Back to Languages

Burmese - Chapter 15 - Al-Hijr

Translation by Ba Sein — Permalink

Verse 1 — Surah Al-Hijr 15:1

၁။ အလီ(ဖ်)၊လမ်၊ရာ၊ ဤဂါထာများသည် ကုရ်အာန်ကျမ်းတော်မြတ်၏ ဂါထာတော်များဖြစ်၏။ ပေါ်လွင်ရှင်းလင်း သောကျမ်းတော်မြတ်ဖြစ်၏။

Verse 2 — Surah Al-Hijr 15:2

၂။ မိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့မူစလင်(မ်)များဖြစ်ခဲ့လေလျှင် ကောင်းလေစွဟု ထင်ကောင်းထင်မှတ်ကြလတ့ံ။

Verse 3 — Surah Al-Hijr 15:3

၃။ သူတို့သည် ဤမျက်မှောက်ဘဝတွင် စားသောက်ပျော်ရွှင်ကြစေရန် မတရားသောမျှော်လင့်ချက်သည် သူတို့အား လှည့်စားစေကုန်။ သူတို့သည် သိကြရလတ့ံ။

Verse 4 — Surah Al-Hijr 15:4

၄။ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမှ ၎င်းအဖို့ တင်ကြိုသတ်မှတ်ထားသောအမိန့်တော်မရှိပဲ ဖျက်ဆီးတော်မူ သည်မဟုတ်ချေ။

Verse 5 — Surah Al-Hijr 15:5

၅။ မည်သည့်လူမျိုးမျှ မိမိတို့အတွက် တင်ကြိုသတ်မှတ်ထားသောအချိန်ကာလကို ကျော်လွန်၍ မသွားနိုင်ချေ။ နောက်ကျလည်းခံ၍ မနေနိုင်ချေ။

Verse 6 — Surah Al-Hijr 15:6

၆။ ထို့အပြင် သူတို့က အို-ကျမ်းတော်ချပေးခြင်းခံရသူ၊ သင်သည် ရူးသွပ်သူအမှန်ပင် ဖြစ်သည်ဟု ပြောဆိုကြ၏။

Verse 7 — Surah Al-Hijr 15:7

၇။ သင်သည် အမှန်စကားကို ဆိုလျှင် အဘယ်ကြောင့်အကျွနု်ပ်တို့ထံသို့ ကောင်းကင်တမန်များကို ခေါ်မလာသနည်း ဟုလည်း မေးကြ၏။

Verse 8 — Surah Al-Hijr 15:8

၈။ ငါအရှင်မြတ်သည် ကောင်းကင်စေတမန်တော်များကို တရားသောအမှုကိစ္စမှတပါး အခြားကိစ္စအတွက် မြေပေါ်သို့ စေလွှတ်တော်မမူချေ။ ယင်းသို့စေလွှတ်တော်မမူသောအခါ မိစ္ဆာမိုက်တို့ကိုလည်း ခံတော်မူမည်မဟုတ်ချေ။

Verse 9 — Surah Al-Hijr 15:9

၉။ မှတ်သားကြလော့။ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။ ငါသာလျှင် ကျမ်းတော်၏ အစောင့်အထိန်းတော်မုချဖြစ်တော်မူ၏။

Verse 10 — Surah Al-Hijr 15:10

၁ဝ။ သင်တမန်တော်မပွင့်မီ ငါသည် ရှေးလူမျိုးအသီးသီးတို့ထံသို့ တမန်တော်များစေလွှတ်တော်မူလေ၏။

Verse 11 — Surah Al-Hijr 15:11

၁၁။ လူသားတို့သည် မိမိတို့ထံ၌ တမန်တော်မပွင့်လေမှ အကယ်၍ပွင့်မူ သူတို့သည် တမန်တော်ကို ကရော်ကမယ် ပြုကြ၏။

Verse 12 — Surah Al-Hijr 15:12

၁၂။ ငါအရှင်မြတ်သည် အပြစ်ရှိသူများ၏ စိတ်နှလုံးတွင် ယင်းသို့ဖြစ်စေတော်မူ၏။

Verse 13 — Surah Al-Hijr 15:13

၁၃။ ရှေးလူဟောင်းတို့၏ စံနမူနာသည် သူတို့ရှေ့တွင် ဖြစ်သွားသော်လည်း သူတို့သည် ကျမ်းတော်မြတ်ကို မယုံကြည် ကြချေ။

