Verse 1 — Surah Al-Qadr 97:1
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ည၌ ချမှတ်ပေးအပ်တော်မူ၏။
Verse 2 — Surah Al-Qadr 97:2
“သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သောညမှာ အဘယ်နည်း။” ဟူသည်ကို မည်သည်က အသင့်အား သိနားလည်စေမည်နည်း။
Verse 3 — Surah Al-Qadr 97:3
သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ညသည်ကား လပေါင်းတစ်ထောင် ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။
Verse 4 — Surah Al-Qadr 97:4
ထိုည၌ ကောင်းကင်စေတမန်များသည်လည်းကောင်း၊ (အရှင့်သတင်းတော်ဆောင်) ဝိဉာဥ်တော် ဂျီးဗ်ရိလ်သည်လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ခွင့်ပြုချက်တော်ဖြင့် (ကောင်းမြတ်သော) စီမံချက်အရေးကိစ္စတိုင်းအတွက် ဆင်းသက်လာကြ၏။
Verse 5 — Surah Al-Qadr 97:5
(ယင်းညသည်ကား အရှင့်လမ်းစဉ်တော်၌ ဘဝနစ်မြုပ်ထားသူတို့အတွက် ထိုက်တန်သောဂုဏ်ပြုမှုအဖြစ် ကံဆိုးမိုးမှောင်ကျမှုနှင့်ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေ၍ ဘေးကင်း လုံခြုံမှုရှိစေတော်မူလျက်) နံနက်မိုးသောက် ချိန်ပေါ်ထွန်းစအချိန်အထိ ငြိမ်းချမ်းသာယာမှုနှင့်ကရုဏာတော်သက်စေတော်မူ၏။