Back to Languages

Burmese - Chapter 76 - Al-Insan

Translation by Ba Sein — Permalink

Verse 1 — Surah Al-Insan 76:1

၁။ လူသားကို အမှတ်မရသောအချိန်ကာလသည် လူသားအပေါင်းသို့ မရောက်လာဘူးလော။

Verse 2 — Surah Al-Insan 76:2

၂။ အကယ်စင်စစ်ငါသည် လူသားကို စုံစမ်းဖို့ရာ ပျစ်သောအရည်တစ်စက်မှ ဖန်ဆင်းတော်မူ၏၊ ထို့ကြောင့်သူ့အားကြားခြင်း၊ မြင်ခြင်း၊ အရည်အချင်းတို့ကို ပေးသနားတော်မူ၏။

Verse 3 — Surah Al-Insan 76:3

၃။ လူသားသည် ငါ၏ကျေးဇူးတော်ကို သိသော်လည်းကောင်း၊ မယုံကြည်သော်လည်းကောင်း၊ ငါသည် သူ့အားလမ်းတော်ကို ပြသတော်မူပြီ။

Verse 4 — Surah Al-Insan 76:4

၄။ သို့သော် မိစ္ဆာဒိဋ္ဌိတို့အတွက် ငါသည် မီးသံကြိုးမီးလည်ထိပ်နှင့် မီးတောက်မီးလျှံများကို အသင့်စီရင်ထားတော်မူပြီ။

Verse 5 — Surah Al-Insan 76:5

၅။ သူတော်ကောင်းတို့မူကား ရေသောက်ခွက်မှ မွှေးကြိုင်ပျံ့သင်းသော ပရုပ်ရောနှောပါရှိသော အရည်ကို သောက်ကြရမည်။

Verse 6 — Surah Al-Insan 76:6

၆။ ထိုရေသည် အလ္လာဟ်အရှင်မြတ်၏ ကျေးတော်မျိုးကျွန်တော်မျိုးတို့သောက်ကြ၍ ရေများစွာပန်းထွက်နေသောစိမ့်စမ်းမှ ဖြစ်သည်။

Verse 7 — Surah Al-Insan 76:7

၇။ ထိုသူတော်ကောင်းတို့သည် မိမိတို့ ကတိသစ္စာကျိန်တွယ်ခြင်းများကို စောင့်စည်းကြ၏၊ ထို့အပြင်သူတို့သည် ဘေးဒုက္ခအနှံ့အပြားရှိသောနေ့တော်ကြီးကို ကြောက်ရွံ့တုန်လှုပ်ကြ၏။

Verse 8 — Surah Al-Insan 76:8

၈။ ထိုသူတော်စင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြည်ညိုလေးမြတ်သောသဘောဖြင့် သူဆင်းရဲမိဘမဲ့နှင့် သုံ့ပန်း တို့ကို ကျွေးမွေးကြ၏။

Verse 9 — Surah Al-Insan 76:9

၉။ သို့ကျွေးသောအခါ သူတို့ဤသို့ပြောဆိုကြ၏၊ အချင်းတို့၊ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ကြောင့်သာ သင်တို့ကို ကျွေးမွေးပါ၏၊ သင်တို့ထံမှ ဆုလာဘ်ပဏ္ဍာကိုသော်လည်းကောင်း၊ ကျေးဇူးကိုသော် လည်းကောင်း မလိုလားပါ။

Verse 10 — Surah Al-Insan 76:10

၁၀။ အကျွနု်ပ်၏ အရှင်သခင်အထံတော်မှ အမျက်တော်ရှ၍ ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီးကိုသာလျှင် အကျွနု်ပ်တို့ဧကန်အမှန်ထိတ်ရွံ့ကြ၏။

Verse 11 — Surah Al-Insan 76:11

၁၁။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ထိုသူမြတ်တို့ထံမှ ထိုနေ့တော်ကြီး၏ အပြစ်ဒဏ်ကို တွန်းလှန်ပစ်တော်မူပြီ၊ ထိုအရှင်မြတ်သည် သူတို့အား တောက်ပခြင်းနှင့် ရွှင်လန်းခြင်းကို တွေ့စေတော်မူပြီ။