Verse 14 — Surah Al-Hijr 15:14

၁၄၊၁၅။ အကယ်၍ ငါအရှင်မြတ်သည် သူတို့အား နိဗ္ဗာန်တံခါးတပေါက်ကို ဖွင့်ပေးတော်မူ၍ သူတို့သည် ထိုတံခါးပေါက်ကို တက်ဝင်နေကြသော်လည်း သူတို့က အကျွနု်ပ်တို့သည် စုန်းပယောဂဖမ်းဆီးခံရသဖြင့် အမြင်မှောက်မှား၏ဟု ပြောကြလတ့ံ။

Verse 15 — Surah Al-Hijr 15:15

၁၄၊၁၅။ အကယ်၍ ငါအရှင်မြတ်သည် သူတို့အား နိဗ္ဗာန်တံခါးတပေါက်ကို ဖွင့်ပေးတော်မူ၍ သူတို့သည် ထိုတံခါးပေါက်ကို တက်ဝင်နေကြသော်လည်း သူတို့က အကျွနု်ပ်တို့သည် စုန်းပယောဂဖမ်းဆီးခံရသဖြင့် အမြင်မှောက်မှား၏ဟု ပြောကြလတ့ံ။

Verse 16 — Surah Al-Hijr 15:16

၁၆။ အမှန်မှာ ငါအရှင်မြတ်သည် ကောင်းကင်ဘုံ၌ နက္ခတ်တာရာဗိမာန်များကို စီရင်ထားတော်မူ၏။ ငါသည် ကောင်းကင်ဘုံကို ရှုမြင်ရသူအဖို့ရာ တင့်တယ်သိုက်မြိုက်စွာတန်ဆာဆင်ယင်ထားတော်မူ၏။

Verse 17 — Surah Al-Hijr 15:17

၁၇။ ထို့အပြင်ငါအရှင်မြတ်သည် ကောင်းကင်ဘုံကို နှင်ထုတ်ခြင်းဒဏ်တော်ခံရသောရှိုင်တန်မာရ်နတ်များမှ ကာကွယ် စောင့်ရှောက်ထားတော်မူ၏။

Verse 18 — Surah Al-Hijr 15:18

၁၈။ သို့စောင့်ရှောက်လျက် ရှိုင်တန်မာရ်နတ်အချို့သည် ကောင်းကင်ဘုံသို့ တက်၍ ချောင်းမြောင်းနားထောင်ကြလျှင် သူတို့ကို မီးတောက်မီးလျှံက လိုက်လောင်လတ့ံ။

Verse 19 — Surah Al-Hijr 15:19

၁၉။ ထို့အပြင်ငါအရှင်မြတ်သည် မဟာပထဝီမြေကြီးကို ဖြန့်ခင်းတော်မူ၏။ ထိုမြေပေါ်တွင် တောင်ငယ်တောင်ကြီးကို မြဲမြံစွာဖန်ဆင်းထားတော်မူ၏။ သင့်တော်သောကောက်ပဲသီးနှံအမျိုးမျိုးကို ပေါက်ရောက်စေတော်မူ၏။

Verse 20 — Surah Al-Hijr 15:20

၂ဝ။ ငါသည် သင်တို့အား ကမ္ဘာပေါ်၌ အသက်မွေးဝမ်းကျောင်းများကို ပေးသနားတော်မူ၏။ ထို့အပြင် သင်တို့မကျွေး မွေးသောသက်ရှိသက်မဲ့တို့ကိုလည်း အသက်မွေးဝမ်းကျောင်းများပေးသနားတော်မူ၏။

Verse 21 — Surah Al-Hijr 15:21

၂၁။ ခပ်သိမ်းကုန်သောအရာဝထ္ထုများသည် ငါ့အထံတော်မှာသာရှိ၏။ ထိုဝထ္ထုများကို သင့်လျော်ရုံမျှသာ ကမ္ဘာမြေပေါ် သို့ ချပေးသနားတော်မူ၏။

Verse 22 — Surah Al-Hijr 15:22

၂၂။ ထို့အပြင်ငါသည် မြေသြဇာကောင်းစေသောလေများကို တိုက်ခတ်စေတော်မူ၏။ မိုးကောင်းကင်မှ မိုးရွာသွန်းစေ တော်မူ၏။ ထိုရေကို သင်တို့သောက်ဖို့ရာ ပေးသနားတော်မူ၏။ ထိုရေကို ထိန်းသိမ်းရသူတို့မဟုတ်ချေ။

Verse 23 — Surah Al-Hijr 15:23

၂၃။ မှတ်သားကြလော့။ ငါသာလျှင် အသက်ရှင်ခြင်း၊ သေခြင်းတို့ကို စီရင်တော်မူ၏။ ငါသည် ဝေနေယျသတ္တဝါ အပေါင်းတို့၏ အမွေစားအမွေခံဖြစ်တော်မူ၏။

