Verse 1 — Surah Al-Maun 107:1
၁။ အို-တမန်တော်၊ သာသနာတော်ကြီးကို မယုံကြည်ပဲ ငြင်းပယ်သူကို သင်မသိမမြင်သလော။
Verse 2 — Surah Al-Maun 107:2
၂။ ထိုသူယုတ်မာသည် မိဘမဲ့တို့အား လက်မခံဘဲ နှင်ပစ်၏။
Verse 3 — Surah Al-Maun 107:3
၃။ ထို့အပြင် ထိုသူယုတ်မာသည် ဆင်းရဲနွမ်းပါးသူတို့အား ကျွေးမွေးသုတ်သင်ရန် မတိုက်တွန်း အားမပေးချေ။
Verse 4 — Surah Al-Maun 107:4
၄။ ထို့ကြောင့် ဆွလားသ်ဝတ်ပြုသူတို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ဆိုက်ရောက်ရာသာတည်း။
Verse 5 — Surah Al-Maun 107:5
၅။ ထိုသူတို့သည် မိမိတို့ပြုသည့် ဆွလားသ်ဝတ်တွင် စိတ်မဝင်စားချေ။
Verse 6 — Surah Al-Maun 107:6
၆။ ထိုသူတို့သည် မိမိတို့ ဆွလားသ်ဝတ်ပြုခြင်းကို လူသားတို့မြင်၍ ချီးမွမ်းမည်ကိုသာလျှင် ပဓာနထားကြ၏။
Verse 7 — Surah Al-Maun 107:7
၇။ သို့သော် သူတို့သည် သေးငယ်သော ကူညီရိုင်းပင်းခြင်းကိုမျှ မပြုလုပ်ငြင်းပယ်ကြသည်။