Verse 1 — Surah An-Naziat 79:1
၁။ ဆုံးရှုံးပျက်စီးရာသို့ ဆွဲငင်ယူရသောသူတို့အားဖြင့်လည်းကောင်း။
Verse 2 — Surah An-Naziat 79:2
၂။ ကြယ်ပျံများအားဖြင့်လည်းကောင်း။
Verse 3 — Surah An-Naziat 79:3
၃။ ပျံဝဲသွားလာနေရသောကောင်းကင်တမန်တော်များအားဖြင့်လည်းကောင်း။
Verse 4 — Surah An-Naziat 79:4
၄။ အဆောတလျင် သွားလာနေရသော ကောင်းကင်တမန်များအားဖြင့် လည်းကောင်း။
Verse 5 — Surah An-Naziat 79:5
၅။ အရေးတော်ကို စီမံအုပ်ချုပ်သူများအားဖြင့်လည်းကောင်း။
Verse 6 — Surah An-Naziat 79:6
၆၊၇။ တံပိုးကို ပထမအကြိမ်၊ ထို့နောက်ဒုတိယအကြိမ်မှုတ်သောနေ့တော်ကြီး၌။
Verse 7 — Surah An-Naziat 79:7
၆၊၇။ တံပိုးကို ပထမအကြိမ်၊ ထို့နောက်ဒုတိယအကြိမ်မှုတ်သောနေ့တော်ကြီး၌။
Verse 8 — Surah An-Naziat 79:8
၈။ ထိုနေ့တော်ကြီး၌ စိတ်နှလုံးတို့သည် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ကြ၏။
Verse 9 — Surah An-Naziat 79:9
၉။ ထိုနေ့တော်ကြီး၌ မျက်စိများအောက်စိုက်လျက် ရှိကြ၏။
Verse 10 — Surah An-Naziat 79:10
၁၀၊၁၁။ ယခုသူတို့ပြောကြသည်၊ အကျွနု်ပ်တို့သည် ဆွေးမြေ့ကြေမွသောအရိုးများဖြစ်ပြီးနောက် နဂိုရ်မူလအတိုင်းအမှန်ပင် ဖြစ်ရဥိးမည်လော။
Verse 11 — Surah An-Naziat 79:11
၁၀၊၁၁။ ယခုသူတို့ပြောကြသည်၊ အကျွနု်ပ်တို့သည် ဆွေးမြေ့ကြေမွသောအရိုးများဖြစ်ပြီးနောက် နဂိုရ်မူလအတိုင်းအမှန်ပင် ဖြစ်ရဥိးမည်လော။
Verse 12 — Surah An-Naziat 79:12
၁၂။ သူတို့ဆက်လက်ပြောသည်၊ ယင်းကဲ့သို့ပြန်ရှင်ရခြင်းသည် အကျိုးမရှိသောအမှုဖြစ်၏။
Verse 13 — Surah An-Naziat 79:13
၁၃။ သို့သော်ဤရှင်ပြန်ထမြောက်ခြင်းသည် ဟစ်သံတသံသာလိုမည်။
Verse 14 — Surah An-Naziat 79:14
၁၄။ အော်လိုက်သည်နှင့်တပြိုင်နက်သေသူအပေါင်းတို့သည် ပြန်ရှင်လာကြရလတံ့။
Verse 15 — Surah An-Naziat 79:15
၁၅။ အို-တမန်တော်၊ သင့်ထံသို့ တမန်တော်(မူစာ)၏ ရာဇဝင် ရောက်လာပြီလော။
Verse 16 — Surah An-Naziat 79:16
၁၆၊၁၇။ သူ့အား သူ၏ အရှင်သခင်သည် မြင့်မြတ်စင်ကြယ်သော(ထိုဝါ)တောင်ကြား၌ ခေါ်တော်မူပြီးလျှင် မိန့်တော် မူသည်မှာ အို-မူစာ၊ သင်သည် ဖွာရောမင်းထံသို့ သွားလော့၊ သူသည် တော်လှန်ခဲ့ပြီ။
Verse 17 — Surah An-Naziat 79:17
၁၆၊၁၇။ သူ့အား သူ၏ အရှင်သခင်သည် မြင့်မြတ်စင်ကြယ်သော(ထိုဝါ)တောင်ကြား၌ ခေါ်တော်မူပြီးလျှင် မိန့်တော် မူသည်မှာ အို-မူစာ၊ သင်သည် ဖွာရောမင်းထံသို့ သွားလော့၊ သူသည် တော်လှန်ခဲ့ပြီ။
