်းမှုများအတွက် အမြန်အဆန် အရေးယူတော်မမူဘဲ) ထိန်းချုပ် ညှာတာတော်မူ၍ ခန္တီတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[42] စင်စစ်သော်ကား သူတို့က ''အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် သူတို့ထံ ရောက်လာခဲ့လျှင် မုချဧကန်၊ သူတို့သည် (သတိပေးနှိုးဆော်သူရောက်လာခဲ့သည့်) အခြား လူ့ဘောင် အသိုင်းအဝိုင်းအားလုံးထက်ပင် ပိုမို၍ပင် တရားလမ်းမှန်ကိုညွှန်ပြခြင်းခံရ (လျက် ယင်းလမ်းညွှန်ကို တသွေမတိမ်းလိုက်နာ) သူများ ဖြစ်ကြပေမည်။'' ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် သစ္စာဆို ကျိန်ဆိုခဲ့ကြ၏။ သို့သော် သတိပေးနှိုးဆော်သူတစ်ဦးသည် သူတို့ထံသို့ ရောက်ရှိသွားသောအခါ ထို (သို့သတိပေး နှိုးဆော်သူ ရောက်ခြင်း) သည် သူတို့၌ မနှစ်မြို့မှုမှအပ (အခြား မည်သည်ကိုမျှ) တိုးတက်တိုးပွားစေခဲ့ခြင်း မရှိပေ။

[43] သူတို့သည် မြေကမ္ဘာ၌ မာန်မာနတက်နေကြလျက် မကောင်းမှုအကုသိုလ်ဆိုင်ရာ အကြံအစည်များကိုသာ ကြံစည်စီမံခဲ့ကြသော်လည်း ထိုမကောင်းမှုအကုသိုလ်ဆိုင်ရာ အကြံအစည်များသည် ယင်းအကြံ အစည်များကို စီမံဖန်တီးသော အသိုင်းအဝိုင်းမှအပ အခြားမည်သူ့ကိုမျှ လွှမ်းမိုးထိခိုက်စေမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သူတို့သည် ရှေးခေတ်က (သူတို့၏လုပ်ရပ်များကြောင့် အကျိုးဆက်အဖြစ် တိမ်ကောဖျက်ဆီးစေတော်မူခဲ့သည့်) လူဟောင်းတို့၏ကျင့်ရိုးကျင့်စဉ်နှင့်ပုံစံမှအပ (ထိုထက်သာသော အခြားတစ်စုံတစ်ရာအတွက်) စောင့်မျှော်နိုင် ကြမည်လော။ စင်စစ်မှာကား အသင် (တမန်တော်) သည် အလ္လာဟ်အရှင်မြတ်၏နည်းနာနိယာမများပါဝင်သော လမ်းစဉ်တော်၌ မည်သည့် အပြောင်းအလဲကိုမျှ အလျှင်း တွေ့ရှိမည် မဟုတ်ပေ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏နည်းနာနိယာမများ ပါဝင်သော လမ်းစဉ်တော်၌ မည်သည့် ပြင်ဆင်ချက်ကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။

[44] သူတို့သည် သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့် သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို မယုံကြည်ဖီဆန်ငြင်း ပယ်သောကြောင့်) သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့သည်ကို တွေ့မြင်လေ့လာ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်၍ ခရီးသွားခြင်း မပြုကြသလော။ စင်စစ်မူကား မိုး ကောင်းကင်များ၌ဖြစ်စေ၊ မြေကမ္ဘာ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ် (၏နိယာမတော်နှင့်အညီ ဖြစ်ပျက်နေသည်တို့ကို အထမမြောက်စေရန် ယင်းတို့) အား နှောင့်ယှက်ဟန့်တားနိုင်စွမ်း မရှိပေ။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်း ဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[45] အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (မကောင်းမှုအကုသိုလ်များ ကျူးလွန်ခြင်းဖြင့်) သူတို့ရှာမှီးဆည်းပူးခဲ့ကြသည်နှင်အညီ ဖမ်းဆီးအရေးယူတော်မူသည်ရှိသော် ယင်း (မြေကမ္ဘာ၏) ကျော ကုန်းထက်ဝယ် လှုပ်ရှားသွားလာနေသော မည်သည့်သတ္တဝါကိုမျှ ချန်ထားတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား (အရေးယူတော်မူရန်) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့ထားတော်မူ၏။ ထို့နောက် သူတို့၏အချိန်ကာလ ဆိုက်ရောက်လာသောအခါတွင်လည်း ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့နှင့်စပ်လျဉ်း၍ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ် ဖြစ်တော်မူ (သောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်) ၏။

ယာစင်

Surah 36

[1] ယာ၊ စီန်။

[2] (ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံသောကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။

[3] ဧကန်ပင်၊ အသင် (တမန်တော်) သည် (အရှင့်အမိန့်ပညတ်များကို လူသားအရောက်ပို့ချပေးရန် တာဝန်ဖြင့် စေလွှတ်တော်မူသော) ရစူလ်တမန်တော်အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအဝင် ဖြစ်၏။

[4] ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သော တရားလမ်းမှန်ပေါ်၌ (ရပ်တည်နေသူဖြစ်၏)။

[5] (ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၏ထံတော်မှ ချမှတ်ပေးအပ်တော်မူသော ကျမ်းဖြစ်၏။

[6] (ထိုသို့ ချမှတ်ပေးအပ်တော်မူခြင်းသည်) အသင် (တမန်တော်) က သူတို့၏ဘိုးဘွား၊ ဘီ၊ ဘင်တို့မှာ သတိပေးနှိုးဆော်ခြင်းမခံရခြင်းကြောင့် (အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိကို ခွဲခြားသိမြင်ရန်) အလေးမထားကြသော လူမျိုးတို့အား သတိပေးနှိုးဆော်ရန်အတွက်ပင် ဖြစ်၏။

[7] (ဧကန်မလွဲ၊ လူ့သမိုင်းအစမှ ယနေ့အထိ) မြောက်မြားစွာသောသူတို့အပေါ်၌ အရှင့်အမိန့်မုက္ခပါဌ်တော်သည် အမှန်တရားသစ္စာဖြစ်ကြောင်းကို သက်သေထူခဲ့ပြီးဖြစ်သော်လည်း သူတို့မူကား သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[8] ဧကန်အမှန်၊ ငါအရှင်မြတ်သည် (အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့၏လည်ပင်းများ၌ လည်ထိတ်များကို စွပ်ထားစေတော်မူခဲ့ရာ ယင်းသည် (သူတို့၏) မေးစေ့များအထိ ရောက်ရှိသောကြောင့် သူတို့သည် ဦးခေါင်းမော့စေလျက်ပင် ရှိနေကြ၏။

[9] ထို့ပြင် ငါအရှင်မြတ်သည် သူတို့ရှေ့၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ သူတို့၏နောက်၌ အကာ၊ အဆီးတစ်ခုကိုလည်းကောင်း၊ စီမံဖြစ်စေတော်မူခဲ့၍ ငါအရှင်မြတ်သည်ပင် သူတို့အား (အဖက်ဖက်မှ) ဖုံး လွှမ်း ထားစေတော်မူခဲ့ပြီဖြစ်သောကြောင့် သူတို့သည် မြင်နိုင်စွမ်း မရှိကြချေ။

[10] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား သတိပေးနှိုးဆော်သည်ဖြစ်စေ၊ သတိမပေး နှိုးဆော်သည်ဖြစ်စေ၊ သူတို့အတွက် (အကြောင်းမထူးဘဲ) အတူတူပင် ဖြစ်နေလျက် (အသင့် တာဝန် ဖြစ် သော အရှင့်အမိန့်တော်အား လူတို့ထံ ပို့ချခြင်းနှင့်စပ်လျဉ်း၍ မည်သူ့ကိုမျှ ဥပေက္ခာမပြုခဲ့သော်လည်း) သူတို့ သည် သက်ဝင်ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

[11] အသင် (တမန်တော်) သည် ဆုံးမသြဝါဒများပါရှိသော ထိုသတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) ကို (ဘက်လိုက်မှုမရှိဘဲ ဖြူစင်စွာ) လိုက်နာသည့်အပြင် (လူ့သိမြင်နားလည်နိုင်စွမ်း၏ပြင်ပတွင်ရှိသော) အနန္တကရုဏာတော်ရှင်အား ဆိတ်ကွယ်ရာအနေအထားဖြင့်ပင် ကြောက်ရွံ့ရိုကျိုးသောသူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူအား (မမြင်မတွေ့ဖူးသော ကျေးဇူးတော်များရရှိရန်) လွတ်ငြိမ်းချမ်းသာခွင့်နှင့်စပ်လျဉ်း၍ ကြီးမားမြင့်မြတ်၍ရက်ရောသော အကျိုးဆုလဒ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ပါးလော့။

[12] ဧကန်မလွဲ၊ ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန် အကျိုးဆုလဒ်နှင့်ပြစ်ဒဏ် စံစားခံစားကြရန်) ကြိုတင် ပို့ခဲ့ကြသည့်လုပ်ရပ်များနှင့်သူတို့၏ (အကောင်းအဆိုးဆိုင်ရာ) ခြေရာများကို မှတ်တမ်းတင်ရေးသားထားတော်မူ ၏။ ထို့ပြင် ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ်တွင် တိကျစွာ တွက်ချက် မှတ်သား၍ မှတ်တမ်းတင် သိမ်းဆည်းထားတော်မူခဲ့ပြီး ဖြစ်၏။

[13] ထို့ပြင် (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) အရှင့်သတင်းဆောင် ရစူလ်တမန်တော်များ ယင်းဒေသသို့ ရောက်ရှိခဲ့စဉ်က ထိုမြို့ရွာဒေသ၏ပြည်သူများ (နှင့်တမန်တော်များကြားတွင် ဖြစ်ပျက်ခဲ့သည့်) အကြောင်းကို သူတို့အတွက် စံနမူနာယူဖွယ်ရာ ဥပမာအဖြစ် တင်ပြလော့။

[14] ငါအရှင်မြတ်သည် (ထိုမြို့ရွာဒေသ၏ပြည်သူများဖြစ်ကြသော) သူတို့ထံသို့ (သတင်းဆောင် ရစူလ်တမန်တော်) နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ သူတို့က ထိုနှစ်ပါးလုံးအား မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြသောကြောင့် (ထိုနှစ်ပါးကို) တတိယမြောက်တစ်ပါးဖြင့် အားဖြည့်စေတော်မူခဲ့ရာ သူတို့က “ဧကန်ပင်၊ ကျွန်ုပ်တို့သည် (အရှင့်အမိန့်ပညတ်ချက်များကို ပို့ချရန် စေလွှတ်တော်မူခြင်းခံရသော) အရှင့်သတင်းဆောင် ရစူလ်တမန်တော်များပင် ဖြစ်ကြသည်။” ဟု ပြောဆို့ခဲ့ကြ၏။

[15] (ထိုမြို့ရွာဒေသ၏ပြည်သူများဖြစ်ကြသော) သူတို့က ''သင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားများသာ ဖြစ်ကြ၏။ စင်စစ် အနန္တကရုဏာတော်ရှင်သည် သင်တို့အပေါ်၌ မည်သည့် တစ်စုံ တစ်ရာကိုမျှ ချမှတ်ပေးအပ်တော်မူသည် မဟုတ်ပေ။ သင်တို့သည် မုသားပြောဆိုနေကြသည်သာ ဖြစ်သည်။'' ဟု စွပ်စွဲ ပြောဆိုခဲ့ကြလေ၏။

[16] (အရှင့်သတင်းဆောင် ရစူလ်တမန်တော်များဖြစ်ကြသော) သူတို့က ''ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် သင်တို့ထံ (အရှင့်အမိန့်ပညတ်ချက်များကို ပို့ချရန်) စေလွှတ်တော်မူခြင်းခံကြရသော ရစူလ်တမန်တော်များဖြစ် ကြောင်းကို ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကောင်းစွာ သိနေတော်မူ၏။

[17] သို့ရာတွင် ကျွန်ုပ်တို့အပေါ်၌မူကား (အရှင့်အမိန့်ပညတ်ချက်အပြည့်အစုံကို သင်တို့ထံ အရောက်) ရှင်းလင်းပြတ်သာစွာ ပို့ဆောင်ရန်သာ တာဝန်ရှိ (ပြီး အတင်းအကျပ် ယုံကြည်စေရန် တာဝန်မရှိပေ)။

[18] (ထိုမြို့ရွာဒေသ၏ပြည်သူများဖြစ်ကြသော) သူတို့က ''အမှန်စင်စစ်၊ ကျွန်ုပ်တို့သည် သင်တို့ကြောင့် နိမိတ်ဆိုး ကြုံကြပြီဖြစ်ရာ အကယ်၍ သင်တို့သည် (အရှင့်အမိန့်ပညတ်ချက်များအား ပို့ချသွန်သင်နေခြင်းကို) မရပ်တန်း၊ မစွန့်လွတ်ကြလျှင် မုချဧကန်၊ ကျွန်ုပ်တို့သည် သင်တို့အား ခဲများဖြင့် ပစ်ပေါက် ထုကြလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့ဘက်မှ (ကျွန်ုပ်တို့၏လက်များကြောင့်) ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်သည်လည်း မလွဲဧကန်၊ သင်တို့အား ထိရောက်စွာ နှိပ်စက်လိမ့်မည်။'' ဟု ခြိမ်းခြောက်ပြော ဆိုခဲ့ကြ၏။

[19] (အရှင့်သတင်းဆောင် ရစူလ်တမန်တော်များဖြစ်ကြသော) သူတို့က ''သင်တို့၏နိမိတ်ဆိုးသည် (သင်တို့၏ လုပ်ရပ်ကြောင့်သာဖြစ်၍) သင်တို့နှင့်အတူ ရှိနေသောအရာပင် ဖြစ်၏။ (အရှင့်အမိန့်ပညတ်ချက်များဖြင့် ဆုံးမသွန်သင်၍) သတိပေးနှိုးဆော်ခြင်းကို နိမိတ်ဆိုးဟု ထင်မှတ်လေသလော။ ထိုသို့ အလျှင်းမဟုတ်ပေ။ အမှန်စင် စစ်မှာကား သင်တို့သည်သာလျှင် စည်းဘောင်ချိုး ဖောက်၍ အရှင်မြတ်က ပေးအပ်တော်မူသည့် စွမ်းရည်များကို အလွဲသုံးစားပြုသော လူမျိုးများ ဖြစ်လာကြ၏။'' ဟု ဖြေဆိုပြောကြားခဲ့ကြ၏။

[20] ထိုအခါ ပုဂ္ဂိုလ်တစ်ဦးသည် မြို့၏အစွန်အဖျားမှ ပြေးလျက် ရောက်လာပြီးလျှင် ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် (အရှင်မြတ်စေလွှတ်တော်မူသော သတင်းဆောင်) ရစူလ်တမန်တော်များကို နာခံလိုက်ကြလော့။” ဟု တိုက်တွန်းပြောခဲ့သည်။

[21] သင်တို့ထံမှ (တရားဟောခ အဖြစ်) မည်သည့် အကျိုးအမြတ်အခကြေးငွေကိုမျှ မတောင်းဆိုသည့် အပြင် တရားလမ်းမှန် ညွှန်ပြခြင်းခံကြရသူများလည်း ဖြစ်ကြသောသူ (ရစူလ်တမန်တော်) တို့ကို သင်တို့က နာခံလိုက်နာကြလော့။

[22] မည်သည့် အကြောင်းပြချက်ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်အား စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သော အရှင်မြတ်ကို မကိုးကွယ်ရမည်နည်း။ ထို့ပြင် သင်တို့အားလုံးသည် (ရှင်ပြန်ထစေတော်မူ၍) ထိုအရှင်မြတ်ထံတော်သို့ပင် ဦးလှည့်ရောက်ရှိစေခြင်း ခံကြရပေမည်။

[23] ကျွန်ုပ်သည် ထိုအရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို (ကိုးကွယ်ရာအဖြစ်) အယူထား ကိုးကွယ် ရမည်လော။ အကယ်၍ အနန္တကရုဏာတော်ရှင်သည် ကျွန်ုပ်အား ဘေးဒုက္ခအခက်အခဲ တစ်စုံတစ်ရာဖြင့် စမ်းသပ်တော်မူရန် ရည်ရွယ်တော်မူလျှင် ထိုကိုးကွယ်ရာများ၏ကြားဝင်အသနားခံပေးမှုသည် ကျွန်ုပ်အတွက် မည်သို့မျှ အသုံးဝင် အရာရောက်မည် မဟုတ်ပေ။ ထို့ပြင် ယင်းတို့သည် ကျွန်ုပ်အား ကယ် ဆယ် လွတ်မြောက်စေနိုင်ကြမည်လည်း မဟုတ်ပေ။

[24] ဧကန်ပင်၊ ကျွန်ုပ်သည် (ထိုသို့ အရှင်မြတ်မှအပ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်ရာအဖြစ် အယူထား ကိုးစားလျှင်) အမှန်ပင် ထင်ရှားရှင်းလင်းသော လမ်းမှားမှု၌ (ရောက်သွားပေမည်)။

[25] ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ပြီဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ် (၏စကား) ကို ဂရုတစိုက် ကြားနားကြလော့။

[26] (သို့ရာတွင် မယုံကြည်သူတို့က အမှန်တရားဘက်သို့ ဖိတ်ခေါ်သည့် ထိုပုဂ္ဂိုလ်ကို မတရားသတ်ဖြတ်ခဲ့လေ၏။ ထို့နောက်သူသည်) “သုခဥယျာဉ်သို့ ဝင်ရောက်လော့။” ဟု မိန့်ကြားတော်မူခြင်းခံရလေသောအခါ ထိုသူက “သြော်၊ ကျွန်ုပ်၏လူမျိုးတို့သည် သိခဲ့ကြလျှင် ကောင်းလေစွ။” ဟု ပြောခဲ့၏။

[27] (ထိုသို့ သိကြစေလိုသည်မှာ) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်ကို ခွင့်လွှတ်ချမ်းသာပေးတော်မူခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ခြင်းခံကြရသော ကျက်သ ရေရှိသူ တို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့သောကြောင့်ပင် ဖြစ်၏။

[28] ထို့နောက် ငါအရှင်မြတ်သည် ထိုသူ့ (သေဆုံးမှု) နောက်တွင် သူ့လူမျိုးတို့အပေါ်ဝယ် မိုးကောင်းကင်မှ (သူတို့ကို အရေးယူ သုတ်သင်စေရန် မလာအီကာစေတမန်များပါဝင်သည့်) မည်သည့်စစ်တပ်ကိုမျှ ချပေး တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုသို့ချပေးတော်မူစေခြင်းသည် ငါအရှင်မြတ် (၏လမ်းစဉ်တော် မဟုတ်၍) လိုလားတော်မမူချေ။

[29] (စင်စစ် ထိုမြို့ရွာဒေသနေ ပြည်သူတို့အပေါ် သက်ရောက်စေတော်မူသောပြစ်ဒဏ်မှာ) တစ်ခုတည်းသော ပြင်းထန်သည့် ပေါက်ကွဲသံထက် မပိုခဲ့ပေ။ ထိုအခါ သူတို့သည် မျိုးသုန်းတိမ်ကောသွားခဲ့သူများ ဖြစ်ခဲ့ကြလေ၏။

[30] သြော်၊ (ထိုအရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ဘဝဆောက်တည်ရန် ပျက်ကွက်ခဲ့ကြသော) အရှင့်အစေခံလူသားတို့အတွက် ဝမ်းနည်းဖွယ်ကောင်းပေစွ။ (အကြောင်းမှာ) သူတို့ထံ မည်သည့် သတင်းဆောင် ရစူလ်တမန်တော်တစ်ပါး ရောက်ခဲ့လာသည်ဖြစ်စေ၊ သူတို့သည် ထိုရစူလ်တမန်တော်နှင့်ပတ်သက်၍ ပြက်ရယ်ပြု လှောင်ပြောင်ခဲ့ကြသည်ချည်းသာ ဖြစ်၏။

[31] ငါအရှင်မြတ်သည် သူတို့အလျင် မျိုးဆက်ပေါင်းများစွာအနက်မှ မည်ရွေ့မည်မျှကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကိုလည်းကောင်း၊ (ထိုတိမ်ကောသွားခဲ့သော) မျိုးဆက်တို့သည် သူတို့ထံ ပြန်လာကြမည် မဟုတ်ကြောင်းကိုလည်းကောင်း၊ သူတို့ မတွေ့မြင် မဆင်ခြင် မသုံးသပ် ကြလေသလော။

[32] ထို့ပြင် မျိုးဆက်တိုင်း (ခြွင်းချက်မရှိစေဘဲ အားလုံး) သည် ငါအရှင်မြတ်ထံတော်သို့ (တရားစီရင် ဆုံးဖြတ်မှုအတွက်) အသင့်ရောက်ရှိစေလျက် ရုံးတင်ခြင်း ခံကြရမည့်သူများသာ ဖြစ်ကြ၏။

[33] စင်စစ်သော်ကား သူတို့အတွက် (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းဖြစ်ကြောင်းနှင့်အရာခပ်သိမ်းသည် အရှင့်အချုပ်အခြာ၌ ရှိကြောင်းကို တောက်ပြသော သက်သေများအနက်မှ) အာယသ်သက်သေ လက္ခ ဏာ တစ်ရပ်မှာ “ငါအရှင်မြတ်သည်ပင် (ခြောက်သွေ့ခန်းခြောက်၍) သေနေသောမြေကို ရှင်သန်စေလျက် စိမ်းလန်း စိုပြေစေတော်မူပြီးနောက် ယင်းမှ ကောက်ပဲသီးနှံများကို ထွက်စေတော်မူသောကြောင့် သူတို့သည် ယင်း (ရိက္ခာအထောက်အပံ့) မှပင် စားသုံးနေကြ၏။” (ဟူသော အာယသ်ပင်ဖြစ်၏။)

[34] ထို့ပြင် ငါအရှင်မြတ်သည် ယင်း (မြေ) ၌ စွန်ပလွံနှင့်စပျစ်သီးဥယျဉ်ခြံများကိုလည်း စီမံဖြစ်ထွန်းစေ တော်မူရုံသည်သာမက ယင်း (မြေ) မှပင် (သင်တို့အတွက် ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်များအပါအဝင်) စိမ့်စမ်းရေများကိုလည်း ပန်းထွက်စီးဆင်းစေတော်မူ၏။

[35] (ထိုသို့ စီမံဖြစ်ထွန်းစေတော်မူခြင်းသည် အရှင်မြတ်က ပေါ်ထွက်စေတော်မူသည့် သီနှံနှင့်) သစ်သီးဝလံများမှ သူတို့စားသုံးနိုင်ရန်အတွက်ပင် ဖြစ်၏။ ယင်း (ကောက်ပဲသီးနှံများ) ကို သူတို့၏လက်များဖြင့် ဖြစ် ထွန်းဖန်တီးစေခြင်း မဟုတ်ပေ။ သို့ပါလျက် သူတို့သည် ကျေးဇူး မသိထိုက်သလော။

[36] ထိုအရှင်မြတ်သည် မြေကမ္ဘာမှ ပေါက်ရောက်ဖြစ်ထွန်းစေတော်မူသော အရာဟူသမျှတွင်လည်းကောင်း၊ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်းကောင်း၊ သူတို့ မသိသေးသောအရာ ဟူသမျှမှလည်းကောင်း၊ (ဖို၊ မ၊ အပေါင်း၊အနုတ် စသော စုံတွဲများ) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော် မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[37] ထို့ပြင် သူတို့အတွက် (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းဖြစ်ကြောင်းနှင့်အရာခပ်သိမ်းသည် အရှင့်အချုပ်အခြာ၌ ရှိကြောင်းကို တောက်ပြသော သက်သေများအနက်မှ) အာယသ်သက်သေလက္ခဏာ တစ် ရပ်မှာ ညပင် ဖြစ်၍ ငါအရှင်မြတ်သည် ထိုညမှ နေ့ဖြစ်စေတော်မမူဘဲ၊ နေ့ကိုနုတ်သိမ်းထုတ်ပယ်တော်မူလျှင် ထိုစဉ် သူတို့သည် အမှောင်ချထားခြင်းကို ခံကြရလိမ့်မည်။

[38] ထို့ပြင် နေသည် (လည်း သက်သေလက္ခဏာတစ်ရပ်ပင် ဖြစ်ပြီး) ယင်းအတွက် သတ်မှတ်ပြဌာန်း တော်မူထားသည့် (ဦးတည်ရာ) လမ်းကြောင်းအတိုင်း (တသမတ်တည်း တည်တံ့မြဲမြံစွာဖြင့်) လှုပ်ရှားလည် ပတ်လျက် မျောပါပြေးလွှားနေ၏။ ထိုသို့ဖြစ်စေတော်မူခြင်းသည်ကား (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော် မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏လိုအပ်ချက်များနှင့်ရှိသင့်ရှိထိုက်သော အရည်အသွေးတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်၏ စည်းမျဉ်းနိယာမတော်နှင့်အညီ သတ်မှတ်ပြဋ္ဌာန်းခြင်းပင် ဖြစ်၏။

[39] ထို့ပြင် (လသည်လည်း သက်သေလက္ခဏာတစ်ရပ် ပင်ဖြစ်ပေရာ) ငါအရှင်မြတ်သည် လကို ယင်း၏ ပုံသဏ္ဌန်ဖြစ်သော လကွယ်မှ လပြည့်အထိ အဆင့်ဆင့်ပြောင်းလဲစေတော်မူပြီး နောက်ဆုံးတွင် ခြောက် သွေ့ ဟောင်းနွမ်း၍ ရှုံ့တွပေလိပ်လျက် ကွေ့ကိုင်းသော စွန်ပလွံရွက်ကဲ့သို့ ဖြစ်လာသည်အထိ ပြောင်းလဲလာရန် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။

[40] နေသည် လကို ကျော်ဖြတ်၍ မီနိုင်ရန် ယင်းအတွက် ခွင့်ပြုချက် ပေးထားတော်မမူပေ။ ထိုနည်းတူစွာ ညသည်လည်း နေ့ကို ယှဉ်ပြိုင်ကျော်တက်၍ သာလွန်နိုင်ခွင့် မရှိချေ။ စင်စစ်မှာကား ယင်း (နေ၊ လ၊ ဂြိုဟ်နက္ခတ် စသည့် အာကာသအတွင်းရှိ) အရာအားလုံးသည် (ယင်းတို့တစ်ခုချင်းစီအတွက် သတ်မှတ်ပြဌာန်းတော်မူထား စည်းမျဉ်းနိယာမတော်များနှင့်အညီ) ပတ်လမ်းအတိုင်း ကူးခတ် မျောပါ လည်ပတ်လျက် ရှိနေကြ၏။

[41] (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်ကြောင်းနှင့်အရာခပ်သိမ်းသည် အရှင့်အချုပ်အခြာ၌ ရှိကြောင်းကို တောက်ပြသော သက်သေများအနက်မှ) အာယသ်သက်သေလက္ခဏာတော်တစ်ရပ်မှာ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့နှင့်သူတို့၏သားစဉ်မြေးတို့အတွက် ရေယာဉ်သင်္ဘောများပေါ်၌ ကုန်စည်ဝန်ဆောင်များကို တင်ဆောင်၍ (နစ်မြုပ်ခြင်းမရှိဘဲ ခုတ်မောင်း) သယ်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။

[42] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် ယင်း (ရေယာဉ်သင်္ဘော) ကဲ့သို့သောအလားတူ (ကုန်း၊ လေ တို့၌) စီးနင်းတင်ဆောင်စရာ (အခြားယာဉ်အစီးအနင်း) များကိုလည်း ဖွဲ့စည်းဖြစ်တည်ဖန်တီးစေထားတော်မူ၏။

[43] အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့အား နှစ်မြှုပ်စေတော်မူနိုင်ပြီး ထိုသို့နှစ်မြှုပ်တော်မူလျှင် သူတို့အတွက် (သူတို့၏အော်ဟစ်၍ အကူအညီ တောင်းခံမှုကို တုံ့ပြန်မည့်) ကူညီသူဟူ၍ (မည်သူမျှ) ရှိလိမ့်မည်မဟုတ်သည့်အပြင် သူတို့သည် ကယ်တင်လွတ်မြောက်စေခြင်းခံကြရမည်လည်း မဟုတ်ပေ။

[44] (သို့ရာတွင်) ငါအရှင်မြတ်ထံတော်မှ ကရုဏာထားတော်မူပြီး လောကီအကျိုးခံစားခွင့်များကို ငါအရှင်က သတ်မှတ်ပြဌာန်းထားသောကာလအထိ ခံစားခွင့်ပေးထားတော်မူခြင်းကိုမူ ခြွင်းချက်အဖြစ် ချန်လှပ်ထားတော်မူ၏။

[45] တစ်ဖန် သူတို့အား “သင်တို့သည် (လောကီလောကုတ္တရာနှစ်ဌာစလုံး၌ ပေါက်မြောက်အောင်မြင် ထာဝရ အေးချမ်းမူရစေမည့်) အရှင့်ကရုဏာတော် သက်စေတော်မူခြင်းခံကြရအလို့ငှာ သင်တို့၏ရှေ့မှောက်တွင် (ဖြစ် ပျက်နေသော ခေတ်သစ်မကောင်းမှုအကုသိုလ်များကို) သင်တို့၏နောက်တွင် (ကွယ်လွန်သွားခဲ့ပြီဖြစ်သော ခေတ်ဟောင်း၌ကျူးလွန်ခဲ့သည့် မကောင်းမှုအကုသိုလ်များကို) ရှောင်ကြဉ်လျက် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကြလော့။” ဟု မိန့်ကြားခြင်းခံရသောအခါ (သူတို့ သည် မျက်နှာလွှဲခဲ့ကြ၏)။

[46] စင်စစ် သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က အရှင့်အမိန့် အာယသ်သက်သေလက္ခဏာတော်များအနက်မှ သက်သေလက္ခဏာတော်တစ်စုံတစ်ခုကို သူတို့ထံ ရောက်စေတော်မူသောအခါတိုင်း သူတို့သည် ယင်းအမိန့်တော်ဘက်မှ မျက်နှာလွှဲကျောခိုင်းခဲ့ကြသည်သာ ဖြစ်၏။

[47] ထို့ပြင် သူတို့အား “သင်တို့သည် အလ္လာဟ်အရှင်မြတ်က သင်တို့ကို ချီးမြှင့်ပေးအပ်တော်မူထားသော (ဥစ္စာဓနပိုင်ဆိုင်မှု၊ စွမ်းရည်၊ ဉာဏ်ပညာ၊ အတတ်ပညာနှင့်သယံဇာတများ စသည့်) ရိက္ခာအထောက်အ ပံ့များမှ (တရားတော်နှင့်အညီ ဆင်းရဲချို့တဲ့သူတို့အား) စွန့်လှူပေးကမ်းသုံးစွဲကြလော့။” ဟု ပြောဆိုသောအခါ ''မယုံ ကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က သက်ဝင်ယုံကြည် သူတို့အား ''အကယ်၍ အလ္လာဟ်အရှင်မြတ်က (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ထိုအရှင်ကိုယ်တော် တိုင် ကျွေးမွေးနိုင်ပါလျက် ကျွန်ုပ်တို့က ကျွေးမွေးကြရမည်လော၊ (မျှဝေစွန့်လှူ ပေးကမ်းသုံးစွဲရန် တိုက်တွန်းခြင်း ဖြင့်) သင်တို့သည် ထင်ရှားရှင်းလင်းသောလမ်းမှားမှု၌ ရှိနေခြင်းသာ ဖြစ်၏'' ဟု တုံ့ပြန်ပြောဆိုကြလေ၏။

[48] တစ်ဖန် သူတို့က “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် (တမလွန်၌ တရားစီရင် မည်ဟူသော) ဤကတိတော်သည် မည်သည့်အခါ၌ (ဖြည့်ဆည်းစေတော်မူ၍) အတည်ဖြစ် မည်နည်း။” ဟု မေးမြန်းကြ၏။

[49] (ထိုသို့ အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်လျက် လောကီအရေးကိစ္စများ၌သာ) သူတို့သည် အချင်းချင်း အငြင်းပွားနေကြပြီး အရှင်မြတ်၏တစ်ခုတည်းသော ပြင်းထန်သည့် ပေါက်ကွဲသံဖြင့် သူတိုအား ဖမ်းဆီးအရေးယူစေတော်မူခြင်းကိုသာ (အမှတ်တမဲ့ရင်ဆိုင်ကြုံတွေ့ကြရန်) စောင့်မျှော်နေကြခြင်းမှအပ အခြား မရှိပေ။

[50] သို့ဖြစ်ရာ သူတို့သည် သေတမ်းစာဖြင့် အမွေလွှဲအပ်နိုင်ရန် မှာကြားချက် တစ်စုံတစ်ခုကိုသော်လည်းကောင်း၊ သူတို့၏မိသားစုအသိုင်းအဝိုင်းဘက်သို့ ပြန်ကြရန်သော်လည်းကောင်း၊ (အခွင့်အရေး မရမီပင် အ ရေး ယူခံရမည်ဖြစ်သောကြောင့် ထိုကိစ္စများအတွက်) စွမ်းဆောင်နိုင်ကြလိမ့်မည် မဟုတ်ပေ။

[51] ထို့ပြင် (ရှင်ပြန်ထမြောက်စေရန်) တံပိုးခရာကို တီးမှုတ်ခြင်းခံရသောအခါ သူတို့သည် သင်္ချိုင်းများမှ ထွက်လာ၍ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ သုတ်ခြေတင် ကြလိမ့်မည်။

[52] ထိုစဉ် သူတို့က ''အို၊ ကျွန်ုပ်တို့က ဒုက္ခလှလှတွေ့နေကြပြီ။ မည်သူသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ကို အိပ်မောကျစေသည့်နေရာမှ ထစေသနည်း။'' ဟု ညည်းညူပြောဆိုကြပေမည်။ (ထိုအခါ မလာအီကာစေတမန်များက ဖြေကြား၍ သိလာကြမည် ဖြစ်၏။) ဤသည်ပင် အနန္တကရုဏာတော်ရှင်ထားတော်မူခဲ့သော ကတိတော် ပင်ဖြစ်ပြီး ရစူလ်တမန်တော်များပြောဆိုခဲ့သမျှ ဖြောင့်မတ်မှန်ကန်သော သစ္စာတရားဖြစ်ကြောင်းကို ထောက်ပြ၏။”

[53] (တံပိုးခရာကို တီးမှုတ်ခြင်းသည်လည်း) တစ်ခုတည်းသော ပြင်းထန်သည့် ပေါက်ကွဲသံပင်ဖြစ်၍ ထိုအချိန်ရောက်လာသည့်အခါ သူတို့အားလုံးသည် ငါအရှင်မြတ်၏ရှေ့တော်မှောက်သို့ တရားဝင်စစ်ဆေးရန် ဆင့်ခေါ်ရုံးတင်ခြင်းခံကြရသူများ ဖြစ်ကြလိမ့်မည်။

[54] သို့ဖြစ်ရာ ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေး တော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) မျှ အနည်းငယ် စိုးစဉ်းမျှပင် မတရားအရေးယူခြင်းခံရမည်မဟုတ်ပေ။ သို့ရာတွင် သင်တို့က (လောကီ ဘဝသက်တမ်း၌) ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီမူ အကျိုးဆက်များကို ချီးမြှင့်ခြင်းနှင့်ပေးဆပ်စေခြင်း ခံကြရရန်သာ ရှိလိမ့် မည်။

[55] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ဧကန်ပင်၊ သုခဘုံ၏အဖော်များ ဖြစ်လာကြသူတို့သည် (သူတို့၏ကောင်းမှုကုသိုလ်များနှင့်အရှင့်ကရုဏာတော်ကြောင့် ချီမြှင့်ခံရသည့် ရက်ရောကျေးဇူးတော်များနှင့်သုခဥယျာဉ်များ၏သာယာချမ်းမြေ့မှုကို စံစားလျက်) ပျော်ရွှင်မြူးထူးခြင်းဖြင့် အလုပ်ရှုပ်နေကြလိမ့်မည်။

[56] သူတို့နှင့်သူတို့၏ဘဝဖော်တို့သည် (သုခဘုံနန်း၏) အေးရိပ်သာယာသောနေရာတွင် သက်တောင့်သက်သာဖြစ်သော သလွန်များထက်ဝယ် (မှီအုံးများကို မှီအုံးလျက်) ကျောခင်း၍ စံမြန်းနေကြလိမ့်မည်။

[57] ထို (သုခဘုံနန်း) ၌ သူတို့အတွက် (အမျိုးမျိုးသော) သစ်သီးဝလံများလည်း ရှိကြပေမည်။ ထို့ပြင် သူတို့ လိုလားတောင်းဆိုသမျှကိုလည်း သူတို့အတွက် ဖြစ်စေတော်မူလိမ့်မည်။

[58] သက်ရှိတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်ထံတော်မှ “စလာမ်ချမ်းမြေ့သာယာစေ” ဟူသော ကြိုဆိုနှုတ်ခွန်းဆက်တော်မူခြင်းလည်း ရှိပေမည်။

[59] သို့ရာတွင် (လောကီဘဝ၌ မယုံကြည်မူကို ကျူးလွန်ခဲ့ကြသောသူတို့မူကား) အို၊ ရာဇဝတ်မှုကျူးလွန် သူအပေါင်းတို့၊ (လောကီဘဝတွင် သင်တို့က ယုံကြည်သူတို့နှင့်အတူနေခွင့်ရကြသော်လည်း) သင်တို့သည် ယနေ့ သီးခြားနေကြလော့။ (ဟု အမိန့်ပေးခြင်းခံကြရမည်)။

[60] အို၊ အာဒမ်သားစဉ်မြေးဆက်အပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အပေါ် စေတန်မကောင်းဆိုး ဝါးအား မနာခံမကိုးကွယ်ကြရန် (စည်းမျဉ်းပြဌာန်းတော်မူ၍ သင်တို့ထံမှ) ကတိပဋိညာဉ်ရယူတော်မူပြီး ဧကန် ပင်၊ ယင်း (စေတန်မကောင်းဆိုးဝါး) သည် သင်တို့အတွက် ထင်ရှားရှင်းလင်းသောရန်သူဖြစ် (သောကြောင့် သင်တို့အား ငရဲမီးထဲသို့သာ တွန်းပို့နိုင်ကြောင်းနှင့်ငါအရှင်မြတ်သည် သုခဥယျာဉ်ဘက်သို့ ဖိတ်ခေါ်နေ) ကြောင်းကို ကတိထားမူခဲ့သည် မဟုတ်လော။

[61] ထို့ပြင် သင်တို့သည် ငါအရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့၊ ဤသည်သာလျှင် သင်တို့ (၏အရေးကိစ္စဟူသမျှ) အတွက် ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော တရားလမ်းစဉ်တော်ဖြစ်၏။

[62] သို့သော် ဧကန်မလွဲ၊ (ထိုစေတန်မကောင်းဆိုးဝါးသည်) သင်တို့အနက် မြောက်များစွာသော သူတို့အား အကြီးအကျယ် လမ်းလွဲစေခဲ့ပြီ။ သို့ပါလျက် သင်တို့သည် (ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်ဆင်ခြင် သိနားလည်ခြင်း မရှိသင့်သလော။

[63] ဤသည်ပင် သင်တို့အား ကတိပေး (ပြောကြားစေလျက် ရှောင်ကြဉ်နိုင်ရန် ထပ်တလဲလဲ သတိပေးနှိုဆော်) ခြင်းခံခဲ့ကြရသော ငရဲဘုံပင် ဖြစ်၏။

[64] သင်တို့သည် သင်တို့၏မယုံကြည်သွေဖည်ငြင်းပယ်မှုကြောင့် ယနေ့အခါသမယတွင် ယင်းထဲ၌ လောင်ကျွမ်းခံစေရန် ငရဲဘုံသို့ ဝင်ကြလော့။

[65] ယနေ့သော်ကား ငါအရှင်မြတ်သည် သူတို့၏ပါးစပ်များပေါ်၌ အပြီးသတ်တံဆိပ်ခတ်နှိပ်တော်မူမည်ဖြစ် ရာ သူတို့၏လက်များသည် ငါအရှင်မြတ်နှင့်စကားပြောဆိုကြပြီး သူတို့၏ခြေထောက်များသည်လည်း သူတို့ပြုမူရှာမှီးဆည်းပူးခဲ့သမျှတို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။

[66] အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (လူ့လော က၌ပင်) သူတို့၏မျက်စိများအပေါ်ဝယ် အဖုံးအကာများထားစေတော်မူမည်ဖြစ်ရာ သူတို့သည် (တရား လမ်းမှန်၏ပတ်ပတ်၌ပင် အခြားသောလမ်းစဉ်များကို သူ့ထက်ငါအပြိုင်အဆိုင်) အပြေးအလွှား ရုန်းကန်ရှာဖွေနေကြသော်လည်း တရားလမ်းမှန်ကို မည်သို့ မြင်စေနိုင်မည်နည်း။

[67] အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့၏ ရပ်တည်ချက်နှင့်အတူရှိနေသောနေရာများ၌ပင် သူတို့အား (မလှုပ်မရှားနိုင်အောင်) တစ်သမတ်တည်း ပုံ သေအနေအထားဖြင့် ထားရှိစေတော်မူဖြစ်ရာ သူတို့သည် (တိုးတက်ပြောင်းလဲမှုအတွက်) ရှေ့ဆက်တိုးနိုင်စွမ်း မရှိသည့်အပြင် နောက်ကြောင်းပြန်၍ နောက်သို့ဆုတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။

[68] စင်စစ် ငါအရှင်မြတ်က သက်တမ်းရှည်စေတော်မူသောပုဂ္ဂိုလ် မည်သူမဆိုသည် (သူ့သက်တမ်းတစ်လျှောက် ဖွံဖြိုးတိုးတက်လာခဲ့သော ကြီးထွားသန်မာမှု အသိပညာဗဟုသုတကြွယ်ဝမှုကို မွေးကင်းစများပ မာ အားနွဲ့သူ့နှင့်အသိသတိမဲ့နေသောသူငယ်ပြန်သူ ဖြစ်စေတော်ရန်) သူ့ခန္ဓာကိုယ် ဖွဲ့စည်းဖြစ်တည်စေမှုဆိုင်ရာ ဖြစ်စဉ်၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် (ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်ဆင်ခြင် သိနားလည်ခြင်း မရှိသင့်သလော။

[69] ငါအရှင်မြတ်သည် သူ (တမန်တော်မြတ်မုဟမ္မဒ်) အား ကဗျာလင်္ကာ (ရေးဖွဲ့ခြင်း) ကို သင်ကြားပို့ချတော်မူခဲ့သည် မဟုတ်သည့်အပြင် ကဗျာလင်္ကာသည် သူ့အတွက် အပ်စပ်လိုက်ဖက်သောအရာလည်း မ ဟုတ်ပေ။ (အရှင်မြတ်က တမန်တော်မြတ်ထံထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော) ထိုအရာသည်ကား ဆုံးမသြဝါဒများပါ ဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ထင်ရှားရှင်းလင်းသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်၏။

[70] (ကုရ်အာန်ကျမ်းတော်မြတ်ကို ချမှတ်ပေးအပ်တော်မူခြင်းသည်) ရစူလ်တမန်တော်မြတ်က (ဘက်လိုက်မှုကင်း၍ အတွေးအခေါ်ရှိသော) ရှင်သန်လှုပ်ရှားသူတို့အား (ဆင်ခြင်တုံတရားသုံး၍ အမှန်တရားကို သိ မြင်ကြားနာ နိုင်စွမ်းရှိစေရန်) သတိပေးနှိုးဆော်အံ့သောငှာလည်းကောင်း၊ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်၍ အတွေးအခေါ်သေနေသူ) တို့နှင့်ဆန့်ကျင်၍ အရှင့်အမိန့်မုက္ခပါတ်တော်များ (ဖြစ်သော ယုံကြည် သူတို့အတွက် သုခဥယျာဉ်ရှိကြောင်းနှင့်မယုံကြည်သူတို့အတွက် ငရဲဘုံရှိကြောင်း စသည့်အချက်တို့ကို) အမှန်တရားသစ္စာဖြစ်ကြောင်း သက်သေတည်ရန်ကောင်း၊ ဖြစ်၏။

[71] ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အကျိုးအတွက် ငါအရှင်မြတ်၏လက်ရာတော်များအဖြစ် ပုံဖော်ဖွဲ့ စည်းဖြစ်တည်စေတော်မူသည့်အရာများအနက်မှ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်အစရှိသော) တိရစ္ဆာန်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ရာ၊ သူတို့က ယင်းတို့ကို လက်အောက်ခံအဖြစ် စိုးမိုးချုပ်ကိုင်၍ ပိုင်ဆိုင်နိုင်ကြသည်ကို သူတို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။

[72] ထို့ပြင် ငါအရှင်မြတ်သည်ပင် ယင်းတိရစ္ဆာန်များကို ယဉ်ပါးအောင်လုပ်ပြီး ထိန်းချုပ်နိုင်ရန် (စည်းမျဉ်း နိယာမတော်နှင့်အညီ) ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ရာ ယင်းတို့အနက် အချို့ကို သူတို့အတွက် သူတို့၏ အစီး အနင်းများအဖြစ်လည်းကောင်း၊ ယင်းတို့အနက် အချို့ကို သူတို့ စားသုံးနိုင်ကြရန်လည်းကောင်း၊ ဖြစ်စေတော်မူ၏။

[73] ယင်း (တိရစ္ဆာန်များ) ၌ သင်တို့အတွက် (အခြား) အကျိုးကျေးဇူးများစွာနှင့်စားစရာ၊ သောက်စရာ အဟာရများကိုလည်း ရှိစေတော်မူ၏။ သို့ပါလျက် သူတို့သည် ကျေးဇူး မသိထိုက်သလော။

[74] သို့ရာတွင် သူတို့သည် ကူညီရိုင်းပင်းခြင်းခံကြရမည်ဟု မျှော်ကိုးလျက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား သက်ရှိသက်မဲ့များကို (ကိုးကွယ်ရာများအဖြစ် အယူထား၍) ယုံကြည်ကိုးကွယ်ကြလေ၏။

[75] (အမှန်စင်) သူတို့၏ထိုကိုးကွယ်ရာများသည် သူတို့အား (အနည်းငယ် စိုးစဉ်းမျှပင်) ရိုင်းပင်းကူညီနိုင်ကြသည် မဟုတ်သည့်အပြင် ယင်းတို့သည် (ယင်းတို့ကို အားကိုးတကြီး ယုံကြည်ကိုးကွယ်ကြသော) သူတို့ အတွက် မည်သည့်စစ်တပ်ကိုလည်း အထောက်အပံ့အဖြစ် ရောက်ရှိစေနိုင်စွမ်းမရှိဘဲ (ယင်းတို့ကို ဆည်းကပ်ကိုးကွယ်သူများသည်သာ အရှင့်ရှေ့တော်မှောက်တွက် ပြစ်မှုကျူးလွန် တရားစွဲဆိုလျက်) ရုံးတင်စစ်ဆေးခြင်းခံကြရမည်သာ ဖြစ်၏။

[76] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင့်ကိုစိတ်ထိခိုက်စေရန်ပြောဆိုသော သူတို့၏အပြောအဆို များ (ဖြစ်သည့် လုပ်ကြံဖန်တီးထားသောစွပ်စွဲချက်များ) ကြောင့် အသင် ဝမ်းမနည်းလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့ လျှို့ဝှက်ကြံစည်လုပ်ကြံသမျှကိုလည်းကောင်း၊ လူသိရှင်ကြားထုတ်ဖော်ပြောသမျှကိုလည်းကောင်း၊ (အကြွင်းမဲ့) သိနေတော်မူ၏။

[77] လူသားတို့သည် “ဧကန်ပင်၊ ငါအရှင်မြတ်က လူသားအား ကလလရေကြည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်းကို သိနားလည်ပါလျက် သူသည် (အမှန်တရားနှင့်ဆန့်ကျင်၍ တစ်ကိုယ်ကောင်းဆန်စွာ ငြင်းခုံလျက်) သိသာထင်ရှားရှင်းလင်းသော အာခံဖီဆန်သူ ဖြစ်လာကြကြောင်း” မတွေ့မြင်၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။

[78] ထို့ပြင် လူသားသည် ငါအရှင်မြတ်က သူတို့အား မည်သို့ ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း (နှင့်သူ တို့၏မူလဇစ်မြစ် ပင်ကိုယ်မျိုးရိုးဗီဇ) ကို မေ့ပစ်လျက် “ကျွန်ုပ်တို့ ကွယ်လွန်သေဆုံး၍ ပုပ်သိုးဆွေးမြည့်နေသော အရိုးများကို မည်သူက ပြန်ရှင်စေနိုင်မည်နည်း။” ဟု ပြောဆိုမေးမြန်းခြင်းဖြင့် ငါအရှင်မြတ်နှင့်ပတ်သက်သော ဥပမာ ခိုင်းနှိုင်းမှုတစ်ခုကို စကားလုံးထွင် ပြောဆိုလေ၏။

[79] (အို၊ ရစူလ်တမန်တော် သူတို့အား) လူသားကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ပထမအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ သက်ရှိဖြစ်စေတော်မူသော ထိုအရှင်မြတ်သည်ပင် ဖွဲ့စည်းဖြစ်တည်မှုဆိုင် ရာ နိယာမဖြစ် စဉ်အလုံးစုံးနှင့်စပ်လျဉ်း၍ (အချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သိနေတော်မူကြောင်း” ဟောလော့။

[80] ထိုအရှင်မြတ်သည်ပင် သင်တို့အတွက် စိမ်းစိုသောအပင်မှ မီးကို စီမံဖြစ်ပေါ်စေတော်မူကြောင်း သိနားလည်လာသောအခါ သင်တို့သည် ယင်းမှပင် မီးမွှေး မီးစွဲစေကြ၏။

[81] မိုးကောင်းကင်များနှင့်မြေကမ္ဘာကို စည်းမျဉ်းနိယာမတော်များနှင့်တကွ (စည်းဘောင်သတ်မှတ်ပြဌာန်းပေးတော်မူ၍) ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းရှိတော်မူသောအရှင်မြတ်သည် သူတို့အား (ပုပ်သိုးဆွေးမြည့်ကာ မြေမှုန်များ ဖြစ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ၍ အလားတူ) ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် မဟုတ်လော။ (မုချဧကန် ဖြစ်တော်မူ၏)။ အမှန်မှာ အရာခပ်သိမ်းတို့၏မူလဘူတ၊ ပင်ကိုယ်အရင်းအမြစ်ဟူသမျှကို ထိုအရှင်တစ်ဆူတည်းကသာ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရာခပ်သိမ်းတို့၏အချက်အလက် အသေးစိတ်ကိုလည်း အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[82] ထိုအရှင်မြတ်၏အမိန့်စီမံချက်တော်သည်ကား ထိုအရှင်မြတ်သည် တစ်စုံတစ်ရာကို (ဖွဲ့စည်းဖြစ်တည်စေတော်မူရန်) ရည်ရွယ်တော်မူသောအခါ ထိုအရာအား “ဖြစ်စေ” ဟု မိန့်ကြားတော်မူခြင်းမျှဖြင့်သာလျှင် ယင်း အရာသည် ဖြစ်လာရ၏။

[83] သို့ဖြစ်ပေရာ အရာခပ်သိမ်းတို့ကိုစိုးမိုးအုပ်ချုပ်သော အခွင့်အာဏာသည် (အရာခပ်သိမ်းကို ယင်းတို့၏ ဖွဲ့စည်းဖြစ်တည်မှုနှင့်တိမ်ကောမှုဆိုင်ရာ စည်းမျဉ်းနိယာမများနှင့်တကွဖြစ်စေတော်မူသော) ထိုအရှင်မြတ်၏ (အစိုးရသော အချုပ်အခြာအာဏာအတွက် တင်စားထားတော်မူသော) လက်တော်၌သာ ရှိနေကြောင်းနှင့်သင်တို့ အားလုံးသည် ထိုအရှင်မြတ်ထံတော်သို့သာ ဦးလှည့်ပြန်စေတော်မူလိမ့်မည် ဖြစ်သော ကြောင့် (ထိုအရှင်မြတ် သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်း အားဖြင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

အတန်းလိုက်စီသူများ

Surah 37

[1] (ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအတိုင်း နာခံလိုက်နာလျက် တာဝန်ကိုယ်စီဖြင့်) ရာထူးအလိုက် စနစ်တကျ အစီအရီ တန်းစီနေကြသူတို့အား သက်သေထူတော်မူ၏။

[2] (ငါအရှင်မြတ်သည် အရှင်မြတ်ပေးအပ်မူသော တရားတော်ဆိုင်ရာနည်းစနစ်များကို အကောင်အထည်ဖော်ရာတွင် မကောင်းသောလုပ်ရပ်အား) ထိန်းချုပ်မှုအတွက် လိုအပ်သော ပြစ်တင်ဆုံးမမှုဖြင့် ထိန်းချုပ်ရေးတာဝန်ယူထားသူတို့အား သက်သေထူတော်မူ၏။

[3] (ငါအရှင်မြတ်သည် အရှင့်ထံတော်မှ ချမှတ်ပေးအပ်တော်မူသော) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာကို ရွတ်ဖတ်လိုက်နာကျင့်သုံး (လျက် လူသားများအရောက် ဖြန့်ချိပို့ဆောင်ပေး) သူတို့အား သက်သေ ထူတော်မူ၏။

[4] ဧကန်ပင်၊ သင်တို့ကိုးကွယ်ထိုက်သောကိုးကွယ်ရာအရှင်သည်ကား အမှန်ပင် တစ်ဆူတည်းသာလျှင် ဖြစ်တော်မူ၏။

[5] (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ထိုနှစ်ခုစလုံးထဲ၌ ရှိသောအရာဟူသမျှကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်ဖြစ်ရုံသာမက၊ နေထွက်ရာအရပ်များ (နှင့်လူ့အသိုင်းအဝိုင်းများကို ဦးဆောင်သူများ) အားလုံးကို ဖွဲ့စည်းဖြစ်ပေါ်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[6] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (ကမ္ဘာဂြိုလ်နှင့်) အနီးဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်နက္ခတ်တာရာများ၏အဆင်အပြင်များဖြင့် တန်ဆာဆင်ထားတော်မူ၏။

[7] ထို့ပြင် (ငါအရှင်မြတ်သည်) မောက်မာ၍ ဖီဆန်သောင်းကျန်းသော စေတန်မကောင်းဆိုးဝါးတိုင်းနှင့် ဆန့်ကျင်၍ အကာအကွယ်ထားတော်မူ၏။

[8] (စေတန်မကောင်းဆိုးဝါးများဖြစ်သော) သူတို့သည် အမြင့်မားဆုံး အကြီးအကဲ (တို့၏စည်းဝေးပွဲ) ဘက်သို့ ကြားနာနိုင်မည်မဟုတ်သည့်အပြင် သူတို့သည် အဘက်ဘက်မှ ပစ်ပေါက်တွန်းလှန်ခြင်း ခံကြရမည်။

[9] တွန်းလှန်ခြင်းခံကြရပြီး သူတို့အတွက် ထာဝစဉ်ခံကြရအံ့သောပြစ်ဒဏ်သည်လည်း ရှိပေဦးမည်။

[10] သို့ရာတွင် (စေတန်မကောင်းဆိုးဝါးသည် နားထောင်ခွင့်မရှိသောသတင်းတစ်စုံတစ်ရာကို) အလစ်သုတ်ခိုး ယူရခဲ့မူ၊ စူးရှတောက်လောင်သော မီးတောက်တစ်ခုသည် သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏။

[11] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ကို “သူတို့အား ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော၊ သို့မဟုတ် ငါအရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော (စကြဝဠာ၊ ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ မြေကမ္ဘာ၊ သက်သက်မဲ့ အစရှိသည့်) ဖွဲ့စည်းဖြစ်တည်စေတော် မူခြင်းခံရသောအရာများသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား စေးကပ်သောမြေစေးဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။” ဟု မေးမြန်းလော့။

[12] စင်စစ်မှာကား (အို၊ ရစူလ်တမန်တော်) အသင်သည် (အရှင့်လက်ရာတော်များနှင့်ထိုအံ့ဖွယ်လက်ရာများကိုပင် ငြင်းပယ်ရဲခြင်းကို) ရင်သပ်ရှုမောအံ့ဩနေသော်လည်း (အမှန်တရားကို ဖီဆန်ငြင်းပယ်နေသူတို့က တမန်တော်မြတ်နှင့်အရှင့် မုက္ခပါဌ်တော်များနှင့်စပ်လျဉ်း၍) ပြက်ရယ်ပြု လှောင်ပြောင် နေကြ၏။

[13] ထို့ပြင် အရှင်မြတ်၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) ဖြင့် သတိပေးဆုံးမခြင်း ခံကြရသောအခါ သူတို့သည် (သတိမမူ၊ အရေးမစိုက်ခြင်းကြောင့်) တရားရကြသည် မဟုတ်ပေ။

[14] ထို့ပြင် သူတို့သည် အာယသ်သက်သေလက္ခဏာတစ်ရပ် (အရှင့်ခွင့်ပြုချက်ဖြင့် တမန်တော်က လုပ်ပြသည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခု) ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ်ပြု ပြောင်လှောင်ကြ၏။

[15] ထိုမှတစ်ပါး သူတို့က “ ဤသည် ထင်ရှားရှင်းလင်းသော မှော်ပယောဂအတတ်ပညာမျှသာ ဖြစ်၏။”ဟု ပြောဆိုကြ၏။

[16] “မည်သို့နည်း။ ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ မြေမှုန့်နှင့်အရိုးများ ဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် (ပြန်လည်၍) ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။

[17] သို့တည်းမဟုတ် ရှေးခေတ်၌လွန်လေခဲ့ပြီဖြစ်သော ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များသည်လည်း (ရှင်ပြန်ထကြရဦးမည်လော)။

[18] (အို၊ ရစူလ်တမန်တော် သူတို့အား) ''ဟုတ်ပေ၏။ (သင်တို့အားလုံးအား အမှန်ပင် ရှင်ပြန်ထစေတော် မူမည်)။ ထိုစဉ် သင်တို့သည် အရှက်ကွဲခံရပြီး ဂုဏ်ရည်သေးသိမ်သူများ ဖြစ်ကြရလိမ့်မည်။

[19] စင်စစ် ယင်းသည် ပြင်းထန်သော ထိတ်လန့်ဖွယ်ရာ အော်သံကြီးတစ်ခုသာ ဖြစ်ပေမည်။ ထိုစဉ် သူတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာဖြင့်) ငေးစိုက်ကြည့်ရှုနေကြမည်။

[20] ထို့ပြင် သူတို့က ''သြော် ကျွန်ုပ်တို့ ဒုက္ခလှလှတွေ့ကြရပြီ။ ဤသည် (လူတိုင်းအား သူတို့၏လုပ်ရပ်များအတွက် ဆုလဒ်နှင့်ပေးဆပ်မှုကို အစားပေးစေမည့်) တမလွန်တရာစီရင်သည့်နေ့ပါတကား။''ဟု ပြောဆို ညည်းညူကြပေမည်။

[21] ဤသည်ကား (လောကီဘဝ၌) သင်တို့ မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်လေ့ရှိကြသော (အမှန်တရားသစ္စာ၊ အရှင့်လမ်းစဉ်တော်နှင့်) တမလွန်တရားစီရင်ဆုံးမည့်နေ့ပင် ဖြစ်၍ (အမှန်တရားသစ္စာ နှင့်မိစ္ဆာဒိဌိ ကြား) အဆုံးအဖြတ်ပေးမည့်နေ့ ဖြစ်၏။

[22] (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မလာအီကာကောင်းကင်စေတမန်များအား) “(လောကီဘဝ၌) အရှင့် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့ကြသူများနှင့်သူတို့၏ဘဝဖော် အသိုင်းအဝိုင်းအပေါင်းအပါတို့ကိုလည်းကောင်း၊ (အရှင်မြတ်ကိုစွန့်၍ သူတို့က အားကိုးတကြီး ယုံကြည်ကိုးစားလျက် ကိုးကွယ်ခြင်းအားလည်းကောင်း၊) ဆည်းကပ်ကိုးကွယ်ခဲ့ကြသည့် ကိုးကွယ်ရာတို့ကိုလည်းကောင်း၊ စုရုံးကြလော့။” (ဟု မိန့်ကြားတော်မူမည်)။

[23] အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များကို ယုံကြည်ကိုးကွယ်ခဲ့ကြသောသူတို့အား အရှင့် ကရုဏာတော်မှ ​ဝေးကွာစေလျက်) သူတို့အားလုံးကို ငရဲဘုံ၏လမ်းအတိုင်း ဦးတည် ခေါ်ဆောင်သွားကြလော့။

[24] ထို့ပြင် (ထိုနေရာ၌ပင်) သူတို့ကို ရပ်တန့်စေကြလော့။ ဧကန်ပင်၊ သူတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင် ဖြစ်ကြ၏။

[25] သင်တို့သည် မည်သည့်အကြောင်းကြောင့် အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီရိုင်းပင်းခြင်း မပြုကြသနည်း။

[26] စင်စစ်မှာကား သူတို့သည် ထိုနေ့တွင် (မောက်မာမှုကင်းမဲ့လျက် ကိုယ်စိတ်နှလုံးကို အပ်နှံ၍) ကျိုးနွံစွာ အညံ့ခံကြရပေမည်။

[27] ထို့ပြင် သူတို့သည် အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် (ပြစ်တင်လျက်) မေးမြန်း ကြပေမည်။

[28] (စေတနာထားသူအဖြစ် ဟန်ဆောင်လျက် မိစ္ဆာဒိဌိကို အမှန်တရားသစ္စာအဖြစ် ကြွေးကြော်ခဲ့ကြသော ခေါင်းဆောင်တို့အား သူတို့၏နောက်လိုက်များဖြစ်ကြသော) သူတို့က ''ဧကန်ပင်၊ သင်တို့သည် (လိမ် လည်လှည့်စားလျက်) ကျွန်ုပ်တို့ထံသို့ ညာဘက်မှ ချဉ်းကပ်လာရောက်လေ့ ရှိခဲ့ကြ၏။'' ဟု ပြောဆိုကြပေမည်။

[29] (ခေါင်းဆောင်များဖြစ်ကြသော) သူတို့က “ထိုသို့ အလျှင်းမဟုတ်။ အမှန်စင်စစ်မူကား သင်တို့ ကိုယ်တိုင်သည်ပင် (ယုံကြည်လိုသော ဆန္ဒနှင့်ရည်ရွယ်ချက် မရှိသောကြောင့်သာ) သက်ဝင်ယုံကြည်သူများ မဖြစ်နိုင်ခဲ့ကြခြင်း ဖြစ်၏။

[30] ထို့ပြင် ကျွန်ုပ်တို့၌ (အတင်းအဓမ္မ မယုံကြည်စေရန်) သင်တို့အပေါ်ဝယ် မည်သည့် သြဇာအာဏာ တစ်စုံတစ်ရာမျှလည်း ရှိခဲ့သည် မဟုတ်ပေ။ အမှန်မှာ သင်တို့ကိုယ်တိုင်သည်ပင် (အရှင့်စည်းမျဉ်းတော်များကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြင့်) ပုန်ကန်သောင်းကျန်းသောလူမျိုး ဖြစ်လာခဲ့ကြခြင်း ဖြစ်၏။

[31] အမှန်သော်ကား ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမိန့်ဗျာဒိတ်တော်သည် ကျွန်ုပ်တို့အပေါ်၌ (အမှန်တရားသစ္စာအဖြစ် ထိထိရောက်ရောက် တရားမျှ တစွာဖြင့် အတည်ပြုစေလျက်) မှန်ကန်ကြောင်း ထင်ရှားလေ၏။ ကျွန်ုပ်တို့သည် ဧကန်ပင်၊ (ပြစ်ဒဏ်၏) အရသာ ကို မြည်းစမ်းမည့်သူများ ဖြစ်ကြလေ၏။

[32] (သင်တို့အား အတင်းအဓမ္မ မယုံကြည်စေရန် မည်သည့် သြဇာအာဏာ မရှိသော်လည်း) ကျွန်ုပ်တို့သည်သာ သင်တို့အား လမ်းလွဲစေခဲ့ကြရုံသာမက ဧကန်မုချပင်၊ ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းမှားရောက်ခဲ့သူများပင် ဖြစ်ခဲ့ကြ၏။

[33] သို့ဖြစ်သောကြောင့် ဧကန်စင်စစ်၊ သူတို့အားလုံးသည် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ပြစ်ဒဏ်များ၌ ဝေစုဝေပုံ၊ အစုရှယ်ယာများပါဝင်စေခြင်း ခံရသူများပင် ဖြစ်ကြ၏။

[34] မလွဲဧကန်၊ ငါအရှင်မြတ်သည် ရာဇဝတ်မှုကျူးလွန်သူနှင့်ပတ်သက်၍ ထိုနည်းအတိုင်းပင် အရေးယူ ဆက်ဆံတော်မူမည်။

[35] (အကြောင်းမှာ) သူတို့အား “(အလ္လာဟ်အရှင်မြတ်မှအပ အခြားဆည်းကပ်ကိုးကွယ်ထိုက်သော မည်သည့် ကိုးကွယ်ရာမျှ အလျှင်း မရှိကြောင်း ပြောခဲ့သောအခါ၊ ဧကန်ပင်၊ သူတို့သည် မာန်မာနထောင်လွှားလေ့ ရှိခဲ့ကြသောကြောင့် ပင်ဖြစ်၏)

[36] ထို့ပြင် သူတို့က “ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး (၏ပြောဆိုမှု) ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ကိုးကွယ်ရာ အရှင်သခင်များကို အမှန်ပင် အရှုံးပေး စွန့်လွှတ်ကြရမည်လော။”ဟု ပြောဆိုမေးမြန်း လေ့ရှိကြ၏။

[37] အမှန်စင်စစ်မှာကား (သူတို့က ရူးသွပ်သောကဗျာဆရာဟု ထင်မြင်ယူဆနေသော တမန်တော်မြတ် သည်) အမှန်တရားသစ္စာနှင့်တကွ ရောက်ရှိလာခဲ့သည့်အပြင် (ရှေးခေတ်၌ စေလွှတ်တော်မူခြင်းခံကြရသော အခြား) ရစူလ်တမန်တော်အပေါင်းတို့အားလည်း (သစ္စာဝါဒီများဖြစ်ကြောင်း) အတည်ပြုထောက်ခံခဲ့၏။

[38] ဧကန်မလွဲ၊ သင်တို့သည် (သင်တို့၏သဘောထားနှင့်လုပ်ရပ်များကြောင့်) ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများ အမှန်ပင် ဖြစ်ကြ၏။

[39] သို့ရာတွင် သင်တို့ ပြုမူကျင့်ကြံသမျှမှအပ အခြားမည်သည့်ကိစ္စအတွက်မျှ (အကျိုးဆုလဒ်နှင့်ပေးဆပ်မှုအား) အစားပေးခြင်းခံကြရမည် မဟုတ်ပေ။

[40] သို့ရာတွင် စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှု မြဲမြံသော အလ္လာဟ်အရှင်မြတ်၏အစေခံလူသားများ (ပေးဆပ်ရမည့်သူထဲတွင်) မပါဝင်ချေ။

[41] ထိုသူတို့သည် (သုခဘုံ၌) သူတို့အတွက် သူတို့သိထားပြီးဖြစ်သော ရိက္ခာများကို အထူးစီစဉ်ပြင်ဆင် ထားကြောင်း (တွေ့မြင်ကြရမည်။)

[42] သစ်သီးဝလံများလည်း (လောကီဘဝ၏ဆုလဒ်များအဖြစ်) ရှိသည့်အပြင် သူတို့သည် ဂုဏ်ကျက်သရေ ရှိစေရန် ဂုဏ်ပြုချီးမြှင့်ခံကြရသူများလည်း ဖြစ်ကြပေမည်။

[43] (ရက်ရောသော ကျေးဇူးတော်များ) စည်းစိမ်ချမ်းသာများနှင့်ပြည့်စုံသော သုခဥယျာဉ်များ၌ (နေခွင့်ရကြလိမ့်မည်။)

[44] (ပလ္လင်များ) သလွန်များထက်ဝယ် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။

[45] သူတို့ရှေ့ဝယ် တသွင်သွင် စီးဆင်းလျက်ရှိသော စိမ့်စမ်းရေမှ ခွက်ဖြင့် လှည့်ပတ်ကမ်းလှမ်းစေမည်။

[46] (ယင်းသည်) သောက်သုံးသူတို့အတွက် ကြည်လင်ဖြူစင်၍ အရသာရှိသော (အရာပင်ဖြစ်၏။)

[47] မည်သည့် ညစ်ညမ်းခြင်းနှင့်မကောင်းသောအကျိုးဆက်မျှ မရှိရုံသာမက သူတို့သည် (ယင်းစိမ့်စမ်းရေအား သောက်သုံးခြင်ဖြင့်) ယင်းမှ မူးဝေခြင်း (ခေါင်းခဲခြင်း) ကိုလည်း ခံစားစေမည် မဟုတ်ပေ။

[48] ထို့ပြင် သူတို့၏ထံပါး၌ (သူတို့ကိုသာ မျက်ခြည်မပြတ် စောင့်ကြည့်၍ ဖြူစင်ရိုသားသော) မျက်လုံးလှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက်ကြည့်သည့် ဘဝဖော်များလည်း ရှိကြပေမည်။

[49] သိမ်မွေ့၍ ကွဲလွယ်သော ဥများပမာ (မည်သည့်မကောင်းမှုနှင့်ရုပ်ဆိုးအကျည်းတန်မှုမျှ မထိမိစေဘဲ ဖုံးကွယ်နေသော အနစ်သာရကို) ကောင်းစွာ ကာကွယ်စောင့်ထိန်းခြင်းခံရသူများ ဖြစ်ကြ၏။

[50] ထို့နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ (လိုက်လျော ခွင့်လွှတ်သော ရင်းနှီးဖွယ်ရာ အပြောအဆိုများဖြင့် ချဉ်းကပ်လျက်) အပြန်အလှန် ပြောဆိုမေးမြန်းကြပေမည်။

[51] သူတို့အနက်မှ ပြောဆိုသူတစ်ဦးက (လောကီဘဝတွင်) ကျွန်ုပ်၌ အလွန်ရင်းနှီးသောမိတ်ဆွေ အပေါင်းအဖော်တစ်ဦး ရှိခဲ့ဖူး၏။” ဟု ပြောလိမ့်မည်။

[52] ထိုမိတ်ဆွေသည် ကျွန်ုပ်အား “သင်သည် (တမန်တော်မြတ်က သွန်သင်သည့် ရှင်ပြန်ထမည့်နေ့ဆိုင်ရာ) အမှန်တရားကို ယုံကြည်ထောက်ခံလျက် ဖြောင့်မတ်မှန်ကန်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သလော။” ဟု မေးလေ့ရှိ၏။

[53] ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ (ပုပ်သိုးဆွေးမြည့်လျက်) မြေမှုန့်နှင့်အရိုးများသာလျှင် ကျန်ရစ်သောအခါ အမှန်ပင် ကျွန်ုပ်တို့သည် (တမလွန်တရားစီရင်မည့်နေ့တွင်) တရားစီရင်ခြင်းခံကြရန် ရှင်ပြန်ထစေတော်မူမည်လော။

[54] (မေးမြန်းခြင်းခံရသူတစ်ဦးဖြစ်သော) သူက “သင်သည် (သင့်ကို ငရဲဘုံ၌ မြင်စေလို၍ အထင်သေးစေသည့်သဘောဖြင့်) စုံစမ်းမေးမြန်းလိုခြင်းလော။

[55] ထို့နောက် သူ့ကို (ငရဲဘုံနှင့်သာ မျှတထိုက်တန်သူအဖြစ်) ငရဲဘုံထဲ၌ပင် မြင်တွေ့ရသောကြောင့် သူ့ကို အထင်သေးခဲ့လေ၏။

[56] (ထိုအခါ) သူက (သူ့မိတ်ဆွေအား) “အလ္လာဟ်အရှင်မြတ်နှင့်တိုင်တည်၍ ပြောပါရစေ။ ဧကန်ပင်၊ သင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်စေခဲ့၏။

[57] အမှန်သော်ကား အကယ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကျေးဇူးတော် (ကျမ်းတော်) ဖြင့် ဂုဏ်ပေးမှုသာ မရှိခဲ့လျှင် အမှန်ပင် ကျွန်ုပ်သည်လည်း အ ရေးယူခြင်း ခံခဲ့ကြရသောသူတို့တွင် အပါအဝင် (ဖြစ်လျက် ငရဲဘုံ ရောက်သွား) မည်သာ ဖြစ်၏။

[58] (ထို့နောက် သူသည် သူ့မိတ်ဆွေဘက်သို့ လှည့်၍ တမလွန်ဘဝ၌) ကျွန်ုပ်တို့သည် ကွယ်လွန်သဆုံးခြင်းကို နောက်တစ်ကြိမ် မတွေ့ကြုံ၊ မခံစားရမည့်သူများ ဖြစ်လိမ့်မည် မဟုတ်လော။

[59] ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှအပ၊ (လောကီဘဝမှ ထွက်သွားပြီးနောက် နောင်တမ လွန်ဘဝ၌ ကွယ်လွန်သေဆုံးခြင်းကို တွေ့ကြုံခံစားရလိမ့်မည် မဟုတ်သည့်အပြင်) ကျွန်ုပ်တို့သည် ပြစ် ဒဏ်ပေးခြင်း ခံကြရမည့်သူများလည်း မဟုတ်ပေ။ (ဟု သုခဘုံရောက်နေသူများက ပြောကြလိမ့်မည်။)

[60] ဧကန်ပင်၊ ဤသည်ပင်လျှင် ကြီးကျယ်သော မဟာအောင်မြင်မှုပင် ဖြစ်၏။

[61] (ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော အကျင့်သီလများကို) ကျင့်မူဆောက်တည်ကြသောသူတို့သည် ဤကဲ့သို့သော (မဟာအောင်မြင်မှုကို ရရှိခံစားနိုင်ရန်) အလို့ငှာ ကျင့်မူဆောက်တည်ကြရာ၏။

[62] ထိုကဲ့သို့ (မဟာအောင်မြင်မှုရရှိခံစားစေ) သော ဧည့်ဝတ်ကျေပွန်မှုသည် ပိုမို၍ ကောင်းမြတ်သလော။ သို့တည်းမဟုတ် (“လောကီဘဝ၌ ခေတ္တခဏ ပျော်ရွှင်မြူးထူး၍ တမလွန်တွင် ငရဲမီးကို ထာဝရခံစားမည့် ပြစ်ဒဏ်ကို” ကိုယ်စားပြုသော စားချိန်တွင် အရသာအနည်းငယ်ရသော်လည်း အဆိပ်သင့်ပြီး အသက်အန္တရာယ် ပေးနိုင်သည့်) ဇက္ကူမ်ပင်က ပိုမို၍ ကောင်းမြတ်သလော။

[63] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ယင်း (ဇက္ကူမ်ပင်) အား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် စမ်းသပ်မှု၏အကြောင်းရင်း တစ်ရပ်အ ဖြစ်သာ ဖြစ်စေတော်မူခြင်း ဖြစ်၏။

[64] ဧကန်ပင်၊ ထိုအပင်သည် ငရဲဘုံ၏ဗဟိုအချက်အချာ၌သာ ဖြစ်ထွန်းပေါက်ရောက်သော အပင်တစ်ပင် ဖြစ်၏။

[65] ထိုအပင်၌သီးသောအသီးသည် စေတန်မကောင်းဆိုးဝါး၏ဦးခေါင်း (ကို ကိုယ်စားပြုသော လောကီအလိုရမ္မက်ကြောင့် မကောင်းသောအကြံအစည်များ ထွက်ပေါ်လာခြင်း) ကဲ့သို့ပင် ဖြစ်၏။

[66] သို့ဖြစ်ပေရာ ဧကန်ပင်၊ သူတို့သည် ယင်း (ဇက္ကူမ်ပင်) မှ အမှန်ပင် စားသုံးကြပေမည်ဖြစ်ပြီး ယင်းမှပင် (အသီးများဖြင့်) သူတို့၏ဝမ်းဗိုက်များကို ဖြည့်ကြပေမည်။

[67] ထို့နောက် သူတို့သည် (ဇက္ကူမ်သီးစားမျိုထားသော ဝမ်းဗိုက်ထဲသို့) ယင်းနှင့်ရောနှောပေါင်းစပ်စေရန် ယင်းပေါ်တွင် ကျိုက်ကျိုက်ဆူပွက်နေသောရေနွေးမှ သူတို့အတွက် သောက်စရာရှိ၏။

[68] ထို့နောက် ဧကန်မုချ၊ သူတို့သည် အရှိန်ပြင်းစွာ တောက်လောင်နေသော ငရဲမီးထဲသို့ အမှန်ပင် ပြန်လှည့်စေခြင်းခံရမည့်သူများပင် ဖြစ်၏။

[69] ဧကန်စင်စစ်၊ သူတို့သည် သူတို့၏ဘိုး၊ ဘေးဘီဘင်တို့အား လမ်းမှားရောက်၍ မိရိုးဖလာလမ်းစဉ်ကို လိုက်နေသူများအဖြစ်သာ တွေ့ရှိခဲ့ကြ၏။

[70] သို့ဖြစ်ပေရာ သူတို့သည် (ဖိရိုးဖလာလမ်းစဉ်အတိုင်း လိုက်နာခဲ့ကြသောဘိုး၊ ဘေး၊ ဘီ၊ ဘင်များဖြစ် ကြသော) သူတို့၏ခြေရာများပေါ်၌ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်နာလာခဲ့ကြ၏။

[71] (အမှန်သော်ကား မုချဧကန်၊ သူတို့သည်သာမက) သူတို့အလျင် လွန်လေခဲ့ပြီးဖြစ်သော ရှေးခေတ် လူ့အသိုင်းအဝိုင်းများစွာလည်း လမ်းမှားရောက်ခဲ့ကြပြီ ဖြစ်၏။

[72] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သူတို့ထဲတွင် သတိပေးနှိုးဆော်သူများကိုလည်း စေလွှတ်တော်မူခဲ့ပြီး ဖြစ်၏။

[73] သို့ဖြစ်ပေရာ အသင် (ရစူလ်တမန်တော်) သည် သတိပေးနှိုးဆော်ခြင်းခံခဲ့ကြ (ရပါလျက် အလေးမထား ဂရုမစိုက်ဘဲ လမ်းမှားရောက်ခဲ့ကြသော) သူတို့၏နောက်ဆုံးအကျိုးဆက် (ဇတ်သိမ်းခန်း) မည်သို့ ဖြစ်ခဲ့သည်ကို ရှုမြင်လေ့လာသုံးသပ်ကြည့်လော့။

[74] သို့ရာတွင် စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှုမြဲမြံသော အလ္လာဟ်အရှင်မြတ်၏အစေခံလူသားများမူကား (ထိုမိရိုးဖလာလမ်းစဉ်အ တိုင်း လိုက်နာသူတို့တွင်) မပါဝင်ကြပေ။

[75] ထို့ပြင် ဧကန်ပင်၊ (တမန်တော်) နူးဟ်သည် (အရှင့်အစေခံနှင့်သတိပေးနှိုးဆော်သူအဖြစ်) ငါအရှင်မြတ်အား (အကူအညီအတွက်) ဟစ်ခေါ် ဆုတောင်းပန်ကြားခဲ့လေရာ ငါအရှင်မြတ်သည် (တမန်တော် နူးဟ်၏ ပန်ကြားချက်ကို တုံ့ပြန်တော်မူခဲ့၏။) သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည်) အဘယ်မျှ ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူလျက် အဘယ်မျှ ကောင်းမွန်စွာ တုံ့ပြန်ဖြေကြားတော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။

[76] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အားလည်းကောင်း၊ သူ့မိသားစုအသိုင်းအဝိုင်းများ (နှင့်စစ် မှန်သောနောက်လိုက်များ) ကိုလည်းကောင်း၊ ကြီးကျယ်လှစွာသော (ဘေးဒုက္ခ) ပူပင်သောကမှ ကယ် တင် လွတ်မြောက်စေတော်မူခဲ့၏။

[77] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်၏သားစဉ်မြေးဆက်ကိုမူ (အဓွန့်ရှည်တည်တံ့စေရန် ချန်လှပ်ထားတော်မူ၍) ကျန်ရစ်သူများအဖြစ် ဖြစ်စေတော်မူခဲ့၏။

[78] ထို့ပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် (တမန်တော်) နူးဟ် (အပေါ်၌ မေတ္တာပို့သ၍ သတိရလျက် စံနမူနာဖြစ်ဖွယ်ရာ) အကြောင်းကို ချန်ထားစေတော်မူခဲ့၏။

[79] ထို့နောက် လောခပ်သိမ်း (ကမ္ဘာသူကမ္ဘာသားများ) တွင် (တမန်တော်) နူးဟ်၏အပေါ်ဝယ် ငြိမ်းချမ်းသာယာမှုသည် ကျရောက်ပါစေကြောင်း (စလာမ် မေတ္တာပို့သကြ၏။)

[80] ဧကန်ပင်၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[81] ဧကန်စင်စစ်၊ (တမန်တော်) နူးဟ်သည် ငါအရှင်မြတ်၏သက်ဝင်ယုံကြည်သောအစေခံ အမှုတော်ဆောင်တို့တွင် (တစ်ဦး) အပါအဝင်ဖြစ်၏။

[82] ထို့နောက် ငါအရှင်မြတ်သည် အခြားသော (အာခံဖီဆန်) သူတို့အား နှစ်မြှုပ်တော်မူခဲ့၏။

[83] ထို့ပြင် ဧကန်ပင်၊ (တမန်တော်) နူးဟ်၏လမ်းစဉ်ကို လိုက်သူတို့တွင် (တမန်တော်) အီဗ်ရာဟီးမ်သည်လည်း အမှန်ပင် တစ်ဦးအပါအဝင်ဖြစ်၏။

[84] (တမန်တော်) အီဗ်ရာဟီးမ်သည် (ယုံကြည်မှုသစ္စာတရား၌ မရိုးသား မမှန်ကန် မတည်ကြည်သော မည်သည့် သဲလွန်စမျှပင် မရှိစေဘဲ) တည်ငြိမ်အေးချမ်းသောနှလုံးသားဖြင့် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့ လှည့်၍ ချဉ်းကပ်ခဲ့စဉ်။

[85] (သတိရကြလော့။ တမန်တော်) အီဗ်ရာဟီးမ်သည် သူဖခမည်းတော်အားလည်းကောင်း၊ သူ့လူမျိုးတို့အားလည်းကောင်း၊ “သင်တို့က ကိုးကွယ်နေကြသောအရာမှာ မည်သည့် အရာနည်း။” ဟု မေးမြန်းခဲ့စဉ်။

[86] သင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ (သင်တို့ကိုယ်တိုင်) လုပ်ကြံဖန်တီးထားသော ကိုးကွယ်ရာများကို (ဆည်းကပ်ကိုးကွယ်ရန် လက်ကိုင်ပြုထားလျက်) လိုလားကြသလော။

[87] သို့ဖြစ်လျှင် စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့သည် မည်သို့ တွေ့မြင်ဆင်ခြင်ကြသနည်း။

[88] ထို့နောက် (တမန်တော် အီဗ်ရာဟီးမ်သည် (ရုပ်ပွားဆင်းတုများကို ဆည်းကပ်ကိုးကွယ်ကြသူတို့၏ ဘာသာရေး အခမ်းအနား၌ ပါဝင်ရန် ဖိတ်ကြားခြင်းခံရသောအခါ) သူသည် ကြယ်နက္ခတ်တာရာများကို မျက်စိတစ်ချက် ဝေ့ကြည့်ခဲ့လေ၏။

[89] ထို့နောက် ''ဧကန်ပင်၊ ကျွန်ုပ်သည် (သင်တို့၏ရုပ်ပွားဆင်းတုကိုးကွယ်နေခြင်းအပေါ် စိတ်မကောင်းဖြစ်လျက်) နာမကျန်းဖြစ်နေ၏။'' ဟု ပြောဆိုခဲ့လေ၏။

[90] သို့ဖြစ်၍ သူတို့သည် (တမန်တော်) အီဗ်ရာဟီးမ်၏ထံမှ ကျောခိုင်း၍ လှည့်ပြန်ထွက်ခွာခဲ့ကြသူများ ဖြစ်ကြလေ၏။

[91] ထို့နောက် (တမန်တော်) အီဗ်ရာဟီးမ်သည် သူတို့၏ကိုးကွယ်ရာ (ရုပ်ပွားဆင်းတု) ဘက်သို့ လှည့်၍ ချဉ်းကပ်ပြီးလျှင် “သင်တို့သည် (သင်တို့ရှေ့ဝယ် ဆည်းကပ်ထားသော အစားအသောက်များကို) မစားကြ သလော။

[92] သင်တို့အတွက် မည်သည် (က အဟန့်အတားဖြစ်သော) ကြောင့် စကား မပြောနိုင်ကြသနည်း။

[93] တစ်ဖန် (တမန်တော်) အီဗ်ရာဟီးမ်သည် ယင်း (ရုပ်ပွားဆင်းတု) တို့ဘက်သို့ လက်ယာလက်ဖြင့် အစွမ်းကုန် ရိုတ်ခတ်ရန် လှည့်၍ ချဉ်းကပ်လေ၏။

[94] ထို့နောက် သူ့လူမျိုးတို့သည် သူ့ဘက်သို့ အပြေးအလွှား ရှေ့တိုးရောက်လာခဲ့ကြ၏။

[95] ထိုအခါ သူက “သင်တို့သည် သင်တို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ်ကြသလော။

[96] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် သင်တို့အားလည်းကောင်း၊ သင်တို့ပြုလုပ်ကြ သောအရာများ (၏မူလအရင်းအမြစ်များ) ကိုလည်းကောင်း၊ (အားလုံးကိုပင်) ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။

[97] (တမန်တော်အီဗ်ရာဟီးမ်၏လူမျိုးတို့က အချင်းချင်းကြား ဆွေးနွေးနှီးနှောကြပြီးနောက်တွင်) သူတို့က ''သူ့အတွက် မီးရှို့စေနိုင်သည့်လောင်တိုက်တစ်ခုကို တည်ဆောက်ကြလော့။” (ဟု ပြောကြ၍ ယင်းမီးရှို့စင်ပြီးစီး သောအခါ) “သူ့ကို မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလော့။'' (ဟု ပြောဆိုခဲ့ကြ၏။)

[98] သို့ဖြစ်ပေရာ သူတို့သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့်ပတ်သက်၍ ဆိုးရွားသောကြံစည်မှု၊ မဟာဗျူဟာ တစ်ခုကို ရည်ရွယ်ဆောင်ရွက်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် သူတို့အား (သူတို့၏ကြံစည်မှုအား အထ မမြောက်ဘဲ) အနိမ့်ဆုံးအဆင့်သို့ တိုးကျ၍ အရှက်ကွဲစေရန် စီမံဖြစ်စေတော်မူခဲ့၏။

[99] ထို့နောက် (တမန်တော်) အီဗ်ရာဟီးမ်က ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဇာတိမြေကို စွန့်၍ အရှင်၏ကျေနပ်နှစ်မြို့မှုအတွက်သာ) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အ ရှင်မြတ်ထံတော်သို့ ထိုအရှင်မြတ်က မကြာမီ ကျွန်ုပ်ကို လမ်းညွှန်တော်မူလိမ့်မည်ဖြစ်ကြောင်း (ခိုင်မာသော ခံယူချက်ဖြင့် သွားနေပါ၏။” ဟု ပြောခဲ့၏။)

[100] အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်အား ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်၍ ပြုပြင်ကြသူတို့အနက်မှ (သားရတနာတစ်ပါး) ချီးမြှင့်ပေးသနားတော်မူပါ။ “ဟု ဆုတောင်းလေ၏။

[101] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူ့အား နူးညံ့သိမ်မွေ့ပြီး ခန္တီတရားနှင့်ပြည့်စုံသောသားရတနာနှင့်ပတ်သက်၍ (ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ပေးတော်မူခဲ့၏။

[102] ထို့နောက် (တမန်တော်အီဗ်ရာဟီးမ်၏) သားတော်သည် သူနှင့်အတူ (ဘဝလိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်) ရုန်းကန်လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက ''အို၊ ချစ်သား၊ ဧကန်ပင်၊ ကျွန်ုပ်သည် အိပ်မက်တွင် အသင့်အား စွန့်လှူစတေးနေသည်ကို အမှန်ပင် မြင်မက်ခဲ့၏။ သို့ဖြစ်ပေရာ (ထိုမြင်မက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍) စဉ်းစားဆင်ခြင်သုံးသပ်ပြီး သင်၏အမြင်က မည်သို့နည်း။'' (ဟုသည်ကို ပြောလော့။)။ သားက ''အို၊ ခမည်းတော်၊ ခမည်းတော်အား စီမံချက်အမိန့်တော်ချမှတ်ပေးတော်မူသည့်အတိုင်းသာ လိုက်နာ ဆောင်ရွက်ပါလော့။ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ခမည်းတော်က ကျွန်တော့်အား (အရှင့်အမိန့်တော်ကို နာခံလိုက်နာရာတွင်) ခန္တီသည်းခံ့ကြံ့ခိုင်မှုမြဲမြံသူတို့အနက်မှ တစ်ဦးဖြစ်ကြောင်း အမှန်ပင် တွေ့ရပါလိမ့်မည်။” ဟု ဖြေကြားလေ၏။

[103] ထို့နောက် သူတို့ (သားအဖ) နှစ်ဦးစလုံးတို့သည် (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံအပ်နှံလျက်) အရှင့်ဆန္ဒတော်၊ အမိန့်တော်ကို လိုက်နာပြီး (တမန်တော်) အီဗ်ရာဟီးမ်သည် (လှီးဖြတ်ရန်) ထိုသားတော်အား မှောက်လှဲ ချခဲ့သည့်အခါ။

[104] ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီးမ်ကို “အို၊ အီဗ်ရာဟီးမ်”၊ ဟု ခေါ်တော်မူခဲ့၏။

[105] ဧကန်ပင်၊ အသင် (တမန်တော်အီဗ်ရာဟီးမ်) သည် အိပ်မက်အတိုင်း ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခဲ့ကြောင့် သက်သေပြခဲ့ပြီ။ (ဖြစ်၍ အရှင်မြတ်၏အမိန့်တော်ကို နာခံခဲ့သည့်အတွက် သားတော်ကို စွန့်လှူ၊ စတေးစရာ မလိုပေ။) ဧကန်ပင်၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[106] ဧကန်မလွဲ၊ ဤသည် ထင်ရှားစွာသောစမ်းသပ်မှုတစ်ရပ် အမှန်ပင် ဖြစ်၏။

[107] ထို့ပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်သော စတေးမှုအစား သားကောင်ကောင်ဖြင့် (အစားထိုးစေတော်မူ၍ သားတော်အား စတေးရခြင်းကို ကင်းလွတ်ခွင့်ပေးရန်) ရွေးယူတော်မူခဲ့၏။

[108] ထို့ပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် (ကမ္ဘာတည်သရွေ့ တမန်တော်အီဗ်ရာဟီးမ်နှင့်တမန်တော်၏စံနမူနာယူဖွယ်ရာ သတင်းစကားများကို သတိရလျက်) သူ့အပေါ်၌ မေတ္တာပို့သခြင်းကို ချန်ထားတော်မူ၏။

[109] (တမန်တော်) အီဗ်ရာဟီးမ်အပေါ်ဝယ် “ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။”

[110] ထို့ပြင် ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[111] ဧကန်စင်စစ်၊ (တမန်တော်) အီဗ်ရာဟီးမ်သည် ငါအရှင်မြတ်၏သက်ဝင်ယုံကြည်သောအစေခံ၊ အမှုတော်ဆောင်တို့တွင် (တစ်ဦး) အပါအဝင်ဖြစ်၏။

[112] ထို့ပြင် ငါအရှင်မြတ်သည် သူ့အား (မကြာမီ သားရနာတစ်ပါးရစေတော်မူပြီး သူသည်) ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်၍ ပြုပြင်ကြသူတို့ထဲတွင် တစ်ဦးပါအဝင်ဖြစ်သော နဗီတမန်တော် အစ်ဟာက်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို မိန့်ကြားတော်မူခဲ့၏။

[113] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်၏အပေါ်၌လည်းကောင်း၊ (တမန်တော်) အစ် ဟာက်၏အပေါ်၌လည်းကောင်း၊ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များ ချီးမြှင့်ပေးအပ်တော်မူ၍ ကျက်သရေ မင်္ဂလာ ရှိစေတော်မူခဲ့၏။ ထို့ပြင် သူတို့နှစ်ဦးစလုံး၏သားစဉ်မြေးဆက်တို့အနက်မှလည်း မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှ ကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များနှင့် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် သူကိုယ်တိုင် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ သူများလည်း ရှိခဲ့ကြ၏။

[114] တစ်ဖန် ဧကန်မလွဲ ငါအရှင်မြတ်သည် (တမန်တော်) မူဆာနှင့် (တမန်တော်) ဟာရူန်တို့အပေါ်လည်း (အထူးအခွင့်အရေးအဖြစ် ဂုဏ်သိက္ခာ၊ အရည်အချင်း၊ မျက်နှာသာပေးမှုနှင့်ကျေးဇူးတော်များဖြင့်) အခွင့် အရေးပေး၍ ဂုဏ်ပြုတော်မူခဲ့၏။

[115] ထို့ပြင် ငါအရှင်မြတ်သည် သူတို့နှစ်ဦးစလုံးနှင့်သူတို့၏လူမျိုးတို့ကိုလည်း ကြီးကျယ်လှစွာသော (ဘေးဒုက္ခ) ပူပင်သောကမှ ကယ်တင်မြောက်စေတော်မူခဲ့၏။

[116] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကူညီစောင်မတော်မူခဲ့ရာ သူတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်လာခဲ့ကြ၏။

[117] တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်မူဆာနှင့်တမန်တော်ဟာရူန်) နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သား (၍ လောကီလောကုတ္တရာ နှစ်ဌာစလုံး၏အောင်မြင်မှုများ၊ ပျော်ရွှင်မှုများနှင့်လျှို့ဝှက်ချက်များနှင့်စပ် လျဉ်းသော ရှင်းလင်းချက်များပါဝင်) သည့်ကျမ်းတော်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[118] ထို့ပြင် ငါအရှင်မြတ်သည် သူတို့နှစ်ဦးစလုံးအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူခဲ့၏။

[119] ထို့ပြင် ငါအရှင်မြတ်သည် နောက်လာနောက်သားတို့တွင် သူတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (ကမ္ဘာတည်သရွေ့ တမန်တော်အီဗ်ရာဟီးမ်နှင့်သူတို့၏စံနမူနာယူဖွယ်ရာ သတင်းစကားများကို သတိရလျက် ထုတ် ဖော်နိုင်ရန်) ချန်ထားတော်မူခဲ့၏။

[120] (တမန်တော်) မူဆာနှင့်(တမန်တော်) ဟာရူန်တို့အပေါ် “ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။”

[121] ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[122] ဧကန်စင်စစ်၊ သူတို့နှစ်ဦးစလုံးသည် ငါအရှင်မြတ်၏သက်ဝင်ယုံကြည်သောအစေခံ၊ အမှုတော်ဆောင်တို့တွင် အပါအဝင်ဖြစ်ကြ၏။

[123] ထို့ပြင် ဧကန်စင်စစ်၊ (တမန်တော်) အီလ်ယာစ်သည် အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်တို့တွင် အမှန်ပင် တစ်ဦး အပါအဝင်ဖြစ်၏။

[124] (သတိရကြလော့။ တမန်တော်) အီးလ်ယာစ်သည် သူ့လူမျိုးတို့အား “သင်တို့သည် အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ခြင်း မပြုကြ လေသလော။”ဟု ဟောပြောခဲ့စဉ်။

[125] သင်တို့သည် အကောင်းဆုံးနှင့်အသင့်တော်အလိုက်ဖက်ဆုံး ပုံသဏ္ဌာန်နှင့်အမြင့်မြတ်ဆုံး ဖန်တီးနိုင်စွမ်း ရှိစေတော်မူလျက် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်အား ကျောခိုင်း စွန့်ပယ်ထား၍ ဗအ်လာ (ရုပ်ပွားဆင်းတု နေနတ်ဘုရား အစရှိသည်တို့) ကို ဆက်လက် ဆည်းကပ်ကိုးကွယ်ပန်ကြား နေကြမည်လော။

[126] အလ္လာဟ်အရှင်မြတ်သည် သင်တို့ကိုလည်းကောင်း (သင်တို့အလျင်) လွန်လေခဲ့ပြီဖြစ်သော သင်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[127] သို့တစေလည်း သူတို့သည် (တမန်တော်) အီးလ်ယာစ်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ၊ ဧကန်စင်စစ်၊ သူတို့သည် (ပြစ်မှုကျူးလွန်ကြောင်း တရားဝင် စွဲချက်များဖြင့် ရုံး တင်စစ်ဆေးတော်မူရန် အရှင့်ရှေ့တော်မှောက်သို့) အမှန်ပင် ရောက်ရှိစေတော်မူမည်။

[128] သို့ရာတွင် စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှု မြဲမြံသော အလ္လာဟ်အရှင်မြတ်၏အစေခံလူသားများမူကား (ထိုသို့ တရားစွဲဆိုခြင်း ခံကြရသူတို့ တွင် မပါဝင်ကြချေ)။

[129] ထို့ပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် (ကမ္ဘာတည်သရွေ့ တမန်တော်အီလ်ယာစ်နှင့်သူ၏စံနမူနာယူဖွယ်ရာ သတင်းစကားများကို သတိရလျက်) သူ့အပေါ်၌ မေတ္တာပို့သခြင်းကို ချန်ထားတော်မူ၏။

[130] (တမန်တော်) အီလ်ယာစီန်အပေါ် “ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။”

[131] ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[132] ဧကန်စင်စစ်၊ (တမန်တော်) အီလ်ယာစီန်သည် ငါအရှင်မြတ်၏သက်ဝင်ယုံကြည်သောအစေခံ၊ အမှုတော်ဆောင်တို့တွင် (တစ်ဦး) အပါအဝင်ဖြစ်၏။

[133] ထို့ပြင် ဧကန်စင်စစ်၊က (တမန်တော်) လူးသ်သည် အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်တို့တွင် အမှန်ပင် တစ်ဦး အပါအဝင်ဖြစ်၏။

[134] ငါအရှင်မြတ်သည် (တမန်တော်) လူးသ်အားလည်းကောင်း၊ သူ့မိသားစုအသိုင်းအဝိုင်းများ (နှင့်စစ်မှန် သော နောက်လိုက်များ) အားလုံးကိုလည်းကောင်း၊ ကြီးကျယ်လှစွာသော (ဘေးဒုက္ခ) ပူပင်သောကမှ ကယ်တင်တော်မူခဲ့စဉ်

[135] (သို့သော်) အမျိုးသမီးအိုတစ်ဦးကိုမူ (ခြွင်းချက်) ကျန်ရစ်ခဲ့သူတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့၏။

[136] ထို့နောက် ငါအရှင်မြတ်သည် အခြားသော သူတို့အား ပျက်သုဉ်းစေတော်မူခဲ့၏။

[137] စင်စစ်မူကား ဧကန်ပင်၊ သင်တို့သည် (ကုန်သွယ်မှုအတွက် ခရီးသွားခဲ့စဉ် သူတို့၏ပြိုလဲပျက်စီးလျက် ကျန်ရစ်နေသော အဆောက်အဦးများ၏ဘေးမှ) နံနက်ပိုင်းတွင် အမှန်ပင် ဖြတ်သန်း သွားလာလျက်ပင် ရှိခဲ့ကြ၏။

[138] ထိုနည်းတူစွာ (သင်တို့သည်) ညနေပိုင်းတွင်လည်း (ဖြတ်သန်းသွားလာလျက် ရှိကြပေမည်။) သို့ပါလျက် (ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သောအရှင် အလျှင်း မရှိကြောင်းကို) သင်တို့သည် ဆင်ခြင် တုံတရား သုံး၍ တွေးခေါ်ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

[139] ထို့ပြင် ဧကန်စင်စစ်၊ (တမန်တော်) ယူနူးစ်သည် အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်တို့တွင် အမှန်ပင် တစ်ဦး အပါအဝင်ဖြစ်၏။

[140] (သတိရကြလော့။ တမန်တော်) ယူနူးစ်သည် ကုန်စည်အပြည့်တင်ထားသော ရေယာဉ်သင်္ဘောဘက်သို့ (ထွက်ပြေးသူတစ်ဦးပမာ) သုတ်ခြေတင်သွားခဲ့စဉ်။

[141] ထို့နောက် (တမန်တော်) ယူနူးစ်သည် (ရေယာဉ်သင်္ဘော နစ်မြုပ်လုနီးပါးဖြစ်လျက် ကုန်ဝန်လျော့နည်းစေရန် လူအရေအတွက်ကို ဖယ်ရှားလို၍) မဲနှိုက်ခြင်းအား သဘောတူခဲ့ရာ၊ သူက ရှုံးနိမ့်သူတို့တွင် အပါအ ဝင်ဖြစ် (၍ ရေထဲပစ်ချခြင်းခံရ) လေ၏။

[142] သို့ဖြစ်ပေရာ (တမန်တော်ယူနူးစ်သည် အရှင့်အမိန့်ပညတ်ချက်များဖြင့် သွန်သင်နေခဲ့စဉ် မယုံကြည် သူတို့က မဟုတ်မတရား စွပ်စွဲ၍ ငြင်းပယ်ခြင်းကြောင့် ထိုဒေသမှ ထွက်လာခဲ့ခြင်းအတွက်) သူသည် မိမိကိုယ်ကိုမိမိ ပြစ်တင်နေခဲ့စဉ်ပင် ငါးကြီးသည် သူ့ကို မျိုချခဲ့လေ၏။

[143] အကယ်၍ သူသည် (အရှင်မြတ်က ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ခဲ့ကြသူတို့အနက်မှ မဖြစ်ခဲ့လျှင်။

[144] အမှန်ပင် သူသည် လူသားအားလုံးရှင်ပြန်ထစေခြင်းခံရမည့်နေ့အထိ ထိုငါးကြီး၏ဝမ်းဗိုက်ထဲ၌ပင် (ကွယ်လွန်၍ ယင်းက သူ၏သင်္ချိုင်းဖြစ်လျက်) နေခဲ့ရပေမည်။

[145] သို့သော် ငါအရှင်မြတ်သည် သူ့အား လွင်တီးခေါင်ကမ်းခြေ၌ ပစ်တင်စေတော်မူခဲ့ရာ သူသည် (စိတ်ပင် ပန်းနွမ်းနယ်လျက်) နာမကျန်းဖြစ်ခဲ့၏။

[146] ထို့ပြင် ငါအရှင်မြတ်သည် သူ့အပေါ်၌ (အရိပ်ဖြစ်စေတော်မူရန် ဘူးပင်ကဲ့သို့) နွယ်တက်သောအပင် အမျိုးအစားအနက်မှ အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။

[147] ထို့နောက် ငါအရှင်မြတ်သည် သူ့အား (နောက်လိုက်ဦးရေ) တစ်သိန်း သို့မဟုတ် ထိုထက်မက ပိုမို၍ တိုးတက်လာမည့် သူ့လူမျိုးတို့ထံ (အရှင့်အမိန့်ဗျာဒိတ်များအား သွန်သင်ပို့ချသည့် တာဝန်ဖြင့် ထပ်မံ၍) စေ လွှတ်တော်မူခဲ့၏။

[148] ထိုသို့ဖြင့် (ဤတစ်ကြိမ်တွင်) သူ့လူမျိုးတို့သည် သက်ဝင်ယုံကြည်လာခဲ့ကြပြီး ငါအရှင်မြတ်သည်လည်း သူတို့အတွက် သတ်မှတ်ပြဌာန်းပြီး ဖြစ်သော အချိန်ကာလအထိ လောကီအကျိုးခံစားခွင့်များနှင့်ရပိုင် ခွင့်များဖြင့် ခံစားခွင့်ပေးတော်မူခဲ့၏။

[149] သို့ဖြစ်၍ (အို၊ ရစူလ်တမန်တော်) “အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အတွက် သမီးမိန်းကလေးများရှိစေလို၍၊ သူတို့အတွက် သားယာကျာ်းကလေးများကို ရှိစေလိုကြသလော။” ဟု သူတို့အား မေးမြန်းလော့။

[150] သို့တည်းမဟုတ် ငါအရှင်မြတ်သည် မလာအီကာကောင်းကင်စေတမန်တို့အား “အမ” များအဖြစ် ဖွဲ့စည်း ဖြစ်တည်စေတော်မူပြီး သူတို့သည် (ယင်းနှင့်စပ်လျဉ်း၍) မျက်မြင်သက်သေများ ဖြစ်ကြလေသလော။

[151] သတိထားကြလော့။ ဧကန်ပင်၊ ယင်းတို့သည် သူတို့က လုပ်ကြံဖန်တီးထားသော လုပ်ဇာတ်များအနက်မှ ပြောဆိုနေကြခြင်း ဧကန်မုချပင် ဖြစ်၏။

[152] အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက် မည်သူမည်ဝါကို) “အရှင့်သားတော် ဖြစ်စေ၏။'' ဟု စွပ်စွဲ ပြီး ဧကန်ပင်၊ သူတို့သည် (လူတို့အား လိမ်လည်လှည့်စားနေကြသော) မုသာဝါဒီများ မုချဧကန်၊ ဖြစ်ကြလေ၏။

[153] (လိင်ခွဲခြားဆက်ဆံဖြစ်စေရန်) ထိုအရှင်မြတ်သည် သမီးမိန်းကလေးများကို သားယောကျာ်းကလေးများထက် ဦးစားပေး ရွေးချယ်တော်မူခဲ့သလော။

[154] သင်တို့အတွက် (ထိုအရှင်မြတ်က ဆင်ခြင်တုံတရားနှင့်အတွေးအခေါ်များ ဖြစ်စေတော်မူလျက်) မည်သို့ ဖြစ်နေကြသနည်း။ သင်တို့သည် (အသိဉာဏ်မဲ့စွာဖြင့် ထင်ရာမြင်ရာကို) မည်သို့ အဆုံးအဖြတ် ပေးကြသနည်း။

[155] သင်တို့သည် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ကျမ်းတော်ကို အလေးထားလျက်) ဆင်ခြင်သုံးသပ် ပြီး သတိတရား မရကြလေသလော။

[156] သို့တည်းမဟုတ် သင်တို့အတွက် (ထိုသို့ ထင်ရာစိုင်းပြုမူရန်) ထင်ရှားသော အခွင့်အာဏာပေးထားသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိသလော။

[157] သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုပြုမူသောသစ္စာဝါဒီများ ဖြစ်ကြလျှင် (သင်တို့အား ထိုသို့ပြုမူခွင့် အာဏာပေးထားသည့်) သင်တို့၏ကျမ်းတော်နှင့်တကွ ယူဆောင်လာ၍ တင် ပြကြလော့။

[158] ထို့ပြင် သူတို့သည် (သူတို့၏ထင်မြင်ယူဆချက်ဖြင့် အမျိုးမျိုးအပုံပုံ ဇာတ်ခင်းကြလျက် နတ်များ၊ ရုပ်ပွားဆင်းတုများကို ဆည်းကပ်ကိုးကွယ်ရခြင်း၏ဆင်ခြေအကြောင်းရင်းအဖြစ် တင်ပြနိုင်ရန်) ထိုအရှင်မြတ်နှင့်ဂျင်န်(န်) တို့ကြား ဆွေမျိုးတော်စပ်မှုကို ကြံစည်ဖန်တီးခဲ့ကြ၏။ အမှန်စင်စစ်သော်ကား ဂျင်န်(န်) တို့ကိုယ်တိုင် သည်ပင် (သူတို့လည်း အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအစေခံများသာဖြစ်ပြီး ပြစ်မှုကျူးလွန်မိလျှင် အရှင့်ရှေ့တော်မှောက်၌) အမှန်ပင် တရားဝင်စွဲချက်ဖြင့် အရေးယူခံရရန် ရောက်ရှိစေခြင်းခံကြရမည့်သူများ ဖြစ်ကြောင်းကို ကောင်းစွာ သိနေကြ၏။

[159] အလ္လာဟ်အရှင်မြတ်သည် သူတို့က (စိတ်ကူးယဉ်အယူအဆဖြင့်) လုပ်ကြံဖန်တီး၍ ကိုးကွယ်ဆည်းကပ် နေကြသည့်အရာများနှင့်ချို့တဲ့မှုများမှ လုံးဝ ကင်းရှင်းတော်မူပြီး (အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[160] သို့ရာတွင် စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက် နာကျင့်သုံးမှုမြဲမြံသော အလ္လာဟ်အရှင်မြတ်၏အစေခံလူသားများမူကား (ထိုသို့ တရားစွဲဆိုခြင်း ခံကြရသူတို့တွင် မပါဝင်ချေ)။

[161] သို့ဖြစ်ရာ ဧကန်ပင်၊ (မယုံကြည်သူများဖြစ်ကြသော) သင်တို့သည်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်မှအပ) သင်တို့က ယုံကြည်ဆည်းကပ်ကိုးကွယ်နေကြသော ကိုးကွယ်ရာတို့သည်လည်းကောင်း။

[162] သင်တို့သည် (အားလုံး စုရုံးလျက်ပင်) ထိုအရှင်မြတ်ဘက်သို့ ဦးတည်နေသူများနှင့်စပ်လျဉ်း၍ (မည်သူ့ကိုမျှ) လမ်းလွဲစေနိုင်မည့်သူများ မဟုတ်ကြပေ။

[163] သို့ရာတွင် ရည်ရွယ်ချက်ရှိရှိ လောင်ကျွမ်းစေသော ငရဲဘုံရောက်စေမည့်လမ်းစဉ်ကို လိုက်နာသူများကိုသာ (ခြွင်းချက်အဖြစ်) လမ်းလွဲစေနိုင်မည်ဖြစ်၏။

[164] (နတ်သမီးများသည် အရှင်မြတ်နှင့်ဆွေမျိုးတော်စပ်ကြောင်း ကြွေးကြော်ခြင်းနှင့်စပ်လျဉ်း၍ ကောင်းကင်စေတမန်များကလည်း) စင်စစ်သော်ကား ကျွန်ုပ်တို့အနက်မှ ကိုယ်စီကိုယ်ငအတွက် ရာထူးအဆင့် အတန်းနှင့်တာဝန်များ သတ်မှတ်ခန့်အပ်တော်မူကြောင်း သိနေခြင်းမှအပ (အခြားမရှိပေ)။

[165] ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်တို့သည် (အရှင့်စည်းမျဉ်းတော်များအတိုင်း နာခံလိုက်နာလျက် တာဝန်ကိုယ်စီ ဖြင့်) ရာထူးအလိုက် စနစ်တကျ အစီအရီ) တန်းစီနေကြသူများ ဖြစ်ကြ၏။

[166] ထိုမှတစ်ပါး ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[167] ဧကန်မလွဲ၊ (မယုံကြည်သူနှင့်အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် ပြောဆို ကြလေ့ရှိ၏။

[168] ဧကန်အမှန်၊ အကယ်၍ ကျွန်ုပ်တို့ထံ၌ ကျွန်ုပ်တို့အလျင် လွန်လေခဲ့ပြီဖြစ်သော ရှေးခေတ်လူတို့ထံမှ ဆုံးမဩဝါဒပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်စရာ တစ်စုံတစ်ရာရှိခဲ့လျှင်။

[169] အမှန်ပင် ကျွန်ုပ်တို့သည် စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှုမြဲမြံသော အလ္လာဟ်အရှင်မြတ်၏အစေခံ၊ အမှုတော်ဆောင်များပင် ဖြစ်ကြလိမ့်မည်။

[170] သို့ရာတွင် သူတို့သည် ယင်း (ဆုံးမဩဝါဒပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်စရာ ကျမ်းတော်) နှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြကြောင်း သူတို့ မကြာမီပင် သိကြလိမ့်မည်။

[171] အမှန်သော်ကား ငါအရှင်မြတ်၏အမိန့်ဗျာဒိတ်တော်သည် ငါအရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်များဖြစ်နှင့်ပတ်သက်၍ ရှေးပြေးအဖြစ် သတ်မှတ်တော်မူခဲ့ပြီး ဖြစ်၏။

[172] ဧကန်ပင်၊ သူတို့သည်သာလျှင် (အောင်ပွဲခံကြရန်) ကူညီစောင်မခြင်းခံကြရမည့်သူများ ဖြစ်ကြ၏။

[173] ဧကန်အမှန်၊ ငါအရှင်မြတ်၏တပ်မတော်သည်သာလျှင် လွှမ်းမိုးအောင်သူများ ဖြစ်ကြ၏။

[174] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ (သူတို့၏ အပြောအဆိုနှင့်အပြုအမူများကို အလေးမထားဘဲ လျစ်လျူရှူ၍) သူတို့ဘက်မှ မျက်နှာလွဲလျက် လွတ်ထားလော့။

[175] ထို့ပြင် အသင်သည် သူတို့အား (သူတို့၏မယုံကြည်ငြင်းပယ်မှုက မည်သည့်ဘက်သို့ ဦးတည်သည်ကို မျက်ခြေမပြတ် စောင့်ကြည့်လော့။ မကြာမီပင် သူတို့သည်လည်း မြင်ကြရပေမည်။)

[176] သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။

[177] စင်စစ်သော်ကား ယင်းပြစ်ဒဏ်သည် သူတို့၏နယ်ပယ်ထဲသို့ လွှမ်းခြုံဆင်းသက်စေတော်မူသောအခါ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နံနက်ခင်းသည် အလွန်ဆိုးရွားလှသော အကုသိုလ် နံနက်ခင်းပင် ဖြစ်လိမ့်မည်။

[178] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ (သူတို့၏အ ပြောအဆိုနှင့်အပြုအမူများကို အလေးမထားဘဲ ဥပေက္ခာပြု၍) သူတို့ဘက်မှ မျက်နှာလွဲလျက် လွတ်ထားလော့။

[179] ထို့ပြင် အသင်သည် သူတို့အား (သူတို့၏မယုံကြည်ငြင်းပယ်မှုက မည်သည့်ဘက်သို့ ဦးတည်သည်ကို မျက်ခြေမပြတ် စောင့်ကြည့်လော့။ မကြာမီပင် သူတို့သည်လည်း မြင်ကြရပေမည်။)

[180] အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ ဂုဏ်သိက္ခာ တန်ခိုးစွမ်း အားနှင့်မြင့်မြတ်မှု အလုံးစုံ ဖြစ်ပေါ်စေနိုင်၍ ပြန်လည်ဆုတ်ယုတ်စေတော်မူသောအရှင်မြတ်သည် သူတို့က (စိတ်ကူးယဉ်အယူအဆဖြင့်) လုပ်ကြံဖန်တီး၍ ကိုးကွယ်ဆည်းကပ်နေကြသည့်အရာများနှင့်ချို့တဲ့မှုများမှ လုံးဝ ကင်းရှင်းတော်မူပြီး (အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[181] အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်တို့အားလုံးအပေါ် “ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ။”

[182] ထို့ပြင် (ကမ္ဘာဦးမှစ၍ တမလွန်ဘဝအထိ မည်သူမဆိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သူ့ကို ပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ချီးမွမ်းနိုင်ခြင်းနှင့်ကျေးဇူးတင်နိုင်ခြင်းသည် ထိုကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှု နှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

ဆွဒ်

Surah 38

[1] ဆွာဒ်။ (ငါအရှင်မြတ်သည် ဂုဏ်အသရေတင့်တယ်ပြီး အမှန်တရားသစ္စာကို လမ်းညွှန်ရုံသာမက သတိပေး နှိုးဆော်ဖွယ်ရာ ဆုံးမဩဝါများလည်း ပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာများ ပြည့်နှက်လျက် မြင့်မြတ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။

[2] သို့သော်ငြားလည်း အမှန်မှာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ကြသောသူ) တို့သည် သူတို့ကိုယ်သူတို့ အထင်ကြီးလျက် ဂုဏ်သိက္ခာ၊ မက်မောမှုနှင့်ပြိုင်ဘက်ကိုယ်စီဖြင့် ဂိုဏ်းဂဏစွဲများတွင် (နစ်မြုပ်နေကြခြင်းဖြင့် အမှန်တရားသစ္စာကို စူးစမ်းလေ့လာခြင်းမရှိဘဲ သတိတရားရခြင်းမှ ကင်းဝေးလျက်) ရှိနေကြ၏။

[3] ငါအရှင်မြတ်သည် သူတို့မတိုင်မီ (သူတို့ကဲ့သို့ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသော မျိုးဆက်များအနက်မှ) သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာလှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့ မည်မျှကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်း (သမိုင်းစာမျက်နှာများတွင် စူးစမ်းလေ့လာ ကြည့်ကြလော့)။ နောက်ဆုံးတွင် သူတို့သည် အကူအညီအတွက် ဟစ်အော်မြည်တမ်းခဲ့ကြသော်လည်း (အချိန်နှောင်းခဲ့ပြီဖြစ်ရာ သူတို့၏နောင်တရမှုက အကျိုးမဲ့စေလျက် သူတို့အတွက် ပြစ်ဒဏ်မှ) လွတ်မြောက်စရာ အချိန်ကာလဟူ၍ အလျှင်း မရှိခဲ့ပေ။

[4] စင်စစ်မှာမူကား သူတို့သည် မိမိတို့အနက်မှပင် သတိပေနှိုးးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့သြထူးဆန်းစရာအဖြစ် ထင်မြင်ယူဆခဲ့ကြ၏။ ထို့ပြင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေ ဖည် ငြင်းဆန်သူ) တို့က ဤပုဂ္ဂိုလ်သည် မှော်ပယောဂဆရာတစ်ဦးဖြစ်ပြီး (သူကိုယ်တိုင် ကြံစည် ဖန်တီးထားသည်ကို အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြောဆိုနေသော) လိမ်လည်သူတစ်ဦးပင် ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[5] ထိုပုဂ္ဂိုလ်သည် (ကျွန်ုပ်တို့၏မိရိုးဖလာ ရုပ်ပွားဆင်းတု ကိုးကွယ်မှုအပါအဝင်) ကိုးကွယ်ရာဘုရားအားလုံးအစား အရှင်တစ်ဆူဝါဒကို စီမံဖြစ်စေပြီလော။ ဧကန်မလွဲ၊ ဤသည် လွန်စွာ ထူးဆန်း အံ့ဩဖွယ်ရာတစ်ခုပင် ဖြစ်၏။

[6] ထို့ပြင် သူတို့အနက်မှ အကြံပေးအကြီးအကဲများက (လက်အောက်ငယ်သားများအား လှုံ့ဆော်ရန်) ထွက်လာကြပြီး “ဆက်လက်ရှေ့တိုး၍ လှုပ်ရှားကြလော့။ ထို့ပြင် သင်တို့၏ (မိရိုးဖလာ) ကိုးကွယ်ရာများအ ပေါ် (မားမားမတ်မတ်ရပ်တည်လျက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံကြလော့။ ဧကန်ပင်၊ ဤသည် (ထိုပုဂ္ဂိုလ်နှင့်သူ့နောက်လိုက်များက တမင်တကာ ကြံစည်၍) ရည်ရွယ်ဆောင်ရွက်စေသောအရာတစ်ခု အမှန်ပင် ဖြစ်၏။

[7] ကျွန်ုပ်တို့သည် လွန်လေခဲ့ပြီးဖြစ်သော ယုံကြည်မှုဆိုင်ရာလမ်းစဉ် ဓလေ့ထုံးစံများတွင် ဤသည်နှင့်စပ် လျဉ်း၍ ကြားခဲ့ဖူးခြင်း မရှိချေ။ ဤသည် လုပ်ဇာတ်မှအပ အခြား မဟုတ်ပေ။

[8] ကျွန်ုပ်တို့အားလုံးအနက်မှ သူ့အပေါ်၌သာလျှင် ဆုံးမသြဝါဒများပါရှိသည့် ထိုသတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာကို ချမှတ်ပေးအပ်ခြင်းခံရလေသလော။ အမှန်စင်စစ် သူတို့သည် (သူတို့ကိုယ်သူတို့ အထင် ကြီးလျက် ဂုဏ်သိက္ခာမက်မောမှုကြောင့်) ငါအရှင်မြတ်၏ဆုံးမသြဝါဒများပါရှိသည့် ထိုသတိရ တသ၍ ထုတ်ဖော်ဖွင့်ဟ စရာနှင့်စပ်လျဉ်း၍ (သို့လောသို့လောဖြစ်လျက်) ဒွိဟသံသယ၌ပင် ရှိနေကြ၏။ စင်စစ်မူကား သူတို့သည် (မောက်မာမှုနှင့်အမှန်တရားကို ငြင်းပယ်မှုအားစွန့်လွတ်ရသည်အထိ) ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မမူသေးသောကြောင်​ဖြစ်၏။

[9] သူတို့ထံ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ (လူသား တို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်ဆိုင်ရာ တနာသိုက် (ဘဏ္ဍာတော်) များကို ပိုင်ဆိုင် ထိန်းသိမ်းထားကြလေသလော။

[10] သို့တည်းမဟုတ် သူတို့၌ မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ထိုနှစ်ခုလုံးကြား၌ ရှိသမျှ တို့ကိုလည်းကောင်း၊ အုပ်ချုပ်နိုင်သော အချုပ်အခြာအာဏာ ရှိလေသလော။ သို့ရှိခဲ့လျှင် သူတို့သည် (ကြိုးများ၊ လှေကားများ နည်းပညာနည်းစနစ်များ ထီထွင်ကြံဆမှုများ စသည့်) ရှိသမျှနည်းလမ်းနှင့်အကြောင်းခံများကို အသုံးပြု၍ (တမန်တော်မြတ်ထံ အရှင့်အမိန့်ဗျာဒိတ်တော်များ ချမှတ်ပေးတော်မူသည်ကို တားဆီးပိတ်ပင်နိုင်ရန် မိုးကောင်းကင်သို့) တက်ကြစေလော့။

[11] (သူတို့သည်) ထိုနေရာ (မက္ကာမြို့၏ပတ်ဝန်းကျင်ဒေသ) တွင် အုပ်စုများအနက်မှ (အုပ်စုတစ်ခုသည် ရှေးခေတ်က တမန်တော်များကို အာခံဖီဆန်သောကြောင့် လုံးလုံးလျားလျား အညွန်းချိုးစေတော်မူသကဲ့ သို့ပင် မကြာမီ) ရှုံးနိမ့်သူများ ဖြစ်ကြလိမ့်မည်။

[12] သူတို့အလျင်လည်း (တမန်တော်) နူးဟ်၏လူမျိုး၊ အားဒ်လူမျိုးနှင့်အထင်ကြီးရလောက်အောင် အမာခံ တပ်များကို ပိုင်ဆိုင်ထားသောဖာရိုမင်းဆက် တို့သည်လည်း (တမန်တော်များကို မဟုတ်မတရား လိမ် လည်စွပ်စွဲ၍) ဖီဆန်ငြင်းပယ်ခဲ့ကြ၏။

[13] ထိုနည်းတူစွာ ဆမူဒ်လူမျိုး၊ (တမန်တော်) လူးသ်၏လူမျိုးနှင့်တောအုပ်၌ နေကြသောအိုက်ကသ်၏အပေါင်းအဖော်တို့သည်လည်း တမန်တော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ဖီဆန်ငြင်းပယ်ခဲ့ကြပြီး) ထိုသူတို့သည် ရှေးခေတ်အင်အားကြီးအုပ်စုများပင် ဖြစ်ခဲ့ကြ၏။

[14] ထိုအုပ်စုကြီးအားလုံးသည် ရစူလ်တမန်တော်တို့အား မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ဖီဆန်ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ဒဏ်ခတ်အရေးယူမှုသည် (သူတို့အပေါ် မရှောင်လွဲနိုင်သော ပြစ်ဒဏ်အဖြစ် သက်ရောက်စေတော်မူခြင်းမှာ) တရားမျှတကြောင်းထောက်ပြနေ၏။

[15] စင်စစ်သော်ကား ဤသူတို့သည် ယင်းအတွက် ခေတ္တအချိန်ဆွဲ ရွှေ့ဆိုင်းခွင့်ပင်မရဘဲ ဆိုက်ရောက်လာမည့် တစ်ခုတည်းသော ပြင်းထန်သည့် ပေါက်ကွဲသံမှအပ (အခြားမည်သည်ကိုမျှ) စောင့်စားနေကြသည် မဟုတ်ပေ။

[16] ထို့ပြင် သူတို့သည် (တမန်တော်မြတ်အား ပြက်ရယ်ပြုပြောင်လှောင်သောအားဖြင့်) အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ တမလွန်တွင် တရားစီရင်စစ် ဆေး၍ စာရင်းရှင်းရမည့်နေ့ မတိုင်မီပင် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏ (ပြစ်ဒဏ်ဆိုင်ရာခွဲတမ်း) ဝေစုဝေပုံကို အလျင်အမြန် ဖြစ်စေတော်မူပါ။” ဟု လျှောက်ထားခဲ့ကြ၏။

[17] (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏ထိုးနှက်ပြောဆိုချက်များအပေါ် (အလေးမထားဘဲ တရားလမ်းမှန်၌ မားမားမတ်မတ်ရပ်တည်လျက် ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံလော့။ ထို့ပြင် အ သင်သည် ငါအရှင်မြတ်၏အစေခံအမှုတော်ဆောင်လည်းဖြစ် (ဉာဏ်ပညာ၊ ဩဇာအာဏာ၊ အုပ်ချုပ်မှု၊ စစ်ရေး၊ ကျွမ်းကျင်မှု၊ အရှင့်အမိန့်တော်များကို နာခံလိုက်နာမှု စသည်ဖြင့်) ဩဇာတိက္ကမကြီးမားသူလည်းဖြစ်သော (တမန်တော်) ဒါဝူးဒ် (၏ စံနမူနာယူဖွယ်ရာ အကြောင်းအရာများ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် (ကျိုးနွံစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင်မြတ်ဘက်သို့ ထပ်တလဲလဲ) ပြန်လှည့်သူပင် ဖြစ်ခဲ့၏။

[18] ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်ဒါဝူးဒ်၏ဩဇာခံများထဲတွင် တောင်တန်းဒေသနေ ယဉ်ကျေး မှု၊ မတွန်းကားသေးသော လူ့အဖွဲ့အစည်းနှင့်မြို့နေလူ့အဖွဲ့အစည်းများ ပါဝင်ရုံသာမက ထိုအရှင်မြတ် သည် ချို့တဲ့မှု လုံးဝ ကင်ရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ရန်အလို့ငှာ တောင်များနှင့်ငှက်တိရစ္ဆာန်များ ကိုလည်း (အသုံးခံဩဇာခံများ ဖြစ်စေတော်မူလျက်) ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ ဒါဝူဒ်နှင့်အတူ (အရှင်မြတ်အား) နာခံလိုက်နာစေတော်မူခဲ့၏။

[19] ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ငှက်တိရစ္ဆာန်များကိုလည်း စုရုံးစေလျက် (အရှင်မြတ်၏အမိန့်တော်အတွက် နာခံမြှုပ်နှံ၍ ဂုဏ်တင်စေတော်မူခြင်းဖြင့်) သူတို့အားလုံးသည် ထိုအရှင်မြတ်ဘက်သို့ (ထပ် တလဲလဲ ကျိုးနွံစွာ) ပြန်လှည့်သူများ ဖြစ်ကြလေ၏။

[20] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူးဒ်၏နိုင်ငံတော်အချုပ်အခြာနယ်ပယ်ကို အားဖြည့်စေ၍ ပိုမို ခိုင်မာတောင့်တင်းစေတော်မူခဲ့သည့်အပြင် သူ့အား ဓမ္မသတ်ဆိုင်ရာ ဉာဏ်အမြော်အမြင်နှင့်အဆုံး အဖြတ်ပေးနိုင်သော မိန့်ခွန်းအဟောအပြောစွမ်းရည်တို့ကိုလည်း ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[21] ထို့ပြင် (အို၊ ရစူလ်တမန်တော် တမန်တော်ဒါဝူးဒ်၏ဝတ်ပြုရာ အထွတ်အမြတ်နေရဖြစ်သည့်) လိပ်ခုံးအခန်းထဲသို့ (လူနှစ်ဦးတိတ်တဆိတ်) ကျော်ဖြတ်ဝင်ရောက်လာခဲ့သော အမှုကိစ္စဆိုင်ရာသတင်းအချက်အ လက်သည် အသင့်ထံ ရောက်လာလေသလော။

[22] သူတို့သည် (တမန်တော်) ဒါဝူးဒ် (၏ထိုအခန်းထဲ) သို့ ဝင်ရောက်၍ သူနှင့်တွေ့ဆုံခဲ့ကြသောအခါ သူသည် သူတို့အား (မြင်၍ တအံ့တဩဖြစ်လျက်) လန့်သွားခဲ့ရာ သူတို့က “အတိတ်တလန့်မဖြစ်ပါလေနှင့်။ (ကျွန်ုပ်တို့သည်) အချင်းချင်း တစ်ဦးပေါ်တစ်ဦး မတရားကျူးလွန်မိကြသော အမှုပြိုင်နှစ်ဦး ဖြစ်သောကြောင့် ကျွန်ုပ်တို့ ကြား၌ အမှန်တရားသစ္စာဖြင့် အမှန်ကို စီရင်ဆုံးဖြတ်ပေးပါ။ ထို့ပြင် မတရားမဖြစ်ပါစေနှင့်။ ကျွန်ုပ်တို့အား ညီမျှပြေပြစ်၍ ဖြောင့်မတ်တည်ကြည်သောလမ်းစဉ်ကို ညွှန်ပြပါ။”ဟု ပြောခဲ့ကြ၏။

[23] (သူတို့နှစ်ဦးအနက်မှ တစ်ဦး အမှုကိစ္စနှင့်စပ်လျဉ်း၍) “ဧကန်စင်စစ်၊ ဤပုဂ္ဂိုလ်သည် ကျွန်ုပ်၏အစ်ကို ဖြစ်ပြီး သူ၌ သိုးမ ကိုးဆယ့်ကိုးကောင်ရှိ၍ ကျွန်ုပ်တွင်မူ သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ပါလျက် သူက '' ယင်း သိုးမကိုလည်း ကျွန်ုပ်အား လွှဲအပ်လော့။''ဟု ပြောဆိုပါသည်။ ထို့ပြင် သူသည် စကားပြောရာ၌လည်း ပြင်းထန်လွန်း၍ ကျွန်ုပ်အား အနိုင်ကျင့်ပါသည်။” ဟု တင်ပြခဲ့၏။

[24] (ထိုစဉ် တမန်တော်) ဒါဝူးဒ်က “သူသည် သင်၏သိုးမကို သူ့သိုးမများနှင့်ပေါင်း၍ သူ့သိုးမဖြစ်စေရန် တောင်းဆိုခြင်းအားဖြင့် မုချဧကန်၊ အသင့်အား မတရားမိုက်မှားခဲ့လေ၏။ စင်စစ်မူကား သက်ဝင်ယုံကြည် ၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြသူတို့မှအပ များစွာသော စီးပွားရေးလုပ်ဖော် ကိုင်ဖက် (အစုစပ်လုပ်ကိုင်သူ) တို့သည် တစ်ဦးအပေါ်တစ်ဦး အမှန်ပင် မတရားကျူးလွန်မိုက်မှား၍ ခေါင်းပုံ ဖြတ်လေ့ရှိကြ၏။ ထိုသို့မလုပ်သောသူတို့မှာ အလွန်နည်းသော လူနည်းစုသာ ဖြစ်၏။ ထို့နောက် (တမန်တော်) ဒါဝူးဒ်သည် သူ့အား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ထင်မှတ်လျက် (အမှန်တရားကို နားလည်သဘောပေါက်၍) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံသည့် အနေဖြင့် ဦးညွှတ်လျက် အသနားခံပြီး နောင်တဖြင့် အရှင်မြတ်ဘက်သို့ (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ပြန်လှည့်ခဲ့လေ၏။

[25] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူ့အား ထိုကိစ္စအတွက် ခွင့်လွှတ်တော်မူခဲ့၏။ မုချဧကန်၊ ငါအရှင် မြတ်ထံတော်၌ သူ့အတွက် (ထူးကဲမြင့်မြတ်သော သူတော်စင်အဆင့်ဖြစ်သည့် နာမ်ရေးရာအားဖြင့် အရှင် မြတ်နှင့်) အနီးစပ်ဆုံးဖြစ်ခြင်းကိုလည်းကောင်း အကောင်းမြတ်ဆုံး ပြန်လည်ရာဌာနကိုလည်းကောင်း၊ အမှန်ပင် ရှိစေတော်မူ၏။

[26] အို၊ ဒါဝူးဒ်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့်အား (အရှင့်အမိန့်တော်များနှင့်အညီ အုပ်ချုပ်၍) မြေကမ္ဘာ၌ (အရှင့်ဂုဏ်တော်များဖြစ်သော သနားကြင်နာခြင်း၊ မေတ္တာထားခြင်း၊ ကူညီစောင်မခြင်း စသည်တို့ကို ထင်ရှားစေမည့်) ကိုယ်စားလှယ်တော်တစ်ဦးအဖြစ် ခန့်အပ်တော်ဂမူခဲ့ပေရာ အသင်သည် လူတို့ကြား၌ အမှန် တရားသစ္စာဖြင့် တရားစီရင် ဆုံးဖြတ်လော့။ ထို့ပြင် အသင်သည် ကိုယ်ပိုင်အလိုဆန္ဒနောက်သို့ မလိုက်စား လေနှင့်။ သို့လိုက်စားခဲ့မူ ယင်း (ကိုယ်ပိုင်အလိုဆန္ဒ) သည် သင့်အား အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်စေရန် ဦးဆောင်ပေလိမ့်မည်။ ဧကန်စင်စစ်၊ အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်သွားသူတို့သည် တမလွန်၌ စစ်ဆေး မေးမြန်း၍ စာရင်းရှင်းမည့် နေ့ကို မေ့လျော့ခဲ့ကြခြင်းကြောင့် သူတို့အတွက် ပြင်းထန်လှသော ပြစ်ဒဏ်ရှိ၏။

[27] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခု ကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ အချည်းနှီးအကြောင်းမဲ့ ရည်ရွယ်ချက်မဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ သည်မဟုတ် (ဘဲ လူသားတို့၏လွတ်လပ်သော စိတ်ဆန္ဒနှင့်အညီ ပြုမူလုပ်ဆောင်ရာတွင် တွေးတောဆင်ခြင် နိုင်ရန်အတွက်သာ ဖြစ်၏)။ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် ထိုကဲ့သို့ ဖြစ်တည်စေတော်မူခြင်းကို အကြောင်းမဲ့ စိတ်ကြိုက် လွတ်လပ်စွာ သုံးဆောင်ရန် သဘာဝအလျှောက် ဖြစ်သည်ဟုသာ) ထင်မြင်ယူဆကြကြောင့် ထိုမယုံကြည်သူတို့အတွက် ငရဲမီးမှ ဒုက္ခလှလှတွေ့ကြုံစရာ ရှိလေ၏။

[28] ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည် ကြသူတို့အား မြေကမ္ဘာဝယ် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများဖြစ်စေရန် ဆူပူသောင်းကျန်းသူများကဲ့ သို့ သဘောထား၍ ဆက်ဆံတော်စေမူမည်လော။ သို့တည်းမဟုတ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော သူတော်စင်တို့အား အရှက်မဲ့စွာဖြင့် အရှင့်စည်ဘောင် မှ ထွက်သွားပြီး အပျော်အပါးလိုက်စားလျက် ကောက်ကျစ်ယုတ်မာသူတို့ကဲ့သို့ သဘောထား၍ ဆက်ဆံတော်စေမူမည်လော။

[29] ဤသည် ငါအရှင်မြတ်ထံမှ အသင် (တမန်တော်) အပေါ်ဝယ် ယင်း၏အာယသ်သက်သေလက္ခဏာတော်များကို (အသိဉာဏ် သတိတရားနှင့်တာဝန်သိစိတ်ရှိသူ အားလုံးက) ချင့်ချိန်တွေးဆ၍ ဆင်ခြင် သုံးသပ် နိုင်ရန်အတွက်လည်းကောင်း၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် အတွက်လည်းကောင်း၊ ချမှတ်ပေးအပ်တော်မူသည့် ကျက်သ ရေမင်္ဂလာနှင့်ပြည့်စုံသော ကျမ်းတစ်စောင်ပင် ဖြစ်၏။

[30] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူးဒ်အား (ပြည့်စုံသော ဖြောင့်မတ်မှန်ကန်မှုပေါ် အခြေခံ၍ စီမံအုပ်ချုပ်ခဲ့သော တမန်တော်) စုလိုင်မာန်ကို (ဂုဏ်ပေးမှုအဖြစ်) ချီးမြှင့်တော်မူခဲ့၏။ အလွန်ပင် ထူးကဲပြောင်မြောက်သော အစေခံအမှုတော်ဆောင်တစ်ဦးပင် ဖြစ်ပေ၏။ ဧကန်ပင်၊ သူသည် (ငါအရှင်မြတ်ထံတော်သို့ လွန်စွာ ဝန်ချတောင်းပန် အသနားခံပန်ကြားလျက်) ပြန်လှည့်သူပင် ဖြစ်ခဲ့၏။

[31] တစ်ခုသော ညနေချမ်းအချိန်၌ လေ့ကျင့်ထားပြီး လျင်မြန်သွက်လက်ကာ (အရှင့်လမ်းစဉ်တွင် ရုန်းကန်ရန် အကောင်းဆုံးဖြစ်မည့်) မျိုးကောင်းစစ်မြင်းများကို (အသင့်ပြင်ထားလျက် ယူဆောင်လာ၍) သူ့ရှေ့ဝယ် တင်ပြလေ၏။

[32] (ထိုစစ်မြင်းများကို တမန်တော်စုလိုင်မာန်က တခဏတာ ရှုစားပြီနောက်) သူက “ဧကန်ပင်၊ ကျွန်ုပ်သည် (ဤစစ်မြင်းများကို ယင်းတို့ ပြေးလွှားလျက်) ကန့်လန့်ကာစည်းခြား နောက်ကွယ်သို့ ရောက်သည်အထိ နှစ်သက်မြတ်နိုးခြင်းသည်လည်းကောင်း၊ အခြားနှစ်သက်စရာ ကောင်းမြတ်သည့်အရာများကို နှစ်သက်မြတ်နိုး ခြင်းသည်လည်းကောင်း၊ (ယင်းတို့သည် ယင်းတို့၏ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းအရ ကျွန်ုပ်ကို) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သတိရစေသည့်အတွက်သာ ဖြစ်၏။

[33] (ထို့နောက် တမန်တော်စုလိုင်မာန်သည် မြင်းထိန်းတို့အား အမိန့်ပေးခဲ့သည်မှာ) “ထိုမြင်းများကို ကျွန်ုပ်ထံ ပြန်ယူခဲ့လော့”။ (ယင်းတို့ကို သူ့ရှေ့ရောက်စေသောအခါ) သူသည် ယင်းတို့၏ခြေများနှင့်လည်တိုင်များကို ပွတ်သပ်ပေခဲ့၏။

[34] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (တမန်တော်) စုလိုင်မာန်အား စမ်းသပ်တော်မူခဲ့ပြီး သူ့ပလ္လင်ပေါ်ဝယ် ရုပ်ကလပ်တစ်ခုကို ခင်းကျင်းချထားစေတော်မူခဲ့၏။ ထို့နောက် သူသည် (ခဝါချ၍ ဝန်ချတောင်းပန်လျက် အရှင်မြတ်ဘက်သို့) ပြန်လှည့်ခဲ့လေ၏။

[35] (တမန်တော်) စုလိုင်မာန်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ထို့ပြင် ကျွန်ုပ်၏နောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ (မပိုင်ဆိုင်) မသင့်တော်၊ မလိုက်ဖက်သည့် အချုပ်အခြာအာဏာကို ကျွန်ုပ်အား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ်၊ အရှင်မြတ်သည် အလွန် ရက်ရောစွာ ပေးကမ်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါ။”ဟု ဆု တောင်းခဲ့၏။

[36] သို့ဖြစ်၍ ငါအရှင်မြတ်သည် (သူ၏ဆုတောင်းမှုကို သဘောတူလက်ခံတော်မူပြီး) သူ့အတွက် လေကို သူ့ဆန္ဒရှိသော နေရာတိုင်းသို့ သူ့အမိန့်စီမံချက်ဖြင့် ညင်သာစွာ ဦးတည်တိုက်ခတ်ရန် သူ့လက်အောက်ခံ၊ ဩဇာခံ အမှုထမ်းအဖြစ် ဖြစ်စေတော်မူ၏။

[37] ထို့ပြင် (ငါအရှင်မြတ်သည်) စေတန်မကောင်းဆိုးဝါးများ ဆောက်လုပ်ရေးသမားနှင့် (ပင်လယ်မှ အဖိုးတန်ကျောက်မျက်ရတနာများကို ရှာဖွေထုတ်ယူပေးသော) ရေငုပ်သမားတိုင်းကိုလည်း (သူ့ဩဇာခံ လက် အောက်ခံများ ဖြစ်စေတော်မူခဲ့၏)။

[38] ထို့ပြင် (ပုန်ကန်သောင်းကျန်သူများ ဂျင်န်ဆိုးများ စသည့်) ခြေထိတ်များခတ်လျက် ပူးတွဲတုပ် နှောင်ထား ခြင်းခံကြရသော အခြားသူတို့လည်း (လက်အောက်ခံများအဖြစ် ရှိခဲ့၏)။

[39] ဤသည် ငါအရှင်မြတ်၏ထံတော်မှ ချီးမြှင့်တော်မူသည့် လက်ဆောင်များဖြစ်ရာ (ယင်းမှ အခြား သူတို့အား) ထောက်ပံ့ပေးကမ်းလော့။ သို့တည်းမဟုတ် (ဆုတ်ယုတ်စေရန်နှင့်အရှင့်ထံ အစစ်ဆေးခံရန်) စာ ရင်းအင်းမဲ့ အတိုင်းအဆမရှိ၊ ဆက်လက်ထိန်းချုပ်ထားလော့။

[40] မုချဧကန်၊ ငါအရှင်မြတ်ထံတော်၌ သူ့အတွက် (ထူးကဲမြင့်မြတ်သော သူတော်စင်အဆင့်ဖြစ်သည့် နာမ်ရေးရာအားဖြင့် အရှင်မြတ်နှင့်) အနီးစပ်ဆုံးဖြစ်ခြင်းကိုလည်းကောင်း၊ အကောင်းမြတ်ဆုံး ပြန်လည်ရာဌာ နကိုလည်းကောင်း၊ အမှန်ပင် ရှိစေတော်မူ၏။

[41] ထို့ပြင် (အို၊ ရစူလ်တမန်တော်) သင်သည် ငါအရှင်မြတ်၏အစေခံသတင်းဆောင် (တမန်တော်) အိုက် ယူဗ် (၏စံနမူနာယူဖွယ် အကြောင်းအချက်အလက်များ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ''ဧကန်ပင်၊ စေတန်မ ကောင်းဆိုးဝါးသည် ကျွန်ုပ်၌ စိတ်ဖိစီးမှုသောကနှင့်ဝေဒနာခံစားရမှု ထိရောက်သက်ရောက်စေပါပြီ။''ဟု ဆု တောင်းပန်ကြားခဲ့စဉ်။

[42] (ငါအရှင်မြတ်သည် သူ့အား) သင့်ခြေထောက်ဖြင့် (မြေကြီးကို ဆောင့်လော့။ ဤသည် ဆေးကြော ရန်နှင့်သောက်သုံးရန် အေးမြသောစိမ့်စမ်းရေပင် ဖြစ်၏။)

[43] ထို့ပြင် ငါအရှင်မြတ်သည် သူနှင့်သူ့မိသားစုအသိုင်းအဝိုင်းအတွက်လည်းကောင်း၊ သူတို့နှင့်အတူ ရှိသော အလားတူနောက်လိုက်များအတွက်လည်းကောင်း၊ အရှင့်ထံတော်မှ ကရုဏာတော် (ကျမ်းတော်) ကို ချီမြှင့်ပေးအပ်တော်မူပြီး (ယင်းကရုဏာတော်သည်) မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။

[44] ထို့ပြင် (တမန်တော် အိုက်ယူဗ် နာမကျန်းဖြစ်စဉ် သူ့အမျိုးသမီးက အမှားတစ်ခု ကျူးလွန်မိခြင်းအတွက် ကျိန်ဆိုခဲ့ရာ အရှင်မြတ်သည် သူ့အား) သင်သည် လက်တွင်းဝယ် ကျူပင်တစ်စည်းကို ဆုပ်ကိုင်၍ ယင်းဖြင့် ရိုက်လော့။ ထို့ပြင် သင်၏သစ္စာဆိုမှုကို မချိုးဖောက်မိလေနှင့်။”ဟု မိန့်တော်မူခဲ့၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့အား ခန္တီသည်းခံကြံ့ခိုင်မှုနှင့်သစ္စာရှိမှုမြဲမြံသူအဖြစ် တွေ့ရှိတော်မူခဲ့၏။ (တမန်တော်အိုက်ယူဗ်သည်) အလွန်ပင် ထူးကဲပြောင်မြောက်သော အစေခံအမှုတော်ဆောင်တစ်ဦးပင် ဖြစ်ပေ၏။ ဧကန်ပင်၊ သူသည် (ငါအရှင် မြတ်ထံတော်သို့ လွန်စွာ ဝန်ချတောင်းပန် အသနားခံပန်ကြားလျက်) ပြန်လှည့်သူပင် ဖြစ်ခဲ့၏။

[45] ထို့ပြင် (အို၊ ရစူလ်တမန်တော် အရှင်မြတ်အား နာခံအပ်နှံမှုနှင့်ကောင်းမှုကုသိုလ်ပြုရာတွင်) စွမ်းရည် သတ္တိရှိသူများဖြစ်ရုံသာမက ဉာဏ်အမြော်အမြင်အားဖြင့်လည်း အမြင်ကျယ်သူများ ဖြစ်ကြသော၊ (တမန်တော်) အီဗ်ရာဟီးမ် (တမန်တော်) အီစ်ဟာက်နှင့် (တမန်တော်) ယအ်ကူဗ်တို့ (၏စံနမူနာ ယူဖွယ်ရာအကြောင်းအရာများ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။

[46] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သူတို့အား (စိတ်စေတနာဖြူစင်မှုတွင်) ထူးခြားပြောင်မြောက်၍ စင်ကြယ်သော အကျင့်သီလရှိသူများနှင့် (တမလွန်ဘဝ၏) ဗိမာန်ကို အစဉ်မြဲမြံစွာ သတိရသူများအဖြစ် ထူး ခြားစေတော်မူခဲ့၏။

[47] ထို့ပြင် ဧကန်မလွဲ၊ သူတို့သည် ငါအရှင်မြတ်၏အမြင်တော်၌ (စင်ကြယ်ဖြူစင်မှုပြောင်မြောက် ပြည့်စုံသူများအဖြစ်) ရွေးချယ်တော်မူခြင်းခံကြရသူနှင့်ထူးချွန် ထင်ရှားသောသူတော်မြတ်တို့အနက်မှပင် ဖြစ်ကြ၏။

[48] တစဖန် (အို၊ ရစူလ်တမန်တော် အသင်သည် တမန်တော်) အီစ်မာအီလ်၊ (တမန်တော်) အလ်ယစအ် (အီစာယဟ်) နှင့် (တမန်တော်) ဇွလ်ကိဖ်လ်တို့ (၏စံနမူနာယူဖွယ်ရာ အကြောင်းအရာများ) ကိုလည်း သတိ ရ တသ၍ ထုတ်ဖော် ဖွင့်ဟလော့။ စင်စစ်သော်ကား သူတို့အားလုံးသည် ထူးချွန် ထင်ရှားသော သူတော်မြတ်တို့ အနက်မှပင် ဖြစ်ကြ၏။

[49] ဤ (ကျမ်းတော်) သည် (လူသားတို့အတွက် အကောင်းဆုံးစံနမူနာယူဖွယ်ရာများတွင် ပါဝင်စေတော်မူ လျက် ဖော်ပြထားတော်မူသည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (သတိပေးတရားတော်) ပင် ဖြစ် ၏။ ဧကန်ပင်၊ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူ) တို့အတွက် အကောင်းမြတ်ဆုံး ပြန်လည် ရာဌာနသည် အမှန်ပင် ရှိစေတော်မူ၏။

[50] ထာဝစဉ်နေထိုင်စံမြန်းစေရန် သုခဥယျာဉ်များရှိပြီး ယင်းတို့၏တံခါးပေါက်များကို သူတို့အတွက် (အသင့်) ဖွင့်လှစ်ထားပြီး ဖြစ်၏။

[51] (သူတို့သည်) ယင်းသုခဥယျာဉ်များ၌ (သလွန်များထက်ဝယ် မှီအုံးများကို မှီအုံးလျက်) ကျောခင်း၍ စံမြန်းနေကြလျက် သစ်သီးဝလံနှင့်သောက်သုံးဖွယ်ရာမျိုးစုံဖြင့် ထို၌ (သူတို့ကို) ဖိတ်ခေါ်ကြပေမည်။

[52] (သူတို့ကိုသာလျှင် မျက်ခြည်မပြတ် စောင့်ကြည့်၍ ဖြူစင်ရိုသားသော) မျက်လုံးလှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက်ကြည့်သည့် အလွန်လိုက်ဖက်သင့်တော်သော ဘဝဖော်များလည်း သူတို့နှင့်အ တူ ရှိကြလိမ့်မည်။

[53] ဤသည်ပင် (တမလွန်ဘဝ၌ စီရင်စစ်ဆေးမေးမြန်းခြင်းခံရ၍) စာရင်းရှင်းရမည့်နေ့နှင့်စပ်လျဉ်း၍ သင်တို့အား ကတိပေးပြောကြားခြင်း ခံကြရသောအရာပင် ဖြစ်၏။

[54] ဧကန်မလွဲ၊ ဤသည် (သင်တို့အတွက် ထားရှိတော်မူသော) ငါအရှင်မြတ်၏ရိက္ခာထောက်ပံ့မှုစစ်စစ် ဖြစ်၍ ယင်း၌ မည်သည့် လျော့နည်း ကုန်ခန်းစေမှုမျှ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

[55] ဤသည် (မွတ္တီ သူတော်ကောင်းတို့အတွက်ပင် ဖြစ်၏)။ သို့ရာတွင် (အရှင့်အမိန့်တော်များကို ချိုးဖောက်ကျူးလွန် အာခံဖီဆန်လျက်) ပုန်ကန်သောင်းကျန်းသူတို့အတွက် အလွန် ဆိုးရွားလှသော ပြန်လည် ရာဌာနသည် အမှန်ပင် ရှိစေတော်မူ၏။

[56] (ထိုပြန်လည်ရာစခန်းမှာ) ငရဲဘုံပင်ဖြစ်ပြီး သူတို့သည် ယင်း (ငရဲဘုံ) သို့ လောင်ကျွမ်းစေရန် ဝင်ရောက်စေလိမ့်မည် ဖြစ်၏။ သို့ဖြစ်ပေရာ (သူတို့၏နောက်ဆုံးပန်းတိုင်) အပန်းဖြေရာဆောင်ပန်းမှာ အလွန်ပင် ယုတ်ညံ့ ဆိုးရွားလှပေ၏။

[57] ဤသည် ကျိုက်ကျိုက်ဆူပွက်လျက်ရှိသော ရေပူနှင့်အလွန်အကျွံအေးခဲ၍ ညစ်ညမ်းမည်းနက်သော အရည်များဖြစ်ပြီး သူတို့သည် ယင်းကို မြည်းစမ်းကြစေ။

