Back to Languages

Burmese - Chapter 55 - Ar-Rahman

Translation by Ba Sein — Permalink

Verse 1 — Surah Ar-Rahman 55:1

၁။ မဟာကရုဏာတော်ရှင်သည်။

Verse 2 — Surah Ar-Rahman 55:2

၂။ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ကြေငြာတော်မူ၏။

Verse 3 — Surah Ar-Rahman 55:3

၃။ အရှင်မြတ်သည် လူသားကို ဖန်ဆင်းတော်မူ၏။

Verse 4 — Surah Ar-Rahman 55:4

၄။ အရှင်မြတ်သည် လူသားကို စကားပြောခြင်းအတတ်ကို သင်ကြားပေးတော်မူ၏။

Verse 5 — Surah Ar-Rahman 55:5

၅။ အရှင်မြတ်သည် နေနှင့်လကို အချိန်မှန်ကန်စေတော်မူ၏။

Verse 6 — Surah Ar-Rahman 55:6

၆။ ကြယ်နက္ခတ်တာရာနှင့် မြက်သစ်ပင်အားလုံးတို့သည် အရှင်မြတ်အား ဦးညွှတ်ကြ၏။

Verse 7 — Surah Ar-Rahman 55:7

၇။ အရှင်မြတ်သည် မိုးကောင်းကင်ကို မြင့်စွာဖန်ဆင်းတော်မူ၏၊ အတိုင်းအထွာစည်းချိန်ကိုလည်း ဖန်ဆင်းတော်မူ၏။

Verse 8 — Surah Ar-Rahman 55:8

၈။ ယင်းသို့ဖန်ဆင်းတော်မူသည်မှာ သင်တို့သည် အတိုင်းမှန် စည်းချိန်မှန်ကို မကျူးကျော်စေဖို့ရာဖြစ်၏။

Verse 9 — Surah Ar-Rahman 55:9

၉။ သို့သော်သင်တို့သည် အလေးတင်းတောင်းစည်းချိန်လျှာများကို ကြပ်ကြပ်မှန်ကန်စေကြလော့၊ အလေးအတိုင်း အထွာမခိုးကြလင့်။

Verse 10 — Surah Ar-Rahman 55:10

၁ဝ။ မဟာကရုဏာတော်ရှင်သည် ဝေနေယျသတ္တဝါအပေါင်းတို့အဖို့ရာ မဟာပထဝီမြေကြီးကို ကျယ်ဝန်းပြန့်ပြူးစွာ ခင်းထားတော်မူ၏။

Verse 11 — Surah Ar-Rahman 55:11

၁၁။ မြေပေါ်တွင် အသီးနှင့် အဖူးရှိသောစွန်ပလွံစသည်များရှိ၏။

Verse 12 — Surah Ar-Rahman 55:12

၁၂။ ကောက်ပဲသီးနှံနှင့် မွှေးကြိုင်ပျံ့သင်းသောပန်းပင်နွယ်ပင်များလည်းရှိ၏။

Verse 13 — Surah Ar-Rahman 55:13

၁၃။ သို့ဖြစ်၍ အို-ကြားနာရသူအပေါင်းတို့၊ သင်တို့၏ အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို သင်တို့ငြင်းပယ်ကြသနည်း။

Verse 14 — Surah Ar-Rahman 55:14

၁၄။ အရှင်မြတ်သည် လူသားကို အိုးထိန်း၏ မြေစေးကဲ့သို့ ရွှံ့မြေစေးမှ ဖန်ဆင်းတော်မူ၏။

Verse 15 — Surah Ar-Rahman 55:15

၁၅။ ဂျင်နတ်သားကို မီးခိုးမရှိသောမီးမှ ဖန်ဆင်းတော်မူ၏။

Verse 16 — Surah Ar-Rahman 55:16

၁၆။ သင်တို့သည် သင်တို့၏ အရှင်သခင်ကျေးဇူးရှင်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 17 — Surah Ar-Rahman 55:17

၁၇။ အရှင်မြတ်သည် နေထွက်ရာအရပ်နှစ်ခုနှင့် နေဝင်ရာအရပ်နှစ်ခုတို့၏ အရှင်သခင်ဖြစ်တော်မူ၏။

Verse 18 — Surah Ar-Rahman 55:18

၁၈။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 19 — Surah Ar-Rahman 55:19

