Back to Languages

Burmese - Chapter 69 - Al-Haqqah

Translation by Ba Sein — Permalink

Verse 1 — Surah Al-Haqqah 69:1

၁။ အစစ်အမှန်။

Verse 2 — Surah Al-Haqqah 69:2

၂။ အစစ်အမှန်သည် မည်သည်နည်း။

Verse 3 — Surah Al-Haqqah 69:3

၃။ အစစ်အမှန်မည်သည်ဖြစ်သည်ကို သင့်အား မည်သည်က သိစေနိုင်အံ့နည်း။

Verse 4 — Surah Al-Haqqah 69:4

၄။ စမူးဒ်အသင်းသားနှင့် အားဒ်အသင်းသားတို့သည် တရားစီရင်တော်မူသောနေ့တော်ကြီး ဆိုက်ရောက်လာမည်ကို မယုံကြည်ကြချေ။

Verse 5 — Surah Al-Haqqah 69:5

၅။ ၄င်းစမူးဒ်လူမျိုးတို့မူကား မိုးကြိုးပစ်သတ်ခြင်း၊ လျှပ်စစ်ပစ်သတ်ခြင်းကို ခံကြရ၏။

Verse 6 — Surah Al-Haqqah 69:6

၆။ အားဒ်လူမျိုးတို့မူကား အလွန်ကြောက်မက်ဖွယ်ကောင်းသောလေပြင်မုန်တိုင်းကြီး ဖျက်ဆီးခြင်းကို ခံကြရ၏။

Verse 7 — Surah Al-Haqqah 69:7

၇။ အရှင်မြတ်သည် ထိုလေပြင်မုန်တိုင်းကြီးကို ခုနှစ်ညဉ့်နှင့် ရှစ်ရက်တိုင်တိုင် မပြတ်မစဲတိုက်ခတ်စေတော်မူ၏၊ အေ-တမန်တော်၊ သင်သည် သူတို့အားလုံးကို လေပြင်မုန်တိုင်းကြီး၏ လမ်းတစ်လျှောက်လုံးတွင် မြေဝယ်လဲ၍ သေကြေပျက်စီးနေသည်ကို မြင်ခဲ့ရလတံ့၊ သူတို့ပျက်စီးပုံမှာ ကြီးမားသောစွန်ပလွံပင်အို ဖရိုဖရဲမြစ်ရင်းက ပြုတ်၍ လဲနေဘိသကဲ့သို့ လဲနေခြင်းဖြစ်၏။

Verse 8 — Surah Al-Haqqah 69:8

၈။ အို-တမန်တော်၊ သင်သည် ယခုအခါထိုလူမျိုးတို့တစ်ဦးတစ်ယောက်ြွကင်းကျန်ရစ်သည်ကို မြင်နိုင်သလော။

Verse 9 — Surah Al-Haqqah 69:9

၉။ ထို့အပြင်ဖွာရောမင်းသော်လည်းကောင်း၊ သူ၏ အထက်ရှေးလူများသော်လည်းကောင်း၊ ဖျက်ဆီးတော်မူလိုက် သောလူမျိုးစုတို့သော်လည်းကောင်း၊ သူတို့သည် အစဉ်အမြဲ အပြစ်ကျူးလွန်ကြ၏။

Verse 10 — Surah Al-Haqqah 69:10

၁၀။ ထို့အပြင်သူတို့သည် မိမိတို့၏ အရှင်သခင်၏ စေတမန်တော်ကို မနာခံဖီဆန်ကြ၏၊ ထို့ကြောင့်အရှင်မြတ်သည် သူတို့ကို ပြင်းပြအားကြီးသောဖမ်းခြင်းဖြင့် ဖမ်းဆီးတော်မူ၏။

Verse 11 — Surah Al-Haqqah 69:11

၁၁။ မှတ်သားကြလော့၊ ရေလွှမ်းမိုးသောအခါ ငါသည် သင်တို့အား သင်္ဘောထဲတွင် တင်ဆောင်ထားတော်မူ၏။