Verse 24 — Surah Al-Hijr 15:24

၂၄။ အကယ်စင်စစ် ငါသည် သင်တို့အနက် စိတ်အားထက်သန်လျင်မြန်သူနှင့် ပျင်းရိဖင့်နွဲသောအပေါင်းတို့ကို အကုန်အစင်သိမြင်တော်မူ၏။

Verse 25 — Surah Al-Hijr 15:25

၂၅။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် သူတို့အားလုံးကို အတူတကွစုဆောင်းတော်မူမည်။ မှတ်သား လော့၊ အရှင်မြတ်သည် လိမ္မာတော်မူ၏။ သိတော်မူ၏။

Verse 26 — Surah Al-Hijr 15:26

၂၆။ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေခဲမှ မုချဧကန်ပုံသွင်းဖန်ဆင်းတော်မူ၏။

Verse 27 — Surah Al-Hijr 15:27

၂၇။ လူသားတို့ကို မဖန်ဆင်းမီ ငါသည် ဂျင်နတ်သားတို့ကို မီးမှ ဖန်ဆင်းတော်မူ၏။

Verse 28 — Surah Al-Hijr 15:28

၂၈။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် ကောင်းကင်တမန်များအား ကြည့်လော့။ ငါသည် ရွှံ့မြေစေးမှ ပုံသွင်းပြီးလျှင် လူသားကို ဖန်ဆင်းတော်မူမည်။

Verse 29 — Surah Al-Hijr 15:29

၂၉။ ထို့ကြောင့် ငါသည် သူ့ကို ဖန်ဆင်းတော်မူပြီး၍ သူ၏ ကိုယ်တွင်းသို့ ငါ၏ ဝိညာဉ်တော်မှ မှုတ်သွင်းတော်မူပြီး သည်နှင့်တပြိုင်နက် သင်တို့သည် သူ့အား ဝပ်တွားရှိခိုးကြလော့ဟု ဗျာဒိတ်တော်ပေးတော်မူ၏။

Verse 30 — Surah Al-Hijr 15:30

၃ဝ။ ထို့ကြောင့် ကောင်းကင်တမန်တော်အပေါင်းတို့သည် လူသားကို ဦးခေါင်းဝပ်လျှိုးရှိခိုးပူဇော်ကြကုန်၏။

Verse 31 — Surah Al-Hijr 15:31

၃၁။ သို့သော်အီဗလစ်မာရ်နတ်မူကား ဦးချသူတို့ဘောင်တွင် မပါရန် ငြင်းဆိုသည်။

Verse 32 — Surah Al-Hijr 15:32

၃၂။ ထိုအခါအလ္လာဟ်အရှင်မြတ်သည် အီဗလစ်၊ နင်သည် ပျပ်ဝပ်ဦးချသူတို့ဘောင်တွင် အဘယ်ကြောင့်မပါဝင် သနည်းဟု မေးမြန်းတော်မူ၏။

Verse 33 — Surah Al-Hijr 15:33

၃၃။ အီဗလစ်က အရှင်မြတ်၊ ရွှံ့မြေစေးမှ ဖန်ဆင်းတော်မူသောလူသားကို အကျွနု်ပ်သည် အဘယ်ကြောင့်ပျပ်ဝပ် ဦးချရပါမည်နည်းဟု တင်လျှောက်၏။

Verse 34 — Surah Al-Hijr 15:34

၃၄။ အလ္လာဟ်အရှင်မြတ်က နင်သည် ဤနေရာမှ ထွက်သွားလော့၊ အကြောင်းမူကား နင်သည် နှင်ထုတ်ထားသော သူအမှန်ပင်ဖြစ်၏။

Verse 35 — Surah Al-Hijr 15:35

၃၅။ ထို့အပြင် မှတ်သားလော့။ ငါအရှင်မြတ်၏ ကျိန်ဆဲတော်မူခြင်းသည် တရားစီရင်တော်မူသောနေ့ကြီးတိုင်အောင် နင်၏ အပေါ်သို့ ကျရောက်မည်ဟု မိန့်တော်မူ၏။

Verse 36 — Surah Al-Hijr 15:36

၃၆။ ထိုအခါအီဗလစ်က အို-အကျွန်ုပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်အား ရှင်ပြန်ထမြောက်ရသောနေ့တိုင်အောင် အချိန်ပေးသနားတော်မူပါဟု လျှောက်၏။

Verse 37 — Surah Al-Hijr 15:37

၃၇၊၃၈။ အရှင်မြတ်က ကောင်းပြီ၊ သင်သည် သတ်မှတ်ထားတော်မူသောအချိန်ကာလတိုင်အောင် စောင့်ဆိုင်းခွင့်ရ၏ဟု ဗျာဒိတ်ချတော်မူ၏။

