Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 98 - Al-Bayyinah
Translation by Alin U Yin — Permalink
Verse 5 — Surah Al-Bayyinah 98:5
အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် နာခံကိုးကွယ်ရန်၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရန်နှင့်ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ရန်မှအပ (အခြားမည်သည့်) အမိန့်တော်ကိုမျှ လမ်းညွှန်တော်မူခြင်းခံကြရသည် မဟုတ်ပေ။ (အရှင့်ဒီန်လမ်းစဉ်တော်သည်) ထိုသို့ပင် တိကျမှန်ကန် မြဲမြံ တည်တံ့သည့်လမ်းစဥ်တော်ပင် ဖြစ်၏။