Verse 1 — Surah Al-Mulk 67:1
၁။ အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူ၏၊ အရာခပ်သိမ်းကုန်တို့ကို စိုးပိုင်တော်မူ၏၊ အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
Verse 2 — Surah Al-Mulk 67:2
၂။ အရှင်မြတ်သည် သင်တို့အနက် အဘယ်သူသည် ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်သနည်းဟု စုံစမ်းတော်မူရန်အလို့ငှာ သေခြင်းရှင်ခြင်းတို့ကို စီရင်တော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။
Verse 3 — Surah Al-Mulk 67:3
၃။ အရှင်မြတ်သည် ကောင်းကင်ဘုံခုနစ်ထပ်ကို အဆင့်ဆင့်ဖန်ဆင်းတော်မူ၏၊ အို-တမန်တော်၊ သင်သည် မဟာကရုဏာတော်အရှင်၏ ဖန်ဆင်းတော်မြူခင်း ၌ ချွတ်ယွင်းချက်ကို မတွေ့မမြင်နိုင်ချေ၊ တဖန်ကြည့်ရြှုကလော့၊ ချွတ်ယွင်းချက်တစ်စုံတစ်ရာကို သင်တွေ့မြင်နိုင်သလော။
Verse 4 — Surah Al-Mulk 67:4
၄။ တဖန်စစ်ဆေးကြည့်ရှုလော့၊ ထပ်၍ ကြည့်လော့၊ သင်သည် မိမိမျက်စိညောင်ခြင်း၊ မောပန်းခြင်းသာ တွေ့ရ လတံ့။
Verse 5 — Surah Al-Mulk 67:5
၅။ ငါသည် ကမ္ဘာမြေပြင်နှင့် မိုးကောင်းကင်ကို မီးရှုးမီးတိုင်းတို့ဖြင့် တင့်တယ်သိုက်မြိုက်စွာတန်ဆာဆင်ယင်ထား တော်မူ၏၊ ထိုမီးရှုးမီးတိုင်တို့ကို ရှိုင်တန် မာရ်နတ်တို့ကို ပစ်ခတ်ရန် လက်နက်အဖြစ်နှင့် ဖန်ဆင်းထားတော်မူ၏၊ ငါသည် သူတို့အဖို့အရာ မီးလျှံဒဏ်ကို အသင့်စီရင်ထားတော်မူ၏။
Verse 6 — Surah Al-Mulk 67:6
၆။ မိမိတို့၏ အရှင်သခင်အား မယုံကြည်သူတို့အဖို့အရာ ယုတ်ညံ့ဆင်းရဲကြီးလှသော၊ ခရီးဆုံးဖြစ်သောအဝီစိငရဲ ဒဏ်တော်ရှိ၏။
Verse 7 — Surah Al-Mulk 67:7
၇။ သူတို့ကို ငရဲထဲသို့ ပစ်ချသောအခါ သူတို့သည် ငရဲမှ ပြင်းထန်စွာဆူပွက်ကြောက်မက်ဘွယ်သောအသံကို ကြားကြရလိမ့်မည်။
Verse 8 — Surah Al-Mulk 67:8
၈။ ငရဲမီး သည် အမျက်ချောင်းချောင်း ထကွ ်၍ ပေါက်ကွဲ လုမတတ်ကြောက်မက်ဖွယ်ရာအသံကြီးဖြင့် မြည်ဟီးလိမ့်မည်၊ ငရဲမီးထဲသို့ ဒုစရိုက်ကောင်တစ်စုကို ပစ်ချသောအခါတိုင်း ငရဲမှုများက "ဟယ်-မိစ္ဆာဒိဋ္ဌိတို့၊ နင်တို့ထံသို့ သတိပေးသူမလာရောက်လား" ဟု မေးကြလိမ့်မည်။
Verse 9 — Surah Al-Mulk 67:9
၉။ ထိုအခါသူတို့က အို-ကောင်းကင်တမန်တော်တို့၊ ဟုတ်ကဲ့၊ သတိပေးသူသည် အကျွနု်ပ်တို့ထံသို့ အမှန်ပင် လာရောက်ပါ၏၊ သို့သော် ကျွနု်ပ်တို့သည် သူ့ကို ငြင်း ပယ်ခဲ့ကြ၏၊ ထိုအပြင်အလ္လာဟ်အရှင်မြတ်သည် သင်အား တရားတော်ကို ချပေးတော်မမူချေ၊ သင်သည် မဟာအမှားကြီးမှားသူမှတပါး အခြားမဟုတ်ဟု သူ့အား ပြောဆိုမိပါ၏ဟု ပြန်ပြောကြသည်။
Verse 10 — Surah Al-Mulk 67:10
၁၀။ သူတို့က အကျွနု်ပ်တို့သည် တမန်တော်ကို နာခံခဲ့ပါသော်လည်းကောင်း၊ အသိဉာဏ်ရှိခဲ့ပါလျှင်သော်လည်း ကောင်း၊ အကျွနု်ပ်တို့သည် မီးတောက်မီးလျှံများအတွင်း နေရသူများမဖြစ်ချေဟု ဆက်လက်ပြောဆိုကြသည်။