Verse 38 — Surah Al-Hijr 15:38

၃၇၊၃၈။ အရှင်မြတ်က ကောင်းပြီ၊ သင်သည် သတ်မှတ်ထားတော်မူသောအချိန်ကာလတိုင်အောင် စောင့်ဆိုင်းခွင့်ရ၏ဟု ဗျာဒိတ်ချတော်မူ၏။

Verse 39 — Surah Al-Hijr 15:39

၃၉။ ထိုအခါ အီဗလစ်က အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အရှင်သည် အကျွနု်ပ်အား မိစ္ဆာလမ်းမှားသို့ ပို့ဆောင်တော်မူသဖြင့်၊ အကျွနု်ပ်လည်း ကမ္ဘာမြေပေါ်တွင် လမ်းမှားကို လူသားတို့အဖို့အရာ လှပတင့်တယ် မက်လောက်ဖွယ်အောင် အမှန်ပင်ဆင်ယင်၍ လူသားတိုင်းကို လမ်းမှားသို့ ဖျားယောင်းသွေးဆောင်ပါမည်။

Verse 40 — Surah Al-Hijr 15:40

၄ဝ။ သို့သော် အရှင်အား ကြီးစွာသစ္စာရှိသောကျေးတော်မျိုးကျွန်တော်မျိုးအစစ်တို့ကိုမူကား အကျွနု်ပ်မလှည့်စားပါဟု တင်လျှောက်၏။

Verse 41 — Surah Al-Hijr 15:41

၄၁။ အလ္လာဟ်အရှင်မြတ်က ယင်းသည် ငါ့အတွက် လမ်းမှန်ဖြစ်၏။

Verse 42 — Surah Al-Hijr 15:42

၄၂။ မှတ်သားလော့။ သင်၏ နောက်သို့ လိုက်သူ၊ ဆိုဆုံးမ၍ မရသူများမှတပါး၊ အခြားသောငါ၏ ကျေးကျွန်များ အပေါ်တွင် နင်သည် သြဇာတိက္ကမတစုံတရာရှိမည်မဟုတ်ချေ။

Verse 43 — Surah Al-Hijr 15:43

၄၃။ ထို့အပြင် မှတ်သားလော့။ နင်၏ နောက်လိုက်အားလုံးတို့အတွက် အဝီစိငရဲသည် ဂတိထားတော်မူသောဋ္ဌာန ဖြစ်၏။

Verse 44 — Surah Al-Hijr 15:44

၄၄။ ထိုငရဲတွင် တံခါးပေါက်ခုနစ်ပေါက်ရှိ၏။ တံခါးပေါက်တစ်ခုစီမှာ သတ်မှတ်ထားသောဝေစုရှိ၏။

Verse 45 — Surah Al-Hijr 15:45

၄၅။ မှတ်သားကြလော့။ ဒုစရိုက်အပြစ်များကို ရှောင်ကြဉ်သူတို့မူကာ ဥယျာဉ်များနှင့် စိမ့်စမ်းများတို့အတွင်း၌ ရှိ၏။

Verse 46 — Surah Al-Hijr 15:46

၄၆။ သူတို့အား သင်တို့သည် ဥယျာဉ်တော်များသို့ ဘေးရန်ကင်းမဲ့၊ အေးချမ်းစွာဝင်ကြလော့ဟု ဗျာဒိတ်တော်ချတော် မူ၏။

Verse 47 — Surah Al-Hijr 15:47

၄၇။ ထို့အပြင် ငါအရှင်မြတ်သည် သူတို့၏ စိတ်နှလုံးအတွင်းရှိ ရန်ငြိုးထားခြင်စိတ်သဘောကို ဖယ်နှုတ်ပစ်တော်မူ၏။ သူတို့သည် ပလ္လင်များပေါ်၌ မျက်နှာချင်းဆိုင်၍ ခင်ခင်မင်မင်စံစားနေထိုင်ကြ၏။

Verse 48 — Surah Al-Hijr 15:48

၄၈။ သူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်များ၌ အပင်ပန်းမခံရချေ။ နိဗ္ဗာန်မှ နှင်ထုတ်ခြင်းလည်း မခံရချေ။

Verse 49 — Surah Al-Hijr 15:49

၄၉။ မိုဟမ္မဒ်၊ ငါသည် အမှန်ပင် အပြစ်လွှတ်တော်မူထသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူထသော အရှင်ဖြစ်တော်မူကြောင်းကို သင်သည် ငါ၏ ကျေးကျွန်တို့အား ဟောကြားကြေငြာလော့။

