Verse 1 — Surah Al-Waqiah 56:1
၁။ အဖြစ်အပျက်တော်ကြီးဆိုက်ရောက်လာသောအခါ။
Verse 2 — Surah Al-Waqiah 56:2
၂။ အဖြစ်အပျက်တော်ကြီးကျရောက်လာမည်ကို မငြင်းနိုင်ချေ။
Verse 3 — Surah Al-Waqiah 56:3
၃။ ထိုအခါ အချို့သူတို့သည် အရှက်တကွဲနှိမ့်ချခြင်းကို ခံကြရမည်၊ အချို့မူကား ချီးမြှောက်ခြင်းကို ခံကြရမည်။
Verse 4 — Surah Al-Waqiah 56:4
၄။ ကမ္ဘာမြေကြီးသည် မငြိမ်မသက်ငလျင်ကြီးတုန်လှုပ်သောအခါ။
Verse 5 — Surah Al-Waqiah 56:5
၅။ တောင်ကြီးတောင်ငယ်အသွယ်သွယ်တို့သည် မြမှုန့်အတိဖြစ်အောင် အကြိတ်ခံရသောအခါ။
Verse 6 — Surah Al-Waqiah 56:6
၆။ တောင်များသည် လေတွင် လွင့်ပါသွားသောဖုတ်ဖြစ်သောအခါ။
Verse 7 — Surah Al-Waqiah 56:7
၇။ ထိုအခါသင်တို့အားလုံးသည် သုံးမျိုးသုံးစားဖြစ်ကြလိမ့်မည်။
Verse 8 — Surah Al-Waqiah 56:8
၈။ ပထမအမျိုးအစားမှာ လက်ယာဘက်တော်တွင် နေရသောအမျိုးအစား၊ ထိုလက်ယာဘက်တော်သားတို့သည် အဘယ်သို့ဖြစ်ကြသနည်း။
Verse 9 — Surah Al-Waqiah 56:9
၉။ ဒုတိယအမျိုးအစားမှာ လက်ဝဲဘက်တော်တွင် နေရသောအမျိုးအစား၊ ထိုလက်ဝဲဘက်တော်သားတို့သည် အဘယ်သို့ ဖြစ်ကြသနည်း။
Verse 10 — Surah Al-Waqiah 56:10
၁ဝ။ တတိယအမျိုးအစားမှာ အခြားသူတို့ထက် ရှေ့သို့သာလွန်တက်ရသောအမျိုးအစား၊ ရှေ့ဆုံးတွင် နေရသောအမျိုး အစား။
Verse 11 — Surah Al-Waqiah 56:11
၁၁။ ဤရှေ့ဆုံးတွင် နေရသူများကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ နီးကပ်စွာယူဆောင်လာခဲ့လိမ့်မည်။
Verse 12 — Surah Al-Waqiah 56:12
၁၂။ ဤသူမြတ်တို့သည် အလွန်မွေ့ပျော်သာယာသောနိဗ္ဗာန်ဥယျာဉ်ဘုံတွင် ပျော်စံနေထိုင်ကြရလိမ့်မည်။
Verse 13 — Surah Al-Waqiah 56:13
၁၃။ ဤဥယျာဉ်ဗိမာန်တွင် ရှေးလူဟောင်းအများအပြားရှိကြလိမ့်မည်။
Verse 14 — Surah Al-Waqiah 56:14
၁၄။ နောက်လူအနည်းအပါးသာ ရှိလိမ့်မည်။
Verse 15 — Surah Al-Waqiah 56:15
၁၅။ ဤသူမွန်တို့သည် အတန်းအတန်းစီထားသောပလ္လင်များပေါ်တွင်။
Verse 16 — Surah Al-Waqiah 56:16
၁၆။ မျက်နှာချင်းဆိုင်၍ လဲလျောင်းနေကြလိမ့်မည်။
Verse 17 — Surah Al-Waqiah 56:17