Verse 11 — Surah Al-Mulk 67:11
၁၁။ သူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသည်၊ သို့သော်ထိုငရဲသူငရဲသားတို့သည် ကောင်းကြီးမင်္ဂလာမှ ကောင်းစွာကွာဝေးကြသည်။
Verse 12 — Surah Al-Mulk 67:12
၁၂။ သို့သော် မိမိတို့၏အရှင်သခင်အား တိတ်တဆိတ်ကြောက်ရွံ့ရိုကျိုးသူတို့အဖို့မူကား အပြစ်လွှတ်ခြင်းနှင့် ကြီးမား သောဆုတော်တို့ရှိကြလိမ့်မည်။
Verse 13 — Surah Al-Mulk 67:13
၁၃။ သင်တို့သည် မိမိတို့အယူဝါဒကို တိတ်တဆိတ်ထားသော်လည်းကောင်း၊ ကြေငြာသော်လည်းကောင်း၊ အရှင် မြတ်သည် လူတို့စိတ်နှလုံးများအတွင်းရှိသမျှတို့ကို အကြွင်းမဲ့သိတော်မူ၏။
Verse 14 — Surah Al-Mulk 67:14
၁၄။ အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသောအရာများကို သိတော်မူအပ်သည်မဟုတ်လော၊ အရှင်မြတ်သည် နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 15 — Surah Al-Mulk 67:15
၁၅။ အရှင်မြတ်သည် ဤကမ္ဘာမြေပြင်ကို သင်တို့၏ ဩဇာခံဖြစ်စေတော်မူ၏၊ ထို့ကြောင့်သင်တို့သည် ထိုမြေပေါ်သို့ လှည့်ပတ်သွားကြလော့၊ ထို့အပြင်အရှင်မြတ်ပေးသနားတော်မူသောအာဟာရများကို စားသုံမှီဝဲကြလော့၊ သေသူ တို့သည် အရှင်မြတ်ထံ ပြန်ရှင်လာကြရမည်။
Verse 16 — Surah Al-Mulk 67:16
၁၆။ ကမ္ဘာမြေကြီးသည် သွက်သွက်ချာချာ တုန်လှုပ်သောအခါ သင်တို့ကို မြေမျိုစေတော်မူလိမ့်မည်မဟုတ်ဟု သင်တို့ သည် အထက်ကောင်းကင်ဘုံရှိ အရှင်မြတ်ထံမှ အာမခံယူထားပြီးပြီလော။
Verse 17 — Surah Al-Mulk 67:17
၁၇။ ထို့အပြင် သင်တို့အပေါ်သို့ ပြင်းထန်လှသော လေသင်တုံးကို တိုက်ခတ်စေတော်မူမည် မဟုတ်ဟု သင်တို့သည် အထက်ကောင်းကင်ဘုံရှိ အရှင်မြတ်ထံမှ အာမခံယူပြီးပြီလော၊ သို့သော် သင်တို့သည် ငါပေးတော်မူသောသတိသည် အသို့ဖြစ်သည်ကို သိကြရလိမ့်မည်။
Verse 18 — Surah Al-Mulk 67:18
၁၈။ သို့သော် သူတို့အထက်အဆက်ဆက်သောသူတို့သည် ဧကန်အမှန်မယုံကြည်ကြချေ၊ ထို့ကြောင့်ငါသည် သူတို့ကို မည်သို့အမျက်ရှတော်မူသည်ကို ကြည့်ရှုကြလော့။
Verse 19 — Surah Al-Mulk 67:19
၁၉။ သူတို့သည် အထက်ကောင်းကင်၌ လူးလာပျံသန်းသွားလာကြသောအတောင်ရှိ ငှက်တိရိစ္ဆာန်များကို မကြည့်ရှု ကြသလော၊ မဟာကရုဏာတော်အရှင်မှတပါး မည်သူမျှ ထိုငှက်တိရိစ္ဆာန်များကို လေထဲတွင် မထားချေ၊ စင်စစ်အားဖြင့် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 20 — Surah Al-Mulk 67:20
၂၀။ သို့မဟုတ် မဟာကရုဏာတော်ရှင်မှတပါး မည်သူသည် သင်တို့ကို ကူညီစောင်မမည့်စစ်တပ်ဖြစ်သနည်း၊ မိစ္ဆာဒိဋ္ဌိတို့သည် မှောက်မှားခြင်းမှတပါး မည်သည်မျှ၌ မရှိချေ။
Verse 21 — Surah Al-Mulk 67:21
