Verse 1 — Surah At-Taghabun 64:1
၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်ကို ရင့်ကျုးကြ၏၊ စိုးပိုင်ခြင်းနှင့် ချီးမွမ်းခြင်းအပေါင်းတို့သည် အရှင်မြတ်၏ အရာသာလျှင်ဖြစ်၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော်မူ၏။
Verse 2 — Surah At-Taghabun 64:2
၂။ အို-လူသားအပေါင်းတို့၊ အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏၊ သင်တို့အနက် တစ်ယောက်သည် မယုံကြည်သူဖြစ်၏၊ တစ်ယောက်သည် ယုံကြည်သူဖြစ်၏၊ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုကျင့်သမျှကို အကြွင်းမဲ့မြင်တော်မူ၏။
Verse 3 — Surah At-Taghabun 64:3
၃။ အရှင်မြတ်ကို မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အမှန်ပင်ဖန်ဆင်းတော်မူ၏၊ သင်တို့ကိုလည်း ပုံသဏ္ဍာန် ပေးသနားတော်မူ၏၊ ထိုပုံသဏ္ဍာန်ကို လှပတင့်တယ်စေတော်မူ၏၊ အရှင်မြတ်အထံတော်သို့သာလျှင် ခရီးရှိ၏။
Verse 4 — Surah At-Taghabun 64:4
၄။ အရှင်မြတ်သည် အထက်ကောင်းကင်ဘုံ အောက်မဟာပထဝီမြေကြီးပေါ်ဝယ် ရှိရှိသမျှအလုံးစုံကို လုံးဝသိတော် မူ၏၊ ထို့အပြင်သင်တို့ဖုံးထားသောအရာကိုသော်လည်းကောင်း၊ ဖော်ပြသောအရာကိုသော် လည်းကောင်း သိ တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ရင်ဘတ်များအတွင်းရှိသည်ကို အကြွင်းမဲ့သိတော်မူ၏။
Verse 5 — Surah At-Taghabun 64:5
၅။ လွန်လေပြီးသောကာလတွင် မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့၏ အတ္တုပ္ပတ္တိကို သင်ကြားမြင်ရပြီမဟုတ်လော၊ သူတို့သည် မိမိတို့ပြုကျင့်မှု၏ ဆိုကျိုးကို ခံစားရလေ၏၊ ထို့အပြင်သူတို့သည် အလွန်ပြင်းထန်သောအပြစ်ဒဏ်ကိုလည်း ခံကြရလိမ့်မည်။
Verse 6 — Surah At-Taghabun 64:6
၆။ ယင်းသို့ခံရခြင်းအကြောင်းမူကား သူတို့ထံသို့ တမန်တော်များကို ထင်ရှားရှင်းလင်းသောသက်သေခံချက်များနှင့် တကွ စေလွှတ်တော်မူသောအခါ သူတို့က "သေမျိုးမျှသာဖြစ်သူတို့သည် ငါတို့ကို တရားလမ်းပြမည်လော" ဟု ဆိုကြကုန်၍ မယုံကြည်ကြ၊ ကျောခိုင်းသွားခြင်းကြောင့် ဘာမျှဆုံးရှုံးတော်မမူချေ၊ အကယ်စင်စစ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံစေတော်မူ၏၊ အံ့ချီးမဆုံးဖြစ်တော်မူ၏။
Verse 7 — Surah At-Taghabun 64:7
၇။ မိစ္ဆာဒိဋ္ဌိတို့က မိမိတို့သည် ပြန်ရှင်ရမည်မဟုတ်ဟု အခိုင်အမာပြောဆိုကြ၏၊ အေ-တမန်တော် ဟောပြောလော့၊ ဧကန်အမှန် ငါ၏အသက်သခင်ကျေးဇူးရှင်ကြီး၏ တန်ခိုးတော်ကြောင့် သင်တို့သည် ပြန်ရှင်ရဦးမည်သာတည်း၊ ထိုအခါသင်တို့ပြုကျင့်သမျှတို့ကို သင်တို့အား မိန့်တော်မူလိမ့်မည်၊ ယင်းအမှုသည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအရာဖြစ်၏။
Verse 8 — Surah At-Taghabun 64:8
၈။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တမန်တော်နှင့် ငါချပေးသနားတော်မူသောအလင်းရောင်တို့ကို သက်ဝင်ယုံကြည်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြကျင့်သမျှကို အကြွင်းမဲ့သိတော်မူ၏။
Verse 9 — Surah At-Taghabun 64:9