[58] ထို့ပြင် ပုံစံအမျိုးမျိုးဖြင့် အတွဲအဖက် (နှင့်တကွရှိနေသည့်ပြစ်ဒဏ်) များမှ အခြားသော (မြည်းစမ်းဖွယ်ရာ ပြစ်ဒဏ်) အမျိုးမျိုးလည်း ရှိလိမ့်မည်။

[59] (အို၊ ပုန်ကန်သောင်းကျန်းသူအပေါင်းတို့) ဤသည် (လောကီဘဝ၌) သင်တို့နှင့်အတူ မျက်ကန်းတောတိုး ပမာ ပြစ်မှုကျူးလွန်ရန် တိုးဝင်လာခဲ့ကြသည့် သင်တို့၏ရဲဘော်ရဲဘက် လူအုပ်ကြီးပင် ဖြစ် (၍ သင်တို့နှင့်အတူပင် ငရဲဘုံထဲသို့ ပြေးဝင်နေကြ) ၏။ သူတို့အတွက် ခရီးဦး ကြိုဆိုနှုတ်ဆက်သူ မရှိပေ။ ဧကန်စင်စစ်၊ သူတို့သည် ငရဲမီးထဲသို့ပင် လောင်ကျွမ်းခံရန် ဝင်ရောက်ကြရလိမ့်မည်။

[60] (သူတို့၏ခေါင်းဆောင်အကြီးအကဲတိုနှင့်ပတ်သက်၍ မျက်ကန်းတောတိုးပမာ နောက်လိုက်ဖြစ်ခဲ့ကြ သော) သူတို့က ''ထိုသို့ အလျှင်းမဟုတ်၊ စင်စစ် သူတို့အတွက်လည်း ခရီးဦး ကြိုဆိုနှုတ်ဆက်သူ မရှိပေ။ သင်တို့သည်ပင်လျှင် ဤဒုက္ခ (ဤအခြေအနေ) ကို ကျွန်ုပ်တို့အတွက် (လောကီကမ္ဘာ၌) ကြိုတင်ပြင်ဆင်၍ ယူဆောင်ခဲ့ခြင်း ဖြစ်၏။ စင်စစ်မှာကား ဤသည် အလွန် ယတ်ညံ့ဆိုးရွားလှပြီး ထာဝရအခြေချရမည့် နေရာထိုင်ခင်း ဖြစ်၏။”ဟု ဖြေကြားလိမ့်မည်။

[61] သူတို့က (ဆက်လက်၍) ''အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤအခြေအနေကို ကျွန်ုပ်တို့အတွက် (လောကီကမ္ဘာ၌) ကြိုတင်ပြင်ဆင်၍ ယူဆောင်ခဲ့သူ ဟူသမျှအား ငရဲဘုံတွင် ပြစ်ဒဏ်ကို နှစ်ဆတိုးစေတော်မူပါ။'' ဟု လျှောက်ထားကြပေမည်။

[62] (ထိုပုန်ကန်သောင်းကျန်းသူအကြီးအကဲများဖြစ်ကြသော) သူတို့က ”မည်သည့်အကြောင်းကြောင့် ကျွန်ုပ်တို့သည် (ယုံကြည်မှုအားနည်းပြီး ဆင်းရဲနွမ်းပါးသော) ဤပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ ရေတွက် မှတ်ထားလေ့ရှိသော ဆိုးသွမ်းယုတ်မာသောသူတို့၏စာရင်းတွင် အပါအဝင် ဖြစ်ကြောင်း မတွေ့မြင်ကြ ရသနည်း။

[63] ကျွန်ုပ်တို့သည်ပင် သူတို့အား ပြက်ရယ်ပြု လှောင်ပြောင်ဖွယ်ရာ၊ အဖက်မတန်သူများအဖြစ် မှတ်ယူခဲ့ ကြလေသလော။ သို့တည်းမဟုတ် (သူတို့သည် ကျွန်ုပ်တို့နှင့်အတူ ရှိခဲ့ကြသော်လည်း) ကျွန်ုပ်၏မျက်စိများသည် (လောကီဘဝ၌ သူတို့ကို အထင်အမြင်သေးသည့်အတွက်) ကျွန်ုပ်တို့၏အမြင်များ သူတို့မှ လွဲချော်၍ မျက်စိ မှောက်ကြလေသလော။

[64] ဧကန်မလွဲ၊ (ငရဲဘုံ၌) ငရဲမီး၏မိသားစုအပေါင်းအဖော်တို့ အချင်းချင်း ထိုကဲ့သို့ပင် အပြန်အလှန် ရှည်လျား ရှုပ်ထွေးသော အငြင်းအခုံ၌ ရှိကြမည်မှာ အမှန်ပင် အမှန်တရားအဖြစ် မှန်ကန်သင့်တော်၏။

[65] (အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်၏။ ထို့ပြင် ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့၊ နိုင်နင်းလွှမ်း မိုးတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပေ။”ဟု ဟောပြောလော့။

[66] (ထိုအရှင်မြတ်သည်သာလျှင်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်၊ လူ သားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင် နင်းလွှမ်းမိုး တော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[67] (အို၊ ရစူလ်တမန်တော် သူတို့အား) ထို (ကျမ်းတော်မြတ်ကုရ်အာန်) သည် ကြီးကျယ်သော မဟာသတင်းတော်ကြီးပင် ဖြစ်၏။

[68] သင်တို့သည် ယင်း (မဟာ သတင်းတော်ကြီး) မှ မျက်နှာလွှဲကျောခိုင်း၍ (မနှစ်သက်ကြောင်း ထုတ်ဖော်လျက်) လှည့်ပြေးနေကြ၏။

[69] (အထက်ကောင်းကင်၌ လူသားအား ဖွဲ့စည်းဖြစ်တည်မှုနှင့်စပ်လျဉ်း၍) သူတို့အချင်းချင်းကြား အငြင်းပွားခဲ့သောအခါ ကျွန်ုပ်သည် ထိုအမြင့်မားဆုံး အကြီးအကဲ (တို့၏စည်းဝေးပွဲ) အကြောင်းဆိုင်ရာ မည်သည့် အချက်အလက်ကိုမျှ မသိခဲ့ပေ။

[70] ကျွန်ုပ်သည် ထင်ရှားရှင်းလင်းသော သတိပေးနှိုးဆော်သူတစ်ဦးသာလျှင် ဖြစ်ကြောင်း ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရမှသာ ထိုသတင်းအချက်အလက်များကို သိခွင့်ရခဲ့ (ပြီး အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသည်နှင့်အညီ လိုက်နာ) ၏။

[71] (သတိရလော့)။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည်သော ''မလာအီကာ ကောင်းကင်စေတမန်တို့အား “ဧကန်ပင်၊ ငါအရှင်မြတ်သည် (သေမျိုးဖြစ်သော) လူသားတစ်ဦးအား မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ (ပြီး ကမ္ဘာဂြိုဟ်ကို ကိုယ်စားပြုသူအဖြစ် ဖြစ်စေ တော်မူ) မည်။” ဟု မိန့်တော်မူခဲ့စဉ်။

[72] ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေထားတကျ၊ ကျနစုံလင်စွာ ပုံဖော်စေတော်မူပြီးလျှင် သူ့၌ငါအရှင့်ထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူ၍ သက်ဝင်စေတော်မူသောအခါ သင်တို့ (မလာအီကာ ကောင်းကင်စေတမန်များ) သည် သူ့ရှေ့ဝယ် (သူ၏ထူးကဲမြင့်မြတ်မှုကို ဂုဏ်ပေးသောအားဖြင့်) ပျပ်ဝပ်ဦးချကြလော့။ ဟု မိန့်တော်မူခဲ့၏။

[73] သို့ဖြစ်ပေရာ မလာအီကာကောင်းကင်စေတမန်အပေါင်းတို့သည် အားလုံးတစ်ပြိုင်နက်တည်း ပျပ်ဝပ်ဦးချကြကုန်၏။

[74] သို့ရာတွင် အီဗ်လီစ်စေတန်မိစ္ဆာကောင်မူကား မောက်မာပလွှား၍ (အရှင့် အထူးအမိန့်တော်ကို အာခံဖီဆန်လျက်) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့တွင် အပါအဝင် ဖြစ်သွား ခဲ့လေ၏။

[75] (ထိုအခါ) အရှင်မြတ်က ''အို၊ အီဗ်လီစ်၊ ငါအရှင်မြတ်သည် (တန်ခိုးစွမ်းအားတော်ကို ကိုယ်စားပြုသည့်) ငါအရှင်၏လက်တော်နှစ်ဖက်ဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူ၏ရှေ့ဝယ် ပျပ်ဝပ်ဦးချခြင်းမှ အ သင့်အား မည့်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် (ငါအရှင်၏အမိန့်တော်ကို အာခံလာသည်အထိ) မာန်မာန ထောင်လွှားလေသလော။ သို့တည်းမဟုတ် အသင်သည် (မည်သည့်အမိန့်တော်မျှ ဦးချလိုက်နာစရာမလိုအောင် သင့်ကိုယ်သင်) အမြင့်မြတ်ဆုံးသောသူတို့အနက်မှ (တစ်ဦးအပါအဝင် ဖြစ်နေပြီဟု) ထင်မှတ်နေသလော။'' ဟု မိန့်ကြားတော်မူခဲ့၏။

[76] (အီဗ်လီစ်စေတန်မိစ္ဆာကောင်ဖြစ်သော) သူက “ကျွန်ုပ်သည် သူ့ထက် မြင့်မြတ်ပါ၏။ အရှင်မြတ်သည် ကျွန်ုပ်အား မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိုလူသားကိုမူကား မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ ၏။''ဟု လျှောက်ထားဖြေဆိုခဲ့လေ၏။

[77] အရှင်မြတ်က “ သို့ဖြစ်လျှင် သင်သည် ဤ (ကောင်းကင်ဘုံ)မှ ထွက်သွားလော့။ အကြောင်းမူကား သင်သည် ထာဝရ အပယ်ခံရသူ (အရှင့်ကရုဏာတော်မှကင်းဝေးစေခြင်းခံရသူ) ဖြစ်၏။

[78] ထို့ပြင် ဧကန်မလွဲ၊ သင့်အပေါ်၌ တမလွန်၌စီရင်ဆုံးဖြတ်တော်မူမည့်နေ့ကာလအထိ ငါအရှင်မြတ်၏ မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့် ကျိန်ဆဲမှု ရှိစေတော်မူ၏။

[79] (အီဗ်လီစ်စေတန်မိစ္ဆာကောင်ဖြစ်သော) သူက ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သို့ဖြစ်ပါလျှင် ကျွန်ုပ်ကို (လူသားအားလုံးအား) ရှင်ပြန်ထစေတော်မူမည့်နေ့အထိ (သေခြင်းတရားနှင့်ပြစ်ဒဏ်တို့မှ ကင်းလွတ်ခွင့်ပေးတော်မူလျက် စောင့်စားနိုင်ရန်) ခေတ္တရွှေ့ဆိုင်းစေတော်မူပါ။'' ဟု လျှောက်ထားခဲ့လေ၏။

[80] အရှင်မြတ်က “သို့ဆိုလျှင် ဧကန်ပင်၊ သင်သည် ရွှေ့ဆိုင်းခွင့်ပေး၍ စောင့်စားစေသူများအနက်မှ ဖြစ်၏။

[81] (ဆိုင်းငံ့ကာလမှာ) လူသိများသော ထိုသတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်သည့် အချိန်ကာလအထိသာ ဖြစ်၏။

[82] (အီဗ်လီစ်စေတန်မိစ္ဆာကောင်ဖြစ်သော) သူက “သို့ဖြစ်ပါလျှင် အရှင်မြတ်၏ဘုန်းတန်ခိုး အာနုဘော်ကို တိုင်တည်၍ပြောပါရစေ။ မုချဧကန်၊ ကျွန်ုပ်သည် လူသားအားလုံးကိုပင် အရှင်မြတ်အား အာခံပုန်ကန်၍ လမ်းမှားရောက်စေလိမ့်မည် ဖြစ်၏။

[83] သို့ရာတွင် သူတို့အနက်မှ စိတ်ရင့်စေတနာဖြူစင်စွာဖြင့် သက်ဝင်ယုံကြည်လျက် အရှင့်အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှုမြဲမြံသော ငါအရှင်မြတ်၏အစေခံ၊ အမှုတော်ဆောင်များ (ကိုမူ လမ်းမှားရောက် နိုင်မည်မဟုတ်သောကြောင့်) မပါဝင်ချေ။

[84] အရှင်မြတ်က “ငါအရှင်မြတ် (စီမံဖြစ်စေတော်မူသမျှ) သည် အမှန်တရားသစ္စာဖြစ်ပြီး အမှန်တရား သစ္စာကိုသာ ငါအရှင်မြတ် မိန့်တော်မူ၏။” ဟု မိန့်ကြားတော်မူခဲ့၏။

[85] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ငရဲဘုံကို (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ချိုးဖောက်လျက် ငရဲမီးနှင့်ထိုက်တန်သူများဖြစ်ကြသော) သင်တို့ဖြင့်လည်းကောင်း၊ လူသားတို့အနက်မှ အသင့်နောက် လိုက်ဖြစ်သူ အားလုံးဖြင့်လည်းကောင်း၊ ပြည့်နှက်စေတော်မည်။

[86] (အို၊ ရစူလ်တမန်တော်၊ သူတို့အား)၊ “ကျွန်ုပ်သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်အား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည် မ ဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်သည် အတုအပများကို ကြံစည်ဖန်တီး၍ ဟန်ဆောင်ပြောဆိုသူတို့အနက်မှလည်း အလျှင်း မဟုတ်ချေ။” ဟု ဟောပြောလော့။

[87] (စင်စစ်) ထို (ကုရ်အာန်ကျမ်းတော်မြတ်) သည် လောကခပ်သိမ်းအတွက် သတင်းကောင်းနှင့်သတိပေး နှိုးဆော်စရာများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ဖြစ်ခြင်းမှအပ (အခြားမည်သည့် ဘေးထွက် ဆိုးကျိုးမျှ မရှိသောကျမ်းတော်ဖြစ်ခြင်း မှလွဲ၍) အခြားမဟုတ်ပေ။

[88] ထို့ပြင် မုချဧကန်၊ သင်တို့သည် (သင်တို့အတွက် သတ်မှတ်ပြဌာန်းတော်မူသော) အချိန်ကာလနောက်တွင်မှ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ၏သတင်းအချက်အလက်များ (တိကျမှန်ကန်ကြောင်းကို) သိလာကြလိမ့်မည်။

အုပ်စုများ

Surah 39

[1] ဤသည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုး ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအလ္လာဟ်အရှင်မြတ်ထံတော်မှ ချမှတ်ပေးအပ်တော်မူသော (ကုရ်အာန်) ကျမ်းတော် မြတ်ပင် ဖြစ်၏။

[2] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ အသင်သည် အရှင့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အား ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့ မှုအတွက်သာ သီးသန့်ဖြစ်စေလျက် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။

[3] သတိပြုကြလော့။ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝ တည်ဆောက်ရေးလမ်းစဉ်) တော်သည် အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ သီးသန့်ဖြစ်ရမည်။ ထို့ပြင် ထိုအရှင်မြတ်မှလွဲ အခြားသက်ရှိသက်မဲ့တို့အား (သူတို့၏အရေးကိစ္စများအတွက် ယုံကြည်အားထားရသော) ကာကွယ်စောင့်ရှောက်သူများအဖြစ် အယူထားကိုးကွယ်ကြသူတို့က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ ကျွန်ုပ်အား အဆင့်အတန်းတစ်ခု ရစေလျက် နီးကပ်မှုဆောင်ကျဉ်းစေကြရန်အတွက်သာလျှင် ဆည်းကပ်ကိုးကွယ်ကြသည် (ဟု ဆင်ခြေပေးပြောဆိုကြ၏။) ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (တမလွန်တရားစီရင်မည့်နေ့တွင် အရှင်မြတ်တစ်ဆူတည်းကိုသာ ယုံကြည်ကိုးကွယ်သူများနှင့်အခြားသက်ရှိ သက်မဲ့တို့ကို ယုံကြည်ကိုးကွယ်သူများဖြစ်ကြသော) သူတို့အချင်းချင်းကြားဝယ် သဘောထားကွဲလွဲလျက် ငြင်းခုံ နေခဲ့ကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ရန် သန္နိဌာန်ချထားသော) မုသာဝါဒီများနှင့် (အရှင် မြတ်၏ကျေးဇူးတော်များဖြစ်သော စွမ်းရည်၊ စွမ်းအင်၊ ပင်ကိုယ်အရည်အသွေး၊ ရိက္ခာအထောက်အပံ့များကို နေ့စဉ် ရယူခံစားပါလျက်) ကျေးဇူးကန်းသူများအား တရားလမ်းမှန်သို့ ညွှန်ပြတော်မူမည် မဟုတ်ပေ။

[4] အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (ကိုယ်ပွား၊ ရုပ်ပွားဆင်းတု) သားတော် တစ်စုံတစ်ဦး (ကို အယူထား ကိုးကွယ်ရမည့်ရမည့်အရာအဖြစ်) ရွေးချယ်တော်မူရန် ရည်ရွယ်တော်မူခဲ့လျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို ဖွဲ့စည်းဖြစ်တည်စေတော်မူနိုင်၏။ ထိုအရှင် မြတ်သည် (သားတော် ရုပ်ပွားဆင်းတု အယူထားကိုးကွယ်မှုအစရှိသော ချို့တဲ့မှုများမှ လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်း နှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်ထားတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ထိုအရှင်မြတ်သည် ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[5] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်သော အခြေခံရည်ရွယ်ချက်နှင့်တကွ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ညကိုနေ့အပေါ် (တစ်ဆက်တည်း ထပ်လျက်) လွှမ်းခြုံစေတော်မူပြီး နေနှင့်လကိုလည်း သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူရုံသာမက အရာရာတိုင်းကိုလည်း ယင်းတည်ရှိရာနေရာနှင့်အချိန်ကာလ အတိုင်းအတာတစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ သတိပြုကြလော့။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[6] ထိုအရှင်မြတ်သည် သင်တို့ကို တစ်ခုတည်းသောနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မှ ဖွဲ့စည်းဖြစ် တည်စေတော်မူပြီး ယင်းနဖ်စ်မှ တစ်ဖန် ယင်း၏ဘဝဖော်ကို စီမံဖြစ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ (အထီးအမ စုံတွဲ) ရှစ်မျိုးကို ဒွယံဒွယံ ချမှတ်ပေးအပ်တော် မူခဲ့၏။ ထိုအရှင်မြတ်သည် သင်တို့အား သင်တို့မိခင်များ၏ဝမ်းကြာတိုက်အ တွင်းရှိ အမှောင်ထပ် သုံးထပ် အတွင်းဝယ် ဖွဲ့စည်းဖြစ်တည်စေမှု အဆင့်တစ်ခုနောက်တွင် နောက်အဆင့်တစ်ခုကို (ဆက်တိုက်ပြောင်းလဲ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အ ရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်ဖြစ်တော်မူပြီး (စကြဝဠာလောခပ်သိမ်းတို့သည် ထိုအရှင်မြတ်၏အချုပ်အခြာ၌သာ ရှိစေတော်မူလျက်) ထိုအရှင်မြတ် (၏စည်းမျဉ်းနိယာမတရားတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်မှအပ အခြား ခဝပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်၏နိယာမတရားတော်မှ မလွတ်မြောက်နိုင်ကြောင်းသိပြီးမှ ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်ကို စွန့်၍ အရှင်မြတ်ကို ပမာမခန့်ပြုလျက် အခြား မည်သည့်လမ်းစဉ်အတွက်) မည်သို့ မျက်နှာလွှဲ၍ ရှောင်ပြေးကြသနည်း။

[7] အကယ်၍ သင်တို့သည် (အရှင့်ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းလျက်) မယုံကြည်သွေ ဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မှ (လိုလားတောင်းတခြင်း၊ မှီခိုအား ထားခြင်း လုံးဝ ကင်းရှင်းတော်မူ၍ သင်တို့၏လိုအပ်ချက်အလုံးစုံကို ဖြည့်ဆည်းပေးတော်မူသော) ကုံလုံပြည့်စုံတော်မူ သည့်အရှင်ပင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားများအ တွက် (ကျေးဇူးကန်းရာ ရောက်သည့်) မယုံကြည်သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ သင်တို့ သည် ကျေးဇူးသိတတ်ကြလျှင် သင်တို့အတွက် ထိုကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ မည်သည့် (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သူမျှ သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သယ်ပို့စရာ မရှိစေရ။ ထို့နောက် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ သို့ပင် ပြန်လည်သွားကြရပေမည်ဖြစ်ရာ ထိုအရှင်မြတ်က သင်တို့ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သင်တို့အား ထုတ်ဖော် ဆင့်ပြန်ပြသတော်မူမည်။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် စိတ်နှလုံးမများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံး အတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[8] စင်စစ်သော်ကား ဘေးအန္တရာယ်တစ်စုံတစ်ရာသည် လူသားအား ထိရောက်နစ်နာစေသောအခါ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့ စိတ်ရောကိုယ်ပါ လှည့်စေ၍ ထိုအရှင်မြတ်အား ဟစ်ခေါ် တသလျက် ဆုတောင်း၏။ ထို့နောက် ထိုအရှင်မြတ်သည် သူ့အား အရှင့်ထံတော်မှ ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာ ချီးမြှင့်တော်မူသောအခါ သူသည် ယခင်က ထိုအရှင်မြတ်အား ဟစ်ခေါ် တသလျက် ဆုတောင်းခဲ့သည်ကို မေ့လျော့သွားပြီး ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော်တိမ်းပါးကာ လမ်းမှားရောက်စေရန် အခြားသက်ရှိသက်မဲ့များအား အယူထား ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် အလ္လာဟ်အရှင် မြတ်အတွက် တုပြိုင်တွဲဖက်များကို စီမံကြံစည်ဖန်တီးလေ၏။ (အို၊ ရစူလ်တမန်တော် ထိုလူသားအား) ''အသင်သည် သင့်မယုံကြည်မှုနှင့်သွေဖည်ငြင်းပယ်မှုဖြင့် လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့် (မတည်မြဲသော လောကီဘဝသက်တမ်း၌ပင်) ရယူခံစားလော့။ (ထိုသို့လုပ်ခြင်းဖြင့်) ဧကန်မလွဲ၊ အသင်သည် (အမြဲထာဝရခံစားရမည့်) ငရဲမီးအပေါင်းအဖော်တို့တွင် အပါအဝင် ဖြစ်ပေလိမ့်မည်။” ဟု ဟောပြောလော့။

[9] (အို၊ လူသားတို့၊ သင်တို့အနက်မှ) မည်သူသည် ည၏အချိန်ပိုင်း၌ ပျပ်ဝပ်ဦးချခြင်းဖြင့်လည်းကောင်း၊ မတ်တတ်ရပ်၍ ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်၍ဖြစ်စေ၊ သူ့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော်ကို မျှော်ကိုး၍ဖြစ်စေ၊ စိတ်ရင်းစေတနာဖြူစင်စွာနှင့်ရိုကျိုးစွာဖြင့် နာခံလိုက်နာကြသနည်း။ (ထိုသူသည် အထက်တွင် ဖော်ပြခဲ့သော မယုံကြည်သွေဖည်ငြင်းပယ်သူနှင့်တူပါသလော)။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သိနေသောသူ (ပညာရှိ) နှင့်မသိသောသူ (ပညာမဲ့) တို့သည် ထပ်တူထပ်မျှ တူညီသလော။ စူးစမ်းလေ့လာ၊ တွေးခေါ်ဆင်ခြင်၊ ချင့်ချိန် သုံးသပ်နိုင်ကြသော ပညာရှင်များသည်သာလျှင် (ပညာရှိနှင့်ပညာမဲ့ကိုလည်းကောင်း၊ အရှင်မြတ်အား နာခံအပ်နှံသူနှင့်အာခံဖီဆန်သူတို့ကိုလည်းကောင်း၊ ခွဲခြားသိမြင်နိုင်ပြီး အလေးအနက် အရေးစိုက်၍ သတိထားလျက်) အပြန်အလှန် ထုတ်ဖော်ဖွင့်ဟ ပြောဆိုကြ၏။”ဟု မေးမြန်းဟောပြောလော့။

[10] (အို၊ ရစူလ်တမန်တော် သူတို့အား) “အို၊ ငါအရှင်မြတ်၏သက်ဝင်ယုံကြည်သူ အစေခံအမှုတော်ဆောင် အပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုး ရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့အတွက် ဤလောကီဘဝသက်တမ်း၌ ကောင်းမြတ်သောအကျိုး ရှိ၏။ ထို့ပြင် (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဘဝတည်ဆောက်လိုသူအတွက်) အလ္လာဟ်အရှင်မြတ်၏မြေကမ္ဘာသည်လည်း ကျယ်ဝန်းလှပေ၏။ (ထိုသို့ဘဝဆောက်တည်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသမျှ ဒုက္ခအခက်အခဲ များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတို့သည်သာလျှင် သူတို့၏အကျိုးဆုလဒ်များကို စာရင်းအင်းမဲ့၊ အတိုင်းအဆမရှိဘဲ အလျှံပယ် ချီးမြှင့်ပေးအပ်ခြင်းခံကြရပေမည်။”ဟု ဟောပြောလော့။

[11] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်စင်စစ်၊ ကျွန်ုပ်သည် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင် ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ အဓိကဖြစ်စေလျက် စိတ်ရင်းစေတနာဖြူစင်သူအဖြစ် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းခံရ၏။” ဟု ဟောလော့။

[12] ထို့ပြင် ကျွန်ုပ်သည် (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံ အပ်နှံ၍ နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) ဦးဦးဖျားဖျား မွတ်စလင်များတွင် ပါဝင်ရန်လည်း အမိန့်ပေးတော်မူခြင်းခံရ၏။

[13] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ကျွန်ုပ်သည် အကယ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော်ကို အာခံဖီဆန်မိလျှင် ကြီးကျယ်လှသော (တမ လွန် တရားစီရင်မည့်) နေ့ (၌ ပြစ်ဒဏ်ပေးခံရမည်) ကို မုချဧကန်၊ ကြောက်ရွံ့စိုးရိမ်ပါ၏။” ဟု ပြောလော့။

[14] (အို၊ ရစူလ်တမန်တော်၊ သူတို့အား)၊ ကျွန်ုပ်သည် ကျွန်ုပ်၏ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ အဓိကဖြစ်စေလျက် စိတ်ရင်းစေတနာဖြူစင်သူအဖြစ် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ပါ၏။” ဟု ဟောပြောလော့။

[15] (အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များအား ကိုးကွယ်ခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း ကြိုတင် သတိပေးပါလျက် ကျွန်ုပ်၏ဖိတ်ခေါ်မှုကို ငြင်းပယ်သူတို့အနေဖြင့်) “သင်တို့သည် ထိုအရှင်မြတ်အား စွန့် လွှတ်၍ သင်တို့အလိုသည့် ကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်နေကြသလော။ ဧကန်မလွဲ၊ သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သင်တို့စိတ်ဆန္ဒအလျှောက် အသုံးချ၍ သင်တို့ကိုယ်တိုင် နှင့်သင်တို့၏မိသားစုအသိုင်းအဝိုင်များကိုပါ ဆုံးရှုံးနစ်နာစေလျက် ရှင်ပြန်ထမည့်နေ့တွင် အရှုံးသမားများ ဖြစ်ကြလိမ့်မည်။ သတိပြုကြလော့။ ထိုသို့အရှုံးသ မားဖြစ်လျှင် ယင်းသည် ပေါ်လွင်ထင်ရှားသော ဆုံးရှုံးမှုကြီးပင် ဖြစ်၏။

[16] သူတို့သည် သူတို့အတွက် သူတို့၏အထက်က အရိပ်အာဝါသ (အမိုး) သည်လည်းကောင်း၊ သူတို့၏အောက်က အောက်ခင်းအာဝါသသည်လည်းကောင်း၊ (ငရဲ) မီးမှ ဖြစ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အား ယင်းဖြင့် ထိုနည်းအတိုင်းပင် စိုးရွံ့ထိတ်လန့်စေတော်မူ၏။ သို့ဖြစ်ပေရာ၊ အို၊ ထိုအရှင်မြတ်၏အစေခံလူသားအပေါင်းတို့၊ သင်တို့သည် ငါအရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။

[17] သို့ရာတွင် (မိစ္ဆာဒိဌိ၊ မကောင်းဆိုးဝါး၏စွမ်းရည်၊ လူသားတို့တီထွင်ဖန်တီးထားသောဘုရားများ၊ အစရှိ သည့်) မှားယွင်းသော ကိုးကွယ်ရာများအား ဆည်းကပ်ကိုးကွယ်ခြင်းကို အနားမကပ်ဘဲ အဝေးက ရှောင် ကြဉ်လျက် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဦးလှည့်ကြသောသူတို့သည်ကား သူတို့အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်း ကောင်း ရှိနေ၏။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်၏ထိုအစေခံ၊ လူ သားတို့အား ဝမ်းမြောက် ဖွယ်ရာ သတင်း ကောင်းပါးလော့။

[18] ထိုသူတို့သည် အရှင့်စကားတော် (အာယသ်သက်သေလက္ခဏာတော်များ) ကို အာရုံစိုက်၍ နားထောင် ကြပြီးနောက် (လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍) အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံလိုက်နာကြ၏။ ထိုသူတို့သည်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည့် ပုဂ္ဂိုလ်များပင် ဖြစ်ကြ၏။ ထိုသူတို့သည်ပင် စူးစမ်းလေ့လာ တွေးခေါ်ဆင်ခြင်၊ ချင့်ချိန်သုံးသပ် နိုင်ကြသောပညာရှင်များ ဖြစ်ကြ၏။

[19] (အို၊ ရစူလ်တမန်တော်၊ သူ၏မယုံကြည်ဖီဆန်ငြင်းပယ်မှုကြောင့်) သူ့အပေါ်၌ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ အရှင့်စကားတော် (အမိန့်တော်) အား အမှန်တရားအဖြစ် အတည်ဖြစ်စေခြင်းခံရသူသည် (ဆုလဒ်ချီးမြှင့်တော်မူခြင်းခံရသူကဲ့သို) မျှတလျော်ကန်၊ ထိုက်တန်သူပင်ဖြစ်ရာ အသင်သည် ငရဲမီး၌ ရှိသူအား လွတ်မြောက်စေနိုင် မည်လော။

[20] သို့ရာတွင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့မူကား သူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေပြီး မြင့်စွင့်သော အဆင့်မြင့်ဗိမာန်များ တစ်ခု ပေါ်တစ်ခုထပ်၍ ဆောက်ထားမည် ဖြစ်သည်မှာ အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင် ဖြစ် ၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ကတိတော်ကို အပြည့်အဝတည်တော်မူရာ၌ မည်သည့်အခါမျှ ပျက်ကွက်တော်မမူပေ။

[21] (အို၊ မနုဿလူသား) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို သွန်းချ ရွာစေတော်မူ၍ ယင်းအား မြေကမ္ဘာတွင်ရှိသော မြစ်ချောင်း၊ အင်းအိုင်၊ ရေကြောရေကန်များထဲသို့ စီးဆင်းစိမ့်ဝင်စေတော်မူပြီးနောက် ယင်းရေဖြင့် အရောင်အဆင်း၊ အနံ့အရသာ အမျိုးမျိုး၊ အထွေထွေရှိသည့် ကောက်ပဲသီးနှံများကို ဖြစ်ထွန်း ထွက်ပေါ်စေတော်၏။ ထို့နောက် ယင်းတို့သည် တဖြည်းဖြည်း အဝါရောင်သမ်းလာသည်ကို မြင်စေလျက် ခြောက်သွေ့ညှိုးနွမ်းစေတော်မူပြီးနောက် တစ်စစီဖြစ်အောင် ပြိုလဲလျော့ပါးလွင့် ပျောက်စေတော်မူကြောင်းကို အသင်တို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ဧကန်မလွဲ၊ ထိုသို့ဖြစ်စေတော်မူခြင်း၌ စူးစမ်းလေ့လာ တွေးခေါ်ဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ကြသော ပညာရှင်တို့အတွက် သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာများ အမှန်ပင် ရှိနေ၏။

[22] သို့ဖြစ်ပေရာ (စကြဝဠာအတွင်းရှိ အရှင့်လက်ရာတော်များ၊ နိယာမတော်များနှင့်ကျေးဇူးတော်များကို စူးစမ်းလေ့လာ၍ သင်ခန်းစာရသည့်သူအား) အလ္လာဟ်အရှင်မြတ်သည် သူ့နှလုံးသားကို (အရှင့်အား ယုံ ကြည်အပ်နှံ၍ ငြိမ်းချမ်းရေးလိလားမှုအပေါ် အခြေခံထားသော) အစ္စလာမ်သာသနာအတွက် ကျယ်ဝန်းစေတော်မူမည်ဖြစ်ရာ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံမှဖြစ်သော အလင်းတော် (ကုရ်အာန်) ပေါ် ရပ်တည်သူဖြစ်လာ၏။ သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းမှ ဝေးကွာလျက် သူတို့၏နှလုံးသားများမှာ ခက်ထန်မာကျောလာသည့် အတွက် ဒုက္ခလှလှ ကြုံတွေ့ရသူတို့ကဲ့သို့ ဖြစ်မည်လော။ စင်စစ်သော်ကား ထိုသူတို့သည် ထင်ရှားရှင်းလင်း သော လမ်းမှားမှု၌ပင် ရှိနေကြ၏။

[23] အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး (အသုံးအဝင်ဆုံး၊ လူ့သဘောသဘာဝနှင့်သဟဇာတအဖြစ်ဆုံး) သော အမိန့်ထုတ်ပြန်ချက်တော်များကို အချင်းချင်း တစ်ခုနှင့်တစ်ခု တစ်သမတ်တည်း ထောက်ခံသည့်ပုံစံဖြင့် အဖန်ဖန်တလဲလဲနှင့်အသေးစိတ်ရှင်းပြပါရှိစေလျက် ကျမ်းတော်အဖြစ် ချမှတ်ပေးအပ်တော်မူ၏။ ယင်း (အမိန့် ထုတ်ပြန်ချက်တော်များ) မှ အချို့ကို (နားထောင်း၍ နားလည်သဘောပေါက်သည့်အခါ ကြက်သီးမွေးညင်းထလျက်) အရေပြားများက တဆတ်ဆတ် တစစ်စစ် တုန်ယင်ကြောင်းကို ခံစားရသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟသည့်အခါတွင်မူ သူတို့၏အရေပြားများနှင့်နှလုံးသားများသည် သောကဖိစီးမှု လျော့ပါး၍ သက်သောင့်သက်သာဖြစ်လျက် တည်ငြိမ်အေးချမ်းလာကြ၏။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်တော် (ကျမ်းတော်မြတ်ကုရ်အာန်) သည် ယင်းအားဖြင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပြီး အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) လမ်းမှားရောက်စေရန် ခွင့်ပြုတော်မူသောသူသည်ကား သူ့အတွက် မည်သည့် လမ်း ညွှန်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။

[24] သို့ဖြစ်ပေရာ ရှင်ပြန်ထမည့်နေ့တွင် (လက်များကို ချည်နှောင်ထားလျက် ငရဲမီးသို့ ပစ်ချခံရစဉ်) အလွန် ဆိုးဝါး ပြင်းထန်သော ပြစ်ဒဏ်များကို သူ့မျက်နှာဖြင့်သာ ကာကွယ်နိုင်ရန် (ကြိုးစားမည့်သူသည် ပြစ် ဒဏ်မှ ကင်းလွတ်ခွင့်ရ၍ အေးချမ်းလုံခြုံမှုခံစားနေရသူကဲ့သို့ ဖြစ်နိုင်) မည်လော။ ထို့ပြင် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား ''သင်တို့ သည် (လောကီဘဝ၌) သင်တို့ ဆည်းပူးရှာမှီးခဲ့သည်နှင့်အညီ (ထိုက်တန်သော ပြစ်ဒဏ်၏အရသာကိုလည်း) မြည်းစမ်းကြလော့။'' ဟု ပြောဆိုခြင်းခံရမည်ဖြစ်၏။

[25] သူတို့အလျင် ရှိခဲ့ကြသောသူတို့သည်လည်း (အမှန်တရားသစ္စာဖြစ်သော အရှင့်ကျမ်းတော်ကို) မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြရာ ပြစ်ဒဏ်သည် သူတို့ထံသို့ သူတို့သတိမမူ၊ မထင်မှတ်ထားသည့် နေရာတိုင်းမှ (နည်းမျိုးစုံဖြင့်) ဆိုက်ရောက်လာခဲ့လေ၏။

[26] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီဘဝသက်တမ်းတွင် အကျိုးယုတ်၊ အရှက်ရစေလျက် ဂုဏ်သရေပျက်ခြင်း၏အရသာကို မြည်းစမ်းစေတော်မူပြီး နောင်တမလွန်ဘဝ၏ပြစ်ဒဏ်သည် အမှန်ပင် သာပို၍ ကြီးမားပြင်းထန်လှကြောင်း အကယ်၍ သူတို့သိကြလျှင် ကောင်းလေစွ။

[27] ထို့ပြင် ဧကန်မုချ၊ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူသားတို့အတွက် သူတို့ သတိရ တသ၍ အချင်းချင်း အပြန်အလှန် ထုတ်ဖော်ဖွင့်ဟလျက် အလေးအနက် ဆင်ခြင်နိုင်ရန်အလို့ငှာ ဥပမာဥပမေယျတိုင်းဖြင့် ထုတ်ဖော်ရှင်းပြထားတော်မူ၏။

[28] အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့် သုံးနိုင်ကြရန်အလို့ငှာ ကျမ်းတော်မြတ်ကုရ်အာန်ကို (အမှန်တရား၊ သဘာဝတရားခေါ် အရှင့်နိယာမတော်၊ ဆင်ခြင်တုံတရားတို့နှင့်ဆန့်ကျင်သော) မည်သည့် အကောက်အကွေ့၊ မရိုးမဖြောင့်မှုမျှ မပါဘဲ အာရဗီစာပေဖြင့် (ချမှတ်ပေးအပ်တော်မူ၏)။

[29] အလ္လာဟ်အရှင်မြတ်သည် လုပ်ငန်းရှင်ပုဂ္ဂိုလ်နှစ်ဦးရှိရာ ပုဂ္ဂိုလ်တစ်ဦးတွင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆက်မပြတ် ငြင်းခုံ ကွဲလွဲနေကြသော အစုအစပ်ရှယ်ယာဝင်များရှိပြီး အခြားပုဂ္ဂိုလ်တစ်ဦးမှာမူ သူ့အတွက်ခန့်ထားသော (ကိုယ်စိတ်နှလုံးကို သူ့ထံအပ်နှံ၍) ငြိမ်းချမ်းရေးလိုလာသည့် အမှုထမ်းပုဂ္ဂိုလ်သာရှိကြောင်းကို ဥပမာဥပမေယျအဖြစ် တင်စားလျက် တင်ပြတော်မူ၏။ ထိုဥပမေယျအဖြစ် တင်ပြတော်မူသော ပုဂ္ဂိုလ်နှစ်ဦးသည် တန်းတူရည်တူ တူညီနိုင်မည်လော။ ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ သို့သော် လူသားတို့အနက် အများစု (ထိုအမှန်တရား၏ဖွင့်ဆိုချက်ကို) သိကြသည် မဟုတ်ပေ။

[30] (အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ အသင်သည် (တစ်နေ့) ကွယ်လွန်သေဆုံးရမည့်သူဖြစ်ပြီး သူတို့သည်လည်း ဧကန်မုချ၊ သေဆုံးကြရမည့်သူများပင် ဖြစ်ကြ၏။

[31] ထို့နောက် သင်တို့ (အားလုံး) သည် ရှင်ပြန်ထမြောက်မည့်နေ့တွင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ဧကန်မုချပင်၊ အမှုသည်များအ ဖြစ် မတ်တတ်ရပ်ကြရလိမ့်မည်။

[32] ထိုကျမ်းတော်သည် သူ့ထံ သစ္စာတရားအနေဖြင့် ရောက်ရှိခဲ့စဉ် သူသည် မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ (ယင်းကို) ငြင်းပယ်ရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ (မိစ္ဆာဒိဌိကို ကြံစည် ဖန်တီးလျက်) လိမ်လည်ငြင်းပယ်မှုကို ကျူးလွန်သူထက် ပိုမို၍ (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍) မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူ မည်သူ ရှိမည်နည်း။ ထို (ကဲ့သို့သော) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အတွက် ငရဲဘုံ၌ နေရာထိုင်ခင်း ရှိရမည် မဟုတ်လော။

[33] သို့ရာတွင် သစ္စာတရားနှင့်အတူရောက်လာသူကို ထို (သစ္စာတရား) နှင့်တကွ ဖြောင့်မတ်မှန်ကန်ကြောင်း မှန်ကန်စွာ ယုံကြည်ထောက်ခံလျှင် ထိုသူတို့သည်ပင်လျှင် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူတော်စင်) များဖြစ်ကြ၏။

[34] သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်ပါး၌ သူတို့ အလိုရှိသမျှတို့သည် ရှိကြ၏။ ထိုသို့ချီးမြှင့်တော်မူခြင်းသည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူ သမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့် ကြံသူ) တို့၏အကျိုးဆုလဒ်ပင်ဖြစ်၏။

[35] ထို့နောက်ဆုံး အလ္လာဟ်အရှင်မြတ်သည် သူတို့ထံမှ သူတို့၏မကောင်းသောပြုမူမှုများကို ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး သူတို့ ပြုမူကျင့်ကြံမှု (၏အကျိုးဆက်) ထက် အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များကိုလည်း ငါအရှင်မြတ်သည်ပင် သူတို့အား မုချဧကန် ချီးမြှင့်ပေးတော်မူမည်။

[36] အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) အတွက် လုံလောက်တော်မူသည် မဟုတ်လော။ သို့ဖြစ်လင့်ကစား (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်မှအပ အခြား (သူတို့ အယူထား ယုံကြည်ကိုးကွယ်ကြသော မိစ္ဆာဒိဌိများဖြစ်ကြသည့်) ကိုးကွယ်ရာများဖြင့် ခြိမ်းခြောက်နေကြ၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) လမ်းမှားရောက်စေရန် ခွင့်ပြုတော်မူသောသူသည်ကား သူ့အတွက် မည်သည့် လမ်းညွှန်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။

[37] ထိုနည်းတူစွာ မည်သူ့ကိုပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန် ညွှန်ပြတော်မူလျှင် ထိုသူအား လမ်းမှားစေနိုင်မည့်သူ မည်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်၊ နိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်၍) အရာခပ်သိမ်းအား နိုင်နင်းလွှမ်း မိုးတော်မူသော ပိုင်ရှင်စစ်ဖြစ်ရုံသာမက (အဆိုပါစည်းဘောင်များကို ချိုးဖောက်ကျူးလွန်သူတို့အား) တန်ပြန် ဒဏ်ခတ်အရေးယူစေနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသောအရှင်လည်း ဖြစ်တော်မူသည် မဟုတ်လော။

[38] အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို မည်သူက ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသနည်း၊'' ဟု မေးမြန်းလျှင် သူတို့က ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ၊ ပြောဆိုကြပေမည်။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အားစွန့်၍ သင်တို့ (အားကိုးတကြီး ယုံကြည်ကိုးကွယ်လျက်) ဆုတောင်းနေကြသည့် ပန်ကြားချက်များအ ကြောင်းကို မစဉ်းစား မဆင်ခြင် မသုံးသပ်ကြလေသလော။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်စေတော်မူလျှင် (သင်တို့ ဟစ်ခေါ်ဆုတောင်းသည့်) ယင်း (ကိုးကွယ်းရာ) တို့သည် ထိုဘေးဒုက္ခကို ဖယ်ရှားနိုင်စွမ်းရှိသူများ ဖြစ်နိုင်ကြမည်လော။ သို့တည်းမဟုတ် ထိုအရှင်မြတ် သည် ကျွန်ုပ်အား ကရုဏာတော် တစ်စုံတစ်ရာဖြင့် ထောက်ပံ့တော်မူလျှင် ယင်းတို့သည် အရှင့်ကရုဏာတော်ကို ထိန်းချုပ်တားဆီးနိုင်သူများ ဖြစ်နိုင်ကြမည်လော။ (အို၊ ရစူလ်တမန်တော် သူတို့အား) အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်အတွက် လုံလောက်တော်မူပြီး ယုံကြည်ကိုးစား၍ ယုံပုံအပ်နှံလိုသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်ကိုး စား၍ ယုံပုံအပ်နှံကြရာ၏။” ဟု ဟောပြောလော့။

[39] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အို၊ ကျွန်ုပ်၏လူမျိုးတို့ သင်တို့သည် သင်တို့စွမ်းဆောင်နိုင်သည့် လုပ်ဆောင်ချက်များကို စီမံလုပ်ဆောင်ကြလော့။ ကျွန်ုပ်သည်လည်း (ကျွန်ုပ်အား အရှင်မြတ်က ညွှန်ကြားတော်မူသည့် လုပ်ဆောင်ချက်များကို) စီမံလုပ်ဆောင်လျက် ရှိနေကြောင်း သင်တို့ မကြာမီ သိကြလိမ့်မည်။” ဟု ဟောလော့။

[40] (ဤလောကီဘဝသက်တမ်း၌) မည်သူ့ထံသို့ အရှက်ကွဲဂုဏ်ကျက်သရေသေးသိမ်စေသော ပြစ်ဒဏ် ရောက်ရှိလာ၍ (နောင်တမလွန်ဘဝတွင်) မည်သူ့အပေါ်၌ ထာဝစဉ် တည်တံ့မည့် ပြစ်ဒဏ် ဝန်ထုပ်အား ထမ်းဆောင်စေမည်ကို (မကြာမီ သိကြလိမ့်မည်)။

[41] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန် တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆို (မိစ္ဆာဒိဌိကို ဘဝတည်ဆောက်ရေး လမ်းစဉ်အဖြစ် ရွေးချယ်လျက်) လမ်းမှားကို လိုက်နာလျှင် ယင်း (နဖ်စ်) အပေါ်၌သာ တာဝန်ရှိ၏။ ကျွန်ုပ်သည် (သင်တို့၏တာဝန်ဝတ္တရားများအတွက် တာဝန်ယူရန်) သင်တို့အပေါ်တွင် အုပ်ထိန်းစောင့်ကြပ်သူ (အဖြစ် ခန့်အပ် ခြင်းခံရသူ) မဟုတ်ချေ။

[42] အလ္လာဟ်အရှင်မြတ်သည်ပင် အိပ်စက်အနားယူချိန်တွင် သေဆုံးသည် မဟုတ်သောနဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို ယင်းတို့၏သေဆုံးချိန်ရောက်ချိန်တွင် (အသက်ဇီဝိန်များကို နုတ်သိမ်းတော်မူ၍) ယင်းတို့ကို သေဆုံးစေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းတို့အပေါ် သေခြင်းတရားကို သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော သူတို့၏နဖ်စ်များအား ချုပ်ထိန်းသိမ်းထားတော်မူ၍ (ယင်းတို့မှအပ) အခြား (ကျန်ရစ်စေတော်မူသောနဖ်စ်) တို့ကိုမူ (ယင်းတို့အတွက် သတ်မှတ်ထားသည့်) အချိန်ကာလအထိ လွှတ်ထားတော်မူ၏။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ်စေတော်မူခြင်း) ၌ အလေးအနက် စဉ်းစားဆင်ခြင်ဆန်းစစ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[43] သို့တည်းမဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များကို) ကြားဝင် အသနားခံပေးကြမည့်သူအဖြစ် အယူထားသတ်မှတ်ကြလေသလော။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား၊) (သင်တို့၏ထင်မြင်ယူဆချက်နှင့်မိရိုးဖလာပေါ်အခြေခံ၍ ယုံကြည်ကိုးကွယ်နေသော) ထိုကိုးကွယ်ရာတို့သည် (စကြဝဠာ၏လည်ပတ်လှုပ်ရှားမှု၌) မည်သည့်တစ်စုံတစ်ရာကိုမျှ စိုးမိုးလုပ်ဆောင်နိုင်စွမ်း မရှိကြသည့်အပြင် ဆင်ခြင်တုံတရားနှင့်တွေးခေါ်နိုင်စွမ်းလည်း မရှိသည့်တိုင် (ထိုသို့ ကြားဝင်အသနားခံပေးနိုင်ကြမည်ဟု ထင်မြင် ယူဆနေသလော။)”ဟု မေးမြန်းဟောပြောလော့။

[44] (အို၊ ရစူလ်တမန်တော်၊ သူတို့အား အရှင့်ခွင့်ပြုချက်ဖြင့် တစ်ဦးတစ်ယောက်အတွက် ကြားဝင်အသနား ခံခြင်းအပါအဝင်) ကြားဝင်အသနားခံမှုဆိုင်ရာ အခွင့်အာဏာအလုံးစုံသည် (အရှင့်အချုပ်အခြာ၌သာ ရှိပြီး) အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်) အတွက်သာ ဖြစ်၏။ မိုးကောင်းကင်များနှင့်မြေကမ္ဘာ (သည် အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်နိယာမတော်နှင့်အညီ လည်ပတ်စေတော်မူလျက်) ထိုအရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိ၏။ ထို့နောက် (ယင်း တို့အားလုံးသည် အရှင့်အမိန့်တော်နှင့်အညီ ချုပ်ငြိမ်းရုံသာမက) သင်တို့အားလုံးသည်လည်း ထိုအရှင်မြတ်ထံတော်သို့သာလျှင် လှည့်ပြန်စေခြင်းခံကြရမည်။

[45] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ဖြစ်တော်မူကြောင်းကို သတိရ တသ၍ ထုတ်ဖော်လျက် သတိရစေသောအခါ တမလွန်ဘဝကို သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏ စိတ်နှလုံးများသည် မနှစ်သက်မှုကြောင့် ထိခိုက်ညှို့ငယ်၍ တွန့်ဆုတ်ကြလေ၏။ သို့ရာတွင် ထိုအရှင်မြတ်မှအပ (သူတို့ အယူထား ဆည်းကပ်ကိုးကွယ်ကြသော) အခြားအရာများကို သတိရ တသ၍ ထုတ် ဖော်လျက် သတိရစေသော အခါ၌မူကား သူတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလေ၏။

[46] (အို၊ ရစူလ်တမန်တော်) “အို၊ မိုးကောင်းကင်များနှင့်ကမ္ဘာမြေကို စတင် ကွဲထွက်စေတော်မူ၍ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၊ မျက်ကွယ်ရာ၌ရှိသောအရာများနှင့်မျက်မှောက်တွင် အထင်အရှားရှိနေသောအရာများကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်သည်ပင် အရှင့်အစေခံအမှုဆောင် လူသားတို့အကြားဝယ် အချင်းချင်း သဘောထားကွဲလွဲလျက်ရှိနေကြသော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည့်အရှင်ဖြစ်တော်မူ၏။” (ဟု ပန်ကြားလော့။)

[47] ဧကန်ပင်၊ အကယ်၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် ကမ္ဘာမြေပေါ်ဝယ်ရှိသမျှပိုင်ဆိုင်မှုအားလုံးကိုလည်းကောင်း၊ ယင်းတို့နှင့်အတူ ထိုပမာဏအတိုင်း နောက်ထပ်အလားတူအရာများကိုပါ ပူးတွဲ၍လည်းကောင်း ရှင်ပြန်ထမြောက်မည့်နေ့တွင် ပြစ်ဒဏ်၏ဆိုးကျိုးအနိဋ္ဌာရုံမှ လွတ်မြောက်ရန် ပေးဆပ်မှုအဖြစ်ပေးခွင့်ရလျှင်လည်း လွတ် မြောက်နိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့ မတွက်ဆ၊ မထင်မှတ်ထားသော အရေးယူမှုဆိုင်ရာကိစ္စများကို ရင်ဆိုင်ရန် ထင်ရှားပေါ်လွင်လာမည် ဖြစ်သောကြောင့်တည်း။

[48] ထို့ပြင် (သူတို့သည် လောကီဘဝ၌) သူတို့ဆည်းပူးရှာမှီးခဲ့သမျှ မကောင်းမှုဒုစရိုက်များကို သူတို့အတွက် (ရင်ဆိုင်စရာအဖြစ်) ပေါ်လွင်ထင်ရှားစေတော်မူသည်ကို တွေ့ကြုံရပြီး သူတို့ပြက်ရယ်ပြု လှောင် ပြောင်ခဲ့သမျှသည်လည်း သူတို့အား ဝိုင်းဝန်းထားလျက် ဒုက္ခပေးလိမ့်မည်။

[49] အမှန်စင်စစ်သော်ကား ဘေးဒုက္ခအခက်အခဲတစ်စုံတစ်ရာသည် မနုဿလူသားကို ထိခိုက်နစ်နာစေသောအခါ သူသည် ငါအရှင်မြတ်အား ဟစ်ခေါ် တမ်းတ၍ ဆုတောင်းပန်ကြားလေ့ရှိ၏။ ထို့နောက် ငါအရှင်မြတ်သည် သူ့အား အရှင့်ထံတော်မှ ကျေးဇူးတော်များကို ဝိုင်းရံစေတော်မူလျက် အခွင့်အရေးပေး၍ ဂုဏ်ပေးတော်မူ သောအခါ သူက ''ကျွန်ုပ်သည် ကျွန်ုပ်၏အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည်ပေါ်မူတည် ၍သာလျှင် (အခွင့်အရေး နှင့်ဂုဏ်သိက္ခာကို) ချီးမြှင့်ပေးအပ်ခြင်း ခံရခြင်းဖြစ်သည်။'' ဟု ပြောဆို၏။ အမှန်မှာ ထိုသို့ အလျှင်း မဟုတ်ပေ။ စင်စစ် ယင်း (ကျေးဇူးတော်၊ အခွင့်အရေးနှင့်ဂုဏ်သိက္ခာတို့) သည် စမ်းသပ်မှုတစ်ရပ်ပင် ဖြစ်သော်လည်း လူသားတို့အနက် အများစုမှာမူ သိနားလည်ကြသည် မဟုတ်ပေ။

[50] ဧကန်စင်စစ်၊ သူတို့အလျင် ရှိခဲ့ကြသောမျိုးဆက်တို့ကလည်း ယင်း (ကဲ့သို့သောသဘောထားမျိုးရှိပြီး အလားတူလမ်းစဉ်အတိုင်း လိုက်နာကြောင်း) ကို ပြောဆိုခဲ့ကြပြီး ဖြစ်၏။ သို့တစ်စေလည်း သူတို့ဆည်းပူးရှာမှီးသမျှများမှာ (ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရန်) သူတို့အတွက် မည်သို့မျှ အသုံးဝင်ခဲ့သည် မဟုတ်ပေ။

[51] သို့ဖြစ်ပေရာ သူတို့ဆည်းပူးရှာမှီးခဲ့သမျှ မကောင်းမှုအကုသိုလ်များ၏အကျိုးရလဒ်ဖြစ်သော ဆိုးကျိုးများသည် သူတို့အား ထိခိုက်သက်ရောက်စေခဲ့၏။ ထို့ပြင် ဤမျိုးဆက်သစ်များအနက်မှ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည်လည်း သူတို့ဆည်းပူးရှာ မှီးနေသမျှ မကောင်းမှုအကုသိုလ်များ၏အကျိုးရလဒ်ဖြစ်သော ဆိုးကျိုးများသည် သူတို့အား မကြာမီ ထိခိုက် သက်ရောက် စေလိမ့်မည်ဖြစ်သည့်အပြင် သူတို့သည် (လွတ်မြောက်နိုင်ရန်အတွက် အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ကို) နှောက်ယှက်နိုင်စွမ်း ရှိကြသူများ မဟုတ်ပေ။

[52] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းပေးအပ်တော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်၊ အတိုင်းအတာဖြင့်သာ ပေးအပ်တော်မူကြောင်းကို သူတို့ မသိကြလေသလော။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်စေတော်မူခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[53] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အို၊ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့် စည်းမျဉ်းနှင့်ဆန့်ကျင်၍ (သူတို့၏အလိုရမ္မက်အတိုင်းအသုံးချလျက်) အလွဲသုံးစားပြုကြသော ငါအရှင်မြတ်၏ အစေခံလူသားပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောလော့။

[54] ထို့ပြင် သင်တို့သည် သင်တို့တို့ထံ ပြစ်ဒဏ်ဖြင့် ထိခိုက်စေမည့်အချိန် မဆိုက်ရောက်လာမီပင် (နောက်မကျစေဘဲ) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ဘက်တော်သို့ ပြန်လှည့်၍ (အမိန့်တော်များကို အပြည့်အဝလိုက်နာနိုင်ရန်) ကိုယ်စိတ်နှလုံးကို အရှင့်ထံကျိုးနွံစွာ နာခံအပ်နှံကြလော့။ ထို (ပြစ်ဒဏ်ဆိုက်ရောက်၍လာပြီး) နောက်တွင် သင်တို့သည် ကူညီစောင်မခြင်းခံကြရမည် မဟုတ်ပေ။

[55] ထို့ပြင် သင်တို့ သတိမမူ၊ အလေးမထားသောအခြေအနေ၌ရှိနေစဉ် သင်တို့တို့ထံ ပြစ်ဒဏ်ဖြင့် ထိခိုက်စေမည့်အချိန် ရုတ်တရက် မဆိုက်ရောက်၊ မလာသေးမီပင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အထံတော်မှ သင်တို့ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းခံရ သမျှ (အမိန့်ပညတ်ချက်များ) အား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် တသွေမတိမ်း လိုက်နာကျင့် သုံးကြလော့။

[56] (ထိုသို့ အမိန့်တော် ထုတ်ပြန်တော်မူခြင်းမှာ) တစ်ဦးတစ်ယောက်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) က ''သြော်၊ ယခုမှ နောင်တရပြီ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် ကျွန်ုပ်၏တာဝန်ကို အပြည့်အဝမကျေပွန်ဘဲ ပျက်ကွက်ပေါ့ဆခဲ့သောကြောင့် ဝမ်းနည်းရလေပြီ။ ထို့ပြင် ကျွန်ုပ်သည် အမှန်ပင် (အမှန်တရားကို) လှောင်ပြောင်သရော်ခဲ့ကြသူတို့တွင် အပါအဝင် ဖြစ်ခဲ့၏။'' ဟူ၍ ညည်းညူပြော ဆိုခြင်း မပြုမိစေရန်ပင် ဖြစ်၏။

[57] သို့တည်းမဟုတ် (မည်သူမဆို) ''အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား တရားလမ်းမှန်ကို အသေအချာ ညွှန်ပြတော်မူခဲ့လျှင် ကျွန်ုပ်သည် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိ စိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော သူတော်စင်) တို့အနက်မှ အမှန်ပင် အပါအဝင် ဖြစ်ခဲ့လိမ့်မည်။'' ဟူ၍ မပြောဆိုနိုင်ရန်ဖြစ်၏။

[58] သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ ''အကယ်၍ ကျွန်ုပ်အတွက် (ကမ္ဘာလောကသို့ ပြန်သွားရန်) နောက်တစ်ကြိမ် အခွင့်အရေးရလျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ကျွန်ုပ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) သူတော်ကောင်းတို့တွင် အ ပါအဝင်ဖြစ်နိုင်မည်။'' ဟု ပြောဆိုခွင့်မရှိရန်ဖြစ်၏။

[59] (အရှင်မြတ်က အသင်ဆင်ခြေပေးပြောဆိုသော်လည်း) အမှန်တရားက ထိုသို့အလျှင်း မဟုတ်ပေ။ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် အသင့်ထံသို့ ရောက်ခဲ့ပြီးဖြစ်သော်လည်း သင်က ယင်းနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့ရုံသာမက မာန်မာနထောင်လွှားခြင်းကိုပါ ကျူးလွန်ခဲ့ခြင်းဖြင့် အသင်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေ ဖည်ငြင်း ဆန်သူ) သူတို့တွင် အပါအဝင် ဖြစ်ခဲ့လေ၏။

[60] စင်စစ်သော်ကား အသင် (တမန်တော်) သည် ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့ကြသူတို့အား၊ သူတို့၏မျက်နှာများ မည်းပုပ် နေကြသည်ကို တွေ့မြင်ရပေမည်။ ထို (ကဲ့သို့သော) မာန်မာနထောင်လွှားကြသောသူတို့အတွက် ငရဲဘုံ၌ နေရာထိုင်ခင်း ရှိရမည် မဟုတ်လော။

[61] ထို့ပြင် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား (အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက် တည်လျက် ဆွတ်းခူးခဲ့သော ကောင်မှုဆိုင်ရာ) အောင်မြင်မှုနှင့်အညီ လွတ်မြောက်စေတော်မူပေမည်။ ထို့ပြင် သူတို့အား မကောင်းမှုအကုသိုလ်များဖြင့် အလျှင်း ထိခိုက်ဆိုက်ရောက်စေမည် မဟုတ်သည့်အ ပြင် သူတို့သည် ဝမ်းနည်းပူဆွေးကြရမည်လည်း မဟုတ်ပေ။

[62] အလ္လာဟ်အရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်ဖွံ့ဖြိုးစေတော်မူသော အရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့အား (အရှင့်စည်းမျဉ်းနိယာမတော်များဖြင့်) စီမံထိန်းချုပ် နိုင်စွမ်းရှိတော်မူပြီး အားလုံး၏အုပ်ထိန်းသူနှင့်ထိန်းသိမ်းစောင့်ရှောက်သူ အစစ်အမှန်ဖြစ်တော်မူ၏။

[63] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏ (လျှို့ဝှက်ဆန်းကြယ်မှုဆိုင်ရာ) သော့ချက်များသည် ထိုအရှင်မြတ် (၏နိယာမတော်များနှင့်အညီ အရှင့်အချုပ်အခြာ) ၌သာ ရှိကြ၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြလျှင် ထိုသူတို့သည်သာလျှင် ဆုံးရှုံးရသူများ ဖြစ်ကြမည်။

[64] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အို၊ (အမှန်တရားကို ငြင်းပယ်သော) အသိပညာဗဟုသုတကင်းမဲ့ သူအပေါင်းတို့၊ (ကျွန်ုပ်ထံ အမှန်တရားသစ္စာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ရှိပါလျက်) သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှမဟုတ်သောအရာများကို ကျွန်ုပ်က ယုံကြည်၍ လိုက်နာကိုးကွယ်စေရန် ကျွန်ုပ်ကို အမိန့်ပေးတွန်းကြလိုလေသလော။” ဟု မေးမြန်းလော့။

[65] ဧကန်စင်စစ်၊ အသင် (တမန်တော်) သည် အသင်မတိုင်မီ (အရှင်မြတ်စေလွှတ်တော်မူသော သတင်းဆောင်တမန်တော်များ) ကဲ့သို့ပင် အသင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံခဲ့ရပြီ ဖြစ်၏။ ''အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) နှိုင်းယှဉ်တွဲဖက်၍ ယုံကြည်ကိုးကွယ်မိလျင် မုချဧကန်၊ အသင့် (အမှုတော်ထမ်းဆောင်မှုဆိုင်ရာ) ပြုမူကျင့်ကြံမှုတို့သည် အချည်းနှီးဖြစ်သွားမည့်အပြင် ဧကန်မလွဲ၊ အသင်သည် ဆုံးရှုံးရသူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။

[66] အမှန်မှာ (အသင်သည် ဆုံးရှုံးရသူတို့တွင် မပါဝင်သည့်အလျောက်) အလ္လာဟ်အရှင်မြတ်အားသာလျှင် နာခံကိုးကွယ်လော့။ ထို့ပြင် ကျေးဇူးသိတတ်သူများအနက်မှသာ ဖြစ်လော့။

[67] သူတို့သည် အလ္လာဟ်အရှင်မြတ်အား (အရှင်မြတ်၏ဉာဏ်တော်အနန္တ၊ ဂုဏ်တော်များ၊ တန်ခိုးတော် များနှင့်အညီ ထိုက်ထိုက်တန်တန် တန်ဖိုးထားမြတ်နိုးရန်) တာဝန်ရှိသည့်အလျှောက် ဝေဖန်ပိုင်းခြားဆုံး ဖြတ်၍ ထောက်ချင့်လျက် လေးစားကြည်ညိုကြသည် မဟုတ်ပေ။ စင်စစ်မူကား ရှင်ပြန်ထမည့်နေ့တွင် ကမ္ဘာမြေအားလုံးသည် ထိုအရှင်မြတ်၏ (နိယာမတော်ဖြင့် ထိန်းချုပ်) ဆုပ်ကိုင်မှုအောက်တွင် ရှိမည်သာမက၊ မိုးကောင်းကင် များသည်လည်း ထိုအရှင်မြတ်၏ (တန်းခိုးတော်ဆိုင်ရာ) လက်ယာလက်တော်တွင်းဝယ် လိပ်ခေါက်ထားလျက် ပင် ရှိကြပေမည်။ ထိုအရှင်မြတ်သည် (အတုမဲ့အနှိုင်းမဲ့ဖြစ်ပြီး သက် ရှိသက်မဲ့တို့၏အရည်အသွေးများကို ဖြစ်တည်စေတော်မူသောအရှင်ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင် တော်မူပြီး) သန့်ရှင်းစင်ကြယ် တော်မူကြောင်းနှင့်သူတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသော ကိုးကွယ်ရာအားလုံးထက် (လူသားတို့၏ဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင်) အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ်လှကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။

[68] ထို့ပြင် တံပိုးခရာမှုတ်စေတော်မူသောအခါ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူမှအပ မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိကြသောသူတို့အားလုံးသည် သတိလစ်မေ့မြော၍ လဲကျသွားကြပေမည်။ ထို့နောက် တစ်ဖန် ဒုတိယအကြိမ် ယင်း (တံပိုးခရာ) ကို မှုတ်စေတော်မူသောအခါ သူတို့သည် ( မျှော်ကိုးမှု အပြည့်ဖြင့်) မတ်တပ်ရပ်လျက် စောင့်စားကြည့်နေကြမည်။

[69] ထို့ပြင် မြေကမ္ဘာသည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးထိန်းသိမ်းစေတော်မူသောအရှင်မြတ်၏ရောင်ခြည်တော်ဖြင့် လင်းထိန်စေတော်မူမည်။ ထို့ပြင် (ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစ၊ လွတ်လပ်သောဆန္ဒများဖြင့် ပြည့်စုံစေတော်မူလျက် တာဝန်ပေးခဲ့သည့် လုပ်ရပ်များဆိုင်ရာ) မှတ်တမ်းတော် (စာအုပ်) များသည်လည်း (အဆင်သင့်) ထားရှိစေတော်မူပြီး နဗီတမန်တော်များနှင့်သက် သေသက်ကန်များကို ဆင့်ခေါ် ရောက်ရှိစေတော်မူမည်။ ထို့နောက် သူတို့အကြားတွင် (ကွဲလွဲကြလေ့ရှိသည်တို့နှင့်စပ်လျဉ်း၍) အမှန်တရားသစ္စာဖြင့် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်စေတော်မူမည် ဖြစ်၏။ သို့ရာတွင် သူတို့သည် (အနည်းငယ်စိုးစဉ်းမျှပင်) မတရားအရေးယူခြင်းခံကြရမည်မဟုတ်ပေ။

[70] ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် ယင်းကိုအသုံးချ၍ ပြုမူကျင့်ကြံခဲ့ကြသည့် အရာ (အဆိုးနှင့်အကောင်းတို့၏အကျိုးဆုဒ်နှင့်ပြစ်ဒဏ်) များကို အပြည့်အဝအစားပေးတော်မူခြင်းခံကြရမည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။

[71] စင်စစ်သော်ကား မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့သည် ငရဲဘုံသို့ (ရောက်သည်အထိ) အုပ်စုလိုက် ဦးတည်ဆောင်ကြဉ်းစေခြင်း ခံကြရပေမည်။ နောက်ဆုံးတွင် သူတို့သည် ယင်းသို့ ရောက်ရှိသွားသောအခါ ယင်း၏တံခါးများသည် ဖွင့်ပေးခြင်းကိုခံကြရလျက် ယင်း၏အစောင့်များက သူတို့အား ''သင်တို့ထံ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ၏အာယသ်သက်သေလက္ခဏာတော်များကို သင်တို့ရှေ့ဝယ် ဖတ်ကြားသွန်သင်ပြီး သင်တို့ ဤနေ့ဤရက်နှင့်ကြုံ တွေ့ရမည်ကို သတိပေးနှိုးဆော်ခဲ့ကြသည့် သင်တို့အနက်မှပင်ဖြစ်သော ရစူလ်တ မန်တော်များ ရောက်ရှိလာခဲ့ ကြသည် မဟုတ်လော။'' ဟု မေးမြန်းကြပေမည်။ (ထိုအခါ) သူတို့က “အမှန်ပင် ရောက်ခဲ့ကြပါ၏။ သို့ရာတွင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့ အပေါ်၌ ပြစ်ဒဏ်ဆိုင်ရာ အမိန့်ဗျာဒိတ်တော်သည် အမှန်တရားအဖြစ် အတည်ဖြစ်စေတော်မူခဲ့ပြီ။'' ဟု ဖြေကြားကြပေမည်။

[72] (ထို့နောက် သူတို့အား) သင်တို့သည် ''ငရဲဘုံ၏တံခါးပေါက်များမှ ယင်းထဲ၌ အမြဲထာဝစဉ် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလော့။'' ဟု ပြောဆိုခြင်းကို ခံကြရပေမည်။ စစ် စစ်မှာမူကား (မာန်မာနကြီးစွာဖြင့် အရှင့်လမ်းညွှန်တော်ကို လက်ခံရန် ငြင်းပယ်ခဲ့ကြသော) မောက်မာပလွှားသူတို့၏ (နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနသည် အလွန်ပင် ဆိုးရွားလှပေ၏။

[73] ထို့ပြင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား စိုးရွံ့ ထိတ်လန့် (၍ အရှင်းစည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြသောသူ တော်စင်တို့သည်လည်း ''သုခဘုံဥယျာဉ်ဘက်သို့ အုပ်စုလိုက် ဦးတည်ဆောင်ကြဉ်းစေခြင်းခံကြရပေမည်။ နောက်ဆုံးတွင် သူတို့သည် ယင်းသို့ ရောက်ရှိသွားသောအခါ ယင်း၏တံခါးများသည် ဖွင့်ပေးခြင်းကို ခံကြရလျက် ယင်း၏အစောင့်များက ''ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်ဝယ် ကျရောက်ပါစေ။ သင်တို့ သည် (မကောင်းဒုစရိုက်များကျူးလွန်ခြင်းမရှိဘဲ တာဝန်များကို ကျေပွန်စွာဆောင်ရွက်လျက်) စင် ကြယ်သန့်ရှင်း ခဲ့ကြပြီးဖြစ်ပေရာ ယင်း (သုခဥယျာဉ်) ထဲသို့ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည့်သူများအဖြစ် ဝင်ရောက် ကြလော့။'' ဟု ပြောဆိုခဲ့ကြပေမည်။

[74] (ထိုစဉ် မွတ္တကီများဖြစ်သော) ထိုသူတို့က ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ထားရှိတော်မူသော အရှင့်ကတိတော်ကို တိကျမှန်ကန်မျှတစွာ ပြည့်မီစေတော်မူသည့်အပြင် သုခဘုံဥယျာဉ်ထဲတွင် ကျွန်ုပ်တို့၏ဆန္ဒအလျောက် အလိုရှိသည့်နေရာတိုင်းတွင် အခြေချနေထိုင်စံမြန်းနိုင်ရန် (ဤသုခဘုံ၏) မြေကမ္ဘာကို အမွေအဖြစ် ပိုင်ဆိုင်စေတော်မူ၏။ စင်စစ်မှာကား (ကောင်းမြတ်သော အပြုအမှုများကို) ပြုမူကျင့်ကြံလုပ်ဆောင်ကြသူတို့အတွက် အလွန်ပင် ကောင်းမြတ်သော အကျိုးဆုလဒ်ပင် ဖြစ်ပေတကား။

[75] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် မလာအီကာကောင်းကင်စေတမန်တို့အား (အရှင့်တန်ခိုး ဩဇာဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်၏ပတ်လည်၌ ဝန်းရံလျက် သူတို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းကျေးဇူးတင်ခြင်းနှင့်တကွ ထိုအရှင်မြတ် (သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အ ကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းနှင့်စပ်လျဉ်း၍ ဂုဏ်တင်နေကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည် လူသားများနှင့်ဂျင်န်များဖြစ်ကြသော) သူတို့ကြားဝယ် အမှန်တရားသစ္စာဖြင့် တိကျမှန်ကန်မျှတစွာ (စစ်ဆေး၍) စီရင်ဆုံးဖြတ်စေတော်မူမည် ဖြစ်၏။ ထိုမှတစ်ပါး “ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအပေါင်းတို့သည် စကြဝဠာနှင့်လော ကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။'' ဟု ပြောဆိုနေခြင်းကို ကြားရပေလိမ့်မည်။

အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်

Surah 40

[1] ဟာ၊ မီမ်။

[2] ဤသည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိနေတော်မူသော အလ္လာဟ်အရှင်မြတ် ထံတော်မှ ချမှတ်ပေးအပ်တော်မူသော (ကုရ်အာန်) ကျမ်းတော် မြတ်ပင်ဖြစ်၏။

[3] (ထိုအရှင်မြတ်သည်) ပြစ်မှားမှုများကို ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချတောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ တန်ပြန်အရေးယူ ဒဏ်ခတ်တော်မူသောအရှင်၊ အကန့်အသတ်မဲ့ ရက်ရောတော်မူပြီး အတိုင်းမရှိ စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုရှင်မြတ်ထံတော်သို့သာလျင် (အားလုံး၏) နောက်ဆုံးပန်းတိုင် ပြန်လည်ရာဗိမာန်စခန်း ဖြစ်၏။

[4] မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးသူ) သူတို့မှအပ (အခြား မည်သူမျှ) အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များ (ဖြစ်ကြသော စကြဝဠာ၏ဖွဲ့စည်းဖြစ်တည်စေမှု ဆိုင်ရာနိယာမတော် လူသားတို့အား ဖွဲ့စည်းဖြစ်တည်စေမှု၊ သမိုင်းအချက်အလက် အစရှိသည်တို့) နှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံလေ့ မရှိချေ။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) နယ်မြေဒေသ၌ (အင်အားပြသရန် ဝင့်ကြွားစွာ) လှည့်ပတ်လှုပ်ရှားနေကြသော သူတို့၏လှုပ်ရှားမှုက အသင် (တမန်တော်) အား အချည်းနှီးသော မျှော်လင့်ချက်များဖြင့် လှည့်စားခြင်း မခံရစေနှင့်။

[5] သူတို့အလျင် (တမန်တော်) နူးဟ်၏လူမျိုးများနှင့်သူတို့နောက်ပိုင်းတွင် (ရှိခဲ့ကြသော) လူ့ဘောင်အုပ်စု အသိုင်းအဝိုင်းများသည် (ရစူလ်တမန်တော်များအား) မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ (ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၌ ဖော်ပြပါရှိ) ၏။ ထို့ပြင် လူ့ဘောင်အုပ်စုအသိုင်းအဝိုင်းတိုင်းသည် သူတို့ထံ (အရှင့်အမိန့်တော်များကို သွန်သင်ပို့ချရန် စေလွှတ်တော်မူခဲ့သော) ရစူလ်တမန်တော်အား ဖမ်းဆီးသတ်ဖြတ်ရန် ကြံစည်ခဲ့ကြ၏။ ထို့ပြင် သူတို့သည် (မိရိုးဖလာ ထင်မြင်ယူဆချက်နှင့်မှားယွင်းသော အတွေးအခေါ်ပေါ်အခြေခံ ထားသော) မိစ္ဆာတရားဖြင့် ပရမတ္တသစ္စာ (အမှန်တရား) ကို ရင်ဆိုင်ချေပ၍ ငြင်းဆိုနိုင်ရန် တိမ်းပါးစေအံ့သောငှာ (ရစူလ်တမန်တော်နှင့်) စောဒကတက် ငြင်းခုံခဲ့ကြလေရာ ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးအရေးယူ စေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်၏တုံ့ပြန် အရေးယူမှုသည် မည်သို့ရှိ (ပြီး သူတို့ဇတ်သိမ်းနိဂုံးက မည်သို့ရှိ) ခဲ့ကြသနည်း။ (ဟူသည်ကို သမိုင်းစာမျက်နှာများ၌ လေ့လာကြည့်နိုင်၏)။

[6] စင်စစ်သော်ကား ထိုကဲ့သို့ပင် အသင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၏အမိန့် ဗျာဒိတ်တော်ြဖစ်သည့် ''ဧကန်ပင်၊ သူတို့သည် ငရဲမီး၏အပေါင်းအဖော်များ ဖြစ်ကြ၏။'' ယင်းသည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ငြင်းပယ်သူ) တို့အပေါ် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ထင်ရှားစေပြီး သက်သေပြလျက်) မှန်ကန်စွာ အတည်ပြုစေတော်မူ၏။

[7] (အရှင့်တန်ခိုးဩဇာအာဏာစက်ဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်ကို ထမ်းရွက်လျက်ရှိကြ သူတို့နှင့်ယင်း၏ပတ်လည်၌ ဝန်းရံလျက်ရှိကြသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းကျေးဇူးတင်ခြင်းနှင့်တကွ ထိုအရှင်မြတ် (သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုး ကွယ်ထိုက် သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းနှင့်စပ်လျဉ်း၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် သူတို့သည် ထိုအရှင်မြတ် (က အနှိုင်းမဲ့ တစ်ဆူတည်း ဖြစ်တော်မူပြီး အရာခပ်သိမ်းတို့၏အချုပ်အခြာသည် ထိုအရှင့်၌သာ ရှိကြောင်း) ကို ယုံကြည်သူတို့အတွက် အရှင့်ထံ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၊ အရှင့်ကရုဏာတော်နှင့်ဉာဏ်တော်အနန္တဖြင့် အရာခပ်သိမ်းတို့ (၏ပြည့် စုံမှုနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးတော်မူရာ) ၌ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံအကျုံးဝင်စေတော်မူပါ။ (သူတို့၏အမှားများအတွက် နောင်တကြီးစွာရပြီး ဝန်ချတောင်းပန်လျက် အရှင့် ဘက်သို့) လှည့်ပြန်၍ အသင်အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း နာခံလိုက်နာသူအား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထို့ပြင် သူတို့အား တောက်လောင်နေသော ငရဲဘုံ၏ပြစ်ဒဏ်မှလည်း ကာကွယ်တော်မူပါ။”ဟု လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားလျက်ရှိကြ၏။

[8] အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့အား သူတို့အတွက် ကတိတော်ထားတော်မူသည့် အမြဲထာဝရ နေထိုင်စံမြန်းရမည့် သုခဥယျာဉ်များသို့လည်း ဝင် ရောက်စေတော်မူပါ။ ထို့ပြင် သူတို့၏မိဘဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၊ သူတို့၏ဘဝဖော်များနှင့်သူတို့၏သားစဉ်မြေးဆက်များအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ကိုလည်း သုခဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပါ။ ဧကန်မလွဲ၊ အသင်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီ ရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[9] ထို့ပြင် သူတို့အား (အကျိုးဆက်အဖြစ် ငရဲဘုံရောက်စေမည့်) မကောင်းမှုအကုသိုလ်အပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်စေတော်မူပါ။ စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်အပေါင်းမှ (ရှောင်တိမ်း၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်လျှင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် သူ့အပေါ် ဧကန်မုချပင် ကရုဏာတော်သက်တော်မူခဲ့လိမ့်မည်။ စင်စစ်သော်ကား ထိုသို့ထိန်းသိမ်းစောင့်ရှောက်နိုင်လျှင် ယင်းသည် ကြီးကျယ်မြင့်မြတ်သော မဟာအောင်မြင်မှုပင်ဖြစ်၏။

[10] ဧကန်စင်စစ်၊ (ရှင်ပြန်ထမည့်နေ့တွင်) ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန် သူ) သူတို့သည် ''(ယခုပြစ်ဒဏ်ကိုမြင်ရ၍) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သင်တို့ကိုယ်တိုင် ရွံမုန်းစက်ဆုပ်နေကြသည်ထက် ယုံကြည်မှုသစ္စာတရားဘက်သို့ ဖိတ်ခေါ်ခြင်းခံခဲ့ကြရစဉ် သင်တို့က (မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသောအခါ၌ အမှန်ပင် (သင်တို့အား) အလ္လာဟ်အရှင်မြတ်သည် သာပို၍ပင် ရွံမုန်းစက်ဆုပ်တော်မူခဲ့၏။” ဟု ဟစ်ခေါ်ပြောဆိုခြင်းကို ခံကြရပေမည်။

[11] (ထိုစဉ်) သူတို့က အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား နှစ်ကြိမ်သေစေတော်မူပြီး နှစ်ကြိမ်ရှင်စေတော်မူခဲ့၏။ (ယခုအခါ အရှင့်အမိန့်တော်ပညတ်ချက်အားလုံးကို အပြည့်အဝ လက်ခံယုံကြည်လာသောကြောင့်) ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏အပြစ်များကို ဝန်ခံကြပါပြီ။ သို့ဖြစ်ပါ၍ (ဤဒုက္ခမှ) လွတ်မြောက်ရန် ထွက်ပေါက် နည်းလမ်း တစ်စုံတစ်ရာ ရှိပါသလော။

[12] ထိုသို့ဖြစ်ခြင်း၏အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်တစ်ဆူတည်းဘက်သို့ ဖိတ်ခေါ်စေတော်မူသောအခါ၊ သင်တို့က ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့်ဖြစ်၏။ သို့ရာတွင် (သက်ရှိသက်မဲ့များအနက်မှ တစ်စုံတစ်ရာကို) ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ (ယုံကြည်ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်းခံကြရသည့်အခါ) သင်တို့က ယုံကြည်လက်ခံလေ့ရှိကြ၏။ သို့ဖြစ်ပေရာ (ယနေ့ စီရင်မှုဆိုင်ရာ) အဆုံးအဖြတ်သည် လွန်စွာမြင့် မြတ်ကြီးကဲလှတော်မူသော အလ္လာဟ်အရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိချေ၏။

[13] ထိုအရှင်မြတ်သည်ပင် အသင်တို့အား အရှင့်အာယသ်သက်သေလက္ခဏာတော်များ (ဖြစ်သော စကြဝဠာ၊ သင်တို့၏ခန္ဓကိုယ်ဖွဲ့စည်းဖြစ်တည်ပုံ၊ လူ့ဘဝခရီးသမိုင်းအကြောင်းတို့) ကို ပြသတော်မူသည့်အပြင် သင်တို့အတွက် မိုးကောင်းကင်မှ (သွန်းချစေတော်မိုးနှင့်) ရိက္ခာအထောက်အပံ့ကို ချပေးသနားတော်မူ၏။ သို့ရာတွင် (နောင်တရလျက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်ဘက်သို့) ပြန်လှည့်သော သူသည်သာလျှင် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်) အလေးအနက် စဉ်းစားဆင်ခြင်လေ့ ရှိကြ၏။

[14] သို့ဖြစ်ပေရာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့က မနှစ်မြို့ ကြငြားသော်လည်း သင်တို့သည် အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ဟစ်ခေါ် တသ၍ ဆုတောင်းကြလော့။

[15] (ထိုအရှင်မြတ်သည် လူသားဉာဏ်မီနိုင်သော ဂုဏ်ရည်အဆင့်အတန်း အားလုံးထက်) မြင့်မြတ်သော ဂုဏ်တော်အဆင့်အတန်းများနှင့်ပြည့်စုံတော်မူလျက် (တန်ခိုးဩဇာအာဏာဆိုင်ရာ) အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ထို (တမလွန်တရား စီရင်မည့်) နေ့တွင် အရှင် မြတ်နှင့်တွေ့ဆုံရမည့်အကြောင်းအား သတိပေးနှိုးဆော်စေရန်အလို့ငှာ (နာမ်လောကမှ လူသားတို့အတွက် သက်ဝင်လှုပ်ရှားစေမည့်) ဝဟီအမိန့်ထုတ်ပြန်ချမှတ်တော်မူခြင်းကို အရှင့်အစေခံ၊ အမှုတော်ဆောင်တို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူသော သူအပေါ်ဝယ် ချမှတ်ပေးအပ်တော်မူ၏။

[16] ထို (တမလွန်တရား စီရင်မည့်) နေ့တွင် သူတို့သည် (ရှင်ပြန်ထ၍ အရှင်မြတ်၏) ရှေ့တော်မှောက်သို့ ထွက်လာကြပေမည်။ သူတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖုံးကွယ်ထားစေနိုင်မည် မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က ''ယနေ့) ပကတိအချုပ်အခြာအာဏာ အလုံးစုံသည် မည်သူ့ထံ၌ ရှိသနည်း။''(ဟု မိန့်ကြားတော်မူ၍ အရှင်မြတ်သည်ပင်) ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော၊ (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ “ (ဟု ဖြေကြားလိမ့်မည်။)

[17] ထို (တမလွန်တရား စီရင်မည့်) နေ့တွင် အလ္လာဟ်အရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား ယင်းကိုအသုံးချ၍ ကျင့်ကြံရှာမှီးဆည်းပူးသုံးစွဲခဲဲ့သမျှနှင့်အညီ (အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်ကို) အပြည့်အဝ ချီးမြှင့်ပေးဆပ်စေတော်မူပြီး မည်သူ့ကိုမျှ မတော်မတရား အရေးယူတော်မူမည် အလျှင်း မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ အရေးယူစစ်ဆေးတော်မူ၍ စာရင်းရှင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[18] ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် မည်သည့်ရင်းနှီးသော မိတ်ဆွေမျှ မရှိရုံသာမက သြဇာညောင်း၍ အလေးထားလျက် ကြားဝင်အသနားခံပေးနိုင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်သည့်အပြင် စိတ်နှလုံးများလည်းသည် ချောက်ချားမှုကြောင့် ပူဆွေးသောကအား ချုပ်တည်းထားမှုမှာ လည်မျိုများအထိ ချဉ်းကပ်ဆို့နှင့်လာမည့် ထိုနေ့အကြောင်းကို သတိပေးနှိုးဆော်လော့။

[19] ထိုအရှင်မြတ်သည် မျက်စိများ၏သစ္စာဖောက်မှုနှင့်မရိုးမသားလှည့်စားလိုမှုကိုလည်းကောင်း၊ စိတ်နှလုံးများ၌ လျှို့ဝှက်ထိန်ချန်ဖုံးကွယ်ထားသည်တို့ကိုလည်းကောင်း၊ သိနေတော်မူ၏။

[20] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမှန်တရားသစ္စာဖြင့်သာ စီရင်ဆုံးဖြတ်တော်မူ၏။ သို့ရာတွင် ထိုအရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် အယူထား ကိုးကွယ်၍ အားကိုးတကြီး) ဟစ်ခေါ်ဆုတောင်းနေကြသောထိုကိုးကွယ်များ မည်သည့်တစ်စုံတစ်ရာကိုမျှ ဆုံးဖြတ်နိုင်ကြသည် မဟုတ်ချေ။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ်လျှောက်၌ လူသားတို့ပြော ဆိုခဲ့သမျှနှင့်သင်တို့ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို) မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။

[21] သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် သူတို့အား အရေးယူတော်မူခဲ့ပြီး သူတို့အတွက် အလ္လာအရှင်မြတ်နှင့်ဆန့်ကျင်၍ အကာအကွယ်ပေးမည်သူဟူ၍ မည်သူတစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။

[22] ထိုသို့အရေးယူတော်မူခြင်းသည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက် အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရစူလ်တမန်တော်များ လောက်လာခဲ့ကြသော်လည်း သူတို့သည် ထိုရစူလ်တမန်တော်များအား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့ကို ဖမ်းဆီးအရေးယူစေတော်မူခြင်းဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် တန်ခိုး စွမ်အားအလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင် ပြင်းထန်စွာ တန်ပြန်အရေးယူစေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[23] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား အာယသ်သက်သေလက္ခဏာတော်များအပြင် မြင်သာထင်ရှားသော အထောက်အထားများနှင့်တကွပင် စေလွှတ်တော်မူခဲ့၏။

[24] ဖာရိုမင်းဆက်၊ ဟာမာန်နှင့်ကာရူန်တို့ထံ စေလွှတ်တော်မူခြင်းဖြစ်ရာ သူတို့က (တမန်တော်မူဆာကို) မှော်ပယောဂဆရာတစ်ဦးဟုလည်းကောင်း၊ လိမ်လည်သူတစ်ဦးဟုလည်းကောင်း၊ စွပ်စွဲပြောဆိုခဲ့ကြ၏။

[25] ထို့နောက် (တမန်တော်) မူဆာသည် ငါအရှင်မြတ်ထံ တော်မှဖြစ်သော အမှန်တရားသစ္စာကို ဆောင်ယူ၍ သူတို့ထံ ရောက်ရှိသောခါ သူတို့က ''(တမန်တော်) မူဆာနှင့်အတူ ရှိကြသော (သူ့နောက်လိုက်) သက်ဝင်ယုံ ကြည်သူတို့၏ သားယောကျာ်းများကို သတ်ဖြတ်ချေမှုန်းကြလော့။ သူတို့၏အမျိုး သမီးများကိုမူကား (နှိမ့်ချ ဖိနှိပ်ရန်) ဆက်လက်အသက်ရှင်ခွင့်ပေးကြလော့။'' ဟု ပြောဆိုခဲ့ကြ၏။ သို့တစေလည်း မယုံကြည်သူ (အရှင့် စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့၏အကြံအစည်များမှာ အထမမြောက်ဘဲ လွဲမှားချွတ်ချော်မှု၌သာ ရှိခဲ့၏။

[26] ထို့ပြင် ဖာရိုမင်းက ''ကျွန်ုပ်အား (မတားဆီးဘဲ တမန်တော်) မူဆာအား သတ်ဖြတ်ခွင့်ပေးပြီး သူ့ကိုလည်း သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို ဟစ်ခေါ် ဆုတောင်းစေလော့။ အမှန်စင်စစ် ကျွန်ုပ်သည် သူက သင်တို့၏မိရိုးဖလာသာသနာကို ပြောင်းလဲပစ်မည်ကိုလည်းကောင်း၊ မြေကမ္ဘာ (၏ဤဒေသဤတိုင်းပြည်) ဝယ် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများဖြင့် ဖြစ်ပေါ်စေမည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြောင့်ကြမိ၏။

[27] (ထိုစဉ် တမန်တော်) မူဆာက “ဧကန်စင်စစ်၊ ကျွန်ုပ်သည် စောကြောမေးမြန်း၍ စာရင်းရှင်းတော်မည့်နေ့ကို သက်ဝင်ယုံကြည်ခြင်းမရှိသော ဘဝင်မြင့်မာန်မာန ထောင်လွှားသူတိုင်း (၏ ဘေးရန်ခပ်သိမ်းဟူသမျှ) မှ ကျွန်ုပ်နှင့်သင်တို့အားလုံးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။” ဟု ပြောခဲ့၏။

[28] ထို့ပြင် ဖာရိုမင်း၏ဆွေမျိုးအသိုင်းအဝိုင်းအနက်မှ (အရှင်မြတ်ကို ဖြူစင်စွာယုံကြည်သော်လည်း ထိုအ ချိန်အထိ သူ့) ယုံကြည်မှုကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ''လူတစ်ဦးသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။”ဟု ပြောဆိုခြင်းအပေါ်အခြေခံ၍ သူ့ကို သတ်ဖြတ်ကြမည်လော၊ အမှန်စင်စစ် သူသည် သင်တို့ထံ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ သူသည် လိမ်လည်သူတစ်ဦးဖြစ်လျှင် သူ့လိမ်လည်မှုသည် သူ့အပေါ်သာ မူတည်၏။ သို့ရာတွင် အကယ်၍ သူသည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီဖြစ်လျှင် သူက (အရှင်မြတ်ကို ဖီဆန်သူအတွက် အရှင့်ထံတော်မှ ပြစ်ဒဏ်ရှိစေတော်မူမည်ဟု) သင်တို့အား ကြိုတင် ကတိပေးပြောကြားသည့်အချက်အချို့သည် သင်တို့အပေါ်၌ ထိခိုက်သက်ရောက်စေနိုင်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်ကို ကျူးလွန်၍ အလွဲသုံးစားပြုသော မုသားဝါဒီများကို တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[29] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ မြေကမ္ဘာ (၏ဤဒေသဤတိုင်းပြည်) ၌ သင်တို့အတွက် ဤနေ့ဤခေတ်တွင် ဩဇာအာဏာရှိလျက် အပေါ်စီးမှ လွှမ်းမိုးခြယ်လှယ်ခွင့်ရနေကြသော်လည်း အရှင်မြတ်အရေးယူမှု ရောက်လာသည့်အခါ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) ကျွန်ုပ်တို့ကို မည်သူကူ ညီမည်နည်း။ (ထိုအခါ) ဖာရိုမင်းက “ကျွန်ုပ်သည် (လောကီဘဝ၌ အရေးတကြီး လိုအပ်သည်ဟု) ထင်မြင်ယူဆသမျှကို သင်တို့အား လုပ်ပြခြင်းသာဖြစ်ပြီး (လောကီဘဝ၌ ရှင်သန်ရေးအတွက်) သင့်လျော်မှန်ကန်သော နည်းလမ်းမှအပ (တမလွန် ဘဝအတွက် ရည်စူး၍ လိုက်နာရသော) အခြားရမည်သည့် တရားလမ်းမှန်ကိုမျှ ညွှန်ပြသည်မဟုတ်ပေ။'' ဟု ပြောဆိုခဲ့၏။

[30] ထို (ဖာရိုမင်း၏ဆွေမျိုးအသိုင်းအဝိုင်းအနက်မှဖြစ်သော) သက်ဝင်ယုံကြည်သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အပေါ် (သင်တို့အလျင်ရှိခဲ့ကြသော ရှေးခေတ်က) အုပ်စု အသိုင်းအဝိုင်းများနည်းတူ (ပြစ်ဒဏ်ဆိုက်ရောက်လာမည့် နေ့ကာလအတွက်) ကို စိုးရိမ်ကြောင့် ကြမိပါ၏။”ဟု ဖြေဆိုခဲ့၏။

[31] (တမန်တော်) နူးဟ်၏လူမျိုး အားဒ်လူမျိုး ဆမူးဒ်လူမျိုးနှင့်သူတို့နောက်ပိုင်းတွင် ရှိခဲ့ကြသောမျိုးဆက် များရင်ဆိုင်ကြုံတွေ့ခဲ့ရသောအခြေအနေများကဲ့သို့ပင် (ပြစ်ဒဏ်ဆိုက်ရောက်လာမည်ကို စိုးရိမ်ပါ၏။) စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အပေါ်ဝယ် မည်သို့မျှ မတရား စီမံဖြစ်စေတော်မူရန် အလိုရှိတော်မူသည် မဟုတ်ပေ။

[32] (တစ်ဖန် သူကပင်) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်မလွဲ ကျွန်ုပ်သည် (လူသားတို့ တစ်ဦးကိုတစ်ဦး အကူအညီအတွက် ဟစ်ခေါ်သော်လည်း အချည်းနှီးသာဖြစ်မည့် တရားရင်ဆိုင်ရန်) သင်တို့အား ဆင့်ခေါ်မည့် နေ့နှင့်ပတ်သက်၍လည်း သင်တို့အတွက် စိုးရိမ်ကြောင့်ကြနေ၏။

[33] ထို့နေ့တွင် သင်တို့သည် (ငရဲမီးဒဏ်မှ) မျက်နှာလွှဲကျောခိုင်း၍ ထွက်ပြေးရန် ရုန်းကန်ကြမည် ဖြစ်သော်လည်း သင်တို့အတွက် အလ္လာဟ်အရှင်မြတ်အားဆန့်ကျင်၍ ကာကွယ်စောင့်ရှောက်နိုင်မည့်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို (သူ့လွတ်လပ် သောဆန္ဒနှင့်အညီ) လမ်းမှားအတိုင်းဦးတည်ခြင်းကို ခွင့်ပြုတော်မူလျှင် ထိုသူအတွက် တရားလမ်းမှန် ညွှန်ပြနိုင်မည့် သူဟူ၍ မည်သူမျှ ရှိမည်မဟုတ်ပေ။

[34] ထို့ပြင် ဧကန်မလွဲ၊ ယခင်က (တမန်တော်) ယူစွဖ်သည် သင်တို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်ရှိလာခဲ့ပြီးဖြစ်သော်လည်း သင်တို့သည် သူနှင့်အတူ ယူဆောင်လာခဲ့သည့် (အမိန့်ပညတ်ချက်) တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ ရှိမြဲရှိနေခြင်းအား မရပ်တန့်ခဲ့ကြချေ။ နောက်ဆုံးတွင် သူကွယ်လွန်သွားသည် အထိ (သူ့သွန်သင်ချက်များကို ဖျက်ဆီးစေလို၍) အလ္လာဟ်အရှင်မြတ်သည် သူ့နောက်ပိုင်းတွင် မည်သည့်ရစူလ်တမန်တော်ကိုမျှ အလျှင်း စေလွှတ်တော်မူမည် မဟုတ်ဟု ပြောဆိုခဲ့ကြ၏။ မည်သူမဆို (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်များကို ကျူးလွန်၍ အလွဲသုံးစားပြုသူ (ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်၍ ခေါင်းမာမာဖြင့်) သံသယပွားသူဖြစ်လျင် အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သူ့အား လမ်းမှားသို့ ဦးတည်စေတော်မူမည် ဖြစ်၏။

[35] (ထိုစည်းဘောင်ကျူးလွန်သူ၊ သံသယပွားသူများဖြစ်ကြသော) သူတို့သည် (အရှင့်ထံတော်မှ) သူတို့ထံ မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြ၏။ (ထိုသို့ ဆင်ခြင်တုံတရားမဲ့စွာ အငြင်းသန်ခြင်းသည်) အလ္လာဟ်အရှင်မြတ်၏ အမြင် တော်၌လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၏အမြင်၌လည်းကောင်း၊ လွန်စွာကြီးလေးသော စက်ဆုပ်ရွံရှာဖွယ်ရာပင် ဖြစ်၏။ အလ္လာဟ်အရှင် မြတ်သည် ထိုနည်းအတိုင်းပင် ဘဝင်မြင့် မာန်မာနထောင်လွှားသူနှင့်နိုင်လိုမင်းထက်ပြမူသူတိုင်း စိတ်နှလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူ၏။

[36] ထို့နောက် ဖာရိုမင်းက ဟာမာန်အား “အို၊ ဟာမာန် ကျွန်ုပ်သည် (အရှင့်ထံရောက်နိုင်သည့် အကြောင်းခံ များ) နည်းလမ်းများကို ရရှိနိုင်ရန်အလို့ငှာ ကျွန်ုပ်အတွက် မြင့်စွင့်သော မျှော်စင်အဆောက်အအုံတစ်ခု တည်ဆောက်လော့။” ဟု အမိန့်ပေးခဲ့၏။

[37] (ထိုသို့မျှော်စင်ဆောက်ခိုင်းခြင်းသည်) မိုးကောင်းကင်များ (ပေါ်တက်နိုင်သည့် အကြောင်းခံများ) နည်းလမ်းများကို ရရှိနိုင်ရန်အလို့ငှာဖြစ်ရာ ကျွန်ုပ်သည် (တမန်တော်) မူဆာ၏ကိုးကွယ်ရာ အရှင်မြတ်အား မြင်နိုင်ကောင်းမြင်နိုင်၏။ အမှန်စင်စစ် ကျွန်ုပ်သည် (တမန်တော်) မူဆာအား လူလိမ်တစ်ဦးအဖြစ်သာ ထင်မြင်ယူဆနေ၏။ ထိုနည်းအတိုင်းပင် သူ၏မကောင်းမှုအကုသိုလ်လုပ်ရပ်များကို ဖာရိုမင်း၏အမြင်၌ လှပတင့်တယ်အောင် ဖြစ်စေတော်မူပြီး (သူ့ဆန္ဒဖြစ်သော လမ်းမှားအတိုင်း လျှောက်နိုင်ရန်) သူ့အား တရားလမ်းမှန်မှ ရှောင်လွှဲစေတော်မူ၏။ အမှန်သော်ကား ဖာရိုမင်း၏မဟာဗျူဟာ အကြံအစည်မှာ အရေးနိမ့်ချွတ်ခြုံကျ​စေခြင်းဖြင့်သာ အဆုံးသတ်ခဲ့၏။

[38] (ဖာရိုက ထိုသို့အပြင်းအထန် သတိပေးပါလျက်) ထိုသက်ဝင်ယုံကြည်သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် ကျွန်ုပ်၏နောက်သို့ လိုက်ခဲ့ကြလော့။ ကျွန်ုပ်သည် သင်တို့အား တရားလမ်းမှန်သို့ ညွှန်ပြမည်။

[39] အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဤလောကီဘဝသက်တမ်းသည် လောကီအကျိုးခံစားခွင့်အနည်းငယ်ဖြင့် ခေတ္တခဏမျှသာ အကျိုးခံစားခြင်းသာဖြစ်ပြီး နောင်တမလွန်ဘဝမူကား ယင်းသည် ဧကန်ပင်၊ အမြဲထာဝရ နေထိုင်စံမြန်းစရာ ဗိမာန်အစစ်ဖြစ်၏။” ဟု တိုက်တွန်းပြောဆိုခဲ့၏။

[40] မည်သူမဆို မကောင်းမှုဒုစရိုက် တစ်စုံတစ်ရာကို ကျင့်မူလျှင် ယင်းနှင့်ညီမျှထိုက်တန်သည့် (ပြစ်ဒဏ်) ကိုသာ ပေးဆပ်မှုအဖြစ် အစားပေးခြင်းခံရသော်လည်း အမျိုးသား သို့မဟုတ် အမျိုးသမီး မည်သူမဆို ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် ထိုသူသည် သက်ဝင် ယုံကြည်သူစစ်စစ် ဖြစ်ပြီး ထိုသူတို့သည် သုခဘုံဥယျာဉ်သို့ ဝင်ရောက်ခွင့်ရကြရုံသာမက ယင်း (သုခဥယျာဉ်) ၌ စာရင်းအင်းမဲ့ အကန့်အသတ်မဲ့သော ရိက္ခာအထောက်အပံ့များကို ရရှိခံစားစေတော်မူမည် ဖြစ်၏။

[41] ထို့ပြင်၊ အို၊ ကျွန်ုပ်၏လူမျိုးတို့ ကျွန်ုပ်သည် သင်တို့အား (ပြစ်ဒဏ်မှ) ကယ်တင်လွတ်မြောက်ရေးဘက်သို့ ဖိတ်ခေါ်နေလျက် သင်တို့က ကျွန်ုပ်အား ငရဲမီးဘက်သို့ မည်သို့ ဖိတ်ခေါ်ရဲသနည်း။

[42] သင်တို့သည် ကျွန်ုပ်အား “ကျွန်ုပ်က အလ္လာဟ်အရှင်မြတ်အား မယုံကြည်သွေဖည်ငြင်းပယ်၍ ကျေးဇူးကန်းရန်လည်းကောင်း၊ ကျွန်ုပ်၌ ယင်းနှင့်ပတ်သက်၍ မည်သည့်အသိပညာနှင့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှမရှိသော အရာတို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူလျက် ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ဆည်းကပ်ကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်နေကြ၏။ အမှန်စင်စစ် ကျွန်ုပ်သည် သင်တို့အား မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော အနှိုင်းမဲ့အရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်သို့ပင် ဖိတ်ခေါ်နေခြင်း ဖြစ်၏။

[43] သင်တို့က ကျွန်ုပ်အား ယင်းဘက်သို့ ဖိတ်ခေါ်နေသော ထိုအရာသည် ဤလောကီဘဝ သက်တမ်း ၌သာမက နောင်တမလွန်ဘဝ၌လည်း ယင်းအတွက် ဟစ်ခေါ် တသစရာ (မည်သည့်ဂုဏ်အရည်အချင်းမျှ) မရှိသည့်အပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ပြန်ကြရမည်ဖြစ်ကြောင်းနှင့် (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်ကိုကျူးလွန်၍ အလွဲသုံးစားပြုသူတိုသည် ငရဲမီး၏အပေါင်းအဖော်များသာ ဖြစ်ကြောင်းတို့တွင် ယုံမှားသံသယဖြစ် စရာမလိုပေ။

[44] သို့ဖြစ်ပေရာ မကြာမီ သင်တို့သည် ကျွန်ုပ်တို့က သင်တို့အား ပြောဆိုသောစကားများကို ပြန်လည် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟပေလိမ့်မည်။ ထို့ပြင် ကျွန်ုပ်မူကား ကျွန်ုပ်၏စီမံချက် အရေးကိစ္စကို အလ္လာဟ်အရှင်မြတ်ထံ ကျိုးနွံစွာ နာခံအပ်နှံပြီ။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့၏အကြောင်း အသေးစိတ်ကို မြင်တွေ့နေတော်မူသောအရှင် ဖြစ်တော်မူ၏။

[45] (ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုသက်ဝင်ယုံကြည်သူအား မယုံကြည်သူများဖြစ်ကြသော) သူတို့၏ကြံစည်မှုများ (နှင့်ဘေးဒုက္ခအန္တရာယ်တို့မှ) ကာကွယ်ထားတော်မူ၏။ သို့ရာတွင် ဆိုးယုတ်သော ပြစ်ဒဏ်သည် ဖာရိုမင်း၏မှူးကြီးမတ်ရာ၊ စစ်တပ်၊ အပေါင်းအဖော်အားလုံးကို ဝိုင်းရံလွှမ်းခြုံ ထားစေတော်မူခဲ့၏။

[46] (လောကီဘဝ၌) သူတို့မွေးခဲ့သော မီးသည် သူတို့အပေါ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ မြင်သာအောင်ပြသလျက် ထိတွေ့စေ၏။ ထို့ပြင် ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာသောနေ့၌မူကား ဖာရိုမင်း၏မှူးကြီးမတ်ရာစစ်တပ်အပေါင်းအဖော်တို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်ထဲသို့ ဝင် ရောက်စေကြလော့။” (ဟု စီရင်ချက်ချမှတ်တော်မူစေမည်။)

[47] စောင့်စားကြလော့။ သူတို့သည် ငရဲမီးထဲ၌ အချင်းချင်း အပြန်အလှန် ငြင်းခုံကြသည့်အခါ အားနည်း (၍ မျက်ကန်းလမ်းပျောက်ပမာ သူတို့၏ခေါင်းဆောင်အကြီးအကဲတို့ကို နာခံလိုက်နာခဲ့ကြသော လက်အောက်ငယ်သားများဖြစ်ကြသည့်) သူတို့က မာန်မာနထောင်လွှား (လျက် အခြားသူတို့ကို ဖိနှိပ်ညှန်းပန်းခဲ့ကြ) သော ခေါင်းဆောင်အကြီးအကဲတို့အား ''ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် သင်တို့၏နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ သင်တို့သည် ကျွန်ုပ်တို့ထံမှ ငရဲမီး၏ဝေစုဝေပုံ တစ်စိတ်တစ်ဒေသကို ခွဲဝေယူခြင်းဖြင့် ဖယ်ရှားပေးနိုင်မည်လော။'' ဟု မေးမြန်းကြပေမည်။

[48] (ထိုအခါ) မာန်မာနထောင်လွှား (လျက် အခြားသူတို့ကို ဖိနှိပ်ညှန်းပန်းခဲ့ကြ) သော ခေါင်းဆောင်အကြီး အကဲတို့က ''ဧကန်စင်စစ်၊ ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်း (ငရဲမီးထဲ) ၌ ရှိနေကြ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အချင်းချင်းဝယ် (ယတိပြတ်) စီရင်ဆုံးဖြတ်တော်မူခဲ့ပြီ။'' ဟု ပြောဆိုဖြေကြားလိမ့်မည်။

[49] ထို့နောက် ငရဲမီးထဲ၌ ရှိကြသူ (အားလုံး) တို့သည် ငရဲထိန်းငရဲစောင့်တို့အား ''သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်တွင် အရှင်မြတ်က ငရဲဘုံ၏ပြစ်များအနက် ကျွန်ုပ်တို့အတွက်သတ်မှတ်သော တစ်နေ့တာ ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့ပေါ့ပါးစေတော်မူရန် ဆုတောင်းပေးပါ။” ဟု အသနားခံတောင်းဆိုကြမည်။

[50] (ထိုစဉ် ငရဲထိန်းငရဲစောင့်များဖြစ်ကြသော) သူတို့က ''သင်တို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရစူလ်တမန်တော်များ လောက်လာခဲ့ကြ သည် မဟုတ်လော့။'' ဟု မေးမြန်းလေသော်၊ သူတို့က ''မုချပင်၊ ရောက်ခဲ့ကြပါ၏။” ဟု ဖြေကြားကြပေမည်။ (ထိုအခါ) ထိုငရဲထိန်းငရဲစောင့်တို့က ''သို့ဖြစ်လျှင် သင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပန်ကြားကြလော့။ စင်စစ် သော်ကား (နောင် တမလွန်ဘဝ၌) ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့၏ ဆုတောင်းပန်ကြားမှုသည် လွဲချော်မှု၌သာ (ရှိသောကြောင့် အချည်းနှီးပင် ဖြစ်လေ့) ရှိ၏။

[51] ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များနှင့်သက်ဝင် ယုံကြည်သူများအား လောကီဘဝ သက်တမ်း၌ မုချပင် ကူညီစောင်မတော်မူပြီး နောင်တမလွန်ဘဝတွင်လည်း (လောကီဘဝ၌ လူတို့က ရစူလ်တမန်တော်များအား မည်သို့ပြုမူဆက်ဆံခဲ့ကြသည်ကို အတည်ပြု ထောက်ပြမည့်) မျက်မြင်သက်သေများအဖြစ် ရပ်တည်စေတော်မူမည်။

[52] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့အတွက် သူတို့၏ဆင်ခြေအကြောင်းပြချက်များသည် အကျိုးပေးမည် မဟုတ်သည့်အပြင် သူတို့အတွက် အရှင့်မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့် ကျိန်ဆဲမှုလည်း ရှိကြရုံသာမက သူတို့အတွက် အလွန် ဆိုးရွားလှသောအကုသိုလ် အိမ်ဗိမာန်လည်း ရှိလိမ့်မည်။

[53] ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား လမ်းညွှန်တော်ကို ချီးမြှင့်ပေးအပ်တော် မူခဲ့ပြီး အစ္စရေးမျိုးနွယ်ဝင်တို့အား ကျမ်းတော်ကို အမွေပေးတော်မူခဲ့၏။

[54] (အရှင့်ကျမ်းတော်သည်) မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်အပေါင်းတို့အတွက် လမ်းညွှန်တော်နှင့် (ဆုံးမသြဝါဒများပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။

[55] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ သင်၏မေ့မှားချွတ်ချော်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလော့။ ထို့ပြင် ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်း ကျေးဇူးတင်ခြင်းနှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့် ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။

[56] ဧကန်စင်စစ်၊ သူတို့ထံ (အရှင့်ထံတော်မှ) မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြသူတို့သည် သူတို့၏စိတ်နှလုံးများတွင် သူတို့မည် သည့်အခါမျှ ရောက် ရှိနိုင်မည်မဟုတ်သောအရာ (အခြားသူတို့ထက် မြင့်မြတ်လိုမှု) ကို (အာသာဆန္ဒ ပြင်းပြလျက်) ဘဝမြင့်မာန စွဲရှိနေခြင်းမှအပ အခြားတစ်စုံတစ်ရာမျှ မရှိပေ။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့၏ကြံစည်မူမှ) အလ္လာဟ်အရှင်မြတ်ထံ (အားထားမှုအပြည့်ဖြင့်) ခိုလှုံခွင့် တောင်းခံလော့။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[57] အမှန်ပင် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည် လူသားအား ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းထက် ပိုမို၍ သာလွန်ကြီးကျယ် (ခက်ခဲလှ) သော်လည်း လူသားအများစုသည် (ထိုအမှန်တရားကို အလေးမထား) သိနားလည်ကြသည် မဟုတ်ပေ။

[58] ထို့ပြင် မျက်မမြင်နှင့်မြင်နိုင်စွမ်းရှိသူ မတူညီကြပေ။ ထိုနည်းတူစွာ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသောသူတို့နှင့်မကောင်းမှုအကုသိုလ်များကို ကျူးလွန်သောသူတို့သည်လည်း မတူကြကြောင်း အနည်းစုကသာ အလေးအနက်တွေး တောဆင်ခြင်ကြ၏။

[59] ဧကန်မလွဲ၊ ရှင်ပြထမည့်အချိန်နာရီ မုချပင် ဆိုက်ရောက်လာမည်ဖြစ်ပြီး ထို (သို့ ဆိုက်ရောက်လာခြင်း နှင့်စပ်လျဉ်း၍ ယင်း) ၌ ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိပေ။ သို့ရာတွင် လူသား အများစုမှာမူကား (ယင်းကို) သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။

[60] ထို့ပြင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က (သင်တို့အား) “ငါအရှင်မြတ်ထံတော်တွင်သာ ဆုတောင်းပန်ကြားကြလော့။ ငါအရှင်မြတ်သည် သင်တို့အတွက် ဆုတောင်းပန်ကြားချက်ကို အလိုက်သင့်တုံ့ပြန်စေတော်မူမည်။ ဧကန်စင်စစ်၊ ငါအရှင်မြတ်အား နာခံကိုးကွယ်ရန် ဘဝင်မကျလောက်အောင် မောက်မာလွန်းနေကြသောသူတို့သည် မကြာမီပင် အရှက်ကွဲခံရ၍ ဂုဏ်အသရေ ယုတ်ညံ့စွာဖြင့် ငရဲဘုံသို့ ဝင်ရောက်ကြရလိမ့်မည်။

[61] အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် ညကို ယင်း၌ အိပ်စက်အနားယူစရာအဖြစ်လည်းကောင်း၊ နေ့ကို အလင်းရမြင်နိုင်စွမ်းပေးသောအရာ (အလုပ်လုပ်နိုင်သည့် အခွင့်အရေးရစရာ) အဖြစ်လည်း ကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်ပင်ဖြစ်တော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာနှင့် ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူပြီး လူသားအပေါ် ရက်ရောစွာပေးအပ်တော်မူသော်ငြားလည်း လူသားအနက် အများစုက ကျေးဇူးမသိ တတ်ကြပေ။

[62] (ထိုကဲ့သို့ ရက်ရောစွာပေးအပ်တော်မူသော) ထိုအလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိချေ။ သို့ဖြစ်ပေရာ သင်တို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်သည့်အရာများကို ကိုးကွယ်ရာအဖြစ် ဖန်တီးလျက် လှည့်စားခံရရန်) အဘယ်သို့ ပြန်လှည့်ခြင်း ခံကြရသနည်း။

[63] ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို စောဒကတက် ငြင်းပယ်လေ့ရှိကြသောသူတို့သည်လည်း (အမှန်တရားမှ ဝေးကွာသည့် လှည့်စားမှုဘက်သို) လှည့်ပြန်စေခြင်းခံကြရ၏။

[64] အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် မြေကမ္ဘာကို အခြေချ၍ မှီတင်းနေထိုင်စရာ အဖြစ်လည်း ကောင်း၊ မိုးကောင်းကင်ကို အမိုးအကာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့ပြင်ထိုအရှင်မြတ်သည် သင်တို့၏ရုပ်ရည်အသွင်သဏ္ဍာန်ကို အကောင်းဆုံး (အလိုက်ဖက်ဆုံး ဟန်ချက်အညီဆုံး ကြည်နူးဖွယ်အကောင်းဆုံး) ဖြစ်အောင် ပုံဖော်စေတော်မူပြီး စင်ကြယ်သန့်ရှင်း၍ အသင့်တော်ဆုံးသောအရာများမှ သင်တို့အား ရိက္ခာအထောက်အပံ့များကို စီမံထောက်ပံ့တော်မူ၏၊ ထိုအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူ (ပြီး ထူးကဲမြင့် မြတ်လှပေ) ၏။

[65] ထိုအရှင်မြတ်သည် (နိစ္စထာဝရဖြစ်တော်မူ၍ သက်ရှိအားလုံးကို အသက်ချီးမြှင့်တော်မူသောအရှင်) အစဉ်ရှင်နေတော်မူသောအရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ သင်တို့သည် အရှင့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်း စေတနာဖြူစင်စွာဖြင့် ဟစ်ခေါ် တသ၍ ဆုတောင်းကြလော့။ (ကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

[66] (အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ ကျွန်ုပ်ထံသို့ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထား များပါဝင်သည့် ရှင်းလင်းချက်ရောက်လာခဲ့ပြီးဖြစ်ရာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်မှအပ (အခြားသက်ရှိ သက်မဲ့တို့ကို ကိုးကွယ်ရာအဖြစ်အယူထား၍) သင်တို့ ဟစ်ခေါ်တသလျက် ဆုတောင်းနေကြသော ကိုးကွယ်ရာများအား ယုံကြည်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းခံရ၏။ ထို့ပြင် စကြဝဠာများနှင့်လောက ခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံ ကိုယ်စိတ်နှလုံးကို အပ်နှံ၍ ထိုအရှင်မြတ်ကိုသာ နာခံလိုက်နာရန် အမိန့်ပေးညွှန်ကြားခြင်းခံရ၏။

[67] ထို့နောက် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် ကလလရေကြည် တစ်စက်မှလည်းကောင်း တစ်ဖန် (သားအိမ်နံရံတွင်) တွယ်ကပ်နေသည့် အတုံးအဖုအဖြစ်လည်းကောင်း၊ ထို့နောက် လူမမည်နို့စို့ကလေးအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် သင်တို့သည် သင်တို့၏စွမ်းရည်သတ္တိပြည့်ဝသော လူလားမြောက်သည့် အရွယ်သို့ရောက်စေတော်မူပြီးနောက် တစ်ဖန် (သက်တမ်းအတိုင်းအတာတစ်ခုအထိ အသက်ရှင်စေလျက်) ဇရာအိုအရွယ် သက်ကြီးပိုင်းသို့ရောက်စေတော်မူ၏။ သင်တို့အနက် အချို့သည် ထိုအရွယ် မတိုင်မီ သေစေတော်မူခြင်းခံကြရ၏။ သင်တို့သည် (ဆင်ခြင်တုံ တရားကိုသုံး၍) တွေးခေါ်သိမြင်နားလည်နိုင် ကြရန်အလို့ငှာ သင်တို့အား သတ်မှတ်ပြဌာန်းပြီးဖြစ်သော ကာလအတိုင်းအတာတစ်ခုသို့ ရောက်စေတော်မူ၏။

[68] ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူပြီး အသက်သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် စီမံချက်အရေးကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းလိုတော်မူလျှင် ယင်းအရေးကိစ္စကို “ဖြစ်စေ “ဟု မိန့်ကြားတော်မူရုံမျှဖြင့် ထိုအရေးကိစ္စသည် “ဖြစ်လာလေ၏။”

[69] (အို၊ ရစူလ်တမန်တော်) “အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အငြင်းပွားလျက် ရှိကြသောသူတို့အား သူတို့ (အမှန်တရားကို အလွဲသုံးစားပြုလျက် မိစ္ဆာဒိဌိဘက်သို့) မည်သို့ လှည့်ပြန်နေကြသည်ကို အသင် မတွေ့မြင် မဆင်ခြင်မိလေသလော။

[70] (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် (ရစူလ်တမန်တော်များအား ချမှတ်ပေးအပ်၍) ယင်း (ကျမ်းတော်) နှင့်အတူရှိသည့် ပို့ချစေလွှတ်တော်မူသမျှ (လမ်းညွှန်၊ အမြော်အမြင်၊ အမိန့် ပညတ်စသည်တို့) ကိုလည်းကောင်း၊ မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်နေကြသောသူတို့အား (မည်သူမည်ဝါဖြစ်ကြောင်း) မကြာမီပင် ထို့တို့သည် သိကြရလိမ့်မည်။

[71] ထိုစဉ် သူတို့၏လည်ကုပ်များ၌ လည်ထိတ်များနှင့်သံကြိုးများ ဆွဲချခံထား (ရလျက် ဒရွတ်တိုက် ဆွဲချ ခြင်းကို) ခံကြရပေမည်၊

[72] ကျိုက်ကျိုက်ဆူပွက်နေသော ရေနွေးပူ၌လည်းကောင်း၊ ထို့နောက် သူတို့အား လောင်ကျွမ်းစေမည့် ငရဲမီးထဲ၌ လည်းကောင်း၊ (လောင်ကျွမ်းစေခြင်းမည်)။

[73] ထို့နောက် သူတို့အား “သင်တို့ (အရှင်မြတ်မှအပ ပကတိအချုပ်အခြာ ပိုင်ဆိုင်သူများသဖွယ်) တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းလိမ့်မည်။

[74] (သူတို့က) “အလ္လာဟ်အရှင်မြတ်မှအပ (ပကတိအချုပ်အခြာပိုင်ဆိုင်သူ မည်သူရှိနိုင်မည်နည်း)။ အမှန်မှာ ယင်းတို့သည် ယခင်က (ပကတိအချုပ်အခြာအာဏာ အလုံးစုံကို ပိုင်ဆိုင်သော အရှင်စစ် သို့မဟုတ် ကိုးကွယ်) တစ်စုံတစ်ဦးကို ကျွန်ုပ်တို့က မည်သည့်အခါမျှ ဟစ်ခေါ် တသ၍ ဆုတောင်းခဲ့ဖူးခြင်း မရှိသကဲ့သို့ပင် ကျွန်ုပ်တို့ထံမှ ရှောင်လွဲပျောက်ကွယ်သွားကြပါပြီ။” ဟု ဖြေဆိုကြလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အား (သူတို့၏အလို ဆန္ဒနှင့်အညီ အမှန်တရားကို ငြင်းပယ်၍) လမ်းမှားသို့ ရောက်စေတော်မူ၏။

[75] ထိုသို့ (လမ်းမှားရောက်စေလိုခြင်းအား ခွင့်ပြုတော်မူခြင်းသည်) သင်တို့သည် ကမ္ဘာလောက၌ အမှန်တရားသစ္စာပေါ်အခြေမခံဘဲ (ထင်ရာစိုင်းပြုမူလျက် မောက်မာစွာဖြင့်) ပျော်ရွှင်မြူးထူး ခဲ့ကြသောကြောင့် လည်းကောင်း၊ (ထင်ရာမြင်ရာအတိုင်း သောင်းကျန်းလျက်) ပမာမခန့် ပြုမူခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်၏။

[76] (ယခုမူကား) သင်တို့သည် ငရဲဘုံ၏တံခါးပေါက်များမှ ယင်း၌ အမြဲထာဝရ နေထိုင်ခံစားကြရန် ဝင်ရောက်ကြလော့။ စစ်စစ်မှာမူကား (မာန်မာနကြီးစွာဖြင့် အရှင့်လမ်းညွှန်တော်ကို လက်ခံရန် ငြင်းပယ်ခဲ့ကြ သော) မောက်မာပလွှားသူတို့၏ (နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနသည် အလွန်ပင် ဆိုးရွားလှပေ၏။

[77] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေး တော်မူသည့် အရာများအနက်မှ အချို့ကို အသင်တမန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကတိတော်များကို ငါအရှင်မြတ်ဖြည့် ဆည်းပေတော်မမူမီ အသင်တမန်တော်အား ဘဝကူးပြောင်းစေတော်မူလျှင်ဖြစ်စေ၊ (အသင့်အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်များ လူသားတို့ထံ အရောက်ပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး)၊ သူတို့မူကား ငါအရှင်မြတ်ထံတော်သို့သာ ဦးလှည့် ပြန်လာကြရမည်သာတည်း။

[78] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင့်အလျင် (တာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းခဲ့ကြသော) ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့ရာ သူတို့အနက် အချို့၏သတင်းအချက်အလက်များကို အသင့်အား ဆင့်ပြန်ပြောပြတော်မူခဲ့၍ သူတို့အနက် အချို့ကိုမူ ဆင့်ပြန်ပြောပြတော်မူခဲ့ခြင်း မရှိချေ။ စင်စစ်သော်ကား စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးပါးမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မှအပ အခြားမည်သည့်အကြောင်းကြောင့်မျှ အာယတ်တော်သက်သေ လက္ခဏာတော်တစ်စုံတစ်ရာနှင့်ရောက်လာစရာ အကြောင်းမရှိပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော် ရောက်ရှိလာသောအခါ၌လည်း အမှန်တရားသစ္စာနှင့်အညီ မျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်စေတော်မူသည့်အပြင် (အမှန်တရားကို အမှားဟု သက်သေပြရန် ကြံစည်မှုအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ရုန်းကန်လျက်) လမ်းမှားကို ရှာဖွေလိုက်စားသူ သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးကြလိမ့်မည်။

[79] အလ္လာဟ်အရှင်မြတ်သည်ပင် ယင်းတို့အနက်မှ အချို့ကို စီးနင်းကြရန်နှင့် (ယင်းတို့အနက်မှ) အချို့ကို စားသုံးကြရန်အလို့ငှာ သင်တို့အတွက် ခြေလေးချောင်းတိရစ္ဆာန် (များဖြစ်သော ကုလားအုပ်၊ နွား၊သိုး၊ ဆိတ် စသည်) တို့ကို ဖြစ်တည်ပေါက်ပွားစေတော်မူခဲ့၏။

[80] ထို့ပြင် သင်တို့အတွက် ယင်း (တိရစ္ဆာန်များ) ၌ မြောက်မြားစွာသော အကျိုးကျေးဇူးများ ရှိစေတော်မူ၍ သင်တို့သည် ယင်းတို့ပေါ်၌ (စီးနင်းလျက်) သင်တို့၏စိတ်တွင်း၌ ရှိနေသော လိုအပ်များအတွက် အလိုရှိရာသို့ ရောက်ရှိနိုင်ကြရန်လည်းကောင်း၊ ကုန်ဝန်စည်စလယ်များကို ယင်းတို့ပေါ်နှင့်ရေယာဉ်သင်္ဘောပေါ်၌ တင်ဆောင်လျက် သယ်ဆောင်စေရန်လည်းကောင်း ဖြစ်၏။

[81] ထိုအရှင်မြတ်သည် (ဆင်ခြင်တုံတရားနှင့်ဉာဏ်ပညာဖြင့် သိနားလည်နိုင်ရန် နေရာတိုင်း၌ ထင်ရှားစေတော်မူလျက်) သင်တို့အား အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ပြသတော်မူရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏မည်သည့် သက်သေလက္ခဏာတော်များကို ငြင်းပယ်ကြအံ့နည်း။

[82] သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရေးယူတော်မူခဲ့သောကြောင့် သူတို့၏နောက်ဆုံး အကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။ သို့တစေလည်း သူတို့ရှာမှီးဆည်းပူးခဲ့သမျှသည် သူတို့အတွက် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။

[83] စင်စစ်သော်ကား သူတို့၏ရစူလ်တမန်တော်များသည် သူတို့ထံ မြင်သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ကြသည့်အခါ သူတို့သည် သူတို့၏ (သာမန်ကာ လျှံကာမျှရှိပြီး အလွန်ကျဉ်းမြောင်းသောလောကီ) ပညာပေါ် စိတ်ကြီးဝင်လျက် ပျော်ရွှင်မြူးထူးကာ သူတို့၏လောကီဘဝကို ယင်းပညာဖြင့် လွှမ်းခြုံဝန်းရံထားရုံသာမက (အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍လည်း) ပြက်ရယ်ပြုလှောင်ပြောင်ခဲ့ကြ၏။

[84] ထို့နောက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်ခဲ့ကြသောအခါ ''ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ သက်ဝင်ယုံကြည်ကြသည့်အပြင် ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားအရာများအား ယုံကြည်ကိုးကွယ်ခြင်းနှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ကြပါပြီ။'' ဟု ပြောဆိုခဲ့ကြ၏။

[85] သို့တစေလည်း သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးမှ (ဝန်ခံလာခြင်း) ဖြစ်သော သူတို့၏သက်ဝင်ယုံကြည်မှုသည် သူတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။ (ထိုသို့ ဖြစ်ခြင်းသည်) သူတို့မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော အရှင့်အစေခံလူသားများအတွက်လည်း (အမှန်ပင် ပြဌာန်းတော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော် (နည်းစနစ်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ထိုမယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးကြလေ၏။

အသေးစိတ်ရှင်းလင်းဖော်ပြထားသောအရာ

Surah 41

[1] ဟာ၊ မီမ်။

[2] ဤ (အာယသ်သက်သေလက္ခဏာတော်များပါဝင်သည့်) ကျမ်းတော်သည် အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်ထံတော်မှ အလီလီ ချမှတ်ပေးအပ်တော်မူခြင်းဖြစ်၏။

[3] ဤကျမ်းတော်သည် အသိပညာနှင့်အတွေးအခေါ်ရှိပြီး သိနားလည်သောလူမျိုးအတွက် ယင်း၏အာယသ်သက်သေလက္ခဏာတော်များကို အရဗ်ဘာသာစကားဖြင့် အသေးစိတ်စီစဉ်ကျနစွာ ရှင်းလင်းစေတော်မူ သော ကုရ်အာန်ကျမ်းတော်မြတ်ပင် ဖြစ်၏။

[4] (သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်သူတို့အတွက်) သတင်းကောင်းအဖြစ်လည်းကောင်း၊ (အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်သူတို့အတွက်) သတိပေးနှိုးဆော်မှုအဖြစ်လည်းကောင်း၊ ချမှတ်ပေးအပ်တော်မူခြင်းဖြစ်သော်လည်း သူတို့အနက် အများစုသည် မျက်နှာလွှဲကျောခိုင်းနေကြသောကြောင့် (နားပင်းနေသူများပမာ) ကြားနာကြသည် မဟုတ်ပေ။

[5] ထို့ပြင် သူတို့က “ကျွန်ုပ်တို့၏စိတ်နှလုံးများကို ထို (ကျမ်းတော်) ဘက်သို့ သင်က ကျွန်ုပ်တို့အား ဖိတ်ခေါ် ခြင်း (ဖြင့် သွန်သင်နေသောတရားကို ကြားနာနားလည်ခြင်း) မှ အကာအကွယ်အတွင်း၌ ဖုံးအုပ်ထားကြပြီး ကျွန်ုပ်တို့၏နားများ၌လည်း အဖုံးအကာဖြင့်ကာထား၏။ အသင် (တမန်တော်) နှင့် (နောင်တမလွန်ဘဝကို မယုံကြည်သော) သူတို့စပ်ကြားဝယ် (အရာခပ်သိမ်းတို့၏ဖွဲ့စည်းဖြစ်တည်မှုသည် အရှင့်နိယာမတရားပေါ်အခြေခံကြောင်းကို လျစ်လျူရှုခြင်းဖြင့် ယုံကြည်နိုင်စွမ်း မရှိအောင်) မမြင်နိုင်သော အကာအဆီးကို ချထား၏။ သို့ဖြစ်ပေရာ (သင့်လုပ်နိုင်စွမ်းနှင့်အညီ) သင်ပြုမူဆောင်ရွက်လော့။ ကျွန်ုပ်တို့သည်လည်း (ကျွန်ုပ်တို့၏ရှိသမျှ စွမ်းအားဖြင့် အစွမ်းကုန်) ပြုမူလုပ်ကိုင်ဆောင်ရွက်နေသူများ ဖြစ်ကြ၏။

[6] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ သင်တို့၏ (ယုံကြည်ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသာ လျှင်ဖြစ်ကြောင်းကို ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်၍ ပေးအပ်စေ တော်မူသော်လည်း ကျွန်ုပ်သည် သင်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးမျှသာလျှင် ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာလျှင် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို နာခံလိုက်လျက် မြဲမြံစွာ ရပ်တည်ကြလော့။ ထို့ပြင် သင်တို့၏ချွတ်ချော်မှားယွင်းမှုများအတွက်လည်း ထိုအရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားကြလော့။ စင်စစ်မှာမူကား (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်၍ ယုံကြည်ကိုးကွယ်သူတို့အတွက် (ကြီးမားစွာ ပျက်စီးစေမည့်) ဒုက္ခ လှလှ ရှိပါစေ။” ဟု ဟောပြောလော့။

[7] ထိုသူတို့သည် ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြသည် မဟုတ်သည့်အပြင် နောင်တမလွန်ဘဝကိုလည်း မယုံကြည်ငြင်းပယ်သူများပင် ဖြစ်ကြ၏။

[8] သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်သူတို့မူကား ဧကန်ပင်၊ သူတို့အတွက် မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်သော အတိုင်းအဆမဲ့ ဆုလဒ်များ အစဉ်အမြဲ ရှိ (စေတော်မူမည်ဖြစ်) ၏။

[9] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့သည် မြေကမ္ဘာအချိန်ကာလနှစ်ခုအတွင်း ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သောအရှင်မြတ်အား အမှန်ပင် မယုံကြည်သွေဖည်ငြင်းပယ်၍ (အရှင့်ဂုဏ်တော်များနှင့်ဆန့် ကျင်သော ကိုးကွယ်ရာများကို ထင်ရာစိုင်း ဖန်တီးလျက်) ထိုအရှင်မြတ်အတွက် ပြိုင်ဘက်တွဲဖက်များကို ကြံစည်ပြုလုပ်ကြလိုသလော။ ထိုအရှင်မြတ်သည်ပင် စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[10] ထို့ပြင် ထိုအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) ၌ တည်ငြိမ်ခိုင်မြဲသောတောင်များကို ယင်းထက်ဝယ် ဖြစ်ပေါ်စေတော်မူ၍ ကျေးဇူးတော်များပွားများစေတော်မူခြင်းဖြင့် ကျက်သရေမင်္ဂလာရှိစေ ယင်းထဲတွင် (ရာသီ) ကာလလေးခု၌ (အရှင့်ထံတော်မှ) တောင်းခံရယူလိုသူတို့အတွက် (လိုက်ဖက်မျှတ၍ အရေးပါသော လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းစေမည့်) ယင်း၏ရိက္ခာအထောက်အပံ့များကို မျှမျှတတ တိုင်းတာသတ်မှတ်ထားတော်မူ၏။

[11] ထို့နောက် ထိုအရှင်မြတ်သည် (အရှင့်ဉာဏ်တော်အနန္တဆန္ဒတော်တန်ခိုးတော်နှင့်ကျေးဇူးတော်ဖြင့်) တိမ်၊ အခို့အငွေ့အဆင့်သာရှိသော မိုးကောင်းကင်ဘက်သို့ စီမံညွှန်ကြားတော်မူရန် ဦးတည်တော်မူ၍ ယင်း (မိုး ကောင်းကင်) နှင့်မြေကမ္ဘာတို့အား “သင်တို့ လိုလိုလားလား နာခံလိုသည်ဖြစ်စေ၊ မလိုလားမနှစ်သက်၍ ဖြစ်စေ၊ (ပူးပေါင်းဆောင်ရွက်ရန်) လာကြလော့။ ဟု အမိန့်ပေးတော်မူရာ ယင်းတို့နှစ်ခုစလုံးက “ကျွန်ုပ်တို့သည် နာခံလိုသူများအဖြစ် ရောက်လာကြပါပြီ။” ဟု လျှောက်ထားကြ၏။

[12] ထို့နောက် ထိုအရှင်မြတ်သည် (တိမ်အခို့အငွေ့အဆင့်နှင့်ဒြပ်စင်များအဖြစ် ရှိနေသော) မိုးကောင်းကင်ခုနစ်ထပ် (ခုနှစ်ဆက်) ကို ကာလနှစ်ခုအတွင်း အပြီးသတ် ပုံဖော်စေတော်မူပြီး အာကာသကောင်းကင်တိုင်းအား ယင်း၏တာဝန်အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ အမိန့်တော်ထုတ်ပြန်ချမှတ်ပေးတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် အနီးဆုံးကောင်းကင်ဖြစ်သော လောကီကောင်းကင်ယံကို မီးအိမ် (ကြယ်နက္ခတ်တာရာ) များနှင့်အစောင့်အကြပ်များဖြင့် လှပတင့်တယ်စွာ အလှတန်ဆာဆင်ယင်ထားတော်မူပြီး ထိန်းသိမ်း စောင့်ရှောက်ထားတော်မူ၏။ (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အရာခပ်သိမ်းအားလုံး အပေါ် လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်၏ (တက်ဒီးရ် စီမံခန့်ခွဲမှုဆိုင်ရာ စည်းဘောင်နိယာမတော်များကို) စီရင်ချမှတ်သတ်မှတ်ပြဌာန်း ခြင်းသည် ထိုနည်းအတိုင်းပင် ဖြစ်၏။

[13] သို့ပါလျက် အကယ်၍ သူတို့သည် (အရှင့်စီမံခန့်ခွဲမှုဆိုင်ရာ စည်းဘောင်နိယာမတော်များနှင့်စီရင်ချ မှတ်သတ်မှတ်ပြဌာန်းချက်များမှ) မျက်နှာလွှဲ ကျောခိုင်းကြလျှင် (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် သင်တို့အား အားဒ်နှင့်ဆမူးဒ်လူမျိုးတို့ (အပေါ် ပြစ်ဒဏ်အဖြစ် ဆိုက်ရောက်ခဲ့သော ခပ်အုပ်အုပ်မြည် ဟည်းသည့်) တော်လည်းမိုးခြိမ်းသံကြီးအကြောင်း သင်တို့အား သတိပေးနှိုဆော်နေခြင်းသာ ဖြစ်၏။” ဟု ဟော ပြောလော့။

[14] (အာဒ်နှင့်ဆမူဒ်လူမျိုးဖြစ်ကြသော) ရစူလ်တမန်တော်များသည် သူတို့ထံသို့ သူတို့၏ရှေ့မျိုးဆက်မှ လည်းကောင်း၊ သူတို့နောက်မျိုးဆက်မှလည်းကောင်း၊ (သူတို့အား သွန်သင်ရန် ထင်ရှားမြင်သာသောသက်သေ လက္ခဏာတော်နှင့်တကွ နည်းမျိုးစုံဖြင့် ချဉ်းကပ်လျက်) ရောက်ရှိလာပြီးလျှင် ''အလ္လာဟ်အရှင်မြတ်မှအပ အခြား မည်သည့်တစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြလေနှင့်။” (ဟု ဟောကြားသည့်အခါ) သူတို့က ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူပါလျှင် အမှန်ပင်၊ မလာအီကာကောင်းကင်စေတမန်များကို အမှန်ပင် စေလွှတ်တော်မူခဲ့မည်ဖြစ်ပေရာ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ စေလွှတ်စေပါးခြင်း ခံရသောအရာ (အမိန့်ပညတ်ချက်များ) ကို မယုံကြည်ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြ၏။

[15] သို့ဖြစ်ပေရာ၊ အာဒ်လူမျိုးတို့မူကား မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) တွင် အမှန်တရားသစ္စာ (လူ့အခွင့်အရေးအားလုံး) နှင့်ဆန့်ကျင်၍ သစ္စာမဲ့စွာဖြင့် ဘဝင်မြင့်မောက်မာပလွှားလျက် (လူတို့အား မတရား ဖိနှိပ်ညှင်း ပန်းကြကာ) “ကျွန်ုပ်တို့ထက် အင်အားဩဇာအာဏာ ပိုမို၍သာလွန် မြင့်မြတ်သူ မည်သူရှိသနည်း။”ဟု ပြောဆို ခဲ့ကြ၏။ ဧကန်ပင်၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် သူတို့ထက် တန်ခိုး ဩဇာအာဏာ ပိုမို၍ သာလွန်မြင့်မြတ်တော်မူကြောင်း သူတို့ မတွေ့မြင် မဆင်ခြင် မသုံးသပ် ကြလေသလော။ သူတို့သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ဇွဲနပဲကြီးစွာဖြင့် ရုန်းကန်ငြင်း ပယ်နေခဲ့ကြလေ၏။

[16] ထိုသို့ငြင်းပယ်ကြသောကြောင့် ငါအရှင်မြတ်သည် သူတို့၏လောကီဘဝသက်တမ်း၌ အရှက်ရဂုဏ် အသရေနိမ့်ကျစေသည့် ပြစ်ဒဏ်ဒဏ်အား မြည်းစမ်းစေတော်မူရန်အလို့ငှာ ကျက်သရေမင်္ဂလာကင်းမဲ့သည့်ကပ် ဘေးကာလတွင် ခက်ထန်သော လေပြင်းမုန်တိုင်းကို သူတို့အပေါ် စေလွှတ်တော်မူခဲ့၏။ ထို့ပြင် နောင်တမလွန် ဘဝ၏ပြစ်ဒဏ်မူကား သာပို၍ပင် အရှက်ရစေမည့် ပြစ်ဒဏ် ဖြစ်ရုံသာမက သူတို့သည် (မည်သူတစ်ဦးတစ်ယောက်၏) ကူညီစောင်မခြင်းခံကြရမည်လည်း မဟုတ်ပေ။

[17] ထို့ပြင် ဆမူဒ်လူမျိုးတို့မူကား အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား တရားလမ်းမှန်ကို ညွှန်ပြတော် မူခဲ့သော်လည်း သူတို့သည် တရားလမ်းမှန် (အတိုင်းလျှောက်ကိုခြင်း) ထက် (အသိတရား၌ အမှောင်ချထား လျက်) အကန်းဘဝကိုသာ ပိုမို၍ နှစ်သက်မြတ်နိုးခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့အား သူတို့၏ဆည်းပူးရှာမှီးခဲ့ကြသည့် (မကောင်းမှုအကုသိုလ်များ) အတွက်ကြောင့် (ခပ်အုပ်အုပ်မြည်ဟည်းသည့်) တော်လည်းမိုးခြိမ်း သံကြီးသည် ဂုဏ်အသရေ နိမ့်ကျစေသော ပြစ်ဒဏ်အဖြစ်ရောက်ရှိစေလျက် ဖမ်းဆီးအရေးယူတော်မူ၏။

[18] သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ (ငါအရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြသောသူတို့ကိုမူကား ကယ်တင်လွတ် မြောက်စေတော်မူခဲ့၏။

[19] ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သူတို့အား သတိပေးလော့။) အလ္လာဟ်အရှင်မြတ်၏ရန်သူများသည် (ရှင်ပြန်ထမြောက်၍) ငရဲမီးဘက်သို့ စုရုံးခေါ်ဆောင်ခြင်းခံကြရမည့်နေ့တွင် သူတို့သည် အစီအရီ တန်းစီစေ လျက် စုဝေးစေတော်မူမည်။

[20] နောက်ဆုံးတွင် သူတို့သည် ယင်း (ငရဲမီး) အထိ ရောက်ရှိကြသောအခါ သူတို့၏နားများ (အကြားအာရုံ) သည်လည်းကောင်း၊ သူတို့၏မျက်စိများ (အမြင်အာရုံ) သည်လည်းကောင်း၊ သူတို့၏အရေပြားများ (ထိတွေ့ခံ စားမှုအာရုံ) သည်လည်းကောင်း၊ သူတို့နှင့်ဆန့်ကျင်ကာ သူတို့၏ (လုပ်နေကျ) ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။

[21] (ထိုအခါ) သူတို့က သူတို့၏အရေပြားများ (ထိတွေ့ခံစားမှုအာရုံ) အား ''သင်တို့သည် ကျွန်ုပ်တို့နှင့် ဆန်ကျင်၍ အဘယ်ကြောင့် သက်သေထွက်ဆိုကြသနည်း။'' ဟု မေးမြန်းကြပေမည်။ ယင်းတို့က “(အသံထွက် သည့်) အရာခပ်သိမ်းတို့ကို စကားပြောဆိုစေတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အား စကား ပြောဆိုစေတော်မူ၏။ စင်စစ်သော်ကား သင်တို့အား ပထမဆုံးအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော ထိုအရှင်မြတ်သည်ပင် သင်တို့ကို ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည် ဦးလှည့်ရောက်စေတော်မူ၏။” ဟု ဖြေဆိုခဲ့ကြ၏။

[22] စင်စစ်သော်ကား သင်တို့သည် သင်တို့၏နားများ (အကြားအာရုံ) ကိုလည်းကောင်း၊ သင်တို့၏မျက်စိများ (အမြင်အာရုံ) ကိုလည်းကောင်း၊ သင်တို့၏အရေပြားများ (ထိတွေ့ခံစား မှုအာရုံ) ကိုလည်းကောင်း၊ သင်တို့နှင့်ဆန့်ကျင်၍ သက်သေခံကြမည်ကို စိုးရိမ်ကာ (သက်သေမခံနိုင်ကြရန် သင်တို့အပေါ်) ဖုံးကွယ်ရန် ရှာကြံနိုင်ကြသည် မဟုတ်ပေ။ သို့ရာတွင် သင်တို့သည် သင်တို့ပြုမူကျင့်ကြံသည်တို့အနက်မှ များစွာသောအချက်အလက် တို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြ၏။

[23] ထို့ပြင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် သင်တို့အား ကျွမ်းထိုး မှောက်ခုံ ဖျက်ဆီးစေခဲ့၏။ သို့ဖြစ်ပေရာ သင်တို့သည် ပျက်စီးဆုံးရှုံးရသူများအနက်မှပင် ဖြစ်ခဲ့ကြ၏။

[24] သို့ဖြစ်ရာ အကယ်၍ သူတို့သည် (ထိုပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံကြံ့ခိုင်မှုရှိသည်ဖြစ်စေ၊ (သည်းခံကြံခိုင်မှု မရှိသည်ဖြစ်စေ၊) ယင်းသည်ပင် သူတို့၏ထာဝရနေထိုင်ရာဌာနပင် ဖြစ်၏။ (အချိန်နှောင်းခဲ့ပြီ ဖြစ်သည့် အတွက်) အကယ်၍ သူတို့သည် ဂုဏ်ပေးမှုရယူ (လိုသည့် ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်တောင်းခံ) သော်ငြားလည်း သူတို့သည် (ကယ်တင်ခြင်းခံရလျက်) ဂုဏ်ပေးမှုကို ရရှိကြမည် မဟုတ်ပေ။

[25] (မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များကို ဦးစားပေးနှစ်သက်မြတ်နိုးမှုကြောင့် အကျိုးဆက်အဖြစ်) ငါအရှင်မြတ်သည် သူတို့မတိုင်မီ လွန်လေပြီးသော လူသားနှင့်ဂျင်န် အသိုင်းအဝိုင်းများအနက်မှ အသိုင်းအဝိုင်း အချို့၌ (အရှင့်ပြစ်ဒဏ်ဆိုင်ရာ) ကတိစကားတော်အား သူတို့အပေါ် မျှတမှန်ကန်စွာ အတည်ဖြစ်စေတော်မူ သကဲ့သို့ပင် သူတို၏ရှေ့မျိုးဆက်များနှင့်နောက်မျိုးဆက်တို့အတွက်လည်း (သူတို့၏လွတ်လပ်သောဆန္ဒအရ မကောင်းမှုကို ပိုမိုနှစ်သက်၍ ရည်ရွယ်ဆောင်ရွက်ခြင်းကြောင့် စေတန်မကောင်းဆိုးဝါး၏ပင်ကိုယ်စရိုက်ရှိ နေသော) မိတ်ဆွေအပေါင်းအဖော်များကို သူတို့အတွက် သူတို့၏အမြင်၌ အားကျစရာ နှစ်သက်မက်မောစရာဖြစ်အောင် တင့်တယ်စေတော်မူရန် အတည်ပြုပြဌာန်းတော်မူ၏။ ဧကန်စင်စစ်၊ သူတို့သည် ဆုံးရှုံးပျက်စီးရသူများပင် ဖြစ်ကြ၏။

[26] စင်စစ် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့က ''သင်တို့သည် ဤကျမ်းတော်မြတ်ကုရ်အာန်ကို နားမထောင်ကြလေနှင့်။ (ဖြစ်နိုင်လျှင် ထိုကျမ်းတော်၏သတင်းစကား လူတို့ နားထဲ မရောက်နိုင်အောင် ယင်းကို ဖတ်ရွတ်ဟောကြားစဉ်) ထို၌ ပွတ်လောရိုက်ဆူညံကြလော့။ သို့မှသာလျှင် သင်တို့သည် လွှမ်းမိုးအောင်နိုင်ကြမည်။”ဟု လှုံ့ဆော်ပြောဆိုကြ၏။

[27] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အား ပြင်းထန်စူးရှသော ပြစ်ဒဏ်ကို မုချဧကန်ပင် မြည်းစမ်းစေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏အဆိုးဆုံးပြုမူကျင့်ကြံမှုများနှင့်အညီ တုံ့ပြန်ပေးဆပ်စေတော်မူမည်။

[28] ထိုကဲ့သို့ပင် ငရဲမီးသည် အလ္လာဟ်အရှင်မြတ်၏ရန်သူများဖြစ်ကြသော (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်) သူတို့၏ပေးဆပ်မှုပင် ဖြစ်၏။ သူတို့အတွက် ထို (ငရဲဘုံ) ၌ အစဉ်ထာဝရ အိမ်ဗိမာန် နေထိုင်ရာဌာနသည် ရှိနေ၏။ သူတို့သည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ခေါင်း မာမာဖြင့် ငြင်းပယ်လေ့ရှိခဲ့ကြသောကြောင့် ထိုက်တန်သောပေးဆပ်မှုပင် ဖြစ်၏။

[29] (ငရဲဘုံသို့ဝင်ကြစဉ်) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့က ''အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဂျင်န်(န်)နှင့်လူသားတို့ အနက်မှ ကျွန်ုပ်တို့အား လမ်းလွဲစေခဲ့ကြသူများကို သိသာထင်ရှားစေ၍ ပြတော်မူပါ။ သူတို့နှစ်မျိုးစလုံးအား ကျွန်ုပ်တို့၏ခြေထောက်များအောက်သို့ ရောက်စေလျက် ဂုဏ်အသရေအယုတ်ညံ့ဆုံး အနိမ့်ဆုံးအဆင့်ဝင်များမှ ဖြစ်စေတော်မူပါ။” ဟု ဆုတောင်းကြလိမ့်မည်။

[30] ဧကန်ပင်၊ ''ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။'' ဟု ပြောဆိုကြပြီးနောက် (သူတို့၏ယုံကြည်မှု၊ လုပ်ရပ်၊ အတွေးအခေါ်များနှင့်ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်အတိုင်းသာ အခိုင်အမာ) ရပ်တည်ကြသူတို့မူကား သူတို့အပေါ် မလာအီကာ စေတမန်များ ဆင်းသက်စေတော်မူ၍ (စိတ်နှလုံး အေးချမ်းစေမည့် နှစ်သိမ့်စကားအဖြစ်) ''သင်တို့သည် စိုးရိမ်ကြောင့်ကြခြင်း မရှိကြလေနှင့်။ ဝမ်းနည်းပူဆွေးခြင်းလည်း မရှိကြလေနှင့်။ သင်တို့အတွက် ကတိထားတော်မူသည့် သုခဥယျာဉ်နှင့်စပ်လျဉ်း ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်းကောင်း လက်ခံရယူကြလော့။

[31] ကျွန်ုပ်တို့သည် လောကီဘဝသက်တမ်း၌သာမက နောင်တမလွန်၌လည်း သင်တို့၏ယုံကြည် စိတ်ချရသော စေတနာထားသူ မိတ်ဆွေမဟာမိတ်များပင် ဖြစ်ကြ၏။ ထို့ပြင် သင်တို့အတွက် ထို (သုခဥယျာဉ်) ၌ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်း ဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များက အလိုဆန္ဒရှိသောအရာဟူသမျှ ရှိကြမည် ဖြစ်သည့်အပြင် သင်တို့အတွက် ထို (သုခဥယျာဉ်) ၌ သင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြပေမည်။