Verse 12 — Surah Al-Haqqah 69:12

၁၂။ ငါသည် ထိုရေလွှမ်းမိုးခြင်းအကြောင်းအရာကို သင်တို့အဖို့အရာ မဟာဝင်ကြီး တစ်ခုပြုထားတော်မူရန်ဖြစ်၏၊ ထို့အပြင်ထိုအဖြစ်အပျက်ကို နားရှိသူများကြားနာ မှတ်သားထားရန်လည်းဖြစ်၏။

Verse 13 — Surah Al-Haqqah 69:13

၁၃။ ထို့နောက်တံပိုးကို ပြင်းထန်စွာ တစ်ကြိမ်မှုတ်သောအခါ။

Verse 14 — Surah Al-Haqqah 69:14

၁၄။ ထို့အပြင်ကမ္ဘာမြေနှင့်တကွ တောင်ကြီးတောင်ငယ်အလုံးစုံကို မပြီးလျှင် တစ်ကြိမ်တည်းနှင့်မြေမှုန့်အထိ ညက် ညက်ကြေအောင် ပစ်ချတော်မူသောအခါ။

Verse 15 — Surah Al-Haqqah 69:15

၁၅။ ထိုနေ့တော်ကြီး၌ ကြီးလှစွာသော အဖြစ်အပျက်သည် ဆိုက်ရောက်လာလိမ့်မည်။

Verse 16 — Surah Al-Haqqah 69:16

၁၆။ ထို့အပြင်အထက် မိုးကောင်းကင်လည်း ကွဲအက်ပြိုပျက်၍ ကျလိမ့်မည်၊ အကြောင်းမူကား ထိုနေ့တော်ကြီး၌ မိုးကောင်းကင်သည် မခိုင်ပဲ ကျိုးပျက်လွယ်၏။

Verse 17 — Surah Al-Haqqah 69:17

၁၇။ ထို့အပြင်ကောင်းကင်တမန်အပေါင်းတို့သည် ကောင်းကင်ခြေ၌ အသင့်ရှိနေကြလိမ့်မည်၊ ထိုနေ့တော်ကြီး၌ သင်၏ အရှင်သခင်၏ ရာဇပလ္လင်တော်ကြီးကို ရှစ်ယောက်သော ကောင်းကင်တမန်တို့သည် မိမိတို့ဦးခေါင်းထက် ထမ်းရွက်ထားကြလိမ့်မည်။

Verse 18 — Surah Al-Haqqah 69:18

၁၈။ ထိုနေ့တော်ကြီး၌ သင်တို့အားလုံးကို ဖွင့်ပြတော်မူမည်၊ သင်တို့၏ လျှို့ဝှက်နက်နဲမှုများကို ဖုံးကွယ်ထားမည် မဟုတ်။

Verse 19 — Surah Al-Haqqah 69:19

၁၉။ ထိုနေ့တော်ကြီး၌ အကြင်သူသည် မိမိပြုကျင့်မှု စာရင်းစာအုပ်ကို လက်ယာလက်ဖြင့် ခံယူရ၏၊ ထိုသူသည် ဤသို့ဥဒါန်းရင့်ကျူး၏၊ အကျွနု်ပ်၏ စာအုပ်ကို ယူ၍ ဖတ်ကြပါကုန်။

Verse 20 — Surah Al-Haqqah 69:20

၂၀။ အကျွနု်ပ်သည် စစ်ကြောခြင်းခံရမည်ကို အမှန်ပင်သိနားလည်ခဲ့ပါ၏။

Verse 21 — Surah Al-Haqqah 69:21

၂၁။ ထိုအခါထိုသူသည် သုခဘဝတွင် ရှင်နေရလိမ့်မည်။

Verse 22 — Surah Al-Haqqah 69:22

၂၂။ ထိုသူသည် မြင့်မြတ်သော နိဗ္ဗာန်တော်တွင် နေထိုင်ရလိမ့်မည်။

Verse 23 — Surah Al-Haqqah 69:23

၂၃။ ထိုနိဗ္ဗာန်ဥယျာဉ်တော်ရှိ အသီးခိုင်၊ အသြွီးပတ်၊ အသီးတွဲများကို လွယ်ကူစွာမှီနိုင်လိမ့်မည်။

