Back to Languages

Burmese - Chapter 98 - Al-Bayyinah

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Bayyinah 98:1

ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက်ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည်ငြင်းပယ်ကြသောသူတို့သည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာသည်အထိ (သူတို့၏မိရိုးဖလာယုံကြည်မှုနှင့်) မိစ္ဆာဒိဌိအား လိုက်နာနေခြင်းအား အလျှင်း စွန့်လွှတ် ပစ်ပယ်ခဲ့ကြသည် မဟုတ်ပေ။