Back to Languages

Burmese - Chapter 87 - Al-Ala

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Ala 87:1

(အို၊ ရစူလ်တမန်တော်) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင့်မြတ်ဆုံးဖြစ်တော်မူသော ဂုဏ်တော်နာမတော်များဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော် မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

Verse 2 — Surah Al-Ala 87:2

ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် အချိုးအဆမျှတလိုက်ဖက်၍ နေထားတကျဖြစ်အောင်လည်း ပုံဖော်စေတော်မူ၏။

Verse 3 — Surah Al-Ala 87:3

ထို့ပြင် ထိုအရှင်မြတ်သည် (သက်ရှိတိုင်း၏သဘောသဘာဝ၊ ထူးခြားသောဘဝ၊ ရည်ရွယ်ချက်ပန်းတိုင် တို့ကို မျှတလိုက်ဖက်သောနိယာမတော်များနှင့်အညီ) သတ်မှတ်ပြဌာန်းတော်မူပြီးနောက် လမ်းညွှန်တော်ကိုလည်း ပေးအပ်တော်၏။

Verse 4 — Surah Al-Ala 87:4

ထို့ပြင် ထိုအရှင်မြတ်သည် (မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံအစရှိသည်တို့ပါဝင်သည့်) ကျက်စားရာ၊ စားကျက်များကို ဖြစ်ထွန်းပေါက်ရောက်စေတော်မူ၏။

Verse 5 — Surah Al-Ala 87:5

ထို့နောက် ထိုအရှင်မြတ်သည် ယင်း (မြက်ပင်သစ်ပင်များပါရှိသော စားကျက်များ) ကို (ခြောက်သွေ့၍) မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုးများအဖြစ် ပြောင်းလဲဖြစ်စေတော်မူ၏။

Verse 6 — Surah Al-Ala 87:6

(အို၊ တမန်တော်၊) မုချဧကန်၊ ငါအရှင်မြတ်သည် (လူသားတို့အတွက် လမ်းညွှန်ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူ၍ လူသားတို့ထံ ပို့ချရန်) အသင့်အား ရွတ်ဖတ်စေတော်မူမည်။ သို့ဖြစ်ပေရာ အသင်သည် (ယင်းမှ မည်သည်ကိုမျှ) မေ့လျော့မည် မဟုတ်ပေ။

Verse 7 — Surah Al-Ala 87:7

(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသော အရာမှအပ ဖြစ်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (သင်တို့၏အတွင်းအပြင်အခြေအနေများ အပါအဝင်) မြင်သာထင်ရှားသောအရာဟူသမျှကိုလည်းကောင်း၊ ကွယ်ဝှက်ဖုံးကွယ်လျက်ရှိသောအရာဟူသမျှကိုလည်းကောင်း၊ သိနေတော်မူ၏။

Verse 8 — Surah Al-Ala 87:8

ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (သင်၏အရေးကိစ္စအားလုံး၌) အလွယ်ကူဆုံးသော လမ်းစဉ်အတွက် (လမ်းညွှန်တော်မူလျက်) လွယ်ကူစေတော်မူမည်။

Verse 9 — Surah Al-Ala 87:9

သို့ဖြစ်ပေရာ အကယ်၍ ဆုံးမသြဝါဒများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) သည် (သူတို့အတွက်) အသုံးဝင်အကျိုးရှိစေလျှင် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက်) သတိပေး လမ်းညွှန်လော့။

Verse 10 — Surah Al-Ala 87:10

(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူသည်သာလျှင် အမှန်ပင် (သတိရ တသ၍ ထုတ် ဖော်ဖွင့်ဟလျက်) တရားရပေလိမ့်မည်။

Verse 11 — Surah Al-Ala 87:11

သို့ရာတွင် အလွန်ကောက်ကျစ်စဉ်းလဲသောယုတ်မာသူသည်ကား ယင်း (သတိရ တသ၍ ထုတ်ဖော်ဖွင့် ဟစရာဖြစ်သောကျမ်းတော်) အား အဖက်မလုက်ဘဲ သွေဖည်ရှောင်ရှား နေကြလိမ့်မည်။

Verse 12 — Surah Al-Ala 87:12

ထိုအရှင်မြတ်သည် (ထိုသူအား) အလွန်ကြီးကျယ်သော ငရဲမီးထဲ၌ လောင်ကျွမ်းစေရန် ဝင်ရောက်စေတော်မူလိမ့်မည်။

Verse 13 — Surah Al-Ala 87:13

ထို့နောက် (ထိုသူသည်) ယင်း (ငရဲမီးထဲ) ၌ (ပြစ်ဒဏ်မှ သက်သာရာရစေရန်) ကွယ်လွန်သေဆုံးမည် မဟုတ်သည့်အပြင် (ကောင်းမွန်စွာ) အသက်ရှင်ခွင့်ရမည်လည်း မဟုတ်ပေ။

Verse 14 — Surah Al-Ala 87:14

ဧကန်မလွဲ၊ (မကောင်းမှုများမှ ရှောင်ကြည်လျက် သူ၏ဥစ္စာဓနများကို ဆင်းရဲနွမ်းပါးသူနှင့်အရှင့်လမ်း တော်အတွက် သုံးစွဲခြင်းဖြင့် သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းစေသူ (မည်သူမဆို) သည် ပေါက်မြောက်အောင်မြင်ခဲ့လေပြီ။

Verse 15 — Surah Al-Ala 87:15

ထို့ပြင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်နာမတော်ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟပြီးနောက် ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်၏။

Verse 16 — Surah Al-Ala 87:16

အမှန်မှာ၊ (အို၊ လူသားတို့၊ သင်တို့သည်ကား ထိုသို့ အလျှင်း မဟုတ်ကြပေ။) သင်တို့သည် လောကီဘဝကိုပင် ပိုမို၍နှစ်သက်လျက် ဦးစားပေးနေကြ၏။

Verse 17 — Surah Al-Ala 87:17

အမှန်သော်ကား နောင်တမလွန်ဘဝသည်သာ ပိုမို၍ကောင်းမြတ်သည့်အပြင် အတည်မြဲဆုံး ဖြစ်ပေ၏။

Verse 18 — Surah Al-Ala 87:18

ဧကန်စင်စစ်၊ ဤသည် (ယခင်ချမှတ်ပေးအပ်တော်မူသော) ရှေးကျမ်းစာများ၌ အမှန်ပင် ဖော်ပြပါရှိသော အကြောင်းအရာများ ဖြစ်၏။

Verse 19 — Surah Al-Ala 87:19

(ယခင်ချမှတ်ပေးအပ်တော်မူသော တမန်တော်) အီဗ်ရာဟီမ်နှင့်မူဆာတို့၏ကျမ်းစာများ (ကဲ့သို့) ပင် ဖြစ်၏။