၁၇။ ဤသူတော်စင်တို့ကို အစဉ်ထာဝရသက်ရွယ်ပျိုမြစ်သောကံကြွေးလုလင်ပျိုတို့သည် ခစားလျက် ရှိကြလိမ့်မည်။
Verse 18 — Surah Al-Waqiah 56:18
၁၈။ ဤကံကြွေးလုလင်ပျိုတို့သည် သန့်ရှင်းမွန်မြတ်သောစိမ့်စမ်းရေအပြည့်ရှိသောရေတကောင်း၊ ရေဖလား၊ ရေခွက် များကို ယူလာဆက်သကြလိမ့်မည်။
Verse 19 — Surah Al-Waqiah 56:19
၁၉။ ဤသောက်တော်ရေကို သောက်ခြင်းကြောင့် နိဗ္ဗာန်သားတို့သည် ဦးခေါင်းခဲခြင်း၊ မူးယစ်ရူးသွပ်ခြင်းရှိနမည် မဟုတ်ချေ။
Verse 20 — Surah Al-Waqiah 56:20
၂ဝ။ ဤသူတော်ကောင်းတို့အား စားသုံးလိုသောသစ်သီးသစ်ဥအမျိုးမျိုးကို ယူဆောင်ဆက်သကြလိမ့်မည်။
Verse 21 — Surah Al-Waqiah 56:21
၂၁။ ထို့အပြင်ဤသူမြတ်တို့အား စားသုံးလိုသောကြက်ငှက်သားများကိုလည်း ယူလာဆက်သကြလိမ့်မည်။
Verse 22 — Surah Al-Waqiah 56:22
၂၂။ ထို့အပြင်နိဗ္ဗာန်ဘုံတွင် မျက်လုံး၊ မျက်ခုံး၊ မျက်တောင်၊ လှပတင့်တယ်ချစ်စဖွယ်သောနတ်ကညာတို့လည်း ရှိကြလိမ့်မည်။
Verse 23 — Surah Al-Waqiah 56:23
၂၃။ ထိုနတ်ကညာတို့သည် ယောက်သွားဝမ်းတွင်းရှိ ပုလဲရတနာကဲ့သို့ ခြောက်ပစ်ကင်းသောအဆင်းရူပါရုံရှိကြ၏။
Verse 24 — Surah Al-Waqiah 56:24
၂၄။ ဤကဲ့သို့ ကြိီးကျယ်မြင့်မြတ်သောရွှေဘုံဗိမာန်တွင် ပျော်ရွှင်စံစားရခြင်းကား လူ့ဘုံဌာန လူ့လောကတွင် ပြုကျင့် ခဲ့သောကုသိုလ်ကောင်းမှု၏ အကျိုးဆက်ပင်ဖြစ်ချေ၏။
Verse 25 — Surah Al-Waqiah 56:25
၂၅။ နိဗ္ဗာန်ဘုံတွင် ဤသူမြတ်တို့သည် အချည်းနှီးအကျိုးမရှိ၊ သိမ်ဖျင်းသောစကားရပ်များကိုသော်လည်းကောင်း၊ ပြစ်တင်ကဲ့ရဲ့သောစကားရပ်များကိုသော်လည်းကောင်း၊ ကြားကြရသည်မဟုတ်ချေ။
Verse 26 — Surah Al-Waqiah 56:26
၂၆။ သို့ရာတွင် အေးချမ်းသာယာပါစေသော်ဝ်၊ အေးချမ်းသာယာပါစေသော်ဝ်ဟူ၍ မေတ္တာပို့သံကိုသာလျှင် ကြား ကြရ၏။
Verse 27 — Surah Al-Waqiah 56:27
၂၇။ လက်ျာဘက်တော်တွင် နေရေသောအမျိုးအစား၊ ထိုလက်ျာဘက်တော်သားတို့သည် အဘယ်သို့ဖြစ်ကြသနည်း။
Verse 28 — Surah Al-Waqiah 56:28
၂၈။ ဤသူတို့သည် ဆူးမရှိသောဆီးချိုပင်များပေါက်ရောက်သောနိဗ္ဗာန်ဥယျာဉ်တော်၌။
Verse 29 — Surah Al-Waqiah 56:29