Verse 12 — Surah Al-Insan 76:12

၁၂။ ထို့အပြင်သူတို့သည် ခံစားခဲ့ရသော ဝဋ်ဆင်းရဲအပေါင်းတို့ကြောင့် အရှင်မြတ်သည် သူတို့အား ဥယျာဉ်တော်ကြီး ပိုးဖဲအဝတ်တန်ဆာ ဆုလာဘ်တော်များကို ပေးသနားတော်မူပြီ။

Verse 13 — Surah Al-Insan 76:13

၁၃။ နိဗ္ဗာန်ဥယျာဉ်တော်၌ မြင့်မားသောပလ္လင်တော်များတွင် လဲလျောင်းစံစားလျက် သူတို့သည် နေ၏အပူရှိန်ကို သော်လည်းကောင်း၊ အလွန်အပြင်း အေးမြသောဓာတ်ကိုသော်လည်းကောင်း တွေ့ကြံုကြရမည်မဟုတ်ချေ။

Verse 14 — Surah Al-Insan 76:14

၁၄။ ထို့အပြင်နိဗ္ဗာဥယျာဉ်တော်တွင် ပေါက်ရောက်လျက်ရှိသောသစ်ပင်များ၏ အရိပ်အာဝါသသည် သူတို့အပေါ် ကျရောက်ဖုံးအုပ်လျက်ရှိကြ၏၊ အသီးအနှံများလည်း အြွပတ်လိုက်အြွပတ်လိုက်ညွှတ်ကိုင်းလျက်ရှိကြ၏။

Verse 15 — Surah Al-Insan 76:15

၁၅။ ထို့အပြင် ထိုနိဗ္ဗာန်သူနိဗ္ဗာန်သားတို့အား သောက်စရာကို ငွေခွက်နှင့် ဖန်ဖလားတို့ဖြင့် တစ်ဦးမှ တစ်ဦးသို့ လှည့်ပတ်တိုက်ကျွေးလိမ့်မည်။

Verse 16 — Surah Al-Insan 76:16

၁၆။ ထိ့အု ပြင်ဖန်ကဲသို့ ကြည်လင်တောက်ပြောင်သော ငွေဖလားများတွင်းသို့ သူတို့သည် မိမိတို့ လိုဘအတိုင်း ချိန်တွယ် ထည့်ကြသည်။

Verse 17 — Surah Al-Insan 76:17

၁၇။ ထို့အပြင်သူတို့သည် ချင်းခြောက်ရေဖက်စပ်ရောနှောသောဇန်ဂျာဘီလ်ကို တိုက်ကျွေးခြင်းခံကြရလိမ့်မည်။

Verse 18 — Surah Al-Insan 76:18

၁၈။ ထိုချင်းခြောက်ရေကား နိဗ္ဗာန်အတွင်းစီးဆင်းသော(စလ်စဘီလ်)ခေါ် မြစ်ချောင်းမှ ရေဖြစ်၏။

Verse 19 — Surah Al-Insan 76:19

၁၉။ ထို့အပြင်သူတို့အပါးတွင် ကံေြွကးလုလင်ပျိုတို့သည် အစဉ်ထာဝရနုနယ်ပျိုမျစ်သူများဖြစ်၏၊ သင်တို့သည် သူတို့ကို မြင်လျှင် သူတို့အား ကြဲဖြန့်ထားသောပုလဲဥဟု ထင်ကြလိမ့်မည်။

Verse 20 — Surah Al-Insan 76:20

၂၀။ သင်သည် ထိုရှုမျှော်ခင်းကို ကြည့်သောအခါ သင်သည် အလွန်မြင့်မြတ်သာယာသောနိုင်ငံတော်ကို မြင်ကြရ လတံ့။

Verse 21 — Surah Al-Insan 76:21

၂၁။ ထို့အပြင်နိဗ္ဗာန်သားတို့ဆင်ယင်သောအဝတ်တန်ဆာများကား စိန်ရွှေအရောင်ဖြင့် အလွန်ထူထဲသောပိုးထည် များဖြစ်၏၊ သူတို့သည် ငွေအတိပြီးသောလက်ကောက်လက်ကြပ်စသည်တို့ကို ဝတ်ဆင်လိမ့်မည်၊ သူတို့၏ အရှင်သခင်သည် သူတို့၏ ရေငတ်ခြင်းကို သန့်ရှင်းစင်ကြယ်သောသောက်စရာဖြင့် ဖြေတော်မူလိမ့်မည်။