Verse 24 — Surah Al-Haqqah 69:24

၂၄။ နိဗ္ဗာန်မှုးတို့က အို- နိဗ္ဗာန်သားတို့၊ အထက်လွန်လေပြီးသောနေရက်များ၌ ကုသိုလ်ကောင်းမှု တင်ကြိုပို့ထားနှင့် သောကြောင့်၊ ယခုအခါဤဥယျာဉ်တော်၌ အေးချမ်းသာယာစွာစားကြပါ၊ သောက်ကြပါကုန်ဟု ဆိုကြလိမ့်မည်။

Verse 25 — Surah Al-Haqqah 69:25

၂၅။ သို့သော်အကြင်သူသည် မိမိအကျင့်စာရင်းစာအုပ်ကို လက်ဝဲလက်ဖြင့် ခံယူရရှိအံ့၊ ထိုသူသည် ဤသို့ညည်းညူ မြည်တမ်းလိမ့်မည်၊ ငါကား မှားခြင်းကြီးမှားလေစွ၊ ငါ၏ အကျင့်စာအုပ်ကို ငါ့အား မပေးလျှင် ကောင်းလေစွ။

Verse 26 — Surah Al-Haqqah 69:26

၂၆။ ထို့အပြင်ငါ၏ အကျင့်စာရင်းသည် မည်သို့မည်ပုံဖြစ်နေသည်ကို ငါမသိလေစွ။

Verse 27 — Surah Al-Haqqah 69:27

၂၇။ ငါ့ကို အပြီးတိုင်အောင် သတ်ဖြတ်၍ ဖျောက်ပစ်လိုက်သော် တော်လေစွ။

Verse 28 — Surah Al-Haqqah 69:28

၂၈။ ငါ့ဥစ္စာပစ္စည်းများသည် ငါ့ကို ဘာအကျိုးမျှမပေးချေ။

Verse 29 — Surah Al-Haqqah 69:29

၂၉။ ငါ၏ တန်ခိုးအာဏာတို့သည် ငါ့ထံမှ ကွယ်ပျောက်ခဲ့ပြီ။

Verse 30 — Surah Al-Haqqah 69:30

၃၀။ ထိုအခါအလ္လာဟ်အရှင်မြတ်အမိန့်ပေးတော်မူသည်မှာ အေ-ကောင်းကင်တမန်တို့၊ ထိုသူယုတ်မာကို ဖမ်းဆီး၍ ချည်နှောင်ကြလော့။

Verse 31 — Surah Al-Haqqah 69:31

၃၁။ ထို့နောက်သူကို ငရဲမီးတောက်မီးလျှံတွင် မီးရှို့ကြလော့။

Verse 32 — Surah Al-Haqqah 69:32

၃၂။ ထို့အပြင်သူ့ကို အတောင်ခုနှစ်ဆယ်ရှည်လျားသောသံကြိုးနှင့် တုပ်နှောင်ကြလော့။

Verse 33 — Surah Al-Haqqah 69:33

၃၃။ သူသည် အလွန်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်အား မယုံကြည်ခဲ့သောသူယုတ်မာတည်း။

Verse 34 — Surah Al-Haqqah 69:34

၃၄။ ထို့အပြင်သူသည် သူဆင်းရဲတို့အား ကျွေးမွေးရန် မတိုက်တွန်းခဲ့ချေ။

Verse 35 — Surah Al-Haqqah 69:35

၃၅။ ထို့ကြောင့်ဤနေ့တော်ကြီး၌ ဤနေရာတွင် သူ့မှာ ခင်မင်သူတစ်စုံတစ်ယောက်မျှမရှိချေ။

Verse 36 — Surah Al-Haqqah 69:36

၃၆။ ထို့အပြင်သူမှာ အညစ်အကြေးများမှတပါး အခြားအစာအာဟာရအလျင်းမရှိချေ။

Verse 37 — Surah Al-Haqqah 69:37

၃၇။ ဤအညစ်အကြေးများကို ငရဲသူငရဲသားတို့မှတပါး မည်သူတစ်စုံတစ်ယောက်မျှမစားရချေ။

Verse 38 — Surah Al-Haqqah 69:38

၃၈။ ထို့ကြောင့်အို-ကြားနာရသူအပေါင်းတို့၊ သင်တို့မျက်ဝါးထင်ထင်မြင်ရသောအရာများကို ငါသက်သေထူတော် မူ၏။

