Verse 1 — Surah At-Tariq 86:1
၁။ မိုးကောင်းကင်နှင့် နံနက်သောက်ရှုးကြယ်တို့ကို ငါသက်သေထူတော်မူ၏။
Verse 2 — Surah At-Tariq 86:2
၂။ နံနက်သောက်ရှုးကြယ်သည် အဘယ်အရာဖြစ်သည်ကို သင်တမန်တော်အား အဘယ်သူရှင်းလင်းပြောပြမည် နည်း။
Verse 3 — Surah At-Tariq 86:3
၃။ ထိုအရာသည် အလျှံပြောင်ပြောင်အရောင်တောက်ထွန်းသောဥက္ကာကြယ်နက္ခတ်ဖြစ်၏။
Verse 4 — Surah At-Tariq 86:4
၄။ အကယ်စင်စစ် လူသားတိုင်း၌ မိမိကို စောင့်ရှောက်သူတစ်ပါးရှိ၏။
Verse 5 — Surah At-Tariq 86:5
၅။ လူသားသည် မိမိကိုယ်ကို မည်သည့်အရာဝတ္ထုမှ ဖန်ဆင်းထားတော်မူသည်ကို စဉ်းစားဆင်ခြင်လော့။
Verse 6 — Surah At-Tariq 86:6
၆၊၇။ လူသားကို ကျောကုန်းနှင့်နံရိုးအကြားမှ ထုတ်ယူသောကလကရေကြည်ဖြင့် ဖန်ဆင်းတော်မူ၏။
Verse 7 — Surah At-Tariq 86:7
၆၊၇။ လူသားကို ကျောကုန်းနှင့်နံရိုးအကြားမှ ထုတ်ယူသောကလကရေကြည်ဖြင့် ဖန်ဆင်းတော်မူ၏။
Verse 8 — Surah At-Tariq 86:8
၈။ မုချဧကန်အရှင်မြတ်သည် လူသားကို သေပြီးသည်နောက် ပြန်ရှင်စေနိုင်တော်မူ၏။
Verse 9 — Surah At-Tariq 86:9
၉၊၁၀။ ထိမ်ချန် လျှို့ ဝှက်ထားသောအကြံအစည်များကို ထင်ရှားပေါ်လာစေသော စစ်ကြောသောနေ့တော်ကြီးဝယ် လူသား၌ တန်ခိုးအာဏာသော်လည်းကောင်း၊ ကူညီမည့်သူသော်လည်းကောင်း၊ လုံးဝရှိမည်မဟုတ်ချေ။
Verse 10 — Surah At-Tariq 86:10
၉၊၁၀။ ထိမ်ချန် လျှို့ ဝှက်ထားသောအကြံအစည်များကို ထင်ရှားပေါ်လာစေသော စစ်ကြောသောနေ့တော်ကြီးဝယ် လူသား၌ တန်ခိုးအာဏာသော်လည်းကောင်း၊ ကူညီမည့်သူသော်လည်းကောင်း၊ လုံးဝရှိမည်မဟုတ်ချေ။
Verse 11 — Surah At-Tariq 86:11
၁၁၊၁၂။ အဖန်တလဲလဲမိုးပေးသောအာကာသကိုသော်လည်းကောင်း၊ သီးပင်ပွင့်ပင်ပေါက်ထွက်လာဖို့ရာ မိမိကိုယ်ကိုမိမိဖွင့်ပေးသောကမ္ဘာမြေကြီးကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 12 — Surah At-Tariq 86:12
၁၁၊၁၂။ အဖန်တလဲလဲမိုးပေးသောအာကာသကိုသော်လည်းကောင်း၊ သီးပင်ပွင့်ပင်ပေါက်ထွက်လာဖို့ရာ မိမိကိုယ်ကိုမိမိဖွင့်ပေးသောကမ္ဘာမြေကြီးကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 13 — Surah At-Tariq 86:13
၁၃။ ဤကျမ်းတော်သည် တည်ကြည်ပြတ်သားသောဗျာဒိတ်တော်ဖြစ်၏။
Verse 14 — Surah At-Tariq 86:14
၁၄။ ဤကျမ်းမြတ်သည် အရွှန်းစကားမဟုတ်ချေ။
Verse 15 — Surah At-Tariq 86:15
၁၅။ သို့သော်မိစ္ဆာဒိဋ္ဌိတို့သည် သင်မိုဟမ္မဒ်အား ဆန့်ကျင်ဘက်ပြု၍ ဥပါယ်တမည်ကြံစည်ကြ၏။
Verse 16 — Surah At-Tariq 86:16
၁၆။ ငါလည်း သူတို့အား ဆန့်ကျင်၍ အကြံအစည်ထုတ်တော်မူ၏။
Verse 17 — Surah At-Tariq 86:17
၁၇။ ထို့ကြောင့်အယူလွဲသူတို့အား အပြစ်ဒဏ်ခတ်မည့်အချိန်ကာလကို ရွှေ့ဆိုင်းထားလော့၊ သူတို့အား သိမ်မွေ့စွာ ခေတ္တဆက်ဆံလော့။