Verse 50 — Surah Al-Hijr 15:50

၅ဝ။ တဖန် သူတို့အား ငါ၏ အပြစ်ဒဏ်တော်သည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ဟောကြား လော့။

Verse 51 — Surah Al-Hijr 15:51

၅၁။ တဖန် သူတို့အား တမန်တော်အေဗရာဟမ်၏ ဧည့်သည်တော်များအကြောင်းကိုလည်း မြွက်ကြားလော့။

Verse 52 — Surah Al-Hijr 15:52

၅၂။ ထိုဧည့်သည်တော်များသည် တမန်တော်အေဗရာဟမ်ထံ လာရောက်၍ အေးချမ်းသာယာပါစေသော်ဝ်ဟု မေတ္တာပို့ နှုတ်ဆက်ကြ၏။ တမန်တော်က အကျွနု်ပ်တို့သည် သင်တို့ကို အမှန်ပင်ကြောက်ရွံ့ပါ၏ဟု ဆို၏။

Verse 53 — Surah Al-Hijr 15:53

၅၃။ သူတို့က မကြောင်ပါလင့်၊ အမှန်မှာ အကျွနု်ပ်တို့သည် အသင့်ထံသို့ ပညာရှိသားကောင်းရတနာပါးရမည့်သတင်း ကောင်းကို ယူဆောင်လာပါသည်ဟု ပြန်ပြောကြ၏။

Verse 54 — Surah Al-Hijr 15:54

၅၄။ သူက အသက်ကြီးရင့်အိုမင်းမစွမ်းဖြစ်နေသည့်အကျွနု်ပ်အား သားရတနာရမည်ဟူသောသတင်းကောင်းကို ပေးကြပါသလော။ သင်တို့၏ သတင်းသည် အဘယ်သို့မှန်နိုင်ပါအ့ံနည်းဟု အ့ံသြခြင်းနှင့်ပြောပြ၏။

Verse 55 — Surah Al-Hijr 15:55

၅၅။ သူတို့က အကျွနု်ပ်တို့သည် သင့်ထံသို့ မင်္ဂလာရှိသောသတင်းမှန်ကို ယူလာခဲ့ပါသည်။ ထို့ကြောင့်သင်သည် စိတ်ပျက်အားလျှော့သူတို့ဘောင်တွင် မပါမဝင်ပါနှင့်ဟု ဆိုကြ၏။

Verse 56 — Surah Al-Hijr 15:56

၅၆။ သူက လမ်းမှားသွားသူမှတပါး အဘယ်သူသည် မိမိ၏ ကျေးဇူးတော်သခင်၏ ကောင်းကြီးမင်္ဂလာတော်ကို မမျှော်လင့်ပဲ အားလျော့သနည်းဟု ပြန်ပြော၏။

Verse 57 — Surah Al-Hijr 15:57

၅၇။ တဖန် သူက အို-အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်တို့၊ ထို့အပြင်သင်တို့၌ အဘယ်အမှုအခင်းရှိပါသနည်းဟု မေးမြန်း၏။

Verse 58 — Surah Al-Hijr 15:58

၅၈၊၅၉။ သူတို့က ပြောကြသည်၊ တမန်တော်လွတ်၏ အိမ်သူအိမ်သားများမှတပါး အပြစ်ရှိသောလူမျိုးတစုထံသို့ အကျွနု်ပ် တို့ကို စေလွှတ်လိုက်တော်မူ၏။ သူ၏ မိန်းမမှတပါး အခြားအိမ်သူအိမ်သားတို့ကို အကျွနု်ပ်တို့ကယ်နှုတ်မည်။

Verse 59 — Surah Al-Hijr 15:59

၅၈၊၅၉။ သူတို့က ပြောကြသည်၊ တမန်တော်လွတ်၏ အိမ်သူအိမ်သားများမှတပါး အပြစ်ရှိသောလူမျိုးတစုထံသို့ အကျွနု်ပ် တို့ကို စေလွှတ်လိုက်တော်မူ၏။ သူ၏ မိန်းမမှတပါး အခြားအိမ်သူအိမ်သားတို့ကို အကျွနု်ပ်တို့ကယ်နှုတ်မည်။

Verse 60 — Surah Al-Hijr 15:60

၆ဝ။ သူ၏ ဇနီးမယားမှာမူကား ကျန်ရစ်သူတို့အတွင်းတွင် ပါဝင်ရမည်ဟု ငါအမိန့်ချတော်မူပြီ။