[32] (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ထံတော်မှ ပျူပျူငှာငှာ ဧည့်ကြိုတောမူသည့် လက်ဆောင်မွန်ပင် ဖြစ်၏။

[33] (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သည့်ပြင် (ကိုယ်တိုင်လည်း) ဖြောင့်မတ် မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျက် “ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံ ပုံအပ်၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များအနက်မှပင် ဖြစ်ကြ၏။” ဟု ပြောဆိုခြင်းထက် (အရာရာကို အကောင်းဆုံး ဖြစ်စေလိုသောစေတနာဖြင့်) အကောင်းဆုံးပြောဆိုသူ မည်သူရှိမည်နည်း။

[34] ကောင်းမှုနှင့်မကောင်းမှုတို့သည် (ထပ်တူထပ်မျှ) တူညီကြသည် မဟုတ်ပေ။ (အရာရာကို အကောင်းဆုံး ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့်) ကောင်းမှုဖြင့် ခုခံတွန်းလှန်လော့။ သို့ဖြစ်လျှင် သင်နှင့်မလိုမုန်းထားစိတ်ရှိသူတို့ကြားတွင် ရင်းနှီးသော မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။

[35] (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အတိုင်း ဘဝတည်ဆောက်ရာတွင် ကြုံလာသမျှ ဒုက္ခအခက်အခဲများ နှင့်စေတန်မကောင်းဆိုးဝါး၏ကို) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတို့မှအပ (အခြားမည်သူမျှ) ထို (ကောင်းမှုဖြင့် အကောင်းဆုံးဖြစ်အောင် တွန်းလှန်နိုင်စွမ်း) ကို ချီးမြှင့်ခြင်း မခံရပေ။ ယင်းကို ချီးမြှင့်ခြင်းခံရခြင်းသည် (ကောင်းမှုဖြင့် ပြီးပြည့်စုံသော လူသားဖြစ်ခြင်းဆိုင်ရာ) ကြီးကျယ်လှစွာသော ဝေစုဝေပုံကို ပိုင်ဆိုင်ထားသူသာ ဖြစ်၏။

[36] ထို့ပြင် အကယ်၍ စေ့ဆော်လှုံ့ဆော်မှုတစ်စုံတစ်ရာသည် စေတန်မကောင်းဆိုးဝါးထံမှ အသင့်အားစေ့ ဆော်လှုံ့ဆော်လာလျှင် အသင်သည် မဆိုင်းမတွ အလ္လာဟ်အရှင်မြတ်ထံ (တော်မှ အကာအကွယ်ရရန်) ခိုလှုံခွင့် တောင်းခံလော့။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည်သာလျှင် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[37] အမှန်သော်ကား ညနှင့်နေ့တို့သည်လည်းကောင်း၊ နေနှင့်လတို့သည်လည်းကောင်း၊ ထိုအရှင် မြတ်၏အာ ယာသ်သက်သေလက္ခဏာတော်တို့အနက်မှ ဖြစ်ကြ၏။ (သို့ဖြစ်ပေရာ) သင်တို့သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ (ပူဇော်ပသ ဆည်းကပ်) ကိုးကွယ်ပျပ်ဝပ်ဦးချခြင်း မပြုကြလေနှင့်။ ယင်း (နေ၊ လ၊ အပါအ ဝင် စကြဝဠာခပ်သိမ်း) တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာလျှင် နာခံကိုးကွယ်၍ ပျပ်ဝပ် ဦးချလော့။

[38] သို့ရာတွင် အကယ်၍ သူတို့သည် (သူတို့အားဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်တစ်ဆူတည်းကို မနာခံမကိုးကွယ်နိုင်လောက်အောက်ပင်) မာန်မာနထောင်လွှားကြလျှင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်ပါး၌ (မလာအီစေတမန်များ၊ လူသားနှင့်ဂျင်န်တို့အ နက်မှ စိတ်ရင်းဖြူစင်သော အရှင့်အစေခံအမှုတော်ဆောင်များစွာတို့သည် နေ့ရောညပါ) ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်း ဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင် ဆိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ထို့ပြင် သူတို့သည် ငြီးငွေ့ကြသည်ပင် မဟုတ်ပေ။

[39] ထို့ပြင် မြေကမ္ဘာသည် (ခြောက်ကပ်၍ ညံ့ဖျင်းလျက်) ကျတ်တီးမြေဖြစ်သောအခါ ငါအရှင်မြတ်သည် ယင်းအပေါ် မိုးရေ ရွာသွန်းစေတော်မူသောကြောင့် ယင်းသည် (မိုးရေစိမ့်ဝင်လျက် အစေ့အညှောက်နှင့်အပင် မျိုးစုံ အသက်ဝင်) အစပျိုးဖြစ်ထွန်းလာရန် နိုးကြားပွတက်လာသည်ကို အသင်မြင်တွေ့ရခြင်းသည် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ ပင်ဖြစ်၏။ (သို့ဖြစ်ပေရာ) ဧကန်မလွဲ၊ ယင်းမြေကမ္ဘာအား (စိမ်းလန်းစိုပြေ၍ ပြန်လည်) ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင် ဧကန်မုချ၊ သူသေတို့အား ရှင်ပြန်ထမြောက်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင် နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[40] ဧကန်စင်စစ်၊ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ (မူရင်းအနက် အဓိပ္ပာယ်မှ လွဲချော်စေရန်) လိုရာဆွဲ၍ မမှန်မကန် အဓိပ္ပါယ်ဖွင့်ဆိုသူတို့သည် ငါအရှင်မြတ် (၏သက်သေ လက္ခဏာတော်များ) မှ ဖုံးကွယ်နိုင်ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ ငရဲမီးထဲ၌ ပစ်ချခြင်းခံရမည့်သူသည် ပိုမို၍ မြင့်မြတ်သလော။ သို့တည်းမဟုတ် ရှင်ပြန်ထမည့်နေ့တွင် ပူပင်သောကကင်းလျက် ဘေးကင်းလုံခြုံစွာ ရောက်လာသူသည် ပို၍ မြင့်မြတ်သလော။ သင်တို့သည် သင်တို့၏ဆန္ဒအလျောက် အလိုရှိရာကို ပြုမူကျင့်ကြံကြလော့။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[41] ဧကန်ပင်၊ (ဆုံးမဩဝါဒများ ပါဝင်ပြီး) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော (ကျမ်းတော်) သည် သူတို့ထံ ရောက်ရှိလာသောအခါ ယင်းနှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ကြသူတို့သည် (ငရဲ မီးထဲသို့ ပစ်ချခြင်းခံရမည့်သူများ ဖြစ်ကြ၏)။ မုချဧကန်၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် ကြီးကြယ်မြင့်မြတ်သော ကျမ်းတော်ပင် ဖြစ်၏။

[42] (မမှန်ကန်သောအချက်များ အတွေးအခေါ်မှား၊ မုသားနှင့်မိစ္ဆာတရား အစရှိသော) အမှားသည် ယင်း (ကျမ်းတော်မြတ်) ၌ ယင်း၏ရှေ့မှသာမက နောက်မှလည်း လာရောက်စွက်ဖက်နိုင်ခြင်း မရှိချေ။ ထိုကျမ်းတော် သည် (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း အလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်မြတ်ထံတော်မှ အလီလီ ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။

[43] (မယုံကြည်သူတို့က) အသင် (တမန်တော်) အား စွပ်စွဲပြောဆိုသမျှသည် အသင်မတိုင်မီ (စေလွှတ် တော်မူခဲ့သော) ရစူလ်တမန်တော်များအား ပြောဆိုစွပ်စွဲခဲ့ကြသည့်အတိုင်းမှအပ အခြားမဟုတ်ပေ။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်စူးနစ်ပြစ်ဒဏ်ဖြင့် တုံ့ပြန်ခြင်းကို စိုးပိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[44] စင်စစ် အကယ်၍သာ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို အရဗီဘာသာစကားမဟုတ်သော အခြားဘာသာစကားဖြင့် စီမံဖြစ်စေတော်မူခဲ့လျှင် (ယခု မယုံကြည်ဖီဆန်ငြင်းပယ်နေကြသော) သူတို့က “(ကျမ်းတော်မြတ်၏) အာယသ်သက်သေလက္ခဏာတော်ကို အသေးစိတ် ရှင်းရှင်းလင်းလင်း ကွဲပြားခြားစွာ ဖော်ပြစေလိုလျှင် အဘယ်ကြောင့် အာရဗီဘာသာစကားမဟုတ်ဘဲ အခြားဘာသာ စကားဖြင့် စီမံဖြစ်စေတော်မူ သနည်း။” ဟု စောဒကတက်ခဲ့လိမ့်မည်။ (အို၊ ရစူလ်တမန်တော် သူတို့အား “ထိုကျမ်းတော်၏ရည်ရွယ်ချက် နှင့်အစွမ်းသတ္တိသည် ဘာသာစကားသက်သက်ပေါ် ဘောင်ကန့်သတ်ထားသည် မဟုတ်ပေ။) ယင်းသည် သက်ဝင်ယုံကြည်သူအတွက် လမ်းညွှန်တော်နှင့် (သူတို့၏စိတ်နှလုံးများ၊ အတွေးအခေါ်များနှင့်ဆင်ခြင်တုံတရား အားလုံးနှင့်ဆိုင်သော) ဝေဒနာပျောက်ဆေးကြီးပင် ဖြစ်၏။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏နားများ၌မူကား နားလေးနားထိုင်းမှုဝေဒနာသည် ရှိနေပြီး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် သူတို့အတွက် မမြင်နိုင်သောအရာ ဖြစ်နေ၏။ သူတို့သည် မကြားမမြင်နိုင်လောက်အောင် ဝေးကွာသောအရပ်ဒေသမှ ဖိတ်ခေါ်ခြင်းခံကြရသူများပင် ဖြစ်ကြ၏။

[45] ထို့ပြင် မလွဲဧကန်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအားလည်း ကျမ်းတော်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍လည်း (အသင်တမန်တော်၏လူ့အသိုင်းအဝိုင်းကဲ့သို့ပင်) ဝိရော ဓိဖြစ်သော သဘောကွဲလွဲမှု ဖြစ်စေခဲ့၏။ အမှန်စင်စစ် အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််ထံတော်မှ ရှေ့ပြေးအမိန့်စကားတော်တစ်ရပ်သည် ရှိနှင့်ပြီး မဖြစ်ခဲ့လျှင် အမှန်ပင် သူတို့၏ကြား၌ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်။ ထို့ပြင် ဧကန်ပင်၊ (အရှင့်အမိန့်တော်ကို မယုံကြည် ကြသော) သူတို့သည် ယင်း (ရှေ့ပြေးနိမိတ်) နှင့်စပ်လျဉ်း၍ မယုံသင်္ကာဖြစ်စေလျက် ဒွိဟသံသယ၌ပင် ရှိနေကြ၏။

[46] မည်သူမဆို ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးအတွက် ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုအကုသိုလ်ကို ပြုမူကျင့်ကြံလျှင်လည်း (ယင်းကောင်းမှု၏ဆိုးကျိုးဆက်သည်) ယင်းနဖ်စ်အပေါ်၌သာ သက်ရောက် မည်ဖြစ်၏။ အမှန်စင်စစ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အရှင့်အစေခံ လူသားတို့အပေါ်ဝယ် မတရားပြုတော်မူသောအရှင် မဟုတ်ပေ။

[47] ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်းသော အသိသည် ထိုအရှင်မြတ်ထံတော်သို့ပင် လွှဲအပ်ရပေ၏။ ထို့ပြင် အရှင့်ဉာဏ်တော်အနန္တက မသိဘဲ မည်သည့် သစ်သီးဝလံများပင်ဖြစ်စေ၊ ယင်းတို့၏ (အဖူး၊ အခွံ၊ အကာများ) မှ ထွက်ပေါ်လာသည် မဟုတ်သည့်အပြင် မည်သည့် အမ (အမျိုးသမီး) မျှ ကိုယ်ဝန်ဆောင်ခြင်းနှင့်သားဖွားခြင်းလည်း မရှိချေ။ ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် သူတို့အား ''ငါအရှင်မြတ်၏တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။'' ဟု ဟစ်ခေါ်မေးမြန်းတော်မူသောအခါ သူတို့က ''(ယနေ့) ကျွန်ုပ်အနက်မှ မည်သည့် သက်သေသက်ကန်မျှ မရှိပေ။” အရှင်မြတ်ထံ ဝန်ခံလျှောက်ထားကြပါ၏။'' ဟု ပြောဆိုကြပေမည်။

[48] စင်စစ်သော်ကား (ထိုနေ့တွင်) သူတို့ယခင်က ဟစ်ခေါ်တသ (ရှိခိုးပူဇော်) ကြသည်တို့သည် သူတို့ထံမှ လွှဲချောင်ပျောက်ကွယ်သွားကြပေမည်။ ထို့ပြင် သူတို့သည် သူတို့၌ ထွက်ပြေးလွတ်မြောက်ရာဟူ၍လည်း မရှိကြောင်း ယုံကြည်သွားကြပေမည်။

[49] လူသားသည် ကောင်းကျိုးချမ်းသာကို ဆုတောင်းပန်ထွာခြင်းမှ ငြီးငွေ့သည်ဟူ၍ မရှိပေ။ သို့ရာတွင် အကယ်၍ ဆိုးကျိုးဘေးအန္တရာယ် တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုအခါ စိတ်ပျက်လက်ပျက်ဖြစ် လျက် မျှော်လင့်ချက် လုံးဝ ကင်းသူ ဖြစ်လာလေ၏။

[50] သို့တစေလည်း သက်ရောက်ခဲ့သော ဆိုးကျိုးဘေးဒုက္ခတစ်စုံတစ်ရာ၏နောက်တွင် ငါအရှင်မြတ်သည် အရှင့်ထံတော်မှ ကရုဏာတော် (၏အရသာ) ကို မြည်းစမ်းစေတော်မူလျှင် ဧကန်ပင်၊ သူတို့သည် ''ဤသည် ကျွန်ုပ်နှင့်ထိုက်တန်သောအရာပင် ဖြစ်၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလဆိုက်ရောက်မည်။” ဟု ကျွန်ုပ် မထင်မှတ်ပေ။ သို့တစေလည်း အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်သွားခဲ့ရသည့်တိုင်အောင် ဧကန်မလွဲ၊ ကျွန်ုပ်အတွက် ထိုအရှင်မြတ်ထံ တော်တွင် သာပို၍ ကောင်းသော အကျိုးကျေးဇူးသည် အမှန်ပင် ရှိချေမည်။'' သို့ဖြစ်ပေရာ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ)'' သူတို့အား သူတို့ပြုမူ ကျင့်ကြံခဲ့သမျှတို့ကို အမှန်ပင် အကြောင်းကြားသိစေတော်မူပြီး ငါအရှင်မြတ်သည် ထိုသူတို့အား ပြင်းထန် စူးရှသော ပြစ်ဒဏ်၏ရသာကို ဧကန်မုချပင်၊ မြည်းစမ်းစေတော်မူပေမည်။

[51] စင်စစ်မူကား ငါအရှင်မြတ်သည် လူသားတို့၏အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူသောအခါ သူသည် မျက်နှာလွှဲ ကျောခိုင်၍ အဝေးသို့ ရှောင်ဖယ်သွားလေ့ရှိ၏။ သို့ရာတွင် သူ့၌ ဘေးဒုက္ခ သက်ရောက်သောအခါ (အားကိုးတကြီးဖြင့်) ဆုရှည်ရှည်တောင်းကြလေ၏။

[52] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ ယင်း (ကုရ်အာန်ကျမ်းမြတ်) သည် အလ္လာဟ်အရှင် မြတ်ထံတော်မှ (ချမှတ်ပေးအပ်သည်) ဖြစ်သော်၊ ထို့နောက်တစ်ဖန် သင်တို့သည် ယင်းကို မယုံကြည်ဖီဆန် ငြင်းပယ်ခဲ့ကြသော်၊ သို့ဖြစ်လျှင် (အမှန်တရားမှ ကွဲကွာ၍) ဝေးကွာလှသော ကွဲပြားမှု၌ ရှိနေသော သူထက် ပိုမို၍ လမ်းမှားသောသူ မည်သူရှိမည်နည်း။” ဟူသည်ကို သင်တို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။

[53] မကြာမီပင် ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌လည်းကောင်း၊ ဧကန်ပင်၊ ထို (ကုရ်အာန်ကျမ်းတော်မြတ်) သည် အမှန်တရား သစ္စာဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားလာသည်အထိ အရှင့်အာယသ်သက်သေလက္ခဏာတော်များကို ပြတော်မူမည်။ (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေ မွေးမြူတော်မူသော အရှင်မြတ်သည်ပင် (အသင့်အတွက်) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) (မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။

[54] သတိပြုကြလော့။ ဧကန်ပင်၊ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က တွေ့ဆုံကြရမည်နှင့်စပ်လျဉ်း၍ (တမင်၊ တစ်ဇွတ်ထိုး) သံသယ၌ ရှိနေကြ၏။ သတိပြုကြလော့။ မလွဲဧကန်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက် ရှိတော်မူ၏။

ဆွေးနွေးခြင်း

Surah 42

[1] ဟာ၊ မီမ်။

[2] အိုင်န်၊ စီန်၊ ကာဖ်။

[3] (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်သည် အသင် (တမန်တော်) နှင့်အသင်မတိုင်မီ လွန်လေပြီးသော တမန်တော်များထံသို့ ထိုကဲ့သို့ပင် အရှင့်ဝဟီအမိန့်ထုတ်ပြန်ချက်များကို ချမှတ်ပေးတော်မူ၏။

[4] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများ ဖြစ်၍) ထိုအရှင်မြတ် (၏ စည်းမျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထို့ပြင် ထိုအရှင် မြတ်သည် အလွန် မြင့်မြတ်လှတော်မူသောအရှင်၊ ထူးကဲကြီးကျယ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[5] မိုးကောင်းကင်များသည် ယင်းတို့အပေါ်မှ အစိတ်စိတ်အမြွှာမြွှာ အက်ကွဲပြိုကျအံဆဲဆဲ ဖြစ်ပြီး မလာအီ ကာကောင်းကင်စေတမန်တို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုး ကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းကို ဂုဏ်တင်ကြ၏။ သူတို့သည် ကမ္ဘာမြေ၌ရှိ (ကြသော အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ကြ) သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ကိုလည်း ဆုတောင်း ပန်ကြားလျက်ရှိကြ၏။ သတိပြုကြလော့။ (သံသယဖြစ်စရာအကြောင်းလုံးဝမရှသည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (လူ့စွမ်း ရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန် ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[6] ထိုအရှင်မြတ်မှအပ (အခြား သက်ရှိသက်မဲ့များကို) ကိုးကွယ်ရာအဖြစ် အယူထားလျက် (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟု ယူဆ၍) အလ္လာဟ်အရှင်မြတ်၏ဝလီ ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ်မှတ်ယူသူတို့အတွက် သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို မှတ်တမ်းအဖြစ် သိမ်းထားတော်မူရန်) အရှင်မြတ်ပင် သတိထားစောင့်ကြည့် စေတော်မူ၏။ စင်စစ်သော်ကား အသင် (တမန်တော်) သည် သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို စောင့်ကြည့်ရန် တာဝန်ဖြင့် ခန့်ထားသည့်) တာဝန်ခံ မဟုတ်ပေ။

[7] (အသင်မတိုင်မီ တမန်တော်များထံ အမှန်တရားသစ္စာ ချမှတ်ပေးအပ်တော်မူခဲ့၏) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့လည်း မိခင်ရွာ (ဖြစ်သော မက္ကဟ်မြို့) နှင့်ယင်း၏ပတ်ဝန်းကျင်မြို့ ရွာဒေသများ (ဖြစ်ကြသော ကမ္ဘာ့နိုင်ငံအသီးသီး) တွင် နေထိုင်ကြသူတို့အား သတိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော ( ရှင်ပြန်ထမည့်) နေ့နှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချမှတ်ပေးအပ် တော်မူ၏။ (သူတို့အနက်) အုပ်စုတစ်စုသည် သုခဘုံဥယျာဉ်၌ရှိကြပြီး နောက်အုပ်စုတစ်စုမှာမူကား ငရဲဘုံ၌ (ရှိကြလိမ့်မည်)။

[8] အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုတော်ရှိတော်မူလျှင် အမှန်ပင် သူတို့အားလုံးသည် (တစ်ခုတည်းသော သစ္စာတရားနှင့်ဘဝတည်ဆောက်မှု လမ်းစဉ်ပေါ် လျှောက်လှမ်းသည့်) လူ့ဘောင်အသိုင်းအဝိုင်း တစ်ခုတည်းအဖြစ် စီမံဖြစ်စေတော်မူနိုင်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူတို့အားသာလျှင် အရှင့်ကရုဏာတော် အတွင်းသို့ ဝင်ရောက်စေတော်မူ၏။ စင်စစ် အရှင့်စည်းမျဉ်းတော် ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့မူကား သူတို့အတွက် မည်သည့် ကာကွယ်စောင့်ရှောက်နှင့်ကူညီသူမျှ အလျှင်း ရှိလိမ့်မည် မဟုတ်ချေ။

[9] သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှအပ အခြားအရာ (သက်ရှိသက်မဲ့) တို့အား (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးမည့်) ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူမည် လော။ အမှန်စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သာလျှင် (အရေးကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးစေတော်မူသော) တစ်ဆူတည်းသော ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူမည်။ ထို့ပြင် ထိုအရှင်မြတ် သည်သာလျှင် (အရာခပ်သိမ်းတို့အပေါ် နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[10] ထို့ပြင် သင်တို့ မည်သည့်အရေးကိစ္စအကြောင်းအရာနှင့်စပ်လျဉ်း၍ ကွဲလွဲငြင်းခုံသည်ဖြစ်စေ၊ ယင်း၏အပြီးသတ် ဆုံးဖြတ်ချက်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ (အရှင့်စည်းမျဉ်းဥပဒေနှင့်အညီ ဆုံးဖြတ်စေရန်) ပင် ရှိ၏။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်တော်မူသည့် ထိုအရှင် မြတ်သည်ပင် အလ္လာဟ်အရှင်မြတ်သည် ဖြစ်တော်မူ၏။ ကျွန်ုပ်သည် ထိုအရှင်မြတ်အပေါ်၌သာ ယုံပုံကိုးစားပြီး ထိုအရှင်မြတ်ဘက်သို့သာလျှင် (နစ်မြှုပ်လျက်) ဦးတည်လှည့် ပြန်၏။

[11] (ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များနှင့်ကမ္ဘာမြေ၏မူလဇစ်မြစ်ကို (ယင်းတို့၏သီးခြား အင်္ဂါရပ် ကိုယ်စီနှင့်စီစဉ်ကျနမှုကိုယ်စီဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များအနက်မှ သင်တို့အတွက် ဘဝဖော်များကို ဖြစ်စေတော်မူပြီး တိရိစ္ဆာန်များတွင်လည်း အလားတူ (စုံတွဲ၊ အပေါင်းအဖော်များ) ဒွယံဒွယံ ဖြစ်စေတော်မူ၏။ ထိုသို့ဖြစ်စေတော်မူခြင်းအားဖြင့် ထိုအ ရှင်မြတ်သည် (သက်ရှိ တိရိစ္ဆာန်များအပါအဝင်) သင်တို့အား ဆတထမ်းပိုး တိုးတက်ပြန့်ပွားစေတော်မူ၏။ ထိုအ ရှင်မြတ်နှင့်တုနှိုင်း နိုင်သောအရာဟူ၍ မည်သည့် တစ်စုံတစ်ရာမျှပင် အလျှင်း မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ ကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[12] မိုးကောင်းကင်မများနှင့်မြေကမ္ဘာ၏ (ရတနာသိုက်ဆိုင်ရာ) သော့များသည် ထိုအရှင်မြတ်၌သာ ရှိ၏။ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့် အခြား လိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းပေးအပ်တော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ် အတိုင်းအတာဖြင့်သာ ပေးအပ်တော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[13] (လူ့ဘဝသမိုင်းတစ်လျှောက် စေလွှတ်တော်မူခဲ့ တမန်တော်များမှ တစ်ဆင့် လူသားတို့အတွက် ပြဌာန်းတော်မူခဲ့သည့်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) တွင် သင်တို့အတွက် တမန်တော်နူးဟ်အပေါ် သတ်မှတ်ပြဌာန်းတော်မူသည့် ဘဝတည်ဆောက်ရေးပမာ သတ်မှတ်ပြဌာန်းပေးတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်က အသင် (တမန်တော်) အပေါ် ဝဟီအမိန့်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်အမိန့် ပညတ်ချက်များတွင် တမန်တော် အီးဗ်ရာဟီးမ်မူဆာနှင့်အီစာတို့ အပေါ် ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များလည်းပါဝင်သည့်အပြင် ဒီန်လမ်းစဥ်ကို မြဲမြံစွာ ဆောက်တည်ရန်နှင့်ယင်း (ဒီန်လမ်းစဥ်) ၌ (ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ဝါဒစွဲပေါ်အခြေခံ၍) အုပ်စုဂိုဏ်းဂဏ မခွဲကြရန် ဟူသော အမိန့်တော်လည်း ပါရှိ၏။ (အို၊ ရစူလ်တမန်တော်) အသင် သူတို့အား ထိုအရှင်မြတ်ဘက်သို့သာ ဖိတ်ခေါ် နေခြင်းသည် ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်နေကြသော သူတို့ ၌ လွန်စွာခက်ခဲကြီးလေးပြီး စိတ်သောကရောက်စေ၏၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်း တော်နှင့်အညီ အလိုရှိတော်မူသောသူအား အရှင့်ဘက်တော်သို့ (ယုံကြည်မှုဝနှင့်နာခံမှုဖြင့် ဘဝတည်ဆောက်ရန်) ရွေးချယ်တော်မူပြီး ထိုအရှင်မြတ်သည် အရှင့်ဘက်တော်သို့ ပြန်လှည့်သော သူဟူသမျှကို လမ်းညွှန်တော်မူ၏။

[14] သူတို့၏မနာလိုပြိုင်ဆိုင်မှုနှင့်ပမာမခန့်မှုကြောင့် သူတို့ထံ (အမှန်တရားသစ္စာပေါ်အခြေခံသော) အသိပညာ ရောက်ရှိလာပြီးနောက်တွင် (ယခင်က ချမှတ်ပေးအပ်တော်မူခဲ့သည့် ဘဝတည်ဆောက်ရေး လမ်းစဉ် လိုက်နာခဲ့ကြသော) သူတို့အချင်းချင်းကြား (လမ်းစဉ်မှန်မှ သွေဖည်၍) အုပ်စုဂိုဏ်းဂနများ ကွဲခဲ့ကြ၏။ အမှန်စင် စစ် အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ရှေ့ပြေးအမိန့်စကားတော်တစ်ရပ်သည် သတ်မှတ်ထားသောကာလတစ်ခုအတွက် ရှိနှင့်ပြီးမဖြစ်ခဲ့လျှင် အမှန်ပင် သူတို့ကြား၌ အပြီးသတ်စီရင်ချက်ကို အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီ ဖြစ်လိမ့်မည်။ ထို့ပြင် ဧကန်စင်စစ်၊ သူတို့နောက်ပိုင်းတွင် ကျမ်းတော်ကို အမွေဆက်ခံခွင့်ရကြသော သူတို့မှာမူကား ယင်း (ဒီန်ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တော်နှင့်စပ်လျဉ်း၍ မယုံသင်္ကာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြလေ၏။

[15] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) သူတို့အား (ဒီန်ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့် ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ဘက်သို့) ဖိတ်ခေါ်လော့။ ထို့ပြင် အသင့်အား အမိန့်တော် ပေးခြင်းခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်မှန်ကန်၍ မြဲမြံစွာဖြင် ရပ်တည်လော့။ (ယခင်ကျမ်းရပုဂ္ဂိုလ်များ အပါအဝင် အရှင့်လမ်းစဉ်တော်မဟုတ်ဘဲ အခြား လမ်းစဉ်များကို လိုက်နာကြသော) သူတို့၏အလိုဆန္ဒရမ္မက်များကို မလိုက်လျော မလိုက်နာလေနှင့်။ ထို့ပြင် သူတို့အား “ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော မည်သည့်ကျမ်းတော်ကိုမဆို သက် ဝင်ယုံကြည်ပြီး သင်တို့ကြားတွင် တရားမျှတမှုကို တည်ဆောက်ရန် အမိန့်တော်ပေးခြင်းခံရ၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ပြုမူကျင့်ကြံမှုအတွက် ကျွန်ုပ်တို့၌ တာဝန်ရှိပြီး သင်တို့၏ပြုမူကျင့် ကြံမှုအတွက် သင်တို့၌ တာဝန်ရှိ၏။ ကျွန်ုပ်တို့နှင့်သင်တို့ကြား၌ မည်သို့မျှ အချေအတင်ငြင်းစရာ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အားလုံးကို စုရုံးစုစည်းစေတော်မူ (ပြီး ကျွန်ုပ်တို့နှင့်သင်တို့ကြား သဘောထားကွဲသည်တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းစေတော်မူ) ပေမည်။ ထို့ပြင် ထိုအရှင်မြတ်ထံတော်သို့ပင် (ကျွန်ုပ်တို့အားလုံး၏) နောက်ဆုံးခရီးပန်းတိုင် ဖြစ်၏။

[16] စင်စစ်သော်ကား အရှင်မြတ်၏ဖိတ်ခေါ်မှုကို လက်ခံဖြေကြားပြီးမှ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ (အရှင်မြတ်အား အာခံဖီဆန်သောအားဖြင့်) အချေအတင်ငြင်းခုံလိုကြသော သူတို့၏ အငြင်းအခုံသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမြင်တော်၌ (အသုံးမဝင်) တရားမဝင်ပေ။ ထို့ပြင် သူတို့အပေါ်၌ ပြစ်တင်ရှုတ်ချမှုခံစေမည့် အမျက်တော် ကျရောက်မည့်အပြင် သူတို့အတွက် ပြင်းထန်လှ စွာသော အပြစ်ဒဏ်သည်လည်း ရှိလိမ့်မည်။

[17] အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းတော်ကို အမှန်တရားသစ္စာနှင့်တရားမျှတမှုပေါ် အခြေခံ၍ (ကိစ္စရပ်တိုင်းအတွက် တိကျမှန်ကန်မျှတပြီး လိုက်ဖက်သော အခြေခံမူများပါဝင်စေတော်မူလျက်) ချမှတ်ပေးအပ် တော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်) ''ရှင်ပြန်ထရမည့်နေ့ကာလ အချိန်နာရီသည် နီးကပ်စွာ ရှိတန်ရာကြောင်း အသင့်အား မည်သည့်အရာက သိနားလည်စေနိုင်မည်နည်း။'' ဟု ဟောပြောလော့။

[18] ထို (ရှင်ပြန်ထရမည့်နေ့ကာလအချိန်နာရီ) နှင့်စပ်လျဉ်း၍ မယုံကြည်သောသူတို့သည်သာလျှင် (လှောင် ပြောင်သည့်အနေဖြင့်) အလျင်စလိုဖြစ်လာရန် စိတ်စောလျက်ရှိကြသော်လည်း သက်ဝင်ယုံကြည် သူတို့မှာမူ ကား ယင်းသည် အမှန်တရားဖြစ်ကြောင့် သိနေကြသည့်အတွက် ယင်းကို ထိတ်လန့်ကြ၏။ သတိပြုကြလော့။ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ ငြင်းခုံနေကြသော သူတို့မှာမူကား လွန်စွာ ဝေးကွာလှသော လမ်းမှား၌ ရှိနေကြ၏။

[19] အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အား အလွန်နက်နဲသိမ်မွေ့စွာ သက်ညှာတော်မူသော အရှင်ဖြစ်တော်မူ၏။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အရှင့်အလိုရှိတော်နှင့်အညီ) ရိက္ခာအထောက်အပံ့ကို ထောက်ပံ့ပေးအပ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် (စွမ်းအားတန်ခိုး အလုံးစုံကို ပိုင်ဆိုင်တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ်သိက္ခာအလုံးစုံကို ပိုင်ဆိုင်တော်မူသော) ဘုန်းတော်ရှင် ဖြစ်တော်မူ၏။

[20] မည်သူမဆို တမလွန်ဘဝ၌ အကျိုးအမြတ်ရိတ်သိမ်းဆွတ်ခူးနိုင်ရန် (ရုန်းကန်ကြိုးစား အားထုတ်လိုသော) ဆန္ဒရှိလျှင် ငါအရှင်မြတ်သည် သူ့အတွက် သူ၏အကျိုးအမြတ်ရိတ်သိမ်းဆွတ်ခူးစရာ၌ တိုးပွားစေတော်မူမည်။ သို့ရာတွင် မည်သူမဆို လောကီဘဝ၌ အကျိုးအမြတ်ရိတ်သိမ်းဆွတ်ခူးနိုင်ရန် (ရုန်းကန်ကြိုးစား အားထုတ်လိုသော) ဆန္ဒရှိလျှင် ငါအရှင်မြတ်သည် သူ့အတွက် လောကီကမ္ဘာ၌ ယင်း (အကျိုးအမြတ်ရိတ်သိမ်း ဆွတ်ခူးစရာ) မှ အနည်းငယ်ပေးတော်မူသော်လည်း နောင်တမလွန်ဘဝ၌မူကား သူ့အတွက် မည်သည့် ဝေစုဝေ ပုံမျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[21] သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ သူတို့အတွက် သတ်မှတ် ပြဋ္ဌာန်းပေးသော အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ကိုးကွယ်ခွင့်ရှိသည့် ကိုးကွယ်ရာများ ရှိကြသလော။ အကယ်၍ အပြီးသတ် ဓမ္မသတ်စီရင်ဆုံးဖြတ်မှုကို ရှင်းလင်းဆုံးဖြတ်စေမည့် ရှေ့ပြေးအမိန့်စကားတော်တစ်ရပ် မရှိခဲ့လျှင် သူတို့အကြား၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည် ဖြစ်၏။ ထို့ပြင် ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြု မူကျင့်ကြံသူတို့မူကား သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် ရှိလေ၏။

[22] (အို၊ ရစူလ်တမန်တော်) အသင်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြု မူကျင့်ကြံသူတို့အား သူတို့၏ကျင့်ဆောင်ရှာမှီးဆည်းပူးမှုကြောင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ် လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်း (ပြုမူဆောင်ရွက်၍ ရှာမှီးဆည်းပူးခြင်း ၏ကျိုးဆက်) သည် သူတို့အပေါ်၌သာ ကျရောက်မည် ဖြစ်၏။ ထို့ပြင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန် ကန်သော ပြုမူကျင့် ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့မူကား ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံပြီး ပန်းမျိုးစုံဖြင့် စိမ်းလန်းစိုပြေနေသော သုခဘုံဥယျာဉ်များ၌ ရှိကြပေမည်။ သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် သူတို့အလိုရှိသမျှသောအရာများ (အသင့်ပြင်ထားပြီး သား) ရှိ၏။ ထိုသို့ဖြင့် ယင်းသည် အလွန်ကြီးမားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်ခြင်းပင် ဖြစ်ပေ၏။

[23] ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသော အရှင့်အစေခံလူသားတို့အား ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်း ဖြစ်၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) ကျွန်ုပ်သည် သင်တို့ထံမှ ယင်း (အရှင့်တရားဓမ္မဆိုင်ရာ အမိန့်ပညတ်ချက်များကို သွန်သင်ပို့ချခြင်း) နှင့်စပ်လျဉ်း၍ ဆွေမျိုးသားချင်းတော်စပ်မှုကြောင့် ချစ်မြတ်နိုးခြင်းမှအပ မည်သည့် အကျိုး အမြတ် အခကြေးငွေကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုကုသိုလ် တစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ယင်းကောင်းမှု၌ ကောင်းမြတ်မှုကို တိုးပွားစေတော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။

[24] သို့တည်းမဟုတ် သူတို့က “(တမန်တော်မုဟမ္မဒ်) သူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ မုသားကို လုပ်ကြံဖန်တီးသည်။” ဟု ပြောဆိုကြလေသလော။ သို့ဖြစ်လျှင် အကယ်၍ (သင်သည် သူတို့ရှေ့ဝယ် မည်သည့်အရှင့်အမိန့်တော်ကိုမျှ မပို့ချနိုင်ရံသာမက) အလ္လာဟ်အရှင်မြတ် သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူပါလျှင် အသင့်စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ် တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များဖြင့် မိစ္ဆာတရားကို ဖယ်ရှားပျောက်ပစ်စေတော်မူ၍ အမှန်တရားသစ္စာကို အခိုင်အမာအတည်ပြုတော်မူ၏။ ဧကန်ပင်၊ အလ္လဟ်အရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက် ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

[25] စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အရှင့်အစေခံလူသားများ၏ဝန်ချတောင်းပန်၍ (အရှင့်ဘက်လှည့်) ခြင်းကို လက်ခံတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ပြစ်မှုအမှားအယွင်းတို့ကို ခွင့်လွှတ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို သိနေတော်မူ၏။

[26] ထို့ပြင် ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့၏ (နာခံကိုးကွယ်မှုနှင့်ဆုတောင်းပတ္ထနာ) ကို သဘောတူလက်ခံတော်မူသည့်အပြင် သူတို့အား အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းကို တိုးချီးမြှင့်ပေးအပ်တော်မူ၏။ သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိနေ၏။

[27] စင်စစ်မှာကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူ့အစေခံလူသားတို့အတွက် ရိက္ခာအထောက်အပံ့များကို အလျှံပယ်ပေါများစွာ ချီးမြှင့်တော်မူလျှင် သူတို့သည် ကမ္ဘာမြေဝယ် (အရှင့်စည်းဘောင်အားလုံးကို ကျူးလွန်ချိုးဖောက်၍) သောင်းကျန်းကြမည်သာ ဖြစ်၏။ သို့ရာတွင် အရှင်မြတ်သည် (ရိက္ခာအထောက်အပံ့များကို) အရှင့်ဆန္ဒတော်နှင့်အညီ အလိုရှိတော်မူသောသူအား စံသတ်မှတ်တိုင်းတာမှုဖြင့်သာ ချမှတ်ပေးအပ်တော်မူ၏။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားအပေါင်းတို့နှင့်ပတ်သက်၍ (သတင်းအချက်အလက် အသေးစိတ်ကို) ကောင်းစွာ သိတော်မူသောအရှင်၊ ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[28] ထို့ပြင် ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် (အသုံးဝင်သော နည်းလမ်းမျိုးစုံဖြင့် ကယ်တင်တော်မူရန်) မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် အရှင့်ကရုဏာတော်ကို ပြန့်ပွားပျံ့နှံ့ စေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်စေတော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူသောအရှင်၊ ချီးမွမ်းထိုက်သည့်ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[29] ထို့ပြင် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်တို့အနက်မှ မိုးကောင်းကင်များနှင့် မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည်လည်းကောင်း၊ ယင်းတို့နှစ်ခုလုံး၌ လှုပ်ရှားသွားလာသည့် သက်ရှိအ ပေါင်းတို့အား နေရာအနှံ့ ပျံ့နှံ့တိုးပွားစေတော်မူခြင်းသည်လည်းကောင်း ပါဝင်၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင့် ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါ သူတို့အား စုရုံးစေတော်မူခြင်းအပေါ် တန်ခိုးစွမ်းအား အလုံးစုံနှင့်ပြည့်စုံတော်မူ၍ အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[30] (အို၊ လူသားတို့) သင်တို့ထံ ဖြစ်ပျက်ရောက်ရှိသော အကျိုးယုတ်စေသည့် အကုသိုလ်ဘေးဒုက္ခဟူသမျှ သည် သင်တို့၏လက်များက ရှာမှီးဆည်းပူးခဲ့ကြသော ပြုမူကျင့်ကြံမှုတို့ကြောင့်ပင် ဖြစ်သော်လည်း ထိုအရှင် မြတ်သည် များစွာသော မှားယွင်းချွတ်ချော်မှုများကိုမူကား ဥပေက္ခာပြု၍ ခွင့်လွှတ်တော်မူ၏။

[31] စင်စစ်သော်ကား သင်တို့သည် ကမ္ဘာဂြိုဟ်၏ မည်သည့်အစိတ်အပိုင်း မည်သည့်နေရာ၌ပင်ဖြစ်စေ (အရှင့် နိယာမတော်နှင့်အညီ ဖြစ်ပျက်နေသည်တို့ကို နှောင့်ယှက်ဟန့်တားရန်) စွမ်းဆောင်နိုင်ကြသူများ အလျှင်း မဟုတ်ကြချေ။ ထို့ပြင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။

[32] ထို့ပြင် သမုဒ္ဒရာပင်လယ်၌ တောင်များပမာ (အလံလွှင့်ထူလျက် လှုပ်ရှားသွားလာနေကြသော) ရေယာဉ် သင်္ဘောများသည်လည်း ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်တို့တွင် အပါအဝင် ဖြစ်ကြ၏။

[33] အကယ်၍ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် လေကို ငြိမ်သက်စေတော်မူသောကြောင့် (ရေယာဉ်သင်္ဘောများ သွားလာလှုပ်ရှားနိုင်ရန် ယင်း (သမုဒ္ဒရာပင် လယ်ရေ ပြင်) ၏ရေမျက်နှာပြင်မှာ ရပ်တန့်လျက်ပင် ရှိနေကြ၏။ ဧကန်မလွဲ၊ ထိုသို့ဖြစ်စေတော်မူခြင်း၌ (အရှင့်လမ်းစဉ် တော်အတိုင်း ဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဒုက္ခအခက်အခဲကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံသူတိုင်းအတွက်လည်းကောင်း၊ ကျေးဇူးသိတတ်သူတိုင်းအတွက်လည်းကောင်း၊ အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိကြ၏။

[34] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် (ခရီးသည်များဖြစ်ကြသော) သူတို့၏ပြုမူရှာမှီးဆည်းပူးမှုကြောင့် ယင်း (ရေယာဉ်သင်္ဘော) တို့အား နစ်မြုပ်ဖျက်ဆီးစေတော်မူနိုင်၏။ သို့တစေလည်း ထိုအရှင်မြတ်သည် များစွာ သောမှားယွင်းချွတ်ချော်မှုများကို ဥပေက္ခာပြု၍ ခွင့်လွှတ်တော်မူလေ့ရှိ၏။

[35] ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း အငြင်းပွားလေ့ရှိကြသော သူတို့မူကား သူတို့အတွက် (ထွက်ပြေး လွတ်မြောက်လိုလျင်လည်း) မည်သည့် ခိုလှုံရာဌာနမျှ အလျှင်း မရှိချေ။

[36] မည်သို့ပင်ဖြစ်စေ သင်တို့အား ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာဟူသမျှသည် လောကီဘဝ သက်တမ်း၏ (ယာယီ) အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များသာဖြစ်သော်လည်း သက်ဝင်ယုံကြည်ပြီး သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ် ယုံပုံကိုးစားသော သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသမျှတို့မှာမူကား အကောင်းမြတ်ဆုံးနှင့်အတည်တံ့အမြဲမြံဆုံးပင် ဖြစ်၏။

[37] ထို့ပြင် ထိုသူတို့သည်ပင် ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှလည်းကောင်း၊ (ကြီးလေးပြစ်မှုမြောက်သည့်) မကြားဝံ့မနာသာသောညစ်ညမ်းသည့်အမှုကိစ္စတို့မှလည်းကောင်း ရှောင်ကြဉ်ကြ၏။ ထို့ပြင် သူတို့သည် မည်သည့်အခါမျိုးတွင်မဆို ဒေါသအမျက်ထွက်ကြသည်ရှိသော် ခွင့်လွှတ်လေ့ရှိကြ၏။

[38] ထို့ပြင် ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ ဖိတ်ခေါ်မှုဖြစ်သော တားမြစ်ချက်များနှင့်အမိန့်တော်များကို နာခံလိုက်နာလျက်) တုံ့ပြန်ဖြေကြားပြီး ဆွလာသ် ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြရုံသာမက သူတို့အချင်းချင်းကြား ဆောက်ရွက်စရာရှိသည့် စီမံချက်အရေးကိစ္စများတွင်လည်း ဆွေးနွေးနှီးနှော ညှိနှိုင်းတိုင်ပင်ကြသည့်အပြင် အရှင်မြတ်က သူတို့အား ချီးမြှင့်ပေးအပ်တော်မူသော ရိက္ခာအထောက်အပံ့များမှလည်း (ဆင်းရဲနွမ်းပါးသူတို့အတွက် တရားတော်နှင့်အညီ) မျှဝေစွန့်လှူပေးကမ်းကြ၏။

[39] ထို့ပြင် သူတို့ (အနက်မှ အချို့ဖြစ်စေ အားလုံးဖြစ်စေ) သည် မတရားသဖြင့် ညှင်းပန်းနှိပ်စက်ခြင်းကို ခံကြရသောအခါ (ညှင်းပန်းနှိပ်စက်မှုအဆုံးသတ်သည်အထိ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီလျက်) ခုခံတော်လှန် လေ့ရှိကြ၏။

[40] စင်စစ်သော်ကား မကောင်းမှုအကုသိုလ်သည် (အကျိုးဆက်အဖြစ်) အလားတူ မကောင်းမှု အကုသိုလ်ကိုသာ ပေးဆပ်စေ၏။ သို့သော် မည်သူမဆို (မတရားထိခိုက်နစ်နာစေသည့် ရန်သူကို) ခွင့်လွှတ်ပြီး (အချင်း ချင်းကြား ရင်ကြားစေ့လျက် ပြေလည်မှုရရှိရန် ကောင်းမွန်စွာ) ပြုပြင်ပြောင်းလဲလျှင် သူ၏ အကျိုးဆုလဒ်သည် အလ္လာဟ်အရှင်မြတ်ပေါ်၌သာ မူတည်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။

[41] သို့ရာတွင် မည်သူမဆို မတရားဖိနှိပ်ချုပ်ချယ်ခြင်းခံရပြီးနောက် (တရားတော်ကခွင့်ပြုထားသည့် တရားဝင် နည်းလမ်းများဖြင့် သူ၏အခွင့်အရေးကို ပြန်လည်ရယူရန်) ခုခံကာကွယ်သည်ရှိသော် ထိုသူတို့အပေါ်၌ (သူတို့၏လက်တုံ့ပြန်မှုကို ပြစ်တင်ရန်) မည်သည့် နည်းလမ်းမျှ အလျှင်း မရှိပေ။

[42] ပြစ်တင်ရမည့်နည်းလမ်းမှာကား လူသားတို့အပေါ်၌ (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် ၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံပြီး မြေကမ္ဘာ (၏တိုင်းပြည်ဒေသများ) ၌ လူ့အခွင့်အရေးနှင့်အမှန်တရားအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် ဆူပူသောင်းကျန်းဆိုးသွမ်းကြသော သူတို့အပေါ်၌သာလျှင် ရှိ၏။ ထိုသူတို့မူကား သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်သည် ရှိပေ၏။

[43] သို့ရာတွင် မည်သူမဆို (ရင်ဆိုင်သမျှ ဒုက္ခအခက်အခဲများ၌ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံပြီး (သူ့အပေါ် ပြစ်မှားခဲ့သူအား သဘောထားကြီးစွာဖြင့်) ခွင့်လွှတ်လျှင် ဧကန်မလွဲ၊ ထို့သို့ပြုမူခြင်းသည်ကား (အရေးကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာ ဆုံးဖြတ်ဆောင်ရွက်စေသော အရာပင်တည်း။

[44] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို (သူ၏လွတ်လပ်သောဆန္ဒအရ အပါယ်လမ်းကို ရွေးချယ်လိုခြင်းဖြင့်) လမ်းမှားဘက်ဦးတည်စေတော်မူလျှင် ထိုသို့လမ်းမှားရောက်ပြီးနောက် သူ့အတွက် (ထိုအရှင်မြတ်မှအပ သူ့ကို ထောက်ခံကူညီနိုင်မည့်) မည်သည့်ကာကွယ်စောင့်ရှောက်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ နောင်တမလွန်ဘဝ၌) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လိုသူဖြစ်နိုင်ရန် ကမ္ဘာလောကသို့ နောက်တစ်ကြိမ်) ပြန်သွားနိုင်သည့် နည်းလမ်း တစ်စုံတစ်ရာ ရှိပါသလော။''ဟု မေးမြန်းကြမည်ကို အသင်တွေ့မြင်ရပေမည်။

[45] ထို့ပြင် အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲ သိမ်ငယ်ကြောက်ရွံ့လျက် (ရဲရဲမကြည့်ဝံ့ကြဘဲ) တိတ်တခိုးပတ်ကြည့်နေကြမည်ကို တွေ့မြင်ရလိမ့်မည်။ ထို့ပြင် သက်ဝင်ယုံကြည်သူတို့က “ဧကန်ပင်၊ ရှင်ပြန်ထမည့်နေ့တွင် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့၏စိတ်အလိုရမ္မက် နှင့်အညီသာ အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့သည်လည်းကောင်း၊ သူတို့၏မိသားစုအသိုင်းအဝိုင်းတို့သည်လည်းကောင်း၊ ဆုံးရှုံးပျက် စီးစေသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်) များဖြစ်ကြ၏။ သတိထား ကြလော့။ ဧကန်မလွဲ၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူတို့သည် အမြဲထာဝရ မြဲမြံတည်တံ့မည့် ပြစ်ဒဏ်၌ ရှိကြပေမည်။

[46] ထို့ပြင် (တန်ခိုးအာနုဘော်အလုံးစုံနှင့်ပြည့်စုံတော်မူသော) အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့အား ကူညီစောင်မနိုင်မည့် ကာကွယ်စောင့်ရှောက်သူဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို (သူ၏လွတ်လပ်သောဆန္ဒအရ အပါယ်လမ်းကို ရွေးချယ်လိုခြင်းဖြင့်) လမ်းမှားဘက်ဦးတည်စေတော်မူလျှင် သူ့အတွက် (ထိုအရှင်မြတ်၏လမ်းစဉ်တော်မှအပ ထာဝရပျော်ရွှင်မှုခံစားနိုင်မည့်) အခြားမည်သည့်နည်းလမ်းမျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[47] သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လိုသူဖြစ်နိုင်ရန်) ယင်း (ကမ္ဘာလောကသို့ နောက်တစ်ကြိမ်) ပြန်သွားခွင့်ရှိမည် မဟုတ်သည့်နေ့ကာလ ရောက်မလာမီ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဖိတ်ခေါ်မှု (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝတည်ဆောက်၍ အရှင့်အမိန့်တော်) ကို နာယူကိုးကွယ်ရန် တုံ့ပြန် ဖြေကြားလော့။ (အဘယ်ကြောင့်ဆိုသော်) ထို့နေ့တွင် သင်တို့အတွက် ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်သည့်အပြင် (သင်တို့၏မည်သည့်ပြစ်မှုနှင့်သက်သေခံကိုမျှ) သင်တို့အတွက် ငြင်းဆိုနိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။

[48] သို့သော် (အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် (သင်၏ဖိတ်ခေါ်မှုကို လက်မခံဘဲ) မျက်နှာ လွှဲကြလျှင် ငါအရှင်မြတ်သည် (အသင် ဝမ်းနည်းပက်လက်မဖြစ်လေနှင့်အကြောင့်မှာ) အသင့်အား သူတို့အပေါ် (သူတို့၏လုပ်ရပ်များကို ဟန့်တားရန်နှင့်သူတို့အတွက် တာဝန်ယူရန်) စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ သင်၏တာဝန်မှာ အရှင့်အမိန့်တော်များကို (လူသားထံ အရောက် သွန်သင်) ပို့ဆောင်ခြင်းသာ ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူသားအား (အရှင့်လမ်းညွှန်တော် ဂုဏ်သိက္ခာနှင့်ကျေးဇူးတော် စသည်တို့ကို ရယူခံစားနိုင်သည့်) ကရုဏာတော် တစ်စုံတစ်ရာကို မြည်းစမ်းစေတော် မူသောအခါ သူသည် ယင်း (ကျေးဇူးတော်) ကြောင့် ပျော်ရွှင်မြူးထူးလေ့ရှိ၏။ သို့ရာတွင် အကယ်၍ သူတို့၌ သူတို့၏လက်များက ကြိုတင်ပို့ နှင့်သော အပြုအမူကြောင့် ဘေးဒုက္ခအခက်အခဲတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ၊ လူသားသည် လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေ၏။

[49] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်သည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည် စေတော်မူသည့်အရာများဖြစ်၍ ယင်းတို့၏) အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီအသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအား သမီးရတနာများ ချီးမြှင့်ပေးအပ်တော်မူ၍ အလိုရှိတော်မူသောသူအား သားရတနာများကို ချီးမြှင့် ပေးအပ်တော်မူ၏။

[50] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် သူတို့အား သားရတနာများနှင့်သမီးရတနာများကို ရောနှောပေးအပ်တော်မူ၏။ ထို့ပြင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (သားသမီးမထွန်း ကားသော) အမြုံ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့အပေါ် နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[51] အလ္လာဟ်အရှင်မြတ်သည် မည်သည့် (သေမျိုးဖြစ်သော) လူသား တစ်ဦးတစ်ယောက်နှင့်မျှ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချခြင်း၊ စည်းခြား၍ ကန့်လန့်ကာနောက်မှ အရိပ်အခြည်အသံပေးတော်မူခြင်းတို့မှအပ စကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် အရှင့်ထံတော်မှ သတင်းဆောင်ကောင်းကင်စေတမန်တစ်ပါး (ဂျီဗ်ရီးလ်) ကို စေလွှတ်တော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို အရှင့်ခွင့်ပြု အမိန့်တော်ဖြင့် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချပေးအပ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင် ဉာဏ်တော်အနန္တ) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[52] ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အမိန့်တော်များအနက်မှ (ဘဝသက်တမ်းတစ်လျှောက် ရှင်သန် ရပ်တည်ရေးဆိုင်ရာ လမ်းညွှန်ကို ကိုယ်စားပြုသော) ရူဟ်ဝိဉာဉ် (ကုရ်အာန်ကျမ်းတော်မြတ်) အား အသင် (တမန်တော်) ထံ ထုတ်ပြန်ပို့ ချပေးအပ်တော်မူခဲ့၏။ (ထိုမတိုင်မီ) အသင်သည် (ဘဝတည်ဆောက်ရေးလမ်းစဉ်ပါဝင် သော) ကျမ်းတော်အဘယ်နည်းဟူသည်ကိုလည်းကောင်း၊ (နေ့စဉ်ဘဝတွင် ကျင့်သုံးရမည် အခြေခံမူဆိုင်ရာ ရပ်တည်ချက်) ယုံကြည်ချက် အဘယ်နည်းဟူသည်ကိုလည်းကောင်း၊ သိရှိခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် အရှင့်အစေခံလူသားတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ယင်းအားဖြင့် လမ်ညွှန်စေတော်မူမည့် အလင်းတော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) ကို စီမံ ဖြစ်စေတော်မူ၏။ ထို့ပြင် ဧကန်မလွဲ၊ သင်သည် (လူသားအား အစစအရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံ တည်တံ့သောတရားလမ်းမှန်ကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။

[53] အလ္လာဟ်အရှင်မြတ်၏ထိုလမ်းစဉ်တော်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့ (အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်စည်းမျဉ်းနိယာမတော်များဖြင့် လည်ပတ်စေတော်မူသော) ထိုအရှင်မြတ်၏အချုပ်အခြာ၌ပင် ရှိ၏။ သတိပြုကြလော့။ အရေးကိစ္စအလုံးစုံတို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် (ပန်းတိုင်ကို အရှင့်ယုံပုံအပ်လျက်) ပြန်လည်ရောက်ရှိစေရာ၏။

ရွှေရောင်အဆင်တန်ဆာများ

Surah 43

[1] ဟာ၊ မီမ်။

[2] (ငါအရှင်မြတ်သည်) ယင်းကိုယ်တိုင် ရှင်းလင်းထင်ရှား (ပြီး အမှန်တရားသစ္စာကို မြင်သာထင်ရှား) စေသော ကျမ်းတော်ကို သက်သေထူတော်မူ၏။

[3] ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့ (အာယသ်သက်သေလက္ခဏာတော်များ၏အစိပ္ပါယ်ဖွင့်ဆိုချက်များနှင့်စကားလုံးဖွဲစည်းပုံများအပေါ်တွင်) တွေးခေါ်ဆင်ခြင်၍ သိနားလည်စေရန်အလို့ငှာ ကျမ်းတော်မြတ်ကုရ် အာန်ကို အာရဗီစာပေဖြင့် စီမံဖြစ်စေတော်မူ၏။

[4] ထို့ပြင် ဧကန်စင်စစ်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် ငါအရှင်မြတ်ထံတော်ပါးရှိ မိခင်ကျမ်း၌ (ထိန်းသိမ်းထားတော်မူသော မှတ်တမ်းအဖြစ်) အမှန်ပင် လွန်စွာ မြင့်မြတ်လှ၍ (တိကျပြတ်သားသော ဓမ္မသတ်စည်းမျဉ်းနိယာမတော်များပါဝင်လျက်) ဉာဏ်ပညာရပ်အမြော်အမြင်နှင့်ပြည့်စုံလှ၏။

[5] သို့ဖြစ်ပေရာ သင်တို့သည် စည်းဘောင်ကျူးလွန်၍ (အရှင်မြတ်ပေးအပ်တော်မူသော စွမ်းရည်များကို) အလွဲသုံးစားပြုသော လူမျိုးများဖြစ်သောကြောင့် ငါအရှင်မြတ်သည် သင်တို့ကို ဥပေက္ခာပြုသည့်အနေဖြင့် (ဆုံးမသြဝါဒနှင့်သွန်သင်ချက်များ အပြည့်အစုံပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) ကို သင်တို့ထံမှ ရုပ်သိမ်းလွှဲဖယ်တော်မူ (၍ အချုပ်အချယ်မဲ့ လွှတ်ထား) ရမည်လော။

[6] စင်စစ်သော်ကား ငါအရှင်မြတ်သည် လွန်လေပြီးဖြစ်သော ရှေးခေတ်မျိုးဆက်များတွင် အရှင့်သတင်းဆောင် နဗီတမန်တော်များ မည်ရွေ့မည်မျှ (များပြားသော အရေအတွက်) ကို စေလွှတ်တော်မူခဲ့ပြီးနည်း။

[7] သို့တစေလည်း သူတို့သည် သူတို့ထံ ရောက်ရှိလာသော အရှင့်သတင်းဆောင် နဗီတမန်တော်တိုင်းကို ပင် ပြက်ရယ်ပြု လှောင်ပြောင်ခဲ့ကြသည်သာ ဖြစ်၏။

[8] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (ခေတ်သစ်မျိုးဆက်များဖြစ်သော) သူတို့ထက် အင်အားစွမ်းရည်နှင့် ဩဇာအာဏာအားဖြင့် ပိုမို၍ ခိုင်မာတောင့်တင်းသော အလားတူ ရှေးခေတ်မျိုးဆက်ပေါင်းများစွာကို တိမ် ကောဖျက်စီးစေတော်မူခဲ့၏။

[9] အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို မည်သူက ဖွဲ့စည်းဖြစ်တည်စေတော်မူသနည်း။'' ဟု မေးမြန်းလျှင် သူတို့က “(လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူ သကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်သည်ပင် ယင်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ ”ဟု ဧကန်မလွဲ၊ ဖြေဆိုကြပေမည်။

[10] ထိုအရှင်မြတ်သည် သင်တို့အတွက် မြေကမ္ဘာကို (ပုခက်ပမာ လှည့်ပတ်လှုပ်ရှားလျက် ဖြန့်ခင်းထား သော) အခင်း ဖြစ်စေတော်မူပြီး သင်တို့သည် (သူတို့လိုရာခရီးများကို လွယ်ကူစွာသွားနိုင်၍) လမ်းမှန်ကို ရရှိကြ အံ့သောငှာ လမ်းကြောင်းများကို စီမံဖြစ်စေတော်မူ၏။

[11] ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို အတိုင်းအတာ၊ အချိန်အဆနှင့်ရွာသွန်းစေတော်မူကြောင့် ထိုမိုးရေဖြင့် (သွေ့ခြောက်သွေ့ခန့်ခြောက်၍ သေနေသော မြို့ရွာနယ်မြေဒေသရှိ) မြေသေ၊ မြေရိုင်း များကို ရှင်ပြန်နိုးထစေလျက် စိမ်းလန်းစိုပြေစေတော်မူ၏။ ထိုနည်းအတိုင်းပင် သင်တို့သည်လည်း (သင်တို့၏ သင်္ချိုင်းတွင်းမှ ရှင်ပြန်) ထွက်စေတော်မူခြင်းကို ခံကြရပေမည်။

[12] ထို့ပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်း၌ (ဖိုမစုံတွဲအပေါင်းအဖော်၊ အုပ်စုအဖွဲ့အစု၊ ကိုယ်စီကိုယ်င ဖြင့်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အပြင် သင်တို့စီးနင်းလိုက်ပါနိုင်မည့် သင်တို့အတွက် အစီးအနင်း များဖြစ်သော ရေယာဉ်သင်္ဘောများကိုလည်းကောင်း၊ ခြေလေးချောင်းတိရစ္ဆာန်များကိုလည်းကောင်း၊ စီမံ ဖြစ်စေတော်မူခဲ့၏။

[13] အသင်တို့သည် ယင်း (အစီးအနင်း) တို့၏ကျောပြင်များပေါ်၌ လုံခြုံမြဲမြံစွာ တက်စီးကြအံ့သောငှာလည်းကောင်း၊ ထို့နောက် သင်တို့သည် ယင်း (အစီးအနင်း) တို့ပေါ်၌ လုံခြုံမြဲမြံစွာ တက်စီးကြစဉ် သင်တို့အား ဖွဲ့စည်းဖြစ်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးခြင်းကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟသောငှာလည်းကောင်း၊ ''ဤအစီးအနင်းကို ကျွန်ုပ်တို့အတွက် အသုံးခံဖြစ်စေတော်မူသော အရှင်မြတ်သည် (အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ ခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤအစီးအနင်းကို စွမ်းဆောင်နိုင် နင်းကြသူများ မဟုတ်ခဲ့ပေ။” ဟု မြွက်ဆိုကြ၏။

[14] ထို့ပြင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ အမှန်ပင် ဦးလှည့်ပြန်သွားကြမည့်သူများပင် ဖြစ်ကြ၏။

[15] သို့သော်လည်း သူတို့သည် ထိုအရှင်မြတ်၏အစေခံလူသားများအနက်မှ (အချို့ကို) ထိုအရှင်မြတ်၏ (ကိုယ်ပွား၊ အစုရှယ်ယာ) အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူ၍ စီမံဖန်တီးကြ၏။ ဧကန်ပင်၊ လူသားသည် သိသာ ထင်ရှားစွာသော ကျေးဇူးကန်းသူများပင် ဖြစ်ကြ၏။

[16] သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများအနက်မှ အရှင့်အတွက် သမီးမိန်းကလေးများကို ရွေးချယ်တော်မူ၍ သင်တို့ကိုမူကား သားယောကျာ်းလေးတို့ဖြင့် ချီး မြှောက်တော်မူခဲ့ပါသလော။

[17] စင်စစ်သော်ကား သူတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်းကလေးမွေးကြောင်း သတင်းကောင်းပါးခြင်းခံရသောအခါ သူသည် (သူနှင့်အသင့်တော်ဆုံးဖြစ်မည့် သမီးရတနာချီးမြှင့် ပေးအပ်တော်မူသော) အနန္တ ကရုဏာတော်ရှင်အတွက် တုံ့ပြန်မှုဥပမာတစ်ခု ထုတ်ဖော်ဖန်တီးသည့်အနေဖြင့် သူ့မျက်နှာမှာ ညှိုးနွမ်းမည်း မှောင်လာ၍ (သမီးရကောင်းလားဟူသော ဒေါသကို ချုပ်တည်းလျက်) ဆို့နင့်လေ၏။

[18] (ဆက်လက်၍ သမီးရတနာပေးအပ်ခြင်းခံရသော) သူက “(ကြီးလာလျှင် သူတစ်ပါးလက်ထဲရောက် သွားမည့်သမီးကို) လက်ဝတ်လက်စားများဖြင့် အလှဆင်ယင်လျက် ကြီးပြင်းလာသည်အထိ ကျွေးမွေးပြုစု စောင့်ရှောက်သူဖြစ်ရမည်လော။” (ဟု စိတ်ထဲ၌ တွေးမိ၍ အမှား၊ အမှန်ကို ဝေခွဲမရဖြစ်လျက်) ထင်ရှားပြတ်သားမှုမရှိဘဲ ဇဝေဇဝါဝိုးတိုးဝါးတားအတွေး၌ ရှိလေ၏။

[19] ထို့ပြင် သူတို့သည် အနန္တကရုဏာတော်ရှင်၏အစေခံ အမှုတော်ဆောင်များဖြစ်ကြသော မလာအီကာ ကောင်းကင်စေတမန်တို့အား မလိင် (အမျိုးသမီး၊ အရှင့်သမီးတော်များ) များအဖြစ် စီမံသတ်မှတ်ကြ၏။ သူတို့သည် ယင်း (မလာအီကာ ကောင်းကင်စေတမန်) တို့ကို ဖွဲ့စည့်ဖြစ်တည်စေတော်မူစဉ် (အရှင့်ရှေ့တော် မှောက်၌ ရှိနေ၍) မျက်မြင် သက်သေသက်ကန်များ ဖြစ်ကြလေသလော။ (မည်သို့ပင်ဖြစ်စေ သူတို့စွပ်စွဲပြော ဆိုနေသည့်) သူတို့၏သက်သေထွက်ဆိုချက်များသည် ရေးသားမှတ်တမ်းတင်ခြင်းခံရပြီး (နောင်တမလွန် ဘဝတွင် ယင်းနှင့်စပ်လျဉ်း၍) စစ်ဆေး မေးမြန်းခြင်းကိုလည်း ခံကြရပေဦးမည်။

[20] တစ်ဖန် သူတို့က “အကယ်၍ အနန္တကရုဏာတော်ရှင်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့သည် ယင်း (မလာအီကာ ကောင်းကင်စေတမန်) တို့အား ဆည်းကပ်ကိုးကွယ်ကြ မည် မဟုတ်ပေ။ “ဟုလည်း ပြောဆိုကြ၏။ ထိုကဲ့သို့ (စွပ်စွဲပြောဆိုနေခြင်းသည်) ပင် သူတို့၌ (အရှင့်ဆန္ဒတော်၊ လူသားတို့၏လွတ်လပ်သောဆန္ဒနှင့်လူသားတို့၏လုပ်ရပ်များကြား ဆက်နွယ်မှုဆိုင်ရာ) အသိပညာ လုံးဝ မရှိ (ကြောင်းကို ထင်ရှားစေ) ခြင်းပင် ဖြစ်၏။ အမှန်စင်စစ် သူတို့သည် (သူတို့၏ဆန္ဒစိတ်ဝင်စားမှုနှင့်ဝါသနာအလျှောက် ဆုံးဖြတ်လျက် မရေရာသောကိစ္စကို) မှန်းဆ ပြောဆိုနေကြခြင်းသာ ဖြစ်၏။

[21] သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့အား ထို (ကုရ်အာန်ကျမ်းတော်မြတ်ချမှတ်ပေးအပ်တော် မူခြင်း) မတိုင်မီ ကျမ်းတော်တစ်စောင်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သောကြောင့် သူတို့သည် ယင်း (ကျမ်းတော်) ကို မှီငြမ်းလျက် ရုပ်ပွားဆင်းတုများနှင့်အခြားကိုးကွယ်ရာများကို ဆည်းကပ်ကိုးကွယ်ရန် အခွင့်အာဏာရရှိ ထား၍) မြဲမြံစွာ ဆုပ်ကိုင်ထားလေသလော။

[22] အမှန်မှာ ထိုသို့ အလျှင်းမဟုတ်။ သူတို့က “ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး ဘီဘင်တို့၌ တွေ့မြင်ခဲ့သည့် မိရိုးဖလာအစဉ်အလာအပေါ် ရပ်တည်နေသော လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုသာဖြစ်ပြီး ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့၏ခြေရာများအတိုင်း ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက် နာရန် လမ်းညွှန်ခြင်းခံသူများပင် ဖြစ်ကြ၏။

[23] ထို့ပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင် (တမန်တော်) မတိုင်မီ မည်သည့်မြို့ရွာဒေသ၌ပင်ဖြစ်စေ၊ သတိပေးနှိုးဆော်သူ (အရှင့်သတင်းဆောင် တမန်တော်) တစ်ပါးပါးကို စေလွှတ်တော်မူသည့်အခါတိုင်း ယင်း (မြို့ရွာဒေသ) နေ၊ လောကီစည်းစိမ်၌ နစ်မြုပ်ထားသည့်ပြည်သူတို့က ''ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ၏ဘိုး၊ ဘေး ဘီဘင်တို့၌ တွေ့မြင်ခဲ့သည့် မိရိုးဖလာအစဉ်အလာအပေါ် ရပ်တည်နေသော လူ့ဘောင်အသိုင်း အဝိုင်းတစ်ခုသာဖြစ်ပြီး မုချဧကန်၊ ကျွန်ုပ်တို့သည် သူတို့၏ ခြေရာများပေါ်၌ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်နာနေကြသူများ ဖြစ်ကြ၏။” ဟု ဆင်ခြေပြောဆိုခဲ့ကြ၏။

[24] ထိုသတိပေးနှိုးဆော်သူ (သတင်းဆောင်တမန်တော်) က ''အကယ်၍ ကျွန်ုပ်သည် အသင်တို့ထံ သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့၌ တွေ့မြင်ခဲ့သည့် မိရိုးဖလာအစဉ်အလာထက် ပိုမို (တိကျမှန်ကန်သော) တရား လမ်းမှန်ကို ညွှန်ပြအံ့သော တရားဓမ္မကို ဆောင်ကြဉ်းခဲ့ပါလျက် (သင်တို့သည် သင်တို့၏ ရိုးရာဓလေ့များကိုသာ လိုက်နာလိုက်စားကြမည်လော။)''ဟု မေးမြန်းသော် သူတို့က ''ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် သင်နှင့်အတူ စေလွှတ်တော်မူခြင်းခံရသောအရာ (အရှင့်အမိန့်ပညတ်ချက်) ဟူသမျှနှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ် သူများသာ ဖြစ်ကြ၏။'' ဟု ဖြေဆိုခဲ့ကြ၏။

[25] သို့ဖြစ်သောကြောင့်ပင် ငါအရှင်မြတ်သည် သူတို့အနက်မှ (အချို့ကို) တန်ပြန်ဒဏ်ခတ်အရေးယူစေ တော်မူ၏။ သို့ဖြစ်ပေရာ (ယခင်က အမှန်တရားအား မဟုတ်မတရားစွပ်စွဲလှောင်ပြောင်လျက်) သွေဖည်ငြင်းဆန် ခဲ့ကြသော သူတို့၏ဘဝနိဂုံးများ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ်နေသော သမိုင်းအမွေအနစ်များ ၌) စူးစမ်းလေ့လာ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့။”

[26] (သတိရကြလော့။) တမန်တော်အီဗ်ရာဟီးမ်က သူ့ဖခမည်းတော်နှင့်သူ့လူမျိုးတို့အား ''မုချဧကန်၊ ကျွန်ုပ်သည် သင်တို့ ဆည်းကပ်ကိုးကွယ်ကြသည့်ကိုးကွယ်ရာတို့မှ (မည်သို့မျှ ပတ်သက်မှုမရှိဘဲ အချုပ်အချယ် ကင်းလျက်) ကင်းလွတ်ပါ၏။'' ဟု ဟောပြောခဲ့စဉ်။

[27] ကျွန်ုပ်သည် ကျွန်ုပ်၏မျိုးရိုးဗီဇကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ကိုသာလျှင် နာခံ ကိုးကွယ်ပြီး ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား (အမှန်တရားသစ္စာနှင့်ထဝရပျော်ရွှင် အေးချမ်းနိုငိရေးအတွက်) လမ်းညွှန်တော်မူလိမ့်မည်။

[28] ထို့ပြင် တမန်တော်အီဗ်ရာဟီးမ်သည် အစဉ်တည်တံ့သော စကားတော်အား သူတို့ (က အခြားကိုး ကွယ်ရာအားလုံးကို စွန့်လွှတ်၍ အရှင်တစ်ဆူဝါဒကို လိုက်နာကျင့်သုံးလျက် အရှင်မြတ်ဘက်သို့) ဦးလှည့်ပြန် နိုင်ကြရန်အလို့ငှာ သူ့နောက်ပိုင်းတွင် ရောက်လာမည့် သားစဉ်မြေးဆက် မျိုးဆက်သစ်များအတွက် စီမံဖြစ်စေ ခဲ့၏။

[29] အမှန်မှာ ငါအရှင်မြတ်သည် ဤ (မျိုးဆက်သစ်များဖြစ်ကြသော မက္ကာသားဖြစ်) သူတို့အားလည်းကောင်း၊ သူတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အားလည်းကောင်း၊ သူတို့ထံ အမှန်တရားသစ္စာနှင့်ထိုအမှန်တရားကို ထင်ရှားမြင်သာအောင် ရှင်းလင်းစေသည့် အရှင့်သတင်းဆောင် ရစူလ်တမန်တော်တစ်ပါး ရောက်လာ (ပြီး ယင်း ကို သူ့ဘဝနှင့်ကိုယ်ကျင့်တရား၌ လက်တွေ့အကောင်အထည်ဖော်ပြသ) သည်အထိ လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များကို ရရှိခံစားစေတော်မူခဲ့၏။

[30] သို့ရာတွင် (ယခု ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော) အမှန်တရားသစ္စာသည် သူတို့ထံရောက် ရှိလာခဲ့သောအခါ သူတို့က ''ဤသည် မှော်ပယောဂအတတ်ပညာသာ ဖြစ်ပြီး ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ယင်း နှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်သူများပင် ဖြစ်ကြသည်။” ဟု ပြောဆိုခဲ့ကြ၏။

[31] ထို့ပြင် သူတို့က ဤကုရ်အာန်ကျမ်းမြတ်သည် (မက္ကဟ်နှင့်သွာအစ်ဖ်) မြို့နှစ်မြို့မှ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးအပေါ်၌ အဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်းမခံခဲ့ရသနည်း။''ဟု စောဒကတက် ပြောဆိုခဲ့ကြ၏။

[32] အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (သော တမန်တော်အဖြစ် ခန့်အပ်၍ ကျမ်းတော်ချီးမြှင့်ပေးအပ်ခြင်း) ကို သင်တို့သည်ပင် ခွဲဝေဖြန့်ဖြူးပေးကြ သလော။ (စင်စစ်သော်ကား) ငါအရှင်မြတ်သည်ပင် လောကီဘဝသက်တမ်း၌ သင်တို့၏ (အသက်မွေးဝမ်း ကျောင်းအပါအဝင်) လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များကို သင်တို့ကြားဝယ် ခွဲဝေဖြန့်ဖြူးပေးအပ်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သင်တို့အနက် အချို့သည် အချို့အား လက်အောက်ခံ အမှုထမ်းများအဖြစ် ခန့်အပ်၍ အမှီသဟဲပြုနိုင်ရန်အလို့ငှာ သင်တို့အနက် အချို့ကို အချို့ထက် အခွင့်အလမ်းများ ပိုမို၍ ပေးအပ် တော်မူလျက် မြှောက်စားတော်မူ၏။ စင်စစ်မှာကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏ကရုဏာတော်သည် သူတို့ ရှာမှီးဆည်းပူးစုဆောင်းလျက် ရှိကြသည်တို့ထက်သာ လွန်ကောင်းမြတ်လှပေ၏။

[33] တစ်ဖန် အကယ်၍ လူသားခပ်သိမ်းတို့သည် (လူ့အခွင့်အရေးတန်းတူရည်တူရှိသည့်) တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းအဖြစ် ဖြစ်စေတော်မူရန် အကြောင်းမရှိလျှင် အမှန်ပင်၊ ငါအရှင်မြတ်သည် အနန္တ ကရုဏာတော်ရှင်နှင့်စပ်လျဉ်း၍ မယုံကြည်သွေဖည်ငြင်းပယ်ကြသောသူတို့အတွက် သူတို့၏နေအိမ်အမိုးများနှင့် အိမ်ပေါ်အတက်အဆင်းလုပ်သည့် လှေကားများကို (ရွှေ) ငွေဖြင့် စီမံဖြစ်စေ (တော်မူရန် အခွင့်အလမ်းများ ပေးတော်) မူလိမ့်မည်။

[34] ထို့ပြင် သူတို့၏နေအိမ်များရှိတံခါးများနှင့်ယင်းအပေါ် သူတို့နားနေလဲလျောင်းသည့် ခုံတန်း (သလွန်) ကိုလည်း (ရွှေငွေဖြင့် စီမံဖြစ်တော်မူရန် အခွင့်အလမ်းများ ပေးတော်မူလိမ့်မည်)။

[35] ထို့ပြင် ရွှေထည် အဆင်တန်ဆာများ (နှင့်အခြား လက်ဝတ်ရတနာများလည်း (ရှိစေတော်မူမည်၊) သို့ရာ တွင် ထိုကဲ့သို့ (ရွှေငွေရတနာ) အလုံးစုံတို့ကို ပိုင်ဆိုင်ထားကြသော်လည်း (ယင်းတို့အားလုံးသည်) လောကီဘဝသက်တမ်း၏အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်ဆိုင်ရာအသုံးအဆောင်မျှသာ ဖြစ်ကြ၏။ အမှန်စင်စစ်၊ တမလွန်ဘဝ (၏အကျိုးခံစားခွင့်ဟူသမျှ) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင်တော်၌ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက် နာကျင့်သုံးကြသော) သူတော်စင်တို့အတွက်သာလျှင် ဖြစ်ပေ၏။

[36] စင်စစ်သော်ကား မည်သူမဆို အနန္တကရုဏာတော်ရှင်၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်း တော်) မှ မျက်နှာလွဲ၍ (အရှင်မြတ်မြင်နေတော်မူကြောင်းကို ဂရုမစိုက်ဘဲ) ဥပေက္ခာပြုထားသည်ရှိသော် ငါအရှင်မြတ်သည် ထိုသူ့အတွက် စေတန်မကောင်းဆိုးဝါးတစ်ဦးကို ခန့်အပ်သတ်မှတ် ပေးတော်မူမည်ဖြစ်ရာ ထို (စေတန်မကောင်းဆိုးဝါး) သည် ထိုသူ၏အဖော် ဖြစ်သွားမည်။

[37] ထို့ပြင် ဧကန်မုချ၊ ထို (စေတန်မကောင်းဆိုးဝါးများဖြစ်ကြသော) သူတို့သည် (ကျမ်းတော်ကို ဥပေက္ခာ ပြုထားသော) သူတို့အား ဖြောင့်မတ်မှန်ကန်သောတရားလမ်းမှ ပိတ်ပင်တားဆီးလေ့ရှိကြ၏။ သို့ရာတွင် သူတို့မူ ကား “ဧကန်ပင်၊ သူတို့သည် တရားလမ်းမှန်ကို ညွှန်ပြခြင်းခံရသူများ ဖြစ်ကြသည်။” ဟု ထင်မှတ်လေ့ရှိကြ၏။

[38] နောက်ဆုံးတွင် (ကျမ်းတော်ကို ဥပေက္ခာ ပြုထားသော) သူသည် ငါအရှင်မြတ်ထံတော်သို့ ရောက်လာ သောအခါ ထို (စေတန်မကောင်းဆိုးဝါးဖြစ်) သူအား “သြော်၊ ကျွန်ုပ် ဒုက္ခလှလှ တွေ့ကြုံနေရပြီ။ ကျွန်ုပ်နှင့် သင်၏အကြား၌ နေထွက်ရာအရပ်နှစ်ခု (ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းပမာ) ဝေးကွာခဲ့လျှင် ကောင်းလေစွ။ စင်စစ်မူကား ထို (စေတန်မကောင်းဆိုးဝါးဖြစ်သော) သူသည် လွန်စွာ ယုတ်ညံ့ဆိုးရွားလှသော မိတ်ဆွေအပေါင်း အဖော်ပင် ဖြစ်၏။

[39] ထို့ပြင် သင်တို့ကိုယ်တိုင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့ကြသောကြောင့် ယင်း (ယူကျုံးမရဖြစ်ခြင်း) သည် ယနေ့ (တမလွန်တရားစီရင်မည့်နေ့) တွင် သင်တို့အတွက် အလျှင်း အကျိုးပေးမည် မဟုတ်ဘဲ ဧကန်မလွဲ၊ သင်တို့သည် (ထိုအဖော်များ ဖြစ်ကြသော ထို (စေတန်မကောင်းဆိုးဝါးတို့နှင့်အတူ) ပြစ်ဒဏ်၌ ဖက်စပ်ပါဝင်သူများပင် ဖြစ်ကြလိမ့်မည်။

[40] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ ဤကျမ်းတော်သည် အမှန်တရားဖြစ်ကြောင်း ထင်ရှားသော် လည်း) အသင်သည် နားပင်းသူတို့အား ကြားနာစေနိုင်သလော။ သို့တည်းမဟုတ် အသင်သည် မျက်စိကန်းသူ တို့အားလည်းကောင်၊း ထင်ရှားလှစွာသောလမ်းမှား၌ ရှိနေသူတို့အားလည်းကောင်း၊ တရားလမ်းမှန်ကို ညွှန်ပြနိုင်သလော။

[41] တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား (ဤလောကမှ) ယူဆောင်သွားတော်မူလျှင်လည်း ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်ဒဏ်ခတ်အရေးယူတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[42] သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ ကတိထားတော်မူသည့် (ပြစ်ဒဏ်ကို ဖြည့်ဆည်းစေတော်မူလျက်) အသင့်အား (ဤလောကီဘဝ၌ပင်) ပြသတော်မူလျှင်လည်း ဧကန်မလွဲ၊ ငါအရှင်မြတ် သည် သူတို့အပေါ်၌ (ပြစ်ဒဏ်သက်ရောက်စေရန် တန်ခိုးအာနုဘော်ပိုင်ဆိုင်တော်မူလျက်) ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[43] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပို့ချ ခြင်းခံရသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကိုပင် မြဲမြံစွာ စွဲကိုင်ထားလော့။ ဧကန်မလွဲ၊ အသင်သည် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သော လမ်းစဉ်တော်ပေါ်၌ ရှိ၏။

[44] ထို့ပြင် မုချဧကန်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အသင့်အတွက်လည်းကောင်း၊ သင်၏ (ခေတ်သစ်) လူ့ဘောင်အသိုင်းအဝိုင်းတို့အတွက်လည်းကောင်း၊ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ထူးကဲ မြင့်မြတ်သော ဂုဏ်ကျက်သရေ) ပင် ဖြစ်ပြီး သင်တို့အားလုံးသည်လည်း (ယင်းနှင့်စပ်လျဉ်း၍) မကြာမီပင် စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။

[45] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်အလျင် ငါအရှင်မြတ်က စေလွှတ်တော်မူခဲ့သော ရစူလ် တမန်တော်တို့ (၏ စစ်မှန်သောနောက်လိုက်များ) အား ''ငါအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်မှအပ ဆည်း ကပ်ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်းပေးတော်မူခဲ့သလော။'' ဟု မေးမြန်းလော့။

[46] တစ်ဖန် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် တမန်တော်မူဆာအား မြင်သာထင်ရှားသော အာယသ်သက်သေ လက္ခဏာတော် (တန်ခိုးအံ့ဖွယ်ရာ) များနှင့်တကွ ဖာရိုမင်းဆက်နှင့် သူ၏မှူးကြီးမတ်ရာ အကြံပေးအကြီးအကဲထံသို့၊ စေလွှတ်တော်မူခဲ့ရာ သူက (သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။” ဟု ပြောကြားခဲ့၏။

[47] သို့ရာတွင် တမန်တော်မူဆာသည် ငါအရှင်မြတ်၏ထင်ရှားသော အာယသ်သက်သေလက္ခဏာတော် (တန်ခိုးအံ့ဖွယ်ရာ) များနှင့်တကွ သူတို့ထံ ရောက်လေသောအခါ သူတို့သည် ထို (သက်သေလက္ခာတော်များ) ၌ ပြက်ရယ်ပြု ဟားတိုက်၍ ရယ်မောကြလေ၏။

[48] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား တစ်ခုထက်တစ်ခု ပိုမို၍ ဆန်းကြယ် အာယသ်သက်သေလက္ခဏာ တော်များကို တစ်ခုပြီးတစ်ခု ပြသစေတော်မူခဲ့သည်သာ ဖြစ်၏။ ထို့နောက် ငါအရှင်မြတ်သည် (သွေဖည်ငြင်းပယ်မှုကို စွန့်၍ အရှင့်ဘက်သို့) ဦးလှည့်ပြန်လာကြရန်အလို့ငှာ သူတို့အား ပြစ်ဒဏ်များဖြင့် ဖမ်းဆီးအရေးယူ တော်မူခဲ့၏။

[49] (အရှင်မြတ်သည် သူတို့အား ဒဏ်ခတ်အရေးယူတော်မူသည့်အခါအတိုင်း) သူတို့က (တမန်တော်မူအား) “အို၊ မှော်ပယောဂပညာကျွမ်းကျင်သူ အပေါင်းတို့၊ ကျွန်ုပ်တို့အတွက် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အသင့်ထံ ကတိထားတော်မူခဲ့သည်နှင့်အညီ (ကျွန်ုပ်တို့ထံမှ ဘေးဒုက္ခများကို ဖယ်ရှားတော်မူရန်) ဆုတောင်းပေးပါ။ (ယခုသော်) ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် တရားလမ်းမှန်ကို အမှန်ပင် လက်ခံလိုက်နာကြပါမည်။

[50] သို့တစေလည်း ငါအရှင်မြတ်သည် သူတို့ထံမှ ပြစ်ဒဏ်ကို ဖယ်ရှားပေးတော်မူသောအခါ သူတို့သည် ချက်ချင်းပင် (အရှင်မြတ်ကို ပေးထားသည့်) ကတိကို ချိုးဖောက်ကြလေ၏။

[51] ထို့ပြင် ဖာရိုမင်းသည် သူ့လူမျိုးကြားတွင် ကြေညာချက်ထုတ်ပြန်သည်မှာ အို၊ ကျွန်ုပ်၏လူမျိုးတို့ ကျွန်ုပ်၌သာလျှင် အီဂျစ်နိုင်ငံ၏အချုပ်အခြာအာဏာ ရှိနေသည် မဟုတ်လော၊ ထို့ပြင် ဤတိုင်းပြည်၌ တသွင် သွင် စီးဆင်းနေသည့် စိမ့်စမ်းရေ (မြစ်ချောင်းအင်းအိုင်) များသည်လည်း ကျွန်ုပ်၏ဩဇာအာဏာအောက်တွင်သာ ရှိကြသည် (မဟုတ်လော)။ သို့ပါလျက် အသင်တို့သည် (အမှန်တရားကို) မမြင်ကြလေသလော။

[52] သို့တည်းမဟုတ် ကျွန်ုပ်သည် ဂုဏ်အသရေသေးသိမ်သော ဤပုဂ္ဂိုလ်ထက် ပိုမို၍ ကောင်းမြတ်သည့် အပြင် ဤပုဂ္ဂိုလ်သည် သူကိုယ်တိုင်ပင် ရှင်းလင်းစွာ (စကား) ပြောဆိုနိုင်သူလည်း မဟုတ်ကြောင်း (ကို မမြင်ကြ လေသလော)။

[53] (ဖာရိုမင်းက “အကယ်၍ တမန်တော်မူဆာ၏ကြွေးကြော်ချက် မှန်ခဲ့လျှင် မိုးကောင်းကင်မှ) သူ့အပေါ် (ရွှေလက်ကောက်၊ လက်မောင်းပတ်၊ လက်ကြပ်အစရှိသော) ရွှေစလွယ်များသည် အဘယ်ကြောင့် ဆင်ယင် ပေးခြင်းကို မခံရသနည်း။ သို့တည်းမဟုတ် မလာအီကာကောင်းကင်စေတမန်များသည် (သူ့အရေးကိစ္စများ၌ ကူညီဆောင်ရွက်ပေးနိုင်ရန်) အဘယ်ကြောင့် သူနှင့်အတူ အစဉ်မပြတ် လိုက်ပါလာခြင်း မရှိကြသနည်း။

[54] ထိုသို့ဖြင့် ဖာရိုမင်းသည် သူ့လူမျိုးတို့အား လူနုံလူအလူဗာလများ ဖြစ်စေရန် ဖြီးလှန့်ခဲ့ရာ သူတို့သည် သူ့စကားကို နာခံလိုက်နာခဲ့ကြ၏။ ဧကန်အမှန်၊ သူတို့သည် အရှင့်စည်းဘောင်ကျူးလွန်၍ ပြောင်ပြောင်တင်း တင်းအာခံသော လူမျိုးများပင် ဖြစ်ခဲ့ကြ၏။

[55] ထို့နောက် နောက်ဆုံးတွင် သူတို့သည် ငါအရှင်မြတ်အား ဆက်လက်စိန်ခေါ်၍ အရှင့်ပြစ် တင်ရှုတ်ချမှုနှင့် ထိုက်တန်သောအခါ ငါအရှင်မြတ်သည် သူတို့အနက်မှ (အချို့ကို) တန်ပြန် အရေးယူတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူတို့အားလုံးကိုပင် နစ်မြုပ်စေတော်မူခဲ့၏။

[56] ထို့နောက် ငါအရှင်မြတ်သည် သူတို့အား နောင်လာနောက်သားတို့အတွက် (ငရဲဘုံရောက်စေသော) သာဓက စံနမူနှင့်သင်ခန်းစာ ဖြစ်စေတော်မူခဲ့၏။

[57] တစ်ဖန် မရ်ယမ်၏သား (တမန်တော်အီစာ) သည် (ခရစ်ယာန်အများစုက ကိုးကွယ်နေခြင်းနှင့်ဆန့်ကျင်၍ တစ်ဆူတည်းသောအရှင်မြတ်၏တန်းခိုးအာနုဘော်ဖြင့်) စံနမူနာအဖြစ် ခိုင်းနှိုင်းတင်ပြခြင်းကို ခံရသောအခါ၊ သင်၏လူမျိုးတို့က ယင်းကို အထင်သေးလျက် မထီမဲ့မြင်ပြုသည့်သဘော ဖြင့်သောင်းသောင်းသဲသဲ ကန့်ကွက် ကြ၏။

[58] ထို့ပြင် သူတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာများက မြင့်မြတ်လေသလော။ သို့တည်းမဟုတ် (မရ်ယမ်၏ သားဖြစ်သော) သူက မြင့်မြတ်လေသလော။” ဟု မေးမြန်းခဲ့ကြ၏။ သူတို့သည် ယင်းကို အသင် (တမန်တော်) ရှေ့ဝယ် စောဒကတက်ငြင်းခုံမှုအဖြစ်သာ တင်ပြခဲ့ခြင်း ဖြစ်၏။ အမှန်စင်စစ်မူကား သူတို့သည် အငြင်းသန်ခက်ထန်သော လူမျိုးများပင် ဖြစ်ကြ၏။

[59] ဧကန်ပင်၊ (မရ်ယမ်၏သားဖြစ်သော) သူသည် သူ့အပေါ် ငါအရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူသော အရှင့်အစေခံ အမှုတော်ဆောင်တစ်ပါးမျှသာ ဖြစ်ပြီး ငါအရှင်မြတ်သည် သူ့ကို အစ္စရေးမျိးနွယ်ဝင် တို့အတွက် (သူ့လမ်းစဉ်အတိုင်း နာခံလိုက်နာနိုင်ရန်) အံ့ဖွယ်စံနမူနာတစ်ခု ဖြစ်စေတော်မူခဲ့၏။

[60] စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့အနက်မှ မလာအီကာကောင်းကင်စေတမန်များကို မြေကမ္ဘာဝယ် တစ်ပါးကို တစ်ပါး အရိုက် အရာဆက်ခံမည့်သူများအဖြစ် ဧကန်မုချပင်၊ ဖြစ်စေတော်မူနိုင်၏။

[61] ထို့ပြင် (တမန်တော်အီစာ ဖခင်မရှိဘဲ မွေးဖွားစေတော်မူသည့်အပြင် သူသေကို အရှင့်ခွင့်ပြုချက်ဖြင့် ပြန်လည်ရှင်သန်စေသော အံ့ဖွယ်လုပ်ရပ်ကိုလည်း ချီးမြှင့်တော်မူခဲ့ရာ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ် လျဉ်းသောလက္ခဏာ၊ စည်းကမ်းချက်၊ သတ်မှတ်ချက်ကိုလည်း ထင်ရှားစေသောကြောင့်) ဧကန်မလွဲ၊ သူသည် ရှင်ပြန်ထမည့်နေ့ကို ယုံကြည်ရန် အကြောင်းတစ်ရပ်ပင်ဖြစ်ပေရာ သင်တို့သည် ယင်းနှင့်စပ်လျဉ်း၍ ယုံမှားသံသယ မဖြစ်ကြလေနှင့်။ ထို့ပြင် သင်တို့သည် (ထာဝရအေးချမ်းမှုကို ရရှိနိုင်ရန်အလို့ငှာ) ငါအရှင်မြတ်၏ (လမ်းစဉ်တော်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) နောက်သို့သာ လိုက်ခဲ့ကြလော့။ ဤသည်ပင် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန် ဖြစ်၏။

[62] ထို့ပြင် စေတန်မကောင်းဆိုးဝါးသည် သင်တို့အား (တရားလမ်းမှန်မှ) တားဆီးပိတ်ပင်နိုင်အောင် ခွင့်မပြု ကြလေနှင့်။ ဧကန်မလွဲ၊ သူသည် သင်တို့၏ထင်ရှားရှင်းလင်းသော ရန်သူပင်ဖြစ်ပေ၏။

[63] တစ်ဖန် တမန်တော်အီစာသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေ လက္ခဏာများ ပါဝင်သည့် ရှင်းလင်းချက်နှင့်တကွ ရောက်လာသောအခါ သူက “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့ထံ (အမှန် တရား၊ ယုံကြည်မှုသစ္စာနှင့်ဘဝတည်ဆောက်ရေးဆိုင်ရာ) နက်နဲသိမ်မွေ့သော ဉာဏ်ပညာအမြော်အမြင်ကို ယူဆောင်လာ၏။ ကျွန်ုပ်သည် သင်တို့အချင်းချင်းကြား သဘောကွဲလွဲနေကြသော (သင်တို့၏လောကီလော =ကုတ္တရာနှစ်ဌာနစလုံး၌ အကျိုးရှိစေမည့်) အရေးကိစ္စအချို့ကို သင်တို့အား ရှင်းလင်းစေရန် ရောက်လာခြင်း ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် ကျွန်ုပ်၏စကားကို လိုက်နာကြလော့။)

[64] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်ဖြစ်သောကြောင့် ထိုအရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ ဤသည်ပင် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန် ဖြစ်၏။

[65] သို့ပါလျက် (တမန်တော်အီစာ၏အံ့ဖွယ်ဖွားမြင်ခြင်းနှင့်သူ့သွန်သင်ခြင်းတို့နှင့်စပ်လျဉ်း၍) သူတို့အချင်း ချင်းကြားတွင် သဘောထားကွဲလွဲလျက် အုပ်စုဂိုဏ်းဂဏများ ကွဲခဲ့ကြ၏။ သို့ဖြစ်ပေရာ (တမန်တော်အီစာ ၏သွန်သင်ချက်များကို ထင်ရာစိုင်းပြင်ခဲ့သူများ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ပေးမည့်နေ့မှ ဒုက္ခလှလှ တွေ့စရာ ရှိနေ၏။)

[66] (ခေါင်းမာမာဖြင့် မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များတွင် နစ်မြုပ်နေကြသော) သူတို့သည် ရှင်ပြန်ထမြောက်မည့် အချိန်ကာလနေ့နာရီက သူတို့ထံ သူတို့အမှုမဲ့အမှတ်မဲ့ သတိမမူဘဲ ရှိနေခိုက် ရုတ်တရက် ရှောင်တခင် ရောက်လာရန်ကိုသာလျှင် စောင့်စားနေကြသလော။

[67] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော) သူတော်စင်တို့မှအပ အခြားမိတ်ဆွေရင်းချာတို့မှာမူ အချင်းချင်း အချို့သည် အချို့၏ရန်သူများပင် ဖြစ်ကြပေမည်။

[68] (ထိုစဉ် အရှင်မြတ်ထံတော်မှ ထိုမွတ္တကီတို့နှင့်ပတ်သက်၍)၊ ''အို၊ ငါအရှင်မြတ်၏အစေခံ၊ အမှုထမ်းအပေါင်းတို့၊ ယနေ့သော်ကား သင်တို့အပေါ်၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ မရှိသည့်အပြင် သင်တို့သည် ပူဆွေးသောက ရောက်ကြလိမ့်မည်လည်း ဖြစ်ရန်လည်း မဟုတ်ပေ။” ဟု မိန့်တော်မူမည်။

[69] (ထိုသူတို့သည်ကား) ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို သက်ဝင်ယုံကြည်ခဲ့ကြသည်သာမက သူတို့သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက် အမိန့်တော်ကို နာခံလိုက်နာသည့်အပြင် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များလည်း ဖြစ်ကြ၏။

[70] သင်တို့သည်လည်းကောင်း၊ သင်တို့၏ဘဝဖော်ရာတို့သည်လည်းကောင်း၊ သုခဘုံဥယျာဉ်ထဲသို့ အားရ ကျေနပ်စွာနှင့်ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဝင်ရောက်ကြလော့။

[71] ထိုသူတို့၏ရှေ့ဝယ် ရွှေပန်းကန်ပြားများနှင့်သောက်ရေဖလားများသည် ဖြတ်သန်းလည်ပတ်စေလျက် ရှိကြပေမည်။ ထို့ပြင် ယင်း (သုခဘုံဥယျာဉ်ထဲ) ၌ နဖ်စ်(ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များက ဆန္ဒရှိသမျှတို့သည်လည်းကောင်း၊ မျက်စိများအား သာယာကြည်နူးစေမည့်အရာများကိုလည်းကောင်း၊ ရှိကြသည့်အပြင် သင်တို့သည် ထိုထဲ၌ပင် အမြဲထာဝရ နေထိုင်ကြမည် ဖြစ်၏။

[72] စင်စစ်သော်ကား ထိုသို့ပင် သုခဘုံဥယျာဉ်များသည် သင်တို့၏ပြုမူကျင့်ကြံများကြောင့် သင်တို့အား အမွေအဖြစ် ချီးမြှင့်ဆက်ခံစေတော်မူခြင်းခံကြရမည့် အရာများဖြစ်ကြ၏။

[73] သင်တို့အတွက် ယင်း (သုခဘုံဥယျာဉ်များ) ၌ မြောက်မြားစွာသော သစ်သီးဝလံများ ရှိကြမည် ဖြစ်၍ ယင်းတို့အနက်မှ အသင်တို့ စိတ်ကြိုက် စားသုံးနိုင်ကြလိမ့်မည်။

[74] ဧကန်ပင်၊ ရာဇဝတ်မှုကျူးလွန်သောသူတို့မူကား သူတို့သည် ငရဲဘုံ၏ပြစ်ဒဏ်၌ အမြဲထာဝရ နေထိုင် (ခံစား) ကြမည့်သူများပင် ဖြစ်ကြ၏။

[75] (ရာဇဝတ်ကောင်များအား ခံစားစေမည့် ပြစ်ဒဏ်မှာမူကား) ယင်းတို့အနက်မှ (မည်သည်ကိုမျှ) ပေါ့လျော့စေခြင်းခံရမည် မဟုတ်သည့်အပြင် သူတို့သည် (အရှင့်ကရုဏာတော်နှင့်လွတ်မြောက်စေနိုင်သည့် မျှော်လင့်ချက်မှ ဝေးကွာလျက်) ထိုပြစ်ဒဏ်၌ပင် မျှော်လင့်ချက်ကင်းစွာဖြင့် ရှိနေကြရပေမည်။

[76] စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့အား မတော်မတရား အရေးယူတော်မူသည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့် ကြံသူများ ဖြစ်လာခဲ့ကြခြင်းသာ ဖြစ်၏။

[77] ထို့ပြင် သူတို့သည် (ငရဲဘုံကို ကွပ်ကဲအုပ်ချုပ်သူအား) အို၊ မာလစ်က်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား အဆုံးစီရင်တော်မူပါစေ။'' ဟု ဟစ်အော် (ပြောဆို) ကြပေမည်။ (ထိုအခါ) မာလစ်က်က “ဧကန်မလွဲ၊ သင်တို့ကား (ဤအခြေအနေ၌ပင် အမြဲထာဝစဉ်) နေမြဲ နေကြရမည့်သူများ ဖြစ်ကြ၏။

[78] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (ရစူလ်တမန်တော် မှတစ်ဆင့်) အမှန်တရားသစ္စာ (ကုရ်အာန်ကျမ်းတော်) ကို သင်တို့ထံ ပို့ဆောင်ရောက်ရှိစေတော်မူခဲ့သော်လည်း သင်တို့အနက်မှ အများစုသည် ထိုအမှန်တရားသစ္စာကို မုန်းတီးငြင်းပယ်သူများပင် ဖြစ်ခဲ့ကြလေ၏။

[79] သို့တည်းမဟုတ် သူတို့သည် စီမံချက်အရေးကိစ္စ တစ်စုံတစ်ရာကို စီမံဆောက်တည်နေ ကြလေသ လော။ သို့ဖြစ်လျှင် (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ဧကန်မလွဲ၊ ငါအရှင်မြတ်သည်လည်း (သူတို့နှင့်ဆန့် ကျင်၍) စီမံချက်ကို ပြဋ္ဌာန်းဆောက်တည်စေတော်မူခဲ့ပြီး ဖြစ်၏။

[80] သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့၏ဝှက်ချက်များနှင့်တိတ်တဆိတ် တိုင်ပင် ဆွေးနွေးကြသည် တို့ကို ကြားတော်မူသည် မဟုတ်။” ဟု သူတို့ ထင်မှတ်ကြလေသလော။ အမှန်ပင် (ငါအရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူ၏၊) ထို့ပြင် ငါအရှင်မြတ်၏စေတမန်များသည်လည်း (သူတို့၏လုပ်ရပ်အပြုအမူအသေးစိတ်ကို) သူတို့မျက်မှောက်၌ပင် မှတ်တမ်းတင် ရေးမှတ်လျက် ရှိကြ၏။

[81] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်၌ သားတော် ရှိခဲ့လျှင် ကျွန်ုပ်သည် (ထိုသားတော်ကို) ဦးဦးဖျားဖျား နာခံကိုးကွယ်သူဖြစ်လိမ့်မည်။” ဟု ဟောပြောလော့။

[82] မိုးကောင်းကင်များနှင့်ကမ္ဘာမြေကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အ ရှင်၊ (စကြဝဠာ၊ လောကခပ်သိမ်းတို့၏စိုမိုးအုပ်ချုမှုဆိုင်ရာ ပကတိဩဇာအာဏာ) အရ်ရှ်ပလ္လင်တော်ကိုလည်း စီမံလည်ပတ်စေတော်မူသောအရှင်မြတ်သည် (အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍) သူတို့ကြံစည် ဖန်တီးထား သောအရာများမှ (လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော် မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။

[83] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သူတို့အတွက် ကတိထားတော်မူသည့် (ပြစ်ဒဏ်ကို) ရင်ဆိုင်ကြုံတွေ့ရသည်အထိ သူတို့အား အချည်းနှီးအကျိုးမဲ့သော အပြောအဆို၊ အပြုအမူနှင့်ကစားခုန်စားမှု၌ ပျော်ရွှင်မြူးထူးလျက်ရှိကြရန် ပစ်ထားလော့။

[84] အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်၌လည်းကောင်း မြေကမ္ဘာ၌လည်းကောင်း (ကိုး ကွယ်ထိုက်သည့် တစ်ဆူတည်းသော) ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏။ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိနေတော်မူသောအရှင် ၊ ဖြစ်တော်မူ၏

[85] ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသော ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ ကိုလည်းကောင်း၊ ထိုနှစ်ခုကြား၌ရှိသမျှတို့ကိုလည်းကောင်း၊ (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းနိယာမတော်တော်နှင့်အညီလည်ပတ်စေတော်မူလျက် ယင်းတို့၏) အချုပ်အခြာအာဏာကိုလည်း ပိုင်ဆိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလနေ့နာရီ၏အသိသည်လည်း ထိုအရှင်မြတ်ထံတော်၌ပင် ရှိတော်မူသည့်အပြင် သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့ပင် ဦးလှည့် ပြန်သွား စေတော်မည် ဖြစ်၏။

[86] စင်စစ်မှာကား (ပကတိအချုပ်အခြာအာဏာသည် တစ်ဆူတည်းသောအရှင်မြတ်၌သာ ရှိကြောင်းကို) သိနားလည်ပြီး အမှန်တရားသစ္စာအားဖြင့် သက်သေခံကြသူမှအပ အရှင်မြတ်အားစွန့်၍ သူတို့ ဟစ်ခေါ် ဆု တောင်းခဲ့ကြသောသူတို့၌ ကြားဝင်အသနားခံပေးနိုင်သော အခွင့်အာဏာ အလျှင်းမရှိချေ။

[87] အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “သင်တို့ကို မည်သူက ဖွဲ့စည်းဖြစ်တည်စေတော်မူသနည်း။'' ဟု မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဖြေကြားလိမ့်မည်။ သို့ပါလျက် သူတို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍ လှည့်စားခြင်း ခံကြရန်) အဘယ်သို့ ဦးတည် လှည့်ပြန်နေကြသနည်း။

[88] ထို့ပြင် တမန်တော်မြတ်၏ဆုတောင်းမှုမှာ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ ဤပုဂ္ဂိုလ်များသည် သက်ဝင်ယုံကြည်ခြင်း မရှိကြသောလူမျိုးများပင် ဖြစ်ကြ၏။” (ဟူ၍ ဖြစ်ကြောင်း အရှင်မြတ် သိနေတော်မူ၏)။

[89] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ဘက်မှ မျက်နှာလွဲ၍ ဥပေက္ခာပြုထားလော့။ ထို့ပြင် “စလာမ် ငြိမ်းချမ်းပါစေ။” ဟု ပြောဆိုလော့။ ထို့နောက် မကြာမီပင် သူတို့သည် (အမှန်တရားကို) သိလာ ကြလိမ့်မည်။

မီးခိုးလုံး

Surah 44

[1] ဟာ၊ မီမ်။

[2] (ငါအရှင်မြတ်သည်) ယင်းကိုယ်တိုင်ရှင်းလင်းပြတ်သားပြီး အမှန်တရားကို မြင်သာထင်ရှားစေသော ကျမ်း တော် (မြတ်ကုရ်အာန်) ကို သက်သေထူတော်မူ၏။

[3] မုချဧကန်၊ ငါအရှင်မြတ်သည် ထိုကျမ်းတော်ကို ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ညတစ်ညတွင် ချမှတ်ပေးအပ်တော်မူခဲ့၏။ ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (လူသားတို့အား စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အချိန်မှစ၍) သတိပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[4] ထို (ည) ၌ နက်နဲသိမ်မွေ့ပြီးစီမံချက်အရေးကိစ္စတိုင်းအား အမြော်အမြင်နှင့်ပြည့်စုံသောရည်ရွယ်ချက်ဖြင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာလျက် အတည်ပြုသတ်မှတ်စေတော်မူ၏။

[5] ငါအရှင်မြတ်ထံတော်မှ စီမံချက်အမိန့်တော် (ကို ပြဋ္ဌာန်းတော်မူခြင်း) ပင်ဖြစ်ပြီး ဧကန်မလွဲ၊ ငါအရှင် မြတ်သည် (အရှင့်သတင်းဆောင်ရစူလ်တမန်တော်များနှင့်မလာအီကာစေတမန်များကို လမ်းညွှန်တော်နှင့်အတူ) စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[6] (ထိုသို့စေလွှတ်တော်မူခြင်းသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ကရုဏာတော်ပင် ဖြစ်၏။ ဧကန်မုချ၊ ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့၊ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[7] အကယ်၍ သင်တို့သည် (တမန်တော်မြတ်နှင့်ကျမ်းတော်) အသေအချာယုံကြည်သောသူများ ဖြစ်ကြသော် ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ထိုနှစ်ခုကြား၌ရှိ သမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[8] ထိုအရှင်မြတ်မှအပ အခြားဆည်းကပ်ကိုးကွယ်ထိုက်သောကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိချေ။ ထို အရှင်မြတ်သည် (သင်တို့အား အသက်ရှိစေလျက်) ရှင်စေတော်မူပြီး ထိုအရှင်မြတ်သည်ပင် သေဆုံးစေတော် မူ၏။ ထိုအရှင်မြတ်သည် သင်တို့နှင့်ရှေးခေတ်၌ လွန်လေခဲ့ပြီဖြစ်သော သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

[9] အမှန်မှာ သူတို့သည် (တိကျသေချမှုအတွက် ဆန္ဒမရှိကြဘဲ လောကီပျော်ရွှင်မှုအတွက်သာ အာရုံစိုက်ကြ ပြီး) ဒွိဟသံသယ၌ ကစားခုန်စားလျက်ပင် ရှိနေကြ၏။

[10] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် မိုးကောင်းကင်က (ထိုင်းထိုင်းမှိုင်းမှိုင်းအုပ်မိုး၍ ထင်ရှားသော အခိုးအငွေ့ထုကို ထုတ်စေမည့်နေ့ကိုသာလျှင် စောင့်စားနေလော့။)

[11] (ထိုအခိုးအငွေ့ထုသည်) လူသားတို့အား ဝိုင်းရံလွှမ်းမိုးသွားမည် (ဖြစ်ရာ သူတို့ကို) ဤသည် ပြင်းပြနာ ကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ပင် ဖြစ်၏။” ဟု ညည်းညူအော်ဟစ်စေလိမ့်မည်။

[12] (ထို့နောက် သူတို့က) “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဤပြစ်ဒဏ်ကို ကျွန်ုပ်ထံမှ ဖယ်ရှားပေးသနားတော်မူပါ။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် သက်ဝင်ယုံ ကြည်သူများ ဖြစ်ကြပါမည်။” ဟု ပန်ကြားလိမ့်မည်။

[13] (ထိုစဉ် သူတို့၏မူလယုံကြည်မှုသာလျှင် လွှမ်းမိုးနေသောကြောင့်) သူတို့အတွက် သတိရ တသ၍ ထုတ် ဖော်ဖွင့်ဟစရာသည် မည်သို့ ဖြစ်နိုင်မည်နည်း။ အမှန်စင်စစ်၊ သူတို့ထံ (အမှန်တရားကို သူ၏ဘဝတစ်ခုလုံး နှင့်ကိုယ်ကျင့်တရား၌ပင်) မြင်သာထင်ရှားစေသည့် ရစူလ်တမန်တော်သည် ဧကန်မုချ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

[14] (ထိုရစူလ်တမန်တော်ရောက်လာပြီး) နောက်တွင်မှ သူတို့သည် သင်ကြားပို့ချခြင်းကို ခံရသော (သင်တန်း ဆင်းလာသည့်) စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲပြောဆိုကြလျက် သူ့ဘက်မှ မျက်နှာလွှဲ၍ လှည့်ထွက်ကြလေ၏။

[15] ဧကန်ပင်၊ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို (ကာလအခိုက်အတန့်အတွက် ချုပ်တည်းတော်မူ၍) အနည်းငယ် ဖယ်ရှားပေးတော်မူမည်ဖြစ်သော်လည်း ဧကန်မလွဲ၊ သင်တို့သည် (ထာဝရပြစ်ဒဏ်ထိုက်သည့် သင်တို့၏ နဂိုယုံကြည်မှုသို့ပင်) ပြန်လှည့် သွားမည့်သူများပင် ဖြစ်ကြ၏။

[16] ငါအရှင်မြတ်သည် ကြီးမားကျယ်ပြန့်သည့် ဖမ်းချုပ်မှုဖြင့် ဖမ်းဆီးအရေးယူတော်မူမည့်နေ့ကာလတွင်၊ ငါအရှင်မြတ်က ဧကန်မုချပင်၊ ဒဏ်ခတ်အရေးယူတော်မူမည်။

[17] ထို့ပြင် သူတို့အလျင်လည်း ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ဖာရိုမင်း၏လူမျိုးတို့ထံ မြင့်မြတ်သော ရစူလ်တမန်တော်တစ်ပါး ရောက်စေတော်မူခဲ့စဉ် သူတို့အား စမ်းသပ်တော်မူခဲ့ပြီ။

[18] (တမန်တော်မူဆာက ဖာရိုမင်းဆက်အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အစေခံ၊ အမှုတော်ဆောင် လူသားတို့ကို ကျွန်ုပ်ထံ လွှဲအပ်ကြလော့။ ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်၏။” ဟု ပြောဆိုလျက်။

[19] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အာခံဖီဆန်လျက် မာန်မာနထောင်လွှားခြင်းဖြင့် ဘဝင်မခိုက်ကြလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သင်တို့ထံ ရှင်းလင်းထင်ရှားသော (သက်သေအထောက်အထား ပါရှိသည့် အရှင့်ထံတော်မှ) အခွင့်အာဏာနှင့်တကွ ရောက်လာခဲ့ခြင်း ဖြစ်၏။” ဟု ဟောပြောခဲ့စဉ်။

[20] (ထိုအခါ သူတို့သည် ကျောက်ခဲများဖြင့် ပစ်ပေါက်၍ သတ်ကြရန် ခြိမ်းခြောက်ရာ တမန်တော်မူဆာက) ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏ကျောက်ခဲများဖြင့် ပစ်ထုခြင်းမှ ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ (အကာအကွယ်ရရန်) ခိုလှုံပါ၏။“ ဟု ပြောခဲ့၏။

[21] ထို့ပြင် အကယ်၍ သင်တို့သည် ကျွန်ုပ်အား မယုံကြည်ကြလျှင် (ကျွန်ုပ်ကို မနှောင့်ယှက်ဘဲ ဝေးဝေးရှောင်လျက်) ကျွန်ုပ်ကို ထွက်သွားခွင့်ပြုလော့။

[22] ထို့နောက် တမန်တော်မူဆာသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ “အို၊ အရှင်မြတ်၊ ဧကန်ပင်၊ ဤပုဂ္ဂိုလ်များသည် ရာဇဝတ်မှုကျူးလွန်ကြသော လူမျိုးများ ဖြစ်ကြပါ၏။” ဟု လျှောက်ထား ပန်ကြားခဲ့လေ၏။

[23] သို့ဖြစ်ပေရာ (အရှင်မြတ်သည် တမန်တော်မူဆာအား) “အသင်သည် ငါအရှင်မြတ်၏အစေခံ၊ အမှုတော် ဆောင်လူသားတို့အား ညအချိန်အခါဝယ် ခေါ်ဆောင်သွားလော့။ ဧကန်မလွဲ၊ သင်တို့သည် သင်တို့နောက်မှ (ဖာရိုမင်းနှင့်သူ့စစ်တပ်) လိုက်လံခြင်းခံကြရပေမည်။” ဟု မိန့်တော်မူခဲ့၏။

[24] ထို့ပြင် အသင်သည် ပင်လယ်ကို (အရှင်မြတ်က နှစ်ခြမ်းခွဲစေတော်မူသည့်အတိုင်း) ဆိတ်ငြိမ်စွာ ချန် ထားလော့။ မုချဧကန်၊ သူတို့သည် နစ်မြှုပ်ခြင်းခံကြရမည့် စစ်တပ်ကြီးပင် ဖြစ်၏။

[25] (ရေနစ်မြုပ်၍ သေသွားစဉ် ဖာရိုမင်းနှင့်သူ့လူမျိုးများဖြစ်ကြသော) သူတို့သည် ဥယျာဉ်ခြံများ နှင့်စိမ့်စမ်း ရေပေါင်း မည်ရွေ့မည်မျှ မြောက်မြားစွာကို ချန်ထားရခဲ့ဘိနည်း။

[26] ထို့ပြင် လယ်ယာကိုင်းကျွန်းများနှင့်ဂုဏ်ကျက်သရေဆောင် နေရာထိုင်ခင်းများကိုလည်းကောင်း။

[27] သူတို့ပျော်ပါးကြည်နူးလေ့ရှိကြသည့် သူတို့၏လောကီစည်းစိမ်ချမ်းသာအကျိုးခံစားခွင့်များနှင့်အခွင့်အရေးများကိုလည်းကောင်း၊ စွန့်ထားခဲ့ကြရ၏။

[28] (ဖာရိုမင်းနှင့်သူ့စစ်တပ်ကို) ထိုနည်းအတိုင်းပင် ဖြစ်စေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် (သူတို့ ချန်ထားခဲ့ရသည့်စည်းစိမ်ချမ်းသာများကို) အခြားသောလူမျိုးတို့အား အမွေဆက်ခံစေတော်မူခဲ့၏။

[29] သို့တစေလည်း (ဖာရိုမင်းနှင့်သူ့စစ်တပ်၏မဟာဆုံရှုံးမှုကြီးနှင့်စပ်လျဉ်း၍) သူတို့အပေါ် မိုးကောင်းကင်နှင့်မြေကမ္ဘာသည်လည်း (ဝမ်းနည်းကြေကွဲလျက်) ငိုကြွေးခဲ့ခြင်း မရှိပေ။ ထို့ပြင် သူတို့သည် (ပြစ်ဒဏ်ပေး မည့်အချိန်တွင်) ရွှေ့ဆိုင်းပေးခြင်းခံကြရမည်လည်း မဟုတ်ပေ။

[30] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား အကျိုးယုတ်အရှက်ကွဲရသည့် ညှင်း ပန်းနှိပ်စက်မှုဆိုင်ရာပြစ်ဒဏ်များမှ လွတ်မြောက်စေတော်မူခဲ့၏။

[31] ဖာရိုမင်း၏ဖိနှိပ်ညှင်းပန်မှုမှ ကယ်တော်မူခဲ့၏။ မုချဧကန်၊ ဖာရိုမင်းသည် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာဏာကို အလွဲသုံးစားပြုလျက် မာန်တက်သော နိုင်လိုမင်းထက် ပြုသူတစ်ဦးပင် ဖြစ်ခဲ့၏။

[32] ဧကန်ပင်၊ ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်တို့အား တမင်ရည်ရွယ်၍ ငါအရှင်မြတ်ကို သိစေရန်အလို့ငှာ) အရှင့်ဉာဏ်တော်အနန္တဖြင့် လောကခပ်သိမ်းကမ္ဘာသူကမ္ဘာသားတို့ထက်ဝယ် သူတို့ကို ရွေးချယ် မြှောက်စားတော်မူခဲ့၏။

[33] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (အရှင့်ကျေးဇူးတော်များပါရှိသည့်) အာယသ်သက်သေလက္ခာတော်များ (အံ့ဖွယ်ဖြစ်ရပ်များ) ဖြင့် ချီးမြှင့်ဂုဏ်ပေးတော်မူလျက် ယင်းတို့၌ ထင်ရှားသောစမ်းသပ်မှုပါရှိ စေတော်မူခဲ့၏။

[34] ဧကန်မလွဲ၊ ဤပုဂ္ဂိုလ်များ (ဖြစ်သော မက္ကာသား မယုံကြည်သူများ) က အမှန်ပင် (ဤသို့) ပြောဆိုကြ၏။

[35] (ထိုမယုံကြည်သူတို့က) “ကျွန်ုပ်တို့ပထမတစ်ကြိမ်သေဆုံးခြင်းမှအပ ယင်း (သေခြင်းတရား) သည် အခြား မဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် (ဒုတိယအကြိမ်) ရှင်ပြန်ထစေခြင်းကိုလည်း ခံကြရမည် မဟုတ်ပေ။” ဟု ပြောကြ၏။

[36] (ဆက်လက်၍ ထိုမယုံကြည်သူတို့က “အို၊ ယုံကြည်သူအပေါင်းတို့) သို့ဖြစ်လျှင် အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများဖြစ်ကြလျှင် သေဆုံးခဲ့ကြပြီးဖြစ်သော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား (တစ်ဖန် ရှင်စေပြီး) ခေါ်ယူခဲ့ကြလော့။” ဟု စောဒကတက်ကြ၏။

[37] သူတို့သည် သူတို့မတိုင်မီ ငါအရှင်မြတ် တိမ်ကောဖျက်ဆီးစေတော်မူခဲ့သော (သူတို့ထက် ဩဇာအာ ဏာနှင့်ဓနချမ်းသာအားဖြင့် ပိုမို၍ သာခဲ့ကြသည့်) တွဗ္ဗအ်မျိုးတို့က ပိုမို၍ ကောင်းမည်လော။ သို့တည်းမဟုတ် သူတို့က ပိုမို၍ ကောင်းမြတ်မည်လော။ ဧကန်ပင်၊ သူတို့သည် ရာဇဝတ်မှုကျူးလွန်သူများ (ဖြစ်သောကြောင့် ငါအရှင်မြတ်က တိမ်ကောဖျက်ဆီးစေတော်မူခဲ့ခြင်း) ဖြစ်၏ ။

[38] စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခု ကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကစားစရာ (ဟာသ) အဖြစ် (ဖြစ်ကတတ်ဆန်း အချည်းနှီး) ဖွဲ့စည်းဖြစ်တည် စေတော်မူခဲ့သည် မဟုတ်ပေ။

[39] (အမှန်စင်စစ်) ငါအရှင်မြတ်သည် ယင်း (မိုးကောင်းကင်များနှင့်မြေကမ္ဘာ) နှစ်ခုစလုံးကို (နက်နဲသိမ်မွေ့သည့်အဓိပ္ပါယ်ရှိသောရည်ရွယ်ချက်များနှင့်တိကျမှန်ကန်သောအခြေခံများပေါ်) အမှန်တရားသစ္စာနှင့်တကွ ဖွဲ့ စည်းဖြစ်တည်စေတော်မူခြင်းသာ ဖြစ်သော်လည်း သူတို့အနက် အများစုသည် သိနားလည်ကြသည် မဟုတ်ပေ။

[40] ဧကန်မုချ၊ (အမှန်တရားသစ္စာနှင့်မမိစ္ဆာဒိဌိ ကောင်းမှုကုသိုလ်နှင့်မကောင်းအကုသိုလ် စသည်တို့ကို ကွဲပြားစွာ) စီရင်ဆုံးဖြတ်မည့်နေ့သည် သူတို့အားလုံးအတွက် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလပင် ဖြစ် ၏။

[41] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မည်သည့်ကာကွယ်စောင့်ရှောက်သူနှင့်မိတ်ဆွေအရင်းမျှ အခြား ကာကွယ်စောင့်ရှောက်သူနှင့်မိတ်ဆွေအရင်းအတွက် စိုးစဉ်းမျှ ကောင်းကျိုးပြုနိုင်မည် မဟုတ်ပေ။ အသုံးဝင် မည် မဟုတ်သည့်အပြင် သူတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည် မဟုတ်ပေ။

[42] သို့ရာတွင် အလ္လာဟ်အရှင်မြတ်က ကရုဏာသက်တော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေး ခြင်းကို ခံရပေမည်)။ စင်စစ်ဧကန်၊ ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနား ညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

[43] ဧကန်မလွဲ၊ (“လောကီဘဝ၌ ခေတ္တခဏ ပျော်ရွှင်မြူးထူး၍ တမလွန်တွင် ငရဲမီးကို ထာဝရခံစားမည့် ပြစ်ဒဏ်ကို” ကိုယ်စားပြုသော စားချိန်တွင် အရသာအနည်းငယ်ရသော်လည်း အဆိပ်သင့်ပြီး အသက်အန္တရာယ် ပေးနိုင်သည့်) ဇက္ကူမ်ပင် ဖြစ်၏။

[44] ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့၏စွဲမက်စရာအစာအဟာရပင် ဖြစ်၏။

[45] (စားသုံးသူတို့၏) ဝမ်းဗိုက်ထဲတွင် (ကြေးနီ၊ ကြေးဝါ၊ ငွေ၊ အစရှိသော) ပျစ်ချွဲသည့် သတ္တုအရည် ကျိုကဲ့သို့ပင် ကျိုက်ကျိုက်ဆူပွက်လျက် ရှိပေမည်။

[46] ရေနွေးပူ ပွက်ပွက်ဆူသကဲ့သို့ပင် ဖြစ်၏။

[47] သို့ဖြစ်ပေရာ (အို၊ ငရဲဘုံရှိ အမှုတော်ဆောင်အပေါင်းတို့ သင်တို့သည်) သူ့အား ဖမ်းဆီးပြီးလျှင် (သူ့ မကောင်းမှုဒုစရိုက်နှင့်ထိုက်တန်မျှတသည့်) ငရဲဘုံ၏အလယ်ဗဟိုသို့ ဒရွတ်တိုက် ဆွဲသွား၍ ပစ်ချကြလော့။

[48] ထို့နောက် သူ၏ဦးခေါင်းထက်ဝယ် ပွက်ပွက်ဆူနေသော ရေနွေးပူ၏ပြစ်ဒဏ်ကို သွန်းလောင်းကြလော့။

[49] (ထိုသို့ ပြစ်ဒဏ်ပေးစဉ် ပြောဆိုခြင်းခံရမည်မှာ) “အသင်သည် (ပြစ်ဒဏ်၏အရသာကို) မြည်းစမ်းလော့။ ဧကန်မလွဲ၊ အသင်သည် (ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်၏ဂုဏ်ပေးမှုကို ခံခဲ့ရပြီး) အလွန်မြင့်မြတ်သူ၊ ဂုဏ်သိက္ခာရှိသူဖြစ်ခဲ့ (သော်လည်း ယင်းတို့ကို သင်၏အလိုဆန္ဒရမ္မက်အတွက် အလွဲသုံး စားပြုခဲ့) ၏။

[50] ဧကန်မလွဲ၊ ဤ (သို့ ပြစ်ဒဏ်များကို ခံစားနေရခြင်း) သည်ကား သင်တို့ ယုံမှားသံသယ ဖြစ်လေ့ရှိခဲ့ ကြသောအရာများပင် ဖြစ်၏။

[51] ဧကန်ပင်၊ မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော သူတော်စင်) တို့မူကား (မကောင်းမှုဟူသမျှမှ ကင်းရှင်းလျက်) ဘေးကင်းလုံခြုံ၍ ငြိမ်းချမ်းသာယာသော (အခြေ အနေနှင့်) နေရာဌာနတွင် ရှိကြပေမည်။

[52] သုခဥယျာဉ်များနှင့်စိမ့်စမ်းရေများ၌ ရှိကြလိမ့်မည်။

[53] သူတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ဖောင်းကြွပုံပိုးကတ္တီပါကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။

[54] (သုခဥယျာဉ်၏အကျိုးခံစားမှုများမှာ) ထိုနည်းအတိုင်းပင် ဖြစ်၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား အလွန် ဖြူစင်၍ မျက်လုံးလှပိုင်ရှင်ဘဝဖော်များဖြင့် ပေါင်းစပ်တွဲဖက်စေတော်မူမည်။

[55] သူတို့သည် ထို (သုခဥယျာဉ်များ) ၌ အလုံးစုံသော သစ်သီးဝလံများနှင့်ဘေးကင်းလုံခြုံတို့ကို လိုတ ရစေလိမ့်မည်။

[56] သူတို့သည် (လေကီဘဝတွင်) ပထမအကြိမ် သေဆုံးခဲ့ခြင်းမှအပ ထို (သုခဥယျာဉ်များ) ၌ မရဏ သေခြင်းတရား၏ရသာကို မြည်းစမ်းကြရမည် မဟုတ်ချေ။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အား ငရဲဘုံ၏ပြစ်ဒဏ်မှ (လည်း) ကာကွယ်စောင့်ရှောက်တော်မူပေမည်။

[57] (ထိုသို့ ငရဲမီးမှ အကာအကွယ်ရရှိခြင်းသည်ကား) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် သိက္ခာပေးမှုပင် ဖြစ်၏။ ထိုနည်းအတိုင်းပင် ယင်းသည် မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။

[58] သို့ဖြစ်သောကြောင့် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (ကုရ်အာန်ကျမ်းတော်ကို) သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက် တရားရယူကြနိုင်အလို့ငှာ အသင် (တမန်တော်) ၏ဘာသာစကားဖြင့်ပင် ယင်းကို (နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်အောင်) လွယ်ကူစေတော်မူခဲ့၏။

[59] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့က ကုရ်အာန်နှင့်စပ်လျဉ်း၍ မည်သို့ တုံ့ပြန်ပြီး မည်သို့ တွေ့ကြုံနိုင်သည်ကို) စောင့်စားလော့။ သူတို့သည်လည်း စောင့်စားနေကြသူများပင် ဖြစ်ကြ၏။

ဒူးထောက်ခြင်း

Surah 45

[1] ဟာ၊ မီမ်။

[2] (ဤကျမ်းတော်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ချမှတ်ပေးအပ်တော်မူသောကျမ်းတော်ပင် ဖြစ်၏။

[3] ဧကန်စင်စစ်၊ မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ သက်ဝင်ယုံကြည်သောသူတို့အတွက် အမှန်ပင် (တစ်ဆူတည်းသော အရှင်မြတ်အား ညွှန်ပြနေသည့် နိယာမတရားများ သက်ရှိသက်မဲ့တို့၏လှုပ်ရှားမှုများဆိုင်ရာ) အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

[4] ထို့ပြင် အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း၌လည်းကောင်း၊ (မြေကမ္ဘာဝယ် လှုပ်ရှားသွားနေသော သက်ရှိသတ္တဝါအမျိုးအစားပေါင်းများစွာအနက်မှ နေရာအသီးသီးတွင် ဖြန့်ကြဲပျံ့နှံ့စေတော်မူသော သက်ရှိတို့၌လည်းကောင်း၊ တပ်အပ်သေချာသော ယုံကြည်မှုကို ရှာကြံသောလူမျိုးတို့အတွက် အာယသ်သက် သေလက္ခဏာတော်များ ရှိနေ၏။)

[5] ထို့ပြင် ညနှင့်နေ့တို့ကို ပြောင်းလဲစေတော်မူခြင်း၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ရိက္ခာအထောက်အပံ့ (ဖြစ်စေမည့် မိုးရေ) ကို ကောင်းကင်ယံမှ ချပေးရွာသွန်းစေတော်မူသောကြောင့် (ခြောက်သွေ့ ခန့်ခြောက်၍) မြေသေမြေရိုင်းဖြစ်ပြီးသော မြေကမ္ဘာ (၏ သေနေသည့် ထိုနယ်မြေဒေသများ) အား ပြန်လည်ရှင်သန်၍ စိမ်းလန်းစိုပြေစေတော်မူခြင်း၌လည်းကောင်း၊ (လေပြေလေညင်း၊ လေစိမ်း၊ လေအေးနှင့်မိုးသတင်းဆောင်သည့်) လိုအပ်သည့်အတိုင်း ပြောင်းလဲတိုက်ခတ်စေတော်မူခြင်း၌လည်းကောင်း၊ ဆင်ခြင်တုံတရားသုံး၍ တွေးခေါ်ဆင်ခြင်နားလည်နိုင်သောလူမျိုးတို့အတွက် အာယသ်သက်သေလက္ခဏာတော်များသည် ရှိနေ၏။

[6] (ထိုသို့ပင်) ဤသည်တို့ကား အသင် (တမန်တော်) အား အမှန်တရားသစ္စာအဖြစ် ဇာတ်တိုက် ရွတ်ပြစေတော်မူသည့် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်အာယသ်သက်သေလက္ခဏာတော်များအပြင် အခြား မည်သည့် ထုတ်ပြန်ချက် (အဆိုအမိန့်) များကို ယုံကြည်ကြဦးမည်နည်း။

[7] လိမ်လည်မှုမုသားကို ကြံစည်ဖန်တီးခြင်း၌ ဝါသနာထုံသူတိုင်းနှင့်မကောင်းမှုအကုသိုလ်စွဲနေသူတိုင်း ဒုက္ခလှလှတွေ့ပါစေ။

[8] သူသည် သူ့ရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို နားထောင်ပြီးနောက် (ယင်းတို့နှင့်စပ်လျဉ်း၍) မည်သည့်အခါမျှ မကြားဖူးသကဲ့သို့ ခေါင်းမာမာဖြင့် မာန်မာနထောင်လွှားလျက် နဂိုယုံကြည်ချက်အတိုင်းပင် မရမနေ ဇွဲကောင်းကောင်းဖြင့် ဆက်လက်နေလေ၏။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည်) ထိုသူအား ပြင်းပြ နာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ် နှင့်စပ်လျဉ်း၍ သတင်းကောင်းပါးလော့။

[9] ထို့ပြင် ထိုသူသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ (စကြဝဠာ၌ ထင်ရှားနေသော နိယာမတရားကိုဖြစ်စေ ကျမ်းတော်မြတ်ကုရ်အာန်၏အမိန့်တော်ကိုဖြစ်) တစ်စုံတစ်ရာအား သိလာ သောအခါ သူသည် ယင်းကိုပင် (မထီလေးစားပြုလျက်) လှောင်ပြောင်သရော်စရာ မှတ်ယူလေ့ရှိ၏။ ထိုသူတို့မူကား သူတို့အတွက် မသတီဖွယ်ရာအရှက်ကွဲစေသောပြစ်ဒဏ်သည် ရှိနေ၏။

[10] သူတို့၏ရှေ့မှောက်ဝယ် ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် သူတို့ ရှာဖွေဆည်းပူးစုဆောင်းခဲ့သမျှ တို့သည်လည်းကောင်း၊ သူတို့က အလ္လာဟ်အရှင်မြတ်လွဲ၍ (အရှင်မြတ်ကို အာခံဖီဆန်လျက် ကိစ္စအဝဝကို ပြီးစီး အောင်ဆောင်ရွက်စေရန် အပ်နှံသော သူတို့၏) ကာကွယ်စောင့်ရှောက်သူများဟုသတ်မှတ်ထားသူ (ရုပ်ပွားဆင်း တုနှင့်ကိုးကွယ်ရာအစရှိသည်) တို့သည်လည်းကောင်း၊ သူတို့အတွက် အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်အရာ ရောက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ကြီးလေးလှစွာသော ပြစ်ဒဏ်သည်လည်း ရှိနေ၏။

[11] ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် တရားလမ်းညွှန်တော်ပင် ဖြစ်၏။ သို့ဖြစ်ရာ သူတို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််၏ အာယသ်သက်သေလက္ခဏာတော်များကို မယုံ ကြည်ဖီဆန်ငြင်းပယ်ကြသောသူတို့မူကား သူတို့အတွက် (သူတို့၏စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ်ကြောင့်) အော့ နှလုံးနာစေမည့်ပြစ်ဒဏ်များအနက်မှ နာကျင်ဖွယ်ပြစ်ဒဏ်သည် ရှိနေ၏။

[12] အလ္လာဟ်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို ယင်း၌ ထိုအရှင်မြတ်၏အမိန့်တော် (စည်းမျဉ်း နိယာမတော်များ) နှင့်အညီ ရေယာဉ်သင်္ဘောများ လှုပ်ရှားသွားလာနိုင်ရန်အလို့ငှာလည်းကောင်း၊ သင်တို့သည် ထိုအရှင်မြတ်၏ရက်ရောသောကျေးဇူးတော် ရိက္ခာအထောက်အပံ့) ဖြင့်သိက္ခာပေး အပ်ခြင်းကို ဆည်းပူးရှာဖွေနိုင်ရန် အလို့ငှာလည်းကောင်း၊ သင်တို့ကျေးဇူးသိတတ်ကြရန်အလို့ငှာလည်းကောင်း၊ သင်တို့၏ဩဇာခံ အသုံးခံများ ဖြစ်စေတော်မူ၏။

[13] ထို့ပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ်ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို သင်တို့အတွက် အရှင့်ထံတော်မှ (လက်ဆောင်တော်အဖြစ်) သင်၏ဩဇာခံ၊ အသုံးခံများ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုသို့ဖြစ်စေတော်မူခြင်း၌ စဉ်းစားဆင်ခြင်တွေးခေါ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များသည် ရှိနေ၏။

[14] (အို၊ ရစူလ်တမန်တော်) သက်ဝင်ယုံကြည်သူတို့အား “ထိုအရှင်မြတ်သည် လူမျိုးတစ်မျိုးကို သူတို့၏ ပြုမူကျင့်ကြံမှုများနှင့်အညီ (အကျိုးဆက်အဖြစ် ဆုလဒ် သို့မဟုတ် ပေးဆပ်မှုဖြင့်) အကျိုးပေးစေတော်မူရန် အလို့ငှာ (သူတို့၏မယုံကြည်မှုနှင့်စပ်လျဉ်း၍ နားလည်စေတော်မူမည့် အလ္လာဟ်အရှင်မြတ်၏နေ့ရက်များအ တွက် မျှော်လင့်ချက်မထားကြသောသူတို့ကို ခွင့်လွှတ်သင့်သည်။” ဟု ဟောပြောလော့။)

[15] မည်သူမဆို ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးအတွက် ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုအကုသိုလ် ကို ပြုမူကျင့်ကြံလျှင်လည်း (ယင်းကောင်းမှု၏ဆိုးကျိုးဆက်သည်) ယင်းနဖ်စ်အပေါ်၌သာ သက်ရောက် မည်ဖြစ်၏။ ထို့နောက် သင်တို့အားလုံးသည် သင်တို့အား ထွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်ထံတော်သို့သာလျှင် ဦးလှည့်ပြန်သွားစေတော်မူမည် ဖြစ်၏။

[16] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ကျမ်းတော်ကိုလည်းကောင်း၊ (စီရင်ဆုံးဖြတ်မှုဆိုင်ရာအခွင့်အာဏာနှင့်) ဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ နဗီတမန်တော်သတင်းဆောင်ဘွဲ့ကိုလည်းကောင်း၊ ချီးမြှင့်ပေးအပ်တော်မူသည့်အပြင် သူတို့အား သန့်ပြန့်စင်ကြယ်ရာမှ ရိက္ခာအထောက်အပံ့များကို ထောက်ပံ့ပေးအပ်တော်မူခဲ့ရုံသာမက သူတို့အား လောကခပ်သိမ်း (ကမ္ဘာသူကမ္ဘာသား) တို့ထက် ထူးကဲစေ၍ သိက္ခာပေးအပ်တော်မူခဲ့၏။

[17] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သာသနာရေးရာ) အရှင့်စီမံချက်အမိန့်တော်မှ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါဝင်သည့် ရှင်းလင်းချက်များကို ချီးမြှင့်ပေးအပ် တော်မူခဲ့၏။ သို့သော် (ယခင်က ကျမ်းပေးအပ်ခြင်းခံရသော) သူတို့သည် (အမှန်တရားဆိုင်ရာ) အသိပညာကို သူတို့ထံသို့ ရောက်စေခဲ့ပြီးနောက် သူတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲလျက် ဂိုဏ်းဂနများခွဲခဲ့ခြင်း သည် (သူတို့၏ပမာမခန့်မှုနှင့်) အပြိုင်အဆိုင် မနာလိုမှုကြောင့်မှအပ အခြား (မည်သည့် အကြောင်းရင်းမျှ) မရှိပေ။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်းကြား တွင် သဘောထား မတိုက်ဆိုင်၍ကွဲလွဲနေခဲ့ကြသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ (သူတို့ထဲမှ ကောင်းမှု ပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးရန်အတွက်) တမလွန် ရှင်ပြန်ထမြောက်မည့်နေ့တွင် အပြီးသတ်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။

[18] ထို့နောက် (အို၊ ရစူလ်တမန်တော်) ထိုအရှင်မြတ်သည် အသင့်အား အရှင့်စီမံချက်အမိန့်တော်မှ (အစ္စလာမ်သာသနာပေါ်အခြေခံသည့်) ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ်၌ စီမံရပ်တည်စေတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုလမ်းစဉ်ကိုသာ လိုက်နာလော့။ အသင်သည် (အရှင့်အမိန့် ပညတ်ချက်ဆိုင်ရာ) အသိပညာ ကင်းမဲ့သောသူတို့၏အလိုဆန္ဒနှင့်လိုချင်တပ်မက်မှုများကို မလိုက်လျော မလိုက်နာလေနှင့်။

[19] ဧကန်စင်စစ်၊ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အနည်းငယ် စိုးစဉ်းမျှပင် အသင့်အတွက် အသုံးဝင် အရာရောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် အချင်းချင်း တစ်ဦးအတွက်တစ်ဦး အချို့သည် အချို့၏ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည်ကား မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး သောသူတော်စင်တို့၏ကာကွယ်စောင့်ရှောက်သူ ဖြစ်တော်မူ၏။)

[20] ဤ (ဘဝတည်ဆောက်ရေးလမ်းစဉ်ကို သွန်သင်သော ကုရ်အာန်ကျမ်းတော်မြတ်) သည် လူသားတို့ အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်နိုင်စွမ်းပေးသော ဉာဏ်အလင်းဖြစ်ပြီး တပ်အပ်သေချာသော ယုံကြည် မှုကို ရှာကြံသောလူမျိုးတို့အတွက် အရှင့်လမ်းညွှန်တော်နှင့်ကရုဏာတော်ပင် ဖြစ်၏။

[21] သို့တည်းမဟုတ် မကောင်းမှုအကုသိုလ်များကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့ အား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ကဲ့သို့ သူတို့၏ရှင်သန်ရပ်တည်ခြင်းအရသော်လည်းကောင်း၊ သူတို့၏ကွယ်လွန် သေဆုံးခြင်းအရသော်လည်းကောင်း ထပ်တူထပ်မျှ တူညီစေတော်မူမည်ဟု တွက်ချက် ထင်မှတ်ကြလေသလော။ သို့ဖြစ်လျှင် သူတို့၏ (ထိုသို့သော) စီရင်ဆုံးဖြတ်ချက်သည် လွန်စွာယုတ်ညံ့ ဆိုးရွားလှပေ၏။

[22] (စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို နက်နဲသိမ်မွေ့သော ရည်ရွယ်ချက် စည်းမျဉ်းနိယာမတော်များနှင့်အခြေခံမူများ ပါဝင်စေလျက်) အမှန်တရာသစ္စာအဖြစ် ဖွဲ့စည်းဖြစ် တည်စေတော်မူခဲ့၏။ ထိုသို့ဖြစ်စေတော်မူခြင်းသည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား ယင်းကိုအသုံးချ၍ ရှာမှီးဆည်းပူးခဲ့သမျှ (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် ဆုလဒ်နှင့်ပေးဆပ်မှုကို အစားပေး ခြင်းခံရအံ့သောငှာ ဖြစ်ပြီး သူတို့သည် မတော်မတရား အရေးယူခြင်းကို ခံကြရမည်မဟုတ်ပေ။)

[23] (အို၊ ရစူလ်တမန်တော်၊) သင်သည် သူ၏အတ္တစွဲ စိတ်အလိုဆန္ဒကို သူ၏ကိုးကွယ်ရာအဖြစ် အယူထား၍ ကိုးကွယ်နေသောသူ၏အကြောင်းကို မတွေ့မမြင်မသုံးသပ်မိ လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (သူ၏ဆန္ဒရည်ရွယ်ချက်နှင့်လုပ်ရပ်များကြောင့် သူ့၌ အမှန်တရားနှင့်စပ်လျဉ်းသော) အသိပညာရှိသည့်တိုင် သူ့အား လမ်းမှား၌ရှိစေရန် ခွင့်ပြုတော်မူပြီး သူ၏နားများ (အကြားအာရုံ) နှင့်သူ၏စိတ်နှလုံး (သိနားလည်နိုင်စွမ်း) အပေါ် (မြင်နိုင်စွမ်းနှင့်သိနားလည်နိုင်စွမ်းကို) တံဆိပ်ခတ်နှိပ်တော်မူရုံသာမက သူ့မျက် စိများ (အမြင်အာရုံ) ပေါ်တွင်လည်း အဖုံးအကာကို ဖြစ်စေတော်မူလျှင် ထိုသူအား အလ္လာဟ်အရှင်မြတ်မှ လွဲ၍ အခြားမည်သူက တရားလမ်းမှန်ကို ညွှန်ပြနိုင်မည်နည်း။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက်) သတိတရားရခြင်း မရှိကြလေသလော။

[24] ထို့ပြင် သူတို့က အသက်ရှင်ခြင်းဟူသည် လောကီဘဝသက်တမ်း၌ အသက်ရှင်ခြင်းသာ ဖြစ်ပြီး ကျွန်ုပ်တို့သည် (တစ်သက်မှာ တစ်ကြိမ်သာ) ကွယ်လွန်သေဆုံးကြ၍ (တစ်ကြိမ်သာလျှင်) အသက်ရှင်ကြသည်ဖြစ်ရာ ကျွန်ုပ်တို့အား အချိန်ကာလမှအပ (အခြားမည်သည့် အရာကမျှ) ဆုတ်ယုတ်တိမ်ကော ပျက်စီးစေသည်မဟုတ်။” ဟု ပြောဆိုကြ၏။ အမှန်စင်စစ် ထိုအခြေအနေ (ဘဝ၏စစ်မှန်သော အဓိပ္ပါယ်) နှင့်စပ်လျဉ်း၍ သူတို့၌ မည်သည့် (တပ်အပ်သေချာသော) အသိပညာမျှပင် မရှိဘဲ သူတို့သည် (ထင်ရာမြင်ရာကို စိတ်ကူးယဉ်ဖြင့်) မှန်းဆပြောဆို နေကြသည်သာ ဖြစ်သည်။

[25] ထို့ပြင် သူတို့ရှေ့ဝယ် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားနှင့် ရှင်းလင်းချက်များပါဝင်သည့် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွန်သင်ဖတ်ကြားခြင်း ခံရလေသောအခါ သူတို့က ''အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ် တို့၏ (ကွယ်လွန်သေဆုံးသွားခဲ့ပြီးဖြစ်သော) အဘ၊ ဘိုး၊ ဘေးဘီဘင်တို့အား (ပြန်လည်ရှင်ပြန်ထစေ၍) ခေါ်ယူခဲ့ကြလော့။'' ဟု ပြောဆိုခြင်းမှအပ (အခြားမည်သည့် ဆင်ခြေဆင်လက်မျှ မပေးနိုင်ဘဲ) စောဒကတက် ငြင်းခုံနေကြခြင်းသာ ဖြစ်၏။

[26] (အို၊ ရစူလ်တမန်တော် သူတို့အား) “အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား အသက်ပေးလျက် ရှင်စေတော်မူပြီးနောက် တစ်ဖန် သေစေတော်မူကာ ထို့နောက်တစ်ဖန် (ဒုတိယအကြိမ်) ရှင်ပြန်ထစေတော်မူ၍ ထိုအရှင်မြတ်သည်ပင် သင်တို့အား ရှင်ပြန်ထမြောက်မည့်နေ့ (၏ တမလွန်တရားခွင်) သို့ စုရုံးရောက်ရှိစေတော်မူမည်မှာ ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိပေ။ သို့ရာတွင် လူသားအများစုမှာမူကား (ထိုအကြောင်း နှင့်စပ်လျဉ်း၍ ထင်ရာမြင်ရာကို ထင်ကြေးပေးပြောဆိုပြီး ထင်မြင်ယူဆချက်အပေါ်သာ မှီခိုနေသောကြောင့်) သိနားလည်ကြသည် မဟုတ်ပေ။” ဟု ဟောပြောလော့။

[27] ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အလျှောက် ယင်းတို့) ၏ အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလ ဆိုက်ရောက်လာမည့်နေ့တွင်မူ မိစ္ဆာဒိဌိကို လိုက်စားကြသောသူတို့သည် ပျက်စီးဆုံးရှုံးကြပေမည်။

[28] တစ်ဖန် (အို၊ ရစူလ်တမန်တော် အသင်သည်) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် လူ့ဘောင်အုပ်စု အသိုင်းအဝိုင်းတိုင်းအား ဒူးထောက်လျက် ရှိနေကြမည်ဖြစ်ပြီး လူ့ဘောင်အုပ်စုအသိုင်းအဝိုင်းတိုင်းသည် (လောကီဘဝ၌) သူတို့ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီ အစားပေးခြင်းခံကြရန် သူတို့၏မှတ်တမ်းစာအုပ် (ရှိရာ) သို့ ဖိတ်ခေါ်ခြင်းခံကြရမည်ကို အသင်တွေ့မြင်လိမ့်မည်။

[29] ဤသည် (သင်တို့၏ပြုမူကျင့်ကြံမှုများကို မှတ်တမ်းတင်ထားသော) ငါအရှင်မြတ်၏မှတ်တမ်းစာအုပ်ပင် ဖြစ်ပြီး ယင်းက သင်တို့နှင့်ပတ်သက်၍ (အမှန်တရားသစ္စာနှင့်တကွ) တိကျမှန်ကန်စွာ စကားပြော လိမ့်မည်။ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံခဲ့ကြသည်ကို ရေးမှတ်စေလျက် မှတ်တမ်းတင် ထားတော်မူ၏။

[30] သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့မှာမူကား သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အရှင့်ကရုဏာတော်အတွင်းသို့ ဝင်ရောက်စေတော်မူမည် ဖြစ်၏။ ထိုနည်းအတိုင်းပင် ယင်းသည် ထင်ရှားရှင်းလင်းသော မဟာအောင်မြင်မှု ဖြစ်ပေ၏။

[31] သို့ရာတွင် မယုံကြည်သွေဖည်ငြင်းပယ်ကြသောသူတို့မူကား ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် သင်တို့ရှေ့ဝယ် ဖတ်ကြားခြင်း ခံခဲ့ရသည် မဟုတ်လော။ သို့တစေလည်း သင်တို့သည် မာနထောင်လွှားခဲ့ကြလျက် (သင်တို့၏စိတ်အလိုရမ္မက်နောက်လိုက်၍ သင်တို့ကိုယ်သင်တို့) ရာဇဝတ်မှုကျူးလွန် သောလူမျိုးဖြစ်ကြောင်းကို ထင်ရှားစေခဲ့သည် မဟုတ်လော။” ဟု မေးမြန်းခြင်းခံကြရမည်။

[32] ထို့ပြင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်၏ (မကောင်းမှုအကုသိုလ်ပြုကျင့်သူတို့အတွက် ငရဲဘုံရှိ ကြောင်းနှင့်ကောင်းမှုကုသိုလ်များဖြင့် ဘဝတည်ဆောက်သူတို့အတွက် သုခဥယျာဉ်ရှိကြောင်းမည်သော) ကတိ တော်သည် အမှန်တရားဖြစ်ပြီး ရှင်ပြန်ထမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ ယင်း၌ မည်သည့် ဒွိဟသံသယမျှ ဖြစ်စရာမလိုကြောင်း ပြောဆိုခြင်း ခံခဲ့ရလေသောအခါ သင်တို့က ''ကျွန်ုပ်သည် ရှင်ပြန်ထမည့်အချိန်ကာလမှာ အဘယ်နည်းဟူသည်ကို မသိကြပေ။ ကျွန်ုပ်တို့၌ (ယင်းရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍) ထင်မြင်ယူဆချက်တစ်ခုမှအပ အခြားမည်သည့်အဓိပ္ပါယ်မျှမရှိကြောင်း မှန်းဆတွေးထင်ကြလေ၏။ ထို့ပြင် ကျွန်ုပ်တို့တွင် အခိုင်အမာယုံ ကြည်နိုင်သည့် တပ်အပ်သေချာမှု မရှိချေ။'' ဟု ပြောဆိုခဲ့ကြသည်။