Verse 39 — Surah Al-Haqqah 69:39

၃၉။ ထို့အပြင် သင်တို့မမြင်ရသောအရာများကိုလည်း ငါသက်သေထူတော်မူ၏။

Verse 40 — Surah Al-Haqqah 69:40

၄၀။ ဤကျမ်းတော်မြတ်သည် တန်ခိုးအရှိန်ကြီးကဲမြင့်မြတ်သောတမန်တော်၏ တရားဒေသနာတော်ဖြစ်၏။

Verse 41 — Surah Al-Haqqah 69:41

၄၁။ ဤကျမ်းတော်မြတ်သည် ပျို့ကဗျာလင်္ကာဆရာ၏ မိန့်ခွန်းမဟုတ်၊ သို့သော်သင်တို့သည် မယုံကြည်ကြချေ။

Verse 42 — Surah Al-Haqqah 69:42

၄၂။ ဤကျမ်းတော်မြတ်သည် ဗေဒင်နက္ခတ်ဆရာ၏ ဟောကိန်းလည်းမဟုတ်၊ သင်တို့အာရုံမပြုကြချေ။

Verse 43 — Surah Al-Haqqah 69:43

၄၃။ ကျမ်းမြတ်ကုရ်အာန်သည် အနန္တစကြာဝဠာတို့၏ အရှင်သခင်အထံတော်မှ နှုတ်ကပတ်တော်ဖြစ်၏။

Verse 44 — Surah Al-Haqqah 69:44

၄၄။ ထို့အပြင် တမန်တော်ရှင် မိုဟမ္မဒ်သည် ငါ၏ နာမတော်ကို အလွဲသုံးစားလျက် မဟုတ်မမှန်လုပ်ကြံဟောကြားလျှင်။

Verse 45 — Surah Al-Haqqah 69:45

၄၅။ ငါသည် သူ့အား လက်ယာဘက်ကို ဆွဲကိုင်ပြီးလျှင် အမှန်ပင်ဖမ်းဆီးတော်မူမည်။

Verse 46 — Surah Al-Haqqah 69:46

၄၆။ ထို့နောက်သူ၏ လည်မျိုကြောကို လှီးဖြတ်၍ ကွပ်မျက်တော်မူမည်။

Verse 47 — Surah Al-Haqqah 69:47

၄၇။ သင်တို့အနက် တစ်စုံတစ်ယောက်သောသူမျှ ငါ့အား တမန်တော်ထံမှ ဆွဲငင်ထားနိုင်မည်မဟုတ်ချေ။

Verse 48 — Surah Al-Haqqah 69:48

၄၈။ သို့သော် ဤကုရ်အာန်ကျမ်းတော်သည် အကုသိုလ်မကောင်းမှုကို ရှောင်ကြဉ်သူသူတော်ကောင်းတို့အတွက် ဓမ္မဒေသနာတော်ကြီးဖြစ်၏။

Verse 49 — Surah Al-Haqqah 69:49

၄၉။ ထအို့ ပြင် သင်တ့အို နက်အချို့သောသူတိ့သု ည် ဤကျမ်းတော်မြတ်ကို မယုံကြည်ငြင်းပယ်မညက် ို ငါသိတော်မူ၏။

Verse 50 — Surah Al-Haqqah 69:50

၅၀။ မှတ်သားကြလော့၊ ဤကျမ်းတော်မြတ်သည် အယူမှားသူတို့အတွက် အတိဒုက္ခအမှန်ပင်ဖြစ်ချေ၏။

Verse 51 — Surah Al-Haqqah 69:51

၅၁။ ဤကျမ်းတော်မြတ်သည် မုချဧကန်မှန်ကန်သောသစ္စာကျမ်းတော်အစစ်ဖြစ်၏။

Verse 52 — Surah Al-Haqqah 69:52

၅၂။ ထို့ကြောင့် အေ-တမန်တော်၊ အတိုင်းမသိမြင့်မြတ်တော်မူသော သင်၏ အရှင်သခင်၏ နာမတော်ကို ချီးကျူး တသလော့။