Verse 61 — Surah Al-Hijr 15:61

၆၁၊၆၂။ ကောင်းကင်တမန်တော်တို့သည် တမန်တော်လွတ်၏ အိမ်သို့ ရောက်လာသောအခါ သူက သင်တို့သည် အကျွနု်ပ်မသိမကျွမ်းသူတို့မုချဖြစ်ပါ၏ဟု ဆို၏။

Verse 62 — Surah Al-Hijr 15:62

၆၁၊၆၂။ ကောင်းကင်တမန်တော်တို့သည် တမန်တော်လွတ်၏ အိမ်သို့ ရောက်လာသောအခါ သူက သင်တို့သည် အကျွနု်ပ်မသိမကျွမ်းသူတို့မုချဖြစ်ပါ၏ဟု ဆို၏။

Verse 63 — Surah Al-Hijr 15:63

၆၃။ သူတို့က အမှန်ကို ဆိုသော်၊ အကျွနု်ပ်တို့သည် သူတို့မယုံကြည်၊ ငြင်းခုံနေသောအရာကို သင့်ထံသို့ ယူဆောင် လာပါ၏။

Verse 64 — Surah Al-Hijr 15:64

၆၄။ ထို့အပြင် အကျွနု်ပ်တို့သည် သင့်ထံသို့ သစ္စာတရားတော်ကို ယူလာခဲ့ပါ၏။ အကျွနု်ပ်တို့သည် မုချဧကန်အမှန် ကို ဆိုသူများဖြစ်ကြပါ၏။။

Verse 65 — Surah Al-Hijr 15:65

၆၅။ ထို့ကြောင့်ညဉ့်ကာလအချိန်တွင် သင်၏ အိမ်ထောင်သူအိမ်ထောင်သားတို့နှင့်တကွ၊ ဤအရပ်ဒေသမှ ထွက်သွား ပါလော့၊ သင်သည် သူတို့၏ နောက်မှ လိုက်ပါသွားကုန်လော့။ သင်တို့အနက် တစုံတယောက်မှ ပြန်လှည့်မလာပဲ အမိန့်ပေးတော်မူရာသို့ ထွက်သွားကြပါလော့ဟု ပြောဆိုကြ၏။

Verse 66 — Surah Al-Hijr 15:66

၆၆။ ငါအရှင်မြတ်သည် သူ့အား သူတို့အနက် ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့ကို နံနက်စောစောတွင် ချေမှုန်းပစ်မည်ကို ထင်ရှားစေတော်မူ၏။

Verse 67 — Surah Al-Hijr 15:67

၆၇။ တမန်တော်လွတ်၏ မြို့သားတို့သည် ၎င်းထံတွင် ဧည့်သည်များလာသည့်သတင်းကို ကြားရသဖြင့် သူ့ထံသို့ ဝမ်းမြောက်ဝမ်းသာစွာလာကြ၏။

Verse 68 — Surah Al-Hijr 15:68

၆၈။ သူက ဤလူများသည် ငါ၏ ဧည့်သည်များဖြစ်ကြ၏။ သူတို့ကို မပြစ်မှားကြလင့်။

Verse 69 — Surah Al-Hijr 15:69

၆၉။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလော့။ ငါ့ကို အရှက်မခွဲကြလင့်ဟု ဆို၏။

Verse 70 — Surah Al-Hijr 15:70

၇ဝ။ သူတို့က အကျွနု်ပ်တို့သည် သင့်အား ဧည့်သည်အာဂန္တုကို လက်မခံဖို့ တားမြစ်ထားသည်မဟုတ်လောဟု မေးကြ၏။

Verse 71 — Surah Al-Hijr 15:71

၇၁။ သူက သင်တို့သည် မေထုန်မှီဝဲလိုပါလျှင်၊ သည်မှာ ငါ၏ သမီးတို့ရှိကြ၏ဟု ပြော၏။

Verse 72 — Surah Al-Hijr 15:72

၇၂။ မိုဟမ္မဒ်၊ သင်အသက်နှင့်ရှိကြောင်း မှန်သကဲ့သို့၊ သူတို့သည် နီးကပ်လာနေသောသေကျေပျက်စီးရာသို့ မိုက်မဲ တွေဝေ၊ မသိမမြင်အကန်းပမာ အမှန်ပင်သွားကြ၏။

Verse 73 — Surah Al-Hijr 15:73

၇၃။ နံနက်မိုးသောက်ကာလ၊ အလွန်ကြောက်မက်ထိတ်လန့်ဖွယ်သောအသံကြီးသည် သူတို့ကို ဖမ်းဆီး၏။