၂၉။ ထို့အပြင်ခိုင်ကြီးခိုင်ငယ်အဖီးလှလှ တွဲလွဲကျလျက်နေသော ငှက်ပျောပင်များလည်း ပေါက်ရောက်သောနိဗ္ဗာန် ဥယျာဉ်တော်၌။
Verse 30 — Surah Al-Waqiah 56:30
၃ဝ။ ထို့အပြင်အရိပ်အာဝါသလည်း ကျယ်ဝန်းပြန့်ပြူး အထူးနှလုံးမွေ့လျော်ဖွယ်ကောင်းလှသောနိဗ္ဗာန်ဥယျာဉ်တော်၌။
Verse 31 — Surah Al-Waqiah 56:31
၃၁။ ထို့အပြင် စိမ့်ရေစမ်းရေ အယဉ်အထွေထွေလည်း စီးဆင်းလျက်ရှိသောနိဗ္ဗာန်ဥယျာဉ်တော်၌။
Verse 32 — Surah Al-Waqiah 56:32
၃၂။ ထို့အပြင် သစ်သီးသစ်ဥအမျိုးမျိုးလည်းရှိသော နိဗ္ဗာန်ဥယျာဉ်တော်၌။
Verse 33 — Surah Al-Waqiah 56:33
၃၃။ ထိုအသီးအနှံများကို လက်လှမ်းမမှီ မရနိုင်လည်းမရှိ၊ မှီဝဲစားသုံးခြင်းမပြုရဟုလည်း မဟန့်တားချေ။
Verse 34 — Surah Al-Waqiah 56:34
၃၄။ ထို့အပြင်မြင့်စွင့်သောပလ္လင်များလည်းရှိသော နိဗ္ဗာန်ဥယျာဉ်တော်၌ စံစားနေထိုင်ကြရ၏။
Verse 35 — Surah Al-Waqiah 56:35
၃၅။ ကြည့်ရှုကြလော့၊ ငါသည် သူတို့အား အသစ်တဖန်ဖန်ဆင်းတော်မူပြီ။
Verse 36 — Surah Al-Waqiah 56:36
၃၆၊၃၇၊၃၈။ ထို့အပြင်လက်ျာဘက်တော်သားတို့အဖို့အရာ ငါသည် နတ်ကညာအစစ်ချစ်သူများ၊ မိတ်ဆွေများကို ဖန်ဆင်း ပေးထားတော်မူ၏။
Verse 37 — Surah Al-Waqiah 56:37
၃၆၊၃၇၊၃၈။ ထို့အပြင်လက်ျာဘက်တော်သားတို့အဖို့အရာ ငါသည် နတ်ကညာအစစ်ချစ်သူများ၊ မိတ်ဆွေများကို ဖန်ဆင်း ပေးထားတော်မူ၏။
Verse 38 — Surah Al-Waqiah 56:38
၃၆၊၃၇၊၃၈။ ထို့အပြင်လက်ျာဘက်တော်သားတို့အဖို့အရာ ငါသည် နတ်ကညာအစစ်ချစ်သူများ၊ မိတ်ဆွေများကို ဖန်ဆင်း ပေးထားတော်မူ၏။
Verse 39 — Surah Al-Waqiah 56:39
၃၉။ ဤနိဗ္ဗာန်တော်၌ ရှေးလူဟောင်းကြီးအများအပြားရှိကြ၏။
Verse 40 — Surah Al-Waqiah 56:40
၄ဝ။ နောက်လူလည်း အများအပြားရှိကြ၏။
Verse 41 — Surah Al-Waqiah 56:41
၄၁။ ထို့အပြင်လက်ဝဲဘက်တော်သားများ၊ ထိုလက်ဝဲဘက်တော်သားများသည် အဘယ်သို့ဖြစ်ကြသနည်း။
Verse 42 — Surah Al-Waqiah 56:42
၄၂။ လောင်ကျွမ်းမြိုက်စေသောလေပူလေပြင်းနှင့် ကျိုက်ကျိုက်ဆူသောရေပူတွင် ခံစားနေကြရ၏။
Verse 43 — Surah Al-Waqiah 56:43
၄၃။ ထို့အပြင်မဲမှောင်နေသောမီးခိုးအရိပ်တွင်လည်း ဒုက္ခခံစားနေကြရ၏။
Verse 44 — Surah Al-Waqiah 56:44
