Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 96 - Al-Alaq
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Alaq 96:1
(အို၊ ရစူလ်တမန်တော်) အသင်သည် (အရာခပ်သိမ်းတို့အား) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်ဖြင့် ရွတ်ဖတ်လော့။
Verse 2 — Surah Al-Alaq 96:2
ထိုအရှင်မြတ်သည် လူသားကို (သားအိမ်နံရံ၌ မျှော့တွယ်သကဲ့သို့) ဖက်တွယ်နေသောအရာ (သွေးဥခဲ) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
Verse 3 — Surah Al-Alaq 96:3
(အို၊ ရစူလ်တမန်တော်)အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အလွန်ရက်ရောစွာ ပေးကမ်းချီးမြှင့်တော်မူသောအရှင်မြတ် (က ချမှတ်ပေးတော်မူသမျှ) အမိန့်တော်များကို ရွတ်ဖတ်လော့။
Verse 4 — Surah Al-Alaq 96:4
ထိုအရှင်မြတ်သည် (လူသားအား) ကလောင်တံအားဖြင့် သွန်သင်သင်ကြားစေတော်မူ၏။
Verse 5 — Surah Al-Alaq 96:5
ထိုအရှင်မြတ်သည် လူသားတို့အား သူတို့ မသိနားမလည်သောအရာများကို သင်ကြားပေးစေတော်မူ၏။
Verse 6 — Surah Al-Alaq 96:6
မှတ်ယူကြလော့၊ (လူသားအတွက် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံးကို ဖြစ်စေတော်မူ သော်ငြားလည်း) ဧကန်မလွဲ၊ လူသားသည် ထိန်းမနိုင်သိမ်းမရလောက်အောင် (အရှင်မြတ်က သတ်မှတ်ထားတော်မူသည့် စည်းဘောင်များကို ချိုးဖောက်၍) အာခံဖီဆန်လေ့ရှိ၏။
Verse 7 — Surah Al-Alaq 96:7
လူသားသည် (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့် တမှုကင်းမဲ့၍ ကုံလုံပြည်စုံသူဟု ထင်မြင်ယူဆနေ၏။
Verse 8 — Surah Al-Alaq 96:8
ဧကန်မလွဲ၊ (လူသားအားလုံးသည် စီရင်စစ်ဆေးခြင်းခံရ၍ စာရင်းရှင်းစေတော်မူရန်) ပြန်လည် ဦးလှည့် ရမည်မှာလည်း အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်၏။
Verse 9 — Surah Al-Alaq 96:9
(အို၊ ရစူလ်တမန်တော်) အသင်သည် ဟန့်တားနှောက်ယှက်၍ တားမြစ်သူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
Verse 10 — Surah Al-Alaq 96:10
(အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင်) အစေခံတစ်ပါးအား သူသည် ဆွလသ်ဝတ်ပြုသောအခါဝယ်။
Verse 11 — Surah Al-Alaq 96:11
(အို၊ ရစူလ်တမန်တော်) သူသည် ဧကန်ပင်၊ တရားလမ်းမှန်ပေါ်၌ ရပ်တည်နေကြောင်းကို (သူ၏ရပ် တည်ချက်အတိုင်းပင် အခြေအနေမှန်ကို) မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
Verse 12 — Surah Al-Alaq 96:12
သို့တည်းမဟုတ် သူသည် သက္ကဝါ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) ဖြစ်ခြင်းဖြင့် (လူတို့အား အမှန်တရားအတွက်) အလေးအနက် တိုက်တွန်းသည်ကိုလည်း။
Verse 13 — Surah Al-Alaq 96:13
(အို၊ ရစူလ်တမန်တော်) အသင်သည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းသူအား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။
Verse 14 — Surah Al-Alaq 96:14
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူက (ဆွလာသ်ဝတ်ပြုသူအား ဟန့်တားနှောက်ယှက်၍ တားမြစ် နေသည်ကို) တွေ့မြင်တော်မူကြောင်း ထိုသူ မသိလေသလော။
Verse 15 — Surah Al-Alaq 96:15
မှတ်ယူလော့။ (အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူ၏။) အကယ်၍ ထိုသူသည် (သူ့အပြုအမူကို) ရပ်တန်းက မရပ်တန်းခဲ့သော်၊ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (သူ၏နဖူးပေါ်ဝဲကျနေသော) ဦးစွန်းဖုတ်မှ ဆွဲကိုင်၍ ဖမ်းဆီးအရေးယူတော်မူမည်။
Verse 16 — Surah Al-Alaq 96:16
ထိုဦးစွန်းဖုတ်သည်ကား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းနှင့်ပြစ်မှုကျူးလွန်ခြင်းကို ဖြစ်သော အရာပင် ဖြစ်၏။
Verse 17 — Surah Al-Alaq 96:17
သို့ဖြစ်ပေရာ သူသည် (သူ့အကူအညီအတွက် သူ့ရဲဘော်ရဲဘက်များအား) အရေးပေါ်ညီလာခံအတွက် ဆင့်ခေါ်ပါစေ။
Verse 18 — Surah Al-Alaq 96:18
ငါအရှင်မြတ်သည်လည်း မကြာမီ ငရဲစောင့်ကောင်းကင်စေတမန်တို့ကို ဆင့်ခေါ်တော်မူ (အရေးယူစေတော်မူ) မည်။
Verse 19 — Surah Al-Alaq 96:19
(အရှင်မြတ်၏အရေးယူတော်မှုမှ မည်သည့်နည်းနှင့်မျှ ရှောင်ပြေးနိုင်မည်မဟုတ်ကြောင်း) မှတ်ထားလော့။ (အို၊ ရစူလ်တမန်တော်) အသင်သည် (ဆွလာသ်ဝတ်ပြုခြင်းအား) ဟန့်တားနှောက်ယှက်၍ တားမြစ်ရန် ကြိုးစားသူကို ဂရုမစိုက် အလေးမထားဘဲ (အလ္လာဟ်အရှင်မြတ်အား) ပျပ်ဝပ်ဦးချပြီး (အရှင်မြတ်အပါးတော် သို့) ချဉ်းကပ်လော့။