Verse 1 — Surah An-Naba 78:1
၁။ သူတို့သည် အချင်းချင်းမည်သည့်အကြောင်းကို မေးမြန်းကြသနည်း။
Verse 2 — Surah An-Naba 78:2
၂။ ၄င်းသည် အလွန်ကြောက်မက်ဖွယ်သော သီတင်းအကြောင်းဖြစ်၏။
Verse 3 — Surah An-Naba 78:3
၃။ ထိုသီတင်းကိစ္စ တွင် သူတို့သဘောကွဲလွဲကြ၏။
Verse 4 — Surah An-Naba 78:4
၄။ အမှန်မှာ သူတို့သည် သိကြရလတံ့။
Verse 5 — Surah An-Naba 78:5
၅။ မချွတ်ဧကန်သူတို့သည် သိကြရလတံ့။
Verse 6 — Surah An-Naba 78:6
၆။ ငါသည် ကမ္ဘာမြေကြီးကို ကျယ်ဝန်းစွာ ဖန်ဆင်းထားတော်မူသည်မဟုတ်လော။
Verse 7 — Surah An-Naba 78:7
၇။ ထို့အပြင် မြင့်စွင့်သောတောင်ကြီးများကို မြေကတုတ်များသဖွယ် စီရင်ထားတော်မူ၏။
Verse 8 — Surah An-Naba 78:8
၈။ ထို့အပြင် လူသားတို့ကို ယောကျာ်း၊ မိန်းမစသည်ဖြင့် အစုံအစုံဖန်ဆင်းတော်မူ၏။
Verse 9 — Surah An-Naba 78:9
၉။ ထို့အပြင် သင်တို့၏ အိပ်စက်ခြင်းကို အမောအပန်းဖြေဖို့ရာ နားဖို့ရာ စီမံထားတော်မူ၏။
Verse 10 — Surah An-Naba 78:10
၁၀။ ထို့အပြင် ညဉ့်ကို အဖုံးအအုပ်ကဲ့သို့ ပြုလုပ်ထားတော်မူ၏။
Verse 11 — Surah An-Naba 78:11
၁၁။ ထို့အပြင် နေ့ကို သင်တို့စားနပ်ရိက္ခာရှာမှီးဖို့ရာ စီရင်ထားတော်မူ၏။
Verse 12 — Surah An-Naba 78:12
၁၂။ ထို့အပြင် ငါအရှင်မြတ်သည် သင်တို့အထက်၌ ကောင်းကင်ဘုံ ခုနစ်ထပ်ကို ဖန်ဆင်းထားတော်မူ၏။
Verse 13 — Surah An-Naba 78:13
၁၃။ ထို့အပြင် ကောင်းကင်ဘုံ၌ အလွန်တောက်ပစူးရှသောမီးအိမ်ကြီးကို ဖန်ဆင်းထားတော်မူ၏။
Verse 14 — Surah An-Naba 78:14
၁၄။ ထို့အပြင် မိုးတိမ်တိုက်မှ မိုးရေကို များစွာရွာသွန်းစေတော်မူ၏။
Verse 15 — Surah An-Naba 78:15
၁၅။ ထိုမိုးရေးဖြင့် ကောက်ပဲသီးနှံမြက်သစ်ပင်စသည်တို့ကို ပေါက်ရောက်စေတော်မူရန်ဖြစ်၏။
Verse 16 — Surah An-Naba 78:16
၁၆။ ထို့အပြင် ဥယျာဉ်ပန်းမန်စသည်တို့လည်း အထူးစည်ကားလာစေရန်လည်း ဖြစ်၏။
Verse 17 — Surah An-Naba 78:17
၁၇။ စင်စစ်အားဖြင့် စီရင်ဆုံးဖြတ်တော်မူသောနေ့တော်ကြီးသည် သတ်မှတ်ထားတော်မူသောအချိန်ကာလဖြစ်၏။
Verse 18 — Surah An-Naba 78:18
၁၈။ ထိုနေ့တော်ကြီး၌ တံပိုးမှုတ်လတံ့၊ ထိုအခါ သင်တို့အစုလိုက်အပြံုထွက်လာကြရလတံ့။
Verse 19 — Surah An-Naba 78:19
၁၉။ ထို့အပြင် ထိုနေ့တော်ကြီး၌ အာကာသကောင်းကင်သည် ကွဲအက်ပွင့်၍ တံခါးကြီးများကဲ့သို့ဖြစ်ရ၏။
Verse 20 — Surah An-Naba 78:20
၂၀။ ထို့အပြင် ထိုနေ့တော်ကြီး၌ တောင်ဟူသမျှတို့သည် လှုပ်ရှားသွားလာရရ တံလျှပ်ပမာဖြစ်ရ၏။
Verse 21 — Surah An-Naba 78:21
၂၁။ အမှန်မှာ အဝီစငရဲသည် ပုံးကွယ်စောင့်ဆိုင်းနေ၏။
Verse 22 — Surah An-Naba 78:22
၂၂။ ငရဲသည် ထောင်ထားခြားနားသူတို့အတွက် ဗိမာန်ဖြစ်၏။
Verse 23 — Surah An-Naba 78:23
၂၃။ ထိုသူတို့သည် ငရဲထဲတွင် ထာဝရနေကြရလိမ့်မည်။
Verse 24 — Surah An-Naba 78:24
၂၄၊၂၅။ ထိုသူတို့သည် ငရဲထဲတွင် အေးမြခြင်းရမည်မဟုတ်၊ ပွက်ပွက်ဆူနေသောရေပူနှင့် ကျင်ထုံလာစေသောအအေးထုများမှတပါး အခြားသောက်စရာရမည်မဟုတ်။