၁၉။ အရှင်မြတ်သည် ပင်လယ်နှစ်ပြင်ကို လွှတ်တော်မူ၏၊ ရေယဉ်နှစ်ခုတွေ့ဆုံပေါင်းစပ်စေတော်မူ၏။

Verse 20 — Surah Ar-Rahman 55:20

၂ဝ။ ထိုပင်လယ်နှစ်ပြင်ရေယဉ်တို့၏ အလယ်ကြား၌ အဆီးအတားတစ်ခုကို စီရင်ထားတော်မူ၏၊ ထိုပင်လယ်နှစ်ပြင် ရေယဉ်သည် တစ်ခုနှင့်တစ်ခုနယ်ကျူးလွန်ခြင်းမရှိချေ။

Verse 21 — Surah Ar-Rahman 55:21

၂၁။ သင်တို့သည် သင်တို့၏ အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 22 — Surah Ar-Rahman 55:22

၂၂။ ထိုသမုဒ္ဒရာနှစ်ပြင်ရေယဉ်မှ ပုလဲသန္တာစသောရတနာများထွက်၏။

Verse 23 — Surah Ar-Rahman 55:23

၂၃။ သင်တို့သည် သင်တို့၏ အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်သနည်း။

Verse 24 — Surah Ar-Rahman 55:24

၂၄။ ပင်လယ်သမုဒ္ဒရာရေယဉ်ကြောဝယ် အောင်လံကဲ့သို့ ထူထောင်လွှင့်ထားသောသင်္ဘောများကို အရှင်မြတ်စိုးပိုင် တော်မူ၏။

Verse 25 — Surah Ar-Rahman 55:25

၂၅။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 26 — Surah Ar-Rahman 55:26

၂၆။ ကမ္ဘာမြေပေါ်တွင် ရှိနေကြကုန်သောသတ္တဝါအပေါင်းတို့သည် တစ်နေ့ပျက်စီးရမည်သာတည်း။

Verse 27 — Surah Ar-Rahman 55:27

၂၇။ ထိုအခါ သင်၏ အရှင်သခင် အနန္တတန်ခိုးတော်အာနုဘော်ရှင်၏ မျက်နှာတော်သာလျှင် ကြွင်းကျန်ရစ်လိမ့်မည်။

Verse 28 — Surah Ar-Rahman 55:28

၂၈။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 29 — Surah Ar-Rahman 55:29

၂၉။ ကမ္ဘာမြေပြင် မိုးကောင်းကင်ဝယ် ရှိရှိသမျှတို့သည် အရှင်မြတ်အထံတော်၌ ဆုပန်ကြ၏၊ အရှင်မြတ် နေ့ရှိသမျှ စိုးမိုးအုပ်ချုပ်တော်မူလျက်ရှိ၏။

Verse 30 — Surah Ar-Rahman 55:30

၃ဝ။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 31 — Surah Ar-Rahman 55:31

၃၁။ အို-မှီခိုသူလူသားနှင့် ဂျင်နတ်သားနှစ်မျိုးတို့၊ ငါသည် သင်တို့ကို စစ်ကြောစီရင်တော်မူမည်။

Verse 32 — Surah Ar-Rahman 55:32

၃၂။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 33 — Surah Ar-Rahman 55:33

၃၃။ အို-လူနှင့် ဂျင်နတ်သားအပေါင်းတို့၊ သင်တို့သည် ကမ္ဘာမြေပြင် မိုးကောင်းကင်အားလုံးကို ဖောက်ထွင်းသွားနိုင် စွမ်းကြလျှင် သွားကြလော့၊ ငါခွင့်ပြုတော်မမူပဲ သင်တို့သည် ယင်းအမှုကို အလျဉ်းမပြုနိုင်ချေ။

Verse 34 — Surah Ar-Rahman 55:34

၃၄။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 35 — Surah Ar-Rahman 55:35

၃၅။ အို-လူနှင့် ဂျင်အပေါင်းတို့၊ ငါသည် သင်တို့အပေါ်၌ မီးအပူရှိန်နှင့်တကွ ကြေးဝါမီးတောက်မီးလျှံတို့ကို စေ လွှတ်တော်မူမည်၊ သင်တို့သည် ဤဘေးဆိုးကြီးမှ မလွတ်မြောက်နိုင်ချေ။

Verse 36 — Surah Ar-Rahman 55:36

၃၆။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 37 — Surah Ar-Rahman 55:37

