Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 112 - Al-Ikhlas
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Ikhlas 112:1
(အို၊ ရစူလ်တမန်တော် အသင်သည်) ဟောပြောလော့။ ထိုအရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသော ဧကောဒိ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။
Verse 2 — Surah Al-Ikhlas 112:2
အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့ ပြိုင်ဘက်မဲ့တော်မူသောအရှင်၊) နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။
Verse 3 — Surah Al-Ikhlas 112:3
ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူ တစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ (အရှင်မြတ်၌ ကိုယ်ပွား၊ သားတော်၊ မရှိသည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏သားတော်လည်း ဖြစ်တော်မမူချေ။)
Verse 4 — Surah Al-Ikhlas 112:4
ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူနှိုင်းယှဉ်နိုင်သော သက်ရှိသက်မဲ့ ဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ (မည်သည့် အရာမျှ) အလျှင်း မရှိပေ။