Back to Languages

Burmese - Chapter 95 - At-Tin

Translation by Alin U Yin — Permalink

Verse 1 — Surah At-Tin 95:1

(ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်ပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

Verse 2 — Surah At-Tin 95:2

ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။

Verse 3 — Surah At-Tin 95:3

ထို့ပြင် (ငါအရှင်မြတ်သည်) ဤဘေးကင်းလုံခြုံသောမြို့တော်ကို သက်သေထူတော်မူ၏။

Verse 4 — Surah At-Tin 95:4

ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားကို (အကောင်းဆုံး၊ အချိုးအစား၊ အမျှတ အလိုက်ဖက်ဆုံး၊ ပုံပန်းသဏ္ဍာန်အလှဆုံး၊ ဆင်ခြင်ဉာဏ်အရှိဆုံး) ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

Verse 5 — Surah At-Tin 95:5

ထို့နောက် ငါအရှင်မြတ်သည် (လူသား၏ပြုမူကျင့်ကြံမှုနှင့်ကိုယ်ကျင့်တရားပေါ်မူတည်၍) ယင်းလူသားအား အညံ့ဖျင်း၊ အနိမ့်ကျဆုံးသာအခြေအနေသို့ အညွန့်ချိုး ရောက်စေတော်မူ၏။

Verse 6 — Surah At-Tin 95:6

သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်သူတို့ သည်ကား (အနိမ့်ဆုံးအဆင့်သို့ အညွန့်ချိုးစေတော်မူမည့်သူတို့တွင်) မပါဝင်ချေ။ သို့ဖြစ်ပေရာ သူတို့အတွက် မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်သော အတိုင်းအဆမဲ့ ဆုလဒ်များ အစဉ်အမြဲ ရှိ (စေတော်မူမည်ဖြစ်) ၏။

Verse 7 — Surah At-Tin 95:7

သို့ပါလျက် (ဤအမှန်တရားများကို သိနားစေတော်ပြီး) နောက်တွင်မှ (နောင်တမလွန်ဘဝ၌ ကောင်းမှုနှင့်မကောင်းမှုအတွက် အစားပေးတော်မူရန်) တရားစီရင်တော်မည့်နေ့နှင့်စပ်လျဉ်း၍ အသင်တို့အား မည်သည့်အရာ မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် (လှုံ့ဆော်) စေကြသနည်း။

Verse 8 — Surah At-Tin 95:8

အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် (ဘုန်းတန်ခိုးတော်နှင့်အချုပ်အချာအာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်) အကောင်းဆုံး တရားစီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည် မဟုတ်လော။