၄၄။ ထိုအရိပ်သည် အေးမြချမ်းသာခြင်းကိုလည်း မပေး၊ အမောဖြေခြင်း၊ အားဖြည့်ခြင်းကိုလည်း လုံးဝမပေးချေ။
Verse 45 — Surah Al-Waqiah 56:45
၄၅။ မှတ်သားကြလော့၊ ဤသူမိုက်တို့သည် ရှေးအတိတ်ကာလက လောကီစည်းစိမ်ကာမဂုဏ်တွင် နစ်မွန်းနေသူများ ဖြစ်ကြ၏။
Verse 46 — Surah Al-Waqiah 56:46
၄၆။ ထို့အပြင် လွန်စွာရွံရှာစက်ဆုတ်ဖွယ်သောဒုစရိုက်မကောင်းမှုကိုသာ အစဉ်မပြတ်ပြုလေ့ရှိကြ၏။
Verse 47 — Surah Al-Waqiah 56:47
၄၇။ ထို့အပြင် ဤသူဆိုးသူညစ်တို့သည် ဤသို့ပြောလေ့ရှိကြ၏၊ ငါတို့သည် သေကြေပျက်စီး၍ ဖုံမှုန့်နှင့် အရိုးချည်း သာဖြစ်ပြီးသည်နောက် အမှန်တဖန်ရှင်ရဦးမည်လော။
Verse 48 — Surah Al-Waqiah 56:48
၄၈။ ထို့အပြင် ငါတို့မိဘဘိုးဘွားတို့လည်း တဖန်ရှင်ရဦးမည်လော။
Verse 49 — Surah Al-Waqiah 56:49
၄၉၊၅ဝ။ အို-တမန်တော်မိုဟမ္မဒ်၊ ထိုသူယုတ်မာတို့အား ဟောပြောလော့၊ အို-မိစ္ဆာဒိဋ္ဌိတို့၊ မုချဧကန်ရှေးလူဟောင်းများ၊ နောက်လူများအားလုံးပင်လျှင် ချိန်းချက်ထာတော်မူသောနေ့တော်ကြီး၏ အစည်းအဝေးသဘင်ကြီးကို တက်ကြ ရလိမ့်မည်။
Verse 50 — Surah Al-Waqiah 56:50
၄၉၊၅ဝ။ အို-တမန်တော်မိုဟမ္မဒ်၊ ထိုသူယုတ်မာတို့အား ဟောပြောလော့၊ အို-မိစ္ဆာဒိဋ္ဌိတို့၊ မုချဧကန်ရှေးလူဟောင်းများ၊ နောက်လူများအားလုံးပင်လျှင် ချိန်းချက်ထာတော်မူသောနေ့တော်ကြီး၏ အစည်းအဝေးသဘင်ကြီးကို တက်ကြ ရလိမ့်မည်။
Verse 51 — Surah Al-Waqiah 56:51
၅၁၊၅၂။ မှတ်သားကြလော့၊ ထိုအခါသင်တို့မှားသောသူ၊ မယုံကြည်ငြင်းဆန်သောသူအားလုံးတို့သည် ရှားစောင်းပင် ကို မုချစားကြရလိမ့်မည်။
Verse 52 — Surah Al-Waqiah 56:52
၅၁၊၅၂။ မှတ်သားကြလော့၊ ထိုအခါသင်တို့မှားသောသူ၊ မယုံကြည်ငြင်းဆန်သောသူအားလုံးတို့သည် ရှားစောင်းပင် ကို မုချစားကြရလိမ့်မည်။
Verse 53 — Surah Al-Waqiah 56:53
၅၃။ သင်တို့သည် မိမိတို့ဝမ်းကို ရှားစောင်းအပြည့်ဖြည့်ကြလိမ့်မည်။
Verse 54 — Surah Al-Waqiah 56:54
၅၄။ ထိုသို့စားပြီးနောက် သင်တို့သည် ရေဆူရေပွက်ကို သောက်မျိုကြရလိမ့်မည်။
Verse 55 — Surah Al-Waqiah 56:55
၅၅။ သဲကန္တာရအတွင်း ရေမွတ်သိပ်သောကုလားအုတ်ရေသောက်သကဲ့သို့ သင်တို့သည် ထိုရေပူကို သောက်မျို ကြရလိမ့်မည်။