Verse 22 — Surah Al-Insan 76:22

၂၂။ သူတို့အား မိန့်တော်မူမည်မှာ အို-သူတော်ကောင်းတို့၊ ဤနိဗ္ဗာန်ဘုံသည် သင်တို့အတွက် ဆုတော်ကြီးဖြစ်၏၊ သင်တို့၏ ကြိုးစားမှုကို လက်ခံတော်မူပြီ။

Verse 23 — Surah Al-Insan 76:23

၂၃။ အို-တမန်တော်၊ ငါသည် သင့်အား ကုရ်အာန်ကျမ်းမြတ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူပြီ။

Verse 24 — Surah Al-Insan 76:24

၂၄။ ထို့ကြောင့်သင်သည် မြဲမြံသောသည်းခံခြင်းတရားဖြင့် မိမိအရှင်သခင်၏ ဗျာဒိတ်ပညတ်တော်ကို ကျိုးနွံလိုက်နာ လော့၊ သူတို့အနက် အပြစ်ရှိသူကိုလည်းကောင်း၊ အယူမှားသူကိုလည်းကောင်း၊ နားမထောင်လင့်။

Verse 25 — Surah Al-Insan 76:25

၂၅။ သင်သည် မိမိအရှင်သခင်၏ နာမတော်ကို နံနက်တိုင်း၊ ညနေတိုင်းချီးကျူးတသလော့။

Verse 26 — Surah Al-Insan 76:26

၂၆။ ထို့အပြင်အရှင်မြတ်အား ညဉ့်ဦးယံ၌ ဆွလားသ်ဝတ်ပြုလော့၊ ထိုညဉ့်မှာပင် အချိန်ကြာမြင့်စွာ အရှင်မြတ်၏ ကျေးဇူးတော်ဂုဏ်တော်များကို ရင့်ကျူးလော့။

Verse 27 — Surah Al-Insan 76:27

၂၇။ စင်စစ်အားဖြင့် ဤလူများသည် ခေတ္တ ခဏသာဖြစ်သောဤဘဝကို နှစ်သက်မြတ်နိုးကြ၏၊ ပြင်းထန်ကြောက်မက် ဖွယ်နေ့တော်ကြီးကို အရေးမစိုက်မေ့လျော့နေကြ၏။

Verse 28 — Surah Al-Insan 76:28

၂၈။ ငါသည် ထိုသူတို့ကို ဖန်ဆင်းတော်မူ၏၊ သူတို့၏ ကိုယ်ခန္ဓာကို အင်အားဖြည့်တင်းကြံ့ခိုင်စေတော်မူ၏၊ သို့သော်ငါသည် အလိုတော်ရှိသောအခါ ထိုသူတို့အားလုံးကို ကွပ်မျက်တော်မူပြီးလျှင် သူတို့အစားသူတို့နှင့် တူသောအခြားလူတို့ကို ယူခဲ့နိုင်တော်မူ၏။

Verse 29 — Surah Al-Insan 76:29

၂၉။ စင်စစ်အားဖြင့် ဤကုရ်အာန်ကျမ်းမြတ်သည် အဆုံးအမကျမ်းတော်မြတ်ဖြစ်၏၊ အလိုရှိသူမည်သူမဆို မိမိအရှင် သခင်အထံတော်သို့ ရောက်ရာလမ်းတော်ကို ယူနိုင်စေရန်ဖြစ်၏။

Verse 30 — Surah Al-Insan 76:30

၃၀။ သို့သော် သင်တို့သည် အလ္လာဟ်အရှင်မြတ်အလိုတော်မရှိပဲ ထိုလမ်းကို ယူမည်မဟုတ်၊ စင်စစ်အားဖြင့်အလ္လာဟ် အရှင်မြတ်သည် သိတော်မူသောအရှင်၊ သဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 31 — Surah Al-Insan 76:31

၃၁။ အရှင်မြတ်သည် အလိုတော်ရှိသူအား အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာအတွင်းသို့ ဝင်စေတော်မူ၏၊ သို့သော် ဆိုးယုတ်မိုက်မဲသော ဒုစရိုက်ကောင်များအဖို့ မူကား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်ကြီးကို အသင့် စီရင်ထားတော်မူ၏။