Back to Languages

Burmese - Chapter 93 - Ad-Duhaa

Translation by Ba Sein — Permalink

Verse 1 — Surah Ad-Duhaa 93:1

၁။ မိုးသောက်အာရုဏ်အလင်းရောင်ကိုသော်လည်းကောင်း။

Verse 2 — Surah Ad-Duhaa 93:2

၂။ ဆိတ်ငြိမ်သောညဉ့်၏ အမှောင်ထုကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 3 — Surah Ad-Duhaa 93:3

၃။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် သင့်ကို စွန့်လွှတ်ပစ်ထားတော်မူသည်မဟုတ်ချေ၊ သင့်ကို မုန်းတီးတော်မူသည်လည်း မဟုတ်ချေ။

Verse 4 — Surah Ad-Duhaa 93:4

၄။ ဧကန်အမှန် သင့်အတွက် နောင်တမလွန်ဘဝသည် ဤပစ္စုပ္ပန်ဘဝထက် သာလွန်ကောင်းမြတ်ချေမည်။

Verse 5 — Surah Ad-Duhaa 93:5

၅။ သင်၏ အရှင်သခင်သည် သင့်အား ရောင့်ရဲတင်းတိမ်အောင် ပေးသနားတော်မူလတံ့။

Verse 6 — Surah Ad-Duhaa 93:6

၆။ အရှင်မြတ်သည် သင့်ကို မိဘမဲ့ဘဝတွင် တွေ့တော်မူ၍ စောင့်ရှောက်တော်မူခဲ့သည် မဟုတ်လော။

Verse 7 — Surah Ad-Duhaa 93:7

၇။ အရှင်မြတ်သည် သင့်အား လမ်းမှားတွင် တွေ့တော်မူ၍ လမ်းမှန်ကို ပြသတော်မူခဲ့လေသည် မဟုတ်လော။

Verse 8 — Surah Ad-Duhaa 93:8

၈။ အရှင်မြတ်သည် သင့်အား ဆင်းရဲချို့တဲ့ခြင်းဘဝတွင် တွေ့တော်မူ၍ ကြွယ်ဝစေတော်မူခဲ့သည် မဟုတ်လော။

Verse 9 — Surah Ad-Duhaa 93:9

၉။ ထို့ကြောင့်မိဘမဲ့ကို မညှင်းပန်းမနှိပ်စက်လင့်။

Verse 10 — Surah Ad-Duhaa 93:10

၁၀။ ထို့ကြောင့် သူတောင်းစားအား မောင်းမထုတ်လင့်။

Verse 11 — Surah Ad-Duhaa 93:11

၁၁။ ထို့ကြောင့် သင်၏အရှင်သခင်၏ ကျေးဇူးတော်ကို ချီးကျူးကြေငြာလော့။