Back to Languages

Burmese - Chapter 98 - Al-Bayyinah

Translation by Alin U Yin — Permalink

Verse 8 — Surah Al-Bayyinah 98:8

သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (ရှိနေသော) သူတို့အတွက် ဆုလဒ်သည် အောက်ခြေတွင် စိမ့်စမ်းရေသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်ထဲ၌ အစဉ်ထာဝရကာလအကန့်အသတ်ဖြင့် နေထိုင်စံမြန်းခွင့်ပင် ဖြစ်၏။ နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ ပြုမူကျင့်ကြံမှုနှင့်အတူ) အားရကျေနပ်တော်မူပြီး သူတို့ကလည်း အရှင်မြတ် (၏အမိန့်ပညတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာရခြင်း) အား သဘောကျမြတ်နိုးကြ၏။ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ရိုသေသူအတွက် ထိုနည်းအတိုင်းပင် ဆုလဒ်များ ရှိစေတော်မူမည် ဖြစ်၏။