Back to Languages

Burmese - Chapter 105 - Al-Fil

Translation by Ba Sein — Permalink

Verse 1 — Surah Al-Fil 105:1

၁။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် ဆင်တပ်စစ်သည်တော်များကို အဘယ်သို့စီရင်တော်မူလိုက်သည်ကို သင်မမြင်သလော။

Verse 2 — Surah Al-Fil 105:2

၂။ သင်၏ အရှင်သခင်သည် သူတို့၏ သစ္စာမဲ့သောအကြံအစည်ကို ဖျက်ဆီးတော်မူလိုက်သည်မဟုတ်လော။

Verse 3 — Surah Al-Fil 105:3

၃။ သင်၏ အရှင်သခင်သည် ထိုသူမိုက်တို့အပေါ်၌ အရေအတွက်များလှစွာသောငှက်များကို တစ်အုပ်ပြီးတစ်အုပ် စေလွှတ်တော်မူလိုက်သည်မဟုတ်လော။

Verse 4 — Surah Al-Fil 105:4

၄။ ထိုငှက်များသည် ထိုသူမိုက်တို့၏ ဦးခေါင်းကို လောက်စာလုံးတို့ဖြင့် ပစ်ချ၏။

Verse 5 — Surah Al-Fil 105:5

၅။ သို့ပစ်ချပြီးလျှင် သင်၏ အရှင်သခင်သည် ထိုရဲမက်ဗိုလ်ခြေအလုံးတို့အား တိရိစ္ဆာန်စသည်တို့ဝါး၍ ကြေမွသော မြက်ဝါးဖတ်များကြဲဖြန့်လျက် အသီးအနှံကင်းမဲ့သည့် လယ်ပြင်ကဲ့သို့ဖြစ်အောင် စီရင်တော်မူလိုက်သည်မဟုတ်လော။