[33] ထို့ပြင် (ထိုနေ့တွင်) သူတို့ရှေ့ဝယ် သူတို့ ပြုမူကျင့်ကြံခဲ့ကြသောမကောင်းမှုအကုသိုလ်များ (၏ဆိုးကျိုးဆက်များသည် သူတို့အတွက်) ပေါ်လွင်ထင်ရှားလာပြီး သူတို့ပြက်ရယ်ပြုလှောင်ပြောင်ခဲ့ကြသော အရာများ သည်လည်း သူတို့အား (အမှုပတ်) ဝိုင်းရံလွှမ်းမိုးလျက် ရှိပေမည်။

[34] တစ်ဖန် သူတို့အား “သင်တို့သည် မဤနေ့ဤရက်နှင့်ရင်ဆိုင်တွေ့ကြုံရမည်ကို သတိမမူ မေ့လျော့ခဲ့ကြသည့်နည်းတူ ငါအရှင်မြတ်သည်လည်း ယနေ့ သင်တို့အား မေ့ပစ်ထားတော်မူမည် (ဖြစ်ရာ လွတ်ငြမ်းခွင့်ပေး၍ ဂုဏ်ပေးခြင်းခံရမည်ဟု မမျှော်လင့်ကြလေနှင့်) ထို့ပြင် သင်တို့၏နောက်ဆုံးပန်းတိုင် ခိုလှုံရာဌာနမှာ ငရဲမီးပင် ဖြစ်သည့်အပြင် သင်တို့အတွက် ကူညီစောင်မနိုင်သူများဟူ၍လည်း မရှိပေ။

[35] ထိုသို့ဖြစ်ရခြင်းမှာ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို (မထီမဲ့မြင်ပြုလျက်) ပြောင်လှောင်သရော်ဖွယ်ရာများအဖြစ် ပြုလုပ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လောကီ ဘဝသက်တမ်းသည် သင်တို့အား လှည့်စားခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်သည်။ သို့ဖြစ်ပေရာ ယနေ့သော် ကား သူတို့သည် ယင်း (ငရဲဘုံ) မှ ထွက်ခွာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ရုံသာမက (လောကီကမ္ဘာသို့ ပြန်၍ ကောင်းမှုလုပ်နိုင်ရန် တောင်းဆိုခြင်းကိုလည်း လက်ခံတော်မူမည် မဟုတ်သောကြောင့်) အမှားပြင်ဆင် ခွင့်ရရန် စေတနာထားခြင်းခံကြရမည်လည်း မဟုတ်ချေ။

[36] စင်စစ်မှာကား ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအပေါင်းတို့သည် မိုးကောင်းကင်များ ကမ္ဘာဂြိုဟ်နှင့်စကြ ဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။

[37] ထို့ပြင် မိုးကောင်းကင်များနှင်မြေကမ္ဘာ၌ ရှိသမျှ ထူးကဲကြီးမြတ်ခြင်းနှင့်ဩဇာအာဏာအပေါင်းသည် လည်း ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် လူသားတို့အား ဂုဏ် ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

သဲသောင်ခုံများ

Surah 46

[1] ဟာ၊ မီမ်။

[2] (ဤကျမ်းတော်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ ချမှတ်ပေးအပ်တော်မူသောကျမ်းတော်ပင် ဖြစ်၏။

[3] ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် (အဓိပ္ပါယ်ပြည့်စုံသောရည်ရွယ်ချက် ဆင်ခြင်တုံတရားနှင့်နိယာမတော် အခြေခံမူများနှင့်လျော်ညီစွာ) သာ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုကိုလည်း သတ်မှတ်ပိုင်းခြားပြဌာန်းတော်မူ၏။ သို့တစေလည်း မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား သူတို့အား သတိပေးနှိုးဆော်ခြင်းခံကြရသည်များမှ ကျောခိုင်း၍ မျက်နှာလွှဲလျက်ပင် ရှိကြ၏။

[4] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များ အနက်မှ သင်တို့က ကိုးကွယ်ရာအရှင်အဖြစ် ယုံကြည်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းကြသော သင်တို့ ၏တွဲဖက်ကိုးကွယ်ရာတို့အား မတွေ့မြင် မစူးစမ်း မသုံးသပ်ကြလေသလော။ ထို (အရှင်မြတ်နှင့်တွဲဖက် တုပြိုင် ၍ အယူထားကိုးကွယ်ကြသော) ကိုးကွယ်ရာတို့သည် မြေကမ္ဘာ၌ရှိသောအရာများအနက်မှ မည်သည်ကို ဖွဲ့စည်းဖြစ်တည်စေခဲ့ကြောင်းကိုလည်းကောင်၊း သို့တည်းမဟုတ် မိုးကောင်းကင်များဖွဲ့စည်းဖြစ်တည်လာခြင်း၌ သူတို့၏ဖက်စပ်အစုရှယ်ယာ၊ ဝေစု တစ်စုံတစ်ရာ ရှိကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်အား ပြသကြလော့။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူသည့် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းတော် (မြတ်ကုရ်အာန်) မတိုင်မီ ချမှတ်ပေးအပ်တော်မူသောကျမ်းတော် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ မပျက်စီး မပြောင်းလဲစေဘဲ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားလျက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော) အသိပညာမှ အကြွင်းအကျန်၊ သဲလွန်စ၊ အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ကျွန်ုပ်ထံ ယူဆောင်ပေးအပ်ကြလော့။” ဟု ဟောပြောလော့။

[5] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သူ့ဆုတောင်းပန်ကြားမှုနှင့်စပ်လျဉ်း၍) သူ့အား ရှင်ပြန် ထမည့်နေ့တိုင်အောင်ဖြေကြားကြမည် မဟုတ်သော (အခြားကိုးကွယ်ရာများကို ယုံကြည်ဆည်းကပ်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းသည့်သူထက် လမ်းမှာရောက်နေသူ မည်သူရှိမည်နည်း။ ထို့ပြင် (ထိုသို့ ဆည်းကပ်ကိုးကွယ်ခြင်းခံရသော) ထိုကိုးကွယ်ရာများသည် သူတို့၏ဆုတောင်းပန်ကြားမှုများကိုပင် (သိနားလည် နိုင်စွမ်း နှင့်သတိမူ၍ အလေးထားနိုင်စွမ်း မရှိသောကြောင့်) နမော်နမဲ့ဖြစ်နေကြ၏။

[6] ထို့ပြင် လူသားတို့ (အား သူတို့၏သင်္ချိုင်းများမှ ထွက်စေတော်မူ၍ သူတို့) သည် စုရုံးစေတော်မူခြင်းခံ ကြရသောအခါ (လောကီဘဝ၌ အလ္လာဟ်အရှင်မြတ်မှအပ သူတို့ကိုးကွယ်ခဲ့ကြသော) ထိုကိးကွယ်ရာများသည် သူတို့၏ရန်သူများ ဖြစ်ကြမည့်အပြင် သူတို့၏ဆည်းကပ်မှုကိုပင် ငြင်းပယ်ကြလိမ့်မည်။

[7] တစ်ဖန် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားနှင့်ရှင်းလင်းချက်များ ပါဝင်သည့် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို သူတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလေသောအခါ မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က အမှန်တရား (ဖြစ်သော ကုရ်အာန်ကျမ်းတော်) နှင့်စပ်လျဉ်း၍ ယင်းအား သူတို့ထံ ရောက်စေတော်မူခဲ့စဉ် “ဤသည် ထင်ရှားသော မှော်ပယောဂအတတ်ပညာ ဖြစ်သည်။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

[8] သို့တည်းမဟုတ် သူတို့က “တမန်တော်မုဟမ္မဒ်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည် ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား) “အကယ်၍ ကျွန်ုပ်သည် ယင်းကို ကြံစည်ဖန်တီးခဲ့လျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ကျွန်ုပ်အား ကူညီကာကယ်နိုင်စွမ်း စိုးစဉ်းမျှပင် ရှိလိမ့်မည်မဟုတ်ချေ။ ထိုအရှင်မြတ်သည် ယင်း (ကုရ်အာန် ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ သင်တို့ပြောဆိုနေကြသည့် (ဆွေးနွေးနှီးနှောကြံစည်မှု အလုံးစုံ) ကို အသိဆုံးပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်သင်တို့အကြားဝယ် (အမှန်တရားကို ထင်ရှားစေတော်မူရန်) လုံလောက်သောသက်သေ ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[9] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် (ပုဂ္ဂိုလ်ရေးအရနှင့်ကျွန်ုပ်က သွန်သင်တင်ပြမည့် အရှင့်သတင်းစကားအရပါ) ရစူလ်တမန်တော်တို့အနက် အထူးအဆန်း၊ အသစ်အဆန်း မဟုတ်ပေ။ ထို့ပြင် (အနာဂတ်၌ မည်သို့ဖြစ်ပျက်မည်ကို အရှင်မြတ်က အသိပေးတော်မမူဘဲ) ကျွန်ုပ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်တို့နှင့်ပတ်သက်၍လည်းကောင်း၊ မည်သို့စီမံဖြစ်စေတော်မူမည်ကို သိရှိသည် မဟုတ်ပေ။ ကျွန်ုပ်သည် (အလ္လာဟ်အရှင်မြတ်က) ကျွန်ုပ်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်တော်များကိုသာလျှင် နာခံလိုက်နာပါ၏။ ကျွန်ုပ်သည် မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦးမှအပ အခြားမဟုတ်ပြီ။

[10] (အို၊ ရစူလ်တမန်တော် သူတို့အား) ဟောပြောလော့ “အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ထုတ်ပြန်ချမှတ်ပေးအပ်သော) ကျမ်းတော်ဖြစ်၍ သင်တို့က ယင်းကို မယုံကြည် ဖီဆန်ငြင်းပယ်ကြလျှင် (သင်တို့၏အခြေအနေ မည်သို့ဖြစ်သည်ကို) တွေ့မြင်ဆင်ခြင်သုံးသပ်ကြလေသလော။ အမှန်စင်စစ်သော်ကား (ကုရ်အာန်ကျမ်းတော်မြတ်ကဲ့သို့ တောင်ရာတ်ကျမ်း ချမှတ်ပေးအပ်ခြင်းခံရသော) အစ္စရေးမျိုးနွယ်ဝင်တို့အနက်မှ သက်သေတစ်ဦးက ယင်းသည် အလားတူ (ကျမ်းတော်ပင် ဖြစ်ကြောင်း) သက်သေခံလျက် သက်ဝင်ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သင်တို့မူကား (သက်ဝင်ယုံကြည်ခြင်းမရှိဘဲ တရားလမ်းမှန်မှ လွဲချော်ကာ) အလွန်ပင် စိတ်ကြီးဝင်မောက်မာ၍ မာနတက်နေကြ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ သောလူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[11] စင်စစ်သော်ကား မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့သည် သက်ဝင်ယုံကြည်သောသူတို့နှင့်ပတ် သက်၍ (မယုံကြည်ဖီဆန်မှုဆိုင်ရာ မူမမှန်သော ဆင်ခြေအဖြစ်) “အကယ်၍ ထို (ကုရ်အာန်ကျမ်းတော်မြတ်) သည် ကောင်းမြတ်သောအရာ (အသုံးဝင်သောအရာတစ်စုံတစ်ခု) ဖြစ်ခဲ့မူ ထိုသက်ဝင်ယုံကြည်သူတို့က ကျွန်ုပ်တို့ထက်ဦး၍ ယင်းကို လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပေ။”ဟု ပြောဆိုကြ၏။ တစ်ဖန် (ယင်းကို ဖီဆန်ငြင်းပယ်ခြင်းကြောင့်) သူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ “ဤသည် ရှေးခေတ်က ဒဏ္ဍာရီလုပ်ဇာတ်တစ်ခုသာ ဖြစ်သည်။” ဟု ပြောဆိုကြပြန်၏။

[12] အမှန်စင်စစ်မူကား ထို (ကုရ်အာန်ကျမ်းတော်မြတ်) မတိုင်မီ (အစ္စရေးမျိုးနွယ်ဝင်တို့အတွက် ချမှတ်ပေး အပ်တော်မူသော တမန်တော်) မူဆာ၏ကျမ်းတော် (တောင်ရာတ်) သည် ဦးဆောင်လမ်းပြခြင်း နှင့်ကရုဏာ တော်ကို ဖော်ဆောင်ခဲ့၏။ ထို့ပြင် အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော ဤကျမ်းတော် (မြတ်ကုရ်အာန်) သည် (ရှေးကျမ်းဟု ကြွေးကြော်သည်တို့အား မှန်၊ မမှန်၊ ဖြောင့်မှန်စေလျက်) ထောက်ခံသော ကျမ်းတော်ဖြစ်၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူတို့အား သတိပေးနှိုးဆော်ရန်နှင့်မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့မြင် နေတော်မူ ကြောင်း သိနားလည်၍ အရာရာကို အရှင့်သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အတွက် သတင်းကောင်းပါးရန်ပင် ဖြစ်၏။

[13] “ဧကန်မလွဲ၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ပြောဆိုကြပြီးနောက် (သူတို့၏ယုံကြည်ချက် အတွေးအခေါ်နှင့်လုပ်ဆောင်မှုများတွင်လည်း အရှင့်အမိန့်တော်အတိုင်းလိုက်နာလျက်) အခိုင်အမာ ရပ်တည်ကြသူတို့မူကား သူတို့အပေါ် မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် သူတို့သည် ပူပင်သောကရောက်ကြရ မည်လည်း မဟုတ်ချေ။

[14] ထိုသူတို့သည် သုခဘုံဥယျာဉ်များ၏အပေါင်းအဖော်များပင် ဖြစ်ကြပြီး ထို (သုခဥယျာဉ်များထဲ) ၌ အမြဲထာဝစဉ်နေထိုင်ကြရပေမည်။ (ဤသည်) သူတို့ပြုမူကျင့်ကြံခဲ့ကြသည်နှင့်အညီ (အကျိုးဆက်အဖြစ်) အစားပေးတော်မူခြင်းပင် ဖြစ်၏။

[15] (ယခု အခြားကောင်းမှုကုသိုလ်အကြောင်းကို ဖော်ပြရသော်) ငါအရှင်မြတ်သည် မနူဿလူသားအား သူ၏မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူ၏။ မွေးသမိခင်သည် သူ့အား ပင်ပန်းခက်ခဲမှုကြီးစွာဖြင့် (ဝမ်းတွင်းဝယ်) လွယ်ဆောင်ပြီးနောက် ပင်ပန်းခက်ခဲမှုကြီးစွာဖြင့်ပင် သူ့အား မွေးဖွားခဲ့ရ၏။ ထို့ပြင် သူ့အား လွယ်ပိုက်ခြင်း နို့ချိုတိုက်ကျွေးခြင်း (နှင့်နိုးဖြတ်ခြင်း စသည့် ဆင်းရဲပင်ပန်းမှုကို ရင်ဆိုင်ရသော) အချိန်ကာလသည် လပေါင်းသုံးဆယ် ဖြစ်၏။ နောက်ဆုံးတွင် လူသားသည် လူလားမြောက် သောအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပြီးနောက် အသက်လေးဆယ်အရွယ်သို့ ရောက်လေသောအခါ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အပေါ်၌လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးအပေါ်၌လည်းကောင်း၊ အရှင့်ကျေးဇူးတော်များ ဂုဏ်သိက္ခာပေးအပ်တော်မူခြင်းနှင့် စပ်လျဉ်း၍ အစဉ်အမြဲ ကျေးဇူးသိတတ်ရန်နှင့်အရှင်မြတ်အား ကျေနပ်နှစ်မြို့စေမည့် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်နိုင်ရန် ကျွန်ုပ်၌ စွမ်းအား ပေးသနားတော်မူပါ။ ထို့ပြင် (ကျွန်ုပ်က ကျွန်ုပ်မိဘအား ကောင်းစွာပြုစုဆက်ဆံသကဲ့သို့) ကျွန်ုပ်အတွက် ကျွန်ုပ်၏သားစဉ်မြေးဆက်တို့၌လည်း ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်သူများ ဖြစ်စေတော်မူပါ။ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင်မြတ်ထံတော် (၌ဝန်ချတောင်းလျက် အရှင်မြတ်ဘက်) သို့သာ ဦးလှည့်ပါ၏။ ဧကန်မလွဲ၊ ကျွန်ုပ်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အမိန့်တော်ကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များတွင် တစ်ဦးအပါအဝင် ဖြစ်ပါ၏။” ဟု လျှောက်ထားပန်ကြားလေ၏။

[16] ထိုသူတို့သည်ပင် ငါအရှင်မြတ်က သူတို့ထံမှ (သူတို့၏ကောင်းမြတ်လှသော ပြုမူကျင့်ကြံမှုများကို) သဘောတူလက်ခံတော်မူမည့်သူများ ဖြစ်ကြရုံသာမက သူတို့၏ပြစ်မှုအချို့ကိုလည်း (အရေးမယူဘဲ) ဥပေက္ခာ ပြုတော်မူမည့်အပြင် သုခဘုံဥယျာဉ်၏အပေါင်းအဖော်တို့တွင်လည်း အပါအဝင် ဖြစ်စေတော်မူမည်။ (ဤသည် ကား) သူတို့အား (လောကီဘဝ၌ ကတိထားတော်မူခဲ့သော) ကတိတော်သည် တိကျမှန်ကန်သော အမှန်တရား ဖြစ်ကြောင်းကို ထင်ရှားစေ၏။

[17] ထို့ပြင် သူတို့သည် (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ဘက်သို့ ဖိတ်ခေါ်သည့်) မွေးသမိဘ နှစ်ပါးအား မထီလေးစားပြုလျက် “အို့၊” (သင်တို့နှစ်ဦးအပေါ် စိတ်ကုန်နေပြီ။ ဟု ပြောဆို) ငေါက်ငမ်း၏။ သင်တို့နှစ်ဦးသည် ကျွန်ုပ်အား (သေပြီးနောက် တစ်ဖန် တမလွန်တရားခွင်၌ တရားရင်ဆိုင်ရန် သင်္ချိုင်းမှ) ပြန် ထွက်စေတော်မူမည်ဟု ခြိမ်းခြောက်ကြလေသလော။ အမှန်စင်စစ်၊ ကျွန်ုပ်အလျင်လည်း (မြောက်မြားစွာသော) မျိုးဆက် တို့သည် (ဤလောကီဘဝကို စွန့်၍) လွန်လေခဲ့ကြပြီ။” (သူတို့အနက်မှ မည်သူမျှ ရှင်ပြန်ထသည်ကို မတွေ့ခဲ့ပါ။ ဟု ပြော၏။) သို့​ဖြစ်ပေရာ ထိုမိဘနှစ်ပါးတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အကူအညီ တောင်းခံကြ၏။ (တစ်ဖန် မိဘကို မထီလေးစားငေါက်ငမ်းသောသားသမီးအား မိဘက) အသင် ဒုက္ခလှလှ တွေ့ပါစေ။ အသင်သည် ပျက်စီးရခြင်းမှ အာအကွယ်ရရန် သက်ဝင်ယုံကြည်လော့။ စင်စစ်ဧကန်၊ (ဖြောင့်မတ်မှန်ကန်မှုများဖြင့် သီလဆောက်တည်သူတို့အတွက် သုခဥယျာဉ်ရှိပြီး မကောင်းမှုအကုသိုလ်၌ နစ်မြုပ်နေသူတို့အ တွက် ငရဲဘုံရှိစေတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားဖြစ်ကြောင်း စွဲမြဲစွာ ယုံကြည်မှတ်ထားလော့။” ဟု ဆုံးမခဲ့၏။ သို့သော်လည်း သူက “ဤသည်တို့ကား ရှေးခေတ်လူတို့၏ဒဏ္ဍာရီ ပုံပြင်များသာလျှင် ဖြစ်၏ဟု တုံ့ပြန်ပြောဆိုလေ၏။

[18] ထိုသူတို့သည်ကား ဂျင်(န်) နှင့်လူသားတို့အနက်မှ သူတို့မတိုင်မီ လွန်လေပြီးဖြစ်သော လူ့ဘောင်အသိုင်းအဝိုင်းများ၌ ဖြစ်ပျက်စေတော်မူသကဲ့သို့ပင် သူတို့နှင့်အပေါ်၌လည်း အလ္လာဟ်အရှင်မြတ်၏ (ပြစ်ဒဏ်ဆိုင်ရာ) အမိန့်တော်သည် သင့်တော်မျှတမှန်ကန်ကြောင်း အတည်ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ သူတို့သည် ဆုံးရှုံးပျက် သုဉ်းမည့်သူများပင် ဖြစ်ကြ၏။

[19] စင်စစ်သော်ကား (လူတစ်ဦးချင်းဖြစ် အုပ်စုအဖွဲ့အစည်းနှင့်အသိုင်းအဝိုင်းအနေဖြင့်ဖြစ်စေ) ပြုမူကျင့် ကြံမှုနှင့်အညီ အခွင့်အလမ်းနှင့်အဆင့်အတန်းကိုယ်စီ ရှိစေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အား သူတို့၏ပြုမူကျင့်ကြံမှုဆိုင်ရာ အကျိုးဆက်ကို အပြည့်အဝ ရယူခံစားစေတော်မူမည် ဖြစ်ပြီး သူတို့သည် မတော်မတရားအရေးယူခြင်း ခံကြရမည် မဟုတ်ပေ။

[20] ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် ငရဲမီးသို့ ပို့ဆောင်ခြင်းခံကြရသောအခါ သူတို့အား “သင်တို့သည် လောကီဘဝ၌ သင်တို့ ၏ကောင်းမြတ်စင်ကြယ်ရာ (ဝေစုဝေပုံ) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချလျက် အလွဲသုံးစား ပြုခြင်းဖြင့်) ဖြုန်းတီးခဲ့ကြပြီး ထိုလောကီအကျိုးခံစား (ခွင့်နှင့်ရပိုင်) ခွင့်များဖြင့် ပျော်ရွှင်မြူးထူးခဲ့ကြရာ ယနေ့သော်ကား ကမ္ဘာမြေပေါ်ဝယ် သင်တို့က လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် ဘဝင်မြင့် မောက်မာခဲ့ ကြသောကြောင့်လည်းကောင်း၊ အရှင့်စည်းမျဉ်းအမိန့်တော်များကို ဖီဆန်ချိုးဖောက်၍ အာခံ သောင်းကျန်းခဲ့ကြသောကြောင့်လည်းကောင်း၊ အကျိုးယုတ်အရှက်ရစေသော ပြစ်ဒဏ်ကို အစားပေးခြင်းခံကြရလိမ့်မည်။” ဟု ပြောစေတော်မူလိမ့်မည်။

[21] ထို့ပြင် (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) အာဒ်လူမျိုးတို့၏နောင်တော် (တမန်တော်ဟူဒ်) အကြောင်းကို သတိဖော်ပေးလျက် ထုတ်ဖော်ဖွင့်ဟလော့။ ထိုနောင်တော်သည် သူ့လူမျိုးတို့အား 'အဟ်ကာဖ်' မည်သော သဲတောင်များ (ရွာ) ၌ သတိပေးနှိုးဆော်ခဲ့စဉ် သူ့အလျင် ရှေးခေတ်နှင့်သူ့နောက်ပိုင်းတွင် ရောက်လာ ခဲ့ကြသည့် သတိပေးနှိုးဆော်သူများကဲ့သို့ပင် “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် တစ်စုံ တစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြလေနှင့်။ ဧကန်စင်စစ်၊ ကျွန်ုပ်သည် အသင်တို့အပေါ် အလွန် ထိတ်လန့်ထူးကဲသောနေ့၏ပြစ်ဒဏ် (ဆိုက်ရောက်လာမည်ကို) စိုးရိမ်ကြောင့်ကြပါ၏။ ဟု ဟောပြောခဲ့၏။

[22] သူတို့က (တမန်တော်ဟူးဒ်အား) ''အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကိုးကွယ်ရာတို့မှ ကျောခိုင်း လွှဲဖယ်စေရန် ကျွန်ုပ်တို့ထံ ရောက်လာခဲ့လေသလော။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့အား (သတိပေးနှိုးဆော်၍) ခြိမ်းခြောက်နေသောအရာ (ပြစ်ဒဏ်) ကို ကျွန်ုပ်တို့ထံ ရောက်စေလော့။” ဟု တုံ့ပြန်ဖြေကြားခဲ့၏။

[23] တမန်တော်ဟူးဒ်က “(ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ တိကျသော) အသိပညာသည်ကား အလ္လာဟ်အရှင် မြတ်ထံတော်၌သာရှိ၏။ စင်စစ်သော်ကား ကျွန်ုပ်သည် သင်တို့ထံ (အရှင့်သတင်းစကား အမိန့်တော်ပညတ် ချက်များကိုသာ ပို့ချသွန်သင်ရန်) အရှင့်သတင်းတော်နှင့်အတူ တာဝန်ပေးတော်မူလျက် စေလွှတ်တော်မူခြင်းခံရသော သတင်းဆောင်သာ ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်သည် သင်တို့အား (အမှန်တရားကို အသိအမှတ်ပြုလိုစိတ်ကင်းရှင်းလျက်) ပညာမဲ့ဆန်ဆန်ပြုမူသော လူမျိုးများအဖြစ်သာ တွေ့မြင်ပါ၏။” ဟု ပြောဆိုခဲ့၏။

[24] ထို့နောက် သူတို့သည် သူတို့နေထိုင်ရာတောင်ကြားဒေသသို့ ဦးတည်ချဉ်းကပ်လာနေသော ထူထပ်သော တိမ်တိုက်ကြီးကို တွေ့မြင်သောအခါ ဤသည် မိုးသားတိမ်တိုက်ကြီးဖြစ်၍ ကျွန်ုပ်တို့ထံသို့ မိုးခေါ်ဆောင် လာနေပြီဟု ဆိုခဲ့ကြ၏။ အမှန်မှာ ထိုသို့ အလျှင်းမဟုတ်ပေ။ ယင်းသည် သင်တို့ အလျင်စလို၊ အဆောတလျင် တောင်းဆိုခဲ့ကြသော (ပြစ်ဒဏ်ကို ခေါ်ဆောင်လာသည့်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်ပြီး ယင်း၌ ပြင်းပြနာ ကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် ရှိနေ၏။

[25] ထို (လေပြင်းမုန်တိုင်း) သည် ယင်းအား ဖွဲ့စည်းဖြစ်ပေါ်စေတော်မူသော အရှင်မြတ်၏အမိန့်တော်ဖြင့် အရာခပ်သိမ်းတို့ကို မွှေနှောက်ဖျက်ဆီးစေ၏။ ထို့သို့ဖြင့် နံနက်မိုးသောက်ချိန်တွင် သူတို့သည် သူတို့၏နေအိမ်ပျက်များမှအပ အခြားမည်သည်ကိုမျှ မမြင်ရသောအဖြစ်သို့ ရောက်သွားခဲ့ကြ၏။ ငါအရှင်မြတ်သည် ရာဇဝတ်မှုကျူးလွန်သူတို့အား ထိုနည်းအတိုင်းပင် ပေးဆပ်စေတော်မူ၏။

[26] တစ်ဖန် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား (ဂုဏ်သိက္ခာ၊ ဩဇာအာဏာနှင့်စည်းစိမ်းချမ်းသာ များပေးအပ်တော်မူလျက်) သင်တို့၏ဒေသ၌ ထူထောင်စေတော်မူသကဲ့သို့ သူတို့အားလည်း သူတို့၏ဒေသ၌ ထူထောင်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နားများ (အကြားအာရုံ)၊ မျက်စိများ (အမြင် အာရုံ) နှင့်စိတ်နှလုံးများ (နားလည်ခံစားနိုင်စွမ်း) ကိုလည်း ပေးအပ်တော်မူသော်လည်း သူတို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ခေါင်းမာမာဖြင့် ငြင်းပယ်ကြပြီး ယင်း (သက် သေလက္ခဏာတော်) တို့ကို လှောင်ပြောင်သရော်ခဲ့ကြသမျှသည် သူတို့အား (အမှုပတ်) လွှမ်းခြုံဝန်းရံထား သောကြောင့် သူတို့၏နားများ၊ မျက်စိများနှင့်စိတ်နှလုံးများသည် သူတို့အတွက် စိုးစဉ်းမျှပင် အသုံးဝင်၊ အရာရောက်ခဲ့သည် မဟုတ်ပေ။

[27] ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့၏ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာဒေသများစွာတို့အား တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။ (သူတို့ထံ ထိုအခြေအနေ ရောက်မလာမီ) ငါအရှင်မြတ်သည် သူတို့သည် (သူတို့၏မှားယွင်းသော ယုံကြည်ကိုးကွယ်မှု အတွေးအခေါ်များနှင့်လမ်းစဉ်များကို စွန့်လွှတ်၍ အရှင်မြတ်ဘက်သို့) ပြန်လှည့်နိုင်ရန်အလို့ငှာ အာယသ်သက်သေလက္ခဏာတော်အမျိုးမျိုးကို ဖွင့်ဆိုရှင်းပြစေတော်မူ၏။

[28] တစ်ဖန် အလ္လာဟ်အရှင်မြတ်အားစွန့်၍ သူတို့၏ချဉ်းကပ်စရာ ဆည်းကပ်ကိုးကွယ်ရာများအဖြစ် အယူ ထား သတ်မှတ်ခဲ့ကြသော (ရုပ်ပွားဆင်းတု၊ ဘုရားသခင် အစရှိသော) ကိုးကွယ်ရာများသည် သူတို့အား အဘယ်ကြောင့် မကူညီခဲ့ကြသနည်း။ အမှန်မှာ ယင်းကိုးကွယ်ရာများသည် သူတို့ထံမှ တိမ်းရှောင်ပျောက်ကွယ်သွားခဲ့ကြပြီ။ ထိုကဲ့သို့ပင် သူတို့၏ (မိစ္ဆာဒိဌိပေါ်အခြေခံသော) လမ်းမှားမှုသည် သူတို့ကိုယ်တိုင်ကြံစည် ဖန်တီးထားသောအရာများပင် ဖြစ်၏။

[29] ငါအရှင်မြတ်သည် ဂျင်(န်)များအနက်မှ အုပ်စုတစ်စုကို အသင် (တမန်တော်) ရှိရာသို့ ညွှန်ကြား ရောက်ရှိစေတော်မူခဲ့ရာ သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာခွင့်ရခဲ့ကြ၏။ ထိုသို့ ယင်းကိုကြားနာရန် ရောက်ရှိခဲ့ကြသောအခါ သူတို့က (အချင်းချင်း၊ တစ်ဦးကိုတစ်ဦး) ဆိတ်ဆိတ်နေကြလော့။"" ဟု တိုက်တွန်း ပြောဆိုခဲ့ကြ၏။ ထို့နောက် (ကုရ်အာန်ကျမ်းတော်မြတ်အား ကြားနာခြင်း) ပြီးဆုံးသွားသောအခါ သူတို့သည် သူတို့လူမျိုးတို့ထံသို့ သတိပေးနှိုးဆော်သူများအဖြစ် လှည့်ပြန်ခဲ့ကြ၏။

[30] (သူတို့၏လူမျိုးများထံရောက်ကြသောအခါ) သူတို့က ''အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်တို့ သည် (တမန်တော်) မူဆာ၏နောက်တွင် ချမှတ်ပေးအပ်တော်မူခြင်းခံရသောကျမ်း ယခင်က ချမှတ်ပေးအပ်၍ လူတို့၏လက်ဝယ်၌ရှိနေသည့် ရှေးကျမ်းဂန်များ (ရှိ အချက်အလက်များအား မှန်၊ မမှန်ဟူသည်) ကို အတည် ပြုဖြောင့်မှန်စေသော အမှန်တရားသစ္စာဘက်သို့လည်းကောင်း၊ (အစစ၊ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံ တည်တံ့စေသည့် လမ်းစဉ်တော်ဘက်သို့လည်းကောင်း၊ လမ်းညွှန်နေသော ကျမ်းတော်ကို ကြားနာခဲ့ကြပြီ။” ဟု တင်ပြပြောဆိုခဲ့ကြ၏။

[31] အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်ခြင်းကို နာယူလက်ခံကြောင်း တုံ့ပြန်ဖြေကြား၍ ထို (ဖိတ်ခေါ်) သူအား သက်ဝင်ယုံကြည်ကြလော့။ (ထိုသို့ယုံကြည်ကြလျှင်) ထိုအရှင်မြတ်သည် သင်တို့အတွက် သင်တို့၏ပြစ်မှုများမှ အချို့ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပြီး သင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ်စောင့်ရှောက်တော်မူပေမည်။

[32] သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်ခြင်းကို အလိုမတူ တုံ့ပြန်ဖြေကြား ခြင်းမရှိလျှင် ထိုသူသည် ကမ္ဘာမြေဝယ် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပျက်နေသည်ကို) ဟန့်တားနှောက်ယှက်လျက် လွတ်မြောက်နိုင်စွမ်းမရှိသည့်အပြင် သူ့အတွက် ထိုအရှင် မြတ်မှအပ အခြား မည်သည့် ကာကွယ်စောင့်ရှောက်သူမျှလည်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည်ကား ထင်ရှားစွာသောလမ်းမှားမှု၌ပင် ရှိနေကြ၏။

[33] ဧကန်ပင်၊ မိုးကောင်းကင်များနှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည်သာမက ယင်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းကြောင့် ညောင်းညာမောပန်းတော်မူခြင်းလည်း မရှိသော အလ္လာဟ်အရှင်မြတ် သည် သက်မဲ့ (သူသေ) တို့အား အသက်ရှိစေလျက် ရှင်စေခြင်းကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း၊ သူတို့ မစဉ်းစား မဆင်ခြင် မတွေ့မြင် ကြလေသလော။ (အဘယ်ကြောင့် မမြင်ကြရမည်နည်း။ လူတိုင်း) မုချပင် မြင်နိုင်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[34] ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်း ဆန်သူ) သူတို့သည် ငရဲမီးသို့ ပို့ဆောင်ခြင်းခံကြရသောအခါ သူတို့အား “ဤသည် (မြင်သာထင်ရှားသော) အမှန်တရားပင် မဟုတ်လော။ (ဟုမေးမြန်းခြင်းခံကြရပေမည်။) ထိုအခါ သူတို့က “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို တိုင်တည်လျက် ပြောပါရစေ။ တပ်အပ်သေချာပါ၏။” ဟု လျှောက်ထားကြပေမည်။ ထိုအရှင်မြတ်က “သို့ဖြစ်လျှင် သင်တို့သည် သင်တို့ မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ ကြသည်နှင့်အညီ ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။ ဟု မိန့်ကြားတော်မူပေမည်။

[35] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (ရင်ဆိုင်သမျှ ဒုက္ခအခက်အခဲများ၌ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံခဲ့ကြသော အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအနက်မှ (အရေး ကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသူများကဲ့သို့ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထို့ပြင် အသင်သည် သူတို့နှင့်ပတ်သက်၍ အလျင်စလို (စီရင်ဆုံးဖြတ်ရန်) စိတ်မစောလေနှင့်။ အကယ်၍ ထို (တမလွန်တရားစီရင်မည့်) နေ့တွင် သူတို့သည် သူတို့အတွက် ကတိထားတော် မူသောအရာ (ပြစ်ဒဏ်) ကို တွေ့မြင်ကြလျှင် သူတို့သည် (လောကီဘဝ၏) တစ်နေ့တာမှ တစ်နာရီခန့်မျှ ထက်ပိုမို၍ နေထိုင်ခဲ့ကြသည် မဟုတ်ဘိသကဲ့သို့ပင် (ထင်မှတ်ကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့ထံသို့ အရောက်ပို့စေတော်မူသည့်) သတင်းစကားတော်ပင် ဖြစ်၏။ သို့ဖြစ်ပေရာ အရှင် မြတ်က ချမှတ်တော်မူသော စည်းဘောင်များကို ချိုးဖောက်၍ အာခံသောင်းကျန်းသော လူမျိုးများမှအပ အခြား မည်သူမျှ တိမ်ကောဖျက်ဆီးစေတော်မူ ခြင်းခံကြရမည် မဟုတ်ပေ။

မုဟမ္မဒ်

Surah 47

[1] မယုံကြည်သွေဖည်ငြင်းပယ်ကြ၍ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးကြသူတို့သည်ကား ထိုအရှင်မြတ်သည် သူတို့၏ပြုမူကျင့်ဆောင်မှုများကို (သူတို့၏လွတ်လပ်သောဆန္ဒနှင့်အညီ လွဲမှားစေတော်မူလျက်) အချည်းနှီး ဖြစ်စေတော်မူမည်။

[2] သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့သည် တမန်တော်မုဟမ္မဒ်အပေါ် ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာ (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်း ယုံကြည်ကြသည့်အပြင် ယင်း (ကျမ်းတော်) သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြစ်ကြောင်းကိုလည်း ယုံကြည်ပြီး (လောကီလော ကုတ္တရာနှစ်ဌာနစလုံးအောင်မြင်မှုပန်းတိုင်မှ တားဆီးဟန့်ထားစေမည့်) မကောင်းမှုအကုသိုလ်များကိုလည်း မယုံကြည် ငြင်းပယ်လျက် ယင်းတို့မှ သူတို့ကိုသူတို့ ရှောင်ကြဉ်စေကာ သူတို့၏အခြေအနေကို (နှစ်ဌာနစလုံး၌ ပေါက်ရောက်အောင်မြင်စေရန် သူတို့၏စိတ်နှလုံးကို) ဖြောင့်မတ်မှန်ကန်စွာ ပြုပြင်ကြသည်။

[3] ထိုသို့ဖြစ်ရခြင်းမှာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် (သူတို့ ၏မှားယွင်းသော အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုနှင့်လုပ်ရပ်များပေါ်အခြေခံသော) မိစ္ဆာတရားကို လိုက်နာလိုက်စား၍ သက်ဝင်ယုံကြည်သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာကို လိုက်နာခဲ့ကြသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အကျိုးအတွက် ထိုနည်းအတိုင်းပင် သူတို့၏အခြေအနေများကို ဥပမာဥပမေယျများဖြင့် ခိုင်း နှိုင်း၍ မိန့်ကြားထားတော်မူ၏။

[4] သို့ဖြစ်ပေရာ သင်တို့သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့နှင့် တိုက်ပွဲ၌ ရင်ဆိုင်တွေ့ကြသည့်အခါ သူတို့ကို နှိမ်နင်းထိန်းချုပ်ထားနိုင်သည်အထိ (သင်တို့အား ဆုံးနိမ့်စေနိုင်သည့် အခွင့်အရေးမပေးဘဲ သူတို့၏လှုံ့ဆော်ရေးမှုများ၊ စစ်ဦးစီးများ၊ ကွပ်ကဲရေးမှူးများနှင့်) လည်ကုပ်ပမာ အရေးပါသည့် အတားအဆီး၊ အချုပ်အနှောင်များကို ရိုက်ခတ်ထိခိုက်စေကြလော့။ ထို့နောက် စစ်ပွဲသည် ယင်း၏ဝန်ထုပ်ကို ပခုံးပြောင်း လွှဲအပ်နိုင်သည်အထိ အချုပ်အနှောင်များ၊ ကတိကဝတ်များကို အသေအချာ မြဲမြံစွာ ထိန်းချုပ်ထားကြပြီးနောက် (စစ်သုံးပန်းများအတွက် မည်သည့် ပေးဆပ်မှုမျှ မရှိစေဘဲ စေတနာဖြင့်) သိက္ခာပေး၍ လွတ်မြောက်စေခြင်းကိုဖြစ်စေ သို့တည်းမဟုတ် လျော်ကြေးပေးဆပ်စေ၍ အပေးအယူလုပ်လျက် ပြန်လွှတ်ပေးခြင်းကိုဖြစ်စေ စီမံပြုလုပ်ကြလော့။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (စစ်မတိုက်စေဘဲ အရှင်မြတ်ကိုယ်တော်တိုင်) သူတို့အား ဒဏ်ခတ်အရေးယူတော်မူနိုင်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် သင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူရန် အလို့ငှာ (စစ်တိုက်ခြင်းကို ခွင့်ပြုတော်မူ၏။) အမှန်သော်ကား ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) သတ်ဖြတ်ခြင်းခံကြရရသောသူတို့၏ပြုမူလုပ်ဆောင်ချက်မျာကို မည်သည့်အခါ အချည်းနှီး လွဲမှားစေတော်မူမည် မဟုတ်ပေ။

[5] ထိုအရှင်မြတ်သည် အမှန်ပင် သူတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည့်အပြင် (လောကီလော ကုတ္တရာနှစ်ဌာနစလုံး၌ ပန်းတိုင်ရောက်စေရန်အလို့ငှာ) သူတို့၏အခြေအနေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် စေ့စပ်ညှိနှိုင်း၍ ပြုပြင်နိုင်ခွင့်ကိုလည်း ပေးထားတော်မူ၏။

[6] ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အား ယင်းကို သူတို့အတွက်သာ အသင့်ပြင်ထားကြောင်း အသိပေး သိစေတော်မူပြီးဖြစ်သော သုခဘုံဥယျာဉ်သို့ ဝင်ရောက်စေတော်မူပေမည်။

[7] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် အရှင့်လမ်းတော်၌ ရုန်းကန်လျက်) အလ္လာဟ်အရှင်မြတ်အား ထောက်ခံကူညီကြလျှင် ထိုအရှင်မြတ်သည် သင်တို့အား ကူညီတော်မူသည့်အပြင် သင်တို့၏ခြေထောက်များ (ရပ်တည်ချက်များ) ကိုလည်း မြဲမြံကြံ့ခိုင်စေတော်မူ ပေမည်။

[8] မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည်ကား သူတို့အတွက် ပြိုလဲမှုနှင့်ထဝရ ပြစ်ဒဏ်ခံရသောအခြေအနေ ရှိသည့်အပြင် သူတို့၏ပြုမူကျင့်ဆောင်မှုများလည်း အချည်းနှီး လွဲချော်စေတော်မူမည် ဖြစ်၏။

[9] ထိုသို့ဖြစ်ရခြင်းသည် အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသမျှကို မုန်းတီးငြင်းပယ်ခဲ့သော ကြောင့် ဖြစ်ပေရာ သူတို့၏ပြုမူကျင့်ဆောင်မှုများကိုလည်း အချည်းနှီးအလဟဿ ဖြစ်စေတော်မူ၏။

[10] သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့ (သည် အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်း ပယ်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရေးယူတော်မူခဲ့သောကြောင့် သူတို့) ၏နောက်ဆုံး အကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်၌ တိမ်ကောပျက်သုဉ်းမှုကို ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား (အခြား) မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အတွက်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လာနိုင်၏။

[11] ထိုသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့၏ (ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးတော်မူသော) ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် (အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မနိုင်မည့်) ကာကွယ်စောင့်ရှောက်သူဟူ၍ အလျှင်း မရှိသောကြောင့်ပင် ဖြစ်၏။

[12] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ဖြင့် သီလဆောက်တည်ကြသူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့သည် (လောကီဘဝ၌ ကျွဲနွားအစရှိသော ခြေလေးချောင်း) တိရစ္ဆာန်တို့ စားသောက်နေထိုင်ကြသကဲ့သို့ပင် စားသောက်နေထိုင်ကြလျက် (လောကီအကျိုးခံစား ခွင့်များနှင့်ရပိုင်ခွင့်များဖြင့်) ပျော်ရွှင်မြူးထူး နေကြပြီး ငရဲမီးသည်သာ သူတို့အတွက် (အသင့်တော်ဆုံး) နေရာထိုင်ခင်း ဖြစ်၏။

[13] စင်စစ်သော်ကား သင်တို့ကို မောင်းထုတ်ခဲ့ကြသော မြို့ရွာဒေသများထက် အဆမတန် အင်အား၊ ဩဇာ အာဏာအခိုင်အမာရှိခဲ့သော မြို့ရွာဒေသပေါင်း မည်ရွေ့မည်မျှ မြောက်မြားစွာကို ငါအရှင်မြတ် တိမ်ကော ဖျက်ဆီးစေတော်မူခဲ့ပြီးဖြစ်ရာ သူတို့သည် သူတို့အတွက် မည်သည့် ကူညီစောင်မသူကိုပင် မတွေ့ခဲ့ရချေ။

[14] သို့ဖြစ်ပေရာ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါဝင်သည့် ရှင်းလင်းချက် အပေါ် ရပ်တည်သူသည် သူ၏ပြုမူကျင့်ဆောင်မှုများကို မကောင်းမှုအကုသိုလ်များဖြင့် လှပတင့်တယ်အောင်လုပ်၍ သူတို့၏စိတ်အလိုဆန္ဒရမ္မက်များနောက်သို့ တကောက်ကောက်လိုက်နေသူများပမာ ဖြစ်နိုင်မည်လော။

[15] မွတ္တကီ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် ၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော) သူတော်စင်များအား ကတိထားတော်မူသည် သုခဥယျာဉ်၏ဥပမာသည်ကား ယင်း၌ (အရောင်၊ အနံ့၊ အရသာ၊ အရ) ညစ်ညမ်းမှု လုံးဝ ကင်းရှင်းသော ရေပါရှိသည့် စိမ့်စမ်းရေသည်လည်းကောင်း၊ မည်သည့်အခါမျှ အရသာ ပြောင်းလဲပျက်ပြယ်သွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံး သူတို့အတွက် အနံ့အရသာ အထူးကောင်းမွန်ပြီး ယစ်မှုးစေခြင်းမရှိသော အဖျော်ယမကာစမ်းချောင်းများသည် လည်းကောင်း၊ သန့်စင်ထား၍ အရည်အသွေး ပြည့်ဝသော ပျားရည်စမ်းချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထို့ပြင် သူတို့အတွက် ယင်း (သုခဥယျာဉ်များထဲ) ၌ သစ်သီးဝလံမျိုးစုံသည်လည်း ရှိမည့်အပြင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််ထံတော်မှ လွတ်ငြိမ်းချမ်းသာ ခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ သုခဥယျာဉ်၌ ရှိကြမည့်သူတို့သည်) ငရဲမီးထဲ၌ အမြဲထာဝရ နေထိုင် ကြရပြီး ပွက်ပွက်ဆူနေသော ရေကို သောက်စေခြင်းဖြင့် သူတို့၏အူသိမ်၊ အူမများသည်ပင် အအစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ်စေခြင်း ခံကြရသူတို့ကဲ့သို့ ဖြစ်ကြမည်လော။

[16] ထို့ပြင် သူတို့အနက်မှ အသင် (တမန်တော်) ထံ (ရောက်လာ၍ ပြန်လည်) ထွက်သွားသည်အထိ အသင့် ထံပါး၌ပင် ကြားနာသူ (အချို့) က (အမှန်တရားကို သိနားလည်ခြင်းဆိုင်ရာ) အသိပညာ ချီးမြှင့်ပေးအပ်ခြင်း ခံကြရသောပုဂ္ဂိုလ်တို့အား (စိတ်ကြီးဝင် မာနတက်လျက် ပြက်ရယ်ပြုလှောင်ပြောင်သည့် အနေဖြင့် တမန်တော် မြတ်သည်) စောစောက မည်သည်ကို ပြောဆိုခဲ့သနည်းဟု မေးမြန်းကြ၏။ သူတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူသူများဖြစ်ပြီး သူတို့သည် သူတို့၏စိတ်အလို ဆန္ဒရမ္မက်များနောက်သို့ တကောက်ကောက်လိုက်နေကြ၏။

[17] သို့ရာတွင် တရားလမ်းမှန်ကို ယုံကြည်လက်ခံထားကြသူတို့မူကား ထိုအရှင်မြတ်သည် သူတို့အား (နက်နဲ သောအသိပညာနှင့်ယုံပုံအပ်နှံရာတွင် ပိုမိုခိုင်မြဲစေရန်) လမ်းညွှန်တော်မူခြင်းကို တိုးပွားစေတော်မူပြီး သူတို့အား တက္ကဝါတရား (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခွင့်) ကိုလည်း ချီးမြှင့်ပေးသနားတော်မူ၏။

[18] (မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များတွင် ဇွဲကောင်းကောင်းဖြင့် နစ်မြုပ်နေကြသော) သူတို့သည် သူတို့ထံ ရုတ်တရက် ရှင်ပြန်ထမည့်အချိန်ကာလဆိုက်ရောက်စေခြင်းမှအပ (အခြားမည်သည်ကို) စောင့်ဆိုင်းနေကြသနည်း။ သို့ဖြစ်လျှင် ဧကန်မလွဲ၊ ထိုရှင်ပြန်ထမည့်အချိန်ကာလကို ထောက်ပြနေသော နိမိတ်လက္ခဏာ များမူကား အမှန်ပင် (သူတို့ထံ) ရောက်ရှိခဲ့ပြီ။ သို့ဖြစ်ပေရာ ထိုအချိန်နာရီသည် သူတို့ထံ ရောက်လာသောအခါ သူတို့အတွက် ဆုံးမဩဝါဒများပါဝင်သော သူတို့၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာက မည်သို့ အကျိုးရှိစေ နိုင်မည်နည်း။

[19] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် ဆည်းကပ်ကိုး ကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိကြောင်း ကောင်းစွာ နှလုံးသွင်း သိမှတ်ထားလော့။ ထို့ပြင် အသင်သည် သင်၏မေ့မှားလစ်ဟင်းမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့် အမျိုးသမီးများအတွက်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ကို ဆုတောင်းပန်ကြားလော့။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ (အားလုံး) ၏လှုပ်ရှားသွားလာမှုအခြေအနေ အသေးစိတ်ကိုလည်းကောင်း၊ သင်တို့ အခိုင်အမာ မြဲမြံစွာ ရပ်တည် နေသောဌာနစခန်းများကိုလည်းကောင်း၊ အကြွင်းမဲ့ သိနေတော်မူ၏။

[20] စင်စစ်သော်ကား သက်ဝင်ယုံကြည်သူတို့က (အရှင့်ဇာတိတော်နှင့်စပ်လျဉ်းသော အမိန့်တော် သစ်များပါ ဝင်သော) စူရဟ်ကဏ္ဍတစ်ခုခုကို အဘယ်ကြောင့် ချမှတ်ပေးအပ်တော်မမူသနည်း။” ဟု မေးမြန်းတောင့်တ ကြ၏။ သို့ရာတွင် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်တော်လှန်ရုန်းကန်ရ မည်ဟူသော အတည်ပြုထားသည့် အမိန့်တော်များ ဖော်ပြပါရှိသော စူရဟ်ကဏ္ဍတစ်စုံတစ်ရာသည် ချမှတ်ပေးအပ်ခြင်းခံရသောအခါ စိတ်နှလုံးများတွင် (ယုံကြည်မှုအားနည်းမှုကြောင့်) ရောဂါစွဲကပ် နေသောသူတို့သည် သေဘေးကို ကြောက်ရွံ့ လွန်း၍ မူးမော်မေ့မြောလျက် ကြည့်နေသည့် အကြည့်မျိုးဖြင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင် တွေ့မြင်ခဲ့ပြီးဖြစ်သော်လည်း ယင်းသည်သာ သူတို့အတွက် အမျှတ အသင့်တော်ဆုံး ဖြစ်၏။

[21] (အမှန်စင်စစ် ယုံကြည်မှုခိုင်မာသောသူတို့က အရှင့်အမိန့်တော်အားလုံးကို စိတ်ရင့်စေတနာဖြူစင်စွာ ကြိုဆိုလျက်) နာခံလိုက်နာမှုနှင့်အသင့်တော်ဆုံးအပြောအဆိုဖြင့်သာ တုံ့ပြန်၏။ သို့တစေလည်း သူတို့သည် (အရေးကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာ ဆုံးဖြတ်ဆောင်ရွက်စေသော အရာဖြစ်သောကြောင့် သောအခါ၌လည်း အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် အကောင်းမြတ် ဆုံးဖြစ်မည့်အရာကိုသာ အမှန်ပင် ပြဌာန်းတော်မူသည်မှာ တိကျမှန်ကန်ကြောင်းကို သစ္စာရှိစွာဖြင့် ထောက်ခံပြောဆိုကြ၏။

[22] သို့ဖြစ်ပေရာ (အို၊ အယောင်ဆောင်၊ သီလကြောင်အပေါင်းတို့) အကယ်၍ သင်တို့သည် (အသက် ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်တော်လှန်ရုန်းကန်မှုဆိုင်ရာ အမိန့်တော်မှ) မျက်နှာလွှဲ ရှောင်ပြေးခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများပျံ့နှံ့စေရန်လည်းကောင်း၊ အချင်းချင်းကြား (မွေးရာပါအခွင့်အရေးဖြစ်သော) သွေးသားတော်စပ်မှုနှောင်ကြိုးများကို ဖြတ်တောက်ရန်သော်လည်းကောင်း၊ မျှော်လင့် ကြလေသလော။

[23] ထိုသူတို့သည်ကား သူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်ဆဲမူရှိလေရာ သူတို့အား နားပင်းခြင်းနှင့်သူတို့၏မျက်စိများ (အမြင်များ) ကို ကန်းစေတော်မူ၏။

[24] သို့ပါလျက် သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလေးအနက် ချင့်ချိန်တွေးခေါ် ဆင်ခြင်နားလည်၍ သုံးသပ်ခြင်းမပြုကြလေသလော။ သို့တည်းမဟုတ် (သူတို့၏) စိတ်နှလုံးများပေါ်၌ (အမှန်တရားကို မကြားမမြင်ရုံသာမ နားလည်နိုင်စွမ်းပါ လုံးဝ ကင်းရှင်းသွားအောင်) သော့ခလောက်များ (ခတ်ထားလျက်) ရှိနေသလော။

[25] ဧကန်စင်စစ်၊ စေတန်မကောင်းဆိုးဝါးသည် (လူသားများဖြစ်ကြသော) သူတို့အတွက် လမ်းညွှန်တော် ရောက်ရှိခဲ့ပြီးနောက် ကွက်ကွက်ကွင်းကွင်းမြင်သာထင်ရှားသည့် ရှင်းလင်းချက်ဟူသမျှကို ကျောပေးလျက် မျက်နှာလွဲ လှည့်သွားကြသူတို့အား လှုံ့ဆော်ဖြားယောင်းနိုင်သည့်အပြင် (သူတို့၌ လောကီအလိုရမ္မက်နှင့်ရည်မှန်းချက်ဆိုင်ရာ အတွေးအခေါ်များကို သွတ်သွင်းစေလျက်) သူတို့အား ရေရှည်မျှော်လင့်ချက်များ၊ မက်လုံးများ ပေးလေ့ရှိ၏။

[26] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူခဲ့သမျှ (အမိန့်တော် ပညတ်ချက်များ) ကို မုန်းတီးငြင်းပယ်ကြသောသူတို့အား “ဧကန်ပင်၊ ကျွန်ုပ်တို့သည် အချို့သော အရေးကိစ္စများ၌ သင်တို့၏စကားကို နာခံလိုက်နာကြမည်။” ဟု ပြောဆိုခဲ့ကြသောကြောင့်ပင် ဖြစ်၏။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်အလုံးစုံကို ကောင်းစွာ သိနေတော်မူ၏။

[27] သို့ရာတွင် မလာအီကာကောင်းကင်စေတမန်များသည် သူတို့၏မျက်နှာများနှင့်သူတို့၏ကျောပြင်များကို ရိုက်ထုကြလျက် သူတို့၏အသက်ဇီဝိန်နှုတ်သိမ်းကြသောအခါ (သူတို့သည်) မည်သို့ ရှိနိုင်မည်နည်း။

[28] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှဝေးစေသည့် မနှစ်မြို့ဖွယ်ရာ (ပြစ်တင်ရှုတ်ချအပ်သော လမ်းစဉ်၊ နည်းစနစ်) များကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင် မြတ်က နှစ်မြို့တော်မူသည့်အရာကို မုန်းတီးငြင်းပယ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေရာ ထိုအရှင်မြတ် သည် သူတို့၏ပြုမူကျင့်ဆောင်ရွက်ချက်တို့ကို (အသုံးမဝင်သောအရာများအဖြစ်) အလဟဿ၊ အချည်းနှီး ဖြစ်စေတော်မူ၏။

[29] (ယုံကြည်မှုအားနည်းမှုကြောင့်) ရောဂါစွဲကပ်နေသူတို့သည် သူတို့၏မလိုမုန်းထားစိတ်ပေါ် အခြေခံသည့် အကြံအစည်များကို အလ္လာဟ်အရှင်မြတ်က မည်သည့်အခါမျှ အလျှင်း ထုတ်ဖော်ထောက်ပြတော်မူမည်မဟုတ်” ဟု တွက်ချက်ထင်မှတ်နေကြလေသလော။

[30] စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ငါအရှင်မြတ်သည် သူတို့ပတ်သက်၍ အသင် (တမန်တော်) အား ဧကန်မုချပင် ပြသတော်မူမည်ဖြစ်ရာ သူတို့၏ (ပြောသံဆိုသံ) လက္ခဏာအမူအရာများပေါ်မူတည်၍ အသင်က သူတို့အကြောင်းကို အမှန်ပင် သိနိုင်လိမ့်မည်။ ထို့ပြင် အသင်သည် သူတို့အကြောင်းကို (သူတို့၏) စကားလေသံအနေအထားနှင့်စကားထာပေါ် မူတည်၍လည်း အမှန်ပင် သိနိုင်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက် သမျှတို့ကို သိနေတော်မူ၏။

[31] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ (မည်သူမည်ဝါတို့သည်) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများနှင့် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံကြသူများ ဖြစ်ကြောင်းကို ကွဲကွဲပြားပြားသိမြင်လာသည်အထိ သင်တို့အား စမ်းသပ်တော်မူမည်။ ထို့ပြင် သင်တို့၏အရေးကိစ္စဆိုင်ရာ သတင်းအချက်အလက် နှင့်အခြေအနေပေါ်မူတည်၍လည်း စမ်းသပ်တော်မူမည်။

[32] ဧကန်ပင်၊ သူတို့အတွက် လမ်းညွှန်တော်ရောက်ရှိခဲ့ပြီးနောက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်ဟူသမျှကိုလည်းကောင်း၊ ရစူလ်တမန်တော်ကိုလည်းကောင်း၊ အာခံဖီဆန်သည့်အပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှလည်း (လူတို့ကို) ပိတ်ပင်တားဆီးကြသော မယုံကြည်သူ (အရှင့်စည်းမျဉ်း တော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်အခါမျှ အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ရုံမျှသာမက ထိုအရှင်မြတ်သည် သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်ချက်တို့ကို အမှန်ပင် အချည်းနှီးအလဟဿ ဖြစ်စေတော်မူမည်။

[33] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်အားလုံး) ကို နာခံလိုက်နာကြလော့။ ထို့ပြင် (အရှင့်အမိန့်တော်များပေါ်အခြေခံ၍) ရစူလ်တမန်တော်မြတ် (က သွန်သင်လမ်း ညွှန်သည့် အမိန့်ဩဝါဒများ) ကိုလည်း လိုက်နာကျင့်သုံးကြလော့။ တစ်ဖန် သင်တို့သည် သင်တို့၏ပြုမူကျင့် ဆောင်ချက်များကို (ဖြုန်းတီးစေလျက်) အချည်းနှီး၊ အလဟဿ မဖြစ်စေကြလေနှင့်။

[34] ဧကန်စင်စစ်၊ မယုံကြည်သွေဖည်ငြင်းပယ်ကြရုံသာမက အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှလည်း (လူတို့ကို) တားဆီးပိတ်ပင်ကြသည့်အပြင် မယုံကြည်အဖြစ်ပင် ကွယ်လွန်သေဆုံးသွားကြသူတို့မူကား သူတို့သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) စစ်စစ်များ ဖြစ်ကြသောကြောင့် အလ္လဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ အလျှင်း ခွင့်လွှတ်ချမ်း သာပေးတော်မူမည် မဟုတ်ပေ။

[35] သို့ဖြစ်ပေရာ (အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ စစ်ပွဲ၌ ရန်သူနှင့်ရင်ဆိုင်ကြစဉ်) သင်တို့သည် စိတ်ဓါတ်ကျလျက် အရှက်ကွဲ အညံ့ခံကာ (စစ်ပြေ) ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခြင်းလည်း မပြုကြလေနှင့်။ အမှန်သော်ကား သင်တို့သည်သာလျှင် အပေါ်စီး၌ထားစေတော်မူသူများဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံမှုဆိုင်ရာ ခံစားခွင့်နှင့်ရပိုင်ခွင့်များ မည်သည့်အခါမျှ ဆုတ်ယုတ်လျော့နည်းစေလျက် ချီးမြှင့်တော်မမူဘဲ ချန်လှပ်ထားတော်မူမည် မဟုတ်ပေ။

[36] ဧကန်ပင်၊ ဤလောကီဘဝသက်တမ်းသည် ကစားစရာ၊ ပျော်မြူးစရာမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သက်ဝင်ယုံကြည်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး ကြလျှင် ထိုအရှင်မြတ်သည် သင်တို့၏ကုသိုလ်အကျိုးဆုလဒ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး သင်တို့ထံမှ သင်တို့၏ဥစ္စာဓနများကို (စွန့်လွတ်ရန်) တောင်းဆိုမည်လည်း မဟုတ်ချေ။

[37] အကယ်၍ ထိုအရှင်မြတ်သည် သင်တို့ထံမှ ထိုဥစ္စာဓနများကို (စွန့်လွတ်ရန်) တောင်းဆိုတော်မူပြီး ဖိအားပေးတော်မူခဲ့သည်ရှိသော်၊ သင်တို့သည် ယင်းတို့အတွက် အငမ်းမရဖြစ်ကြပြီး အမိအရ ဆုပ်ကိုင်ချုပ်တည်းထားကာ စေးနှဲကြပေမည်။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့ (အောင့်အည်းချုပ် တည်းထားသော) မကျေမချမ်းမှုများကို ထုတ်ဖော်တော်မူခဲ့လိမ့်မည်။

[38] ရှုမြင်ကြလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် သင်တို့၏ဥစ္စာဓနများမှ ပေးကမ်း၊ စွန့်လှူ) သုံးစွဲကြရန် ဖိတ်ခေါ်ခြင်းခံကြရသောပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သင်တို့အနက် အချို့သည် (သူတို့၏ဥစ္စာဓနများကို အမိအရ ဆုပ်ကိုင်ချုပ်တည်းထားလျက်) စေးနှဲကြသူများ ဖြစ်ကြ၏။ အမှန်သော်ကား မည်သူမဆို ထိုသို့ချုပ်တည်းလျက် စေးနှဲပါမူ၊ ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် အသုံးချလျက် ချုပ်တည်းစေးနှဲခြင်းပင် ဖြစ်၏။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တမှု ကင်းမဲ့တော်မူ၍) ကုံလုံပြည့်စုံတော်မူပြီး သင်တို့သည် (အကန့်အသတ်မဲ့ လိုလားတောင့်တလျက်) နွမ်းပါးချို့တဲ့သူများပင် ဖြစ်ကြ၏။ ထို့ပြင် အကယ်၍ သင်တို့သည် (သစ္စာတရား အမှန်တရားနှင့်အရှင့်စည်းမျဉ်းတော်များမှ) မျက်နှာလွှဲကျောခိုင်းကြလျှင် ထိုအရှင်မြတ်သည် (သင်တို့အား ဖယ်ရှားတော်မူ၍) သင်တို့၏နေရာတွင် အခြားသောလူမျိုးတို့ဖြင့် အစားထိုး ပြောင်းလဲစေတော်မူမည်။ ထိုနောက် ထိုလူမျိုးသည်ကား သင်တို့နှင့်ကဲ့သို့ ဖြစ်ကြမည် မဟုတ်ပေ။

အောင်မြင်ခြင်း

Surah 48

[1] (အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင့်အား (အနာဂတ်၌ အောင်မြင်မှုများစွာ ရနိုင်ရန် အဓိကသော့ချက်ဖြစ်သည့်) သိသာထင်ရှားသော အောင်မြင်မှုတစ်ခုကို အောင်ပွဲခံစေတော်မူပြီ။

[2] (ထိုသို့ အောင်ပွဲခံစေတော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် ယခင်က လွန်လေပြီးသော အတိတ်ကာ လနှင့်နောင်အနာဂတ် နောက်ပိုင်းကာလတို့တွင် ဖြစ်နိုင်ခြေရှိသည့် သင်၏မေ့မှာလစ်ဟင်းမှု ဟူသမျှကို ခွင့်လွှတ်ခွင့်ပေးတော်မူရန်လည်းကောင်း၊ သင့်အပေါ်၌ (အရှင့်ကျေးဇူးတော်၊ လမ်းညွှန်တော်နှင့်အခွင့်အာဏာ ချီးမြှင့်ခြင်း ဖြင့်) ဂုဏ်ပေးမှုကို အပြီးသတ် ပြည့်စုံစေတော်မူရန်လည်းကောင်း၊ သင့်အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူရန် လည်းကောင်း ဖြစ်၏။

[3] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဩဇာအရှိန်အဝါ ခံ့ညားထည်ဝါမှုနှင့်ဂုဏ်ကျက်သရေရှိပြီး) ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုဖြင့် ကူညီစောင်မတော်မူရန်အတွက်လည်း ဖြစ်၏။

[4] ထိုအရှင်မြတ်သည်ပင် သက်ဝင်ယုံကြည်သူတို့၏စိတ်နှလုံးများတွင် သူတို့၏ရှိရင်းစွဲ ယုံကြည်ချက်များနှင့်အတူ (အခြားအရေးပါသော) ယုံကြည်ချက်တို့ဖြင့် ထပ်မံဖြည့်ဆည်းစေလျက် ယုံကြည်မှုတိုးပွားစေတော် မူရန် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှုကို ချမှတ်ပေးအပ်တော်မူ၏။ စင်စစ်သော်ကား မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိနေသော စစ်တပ် (စွမ်းအင်၊ စွမ်းရည်နှင့်အင်အား) ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်အချုပ်အခြာ၌သာရှိသောကြောင့် အရှင့်စည်းမျဉ်းတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[5] (ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချစေတော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများကို အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူ၍ ထိုထဲ၌ အမြဲထာဝရ နေထိုင်စေတော်မူရန်လည်းကောင်း သူတို့၏မှားယွင်း ချွတ်ချော်မှုများနှင့်အကုသိုလ်များကို ဖယ်ရှားဖုံးကွယ်ထားတော်မူရန်လည်းကောင်း ဖြစ်ပေ၏။ စင်စစ်သော်ကား ထိုကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (သူတို့အတွက်) ကြီးကျယ်သော မဟာအောင်မြင်မှု ထားရှိတော်မူ၏။

[6] ထို့ပြင် ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသောအတွေးအခေါ်၊ အကြံအစည် (ထင်မြင်ယူဆချက်) များကိုသာ ထင်မြင်ယူဆတွေးတောကြသော အယောင်ဆောင်သီ လကြောင်အမျိုးသားများနှင့်အမျိုးသမီးတို့အားလည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသော အမျိုးသားများနှင့်အမျိုးသမီးတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူရန်နှင့်သူတို့အပေါ် သူတို့အတွေးအခေါ်၊ အကြံအစည်ဆိုးများ၏အကျိုးဆက်များ အတုံ့အလှည့်အဖြစ် သက်ရောက်စေတော်မူရန် အတွက်ပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် အမျက်တော်စူးရှစေတော်မူပြီး အရှင့်မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူကာ သူတို့အတွက် ငရဲဘုံကို အသင့်ပြင်ဆင်စီမံထားစေတော်မူ၏။ စင်စစ်မူကား ထိုငရဲဘုံသည် အလွန်ဆိုးရွားယုတ်ညံ့သော (သူတို့၏နောက်ဆုံးပန်းတိုင်) နေထိုင်ရာဌာနစခန်းပင် ဖြစ်၏။

[7] အမှန်စင်စစ် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိနေသော စစ်တပ် (စွမ်းအင် စွမ်းရည်နှင့်အင်အား) ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်အချုပ်အခြာ၌သာ ရှိသောကြောင့် အရှင့်စည်းမျဉ်းတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[8] အို၊ ရစူလ်တမန်တော်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (တမန်တော်တာဝန်ကို ကျေပွန်စွာဆောင်ရွက်ပြီး သင့်ဘဝတစ်ခုလုံးကို အရှင့်စည်းမျဉ်းတော်နှင့်တည်ဆောက်ခဲ့ကြောင်းနှင့်တမလွန် တရားစီရင်မည့်နေ့တွင် ယုံကြည်သူတို့၏လုပ်ရပ်များအတွက် သက်သေထွက်ဆိုရန်) သက်သေအဖြစ်လည်းကောင်း၊ (ယုံကြည်၍ တရားလမ်းမှန်နှင့်အညီဘဝဆောက်တည်လျှင် ပေါက်မြောက်အောင်မြင်ဖြစ်ကြောင်းကို) သတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ (လမ်းမှားရောက်ခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း၍) သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။

[9] (ထိုသို့ စေလွှတ်တော်မူခြင်းမှာ) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်နိုင်ကြရန်လည်းကောင်း၊ (ထိုအရှင်မြတ်၏ဒီန်လမ်းစဥ်တော်ကို အကောင်အတည်ဖော်ဆောင် ရွက်နေသော) အရှင့်ရစူလ်တမန်တော်အား အားဖြည့်ကူညီနိုင်ကြရန်နှင့်သူ့ကို လေးစားကြည်ညို မြတ်နိုးနိုင်ကြရန်လည်းကောင်း၊ နံနက်ယံနှင့်ညနေချမ်းတွင် ထိုအရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင် နိုင်ကြရန်လည်းကောင်း၊ ဖြစ်ပေ၏။

[10] (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ အသင်နှင့်သစ္စာကတိပဋိညာဉ် နှောင်ဖွဲ့ကြသောသူတို့သည် အမှန်မှာ အလ္လာဟ်အရှင်မြတ်နှင့်သစ္စာကတိပဋိညာဉ် နှောင်ဖွဲ့ကြခြင်းသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ (လုပ်ပိုင်ခွင့်အာဏာနှင့်တန်ခိုးတော်ကို ကိုယ်စားပြုသော) လက်တော်သည် သူတို့၏လက်များ (လုပ်ပိုင်ခွင့်များ) ပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို (သစ္စာကတိပဋိညာဉ်) ကိုချိုးဖျက်လျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ ချိုးဖောက်ခြင်းပင် ဖြစ်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်သစ္စာကတိပဋိညာဉ်ပြုခဲ့သောအချက်များအတိုင်း သူ့အပေါ် (တာဝန်ရှိသည်ကို ထိန်းသိမ်း ဖြည့်ဆည်းလျှင် မကြာမီပင် ထိုအရှင်မြတ်သည် သူ့အား ကြီးကျယ်လှစွာသော အကျိုးဆုလဒ်ကြီးကို ချီးမြှင့်ပေးအပ်တော်မူလိမ့်မည်။)

[11] (အို၊ ရစူလ်တမန်တော်) မကြာမီပင် (အွမ်ရဟ်အတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျန်ရစ်ခဲ့ကြသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့သည် အသင့်အား (ဆင်ခြေပေး လာရောက်) ပြောဆိုကြမည်မှာ “ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာ၊ ပိုင်ဆိုင်မှုများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏မိသားစုများသည်လည်းကောင်း၊ (ကျွန်ုပ်တို့ပါဝင်ခွင့်မရနိုင်အောင်) အလုပ်ရှုပ်စေခဲ့ကြ ပါ၏။ သို့ဖြစ်ပါ၍ အသင်သည် ကျွန်ုပ်တို့အတွက် (အရှင်မြတ်ထံတော်တွင်) လွတ်ငြိမ်းခွင့်ကို ပန်ကြားဆု တောင်းလော့။ (စင်စစ်မှာကား) သူတို့သည် သူတို့၏နှလုံးသားများ၌မရှိသည်ကို သူတို့၏နှုတ်လျှာများဖြင့် ပြောဆိုနေကြခြင်းသာ ဖြစ်၏။ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “သို့ဖြစ်လျှင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာကို (သက်ရောက်စေရန်) ကြံရွယ်တော်မူလျှင်၊ သို့တည်းမဟုတ် အကျိုးဖြစ်ထွန်းမှု တစ်စုံတစ်ရာကို ကြံရွယ်တော်မူလျှင် မည်သူသည် အလ္လာဟ်အရှင် မြတ်နှင့်ဆန့်ကျင်၍ သင်တို့အတွက် အနည်းငယ် စိုးစဉ်းမျှ (ကြားဝင်စွက်ဖက်ရန်) အခွင့်အာဏာ ပိုင်ဆိုင်ထား သနည်း။” ဟု မေးမြန်းလော့။ (စင်စစ်၊ သင်တို့ ဆင်ခြေမပေးမီ နှလုံးသွင်း သိထားသင့်သည်မှာ) အလ္လာဟ်အရှင် မြတ်သည် သင်တို့ပြုမူကျင့်ကြံ သမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] အမှန်မှာ သင်တို့က “ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့သည်လည်းကောင်း၊ မည်သည့်အခါမျှပင် သင်တို့၏မိသားစုထံ လာရောက်တွေ့ဆုံကြလိမ့်မည်မဟုတ်။” ဟု ထင်မှတ်နေခဲ့ ကြ၏။ ထို့ပြင် သင်တို့သည် သင်တို့၏စိတ်နှလုံးများ၌ (အရှင်မြတ်က ယုံကြည်သူတို့အား ကူညီတော်မူမည် မဟုတ်ဘဲ သူတို့ရှုံးနိမ့်လိမ့်မည်။"" ဟု) မကောင်းသောအကြံအစည် (ထင်မြင်ယူဆချက်) များကိုသာ ထင်မြင်ယူဆ တွေးတောကြလျက် ထိုနည်းအတိုင်းပင် လှပတင့်တယ် သာယာစေခဲ့ပြီး သင်တို့သည် အသုံးမဝင် ပျက်စီးကိန်း ကြုံမည့်လူမျိုးပင် ဖြစ်ကြ၏။

[13] စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်မြတ်အား သက်ဝင် ယုံကြည်ခြင်းမရှိခဲ့မူ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည် ငြင်းဆန်သူ) သူတို့အတွက် ချစ်ချစ်တောက်ပူလောင်စေမည့်မီးကို အသင့်ပြင်ဆင်ထားတော်မူ၏။

[14] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏အချုပ်အခြာအာဏာသည် (ယင်းတို့ကို အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် အရှင့်စည်းမျဉ်းတော်များနှင့်အညီ အသုံးချရန်အတွက်သာဖြစ်ပြီး) အလ္လာဟ်အ ရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူပြီး အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[15] မကြာမီပင် (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျစ်ရစ်ခဲ့ကြသောသူတို့သည် စစ်ပွဲအောင်မြင်၍ အကျိုးအမြတ် (စစ်နိုင်ရပစ္စည်းများ) ရယူရန် သင်တို့သွားကြသောအခါ “ကျွန်ုပ်တို့အား သင်တို့နှင့်အတူလိုက်ခွင့်ပြုကြလော့။” ဟု ပြောဆိုကြပေမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့် စကားတော်ကို ပြောင်းလဲလိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် ကျွန်ုပ်တို့နှင့်အတူ လိုက်စရာအကြောင်း အလျှင်း မရှိပေ။ (သင်တို့နှင့်ပတ်သက်သော) ထို (ဆုံးဖြတ်ချက်) သည် ဤမတိုင်မီ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည့်အတိုင်းပင် ဖြစ်၏။” ဟု ပြောလော့။ အမှန်မှာ မကြာမီ သူတို့က “သင်တို့သည် ကျွန်ုပ်တို့အား မနာလိုဖြစ်နေကြ၏။” ဟု ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား သူတို့သည် အနည်းငယ်မျှသာလျှင် ချင့်ချိန်သိမြင်နားလည်နိုင်စွမ်း ရှိကြ၏။

[16] (အို၊ ရစူလ်တမန်တော်) (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျန်ရစ်ခဲ့ကြသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့အား “မကြာမီပင် သင်တို့သည် အလွန်ကြီးမားသော စစ်ရေးဆိုင်ရာ အဖျက်အင်အားကို ပိုင်ဆိုင်သောလူမျိုးတို့ထံသို့ သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်ကြရန် သို့တည်းမဟုတ် သူတို့အား လက်နက်ချအညံ့ခံစေ၍ အမိန့်တော်ကိုနာခံစေရန်အတွက် ဖိတ်ခေါ်ခြင်းခံကြရပေမည်။ (ထိုသို့ဖိတ်ခေါ်ခြင်းခံရစဉ်) အကယ်၍ သင်တို့သည် အမိန့်တော်ကို နာခံလိုက်နာကြလျှင် အလ္လာဟ်အရှင်မြတ်က သင်တို့အား အကောင်းမြတ်ဆုံးသောအကျိုးဆုလဒ်ကို ချီးမြှင့်ပေးအပ်တော်မူမည်။ သို့ရာတွင် အကယ်၍ သင်တို့သည် ယခင်ကနည်းတူ မျက်နှာလွှဲ ကျောခိုင်းကြလျှင် ထိုအရှင်မြတ်သည် သင်တို့အား ပြင်းပြနာကျင် ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို ပေးတော်မူလိမ့်မည်။

[17] (သို့ရာတွင်) မျက်မမြင်များ၏အပေါ်၌လည်းကောင်း၊ မသန်မစွမ်းသောသူများအပေါ်၌လည်းကောင်း၊ မမာမကျန်း ဖြစ်နေသောသူများအပေါ်၌လည်းကောင်း၊ (စစ်ပွဲမှ ရှောင်နေခြင်း၌ မည်သို့မျှ) အပြစ်မထိုက်ချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ်တစ်စုံ တစ်ရာမျှမရှိချေ။ မည်သူမဆို အလ္လာဟ်အရှင် မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား နာခံလိုက်နာကြလျှင် သူသည် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ဝင်ခွင့်ရကြမည် ဖြစ်သော်လည်း မည်သူမဆို (အမိန့်တော်ကို လိုက်နာ ခြင်းမရှိဘဲ) မျက်နှာလွှဲကျောခိုင်းသည်ရှိသော် ထိုအရှင်မြတ်သည် သူ့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်။

[18] (အို၊ ရစူလ်တမန်တော်) သက်ဝင်ယုံကြည်သူတို့က သစ်ပင်အောက်တွင် အသင်အား ကတိသစ္စာဆို ခဲ့ကြစဉ် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်ဝယ် အလွန်အားရ ကျေနပ်တော်မူခဲ့ပြီးဖြစ်ရာ ထိုအရှင်မြတ်သည် သူတို့၏စိတ်နှလုံးတွင်း၌ (ဖြူစင်သောရည်စူးချက်နှင့်အရှင့်အရေး၌ သစ္စာ) ရှိသည်ကို သိနေတော်မူသောကြောင့် သူတို့အပေါ်ဝယ် စိတ်တည်ငြိမ်အေးချမ်းမှုကို ချပေးသနားတော်မူပြီး သူတို့အား နီးကပ် သော (အနာဂတ်) အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။

[19] ထို့ပြင် မြောက်မြားစွာသော စစ်နိုင်ရပစ္စည်းအကျိုးအမြတ်များကိုလည်း ရယူခံစားစေတော်မူလိမ့်မည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[20] တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခြား မြောက်မြားစွာသော စစ်နိုင်ရပစ္စည်း အကျိုးအ မြတ်များအား ရယူခံစားစေတော်မူမည်ဖြစ်ကြောင်းကိုလည်း ကတိထားတော်မူပြီဖြစ်ပေရာ ဤသည်ကို သင်တို့ (၏ဖြူစင်သော ရည်စူးချက်နှင့်အရှင့်အရေး၌ သစ္စာရှိသည့်) အတွက် လတ်တလော (အောင်မြင်မှုအဖြစ်) ချီးမြှင့် တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို သင်တို့ (အား ရန်လိုခြင်းနှင့်အန္တရာယ်ပြုနိုင်ခြင်း) မှ တားဆီးချုပ်တည်းစေတော်မူ၏။ (ထိုသို့ဖြစ်စေတော်မူခြင်းမှာ လတ်တလော အောင်မြင်မှုသည်) သက်ဝင်ယုံ ကြည်သူတို့အတွက် အာယသ်သက်သေလက္ခဏာတော် (ဖြစ်သော စံနမူနာတစ်ရပ်) ဖြစ်လာရန်လည်းကောင်း၊ ထိုအရှင်မြတ်က သင်တို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူရန်လည်းကောင်း၊ ဖြစ်ပေ၏။

[21] ထို့ပြင် ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်သာ (အရှင့်ဉာဏ်တော်အနန္တနှင့်တန်ခိုးတော်ဖြင့်) ယင်းကို လွှမ်းခြုံဝန်းရံထားတော်မူပြီး သင်တို့က ယင်းအပေါ်တွင် စွမ်းဆောင်နိုင်စွမ်းမရှိသော အခြား (အောင်မြင်မှုတစ် ရပ်) လည်း ရှိသေး၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[22] အကယ်၍သာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့သည် (ဟုဒေဗီးယာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းအစား) သင်တို့နှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြလျှင် သူတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ ဖြစ်၏။ ထို့နောက် သူတို့သည် (သူတို့အတွက်) မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မမည့်သူကိုမျှ ရှာတွေ့ကြမည် မဟုတ်ချေ။

[23] (ထိုသို့ဖြစ်ခြင်းသည်) လွန်လေခဲ့ပြီဖြစ်သော ရှေးယခင်ကာလကပင် (လူသားတို့ အဆက်မဖြတ် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော) အလ္လာဟ်အရှင်မြတ်၏ (လမ်းစဉ်တော်) နိယာမနည်းစနစ်ပင် ဖြစ်၍ (အို၊ ရစူလ် တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ထိုနိယာမနည်းစနစ်တော်၌ မည်သည့် ပြောင်းလဲမှုကိုမျှ အလျှင်း တွေ့ရမည် မဟုတ်ပေ။

[24] ထို့ပြင် ထိုအရှင်မြတ်သည်ပင် မက္ကာမြို့တွင်း၌ (မယုံကြည်သူများဖြစ်ကြသော) သူတို့၏လက်များကို သင်တို့ (အား အန္တရာယ်ပြုရန်လိုခြင်း) မှ လည်းကောင်း၊ သင်တို့၏လက်များကို သူတို့မှလည်းကောင်း၊ တားဆီးချုပ်တည်းစေတော်မူပြီးနောက် သင်တို့အား သူတို့အပေါ်ဝယ် အောင်မြင်မှုရစေတော် (မူရန် ရည်ရွယ်တော်) မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံမှုဟူသမျှကို ကောင်းစွာ သိမြင်တော်မူ၏။

[25] (အရှင်မြတ်သည် သူတို့အား ရှုံးနိမ့်စေတော်မူခြင်းမှာ) သူတို့သည် မယုံကြည်သွေဖည်ငြင်းပယ် ခဲ့ကြသည့်အပြင် သင်တို့အား အထွတ်အမြတ်ဆုံးဗလီဝတ်ကျောင်းတော် (မတ်စ်ဂျစ်ဒ်ဟရာမ်) မှ တားဆီးပိတ် ပင်ရုံသာမက (ဟုဒိုင်ဗိယဟ်၌ စွန့်လှူရန် ရည်ရွယ်ထားသော) သားကောင်များကိုလည်း ယင်းတို့၏ပန်းတိုင် အရောက်အထိ တားဆီးပိတ်ပင်ခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ သင်တို့သည် (မြောက်မြားစွာသော) သက်ဝင်ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးများ (မက္ကာမြို့ထဲ၌) ရှိနေကြသည်ကို မသိကြဘဲ သူတို့အား နင်းခြေမိကြလျှင် သူတို့အနက်မှ အချို့ကလည်း သင်တို့အား မသိဘဲ ထိခိုက်နစ်နာစေနိုင်ရာ၏။ (သို့ရာတွင် ထိုသို့ မဖြစ်ခဲ့ခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ကရုဏာတော် (ဖြစ်သော အစ္စလာမ့်ဘောင်) အတွင်းသို့ ဝင်ရောက်စေတော်မူရန်ပင် ဖြစ်၏။ အကယ်၍ (မက္ကာမြို့တွင်းနေ မယုံကြည်သူများနှင့်ယုံကြည်သူများသည် ခွဲခြားသိမြင်နိုင်သော အနေအထားဖြင့်) တသီးတခြားစီ ဖြစ်နေခဲ့လျှင် ငါအရှင်မြတ်သည် သူတို့အနက်မှ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းပယ်သူ) သူတို့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ဖြင့် အမှန်ပင် ဒဏ်ခတ်တော်မူခဲ့မည်သာ ဖြစ်၏။

[26] မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် သူတို့၏စိတ်နှလုံးများတွင် အမှောင်ခေတ်၏အစွဲအလမ်းများဖြစ်သော (အတ္တစွဲ လူမျိူးစွဲနှင့်ရန်စလိုမှုစသော) သဘောထားသေးသိမ် သောအစွဲအလန်းများ ဖြစ်ပေါ်စေတော်မူခဲ့စဉ် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ် တမန်တော်အပေါ်၌လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့အပေါ်၌လည်းကောင်း၊ စိတ်တည်ငြိမ်အေးချမ်းမှုကို ချပေးတော်မူပြီး သက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ကို စောင့်ထိန်းစေတော်မူ၏။ စင်စစ်သော်ကား သူတို့သည် ယင်း (သက္ကဝါ) နှင့်ပိုမို၍ ထိုက်တန်ရုံသာမက ပိုမို၍ လျော်ကန်လိုက်ဖက်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[27] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်၏အိပ်မက်ကို အမှန်တရားအဖြစ် (အသေအချာ ရုပ်လုံးပေါ်လာမည်ဖြစ်ကြောင်း) အဖြစ်မှန်နှင့်အညီ မှန်ကန်စွာ အတည်ပြုဖြည့်ဆည်းစေတော်မူ၏။ (ယင်းအိပ်မက်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့သည် သင်တို့၏ဦးခေါင်းများကို ရိတ်ကြပြီး ဆံပင်များကို ညှပ်ကြလျက် (မည်သည့် စိုးရိမ်ကြောင့် ကြမှုမျှ မရှိကြဘဲ ဘေးကင်းလုံခြုံစွာ အထွတ်အမြတ်ဆုံးဗလီဝတ်ကျောင်းတော် (မတ်စ်ဂျစ်ဒ်ဟရာမ်) သို့ ဝင်ရောက်ကြ၏ (ဟူ၍ ဖြစ်၏)။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သင်တို့ မသိခဲ့ကြသောအရာကို သိနေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်း (မက္ကာမြို့ကို ဤနှစ်တွင် အောင်နိုင်ခြင်း) မှလွဲ၍ ထိုနည်းအတိုင်းပင် အခြားနီးကပ်သော လတ်တလော အောင်မြင်မှုတစ်ရပ်ကို ဖြစ်ပေါ်ရယူစေတော်မူ၏။

[28] ထိုအရှင်မြတ်သည် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည် အားလုံးအပေါ် အထင်အရှားလွှမ်း မိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန် တရားသစ္စာပေါ်အခြေခံသော ဒီန်လမ်းစဥ်တော်နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။ အမှန်စင်စစ်၊ (အရှင့်အမိန့်စည်းမျဉ်းတော်နှင့်အညီ လိုက်နာစေတော်မူရန်အတွက်) အလ္လာဟ် အရှင်မြတ်သည်ပင် သက်သေတော်အဖြစ်ပြည့်စုံ လုံလောက်တော်မူ၏။

[29] မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဖြစ်သည်။ ထို့ပြင် သူနှင့်အတူတကွ ရှိကြသော သူတို့သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့နှင့်ပတ်သက်လျှင် (အမှန်တရားအတွက် အရှုံးမပေးဘဲ) ပြတ်သားတင်းမာသူများဖြစ်ကြပြီး သူတို့အချင်းချင်း (ဆက်ဆံရာတွင်) ကရုဏာပွားကြသူများ ဖြစ်ကြ၏။ အသင်သည် သူတို့အား (ရံဖန်ရံခါ အရှင့်ရှေ့တော်မှောက်၌) ဦးညွှတ်ကြ၍လည်းကောင်း၊ ပျပ်ဝပ်ဦးချကြ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် သိက္ခာပေးအပ်ခြင်းနှင့်အရှင့် ကျေနပ်နှစ်မြို့မှုကိုသာ ကြိုးပမ်းရှာဖွေတောင်းခံလျက် ရှိနေကြသည်ကို တွေ့မြင်ရပေမည်။ သူတို့ကို ခွဲခြားသိမြင်နိုင်သော အမှတ်အသားမှာ သူတို့၏မျက်နှာများတွင် ပျပ်ဝပ်ဦးချခြင်းဆိုင်ရာ အရိပ်အယောင်အမှတ်၊ လက္ခဏာများ ထင်ပေါ်နေခြင်းပင် ဖြစ်၏။ ထိုသို့တွေ့မြင်ရခြင်းသည်ကား တောင်ရာတ်ကျမ်းတွင် ဥပမာပေး ဖော်ပြပါရှိသကဲ့သို့လည်းကောင်း အင်(န်)ဂျီလ်ကျမ်းတွင် ဥပမာပေး၍ ဖော်ပြပါရှိသကဲ့သို့လည်းကောင်း၊ အညှောက်ပေါက်၍ ရှင်သန်ကြီးထွားလာသောကြောင့် ယင်း၏ပင်စည်ပေါ်တွင် အချိုးအဆ လိုက်ဖက်စွာဖြင့် ထူထူထောင်ထောင်၊ အခိုင်အမာ ရပ်တည်နိုင်သော မျိုးစေ့နှင့်အလားသဏ္ဌာန်တူ၏။ မျိုးစေ့ကြဲ၍ ပျိုးထောင်စိုက်ပျိုးကြတို့အား ဝမ်းသာအားရ သာယာကြည်နူးစေပြီး ယင်းကြောင့် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အား ဒေါသူပုန်ထစေ၏။ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား အချင်းချင်းကြားတွင် (မေတ္တာ၊ ကရုဏာပွားလျက် ခွင့်လွတ်နိုင်ကြရန်) လွတ်ငြိမ်းခွင့်နှင့်ကြီးကျယ်သော မဟာဆုလဒ်ကြီးကို ကတိထားတော်မူ၏။

အခန်းများ

Surah 49

[1] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (မည့်သည့်ကိစ္စ၌မဆို) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် (၏အမိန့်တော်များနှင့်သွန်သင်ချက်များထက် သင်တို့၏အတွေးအခေါ်ကို ဦးစားပေး၍) ရှေ့တိုးကျော်တက်ခြင်း (ဗွေယူခြင်း) မပြုလုပ်ကြလေနှင့်။ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်း (တို့၏အလုံးစုံသော အခြေအနေ၊ အပြုအမူ၊ အတွင်းအပြင်တို့) ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (ပြောဆိုဆက်ဆံရာတွင်) သင်တို့၏အသံနေအသံထား များကို နဗီတမန်တော်၏အသံထက် မကျယ်မမြင့်ကြစေနှင့်။ ထို့ပြင် သင်တို့ အချင်းချင်း ပြောဆိုဆက်ဆံရာတွင်လည်း တစ်ဦးကိုတစ်ဦး အော်ကျယ်အော်ကျယ်ပြောဆိုသကဲ့သို့ သင်တို့ မသိနားမလည်ဘဲ သင်တို့၏ပြုမူ ကျင့်ကြံမှုများကို အချည်းနှီး အလဟဿဖြစ်စေရန်အလို့ငှာ နဗီတမန်တော်နှင့်စကားပြောဆိုရာ၌ ကျယ်လောင်စွာ ဟစ်အော်ပြောဆိုခြင်း မပြုကြလေနှင့်။

[3] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၏ရှေ့ဝယ် သူတို့၏အသံနေအသံထားများကို နှိမ့်ချ ကြသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့၏စိတ်နှလုံးများကို တက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) အတွက် စမ်းသပ်တော်မူသောသူများပင် ဖြစ်ကြပြီး သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်သော မဟာအကျိုးဆုလဒ်ကြီး ရှိနေ၏။

[4] ဧကန်စင်စစ်၊ အသင် (တမန်တော်) အား အသင့်အခန်း၏အပြင်ဘက်မှ ဟစ်ခေါကြသော သူတို့အနက် အများစုမှာ ဆင်ခြင်တုံတရားသုံး၍ တွေးခေါ်နားလည်ကြသည် မဟုတ် (သောကြောင့် ပြုမူဆက်ဆံပုံ ညံ့ဖျင်း ကြ၏)။

[5] အကယ်၍ သူတို့သည် အသင် (တမန်တော်) က သူတို့ထံ ထွက်လာသည်အထိ သည်းခံစောင့်ဆိုင်းကြလျှင် သူတို့အတွက် အကောင်းဆုံး ဖြစ်ခဲ့ပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်တို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[6] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ (အရှင့်စည်းဘောင်ချိုးဖောက်၍ ကောက်ကျစ်ယုတ်မာသော) စာရိတ္တဖောက်ပြန်သူ တစ်ဦးတစ်ယောက်သည် သင်တို့ထံ သတင်းတစ်စုံတစ်ရာကို ယူဆောင် ရောက်ရှိလာခဲ့သည်ရှိသော် သင်တို့သည် (အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်နှင့်စပ်လျဉ်း၍ ဂဃနဏ) မသိသောကြောင့် တစ်မျိုးသားလုံးကို အန္တရာယ်ပြု နစ်နာစေနိုင်သည်ဖြစ်ရာ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်သတင်းအချက်အလက်ကို အသေအချာ စုံစမ်းစစ်ဆေးကြလော့။ (သို့မဟုတ်လျှင်) သင်တို့သည် သင်တို့ပြုမိခဲ့ကြသော ကိစ္စရပ်အပေါ် နောင်တရကြေကွဲကြရသူများ ဖြစ်လာနိုင်၏။

[7] ထို့ပြင် သင်တို့ထဲတွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ရှိနေ၍ (သင်တို့၏အရေးကိစ္စများ၏အဆုံး အဖြတ်အတွက် သူ၏သွန်သင်ညွှန်ကြားချက်များကိုလည်း လိုက်နာရန် တာဝန်ရှိကြောင်း) နှလုံးသွင်းသိထား ကြလော့။ အကယ်၍ ရစူလ်တမန်တော်မြတ်သည် များစွာသော အများအရေးကိစ္စတို့၌ သင်တို့၏အကြံဉာဏ် ပြောဆိုချက်များအတိုင်း လိုက်နာလျှင် အမှန်ပင် သင်တို့သာလျှင် (နစ်နာဆုံးရှုံးလျက်) ဒုက္ခအခက်အခဲများနှင့်ရင် ဆိုင်ကြုံတွေ့ကြရမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူပြီး သင်တို့၏စိတ်နှလုံးများတွင်လည်း မယုံကြည်သွေဖည်ငြင်းပယ်မှု အရှင့်စည်း ဘောင်ကျူးလွန်၍ ကောက်ကျစ်ယုတ်မာလိုမှုနှင့်အမိန့်တော်ကို ဖီဆန်အာခံလိုမှု (မရှိရလေအောင် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်) တို့ကို စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ် တန်ဆာဆင်ထားတော်မူ၏။ ထိုသူတို့သည်သာလျှင် (သူတို့၏ယုံကြည်မှု အတွေးအခေါ်နှင့်လုပ်ရပ်များ၌) တရားလမ်းမှန်ကို ညွှန်ပြခြင်း ခံရသူများ ဖြစ်ကြ၏။

[8] (ထိုသို့တရားလမ်းမှန်ပေါ် ရပ်တည်ခွင့်ရရှိခြင်းသည်ပင်) အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူတော်ဖြင့် သိက္ခာပေးအပ်တော်မူခြင်းနှင့်ဂုဏ်ပေးချီးမြှင့်တော်မူခြင်းပင် ဖြစ်၏။ အမှန်စင်စစ်သော်ကား အလ္လဟ် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော် အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[9] ထို့ပြင် အကယ်၍ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း တိုက်ခိုက်ခဲ့ကြလျှင် သင်တို့သည် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ယင်းတို့နှစ်စုကြားတွင် (ပြန်လည်သင့်မြတ်ပြေလည်အောင် စေ့စပ်ညှိ နှိုင်းပေး၍) ငြိမ်းချမ်းအောင်ပြုပြင်ပေးကြလော့။ သို့ရာတွင် အကယ်၍ ထိုအုပ်စုနှစ်စုအနက်မှ တစ်စုသည် (စေ့စပ်ညှိနှိုင်းပေး၍ ငြိမ်းချမ်းအောင်ပြုပြင်ပေးခြင်းကို လက်မခံဘဲ) အခြားအုပ်စုအပေါ် ဆက်လက်၍ မတရား ရန်လိုဖိနှိပ်လျက် ကျူးလွန်လာလျှင် သင်တို့အားလုံးသည် ထို (မတရားကျူးကျော်ရန်စသည့်) အုပ်စုနှင့်ဆန့်ကျင်၍ သူတို့က အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်လှည့်လာကြသည်အထိ (အဖိနှိပ်ခံအုပ်စုဘက်မှ ပါဝင်) တိုက်ခိုက်တော်လှန်ကြလော့။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် သင်တို့သည် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် (အုပ်စုနှစ်စု) ကြားတွင် တရားမျှစွာနှင့် (အတိမ်းအစောင်းမရှိစေဘဲ) လုံးလုံးလျားလျား သာတူညီမျှဖြစ်အောင် ညှိနှိုင်းစေ့စပ်၍ ဖြေရှင်းပေးကြလော့။ ဧကန်အမှန်၊ အလ္လာဟ်အရှင်မြတ်သည် (အတိမ်းအစောင်းမရှိစေဘဲ) လုံးလုံးလျားလျား သာတူညီမျှဖြစ်အောင် ညှိနှိုင်းစေ့စပ်၍ ဖြေရှင်းပေးသူတို့အား နှစ်သက်တော်မူ၏။

[10] ယုံကြည်သူတို့သည် (အချင်းချင်း) ညီရင်းအစ်ကိုများသာ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် သင်တို့၏ ညီရင်းအစ်ကိုများစပ်ကြားဝယ် (သင့်မြတ်ပြေလည်အောင် စေ့စပ်ညှိနှိုင်းပေး၍) ငြိမ်းချမ်းအောင်ပြုပြင်ပေး ကြလော့။ ထို့ပြင် သင်တို့သည် (အရှင်မြတ်က သင်တို့အပေါ်) ကရုဏာသက်စေတော်မူရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[11] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် အခြားလူမျိူးတစ်မျိုးအားဖြစ်စေ၊ သင်တို့အနက်မှ (အချို့သည် အချို့ထက်) ကောင်းမြတ်ကောင်းကောင်းမြတ်နိုင်သော်လည်း မည်သည့်အမျိုးသား ကမျှ အခြားအမျိုးသားကိုဖြစ်စေ၊ အသင်မတို့အနက်မှ (အချို့သည် အချို့ထက်) ကောင်းမြတ်ကောင်း၊ ကောင်း မြတ်နိုင်သော်လည်း မည်သည့်အမျိုးသမီးကမျှ အခြားအမျိုးသမီးကိုဖြစ်စေ ပြက်ရယ်ပြု လှောင်ပြောင် သရော်ခြင်း မပြုကြလေနှင့်။ ထို့ပြင် သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး (ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင် စော်ကားခြင်းဖြင့်) အသရေမဖျက်ကြလေနှင့်။ တစ်ဖန် သင်တို့သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်း ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုယ်စီရှိကြသူများဖြစ်၍ အချင်းချင်း တစ်ဦးကိုတစ်ဦး (ပြောင်လှောင်၍ ညီနောင်များ မနှစ်သက်သော) နာမည် ဖျက်များဖြင့် မခေါ်ကြလေနှင့်။ ယုံကြည်ခြင်းတရားရှိပြီးနောက်တွင်မှ မသတီစရာ ယုတ်ညံ့ဆိုးဝါးသော အမည် ဖျက်များဖြင့် လှောင်ပြောင်သရော်ခြင်းသည် အရှင့်စည်းဘောင်ကို ချိုးဖောက်၍ အာခံယုတ်မာသော စရိုက်များပင် ဖြစ်ကြ၏။ သို့ပါလျက် မည်သူမဆို (အမှားဝန်ခံ နောင်တရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင်မြတ်၏ လမ်းစဉ်ဘက်သို့) ဦးတည်လှည့်ပြန်ခြင်း မပြုလျှင် ထိုသူတို့သည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ ဖြစ်ကြ၏။

[12] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ထင်မြင်ယူဆချက်များအနက်မှ အများစုကို ရှောင်ကြဉ်ကြလော့။ ဧကန်စင်စစ်၊ အချို့သောထင်မြင်ယူဆချက်များသည် (အရှင်မြတ်ထံမှ အရေးယူစေနိုင်သည့်) ပြစ်မှုပင် ဖြစ်၏။ ထို့ပြင် သင်တို့သည် (သူတစ်ပါးတို့၏အားနည်းချက်များကို သူလျှိုဒလန်လုပ်လျက်) ထောက်လှမ်းစူးစမ်းခြင်းမပြုကြလေနှင့်။ ထို့ပြင် သင်တို့အနက် တစ်ဦးကိုတစ်ဦး (အချို့ကိုအချို့ ဆန့်ကျင် ပုတ်ခတ်၍) အတင်းပြောဆိုခြင်း (ဂုံးချော၊ ဂုံးတိုက်ခြင်း) မပြုကြလေနှင့်။ (ထိုသို့လုပ်ခြင်းဖြင့်) သင်တို့အနက် တစ်ဦးတစ်ယောက်သည် သူ့ညီအစ်ကို၏အသေသားကို စားသုံးရန် နှစ်သက်မည်လော။ စင်စစ် သင်တို့သည် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် (အသေသားစားခြင်း) ကို စက်ဆုပ်ရွံရှာကြမည်သာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ် အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်နောင် တကြီးစွာဖြင့်အရှင့် ဘက်လှည့် ခြင်း (အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ်မ ပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏၊

[13] အို၊ လူသားအပေါင်းတို့၊ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား အမျိုးသားတစ်ဦး (လိင်ဖို) နှင့်အမျိုးသမီးတစ်ဦး (လိင်မ) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင် မှတ်မိနိုင်ရန်အလို့ငှာ လူမျိုးများအဖြစ်လည်းကောင်း၊ မိသားစု၊ မျိုးနွယ်စုများအဖြစ်လည်းကောင်း၊ စီမံဖြစ်ပေါ် လာစေတော်မူ၏။ ဧကန်စင်စစ်၊ သင်တို့အနက်မှ အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အမြင့်မြတ်ဆုံး (ကျက်သရေအရှိဆုံး) သောသူမှာ သင်တို့အနက်မှ တက္ကဝါ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) အရှိဆုံးသောသူပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏သတင်း အချက်အလက် အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[14] ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့က “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် (သက်ဝင်ယုံကြည်ကြ ပြီဟု ပြောဆိုရုံသက်သက်ဖြင့်) ယုံကြည်ကြခြင်း (ပြီးဆုံးသည်) မဟုတ်ပေ။ သို့ရာတွင် “ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍) အမိန့်နာခံကြပါပြီ။” ဟု ပြောဆိုကြလော့။ အမှန်စင်စစ် ယုံကြည်မှုသည် သင်တို့၏စိတ်နှလုံးများထဲသို့ မဝင်ရောက်သေးပေ။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်၏အမိန့်တော် (သွန်သင်ချက်) နာခံလိုက်နာကြလျှင် ထိုအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစ်စုံတစ်ရာကိုမျှ (အကျိုးဆုလဒ်မပေးဘဲ သင်တို့၏ခံစားခွင့်ရပိုင်ခွင့်များအား) လျော့နည်းနစ်နာစေတော်မူမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[15] (စစ်မှန်သော) သက်ဝင်ယုံကြည်သူဟူသည် အလ္လာဟ်အရှင်မြတ် (သည်သာ တစ်ဆူတည်း လောကခပ်သိမ်းအချုပ်အခြာအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်ကြောင်း) နှင့်အရှင့်သတင်း ဆောင်ရစူလ်တမန်တော်မြတ်အား (ရိုးသားဖြောင့်မတ်၍ ဖြူစင်စွာ) ယုံကြည်ကြပြီးနောက် (မည်သည့် အမိန့်တော်နှင့်သွန်သင် ချက်ကိုမျှ) မည်သည့်အခါမျှ သံသယ မဖြစ်ကြသည့်အပြင် သူတို့၏ဥစ္စာဓနပိုင် ဆိုင်မှုများနှင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှား ဆောင်ရွက်ကြသူများသာလျှင် ဖြစ်ကြ၏။ ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများ ဖြစ်ကြ၏။

[16] (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်အား သင် ကြားပေးကြမည်လော။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့ကို ကုန်စင်အောင် သိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။”ဟု ဟောပြောလော့။

[17] (အို၊ ရစူလ်တမန်တော်) သူတို့သည် (သူတို့၏တာဝန်ဖြစ်သော အစ္စလာမ့်စည်းဘောင်သို့ ဝင်၍) နာခံ အပ်နှံကြကြောင်းကို အသင့်ရှေ့ဝယ် ဂုဏ်ဖော်လျက် အသင့်အား သဘောကျနှစ်သိမ့်စေလိုကြ၏။ (သူတို့အား) “သင်တို့သည် ကျွန်ုပ်၏ရှေ့ဝယ် အမိန့်တော်ကိုနာခံ ယုံကြည်အပ်နှံကြောင်း ဂုဏ်ဖော်၍ ကျွန်ုပ်အား သဘောကျ နှစ်သိမ့်စေခြင်း မပြုကြလေနှင့်။ အမှန်မှာ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများဖြစ် ကြလျှင် အလ္လာဟ်အရှင်မြတ်သည်သာ သင်တို့အား သက်ဝင်ယုံကြည်နိုင်ရန် တရားလမ်းမှန်ကို ပြသတော်မူပြီး သင်တို့အပေါ် ဂုဏ်သိက္ခာ ချီးမြှင့်ပေးအပ်တော်မူ၍ နှစ်သိမ့်တော်မူ၏။

[18] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော ရှိသမျှ မျက်ကွယ်ရာများ (လျှို့ဝှက်ချက်များ) ကို အကြွင်းမဲ့ သိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင်ကြံဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူ၏။

ကွာဖ်

Surah 50

[1] ကားဖ်၊ (ငါအရှင်မြတ်သည်) အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံ၍ မြင့်မြတ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ (ပြီး မယုံကြည်သူတို့က မည်သို့ပင် မလိုမုန်းထားစိတ်ဖြင့် ပြောဆိုကြသည်ဖြစ်စေ၊ လူသားတို့အား သတိပေးနှိုးဆော်နိုင်ရန် အသင်တမန်တော်ထံ ကျမ်းတော်ကို ချမှတ်ပေးအပ်တော်မူ) ၏။

[2] စင်စစ်မှာကား သူတို့သည် သူတို့ထံ သူတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိလာခဲ့သည်ကို အံ့သြမဆုံးဖြစ်နေကြ၏။ သို့ဖြစ်ပေရာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့က “ဤသည် လွန်စွာအံ့ဩဆန်းကျယ်ဖွယ်ကောင်းသောအရာပင် ဖြစ်သည်။” ဟု ပြောဆိုကြ၏။

[3] (သူတို့က) ကျွန်ုပ်တို့သေဆုံးခဲ့ကြပြီးနောက် မြေမှုန်ဖြစ်သွားကြသောအခါ (ရှင်ပြန်ထကြရဦးမည်လော၊) ထို (သို့ရှင်ပြန်ထခြင်း) သည်ကား အလွန်ဝေးကွာလှသော ပြန်လည် (ခေါ်ထုတ်) ခြင်းပင် ဖြစ်၏။

[4] မြေကြီးသည် သူတို့အနက်မှ (ကွယ်လွန်သေဆုံးသွားသူတို့ ခန္ဓာကိုယ်ကို အသေးဆုံးအမှုန်ပါ မကျန်အောင်) ယုတ်ညံ့၊ ပုပ်ပွပျက်စီးစေခြင်းကို ငါအရှင်မြတ်က ဧကန်မုချပင်၊ သိနေတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်ထံတော်တွင် (မယိုယွင်၊း မဖျက်ဆီးနိုင်အောင်) ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ်တမ်းစာအုပ်သည်လည်း ရှိနေ၏။

[5] အမှန်မှာ သူတို့သည် သူတို့ထံ အမှန်တရားသစ္စာ ရောက်ရှိလာသောအခါ ယင်းကိုပင် မဟုတ်မတရား မမှန်မကန်၊ လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့သည် (အမှန်တရားမှန်းသိနေကို ငြင်းပယ်စေရန်လည်းကောင်း၊ ထိုအမှန်တရားကို ယုံကြည်လက်ခံသူတို့အား မည်သို့ တားဆီးရမည်ကိုလည်းကောင်း၊ ဝေခွဲမရ ဖြစ်လျက်) အလွန်ရှုပ်ထွေးပွေလီသော အရေးကိစ္စ (၏ သေရေးရှင်ရေးတမျှ အခြေအနေ) ၌ပင် ရှိနေကြ၏။

[6] သို့သော်လည်း သူတို့သည် သူတို့အထက်၌ရှိသော မိုးကောင်းကင်ဘက်သို့ ကြည့်၍ (ဉာဏ်တော်အနန္တ နှင့်ဘုန်းတန်ခိုးတော်၌ အနှိုင်းမဲ့ ဖြစ်တော်မူသော) ငါအရှင်မြတ်သည် ယင်းကို မည်သို့ ဖွဲ့စည်းတည်ဆောက်ထားတော်မူကြောင်း (ဂြိုဟ်နက္ခတ်ကြယ်တာရာများဖြင့်) မည်သို့ အလှတန်ဆာ ဆင်ယင်ထားတော်မူကြောင်းနှင့်ယင်း၌ မည်သည့် အက်ကြောင်း၊ ကွဲကြောင်း၊ အဟ၊ အအက်မျှ အလျှင်း မရှိကြောင်းကို ချင့်ချိန်လေ့လာစူးစမ်း တွေ့မြင်၍ မသုံးသပ်ကြလေသလော။

[7] ထို့ပြင် ငါအရှင်မြတ်သည် ကမ္ဘာမြေပထဝီကို ဖြန့်ခင်းကျယ်ပြောတော်မူ၍ ယင်း၌ တောင်ကြီး၊ တောင်ငယ်နှင့်တော်တန်းများကို အခိုင်အမာတွယ်ကပ်စိုက်ထူထားတော်မူလျှက် ငါအရှင်မြတ်သည်ပင် (သက်ရှိအားလုံး၏အသက်ရှင် ရပ်တည်ရေးနှင့်သဟဇာတဖြစ်မည့်) သစ်ပင်ပေါက်ပင်မျိုးစုံကို ဟန်ချက်ညီညီ၊ အစုံအစုံ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းအောင် ပေါက်ရောက် ဖြစ်ထွန်းစေတော်မူ၏။

[8] (ထိုအရာအလုံးစုံတို့သည်) သံဝေဂရလျက် (အရှင့်ဘက်သို့ ဆန္ဒအလျောက်) လှည့်ကြမည့် အရှင့်အစေခံ လူသားတိုင်းအတွက် ထိုးထွင်းသိမြင်နိုင်စွမ်းပေးသောအရာနှင့် (အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟ စေသော) တရားရယူအပ်သောအရာများပင် ဖြစ်ကြသည်။

[9] ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော (မိုး)ရေကို ရွာသွန်းစေတော်မူရာ ထိုရေဖြင့် ဥယျာဉ်ခြံများနှင့်အကျိုးဖြစ်စေမည့် ရိတ်သိမ်းစရာ ကောက်ပဲသီးနှံများကိုလည်း ငါအရှင်မြတ်သည်ပင် ပေါက်ရောက်ဖြစ်ထွန်းစေတော်မူ၏။

[10] ထိုနည်းတူစွာ အနှံအပွတ်အခိုင်များ အထွေထွေ၊ အထပ်ထပ် အမျိုးမျိုးရှိသော မြင့်မားသည့် စွန်ပလွံ ပင်များကိုလည်း (ပေါက်ရောက်ဖြစ်ထွန်းစေတော်မူ၏)။

[11] (ထိုအရာအားလုံးသည်) အရှင့်အစေခံလူသားတို့အတွက် ရိက္ခာအထောက်အပံ့များပင် ဖြစ်၏။ ငါအရှင်မြတ်သည် ယင်း (မိုးရေ) ဖြင့် ခြောက်သွေ့ခန့်ခြောက်၍ သေနေသော မြို့ရွာနယ်မြေဒေသများကို ပြန်လည် ရှင်သန်၍ စိမ်းလန်းစိုပြေစေတော်မူ၏။ (ရှင်ပြန်ထရမည့်နေ့တွင် လူသားတို့ကိုလည်း သူတို့၏သင်္ချိုင်းများမှ) ထိုနည်းအတိုင်းပင် ပြန်လည်ထွက်စေတော်မူမည်။

[12] သူတို့အလျင် တမန်တော်နူဟ်၏လူမျိုးတို့သည်လည်းကောင်း၊ ''ရတ်စ္စ'' မြို့သားတို့သည်လည်းကောင်း၊ ဆမူဒ်လူမျိုးတို့သည်လည်းကောင်း၊ (အမှန်တရားသစ္စာကို) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။

[13] ထို့ပြင် အားဒ်လူမျိုးတို့သည်လည်းကောင်း၊ ဖာရိုမင်းဆက်သည်လည်းကောင်း၊ (တမန်တော်) လူးသ်၏ညီနောင်တို့သည်လည်းကောင်း။

[14] ထို့ပြင် တောအုပ်၌နေကြသော အိုက်ကသ်၏အပေါင်းအဖော်တို့သည်လည်းကောင်း၊ တွဗ္ဗအ်မျိုးတို့သည်လည်းကောင်း၊ သူတို့အားလုံးသည်ပင် ရစူလ်တမန်တော်များအား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ (သူတို့အတွက် ကတိထားတော်မူသောအရှင်မြတ်၏) ပြစ်ဒဏ်ဆိုင်ရာ သတိပေးချက်ကို မျှတမှန်ကန်ထိုက်တန်စွာ ဖြည့်မီစေတော်မူ၏။

[15] ငါအရှင်မြတ်သည် ပထမအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သောကြောင့် ငြိငွေ့ပင်ပန်း၍ လက်ပန်း ကျတော်မူသည်။” ဟု ထင်မှတ်လေသလော။ (ဆွေးမြေ့ပျက်စီးသွားသည်ကို ပြန်လည် ဖွဲ့စည်းဖြစ်တည် စေနိုင်စွမ်းရှိမည် မဟုတ်။ “ဟု ယူဆထားသလော)။ ထိုသို့ အလျှင်း မဟုတ်ပေ။ အမှန်မှာ၊ သူတို့သည် အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းဖြစ်တည်စေခြင်းနှင့်စပ်လျဉ်း၍ (ထင်မြင်ချက်နှင့်ငြင်းခုံမှုများဖြင့် လုံးထွေး၊ ရှုပ်ထွေးစေလျက်) ယုံမှားသံသယ၌ပင် ရှိနေကြ၏။

[16] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မနူဿလူသားအား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) က သူ့အား မည်သည်ကို အကြံပြုတီးတိုးလှုံ့ဆော်ခြင်းနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်သည် သိနေတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူ့လည်ပင်းသွေးပြန်ကြောထက်ပင် သူနှင့်ပိုမို၍ နီးကပ်စွာ ရှိနေတော်မူ၏။

[17] (အို၊ ရစူလ်တမန်တော်၊ သတိပေးလော့။ လူသား၏အပြောအဆိုနှင့်အပြုအမူတို့ကို မှတ်တမ်းတင်ရန် ခန့်အပ်တော်မူသည့်) အရှင့်စေတမန်နှစ်ပါးသည် သူ့လယ်ယာဘက်နှင့်လက်ဝဲဘက်တွင် အထိုင်ချလျက် (အချက် အလက်များကို လက်ခံရယူ၍) မှတ်တမ်းတင်နေစဉ်။

[18] လူသားသည် သူ့အပါးတွင် (မှတ်တမ်းတင်ရန်) အသင့်ဖြစ်နေသော စောင့်ကြည့်သူတစ်ဦး အစဉ် အမြဲရှိနေခြင်းမှအပ သူသည် မည်သည့်အပြောအဆိုကိုမျှ ဖွင့်ဟပြောဆိုနိုင်မည် မဟုတ်ပေ။

[19] စင်စစ်သော်ကား မရဏသေခြင်းတရား၏မိန်းမောမှုသည် (အသက်အတွက် အရှင်မြတ်ပြဌာန်းတော်မူသည့် အမိန့်တော်ဖြစ်ကြောင်း) အမှန်တရားအဖြစ်ဖြင့် ရောက်လာ၏။ ထိုသည်ပင် အကြင်အရာတည်း။ ထို (သေခြင်းတရား) သည် အသင် လူသားက ယင်းမှ (လွတ်မြောက်ရန်) တိမ်းရှောင်လျက် ရှိသောအရာ ဖြစ်၏။

[20] ထို့ပြင် (ရှင်ပြန်ထရမည့် အချိန်ရောက်လာသည့်အခါ) တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ ထိုနေ့သည်ပင် (အရှင်မြတ် ကတိထားတော်မူသော ပြစ်ဒဏ်ဆိုင်ရာ) သတိပေးချက်ကို ပြည့်မီစေတော်မူမည့်နေ့ ဖြစ်၏။

[21] (ထိုနေ့တွင်) နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် (အရှင့်မဟာတရားခွင်သို့) ရောက်လာပြီး ယင်းနှင့်အတူ ယင်းကို မောင်းနှင်သော (စေတမန်) တစ်ပါးနှင့် သက်သေဖြစ်သော (စေတမန်) တစ်ပါး ရှိကြပေမည်။

[22] ဧကန်မလွဲ၊ အသင် (တမန်တော်) သည် ဤနေ့နှင့်စပ်လျဉ်း၍ (သတိမမူ) အလေးမထားမှု၌ ရှိနေခဲ့ရာ ငါအရှင်မြတ်သည် သင့်ထံမှ ထိုအကာအရံကိုဖယ်ရှားပေးတော်မူပြီ ဖြစ်သောကြောင့် ယနေ့သော်ကား သင်၏ထိုးထွင်းသိမြင်နိုင်စွမ်းသည် အလွန် ခပ်ချွန်ချွန် ထက်မြက်မြင့်တက်လာခဲ့ပြီ ဖြစ်၏။

[23] ထို့ပြင် သူ့အပါး၌ရှိသောအဖော် (မလာအီကာစေတမန်) က “ဤ (မှတ်တမ်း) သည် ကျွန်ုပ်ထံ၌ အဆင် သင့်ထိန်းသိမ်းထားသောအရာ (နေ့စဉ်မှတ်တမ်း) ဖြစ်၏။” ဟု ပြောခဲ့၏။

[24] (ထိုအရှင်မြတ်သည် ကောင်းကင်စေတမန် နှစ်ပါးအား) အသင်တို့နှစ်ဦးသည် အရှင်မြတ်အား ကျေးဇူးကန်းလျက် ဇွဲရှိရှိ ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့သူတိုင်းကို ငရဲဘုံထဲသို့ ပစ်ချကြလော့။” (ဟု မိန့်တော်မူလိမ့်မည်။)

[25] (အကြောင်းမှာ သူတို့သည် သူ့တို့ကိုယ်သူတို့သာမက အခြားလူတို့ကိုပါ) ကောင်းမှုကုသိုလ်မှ တားဆီးပိတ်ပင်ဟန့်ထားကြပြီး (လူ့အခွင့်အရေးနှင့်လူ့ကျင့်ဝတ်အပါအဝင် အရှင်မြတ်ချမှတ်ပေးအပ်တော်မူသော စည်းဘောင်အားလုံးကို ဆန့်ကျင်၍ နေရာတိုင်း၌) သံသယပွားစေသော ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်ကြ၏။

[26] (ထိုမျှမကသေး ထိုသူတို့သည်ပင်) အလ္လာဟ်အရှင်မြတ် (၏ဂုဏ်တော်များ) နှင့်တွဲဖက်၍ အခြား (သော သက်ရှိသက်မဲ့) တို့အား ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ရန် စီမံဖန်တီးခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့ နှစ်ဦးသည် (သူတို့အား သူတို့နှင့်အမျှတ အထိုက်တန်ဆုံးဖြစ်သော) ကြီးလေးပြင်းထန်သည့် ပြစ်ဒဏ်ထဲသို့ ပစ်ချကြလော့။

[27] (လောကီဘဝ၌ သူ့အား မကောင်းမှုအကုသိုလ်ဘက် လှုံ့ဆော်သွေးဆောင်ခဲ့သည့် စေတန်မကောင်း ဆိုးဝါးဖြစ်သူ) သူ့အပါး၌ရှိသောအဖော်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတောိမူ၍ ပြုစုပျိုးထောင် တော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် သူ့အား ဖောက်ဖျက်ကျူးလွန်သောင်းကျန်းစေခဲ့သည် မဟုတ်ပါ။ သို့ရာတွင် သူကိုယ်တိုင်သည်သာ (သူ၏လွတ်လပ်သောဆန္ဒအလျှောက်) အလွန်ဝေးကွာသောလမ်းမှား၌ ရှိစေခဲ့ခြင်းသာ ဖြစ်၏။” ဟု ဖြေကြားလိမ့်မည်။

[28] (ထိုစဉ်) ထိုအရှင်မြတ်က “သင်တို့သည် ငါအရှင်မြတ်၏ရှေ့တော်မှောက်၌ အငြင်းအခုံ မပြုကြလေနှင့်။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (သင်တို့အတွက် ကတိထားတော်မူသော) ပြစ်ဒဏ်ဆိုင်ရာ သတိပေးချက်ကို သင်တို့ထံသို့ တင်ကြိုပို့နှင့်၍ အသိပေးတော်မူခဲ့ပြီးဖြစ်၏။” ဟု မိန့်တော်မူလိမ့်မည်။

[29] ငါအရှင်မြတ်ထံတော်၌ အမိန့်စကားတော်သည် (မည်သည့်အခါမျှ) ပြောင်းလဲခြင်းခံရလေ့မရှိသည့်အပြင် ငါအရှင်မြတ်သည် အရှင့်အစေခံလူသားတို့အား မတော်မတရား အရေးယူတော်မူခြင်းလည်း အလျှင်း မရှိပေ။

[30] (အို၊ ရစူလ်တမန်တော်၊ သူတို့အား သတိရစေလော့။) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင် မြတ်သည် ငရဲဘုံအား “အသင့်၌ ပြည့်စရာ ပြည့်သိပ်နေပြီလော။” ဟု မေးတော်မူသော် ယင်းက “နောက်ထပ် ရှိပါသေးသလော။” ဟု လျှောက်ထားပေမည်။

[31] ထို့ပြင် အလှမ်းမကွာဝေးသော သုခဥယျာဉ်သည် မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) သူတော်စင်များနှင့်နီးကပ်စေတော်မူခြင်း ခံရလိမ့်မည်။

[32] ဤသည် စည်းစောင့်လျက် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ဦးတည်လှည့်ပြန်ခဲ့သူတိုင်းအတွက် သင်တို့အား ကတိထားတော်မူသည့်အရာပင် ဖြစ်၏။

[33] (လူ့ဉာဏ်မီနိုင်စွမ်း၏ပြင်ပတွင်ရှိပြီး) ကွယ်ရာ၌သာရှိတော်မူသော အနန္တကရုဏာတော်ရှင်အား မမြင်ဘဲ လျက် စိုးရွံ့ထိတ်လန့်ခဲ့သောသူသည် (နောင်တကြီးစွာရ၍ ဝန်ချတောင်းပန်လျက် ရံဖန်ရံခါ) အရှင့်ဘက်သို့ ဦတည် လှည့်ပြန်သော နှလုံးသားဖြင့် ရောက်လာ၏။

[34] ထို (နှလုံးသား) အား ဘေးကင်းလုံခြုံသော ငြိမ်းချမ်းမှုဖြင့် ဝင်ရောက်စေလော့။ ဤသည် အမြဲထာဝရ ရှင်သန်နေထိုင်ရမည့်နေ့ကာလပင် ဖြစ်၏။

[35] သူတို့အတွက် ယင်း (သုခဥယျာဉ်ထဲ) ၌ သူတို့ဆန္ဒအလျှောက် လိုလားတောင့်တသမျှကို ရရှိခံစားနိုင် ရုံမျှသာမက ငါအရှင်မြတ်ထံတော်၌လည်း (ထိုထက်မက ဆန်းကြယ်သောကျေးဇူးတော်များ) များပြားစွာ ရှိနေ၏။

[36] စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီရှိခဲ့သော မြို့ရွာဒေသများအနက်မှ သူတို့ထက် (ရဲစွမ်းသတ္တိ၊ ခွန်အားဗလကြီးမား၍) အင်အားနှင့်ဩဇာအာဏ ပိုမို တောင့်တင်းခိုင်မာသည့် မြို့ရွာဒေသပေါင်း မည်ရွေ့မည်မျှ (၏ မျိုးဆက်ပေါင်း) များပြားစွာကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (သိနိုင်ရန်အတွက်) သူတို့နေထိုင်ခဲ့သည့် မြို့ရွာဒေသများ၌ တူးဖော်ရှာဖွေစူးစမ်းလေ့လာကြလော့။ (သို့တစေလည်း သူတို့သည် အရှင့်ပြစ်ဒဏ်မှ) ထွက်ပြေးတိမ်းရှောင်စရာဟူ၍ ရှာဖွေတွေ့ရှိခဲ့ကြ လေသလော။

[37] ဧကန်ပင်၊ ထို (သို့အသေးစိတ် ဖော်ပြထားသည့် ကျမ်းတော်) ၌ (ဖြူစင်သော) စိတ်နှလုံးပိုင်ရှင်အတွက် သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက် ရှိ၍ နားစိုက်သူဖြစ်ပြီး သူသည် (ယင်းအတွက်) သက်သေသက်ကန်လည်းဖြစ်သူအတွက် အမှန်ပင် (ဆုံးမဩဝါဒများပါဝင်လျက်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ သတိပေးတရားပင် ဖြစ်၏။

[38] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့၌ ရှိသမျှ အရာများကိုလည်းကောင်း၊ ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သော်လည်း (လူ့ခံစားချက်များသာဖြစ်သော မောပန်းခြင်းနှင့်အနားယူရခြင်း၏ပြင်ပတွင်ရှိတော်မူသော) ငါအရှင်မြတ်၌ မည်သည့် ပင်ပန်းနွမ်းနယ်မှုမျှ အလျှင်း မထိသက်၊ မသက်ရောက်နိုင်ခဲ့ချေ။

[39] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ပြောဆိုနေသမျှနှင့်စပ်လျဉ်း၍ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထို့ပြင် အသင်သည် နံနက်နေမထွက်မီနှင့်ညနေ နေမဝင်မီတွင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းကျေးဇူးတင်ခြင်း နှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုလည်း ဂုဏ်တင်ကြလော့။

[40] ထို့ပြင် အသင်သည် ည၏အချိန်ပိုင်း၌ (ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ ဆောက်တည်လျက် ဦးချပြီးနောက်တွင်လည်း အရှင်မြတ်သည် ( ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုလည်း ဂုဏ်တင်လော့။

[41] ထို့ပြင် ထိုနေ့တွင် အသင်သည် ဟစ်အော်ဖိတ်ခေါ်သူ (တစ်ဦး) က အလွန်နီးကပ်သောနေရာမှ ဟစ်အော် ဖိတ်ခေါ်မည်ကို နားစိုက်၍ နားထောင်ရန် စောင့်ဆိုင်းလော့။

[42] ထိုနေ့တွင် (အရှင်မြတ်က ကြိုတင်ပြဌာန်းတော်မူထားသော ကြောက်မက်ဖွယ်ရာ) ပေါက်ကွဲသံကြီးကို (အားလုံးက) အမှန်တရားအဖြစ် ထင်ရှားမှန်ကန်စွာ ကြားကြရပေမည်။ ထို (သို့ပေါက်ကွဲသံကြားရမည့်) နေ့သည်ပင် (လူသားတို့ သင်္ချိုင်းများမှ) ထွက်ကြရမည့်နေ့ပင် ဖြစ်၏ ။

[43] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (သက်ရှိအားလုံးကို) ရှင်စေတော်မူပြီး ငါအရှင်မြတ်သည်ပင် ကွယ်လွန်သေဆုံးစေတော်မူသည့်အပြင် ငါအရှင်မြတ်ထံတော်သို့ပင် (သင်တို့အားလုံး၏နောက်ဆုံးခရီး ပန်းတိုင်) ပြန်လည်ရာဌာန ရှိ၏။

[44] ထိုနေ့တွင် (လူတို့သည် စုရုံးစေတော်မူမည့်နေရာသို့) အပြေးအလွှား၊ အလျင်စလို သွားနေကြစဉ် မြေကမ္ဘာသည် သူတို့မှ တကွဲတပြားဖြစ်လျက် အစိတ်စိတ်အမြွှာမြွှာ ပွင့်ထွက်သွားပေမည်။ ထိုသို့ စုရုံးစေ တော်မူခြင်းသည် ငါအရှင်မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။

[45] ငါအရှင်မြတ်သည် သူတို့ပြောဆိုသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူပြီး (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အပေါ်၌ အတင်းအကျပ်ယုံကြည်စေရန် တာဝန် မရှိပေ။ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်က သူတို့အတွက် ကတိထားတော်မူသော ပြစ်ဒဏ်ဆိုင်ရာ သတိပေးချက်ကို ကြောက်ရွံ့သူအား (ဆုံးမဩဝါဒ အလုံးစုံးပါဝင်သည့်) ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် (အရှင်မြတ်အား သတိရ တသ၍) သတိပေးတရားရ ကြရန် ထုတ်ဖော်ဖွင့်ဟ ဟောပြောလော့။

လေတိုက်ခတ်စေသောအရာ

Surah 51

[1] (ငါအရှင်မြတ်သည်) ဝေးလံသောဒေသအထိ ကစဉ်းကလျား လွင့်ပါးစေသောလေများကို သက်သေထူတော်မူ၏။

[2] တစ်ဖန် (တိမ်တိုက်များပမာ) ဝန်စည်ဝန်ထုပ်များကိုတင်ဆောင် သယ်ပိုးစေသော (ရေယာဉ်၊ သင်္ဘောနှင့်လေယာဉ် စသည်တို့အတွက် အထောက်အကူပြုသည့်) လေများကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (လှေသမ္ဗန်သင်္ဘောများအား) ချောမွေ့လွယ်ကူစွာ ရွက်လွင့်ခုတ်မောင်းနိုင်ရန် ညင်သာစွာ လှုပ်ရှား တိုက်ခတ်သော လေများကို သက်သေထူတော်မူ၏။

[4] တစ်ဖန် (မိုး၊ လေ၊ စွမ်းအင်၊ မြေဆီလွှာပြောင်းလဲမှုဆိုင်ရာနိယာမတော်နှင့်အခြား မြောက်မြားစွာသော ကျေးဇူးတော်များနှင့်စပ်လျဉ်းသည့် အရှင့်အမိန့်တော်အရ ဖြစ်စေရန်) စီမံချက်အရေးကိစ္စတိုင်းကို ဖြန့်ဖြူး ခွဲဝေပျံ့နှံ့စေသောအရာ (စည်းမျဉ်းနိယာမတော်နှင့်မလာအီကာစေတမန်) များ ကို သက်သေထူတော်မူ၏။

[5] ဧကန်မလွဲ၊ သင်တို့အား ကတိထားတော်မူသည့် (ဆုလဒ်နှင့်ပြစ်ဒဏ်ဆိုင်ရာ) အချက်များသည် မျှတမှန်ကန်စွာ အသေအချာ ဖြစ်လာမည့်အရာများပင် ဖြစ်၏။

[6] ထို့ပြင် ဧကန်စင်စစ်၊ (လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့) နောက်ဆုံး တရားစီရင်တော်မူမည့်နေ့သည် အမှန်ပင် ဆိုက်ရောက်ဖြစ်ပျက်လာမည့်နေ့ ဖြစ်၏။

[7] (ငါအရှင်မြတ်သည် သက်ရှိတို့၏လုပ်ရပ်ဆုတောင်းမှုနှင့်လိုအပ်များကို ဖြည့်ဆည်းစေတော်မူရန်၊ ကောင်းကင်စေတမန်များနှင့်အာကာသဆိုင်ရာ ရုပ်ဝတ္တုများ၏လှုပ်ရှားမှုများအတွက်) လမ်းကြောင်းအပြည့်ပါရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[8] မလွဲဧကန်၊ သင်တို့သည် (ကျမ်းတော်မြတ်ကုရ်အာန်အား မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုရမည်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး) အပြောအဆိုအမျိုးမျိုး၌ အမှန်ပင် ကွဲလွဲကွဲပြားနေကြ၏။

[9] မည်သူမဆို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) မှ ထင်ယောင်ထင်မှားဖြစ်လျက် လှည့်စားခံရလျှင် (သူသည် သူ့အတွေးအခေါ် ယုံကြည်မှုနှင့်လုပ်ရပ်များကို ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်မှ မျက်နှာလွှဲ ကျောခိုင်းလျက်) မိမိကိုယ်ကို လှည့်စားခြင်းသာဖြစ်၏။

[10] ထင်မြင်ယူဆချက်များပေါ်တွင် အခြေခံ၍ ရပ်တည်နေကြသော လိမ်ညာလှည့်စားသူများ အရှင်မြတ်၏ မေတ္တာကရုဏာတော်မှ အလှမ်းဝေးပါစေ။

[11] ထိုသူတို့သည် (အမှန်တရားကို) အလေးမထား ဂရုမစိုက်သောကြောင့် ပညာမဲ့မှု၏အသူတစ်ရာနက်သော ချောက်တွင်းထဲ၌ ရှိနေကြ၏။

[12] သူတို့သည် (မထီမဲ့မြင်ပြုသောအားဖြင့် လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့ဟူသော ထို) “နောက်ဆုံး တရားစီရင်တော်မူမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်မည်နည်း။” ဟု မေးမြန်းကြ၏။

[13] ထိုနေ့တွင် သူတို့သည် သူတို့အပေါ် ငရဲမီးဖြင့် ဒဏ်ခတ်နှိပ်စက်စေမည့်နေ့ပင် ဖြစ်၏။

[14] (ထိုနေ့တွင် သူတို့အား) “သင်တို့သည် (သင်တို့၏လွတ်လပ်သောဆန္ဒဖြင့် ရှာဖွေဆည်းပူး၍ ကြိုတင်ပို့ နှင့်ထားသော) သင်တို့ပြစ်ဒဏ်၏ရသာကို မြည်းစမ်းကြလော့။ ဤသည်ပင်လျှင် သင်တို့က (လှောင်ပြောင် သရော်သည့်အနေဖြင့်) အလျင်စလို တောင်းဆိုခဲ့ကြသောအရာ ဖြစ်သည်။” (ဟု ပြောဆိုခြင်းခံကြရလိမ့်မည်။)

[15] ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူ) သူတော်စင်တို့သည်ကား သုခဥယျာဉ်များနှင့်စိမ့်စမ်းရေများ၌ ရှိနေကြပေမည်။

[16] (သူတို့သည်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည်တို့ကို လက်ခံရယူလျက် (ပျော်မြူးနိုင်ခြင်း၏အကြောင်းရင်းမှာ) ဧကန်ပင်၊ သူတို့သည် ထိုမတိုင်မီ မုဟ်စဲန် (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များ ဖြစ်သောကြောင့်တည်း။

[17] သူတို့သည် ညဉ့်တွင် အချိန်အနည်းငယ်မျှသာ အိပ်စက်အနားယူလေ့ရှိ (ပြီး တဟဂျ်ဂျွသ် ညသန်းခေါင်ကျော် ဝတ်ပြုမှုကို မလွတ်တမ်း၊ ဝတ်ပြုလေ့ရှိ) ကြ၏။

[18] ထို့ပြင် သူတို့သည် (မိုးသောက်ချိန်မတိုင်မီ) ညနောက်ဆုံးအချိန်နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန် ကြားတောင်းခံလေ့ရှိကြ၏။

[19] ထို့ပြင် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများတွင် တောင်းရမ်းသော ဆင်းရဲနွမ်းပါး သူတို့အတွက်လည်းကောင်း၊ (သိက္ခာစောင့်စည်းသောအားဖြင့်) တောင်းရမ်းခြင်း မပြုသော ချို့တဲ့ဆင်းရဲသူတို့အတွက်လည်းကောင်း၊ အခွင့်အရေး (ရသင့်ရထိုက် သောဝေစုဝေပုံ) ထားရှိလေ့ရှိ၏။

[20] စေ့စပ်သေချာစွာ ယုံကြည်လိုသောသူတို့အတွက် မြေကမ္ဘာ၌ (တစ်ဆူတည်းသော အရှင်မြတ်၏နိယာမတော်များနှင့်အချုပ်အခြာကို ထောက်ပြနေသော) အာယသ်သက်သေလက္ခဏာတော်များစွာ ရှိနေ၏။

[21] ထို့ပြင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်း (သက်သေလက္ခဏာများ) ရှိနေ၏။ သို့ပါလျက် သင်တို့သည် (အမှန်တရားကို) မမြင်ကြလေသလော။

[22] ထို့ပြင် မိုးကောင်းကင်၌လည်း သင်တို့၏ရိက္ခာအထောက်အပံ့များ ရှိနေပြီး (ယင်းတို့သည်) သင်တို့အတွက် ကတိထားတော်မူသည့်အရာများပင် ဖြစ်၏။

[23] သို့ဖြစ်ပေရာ မိုးကောင်းကင်နှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ၊ ဧကန်ပင်၊ ယင်း (ကတိတော်အတိုင်း ရှင်ပြန်ထရခြင်း၊ ရိက္ခာအထောက်အပံ့ရရှိခြင်း၊ သုခဥယျာဉ်နှင့်ငရဲဘုံရှိခြင်း စသည်တို့) သည် သင်တို့ စကားပြောဆိုကြ သကဲ့သို့ ပင် (ကျမ်းတော်၌ ဖော်ပြခဲ့သည့်အချက်အလက်များအတိုင်း တစ်ပုံတည်း ဖြစ်သော) အမှန်တရားပင် ဖြစ်၏။

[24] (အို၊ ရစူလ်တမန်တော်၊) အသင့်ထံသို့ (တမန်တော်) အီဗ်ရာဟီးမ်၏ဂုဏ်သရေရှိ ဧည့်သည်တော်များ၏အကြောင်း ရောက်ရှိခဲ့ပြီ မဟုတ်လော။

[25] ထိုဧည့်သည်တော်တို့သည် တမန်တော်အီဗ်ရာဟီးမ်ထံသို့ ဝင်ရောက်ခဲ့ကြစဉ် “ငြိမ်းချမ်းပါစေ” ဟု စလာမ်မေတ္တာပို့ နှုတ်ဆက်ကြလေရာ သူကလည်း (သူတို့ကို မသိသော်ငြားလည်း) “ငြိမ်းချမ်းပါစေ” ဟု တုံ့ပြန် စလာမ်မေတ္တာပို့ နှုတ်ဆက်လေ၏။ (တမန်တော်အီဗ်ရာဟီးမ်အတွက်) သူစိမ်းတစ်ရံဆံသော လူမျိုးပင် ဖြစ်ကြလေ၏။

[26] တစ်ဖန် တမန်တော်အီဗ်ရာဟီးမ်သည် သူ့အိမ်ထဲသို့ ဝင်ပြီးလျှင် (ကင်ထားသော) ဝဖြိုးသည့် နွားကလေး တစ်ကောင်ကို ယူလာခဲ့လေ၏။

[27] ထို့နောက် ယင်း (ကင်ထားသောနွားကလေး) ကို ထိုဧည့်သည်တို့အပါး၌ ကမ်းလှမ်းလျက် (တည်ခင်း ဧည့်ခံ၍ သူတို့အား) “သင်တို့သည် သုံးဆောင်ကြမည် မဟုတ်လော” ဟု မေးမြန်းခဲ့၏။

[28] ထို့နောက် သူသည် (သူတို့ မသုံးဆောင်ကြသည်မြင်၍) သူတို့အား ထိတ်လန့်စိုးရိမ်မိသော် သူတို့က “သင်သည် မစိုးရိမ်လေနှင့်။” ဟု ပြောဆိုကြပြီး သူ့အား “အသိပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်းကောင်း ပါးခဲ့ကြ၏။”

[29] (ထိုသတင်းကောင်းကြားပြီးနောက်) သူ့အမျိုးသမီးသည် (ပူပင်မျှော်ကိုးမှုကို ထင်ရှားစေသော) အာမေဍိတ်အသံဖြင့် သူမ၏မျက်နှာ (နဖူး) ကို ပွတ်သပ်ရိုက်လျက် (ဧည့်သည်တော်ရှိရာဘက်) ရှေ့တိုးချဉ်းကပ်ပြီးလျှင် “မြုံသော၊ အရွယ်အိုအမျိုးသမီး (သားဖွားဦးမည်လော။) ဟု ညည်းညူပြောဆိုခဲ့လေ၏။

[30] ထိုအခါ ထိုဧည့်သည်တော်တို့က ''အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ် ထိုအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[31] (ထိုအခါ) ထိုအီဗ်ရာဟီမ်က သို့ဖြစ်လျှင် အသင်တို့၌ မည်သည့် အရေးကိစ္စ ရှိသနည်း။” ဟု မေးမြန်းခဲ့ လေ၏။

[32] သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ရာဇဝတ်မှုကျူးလွန်သောလူမျိုးတို့ထံ စေလွှတ်တော်မူခြင်း ခံခဲ့ကြ ရသူများ ဖြစ်ကြ၏။” ဟု ပြောဆိုခံကြ၏။

[33] ကျွန်ုပ်တို့သည် သူတို့အပေါ် မြေစေးမှ (ဖုတ်လုပ်ထားသော) ခဲများ (ကန့်မိုး) ကို ရွာသွန်းစေရန်အတွက် (စေလွှတ်ခြင်းခံကြခြင်း) ဖြစ်၏။

[34] (ထိုသို့ ခဲမိုးဖြင့် အရေးယူတော်မူခြင်းသည် သူတို့အားအရှင်မြတ်က ပေးအပ်တော်မူသော စွမ်းရည်များကို) အလွဲသုံးစားပြုလျက် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်သူတို့အတွက် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (လျာထား) မှတ်သားထားတော်မူသောအရာ ပင် ဖြစ်၏။

[35] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ ရှိခဲ့ကြသော သက်ဝင်ယုံကြည်သူတို့အား (ခေါ် ထုတ်) ထွက်ခွာစေတော်မူခဲ့၏။

[36] သို့ရာတွင် ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ (ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံလျက် အမိန့်တော် ကို နာခံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်အိမ်တစ်အိမ်သာလျှင် တွေ့ရှိတော်မူခဲ့၏။

[37] ထို့ပြင် ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သောသူတို့ အကျိုးငှာ အာယသ်သက်သေလက္ခဏာ (နိမိတ်) တစ်ခုကို ကျန်ရစ်ချန်ထားစေတော်မူခဲ့၏။

[38] ထို့ပြင် (စံနမူယူဖွယ်ရာ) တမန်တော်မူဆာ၏သမိုင်းဝင် အရေးကိစ္စ၌လည်း အာယသ်သက်သေလက္ခဏာ တစ်ခုကို ကျန်ရစ်ချန်ထားစေတော်မူခဲ့၏။ ငါအရှင်မြတ်သည် သူ့အား ဖာရိုမင်းဆက်ထံသို့ ထင်ရှားသော အခွင့်အာဏာပါသည့် အထောက်အထားနှင့်တကွ တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။

[39] သို့ရာတွင် ဖာရိုမင်းသည် သူ့ကိုထောက်ခံသောအင်အားဖြင့် (အရှင့်အမိန့်ဗျာဒိတ်တော်မှ) မျက်နှာလွှဲ ကျောခိုင်းလျက် တမန်တော်မူဆာအား မှော်ပယောဂဆရာ သို့မဟုတ် “စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲပြော ဆိုခဲ့ကြလေ၏။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ဖာရိုမင်းနှင့်သူ့စစ်တပ်ကို ဖမ်းဆီးအရေးယူတော်မူသည့်အနေဖြင့် သူတို့ကို ပင်လယ်ထဲ၌ ပစ်ချနစ်မြှုပ်စေတော်မူခဲ့ရာ သူသည် (နစ်မြုပ်နေစဉ်) မိမိကိုယ်ကို ပြစ်တင် (၍ နောင်တရခဲ့သော်လည်း အချိန်နှောင်း) ခဲ့ပြီ ဖြစ်၏။

[41] အလားတူ အာဒ် (လူမျိုးတို့၏သမိုင်းဝင် အရေးကိစ္စ) ၌လည်း (သင်ခန်းစာယူဖွယ်ရာများ ရှိနေ၏)။ ငါအရှင်မြတ်သည် သူတို့အပေါ်၌ မွှေနှောက်ဖျက်ဆီးစေနိုင်စွမ်းရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။

[42] ထို (လေပြင်းမုန်တိုင်း) သည် သူတို့အပေါ် ရောက်ရှိသည့်အခါ ယင်းက ပြာပုံပမာ (အနိဠာရုံ) ဖြစ်စေခြင်းမှအပ အခြား မည်သည့်တစ်စုံတစ်ရာကိုမျှ (အကောင်းပကတိ) ချန်မထားခဲ့ပေ။

[43] တစ်ဖန် (အမြင်မှန်ရစေရန် ပြစ်ဒဏ်ဆိုင်ငံ့ခွင့် ပေးတော်မူပြီးနောက်) သူတို့အား ''သင်တို့သည် အချိန် ကာလ အနည်းငယ်မျှအထိသာ (လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များဖြင့်) အကျိုးခံစားလျက် ပျော်ရွှင်မြူးထူးကြလော့။'' ဟု မိန့်တော်မူခဲ့စဉ် ထိုဆမူးဒ် (လူမျိုးတို့၏သမိုင်းဝင် အရေးကိစ္စ) ၌လည်း (သင်ခန်းစာယူဖွယ်ရာများ ရှိနေ၏)။

[44] သို့ရာတွင် သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအ ရှင်မြတ်၏အမိန့်တော်နှင့်ဆန့်ကျင်၍ အာခံပုန်ကန်ခဲ့ကြပေရာ ခပ်အုပ်အုပ်မြည်ဟည်းသည့် တော်လည်းသံသည် (ပြစ်ဒဏ်အဖြစ်ရောက်ရှိလာပြီး) သူတို့အား သူတို့က ကြည့်ရှုနေကြစဉ်ပင် သုတ်ယူကွပ်မျက်ခဲ့လေ၏။

[45] ထိုအခါ သူတို့သည် ပြန်လည်နလန်ထူနိုင်စွမ်းမရှိရုံသာမက (တစ်ဦးတစ်ယောက်ထံမှ) အကူအညီလက်ခံ ရရှိကြသူများလည်း မဖြစ်ခဲ့ကြချေ။

[46] ထိုနည်းတူစွာ (ငါအရှင်မြတ်သည် သူတို့မတိုင်မီ) ယခင်က တမန်တော်နူဟ်၏လူမျိုးတို့အားလည်း (ဖျက် ဆီးတော်မူခဲ့၏)။ ဧကန်မလွဲ၊ သူတို့သည် အရှင့်စည်းမျဉ်းဘောင်များကိုအချိုးဖောက်ကျူးလွန် အာခံယုတ်မာသော လူမျိုးများပင် ဖြစ်ကြ၏။

[47] ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို တန်ခိုးအင်အားတော်ဖြင့် တည်ဆောက်တော်မူခဲ့၏။ ဧကန် မလွဲ၊ ငါအရှင်မြတ်သည် ကျယ်ဝန်းလှသော တန်ခိုးအင်အားအလုံးစုံကို ပိုင်ဆိုင်တော်မူ၍ ယင်း (မိုးကောင်းကင်) ကို ကျယ်ပြန့်စေတော်မူ၏။

[48] ထိုနည်းတူစွာ ငါအရှင်မြတ်သည် မြေကမ္ဘာကို ဖြန့်ခင်းထားတော်မူ၏။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ယင်းကို ပုခက်ပမာ လည်ပတ်လှုပ်ရှားသောအရာဖြစ်စေ၍ လောကီအကျိုး ခံစားခွင့်များရအောင်) အကောင်းမြတ်ဆုံး ဖြန့်ခင်းထားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[49] ထို့ပြင် ငါအရှင်မြတ်သည် သင်တို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက် တရားရယူနိုင်ကြရန်အလို့ငှာ အရာခပ်သိမ်းကို အစုံအတွဲဆန့်ကျင်ဖက်နှစ်ခုစသည့်ဒွယံဒွယံအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[50] သို့ဖြစ်ပေရာ သင်တို့သည် (ခိုလှုံခွင့်ရရန်အတွက်) အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြေးလွှားကြလော့။ ဧကန်စင်စစ်၊ (အရှင်မြတ်က သတင်းဆောင် ရစူလ်တမန်တော်အဖြစ်ခန့် အပ်တော်မူသော) ကျွန်ုပ်သည် သင်တို့အတွက် ထိုအရှင်မြတ်ထံတော်မှ မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။

[51] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ကိုးကွယ်ရာအဖြစ် (အယူထား ဆည်းကပ်ကိုးကွယ်ရန်) တုပြိုင်ဖက်စပ်၍ မစီမံ မဖန်တီးကြလေနှင့်။ ဧကန်ပင်၊ (အရှင်မြတ်က သတင်းဆောင် ရစူလ်တမန်တော်အဖြစ်ခန့် အပ်တော်မူသော) ကျွန်ုပ်သည် သင်တို့အတွက် ထိုအရှင်မြတ်ထံတော်မှ မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။

[52] ထိုနည်းတူစွာ သင်တို့အလျင်ရှိခဲ့ကြသောသူတို့ထံသို့ မည်သည့် သတင်းဆောင်ရစူလ်တမန်တော်တစ်ပါး ရောက်လာခဲ့သည်ဖြစ်စေ၊ သူတို့ကလည်း (သင်တို့ကဲ့သို့ပင် ထိုရစူလ်တမန်တော်အား) မှော်ပယောဂဆရာ သို့မဟုတ် “စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲပြောဆိုခဲ့ကြလေ၏။

[53] သူတို့သည် ယင်း (စွပ်စွဲပြောဆိုမှုမျိုး) ကို အချင်းချင်း တစ်ဦးကိုတစ်ဦး နောင်လာနောင်သားတို့အတွက် လက်ဆင့်ကမ်းခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ အမှန်မှာ သူတို့ (အားလုံး) သည်ကား အာခံပုန်ကန်သောလူမျိုးများသာ ဖြစ်ခဲ့ကြ၏။

[54] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား ဥပေက္ခာပြု၍) သူတို့ (နှင့်ငြင်းခုံခြင်း) မှ ကျောခိုင်းလှည့်ပြန်လော့။ ထိုသို့လုပ်ခဲ့လျှင် အသင်သည် အလျှင်း ပြစ်တင်ခံရမည် မဟုတ်ပေ။

[55] ထို့ပြင် အသင်သည် (ဆုံးမသြဝါဒများ ပါရှိပြီး သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်ဖြင့်) သတိပေးနှိုးဆော်လော့။ အကြောင်းမှာ မုချဧကန်၊ ထိုသတိပေးနှိုးဆော်စရာသည်ပင် သက်ဝင် ယုံကြည်သူတို့အား အကျိုးရှိစေမည် ဖြစ်၏။

[56] စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်နှင့်မနုဿလူသားတို့အား ငါအရှင်မြတ်တစ်ဆူးတည်းကိုသာ ယုံကြည်ကိုးကွယ်၍ (ငါအရှင်မြတ်၏အမိန့်တော်နှင့်နိယာမတရားများကို) နာခံလိုက်နာ ကြရန်အတွက်သာလျှင် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[57] ငါအရှင်မြတ်သည် သူတို့ထံမှ ရိက္ခာအထောက်အပံ့ကို အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်သည် သူတို့က (ဆွမ်းကပ်ခြင်းနှင့်ဆီမီးပူဇော်ခြင်းဖြင့်) ငါအရှင်မြတ်အား ကျွေးမွေးကြရန်ကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။