၂၁။ သို့မဟုတ် အရှင်မြတ်သည် ရိက္ခာတော်ကို ရပ်တန့်ထားတော်မူလျှင် သင်တို့ကို အဘယ်သူသည် ရိက္ခာပေး မည်နည်း၊ အမှန်မှာ သူတို့သည် မာန်တက်၍ တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။
Verse 22 — Surah Al-Mulk 67:22
၂၂။ မိမိမျက်နှာကို မြေမှာ မှောက်ခုံထားလျက် ဦးစိုက်သွားသူသည် လမ်းမှန်ကို ညွှန်ပြခြင်းခံရသလော၊ သို့မဟုတ် လမ်းမကြီးကိုသာ ဖြောင့်မတ်စွာလျှောက်သွားသူသာ လမ်းမှန်ပြသခြင်းခံရသလော။
Verse 23 — Surah Al-Mulk 67:23
၂၃။ အို-တမန်တော်၊ ၄င်းတို့အား ဟယ်-အချင်းတို့၊ အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏၊ နား၊မျက်စိ၊ စိတ်နှလုံးများကို ပေးသနားတော်မူ၏၊ သို့သော်သင်တို့သည် ကျေးဇူးတော်ကို မသိကြချေဟု ဟောပြောလော့။
Verse 24 — Surah Al-Mulk 67:24
၂၄။ ထို့အပြင် ဟယ်-အချင်းတို့၊ အရှင်မြတ်သည် သင်တို့ကို ကမ္ဘာမြေပေါ်တွင် ပွားမျာစေတော်မူ၏၊ သင်တို့သည် အရှင်မြတ်အထံတော်၌ စုဝေးကြရမည်သာတည်းဟုလည်း သင်ဟောပြောလော့။
Verse 25 — Surah Al-Mulk 67:25
၂၅။ ထိုအပြင်သူတို့က သင်မှန်ရာကို ဟောပြောပါလျှင် ဤကတိသစ္စာတော်သည် အဘယ်အခါမှာ ပြည့်စုံမည်နည်း ဟု မေးမြန်းကြ၏။
Verse 26 — Surah Al-Mulk 67:26
၂၆။ သင်ဟောပြောလော့၊ ထိုအကြောင်းကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူ၏၊ အကျွနု်ပ်မှာမူကား သတိ ပေးသူရိုးရိုးသာဖြစ်၏။
Verse 27 — Surah Al-Mulk 67:27
၂၇။ သို့သော် ထိုသူတို့သည် ထိုနေ့တော်ကြီးကို မျက်ဝါးထင်ထင်မြင်ရသောအခါ သူတို့၏မျက်စိမျက်နှာပျက်ကြလတံ့၊ ၄င်းတို့အား ဤနေ့သည် နင်တို့အလျင်စလိုတောင်းဆိုကြသောနေ့တည်းဟု ဆိုကြလတံ့။
Verse 28 — Surah Al-Mulk 67:28
၂၈။ အို-တမန်တော်၊ ဟောပြောလော့၊ အို-သူယုတ်မာတို့၊ သင်တို့စဉ်းစားပြီးပြီလော၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်နှင့် အကျွနု်ပ်၏ အဖော်အပေါင်းတို့ကို ဖျက်ဆီးတော်မူသည်ဖြစ်စေ၊ ကောင်းကြီးမင်္ဂလာပေးသနား တော်မူသည်ဖြစ်စေ၊ မိစ္ဆာဒိဋ္ဌိတို့အား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်မှ အဘယ်သူသည် ကယ် နှုတ်လိမ့်မည်နည်း။
Verse 29 — Surah Al-Mulk 67:29
၂၉။ အို-တမန်တော်၊ ဟောပြောလော့၊ အရှင်မြတ်သည် မဟာကရုဏာတော်အရှင်ဖြစ်တော်မူ၏၊ အကျွနု်ပ်တို့သည် အရှင်မြတ်အားသာလျှင် ယုံကြည်ကြ၏၊ အရှင်မြတ်အားသာလျှင် ကိုးစားကြ၏၊ အဘယ်သူတို့သည် ထင်ရှား သောအမှားတွင် တည်ရှိသည်ကို သင်တို့ကာလမကြာမြင့်မီ သိကြရလိမ့်မည်။
Verse 30 — Surah Al-Mulk 67:30
၃၀။ အို-တမန်တော်၊ ဟောပြောလော့၊ သင်တို့ဆင်ခြင်ပြီးပြီလော၊ သင်တို့၏ ချောင်းမြောင်းသည် အလိုအလျောက် မြေတွင်ပျောက်၍ ခန်းခြောက်သွားလျှင် အယဉ်အထွေထွေစီးဆင်းနေသောရေကို သင်တို့အား အဘယ်သူပေး နိုင်အံ့နည်း။