၃၇။ အထက်မိုးကောင်းကင်သည် ကွဲအက်ပြိုပျက်၍ သားရေနီအလား နှင်းဆီရောင်ဖြစ်သွားသောအခါ။

Verse 38 — Surah Ar-Rahman 55:38

၃၈။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 39 — Surah Ar-Rahman 55:39

၃၉။ ထိုနေ့တော်ကြီး၌ လူသားသော်လည်းကောင်း၊ ဂျင်နတ်သားသော်လည်းကောင်း မိမိကျူးလွန်မိခဲ့သောအပြစ် အကြောင်းကို မေးမြန်းတော်မူခြင်းခံရမည်မဟုတ်ချေ။

Verse 40 — Surah Ar-Rahman 55:40

၄ဝ။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 41 — Surah Ar-Rahman 55:41

၄၁။ ထိုနေ့တော်ကြီး၌ အပြစ်ရှိသူတို့ကို သူတို့တွင် ပါလာသောအမှတ်အသားအားဖြင့် ခွဲခြားသိကြလိမ့်မည်၊ သူတို့၏ ဦးထိပ်ဆံနှင့် ခြေထောက်များကို ဆွဲငင်လျက် အဝီစီငရဲအတွင်းသို့ ပစ်သွင်းလိမ့်မည်။

Verse 42 — Surah Ar-Rahman 55:42

၄၂။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 43 — Surah Ar-Rahman 55:43

၄၃။ ဤငရဲသည် ဒုစရိုက်ကောင်တို့မရှိဟု ငြင်းဆန်သောငရဲပေတည်း။

Verse 44 — Surah Ar-Rahman 55:44

၄၄။ ထိုအခါငရဲသားတို့သည် ငရဲနှင့်ပြင်းထန်စွာပွက်ပွက်ဆူထလျက်ရှိသောရေပူအလယ်ကြားတွင် လှည့်ပတ်ပြေးလွှား ၍ တဝဲလည်လည်ရှိနေကြလိမ့်မည်။

Verse 45 — Surah Ar-Rahman 55:45

၄၅။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 46 — Surah Ar-Rahman 55:46

၄၆။ အကြင်သူသည် မိမိ၏ အရှင်သခင်၏ ရှေ့တော်၌ မတ်မတ်ရပ်၍ စစ်ကြောစီရင်ခံရမည်ကို ကြောက်ရွံ့မိ၏၊ ထိုသူ၏ အဖို့အရာလွန်ကဲမြင့်မြတ်သောနိဗ္ဗာန်ဥယျာဉ်တော်ကြီးနှစ်ခုအသင့်ရှိ၏။

Verse 47 — Surah Ar-Rahman 55:47

၄၇။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 48 — Surah Ar-Rahman 55:48

၄၈။ ထိုဥယျာဉ်တော်များ၌ ပေါက်ရောက်လျက်ရှိသောသစ်ပင်များသည် အကိုင်းအခက်ဝေဆာလျက် ရှုဖွယ်မငြီး ဖြစ်၏။

Verse 49 — Surah Ar-Rahman 55:49

၄၉။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 50 — Surah Ar-Rahman 55:50

၅ဝ။ ထိုဥယျာဉ်တော်များ၌ ချောင်းမြောင်းနှစ်သွယ်စီးထွေထွေကျဆင်းလျက်ရှိ၏။

Verse 51 — Surah Ar-Rahman 55:51

၅၁။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 52 — Surah Ar-Rahman 55:52

၅၂။ ထိုဥယျာဉ်တော်များ၌ သစ်သီးသစ်ဥအမျိုးမျိုး စုံတွဲစုံတွဲရှိကြ၏။

Verse 53 — Surah Ar-Rahman 55:53

၅၃။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 54 — Surah Ar-Rahman 55:54

၅၄။ နိဗ္ဗာန်သူနိဗ္ဗာန်သားတို့သည် ထူထဲသောပိုးဖဲထည်တို့ဖြင့် ခင်းကျင်းထားသောပလ္လင်းများပေါ်၌ လှဲလျောင်းစံစား နေကြလိမ့်မည်၊ ဥယျာဉ်တော်နှစ်ခုမှ သစ်သီးသစ်ဥများသည် သူတို့အနီးအနားတွင် ကိုင်းညွတ်လျက်ရှိကြ၏။