Verse 74 — Surah Al-Hijr 15:74

၇၄။ ထိုအခါ ငါအရှင်မြတ်သည် သူတို့အား ဗရုန်းဗရင်းရှုပ်ပွေသွားစေတော်မူ၏။ သူတို့အပေါ်သို့ လောင်ကျွမ်းနေသော ရွှံ့ခဲမိုးရွာသွန်းချတော်မူ၏။

Verse 75 — Surah Al-Hijr 15:75

၇၅။ မှတ်သားကြလော့၊ သက်သေသာဓကတော်များကို ဖတ်တတ်သူတို့ ဤအဖြစ်အပျက်များ၌ သာဓကတော်များ အမှန်ပင်ပါရှိ၏။

Verse 76 — Surah Al-Hijr 15:76

၇၆။ မှတ်သားကြလော့၊ သူတို့၏ နေရပ်ဒေသသည် မပျောက်ကွယ်သေးပဲ လမ်းမတော်ကြီးတစ်ခုအပေါ်၌ ရှိ၏။

Verse 77 — Surah Al-Hijr 15:77

၇၇။ မှတ်သားကြလော့၊ ဤအချင်းအရာများ၌ ယုံကြည်သူတို့အဖို့အရာ သာဓကတော်တစ်ပါးပါရှိ၏။

Verse 78 — Surah Al-Hijr 15:78

၇၈။ ထို့အပြင် တောတွင်းနေသူခေါ် မဒယမ်လူမျိုးတို့သည်လည်း ဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများအမှန်ဖြစ် ကြ၏။

Verse 79 — Surah Al-Hijr 15:79

၇၉။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကို လက်စားချေတော်မူ၏။ ထိုသူတို့နေထိုင်သောမြို့နှစ်မြို့စလုံးပင် ခရီးလမ်းမတော်၌ ရှိကြ၏။ လူမြင်ကွင်းတွင် ထင်ရှားစွာတည်ရှိ၏။

Verse 80 — Surah Al-Hijr 15:80

၈ဝ။ ထို့အပြင်ဟဂျာရ်နယ်မြေ၌ မှီတင်းနေထိုင်သောသူတို့သည်လည်း ငါအရှင်မြတ်၏ တမန်တော်တို့ကို မယုံကြည်၊ ငြင်းပယ်ကြ၏။

Verse 81 — Surah Al-Hijr 15:81

၈၁။ ထို့အပြင်ငါသည် သူတို့အား ငါနှုတ်ကပတ်တော်များကို ချပေးသနားတော်မူ၏။ သို့သော်သူတို့သည် ထိုတရား တော်များကို ချပေးသနားတော်မူ၏။ သို့သော်သူတို့သည် ထိုတရားတော်များကို မနှစ်သက်ကြချေ။

Verse 82 — Surah Al-Hijr 15:82

၈၂။ သူတို့သည် တောင်များကို ဖောက်ထွင်း၍ နေအိမ်ဆောက်လုပ်ပြီးလျှင် ဘေးဘယာကင်းကွာလုံခြံုစွာနေကြ၏။

Verse 83 — Surah Al-Hijr 15:83

၈၃။ သို့သော်မိုးသောက်အာရုဏ်တက်တွင် သူတို့ကို အလွန်ကြောက်မက်ဖွယ်ကောင်းသောအသံကြီးက ဖမ်းဆီး၏။

Verse 84 — Surah Al-Hijr 15:84

၈၄။ ထိုအခါ သူတို့အမြတ်အစွန်းအကျိုးစီးပွားဖြစ်သည်ဟု မှတ်သောအရာတို့သည် သူတို့အား အကျိုးမပေး၊ အချည်းနှီးသာဖြစ်ကုန်၏။

Verse 85 — Surah Al-Hijr 15:85

၈၅။ ငါသည် မိုးမြေနှင့် မိုးမြေစပ်ကြားရှိရှိသမျှအရာဝထ္ထုအပေါင်းတို့ကို အကျိုးမဲ့အကြောင်းမဲ့ဖန်ဆင်းတော်မူသည် မဟုတ်၊ မှန်ကန်မှုထင်ရှားစေခြင်းငှာဖြစ်၏။ အချိန်တော်ကြီးသည် မုချဧကန်လာနေသည်။ ထို့ကြောင့်မိုဟမ္မဒ်၊ သင်သည် အပြစ်လွှတ်ခြင်းကို သဘောကြည်ဖြူ၍ မေတ္တာရှေ့ထား၍ ပြုလော့။

Verse 86 — Surah Al-Hijr 15:86

၈၆။ မှတ်သားလော့၊ သင်၏ ကျေးဇူးတော်သခင်သည် သဗ္ဗညုတဉာာဏ်တော်အရှင်၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 87 — Surah Al-Hijr 15:87

