Back to Languages

Burmese - Chapter 70 - Al-Maarij

Translation by Ba Sein — Permalink

Verse 1 — Surah Al-Maarij 70:1

၁။ အို-တမန်တော်၊ မေးမြန်းသူတစ်ယောက်သည် သင့်အား ဆိုက်ရောက်လာမည့်အပြစ်ဒဏ်အကြောင်းကို စုံစမ်း မေးမြန်း၏။

Verse 2 — Surah Al-Maarij 70:2

၂။ ထိုအပြစ်ဒဏ်ကို မိစ္ဆာဒိဋ္ဌိတို့ခံစားရမည်သာတည်း၊ ထိုအပြစ်ဒဏ်ကို မည်သူမှ မတွန်းလှန်နိုင်ချေ။

Verse 3 — Surah Al-Maarij 70:3

၃။ ထိုအပြစ်ဒဏ်သည် တက်ရာလမ်းမြတ်များတို့၏ အရှင်သခင် အလ္လာဟ်အထံတော်မှ ဖြစ်၏။

Verse 4 — Surah Al-Maarij 70:4

၄။ ကောင်းကင်တမန်များနှင့်တကွ ကောင်းကင်တမန်မင်းကြီး ဂျီဗရာအီလ်သည် အရှင်မြတ်အထံတော်သို့ နေ့ချင်း ပေါက်တက်သွားကြ၏၊ ထိုနေ့၏ ပမာဏမူကား လောကီနှစ်ပေါင်းတစ်သောင်းနှင့်တူ၏။

Verse 5 — Surah Al-Maarij 70:5

၅။ သို့ဖြစ်၍ အေ-တမန်တော်၊ သင်သည် ချီးမွမ်းလောက်သောသည်းခံခြင်းဖြင့် သည်းခံလော့။

Verse 6 — Surah Al-Maarij 70:6

၆။ စင်စစ်အားဖြင့် သူတို့က ထိုနေ့တော်ကြီးသည် ဝေးကွာလှသေး၏ဟု ထင်ကြ၏။

Verse 7 — Surah Al-Maarij 70:7

၇။ သို့သော်ငါသည်ကား ထိုနေ့သည် နီးကပ်နေသည်ကို မြင်တော်မူ၏။

Verse 8 — Surah Al-Maarij 70:8

၈။ မိုးကောင်းကင်သည် အရည်ကျိုထားသောကြေးနီကဲ့သို့ ဖြစ်မည့်နေ့တော်ကြီး။

Verse 9 — Surah Al-Maarij 70:9

၉။ တောင်များသည် ဝါဂွမ်းလွှာများကဲ့သို့ ဖြစ်မည့်နေ့တော်ကြီး။

Verse 10 — Surah Al-Maarij 70:10

၁၀။ ပွန်းတီးသောအဆွေခင်ပွန်းသည် မိမိမိတ်ဆွေအကြောင်းကို မမေးသောနေ့တော်ကြီး။

Verse 11 — Surah Al-Maarij 70:11

၁၁။ သူတို့သည် တစ်ယောက်ကို တစ်ယောက်မြင်ရသော်လည်း မမေးသောနေ့တော်ကြီး၊ ထိုနေ့တော်ကြီး၌ အပြစ်ထိုက်သူသည် ထိုနေ့တော်ကြီး၏ အပြစ်ဒဏ်တော်မှ လွတ်ရအောင် မိမိ၏ သားသမီးများ။

Verse 12 — Surah Al-Maarij 70:12

၁၂။ မိမိ၏ မယားမိန်းမညီရင်းအစ်ကိုများ။

Verse 13 — Surah Al-Maarij 70:13

၁၃။ မိမိအား လက်ခံကျွေးမွေးထားသောဆွေမျိုးရင်းများ။

Verse 14 — Surah Al-Maarij 70:14

၁၄။ ထိုမျှမက ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှတို့ကို ပေး၍ မိမိကိုယ်ကို ရွေးယူနိုင်ခွင့်ကို တောင့်တ၏။