၉။ အရှင်မြတ်သည် သင်လူသားအပေါင်းတို့ကို ညီလာခံနေ့တော်ကြီး အတွက် စုဝေးစေတော်မူသောအခါ ထိုနေ့သည် အမြင်မှန်ရသောနေ့ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုပွားများသောမှာမူကား သူ၏ အပြစ်များကို အရှင်မြတ်လွှတ်တော်မူ၍ သူ့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ တင်သွင်းချီးမြှင့်လိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ ကြည်လင်အေးမြသောစိမ့်စမ်းရေချောင်းတို့လည်း အယဉ်အထွေထွေစီးဆင်းလျက်ရှိကြ၏၊ ထိုဥယျာဉ်တော်များတွင် သူသည် အစဉ်ထာဝရစံစားနေထိုင်ရလိမ့်မည်၊ ဤဆုတော်ကား ကြီးကျယ် ထွဋ်မြတ်သောအောင်မြင်ခြင်းဖြစ်၏။
Verse 10 — Surah At-Taghabun 64:10
၁၀။ သို့သော် မိစ္ဆာအယူဝါဒကို လက်ကိုင်ထား၍ ငါ၏ နှုတ်ကပတ်တော်များကို တွန်းလှန်ဖယ်ရှားသောသူတို့မူကား အဝီစိငရဲမီးကို ပိုင်ဆိုင်သူများဖြစ်ကြ၏၊ သူတို့သည် ထိုငရဲမီးအတွင်းတွင် အစဉ်ထာဝရနေကြရလိမ့်မည်၊ အလွန်ညံ့ဖျင်းဆိုးဝါးသောခရီးဆုံးဖြစ်၏။
Verse 11 — Surah At-Taghabun 64:11
၁၁။ အလ္လာဟ်အရှင်မြတ်အလိုတော်မရှိပဲ မည်သည့်ဘေးဥပါဒ်မျှမကျရောက်နိုင်ချေ၊ အကြင်သူသည် အလ္လာဟ်အရှင် မြတ်အား ယုံကြည်အံ့၊ ထိုသူ၏ စိတ်နှလုံးကို အရှင်မြတ်လမ်းပြတော်မူ၏၊ အလ္လာဟ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏။
Verse 12 — Surah At-Taghabun 64:12
၁၂။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ကို နာခံကျိုးနွံကြလော့၊ သို့သော် သင်တို့သည် မနာယူကျော ပေးသွားလျှင် ငါ၏ တမန်တော်၏ တာဝန်မှာ တရားတော်ကို ထင်ရှင်းကျနစွာဟောပြောရန်သာဖြစ်၏။
Verse 13 — Surah At-Taghabun 64:13
၁၃။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ ထို့ကြောင့်ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ယုံကြည်ကိုးစားစေကြကုန်။
Verse 14 — Surah At-Taghabun 64:14
၁၄။ အို- ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမနှင့် သားမယားတို့အတွင်း သင်တို့၏ ရန်သူများရှိကြ၏။ ထို့ကြောင့် သတိကြပ်ကြပ်ထားကြလော့၊ သို့သော်သင်တို့သည် သူတို့၏အပြစ်များကို ဗွေမယူ ဖုံးအုပ်ပြီးလျှင် ခွင့်လွှတြ်ကသော် အလ္လာ ဟ်အရှင်မြတ်သည် ဧကန်အမှန်အဖန်တလဲလအဲ ပြစ်လတွှ ်တော်မူ၏၊ ကောင်းကြီး မင်္ဂလာ ပေးတော်မူ၏။
Verse 15 — Surah At-Taghabun 64:15
၁၅။ သင်တို့၏ စည်းစိမ်ဥစ္စများနှင့် သားသမီးတို့သည် သင်တို့ကို စမ်းသပ်ဖို့ရာသာဖြစ်၏၊ သို့သော် အလ္လာဟ်အရှင် မြတ်အထံတော်၌မူကား အလွန်ကြီးကျယ် မြင့်မြတ်သောဆုတော်ရှိ၏။
Verse 16 — Surah At-Taghabun 64:16
၁၆။ ထို့ကြောင့် သင်တို့တတ်စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့၊ နာယူကြလော့၊ နားထောင်ကြလော့၊ လှုဒါန်းကြလော့၊ ဤအကျင့်အကြံသည် သင်တို့၏ ဝိညာဉ်များအတွက် သာလွန်မွန်မြတ်၏၊ အမှန်မှာ လောဘရမ္မက်ဖိစီးနှိပ်စက်ခြင်းမှ ကင်းလွတ်သူတို့သည်ကား ချမ်းသာကြွယ်ဝ၍ အောင်မြင်ရသူများ ဖြစ်ကြ၏။
Verse 17 — Surah At-Taghabun 64:17
၁၇။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းသောမြီချအံ့၊ အရှင်မြတ်သည် ထိုမြီကြွေးကို နှစ်ဆတိုးပွားစေ တော်မူလျက် သင်တို့၏ အပြစ်များကို လွှတ်တော်မူလတံ့၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အကျိုးတုံ့ပြန်တတ်တော်မူ၏၊ ထောက်ထားညှာတာတော်မူ၏။
Verse 18 — Surah At-Taghabun 64:18
၁၈။ အလ္လာဟ်အရှင်မြတ်သည် မမြင်ရသောအရာ မြင်ရသောအရာ၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏၊ အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။