[58] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်သာ (သက်ရှိအားလုံးကို) ရိက္ခာအထောက်အပံ့များ ချီးမြှင့်ပေးအပ်တော်မူသောအရှင်၊ စွမ်းအားတန်ခိုးအလုံးစုံကိုဆိုင်တော်မူသောအရှင်၊ စွမ်းအင်၊ အင်အား၊ အားလုံးကို စိုးပိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[59] သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် (သူတို့နှင့်ဝါဒတူကြသော) သူတို့အပေါင်းအဖော်များ၏ပြစ်မှုဆိုင်ရာပြစ်ဒဏ်ဝေစုကဲ့သို့ပင် ပြစ်ဒဏ်၏ဝေစုဝေပုံ ရှိစေမည်။ သို့ဖြစ်ပေရာ သူတို့သည် ငါအရှင်မြတ်ထံ (ပြစ်ဒဏ်ကို) အလျင်စလို မတောင်းဆိုမိကြစေနှင့်။

[60] ထိုသို့ဖြင့် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့အတွက် ကတိ ထားတော်မူသည့် နေ့ရက်တွင် ဒုက္ခလှလှနှင့် ကြုံတွေ့၍ ပျက်စီးကြစေ။

တောင်

Surah 52

[1] (ငါအရှင်မြတ်သည်) တူရ် (စီနှိုင်း) တောင်ကို သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည် ကမ္ပည်းထိုး) ရေးမှတ်ထားပြီးဖြစ်သော ကျမ်းတော်ကို သက်သေထူတော်မူ၏။

[3] ဖြန့်ထားသော (သားရေ၊ စက္ကူ၊ ပုရပိုက်စသော) စာရွက်ပေါ်၌။

[4] ထို့ပြင် မကြာခဏလည်ပတ်၍ စည်ကားလျက် အဓွန့်ရှည်တည်တံ့သောအိမ်တော် (ဗိုက်တိလ်မအ်မူရ်) ကိုသက်သေထူတော်မူ၏။

[5] ထို့ပြင် (ငါအရှင်မြတ်သည်) မြင့်စွင့်သော အမိုး (မိုးကောင်းကင်) ကို သက်သေထူတော်မူ၏။

[6] ထို့ပြင် (ငါအရှင်မြတ်သည်) လှိုင်းအပြည့်ရှိ (၍ လျှံတက်လုဆဲဆဲဖြစ်) သော ပင်လယ်သမုဒ္ဒရာကို သက်သေထူတော်မူ၏။

[7] ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ပြဌာန်းတော်မူသော) ပြစ်ဒဏ်သည် အမှန်ပင် ပြစ်ပျက်စေတော်မူမည် ဖြစ်၏။

[8] ယင်းပြစ်ဒဏ်ကို တားဆီးပယ်ရှားနိုင်မည့်သူဟူ၍ အလျှင်း မရှိပေ။

[9] (ယင်းပြစ်ဒဏ်နှင့်ကြုံတွေ့ရမည့်) ထိုနေ့တွင် မိုးကောင်းကင်သည် သိမ့်သိမ့်တုန်လျက် တုန်လှုပ်သွား ပေမည်။

[10] ထို့ပြင် တောင်များသည်လည်း ထိတ်လန့်ဖွယ် လှုပ်ရှားရွေ့လျားလျက် ရွေ့လျားလွင့်ပါ သွားကြပေမည်။

[11] သို့ဖြစ်ပေရာ ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[12] (အကြောင်းမှာ) ထိုသူတို့သည် (ဘဝတစ်လျှောက်လုံးတွင် အချည်းနှီး၊ အရေးမပါသော ပကာသန၊ ကစားခုန်စားမှုနှင့်ပြောဆိုမှု စသောအရာများကို) အကြောင်းမဲ့အလေးအနက်ထားလျက် ဆော့ကစား၊ ပျော်မြူးခြင်း၌ ရှိနေကြ၏။

[13] ထိုနေ့တွင် သူတို့သည် ငရဲဘုံသို့ (ငြင်းမရသော) တွန်းပို့ ခေါ်ဆောင်မှုမျိုးဖြင့် ခေါ်ဆောင်ခြင်း ခံကြရပေမည်။

[14] ဤသည်ပင် (လောကီဘဝ၌ မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍) ငြင်းပယ်လေ့ကြသော ငရဲမီးပင် ဖြစ်၏။

[15] သို့ဖြစ်ပေရာ ဤသည် (သင်တို့စွပ်စွဲလေ့ရှိသော) မှော်ပယောဂအတတ် ဖြစ်သလော။ သို့တည်းမဟုတ် သင်တို့သည် (အမှန်တရားကို ထင်ယောင်ထင်မှားဖြစ်လျက်) မမြင်နိုင်ခဲ့ကြသလော။

[16] သင်တို့သည် (ယင်းငရဲမီး၏ဝေဒနာကို) အောင့်ခံခံစားကြလော့။ အကြောင်းမှာ သင်တို့သည် သည်းခံ ကြံ့ခိုင်မှုရှိသည်ဖြစ်စေ၊ သည်းမခံ ကြံ့ခိုင်မှုမရှိသည်ဖြစ်စေ၊ သင်တို့အပေါ် အတူတူပင်ဖြစ်ပြီး အကြောင်းမထူးပေ။ သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့သည်နှင့်စပ်လျဉ်း၍ အကျိုးဆက်အဖြစ် ပေးဆပ်စေခြင်းသာ ဖြစ်၏။

[17] ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိ စိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူတော်စင်) သုခဥယျာဉ်များ၌ ရှိကြပြီး (ယင်းဥယျာဉ်ရှိ) အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များဖြင့် အတိသုခ ရှိကြပေမည်။

[18] သူတို့သည် သူတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့အား ချီးမြှင့်ပေးအပ်တော်သူသော (ကောင်းမှုကုသိုလ်၏အသီးအပွင့် အကျိုးဆုလဒ်များဖြင့်) သာယာကြည်နူးနေကြပြီး သူတို့၏ထိုအရှမြတ်က သူတို့အား ချစ်ချစ်တောက်ပူလောင်စေမည့် ငရဲမီးမှ ကာကွယ်စေလွတ် ကင်းစေတော်မူပေမည်။

[19] (ထို့ပြင် သူတို့အား) သင်တို့သည် ပြုမူကျင့်ကြံခဲ့ကြသည်နှင့်အညီ (စိတ်နှလုံး ပျော်ရွင်သည်အထိ) အားရကျေနပ်စွာ စားကြသောက်ကြလော့။ (ဟု မိန့်တော်မူမည်။)

[20] သူတို့သည် စနစ်တကျတန်းစီ၍ ခင်းကျင်းထားသော နားနေစရာ၊ သလွန်များပေါ်တွင် (နောက်မှီ၌ ကျောခင်းလျက်) လဲလျောင်းနေကြပြီး ငါအရှင်မြတ်သည် သူတို့အား အလွန် ဖြူစင်၍ မျက်လုံးလှ ပိုင်ရှင် ဘဝဖော်များဖြင့် ပေါင်းစပ်တွဲဖက်စေတော်မူမည်။

[21] ထို့ပြင် သက်ဝင်ယုံကြည်သူများနှင့်သူတို့၏နောက်လိုက်များအား ယုံကြည်မှုဖြင့်ဘဝဆောက်တည်ခဲ့ကြသော (သူတို့နှင့်သားသမီးတို့၏ယုံကြည်မှုဆိုင်ရာ အဆင့်အတန်းများ မတူညီသည့်တိုင်အောင်) သူတို့၏သားသမီးများနှင့်ဆုံတွေ့စေတော်မူမည်။ (ထိုသို့ ဆုံတွေ့ခွင့်ပေးသော်လည်း) ငါအရှင်မြတ်သည် သူတို့၏မည်သည့် ပြုမူကျင့်ကြံမှုကိုမျှ (ယင်းအတွက် ရထိုက်သည့်အကျိုး ဆုလဒ်မခံစားစေဘဲ) လျော့နည်းစေတော်​မူမည် မဟုတ်ပေ။ (လူတိုင်းအတွက် သူ၏) စီမံဆောင်ရွက်ချက်ကိုယ်စီအား သူရှာဖွေဆည်းပူးသမျှနှင့်အညီ (အကျိုးခံစားမှု များကို) ကတိထားတော်မူသည့်အတိုင်း ပြန်အပ်တော်မူမည်။

[22] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့အလိုဆန္ဒရှိကြသောအရာများမှ (အားလုံးကို ချီးမြှင့်တော်မူသည့်အပြင်) သစ်သီးဝလံများနှင့်အသားများဖြင့်လည်း အလျှံပယ်တိုးပွားစေ (လျက် သုံးဆောင်စေတော်) မူမည်။

[23] သူတို့သည် ယင်း (သုခဘုံဥယျာဉ်) ၌ (အားတိုးစေသော သောက်စရာ) ခွက်များကို တစ်ဦးကိုတစ်ဦး အပြန်အလှန် လက်ဆင့်ကမ်းကြလိမ့်မည်။ (ယင်းသောက်စရာများကို သောက်သုံးခြင်းဖြင့်) အချည်းနှီးသော အပြောအဆိုများ ပြောထွက်လိမ့်မည် မဟုတ်သည့်အပြင် ယင်း (သုခဘုံဥယျာဉ်) ၌ (ထုံထိုင်းသော) အပြစ်ရှိ သော လုပ်ရပ်များလည်း ရှိလိမ့်မည်မဟုတ်ပေ။

[24] ထို့ပြင် (ခရုခွံအောက်တွင်) လုံခြုံစွာဖုံးကွယ်နေသည့် ပုလဲရတနာပမာ သူတို့အတွက် (ခန့်ထားသော ဖြူစင်သည့်) အမှုထမ်းလုလင်များသည်လည်း သူတို့ထံသို့ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

[25] ထို့ပြင် သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ချဉ်းကပ်ပြောဆိုလျက် (လောကီ၌ မည်သို့ရှိခဲ့ကြောင့် သုခဥယျာဉ်ထဲသို့ မည်သို့ရောက်ခဲ့ကြောင်းကို) မေးမြန်းကြပေမည်။

[26] သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ယခင်က ကျွန်ုပ်တို့၏မိသားစုအသိုင်းအဝိုင်း၌ ရှိခဲ့ကြစဉ် (သူတို့၏ထာဝရဘဝနှင့်လမ်းညွှန်တော်အတွက် ဂရုတစိုက် သတိထားလျက်) စိုးရိမ်ကြောင့်ကြ ခဲ့ကြရ၏။” ဟု ပြောဆိုကြမည်။

[27] သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူပြီး ကျွန်ုပ်တို့ အား (အရေပြားများထဲသို့ စိမ့်တိုးဖောက်စေမည့်) အရှိန်ပြင်းစွာလောင်စေသော ပြစ်ဒဏ်မှ ကာကွယ်တော် (မူရန် အရှင့်စည်းမျဉ်းတော်များကို မြဲမြံစွာ လိုက်နာစေတော်) မူ၏။

[28] ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယခင်က (လောကီဘဝမှာ အရှင်မြတ်ကိုသာ နာခံကိုးကွယ်၍ အရှင့်ထံသာလျှင်) ဆုတောင်းပန်ကြားလေ့ရှိခဲ့ကြ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် လွန်စွာ မေတ္တာစေတနာ ထက်သန် တော်မူသော၊ အားလုံးအပေါ် မပြတ်မစဲ၊ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)

[29] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် ဆုံးမဩဝါဒများပါဝင်သော သတိရ တသ၍ ထုတ်ဖော်ဖွင့်စရာဖြင့်) သတိပေး ဟောပြောလော့။ စင်စစ်သော်ကား အသင်သည် အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ဖြင့်ဂုဏ်ပေးခြင်း ခံရသောကြောင့် (သူတို့စွပ်စွဲသကဲ့သို့) အနာဂတ်ဟောဆရာနှင့်မအပ်စပ်သည့်အပြင် စိတ္တဇဝေဒနာရှင် လည်း အလျှင်း မဟုတ်ပေ။

[30] သို့တည်းမဟုတ် သူတို့က “(တမန်တော်မုဟမ္မဒ်အား) ကဗျာဆရာတစ်ဦး"" ဟု စွပ်စွဲပြောဆို ကြလိုသလော။ ယင်းနှင့်စပ်လျဉ်း ငါအရှင်မြတ်က (သင်တို့အား အချိန်ကာလတစ်ခုအထိ) စောင့်စားစေလိုတော်မူ၏ (ငါအရှင်မြတ်သည် ယင်းသံသယနှင့်စပ်လျဉ်း၍) အလင်းအမှောင်အား တဖြည်းဖြည်း ကြည်လင်ထင်ရှားလာစေတော်မူမည်။

[31] (အို၊ ရစူလ်တမန်တော် သူတို့အား) “စောင့်ဆိုင်းကြလော့။ သို့ဖြစ်လျှင် ဧကန်ပင်၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် အပါအဝင်ဖြစ်၏။” ဟု မိန့်ကြားလော့။

[32] သို့တည်းမဟုတ် သူတို့၏ (အတွေး၊ စိတ်ကူး၊ သဘောထားနှင့်နားလည်မှု စသော) ဉာဏ်ရည်အဆင့်က ဤ (ဖြစ်နိုင်ခြေမရှိသော မိစ္ဆာ) နှင့်စပ်လျဉ်း၍ သူတို့အား အမိန့်ပေးတိုက်တွန်းနေသလော။ သို့တည်းမဟုတ် သူတို့သည် မာန်မာထောင်လွှားမှုနှင့်အတ္တဆန်သောအာခံမှု (ကို အလေ့အထအဖြစ် ကျင့်သုံး) သော တရားလွန် သည့်လူမျိုး ဖြစ်ကြလေသလော။

[33] သို့တည်းမဟုတ် သူတို့က “ယင် (ကုရ်အာန်ကျမ်းတော်မြတ်) ကို တမန်တော်က ကြံစည်ဖန်တီး (၍ အရှင့်မြတ်ဘက်သို့ ရည်ညွှန်းနေ) သည်ဟု ပြောဆိုကြလေသလော။ ထိုသို့အလျှင်းမဟုတ်၊ အမှန်မှာ သူတို့ကိုယ်တိုင်သည်က ယုံကြည်လိုစိတ် မရှိကြပေ။

[34] သို့ဖြစ်လျှင် အကယ်၍ သူတို့က (ဤသို့သောကျမ်းတော်ကို အမှန်ပင် ကြံစည်ဖန်တီးနိုင်သည်။” ဟု ယုံကြည်ပြီး ထိုစွပ်စွဲချက်နှင့်စပ်လျဉ်း၍) ဖြောင့်မှန်သောသစ္စာဝါဒီများ ဖြစ်ကြလျှင် ယင်း (ကုရ်အာန်ကျမ်းမြတ်လာ အမိန့်တော်) ထုတ်ပြန်ချက်များအတိုင်း အလားတူ (ကျမ်းတစ်စောင် ဖန်တီး၍) ယူဆောင် တင်ပြစေလော့။

[35] သို့တည်းမဟုတ် သူတို့သည် (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်) တစ်စုံတစ်ရာမရှိဘဲ (အလို အလျှောက်) ဖွဲ့စည်းဖြစ်တည်စေခြင်း ခံကြရလေသလော။ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်သည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေသူများ ဖြစ်ကြလေသလော။

[36] သို့တည်းမဟုတ် သူတို့သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်များမပါဘဲ သူတို့ကိုယ်ပိုင် နိယာမများဖြင့်) ဖွဲ့စည်းဖြစ်တည်စေကြလေသလော။ အမှန်စင်စစ် သူတို့သည် (အရာရာတိုင်း၌ အရှင့်နိယာမတော်များကို မြင်ပါလျက် ""သဘာဝ"" ဟု အမည်ပေးကာ အမှန်တရားကို ငြင်းပယ်၍ ခံစားချက်သက်သက်ဖြင့်) တိကျသေချာသောအသိပညာနှင့်ယုံကြည်မှု မရှိခြင်းလော။

[37] သို့တည်းမဟုတ် သူတို့ထံ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (ရတနာ) ဘဏ္ဍာတော်များရှိ (၍ သက်ရှိအားလုံးကို သူတို့၏ဆန္ဒအလျှောက် အလိုရှိသူတို့အား ရိက္ခာအထောက်အပံ့များပေးပြီး သူတို့စိတ်တိုင်းကျသူအား တမန်တော်အဖြစ် ရွေးချယ်လို) သလော။ သို့တည်း မဟုတ် သူတို့သည် ထိန်းသိမ်းကြီးကြပ်ရေးအတွက် အခွင့်အာဏာရထားသူများ ဖြစ်ကြလေသလော။

[38] သို့တည်းမဟုတ် သူတို့အတွက် လှေကားတစ်ခုရှိနေ၍ သူတို့သည် ထို (လှေကား) ဖြင့် (မိုးကောင်း ကင်သို့တက်လျက် တမန်တော်နှင့်ပတ်သက်သော သူတို့၏ရပ်တည်ချက်နှင့်ကျမ်းတော်မြတ် ကုရ်အာန်၏မှန် ကန်မှုကို အတည်ပြုနိုင်ရန်အလို့ငှာ လျှို့ဝှက်ချက်များကို) ထို (မိုးကောင်းကင်) ၌ နား ထောင်လိုကြသလော။ သို့ဖြစ်လျှင် (ခိုးနားထောင်ခဲ့ဖူးကြသော) သူတို့အနက်မှ ပြောရဲဆိုခွင့်ရှိသော သူတို့၏ကြားနာခဲ့ဖူးသူအား မြင်သာ ထင်ရှားသော သက်သေအထောက်အထားကို ယူဆောင် တင်ပြစေလော့။

[39] သို့တည်းမဟုတ် (အရှင်မြတ်၌သားသမီးရှိသည်ဟူသော သင်တို့၏ရယ်ဖွယ်ကောင်းသော စွပ်စွဲဖြင့်) ထိုအရှင်မြတ်အတွက် သမီးရတနာများကိုသာ (မထီမဲ့မြင်ပြုလျက်) ဖန်တီးသတ်မှတ်၍ သင်တို့ကိုယ်တိုင် အတွက် သားရတနာများသာ ရှိကြစေလိုသလော။

[40] သို့တည်းမဟုတ် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ထံမှ (အရှင်မြတ်၏သတင်းတော်များကို ပို့ချသွန်သင်ခြင်းအတွက် အကျိုးအမြတ်) အဖိုးအခ တစ်စုံတစ်ရာကို တောင်းဆိုသောကြောင့် သူတို့က ပေးဆပ်စရာ အကြွေး တာဝန်ဝန်ထုပ်ပိနေသူများ ဖြစ်ကြလေသလော။

[41] သို့တည်းမဟုတ် သူတို့ထံတွင် အကွယ်၌ရှိသော (အရှင့်ဉာဏ်တော်အနန္တဖြင့် မှတ်တမ်းတင်ထားတော်မူသော မဟာမှတ်တမ်းတော်ဆိုင်ရာ) ပညာရှိနေသောကြောင့် သူတို့က (ထိုသို့စွပ်စွဲနိုင်ရန်) ယင်းကို ရေးမှတ်နေကြလေသလော။

[42] သို့တည်းမဟုတ် သူတို့သည် (တမန်တော်မြတ်၏အရှင့်အမိန့်တော်အား လူသားထံအရောက် သွန်သင် ပို့ချခြင်းတာဝန်၌ အ​ရေးနိမ့်စေရန် အကွက်ဆင်၍) အကြံအစည်တစ်ခုကို ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ဖြစ်လျှင် မယုံကြည်သူ (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည်ပင် လျှင် သူတို့၏အကြံ အစည်များထဲ၌ ချောင်ပိတ်မိ၍ ငြိစွန်းလျက်) ရှိနေကြ၏။

[43] သို့တည်းမဟုတ် သူတို့အတွက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ထိုက်သော ကိုးကွယ်ရာ အရှင်တစ်ပါးပါးရှိလေသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့က အရှင်မြတ်နှင့်တွဲဖက်နှိုင်း၍ ကိုးကွယ်ကြသော ကိုးကွယ်ရာများမှ ကင်းရှင်းတော်မူကြောင်းနှင့် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[44] (မည်သို့ဆိုစေ၊ ခေါင်းမာမာဖြင့် အမှန်တရားကို တစ်ဇွတ်ထိုး ငြင်းပယ်လိုသူများလည်းရှိ၏) အကယ်၍ သူတို့သည် မိုးကောင်းကင်၏အစိတ်အပိုင်းတစ်ခုခုသည် (သူတို့ခေါင်းပေါ်) ကျရောက်လာ သည်ကို မြင်တွေ့ ကြသော်ငြားလည်း (ယင်းကို အမှန်တရားကို ဖီဆန်ငြင်းပယ်ခြင်း၏အကျိုးဆက်အဖြစ် မမြင်ဘဲ ဤသည်) တိမ်တိုက်ပုံ (အစိုင်အခဲပုံ) သာ ဖြစ်သည်ဟု ပြောဆိုကြလိမ့်မည်။

[45] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) “သူတို့အား ယင်း၌ သေကိန်းဆိုက်ရောက် (၍ ပြစ်ဒဏ်သင့်) မည့် သူတို့၏နေ့နှင့်ကြုံတွေ့ရသည်အထိ စွန့်လွှတ်၍ ဥပေက္ခာပြု၍ လွတ်ထားလော့။

[46] ထိုနေ့တွင် သူတို့၏အကြံအစည်များသည် သူတို့အတွက် မည်သို့မျှ အသုံးဝင်အရာရောက် မည်မဟုတ်သည့်အပြင် သူတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

[47] ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသောသူတို့အတွက် ထိုထက်မက (များပြားသော) ပြစ်ဒဏ်သင့်စေတော်မူလိမ့်မည် သို့ရာတွင် သူတို့အနက် အများစုသည် သိနားလည်ကြသည် မဟုတ်ပေ။

[48] (သို့ဖြစ်ပေရာ) အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်၏။ ထို့ပြင် အသင်သည် (ဆွလာသ်ဝတ်ပြုမှုအတွက်) ရပ်တည်စဉ်ကာလ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်း ကျေးဇူးတင်ခြင်း နှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော် မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်း တို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

[49] ထို့ပြင် အသင်သည် ညပိုင်းတွင်လည်းကောင်း၊ ကြယ်တာရာများ ဆုတ်ခွာ (ကွယ်ပျောက်သွား) သည့် နောက်ပိုင်းတွင်လည်းကောင်း၊ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

ကြယ်

Surah 53

[1] (ငါအရှင်မြတ်သည်) ကြယ်တာရာအား (ယင်း၏) ကျဆင်းပျောက်ကွယ်သွားစဉ် (အခြေအနေ) ကို သက်သေထူတော်မူ၏။

[2] သင်တို့၏အဖော် (တမန်တော်မြတ်မုဟမ္မဒ်) သည် လမ်းလွဲခဲ့သည် မဟုတ်သည့်အပြင် မှားယွင်းသောအရာ (ယုံကြည်မှုနှင့်လုပ်ရပ်) ပေါ် ရပ်တည်လိုက်နာခဲ့သည်လည်း မဟုတ်ပေ။

[3] ထို့ပြင် ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်) သည် စိတ်အလိုဆန္ဒအရ (သူပြောလိုသည်ကို မည်သည့် အခါမျှ) ပြောဆိုလေ့ရှိသည် မဟုတ်ပေ။

[4] ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်) က (သင်တို့အား သွန်သင်ပို့ချသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ) ထုတ်ပြန်ချမှတ်ပေးအပ်သော ထုတ်ပြန်ချက် (ဝဟီအမိန့်ပညတ်ချက်) များမှအပ အခြား မဟုတ်ပေ။

[5] ထိုအဖော်အား သင်ကြားပို့ချခဲ့သောသူသည် (အရှင်မြတ်ခန့်အပ်တော်မူသည့် ကောင်းကင်စေတမန် ဂျီဗ်ရီးလ်ခေါ်) တိကျခိုင်လုံမြဲမြံသော စွမ်းရည်ပိုင်ရှင်ပင် ဖြစ်၏။

[6] (တမန်တော်မြတ်မုဟမ္မဒ်သည် အရှင့်ဉာဏ်တော်အနန္တမှ ချီးမြှင့်တော်မူသော ပြည့်ဝသည့် ကိုယ်ကျင့်တရား၊ သီလ၊ ယုံကြည်မှုနှင့်စိတ်ရင်းစေတနာသန့်ရှင်းဖြူစင်မှုတို့အပြင် ဝဟီအမိန့်တော်များကို လက်ခံရယူနိုင်သော) ခိုင်မာပြတ်သားသည့် အရည်အချင်းပိုင်ရှင်ဖြစ်သောကြောင့် (အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် စိတ်ဝိဉာဏ်များထဲသို့ တိုးဖောက်ဝင်နိုင်စွမ်းရှိသော အရှင့်စေတမန်က အရှင့်အမိန့်တော်များကို) တိကျပြတ်သား၍ ထင်ရှား ရှင်းလင်းစွာ ပို့ချနိုင်ခဲ့၏။

[7] (တမန်တော်မြတ်မုဟမ္မဒ်သည် အရှင့်ဉာဏ်တော်အနန္တမှ ချမှတ်ပေးအပ်တော်မူသော ဝဟီအမိန့်တော် ထုတ် ပြန်ပို့ချခြင်းခံရမှုကြောင့် လူ့ဉာဏ်ရည်မမီနိုင်သော) မိုးကုပ်စက်ဝိုင်းအထိ လွှမ်းခြုံသိနိုင်သော အထွတ်အမြတ်ဆုံးသို့ ရောက်ခဲ့၏။

[8] ထို့နောက် သူသည် (စကြဝဠာဆိုင်ရာ ပကတိအမှန်တရားများနှင့်အနီးစပ်ဆုံးဖြစ်ပြီး အရှင့်အမိန့်တော်များနှင့်နိယာမတရားများကိုလည်း ဂဃနဏ သိနားလည်လျက် လူသားတို့အား ရှင်းပြနိုင်ရန် သာမန် လူသား အဆင့်သို့) ချဉ်းကပ်လာသောကြောင့် (လူသားတို့နှင့်) သဟဇာတအဖြစ်ဆုံး အဆင့်သို့ ချဉ်းကပ်လာခဲ့၏။

[9] ထိုသို့ပင် (ကောင်းကင်စေတမန် ဂျီဗ်ရီးလ်နှင့်တမန်တော်မြတ်တို့၏) အကွာအဝေးသည်လည်း လေးနှစ် ပြန်မျှသာ သို့တည်းမဟုတ် ထို့ထက်ပင် ပိုမို၍ နီးကပ်စွာရှိ (သောကြောင့် ဒွိဟသံသယ ဖြစ်စရာ အကြောင်း မရှိနိုင်အောင် အရှင့်အမိန့်တော်များကို တိကျရှင်းလင်းစွာ လက်ခံရယူနိုင်) ခဲ့၏။

[10] ထိုသို့ဖြင့် ထိုအရှင်မြတ်သည် အရှင့်အစေခံ၊ အမှုတော်ဆောင် (မုဟမ္မဒ်) ထံသို့ ထုတ်ပြန်ပို့ချပေးတော်မူ စရာဟူသမျှကို ဝဟီအမိန့်ထုတ်ပြန်ချက်များကို ထုတ်ပြန်ပို့ချ၍ ချမှတ်ပေးအပ်တော်မူလေ၏။

[11] (တမန်တော်မြတ်၏) စိတ်နှလုံးသည် သူက မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သော အရာများနှင့်ကွဲလွဲ ဆန့် ကျင်စရာအကြောင်း မရှိခဲ့ပေ။

[12] သို့ပါလျက် သင်တို့သည် တမန်တော်မြတ်က တွေ့မြင်ခဲ့သောအရာများနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် ငြင်းခုံလိုကြလေသလော။

[13] ထို့ပြင် ဧကန်ပင်၊ တမန်တော်မြတ်သည် ကောင်းကင်စေတမန် (ဂျီဗ်ရီးလ်) အား ဒုတိယအကြိမ် ဆင်းသက်ရာစဉ်လည်း တွေ့မြင်ခဲ့၏။

[14] (အရှင့်အမိန့်ခွင့်ပြုချက်ဖြင့် လူသားတို့ ဉာဏ်ရည်မမီနိုင်သော) စည်းဘောင်၏အစွန်အဖျား၌ရှိသော (အရှင့်အရိပ်အာဝါသ၊ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုသော) ဆီးပင်၏အနီးအနားတွင် ဖြစ်၏။

[15] ယင်းဆီးပင်၏အနီး၌ပင် ခိုလှုံစရာနှင့်နေထိုင်စရာဖြစ်သော သုခဥယျာဉ် ရှိ၏။

[16] (အရှင့်အရိပ်အာဝါသ၊ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုသော) ဆီးပင်ကို လွှမ်းခြုံဖုံးကွယ်စေသောအရာအား လွှမ်းခြုံဖုံးကွယ်ထားသည့်အခါ။

[17] (တမန်တော်မြတ်၏အမြင်အာရုံသည် အရှင့်လုံခြုံမှုစက်ကွင်းအတွင်းရှိနေသောကြောင့် မည်သည့်အရာကို မြင်သည်ဖြစ်စေ၊ မည်သည့်နေရာ၌ မြင်သည်ဖြစ်စေ၊ အမှန်တရားမှအပ အခြားမဖြစ်နိုင်ပေ) အမြင်အာရုံသည် လွဲချော်စရာမရှိသည့်အပြင် စည်းဘောင်ကျော်လွန်၍ မှားနိုင်စရာအကြောင်းလည်း မရှိချေ။

[18] ဧကန်မလွဲ၊ တမန်တော်မြတ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အကြီးကျယ်ဆုံးသော အာယသ် (သက်သေလက္ခဏာတော်များအနက်မှပင် တွေ့မြင်ခဲ့ခြင်း သာ ဖြစ်၏။)

[19] (ထိုအရာကို နှိုင်းယှဉ်ကြည့်ဖြင့်) သင်တို့သည် (သင်တို့၏ရုပ်တုဆင့်ပွားများဖြစ်သော) လားတ်နှင့်အွဇ္ဇာ တို့ကိုလည်း (ထိုသို့ပင်) တွေ့မြင်ဆင်ခြင် သုံးသပ်ကြလေသလော။

[20] ထို့ပြင် အခြား (ရုပ်တုတစ်ခု ဖြစ်သော) တတိယမြောက်ရုပ်ပွားမနားတ်ကိုလည်း (ထိုသို့ပင် တွေ့မြင် ဆင်ခြင်သုံးသပ်ကြလေသလော)။

[21] သင်တို့အတွက် သားရတနာများ ရှိစေလို၍ ထိုအရှင်မြတ်အတွက် သမီးရတနာများကို ဖန်တီးလိုကြသလော။

[22] ဤသည်ကား လွန်စွာမမျှတ (မလျော်ကန်) သော ခွဲတမ်းခွဲဝေမှုပင် ဖြစ်၏ ။

[23] (အမျိုးသမီး၏မျက်နှာထားဖြင့် ဖန်တီးထားသော ရုပ်ပွားဆင်းတုများဖြစ်ကြသည့်) သူတို့သည် သင်တို့ ကိုယ်တိုင်နှင့်သင်တို့၏ဘိုး ဘေးဘီဘင်တို့က (ဖိရိုဖလာအဖြစ်) ဖန်တီး၍ မှည့်ခေါ်ထားသော အမည်များ (အခေါ်အဝေါ်) များမှအပ အခြားမည်သည့်အနစ်သာရမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (သူတို့ယုံကြည်ကိုး ကွယ်နေကြသော) ထိုကိုးကွယ်ရာများနှင့်စပ်လျဉ်း၍ မည်သည့်အခွင့်အာဏာ (သက်သေအထောက်အထား) တစ်စုံတစ်ရာကိုမျှပင် ချမှတ်ပေးအပ်တော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာ သူတို့သည်ကား ထင်မြင်ယူဆချက် နှင့်စိတ်အလိုဆန္ဒရမ္မက်များ နောက်ကိုသာလျှင် တကောက်ကောက် လိုက်နေခြင်း ဖြစ်၏။ သို့ရာတွင် သူတို့ထံသို့ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ လမ်းညွှန်တော် ရောက်ရှိလာခဲ့ပြီ (ဖြစ်၍ ထိုလမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်သင့်၏။)

[24] သို့တည်းမဟုတ် မနုဿလူသားအတွက် အငမ်းမရ မက်မောတောင့်တသမျှ ရယူ ခံစားသင့်သလော။

[25] သို့ရာတွင် (လူသားတို့သည် တဏှာရမ္မက်ဖြည့်ဆည်းမှုထက် ပျော်ရွှင်သုခအဖြာဖြာဖြင့် ထာဝရစံစား နိုင်ရန်လည်း အမှုထမ်းသင့်၏။ အကြောင်းမှာ) နောင်တမလွန်ဘဝနှင့် ယခင် (ပထမလောကီ) ဘဝတို့သည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းအမိန့်တော်များနှင့်အညီ လိုက်နာသူတို့) အတွက်သာ ဖြစ်၏။

[26] စင်စစ်သော်ကား မိုးကောင်းကင်များ၌ မလာအီကာ ကောင်ကင်စေတမန်များ မည်ရွေ့မည်မျှ မြောက်မြားစွာ ရှိနေကြသည်ဖြစ်စေ၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူက အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်နှင့်ထိုအရှင်မြတ်က သဘောကျနှစ်သက်တော်မူကြောင်း အတည်ပြုချက်ရပြီး နောက်တွင်မှအပ (အခြားမည်သူ တစ်ဦးတစ်ယောက်မျှ) သူတို့အတွက် ကြားဝင်အသနားခံပေးခြင်းသည် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။

[27] ဧကန်စင်စစ်၊ တမလွန်ကို မယုံကြည်သော သူတို့သည် မလာအီကာ ကောင်ကင်စေတမန်များအား အမျိုးသမီးများ၏အမည်နာမ (နတ်သမီး) များဖြင့် မှည့်ခေါ်ကြ၏။

[28] စင်စစ်သော်ကား ယင်းနှင့်စပ်လျဉ်း၍ သူတို့၌ မည်သည့် (သက်သေအထောက်အထားနှင့်စစ်မှန်သော) အသိပညာမျှ မရှိဘဲ ထင်မြင်ယူဆချက် နောက်ကိုသာလျှင် တကောက်ကောက် လိုက်နေခြင်း ဖြစ်၏။ ဧကန်စင် စစ်၊ ထင်မြင်ယူဆချက်များသည်ကား အမှန်တရားနှင့်နှိုင်းယှဉ်လျှင် မည်သို့မျှ အသုံးဝင် အရာရောက်သည် မဟုတ်ပေ။

[29] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်ထံမှ မျက်နှာလွှဲကျောခိုင်းရုံသာမက (ဆုံးမဩဝါဒများ ပါဝင်သည့်) ငါအရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ကိုလည်း ကျောခိုင်း သူအား ဥပေက္ခာပြုထားလော့။ သူတို့သည် လောကီဘဝသက်တမ်းကို လိုလားခြင်းမှအပ အခြား မည်သည်ကိုမျှ မည်သည့်အခါမျှ ရည်ရွယ်လိုလားကြသည် မဟုတ်ပေ။

[30] ထိုကဲ့သို့ပင် (သူတို့သည် အရာခပ်သိမ်း၏အပေါ်ယံနှင့်အကန့်အသတ်ဖြင့်ရှိသည်ကိုသာ အလေးအနက် မတွေးခေါ်ဘဲ လက်ခံလျက် မိစ္ဆာတရားနှင့်မတည်မြဲသော လောကီကိုသာ လိုလားမက်မောနေခြင်းသည်ပင်) သူတို့၏အသိပညာပေါင်းချုပ် ဖြစ်နေ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက အရှင့်လမ်းစဉ်တော်မှ လွဲချော်၍ လမ်းမှားရောက်နေသည်ကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မည်သူက တရားလမ်းမှန် ညွှန်ပြခြင်း ခံရသည်ကိုလည် အသိတော်မူဆုံး ဖြစ်တော်မူ၏။

[31] ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာတို့သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများဖြစ်ပြီး အရှင်မြတ်သာ ပိုင်ဆိုင်တော်မူရုံသာမက အရှင့်စည်း မျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် (မည်သူက လမ်းမှားရောက်နေ၍ မည်သူက တရားလမ်းမှန်ပေါ်ရှိသည်ကို အကြွင်းမဲ့ သိတော်မူသည့်အလျှောက်) မကောင်းမှုဒုစရိုက် ကျူးလွန်သော သူတို့အား သူတို့၏ပြုမူကျင့်ကြံမှုနှင့်အညီ (အကျိုးဆက်အဖြစ် ပြစ်ဒဏ်ကို) ပေးဆပ်စေတော်မူရန်နှင့်အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့ကို့လည်း အကောင်းမြတ်ဆုံးဆုလဒ်ဖြင့် အစားပေးတော်မူရန်အတွက်ပင် ဖြစ်၏။

[32] (ထိုသူတို့သည်ကား မတော်တဆပြုမိသော) အမှားအယွင်းအသေးအဖွဲများမှအပ ကြီးလေးသော ပြစ်မှု နှင့် (မကြားဝံ့မနာမှု) ညစ်ညမ်းမှုတို့မှလည်း (အထူး) ရှောင်ကြဉ်ကြ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်ကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ကျက်ထားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် သင်တို့အား မြေကမ္ဘာ (၏အမှုန်) မှ စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့စဉ် သင်တို့၏အခြေအနေကိုလည်းကောင်း၊ သင်တို့က သင်တို့မိခင်များ၏ဝမ်းကြာတိုက်အတွင်း သန္ဓေသားတည်ခါစအချိန်၌ရှိသော အခြေအနေများကိုလည်းကောင်း၊ အသိတော်မူဆုံး ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (အပြစ်ကင်း၍ မြင့်မြတ်သည်ဟု မှတ်ယူလျက်) စင်ကြယ်သန့်ရှင်းသည်ဟု မထင်ကြလေနှင့်။ ထိုအရှင်မြတ်သည်သာ မည်သူက အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူ၏။

[33] (အို၊ ရစူလ်တမန်တော်) သင်သည် (သင်၏ဖိတ်ခေါ်မှုမှ မျက်နှာလွဲကျောခိုင်းသူအား မတွေ့မမြင် မဆင် ခြင်ခဲ့လေသလော။)

[34] ထိုသူသည် (ဆင်းရဲနွမ်းပါးသူတို့အတွက်) အနည်းငယ်မျှ (သောပစ္စည်း) ကိုပေး၍ (ယခု) ပိတ်ပင်ခဲ့၏။

[35] သူ့ထံတွင် (အနာဂတ်၌ မည်သို့ဖြစ်ပျက်မည်ကို ကုန်စင်အောင် သိနိုင်ရန်) အကွယ်၌ရှိသည်ကို သိစွမ်း နိုင်သော အသိပညာရှိနေသောကြောင့် သူသည် တွေ့မြင်လေသလော။

[36] သို့တည်းမဟုတ် သူသည် တမန်တော်မူဆာ၏ကျမ်းစာများ၌ လာရှိသည်ကို လိုက်နာရန်အပါအဝင် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ သတင်းပေးခဲ့ပြီ မဟုတ်လော။

[37] (အမိန့်တော်များနှင့်တာဝန်အားလုံးကို) ကျေပွန်စွာဆောင်ရွက်ဖြည့်ဆည်းခဲ့သော တမန်တော်အီဗ်ရာဟီမ်၏ကျမ်းစာများ၌ လာရှိသည်ကိုလည်း သတင်းပေးခဲ့ပြီ မဟုတ်လော။

[38] အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။

[39] ဧကန်မလွဲ၊ မနုဿလူသားအတွက် သူကြိုးပမ်းအားထုတ်လုပ်ကိုင်ဆောင်ရွက်သည်မှအပ (မည်သည်ကို မျှ မလုပ်ကိုင်မဆောင်ရွက်ဘဲ) အကျိုးအမြတ် ရရှိသည် မဟုတ်ပေ၊

[40] မုချဧကန်၊ လူသား၏ကြိုးပမ်းအားထုတ် (မှုဆိုင်ရာ အသီးအပွင့်အကျိုးရလဒ်) ဟူသမျှကို မကြာမီပင် တွေ့မြင်ရလိမ့်မည်။

[41] ထို့နောက် လူသားသည် ယင်း (ကြိုးပမ်းအားထုတ်မှု) နှင့်စပ်လျဉ်း၍ အပြည့်ဝဆုံးသော အစားပေးခြင်းကို ခံရလိမ့်မည်။

[42] ထို့ပြင် (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ အရာခပ်သိမ်းတို့၏အဆုံးသတ်ပန်းတိုင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။

[43] ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် (အရှင့်ဆန္ဒတော်၊ တန်ခိုးအာနုဘော် ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်ကြောင့်) ရယ်ရွှင်စေတော်မူသောအရှင်၊ ငိုကြွေးစေတော်မူသောအရှင် ဖြစ်တော်မူ၏။

[44] ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်နှင့် ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်အရ) သေစေတော်မူသည့်အရှင်၊ သက်ဝင်စေလျက် ရှင်စေတော်မူသည့်အရှင် ဖြစ်တော်မူ၏။

[45] ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် (အရာခပ်သိမ်းတို့ကို အဖိုအမ၊ အမအထီး၊ အပေါင်းအနုတ် စသည် ဖြင့်) ဒွိယံဒွိယံ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏၊

[46] ကလလရေကြည်မှ၊ ယင်းကို ထုတ်လွှတ်စေသည့်အခါ။

[47] ထို့ပြင် မုချဧကန်၊ ဒုတိယအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည်လည်း ထိုအရှင်မြတ် (၏ တန်ခိုး တော်နှင့်ဆန္ဒတော်) ပေါ်တွင်သာမူတည်နေ၏။

[48] ဧကန်ပင်၊ ထိုအရှင်မြတ်သည် ကြွယ်ဝချမ်းသာ အလုံးစုံကို အလျှံပယ် ရက်ရက်ချီး မြှင့်တော်မူသော အရှင်ဖြစ်ပြီး (သက်ရှိတို့၏လိုအပ်ချက်အလုံးစုံကို ထောက်ပံ့ပေးအပ်တော်မူခြင်းဖြင့်) ကုံလုံပြည့် စုံတော်မူသော အရှင် ဖြစ်တော်မူ၏။

[49] အမှန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် ရှစ်အ်ရာ အမည်ရှိ ရှေးခေတ်လူတို့က ကိုးကွယ်ကြသည့် တောက်ပသောကြယ်ကို ဖွဲ့စည်းဖြစ်တော်မူသောအရှင်မြတ် (လူသားတို့၏နားလည်နိုင်သည့်ဉာဏ်ရည် ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်) ဖြစ်တော်မူ၏။

[50] ဧကန်မလွဲ၊ ထိုအရှင်မြတ်သည်ပင် ရှေဦးပထမအားဒ် လူမျိူးတို့အား တိမ်ကော ဖျက်ဆီးစေတော်မူခဲ့၏။

[51] (ထိုအရှင်မြတ်သည်ပင်) ဆမူဒ်မျိုးနွယ်ဝင်တို့ကိုလည်း (တိမ်ကောဖျက်ဆီးတော်မူခဲ့ရာ သူတို့အနက်မှ မည်သည့် ရာဇဝတ်မှုကျူးလွန်သူကိုမျှ အသက်ရှင်ခွင့်ပေး၍) ချန်လှပ်ထားတော်မူခဲ့သည် မဟုတ်ပေ။

[52] ထိုနည်းတူစွာ ရှေးယခင်က တမန်တော်နူဟ်၏လူမျိုးတို့ကိုလည်း (တိမ်ကောဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ်၊ သူတို့သည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံရာတွင် ပိုမို၍ အားသန်ကြပြီး အာခံပုန်ကန်သူများ ဖြစ်ကြလေ၏။)

[53] ထို့ပြင် ထိုအရှင်မြတ်သည် (လူးသ်လူမျိုးတို့၏) မြေလှန်ပျက်သုဉ်းခြင်းခံရသောမြို့ရွာများကိုလည်း တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။

[54] ထို့နောက် ဖုံးလွှမ်းဖုံးကွယ်စေသောအရာသည် ယင်း (မြို့ရွာများ) ကို အစဉ်အမြဲအတွက် ဖုံးကွယ်စေခဲ့၏။

[55] သို့ဖြစ်ပေရာ (အို၊ ကြားနာသူ၊) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များ နှင့်စပ်လျဉ်း၍ သံသယဖြစ်လျက် ငြင်းခုံနေကြသနည်း။

[56] ဤ (တမန်တော်) သည် ရှေးခေတ်က သတိပေးနှိုးဆော်သူတို့ကဲ့သို့ပင် သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။

[57] (နောက်ဆုံးအချိန်နာရီဖြစ်သည့် ချဉ်းကပ်) နီးကပ်လာ (ရန်ပြဌာန်းထားသောအရာသည် နီးကပ်၍ လာနေပြီ ဖြစ်၏။)

[58] ယင်း (နီးကပ်လာနေသော နောက်ဆုံးနေ့နာရီ) ကို အလ္လာဟ်အရှင်မြတ်မှအပ ဖယ်ရှားနိုင်သူ (ထုတ်ဖော် ပြောဆိုနိုင်သူ) ဟူ၍ အလျှင်း မရှိပေ။

[59] သင်တို့သည် ဤ (အာယတ်တော်များ အလေးအနက် ထုတ်ဖော်ချက်၊ ဆုံးမဩဝါဒများ၊ သတင်းကောင်းများ၊ လမ်းညွှန်တော်များ၊ သတိပေးချက်များ ပါဝင်သည့်) စကားတော်ကြောင့် အံ့ဩနေကြသလော။

[60] ထို့ပြင် (ဆိုဆုံးမရ ခက်သော ပြစ်မှုဒုစရိုက်ကျူးလွန်သော) သင်တို့သည် ငိုကြွေးခြင်း မရှိကြသည့်အပြင် (ယင်းအစား) ရယ်မောနေကြသလော။

[61] တစ်ဖန် သင်တို့သည် (တမလွန်ဘဝကို ဂရုမစိုက်ဘဲ ကစားခုန်စားခြင်း၊ ဖျော်ဖြေခြင်၊း အပျော်အပါးလိုက်စားခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းဖြင့်) ပျော်ရွှင်မြူးထူးဖြစ်နေကြသလော။

[62] သို့ဖြစ်ပေရာ သင်တို့သည် (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်စည်းမျဉ်းတော်များကို နာခံခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ပျပ်ဝပ်ဦးချကြလော့။ ထို့ပြင် (ထိုအရှင်မြတ်အားသာလျှင်) နာခံကိုးကွယ်ကြလော့။

Surah 54

[1] ရှင်ပြန်ထရမည့် အချိန်နာရီသည် နီးကပ်လာနေပြီး လသည်လည်း (အရှင့်ခွင့်ပြုချက်ဖြင့် နှစ်ခြမ်း) ကွဲခဲ့လေပြီ။

[2] သို့ရာတွင် သူတို့သည်အာယာသ် (သက်သေလက္ခဏာတော်) တစ်စုံတစ်ရာကို တွေ့မြင်ကြလျှင် မျက်နှာလွှဲ ကျောခိုင်းသည့်အပြင် (ဤသည်) ရှေးခေတ်ကပင် အစဉ်အလာအဖြစ် လက်ဆင့်ကမ်းသယ်ဆောင်လာသော မှော်ပယောဂအတတ်ပညာပင် ဖြစ်သည်။” ဟုလည်း စွပ်စွဲပြောဆိုခဲ့ကြ၏။

[3] ထို့ပြင် သူတို့သည် မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး သူတို့၏အလိုဆန္ဒရမ္မက်များ နောက် ကိုသာ တကောက်ကောက်လိုက်ခဲ့ကြ၏။ စင်စစ်၊ သူတို့၏စီမံချက်အရေးကိစ္စတိုင်း၌ (ယင်းအတွက် အမှန်တရားကို ထင်ရှားစေ၍ ဆုံးဖြတ်နိုင်မည့်) သတ်မှတ်ထားသောအချိန်ကာလ ရှိ၏။

[4] ထို့ပြင် ဧကန်မလွဲ၊ ယင်း၌ (သူတို့၏မှားယွင်းသော လမ်းစဉ်များမှ) တားမြစ်ဟန့်တားရန် (လုံလောက်သော သင်ခန်းစာများနှင့်သတိပေးနှိုးဆော်ချက်များပါရှိသော) သတင်းအချက်အလက်များသည် သူတို့ထံ ရောက်ရှိခဲ့ပြီဖြစ်၏။

[5] (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) ပြောမြောက်၍ ပြီးပြည့်စုံသော နက်နဲသိမ်မွေ့သည့် ဉာဏ်ပညာအ မြော်အမြင်ပင် ဖြစ်သော်လည်း သတိပေးနှိုးဆော်ဖွယ်ရာ ထိုသတင်းအချက်အလက်များသည် (အာခံဖီဆန်သော သူတို့အတွက်) အသုံးဝင်၊ အကျိုးရှိစေမည် မဟုတ်ပေ။

[6] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သင်၏ဖိတ်ခေါ်မှုအား အာခံငြင်းပယ်ကြသော) သူတို့ဘက်မှ မျက်နှာလွှဲ၍ လှည့်သွားလော့။ ဆင့်ခေါ်သူက (လူသားအားလုံးကို ထူးခြားသော) ကြောက်မက်ဖွယ်ရာ ကိစ္စရပ် (အစစ်ဆေးခံခြင်း) ဘက်သို့ ဆင့်ခေါ်မည့် ထိုနေ့ရောက်လာ လိမ့်မည်။

[7] (ထိုနေ့တွင်) သူတို့သည် ကျိုင်းကောင်များ အပြေးအလွှား ဖြန့်ကြဲနေသကဲ့သို့ပင် သူတို့၏သင်္ချိုင်းများမှ ထွက်လာ၍ (စိတ်ဓါတ်ကျဆင်းလျက်) မျက်စိ (မျက်လွှာ) များကို ကျိုးနွံစွာ အောက်စိုက်ချထားလျက် ရှိကြပေမည်။

[8] (ထို့နောက်) ဆင့်ခေါ်သူဘက်သို့ အပြေးအလွှား အပြိုင်အဆိုင် (နာခံမှုအပြည့်ဖြင့်) ရှေ့တိုးကြပေမည်။ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့က ဤနေ့သည်ကား လွန်စွာ ခက်ထန်သောနေ့ဖြစ်သည်။” ဟု ပြောဆိုကြလိမ့်မည်။

[9] သူတို့အလျင် တမန်တော်နူးဟ်၏လူမျိုးတို့သည်လည်း မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသည့်အပြင် ငါအရှင်မြတ်၏အစေခံ၊ အမှုတော်ဆောင်ကိုလည်း ငြင်းပယ်ကြ၍ “စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲ ပြောဆိုကာ (ပမာမခန့်ပြောရုံသာမက ဟောပြောခြင်းကိုလည် ပိတ်ပင်တားဆီးလျက်) ပြစ်တင်မောင်းမဲကြလေ၏။

[10] ထို့နောက် တမန်တော်နူးဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ “(အို၊ အရှင်မြတ်) ဧကန်စင်စစ်၊ ကျွန်ုပ်သည် အနိုင်ကျင့် (ဖိနှိပ်) ခြင်းကိုခံနေရပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်ုပ်အား ကူညီတော်မူပါ။” ဟု ဆုတောင်း ပန်ကြားခဲ့လေ၏။

[11] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ သွန်းလောင်းခြင်းခံရသော ရေဖြင့် မိုးသည်းထန်စွာ သွန်းချစေတော်မူ၏။

[12] ထို့ပြင် ငါအရှင်မြတ်သည် မြေကမ္ဘာမှ စမ်းချောင်းများကို ပန်းထွက်စေတော်မူခဲ့သောကြောင့် (ကောင်း ကင်ယံနှင့်စမ်းချောင်းတို့မှ) ရေသည် သတ်မှတ်ပြဌာန်းတော်မူပြီဖြစ်သော စီမံချက်အရေးကိစ္စ (အား အကောင်အတည်ဖော်စေတော်မူရန်) အတွက် ပေါင်းဆုံကြလေ၏။

[13] တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်နူးဟ်အား သစ်သားပျဉ်ပြားများနှင့်သံများဖြင့် ဆောက်လုပ်ထားသောရေယာဉ် (သင်္ဘော) ပေါ်သို့ စီးနင်းသယ်ယူစေတော်မူခဲ့၏။

[14] ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏မျက်မှောက်တော်၌ စောင့်ရှောက်တော်မူခြင်းခံရလျက် ငြင်းပယ်ခြင်း ခံခဲ့ရသောသူ (တမန်တော်နူဟ်) အား အကျိုးဆုလဒ်ချီးမြှင့်တော်မူသည့်အနေဖြင့် (ရေစီးကြောင်းအတိုင်း) စီးဆင်းသွားစေတော်မူခဲ့၏။

[15] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (ယင်းအဖြစ်အပျက်နှင့်ဆက်နွယ်သည့် အမှန်တရား ဆိုင်ရာ) အာယသ်သက်သေလက္ခဏာတော်တစ်ရပ်အဖြစ် (လှေကြီးကို ယနေ့အထိ) ကျန်ရစ်ချန် ထားစေတော်မူခဲ့ရာ၊ (သင်တို့အနက်မှ သင်ခန်းစာရယူလျက် အရှင်မြတ်ကို (သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟသူ တစ်ဦးတစ်ယောက် ရှိလေသလော။)

[16] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့်သတိပေးနှိုးဆော်စေမှုများသည် မည်သို့မည်ပုံ ပြင်းထန် မှန်ကန်သည်ကို (ဆင်ခြင်သုံး သပ်ကြလော့)။

[17] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆုံးမဩဝါဒရလျက် သတိရ တသ ၍ ထုတ်ဖော်ဖွင့်ဟနိုင်အတွက် (လူသားတို့၏ဘာသာစကားဖြစ်သော အာရဗီစာပေဖြင့် ချမှတ်ပေးအပ်၍) လွယ်ကူစေတော်မူခဲ့ရာ (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက်) တရားရယူလိုသူ တစ်ဦးတစ်ယောက် ရှိသလော။

[18] အာဒ်အမျိုးသားတို့သည်လည်း မဟုတ်မမှန် ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်နှင့်ငါအရှင်မြတ်၏သတိပေး နှိုးဆော်မှုများသည် မည်သို့ ရှိခဲ့ပေသနည်း။

[19] စင်စစ်ဧကန်၊ ငါအရှင်မြတ်သည် ယင်းတို့အပေါ် ၌ အဓွန့်ရှည်စွာ မင်္ဂလာကင်းမဲ့သောနေ့တွင် ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။

[20] ယင်းလေပြင်းမုန်တိုင်းမှာ လူတို့အား ဆွဲနှုတ်ခဲ့လေရာ ယင်းတို့သည် အမြစ်မှ ပြုတ်ထွက်၍ ပြိုလဲခဲ့သော စွန်ပလွံပင်၏ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြ၏။

[21] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် လည်းကောင်း၊ ငါအရှင်မြတ်၏သတိပေးနှိုးဆော်မှုများသည်လည်းကောင်း၊ မည်သို့ရှိခဲ့သနည်း။

[22] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆုံးမဩဝါဒရလျက် သတိရ တသ ၍ ထုတ်ဖော်ဖွင့်ဟနိုင်အတွက် (လူသားတို့၏ဘာသာစကားဖြစ်သော အာရဗီစာပေဖြင့် ချမှတ်ပေးအပ်၍) လွယ်ကူစေတော်မူခဲ့ရာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် တရားရယူလိုသူ တစ်ဦးတစ်ယောက်ရှိသလော။

[23] ဆမူးဒ်လူမျိူးတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မဟုတ်မရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြရာ ငါအရှင်မြတ်၏ပြစ်ဒဏ်နှင့်သတိပေးနှိုးဆော်စေမှုများသည် မည်သို့မည်ပုံ ပြင်းထန် မှန်ကန်သည်ကို (ဆင်ခြင်သုံးသပ်ကြလော့)။

[24] ထို့ပြင် သူတို့က “ကျွန်ုပ်သည် ကျွန်ုပ်တို့၏လူမျိုးများအနက် တစ်ဦးတည်းသော (သေမျိုးဖြစ်သည့်) လူသားတစ်၏နောက်သို့လိုက်ကြရမည်လော။ သို့ဖြစ်လျှင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် လမ်းမှားရောက်မှုနှင့်စိတ်မနှံ့သောအပြုအမူတို့၌ (တဝဲလည်လည်ဆုံးရှုံးနစ်နာလျက်) ရှိကြလိမ့်မည်။” ဟု ပြောဆိုခဲ့ကြ၏။

[25] ကျွန်ုပ်တို့အနက်မှ သူ့အပေါ်၌သာ (ရွေးကောက်၍) ဆုံးမသြဝါဒတော်နှင့်သတိပေးနှိုးဆော်ချက်များပါဝင်သော သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာကို ချမှတ်ပေးအပ်ခြင်း ခံရလေသလော။ ထိုသို့ အလျှင်းမဟုတ်။ အမှန်မှာ သူသည် (ကျွန်ုပ်တို့က မြင့်မြတ်ကြောင်းကို ကြွေးကြော်လျက်) ယုံကြည်မှုလွန်ကဲသော လူဝါးဝသူတစ်ဦးသာ ဖြစ်သည်။” ဟုလည်း စွပ်စွဲပြောဆိုခဲ့ကြ၏။

[26] သူတို့က “မည်သူသည် (အရှင်မြတ် အရှင့်တမန်တော်နှင့်အရှင့်အမိန့်တော်များကို) ပမာမခန့်ပြုလျက် (စိတ်ကြီးဝင်နေ၍) မဟုတ်မတရားလိမ်လည်စွပ်စွဲသော မုသာဝါဒီဖြစ်ကြောင်း မနက်ဖြန်ပင် (မကြာမီကာလအတွင်း) သိလာကြလိမ့်မည်။” (ဟု အရှင်မြတ်က တမန်တော်အား နှစ်သိမ့်စကားပြောတော်မူ၏။)

[27] ဧကန်အမှန်၊ ငါအရှင်မြတ်သည် (သူတို့က အသင့်ထံမှ သဘဝလွန်အံ့ဖွယ်တစ်ခုကို မရမက ခေါင်းမာမာ ဖြင့်တောင်းဆိုနေသည်ကို တုံ့ပြန်သောအားဖြင့်) သူတို့အတွက် စမ်းသပ်တော်မူမှုအဖြစ် ကုလားအုတ်မကို စေလွှတ်တော်မူခဲ့ရာ (အို၊ နဗီတမန်တော် ဆွာလစ်ဟ်) အသင်သည် (သူတို့က အသင့်အပေါ် ပမာမခန့်ပြုလျက် ပြုမူဆက်ဆံခြင်းနှင့်စပ်လျဉ်း၍) သူတို့ကို သတိထားစောင့်ကြည့်လျက် (အခက်အခဲဟူသမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။

[28] ထို့ပြင် “အသင်သည် (သူတို့အား) ရေကို သူတို့ကြားတွင် ခွဲတမ်းအသီးသီးဖြင့် ခွဲဝေသုံးစွဲရန်နှင့်သောက်သုံးရန် ခွဲတမ်းသတ်မှတ်ပေးခြင်းခံသူတိုင်းက သူအလှည့်နှင်အညီ သောက်သုံးရမည်ဖြစ်ကြောင်း အကြောင်းကြား အသိပေးလော့။” ဟု အရှင်မြတ်က တမန်တော်အား မိန့်တော်မူ၏။

[29] သို့ရာတွင် သူတို့သည် (သူတို့၏အလှည့်ကို မစောင့်ဆိုင်းဘဲ ကုလားအုတ်မကို သတ်ဖြတ်ရန် ကြံစည် လျက် ဂိုဏ်းခေါင်ဆောင် ကိုးဦးအနက်မှ တစ်ဦးဖြစ်သော) သူတို့၏အပေါင်းအဖော်အား ဖိတ်ခေါ်ခဲ့ရာ သူရောက်လာပြီးလျှင် ကုလားအုတ်မ၏တံကောက်ကြောကို ဖြတ်တောက်ခဲ့သောကြောင့် (မကောင်းသော လုပ်ရပ်ကို) အရဲစွန့် လုပ်ဆောင်သူ ဖြစ်ခဲ့လေ၏။

[30] သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်နှင့်သတိပေးနှိုးဆော်စေမှုများသည် မည်သို့မည်ပုံ ပြင်းထန် မှန် ကန်သည်ကို (ဆင်ခြင်သုံး သပ်ကြလော့)။

[31] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သူတို့အပေါ်၌ ပြင်းထန်သော (ငလျှင်) ပေါက်ကွဲသံတစ်ခုကို တာဝန် ပေးစေလွှတ်တော်မူခဲ့ရာ သူတို့သည် (ကျွဲ၊ နွား၊ သိုး၊ စသော တိရစ္ဆာန်များအတွက် ခြံခတ်ထားသော ခြံ၏) သစ်ခက်များ (နှစ်ရှည်လများ နေ၊ လေနှင့်မိုးရေဒဏ်ကြောင့်) ခြောက်သွေ့၍ တစ်စစီကျိုးပဲ့ ကြေမွလျက် ပြိုလဲနေသကဲ့သို့ ရှိခဲ့ကြ၏။

[32] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆုံးမဩဝါဒရလျက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်အတွက် (လူသားတို့၏ဘာသာစကားဖြစ်သော အာရဗီစာပေဖြင့် ချမှတ်ပေးအပ်၍) လွယ်ကူစေတော်မူခဲ့ရာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် တရားရယူလိုသူ တစ်ဦးတစ်ယောက်ရှိသလော။

[33] တမန်တော်လူးသ်၏လူမျိူးတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မဟုတ်မတရား လိမ်လည်စွပ် စွဲ၍ ငြင်းပယ်ခဲ့ကြရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့်သတိပေးနှိုးဆော်စေမှုများသည် မည်သို့မည်ပုံ ပြင်းထန် မှန်ကန်သည်ကို (ဆင်ခြင်သုံးသပ်ကြလော့)။

[34] ဧကန်အမှန်၊ ငါအရှင်မြတ်သည် တမန်တော်လူးသ်၏မိသားစုနောက်လိုက်များမှ (အခြားလူအားလုံးကို တိမ်တော်ဖျက်ဆီးစေတော်မူရန်) ကျောက်ခဲလေမုန်တိုင်းအား စေစားစေလွှတ်တော်မူခဲ့ရာ (တမန်တော်လူးသ်၏မိသားစုနှင့်နောက်လိုက်များဖြစ်ကြသော) သူတို့ကိုမူ နံနက်အာရုဏ်မတက်မီ ကယ်တင်တော်မူခဲ့၏။

[35] (ထိုသို့ ကယ်တင်တော်မူခြင်းသည်) ငါအရှင်မြတ်ထံတော်မှ ကျေးဇူးပြုတော်ဖြင့် ဂုဏ်ပေးတော်မူခြင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သောသူအား ထိုနည်းအတိုင်းပင် (ဆုလဒ်တော်များဖြင့်) အစားပေးတော်မူ၏။

[36] စင်စစ်သော်ကား ဧကန်မလွဲ၊ တမန်တော်လူးသ်သည် ငါအရှင်မြတ်က သူတို့အား ဖမ်းဆီးအရေး ယူတော်မူမည်ဖြစ်ကြောင်းကို ကြိုတင်သတိပေးနှိုးဆော်ခဲ့သော်လည်း သူတို့သည် ထိုသတိပေးနှိုးဆော်မှုများ နှင့်စပ်လျဉ်း၍ ငြင်းခုံငြင်းပယ်ခဲ့ကြ၏။

[37] ထို့ပြင် သူတို့သည် (တမန်တော်လူးသ် အစဉ်အမြဲ စော်ကားခဲ့ရုံသာမက) တမန်တော်လူးသ်၏ဧည့် သည်တော်များကို (လည်း မကြားဝံ့မနာသာဖွယ်လုပ်ရပ်ဖြင့် စော်ကားနိုင်ရန် ရည်ရွယ်လျက်) တောင်းဆိုခဲ့ကြရာ (ငါအရှင်မြတ်သည်) သူတို့၏မျက်စိများကို (သူ့တို့အား အမှန်တရားကို မြင် စေတော်မူသော ကရုဏာတော်မှ ဝေးကွာစေလျက်) ကန်းစေတော်မူခဲ့၏။ ထို့နောက် အရှင်မြတ်သည် သူတို့အား သတိပေးနှိုးဆော်မှုကို ဂရုမစိုက်ခြင်း၏အကျိုးဆက်အဖြစ်) “သင်တို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်နှင့်သတိပေးနှိုးဆော်မှုဆိုင်ရာ အနစ်သာရများကို မြည်းစမ်းကြလော့။ (ဟု မိန့်ကြားတော်မူခဲ့၏)။

[38] (ထို့နောက် ဧကန်မလွဲ၊ သူတို့၏အာခံမှုနှင့်မကောင်းသောလုပ်ရပ်ကြောင့်) သူတို့အတွက် စီရင်ပြဌာန်း ပြီဖြစ်သော (အရေးယူမှုဆိုင်ရာ) ပြစ်ဒဏ်သည်ပြစ်ဒဏ်သည် နံနက်စောစောအချိန်၌ပင် သူတို့ထံ ဆိုက်ရောက် လွှမ်းမိုးစေတော်မူခဲ့၏။

[39] သို့ဖြစ်ပေရာ သင်တို့သည် သင်တို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်နှင့်သတိပေး နှိုးဆော်မှုဆိုင်ရာ အနစ်သာရများကို မြည်းစမ်းကြလော့ (ဟု မိန့်ကြားတော်မူခဲ့၏။)

[40] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆုံးမဩဝါဒရလျက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်အတွက် (လူသားတို့၏ဘာသာစကားဖြစ်သော အာရဗီစာပေဖြင့် ချမှတ်ပေးအပ်၍) လွယ်ကူစေတော်မူခဲ့ရာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန် တရားရယူလိုသူ တစ်ဦးတစ်ယောက်ရှိသလော။

[41] ထို့ပြင် (ငါအရှင်မြတ်၏) သတိပေးနှိုးဆော်ချက်များသည် ဖာရိုမင်းအပါအဝင် သူ့မှူးကြီးမတ် ရာများနှင့်စစ်တပ်အသိုင်းအဝိုင်းတို့ထံ ဧကန်မုချ၊ ရောက်ခဲ့လေ၏။

[42] သို့ရာတွင် သူတို့သည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်အားလုံးကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် ငါအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်အနန္တဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ လူသားတို့အသက်ရှင်ရပ်တည်ရေးဆိုင်ရာ စည်းဘောင်များကို သတ်မှတ်ပြဌာန်းတော်မူသော အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ဖမ်းချုပ်၍ ဒဏ်ခတ်အရေးယူတော်မူခဲ့၏။

[43] သင်တို့အနက်မှ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် (ရှေးခေတ်၌ မယုံကြည်မှုနှင့်အာခံဖီဆန်မှုတို့ကြောင့် ပြစ်ဒဏ်ခံရ၍ ယနေ့တိုင် သမိုင်းအထောက်အထားများ ကျန်ရစ်သော) ထိုသူတို့ထက် သာလွန် မြင့်မြတ်ကြလေသလော၊ သို့တည်းမဟုတ် သင်တို့အတွက် (စံနမူနာယူဖွယ်ကောင်း သော) ဇဗူရ်ကျမ်းစာ၌ နစ်မြုပ်ထားလျက် သန့်ရှင်းစင်ကြယ်သူများဖြစ်ခြင်းဖြင့် လွတ်ငြိမ်းခွင့်ရကြသူတို့က ပိုမို၍ ကောင်းမြတ်မည်လော။

[44] သို့တည်းမဟုတ် သူတို့က “ကျွန်ုပ်တို့သည် တစ်ဦးတစ်ဦးကူညီခြင်းဖြင့် အနိုင်မခံအရှုံးမပေးသော ညီညွတ်သည့် အုပ်စုအသိုင်းအဝိုင်းဖြစ်သည်။” ဟု ပြောဆိုကြလေသလော။

[45] ယင်းညီညွတ်သောအုပ်စုသည် မကြာမီပင် အရေးရှုံးနိမ့်ကြပြီး ကျောခိုင်း၍ လမ်းကြောင်းလွဲလျက် ထွက်ပြေးကြရပေမည်။

[46] အမှန်စင်စစ် ရှင်ပြန်ထမည့် အချိန်နာရီသည် (သူတို့၏မကောင်းမှုအတွက် အပြည့်အဝ ပေးဆပ်စေရန်) သူတို့အား ကတိပေးထားတော်မူသော ရက်ချိန်းပင် ဖြစ်ပြီး ထိုမှတစ်ပါး ရှင်ပြန်ထမည့်အချိန် နာရီသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အထိနာစရာများဖြင့် ပိုမို၍ ပြင်းထန်သည့်အပြင် ပိုမို၍ ခါးသီးသော နာကြည်းဖွယ်ရာလည်း ဖြစ်ပေ၏။

[47] ဧကန်ပင်၊ ယုံကြည်မှုကင်းမဲ့၍ ရာဇဝတ်မှုကျူးလွန်သောသူတို့သည် လမ်းမှားရောက်မှုနှင့်စိတ်မနှံ့သော အပြုအမူတို့၌ (တဝဲလည်လည်ဖြစ်လျက် သုခဥယျာဉ်မှ ငရဲဘုံသို့ ရောက်စေမည့် လမ်းစဉ်တွင်) ရှိနေကြ၏။”

[48] ထိုနေ့တွင် သူတို့သည် သူတို့၏မျက်နှာများကို ဇောက်ထိုးမှောက်လျက် ငရဲမီးထဲသို့ တရွတ်တိုက် ဆွဲခေါ်ခြင်းခံကြရပြီး သင်တို့သည် ငရဲမီး၏ထိရောက်သောအနစ်သာရကို မြည်းစမ်းကြလော့။ (ဟု မိန့်ကြား တော်မူခြင်းခံကြရလိမ့်မည်)။

[49] ဧကန်ပင်၊ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စည်းမျဉ်းနိယာမများနှင့်အတိုင်အတာများဖြင့် စနစ် တကျ ချင့်ချိန်ပြဌာန်း၍ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။

[50] စင်စစ်သော်ကား ငါအရှင်မြတ်၏စီမံချက်အမိန့်တော်သည် တစ်ကြိမ်တည်း အမိန့်ပေးရုံကာမျှဖြင့် မျက်စိတစ်မှိတ်အတွင်း အတည်ပြုဖြစ်မြောက်စေတော်မူသောအရာသာ ဖြစ်၏။

[51] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (အရှင့်အမိန့်တော်များကို ဖီဆန်ခြင်းနှင့်မကောင်းမှုကျူးလွန်ခြင်းတို့တွင်) သင်တို့နှင့်ဝါဒတူတို့အား တိမ်ကောဖျက်ဆီးတော်မူခဲ့ပြီးဖြစ်ရာ (ယင်းအချက်များကို အသေးစိတ် ရှင်းပြထားတော်မူသော ကျမ်းတော်မြတ်ကုရ်အာန်အား) သတိရ တသ၍ ထုတ်ဖော်ဖွင့် ဟနိုင်ရန် တရားရယူလိုသူ တစ်ဦးတစ်ယောက်ရှိသလော။

[52] စင်စစ်သော်ကား ယင်းဇဗူရ်ကျမ်းစာ (၌ ဖော်ပြပါရှိသောအချက်အလက်များ) နှင့်ဆန့်ကျင်၍ သူတို့ ပြုမူကျင့်ကြံခဲ့သမျှတို့သည် (မှတ်တမ်းတော်၌) မှတ်တမ်းတင်ထားတော်မူ၏။

[53] ထို့ပြင် ငယ်သည်မဟူ ကြီးသည်မခြား အရာခပ်သိမ်းတို့သည် ရေးသား၍မှတ်တမ်းတင်ထားတော်မူပြီ ဖြစ်၏။

[54] ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသော သူတော်စင်) သုခဥယျာဉ်များထဲ၌ စမ်းချောင်းများနားတွင် ရှိကြလိမ့်မည်။

[55] (ယင်းမွတ္တကီတို့သည်) အရာခပ်သိမ်းတို့၏အချုပ်အခြာအာဏာအလုံးစုံကို စိုးပိုင်တော်မူသောဘုရင်ထံတော်ပါး၌ စည်းဘောင်များကို သတ်မှတ်ပြဌာန်းတော်မူသော အရှင်မြတ်၏စည်းမျဉ်းတော်များနှင့်အညီ မြင့်မြတ်မှန်ကန်သော နေရာထိုင်ခင်းများတွင် ရှိကြလိမ့်မည်။

ကျေးဇူးပြုတော်မူသောအရှင်

Surah 55

[1] အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာတော်ရှင်သည်။

[2] ကုရ်အာန်ကျမ်းတော်မြတ်ကို (လူသားတို့နှင့်သူတို့မှတစ်ဆင့် ဂျင်န်တို့အား) သင်ကြားပို့ချတော်မူ၏။

[3] ထိုအရှင်မြတ်သည်ပင် မနုဿလူသားအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[4] ထိုအရှင်မြတ်သည်ပင် ထိုလူသားအား ဘာသာစကားအပြောအဆို (နှုတ်စလျှာစနှင့်ယင်းဘာသာစကားဖြင့် ရှင်းလင်းတင်ပြသည့်အတတ်ပညာ) ကို သင်ပေးတော်မူ၏။

[5] နေနှင့်လတို့သည် (အရှင့်ဉာဏ်တော်အနန္တဖြင့် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ) အတိအကျ တွက်ချက်ထား (၍ လည်ပတ်လှုပ်ရှားစေ) သောအရာများ ဖြစ်ကြ၏။

[6] ကြယ်တာရာများ (မှသည် အသေးဆုံး) အပင်များ (အထိ ကမ္ဘာမြေပေါ်၌ ရှိသမျှတို့) သည် (အရှင်မြတ်၏ စည်းမျဉ်းနိယာမတော်များနှင့်အညီ တည်ရှိတော်မူလျက် နာခံမှုအပြည့်ဖြင့်) ပျပ်ဝပ်ဦးချနေကြ၏။

[7] ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို (ကမ္ဘာဂြိုဟ်အထက်) မြင့်စွင့်စေတော်မူပြီး စည်းစနစ်များဖြင့် စနစ်တကျ တိုင်းတာ ချိန်ညှိပေးလျက် (အပြောင်းအလဲမရှိစေဘဲ) ဟန်ချက်ညီညီ မျှတလိုက်ဖက်စွာဖြင့် စီမံလျက် သတ်မှတ်ပေးထားတော်မူ၏။

[8] သင်တို့သည် (စည်းစနစ်များဖြင့် စနစ်တကျ တိုင်းတာ ချိန်ညှိပေးထာတော်မူသော) စည်းဘောင်၌ ချိုး ဖောက်ကျူးလွန်မှုများ မပြုလုပ်နိုင်ကြပေ။

[9] ထို့ပြင် (အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာအား သဟဇတဖြစ်အောင် အရှင့်စည်းမျဉ်းနိယာမတော်များဖြင့် စနစ်တကျ၊ တိုင်းတာ၊ ချိန်ညှိပေးလျက် ဟန်ချက်ညီညီ မျှတလိုက်ဖက်စွာဖြင့် စီမံထား တော်မူသကဲ့သို့) သင်တို့သည်လည်း (လူမှုဆက်ဆံရေးနယ်ပယ်တွင်) ချိန်တွယ်မှုအတိုင်းအတာများကို တရားတော်နှင့်အညီ တရားမျှတမှုနှင့်တိကျမှကန်မှုမြဲမြံစေရန် ဆောက်တည်ကြလော့။ (ချိန်တွယ်မှု ညှိနှိုင်းဆောင်ရွက်နှင့်ကိုင်တွယ်ဖြေရှင်းမှုတို့တွင် တရားမျှတမှုဆိုင်ရာ) ချိန်ခွင်လျှာကို အတိုး အလျော့ မဖြစ်ကြစေနှင့်။

[10] တစ်ဖန် ထိုအရှင်မြတ်သည် မြေကမ္ဘာကို (အသက်ရှင်ရပ်တည်ရေးဆိုင်ရာလိုအပ်ချက်များနှင့်အံဝင်ဂွင်ကျ ဖြစ်စေတော်မူလျက်) သက်ရှိသတ္တဝါတို့အတွက် ဖြန့်ခင်းထားတော်မူ၏။

[11] ယင်း (မြေကမ္ဘာ) ၌ (အမျိုးအစားပြည့်စုံသော) သစ်သီးဝလံများကိုလည်းကောင်း၊ အစွပ်၊အခိုင်အပြွတ်နှင့်အကာများရှိသော စွန်ပလွံပင်များကိုလည်းကောင်း (ဖြစ်ထွန်းစေတော်မူ၏။)

[12] အရွက်၊ ညှာတံ၊ ပွင့်တံ၊ ရိုးတံနှင့်အစေ့အဆံများပါရှိသော (ဂျုံ၊ ပြောင်း၊ စပါး စသည့်) ကောက်ပဲ သီးနှံများကိုလည်းကောင်း၊ အမွှေးအကြိုင်အရောင်အဆင်း၊ အနံ့အရသာများရှိပြီး အစာအဟာရနှင့်ဆေးဖက်ဝင် အပင်မျိုးစုံကိုလည်းကောင်း၊ (ဖြစ်ထွန်းစေတော်မူ၏။)

[13] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[14] ထိုအရှင်မြတ်သည် လူသားကို မြေထည်ပမာ အသံမြည်သော မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[15] ထို့ပြင် ထိုအရှင်မြတ်သည်ပင် ဂျင်(န်) တို့ကို (လောင်ကျွမ်းစဉ်) မီးခိုးမထွက်သော မီး (တေဇောဓါတ်) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[16] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[17] (ထိုအရှင်မြတ်သည်ပင်) နေထွက်ရာအရပ်နှစ်ခုနှင့်နေဝင်ရာအရပ်နှစ်ခုတို့ကို ဖြစ်ပေါ်စေတော်မူလျက် (ရာသီဥတုနှင့်လူသားတို့၏လိုအပ်ပေါ်မူတည်၍ နေထွက်ချိန်နှင့်နေဝင်ချိန်တို့ကို) ပြောင်းလဲစေတော်မူသောအရှင် ဖြစ်တော်မူ၏။

[18] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[19] ထိုအရှင်မြတ်သည်ပင် သမုဒ္ဒရာပင်လယ်သမုဒ္ဒရာနှစ်ခုကို ပေါင်းဆုံစေတော်မူ၍ (ဒီရေအတက်အကျ ဖြစ်ပေါ်စေရန် ရှေ့တိုးစီးဆင်းစေလျက်) လွှတ်ထားတော်မူ၏။

[20] ယင်းပယ်လယ်သမုဒ္ဒရာနှစ်ခုကြားတွင် (မမြင်နိုင်သော) အဆီးအတားတစ်ခုထားရှိစေတော်မူ၍ (ယင်းတို့ ကိုယ်စီအတွက် ထားရှိတော်မူသော အရည်အသွေးများမှာ တစ်ခုနှင့်တစ်ခု ရောနှောပေါင်းစပ်ခွင့် ပေးထားတော်မမူသောကြောင့်) စည်းဘောင်ကိုယ်စီကို ကျူးလွန်နိုင်ကြသည် မဟုတ်ပေ။

[21] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[22] ယင်းပင်လယ်နှစ်ခုမှ ပုလဲရတနာများနှင့်သန္တာကျောက်တို့ကိုလည်း ထွက်ရှိစေတော်မူ၏။

[23] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[24] ပင်လယ်သမုဒ္ဒရာ၌ တောင်များ (လွင့်ထူထားသောအလံများ) ပမာ လှိုင်းကြီးများကြားတွင် ခုတ်မောင်းသွားလာနေသော ရေယာဉ် (လှေသင်္ဘောစသည်) သည် အရှင်မြတ်၏ (စည်းမျဉ်းနိယာမတော်နှင့်အညီသာ သွားလာနိုင်​ခြင်းဖြစ်ပြီး အရှင့်) အချုပ်အခြာအာဏာအတွင်း၌ ရှိ၏။

[25] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[26] (မြေကမ္ဘာပေါ်၌) ရှိသမျှအရာရာတိုင်းသည် (သင်္ခါရ၊ မတည်မြဲသော) ပျက်စီးဆိတ်သုဉ်းလွယ်သော အရာများပင် ဖြစ်ကြ၏။

[27] စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ခန့်ညားထည်ဝါမှုဆိုင်ရာ ဘုန်းတန်ခိုးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ ကျေးဇူးတော် ရက်ရောမှုနှင့်ဂုဏ်သိက္ခာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်၏ (တစ်ဆူတည်းသော ဇာတိတော်ကို ကိုယ်စားပြုသည့်) “မျက်နှာတော်” သည်သာ အမြဲထာဝရ ကျန်ရှိတော်မူနေ၏။

[28] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[29] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည် ထိုအရှင်မြတ်ထံတော်၌သာလျှင် (ယင်းတို့၏အလို ဆန္ဒများကို လုပ်ရပ်များဖြင့် ပြသလျက်) အနူးအညွတ်တောင်းခံနေကြ၏။ ထိုအရှင်မြတ်သည် နေ့စဉ် (စက္ကန့်မပြတ် အရှင့်ဂုဏ်တော်များနှင့်နာမတော်များကို ထင်ရှားပေါ်လွင်စေသော) အရေးကိစ္စထင်ရှားပေါ်လွင်မှု အသစ်တစ်ခုကို စီမံဖြစ်တည်စေတော်မူခြင်း၌ ထင်ရှားနေတော်မူ၏။

[30] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[31] အို၊ ဂုဏ်ကျက်သရေရှိသော ဂျင်န်နှင့်လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် (သင်တို့အား အရေးပါ သော အရည်အသွေး၊ အစွမ်းအစ၊ အသွင်လက္ခဏာ၊ ရိက္ခာအထောက်အပံ့များကို ပြည့်စုံစွာ ချီးမြှင့်အပ်နှင်း တော်မူ၍ လေးလံသော တာဝန်ဝတ္တရားများကိုလည်း ပေးထားတော်မူလျက်) သင်တို့အတွက် သင်တို့၏အရေး ကိစ္စများကို (အချိန်မီ) အပြီးသတ် ဆောင်ရွက်စေတော်မူ (ပြီး အချိန်ရောက်လာလျှင် ယင်းတို့ဖြေရှင်းရန် သင်တို့ဘက်သို့ လှည့်တော်မူမည်ဖြစ်) ၏။

[32] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[33] အို၊ ဂျင်(န်)နှင့်လူသား အုပ်စုအဖွဲ့အစည်း အသိုင်းအဝိုင်းအပေါင်းတို့၊ အကယ်၍ သင်တို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ဆိုင်ရာနယ်နိမိတ်စက်ဝန်းများ၏ပြင်ပသို့ ဖြတ်သန်းသွားလာနိုင်စွမ်းရှိလျှင် ဖြတ်သန်း သွားလာကြလော့။ သို့ရာတွင် (သိပ္ပံနည်းပညာ၊ နာမ်ရေးရာနှင့်စွမ်းရည်ဆိုင်ရာ) အခွင့်အာဏာဖြင့်မှအပ ဖြတ် သန်းသွားလာနိုင်ကြမည် မဟုတ်ပေ။

[34] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[35] ထို၌ သင်တို့နှစ်ဦးအပေါ်ဝယ် (လောင်စေနိုင်သည့်) မီး၏မီးတောက်မီးလျှံသည်လည်းကောင်း၊ (အသက် ရှူမွန်းကျပ်စေနိုင်သည့်) မီးခိုးများသည်လည်းကောင်း၊ စေလွှတ်စေစားတော်မူခြင်းခံရမည်ဖြစ်ရာ သင်တို့သည် (သင်တို့၏လုံခြုံမှု၊ ကာကွယ်မှုနှင့်ခိုလှုံမှုတို့အတွက်) တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီနိုင်ကြမည် မဟုတ်ပေ။

[36] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[37] (နောက်ဆုံးတွင်) မိုးကောင်းကင်သည် အက်ကွဲစေခြင်းခံရသည့်အခါ နှင်းဆီ၏ပွင့်ချပ်များကဲ့သို့ နီဝါရောင် သန်းလာ၏။

[38] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[39] စင်စစ် ထိုနေ့တွင် လူသားများဖြစ်စေ ဂျင်(န်)များဖြစ်စေ (မည်သူ့ကိုမျှ အပြစ်မကင်းသောသူ ဟုတ်၊ မဟုတ်ဟူသည်ကို) သူတို့၏အပြစ်များနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရမည် မဟုတ်ပေ။

[40] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[41] ရာဇဝတ်မှုကျူးလွန်သူများကို သူတို့၏အမှတ်အသားများဖြင့် (အထူးသဖြင့် မျက်နှာပေါ်ထင်ရှားနေသည့် လက္ခဏာများအရ) သိနိုင် (မှတ်မိနိုင်) မည်ဖြစ်ပေရာ သူတို့သည် (နဖူးထိပ်) ဦးစွန်းဖုတ်များနှင့်ခြေထောက်များအရ ဖမ်းဆီးအရေးယူခြင်း ခံကြရပေမည်။

[42] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[43] ဤသည်ပင်လျှင် ရာဇဝတ်မှုကျူးလွန်သူများက (သူတို့လောကီဘဝ၌ ရှိခဲ့စဉ်) ယင်းနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်လျက်ရှိခဲ့ကြသော ငရဲဘုံ ဖြစ်၏။

[44] (ထိုရာဇဝတ်မှုကျူးလွန်သူများသည်) ယင်းငရဲဘုံနှင့်ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူများကြားတွင် လှည့်ပတ်သွားလာလျက် ရှိနေကြမည်။

[45] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[46] ထို့ပြင် မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်၌ မတ်တပ်ရပ် (နေသကဲ့သို့ အရှင့်စည်းမျဉ်းတော်များအပေါ် ရပ်တည်) လျက် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်သူဖြစ်လျှင် သူ့အတွက် သုခဥယျာဉ်နှစ်ခုရှိပေမည်။

[47] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[48] (ထိုသုခဥယျာဉ်များ၌ အသီးအပွင့်များစွာ ရှိသည့်) အကိုင်းအလက်များ ပေါများဝေဆာလျက် ရှိကြ၏။

[49] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[50] ယင်းသုခဥယျာဉ်နှစ်ခုလုံး၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းနှစ်ခုလည်း ရှိနေ၏။

[51] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[52] ယင်းသုခဥယျာဉ်နှစ်ခုလုံးတွင် သစ်သီးဝလီတိုင်းသည် (အမျိုးအစား စုံလင်စွာရှိပြီး အသီးတိုင်းသည် အချို၊ အချဉ်၊ အစိမ်း၊ အမည်း၊ အဖြူ၊ အနီ စသည်ဖြင့်) နှစ်မျိုးနှစ်စားဒွယံဒွယံ ရှိကြပေမည်။

[53] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[54] (သူတို့သည် စနစ်တကျတန်းစီ၍ ခင်းကျင်းထားသော) နားနေစရာများဖြစ်သည့် (ပိုးထည်မှ ဖောင်းကြွပုံ ရက်လုပ်ထားသော) ဖောင်းကြွပိုးထည်သလွန်များပေါ်တွင် (နောက်မှီ၌ ကျောခင်းလျက်) လဲလျောင်းနေကြပြီး လက်လှမ်းမီရာ အနီးအနား၌ရှိနေသော ယင်းသုခဥယျာဉ်နှစ်ခုလုံး၏ အသီးများသည်လည်း ရင့်မှည့်လျက် စားနိုင်ရန် အသင့်ဖြစ်နေကြ၏။

[55] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[56] ယင်းသုခဥယျာဉ်များ၌ ယခင်က မည်သည့်လူသားနှင့်ဂျင်န်ကမျှ မထိတွေ့ဖူးသည့် (သူတို့ကိုသာလျှင် မျက်ခြည်မပြတ် စောင့်ကြည့်၍ ဖြူစင်ရိုသားသော) မျက်လုံးလှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက် ကြည့်မည့် အလွန် လိုက်ဖက်သင့်တော်သော ဘဝဖော်များလည်း (သူတို့နှင့်အတူ) ရှိကြလိမ့်မည်။

[57] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[58] (ထိုဘဝဖော်များ၏အလှတရားနှင့်ထွန်းလင်းဝင်းပမှုသည်) ပတ္တမြားနှင့်သန္တာကျောက်ကဲ့သို့ပင် ဖြစ်၏။

[59] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[60] (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံလျက် အမိန့်တော်နာခံခြင်း၏အကျိုးဆုလဒ်သည် အကောင်းမြတ်ဆုံး ဆုလဒ်ကို ချီးမြှင့်တော်မူခြင်းခံရခြင်းမှအပ (အခြား) ဖြစ်နိုင်မည်လော။

[61] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[62] ထိုသုခဥယျာဉ်နှစ်ခုအပြင် (ယင်းတို့နှင့်ယှဉ်တွဲထားသော အခြား) သုခဥယျာဉ်နှစ်ခုလည်း ရှိနေ၏။

[63] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[64] (ယင်းသုခဥယျာဉ်နှစ်ခုလုံးသည်) အစိမ်းရင့်ရောင် (ကျောက်မီးသွေးနုရောင်) ဖြစ်၏။

[65] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[66] ယင်းသုခဥယျာဉ်နှစ်ခုစလုံး၌ (စိမ့်စမ်းရေများ) ပန်းထွက်လျက်ရှိသော စမ်းချောင်းနှစ်ခုသည်လည်း ရှိကြ ၏။

[67] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[68] ယင်းသုခဥယျာဉ်နှစ်ခုစလုံး၌ သစ်သီးဝလံများ၊ စွန်ပလွံသီးများနှင့်တလည်းသီးများလည်း ရှိကြ၏။

[69] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[70] ယင်းသုခဥယျာဉ်နှစ်ခုစလုံး၌ (စာရိတ္တအားဖြင့် မွန်မြတ်၍ ရုပ်ရည်အားဖြင့် ချောမောလှပတင့်တယ် သောသူများအပါအဝင်) အကောင်းမြတ်ဆုံးနှင့်အလှပဆုံးအရာဟူသမျှ ရှိကြ၏။

[71] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[72] (ယင်းသုခဥယျာဉ်အတွင်းရှိ အရိပ်ခိုနားစရာ) ကနားများတွင် (သူတို့ကိုသာလျှင် မျက်ခြည်မပြတ်၊ စောင့်ကြည့်ရန် ခန့်ထားသော ဖြူစင်ရိုသားသည့်) မျက်လုံးလှဖြင့် အိန္ဒြေရှိရှိ၊ တည်ကြည်စွာ စောင့်ထိန်းစိုက် ကြည့် သူများလည်း ရှိကြ၏။

[73] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[74] (ယင်းမျက်လုံးလှပိုင်ရှင်များအား) ယခင်က မည်သည့်လူသားနှင့်ဂျင်န်ကမျှ ထိတွေ့ခဲ့ဖူးခြင်း မရှိချေ။

[75] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[76] (သုခဥယျာဉ်၌နေခွင့်ရသူတို့သည် အလွန်ကြည်နူးဖွယ်ကောင်းသော) အစိမ်းရောင်ထိုင်စရာ (ဆိုဖာ) ကူရှင်များနှင့် (စနစ်တကျခင်းကျင်းထားသော) လွန်စွာ လှပတင့်တယ်သော ကော်ဇောအခင်းများပေါ်တွင် (နောက်မှီ၌ ကျောခင်းလျက်) လဲလျောင်း နေကြမည်။

[77] သို့ပါလျက် (အို၊ ဂျင်န်နှင့်လူသားအပေါင်းတို့)၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်၊ လမ်းညွှန်တော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြမည်နည်း။

[78] (အို၊ ရစူလ်တမန်တော်)၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ခန့်ညားထည်ဝါမှုဆိုင်ရာ ဘုန်းတန်ခိုးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ ကျေးဇူးတော် ရက်ရောမှုနှင့်ဂုဏ်သိက္ခာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်များသည် ကျက်သ ရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူလျက် အမြင့်မြတ်ဆုံး ဖြစ်တော်မူ၏။

မလွဲမသွေဖြစ်ပျက်မည့်အရာ

Surah 56

[1] အဖြစ်အပျက်ကြီး (ရှင်ပြန်ထမည့်နေ့) သည် ဖြစ်ပွားစေတော်မူသောအခါ။

[2] ယင်းအဖြစ်အပျက် (ကိယာမတ်) ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ် နိုင်မည် မဟုတ်ပေ။

[3] (ယင်းအဖြစ်အပျက်သည် အချို့အား) အညွှန့်ချိုး နိမ့်ချစေ၍ (အချို့အား) ဂုဏ်မြှင့်တင်စေမည်။

[4] မြေကမ္ဘာသည် ပြင်းထန်သောတုန်ခါမှုဖြင့် တုန်လှုပ်စေခြင်းခံရသောအခါ။

[5] ထို့ပြင် တောင်များသည် တစ်စစီ၊ ညက်ညက်ကြေမွအောင် အစိတ်စိတ်အမြွှာမြွှာကွဲစေခြင်း ခံရသောအခါ။

[6] ယင်းတောင်များသည် ဖုန်မှုန့်များအဖြစ် (နေရာအနှံ့သို့ ကျိုးတိုးကျဲတဲ) ဖြန့်ကြဲသွားကြလိမ့်မည်။

[7] ထို့ပြင် (သတိရှိသူနှင့်သတိမရှိသူများ၊ တာဝန်ကျေသူနှင့်တာဝန်မဲ့သူများ၊ အပေါင်းအဖော်ကြင်ရာများ၊ စသည်ဖြင့်) ဒွယံဒွယံရှိကြသော သင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။

[8] မည်သို့ပင်ဖြစ်စေ (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက်ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သော လက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

[9] သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

[10] ထို့ပြင် (လောကီဘဝ၌ ယုံကြည်မှု၊ ကောင်းမှုကုသိုလ်၊ အရှင့်လမ်းတော်၌ စွန့်လွတ်မှု၊ စသည့် အရှင်မြတ်က နှစ်မြို့တော်မူသည့်လုပ်ရပ်များတွင် ရှေ့ဆုံးမှ ဦးဦးဖျားဖျားပါဝင်လှုပ်ရှားခဲ့သော) ရှေ့ပြေးအထင်ကရ ပုဂ္ဂိုလ်တို့မူကား(အရှင်မြတ်၏ကရုဏာတော်ကို လက်ခံရယူလျက်) ထိပ်ဆုံးမှပြေးနေသော အထင်ကရပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်။

[11] ထိုသူတို့သည်ကား (အရှင်မြတ်၏အပါးတော်၌ နေရာချထားခြင်းခံရလျက် အရှင်မြတ်နှင့်) နီးစပ်သော သူများပင် ဖြစ်ကြ၏။

[12] (ထိုသူတို့သည်ကား) ထာဝရစံစားဖွယ်ရာ အလျှံပယ်ရက်ရောသောကျေးဇူးတော်များဖြင့် ဂုဏ်ပေးခြင်းများလည်း သုခဥယျာဉ်များ၌ ရှိကြ၏။

[13] (ယင်းသုခဥယျာဉ်များတွင် ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး တစ်ခုရှိ မည်။

[14] ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည်။

[15] (သူတို့သည်) အဖိုးတန်ကျောက်ရွှေပတ္တမြားများဖြင့် (ပန်းထိုး၍) အလှတန်ဆာဆင်ထားသော သလွန်များထက်ဝယ် (နားနေလိမ့်မည်)။

[16] (သူတို့သည်) ထို (အလှတန်ဆာဆင်ထားသော သလွန်များ) ထက်ဝယ် (နောက်မှီ၌ ကျောခင်းလျက်) မျက်နှာချင်းဆိုင် ထိုင်နေကြပေမည်။

[17] သူတို့ထံ သေမျိုးမဟုတ်သော (သူတို့နှင့်အတူထာဝရရှိနေမည့် သားရတနာများနှင့်ဝန်ထမ်းများအဖြစ် အသက်ငယ်သည့်) လူငယ်များ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

[18] (ထိုသို့ လှည့်လည်လျက်) တသွင်သွင် စီးဆင်းနေသောစမ်းချောင်းမှ (သောက်စရာစိမ့်စမ်းရေ ထည့်ထား သော) သောက်ရေဖလားကြီးများ၊ ရေချိုင့်များ (ရေတကောင်းများ) နှင့်ရေခွက်ဖြင့် (တစ်ဦးချင်းစီအား သုံးဆောင်စေရန် ကမ်းလှမ်းကြမည်)။

[19] (ယင်းသောက်စရာများကို သုံးဆောင်ခြင်ဖြင့် သူတို့သည် အကျိုးဆက်အဖြစ်) ယင်းသောက်စရာများကြောင့် ခေါင်းခဲခြင်းဝေဒနာကို ခံစားမည် မဟုတ်သည့်အပြင် မူးဝေစေခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။

[20] ထို့ပြင် သူတို့နှစ်သက်ရွေးချယ်ထားကြသော (လက်ရွေးစင်) သစ်သီးဝလံများ (ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။

[21] တစ်ဖန် သူတို့အာသာဆန္ဒရှိကြသော ကြက်ငှက်တို့၏အသားများ(ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။

[22] ထို့ပြင် (သူတို့ကိုသာလျှင် မျက်ခြည်မပြတ် စောင့်ကြည့်ရန် ခန့်ထားသော ဖြူစင်ရိုသားသည့်) မျက်လုံး လှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက်ကြည့်သူများလည်း ရှိကြ၏။

[23] (ထို မျက်လုံးလှပိုင်ရှင်တို့သည် ခရုခွံအောက်တွင်) လုံခြုံစွာဖုံးကွယ်နေသည့် ပုလဲရတနာပမာ ဖြစ်၏။

[24] (ဤသည်) သူတို့ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီ (အကျိုးဆက်အဖြစ် ချီးမြှင့်တော်မူခြင်းခံရမည့်) အစားပေးတော်မူခြင်းပင် ဖြစ်၏။

[25] သူတို့သည် ယင်း (သုခဥယျာဉ်များ) ၌ မည်သည့် အကျိုးမဲ့၊ အချည်းနှီးသော အပြောအဆိုကိုမျှ ကြားရ မည်မဟုတ်သည့်အပြင် ပြစ်တင်ရှုတ်ချဖွယ်ရာ မည်သည့် စကားအသုံးအနှုံးမျှလည်း ရှိမည် မဟုတ်ပေ။

[26] (ယင်းသုခဥယျာဉ်များ၏မည်သည့်နေရာသို့ပင် ရောက်သည်ဖြစ်စေ) “စလာမ်၊ စလာမ်၊” ငြိမ်းချမ်းပါစေ၊” “ငြိမ်းချမ်းပါစေ” ဟု ပြောဆိုနှုတ်ဆက်ခံရခြင်းမှအပ (အခြား မနှစ်မြို့ဖွယ်ရာအပြော အဆိုမျိုးကို ကြားရလိမ့်မည် မဟုတ်ပေ)။

[27] ထို့ပြင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက် ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သောလက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

[28] (သုခဥယျာဉ်၌ ရရှိမည့် အကျိုးဆုလဒ်အသီးအပွင့်များသည် အခက်အခဲကင်းမဲ့၍ လုပ်အားစိုက်စရာ လည်း မလိုပေ) အဆူးကင်းရှင်းပြီး အသီးအပွင့်များ ပြွတ်သိပ်နေသော (အပင်များအနက်မှ ချယ်ရီပင် သို့မဟုတ်) ဆီးပင် (နှင့်တူ၏)။

[29] ထို့ပြင် အဖီးများ၊ အထပ်လိုက်တန်းစီ၍ မြင့်မားသောအခိုင်ရှိသည့် ငှက်ပျောပင်နှင့်လည်းကောင်း။

[30] ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ်အာဝါသ (ပေးသည့်အပင်) နှင့်လည်းကောင်း။

[31] တစ်ဖန် အစဉ်အမြဲ အဆက်မပြတ် ပန်းထွက်လျက် စီးဆင်းနေသောရေရှိရာနေရာ (၌ ဖြစ်ထွန်းသော အပင်) နှင့်လည်းကောင်း။

[32] ထို့ပြင် (အချို၊ အချဉ်၊ အမျိုးအစားမျိုးစုံရှိပြီး) အလျှံပယ် မြောက်မြားစွာ လှိုင်လှိုင်သီးနေသော သစ်သီး ဝလံများ (ရရှိခံစားနိုင်သည့်အပင်များ) နှင့်လည်းကောင်း။

[33] (ထိုအပင်များသည် မည်သည့်အခါမျှ ပျက်သုဉ်းခြင်း) ခုတ်ဖြတ်ခြင်းခံရမည်မဟုတ်သည့်အပြင် ပိတ်ပင်တားမြစ်ခြင်းခံရမည်လည်း မဟုတ်ချေ။

[34] ထို့ပြင် (ယင်းသုခဥယျာဉ်၌ အညောင်းအညာပြေစေသည့် မြင့်စွင့်သော သလွန်မျာ၊း အခင်းအကျင်းများနှင့်မွေ့ရာများအပြင်) ဂုဏ်ကျက်သရေမြင့်မြတ်သော ဘဝဖော်များလည်း ရှိကြမည်။

[35] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ဘဝဖော်) တို့အား ဖွဲ့စည်းဖြစ်တည်စေမှုအသစ်အဖြစ် အထူး ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။

[36] ထို့ပြင် ငါအရှင်မြတ်သည် သူမတို့အား အပျိုစင်ကညာများအဖြစ် ဖြစ်စေတော်မူမည်။

[37] (သူမတို့သည်) ချစ်ခင်မေတ္တာဖြင့်ပြည့်စုံ၍ သစ္စာရှိကြသော သက်တူရွယ်တူများနှင့်လိုက်ဖက်သော (သူများဖြစ်ကြ၏)။

[38] (သူမတို့သည် သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များအတွက်ပင် (ဖြစ်ကြ၏)။

[39] (ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက် လည်းကောင်း)။

[40] ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည် နောင်လာ နောက်သားတို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက်လည်းကောင်း)။

[41] သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏ အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

[42] (ထိုလက်ဝဲဘက်၏အဖော်တို့သည်) ချစ်ချစ်တောက်ပူသောလေနှင့်ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌ လည်းကောင်း။

[43] လွန်စွာ မည်းနက်သော အခိုးအငွေ့၏အရိပ်၌ လည်းကောင်း၊ (ရှိကြပေမည်)။

[44] (ယင်းအရိပ်သည်) အေးမြမည် မဟုတ်သည့်အပြင် လန်းဆန်းနှစ်လိုဖွယ်ကောင်းမည်လည်း မဟုတ်ပေ။

[45] ဧကန်စင်စစ်၊ သူတို့သည် ထိုမတိုင်မီ (လောကီဘဝတွင် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ) စည်းစိမ်ဥစ္စာကြွယ်ဝမှု၌ အလွန်အကျူး ပျော်ရွှင်မြူးထူး (လျက် နာမ်ရေးရာကို လက်လွတ်စေ) သူများ ဖြစ်ခဲ့ကြ၏။

[46] ထို့ပြင် (အရှင်မြတ်ကို စွန့်လွှတ်၍ အခြားအရာများကို ကိုးကွယ်ခြင်း၊ ကျမ်းတော်နှင့်တမလွန်ဘဝကို မယုံကြည်ခြင်း၊ စသော) အလွန် ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ခေါင်းမာမာဖြင့် တစ်ဇွတ်ထိုး ကျူးလွန် လျက်ရှိခဲ့ကြ၏။

[47] တစ်ဖန် သူတို့က “ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ မြေမှုန့်နှင့်အရိုးများ ဖြစ်သွားကြသောအခါ ကျွန်ုပ် တို့သည် (ပြန်လည်၍) ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။” ဟု မေးမြန်းပြောဆိုလျက်ရှိခဲ့ ကြ၏။

[48] ထို့ပြင် ရှေးခေတ်၌ကွယ်လွန်ခဲ့ကြသော ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည်လည်း (ရှင်ပြန်ထကြဦးမည်လော)။

[49] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်မလွဲ၊ အစောဆုံးကာလ ရှေ့ခေတ်၌ကွယ်လွန် သေဆုံးခဲ့ကြသူတို့နှင့်နောက်ပိုင်းကာလများ၌ ကွယ်လွန်သေဆုံးသူအားလုံးသည်ပင် (ရှင်ပြန်ထလိမ့်မည်) ဟု ပြောလော့။

[50] ချိန်းဆိုချက်အဖြစ် (ကြိုတင်) သတ်မှတ်ပြီးဖြစ်ကြောင်း လူသိများသောနေ့တွင် အားလုံး အတူတကွ အမှန်ပင် စုရုံးစေတော်မူခြင်းခံကြရပေမည်။

[51] ထို့နောက် အို၊ (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့၊ ဧကန်ပင်၊ သင်တို့သည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့သူများပင် (ဖြစ်ကြ၏)။

[52] (“လောကီဘဝ၌ ခေတ္တခဏ ပျော်ရွှင်မြူးထူး၍ တမလွန်တွင် ငရဲမီးကို ထာဝရခံစားရမည့် ပြစ်ဒဏ်ကို” ကိုယ်စားပြုသော စားချိန်တွင် အရသာအနည်းငယ်ရသော်လည်း အဆိပ်သင့်ပြီး အသက်အန္တရာယ်ပေးနိုင်သည့်) ဇက္ကူမ်ပင်ကို စားကြရမည်ဖြစ်၏။

[53] သို့ဖြစ်ပေရာ သင်တို့၏ဝမ်းဗိုက်များအား ယင်း (ဇက္ကူမ်ပင်မှ စားသုံးခြင်း) ဖြင့် ဖြည့်တင်းစေရလိမ့်မည် ဖြစ်၏။

[54] ထို (သို့ ဗိုက်ထဲသို့ ဇက္ကူမ်ထည့်ပြီး) နောက် ယင်း (စားထားသောဇက္ကူမ်) အပေါ် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူးကို ထည့်သောက်ကြရမည်ဖြစ်၏။

[55] သို့ဖြစ်ပေရာ (သင်တို့သည် ထိုရေနွေးပူကို) လွန်စွာရေငတ်မွတ်၍ ဒေါသထွက်နေသော ကုလားအုတ်များကဲ့သို့ပင် သောက်ကြပေမည်။

[56] ဤသည်ကား (လူတိုင်းအား သူတို့၏လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့) ထို (တမလွန် တရားစီရင်မည့်) နေ့တွင် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းပင် ဖြစ်၏။

[57] ငါအရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် (ငါအရှင်မြတ်က ချမှတ်ပေးအပ်တော်မူသောသတင်းစကားများကို) အမှန်တရားအဖြစ် ဟုတ်မှန်ကြောင်း လက်ခံအတည်ပြုလျက် ဝန်မခံကြလေသနည်း။

[58] သင်တို့သည် ထုတ်လွှတ်ခြင်းခံရသောအရာ (သုက်ရည်) ကို မတွေးတော မဆင်ခြင် မသုံးသပ် ကြလေသလော။

[59] ယင်း (သုက်ရည်) ကို သင်တို့ကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် (ထိုသို့ ဖြစ်တည်စေရန် အရှင့်စည်းမျဉ်းနိယာမတော်များကို သင်တို့ခန္ဓာကိုယ်ထဲတွင် ထည့်ပေးထားတော်မူ၍) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်သလော။

[60] ငါအရှင်မြတ်သည်ပင်လျှင် သင်တို့ကြား၌ မရဏသေဆုံးခြင်းကို (အရှင့်နိယာမတော်နှင့်အညီ မဖြစ်မနေ ကြုံရမည့်အရာအဖြစ်) သတ်မှတ်ပြဌာန်းတော်မူပြီး ငါအရှင်မြတ်သည် (ထိုနိယာမတော်ဆိုင်ရာ စည်းဘောင်ကို ကျော်လွန်၍) ဟန့်တားနှောက်ယှက်ခြင်းကို ခွင့်ပြုတော်မူမည်မဟုတ်ပေ။

[61] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့ကဲ့သို့သော (အခြားမျိုးဆက်သစ်ကို) သင်တို့၏နေရာတွင် အစားတိုး ပြောင်းလဲစေတော်မူနိုင်ပြီး သင်တို့ကိုလည်း သင်တို့ပင် မသိကြသေးသော အခြေအနေသစ်၊ ပုံစံသစ်၊ (နှင့်ဟန်ပန်အမူအရာသစ်) ၌ ဖြစ်ပေါ်စေတော်မူနိုင်၏။

[62] ထို့ပြင် ဧကန်စင်စစ်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ပေါ်ထွန်းစေတော်မူ၍ (ဤလောကီ ကမ္ဘာ၌) တည်ရှိနေကြောင်းကို အသေအချာပင် သိနေကြပါလျက် (ဒုတိယအကြိမ်လည်း ဖြစ်တည်စေတော်မူနိုင်ကြောင်းကိုမူ) အဘယ်ကြောင့် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်) အလေးအနက်၊ မတွေးခေါ် မဆင်ခြင် ကြသနည်း။

[63] သင်တို့သည် (မြေကြီး၌) သင်တို့ပျိုးကြဲကြသည့်အရာများ (မျိုးစေ့၊ အစေ့များ) ကို (မည်သည့်အခါမျှ) မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့ဖူးသလော။

[64] ယင်း (ပျိုးကြဲသည့် မျိုးစေ့များ) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီးထွားစေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် (အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင်မြတ် ဖြစ်တော်မူသလော။)

[65] အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (စိုက်ပျိုးခင်းများ) ကို စဉ်းထားသော ကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူနိုင်သည်ဖြစ်ရာ သင်တို့သည် အံ့အားသင့် မဆုံးဖြစ် (လျက် တွေဝေငေးမှိုင်) နေကြပေမည်။

[66] “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (ရင်းနှီးထားသောငွေကြေး အချိန်နှင့်ကြိုးပမ်းအားထုတ်မှုများ အားလုံး အချည်းနှီ၊း ဆုံးရှုံးလျက်) အကြွေးထဲနစ်နေကြပြီ။” (ဟု ပြောဆိုကြလိမ့်မည်။)

[67] အမှန်မှာ (ထိုသို့မပြောဆိုဘဲ) “ကျွန်ုပ်တို့သည် (အသက်မွေးမှုဆိုင်ရာ အကျိုးခံစားခွင့်များမှ) လုံးလုံးလျားလျား လက်မဲ့ဖြစ်စေ၍ ချို့တဲ့စေတော်မူရန် ပစ်ထားခြင်းခံကြရလေပြီ။ (ဟုသာ ပြောဆိုကြရမည်)။

[68] သင်တို့သည် သင်တို့သောက်သုံးနေကြသော ရေအကြောင်းကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ် ၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။

[69] ထိုရေကို သင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် (အရှင့် စည်းမျဉ်းတော်များနှင့်နိယာမတော်များနှင့်အညီ) ရွာသွန်းစေတော်မူသောအရှင်မြတ် ဖြစ်သလော။

[70] အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (မိုးရေ) ရေငန်၊ ရေခါးအဖြစ် စီမံဖြစ်စေတော်မူနိုင်၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် ကျေးဇူးမသိတတ်ကြသနည်း။

[71] သင်တို့သည် သင်တို့မွှေးကြ (စွဲစေကြ) သော မီးကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ်၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။

[72] ယင်း (မီးမွှေးရာတွင် လိုအပ်သော အောက်စီဂျင်ရရှိရန် သစ်ပင်) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီး ထွားစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ယင်းကို ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင် ဖြစ်တော်မူသလော။

[73] ငါအရှင်မြတ်သည်ပင် ယင်း (သစ်ပင်) ကို (အရှင်မြတ်၏သာယာကြည်နူးဖွယ်ကောင်းသောလက်ရာတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလိုကြသောသူတို့အတွက်) တရားရစေသောအရာအဖြစ်လည်းကောင်း၊ ခြေကျင်ခရီးသည်တို့အတွက် လောကီအကျိုးကျေးဇူးရှိစေသောအရာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေ တော်မူ၏။

[74] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

[75] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (ကျမ်းတော်မြတ် လိုအပ်ချက်နှင့်ဖြည်းဖြည်းချင်း ချမှတ်ပေးအပ်တော်မူကြောင်းနှင့်စပ်လျဉ်း၍) ကြယ်နက္ခတ်တာရာတို့၏တည်နေရာစခန်းများကို တိုင်တည်၍ သက်သေထူ တော်မူ၏။

[76] အကယ်၍ သင်တို့သိရှိကြလျှင် ဧကန်ပင်၊ ယင်း (တိုင်တည်တော်မူခြင်း) သည် ကြီးကျယ်စွာသော တိုင်တည်ချက်ပင် ဖြစ်၏။

[77] ဧကန်မလွဲ၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကျမ်းတော်မြတ်ပင် ဖြစ်၏။

[78] ထိန်းသိမ်းစောင့်ရှောက်မူခြင်းခံရသောအရာ (အရှင့်အမိန့်တော်များ) သည် (မပြောင်းလဲနိုင်အောင် အခိုင် အမာ ဖွဲ့နွဲ့ထားတော်မူသည့်) ကျမ်းတော်၌ ရှိ၏။

[79] (ယင်းကျမ်းတော် ထိရောက်သည့်ဖွင့်ဆိုချက်နှင့်အသိပညာ ရရှိနိုင်ရန် စိတ်ရင်းစေတနာဖြူစင်လျက် ရုပ်နှင့်နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းကြသောသူတို့မှအပ (အခြားမည်သူမျှ) ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို (ထိရောက်စွာ) ထိတွေ့နိုင်ကြသည် မဟုတ်ပေ။

[80] (ယင်းကျမ်းတော်သည်) စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက် စေတော်မူသောအရှင်မြတ်ထံတော်မှ ချမှတ်ပေးတော်မူခြင်းခံရသောကျမ်းတော်ပင် ဖြစ်၏။

[81] သို့ပါလျက် သင်တို့သည် ဤအမိန့်ထုတ်ပြန်ချက်တော်ကိုပင် (အထင်မကြီး ဂရုမစိုက်ဘဲ) မထီမဲ့မြင်ပြု လိုကြလေသလော။

[82] ထို့ပြင် သင်တို့သည် (ယင်းကျမ်းတော်ရှိ အမှန်တရားများအား) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျက် သင်တို့၏ရိက္ခာအထောက်အပံ့ကို စီမံဖြစ်စေလိုကြလေသလော။

[83] သို့ဖြစ်လျှင် (ကွယ်လွန်ချိန် အသက်ဇီဝိန်သည်) လည်မျိုသို့ရောက်ရှိလာသောအခါ သင်တို့သည် အဘယ်ကြောင့် (ကွယ်လွန်ရမည်ကိုပါ ဆက်လက်ငြင်းပယ်၍) နာလန်မထူကြသနည်း။

[84] စင်စစ် သင်တို့သည် ထိုအချိန်အခါဝယ် (လှုပ်ရှားမှုကင်းလျက် လက်ပိုက်၍) ကြည့်နေကြ၏။

[85] ထိုစဉ် ငါအရှင်မြတ်သည် သင်တို့ထက်ပင် ပိုမို၍ ထို (ကွယ်လွန်ချိန်ရောက်) သူနှင့်နီးကပ်လျက် ရှိနေတော်မူသော်လည်း သင်တို့သည်ကား မြင်နိုင်စွမ်း မရှိကြပေ။

[86] သို့ဖြစ်ပေရာ သင်တို့သည် အဘယ်ကြောင့် (နောင်တမလွန်ဘဝ၌ စာရင်းရှင်းခံရ၍ ပေးဆပ်ခြင်းမှ) ကင်း လွတ်ခွင့်ရသူများ မဟုတ်ကြသနည်း။

[87] အကယ်၍ သင်တို့သည် (တမလွန်ဘဝမရှိဟု ကြွေးကြော်နေခြင်း၌) ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် ယင်း (အသက်ဇီဝိန်) ကို (အဘယ်ကြောင့်) ပြန်လည် အသက်မသွင်း ကြသနည်း။

[88] သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်ချိန်ရောက်နေသော) သူသည် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်လျက် အရှင်မြတ်နှင့်) နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သော်။

[89] ထိုစဉ် (ထိုသူသည် လောကီဘဝ၏အခက်အခဲနှင့်နာကျင်မှုဝေဒနာအလုံးစုံမှ သက်သာရာရပြီး ထာဝရ ဘဝ၌) သူ့အတွက် ချမ်းမြေ့ပျော်ရွှင်ဖယ်ရာများသည်လည်းကောင်း၊ အားရကျေနပ်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်အတွင်းအဇ္ဈိတ္တပြီးပြည့်စုံမှုတို့သည်လည်းကောင်း၊ အရှင့်ကျေးဇူးတော်များဖြင့် ဂုဏ်ပြုခံရမည့် သုခဥယျာဉ် သည်လည်းကောင်း၊ ရှိချေမည်။

[90] (ထို့ပြင် အကယ်၍ ထိုသူသည် သူ့စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ခဲ့လျှင်။

[91] သို့ဖြစ်လျှင် (သူသည်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ကြသူတို့ထံမှ သူ့အတွက် “ငြိမ်းချမ်းပါစေ”(ဟု ကြိုဆိုနှုတ်ဆက်စကား ရှိပေမည်။)

[92] သို့ရာတွင် အကယ်၍ ထိုသူသည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲလျက် ငြင်းပယ်ခဲ့သူတို့နှင့် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်။

[93] သို့ဖြစ်လျှင် (ထိုသူအား) ပွက်ပွက်ဆူနေသော ရေနွေးပူဖြင့် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းသည်လည်းကောင်း။

[94] ချစ်ချစ်တောက်ပူလောင်လျက်ရှိသော မီးထဲ၌ (လောင်ကျွမ်းစေရန်) ဝင်ရောက်စေခြင်းသည်လည်းကောင်း၊ ရှိပေမည်။

[95] ဧကန်မလွဲ၊ ဤသည် တပ်အပ်သေချာ၍ ထင်ရှားသော အမှန်တရားပင် ဖြစ်၏။

[96] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

သံ

Surah 57

[1] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာခပ်သိမ်းတို့သည် (အရှင်မြတ်၏စည်းမျဉ်း နိယာမတော် များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော် မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် (အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၌ အရှင့်စည်းမျဉ်း၊ နိယာမတော်များ ချမှတ်ပေးတော်မူ၍ အရာရာကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည် (မည်သည့်အရာမျှ မတည်ရှိစဉ်ကပင်) အဦးဆုံး တည်ရှိနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ ပျက်သုန်းပျောက်ကွယ်သွားလျှင်လည်း) အနန္တတည်ရှိမြဲတည်ရှိနေတော်မူမည့်အရှင်၊ အရာခပ်သိမ်းတို့၌ အရှင့်နာမတော်များနှင့်ဂုဏ်တော်များကို ထင်ရှားစေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏မြင် ကွင်းမှ ကွယ်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[4] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ကာလခြောက်ခု) တွင် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာ) အား အချို့အစားမျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာ၊ ထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်သည် ကမ္ဘာမြေကြီးထဲသို့ စိမ့်ဝင်ထိုးဖောက်သည့် (မိုးရေ၊ အစေ့၊ အဆံ အစရှိသော) အရာဟူသမျှကိုလည်းကောင်း၊ မြေကမ္ဘာမှ ထွက်သော (ရေငွေ့၊ အစိုဓါတ်၊ အပင်များနှင့်သက်ရှိများ စသည့်) အရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်လာသော (မိုးရေ၊ အလင်းနှင့်မလာအီကာစေတမန် များ စသည့်) အရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်သို့ တက်သွားသော (အခိုးအငွေ့၊ ဆုတောင်းမှု အစရှိသည့်) အရာဟူသမျှကိုလည်းကောင်း၊ သိနေတော်မူ၏။ ထို့ပြင် သင်တို့မည်သည့်နေရာ၌ပင် ရှိနေသည် ဖြစ်စေ၊ ထိုအရှင်မြတ်သည် သင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[5] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် (အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ နှလုံးသွင်းသင့်သည်မှာ စီမံချက်များနှင့်အရေးကိစ္စဟူ သမျှတို့သည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ဉီးလှည့်၍ရောက်ရှိစေခြင်း ခံကြရလိမ့်မည်။

[6] ထိုအရှင်မြတ်သည် ညကို နေ့ထဲသို့ တိုးဝင်ဖြတ်စေတော်မူ (၍ နေ့အဖြစ်ပြောင်းလဲစေတော်မူပြီး) နေ့ကို ညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ၏။ ထို့ပြင် ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[7] သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် ယင်း (မြေကမ္ဘာ) ၌ ယင်းကို ကိုယ်စားပြုသူအဖြစ်ခန့် အပ်တော်မူလျက် သင်တို့ထံအပ်နှံထားတော်မူသည့် (မြေပေါ်မြေအောက်ရေပေါ်ရေ အောက်သယံဇာတများ၊ စွမ်းရည်များ၊ စွမ်းအင်များနှင့်ရိက္ခာအထောက်အပံ့များစသော) အပ်နှံခြင်းခံရသည့်အရာများအနက်မှ (အရှင့်လမ်းတော်နှင့် ချို့တဲ့ဆင်းရဲသူတို့အတွက်) စွန့်လှူသုံးစွဲလှူဒါန်းကြလော့။ သို့ဖြစ်ပေရာ သင်တို့အနက်မှ သက်ဝင်ယုံကြည်ကြပြီး ထိုသို့ စွန့်လှူသုံးစွဲလှူဒါန်းကြသောသူတို့မူကား သူတို့အတွက် အလွန်ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေ၏။

[8] (သင်တို့အား အရှင်မြတ်မိန့်တော်မူသည့်အတိုင်း) အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည် ခြင်း မရှိကြ သည်မှာ အဘယ်ကြောင်းနည်း။ အမှန်စင်စစ်၊ သင်တို့သည် သင်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား သက်ဝင်ယုံကြည်ကြရန်နှင့် အကယ်၍ သင်တို့က စစ်မှန်သော ယုံကြည် သူများဖြစ်ကြလျှင် ထိုအရှင်မြတ်က သင်တို့ထံမှ ကတိပဋိဉာဉ် ယူထားတော်မူပြီ ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ ရစူလ်တမန်တော်မြတ်သည် သင်တို့အား ဖိတ်ခေါ်လျက်ရှိ၏။

[9] ထိုအရှင်မြတ်သည် သင်တို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူသမျှမှ (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော်မူရန်အလို့ငှာ အရှင့်အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) အပေါ်၌ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါဝင်သည့်ရှင်းလင်းချက်နှင့်အတူ အာယသ်သက်သေလက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ဒုက္ခအခက်အခဲများကို လွယ်ကူစေရာတွင် အလွန်ပင် နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အားလုံးအပေါ်တွင် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[10] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲလှူဒါန်းခြင်း မပြုကြရန် သင်တို့အတွက် မည်သည့်အကြောင်းအရာက (အဟန့်အတားနှင့်အခက်အခဲများအဖြစ်) ရှိနေသနည်း။ စင်စစ်သော်ကား မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသောအရာ (အမွေ) အားလုံးသည် အလ္လာဟ်အရှင်မြတ် (ကဖြစ်တည်စေတော်မူသည့် အရာများဖြစ်၍ အရှင်အချုပ်အခြာအာဏာ၌ ရှိလျက် အရှင်မြတ်) သာ အမွေဆက်ခံခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ သင်တို့အနက် (မက္ကာမြို့တော်ကို အောင်နိုင်၍) အောင်ပွဲမခံရမီ (အရှင့် လမ်းတော်၌) စွန့်လှူသုံးစွဲ လှူဒါန်းခဲ့ကြရုံမက (အစ္စလာမ်အတွက် ရပ်တည်သူတို့ကို အမြစ်ဖြတ်ချေမှုန်းလို စိတ်ဖြင့် မတရားကျူးကျော်သူတို့ကို တော်လှန်တိုက်ခိုက်ရာတွင်လည်း အသက်ကို ပဓါနမထားဘဲ စွမ်းစွမ်းတမံ) ရင်ဆိုင်တိုက်ခိုက်လျက် ဂုဏ်ရည်အဆင့်အတန်း အမြင့်မြတ်ဆုံးစာရင်းတွင် ပါဝင်စေတော်မူခြင်းခံကြရသော ထိုသူတို့သည် (ထိုအောင်ပွဲခံရသောကာလ) နောက်ပိုင်းတွင် (အရှင့်လမ်းတော်၌) စွန့်လှူသုံးစွဲ လှူဒါန်း၍ တိုက်ပွဲ၌ ပါဝင်ကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသူတို့နှင့်ထပ်တူထပ်မျှ တူညီနိုင်ကြမည်လော။ စင်စစ်သော်ကား၊ အလ္လာဟ်အ ရှင်မြတ်သည် အားလုံးကိုပင် အကောင်းမြတ်ဆုံး ကောင်းကျိုး (ထာဝရပျော်ရွှင်မြူးထူးကြရမည့် သုခဥယျာဉ်) ပေးတော်မူရန် ကတိထားတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံ ဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက် အလုံးစုံကို အသေးစိတ် သတင်းရယူထားတော်မူသော အရှင်ဖြစ်တော်မူ၏။

[11] (အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်း ပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည်ချေးငှား (ဆက်ကပ်) လိုသူ မည်သူရှိအံ့နည်း။ ထိုသို့ချေးငှားလျှင် အလ္လာဟ်အရှင်မြတ်သည် သူချေးငှားခဲ့သည်ကို (ဤလောကီ၌) မြောက်များစွာ ဆထက်တိုး၍ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) သူ့အတွက် မြင့်မြတ်လှစွာသော အကျိုးဆုလဒ်သည်လည်း ရှိနေ၏။

[12] (အို၊ ရစူလ်တမန်တော်၊) ထိုနေ့တွင် အသင်သည် သက်ဝင်ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးများ အား သူတို့၏ရှေ့၌ အလင်းရောင်ရှိ၍ သူတို့၏လက်ယာဘက်၌ “ယနေ့ အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး ထို (သုခဥယျာဉ်) ၌ ထာဝရနေထိုင်ရ မည်ဖြစ်သော သုခဥယျာဉ်သည် သင်တို့အတွက် သတင်းကောင်းဖြစ်၏။” ဟု ပါရှိစေလျက် ပြေးကြမည်ကို တွေ့မြင်ရပေမည်။ ထိုနည်းအတိုင်းပင် ယင်းသည် မဟာအောင် မြင်မှုကြီးပင် ဖြစ်၏။

[13] ထိုနေ့တွင် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများသည် ယုံကြည်သူတို့အား “သင်တို့၏အလင်းရောင်မှ (အလင်းတန်း အနည်းငယ်မျှ) ရရှိနိုင်ကြရန် သင်တို့သည် ကျွန်ုပ်တို့အတွက် (ခဏ) စောင့်ဆိုင်းကြလော့။” ဟု တောင်းဆိုပြောကြားသည့်အခါ (ယုံကြည်သူများ ဖြစ်ကြသော) သူတို့က “သင်တို့သည် (ဖြစ်နိုင်လျှင် လောကီကမ္ဘာဖြစ်သည့်) နောက်ကြောင်းပြန်သွားပြီးလျှင် (ထို၌ ကောင်းမှုကုသိုလ်များဖြင့် ပြုမူကျင့်လျက်) အလင်းရောင်ကို ရှာဖွေကြလော့။” ဟု တုံ့ပြန်ဖြေဆိုကြလိမ့်မည်။ ထိုစဉ် သူတို့ကြားတွင် (ယုံကြည်သူများနှင့်သီလကြောင်းတို့ကို သီးခြားစီဖြစ်စေမည့်) တံခါးပေါက်တစ်ခုပါသော တံတိုင်းတစ်ခုအား စိုက်ထူမည် (ဖြစ်ရာ သီလကြောင်တို့၏နောင်တရမှုမှာ တိုးမြှင့်လာ၍ ယုံကြည်သူတို့နှင့်လည်း အဆက်ပြတ် သွားမည်) ဖြစ်၏။ တံတိုင်း၏အတွင်းဘက်၌ ထာဝရ ပျော်မြူးစေမည့်) ကရုဏာတော်ရှိနေ၍ ယင်း၏အပြင် ဘက်၌မူကား (ထာဝရခံစားရမည့်) ပြစ်ဒဏ်သည် ရှိနေ၏။

[14] ထို (အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့သည် (တံတိုင်း၏အပြင်ဘက်မှနေ၍ ယုံကြည်သူတို့အား) “လောကီဘဝ၌ ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လော။” ဟု ဟစ်အော် မေးမြန်းကြပေမည်။ (ထိုအခါ သက်ဝင်ယုံကြည်သူများဖြစ်ကြသော) သူတို့က “အမှန်ပင် အတူနေခဲ့ကြပါ၏။ သို့ရာတွင် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချ၍ သင်တို့ကိုယ်သင်တို့ လှည့်စားလျက် (အစ္စလာမ်အတွက် ရပ်တည်သူများအဖြစ် ဟန်ဆောင်ပြီး ယင်းကို ပျက်စီးစေရန် ကြံစည်၍ ရန်သူများ ဘက်မှပါဝင်ရန်) စောင့်ဆိုင်းနေခဲ့ကြရုံသာမက ယင်း (အစ္စလာမ်) အပေါ်လည်း ဒွိဟသံသယပွားစေကာ အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော် (သေခြင်းတရား) ရောက်လာ သည်အထိ မှားယွင်းသော မျှော်လင့်ချက်များနှင့်ထင်မြင်ယူဆချက်များအတွက် သင်တို့ကိုယ်သင်တို့ လှည့်စား နေခဲ့ခြင်းဖြင့် လှည့်စားသူ (စေတန်မကောင်းဆိုးဝါး) အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ (၏အ တွေးအမြင်နှင့်သဘောထားတို့) ကို လှည့်ဖြားစေရန် ခွင့်ပြုလေ၏။ “ ဟု တုံ့ပြန်ဖြေဆိုကြလိမ့်မည်။

[15] သို့ဖြစ်ပေရာ ယနေ့သော်ကား သင်တို့ထံမှလည်းကောင်း မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့ထံမှလည်းကောင်း၊ မည်သည့်လျော်ကြေးကိုမျှ လက်ခံရယူတော်မူလိမ့်မည် မဟုတ်ပေ။ သင်တို့ (အားလုံး) ၏နောက်ဆုံးပန်းတိုင် ခိုလှုံရာဌာနစခန်းမှာ (ငရဲ) မီးပင် ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် သင်တို့၏ကာကွယ်စောင့်ရှောက်သူ ဖြစ်၏။ စင်စစ် ယင်း (ငရဲမီးထဲရှိ သူတို့၏) ပြန်လည်ရာစခန်း နောက်ဆုံးပန်းတိုင်သည် အလွန်ယုတ်ညံ့ ဆိုးဝါးလှပေ၏။

[16] သက်ဝင်ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဆုံးမသြဝါဒ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်မြတ်ကုရ်အာန်) အလို့ငှာလည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူသမျှကို လိုက်နာရာတွင်လည်းကောင်း၊ သင်တို့မတိုင်မီက ရှိခဲ့ကြသော ကျမ်းရပုဂ္ဂိုလ်များကဲ့သို့ မဖြစ်ရန်လည်းကောင်း၊ သူတို့၏နှလုံးသားများကို (အရှင်မြတ်ထံအပ်နှံ၍ အရှင့်လမ်းတော်၌ ရုန်းကန်လျက်) နှိမ့်ချကြရန် အချိန်တန်ပြီ မဟုတ်လော။ အကြောင်းမှာ (ထိုကျမ်းရပုဂ္ဂိုလ်များသည်) အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ (အရှင့်အမိန့်တော်များကို ကျောခိုင်းပြောင်းလဲသောကြောင့်) သူတို့၏စိတ်နှလုံးများသည် ခက်ထန်မာကျောလာပြီး သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်း​ဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)

[17] ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မြေကမ္ဘာကိုလည်း ယင်းမှာ ခြောက်သွေ့ခန်းခြောက်လျက် မြေသေဖြစ်ပြီးနောက် (ကောင်းကင်ယံမှ သွန်းချ​စေတော်မူသောရေကြောင့် ပြန်လည်ရှင်သန်) စိုပြေစေကြောင်းကို သင်တို့သည် နှလုံးသွင်း သိထားကြလော့။ ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ ဆင်ခြင်တုံတရားကို သုံး၍ တွေးခေါ်ဆင်ခြင်သိနားလည်ကြရန်အလို့ငှာ အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း၊ မြင်သာထင်ရှားအောင် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်၏။

[18] ဧကန်စင်စစ်၊ (ဆင်းရဲနွမ်းပါးသူတို့အတွက် လူမှုဖူလှုံကြေးနှင့်အလှူဒါနများအပါအဝင်) စွန့်လှူပေးကမ်း လှူဒါန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည် (အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်းပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့ မှုအတွက်) အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ချေးငှား (ဆက်ကပ်) လျှင် ယင်းဆက် ကပ်ချေးငှားခြင်းကို (ဤလောကီ၌) မြောက်များစွာ ဆထက်တိုး၍ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) သူတို့အတွက် မြင့်မြတ်လှစွာသော အကျိုးဆုလဒ်သည်လည်း ရှိနေ၏။

[19] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအား ယုံကြည်ကြသော သူတို့မူကား ထိုသူတို့သည်ပင် ထိုသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ဖြောင့်မတ်မှန်ကန်စွာပြုမူကျင့်ကြံသော သစ္စာဝါဒီများနှင့် (အရှင်မြတ်၏လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများပင် ဖြစ်ကြပြီး သူတို့အတွက် မြင့်မြတ်သောအကျိုးဆုလဒ်များနှင့်သူတို့၏ရောင်ခြည်များ ရှိပေမည်။ သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ကြသောသူတို့မူကား မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များပင် ဖြစ်ကြပြီး ထိုသူတို့သည်ကား အရှိန်ပြင်းစွာ လောင်နေသော ငရဲမီး၏အဖော်များပင် ဖြစ်ကြ၏။

[20] လောကီဘဝသက်တမ်းသည် အချင်းချင်းကြားတွင် ဝင့်ကြွားခြင်း ဥစ္စာဓနပိုင်ဆိုင်လျက် ကြွယ်ချမ်းခြင်းနှင့်သားသမီးများကို အကြောင်းပြု၍ ပြိုင်ဆိုင်မှုတိုးပွားစေခြင်းကြောင့် ကစားခုန်စားမှုနှင့်လောကီအကျိုးအတွက် အလှတန်ဆာဆင်၍ ပျော်မြူးခြင်းသက်သက်သာ ဖြစ်သွားနိုင်ကြောင့် နှလုံးသွင်း သိထားသင့်သည်။ (ထိုသို့လောကီဘဝသက်တမ်းကို လောကီအကျိုးခံစားမှုအတွက်သာ အသုံးချ ကြသူတို့၏ဥပမာသည်ကား) မိုးရေကြောင့် (လယ်ယာကိုင်းကျွန်းများ စိုပြေလာ၍) အသီးအနှံဖြစ်ထွန်းမှု တိုးပွားလာကာ ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ပျော်ရွှင်မြူးထူးဖြစ်ပြီးနောက် (မိုးရေရှားပါးမှုကြောင့် လယ်ယာကိုင်းကျွန်းများ) ခြောက်သွေ့ခန့်ခြောက်လာ၍ စိုက်ခင်းများလည်း အဝါရောင်သန်းလာပြီးနောက် ခြောက်သွေ့လျက် ကောက်ရိုးပုံ (အမှိုက်ပုံ) ဖြစ်လာသည်ကို မြင်တွေ့ရသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်အလား သဏ္ဌန်တူ၏။ ထို့ပြင် (ထိုသို့သောပဂ္ဂိုလ်များသည်) နောင်တမလွန်ဘဝတွင်လည်း အလ္လဟ်အရှင်မြတ်၏လွတ်ငြိမ်းခွင့်ပေးတော်မူခြင်းနှင့်နှစ်သက်တော်မူခြင်းတို့မှ ကင်းဝေး၍ ပြင်းထန်သော ပြစ်ဒဏ်ကို ထာဝရ ခံစားရမည် ဖြစ်၏။ စင်စစ်သော်ကား လောကီဘဝသက်တမ်းသည် လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များကြောင့် (ခေတ္တခဏ ပျော်မြူးနိုင်ရန် ထာဝရသုခချမ်းသာကို လက်လွတ်စေလျက်) လှည့်စားခြင်းခံရခြင်းမှအပ အခြား မဟုတ်ပေ။

[21] (လောကီဘဝသက်တမ်း၌ လောကီစဉ်းစိမ်းချမ်းသာအတွက် အငမ်းမရ ပြိုင်ဆိုင်နေခြင်းအစား) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့် ဘက်သို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်တို့အား သက်ဝင်ယုံကြည်ကြသောသူတို့အတွက် အသင့် ပြင်ဆင်ထားသော (အရွယ်အစားအားဖြင့်) မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်တို့၏ကျယ်ပြောမှုကဲ့သို့ ကြီးမားကျယ်ပြန့်သည့် သုခဥယျာဉ်ဘက်သို့လည်းကောင်း၊ သင်တို့အချင်းချင်း တစ်ဦးထက်တစ်ဦးသာနိုင်အောင် အပြိုင်အဆိုင် ပြေးလွှားကြလော့။ ထိုသို့ ဖြစ်စေတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူသည့် အလ္လာဟ်အရှင်မြတ်ကျေးဇူးတော်ပင်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်သောကျေးဇူးတော်နှင့်ဂုဏ်သိက္ခာ အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[22] ကမ္ဘာမြေ၌လည်းကောင်း၊ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်းကောင်း၊ ဖြစ်ပျက်ရောက်ရှိသော အကျိုးယုတ်စေသည့် မည်သည့် အကုသိုလ်ဘေးဒုက္ခပင်ဖြစ်စေ၊ ယင်း (အကုသိုလ်ဘေးဒုက္ခ) ၏ဖြစ်ပျက်တည်ရှိမှုမစတင်မီကတည်းပင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ မှတ်တမ်းတင်တော်မူခြင်း) မှအပ (ဖြစ်ပျက်ရောက်ရှိလာလေ့မရှိချေ)။ ဧကန်ပင်၊ (အရာခပ်သိမ်းတို့၏အနာဂတ်ကို အကြွင်းမဲ့ သိနေတော်မူသော) အလ္လာဟ်အရှင်မြတ်အတွက် ထိုသို့ ကြိုတင်မှတ်တမ်းတင်ထားတော်မူခြင်းသည် အလွန်ပင် လွယ်ကူလှပေ၏။

[23] (ထိုသို့ မှတ်တမ်းတင်ထားတော်မူခြင်းမှာ) သင်တို့သည် သင်တို့ထံမှ လက်လွတ်သွားသော အရာနှင့်စပ်လျဉ်း၍ ပူဆွေးခြင်းမရှိကြရန်လည်းကောင်း၊ ထိုအရှင်မြတ်က သင်တို့အား ချီးမြှင့်ပေးအပ်တော်မူထားသော အရာများပေါ် (အခြေခံ၍ ဝမ်းမြောက်လျက်) ပျော်ရွှင်မြူးထူးကာ မာန်မာနမထောင်လွှားကြရန်လည်းကောင်း၊ ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကိုယ့်ကိုယ်ကို အထင်ကြီး၍ ဘဝင်မြင့်သူ (ကြွားဝါသူ) ဟူသမျှကို နှစ်သက်တော်မမူချေ။

[24] (လူ့ဘောင်အသိုင်းအဝိုင်း၌) မိမိတို့ကိုယ်တိုင် စေးနှဲတွန့်တိုကြရုံသာမက လူသားအပေါင်းတို့ကိုလည်း စေးနှဲတွန့်တိုကြရန် အားပေးနှိုးဆော်တိုက်တွန်းကြသူများလည်း ရှိကြ၏ မည်သူမဆို (အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူထားသည့် ဥစ္စာဓနပိုင်ဆိုင်မှုများကို အရှင့်လမ်းစဉ်တော်နှင့်အညီ သုံးစွဲခြင်းမှ) မျက်နှာလွဲကျေားခိုင်းလျှင် (သူတို့နှလုံးသွင်းသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (သက်ရှိအားလုံးအသက်ရှင် ရပ်တည်နိုင် ရန်၊ လိုအပ်သမျှကိုဖြည့်ဆည်းပေးတော်မူပြီး) လိုလားတောင့်တခြင်း ကင်းမဲ့လျက် ကုံလုံပြည့်စုံတော်မူသော အရှင်၊ (ကျေးဇူးသိတတ်သူအားလုံးအတွက်) အကြိမ်ကြိမ်အဖန်ဖန် ကျေးဇူးတင်ချီးမွမ်းထိုက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[25] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် သက်သေအထောက်အထား များပါဝင်သည့် ရှင်းလင်းချက်များနှင့်တကွ ငါအရှင်မြတ်၏အမှုတော်ဆောင်ရစူလ်တမန် စေလွှတ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူသားတို့က (တရားတော်နှင့်အညီ) တရားမျှတမှု ပေါ်၌ရပ်တည်နိုင်ကြရန်အလို့ငှာ ကျမ်းတော်ကိုလည်းကောင်း၊ (လူမှုဆက်ဆံရေးတွင် တရားမျှတမှုကို ချိန်ညှိ ပေးနိုင်သည့်) တန်းတူညီမျှမှုကိုလည်းကောင်း ချမှတ်ပေးအပ်တော်မူ၏။ တစ်ဖန် ငါအရှင်မြတ်သည် (လူသားတို့ ၏ဖွံ့ဖြိုးတိုးတက်မှု၌ အထောက်အကူဖြစ်စေသော) ယင်း၌ ကြီးကျယ်ခိုင်မာသည့်အင်အားပေးစွမ်းသည့်အပြင် လူသားအတွက် အကျိုးကျေးဇူး များစွာရှိသည့် သံသတ္တုကိုလည်း ချီးမြှင့်ပေးအပ်တော်မူ၏။ (ထိုသို့ပေးအပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက်မှ မည်သူက (အကွယ်၌ ရှိနေတော်မူသော အရှင်မြတ်ကို) မမြင်ဘဲပါလျက် (ယုံကြည်၍ အရှင့်အမိန့်တော်များကို နာခံခြင်းဖြင့်) ထိုအရှင်မြတ်နှင့်အရှင့်သတင်း တော်ဆောင်ရစူလ် တမန်တော်များအား ကူညီသည်ကို သိစေတော်မူရန်အလို့ငှာပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (စွမ်းအားတန်ခိုးအလုံးစုံကို ပိုင်ဆိုင်တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ်သိက္ခာ အလုံးစုံကို ပိုင်ဆိုင်တော်မူသော) ဘုန်းတော်ရှင် ဖြစ်တော်မူ၏။

[26] ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) နူဟ်အားလည်းကောင်း၊ (တမန်တော်) အီဗ်ရာဟီးမ်အားလည်းကောင်း၊ စေလွှတ်တော်မူပြီး သူတို့နှစဦးစလုံး၏သားစဉ်မြေးဆက်များ၌လည်း သတင်းတော်ဆောင်ဘွဲ့ (တမန်တော်ဖြစ်စေတော်မူခြင်း) နှင့်ကျမ်းတော်ကို စီမံခန့်ထား၍ ပေးအပ်တော်မူခဲ့ရာ (သူတို့ခေတ်များ၌ နေထိုင်ခဲ့ ကြသော) သူတို့အနက်မှ တရားလမ်းမှန် ညွှန်ပြခြင်းခံရသူများ ရှိကြ၏။ သို့ရာတွင် သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်း​ဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)

[27] ထို့နောက် ငါအရှင်မြတ်သည် သူတို့ (တမန်တော်နူးဟ်နှင့်အီဗ်ရာဟီးမ်) ၏နောက်တွင် ရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၍ ယခင်ရစူလ်တမန်တော်များ၏လမ်းစဉ်အတိုင်း ဖဝါးခြေ ထပ်ထက်ကြပ်မခွာ လိုက်နာကျင့်သုံးသော မရ်ယမ်၏သားအီစာအား စေလွှတ်တော်မူလျက် အီန်ဂျီးလ်ကျမ်း ချမှတ်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်အီစာ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ မေတ္တာကရုဏာတရားကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။ သို့ရာတွင် (ငါအရှင်မြတ်သည် အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်၍) ငါအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာဖွေခြင်းမှအပ (အခြားမည်သည်ကိုမျှ မပြဌာန်းထားသော်လည်း) သူတို့က သူတို့အပေါ် မဖြစ်မနေလုပ်ရမည့်တာဝန်အဖြစ် သတ်မှတ်ပြဌာန်း တော်မမူသောအရာဖြစ်သည့် ဘုန်းကြီးရဟန်းတို့၏နေ ထိုင်မှုစနစ်ကို (သူတို့ကိုယ်တိုင် ဘာသာရေးတုံး တမ်းစဉ်လာအဖြစ်) အသစ်တီထွင်ဖန်တီးခဲ့ကြရာ မဖြစ်မနေ လုပ်ရမည့်တာဝန်ဝတ္တရားများကို လိုအပ်ချက်နှင့်အညီ တိကျမှန်ကန်စွာ စောင့်ထိန်းလိုက်နာနိုင်ခြင်း မရှိကြချေ။ မည်သို့ပင်ဖြစ်စေ၊ ငါအရှင်မြတ်သည် သူတို့အနက်မှ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား သူတို့၏အကျိုးဆု လဒ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်း​ဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)

[28] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ထိုအရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလော့။ ထိုအရှင်မြတ်သည် သင်တို့အား (တမန် တော်မုဟမ္မဒ်နှင့်တမန်တော်အားလုံးကို ယုံကြည်ခြင်း၏အကျိုးဆက်အဖြစ်) အရှင့်ကရုဏာတော်မှ နှစ်ဆချီးမြှင့် ပေးအပ်တော်မူမည့်အပြင်၊ သင်တို့အတွက် ယင်းဖြင့် ဘဝခရီး လျှောက်လှမ်းနိုင်သည့် အလင်းရောင် (ဉာဏ်အလင်း) ကိုလည်း စီမံဖြစ်စေတော်မူရုံသာမက သင်တို့အတွက် ခွင့်လွှတ်ချမ်းသာခွင့်လည်း ရှိစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန် ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[29] (ယင်းသို့ ချီးမြှင့်ပေးအပ်တော်မူခြင်းသည်) ရှေးကျမ်းပုဂ္ဂိုလ်များအား သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော် စသော) ကျေးဇူးတော်များအနက်မှ မည်သည့်အရာ (အမိန့်စီရင်ချက်) ကိုမျှ စိုးစဉ်းမျှပင် (ပြင်ဆင်ပြောင်းလဲနိုင်သော) အခွင့်အာဏာ မရှိကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အလုံးစုံသည် အလ္လာဟ်အရှင်မြတ်၏လက်တော်တွင်း (အချုပ်အခြာအာဏာ) ၌သာရှိတော်မူ၍ ထိုအရှင်မြတ်သည် ယင်းကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူကြောင်းကိုလည်းကောင်း၊ သိစေတော်မူရန်အတွက်သာ ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍) ကြီးကျယ်သော ကျေးဇူးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

လျှောက်ထားသောအမျိုးသမီး

Surah 58

[1] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူမ၏ဘဝဖော်နှင့်စပ်လျဉ်း၍ အသင် (တမန်တော်) နှင့်အပြန်အလှန်ဆွေးနွေးတိုင်ပင်လျက် သူမ၏မကျေနပ်ချက်ကို အလ္လဟ်အရှင်မြတ်ထံ တိုင်ကြားသည့် အမျိုးသမီး၏အသနားခံပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည့်ပြောဆိုဆွေးနွေးချက် (အသေးစိတ်ကိုလည်း) ကြားတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ်လျှောက်၌ လူသားတို့ပြောဆိုခဲ့သမျှနှင့်သင်တို့ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို) မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။

[2] သင်တို့အနက်မှ သူတို့၏အမျိုးသမီးများကို သူတို့အတွက် (ရှေးခေတ်မိရိုးဖလာတုံးစံအတိုင်း) တရားမဝင် ဖြစ်စေရန် “အသင်မက ကျွန်ုပ်အတွက် ကျွန်ုပ်မိခင်၏ကျောကုန်းဖြစ်ပါစေ။” ဟု ဇိဟာရ်ထုတ်ဖော်ချက်ကို တရားဝင်ထုတ်ဖော်ကြေညာသူတို့အနေဖြင့် (နှလုံးသွင်းသင့်သည်မှာ) သူတို့၏အမျိုးသမီးများသည် (မည်သည့် အခါမျှ) သူတို့၏မိခင်များ ဖြစ်နိုင်ကြမည် မဟုတ်ပေ။ သူတို့အား မွေးဖွားခဲ့ကြသော အမျိုးသမီးများသည် သာလျှင် သူတို့၏မိခင်စစ်များ ဖြစ်ကြ၏။ သို့ရာတွင် ဧကန်မလွဲ၊ (ဇိဟာရ်ထုတ်ဖော်ချက်ကို ထုတ်ဖော် ကြသော) သူတို့သည် (တရား​တော်နှင့်ဆန့်ကျင်၍ ထင်ရာစိုင်း ပြောဆိုသည့်) အပြောအဆိုများအနက်မှ အလွန် စက်ဆုပ်ရွံရှာဖွယ်ရာစကားကိုလည်းကောင်း၊ မမှန်မကန်ထွက်ဆိုသော မိစ္ဆာဒိဌိကိုလည်းကောင်း၊ အမှန်ပင် ပြောဆိုနေကြ၏။ သို့တစေလည်း မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[3] သူတို့၏အမျိုးသမီးများကို သူတို့အတွက် (ရှေးခေတ်မိရိုးဖလာတုံးစံအတိုင်း) တရားမဝင်ဖြစ်စေရန် “အသင်မက ကျွန်ုပ်အတွက် ကျွန်ုပ်မိခင်၏ကျောကုန်းဖြစ်ပါစေ။” ဟု (စက်ဆုပ်ဖွယ်ရာ ထုတ်ဖော်ချက်ကို) တရားဝင်ထုတ်ဖော်ကြေညာသူတို့သည် ထိုထုတ်ဖော်ချက်ကို ရုပ်သိမ်း၍ (သူမတို့နှင့်ပြန် လည်ချဉ်းလိုလျှင်) တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ ကျွန်တစ်ဦးအား ကျွန်ဘဝမှ လွတ်မြောက်စေရမည်။ သင်တို့သည် ယင်းနှင့်စပ်လျဉ်း ထိုနည်းအတိုင်းပင် ဆုံးမသွန်သင်ခြင်းခံကြရ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူ၏။

[4] သို့ရာတွင် မည်သူမဆို (ကျွန်တစ်ဦးအား ကျွန်ဘဝမှ လွတ်မြောက်စေနိုင်သည့် နည်းလမ်းတစ်စုံတစ်ရာ) ရှာမတွေ့လျှင် တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း ဆွိယာမ်ဥပုသ်သီလဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို (ဆွိယာမ်ဥပုသ်သီလဆောက်တည်ခြင်းကိုလည်း) မတတ်စွမ်းနိုင်လျှင် (သူ့အတွက် အာပတ်ဖြေပြစ်ဒဏ်မှာ ကိုခိုးရာမဲ့ဘဝရောက်နေသော) ဆင်းရဲချို့တဲ့သူ အယောက် ခြောက်ဆယ်အား (တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ ထမင်းနှစ်နပ်) ကျွေးမွေးရပေမည်။ ထိုသို့ အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်းသည်ကား သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်မြတ်အား အပြည့်အဝ ယုံကြည်ကြ (ပြီး အရှင့်အမိန့်တော်များနှင့်အညီ ဘဝဆောက်တည်နိုင်) ရန်အတွက်ပင် ဖြစ်၏။ ထို့ပြင် ဤသည်တို့သည်ကား အလ္လာဟ်အရှင်မြတ်၏စည်းဘောင် ကန့်သတ်ချက်များပင် ဖြစ်၏။ (ယင်းစည်းဘောင်များကို ကျူးလွန်ချိုးဖောက်ကြသည့်) မယုံကြည်သွေဖည် ငြင်းပယ်ကြသောသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် ရှိပေ၏။

