Back to Languages

Burmese - Chapter 75 - Al-Qiyamah

Translation by Ba Sein — Permalink

Verse 1 — Surah Al-Qiyamah 75:1

၁။ ငါသည် ပြန်ရှင်ရသောနေ့တော်ကြီးကို တိုင်တည်တော်မူ၏။

Verse 2 — Surah Al-Qiyamah 75:2

၂။ မိမိကိုယ်ကို မိမိအပြစ်တင်လေ့ရှိသောစိတ်ကိုလည်း ငါတိုင်တည်တော်မူသည်၊ ဤကျမ်းမြတ်သည် အစစ်အမှန်ဖြစ်၏။

Verse 3 — Surah Al-Qiyamah 75:3

၃။ အို-တမန်တော်၊ လူသားသည် သူ၏ အရိုးအရေများကို ငါစုပေါင်းတော်မူမည်မဟုတ်ဟု ထင်သလော။

Verse 4 — Surah Al-Qiyamah 75:4

၄။ ယင်းသို့မထင်ကြလင့်၊ အမှန်ပင် ငါသည် လူသား၏ လက်ချောင်းဖျားများကို နဂိုရ်အတိုင်း ပြန်ဖြစ်စေတော် မူနိုင်၏။

Verse 5 — Surah Al-Qiyamah 75:5

၅။ သို့သော်လူသားသည် မိမိရှေ့မှောက်ရှိသည်ကိုပင် ငြင်းဆန်လို၏။

Verse 6 — Surah Al-Qiyamah 75:6

၆။ လူသားက ပြန်ရှင်ရမည့်နေ့တော်ကြီးသည် မည်သည့်အခါဆိုက်ရောက်လာမည်နည်းဟု မေး၏။

Verse 7 — Surah Al-Qiyamah 75:7

၇။ မျက်စိတွေဝေ ထိုင်းမှိုင်းသွားသောအခါ။

Verse 8 — Surah Al-Qiyamah 75:8

၈။ လပျောက်ကွယ်သွားသောအခါ။

Verse 9 — Surah Al-Qiyamah 75:9

၉။ လနှင့်နေ အတူတကွပူးပေါင်းရသောအခါ။

Verse 10 — Surah Al-Qiyamah 75:10

၁၀။ ထိုနေ့တော်ကြီး၌ ဘယ်နေရာကို ပြေးရမည်နည်း။

Verse 11 — Surah Al-Qiyamah 75:11

၁၁။ ကြံုရပလေ၊ ခိုလှုံရာမရှိချေဟု ငိုကြွေးလတံ့။

Verse 12 — Surah Al-Qiyamah 75:12

၁၂။ ထိုနေ့တော်ကြီး၌ သင်၏ အရှင်သခင်သာလျှင် အားထားရာဖြစ်တော်မူ၏။

Verse 13 — Surah Al-Qiyamah 75:13

၁၃။ ထိုနေ့၌ လူသားသည် မိမိတင်ကြိုပို့ထားနှင့်သောကျင့်မှုများနှင့် မိမိနောက်တွင် ချန်ထားခဲ့သောကျင့်မှုများ၏ အကြောင်းကို ကြားရလိမ့်မည်။

Verse 14 — Surah Al-Qiyamah 75:14

၁၄၊၁၅။ ထိုမျှမက လူသားသည် မိမိထုချေချက်များကို တင်ပြငြားသော်လည်း သူသည်ပင်လျှင် သူ့အပေါ်မှာ ခိုင်မာသော သက်သေဖြစ်လိမ့်မည်။

Verse 15 — Surah Al-Qiyamah 75:15

၁၄၊၁၅။ ထိုမျှမက လူသားသည် မိမိထုချေချက်များကို တင်ပြငြားသော်လည်း သူသည်ပင်လျှင် သူ့အပေါ်မှာ ခိုင်မာသော သက်သေဖြစ်လိမ့်မည်။

Verse 16 — Surah Al-Qiyamah 75:16

၁၆။ အို-တမန်တော်၊ ကုရ်အာန်ဂါထာတော်များကို စီးဖြန်းသောအခါ သင်၏ လျှာကို အလျင်စလိုမလှုပ်လင့်။

Verse 17 — Surah Al-Qiyamah 75:17

၁၇။ အမှန်မှာ ကုရ်အာန်ဂါထာတော် အလုံးစုံကို စုရုံး၍ ပြဌာန်း ကြေငြာခြင်းမှာ ငါ၏ တာဝန်တော်သာဖြစ်၏။

Verse 18 — Surah Al-Qiyamah 75:18

၁၈။ ထိုကြောင့် ငါသည် ထိုကျမ်းတော်ကို နားလည်အောင် ရှင်းလင်းဖောြ်ပခြင်းမှာလည်း ငါ၏ တာဝန်တော်သာဖြစ်၏ ။

Verse 19 — Surah Al-Qiyamah 75:19

၁၉။ ထိုမျှမက ထိုကျမ်းတော်မြတ်ကို နားလည်အောင် ရှင်းလင်းဖော်ပြခြင်းမှာလည်း ငါ၏တာဝန်သာဖြစ်၏။

Verse 20 — Surah Al-Qiyamah 75:20

၂၀၊၂၁။ အို-လူသားတို့၊ သင်တို့သည် မှားလေစွ၊ ခေတ္တခဏမျှဖြစ်သောဤဘဝကိုသာ မက်မောခင်တွယ်ကြ၏၊ နောင် တမလွန်ဘဝကို ဂရုမပြုစွန့်လွှကြ၏။

