Verse 1 — Surah Al-Inshiqaq 84:1
၁၊၂။ မိုးကောင်းကင်သည် အစိတ်စိတ်အမွှာမွှာစုတ်ပြတ်သွား၍ မိမိအရှင်သခင်၏ အမိန့်တော်ကို ကြောက်ရွံ့သေချာစွာ နာခံရသောအခါ။
Verse 2 — Surah Al-Inshiqaq 84:2
၁၊၂။ မိုးကောင်းကင်သည် အစိတ်စိတ်အမွှာမွှာစုတ်ပြတ်သွား၍ မိမိအရှင်သခင်၏ အမိန့်တော်ကို ကြောက်ရွံ့သေချာစွာ နာခံရသောအခါ။
Verse 3 — Surah Al-Inshiqaq 84:3
၃၊၄၊၅။ ကမ္ဘာမြေကြီးသည် အညီအညာဖြန့်ခင်းထားခြင်းကို ခံရ၏၊ ထို့နောက်မိမိအတွင်းရှိရှိ သမျှတို့ကို အန်ထုတ်ပစ်ရ၏၊ ထို့နောက်ဟာလာဟင်းလင်းဖြစ်လျက် မိမိအရှင်သခင်၏ အမိန့်တော်ကို ကြောက်ရွံ့သေချာစွာနာခံရသောအခါ။
Verse 4 — Surah Al-Inshiqaq 84:4
၃၊၄၊၅။ ကမ္ဘာမြေကြီးသည် အညီအညာဖြန့်ခင်းထားခြင်းကို ခံရ၏၊ ထို့နောက်မိမိအတွင်းရှိရှိ သမျှတို့ကို အန်ထုတ်ပစ်ရ၏၊ ထို့နောက်ဟာလာဟင်းလင်းဖြစ်လျက် မိမိအရှင်သခင်၏ အမိန့်တော်ကို ကြောက်ရွံ့သေချာစွာနာခံရသောအခါ။
Verse 5 — Surah Al-Inshiqaq 84:5
၃၊၄၊၅။ ကမ္ဘာမြေကြီးသည် အညီအညာဖြန့်ခင်းထားခြင်းကို ခံရ၏၊ ထို့နောက်မိမိအတွင်းရှိရှိ သမျှတို့ကို အန်ထုတ်ပစ်ရ၏၊ ထို့နောက်ဟာလာဟင်းလင်းဖြစ်လျက် မိမိအရှင်သခင်၏ အမိန့်တော်ကို ကြောက်ရွံ့သေချာစွာနာခံရသောအခါ။
Verse 6 — Surah Al-Inshiqaq 84:6
၆။ အို-လူသား၊ သင်သည် မိမိအရှင်သခင်အောက်သို့ ရောက်ရှိရန် မပြတ်မစဲကြိုးစားအားထုတ်နေရ၏၊ သင်သည် မိမိအရှင်သခင်မျက်မှောက်ဝယ် မိမိပြုကျင့်မှုများကို တွေ့ရှိရလတံ့။
Verse 7 — Surah Al-Inshiqaq 84:7
၇၊၈၊၉။ ထိုသောအခါ အကြင်သူသည် မိမိပြုကျင့်မှုမှတ်တမ်းကို လက်ယာလက်နှင့်ခံယူရအံ့၊ ထိုသူ၏ စာရင်းကို အခက်အခဲမရှိ၊ လွယ်လင့်တကူစစ်ကြောပြီးလတံ့။
Verse 8 — Surah Al-Inshiqaq 84:8
၇၊၈၊၉။ ထိုသောအခါ အကြင်သူသည် မိမိပြုကျင့်မှုမှတ်တမ်းကို လက်ယာလက်နှင့်ခံယူရအံ့၊ ထိုသူ၏ စာရင်းကို အခက်အခဲမရှိ၊ လွယ်လင့်တကူစစ်ကြောပြီးလတံ့။
Verse 9 — Surah Al-Inshiqaq 84:9
၇၊၈၊၉။ ထိုသောအခါ အကြင်သူသည် မိမိပြုကျင့်မှုမှတ်တမ်းကို လက်ယာလက်နှင့်ခံယူရအံ့၊ ထိုသူ၏ စာရင်းကို အခက်အခဲမရှိ၊ လွယ်လင့်တကူစစ်ကြောပြီးလတံ့။
Verse 10 — Surah Al-Inshiqaq 84:10
၁၀၊၁၁၊၁၂။ သို့သော်အကြင်သူသည် မိမိအပြုအကျင့်မှတ်တမ်းကို မိမိ၏ ကျောဘက်မှ ပေးခြင်းခံရအံ့၊ ထိုသူသည် ပျက်စီးခြင်းကို တမ်းတလတံ့၊ ငရဲမီးတောက်မီးလျှံထဲသို့ ပစ်သွင်းခြင်းခံရလတံ့။
Verse 11 — Surah Al-Inshiqaq 84:11
၁၀၊၁၁၊၁၂။ သို့သော်အကြင်သူသည် မိမိအပြုအကျင့်မှတ်တမ်းကို မိမိ၏ ကျောဘက်မှ ပေးခြင်းခံရအံ့၊ ထိုသူသည် ပျက်စီးခြင်းကို တမ်းတလတံ့၊ ငရဲမီးတောက်မီးလျှံထဲသို့ ပစ်သွင်းခြင်းခံရလတံ့။