[5] ဧကန်စင်စစ်၊ (အရှင်မြတ်သတ်မှတ်တော်မူသည့် စည်းဘောင်များအား စောင့်ထိန်းရာတွင်) အလ္လာဟ်အ အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ပုန်ကန်သူတို့သည် သူတို့မတိုင် မီက (ထိုသို့လုပ်ခြင်းကြောင့်) အရှက်ကွဲသေးသိမ်စေလျက် အညွန့်ချိုးခံကြရသကဲ့သို့ (ဤလောကီဘဝ၌ပင်) အရှက်ကွဲသေးသိမ်စေလျက် အညွန့်ချိုးခံကြရလိမ့်မည်။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌ အေးချမ်းပျော်ရွှင်နိုင်မည့် လမ်းညွှန်အတွက်) ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထားများနှင့်ရှင်းလင်းချက်များပါဝင်သည့် အာယသ်သက်သေလက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ဖြစ်၏။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သောသူ) တို့အတွက် အသရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိနေ၏။

[6] ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထစေတော်မူပြီးနောက် (လောကီဘဝ၌) သူတို့ပြုမူကျင့်ကြံခဲ့သမျှတို့နှင့်စပ်လျဉ်း၍ သူတို့အား အကြောင်းကြား အသိပေးစေတော်မူပြီး (ဆင့်ခေါ်စေ၍ အရေးယူတော်မူမည်ဖြစ်ရာ သူတို့၏လုပ်ရပ်များကို) သူတို့မေ့လျော့နေသော်လည်း အလ္လာဟ်အရှင်မြတ်သည် ယင်းကို အတိအကျ မှတ်တမ်းတင်ထားတော်မူခဲ့ပြီးဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍ မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။

[7] (အို၊ ရစူလ်တမန်တော်၊) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ ၌ရှိသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူကြောင်း အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ထိုအရှင် မြတ်သည် စတုတ္တမြောက်ဖြစ်နေတော်မူခြင်းမှအပ လူသုံးဦးက လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်း သည်လည်းကောင်း၊ ထိုအရှင်မြတ်သည် ဆဋ္ဌမမြောက်ဖြစ်နေတော်မူခြင်းမှအပ လူငါးဦးက လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်းသည်လည်းကောင်း၊ အလျှင်း ဖြစ်နိုင်စရာအကြောင်းမရှိပေ။ ထို့ပြင် ထိုထက်မက သေးငယ်အုပ်စုကဖြစ်စေ၊ ထိုထက်များပြားသောအုပ်ဖြစ်စေ၊ မည်သည့်နေရာတွင် မည်သို့ပင် လျှို့ဝှက် တိုင်ပင်ဆွေးနွေးသည်ဖြစ်စေ၊ ထိုအရှင်မြတ်သည် သူတို့နှင့်အတူ ရှိနေတော်မူ၏။ ထို့နောက် ရှင်ပြန်ထမည့်နေ့တွင် ထိုအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခဲ့သမျှ အသေးစိတ်အချက်အလက်နှင့်စပ်လျဉ်း၍ သူတို့အား အကြောင်းကြား အသိပေးတော်မူမည် ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။

[8] (အို၊ ရစူလ်တမန်တော်) ထိုသူတို့သည် လျှို့ဝှက်တိုင်ပင် ဆွေးနွေးခြင်းမပြုရန် တားမြစ်ခြင်းခံခဲ့ရပြီး နောက်တွင်မှ ထပ်မံ၍ တားမြစ်ခဲ့သော (အရက်သေစာသောက်စားခြင်း လောင်းကစားခြင်းနှင့် ဝတ်ပြုမှုကို ရှောင်ကြဉ်ခြင်းစသည့်) မကောင်းမှုအကုသိုလ်များကို ကျူးလွန်နိုင်ရန် လျှို့ဝှက်ကြံစည်လျက် ဒုံးရင်းအခြေ အနေသို့ ပြန်ရောက်ခဲ့ကြသူများကိုလည်းကောင်း၊ ရစူလ်တမန်တော် (၏အမိန့်တော် များနှင့်တား မြစ်ချက်များ) ကို အာခံဖီဆန်၍ ကျူးကျော်ရန်စ (မှုအတွက် တစ်ဦးကိုတစ်ဦး တိုက်တွန်း နှိုးဆော်ကြ) သူများကိုလည်းကောင်း၊ အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ထို့ပြင် ထိုသူတို့သည် အသင့်ထံသို့ လာကြသောအခါ အလ္လာဟ်အရှင်မြတ်က အသင့်အား မည်သည့်အခါမျှ ညွှန်ကြားတော်မမူသည့် မေတ္တာပို့ နှုတ်ဆက်နည်းမျိုးဖြင့် မေတ္တာပို့နှုတ်ခွန်းဆက်ကြသည့်အပြင် သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီ ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (မုဟမ္မဒ်သည် အမှန်ပင် တမန်တော် ဖြစ်သလော"" ဟု တွေး၍ တစ်ဦးကိုတစ်ဦး လှောင်ပြောင်သည့်အနေဖြင့်) “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ပြော ဆိုမှုကြောင့် ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူသနည်း။” ဟု ပြောဆိုကြ၏။ ငရဲဘုံသည် သူတို့အတွက် လုံလောက်ပြီး သူတို့သည် ယင်း (ငရဲဘုံ) ထဲတွင် လောင်ကျွမ်းစေရန် ဝင်ရောက်ကြရပေမည်။ စင်စစ်သော်ကား ယင်း (ငရဲဘုံ) သည် အလွန်ပင် ယုတ်ညံ့ ဆိုးရွားလှသော နောက်ဆုံးပန်း တိုင် (ပြန်လည်ရာစခန်း) ဖြစ်၏။

[9] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် လျှို့ဝှက်တိုင်ပင်ဆွေးနွေးကြသောအခါ (တားမြစ်ထားတော်မူသော အရက်သေစာသောက်စားခြင်း၊ လောင်းကစားခြင်းနှင့်ဝတ်ပြုမှုကိုရှောင်ကြဉ်ခြင်း စသည့်) မကောင်းမှုအကုသိုလ်များကို ကျူးလွန်နိုင်ရန်လည်းကောင်း ရစူလ်တမန်တော် (၏အမိန့်တော်များနှင့်တားမြစ်ချက်များ) ကို အာခံဖီဆန်၍ ကျူးကျော်ရန်စနိုင်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်း မပြုကြလေနှင့်။ သို့ရာတွင် သင်တို့သည် သမာဓိရှိသော ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်ရန်နှင့်တက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) အတွက်သာ လျှို့ဝှက်တိုင်ပင်ဆွေးနွေးကြလော့။ ထို့ပြင် သင်တို့အားလုံးသည် ထိုအရှင်မြတ်ထံသို့ပင် ပြန်လည် စုရုံးစေတော်မူမည့် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[10] လျှို့ဝှက်တိုင်ပင်ဆွေးနွေးရခြင်း (၏ နောက်ထပ်အကြောင်းရင်းတစ်ခု) မှာ စေတန်မကောင်းဆိုးဝါးထံမှ (ရန်စရန်လှုံ့ဆော်မှုသက်သက်ဖြစ်သော) သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခဖြစ်စေရန်သာ ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်မှအပ ယင်း (စေတန်မကောင်းဆိုးဝါး) သည် (ယုံကြည်သူများ ဖြစ် ကြသော) သူတို့အား အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ် ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပေ ရာ (ငါအရှင်မြတ်သည် ယုံကြည်သူတို့ကို ကာကွယ်စောင့်ရှောက်ရန် အရှင့်အပေါ် တာဝန်အဖြစ်သတ်မှတ်ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်လျက်) အားကိုးအားထားပြုထိုက်၏။

[11] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် လူထုအစည်းအဝေး၌ (ဝင်ရောက်လာသူအသစ် တို့အား) နေရာပေးကြလော့။ ဟု ပြောဆိုခြင်းခံကြရသောအခါ နေရာချဲ ပေးကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် (အရှင့်ကျေးဇူးတော်နှင့်သုခဥယျာဉ်၌) နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ “သင်တို့ သည် (အစည်းအဝေးခန်းမမှ ထ၍ တာဝန်ရှိသည့်နေရာသို့ ထွက်ခွာရန်) ထကြလော့။” ဟု ပြောဆိုခြင်း ခံကြရသော အခါလည်း ထကြလော့။ အရှင်မြတ်သည် သင်တို့အနက်မှ ဖြူစင်စွာ ယုံကြည် (၍ ယုံကြည်ချက်နှင့်အညီ လိုက်နာကျင့်သုံးကြ) သောသူတို့အားလည်းကောင်း၊ (အစ္စလာမ့်ရေးရာ) အသိပညာချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့အားလည်းကောင်း၊ (အခွင့်အလမ်းများနှင့်) အဆင့်အတန်းများဖြင့် မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်မူသမျှ (နှင့်စပ်လျဉ်းသော သတင်းအချက်အလက် အသေးစိတ်) တို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရစူလ်တမန်တော်မြတ်နှင့်သီးသန့်နှီးနှော တိုင်ပင် ဆွေးနွေးလိုကြသောအခါ သင်တို့၏နှီးနှောလိုမှုမတိုင်မီ (ချို့တဲ့ဆင်းရဲသူတို့အား) အလှူဒါနတစ်စုံတစ်ရာကို (ဦးစွာ) စွန့်လှူပေးကမ်းကြလော့။ ထိုသို့စွန့်လှူခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးနှင့်အသန့်ရှင်း အစင်ကြယ်ဆုံး ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် (ထိုသို့စွန့်လှူရန် နည်းလမ်းတစ်စုံတစ်ရာ) ရှာမတွေ့ ကြလျှင်လည်း မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[13] သင်တို့သည် ရစူလ်တမန်တော်မြတ်နှင့်သီးသန့်နှီးနှောတိုင်ပင် ဆွေးနွေးလိုကြသောအခါ သင်တို့၏ နှီးနှော လိုမှုမတိုင်မီ (ချို့တဲ့ဆင်းရဲသူတို့အား) အလှူဒါနတစ်စုံတစ်ရာ စွန့်လှူပေးကမ်းကြရမည်ကို ကြောက်ရွံ့ ခဲ့ကြလေသလော။ သို့ရာတွင် သင်တို့သည် (ယင်းသို့အလှူဒါနပေးကမ်းစွန့်လှူရန် အခွင့်အလမ်းမရခဲ့၍) မပြုလုပ်နိုင်ခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သင်တို့ဘက်သို့ အရှင့်ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊ သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည် ကြပြီး ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသော လူမှုဖူလုံကြေး) ကို ပေးကမ်းကြသည့်အပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့်ရစူလ်တမန်တော်မြတ် (၏လမ်းစဉ်) ကိုလည်း နာခံလိုက်နာကြလော့။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်မူသမျှ (နှင့်စပ်လျဉ်းသော သတင်းအချက်အလက် အသေးစိတ်) တို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[14] (အို၊ ရစူလ်တမန်တော်၊) အသင်သည် သူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးစေသည့် ပြစ်တင်ရှုတ်ချမှုရှိသော လူမျိုးအား သူတို့၏ယုံကြည်စိတ်ချရသောမိတ်ဆွေ (မဟာမိတ်) အဖြစ် မှတ်ယူကြသူ (အယောင်ဆောင်သီလကြောင်) တို့အား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ (အမှန်မှာ ထို အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့သည် သင်တို့ (ယုံကြည်သူများ) အနက်မှ မဟုတ်သည့်အပြင် (အမှန်တရားကို ပြောင်ပြောင်တင်းတင်း လုံးဝ ငြင်းပယ်နေကြသော မယုံကြည်) သူတို့အနက်မှလည်း မဟုတ်ကြပေ။ သူတို့သည် (သင်တို့အနက်မှ ဖြစ်ကြသည်ဟု လိမ်ညာနေကြောင်း သူတို့ကိုယ်တိုင်) သိနေကြသော်လည်း ယင်းမုသားနှင့်စပ်လျဉ်း၍ ကျိန်ဆိုနေကြ၏။

[15] အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် အလွန်ပြင်းထန်သော ပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားတော်မူ၏။ ဧကန်မလွဲ၊ သူတို့ပြုမူကျင့်ဆောင်လျက်ရှိကြသည်မှာ လွန်စွာ ယုတ်ညံ့ ဆိုးဝါးလှပေ၏။

[16] သူတို့သည် သူတို့၏ကျမ်းသစ္စာကျိန်ဆိုချက်များကို (သူတို့၏မကောင်းသောလုပ်ရပ်များကို ဖုံးကွယ် ထားနိုင်ရန်နှင့်ပြစ်တင်ရှုတ်ချမှုမခံကြရန်) အကာအကွယ် ယူထားပြီးလျှင် (အခြားသူတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီးကြ၏။ သို့ဖြစ်ပေရာ သူတို့အတွက် အသရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိနေ၏။

[17] သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သူတို့၏ သားသမီးအခြွေအရံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ သူတို့အတွက် စိုးစဉ်းမျှ အသုံးဝင် အကျိုးပေးလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည်ကား ငရဲမီး၏အပေါင်းအဖော်များ ပင်ဖြစ်ကြပြီး ယင်း (ငရဲဘုံ) ၌ ထာဝစဉ် နေထိုင်ကြရမည့် သူများပင် ဖြစ်ကြ၏။

[18] အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထစေတော်မူမည့်နေ့တွင် သူတို့က ထိုအရှင် မြတ်၏ရှေ့မှောက်၌လည်း သင်တို့ရှေ့ဝယ် ကျမ်းသစ္စာကျိန်ဆိုသကဲ့သို့ပင် ကျိန်ဆိုကြပေမည်။ ထို့ပြင် ဧကန်ပင်၊ သူတို့သည် (​ကောင်းသော သဘောထားအမြင်) တစ်စုံတစ်ခုအတွက် ရပ်တည်နေကြသည်ဟု ထင်မှတ်ကြလေ၏။ ကောင်းစွာ သတိထားမှတ်ယူကြလော့။ ဧကန်မလွဲ၊ သူတို့သည် (မိစ္ဆာဒိဌိကိုလိုက် စားနေကြသော) မုသာဝါဒီများသာ ဖြစ်ကြ၏။

[19] စေတန်မကောင်းဆိုးဝါးသည် သူတို့အပေါ် လွှမ်းမိုးထိန်းချုပ်နိုင်သောကြောင့် ယင်း (စေတန်မကောင်း ဆိုးဝါး) သည် သူတို့က အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ခြင်းကို မေ့လျော့စေ (ရန် အောင်မြင်စွာ လှုံ့ဆော်နိုင်) ခဲ့၏။ ထိုသူတို့ကားစေတန်မကောင်းဆိုးဝါးမိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ၊ စေတန်မကောင်းဆိုးဝါးမိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။

[20] ဧကန်စင်စစ်၊ (အရှင်မြတ်သတ်မှတ်တော်မူသည့် စည်းဘောင်များအား စောင့်ထိန်းရာတွင်) အလ္လာဟ်အအရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ပုန်ကန်၍ ပမာမခန့်ပြုသူတို့သည် အနိမ့်ဆုံး အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ၏။

[21] ဧကန်မလွဲ၊ ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏အမှုတော်ဆောင်၊ ရစူလ်တမန်တော်များ သည်လည်းကောင်း၊ လွှမ်းမိုးတော်မူမည်။” ဟု အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းတော်မူပြီး ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (စွမ်းအားတန်ခိုးအလုံးစုံကို ပိုင်ဆိုင်တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ် သိက္ခာအလုံးစုံကို ပိုင်ဆိုင်တော်မူသော) ဘုန်းတော်ရှင်ဖြစ်တော်မူ၏

[22] (အို၊ ရစူလ်တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ ကို ယုံကြည်ကြသောလူမျိူး (များဖြစ်သည့် စစ်မှန်သောယုံကြည်သူ) တို့က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်မြတ်ကို အာခံဖီဆန်၍ ပမာမခန့် ပြုလုပ်သူတို့အား အကယ်၍ (ထိုပမာမခန့်ပြုသူတို့သည်) သူတို့၏ အဖဘိုးဘေးဘီဘင်များပင် ဖြစ်စေ၊ သူတို့၏သားသမီးများဖြစ်စေ၊ သူတို့၏ညီအစ်ကိုမောင်နှမများပင် ဖြစ်စေ၊ သူတို့၏ဆွေမျိုးသားချင်းနှင့်စိတ်သဘောထားတူညီသောမျိုးနွယ်စုဝင်များပင် ဖြစ်စေ၊ (အခြားမည်သူပင် ဖြစ်နေပါစေ၊ သံယောဇဉ်တွယ်လျက်) ချစ်မြတ်နိုးကြောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသူတို့သည်ကား ထိုအရှင်မြတ်သည် (သူတို့အတွက်) သူတို့၏စိတ်နှလုံးများတွင် ယုံကြည်မှုခိုင်မြဲစေတော်မူပြီး အရှင့်ထံတော်မှ ဝိဉာဏ်တော် (နာမ်ရေးရာ ဉာဏ်အလင်းပေးသည့် ကျမ်းတော်) ဖြင့် သူတို့ကို အားဖြည့်စေတော်မူရန် သတ်မှတ်ပြဌာန်းတော်မူ (သည့် ပုဂ္ဂိုလ်များဖြစ်ကြ) ၏။ ထို့ပြင် သူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ထို (သုခဥယျာဉ်များ) ၌ အစဉ်ထာဝရ နေထိုင်စံစားကြမည့်သူများအဖြစ် ဝင်ရောက်စေတော်မူမည် ဖြစ်၏။ ထိုအရှင်မြတ်သည် (သူတို့၏ကောင်းမြတ်သောလုပ်ရပ်များကြောင့်) သူတို့အား အားရ ကျေနပ် နှစ်သက်တော်မူပြီး သူတို့သည်လည်း (အရှင်မြတ်၏ရက်ရောသော ချီးမြှင့်မှုများကြောင့်) ထိုအရှင် မြတ်ကို အားရဝမ်းသာ နှစ်သက်မြတ်နိုးကြ၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဘက်တော်သား (အရှင့် စည်းမျဉ်းတော်ပေါ် ဆောက်တည်ထားသောအဖွဲ့များ) ဖြစ်ကြ၏။ နှလုံးသွင်း မှတ်ယူကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ဘက်တော်သား (အရှင့်စည်းမျဉ်းတော်ပေါ် ဆောက်တည်ထားသောအဖွဲ့များ) သည်သာလျှင် ပေါက်မြောက်အောင်မြင်မည့်သူများ ဖြစ်ကြ၏။

ပြည်နှင်ဒဏ်

Surah 59

[1] မိုးကောင်းကင်များ၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း ကမ္ဘာဂြိုဟ်၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သောအရှင် ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည်ပင် ရှေးကျမ်းရပုဂ္ဂိုလ်များအနက်မှ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား ပထမဦးဆုံးအကြိမ် (သာဓကအဖြစ် တစ်စည်းတစ်လုံးတည်း) စုရုံးစေတော်မူလျက် သူတို့၏နေအိမ်များ (ခိုင်မာသောခံတပ်များ) မှ နှင်ထုတ်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သင်တို့သည် သူတို့က (ထိုသို့ အလွယ်တကူ) ထွက်သွားကြလိမ့်မည်ဟု မျှော်လင့်ထင်မြင်ခဲ့ကြသည် မဟုတ်ပေ။ သူတို့ကိုယ်တိုင်သည်လည်း ""သူတို့၏အမာခံခံတပ်များသည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ သူတို့ကို အကာအကွယ်ပေးခဲ့လိမ့်မည်"" ဟု တွေးတောထင်မြင်ခဲ့ကြ၏။ သို့ရာတွင် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်အရ) အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူမှု) သည် သူတို့က မည်သည့်အခါမျှ မထင်မြင် မမျှော်လင့်ခဲ့ကြသည့်နေရာများမှ ရောက်ရှိလာခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများထဲတွင် ကြောက်ရွံ့ချောက်ချားမှုများ ထင်ဟပ်စေတော်မူခဲ့ရာ သူတို့သည် (သူတို့၏လူတို့အား) သူတို့၏လက်ချက်ဖြင့်လည်းကောင်း၊ ယုံကြည်သူတို့၏လက်ချက်ဖြင့်လည်ကောင်း၊ သူတို့၏နေအိမ်များမှ ခေါ်ထုတ်စေလျက် ပျက်စီးကိန်းရောက်စေခဲ့ကြ၏။ သို့ဖြစ်ပေရာ အို၊ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသောပညာရှင်အပေါင်းတို့၊ သင်တို့သည် (ထိုဖြစ်ရပ်မှ) သင်ခန်းစာယူကြလော့။

[3] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် ပြည်နှင်ဒဏ်ပေးခြင်းကို သတ်မှတ်ပြဋ္ဌာန်း၍ အတည်ပြုတော်မူခဲ့လျှင် ထိုအရှင်မြတ်သည် ဤလောကီဘဝ၌ပင် သူတို့အား (ထိုထက်မက ပြင်းထန်သော ပြစ်ဒဏ်မျိုးဖြင့်) ဧကန်မုချပင်၊ ဒဏ်ခတ်အရေးယူစေတော်မူပြီး နောင်တမလွန်ဘဝ၌လည်း သူတို့အတွက် ငရဲမီး၏ပြစ်ဒဏ်အား ရှိစေတော်မူလိမ့်မည်။

[4] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (အရှင့်အမိန့်တော်များနှင့်ဆန့်ကျင်၍) အာခံဖီဆန်သောကြောင့်ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်ကြလျှင် (လူတိုင်းသိသင့်သည်မှာ) မုချဧကန် ထိုအရှင်မြတ်သည် ပြင်းထန်စွာဒဏ်ခတ် အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။

[5] သင်တို့သည် မည်သည့် စွန်ပလွံပင်များကို ခုတ်လှဲဖြတ်တောက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ယင်း စွန်ပလွံပင်များကို ယင်းတို့၏အခြေအမြစ်များပေါ်၌ ရပ်တည်စေလျက် ချန်ထားသည်ဖြစ်စေ၊ အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ခွင့်ပြုချက် (နိယာမတော်) နှင့်အညီသာ ဖြစ်၏။ ထို့ပြင် ထိုအရှင်မြတ်သည် အမိန့်တော်များနှင့်စည်းဘောင်များကို ပြောင်ပြောင်တင်းတင်း အာခံဖီဆန်သော (ယုတ်မာ) သူတို့အား အရှက်စေတော်မူမည် ဖြစ်၏။

[6] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် (စစ်မတိုက်ရဘဲ စစ်ဆင်ရေးမှ) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူ၏။ ယင်းတို့အနက်မှ စစ်မြင်းများနှင့်စီနင်းစရာကုလားအုတ်များကို ယင်း (စစ်ဆင်ရေး) အတွက် အသင် (တမန်တော်) က တာဝန်ပေး စေ့ဆော်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များမှအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ အပေါ်ဝယ် (ထိုသို့ပင်) လွှမ်းမိုးမှုအခွင့်အာဏာ ချီးမြှင့်အပ်နှင်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[7] အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် ထိုမြို့ရွာ၏ဒေသခံများ ထံမှ (စစ်မတိုက်စရာမလိုဘဲ ကတိပဋိဉာဥ်ချိုးဖောက်မှုကြောင့်) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူခဲ့ဖြစ်ရာ (ယင်းတို့အနက်မှ ငါးပုံတစ်ပုံကို) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်အတွက်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) နီးစပ်သောဆွေမျိုးရင်းချာများအတွက်လည်းကောင်း၊ မိဘမဲ့များ ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးသူများနှင့်ခရီးသည်တို့အတွက်လည်းကောင်း၊ ဖြစ်စေတော်မူခြင်းသည် ဥစ္စာဓနကြွယ်ဝချမ်းသာမှုက အစဥ်အမြဲ ကြွယ်ဝချမ်းသာသောလူတန်းစားများကြားတွင်သာ လည်ပတ်မနေ (ဘဲ ဆင်းရဲချမ်းသာကွာဟမှုကို ချိန်ညှိပေးနိုင်) ရန်ပင် ဖြစ်၏။ ထို့ပြင် သင်တို့သည် သင်တို့အား ရစူလ်တမန်တော် မြတ်က ပေးခဲ့သမျှကို လိုလိုလားလား လက်ခံရယူကြလော့။ အလားတူ ရစူလ်တမန်တော်မြတ်က တားမြစ်သည့်အရာဟူသမျှမှလည်း ရှောင်ကြဉ်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ ထိုအရှင်မြတ်သည် ပြင်းထန်စွာဒဏ်ခတ် အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။

[8] (ထို့ပြင် ထိုသိမ်းဆည်းရမိသောပစ္စည်းများသည် မက္ကာမြို့နေ မယုံကြည်သူတို့၏ဖိနှိပ်မှုကြောင့်) သူတို့၏အိုးအိမ်စည်းများနှင့်ပိုင်ဆိုင်မှုများမှ နှင်ထုတ်ခြင်းခံကြရပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များနှင့်ကျေနပ်နှစ်မြို့မှုကို ရှာဖွေဆည်းပူးကြလျက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်အား ကူညီကြသူများလည်းဖြစ်၊ နေရပ်စွန့်၍ (မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်ကြသော ဆင်းရဲနွမ်းပါးသည့် (မုဟာဂျီရီန်) သာဝကကြီးများအတွက်လည်း ဖြစ်၏။ ထိုသူတို့သည်ကား ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သစ္စာဝါဒီများပင် ဖြစ်ကြ၏။

[9] နေရပ်စွန့်၍ ရွှေ့ပြောင်းနေထိုင်လာသူ (သာဝကြီး) များ သူတို့ထံသို့ မရောက်လာမီကပင် သူတို့အခြေချ နေထိုင်ရာ (မဒီနာမြို့) ကို အစ္စလာမ်နှင့်ယုံကြည်မှုအတွက် ခိုလှုံရာအိမ် (ဒါရွလ်အစ္စလာမ်) အဖြစ်ပြင်ဆင်ထား ကြရုံသာမက သူတို့ထံ ရောက်လာကြသည့် ရွှေ့ပြောင်းနေထိုင်သူ (သာဝကြီး) များကိုလည်း (အရှင့်ကျေ နပ်နှစ်မြို့မှုအလို့ငှာ) ချစ်မြတ်နိုးကြသည့်အပြင် သူတို့ကိုယ်တိုင် ချို့တဲ့ဆင်းရဲကြသော်ငြားလည်း သူတို့အား (အရှင်မြတ်ထံတော်မှ) ချီးမြှင့်ပေးအပ်တော်မူခြင်းခံရသောအရာများမှ သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များထက် (အခြားသူတို့အား) ပေးကမ်းခြင်းကို ပိုမို၍ ဦးစားပေးလျက် သူတို့၏နှလုံးသား များတွင်လည်း မည်သည့် လိုလားတောင့်တမှုမျှ မရှိကြပေ။ စင်စစ်သော်ကား မည်သူမဆို သူ၏နဖ်စ်အား မတော်လောဘ (အလိုရမ္မက်နှင့်စေးနှဲခြင်း) မှ ထိန်းချုပ်ကာကွယ်နိုင်လျှင် ထိုသူတို့သည် ပေါက်မြောက်အောင် မြင်သူများပင် ဖြစ်ကြပေသည်။

[10] ထို့ပြင် သူတို့၏နောက်တွင် (သူတို့၏ဖဝါးခြေထပ်ထက်ကြပ်မကွာ လိုက်နာကြလျက်) ရောက်လာခဲ့ကြ သောသူတို့က “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အားလည်းကောင်း၊ ယုံကြည်မှုတွင် ကျွန်ုပ်တို့ထက် ဦး၍ ရှေ့ရောက်ခဲ့ကြသော ကျွန်ုပ်တို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့၏စိတ်နှလုံးတွင်းဝယ် သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ မည်သည့် မကြည်ဖြူသော အမျက်သို ငြူစူခြင်းကိုမျှ ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ အသင်အရှင်မြတ်သည် (လူသားတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားလွယ်ကူစေရာတွင်) အလွန်ပင် ညှာတာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။ “ဟု ​ပြောဆိုဆုတောင်းခဲကြ၏။

[11] (အို၊ ရစူလ်တမန်တော်) အသင်သည် အယောင်ဆောင်သီလကြောင်ကြသောသူတို့က ကျမ်းရပုဂ္ဂိုလ်များအနက်မှ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များ ဖြစ်ကြသော သူတို့၏ညီနောင်တို့အား ”အကယ်၍သာ သင်တို့သည် (မဒီနာမြို့တော်မှ) အမှန်ပင် နှင်ထုတ်ခြင်းခံကြရလျှင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ ထွက်ခွာသွားကြမည်။ စင်စစ် ကျွန်ုပ်တို့သည် သင်တို့နှင့်ဆန့်ကျင်၍ မည်သည့် အခါမျှပင် မည်သူတစ်ဦးတစ်ယောက် (၏ ပြောဆိုချက်) ကိုမျှ လိုက်နာကြသည် မဟုတ်ပေ။ ထို့ပြင် အကယ် ၍ သင်တို့သည် တိုက်ခိုက်ခြင်းခံခဲ့ကြရလျှင်လည်း ကျွန်ုပ်တို့သည် သင်တို့အား ဧကန်မုချ၊ ကူညီကြမည်။” ဟု ပြေဆိုနေကြသည်ကို မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့က အမှန်ပင် (လိမ်ညာလှည့်စားနေကြသော) မုသာဝါဒီများဖြစ်ကြောင်း သက်သေခံတော်မူ၏။

[12] (စင်စစ်မူကား) အကယ်၍ (မယုံကြည်သူများဖြစ်ကြသော) သူတို့သည် (မဒီနာမြို့တော်မှ) အမှန်ပင် နှင်ထုတ်ခြင်းခံကြရလျှင် (သီလကြောင်များဖြစ်ကြသော) သူတို့က ထိုသူတို့နှင့်အတူ အလျှင်း ထွက်ခွာသွား ကြမည် မဟုတ်ပေ။ ထို့ပြင် အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံကြရလျှင်လည်း (သီလကြောင်များဖြစ်ကြသော) သူတို့က ထိုသူတို့အား မည်သည့်အခါမျှ ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ သူတို့သည် ထိုသူတို့အား ကူညီထောက်ပံ့ခဲ့သော်ငြားလည်း (နောက်ဆုံးတွင်မူ) သူတို့သည် ကျောခိုင်း၍ ဧကန်မုချ၊ ထွက်ပြေးကြမည်သာ ဖြစ်၏။ ထို့နောက် ထိုသူတို့သည် (အခြားမည်သည့်နေရာကမျှ အကူအညီအထောက်အပံ့ ရရှိကြမည် မဟုတ် (ဘဲ ယုံကြည်သူတို့အား သစ္စာဖောက်မှုကြောင့် ပျက်စီးကိန်း မှလွဲ၍ အခြားမရှိ) ပေ။

[13] အမှန်ပင် အသင် (ယုံကြည်သူ) တို့သည် သူတို့၏စိတ်နှလုံးတွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို၍ ပြင်းထန်သော ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်နေ၏။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် သူတို့သည် (အမှန်တရားကို အမိအရ ဆုပ်ကိုင်ထားခြင်းမရှိဘဲ) သိနားလည်မှုကင်းမဲသော လူမျိုးဖြစ်သောကြောင့်ပင် ဖြစ်၏။

[14] (ထိုကျမ်းရပုဂ္ဂိုလ်များအနက်မှ ယုံကြည်သူတို့အား သစ္စာဖောက်ခဲ့ကြသောသူများ အယောင်ဆောင်၊ သီလကြောင်များနှင့်အခြားသောမဟာမိတ်များဖြစ်ကြသော) သူတို့သည် အသင် (ယုံကြည်သူ) တို့အား သူတို့ နေထိုင်ရာမြို့တွင်းရှိ အမာခံ၊ ခံတပ်များမှအပ သို့တည်းမဟုတ် အုတ်တံတိုင်းနောက်ကွယ်မှအပ မည်သည့်အခါမျှ တစ်စည်းတစ်လုံးတည်း လာရောက် တိုက်ခိုက်ကြမည် မဟုတ်ပေ။ (သင်တို့နှင့်ဆန့်ကျင်၍ မဟာမိတ်များ မဖွဲ့ခဲ့ကြမီ) သူတို့ အချင်းချင်းကြားတွင်ရှိခဲ့သော ရန်လိုအကြမ်းဖက်မှုသည် ပိုမို၍ပင် ပြင်းထန်ခဲ့၏။ အသင် (တမန်တော်) သည် သူတို့အား တစ်စည်းတစ်လုံးတည်း ညွှန့်ပေါင်းဖြစ်နေကြသည်"" ဟု ထင်မှတ်နေသော်လည်း အမှန်စင်စစ် သူတို့၏စိတ်နှလုံးမှာမူကား သဘောထားကွဲလျက် တကွဲတပြားစီဖြစ်နေကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် (ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေအပေါ် ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်ခြင်းမပြုကြသောလူမျိုး ဖြစ်သောကြောင့်ပင် ဖြစ်၏။

[15] (ထို ဘနူကနူကာ၊ ဂျူးအုပ်စုတို့၏ဥပမာသည်ကား) သူတို့မတိုင်မီ အချိန်ကာလအနည်းငယ်အလျင်က ရှိခဲ့ကြသော (ဘနူနဒီရ်ဂျူးအုပ်စု) တို့က သူတို့၏မကောင်းသော စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို မြည်းစမ်းခဲ့ကြရသောသူတို့ကဲ့သို့ပင် ဖြစ်၏။ ထို့ပြင် သူတို့အတွက် (နောင်တမလွန်ဘဝတွင်လည်း) ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။

[16] (ထို့ပြင် ထိုအယောင်ဆောင်သီလကြောင်တို့၏ဥပမာသည်ကား) လူသားအား “သင်သည် (အရှင်မြတ် ကျမ်းတော်နှင့်တမန်တော်တို့ကို) မယုံကြည်ဖီဆန်ငြင်းပယ်လော့။” ဟု တိုက်တွန်းပြောဆိုပြီး လူသားက မယုံကြည်ဖီဆန်ငြင်းပယ်လာသောအခါ “ကျွန်ုပ်သည် အသင့်အရေးကိစ္စမှ လုံးဝ ကင်းရှင်းလျက် အသင်နှင့်မည်သို့မျှ မပတ်သက်ပေ။ (ထိုသို့ပတ်သက်လျှင်) ဧကန်ပင်၊ ကျွန်ုပ်သည် စကြဝဠာလောခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ် (က ကျွန်ုပ်အား အရေးယူမည်) ကို ကြောက်ရွံ့ပါ၏။” ဟု ပြောဆိုလေ့ရှိသော စေတန်မကောင်းဆိုးဝါးကဲ့သို့ပင် ဖြစ်၏ ။

[17] သို့ဖြစ်ပေရာ (ထိုသစ္စာဖောက်ခဲ့သော ဂျူးအုပ်စုများနှင့်သီလကြောင်များဖြစ်ကြသော) သူတို့နှစ်ဦးစလုံး၏နောက်ဆုံးအကျိုးဆက်နှင့်ပန်းတိုင်သည်ကား သူတို့နှစ်ဦးစလုံးသည် ယင်း၌ အမြဲထာဝရနေထိုင်ခံစားရမည့် ငရဲမီးထဲသို့ရောက်ရှိခြင်းပင် ဖြစ်၏။ ထို့ပြင် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၏အကျိုးဆက် (ပေးဆပ်မှု) သည် ထိုနည်းအတိုင်းပင် ဖြစ်မည်။

[18] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် မနက်ဖြန် (နောင်တမလွန်ဘဝ) အတွက် မည်သည့်အရာ (ကောင်းမှု ကုသိုလ်များ) ကို ကြိုတင်၍ ပို့ထားနိုင်မည်ကို စဥ်းစားတွေ့မြင်၊ ဆင်ခြင်သုံးသပ်သင့်၏။ ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။

[19] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိမမူ မေ့လျော့ခဲ့ကြသောကြောင့် ထိုအရှင်မြတ်က လည်း သူတို့အား သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့ကိုယ်တိုင် သတိမမူဘဲ၊ မေ့ပစ်စေတော်မူခဲ့ကြသော သူတို့ကဲ့သို့ မဖြစ်ကြလေနှင့်။ ထိုသူတို့သည်ပင် အမိန့်တော်များနှင့်စည်းဘောင်များကို ပြောင်ပြောင်တင်းတင်း အာခံဖီဆန်သော (ယုတ်မာ) သူများ ဖြစ်ကြ၏။

[20] ငရဲမီး၏အပေါင်းအဖော်များနှင့်သုခဥယျာဥ်၏အပေါင်းအဖော်တို့သည် (တစ်ဦးနှင့်တစ်ဦး သူတို့၏လုပ်ရပ်များနှင့်ထိုလုပ်ရပ်များ၏အကျိုးဆက်အရ) တူညီကြသည်မဟုတ်ပေ။ သုခဥယျာဥ်၏အပေါင်းအဖော်တို့သည်ကား ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြ၏။

[21] အကယ်၍ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို တစ်စုံတစ်ခုသောတောင်ပေါ်၌ ချမှတ် ပေးအပ်တော်မူခဲ့လျှင် ထိုတောင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် ကျိုးနွံရိုကျိုးလျက်၊ အစိတ်စိတ်အမြွှာမြွှာကြေမွ ပိုင်းဖြတ်သွားမည်ဖြစ်ကြောင်းကို အသင် (တမန်တော်) ဧကန်မုချပင်၊ တွေ့မြင် ရပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူသားတို့က (ကုရ်အာန်ကျမ်းတော်မြတ်အား ချမှတ်ပေးအပ် တော်မူရခြင်း၏အကြောင်းရင်းနှင့်လူသားတို့အတွက် မည်သို့အရေးပါသောတာဝန်ဖြစ်ကြောင်းကို) တွေးခေါ်ဆင်ခြင်၊ စဉ်းစားသုံးသပ်နိုင်ကြရန်အလို့ငှာ ဤနည်းအတိုင်းပင် ဥပမာပုံဆောင်ချက်များကို ခိုင်းနှိုင်းဖော်ပြတော်မူ၏။

[22] ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့အားလုံးကို ဖြစ်တည်စေတော်မူပြီး လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင်ဖြစ်တော်မူ၍ မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်) ထိုအရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် (လူသားတို့ ၏မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိကြသော) အထင်အရှားတွေ့ရသော အရာအားလုံးကို အကြွင်းမဲ့သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ထိုအရှင်သည်) အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)

[23] ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား (ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် အချုပ်အခြာအာဏာ အလုံးစုံကိုပိုင်ဆိုင်တော်မူသောအရှင်၊ စင်ကြယ်သန့်ရှင်း၍ အပြစ်အနာအဆာဟူသမျှမှ ပကတိ ကင်းရှင်းတော်မူသောအရှင်၊ ငြိမ်းချမ်းသာယာမှုနှင့်ကယ်တင်လွတ်မြောက်မှုအလုံးစုံကို ပေးအပ်တော်မူသောအရှင်၊ ယုံကြည်မှုချီးမြှင့်တော် မူ၍ သံသယများကို ဖယ်ရှားပေးတော်မူလျက် ဘေးကင်းလုံခြုံမှုနှင့်လုံခြုံမှုအမာခံချက်ပေးအပ်တော်မူသော အရှင်၊ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်တော်မူသောအရှင်၊ အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ပိုင်ဆိုင်ထားတော်မူလျက် သြဇာအာဏာလွှမ်းမိုးတော်မူသောအရှင်၊ ကြီးကဲမြင့်မြတ်တော်မူ၍ ခန့်ညားထည်ဝါမှုနှင့်ကျက်သရေအလုံးစုံကို ပေစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပြီး လူသားတို့ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက်) သူတို့တွဲဖက် တုပြိုင်၍ ကိုးကွယ်နေကြသော အရာအားလုံးထက် မြင့်မြတ်တော်မူသည့်အပြင် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

[24] အလ္လာဟ်အရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ သွင်ပြင် လက္ခဏာနှင့်ပုံပန်းသဏ္ဌာန်ဟူသမျှကို ပုံဖော်စေတော်မူ၍ အကောင်အထည်ဖော်စေတော်မူသောအရှင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်၌ အကောင်းမြတ်ဆုံးနှင့်အပြီးပြည့်စုံဆုံး ဂုဏ်တော်နာမတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသည့်အပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည်လည်း (ထိုအရှင်မြတ်၏ စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ် လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

စစ်ဆေးရမည့် အမျိုးသမီး

Surah 60

[1] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်းဆောင်ရွက်ရန် ထုတ်ဖော်ခြင်းနှင့်ငါအရှင်မြတ်၏ကျေနပ်မှုနှစ်မြို့ကို ရှာဖွေဆည်းပူးခြင်းကြောင့်လည်းကောင်း၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား ယုံကြည် ခြင်းကြောင့်လည်းကောင်း အမှန်တရားသစ္စာက သူတို့ထံ ရောက်ရှိသည့်တိုင်အောင် ယင်းနှင့်စပ်လျဥ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ပြီး သင်တို့ကိုယ်တိုင်နှင့်ရစူလ်တမန်တော်မြတ်ကိုပင် နှင်ထုတ်ကြလျက် ငါအရှင်မြတ် ၏ရန်သူနှင့်သင်တို့၏ရန်သူဖြစ်လာကြသူတို့အား ချစ်ခြင်းမေတ္တာဖြင့် ကမ်းလှမ်း၍ ယုံကြည်စိတ်ချရသော မိတ်ဆွေမဟာမိတ်များအဖြစ် မမှတ်ယူကြလေနှင့်။ ထိုသို့သော ချစ်ခြင်းမေတ္တာနှင့်ခင်မင်ရင်းနှီးမှုကြောင့် သင်တို့သည် သင်တို့ လျှို့ဝှက်ချက်များကို သူတို့အား ထုတ်ဖော်ပြောကြသော်လည်း ငါအရှင်မြတ်သည်ကား သင်တို့၏လျှို့ဝှက်ချက်ဟူသမျှတို့ကို လည်းကောင်း၊ သင်တို့ ထုတ်ဖော်ကြေညာသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား သင်တို့အနက် မည်သူမဆို ယင်း (လျှို့ဝှက်သတင်း ပို့ဆောင်ခြင်း) ကို ပြုလုပ်ကျူးလွန်လျှင် ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်မှန်ကန်မျှတသော လမ်းစဉ်မှ တိမ်းပါးလွဲချော် သွားခဲ့လေပြီ။

[2] အကယ်၍ သူတို့သည် သင်တို့အပေါ်၌ လွှမ်းမိုး၍ အသာစီးရလျှင် သင်တို့၏ (မိတ်ဆွေမဟုတ်ဘဲ) ရန်သူဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြသည့်ပြင် သူတို့၏လက်ချက်ဖြင့်လည်းကောင်း၊ သူတို့၏နှုတ်လျှာများဖြင့်လည်းကောင်း၊ သင်တို့နှင့်ဆန့်ကျင်၍ မလိုမုန်းထားစိတ်ဖြင့် မကောင်းကြံစည်ကဲပြီး သင်တို့လည်း မယုံကြည် ဖီဆန်ငြင်းပယ်နိုင်ကြစေ။” ဟု လိုလားတောင့်တကြ၏။

[3] သင်တို့၏ဆွေမျိုးအရင်းအချာများသည်လည်းကောင်း၊ သင်တို့၏သားသမီးရတနာများသည်လည်းကောင်း၊ သင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည့် ရှင်ပြန်ထမည့်နေ့တွင် သင်တို့အား အလျှင်း အကျိုးပြုကြလိမ့်မည် မဟုတ်ပေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[4] ဧကန်ပင်၊ သင်တို့အတွက် (တမန်တော်) အီဗ်ရာဟီးမ်၌လည်းကောင်း၊ သူနှင့်အတူရှိခဲ့ကြသောသူ့နောက်လိုက်တို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိပေ၏။ သူတို့က သူတို့၏လူမျိုးတို့ အား “ကျွန်ုပ်တို့သည် သင်တို့အနက်မှ (မယုံကြည်သူများ) အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့တို့ကို ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသူများနှင့်ထိုကိုးကွယ်ရာများမှ လုံးဝ ကင်းလွတ်၍ မည်သို့မျှ မပတ်သက်ပေ။ ကျွန်ုပ်တို့သည် သင်တို့ (ရုပ်ပွားဆင်းတုကိုးကွယ်ခြင်း) အား မယုံကြည်ငြင်းပယ် ကြပြီး သင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့ နှင့်သင်တို့၏အကြား၌ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ ဖြစ်၏။ သို့ရာတွင် (တမန်တော်) အစ်ဗ်ရာဟီးမ်က သူ့ဖခမည်းတော်အား မုချဧကန်၊ ကျွန်ုပ်သည် အရှင့်ထံ သင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။” ဟု ပြောခဲ့ခြင်းမှအပ အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့အတွက် မည်သည့် တစ်စုံတစ်ရာကိုမျှပင် (အရှင့်ဆန္ဒတော်နှင့်ဆန့်ကျင်၍ တောင်းခံပန် ကြားရန်) အခွင့်အာဏာပိုင်ဆိုင်ခြင်းမရှိချေ။ အို၊ ကျွန်တော် မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အသင်အရှင်မြတ်အပေါ်၌ သာလျှင် ယုံကြည်ကိုးစား၍ လွှဲအပ်ကြပါ၏။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်အရှင်မြတ်ဘက်သို့သာလျှင် (စိတ်ရင်းစေတနာဖြူစင်စွာနှင့် နစ်မြုပ်မှုအပြည့်ဖြင့်) ဦးတည်လှည့်ကြပြီး ကျွန်ုပ်တို့နောက်ဆုံးပန်းတိုင် ပြန်လည်ရာဌာနစခန်းမှာလည်း အသင်အရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။

[5] အို၊ ကျွန်တော် မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား မယုံကြည်သွေဖည်ငြင်းပယ်သူတို့၏အဖိနှိပ်ခံ အစမ်းသပ်ခံ (သားကောင်များအဖြစ်) စီမံဖြစ်စေတော်မမူပါနှင့်။ ထို့ပြင် ကျွန်ုပ်တို့ (၏အမှားအယွင်းများ) ကို ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ အို၊ ကျွန်တော် မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ၊ အသင်အရှင် မြတ်သည်သာလျှင် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့် စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[6] ဧကန်မလွဲ၊ သင်တို့အတွက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မျှော်ကိုးသူတိုင်းအတွက်လည်းကောင်း၊ (တမန်တော်အီဗ်ရာဟီးမ်နှသ့်သူ့သားစဥ်မြေးဆက်နောက်လိုက်များဖြစ်ကြသော) သူတို့၌ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိနေ၏။ သို့ရာတွင် မည်သူမဆို (အရှင်မြတ်၏လမ်းစဥ်တော်မှ) မျက်နှာလွှဲ၍ ကျောခိုင်းသွားသည်ရှိသော် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ရှိသမျှဓနစည်းစိမ်နှင့်တန်ဖိုးအလုံးစုံကို ဖြစ်စေတော်မူလျက် လိုလားတောင့်တမှုနှင့်မှီခိုအားထားမှု ကင်းမဲ့တော်မူသောအရှင်) ပကတိ ကုံလုံပြည့်စုံတော်မူသောအရှင်၊ ကျေးဇူးတင်မှုနှင့်ချီးမွမ်းမှု အလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[7] (သင်တို့က အရှင့်အမိန်တော်များကို နာခံပြီးအရှင့်တားမြစ်ချက်များမှ ရှောင်ကြဥ်ကြလျှင်) အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်သင်တို့အပေါ် ရန်လိုမုန်းထားစိတ်ထားကြတို့ကြားတွင် ချစ်ခြင်းမေတ္တာနှင့်ခင်မင်ရင်းနှီးမှုကို စီမံဖြစ်ပေါ်စေတော်မူလိမ့်မည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ စည်းမျဥ်းနိယာမတော်များ သတ်မှတ်ပြဌာန်းပေးတော်မူလျက် ထိန်းချုပ်ထားတော်မူ၍) ကို အကြွင်းမဲ့ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[8] အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး) နှင့်စပ်လျဉ်း၍ သင်တို့ကို ကျူးကျော် တိုက်ခိုက်ခြင်း မရှိသူများနှင့်လည်းကောင်း၊ သင်တို့ကို သင်တို့၏နေမြေအိုးအိမ်များမှ နှင်ထုတ်ခြင်း မပြုကြသူများနှင့်လည်းကောင်း၊ တရားမျှတစွာနှင့်အကြင်နာတရားဖြင့် ပြုမူဆက်ဆံခြင်းမှ တားမြစ်တော်မူသည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (တရားတော်နှင့်အညီ) မျှမျှတတ ပြုမူဆောင်ရွက်သူတို့အား နှစ်သက်တော်မူ၏။

[9] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) နှင့်စပ်လျဉ်း၍ သင်တို့ကို ကျူးကျော်တိုက် ခိုက်ခဲ့သူများနှင့်လည်းကောင်း၊ သင်တို့ကို သင်တို့၏ နေမြေအိုးအိမ်များမှ နှင်ထုတ်ခဲ့ကြသူများနှင့်လည်းကောင်း၊ နှင်ထုတ်ရာ၌ ပါဝင်သူတို့နှင့်ယုံကြည်စိတ်ချရသောမိတ်ဆွေ၊ မဟာမိတ်များဖွဲ့လျက် ထိုသို့နှင်ထုတ်ခြင်း အားပေးထောက်ခံသူများနှင့်လည်းကောင်း၊ (သင်တို့၏အတွင်းရေးအား ထုတ်ဖော်သည်အထိ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်းမပြုကြရန်သာ) တားမြစ်တော်မူ၏။ စင်စစ်သော်ကား မည်သူမဆို (ထိုသို့သော အစ္စလာမ့် ရန်သူတို့အား) ယုံကြည်စိတ်ချရသောမိတ်ဆွေမဟာမိတ်များအဖြစ် ပြုလုပ်သည်ရှိသော် ထိုသူတို့သည် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများပင် ဖြစ်ကြ၏။

[10] အို၊ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ သင်တို့ထံ ယုံကြည်သူအမျိုးသမီးများအဖြစ် ရွှေ့ပြောင်းနေထိုင် ရန်ရောက်လာကြသောအခါ သင်တို့သည် သူတို့အား ကောင်းမွန်စွာ မေးမြန်းစစ်ဆေးကြလော့။ အလ္လာဟ်အရှင် မြတ်သည် သူမတို့၏ယုံကြည်မှုနှင့်စပ်လျဥ်း၍ အသိတော်မူဆုံး ဖြစ်တော်မူ၏။ အကယ်၍ သင်တို့က သူမတို့သည် စစ်မှန်သောယုံကြည်သူများ ဖြစ်နေကြောင်းသော တပ်အပ်သေချာစွာ သိကြလျှင် သူမတို့အား မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ထံသို့ ပြန်မပို့ကြလေနှင့်။ သူမတို့သည် သူတို့အတွက် (တရားတော်နှင့်အညီ) တရားဝင်ခွင့်ပြုထားသူများ မဖြစ်နိုင်သည့်အပြင် သူတို့ကလည်း (တရားတော်နှင့်ဆန့်ကျင်၍) သူမတို့အား တရားဝင်အဖြစ် မပြုလုပ်နိုင်ပေ။ သို့ရာတွင် သင်တို့သည် (မယုံကြည်သူများဖြစ် ကြသော) သူတို့က သူမတို့အား (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) ပေးကမ်းသုံးစွဲသမျှကို သူမတို့၏ အမျိုးသားများထံ) ပြန်ပေးကြလော့။ ထို့ပြင် အကယ်၍ (ယုံကြည်သူများဖြစ်ကြသော) သင်တို့သည် သူမတို့ အား တရားဝင်ထိမ်းမြားလို၍ (တရားတော်နှင့်အညီ) ထိမ်းမြားမင်္ဂလာလက်ဆောင် (မဟရ်) ပေးကမ်းလိုက် သောအခါ (သူမတို့အားထိမ်းမြားယူခြင်း၌) သင်တို့အပေါ် ၌ အပြစ်မထိုက်ပေ။ ထို့ပြင် သင်တို့သည် (သင်တို့၏ မယုံကြည်သူအမှန်တရားကို ငြင်းပယ်သူ) အမျိုးသမီးများအား ဆက်လက်၍ ထိန်းသိမ်းမထားကြလေနှင့်။ သူတို့သည် သူတို့၏အမျိုးသမီးများအတွက် (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) သုံးစွဲခဲ့သမျှကို သူတို့အား ပြန်လည်တောင်းဆိုခွင့် ပေးထားသော်ြငားလည်း သင်တို့သည် သူမတို့အတွက် (ထိမ်းမြားမင်္ဂလာလက်ဆောင် မဟရ်အဖြစ်) ပေးကမ်းသုံးစွဲသမျှကိုလည်း မတောင်းဆိုကြလေနှင့်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော် စီရင်ပြဋ္ဌာန်းချက်သည် ထိုနည်းအတိုင်းပင် ဖြစ်၏။ ထိုအရှင်မြတ်သည် သင်တို့၏အကြားဝယ် (ရင်ဆိုင်ကြုံတွေ့နိုင်သည့် ပြဿနာအားလုံးအတွက်) စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အနန္တအမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[11] သို့ရာတွင် အကယ်၍ သင်တို့၏အမျိုးသမီးများအနက်မှ တစ်စုံတစ်ယောက်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ထံသို့ အပြီးအပိုင်စွန့်ခွာသွား၍ သူမနှင့်အတူ သင်တို့၏ပိုင်ဆိုင်မှု တစ်စုံ တစ်ခုပါသွားခဲ့သော် သင်တို့အလှည့် ရောက်လာသည့်အခါ အလားတူ သူတို့က သူမတို့အတွက် သုံးစွဲခဲ့သမျှမှ သူတို့၏အမျိုးသမီးများနှင့်အတူပါလာခဲ့လျှင် (ယင်းမှ တွက်ချက်နုတ်ယူ၍ ပိုသည်ကို ပြန်) ပေးကြလော့။ ထို့ပြင် အသင်တို့ သက်ဝင်ယုံကြည်ကြသော အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။

[12] အို၊ နဗီတမန်တော်၊ သက်ဝင်ယုံကြည်သူ အမျိုးသမီးများသည် အသင့်ထံလာရောက်၍ “သူမတို့သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ် (၍ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ခိုးဝှက်မည်မဟုတ်ကြောင်း၊ မည်သည့်တရားမဝင် (ကာမ) ကျူးလွန်မှုမျှ လုပ်ကြမည်မဟုတ်ကြောင်း၊ သူမတို့၏သားသမီးရတနာများအား (သူတို့ဘဝသေသွားအောင်လုပ်လျက်) သတ်ဖြတ်ကြမည်မဟုတ်ကြောင်း၊ သူမတို့၏လက်များနှင့်ခြေများ၏အကြား၌ (လက်ချက်၊ ခြေချက်ဖြင့်) သူတစ်ပါးအား အသရေပျက်အောင် ကြံစည်ဖန်တီး၍ ပြောဆိုခြင်းတွင် အရသာတွေ့မွေ့လျော်မည် မဟုတ်ကြောင်း၊ တရားတော်နှင့်အညီး မှန်ကန်မျှတစွာနှင့်စည်းစနစ်တကျ သွန်သင်သော အသင် (တမန်တော်) မည်သည့် တိုက် တွန်းညွှန်ကြားချက်ကိုမျှ မနာခံဘဲအာခံဖီဆန်ကြမည်မဟုတ်ကြောင်း ကတိသစ္စာဆိုခဲ့ကြလေ၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ သူမတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပန်ကြားလော့။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[13] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ဝေးကွာလျက် ပြစ်တင်ရှုတ်ချခြင်းခံရ၍ သူတို့အပေါ် အမျက်တော်စူးရှခံရသော လူမျိုးတို့အား ယုံကြည်စိတ်ချရသောမိတ်ဆွေမဟာမိတ်များအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်စင်စစ် သူတို့သည် သင်္ချိုင်းများ၏အပေါင်း အဖော်ဖြစ်ခဲ့ကြသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များက (လောကီအရည်အသွေးနှင့်အ နစ်သာရမဲ့လျက်) မျှော်လင့်ချက်ကင်းခဲ့ကြသကဲ့သို့ နောင်တမလွန်ဘဝ (၏အကျိုးခံစားခွင့်များ) မှလည်း မျှော်လင့်ချက်ကင်းခဲ့ကြပြီဖြစ်၏။

အတန်းများ

Surah 61

[1] မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာခပ်သိမ်းတို့သည် (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့မပြုမူမကျင့်ဆောင်ကြသည်ကို အဘယ်ကြောင့် (ပြုမူကျင့်ဆောင်သကဲ့သို့) ပြောဆိုကြသနည်း။

[3] သင်တို့မပြုမူမကျင့်ဆောင်ကြသည်ကို ပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အလွန်ပင် မသတီစရာ စက်ဆုပ်ရွံ့ဖွယ်ကောင်းလှ၏၊

[4] ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ (ဂုဏ်အရည်အသွေးများနှင့်အညီ) အတန်းလိုက် တန်းစီလျက် အလွန်တောင့်တင်းခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (ညီညီညွတ်ညွတ် မဆုတ်မနစ်၊ စိတ်ဓာတ်တည်ကြည်ကြံ့ခိုင်စွာဖြင့် တော်လှန်၍) စစ်တိုက်ကြသူတို့အား နှစ်သက်တော်မူ၏။

[5] ထို့ပြင် (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ဧကန်မုချပင်၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင် ရစူလ်တမန်တော်ဖြစ် ကြောင်း၊ သင်တို့ သိနေကြပါလျက် အဘယ့်ကြောင့် ကျွန်ုပ်အား (စော်ကားလျက် ထိခိုက်နစ်နာအောင်လုပ်၍) ဒုက္ခပေးနေကြသနည်း။” ဟု ပြောကြားခဲ့စဥ်ကိုလည်းကောင်း၊ (အရှင်မြတ်က တမန်တော်မူဆာအား) ထိုသို့ဖြင့် သူတို့သည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော တရားလမ်းမှန်မှ ကွေးကောက်) လွဲချော်၍ လမ်းမှား ရောက်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးသားကို လွဲချော်မှောက်မှားစေတော်မူခဲ့ကြောင်း (ကို သတိရကြလော့)။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[6] ထို့ပြင် မရ်ယမ်၏သားတော် နဗီတမန်တော်အီဆာက (သူ့လူမျိုးတို့အား) “အို၊ အစ္စရေးမျိုးနွယ်ဝင်အ ပေါင်းတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်သည် ကျွန်ုပ်အလျင်ချမှတ်ပေးအပ်တော်မူ၍ သင်တို့လက်ဝယ်တွင်ရှိနေသော အရာ (တောင်ရာတ်ကျမ်းတော်၌ ပါရှိသည့်အမှန်တရားများကို မှန်ကန်ကြောင်း ထပ်လောင်း) အတည်ပြုသူ အဖြစ်လည်းကောင်း၊ ကျွန်ုပ်၏နောက်တွင်အဟ်မဒ် (အလွန်ချီးမွမ်းထိုက်သော အမှုတော်ဆောင်) ဟူသော အမည်နာမဖြင့် ပွင့်စေတော်မူမည့်ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်၏။” ဟု ဟောပြောလျက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါရှိသည့် ရှင်းလင်း ချက်နှင့်အတူ သူတို့ထံသို့ ရောက်ရှိခဲ့စဥ် သူတို့က “ဤသည် ထင်ရှားသော မော်ပယောဂအတတ်ပင် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြလေ၏။

[7] အမှန်စင်စစ်သော်ကား မည်သူမဆို သူသည် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေး လမ်းစဉ်ပါသည့်) အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချရန် လိမ်လည်ကြံစည်ဖန်တီးသူထက် ပိုမို၍ အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသောသူ မည်သူ ရှိမည်နည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မမူချေ။

[8] သူတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော်အား သူတို့၏ပါးစပ်များဖြင့် (ဖယောင်းတိုင်မီးအား မှုတ်ငြိမ်းသကဲ့သို့) ငြိမ်းသတ်ပျောက်ပျက်လိုကြ၏။ သို့ရာတွင် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များ (မလိုလားမနှစ်သက်ဘဲ) မုန်းတီးသော်ငြားလည်း အလ္လာဟ်အရှင်မြတ်သည်ကား အရှင့်ရောင်ခြည်တော်ကို ပကတိပြီးပြည့်စုံသည်အထိ တည်တံ့စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူများက မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည် အားလုံးအပေါ် အထင်အရှားလွှမ်းမိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန်တရားသစ္စာပေါ်အခြေခံသော ဒီန် (အစ္စလာမ်) နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

[10] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အား ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်မှ ကယ်တင်လွတ်မြောက်စေတော်မူမည့် ရောင်းဝယ်ဖောက်ကားမူ (ဆိုင်ရာ အပေးအယူ) ကို ညွှန်ပြတော်မူရမည်လော။

[11] (ထိုသို့ ကယ်တင်စေတော်မူလိုလျှင်) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်း၊ ရုန်းကန်ကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် ထိုသို့ပြုကျင့်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။

[12] ထိုအရှင်မြတ်သည် သင်တို့အတွက် သင်တို့၏အမှားအယွင်းများနှင့်အပြစ်များကို ခွင့်လွှတ်တော်မူသည့်အပြင် သင်တို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူရုံသာမက အမြဲထာဝရစံစားရမည့် ယင်းသုခဥယျာဉ်များ၌ သန့်ရှင်းသာယာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နေရာထိုင်ခင်းများလည်း ရှိစေတော်မူမည်။ ထို (သို့ ချီးမြှင့်တော်မူခြင်းခံရခြင်း) သည် ကြီးကျယ် လှစွာသော မဟာအောင်မြင်မှုပင် ဖြစ်၏။

[13] ထို့ပြင် သင်တို့နှစ်သက်မြတ်နိုးကြသော (နောက်ထပ်ချီးမြှင့်တော်မူမည့်) အခြား (ကျေးဇူးတော်) တစ်ပါးလည်း ရှိနေ၏။ (ယင်းမှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ ကူညီစောင်မမှုပင် ဖြစ်ပြီး (ကြီးမားသော အောင်ပွဲခံမှုဆီသို့ ဦးတည်စေမည့်) မကြာမီ ရရှိနိုင်သော လတ်တလော အောင်နိုင်မှုပင် ဖြစ်ကြောင်း (အသင်တမန်တော် သည်) သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်းပါးလော့။

[14] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မရ်ယမ်၏သားတော် တမန်တော်အီစာက ဟဝါရီတို့အား “အလ္လာဟ်အရှင်မြတ် (၏ ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော လမ်းစဉ်တော်) အတွက် မည်သူက ကျွန်ုပ်အား ကူညီသူ ဖြစ်လိုသနည်း။” ဟု မေးမြန်းသော် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသော သူ၏နောက်လိုက်သာဝကများ ဖြစ်ကြသည့် ဟဝါရီတို့ကဲ့သို့ပင် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြလော့။ ထို့နောက် အစ္စရေးမျိုးနွယ်ဝင် တို့အနက် အုပ်စုတစ်စုသည် ယုံကြည်လာခဲ့ကြ၍ နောက်အုပ်စုတစ်စုမှာမူကား မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်လာသောသူတို့အား သူတို့၏ရန်သူများနှင့်ဆန့် ကျင်၍ ကူညီစောင်မတော်မူခဲ့သောကြောင့် ယုံကြည်တို့သည် အသာစီးရကြလျက် လွှမ်းမိုးအောင်နိုင်သူများ ဖြစ်လာကြလေ၏။

သောကြာနေ့

Surah 62

[1] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည် (ထိုအရှင်မြတ်၏စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထိုအရှင်မြတ်သည် အချုပ်အခြာအာဏာ အလုံးစုံကိုပိုင်ဆိုင်တော်မူသောအရှင်၊ စင်ကြယ် သန့်ရှင်း၍ အပြစ်အနာအဆာဟူသမျှမှ ပကတိ ကင်းရှင်းတော်မူသောအရှင်၊ လူသားတို့အား ဂုဏ်ဩဇာများချီး မြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[2] အရှင်မြတ်သည်ပင် သူတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယသ်သကသေလက္ခဏာတော်များကို ဖတ်ကြား သွန်သင်ပြီး (ရုပ်နာမ်ဆိုင်ရာ မှားယွင်းသော ယုံကြည်မှု၊ လမ်းစဥ်၊ အတွေးအခေါ်နှင့်အယူအဆတို့မှ) စင်ကြယ်သန့်ရှင်းစေသည့်အပြင် ကျမ်းတော်နှင့်ဥာဏ်အမြော်မြင်သင်ကြားပို့ချစေတော်မူရန် (အရှင်မြတ်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့်) စာပေအတတ်ပညာကို မသင်ယူခဲ့ဖူးသောပုဂ္ဂိုလ်များအနက်မှ အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေလွှတ်တော်မူခဲ့၏။ အမှန်စင်စစ်၊ သူတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြ ၏။

[3] ထို့ပြင် (ထိုအရှင်မြတ်က တမန်တော်အား စေလွှတ်တော်မူခြင်းသည် ထိုစဥ်က ယဥ်းကျေးမှု မထွန်းကားသေးသည့် အာရဗ်များအတွက်သာမကာ ကမ္ဘာအနှံ့ရှိ လူသားများအနက်မှ ယုံကြည်ကိုးကွယ်မှုအရ) သူတို့နှင့်လာရောက် မပူးပေါင်း သေးကြသော အခြား (သောပုဂ္ဂိုလ်အားလုံး) အတွက်လည်း ဖြစ်၏။ စင်စစ်သော်ကား၊ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီး မြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အနန္တအမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[4] ထို (သို့စေလွှတ်တော်မူခြင်း) သည်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးခြင်းပင် ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍) ကြီးကျယ်သော ကျေးဇူးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[5] တောင်ရာတ်ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်အပ်နှံခြင်းခံခဲ့ကြရပြီးနောက် ယင်းကျမ်းတော်ဆိုင်ရာ (တာဝန်များကို ဘဝဆောက်တည်ရာ၌ ကျင့်သုံးခြင်းမရှိဘဲ ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာသည်ကား (ဝန်ထုပ်ဝန်ပိုးများကိုသာ ထမ်းရွက်ပြီး ထိုဝန်ထုပ်နှင့်စပ်လျဥ်း၍ နားလည်နိုင်စွမ်းမရှိသော) ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းသတ္တဝါနှင့်အလားသဏ္ဌန်တူ၏။ အလ္လာဟ်အရှင်မြတ်၏အာ ယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ထိုလူမျိုးတို့၏ဥပမာသည်ကား လွန်စွာပင် ယုတ်ညံ့ဆိုးဝါး လှပေ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[6] (အို၊ ရစူလ်တမန်တော် သူတို့အား) “အို၊ ဂျူးအပေါင်းတို့၊ အကယ်၍ သင်တို့သည် အခြားလူသား အားလုံးမှလွဲ၍ သင်တို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏ (ရွေးချယ်တော်မူခြင်းခံရ၍ အထူးဂုဏ်မျက်နှာ သာပေးခြင်းခံရသောမိတ်ဆွေတော် ဝလီ) သူတော်စင်များ ဖြစ်ကြောင်း (ထင်မှတ်လျက် ကြွေးကြော်နေ ကြသော) သင်တို့၏ကြွေးကြော်ချက် မှန်ကန်လျှင်၊ အကယ်၍ သင်တို့သည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူပြောဆိုသောသော) သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ (အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ အသက်စွန့် ရုန်းကန် လျက်) မရဏသေ ခြင်းတရားကို (ပြင်းပြသောဆန္ဒဖြင့်) လိုလားတောင့်တကြလော့။” ဟု ဟောပြောလော့။

[7] သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (ပြုမူကျင့်ကြံ၍ နောင်တမလွန်၌ အရေးယူခံကြရရန်) ကြိုတင်ပို့နှင့်ခဲ့သောကျင့်ဆောင်မှုတို့ကြောင့် ယင်းမရဏသေခြင်းတရားကို မည်သည့်အခါမျှပင် (ဆန္ဒပြင်းပြလျက်) လိုလားတောင့်တကြမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့နှင့်ပတ်သက်၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[8] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ဧကန်ပင်၊ သင်တို့သည် ယင်း (သေခြင်းတရား) မှ တွက်ပြေးတိမ်း ရှောင်လိုသော်လည်း သေခြင်းတရားဟူသည် သင်တို့က ဧကန်မုချပင် ရင်ဆိုင်ကြုံတွေ့ရမည့်အရာပင် ဖြစ်၏။ ထို့နောက် သင်တို့အား “မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်လူသားတို့၏ပြုမူဆောင်ရွက်ချက်အလုံးစုံအတွက် မျက်မြင်သက်သေဖြစ်တော်မူသော အရှင်မြတ်၏ထံတော်သို့ ပြန်လည်ရောက် ရှိစေတော်မူပြီး သင်တို့လောကီဘဝ၌ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို (သင်တို့အား) ထုတ်ဖော်မိန့်ကြားတော်မူ၍ (စစ်ဆေးစီရင်တော်မူမည်ဖြစ်ကြောင်း) သိစေတော်မူလိမ့်မည်။” ဟု ဟောကြားလော့။

[9] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သောကြာနေ့တွင် စုပေါင်းဆွလာသ်ဝတ်ပြုမှုအတွက် (အဇာန်သံ ပေး၍) ဖိတ်ခေါ်ခြင်းခံရသောအခါ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရာ (နေရာဖြစ်သော ဗလီဝတ်ကျောင်းတော်) သို့ မဆိုင်းမတွ၊ အဆောတလျင် သွားကြလော့။ ထို့ပြင် သင်တို့သည် ကုန်သွယ်စီးပွားရောင်းဝယ်မှု (နှင့်အလုပ်ရှုပ်နေခြင်း) ကိုလည်း (ခဏတစ်ဖြုတ်) ရပ်နားလွတ်ထားကြလော့။ အကယ်၍ သင်တို့ သိနားလည်ကြလျှင် ထိုသို့လုပ်ခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးပင် ဖြစ်၏။

[10] ထို့နောက် ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းများနှင့်အညီ ဆောက်တည်မြဲ) ခြင်းအား အပြီးသတ် ပြီးဆုံးလေသောအခါ သင်တို့သည် မြေကမ္ဘာ၌ နေရာအနှံ့ သွားလာလှုပ်ရှားလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သည့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းရည်များ၊ စွမ်းအင်များ နှင့်အရှင့်နိယာမတရားများမှ ရိက္ခာအထောက်အပံ့များ) ကို ရှာဖွေရယူကြလော့။ ထို့ပြင် သင်တို့သည် ပေါက် မြောက်အောင်မြင်ရရှိနိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်အား မြောက်မြားစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။

[11] စင်စစ်သော်ကား (ဖြစ်လေ့ဖြစ်ထ ရှိကြသည်မှာ) သူတို့သည် လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များကို ရယူခံစားနိုင်သော ကုန်သွယ်စီးပွားရောင်းဝယ်မှု သို့တည်းမဟုတ် ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများကို တွေ့မြင်ကြသည့်အခါ (ကတိုက်ကရိုက် ဆင်ကန်းတောတိုးသကဲ့သို့) အပြေးအလွှားသွားကြလျက် အသင် (တမန်တော်) အား တစ်ဦးတည်း ရပ်တည်နေသူ (တရားဟောနေသူ) အဖြစ် ချန်ထားခဲ့ကြလေ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) “အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာသည် (သူတို့၏) ကုန်သွယ်စီးပွားရောင်း ဝယ်မှုထက်လည်းကောင်း၊ ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများထက်လည်းကောင်း ပိုမို၍ ကောင်းမြတ်လှပေ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံးသောရိက္ခာအထောက်အပံ့များကို ချီးမြှင့်ပေးအပ်တော်မူသည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။

лицемерие

Surah 63

[1] အယောင်ဆောင်သီလကြောင်တို့သည် အသင် (တမန်တော်) ထံရောက်လာကြသောအခါ “မုချဧကန်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် သက်သေခံကြပါ၏။” ဟု ပြောဆိုခဲ့ကြ၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်က ထိုအရှင် မြတ်၏ရစူလ်တမန်ဖြစ်ကြောင်း ကောင်းစွာ သိနေတော်မူ၏။ ထို့ပြင် ဧကန်မလွဲ၊ အယောင်ဆောင်သီလ ကြောင် တို့သည် (မယုံကြည်မှုကို ရင်တွင်း၌ ထိန်ချန်လျှို့ဝှက်ထားလျက် အပေါ်ယံအားဖြင့် မွတ်စလင်များဖြစ်သည်။” ဟု လိမ်ညာနေသော) မုသာဝါဒီများ ဖြစ်ကြောင်း သက်သေဖြစ်တော်မူ၏။

[2] သူတို့သည် သူတို့၏သစ္စာဆိုကျိန်ဆိုမှုများကို အကာအကွယ်ဖြစ်စေလျက် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ပိတ်ပင်တားဆီး ကြလေ၏။ ဧကန်စင်စစ်၊ သူတို့ပြုမူကျင့်ကြံသမျှတို့သည် အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေ၏။

[3] ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက်တွင်မှ မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ ကြသောကြောင့် သူတို့၏နှလုံးသားများပေါ်၌ (အမှန်တရားကို အမိအရ မဆုပ်ကိုင်နိုင်အောင်) တံဆိပ်ခတ်နှိပ်ထားတော်မူရာ သူတို့သည် သိနားလည်ကြသည် မဟုတ်ပေ။

[4] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား တွေ့မြင်သောအခါ သူတို့၏အပြင်ပန်း အပေါ်ယံ ပုံပန်းသဏ္ဌာန်များသည် အသင့်ကို အံ့ဖွယ်ကောင်းအောင် အားရကျေနပ်စေပြီး အကယ်၍ သူတို့သည် စကား စမည်ပြောဆိုကြလျှင် (ယင်းကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိဘဲ) ဒေါက်ထောက်ပေး၍ မှီနေရသော (အနစ်သာရမဲ့ ခေါင်းပွ) သစ်သားတုံးကဲ့သို့ ဖြစ်သော်လည်း (သူတို့၏အပြောအဆို ပြောပုံဆိုပုံ အနေအထားများမှာမူ အလွန် ဆွဲဆောင်ဖွယ်ကောင်းလျက်) အသင်သည် သူတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေလိမ့်မည်။ သူတို့သည် (သူတို့၏သစ္စာဖောက်စိတ်ဓါတ်ကြောင့် သူတို့၏စိတ်နှလုံး၌) စကားပြောဆိုသံတိုင်းကို သူတို့အား ဟစ်အော်သံ (အဖြစ်သာ တွက်ချက်) ထင်မှတ်နေကြပြီး (သူတို့ကိုယ်တိုင်က) ရန်သူများအဖြစ် သဘောထား ကြောင့် သူတို့အား သထိထားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (ပျက်စီးကိန်းနှင့်ကြုံရန် သတ်မှတ်တော်မူ၍) ဖျက်ဆီးစေတော်မူပါစေ။ သူတို့သည် (အမှန်တရားမှ လှည့်စားခြင်းခံရရန် မကောင်း သောကြံမှု ဖြင့်) အဘယ်သို့ မျက်နှာလွဲ၍ ကျောခိုင်းလျက် ထွက်သွားကြသနည်း။

[5] ထို့ပြင် သူတို့အား “သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်က သင်တို့အတွက် (အရှင်မြတ်ထံတော်မှ) လွတ်ငြိမ်းခွင့်ကို ပန်ကြားပေးနိုင်ရန် လာကြလော့။” ဟု ပြောဆိုခြင်းခံရသောအခါ သူတို့သည် သူတို့၏ဦးခေါင်းများကို လှုပ်ခါ၍ မာန်မာနထောင်လွှားကြလျက် လှည့်သွားကြသည်ကို အသင် (တမန်တော်) တွေ့ မြင်ရပေမည်။

[6] (သူတို့သည် အာခံဖီဆန်သော သစ္စာဖောက်များဖြစ်၍) အလ္လာဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ ခွင့်လွတ်တော်မူမည်မဟုတ်သောကြောင့် အသင် (တမန်တော်) သည် သူတို့အတွက် (အရှင်မြတ်ထံ) လွတ်ငြိမ်းခွင့်ပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် လွတ်ငြိမ်းခွင့် မပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် (အကြောင်း ထူးမည်မဟုတ်ဘဲ) အတူတူပင် ဖြစ်လိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

[7] သူတို့သည်ပင် (သူတို့၏ရဲဘော်ရဲဖက်အပေါင်းအဖော်တို့အား) “သင်တို့သည် ရစူလ်တမန်တော်မြတ်၏ ထံတော်ပါး၌ရှိနေကြသော (အရှင့်ကျေနပ်နှစ်မြို့အတွက် အချိန်ပြည့် နာခံအပ်နှံ၍ ဆင်းရဲစွာ နေထိုင်ကြသည့် ယုံကြည်သူများဖြစ်ကြသော) သူတို့က (ငတ်မွတ်မှုဒဏ်ကြောင့်) ကစဉ့်ကလျား ဖြစ်လျက် (တမန်တော်မြတ် ထံမှ) ထွက်သွားကြသည်အထိ သူတို့အပေါ်၌ ပေးကမ်းသုံးစွဲခြင်းကို မပြုကြလေနှင့်။” ဟု တိုက်တွန်းနှိုးဆော် ခဲ့ကြ၏။ အမှန်စင်စစ် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော ဥစ္စာဓနရတနာသိုက်များနှင့်ဘဏ္ဍာတော်များ သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်ပေါ်စေတော်မူသောအရာများဖြစ် အရှင့်စည်းမျဥ်းတော်နှင်အညီ သုံးစွဲရန်) အတွက်သာ ဖြစ်၏။ သို့ရာတွင် အယောင်ဆောင်သီလကြောင်တို့သည်ကား သိနားလည်ကြသည် မဟုတ်ပေ။

[8] သူတို့က “ကျွန်ုပ်တို့သည် မဒီနာမြို့သို့ ပြန်သွားကြလျှင် ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာ ပိုမို၍ ပိုင်ဆိုင်သူတို့က ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာမဲ့သူတို့ကို ထိုမြို့မှ ဧကန်မုချ၊ နှင်ထုတ်ကြပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ စင်စစ်မူကား ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့်သြဇာအာဏာဟူသည် အလ္လာဟ်အရှင်မြတ်နှင့်သာလည်းကောင်း၊ (အရှင့်အမိန့်တော်အတိုင်း နာခံအပ်နှံသော) အရှင့်ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်လမ်းစဥ်အတိုင်း နာခံလိုက်နာကြသော) သက်ဝင် ယုံကြည်သူတို့နှင့်လည်းကောင်း၊ ထိုက်တန်သော်လည်း အယောင်ဆောင်သီလကြောင်တို့သည်ကား (ထိုအမှန် တရားကို) သိရှိကြသည် မဟုတ်ပေ။

[9] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သင်တို့၏သားသမီးရတနာများသည်လည်းကောင်း၊ သင်တို့အား အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟခြင်းမှ အာရုံပြောင်း လမ်းလွှဲစေရန် ခွင့်မပြုကြလေနှင့်။ မည်သူမဆို ထိုသို့ (အာရုံပြောင်း လမ်းလွှဲစေရန်ခွင့်) ပြုလျှင် ထိုသူတို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြလိမ့်မည်။

[10] ထို့ပြင် သေခြင်းတရားသည် သင်တို့အနက်မှ တစ်ဦးတစ်ယောက်ထံသို့ ဆိုက်ရောက်မလာမီပင် သင်တို့သည် သင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးအပ်တော်မူသည့် ရိက္ခာအထောက်အပံ့များအနက်မှ (ချို့တဲ့ ဆင်းရဲသူတို့အတွက် တရားတော်နှင့်အညီ စွန့်ကြဲပေးကမ်း) သုံးစွဲလှူဒါန်းကြလော့။ (မရဏသေခြင်းတရား ဆိုက်ရောက်လာသောအခါ) ထိုသူက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အဘယ်ကြောင့် (သတ်မှတ်ပြဌာန်းချိန်ထက်) အချိန်ကာလအနည်းငယ် ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ (ထိုသို့ခေတ္တရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လျှင်) ကျွန်ုပ်သည် အလှူဒါနပြုသည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ သီလဆောက်တည်၍ ပြုပြင်သူတို့အနက်မှ ဖြစ်ခဲ့လိမ့်မည်။"" ဟု ညည်းညူလျှောက်ထားပေမည်။

[11] သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်သောအချိန်ကာလ ဆိုက်ရောက်လာလျှင် မည်သည့်နည်းနှင့်မျှ ခေတ္တရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူမည် မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက် သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။

အပြန်အလှန်အမှန်မထင်ခြင်း

Surah 64

[1] မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည် (ထိုအရှင်မြတ်၏စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စိုးမိုးအုပ်ချုပ်မှုနှင့်အချုပ် အခြာအာဏာဟူသမျှသည် ထိုအရှင်မြတ် (၏ပကတိ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်တွင်သာရှိပြီး အရှင့်စည်းမျဥ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်သည့်အပြင် ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု ဟူသမျှသည်လည်း (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်နှင့်သာ ထိုက်တန် အပ်စပ်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စည်းမျဉ်းနိယာမတော်များဖြင့် ဩဇာလွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည် အသင်တို့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ သင်တို့အနက်မှ (အချို့သည်) မယုံကြည်ဖီဆန်ငြင်းပယ်သူများ ဖြစ်လာကြပြီး သင်တို့အနက်မှ (အချို့သည်) သက်ဝင်ယုံကြည်သူများ ဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို (နက်နဲသိမ်မွေ့သော နိယာမတော်များ၊ တိကျပြတ်သားသော ရည်ရွယ်ချက်များနှင့်ခိုင်မာသောအခြေခံ) အမှန်တရားများနှင့်လျော်ညီစွာဖြင့် ဖွဲ့စည်းဖြစ်ပေါ်စေတော်၏။ ထို့ပြင် သင်တို့အား (မြေကမ္ဘာနှင့်အလိုက်ဖက်ဆုံး၊ ကြည်နူးဖွယ်အကောင်းဆုံး၊ အချိုးအဆ၊ အညီမျှဆုံး၊ ရုပ်သွင်ပြင်အကောင်းဆုံးနှင့်) အကောင်းမြတ်ဆုံး၊ ပုံဖော်နည်းဖြင့် ပုံဖော်စေတော်မူပြီး (သင်တို့၏ နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနစခန်းမှာလည်း ထိုအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။

[4] ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသည့်အပြင် သင်တို့လျှို့ဝှက်ထိန်ချန်ကွယ်ဝှက်ထားသမျှနှင့် (ဝင့်ကြွားစွာဖြင့်) ထုတ်ဖော်ဖွင့်ဟသမျှတို့ကိုလည်း အကြွင်းမဲ့ သိတော်မူနေ၏။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

[5] သင်တို့အလျင် ရှိခဲ့ကြသော (သမိုင်းဝင် မကောင်းမှုအကုသိုလ်အတွက် သင်ခန်းစာယူဖွယ်ရာကောင်းသော) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ပြုမူကျင့်ဆောင်မှုဆိုင်ရာ စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို မြည်းစမ်းစေတော်မူခဲ့ခြင်းနှင့်စပ်လျဥ်းသည့် သတင်းအချက်အလက်များ သင်တို့ထံ ရောက်ခဲ့ပြီ မဟုတ်လော။ ထို့ပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့အတွက် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။

[6] ထိုသို့အရေးယူခံရခြင်းအကြောင်းရင်းမှာ သူတို့အတွက် (ခန့်အပ်တော်မူသော) ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များနှင့်အတူ သူတို့ထံသို့ ရောက်ရှိလာကြသောအခါ သူတို့က “(သေမျိုးဖြစ်သော) လူသားသည်ပင် ကျွန်ုပ်တို့အား တရားလမ်းမှန် ညွှန်ပြမည်လော။” ဟု စောဒကတက်ပြောဆိုခဲ့ကြ၏။ ထို့နောက် သူတို့သည် မယုံကြည်သွေဖည် ငြင်းပယ်၍ မျက်နှာလွဲလျက် ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလိုရှိတော်မမူဘဲ ကုံလုံပြည့်စုံတော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံသောအရှင်၊ အလွန်တရာ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။

[7] မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က သူတို့သည် မည်သည့်အခါမျှ အလျှင်း ရှင်ပြန် ထစေခြင်းခံကြရမည် မဟုတ်ဟု အခိုင်အမာကြွေးကြော်ကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အမှန်ပင် ရှင်ပြန်ထစေခြင်းခံကြရမည်။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို တိုင်တည်၍ ပြောပါရစေ။ ဧကန်မလွဲ၊ သင်တို့သည် ရှင်ပြန်ထစေခြင်းခံကြရပေမည်။ ထို့နောက် ဧကန်မုချပင်၊ သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့သမျှတို့နှင့်စပ်လျဥ်း၍ (တရားစီရင်တော်မူရန်) အကြောင်း ကြား အသိပေး (လျက်ဆင့်ခေါ်) ခြင်းခံကြရမည်။ ထိုသို့ဖြစ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် (အပန်းကြီးသည်မဟုတ်ဘဲ) အလွန်ပင် လွယ်ကူလှပေ၏။

[8] သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ငါအရှင်မြတ်ချပေးအပ်တော်မူသော ရောင်ခြည်တော် (ကျမ်းတော်မြတ်ကုရ်အာန်) အားလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလော့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] (သတိရကြလော့။ နောင်တမလွန်၌ တရားစီရင်တော်မူမည့်) ထိုနေ့တွင် အရှင်မြတ်သည် သင်တို့အားလုံးကို ထိုစုရုံးစေတော်မူနေ့အတွက် ဧကန်မုချပင်၊ စုရုံးစေတော်မူပေမည်။ ထိုနေ့သည်ကား (ယုံကြည်သူ တို့အတွက် ဆုလဒ်များချီးမြှင့်မှုခံရမည့်နေ့ဖြစ်၍ မယုံကြည်သူတို့အတွက် အရေးယူခံရမည့်နေ့) ချီးမြှင့်နှင့်ပေးဆပ်မှုဒွန်တွဲနေသည့်နေ့ပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန် ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျှင် ထိုအရှင်မြတ်သည် သူ၏မှားယွင်းမှုနှင့်အပြစ်များကို သူ့ထံမှ ဖုံးကွယ်ဖယ်ရှားစေတော်မူမည့်အပြင် သူ့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဥ်ထဲသို့ ဝင်ရောက်စေတော်မူရုံမက ထို (သုခဥယျာဥ်ထဲ) ၌ ထာဝစဉ်နေထိုင်စံစားခွင့်ကိုလည်း ပေးတော်မူလိမ့်မည်။ ထိုသို့ချီးမြှင့်တော်မူခြင်းသည် ကြီးကျယ်လှစွာသော မဟာအောင်မြင်မှုပင် ဖြစ်၏။

[10] သို့တစေလည်း ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဥ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် မယုံကြည်ဖီဆန်ငြင်းပယ်ကြသူတို့မူကား ထိုသူတို့သည် ငရဲမီး၏အပေါင်း အဖော်များသာ ဖြစ်ကြပြီး ထို (ငရဲဘုံ) ၌ အမြဲထာဝစဥ် နေထိုင်ကြရလိမ့်မည်။ စင်စစ်သော်ကား (ငရဲဘုံဟူသည် သူတို့က ဧကန်မုချ၊ ရောက်ကြရမည့်) အလွန် ယုတ်ညံ့ဆိုးဝါးလှသော နောက်ဆုံးပန်းတိုင် (ပြန်လည်ရာဌာန စခန်းပင်) ဖြစ်၏။

[11] ဘေးဒုက္ခအခက်အခဲဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်၏ (စည်းမျဥ်းနိယာမတော်နှင့်အညီ အရှင့်) အမိန့်တော်ခွင့်ပြုအရသာ ဆိုက်ရောက်လာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုအရှင်မြတ်သည် သူ၏စိတ်နှလုံးကို တရားလမ်းမှန် ညွှန်ပြတော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စည်းမျဉ်းနိယာမတော်များဖြင့် ဩဇာလွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[12] ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်များ) နှင့်ရစူလ်တမန်တော်မြတ် (၏လမ်းစဥ်) ကို နာခံလိုက်နာကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် (မနာခံမလိုက်နာဘဲ) မျက်နှာလွှဲလျက် ကျောခိုင်းသွားလျှင် ငါအရှင်မြတ်၏သတင်းတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ်ဝယ် (အရှင့်အမိန့်တော်များနှင့်သတင်းတော်များကို လူသားထံ အရောက် အပြည့်အဝ တိကျမှနကန်စွာနှင့်) ရှင်းလင်းစွာ ပို့ဆောင် (သွန် သင်) ရန်သာ တာဝန်ရှိ၏။

[13] အလ္လာဟ်အရှင်မြတ်သာလျှင် (တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး) ထိုအရှင်မြတ် မှအပ အခြားဆည်းကပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ယုံကြည်သူတို့ကို ကာကွယ်စောင့်ရှောက်ရန် အရှင့်အပေါ် တာဝန်အဖြစ်သတ်မှတ် ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်လျက်) အားကိုးအားထား ပြုထိုက်၏။

[14] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ သင်တို့၏ဘဝဖော်အမျိုးသမီးများနှင့်သင်တို့၏သား သမီးရတနာများအနက်မှပင် သင်တို့အတွက် ရန်သူများဖြစ်လာနိုင်သောကြောင့် သူတို့အား သတိထား ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် (သူတို့အား) စိတ်ရှည်သည်းခံ၍ (အမှားပြုပြင်နိုင်ရန် အခွင့်အလမ်းပေးလျက်) ခွင့်လွှတ်ကြလျှင်ဖြစ်စေ၊ (သူတို့အပြစ်များ၏အကျိုးဆက်ကို သူတို့ခံစားကြရန်) သတိမမူ၊ ဥပေက္ခာပြုကြလျှင် လည်းကောင်း၊ (လောကီအရေးကိစ္စများ၌ သင်တို့အား ဆန့်ကျင်၍ ပြစ်မှားခဲ့သည်ကို ဗွေမယူဘဲ လုံးလုံးလျား လျား) လွတ်လွှတ်လျှင်ဖြစ်စေ၊ (နှလုံးသွင်းသင့်သည်မှာ) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[15] သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သင်တို့၏သားသမီးရတနာများသည်လည်းကောင်း၊ (လောကီဖြားယောင်းဆွဲဆောင်စရာများဖြစ်၍) စမ်းသပ်မှု (နှင့်အစစ်ဆေးခံရမည်အကြောင်းရင်း) သာလျှင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိနေ၏။

[16] သို့ဖြစ်ပေရာ သင်တို့သည် (အစွမ်းကုန်) တတ်စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် သင်တို့သည် (အရှင်မြတ်၏အမိန့်တော်များကို ဂရုတစိုက်) ကြားနာပြီး (တသွေမတိမ်း) နာခံလိုက်နာကြလော့။ ထို့ပြင် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)များ၏အကျိုးအတွက် ကောင်းမှုကုသိုလ် အလှူဒါနများကို စွန့်ကြဲပေးကမ်းသုံးစွဲလှူဒါန်းကြလော့။ စင်စစ်သော်ကား မည်သူမဆို သူ၏နဖ်စ်အား မတော်လောဘ (အလိုရမ္မက်နှင့်စေးနှဲခြင်း) မှ ထိန်းချုပ်ကာကွယ်နိုင်လျှင် ထိုသူတို့သည် ပေါက်မြောက်အောင် မြင်သူများပင် ဖြစ်ကြပေသည်။

[17] အကယ်၍ သင်တို့သည် (အလ္လာဟ်အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်း ရည်စွမ်းပကားနှင့်နည်းပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) အရှင်ထံ ပြန်လည်ချေးငှား (ဆက်ကပ်) လျှင် ထိုအရှင်မြတ်သည် ယင်း (ချေးငှားခဲ့သည့်အရာ) ကို (ဤလောကီ၌) မြောက်များစွာ ဆထက်တိုး၍ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) သင်တို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူလိမ့်မည်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (ကျေးဇူးသိတတ်သူတို့အား) အလွန်ရက်ရောစွာ ကျေးဇူးတုံ့ပြန်စေတော်မူသောအရှင်၊ လူသားတို့အား အခွင့်အလမ်းပေးရန်လမ်းညွှန်တော်မူပြီး အားလုံးအပေါ် စာနာထောက်ထားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

[18] ထိုအရှင်မြတ်သည် (လူသားတို့၏မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိကြသော) အထင်အရှားတွေ့ရသည့် အရာအားလုံးကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူသားတို့အား ဂုဏ် ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်၊ ဖြစ်တော်မူ၏။

ကွာရှင်းပြတ်စဲခြင်း

Surah 65

[1] အို၊ နဗီတမန်တော်၊ (လူသားတို့အား ဟောပြောလော့)။ သင်တို့သည် အမျိုးသမီးများအား ကွာရှင်းပြတ်စဲမှု ဖြစ်စဥ်အတွက် ရန်ရည်ရွယ်သောအခါ (တရားတော်နှင့်အညီ နှစ်ဖက်သော အုပ်ထိန်းသူအသိုင်းအဝိုင်းများ၏ညှိနှိုင်းဆောင်ရွက်မှု မအောင်မြင်မှသာ) ကွာရှင်းပြတ်စဲ၍ သူမအတွက် သတ်မှတ်ထား​တော်မူသည့် စောင့်ဆိုင်းကာလ (ကို စတင်ရေတွက်၍ ပြဌာန်းတော်မူသည့်ကာလ သုံးလနှင့်တစ်ဆယ့်သုံးရက်စေ့သည်အထိ) သတ်မှတ်ကာလကို အတိအကျ တွက်ချက်ရေတွက်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ထို ကွာရှင်းပြတ်စဲလိုက်သည့် သင်တို့၏ဘဝဖော်များဖြစ်ကြသော) သူမတို့အား သူမတို့က မကြားဝံ့မနာသာစရာ မသင့်တော်သော မကောင်းမှု၊ စရိုက်ဆိုးကို အထင်အရှား မကျူးလွန်မချင်း (ထိုစောင့်ဆိုင်းကာလအတွင်) သူမတို့နေထိုင်ရာ အိမ်များမှ နှင်ထုတ်ခြင်း မပြုကြလေနှင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ (အတည်ပြုသတ်မှတ်ပြ ဌာန်းတော်မူသော) စည်းဘောင်များပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းဘောင်များကို ကျူးလွန် ချိုးဖောက်သော် ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဥ်းတော်များကို ချုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့ပြီ ဖြစ်၏။ ထို (ကွာရှင်းမှုဖြစ်စဥ်) နောက်တွင် အလ္လာဟ်အရှင်မြတ်က စီမံချက်အမိန့်တော်ဆိုင်ရာအကြောင်း ကိစ္စတစ်စုံတစ်ခု ဖြစ်ပေါ်စေတော်မူကောင်းမူနိုင်ကြောင်း သင်တို့ သိကြသည် မဟုတ်ပေ။

[2] တစ်ဖန် (ကွာရှင်းမှုဖြစ်စဉ်အပြီး) အမျိုးသမီးများ၏စောင့်ဆိုင်းကာလ ပြီးဆုံးသည့်အခါ သူတို့အချင်း ချင်းကြားဝယ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူလက်ခံ၍ သူမတို့ (၏ယခင်ထိမ်းမြားခြင်း) အား ဆက်လက်ထိန်းသိမ်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူ လက်ခံ၍ ခွဲခွာလိုကြသည်ဖြစ်စေ၊ သူတို့အနက်မှ တရားမျှတသော သစ္စာသမာဓိရှင် သက်သေနှစ်ဦးကို သတ်မှတ်၍ အလ္လာဟ်အရှင်မြတ် (ပြဌာန်းတော်မူသည့် စည်းဘောင်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှု) အတွက် သက်သေခံချက်ကို အခိုင်အမာ (ရေးမှတ်၍ မှတ်တမ်းတင်မှုကို) ဆောက်တည်ကြလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူဖြစ်လျှင် ထိုသူသည် ထိုနည်းအတိုင်းပင် ဆောင်ရွက်ရန် ကျမ်းတော်အားဖြင့် သွန်သင်ထားတော်မူခဲ့ပြီး ဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ့အတွက် (အခက်အခဲဟူသမျှကို ပြေလည်စေမည့်) နည်းလမ်းထွက်ပေါက်များ ဖြစ်ပေါ်စေတော်မူမည်။

[3] ထို့ပြင် ထိုအရှင်မြတ်သည် ထိုသူအား မထင်မှတ်မမျှော်မှန်းထားသောနေရာမှ ရိက္ခာအထောက်အပံ့ကို ချီးမြှင့်ပေးအပ်တော်မူမည် ဖြစ်၏။ တစ်ဖန် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထား၍ အပ်နှံလျှင် ထိုအရှင်မြတ်သည်ပင် (သူ၏လိုအပ်ချက်များ ဖြည့်ဆည်းစေတော်မူမည် ဖြစ်သောကြောင့်) သူ့အတွက် လုံလောက်တော်မူ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူ့စီမံချက်အရေးကိစ္စကို (ရည်မှန်း ချက်ပန်းတိုင်ရောက်သည်အထိ) ပြီးမြောက်စေတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အတွက် စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်စေတော်မူပြီးဖြစ်၍ ဩဇာလွှမ်းမိုးတော်မူလျက် စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[4] ထို့ပြင် သင်တို့၏ (ကွာရှင်းပြတ်စဲပြီးဖြစ်သော) အမျိုးသမီးတို့အနက်မှ ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောသူမတို့သည် အကယ်၍ (သူမတို့၏စောင့်ဆိုင်းကာလနှင့်စပ်လျဉ်း၍) သင်တို့က ဒွိဟသံသယ ဖြစ်ကြလျှင် ယင်း (သတ်မှတ်ထားသောစောင့်ဆိုင်းကာလ) မှာ သုံးလ (အပြည့်) ဖြစ်၏။ ရာသီပန်းမပွင့် သောအမျိုးသမီးများ (သတ်မှတ်ထားသောစောင့်ဆိုင်းကာလ) မှာလည်း အလားတူပင် (သုံးလအပြည့်) ဖြစ်၏။ ထို့ပြင် ကိုယ်ဝန်ရှိနေသော အမျိုးသမီးများ၏သတ်မှတ်ထားသော စောင့်ဆိုင်းကာလသည် သူမတို့၏ကိုယ်ဝန် ကို မီးဖွားကြသည်အထိပင် ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိဘတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ့အတွက် သူ၏စီမံချက်အရေးကိစ္စကို လွယ်ကူအောင် ဖြစ်စေတော်မူမည် ဖြစ်၏။

[5] ထိုအရှင်မြတ်သည် သင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်များကို ထိုအရှင်မြတ်သည် ထိုကဲ့သို့ပင် ချမှတ်ပေးအပ်တော်မူ၏။ အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ၏မှားယွင်းမှုများနှင့်ပြစ်မှုများကို သူ့ထံမှ ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး သူ့အကျိုးဆုလဒ်ကို တိုးချဲ့ကြီးကျယ်စေတော်မူမည်။

[6] သင်တို့သည် ထို (ကွာရှင်းပြတ်စဲဖြစ်စဥ်အပြီး စောင့်ဆိုင်းကာလတွင်ရှိနေသော) အမျိုးသမီးများအား သင်တို့နေထိုင်ရာနေအိမ်၌ပင် သင်တို၏ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေပေါ်မူတည်၍ (မျှတစွာဖြင့် ဆက်လက်နေထိုင်နိုင်ရန်) နေရာထိုင်ခင်းပေး၍ နေရာချထားပေးကြလော့။ ထို့အပြင် သင်တို့သည် သူမတို့အပေါ်၌ စည်းကမ်းသတ်မှတ်ချက်များဖြင့် ကျပ်တည်းစေလျက် သူမတို့အား စိတ်ဒုက္ခရောက်အောင် မလုပ်ကြလေနှင့်။ ထို့ပြင် အကယ်၍ ထိုအမျိုးသမီးများသည် ကိုယ်ဝန်ရှိသူများ ဖြစ်ကြလျှင် သင်တို့သည် သူမတို့ကို သူမတို့၏ကိုယ်ဝန်ကို မီးဖွားကြသည်အထိ (စရိတ်စကများနှင့်အထောက်အပံ့များအတွက်) ပေးကမ်း သုံးစွဲကြလော့။ တစ်ဖန် အကယ်၍ သူမတို့သည် သင်တို့အကျိုးငှာ (သင်တို့၏ကလေးကို) နို့ချိုတိုက်ကျွေး ကြ လျှင် သင်တို့သည် သူမတို့အား (ထိုအတွက်) သူမတို့ရသင့်ရထိုက်သောအကျိုးခံစားခွင့် (အခကြေးငွေ) များကို ပေးဆပ်ကြလော့။ ထို့ပြင် သင်တို့သည် (ထိုနို့ချိုတိုက်ကျွေးခြင်းနှင့်စပ်လျဥ်း၍) အချင်းချင်းကြား ညှိနှိုင်းတိုင် ပင်လျက် (ကောင်းမြတ်သောအစဥ်အလာ၊) တရားတော်နှင့်အညီ မျှတသင့်လျော်စွာ ဆောင်ရွက်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်းကြား သဘောတူညီမှုမရဘဲ မပြေမလည် ဖြစ်ကြလျှင် အခြား အမျိုးသမီးတစ်ဦးကို ထို (ကလေး) အတွက် (ကလေး၏ဖခင်ဘက်မှ တာဝန်ယူ၍) နို့ထိန်းသည်အဖြစ် ခန့်ထားစေလော့။

[7] ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေ ပြည့်စုံလုံလောက်သူဖြစ်လျှင် ယင်း (ကြွယ်ဝမှု) နှင့်လျော်ညီစွာ ပေးကမ်းသုံးစွဲရပေမည်။ သို့ရာတွင် စီးပွားဥစ္စာပိုင်ဆိုင်မှုအကန့်အသတ်ဖြင့်သာ ပေးအပ်တော်မူခြင်းခံရ၍ ကျပ်တည်းနေသူဖြစ်ပါက သူ့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှ အနက်မှ (အတတ်နိုင်ဆုံးကို) ပေးကမ်းသုံးစွဲရပေမည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သော စိတ်ဝိဉာဉ်) ကိုမျှ ယင်းကိုချီးမြှင့်ပေးအပ်တော်မူသည်နှင့်အညီမှအပ (မနိုင်သောတာဝန်) ဝန်ထုပ်ကို ထမ်းဆောင်စေတော်မူသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ခက်ခဲကျပ်တည်းမှု၏နောက်တွင် မကြာမီပင် လွယ်ကူချောင်လည်မှုကို ဖြစ်ပေါ်စေတော်မူမည်။

[8] စင်စစ်သော်ကား မည်ရွေ့မည်မျှ မြောက်မြားစွာသော မြို့ရွာဒေသများ (ရှိပြည်သူတို့) သည် ယင်း (ပြည် သူတို့) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်များ၏အမိန့်များမှ မာန်မာနထောင်လွှားလျက် အာခံဖီဆန်၍ ကျောခိုင်းကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (ပြည်သူတို့) အား ပြင်းထန်သော (ကပ်ဘေးဆိုက်ရောက်စေလျက် ပြတ်သားသည့်) စာရင်းရှင်းခြင်းဖြင့် အရေးယူတော်မူသည့်အပြင် ယင်း (ပြည်သူတို့) အား ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ်မျိုးဖြင့် ပြစ်ဒဏ်ခတ်တော်မူခဲ့၏။

[9] သို့ဖြစ်ပေရာ ယင်း (ပြည်သူတို့) သည် သူတို့၏စီမံချက်အရေးကိစ္စများ၏ဆိုးကျိုးကို (ပြစ်ဒဏ်အဖြစ်) မြည်းစမ်းစေတော်မူ၏။ စင်စစ် ယင်း (ပြည်သူ) တို့၏စီမံချက်အရေးကိစ္စဆိုင်ရာ နောက်ဆုံးပန်းတိုင် (ဇာတ်သိမ်း) မှာ ဆုံးရှုံးမှုပင် ဖြစ်လေ၏။

[10] အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် ပြင်းထန်လှစွာသောပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို၊ ချင့်ချိန်မြော်မြင်နားလည်နိုင်စွမ်းရှိသော ယုံကြည်သူ ပညာရှင်အပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ထံ ဆုံးမသြဝါများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချမှတ်ပေးအပ်တော်မူ၏။

[11] သက်ဝင်ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူ သမျှမှသည် (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော် မူရန်အလို့ငှာ ရစူလ်တမန်တော် တစ်ပါးအား (စေလွှတ်တော်မူလျက်) သင်တို့၏ရှေ့ဝယ် အမှန်တရားကို ထင်ရှား ရှင်းလင်းစေသော အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအား ဖတ်ကြားသွန်သင် စေတော်မူ၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လျှင် ထိုအရှင်မြတ်သည် သူ့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ထိုထဲတွင် အမြဲထာဝစဉ် နေထိုင်စံစားကြသူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အကောင်းမြတ်ဆုံး ရိက္ခာအထောက် များကို ချီးမြှင့်တော်မူမည်။

[12] အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်ခုနစ်ထပ် (ခုနှစ်ဆက်) ကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး မြေကမ္ဘာ၌လည်း (ရှုထောင့်သွင်ပြင်မြောက်မြားစွာကို) အလာတူ ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် ယင်း (မိုးနှင့်မြေ) ကြားတွင် “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အတွက် စည်းမျဉ်းနိယာမတော်များနှင့် အညီ ဖြစ်စေတော်မူပြီးဖြစ်၍ ဩဇာလွှမ်းမိုးတော်မူလျက် စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ် ဖြစ်တော်မူ ကြောင်းကိုလည်းကောင်း၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်ဉာဏ်တော် အနန္တဖြင့် လွှမ်းခြုံထားတော်မူသောအရှင်မြတ်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊” သိနားလည်စေတော်မူရန် အလို့ငှာ စီမံချက်အမိန့်တော်များကို အဆက်မပြတ် စီဆင်းဆင်းသက်စေတော်မူ၏။

တားမြစ်ချက်

Surah 66

[1] အို၊ နဗီတမန်တော်၊ အသင်သည် သင့်အတွက် အလ္လာဟ်အရှင်မြတ်က (ဟလာလ်) ခွင့်ပြုတော်မူသောအရာကို အသင့်ဘဝဖော်ကြင်ရာတော် (တစ်ဦးဦး) ၏နှစ်သက်မှုကို ရှာမှီးသောအားဖြင့် (သင့်အပေါ်စည်းကြပ်စေလျက်) အဘယ်ကြောင့် တားမြစ်လေသနည်း။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

[2] (အို၊ ယုံကြည်သူအပေါင်းတို့) ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အကျိုးငှာ သင်တို့၏ကျိန်ဆိုချက်များ (ဖြစ်သော ခွင့်ပြုတော်မူထားသည်ကို နောက်နောင် မသုံးဆောင်ပါဟု မှားယွင်းစွာ သစ္စာဆိုခြင်းအား အမှားပြင်ရန်) အတွက် ပြေရာပြေကြောင်းပြုလုပ်ရန် သတ်မှတ်ပြဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် (သင်တို့၏ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူမည့် ယုံကြည်စိတ်ချရသော) ကာကွယ်စောင့်ရှောက်တော်မူသည့်အရှင်ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) နက်နဲသိမ်မွေ့သော အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူ၏။

[3] နဗီတမန်တော်မြတ်သည် ကိုယ်တော်၏ဘဝဖော်ကြင်ရာတော်တစ်ပါးအား အတွင်းစကားပြောပြခဲ့ရာ ထိုကြင်ရာတော်က (အခြားကြင်ရာတော်အား ထုတ်ဖော်လျက်) ပေါက်ကြားစေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းကို နဗီတမန်တော်မြတ်အား အသိပေးတော်မူသောအခါ တမန်တော်မြတ်သည် (ထိုကြင်ရာ တော်အား) ယင်းစကားအချို့ကို ပြောပြ၍ အချို့ကိုမူ မပြောဘဲလွတ်ထားခဲ့စဥ် (ထိုကြင်ရာတော်က) “ဤသတင်း ကို အသင့်အား မည်သူပြောပြသနည်း” ဟု မေးမြန်းခဲ့ရာ တမန်တော်မြတ်က “ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ခပ်သိမ်းကုန်တို့၏ သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သတင်းရတော်မူလျက် သိနေတော်မူသောအရှင်မြတ်က ကျွန်ုပ်အား အသိပေးတော်မူခဲ့သည်ဟု ဖြေကြားခဲ့လေ၏။

[4] အကယ်၍ အသင်မတို့ (ကြင်ရာတော်) နှစ်ဦးသည် အသင်မတို့၏စိတ်နှလုံးများကို (မမှန်ကန်သော မနှစ် သက်ဖွယ်ရာဘက်သို့) တိမ်းညွတ်ခဲ့သောကြောင့် နောင်တရလျက် ဝန်ချတောင်းပန်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့ ဦးတည်လှည့်ကြလျှင် (အသင်မတို့အတွက် အကောင်းဆုံး ဖြစ်မည်)။ သို့ရာတွင် အကယ်၍ အသင်မတို့နှစ်ဦးသည် တမန်တော်မြတ်နှင့်ဆန့်ကျင်၍ အချင်းချင်း ထောက်ခံကူညီလျက် ရှိကြလျှင် (နှလုံးသွင်းသင့် သည်မှာ) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်အား) ကာကွယ်စောင့်ရှောက်တော်မူမည့် (ယုံကြည်စိတ်ချရသော) အရှင်မြတ်ဖြစ်တော်မူပြီး အရှင့်သတင်းတော်ဆောင်ကောင်းကင်စေတမန် ဂျစ်ဗ်ရီလ်သည်လည်းကောင်း၊ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ကြသော စစ်မှန်သည့် သစ္စာရှင် ယုံကြည်သူများသည်လည်းကောင်း၊ တမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော ယုံကြည်စိတ်ချရသည့် မဟာမိတ်များဖြစ်ကြ၏။

[5] အကယ်၍ တမန်တော်မြတ်သည် အသင်မတို့အား ကွာရှင်းခဲ့လျှင် တမန်တော်မြတ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အသင်မတို့၏နေရာတွင် ဘဝဖော်ကြင်ရာများအဖြစ် အသင်မတို့ထက် ပိုမို၍ ကောင်းမြတ်သော (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသည့်) မွတ်စလင်သူများ၊ သက်ဝင်ယုံကြည်သော သစ္စာရှင်များ၊ အရှင်မြတ်၏အမိန့်တော်ကိုနာခံသော ကိုင်းရှိုင်းသူများ၊ နောင်တရလျက် ဝန်ချတောင်းပန်၍ အရှင်မြတ်ဘက် ဦးလှည့်သူများ၊ အရှင်မြတ်ကို နာခံကိုးကွယ်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ မုဆိုးမများနှင့် အပျိုစင်များကို အစားပေးတော်မူမည်။

[6] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ယင်း၏လောင်စာမှာ လူသားများနှင့်ကျောက်တုံးများသာဖြစ်၍ ယင်းအပေါ်၌ သူတို့အား တာဝန်ပေးထားသော အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်များကို အမိန့်တော်ပေးတော်မူသည့်အတိုင်း တသွေမတိမ်း နာခံပြုလုပ်ကြရုံသာမက မည်သည့်အခါမျှ အာခံဖီဆန်မည် မဟုတ်သော ညှာတာမှုကင်းမဲ့ကာ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသည့် မလာအီကာကောင်းကင်စေတမန်များလည်း စောင့်ကြပ်နေမည့်ငရဲမီးမှ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုလည်းကောင်း၊ သင်တို့၏မိသားစုအသိုင်းအဝိုင်းများကိုလည်းကောင်း၊ သတိလက်လွတ်မဖြစ်စေဘဲ ကာကွယ်၊ ကယ်ဆယ်ကြလော့။

[7] အို၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) အပေါင်းတို့၊ (တမလွန်တရားစီရင်မည့်) ထိုနေ့ တွင် သင်တို့သည် (မည်သည့် ဆင်ခြေ) အကြောင်းပြချက်ကိုမျှ အလျှင်း တင်ပြခွင့်ရှိလိမ့်မည် မဟုတ်ပေ။ သင်တို့သည် သင်တို့က (လောကီဘဝ၌) ပြုမူကျင့်မူနေခဲ့ကြသည်နှင့်အညီသာ (အကျိုးဆက်အဖြစ် ဆုလဒ်နှင့်ပြစ်ဒဏ်များကို) အစားပေးခြင်းခံကြရလိမ့်မည်။

[8] အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းစဥ်တော်) ဘက်တော်သို့ (ယခင်ကအမှားများအတွက် ဝန်ချတောင်းပန်လျက် စိတ်ရင်းစေတနာဖြူစင်စွာနှင့်ပြုပြင်ပြောင်းလဲလိုစိတ် အပြည့်ရှိစေသော) လုံးလုံးလျားလျား ပြန်လှည့်ခြင်းမျိုးဖြင့် ဦးတည်လှည့်ကြလော့။ တောင်းပန်ကြလော့။ (သို့ပြုလုပ်ခြင်းအားဖြင့်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့၏အမှားအယွင်များနှင့်ပြစ်မှုများကို သင်တို့ထံမှ ဖုံးကွယ်ဖယ်ရှားကောင်း ဖယ်ရှားပပျောက်စေ တော်မူနိုင်သည့်အပြင် သင်တို့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ် များထဲသို့ ဝင်ရောက်ခွင့်ပေးတော်မူနိုင်၏။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အားလည်းကောင်း၊ တမန်တော်မြတ်နှင့်အတူရှိကြသော သက်ဝင်ယုံကြည်သူနောက်လိုက်တို့အားလည်းကောင်း၊ အကျိုးယုတ်အရှက်ရစေတော်မူမည် မဟုတ်ပေ။ ထိုစဥ် အလင်းရောင်သည် သူတို့၏ရှေ့၌လည်းကောင်း၊ သူတို့ ၏လယ်ယာဘက်များ၌လည်းကောင်း၊ ပြေးလျက်ရှိနေမည်ဖြစ်ပြီး သူတို့ကလည်း “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ် တို့၏အလင်းရောင်ကို ပြီးပြည့်စုံအောင် ဖြစ်စေတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ၊ အသင်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] အို၊ နဗီတမန်တော်၊ အသင်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်ကြကုန်သောသူ) တို့နှင့်အယောင်ဆောင်သီလကြောင်တို့နှင့်ဆန့်ကျင်၍ (အချိန်အခါနှင့်အခြေအနေ၏လိုအပ်ချက်အရ) စွမ်းစွမ်းတမံ၊ သက်စွန့်ရုန်းကန်လှုပ်ရှားကြလော့။ ထို့ပြင် အသင်သည် သူတို့အပေါ်၌ အလျှော့မပေးဘဲ ပြတ်သားခက်ထန်သော တင်းကျပ်မှု ဖြစ်စေလော့။ ထို့ပြင် သူတို့၏နောက်ဆုံးပန်းတိုင် ခိုလှုံရာဌာနမှာ ငရဲဘုံသာလျှင် ဖြစ်၏။ စင်စစ်မူကား (ယင်းငရဲဘုံသည်) အလွန်ယုတ်ညံ့ ဆိုးရွားလှသော ခိုလှုံရာစခန်းပင် ဖြစ်၏။

[10] အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်ကြကုန်သောသူ) တို့အတွက် (တမန်တော်) နူးဟ်၏အမျိုးသမီးနှင့် (တမန်တော်) လူးသ်၏အမျိုးသမီးတို့အား ဥပမာအဖြစ် ခိုင်းနှိုင်းမိန့်ကြားတော်မူ၏။ ထိုအမျိုးသမီးနှစ်ဦးသည်ကား ငါအရှင်မြတ်၏အစေခံအမှုတော်ဆောင်များအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ခဲ့ကြသည့် အရှင့်အစေခံအမှုတော်ဆောင်နှစ်ဦး၏လက်အောက်တွင် ရှိခဲ့ကြလေ၏။ သို့တစေလည်း ထိုအမျိုးသမီးနှစ်ဦးသည် (အရှင်မြတ်၏အမိန့်တော်များကို ငြင်း ပယ်၍ မယုံကြည်သူတို့နှင့်ပူးပေါင်းလျက် အမှန်တရားနှင့်ဆန့်ကျင်၍) သစ္စာဖောက်ခဲ့ကြသောကြောင့် ထိုအရှင့် အမှုတော်ဆောင်နှစ်ဦးသည်ပင် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) မှ (သူမတို့အား ကယ်ဆယ်ရန်) အနည်း ငယ်စိုးစဉ်းမျှ အကျိုးမပြုနိုင်ခဲ့ကြပေ။ ထို့ပြင် သူမတို့နှစ်ဦးသည်လည်း (ငရဲဘုံထဲသို့) ဝင်ရောက်ကြသူတို့နှင့်အတူ ဝင်ရောက်ကြစေရန် အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေ၏။

[11] ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ကြသောသူတို့အတွက် ဖာရိုမင်း၏ကြင်ရာ အမျိုးသမီးကို ဥပမာအဖြစ် ခိုင်းနှိုင်းမိန့်ကြားတော်မူ၏။ ထိုအမျိုးသမီးက “အို၊ ကျွန်တော်မျိုးမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အသင်အရှင်မြတ်ထံတော်ပါး၌ (ရှိသော) သုခဥယျာဥ်တွင် ကျွန်တော်မျိုးမအတွက် အိမ်ဗိမာန်တစ်လုံးကို ဆောက်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား ဖာရိုမင်းနှင့်သူ၏အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမျှမက အရှင်မြတ်သည်ပင် ကျွန်တော်မျိုးမအား အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျုးတို့မှလည်း လွတ်မြောက်ကယ်တင်စေတော်မူပါ။” ဟု လျှောက်ထားပန်ကြားလေ၏။

[12] ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) ကာယကံ၊ ဝစီကံမှု၌ စင်ကြယ်၍ သူမ၏ကာယိန္ဒြေကို စောင့်စည်း ထိန်းသိမ်းသောကြောင့် (သူမ၏သားအိမ်၌သန္ဓေတည်စေတော်မူရန်) ငါအရှင်မြတ်၏ထံတော်မှ အသက်ဇီဝိန်ကို ထည့်ပေးတော်မူခဲ့သည့် အင်(မ်)ရာန်၏သမီး၊ မရ်ယမ်သခင်မကိုလည်း (ဥပမာအဖြစ် ခိုင်းနှိုင်းမိန့်ကြားတော်မူခဲ့၏)။ ထို့ပြင် မရ်ယမ်သခင်မသည် သူမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏စကားတော်မိန့်ကြားချက်များနှင့်အရှင့်ကျမ်းတော်တို့ကိုလည်း အမှန်တရားသစ္စာဖြစ်ကြောင်း ယုံကြည်ထောက်ခံခဲ့ရုံသာမက အမိန့်တော်များကို ရိုးသားဖြူစင်ကိုင်းရှိုင်းကျိုးနွံစွာဖြင့် နာခံကြသူတို့တွင် အပါအဝင် ဖြစ်ခဲ့၏။

အာဏာစက်

Surah 67

[1] ထိုအရှင်မြတ်သည် (စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရှင့်စည်းမျဥ်းနိယာမတော်များဖြင့် ထိန်းချုပ်ထားတော်မူလျက် ယင်းတို့၏) အချုပ်အခြာအာဏာသည် ထိုအရှင်မြတ်၏ (ချုပ်ကိုင်မှု) လက်တော်ဝယ်ရှိနေသောကြောင့် ဂုဏ်တော်၊ ကျက်သရေ၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[2] ထိုအရှင်မြတ်သည် (သင်တို့၏လုပ်ရပ်များဖြင့် သင်တို့သဘေားထားများကို ထင်ရှားစေလျက်) မည်သူ သည် အကောင်းဆုံးပြုမူကျင့်ကြံမှုဖြင့်ဘဝဆောက်သည်ကို စမ်းသပ်တော်မူရန်အလို့ငှာ သေခြင်းနှင့်ရှင်တို့ကို (စည်းမျဥ်းနိယာမတော်နှင့်အညီ) ဖြစ်စေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီး မြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်၊ ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ထပ် (ခုနှစ်ဆက်) အား (တစ်ခုနှင့်တစ်ခု ပကတိသဟဇာတ ဖြစ်အောင် ဖွဲ့စည်းစေတော်မူ၍ လည်ပတ်စေတော်မူလျက်) အထပ်ထပ်အဆင့်ဆင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ အလုံးအပေါ် အစဥ်ကရုဏာထားတော်မူသော အနန္တကရုဏာတော်ရှင်၏ဖွဲ့စည်းဖြစ်တည်စေမှု၌ မည်သည့် အပြစ်အနာအဆာ (ပျော့ကွက်ဟာကွက်နှင့်မလိုက်ဖက်မှု) မျှ ရှိကြောင်းကို အသင်သည် အလျှင်း တွေ့ရမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မည်သည့် ချွတ်ယွင်းချက်၊ အားနည်းချက်နှင့်ပျောကွက်၊ ဟာကွက်မျှ ရှိနိုင်သနည်းဟူသော စူးစမ်းလိုစိတ်နှင့်ရှုထောင့်အမြင်စုံဖြင့် အကြိမ်ကြိမ် အဖန်ဖန် ရှုမြင်သုံးသပ်ကြည့်လော့။

[4] ထို့နောက် အသင်သည် (အသင်ပိုင်ဆိုင်သမျှနည်းပညာများနှင့်ခေတ်စက်ကရိယာများ၏အကူညီကို အသုံးချ၍) သင်၏ရှုထောင့်အမြင်များကို (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်မှုဆိုင်နိယာမများအား) စိတ်ရင်းဖြူစင်စွာနှင့်ကျိုးနွံစွာဖြင့် အကြိမ်ကြိမ်အဖန်ဖန် ရှုမြင်သုံးသပ်လျှင်၍ ယင်းသည် (အပြစ်အနာအဆာ၊ ပျော့ကွက်ဟာ ကွက်နှင့်မည်သည့်အားနည်းချက် တစ်စုံတစ်ရာမျှ မရှိကြောင်းကိုသာ တွေ့မြင်ရပြီး အံ့သြမဆုံး ဖြစ်လျက်) ညောင်းညာနွမ်းလျစေရန် ထပ်တလဲလဲ ရှုမြင်သုံးသပ်ကြလော့။

[5] ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အနီးဆုံးကောင်းကင်ဖြစ်သော လောကီကောင်းကင်ယံကို စေတန်မကောင်းဆိုးဝါးတို့အတွက် (အယူသည်းမှုဖြင့် လှည့်စားနိုင်ခြေကို အဆုံသတ်စေမည့်) ပစ်ခတ်၍ နှင်ထုတ်စေသောအရာအဖြစ် မီးအိမ် (ကြယ်နက္ခတ်တာရာ) များနှင့်အစောင့်အကြပ်များဖြင့် လှပတင့်တယ်စွာ အလှတန် ဆာဆင်ယင်ထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အတွက် အရှိန်ပြင်းစွာ တောက်လောင်နေသည့် မီးကိုလည်း အသင့်ပြင်ဆင်ထားတော်မူ၏။

[6] ထို့ပြင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား မယုံကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အတွက် ငရဲဘုံ၏ပြစ်ဒဏ်သည် ရှိနေ၏။ စင်စစ်မှာကား ယင်းငရဲဘုံသည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးသည့် ပြန်လည်ရာစခန်းပင် ဖြစ်၏။

[7] သူတို့သည် ယင်း (ငရဲဘုံ) ၌ ပစ်ချခြင်းခံခဲ့ကြရသောအခါ ယင်းမှ ရုန့်ကြမ်းကျယ်လောင်သော ရှိုက်သံကို ကြားကြရမည်ဖြစ်သည့်အပြင် ယင်း (ငရဲဘုံ) သည်လည်း ဆူပွက်လျက်ပင် ရှိပေမည်။

[8] ယင်းသည် ဒေါသူပုန်ထခြင်းကြောင့် လုံးဝ ပေါက်ကွဲလုနီးပါး ဖြစ်ပေမည်။ အုပ်စုတစ်စုစီအား ယင်း (ငရဲဘုံ) ၌ ပစ်ချခြင်းခံခဲ့ကြရသည့်အခါတိုင်း ယင်း၏အစောင့်အကြပ် (တာဝန်ယူသော မလာအီစေတမန်) တို့က (ပစ်ချခြင်းခံကြရသော) သူတို့အား “သင်တို့ထံ (မည်သည့်အခါမျှ အရှင်မြတ်တစ်ဆူးတည်းကိုသာ ကိုးကွယ်ကြ ရန်) သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်မျှ မရောက်လာခဲ့လေသလော။'' ဟု မေးမြန်းကြပေမည်။

[9] (ထိုစဉ်) သူတို့က “အဘယ်ကြောင့် မရောက်ခဲ့ရမည်နည်း၊ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ ဧကန်မုချ၊ ရောက်လာခဲ့ကြပြီ ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသည့် မည်သည့်အရာ (အမိန့်တော်ဆိုင်ရာအချက်အလက်) ကိုပင်ဖြစ်စေ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြလျက် (ထိုသတိပေးနှိုးဆော်သူအား) “အသင်သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရောက်နေခြင်းမှအပ အခြားမဟုတ်ပေ။” (ဟု ပြစ်တင်ခဲ့ကြကြောင်း)” ဖြေကြားကြပေမည်။

[10] ထို့ပြင် သူတို့က “အကယ်၍ ကျွန်ုပ်တို့သည် (သတိပေးနှိုးဆော်သူအား) ကြားနာခဲ့ကြလျှင် သို့တည်း မဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ဆင်ခြင်တုံတရားကို သုံး၍ မည်သည်က ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး မည်သည်က ထိခိုက်နစ်နာ စေနိုင်ကြောင်းကို ခွဲခြားသိမြင်နိုင်ရန်) တွေးခေါ်ခဲ့ကြလျှင် ကျွန်ုပ်တို့သည် အရှိန် ပြင်းစွာ လောင်နေသည့် ငရဲမီး၏အပေါင်းအဖော်များ ဖြစ်ကြမည်မဟုတ်”ဟု ပြောဆိုကြပေမည်။

[11] မည်သို့ပင်ဖြစ်စေ သူတို့သည် (ထိုတမလွန်တရားစီရင်မည့်နေ့တွင်) သူတို့၏ပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံကြမည်ဖြစ်သော်လည်း အရှိန်ပြင်းစွာ လောင်နေသည့် ငရဲမီး၏အပေါင်းအဖော်များ ဖြစ်လာသည်အထိ (အမှန်တရားမှ) ဝေးကွာနေခဲ့ပြီ (ဖြစ်၍ အရှင့်ကရုဏာတော်မှ ကင်းဝေးနေမည်သာ) ဖြစ်၏။

[12] ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (လူသားတို့ဉာဏ်ရည်မီနိုင်စွမ်း၏ပြင်ပ အကွယ်၌သာ ရှိနေတော်မူသောအရှင်မြတ်) ကို မမြင်ဘဲပါလျက် ကြောက်ရွံ့ရိုကျိုးကြသူတို့သည်ကား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အလွန်ကြီးမားသော အကျိုးဆုလဒ်များ ရှိနေ၏။

[13] ထို့ပြင် သင်တို့သည် သင်တို့တို့၏စကားအပြောအဆိုများကို လျှို့ဝှက်ထိန်ချန်ဖုံးကွယ်ထားသည်ဖြစ်စေ၊ သို့မဟုတ် ပွင့်လင်းစွာထုတ်ဖော်ကြေညာသည်ဖြစ်စေ၊ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[14] အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည် (ယင်းတို့၏အချက်အလက် အသေးစိတ်ကို) သိတော်မူမည်မဟုတ်။” ဟု (စိတ်ကူးကြံစည်၍ပင်ဖြစ်စေ) မည်သို့တွေးဝံ့နိုင်မည်နည်း။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အနုစိတ်အသေးစိတ်ရှုထောင့်စုံကို နက်နဲသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။

[15] ထိုအရှင်မြတ်သည်ပင် သင်တို့အကျိုးငှာ မြေကမ္ဘာကို (ယဉ်ပါးစေ၍ ကျိုးနွံသော သတ္တဝါများပမာ) ခယဝပ်တွားသောလက်အောက်ခံများအဖြစ် ဖြစ်စေတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (ယင်းမြေကမ္ဘာ၏ မြေမျက်နှာပြင်ပေါ်ရှိ) သွားလာရာလမ်းကြောင်းများ၌ လှုပ်ရှားသွားလာရုန်းကန်ပြီး ထိုအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူထား ရိက္ခာအထောက်အပံ့များမှ ရှာဖွေရယူ၍ စားသုံးကြလော့။ (အစဉ်အမြဲ နှလုံးသွင်းသင့်သည်မှာ သင်တို့အားလုံးသည် ရှင်ပြန်ထစေ၍) ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ဆုံစည်းစေခြင်းခံကြရမည်သူများပင် ဖြစ်ကြ၏။

[16] သင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသောအရှင်မြတ်က မြေကမ္ဘာ၌နေထိုင်သော သင်တို့နှင့်ပတ်သက်၍ ယင်း (မြေကမ္ဘာ) အား ပွတ်လောရိုက်လျက် သွက်သွက်ခါ တုန်လှုပ်စေတော်မူသောအခါ မြေမျိုစေ တော်မူမည်မဟုတ်” ဟု စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် လုံခြုံမှုခံစားနေကြသလော။

[17] သို့တည်းမဟုတ် သင်တို့သည် သင်တို့သည် မိုးကောင်းကင်၌ ရှိတော်မူသောအရှင်မြတ်က (မြေကမ္ဘာ ၌နေထိုင်သောသင်တို့အား) သင်တို့အပေါ် (သင်တို့၏မကောင်းမှုအကုသိုလ်များကြောင့်) လေပြင်းမုန်း တိုင်းအား စေလွှတ်တော်မူမည်မဟုတ်ဟု စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် လုံခြုံမှုခံစားနေကြသလော။ သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်၏သတိပေးနှိုးဆော်မှုသည် မည်သို့ (အကျိုးသက်ရောက်လျက်) ရှိသည်ကို သိကြပေမည်။

[18] စင်စစ်သော်ကား သူတို့အလျင်ရှိခဲ့ကြသောသူတို့သည်လည်း (အရှင်မြတ်၏အမိန့်တော်များနှင့်ဆန့်ကျင်လျက်) မဟုတ်မတရား မမှန်မကန်လိမလည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ငါအရှင်မြတ်၏ပယ်ချပစ်ထားခြင်းသည် မည်သို့ ရှိသနည်း။” (ဟူသည်ကို သမိုင်းဝင် အချက်အလက်များ၌ စူးစမ်းလေ့လာနိုင်၏) ။

[19] သူတို့သည် သူတို့ထက်ဝယ် အတောင်ပျံများကို တဖျပ်ဖျပ်ရိုက်ခတ်လျက် စီတန်း၍ သွားလာလှုပ်ရှားနေသော ငှက်တိရစ္ဆာန်တို့အား မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ (ယင်းငှက်တို့ ထိုသို့ ပျံသန်း လှုပ်ရှားနိုင်ခြင်းသည်) အားလုံးအပေါ် အစဥ်အမြဲ ကရုဏာထားတော်မူသော မဟာကရုဏာတော်ရှင် (၏နိယာမတော်) မှအပ (အခြားမည်သည့်အရာကမျှ) ထိန်းသိမ်းထားလျက် ရပ်တည်စေတော်မူသည် မဟုတ်ပေ။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[20] အားလုံးအပေါ် အစဥ်အမြဲ ကရုဏာထားတော်မူသော မဟာကရုဏာတော်ရှင်မှလွဲ၍ (အခြား) မည်သူသည် သင်တို့ (၏ရှင်သန်ရပ်တည်ရေးနှင့်အောင်မြင်ရေး) အတွက် ဤစစ်သည်တော် (အင်အားများ) ဖြင့် (အားဖြည့်စေလျက်) ကူညီထောက်ပံ့သနည်း။ အမှန်စင်စစ် မယုံကြည်သူ (အမှန်တရားကို သွေဖည် ငြင်းပယ်သူ) တို့သည် (ထင်ယောင်ထင်မှားဖြစ်စေသော လောကီစည်းစိမ်နှင့်ဂုဏ်ပကာသန၏) လှည့်စားမှု၌ ရှိနေခြင်းမှအပ အခြား မဟုတ်ပေ။

[21] အကယ်၍ ထိုအရှင်မြတ်သည် (အရှင့်နိယာမတော်များနှင့်အညီ ထောက်ပံ့ထားတော်မူသော) ရိက္ခာအထောက်အပံ့များကို (ထုတ်ပေးတော်မမူဘဲ) ထိန်းချုပ်ထားတော်မူလျှင် မည်သူက သင်တို့အား ဤရိက္ခာ အထောက်အပံ့များကို ထောက်ပံ့နိုင်စွမ်းရှိမည်နည်း။ စင်စစ်မူကား သူတို့သည် (အမှန်တရားသစ္စာနှင့် အရှင့် နိယာမတော်များမှ ရှောင်ပြေးရန် ကြိုးစားလျက် ယင်းတို့ကို) မထီမဲ့မြင်ပြုမှုနှင့်စက်ဆုပ်ရွံရှာမှု၌ ခေါင်းမာမာဖြင့် စွဲမြဲစွာ အပတ်တကုတ်ကြိုးစားနေကြ၏။

[22] သူ့မျက်နှာပေါ်၌ ရပ်တည်၍ အောက်စိုက်လျက် မှောက်လျက်အနေအထားဖြင့် (ဘဝခရီး) လျှောက်လှမ်းစေလိုသူနှင့်သူ့ခြေထောက်ပေါ် မားမားမတ်မတ်ရပ်တည်စေတော်မူလျက် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေတော်မူမည့် လမ်းစဥ်တော်အတိုင်း ဘဝဆောက်တည်စေတော်မူသည့်အရှင်မြတ်တို့တွင် မည်သူက ပိုမို၍ နည်းစနစ်ကျသော တရားလမ်းမှန်ကို ညွှန်ပြသူဖြစ်မည်နည်း။

[23] (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား “ထိုအရှင်မြတ်သည်ပင် သင်တို့ကို စတင်ပေါ်ထွန်း ဖွံ့ဖြိုးစေတော်မူ၍ သင်တို့အတွက် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာစွမ်းရည်အပြင် စိတ်နှလုံးဆိုင်ရာ နားလည်ခံစားနိုင်သည့်စွမ်းရည်ကိုပါ ဖြစ်ပေါ်စေတော်မူသော်လည်း (သင်တို့အနက်) လူနည်းစုမှအပ (အများစုမှမူကား) ကျေးဇူးမသိတတ်ကြပေ။” ဟုဟောပြောလော့။

[24] (အို၊ ရစူလ်တမန်တော် သူတို့အား) “ထိုအရှင်မြတ်သည်ပင် သင်တို့အား မြေကမ္ဘာ၌ ပျံ့နှံ့ပွားများစေတော်မူခဲ့သောအရှင် ဖြစ်တော်မူသည့်အပြင် သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့ပင် စုရုံးစေတော်မူခြင်း ခံကြရမည် ဖြစ်၏။”ဟု ဟောပြောလော့။

[25] တစ်ဖန် သူတို့က “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများဖြစ်ကြလျှင် (တမလွန် ၌ တရားစီရင်မည်ဟူသော) ဤကတိတော်သည် မည်သည့်အခါ၌ (ဖြည့်ဆည်းစေတော်မူ၍) အတည် ဖြစ် မည်နည်း။” ဟု မေးမြန်းကြ၏။

[26] (အို၊ ရစူလ်တမန်တော် သူတို့အား အမှန်တရားသစ္စာဆိုင်ရာ တပ်အပ်သေချာသော) အသိပညာသည် အလ္လာဟ်အရှင်မြတ် (၏ဆန္ဒတော်နှင့်တန်ခိုးတော်ဆိုင်ရာ အချုပ်အခြာအာဏာ) ၌သာရှိပြီး ကျွန်ုပ်သည်ကား (ကျွန်ုပ်၏ဆန္ဒအလျှောက် လုပ်နိုင်စွမ်း မရှိဘဲ အရှင်မြတ်ချမှတ်ပေးသမျှကိုသာ) မြင်သာထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။” ဟု ဟောပြောလော့။

[27] သို့ရာတွင် သူတို့သည် ယင်း (ကတိပြုထားတော်မူသည့် ဆုလဒ်နှင့်ပြစ်ဒဏ်) ကို အနီးကပ် ချဥ်းကပ်လျက်ရှိနေကြောင်း တွေ့မြင်ကြသောအခါ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့၏မျက်နှာများသည် စိတ်မကောင်းဖွယ်ရာ ညှိုးငယ်လျက်ရှိကြပြီး (သူတို့အား) “ဤသည်ကား ယင်းနှင့်စပ်လျဥ်း၍ သင်တို့ ကို ဖိတ်ခေါ်ခဲ့သောအရာ (သင်တို့က လှောင်ပြောင်သရော်ခဲ့ကြသောအရာ) များပင် ဖြစ်၏။”ဟု ပြောဆိုခြင်းကို ခံကြရလိမ့်မည်။

[28] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အားလည်းကောင်း၊ ကျွန်ုပ်နှင့်အတူရှိသူတို့အားလည်းကောင်း၊ ဖျက်ဆီးစေတော်မူခဲ့လျှင် သို့မဟုတ် ထိုအရှင်မြတ်သည် ကျွန်ုပ်တို့ အား ကရုဏာသက်တော်မူလျှင် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်မှ မည်သူက အကာအကွယ်ပေးနိုင်မည်နည်း။”ဟု မေးမြန်းလော့။

[29] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ထိုအရှင်မြတ်သည်ပင် အားလုံးအပေါ် အစဥ်အမြဲ ကရုဏာထားတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပြီး ကျွန်ုပ်တို့သည် ထိုအရှင်မြတ်အားသာလျှင် သက်ဝင် ယုံကြည်၍ ယုံပုံအပ်နှံလျက် အားကိုးအားထားပြုကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် မကြာမီပင် မည်သူက မြင်သာထင်ရှားသော လမ်းမှားမှု၌ ရှိနေကြောင်း သိလာကြလိမ့်မည်။” ဟု ဟောပြောလော့။

[30] (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သောက်သုံးနေသောရေသည် (မြေအောက်၌ ရေအရင်းအမြစ်များ လုံးဝ) ရှားပါးပျောက်ကွယ်၍ တိမ်ကောသွားခဲ့လျှင် သင်တို့ထံ ကြည်လင်စီးဆင်းနေ သောရေကို မည်သူက ယူလာပေးနိုင်မည်နည်း။” ဟူသည်ကို သင်တို့ (မည်သည့်အခါမျှ) မတွေးမခေါ် မဆင်ခြင် မသုံးသပ်ကြလေသလော။” ဟု မေးမြန်းလော့။

ဘောပင်

Surah 68

[1] နူးန်၊ (ငါအရှင်မြတ်သည်) ကလောင်ကိုလည်းကောင်း၊ ယင်း (ကလောင်) ဖြင့် တစ်ကြောင်းပြီး တစ်ကြောင်း ရေးမှတ်ကြသည်တို့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏၊

[2] သင်သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော် (ကုရ်အာန်) ဖြင့် ဂုဏ်ပေးတော်မူသဖြင့် (သူတို့စွပ်စွဲနေသော) စိတ်ဝေဒနာရှင်နှင့်မည်သို့မျှ မအပ်စပ်ပေ။

[3] ထို့ပြင် ဧကန်စင်စစ်၊ သင့်အတွက် မည်သည့်အခါမျှ မပြီးဆုံးနိုင်သော (တသမတ်တည်း အတိုင်းအဆမဲ့သော) ဆုလဒ်သည် ဧကန်မုချပင် ရှိနေ၏။

[4] ထို့ပြင် ဧကန်ပင်၊ အသင်သည် အံ့မခန်းမြင့်မြတ်လှစွာသော ကိုယ်ကျင့်တရားဆိုင်ရာ ထူးခြားသော အရည် အချင်းပေါ်၌ ရပ်တည်သူဖြစ်၏။

[5] သို့ဖြစ်ပေရာ မကြာမီပင် အသင်သည် မြင်တွေ့ရပေမည်။ (သင့်အား လှောင်ပြောင်နေကြသော) သူတို့သည် လည်း မြင်တွေ့ကြလိမ့်မည်။

[6] သင်တို့အနက်မှ မည်သူ၌ စိတ်ဝေဒနာ ခံစားနေရသည်ကို။

[7] ဧကန်စင်စစ်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက ထိုအရှင်မြတ်၏လမ်းစဉ်တော်မှ လမ်းလွဲလျက် လမ်းမှားရောက်သည်ကို အသိတော်မူဆုံးသောအရှင်မြတ် ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ညွှန်ပြတော်မူခြင်းခံရသူများ ပတ်သက်၍လည်း အသိတော်မူဆုံးသော အရှင်မြတ် ဖြစ်တော်မူ၏။

[8] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (အမှန်တရားနှင့်ဆန့်ကျင်၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ကြသူတို့ (စိတ်အလိုဆန္ဒ) ကို အလေးမထား မလိုက်လျော မလိုက်နာလေနှင့်။

[9] (ယုံကြည်မှုသစ္စာတရားနှင့်စပ်လျဥ်း၍) အကယ်၍ အသင်က အလျှော့ပေး လိုက်လျော လိုက်နာလျှင် သူတို့သည်လည်း (အပေးအယူနည်းဖြင့် ညှိနှိုင်းရန်) အလျှော့ပေးလိုက်လျောလိုက်နာ ကြလိမ့်မည်။

[10] ထို့ပြင် အသင်သည် (အမှန်တရားကို မတွေးတော်မဆင်ခြင်ဘဲ မသမာသောနည်းဖြင့် အပေးအယူ လုပ်စေရန်) တိုင်တည်ကျိန်ဆိုသူတိုင်းကိုလည်း အလေးမထား၊ မလိုက်လျော၊ မလိုက်နာလေနှင့်။

[11] ထို့ပြင် လွန်စွာ စောင်းချိတ်ကဲ့ရဲ့၍ အသရေဖျက်စေသူနှင့်အသရေဖျက်စေရန် မဟုတ်မမှန်သော စွပ်စွဲ ချက်များကို နေရာအနှံ့သို့ အဆင့်ဆင့် ပျံ့နှံ့သူတို့ကို (လည်း အလေးမထား၊ မလိုက်လျော၊ မလိုက်နာလေနှင့်။)

[12] ကောင်းမှုကုသိုလ်ကို အစွမ်းကုန်တားမြစ်သူနှင့် (အရှင်မြတ်ချမှတ်ပေးအပ်တော်မူသော အာရုံခံစားမှု နှင့်လူမှုကျင့်ဝတ်ဆိုင်ရာ) စည်းဘောင်များကို စွဲမြဲစွာ ဖောက်ဖျက်ကျူးလွန်သူများကို (လည်းအလေးမထား မလိုက်လျော မလိုက်နာလေနှင့်။)

[13] (လောဘကြောင့်) လွန်စွာ ယုတ်ညံ့ကြမ်းကြုတ်၍ အန္တရာယ်ပြုသူနှင့်ထိုလုပ်ရပ်များအပြင် (ကိုယ်ကျင့် တရားပျက်လျက်) မည်သူ့ကိုမျှ အကျိုးမပြု (ဘဲ မတော်မတရားဟန်ဆောင်) သူကိုလည်း (အလေးမထား မလိုက်လျော၊ မလိုက်နာလေနှင့်။)

[14] (ထိုသို့ ပြုမူခြင်း၏အကြောင်းရင်းမှာ) ဥစ္စာဓနပိုင်ဆိုင်မှုများကို ရယူပိုင်ဆိုင်နိုင်ရန်နှင့်သားသမီးရတနာများကြောင့်ပင် ဖြစ်၏။

[15] သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ သူတို့က ''(ဤသည်) ရှေးခေတ်လူတို့၏ဒဏ္ဍာရီဝတ္ထုများပင် ဖြစ်၏။'' ဟု ပြောဆိုစွပ်စွဲကြဖြစ်၏။

[16] မကြာမီပင် ငါအရှင်မြတ်သည် သူတို့၏နှာခေါင်းများပေါ်ဝယ် (ဖျက်မရသော ဂုဏ်သရေပျက်စေသည့် အမှတ်အသားအဖြစ်) တံဆိပ်ခတ်နှိပ်တော်မူလိမ့်မည်။

[17] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သုခဥယျာဉ်ရှင်များ၏အပေါင်းအဖော်တို့အား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ (ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများအပေါ် မှီခိုအားထားလျက် နစ်မြုပ်ထား၍ အမှန်တရားသစ္စာဘက်သို့ ဖိတ်ခေါ်ခြင်းအား အာခံငြင်းပယ်ကြသော) သူတို့ကိုလည်း သူတို့က (လုပ်ရပ်များ၏အကျိုးအမြတ်များနှင့်) အသီးအပွင့်များကို မနက်ဖြန်၊ မနက်စောစော (နောင်အနာဂတ်) တွင် ဧကန်မုချပင်၊ ဆွတ်ခူးနိုင်လိမ့်မည်။ဟု ကျိန်ဆိုပြောခဲ့ကြစဥ်၌ပင် စမ်းသပ်တော်မူ၏။

[18] (အကြောင်းရင်းမှာ) သူတို့သည် (ယင်းသို့ကျိန်ဆိုရာ၌ အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူမှ ဖြစ်သည်ကိုလည်းကောင်း၊ ဆင်းရဲ့ချို့တဲ့သူတို့အား စွန်လှူပေးကမ်းခြင်းကိုလည်းကောင်း၊ ထည့်မတွက်ဘဲ) ခြွင်းချန်ခြင်း မပြုခဲ့ကြသောကြောင့်ပင် ဖြစ်၏။

[19] သို့ဖြစ်ပေရာ၊ သူတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော လှည့်ပတ်လှုပ်ရှားသည့်အင်အားစု (ကပ်ဘေး) သည် (မမျှော်လင့်ဘဲ ရုတ်တရက် သူတို့ပိုင် ဆိုင်ထားသော) ဥယျာဉ်ခြံပေါ်ဝယ် လှည့်ပတ်ရောက်ရှိလာခဲ့၏။

[20] သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်ခြံမှာ သီးနှံများကို ဆွတ်ခူးရိတ်သိမ်း၍ ပစ်ထားသကဲ့သို့ပင် လွင်တီးခေါင် ဖြစ်သွားခဲ့လေ၏။

[21] ထိုနောက် သူတို့သည် နံနက်စောစောထကြလျက် အချင်းချင်း တစ်ဦးကိုတစ်ဦး အော်ဟစ်၍ခေါ် ခဲ့ကြ လေ၏။

[22] ထို့နောက် ''အကယ်၍ သင်တို့သည် အသီးအနှံများကို ရိတ်သိမ်းဆွတ်ခူးလိုကြလျှင် သင်တို့၏လယ်ယာ ဥယျာဉ်ခြံသို့ စောစောသွားကြလော့။'' (ဟု အချင်းချင်း တိုက်တွန်းနှိုးဆော်ခဲ့ကြ၏။)

[23] ထို့နောက် သူတို့သည် (အိမ်များမှ ထွက်ကြ၍ ဆင်းရဲနွမ်းပါးသူများ မရောက်လာပါစေနှင့်။” ဟု) သူတို့အ ချင်းချင်း တီးတိုးစကားပြောဆိုလျက် ထွက်သွားကြလေ၏။

[24] ယနေ့ သင်တို့ထံ (လာရောက်တောင်းခံမည့်) ခိုကိုးရာမဲ့နေသော မည်သည့် ဆင်းရဲနွမ်းပါးသူကိုမျှ ယင်း (ဥယျာဉ်ခြံများ) တွင် ဝင်ရောက်ခွင့် မပေးကြလေနှင့်။

[25] ထို့ပြင် သူတို့သည် (ဆင်းရဲနွမ်းပါးသူများကို ပေးကမ်းလှူဒါန်းခြင်း မပြုရန် သူတို့၏) ခိုင်မာသော ဆုံးဖြတ်ချက်အပေါ် ရပ်တည်လျက် (ရိတ်သိမ်းစုဆောင်းခြင်းနှင့်စွန့်လှူရန်ငြင်းပယ်ခြင်းအတွက်) စွမ်းဆောင်ရည်ရှိ သူများအဖြစ် ထင်မှတ်၍ စောစော ထွက်သွားကြလေ၏။

[26] သို့ရာတွင် သူတို့သည် ယင်း (ဥယျာဉ်ခြံများ) ကို မြင်တွေ့ကြသောအခါ “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လမ်းမှားရောက်ခဲ့ကြလေပြီ။” ဟု ပြောဆိုခဲ့ကြ၏။

[27] (ထိုသို့အလျင်းမဟုတ်ဘဲ ယင်းတို့သည်ပင် သူတို့၏ဥယျာဥ်ခြံမြေများဖြစ်ကြောင်း အသိတရားရလာသောအခါ) အမှန်မှာ ကျွန်ုပ်တို့သည် (ခြံမြေထွက် သီးနှံများ၏အကျိုးခံစားခွင့်များမှ) လက်မဲ့ဖြစ်စေခြင်းခံကြရပြီး အကြောင်းမလှသူများ၊ ဖြစ်ကြလေ၏။

[28] သူတို့အနက် မျှတဖြောင့်မတ်၍ သမာဓိရှိသူက ''ကျွန်ုပ်သည် သင်တို့အား (ယခင်ကတည်းက သတိပေး နှိုးဆော်) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု) သင်တို့သည် ထိုအရှင်မြတ်က (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း၊ သက်ရှိအားလုံးအတွက် ရိက္ခာအထောက်အပံ့များ၊ ထောက်ပံ့ တော်မူကြောင်း၊ ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူပြီး ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူကြောင်းအား ဝန်ခံလျက်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြနိုင်မည်လော။” ဟု ပြောခဲ့၏။

[29] သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူခြင်း၊ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူပြီး ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။ မုချဧကန်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ ဖြစ်ခဲ့ကြပါ၏။” ဟု ပြောဆိုခဲ့ကြ၏။

[30] ထို့နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးကို တစ်ဦးအပြန်အလှန် ပြစ်တင်ကဲ့ရဲ့ ရှုတ်ချကြလျက် တစ်ဦးဘက်သို့ တစ်ဦး ချဥ်းကပ်လာခဲ့ကြလေ၏။

[31] (ထို့နောက်) သူတို့အားလုံးက “သြော်၊ ဖြစ်မှဖြစ်ရလေခြင်း၊ (ကျွန်ုပ်တို့သည် ဒုက္ခလှလှနှင့်ကြုံတွေ့နေ ရပြီ)။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် မာန်မာနထောင်လွှား၍ အာခံပုန်ကန်ခဲ့သူများ ဖြစ်ခဲ့ကြပြီ။” ညည်းညူပြောဆိုကြလေ၏။

[32] ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့ အား ယင်း (ဥယျာဉ်ခြံမြေ) ထက် ပိုမို၍ ကောင်းမြတ်သောအရာဖြင့် အစားတိုး ပြောင်းလဲ၍ ချီးမြှင့်ကောင်း ချီးမြှင့်တော်မူနိုင်၏။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့သာ ရိုးသားဖြူစင်စွာနှင့်မျှော်ကိုးလျက် ပြန်လှည့်သူများသာ ဖြစ်သင့်၏။

[33] (အရှင်မြတ်အား ကျေးဇူးမသိတတ်ခြင်းနှင့်အာခံဖီဆန်ခြင်းကြောင့် လောကီဘဝ၌ ပဏာမ ကြုံတွေ့ နိုင်သည့်) ပြစ်ဒဏ်သည် ထိုနည်းအတိုင်းပင် ဖြစ်၏။ ဧကန်ပင်၊ တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပိုမို၍ပင် ကြီးလေးလှကြောင်း သင်တို့ သိခဲ့ကြလျှင် ကောင်းလေစွ။

[34] ဧကန်အမှန်၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူတော်စင်) တို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်များ ရှိနေ၏။