Verse 15 — Surah Al-Maarij 70:15

၁၅။ သူသည် မည်သည့်နည်းနှင့်မှ မလွတ်နိုင်ချေ၊ ထိုအပြစ်ဒဏ်သည် ငရဲမီးဖြစ်၏။

Verse 16 — Surah Al-Maarij 70:16

၁၆။ ထိုငရဲမီးသည် သူ့ကို မီးမြှိုက်ချင်ဇောကြီး၏။

Verse 17 — Surah Al-Maarij 70:17

၁၇။ ထိုမီးတောက်မီးလျှံသည် သမ္မာတရားတော်ကို ကျောခိုင်းထွက်ပြေးသူတို့အား မိမိအထဲသို့ ဖိတ်ခေါ်၏။

Verse 18 — Surah Al-Maarij 70:18

၁၈။ ထိုသူသည် စီးပွားဥစ္စာများကို မသုံးရက်၊ မစွဲရက်သိမ်းဆည်းထား၏။

Verse 19 — Surah Al-Maarij 70:19

၁၉။ အမှန်မှာ လူသားကို စိုးရိမ်ကြောင့်ကျတတ်သောစိတ်နှင့် ဖန်ဆင်းတော်မူ၏။

Verse 20 — Surah Al-Maarij 70:20

၂၀။ လူသားသည် ဘေးဒုက္ခနှင့်တွေ့ကြံုသောအခါ မခံမရပ်နိုင်ဖြစ်တတ်၏။

Verse 21 — Surah Al-Maarij 70:21

၂၁။ သို့သော် ချမ်းသာသုခရရှိသောအခါ စေးနဲတတ်၏။

Verse 22 — Surah Al-Maarij 70:22

၂၂။ သို့ရာတွင် အရှင်မြတ်အား ကိုးကွယ်သောသူတို့မူကား ယင်းသို့မဟုတ်ချေ။

Verse 23 — Surah Al-Maarij 70:23

၂၃။ ထိုသူတို့သည် ဆွလားသ်ကို တည်မြဲကြ၏။

Verse 24 — Surah Al-Maarij 70:24

၂၄၊၂၅။ ထို့အပြင်ထိုသူတို့သည် မိမိတို့ဥစ္စာပစ္စည်းများ၌ သူတောင်းစားနှင့် သူဆင်းရဲတို့အတွက် ဝန်ခံထားသောအခွင့်အရေးရှိ၏။

Verse 25 — Surah Al-Maarij 70:25

၂၄၊၂၅။ ထို့အပြင်ထိုသူတို့သည် မိမိတို့ဥစ္စာပစ္စည်းများ၌ သူတောင်းစားနှင့် သူဆင်းရဲတို့အတွက် ဝန်ခံထားသောအခွင့်အရေးရှိ၏။

Verse 26 — Surah Al-Maarij 70:26

၂၆။ ထို့အပြင် ထိုသူတို့သည် တရားစီရင်တော်မူသောနေ့တော်ကြီးကို ယုံကြည်ကြ၏။

Verse 27 — Surah Al-Maarij 70:27

၂၇။ ထို့အပြင် ထိုသူတို့သည် မိမိတို့၏အရှင်သခင်၏ အပြစ်ဒဏ်တော်ကို ထိတ်လန့်ကြောက်ရွံ့ကြ၏။

Verse 28 — Surah Al-Maarij 70:28

၂၈။ အကြောင်းမူကား သူတို့အရှင်သခင်၏ အပြစ်ဒဏ်တော်မှ မည်သူမျှလုံခြံုသည်ဟု မမှတ်နိုင်ချေ။

Verse 29 — Surah Al-Maarij 70:29

၂၉။ ထို့အပြင် ထိုသူတို့သည် မတရားကာမအညစ်အကြေးမှ ကင်းစင်အောင် မိမိတို့ကိုယ်ကို ထိန်းသိမ်းကြ၏။

Verse 30 — Surah Al-Maarij 70:30

၃၀။ ထိုသူတို့သည် မိမိတို့လက်ထပ်မယား၊ အမြှောင်မယားတို့နှင့်သာ မွေ့လျော်ကြသည်၊ ထို့ကြောင့်သူတို့ကိုအပြစ်မတင်ထိုက်ချေ။

Verse 31 — Surah Al-Maarij 70:31

၃၁။ သို့သော်အကြင်သူတို့သည် ထိုထက်များသောပျော်ပါးမှုကို ရှာအံ့၊ ထိုသူတို့သည် တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။