Verse 18 — Surah An-Naziat 79:18
၁၈။ သင်သည် သူ့အား ဟောပြောရမည်မှာ အို-ဖွာရောမင်း၊ သင်သည် ကောင်းကြီးမင်္ဂလာတွင် ကြီးပွားလိုစိတ် ရှိသလော။
Verse 19 — Surah An-Naziat 79:19
၁၉။ သို့ပါလျှင် ငါသည် သင့အ် ား သင်၏ အရှငသ် ခင်အထံတော်သို့ လမ်းညွှန်ပြအံ့၊ ထိအု ခါသင်သည် အရှင်မြတ်အား ကြောက်ရွံ့ရိုသေလိမ့်မည်။
Verse 20 — Surah An-Naziat 79:20
၂၀။ ထိုအခါတမန်တော်မူစာသည် ဖွာရောမင်းအား အလွန်ကြီးကျယ်သောအံ့ဖွယ်ကို ပြလေ၏။
Verse 21 — Surah An-Naziat 79:21
၂၁။ သို့သော်သူသည် မနာခံငြင်းပယ်သည်။
Verse 22 — Surah An-Naziat 79:22
၂၂။ ထို့နောက် သူသ် အဆောတလျင်လှည့်သွား၏။
Verse 23 — Surah An-Naziat 79:23
၂၃၊၂၄။ ထို့နောက်သူသည် မိမိအသင်းသားများကို စုရုံးစေပြီးလျှင် ဤသို့ဟစ်အော်ကြွေးကြော်၏၊ အို-ငါ့အသင်းသားတို့၊ငါသည် သင်တို့၏အမြင့်မြတ်ဆုံးသောအရှင်သခင်ဖြစ်၏။
Verse 24 — Surah An-Naziat 79:24
၂၃၊၂၄။ ထို့နောက်သူသည် မိမိအသင်းသားများကို စုရုံးစေပြီးလျှင် ဤသို့ဟစ်အော်ကြွေးကြော်၏၊ အို-ငါ့အသင်းသားတို့၊ငါသည် သင်တို့၏အမြင့်မြတ်ဆုံးသောအရှင်သခင်ဖြစ်၏။
Verse 25 — Surah An-Naziat 79:25
၂၅။ သို့သော်အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဖမ်းဆီးတော်မူ၏၊ ဤဘဝနောင်ဘဝအတွက် စံနမူနာတပါးဖြစ်စေတော်မူ၏။
Verse 26 — Surah An-Naziat 79:26
၂၆။ စင်စစ်အားဖြင့် ဤဂာဇဝင်၌ ကြောက်ရွံ့သူတို့အတွက် သင်ခန်းစာတစ်ပါးအမှန်ပင်ပါရှိ၏။
Verse 27 — Surah An-Naziat 79:27
၂၇။ အို-လူသားအပေါင်းတို့၊ သင်တို့ကို ဖန်ဆင်းခြင်းသည် မိုးကောင်းကင်ကို ဖန်ဆင်းခြင်းထက် သာလွန်ခဲယဉ်းသလော၊ အရှင်မြတ်သည် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
Verse 28 — Surah An-Naziat 79:28
၂၈။ အရှင်မြတ်သည် ကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာတင်မြှောက်ထားတော်မူ၏၊ ကောင်းကင်ကိုကျစ်လျစ်သပ်ရပ်စွာဖန်ဆင်းထားတော်မူ၏။
Verse 29 — Surah An-Naziat 79:29
၂၉။ ထိုကောင်းကင်၌ ညဉ့်ကို မှောင်မိုက်စေတော်မူ၏၊ နေ့ကို ထွန်းလင်းတောက်ပစေတော်မူ၏။
Verse 30 — Surah An-Naziat 79:30
၃၀။ ထို့နောက်အရှင်မြတ်သည် ကမ္ဘာမြေကြီးကို ခင်းကျင်းတော်မူ၏။
Verse 31 — Surah An-Naziat 79:31
၃၁။ ထိုမြေမှ ၄င်း၏ရေနှင့် ၄င်း၏စားကျက်ကို စီရင်တော်မူ၏။
Verse 32 — Surah An-Naziat 79:32
