Verse 1 — Surah Al-Fatiha 1:1
မဟာဂရုဏာတော်အသျှင်၊ အနန္တကောင်းကြီး မင်္ဂလာတော်သခင်၊ အလ္လာဟ်၏ နာမတော်အားဖြင့် အစပြုပါအံ့။
Verse 2 — Surah Al-Fatiha 1:2
အလ္လာဟ်သည် ချီးမွမ်းခြင်းတည်ရာ၊ အနန္တစကြဝဠာသခင်။
Verse 3 — Surah Al-Fatiha 1:3
မဟာဂရုဏာတော်အရှင်၊ အနန္တကောင်းချီးမင်္ဂလာတော်သခင်။
Verse 4 — Surah Al-Fatiha 1:4
တရားစီရင်သောနေ့၏အရှင်ဖြစ်တော်မူပါ၏။
Verse 5 — Surah Al-Fatiha 1:5
အကျွနု်ပ်တို့သည် အရှင်အားသာလျှင် ကိုးကွယ်ပါ၏။ အစောင်အမတော်အတွက် အရှင်သာလျှင် ဆုပန်ပါ၏။
Verse 6 — Surah Al-Fatiha 1:6
အကျွန်ုပ်တို့အား အရှင်ကောင်းချီးမင်္ဂလာပေးတော်မူသောသူတို့၏လမ်းမှန်ကို ညွှန်ပြတော်မူပါ။
Verse 7 — Surah Al-Fatiha 1:7
အရှင်၏အမျက်တော်ရှအောင်ပြုသူတို့နှင့် လမ်းလွဲသွားသူတို့လမ်းကို ညွှန်တော်မမူပါလင့်။