[35] သို့ဖြစ်ပေရာ၊ အရှင်မြတ်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံ၍ အရှင့်အမိန့်တော်များကို နာခံလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များအား (အရှင့်အမိန့်တော်များကို အာခံဖီဆန်သော) ရာဇဝတ်မှု ကျူးလွန်သူများကဲ့သို့ စီမံဖြစ်စေတော်မူရမည်လော။

[36] (ထင်ရာစိုင်းဆုံးဖြတ်နိုင်လောက်အောင်) သင်တို့အတွက် မည်သည့်အကြောင်းရင်း ရှိသနည်း။ (အမှား အမှန်၊ အကောင်းအဆိုး၊ သုခဥယျာဉ်သို့ဝင်ခွင့်ရထိုက်သူနှင့်ငရဲဘုံသို့ဝင်ရမည့်သူတို့ကို မည်သည့် အခြေခံများ ပေါ်မူတည်၍) မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။

[37] သို့တည်းမဟုတ် (ထိုသို့ထင်ရာစိုင်း ဆုံးဖြတ်နိုင်အောင် ကျမ်းတော်မြတ်ကုရ်အာန်မှအပ) သင်တို့အတွက် ယင်း၌ (ထိုသို့သော သင်ခန်းစာများပါဝင်ပြီး သင်တို့ဖတ်ကြား၍) လေ့လာသင်ယူနိုင်သည့် (အခြား) ကျမ်းတစ်စောင် ရှိလေသလော။

[38] ယင်းကျမ်း၌ သင်တို့အတွက် သင်တို့စိတ်ကြိုက် နှစ်သက်ရွေးချယ်စရာများ ရှိလေသလော။

[39] သို့တည်းမဟုတ် သင်တို့သည် ရှင်ပြန်ထမည့်နေ့တိုင်အောင် သင်တို့ (စိတ်ကြိုက်) စီရင်ဆုံးဖြတ်သည့်အတိုင်း ဧကန်မုချ ဖြစ်ရမည်ဟူ၍ သင်တို့အတွက် ငါအရှင်မြတ်အပေါ်၌သာ တရားဝင်တာဝန်ရှိစေတော်မူသည့် လေးနက်ခိုင်မာစွာ သစ္စာဆိုထားသော ကတိသစ္စာ၊ အာမခံချက်များ ရရှိလေသလော။

[40] (အို၊ ရစူလ်တမန်တော် သူတို့အား) “သူတို့အနက်မှ ထိုကဲ့သို့ (သော ကတိသစ္စာနှင့်စပ်လျဉ်း၍) တာဝန်ယူ၍ အာမခံချက်ရရှိထားသောသူသည် မည်သူနည်း။” ဟု မေးမြန်းလော့။

[41] သို့တည်းမဟုတ် သူတို့အတွက် အာမခံချက်ပေးထား၍ (သူတို့ကိုယ်တိုင် ကိုးကွယ်ရာများအဖြစ် ကြံစည်ဖန်တီးထားသော ရုပ်ပွားဆင်းတုများ၊ အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်စရာများ ရှိကြသလော။ သို့ဖြစ်ပေရာ၊ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်သော သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ထိုတွဲဖက် နှိုင်းယှဉ်ဖက်တို့အား သူတို့နှင့်အတူခေါ်ဆောင် (စေ၍ သူတို့၏ကြွေးကြော်မှု မှန်ကန်ကြောင်းကို သက်သေ ထွက်ဆို) စေလော့။

[42] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် (လောကီဘဝ၌ ပြုမူကျင့်ကြံသမျှ၏အခြေခံအကြောင်းရင်းများကို ကိုယ်စားပြုသော) ညို့သကျည်း ထင်ရှားထုတ်ဖော်စေခြင်းခံရ (ပြီးဘေးဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့ရ) ပေမည်။ ထို့ပြင် သူတို့သည် (အရှင့်အမိန့်တော်အတိုင်းနာခံ၍) ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းခံကြရသော်လည်း သူတို့မှာမူ ကား (နာခံဦးချ) နိုင်စွမ်းမရှိကြပေ။

[43] သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ စင်စစ်သော်ကား သူတို့သည် (လောကီဘဝ၌) လုံခြုံစိတ်ချစွာနှင့်ပကတိကျန်းမာစွာ ရှိနေကြစဉ် (အရှင့်အမိန့်တော်အတိုင်းနာခံ၍) ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းခံကြရ (သော်လည်း သူတို့က အာခံဖီဆန်ခဲ့ကြ) ၏။

[44] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် ဤအရှင့်စကားတော် (အမိန့်ထုတ်ပြန်ချက်များ ဖြစ်သောကျမ်းတော်မြတ်ကုရန်အာန်) အား မဟုတ်မတရား မမှန်မကန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သူတို့ကို သတိမူ နားလည်သဘောပေါက်နိုင်စွမ်းမရှိသည့် အခြေအနေနှင့်နေရာများအတိုင်း ရှိစေတော်မူလျက် မကြာမီ ထာဝရပြစ်ဒဏ်ခံရမည့် အနိမ့်ဆုံးအဆင့်သို့ ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လုပ်ဆောင်နိုင်အောင် ဦးတည်စေတော်မူရန် ငါအရှင်မြတ်နှင့်ပင် လွှတ်ထားလော့။

[45] ထို့ပြင် ငါအရှင်မြတ်သည် (သူတို့က သူတို့၏နည်းစနစ်များကို ပြုပြင်နိုင်ရန်အလို့ငှာ) သူတို့အား ခေတ္တရွှေ့ဆိုင်းခွင့် ပေးတော်မူလျက် ကြိုးလျော့ပေးထားတော်မူ၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏ဗျူဟာသည် အလွန် ခိုင်မြဲပြီး မည်သည့်အခါမျှ အရေးနိမ့်မည် မဟုတ်ပေ။

[46] သို့တည်းမဟုတ် (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင်က သူတို့ထံမှ အကျိုးဆုလဒ်အခကြေးငွေ တစ်စုံတစ်ရာကို တောင်းဆိုနေသောကြောင့် (သူတို့က အသင့်အား ကြားနာရန်) အကြွေး ဝန်ထုပ်ဖိစီးခြင်းခံနေရဖြင့် ဝန်လေးနေကြ (မည့်သူများအဖြစ် ထင်မှတ်နေကြ) လေသလော။

[47] သို့တည်းမဟုတ် (တည်ရှိမှုဆိုင်ရာ အမှန်တရားများ၏လျှို့ဝှက်ချက်အားလုံးအပါအဝင်) အကွယ်၌ရှိသည့် (သုခဥယျာဉ်နှင့်ငရဲဘုံတို့အကြောင်း သိစွမ်းနိုင်သော) အသိပညာရှိနေသောကြောင့် သူတို့သည် (သူတို့၏ကံကြမ္မာကို စိတ်ကြိုက်ဆုံးဖြတ်၍) ရေးမှတ်နေကြလေသလော။

[48] သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ (သင့်လူမျိုး တို့၏အာခံဖီဆန်မှုကြောင့် ဆို့နင့်သည်အထိ) စိတ်ဒုက္ခဝေဒနာကို ကျိတ်မိတ်ခံစားလျက် (အရှင်မြတ်အား) အော်ဟစ်၍ ဆုတောင်းခဲ့သော ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သူ (တမန်တော်ယူနူးစ်) ကဲ့သို့မဖြစ်ဘဲ (ရင်ဆိုင်ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။

[49] အကယ်၍ ယင်း (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော တမန်တော်ယူနူးစ်၏ဝန်ချတောင်းပန်မှု) ကို ​ဗွေမယူဘဲ (လက်ခံတော်မူလျက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းမရှိခဲ့လျှင် ဧကန်ပင်၊ ပြစ်တင်ရှုတ်ချမှုခံရသူ တစ်ဦးအဖြစ် လွင်တီးခေါင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရလိမ့်မည်သာ ဖြစ်၏။

[50] သို့ရာတွင် (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူ့ကို ရွေးချယ်မြှောက်စားတော်မူပြီးလျှင် သူ့အား ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသော သူတော်ကောင်းတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့၏။

[51] စင်စစ်သော်ကား ဧကန်မလွဲ၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကို နားထောင်ကြသောအခါ “ဧကန်ပင်၊ ဤပုဂ္ဂိုလ်သည် ဧကန်မုချ၊ စိတ်ဝေဒနာရှင်တစ်ဦးသာ ဖြစ်၏။” ပြောဆိုကြလျက် သူတို့၏မျက်စိများဖြင့် အသင် (တမန်တော်) အား ဝါးမျိုလိုက်မည့်အလား ငေးစိုက်ကြည့်နေခဲ့ကြ၏။

[52] အမှန်စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောခပ်သိမ်းတို့အတွက် ဆုံးမသြဝါဒများပါဝင်သည့် သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (သတိပေးနှိုးဆော်ချက်) မှအပ အခြားမဟုတ်ပေ။

အမှန်တရား

Surah 69

[1] ရှောင်လွဲမရသော အမှန်တရားသစ္စာ (ပရမတ္တသစ္စာ)။

[2] ယင်းရှောင်လွဲမရသော အမှန်တရားသစ္စာသည် အဘယ်နည်း။

[3] ယင်းရှောင်လွဲမရသော အမှန်တရားသစ္စာသည် မည်သည့်အရာဖြစ်ကြောင်းကို အသင် (တမန်တော်) အား မည်သည်က သိနားလည်နိုင်စွမ်း ပေးနိုင်မည်နည်း။

[4] ဆမူးဒ်နှင့်အားဒ်လူမျိုးတို့သည် ပျက်သုဉ်းစေမည့် ကပ်ဘေးနှင့်စပ်လျဥ်း၍ (သတိပေးနှိုးဆော်ခြင်းခံရပါလျက် ယင်းကို) မမှန်မကန်လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။

[5] သို့ဖြစ်ပေရာ ဆမူးဒ်လူမျိုးတို့သည်ကား အလွန်ပြင်းထန်လွန်းသော (ငလျှင်ကြီး၏) ပေါက်ကွဲသံဖြင့် တိမ်ကောပျက်သုန်းစေခြင်းကို ခံခဲ့ကြ၏။

[6] ထို့ပြင် အားဒ်လူမျိုးတို့သည်လည်း သောင်းသောင်းသဲသဲ မြည်ဟိန်း၍ သဲသဲမဲမဲ ပြင်းထန်ကြမ်းတမ်းစွာ (ရောက်လာခဲ့သော) လေပြင်းမုန်တိုင်းဖြင့် တိမ်ကောပျက်သုန်းစေခြင်းကို ခံခဲ့ကြ၏။

[7] ထိုအရှင်မြတ်သည် သူတို့အပေါ်ဝယ် ယင်းလေပြင်းမုန်တိုင်းကို ခုနစ်ညနှင့်ရှစ်ရက်တိုင်တိုင် မရပ်မတန့်ဘဲ တစ်ဆက်တည်း ဆိုက်ရောက်စေတော်မူလျက် အပြီးသတ် ပျက်သုဉ်းစေရန် ပြဌာန်းတော်မူခဲ့ရာ အသင်သည် ယင်းလူမျိုးတို့အား အမြစ်ပြုတ် ပြိုလဲနေသော ခေါင်းပွ စွန်ပလွံပင်များပမာ ယင်းလေပြင်းမုန်တိုင်းအောက်တွင် လဲကျလျက်ရှိခဲ့ကြသည်ကို တွေ့ခဲ့ရပေမည်။

[8] သို့ဖြစ်ရာ အသင်သည် သူတို့အနက်မှ မည်သည့် (ခြေရာလက်ရာအစအန၊ အကြွင်းအကျန်နှင့်) ကျန်ရစ်လျက်ရှိနေသူ တစ်ဦးတစ်ယောက်အား တွေ့မြင်ရလေသလော။

[9] ထို့ပြင် ဖါရိုမင်းသည်လည်းကောင်း၊ သူမတိုင်မီ ရှိခဲ့ကြသော (တမန်တော်လူးသ်၏လူမျိုးများနေထိုင်ရာ ဒေသရှိ) လူ့ဘောင်အသိုင်းအဝိုင်းတို့သည်လည်းကောင်း၊ ခွင့်မလွတ်နိုင်သောပြစ်မှုများကို ကျူးလွန်နေခြင်း၌ မွေ့လျော်ခဲ့ကြသောကြောင့် သူတို့နေထိုင်ရာ မြို့ရွာဒေသများကို အထက်အောက် ပြောင်းပြန်လှန်စေ၍ ပယ်ဖျက်စေတော်မူခဲ့၏။

[10] တစ်ဖန် သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမှုတော်ဆောင်ရစူလ်တမန်တော်ကိုလည်း (သတိပေးနှိုးဆော်မှုတိုင်းနှင့်စပ်လျဥ်း၍) အာခံဖီဆန်ခဲ့ကြရာ ထိုအရှင်မြတ်သည် သူတို့အား (အခြားလူမျိုးများထက်) ပိုမို၍ ပြင်းထန်တင်းကြပ်စွာ ဖမ်းဆီးအရေးယူတော်မူခြင်းအားဖြင့် ဖမ်းဆီးအရေးယူတော်မူခဲ့၏။

[11] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည်ပင် (တမန်တော်နူးဟ်ခေတ်၌ ဆူနာမီရေကြီးမှုကြောင့်) ရေလှိုင်းများ အတိုင်းထက်အလွန် မြှင့်တက်လွှမ်းမိုးလာခဲ့သောအခါ သင်တို့ (၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့) အား လှေသင်္ဘောပေါ်၌ တင်ဆောင်စေ၍ စီးနင်းလိုက်ပါစေတော်မူလျက် ကယ်တင်တော်မူခဲ့၏။

[12] ငါအရှင်မြတ်သည် ယင်း (သင်ခန်းစာယူဖွယ်ရာ ဖြစ်ရပ်) ကို (မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း သယ်ဆောင်စေတော်မူလျက် သင်တို့အတွက် သတိရ တသ၍ ထုတ်ဖော်ပြောပြစရာဖြစ်စေတော်မူပြီး အမြဲ မှတ်မိနေသည့်အရာအဖြစ် (မှတ်တမ်းတင် ထိန်းသိမ်းထားစေတော်မူကာ) ယင်းကို နားစိုက်စေလျက် သတိ တရားရစေတော်မူ၏။

[13] မည်သို့ပင်ဖြစ်စေ (နောက်ဆုံး အချိန်နာရီရောက်၍) တံပိုးခရာတော်၌ တစ်ကြိမ်တည်း မှုတ်ပေးခြင်းဖြင့် မှုတ်ပေးခြင်းခံရသောအခါ။

[14] ထို့ပြင် မြေကမ္ဘာနှင့်တောင်များသည် ပင့်မြှောက်၍ ဖယ်ရှားခြင်းခံကြရမည်ဖြစ်ရာ တစ်ကြိမ်တစ်ပြိုင်တည်း လုံးလုံးလျားလျား ညက်ညက်ကြေအောင် ထုခြေစေခြင်းဖြင့် ထုထောင်းခြင်းခံရမည်။

[15] ထိုနေ့ကာလတွင် ဖြစ်ပျက်စရာရှိသော အဖြစ်အပျက်ကြီးသည် ဖြစ်ပျက်လာပေမည်။

[16] ထို့ပြင် မိုးကောင်းကင်သည် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားမည်ဖြစ်ရာ ယင်း (မိုးကောင်းကင်၏ အနေအထား) သည် ထိုနေ့ကာလတွင် အထိမခံ၊ နုနယ်သော အခြေအနေ၌ ရှိလိမ့်မည်။

[17] ထို့ပြင် မလာအီကာကောင်းကင်စေတမန်များသည် (သူတို့၏တာဝန်များကို) အဆုံးသတ်မည့် အနေအထားပေါ်သို့ ရောက်လာပြီး သူတို့အထက်တွင်ရှိသော မလာအီကာကောင်းကင်စေတမန် ရှစ်ပါးသည်သာ ထို့နေ့ကာလ၌ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (တန်ခိုး ဩဇာအာဏာစက်ဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်ကို ထမ်းရွက်ကြလိမ့်မည်။

[18] ထိုနေ့တွင် သင်တို့သည် (အရှင့်ရှေ့တော်မှောက်သို့ တရားစီင်ခြင်းခံရရန်အတွက်) တရားဝင်ရုံးတင် ခြင်းခံရမည်ဖြစ်ပြီး သင်တို့၏မည်သည့် လျှို့ဝှက်ချက်မျှ ထိန်ချန်ဖုံးကွယ်ထားခြင်းခံရလိမ့်မည် မဟုတ်ပေ။

[19] မည်သို့ပင်ဖြစ်စေ၊ မှတ်တမ်းစာအုပ်ကို သူ၏လက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည် (သူတစ်ပါးတို့အား ပျော်ရွှင်စွာဖြင့်) “ဤသည် ကျွန်ုပ်၏မှတ်တမ်းစာအုပ်ပင်ဖြစ်ပြီး ယူ၍ဖတ်ကြည့်လော့။” ဟု ပြောဆိုကြလိမ့်မည်။

[20] စင်စစ်သော်ကား ကျွန်ုပ်သည် (လူ့လောက၌ ရှိစဉ်ကပင်) ဧကန်မလွဲ၊ ကျွန်ုပ်သည် (တစ်နေ့တွင်) ကျွန်ုပ်၏စာရင်းရှင်းတမ်း ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း အသေအချာပင် ယုံကြည်မှတ်ယူထားခဲ့၏။

[21] ထို့နောက် ထိုသူသည် (မိမိကိုယ်ကို စိတ်တိုင်းကျ သုခစည်းစိမ်ရှိနေသော) အားရပျော်ရွှင်ဖွယ်ဘဝ အခြေအနေ၌ တွေ့ရလိမ့်မည်။

[22] အလွန်မြင့်မြတ်လှစွာသော သုခဥယျာဉ်ထဲတွင်။

[23] ယင်း (သုခဥယျာဉ်) ၏ အပြွတ်အခိုင်လိုက်သီးနေသော သစ်သီးဝလံများသည်လည်း အလွယ်တကူ လက်လှမ်းမီနိုင်သော နေရာ၌ တွဲလောင်းကျလျက် ရှိကြပေမည်။

[24] (သူတို့အား) “သင်တို့သည် လွန်လေပြီးဖြစ်သော (လောကီဘဝ၏) နေ့ရက်များတွင် သင်တို့၏လုပ်ရပ် ဖြင့် (ဤနေ့ဤရက်အတွက် မျှော်လင့်စောင့်စားလျက်) ကြိုတင်ပို့နှင့်ခဲ့ကြသောအရာ (အကျင့်သီလ) များ ကြောင့် စိတ်နှလုံ၊း အားရကျေနပ်သည်အထိ စားကြ၊ သောက်ကြလော့။” (ဟု တိုက်တွန်းပြောဆိုလိမ့်မည်။)

[25] သို့ရာတွင် မှတ်တမ်းစာအုပ်ကို သူ၏ဘယ်လက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည်ကား “သြော်၊ ကျွန်ုပ်သည် ဒုက္ခလှလှနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီ။ ကျွန်ုပ်သည် ဤမှတ်တမ်းစာအုပ်ကို မည်သည့်အခါမျှ ပေး အပ်ခြင်းမခံခဲ့ရလျှင် ကောင်းလေစွ။” ဟု ညည်းညူပြောဆိုကြလိမ့်မည်။

[26] ကျွန်ုပ်သည် (လောကီဘဝတွင်) မည်သည်က ကျွန်ုပ်၏စာရင်းရှင်းတမ်းဖြစ်မည် အလျှင်း မသိခဲ့ပေ။

[27] အို၊ ကျွန်ုပ်သည် ဒုက္ခလှလှနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီ။ သေခြင်းတရားသည် လုံးဝ အပြီးသတ် စီရင်သည့်အရာ ဖြစ်ခဲ့လျှင် ကောင်းလေစွ။

[28] ကျွန်ုပ်၏ဥစ္စာဓနပိုင်ဆိုင်ခဲ့မှုများသည် (ယခုအခါ) ကျွန်ုပ်အတွက် မည်သို့မျှ အသုံးဝင် အရာရောက်သည် မဟုတ်ပေ။

[29] (လောကီဘဝ၌ လွှမ်းမိုးခဲ့သည့် ကျွန်ုပ်၏အစွမ်းသတ္တိ၊ ဂုဏ်ကျက်သရေ) သြဇာအာဏသည်လည်း ကျွန်ုပ်ထံမှ ပျောက်ပျက် ထွက်သွားခဲ့ပြီ ဖြစ်၏။

[30] (အမိန့်တော်ရောက်လာမည်မှာ) “သူ့ကို ဖမ်းဆီး၍ (သူ့အား လက်ထိတ်၊ ခြေထိတ်နှင့်လည်ပင်းထိတ်များဖြင့် ချုပ်နှောင်၍) ထိပ်တုံးခတ်ကြလော့။

[31] ထို့နောက် သူ့အား အရှိန်ပြင်းစွာ လောင်နေသော ငရဲမီးထဲသို့ လောင်စေ (ရန် ပစ်ချ) ကြလော့။

[32] ထို့နောက် သူ့အား ယင်း၏အရှည်မှာ အတောင်ခုနစ်ဆယ်ရှည်လျားရှိသော သံကြိုးဖြင့် ရစ်ပတ်တုပ် နှောင်ကြလော့။

[33] ဧကန်ပင်၊ သူသည် ထူးကဲမြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့သည် မဟုတ်ပေ။

[34] ထို့ပြင် ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးသူတို့ကို ကျွေးမွေးရန် တိုက်တွန်းလေ့ ရှိခဲ့သည်လည်း မရှိပေ။

[35] သို့ဖြစ်ပေရာ၊ ယနေ့အချိန်ကာလ၌ ဤနေရာတွင် သူအတွက် မိတ်ဆွေကောင်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

[36] (သူ့အတွက်) အလွန်ဆိုးယုတ် သွေးပုပ်ပြည်ပုပ်မှအပ အခြားမည်သည့် စားစရာမျှ မရှိပေ။

[37] (အလွန်ဆိုးယုတ်သော) ထိုစားစရာကို (အရှင်မြတ်အား မယုံကြည်သူ၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားအရာများကို ကိုးကွယ်သူနှင့်လူတို့အား မတရားညှင်းပန်းနှိပ်စက်သူ စသော) ပြစ်မှုကြီးကျူးလွန်သူများမှအပ အခြားမည်သူမျှ စားသုံးကြမည် မဟုတ်ပေ။

[38] ထို့နောက် ငါအရှင်မြတ်သည် သင်တို့ မြင်နိုင်သောအရာအားလုံးကို သက်သေထူတော်မူ၏။

[39] ထိုနည်းတူစွာ သင်တို့ မမြင်နိုင်သောအရာများကိုလည်း (သက်သေထူတော်မူ၏)။

[40] ဧကန်စင်စစ်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အမှန်ပင် မြင့်မြတ်သောသတင်း တော်ဆောင် စေတမန်တစ်ပါး (က အသင်တမန်တော်ထံ ယူဆောင်လာသော အလ္လာဟ်အရှင်မြတ်) ၏အမိန့်စကားတော်ပင် ဖြစ်၏။

[41] စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့်ကဗျာဆရာ တစ်ဦးတစ်ယောက်၏ပြောဆိုချက်မျှ မဟုတ်သော်လည်း (သင်တို့၏ယုတ်ညံ့သော စိတ်နှလုံးများ၏ကန့်သတ်ချက်ကြောင့်) အနည်းငယ်မျှသာလျှင် သင်တို့ ယုံကြည်ကြ၏။

[42] ထို့ပြင် (အနာဂတ် အပြစ်အပျက်များကို ကြိုသိသကဲ့သို့ ဟန်ဆောင်ပြောဆိုကြသော) မည်သည့် ဟူးရား၊ အနာဂတ်ဟောဆရာ (ဗေဒင်ဆရာ) တစ်ဦးတစ်ယောက်၏ဟောပြောချက်မျှလည်း မဟုတ်သော်လည်း အနည်း ငယ်စိုးစဉ်းမျှကိုသာ သင်တို့က သတိရ တသ၍ ထုတ်ဖော်ကြ၏။

[43] (ယင်းကျမ်းတော်သည်) စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက်စေတော်မူသောအရှင်မြတ်ထံတော်မှ ချမှတ်ပေးတော်မူခြင်းခံရသောကျမ်းတော်ပင် ဖြစ်၏။

[44] အကယ်၍ (တမန်တော်မြတ်သည်) ငါအရှင်မြတ်အပေါ်၌ ပုံချရန် အချို့သောစကားအပြောအဆိုများကို လုပ်ကြံဖန်တီး၍ ပြောဆိုခဲ့လျှင်။

[45] အမှန်ပင် ငါအရှင်မြတ်သည် (ငါအရှင်မြတ်၏တန်ခိုးတော်ဆိုင်ရာ) လက်ယာလက်တော်ဖြင့် ယင်း (တမန်တော်) ကို ဖမ်းဆီးအရေးယူတော်မူခဲ့ပေမည်။

[46] ထို့နောက် ငါအရှင်မြတ်သည် ယင်း (တမန်တော်) နှလုံး၏ဘယ်ဘက်ခန်းက ပင်မ သွေးလွှတ်ကြောကို ဖြတ်တောက်တော်မူခဲ့ပေမည်။

[47] ထိုအခါ သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှပင် သူ့အား ယင်းပြစ်ဒဏ်မှ အကာအကွယ်ပေး၍ ကယ်တင်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

[48] စင်စစ်သော်ကား ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောတော်စင်) တို့အတွက် ဆုံးမ သြဝါဒများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (သတိပေးတရားတော်) ပင် ဖြစ်၏။

[49] ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ (ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ် မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်သူများလည်းရှိနေကြောင်း ကောင်းစွာ သိနေတော်မူ၏။

[50] ထို့ပြင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် မယုံကြည် (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အပေါ်ဝယ် အလွန်ခါးသီးသော နောင်တရစရာ (ဝမ်းနည်းကြေကွဲဖွယ်ရာ) ပင် ဖြစ်သည်။

[51] ဧကန်မလွဲ၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံး) သည် တပ်အပ်သေချာ၍ ထင်ရှားသော အမှန်တရားသစ္စာပင် ဖြစ်၏။

[52] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

တက်လမ်းများ

Surah 70

[1] (နောင်တမလွန်ဘဝ၌ တရားစီရင်တော်မူမည်ကို မယုံကြည်ငြင်းပယ်ရုံသာမက လှောင်ပြောင်သရော် သည့်အနေဖြင့်လည်း) မေးမြန်းသူ တစ်ဦးသည် ယင်း (အသေအချာပင်) ဖြစ်ပျက်လာမည့် (တမလွန်တရားစီရင်မည့်နေ့) ၏ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ မေးမြန်းလေ၏။

[2] (အသင့် ပြင်ဆင်ထားပြီးဖြစ်သော ယင်းပြစ်ဒဏ်သည်) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက်သာဖြစ်၍ ယင်းကို တားဆီးပိတ်ပင်နိုင်မည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။

[3] (ယင်းသည်) လှေကားထစ်ပါ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်၊ တက်လှမ်းနိုင်သော လမ်းကြောင်းအလုံးစုံကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှပင် ဖြစ်၏။

[4] မလာအီကာကောင်းကင်စေတမန်များသည်လည်းကောင်း၊ (ရူဟ်) အသက်ဇီဝိန်သည်လည်းကောင်း၊ တစ်နေ့တွင် (နေ့စဉ်) ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြရာ ယင်း (နာမ်ခရီးစဉ်) ၏ (အကွာအဝေး) အတိုင်းအတာသည် (လောကီတွက်ချက်မှုအားဖြင့်) နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည်။

[5] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့၏ပမာမခန့်ပြုမှုများကို ညည်းညူမှု ကင်းမဲ့စွာနှင့်ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့် ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံစေလော့။

[6] ဧကန်မလွဲ၊ သူတို့သည် ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့ကို အလွန်ဝေးကွာသည့်အရာအဖြစ် မြင်ကြ၏။

[7] ငါအရှင်မြတ်သည် ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့ကို (မကြာမီ ဧကန်မုချင်ပင်၊ ဖြစ်ပျက်လာမည့်) အနီးအနား၌ ရှိနေသောအရာအဖြစ် မြင်နေတော်မူ၏။

[8] ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့တွင် မိုးကောင်းကင်သည် (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) သတ္တုအရည်ကျိုထားသကဲ့သို့ ဖြစ်သွားပေမည်။

[9] ထို့ပြင် တောင်များသည် အရောင်စုံ ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။

[10] ထို့ပြင် မိတ်ဆွေအရင်းအချာတစ်ဦးသည် (သူ၏) မိတ်ဆွေအား (မည်သည်ကိုမျှ) မေးမြန်းနိုင်မည် မဟုတ်ပေ။

[11] (စင်စစ်) သူတို့သည် အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး မြင်တွေ့ကြမည်ဖြစ်သော်လည်း ထိုနေ့တွင် (လောကီဘဝ၌ မယုံကြည်သူများအဖြစ် ဘဝဆောက်တည်၍) ရာဇဝတ်မှုကျူးလွန်သူသည်ကား ပြစ်ဒဏ်များမှ (လွတ်မြောက်နိုင်ရန်) အကယ်၍ သူ့သားရတနာကိုပင် လျှော်ကြေးအဖြစ် ပေးနိုင်လျှင် (ပေးချေလျက် လွတ်မြောက်ရန်) တမ်းတလိမ့်မည်။

[12] ထို့ပြင် သူ့ဘဝဖော်အမျိုးသမီးနှင့်သူ့ညီအစ်ကို ကိုလည်းကောင်း။

[13] သူ့အား ခိုလှုံနေထိုင်ရာနေရာပေးခဲ့သော သူ့ဆွေမျိုးရင်းချာကိုလည်းကောင်း။

[14] ထို့ပြင် မြေကမ္ဘာ၌ရှိသောအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ လျော်ကြေးအဖြစ်ပေးပြီးနောက် သူ့အား ကယ်တင်လွတ်မြောက်စေရန် အာသာဆန္ဒရှိပေမည်။

[15] (ထိုသို့ လွတ်မြောက်စေရန် မည်သည့်နည်းနှင့်မျှ) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်၊ ယင်း (ပြစ်ဒဏ်) သည် ဟုန်းဟုန်းတောက်လောင်လျက်ရှိသော (ငရဲ) မီးပင် ဖြစ်၏။

[16] အရေပြားကို (ယင်းမီးတောက်မီးလျှံဖြင့်) ဆုတ်ဖြဲစေ၍ အနိုင်နိုင်ခွာပစ်ရန်အတွက်ပင် ဖြစ်၏။

[17] ယင်းမီးသည်ကား (လောကီဘဝ၌ ယုံကြည်သစ္စာတရားဘက်သို့ ဖိတ်ခေါ်ခြင်းခံခဲ့ရစဥ်) ကျောခိုင်း၍ (အရှင်မြတ်အား နာခံကိုးကွယ်ခြင်းမှ) မျက်နှာလွှဲ ထွက်သွားခဲ့သူကို ဆင့်ခေါ်လိမ့်မည်။

[18] ထို့ပြင် (ဥစ္စာဓနပိုင်ဆိုင်မှုများကို) စုဆောင်း၍ (အရှင့်လမ်းတော်နှင့်ဆင်းရဲနွမ်းပါးသူတို့အတွက် သုံးစွဲစွန့် လှူခြင်းမပြုဘဲ) လုံခြုံစွာ သိုမှီးထိန်းသိမ်းခဲ့သောသူများအား (ဆင့်ခေါ်ပေမည်)။

[19] စင်စစ်ဧကန်၊ မနုဿလူသားသည် (လောဘကြောင့်) သည်းမခံနိုင်သော ပင်ကိုစရိုက်ရှိသူအဖြစ် ဖွဲ့စည်းဖြစ်တည်စေခြင်းကို ခံခဲ့ရလေ၏။

[20] (လူသားသည်) သူ့အား အကုသိုလ် (ဘေးဒုက္ခအခက်အခဲ ထိရောက်) သက်ရောက်သောအခါ (ပူပင်သောကရောက်လျက်) ညည်းညူတတ်သူဖြစ်လာ၏။

[21] သို့ရာတွင် သူ့အား (အကျိုးအမြတ်၊ ချောင်လည်မှုနှင့်) ကောင်းစားမှု သက်ရောက်သောအခါ (ယင်းကို ဆုပ်ကိုင်ထားလျက်) လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်လာ၏။

[22] သို့ရာတွင် ဆွလာသ်ဝတ်ပြုသူတို့သည်ကား (ထိုကဲ့သို့ ညည်းညူသူနှင့်တွန့်တိုစေးနှဲသူတို့တွင်) မပါဝင် ကြချေ။

[23] ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဥ်းစည်းကမ်းများနှင့်အညီ) စွဲမြဲ မြဲမြံ (စွာဖြင့် ဆောက်တည်၍ ရပ်တည်လျက် ရှိ) ကြ၏။

[24] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများ၌ အများက အသိအမှတ်ပြုထားပြီဖြစ်သော (ဆင်းရဲနွမ်းပါးသူတို့၏ဝေစု) အခွင့်အရေးသည်လည်း ရှိနေ၏။

[25] (အသက်ရှက်ရပ်တည်ရေးအတွက် အခြားနည်းလမ်းတစ်စုံတစ်ရာ ရှာမတွေ့၍) တောင်းရမ်းစားသောက် သူနှင့် (သိက္ခာကိုစောင့်စည်းသောအားဖြင့် တောင်းရမ်းခြင်းမပြုခြင်းကြောင့် ချောင်လည်သူ၊ ချမ်းသာသူ ဟု ယူဆပြီး သူ့အခွင့်အရေး) ခံစားခွင့်မပေးဘဲ ပစ်ပယ်ထားသူတို့အတွက်ပင် ဖြစ်၏။

[26] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် (ကောင်းမှုနှင့်မကောင်းမှုအတွက် ဆုလဒ်နှင့်ပြစ်ဒဏ်များ အစားပေးမည့်) တရားစီရင်တော်မူမည့်နေ့ကို အမှန်တရားသစ္စာအဖြစ် (အတည်ပြုလျက်) ယုံကြည်ထောက်ခံ ကြ၏။

[27] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် (လျက် အရှင့်စည်းမျဥ်းတော်များနှင့်အညီ ဘဝဆောက်တည်) ကြ၏။

[28] ဧကန်စင်စစ်၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်သည် စိုးရိမ်စိတ်မရှိဘဲ ဘေးကင်းလုံခြုံမှု ခံစားနိုင်မည့်အရာ မဟုတ်ပေ။

[29] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏အရှက်အင်္ဂါ (ကာယိန္ဒြေနှင့်ကိုယ်ကျင့်တရား) များကို တင်းကြပ်စွာ ထိန်းသိမ်းစောင့်ရှောက်ကြ၏။

[30] သူတို့၏ဘဝဖော်အမျိုးသမီးများမှ သို့တည်းမဟုတ် (ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သင်တို့၏လက်ဝယ်၌ ဩဇာခံများ အဖြစ်ရှိခဲ့ပြီး ပေါင်းသင်းခဲ့ဖူးခြင်းမှအပ (သူတို့၏ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်ကြသောကြောင့် ဧကန်မုချပင်၊ သူတို့သည် ပြစ်တင်ထိုက်သူများ မဟုတ်ကြပေ။)

[31] သို့ဖြစ်ပေရာ မည်သူမဆို ထိုစည်းမျဥ်းဘောင်၏ပြင်ပတွင် (ဖျော်ဖြေမှုကို) ရှာဖွေကြလျှင် ထိုသူတို့သည် အရှင်မြတ်က ပြဌာန်းတော်မူသော စည်းဘောင်ကို ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်ကြ၏။

[32] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့ထံ (အရှင်မြတ်မှဖြစ်စေ၊ လူ့ဘောင်အဖွဲ့အစည်းမှ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှဖြစ်စေ) ယုံကြည်အပ်နှံခြင်းခံရသည်တို့ကိုလည်းကောင်း၊ (အရှင်မြတ်နှင့်ဖြစ်စေ၊ လူ့ဘောင်အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်ဖြစ်စေ၊ သစ္စာဆိုခဲ့သည့်) သူတို့၏ကတိ သစ္စာဝန်ခံချက်များကိုလည်းကောင်း၊ စောင့်စည်းထိန်းသိမ်းသူများပင် ဖြစ်ကြ၏။

[33] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏သက်သေခံချက်များကို (ရှောင်ပြေးခြင်းမရှိဘဲ) တိကျ မှန်ကန်မျှတစွာ သက်သေထွက်ဆိုခြင်းနှင့်စပ်လျဉ်း၍ အခိုင်အမာရပ်တည်သူများ ဖြစ်ကြ၏။

[34] ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှုကို (ပြဌာန်းတော်မူသည့် စည်းမျဉ်းစည်းကမ်းအားလုံးနှင်အညီ မြဲမြံစွာ ဆောက်တည်လျက်) စောင့်ထိန်းကြ၏။

[35] ထိုသူတို့သည်ကား သုခဥယျာဉ်းများ၌ ဂုဏ်အသရေရှိစွာ စံစားကြရမည့်သူများ ဖြစ်ကြ၏။

[36] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ (လှောင်ပြောင်လိုစိတ်ဖြင့် စူးစူးစိုက်စိုက်ငေးကြည့်လျက်) ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေကြသနည်း။

[37] လက်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ အုပ်စုလိုက်၊ အုပ်စုလိုက် (အသင်တ မန်တော်ထံ ရောက်လာကြလျက်)။

[38] သူတို့အနက်မှ လူပုဂ္ဂိုလ်တိုင်းသည် သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်သို့ ဝင်ရောက်ခွင့်ရရန် မျှော်လင့်တောင့်တလေသလော။

[39] (မည်သည့်နည်းနှင့်မျှ ထိုသို့) အလျှင်း တောင့်တမည် မဟုတ်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား သူတို့ သိထားပြီဖြစ်သော (အလွန်ရိုးရှင်းသည့်) အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[40] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေထွက်ရာအရပ်များနှင့်နေဝင်ရာအရပ်များ ဖြစ်ပေါ်ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတည်တံ့စေတော်မူသောအရှင်သခင်အား သက်သေထူတော်မူ၏။ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းနိယာမတော်များဖြင့် လွှမ်းခြုံထားတော်မူလျက်) တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[41] သူတို့၏နေရာတွင် သူတို့ထက်သာလွန်မြင့်မြတ်သောသူ (အရှင်မြတ်အား ယုံကြည်၍ နာခံကိုးကွယ်သူ) တို့ဖြင့် အစားတိုးတော်မူရန် ဖြစ်ပြီး ငါအရှင်မြတ် (သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီဖြစ်စေတော်မူခြင်း) အား (မည်သူ့ကိုမျှ) ဟန့်တားနှောင့်ယှက်ခွင့်ပေးတော်မူမည့်အရှင်မြတ် (အရှင်မြတ်နှင့်ယှဉ်ပြိုင်ခွင့် ပေးတော်မူမည့်အရှင်) မဟုတ်ပေ။

[42] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား ကတိထားတော်မူသော သူတို့၏နေ့ရက်နှင့်ရင်ဆိုင်ကြုံတွေ့ရသည်အထိ အချည်းနှီးသော မိစ္ဆာစကားများပြောဆိုနေခြင်းနှင့်ကစားခုန်စားလျက် ပျော်မြူးနေခြင်း၌ ထိုးဆင်းကြရန် လွှတ်ထား (ပစ်ထား) လော့။

[43] ထို (ရှင်ပြန်ထမည့်) နေ့တွင် သူတို့သည် ပန်းတိုင်တစ်ခုသို့ အပြေးအလွှား အလျင်စလို သွားကြသကဲ့သို့ သင်္ချိုင်းများမှထွက်၍ လျင်မြန်စွာ သုတ်ခြေတင် ပြေးထွက်လာကြပေမည်။

[44] သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ ထိုနေ့သည်ပင် သူတို့အား ထိုနည်းအတိုင်း (ထပ်တလဲလဲ သတိပေးတော်မူလျက်) ကတိထားတော်မူသည့်နေ့ပင် ဖြစ်ပေ၏။

နူအာ

Surah 71

[1] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အား “ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် မရောက်ရှိလာမီ သင့်လူမျိုးတို့အား သတိပေးနှိုးဆော်လော့” ဟု မိန့်တော်မူလျက် သူ့လူ့မျိုးတို့ထံသို့ စေလွှတ် တော်မူခဲ့၏။

[2] (တမန်တော်) နူးဟ်က ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်သည် သင်တို့အတွက် မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူ (တစ်ဦးအဖြစ် တာဝန်ပေး၍ စေလွှတ်တော်မူခြင်းခံရသူ) ဖြစ်၏။” ဟု ဟောပြော ခဲ့၏။

[3] သင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့။ ထို့ပြင် သင်တို့သည် ထိုအရှင် မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျက် ကျွန်ုပ်၏ဟောပြောချက်များကို နာခံလိုက်နာကြလော့။

[4] (ထိုသို့ နာခံလိုက်နာရခြင်းသည်) ထိုအရှင်မြတ်သည် (ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် ထိုက်တန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မမူဘဲ) သင်တို့၏မှားယွင်းမှုများနှင့်ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည့်အပြင် သင်တို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးတော်မူရန်ပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းတော်မူသောအချိန်ကာလ ဆိုက်ရောက်လာသောအခါ ရွှေ့ဆိုင်းခွင့်ရမည် မဟုတ်ကြောင်းကို အကယ်၍ သင်တို့ သိနားလည်ကြလျှင် ကောင်းလေစွ။

[5] (တမန်တော်နူဟ်သည် အရှင်မြတ်၏အမိန့်တော်များကို သူ့လူမျိုးများထံ နှစ်ပေါင်းမြောက်မြားစွာ ပို့ချ ဟောကြားခဲ့ပြီးနောက် အရှင့်ထံ ဆုတောင်းလျက် လျှောက်ထားခဲ့သည်မှာ) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုးသည် ကျွန်ုပ်၏လူမျိုးတို့အား ညအချိန်ဖြစ်စေ၊ နေ့အချိန်ဖြစ်စေ (အစွမ်းကုန် အရှင်မြတ်ဘက်သို့) ဖိတ်ခေါ်ခဲ့ပါ၏။

[6] သို့တစေလည်း သူတို့သည် ကျွန်တော်မျိုး၏ဖိတ်ခေါ်ချက်မှ တိမ်းရှောင်ထွက်ပြေးခြင်းမှအပ သူတို့ကို (အမှန်တရားအား ယုံကြည်လက်ခံနိုင်မှု၌ စိုးစဉ်းမျှပင်) တိုးတက်ပြောင်းလဲခြင်း မရှိပေ။

[7] ထို့ပြင် အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူရန်အလို့ငှာ ကျွန်တော်မျိုးသည် သူတို့အား (အရှင် မြတ်ဘက်သို့) ဖိတ်ခေါ်သည့်အခါတိုင်း သူတိုက သူတို့၏လက်ချောင်းများကို သူတို့၏နားများထဲသို့ ထည့်သွင်း၍ သူတို့၏ခန္ဓာကိုယ်များကိုလည်း သူတို့၏အဝတ်အထည်များဖြင့် လွှမ်းခြုံဖုံးကွယ်ထားရုံသာမက (မယုံကြည်သွေ ဖည်ငြင်းပယ်မှုပေါ်၌ပင် ဆက်လက်၍) ခေါင်းမာစွာ ရပ်တည်လျက် ပိုမို၍ စိတ်ကြီးဝင်ဘဝင်မြင့်နေကြောင်း ထင်ရှားစေကာ မာန်မာနထောင်လွှားခဲ့ကြ၏။

[8] ထို့နောက် ကျွန်တော်မျိုးသည် ဧကန်ပင် သူတို့အား ပွင့်ပွင့်လင်းလင်းနှင့်အလေးအနက် ဖိတ်ခေါ်လေ၏။

[9] ထို့နောက် ဧကန်စင်စစ်၊ ကျွန်တော်မျိုးသည် သူတို့အား လူသိရှင်ကြား ထုတ်ဖော်ကြေညာ၍လည်းကောင်း၊ သူတို့အား တိတ်တဆိတ် (သီးသန့်တွေ့ဆုံ၍) သိုသိုသိပ်သိပ်ဟောပြော၍လည်းကောင်း၊ ဖိတ်ခေါ်ခဲ့၏။

[10] ထိုကဲ့သို့ ဖိတ်ခေါ်ရာတွင် (သူတို့အား) “သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပန်ကြားလော့။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။

[11] ထိုအရှင်မြတ်သည် သင်တို့အပေါ်ဝယ် မိုးကောင်းကင်အား (မိုးကောင်းစေမည့် တိမ်တိုက်များနှင့်အတူ) မိုးအလျှံပယ်ရွာသွန်းစေရန် စေလွှတ်တော်မူမည်။

[12] ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့အား ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများ (ချီးမြှင့်တော်မူခြင်းအား) ဖြင့်လည်း (စောင်မကူညီတော်မူလျက်) အားဖြည့်စေတော်မူမည်။ ထိုမျှသာမကသေး သင်တို့အတွက် သုခဥယျာဉ်များကိုပါ စီမံဖြစ်တည်စေတော်ပြီး (ယင်းသုခဥယျာဉ်များ၌) သင်တို့အတွက် (တသွင်သွင်စီးဆင်း မည့်) စိမ့်စမ်းရေကိုလည်း ဖြစ်ပေါ်စေတော်မူပေမည်။

[13] အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်မြင့်မြတ်မှုကို မယုံကြည်မမျှော်ကိုးနိုင်ရန် သင်တို့၌ မည်သည့်အကြောင်းရင်း (တလွဲယူဆချက်) ရှိနေသနည်း။

[14] ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် သင်တို့အား (ရုပ်ဆင်းသဏ္ဌာန်အမျိုးမျိုးနှင့်ဘာသာစကားအဖုံဖုံ ဖြစ်လာသည်အထိ) အဆင့်ဆင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[15] အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ဆက်ကို မည်သို့မည်ပုံ အထပ်ထပ်အလွှာလွှာ လိုက်ဖက် ညီစွာဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည်ကို သင်တို့ မတွေ့မြင် မဆင်ခြင် မလေ့လာကြသလော။

[16] ထို့ပြင် ထိုအရှင်မြတ်သည် ယင်း (မိုးကောင်းကင်များ) ၌ လကို လင်းရောင်ခြည် (အလင်းပြန်သည့်အရာ) အဖြစ် ဖြစ်စေတော်မူ၍ နေကိုမူ မီးအိမ် (မီးရှူးမီးတိုင်) အဖြစ် စီမံဖြစ်တည်စေတော်မူ၏။

[17] တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မြေကမ္ဘာမှ ပေါက်ပွားဖြစ်ထွန်းစေ၍ ရှင်သန်ကြီးထွားသော သစ်ပင်များကဲ့သို့ပင် ကြီးထွားစေတော်မူ၏။

[18] ထို့နောက် သင်တို့အား (အရှင့်စည်းမျဉ်းတော်နှင့်အညီ သေစေတော်မူလျက်) ယင်း (မြေကြီး) ထဲသို့ပင် ပြန်စေတော်မူ၍ သင်တို့အား ရှင်ပြန်ထသူအဖြစ် ပြန်လည် ထွက်လာစေတော်မူမည်။

[19] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အကျိုးအတွက် မြေကမ္ဘာကို ပြန့်ကား၍ ကျယ်ပြန့်သောအရာ (အခင်းအကျင်း) စီမံဖြစ်စေတော်မူ၏။

[20] သို့မှသာလျှင် သင်တို့သည် ယင်း (မြေကမ္ဘာ) ၌ သွားလာလှုပ်ရှားနိုင်ရန်အတွက် (တောင်များနှင့်တောင် ကြားတစ်လျှောက်အပါအဝင်) ကျယ်ကျယ်ဝန်းဝန်ရှိသော လမ်းကြောင်းများကို ဖြစ်စေတော်မူ၏။

[21] (တမန်တော်) နူးဟ်သည် (အရှင်မြတ်ဘက်သို့လှည့်၍) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ (ကျွန်ုပ်၏လူမျိုးဖြစ်သော) သူတို့သည် ကျွန်တော်မျိုးအား အာခံဖီဆန်၍ သူ့အား ဆုံးရှုံးနစ်နာစေခြင်းမှအပ သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများ၊ သားသမီးရတနာများ၊ ကြွယ်ဝချမ်းသာ တိုးပွားစေခြင်းကို မတတ်စွမ်းနိုင်သောသူကို နာခံလိုက်နာနေကြ၏။

[22] ထို့ပြင် ကျွန်ုပ်၏လူမျိုးတို့သည် (လူတို့အား ကျွန်ုပ်၏ဖိတ်ခေါ်မှုအား လက်မခံရန် ဟန့်တားနှောက်နိုင်မည့်) ဧရာမကြီးမားသော အကြံအစည်များကို ကြံစည်ခဲ့ကြ၏။

[23] ထို့ပြင် ကျွန်ုပ်၏လူမျိုးတို့သည် (လက်အောက်ငယ်သားများနှင့်နလပိန်းတုံးများအား) “သင်တို့သည် သင်တို့၏ကိုးကွယ်ရာ (ရုပ်ပွားဆင်းတု) များကို စွန့်ပယ်စွန့်လွှတ်ခြင်း အလျှင်း မပြလုပ်ကြလေနှင့်။ အထူးသဖြင့် ဝါးဒ္ဒ်၊ ဆုဝါးအ်၊ ယဂူးဆ်၊ ယအူးက်နှင့်နတ်စ်ရ် (စသော မိရိုးဖလာ ရုပ်ပွားဆင်းတုများကိုလည်း) စွန့်ပယ် စွန့်လွှတ်ခြင်း မပြုကြလေနှင့်။” ဟု တိုက်တွန်းပြောဆိုခဲ့ကြ၏။

[24] အမှန်စင်စစ်၊ သူတို့သည် မြောက်မြားစွာသောသူတို့အား လမ်းမှားရောက်စေခဲ့ကြပြီး ဖြစ်၏။ (သို့ ဖြစ်ပါ၍) ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၌ (သူတို့၏လုပ်ရပ်များကြောင့် မျှတထိုက်တန်သော ပြစ်ဒဏ်ကို ရရှိခံစားစေတော်မူရန် ပိုမို၍ ဝေးကွာသော) လမ်းမှားသို့ ရောက်စေခြင်းမှအပ အခြားမည်သည်ကိုမျှ တိုးပွားစေတော်မူမည် မဟုတ်ပေ။

[25] သူတို့သည် သူတို့၏ (ခွင့်မလွတ်နိုင်သော) ပြစ်မှုတို့ကြောင့်ပင် (လောကီဘဝတွင် ဆူနာမီရေကြီးမှု၌) နစ်မြှုပ်စေခြင်းခံခဲ့ကြရသည့်အပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့သည် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်း ခံကြရမည်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) နှင့်ဆန့်ကျင်၍ သူတို့အ တွက် ကူညီစောင်မမည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျှင်း ရှာတွေ့ကြမည် မဟုတ်ပေ။

[26] ထို့ပြင် (တမန်တော်) နူးဟ်က “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် မြေကမ္ဘာပေါ်ဝယ် အခြေချနေထိုင်ကြသော မည်သည့် မယုံကြည် သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) ကိုမျှ (ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်) ချန်ထားတော်မမူပါနှင့်။” ဟု လျှောက်ထားပန်ကြားလေ၏။

[27] ဧကန်မလွဲ၊ အကယ်၍ အသင်အရှင်မြတ်သည် သူတို့အား (ထိုသို့ ဆက်လက်ရှင်သန်ခွင့် ပေးတော်မူလျက်) ချန်ထားတော်မူလျှင် သူတို့သည် အရှင်မြတ်၏အစေခံလူသားတို့အား လမ်းမှားရောက်စေကြမည်သာမက သူတို့သည် (အပျော်အပါး၌ အရှက်ကင်းစွာ မွေ့လျော်လျက် ယုတ်မာကောက်ကျစ်၍) အကျင့်စာရိတ္တ ဖောက်ပြန်ခြင်းနှင့် (မယုံကြည်သွေဖည်ငြင်းပယ်ခြင်းဖြင့်) လွန်စွာကျေးဇူးကန်းခြင်းမှအပ (အခြားမည်သည့် အကျိုးသက်ရောက်မှုကိုမျှ) ဖြစ်စေမည် မဟုတ်ပေ။

[28] အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်နှင့်ကျွန်ုပ်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျွန်တော်မျိုး၏အိမ်၌ သက်ဝင်ယုံကြည် သူအဖြစ် ဝင်ရောက်သောသူတို့အားလည်းကောင်း၊ ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးအပေါင်းတို့အား လည်းကောင်း၊ (အပြစ်တို့မှ) ခွင့်လွှတ်ချမ်း သာပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၌မူကား ပျက်စီးဆုံးရှုံးစေခြင်းမှအပ (အခြားမည်သည်ကိုမျှ) တိုးပွားစေတော်မမူပါနှင့်။

ဂျင်န်

Surah 72

[1] (အို၊ ရစူလ်တမန်တော် သူတို့အား) ကျွန်ုပ်ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံခဲ့ရာ ဧကန်စင်စစ်၊ ဂျင်န်အုပ်စုတစ်စုသည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ကြားနာခဲ့ကြပြီးနောက် သူတို့သည် (သူတို့၏ဂျင်န် အမျိုးသားတို့ထံ ပြန်သွားခဲ့သောအခါ) ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အံ့သြဖွယ်ကောင်းပြီး နှစ်သက်ဝမ်းမြောက်ဖွယ်ရာဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ကြားနာခဲ့ကြရ၏။”ဟု ပြန်လည်ပြောပြခဲ့ကြ၏။

[2] ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းမှန်ကို ညွှန်ပြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် ယင်းကို သက်ဝင်ယုံကြည်ခဲ့ကြလေပြီ။ ထို့ပြင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ (မည်သည့်အခါမျှ) ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွဲ ဖက်တုပြိုင်နှိုင်းယှဉ်၍ ကြမည် မဟုတ်ပေ။

[3] ထို့ပြင် ဧကန်မုချ၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏ဂုဏ်ကျက်သရေ ခံ့ညားထည်ဝါမှုသည် မြင့်မြတ်လှပေ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ယောက်ကိုမျှ ကြင်ရာကြင်ဖက်အဖြစ် ရွေးကောက်တင်မြှောက်တော်မူခဲ့သည်လည်း မရှိပေ။ သားသမီးအဖြစ် ဖြစ်စေတော်မူခဲ့သည်လည်း မရှိချေ။

[4] ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်တို့အနက် (အသိဥာဏ်ခေါင်းပါးသော) တုံးအသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ (စည်းဘောင်ချိုးဖောက်ကျူးလွန်လျက် လုံးဝ လက်ခံနိုင်စရမရှိသော) အလွန်ပင် တရားလွန်သည့် အပြောအဆိုများကို ပြောဆိုလေ့ရှိကြ၏။

[5] “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လူသားတို့နှင့် (မမြင်ရသော) ဂျင်န်တို့က အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ဖီဆန်မှု (ဆိုင်ရာ အပြောအဆို) များကို မည်သည့်အခါမျှ ပြောဆိုကြလိမ့်မည် မဟုတ်။” ဟု ထင်မှတ်နေကြ၏။

[6] ထို့ပြင် အမှန်စင်စစ်၊ လူသားများအနက်မှ ပုဂ္ဂိုလ်အချို့တို့သည် ဂျင်န်တို့အနက်မှ အချို့ထံတွင် ခိုလှုံလေ့ရှိခဲ့ကြပေရာ လူသားတို့သည် ဂျင်န်တို့၏ (ဘဝင်မြင့်ခြင်း၊ ပုန်ကန်မှုနှင့်လမ်းလွဲမှုစသော ပြစ်မှုဆိုင်ရာ) ဝန်ထုပ်ကြီးကို ပိုမို၍ တိုးပွားလေးလံစေ၏။

[7] (ထို့ပြင် ဧကန်မလွဲ၊ ထိုဂျင်န်တို့သည်လည်း သင်တို့ ထင်မြင်ယူဆကြသကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွန်လေပြီးသာ တမန်တော်များ ပြန်ရောက်လာခြင်း မရှိသည့်အတိုင်းပင်) ရှင် ပြန်ထစေတော်မူမည်မဟုတ်၊ ဟူ၍ ထင်မြင်ယူဆခဲ့ကြ၏၊

[8] ထို့ပြင် ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကောင်းကင်ယံကို စူးစမ်း၍ ထိမိကြရာ ကျွန်ုပ်တို့သည် ယင်းကို ပြင်းထန်တင်းကျပ်သော အစောင့်အကြပ်တို့နှင့်အရှိန်ပြင်းစွာ တောက်လောင်နေသော မီးတောက်မီးလျှံတို့ဖြင့် ပြည့်နှက်နေကြောင်း တွေ့ရှိကြ (ပြီး ယင်းကို ချဥ်းကပ်လျင် ကြယ်ပျံ၊ ဥက္ကာပျံများ၏အန္တရာယ်ရှိကြောင်း တွေ့ ရှိကြ) လေ၏။

[9] တစ်ဖန် ဧကန်ပင်၊ ကျွန်ုပ်တို့သည် ယင် (ကောင်းကင်ယံ) မှ (သတင်းစကားများ) နားထောင်နိုင်ရန် အခြေ အနေ၊ အနေအထားဆိုင်ရာ အထိုင်ကျမှု (ဆိုင်ရာသဘောထားရပ်တည်ချက်) တစ်ခုဖြင့် အထိုင်ကျ ရပ်တည်လို သော်လည်း ယနေ့အချိန်အထိ ထိုသို့နားထောင်လိုသူဟူသမျှသည်ကား သူ့အတွက် စောင့်စားနေသော အရှိန် ပြင်းစွာ တောက်လောင်နေသော မီးတောက်မီးလျှံ (ကြယ်ပျံ၊ ဥက္ကာပျံ) များကိုသာ တွေ့ တွေ့ရှိ၏။

[10] (ကောင်းကင်ယံမှ သတင်းစကားများကို နားစွန်နားဖျားကြားခြင်းကိုပင် ပိတ်ပင်တားဆီးတော်မူထားသောကြောင့်) ဧကန်ပင်၊ ကျွန်ုပ်တို့သည် မြေကမ္ဘာ၌ မှီတင်းနေထိုင်သူတို့နှင့်ပတ်သက်၍ (ကျွန်ုပ်တို့၏လုပ် ရပ်များဖြင့် မည်သို့) အဆိုးဆုံးအခြေအနေဖြစ်စေရန် ရည်ရွယ်နိုင်ကြောင်းကိုလည်းကောင်း၊ သို့တည်းမဟုတ် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အတွက် ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်သာ ရည်ရွယ်တော်မူကြောင်းကိုလည်းကောင်း (ကောင်းစွာ) သိကြသည် မဟုတ်ပေ။

[11] ထို့ပြင် ဧကန်အမှန်၊ ကျွန်ုပ်တို့ထဲတွင် အချို့သည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသည့် သူတော်ကောင်းများရှိပြီး ကျွန်ုပ်တို့ထဲတွင် ထိုသို့ပြုကျင့်မှလွဲ၍ (အခြားသော လမ်းစဥ် များအတိုင်း ဘဝဆောက်တည်ကြသူများလည်းရှိခြင်းဖြင့်) မတူခွဲပြားခြားနားသော လမ်းစဥ်များနှင့် လူနေမှုစနစ်များရှိစေလျက် ဂိုဏ်းဂဏအုပ်စုအမျိုးမျိုး ဖြစ်ကြလေ၏။

[12] ထို့ပြင် ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် လမ်းညွှန်တော် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကို ကြားနာ ကြရသောအခါ ကျွန်ုပ်တို့သည် ယင်းကို မဆိုင်းမတွ သက်ဝင်ယုံကြည်လာ၏။ စင်စစ်သော်ကား မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား သက်ဝင်ယုံကြည်လျှင် ထိုသူသည် (သူ၏ယုံကြည်မှုသစ္စာတရားနှင့်ယင်းသစ္စာတရား၏ လိုအပ်ချက်အရ ပြုကျင့်သော ကောင်းမှုကုသိုလ်ဆိုင်ရာ မည်သည့် အကျိုးဆုလဒ်မျှ) လျော့နည်းစေမှုနှင့်စပ်လျဥ်း၍လည်းကောင်း၊ (မည်သည့်) မတရား (အဓမ္မ) စေခိုင်းမှုကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ရမည် မဟုတ်ပေ။

[13] တစ်ဖန် ဧကန်မလွဲ၊ ကျွန်ုပ်တို့ထဲတွင် အချို့သည် (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့် တော်များကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ကြပြီး အချို့မှာမူ အရှင့်အမိန့် တော်များကို မတရားအာခံဖီဆန်လျက် (တရားလမ်းမှန်မှ) လမ်းလွဲသွေဖည်ကြသူများ ဖြစ်ကြ၏။ မည်သူမဆို (ကိုယ်စိတ်နှလုံးကို အရှင်မြတ်ထံအပ်နှံ၍ အမိန့်တော်များကို) နာခံလိုက်နာလျက် ငြိမ်းချမ်း ရေးလိုလားလျှင် ထိုသူတို့သည် (သူတို့၏ယုံကြည်မှုနှင့်လုပ်ရပ်များဖြင့်) တရားလမ်းမှန်ကို ရှာဖွေ ရရှိကြသူများပင် ဖြစ်ကြ၏။

[14] သို့ရာတွင် (အရှင့်အမိန့်တော်များကို မတရားသဖြင့် အာခံဖီဆန်လျက် တရားလမ်းမှန်မှ) လမ်းလွဲသွေ ဖည်ကြသူတို့သည်ကား ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြ၏။

[15] ထို့ပြင် အကယ်၍သာ (လူသားနှင့်ဂျင်န်များဖြစ်ကြသော) သူတို့သည် (အစ္စလာမ့်) တရားလမ်းမှန်ပေါ်၌ တည်ကြည်ဖြောင့်မတ်၍ ကြံ့ခိုင်စွာ ရပ်တည်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ရေ (နှင့်စားနပ်ရိက္ခာ) ကို အလျှံပယ် (ချီးမြှင့်ပေးအပ်တော်မူ၍) ဖောဖောသီသီ တိုက်ကျွေးတော်မူမည်ဖြစ်၏။

[16] ငါအရှင်မြတ်သည် ချီးမြှင့်ပေးအပ်တော်မူသောအရာ (ရေနှင့်ရိက္ခာအထောက်အပံ့) များ၌ သူတို့အား စမ်းသပ်တော်မူရန်အလို့ငှာ ဖြစ်၏။ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ကျမ်းတော်ပါ လမ်းညွှန်ချက်များ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းမှ မျက်နှာလွှဲ ကျောခိုင်းသည်ရှိသော် ထိုအရှင်မြတ်သည် သူ့အား အမြဲထာဝရ တိုးမြှင့်ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူမည်။

[17] ထို့ပြင် ဝတ်ပြုရာ နေရာအားလုံး (ဦးချစဉ် အသုံးချသည့် ခန္ဓာကိုယ်အစတ်အပိုင်းအားလုံး) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်နှင့်အညီ နာခံလိုက်နာရန်) အတွက်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ (တွဲဖက် တုပြိုင်၍ အခြား) မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုင်တည်ဆုတောင်းခြင်း မပြုကြလေနှင့်။

[18] ထို့ပြင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (မတ်တပ်ရပ်၍ မြဲမြံစွာ) ရပ်တည်သောအခါ (ရုပ်ပွားဆင်းတုများကို ကိုးကွယ်သည့် မယုံကြည်) သူတို့သည် ယင်း (တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် (လူတို့အား ဝတ်ပြုစဥ် ရွတ်ဖတ်သော ကျမ်းတော်၏အာယသ်တော်များကို ကြားနာခြင်းမှ တားဆီးရန်နှင့်လှောင်ပြောင်၍ အော်ဟစ် ကြရန်) ဝိုင်းအုံလာခဲ့ကြ၏။

[19] (အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အားသာလျှင် နာခံကိုးကွယ်လျက် (လူသားအားလုံးကို) အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်ရုံသာမက ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုပေ။”ဟု ဟောပြောလော့။

[20] (အို၊ ရစူလ်တမန်တော် သူတို့အား) “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အား ဆုံးရှုံးနစ်နာစေရန်လည်း ကောင်း၊ တရားလမ်းမှန်ညွှန်ပြလျက် ကောင်းကျိုးပြုလည်းကောင်း အခွင့်အာဏာပိုင်ဆိုင်ထားသည် မဟုတ်ပေ။” ဟု ဟောလော့။

[21] (အို၊ ရစူလ်တမန်တော် သူတို့အား) “ဧကန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့အား ဆုံးရှုံးနစ်နာစေရန်လည်းကောင်း၊ တရားလမ်းမှန်ညွှန်ပြလျက် ကောင်းကျိုးပြုလည်းကောင်း အခွင့်အာဏာပိုင်ဆိုင်ထားသည် မဟုတ် ပေ။” ဟု ဟောလော့။

[22] (အို၊ ရစူလ်တမန်တော် သူတို့အား အကယ်၍ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့လျှင်) “မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) မှ (မည်သည့်နည်းနှင့်မျှ) အလျှင်း ကာကွယ် စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်သည် ထိုအရှင်မြတ် (ထံတော်) မှအပ (အခြား မည်သည့်) ခိုလှုံရာနေရာကိုမျှ အလျှင်း တွေ့နိုင်မည် မဟုတ်ပေ။” ဟု ဟောလော့။

[23] (အမှန်စင်စစ်၊ ကျွန်ုပ်လုပ်နိုင်သည့်အရာနှင့်မဖြစ်မနေ လုပ်ရန်တာဝန်ရှိသည်မှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ (ကျွန်ုပ်အား ချမှတ်ပေးအပ်တော်မူသည့်အမိန့်တော်များနှင့်ယခင်တမန်တော်များထံ ချမှတ်ပေးအပ်တော်သော) အရှင်မြတ်၏အမိန့်တော်ပညတ်ချက်များကို လူသားတို့ထံအရောက် ပို့ဆောင်ရန်သာဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်အမှုတော်တော်ဆောင် ရစူလ်တမန်တော်ကို အာခံဖီဆန်လျှင် ဧကန်ပင်၊ ထိုသူအတွက် ငရဲမီးသာရှိပြီး ယင်း (ငရဲဘုံ) ၌ အစဉ်ထာဝရ နေထိုင်ခံစားရမည်သာ ဖြစ်၏။

[24] (သူတို့သည် အသင်တမန်တော်အား နောက်လိုက်အနည်းငယ်နှင့်အားနည်းသူအဖြစ် ဆက်လက်တွေ့ မြင်၍ သေးသိမ်စေလိုကြသော်လည်း) သူတို့သည် သူတို့အတွက် ကတိထားတော်မူသည့် (ပြစ်ဒဏ်ဖြစ်သော ငရဲမီး) ကို တွေ့မြင်ကြလေသောအခါ မည်သူသည် အလွန်အားနည်းသော ကူညီစောင်မသူဖြစ်ပြီး နောက်လိုက် အရေအတွက် နည်းပါးကြောင်းကို ဧကန်မုချပင် သိလာကြလိမ့်မည်။

[25] (အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် သင်တို့အတွက် ကတိထားတော်မူသည့်အရာ (နှင့်မျက်နှာချင်းဆိုင်ရင်ဆိုင်ကြုံတွေ့ရမည့် အချိန်ကာလ) နီးကပ်လာပြီလော ဟူသည်ကို မသိပေ၊ သို့တည်းမဟုတ် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ယင်း (ကတိထား တော်မူသည့်အချိန်ကာလ) အတွက် (ရွေ့ဆိုင်းခွင့်ပေးထားတော်မူ၍) ရေရှည်ကာလအထိ အဓွန့်ရှည်စေတော်မူမည်လော ဟူသည်ကိုလည်း ကျွန်ုပ် မသိပေ။” ဟု ဟောလော့။

[26] (ထိုအရှင်မြတ်သည်ပင် လူသားတို့၏အသိအမြင် ပြင်ပတွင်ရှိနေသော) မျက်ကွယ်ရာဟူသမျှကို သိနေတော်မူသည့် အရှင်မြတ်ဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် မျက်ကွယ်ရာ၌ထားရှိတော်မူသည့်အရာများအား (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ (အသိပေး) ထုတ်ဖော်ဖွင့်ချတော်မူ သည် မဟုတ်ပေ။

[27] သို့ရာတွင် ထိုအရှင်မြတ်သည် အရှင်မြတ်ကျေနပ်နှစ်သက်တော်မူသော ရစူလ်တမန်တော်အား (မျက် ကွယ်ရာ၌ထားရှိတော်မူသည့်အရာများနှင့်စပ်လျဥ်း၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အသိပေးအ ကြောင်းကြားတော်မူပေရာ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ထိုရစူလ်တမန်တော်၏ရှေ့ (တမန်တော်နှင့်တမန်တော်၏နောက်လိုက်များကြား) ၌လည်းကောင်း၊ တမန်တော်၏နောက် (တမန်တော်နှင့်မူရင်းဝဟီအမိန့် တော်ချမှတ်ပေးအပ်ခြင်းကြား) ၌လည်းကောင်း၊ စောင့်ကြပ်သူ (ကောင်းကင်စေတမန်) ကို စေလွှတ်တော်မူ၏။

[28] (ယင်းသို့ စီမံဖြစ်စေတော်မူခြင်းမှာ ရစူလ်တမန်တော်များနှင့်ကောင်းကင်စေတမန်သည်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ထုတ်ပြန်ချက်များ (ကျမ်းစာ များ) ကို ဧကန်မုချပင် လူသားတို့ထံအရောက် ပို့ဆောင်သွန်သင်ရမည်ကို သိနားလည်စေတော်မူရန်အလို့ငှာပင် ဖြစ်ပြီး သူတို့လက်ဝယ်၌ရှိသောအရာ (အမိန့်ထုတ်ပြန်ချက်) အားလုံးနှင့်စပ်လျဉ်း၍ လွမ်းခြုံထိန်းသိမ်းထားစေတော်မူကာ အရာခပ်သိမ်းတို့ကို တစ်ခုပြီးတစ်ခု (အစီစဉ်အတိုင်း အတိအကျ တွက်ချက်စေတော်မူလျက်) မှတ်တမ်းတင်စေတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့်ကောင်းကင်တမန်) တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။

ခြုံလွှာနှင့်ပတ်ထားသောအရှင်

Surah 73

[1] အို၊ ကိုယ်ရုံခြုံထားသောသူ (ရစူလ်တမန်တော်)။

[2] အသင်သည် အနည်းငယ်သာ (အိပ်စက်အနားယူ၍) ညအချိန်ကို (မအိပ်ဘဲ ဆွလာသ်ဝတ်ပြုဆုတောင်းမှုအတွက်) ထလော့။

[3] ယင်း (ည) ၏ထက်ဝက် သို့တည်းမဟုတ်၊ ယင်းညဝက်ထက် အနည်းငယ်လျှော့၍ (ထလော့)။

[4] သို့တည်းမဟုတ် ယင်းညဉ့်ဝက်ထက်အနည်းငယ် ပိုမို၍ (အိပ်စက်အနားယူပြီးလျှင် ထ၍ (ဝတ်ပြုဆု တောင်းခြင်းနှင့်စိတ်နှလုံးတည်ငြိမ်စွာဖြင့် အာရုံစိုက်လျက်) ကျမ်းတော်မြတ်ကုရ်အာန်ကို ဖြည်းဖြည်း မှန်မှန်နှင့် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်သရဇ္ဈာယ်လော့။

[5] ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့် အပေါ်ဝယ် (သင်၏နေ့စဉ်ဘဝ၌ အသုံးချလျက် ဘဝဆောက်တည်ရုံသာမက အခြားသူတို့ကိုလည်း အသိပေး သွန်သင်ပို့ချရန်) အလွန်လေးလံသော အမိန့်စကားတော်ဖြင့် မကြာမီပင် အမိန့်ပေးညွှန်ကြား၍ တာဝန်ပေးအပ်တော်မူမည်။

[6] ဧကန်စင်စစ်၊ ညအချိန်၌ (ဝတ်ပြုဆုတောင်းရန်အတွက်) ထခြင်းသည် (အရှင်မြတ်အား စွဲမှတ်စေ၍ ကိုယ်စိတ်နှလုံးတို့ကို) ပိုမို၍ ကြံ့ခိုင်စေသည့်အပြင် အပြောအဆိုများကိုလည်း (ကျမ်းတော်ပါ လမ်းညွှန်ချက်နှင့်အညီ) ပိုမို၍ တိကျမှန်ကန် သေချာပြတ်သား စေ၏။

[7] ဧကန်မလွဲ၊ နေ့အချိန်တွင် သင့်အတွက် (လုပ်ကိုင်ဆောင်ရွက်စရာမျာ၊ တာဝန်ဝတ္တရားများဖြင့်ပြည့်နှက်လျက်) ရှည်လျားသောနေ့တာတစ်ခုလုံး (မအားမလပ်ဘဲ) အလုပ်ရှုပ်နေ၏။

[8] ထို့ပြင် သင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက် (လောကီအနှောင် အဖွဲ့ဟူသမျှအား ဖြတ် တောက်ကာ ကိုယ်စိတ်နှလုံးကို) နစ်မြှုပ်၍ ထိုအရှင်မြတ်ဘက်သို့သာ စိတ်ပါလက်ပါ အာရုံစူးစိုက် (၍ ဦးတည်) နေ၏။

[9] (ထိုအရှင်မြတ်သည်) နေထွက်ရာအရပ်နှင့်နေဝင်ရာအရပ်ကို ဖြစ်ပေါ်ပြောင်းလဲစေတော်မူသော အရှင်မြတ် ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ (အခြား ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သခင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် ထိုအရှင်မြတ်အားသာလျှင် (ကိစ္စအဝဝကို ပြီးစီး အောင်ဆောင်ရွက်ပေးတော်မူသော) ကာကွယ်စောင့်ရှောက်သူအဖြစ် မျှော်ကိုး၍ အာထားလော့။

[10] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏စွပ်စွဲပြောဆိုချက်များနှင့်စပ်လျဉ်း၍ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်မှု မြဲမြံလော့။ ထို့ပြင် အသင်သည် သူတို့အား (သူတို့က သင့်အပေါ် ဆက်ဆံသကဲ့သို့ မဆက်ဆံဘဲ စိတ်ရှည်သည်းခံလျက် ကောင်းမြတ်သော အကြံဉာဏ်ကိုသာပေး၍ သူတို့၏စွပ်စွဲကဲ့ရဲ့မှုများကို) အဖက်မလုပ်ဘဲ လှပတင့်တယ်သော ပြုမူပြောဆိုဟန်ဖြင့် တသီးတခြားနေလော့။

[11] ထို့ပြင် အသင် (တမန်တော်) သည် အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူထားသော (လောကီ) ကျေးဇူး တော်နှင့်သိက္ခာပေးမှုကို ရယူခံစားပါလျက် ငါအရှင်မြတ်အား မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ခေါင်းမာမာဖြင့် ငြင်းပယ်ကြသူတို့ကို ကိုင်တွယ်ရန် ငါအရှင်မြတ်ထံသာ အပ်နှံလွှတ်ထား၍ သူတို့အား အနည်းငယ် ရွှေ့ဆိုင်းခွင့် ပေးလော့။

[12] ဧကန်မလွဲ၊ (ထိုကဲ့သို့သော ပုဂ္ဂိုလ်များအတွက်) ငါအရှင်မြတ်ထံတော်၌ လေးလံသော ခြေထိတ်များနှင့် အရှန်ပြင်းစွာ လောင်စေမည့် ငရဲမီးသည် ရှိလေ၏။

[13] ထို့ပြင် အသက်ရှူမှု မွန်းကျပ် ဆို့နင်စေမည့် အစားအသောက်များနှင့်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည်လည်း ရှိနေ၏။

[14] ထိုနေ့တွင် မြေကမ္ဘာနှင့်တောင်များသည် သိမ့်သိမ့်တုန် လှုပ်ခါသွားမည်ဖြစ်ပြီး တောင်များသည် ရွေ့လျား လွင့်ပါးနေသော သဲသောင်များပမာ ဖြစ်သွားကြပေမည်။

[15] (အို၊ ခေတ်သစ်လူသားတို့) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ဖာရိုမင်းဆက်ထံသို့ ရစူလ်တမန်တော်တစ်ပါး စေလွှတ်တော်မူဘိသကဲ့သို့ပင် သင်တို့ထံသို့လည်း (နောင်တမလွန်ဘဝ၌ သင်တို့က အရှင်မြတ်၏သတင်းစကား တော်များအား တုံ့ပြန်သည့်အနေဖြင့် ပြုမူကျင့်ဆောင်ခဲ့သော လုပ်ရပ်များနှင့်စပ်လျဉ်း၍ သက်သေထွက်ဆိုမည့်) သက်သေသက်ကန်အဖြစ် ရစူလ်တမန်တော်တစ်ပါးအား စေလွှတ်တော်မူ၏။

[16] သို့ရာတွင် ဖာရိုမင်းသည် ထိုရစူလ်တမန်တော်မြတ်အား အာခံဖီဆန်ခဲ့ရာ ငါအရှင်မြတ်သည် သူ့အား ဘေးဒုက္ခဆိုက်ရောက်စေတော်မူလျက် ချုပ်ကိုင်၍ ဖမ်းဆီးအရေးယူတော်မူခဲ့၏။

[17] သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် သင်တို့၏သားသမီးများကိုပင် (ဘေးဒုက္ခကြောင့်) ဆံပင်ဖြူစေမည့် ထိုနေ့ (က အမှန်တရားဖြစ်ကြောင်း) ကို မယုံကြည်ငြင်းပယ်ကြလျှင် (အရှင့်စည်းမျဥ်းတော်များအား အရှင့်ကို သိစိတ်ဖြင့်) မည်သို့လိုက်နာ (၍ သင်တို့ကိုယ်သင်တို့ မည်သို့ကာကွယ်) နိုင်ကြမည်နည်း။

[18] ထိုနေ့တွင် မိုးကောင်းကင်သည်လည်း ထိုနည်းအတိုင်းပင် (ပြင်းထန်စွာ တုန်လှုပ်လျက်) အစိတ်စိတ် အမြွှာမြွှာ အက်ကွဲသွားပေမည်။ ထို့ပြင် ထိုအရှင်မြတ်၏ကတိတော် (ဖြစ်သော ရှင်ပြန်ထမည့်နေ့နှင့်တမလွန် တရားစီရင်မည့်နေ့) သည် ပြီးမြောက်အောင်ဖြည့်ဆည်းဆောင်ရွက်စေတော်မူမည့်အရာပင် ဖြစ်၏။

[19] ဧကန်မလွဲ၊ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည်ကား (ဆုံးမသြဝါဒများနှင့်သတိပေးတရားတော်များ ပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို လိုအင်ဆန္ဒရှိလျှင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ (ပျော်ရွှင်စွာ ရောက်စေသည့်) လမ်းစဥ်ကို ရွေးချယ်နိုင်၏။

[20] (အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူရှိကြသော သာဝကြီး များအနက်မှ အုပ်စုတစ်ခုသည်လည်းကောင်း၊ ည၏သုံးပုံနှစ်ပုံနီးပါးခန့် သို့မဟုတ် ည၏သုံးပုံတစ်ပုံတွင် ထ၍ ဝတ်ပြုဆုတောင်းရန် ရပ်တည်ကြောင်းကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော် မူသော အရှင်မြတ်က အကြွင်းမဲ့ သိနေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် ညကို လည်းကောင်း၊ နေ့ကိုလည်းကောင်း (ဖြစ်ပေါ်ပြောင်းလဲစေတော်မူလျက် တိကျလိုက်ဖက်စွာ တိုင်းတာတော်မူ၍) သတ်မှတ်ပြ ဌာန်းတော်မူ၏။ (အို၊ ယုံကြည်သူအပေါင်းတို့) ဧကန်စင်စစ်၊ သင်တို့သည် ယင်း (ညအချိန်ကာလ၌ ထ၍ ဝတ်ပြုဆုတောင်းမှု)အား ရေရှည်တည်တံ့အောင် စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်းကို ထိုအရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် သင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဉ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ် နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ သင်တို့အနက် အချို့သည် နာမကျန်းသူများဖြစ်ကြ၍ အခြား သူတို့သည် (မြေကမ္ဘာပေါ်၌ ချီးမြှင့်ပေးအပ်တော်မူသော မြေပေါ်မြေအောက်ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းအင်၊ ရိက္ခာအထောက်အပံ့များဖြစ်သည့်) အလ္လာဟ်အရှင်၏ကျေးဇူးတော်များကို ရှာဖွေရန် (မြေကမ္ဘာအနှံ့) ခရီးသွားလာကြသည်ကိုလည်းကောင်း၊ အခြားသူအချို့မှာမူ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်တိုက်ကြသည်ကိုလည်းကောင်း၊ အရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဥ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ ထို့ပြင် သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည်မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ ဆင်းရဲသူတို့အား ပေးကမ်းစွန့်လှူရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလော့။ ထို့ပြင် (အရှင် မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်၊ စည်းစိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့် သင်တို့၏ကိုယ်စိတ် နှလုံးနှင့်စည်းစိမ်တို့ကို) အမွန်မြတ်ဆုံးချေးငှား မှုဖြစ်သည့် အလ္လာဟ်အရှင်မြတ် (အလိုရှိတော်မူသော လမ်းစဉ်တော်အတွက်) ချေးငှားကြလော့။ စင်စစ်သော်ကား သင်တို့သည် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၏အကျိုးအတွက် မည်သည့် ကောင်းမှုကုသိုလ်ကို (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန်ဘဝ၌ အကျိုးခံစားရန်) ကြိုတင်ပို့နှင့်သည်ဖြစ်စေ၊ ယင်း (ကောင်းမှုကုသိုလ်) ကို အလ္လာဟ်အရှင်မြတ်ထံတော်၌ မွန်မြတ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ ထိုထက်မက ပိုမို၍ ကြီးကျယ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ သင်တို့ တွေ့ရှိကြရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပန်ကြားကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

လွှမ်းခြုံထားသောအရှင်

Surah 74

[1] အို၊ (လူသူဝေးရာတွင် တရားထိုင်ရန် နှစ်သက်လျက်) ဝတ်ရုံခြုံထားသူ။

[2] အသင်သည် ထ (၍ နိုးကြားလျက် ဆွလာသ်ဝတ်ပြုမှုအတွက် ရပ်တည်) လော့။ ထို့ပြင် (မယုံကြည်သူ၊ အမှန်တရားကို သွေဖည် ငြင်းပယ်သူတို့အား) သတိပေးနှိုးဆော်လော့။

[3] ထို့ပြင် အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (က အနှိုင်းမဲ့၊ ပြိုင်ဘက်မဲ့ တစ်ဆူးတည်းသော အရှင်မြတ် ဖြစ်တော်မူကြောင်း) ကြီးကဲမြင့်မြတ်တော်မူ ကြောင်းကို ချီးကျူး၍ ဂုဏ်တင်လော့။

[4] တစ်ဖန် အသင်သည် သင့်အဝတ်အထည်များကို (သန့်ရှင်းစေခြင်းနှင့်အတူ အတွင်းအဇ္ဈိတ္တကိုလည်း) စင်ကြယ်သန့်ရှင်းစေလော့။

[5] ထို့ပြင် အသင်သည် (ရုပ်ပိုင်းနှင့်နာမ်ပိုင်းဆိုင်ရာ) ညစ်ညမ်းမှုဟူသမျှမှ ရှောင်ကြဉ်လော့။

[6] ထို့ပြင် အသင်သည် တစ်စုံတစ်ဦးအား (အကျိုးအမြတ်နှင့်ချီးကျူးဂုဏ်ပြုခံရရန်ဖြစ်စေ၊ အရှင်မြတ်နှင့်လူသားတို့အား အကျိုးပြုနေသည်ဟု စိတ်ကြီးဝင်၍ဖြစ်စေ) ပိုမို၍ ရလိုသောအားဖြင့် ပေးကမ်းစွန့်လှူခြင်း မပြုလေနှင့်။

[7] တစ်ဖန် အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (အရှင်မြတ်ပေးအပ်တော်မူသည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရာ ကြုံလာသမျှ အခက်အခဲ အဟန့်အတားများ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံစေလော။

[8] အမှန်စင်စစ်၊ တံပိုးခရာ၌ မှုတ်ပေး၍ (လူသားတို့အား သတိပေးရန်) အသံပေးသောအခါ။

[9] ထိုသို့ပင် ထို့နေ့သည် လွန်စွာခက်ခဲပြင်းထန်သောနေ့ပင် ဖြစ်လိမ့်မည်။

[10] မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အပေါ်ဝယ် လွယ်ကူမှု ရှိမည် မဟုတ်ပေ။

[11] (အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်တစ်ဆူတည်းကသာလျှင် ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူအား (သူ၏အာခံဖီဆန်မှုနှင့်စပ်လျဉ်း၍ ကိုင်တွယ်စေတော်မူရန်) ငါအရှင်မြတ်ထံသာ လွှဲအပ်လွှတ် ထားလော့။

[12] ထို့ပြင် ငါအရှင်မြတ်သည် ထိုသူအတွက် ဥစ္စာဓနအရင်းအမြစ်ပိုင်ဆိုင်မှုများ အလျှံပယ် မြောက်မြားစွာ စီမံဖြစ်စေတော်မူနိုင်၏။

[13] (သူ့အတွက် မေတ္တာတရား၏) မျက်မှောက်သက်သေအဖြစ် သားသမီးရတနာများ (အင်အားများ) ချီးမြှင့် ပေးအပ်တော်မူနိုင်၏။

[14] ထို့ပြင် ငါအရှင်မြတ်သည် သူ့ (သာယာသောဘဝ) အတွက် (လိုအပ်သမျှ) နည်းစနစ်နှင့်အ​ခြေအနေ အားလုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အဆင်ပြေချောမွေ့အောင် ဖြစ်စေတော်မူနိုင်၏။

[15] သို့ဖြစ်ပါလျက် ငါအရှင်မြတ်သည် သူ့အား (သူ့ဆန္ဒရှိသည့်အတိုင်း) ပိုမို၍ ချီးမြှင့်ပေးအပ်တော်မူရန် လိုလားတောင့်တနေ၏။

[16] (ထိုသို့ ပိုမိုချီးမြှင့်တော်မူရန်မှာ) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ဧကန်မလွဲ၊ သူသည် ငါအရှင် မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် ရန်မူဆန့်ကျင် (၍ သူ့အလိုရမ္မက်အတိုင်းဖြစ်စေ) လို၏။

[17] မကြာမီပင် ငါအရှင်မြတ်သည် သူ့အား အင်တိုက်အားတိုက်အစွမ်းကုန်တက်ရသောအရာ (ငရဲမီးထဲ ရောက်စေမည့် နိုင်လိုမင်းထက်ပြုမူခြင်းဘက်) သို့ မဖြစ်မနေ ရောက်စေတော်မူမည်။

[18] ဧကန်စင်စစ်၊ သူသည် တစိမ့်စိမ့် ချင့်ချိန်တွေးဆ၍ (လူတို့၏အမြင်၌ ကျမ်းတော်မြတ်ကုရ်အာန် မှားနေကြောင်းကို ထင်ရှားစေရန် အစွမ်းကုန် တွက်ချက် တမင်သက်သက်) ဆုံးဖြတ်သတ်မှတ်လို၏။

[19] သို့ဖြစ်ပေရာ သူသည် မည်သို့ (တမင်သက်သက် တွေးဆ၍) ဆုံးဖြတ်သတ်မှတ်လျက် (အရှင်မြတ်၏ကရုဏာတော်မှ ဝေးကွာကာ သူ့ကိုယ်သူ) ပျက်စီးရာပျက်စီးကြောင်းသို့ ရောက်စေသနည်း။

[20] ထို့နောက် သူသည် (နောက်ထပ်တစ်ကြိမ်) မည်သို့ (တမင်သက်သက် တွေးဆ၍) ဆုံးဖြတ်သတ်မှတ် လျက် (အရှင်မြတ်၏ကရုဏာတော်မှ ဝေးကွာကာ သူ့ကိုယ်သူ) ပျက်စီးရာပျက်စီးကြောင်းသို့ ရောက်စေ သနည်း။

[21] ထို့နောက် သူသည် (ကျမ်းတော်မြတ်ကုရ်အာန် မှားနေကြောင်းကို ထင်ရှားစေရန် တောင်းဆိုလျက် ဆုံးဖြတ်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ထပ်ခါထပ်ခါ တွေးတောစဉ်းစားလျက်) လျှောက်ပတ်ကြည့်ရှုနေခဲ့၏။

[22] ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ (မျက်နှာကို ထပ်မံ) ရှုံ့မဲ့ပုပ်ပြခဲ့၏။

[23] ထို့နောက် သူသည် (စိတ်နှလုံးထဲ၌ ကျမ်းတော်မြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ကြောင်းကို အသေအချာ သိနေသော်ငြားလည်း ယင်းကို) ကျောခိုင်းပြီး မာန်မာနထောင်လွှားခဲ့လေ၏။

[24] ထို့နောက် (ယင်းကုရ်အာန်ကျမ်းတော်မြတ်အား မှားယွင်းကြောင်းသက်သေပြရန် အကြံအစည်အားလုံး ကမ်းကုန်သွား၍ နောက်ဆုံးတွင်) သူက “ဤသည် ရှေးခေတ်၌ တီထွင်ဖန်တီးခဲ့သော မော်ပယောဂ အတတ် ပညာသာ ဖြစ်၏။” ဟု စွပ်စွဲပြောဆိုခဲ့လေ၏။

[25] “ဤသည် လူသား၏ပြောဆိုချက်မှအပ အခြားမဟုတ်ပေ။”ဟုလည်း စွပ်စွဲပြောဆိုခဲ့လေ၏၊

[26] မကြာမီပင် ငါအရှင်မြတ်သည် သူ့အား စကရ် (မည်သော ငရဲမီး၏) တွင်းထဲသို့ ဝင်ရောက်စေတော်မူမည်။

[27] စင်စစ် (အို၊ ရစူလ်တမန်တော်) “စကရ် (မည်သော ငရဲမီး၏) တွင်းက အဘယ်နည်း” ဟူသည်ကို အသင် သိသလော။

[28] ယင်း (စကရ်မည်သော ငရဲမီး၏တွင်း) သည် (ယင်းထဲသို့ရောက်သွားသူအား တစ်ကိုယ်လုံး လောင်းကျွမ်းစေ၍ မသေနိုင်၊ မလွတ်မြောက်နိုင်အောင်) မည်သည့်အစိတ်အပိုင်းကိုမျှ ချန်လှပ်မထားဘဲ (မူလအတိုင်း) မကျန်ရစ်စေဘဲ လောင်စေမည့်အရာပင် ဖြစ်၏။

[29] (ယင်းစကရ်မည်သော ငရဲမီး၏တွင်းသည်) လူသား၏အရေပြားကို ချစ်ချစ်တောက်ပူလောင်စေလျက် ပြောင်းလဲစေမည့်အရာပင် ဖြစ်၏။

[30] ယင်းအပေါ်၌ (အင်အားအစောင့်အကြပ်) ဆယ့်ကိုး (ပါး) ရှိလေ၏။

[31] စင်စစ်သော်ကား ငါအရှင်မြတ်သည် မလာအီကာကောင်းကင်စေတမန်များကိုသာလျှင် ငရဲစောင့်များ အဖြစ် ခန့်အပ်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းအစောင့်အကြပ်တို့၏အရေအတွက်ကို မယုံ ကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက် စမ်းသပ်မှုတစ်ခုအဖြစ်လည်းကောင်း၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံရသူတို့အတွက် (သူတို့၏ပြက်ရယ်ပြု လှောင်ပြောင်ခြင်းနှင့်ရန်လိုမုန်တီးခြင်းကို ရင်ဆိုင်ပါလျက် အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသမျှအား ဟောပြောရှင်းလင်းတင်ပြရန် ဝန်မလေးသော တမန်တော်မုဟမ္မဒ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်ဖြစ်ကြောင်းကို အသေအချာ သိနားလည်စေတော်မူရန်လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၌ (သူတို့၏) ယုံကြည်မှု သဒ္ဓါတရား ပိုမို၍ တိုးပွားမြင့်မားစေတော်မူရန်လည်းကောင်၊း စီမံဖြစ်စေတော်မူခြင်း ဖြစ်၏။ သို့ဖြစ်ပေရာ၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံ ရသူတို့နှင့်သက်ဝင်ယုံကြည်သူတို့သည် (ယင်း၌) ဒွိဟသံသယဖြစ်စရာအကြောင်း မရှိနိုင်ပေ။ သို့ရာတွင် နှလုံးသား၌ (ယုံကြည်မှုသစ္စာတရားဆိုင်ရာ) ရောဂါဝေဒနာရှိနေသူများ၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များကမူ “အလ္လာဟ်အရှင်မြတ်သည် ဤဥပမာကို ထုတ်ဖော်တော်မူခြင်းဖြင့် မည်သည်ကို ရည်ရွယ် (ဆိုလို) တော်မူသနည်း၊” ဟု မေးမြန်းကြ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းလွှဲစေတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့် အညီ အလိုရှိတော်မူသောသူအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံသောဝါဒလမ်းစဉ်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (အင်အား) စစ်သည်တော်များအကြောင်းကို ထိုအရှင် မြတ်မှအပ (အခြား) မည်သူမျှပင် သိနိုင်မည် မဟုတ်ပေ။ အမှန်သော်ကား ယင်း (ကျမ်းတော်) သည် (သေမျိုးဖြစ်သော) လူသားတို့အတွက် (ဆုံးမသြဝါဒ နှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာသာလျှင် ဖြစ်၏။

[32] (ကျမ်းတော်မြတ်ကုရ်အာန်သည် မယုံကြည်သူတို့စွပ်စွဲသကဲ့သို မှော်ပယောအတတ် အလျှင်း မဟုတ် သည်ကို ငါအရှင်မြတ်က) လအား သက်သေထူတော်မူ၍ မိန့်တော်မူကြောင်း (မှတ်သားထားလော့) ။

[33] ထို့ပြင် (ငါအရှင်မြတ်သည်) ဆုတ်ခွာသွားသော ညကိုလည်း သက်သေထူတော်မူ၏။

[34] ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း၏အလင်းရောင်ဖြာထွက်စဉ် (မြင်ရသော ကြည်နူးဖွယ်ရာ) အာရုဏ်ဦး ကိုလည်း သက်သေထူတော်မူ၏။

[35] ဧကန်မလွဲ၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် (အရှင့်သက်သေလက္ခဏာတော်များအနက်မှ) အကြီးအကျယ်ဆုံးသောအရာ တစ်ခုဖြစ်၏။

[36] (ယင်းကျမ်းတော်သည်) လူသားတို့အတွက် သတိပေးနှိုးဆော်ချက်ပင် ဖြစ်၏။

[37] သင်တို့အနက် မည်သူမဆို (ယုံကြည်မှုသစ္စာတရားကို လက်ခံလျက် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့်ဘဝဆောက်တည်၍ ဖွံဖြိုးတိုးတက်မှုအတွက်) ရှေ့သို့တိုးလိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် (အရှင့် လမ်းစဥ်တော်မှ နောက်ဆုတ်လျက် မယုံကြည်မှုကို ရွေးချယ်၍ မကောင်းမှုအကုသိုလ်များဖြင့်ဘဝ ဆောက် လျက်) နောက်ကျ ကျန်ရစ်လိုသည်ဖြစ်စေ၊ (သူ့အတွက် အခွင့်အရေး ရှိနေ၏) ။

[38] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (လူတိုင်း) သည် (သူ၏ပြုမူကျင့်ကြံသမျှဖြင့်) သူရှာဖွေ ဆည်းပူးခဲ့သမျှနှင့်အညီ ခံစားစံစားစေတော်မူရန် ကတိထားတော်မူ၏။

[39] သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင် မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား ပြစ်ဒဏ်ခံစားရမည့်သူတို့တွင် မပါဝင်ကြပေ။

[40] (ယင်းလက်ယာဘက်၏အဖော်များသည်) သုခဥယျာဉ်များတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းကြလိမ့်မည်။

[41] (ယုံကြည်မှုကင်းသော) ရာဇဝတ်မှုကျူးလွန်သူတို့နှင့်ပတ်သက်၍။

[42] “မည်သည့်အရာသည် သင်တို့အား စကရ်မည်သော ငရဲမီး၏တွင်းထဲသို့ ဦးတည်ယူဆောင်စေသနည်း။” သူတို့အား မေးမြန်းကြမည်။

[43] သူတို့က “ကျွန်ုပ်တို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်သူ တို့အနက်မှ မဟုတ်ကြပေ။” ဟု ဖြေဆိုကြလိမ့်မည်။

[44] ထို့ပြင် ကျွန်ုပ်တို့သည် ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးတို့အား ကျွေးမွေးလေ့ရှိခဲ့ကြသည်လည်း မဟုတ်ပေ။

[45] ထို့ပြင် ကျွန်ုပ်တို့သည် (လမ်းမှားရောက်လျက် အချည်းနှီးသောကိစ္စများနှင့်မကောင်းမှုအကုသိုလ်များ ဖြင့်) ထိုးဆင်းမွေ့လျော်သူတို့နှင့်အတူ ထိုးဆင်းမွေ့လျော်သူများ ဖြစ်ကြလေ၏။

[46] ထို့ပြင် ကျွန်ုပ်တို့သည် (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် ဆုလဒ်နှင့်ပြစ်ဒဏ်ကို အစားပေးတော်မူမည့်) တမလွန်တရားစီရင်မည့်နေ့ကိုလည်း မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်နေခဲ့ကြ၏။

[47] နောက်ဆုံးတွင် အသေအချာ ရောက်လာစရာရှိသောအရာ (မရဏသေခြင်းတရား) သည် ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့လေ၏။

[48] သို့ဖြစ်ပေရာ ကြားဝင်အသနားခံပေးခွင့် ရကြသူတို့၏ကြားဝင်အသနားခံပေးမှုသည်ပင် သူတို့အား အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။

[49] (ဆုံးမသြဝါဒ နှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) မှ မျက်နှာလွဲကျောခိုင်းရန် သူတို့အတွက် မည်သည့် အကြောင်းရင်း ရှိခဲ့သနည်း။

[50] သူတို့သည် (ယင်းကျမ်းတော်မှ) အထိတ်တလန့်ဖြစ်လျက် ထွက်ပြေးသော မြည်းသတ္တဝါရိုင်းများကဲ့သို့ပင် ဖြစ်ကြ၏။

[51] ခြင်သေ့ (၏ဘေးရန်မှလွတ်မြောက်ရန်) ထွက်ပြေးသည့်အလားပင် ဖြစ်ကြ၏။

[52] စင်စစ်မူကား သူတို့အနက် ပုဂ္ဂိုလ်တိုင်းသည် ဖွင့်ထားသောကျမ်းတော် (၏စာမျက်နှာ) များကို (သူ့အတွက် သီးသန့်) ချမှတ်ပေးအပ်တော်မူခြင်းခံကြရန် လိုလားတောင့်တခဲ့ကြ၏။

[53] (ထိုသို့ ချမှတ်ပေးအပ်တော်မူခြင်းသည်) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ အမှန်မှာ သူတို့သည် တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။

[54] (ထိုသို့ သူတို့ လိုချင်သည့်ပုံစံအတိုင်း ချမှတ်ပေးအပ်တော်မူခြင်းသည်) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ဧကန်မလွဲ၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။

[55] သို့ဖြစ်ပေရာ၊ မည်သူမဆို အလိုရှိခဲ့မူ ယင်း (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ) ကို လေ့လာမှတ်သား၍ တရားရယူနိုင်၏။

[56] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ သူတို့သည် ယင်း (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့် သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာ) ကို လေ့လာမှတ်သား၍ တရားရယူနိုင်ကြမည် မဟုတ်ပေ။ ထိုအရှင်မြတ်သာလျှင် သက္ကဝါ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့် သုံးခြင်း) နှင့်ထိုက်တန်တော်မူသောအရှင်၊ လွတ်ငြိမ်းချမ်းသာမှုပေးခွင့်ရှိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

ရှင်ပြန်ထမြောက်ခြင်း

Surah 75

[1] (လူသားက ထင်ရာစိုင်းလုပ်ပြီး လွတ်သွားနိုင်မည်ဟု ထင်မှတ်နေကြ၏။) ထိုသို့အလျှင်း မဟုတ်ပေ။ ငါ အရှင်မြတ်သည် (လူသားတို့၏ပြုမူကျင့်ကြံမှုဟူသမျှနှင့်စပ်လျဥ်း၍ တရားစီရင်မည့်နေ့) ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

[2] (လူသားက ထင်ရာစိုင်းလုပ်ပြီး လွတ်သွားနိုင်မည်ဟု ထင်မှတ်နေကြ၏။) ထိုသို့အလျှင်း မဟုတ်ပေ။ ငါအရှင်မြတ်သည် (လူသား၏မိမိကိုယ်ကို သတိရှိလျက်) လွန်စွာပြစ်တင်ဆုံးမတတ်သောနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

[3] လူသားသည် (ကွယ်လွန်သေဆုံး၍ ပုပ်သိုးပျက်စီးသွားသော) သူ၏အရိုးများကို ငါအရှင်မြတ်က ပြန်လည် စုစည်းစေတော်မူနိုင်မည်မဟုတ်ဟု တွက်ချက်တွေ့မြင်ထင်မှတ်နေသလော။

[4] ဧကန်မုချပင်၊ စုစည်းတော်မူနိုင်၏။ ငါအရှင်မြတ်သည် လူသား၏လက်ဖျားထိပ်မှသည် (ခန္ဓာကိုယ် တစ်ခုလုံးပင်လျှင် မူလအခြေအနေအတိုင်း ပြန်လည်၍ အရှင့်စည်းမျဥ်းနိယာမတော်နှင့်အညီ) ပုံဖော်နိုင်စွမ်းရှိ တော်မူသောအရှင် ဖြစ်တော်မူ၏။

[5] သို့ရာတွင် လူသားသည် (သူ၏အလိုရမ္မက်နှင့်အညီသာ စိတ်ကြိုက် တစ်ဇွတ်ထိုးရွေးချယ်လုပ်ဆောင် လျက်) သူ့ရှေ့အနာဂတ်ကာလ၌ (ရှင်ပြန်ထမည့်နေ့ရှိခြင်းကိုပင် မမှန်မကန် လိမ်လည်စွပ်စွဲ၍) အမှန်ပင် ငြင်းပယ်လို၏။

[6] လူသားက “ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်မည်နည်း။”ဟု မေးမြန်း၏။

[7] သို့ဖြစ်ပေရာ (ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့်) အမြင်စွမ်းရည်များ ရှုပ်ထွေး၍ မွှန်ထူလျက် ဝေခွဲမရဖြစ်သည့်အခါ။

[8] ထို့ပြင် လသည် အလင်းရောင်ကင်းမဲ့လျက် မှောင်မည်းလာသည့်အခါ။

[9] ထို့ပြင် နေနှင့်လတို့သည် တစ်ပြိုင်တည်း ပေါင်းစပ်ခြင်းခံကြရပေမည်။

[10] ထိုနေ့တွင် လူသားတို့က “(ကျွန်ုပ်တို့အတွက်) ထွက်ပြေးလွတ်မြောက်ရာ အဘယ်မှာနည်း။” ဟု မေးမြန်းကြပေမည်။

[11] မည်သည့်နည်းနှင့်မျှ ထွက်ပြေးလွတ်မြောက်ရာ မရနိုင်ပေ။ ထွက်ပြေးခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

[12] ထိုနေ့တွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့သာ (လူ့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်) ထာဝရ ခိုလှုံရာဌာနသည် ရှိလိမ့်မည်ဖြစ်၏။

[13] ထိုနေ့တွင် လူသားသည် (လောကီဘဝ၌ ကောင်းမှုကုသိုလ်များနှင့်မကောင်းမှုအကုသိုလ်များကို ပြုမူကျင့်ကြံ၍ တမလွန်၌ ဆုလဒ်နှင့်ပြစ်များ ရရှိခံစားနိုင်ရန်) ကြိုတင်ပို့နှင့်ခဲ့သမျှနှင့်စပ်လျဉ်း၍လည်းကောင်း၊ (နောင်လာနောင်သားတို့အတွက်) ချန်ထားခဲ့သမျှနှင့်စပ်လျဥ်း၍လည်းကောင်း၊ အကြောင်းကြား သတင်းပေးခြင်း ခံရမည်ဖြစ် (၍ ကောင်းကျိုးဆိုးကျိုးကို သိနားလည်လာ) လိမ့်မည်။

[14] အမှန်စင်စစ် လူသားသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ သူကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်လိမ့်မည်။

[15] စင်စစ် သူသည် သူ၏ဆင်ခြေအကြောင်းပြချက်များကို (မည်မျှပင်) တင်ပြသော်ငြားလည်း။

[16] အသင်သည် (ကောင်းကင်စေတမန် ဂျီးဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယသ်သက်သေလက္ခဏာ တော်များကို ရွတ်ဖတ်တော်မူသည့်အခါ ယင်းကို သင်၏နှလုံးသား၌) အလျှင်အမြန် ထိန်းသိမ်းထားနိုင်ရန်အလို့ ငှာ ယင်းနှင့်စပ်လျဉ်း၍ သင်၏လျှာကို (စိတ်စောလျက်) မလှုပ်လေနှင့်။

[17] ဧကန်စင်စစ်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို စုဆောင်းထိန်းသိမ်းစေခြင်းနှင့်ယင်းကို ဖတ်ရွတ်စေခြင်းသည် ငါအရှင်မြတ်၏တာဝန်ဖြစ်၏။

[18] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားစေတော်မူသောအခါ အသင်သည် ယင်း (ကုရ်အာန်) ၏ဖတ်ကြားချက်ကို နာခံလိုက်နာလော့။

[19] ထို့နောက် ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ရှင်းပြစေခြင်းသည်လည်း ငါအရှင်မြတ်၏တာဝန်သာ ဖြစ်၏။

[20] အမှန်မှာ၊ သင်တို့ (လူသား) က ယင်းကို လိုက်နာခြင်းမရှိဘဲ (လောကီဘဝ၌သာ ရရှိခံစားနိုင်သော) လတ်တလော (အကျိုးအမြတ်များကိုသာ ပိုမို၍ လိုလား) နှစ်သက်ကြ၏။

[21] ထို့ပြင် သင်တို့သည် (လုပ်ရပ်ဟူသမျှအတွက် စီရင်ဆုံးဖြတ်တော်မူမည်ကို မယုံကြည်ဘဲ) နောင်တမလွန်ဘဝအား စွန့်လွှတ်ပစ်ပယ်ထားကြ၏။

[22] ထိုနေ့တွင် မျက်နှာအချို့သည် (သူတို့လုပ်ရပ်များ၏အကျိုးဆက်ကြောင့် အားရကျေနပ်လျက်) ရွှင်လန်း တောက်ပနေကြပေမည်။

[23] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့ ဦးတည်ရှေးရှုကြပေမည်။

[24] သို့ရာတွင် ထို့နေ့၌ မျက်နှာအချို့သည်ကား (သူတို့၏မကောင်းသောလုပ်ရပ်များကြောင့် အရေးယူခံမည် ဖြစ်၍ မျှော်လင့်ချက်ကင်းမဲ့လျက်) ရှုံ့မဲ့ညှိုးနွမ်းနေကြပေမည်။

[25] သူတို့၌ ခါးရိုးကျိုးစေမည့် (ပြစ်ဒဏ်ဆိုင်ရာ) ဘေးဒုက္ခဝေဒနာများရောက်စေတော်မူခြင်းနှင့်စပ်လျဉ်း၍ တွေးတောနေကြလိမ့်မည်။

[26] ထိုမျှမက အမှန်မှာ၊ ယင်း (ဘဝနိဂုံးချုပ်ချိန်) သည် လည်ပင်း၏ညှပ်ရိုးအထိ ရောက်ရှိလာသောအခါ (ဘဝသည် အဓိပ္ပါယ်မဲ့လျက် ကျန်ရစ်နေမည်မှာ သံသယဖြစ်စရာ မလိုပေ။)

[27] ထို့ပြင် သူသည် “(ယခုအခါ သင့်အား) ကုစားမည့် မှော်ဆရာ မည်သူနည်း။“ဟု မေးမြန်းခြင်းခံရမည်။

[28] ထို့ပြင် ဧကန်စင်စစ်၊ ယင်း (အချိန်) သည်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်။” ဟု အသေအချာပင် ထင်မှတ်လိမ့်မည်။

[29] ထို့ပြင် (သေခြင်းတရား၏မချိမဆံ့ဝေဒနာကို ခံစားလျက်) ခြေသလုံးသည် ခြေသလုံးဖြင့် လိမ်ယှက်သွားပေမည်။

[30] ထိုနေ့တွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့ ဦးတည်မောင်းနှင်ခံရသူအဖြစ် ပြန်သွားရပေမည်။

[31] စင်စစ်သော်ကား လူသားသည် (သူ့ထံ အရှင့်သတင်းစကားတော်အဖြစ် ရောက်ရှိလာသော) အမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံသည် မဟုတ်သည့်အပြင် ဆွလာသ်ဝတ်ပြုမှုကိုလည်း ဆောက် တည်ကြသည် မဟုတ်ပေ။

[32] သို့ရာတွင် သူသည် (ထိုအမှန်တရား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး မျက်နှာလွှဲကျောခိုင်းခဲ့လေ၏။)

[33] ထို့နောက် သူသည် သူ့မိသားစုအသိုင်းအဝိုင်းထံသို့ ကိုယ့်ကိုယ်ကို သွေးကြီး၍ အထင်ကြီးလျက် အားရဝမ်းသာသွားလေ၏။

[34] အသင့်အပေါ် ဒုက္ခပျက်စီးကိန်းနှင့်ထိုက်တန်သည့်အလျှောက် ထိုက်တန်သော ဒုက္ခပျက်စီးကိန်းရှိပါစေ။” (ဟု အပြောခံရမည်။)

[35] ထို့နောက် တစ်ဖန် အသင့်အပေါ် ဒုက္ခပျက်စီးကိန်းနှင့်ထိုက်တန်သည့်အလျှောက် ထိုက်တန်သောဒုက္ခ ပျက်စီးကိန်းရှိပါစေ။” (ဟု အပြောခံရမည်။)

[36] “လူသားသည် (ထင်ရာစိုင်း စိတ်ကြိုက်လုပ်ခြင်းအား အရေးယူမခံရဘဲ) ထိုအတိုင်း ဥပေက္ခာပြုလျက် လွှတ်ထားခြင်းခံရမည်။” ဟု ထင်မှတ်လေသလော။

[37] ယင်းလူသားသည် သွန်းလောင်းခြင်းခံရသော သုက်ရည်တစ်စက်မှ ဖြစ်စေတော်မူခြင်းခံခဲ့ရသည် မဟုတ်လော။

[38] ယင်းလူသားသည် သွန်းလောင်းခြင်းခံရသော သုက်ရည်တစ်စက်မှ ဖြစ်စေတော်မူခြင်းခံခဲ့ရသည် မဟုတ်လော။

[39] ထို့နောက် ထိုအရှင်မြတ်သည် ယင်း (တွယ်ကပ်နေသောအရာ) မှ (အဖိုနှင့်အမ) ဒွယံဒွယံ စီမံဖြစ်စေတော်မူခဲ့၏။

[40] ထိုနည်းအတိုင်းပင် ထိုအရှင်မြတ်သည် သက်မဲ့တို့အား သက်ရှိဖြစ်စေတော်မူရန် (စည်းမျဉ်းနိယာမတော်များ သတ်မှတ်တော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည် မဟုတ်လော။

အချိန်ကာလ

Surah 76

[1] တစ်စုံတစ်ရာကို လူသားဟု ရည်ညွှန်း၍ ထုတ်ဖော်နိုင်ခြင်းမရှိခဲ့သော အချိန်ကာလကုန်လွန် သွားပြီးနောက် (လူသားသည်သာ အရာအားလုံးထက် မြင့်မြတ်ကြောင်းထင်ရှားစေတော်မူသော ခေတ်လာကာလအဖြစ်) လူသား၏အပေါ်ဝယ် ခေတ်ကာလအနက်မှ အချိန်တစ်ချိန်သည် ဧကန်ပင်၊ ရောက်ရှိလာခဲ့၏။

[2] ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့် (အဆင့်ဆင့် ပြောင်းလဲဖွံ့ဖြိုးစေတော်မူလျက်) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ဖြစ် ပေရာ ငါအရှင်မြတ်သည် လူသားအား (အခြားသက်ရှိများထက် အရှင့်အမိန့်တော်များ၊ သက်သေလက္ခဏာတော်များနှင့်စည်းမျဉ်းနိယာမတော်များကို နားလည်နိုင်ရန် ထူးခြားသော) အကြားအာရုံနှင့်အမြင်အာရုံကိုလည်း စီမံဖြစ်စေတော်မူ၏။

[3] ဧကန်ပင်၊ ငါအရှင်မြတ်သည် (လူသားက ယင်းကို နာခံလိုက်နာ၍) ကျေးဇူးသိတတ်သူဖြစ်နိုင်ရန်လည်းကောင်း၊ (အာခံဖီဆန်၍ စိတ်အလိုရမ္မက်နောက် လိုက်လျက်) ကျေးဇူးကန်းသူဖြစ်နိုင်ရန်လည်းကောင်း၊ (လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးတော်မူကာ) တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။

[4] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကျေးဇူးကန်းသော မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက် မီးသံကြိုးများ၊ လက်ထိတ်ခြေထိတ်များနှင့်မီးတောက်မီးလျှံတို့ကို အသင့်ပြင်ဆင်ထားတော်မူ၏။

[5] ဧကန်စင်စစ်၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသောသူတော်မြတ်တို့အား အနံ့အရသာပြည့်စုံစွာ ရောစပ်ထားသော အဖျော်ယမကာပြည့်လျှံသည့်ခွက်မှ (သောက်သုံးစရာများကို နောင်တမလွန်၌) သောက်သုံးစေတော်မူမည် ဖြစ်၏။

[6] အလ္လာဟ်အရှင်မြတ်၏ (ထူးကဲမြင့်မြတ်သော) အစေခံလူသားတို့သည် သောက်သုံးစရာများ အလျှံပယ် ပန်းထွက်လျှက်ရှိသော စိမ့်စမ်းရေမှ (သောက်စရာများကို) သောက်သုံးခွင့်ရကြလိမ့်မည်။

[7] မကောင်းမှုဒုစရိုက်၏ထိုက်တန်ပြင်းထန်သောအကျိုးဆက်သည် လူတိုင်းအား လွှမ်းခြုံစေခြင်းခံရမည်ကို ကြောက်ရွံ့စိုးရိမ်လျက် (မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ရန် တာဝန်ဝတ္တရားဟူသမျှကို ကြည်ဖြူစွာ ထမ်း ဆောင်ရန်) အဓိဌာန်ပြုခြင်းနှင်အညီ အပြည့်အဝ ဖြည့်ဆည်းစေတော်မူခြင်းခံသူများလည်း ရှိကြမည်။

[8] ထို့ပြင် သူတို့သည် ကျွေးမွေးစရာ စားစရာများကို (သူတို့ကိုယ်တိုင် လိုလားနှစ်သက်ကြလျက်နှင့်ပင်) ထိုအရှင်မြတ်ကို ချစ်ကြည်မြတ်နိုးသောကြောင့် ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးသူများ၊ မိဘမဲ့များနှင့်စစ်သုံ့ပန်း များအား ကျွေးမွေးကြ၏။

[9] (သူတို့က) “ကျွန်ုပ်တို့သည် သင်တို့ထံမှ မည်သည့် အကျိုးဆုလဒ်နှင့် (ချီးမွမ်းခြင်း) ကျေးဇူးတင်ခြင်းကိုမျှ လိုလားတောင့်တသည် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ဦးတည်ရှေးရှု၍သာ သင်တို့အား ကျွေးမွေးခြင်းဖြစ်၏။” ဟု ပြောဆိုကြ၏။

[10] ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (စီရင်တော်မူ၍) ကြံမ္မာငင်ခက်ထန်သော၊ စိတ်သောကဝေဒနာခံစားစေမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်ကြ၏၊ (ဟုပြောကြ၏။)

[11] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထိုသို့သောနေ့၌ (မကောင်းမှုကြောင့် ရင်ဆိုင်ရမည့်) ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တော်မူသည့်အပြင် ထိုသူတို့အား ရွှင်လန်းတောက်ပမှုနှင့်ဝမ်းမြောက်ပျော်ရွှင်မှုကို ရှာတွေ့နိုင်စွမ်းပေးတော်မူပေမည်။

[12] ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အား (လောကီဘဝ၌ အရှင့်လမ်းစဥ်တော်နှင့်အညီ ဘဝဆောက်တည်စဥ် ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံခဲ့ခြင်းနှင့်အညီ (အကျိုးဆုလဒ်အဖြစ်) သုခဥယျာဥ်နှင့်ပိုးထည်ကို အစားပေးတော်မူမည်။

[13] (သူတို့သည်) ယင်း (သုခဥယျာဉ်) ထဲရှိ အလှတန်ဆာဆင်ထားသော သလွန်များပေါ်၌ မှီလျက် ကျော ခင်းကြပေမည်။ သူတို့သည် ယင်း (သုခဘုံ) ၌ နေ၏အပူအရှိန်ကိုလည်းကောင်း၊ အလွန်ပြင်းထန်သော အအေး ဒဏ်ကိုလည်းကောင်း၊ တွေ့မြင်ကြမည် မဟုတ်ပေ။

[14] ထို့ပြင် ယင်း (သုခဥယျာဉ်ရှိအပင်များ) ၏အရိပ်တို့သည် သူတို့အပေါ်၌ ကိုင်းညွှတ်ကျနေလျက်ရှိသည့်အပြင် ယင်း (သုခဥယျာဉ်ရှိအပင်များ) ၏အပြွတ်အခိုင်လိုက်သီးသော သစ်သီးဝလံတို့သည်လည်း (လက်လှမ်းမီသည်အထိ) အောက်သို့ ညွှတ်ကျလျက် ရှိကြပေမည်။

[15] ထို့ပြင် သူတို့ထံ သလင်းကျောက်ပမာ ကြည်လင်သော ငွေဖျဉ်းအိုးမှ ငွေခွက်များဖြင့် (အဖျော်ယမကာများ) တည်ခင်းဧည့်ခံရန် အလှည့်ကျရောက်လာကြမည်။

[16] သလင်းကျောက်ပမာ ကြည်လင်ဖောက်မြင်နိုင်သော ငွေခွက်များဖြစ်၍ ယင်း (သောက်စရာများ) ကို (သူတို့ဆန္ဒရှိသည့်) ပမာဏအတိုင်းအတာဖြင့် (သူတို့ကိုယ်တိုင်ဆုံးဖြတ်လျက်) တိုင်းတာသတ်မှတ်မှုများကို သတ်မှတ်နိုင်ကြမည်။

[17] ထို့ပြင် သူတို့သည် ယင်း (သုခဥယျာဉ်) ၌ ချင်းနံ့သင်းထားသော (သောက်စရာ) ခွက်များဖြင့် တည်ခင်း တိုက်ကျွေးခြင်းကိုလည်း ခံကြရပေမည်။

[18] ယင်း (သုခဥယျာဉ်) ၌ (သူတို့ ဆန္ဒရှိသည့်အလျှောက် စဉ်ဆက်မပြတ် တသွင်သွင် စီးဆင်းနေမည့်) စလ်စဗီလ်ဟု အမည်ပေးထားသော စိမ့်စမ်းရေလည်း ရှိနေ၏။

[19] ထို့ပြင် သူတို့ထံ သေမျိုးမဟုတ်သော (သူတို့နှင့်အတူထာဝရရှိနေမည့် သားရတနာများနှင့်ဝန်ထမ်းများအဖြစ် အသက်ငယ်သည့်) လူငယ်များ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။ အသင်သည် သူတို့အား တွေ့မြင်သောအခါ သူတို့ကို ကျိုးတိုးကျဲတဲ ဖြန့်ကြဲထားသော ပုလဲများအဖြစ် ထင်မှတ်ပေမည်။

[20] ထို့ပြင် အသင်သည် (သုခဥယျာဉ်၏) မည်သည့်နေရာကိုပင် ထပ်တလဲလဲ ကြည့်ရှုသည်ဖြစ်စေ (မည်သည့်အခါမျှ မတွေးထားသော) ကျေးဇူးတော်ဖြင့်ဂုဏ်ပြုထားခြင်းနှင့်အလွန်ကြီးကျယ်မြင့်မြတ်သော အချုပ် အခြာအာဏာတော်ကိုသာ တွေ့ရှိရပေမည်။

[21] (ထိုသုခဥယျာဉ်၏အဖော်များဖြစ်ကြသော) သူတို့ (၏ခန္ဓာကိုယ်များ) ပေါ်၌ မြစိမ်းရောင် ပိုးထည်များနှင့်ဖောင့်ကြွပန်းထိုးထားသော ပိုးထည်များရှိလိမ့်မည်။ ထို့ပြင် သူတို့သည် ငွေလက်ပတ်များဖြင့် အလှတန် ဆာဆင်ယင်ပေးခြင်းခံကြရလျက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အား စင်ကြယ်သန့်စင်သောအအဖျော်ယမကာသောက်စရာများကို တိုက်ကျွေးတော် မူလိမ့်မည်။

[22] ဧကန်မလွဲ၊ ဤသည်ကား သင်တို့ (၏ပြုမူကျင့်ကြံမှု) အတွက် (အစားပေးတော်မူသော) အကျိုးဆုလဒ် ပင်ဖြစ်၏။ စင်စစ်သော်ကား သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် (အရှင်မြတ်ထံတော်၌) အသိအမှတ်ပြု လက်ခံတော်မူခြင်းခံကြရလေပြီ။

[23] (အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ ငါအရှင်မြတ်သည်သာလျှင် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းချင်း ချမှတ်ပေးအပ်တော်မူခဲ့၏။

[24] သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော်ဆောင်ရွက်ရာ၌ ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများအား ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ ထို့ပြင် သူတို့အနက်မှ တမင်တကာ ပြစ်မှုကျူးလွန်သူများနှင့်ကျေးဇူးကန်းသော မယုံကြည်သူများ (၏အလိုဆန္ဒများနှင့်သူတို့လိုချင်သော အပြောင်းအလဲများ) ကို အလေးထားလျက် လိုက်လျောခြင်းမပြုလေနှင့်။

[25] ထို့ပြင် အသင်သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ (ဝတ်ပြုဆုတောင်းစဥ်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။။

[26] တစ်ဖန် အသင်သည် ည၏အစိတ်အပိုင်း၌လည်း ထိုအရှင်မြတ်အား နာခံဦးချလော့။ ထို့ပြင် အသင်သည် ည၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

[27] ဧကန်စင်စစ်၊ (ပြစ်မှုကျူးလွန်သော မယုံကြည်သူများဖြစ်ကြသည့်) ဤပုဂ္ဂိုလ်တို့သည်ကား လတ်တလော (အကျိုးအမြတ်ရနေဟု ထင်မြင်ကြသည့်) လောကီဘဝကို ပိုမို၍ နှစ်သက်မြတ်နိုးကြရုံသာမက (သူတို့၏ ရှေ့တွင် လုပ်ရပ်ဟူသမျှအား စီရင်စစ်ဆေးခြင်းခံရမည့်) ခက်ခဲကြီးလေးသောနေ့ကိုမူ (အလေးမထားဘဲ) သူတို့၏နောက် ကျောသို့ ပစ်ပယ်စွန့်ပစ်ထားကြ၏။

[28] ငါအရှင်မြတ်သည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည်ပင် သူတို့ ၏ (ခန္ဓာကိုယ်၌) ပေါင်းစပ်ဖွဲ့စည်းစေတော်မူသော (သွေးလည်ပတ်မှု၊ အသက်ရှူမှု၊ စသော စနစ်များကိုလည်း) အခိုင်အမာဖြစ်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါဝယ် သူတို့၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်ကိုယ်တရားအားလုံးကိုပင် အလားတူ ပြောင်းလဲစေတော်မူနိုင်၏။

[29] ဧကန်မလွဲ၊ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည်ကား (ဆုံးမသြဝါဒများနှင့်သတိပေးတရားတော်များ ပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို လိုအင်ဆန္ဒရှိလျှင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ (ပျော်ရွှင်စွာ ရောက်စေသည့်) လမ်းစဥ်ကို ရွေးချယ်နိုင်၏။

[30] စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ အသင်တို့သည် အလိုရှိနိုင်ကြမည် မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

[31] ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား အရှင့်ကရုဏာတော်အတွင်းသို့ ဝင်ရောက်စေတော်မူ၏။ သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက်မူကား၊ ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်တော်ကို အသင့်ပြင်ဆင်ထားတော်မူ၏။

စေလွှတ်သောအရာ

Surah 77

[1] (ငါအရှင်မြတ်သည်) ကောင်းမြတ်သော အကျိုးဆက်ဖြစ်စေတော်မူရန်အလို့ငှာ (တစ်ပါးပြီးတစ်ပါး ဆက်တိုက်) စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်း ခံရသောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။

[2] တစ်ဖန် (ငါအရှင်မြတ်သည်) လေပြင်းမုန်တိုင်းပမာ အားမာန်အပြည့်နှင့်သွက်လက်လျှင်မြန်စွာ လှုပ်ရှား (လျက် ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူထား) သောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည် လူသားအားလုံးအတွက် အကျိုးရှိစေမည့် အရှင့်ဝဟီ) အမိန့်ထုတ်ပြန်ချက်တော်များကို လိပ်ခေါက်ပွေ့ပိုက်လျက် ပျံ့နှံ့စေသောသူများကို သက်သေထူတော်မူ၏။

[4] တစ်ဖန် (ငါအရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်မှုနှင့်လမ်းမှားမှုကို ကြည်လင်ပြတ်သားစွာ) ခွဲခြားသိ မြင်စေသော မှတ်ကျောက်အား သက်သေထူတော်မူ၏။

[5] ထို့ပြင် (ငါအရှင်မြတ်သည် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော သတိပေးတရားပါဝင်သည့်) အရှင့်အမိန့်တော်များအား ယူဆောင်ချမှတ်ပေးအပ်သောသူ (မလာအီကာ ကောင်းကင်စေတမန်) များကို သက်သေထူတော်မူ၏။

[6] (ယင်းတို့အနက်မှ အချို့အား) ခွင့်လွတ်မှုကို ပန်ကြားတောင်းခံနိုင်သည့်အကြောင်းရင်း ဖြစ်စေရန် သို့တည်းမဟုတ် (အချို့ကိုမူကား) သတိပေးနှိုးဆော်ရန်အလို့ငှာပင် ဖြစ်၏။

[7] ဧကန်မလွဲ၊ သင်တို့အား ကတိထားတော်မူသောအရာများသည် အမှန်ပင် ဖြစ်ပျက်လာရန် သတ်မှတ်ပြဌာန်းထားတော်မူ၏။

[8] ကြယ်နက္ခတ်တာရာတို့ (၏အလင်းရောင်) သည် မှေးမှိန်ကွယ်ပျောက်စေတော်မူသောအခါ။

[9] ထို့ပြင် မိုးကောင်းကင်သည် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲခြင်းခံရသည့်အခါ။

[10] ထို့ပြင် တောင်များသည် မြေလှန်ပစ်ခံကြရ (ပြီးလျှင် မြေမှုန့်များပမာ လေထဲ၌ လွင့်ပါးသွား) သည့်အခါ။

[11] ထို့ပြင် အရှင့်အမှုတော်ဆောင် ရစူလ်တမန်တော်များသည် (သူတို့၏လူမျိုးများနှင့်ဆန့်ကျင်၍ သက်သေ ထွက်ဆိုကြရန်) သတ်မှတ်ချိန်းဆိုထားသောအချိန်၌ စုရုံးစေတော်မူခြင်း ခံကြရသောအခါ။

[12] (အမှားနှင့်အမှန်၊ တရားမှန်အတိုင်းဘဝဆောက်တည်သူနှင့်လမ်းမှားရောက်သူတို့ကို ကွဲပြားစွာ ဆန်ခါတင် ရွေးချယ်၍ တရားစီရင်ဆုံဖြတ်ရန် မဟုတ်ဘဲ အခြား) မည်သည့် (အရေးကိစ္စ) အတွက် ထိုနေ့ကာလကို သတ်မှတ်ထားတော်မူမည်နည်း။

[13] ယင်းစီရင်ဆုံးဖြတ်မည့်နေ့သည် (လောကီဘဝ၌ လူတိုက မည်သို့ယုံကြည်၍ မည်သည့်ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို) ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်စေရန် အတွက်ပင် ဖြစ်၏။

[14] (အို၊ ရစူလ်တမန်တော်) ၊ ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စီစစ်လျက် စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိသလော။

[15] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ် ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[16] ငါအရှင်မြတ်သည် ရှေးခေတ် (၌ အရှင်မြတ်အား အာခံဖီဆန်၍ ငြင်းပယ်ကြသော) လူမျိုးတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။

[17] ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် (ရှေးခေတ်လူမျိုးတို့၏နောက်တွင် ပေါ်လာခဲ့သော)​ အခြားမျိုး ဆက်များသည်လည်း (အလားတူ ငြင်းပယ်ခဲ့ခြင်းကြောင့်) သူတို့နောက်လိုက်စေတော်မူခဲ့၏။

[18] ငါအရှင်မြတ်သည် (မယုံကြည်သော) ရာဇဝတ်မှုကျူးလွန်သူတို့နှင့်ပတ်သက်၍ ထိုနည်းအတိုင်းပင် ကိုင်တွယ်ဖြေရှင်းတော်မူခဲ့၏။

[19] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[20] ငါအရှင်မြတ်သည် သင်တို့အား (လူသား၏မျိုးဆက်မျိုးပွားမှုဖြစ်စဉ်အရ ညှစ်ထုတ်ထားသော) နှိမ့်ချဖွယ်ရာ အညတရ မျိုးစေ့ရည်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သည် မဟုတ်လော။ (သို့ပါလျက် သင်တို့သည် အဘယ်ကြောင့် ထိုအရှင်မြတ်ကို ငြင်းပယ်ရဲကြသနည်း။)

[21] တစ်ဖန် ငါအရှင်မြတ်သည် ယင်း (အညတရ မျိုးစေ့ရည်) ကို တည်ငြိမ်၍ လုံခြုံစိတ်ချရသော နေရာ၌ ထားရှိတော်မူ၏။

[22] (ပဋိသန္ဒေတည်ရှိနေချိန်ကာလကို လူသားတို့အား) သိစေတော်မူလျက် ကြိုတင်ပြဌာန်းသတ်မှတ်ပြီးသော အချိန်ကာလအထိ။

[23] ထိုသို့ပင် ငါအရှင်မြတ်သည် (သင်တို့၏အသက်ရှင် ရပ်တည်မှုနှင့်ဆက်နွယ်နေသော အရာဟူသမျှကို) စနစ်တကျ တွက်ချက်တိုင်းတာ၍ စီမံသတ်မှတ်လျက် ဖြစ်စေတော်မူရာ (ငါအရှင်မြတ်သည်) အဘယ်မျှ ကောင်းမြတ်သောစနစ်ဖြင့် တွက်ချက်တိုင်းတာ၍ စီမံသတ်မှတ်လျက် ဖြစ်စေတော်သောအရှင် ဖြစ်တော်မူ (ပြီး သင်တို့အား ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူ) သနည်း။

[24] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ် ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[25] ငါအရှင်မြတ်သည် မြေကမ္ဘာအား (သက်ရှိသက်မဲ့များ၏မှီခိုစရာနှင့်သက်ရှိတို့၏လိုအပ်ချက်များကို) စုဆောင်း ထားသိုစရာအဖြစ် စီမံဖြစ်စေတော်မူသည် မဟုတ်လော။

[26] (ထိုသို့ စီမံဖြစ်စေတော်မူခြင်းသည်) သက်ရှိ၊ သက်မဲ့အားလုံးအတွက်ပင် ဖြစ်၏။

[27] ထို့ပြင် ငါအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) ၌ အရေးပါမှုနှင့်အမြင့်အားဖြင့် မြင့်မားသောတောင်များကို စနစ်တကျ အခိုင်အမာ မြဲမြံစွာ တည်ရှိစေတော်မူပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား (ယင်းတောင်များမှ ပန်းထွက်သည့် သောက်သုံးစရာ) ရေချိုရေသန့်ကို တိုက်ကျွေးတော်မူ၏။

[28] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြ သောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[29] (ထိုသို့ ကျေးဇူးတော်များကို ချီးမြှင့်ပေးအပ်တော်မူသော်လည်း) သင်တို့သည် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်လျက် ယင်း၏အကျိုးဆက်ရှိရာ (ငရဲမီး) ဘက်သို့ ဆက်လက်ရှေ့တိုး လျှောက်သွားကြမည်လော။

[30] (ထိုသို့ဖြင့်) သင်တို့သည် (မီးခိုးနက်များ တက်နေသော) အရိပ်အာဝါသအောက် အကိုင်း (ကော်လံ) သုံးခု ရှိရာဘက်သို့ ဆက်လက်ရှေ့တိုး လျှောက်သွားကြမည်လော။

[31] (ယင်းအရိပ်အာဝါသသည် အေးမြသက်သာစေသော) အရိပ်လည်း ဖြစ်မည်မဟုတ်သည့်အပြင် ချစ်ချစ်တောက်ပူလောင်သော မီးတောက်မီးလျှံမှ (အကာအကွယ်ရရန်) အရာရောက် အသုံးဝင်လိမ့်မည်လည်း မဟုတ်ပေ။

[32] ဧကန်ပင်၊ ယင်း (ငရဲမီး) သည် ရဲတိုက်ပမာဖြစ်သော မီးပွင့်မီးပွားများကို လွှင့်ပစ်စေလိမ့်မည်။

[33] ယင်း (မီးပွင့်မီးပွားများ) သည် အဝါရောင်သန်းသော ကုလားအုတ်များကဲ့သို့ (ဖြန့်ကြဲလျက်) ရှိကြပေမည်။

[34] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[35] ဤနေ့သည် (ထိုမယုံကြည် ငြင်းပယ်ကြသော) သူတို့က စကားပြောဆို ဖွင့်ဟခွင့်ရကြမည် မဟုတ်သော နေ့ကာလပင် ဖြစ်၏။

[36] သူတို့သည် သူတို့အတွက် ဆင်ခြေအကြောင်းပြချက်များကိုလည်း တင်ပြခွင့်ရကြလိမ့်မည် မဟုတ်ပေ။

[37] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[38] ဤသည်ပင် (လောကီဘဝ၌ လူ့တိုက မည်သို့ ယုံကြည်၍ မည်သည့် ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို) ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်လျက် ဆုံးဖြတ်မည့်နေ့ပင် ဖြစ်၏။ (ထို့နေ့တွင်) ငါအရှင်မြတ်သည် သင်တို့နှင့် (သင်တို့အလျင် လွန်လေခဲ့ပြီဖြစ်သော) ရှေးခေတ် လူ့အသိုင်းအဝိုင်းများကိုပါ စုရုံးစေတော်မူလိမ့်မည်။

[39] သို့ဖြစ်ပေရာ အကယ်၍ သင်တို့အတွက် (အရှင်မြတ်၏ပြစ်ဒဏ်များမှ သင်တို့ကိုယ်သင်တို့ ကာကွယ်နိုင်မည့်) အကြံအစည် တစ်စုံတစ်ရာရှိခဲ့လျှင်လည်း (ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ (သင်တို့၏) ကြံစည်မှုကို အသုံးပြုကြလော့။

[40] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသော သူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[41] ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသောသူတော်စင်) တို့သည်ကား အရိပ်အာဝါသများ၌လည်းကောင်း၊ စိမ့်စမ်းရေများ၌လည်းကောင်း၊ ရှိကြလိမ့်မည်။

[42] ထို့ပြင် (သူတို့အတွက်) သူတိုအာသာဆန္ဒရှိကြသော သစ်သီးဝလံမျိုးစုံလည်း ရှိနေကြပေမည်။

[43] (သူတို့အား) သင်တို့သည် သင်တို့ပြုမူကျင့်ကြံခဲ့ကြသည်နှင့်အညီ (ဆုလဒ်အဖြစ် ချီးမြှင့်တော်မူသမျှကို စိတ်နှလုံး) အားရကျေနပ်စွာဖြင့် စားကြ၊ သောက်ကြလော့” (ဟု တိုက်တွန်းပြောဆိုကြလိမ့်မည်။)

[44] ဧကန်ပင်၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့အား ထိုနည်းအတိုင်းပင် ဆုလဒ်တော်ဖြင့် အစားပေးတော်မူ၏။

[45] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ် ကြ သောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[46] သင်တို့သည် (လောကီဘဝ၏စည်းစိမ်များမှ) အနည်းငယ်မျှကိုသာ (ခေတ္တခဏ) စားသုံးကြပြီး (လောကီ အကျိုးခံစားမှုများဖြင့်) သာယာကြည်နူးကြလော့။ အကြောင်းမှာ ဧကန်ပင်၊ သင်တို့သည် ပြစ်မှုများစွာကို စုပုံကျူးလွန်သော ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်သောကြောင့်တည်း။

[47] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[48] စင်စစ်သော်ကား သူတို့အား ''သင်တို့သည် (ထိုအရှင်မြတ်ကို ကျိုးနွံစွာ နာခံကိုးကွယ်လျက်) ဦးညွှတ်ကြလော့။'' ဟု ပြောသောအခါ သူတို့သည် ဦးညွှတ်ကြသည် မဟုတ်ပေ။

[49] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[50] သို့ဖြစ်ပေရာ သင်တို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်ကို ချမှတ်ပေးအပ်တော်မူပြီး) နောက်တွင် အခြား မည်သည့် စကား (အချက်အလက်နှင့်ထုတ်ပြန်ချက်များ) ကို ယုံကြည်ကြမည်နည်း။

သတင်း

Surah 78

[1] (အရှင်မြတ်၊ တမန်တော်များနှင့်တမလွန်ဘဝကို မယုံကြည်သောသူတို့သည် အစဉ်အမြဲ) မည်သည့် အရာနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် မေးမြန်းလျက်ရှိကြသနည်း။

[2] သူတို့သည် အလွန်အရေးပါသော ကြီးကျယ်သည့် (ရှင်ပြန်ထရမည့်) သတင်းအကြောင်းကို (မေးမြန်းလျက် ရှိကြ၏) ။

[3] သူတို့သည် ယင်း (သတင်းကြောင်း) နှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့်မည်သည့် အကြောင်းကြောင့်) သဘေားထားကွဲလွဲနေသူများ ဖြစ်ကြသနည်း။

[4] (သူတို့သည် ထိုသို့) သဘောထားကွဲလွဲနေစရာအကြောင်း အလျှင်းမရှိပေ။ သူတို့သည် မကြာမီပင် (ယင်းရှင်ပြန်ထမည့်နေ့ကို မျက်မြင်ဒိဋ္ဌတွေ့မြင်) သိလာကြလိမ့်မည်။

[5] ထို့နောက်တစ်ဖန် (သတိပေးလိုသည်မှာ သူတို့သည် ထိုသို့) သဘောထား ကွဲလွဲနေစရာအကြောင်း အလျှင်း မရှိပေ။ သူတို့သည် မကြာမီပင် (ယင်းရှင်ပြန်ထမည့်နေ့ကို မျက်မြင်ဒိဋ္ဌတွေ့မြင်) သိလာကြလိမ့်မည်။

[6] (စင်စစ် ရှင်ပြန်ထမည့်နေ့ကို ငြင်းပယ်ခြင်းသည် အရှင်မြတ်၏တန်ခိုးတော်နှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ် တည်စေတော်မူသောအရာအားလုံးကို ငြင်းပယ်နေခြင်းပင် ဖြစ်၏) ငါအရှင်မြတ်သည်သာလျှင် မြေကမ္ဘာကို (လူသတ္တဝါအပေါင်းတို့၏အကျိုးအတွက် မှီတင်းနေထိုင်၍ ပုခက်သဖွယ် လှုပ်ရှား လည်ပတ်နေသော) အနားယူ စရာအခင်းအဖြစ် စီမံဖြစ်စေတော်မူသည် မဟုတ်လော။

[7] ထို့ပြင် (ငါအရှင်မြတ်သည်ပင် မြေကမ္ဘာ၏တည်ငြိမ်မှုအတွက်) တောင်များကို သပ်ငုတ်များပမာ (စီမံစိုက် ထူထားတော်မူသည် မဟုတ်လော) ။

[8] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် သင်တို့အား (အမျိုးသား၊အမျိုးသမီးများ၊ ဘဝဖော်များအဖြစ်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[9] တစ်ဖန် ငါအရှင်မြတ်သည်ပင် သင်တို့၏အိပ်စက်ခြင်းကို (သင်တို့အတွက် အပန်းဖြေ) အနားယူစရာအဖြစ် စီမံဖြစ်စေတော်မူ၏။

[10] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညကို (သင်တို့နှင့်ကမ္ဘာတစ်ခုလုံးအကျိုးငှာ) ဝတ်ရုံ (အကာအကွယ်) အဖြစ် စီမံဖြစ်စေတော်မူ၏။

[11] တစ်ဖန် ငါအရှင်မြတ်သည်ပင် နေ့ကို (သင်တို့အတွက်) အသက်မွေးဝမ်းကျောင်းမှု ရှာဖွေရယူစရာအဖြစ် ပြုရန် စီမံဖြစ်စေတော်မူ၏။

[12] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် သင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ် (ခုနှစ်ဆက်) ကို ဆောက်တည်ပေးထားတော်မူ၏။

[13] ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်း၍ ခံ့ညားတောက်ပသော အလင်းပေးမီးအိမ်ကြီး (နေမင်းကြီး) တစ်ခုကို စီမံဖြစ်စေတော်မူ၏။

[14] တစ်ဖန် ငါအရှင်မြတ်သည်ပင် (လေတိုက်၍ ရွေ့လျားစေသည့်) တိမ်ထုများမှ မိုးရေကို အလျှံပယ် သည်းထန်စွာ ရွာသွန်းစေတော်မူ၏။

[15] (ထိုသို့ ရွာသွန်းစေတော်မူခြင်းကြောင့်) ငါအရှင်မြတ်သည် ယင်း (မိုးရေ) ဖြင့် ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ စိုက်ခင်းနှင့်သဘာဝပေါက်ပင် အစရှိသည့်) အပင်မျိုးစုံကို ဖြစ်ထွန်းပေါက် ရောက်စေ တော်မူရန်အတွက်ပင် ဖြစ်၏။

[16] ထို့ပြင် သိပ်သည်းထူထပ်၍ သန်စွမ်းစွာ အထူထူ အထပ်ထပ်သော ဥယျာဉ်များကိုလည်း (ဖြစ်ထွန်း ပေါက်ရောက်စေတော်မူ၏) ။

[17] ဧကန်မလွဲ၊ (လောကီဘဝ၌ လူတိုက မည်သို့ယုံကြည်၍ မည်သည့်ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်လျက်) စီရင်ဆုံးဖြတ်မည့်နေ့သည် ကား သတ်မှတ်ပြဌာန်းထားပြီးဖြစ်သောအချိန်ကာလတစ်ခုပင် ဖြစ်၏။

[18] ထို (တမလွန်တရားစီရင်မည့်) နေ့တွင် တံပိုးခရာမှုတ်ခြင်းခံရမည်ဖြစ်ပေရာ သင်တို့ (အားလုံး) သည် အစုလိုက်၊ အပြုံလိုက် ထွက်လာကြလိမ့်မည်။

[19] ထို့ပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် (မလာအီကာ ကောင်းကင်စေတမန်များ ဆင်းသက်ရန်အတွက်) တံခါးပေါက်များသဖွယ် ဖွင့်စေတော်မူခြင်းခံရ (ပြီး ထိုမလာအီကာလောနှင့်လူသားလောကတို့ ပေါင်းဆုံကြ) လိမ့်မည်။

[20] ထို့ပြင် (ထိုနေ့တွင်) တောင်များသည် (မြေမှုန့်များပမာ) ရွေ့လျားစေခြင်းကိုခံကြရမည်ဖြစ်ရ ယင်း (တောင်များ) သည် တံလျှပ်ပမာ ပျောက်ကွယ်သွားကြပေမည်။

[21] ဧကန်ပင်၊ ငရဲဘုံသည် (အရှင်မြတ်၊ တမန်တော်များနှင့်တမလွန်ဘဝကို မယုံကြည်ငြင်းပယ်သူတို့အား) စောင့်ကြည့်ရာဌာနပင် ဖြစ်လိမ့်မည်။

[22] (လေကီဘဝ၌ အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်လျက်) အာခံဖီဆန်သူတို့အတွက် (သူတို့ကိုယ်တိုင် သူတို့၏ပန်းတိုင်အဖြစ် ကြိုတင်ပြင်ဆင်ထားသော သူတို့၏) ပြန်လည်ရာဌာနစခန်းပင် ဖြစ်၏။

[23] (သူတို့သည်) သက်တမ်းကာလများစွာ ယင်းငရဲဘုံ၌ပင် (အစဉ်ထာဝရ) ကျန်ရစ်နေထိုင်ကြရပေမည်။

[24] သူတို့သည် ယင်းငရဲဘုံ၌ မည်သည့် အေးချမ်းသာယာမှုနှင့် (ရေငတ်ပြေစေမည့်) သောက်စရာကိုမျှ၊ မြည်းစမ်းကြရမည်မဟုတ်ပေ။

[25] ကျိုက်ကျိုက်ဆူပွက်လျက်ရှိသော ရေပူနှင့်ပြည်ပုပ်မှအပ (အခြားမည်သည်ကိုမျှ မြည်းစမ်းကြမည် မဟုတ်ပေ) ။

[26] (ယင်းသည် သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ၏အကျိုးဆက်နှင့်အညီ) အသင့်လျှော် အထိုက်တန်ဆုံးသော ပေးဆပ်မှု (အစားပေးမှု) ပင် ဖြစ်၏။

[27] ဧကန်မလွဲ၊ သူတို့သည် (သူတို့၏လုပ်ရပ်များအတွက်) မည်သည့်စာရင်းရှင်းတမ်းကိုမျှ (ကြောက်ရွံ့စိုးရိမ်လျက်) မျှော်လင့်လေ့ရှိခဲ့ကြသည် မဟုတ်ပေ။

[28] ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ (စကြဝဠာဆိုင်ရာ နိယာမတော်များအပါအဝင်) အမိန့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ခေါင်းမာမာဖြင့် ဇွတ်ငြင်းခြင်း အဖြစ် ငြင်းပယ်ခဲ့ကြ၏။

[29] စင်စစ် ငါအရှင်မြတ်သည် (သူတို့ပြုမူကျင့်ကြံသမျှတို့ကို အသေးစိတ်) အရာအားလုံး ကုန်စင်အောင် မှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ရေးမှတ်စေတော်မူ၏။

[30] သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် သင်တို့အား သင်တို့၏မကောင်းသော ပြုမူကျင့်ကြံမှုများနှင့်အညီ အကျိုးဆက်အသီးအပွင့်များအဖြစ်) ပြစ်ဒဏ်မှအပ (အခြားမည်သည်ကိုမျှ) တိုးပွားစေတော်မူမည်မ ဟုတ်သောကြောင့် (ယင်းပြစ်ဒဏ်၏နာကျင်မှုဒဏ်ကို) မြည်းစမ်းကြလော့။

[31] ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူ) တို့အတွက် ပေါက်မြောက်အောင်မြင်ခြင်းသာ ရှိစေတော်မူ၏။

[32] (သူတို့ အေးချမ်းသာယာစွာ စားသောက်နေထိုင်နိုင်ရန်) ဥယျာဉ်ခြံများနှင့်စပျစ်ခြံများ ရှိစေတော်မူ၏။

[33] သားနားခံ့ညား၍ မျှတလိုက်ဖက်သော သက်တူရွယ်တူ ဘဝဖော်များလည်း (ရှိစေတော်မူမည်။)

[34] (အဖျော်ယမကာများဖြင့်) ပြည့်လျှံလျက်ရှိသော ခွက်များလည်း (ရှိစေတော်မူမည်။)

[35] သူတို့သည် ယင်း (သုခဥယျာဉ်များ) ၌ မည်သည့် အချည်းနှီး အနစ်သာရမဲ့သော အလေအလွင့် ပြောဆိုမှုများနှင့်မမှန်မကန် လိမ်ညာပြောဆိုသော မုသားမိစ္ဆာစကားများကိုမျှ ကြားကြရမည် မဟုတ်ချေ။

[36] (ယင်းသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ စာရင်းရှင်းတမ်းနှင့်အညီ ထိုက်တန်သောလက်ဆောင်အဖြစ် ဆုလဒ်ချီးမြှင့်တော်မူခြင်းပင် ဖြစ်၏။

[37] (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသည့်အပြင် ယင်းနှစ်ခုကြား၌ ရှိသမျှတို့ကိုလည်း အစဥ်ကရုဏာသက်စေတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူ၏။ (အရှင့်လမ်းညွှန်တော်က ခွင့်ပြုထားသည့်အရာမှအပ) မည်သူတစ်ဦးတစ်ယောက်မျှ (အမှန်တရားဆိုင်ရာ အမိန့်သွန်သင်ချက်များ) မိန့်ခွန်းများကို ထိုအရှင်မြတ်ထံတော်မှ ဖြစ်သည်။” ဟု ပြောဆိုနိုင်သည့် အခွင့်အာဏာ မရှိချေ။

[38] ထိုနေ့တွင် (သက်ရှိအပေါင်းတို့အားစာရှင်းရှင်းစဉ်ရူဟ်ဝိဉာဉ်တော်) အသက်ဇီဝိန်သည်လည်းကောင်း၊ မလာအီကာကောင်းကင်စေတမန်များသည်လည်းကောင်း၊ (ယင်းတို့၏တာဝန်နှင့်ရာထူးပေါ်အခြေခံကာ အရှင့် ရှေ့တော်မှောက်ဝယ်) အတန်းလိုက် တန်းစီ၍ မတ်တ်ရပ်လျက် ရပ်တည်ကြပေမည်။ (သူတို့အနက်) မဟာကရုဏာတော်ရှင်က ခွင့်ပြုထားတော်မူသောသူမှအပ မည်သူတစ်ဦးတစ်ယောက်မျှ စကားပြောခွင့်ရမည်မဟုတ်သည့်အပြင် (စကားပြောခွင့်ရသူကလည်း) မျှတမှန်ကန်သောစကားကိုသာ ပြောဆိုမည် ဖြစ်၏။

[39] ထို (တမလွန်တရားစီရင်မည့်) နေ့သည်ကား (မုချဧကန် ဆိုက်ရောက်လာမည်မှာ) ပကတိအမှန်တရားပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို(အရှင်မြတ်ဘက်သို့ ဦးတည်လိုသော) အလိုဆန္ဒရှိလျှင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏လမ်းစဥ်တော်) ဘက်ကို (သူ၏ နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနအဖြစ် စွဲကိုင်မှတ်ယူထားသင့်၏။

[40] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား လက်တစ်ကမ်း အနီးကပ်ရှိ (နေ၍ မကြာမီ ဆိုက်ရောက်လာ) မည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူ၏။ ထိုနေ့တွင် လူတိုင်းသည် (လောကီဘဝ၌) သူတို့ ၏လက်များဖြင့် (သူတို့ကိုယ်တိုင် ပြုမူကျင့်ကြံလျက် တမလွန်ဘဝ၌ အစစ်ဆေးခံစေရန်) ကြိုတင်ပို့နှင့်ထားသည်ကို (မျက်မြင်ကိုယ်တွေ့) တွေ့မြင်ကြပေမည်။ သို့ရာတွင် (ထိုနေ့၌) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့က ''အို၊ ကျွန်ုပ်တို့သည် (ယခု ဒုက္ခကြီးနှင့်ရင်ဆိုင်နေရပြီ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ခြင်းအတွက် တာဝန်ရှိခြင်းထက်) မြေမှုန့်အထိ ဖြစ်ခွင့်ရနိုင်ခဲ့လျှင်၊ ကောင်းလေစွ။” ဟု ညည်း ညူပြောဆိုကြလိမ့်မည်။

