Back to Languages

Burmese - Chapter 87 - Al-Ala

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Ala 87:1

(အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင့်မြတ်ဆုံးဖြစ်တော်မူသော ဂုဏ်တော်နာမတော်များဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော် မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။