၃၂။ ထို့အပြင် တောင်များကိုလည်း ခိုင်ခန့်မြဲမြံစေတော်မူ၏။
Verse 33 — Surah An-Naziat 79:33
၃၃။ ၄င်းအရာများသည် သင်တို့နှင့် သင်တို့၏အခြေလေးချောင်းတိရိစ္ဆာန်တို့အတွက် အစားအစာဖြစ်၏။
Verse 34 — Surah An-Naziat 79:34
၃၄။ ထို့ကြောင့်အလွန်ကြီးကျယ်ကြောက်မက်ဖွယ်သောအဖြစ်အပျက်ဆိုက်ရောက်လာသောအခါ။
Verse 35 — Surah An-Naziat 79:35
၃၅။ ထိုနေ့တော်ကြီး၌ လူသားသည် မိမိကြိုးပမ်းမှုများကို အကုန်အစင်အာရုံပြုလတံ့။
Verse 36 — Surah An-Naziat 79:36
၃၆။ အဝီစိငရဲမီးသည် မြင်သူအတွက် မြင်ရအောင် ထင်ရှားလာလတံ့။
Verse 37 — Surah An-Naziat 79:37
၃၇၊၃၈၊၃၉။ ထိုအခါအကြင်သူသည် တော်လှန်၍ လောကီစည်းစိမ်ကိုသာ မြတ်နိုးခဲ့အံ့၊ မှတ်သားလော့၊ ငရဲမီးသည် သူ၏ ဗိမာန်ဖြစ်လတံ့။
Verse 38 — Surah An-Naziat 79:38
၃၇၊၃၈၊၃၉။ ထိုအခါအကြင်သူသည် တော်လှန်၍ လောကီစည်းစိမ်ကိုသာ မြတ်နိုးခဲ့အံ့၊ မှတ်သားလော့၊ ငရဲမီးသည် သူ၏ ဗိမာန်ဖြစ်လတံ့။
Verse 39 — Surah An-Naziat 79:39
၃၇၊၃၈၊၃၉။ ထိုအခါအကြင်သူသည် တော်လှန်၍ လောကီစည်းစိမ်ကိုသာ မြတ်နိုးခဲ့အံ့၊ မှတ်သားလော့၊ ငရဲမီးသည် သူ၏ ဗိမာန်ဖြစ်လတံ့။
Verse 40 — Surah An-Naziat 79:40
၄၀၊၄၁။ သို့သော် မိမိအရှင်သခင်ရှေ့တော်ဝယ် ရပ်ရမည်ကို ကြောက်ရွံ့၍ မိမိဝိညာဉ်ကို လောဘဇောမှ ထိန်းသိမ်းသူကား နိဗ္ဗာန်ဥယျာဉ်တော်တွင် စံမြန်းရလတံ့။
Verse 41 — Surah An-Naziat 79:41
၄၀၊၄၁။ သို့သော် မိမိအရှင်သခင်ရှေ့တော်ဝယ် ရပ်ရမည်ကို ကြောက်ရွံ့၍ မိမိဝိညာဉ်ကို လောဘဇောမှ ထိန်းသိမ်းသူကား နိဗ္ဗာန်ဥယျာဉ်တော်တွင် စံမြန်းရလတံ့။
Verse 42 — Surah An-Naziat 79:42
၄၂။ အို-တမန်တော်၊ သူတို့သည် သင့်အား အချိန်တော်အကြောင်းကို မေးမြန်းကြ၏၊ နေ့တော်ကြီးသည် မည်သည့်အခါ ဆိုက်ရောက်လာမည်နည်း။
Verse 43 — Surah An-Naziat 79:43
၄၃။ သူတို့အဘယ်ကြောင့်မေးကြသနည်း၊ ထိုနေ့တော်ကြီးအကြောင်းကို ပြောပြစရာသင့်မှာ မည်သည်ရှိသနည်း။
Verse 44 — Surah An-Naziat 79:44
၄၄။ သင်၏အရှင်သခင်သာလျှင် ထိုအချိန်သမယကို သိတော်မူ၏။
Verse 45 — Surah An-Naziat 79:45
၄၅။ သင်သည် ထိုနေ့တော်ကြီးကို ကြောက်ရွံ့သူအတွက် သတိပေးသူသက်သက်မျှသာဖြစ်၏။
Verse 46 — Surah An-Naziat 79:46
၄၆။ ထိုနေ့တော်ကြီး၌ သူတို့သည် ထိုအချိန်ကို မြင်ရသောအခါ သူတို့သည် လောကဓာတ်၌ တစ်နေ့(သို့မဟုတ်) တစ်မနက်ခန့်မျှသာ နေခဲ့သကဲ့သို့ တွေးထင်ကြလတံ့။