Verse 55 — Surah Ar-Rahman 55:55

၅၅။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 56 — Surah Ar-Rahman 55:56

၅၆။ ထိုဥယျာဉ်ဗိမာန်တော်များ၌ လူသား ဂျင်နတ်သားတို့လက်နှင့်ပင် မထိရသေးသောစက္ခုအိန္ဒြေနှင့် ပြည့်စုံသော နတ်ကညာများရှိ၏။

Verse 57 — Surah Ar-Rahman 55:57

၅၇။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 58 — Surah Ar-Rahman 55:58

၅၈။ ထိုနတ်ကညာတို့သည် ပုလဲသန္တာနီလာမြသား ပတ္တမြားရတနာကဲ့သို့ လှပတင့်တယ်ကြည်လင်ကြ၏။

Verse 59 — Surah Ar-Rahman 55:59

၅၉။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 60 — Surah Ar-Rahman 55:60

၆ဝ။ ကုသိုလ်ကောင်းမှု၏ အကျိုးဆက်သည် ကောင်းကျိုးသုခမှတပါးူ အခြားဖြစ်နိုင်သလား။

Verse 61 — Surah Ar-Rahman 55:61

၆၁။ သင်တို့သည် သင်တို့၏ အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 62 — Surah Ar-Rahman 55:62

၆၂။ အဆိုပါဥယျာဉ်တော်နှစ်ခုအပြင် အခြားဥယျာဉ်ဗိမာန်နှစ်ခုလည်း ရှိသေး၏။

Verse 63 — Surah Ar-Rahman 55:63

၆၃။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 64 — Surah Ar-Rahman 55:64

၆၄။ ဤနိဗ္ဗာန်ဥယျာဉ်တော်နှစ်ခုသည် သစ်ရွက်သစ်ဖုများနှင့် စိမ်းစိုရွှင်လန်းဖွယ်ဖြစ်၏။

Verse 65 — Surah Ar-Rahman 55:65

၆၅။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 66 — Surah Ar-Rahman 55:66

၆၆။ ဤဥယျာဉ်တော်နှစ်ခု၌ ရေအထွေထွေစီးထွက်နေသောစိမ့်စမ်းနှစ်ခုရှိ၏။

Verse 67 — Surah Ar-Rahman 55:67

၆၇။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 68 — Surah Ar-Rahman 55:68

၆၈။ ဤဥယျာဉ်တော်များ၌ စွန်ပလွံသီး၊ သလဲသီးစသည့်သစ်သီးသစ်ဥအမျိုးမျိုးရှိ၏။

Verse 69 — Surah Ar-Rahman 55:69

၆၉။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 70 — Surah Ar-Rahman 55:70

၇ဝ။ ဤဥယျာဉ်တော်များ၌ အဆင်းရူပ လှပတင့်တယ် ချစ်ခင်ဖွယ်ကောင်းသောနတ်ကညာများရှိ၏။

Verse 71 — Surah Ar-Rahman 55:71

၇၁။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 72 — Surah Ar-Rahman 55:72

၇၂။ ထိုနတ်ကညာများသည် သန့်ရှင်းဖြူစင်၍ တဲအဆောင်များတွင် စံစားနေကြ၏။

Verse 73 — Surah Ar-Rahman 55:73

၇၃။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 74 — Surah Ar-Rahman 55:74

၇၄။ ထိုနတ်ကညာများမှာ လူယောက်ျား ဂျင်ယောက်ျားမထိသေးသောကညာအစစ်ဖြစ်ကြ၏။

Verse 75 — Surah Ar-Rahman 55:75

၇၅။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 76 — Surah Ar-Rahman 55:76

၇၆။ ထိုနတ်ကညာများသည် မှီအုံးအစိမ်းနှင့် လှပသောကော်ဇောများအပေါ်တွင် လှဲလျောင်းလျက် စံစားနေကြ၏။

Verse 77 — Surah Ar-Rahman 55:77

၇၇။ သင်တို့သည် သင်တို့၏အရှင်သခင်၏ ကျေးဇူးတော်များအနက် မည်သည်ကို ငြင်းပယ်ကြသနည်း။

Verse 78 — Surah Ar-Rahman 55:78

၇၈။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် အနန္တတန်ခိုးတော်ရှင် ကျော်ဇော်ထင်ရှားသောအရှင်၏ နာမတော် သည် မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံလှ၏။