ဆွဲထုတ်သူများ

Surah 79

[1] (ဖိနှိပ်ညှင်းပန်းမှု ကျူးလွန်သော မယုံကြည်သွေဖည်ငြင်းပယ်သူတို့၏အသက်ဇီဝိန်များကို ပြင်းထန်စွာ နုတ်ယူရသည့်တာဝန်အပါအဝင် အရှင့်အမိန့်တော်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်) တစ်ဟုန်ထိုး ထိုးဆင်းသွားကြသူ (မလာအီကာကောင်းကင်စေတမန်) တို့အား သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည် သူတို့တာဝန်ယူဆောင်ရွက်ရန် အမိန့်တော်ရထားသောကြောင့် ယုံကြည်သူတို့၏အသက်ဇီဝိန်များကို နုတ်ယူရန်) တက်ကြွထက်သန်စွာနှင့်လွယ်ကူညင်သာစွာ လှုပ်ရှားကြသူ (မလာအီကာ ကောင်းကင်စေတမန်) တို့အား သက်သေထူတော်မူ၏။

[3] ထို့ပြင် (အရှင်မြတ်၏အမိန့်တော်များကို ကျေပွန်စွာ ဖြည့်ဆည်းထမ်းဆောင်ရန် အာကာသ တစ်လျှောက်) လျင်မြန်စွာကူးခတ်လှုပ်ရှားသွားလာကြသူ (မလာအီကာကောင်းကင် စေတမန်) တို့ကိုလည်း သက်သေထူ တော်မူ၏။

[4] တစ်ဖန် (အရှင်မြတ်၏အမိန့်တော်များကို ဆောင်ရွက်ရာတွင် သူ့ထက်ငါ ဦးဦးဖျားဖျားကျေပွန်နိုင်ရန် ပြိုင်ပွဲပမာ) အပြေးအလွှားလှုပ်ရှားနေကြသူ (မလာအီကာကောင်းကင် စေတမန်) တို့ကိုလည်း သက်သေထူ တော်မူ၏။

[5] သို့ဖြစ်ပေရာ (ယင်းမလာအီကာကောင်းကင် စေတမန်များသည် စကြဝဠာဆိုင်ရာ) စီမံချက်အရေး ကိစ္စအဝဝကို နေထားတကျဖြစ်အောင် စီမံဖြည့်ဆည်းဆောင်ရွက်ကြ၏။

[6] (နောက်ဆုံးအချိန်နာရီဆိုက်ရောက်လာမည့်) ထိုနေ့တွင် (တံပိုးခရာမှုတ်သံကြောင့်) ပြင်းထန်သော သိမ့်သိမ့်တုန်ခါမှုအား တုန်လှုပ်စေတော်မူမည်ဖြစ်၏။

[7] ယင်း (သိမ့်သိမ့်တုန်ခါမှု၏) နောက်မှလာသော နောက်ဆက်တွဲ (တုန်ခါမှုများလည်း) ဆက်လက် လိုက်လာလိမ့်မည်ဖြစ်၏။

[8] (ထိုနေ့တွင်) နှလုံးသားများသည် (စိတ်ဖိစီးမှုကြောင့်) တဒိတ်ဒိတ် တဒုတ်ဒုတ် မြည်ခုန်ကြလိမ့်မည်။

[9] ယင်း (နှလုံးသားရှင်များ) ၏မျက်စိများသည်ကား (မျက်လွှာချထားလျက် ကျိုးနွံစွာ) အောက်သို့စိုက်နေကြမည်။

[10] (သို့ပါလျက် မယုံကြည်သွေဖည်ငြင်းပယ်ကြသော) သူတို့က ပြောကြမည်မှာ ''ကျွန်ုပ်တို့သည် နဂိုမူလ အခြေအနေအတိုင်း အမှန်ပင် မည်သို့ အသစ်တစ်ဖန် ပြန်လည်ရောက်စေနိုင်မည်နည်း။”

[11] (သူတို့က) “ကျွန်ုပ်တို့သည် ပုပ်သိုးဆွေးမြည့်လျက် တစ်စစီ ပြိုလဲပျက်စီးကာ အရိုးများသာ ကျန်ရှိသောအခါ (နဂိုမူလအတိုင်း ပြန်လည်ရှင်စေကြဦးမည်) လော။” (ဟု မေးမြန်းကြ၏။)

[12] (သူတို့က လှောင်ပြောင်သည့်အနေဖြင့်) “သို့ဖြစ်လျှင် ယင်း (ရှင်ပြန်ထခြင်း) သည် (ကျွန်ုပ်တို့အတွက်) နစ်နာဆုံးရှုံးမှုအဖြစ်သာ ပြန်လှည့်ရခြင်း ဖြစ်လိမ့်မည်။” ဟု ပြောဆိုကြလေ၏။

[13] ဧကန်စင်စစ်၊ ယင်း (ရှင်ပြန်ထမည့်နေ့) သည်ကား တစ်ခုတည်းသော ပြင်းထန်သည့် အော်ဟစ်သံသာလျှင် ဖြစ်လိမ့်မည်။

[14] ထို့နောက် လူသားအားလုံးသည် ပြန်လည်အသက်ရှင် နိုးကြားစေခြင်းခံရလျက် (မဟာစုရုံးမှုအဖြစ်) မြေပြန့်လွင်ပြင်၌ ရောက်ရှိစေတော်မူလိမ့်မည်။

[15] (အို ရစူလ်တမန်တော်၊) အသင့်ထံသို့ (တမန်တော်) မူဆာ၏သတင်းစကား (အချက်အလက် အကြောင်းအရာများ) ရောက်ရှိခဲ့ပြီ မဟုတ်လော။

[16] သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် တမန်တော်မူဆာ ထူးမြတ်သော တွုဝါ အမည်ရှိ တောင်ကြားချိုင့်ဝှမ်းအရပ်၌ အသံပေး၍ ခေါ်တော်မူခဲ့စဉ်။

[17] အသင်သည် ဖာရိုမင်းထံသို့ သွးလော့။ (အကြောင်းမှာ) ဧကန်မလွဲ၊ သူသည် အရှင်မြတ်ပြဌာန်းတော်မူသည့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သူပင် ဖြစ်၏။” (ဟု မိန့်တော်မူခဲ့၏။)

[18] ထို့နောက် အသင်သည် သူ့အား “အသင့်၌ စင်ကြယ်သန့်ရှင်းစေရန် (တစ်ဆူတည်းသောအရှင်မြတ်၏လမ်းစဥ်တော်) ဘက်သို့ ရည်ရွယ်တိမ်းညွတ်လို (သော ဆန္ဒရှိ) သလော။” ဟု မေးမြန်းလော့။

[19] ထို့ပြင် ကျွန်ုပ်သည် အသင့်ကို သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့ လမ်းညွှန်မည် ဖြစ်ပေရာ (သင့်ကိုယ်သင် နှိမ့်ချ ရိုကျိုးလျက်) ထိုအရှင်မြတ်အား ကြောက် ရွံ့ရိုသေလော့။

[20] ထို့နောက် (တမန်တော်မူဆာသည် ဖာရိုမင်းထံ ရောက်ခဲ့၍) သူ့အား အကြီးကျယ်ဆုံးသောသက်သေလက္ခဏာတော် (အံ့ဖွယ်တန်ခိုးတော်နှင့်ပြည့်စုံသောတောင်ဝှေး) ကို ပြသခဲ့လေ၏။

[21] သို့ရာတွင် ဖာရိုမင်းသည် (တမန်တော်မူဆာအား) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့သည့်အပြင် (တမန်တော်မူဆာ၏ဟောကြားချက်များကိုလည်း) အာခံဖီဆန်ခဲ့လေ၏။

[22] ထို့နောက် တစ်ဖန် ဖာရိုမင်းသည် (တမန်တော်မူဆာမှ မျက်နှာလွှဲ) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဖိနှိပ်ညှင်းပန်းမှုကို ဆက်လက်လုပ်ဆောင်ရန်) အစွမ်းကုန် ရုန်းကန်ကြိုးပမ်းလေ၏။

[23] ထို့နောက် ဖာရိုမင်းသည် (သူ့လူမျိုးများနှင့်သူ့စစ်တပ်ကို) စုရုံးစေလျက် (ကျေညာချက်တစ်ခုအား) ထုတ်ဖော်ကြေညာစေခဲ့၏။

[24] ထို့နောက် ဖာရိုမင်းက ''ကျွန်ုပ်သည်ပင် သင်တို့၏အမြင့်မြတ်ဆုံးသောအရှင်သခင် ဖြစ်သည်။'' ဟု ပြောဆိုကြေညာခဲ့လေ၏။

[25] သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ဖာရိုမင်းအား သူ၏နောက်ဆုံးနှင့်အဦးဆုံးပြစ်မှု ကျူးလွန်မှုတို့ အတွက် (လောကီဘဝနှင့်တမလွန်ဘဝတွင်) စံထားစရာ ပြစ်ဒဏ်များဖြင့် ဖမ်းဆီးအရေး ယူတော်မူခဲ့၏။

[26] မုချဧကန်၊ ထိုအဖြစ်အပျက်၌ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူ (မည်သူမဆို) အတွက် (သတိပေးနှိုးဆော်ချက်ဆိုင်ရာ) သင်ခန်းစာတစ်ရပ် ရှိနေ၏။

[27] (အို၊ လူသားအပေါင်းတို့) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ ခက်ခဲမည်လော။ သို့တည်း မဟုတ် မိုးကောင်းကင်ကို ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ ခက်ခဲမည်လော။ ထိုအရှင်မြတ်သည် ယင်း (မိုးကောင်းကင်) ကို ဆော်တည်တော်မူခဲ့၏။

[28] ထိုအရှင်မြတ်သည် ယင်း (မိုးကောင်းကင်) ၏မျက်နှာကျက်အမိုးခုံးကို မြင့်မားစေတော်မူပြီး ယင်းကို နေထားတကျ စီစဥ်ကျနစွာဖြင့် ဟန်ချက်ညီညီ တည်ရှိစေတော်မူ၏။

[29] ထို့ပြင် ထိုအရှင်မြတ်သည် ယင်း၏ညကို မှောင်မှိန်စေတော်မူပြီး ယင်း၏နေ့ကိုမူကား (နေ့အလင်း ရောင်ဖြင့်) ထင်ရှားစေတော်မူ၏။

[30] တစ်ဖန် ထိုသို့ဖြစ်စေတော်မူပြီးနောက် ထိုအရှင်မြတ်သည် မြေကမ္ဘာကို (ပုံသဏ္ဍာန်အတိုင်း ယင်း၌ မှီတင်းနေထိုင်ကြသူတို့အတွက်) ဖြန့်ကားကျယ်ပြန့်စေတော်မူ၏။

[31] ထိုအရှင်မြတ်သည် ယင်းမြေကမ္ဘာမှပင် (သက်ရှိတို့အတွက်) ယင်း၏ရေကိုလည်းကောင်း၊ (မြက်၊ သစ်ပင်များ၊ သစ်သီးဝလံများနှင့်ကောက်ပဲသီးနှံရိတ်သိမ်းစားသုံးနိုင်သည့်အပင်များ ပါရှိသော) စားကျက်ကွင်း ပြင်များကို ဖြစ်ထွန်းပေါ်ထွက်စေတော်မူ၏။

[32] ထို့ပြင် ထိုအရှင်မြတ်သည် တောင်များကို (ယင်းမြေကမ္ဘာ၌ ကျောက်ဆူးပမာ) အခိုင်အမာတည် ရှိစေတော်မူ၏။

[33] (ထိုသို့ ဖြစ်ထွန်းဖြစ်ပေါ်စေတော်မူခြင်းသည်) သင်တို့အတွက် (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ) လောကီ အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များ ဖြစ်စေတော်မူရန်လည်းကောင်း၊ သင်တို့၏ (ကျွဲ၊ နွား၊ ကုလားအုတ်၊ အစရှိသော) တိရစ္ဆာန်တို့အတွက် လိုအပ်ချက်များ ဖြည့်ဆည်းစေသောအကြောင်းရင်း ဖြစ်စေရန်လည်းကောင်း ဖြစ်ပေ၏။

[34] သို့ရာတွင် အလွန်ကြီးကျယ်လှသော လွှမ်းမိုးစီးနင်းဖွယ်ရာအဖြစ်အပျက်ကြီး (ကပ်ဘေးကြီး) သည် ဆိုက်ရောက်လာသောအခါ။

[35] ထိုနေ့တွင် လူသားတို့သည် သူတို့ရုန်းကန်ကြိုးပမ်းဆောင်ရွက်ခဲ့သမျှတို့ကို သတိရ တသ၍ အချင်းချင်း အပြန်အလှန် ထုတ်ဖော်ဖွင့်ဟကြပေမည်။

[36] ထို့ပြင် ချစ်ချစ်တောက်လောင်နေသော ငရဲမီးသည် (မြင်နိုင်စွမ်းရှိသော) ကြည့်ရှုသောသူတို့၏ရှေ့ဝယ် ထင်ရှားမြင်သာစွာ ပေါ်လာစေခြင်းခံရပေမည်။

[37] သို့ဖြစ်ပေရာ (ယင်းသည် အလ္လာဟ်အရှင်မြတ်က သတ်မှတ်တော်မူထားသော) စည်းဘောင်များကို ချိုးဖောက်ကျူးလွန်၍ အာခံဖီဆန်သူ (မည်သူမဆို) အတွက်ပင် ဖြစ်၏။

[38] ထို့ပြင် (တမလွန်ဘဝကို လျစ်လျူရှု မေ့ပစ်ထား၍) လောကီဘဝကိုသာ ပဓါနထားလျက် ဦးစားပေးသူ (မည်သူမဆို) အတွက်လည်း ဖြစ်၏။

[39] သို့ဖြစ်လျှင် ဧကန်မလွဲ၊ ချစ်ချစ်တောက်လောင်နေသော ငရဲမီးသည်သာလျှင် (ထိုသူ၏နောက်ဆုံး ပန်းတိုင်) ခိုလှုံရာဌာန ဖြစ်လိမ့်မည်။

[40] သို့ရာတွင် မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေလျက် (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဘဝဆောက်တည်လျက်) ရပ်တည်ပြီး သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို (မကောင်းမှုအကုသိုလ်ဖြစ်စေသည့်) အလိုဆန္ဒရမ္မက်တို့မှ တားဆီးထိန်းချုပ်သည်ရှိသော်။

[41] သို့ဖြစ်လျှင် ဧကန်မလွဲ၊ သုခဥယျာဉ်သည်သာ (ထိုသူ၏နောက်ဆုံးပန်းတိုင်) သူ၏ခိုလှုံရာဌာန ဖြစ်လိမ့်မည်။

[42] (အို၊ ရစူလ်တမန်တော်) သူတို့သည် အသင့်အား (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့နာရီနှင့်စပ်လျဉ်း၍ ယင်းသည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်စေခြင်းခံရမည်နည်း” ဟု မေးမြန်းကြ၏။

[43] သို့ရာတွင် အသင်သည် ယင်း (ရှင်ပြန်ထမည့်နေ့ ဆိုက်ရောက်မည့်) အချိန်ကို မည်သို့ ထုတ်ဖော်ပြောပြနိုင် (ရန် ယင်းနှင့်စပ်လျဥ်းသောအသိ မည်သို့ ရှိနိုင်) မည်နည်း။

[44] ယင်း (ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်းသော တိကျသေချာသည့် အသိပညာ) ၏ အပြီးသတ်အဆုံးဖြတ်ကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်ဘက်သို့သာ ရည်ညွှန်းသင့်၏။

[45] အသင် (တမန်တော်) သည် ယင်း (ရှင်ပြန်ထမည့်နေ့) ကို ကြောက်ရွံ့စိုးရိမ်သောသူအား သတိပေးနှိုးဆော်သူတစ်ဦးသာလျှင် ဖြစ်၏။

[46] သူတို့သည် ယင်း (ရှင်ပြန်ထမည့်နေ့) ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ကြသောနေ့တွင်မူ သူတို့သည် (လောကီဘဝ၌) တစ်ညနေခန့်မျှ သို့မဟုတ် ယင်း၏တစ်မနက်ခန့်မျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြလိမ့်မည်။

မျက်မှောင်ကြုတ်တော်မူသောအရှင်

Surah 80

[1] (မောက်မာသော မယုံကြည်သူတစ်ဦဖြစ်သည့်) သူသည် မျက်မှောင်ကြုတ်၍ မျက်နှာလွှဲလျက် ကျောခိုင်းခဲ့လေ၏။

[2] (အကြောင်းမှာ သူသည် တမန်တော်မြတ်နှင့်စကားပြောနေခဲ့စဉ်) မျက်မမြင်တစ်ဦးသည် တမန်တော်မြတ်ထံသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်၏။

[3] (အို၊ မောက်မာသောသူ) ယင်းမျက်မမြင်သည် (သူ၏ကောင်းမှုကုသိုလ်များဖြင့် သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းသူဖြစ်နိုင်ကြောင်းကို အသင့်အား မည်သည်က အကြောင်းကြား သိစေလိမ့်မည်နည်း။

[4] သို့တည်းမဟုတ် ထိုသူသည် (အရှင်မြတ်၏သတင်းစကားတော်များမှ) တရားရသွားနိုင်သည်ဖြစ်ရာ (ဆုံးမသြဝါဒများနှင့်သတိပေးတရားပါဝင်သော) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သည့် ကျမ်းတော်မြတ် ကုရ်အာန်) သည် ထိုသူအား အကျိုးပြုစေနိုင်၏။

[5] မည်သို့ပင်ဖြစ်စေ (သူ၏ဥစ္စာဓနကြွယ်ဝမှုနှင့်အဆင့်အတန်းကြောင့် ဘဝင်မြင့် မာနတက်လျက် အရှင်မြတ်၏လမ်းညွှန်တော် လိုအပ်မည်မဟုတ်ဟု ယူဆကာ) သူ့ကိုယ်သူ လွတ်လပ်၍ အမှီအခိုကင်းလျက် ကုံလုံပြည့်စုံသူအဖြစ် မှတ်ယူသူအတွက်မူကား (အလေးမထားစရာ ဖြစ်နိုင်၏။)

[6] သို့ရာတွင် (အို၊ ရစူလ်တမန်တော်) အသင်သည် (သူက အစ္စလာမ်လက်ခံပြီး ပြုပြင်သူတစ်ဦး ဖြစ်လာနိုင်သောကြောင့်) ထိုသူအား ဂရုတစိုက်အာရုံစိုက်လျက် အလေးထား (ဆက်ဆံ) ခဲ့၏။

[7] စင်စစ်သော်ကား ထိုသူသည် (သက်ဝင်ယုံကြည်၍ မဖြစ်မနေ ပြုကျင့်ရသည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဖြည့်ဆည်း၍) မစင်ကြယ်သည့်တိုင်အောင် အသင့်အပေါ်၌ တာဝန် မရှိချေ။

[8] သို့ရာတွင် အသင့်ထံသို့ တက်ကြွထက်သန်စွာ အပြေးအလွှား ရောက်ရှိလာသော သူသည်ကား (အရှင်မြတ်နှင့်ပတ်သက်သည့် အသိပညာအတွက်) ရုန်းကန်ကြိုးပမ်းခြင်း ဖြစ်၏။

[9] ထို့ပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်၏။

[10] သို့ပါလျက် အသင်သည် ထိုသူအား သတိမထားဘဲ (အခြားသူတို့ဘက်သို့) အားရုံပြောင်းခဲ့၏။

[11] (အို၊ ရစူလ်တမန်တော်၊ အသင်သည် ထိုသို့) မပြုမိစေနှင့်။ ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (ရင်ဖွင့်လျက် ရောက်လာကြသူအားလုံးအတွက် လုံလောက်သော) ဆုံးမသြဝါဒများနှင့်သတိပေး တရားပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ပင်ဖြစ်၏။

[12] သို့ဖြစ်ပေရာ မည်သူမဆို လိုအင်ဆန္ဒရှိလျှင် ယင်းကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်၏။

[13] (ယင်း သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော စာရွက် (သားရေလိပ်၊ စက္ကူလိပ်) များပေါ်၌ (ရေးသားပြီး) ဖြစ်၏။

[14] (ယင်းစာရွက်များသည် အရှင်မြတ်၏အမြင်တော်၌) မြင့်မြတ်စေတော်မူသည့်အရာ (အနစ်သာရ ကင်းမဲ့မှု၊ ရှေ့နောက်မညီညွတ်မှု၊ မသမာမှု စသည်တို့မှ) စင်ကြယ်သန့်ရှင်းစေတော်မူသည့်အရာပင် ဖြစ်၏။

[15] (ယင်းကို ရေးသား၍ ဖြန့်ဖြူးစေရန်) ကောင်းကင်စေတမန်တို့၏လက် (စွမ်းအား) ဖြင့် သယ်ဆောင်လာခြင်း ဖြစ်၏။

[16] (ယင်းကောင်းကင်စေတမန်များသည်) ထူးကဲမြင့်မြတ်ကြသော၊ သီလကောင်းများဖြင့်စင်ကြယ်သောသူများ ဖြစ်ကြ၏။

[17] မနူဿလူသားသည် (သူ့ကိုယ်သူ) ပျက်စီးစေ၏။ (အကြောင်းရင်းမှာ) သူသည် အဘယ်မျှလောက် ကျေးဇူးကန်းသော မယုံကြည်သူ ဖြစ်နေသနည်း။

[18] ထိုအရှင်မြတ်သည် လူသားအား မည်သည့်အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူသနည်း။ (“ဟူသည်ကို စဉ်းစားဆင်ခြင်သုံးသပ်သင့်၏။)

[19] ထိုအရှင်မြတ်သည် လူသားအား ကလလရေကြည် တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး တစ်ဖန် သူ့အား (သူ၏ရုပ်ရည်၊ ပုံပန်းသဏ္ဍာန်နှင့်အသက်ဝိဉာဉ်တို့ကို အချိုးအဆ လိုက်ဖက်သင့်တော်အောင်) တိုင်းတာ သတ်မှတ်၍ ဟန်ချက်ညီစွာ ပုံဖော်စေတော်မူ၏။

[20] ထို့နောက် ထိုအရှင်မြတ်သည် သူ့အတွက် (အရှင့်ဘက် ဦးတည်နိုင်သည့်) လမ်းစဉ်ကို လွယ်ကူစေတော်မူ၏။

[21] ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် သူ့အား (အရှင့်နိယာမတော်နှင့်အညီ) ကွယ်လွန်သေဆုံးစေတော်မူပြီး သူ့ကို သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။

[22] ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါ သူ့အား ရှင်ပြန်ထစေတော်မူမည်။

[23] သို့ဖြစ်သည့်တိုင် လူသားသည် အလျှင်း ကျေးဇူးမသိတတ်ပေ။ လူသားသည် သူ့အား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင်ဆောင်ရွက်ခဲ့ခြင်း အလျှင်း မရှိချေ။

[24] သို့ဖြစ်ပေရာ လူသားသည် (အရှင်မြတ်၏ကရုဏာတော်နှင့်ရှင်ပြန်ထရမည့် အမှန်တရားအပေါ် အလေးအနက် ဆင်ခြင်သုံးသပ်နိုင်ရန်) သူ၏အစားအသောက်ကို စူးစမ်းလေ့လာဆင်ခြင်သုံးသပ်သင့်၏။

[25] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးရေကို (လူသားတို့၏လိုအပ်နှင့်အညီ) အလျှံပယ် ရွာသွန်းစေတော်မူ၏။

[26] ထိုနောက် ငါအရှင်မြတ်သည် မြေကမ္ဘာကို (အပင်မျိုးစုံ စိုက်ပျိုးဖြစ်ထွန်းစေရန်) အက်ကွဲစေတော်မူ၏။

[27] ထိုသို့ဖြင့် ငါအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) ၌ ကောက်ပဲသီးနှံမျိုးစုံကို ပေါက်ရောက် ဖြစ်ထွန်း စေတော်မူ၏။

[28] စပျစ်ပင်ကိုလည်းကောင်း၊ စားသုံးရန်သင့်လျော် စိမ်းစိုသည့်ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်းကောင်း၊ (ဖြစ်ထွန်းစေတော်မူ၏။)

[29] သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကို လည်းကောင်း၊ (ဖြစ်ထွန်းစေတော်မူ၏။)

[30] (စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းပင်များ) အထူထူ အထပ်ထပ်ရှိသည့် ဥယျာဉ်များကိုလည်း (ဖြစ်ထွန်း စေတော်မူ၏။)

[31] သစ်သီးဝလံအမျိုးမျိုးနှင့် (ကျွဲ၊ နွားအစရှိသော တိရစ္ဆာန်များအတွက် စားကျက်ဖြစ်စေသည့်) မြက်ပင် အမျိုးမျိုးကိုလည်း (ပေါက်ရောက်စေတော်မူ၏)။

[32] (ထိုသို့ဖြစ်ထွန်းစေတော်မူခြင်းသည်) သင်တို့အတွက် လောကီအကျိုးခံစားခွင့်များ၊ (အခွင့်အရေးများနှင့်အသက်မွေးမှုများဖြင့်) အသက်ရှင်ရပ်တည်နိုင်ရန်လည်းကောင်း၊ သင်တို့၏တိရစ္ဆာန်များအတွက် (လိုအပ်ချက်များ ဖြည့်ဆည်းစေတော်မူရန်) လည်းကောင်း၊ ဖြစ်၏။

[33] သို့ဖြစ်ပေရာ (ရှင်ပြန်ထမည့်နေ့၏ ရှေ့ပြေးအဖြစ် နားပင်းစေလောက်အောင်) စူးစူးရှရှအော်သံ (ပေါက်ကွဲသံ) သည် ထွက်ပေါ်လာသောအခါ။

[34] ထိုနေ့တွင် လူသားသည် သူ့ညီနောင်များမှ ထွက်ပြေးတိမ်းရှောင် လိမ့်မည်။

[35] သူ့မိခင်ထံမှလည်းကောင်း၊ သူ့ဖခင်ထံမှလည်းကောင်း။

[36] သူ၏ဘဝဖော်အမျိုးသမီးများနှင့်သားသမီးရတနာများမှ လည်းကောင်း။

[37] ထိုနေ့တွင်ကား လူတိုင်းအတွက် သူတို့အနက်မှ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) ဂရုမစိုက်နိုင်ဘဲ သူ့အရေးကိစ္စသည်သာ သူ့ကို အလုပ်ရှုပ်လုံးပန်းစေရန် လုံလောက်လိမ့်မည် ဖြစ်၏။

[38] ထိုနေ့တွင် မျက်နှာအချို့သည် ဝမ်းမြောက်ပျော်ရွှင်မှုကြောင့် လင်းဝင်းတောက်ပလျက် ရှိကြပေမည်။

[39] မင်္ဂလာသတင်းကောင်းရလျက် ပျော်ရွှင်မြူးထူး၍ ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။

[40] ထို့ပြင် ထိုနေ့တွင် မျက်နှာအချို့သည် ယင်း (မျက်နှာများ) ပေါ်၌မူကား မြေမှုန့်များ ပေကျံဖုံးလွှမ်းလျက် ရှိနေကြမည်။

[41] ထိုမျက်နှာများအပေါ်၌ အမှောင်သည်လည်း ဖုံးလွှမ်းလျက်ရှိကြမည်။

[42] ထိုသူတို့သည်သာလျှင် အရှက်မဲ့စွာဖြင့် လောကီအပျော်အပါး၌ မွေ့လျော်ခဲ့ကြသော မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များပင် ဖြစ်ကြ၏။

မှောက်လှန်ခြင်း

Surah 81

[1] နေသည် ခေါက်လိပ်ခြင်းကို ခံရ (၍ ကွယ်သွားလျက် အလင်းရောင်မဲ့ဖြစ်သွား) သောအခါ။

[2] ထို့ပြင် ကြယ်တာရာများသည် ကြွေကျ (၍ ထွန်းပြောင်တောက်ပမှု ဆုံးရှုံးပျောက်ကွယ်) သွားသောအခါ။

[3] ထို့ပြင် တောင်များသည် ရွေ့လျားစေ၍ ဖယ်ရှားခြင်းကိုခံကြရသောအခါ။

[4] ထို့ပြင် ကိုယ်ဝန်လစေ့၍ မျိုးပွားချိန်ရောက်နေသော ကုလားအုတ်မများသည် (အနာဂတ်ဆက်သွယ်ရေးအတွက် အရေးပါလှသော်လည်း ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းခံကြရသောအခါ။

[5] ထို့ပြင် (မယဉ်ကျေးသော လူမျိုးစုများ၌ ယဉ်ကျေးမှုထွန်းကားလာသော်လည်း ကမ္ဘာကြီးအားပျက်စီးစေမည့် ကြောက်မက်ဖွယ်ရာ နည်းပညာများကို သုံး၍) တောရိုင်းတိရစ္ဆာန်များသည် စုရုံးခြင်းခံကြရသောအခါ။

[6] ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် (အပူရှိန်ကြောင့်) ဆူပွက်၍ မြင့်တက်စေခြင်းခံကြရသောအခါ။

[7] ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ် စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များသည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူအမျိုးသားနှင့်အမျိုးသမီး၊ မကောင်းမှုအ ကုသိုလ်ပြုကျင့်သူအမျိုးသားမျာနှင့်အမျိုးသမီးများ စသည်ဖြင့်) ဒွယံဒွယံရှိသော အပေါင်းအဖော်များအဖြစ် တွဲဖက်စေခြင်းခံကြရသောအခါ။

[8] ထို့ပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကိုခံရသောအခါ။

[9] သူမ၌ မည်သည့်အပြစ်ရှိခြင်းကြောင့် သတ်ဖြတ်ခြင်းခံခဲ့ရသနည်း။

[10] ထို့ပြင် (လူတိုင်း၏လုပ်ရပ်များကို မှတ်တမ်းတင်ထားသော) မှတ်တမ်းစာရွက်များသည် ဖွင့်လျက် ဖြန့်ထားခြင်းခံကြရသောအခါ။

[11] ထို့ပြင် မိုးကောင်းကင်သည် (အမှန်တရားလုံးကို ထင်ရှားစေလျက်) ဖွင့်လှစ်၍ ပြောင်တလင်း ခါစေခြင်းခံရသောအခါ။

[12] ထို့ပြင် ချစ်ချစ်တောက်ပူသည့် ငရဲမီးသည် (ပိုမို၍ အရှိန် ပြင်းထန်စေရန်) မီးစွဲစေခြင်းခံရသောအခါ။

[13] ထို့ပြင် သုခဥယျာဉ်သည် (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကိုသိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကြသူတို့အတွက်) မြင်သာအောင် အနီးအနားသို့ ယူဆောင်လာခြင်းခံရသောအခါ။

[14] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် (လောကီဘဝ၌ ယင်းကို အသုံးချလျက် ပြုမူကျင့် ကြံခြင်းဖြင့်) ယူဆောင်လာခဲ့သည်ကို သိလာကြလိမ့်မည်။

[15] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နေမင်း၏အလင်းရောင်၌ ပျောက်ကွယ်သွားလျက်) လည်ပတ်၍ နောက်ပြန်လျှောသွားသော ဂြိုဟ်နက္ခတ်တာရာတို့အား သက်သေထူတော်မူ၏။

[16] ယင်း(ဂြိုဟ်နက္ခတ်တာရာ) တို့သည် (ယင်းတို့၏လမ်းကြောင်းအတိုင်း မြဲမြံစွာ လည်ပတ်လျက်ပင်) ကွယ်ပျောက်သွားသောအရာများ ဖြစ်ကြ၏။

[17] ထို့ပြင် (ငါအရှင်မြတ်သည် အပြောင်းအလဲအတွက်) ထွက်ခွာမှုဘက်သို့ ယိမ်းသွားသော ညကို (သက် သေထူတော်မူ၏)။

[18] ထို့ပြင် (ငါအရှင်မြတ်သည် အမှောင်ခွင်း၍ အလင်းဆောင်စေတော်မူလျက်) နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား နိုးကြားတက်ကြွစေသော နံနက်စောစောချိန်ကို (သက်သေထူတော်မူ၏)။

[19] ဧကန်မလွဲ၊ ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် မြင့်မြတ်သော သတင်းတော်ဆောင်ရစူလ်စေတမန် တစ်ပါး (ယူဆောင်လာသောအမိန့်တော်၊ အကြောင်းအရာ၊ အဖြစ်အပျက် အလုံးစုံနှင့်ဆက်နွယ်သော သတင်း အချက်အလက်များပါဝင်သည့် အရှင့်) စကားတော်ဖြစ်၏။

[20] (ယင်းသတင်းတော်ဆောင်ရစူလ်စေတမန်သည်) အာဏာစက်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ (တန်ခိုးဩဇာတော်ဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်၏အပါးတော်၌ လုံခြုံစွာ ထားရှိတော်မူသောအမိန့်တော်အား (ထိုအရှင်မြတ်၏ခွင့်ပြုချက်ဖြင့်) သယ်ဆောင်ခြင်းဖြစ်၏။

[21] (ယင်းသတင်းတော်ဆောင်ရစူလ်စေတမန်သည် အရှင့်အမိန့်တော်များကို ကျေပွန်စွာ ဖြည့်ဆည်း ဆောင်ရွက်၍ ဝဟီအမိန့်ထုတ်ပြန်ချက်များကိုလည်း သစ္စာရှိရှိ ပို့ချသောကြောင့်) နာခံထိုက်သူဖြစ်ရံသာမက ယုံကြည် စိတ်ချရသူလည်းဖြစ်၏။

[22] ထို့ပြင် (သင်တို့၏အလယ်တွင် ကြီးပြင်းလာခဲ့သော) သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် စိတ်စေဒနာရှင်နှင့်မည်သို့မျှ မအပ်စပ်၊ မနှိုင်းကောင်းပေ။

[23] ထို့ပြင် မလွဲဧကန်၊ သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် ထင်ရှားရှင်းလင်းသော မိုးကုပ်စက်ဝိုင်း၌ ယင်းသတင်းတော်ဆောင် (ရစူလ်စေတမန်ဂျီဗ်ရီလ်) အား တွေ့မြင်၏။

[24] ထို့ပြင် သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် (သင်တို့၏အာရုံခံစားမှုပြင်ပတွင်ရှိသော) အကွယ်၌ ရှိသည့်အရာများ (အနက်၊ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသောအမိန့်တော်များ) နှင့်စပ်လျဉ်း၍ ဆုပ်ကိုင်ထိမ်ချန်ထားသူ (စေးနဲသူ) အလျှင်း မဟုတ်ပေ။

[25] ထို့ပြင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော 'ရှိုင်တွာန်' မိစ္ဆာ ကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။

[26] သို့ပါလျက် သင်တို့သည် အဘယ်သို့ သွားနေကြသနည်း။

[27] အမှန်မှာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောခပ်သိမ်းတို့အတွက် ဆုံးမသြဝါဒများနှင့်သတိပေးတရားများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။

[28] (အထူးသဖြင့်) သင်တို့အနက် (ကိုယ်ကျင့်တရားနှင့်လူမှုရေးတို့တွင် စံသွေခြင်းမရှိဘဲ) ဖြောင့်မတ်မှန်ကန်သော လမ်းစဥ်တော်၌ မြဲမြံစွာ ရပ်တည်လိုသော ဆန္ဒရှိသူ မည်သူမဆို အတွက်ပင်ဖြစ်၏။

[29] စင်စစ်သော်ကား စကြဝဠာလောခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ သင်တို့သည် အလိုရှိနိုင်ကြမည် မဟုတ်ပေ။

ကွဲထွက်ခြင်း

Surah 82

[1] မိုးကောင်းကင်သည် (အစိတ်စိတ်အမြွှာမြွှာ) အက်ကွဲသွားစေတော်မူသောအခါ။

[2] ထို့ပြင် ကြယ်တာရာများသည် ကစဥ့်ကလျား ကြွေကျလျက် လွင့်စဉ်ဖြန့်ကြဲစေတော်မူသောအခါ။

[3] ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် (ယင်းတို့၏စည်းဘောင်များ ရောနှောလျက် လျှံထွက်လာ၍) ဆူပွက် ပေါက်ထွက်စေခြင်းခံရသောအခါ။

[4] ထို့ပြင် သင်္ချိုင်များသည် (အထက်အောက်) မှောက်လှန် (၍ ယင်းတို့၌ရှိသည်တို့ကို ပွင့်အံထွက်) စေခြင်း ခံကြရသောအခါ။

[5] နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် (လောကီဘဝ၌ ယင်းကို အသုံးချလျက် ပြုမူကျင့် ကြံခြင်းဖြင့် တမလွန်၌ အစားပေးခံရရန်) ကြိုတင်ပို့နှင့်သည့်အရာများကိုလည်းကောင်း၊ နောက်တွင်ချန်ထားခဲ့သည်တို့ကိုလည်းကောင်း၊ သိလာကြလိမ့်မည်။

[6] အို၊ လူသား၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူ၍ အလွန်ရက်ရောတော်မူသောအရှင်မြတ်နှင့်ပတ်သက်၍ မည်သည့်အရာ သည် သင့်အား လှည့်ဖြားနေသနည်း။

[7] ထိုအရှင်မြတ်သည် အသင် (လူသား) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြီးပြည့်စုံသော အချိုးအဆဖြင့် နေထားတကျဖြစ်အောင် ပုံဖော်စေတော်မူရာ (ဖွဲ့စည်းဖြစ်တည်စေတော်မူ၏ရည်ရွယ်ချက်နှင့်အညီ ပြည့်ဝသော တိုင်းတာမှုဖြင့်) အသင့်အား မျှတလိုက်ဖက်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[8] အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ မည်သို့သော ရုပ်ရည်ပုံသဏ္ဍာန်ဖြင့် အလိုရှိတော်မူသည်ဖြစ်စေ၊ အသင် (လူသား) အား စီစဉ်ကျနစွာ ပုံဖော်စေတော်မူ၏။

[9] (ထိုသို့ လှည့်စားခံရစရာ မည်သည့်အကြောင်းမျှ) အလျှင်းမရှိပေ။ အမှန်စင်စစ်၊ သင်တို့သည် (လောကီဘဝ၌ ပြုမူကျင့်ကြံသော ကောင်းမှုနှင့်မကောင်းမှုအတွက် အစားပေးခြင်းခံရမည့်နေ့) တမလွန်တရား စီရင်မည့်နေ့ကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်နေကြခြင်းသာ ဖြစ်၏။

[10] ဧကန်ပင်၊ သင်တို့အပေါ်၌ (သင်တို့၏လုပ်ရပ်ဟူသမျှကို မှတ်တမ်းတင်ရန် စောင့်ကြပ်နေသောစေတမန်) စောင့်ရှောက်သူများသည် ဧကန်မလွဲ ရှိနေကြ၏။

[11] (ယင်းစောင့်ကြပ်နေသောစေတမန်များသည်) မွန်မြတ်သော ကျက်သရေရှိ မှတ်တမ်းတင်ရေးမှတ်သူများပင် ဖြစ်၏။

[12] (ယင်းစောင့်ကြပ်နေသောစေတမန်များဖြစ်သည့်) သူတို့သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို သိကြ၏။

[13] ဧကန်မလွဲ၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသောသူတော်မြတ်တို့သည် ထာဝရ သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်၌ ရှိကြပေမည်။

[14] သို့ရာတွင် (လူ့ဘောင်အသိုင်းအဝိုင်းအားပြိုကွဲစေ၍) လောကီစည်းစိမ်၌ အရှက်မဲ့စွာ ပျော်မြူးနေကြသော မယုံကြသူတို့သည်ကား ဧကန်မုချပင် အရှိန်ပြင်းစွာ တောက်လောင်နေသော ငရဲမီး၌ပင် ရှိကြပေမည်။

[15] သူတို့သည် တမလွန်တရားစီရင်မည့်နေ့တွင် ယင်း (ငရဲဘုံ) ၌ လောင်ကျွမ်းစေရန် ဝင်ကြရပေမည်။

[16] ထို့ပြင် သူတို့သည် ယင်း (ငရဲဘုံ) မှ ကင်းဝေးလျက် ရှောင်ပြေးနိုင်ကြမည့်သူများ ဖြစ်ကြမည် မဟုတ်ချေ။

[17] တမလွန်တရားစီရင်မည့်နေ့သည် အဘယ်ကဲ့သို့သောနေ့ဖြစ်သည် သင့်အား မည်သည့်အရာ သိစေနိုင်မည်နည်း။

[18] တစ်ဖန် တမလွန်တရားစီရင်မည့်နေ့သည် အဘယ်ကဲ့သို့သောနေ့ဖြစ်သည် သင့်အား မည်သည့်အရာ သိစေနိုင်မည်နည်း။

[19] ထိုနေ့သည်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှပင် အခြားနဖ်စ်အတွက် စိုးစဉ်းမျှပင် အကျိုးပြုနိုင်သည့် အခွင့်အာဏာရှိလိမ့်မည် မဟုတ်သောနေ့ပင် ဖြစ်၏။ ထို့ပြင် ထို့နေ့တွင် အမိန့်အာဏာအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် (က စီရင်ဆုံးဖြတ်စေတော်မူရန်) အတွက်သာ ဖြစ်လိမ့်မည်။

လိမ်လည်ခြင်း

Surah 83

[1] (အရောင်းအဝယ်၊ အချိန်အတွယ်၊ အပေးအယူတို့တွင် ကောက်ကျစ်စဉ်းလဲ၍ ခေါင်းဖုံဖြတ်၊ အမြတ်ကြီးစားကြသော) မရိုးသားမသမာသောသူများ ဒုက္ခလှလှနှင့်ကြုံတွေ့ကြစေ။

[2] ထိုသူတို့သည် သူတစ်ပါးထံမှ (သူတို့၏အခွင့်အရေး၊ ရပိုင်ခွင့်များနှင့်တောင်းဆိုမှုများ) အချိန်အတွယ်များကို ရယူကြသောအခါ အပြည့်အဝ၊ တင်းပြည့်ကျပ်ပြည့် ရယူကြလေ့ရှိကြ၏။

[3] သို့ရာတွင် သူတို့သည် သူတစ်ပါး၏ (အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့်တောင်းဆိုမှုများ) အချိန်အတွယ်များကို တိုင်းတာ ချိန်တွယ်၍ ပေးချေသောအခါ (မျှတမှန်ကန်စွာ မပေးသည့်အပြင်) လျှော့၍ပင် ပေးချေကြလေ့ရှိ၏။

[4] (သတိထားကြလော့) ။ ထိုသူတို့သည် ဧကန်ပင်၊ ရှင်ပြန်ထကြရမည့်သူများဖြစ်ကြ (၍ စာရှင်းခံကြရန် သတ်မှတ်ပြဌာန်းတော်မူ) သည်ကို မယုံကြည်၊ မတွေးတော၊ မသိကြလေသလော။

[5] (ထိုသို့ ရှင်ပြန်ထစေတော်မူမည်မှာ တရားစီရင်မည့်) အလွန်ပင် ကြီးကျယ်လှစွာသောနေ့အတွက်ပင် ဖြစ်၏။

[6] ထိုနေ့တွင် လူသားအားလုံးသည် (သင်္ချိုင်းများမှ ထ၍ တရားစီရင်ခံကြရန်) စကြဝဠာလောကခပ်သိမ်း တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် ရပ်ကြရလိမ့်မည်။

[7] သတိထားကြလော့၊ ဧကန်စင်စစ်၊ (လူ့ဘောင်အသိုင်းအဝိုင်းအားပြိုကွဲစေ၍) လောကီစည်းစိမ်၌ အရှက်မဲ့စွာ ပျော်မြူးနေခဲ့ကြသောမယုံကြည်သူတို့သည်ကား သူတို့၏မှတ်တမ်းကို (ထာဝရ ပြစ်ဒဏ်ခံကြရမည့်စာရင်းဖြစ်သော) စစ်ဂျ်ဂျီန်၌ တွေ့ရလိမ့်မည်။

[8] (ထာဝရ ပြစ်ဒဏ်ခံကြရမည့် စာရင်းဖြစ်သော) စစ်ဂျ်ဂျီန်သည် မည်သည့်အရာဖြစ်ကြောင်းကို သင့်အား မည်သည်က သိစေနိုင်မည်နည်း။

[9] (ထာဝရ ပြစ်ဒဏ်ခံကြရမည့် စာရင်းဖြစ်သော စစ်ဂျ်ဂျီန်သည် ဖျက်မရ၊ ပြင်မရအောင် အခိုင်အမာ) မှတ်တမ်းတင်ရေးသားထားသော မှတ်တမ်းစာအုပ်တစ်အုပ်ပင် ဖြစ်၏။

[10] ထိုနေ့တွင် (ကျမ်းတော်၊ တမလွန်ဘဝနှင့်တမန်တော်များကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသောသူတို့အတွက် ဒုက္ခလှလှ ကြုံတွေ့မည့် ပျက်စီးကိန်းရှိပါစေ။

[11] ထိုသူတို့သည် (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် အစားပေးမည့်နေ့၊) တမလွန်တရားစီရင်မည့်နေ့ကို မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြသူများ ဖြစ်ကြ၏။

[12] အမှန်စင်စစ်၊ (အရှင်မြတ်ပြဌာန်းတော်မူသော) စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ မကောင်းမှုဒုစရိုက်များကို စွဲမြဲစွာ ပြုကျင့်ကြသောသူတို့မှအပ (အခြားမည်သူမျှ ယင်းတမလွန်တရားစီရင်မည့်နေ့ကို) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍) ငြင်းပယ်ကြလေ့ရှသည် မဟုတ်ပေ။

[13] သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ သူတို့က ''(ဤသည်) ရှေးခေတ်လူတို့၏ဒဏ္ဍာရီဝတ္ထုများပင် ဖြစ်၏။” ဟု ပြောဆိုစွပ်စွဲကြဖြစ်၏။

[14] ထို (သူတို့ပြောဆိုစွပ်စွဲခြင်းများကဲ့) သို့ အလျှင်းမဟုတ်ပေ။ အမှန်စင်စစ်၊ သူတို့သည် (သူတို့ကိုယ်သူတို့ အမှန်တရားအားနားလည်ခြင်းမှ တားဆီးပိတ်ပင်၍) သူတို့ရှာဆည်းပူးလျက်ရှိခဲ့ကြသည်တို့နှင့်အညီ သူတို့၏စိတ်နှလုံးများပေါ်၌ သံချေးတက်၍ ဖုံးလွှမ်းစေခြင်းသာ ဖြစ်၏။

[15] သတိထားကြလော့။ မည်သည့်နည်းနှင့်မျှ ငြင်းပယ်နိုင်လိမ့်မည်မဟုတ်ပေ။ ဧကန်မလွဲ၊ သူတို့သည် ထိုနေ့တွင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ် (၏ကရုဏာတော်) မှ ကာဆီးထားခြင်းခံကြရမည့်သူများပင် ဖြစ်ကြ၏။

[16] ထို့နောက် ဧကန်ပင်၊ သူတို့သည် ချစ်ချစ်တောက်လောင်ကျွမ်းစေမည့် ငရဲမီးထဲသို့ အမှန်ပင် ဝင်ရောက်စေခြင်းခံကြရမည်။

[17] ထို့နောက် (သူတို့အား) ''ဤသည်ပင် (လောကီဘဝ၌) သင်တို့က မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်း ပယ်လေ့ရှိသောအရာပင် ဖြစ်၏။'' ဟု ပြောဆိုခြင်းခံရမည်။

[18] သတိထားကြလော့။ ဧကန်စင်စစ်၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သူတော်မြတ်တို့၏မှတ်တမ်းသည် (မြင့်မြတ်သော မှတ်တမ်းဖြစ်ပြီး ထာဝရစည်းစိမ်သုခများဖြင့် စံစားရမည့်စာရင်း အစ်လ်လီယီန်၌ ရှိလိမ့်မည်။)

[19] သို့ရာတွင်၊ (ထာဝရစည်းစိမ်သုခများဖြင့် စံစားရမည့်စာရင်းဖြစ်သော) အစ်လ်လီယီန်သည် မည်သည့် အရာဖြစ်ကြောင်းကို သင့်အား မည်သည်က သိစေနိုင်မည်နည်း။

[20] (ထာဝရစည်းစိမ်သုခများဖြင့် စံစားရမည့်စာရင်းဖြစ်သော) အစ်လ်လီယီန်သည် ဖျက်မရ၊ ပြင်မရအောင် (အခိုင်အမာ) မှတ်တမ်းတင်ရေးသားထားသော မှတ်တမ်းစာအုပ်တစ်အုပ်ပင် ဖြစ်၏။

[21] (အရှင်မြတ်၏) အပါးတော်၌ရှိကြသူ (ကောင်းကင်စေတမန်) တို့သည် ယင်း (မှတ်တမ်းစာအုပ် အစ်လ်လီယီန်) ကို မှန်ကန်ကြောင်းထောက်ခံကြပေမည်။

[22] ဧကန်မလွဲ၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသောသူတော်မြတ်တို့သည် ထာဝရ သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်း သည့် သုခဥယျာဉ်၌ ရှိကြပေမည်။

[23] သူတို့သည် (သုခဥယျာဉ်ရှိ အရှင့်ကျေးဇူးတော်ဖြစ်သော) အလှတန်ဆာဆင်ထားသည့် သလွန်များထက်ဝယ် စံမြန်းကာ (သုခဥယျာဥ်တစ်လျှောက် လေ့လာလျက်) ရှုစားကြပေမည်။

[24] သင်တို့သည် သူတို့အား သူတို့၏မျက်နှာများတွင် (တွေ့မြင်ရသော) သာယာကြည်နူးဖွယ်ရာ ဂုဏ်ရောင်တောက်နေမှုကြောင့် (ခွဲခြားစွာ မှတ်မိ) သိနိုင်လိမ့်မည်။

[25] သူတို့သည် (အရှင့်ခွင့်ပြုအမိန့်ဖြင့်) တံဆိပ်ခတ်ထားသည့် (လန်းဆန်းတက်ကြွ၍ ကြည်လင်သန့်ရှင်းသော) အဖျော်ယမကာကို တိုက်ကျွေးခြင်းခံကြရပေမည်။

[26] ယင်း (အဖျော်ယမကာ) ၏အမှတ်တံဆိပ်သည် ကတိုးအနံ့အရသာပင် ဖြစ်၏။ အမှန်စင်စစ်၊ (မြင့်မြတ်သောတန်ဖိုးများအတွက် အပြိုင်အဆိုင်ရုန်းကန်လျက်) ရည်ရွယ်ချက်ကြီးမားစွာထားရှိသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချ နိုင်သော စိတ်ဝိဉာဉ်) များသည် အပြိုင်အဆိုင် ရည်ရွယ်ချက်ကြီးမားစွာ ထားရှိနိုင်ကြစေ။

[27] ယင်း (အဖျော်ယမကာ) ၌ ရောစပ်ရာပါဝင်သည့်အရာမှာ တတ်စ်နီမ် (သုခဥယျဥ်၏စိမ့်စမ်းရေမှ အရသာတွေ့ဖွယ်ရာ မြင့်မြတ်သော သောက်စရာ) ပင် ဖြစ်၏။

[28] (ယင်းတတ်စ်နီမ်သည်) စိမ့်စမ်းရေတစ်မျိုးပင် ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏အပါးတော်၌ ခိုလှုံရာစခန်း ရရှိထားကြသောသူတို့သည် ယင်း (စိမ့်စမ်းရေ) မှ သောက်သုံးကြလိမ့်မည်။

[29] ဧကန်စင်စစ်၊ (တမင်ရည်ရွယ်ချက်ရှိရှိ) ရာဇဝတ်မှုကျူးလွန်ကြ (သောမယုံကြည်) သူတို့သည် သက်ဝင်ယုံကြည်သူတို့အပေါ်၌ (သရော်သည့်အနေဖြင့်) ရယ်မောလေ့ရှိခဲ့ကြ၏။

[30] ထို့ပြင် သက်ဝင်ယုံကြည်သူတို့သည် (ရာဇဝတ်မှုကျူးလွန်ကြသော မယုံကြည်) သူတို့၏အနီးမှ ဖြတ်သွားသည့်အခါတိုင်း (လှောင်ပြောင်သရော်သောအားဖြင့်) သူတို့အချင်းချင်း တစ်ဦးကိုတစ် မျက်စိမှိတ်ပြလေ့ရှိခဲ့ကြ၏။

[31] ထို့ပြင် သူတို့သည် သူတို့၏မိသားစုအသိုင်းအဝိုင်းထံသို့ ပြန်ကြသောအခါလည်း (သက်ဝင်ယုံကြည်သူတို့အား မည်သို့မည်ပုံ လှောင်ပြောင်သရော်ခဲ့ကြသည်ကို ပေါက်သည်ချလျက်) ဟာသနှောသူများအဖြစ် ရယ်မောမြူးတူးစွာ ပြန်ကြ၏။

[32] ထို့ပြင် သူတို့သည် သက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ ''ဧကန်မလွဲ၊ ဤသူတို့သည် အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြ၏။''ဟု ပြောဆိုကြ၏။

[33] “အမှန်စင်စစ်၊ (ယုံကြည်သူတို့နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်မည်။” ဟု ထင်မှတ်လောက်အောင်) သူတို့သည် သက်ဝင်ယုံကြည်သူတို့အပေါ်၌ ကြီးကြပ်စောင့်ရှောက်သူများအဖြစ် ခန့်အပ်၍ စေလွှတ်တော်မူခြင်းခံခဲ့ကြရသည် မဟုတ်ပေ။

[34] သို့ဖြစ်ပေရာ ယနေ့ (တမလွန်တရားစီရင်မည့်နေ့) မူကား သက်ဝင်ယုံကြည်သူတို့သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့ထက်ပင် ရယ်မောနိုင်ကြလိမ့်မည်။

[35] ထိုသက်ဝင်ယုံကြည်သူတို့သည် (သုခဥယျာဉ်ရှိ အရှင့်ကျေးဇူးတော်ဖြစ်သော အလှတန်ဆာဆင်ထားသည့်) သလွန်များထက်ဝယ် စံမြန်းလျက် (မယုံကြည်သူတို့၏အခြေအနေကို လေ့လာ) ရှုစားကြပေမည်။

[36] မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် (လောကီဘဝ၌) သူတို့ပြုမူကျင့်ဆောင်ခဲ့သမျှကြောင့် ပေးဆပ်စေတော်မူခြင်းခံကြနေရပြီ မဟုတ်လော။

ကွဲအက်ခြင်း

Surah 84

[1] မိုးကောင်းကင်သည် (အစိတ်စိတ်အမြွှာမြွှာ) အက်ကွဲစေတော်မူခြင်းခံရသောအခါ။

[2] ထို့ပြင် ယင်း (မိုးကောင်းကင်) သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိန်းသိမ်းတော်မူသော အရှင်မြတ်၏ (ခွင့်ပြုမိန့်ဖြစ်သော စည်းမျဉ်းနိယာမတော်နှင့်အညီ) အမိန့်တော်ကို (အစဥ်အမြဲ) နာခံလိုက်နာသည့်အတိုင်းပင် (အရှင်မြတ်ပေးအပ်တော်မူသော တာဝန်ကို) အမှန်တရားအဖြစ် အကောင်အထည်ဖော် နာခံဆောင်ရွက်မည်သာ ဖြစ်၏။

[3] ထို့ပြင် မြေကမ္ဘာသည် ဆွဲဖြန့်ပြန့်ကားစေခြင်းခံရသောအခါ။

[4] ထို့ပြင် ထိုမြေကမ္ဘာသည် ယင်းအတွင်း၌ ရှိသောအရာဟူသမျှကို (အပြင်သို့) ထုတ်လွှတ်ပြီး ဟာလာဟင်းလင်း ဖြစ်လာသောအခါ။

[5] ထို့ပြင် ယင်း (မြေကမ္ဘာ) သည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိန်းသိမ်းတော်မူသော အရှင်မြတ်၏ (ခွင့်ပြုမိန့်ဖြစ်သော စည်းမျဉ်းနိယာမတော်နှင့်အညီ) အမိန့်တော်ကို (အစဉ်အမြဲ) နာခံလိုက်နာသည့်အတိုင်းပင် (အရှင်မြတ်ပေးအပ်တော်မူသော တာဝန်ကို) အမှန်တရားအဖြစ် အကောင်အထည်ဖော် နာခံဆောင်ရွက်မည်သာ ဖြစ်၏။

[6] အို၊ လူသား၊ ဧကန်စင်စစ်၊ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်တော်သို့ အားသွန်ခွန်စိုက် အားထုတ်လျက် ကြိုးပန်းလျက် (အရှင့်ရှေ့တော်မှောက်၌ တရားစီရင်ခံရရန်) နဖူးတွေ့ဒူးတွေ့ ပက်ပင်းတွေ့ဆုံရမည်။

[7] မည်သို့ပင်ဖြစ်စေ မှတ်တမ်းစာအုပ်ကို သူ၏လက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည်ကား။

[8] မကြာမီ စာရင်းရှင်တမ်းကို အမှန်ပင် လွယ်ကူချောမောစွာဖြင့် အစစ်ဆေးခံမည့်သူပင် ဖြစ်၏။

[9] ထို့ပြင် ထိုသူသည် သူ့မိသားစုအသိုင်းအဝိုင်းများထံ (သူ့အတွက် အသင့်ပြင်ဆင်ထားသော သုခဥယျာဉ်ကြောင့်) ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်သွားလိမ့်မည်။

[10] သို့ရာတွင် မှတ်တမ်းစာအုပ်ကို သူ၏နောက်ကျောဘက်မှ (လက်ဝဲလက်တွင်) ပေးအပ်ခြင်းခံရသောသူသည်ကား။

[11] မကြာမီ ထိုသူသည် လုံးဝ ဖျက်ဆီးခံရခြင်းကို အမှန်ပင် ဟစ်ခေါ်တောင့်တလိမ့်မည်။

[12] ထို့ပြင် ထိုသူသည် (အရှိန်ပြင်းစွာ လောင်နေသော ငရဲဘုံ၏) မီးတောက်မီးလျှံထဲသို့ ဝင်ရပေလိမ့်မည်။

[13] ဧကန်စင်စစ်၊ ထိုသူသည် (တချိန်က လောကီဘဝ၌) သူ့မိသားစုအသိုင်းအဝိုင်းများကြားတွင် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရှိခဲ့ဖူးသူ ဖြစ်ပေ၏။

[14] ဧကန်ပင်၊ ထိုသူသည် (တရားစွဲဆိုခြင်းခံရရန် အရှင်မြတ်ထံတော်သို့) မည်သည့်အခါမျှ အလျှင်း ပြန်သွားရမည်မဟုတ်ဟု ထင်မှတ်နေခဲ့၏။

[15] (သူထင်မြင်ယူဆထားသကဲ့သို့) အလျှင်း မဟုတ်ပေ။ ဧကန်မုချပင် ပြန်ရလိမ့်မည်။ ဧကန်မလွဲ၊ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူနှင့်ပတ်သက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

[16] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နေဝင်ပြီးနောက်ရောင်နီသန်းသော) နေဝင်ဆည်းဆာအလင်းကို သက်သေထူတော်မူ၏။

[17] ထို့ပြင် (ငါအရှင်မြတ်သည်) ညကိုလည်းကောင်း၊ (ညကြောင့်) ဖုံးလွှမ်းသောအရာများ (အမှောင်ထု အဆင့်ဆင့်) ကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။

[18] ထို့ပြင် (ငါအရှင်မြတ်သည်) ပြည့်ဝန်းလာသော လစန္ဒာ (လပြည့်ဝန်း) ကို (သက်သေထူတော်မူ၏) ။

[19] (အို၊ လူသားတို့) သင်တို့သည် အမှန်ပင် တစ်ဆင့်မှတစ်ဆင့်သို့ ကျော်ဖြတ်ပြောင်းလဲ (၍ တွေ့ကြုံခံစားရန် သတ်မှတ်ပြဌာန်းတော်မူသည့်အတိုင်း) တက်ကြရပေမည်။

[20] သို့ပါလျက် သူတို့သည် သူတို့အတွက် မည်သည့် (ဟန့်အတားရှိနေ၍ မည်သည့်) အကြောင်းကြောင့် မယုံကြည်ကြသနည်း။

[21] ထို့ပြင် သူတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ကြားသောအခါဝယ် သူတို့သည် (မည်သည့် အကြောင်းကြောင့် နာခံလိုက်နာလျက် ရိုကျိုးစွဖြင့်) ပျပ်ဝပ်ဦးချခြင်းမပြုကြသနည်း။

[22] ထိုမျှမကသေးပေ။ အမှန်စင်စစ်၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် (တမလွန်တရားစီရင်မည့်အကြောင်းပါရှိသော ကုရ်အာန်ကျမ်းတော်မြတ်အား) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ (ရည်ရွယ်ချက်ရှိရှိ) ငြင်းပယ်နေကြ၏။

[23] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့က (သူတို့၏နှလုံးသားများ၌) မည်သည်တို့အား ဖုံးဖိထားလျက် လျှို့ဝှက်မျိုသိပ်ထားကြသည်ကို သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

[24] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားလော့။

[25] သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့မူကား သူတို့အတွက် မည်သည့်အခါမျှ မပြီးဆုံးနိုင်သော (တသမတ်တည်း အတိုင်းအဆမဲ့သော) ဆုလဒ်သည် ဧကန်မုချပင် ရှိနေ၏။

ကြယ်စုများ

Surah 85

[1] (ငါအရှင်မြတ်သည် လှုပ်ရှားလည်ပတ်လျက်ရှိနေသော) ဂြိုဟ်နက္ခတ်တာရာများနှင့်အတူ ပြည့်နက်နေသည့် မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[2] ထို့ပြင် ကတိထားတော်မူသောနေ့ကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (အရာခပ်သိမ်းတို့အတွက်) သက်သေတည်တော်မူသောအရှင်နှင့်သက်သေသက်ကန်ဖြစ်စေတော်မူသောအရာများကို သက်သေထူတော်မူ၏။

[4] ကတုတ်ကျင်း၏အဖော်များ (ဖြစ်ကြသော မယုံကြည်သူတို့) သည် (သူတို့ကိုယ်သူတို့) ပျက်စီးဆုံးရှုံး ခြင်းခံကြရစေ။

[5] လောင်စာအပြည့်နှင့်အတူလောင်နေသော မီး (ထဲ၌ ပါဝင်သူများအဖြစ်) ရှိကြစေ။

[6] သူတို့သည် ထိုမီးအပေါ်၌ ထိုင်နေသူများဖြစ်ကြစဉ်။

[7] ထို့ပြင် သူတို့သည် သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ ပြုမူဆက်ဆံခဲ့သမျှအပေါ် သက်သေသက်ကန်များ ဖြစ်ကြစေ။

[8] အမှန်စင်စစ်၊ သူတို့သည် သူတို့အနက်မှ (ယုံကြည်သူတို့ကို) လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းမှအပ (အခြားမည်သည့်အကြောင်းရင်းအတွက်မျှ) မကျေမချမ်းဖြစ်၍ ရန်လိုမုန်တီးကြသည် မဟုတ်ပေ။

[9] (ထိုယုံကြည်သူတို့သည်) မိုးကောင်းကင်များနှင့်မြေကမ္ဘာ (ကိုဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်နိယာမတော်နှင့်အညီ လည်ပတ်စေတော်မူလျက် ယင်းတို့) အချုပ်အခြာအာဏာကို စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် သက်သေသက်ကန်တော်သာ ဖြစ်တော်မူ၏။

[10] ဧကန်မလွဲ၊ သက်ဝင်ယုံကြည်ကြသူ အမျိုးသားများနှင့်အမျိုးသမီးများအား (မတော်မတရား) ညှင်းပန်း နှိပ်စက်ခဲ့ကြသူတို့သည် ထိုသို့ညှင်းပန်းနှိပ်စက်ခဲ့ပြီးနောက် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင်မြတ်ဘက်သို့ ဦးလှည့်ကြသူများ မဖြစ်ခဲ့ကြလျှင် သူတို့အတွက် ငရဲဘုံ၏ပြစ်ဒဏ်သာ ရှိသင့်၍ သူတို့အတွက် အရှိန်ပြင်းစွာ (လောင်နေသော ငရဲမီး၏) ပြစ်ဒဏ်သာ ရှိနေ၏။

[11] ဧကန်မုချ၊ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သည့်ကောင်းမှုလုပ်ရပ်များဖြင့် ဘဝတည်ဆောက်ကြ သူများအတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ ရှိနေ၏။ ထိုသို့ချိးမြှင့်တော်မူခြင်းခံရခြင်းသည် (သူတို့အတွက်) အလွန်ကြီးကျယ်လှစွာသော မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။

[12] ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ဖမ်းဆီးချုပ်ကိုင်မှု (အရေးယူမှု) သည် အမှန်ပင် ပြင်းထန်လှပေ၏။

[13] ဧကန်မလွဲ၊ ထိုအရှင်မြတ်သည်သာလျှင် (အရာခပ်သိမ်းကို ပထမဆုံးအကြိမ် ယင်းတို့၏မူလဘူတများကို) စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူအရှင်၊ (ဒုတိယအကြိမ်) ပြန်လည် ဖွဲ့စည်းဖြစ်တည်စေတော်မူမည့် အရှင်မြတ်လည်း ဖြစ်တော်မူ၏။

[14] ထို့ပြင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်ပင် မေတ္တာကရုဏာထားတော်သောအရှင်မြတ် ဖြစ်တော်မူ၏။

[15] (ထိုအရှင်မြတ်သည်ပင်၊ စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူလျက် မြင့်မြတ်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

[16] (ထိုအရှင်မြတ်သည်) ဆန္ဒတော်ဖြင့် ရည်ရွယ်တော်မူသည်ကို (ပြီးမြောက်အောင်) စီမံဖြစ်စေတော်မူသည့် အာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

[17] (အို၊ ရစူလ်တမန်တော်) ထိုစစ်တပ်များ၏အကြောင်း (သတင်းအချက်အလက်များ) သည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။

[18] ဖာရိုမင်းနှင့်ဆမူးဒ်လူမျိုး (တို့၏စစ်တပ်များအကြောင်းကို ရောက်စေတော်မူခဲ့၏)။

[19] ထိုမျှမကသေးပေ။ အမှန်စင်စစ်၊ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် (ကုရ်အာန်ကျမ်းမြတ်ကို မရမနေ ဇွဲကောင်းကောင်းဖြင့်) မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်လျက်ရှိကြ နေ၏။

[20] စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလွှမ်းခြုံထားစေရှိတော်မူ၏။

[21] (သူတို့စွပ်စွဲလိုတိုင်း အလျှင်း စွပ်စွဲနိုင်လိမ့်မည် မဟုတ်ပေ။) အမှန်မှာ၊ ဤသည် အသရေတင့်တယ်၍ ဂုဏ်ဝင့်ဖွယ်ရာ မြင့်မြတ်သောကုရ်အာန်ကျမ်းတော်မြတ်ပင် ဖြစ်၏။

[22] (မိစ္ဆာဒိဌိနှင့်မကောင်းဆိုးဝါး အလုံးစုံတို့မှ မဖျောက်မဖျက်နိုင်အောင် လုံခြုံစွာ ရေရှည်တည်တံ့စေတော်မူလျက်) ထိန်းသိမ်းစောင့်ရှောက်တော်မူထားသောသင်ပုန်း၌ ကမ္ပည်းထိုးထားရေးမှတ်ထားတော်မူပြီး ဖြစ်၏။

နံနက်ကြယ်

Surah 86

[1] (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညအချိန်၌ (အမှောင်ခွင်း၍ ရောက်) လာသော အရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] ညအချိန်၌ (အမှောင်ခွင်း၍ ရောက်) လာသော အရာမှာ အဘယ်နည်း။” ဟူသည်ကို အသင် (တမန်တော်) အား မည်သည့်အရာက သိနားလည်စေနိုင်မည်နည်း။

[3] ယင်းသည် (ဖောက်ထွင်းလင်းဝင်း၍) ကြည်လင်တောက်ပသော ကြယ်တာရာပင် ဖြစ်၏။

[4] ဧကန်ပင်၊ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းတွင် ယင်းအပေါ်၌ ထိန်းသိမ်းစောင့်ရှောက်သူ (အဖြစ် တာဝန်ပေးတော်မူထားသော စေတမန်) တစ်ဦးစီ ရှိပေ၏။

[5] သို့ဖြစ်ပေရာ လူသားသည် သူ့အား မည်သည့်အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသည်ကို တွေးတောဆင်ခြင်၊ စူးစမ်းလေ့လာ၊ သုံးသပ်သင့်ပေမည်။

[6] လူသားသည် ပန်းထွက်ထုတ်လွှတ်သောအရည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရ၏။

[7] ယင်း (အရည်) သည် (လှုံ့ဆော်မှု၏အကျိုးဆက်အဖြစ်) ကျောရိုးအဆစ်နှင့်နံရိုးများကြား (၌ သိုလှောင်ထားခြင်း) မှ (အရှင့်နိယာမတော်အရ) ထွက်လာခြင်း ဖြစ်၏။

[8] ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် လူသားအား (ကလလရည်ကြည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူနိုင်စွမ်းရှိတော်မူသကဲ့သို့) အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်စွမ်းရှိသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

[9] ထိုနေ့တွင် (အရာခပ်သိမ်းတို့၌ တိမ်မြုပ်နေသည့်) လျှို့ဝှက်ချက်အလုံးစုံအား (စစ်ဆေးစီရင်စေတော်မူရန်) ထင်ရှားစေတော်မူသောအခါ။

[10] (ထိုနေ့တွင် အရှင်မြတ်က စီရင်ဆုံးဖြတ်တော်မူခြင်းကို အာခံဖီဆန်ရန်) လူသား၌ မည်သည့် အခွင့်အာဏာမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။

[11] (ငါအရှင်မြတ်သည် ယင်း၌ ရှိသမျှနှင့်အတူ) အစဉ်လည်ပတ်လှုပ်ရှားလျက် ထပ်တလဲလဲ ဖြစ်ပေါ်သော မိုးရေ ရှိနေသည့် မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[12] ထို့ပြင် (ငါအရှင်မြတ်သည် အပင်များ ဖြစ်ထွန်းရှင်သန်၍ ကြီးထွားခြင်းနှင့်အတူ) အက်ကွဲမှု စွမ်းရည်ရှိနေသော မြေကမ္ဘာကို သက်သေထူတော်မူ၏။

[13] ဧကန်မလွဲ၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိကို ခွဲခြားသိမြင်စေသော မြင်သာထင်ရှားသည့် ရှင်းလင်းချက်၊) တိကျပြတ်သားသောအရှင့်စကားတော်ပင် ဖြစ်၏။

[14] ထို့ပြင် ယင်း (စကားတော်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) သည် ကရော်ကမည် (အခြေအမြစ် မရှိသောစကား) မဟုတ်ပေ။

[15] ဧကန်စင်စစ်၊ (မယုံကြည်သွေဖည်ငြင်းပယ်ကြသော) သူတို့သည် အကြံအစည်အမျိုးမျိုးကို ကြံစည်လျက်ရှိ ကြ၏။

[16] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား သူတို့၏ဆန္ဒအလျှောက်ဆက်လက်၍ လုပ်ခွင့်ရလေအောင် (အရေးမယူဘဲ) ခေတ္တခဏ၊ ယာယီရွှေ့ဆိုင်းခွင့်ပေးလော့။

[17] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား သူတို့၏ဆန္ဒအလျှောက်ဆက်လက်၍ လုပ်ခွင့်ရလေအောင် (အရေးမယူဘဲ) ခေတ္တခဏ၊ ယာယီရွှေ့ဆိုင်းခွင့်ပေးလော့။

အမြင့်မြတ်ဆုံးအရှင်

Surah 87

[1] (အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင့်မြတ်ဆုံးဖြစ်တော်မူသော ဂုဏ်တော်နာမတော်များဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော် မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

[2] ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် အချိုးအဆမျှတလိုက်ဖက်၍ နေထားတကျဖြစ်အောင်လည်း ပုံဖော်စေတော်မူ၏။

[3] ထို့ပြင် ထိုအရှင်မြတ်သည် (သက်ရှိတိုင်း၏သဘောသဘာဝ၊ ထူးခြားသောဘဝ၊ ရည်ရွယ်ချက်ပန်းတိုင် တို့ကို မျှတလိုက်ဖက်သောနိယာမတော်များနှင့်အညီ) သတ်မှတ်ပြဌာန်းတော်မူပြီးနောက် လမ်းညွှန်တော်ကိုလည်း ပေးအပ်တော်၏။

[4] ထို့ပြင် ထိုအရှင်မြတ်သည် (မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံအစရှိသည်တို့ပါဝင်သည့်) ကျက်စားရာ၊ စားကျက်များကို ဖြစ်ထွန်းပေါက်ရောက်စေတော်မူ၏။

[5] ထို့နောက် ထိုအရှင်မြတ်သည် ယင်း (မြက်ပင်သစ်ပင်များပါရှိသော စားကျက်များ) ကို (ခြောက်သွေ့၍) မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုးများအဖြစ် ပြောင်းလဲဖြစ်စေတော်မူ၏။

[6] (အို၊ တမန်တော်၊) မုချဧကန်၊ ငါအရှင်မြတ်သည် (လူသားတို့အတွက် လမ်းညွှန်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူ၍ လူသားတို့ထံ ပို့ချရန်) အသင့်အား ရွတ်ဖတ်စေတော်မူမည်။ သို့ဖြစ်ပေရာ အသင်သည် (ယင်းမှ မည်သည်ကိုမျှ) မေ့လျော့မည် မဟုတ်ပေ။

[7] (သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသော အရာမှအပ ဖြစ်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (သင်တို့၏အတွင်းအပြင်အခြေအနေများ အပါအဝင်) မြင်သာထင်ရှားသောအရာဟူသမျှကိုလည်းကောင်း၊ ကွယ်ဝှက်ဖုံးကွယ်လျက်ရှိသောအရာဟူသမျှကိုလည်းကောင်း၊ သိနေတော်မူ၏။

[8] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (သင်၏အရေးကိစ္စအားလုံး၌) အလွယ်ကူဆုံးသော လမ်းစဉ်အတွက် (လမ်းညွှန်တော်မူလျက်) လွယ်ကူစေတော်မူမည်။

[9] သို့ဖြစ်ပေရာ အကယ်၍ ဆုံးမသြဝါဒများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) သည် (သူတို့အတွက်) အသုံးဝင်အကျိုးရှိစေလျှင် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက်) သတိပေး လမ်းညွှန်လော့။

[10] (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူသည်သာလျှင် အမှန်ပင် (သတိရ တသ၍ ထုတ် ဖော်ဖွင့်ဟလျက်) တရားရပေလိမ့်မည်။

[11] သို့ရာတွင် အလွန်ကောက်ကျစ်စဉ်းလဲသောယုတ်မာသူသည်ကား ယင်း (သတိရ တသ၍ ထုတ်ဖော်ဖွင့် ဟစရာဖြစ်သောကျမ်းတော်) အား အဖက်မလုက်ဘဲ သွေဖည်ရှောင်ရှား နေကြလိမ့်မည်။

[12] ထိုအရှင်မြတ်သည် (ထိုသူအား) အလွန်ကြီးကျယ်သော ငရဲမီးထဲ၌ လောင်ကျွမ်းစေရန် ဝင်ရောက်စေတော်မူလိမ့်မည်။

[13] ထို့နောက် (ထိုသူသည်) ယင်း (ငရဲမီးထဲ) ၌ (ပြစ်ဒဏ်မှ သက်သာရာရစေရန်) ကွယ်လွန်သေဆုံးမည် မဟုတ်သည့်အပြင် (ကောင်းမွန်စွာ) အသက်ရှင်ခွင့်ရမည်လည်း မဟုတ်ပေ။

[14] ဧကန်မလွဲ၊ (မကောင်းမှုများမှ ရှောင်ကြည်လျက် သူ၏ဥစ္စာဓနများကို ဆင်းရဲနွမ်းပါးသူနှင့်အရှင့်လမ်း တော်အတွက် သုံးစွဲခြင်းဖြင့် သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းစေသူ (မည်သူမဆို) သည် ပေါက်မြောက်အောင်မြင်ခဲ့လေပြီ။

[15] ထို့ပြင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်နာမတော်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟပြီးနောက် ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်၏။

[16] အမှန်မှာ၊ (အို၊ လူသားတို့၊ သင်တို့သည်ကား ထိုသို့ အလျှင်း မဟုတ်ကြပေ။) သင်တို့သည် လောကီဘဝကိုပင် ပိုမို၍နှစ်သက်လျက် ဦးစားပေးနေကြ၏။

[17] အမှန်သော်ကား နောင်တမလွန်ဘဝသည်သာ ပိုမို၍ကောင်းမြတ်သည့်အပြင် အတည်မြဲဆုံး ဖြစ်ပေ၏။

[18] ဧကန်စင်စစ်၊ ဤသည် (ယခင်ချမှတ်ပေးအပ်တော်မူသော) ရှေးကျမ်းစာများ၌ အမှန်ပင် ဖော်ပြပါရှိသော အကြောင်းအရာများ ဖြစ်၏။

[19] (ယခင်ချမှတ်ပေးအပ်တော်မူသော တမန်တော်) အီဗ်ရာဟီမ်နှင့်မူဆာတို့၏ကျမ်းစာများ (ကဲ့သို့) ပင် ဖြစ်၏။

လွှမ်းမိုးသောအရာ

Surah 88

[1] (အို၊ ရစူလ်တမန်တော်) အပြတ်အသတ် ဖုံးလွှမ်းမည့်အဖြစ်အပျက်ကြီး၏သတင်းအချက်အလက် (အကြောင်းအရာ) များသည် အသင့်ထံ ရောက်ရှိခဲ့ပြီမဟုတ်လော။

[2] ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ကြောက်ရွံ့ညှို့ငယ်လျက် မျက်လွှာချထားကြပေမည်။

[3] (လောကီဘဝ၌) ခြေကုန်လက်ပန်းကျလျက် ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ခဲ့သော်လည်း (တမလွန်၌ မည်သည့် ဝေစုမျှ မရသောကြောင့် ဖြစ်၏။)

[4] သူတို့သည် အရှိန်ပြင်းစွာ လောင်နေသော မီးထဲသို့ (လောင်ကျွမ်းစေရန်) ဝင်ရောက်ကြရပေမည်။

[5] သူတို့သည် ပွက်ပွက်ဆူနေသော ရေပူစမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။

[6] သူတို့အတွက် အဆိပ်ရှိသောဆူးပင်မှအပ အခြားစားစရာဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။

[7] ယင်းဆူးပင်သည် (သူတို့အတွက်) အဟာရမဖြစ်ရုံသာမက ဆာလောင်မှုမှ (ရောင့်ရဲလွတ်ကင်းစေရန် လည်း) မည်သို့မျှ အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။

[8] ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ပျော်ရွှင်မြူးထူးလျက် (မျက်နှာထားမျိုး) ရှိကြလိမ့်မည်။

[9] (သူတို့သည် လောကီဘဝ၌) သူတို့ကြိုးပမ်းဆောင်ရွက်ခဲ့မှု (၏အသီးအပွင့်များကို ရယူခံစားရမည်ဖြစ်သော) ကြောင့် အလွန်ပင်အားရကျေနပ်လျက် ရှိကြပေမည်။

[10] (သူတို့သည်) မြင့်မြတ်လှစွာသော သုခဥယျာဉ်၌ ရှိကြလိမ့်မည်။

[11] သည်တို့သည် ယင်း (သုခဥယျာဉ်) ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားအပြောအဆိုကို ကြားကြမည် မဟုတ်ပေ။

[12] ယင်း (သုခဥယျာဉ်) ၌ တသွင်သွင် စီးဆင်းလျက်ရှိသော စိမ့်စမ်းရေ ရှိ၏။

[13] ယင်း (သုခဥယျာဉ်) ၌ မြင့်မားသော သလွန်များ ရှိကြ၏။

[14] ထို့ပြင် အသင့်ပြင်ဆင်ထားရှိသောသောက်စရာဖလားများသည်လည်း စီထားလျက် ရှိကြ၏။

[15] ထို့ပြင် ဆိုဖာမှီအုံးများသည်လည်း အနှံ့အပြား စီစဉ်ခင်းကျင်းထားလျက် ရှိကြပေမည်။

[16] ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ဖြန့်ခင်းထားလျက် ရှိကြပေသည်။

[17] (အရှင်မြတ်သည်) ကုလားအုတ်များအား မည်သို့ ဖွဲ့စည်းဖြစ်တည်စေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။

[18] ထိုနည်းတူစွာ (အရှင်မြတ်သည်) မိုးကောင်းကင်အား မည်သို့ မြင့်မားမြဲမြံစွာ ရှိစေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။

[19] ထို့အတူ တောင်များအား မည်သို့ ခိုင်မာမြဲမြံစွာ စိုက်ထူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင် ခြင် မသုံးသပ်ကြလေသလော။)

[20] ထို့ပြင် မြေကမ္ဘာအား မည်သို့ ခင်းကျင်းဖြန့်ကျဲထားစေတော်မူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။)

[21] သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သတိပေးနှိုးဆော်၍ အလေးအနက်တိုက်တွန်း သူတစ်ဦးဖြစ်ခြင်းနှင့်အညီ (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်) သတိပေး ဆုံးမလော့။

[22] အသင်သည် သူတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲသူအဖြစ် တာဝန်ပေးခန့်ထားတော်မူသည်မဟုတ် (၍ သူတို့အား အတင်းအဓမ္မ ယုံကြည်စေခွင့် မရှိ) ပေ။

[23] သို့ရာတွင် မည်သူမဆို (သတိပေးနှိုးဆော်ခြင်းမှ) မျက်နှာလွှဲကျောခိုင်း၍ (အမှန်တရားကို) မယုံကြည်သွေဖည်ငြင်းပယ်ခဲ့လျှင်။

[24] အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်၏။

[25] ဧကန်မလွဲ၊ သူတို့ဘဝခရီး၏နောက်ဆုံးပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။

[26] ထို့နောက် သူတို့အားစစ်ဆေးမေးမြန်း၍ စာရင်းရှင်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။

အရုဏ်

Surah 89

[1] (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) စုံဂဏန်းနှင့်မဂဏန်းကို သက်သေထူတော်မူ၏။

[4] ထို့ပြင် (ငါအရှင်မြတ်သည် အာရုံတက်ချိန်ဘက်သို့ လွယ်ကူစွာ လည်ပတ်လျက်) ကျော်ဖြတ်သောညကို သက်သေထူတော်မူ၏။

[5] (အရှင်မြတ်က) ထိုသို့ အလေးအနက် တိုင်တည်၍ သက်သေတော်မူခြင်း၌ (မကောင်းမှုများမှ ရှောင်၍ အမှန်တရားဘက်သို့ လမ်းညွှန်ခြင်းခံရန်အလို့ငှာ) ဆင်ခြင်တုံတရားချီးမြှင့်တော်မူခြင်းခံရသူတို့အတွက် အလေးအနက် စဥ်းစားဆင်ခြင်စရာ (သက်သေအထောက်အထားများ) ရှိ၏။

[6] (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အားဒ်လူမျိုးတို့အား မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို အသင် စဥ်းစားတွေ့မြင် ဆင်ခြင်သုံးသပ်ခြင်၊း မပြုလေသလော။

[7] (ကြီးကျယ်ခံ့ညားသော မော်ကွင်းဝင်) ကျောက်တိုင်ပါအဆောက်အဦးများစွာကို ပိုင်ဆိုင်ခဲ့သည့် ""အိရမ"" လူမျိုးတို့အားလည်းကောင်း။

[8] (ကမ္ဘာပေါ်ရှိ) မြို့ရွာဒေသများ၌ မည်သည့်အခါမျှ မည်သည့်အရာကိုမျှ မဖန်တီးမပြုလုပ်ခဲ့ (ဘဲ ခေါင်းထောင်ခွင့် မရ) သူ ကဲ့သို့ပင် (ဖြစ်သွားလေ၏။)

[9] (နေထိုင်ရာအိမ်များ ပြုလုပ်ရန်) တောင်ကြားများတစ်လျှောက်တွင် ကျောက်ဆောင်များကို ခုတ်ဖြတ် ဖောက်ထွင်းခဲ့ကြသော ဆမူးဒ်လူမျိုးများကိုလည်းကောင်း။

[10] အထင်ကြီးရလောက်အောင် ခံ့ညားခိုင်ခံ့သော အမာခံရဲတိုက်များ (ပိရမစ်များ) ကို ပိုင်ရှင်ခဲ့ကြသော ဖာရိုမင်းဆက်များကိုလည်းကောင်း။

[11] (သူတို့နေထိုင်ရာ) မြို့ရွာတိုင်းပြည်ဒေသများတွင် (အရှင်မြတ်က ပြဌာန်းတော်မူသည့် စည်းဘောင်များကို ချိုးဖောက်ကျူးလွန်၍) ဆူပူသောင်းကျန်းသူအားလုံးကိုလည်းကောင်း။

[12] ထို့နောက် သူတို့သည် ယင်း (မြို့ရွာတိုင်းပြည်ဒေသများ) တွင် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုမျိုးစုံကို တိုးပွားများပြားစေခဲ့ကြလေ၏။

[13] သို့ဖြစ်ပေရာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အပေါ်၌ (ပုံစံအမျိုးမျိုးရှိသော) ပြစ်ဒဏ်ဆိုင်ရာကပ်ဘေးကို လွှတ်ပေးတော်မူ (လျက် ခံစားစေတော်မူ) ခဲ့၏။

[14] ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (လူသားတို့အား ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်တော်မူပြီး စမ်းသပ်တော်မူလျက် သူတို့အပေါ်) အမှန်ပင် အစဥ်အမြဲ သတိထား စောင့်ကြည့်နေတော်မူသောအရှင်မြတ်သာ ဖြစ်တော်မူ၏။

[15] သို့ဖြစ်သော်ငြားလည်း လူသားသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သူ့ကို စမ်းသပ်တော်မူသည့်အနေဖြင့် ရက်ရောစွာ ချီးမြှင့်တော်မူပြီး အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်တော်မူသောအခါ သူတို့က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်အပေါ် ရက်ရောစွာ ချီးမြှင့်ပေးအပ်၍ ဂုဏ်ပေးတော်မူ၏။” ဟု ပြောဆိုလေ့ရှိကြ၏။

[16] သို့ရာတွင် ထိုအရှင်မြတ်သည် သူ့အား စမ်းသပ်တော်မူသည့်အနေဖြင့် သူ့အပေါ်၌တွင် ရိက္ခာနှင့် အထောက်အပံ့များကို တိုင်းတာသတ်မှတ်၍ ကျပ်တည်းစေလျက် ချီးမြှင့်အပ်နှံတော်မူသည့်အခါတိုင်း သူတို့က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်အား အရှက်ရစေလျက် ဂုဏ်အသရေဖျက်စေတော်မူ၏။” ဟု ပြောဆိုလေ့ရှိကြ၏။

[17] (သင်တို့ထင်မြင်ယူဆသကဲ့သို့ အလျှင်း မဟုတ်ကြောင်း) သတိထားကြလော့။ အမှန်စင်စစ်၊ (အို၊ လူသား တို့) သင်တို့သည် မိဘမဲ့များအား ကြင်နာစွာနှင့်ရက်ရောစွာ ပေးကမ်းခြင်းဖြင့် ဂုဏ်ပေးကြသည် မဟုတ်ပေ။

[18] ထို့ပြင် သင်တို့သည် ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူတို့အား ကျွေးမွေးကြရန် အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။

[19] ထို့ပြင် သင်တို့သည် (တရားဝင်ခွင့်ပြုထားတော်မူသောအရာနှင့်တားမြစ်ထားတော်မူသောအရာကို မခွဲခြားစေဘဲ သူတစ်ပါး၏ပိုင်ဆိုင်မှုများကို လောဘတကြီး) အမွေပစ္စည်းများအဖြစ် သိမ်းကျုံး၊ စားသုံးကြ၏။

[20] ထို့ပြင် သင်တို့သည် ဥစ္စာဓနပိုင်ဆိုင်မှုများကို ရသမျှသိမ်းဆည်းသိုမှီးလိုသောစိတ်ဇောဖြင့် အငတ်မရ မြတ်နိုးတွယ်တာလျက် အလွန်အမင်း နှစ်သက်မြတ်နိုးကြလေ၏။

[21] (သင်တို့ထင်မြင်ယူဆသကဲ့သို့ အလျှင်း မက်မောသိုမှီးနိုင်မည် မဟုတ်ကြောင်း) သတိထားကြလော့။ (စင်စစ်မူကား) မြေကမ္ဘာသည် မြေမှုန့်ဖြစ်သည်အထိ တဒုန်းဒုန်းထုထောင်းလျက် (ညက်ညက်ကြေအောင်) ထုထောင်းခြင်းခံရသောအခါ။

[22] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (အရှင့်တန်ခိုးတော်နှင့်ခံ့ညားထည်ဝါမှုဆိုင်ရာ ကန့်လန့်ကာကို ဖယ်ရှားတော်မူ၍) ကြွရောက်လာတော်မူပြီး မလာ အီကာကောင်းကင်စေတမန်တို့သည် ရာထူးအဆင့်အတန်းအလိုက် စီတန်းလျက် (လာကြသောအခါ။)

[23] ထို့ပြင် ထိုနေ့တွင် ငရဲဘုံသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းခံရသောအခါ၊ ထိုနေ့တွင် လူသားသည် (အရှင်မြတ်က သူ့အား မည်သို့ ရက်ရောစွာ ချီးမြှင့်တော်မူပြီး သူက မည်သို့ ကျေးဇူးကန်းစွာ တုံ့ပြန်ခဲ့ကြခြင်းကို) သတိရ တသ၍ အသိတရားရလျက် သိနားလည်လာလိမ့်မည်။ သို့ရာတွင် (ထိုအခါ) အသိတရားရလျက် သိနားလည်ခြင်းသည် မည်သို့ သူ့အတွက် အသုံးဝင် အကျိုးရှိစေနိုင်မည်နည်း။

[24] (ထိုစဉ်) လူသားသည် “သြော်၊ ကျွန်ုပ်သည် (လောကီဘဝသက်တမ်း၌ ကောင်းမှုကုသိုလ်အချို့ကို ပြုလုပ်၍ နောင်တမလွန်၌ ထာဝရ) ရှင်သန်နိုင်ရေးအတွက် ကြိုတင်ပို့နှင့်ခဲ့မိလျှင် ကောင်းလေစွ။” ဟု ညည်း ညူပြောဆိုလိမ့်မည်။

[25] သို့ဖြစ်ပေရာ ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်စီရင်ခြင်းမျိုးကဲ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ်စီရင်နိုင်လိမ့်မည်မဟုတ်ပေ။

[26] ထိုနည်းတူစွာ ထိုအရှင်မြတ်က (အရှင့်ဥပဒေတော်နှင်အညီ စီရင်တော်မူရန်) ချုပ်နှောင်တော်မူသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှပင် ချုပ်နှောင်နိုင်လိမ့်မည် မဟုတ်ပေ။

[27] (သို့သော်လည်း ဖြောင့်မှတ်မှန်ကန် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်လျက် ယုံကြည်မှု သစ္စာတရား၊ အရှင့်အမိန့်တော်များနှင့်အရှင့်ချီးမြှင့်မှုများအပေါ် တင်းတိမ်ရောင့်ရဲ၍ အရှင့်စည်းမျဥ်းတော်နှင့် အညီ အသုံးချခံရသော) အို၊ တည်ငြိမ်အေးချမ်းသည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်။

[28] အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် (အရှင်မြတ်နှင့်အရှင့်ချီးမြှင့်မှုများကြောင့်) အားရကျေနပ်စွာဖြင့် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကိုရယူသူအဖြစ် ပြန်သွားလော့။

[29] သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်၏အစေခံများအနက်မှ အပါအဝင်ဖြစ်လျက် (တင်းတိမ်ရောင့်ရဲမှု အပြည့်ရှိသော နာခံသူဖြစ်လာရန် အစ္စလာမ့်စည်းဘောင်သို့) ဝင်ရောက်လော့။

[30] ထို့ပြင် အသင်သည် ငါအရှင်မြတ်၏သုခဘုံဥယျာဉ်ထဲသို့ ဝင်ရောက် (စံမြန်း) လော့။

မြို့

Surah 90

[1] ထိုမျှမက၊ ငါအရှင်မြတ်သည် ဤ (အထွတ်အမြတ်ဖြစ်သောမက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။

[2] ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် ဤ (အထွတ်အမြတ်ဖြစ်သောမက္ကဟ်) မြို့တော်၌ (မည်သည့် အတားအဆီးမျှမရှိဘဲ လွတ်လပ်စွာ) အခြေချနေထိုင်ခွင့်ရသူ ဖြစ်၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) ဖခင်ကြီးဖြစ်ခဲ့သူ (တမန်တော်အီဗ်ရာဟီးမ်) နှင့် (ယင်းဖခင်မှ) ဆင်းသက် လာသောသား (ဖြစ်သူ တမန်တော်မုဟမ္မဒ်) ကို သက်သေထူတော်မူ၏။

[4] မုချဧကန်၊ ငါအရှင်မြတ်သည် လူသားကို (ကြီးကျယ်သော) ခက်ခဲမှုနှင့်စမ်းသပ်မှုကြား၌ပင် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[5] လူသားသည် သူ့အပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် (စည်းမျဉ်းနိယာမတော်များ သတ်မှတ်ပြဌာန်းလျက်) သြဇာအာဏာရှိနိုင်လိမ့်မည် မဟုတ်ဟု တွက်ချက်ထင်မှတ်လေသလော။

[6] လူသားက “ကျွန်ုပ်သည် မြောက်မြားစွာသော ဥစ္စာဓနပိုင်ဆိုင်မှု အလျှံပယ်ကို သုံးဖြုန်းခဲ့ပြီ။” ဟု (ဂုဏ်ယူ စွာကား) ပြောဆိုလေ့ရှိ၏။

[7] လူသားသည် သူ့အား မည်သူတစ်ဦးတစ်ယောက်မျှ (မည်သည့်အခါမျှပင်) စောင့်ကြည့် တွေ့မြင်နေလိမ့် မည်မဟုတ်ပေ။ “ဟု တွက်ချက်ထင်မှတ်လေသလော။

[8] ငါအရှင်မြတ်သည် လူသားအတွက် သူ့မျက်စိနှစ်လုံးကို စီမံဖြစ်စေတော်မူသည် မဟုတ်လော။

[9] ထို့ပြင် လျှာတစ်ခုနှင့်နှုတ်ခမ်း တစ်စုံကိုလည်း စီမံဖြစ်စေတော်မူသည် မဟုတ်လော။

[10] ထို့ပြင် ငါအရှင်မြတ်သည် လူသားအား (နာခံလိုက်နာစရာနှင့်ရှောင်ကြဥ်စရာ) လမ်းစဉ်နှစ်သွယ်ကို ညွှန်ပြတော်မူ၏။

[11] သို့ပါလျက် လူသားသည် (တိုးတက်မှုလမ်းစဉ် ဖြစ်သော) တက်လမ်းအတွက် ရုန်းကန်အားထုတ်သည် မဟုတ်ပေ။

[12] (တိုးတက်မှုလမ်းစဉ် ဖြစ်သော) တက်လမ်းမှာ အဘယ်နည်း။ “ဟူသည်ကို သင့်အား မည်သည့်အရာက သိနားလည်စေမည်နည်း။

[13] (တိုးတက်မှုလမ်းစဉ်ဖြစ်သော တက်လမ်းသည်) တစ်ဦးတစ်ယောက်အား (အဖိနှိပ်အချုပ်အနှောင်ခံ ထားရသောဘဝ၊ ကျွန်ဘဝမှ) လွတ်မြောက်စေခြင်းပင် ဖြစ်၏။

[14] သို့တည်းမဟုတ် (စားဝတ်နေရေး လွန်စွာ ခက်ခဲကျပ်တည်းလျက်) ဆင်းရဲငတ်မွတ်သောနေ့ကာလတွင် အစားအသောက်၊ ကျွေးမွေးစရာများဖြင့် ထောက်ပံ့ခြင်းပင် ဖြစ်၏။

[15] မိဘမဲ့များနှင့်နီးစပ်သောဆွေမျိုးအသိုင်းအဝိုင်းများကိုလည်း (ထောက်ပံ့ခြင်းပင် ဖြစ်၏။)

[16] သို့တည်းမဟုတ် မြေကြီးပေါ်၌ စိတ်ပျက်စရာကောင်းလောက်အောင် လူးလိမ့်နေသော ဒုက္ခိတများ၊ ဆင်းရဲကျပ်တည်းမှု၏ဝေဒနာကို ခံစားနေရသူများအား ထောက်ပံ့ခြင်းပင် ဖြစ်၏။

[17] ထို့ပြင် သက်ဝင်ယုံကြည်သူတို့သည် ယုံကြည်ခြင်းအတူနှင့်အတူ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံနှင့်စပ်လျဥ်း၍ အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အလေးအနက် တိုက်တွန်းနှိုးဆော်ဆုံးကြ၏။ ထိုနည်းတူစွာ ကရုဏာတရား၊ အကြင်နာတရား ထားရှိကြရန်လည်း အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အလေးအနက် တိုက်တွန်းနှိုးဆော်ဆုံးကြ၏။

[18] ထိုသူတို့သည်ကား (ပေါက်မြောက်အောင်မြင်သူများဖြစ်ရုံသာမက ထာဝရပျော်ရွှင်သုခကို ရစေနိုင်သည့် စာရင်းရှင်းတမ်းအားလည်း လက်ယာလက်၌ရရှိမည့်) လက်ယာဘက်၏အပေါင်းအဖော်များပင် ဖြစ်ကြ၏။

[19] (သို့ရာတွင် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြသော မယုံကြည်သူတို့မှာမူ စိတ်ပျက်ဖွယ်ရာ ပြစ်ဒဏ်များကို ခံစားစေရန် စာရင်းရှင်းတမ်းအား လက်ဝဲဘက်၌ ရရှိမည့်) လက်ဝဲဘက်၏အပေါင်းအဖော်များပင် ဖြစ်ကြ၏။

[20] ငရဲမီးသည် သူတို့အပေါ်၌ (သိမ်းကျုံးပိတ်လှောင်ထားသကဲ့သို့) ဝိုင်းပတ်လွှမ်းခြုံလျက်ပင် ရှိ၏။

နေ

Surah 91

[1] (ငါအရှင်မြတ်သည်) နေကိုလည်းကောင်း၊ နေ၏အလင်းရောင်တော်ပမှု (အပူရှိန်မြင့်မားတောက်ပလာ) ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) ၏နောက်ကို လိုက်သော (ယင်း၏အလင်းပြန်သော) လစန္ဒာကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) အား မြင်သာထင်ရှားစေသော နေ့ကို သက်သေထူတော်မူ၏။

[4] ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း (နေ) အား အမှောင်ထုဖြင့် ဖုံးအုပ်လွှမ်းစေသော ညကို သက်သေထူတော်မူ၏။

[5] ထို့ပြင် (ငါအရှင်မြတ်သည် အရှင့်ခံ့ညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက်) ဖွဲ့စည်းဆောက်လုပ်ထားတော်မူသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

[6] ထို့ပြင် (ငါအရှင်မြတ်သည် အရှင့်ခံ့ညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက်) ဖြန့်ခင်းကျယ်ပြန့်စေတော်သော မြေကမ္ဘာကို သက်သေထူတော်မူ၏။

[7] ထို့ပြင် (ငါအရှင်မြတ်သည် ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောအရှင်၊ တန်ခိုးတော်အလုံးစုံကို ပိုင်ဆိုင် တော်မူသောအရှင်၊ အမြော်အမြင်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ စသည့် ဂုဏ်တော်များကို ထင်ရှားစေတော်မူလျက်) အချိုးအဆ မျှတလိုက်ဖက်စွာ ဖြစ်စေတော်မူသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော် အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) သက်သေထူတော်မူ၏။

[8] ထိုသို့ (နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်း ရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်ကို) ဖြစ်စေတော်မူခြင်းဖြင့် ထိုအရှင်မြတ်သည် ယင်း (နဖ်စ်) ၌ အမှန်တရားလမ်းစဥ်မှ ရှောင်ကြဥ်၍ ပျက်စီးဆုတ်ယုတ်ခြင်း လမ်းစဥ်သို့ သွားနိုင်သည့်အခွင့်အရေး (အသိစိတ်) ဖြင့်လည်းကောင်း၊ သက္ကဝါ (ခေါ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးနိုင်သည့်) အခွင့်အရေး (အသိစိတ်) ဖြင့်လည်းကောင်း၊ စေ့ဆော်လှုံ့ဆော်စေတော်မူ၏။

[9] ဧကန်စင်စစ်၊ မည်သူမဆို (သူ့ နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်၌ ရှိနေသောအခွင့်အရေးနှင့်လွတ်လပ် စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အရှင်မြတ်အား အာခံဖီဆန်စေသောအရာအတွက် အသုံးမချဘဲ သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းစေသောသူသည် ပေါက်မြောက်အောင်မြင်ခဲ့လေပြီ ဖြစ်၏။

[10] သို့ရာတွင် မည်သူမဆို (သူ့ နဖ်စ် ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ် ၌ ရှိနေသော အခွင့်အရေးနှင့်လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို အရှင်မြတ်အား အာခံဖီဆန်စေသောအရာအတွက် အသုံးချလျက် သူ့ကိုယ်သူ) မစင်ကြယ်မသန့်ရှင်းသည့် အကျက်ပျက်ဖောက်ပြန်မှု၌ နစ်မြုပ်စေသောသူသည် ပျက်စီးဆုံးရှုံးခဲ့ လေပြီ။

[11] ဆမူးဒ်လူမျိုးတို့သည် သူတို့၏မောက်မာသော အာခံဖီဆန်မှုများဖြင့် (အရှင့်အမိန့်တော်များနှင့်တမန်တော်များကို) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏။

[12] (အထူးသဖြင့် နောက်ဆုံးတွင်) သူတို့အနက်မှ အကောက်ကျစ်၊ အစဥ်းလဲဆုံး အယုတ်မာဆုံးသောသူသည် (ယင်းလူမျိုးအား ဦးဆောင်လှုံ့ဆော်လျက် တစ်ဟုန်ထိုး ရှေ့ဆက်သွားလေသောအခါ။)

[13] ထိုစဉ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွာလစ်ဟ်) က သူတို့အား (သူတို့၏ကတိကဝတ် ဖြစ်သော ထိုကုလားအုတ်မကို မည်သည့်အခါမျှ သတ်ဖြတ်မည် မဟုတ်ဟူသည်ကို အကြိမ်ကြိမ် သတိပေးလျက်) “သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထိုကုလားအုတ်မကို ယင်း၏အလှည့်ကျသည့်အခါ ရေသောက်ခွင့် ပေးကြလော့။ (ယင်းကို မထိခိုက်စေနှင့်။)” ဟု သတိပေးတိုက်တွန်းခဲ့လေ၏။

[14] သို့ရာတွင် သူတို့သည် (အလ္လာဟ်အရှင်မြတ်၏) ရစူလ်တမန်တော်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီးနောက် အရှင့်ကုလားအုတ်မ၏တံကောက်ကြောကို ဖြတ်တောက်၍ သတ်ဖြတ် ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့၏အပေါ်၌ သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် အားလုံးကို (မြေမျက်နှာပြင်တွင်) တစ်ပြေးညီ ဖြစ်စေသော ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။

[15] စင်စစ် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ တန်ခိုးအာနုဘော်အလုံးစုံကို ပိုင်ဆိုင်တော် မူသောအရှင်၊ တရားမျှတမှုဟူသမျှအား ဖြစ်စေတော်မူသောအရှင်ဖြစ်တော်မူသည့်) ထိုအရှင်မြတ်သည် ယင်း (ဖြစ်ရပ်) ၏ အကျိုးဆက်အတွက် စိုးရိမ်ကြောင့်ကြတော်မူသည် မဟုတ်ပေ။

Surah 92

[1] (ငါအရှင်မြတ်သည် မြေကမ္ဘာအား ယင်း၏အမှောင်ထုဖြင့်) လွမ်းမိုးဖုံးအုပ်စေသော ညကို သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည် မြေကမ္ဘာအား နေထွက်သည့်အခါ ယင်း၏အလင်းဖြင့်) တောက်ပထင်ရှားစေသောနေ့ကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (အရှင်မြတ်၏ခံညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက် အရာခပ်သိမ်း၌ (အကောင်း၊ အဆိုး၊ အပေါင်း၊ အနုတ်၊ လိင်ဖို၊ လိင်မ၊ အဖို၊ အမစသည်ဖြင့်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ကို သက်သေထူတော်မူ၏။

[4] ဧကန်စင်စစ်၊ သင်တို့၏ကြိုးပမ်း အားထုတ်ဆောင်ရွက်မှုများသည် (သင်တို့၏စိတ်ဝင်စားမှုနှင့်ရည်ရွယ်ချက်ပန်းတိုင်ပေါ်မူတည်၍) အမျိုးမျိုး၊ အထွေထွေ၊ ကွဲပြားခြားနားလေ့ရှိ၏။

[5] သို့ဖြစ်ပေရာ (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) စွန့်လှူပေးကမ်းလှူဒါန်းပြီး အရှင်မြတ်အား စိုးရွံ့ထိတ်လန့်လျက် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူလည်း ရှိ၏။

[6] ထို့ပြင် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက်) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းဖြင့် (အရှင်မြတ်အား ယုံကြည်ခြင်းကို အခိုင်အမာပြောဆိုထောက်ခံ၏။)

[7] သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (လွယ်ကူစွာ စီရင်စစ်ဆေးတော်မူ၍ ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်) လွယ်ကူသော လမ်းစဥ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။

[8] သို့ရာတွင် (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) ပေးကမ်းလှူဒါန်းခြင်း မပြုဘဲ) တွန့်တိုစေးနဲပြီး (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်"" ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်သူလည်း ရှိ၏။

[9] ထို့ပြင် ထိုသူသည် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို အလေးမထားဘဲ) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းနှင့်စပ်လျဥ်း၍ မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် (အမှန်တရားကို) ငြင်းပယ်လေ့ရှိ၏။

[10] သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (ခက်ခဲသော စီရင်စစ်ဆေးမှုဖြင့် ရေးယူတော်မူ၍ ပြစ်ဒဏ်ခံစားစေမည့်) ခက်ခဲသောလမ်းစဉ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။

[11] ထို့ပြင် ထိုသူသည် (သင်္ချိုင်းတွင်းထဲသို့ ကျဆုံး) ကျရောက်လေသောအခါ သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများသည် သူ့အတွက် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်လိမ့်မည် မဟုတ်ပေ။

[12] ဧကန်မလွဲ၊ (အရှင်မြတ်၏လမ်းစဉ်တော်နှင့်ဘဝဆောက်တည်လိုသူတို့အတွက်) တရားလမ်းမှန် ညွှန်ပြ ချီးမြှင့်ခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။

[13] ထို့ပြင် ဧကန်မလွဲ၊ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက်လောကီဘဝကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။

[14] သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့အား အရှိန်ပြင်းစွာ ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ) မီးနှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။

[15] ယင်း (ငရဲမီးထဲ) သို့ အလွန်ကောက်ကျစ်စဉ်းလဲ၍ ယုတ်မာသောသူများမှအပ (အခြား မည်သူ့ကိုမျှ) ဝင်ရောက်စေ၍) လောင်ကျွမ်းစေလိမ့်မည် မဟုတ်ပေ။

[16] ထိုသူသည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းခဲ့လေ၏။

[17] သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ၍ မနာခံဖီဆန်မှုမှ အလှမ်းဝေးသောသူ (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံ၍ ဘဝဆောက်တည်သူ) သည်ကား ယင်း (ငရဲမီး) မှ ဖယ်ရှားရှောင်ဝေးစေခြင်းခံရပေလိမ့်မည်။

[18] ထို (အရှင့်ကို သိစိတ်မပြတ် ထားလျက် ဘဝဆောက်တည်) သူသည် (အရှင်မြတ်ပေးအပ်တော်မူထားသော) သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများကို (အရှင်မြတ်၏ကျေနပ်နှစ်မြို့အတွက်) ပေးကမ်းလှူဒါန်း၍ သူ့ကိုယ်သူ သန့်ရှင်းစင်ကြယ်စေလေ့ရှိ၏။

[19] ထိုသူသည် မည်သူ တစ်ဦးတစ်ယောက်၏ကျေးဇူးဖြင့် ဂုဏ်ပေးမှုကိုမျှ (သူ့ပေးကမ်းလှူဒါန်းမှု၏) အကျိုးဆုလဒ်အဖြစ် ပေးဆပ်ခံရရန် မမျှော်လင့် (မမျှော်ကိုးဘဲ စွန့်လှူပေးကမ်းလှူဒါန်း) ခြင်းသာ ဖြစ်၏။

[20] သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အကြီးကဲအမြင့်မြတ်ဆုံး ဖြစ်တော်မူသောအရှင်မြတ်၏နှစ်သက်ကျေနပ်မှုကို ရယူရန်သာ (မျှော်ကိုး တောင့်တလျက် ပေးကမ်းလှူဒါန်းခြင်း) ဖြစ်၏။

[21] စင်စစ် ထိုသူသည် မကြာမီ အမှန်ပင် (သူက အရှင့်အမိန့်တော်နှင့်အညီနာခံလိုက်နာခြင်း၌ တင်းတိမ်ရောင့်ရဲသောကြောင့် အရှင်မြတ်ကလည်း သူ့ကို ကျေနပ်နှစ်သက်တော်မူမည်ဖြစ်၍) အားရကျေနပ် လိမ့်မည် ဖြစ်၏။

နံနက်ခင်းအချိန်နာရီများ

Surah 93

[1] (ငါအရှင်မြတ်သည်) သာယာလှပသောနေတက်ချိန် (နေ၏တောက်ပသောအလင်းရောင်) ကို သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) အမှောင်ထုလွှမ်းလျက် ငြိမ်သက်စေသော ညကို သက်သေထူတော်မူ၏။

[3] အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်ကို ပစ်ပယ်ထားတော်မူသည်မဟုတ်သည့်အပြင် (အသင့်အား အရေးမစိုက်စရာ) မကျေနပ်မနှစ်သက်စရာအကြောင်းလည်း ရှိတော်မမူပေ။

[4] ဧကန်စင်စစ်၊ အသင့်အတွက် လွန်လေပြီးသောအရာ (လောကီဘဝ) ထက် နောက်လာမည့်အရာ (တမလွန်ဘဝ) က ပိုမိုလယ်ကူ၍ သာလွန်ကောင်းမြတ်လှ၏။

[5] ထို့ပြင် မကြာမီ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်အား (ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးမှုကို တစ်ခုပြီးတစ်ခု ဆက်တိုက်) ချီးမြှင့်ပေးအပ်တော်မူမည်ဖြစ်ရာ အသင်သည် အားရကျေနပ်လျက် တင်းတိမ်ရောင့်ရဲလိမ့်မည်။

[6] ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူ၍ ခိုကိုးရာ ပေးတော်မူခဲ့သည် မဟုတ်လော။

[7] ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား (အမှန်တရားအတွက် ခြေဦးတည်ရာ သွားလျက်) လမ်းမပေါက်နိုင်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ (အသင့်ကို တမန်တော်အဖြစ်ရွေးချယ်တော်မူလျက်) လမ်းညွှန်တော်မူခဲ့၏။

[8] ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား လိုအပ်ချက်ရှိသူအဖြစ်တွေ့ရှိတော်မူခဲ့ရာ သင့်အတွက် ဖူလှုံပြည့်စုံမှု ဖြစ်စေတော်မူခဲ့၏။

[9] သို့ဖြစ်ပေရာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် မိဘမဲ့များအား ချုပ်ချယ်ကြမ်းတမ်းစွာ ဆက်ဆံခြင်း (ကြိမ်းမောင်းခြင်း) မပြုလေနှင့်။

[10] ထိုနည်းတူစွာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသနားခံတောင်းခံသူတို့အား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုလေနှင့်။

[11] ထို့ပြင် (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းကို ထုတ်ဖေါ်ပြောကြားလော့။

သက်သာရာရခြင်း

Surah 94

[1] (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်သည် သင့်အတွက် သင်၏ရင်ကို ကျယ်ပြန့်ဖွင့်ပေးစေတော်မူခဲ့သည် မဟုတ်လော။

[2] ထို့ပြင် ငါအရှင်မြတ်သည် သင့်အပေါ်မှ အသင့်ဝန်ထုပ်ကို ဖယ်ရှားလွယ်ကူစေတော်မူခဲ့သည် (မဟုတ်လော)။

[3] ထိုဝန်ထုပ်သည် အသင့်ကျောပေါ်တွင် အလွန်ပင် လေးလံလျက် (အောင့်သက်သက်ဖြစ်သည်အထိ) ဝန်ပိနေခဲ့၏။

[4] ထို့ပြင် ငါအရှင်မြတ်သည် အသင့်ဂုဏ်သတင်းကျော်ကြားစေတော်မူ၍ အသင့်အား မြတ်နိုးလေးစား စေမှုကို မြှင့်တင်၊ မြင့်မားစေတော်မူခဲ့သည် (မဟုတ်လော)။

[5] သို့ဖြစ်ပေရာ ဧကန်မလွဲ၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

[6] ဧကန်ပင်၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

[7] သို့ဖြစ်ပေရာ အသင်သည် (တာဝန်တစ်ခုကို ကျေပွန်စွာဆောင်ရွက်ပြီးနောက်) အားလပ်သောအခါ (နောက်တာဝန်တစ်ခုအတွက် ကြံ့ခိုင်မြဲမြံစွာ) ရပ်တည်အားထုတ်လော့။

[8] ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်တော်သို့ (စိတ်ပါလက်ပါ အာရုံစိုက်လျက် အရှင့်ကျေနပ်နှစ်မြို့မှုကို ရှာကြံရန်) ရုန်းကန်လှည့်ပြန်လော့။

သင်္ဘောသဖန်းသီး

Surah 95

[1] (ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်ပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

[2] ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။

[3] ထို့ပြင် (ငါအရှင်မြတ်သည်) ဤဘေးကင်းလုံခြုံသောမြို့တော်ကို သက်သေထူတော်မူ၏။

[4] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားကို (အကောင်းဆုံး၊ အချိုးအစား၊ အမျှတ အလိုက်ဖက်ဆုံး၊ ပုံပန်းသဏ္ဍာန်အလှဆုံး၊ ဆင်ခြင်ဉာဏ်အရှိဆုံး) ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[5] ထို့နောက် ငါအရှင်မြတ်သည် (လူသား၏ပြုမူကျင့်ကြံမှုနှင့်ကိုယ်ကျင့်တရားပေါ်မူတည်၍) ယင်းလူသားအား အညံ့ဖျင်း၊ အနိမ့်ကျဆုံးသာအခြေအနေသို့ အညွန့်ချိုး ရောက်စေတော်မူ၏။

[6] သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်သူတို့ သည်ကား (အနိမ့်ဆုံးအဆင့်သို့ အညွန့်ချိုးစေတော်မူမည့်သူတို့တွင်) မပါဝင်ချေ။ သို့ဖြစ်ပေရာ သူတို့အတွက် မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်သော အတိုင်းအဆမဲ့ ဆုလဒ်များ အစဉ်အမြဲ ရှိ (စေတော်မူမည်ဖြစ်) ၏။

[7] သို့ပါလျက် (ဤအမှန်တရားများကို သိနားစေတော်ပြီး) နောက်တွင်မှ (နောင်တမလွန်ဘဝ၌ ကောင်းမှုနှင့်မကောင်းမှုအတွက် အစားပေးတော်မူရန်) တရားစီရင်တော်မည့်နေ့နှင့်စပ်လျဉ်း၍ အသင်တို့အား မည်သည့်အရာ မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် (လှုံ့ဆော်) စေကြသနည်း။

[8] အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် (ဘုန်းတန်ခိုးတော်နှင့်အချုပ်အချာအာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်) အကောင်းဆုံး တရားစီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည် မဟုတ်လော။

သွေးခဲ

Surah 96

[1] (အို၊ ရစူလ်တမန်တော်) အသင်သည် (အရာခပ်သိမ်းတို့အား) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်ဖြင့် ရွတ်ဖတ်လော့။

[2] ထိုအရှင်မြတ်သည် လူသားကို (သားအိမ်နံရံ၌ မျှော့တွယ်သကဲ့သို့) ဖက်တွယ်နေသောအရာ (သွေးဥခဲ) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

[3] (အို၊ ရစူလ်တမန်တော်)အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အလွန်ရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသောအရှင်မြတ် (က ချမှတ်ပေးတော်မူသမျှ) အမိန့်တော်များကို ရွတ်ဖတ်လော့။

[4] ထိုအရှင်မြတ်သည် (လူသားအား) ကလောင်တံအားဖြင့် သွန်သင်သင်ကြားစေတော်မူ၏။

[5] ထိုအရှင်မြတ်သည် လူသားတို့အား သူတို့ မသိနားမလည်သောအရာများကို သင်ကြားပေးစေတော်မူ၏။

[6] မှတ်ယူကြလော့၊ (လူသားအတွက် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံးကို ဖြစ်စေတော်မူ သော်ငြားလည်း) ဧကန်မလွဲ၊ လူသားသည် ထိန်းမနိုင်သိမ်းမရလောက်အောင် (အရှင်မြတ်က သတ်မှတ်ထားတော်မူသည့် စည်းဘောင်များကို ချိုးဖောက်၍) အာခံဖီဆန်လေ့ရှိ၏။

[7] လူသားသည် (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့် တမှုကင်းမဲ့၍ ကုံလုံပြည်စုံသူဟု ထင်မြင်ယူဆနေ၏။

[8] ဧကန်မလွဲ၊ (လူသားအားလုံးသည် စီရင်စစ်ဆေးခြင်းခံရ၍ စာရင်းရှင်းစေတော်မူရန်) ပြန်လည် ဦးလှည့် ရမည်မှာလည်း အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်၏။

[9] (အို၊ ရစူလ်တမန်တော်) အသင်သည် ဟန့်တားနှောက်ယှက်၍ တားမြစ်သူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။

[10] (အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင်) အစေခံတစ်ပါးအား သူသည် ဆွလသ်ဝတ်ပြုသောအခါဝယ်။

[11] (အို၊ ရစူလ်တမန်တော်) သူသည် ဧကန်ပင်၊ တရားလမ်းမှန်ပေါ်၌ ရပ်တည်နေကြောင်းကို (သူ၏ရပ် တည်ချက်အတိုင်းပင် အခြေအနေမှန်ကို) မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။

[12] သို့တည်းမဟုတ် သူသည် သက္ကဝါ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) ဖြစ်ခြင်းဖြင့် (လူတို့အား အမှန်တရားအတွက်) အလေးအနက် တိုက်တွန်းသည်ကိုလည်း။

[13] (အို၊ ရစူလ်တမန်တော်) အသင်သည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းသူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။

[14] ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူက (ဆွလာသ်ဝတ်ပြုသူအား ဟန့်တားနှောက်ယှက်၍ တားမြစ် နေသည်ကို) တွေ့မြင်တော်မူကြောင်း ထိုသူ မသိလေသလော။

[15] မှတ်ယူလော့။ (အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူ၏။) အကယ်၍ ထိုသူသည် (သူ့အပြုအမူကို) ရပ်တန်းက မရပ်တန်းခဲ့သော်၊ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (သူ၏နဖူးပေါ်ဝဲကျနေသော) ဦးစွန်းဖုတ်မှ ဆွဲကိုင်၍ ဖမ်းဆီးအရေးယူတော်မူမည်။

[16] ထိုဦးစွန်းဖုတ်သည်ကား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းနှင့်ပြစ်မှုကျူးလွန်ခြင်းကို ဖြစ်သော အရာပင် ဖြစ်၏။

[17] သို့ဖြစ်ပေရာ သူသည် (သူ့အကူအညီအတွက် သူ့ရဲဘော်ရဲဘက်များအား) အရေးပေါ်ညီလာခံအတွက် ဆင့်ခေါ်ပါစေ။

[18] ငါအရှင်မြတ်သည်လည်း မကြာမီ ငရဲစောင့်ကောင်းကင်စေတမန်တို့ကို ဆင့်ခေါ်တော်မူ (အရေးယူစေတော်မူ) မည်။

[19] (အရှင်မြတ်၏အရေးယူတော်မှုမှ မည်သည့်နည်းနှင့်မျှ ရှောင်ပြေးနိုင်မည်မဟုတ်ကြောင်း) မှတ်ထားလော့။ (အို၊ ရစူလ်တမန်တော်) အသင်သည် (ဆွလာသ်ဝတ်ပြုခြင်းအား) ဟန့်တားနှောက်ယှက်၍ တားမြစ်ရန် ကြိုးစားသူကို ဂရုမစိုက် အလေးမထားဘဲ (အလ္လာဟ်အရှင်မြတ်အား) ပျပ်ဝပ်ဦးချပြီး (အရှင်မြတ်အပါးတော် သို့) ချဉ်းကပ်လော့။

တန်ခိုး

Surah 97

[1] ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ည၌ ချမှတ်ပေးအပ်တော်မူ၏။

[2] “သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သောညမှာ အဘယ်နည်း။” ဟူသည်ကို မည်သည်က အသင့်အား သိနားလည်စေမည်နည်း။

[3] သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ညသည်ကား လပေါင်းတစ်ထောင် ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။

[4] ထိုည၌ ကောင်းကင်စေတမန်များသည်လည်းကောင်း၊ (အရှင့်သတင်းတော်ဆောင်) ဝိဉာဥ်တော် ဂျီးဗ်ရိလ်သည်လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ခွင့်ပြုချက်တော်ဖြင့် (ကောင်းမြတ်သော) စီမံချက်အရေးကိစ္စတိုင်းအတွက် ဆင်းသက်လာကြ၏။

[5] (ယင်းညသည်ကား အရှင့်လမ်းစဉ်တော်၌ ဘဝနစ်မြုပ်ထားသူတို့အတွက် ထိုက်တန်သောဂုဏ်ပြုမှုအဖြစ် ကံဆိုးမိုးမှောင်ကျမှုနှင့်ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေ၍ ဘေးကင်း လုံခြုံမှုရှိစေတော်မူလျက်) နံနက်မိုးသောက် ချိန်ပေါ်ထွန်းစအချိန်အထိ ငြိမ်းချမ်းသာယာမှုနှင့်ကရုဏာတော်သက်စေတော်မူ၏။

ထင်ရှားသောသက်သေ

Surah 98

[1] ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက်ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည်ငြင်းပယ်ကြသောသူတို့သည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာသည်အထိ (သူတို့၏မိရိုးဖလာယုံကြည်မှုနှင့်) မိစ္ဆာဒိဌိအား လိုက်နာနေခြင်းအား အလျှင်း စွန့်လွှတ် ပစ်ပယ်ခဲ့ကြသည် မဟုတ်ပေ။

[2] အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (တာဝန်ဖြင့်ခန့်အပ်တော်မူခဲ့ပြီး) သတင်းတော်ဆောင် ရစူလ်တမန်တော်သည် (ရုပ်နာမ်ဆိုင်ရာ လမ်းလွဲမှု၊ မိရိုးဖလာယုံကြည်မှုနှင့်မိစ္ဆာဒိဌိအားလုံးမှ) စင်ကြည်သန့်ရှင်းသော (သွန်သင်ချက်များ ပါဝင်သည့် ကျမ်းစာ၏) စာမျက်နှာများကို ပို့ချရန် ဖတ်ကြားလေ၏။

[3] ယင်း (ကျမ်းစာ) ၌ (ယုံကြည်မှု၊ အတွေးအခေါ်နှင့်လုပ်ရပ်တို့နှင့်စပ်လျဥ်းသော) တိကျမှန်ကန် မြဲမြံတည် တံ့သည့် ကျမ်းစာများပါဝင်၏။

[4] သို့ရာတွင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာပြီးနောက်တွင်မှအပ ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် (ဂိုဏ်းဂဏ အမျိုးမျိုးဖြင့်) သဘောကွဲကြသည် မဟုတ်ချေ။

[5] အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် နာခံကိုးကွယ်ရန်၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရန်နှင့်ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ရန်မှအပ (အခြားမည်သည့်) အမိန့်တော်ကိုမျှ လမ်းညွှန်တော်မူခြင်းခံကြရသည် မဟုတ်ပေ။ (အရှင့်ဒီန်လမ်းစဉ်တော်သည်) ထိုသို့ပင် တိကျမှန်ကန် မြဲမြံ တည်တံ့သည့်လမ်းစဥ်တော်ပင် ဖြစ်၏။

[6] ဧကန်ပင်၊ ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက် ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည် ငြင်းပယ်ကြသောသူတို့သည်ကား ငရဲဘုံ၏မီးထဲ၌သာ အမြဲထာဝစဉ် နေထိုင်ခံစားကြရသူများ ဖြစ်ကြ၏။ ထိုသူတို့သည်ပင် အဆိုးဝါးဆုံးသော သက်ရှိသတ္တဝါများ ဖြစ်ကြ၏။

[7] သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ခဲ့ကြသော သူတို့သည်ကား ဧကန်မလွဲ၊ သက်ရှိသတ္တဝါများတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြ၏။

[8] သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (ရှိနေသော) သူတို့အတွက် ဆုလဒ်သည် အောက်ခြေတွင် စိမ့်စမ်းရေသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်ထဲ၌ အစဉ်ထာဝရကာလအကန့်အသတ်ဖြင့် နေထိုင်စံမြန်းခွင့်ပင် ဖြစ်၏။ နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ ပြုမူကျင့်ကြံမှုနှင့်အတူ) အားရကျေနပ်တော်မူပြီး သူတို့ကလည်း အရှင်မြတ် (၏အမိန့်ပညတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာရခြင်း) အား သဘောကျမြတ်နိုးကြ၏။ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ရိုသေသူအတွက် ထိုနည်းအတိုင်းပင် ဆုလဒ်များ ရှိစေတော်မူမည် ဖြစ်၏။

မြေငလျင်

Surah 99

[1] မြေကမ္ဘာသည် ယင်းအတွက် သတ်မှတ်ပြဌန်းတော်မူသည့် ပြင်းပြင်းထန်ထန် တုန်လှုပ်သော ငလျင်လှုပ်ခြင်းနှင့်အတူ သွက်သွက်ခါတုန်လှုပ်ခြင်းခံရလေသောအခါ။

[2] ထို့ပြင် မြေကမ္ဘာသည် ယင်း (အတွင်း၌ ရှိသောသေသူများ၊ သယံဇာတများ၊ ရွှေငွေရတနာများအစရှိသည့်) ဝန်ထုပ်များကို အပြင်သို့ ထုတ်ပစ်သောအခါ။

[3] ထို့ပြင် လူသားက ယင်း (မြေကမ္ဘာ) ၌ (ယင်းကဲ့သို့တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်း။” ဟု ဟစ်အော်ပြောဆိုသောအခါ။

[4] ထိုနေ့တွင် ယင်း (မြေကမ္ဘာ) ၏သတင်းအချက်အလက်များကို အသေးစိတ် ပြန်လည် ရှင်းလင်းပြောပြပေမည်။

[5] အကြောင်းသော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) အား (ထိုသို့ တုန်လှုပ်စေရန် အရှင့်နိယာမတော်နှင့်အညီ) အမိန့်တော်ထုတ် ပြန်တော်မူလျက် စေ့ဆော်သောကြောင့်ပင် ဖြစ်၏။

[6] ထိုနေ့တွင် လူသားတို့သည် အုပ်စုအမျိုးမျိုးကွဲ၍ ဖြန့်ကြဲလျက် (လောကီဘဝ၌ ပြုကျင့်သော) သူတို့၏ပြုမူကျင့်ကြံမှုများကို ပြသခြင်းခံကြရရန်အလို့ငှာ ရှေ့ဆက်သွားကြလိမ့်မည်။

[7] သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည် (သူကျင့်မူခဲ့သော) ကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။

[8] ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (သူပြုကျင့်ခဲ့သော) ယင်းမကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။

မြင်းများ

Surah 100

[1] (ငါအရှင်မြတ်သည်) မောဟိုက်ဟောဟဲ၍ လျှာတန်းလန်းနှင့်လျင်မြန်စွာပြေးကြသော စစ်မြင်းများကို သက်သေထူတော်မူ၏။

[2] တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေသောသူ (စစ်မြင်း) များကို သက်သေထူတော်မူ၏။

[3] တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား) ရှောင်တစ်ခင်ဝင်တိုက်သောသူ (တိုက်မြင်း) များကို သက်သေထူတော်မူ၏။

[4] တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (တည်ငြိမ်သောမြေကြီး၌) ဖုံမှုန့်များကို ထောင်းထောင်းထစေသောသူ (မြင်း) များကို သက်သေထူတော်မူ၏။

[5] တစ်ဖန် (ငါအရှင်မြတ်သည် ရန်သူစစ်အုပ်စုများထဲသို့ ကြံ့ခိုင်မှုမြဲမြံစွာဖြင့်) ရှေ့တိုးထိုးဖောက်ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။

[6] ဧကန်မလွဲ၊ လူသားသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အတွက် အမှန်ပင် ကျေးဇူးကန်းသူ ဖြစ်၏။

[7] ထို့ပြင် ဧကန်မလွဲ၊ လူသားသည် ထိုသို့ (ကျေးဇူးကန်းမှုအပေါ်) သူကိုယ်တိုင် အမှန်ပင် သက်သေသက်ကန် ဖြစ်၏။

[8] ထို့ပြင် ဧကန်မလွဲ၊ လူသားသည် (ဥစ္စာဓနများ၊ ကြွယ်ဝချမ်းသာမှုများ၊ ရပိုင်ခွင့်များနှင့်အခွင့်အရေးများ စသော) ကောင်းမြတ်မှုဟူသမျှကို အလွန်ပြင်းပြစွာ နှစ်သက်မြတ်နိုးခုံမင်လေ့ရှိ၏။

[9] သို့ရာတွင် (ရှင်ပြန်ထမည့်နေ့၌) သင်္ချိုင်းများအတွင်း၌ရှိသောသူသည် (ယင်းသင်္ချိုင်းများမှ ထစေ၍) ခေါ် ထုတ်ခြင်းခံရသောအခါ (ထိုသို့ ရှင်ပြန်ထစေကြောင်းကို) မသိဘဲနေလိမ့်မည်လော။

[10] ထို့ပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ထိန်ချန်ထားခဲ့သမျှကိုလည်း ဖော်ထုတ်စေတော်မူလျက် ထင်ရှားစေခြင်းခံရမည်ကိုလည်း (မသိဘဲနေလိမ့်မည်လော။)

[11] ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ထိုနေ့တွင် သူတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

ဘေးဥပဒ်

Surah 101

[1] ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီး။

[2] ထိုရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးသည်ကား မည်သည့် အရာနည်း။

[3] ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးမှာ အဘယ်အရာဖြစ်ကြောင်းကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။

[4] (ထိုကပ်ကြီးဆိုက်ရောက်လာမည့်) ထိုနေ့တွင် လူသားတို့သည် နေရာအနှံ့ ပျံ့နှံ့ ဖြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေလိမ့်မည်။

[5] ထို့ပြင် တောင်များသည် ပွနေသောအမွေးများကို ဖြီးသင်ဖုတ်စုတ်၍ လွင့်ပါးသွားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။

[6] ထိုစဉ် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ လေးလံပြည့်မီသူ မည်သူမဆိုသည်။

[7] ထိုသူသည် တင်းတိမ်ရောင့်ရဲလျက် အားရနှစ်လိုဖွယ်ကောင်းသောဘဝအခြေအနေ၌ ရှိလိမ့်မည်

[8] သို့ရာတွင် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကင်းမဲ့မှုကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ (မစီးဘဲ) ပေါ့နေသူ မည်သူမဆိုသည်။

[9] (ထိုသူအတွက်) သူ၏နေထိုင်ရာဌာနမှာ အသူတစ်ရာနက်သော ချိုင့်တွင်းပင် ဖြစ်လိမ့်မည်။

[10] “အသူတစ်ရာနက်သော ချိုင့်တွင်းသည် အဘယ်အရာနည်း။” ဟူသည်ကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။

[11] (ယင်းအသူတစ်ရာနက်သော ချိုင့်တွင်းဟူသည်) အပူရှိန်ပြင်းထန်စွာ တောက်လောင်လျက်ရှိသော (ငရဲ) မီးပင် ဖြစ်၏။

လောကစည်းစိမ်၌ပြိုင်ဆိုင်ခြင်း

Surah 102

[1] (ဥစ္စာဓန၊ မျိုးကောင်းမျိုးသန့်၊ ကြွယ်ဝချမ်းသာမှုနှင့်ဂုဏ်ပကာသနစသော လောကီပိုင်ဆိုင်မှုများကို ရှာဖွေရယူရန်နှင့်ယင်းတို့ဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ရန် ရည်ရွယ်၍) လောကီ ဥစ္စာဓနပိုင်ဆိုင်မှုများ တိုးပွားများပြားစေရန် ပြိုင်ဆိုင်လျက် (ဘဝ၏အဓိကရည်ရွယ်ချက်မှ သင့်ကို လမ်းလွဲစေကာ) အာရုံထွေပြားစေ၏။

[2] နောက်ဆုံးတွင် သင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ကြသည်အထိ (ထိုအခြေအနေ၌ ရှိကြ၏။)

[3] သတိပြုကြလော့။ (ထိုအခြေအနေ၌ပင် သေခြင်းတရား အမှန်ပင် ရောက်လာမည် ဖြစ်ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။

[4] ထို့ပြင် ထပ်မံ၍ သတိပြုကြလော့။ (သေပြီးနောက်တစ်ဖန် အမှန်ပင် ရှင်ပြန်ထစေတော်မူမည် ဖြစ် ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။

[5] (ထိုအမှန်တရားကို သင်တို့ မသိသေးကြောင်း) သတိပြုကြလော့။ အကယ်၍ သင်တို့သည် တပ်အပ်သေချာသော အသိပညာဖြင့် (ယင်းအမှန်တရားကို) သိနားလည်ကြလျှင် ကောင်းလေစွ။

[6] ဧကန်မလွဲ၊ သင်တို့သည် ချစ်ချစ်တောက်ပူလောင်သော ငရဲမီးကို အမှန်ပင် တွေ့မြင်ကြလိမ့်မည်။

[7] ထို့နောက် (သင်တို့သည် တမလွန်ဘဝကို ရောက်သည့်အခါ) ဧကန်ပင်၊ သင်တို့သည် ယင်းတပ်အပ် သေချာသောအမှန်တရားဖြစ်သည့် ငရဲမီးကို မျက်ဝါးထင်ထင် ဒိဋ္ဌတွေ့မြင်ကြလိမ့်မည်။

[8] ထို့နောက် ထိုနေ့တွင် သင်တို့သည် (လောကီဘဝ၌ အရှင်မြတ်က) ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းအားလုံးနှင့်စပ်လျဉ်း၍ ဧကန်မုချပင်၊ စစ်ဆေးမေးမြန်းခြင်း ခံကြရလိမ့်မည်ဖြစ်၏။

ယိမ်းယိုင်သောနေ့

Surah 103

[1] (ငါအရှင်မြတ်သည်) ခေတ်ကာလ (အဆွရ်အချိန်၊ အထူးသဖြင့် အဖြစ်အပျက်များနှင့်ပြည့်နက်နေသော နောက်ဆုံး နိဂုံးပိုင်းကာလ) ကို သက်သေထူတော်မူ၏။

[2] ဧကန်စင်စစ်၊ လူသားသည် အမှန်ပင် ဆုံးရှုံးမှု၌ ရှိနေ၏။

[3] သို့သော် (ထိုသို့ဆုံးရှုံးမှု၌ ရှိနေသူတို့တွင်) သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသည့်အပြင် အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး အလေးအနက် တိုက်တွန်းကြရုံသာမက (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာ၌ ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲဟူသမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံမှု မြဲမြံခြင်းနှင့်စပ်လျဉ်း၍လည်း အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး အလေးအနက် တိုက်တွန်းကြသူများ မပါဝင်ချေ။

ကဲ့ရဲ့ရှုတ်ချသူ

Surah 104

[1] အသရေဖျက်အောင် လုပ်ကြံပြောဆိုသူ (အတင်းပြောသူ) နှင့်သားပုပ်လေလွင့်ပြောဆိုသူတိုင်း ဒုက္ခလှလှနှင့်ကြုံတွေ့၍ ပျက်စီးစေ။

[2] ထိုသူသည် (သူ့ကိုယ်သူ သူများအထက်တွင် ရှိသူအဖြစ် မြင်၍) ဥစ္စာဓနပိုင်ဆိုင်မှုများကို စုဆောင်းပြီး (ယင်းကို အရှင်မြတ်၏လမ်းတော်နှင့်ဆင်းရဲနွမ်းပါးသူတို့အတွက် သုံးစွဲခြင်းမပြုဘဲ လောဘတကြီး နှစ်သက်မြတ်နိုးစွာဖြင့်) ယင်း (ဥစ္စာဓနပိုင်ဆိုင်မှုများ) ကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။

[3] ထိုသူသည် “သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများမှာ အမြဲထာဝရ တည်တံ့လိမ့်မည်။” ဟု ထင်မှတ်နေ၏။

[4] (မည်သည့်နည်းနှင့်မျှ ထိုသို့ အလျှင်း တည်တံ့မည် မဟုတ်ကြောင်း) သတိထားကြလော့။ အမှန်စင်စစ်၊ ထိုသူသည် တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှုထဲ၌ ဧကန်မုချပင်၊ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။

[5] “တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှုမှာ အဘယ်နည်း။” ဟူသည်ကို အသင့်အား မည်သည့်အရာက သိနားလည်စေမည်နည်း။

[6] (တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှု ဟူသည် လောင်စာထည့်၍) မီးစွဲစေတော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင် ဖြစ်၏။

[7] ယင်းမီးသည် (ရာဇဝတ်မှုကျူးလွန်သူများ၏) စိတ်နှလုံးများအထိ နက်ရှိုင်းစွာ တိုးဖောက်လောင်ကျွမ်းစေသည်အထိ မြင့်တက်လိမ့်မည်။

[8] ဧကန်မလွဲ၊ ထိုမီးသည် သူတို့အပေါ်၌ လွှမ်းခြုံပိတ်ဆို့စေလိမ့်မည်။

[9] ရှည်လျားစွာတိုးချဲ့ ဆန့်ထားသော (မီးကျီး) တိုင်များ၌ (တုပ်နှောင်ထားစေလိမ့်မည် ဖြစ်၏)။

ဆင်

Surah 105

[1] (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဆင်များအပေါင်းအဖော် (ဆင်တပ်) နှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းတော်မူခဲ့သည်ကို အသင်သည် မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့လေသလော။

[2] ထိုအရှင်မြတ်သည် သူတို့၏အပျက်သဘောဆောင်သောကြံစည်မှုကို လမ်းကြောင်းလွဲစေတော်မူလျက် (အချည်းနှီးဖြစ်အောင်) ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။

[3] ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အပေါ်၌ (ဒေသခံများ တခါမှ မတွေ့ဖူး မမြင်ဖူးခဲ့သော) ငှက်များကို အအုပ်အသင်းလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။

[4] (ထိုငှက်များသည်) သူတို့အား (အရှင့်အမိန့်တော်အရ ကျည်ဆံပမာ) မာတောင့်သည့်ရွှံ့စေးမှ (ပြုလုပ် ထားသော) ကျောက်ခဲများ ပစ်ချ၍ ထိခိုက်စေခဲ့ကြ၏။

[5] ထိုသို့ဖြင့် ထိုအရှင်မြတ်သည် သူတို့အား ဝါးမျို၍ နင်းခြေထားသော ကောက်ရိုးဖတ်များကဲ့သို့ ဖြစ်စေ တော်မူခဲ့၏။

ကုရိုက်ရ်ှ

Surah 106

[1] ကုရိုက်ရှ် လူမျိုးတို့၏သင့်မြတ်မှုနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာ (အရှင်မြတ်၏မပြောင်းလဲသော) အခွင့်အရေးပေးအပ်တော်မှုခြင်းအတွက်။

[2] ဆောင်းရာသီနှင့်နွေရာသီ၌ ခရီးထွက်လေ့ရှိကြသော သူတို့၏သင့်မြတ်မှုနှင့်ဘေးကင်းလုံခြုံမှုကို (ချီးမြှင့်တော်မူခဲ့၏) ။

[3] သို့ဖြစ်ပေရာ သူတို့သည် ဤ (အထွတ်အမြတ်ဖြစ်သော) အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်အား) ဆောက်တည်စေတော်မူခဲ့သည့် အရှင်မြတ်ကို နာခံကိုးကွယ်ခွင့် ပေးသင့်၏။

[4] ထိုအရှင်မြတ်သည် ဆာလောင်မွတ်သိပ်မှုမှ (လွတ်ကင်းစေတော်မူရန်) သူတို့အား အစားအသောက်များ ထောက်ပံ့တော်မူပြီး စိုးရိမ်ကြောင့်ကြမှုမှလည်း သူတို့အား ဘေးကင်းလုံခြုံမှုပေးတော်မူခဲ့၏။

အနည်းငယ်သောကျေးဇူးပြုခြင်း

Surah 107

[1] အသင်သည် (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် မျှတထိုက်တန်စွာ အစားပေးမည့် နောင်တမလွန်) တရား စီရင်မည့်နေ့နှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်သော သူအား မတွေ့မြင်၊ မဆင်ခြင်၊ မသုံးသပ်လေသလော။

[2] (အကြောင်းမှာ) ထိုသို့သောပုဂ္ဂိုလ်သည် မိဘမဲ့များအား ပစ်ပစ်ခါခါ ငြင်းတွန်းလှန် (၍ ကြမ်းကြုတ်စွာ ဆက်ဆံ) သောသူ ဖြစ်၏။

[3] ထို့ပြင် သူသည် ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူတို့အား အစားအသောက်ကျွေးမွေးခြင်းအပေါ် တိုက်တွန်းနှိုးဆော်လိုစိတ်လည်း မရှိပေ။

[4] သို့ဖြစ်ပေရာ (ထိုသို့သော စိတ်ထားဖြင့် တမလွန်တရားစီရင်မည့်နေ့ကို ငြင်းပယ်သော) ကိုးကွယ်ဝတ်ပြုသူတို့အတွက် ဒုက္ခလှလှနှင့်ကြုံရမည့်ပျက်စီးကိန်းသာ ရှိ၏။

[5] ထိုသို့သော သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှု (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာဆောက်တည်ခြင်း) မှ အလှမ်းဝေးလျက် အလေးမထားဘဲ ဥပေက္ခာပြုထားသူများပင် ဖြစ်ကြလျက် မေ့လျော့ထား ကြကုန်၏။

[6] ထိုသို့သောသူတို့သည် (သူတို့၏ဆွလာသ်ဝတ်ပြုမှု အပါအဝင် ကောင်းမှုကုသိုလ်များကို လူမြင်ကောင်း အောင်နှင့်ချီးမွမ်းခံရအောင်) ဟိတ်ထုတ်ပြစားလိုကြ၏။

[7] ထို့ပြင် သူတို့သည် အကူအညီအထောက်အပံ့အသေးအဖွဲကိုပင် (လူ့ဘောင်အသိုင်းအဝိုင်းရှိ လိုအပ်ချက်ရှိနေသူတို့အား ပေးကမ်းလှူဒါန်းခြင်း မပြုရန်) ငြင်းပယ်၊ ပိတ်ပင်တားမြစ်ကြ၏။

ပေါများခြင်း

Surah 108

[1] (အို၊ ရစူလ်တမန်တော်) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် အသင့်အား (ကုန်ဆုံးရပ်စဲသွားမည် မဟုတ်သော ကောင်းမြတ်မှုများ) အလျှံပယ် ပေါများသော ကောင်းခြင်းများကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။

[2] သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ကျေနပ်နှစ်မြို့မှု) အတွက် ဆွလာသ်ဝတ်ပြုဆောက်ဆည်ပြီး (ထိုအရှင်မြတ်၏ကျေနပ် နှစ်မြို့မှုအတွက်ပင် ရည်သန်၍) စွန့်လှူလော့။

[3] ဧကန်မလွဲ၊ (အသင့်ကိုနှောက်ယှက်စော်ကားနေသော) အသင်၏ရန်သူသည်သာလျှင် (အလျှံပယ် ပေးအပ်တော်မူခြင်းမှ) အညွန့်တုံးသွားမည့်သူ ဖြစ်၏။

ငြင်းပယ်သူများ

Surah 109

[1] (အို၊ ရစူလ်တမန်တော်၊ ခေါင်းမာမာဖြင့် အမှန်တရားသစ္စာကို ငြင်းပယ်နေသူတို့အား) “အို၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) အပေါင်းတို့။“ဟု ဟောလော့။

[2] ကျွန်ုပ်သည် အသင်တို့ အယူထား ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို မကိုးကွယ်ချေ။

[3] ထို့ပြင် သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်လျက်ရှိသည်ကို မကိုးကွယ်ကြချေ။

[4] ထို့ပြင် ကျွန်ုပ်သည် အသင်တို့က အယူထား ကိုးကွယ်နေကြသော ကိုးကွယ်ရာများကို ကိုးကွယ်မည့်သူ မဟုတ်ပေ။

[5] ထိုနည်းတူစွာ သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်နေသည်ကို နာခံကိုးကွယ်ကြမည့်သူများ မဟုတ်ပေ။

[6] (စင်စစ်မှာကား) သင်တို့အတွက် သင်တို့၏ဘာသာသာသနာဆိုင်ရာလမ်းစဉ်ရှိပြီး ကျွန်ုပ်အတွက်လည်း ကျွန်ုပ်၏ဒီန် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်း စဉ်) ရှိနေ၏။

အကူအညီ

Surah 110

[1] (အို၊ ရစူလ်တမန်တော်) အလ္လာဟ်အရှင်မြတ်၏အကူအညီသည်လည်းကောင်း၊ (အောင်မြင်မှုပေါင်းများစွာ၏သော့ချက်ဖြစ်သော) အောင်နိုင်မှုသည်လည်းကောင်း၊ ရောက်ရှိခဲ့သောအခါ။

[2] ထို့ပြင် အသင်သည် လူတို့အား (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ဖြစ်သော) အလ္လာဟ်အရှင်မြတ်၏ဒီန်အတွင်းသို့ အသင်းလိုက် အဖွဲ့လိုက် တစ်ပြုံတစ်ခေါင်း ဝင်ရောက်လာကြသည်ကို တွေ့မြင်သောအခါ။

[3] (ထိုစဉ် အသင်သည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောကို ကျေးဇူးတင်ချီးမွမ်းလျက် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော် မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော ဖြစ်ခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။ ထို့ပြင် ထိုအရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားလော့။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍ အရှင်မြတ်ဘက်သို့ ဦးတည်လှန်ပြန်ခြင်းအား အစဥ် လက်ခံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

မီးလျှံ

Surah 111

[1] (ဒေါသမီး၏ဖခင်ဖြစ်သော) အဗူလဟဗ်၏လက်နှစ်ဖက်သည် ဖျက်ဆီးစေပြီး သူလည်း ဖျက်ဆီးပါစေ။

[2] သူ့ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သူရှာဖွေဆည်းပူး၍ ရသမျှသည်လည်းကောင်း၊ သူ့အတွက် အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။

[3] မကြာမီ သူကိုယ်တိုင်လည်း ဟုန်းဟုန်း တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။

[4] ထို့ပြင် (သူနှင့်အတူ) သူ့အမျိုးသမီးသည်လည်း (လူ့ဘောင်အဖွဲ့အစည်း၌ ပြဿနာဖန်တီးစေသည့် မကောင်းမှုဆိုင်ရာ ပုံပြင်များနှင့်သူတစ်ပါးအား အသရေဖျက်စေသော သွားပုပ်လေလွင့် စကားများ ဖြန့်ချီလျက်) လောင်စာဖြစ်သော ထင်းစည်းကို ထမ်းရွက်သူ (ဖြစ်၍ ငရဲမီးထဲသို့ ဝင်ရောက်ရလိမ့်မည်) ဖြစ်၏။

[5] သူမ၏လည်ပင်းပတ်လည်၌ (စွန်ပလွံလျှော်ကို) လိမ်ပိန်ကျစ်ထားသော ကြိုးတစ်ချောင်း ရှိနေ၏။

စစ်မှန်ခြင်း

Surah 112

[1] (အို၊ ရစူလ်တမန်တော် အသင်သည်) ဟောပြောလော့။ ထိုအရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသော ဧကောဒိ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။

[2] အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့ ပြိုင်ဘက်မဲ့တော်မူသောအရှင်၊) နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။

[3] ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူ တစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ (အရှင်မြတ်၌ ကိုယ်ပွား၊ သားတော်၊ မရှိသည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏သားတော်လည်း ဖြစ်တော်မမူချေ။)

[4] ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူနှိုင်းယှဉ်နိုင်သော သက်ရှိသက်မဲ့ ဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ (မည်သည့် အရာမျှ) အလျှင်း မရှိပေ။

အရုဏ်

Surah 113

[1] (အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထား ပန်ကြားလော့။ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖြစ်ပေါ်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရရန်) ခိုလှုံယူပါ၏။

[2] ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာဟူသမျှအနက်မှ မကောင်းမှုဖြစ်စေသော အရာဟူသမျှ (ထိခိုက်နစ်နာစေနိုင်သည့် ဘေးဒုက္ခအန္တရာယ်ဟူသမျှ) မှလည်းကောင်း။

[3] အမှောင်အတိ ဖြစ်လာ၍ လွှမ်းမိုးဖုံးအုပ်သောအခါ ယင်းအမှောင်၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။

[4] (လူ့ဘောင်အဖွဲ့အစည်း၌ စဥ်းစားဉာဏ် ထုံစေသော အယူသည်းမှုများ ပျံ့နှံ့စေလျက်) အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောသူတို့၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။

[5] မနာလိုငြူစူသောသူသည် မနာလိုငြူစူသောအခါ (ယင်းမနာလိုမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်) မကောင်းမှု (ဆိုင်ရာ ဘေးအန္တရာယ်များ) မှလည်းကောင်း၊ (အရှင်မြတ်ထံ ခိုလှုံပါ၏)။

လူသားမျိုးနွယ်

Surah 114

[1] (အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထားပန်ကြားလော့။ ကျွန်တော်မျိုးသည် လူသားတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရယူရန်) ခိုလှုံပါပါ၏။

[2] လူသာတို့၏ဘုရင်မင်းမြတ်ဖြစ်တော်မူ (၍ အချုပ်အခြာအာဏာအလုံးစုံကို စိုးပိုင်တော်မူ) သောအရှင်မြတ်ထံတော်၌။

[3] လူခပ်သိမ်းတို့၏ယုံကြည်ကိုးကွယ်ရာဖြစ်တော်မူသောအရှင်မြတ်ထံတော်၌။

[4] (လူ့ဘောင်အဖွဲ့အစည်းကို ဆုတ်ယုတ်ဖျက်ဆီးစေသည့်) တီးတိုးပြောဆိုမှုဖြင့် တို့ထောင်တတ်သူတို့၏မကောင်းမှု (ဆိုင်ရာ အကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ၏ဘေးအန္တရာယ်) မှ (ခိုလှုံပါ၏)။

[5] ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူသည် လူတို့၏စိတ်နှလုံးတွင်းသို့ (မကောင်းသောအကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ) ကို တီးတိုးပြောခြင်းဖြင့် ထည့်သွင်းလေ့ရှိ၏။

[6] (ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူတို့သည်) ဂျင်န်နှင့်လူသားတို့အနက်မှ ပင်ဖြစ်ကြ၏။