၈၇။ ငါသည် မကြာခဏဖတ်ရွတ်ရသောဂါထာတော်ခုနစ်ပါးနှင့် ကုရ်အာန်ကျမ်းတော်ကြီးကို သင့်အား ထုတ်ပြန် ချပေးသနားတော်မူ၏။

Verse 88 — Surah Al-Hijr 15:88

၈၈။ ငါက မိစ္ဆာဒိဋ္ဌိတို့အနက် စုံတွဲများအား ပေးသနားတော်မူသောလောကီစည်းစိမ်ကို သင်တမန်တော်၊ တပ်မက် မောခြင်းနှင့်မကြည့်လင့်၊ သူတို့အတွက်ကြောင့်လည်း ပူဆွေးခြင်းမရှိလင့်။ သို့သော်ယုံကြည်သူတို့ကို သနား ကြင်နာယုယလော့။

Verse 89 — Surah Al-Hijr 15:89

၈၉။ ထို့အပြင် သင်ဟောကြားလော့။ မုချဧကန်ငါသည် သတိပေးသူရိုးရိုးသာဖြစ်၏။

Verse 90 — Surah Al-Hijr 15:90

၉ဝ၊၉၁။ လူသားတို့ကို ဂိုဏ်းအမျိုးမျိုးခွဲသောသူတို့နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အပိုင်းပိုင်းအစစပြုလုပ်သောသူတို့ ထံသို့ ငါအရှင်မြတ်စေလွှတ်တော်မူသောတမန်တော်ဖြစ်၏။

Verse 91 — Surah Al-Hijr 15:91

၉ဝ၊၉၁။ လူသားတို့ကို ဂိုဏ်းအမျိုးမျိုးခွဲသောသူတို့နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အပိုင်းပိုင်းအစစပြုလုပ်သောသူတို့ ထံသို့ ငါအရှင်မြတ်စေလွှတ်တော်မူသောတမန်တော်ဖြစ်၏။

Verse 92 — Surah Al-Hijr 15:92

၉၂၊၉၃။ သင်၏ ကျေးဇူးတော်သခင်၏ တန်ခိုးတော်အားဖြင့် ငါတို့သည် သူတို့အားလုံးကို တစ်ယောက်မကျန်သူတို့ ပြုကျင့်လေ့ရှိသောအမှုအခင်းအကြောင်းကို စစ်ကြောတော်မူမည်။

Verse 93 — Surah Al-Hijr 15:93

၉၂၊၉၃။ သင်၏ ကျေးဇူးတော်သခင်၏ တန်ခိုးတော်အားဖြင့် ငါတို့သည် သူတို့အားလုံးကို တစ်ယောက်မကျန်သူတို့ ပြုကျင့်လေ့ရှိသောအမှုအခင်းအကြောင်းကို စစ်ကြောတော်မူမည်။

Verse 94 — Surah Al-Hijr 15:94

၉၄။ ထို့ကြောင့် သင့်ထံသို့ ကျရောက်လာသောဗျာဒိတ်တော်ကို ဟောကြားကြေငြာလော့။ ဆင်းတုရုပ်ပွားကိုးကွယ် သောသူတို့ထံမှ ဆုတ်ခွာလော့။

Verse 95 — Surah Al-Hijr 15:95

၉၅။ မှတ်သားလော့၊ ငါသည် သင့်အား သင့်ကို သရော်သူတို့မှ ကာကွယ်စောင့်ရှောက်တော်မူ၏။

Verse 96 — Surah Al-Hijr 15:96

၉၆။ ထိုသူတို့သည် ဘုရားတုများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကြ၏။ သို့သော်သူတို့သိရလတ့ံ။

Verse 97 — Surah Al-Hijr 15:97

၉၇။ ထိုသူတို့ကဲ့ရဲ့ပြစ်တင်မှုသည် သင်တို့အား တခါတရံစိတ်မကြည်မသာဖြစ်စေသည်ကို ငါသည် ကောင်းစွာသိတော် မူ၏။

Verse 98 — Surah Al-Hijr 15:98

၉၈။ သို့သော်သင်သည် မိမိ၏ ကျေးဇူးတော်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျူးလော့။ အရှင်မြတ်အား ဝပ်တွား ရှိခိုးပူဇော်သူတို့ဘောင်တွင် ပါဝင်လော့။

Verse 99 — Surah Al-Hijr 15:99

၉၉။ ထို့အပြင် သင်သည် မိမိ၏ ကျေးဇူးတော်သခင်ကို သေသည့်တိုင်အောင် ခဝပ်ကိုးကွယ်လော့။