Verse 1 — Surah Al-Layl 92:1
၁။ အလင်းရောင်ကို ဖုံးလွှမ်းသောညကိုသော်လည်းကောင်း။
Verse 2 — Surah Al-Layl 92:2
၂။ အလင်းရောင်ကို ဆောင်သောနေ့ကိုသော်လည်းကောင်း။
Verse 3 — Surah Al-Layl 92:3
၃။ ပုလ္လိင်၊ ဣထ္ထိလိင်စသောအံ့ဩဖွယ်ကို ဖန်ဆင်းတော်မူခြင်းကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 4 — Surah Al-Layl 92:4
၄။ သင်လူသားတို့သည် ပန်းတိုင်အမျိုးမျိုး အဖုံဖုံအတွက် ကြိုးစားအားထုတ်ကြ၏။
Verse 5 — Surah Al-Layl 92:5
၅၊၆၊၇။ ထို့ကြောင့်အကြင်သူသည် ပေးကမ်းအံ့၊ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကျေပွန်အံ့၊ ကောင်းမှု၌ အကြွင်းမဲ့ ယုံကြည်အံ့၊ ထိုသူအတွက် ငါသည် သုခလမ်းကို အမှန်လွယ်ကူချောမောစေတော်မူမည်။
Verse 6 — Surah Al-Layl 92:6
၅၊၆၊၇။ ထို့ကြောင့်အကြင်သူသည် ပေးကမ်းအံ့၊ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကျေပွန်အံ့၊ ကောင်းမှု၌ အကြွင်းမဲ့ ယုံကြည်အံ့၊ ထိုသူအတွက် ငါသည် သုခလမ်းကို အမှန်လွယ်ကူချောမောစေတော်မူမည်။
Verse 7 — Surah Al-Layl 92:7
၅၊၆၊၇။ ထို့ကြောင့်အကြင်သူသည် ပေးကမ်းအံ့၊ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကျေပွန်အံ့၊ ကောင်းမှု၌ အကြွင်းမဲ့ ယုံကြည်အံ့၊ ထိုသူအတွက် ငါသည် သုခလမ်းကို အမှန်လွယ်ကူချောမောစေတော်မူမည်။
Verse 8 — Surah Al-Layl 92:8
၈၊၉၊၁၀။ သို့သော် အကြင်သူသည် လောဘရမ္မက်ကြီးအ၊ံ့ စေးနဲသူဖြစ်အံ၊့ မိမိကိုယ်ကို မိမိကတိအားဖြင့် ကလုံ ပြည့်စုံသည်ဟု ထင်မှတ်အံ့၊ ကောင်းမှု၌ မယုံကြည်အံ့၊ ထိုသူအတွက် ငါသည် ဒုက္ခလမ်းကို ဧကန်အမှန်လွယ်ကူချောမော စေတော်မူမည်။
Verse 9 — Surah Al-Layl 92:9
၈၊၉၊၁၀။ သို့သော် အကြင်သူသည် လောဘရမ္မက်ကြီးအ၊ံ့ စေးနဲသူဖြစ်အံ၊့ မိမိကိုယ်ကို မိမိကတိအားဖြင့် ကလုံ ပြည့်စုံသည်ဟု ထင်မှတ်အံ့၊ ကောင်းမှု၌ မယုံကြည်အံ့၊ ထိုသူအတွက် ငါသည် ဒုက္ခလမ်းကို ဧကန်အမှန်လွယ်ကူချောမော စေတော်မူမည်။
Verse 10 — Surah Al-Layl 92:10
၈၊၉၊၁၀။ သို့သော် အကြင်သူသည် လောဘရမ္မက်ကြီးအ၊ံ့ စေးနဲသူဖြစ်အံ၊့ မိမိကိုယ်ကို မိမိကတိအားဖြင့် ကလုံ ပြည့်စုံသည်ဟု ထင်မှတ်အံ့၊ ကောင်းမှု၌ မယုံကြည်အံ့၊ ထိုသူအတွက် ငါသည် ဒုက္ခလမ်းကို ဧကန်အမှန်လွယ်ကူချောမော စေတော်မူမည်။
Verse 11 — Surah Al-Layl 92:11
၁၁။ ထိုသူယုတ်သည် ပျက်စီးသောအခါ သူ၏ စည်းစိမ်ဥစ္စာတို့သည် သူ့ကို ကယ်ဆယ်နိုင်မည်မဟုတ်ချေ။
Verse 12 — Surah Al-Layl 92:12
၁၂။ စင်စစ်အားဖြင့် လမ်းညွှန်ပြန်ရန်မှာ ငါ၏တာဝန်သာတည်း။
Verse 13 — Surah Al-Layl 92:13
၁၃။ ထို့အပြင်အစအဆုံးကို ငါသာလျှင် စိုးပိုင်တော်မူ၏။
Verse 14 — Surah Al-Layl 92:14
၁၄။ သို့ဖြစ်၍ သင်တို့အား ငါသည် မီးတောက်မီးလျှံနှင့် ခြိမ်းခြောက်သတိပေးတော်မူပြီ။
Verse 15 — Surah Al-Layl 92:15
၁၅၊၁၆။ သို့သော်ငြင်းပယ်လျက် လှည့်သွားသောသူယုတ်မာသာလျှင် ထိုမီးကို ခံစားရမည်။
Verse 16 — Surah Al-Layl 92:16
၁၅၊၁၆။ သို့သော်ငြင်းပယ်လျက် လှည့်သွားသောသူယုတ်မာသာလျှင် ထိုမီးကို ခံစားရမည်။
Verse 17 — Surah Al-Layl 92:17
၁၇။ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုကြောက်ရွံ့ရိုကျိုးသူမှာကား ထိုမီးမှ ကောင်းစွာဝေးလံရမည်။
Verse 18 — Surah Al-Layl 92:18
၁၈။ ထိုသူမြတ်တို့သည် သန့်ရှင်းစင်ကြယ်စေခြင်းငှာ မိမိပိုင်ပစ္စည်းဥစ္စာကို ပေးကမ်းစွန့်ကြဲ၏။
Verse 19 — Surah Al-Layl 92:19
၁၉။ ထို့အပြင်မည်သူမှ ထိုသူမွန်အပေါ်၌ တုံ့ပြန်ဆပ်အပ်သော အကျိုးကျေးဇူးမရှိချေ။
Verse 20 — Surah Al-Layl 92:20
၂၀။ သို့သော်သူသည် အတိုင်းထက်အလွန်မြင့်မြတ်တော်မူသောမိမိအရှင်သခင်၏ နှစ်သက်တော်မူခြင်းကို ရလိုသော ဆန္ဒနှင့်သာလျှင် ပေးကမ်းစွန့်ကြဲ၏။
Verse 21 — Surah Al-Layl 92:21
၂၁။ သူသည် စိတ်ကျေနပ်မှုကို အမှန်ပင်ရရှိလိမ့်မည်။