Verse 56 — Surah Al-Waqiah 56:56
၅၆။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ ထိုသူမိုက်တို့သည် ယင်းကဲ့သို့ခရီးဦးကြိုဆို၍ ဧည့်ခံတည်ကျွေးခြင်း ကို ခံကြရလိမ့်မည်။
Verse 57 — Surah Al-Waqiah 56:57
၅၇။ ငါသည် သင်တို့ကို ဖန်ဆင်းတော်မူ၏၊ သင်တို့သည် တရားတော်ကို ဝန်ခံကြမည်လော။
Verse 58 — Surah Al-Waqiah 56:58
၅၈။ သင်တို့သည် မိမိတို့ထုတ်လိုက်သောကလကရေကြည်ကို မြင်ကြ၏လော။
Verse 59 — Surah Al-Waqiah 56:59
၅၉။ ထိုကလကရေကြည်ကို သင်တို့ဖန်ဆင်းသလော၊ သို့မဟုတ် ငါဖန်ဆင်းတော်မူသလော။
Verse 60 — Surah Al-Waqiah 56:60
၆ဝ။ ငါသည် သင်တို့ထဲတွင် သေခြင်းတရားကို ပြဋ္ဌာန်းစေတော်မူ၏၊ ငါ့အား တားဆီးခြင်းငှာ မတတ်စွမ်းနိုင်ချေ။
Verse 61 — Surah Al-Waqiah 56:61
၆၁။ သင်တို့၏ ပုံသဏ္ဍာန်အသွင်ကို ပြောင်းလဲစေတော်မူမည်၊ သင်တို့အား သင်တို့မသိသောရုပ်ဆင်းသဏ္ဍာန်နှင့် တဖန် ဖန်ဆင်းတော်မူမည်။
Verse 62 — Surah Al-Waqiah 56:62
၆၂။ သင်တို့သည် ပထမအကြိမ်ဖန်ဆင်းတော်မူခြင်းကို မုချဧကန်သိမြင်ကြ၏၊ သို့ပါလျက် သင်တို့သည် အဘယ် ကြောင့် မစဉ်းစားမဆင်ခြင်ကြသနည်း။
Verse 63 — Surah Al-Waqiah 56:63
၆၃။ အို-ကြားနာရသူအပေါင်းတို့၊ သင်တို့သည် ကိုင်းကျွန်းလယ်ယာစသည်တို့၌ ကြဲနှံသောသစ်စေ့မျိုးစေ့များကို မြင်ကြပြီလော။
Verse 64 — Surah Al-Waqiah 56:64
၆၄။ ထိုမျိုးစေ့များမှ အညွန့်၊ အညှောက်၊ အပင်ပေါက်အောင် သင်တို့ပြုလုပ်သလော၊ သို့မဟုတ် ငါသာလျှင် ပြု လုပ်သလော။
Verse 65 — Surah Al-Waqiah 56:65
၆၅။ ငါသည် အလိုတော်ရှိခဲ့လျှင် ထိုလယ်မြေတွင် ပေါက်ရောက်သောကောက်ပင်များကိ မြက်ခြောက်ဖြစ်အောင် အမှန်ဖျက်ဆီးတော်မူနိုင်၏၊ ထိုအခါသင်တို့သည် ဤသို့ငိုကြွေးမြည်တမ်းခြင်းကို ရပ်တန့်ကြမည်လော။
Verse 66 — Surah Al-Waqiah 56:66
၆၆။ ကြည့်ရှုကြလော့၊ ငါတို့သည် ကြွေးမြီတင်၍ ဒုက္ခတွေ့ကြရပြီ။
Verse 67 — Surah Al-Waqiah 56:67
၆၇။ ငါတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ပျက်စီးဆုံးရှုံးသွားပြီ။
Verse 68 — Surah Al-Waqiah 56:68
