Verse 1 — Surah Al-Balad 90:1
၁။ ဤမဟာရွှေမြို့တော်ကြီးကို ငါသက်သေထူ၏။
Verse 2 — Surah Al-Balad 90:2
၂။ တဖန် သင်တမန်တော်သည် ဤမြို့တော်ကြီး၏ အချုပ်အချယ်ကင်းမဲ့သောဂုဏ်ထူးဆောင်သားကောင်းရတနာ ဖြစ်သည်ကိုလည်း ငါသက်သေထူ၏။
Verse 3 — Surah Al-Balad 90:3
၃။ တဖန်မိဘနှင့် သားသမီးတို့ကို နှောင်ဖွဲ့ထားသောချစ်ကြိုးနွယ်ကိုလည်း ငါသက်သေထူ၏။
Verse 4 — Surah Al-Balad 90:4
၄။ ဧကန်အမှန် ငါသည် လူသားကို ကြိုးစားအားထုတ်ပြုလုပ်ရသောဘဝတွင် ဖန်ဆင်းတော်မူ၏။
Verse 5 — Surah Al-Balad 90:5
၅။ လူသားသည် မိမိအား မည်သည်တစ်စုံတစ်ယောက်မျှစိုးမိုးမည်မဟုတ်ဟု ထင်မှတ်သလော။
Verse 6 — Surah Al-Balad 90:6
၆။ လူသားသည် မိမိဥစ္စာပစ္စည်းအမြောက်အမြားသုံးစွဲဖြုန်းတီးခဲ့ပြီဟု ကြွားဝါပြောတတ်၏။
Verse 7 — Surah Al-Balad 90:7
၇။ လူသားသည် မိမိအား တစ်စုံတစ်ယောက်သောသူမျှ မမြင်ဟု ထင်မှတ်သလော။
Verse 8 — Surah Al-Balad 90:8
၈၊၉။ ငါသည် လူသား၏မျက်စိ၊ လျှာ၊ နှုတ်ခမ်းတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။
Verse 9 — Surah Al-Balad 90:9
၈၊၉။ ငါသည် လူသား၏မျက်စိ၊ လျှာ၊ နှုတ်ခမ်းတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။
Verse 10 — Surah Al-Balad 90:10
၁၀။ တဖန်ငါသည် လူသားအား လမ်းကြီးနှစ်သွယ်ကို ပြထားတော်မူသည်မဟုတ်လော။
Verse 11 — Surah Al-Balad 90:11
၁၁။ သို့သော် လူသားသည် ခက်ခဲမြင့်စောက်သည့်လမ်းကို မတက်လျှောက်လိုချေ။
Verse 12 — Surah Al-Balad 90:12
၁၂။ ဤခက်ခဲမြင့်စောက်သည့်လမ်းသည် မည်သည့်အရာဖြစ်သည်ကို သင်တမန်တော်အား အဘယ်သူရှင်းလင်း ပြောပြမည်နည်း။
Verse 13 — Surah Al-Balad 90:13
၁၃၊၁၄၊၁၅၊၁၆၊၁၇။ ဤလမ်းမူကား ကျွန်ကို ကျွန်ဘဝမှ လွှတ်ပစ်ခြင်း၊ အစားအစာငတ်မွတ်ခေါင်းပါးသောအခါကာလတွင် ဆွေမျိုးနီး စပ်ဖြစ်သောမိတဆိုးနှင့် အလွန်အောက်ကျနောက်ကျဖြစ် သောသူဆင်းရဲတို့ကို ဝအောင် ကျွေးမွေးခြင်း၊ အချင်းချင်းတို့အား လုံ့လအားထုတ်မှုနှင့် သနားကြင်နာမှုများကို ပြုလုပ်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ယုံကြည်သူတို့ဘောင်တွင် ပါဝင်ခြင်းတို့ဖြစ်၏။
Verse 14 — Surah Al-Balad 90:14

Verse 15 — Surah Al-Balad 90:15

Verse 16 — Surah Al-Balad 90:16

Verse 17 — Surah Al-Balad 90:17

Verse 18 — Surah Al-Balad 90:18
၁၈။ ဤသူမွန်သူမြတ်တို့သည် အရှင်မြတ်၏ ညာလက်ရုံးတော်သားဖြစ်ချေမည်။
Verse 19 — Surah Al-Balad 90:19
၁၉။ သို့သော်ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည်သောသူတို့သည် ဘယ်လက်ရုံးတော်သားများဖြစ်ကြရလတံ့။
Verse 20 — Surah Al-Balad 90:20
၂၀။ ထိုသူညစ်တို့ကို မီးအမိုးက မိုးထားလတံ့။