Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 111 - Al-Masad
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Masad 111:1
(ဒေါသမီး၏ဖခင်ဖြစ်သော) အဗူလဟဗ်၏လက်နှစ်ဖက်သည် ဖျက်ဆီးစေပြီး သူလည်း ဖျက်ဆီးပါစေ။
Verse 2 — Surah Al-Masad 111:2
သူ့ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သူရှာဖွေဆည်းပူး၍ ရသမျှသည်လည်းကောင်း၊ သူ့အတွက် အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။
Verse 3 — Surah Al-Masad 111:3
မကြာမီ သူကိုယ်တိုင်လည်း ဟုန်းဟုန်း တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။
Verse 4 — Surah Al-Masad 111:4
ထို့ပြင် (သူနှင့်အတူ) သူ့အမျိုးသမီးသည်လည်း (လူ့ဘောင်အဖွဲ့အစည်း၌ ပြဿနာဖန်တီးစေသည့် မကောင်းမှုဆိုင်ရာ ပုံပြင်များနှင့်သူတစ်ပါးအား အသရေဖျက်စေသော သွားပုပ်လေလွင့် စကားများ ဖြန့်ချီလျက်) လောင်စာဖြစ်သော ထင်းစည်းကို ထမ်းရွက်သူ (ဖြစ်၍ ငရဲမီးထဲသို့ ဝင်ရောက်ရလိမ့်မည်) ဖြစ်၏။
Verse 5 — Surah Al-Masad 111:5
သူမ၏လည်ပင်းပတ်လည်၌ (စွန်ပလွံလျှော်ကို) လိမ်ပိန်ကျစ်ထားသော ကြိုးတစ်ချောင်း ရှိနေ၏။