Verse 12 — Surah Al-Inshiqaq 84:12
၁၀၊၁၁၊၁၂။ သို့သော်အကြင်သူသည် မိမိအပြုအကျင့်မှတ်တမ်းကို မိမိ၏ ကျောဘက်မှ ပေးခြင်းခံရအံ့၊ ထိုသူသည် ပျက်စီးခြင်းကို တမ်းတလတံ့၊ ငရဲမီးတောက်မီးလျှံထဲသို့ ပစ်သွင်းခြင်းခံရလတံ့။
Verse 13 — Surah Al-Inshiqaq 84:13
၁၃။ အမှန်ဆိုသော် ထိုသူယုတ်မာသည် မိမိသားချင်းတို့အလယ်တွင် ကာမဂုဏ်ယစ်မူးရွှင်မြူးလျက် သွားလာနေခဲ့၏။
Verse 14 — Surah Al-Inshiqaq 84:14
၁၄။ အမှန်မှ ထိုသူမိုက်သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ရှင်ပြန်ထမြောက်လာရမည်မဟုတ်ဟု ထင်မှတ်ခဲ့၏။
Verse 15 — Surah Al-Inshiqaq 84:15
၁၅။ ထိုလူဆိုး၏ ထင်မြင်ချက်သည် မှားပေစွ၊ သူ၏ အရှင်သခင်သည် သူ့ကို အမြဲတစေစောင့်ကြည့်နေတော်မူ၏။
Verse 16 — Surah Al-Inshiqaq 84:16
၁၆၊၁၇၊၁၈။ ငါသည် နီမြန်းသောနေဝင်ချိန်၊ ညနှင့် ည၏အမှောင်ထု ထွန်းလင်းသာယာပြည့်ဖြိုးနေသောလပြည့်ဝန်းတို့ကို သက်သေထူတော်မူ၏။
Verse 17 — Surah Al-Inshiqaq 84:17
၁၆၊၁၇၊၁၈။ ငါသည် နီမြန်းသောနေဝင်ချိန်၊ ညနှင့် ည၏အမှောင်ထု ထွန်းလင်းသာယာပြည့်ဖြိုးနေသောလပြည့်ဝန်းတို့ကို သက်သေထူတော်မူ၏။
Verse 18 — Surah Al-Inshiqaq 84:18
၁၆၊၁၇၊၁၈။ ငါသည် နီမြန်းသောနေဝင်ချိန်၊ ညနှင့် ည၏အမှောင်ထု ထွန်းလင်းသာယာပြည့်ဖြိုးနေသောလပြည့်ဝန်းတို့ကို သက်သေထူတော်မူ၏။
Verse 19 — Surah Al-Inshiqaq 84:19
၁၉။ သက်သေထူခြင်းအကြောင်းကား သင်တို့သည် မုချဧကန်တဆင့်မှ တဆင့်အဆင့်ဆင့်ပြောင်းရွှေ့သွားကြရလတံ့။
Verse 20 — Surah Al-Inshiqaq 84:20
၂၀။ လူသားတို့သည် အဘယ်ကြောင့်မယုံကြည်ကြသနည်း။
Verse 21 — Surah Al-Inshiqaq 84:21
၂၁။ သူတို့အား ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ဟောပြောသောအခါ သူတို့သည် အဘယ်ကြောင့်အလ္လာဟ်အရှင်မြတ်အား မရှိခိုး မပူဇော်ကြသနည်း။
Verse 22 — Surah Al-Inshiqaq 84:22
၂၂။ သို့သော် ယင်းသို့ကိုင်းညွှတ်မည့်အစား မိစ္ဆာဒိဋ္ဌိတို့သည် ငြင်းပယ်ကြ၏။
Verse 23 — Surah Al-Inshiqaq 84:23
၂၃။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးအတွင်းလျှို့ဝှက်မျိုသိပ်ထားသမျှတို့ကို အကြွင်းမဲ့သိတော်မူ၏။
Verse 24 — Surah Al-Inshiqaq 84:24
၂၄။ ထို့ကြောင့် လူသားတို့အား ကြီးလေးလှသောအပြစ်ဒဏ်အကြောင်းသတင်းကို သင်တမန်တော်ပေးလော့။
Verse 25 — Surah Al-Inshiqaq 84:25
၂၅။ သို့သော် ယုံကြည်လျက် ကုသိုလ်ကောင်းမှုပွားများသောသူတို့ကား ထိုအပြစ်ဒဏ်မှ ချမ်းသာရကြလတံ့၊ မကုန်မခန်းနိုင်သည့်ဆုတော်ကို ရရှိကြလတံ့။