Verse 25 — Surah An-Naba 78:25
၂၄၊၂၅။ ထိုသူတို့သည် ငရဲထဲတွင် အေးမြခြင်းရမည်မဟုတ်၊ ပွက်ပွက်ဆူနေသောရေပူနှင့် ကျင်ထုံလာစေသောအအေးထုများမှတပါး အခြားသောက်စရာရမည်မဟုတ်။
Verse 26 — Surah An-Naba 78:26
၂၆။ သူတို့၏ ဒုစရိုက်မကောင်းမှုများနှင့်လျော်ညီသောဆုလာဘ်ဖြစ်၏။
Verse 27 — Surah An-Naba 78:27
၂၇။ အကြောင်းမူကား သူတို့သည် စစ်ကြောစီရင်တော်မူမည်ကို မမျှော်လင့်ခဲ့ချေ။
Verse 28 — Surah An-Naba 78:28
၂၈။ သို့သော်သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို မုသားဟု ပြင်းစွာငြင်းပယ်ကြ၏။
Verse 29 — Surah An-Naba 78:29
၂၉။ ငါသည် ခပ်သိမ်းကုန်သောအရာဟူသမျှတို့ကို စာရင်းစာအုပ်ကြီးတွင် ရေးတင်မှတ်သားထားတော်မူ၏။
Verse 30 — Surah An-Naba 78:30
၃၀။ ထို့ကြောင့်နင်တို့သည် မိမိတို့ဆည်းပူးခဲ့သောအကျိုးကို မြည်းကြလော့၊ အပြစ်ဒဏ်များခြင်းမှတပါး မည်သည့်တိုးပွားခြင်းကို နင်တို့အား ငါပေးတော်မမူချေ။
Verse 31 — Surah An-Naba 78:31
၃၁။ မှတ်သားကြလော့၊ စင်စစ်အားဖြင့် ငါ၏အမှုတော်ကို ကျေပွန်သူတို့မှာမူကား အောင်မြင်ခြင်းရရှိ၏။
Verse 32 — Surah An-Naba 78:32
၃၂။ သူတို့အတွက် ဥယျာဉ်တော်များနှင့် သပြက်ခြံတော်များရှိကြ၏။
Verse 33 — Surah An-Naba 78:33
၃၃။ သူတို့နှင့်ပေါင်းသင်းဖို့ရာ နတ်ကညာများရှိကြ၏။
Verse 34 — Surah An-Naba 78:34
၃၄။ သူတို့အဖို့အရာ ပြည့်လျှံသောဖလားလည်းအသင့်ရှိ၏။
Verse 35 — Surah An-Naba 78:35
၃၅။ သူတို့သည် ဥယျာဉ်တော်များ၌ အကျိုးမရှိသောအပြိန်းအဖျင်းစကားများကို မကြားကြရချေ၊ မုသားစကားကိုလည်း မကြားကြရချေ။
Verse 36 — Surah An-Naba 78:36
၃၆။ ဤဆုလာဘ်များကား သင်၏ အရှင်သခင်၏ ကျေးဇူးဆပ်ခြင်းဆုတော်လာဘ်တော်ဖြစ်၏။
Verse 37 — Surah An-Naba 78:37
၃၇။ မိုးမြေနှင့် မိုးမြေစပ်ကြားရှိသမျှတို့၏ အရှင်သခင်၊ မဟာကရုဏာတော်အရှင်၊ အရှင်မြတ်အား မည်သူတစ်စုံတစ်ယောက်မျှ စကားပြောဆိုတင်လျှောက်ခြင်းငှာ မစွမ်းနိုင်ချေ။
Verse 38 — Surah An-Naba 78:38
၃၈။ ကောင်းကင်တမန်မင်းကြီးနှင့် တကွ ရှိရှိသမျှ ကောင်းကင်တမန်တို့သည် အတန်း ဖွဲ့၍ ရပ်တန့်လျက်နေရသော နေ့တော်ကြီး၌ မဟာကရုဏာတော်အရှင် ခွင့်ပြုတောမူသူမှ တပါး အဘယ်သူ တစ်စုံတစ်ယောက်မျှ လျှောက်ဆိုခွင့် မရှိချေ၊ ခွင့်ရသူသည် မှန်ကန်သောစကားကိုသာ တင်လျှောက်၏။
Verse 39 — Surah An-Naba 78:39
၃၉။ ထိုနေ့တော်ကြီးသည် နေ့စစ်နေ့မှန်ဖြစ်၏၊ ထို့ကြောင့်မည်သူမဆို မိမိအရှင်သခင်ကို အားကိုးအားထားပြုလိုလျှင်ပြုလော့။
Verse 40 — Surah An-Naba 78:40
၄၀။ စင်စစ်အားဖြင့် ငါသည် သင်တို့အား အလွန်နီးကပ်သောဘေးဒဏ်အကြောင်းကို သတိပေတောမ် ူ၏၊ ထိုနေ့တော်ကြီး၌ လူသားသည် မိမိ တင်ကြိုပို့ထားနှင့်သော မိမိ လက်စွမ်းလက်ရာများကို မျက်ဝါးထင်ထင်မြင် ရလတံ့၊ ထိုအခါမယုံကြည်သူ မိစ္ဆာဒိဋ္ဌိက ယခုအခါအကျွနု်ပ်သည် မြေမှုန့်အတိဖြစ်သွားပါလျှင် တော်လေစွဟု ညည်းညူလတံ့။