Verse 1 — Surah At-Takathur 102:1
၁၊၂။ အို-လူသားအပေါင်းတို့၊ လောကီစည်းစိမ်ဥစ္စာပွားများခြင်း၌ ပြိုင်ဆိုင်ခြင်းသည် သင်တို့အား သချိႋုင်းတွင်းသို့ ရောက်သည့်တိုင်အောင် လောကုတ္တရာရေးမှ ဆွဲငင်ထား၏။
Verse 2 — Surah At-Takathur 102:2
၁၊၂။ အို-လူသားအပေါင်းတို့၊ လောကီစည်းစိမ်ဥစ္စာပွားများခြင်း၌ ပြိုင်ဆိုင်ခြင်းသည် သင်တို့အား သချိႋုင်းတွင်းသို့ ရောက်သည့်တိုင်အောင် လောကုတ္တရာရေးမှ ဆွဲငင်ထား၏။
Verse 3 — Surah At-Takathur 102:3
၃။ သို့သော် ယင်းသို့မဖြစ်ထိုက်ချေ၊ သင်တို့သိမြင်ကြရလတံ့။
Verse 4 — Surah At-Takathur 102:4
၄။ သို့သော် ယင်းသို့မဖြစ်ထိုက်ချေ၊ သင်တို့မုချဧကန်သိမြင်ကြရလတံ့။
Verse 5 — Surah At-Takathur 102:5
၅။ သို့သော် ယင်းသို့မဖြစ်ထိုက်ချေ၊ သင်တို့သည် အဖြစ်မှန်ကို သင်တို့၏ အသိဉာဏ်ဖြင့် အသေအချာသိမြင်ခဲ့ရ ကြလျှင် တော်လေစွ။
Verse 6 — Surah At-Takathur 102:6
၆။ အကြောင်းမူကား သင်တို့သည် ငရဲမီးကို ဧကန်အမှန်မြင်ကြရလတံ့။
Verse 7 — Surah At-Takathur 102:7
၇။ သင်တို့သည် ငရဲမီးကို မျက်ဝါးထင်ထင်မြင်ကြရလတံ့။
Verse 8 — Surah At-Takathur 102:8
၈။ ထိုမြင်ရသောနေ့တော်ကြီး၌ သင်တို့အား မိမိတို့လောကဓာတ်တွင် မက်မောပျော်ရွှင်ခဲ့မှုများအတွက် စစ်ကြော စီရင်တော်မူလတံ့။