၆၈။ သင်တို့သည် မိမိတို့သောက်သောရေအကြောင်း ဆင်ခြင်ကြည့်ရှုကြသလော။
Verse 69 — Surah Al-Waqiah 56:69
၆၉။ ထိုရေကို မိုးတိမ်မှ သင်တို့ရွာသွန်းစေသလော၊ သို့မဟုတ် ငါရွာသွန်းစေတော်မူသလော။
Verse 70 — Surah Al-Waqiah 56:70
၇ဝ။ အကယ်၍ အလိုတော်ရှိလျှင် ငါသည် ထိုရေကို မုချဧကန်ခါးစေတော်မူနိုင်၏၊ သို့ပါလျက် သင်တို့သည် ငါ ၏ ဂုဏ်ကျေးဇူးတော်ကို အဘယ်ကြောင့်မသိကြသနည်း။
Verse 71 — Surah Al-Waqiah 56:71
၇၁။ သင်တို့သည် မိမိတို့မွှေးသောမီးကို ဆင်ခြင်ကြည့်ရှုကြသလော။
Verse 72 — Surah Al-Waqiah 56:72
၇၂။ မီးမွှေးဖို့ရာ ထင်းပင်ကို သင်တို့သည် ပေါက်ရောက်ကြီးမားလာစေသလော၊ သို့မဟုတ် ငါပေါက်ရောက်ကြီးမား စေတော်မူသလော။
Verse 73 — Surah Al-Waqiah 56:73
၇၃။ သဲကန္တာရတွင် နေထိုင်သူတို့၊ ကျေးဇူးတော်ကို သတိရဖို့ရာနှင့် သုခချမ်းသာဖြစ်စေဖို့ရာ ငါသည် မီးကို စီရင်ထားတော်မူ၏။
Verse 74 — Surah Al-Waqiah 56:74
၇၄။ သို့ဖြစ်၍ အို-တမန်တော်မိုဟမ္မဒ်၊ သင်သည် မိမိ၏ အရှင်သခင်၊ အနန္တဂုဏ်တန်ခိုးတော်ရှင်၊ ကြီးကဲမြင့်မြတ် တော်မူထသောအရှင်၏ နာမတော်ကို ဦးထိပ်ထက်ပန်ဆင်၍ ချီးကျူးလော့။
Verse 75 — Surah Al-Waqiah 56:75
၇၅။ ငါသည် ကြယ်နက္ခတ်တို့၏ တည်နေရာအရပ်များကို သက်သေထူ၍ မိန့်တော်မူ၏။
Verse 76 — Surah Al-Waqiah 56:76
၇၆။ ဤသက်သေပြချက်သည် အလွန်ခိုင်မာနက်နဲ၏၊ သင်တို့နားလည်ကြလျှင် ကောင်းလေစွ။
Verse 77 — Surah Al-Waqiah 56:77
၇၇။ အမှန်မှာ ဤကျမ်းတော်သည် အလွန်ကြီးကျယ်မြင့်မြတ်သောကျမ်းမြတ်ကုရ်အာန်အမှန်ဖြစ်၏။
Verse 78 — Surah Al-Waqiah 56:78
၇၈။ ထိုကျမ်းတော်ကို လျှို့ဝှက်ဖုံးအုပ်ထားသောစာအုပ်ကြီးတွင် ရေးတင်မှတ်သားထားတော်မူ၏။
Verse 79 — Surah Al-Waqiah 56:79
၇၉။ ထိုကျမ်းတော်ကို သန့်ရှင်းဖြူစင်သူတို့မှတပါး အခြားသူတို့မထိမကိုင်ရချေ။
Verse 80 — Surah Al-Waqiah 56:80
၈ဝ။ ထိုကျမ်းတော်ကို အနန္တစကြာဝဠာ၏ အရှင်သခင်ထုတ်ပြန်ပို့ချပေးသနားတော်မူ၏။
Verse 81 — Surah Al-Waqiah 56:81
၈၁။ သို့ပါလျက် သင်တို့သည် ဤကျမ်းတော်ကို မယုံကြည်မထီမဲ့မြင်ပြုကြသလော။