Verse 21 — Surah Al-Qiyamah 75:21

၂၀၊၂၁။ အို-လူသားတို့၊ သင်တို့သည် မှားလေစွ၊ ခေတ္တခဏမျှဖြစ်သောဤဘဝကိုသာ မက်မောခင်တွယ်ကြ၏၊ နောင် တမလွန်ဘဝကို ဂရုမပြုစွန့်လွှကြ၏။

Verse 22 — Surah Al-Qiyamah 75:22

၂၂၊၂၃။ ထိုနေ့တော်ကြီး၌ အချို့မျက်နှာများသည် ရွှင်လန်းတောက်ပလျက် မိမိတို့၏ အရှင်သခင်အား ဖူးမျော်ကြည့်ရှုလျက် ရှိနေကြလိမ့်မည်။

Verse 23 — Surah Al-Qiyamah 75:23

၂၂၊၂၃။ ထိုနေ့တော်ကြီး၌ အချို့မျက်နှာများသည် ရွှင်လန်းတောက်ပလျက် မိမိတို့၏ အရှင်သခင်အား ဖူးမျော်ကြည့်ရှုလျက် ရှိနေကြလိမ့်မည်။

Verse 24 — Surah Al-Qiyamah 75:24

၂၄။ ထို့အပြင် ထိုနေ့တော်ကြီး၌ အခြားမျက်နှာများသည် မရွှင်လန်း၊ ညှိုးနွမ်းလျက် ရှိနေကြလိမ့်မည်။

Verse 25 — Surah Al-Qiyamah 75:25

၂၅။ သူတို့အပေါ်သို့ ဘေးဆိုးကြီးဆိုက်ရောက်လုနီးဖြစ်ကြောင်းကို သင်တမန်တော်သိရလတံ့။

Verse 26 — Surah Al-Qiyamah 75:26

၂၆။ သို့သော်လူသား၏ အသက်ဝိညာဉ် လည်မျိုသို့ရောက်သောအခါ။

Verse 27 — Surah Al-Qiyamah 75:27

၂၇။ သူ့ကို ယခုကယ်နိုင်သည့်မျက်လှည့်ဆရာဘယ်မှာနည်းဟု လူများဆိုကြ၏။

Verse 28 — Surah Al-Qiyamah 75:28

၂၈။ ထိုအခါသူသည် မိမိလောကနှင့် ခွဲခွာရမည့်အချိန်ကျရောက်လာကြောင်း တပ်ရာသေချာသိ၏။

Verse 29 — Surah Al-Qiyamah 75:29

၂၉။ ထို့အပြင်နာကျင်ခြင်းဒုက္ခသည် တစ်ခုပြီးတစ်ခု သူ့ကို ဖိစီးနှိပ်စက်၏။

Verse 30 — Surah Al-Qiyamah 75:30

၃၀။ ထိုနေ့တော်ကြီး၌ သင်၏အရှင်သခင်အထံတော်သို့သာ မောင်းနှင်ခြင်းရှိမည်။

Verse 31 — Surah Al-Qiyamah 75:31

၃၁။ အကြောင်းမူကား သူသည် မယုံမကိုးစား ဆွလားသ်လည်းမပြုချေ။

Verse 32 — Surah Al-Qiyamah 75:32

၃၂။ သို့သော် သူသည် ငြင်းပယ်တော်လှန်၏။

Verse 33 — Surah Al-Qiyamah 75:33

၃၃။ ထို့နောက် သူသည် မိမိသားချင်းများထံသို့ မာန်မာနထောင်လွှားပျော်ရွှင်စွာပြန်သွား၏။

Verse 34 — Surah Al-Qiyamah 75:34

၃၄။ အို-လူသား၊ အပြစ်ဒဏ်တော်သည် သင်နှင့်နီးကပ်လာပြီ၊ ပိုမိုနီးကပ်လာပြီ။

Verse 35 — Surah Al-Qiyamah 75:35

၃၅။ တဖန်သာ၍ နီးကပ်လာပြီ၊ သာ၍သာ၍ နီးကပ်လာပြီ။

Verse 36 — Surah Al-Qiyamah 75:36

၃၆။ သူ့ကို ပေါက်လွှတ်မဲ့စား ထားမည်ဟု လူသားအောက်မေ့သလော။

Verse 37 — Surah Al-Qiyamah 75:37

၃၇။ စင်စစ်မူကား လူသားသည် ပန်းထွက်လာသောကလကရေကြည်ပေါက်ကလေးမဟုတ်ခဲ့သလော။

Verse 38 — Surah Al-Qiyamah 75:38

၃၈။ ထိုကလကရေကြည်မှ သွေးခဲဖြစ်လာ၏၊ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် သူ့ကို ပုံသဏ္ဍာန်ပေး၍ အဆင်း အင်္ဂါညီညွတ်စွာဖန်ဆင်းတော်မူ၏။

Verse 39 — Surah Al-Qiyamah 75:39

၃၉။ ထို့နောက် သူမှ အဖိုအမနှစ်မျိုးနှစ်စုံဖန်ဆင်းတော်မူ၏။

Verse 40 — Surah Al-Qiyamah 75:40

၄၀။ ယင်းကဲ့သို့ ဖန်ဆင်းတော်မူထသောအရှင်မြတ်သည် လူသေကို ပြန်ရှင်စေခြင်းငှာစွမ်းနိုင်သည်မဟုတ်လော။