Verse 32 — Surah Al-Maarij 70:32

၃၂။ထို့အပြင် ထိုသူတို့သည် မိမိတို့ထံ အပ်နှံထားသော ပစ္စည်းနှင့် မိမိတို့ ပဋိညာဉ်ခံချက်များကို စောင့်ရှောက်ထိန်းသိမ်းကြ၏။

Verse 33 — Surah Al-Maarij 70:33

၃၃။ ထို့အပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်စွာသက်သေခံကြ၏။

Verse 34 — Surah Al-Maarij 70:34

၃၄။ ထို့အပြင် ထိုသူတို့သည် မိမိတို့၏ဆွလားသ်ကို ကောင်းစွာစောင့်ရှောက်ကြ၏။

Verse 35 — Surah Al-Maarij 70:35

၃၅။ ဤသူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်များတွင် ဂုဏ်ရှိစွာနေကြရအံ့။

Verse 36 — Surah Al-Maarij 70:36

၃၆။ အေ-တမန်တော်၊ မယုံကြည်သူတို့သည် သင့်အား ပြူးပြဲသောမျက်စိနှင့် စိုက်ကြည့်နေကြ၏၊ သူတို့သည် ဘာဖြစ်ကြသနည်း။

Verse 37 — Surah Al-Maarij 70:37

၃၇။ သင်၏ ဝဲယာရှေ့နောက်က အစုလိုက်အစုလိုက်ဝန်းဝိုင်း၍ နေကြ၏။

Verse 38 — Surah Al-Maarij 70:38

၃၈။ ထိုသူမိုက်တို့အနက် လူတိုင်းပင်လျှင် သုခဥယျာဉ်တော်သို့ ဝင်ရလိမ့်မည်ဟု မျှော်လင့်သလော။

Verse 39 — Surah Al-Maarij 70:39

၃၉။ အမှန်ကိုဆိုသော် မဝင်ရချေ၊ ငါသည် သူတို့ကို သူတို့သိသောဝတ္ထုမှ ဖန်ဆင်းတော်မူ၏။

Verse 40 — Surah Al-Maarij 70:40

၄၀၊၄၁။ ငါသည် ထိုသူတို့ကို သူတို့ထက်သာသောသူများဖြင့် အစားထိုးနိုင်တော်မူကြောင်းကို ငါသည် နေထွက်ရာအရပ်များနှင့် နေဝင်ရာအရပ်များ၏ အရှင်သခင်အား တိုင်တည်၍ မိန့်တော်မူ၏၊ ငါ့ဆီမှ ပြေး၍ မလွတ်နိုင်ချေ။

Verse 41 — Surah Al-Maarij 70:41

၄၀၊၄၁။ ငါသည် ထိုသူတို့ကို သူတို့ထက်သာသောသူများဖြင့် အစားထိုးနိုင်တော်မူကြောင်းကို ငါသည် နေထွက်ရာအရပ်များနှင့် နေဝင်ရာအရပ်များ၏ အရှင်သခင်အား တိုင်တည်၍ မိန့်တော်မူ၏၊ ငါ့ဆီမှ ပြေး၍ မလွတ်နိုင်ချေ။

Verse 42 — Surah Al-Maarij 70:42

၄၂။ ထို့ကြောင့်သူတို့သည် ကတိထားတော်မူသောနေ့တိုင်အောင် သူတို့တီးတိုးစကားပြောစေကုန်၊ ကစားစေကုန်။

Verse 43 — Surah Al-Maarij 70:43

၄၃။ ထိုနေ့တော်ကြီး၌ ထိုသူတို့သည် တစ်စုံတစ်ခုသောပန်းတိုင်သို့ လျှင်မြန်စွာရောက်အောင်ပြေးသကဲ့သို့ သချႋုင်း များမှ ပြေးထွက်လာကြလိမ့်မည်။

Verse 44 — Surah Al-Maarij 70:44

၄၄။ ထိုနေ့တော်ကြီး၌ ထိုသူတို့သည် မျက်နှာအောက်စိုက်ခေါင်းငိုက်စိုက်နေကြလျက် ဂုဏ်အသရေပျက်ခြင်းတရားကထိုသူတို့ကို မိန်းမောတွေဝေစေလိမ့်မည်ဖြစ်၏၊ သူတို့အား ကတိထားတော်မူသောနေ့တော်ကြီးကား ယင်းသို့ဖြစ်၏။