Verse 82 — Surah Al-Waqiah 56:82
၈၂။ ထို့အပြင် ဤကျမ်းတော်ကို ပုတ်ခတ်ငြင်းပယ်မှုသည် သင်တို့၏ အသက်မွေးဝမ်းကြောင်းဖြစ်သလော။
Verse 83 — Surah Al-Waqiah 56:83
၈၃။ အသက်ထွက်ခါနီး အသက်ဝိညာဉ်သည် လည်မျိုသို့ ဆိုက်ရောက်သောအခါ။
Verse 84 — Surah Al-Waqiah 56:84
၈၄။ သင်တို့သည် အသက်ထွက်နေသောသူကို ကြည့်ရှုနေကြ၏။
Verse 85 — Surah Al-Waqiah 56:85
၈၅။ ငါသည် သင်တို့ထက်ပင် ထိုသူနှင့်သာလွန်နီးကပ်လျက် ရှိတော်မူ၏၊ သို့သော်လည်း သင်တို့သည် ငါ့အား မဖူးမြင်ကြချေ။
Verse 86 — Surah Al-Waqiah 56:86
၈၆။ သင်တို့သည် အကယ်၍ ငါ၏ ကျေးတော်မျိုးကျွန်တော်မျိုးမဟုတ်လျှင်။
Verse 87 — Surah Al-Waqiah 56:87
၈၇။ သင်တို့အမှန်စကားကို ဆိုကြလျှင် ထိုသူ၏ အသက်ကို သူ၏ကိုယ်တွင်းသို့ အဘယ်ကြောင့် ပြန်၍ မသွင်း ကြသနည်း။
Verse 88 — Surah Al-Waqiah 56:88
၈၈။ တဖန်ကွယ်လွန်သေဆုံးသူသည် ငါ့အပါးတော်သို့ ယူဆောင်ခဲ့သောသူတို့ဘောင်တွင် ပါဝင်လျှင်။
Verse 89 — Surah Al-Waqiah 56:89
၈၉။ သူသည် မွှေးကြိုင်ထုံသင်း စည်းစိမ်ချမ်းသာ ပေါများကြွယ်ဝ မွေ့လျော်ဖွယ်ကောင်းသောသုခဥယျာဉ်တော်၌ ပျော်စံနေထိုင်ရလတံ့။
Verse 90 — Surah Al-Waqiah 56:90
၉ဝ။ ထိုကွယ်လွန်သူသည် လက်ျာဘက်တော်သားတို့အထဲမှ ဖြစ်လျှင်။
Verse 91 — Surah Al-Waqiah 56:91
၉၁။ လက်ယာဘက်တော်သားတို့က သူ့အား အဆွေ၊ သင့်ထံသို့ အေးချမ်းသာယာခြင်းကျရောက်ပါစေသောဝ်ဟူ၍ ဆုတောင်းမေတ္တာပို့ကြလတ့ံ။
Verse 92 — Surah Al-Waqiah 56:92
၉၂။ သို့သော် ထိုသေဆုံးသူသည် ငြင်းပယ်သူ၊ အယူမှားသူဖြစ်လျှင်။
Verse 93 — Surah Al-Waqiah 56:93
၉၃။ ထိုသူအား ပွက်ပွက်ဆူနေသောရေပူကို တိုက်၍ ဧည့်ခံတော်မူလိမ့်မည်။
Verse 94 — Surah Al-Waqiah 56:94
၉၄။ အချုပ်စကားမှာ သူ့အား ငရဲမီးထဲတွင် ဖုတ်ကင်မည်သာဖြစ်၏။
Verse 95 — Surah Al-Waqiah 56:95
၉၅။ မှတ်သားကြလော့၊ ဤဗျာဒိတ်တော်များသည် မုချဧကန်မှန်ကန်၏။
Verse 96 — Surah Al-Waqiah 56:96
၉၆။ သို့ဖြစ်၍ အို-တမန်တော်၊ သင်သည် မိမိ၏အရှင်သခင်၊ အတိုင်းထက်အလွန်ကြီးကဲမွန်မြတ်တော်မူသောအရှင်၏ နာမတော်ကို ဦးထိပ်ထက်ပန်ဆင်၍ ချီးကျုးလော့။